Are you the publisher? Claim or contact us about this channel


Embed this content in your HTML

Search

Report adult content:

click to rate:

Account: (login)

More Channels


Showcase


Channel Catalog


(Page 1) | 2 | 3 | .... | 91 | newer

    0 0

    by Phio Thiha on Wednesday, February 13, 2013 at 9:13pm ·
    ဒီနေ့ခေတ်မှာ အကျယ်လောင်ဆုံး ကြားနေရတဲ့ စကားတစ်ခွန်းက Trust Building ဆိုတဲ့ ယုံကြည်မှုတည်ဆောက်ခြင်း။ နိုင်ငံရေးနယ်ပယ်မှာ အကြားရများပေမဲ့ တကယ်တမ်းတော့ ယုံကြည်မှုဆိုတာဟာ လူပုဂ္ဂိုလ်တစ်ယောက်ချင်းမှသည် အဖွဲ့အစည်းချင်း၊ နောက်ဆုံး နိုင်ငံအဆင့်ထိ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။


    ကုန်ကုန်ပြောရရင် ယုံကြည်မှု မရှိဘဲ ဘာဆိုဘာမှ လုပ်လို့မရပါဘူး။ စားသုံးသူက မယုံတဲ့ စီးပွါးရေးလုပ်ငန်း၊ လူနာရဲ့ ယုံကြည်မှုကို မရတဲ့ ဆရာဝန်၊ ပြည်သူက အယုံအကြည် မရှိတဲ့ အစိုးရ၊ ဘယ်လောက်တော်တော်၊ ဘယ်လောက်ပဲ လုပ်ပေးချင် လုပ်ပေးချင်၊ မအောင်မြင်နိုင်ပါဘူး။
    ဒါဆို တစ်ဖက်ရဲ့ ယုံကြည်မှုကို ရဖို့၊ အများရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်သူဖြစ်ဖို့ ဘာတွေများ လိုအပ်ပါမလဲ။

    (၁) ယုံကြည်မှုဟူသည် ရောမမြို့ကြီးနှင့် တူ၏ ။

    “ရောမမြို့ကြီးကို အချိန်အကြာကြီး တည်ဆောက်ခဲ့ရပေမဲ့ ဖျက်ဆီးဖို့ဆိုရင်တော့ တစ်ရက် တစ်မနက်ပဲ လိုတယ်” ဆိုတဲ့ စကားလိုပါပဲ၊ ယုံကြည်မှုဆိုတာဟာလည်း အချိန်ကာလာကြာမြင့်စွာ၊ အဖြစ်အပျက်ပေါင်းမြောက်များစွာ၊ အကြောင်းအရာများစွာ ကုန်လွန်ဖြတ်သန်းပြီးမှ ရရှိလာနိုင်တာမျိုးဆိုပေမဲ့၊ အဲဒီယုံကြည်မှု ပျက်သုဉ်းသွားဖို့ကတော့ အမှားလေးတစ်ခုတစ်လေလောက်နဲ့လည်း ဖြစ်သွားနိုင်ပါတယ်။ အင်မတန် သိမ်မွေ့သလို၊ စိတ်ရှည်သည်းခံဖို့လည်း လိုပါတယ်။ အဆင်မပြေ ဖြစ်နေကြတဲ့ ချစ်သူစုံတွဲတွေမှသည် လက်နက်ကိုင်ပဋိပက္ခဖြစ်နေကြတဲ့ အဖွဲ့အစည်းတွေထိ ယုံကြည်မှုရဲ့ ဒီသဘောတရားလေးကို သတိထားမိဖို့ လိုပါတယ်။

    (၂) ယုံကြည်မှုဟူသည် အတင်းလုပ်ယူ၍မရ၊ ခြိမ်းခြောက်၍ မရ၊ အလိုလိုဖြစ်ပေါ်လာသော စိတ်ခံစားချက်တစ်ခု ဖြစ်သည်။

    သူ့ရဲ့ ယုံကြည်မှုကို ရချင်ပါတယ်ဆိုပြီး လက်ဆောင်ပဏ္ဍာတွေ ပေးလည်း မရသလို၊ တောင်းပန်၊ အသနားခံလို့လည်း မရ၊ တစုံတရာနဲ့ ခြိမ်းခြောက်ရင်လည်း မရနိုင်တဲ့ အရာဟာ ယုံကြည်မှုပဲ ဖြစ်ပါတယ်၊ သူ့အလိုလို စိတ်ထဲမှာ ဖြစ်လာတဲ့ ခံစားချက်တစ်ခုပါ။ လုပ်ယူလို့ မရပါဘူး။ အဲ့ဒီလို ခံစားချက်မျိုး ဖြစ်လာအောင်ကလည်း စကားလုံးလှလှလေးတွေပဲ သုံးနေလို့တော့ အလကားပါပဲ။ အလုပ်နဲ့ပဲ သက်သေပြကြရမှာပါ။ စကားလုံးတွေကိုပဲ နားထောင်တတ်တဲ့၊ အဟုတ်ထင်တတ်တဲ့ ခေတ်က ကုန်သွားပါပြီ။

    (၃) ယုံကြည်မှု ရရှိရန် ရိုးသားဖို့ လိုသည်။ (Honesty)

    ဒီလူက သိပ်ရိုးသားတာပဲ ဆိုလို့ရှိရင် ငွေကြေးနဲ့ ပတ်သက်ရင် ရိုးသားတယ်၊ စကားကိုလည်း ညာမပြောတတ်ဘူးလို့ ထင်လိုက်ကြပါတယ်။ လူတစ်ယောက်ချင်းအနေနဲ့တော့ လက်ခံနိုင်ပေမဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့တော့ ဒါဟာ မလုံလောက်ပါဘူး။ ယုံကြည်ထိုက်တဲံသူ ဖြစ်ဖို့ လိုအပ်တဲ့ ရိုးသားမှုဟာ သတ္တိနဲ့တွဲနေတဲ့ ရိုးသားမှုပဲ ဖြစ်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ရင်လည်း ရိုးသားဖို့ လိုသလို၊ အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း ရိုးသားရပါမယ်။ မတတ်ရင် မတတ်ကြောင်း၊ မှားသွားရင် မှားကြောင်း ၀န်ခံရဲရမယ်၊ ကိုယ့်အမြင်၊ ကိုယ်စိတ်ကူးတွေ၊ လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကိုလည်း ရဲရဲဝံ့ဝံ တင်ပြရဲရပါမယ်။

    ဒီနေ့ခေတ်ဟာ ဒီမိုကရေစီခေတ်ပါ။ ဒီမိုကရေစီ ခိုင်မာအားကောင်းဖို့ မဖြစ်မနေ လိုအပ်တာကတော့ Open Society လို့ ခေါ်တဲ့ ပွင့်လင်းတဲ့၊ အကြောက်တရားကင်းတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ပါပဲ။ အဲဒီလို အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့၊ ပွင့်ပွင့်လင်းလင်း ပြောကြ၊ ဆွေးနွေးနိုင်ကြဖို့ဆိုရင် ခေါင်းဆောင်တွေ၊ အကြီးအကဲတွေအနေနဲ့လည်း အဖြစ်မှန်ကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ အမှားကို အပြစ်မတင်ဘဲ ၀ိုင်းဝန်းအဖြေရှာတတ်တဲ့ အလေ့အကျင့်တွေ လိုအပ်ပါမယ်။ ဒါမှလည်း အကြောက်တရားကင်းကင်းနဲ့ အမှန်ကိုအမှန်အတိုင်း ပြောရဲ လုပ်ရဲ ရိုးသားရဲတဲ့သူတွေကို ရမှာပါ။

    ၄။ ယုံကြည်မှုရရန် အပြောနဲ့ အလုပ်ညီဖို့ လိုသည်။ (Actions are consistent with words)

    ဆိုခဲစေ မြဲစေ ဆိုတဲ့ စကားလိုပါပဲ။ ယုံကြည်ထိုက်တဲ့သူ ဖြစ်ချင်ရင် စကားတည်ဖို့လည်း အရေးကြီးပါတယ်။ စကားကိုတော့
    အမှန်အတို်င်း ပြောပါရဲ့၊ ပြောပြီးရင် ပြောတဲ့အတိုင်း မလုပ်ဘူး။ ကိုယ့်စကားကိုယ် တာဝန်မယူဘဲ စကားကို အလွယ်ပြောမယ်၊ အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်နေမယ်ဆိုရင်တော့ တစ်ဖက်လူရဲ့ ယုံကြည်မှုကို မရနိုင်ပါဘူး။ လူလေးစားခြင်းကိုလည်း မခံရပါဘူး။ ကိုယ့်ပါးစပ်က ထွက်တဲ့ စကားကို တန်ဖိုးထားသူ၊ ကိုယ်ထုတ်တဲ့ စည်းကမ်းကို ကိုယ်လေးစားလိုက်နာသူ၊ ကိုယ့်ရဲ့ နှုတ်ကတိကို စာချုပ်စာတမ်းတစ်ခုလို လေးစားတဲ့သူများသာ ယုံကြည်ထိုက်တဲ့သူများ ဖြစ်ပါတယ်။

    ၅။ ယုံကြည်မှု ရှိရန် အရည်အသွေးမြင့်ဖို့ လိုသည်။ (Competency)

    အခုမှ ဘွဲ့ရတဲ့ ဆရာဝန်နဲ့ ဘွဲ့တွေအများကြီး အတွေ့အကြုံတွေအများကြီး ရှိထားတဲ့ ဆရာဝန်နှစ်ယောက်မှာ ဘယ်သူ့လက်ထဲ ကိုယ့်အသက် အပ်ချင်ပါသလဲ၊ အပ်ရဲပါသလဲ။ တကယ်တော့ မေးစရာတောင် မလိုတဲ့မေးခွန်းပါ။
    စွမ်းဆောင်ရည် ပြည့်ဝမှုပဲ ဖြစ်ပါတယ်။ SAK လို့ အတိုကောက်ပြောလေ့ရှိကြတဲ့ Skill (အတတ်ပညာ)၊ Knowledge (အသိပညာ)နဲ့ Attitude (ခံယူချက်) အပိုင်း၃ပိုင်းလုံးမှာ ပေမီတန်းမီ ဖြစ်ဖို့ လိုပါမယ်။ ပညာခေတ်လို့ ပြောနေကြတဲ့အချိန်မှာ ပညာပြည့်ဝဖို့ လိုတယ်ဆိုတာကတော့ အထွေအထူး ပြောစရာတောင် မလိုပါဘူး။ ဘယ်လောက်ပဲ ရိုးသားပါတယ် ပြောပြော၊ စိတ်ကောင်းရှိပါတယ်ဆိုဆို အရည်အချင်း မရှိရင်၊ စွမ်းဆောင်ရည်ညံ့ဖျင်းရင် အောင်မြင်ဖို့ မလွယ်ပါဘူး။ လူတွေရဲ့ ယုံကြည်မှုကို မရရှိလို့ပါ။ လူတော်လူကောင်းလား ၊ လူကောင်းလူတော်လား မငြင်းလိုပေမဲ့ 'ကောင်း' နေရုံနဲ့တော့ မရဘူး၊ 'တော်' ဖို့ပါ လိုတယ်ဆိုတာကို ပြောချင်တာပါ။

    ၆။ ယုံကြည်မှုရရန် တစ်သမတ်တည်း ရှိဖို့လိုသည်။ (Consistency)

    ကောက်ရိုးမီး စိတ်ဓါတ်ပိုင်ရှင်များဟာ လူတွေရဲ့ ယုံကြည်ကိုးစားခြင်းကို မရနိုင်ပါဘူး။ ကိုယ့်ရဲ့ လုပ်ရပ်တွေ၊ အားထုတ်မှုတွေ ခံယူချက်တွေဟာ တသမတ်တည်း စွဲမြဲခိုင်မာနေဖို့ လိုပါမယ်။ ပြောင်းလွယ်ပြင်လွယ် ဖြစ်တာနဲ့ လူများတဲ့ဘက် လိုက်တာဟာ မတူပါဘူး၊ ယုံကြည်ချက်စွဲမြဲခိုင်မာတာနဲ့ မှားမှန်းသိသိကြီ်းနဲ့ ဆက်လက်ဆုပ်ကိုင်ထားတာကိုလည်း ကွဲပြားကြဖို့ လိုပါတယ်။ စိတ်ပါတုန်းခဏ အလုပ်တွေ အရမ်းကြိုးစားပြီး နောက်တော့လည်း ဒုံရင်းက ဒုံရင်းပဲ ဆိုတာမျိုးဟာ အောင်မြင်သူတွေရဲ့ စရိုက်လက္ခဏာ မဟုတ်ပါဘူး။ ခံယူချက်တွေ အမြဲမှန်နေအောင် အသိကပ်ထားရပါမယ်။ စိတ်ဓါတ်တွေ အမြဲတက်ကြွနေအောင် နှိုးဆွထားရပါမယ်။ ခံယူချက်တစ်ခု၊ လုပ်ငန်းအစီအစဉ်တစ်ခု၊ မဟာဗျူဟာတစ်ခုဟာ လုံးဝကို မပြောင်းလဲရဘူးလို့တော့ မဟုတ်ပေမဲ့ ခဏခဏ ပြောင်းလွန်းပြင်လွန်းခြင်းဟာ လူတွေရဲ့ ယုံကြည်မှုကို ပျက်ပြားသွားစေပါတယ်။ ။


    ပြောခဲ့ပြီးတဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးဥပမာတစ်ခုကို ပြပါဆိုရင်တော့ အဲဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်းပါပဲ။
    တိုင်းပြည်အကျိုးကလွဲလို့ ကိုယ်ကျိုးနည်းနည်းမှ မရှာခဲ့တာ၊ အရှိကိုအရှိအတိုင်း ခပ်ဘွင်းဘွင်း ပြောတတ်တာ။ တစ်နှစ်အတွင်း လွတ်လပ်ရေးရစေ့မယ် ဆိုပြီး တကယ်လည်း ဖြစ်အောင် လုပ်ပြခဲ့တာ။ အသက်အရွယ်နဲ့မှ မလိုက်၊ အများလက်ဖျား ခါလောက်အောင် တော် လွန်းခဲ့တာတွေက ပြည်သူအများရဲ့ တစ်ခဲနက် ယုံကြည်ထောက်ခံမှုကို ရရှိစေခဲ့ပါတယ်၊ ယနေ့အချိန်ထိလည်း ကျွန်တော်တို့ပြည်သူတွေ ဗိုလ်ချုပ်ကို တသသ ရှိနေကြရဆဲ မဟုတ်လား။ ဗိုလ်ချူပ်ဓါတ်ပုံကို အိမ်ရှေ့ခန်းမှာ ချိတ်ထားရုံနဲ့တင် မလုံလောက်ဘဲ၊ ဗိုလ်ချုပ်လို အများက ယုံကြည်အားကိုးရတဲ့သူဖြစ်အောင် ကြိုးစားကြမှသာ ကျွန်တော်တို့တွေ ဗိုလ်ချုပ်အပေါ် တာဝန်ကျေရာ ရောက်မှာပါ။
    အားလုံးပဲ ယုံကြည်မှုနဲ့ ထိုက်တန်သူများ ဖြစ်ကြပါစေ ရည်သန်လျက်။ ။

      Phio Thiha








    0 0

    by Ko Htike on Sunday, February 10, 2013 at 6:14pm ·
    ဖက်ဒရယ် အကြောင်း ရေးကြ ပြောကြတဲ့ လူတွေ အများကြီးတွေ့ရပါတယ်။ အတော်များများက ပြည့်ပြည့်စုံစုံရေးကြတာကို တွေ့ရပါတယ်။


    ဒီတော့ ကျွန်တော်က ဖက်ဒရယ် ဆိုတာကို သေချာ နားမလည်ပဲ ဖက်ဒရယ်ဆိုတာ ဘာလဲလို့ သိချင်နေသူတွေကို  လွယ်လွယ် သိနိုင်မယ့် အခြေခံလေးပဲ မိတ်ဆက်တဲ့ သဘော ရေးချင်ပါတယ်။

    ၁။ ဖက်ဒရယ်ကို တခွန်းတည်းနဲ့ နားလည်အောင် ပြောနိုင်ပါသလား (သို့) ဖက်ဒရယ် ဆိုတာ ဘာလဲ။

    ဖက်ဒရယ်ဆိုတာ ... တိုင်းပြည်ကို စီမံ အုပ်ချုပ်တဲ့ ပုံစံ တစ်ခု ဖြစ်ပါတယ်။

    ၂။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး ဟုတ်ပါသလား။

    ဖက်ရယ်ဆိုတာ ခွဲထွက်ရေး လုံးဝ မဟုတ်ပါ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရှိတဲ့ အာဏာခွဲဝေတဲ့ စနစ်ကို ဖက်ဒရယ် စနစ်လို့ ခေါ်ပါတယ်။

    ၃။ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဘာကွာလဲ။

    ဒီမိုကရေစီဆိုတာက တန်းတူညီမျှခွင့်နဲ့ လွတ်လပ်ခွင့်ကို ပေးတဲ့ အခြေခံ တန်ဖိုး ဖြစ်ပြီး ... ဖက်ဒရယ် ဆိုတာက ... တန်းတူညီမျှခွင့်၊ လွတ်လပ်ခွင့် တန်ဖိုးတွေကို ဖေါ်ဆောင်ပေးနိုင်တဲ့ အုပ်ချုပ်ရေး စနစ် တမျိုး ဖြစ်ပါတယ်။ ဒီမိုကရေစီက ပန်းတိုင် ဖြစ်မယ်ဆိုရင် .. ဖက်ဒရယ်က ပန်းတိုင်ကို ရောက်အောင် သွားတဲ့ လမ်းခရီး ဖြစ်ပါတယ်။ ဒီမိုကရေစီဟာ ထမင်းဝိုင်းမှာ ထမင်းကို အတူတူစားကြဖို့ဆိုရင် ... ဖက်ဒရယ်ဟာ ချက်နည်း ပြုတ်နည်း ဖြစ်ပါတယ်။

    ၄။ အုပ်ချုပ်ရေး ပုံစံ ဘယ်နှစ်မျိုး ရှိလဲ။

    အုပ်ချုပ်ရေး ပုံစံတွေက အများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့် မျဉ်းတစ်ကြောင်းပေါ်မှာ နိုင်ငံ တစ်နိုင်ငံရဲ့ အုပ်ချုပ်ရေး ပုံစံတွေကို တင်ပြီး ... သတ်မှတ်မယ်ဆိုရင် ... အစွန်းတဖက်မှာ .. တပြည်ထောင် စနစ်၊ ရှိပြီး ... အခြား အစွန်း တဖက်မှာ ... ကွန်ဖက်ဒရယ် (Confederal) စနစ်ကို ထားရမယ်ထင်ပါတယ်။ တပြည်ထောင် စနစ်ရဲ့ ဟိုဘက်ကို ဆက်သွားရင် .. အုပ်ချုပ်ရေး ပုံစံ မဟုတ်တဲ့ .... အာဏာရှင် စနစ်ကို ရောက်သွားမှာ ဖြစ်ပြီး ... ကွန်ဖက်ဒရယ်ရဲ့ ဟိုဘက်ကို ဆက်သွားရင် ... အုပ်ချုပ်သူမဲ့တဲ့ စနစ် (Anarchy) ကို ရောက်သွားပါလိမ့်မယ်။ ဒီတော့ နိုင်ငံ တစ်ခုရဲ့ အုပ်ချုပ်ရေး စနစ်မှာ တပြည်ထောင် စနစ်နဲ့ ... ကွန်ဖက်ဒရယ် စနစ် ဆိုပြီး ဟိုဘက်၊ ဒီဘက် အစွန်း ၂ ဖက်မှာ ထားလို့ရပါတယ်။ အောက်က ပုံမှာ ကြည့်နိုင်ပါတယ်။


    တပြည်ထောင်နှင့် ကွန်ဖက်ဒရယ်

    ၅။ တပြည်ထောင် စနစ်နဲ့ ကွန်ဖက်ဒရယ် စနစ်ဆိုတာ ဘာလဲ၊ နောက်ပြီး ဖက်ဒရယ်က အဲဒီ အစွန်း ၂ ဖက်ရှိတဲ့ မျဉ်းရဲ့ ဘယ်နေရာမှာ ရှိမလဲ။

    တပြည်ထောင် စနစ်ဆိုတာက ... ဗဟို အစိုးရ တစ်ခုတည်းက တနိုင်ငံလုံးရဲ့ အရေးအရာကို စီမံ ဆုံးဖြတ်ပြီး ... ဗဟို အစိုးရကပဲ ဥပဒေတွေကို ပြဌာန်းတဲ့ စနစ်ဖြစ်ပါတယ်။ ဗဟို အစိုးရက သဘောမတူပဲ ကျန်တဲ့လူတွေက ဘာမှ လုပ်ပိုင်ခွင့် မရှိပါ။ ဥပမာ ... တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ .. ။

    ကွန်ဖက်ဒရယ်ကတော့ ... ပြည်နယ်တွေဟာ အချုပ်အခြာ အာဏာတွေ အပြည့်အဝ လုပ်ပိုင်ခွင့် ရှိပြီး တချို့သော လုပ်ပိုင်ခွင့်ကို စုပေါင်း သဘောတူပြီး ဗဟို အစိုးရအတွက် ပြည်နယ်တွေကနေ အာဏာ ပြန်ခွဲပေးထားတဲ့ စနစ် ဖြစ်ပါတယ်။ မူရင်း အာဏာရှိသူဟာ ပြည်နယ်အစိုးရတွေသာ ဖြစ်ပါတယ်။ ဥပမာ ... ဥရောပ သမဂ္ဂ။ .. ဥရောပတိုက်က နိုင်ငံတွေဟာ ဥရောပ သမဂ္ဂကို အုပ်ချုပ်ရေးအတွက် အချို့သော အာဏာတွေ ပေးပြီး လုပ်ပိုင်ခွင့် ပေးထားပါတယ်။ ဒါပေမယ့် .. အဓိက အာဏာရှိသူဟာ ပြည်နယ်အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ပါတယ်။ ဒါကို ကွန်ဖက်ဒရယ်လို့ အဓိပ္ပါယ် ဖွင့်လို့ ရနိုင်ပါတယ်။

    သူတို့ ၂ ခုရဲ့ အလယ်မှာ ... အီဗော့ (evolved) စနစ် ဆိုတာ ရှိမယ်ထင်ပါတယ်။ သူကတော့ ဗဟို အစိုးရက ပြည်နယ် အစိုးရတွေကို အုပ်ချုပ်ခွင့် အာဏာခွဲပေးထားပေးမယ့် .. မူရင်းပိုင်ရှင်ဟာ ဗဟို အစိုးရ ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်ရင် အချိန်မရွေး အာဏာကို ပြန်ရုတ်သိမ်းလို့ ရပါတယ်။ အာဏာ အငှားချ စနစ်လို့ ပြောလို့ ရနိုင်ပါတယ်။ ဒီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေကတော့ ... ယူနိုက်တတ် ကင်းဒမ်း (UK) နဲ့ စပိန် တို့ ဖြစ်ကြပါတယ်။ ယူကေမှာ စကော့စလန်က ပါလီမာန်ရှိပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရပေမယ့် သူ့အာဏာကို ဗဟို အစိုးရက အချိန်မရွေး ပြန်ရုတ်သိမ်းလို့ ရပါတယ်။ အလားတူ စပိန်မှာလည်း ကတ်တလူးနီးယား လူမျိုးတွေ နေတဲ့ ဘာစီလိုနာဆိုရင် .. သူ့ပါလီမာန်နဲ့ သူ အုပ်ချုပ်ပေမယ့် ဗဟိုအစိုးရက အချိန်မရွေး အာဏာကို ပြန်ရုတ်သိမ်းလို့ ရပါတယ်။

    ဒီတော့ ... တပြည်ထောင်စနစ်၊ အီဗော့စနစ်၊ ကွန်ဖက်ဒရယ် ... စနစ် တွေ ရှိတဲ့ မျဉ်းမှာ .... "ဖက်ဒရယ်" ကို နေရာ ချရမယ်ဆိုရင် .... အီဗော့ နဲ့ ကွန်ဖက်ဒရယ်ကြားမှာ နေရာ ချရမှာ ဖြစ်ပါတယ်။ အောက်က ပုံမှာ ကြည့်ပါ။


    အုပ်ချုပ်ရေး စနစ်များကို မျဉ်းတစ်ကြောင်းထဲတွင် နေရာချကြည့်ပုံ

    ဖက်ဒရယ် ပုံစံနဲ့ အုပ်ချုပ်တဲ့ နိုင်ငံတွေတော့ အများသိပြီးတဲ့ အတိုင်း အမေရိကန် ပြည်ထောင်စု၊ ဂျာမနီနိုင်ငံ ... စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

    ၆။ ဖက်ဒရယ်မှာ အာဏာဘယ်လို ခွဲလဲ

    ဗဟို အစိုးရနဲ့ ပြည်နယ်အစိုးရတွေကြားမှာ သတ်မှတ်တဲ့ အာဏာတွေမှာ ဗဟိုအစိုးရက ရယူထားတဲ့ အာဏာရှိသလို .. ပြည်နယ် အစိုးရက အာဏာခွဲယူထားတာတွေ ရှိပါတယ်။ ဒီ ခွဲခြားမှုကို ကျော်လွန်ပြီး တစ်ဖက်နဲ့ တဖက် ဝင်စွက်ဖက်လို့ မရပါ။ ဥပမာ .. နိုင်ငံခြားရေး၊ ကာကွယ်ရေး စတာတွေကို ဗဟို အစိုးရက အာဏာ ရယူထားပြီး ... အချို့သော အာဏာတွေ ဖြစ်တဲ့ .. ပြည်နယ်တွင်း လမ်းပန်း ဆက်သွယ်ရေး၊ အိမ်ယာစီမံခွင့် ... စတဲ့ အာဏာမျိုးတွေကို ပြည်နယ် အစိုးရက ရယူထားပါတယ်။ ဒီအာဏာတွေကို ဗဟိုအစိုးရက ပြန်လည် ရုပ်သိမ်းခွင့်၊ ဝင်ရောက် စီမံပိုင်ခွင့်၊ စွက်ဖက်ခွင့် မရှိပါဘူး။

    ပြည်နယ် အစိုးရ ကိုယ်စားလှယ်တွေက နိုင်ငံရဲ့ အထက်လွှတ်တော်မှာ ပါဝင်ပြီး ... ဗဟို အစိုးရ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ ဥပဒေပြုရေးမှာတော့ မဲပေးခွင့် ရှိပါတယ်။ (ဒါကြောင့် အထက်လွှတ်တော်ဆိုတာ ပြည်နယ် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားပြီး ... အောက်လွှတ်တော်ဆိုတာ ပြည်သူ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားလေ့ရှိကြပါတယ်။) အထက်အောက် လွှတ်တော် ၂ ရပ် ရှိတာဟာ .. ဖက်ဒရယ်စနစ်ရဲ့ ကြောင့် ဖြစ်တာလို့ ပြောလို့ ရပါတယ်။ (သို့သော် .. ယူကေနိုင်ငံကတော့ ချွင်းချက် ဖြစ်ပါတယ်။ နောက်မှ အခွင့်သင့်လျှင် ဆွေးနွေးပါမယ်။)

    ၇။ ဖက်ဒရယ်မှာ ပြည်နယ်တွေကို ဘယ်လို ခွဲခြား သတ်မှတ်သလဲ

    တိုင်းပြည် တစ်ခုရဲ့ သမိုင်းကြောင်းပေါ် မူတည်ပြီး ခွဲကြပါတယ်။ တချို့က တိုင်းရင်းသား လူမျိုးစုနယ်မြေကို ကြည့်ပြီး ခွဲခြား သတ်မှတ်တာရှိသလို ... တချို့က ... နယ်မြေအရ သတ်မှတ်တာလည်း ရှိပါတယ်။ ဒီ ၂ ချက်ကတော့ .. နိုင်ငံရဲ့ သမိုင်းကြောင်း အရပဲ အဓိက သတ်မှတ်ကြတာပါ။

    ၈။ လက်ရှိ မြန်မာပြည်ကို အုပ်ချုပ်ရေး မျဉ်းကြောင်းပေါ် တင်ရင် ဘယ်နေရာမှာ ရှိမလဲ။

    လက်ရှိ မြန်မာပြည်ကို အုပ်ချုပ်ရေး မျဉ်းကြောင်းပေါ် တင်ရင် ... တပြည်ထောင် စနစ်ကနေ နည်းနည်းလေးပဲ လှမ်းရသေးတဲ့ တပြည်ထောင် စနစ်ပဲ ရှိပါသေးတယ်။ ပုံမှာ ကြည့်နိုင်ပါတယ်။


    မြန်မာပြည်ရဲ့ နေရာ

    ဘာကြောင့် အခုလို ဆုံးဖြတ်ရတာလဲ ဆိုတော့ ... ပြည်နယ်အုပ်ချုပ်ရေးမှု (သို့) ပြည်နယ် အစိုးရတွေကို နာမည်အရ သတ်မှတ်ထားပေမယ့် .. သူတို့တွေဟာ ဗဟိုအစိုးရရဲ့ အမိန့်ကို နာခံပြီး ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖေါ်နေရတဲ့ ပြည်နယ်အစိုးရတွေသာ ဖြစ်ပြီး .. ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် မရှိသေးတာကို တွေ့ရပါတယ်။

    ဥပမာ ... လက်ပံတောင်းတောင် အကြမ်းဖက်မှုကို ကြည့်ပါ။ စစ်ကိုင်းတိုင်း အစိုးရက နေပြည်တော်က ခိုင်းတဲ့ အတိုင်း လုပ်ရပါတယ် ပြောတယ်။ နေပြည်တော်ကတော့ နှာစေးနေတယ်။ ဟုတ်၊ မဟုတ် ဝန်မခံဘူး။ ဖက်ရယ်မှာဆိုရင် .. ဒီကိစ္စဟာ မေးစရာ မလိုဘူး။ ပြည်နယ် အစိုးရက လုပ်တာ သေချာတယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စမျိုးဟာ သူ့လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပြီး ဗဟိုအစိုးရက ဝင်စွက်ဖက်ခွင့် မရှိလို့ပဲ။ စွက်ဖက်ဖို့ လိုတယ်ဆိုတဲ့ အခြေအနေ ရောက်လာရင် (ဥပမာ နှစ်ဖက် အကြမ်းဖက်မှုတွေ ကြီးလာပြီး ပြည်နယ်အစိုးရက မနိုင်ရင်) ပြည်နယ်အစိုးရက ဗဟို အစိုးရကို တရားဝင် အကူအညီတောင်းရမှာ ဖြစ်ပါတယ်။ အခုက ဘယ်သူလုပ်မှန်း မသိ ရောချခံနေရာတာဟာ ... ဘာမှန်း မသိတဲ့ အုပ်ချုပ်ရေး စနစ်ကြောင့် ဖြစ်ပါတယ်။

    ၉။ ဘယ်စနစ်က အကောင်းဆုံးလဲ

    အုပ်ချုပ်ရေး စနစ်ဟာ ဘယ်စနစ်က အကောင်းဆုံးလဲ ဆိုတာထက် ... သာမန်အားဖြင့် .. တိုင်းပြည်က အရမ်းကျယ်ရင် (သို့)  တိုင်းရင်းသား အမှတ်အသားတွေ ကွဲပြား အားကောင်းရင် ... ဖက်ဒရယ် စနစ်ဟာ အသင့်တော်ဆုံး ဖြစ်ပြီး ... တိုင်းပြည်သေးပြီး ... တိုင်းရင်းသား အမှတ်အသား ကွဲပြားမှု အားပျော့ရင် .. တပြည်ထောင်စနစ်ဟာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

    ဥပမာ .. စင်္ကာပူလို နိုင်ငံ သေးသေးလေးက ဖက်ဒရယ် လုပ်ဖို့ ဘယ်လိုမှ မသင့်တော်ပါ။ ဂျပန်လို နိုင်ငံ အတော်အတန် ကြီးပေမယ့် တိုင်းရင်းသား အမှတ်အသား ကွဲပြားမှုက မရှိပဲ ... အကုန်လုံးဟာ ဂျပန်လူမျိုး ဖြစ်တာကြောင့် ... တပြည်ထောင် စနစ်ကို ကျင့်သုံးပါတယ်။

    အမေရိကန်လို လူမျိုးကွဲပြားမှု ရှိပေမယ့် တိုင်းရင်းသားရေးက အားမကောင်းတာကြောင့် တပြည်ထောင် ဖြစ်နိုင်ပေမယ့် ... တိုင်းပြည်က ကျယ်တာကြောင့် .. ဖက်ဒရယ် စနစ်ကို သုံးရပါတယ်။

    ဒီလို တိုင်းပြည်ရဲ့ ပုံစံကို လိုက်ပြီး အလိုက်သင့် အုပ်ချုပ်တာကြောင့် ပြည်တွင်းမှာ ခွဲထွက်ရေး၊ ပြည်တွင်းရေး ပြဿနာတွေ မရှိသလောက် နည်းကြပါတယ်။

    တရုတ်နိုင်ငံဟာ တိုင်းပြည်လည်းကျယ်ပြီး ... တိုင်းရင်းသား အမှတ်အသား ကွဲပြားမှု ကြီးတာကို လှစ်လျှူရှုပြီး တပြည်ထောင် စနစ် ကျင့်သုံးတာကြောင့် ... ပြည်တွင်းရေး မငြိမ် မသက်မှုတွေ၊ ခွဲထွက်ရေး တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်နေရတာလို့ ကောက်ချက် ချပါတယ်။

    "ဖက်ဒရယ် ကကြီး၊ ခခွေး" ကို အခြားသူတွေ မတင်ပြသေးဘူးလို့ ယူဆမိတဲ့ ရှု့ထောင့်ကနေ တင်ပြလိုက်ပါတယ်။ လိုအပ်ချက်၊ မပြည့်စုံမှုတွေ ရှိမယ်ဆိုရင် .. ဖြည့်စွက်ဆွေးနွေးနိုင်ပါကြောင်း ....


    (ကိုထိုက်)

    0 0

    by Ter Tee on Tuesday, February 12, 2013 at 12:51am ·
    ရေးသူ - ဦးထွန်းမြင့် (ရှမ်းပြည်)

    ပြည်ထောင်စုစနစ်တွင် အာဏာနှင့် အခွင့်အရေး ခွဲဝေပုံမှာ သုံးမျိုးသုံးစားသာရှိသည်။ ၄င်းတို့မှာ



    (၁) ပြည်ထောင်စုစစ်စစ် နိုင်ငံများတွင် (extreme type of federal system) ဗဟိုပြည်ထောင်စုအား
    အများနှင့်ဆိုင်သော အာဏာနှင့် အခွင့်အရေးများသာ ပေးထားပြီး ကျန်အာဏာနှင့် အခွင့်အရေးများအားလုံး
    (residuary powers) ကို ပြည်နယ်များတွင် အပ်နှင်းထားသည်။ ဥပမာ-ဆွစ်ဇာလန် ၊ အမေရိကန်ပြည်ထောင်စုနှင့်
    ၾသစေၾတလ်။


    (၂) ပြည်ထောင်စု မစစ်တစစ်နိုင်ငံများ တနည်းအားဖြင့် ပြည်ထောင်စု အပြော့စားနိုင်ငံများတွင်
    (weak type of federal system) ၊ ပြည်နယ်များအား အသင့်အတင့် အာဏာနှင့် အခွင့်အရေးများခွဲဝေပေးပြီး
    ကျန်အာဏာနှင့် အခွင့်အရေးအားလုံးကို ဗဟိုပြည်ထောင်စုက သိမ်းပိုက်ထားသည်။ ဥပမာ-ကနေဒါ ၊ တောင်အာဖရိကပြည်ထောင်စု ၊ ပြည်ထောင်စုမြန်မာနိုင်ငံ။


    (၃) ဗဟိုပြည်ထောင်စုအတွက် သီးသန့်အာဏာများနှင့် ပြည်နယ်များအတွက် သီးသန့်အာဏာများဟူ၍ ခွဲခြားသတ်မှတ်ထားသည်သာမက ဗဟိုပြည်ထောင်စုရော ပြည်နယ်များပါ ဆောင်ရွက်နိုင်သည့်အာဏာများ
    (concurrent power) ဟူ၍ သတ်မှတ်ထားသည်။ ဥပမာ-ဆိုဗီယက်ယူနီယံ ၊ ယူဂိုစလားဗီးယား။


    မည်သည့်နည်းဖြင့် အာဏာနှင့် အခွင့်အရေးကို ခွဲဝေထားသည်ဖြစ်စေ ၊ ပြည်နယ်များကိုပေးထားသည့်
    အာဏာနှင့် အခွင့်အရေးများကို ဗဟိုပြည်ထောင်စုက ၀င်ရောက်စွက်ဖက်ခွင့်မရှိပေ။ တစ်နည်းအားဖြင့်ဆိုလျှင်
    ပြည်နယ်များသည် လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးရရှိကြသည်။ သို့သော် ပြည်ထောင်စု မစစ်တစစ် နိုင်ငံများတွင်
    ပြည်နယ်များသည် အခွင့်အာဏာများ အလွန်နည်းပါးပြီး အင်အားနည်းလွန်းသည့်အတွက် ပြည်နယ်အဆင့်မှ
    ပဏ္ဍာဆက်နိုင်ငံ (vassal state) အဆင့်သို့လည်းကောင်း ၊ လက်အောက်ခံနယ်ပယ်
    (province) အဆင့်သို့ လည်းကောင်း ကျရောက်သွားကြသည်။




    လွတ်လပ်ရေးအတွက် ၊ ကျိုးပမ်းနေကြစဉ်တုန်းက လွတ်လပ်ပြီးသည့်နောက် မည်သည့်ပုံစံမျိုးဖြင့်တိုင်းပြည်ကို တည်ထောင်ကြမည်နည်း ဟု တွေးတောကြံဆကြသည့်အခါ ဗမာအမျိုးသားခေါင်းဆောင်များသည်
    ဗမာပြည်လို တိုင်းပြည်ငယ်လေးအဘို့ လူမျိုးစုများ အခွဲခွဲ အခြမ်းခြမ်း အုပ်ချုပ်သည့်မူကို မကြိုက်ကြပါ။
    တစည်းတလုံးတည်း ပုံစံတမျိုးတည်းသော အုပ်ချုပ်ရေးမျိုး ၊ တနည်းအားဖြင့် တပြည်ထောင်အစိုးရ
    တမျိုးတစားစနစ် unitary ကို လိုလားကြသည်။ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော်တို့အား တစည်းတလုံးတည်းသာ ၅ နှစ်စီမံကိန်း ၂ ကြိမ်မြောက်ဆောင်ရွက်လိုက်ရလျှင် အားလုံးတိုးတက်မည် ၊ ဗမာပြည်မထက် တဆင့်နိမ့်ကျသော နယ်စပ်ဒေသရှိ လူမျိုးစုများသည်လည်း ဗမာနှင့်တန်းတူ တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောပြဘူးပါသည်။
    ကျွန်တော်တို့ (ရ ပ လ) ခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားသောစေတနာကို ယုံကြည်ကြသည် ၊ လေးစားကြသည်။




    ကျွန်တော်တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ စေတနာကို၎င်း ၊ တပြည်ထောင်စနစ်မူကို၎င်း သံသယမရှိကြပါ ၊
    ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာပြည်နှင့် ကျွန်တော်တို့ ရှမ်းပြည်အား တပြည်ထောင်စနစ်အရ
    ပူးပေါင်းစေကာမူ - ကျွန်တော်တို့အဘို့ စိုးရိမ်ပုပန်စရာမရှိဟု ကျွန်တော်တို့ယူဆကြသည်။ လူပုဂ္ဂိုလ်ပိုင်း
    အခြေအနေအရ ထိုသို့ဖြစ်သော်လည်း တကဲ့ဖြစ်ရပ် အခြေအနေအရဆိုလျှင် ပြည်ထောင်စုသဘောတရားကလွဲ၍ အခြားမဖြစ်နိုင်ဟု ကျွန်တော်တို့ (ရ ပ လ) က ဆုံးဖြတ်ကြသည်။









    ဗိုလ်ချုပ်တို့ ကျဆုံးသွားပြီးနောက် အခြေခံဥပဒေကို အပြီးသတ်ရေးဆွဲကြသည့်အခါ ကျွန်တော်တို့အား မလိမ့်တပတ် နှပ်လိုက်သည်ဟု ကျွန်တော်တို့ စွဲစွဲမြဲမြဲ ယူဆနေဆဲဖြစ်သည်။ အသွင်အားဖြင့် ကျွန်တော်တို့ နယ်စပ်ဒေသအား နှစ်သိမ့်စေရန် ပြည်ထောင်စုအသွင်ပေးထားပြီး ၊ အနှစ်သာရအားဖြင့် တတ်နိုင်သမျှ
    တပြည်ထောင်စနစ်ဖြစ်ရန် ဖန်တီးထားသည်ဟု ကျွန်တော်ထင်သည်။




    အမှန်မှာ ဗမာများအတွက် သီးခြားပြည်နယ် ဖွဲ့စည်းပြီး ဗမာပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ် ၊
    ကရင်ပြည်နယ် ၊ ကယားပြည်နယ် စသည့် ပြည်နယ်များပူးပေါင်းကာ ပြည်ထောင်စုဖွဲ့ပါမှ
    တကဲ့ပြည်ထောင်စု၏ အင်္ဂါနှင့် ညီညွတ်ပေမည်။ ယခုမူကား ဗမာပြည်နယ်ဟူ၍ မပါရှိသည့်အတွက်
    ကျွန်တော်တို့၏ အခြေခံဥပဒေသည်အသွင်အားဖြင့်ပင် အင်္ဂါမစုံ တခြမ်းပဲ့ ပြည်ထောင်စုကြီး ဖြစ်နေလေသည်။




    ကျွန်တော်တို့ ပြည်ထောင်စု ပါလီမန်ဖွဲ့စည်းပုံမှာလည်း သဘာဝမကျပေ။ အခြားပြည်ထောင်စု ပါလီမန်များတွင်
    လွှတ်တော် ၂ ရပ်ထားရှိခြင်းမှာ အောက်လွှတ်တော်သည် ဒီမိုကရေစီသဘောအရ အချုပ်အခြာ အာဏာသည်
    ပြည်သူလူထုထံမှဆင်းသက်ရမည်ဆိုသည့်အတိုင်း ပြည်သူတရပ်လုံးအားကိုယ်စားပြုရန်ဖြစ်ပြီး ၊ အထက်လွှတ်တော်မှာ ပြည်ထောင်စု သဘောတရားအရ ပြည်နယ်များအား ကိုယ်စားပြုရန်ဖြစ်ပေသည်။
    ပြည်နယ်ကြီးက ပြည်နယ်ငယ်များအား အနိုင်ကျင့်မှုမရှိစေရန် အထက်လွှတ်တော်သို့ ကိုယ်စားလှယ်ဦးရေ အညီအမျှစေလွှတ်ကြသည် ၊ လွှတ်တော်တရပ်ရပ်သည် အာဏာကို အလွန်အကဲ အသုံးမပြုနိုင်ရန်အတွက်
    လွှတ်တော်တရပ်က လွှတ်တော်တရပ်အား ထိန်းကွတ်နိုင်ရန် အခွင့်အာဏာတူ ပေးထားကြသည်။




    ကျွန်တော်တို့၏ အထက်လွှတ်တော်သို့ ပြည်နယ်များသည် အမတ်ဦးရေ အညီအမျှ စေလွှတ်နိုင်ခွင့် မရှိကြပါ။
    ဗမာပြည်နယ်ဟူ၍ သီးခြားမရှိခြင်းသည်ပင် ပြည်ထောင်စု အထက်လွှတ်တော်ဖွဲ့စည်းမှုကို
    ကြီးစွာရုပ်ဆင်းပျက်စေလေသည်။ တပြည်နယ်လျှင် အမတ်ဦးရေ အဘယ်မျှစီစေလွှတ်ရမည်ဟု အခြေခံဥပဒေတွင် ပြဌာန်းလိုက်လျှင် ဗမာပြည်နယ်မရှိ၍ ပြည်ထောင်စုအထက်လွှတ်တော်တွင်
    ဗမာကိုယ်စားလှယ်များ ပါဝင်နိုင်တော့မည် မဟုတ်ချေ။ ကျွန်တော်တို့၏ အထက်လွှတ်တော်သည်
    အောက်လွှတ်တော်အား ထိန်းကွတ်နိုင်သော အာဏာလည်းမရှိ ၊ ပြည်နယ်များအကျိုးကို
    ကာကွယ်နိုင်စွမ်းလည်းမရှိဖြစ်နေလေရာ ၊ ယခုအတိုင်းသာဆိုလျှင် နိုင်ငံတော် သမတကဲ့သို့
    တန်ဆာဆင်ထားယုံသာ ရှိနေပေမည်။




    အာဏာနှင့် အခွင့်အရေးခွဲဝေနည်းကဲ့သို့ပင် ဘဏ္ဍာရေးခွဲဝေမှုသည်လည်း ပြည်နယ်များအား
    ပြည်နယ်အခွန်တော်စာရင်းဟူ၍ ခွဲဝေကန့်သတ်ပေးထားပြီး ကျန်အားလုံးကို ဗဟိုက ယူထားလိုက်လေသည်။
    ဗမာပြည်နယ်ဟူ၍ သီးခြားဖွဲ့စည်းထားခြင်းမရှိဘဲ ၊ ပြည်ထောင်စုဟူ၍ ရောထွေးဖွဲ့စည်းထားလေရာ
    ဗဟိုဌာနများဟူ၍ သန့်သန့်ခွဲခြားရန်ခက်ခဲပေသည်။ ထို့ကြောင့် ဗဟိုပြည်ထောင်စုနှင့်သက်ဆိုင်သော အခွန်တော်ဝင်ငွေများကိုဘယ်သို့ ခွဲဝေ၍ ဗဟိုပြည်ထောင်စုနှင့်သက်ဆိုင်သောဌာနများအတွက်
    ဘယ်သို့ကျခံရမည်ကို တိတိကျကျသတ်မှတ်ရန် မလွယ်ကူတော့ပေ။ အခြေခံဥပဒေပုဒ်မ ၉၆ ခြွင်းချက်တွင်သာ ပြည်ထောင်စုအစိုးရသည် " ထောက်ပံ့ရန်လိုအပ်သည်ဟု ဆုံးဖြတ်သတ်မှတ်သော အထောက်အပံ့ငွေများကို" ပြည်နယ်အစိုးရများအား ပေးနိုင်သည်ဟု ဖော်ပြထားသည်။ ၄င်းပြဌာန်းချက်အရ -
    ရရှိသော အထောက်အပံ့ငွေများဖြင့်သာ ပြည်နယ်များ အသက်ရှုနေကြရသည်။ ဤထောက်ပံ့ငွေများကို ဗဟိုအစိုးရက ပေးလိုက ပေးနိုင်သည်။ မပေးဘဲနေလိုကလည်း နေနိုင်သည်။ ဤနည်းဖြင့် ဗဟိုအစိုးရသည်
    ပြည်နယ်အစိုးရများ၏ အသက်သွေးကြောကို ထိန်းချုပ်ထားလိုက်သည်။ .... ပြည်နယ်များ အထူးသဖြင့်
    ကျွန်တော်တို့ရှမ်းပြည်၏ မကြေနပ်ချက်များသည် ဘဏ္ဍာရေးခွဲဝေမှုစနစ်ပေါ်တွင် မြစ်ဖျားခံခဲ့သည်။




    ဦးထွန်းမြင့် (ရှမ်းပြည်)

    ပါလီမန်ဒီမိုကရေစီခေတ် ဗိုလ်တထောင်နေ့စဉ်သတင်းစာပါ "တန်းတူသောရှမ်းပြည်"
    ဆောင်းပါးကောက်နှုတ်ချက်များ









    0 0

    Burma-Militia

    — တိုင်းရင်းသား တစ်ဦး
    ယခုအချိန်မှာ မြန်မာပြည်ဟာ ဒီမိုကရေစီစံနစ်သစ်ဆီသို့ ဦးတည်သွားနေပြီလို့ ဆိုပါတယ်။ ဒီမို ကရေစီ  စံနစ်ကို ထူထောင်မယ် ဆိုလိုက်တာနဲ့ တရားဥပဒေ စိုးမိုးရေးဟာ အင်မတန် အရေးကြီးတာလဲ လူတိုင်း သိကြပါတယ်။

    (အဲဒီလို အရေးကြီးလို့ကို လွှတ်တော်ထဲမှာ ဒေါ်စုက တရားဥပဒေ စိုးမိုးရေး တာဝန်ကို ယူထားတာပေါ့။) ဥပဒေ စိုးမိုးရေး ဆိုရာမှာလဲ ယခုလက်ရှိမှာ ဥပဒေပြင်ပ ရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ဥပဒေ ဘောင်ဝင်အောင် ဘယ်လို legalize လုပ်မလဲ၊ အနာဂတ် ပြည်ထောင်စု တပ်မတော်နဲ့ ဘယ်လို ပေါင်းစည်းကြမလဲ ဆိုတဲ့ ပြဿနာ တွေဟာ အရေး တကာ့ အရေးအကြီးဆုံး ကိစ္စတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေအတွက် အစိုးရရော အတိုက်အခံဖက် ကပါ ရေရေရာရာ စီမံချက် ရှိသေးပုံ မရဘူး၊ ရှိတယ်ဆိုရင်လဲ ပွင့်လင်းမြင်သာမှုမရှိသေးဘူး။ အဲဒီကိစ္စ္စ တွေနဲ့ ပတ်သက်လို့ ပြည်သူတဦးရဲ့ အမြင်ကို တင်ပြချင်တဲ့အတွက် ဒီဆောင်းပါးကို ရေးရတာ ဖြစ်ပါ တယ်။

    ပထမဆုံးအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဥပဒေဘောင်ထဲ ရောက်လာအောင် အစိုးရ အဆက်ဆက် အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကို ကြည့်ကြရအောင်ပါ။
    လက်နက်ချခိုင်းတဲ့နည်း
    အစိုးရအဆက်ဆက်က တိုင်းရင်းသားလက်နက်ကိုင်တွေ ဥပဒေဘောင်ဝင်အောင် နှစ်ပေါင်းများစွာ ကျင့်သုံး ခဲ့တာ ကတော့ လက်နက်ချခိုင်းတဲ့နည်း ဖြစ်ပါတယ်။ လက်နက်ချ အလင်းဝင်လိုက်တာနဲ့ ဥပဒေဘောင် ၀င်သွားပြီပေါ့။  ဒီနည်းနဲ့ မအောင်မြင်ခဲ့တာ အထူးပြောစရာမလိုပါဘူး၊ ဒါပေမယ့် ဘာလို့ မအောင်မြင်ခဲ့တာလဲ ဆိုတာ အလေးအနက် စဉ်းစားဖို့ လိုပါတယ်။
    အစိုးရနဲ့ဆွေးနွေးပြီး သဘောတူညီချက်ရလို့် လက်နက်ချခဲ့တာ ဖဆပလအစိုးရ လက်ထက် နိုင်အောင်ထွန်း ခေါင်းဆောင်တဲ့  မွန်လက်နက်ကိုင် အဖွဲ့က ပထမဆုံးလို့ ဆိုပါတယ်။ နိုင်အောင်ထွန်း အဖွဲ့ဟာ အဲဒီအချိန်တုံး ကဆိုရင်  ယခုလက်ရှိ  မွန်ပြည်သစ်ပါတီထက်တောင် လူအင်အား၊ လက်နက် အင်အား တောင့်တင်းပါသတဲ့။  ၀န်ကြီးချုပ် ဦးနုနဲ့ ဆွေးနွေးပြီး သဘောတူညီချက်ရတဲ့အတွက် လက်နက် ချခဲ့တာပါတဲ့။ လက်နက်လဲ ချပြီးရော သဘောတူထားတဲ့ အချက်တွေ ဘာမှ ဖြစ်မလာတဲ့အပြင် ဦးနုနဲ့ သွားတွေ့ပြီး အခြေအတင် ပြောတဲ့အတွက် နိုင်အောင်ထွန်း ထောင်ထဲ ရောက်သွားပါသတဲ့။ အဲဒီ အဖြစ်ကို နမူနာ ယူပြီး တော့ ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင်တွေမှာ “ဘာပဲဖြစ်ဖြစ် လက်နက်တော့ မချနဲ့၊ ဗမာတွေ ကတိမတည်ဘူး” ဆိုတဲ့ သဘောထား ခံယူချက် သံမှိုစွဲသလို မြဲသွားတာပါတဲ့။ (နိုင်အောင်ထွန်း အဖွဲ့ရဲ့ ဖြစ်ထွေကို သူငယ်ချင်း တဦးက ပြောပြခဲ့တာပါ။ စာရေးသူ မမွေးခင်က ကိစ္စ ဖြစ်လို့ ပိုသိတဲ့သူတွေက ပြင်ဆင် ဖြည့်စွက်ပေးကြစေလိုပါတယ်။)
    နိုင်အောင်ထွန်းတို့အကြောင်းကို စာရေးသူတို့မမှီလိုက်လို့ အတိအကျ မပြောနိုင်ပေမယ်လို့ န၀တ/ နအဖလက်ထက် ဖြစ်ပျက်ခဲ့တာတွေကတော့ ကိုယ်တွေ့မျက်မြင် ဖြစ်ပါတယ်။ န၀တလက်ထက်မှာ ဗိုလ်ခင်ညွန့်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လိုက်လံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်တွေ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။  အခြေခံဥပဒေရယ်လို့ မရှိဘဲ ကာကွယ်ရေး ဦးစီးချုပ် ရဲ့ အမိန့်အာဏာနဲ့ အုပ်ချုပ်တဲ့ စစ်အုပ်ချုပ်ရေးကာလမို့လို့လဲ အဲဒီလိုလုပ်လို့ ရတာပါ။ အရင် အစိုးရ တွေ လက်ထက်ကတော့ ဒီလိုလုပ်ရင် ဖြစ်နိုင်မှန်း မသိလို့ မဟုတ်လောက်ပါ၊ တည်ဆဲ ဖွဲ့စည်းပုံ ဥပဒေနဲ့ ငြိစွန်း နေလို့သာ လုပ်မရခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် န၀တ/နအဖ လက်ထက် မှာတော့ နယ်စပ်ဒေသ အတော်များများမှာ အနှစ် (၂၀) နီးပါး ငြိမ်းချမ်းခဲ့တာ အမှန်ပါပဲ။
    ဒါပေမယ့် အဲဒီငြိမ်းချမ်းရေးဟာ အင်္ဂါမစုံဘဲ မွေးလာတဲ့ ကလေးနဲ့တူနေပါတယ်၊ ကြီးမားတဲ့ ချို့ယွင်းချက် ရှိနေပါတယ်။ ဘယ်လိုချို့ယွင်းချက်လဲ။ ဗိုလ်ခင်ညွန့်က အရေးတယူ လာဆွေးနွေးတယ် ဆိုတာနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာ တူညီတဲ့ အတွေး တခု ၀င်သွားစေခဲ့လို့ပဲ။ ဘယ်လို အတွေးလဲ ဆိုတော့ “ကြည့်စမ်း၊ ဒေါ်စု ခေါင်းဆောင်တဲ့ NLD ကို တပြည်လုံးက လူများစု ထောက်ခံမဲ ပေးထားပါ ရက်နဲ့ ဒီလူတွေ NLD နဲ့ ဆွေးနွေးဖို့ စိတ်ကူးရှိပုံ မရဘူး။ ဒေါ်စုကို အကျယ်ချုပ်ထား၊ NLD အမတ်တွေကို ထောင်ထဲ ထည့်ထားပြီး ငါတို့နဲ့ အရေးတယူ လာဆွေးနွေးနေတယ်။ ဒါ ငါတို့ သေနတ် ကိုင်ထားလို့ပဲ။ ငါတို့မှာသာ လက်နက်မရှိတော့ရင် ငါတို့ကို ဂရုစိုက်ပါဦးမလား၊ ပေးထားတဲ့ ကတိတွေ တည်ပါဦး မလား” ဆိုတဲ့ အတွေးပါ။
    စဉ်းစားကြည့်ပါ။ လက်နက်မရှိတဲ့ ဒေါ်စုနဲ့ NLD ကို ဆွေးနွေးရမယ့်အစား အပြုတ်တိုက် ချေမှုန်းဖို့ ကြိုးစားခဲ့တာ နှစ် (၂၀) ကြာခဲ့တယ်။ ဒီမိုကရေစီအရေး  လှုပ်ရှားသူတွေ ရာပေါင်း များစွာ အသက် ပေးခဲ့ရ၊ ဘ၀ပျက်ခဲ့ကြရတယ်။ တိုင်းရင်းသားတွေမှာ လက်နက်မရှိတော့ရင် NLD ရဲ့  ကံကြမ္မာမျိုး သူတို့ဖက် လှည့်မလာဘူးလို့ ဘယ်သူက အာမခံမှာလဲ။ ဒါဟာ  တိုင်းရင်းသား တွေ လက်နက်မချနိုင်ရခြင်းရဲ့ အဓိကအကြောင်းပဲ။ တနည်းအားဖြင့် ပြောရရင် လက်နက်မရှိတဲ့ NLD ကို ဖိနှိပ်ခဲ့တာဟာ တိုင်းရင်းသားတွေ လက်နက် မစွန့်ချင်အောင်၊ မစွန့်ရဲအောင် လုပ်လိုက်တာနဲ့ အတူတူ ပါပဲ။
    နယ်ခြားစောင့်တပ်လုပ်ခိုင်းတဲ့နည်း
    တဖက်ကကြည့်ပြန်တော့ အပစ်အခတ် ရပ်စဲပြီး ကိုယ့်နယ်မြေကိုယ်နေ၊ ကိုယ့်စီးပွား ကိုယ်လုပ် ဆိုတာက စစ်အစိုးရလက်ထက်မှာသာ ဖြစ်နိုင်တာကိုး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေလုပ်ပြီး အရပ်သားအစိုးရ အနေနဲ့ အုပ်ချုပ်တော့မယ်ဆိုရင်တော့ (၂၀၀၈) ဥပဒေဖြစ်ဖြစ်၊ အတိုက်အခံတွေ ပြောနေတဲ့ ဖက်ဒရယ်မူ ပဲဖြစ်ဖြစ် တိုင်းပြည် တခုတည်းမှာ ဥပဒေပြင်ပ လက်နက်ကိုင်တပ်တွေ သူတလူ၊ ငါတမင်း ရှိနေလို့ မဖြစ်ပြန်ဘူး။ အဲဒါကြောင့် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြား စောင့်တပ် (BGF) အသွင် ပြောင်းဖို့ စည်းရုံးလာပါတယ်။ လက်နက်မချချင်ရင် မချနဲ့၊ နယ်ခြားစောင့်တပ် အနေနဲ့ တပ်မတော် အောက်မှာ နေပါ ဆိုတဲ့ သဘောပဲ။ တပ်မတော်လက်အောက်ရောက်တယ်ဆိုတာနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ဥပဒေဘောင်ဝင်သွားပြီ၊ တရားဝင် ရပ်တည်လို့ ရပြီပေါ့။
    ဒီနေရာမှာ ပြောချင်တာက တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်အနေနဲ့ လက်ခံတယ် ဆိုတာ အစိုးရစစ်တပ် အနေနဲ့ အတော်စွန့်စားရတဲ့ ကိစ္စ ဖြစ်တယ်ဆိုတာပါပဲ။ နယ်ခြား စောင့်တပ်ထဲက လူတွေဟာ တချိန်က ကိုယ်နဲ့ သူသေကိုယ်သေ တိုက်ခဲ့တဲ့သူတွေ ဖြစ်သလို နောင်လဲ အခြေအနေ အကြောင်းကြောင်း ကြောင့် အချိန်မရွေး အရောင်ပြောင်းပြီး ကိုယ့်ကို ပြန်တိုက်နိုင်တဲ့သူတွေ ဖြစ်တယ် (ဒါ ကရင်ပြည်နယ်မှာ လက်တွေ့ပဲလေ)။ အစိုးရတပ်မမှူး၊ တိုင်းမှူး တွေမှာ အရေးအကြောင်း ပေါ်လို့ နယ်ခြားစောင့်တပ်ကို ခိုင်းရမယ်ဆိုရင် ”ဒီလူတွေ ငါ့အမိန့်ကို နာခံပါ့မလား။ သူတို့ တိုင်းရင်းသား အချင်းချင်း ပင်းပြီး ငါ့ကို နောက်ကျော ဓါးနဲ့ ထိုးလေမလား”လို့ တွေးမိကြမှာ ဖြစ်သလို နယ်ခြားစောင့် တပ်မှူးတွေ ကိုယ်တိုင်ကလဲ “ဒီ တပ်မမှူး/တိုင်းမှူး ခိုင်းတိုင်း ငါလုပ်လို့ ဖြစ်ပါ့မလား၊ သူ့အမိန့်ကို နာခံလိုက်လို့ ငါတို့ တိုင်းရင်းသားချင်း  ပြန်ပစ်ရတဲ့ အခြေအနေရောက်သွားရင် ငါ့ဇာတိ ရပ်ရွာမှာ၊ ငါ့ဆွေမျိုးတွေ ကြားမှာ သူများတံတွေးခွက် ပက်လက်မျောရချည်ရဲ့” လို့ တွေးမိ ကြမှာ အမှန်ပါပဲ။ စစ်တပ် ဆိုတာက ရဲဘော်ရဲဘက်ချင်း အသက်ပေး ယုံကြည်စိတ်ချနိုင်မှသာ ထက်မြက် ပါတယ်။ အထက်လူနဲ့ အောက်လူ မယုံသင်္ကာဖြစ်ပြီး သံသယတွေ များနေရင်တော့ လူများပြီး ပွဲမစည်တဲ့ တပ်စုတ်တပ်ပဲ့သာ ဖြစ်နေမှာပဲ။
    တိုင်းရင်းသားတွေဖက်က ကြည့်ပြန်တော့ ပြဿနာက “နယ်ခြားစောင့်တပ် တပ်ရင်းတရင်းစီမှာ တပ်သား ဦးရေ ၃၂၆ ဦး ရှိမည်ဖြစ်ပြီး မြန်မာ့တပ်မတော်မှ စစ်သား ၃ဝ ဦး ပါဝင်မည်။ ထို့ပြင် တပ်ဖွဲ့ဝင် များ၏ လစာ ကို ဗဟိုအစိုးရက ထုတ်ပေးမည်ဖြစ်ပြီး အုပ်ချုပ်မှုအရလည်း မြန်မာ့တပ်မတော် လက်အောက် ၌ပင် ထားရှိ မည်ဖြစ်သည်″ ဆိုတာကိုး။ တိုင်းရင်းသားတွေမှာ သူတို့ နှစ်ပေါင်းများစွာ တောင်းဆိုလာတဲ့ အခွင့်အရေး တွေ ဘယ်ဆီနေမှန်းမသိသေးခင် အစိုးရစစ်တပ် အုပ်ချုပ်မှုအောက်မှာ နေရမယ် ဆိုတော့ အစုလိုက် အပြုံလိုက် လက်နက်ချခိုင်းတာနဲ့ အတူတူဖြစ်နေတယ်။ တိုင်းရင်းသား အချင်းချင်းပေါ် သေနတ်ပြောင်း လှည့်ရမယ့် အခြေအနေမျိုးများ ဖြစ်လာခဲ့ရင်  လက်နက်ချတာထက်ကို ပိုဆိုးသွားပြီ။ နောက်ပြီး နယ်ခြား စောင့်တပ်ရင်းတိုင်းမှာ အစိုးရ စစ်သား တွေ လာထည့်ထားတဲ့အတွက် ကိုယ့်မှာရှိတဲ့ လက်နက်အင်အား၊ လူအင်အား၊ လေ့ကျင့်မှု၊ လှုပ်ရှားမှု စတဲ့ အတွင်းရေးတွေကို အစိုးရစစ်တပ်ကို အကုန် ဖွင့်ပြရတာနဲ့ အတူတူပဲ။ နောင် နိုင်ငံရေး ညှိနှိုင်းတာ အဆင် မပြေလို့ မလွှဲသာ မရှောင်သာ ပြန်တိုက် ရမယ် ဆိုရင်တောင် ကိုယ့်အကြောင်း အကုန်လုံး ရန်သူဖက်က သိပြီး ဖြစ်နေလို့ ဒုက္ခ တော်တော် ရောက်သွား နိုင်တယ်။ ဒါကြောင့် ကေအိုင်အေ၊ ဒီကေဘီအေ၊ မွန်ပြည်သစ်ပါတီ စတဲ့ အပစ်ရပ် အဖွဲ့တွေက နယ်ခြားစောင့်တပ် မလုပ်ပဲ ငြင်းဆန်ခဲ့ကြတာပဲ။
    ဒါဆိုရင် ဘာဖြစ်လို့ အစိုးရက ဒီလို စီစဉ်ရသလဲ။ “တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးကို တဖက်လှည့်နည်းနဲ့ ဖြိုခွဲချေမှုန်းဖို့ ကြိုးစားတာပါ” လို့ ဖြေချင်ကြပါလိမ့်မယ်။ ဒီအဖြေ မှားတယ်လို့ စာရေးသူ မပြောလိုဘူး၊ ဒါပေမယ့် ဒီအဖြေနဲ့ ရပ်သွားမယ် ဆိုရင်တော့ မြန်မာ့ တပ်မတော်ရဲ့ mindset ကို နားမလည်ရာ ရောက်ပါတယ်။
    ဒီနေရာမှာ နည်းနည်း အကျယ်တ၀င့် ပြောဖို့ လိုလိမ့်မယ်။ နိုင်ငံတကာ တပ်မတော် တွေမှာ မရှိတဲ့ စည်းကမ်း တခု  မြန်မာ့တပ်မတော်မှာ ရှိသတဲ့။ တစ်ပွင့်နဲ့ အထက် ပြန်တမ်းဝင်အရာရှိတွေဟာ တပ်တတပ် မှာ (၃) နှစ်ထက် ပိုမနေရ ဆိုတဲ့ စည်းကမ်းပဲ။ စည်းကမ်းအရ (၃) နှစ်ဆိုပေမယ့် လက်တွေ့မှာ တစ်နှစ်၊ နှစ်နှစ်နဲ့ ပြောင်းကြရတာက များတယ်။ စစ်သက် (၁၀)နှစ်လောက်ဆို မြန်မာပြည် နှံ့သွားပြီပေါ့။
    ဒီစည်းကမ်းဟာ အကျိုးထက် အပြစ်ကပိုများပါတယ်။ တပ် ခဏခဏပြောင်းကြရတဲ့ အရာရှိတွေ ခမျာ ဘယ်နေရာမှာမှ နေသားကျအောင် မနေရတဲ့အတွက် နယ်မြေကျွမ်းကျင်မှုမရ၊ ကိုယ့်လက်အောက်က ရဲဘော်တွေအကြောင်း၊ နယ်မြေခံလူထုနဲ့ ရန်သူအကြောင်းကို လေ့လာချိန် မရကြရှာဘူး။ အဲဒီလို နယ်မြေ ကျွမ်းကျင်မှု မရှိတဲ့၊ ကိုယ့်ရဲဘော်တွေ အကြောင်းရော ရန်သူအကြောင်းရော ကောင်းကောင်းနားမလည်တဲ့ အရာရှိ အမိန့်ကို နာခံရတဲ့ ရဲဘော်တွေဟာ မနာသင့်ဘဲနာ၊ မသေသင့်ဘဲသေ ဆိုတာမျိုး မကြာခဏ ကြုံကြရတယ်။
    ဒီအကြောင်းကို ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်းလာတဲ့ လက်ရှိ တပ်မတော် စစ်ခေါင်းဆောင်တွေ မသိဘဲ မနေပါဘူး။ ဒါဆိုရင် ဒီစည်းကမ်း ဘာလို့ တည်မြဲနေသလဲ။ သမိုင်းပေး သင်ခန်းစာကြောင့်လို့ ဆိုပါတယ်။ လွတ်လပ်ရေး ရခါစ ရောင်စုံသူပုန်တွေ ထကြွတဲ့ အချိန်တုံးက တပ်မတော်ထဲက တပ်ရင်း လိုက် တောခိုသွားတာ အတော်များများ ရှိခဲ့ပါတယ်။ အဲဒီလို တောခိုတဲ့ကိစ္စတွေမှာလဲ များသောအားဖြင့် တကယ် တောခိုတာက  တပ်ရင်းမှူး ဖြစ်ပြီး လက်အောက်ခံ ရဲဘော်တွေကတော့ ခေါင်းဆောင် အမိန့်နာခံ ရင်း သူပုန် ဖြစ်မှန်းမသိ ဖြစ်ကုန်ကြရတာပါတဲ့။ အဲဒီအဖြစ်ကို သင်ခန်းစာယူပြီးတော့ အရာရှိတွေ ကိုယ် တာဝန်ထမ်းဆောင်တဲ့ တပ်အတွင်းမှာ ပုဂ္ဂိုလ်ရေးအရ သြဇာအာဏာ ထူထောင်လို့ မရနိုင်အောင် ဒီစည်းကမ်းကို လုပ်ထားခဲ့တာလို့ ဆိုပါတယ်။
    အဲဒီတော့ စဉ်းစားကြည့်ပါ။ ကိုယ့်တပ်ထဲက အရာရှိတွေကိုတောင် ခဏခဏ တပ်ပြောင်းခိုင်းတဲ့ စည်းကမ်းမျိုး ကျင့်သုံးတဲ့ တပ်မတော်ဟာ နယ်ခြား စောင့်တပ်တွေကို တိုက်ရိုက် အုပ်ချုပ်ခွင့်မရဘဲ ဘယ်လို လုပ်ပြီး ယုံကြည်စိတ်ချနိုင်မှာလဲ။ အဲဒီလို ယုံကြည် စိတ်ချနိုင်မှု မရှိတာကြောင့်ပဲ နယ်ခြား စောင့်တပ် အစီအစဉ် မအောင်မြင်ဘဲ ဖြစ်ခဲ့ရတာပါ။
    (လွတ်လပ်ရေး ခေတ်ဦးမှာ တပ်ရင်းမှူး ခေါင်းဆောင်မှုနောက်လိုက်ရင်း စစ်သည်တွေ သူပုန်ဖြစ်မှန်းမသိ ဖြစ်ကုန်တာ အမှန် ဖြစ်ခဲ့ပေမယ့် ဒီဖြစ်ရပ်ကို ကြည့်ပြီး တပ်မတော်ခေါင်းဆောင်တွေ သင်ခန်းစာ ယူခဲ့ပုံကတော့ မှားယွင်း တယ်လို့ ယူဆပါတယ်။ တိုင်းပြည်တပြည်ရဲ့ စစ်တပ်ဆိုတာဟာ မိုးကျရွှေကိုယ်မဟုတ်ပါဘူး၊ ဒီတိုင်းပြည်ထဲက ပြည်သူ ပြည်သားတွေနဲ့ပဲ တည်ဆောက်ထားတာပါ။ ကြီးမားနက်ရှိုင်းတဲ့ နိုင်ငံရေး ပြဿနာတွေကြောင့် ပြည်သူလူထု အကြား ညှိမရအောင် ကွဲကြတဲ့ အခါ လူထဲကလူ၊ ပြည်သူထဲကပြည်သူသာ ဖြစ်တဲ့ စစ်တပ်ပါ လိုက်ကွဲရတာဟာ မဆန်းပါဘူး၊ စစ်ခေါင်းဆောင်တွေရဲ့ အပြစ်လဲ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ထပ် ဒီလို မကွဲရအောင် ဆိုပြီး စစ်တပ်နဲ့ မသင့်တော်တဲ့ စည်းကမ်းဥပဒေမျိုးကို ထုတ်ပြန်ကျင့်သုံးတာကတော့ စစ်ခေါင်းဆောင်တွေရဲ့ အမှား လုံးလုံး ဖြစ်ပါတယ်။
    ပုံစံယှဉ်ပြရရင် ဒီမိုကရေစီ ဘိုးအေကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံကိုပဲ ကြည့်ပါ။ (၁၉) ရာစုတုံးက ကျေးပိုင် ကျွန်ပိုင်စံနစ် ဆက်ထားသင့်မသင့်ကိစ္စနဲ့ ပတ်သက်လို့ ညှိမရအောင် သဘောထားကွဲကြတဲ့အခါ တောင်ပိုင်း ပြည်နယ်တွေက အမေရိကန်ပြည်ထောင်စုက ခွဲထွက်ဖို့ ဆုံးဖြတ်ကြတဲ့အတွက် စစ်တပ်ပါ (၂) ခြမ်းကွဲပြီး ပြည်တွင်း စစ် အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ စစ်ကာလ (၄) နှစ်အတွင်းမှာ နှစ်ဖက်စစ်သား ခန့်မှန်းခြေ (၇) သိန်းခွဲ လောက် ကျဆုံး ခဲ့ပါတယ် (တိုက်ပွဲမှာ ပွဲချင်းပြီး ကျဆုံးတာကိုက (၂) သိန်းကျော် ရှိတယ်၊ ကျန်တာက ဒဏ်ရာရလို့ တိုက်ပွဲ ပြီးမှ ကျဆုံးတာ၊ ဒဏ်ရာကနေ အဖျားအနာရောဂါဝင်ပြီး သေကြတာတွေ ဖြစ်ပါတယ်။ ဒါ အရပ်သားတွေ သေတာ မပါသေးဘူးနော်။ အဲဒီစစ်ပွဲမျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာပြည်က ပြည်တွင်းစစ် ဆိုတာ ကြက်တိုက်ပွဲ သာသာပဲ ရှိတယ်)။ အဲဒီလောက် ကြီးကျယ်တဲ့ စစ်ပွဲအပြီး  နိုင်ငံကို ပြန်ထူထောင်ကြတဲ့အခါကျတော့ အဓိက ပြုပြင် ပြောင်းလဲ မှုတွေ လုပ်ကြတာ နိုင်ငံရေးအပိုင်းမှာ ဖြစ်ပါတယ်၊ လူသိအများဆုံးကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်ချက် (၃) ခုထည့်ခဲ့တာပါ။ စစ်တပ်ကွဲတဲ့ ကိစ္စမျိုး ထပ်မဖြစ်ရအောင် အရာရှိတွေကို ခဏခဏ တပ်ပြောင်း ခိုင်းတဲ့ စည်းကမ်းမျိုးတော့ မြန်မာပြည်မှာလို ဖြစ်မလာပါဘူး။ ဒါပေမယ့်  နိုင်ငံ ညီညွတ်မှုကို နိုင်ငံရေးနည်းနဲ့ ထိန်းသိမ်း နိုင်တဲ့အတွက် ကမ္ဘာစစ် (၂)ခု တိုက်ပြီးတာတောင် အမေရိကန်စစ်တပ်ဟာ ညီညွတ်ဆဲပါပဲ။
    ဒီနေရာမှာ “ဒီလို စည်းကမ်းမျိုး အခြားတပ်မတော်တွေမှာ မရှိပေမယ့် ဒီလို ထိန်းချုပ်ထားတဲ့အတွက် (၁၉၈၈) အရေးအခင်း၊ (၂၀၀၇) သံဃာ့အရေးအခင်းမျိုး ကြုံခဲ့တာတောင် စစ်တပ်ဟာ ညီညွတ်မှု မပျက်ခဲ့ဘူး၊ ဒါကိုက ဒီစည်းကမ်းရဲ့ အကျိုးပဲ″ လို့ တပ်မတော် ခေါင်းဆောင်များက ချေပချင်ပါလိမ့်မယ်။ မှန်ပါတယ်၊ ဒါပေမယ့် စဉ်းစားကြည့်ပါဦး။ ကိုယ့်တပ်ထဲ ညီညွတ်နေရုံနဲ့ မပြီးပါဘူး။ တိုင်းပြည်သာ အေးချမ်းညီညွတ်နေမယ်၊ နိုင်ငံရေး ပြဿနာ ကြီးကြီးမားမား မရှိဘူး ဆိုရင် အခု တိုင်းရင်းသားလက်နက်ကိုင်တွေဟာ လက်နက်မကိုင်ပဲ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်သူတွေ၊ ဒါမှမဟုတ် ၀ါသနာပါရင် ပြည်ထောင်စုတပ်မတော်ထဲမှာ တာဝန် ထမ်းဆောင်နေတဲ့ စစ်သားကောင်းတွေ ဖြစ်နေမှာပဲ။ အဲဒီလိုလူတွေက လက်နက်ကိုင်ပြီး တော်လှန်နေတယ်ဆိုတာ ကိုက တကယ်ရှိသင့်တဲ့၊ တကယ် ရှိရမယ့် ပြည်ထောင်စု တပ်မတော်ကြီး အစိတ်စိတ်အမွှာမွှာ ကွဲနေတဲ့ သဘော ပါပဲ။)
    အဲဒါဆိုရင် ဘယ်လိုလုပ်သင့်သလဲ။ တိုင်းရင်းသားအခွင့်အရေးတွေ အပြည့်အ၀ ရမှသာ တိုင်းရင်းသား အဖွဲ့တွေက လက်နက် စွန့်မှာ ဖြစ်တဲ့အတွက် အဲဒီ အခွင့်အရေးတွေ အပြည့်အ၀ ပေးနိုင်အောင် (၂၀၀၈) ဥပဒေကို ပြင်မှ ဖြစ်မယ်လို့ ယူဆသူ များပါတယ်။ ဒါပေမယ့် အခုထိ ဘယ်သူမှ မပြင်နိုင်ကြ သေးဘူး။ အဲဒီတော့ ထိုင်စောင့်နေရမယ့်အတူတူ လက်ရှိ ဒီ ဥပဒေဘောင်ထဲမှာပဲ လုပ်လို့ရတာကို လုပ်ကြရမှာပါ။ လုပ်လို့ ရတာတွေ ရှိပါတယ်။
    လက်ရှိအချိန်မှာ လုပ်လို့ ရတဲ့ လုပ်ငန်းစဉ်များ
    ပထမဆုံးလုပ်သင့်တာက တိုင်းရင်းသားတပ်ဖွဲ့တွေကို လက်ရှိအနေအထားအတိုင်း နယ်ခြားစောင့် တပ်များအဖြစ် ကာကွယ်ရေးဦးစီးချုပ်က အသိအမှတ် ပြုပေးဖို့ ဖြစ်တယ်။ တိုင်းရင်းသားတွေဖက်က တံဆိပ် လောက်တော့ ပြောင်းပေးရမှာပေါ့။ လက်ရှိ တိုင်းရင်းသားတပ်ဖွဲ့ တွေကို ဟောသလို ကမ်းလှမ်း သင့်ပါတယ်။
    “ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ရှိမှသာ ဖထီးတို့ တပ်က တရားဝင်မှာ။ ဒါကြောင့် ဖထီး တို့ကို နယ်ခြားစောင့်တပ်အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်က အသိအမှတ်ပြုပေးမယ်။ တံဆိပ်တော့ ပြောင်းတပ်ပေးပါ။ ဒါပေမယ့် ကျွန်တော်တို့ဖက်က ဖထီးတို့တပ်ထဲ လာရောက်စွတ်ဖက်တာ မရှိစေရဘူး။ ဖထီးတို့ အရင်တုံးကလိုပဲ ကိုယ့်နေရာကိုယ်နေပြီး ပြည်သူကို စောင့်ရှောက်ပါ၊ စီးပွားရေး၊ ပညာရေး တိုးတက်အောင် လုပ်ပေးပါ။ နိုင်ငံတော်ကလဲ တတ်နိုင်သလောက် ပံ့ပိုးပေးမယ်။ တိုင်းရင်းသား အခွင့် အရေးကိစ္စ ကတော့ နိုင်ငံရေး  ပြဿနာ ဖြစ်လို့ နိုင်ငံရေးသမားတွေ ဖြေရှင်းကြပါစေ။ နိုင်ငံရေး ဖက်က ပြေလည်ရင် တပ်ကိစ္စက စီစဉ်ရတာ မခက်ပါဘူး။ နိုင်ငံရေးမပြေလည် လို့ ပြန်တိုက် ချင်တယ် ဆိုလဲ နယ်ခြားစောင့်တံဆိပ်ဖြုတ်ပြီး မူရင်း တံဆိပ် ပြန်တပ်တာ ငါးမိနစ် မကြာ ပါဘူး။”
    တံဆိပ်ပြောင်းရုံနဲ့ ဘာထူးမှာလဲ မေးစရာ ရှိတယ်။ သိပ်ထူးတာပေါ့။ ကာကွယ်ရေး ဦးစီးချုပ်က နယ်ခြား စောင့်တပ်အဖြစ် အသိအမှတ် ပြုလိုက်တာနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေရော (ဥပမာ KIA)၊ သူတို့နဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေပါ (ဥပမာ  KIO) မတရားသင်း ပုဒ်မနဲ့ လွတ်ပြီး တရားဝင် အဖွဲ့အစည်းတွေ ဖြစ်သွားပြီ။ အဲဒီလို အခြေအနေ ရောက်တာနဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လုပ်ငန်းကို စလို့ရပြီ။ အဲဒီလုပ်ငန်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဆိုပြီး (၃) ပိုင်းပါသင့်ပါတယ်။
    (၁) နိုင်ငံရေး။ ။ ပထမဆုံး လုပ်သင့်တာက ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေမှာ တပ်မတော်က ယူထား တဲ့ (၂၅) ရာခိုင်နှုန်း အမတ် နေရာထဲက အချို့အ၀က်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ အတွက် ခွဲဝေပေးဖို့ ဖြစ်ပါတယ်။ ဘယ်နှစ်နေရာပေးမယ်ဆိုတာကတော့ အကြေအလည် ဆွေးနွေးပြီး တိုင်းရင်း သား နယ်ခြားစောင့်တပ်ဖွဲ့က အမည်စာရင်းတင်သွင်း၊ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ရမှာပါ။ ဒီလို ခန့်အပ်လိုက်တဲ့ အတွက် ကိုယ့်ပြည်နယ်ကိစ္စ၊ ဒေသခံပြည်သူ့ကိစ္စတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ပြောရေးဆိုခွင့်၊ မဲပေးခွင့် ရှိသွားသလို ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ဒူးတိုက်ဆွေးနွေးလို့ရ၊ အလုပ်အတူလုပ်လို့ ရတဲ့ အခြေအနေကို ရောက်သွားမှာပါ။
    နောက်ပြီး ပြည်သူ့လွှတ်တော်ထဲမှာလဲ တပ်မတော်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းရထားတဲ့ အထဲက တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ကို တစ်ဦးစီ၊ ဒါမှမဟုတ် နှစ်ဦးစီ ခန့်အပ်ပေးသင့်ပါတယ်။ သူတို့က လိုအပ်သလို ပြည်ထောင်စုအစိုးရနဲ့ ဆွေးနွေးနိုင်တယ်၊ အခြားလွှတ်တော် ကိုယ်စားလှယ် တွေနဲ့လဲ ဆွေးနွေးနိုင်တယ်၊ မဲလဲ ပေးနိုင်တယ်။ အခုကချင်ဒေသ စစ်ပွဲကိစ္စမျိုးဆိုရင် ဒေါ်စု ကြားဝင်ပေးပါ လို့ အထူး ပြောစရာမလို၊ လွှတ်တော်ထဲ နေ့တိုင်းတွေ့နေရမှာကိုး။ (စာရေးသူ အထင် တကယ်လို့သာ ပြည်နယ် လွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေထဲမှာ KIA ကိုယ်စားလှယ်သာ နဂိုကတည်းက ပါခွင့် ရခဲ့မယ်ဆိုရင် ကချင်ဒေသမှာ ဒီလောက် အခြေအနေဆိုးခဲ့မှာ မဟုတ်ဘူး။)
    တခုရှိတာကတော့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တယ် ဆိုပေမယ့် သူတို့ အမြင်နဲ့သူတို့ လွတ်လွတ်လတ်လတ် ပြောဆိုဆွေးနွေးမဲပေး ကြမှာ ဖြစ်တယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေလိုတော့ ဦးစီးချုပ်အမိန့်အတိုင်း တသွေမတိမ်း လိုက်နာမှာ မဟုတ်ဘူး။ ဒါကိုတော့ ကာကွယ်ရေးဦးစီးချုပ်က နားလည်ပေးနိုင်ရမှာပါ။
    နောက်ပြီး တိုင်းရင်းသားတပ် ကိုယ်စားလှယ်တွေ ပြည်သူ့လွှတ်တော်ထဲ ရောက်သွားတာကို တပ်မတော် ဖက်က ဒေသခံ တပ်တွေက ကျေနပ်ပါ့မလားလို့ မေးစရာ ရှိတယ်။ ဒါကတော့ စဉ်းစား ကြည့်ပါ။ တကယ် ပြဿနာ ဖြစ်လာတဲ့ အချိန်မှာ ဒေသခံ တပ်တွေနဲ့ ပြီးလေ့မရှိပါဘူး။ ဟိုတပ်မ၊ ဒီတပ်မ စစ်ကူခေါ်ကြရတာပါပဲ။ အဲဒီတော့ အစကတည်းက ပြဿနာမဖြစ်အောင် တားဆီးဖို့  ပြည်သူ့လွှတ်တော်ထဲ သူတို့ကိုယ်စားလှယ် ခေါ်ထားတာကို ကြည်ဖြူသင့်ပါတယ်။
    နောက်ပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ အရပ်သားနိုင်ငံရေး အဖွဲ့အစည်းတွေ (ဥပမာ KIO, NMSP) ကိုလဲ နိုင်ငံရေးလုပ်ခွင့်၊ ရွေးကောက်ပွဲဝင်ခွင့် ပေးနိုင်ရမယ်။ (KIOက လာတဲ့ ဒေါက်တာ တူးဂျာကို အရင်အစိုးရက ရွေးကောက်ပွဲ ၀င်ခွင့် မပေးခဲ့တာဟာ ဥပဒေအရ မှန်ချင်မှန်မယ်၊ နိုင်ငံရေး ရှုထောင့်က ကြည့်ရင်တော့ အင်မတန် ကြီးမားတဲ့ အမှားလို့ စာရေးသူ မြင်ပါတယ်။) သူတို့ ဖက်ကလဲ ကိုယ့်တိုင်းရင်းသား အကျိုး အတွက် တကယ် လုပ်နေပါတယ်ဆိုရင် NLD၊ ပြည်ခိုင်ဖြိုး စတဲ့ ပါတီကြီး တွေနဲ့ ယှဉ်ပြီး ကိုယ့်ပြည်သူရဲ့ ဆန္ဒမဲ အဆုံးအဖြတ်ကို ခံယူရဲရပါမယ်။ ယူနီဖေါင်းဝတ် သေနတ်ကိုင်ထား လို့ ရွေးကောက်ပွဲဝင်လို့မရတာတော့ ထားပေါ့။ အရပ်သား နိုင်ငံရေးအဖွဲ့အစည်း ဖြစ်ပါရက်နဲ့ ရွေးကောက်ပွဲ မ၀င်ရဲရင် သူတို့ပြောတဲ့ “တိုင်းရင်းသား အကျိုးအတွက် လုပ်နေတာပါ” ဆိုတဲ့ စကားဟာ သံသယရှိစရာ ဖြစ်သွားပြီ။
    (၂) စီးပွားရေး။       ။ဝန်ကြီး ဦးအောင်မင်းက KNU ဥက္ကဋ္ဌကို ”အကောက် မကောက်ပါနဲ့၊ စီးပွားရေးလုပ်ပါ” လို့ ပြောသတဲ့။ ဒီစကားကို  စာရေးသူ အပြည့်အ၀ထောက်ခံပါတယ်။ အစိုးရတပ်ကပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသားတပ်ကပဲ  ဖြစ်ဖြစ် ယူနီဖေါင်းဝတ်၊ သေနတ်ကိုင်ပြီး ပိုက်ဆံ တောင်းတဲ့သူကို ပြည်သူတွေ သိပ်အထင်သေးတယ်။  စစ်သားတယောက်ရဲ့ လက်ဟာ စစ်ဖြစ်ချိန်မှာ သေနတ်ကိုင်ရတာ မှန်ပေမယ့် ငြိမ်းချမ်းချိန်မှာ ပြည်သူကို ကူညီတဲ့လက်၊ ပေးကမ်း တဲ့လက်သာ ဖြစ်သင့်တယ်၊ တောင်းတဲ့လက် မဖြစ်သင့်ဘူး။ နောက်ပြီး ဆက်ကြေး ကောက်တယ် ဆိုတာ ကိုယ့်နယ်မြေထဲ နေထိုင်သူတွေ၊ ဖြတ်သန်း သွားသူတွေ၊ စီးပွားရေးလုပ်သူတွေဆီက ကောက်တာ ဖြစ်လို့ နယ်မြေ ကျယ်လေလေ အချက်အခြာ ကုန်သွယ်ရေး လမ်းကြောင်းတွေကို အုပ်စီးထားနိုင်လေလေ အကောက် များများ ရလေ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကို ခွင့်ပြုထားရင် အစိုးရတပ်နဲ့ တိုင်းရင်းသား တပ် အကြား၊ ဒါမှမဟုတ် တိုင်းရင်းသား တပ် အချင်းချင်း နယ်လု စစ်ပွဲတွေ ဖြစ်အောင် တွန်းပို့ သလို ဖြစ်နေတယ်။  ဒါကြောင့် ၀ါးလုံးတားပြီး အကောက် ကောက်တဲ့ အလုပ်မျိုး၊ ကုမ္ပဏီဝင်ပြီး ဆက်ကြေး တောင်းတဲ့ အလုပ်မျိုးကို အစိုးရတပ်ရော၊ တိုင်းရင်းသား တပ်တွေပါ မလုပ်သင့်တော့ ပါဘူး။
    ဒါဆိုရင် စီးပွားရေးရော လုပ်သင့်လို့လားလို့ မေးစရာ ရှိတယ်။ ဟုတ်ပါတယ်၊ စီးပွားရေး လုပ်တာလဲ စစ်သားအလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် ဆိုင်ရာ  တပ်ဖွဲ့ဝင်တွေသာမက သူတို့ မိသားစုတွေရဲ့ စားဝတ်နေရေးက ရှိသေးတာကိုး။  အစိုးရတပ် ကိုယ်တိုင်က ဦးပိုင်ကုမ္ပဏီ ထောင်ပြီး စီးပွားရှာနေတဲ့ အချိန်မှာ  တိုင်းရင်းသားတပ်တွေ စီးပွားရေးလုပ်တာကို တားမြစ် လို့ ဘယ်တရားမှာလဲ။ လုပ်ခွင့်ပေးရမှာပဲ။
    ဒါပေမယ့် စီးပွားရှာတယ်ဆိုတာလဲ အပြိုင်အဆိုင် လုပ်ရတာမျိုးဆိုတော့ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်၊ ဒါမှမဟုတ် တိုင်းရင်းသားတပ် အချင်းချင်း စီးပွားရေး စားကွက် လုတာ၊ ခွက်စောင်း ခုတ်တာတွေ ရှိလာနိုင် တာပဲ။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ကို ပြည်နယ် လွှတ်တော်၊ ပြည်သူ့ လွှတ်တော်တို့ထဲမှာ တိုင်းရင်းသားတပ်က ကိုယ်စားလှယ်တွေ ထည့်ထားသင့်တယ်လို့ ပြောခဲ့တာပါ။
    (၃) စစ်ရေး။   ။ ငြိမ်းချမ်းရေး ယူလိုက်ပြီ ဆိုတာနဲ့ စပြီး ဆွေးနွေးကြမှာကတော့ နယ်မြေကိစ္စပါ။ စစ်သား ဆိုတာမျိုးကလဲ မြေတလက်မကို အသက်တချောင်း ဆိုသလို ရင်းပြီး တိုက်ယူထားရတဲ့ ကိုယ့်ပိုင်နက် နယ်မြေကို အလွန်တန်ဖိုးထားတာ ဖြစ်လို့ နယ်မြေကိစ္စ ဆိုတာ ဆတ်ဆတ်ထိ မခံ၊ အတိမ်းအစောင်း မခံတဲ့ ကိစ္စမျိုးပါ။ တဖက်က ကြည့်ပြန်တော့ နှစ်ဖက်တပ်တွေ သိပ်နီးကပ်နေရင် အထင်လွဲမှားပြီး ပစ်ခတ် တဲ့ ကိစ္စက မကြာခဏ ဖြစ်နေမှာမို့ သူလဲဆုတ်၊ ကိုယ်လဲဆုတ် အပေးအယူ လုပ်ကြရမှာပါ။  ဒါပေမယ့် နယ်မြေ ကိစ္စဟာ ငြိမ်းချမ်းရေးလုပ်ခါစ လောက်သာ အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးယူပြီးသား တပ်ချင်း နောင်အခါ ပြန်တိုက်ကြတယ်ဆိုတာ များသောအားဖြင့် နိုင်ငံရေး၊ စီးပွားရေး အကြောင်းတွေကြောင့် ဖြစ်ပါတယ်၊ နယ်မြေကိစ္စ သက်သက်ကြောင့်တော့ ဖြစ်ခဲပါတယ်။  နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေကို အဆင်ပြေအောင် လုပ်ထားနိုင်ရင် ငြိမ်းချမ်းရေး ပျက်ဖို့ ခဲယဉ်းပါတယ်။
    တခု စဉ်းစားရမှာက လူသစ် စုဆောင်းတဲ့ ကိစ္စပါ။ လူငယ်တွေ ကိုယ့်သဘောနဲ့ ကိုယ် စစ်ထဲ ၀င်တာကို ဘာမှ ပြောစရာ မရှိပေမယ့် အတင်း အဓမ္မ ချောဆွဲပြီး စစ်မှုထမ်းခိုင်းတဲ့ ကိစ္စကိုတော့ နှစ်ဖက် လုံးက မလုပ်သင့်ပါဘူး။ ဒါက ကိုယ့်ပြည်သူကို စိတ်ဆင်းရဲအောင် လုပ်ရာ ရောက်တဲ့အပြင် တပ်အတွက် လဲ မကောင်းပါဘူး။ အမေရိကန်နိုင်ငံဆိုရင် စစ်မှုမထမ်းမနေရ ဥပဒေရှိပေမယ့် ဗီယက်နမ်စစ်ပွဲ ရှုံးတဲ့ အချိန်က စပြီး အဲဒီဥပဒေကို လက်တွေ့ မကျင့်သုံးတော့လို့ အခုလက်ရှိ အမေရိကန် စစ်တပ်ဟာ ကိုယ့် သဘော နဲ့ကိုယ် စစ်ထဲဝင်လာသူ volunteer တွေနဲ့သာ ဖွဲ့စည်းထားတဲ့တပ် ဖြစ်နေပါပြီ။ ဘာဖြစ်လို့ အဲဒီလို လုပ်ရသလဲ။ ဥပဒေနဲ့ အတင်း ချောဆွဲပြီး စစ်ထဲ ရောက်လာသူတွေဟာ အများအားဖြင့် စစ်မြေပြင် မှာ သုံးစားလို့ မရတာကို ဗီယက်နမ် စစ်ပွဲမှာ ကိုယ်တွေ့ သိလိုက်ရလို့ ဖြစ်ပါသတဲ့။ မြန်မာပြည် (တပ်မတော်/ တိုင်းရင်းသား) စစ်ခေါင်းဆောင်တွေကတော့ ဘယ်လိုယူဆမလဲ မပြောတတ်ပါ။
    ဒါပေမယ့် တပ်မတော်က လက်ခံနိုင်ပါ့မလား
    အထက်မှာ ပြောခဲ့တဲ့ လုပ်ငန်းစဉ်တွေကို လက်ရှိ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ ရုတ်တရက်တော့ လက်ခံနိုင်ဖို့ မလွယ်ဘူး။ ဘာလို့လဲ ဆိုတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေနေချိန်မှာ ပြဿနာ မရှိလှပေမယ့် အခု KIA နဲ့ ဖြစ်ခဲ့သလို တိုင်းရင်းသား တစ်ဖွဲ့ဖွဲ့နဲ့ စစ်ရေးတင်းမာလာတဲ့ အချိန် မျိုးမှာ အဲဒီအဖွဲ့ ကိုယ်စားလှယ်တွေ ပြည်နယ် လွှတ်တော်ထဲ၊ ပြည်သူ့ လွှတ်တော်ထဲ ရှိနေရင် တပ်မတော်ဟာ စစ်ရေး အရရော၊ နိုင်ငံရေးအရပါ နှစ်ဖက်ညှပ် အတိုက်ခံရတဲ့အခြေအနေ ရောက်သွား နိုင်လို့ပဲ။ စစ်မျက်နှာ (၂) ဖက်ဖွင့်ပြီး တိုက်ရတာကို ဘယ်စစ်ခေါင်းဆောင်မှ မကြိုက်ဘူး။
    ဒါပေမယ့် စဉ်းစားကြည့်ပါဦး။  စစ်အုပ်ချုပ်ရေး ကနေ (၂၀၀၈) ဥပဒေနဲ့ အရပ်သား အုပ်ချုပ်ရေး ကို ပြောင်းလိုက်တာနဲ့ နိုင်ငံရေး စစ်မျက်နှာဟာ ပွင့်သွား ခဲ့ပါပြီ။   ပြည်နယ်အဆင့် ဖြစ်ဖြစ်၊ ဗဟိုအဆင့် ဖြစ်ဖြစ် လွှတ်တော်ဆိုတာ အယူဝါဒကွဲပြားဆန့်ကျင်တဲ့သူတွေ လွန်ဆွဲအားပြိုင်နေတဲ့ နိုင်ငံရေး စစ်မြေပြင် ပါပဲ။ အစိုးရနဲ့ လွှတ်တော် သဘောထားကွဲတာတွေ၊ လွှတ်တော် ထဲမှာ အာဏာရပါတီနဲ့ အတိုက်အခံ ပါတီ သဘောထား ကွဲတာတွေ၊ အာဏာရ ပါတီတခုထဲမှာကို (ဦးဆန်းဆင့်နဲ့ ဦးဌေးဦးတို့လို) သဘောထား ကွဲကြတာတွေ လူသိရှင်ကြား တွေ့ခဲ့ရပြီး ဖြစ်ပါတယ် (လူမသိတဲ့ အကွဲအပြဲတွေလဲ ဘယ်လောက် တောင် ဖြစ်ခဲ့လဲ မသိဘူး)။ တပ်မတော် အနေနဲ့ နိုင်ငံရေး စစ်မျက်နှာ မဖွင့်ချင်လို့ အစကတည်းက လွှတ်တော်ထဲ မပါဘဲ နိုင်ငံရေး သမား တွေနဲ့ လွှဲထားတယ် ဆိုရင်တော့ တမျိုးပေါ့။ အခုကျတော့ လွှတ်တော်ထဲ ကိုယ်စားလှယ် နေရာ (၂၅) ရာနှုန်း ယူထားတယ် ဆိုတဲ့အတွက် နိုင်ငံရေး စစ်မြေပြင်မှာ အသင့်နေရာ ယူထားတဲ့ သဘောပဲ။ စစ်မြေပြင်မှာ နေမှတော့ စစ်လဲ တိုက်နိုင်ရမှာပေါ့။ ဒါ လွှတ်တော်ထဲ ရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်ရမှာပဲ။
    အခု KIA နဲ့ ဖြစ်ခဲ့တဲ့ ပြဿနာမျိုးဆိုပါတော့။ သွေးမြေမကျခင် ပြဿနာ ပြေလည်အောင်၊ တိုက်ပွဲတွေ ဖြစ်နေပြီ ဆိုရင်တောင် ငြိမ်းချမ်းရေးကို အမြန်ပြန်လည်တည်ဆောက်နိုင်အောင် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းရင်းသားတပ်ဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အပြိုင်အခြား လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေကို စည်းရုံးဖို့ ကြိုးစားရမှာပေါ့။ ဒါမှလဲ စစ်မြေပြင်မှာ အသက်သွေးချွေးတွေ ပေးဆပ်ရမယ့်၊ ပေးဆပ်နေဆဲဖြစ်တဲ့ ကိုယ့် ရဲဘော်ရဲဘက် အရာရှိ စစ်သည်တွေ အပေါ် ကူညီစောင့်ရှောက်ရာ ရောက်မှာပါ။
    စည်းရုံးရတာတော့ ဟုတ်ပါပြီ၊ ဘာလို့ “အပြိုင်″စည်းရုံးရမှာလဲလို့ မေးစရာ ရှိပါတယ်။ လူ့သဘာဝကိုက တဖက်သတ်စကားဆို နားဝင်လေ့မရှိလို့ပါ။  အနီးဆုံး ဥပမာ ပေးရရင် စစ်အစိုးရ လက်ထက်တုံးက ပြည်တွင်းအတိုက်အခံ တွေကို ပါးစပ်ပိတ်ထားပြီး အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင် သံကြားတွေထဲကနေ နှစ်ပေါင်းများစွာ ပြည်သူကို စည်းရုံးလိုက်တာ ဘာများ အောင်မြင်ခဲ့သလဲ။ လူတွေဟာ ဘီဘီစီ၊ ဗွီအိုအေလို ပြည်ပအသံလွှင့် ဌာနတွေက သတင်းတွေကိုမှ ယုံကြည်ပြီး အစိုးရက မှန်တာ တရားဝင် ပြောရင်တောင် မယုံကြည် ကြတော့တဲ့ အထိ ဖြစ်ကုန်တယ်။ အဲဒါ တဖက်သတ် စည်းရုံးရေး လုပ်ခဲ့လို့ ဖြစ်ခဲ့တဲ့ ဆိုးကျိုးတွေ။
    အမှန်က ကိုယ့်စကားကို သူများနားဝင်စေချင်ရင် ကိုယ်နဲ့ အယူဝါဒမတူ ဆန့်ကျင်သူတွေကိုလဲ ပြောခွင့် ပေးရပါတယ်။ အခု နာမယ်ကြီးနေတဲ့ ဒေါက်တာဆိတ်ဖွား ကိစ္စ ကြည့်ပေါ့။ သူရေးတာ ဖတ်တဲ့လူ မရှိဘူး ဆိုရင် လွှတ်တော်က ဘယ်ဂရုစိုက်နေပါ့မလဲ။ သူ့ ပရိသတ်နဲ့သူ အားပေးဖတ်ရှုနေတဲ့သူတွေ အခိုင်အမာ ရှိနေလို့သာ လွှတ်တော်မှာ အဆိုတင်ခံရတဲ့ အခြေအနေထိ ရောက်ရတာကိုး။ သူ ဘယ်သူ ဘယ်ဝါဆိုတာ မသိရပေမယ့် အတိုက်အခံထဲက မဟုတ်ဘဲ  အစိုးရဌာနတခုခုက လူကြီး ဖြစ်နိုင်တယ် ဆိုတာ၊ အစိုးရအနေနဲ့ တရားဝင် ထုတ်ပြောလို့ မဖြစ်တဲ့ သဘောထား အာဘော် တွေကို တဖက်လှည့်နဲ့ တင်ပြနေတယ် ဆိုတာတော့ သေချာ သလောက် ရှိပါတယ်။ အရင် အစိုးရ လက်ထက် မှာဆို ဒီလိုလူမျိုး ဘယ်လောက် စာရေး ကောင်းကောင်း ပရိသတ် ရှိမှာ မဟုတ်ဘူး။ ဒါဖြင့် အခု ဘာလို့ ဒေါက်တာဆိတ်ဖွား မှာ ပရိသတ် ရှိနေရသလဲ။ ရှင်းရှင်း လေးပါ။ အတိုက်အခံ မီဒီယာတွေ ရှိနေတဲ့အတွက် နှစ်ဖက်စကား ချိန်ထိုးချင်သူတွေက ဒေါက်တာ ဆိတ်ဖွားရေးတဲ့ စာတွေကို ဖတ်ကြလို့ ပရိသတ်ရှိနေတာ ဖြစ်ပါတယ်။
    အခုလဲ ဒီသဘောပါပဲ။ အခု ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဆိုတာ တချိန်က တပ်မတော်နဲ့ သူသေကိုယ်သေ တိုက်ခဲ့သူတွေ ဖြစ်တယ်၊ နိုင်ငံရေးအရ အလုံးစုံ ပြေလည်မှု မရခင်မှာ အခန့်မသင့်ရင် အခု KIA နဲ့ တိုက်သလို ပြန်လည်တိုက်ခိုက်ရမယ့် သူတွေလဲ ဖြစ်တယ် ဆိုတာ မငြင်းလိုပါဘူး။ ဒါပေမယ့် အဲဒီ တပ်ဖွဲ့တွေရဲ့ အသံတွေ၊ သဘောထား အမြင်တွေကို  လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက တိုက်ရိုက်နားထောင်ခွင့်၊ ပြန်လှန် ဆွေးနွေးခွင့် ရမှသာ တပ်မတော်ရဲ့ အသံ၊ တပ်မတော်ရဲ့ သဘောထားအမြင်တွေကိုလဲ နိုင်ငံရေး လောကမှာ၊ အောက်ခြေလူထုအထဲမှာ တလေးတစား နားထောင် စဉ်းစားကြမှာပါ။ ဒါက တပ်မတော် ခေါင်းဆောင်များ ချင့်ချိန်နိုင်ဖို့ တင်ပြတာ ဖြစ်ပါတယ်။
    အနာဂတ် ပြည်ထောင်စု တပ်မတော်
    အခုပြောခဲ့တာတွေက (၂၀၀၈) ဥပဒေဘောင်အတွင်းက အခုဆန္ဒရှိရင် အခုထလုပ်လို့ ရတာတွေ ကို ပြောခဲ့ တာပါ။ ထာဝရ ငြိမ်းချမ်းရေး ဖြစ်ဖို့၊ ခိုင်မာတဲ့ ပြည်ထောင်စု တပ်မတော်ကို ထူထောင်ဖို့ ဆိုရင်တော့ အခြေခံ ဥပဒေကို ပြင်မှ ရမှာပါ။ အဲဒီလို ပြင်ဖို့ ဆိုတာလဲ ပြည်ထောင်စု တပ်မတော်ကို ပြည်သူတွေက ဘယ်လို မြင်ချင်တယ်၊ ဘယ်လိုပုံစံနဲ့ ရှိစေချင်တယ် ဆိုတဲ့ သဘောထားပေါ် မူတည် ပါတယ်။ ပြည်သူ တဦး၊ တိုင်းရင်းသားတဦး အနေနဲ့ စာရေးသူ မြင်ချင်တဲ့ တပ်မတော် ပုံစံကို ဒီနေရာမှာ တင်ပြသွားမှာပါ။
    ပထမဆုံး ပြည်ထောင်စု အစိုးရလက်အောက် က ဗဟိုတပ် အကြောင်းကို ပြောကြည့်ပါမယ်။ ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ် (၃) ယောက် အထက်မှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အရပ်သား သမ္မတက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရမှာပါ။ (ပုံမှန်အချိန်မျိုးမှာတော့ သမ္မတက စစ်တပ်ကို တိုက်ရိုက် ကိုင်တွယ်မှာ မဟုတ်ပါဘူး၊ အရပ်သား ကာကွယ်ရေးဝန်ကြီးကို လွှဲထားမှာပါ။) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးရယ်လို့တော့ သီးသန့် မရှိရတော့ပါဘူး။ အခြေခံဥပဒေမှာ တပ်ကို အာဏာ သိမ်းခွင့် ပေးမထားရုံမက အခြေခံဥပဒေကို ကျော်ပြီး အလွယ်တကူ အာဏာမသိမ်း နိုင်အောင် တားဆီးဖို့ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို သီးသန့် မထားတာ ဖြစ်ပါတယ်။ (အိန္ဒိယဆိုရင် ကြည်း၊ ရေ၊ လေ ဦးစီးချုပ် သုံးယောက်ဟာ အရပ်သားဖြစ်တဲ့ ကာကွယ်ရေး ၀န်ကြီး ရှေ့မှောက်က လွဲရင် သာရေးနာရေးကိစ္စ မှာတောင် လူချင်း မဆုံရဘူးလို့ တားမြစ်ထားပါသတဲ့)  နောက်ပြီး (၂၀၀၈) ဥပဒေအရ ယူထားတဲ့ (၂၅) ရာနှုန်း ပြည်သူ့လွှတ်တော်၊ တိုင်း/ပြည်နယ်လွှတ်တော် အမတ် ရာထူးတွေကိုလဲ စွန့်လွှတ်ရမှာပါ။ နိုင်ငံရေးက လုံးဝထွက်ရတဲ့ သဘောပါပဲ။
    ပြီးတော့ စီးပွားရေးလုပ်တာကိုလဲ စွန့်ရမှာပါ။ ဒီလို ပြောလို့ ဦးပိုင်ကုမ္ပဏီကြီးကို အစိုးရလှူလိုက် ရမယ်လို့ မဆိုလိုပါဘူး။ ပိုင်ဆိုင်မှုကို မစွန့်ဘဲ အုပ်ချုပ်စီမံမှု (management and execution) အပိုင်း ကိုသာ အစိုးရကို လွှဲလိုက်ရမှာပါ။ တကယ်တော့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေမှာတောင် ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုကို ခွဲခြား ထားပါတယ်။ အစုရှယ်ယာပိုင်ဆိုင်သူတွေက ကုမ္ပဏီက ဖြစ်လာတဲ့အမြတ်အစွန်းကို ဝေပုံကျ ခွဲယူရုံ ဖြစ်ပြီး အုပ်ချုပ်ရေး၊စီမံခန့်ခွဲရေးကျတော့ တကယ် စီးပွားရေးကျွမ်းကျင်တဲ့ professional တွေကို CEO (အမှုဆောင် အရာရှိချုပ်) အဖြစ် လခ ကောင်းကောင်းပေးပြီး ခန့်၊ အဲဒီ CEO ကမှ ၀န်ထမ်း တွေ ခန့်ပြီး စီးပွားရေး လုပ်ကြတာပါ။ အခုလဲ ဒီသဘောပါပဲ။  ကိုယ်မကျွမ်းကျင်တဲ့ စီးပွားရေး အလုပ်ကို စစ်သားတွေ ကိုယ်တိုင် လုပ်မယ့်အစား အစိုးရကတဆင့် တကယ်ကျွမ်းကျင်သူတွေကို လခ ကောင်းကောင်း ပေးပြီး လုပ်ခိုင်း၊ အဲဒီက ဖြစ်လာတဲ့ အမြတ်အစွန်းရယ် နိုင်ငံတော်က ချပေးတဲ့ ကာကွယ်ရေးဘတ်ဂျက်ရယ် ပေါင်းပြီးမှ စစ်သည်တွေအတွက် လက်နက်ခဲယမ်း၊ လစာ၊ ရိက္ခာ၊ သက်သာချောင်ချိရေး စသည်ဖြင့် စီစဉ် ရပ်တည် ရမှာပါ။ စစ်အစိုးရခေတ်လို စီးပွားရေး အကွက်အကွင်း ကောင်းတိုင်း နေရာဝင်ယူတာမျိုး ကတော့ ဘယ်ဖြစ်နိုင်တော့မလဲ။နောက်ထပ် စီးပွားရေး အသစ် တိုးချဲ့ခွင့်ကို ရှိတော့မှာ မဟုတ်ပါဘူး၊ တကယ်တမ်းကျတော့စီးပွားရေးလုပ်တာ စစ်သားအလုပ်မှ မဟုတ်တာကိုး။
    နောက်တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ကိစ္စပါ။ သူတို့အတွက်ကျတော့ ဥပဒေ လိုအပ်ချက် (၃) ခုရှိတယ်လို့ မြင်ပါတယ်။ အဲဒါတွေကတော့ . . .
    ၁။ ဆိုင်ရာ ပြည်နုယ်အစိုးရကို ဒေသခံ ပြည်သူတွေက လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲနဲ့ ရွေးချယ် တင်မြှောက်ခွင့်
    ၂။ ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရအကြားမှာ ဥပဒေကြောင်းအရ တိကျပြတ်သားတဲ့ အာဏာခွဲဝေမှု
    ၃။ ပြည်နယ်က ထွက်တဲ့ သယံဇာတနဲ့ ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းတွေကနေ ရလာတဲ့ အခွန် ဘဏ္ဍာကို  ပြည်နယ်နဲ့ ဗဟိုအစိုးရတို့ ခွဲဝေရယူပုံ စံနစ် တို့ ဖြစ်ပါတယ်။ (လက်နက်ကိုင်တပ်တွေ နဲ့ ဆိုင်တာကိုသာ ပြောတာဖြစ်လို့ တိုင်းရင်းသားအခွင့်အရေးကိစ္စလို အခြား အရေးကြီးတဲ့ နိုင်ငံရေး ကိစ္စတွေ မပြောဘဲ ချန်ထားခဲ့ရတာပါ)
    အဲဒီဥပဒေကြောင်း လိုအပ်ချက်တွေ ပြည့်စုံပြီ ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဆိုင်ရာ ပြည်နယ် အစိုးရကို သစ္စာခံရမှာ ဖြစ်ပါတယ်။ ဗဟိုအစိုးရမှာလိုပဲ အရပ်သားဖြစ်ပြီး ရွေးကောက်ပွဲနဲ့ တက်လာတဲ့ ပြည်နယ် ၀န်ကြီးချုပ်က  ပြည်နယ် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ရမှာပါ။ သူက (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့) ပြည်ထောင်စု သမ္မတကို တိုက်ရိုက် သစ္စာခံပြီး  သူ့ပြည်နယ်ထဲက တိုင်းရင်းသားတပ်ဖွဲ့တွေကို သူ့လိုပဲ အရပ်သားဖြစ်တဲ့ ပြည်နယ်ကာကွယ်ရေး ၀န်ကြီးကတဆင့် အုပ်ချုပ် ပါလိမ့်မယ်။
    တိုင်းရင်းသားတပ်တွေဟာလဲ ဗဟိုအစိုးရ တပ်လိုပဲ လွှတ်တော်အမတ်ရာထူးတွေကို စွန့်လွှတ်ပြီး နိုင်ငံရေးကထွက်ရမှာပါ။ လက်ရှိ စီးပွားရေးလုပ်ငန်းတွေကိုလဲ ပိုင်ဆိုင်မှုကို မစွန့်ပေမယ့် အုပ်ချုပ်စီမံမှု အပိုင်းကို ပြည်နယ် အစိုးရကို လွှဲအပ်ရပါလိမ့်မယ်။ အဲဒီလုပ်ငန်းတွေက ရရှိတဲ့ အမြတ်အစွန်းရယ်၊ ပြည်နယ်က ချပေးတဲ့ ကာကွယ်ရေး ဘတ်ဂျက်ရယ် ပေါင်းပြီးတော့ တိုင်းရင်းသားတပ်တွေ ရပ်တည်ကြ ရမှာပါ။နောက်ထပ် စီးပွားရေးအသစ်တိုးချဲ့ခွင့်တော့ မရှိတော့ပါဘူး။လက်နက်ခဲယမ်း ၀ယ်ယူ မှုကလဲ ပြည်ထောင်စုအစိုးရကတဆင့်သာ ဖြစ်ရပါလိမ့်မယ်။အခုလို သူခိုးဈေးက ၀ယ်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။
    ဒါက လက်နက်ကိုင်တော်လှန်ရေးရှိတဲ့ ပြည်နယ်တွေ အတွက်သာ မဟုတ်ပါဘူး။ ပြည်တွင်းစစ် မရှိတဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း စတဲ့  ဒေသတွေက တိုင်းဒေသကြီးအစိုးရတွေကလဲ ကိုယ့် ဘတ်ဂျက် ပေါ် မူတည်ပြီး ဒေသခံတပ်တွေ ဖွဲ့ခွင့် ရှိတာပါပဲ။ တကယ်ကတော့ ဖွဲ့ခွင့်ရှိရုံ မဟုတ်၊ ဥပဒေထုတ်ပြီး တော့ကို ဖွဲ့ခိုင်းရမှာပါ။
    အဲဒီ ဒေသခံ ပြည်နယ်တပ်၊ တိုင်းဒေသကြီးတပ်တွေဟာ ပုံမှန်အချိန်မျိုးမှာတော့ ကိုယ့်ဒေသမှာ ကိုယ် နေပြီး လုံခြုံရေးတာဝန်ယူကြရမှာပါ။ ဗဟိုအစိုးရတပ်တွေကတော့ တိုင်းအနှံ့၊ ပြည်နယ်အနှံ့ မှာ နေထိုင် ပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ယူကြရမှာ ဖြစ်ပါတယ်။
    အခုပြောခဲ့တဲ့ အနေအထား ကို ကြည့်မယ် ဆိုရင် ပြည်နယ်တပ်တွေ၊ တိုင်းဒေသကြီးတပ်တွေဟာ ဗဟို အစိုးရစစ်တပ် လက်အောက်မှာ တိုက်ရိုက်ရှိမနေဘူး ဆိုတာ တွေ့ရမှာပါ။ ဒီလို central command (ဗဟိုအုပ်ချုပ်မှု) တခုတည်း အောက်မှာ မရှိတဲ့တပ်တွေ ဒေသတခုတည်းမှာ အတူတူ တာဝန်ထမ်းဆောင် ရရင် ပြဿနာ ဖြစ်မကုန်ဘူးလားလို့ မေးစရာ ရှိပါတယ်။
    အဖြေကတော့ ပြဿနာ မဖြစ်အောင် လုပ်ထားရင် ပြဿနာ မဖြစ်ပါဘူး။  အရေးအကြီးဆုံးက သူတို့ရဲ့ လုပ်ငန်း တာဝန်ကို တိတိကျကျ ခွဲခြားထားဖို့ဖြစ်ပါတယ်။ ဥပမာ အမေရိကန်နိုင်ငံမှာ ဆိုရင် သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်တာ၊ ရဲတပ်ဖွဲ့ တောင် မနိုင်လောက်အောင် သူခိုး ဓါးပြ ထကြွနေတာမျိုး ကို နှိမ်နင်းတာ၊ အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်တာ စတဲ့ အလုပ်တွေဟာ ပြည်နယ်စောင့်တပ်နဲ့သာ သက်ဆိုင်ပါတယ်။ ပြည်တွင်းက နီးစပ်တဲ့ ဥပမာပေးရရင် လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ လိုပါပဲ။ စစ်သားနဲ့ ရဲဆိုတာ တယောက် ချင်း၊ နှစ်ယောက်ချင်း ရန်ဖြစ်ချင် ဖြစ်မယ်။ အုပ်စုလိုက်လဲ ရန်ဖြစ်နိုင်တာပဲ။ ဒါပေမယ့် တပ်မတော်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်တယ် ဆိုတာမျိုး ကတော့ မကြားဖူးဘူး။ လုပ်ငန်းတာဝန်ချင်း လုံးဝမတူ ကြလို့ ဖြစ်ပါတယ်။ ခုလဲ ဒီသဘောမျိုး လုပ်ရမှာပါပဲ။
    ဒါဆိုရင် ပြည်နယ်တပ်တွေဟာ ကိုယ့်ပြည်နယ်ဆိုင်ရာ လုံခြုံရေးပဲ လုပ်ကြရတော့မှာလား၊ ပြည်ထောင်စုကြီး အန္တရာယ်ကြုံချိန်မှာ မျက်နှာလွှဲခဲပစ် နေကြရတော့မှာလားလို့ မေးစရာ ရှိတယ်။ မဟုတ်ပါဘူး။ အရေးကြုံရင် ပြည်ထောင်စုကာကွယ်ရေး တာဝန်ကိုလဲ ထမ်းဆောင်ကြရမှာပါပဲ။ ဒါပေမယ့် ပြည်နယ်တပ်တွေ သစ္စာခံတာက ပြည်နယ် ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ပြီး သူကမှ ပြည်ထောင်စုကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့ ပြည်ထောင်စုသမ္မတကို တိုက်ရိုက် သစ္စာခံတာ ဖြစ်တဲ့အတွက် ပြည်နယ်တပ်တွေ ပြည်ထောင်စုအဆင့်တာဝန်ကို ထမ်းရမယ်ဆိုရင် သမ္မတက တိုက်ရိုက် အမိန့် ထုတ်ပြီး ဆင့်ခေါ်ရပါလိမ့်မယ်၊ တိုင်းမှူး တပ်မမှူးအဆင့်လောက်နဲ့ ဆင့်ခေါ်လို့ မရ ပါဘူး။ သမ္မတက ဆင့်ခေါ်တဲ့နေရာမှာလဲ ဘယ်လိုအခြေအနေမျိုးမှာ ဆင့်ခေါ်လို့ရတယ်ဆိုတာကို ဥပဒေ စည်းကမ်းတွေ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားရမှာပါ။ (ဒါလဲ အမေရိကန်နိုင်ငံကို အတုယူတာပါပဲ)
    နောက်တခု။  ပြည်နယ်တခုရဲ့ နယ်စပ်မှာ မငြိမ်မသက် ဖြစ်လို့ စစ်ပြင်ရတဲ့ အချိန်မျိုး၊  နိုင်ငံခြားကတပ်တွေနဲ့ အခြေအနေတင်းမာပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့ အချိန်မျိုးမှာ သမ္မတရဲ့ ဆင့်ခေါ်ချက်ကို နာခံပြီး  ပြည်နယ်တပ်တွေက ဗဟိုအစိုးရတပ်နဲ့ အတူတူ တာဝန်ထမ်းကြပြီ ဆိုပါတော့။ အဲဒီအချိန်မျိုးမှာ တပ်တွေကို တာဝန်ယူ အမိန့်ပေးရမယ့် စစ်သူကြီး (commander) ဟာ တစ်ယောက် တည်း ဖြစ်ရပါတယ်။  နှစ်ယောက် ရှိနေရင် တယောက်တပေါက် အမိန့်ထုတ်နေတာနဲ့ အကုန် အချိတ် အဆက်လွဲပြီး ဒုက္ခ ရောက်ကုန်မှာကိုး။ အဲဒီ အခြေအနေမျိုးမှာ စစ်သူကြီးကို ဘယ်လို ရွေးမလဲ ဆိုတဲ့ ကိစ္စကို စဉ်းစားရပါမယ်။ ဒီကိစ္စမျိုးမှာ နိုင်ငံတကာထုံးစံကတော့ စစ်တပ် အင်အား များများ ပေးနိုင်တဲ့ ဖက်က စစ်သူကြီး ဖြစ်လေ့ ရှိပါတယ်။ ဥပမာ ဒုတိယကမ္ဘာစစ်တုံးက နော်မန်ဒီ ကမ်းခြေတက် တိုက်ပွဲကို ကြည့်ပါ။ အဲဒီတိုက်ပွဲမှာ အင်္ဂလိပ် တပ်ရော၊ အမေရိကန်တပ်တွေပါ မဟာမိတ် တွေအနေနဲ့ ပါတယ်။ အင်္ဂလိပ် ဖက်က ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ (Gen. Montgomery) ဟာ တကယ့် ၀ါရင့်ဗိုလ်ချုပ်ကြီးပါ။ ဒါပေမယ့် တိုက်ပွဲဝင် တပ်အင်အား ကျတော့ အမေရိကန်တပ်တွေက များနေတဲ့ အတွက် မောင်ဂိုမာရီ လောက် အတွေ့အကြုံမရင့်တဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး အိုင်စင်ဟောင်ဝါ (Gen. Eisenhower) က စစ်သူကြီး အနေနဲ့ ခေါင်းဆောင်ရသူ ဖြစ်သွား ခဲ့ပါတယ်။ ခုလဲ ဒီသဘောမျိုး ကျင့်သုံး ရမှာပဲ။ ဒါပေမယ့် တပ် အင်အား နည်းတဲ့ဖက်မှာ တကယ် တော်တဲ့ စစ်ခေါင်းဆောင် ရှိလို့ သူ့ကိုပဲ ဗဟိုကရော၊ ပြည်နယ် ကပါ ရွေးချင်သပ ဆိုလဲ ရတာပါပဲ။
    ဒီနေရာမှာ မေးစရာရှိတာက “တိုင်းပြည်တခုမှာ တပ်မတော်တစ်ခုတည်းရှိရတယ် မဟုတ်ဘူးလား” ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ နိုင်ငံတိုင်းမဟုတ်ပါဘူး။ စာရေးသူ တင်ပြခဲ့တာ ဆိုရင် အမေရိကန်နိုင်ငံမှာ လက်တွေ့ကျင့်သုံးနေတဲ့ ပုံစံပါ။ (အသေးစိတ်ကို http://en.wikipedia.org/wiki/National_Guard_of_the_United_Statesမှာကြည့်နိုင်ပါတယ်) ဘာလို့ ဒီပုံစံကိုမှ အတုယူရမလဲလို့ မေးစရာရှိတယ်။ အရင် ပါလီမန် ဒီမိုကရေစီခေတ် (၁၉၆၂) တုံးက ဖက်ဒရယ် စံနစ် လုပ်ဖို့ လွှတ်တော်ထဲ ဆွေးနွေးနေတုံး စစ်တပ်က အာဏာသိမ်းခဲ့တာ တိုင်းရင်းသားတွေ မမေ့ကြ သေးဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီ: အားလုံး အခြေတကျဖြစ်လို့ တိုင်းရင်းသားတပ်တွေ လက်နက်ချပြီးကာမှ စစ်တပ်က ထပ်ပြီး အာဏာသိမ်းခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ သံသယဟာ တိုင်းရင်းသားတွေမှာ ရှိနေဆဲ ဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသားတပ်တွေကို လက်နက်ချခိုင်းဖို့ (ဒါမှမဟုတ်) တပ်မတော်လက်အောက်မှာ နယ်ခြားစောင့်တပ်အနေနဲ့ နေခိုင်းဖို့ ဆိုတာ လက်တွေ့အားဖြင့်  မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ အမေရိကန်စံနစ်ကို အကြံပေးရတာ ဖြစ်ပါတယ်။
    အခုပြောခဲ့တာဟာ စာရေးသူအနေနဲ့ ပုံဖေါ်ကြည့်မိတဲ့ ပြည်ထောင်စုတပ်မတော် အနေအထားပါ၊ ဝေဖန်ဖို့နဲ့ ဆင်ခြင်ကြည့်ကြဖို့ပါ။
    နောက်ဆက်တွဲ။        ။ စာရေးသူ တင်ပြခဲ့တာနဲ့ မတူခြားနားတဲ့ အဆိုပြုချက်တွေကိုလဲ အင်တာနက် မှာ တွေ့ရပါတယ်။
    အချို့က ဖက်ဒရယ်ပြည်ထောင်စုရယ်လို့ ဖြစ်လာပြီး ပြည်ပရန်စွယ်လဲမရှိ ငြိမ်းချမ်းတဲ့ အချိန်မျိုး ဆိုရင် ပြည်နယ် ကာကွယ်ရေးဟာ ဆိုင်ရာ ပြည်နယ်တပ်နဲ့တင် လုံလောက်တာ ဖြစ်တဲ့အတွက် ဗဟို အစိုးရ တပ်တွေ ပြည်နယ်ထဲ လာပြီး တပ်စွဲထားဖို့ မသင့်ဘူး၊ ပြည်မမှာပဲ နေသင့်တယ်လို့ ယူဆ ကြပါတယ်။ ဒီအယူအဆဟာ သဘာဝ မကျပါဘူး။ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ဖြစ်တဲ့ အမေရိကန် နိုင်ငံထဲက ပြည်နယ်အားလုံးလိုလိုမှာ ဗဟိုအစိုးရတပ် (Federal forces) တွေ တပ်စွဲထားတာပါပဲ၊ အဲဒဲီလို တပ်စွဲ ထားလို့ ဖက်ဒရယ်မူ ပျက်မသွားပါဘူး။ နောက်ပြီး “ငါတို့ နယ်မြေထဲမှာ ငါတို့တပ်ပဲ ရှိရမယ်၊ တခြား တပ်တွေ မနေနဲ့” ဆိုတဲ့ စကားမျိုးကို လွတ်လပ်ပြီး အချုပ်အချာအာဏာပိုင်စိုးတဲ့ နိုင်ငံ (sovereign state) တခုကသာ ပြောပိုင်တယ်၊ ပြောခွင့် ရှိတယ်။ ဖက်ဒရယ် ပြည်ထောင်စုတခုရဲ့ ပြည်နယ်က ပြောတယ် ဆိုရင်တော့ ပြည်ထောင်စုရဲ့ အချုပ်အချာ အာဏာကို ထိပါးခြိမ်းခြောက်ရာ ရောက်လို့ ဘယ် ပြည်ထောင်စုအစိုးရမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလမ်းကို မဖြစ်မနေသွားမယ် ဆိုရင်တော့ ပြည်တွင်းစစ် အဓွန့်ရှည်ဖို့သာ ရှိပါတယ်။
    နောက် တချို့ကတော့ ပြည်ထောင်စု တပ်မတော်ဆိုတာ ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် တွေက အချိုးကျ ပို့လွှတ်တဲ့ တပ်တွေ ပေါင်းထားတဲ့ တပ်ပေါင်းစုသာ ဖြစ်သင့်တယ် လို့ ဆိုကြတယ်။ သူတို့ မူအရ သက်ဆိုင်ရာ တိုင်းတပ်၊ ပြည်နယ်တပ်တွေ ဖယ်လိုက်ရင် ဗဟိုအစိုးရ လက်အောက်မှာ  နေပြည်တော် စစ်ရုံးချုပ်ပဲ ကျန်ရမယ့် သဘောဖြစ်ပါတယ်။ ဒါလဲ မသင့်တော်ပါဘူး။ ဖက်ဒရယ်စံနစ်မှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရဆိုတာ ရန်ဖြစ်လိုက်၊ ပြန်တဲ့လိုက်နဲ့ “လင်နဲ့မယား လျှာနဲ့သွား” ဆိုသလို နေကြရတာပါ။ ဗဟို အစိုးရမှာ စစ်တပ် မရှိဘူးဆိုရင် ထစ်ကနဲ တခုခု အဆင်မပြေ ဖြစ်လိုက်တာနဲ့ ပြည်နယ်အစိုးရတွေက ပြည်နယ်ပိုင် စစ်တပ်ကို အားကိုးပြီး အလွယ်တကူ လွတ်လပ်ရေး ကြေညာ နိုင်အောင် လမ်းခင်းပေးထား သလို ဖြစ်နေတယ်။ ဒီ အခြေအနေမျိုးကို ဘယ်ပြည်ထောင်စု အစိုးရကမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလမ်းကို သွားရမှ ဖြစ်မယ်ဆိုရင်လဲ ပြည်တွင်းစစ်ဟာ “မငြိမ်းသောမီး” ဖြစ်နေဦးမှာပဲ။

    တိုင်းရင်းသား တစ်ဦး
    http://www.narinjara.com/burmese/?p=4410 မှကူးယူဖော်ပြပါသည်။

    (စာရေးသူသည် ပါရဂူဘွဲ့အတွက် ပညာသင်နေသူ တစ်ဦးဖြစ်သည်။)

    0 0




    by Seaman Nayminthu on Monday, February 18, 2013 at 1:03pm ·

    ငယ်ငယ်က အမေပြောသော အိပ်ရာဝင်ပုံပြင်များစွာထဲမှ တချို့သော ပုံပြင်လေးတွေကို အရွယ်ရောက်ကြီးပြင်း လာသည့်တိုင် အမှတ်ရနေဆဲ။

    ကလေးငယ်တဦး ဆော့ကစားရင်း အရောင်လက်လက် ကျောက်လေးတပွင့် ကောက်ရ၊ ကလေးပီပီ အရောင်လှတာလေးလောက်ပဲ သိပြီး၊ ကျန်တဲ့ အရည်အသွေး ဘာမှမသိ။ မိဘတွေကို ပြကြည့်တော့လည်း ထူးခြားတဲ့ စွဲငြိမှု သိသိသာသာမရှိ။ ဘာသိဘာသာ စိတ်ဝင်စားမှု မရှိသလို။

     အဲဒီအချိန်မှာ နို့အေးချောင်းသည် အိမ်ရှေ့ ရောက်လာ။ ကလေးက စားချင်၊ မိဘမှာ ဝယ်ကျွေးဖို့ရာ ပိုက်ဆံမရှိ။ ဒီတော့ စောစောက ကလေးကောက်ရလာတဲ့ ကျောက်ပွင့်လေးပြပြီး နို့အေးချောင်း တခုနှင့် လဲလှယ်ပေးပါရန် တောင်းတောင်းပန်ပန်ပြော။ နိုးအေးချောင်းသည်လည်း ကျောက်လေးကို ဘယ်ပြန်ညာပြန် ပွတ်သပ်ကြည့်ရင်း အရောင်အဆင်းလှလှလေး သဘောကျ။ ဘာမှအသုံးမတည့်တောင် အလှကြည့်လို့ ရပေသားပဲ စိတ်ထဲတွေးမိ။ နို့အေးချောင်းတခု အလကားကျွေးလိုက်ရလို့ သူ့အတွက် ဘာအပန်းကြီး တာလိုက်လို့။ ဒီတော့ ကလေးစားချင် နေရှာတဲ့ နို့အေးချောင်းတခု ထုတ်ပေးပြီး ကျောက်လေးကို အိမ်ယူလာခဲ့။

    အဲဒီကတဆင့် ရတနာအတိုအစ ဝယ်သူနဲ့ အကြောင့်သင့်ဆက်မိပြီး ငွေအသပြာ ရာဂဏန်းနဲ့ ပြန်ရောင်းလိုက်။ အတိုအစဝယ်သူက ကျောက်ကုန်သည်ပေါက်စတဦးထံ ထောင်ဂဏန်းရှိတဲ့ ငွေနဲ့ ထပ်ရောင်း… တဆင့်ထက် တဆင့် လက်ပြောင်းသွားလိုက်တာ.. နောက်ဆုံး ကျောက်မျက်ရတနာ ကျွမ်းကျင်သူ သူဌေးကြီးလက်ထဲ အရောက်မှာ စောစောတုန်းက လမ်းဘေးကောက်ရ ကျောက်ပွင့်လေးဟာ တန်ဖိုးမဖြတ်သာတဲ့ ပတ္တမြားကြီး ဖြစ်နေမှန်း သိရ။

    အရင်ဆုံး ကောက်ရတဲ့ ကလေး…. နို့အေးချောင်း တခုနဲ့သာ ရင်အေးခွင့် ရခဲ့ရှာသောအဖြစ်။
    …………………………………………………..

    ကျောင်းတက်လို့ မြန်မာဖတ်စာမှာ ရွှေသားစင်စစ်ကို ရွှေမှန်းမသိ၊ ရွှေခွက်တလုံးကို အပေါစား ရွဲတကုံးနဲ့ လဲလှယ်ဖို့ရာ တောင်းပန်ခယရှာသော မြေးအဖွားနှစ်ဦးရဲ့ အသိဥာဏ် နုံမွဲမှုအပေါ် မတရားအမြတ်ထုတ်ဖို့ ကြိုးစားတဲ့ ဝိသမလောဘသား ရွဲကုန်သည်… သူထားတဲ့စေတနာ သူ့ပြန်အကျိုးပေး၊ မြစ်ကမ်းဆိပ်မှာ သောက  ပရိဒေဝမီး လောင်ကျွမ်းပြီး ရင်ကွဲနာကျ ဇာတ်သိမ်းမလှတဲ့ အဖြစ်ကို ဖတ်မှတ်သင်ယူဖူးတော့ …. ။

    သြော်… လူ့လောကမှာ လောဘ မောဟ ကိလေသာတရားတွေ လွန်ကျူးလွန်းရင် ကိုယ့်ရှို့တဲ့မီး ကိုယ့်ပြန်လောင်တာ ခံရသလို ကိုယ်သာလျှင် နစ်နာရတဲ့ အဖြစ်တွေလည်းရှိပါလားလို့ သံဝေဂ တရားလေး ဆင်ခြင်မိခဲ့တယ်။

    ဒါတွေက တကယ်ဟုတ်မဟုတ် မသေချာတဲ့ အဖြစ်အပျက် ဒဏ္ဍာရီ ပုံပြင်သဘောသာ။
    ……………………………………………………………………………………………………….
    ………………………………………………………….

    ရေတပ်မှာ အမှုထမ်းဖြစ်လာတဲ့အခါ အတွေ့အကြုံများတဲ့ ရေတပ်သားကြီးတချို့ ပြောပြလို့ နို့အေးချောင်း ပုံပြင်ဆန်ဆန် အဖြစ်မှန် ဇာတ်လမ်းတခု သိခဲ့ရပြန်တယ်။ ကိုကိုးကျွန်းဘက်ကို ရောက်သွားတဲ့ ရေတပ်သား တဦး၊ ပင်လယ်ရေတက်လှိုင်းပုတ်ခတ် သောင်ပြင်စပ်မှာ ကပ်တင်ကျန်နေတဲ့ ငါးကြီးအံဖတ်ဆိုတာတွေ့တော့ အိတ်တလုံးနဲ့ထည့်ပြီး သဘောင်္ပေါ်ယူတင်လာခဲ့။

    ရန်ကုန်အပြန်ခရီးတလျှောက် အဆူအငေါက်ခံပြီး အပါသယ်လာ။ ရန်ကုန်ရောက်ပြန်တော့ အရေးတယူ စိတ်ဝင်စားသူ မရှိ။ ဝယ်မယ့်သူလည်း မတွေ့နိုင် ဖြစ်နေတာမို့ ကိုယ်ယူလာတဲ့ ပစ္စည်းဟာ ငါးကြီးဆီ ဟုတ်မှဟုတ်ရဲ့လား သံသယအတွေး ဝင်လာ။ အုပ်ချုပ်ရေးတပ် မော်တော်ယာဉ်ဌာန နဘေး ချောင်ကွယ် တနေရာမှာ ဖြစ်သလို သိမ်းဆည်းထား။

    အဲဒီ ပစ္စည်းက ထွက်လာတဲ့ ပုပ်အဲ့အဲ့အနံ့ကို ဘယ်သူမှ နှာခေါင်းမခံနိုင် … ပွစီညံ အပြစ်တင်သံတွေ နေ့စဉ် ကြားနေရ။
    တနေ့မတော့ ဝယ်လက်ပွဲစားတဦးလာကြည့်ပြီး မလိုချင်လိုချင်ဟန်နဲ့ တန်ရာတန်ကြေးရယ်မဟုတ်၊ ငွေစက္ကူ တချို့ ထုတ်ပေးပြီး ယူသွား။ ရေတပ်သားခမျာ သူများအပြောခံရတာလည်း သက်သာ။ ငွေလေးတချို့လည်း သုံးစွဲ နိုင်ပြီဆိုတော့ ငါလုံ့လထုတ်ခဲ့တာ အလာကားမဟုတ်ပါလား ဆိုတဲ့ အသိနဲ့ ပီတိတွေဖြာ။

    ဟိုတဆင့်ခံပွဲစားက ထပ်ဆင့်ရောင်းချလိုက်တဲ့ ငွေနဲ့ တိုက်ခန်းတွေဝယ်၊ ရတနာတွေဝယ်နိုင်တဲ့ အဖြစ်ကို သိတဲ့ အခါကျမှ နှမြောတသ,မဆုံး ရင်ကွဲနာမကျတကျ ခံစားလိုက်ရရှာ။

    ဟိုင်းကြီးကျွန်းမှာ တာဝန်ထမ်းဆောင်ရတော့လည်း အဲဒီအဖြစ်မျိုး ပဟေဠိဆန်တဲ့ ငါးကြီးဆီ ပုံပြင်တွေ ကြားသိ ရပါသေးတယ်။
    …………………………………………………………………………………………………………….

    ဟိုတလောက မတွေ့ဖြစ်တာ ဆယ်နှစ်ကျော် ကြာပြီဖြစ်တဲ့ ဦးလေးတယောက်နဲ့ အမှတ်မထင် ဆုံတွေ့ ဖြစ်တဲ့အခါ… တူဝရီးနှစ်ယောက်သား ပြောစရာစကားတွေက မကုန်နိုင်။

    ဦးလေးက အသက်အရွယ် ဇရာထောင်းတာကြောင့် နည်းနည်းအိုစာသွားတဲ့ ရုပ်သွင်ကိုဆောင်နေပေမဲ့ ဖော်ရွေ လှိုက်လှဲတဲ့ အပြုံးနဲ့ ရိုးသားပွင့်လင်းစွာ ပြောဆိုတတ်တာတွေကတော့ အရင်အတိုင်းပဲ မပြောင်းမလဲ တွေ့နေရ ပါတယ်။ ဦးလေးကြည့်ရတာ လောကဓံတရားနဲ့ အတော်ကိုနေသားတကျ ဖြစ်နေပုံရပါတယ်။
    ဒီဘက်ကမ်းမှာ အလုပ်လာလုပ်တဲ့ သမီးဆီကို ခဏလာလည်တဲ့အခိုက် ကျနော်နဲ့ ဆုံတွေ့ခွင့်ရတာပါ။

    ဦးလေးက အလုပ်ကြိုးစားတယ်။ ဝိရိယရှိတယ်။ အလုပ်လုပ်တဲ့အခါ စနစ်ကျပြီး အကွက်လည်းမြင်တတ်တယ်။ ရွာမှာနေတုန်း အိမ်ထောင်ကျ။ အိမ်ထောင်သက် ၅ နှစ် ၆ နှစ်လောက်အရမှာ တတုံးထွန်စာ လယ် ၆ ဧကနဲ့ နွားတရှဉ်း၊ သစ်သားအိမ်တဆောင် ပိုင်ဆိုင်နေပြီ။ ရွာမှာဆက်နေရင် ဒီထက်ပိုပြီး ကြီးပွားဖို့ရှိတယ်။

    ဒါပေမဲ့ ဦးလေးအတွေးက ဒီရွာလေးမှာ နေရတာလောက်နဲ့ မကျေနပ်ချင်ဘူး။ မြို့ပြကိုပြောင်းပြီး အခြေချချင် စိတ်ရှိတယ်။ မွေးထားတဲ့ သားသမီးနောင်ရေး အတွက်လည်း ပါတာပေါ့။ ဒါနဲ့ ရန်ကုန်မြို့ကို အလည်သွားခိုက် ပတ်ဝန်းကျင် အနေအထားကို သူလေ့လာတယ်။ အဲဒီတုန်းက မဆလခေတ် မှောင်ရီလုလု နေညိုချိန်။ ဦးနေဝင်း အစိုးရရဲ့ လမ်းပမ်းဆက်သွယ်ရေး ဖွံ့ဖြိုးမှုစီမံကိန်းမှာ မြောက်ဥက္ကာလာပ ၆ ကွေ့လမ်းဆုံကနေ မင်္ဂလာဒုံ ထောက်ကြံ့ဘက် ဖောက်ထွက်ထားတဲ့ အမှတ် ၃ လမ်းမကြီး လည်းပါရဲ့။ ဖောက်လုပ်စ မြေနီ လမ်းမတန်းမှာ ‘အိမ်ရောင်းမည်’ ဆိုင်းဘုတ်ချိတ်ထားတာမြင်တော့ ဦးလေး စိတ်ကူးယဉ်လိုက်တယ်။
    ‘ဒီနေရာ အကွက်အကွင်းလေးမှာ ဒီခေတ်ကာလပေါက်ဈေးနဲ့ဆိုရင် အိမ်တဆောင်မြေတကွက်လောက်တော့ ငါ့မှာရှိတာလေး ထုခွဲလိုက်တာနဲ့ ဝယ်နိုင်တယ်။ နောင်တချိန် လမ်းစီမံကိန်း အကောင်အထည်ပေါ်လာတဲ့အခါ အချက်အခြာ ဖြစ်လာမယ့်နေရာပဲ။’

    ဦးလေး ရွာပြန်လာပြီး ပိုင်ဆိုင်သမျှ လယ်၊နွား၊လှည်း အိမ်ကစ ရောင်းချပြီး ရန်ကုန်ပြောင်းဖို့လုပ်တယ်။ လူကြီး မိဘတွေက ‘ဟဲ့.. သူငယ် အိုခါမှ ငွေတရာဖြစ်မယ့်ကိစ္စ စိတ်ကူးမယဉ်စမ်းပါနဲ့… ကိုယ့်မြေကိုယ့်ရွာမှာ မိရိုးဖလာ လုပ်စားလည်း လူ့အောက်မကျနိုင်ပါဘူး’  ဝိုင်းဝန်း ဖျောင်းဖျကြပေမယ့် ဦးလေးရဲ့ ဆန္ဒက သတ်မှတ်ပြဌာန်းပြီး သားမို့ ဘယ်လိုမှ ပြင်မရတော့။

    ရန်ကုန်ရောက်တဲ့အခါ ဆိုင်းဘုတ်ကပ်ထားတဲ့အိမ်ကို ဈေးနာညှိပြီး ဝယ်လိုက်တယ်။ ပိုတဲ့ငွေနဲ့ ဆိုက္ကားလေး တစီးတောင် ဝယ်နိုင်သေး။ တောသားမြို့ရောက်စ ရရာအလုပ်ဝင်လုပ်ရင် မကျွမ်းမကျင် အောက်ဆုံးလုပ်ခနဲ့ မိသားစုအသုံးစရိတ် မပြေလည်နိုင်။ ကိုယ်ပိုင်ဆိုက္ကားနင်းတာက သူများဆီမှာ လုပ်ရတာထက် တော်သေး တယ်ပေါ့။ ဒီလိုနဲ့ တနေကုန်ဆိုက်ကားနင်းလို့ရတဲ့ငွေဟာ ပိုလျှံတယ်မပြောသာပေမဲ့ မိသားစု ဟန်မပျက် စားနိုင်နေနိုင် ကလေးတွေလည်း ကျောင်းထားနိုင်တယ်လို့ သိရပါတယ်။ ဦးလေးနဲ့ ဒေါ်လေးတို့က အရွယ်တွေ ဟိုင်းခါနီးမှ အိမ်ထောင်ကျ သမီးတဦးနဲ့ သားတဦးသာ ထွန်းကားရှာတယ်။

    နောက်ပိုင်း ကလေးတွေ အလယ်တန်း.. အထက်တန်းရောက်လာချိန်၊ မင်္ဂလာဒုံဥယာဉ်မြို့တော်စီမံကိန်းနဲ့ အောင်မင်္ဂလာအဝေးပြေးဂိတ်ဆောက်လုပ်မယ့်သတင်း ထွက်ပေါ်လာချိန်၊ ဦးလေး ဆယ်စုနှစ်ချီပြီး မျှော်မှန်း အားခဲထားတဲ့ အိပ်မက်တွေ နိုးထအရောင်လက်လာချိန်မှာ မမြင်သာတဲ့ ကံကြမ္မာတရားရဲ့ မွှေနှောက်မှုဒဏ်ကို ခံလိုက်ရတယ်။ ခြေထောက် တဖက် လေဖြန်းသလိုဖြစ်ပြီး ဦးလေး ဆိုက္ကားမနင်းနိုင်ရှာတော့။


    အဲဒီအချိန်ကစပြီး မီးဖိုချောင်ထဲက ဒေါ်လေးခမျာ မိသားစုအတွက် တတ်နိုင်တဲ့ဘက်က ဝင်ငွေရှာရင်း အိမ်ထောင်ဦးစီး ဖြစ်မှန်းမသိ ဖြစ်လာရတယ်။ အင်းစိန်ဈေး၊ သီရိမင်္ဂလာဈေးတွေက ရာသီပေါ်သီးနှံလေးတွေ ဝယ်ပြီး လမ်းထိပ်ဈေးတန်းလေးမှာ လက်လီပြန်ရောင်းရတာ။

    သူရတဲ့အမြတ်က မီးဖိုချောင် စားစရိတ်ကာမိတယ် ဆိုပေမဲ့ နာတာရှည်သဘောဖြစ်နေတဲ့ ဦးလေးအတွက် ဆေးဖိုးကိုတော့ လက်လှမ်းမမီဖြစ်နေရတယ်။ မကျန်းမာတဲ့ ခင်ပွန်းဖြစ်သူ စိတ်အနှောက်အယှက်မဖြစ်စေလို တော့ ဈေးရောင်းရတဲ့ အရင်းနဲ့ အမြတ်စာရင်းကို အဆင်ပြေသလို ဖုံးဖိကာ ကုလားဖန်ထိုးရင်း  ဣနြေ္ဒမပျက် နေလာလိုက်တာ နောက်ဆုံး ကြွေးစာရင်းရှင်းမနိုင်တော့ အိမ်ဂရံပေါင်ရတဲ့အဖြစ် ရောက်ရော။ မြို့မှာ အိမ်ဂရံ ပေါင်နှံရတာကလည်း သိတဲ့အတိုင်း သတ်မှတ်ကာလအတွင်း ပြန်မရွေးနိုင်ရင် အဆုံးသဘောရှိနေတော့ အရောင်းစာချုပ်ပါ လက်မှတ်ထိုးပေးလိုက်ရတာ။

    တိုတိုပဲ ပြောပါစို့ဗျာ.. မိန်းမသားတဦးရဲ့ ပျံကျဈေးရောင်းရတဲ့ဝင်ငွေဟာ ကြွေးဆပ်ဖို့နေနေသာသာ နေ့စဉ် အိမ်အသုံးစရိတ်တောင် ခြွေခြွေတာတာ ဇယားချသုံးနေရတာဆိုတော့ အပေါင်စာချုပ်ကာလ စွန်းစွန်းဖြစ်လာ ချိန်မှာ အရင်းနဲ့အတိုးပေါင်း၊ အိမ်ရဲ့တန်ကြေးကို ကာလပေါက်ဈေးမဆိုသာပဲ အဖိုးဖြတ်၊ နောက်ထပ်ငွေ အနည်းအကျဉ်းရလိုက်ပြီး အိမ်ပေါ်က အပြီးဆင်းခဲ့ရ၊ အိမ်ပိုင်ဘဝကနေ အိမ်ငှားဘဝကို ချက်ချင်းဆိုသလို ကူးပြောင်းခဲ့ရတော့တယ်။

    မတတ်သာတော့ သမီးကြီးကို ကျောင်းနှုတ်၊ အမေနဲ့ဈေးကူရောင်းစေတာကနေ အထည်ချုပ်စက်ရုံတခုမှာ အလုပ်ဝင်လုပ် စေခဲ့ရတယ်။ အဲဒီအထည်ချုပ်မှာလုပ်ရင်း အဆက်အသွယ်ရပြီး ဒီဘက်နိုင်ငံထိကူးလာတာ ခုဆို ဆယ်နှစ်နီးပါး ရှိပြီပဲ။

    သမီးအလိမ္မာလေးက သူရတဲ့ လုပ်ခကို ခြစ်ခြုတ်စုဆောင်းပြီး ပို့ပေးနေတဲ့ငွေနဲ့ ကျန်ခဲ့တဲ့ မိသားစုသုံးဦး စားဖို့ လည်ပတ်ရုံလောက် ပဲရှိပါတယ်။ အိမ်တဆောင်ပြန်ဝယ်နိုင်ဖို့တော့ ဘယ်လိုမှ မတတ်နိုင်။ ကံကောင်းထောက်မစွာ အဖေဖြစ်သူ ကျန်းမာရေး ပြန်ထူထောင်လာတာရယ်၊ မောင်လေး ဆယ်တန်းစာမေးပွဲ အောင်သွားတာရယ်က သူ့အတွက် အမောပြေ မင်္ဂလာသတင်းတွေဖြစ်ခဲ့ရတယ်။
    ………………………………………………………………………………..

    ‘ဖိုးကျော်အခြေအနေရော ဘယ်လိုရှိလဲ ဦးလေး .. အဆင်ပြေရဲ့လား’ လို့ ဦးလေးရဲ့ သားငယ်အကြောင်း စကားစပ်မိတော့…

    ‘မင်းညီ ဆယ်တန်းအောင်တဲ့နှစ်မှာ ဗိုလ်သင်တန်း လျှောက်တာ အရွေးမခံရဘူး။ အဲတော့ ရဲဘော်အဖြစ်နဲ့ပဲ တပ်ထဲဝင်သွားပြီး ခုတော့ မင်းလိုပဲ တပ်ကြပ်ကြီးစာရေးဘဝနဲ့ အိမ်ထောင်ကျလို့ ခလေးခလောက်တောင် ရနေပြီဟ’ ဆိုလို့ မျိုးရိုးဂုဏ်စောင့်ထိန်းတဲ့ ညီတော်မောင်အတွက် ဂုဏ်ယူပြုံးလေး ပြုံးမိလိုက်သေးတယ်။

    ‘ဒါနဲ့ စကားမစပ် ဦးလေးအရင်နေခဲ့တဲ့ အိမ်နေရာမှာ ခုဆို တော်တော်စည်ကားနေလောက်ပြီနော်’

    အလိုက်မသိ မေးလိုက်မိတဲ့ ကျနော့်စကားအဆုံးမှာ ဦးလေးမျက်နှာ သိသိသာသာ ညှိုးရော်သွားတာ သတိထား မိလိုက်ပါတယ်။ ဦးလေး အတန်ကြာငေးနေပြီးမှ ‘အေးပေါ့ကွာ… အဲဒီနေရာမှာ အရင်က တဲပုတ်တွေပျောက်ပြီး တိုက်တွေတန်းစီနေတာပဲ.. မြေဈေးကလည်း ပေ ၄၀x၆၀ တကွက်ကို သိန်းထောင်ဂဏန်းလောက်ဖြစ်နေပြီ.. ငါသာကျန်းမာရေး ကောင်းခဲ့ရင် မိသားစုအခြေအနေ တောင့်တောင်းတင်းတင်း ဖြစ်နေမှာ’ လို့ ဆွေးဆွေး မြေ့မြေ့ လေသံနဲ့ ပြောရှာတယ်။

    မိသားစုဘဝတိုးတက်ကောင်းစားဖို့ ဥာဏ်နဲ့ ဝိရိယ စိုက်ထုတ်နိုင်ခဲ့တဲ့ ဦးလေးခမျာ ကံကြမ္မာရဲ့ မျက်နှာသာ မပေးမှုကိုတော့ အန်တုရင်ဆိုင်နိုင်စွမ်း မရှိခဲ့။

    ‘ဒီလိုပဲပေါ့ ဦးလေးရာ အဆင်မပြေသူတွေအဖို့ မြို့မှာနေတော့ မြို့ပြရဲ့ ဒုက္ခနဲ့ကြုံရ.. တောမှာနေပြန်ရင်လည်း ထမင်းတနပ်လျှော့စားဖို့ အားပေးစကားပြောသူနဲ့ ကြုံရအုံးမှာ’ လို့ ဦးလေးခံစားချက်လေး သက်သာသွား အောင် အာရုံပြောင်းကြည့်လိုက်တဲ့အခါ..

    ‘အင်း…. သေရေးထက် နေရေးခက် ဖြစ်နေတဲ့ လောကကြီးမှာ ဦးလေး နေတတ်နေပါပြီ…. ဥစ္စာကံပေးမရသေး နှောင့်နှေးဗျာပါ မရှိရာ… လို့ပဲ သဘောပိုက်ရတာပေါ့ကွာ’ တဲ့။

    ဦးလေးဆီက အပြန်လမ်းမှာ ငယ်ငယ်တုန်းက အဖေသင်ပေးခဲ့တဲ့ လောကနီတိလိုလို စာသားလေးကို စဉ်းစား ရွတ်ဆိုလာခဲ့မိပါတယ်…

    ‘မိတ်ဆွေအစစ်က ကံ ဥာဏ် ဝိရယ
    ရန်သူကြီးက လောဘ ဒေါသ မောဟ’

    ‘ရောက်တဲ့အရပ်မှာ ပျော်အောင်နေ
    တွေ့တဲ့လူနဲ့ သင့်အောင်ပေါင်း
    ရှိတာလေးနဲ့ လှအောင်ဝတ်
    ရတာလေးနဲ့ ဝအောင်စား
    ပြိုင်လာလျှင် အရှုံးပေး
    နှလုံးအေးတဲ့ဆေး..။’

    နေမင်းသူ
    ၁၈-၀၂-၂၀၁၃

    0 0


    ••••••••••••••••••••••••••••

    ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုသည်မှာ မြန်မာ နိုင်ငံပင်။


    ထိုစကားကို ပြောခဲ့သူမှာ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ၏ ၀ိပဿနာ တရားတော်များကို ကမ္ဘာသို့ ဖြန့်ဝေလျက်ရှိသော ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင် ဖြစသည်။ အရောင်းအ၀ယ် ကုန်သည် အလုပ်ဖြင့် ကမ္ဘာအနှံ့ ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည် သူ အမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံ နေပြည့်တော်တွင် အခြေချ နေထိုင်ခဲ့သည်။

    ထိုချိန်က အထက် မြန်မာပြည်သည် မြန်မာဘုရင်၏ လက်ထဲမှာသာ ရှိသေး သောကြောင့် သူခိုး လူလိမ်ဆိုသည်မှာ ချိုနှင့်လားဟု မေးရလောက်အောင် မြန်မာတိုင်း စာရိတ္တသတ္တိ အပြည့်ရှိနေချိန် ဖြစ်ပါ၏။

    ထိုသူသည် ကုန်သည်ကြီး တစ်ဦးဖြစ်ရာ အထက်မြန်မာပြည်ရှိ မြို့ကြီး အသီးသီးသို့ သွားရောက် ရောင်းဝယ်ရသည်။ ပစ္စည်းပစ္စယများ သယ်ရန် အတွက် မြင်းငါးကောင်နှင့် အတူ မြန်မာ မြင်းစီးသမား ငါးယောက်ကိုလည်း တစ်ခါတည်း အသွားအပြန် ငှားလာခဲ့ရသည်။

    အရောင်းအ၀ယ် ပစ္စည်းများသောကြောင့် ရက်ကြာလာသည်နှင့်အမျှ ဘဆေဆ်လာလ်ဂျီ၏ ပိုက်ဆံထည့်သည့် အိတ်ကြီးမှာလည်း ငွေဒင်္ဂါးများနှင့် ပြည့်ပြည့် လာခဲ့သည်။ နောက်ထပ် မြို့သုံးမြို့ ငါးရက် ခရီးနှင်ပြီးလျှင် သည်တစ်ခေါက် အရောင်းအ၀ယ်ပြီးဆုံးပြီဖြစ်၍ ဘဆေဆ်လာလ်ဂျီသည် အိမ်ပြန်ရတော့မည်ကို တွေးပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေလေသည်။
    နေ၀င်စပြုနေပြီ ဖြစ်သည့်အတွက် လှမ်းမြင်နေရသော ဇရပ်တစ်ခုပေါ်တွင် တစ်ညအိပ်ရန် မြင်းသမားများကို အချက်ပြလိုက်သည်။

    ရှေးခေတ်က ဇရပ်ဆိုသည်မှာ ညအိပ်ညနေ ခရီးသည်များအတွက် လမ်းဆုံ လမ်းခွတွင် ဆောက်ထားသော ဇရပ်မျိုးသာ ဖြစ်သည်။ အမိုးနှင့်အခင်းကို အကောင်းဆုံး လုပ်ထားသောလည်း အကာ မရှိသောကြောင့် အရပ် လေးမျက်နှာမှ ခရီးသွားများ တံခါးမရှိ။ ဓားမရှိ လွတ်လပ်ချမ်းသာစွာ တည်းခိုနိုင်သည် ဟူသော အဓိပ္ပါယ်ကို ဆောင်သည်ဟု ယူဆရသည်။
    တတ်နိုင်သော ဇရပ်အလှူရှင် အချို့သည် ခရီးသွားများအတွက် ဆန် ဆီ စသော စားသောက်ဖွယ်ရာ များကိုပင် ထားပေးကြောင်း သိရသည်။

    ချက်ပြုတ်စားသောက်ပြီး နေလည်း မရှိတော့ပြီဖြစ်၍ ဘဆေဆ်လာလ်ဂျီတို့ ထိုဇရပ်မှာပင် ညအိပ်လိုက်ကြသည်။ နောင်တစ်နေ့ မိုးမလင်မီ မနက်စောစော ခရီးဆက်ကြရန် မြင်းသမားတို့ကို ဆော်သြ ထားလိုက်သည်။ အရေးအကြီးဆုံး ဖြစ်သည့် ငွေဒင်္ဂါးအိတ်ကြီးကို မေ့ကျန်နေခဲ့မှာ စိုးသောကြောင့် ခေါင်းအုံး အိပ်လိုက်သည်။

    မနက် လေးနာရီလောက်ထပြီး မြန်မြန်ထက်ထက် ပြင်ဆင်ကာ ရှေ့ခရီးကို ဆက်လာ ခဲ့ကြသည်။ ခြောက်နာရီခန့် ခရီးပေါက်ပြီးသောအခါမှ ခေါင်းအုံး အိပ်ခဲ့သည့် ငွေအိတ်ကြီး ပါမလာမှန်း ဘဆေဆ်လာလ်ဂျီ သိသွားသည်။

    ပြင်းထန်သော စိုးရိမ်သောက စိတ်ကြောင့် နှလုံးသားမှာ တဒိန်းဒိန်းခုန်လာပြီး အမောဆို့သလိုပင် ဖြစ်လာသည်။ ထို့ကြောင့် -

    “ဟေ့ . . အားလုံးရပ်လိုက်ကြဦး။”

    “ကျွန်တော့ ငွေဒင်္ဂါးအိတ်ကြီး ညအိပ်ခဲ့တဲ့ ဇရပ်ပေါ်မှာ ကျန်နေခဲ့တယ်။ ဒါ့ကြောင့် နောက်လှည့်ပြန် ကြရမယ်” ဟု ပြောလိုက်သော်လည်း မြန်မာလူမျိုး မြင်းသမား ငါးယောက်လုံး တစ်ယောက်မှ တအံ့တသြ တထိတ်တလန့် ဖြစ်မသွားကြ။ သွားယူပေးမည့် အမူအရာလည်း မပြကြသဖြင့် ဘဆေဆ်လာလ်ဂျီ မနေနိုင်တော့ -

    “ကဲ. . . မြန်မြန်သွားယူဘို့ ပြင်ကြလေ။ ဘာလို့အေးတိ အေးစက် ဖြစ်နေကြ တာတုန်း” ဟု ပြောလိုက်သော အခါတွင်မှ

    အသက်ခပ်ကြီးကြီး မြင်းသမားတစ်ဦးက -

    “မိတ်ဆွေကြီး ဘာမှစိတ်မပူပါနဲ့။ ကိုယ့်ခရီးကိုသာ ပြီးဆုံးအောင် ဆက်သွားပါ။ အပြန်ကျမှ ငွေအိတ်ကိုဝင်ယူပါ။ မိတ်ဆွေကြီးငွေအိတ် ဘယ်မှ ထွက်မပြေး ပါဘူး။ ဘယ်သူမှလည်း မယူပါဘူး။” ဟု ပြောလိုက်သဖြင့် ဘဆေဆ်လာလ်ဂျီ တစ်ယောက် ဒေါသထွက်သွားသည်။ “လွယ်ရင် သူကြွယ်တောင်မနေဘူး” ဟူသော စကားရှိနေရာ အဆင်သင့် တွေ့ရသော ငွေဒင်္ဂါးအိတ်ကြီးကို ဘယ်လို လူသည် မယူဘဲ နေနိုင်ပါအံ့နည်း။ ဘယ်သူမှ မယူဘူး ဟု တာဝန်ခံနိုင် လောက်အောင် သူတို့ မြန်မာလူမျိုးတွေက ဘယ်လောက်များ စာရိတ္တ ကောင်းနေကြလို့ နည်းဟု တွေးနေမိသည်။

    ထိုအတွေးနှင့်အတူ -

    “အေးလေ . .. ငါတို့ ထွက်လာကြတာလဲ ခြောက်နာရီ ကျော်သွားပြီးဆိုတော့ ဒီငွေအိတ်ကြီးကို ခရီးသွား တစ်ယောက်ယောက်ကရပြီး ယူသွားရောပေါ့။ ငါသွားနေလည်း ပင်ပန်းတာ အဖတ်တင်မှာပ”ဲ ဟု စိတ်ပျက်စွာနှင့် ဆက်ကာ တွေးပြီး ရှေ့မှာရှိသည့် မြို့ဈေးများသို့သာ ဆက်သွားလိုက် ကြသည်။

    ငါးရက်ခန့်ရှိမှ ပြန်လာကြသောအခါ ဘဆေဆ်လာလ်ဂျီ ထားခဲ့သော ငွေဒင်္ဂါးကြီမှာ ခေါင်းအုံးပြီး အိပ်ခဲ့စဉ်က အတိုင်းပင် လက်ရာမပျက် ပြန်တွေ့ရသည်။ ရေတွေက်ကြည့်သော အခါတွင်လည်း တစ်ပြားတစ်ချပ်မျှ မလျော့။

    ♠ ထို့ကြောင့်လည်း ဘဆေဆ်လာလ်ဂျီက "ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီး ဖြစ်လာမည့် ဦးဂိုအင်ကာ အလောင်းအလျာ သူ့မြေးလေး"ကို -ငါ့မြေးရေ၊ အဘိုးတို့ ဒီမြန်မာပြည်မှာ နေခွင့်ရတာ သိပ်ကံကောင်းတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တစ်ကမ္ဘာလုံးမှာ သူခိုးမရှိတဲ့ နိုင်ငံဆိုလို့ မြန်မာနိုင်ငံ တစ်ခုပဲ ရှိတယ်။ ♠

    နောက်တစ်ခုက မန္တလေး ရတနာပုံ ဈေးချိုတော်ကြီး လမ်းအလယ်မှာ အမျိုးသမီး တစ်ယောက် အဖိုးတန် စိန်နားကပ်တစ်ဖက် ပြုတ်ကျ ကျန်နေ ခဲ့တယ်။ ဈေးလယ်ဆိုတော့ ဈေးရောင်းသည်၊ ဈေးဝယ်သည် တစ်ယောက်မှ တစ်ယောက်တော့ တွေ့မှာပဲ။ သို့သော် တစ်ယောက်မှ ကောက်မယူကြဘူး။ အလွယ်တကူ တွေ့ရတဲ့ အဖိုးတန် ပစ္စည်းကိုတောင် ကောက်မယူတဲ့ မြန်မာ လူမျိုးတွေဟာ သူတစ်ပါးအိမ်က ပစ္စည်း မသိအောင်ယူဖို့ ဆိုတာကတော့ ပိုပြီး ဝေးသေတာပေါ့။ ဒါနဲ့ ဈေးချိုသာ ပိတ်သွားတယ် စိန်နားကပ်ကြီးကတော့ လမ်းပေါ်မှာ ဒီအတိုင်းပါပဲ။

    နောက်တစ်နေ့မနက် ဈေးချိုဖွင့်ခါနီးမှာ အလုပ်သမလေး တစ်ယောက် စိန်နား ကပ်ကြီးကို တွေ့သွားတယ်။ “ဥစ္စာဆင်းရဲသော်လည်း စာရိတ္တ မဆင်းရဲတဲ့ သူတွေကို မြင်ဖူးချင်ရင်” မြန်မာပြည်ကို လာခဲ့ပါလို့ ပြောရတော့မှာပဲ။ အလုပ် သမလေးဟာ စိန်နားကပ်ကို ကောက်ယူ လိုက်တယ်။ ယူဖို့မဟုတ်ဘူး။ စိန်နား ကပ်အောက်က ဖုန်တွေ အမှိုက်သရိုက်တွေ လှဲပစ်ဖို့အတွက်ပါ။ လှဲကျင်းပြီး တဲ့အခါ တွေ့တဲ့နေရာမှာပဲ အတိအကျ ပြန်ထားလိုက်တယ်။ ပိုင်ရှင်က သူကျ ပျောက်တဲ့နေရာ ပြန်လာရှာရင် မြန်မြန်တွေ့ပါစေဆိုတဲ့ စေတနာပေါ့။

    နောက်ဆုံး ဈေးရုံးတာဝန်ခံ ကိုယ်တိုင်မြို့ထဲ “မောင်းထု ပိုင်ရှင်ရှာပြီး ပေးလိုက်ရတယ်” ဟု ပြောခဲ့ဘူးသည်။

    ကဲ စဉ်းစားကြည့်ကြ ပေတော့။ အရင်တုန်းက မြန်မာနိုင်ငံနှင့် ယခုမြန်မာနိုင်ငံ ဘယ်လောက် ကွာခြားသွားပြီလဲ။

    ♠ ဒါကို ကြည့်ပြီး စိတ်မပျက်ကြပါနဲ့။ “ပျက်အစဉ် ပြင်ခဏ” ဆိုသလို မိမိကိုယ် ကိုသာ ငါးပါးသီလ လုံခြုံအောင် (စာရိတ္တပိုင်းသာ) တာဝန်ယူပါက မြန်မာနိုင်ငံမှ မဟုတ် တစ်ကမ္ဘာလုံး ဘယ်လောက်ငြိမ်းချမ်းမလဲ။ ♠

    (မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်)

    [အညွှန်း – မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်
    သီလအစွမ်း အံ့မခန်းစာအုပ်၊ မြန်မာတို့၏အသက်။]

    ----------------------*----------------------
    - သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -

    "Donated By Honey Lay"

    _/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
    သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
    ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
    လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_


    Honey Lay


    facebook မှ ကူးယူဖော်ပြပါသည်။

    0 0



    0 0
  • 02/20/13--05:11: သမ္ဘာ
  •  

     by Seaman Nayminthu on Wednesday, February 20, 2013 at 8:10pm ·
    တပ်ကြပ်ကြီး/စာရေး သင်တန်းပြီးဆုံးခါနီး စံပြကျောင်းသားဆုရွေးချယ်ရန် သင်တန်းသားတဦးစီ၏    ရမှတ်များကို စုပေါင်းရေတွက်လိုက်သောအခါ အများဆုံးရမှတ်နေရာ၌ သင်တန်းသား ၂ ဦး တူညီစွာ  ရရှိနေ၏။

    တဦးက တပ်မတော်(ကြည်း)မှ စစ်သည်။ နောက်တဦးက တပ်မတော်(ရေ)မှ တပ်ကြပ်။

    ထိုစဉ်က တပ်မတော်(ရေ)တွင် တပ်ကြပ်ကြီး/စာရေးလောင်းများ စတင်ခေါ်ယူလေ့ကျင့်ထားပြီးဖြစ်သဖြင့် ရှေ့ပိုင်း လုပ်သက်စီနီယာကျသည့် တပ်ကြပ်၊ ဒုတပ်ကြပ် နှင့် တပ်သား/စာရေးများကို အသုတ်လိုက်စီမံချက် ဖြင့် တကက/စာရေးသင်တန်းသို့ ပို့လွှတ်တက်ရောက်စေခဲ့ပါသည်။

    ထိုသို့ သင်တန်းသား ၂ ဦး ဘာသာရပ်အားလုံးပေါင်း အမြင့်ဆုံးရမှတ်တူညီနေသည့်အတွက်ကြောင့် တကိုယ်ရေ ဝတ်စားဆင်ယင်မှု အမှတ်ဖြင့် အကဲဖြတ်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။

    ပြိုင်ပွဲမဝင်မီ တညလုံးလိုလို ပြိုင်ဘက် ၂ ဦး အကျိတ်အနယ် ပြင်ဆင်နေကြသည့်ပြင် သူ့ဘက်ကိုယ့်ဘက် အားပေးကူညီနေသူများလည်း ရှိ၏။ ဖိနပ်တိုက်သူက ဖိနပ်ဦးမှာ ခွေးရုပ်ပေါ်လာသည်ထိ တိုက်ပေးသည်။ ထို့အတူ ကြေးပွတ်ဆေး(ဦးထုပ်တံဆိပ်၊ကော်လာဂျက်၊ ခါးပတ်ခေါင်း) တိုက်သူကလည်း မြင်တာနှင့် လျှပ်စီးလက်သလား ထင်မှတ်မှားလောက်အောင် စိတ်ရှည်လက်ရှည် တိုက်၏။ ကော်တောင့်ယူနီဖောင်း ပြင်ဆင်သူတွေက ယူနီဖောင်းကို မပျော့မမာလေးနှင့် တောင့်စင်းနေအောင် လုပ်ထားသည်။

    စံပြကျောင်းသားဟူသော ဂုဏ်ပုဒ် တခု တပ်ကိုယ်စားပြုရယူနိုင်ရေးအတွက် လိုလေးသေးမရှိအောင် အသီးသီး ကူညီပံ့ပိုးပေးနေကြခြင်း ဖြစ်သည်။

    လိုအပ်ချက်မှန်သမျှ မလစ်ဟင်းရအောင် အချင်းချင်း ခေါင်းချင်းဆိုင် တီးတိုးတိုင်ပင် မှာကြားနေကြ၏။
    ပြိုင်ပွဲချိန်ခါ ရောက်ရှိလာပါပြီ။

    သတိအနေအထားဖြင့် ကျောက်ရုပ်ပမာ ရပ်နေသော သင်တန်းသား ၂ ဦးကို အကဲဖြတ် အမှတ်ပေး သင်တန်းဆရာများ (သင်တန်းမှူး ဦးစီးလျက်) သေချာစွာ ကြည့်ရှုစစ်ဆေး အကဲဖြတ်ကြလေသည်။ သတိအနေအထား မှန်ကန်သည်။ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေ မရှိ။ ဝတ်စားဆင်ယင်မှု ပြောစရာမလို။ စမတ်ကျသည်။ စိတ်ကျေနပ်လောက်အောင် စီစစ်အကဲဖြတ်ကြပြီးနောက် ဝတ်စားဆင်ယင်မှု တလာစီသည်။

    ပြင်ပမြင်ကွင်းမှာ ရှိနေသော လျှာဦးထုပ်၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ခါးပတ်၊ တိုက်ပွဲဝင်ဖိနပ်တို့မှာ တပ်မတော်မှ ထုတ်ပေးထားသည့် ပစ္စည်းအစစ်အမှန်များ ဖြစ်ကြောင်း သက်သေထူစရာမလိုအောင် မှန်ကန်သည့် နေရာမှာလည်း တူညီနေပြန်သည်။ ပြုတ်သွားသော အင်္ကျီကြယ်သီးပြန်တပ်ထားသည့် အပ်ချည် ကြိုးသည်ပင် အဖြူရောင်မဟုတ်၊ နဂိုမူလ အရောင်အတိုင်းသာ။

    ထို့ကြောင့် အတွင်းပိုင်း ဝတ်စားဆင်ယင်မှုကို ထပ်မံစစ်ဆေးရလေသည်။ အပေါ်အင်္ကျီလက်ရှည် ချွတ်လိုက်သည့်အခါ စစ်စိမ်းရောင် စွပ်ကျယ်တွေ ကိုယ်စီပေါ်လာသည်။ တဖန် တိုက်ပွဲဝင်ဖိနပ် ချွတ်လိုက်သည့်အခါမှာလည်း တပ်မတော် အစ်ရှူး ခြေအိတ်လေးတွေနှင့်။ အမှတ်ပေး ဒိုင်လူကြီးတွေ ခေါင်းစားလာရပြီ။
    သည်လိုနှင့် နောက်ဆုံးအဆင့်….။

    ခါးပတ်ကြိုးကို အသာဖြေလျှော့၍  ဘောင်းဘီရှည်ကို တဖြည်းဖြည်းချွတ်ချလိုက်သည့်အခါမှ ကွဲပြားမှု တစုံတရာ ထွက်ပေါ်လာတော့သည်။ တပ်မတော်(ကြည်း) မှ စစ်သည်ဝတ်ထားသော ဘောင်းဘီတိုမှာ အရပ်ဝတ်ဖြစ်နေပြီး ရေတပ်ဆရာက အန်ဒါဝဲယာ ခေါ် တပ်မတော်မှထုတ်ပေးထားသည့် အတွင်းခံ ဘောင်းဘီတို ဝတ်ဆင်ထားသည်ကို တွေ့လိုက်ကြရသည်။
    ဤသို့နှင့် ရေတပ်မှ တပ်ကြပ် စံပြကျောင်းသား ရွေးချယ်ခံလိုက်ရသည်။

    အဆောင်တွင်းသို့ ပြန်ရောက်သည့်အခါ စိတ်ပျက်လက်ပျက် သုန်မှုန်ကာ ငူငေးငေး ဖြစ်နေသော ကြည်းတပ် စစ်သည်အနီးသို့ ရေဆရာ ရောက်သွားပြီး ပုခုံးလေးကို အသာအယာဖက်လိုက်လျက်…

    ‘ဒီမှာ ကိုယ့်ညီ… မင်းရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးတယ်၊ ထူးချွန်ထက်မြက်မှုကိုလည်း လေးစားပါတယ်။ ဒီနေရာမှာ မင်းနဲ့ကိုယ် ကွာသွားတာက သမ္ဘာ… ပဲ။ ငါ့ညီက စစ်သက်နုသေးတော့ ဘယ်သတိထားမိပါ့မလဲ။ ကိုယ်တို့က ဒါမျိုးတွေ လုပ်စားလာတာ ကြာပြီကွ။ ဒီတော့ အရည်အချင်းချင်း ယှဉ်လို့ရချင်ရမယ်၊ သမ္ဘာချင်း ယှဉ်ဖို့တော့ မလွယ်ဘူးပေါ့ ကွာ’

    ဟု ခပ်ကြွားကြွားလေး နှစ်သိမ့်စကားပြောဆိုကာ သူ့အိပ်ဆောင်ဆီသို့ တလှမ်းချင်း ထွက်ခွာသွား လေသတည်း။  



    နေမင်းသူ

    ၂၀-၀၂-၂၀၁၃

    0 0


    by Maung Maung Than on Friday, December 21, 2012 at 1:30pm ·
    တနေ့ က US Forest Service က ဒေါက်တာ စင်သီယာနဲ့ စကားပြောဖြစ်ပါတယ်။

    ဒီမိုကရေစီနိုင်ငံတော်ကြီးလဲ သူ့ ပြသနာနဲ့ သူပါပဲ၊ အဲဒီလိုနိုင်ငံတော်ကြီးမှာတောင် သစ်တောဌာနကလို့ ပြောလိုက်တာနဲ့ မျက်နှာက ပြောင်းသွားပြီး ချက်ခြင်း သေနပ်နဲ့ ဆွဲပစ်မဲ့ အမူအရာတွေ ပြကြောင်း ရီရီမောမောနဲ့ ပဲ ပြောပြတယ်။


    အရေးကြီးဆုံးအချက်က အမေရိကန်နိုင်ငံမှာ သစ်တောတွေကနေ အခုနေအခါမှာ အရေးကြီးဆုံး ၀န်ဆောင်မှု (Service) ကဘာလဲဆိုတာပါပဲ။

    ရေပါ၊ ရေ၊ ရေ။ water ပါ

    ရေဟာ အမေရိကန်နိုင်ငံ သစ်တောများရဲ့ အရေးကြီးဆုံး ထွက်ကုန်၊ ၀န်ဆောင်မှုဖြစ်နေကြောင်း အမေရိကန်ပြည်ထောင်စုဟာ အခုနေအခါမှာ ရေပြသနာများ အကြီးအကျယ် ရင်ဆိုင်နေရကြောင်း ၀န်ခံပြောဆိုသွားပါတယ်။

    \အမေရိကန်ပြည်နယ်အများစုဟာ အခုအချိန်မှာ မိုးခေါင်ရေရှား ဖြစ်တဲ့ ဒဏ် (drought) ကိုခံနေရပါတယ်။ မိုးခေါင်တာ ကြာမြင့်လာလို့ prolonged drought ကနေ permanent drought ဖြစ်ပြီလို့ ကိုထင်ရပါတယ်။

    ဒီအချိန်မှာ လူတွေ သုံးစွဲဘို့ ရေ၊ သောက်သုံးဘို့ ရေ၊ ရေအား လျှပ်စစ် စက်ရုံအတွက်ရေ၊ ရေဟာအရမ်းအရေးကြီးတဲ့ ကိစ္စဖြစ်နေပါပြီတဲ့။

    အဲဒါကြောင့်လဲ ရေဝေရေလဲဒေသတွေမှာ ရှိသော ရေကို regulate လုပ်ပေးနိုင်သော တခုတည်းသော အရာဖြစ်တဲ့ သစ်တောတွေရဲ့ ဝန်ဆောင်မှုဟာ နံပါတ်တစ် ဖြစ်နေပါပြီတဲ့ ခင်ဗျား။

    မိုးရွာတဲ့နေရာ နှင်းကျတဲ့နေရာတွေမှာလဲ သစ်တောတွေ မရှိတဲ့အခါမှာ precipitation ကျတဲ့အချိန် ရေတွေ ဆီးနှင်းတွေကို မထိန်းနိုင်လို့ အကြီးအကျယ် ရေကြီးလို့ ပျက်စီးရတာတွေ၊ နွေကျရင် တောမရှိလို့  ရေ regulating power မရှိပဲ ဆည်တွေ ရေမရှိတာတွေကြောင့် သစ်တောရဲ့ တန်ဘိုးဟာ ရေပါပဲလို့ ထမင်းစားနေတုံးကို သေသေချာချာ အကြာကြီး ရှင်းပြပါပေရဲ့ ။

    ဒါဆိုရင် ရေရဲ့ တန်ဘိုးကို ရေအားလျှပ်စစ်တွေအတွက် တွက်ကြတဲ့နေရာမှာ ကန်ထရိုက်စာချူပ်တွေ လုပ်ကြတဲ့နေရာမှာ အရေးကြီးပြီဆိုတာ ထပ်ပြီး သက်သေပြနိုင်ပြီပေါ့။

    မထင်မရှား အစည်းအဝေးလေးတခုမှာ

    မြန်မာပြည်မှာ အကြီးဆုံး ဆည်ကြီးဆောက်ဘို့ စာချူပ်ပါ စည်ကမ်းများကို ဌာနဆိုင်ရာတွေကို ချပြကြတယ်။

    မလယ်မ၀ယ်နဲ့ ကျနော်ပါသွားတယ်၊ ကျနော့်ပိုင်းဆိုင်ရာမှာ ရေ၀ပ်ဧရိယာ သစ်ထုတ်ဘို့ ၊ ညှိပြီးသားပုံစံနဲ့ စကား မပြောကြတော့ဘူး

    မနေနိုင်မထိုင်နိုင်၊ အဲဒီဆည်ကို ရေ၀င်နိုင်ဘို့ ၊ ရေတည်တံ့စွာ ရနိုင်ဘို့ အတွက် လိုအပ်တဲ့ရေဝေရေလဲဒေသများအတွက် ကုန်ကျမဲ့စရိတ်တွေအကြောင်းသွားပြောမိတယ်။

    အဲဒီမှာ issue တခုပေါ်လာပါရဲ့ ၊ ကျနော့်ကိုပြောတာတော့မဟုတ်၊ စကားပြန်ကနေတဆင့် လက်ရှိစာချူပ်မှာသူတို့ ၇ထားသော ကင်းလွတ်ခွင့်များ၊ (ရေ၊ မြေကြီး ၂ခုကို အခွန်အကောက်မပေး၇ဆိုတဲ့ ကင်းလွတ်ခွင့်)ကို နောင်အစိုးရများ ကထုတ်ပြန်တဲ့ ဥပဒေတွေမှာ မပေးတော့ဘူးဆိုရင်၊ ဆက်လက်ကင်းလွတ်ခွင့်ပြုသည်ဆိုတဲ့ အပုဒ် စာချူပ်မှာ ထဲ့ပေးဘို့ ။

    အခုမှ ပြန်စဉ်းစားမိတာ ကျနော့်စကားကနေ သူတို့ နောက်ပိုင်း မလွယ်တော့ဘူးလို့ ထင်မိပုံပဲ။

    အဲဒီမှာ တာဝန်ရှိသူ ၀က(၀န်ကြီး)ထိုင်နေပါတယ် ဘာမှမပြောပါဘူး တက်လာတဲ့အထဲက ဥပဒေ အရာရှိကို မေးငေါ့ပြပါတယ်၊ သူဖြေပေါ့။

    တသက်မှာ မမေ့နိုင်တဲ့စကားတွေပါပဲ

    နောင်အစိုးရလက်ထက်မှာ ထွက်လာမဲ့ဥပဒေများဟာ အခုဥပဒေများကို လွှမ်းမိုးစေသည်ဆိုတဲ့ အပုဒ်၊ ဆိုလိုရင်းပါရင် ရှင်တို့ ပေးရမှာဘဲတဲ့။

    စကားပြန်ကနေတဆင့် စောတကတက်ပါတယ်။ တကယ်လို့ အခွန်အခတွေပေးရရင် သူတို့ ကုမ္ပဏီ မကိုက်ပါဘူးတဲ့၊ အဲဒါကြောင့် ဒီစာသားကို မဖြစ်မနေ ထဲ့ချင်ပါတယ်တဲ့။

    ဥပဒေ မမကြီးရဲ့ ပြောင်မြောက်သော ဖြေကြားချက်ကတော့

    နိုင်ငံခြားသား ကုမ္ပဏီတခုကနေ  မိမိအကျိုးအတွက် ကျမတို့ ရဲ့ ဥပဒေတွေကို အခုလို သက်ရောက်ဘို့ ကြိုးစားတာဟာ ကျမတို့ နိုင်ငံရဲ့ အချူပ်အချာ အာဏာကို စော်ကားတာပါပဲတဲ့။

    ကျနော်တို့ လက်ခုပ်တော့ မတီးမိခဲ့ကြပါဘူး၊ ဒါပေမဲ့ တက်လာတဲ့ ဌာနဆိုင်ရာအားလုံးရဲ့ ရင်ထဲနဲ့ မျက်လုံးတွေမှာတော့ လေးစားမှု အပြည့်နဲ့ ပါ။

    အခု ကြေးနီ၊ ကျေးဇူးဆပ်တယ်လို့ ပြောတယ်

    ရွှေလီ (၁)၊ (၂)၊ အခု service station ကနေထုတ်လုပ်ရေးပြောင်းမဲ့ ချီဗွေ၊

    အင်မတန် တန်ဘိုးကြီးလှတဲ့ ရေရဲ့ တန်ဘိုး၊ တွက်ချက်မှုမှာ မပါတာ သေချာပါတယ်။

    ထစ်ကနဲဆိုရင် ဥပဒေထုတ် ထစ်ကနဲဆိုရင် ဥပဒေထုတ်၊ဒါပေမဲ့

    ကျနော်တို့ ရဲ့ ရေကိုသုံးပြီင်္း သူတို့ စက်ရုံတွေ လည်ပတ်နေတယ်၊ ပစ္စည်းတွေထုတ်ပြီး အညံ့တွေ ကျနော်တို့ ဆီသွင်း အကောင်းတွေ ကမ္ဘာကိုပို့ ပြီး သူတို့ မချမ်းသာဘူးဆိုတောင်မှ ဆင်းရဲမှု ပပျောက်အောင် လုပ်နေကြတယ်။

    တန်ရာတန်ကြေးလေး ပြန်တောင်းဘို့ မစဉ်းစားကြဘူးလား

    ကျေးဇူးဆပ်နေတာပဲလား။

    စက်ရုံတွေက နှစ်၃၀တွေဆိုတော့ ဒီအတိုင်းသွားနေရင် ရေဝေတွေ မထိန်းနိုင်ရင် နှစ်၃၀ပြီးတာနဲ့ ကျနော်တို့ အမေရိကန်ပြည်နယ်တွေလိုပဲ ဘာရေမှ ထွက်တော့မှာ မဟုတ်တော့ဘူးဆိုတာရော စဉ်းစားမိရဲ့ လား။

     တူတူတန်တန် လျှပ်စစ်ကို ခွဲဝေသုံးတယ်ဆိုရင်ပဲ နို့ တလုံးဘိုးမက ကျေနေပါပြီဗျာ၊

     Maung Maung Than

    0 0





    by Seaman Nayminthu on Friday, February 22, 2013 at 11:18am ·
    အားလုံး တသဘောတည်း အညီအညွှတ်မဟုတ်တဲ့တိုင် သန်ရာသန်ရာ ဖွင့်ဆိုချက်တွေကို ယေဘူယျ ကောက်ချက်ဆွဲ ကြည့်မယ်ဆိုရင်….


    စစ်သားဆိုတာ…..
    စွန့်လွှတ်စွန့်စားဝံ့သူ
    အမိန့်နာခံတတ်သူ
    သစ္စာစောင့်သိသူ
    တာဝန်သိတတ်သူ
    ဥာဏ်ရည်ထက်မြက်သူ
    စွမ်းရည်ပြည့်ဝသူ
    အခြားသူအပေါ် ရိုသေလေးစား အလေးထားတတ်သူ….ရယ်လို့ အဓိပ္ပါယ် ပေါ်လွင်ပါတယ်။


    တပ်သားသစ်အခြေခံသင်တန်း တက်ရောက်ရာမှာ စွမ်းရည်ရှိသော စစ်သည်ကောင်းတဦးဖြစ်လာဖို့ အလားအလာနည်းပါးသူလို့ သတ်မှတ်ခံရသူကို UBES ( unlikely to become efficient soldier) အနေနဲ့ တပ်သားသစ်အဖြစ်ကနေ နှုတ်ပယ်လေ့ရှိပါတယ်။
    ဘယ်ခေတ်၊ ဘယ်ကာလ၊ ဘယ်တိုင်းပြည်၊ ဘယ်လူ့အဖွဲ့အစည်းမှာမဆို အများလက်ခံထားတဲ့ သတ်မှတ်ချက် စံနှုန်းပြည့်စုံသူဟာ စစ်သားကောင်းအဖြစ် ခံယူထိုက်ပါတယ်။

    ခေတ်ပြောင်းစနစ်ပြောင်း အပြောင်းအလဲတွေ ဖြစ်ပေါ်နေတဲ့ ကျနော်တို့ မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းမှာ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် ကာကွယ်ရေး၊ လုံခြုံရေး တာဝန်တွေကို အားပြည့်အင်ပြည့် ထမ်းရွက်နိုင် သော စစ်သားကောင်းတွေ များများပေါ်ထွက်လာနိုင်ပါစေလို့ ဆန္ဒပြု ဆုမွန်ကောင်းတောင်းခြွေလျက်ပါ။

    နေမင်းသူ
    22 -2 -2013

    0 0
  • 02/22/13--18:47: အထုပ်

  •  


    by Win Ko on Saturday, February 23, 2013 at 9:44am ·ခုတလော စိတ်တို့က ဂဏှာမငြိမ် ယောက်ယက်ခတ်နေသည်။
    နှစ်ပေါင်း အတော်ကြာကြာ စွန့်ခွာခဲ့သော အမိမြေကို တဖန်ပြန်လည်အခြေချနေထိုင်လိုသော အတွေးတွေက လွှမ်းမိုးနေခဲ့သည်။
    တိုင်းပြည်အခြေအနေအရပ်ရပ်ကလည်း ကောင်းမွန်တိုးတက်လာခဲ့သလို အတိုက်အခံ အဖွဲ့အစည်းများနှင့် ပလူးပလဲ အပေးအယူမျှနေသော ကာလကြီးလည်းဖြစ်သည်။
    ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ စိတ်တို့က တိမ်တိုက်များကဲ့သို့ လွင့်မျောနေသည်။ မွန်းကျပ်နေသော စိတ်တို့ကို ဖြေလျှော့ရန်အတွက် ထုံးစံအတိုင်း အိမ်နံဘေးရှိ လက်ဖက်ရည်ဆိုင်လေးသို့ ထွက်ခွာလာခဲ့သည်။ ဆိုင်ထဲတွင် စာစောင်များ ဖတ်ရင်း အတွေးဝင်နေခိုက် နောက်ဘက်စားပွဲဝိုင်းမှ စကားသံတို့ကြောင့် မင်တက်မိစွာ နားထောင်နေလိုက်မိသည်။
    တယောက်ကစပြောသည်..  ‘နိုင်ငံရေးအခြေအနေအရ အခုပြည်ပမှာ ရပ်တည်ဖို့ မလွယ်တော့ဘူး။ ရေစီးကြောင်းတွေက ပြောင်းပြန်ဖြစ်ကုန်ပြီ။ ဒါကြောင့် ပြည်တော်ပြန်ဖို့ ခင်ဗျားတို့ စဉ်းစားကြပြီလား’ ဟု ကောက်ကာ ငင်ကာ ပြောလိုက်သည်။
    ထိုအခါ နောက်တယောက်က ‘ခင်ဗျားက သိပ်စိတ်ကူးယဉ်တတ်တာပဲ မဖြစ်နိုင်ဘူးဗျ’
    ပထမလူ.. ‘ဘာလို့ မဖြစ်နိုင်ရမှာလဲ စိတ်ကူးယဉ်တာမဟုတ်ဘူး ဒါတကယ်ဖြတ်ကျော်ရမယ့် ပြဿနာပဲ’
    ဒုတိယလူ.. ‘ဟုတ်ပါပြီ ခင်ဗျား ပြည်တွင်းပြန်မယ် ဆိုပါစို့.. တော်လှန်ရေးကို ထွက်လာတုန်းက ခင်ဗျား တယောက်တည်းရယ်။ အခု ခင်ဗျားမှာ ဇနီးနဲ့ ကလေး ၃ ယောက်.. ဘယ်သွားမှာလည်း.. ? ဘာတွေ လုပ်စားမှာလဲ.. ကလေးတွေ အနာဂတ်ကို ဘယ်လို ဖန်တီးတည်ဆောက်မလဲ.. ဥပမာ ပညာရေး၊ ကျန်းမာရေး လူမှုရေးကအစ အားလုံးဟာ ခင်ဗျား ခေါင်းပေါ်မှာ ရှိနေမှာနော်’
    ပထမလူ… ‘အေးဗျ ခင်ဗျားပြောသလိုဆိုရင် နေသားကျနေတဲ့ ဘဝကိုဖျက်ပြီး အစက ပြန်စရမှာဆိုတော့ တိမ်မယောင်နဲ့နက်၊ လွယ်မယောင်နဲ့ခက်ပြီပေါ့… ဟုတ်တော့လည်း ဟုတ်သားဗျာ..’
    ဒုတိယလူ… ‘မိဘဆွေမျိုးသားချင်းဆိုတာကလည်း သူတို့ဘဝနဲ့သူတို့ နေသားကျနေကြပြီ။ ခဏတာအလည် အပတ်ခရီးက ပြဿနာမရှိပေမဲ့ … ရေရှည်ရပ်တည်ရေးမှာတော့ ပြဿနာရှိလာနိုင်တယ်။ နွေးထွေးမှု သံယောဇဉ် ဆိုတာကလည်း အနေအနီးအဝေးနဲ့ဆိုင်သေးတယ်ဗျ။ ကျုပ်တို့က ဆွေမျိုးသားချင်း တွေကိုတောင် ယုံကြည်မှုပြန်တည် ဆောက်ယူရမယ့် ဘဝမျိုးတွေ ဖြစ်နေပြီ။ တဆက်တည်းပြောမယ်ဗျာ အရေးကြီးဆုံးက ခင်ဗျားဖြစ်ချင်တာတွေအားလုံး စိတ်တိုင်းကျ ဖြစ်စေချင်ရင်တော့ အခရာအကျဆုံးက ‘အထုပ်’ ရှိဖို့တော့ လိုလိမ့်မယ်’

    ပထမလူ… ‘ခင်ဗျား ဘာကိုဆိုလိုတာလဲဗျ.. ဘာအထုပ်ကို ပြောနေတာတုန်း…’
    ထိုအခါ ဒုတိယလူက စိတ်အချဉ်ပေါက်လာသည့် ပုံစံဖြင့် ….
    ‘ခင်ဗျားကလည်းဗျာ ပြောရတာ ဒုန်းဝေးလိုက်တာ … ငွေထုပ်ဗျ ငွေထုပ်.. မှတ်ထား။ အဲဒါမပါလို့ မဖြစ်ဘူး။ အများစု စိတ်ဝင်စားနေတာ ငွေပဲ။ တော်လှန်ရေးလုပ်ခဲ့တာ၊ အနစ်နာခံခဲ့တာ၊ တိုင်းပြည်ချစ်တာတွေနဲ့ တိုင်းနေကြတာ မဟုတ်တော့ဘူးဗျို့.. ခင်ဗျားကို ဥပမာတခုပြောပြမယ်.. ကျနော့်မိတ်ဆွေ တော်လှန်ရေး သမားကြီး တိုင်းပြည်နဲ့လူမျိုးကိုလည်း ချစ်တယ်။ သမာသမတ်လည်းကျတယ်။ အသိပညာ အတတ်ပညာ ဗဟုသုတလည်း ပြည့်စုံတယ်။ ဒါပေမဲ့ ပြည်တွင်းရောက်တော့ လူရာသွင်းမခံရဘူးဗျာ။ အဲဒါလည်း အထုပ် ပြဿနာပေါ့။ ကောင်းကင်ပေါ်က ကျလာတဲ့ ကိုယ်တော်ချောတွေကျတော့ ကြိုဆိုမယ့်လူ… ပန်းစည်းကမ်း မယ့်လူ.. အင်တာဗျူးချင်တဲ့လူတွေနဲ့ ပြည့်လျှံနေတာပဲ။ ဟိုကဖိတ်လိုက်.. ဒီကဖိတ်လိုက်နဲ့ တခမ်းတနား ပဲဗျာ။ ထူးခြားတာက သူတို့မှာ ကိုယ်ပိုင်အထုပ်တွေ ရှိနေကြတယ်။’
    ‘သူတို့ ဒီဘက်မှာ ဘယ်လိုရပ်တည် လုပ်ဆောင် သွားတယ်ဆိုတာ ခင်ဗျားတို့ ကျနော်တို့ အားလုံးအသိပဲ မဟုတ်လား။ ဒါပေမဲ့ အဲဒါတွေ ခုတော့ မှေးမှိန်သွားပြီ။ သူတို့မှာပါသွားတဲ့ အထုပ်တွေက အားလုံးကိုဖုံးဖိနိုင်စွမ်း ရှိနေသလားလို့တောင် တွေးမိတယ်။ တော်လှန်ရေး ကာလမှာ တာဝန်ထမ်းဆောင် ကြတာချင်း တူပေမဲ့ .. မတူညီတဲ့အချက်တွေ ရှိနေတယ်ဆိုတာ မြင်တတ်ဖို့ လိုတယ်ဗျာ..’ ဟု အားငယ်တိုးလျှသောအသံဖြင့် ပြောလိုက်သော စကားသံကြောင့် ပြည်တော်ပြန် အတွေးဖြင့် စိတ်ကူးယဉ်အိပ်မက် မက်နေမိသည့် ကျနော် သည်ပင် ရုတ်တရက်ဆိုသလို အတွေးကမ္ဘာမှ လန့်ဖျတ် နိုးထသွားသလို ဖြစ်မိလေတော့သည်။
    အိမ်ပြန်တော့မည်ဟု ဆိုင်အပြင်သို့ထွက်ကာ ကောင်းကင်ယံကို မော့ကြည့်လိုက်တော့ မိုးသားတိမ်လိပ် တို့အကြား ထူးထူးခြားခြား တောက်ပလင်းလက်နေသော ကြယ်တာရာတချို့ကို တွေ့မြင်လိုက် ရသည်။ စကြာဝဠာကြီးတခုလုံး အနည်းငယ်သော ထိုကြယ်စင်များကသာ အလင်းရောင် ဆောင်ကြဉ်းပေးထား သည့်နှယ်။
    လက်ရှိ မြန်မာပြည်၏ ရာသီခွင်မှာ အထုပ်ပိုက်ပြီး အိမ်ပြန်လာသူများနှင့် အထုပ်နောက်လိုက်ရင်း အိမ်ပြန် ရောက်သူတို့ ဇာတာတိုင်ထိပ်ရောက်နေ၏။

    မိုးရိပ်တိမ်လွှာ မကင်းစင်နိုင်သေးသော ညဉ့်ကာလဝယ် ရေတွက်ခြင်းငှာ မစွမ်းနိုင်သော အဝေးရောက်နယ်မှ ကြယ်တာရာတို့ အရောင်မွဲမှေးမှိန် ညှိုးလျသိမ်ငယ် မျက်ကွယ်ပြုခံရခြေပြီတကား။

    အုပ်ကြီးဖေ
    ၂၃-၂-၂၀၁၃

    0 0

    (လွန်ခဲ့သော ၂ နှစ်ခန့်က မိတ်ဆွေတဦး ရေးသားခဲ့သည့်ပို့စ်အား အမှတ်တရပြန်လည် ဖော်ပြပေးလိုက် ပါသည်)
    by Comrade Eagle on Wednesday, July 27, 2011 at 12:51pm ·
    နှင်းမကျပေမယ့် မြူတွေဆိုင်းပြီး ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ ဆောင်းနံနက်ခင်း တစ်ခုမှာ ကျွန်တော် လူတစ်ယောက်နဲ့  ဆုံတွေခဲ့ရဖူးတယ်။ တပ်မတော်သား ဘဝမှာ ရာထူးအဆင့်အတန်း အမျိုးမျိုးနဲ့ ဆုံတွေ့ရတာ၊ ခွဲခွာရတာဟာ အဆန်းမဟုတ် ပေမယ့် ဆရာကြီးအေးမင်း (အမည်ရင်း မဟုတ်) နဲ့ ဆုံတွေ့ခဲ့ရ၊ သူ့ဆီက ကြားသိခဲ့ရတာတွေကတော့ မမေ့နိုင်တဲ့ ဖြစ်ရပ်တွေပါပဲ။

    ကျွန်တော်တို့ စခန်း (ပွိုင့်-၂၉၄၈)ကို ယာယီတာဝန်နဲ့ ရောက်လာတဲ့ ခမရ(-) က တပ်ကြပ်ကြီးအေးမင်း အဲဒီ့ မနက်မှာ သတင်းပို့လာပါတယ်။ စခန်းမှာ ဆရာကြီးတို့ အဖွဲ့ ခေတ္တနေဖို့ ထိုင်ဖို့ နေရာ ချထားပေး အပြီးမှာ စကားစမည် ပြောဖြစ်ခဲ့ရာက သူ့ဘဝ တစိတ်တပိုင်းကို သိခွင့်ရခဲ့တယ်။ ကျွန်တော်နဲ့ ဆုံတဲ့ အချိန်မှာ ဆရာကြီးက အသက်(၅၀)နီးပါး၊ စစ်သက်(၃၀) ပြည့်ခါနီးပြီ။ လူပုံ ပိန်ပိန်ပါးပါး၊ စကားနည်းပြီး မျက်နှာကတော့ အမြဲတမ်း ပြုံးရောင်သမ်း နေတတ်တယ်။ မျက်နှာထားက နူးညံ့သလို စကားပြောတာကလည်း လေသံအေးအေးနဲ့ တလုံးချင်း ဖြည်းဖြည်း ပြောတတ်တယ်။ စစ်သက် (၃၀) နီးပါး ခြေလျင်စစ်သား အနေနဲ့ မြန်မာပြည် အနှံ့အပြားများ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆိုတော့ အတွေ့အကြုံတွေက အများကြီးပါ။ ဆရာကြီးနဲ့ စကားပြောရတာ၊ သူ့အတွေ့အကြုံတွေ နားထောင်ရတာဟာ ကျွန်တော်တို့ စခန်းက ရဲဘော် အားလုံးအတွက် ဘယ်တော့မှ မရိုးနိုင်ပါဘူး။ ဗမာလူမျိုး ကရင်ပြည်နယ် ဖါပွန်သား ဆရာကြီးအေးမင်းဟာ အရက်မသောက်၊ ဖဲမရိုက်၊ လောင်းကစားမလုပ် တကယ့် လူရိုးလူအေးကြီးပါ။ လူပျိုကြီး ဖြစ်ပြီး တပ်ပြင်ပမှာအမျိုးအဆွေလည်း မရှိပါဘူး၊ တပ်မတော်သည်သာ သူ့အိမ်ပေါ့။ နာမည်နဲ့လိုက်အောင် အေးတဲ့ ဆရာကြီးအေးမင်းကို သူ့ရဲဘော်တွေကလည်း တော်တော် လေးစား ရိုသေကြတာ တွေ့ရတယ်။ အိမ်ထောင်မရှိ လူပျိုကြီးဆိုတော့ ရဲဘော်တွေနဲ့ မရှိအတူ ရှိအတူ နေလာခဲ့ပြီး ရဲဘော်တွေ ငွေရေး ကြေးရေးက အစ အခက်အခဲ ရှိတိုင်း ကူညီခဲ့တဲ့သူ။


    သူ့အဖေကလည်း တပ်မတော်က တပ်ကြပ်ကြီး တစ်ဦးပါ၊ ဒါကြောင့် ဆရာကြီးအေးမင်းတို့ မိသားစုဟာ အဖေတာဝန်ကျရာ ခလရ(၁၃)ဖါပွန်မြို့ မှာ နေထိုင်ရင်း ကြီးပြင်းခဲ့တယ်။ ခလရ(၁၃)ဆိုတာကတော့ အမှတ်(၁၃)ခြေလျင်တပ်ရင်းကို အတိုကောက် ခေါ်တာပေါ့၊ တပ်ထဲမှာတော့ တခါတလေ အဲဒါကို ထပ်ပြီး လ-၁၃ လို့ အတိုကောက် ခေါ်ကြတယ်။

    လ-၁၃ မှာနေထိုင်ကြီးပြင်းခဲ့တဲ့ ဆရာကြီးအေးမင်းတို့ မိသားစု အတွက် တနေ့မှာ ကံကြမ္မာဆိုးတစ်ခုကြုံလာတယ်၊ သူ့အဖေ ရှေ့တန်းစစ်ဆင်ရေး တာဝန်ထမ်းဆောင်ရင်း တိုက်ပွဲမှာ ကျဆုံးသွားတာပါ။ အဖေမရှိတော့ဘူးဆိုတော့ တပ်ထဲမှာ နေလို့မရကြတော့ဘူး တခြားမှာလည်း နေစရာမရှိလေတော့ အဖေ့ပင်စင်နဲ့ ဂရုဏာကြေး ရတာလေးတွေ အရင်းပြုပြီး ဖါပွန်မြို့ထဲမှာ ပြောင်းနေကြတယ်။ သူတို့မိသားစုက ညီအစ်ကို နှစ်ယောက်ပါ သူက အငယ်ဖြစ်ပြီး အစ်ကို အကြီးက အထက်တန်း တက်နေရင်းကနေ ကျောင်းထွက်ပြီး မိသားစုကို လုပ်ကျွေးရှာတယ်။ ဒါပေမယ့် သိပ်မကြာဘူး အစ်ကိုဖြစ်သူက တပ်ထဲဝင်သွားပါတယ်၊ အဲဒီ့မှာ ဆရာကြီးအေးမင်းလည်း အလယ်တန်းကျောင်းသား ဘဝနဲ့ ကျောင်းက ထွက်ပြီး အမေကို ကြုံရာကျပန်း လုပ်ကျွေးရတယ်။ အစ်ကို လုပ်တဲ့သူက သူ့တပ်ကနေ တစ်နှစ်မှာ တစ်ခေါက်လောက်ပဲ သူတို့သားအမိကို လာတွေ့နိုင်တယ်။ နှစ်အနည်းငယ် အကြာမှာပဲ သူ့အစ်ကို တပ်ကြပ်ရထူးရပြီး မကြာခင် ရှေ့တန်းမှာ ကျဆုံးသွားပြန်တယ်။



    အစ်ကို ဆုံးပြီးလို့မှ မကြာခင် သူကိုယ်တိုင် သေကံမရောက် သက်မပျောက် အဖြစ်နဲ့ ကြုံရပြန်တယ်။ ဖါပွန်ဒေသကို ထိုးစစ်ဆင်ဖို့ လာတဲ့ စစ်ကြောင်းတွေက ပေါ်တာဆွဲတာကို ခံရတာပါ၊ ပေါ်တာဘဝနဲ့ ဗုံးသီးတွေ၊ ရိက္ခာတွေ ထမ်းပိုးပေးရင်း တိုက်ပွဲတွေနဲ့လည်း ကြုံလို့ ဒုက္ခတွေ အရမ်းရောက်ခဲ့ရတယ်။ တိုက်ပွဲနဲ့ကြုံလို့ အဲဒီ့စစ်ကြောင်းက ရဲဘော်တချို့ထိခိုက် ကျဆုံးတာတွေ ရှိခဲ့ပေမယ့် သေကံမရောက် သက်မပျောက်ဆိုသလို ဘေးမသိရန်မခဘဲ အိမ်ပြန်လာနိုင်ခဲ့တယ်။ ဒါပေမယ့် အိမ်မှာက တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ လင်ယောက်ျားနဲ့ သားကြီးတို့ရဲ့ စိတ်နဲ့ ဆရာကြီးအေးမင်းရဲ့ အမေဟာ ကျန်းမာရေး မကောင်းတော့ဘူး။ သူလည်း ရရာအလုပ်လုပ်ပြီး တတ်နိုင်သလောက် ကုသပေးပေမယ့် သိပ်မကြာခင်မှာဘဲ ဆုံးပါးသွားခဲ့တယ်။ ဒီတော့ အသက်နှစ်ဆယ်ကျော် အရွယ်မှာပဲ မိဘတွေရော၊ အစ်ကိုဖြစ်သူရော မရှိတော့ပြီမို့ တစ်ကောင်ကြွက်ဖြစ်ခဲ့ရတယ်။ ဒီတော့ ဘာမှ အထွေအထူး စဉ်းစား မနေတော့ဘဲ တပ်ထဲကို ခြေစုံပစ်ဝင်လိုက်တော့တယ်။

    စစ်သင်တန်းပြီးဆုံးလို့ တာဝန်ကျတဲ့ မိခင်တပ်ရင်း ရှိတဲ့ နေရာက မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့။ ဒါပေမယ့် တိုက်ဆိုင်စွာပဲ ရေစက်ဆုံပုံက သူ့ရဲ့ မိခင်တပ်ရင်းဟာ လ-၁၃ ပဲဖြစ်နေတယ်။ လ-၁၃ က ဖါပွန်အခြေစိုက်တပ်ရင်း အဖြစ်ကနေ ဒါးကွင်း ဖြစ်စဉ်ကြောင့် တပ်ရင်း တရင်းလုံး နေရာ ပြောင်းပစ်ခံခဲ့ရရာကနေ တပ်မ(၈၈) လက်အောက်ခံ တပ်အဖြစ် မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့ကို ရောက်လာတာပါ။ (ဒါးကွင်းဖြစ်စဉ် ဆိုတာကတော့ လ-၁၃က တပ်စိတ် တစ်စိတ်ဟာ ဖါပွန်မြို့နယ် ဒါးကွင်းဒေသမှာ ဒေသခံ ကျေးရွာသူတွေကို မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်ကို အထက်က သိရှိတဲ့ အခါမှာ စစ်တရားရုံးနဲ့ စစ်ဆေးပြီး တပ်စိတ်မှူးနဲ့ ကျူးလွန်သူ အားလုံးကို သေဒဏ်အပြစ်ပေးပြီး၊ တပ်ရင်းက ရာထူးကြီးသူတွေကိုလည်း အရေးယူခဲ့တယ်။ တပ်ရင်း တရင်းလုံးကိုပါ ဖါပွန်မြို့ကနေ ပြောင်းပစ်ပြီး တပ်မလက်အောက်ခံ တပ်အဖြစ် ပို့လိုက်တာပါ) စစ်သားဘဝမှာ တပ်တွေ တစ်ခုပြီး တစ်ခု ပြောင်းရတာ မထူးဆန်းပေမယ့် စစ်သားတိုင်း မိခင်တပ်ရင်းကိုသာ ပိုသံယောဇဉ်ရှိတတ်ကြတယ်။ ဒါကြောင့် ဆရာကြီးအေးမင်းလည်း သူ့အတွေ့အကြုံတွေ အကြောင်း ပြန်ပြန်ပြောရင် ရဲဘော်သစ်ဘဝက လ-၁၃နဲ့ ကယားပြည်နယ် စစ်ဆင်ရေးဝင်ခဲ့ရတုန်းက အကြောင်းတွေ အများဆုံး ကြားရလေ့ရှိတယ်။ သူနဲ့ ရေစက်ဆုံတဲ့ လ-၁၃ ကိုလည်း အတော်သံယောဇဉ် ရှိပုံပဲ။

    ရှမ်းပြည်အရှေ့ပိုင်း၊ တြိဂံဒေသကို ရောက်နေတာလည်း ၁၅ နှစ်လောက်ရှိနေပါပြီ၊ တပ်ကြပ်ကြီး လုပ်သက်တင် ၁၀ နှစ်ကျော်နေပြီ၊ ပညာအရည်အချင်းအရ တပ်ခွဲ/တပ်ကြပ်ကြီး (တပ်ခွဲရဲ့ တပ်ထောက်ကိစ္စတွေ ကိုင်ရတဲ့ သူပေါ့) လုပ်ဖို့ အရည်အချင်းမှီပေမယ့် မလုပ်ဘဲ ငြင်းပြီး တိုက်စရာ ရှိရင် ရှေ့ဆုံးကနေ အသေခံ တိုက်ရတဲ့ တပ်စုတပ်ကြပ်ကြီး ပဲလုပ်နေတာပါ။ တပ်ခွဲ/တပ်ကြပ်ကြီး ရာထူးကို မက်မောကြသူတွေ ရှိတတ်ကြပေမယ့် ဆရာကြီးအေးမင်းကတော့ စာရင်းဇယားတွေနဲ့ ခေါင်းရှုပ်မခံချင်ဘူးလို့ ဆိုတယ်၊ သူကိုယ်၌ကလည်း အလိုလောဘ အင်မတန်နည်းတဲ့ သူကိုး။ တပ်မတော်မှာ ဒုအရာခံဗိုလ် ရာထူးရဖို့က မလွယ်ကူတဲ့ ကိစ္စပါ။ ဒုအရာခံဗိုလ်(စာရေး) ဆိုရင်တော့ တမျိုးပေါ့ သူတို့ကတော့ လုပ်သက်နဲ့ လုပ်ငန်းကျွမ်းကျင်မှုပေါ် မူတည်ပြီး ပုံမှန်ရာထူးတက်သွားနိုင်တယ်။ ခြေလျင်စစ်သား တစ်ယောက်ကနေ ဒုအရာခံဗိုလ် ဖြစ်လာဖို့က အင်မတန်ခက်တယ်။ တပ်ခွဲ/တပ်ကြပ်ကြီးကနေလည်း ဒုအရာခံဗိုလ်ရာထူးကို ရနိုင်တယ်၊ ဆရာကြီးအေးမင်းတို့လို တပ်ခွဲ/တပ်ကြပ်ကြီး ရာထူးမယူတဲ့ ဖိုက်တာ တပ်ကြပ်ကြီး တွေထဲကနေလည်း လုပ်သက်ရင့်ပြီး စစ်မြေပြင် ထူးချွန်မှု ရှိတဲ့သူ အကျင့်စာရိတ္တ မှင်နီမထိထားတဲ့ လူတွေကို တပ်ရင်းမှူးတွေက ကာကွယ်ရေးဦးစီးချုပ်ရုံးအထိ တင်ပြရတယ်။ အဲဒီ့မှာ ရုံးချုပ်က အရာခံဗိုလ် ရွေးချယ်ရေး အဖွဲ့ကနေ သေချာ စီစစ်ရွေးချယ်ပြီးမှ အကျင့်သိက္ခာ စံပြဖြစ်တဲ့လူတွေ၊ စစ်မြေပြင်မှာ ထူးချွန်တဲ့ သူတွေကို ဒုအရာခံဗိုလ် အဖြစ်ရွေးချယ်တာပါ။ (ဘာကြောင့်လဲဆိုတော့ တပ်ရင်းတစ်ရင်းမှာ အရာခံဗိုလ်၊ ဒုအရာခံဗိုလ် ဆိုတဲ့ ဆရာကြီးတွေဟာ စစ်သည်အားလုံးရဲ့ စံပြ ဖြစ်နေသင့်လို့ပါပဲ။ တပ်ရင်းအရာခံဗိုလ်ဆရာကြီးတွေ ဆိုရင် အတွေ့အကြုံရင့်တာ အပြင် အကျင့်သိက္ခာကလည်း လေးစားစရာ ကောင်းတာမို့ အရာရှိငယ်တွေ ကိုယ်တိုင်က တလေးတစား ဆက်ဆံရတာပါ။)

    ဆရာကြီးအေးမင်းလည်း တပ်ကြပ်ကြီး လုပ်သက်တင် ဆယ်နှစ်ကျော်ပြီမို့ အခုချိန်လောက်ဆိုရင်တော့ တပ်ခွဲအရာခံဗိုလ် လောက် ဖြစ်နေလောက်ပီ ထင်ပါတယ်။ သူ့ဆီက ကြားခဲ့ရတဲ့ မှတ်မှတ်ရရ စကားတစ်ခွန်းတော့ ရှိတယ်။ ” ခွန်ဆာကြီး ငြိမ်းချမ်းရေး ယူသွားတာတော့ တော်တော် ကျေးဇူးတင်ပါတယ်၊ သူသာ ငြိမ်းချမ်းရေး မယူခဲ့ရင် အခုချိန် ကျွန်တော့်ကို မြင်ရမှာ မဟုတ်ဘူး” - လို့ဆိုတယ်။ ခွန်ဆာ ငြိမ်းချမ်းရေး မယူခင် ၉၆-၉၇ ထဲမှာ ရှမ်းပြည်အရှေ့ပိုင်းမှာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တဲ့ ထိုးစစ်တွေထဲမှာ သူတို့ တပ်ရင်းလည်း ပါခဲ့တယ်။ သူ့တပ်စုမှာ တပ်စုမှူးအပါအဝင် အားလုံးနီးပါး ကျဆုံးသွားတာပါ၊ ကံကောင်းလို့သာ အသက်မသေဘဲ ကျန်ခဲ့ပေမယ့် ဒီတိုက်ပွဲစဉ်ထဲမှာ သူ့ကိုယ်သူ တထစ်ချ သေမယ်လို့ သူ့စိတ်ထဲမှာ ထင်ခဲ့တယ်၊ သူ့ရဲဘော်တွေလည်း အတော်များများ ကျသွားပီ သူ့မှာ တွယ်တာစရာလည်း မရှိ မဟုတ်လား၊ ဒီနေ့ ငါမသေသေးရင် နောက်နေ့ တိုက်ပွဲမှာ သေလိမ့်မယ်လို့ပဲ စိတ်ထဲမှာ ထင်နေပြီး တိုက်ခိုက်ခဲ့ရတယ် လို့ ဆိုတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ ခွန်ဆာက တိုက်ပွဲကို မဆက်ဘဲ ငြိမ်းချမ်းရေး ယူလိုက်တယ်။ ရှမ်းပြည်အရှေ့ပိုင်းမှာ ဒေသ အတော်များများ ငြိမ်းချမ်းသွားတယ်။ တိုက်ပွဲတွင်းမှာ ကိုယ့်ကိုယ်သေပြီလို့ပဲ စိတ်ထဲမှာထားပြီး တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေလည်း အသက်အန္တရာယ်က လွတ်မြောက်သွားတယ်။



    အခုတော့ ရှမ်း(ရှေ့)တကြောမှာလည်း သေနတ်သံတွေ ပြန်ကြားလာရပီ၊ ကျွန်တော့် ဆရာကြီးလည်း တိုက်ပွဲတွေ ဝင်နေရပြန်ပီလား မသိပါ။ ဆရာကြီးကို တပ်မတော်ကနေ ကျန်းကျန်းမာမာနဲ့ အငြိမ်းစား ယူသွားတာ မြင်ချင်ပါတယ်။ ဆရာကြီးအေးမင်းကတော့ သေချာတယ်၊ အသက်(၆၀) မပြည့်မချင်း တပ်မတော်ကနေ ဘယ်အကြောင်းနဲ့မှ ထွက်ခွာလိမ့်မှာ မဟုတ်ဘူး၊ တပ်မတော်သာ သူ့အိမ်၊ ရဲဘော်တွေသာ သူ့ဆွေမျိုး ဖြစ်နေတာကိုး။ စစ်သက် ၃၀ နီးပေမယ့် သူ့မှာ တပ်မတော်ကနေ အငြိမ်းစားယူတဲ့အခါ နေဖို့ထိုင်ဖို့ စုဆောင်းထားတာ ဘာမှ မရှိသေးဘူး။ အပြင်မှာလည်း နေဖို့အိမ်လည်း မရှိ၊ ဆွေမျိုးလည်း မရှိပါ။ ဘဝကို တပ်မတော်ထဲမှာပဲ အသက်(၆၀)ပြည့်သည် အထိ တပ်တွေ တစ်ခုပြီး တစ်ခုပြောင်းရင်း ဖြတ်သန်းခဲ့တဲ့ ဆရာကြီးတွေ တပ်က အငြိမ်းစားယူတဲ့ အချိန်မှာ အပြင်မှာ နေစရာ မရှိလို့ ဒုက္ခရောက်ရတာတွေ အများကြီး ကြားဖူးပါတယ်။ အခုတော့ ကာကွယ်ရေးဝန်ကြီးဌာန ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားချက်နဲ့ စစ်မှုထမ်းဟောင်း အိမ်ရာ အစီအစဉ်တွေ အကောင်အထည်ဖေါ်နေတာ ကြားရတော့ ဝမ်းသာမိတယ်။ ဆရာကြီးအေးမင်း အပါအဝင် တကယ်ခံစားခွင့်ရသင့်တဲ့ စစ်မှုထမ်းကြီးတွေ ခံစားခွင့်ရကြပါစေလို့လည်း ဆန္ဒပြုပါတယ်။ ဘာလို့လည်း ဆိုတော့ အထက်ဌာနက စေတနာကောင်းကောင်း ရည်ရွယ်ချက် ကောင်းကောင်းနဲ့ အကောင်အထည်ဖေါ်ပေးတာကိုတောင် ကြားကနေ စစ်သည်ရဲ့ ရသင့်တဲ့ခံစားခွင့်ကို ငွေပေးမှ တင်ပေးမယ်၊ မပေးရင် ခေါက်ထားမယ်ဆိုတဲ့ ခြစားတဲ့ တပ်စာရေးတွေ ရှိတတ်လို့ပါ (စာရေးတိုင်းကို မဆိုလိုပါ၊ လေးစားထိုက်သူတွေလည်း အများကြီးပါ)။ ဆရာကြီးအေးမင်းတို့လို လူရိုးလူအေး၊ လူရည်မလည်တဲ့ စစ်သားကြီးတွေ အညစ်မခံရစေချင်ဘူး။

    ဆရာကြီးတို့ မိသားစုဟာ တပ်မတော်အတွက်၊ နိုင်ငံအတွက် ပေးဆပ်ခဲ့တာတွေ သိပ်များခဲ့ပါတယ်။ စစ်သားတစ်ယောက်ရဲ့ ဇနီး၊ စစ်သားနှစ်ယောက်ရဲ့ မိခင်၊ ဆရာကြီးရဲ့အမေဟာ ချို့ချို့ငဲ့ငဲ့ နဲ့ ဆုံးပါး သွားတာကို ကြားရတာ အတော် စိတ်မကောင်းဖြစ်မိတယ်။ တပ်မတော်က အငြိမ်းစားယူပြီးတဲ့ တနေ့မှာ ကျွန်တော့် ဆရာကြီးလည်း လောက်ငှတဲ့ အငြိမ်းစား ပင်စင်လစာနဲ့ ဂုဏ်သိက္ခာရှိရှိ၊ ကျန်းကျန်းမာမာ နေနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    လေးစားလျက်
    Comrade

    ကျွန်တော်နဲ့ တွေ့ခဲ့တဲ့ အချိန်မှာ ဆရာကြီးရဲ့ ကျန်းမာရေးက သိပ်အကောင်းလှကြီး မဟုတ်ဘူး၊ လိပ်ခေါင်းရောဂါ မကြာခဏ ခံစားနေရပြီ၊ ကျန်းမာပြီး ဘေးရန်ကင်းပါစေလို့ ဆုတောင်း မေတ္တာပို့ပါတယ် ဆရာကြီးရေ။

    (တပ်မတော်သားတွေရဲ့ ဘဝကို သိရှိလာရင် ပိုပြီး နာလည်မှုတွေ ရှိလာနိုင်တယ် ထင်လို့ တွေ့ခဲ့ဖူးတဲ့ ဆရာကြီး တစ်ယောက်အကြောင်း ရေးကြည့်တာပါ၊ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး။)

    0 0



    -by ဦး ဦး on Tuesday, February 26, 2013 at 10:17pm ·
    -
    -
    ဟိုးရှေးရှေးတုန်းက ယုန်တစ်ကောင်နဲ့ လိပ်တစ်ကောင်ဟာ ဘယ်သူကအပြေးမြန်သလဲလို့ ငြင်းကြတယ်။
    ဒါနဲ့သူတို့နှစ်ကောင်ဟာ ပြေးလမ်းတစ်ခု သက်မှက်ပြီး အပြေးပြိုင်ပွဲ လုပ်ဖို့ သဘောတူကြတယ်။
    တာလွတ်တာနဲ့ တပြိုင်နက် ယုန်ဟာ မြှားတစ်စင်း ပြစ်လိုက်သလို ပြေးထွက်သွားတယ်။
    တော်တော်ဝေးဝေး ရောက်လို့ လှည့်ကြည့်လိုက်တော့ လိပ်ကို တော်တော်ဝေးဝေးမှာ ကျန်ခဲ့ပြီ ဆိုတာသိလိုက်တယ်။


    ပန်းတိုင်ကို ဆက်မပြေးခင် ခဏတော့  သစ်ပင်အောက်မှာ အေးအေးဆေးဆေး နားလိုက်ရင် ရသေးတယ်လို့ ယုန်က တွေးလိုက်တယ်။ သစ်ပင်အောက်မှာ နားနေတုန်းမှာပဲ ယုန် အိပ်ပျော်သွားခဲ့တယ်။ ဖြေးဖြေးနဲ့ မှန်မှန်ပြေးလာတဲ့ လိပ်ဟာ အိပ်ပျော်နေတဲ့ ယုန်ကို ဖြတ်ကျော်ပြီး ပန်းဝင်သွားခဲ့တယ်။ ယုန်နိုးလာပြီး သူရုံးသွားပြီလို့ သိလိုက်တယ်။

    ဒီပုံပြင်လေးက ပြောပြတာက ဖြေးဖြေးနဲ့မှန်မှန်သာ အလုပ်လုပ်ရင် အောင်မြင်မူ့ပန်းတိုင်ကို ရောက်မယ်ဆိုတာပဲ။  ကျနော်တို့တတွေဟာ ဒီပုံပြင်နဲ့ ကြီးပြင်းလာကြတာပါ။

    အခုခောတ်မှာတော့ ယုန်နဲ့လိပ် ပုံပြင်ဟာ အရင်ကလို မဟုတ်တော့ပဲ ပြောင်းလဲ တိုးတက်လာပါတယ်။
    ဆက်ကြည့်ကြရအောင်။

    ယုန်ဟာ သူပြိုင်ပွဲရုံးတာကို စိတ်ပျက်ပြီး ထိုင်စဉ်းစားနေခဲ့တယ်။ သူအခုလိုရုံးနိမ့်ရတာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မူ့လွန်ကဲလို့၊ ဂရုမစိုက်လို့၊ အပျင်းထူလို့ ဖြစ်ခဲ့ရတယ်။ သူသာ အပျင်းမထူခဲ့ရင် လိပ်ကိုရုံးနိမ့်စရာ အကြောင်းမရှိဘူး ဆိုတာပါပဲ။ ယုန်ဟာ နောက်ထပ်ပြန်ပြိုင်ဖို့ လိပ်ကိုတောင်းဆိုတယ်။ လိပ်ကလဲ သဘောတူတယ်။
    -
    -

    -
    -
    -

    ဒီတစ်ခါပြိုင်ပွဲမှာတော့ ယုန်ဟာ လုံးဝမနားတော့ပဲ ပန်းတိုင်အထိ ဆက်တိုက်ပြေးလိုက်တာ လိပ်ကို မိုင်တော်တော်များများ ဖြတ်ချန်ထားနိုင်ခဲ့ပြီး ပန်းဝင်သွားပါတယ်။
    ဒီပုံပြင်က ပြောပြတာက မြန်မြန်နဲ့ မှန်မှန် ကြိုးစားရင် ဖြေးဖြေးနဲ့မဆုတ်မနစ် သမားတွေကို အနိုင်ရတယ်ဆိုတာပါပဲ။ ဖြေးဖြေးနဲ့ မဆုတ်မနစ် ကြိုးစားတာဟာ ကောင်းပါတယ်။ ဒါပေမယ့် မြန်မြန်နဲ့ မှန်မှန် ကပိုပြီးထိရောက်ပါလိမ့်မယ်။

    ပုံပြင်လေးက ဒီမှာမဆုံးသေးပါဘူး။

    ဒီတစ်ခါမှာတော့ လိပ်ကသူ့အရုံးကို ပြန်စဉ်းစားပါတယ်။ ပုံမှန်အတိုင်း သွားရင်တော့ ယုန်ကိုနိုင်မယ် မဟုတ်ဘူးလို့ စဉ်းစားမိပါတယ်။ လိပ်ကခဏစဉ်းစားပြီး ယုန်ကို စိန်ခေါ်ပြန်ပါတယ်။ ဒီတစ်ခါတော့ ပြေးတဲ့လမ်းကြောင်း နည်းနည်းပြောင်းပြီး ပြေးရအောင်လို့ ပြောတယ်။ ယုန်ကသဘောတူပါတယ်။

    ယုန်နဲ့လိပ် ပြေးကြပြန်ပါပြီ။ ထုံးစံအတိုင်း ယုန်ဟာ သူ့အရှိန်ကို အမြင့်ဆုံးထိတင်ပြီး မရပ်မနားပြေးပါတယ်။
    ပန်းတိုင်မရောက်ခင်နားလေးမှာတင် ချောင်းတစ်ခုခံနေလို့ ယုန် ဆက်ပြေးလို့မရတော့ပါဘူး။ ယုန်ဟာ အဲ့ဒီနားလေးမှာ ထိုင်နေပြီး ချောင်းကို ဘယ်လိုဖြတ်ရမယ်ဆိုတာ စဉ်းစားနေပါတယ်။ အဲ့ဒီအချိန်မှာပဲ လိပ်ဟာ ချောင်းကိုကူးသွားပြီး တစ်ဘက်ကမ်းက ပန်းတိုင်ဆီရောက်သွားပါတော့တယ်။
    -
    -
    -


    -
    -
    -


    ဒီပုံပြင်ကပြောပြတာကတော့ သင်တွေ့ကြူံရမယ့် အခက်အခဲကို ကြိုတင်တွက်ဆထားပါ။ အခက်အခဲကို ကျော်ဖြတ်နိုင်အောင် ပြောင်းလဲပြင်ဆင်ရမှာဖြစ်ပါတယ်။

    ပုံပြင်က မဆုံးသေးပါဘူး။

    ဒီတစ်ခါတော့ ယုန်နဲ့လိပ်ဟာ မိတ်ဆွေတွေဖြစ်သွားကြတယ်။ နှစ်ကောင်စလုံး စဉ်းစားမိတာက အတူတူ ပေါင်းပြေးရင် ပြိုင်ပွဲရဲ့ အဖြေဟာ ဒီထက်ကောင်းနိုင်မယ်ဆိုတာပါပဲ။ သူတို့ နောက်တစ်ခါပြိုင်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီတစ်ခါမှာတော့ အသင်းတစ်ခုလို ပြေးကြမှာဖြစ်တယ်။

    စပြေးကြပါပြီ။ ဒီတစ်ခါတော့ အပြေးမြန်တဲ့ ယုန်က လိပ်ကို သယ်ပြီး ကမ်းပါးထိရောက်အောင် ပြေးပါတယ်။ ချောင်းကိုဖြတ်တော့ လိပ်ကယုန်ကိုသယ်ပြီး ကူးပါတယ်။ တစ်ဘက်ကမ်းရောက်တော့ ယုန်ကလိပ်ကို သယ်ပြေးပြန်ပါတယ်။ သူတို့နှစ်ကောင်စလုံး ပန်းတိုင်ကို အတူတူဖြတ်ကြတယ်။ ဒီတစ်ခါတော့ နှစ်ကောင်စလုံး စိတ်ကျေနပ်သွားကြပါတယ်။
    -
    -
    -


    -
    -
    -

    ဒီပုံပြင်လေးကပြောပြတာကတော့ တစ်ဦးတစ်ယောက်ခြင်းတော်တာ ကောင်းပါတယ်။ ဒါပေမယ့် အသင်းအဖွဲ့လိုက် တော်တာက ပိုကျေနပ်စရာကောင်းတယ် ဆိုတာပါပဲ။ ပြိုင်ပွဲတစ်ခုမှာ အခက်အခဲတွေ့တိုင်း ကိုယ်ကမသိပေမယ့် ကိုယ့်အဖွဲ့ထဲက သူတစ်ယောက်ကတော့ ကျွမ်းကျင်နေတတ်ပါတယ်။

    “အဲ့ဒီတော့ ဒီမိုခွေးတွေ စစ်ခွေးတွေလုပ်မနေပဲ အသင်းအဖွဲ့လိုက်လုပ်ရင် စင်ကာပူတို့ နယူးယောက်တို့ကို ကျော်တက်မသွားနိုင်ဘူးလား သားတို့သမီးတို့ရေ”
    “ ကျော်တက်သွားနိုင်ပါတယ် ချာာာာာာမ”

     ဦး ဦး facebook စာမျက်နှာမှ.......

    0 0


     


    by Seaman Nayminthu on Thursday, February 28, 2013 at 10:32am ·မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုမှာ ဒေသခံရွာသားများနှင့် လုံခြုံရေးတာဝန်က ရဲတပ်ဖွဲ့တို့ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ဒေသခံများရော ရဲတပ်ဖွဲ့ဝင်များပါ ဒဏ်ရာရသည့်သတင်းက facebook စာမျက်နှာတွေမှာ နေရာယူလွှမ်းမိုးနေပြန်ပါပြီ။


    ဒဏ်ရာရသူများ၏ ဓာတ်ပုံများကို မြင်ရတာ ရင်မချိစရာ။ သွေးအလိမ်းလိမ်းနှင့် ဟက်တက်ကွဲဒဏ်ရာများ။ လူမြင်ကွင်းပေါ်ရောက်မလာသော ဒဏ်ရာပိုင်ရှင်များလည်း ထိုနည်းနှင်နှင် ဒဏ်ရာတွေ ခံစားနေရပါလိမ့်မည်။ ဘယ်သူတွေပဲ ဒဏ်ရာရ သေကြေပျက်စီးသည်ဖြစ်ပါစေ ဝမ်းသာအားရဖြစ်စရာ မဟုတ်တာ သေချာ၏။ နင်းပြားချင်း ရန်တုန့်နှင်းသည့်ပွဲ ဖြစ်နေသောကြောင့်ပင်။

    ယခုလိုကြမ်းကြမ်းတမ်းတမ်း လက်တုန့်ပြန်မှုတွေ ဖြစ်ပေါ်လာရသည်မှာ အကြောင်းတရားမဲ့ ရန်လိုမှုသက်သက် လုပ်ရပ်တွေ မဟုတ်နိုင်ပါ။ ခဲမှန်ဖူးသော စာသူငယ် နောက်တခါဖြစ်ရင် ငါဦးအောင်ဆော်မည်ဟု ဖြစ်ခဲ့ကြုံခဲ့ ဖူးသော အတွေ့အကြုံအရ ဒုတ်ဒုတ်ချင်း ဓားဓားချင်း ရင်ဆိုင်ရန် ပိုင်းဖြတ်ထားကြဟန်ရှိသည်။ စစ်တပ်ကို နေရာတကာ တာဝန်မပေးတော့သော အခြေအနေတရပ်ရောက်လာချိန်မှာ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထု ထိပ်တိုက်တိုးမှု တွေ ပိုစိပ်လာရခြင်းဖြစ်သည်။

    အဓမ္မ မြေယာသိမ်းမှု ဆန့်ကျင်တောင်းဆိုမှုတွေ အရှိန်ရလာသည့်အခါ ခေတ်အဆက်ဆက် ခံထားရသူတွေ ဒဏ်ရာဟောင်း ပြန်ကြွလာကြသည်။ သူတို့အရေးဆိုလို့ရရင် ငါတို့လည်း ဘာလို့မရရမှာလည်း ဟူသော အတွေးစိတ်တို့ နိုးကြားလာပုံရသည်။ စေစားမှုအာရုံတခု ပြည်သူလူထုအကြား ပျံ့နှံ့သွားသည့်အခါ ထုထည် အင်အားကြီးမားလွန်းလှသည့်အပြင် စနစ်တကျလေ့ကျင့်ထားခြင်း မရှိသဖြင့် သေသေသပ်သပ် ထိန်းချုပ် ကွပ်ကဲနိုင်ရန် ခက်ခဲ၏။ ထို့ကြောင့် အလွန်အကျွံ ဖြစ်မှုတွေ ကြုံတွေ့ရတတ်စမြဲဖြစ်သည်။
    ထိုအခါ ရည်မှန်းချက်ကို ဦးတည်ဖို့ ခက်သွားသည့်ပြင် ကိုယ့်တပ်ကိုယ်မနိုင်သည့် ဝန်ထုပ်ဝန်ပိုးကို ထမ်းရတတ် သည်။ ဖြစ်ပေါ်လာသော အကျိုးဆက်ကို ရဲရဲရင့်ရင့်တာဝန်ယူနိုင်သော ခေါင်းဆောင်ရှိဖို့လည်း အမှန်ပင် လိုအပ်လာပြန်သည်။ ဒီအတွက် စီမံထားကြပြီလား။

    ရှစ်လေးလုံး အရေးတော်ပုံအစမှာ စစ်တပ်က ပစ်တာခံရသည်။ ကျောင်းသားလူငယ်လေးများနှင့် ရပ်ကွက်ထဲမှ ပြည်သူတွေ သေကြေကြရသည်။ နောက်တနေ့မနက်မှာ မြောက်ဥက္ကလာပ အဝိုင်းကြီးတွင် ထပ်မံ အပစ်ခံရ ပြန်သည်။ အဲဒီနောက်နေ့ မနက်လင်းအားကြီးအချိန် မြောက်ဥက္ကလာပ မေဓာဝီလမ်းဆုံ အနီးမှာ နယ်ထိန်း ရဲတပ်ကြပ် သန်းမောင် ကို ဝိုင်းဝန်းသတ်ဖြတ် သည်မှ စတင်ကာ ခေါင်းဖြတ်သတ်မှုတွေ တန်းစီ ဖြစ်ပေါ် လာခဲ့တော့၏။ ဈဈေး လမ်းဆုံမှာ ရဲတပ်ကြပ် ညွန့်မောင် နှင့် ရဲဒုတပ်ကြပ် လှအုံးတို့ကို နေ့ခင်း ကြောင်တောင် ခေါင်းဖြတ်သတ်တာ စာရေးသူ ကိုယ်တိုင်တွေ့မြင်ခဲ့ရသည်။ ညနေ ၃ နာရီခွဲလောက်မှာ မင်္ဂလာဒုံ လေတပ်မှ လေယာဉ်သုံးစီး ကောင်းကင်ယံသို့ တက်လာပြီး စာတွေကျဲချသည်။
    ခေါင်းဖြတ်သူ၊ မီးမကျွမ်းတကျွမ်းအလောင်းမှ အသားကို ဖဲ့ယူစားသောက်သူတို့မှာ ရပ်ကွက်ထဲတွင် လူဆိုးစာရင်း ပေါက်သူများသာဖြစ်သည်။ ဆန္ဒပြသပိတ်ခေါင်းဆောင်များနှင့် သာမန်ပြည်သူလူထုက ဒီအလုပ်မျိုး မလုပ်ခဲ့။ တချိန်တည်းမှာ ယောင်ကြီးဗွေဆိုသော မိုးကျရွှေကိုယ် သူရဲကောင်းတဦးပေါ်လာ ပြန်သည်။ (ယခုတော့ အမေရိကမှာ မထင်မရှားနှင့် နိုင်ငံရေးခိုလှုံခွင့်ရနေပြီဟု သိရသည်)
    မြို့နယ်ရဲစခန်းကို မြေလှန်စနစ်ဖြင့် ဖြိုဖျက်ပစ်လိုက်ကြသည်။

    နောက်ပိုင်းနောက်ပိုင်း ခေါင်းဖြတ်သတ်ပွဲတွေ နေရာအနှံ့ဖြစ်ပေါ်လာပြီး လူထုအကြား စိုးရိမ်ကြောင့်မှု နှင့် အကြောက်တရားတွေ လွှမ်းမိုးကာ ဟိုဘက်ဒီဘက်ရပ်ကွက်ချင်းပင် သံသယနှင့် သတိထားနေခဲ့ကြရ လေသည်။ နေ့လည်ဘက် လမ်းပေါ်ထွက် ဆန္ဒပြ၊ ညဘက်ရောက်တော့ လမ်းထိပ်မှာ ကင်းစောင့် တာဝန်ယူကာ ကိုယ့်ရပ်ကွက်ကိုယ့်လမ်းလုံခြုံရေး ကိုယ့်ဖာသာ တာဝန်ယူစောင့်ရှောက်ရသည့် အခြေဖြစ် လာသည်။
    လက်ညှိုး သုံးလေးချောင်း ဝိုင်းအုံထိုးလိုက်လျှင် လူတယောက်အသက် ပုရွက်ဆိတ်ပမာ ခန္ဓာကြွေခဲ့ရ၏။ နောက်ဆုံးတော့ ပြည်သူလူထုဘဝမှာ အမှန်တရားဆိုသည်ထက် ရှင်သန်ရေးကိုသာ အဓိကအားပြုနေရသည်။ အိမ်မှာ ဆန်အိပ်တည်လျက်မရှိသော မြို့သူမြို့သားအများစု အလုပ်ကလည်းမဆင်းနိုင်၊ ဆန်ဝယ်ဖို့ပိုက်ဆံမရှိ နှင့် ဆန်ပြုတ်၊ ဆန်ကွဲထမင်းမလောက်မငှဖြင့် ဝမ်းမီးကို ငြှိမ်းသတ်နေရရှာသည်။
    အဆက်မပြတ် ဆန္ဒပြပွဲများကြောင့် အစိုးရ ယန္တယားကြီး အစိပ်အပိုင်းတချို့ ရပ်တန့်သွားရသည်ဆိုသော်လည်း သပိတ်ခေါင်းဆောင် များဘက်မှ ဌာနတခုတလေကိုမျှ အစားထိုး ထိန်းချုပ်လည်ပတ်နိုင်စွမ်းမရှိ။ အဖွဲ့တခုနှင့် တခုလည်း ဟန်ချက်ညီ တိုင်ပင်ကိုက် ချိတ်ဆက်မှုမရှိ။
    ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်လာသော တပ်မတော်သားများအပေါ်၌ပင် သဘောထား တညီတညွှတ်တည်း မရှိနိုင်ကြ။

    လူထုဟောပြောပွဲတွေကတော့ နေ့စဉ် နေရာမလပ် တွေ့နေရသည်။ စာရေးဆရာနှင့် အနုပညာရှင် အကျော်အမော်များစွာ စင်မြင့်ပေါ်တက်ဟောကြသည်။ မိုးတွင်းခေါင်ခေါင် စာပေဟောပြောပွဲများ ပမာတည်း။ သို့နှင့် တလနီးပါး အီလည်အီလည်အခြေအနေကို ဖြတ်သန်းပြီးနောက် ကောင်းကင်ယံတခုလုံး မိုးခြိမ်းသံ ညံကာ အမှောင်ကြီးကျသွားခဲ့ရသည်။
    လူထုပါဝါကို အမွှမ်းတင်ပြောဆိုလေ့ရှိကြသော်လည်း တကယ်လက်တွေ့မျက်တွေ့ လူထုအုံကြွလာသည့်အခါ လိုရာရည်မှန်းချက်ကို ဦးတည်ခေါ်ဆောင်သွားနိုင်ဖို့ ခက်ခဲကြောင်း ရှစ်လေးလုံးမှ သင်ခန်းစာတွေ တပုံတခေါင်းကြီး ထုတ်ယူနိုင်သည်။
    အာဏာကို စိတ်ကူးဖြင့် တည်ဆောက်လို့ မရ။ ရေစီးတခုမှာ တောကြောင်နှင့် အခွင့်အရေးသမားများ အလွယ်တကူ မျောပါခိုဝင် နေရာယူ သောင်းကျန်းတတ်တာကို သတိရှိရှိစောင့်ကြည့်နှိမ်နင်းဖို့တာဝန်မှာ စနစ်တကျလေ့ကျင့်ထားသော အဖွဲ့ဝင်တွေ လိုအပ်သည်။   

    ယခုလည်း လက်ပံတောင်း အနာက မြန်မာပြည် လယ်သမားထုအကြား ကူးစက်ပျံ့နှံ့သွားခြင်းဖြစ်နိုင်သည်။ အကျည်းတန်အရုပ်ဆိုးလှသော လက်ပံတောင်းသပိတ်ဖြိုခွင်းမှု တရားခံကို ပြက်ပြက်ထင်ထင် ဖော်ထုတ် အရေးမယူနိုင်ခြင်းက လူထုဒေါသကို ကြိမ်မီးအုံးသလို တငွေ့ငွေ့လောင်ကျွမ်းနေစေသည်။ အဓိက တရားခံ မည်သူဖြစ်သည်ကို သေချာဝေခွဲသိခွင့်မရသော လူထုအဖို့ ရဲတပ်ဖွဲ့မြင်လျှင် ဒေါသဝင်၏။ သမ္မတ ဘာလုပ်လုပ် အဟုတ်အမှန် မထင်နိုင်တော့။
    ဦးသိန်းစိန် ဦးဆောင်သော အစိုးရအနေဖြင့် ရဲရဲရင့်ရင့် ဆုံးဖြတ်လုပ်ကိုင်သင့်သည်။

    တကယ်တော့ လက်ပံတောင်း သပိတ်ဖြိုခွင်းဖို့ ကြိုးကိုင်ကြံစည်သူမှာ သမ္မတ မဟုတ်၊ အစိုးရအဖွဲ့လည်း မဟုတ် တစုံတဦး၏ လက်ချက်သာဖြစ်ကြောင်း ထင်ရှားစေသင့်ပြီ။ ထိုသူ၏ ထင်ရာစိုင်းလုပ်ရပ်ကို ဖုံးကွယ်နေသမျှ ထိုသူ၏မိသားစု အကျိုးစီးပွားကို ကာကွယ်ပြုနေသမျှ ကာလပတ်လုံး လူထု၏ ဒေါသမျှားဦးက အစိုးရထံ စူးစိုက်နေမှာဖြစ်ပြီး လူစုလူဝေးလှုပ်ရှားမှုကို အနီးကပ်ကိုင်တွယ်ထိန်းသိမ်းနေရသော ရဲတပ်ဖွဲ့ဝင် များလည်း မျက်နှာမဲဖြင့် သေပွဲဝင်နေရဦးမည်သာ။ ရဲတပ်ဖွဲ့နေရာတွင် တပ်မတော်ကို နေရာပေးလျှင်တော့ မြန်မာတပြည်လုံး သွေးချင်းချင်းနီဖို့သာ ရှိတော့သည်။
    လက်ပံတောင်း သပိတ်အရေးကြောင့် ရဟန်းရှင်လူပြည်သူတွေ ထိခိုက်နစ်နာခဲ့ရသလို အကျိုးစီးပွားနှင့် မပတ်သက်သူတချို့လည်း ကျိန်စာသင့် ဓားစာခံဘဝကို ရောက်ခဲ့ကြရပြီ။

    ယခုလို ညီအစ်ကိုမသိတသိ ကာလမှာ အာလူးကြော် တက္ကသိုလ်တွေ မှိုပွင့်ပမာ နေရာအနှံ့ အပြိုင်းအရိုင်း ထိုးထွက်လာနေတာကို တွေ့မြင်နေရ၏။  
    အာလူးကြော် တက္ကသိုလ် ဟူသည် ဗိုလ်လိပ်ပုရေးသော တပ်တွင်းပုံပြင်များ စာအုပ်ထဲမှ စာတပုဒ်ဖြစ်သည်။ အင်္ဂလိပ်စာ သင်ယူလိုသော ရဲဘော်များကို အင်္ဂလိပ်စာတတ် ဆရာကြီးတဦးက အင်္ဂလိပ်စာ သင်တန်းပို့ချ သင်ကြားပေးမည်ဆိုကာ လူစုပြီး သင်တန်းဖွင့်သည်။ အင်္ဂလိပ်စာသင်ကြားရာ၌   ဖြတ်လမ်းမှ လျှင်မြန်စွာ တတ်မြောက်ရန် ကိုယ်နှင့်နေ့စဉ်ရင်းနှီးနေကျ ဝေါဟာရများမှ အစပြုသင်ယူလေ့လာရမည်ဆိုလျက် စစ်သားများ လက်လှမ်းမီဆုံး RUM စကားလုံးမှ စတင်သင်ကြားသည်။ ထိုစကားလုံးကို အခါခါရွတ်ဆို ခိုင်းသည်။ အထပ်ထပ် ရေးသားခိုင်းသည်။ တခါတည်း ရသမြောက်စွာ စွဲမှတ်မိအောင် အာလူးကြော် ကြော်ခိုင်းကာ အာမီရမ်နှင့် မြည်းစမ်းပြသည်။ နောက်တနေ့လည်း ထို RUM စာလုံးကိုသာ ထပ်ရေးခိုင်းကာ လက်ညောင်စိတ်ပမ်းလာချိန် မှာ အာရုံအပြောင်းအလဲဖြစ်အောင် အာလူးကြော်ခိုင်းသည်။
    သင်တန်းသားတွေ ဗလာစာအုပ် တအုပ်ကုန်သွားပြီ RUM ဝေါဟာရက မတက်နိုင်သေး။ သင်တန်း၏ ရိုးအီမှု ဒဏ်ကို မခံနိုင်တော့ သင်တန်းသား တယောက်ပြီးတယောက် သင်တန်းကို စွန့်ခွာသွားသဖြင့် သင်တန်းပိတ် လိုက်ရသည်။ သင်တန်းသားအားလုံး အင်္ဂလိပ်စာနှင့်ပတ်သက်လို့ RUM တလုံးသာ မှတ်မိသော်လည်း အာလူးကြော်နည်းမှာတော့ တက္ကသိုလ် ဘွဲ့တခုပေးရလောက်အောင် ကျွမ်းကျင်တတ်မြောက်သွားသည် ဟူ၏။

    ယခုလည်း နယ်လှည့်ကွန်ပြူတာသင်တန်းသားတွေ နင်းဂျားဂိမ်းအဆော့များကာ နင်းဂျား ဓားသိုင်းသမားတွေ ဖြစ်ကုန်ပြီထင့်။
    မအူပင်မြို့နယ်အတွင်းက ပွဲဦးထွက်စာရင်းမှာပင် ဒဏ်ရာရ ရဲသားဦးရေက ဒေသခံအရပ်သားဦးရေထက် များပြားနေသည့်သတင်းထွက်ပေါ်နေပြီး နင်းဂျား ဓားဒဏ်ရာဖြင့် ရဲသားတယောက် အသက်ပျောက်ခဲ့ရပြီ။
    အခြေအနေတွေ ဒီထက် တာရှည်ပြင်းထန်လာလျှင် အလားအလာက ကျားစာဖြစ်ဖို့များနေပြီဟုသာ ပွင့်ပွင့်လင်းလင်း သုံးသပ်တင်ပြလိုက်ရပေသည်။

    နေမင်းသူ
    ၂၈-၀၂-၂၀၁၃

    0 0

    by Ter Tee on Wednesday, February 27, 2013 at 9:23pm ·
    ချေဂွေဗားရားပုံ တီရှပ်အောက်က
    လူငယ်တစ်ယောက်ရင်ထဲ
    ဘယ်သူတွေများ ၀င်ကြည့်ဖူးပါသလဲ

    လောကအပေါ် အစာမကြေသမျှ
    ဦးထုပ် နောက်ပြန် ဆောင်းတယ်
    ကဗျာရေးတယ်
    သတ္တိဆိုတဲ့စာတန်းတက်တူးထိုးထားတယ်
    သွေးစုနာတစ်လုံးလို စူထွက်နေတဲ့
    ခေတ်ရဲ့ခံစားချက်တွေကိုတော့
    ဂစ်တာတစ်လက်ထဲထည့်
    ရိုက်ခွဲပစ်လိုက်တယ်
    ဒီလိုပါပဲ
    လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်
    သံသရာကိုလည်ပတ်
    လမ်းထိပ်
    ကွမ်းယာဆိုင်က ကောင်လေးလည်း အဆင်မပြေဘူး
    ငါလည်း အဆင်မပြေဘူး
    ကမ္ဘာလည်း အဆင်မပြေဘူး
    ဆိုတော့
    အဆင်မပြေဘူးပေါ့
    ဆိုတော့
    ဒါ အရသာပေါ့
    သေခြင်းတရားကလွဲလို့
    အရာရာ
    အဆင်မပြေခြင်း မီးခိုးများသာ
    တို့ဘ၀ တို့ကမ္ဘာ
    နိုင်ရာစား ဥပဒေသတွေနဲ့
    ဤကို ကျွဲလုပ်စီးတဲ့ခေတ်မှာ
    ကျီးပေါင်းတက်နေတဲ့
    ငါ့လက်ထဲက အမှန်တရား
    ဘယ်သူမှ ဈေးဆစ်လို့ မရဘူး။



    -ရိုးဒီ
    ကလျာမဂ္ဂဇင်း


    Unlike· · ·

    0 0




    by Wai Maw on Saturday, March 2, 2013 at 8:44am ·
    အစိုးရတွေ၊ ခေတ်တွေ၊ စနစ်တွေ ဘယ်လိုပြောင်းပြောင်း လယ်သမားတွေဘဝ မျောက်လောင်းက မျောက်လောင်း…. နွားနဲ့ဖက်ရုန်း ထွန်တုံးခြေကန် ဘဝက မပြောင်းလဲ မလွတ်မြောက်နိုင်သေးပါလား….

    လယ်သမား အခွင့်အရေးအတွက် မှန်မှန်ကန်ကန် ဦးဆောင်တိုက်ပွဲဝင်ပေး နိုင်သော ခေါင်းဆောင်ကောင်းများ အမှန်ပင် လိုအပ်နေပါပြီ….



    0 0

    ( တောင်သူလယ်သမားနေ့ အမှတ်တရ )

    by Ko Baloi on Saturday, March 2, 2013 at 6:54am ·


    ( မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အမှတ်တရ )
    လက်ရှိ- တပ်မတော်ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရနှင့် တာဝန်ရှိ အစိုးရအာဏာပိုင်များအား အကြံပြုလိုသည်မှာ


    ခေတ်အဆက်ဆက်မြန်မာနိုင်ငံတွင် နည်းမျိုးစုံနဲ့ ဘိုးဘွားပိုင်လယ်မြေများအား   မတရားသိမ်းဆည်းခံထားရခြင်းကိစ္စနှင့်  ပတ်သက်၍သော်
    လည်းကောင်း၊ အစိုးရအာဏာပိုင်များနှင့်ပေါင်းပြီး ခရိုနီများမှ လယ်မြေများကိုဈေးချိုချိုနှင့်ပေးဝယ်၍ အာဏာအလွှဲသုံးစားလုပ်ထားကြသည့်
    လယ်မြေကိစ္စနှင့် ပတ်သက်၍သော်လည်းကောင်း၊ စစ်တပ်များမှအာဏာကို အလွဲသုံးစားပြုပြီး သိမ်းဆည်းထားသည့် လယ်မြေများကို သီးစား
    ပြန်လည်ဌါးစားထားသည့်  ကိစ္စရပ်များနှင့် ပတ်သက်၍သော်လည်းကောင်း  လယ်မြေကိစ္စရေးရာများနှင့်ပတ်သက်ပြီး   အမျိုးမျိုးအဖုံဖုံ ဆန္ဒ
    တောင်းဆိုမှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွါးနေပါသည်။

    ပထမအနေနဲ့ လက်ရှိတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ သမ္မတ- ဦးသိန်းစိန်၊ ဒု- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာပိုင်များအားလုံးကို သိစေ
    လိုသည်မှာ    ဒုက္ခရောက်နေကြတဲ့ တောင်သူလယ်သမားတွေဟာ အကယ်၍ သူတို့ဆီမှာ လုပ်စရာလယ်မြေတွေရှိပြီး အေးအေးလူလူနေ-
     နေထိုင်ရလျှင် ယ္ခင်- အစိုးရက အာဏာကိုမတရားအလွန်အကျွံသုံးပြီး မင်းမဲ့စရိုက်ဆန်ဆန် သိမ်းဆည်းထားတဲ့လယ်မြေတွေကို ထိပ့်တိုက်
    ရင်ဆိုင်မှုတွေပြုကာ အရိုက်နှက်အပစ်ခံပြီး အသားအနာခံ-  အသေခံ- အမှုအဖြစ်ခံကာ လာရောက်ကာ  ပြန်တောင်းဆိုနေမှာမဟုတ်ဘူးဆို
    တာသေချာပါသည်။ သုံးမကုန် ဖြုန်းမကုန်ကြတဲ့ ချမ်းသာအတိနှင့် လူတွေကသာလျှင် အာဏာပိုင်တွေနဲ့ ပေါင်းပြီး အရှက်ကြောက်မဲ့စွာ ဆင်ရဲနွမ်းပါးတဲ့ တောင်သူဦးကြီးတွေရဲ့ လယ်မြေများကို နည်းလမ်းပေါင်းစုံနဲ့ ဈေးချိုချိုပေး၍တမျိုး၊ ၃ နှစ်စာချုပ်ကို ၁၀ နှစ်စာချုပ်ပြုလုပ်ကာ
    စာချုပ်လိမ်လည်၍တဖုံ၊ အဓမ္မသိမ်းဆည်း၍တမျိုး လိမ်လည်နည်းအမျိုးစုံနဲ့ ကလိန်ကကျစ်ကျကာ ရိုးသားတဲ့ တောင်သူဦးကြီးတွေအပေါ်
    ဥပဒေမဲ့ပြုလုပ်နေကြတာဖြစ်ပါတယ်။ ဒီ- မတရားသဖြင့် လယ်ဟာမြေတွေသိမ်းဆည်းထားတဲ့ကိစ္စကို တရားမဝင်အာဏာရှင်အစိုးရကလွဲပြီး ဘယ်အစိုးရတက်တက် တောင်သူလယ်သမားတွေရဲ့အရေးကို ဥပဒေနဲ့အညီ ဘက်လိုက်မှုမရှိစေပဲ ဦးစွာအမြန်အကောင်ထည်ဖော်ကိုင်သွယ်
     ဖြေရှင်းပေးရမည်ဖြစ်သည်ကို လက်ရှိ- အစိုးရနှင့် အစိုးရအာဏာပိုင်များအား ဦးစွာသိစေလိုပါသည်။ ဆိုလိုသည်မှာ နည်းမျိုးစုံးနဲ့ မတရားသိမ်း
    ဆည်းထားသည့် လယ်ယာမြေကိစ္စကို ဦးစားပေးအဆင့်အနေနဲ့ အစိုးရအာဏာပိုင်များ၊ တတ်သိပညာရှင်များ၊ ဘာသာရေး၊ လူမှုရေးနယ်
    ပယ်မှ အစရှိတဲ့ အလွှာပေါင်းစုံပါဝင်တဲ့ လယ်သမားရေးရာဖြေရှင်းပေးမယ့် ဆပ်ကော်မီတီတရပ်ဖွဲ့ကာ လယ်သမားအရေးတွေကို စိတ်ရင်းစေ
    တနာကောင်းထားပြီး ကူညီဖြေရှင်းပေးသင့်ပါသည်။ ပြီးတော့....ပွင့်လင်းခါစရှိလာသေးတဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့
    တည်ငြိမ်အေးချမ်းရေးအတွက် ဘယ်အဆင့်တွေကိုအရင်ကျော်လွှားပြီးဖြေရှင်းသင့်/ ဖြေရှင်းထိုက်သလဲဆိုတာတွေကို ဦးစားပေး နိုင်ငံရေးလုပ်
    ငန်းစဉ်တွေအဖြင့် အစိုးရကချမှတ်ဆောင်ရွက်အကောင်အထည်ဖော်ချမှတ်သွားဖို့လိုပါလိမ့်မယ်။

    နှစ်ပေါင်းများစွာ ဖိနှိပ့်ရက်စက်မှုအမျိုးမျိုးအောက်မှာ ကိုလိုနီခေတ်ကတဖုံ၊ ဖက်ဆစ်ရောက်တော့တမျိုး၊ နေဝင်း- စောမောင်- ခင်ညွှန့်- သန်း

    ရွှေ အာဏာသိမ်းတော့ ပိုဆိုးလာတဲ့တိုင်ပြည်မှာ  လယ်သမားတွေဟာ လယ်ထွန်ရင်း၊ စပါးစိုက်ရင်း ဆန်မဝယ်စားနိုင်တဲ့ ဘဝသို့ရောက်ရှိသွား
    သည့် တောင်သူလယ်သမားများစွာရှိပါကြသည်။ ကိုလိုနီခေတ် ချစ်တီးများက အာဏာပိုင်းများနှင့်ပေါင်းကာ လယ်သိမ်း- ယာသိမ်း- သမီးပါ
    အသိမ်းခံခဲ့ရကြသည့် တောင်သူဦးကြီးများသည်၊ ဖက်ဆစ်ခေတ် သူပုန်လို့ မတရားစွတ်စွဲကာ ညှင်းပမ်းသတ်ဖြတ်ခြင်းကိုခံခဲ့ကြပြီး။ မဆလ
    ခေတ် တာဝန်မကျေသည့် တောင်သူဦးကြီးများဟုဆိုကာ ထောင်တွင်းအကျဉ်းချ ရိုက်နှက်ညှင်းပမ်းမှုတွေကိုလည်း ခံခဲ့ရကာ၊ ( နဝတ ) ( နအဖ ) လက်ထက်တွင် လယ်မြေများကို နည်းမျိုးစုံနဲ့ မတရားအသိမ်းခံခဲ့ကြရပါသည်။ ထိုသို့-  ခေတ်အဆက်ဆက် မတရားညှင်းပမ်းဖိနှိပ့်အုပ်ချုပ်
    မှုအောက်တွင် ဒုက္ခပေါင်းစုံတို့ကို ခါးစီးခံခဲ့ကြရသည့် တောင်သူဦးကြီးများသည် လွတ်လပ်မှုရဲ့ အရသာကိုမွန်သိပ့်ဆာလောင်လာကြသည်မှာ
    ဓမ္မတာပင်ဖြစ်သည်။  လွတ်လပ်မှုတွေပျောက်ဆုံးနေကြတဲ့   လယ်သမားလူတန်းစားတွေကို     လူနေမှုအဆင့်အတန်းတွေမြှင့်မားလာအောင်
    လက်ရှိအစိုးရနဲ့ ကျနော်တို့တတွေကြိုးစားဖြေရှင်းပေးရပါလိမ့်မယ်။ တောင်သူဦးကြီးတွေရဲ့ဘဝ  ဆင်းရဲတွင်းကလွတ်ကင်းဖို့၊ တောင်သူဦးကြီး
    တွေရဲ့ဘဝ  အဖိနှိပ့်ခံဘဝကနေလွတ်မြောက်လာကြဖို့ ကျနော်တို့တတွေအားလုံး သူတို့တတွေကို ကယ်တင်ကြရပါလိမ့်မယ်။ သူတို့တတွေကို အဖိနှိပ့်ခံဘဝနဲ့ ဆင်းရဲတွင်းထဲမှာကျနော်တို့တတွေ    အကြာကြီးပစ်ထားလို့မသင့်တော်သလို...အကြာကြီးပစ်ထားလို့လည်းမရပါဘူး။ ဖိနှိပ့်
    ချုပ်ချယ်မှုနဲ့   ဆင်းရဲတွင်းထဲမှာကိုယ့်လူမျိုးတွေကို- ကိုယ့်လူမျိုးတွေကိုယ်တိုင် အဲဒီလိုလုပ်တာဟာ  နဘေးကလည်းကြည့်လို့မကောင်းသလို...
    ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် မသင့်တော်ပေ။ ထို- မတရားသည့်လုပ်ရပ်များကြောင့် အချင်းချင်းပဲ နားလည်မှုတွေထပ်ကွဲလွဲကာ အပြန်
    အလှန် ပြဿနာတွေတက်ကာ ကိုယ့်လူမျိုးတွေပဲ ဘေးဒုက္ခဆိုးတွေနဲ့တိုးပြီး ဒုက္ခတွေရောက်နေကြရပါတယ်။ အဲဒီဘဝဆိုးတွေကနေ ကျနော်
    တို့တတွေ ရုန်းထွက်ဖို့တော့ အမှန်တကယ်လိုအပ်နေပါသည်။ အဲဒီဘဝဆိုးတွေထဲကနေအမြန်ဆုံးလွတ်မြောက်ဖို့ဟာ အပြန်အလှန်နားလည်
    မှုတွေယူတဲ့ နိုင်ငံအရေးကိုဝိုင်းဝန်းလုပ်ဆောင်သွားကြဖို့လိုပါသည်။ ဒါ့အပြင် ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကာလမှာ မလိုလားအပ်တဲ့ အကြမ်း
    ဖက်နှိမ်နင်းမှုတွေမဖြစ်စေဖို့နဲ့ သွေးထွက်သံယိုမှုနည်းသထက်နည်းအောင် ဖေးဖေးမမနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အရေးလုပ်ငန်းစဉ်တွေမှာ အစိုးရ
    ကနေ၍ တတ်သိပညာရှင်များ၊ နိုင်ငံ့အရေးကျွမ်းကျင်သူများနှင့် ပူးပေါင်းတိုင်ပင်ကာ ဝိုင်းဝန်းလုပ်ဆောင်ညှိ့နှိုင်းအဖြေရှာသွားကြဖို့လည်း ဒီနေရာမှာအရေးကြီးပါတယ်။

    တိုင်းပြည်တရားဥပဒေမစိုးမိုးမှီစပ်ကြား၊ တိုင်းပြည်တည်တည်ငြိမ်ငြိမ်နဲ့ အေးချမ်းမှုတွေဖြစ်ပေါ်လာစေဖို့ အစိုးရမှနေ၍ တောင်သူလယ်သမား
    အရေး၊ အလုပ်သမားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့စေဖို့  တတ်သိပညာရှင်များနှင့်  နိုင်ငံတကာအရေး
    ကျွမ်းကျင်သူတွေကို ခေါ်ယူပြီး အစိုးရမှတာဝန်ရှိသူအာဏာပိုင်များနှင့် ပူးပေါင်းကာ တိုင်းပြည်တည်တည်ငြိမ်ငြိမ်ဖြစ်ပေါ်လာအောင် ကိုင်
    သွယ်ဖြေရှင်းပေးဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုင်သွယ်ဖြေရှင်းနေလျှင် အဖြေမှန်ကိုလည်းရရှိမှာမဟုတ်သလို...မလို
    လားအပ်တဲ့ ဆိုးကျိုးတွေသာဖြစ်ပေါ်လာဖို့များပါတယ်။ ဒီနေရာမှာ အစိုးရကို နိုင်ငံရေးအကြပ်အတည်းတွေဖြစ်ပေါ်လာစေမယ့် အတင်းအ
    ကြပ်တောင်းဆိုမှုတွေမပြုကြဖို့ကိုလည်း သတိချပ်ဖို့လိုပါတယ်။ ဆိုလိုတာက နှစ်ဖက်တင်းမာမှုတွေဖြစ်ပေါ်လာရင် ဖြစ်ပေါ်လာမယ့်အဖြေရ
    လဒ်က ဆိုးကျိုးဘက်ကိုဦးတည်ဖို့များနေမှာဖြစ်လို့ပါပဲ..။ အဖြေတခုခုရရှိဖို့ အချိန်တခုပေး၍ စောင့်စားပြီးကာမှ အလုပ်လုပ်ကြဖို့ မေတ္တာရပ်ခံလို
    ပါတယ်။ အကယ်၍ တရားသဖြင့်တောင်းဆိုမှုတွေမဖြစ်ခဲ့ရင် တိုက်ပွဲသဏ္ဍန်ပြောင်းပြီး အကြမ်းမဖက်တဲ့နည်းလမ်းတွေကိုအသုံးပြုကာ အလံ
    မလဲပဲ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့လိုပါတယ်။ ဘယ်နိုင်ငံမဆို အပြောင်းလဲတွေဟာ သူ့အလိုလိုနဲ့ ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ လိုရာခရီး
    မရောက်မှီ အားပြိုင်မှုတွေအကြား ပေးဆပ်မှုတွေရှိနေဦးမှာကို သတိချပ်ရပါလိမ့်မယ်။ အဲဒီပေးဆပ်မှုတွေဟာလည်း တိုင်းပြည်ရဲ့ အနာဂတ်
    ခရီးချောမွေ့ဖြောင့်ဖြူးကောင်းမွန်လာစေဖို့ပဲဖြစ်ပါတယ်။ တကယ်တော့ စစ်မှန်တဲ့တောင်သူဦးကြီးတွေဆီမှာ ရိုးသားတဲ့ ဂုဏ်သာရှိပါတယ်။ ဝိ
    သမလောဘဇောလည်းမရှိဘူး။ ချမ်းသာနေသည့် လူတန်းစားများကသာ ဝိသမလောဘဇောကို အဆုံးမသတ်နိုင်ပဲ၊ ဘာမှမရှိတဲ့  ရိုးသားတဲ့
    တောင်သူဦးကြီးတွေဆီကမှ မတရားခေါင်းပုံဖြတ်ချင်တယ်ဆိုတော့ စဉ်စားကြည့်ပေါ့....ဗျာ။

    နိဂုန်းချုပ်အနေနဲ့ လက်ရှိ- တပ်မတော်ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရနှင့် အာဏာပိုင်များအား အကြံပြု ပြောကြားလိုသည်မှာ ဘယ်
    တိုင်းပြည်မှ တစ်ဦးကောင်း တစ်ယောက်ကောင်းစနစ်နဲ့ တိုင်းပြည်တိုးတက်ကောင်းမွန်လာအောင် တည်ဆောက်လို့မရပါ။ လက်ရှိ- တိုင်းပြည်
    တိုးတက်ဖွံ့ဖြို့းရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်း- တရားဥပဒေစိုးမိုးလာစေရန်အတွက် အစိုးမှ ပြည်သူနဲ့ ပူးပေါင်းပြီး ဒီမိုကရေစီစနစ်ကို ဦး
    တည်စေမယ့် ကောင်းမွန်လာတဲ့ အုပ်ချုပ်မှုစနစ်ပေါ်ပေါက်လာစေရန် လူထုလူတန်းစားအလွှာအသီးသီး အားလုံးပါဝင်ပတ်သက်နိုင်တဲ့ နိုင်ငံ
    ရေးအခင်းအကျင်းကို ဖန်တီးပေးဖို့လိုနေသေးကြောင်း အကြံပြုရေးသားတင်ပြ ပြောကြားလိုက်ပါသည်။

    ( ကိုဗလိုင် )

    မတ်လ ၂ ရက်နေ့တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့အား
    ဤအကြံပြုဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။
    ( တောင်သူဦးကြီးများ ဆင်းရဲခြင်း လွှတ်ကင်းကြပါစေ..။ )
    ( တောင်သူဦးကြီးများ ဖိနှိပ့်မှုအောက်မှ လွတ်မြောက်ပါစေ..။ )
    ( မြန်မာနိုင်ငံရှိ ပြည်သူပြည်သားများ ဘဝဆိုးမှ အမြန်ဆုံးရုန်းထွက်လွတ်မြောက်နိုင်ကြပါစေ..။ )
    47Like· ·

    0 0

     




    by Ter Tee on Saturday, March 2, 2013 at 3:25pm ·
    တောင်အမေရိကတိုက်မှာ ဒုတိယအသေးဆုံးနိုင်ငံလေးဖြစ်ပေမယ့် အဖွံ့ဖြိုးဆုံး တိုင်းပြည်တစ်ပြည်အဖြစ် ရပ်တည်နေနိုင်တဲ့ ဥရုဂွေးနိုင်ငံရဲ့ လက်ရှိသမ္မတကတော့ အသက် ၇၇ နှစ်အရွယ် Jose Alberto Mujica Cardano ဖြစ်ပါတယ်။ သူ့ကို ကမ္ဘာ့အရက်ရောဆုံးနဲ့ အဆင်းရဲဆုံးသမ္မတအဖြစ် လူသိများထင်ရှားပါတယ်။ အဲဒီလို နာမည်ကျော်ကြားရတဲ့ အကြောင်းရင်းကတော့ သမ္မတ Mujica ဟာ သူရတဲ့လစာရဲ့ ၉၀ ရာခိုင်နှုန်းကို လစဉ်လှုဒါန်းလေ့ရှိတာကြောင့်ဖြစ်ပါတယ်။

     
    Mujica ကို ၁၉၃၅ ခုနှစ် ၊ မေလက ဥရုဂွေးနိုင်ငံမြို့တော် Montevideo မှာ မွေးဖွားခဲ့ပါတယ်။ သူ့အသက် ငါးနှစ်အရွယ်မှာ လူမွဲစာရင်းခံယူခဲ့တဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာကြောင့် ဘ၀ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ Mujica ဟာ အရွယ်ရောက်လာချိန်မှာတော့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ၀န်ကြီးတစ်ယောက်ဖြစ်ခဲ့သလို လွှတ်တော်အမတ်တစ်ယောက်လည်း ဖြစ်ခဲ့တဲ့ Mujica ဟာ ၂၀၀၉ ခုနှစ် သမ္မတရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီး ၂၀၁၀ပြည့်နှစ် ၊ မတ်လ ၁ ရက်နေ့မှာတော့ ဥရုဂွေး သမ္မတဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အထိ သမ္မတ တာဝန်ကို ထမ်းဆောင်မှာဖြစ်တဲ့ Mujica ဟာ သူ့လိုပဲ လွှတ်တော်အမတ်တစ်ယောက်ဖြစ်တဲ့ Lucia Topolansky နဲ့ ၂၀၁၅ ခုနှစ်ကတည်းက လက်ထပ် ထိမ်းမြားခဲ့ပေမယ့် သားသမီးတော့ မထွန်းကားခဲ့ပါဘူး။




    ဥရုဂွေး သမ္မတကြီး Jose Mujica နှင့်သူ၏ ဇနီး








    သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမိန့်ခွန်ပြောစဉ်




    သမ္မတ Jose Mujica ၏ ဇနီး လွှတ်တော်အမတ် Lucia Topolansky




    ရက်ရောစွန့်ကြဲမှုကြောင့် နာမည်ကျော်ကြားတဲ့ Mujica ဟာ သူ့ရဲ့လခ အမေရိကန်ဒေါ်လာ ၁၂၅၀၀ ထဲက သူ တစ်လတာသုံးစွဲဖို့ ဒေါ်လာ ၁၂၅၀ ကိုသာချန်ထားပြီး ကျန်ငွေအားလုံးကို လှုဒါန်းပစ်သူဖြစ်ပါတယ်။ အလှုအတန်းရက်ရောသူဖြစ်ပေမယ့် Mujica ဟာ ဘာသာတရားကို ယုံကြည်သက်ဝင်သူ တစ်ယောက်တော့ မဟုတ်ပါဘူး။ Mujica ရဲ့ ဘ၀ကြင်ဖော် ဇနီးသည်ဟာလည်း သူ့လိုပဲ လစာရဲ့ တစ်စိတ်တစ်ပိုင်းကို လှုဒါန်းလေ့ရှိသူဖြစ်ပြီး အသွင်တူတဲ့ သူတို့ဇနီးမောင်နှံဟာ နိုင်ငံတော်ကပေးတဲ့ သမ္မတအိမ်တော်မှာမနေဘဲ ဇနီးသည် အမည်ပေါက်တဲ့ Montevideo မြို့စွန်က လယ်တောအိမ်လေးမှာပဲ ခွေးကလေးတစ်ကောင်နဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပန်းတွေစိုက်ရင်း နေထိုင်ကြပါတယ်။








    သမ္မတကြီး နေထိုင်သော ယာတောအိမ်ကလေး































    Mujica ဟာ ငွေအိပ်နှံထားတဲ့ ဘဏ်စာရင်းလည်းမရှိ ၊ အကြွေးလည်းမရှိရုံမက ပိုင်ဆိုင်မှုအဖြစ် Volkswagen Beetle ကားဟောင်းလေးတစ်စီးသာ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာမှာ ရှာမှရှားတဲ့ လေးစား အတုယူဖွယ် သမ္မတကြီးလို့ ဆိုနိုင်ပါတယ်။















    ပုတက် ဂျာနယ်
    အတွဲ ၂ အမှတ် ၄၀
    ၁၈ အောက်တိုဘာ ၂၀၁၂
    12Unlike· ·

    0 0

    by Ter Tee on Friday, March 1, 2013 at 11:57pm ·
    ကမ္ဘာကြီးဟာ ခုချိန်ထိ
    ရေကြည်ရာ မြက်နုရာ ...



    ကမ္ဘာကြီးဟာ ခုချိန်ထိ
    အားရှိသူတွေသာ အသက်ရှင် ...


    ကမ္ဘာကြီးဟာ ခုချိန်ထိ
    ကြိုးညှိမရသော တူရိယာ
    အန္တရာယ်ရှိသော ကဗျာ


    ကမ္ဘာကြီးဟာ ...
    ကမ္ဘာကြီးဟာ ...
    ကမ္ဘာကြီးဟာ ခုချိန်ထိ
    လူရိုင်းရွာ .... ။







    ကြည်မောင်သန်း
    နိုဝင်ဘာ ၂၀၀၅
    Beauty Max








    0 0
  • 03/02/13--18:37: ပညာသည်




  • by Lu Cifer on Saturday, March 2, 2013 at 8:53am ·
    မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေးတွင် ပြတ်နေသေးသော ကွင်းဆက်တစ်ခုမှာ ပညာသည် ဖြစ်သည်။ အလုပ်လုပ်လျှင် ကျွမ်းကျွမ်း ကျင်ကျင် သေသေသပ်သပ် စေတနာပါပါဖြင့် လုပ်တတ်ကိုင်တတ်သူ သည် Professional၊ ပညာသည် ဖြစ်သည်။ ထိုသို့ အကောင်းဆုံး လုပ်ကိုင်ခြင်း၊ လုပ်ကိုင်ခြင်းကို မြတ်နိုးခြင်းသည် ပညာသည် ပီသခြင်း သို့မဟုတ် ပညာသည် ဝါဒ ဖြစ်သည်။


    ပီပီပြင်ပြင် သေသေသပ်သပ် စေတနာပါပါ လုပ်တတ်ကိုင် တတ်သည့်အကျင့် မွေးမြူပေးရေး၊ တစ်နည်း ပညာသည်များ ပေါ်ထွန်း လာရေးသည် မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေးတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့နှင့် တန်းတူ အရေးကြီးသည်။

    “ပညာသည်” သည် အလုပ်ကို ကျွမ်းကျင်သည်။ မတတ်မသိသေး လျှင်လည်း မိမိဘာသာရပ်၊ အလုပ်အကိုင်ကို သိအောင်၊ တတ်အောင် အဘက်ဘက်က လေ့လာ ဆည်းပူးခြင်းဖြင့် သူသည် ပိုင်နိုင်ကျွမ်းကျင် လာသည်။

    ပညာသည်ဝါဒ ကြီးစိုးသောနိုင်ငံတွင် ဝန်ဆောင်မှု၊ ကုန်ပစ္စည်းတို့ အရည်အသွေး မြင့်မားသည်။ အောင်မြင်သော နိုင်ငံတိုင်းတွင် ပညာသည် ဝါဒ ကြီးစိုးသည်မှာ တိုက်ဆိုင်မှု မဟုတ်ပေ။ နိုင်ငံများ အောင်မြင် ရခြင်း အကြောင်းရင်းကို လိုက်လံတူးဆွ သုတေသန ပြုကြည့်လျှင် အခြေခံအုတ်မြစ် တစ်ရပ်အဖြစ် ပညာသည်ဝါဒကို မြင်တွေ့ရသည်။
    နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ လူမှုရေး နယ်ပယ် စသည့် နယ်ပယ်အသီးသီးတွင် ပညာသည်ဝါဒ ကိန်းအောင်းပါမှ နိုင်ငံအခြေမြင့် အနေမြင့်လာမည်။

    တိုင်းပြည်တစ်ပြည်တွင် ပညာသည် များလာအောင် နိုင်ငံအစိုးရ က စနစ်တကျ မြှင့်တင်ပေးနိုင်သလို တိုင်းသူပြည်သား တစ်ဦးချင်းစီ ကလည်း မိမိလုပ်ကိုင်ရသည့် အလုပ်တာဝန် တို့ကို ပီပီပြင်ပြင် သေသေ သပ်သပ် စေတနာပါပါ ဆောင်ရွက်ခြင်းဖြင့် ပညာသည် ဖြစ်လာမည်။ မိမိအလုပ်ခွင်၊ မိမိမိသားစု၊ မိမိ၏ဖောက်သည် အကျိုးခံစားရပြီး မိမိကဲ့သို့ တစ်ယောက်ကစ တစ်ရာဖြစ်လာလျှင် ပညာသည်ဝါဒ ထွန်းကားလာမည်။

    အလုပ်ကို ပြီးစလွယ်လုပ်ခြင်းသည် လူတစ်ကိုယ်ရေ ကြီးပွားရေး ရော နိုင်ငံကြီးပွားရေး အတွက်ပါ ကြီးမားသော အဟန့်အတားဖြစ် သည်။ အရည်အသွေးသည် သာမည၊ အရေအတွက်ကို အဓိကထား ခြင်းသည် ပညာသည်ဝါဒ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ မြန်မာ့ သမိုင်း အစ ကံရာဇာကြီး၊ ကံရာဇာငယ်တို့ ထီးနန်းအရိုက်အရာ ဆက်ခံရန် စေတီတော်ပြိုင်တည်ကြပုံကို သမိုင်းတွင် ကျွန်တော်တို့ ငယ်စဉ်က သင်ကြားခဲ့ရသည်။
    ကံရာဇာကြီးက အုတ်၊ ကျောက်တို့ဖြင့် စနစ်တကျ တည်သောကြောင့် အောက်ခြေ အဆင့်သာ ပြီးချိန်တွင် ကံရာဇာငယ်က ဝါး၊ ငြမ်းတို့ဖြင့် ပုံဖော်ပြီး ဝါးထရံရက်၊ ထုံးသုတ်၊ ထုံးသင်္ကန်းကပ် လိုက်သောကြောင့် အမြန်ပြီးသည်ဟု သတ်မှတ်ခံရကာ ထီးနန်းရသွား ခဲ့သည်။ ထိုအတိုင်းသာမှန်လျှင် မြန်မာ့သမိုင်းသည် ချီကတည်းက ယဉ်သကိုဖြစ်ခဲ့သည်။ သေသေသပ်သပ် စနစ်တကျ လုပ်ကိုင်သူ နောက်ကောက်ကျပြီး ပြီးစလွယ်သမား ရှေ့ရောက်ခြင်းသည် အစဉ်အလာ ဖြစ်ခဲ့သည့် သဘော။ တစ်ဖန် ယင်းသို့ ပြီးစလွယ်သမား ကို သူရဲကောင်းသဖွယ် ထက်မြက်လေခြင်းဟု ဆက်လက် အမွှမ်းတင်နေခြင်းသည် နောင်လာနောက်သားတို့ အတုယူ မှားသွားနိုင်သဖြင့် အန္တရာယ် ကြီးလှသည်။

    ကံရာဇာကြီး ကံရာဇာငယ် ကြောင့်လေလော၊ မည်သည့်အကြောင်း ကြောင့်လေလော မသိ၊ မြန်မာနိုင်ငံတွင် ပညာသည်ဝါဒ မထွန်းကား။ သေသေသပ်သပ် စေတနာပါပါ လုပ်ကိုင်သူကို လူအဟု သတ်မှတ်လို ကြသည်။ ပြီးစလွယ် အလွယ်လမ်း လိုက်သူများခြင်းကြောင့် အရည် အသွေးနိမ့်ကျခြင်းသည် အစဉ်အလာ တစ်ရပ်ဖြစ်လာပြီး အရည်အသွေး ကို ပေးရသည်နှင့် တန်အောင် လိုချင်သူများကို ရစ်သည်ဟု အထင်ခံရ သည်။ အရည်အသွေးမြင့်အောင် လုပ်ငန်းခွင် အတွင်း စနစ်တကျ ကြပ်မတ် သူများကိုလည်း ဦးတိကျ၊ ဒေါ်တိကျများဟုလည်းကောင်း၊ ရစ်သည်ဟု လည်းကောင်း၊ စာအုပ်ကြီးသမားများ ဟုလည်းကောင်း ကဲ့ရဲ့စကား တင်းဆိုကြသည်။

    ပညာသည် ဝါဒသည် နိုင်ငံ့ စီးပွားရေးနှင့် တိုက်ရိုက်ဆက်စပ် သည်။ မသေမသပ် လုပ်ကိုင်နေသရွေ့၊ အလုပ်ကို တန်ဖိုးမထားသရွေ့ အရည်အသွေးနိမ့် ကုန်တို့သာ ထုတ်လုပ်နိုင်မည်။
    အာရှတိုက်၏ စပါးကျီဟု နာမည်ကြီးခဲ့ပြီး လယ်ယာစိုက်ပျိုးရေး နယ်ပယ်တွင် တိုင်းပြည်၏ လူဦးရေအများစု ရှိနေသော မြန်မာနိုင်ငံက အခြားနိုင်ငံ များသို့ ပို့သောဆန်သည် အညံ့စားဆန်ဖြစ်ပြီး ဈေးအနိမ့်သာ ရသည်။
    ထိုင်း၊ ဗီယက်နမ်တို့မှ ပို့သောဆန်များသည် အရည်အသွေးမြင့် ဆန်များအဖြစ် နာမည်ကျော်သလို ဈေးလည်းမြင့်သည်။

    ပညာသည်တို့သည် သူတို့ကို ယုံကြည် အပ်နှံလိုက်သော အလုပ်မှန်သမျှ၊ တာဝန်မှန်သမျှကို အကောင်းဆုံး ဆောင်ရွက်ရန် ကြိုးစားကြသည်။
    သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ မိမိတာဝန် ယူရသည်ဆိုလျှင် အသေးစိတ် ဂရုစိုက်သည့်အတွက် လုပ်ဆောင် သမျှ သည် အလုပ်အပ်သူ ပြန်လှည့်ကြည့်ရန် မလိုလောက်အောင်ပင်။ အလုပ်နှင့် ပတ်သက်သမျှ ထောင့်စေ့အောင် လေ့လာထား သဖြင့် ဖြစ်ပေါ်လာသော အခက်အခဲ မှန်သမျှကိုလည်း ဖြေရှင်းနိုင်ကြသည်။

    အလုပ် ကျွမ်းကျင်ရုံမျှမက အလုပ်နှင့် ပတ်သက်သည့် ကိုယ်ကျင့် တရားကို ခါးဝတ်ပုဆိုး ကဲ့သို့မြဲအောင် ပညာသည်တို့ ထိန်းသိမ်း ထားကြသည်။
    လျှာပေါ်မြက်ပေါက် သာခံမည် မိမိအပေါ် အလုပ်ခွင်က ထားသော ယုံကြည်မှုကို အလွဲသုံးစား မပြုသည်မှာ ပညာသည် တို့၏ စရိုက်ဖြစ်သည်။ မိမိအား အလုပ်အပ်နှံသူက ယုံကြည်သောကြောင့် စိတ်ချထားသည့် လျှို့ဝှက်ချက်ကို ပြိုင်ဘက်ထံ သို့ မရောက်ရှိအောင် ထိန်းသိမ်းကြသည်။
    မိမိအလုပ်ထွက်ပြီး နောက်အလုပ်သို့ ရောက်လျှင် ယခင်အလုပ်၏ လျှို့ဝှက်ချက် များကို လက်ရှိ အလုပ်ခွင်သို့ လွှဲပြောင်း ခြင်းမပြု။ မိမိအလုပ်ကို လုပ်ကိုင်ရာတွင် အလုပ်အပ်သူ မသိနိုင်ဟု ဆိုကာ အရည်အသွေးကို လျှော့ခြင်း၊ ခိုခြင်း မပြုကြဘဲ အလုပ်ထဲသို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ထည့်ဝင်ကြသည်။

    ပညာသည်သည် မိမိ၏ ခံစားချက်တို့ အလုပ်သို့ ကူးစက် မလာအောင် ထိန်းချုပ်နိုင်သူဖြစ်သည်။ ”ငိုချင်ရက်နဲ့ ဇာတ်ကွက်ကိုစ ရယ်လိုက်ရတယ်။ ရယ်ချင်ရက်နဲ့ ဇာတ်ကွက်ကိုကြား ငိုလိုက်ရတယ်” ဆိုသည်မှာ ဇာတ်သဘင် အတွက်ဟု ထင်ရသော်လည်း Professional ပီသသူကို ရည်ညွှန်းခြင်းဖြစ်သည်။
    ဖခင်ဆုံးသော်လည်း၊ ပူဆွေးသော် လည်း လုပ်ငန်းခွင်တွင် အရေးကြီးသည့် အချိန် ရောက်နေသောကြောင့် ထိုစိတ်ကို အသာထားပြီး မိမိအလုပ်ကို တာဝန်ကျေအောင် လုပ်ကိုင် နိုင်ကာ အိမ်ရောက်မှ ချုံးပွဲချ ငိုချင် ငိုမည်။
    မှတ်မှတ်ရရ ပရီးမီးယားလိဂ်မှ ဘောလုံးသမား တစ်ဦးဟု ထင်သည်၊ ဖခင် အဝေးတွင် ရုတ်တရက် ဆုံးပါးသွားကြောင်း သိရချိန်တွင် အရေးကြီးပွဲ ကစားရမည်။ ထိုပွဲတွင် ပြောင်ပြောက်မြောက်မြောက် ကစားရင်း ဂိုးပင် သွင်းလိုက်နိုင်သည်။ ထိုဂိုးသည် ဖခင်အတွက် ဂုဏ်ပြုသည့်ဂိုးဟု ကြေကွဲသော်လည်း သူ ဂုဏ်ယူခဲ့သည်။

    မိမိ၏ စိတ်ခံစားချက်သည် မိမိ တာဝန်ယူထားသော အလုပ်ကို လွှမ်းမိုး ထိခိုက်မှုမရှိစေရန် ကွပ်ကဲနိုင်ခြင်းသည် ပညာသည်တို့၏ စရိုက်လက္ခဏာတွင် တစ်ပါး အပါအဝင်ဖြစ်သည်။ လူသည် ခံစားချက် ရှိသောသတ္တဝါ ဖြစ်သည့်အတိုင်း ခံစားချက် စေစားရာ နောက်သို့ လိုက်ပါ တတ်သည့် အရိုင်းစိတ်ရှိမြဲ။
    သို့သော် ပညာသည် ပီသသူမှာမူ စိတ်ဆင်ရိုင်းကို ချွန်းအုပ်ပြီး မိမိအလုပ်ကို မိမိ အဆင်ပြေချောမွေ့ အောင် ဆောင်ရွက်နိုင်စွမ်း ရှိသည်။ ယင်းကိုပင် စိတ်ခံစားမှု ဉာဏ်ရည် ညွှန်းကိန်းမြင့်သည် (High Emotional Quotient) ဟု ဆိုကြခြင်း ဖြစ်သည်။ ပညာသည် ပီသသူတို့သည် စိတ်ခံစားမှုဉာဏ်ရည် ညွှန်းကိန်း မြင့်လေ့ရှိသည်။

    အလုပ်ကို သေသေသပ်သပ် ပိုင်ပိုင်နိုင်နိုင် စေတနာပါပါ အားထည့် လုပ်ကိုင်သူများ ပေါများ၊ ပညာသည်ဝါဒ ထွန်းကားရေးသည် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အသက်သွေးတမျှ အရေးကြီးသည်။
    ပညာသည်ဝါဒ ဒီရေမြင့် တက်လာသည်နှင့် အမျှ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး တို့သည်လည်း မှန်းသလောက် ရှေ့ရောက်မည်။

    ဇေယျသူ
    The Voice Weekly
    Friday, 01 March 2013 01:50
    မောက္ခပညာရေးမဂ္ဂဇင်း
    http://www.maukkha.org/index.php/book-store/reading-room-maukkha/3033-2013-03-01-01-50-52
    5Unlike· ·

(Page 1) | 2 | 3 | .... | 91 | newer