Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရေ သာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

$
0
0
Maung Thet shared Sitnyein Aye's photo.
(ဗိုလ်ချူပ်အောင်ဆန်းက အဲဒီလိုလဲ မိန့်ခွန်းပြောလိုက်ရော ၀ိုင်းပြီး လုပ်ကြံလိုက်ကြတယ်လေ)....  ၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း   အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။ (ဗိုလ်ဥတ္တမကျော်) ……………………………………………………………………. ရဲဘော်တို့  ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။  ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။  ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။  ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။  တကယ့်သစ္စာဖြစ်ရမယ်  ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။  တော်အောင်ကြိုးစားကြပါ  ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။  ရာထူးအဆင့်အတန်း  ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။  တန်ခိုးပြဘို့မဟုတ်  တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။  မှန်ကန်သော လူမျိုးရေးတရား  လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။  ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။  ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။  လူကြီးဆိုတာ ဘာလဲ  နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။  ဘယ်တော့မှ သစ္စာမဖောက်  နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။  သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။  စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ  နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။  ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။ http://forverfriends.ning.com/group/story/forum/topics/2863689:Topic:6978835
(ဗိုလ်ချူပ်အောင်ဆန်းက အဲဒီလိုလဲ မိန့်ခွန်းပြောလိုက်ရော ၀ိုင်းပြီး လုပ်ကြံလိုက်ကြတယ်လေ)....

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရေ
သာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။
(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….
ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။
တကယ့်သစ္စာဖြစ်ရမယ်
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
တော်အောင်ကြိုးစားကြပါ
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။
ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။
တန်ခိုးပြဘို့မဟုတ်
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။
မှန်ကန်သော လူမျိုးရေးတရား
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။
လူကြီးဆိုတာ ဘာလဲ
နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။
ဘယ်တော့မှ သစ္စာမဖောက်
နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။
စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ
နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။
ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။
http://forverfriends.ning.com/group/story/forum/topics/2863689:Topic:6978835

ငတာပြောတဲ့ပုံပြင်

$
0
0
 
ငတာပြောပါမယ်ဆိုမ ငတာတို့နီးစပ်ရာ အသိုင်းဝိုင်းထဲကပေါ့၊ မြင်းထိန်း၂ယောက်ပြိုင်ကြတဲ့အကြောင်းပေါ့၊ ပုံပြင်ဆိုပေသည့် ဆွေမကင်း မျိုးမကင်းထဲက အဖြစ်ပျက်တွေပါလေ၊ နာမည်တွေပြောတော့ဘူးနော်။ ဒါကြောင့် ပုံပြင်ပဲမှတ်။

တစ်ခါကပေါ့၊ အို တစ်ခါကပါဆို ရက်စွဲတပ်မနေနဲ့ ကျော်လိုက်၊ စာရွက်ကြီးထဲလိုက်လိုက်မရေးနဲ့ သိပ်စပ်မြင်ကပ်တာပဲ၊ ပြောရင်လူကိုငေး၊ နားထောင်ပြီးရင်မေ့ပလိုက်၊ ဒါမျိုးမှ ငတာတို့ကကြိုက်တာ၊ ဟုတ်တယ်လေ မေ့လောက်ရှိ ထပ်ခါထပ်ခါ ကျော့နေလို့ရတယ်။ မဟုတ်ရင် အသစ်အသစ်နဲ့၊ ဂစ်တဲ့ထိ ဆုံးမှာဟုတ်တော့ဘူး၊ လိုက်မမှတ်နဲ့ ဒီကြည့်၊ နားထောင်၊ ပီးရင် လျောက်ပြော၊ မှတ်တမ်း၊မှတ်ရာ ဘာလုပ်မှာတုန်း၊ အလကား နာမည်ပျက်စရာရှိရင် လာပြန်ပတ်တတ်တယ်၊ ဖျက်ပလိုက်။


အဲတော့ တစ်ခါကပေါ့၊ ထန်းတဲထဲမှာပေါ့၊ အာ..ထန်းတဲပါဆို ထန်းရည်သောက်တာပေါ့၊ထန်းတဲထဲမှာ ညနေတိုင်ရင် ငတာတို့ ဘော်ဂျွတ်တွေ၊ ဆုံနေကျ အဲတုန်းကအခေါ်နဲ့ဆို မြင်းတန်း ထန်းတဲပေါ့၊ မြင်းထိန်းတွေ အများဆုံးစုတာကိုး၊ အဲမှာ ငတာ့ ဘကြီးတစ်ယောက်နဲ့၊ ပခန်းဘက်က လာတဲ့ မြင်းထိန်းတစ်ယောက်နဲ့ ငြိကြတယ်၊ ဟုတ်ဘူးလေ ငြိတယ်ဆိုတာနဲ့ ညားတဲ့ဘက်ရောက်မသွားနဲ့။ မျက်နှာကျောမတည့်တာကိုပြောတာ၊ အဓိကတော့ ဟိုပခန်းသားထောင့်မကျိုးတဲ့ကောင်က (အဲဒေသကဟာတွေ အဲပုံတွေချည်းပဲ) ကျုပ်ဘကြီးပြောတာကို ဟုတ်ပါတယ် မထောက်ခံတာကစတယ်။

ကျုပ်ဦးလေးက နယ်နယ်ရရလားဗျ၊ ဘုရင့်စီးတော်မြင်းကို ထိန်းရတဲ့ မြင်းထိန်းဗျ။ အာ..အားတာပေါ့၊ အဲခေတ်က ဘုရင်ဆိုတာ နန်းတော်ကဆင်းရင် ဆင်ပဲစီးတာ၊ မြင်းဆိုတာ အိမ်နိမ့်စံ ဘဝ မင်းသားဘဝသာစီးတာ၊ ဟိုးခေတ်ကလို တလွှာလွှား စစ်တိုက်ချင်တဲ့ စစ်ဂေါက်ဘုရင်တွေသာ ခုံခုံမင်မင်စီးတာ၊ ဘုရင်ဖြစ်ရင် မြင်းဆိုတာ၊ အလှ၊ သမင်လိုက်တုန်း ဥယာဉ်ထဲဆင်းတုန်း ဒါတောင် ရှားရှားပါးပါးပါလေ၊ ဆင်၊မြင်း၊ရထားမှာ၊ ရထားစီးလိုက်၊ ဆင်စီးလိုက်ပါ၊ အဲတော့ အမြဲသနေရတဲ့ ဘုရင့်စီးတော်မြင်းထိန်းရတာဆိုတော့ အားအားရှိ ထန်းရည်ဆိုင်လာလာ ပွားတာပေါ့ဗျာ၊ ကျုပ်တို့လဲ မသိတာမေး၊ ဖေါတာဆို လျော့ယုံ၊ ဒီလိုအဆင်ပြေအောင်နေတာ၊ သူက ဘုရင့်မြင်းထိန်းဆိုတော့လဲ..အဲလိုပေါ့လေ၊ မြင်းထိန်းတယ် ဆိုပေသည့်၊ ဘုရင့်ရွှေနန်းတော် ရှိရာ နေပြည်တော်မှာလေ သိတယ်မို့လား၊ ခုခေတ်များ ဒရိုင်ဘာတွေလိုပေါ့ မြင်းထိန်းဆိုပေမယ့် ထိန်းရတဲ့ မြင်းတွေပေါ်ကလူပေါ်လိုက်လို့ အဆင့်က ကွာသေးတာဂလား၊ သူလဲ မြင်းထိန်း၊ ငါမြင်းထိန်းပေမယ့်၊ မတူဘူးလေ၊ မတူဘူးဆိုတာ မြင်းထိန်းပညာ၊ မြင်းကိုင်ကျွမ်းတာ မြင်းကုကျွမ်းတာအပြင်၊ သုံးနိုင်ဖြုန်းနိုင်တာကအစပေါ့လေ၊ ဘာလို့လဲဆိုတော့ အရင်းစစ်ရရင် ဣဿာနဲ့ မစ္ဆရိယ အကျိုးပေးကြောင့်လို့ မှတ်လိုက်။

ဟိုပခန်းသားက နောက်မှရောက်လာတာ၊ ပုခန်းမြို့စားဆီအရင်က ထိန်းရာကနေ၊ ခုတော့ ပခန်းမြို့စားဆီက စစ်အင်အားတောင်းရာကနေ ဒီရောက်လာတာ၊ သူက ကျုပ်ဘကြီးပြောတဲ့ မြင်းကိုင် မြင်းကုကိစ္စတွေကို တစ်ချို့မသိတာဝင်မေး၊ တစ်ချို့သူသိတာ ဝင်ဝင်ထောက်နဲ့ ဆိုတော့ ပွားချင်တဲ့ ဘကြီးဒုက္ခရောက်တာပေါ့ဗျာ၊ ကျုပ်ဘကြီးက ဘာလို့မသိရမှာလဲဗျ၊ မြင်းကျောကျေပါတယ်၊ တော်လို့ပဲ ဘုရင့်မြင်းထိန်းဖြစ်တာပေါ့၊ ဒါပေသည့် ဟိုတောသား ရေငံသောက်က ကောက်ကောက်ထောက်နေ၊ မေးနေတော့၊ ဖေါရတာ ဖီးအောက်တာပေါ့၊ ပြဿနာက အဲလိုနဲ့ စတာ။

တစ်ရက်တော့ ဘကြီးက “ဘုရင့်မြင်းတော်ထိန်းဆိုတာ နယ်နယ်ရရဟုတ်ဘူးမောင်ရ ကိုင်ရတဲ့မြင်းကြောင့် ဘုရင့်မြင်းတော်ထိန်းမည်သာဟုတ်ဘူးရယ်၊ မြင်းကောင်းတစ်စီးကို ဘုရင်စီးတော်မြင်းဖြစ်အောင် တော်ဝင်အောင် မြင်းကိုင်နိုင်လို့သာ ဘုရင့်မြင်းတော်ထိန်းဖြစ်သာဘာညာပြောပါလေရော။” အာဟုတ်တယ်လေ၊ ကျုပ်ဘကြီးပြောတ ဟုတ်ဘူးလား၊ ဆင်ဖြူတော်မှီ ကြံစုပ်နေတဲ့ ဆင်ထိန်းတွေလိုမှ မဟုတ်ပဲ၊ မြင်းမှီရင် ဂျုံယိုချည်းသောက်နေရမှာ။ ဖရန်ဆစ်ကလာတဲ့ သကြားခဲနဲ့ကြိုတဲ့ ဂျုံယိုပေါ့လေ။ အဲတာကို မောင်မင်းကြီးသာ ပခန်းသားက ဒီလိုသာဆိုဦးရီးရာ ကျုပ်ကိုလဲ ဘုရင့်မြင်းတွေပေးတဲ့ မြင်းစာတွေပေးစမ်းပါ့။ ကျုပ်မြင်းတွေလဲ ဘုရင့်စီးတော်မြင်းတွေ ဖြစ်ရပါစေမယ်လို့ ငေါ့တယ်၊ အဲကောင်တွေ အဲလိုပဲ။ ဟုတ်တယ်လေ၊ ဘုရင့်မြင်းတွေဆိုတာ သလေးစပါး၊ဂျုံ၊ နှမ်းဖက်၊ စတာတွေ၊ ဖရန်ဆစ်ကလာတဲ့ သကြားခဲတွေ ကျွေး၊ သံလွင်ဆီလူးပြီးတောက်ပြောင်နေတာမို့လား၊ ဒါပေသည့်၊ ဒီလိုတွေရအောင် မြင်းတိုင်းရတာမှ မဟုတ်တာ၊ အဿထိုလ် မြင်းမနဲ့ သားဖေါက်ပြီး မျိုးကောင်းမျိုးသန့်မြင်းကိုမှ ဘုရင့်မြင်းအဖြစ်သတ်မှတ်ပြီး၊ ဘုရင့်မြင်းကို ဘုရင့်မြင်းရိက္ခာပေး၊ ဘုရင့်မြင်းထိန်းနဲ့ ဘုရင့်မြင်းစောင်းထဲ ထားတာမို့လား၊ ဒါကြောင့်လဲ ဘုရင့်စီးတော်မြင်းဖြစ်နေတာပေါ့၊ မြင်းတိုင်း ဘုရင့်မြင်းရိက္ခာစားလို့ ဘုရင့်မြင်းအဆင့်ရမှတ်လို့။ဒါပေသည့်ဘကြီးကရောလား၊ အေးလေ၊ ဘကြီးကလဲ အဲမြင်းကိုထိန်းရလို့ ဘုရင့်မြင်းထိန်းပေမယ့်၊ အဲမြင်းကိုထိန်းရလို့ ဟုတ်ဘူးရယ်လို့ ဟယ် ရှုပ်ကုန်ပြီ၊ အမှန်က ဘကြီးလဲ နဲနဲလွှဲတယ်၊လွဲတယ်ဆိုတာထက် အပိုဆာဒါးထည့်တာ၊ ဟို ဂွစာ၊ရိုက်ပေါက် ပခန်းကတောသားလဲ သောက်တလွဲပဲ။ဂွတိုက်ရ ပြီးရောကောင်။ ဒါပေသည့် လွဲချင်းလွဲ ဘကြီးလွဲတာ အမှန် ကိုင်းအေးရော။

ဘကြီးကလဲ ဘယ်ဒါလောက်တော့ သိတာပေါ့၊ နဂိုက သောက်မြင်ကပ်နေတာနဲ့တော့ အတော်ပဲ၊ “ဟဲ့အကောင်ရ မောင့်မြင်းကိုင်ပညာမောင်ယုံရင် ကျုပ်ပေးစမ်းပါ့မယ်၊ လောင်းကြေးလေးက နေပြည်တော်က ထွက်သွားစတမ်းလောင်းလိုက်ကြရအောင်၊ မောင်တို့ ပခန်းသား၊ သွေးရဲပါ့မလား” ဟာ ပိုင်လိုက်လေ၊ ဟိုက ကျောမွဲ၊ ထန်းရည်တောင် အကြွေးသောက်၊ ပဲလှော်တောင် ကပ်နိုက်နေရတာလောင်းတာပေါ့၊ မြင်းစာတွေရဦးတော့ ရောင်းစားရင် နဲဘူးကြီးရမှာဂလား၊ မြင်းစာပေမယ့် အသည်စုတို့၊ ကုလားစုတို့ဘက်တွေ၊ နန်းရှေ့ရွာတွေမယ်ဆို ကိုင်တောင်ကြည့်ဘူးရဲ့လားသိဘူးလေ၊ ဟုတ်ဘူးလား၊ လောင်းမယ်ပေါ့၊ ဒါပေသည့် ဘကြီးက ဘယ်ခေမလဲ၊ မခေလို့ ငတာ့ဘကြီးဖြစ်တာပေါ့၊ မောင်ရင် မြင်းတစ်စီးကိုင်မယ်ဆို အချိန် ၃လလောက်အတွင်း ကောင်းကောင်းကိုင်ရနိုင်ရတယ်ကွဲ့၊ မြင်းကိုင်တယ်ဆိုတာကလဲ မြင်းကောင်းချည်းကိုင်တတ်တာ ပညာဟုတ်ဘူးကွဲ့၊ မြင်းနာကိုလဲ ကုတတ်ရတယ်၊ ရထားဆွဲတတ်အောင်၊ လှည်းတပ်တတ်အောင်လဲ ကျင့်တတ်ရတယ်၊ ဘုရင့်မြင်းလို မြင်းလိမ္မာအောင်လဲ ကျင့်တတ်ရတယ်၊ အဲဒီလို မြင်းတွေကို သူများထက် သန်အောင်၊ သူများတကာထက် လျင်အောင် ခွန်အားရှိအောင် ကျွေးတတ်၊ ကိုင်တတ်၊ ကုတတ်မှ၊ မြင်းကိုင်ပညာ သာသကွယ့်၊ မင်းပြိုင်ရဲပါ့မလား၊ ဟာဟို ငမူးကလဲ မူးမူးနဲ့ တစောက်ကန်း စွတ် ပြိုင်ရဲတယ်ပေါ့၊ “ကိုင်းကောင်းပြီ၊ မင်းပြိုင်ရဲတယ်ဆိုလျင်ဖြင့် မောင့်ရင့်ဆီက စီးတဲ့မြင်း၊ လှည်းဆွဲမြင်းနဲ့ မြင်းအိုတစ်ကောင်၊ ပေါင်း ၃ကောင်ထုတ်ခဲ့၊ ငါ့ဆီကလဲ ဘုရင့်စီးတော်မြင်း၊ ရထားတပ်မြင်းနဲ့၊ စီးတော်မြင်းကျ မြင်းအိုတစ်ယောက်ယူခဲ့မယ်၊ မင့်မြင်း ၃ကောင်၊ ငါ့မြင်း၃ကောင်၊ ငတာ့ဆရာဆီမှ သက်သေပြုမှတ်သားမယ်၊ ၃လပြည့်တဲ့နေကြရင် ငတာ့ဆရာ ယောမင်းကြီးဆီမှာ ပြန်ဆုံမယ်၊ မနက်ဖြန်ကစလို့ ငါ့ဆီက ဘုရင့်မြင်းရိက္ခာတွေလာထုတ်၊ ငါ့စားရိတ်နဲ့ စိုက်ဝယ်ပေးမယ်၊ မနိုင်ရင် မင်းထွက်သွား၊ မင်းနိုင်ရင် ငါထွက်သွားမယ်၊ ကိုင်း…စိန်လိုက်။” ဟိုပခန်းသားကလဲ “စိန်”ဆိုတော့ ဆိုပြီး ပွဲဖြစ်သွားတာပေါ့ဗျာ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဘာဗျ၊ အဲပခန်းသားရော ဟုတ်လား၊ ကျုပ်ဟိုကျမ်းဒီကျမ်းတွေ လူအထင်ကြီးအောင်လျောက်ပြောတာကို၊ ယောမင်းကြီးဆီ တိုင်တာ အဲကောင်ပေါ့၊ ဘကြီးရော ဟုတ်လား၊ ထွက်မသွားပါဘူးရှိပါတယ်၊ ဒါပေမယ့် မြင်းစောင်းကအပြင်မထွက်တော့ဘူး၊ ထန်းရည်ဆိုင်မလာတော့ဘူး၊ ရှက်လို့တဲ့၊ မြင်းပြိုင်တာ ရှုံးတယ်လေ၊ အာ..ဒီသောက်ပခန်းသား၊ ဘာမြင်းကိုင်တာ ဘကြီးထက်ကျွမ်းရမှာတုန်း၊ ဒီကောင် ညဏ်နီညဏ်နက်များပြီးနိုင်တာ၊ ကျုပ်ဆရာ ဆုံးဖြတ်ပေးလို့ပေါ့၊ မဟုတ်ရင် ဘကြီးလဲ ရွာပြန်နေရလောက်ပြီ၊

ဒီပခန်းသားက လူလည်၊ မြင်း၃ကောင်စာ ကိုမှန်မှန်ထုတ်၊ လှည်းဆွဲမြင်းကို ၂ကောင်စာနဲ့၊ အလှစီးမြင်းကို ၁ကောင်စာစီကျွေးတာဂလား၊ ဟိုမြင်းအိုလား၊ ဘယ်မသေကံကောင်း၊ ပစ်ထားတာ၊ အဲမြင်းအိုဆီက ရိက္ခာတောင် ရောင်းရောင်းပြီး ထန်းရည်သောက်နေသေးတာ၊ သူ့ခမြာ မြက်ခြောက်ဝါးပြီး၊ ၃လခံရှာတာ၊ ဘယ်လိုနိုင်လဲ ဟုတ်လား၊ အာ ၃လစေ့လို့၊ လှည်းဆွဲချင်းပြိုင်တော့ ၂ကောင်စာ ၃လစားရတဲ့ကောင်အားကို ဘကြီးအကောင် ဘယ်မှီမှာတုန်း၊ မြင်းအိုချင်းမှာ ဒီကောင်ညစ်တာလေ၊ ဘကြီးမြင်းအိုက ပြေးနိုင်သေးတယ်၊ ခုန်သေးတယ်၊ အဲလောက်ကောင်းအောင် ဘကြီး ကျွေးထား ကုထားတာ၊ ဒါပေသည့် ဒီကောင်က သူ့ဘက်က အလှစီးမြင်းကို လွှတ်ပေးတယ်လေ၊ ဘယ်နာ့ အကွာကြီးပေါ့၊ မြင်းအိုနဲ့ မြင်းပျို ဘယ်ယှဉ်နိုင်မှာတုန်း၊ ဘာဘုရင့်စီးတော်မြင်းနဲ့လား၊ ဒီကောင့် မြင်းအိုကြီးလွှတ်ပေးတယ်လေ၊ ရီလိုက်ကြတာဝက်ဝက်ကွဲဗျာ၊ ဟိုတောသား သောက်ရှက်ကွဲတာပေါ့၊ ဒါပေမယ့် စာရင်းချုပ်တော့ သူက ၂ပွဲနိုင် ၁ပွဲရှုံးလေ၊ ကဲ… အာဒီကောင် ညစ်သာညစ်တာ လူလည်၊ နဂိုကတည်းက မြင်း၃ကောင်ပြိုင်ပါမယ် ပြောတယ်၊ ဘယ်မြင်းကို ဘယ်မြင်းနဲ့လို့ သတ်မှတ်ခဲ့တာမရှိပါလဲဆိုရော၊ ဘကြီးဗျာ ဒေါသထွက်လွန်းလို့ ဓါးနဲ့ပိုင်းပါမယ်တကဲကဲ၊ အာ ဆရာယောမင်းကြီးက အဆုံးဖြတ်ပေးတာပေါ့၊ ပခန်းသား မင်းဒီပွဲနိုင်တယ်၊ ငါအသိမှတ်ပြုတယ်၊ ဒါပေသည့် မင့်နိုင်တာ တော်တည့် မှန်ကန်မှုမရှိလို့ လူကြီးကိုတော့ နေပြည်တော်က ထွက်မသွားခိုင်းနိုင်ဘူး၊ မြင်းကိုင်ပညာအရာမှာတော့ ကျုပ်ဘကြီးသာပါပေတယ် ဒီလိုဆုံးဖြတ်ပေးလိုက်တာ၊ မဟုတ်လို့ကတော့ ဘကြီးခင်ဗျာ မြင်းစာဖိုးကဆုံး သိက္ခာကကျ၊ နန်းတော်ကလဲ ထွက်သွားရဦးမယ်၊ သူက သူထွက်သွားရရင်ဘုရင့်မြင်းတွေ ထိန်းမဲ့ဆရာ မရှိဖြစ်တော့မှာစိုးရှာတာပါ၊ ရာထူးနေရာ မက်ရှာဘူးရယ်၊(ဘကြီးစီက အမွေတွေရမလားလို့) ဒီပခန်းသား ခန့်ရင်လား၊ ခင်ဗျားဟာသအတော်ပြော၊ ဘယ်ရမလဲဗျ၊ အကုန်ဂျောက်ကျကုန်မှာပေါ့၊

ဒါပါပဲဗျာ။ သြော် ဒီပေါက်တတ်ကရတွေ ဘယ်မှာအသုံးဝင်မလဲဟုတ်လား၊ အဲပခန်းသားသာသွားမေးဗျာ၊ မသိပါဘူး၊ သူပြောတာတော့ အနိုင်ဆိုတာ ဥာဏ်ကစားပြီးယူရတယ်၊ ဒါမှ မဖြစ်နိုင်ဘူးဆိုတာတွေ ကိုယ်လိုချင်သလိုဖြစ်လာမှာတဲ့၊ အဲကောင်ပြောတာပဲ၊ သည်ကောင်က အဲလိုဟောင်ဖွာ ဟောင်ဖွာရယ် ယုံရတာလဲ ဟုတ်ဘူး၊ ဒါထက် ခုခင်ဗျားနေတဲ့ ကာလမှာရော၊ ရွေးပွဲဆိုလား ပြိုင်ပွဲဆိုလား ကြားဖေါက်လုပ်ကြမလို့ဆို၊ ဘကြီးဘက်က မာန်တက်နေကြသူတွေရော၊ ပခန်းသားဘက်က စီးတော်မြင်းနဲ့ ပြိုင်မယ့် မြင်းအိုကြီး ကြည့်ကြည့်ပြီး တောက်တခတ်ခတ်ဖြစ်နေကြသူတွေရော ဒါလေးဖတ်ပြီး ရယ်မောနိုင်ကြပါစေရယ်လို့ …….ကိုင်းသွားပဗျို့။
 ကျုပ်ယောမင်းကြီးဆုံးဖြတ်ချက်မှန်လို့ပေါ့ဗျာ၊ ဒိပြင့်လူဆို လွယ်ဘူးရယ်။သိလား၊ ဒီအကြောင်းတွေကို ဟို ရာဇဓမ္မသကဟ ….အဲ ..အဲတာမပြောတော့ပါဘူး..ငွေ၆ကျပ် ရထားတယ်..ယောက်ျားဆိုတာ၊ ပြောပြီးစကား၊ ပေးပြီးဂတိတည်ရသဗျို့၊ မတည်နိုင်တော့လဲ လောကမယ် ပါရမီရှင် လူစွန့်စားတွေသာ U turn လှည့်ရဲတာ၊ ပြောင်းလဲရဲတာလို့ ပြောင်းပြောတာပေါ့လေ၊ ဟိဟိ၊ ကျန်းမာချမ်းသာကြပါစေဗျာ။     ။
ကျွန်တော်မောင်ဟန်ပါ။

ပြည်သူ မစစ်သည့် ပြည်သူများ (ထွန်းထွန်းနိုင်)

$
0
0


 may13,2013

“နိုင်ငံရေးဆိုတာ ပရဟိတလုပ်ငန်း၊ လောကုတ္တရာစရိယ ကျင့်တဲ့ လုပ်ငန်း၊ ဒါဟာ ဒွိဟိတ်ပုဂ္ဂိုလ်တွေ မလုပ်နိုင်ဘဲ တိဟိတ် ပုဂ္ဂိုလ်များ၊ ဘုရားအလောင်းများမှသာ လုပ်နိုင်တဲ့လုပ်ငန်းလို့ ယူဆထားတယ်။ အဲဒီလို အလွန်မွန်မြတ်တဲ့ဘ၀ထဲမှာ တခါတရံ လူယုတ်မာတွေ ပါလာကောင်းပါလာမယ်။ အဲဒီလို လူယုတ်မာတွေ ပါလာတာကြောင့် နိုင်ငံရေးအလုပ်ဟာ မကောင်းဘူးလို့ ဆိုရတော့မှာလား” (ဗိုလ်ချုပ်အောင်ဆန်း)

အိန္ဒိယ ဘုရင်ခံချုပ် မောင့်ဘက်တန် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် ညစာစားပွဲတစ်ခု၌ အနောက်တိုင်း ဓလေ့အတိုင်း ဂုဏ်ပြုစကားပြောကြားစဉ် ..“နိုင်ငံရေးလောကဟူသည် လူရှုပ်လူယုတ်တို့၏ ကွန်းခိုရာဖြစ်သည်” ဟု ဟာသ သဘောဖြင့် ပြောလိုက်သည်ကို စကားပြောရမည့်သူ စာရင်းတွင် မပါသော်ငြားလည်း မဟုတ်မခံစိတ်ရှိသော ဗိုလ်ချုပ်က မည်သူတစ်ဦး တစ်ယောက်၏ ခွင့်ပြုချက်ကိုမှ မယူဘဲ မောင့်ဘက်တန် ရှိရာသို့သွား၍ နိုင်ငံရေး၏ ဝေါဟာရကို အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ရဲရင့်ပြတ်သားစွာ အဓိပ္ပါယ်ဖွင့် ဆိုခဲ့ဖူးသည်။

သို့သော်လည်း နိုင်ငံရေး၏ ဝေါဟာရကို ပုံစံအမျိုးမျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုကြသူတွေကိုလည်း တွေ့ဖူးပါသည်။ ကျွန်တော်သည် နိုင်ငံရေးသမားတစ်ယောက် မဟုတ်ပါ။ သို့သော်လည်း မြန်မာလူမျိုးဖြစ်သည့် ကျွန်တော်သည် ရှောင်လွှဲလို့မရသည့် မြန်မာနိုင်ငံရေးတွင် သားကောင်းများစွာထဲမှ တစ်ဦးသာ လျှင်ဖြစ်ပါသည်။ ကိုယ့်ကိုကိုယ် နိုင်ငံရေး၏သားကောင်လို့ မှတ်ယူလိုက်သည့်အချိန်မှစလို့ ယခုအချိန်ထိ ကျွန်တော့်နိုင်ငံအတွက် အလုပ်ပေးချင်ဆုံးအရာသည် နိုင်ငံသားတိုင်း၏ ဘ၀ တိုးတက်မြင့်မားရေးပင်ဖြစ်သည်။ ဤဆန္ဒသည် ကျွန်တော် ဖြတ်သန်းခဲ့ရသော ဘ၀ကနေ သင်ပြပေးလိုက်သည့် တောင်းဆိုမှုပင်ဖြစ်ပါသည်။ လက်တစ်ဆုပ်စာ အခွင့်ထူးခံ ရေပေါ်ဆီလူတန်းစားမှလွဲ၍ ကျန်သော မြန်မာနိုင်ငံသား အားလုံးနီးပါးတို့သည်လည်း ကျွန်တော်၏ ဆန္ဒနှင့် တထပ်တည်းရှိပေလိမ့်မည်ဟု ယုံကြည်ပါသည်။

နိုင်ငံသားတိုင်း၏ဘ၀ကို တိုးတက်မြင့်မားစေချင်သည့် ကျွန်တော်သည် ပညာတတ် တစ်ယောက်မဟုတ်သလို၊ ငွေကြေးချမ်းသာကြွယ်ဝသည့် သူကြွယ်တစ်ယောက်လည်း မဟုတ်ပါ။ ထို့အတူ လုပ်ပိုင်ခွင့်အာဏာရထားသူလည်း မဟုတ်ပါ။ သို့သော်လည်း တက်လှမ်းနိုင်စွမ်းရှိသူတွေကို အထောက် အကူပြုသည့် ငြမ်းတစ်ခုမှ ၀ါးတစ်လုံး(သို့မဟုတ်) ငြမ်းချည်သည့် ကြိုးတစ်ချောင်းသာ ဖြစ်ပါသည်။

ပြည်သူတွေရဲ့အကျိုးကို သယ်ပိုးရမှာက နိုင်ငံရေးသမား၊ တော်လှန်ရေးသမားတို့ရဲ့တာဝန် ပြည်သူတွေရဲ့အကျိုးကို ကာကွယ်ပေးမည့် နိုင်ငံရေးသမား၊ တော်လှန်ရေးသမားကို ၀န်းရံပေးရမှာက ပြည်သူတွေရဲ့တာဝန်ပါ။

နိုင်ငံရေးသမားကောင်းမရှိတဲ့ တိုင်းပြည်ဟာ ပျက်ဆီးရသလို၊ ပြည်သူ မထောက်ခံတဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားဟာလည်း ကျရှုံးရစမြဲပါ။ ထို့အတူ နိုင်ငံရေးမသိ၊ တော်လှန်ချင်တဲ့ စိတ်မရှိတဲ့ ပြည်သူတွေရဲ့ ဘ၀ဟာလည်း နိမ့်ကျနေပေလိမ့်မည်။

ပြည်သူတို့သည် မိမိတို့အကျိုးကို သယ်ပိုးနိုင်မည့် နိုင်ငံရေးသမား၊ တော်လှန်ရေးသမား ကောင်းတွေကို မွေးထုတ်ကြရမည်။ သို့မှသာ ပြည်သူတွေရဲ့ အနာဂတ် လှပနိုင်မည်။ သို့မဟုတ်ပါက ကျွန်တော်တို့ ပြည်သူတွေအနေဖြင့် ကျောက်ခဲတစ်ဆုပ်၊ ဆန်တစ်ဆုပ်၊ စပါးလုံးတပြုတ်နဲ့ ထ္မင်းကို စားနိုင်ဖို့ ခွန်အားမွေးရပေလိမ့်မည်။ “ပြည်သူတွေဟာ သူတို့နဲ့ ထိုက်တန်သည့် အစိုးရကိုသာ ရကြသည်” ဆိုသည့် အဆိုအမိန့်သည် အစွမ်းထက်သည့် ဆေးခါးကြီးနှင့် တူသည်။

မြန်မာလူမျိုးမှန်သမျှ မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်နေသည်။ စီးပွားရေး၊ ပညာရေး၊ ဒုက္ခသည် စသည်ဖြင့် ကဏ္ဍမတူသော်လည်း မြန်မာတွေ ကမ္ဘာအနှံ့သို့ ရွှေ့ပြောင်းရောက်ရှိလာရခြင်းသည် မြန်မာ့နိုင်ငံရေးကြောင့်ပင်ဖြစ်သည်။

သို့ပါလျက် ပညာတတ်၊ စီးပွားရေးသမား၊ တော်လှန်ရေးသမား၊ ဒုက္ခသည်စသည့် အလွှာအသီးသီးအပေါ် အမှတ်မထင် ပေါ့ပျက်ပျက်ပြောလိုက်တဲ့ မောင့်ဘက်တန်ရဲ့ စကားက ဘာကြောင့်များ လွှမ်းမိုးနေရပါသနည်း။

အမေရိကန်မှာ ခွေးတစ်ကောင်ရဲ့ ကုန်ကျစရိတ်က မသေးလှပါ။ ကိုယ်ကိုယ်တိုင် ခွေးမမွေး ဖူးသော်လည်း ခွေးတစ်ကောင်၏ ကုန်ကျစရိတ်ကို ခွေးမွေးဖူးသူတွေ ပြောပြလို့ သိခဲ့ရသည်။လူတိုင်းခွေး မမွေးနိုင်သည့်တိုင် ခွေးတစ်ကောင်၏ တစ်ရက်စာလောက်တော့ လူတော်တော်များ တတ်နိုင်ကြပေသည်။ သို့ပါလျက် နိုင်ငံရေးကြောင့် ပြည်ပသို့ ရောက်လာကြသည့် ပညာတတ်၊ စီးပွားရေးသမား၊ တော်လှန်ရေးသမား၊ ဒုက္ခသည် တချို့ ပြည်တွင်းကို ဘာ့ကြောင့်များ ခွေးတစ်ကောင်ရဲ့ တစ်ရက်စာလောက်ကိုတောင် ထောက်ပံ့ဖို့ တွန့်တိုနေ ကြတာလဲ။

ပြည်တွင်းထောက်ပံ့ရေးအတွက် ကျွန်တော် ပြည်ပရောက် မြန်မာတွေဆီကနေ အလှူခံခဲ့ဖူးသည်။ တချို့ကတော့ နိုင်ငံရေးအပေါ် ဗိုလ်ချုပ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း နားလည်ထားကြသည်။ သို့သော်လည်း နည်းပါးလှသည်။ လူတချို့ရဲ့ အတွင်းစိတ်မှာတော့ဖြင့် တိုင်းပြည်တိုးတက်ဖို့ထက် နိုင်ငံရေး ကို မောင့်ဘက်တန် ပြောသလို နားလည်ထားကြဟန်တူသည်။

ပြည်ပရောက်နေတဲ့ မြန်မာတွေထဲမှာ တတိယနိုင်ငံရောက်နေတဲ့ နိုင်ငံကလူတွေထက် ဒုတိယနိုင်ငံ(အာရှနိုင်င)ံတွေမှာ အလုပ်လုပ်နေကြတဲ့ သူတွေက နိုင်ငံရေးအပြောင်းအလဲကို ပိုမျှော်လင့်ကြတာကို တွေ့ရ သည်။

အနှစ်(၂၀) ကျော် စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ကာလမှာ သူတို့အလုပ်လုပ်နေတဲ့ နိုင်ငံကပြည် သူတွေ သိထားတဲ့ မြန်မာဆိုတာကို ဖြေဖို့အတွက် အဖြေတွေ သူတို့ရဲ့ ရင်နဲ့မဆံ့အောင် ရှိနေကြသည်။

လွတ်လပ်ခြင်း ရဲ့အရသာကို အချုပ်အနှောင်ခံခဲ့ရဖူးသူက ပိုသိနိုင်သလို ထ္မင်းတလုပ်ရဲ့တန်းဖိုးကို ထ္မင်းငတ်ဖူးသူက ပိုသိနိုင်သည်။

သို့ဆိုပါလျှင် တတိယနိုင်ငံရောက်နေကြသူများသည် ထိုအချက်တို့ကို နားမလည်သော အခွင့်ထူးခံ လူတန်းစားများလော၊ နိုင်ငံရေးအလှည့်အပြောင်းမှာ စားခွက်ချောင်းသလော…။ မဆလ၊ န-၀-တ၊ န-အ-ဖ မှသည် ဒီမိုကရေစီ ပြောင်းချင်သလိုပြောင်း ကောင်းနေတာက အခွင့်ထူးခံတွေပါ။

အရာအားလုံးက ပြောင်းလဲနေချေပြီ…။ တချိန်က နိုင်ငံရေးဆိုတဲ့စာသားကို အသံထွက် မှန်အောင် မထွက်ဝံ့တဲ့ အလွှာပေါင်းစုံမှ လူ့မလိုင်တွေ ..ဒီမိုကရေစီ ရေစီးကြောင်းထဲမှာ သူရဲကောင်းတွေ အဖြစ် မြင်တွေ့နေရပြီ။ ဒီမိုကရေစီအနံ့ကြောင့် စစ်ဗိုလ်လူထွက် အစိုးရအရာရှိကြီးများလည်း နိုင်ငံတကာရဲ့ နိုင်ငံရေးမျက်နှာစာမှာ လူရာဝင်နေသည်။ ဌာနပေါင်းစုံမှ ပြုပြင်ပြောင်းလဲရေးအတွက် အရှိန်ပြင်းပြင်းဖြင့် ခရီးနှင်နေသည်။ ရန်ကုန်မြို့တော်ကို အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်ရန် စီမံကိန်းရေးဆွဲကာ အကောင်အထည်ဖော်နေသည်၊ မိမိတို့ရပိုင်ခွင့်အတွက် နေရာတော်တော်များများမှာ ဆန္ဒပြတောင်း ဆိုနေကြပြီ…။

သို့သော်လည်း လုံးဝမပြောင်းလဲဘဲ အရင်အတိုင်းရှိနေတာကို ပြောင်းလဲဖို့ မည်သူကမျှ ဦးဆောင်၍ မတောင်းဆို။ တောင်းဆိုရကောင်းမှန်းလည်း မသိကြ။ တစ်ခါသုံး စက္ကုလောက်တောင် တန်ဖိုးထား မခံရတဲ့ အမေ့ခံဘ၀တွေ ရှိနေသည်။ ခေတ်အဆက်ဆက်၊ စနစ်အဆက်ဆက် လူသတ်၊ ဘဏ္ဍာဖောက်၊ ဘ၀တလျှောက် ရိုင်းချင်တိုင်း ရိုင်းခဲ့တဲ့လူတွေကို သင်ပုန်းပဲချေချေ၊ ကျောက်တံပဲ ချိုးချိုး ကြိုက်သလို ခွင့်လွှတ်တာကို နားလည်နိုင်ပေမယ့် တိုင်းပြည်ကောင်းကျိုးအတွက် အသက်တွေ၊ ဘ၀တွေနဲ့ ရင်းပြီး စွန့်လွှတ်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးသမား၊ နိုင်ငံရေးသမား စစ်စစ်တို့ရဲ့ မျိုးဆက်တွေ ရဲ့အနာဂတ်အတွက် မသိကျိုးကျွံ ပြုနေတာကတော့ ခံပြင်းစရာဖြစ်နေသည်။

နိုင်ငံရေးသမား၊ တော်လှန်ရေးသမား၊ ဆိုသူတို့သည် ပြည်သူရဲ့ဝန် ကို ထမ်းနေရသူတွေသာ ဖြစ်သည်။ ကိုယ်ရဲ့ဝန်ကို ကောင်းကောင်းထမ်းနိုင်အောင် ကိုယ့်ဘက်ကလည်း ပြည်သူကောင်းဖြစ်ဖို့ ကြိုးစားသင့်သည်။

ပြည်သူမစစ်သည့် ပြည်သူတွေ များနေသရွေတော့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား အတုတွေလည်း များနေလိမ့်ဦးမည်ဟု မိမိ၏ထင်မြင်ချက်ကို တင်ပြရင်း အမိမြန်မာနိုင်ငံကြီး တိုးတက်ကြီး ပွားပါစေကြောင်း ဆုတောင်းလိုက်ပါသည်။

ထွန်းထွန်းနိုင်(အာရီဇိုးနားပြည်နယ်)

စာကိုး - ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း၏ " အောင်သန်း၏အောင်ဆန်း "

(ဟစ်တိုင် ဝက်ဆိုက်မှ ကူးယူဖော်ပြပါသည်)

ဘလော့ နှင့် ဖေ့စ်ဘွတ်ခ်

$
0
0
 ဘလော့ နှင့် ဖေ့စ်ဘွတ်ခ် ==============      ဖေ့စ်ဘုတ်ကြီး သုံးနေရင်း အရင် ဘလော့ တွေ ခေတ်ကို ပြန်လွမ်းမိတယ် ။ ဘလော့ တစ်ခုရေးမယ်ဆိုရင် ..အဲဒီ စာရေးတဲ့သူက အနည်းဆုံး နည်းပညာ နဲ့ စပြီးထိတွေ့ရတယ် ။ ဘလော့ လေးတွေ ပင်ပန်းခံလုပ်ရတယ် ၊ ဂျာဗားစခရစ် ကုဒ်လေးတွေ ကိုလေ့လာရတယ် ။ အရင် ရောက်နှင့် နေပြီးသား စီနီယာဘလော့ဂါတွေ ဆီကနေ အိုက်ဒီယာလေးတွေယူ ၊ နည်းပညာဗဟုသုတလေးတွေ ယူပြီး ကိုယ့်ဘလော့လေးကို ပြုပြင်ရတယ် ။ ကိုယ့်ဘလော့ လေး ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာကစ စိတ်ကူးရတယ် ။ ကိုယ်ရောက်လေရာအရပ် ၊ တွေ့ ကြုံသမျှ အကြောင်းရာလေးတွေ ၊ ကိုယ်ဖတ်ဖူး မှတ်ဖူးသမျှလေးတွေကို ဘလော့မှာ ပြန်ရေးကြတယ် ။ အဲဒီ ထက်ပိုပြီး စိတ်အားထက်သန်သူတွေကတော့ ကိုယ့် ချွေးနည်းစာထဲကနေ တစ်လကို ဒေါ် လာ ၃ ၊ ၄ ၊ ၅၀ အကုန်ကျခံပြီး ပိုက်ဆံပေးသုံးရတဲ့ ဆာဗာတွေ ၊ ဒိုမိန်းတွေ ဝယ်သုံးကြတယ် ။ ပြီးတော့ ဘလော့ ဂါ အချင်းချင်း သူ့ဘလော့ကိုယ်လည် ၊ ကိုယ့်ဘလော့ သူလည် သွားလည်ကြတယ် ။         အဲဒီအတွက် အကျိုးအမြတ်ဘာရသလဲ ။ အခကြေးငွေ မရပါဘူး ။ (ပြည်ပအထောက်ပံ့နဲ့ရပ်တည်တဲ့ ဘလော့များမှ အပပေါ့ ) ။ ပေါ်ပြူလာမဖြစ်ပါဘူး ။ သို့ပေမဲ့ ဘလော့ တွေ အမျိုးမျိုးရေး ၊ ခဏခဏ ပြင်ရင်း ကုဒ်တွေ နဲ့ ရင်းနှီးလာတယ် ။ ကိုယ်သိချင်တာတွေရှာဖွေ ရင်းနဲ့ အင်တာနက်ကို ကောင်းကောင်းအသုံးချနိုင်လာတယ် ။ အရင်ကHTML,JavaScript တွေမသင်ဖူးခဲ့သည့်တိုင်ဘယ်နေရာကိုပြင်ချင်ရင်တော့ဘယ်နားကကုဒ် ကို ပြင်ရမယ်ဆိုတာ မျိုး တီးမိခေါက်မိရှိလာတယ်။ ကုဒ်တွေ ကိုယ်တိုင်မရေးနိုင်တော့ အွန်လိုင်းမှာလိုက်ရှာဖွေရင်း ဘယ်ဆိုဒ်မှာတော့ source code တွေ ရနိုင်တယ်ဆိုတာ သိလာတယ် ။ ဘလော့လေး ကိုစိတ်ရောက်ရင်း ကိုယ်ရောက်လေရာအရပ်မှာ သတိထားကြည့်မိတတ်လာတယ် ။ မှတ်တမ်းတင်တတ်လာတယ် ။ ခု ဖေ့စ်ဘုတ်ကြီးလို at shopping mall  တို့ ၊ ရေချိုးခန်းရောက် အမှတ်တရ ဆိုပြီးဖင်ကောက်ပီး ဓာတ်ပုံရိုက်ပြတာမျိုးတော့မဟုတ်ဘူး ။  ခရီးသွားမှတ်တမ်းအနေနဲ့ ဆောင်းပါးသဘောမျိုး ဘယ်နားမှာဘာရှိတယ် ၊ ဘယ်မြို့ မှာတော့ ဘာလေးတွေ ရနိုင်တယ် ဆိုတာမျိုးပေါ့ ။  နောက် အွန်လိုင်းမှာ ဘယ်လင့်ခ်မှာတော့ ဘာအကြောင်းတွေရှိတတ်တယ် ဆိုတာမျိုး အမှတ်သားလေးတွေလုပ်တတ်လာတယ် ။ ကိုယ်ဒီအကြောင်းရာသိချင်တယ်ဆိုရင် မှတ်ထားတဲ့ ဖိုင်လေးဖွင့် ရှိမဲ့လင့်ခ်ကိုသွားကြည့်ရုံပါပဲ ။        ဘလော့ ခေတ်တုန်းကတော့ အွန်လိုင်း စာရေးသူ အတော်များများ ဟာ အပေးသမားသက်သက်ပဲ ။ ရလို မှုရှိတယ်ဆိုရင်တောင် ကြိုးစား မှု တစ်ခုခု နဲ့ သာယူကြရတယ် ။ ဘလော့ ဂါ အချင်းချင်းလည်း ဂုဏ်ယူဝံ့ကြွား ပြောတဲ့ စကားလေးရှိတယ် ။  "ကွန်းမန့်စား ဘလော့ဂါများ" တဲ့ ။ ဟုတ်တယ် ။ printed media တွေမှာ စာရေးသူနဲ့ စာဖတ်သူကြား ဖြစ်နေတဲ့ gap လေး ဟာ ..comment ဆိုတဲ့ မှတ်ချက်ပဲ ။ အဲဒီ မှတ်ချက်လေးတွေကို အဖိုးအခ အနေနဲ့ ပဲ သဘောထားပြီး ဘလော့ဂါတွေ စာရေးကြတယ် ။         ခုဖေ့စ်ဘုတ် ခေတ်ရောက်လာတော့ တစ်မျိုးတမည်ပြောင်းလာတယ် ။ အရင် ခေတ်က ကိုယ်တိုင် ဂုဏ်ယူခဲ့ရတဲ့ "ကွန်းမန့်စား အွန်လိုင်းစာရေးသူများ" ဆိုတဲ့ စကား ဟာ အတော်လေး အပေါစားဆန်လာတယ် ။ ဘာမှ အနှစ်သာရ မရှိတဲ့ ..." ခွိခွိ" ဆိုတဲ့ စကားလေးမှာ မှတ်ချက်ပေါင်း သောင်းခြောက်ထောင်လောက်ရှိတယ် ။ သြော် ..အတော် တုံးလိုက်တဲ့ ငါ ..အတော်အလိုက်တဲ့ ငါ ..ဒီလောက် ဝေဖန်စရာ ၊ ထောက်ပြစရာ ၊ ဆွေနွေးစရာ ကောင်းလောက်အောင်လေးနက်နေတဲ့ "ခွိ ခွိ" ဆိုတဲ့ စကားကို နားလည်နိုင်တဲ့ အသိဥာဏ် ငါ့မှာ မရှိပါကလားရယ်လို့လည်း အတော်သိမ်ငယ်မိတယ် ။          နောက် .. ဒါဖြစ်ချင် Like ၊ ဟိုဟာ ဖြစ်ရင် Like ၊ ဒါလေးကို like ပေးပါလား ၊ မျိုးချစ်စိတ်ရှိ like ၊ ဘာဘာသာ ဆိုရင် like ။ ဟိုလူ့ဆိုရင် like ..ဒီလူ့ဆိုရင်တော့ ကွန်းမန့် ဆိုပြီး အမြဲလိုလို တွေ့နေရတယ် ။ အရင်က .. စာဖတ်သူတစ်ယောက်ရဲ့ မှတ်ချက်ကို အဖိုးအခ အနေနဲ့ တန်ဖိုးထားတတ်ကြတဲ့ အွန်လိုင်းသမား များဟာ .. ခုတော့ ပရိတ်သတ်ရဲ့ နှစ်သက်မှု (like) နဲ့ မှတ်ချက်(comment) ကို သူတောင်းစားလိုလည်းတောင်းယူရမှာ ၊ သူခိုးကြမ်းပိုးလိုလည်း လိမ်ညာယူရမှာ ဝန်မလေးကြတော့ပါလား ဆိုပြီး အံ့သြနေမိတယ် ။         အလုပ်မရှိ ...အောက်ခေါင်းသန်းရှာ ... ဘေးအိမ်က ခွေးပိန်မကြီး မကျေနပ်တာကိုလည်း တခမ်းတနားနဲ့ ဆန်းပြားအောင် လည်း လုပ်တတ်ကြတယ် ။ အုပ်စုဖွဲ့ အတင်း အုပ်တဲ့လူနဲ့  အယုတ္တ ၊ အနတ္တ ၊ ဖရုဿဝါစာ ကိုယ့်အင်္ဂါနဲ့ နှိုင်းနေတဲ့ ကျောက်ခေတ်လူ့အသိုင်းဝိုင်းကလူတွေနဲ့  ၊ သူများ ဟာ ကိုယ့်ဟာလုပ် ပြီးအခြောက်တိုက် နာမည်ကြီးချင်ကြတဲ့ ဘဝင်ရူးတွေနဲ့ ။ ဖေ့စ်ဘုတ် အကောင့်တောင် သူများလုပ်ပေးမှ သုံးတတ်တဲ့ လူတွေက မသိတာမရှိ ..ကဝိပညာရှိ လုပ်ချင်ကြသေးတယ် ။ အလွယ်လိုက်ပြီး ၊ အချောင်နှိုက်ချင်တဲ့ ကောင်တွေက ခပ်များများ ။  ဒီကြားထဲ  "ဟေ့ ..ကောင် သတ္တိရှိရင် ပရိုဖိုင်ပုံတင်လိုက် " ဆို တဲ့ ယဉ်ကျေး မှုကြီးကလည်း ဘာအထှာကြီးမှန်းကိုမသိဘူး ။        ဒါဖြင့် မင်းဘာလို့သုံးနေသေးသတုန်းလို့တော့ မေးချင်လည်းမေးနိုင်ပါတယ် ။  ဖေ့စ်ဘုတ်မှာ ညီလို အကိုလိုခင်ရတဲ့ မိတ်ဆွေတွေ ရှိနေသေးသလို ၊ အသက်အရွယ် ၊ ဂုဏ်ပညာ အရ ကိုယ်လေးစားရလောက်တဲ့ လူတွေ ကလည်း ဖေ့စ်ဘုတ်ကြီးမှာရှိနေပါသေးတယ် ။ လူမသိ သူမသိ ပဲ ထွက်ကျလာမဲ့ သူတို့ဆီ "အာဟာရအဖိတ်အစင်" လေးတွေ ကို မျှော်ကိုးပြီး နေနေမိတာပါ ။  မဟုတ်ရင်တော့ အလံနီလေး ပြလို့ ..ဆလံသ ခဲ့ တာ အတော်ကြာနေလောက်ပါပြီ ။
 


==============

ဖေ့စ်ဘုတ်ကြီး သုံးနေရင်း အရင် ဘလော့ တွေ ခေတ်ကို ပြန်လွမ်းမိတယ် ။ ဘလော့ တစ်ခုရေးမယ်ဆိုရင် ..အဲဒီ စာရေးတဲ့သူက အနည်းဆုံး နည်းပညာ နဲ့ စပြီးထိတွေ့ရတယ် ။ ဘလော့ လေးတွေ ပင်ပန်းခံလုပ်ရတယ် ၊ ဂျာဗားစခရစ် ကုဒ်လေးတွေ ကိုလေ့လာရတယ် ။ အရင် ရောက်နှင့် နေပြီးသား စီနီယာဘလော့ဂါတွေ ဆီကနေ အိုက်ဒီယာလေးတွေယူ ၊ နည်းပညာဗဟုသုတလေးတွေ ယူပြီး ကိုယ့်ဘလော့လေးကို ပြုပြင်ရတယ် ။ ကိုယ့်ဘလော့ လေး ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာကစ စိတ်ကူးရတယ် ။ ကိုယ်ရောက်လေရာအရပ် ၊ တွေ့ ကြုံသမျှ အကြောင်းရာလေးတွေ ၊ ကိုယ်ဖတ်ဖူး မှတ်ဖူးသမျှလေးတွေကို ဘလော့မှာ ပြန်ရေးကြတယ် ။ အဲဒီ ထက်ပိုပြီး စိတ်အားထက်သန်သူတွေကတော့ ကိုယ့် ချွေးနည်းစာထဲကနေ တစ်လကို ဒေါ် လာ ၃ ၊ ၄ ၊ ၅၀ အကုန်ကျခံပြီး ပိုက်ဆံပေးသုံးရတဲ့ ဆာဗာတွေ ၊ ဒိုမိန်းတွေ ဝယ်သုံးကြတယ် ။ ပြီးတော့ ဘလော့ ဂါ အချင်းချင်း သူ့ဘလော့ကိုယ်လည် ၊ ကိုယ့်ဘလော့ သူလည် သွားလည်ကြတယ် ။

အဲဒီအတွက် အကျိုးအမြတ်ဘာရသလဲ ။ အခကြေးငွေ မရပါဘူး ။ (ပြည်ပအထောက်ပံ့နဲ့ရပ်တည်တဲ့ ဘလော့များမှ အပပေါ့ ) ။ ပေါ်ပြူလာမဖြစ်ပါဘူး ။ သို့ပေမဲ့ ဘလော့ တွေ အမျိုးမျိုးရေး ၊ ခဏခဏ ပြင်ရင်း ကုဒ်တွေ နဲ့ ရင်းနှီးလာတယ် ။ ကိုယ်သိချင်တာတွေရှာဖွေ ရင်းနဲ့ အင်တာနက်ကို ကောင်းကောင်းအသုံးချနိုင်လာတယ် ။ အရင်ကHTML,JavaScript တွေမသင်ဖူးခဲ့သည့်တိုင်ဘယ်နေရာကိုပြင်ချင်ရင်တော့ဘယ်နားကကုဒ် ကို ပြင်ရမယ်ဆိုတာ မျိုး တီးမိခေါက်မိရှိလာတယ်။ ကုဒ်တွေ ကိုယ်တိုင်မရေးနိုင်တော့ အွန်လိုင်းမှာလိုက်ရှာဖွေရင်း ဘယ်ဆိုဒ်မှာတော့ source code တွေ ရနိုင်တယ်ဆိုတာ သိလာတယ် ။ ဘလော့လေး ကိုစိတ်ရောက်ရင်း ကိုယ်ရောက်လေရာအရပ်မှာ သတိထားကြည့်မိတတ်လာတယ် ။ မှတ်တမ်းတင်တတ်လာတယ် ။ ခု ဖေ့စ်ဘုတ်ကြီးလို at shopping mall တို့ ၊ ရေချိုးခန်းရောက် အမှတ်တရ ဆိုပြီးဖင်ကောက်ပီး ဓာတ်ပုံရိုက်ပြတာမျိုးတော့မဟုတ်ဘူး ။ ခရီးသွားမှတ်တမ်းအနေနဲ့ ဆောင်းပါးသဘောမျိုး ဘယ်နားမှာဘာရှိတယ် ၊ ဘယ်မြို့ မှာတော့ ဘာလေးတွေ ရနိုင်တယ် ဆိုတာမျိုးပေါ့ ။ 
နောက် အွန်လိုင်းမှာ ဘယ်လင့်ခ်မှာတော့ ဘာအကြောင်းတွေရှိတတ်တယ် ဆိုတာမျိုး အမှတ်သားလေးတွေလုပ်တတ်လာတယ် ။ ကိုယ်ဒီအကြောင်းရာသိချင်တယ်ဆိုရင် မှတ်ထားတဲ့ ဖိုင်လေးဖွင့် ရှိမဲ့လင့်ခ်ကိုသွားကြည့်ရုံပါပဲ ။

ဘလော့ ခေတ်တုန်းကတော့ အွန်လိုင်း စာရေးသူ အတော်များများ ဟာ အပေးသမားသက်သက်ပဲ ။ ရလို မှုရှိတယ်ဆိုရင်တောင် ကြိုးစား မှု တစ်ခုခု နဲ့ သာယူကြရတယ် ။ ဘလော့ ဂါ အချင်းချင်းလည်း ဂုဏ်ယူဝံ့ကြွား ပြောတဲ့ စကားလေးရှိတယ် ။ 
"ကွန်းမန့်စား ဘလော့ဂါများ" တဲ့ ။ ဟုတ်တယ် ။ printed media တွေမှာ စာရေးသူနဲ့ စာဖတ်သူကြား ဖြစ်နေတဲ့ gap လေး ဟာ ..comment ဆိုတဲ့ မှတ်ချက်ပဲ ။ အဲဒီ မှတ်ချက်လေးတွေကို အဖိုးအခ အနေနဲ့ ပဲ သဘောထားပြီး ဘလော့ဂါတွေ စာရေးကြတယ် ။

ခုဖေ့စ်ဘုတ် ခေတ်ရောက်လာတော့ တစ်မျိုးတမည်ပြောင်းလာတယ် ။ အရင် ခေတ်က ကိုယ်တိုင် ဂုဏ်ယူခဲ့ရတဲ့ "ကွန်းမန့်စား အွန်လိုင်းစာရေးသူများ" ဆိုတဲ့ စကား ဟာ အတော်လေး အပေါစားဆန်လာတယ် ။ ဘာမှ အနှစ်သာရ မရှိတဲ့ ..." ခွိခွိ" ဆိုတဲ့ စကားလေးမှာ မှတ်ချက်ပေါင်း သောင်းခြောက်ထောင်လောက်ရှိတယ် ။ သြော် ..အတော် တုံးလိုက်တဲ့ ငါ ..အတော်အလိုက်တဲ့ ငါ ..ဒီလောက် ဝေဖန်စရာ ၊ ထောက်ပြစရာ ၊ ဆွေနွေးစရာ ကောင်းလောက်အောင်လေးနက်နေတဲ့ "ခွိ ခွိ" ဆိုတဲ့ စကားကို နားလည်နိုင်တဲ့ အသိဥာဏ် ငါ့မှာ မရှိပါကလားရယ်လို့လည်း အတော်သိမ်ငယ်မိတယ် ။ 

နောက် .. ဒါဖြစ်ချင် Like ၊ ဟိုဟာ ဖြစ်ရင် Like ၊ ဒါလေးကို like ပေးပါလား ၊ မျိုးချစ်စိတ်ရှိ like ၊ ဘာဘာသာ ဆိုရင် like ။ ဟိုလူ့ဆိုရင် like ..ဒီလူ့ဆိုရင်တော့ ကွန်းမန့် ဆိုပြီး အမြဲလိုလို တွေ့နေရတယ် ။ အရင်က .. စာဖတ်သူတစ်ယောက်ရဲ့ မှတ်ချက်ကို အဖိုးအခ အနေနဲ့ တန်ဖိုးထားတတ်ကြတဲ့ အွန်လိုင်းသမား များဟာ .. ခုတော့ ပရိတ်သတ်ရဲ့ နှစ်သက်မှု (like) နဲ့ မှတ်ချက်(comment) ကို သူတောင်းစားလိုလည်းတောင်းယူရမှာ ၊ သူခိုးကြမ်းပိုးလိုလည်း လိမ်ညာယူရမှာ ဝန်မလေးကြတော့ပါလား ဆိုပြီး အံ့သြနေမိတယ် ။ 

အလုပ်မရှိ ...အောက်ခေါင်းသန်းရှာ ... ဘေးအိမ်က ခွေးပိန်မကြီး မကျေနပ်တာကိုလည်း တခမ်းတနားနဲ့ ဆန်းပြားအောင် လည်း လုပ်တတ်ကြတယ် ။ အုပ်စုဖွဲ့ အတင်း အုပ်တဲ့လူနဲ့ 
အယုတ္တ ၊ အနတ္တ ၊ ဖရုဿဝါစာ ကိုယ့်အင်္ဂါနဲ့ နှိုင်းနေတဲ့ ကျောက်ခေတ်လူ့အသိုင်းဝိုင်းကလူတွေနဲ့ ၊ သူများ ဟာ ကိုယ့်ဟာလုပ် ပြီးအခြောက်တိုက် နာမည်ကြီးချင်ကြတဲ့ ဘဝင်ရူးတွေနဲ့ ။ ဖေ့စ်ဘုတ် အကောင့်တောင် သူများလုပ်ပေးမှ သုံးတတ်တဲ့ လူတွေက မသိတာမရှိ ..ကဝိပညာရှိ လုပ်ချင်ကြသေးတယ် ။ အလွယ်လိုက်ပြီး ၊ အချောင်နှိုက်ချင်တဲ့ ကောင်တွေက ခပ်များများ ။ 
ဒီကြားထဲ "ဟေ့ ..ကောင် သတ္တိရှိရင် ပရိုဖိုင်ပုံတင်လိုက် " ဆို တဲ့ ယဉ်ကျေး မှုကြီးကလည်း ဘာအထှာကြီးမှန်းကိုမသိဘူး ။ 

ဒါဖြင့် မင်းဘာလို့သုံးနေသေးသတုန်းလို့တော့ မေးချင်လည်းမေးနိုင်ပါတယ် ။ ဖေ့စ်ဘုတ်မှာ ညီလို အကိုလိုခင်ရတဲ့ မိတ်ဆွေတွေ ရှိနေသေးသလို ၊ အသက်အရွယ် ၊ ဂုဏ်ပညာ အရ ကိုယ်လေးစားရလောက်တဲ့ လူတွေ ကလည်း ဖေ့စ်ဘုတ်ကြီးမှာရှိနေပါသေးတယ် ။ လူမသိ သူမသိ ပဲ ထွက်ကျလာမဲ့ သူတို့ဆီ "အာဟာရအဖိတ်အစင်" လေးတွေ ကို မျှော်ကိုးပြီး နေနေမိတာပါ ။ မဟုတ်ရင်တော့ အလံနီလေး ပြလို့ ..ဆလံသ ခဲ့ တာ အတော်ကြာနေလောက်ပါပြီ ။

ဒီစကား

$
0
0
 

ဒီစကား
.................
ကျွန်မတို့ ငယ်ငယ်တုန်းက "ဘ၀သံသရာ" ဆိုတဲ့ ရုပ်ရှင် အင်မတန် နာမည်ကြီးပါတယ်။ ကြည့်တော့ မကြည့်ဖူးပါဘူး။ ဒါပေမယ့် ရုပ်ရှင်ထဲက သီချင်းကို ခဏခဏ ကြားဖူးလို့ စာသားတွေခုထိ မှတ်မိနေပါတယ်။ "ဘဝသံသရာတဲ့ ရှည်လျားထွေပြား မနေမနား၊ တသွားတည်း သွားရတာ"။ အခုတစ်လော ဟိုသွားရ၊ ဒီသွားရနဲ့ ရပ်နားခြင်း မရှိသလို ဖြစ်နေတော့ကိုယ့်ကိုယ်ကို သံသရာ ခရီးသည်လိုလို၊ အခြေတကျ မရှိတဲ့ သိုးထိန်းအုပ်စုဝင် လိုလို ခံစားမိပါတယ်။ 
သွားပုံလာပုံကလည်း လွယ်လွယ်တည့်တည့် မဟုတ်ပါဘူး။ မုံရွာသွားဖို့ နေပြည်တော်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ဆင်း၊ နောက်လေယာဉ်နဲ့ပဲ ရန်ကုန်ကနေ မန္တလေးတက်၊ မန္တလေးက မုံရွာကို ကားနဲ့သွား၊ မုံရွာကတခါ နေပြည်တော်ကားနဲ့ပြန်၊ နောက်တစ်ကျော့ ကြတော့ လေယာဉ်နဲ့ပဲ ရန်ကုန်ပြန်ဆင်း၊ အလုပ်တွေ ပြီးတော့ နေပြည်တော် ပြန်တက်၊ နေပြည်တော်က တောင်တွင်းကြီး၊ နတ်မောက်၊ မကွေးကားနဲ့သွား၊ မကွေးကနေ ညောင်ဦးကားနဲ့သွားပြီး ညောင်ဦးက ရန်ကုန်လေယာဉ်နဲ့ ပြန်ဆင်း။

ဘဝခရီးမှာ ပါလာတာကတော့ ကံနဲ့ လောကဓံပါ။ ဘဝရဲ့ ယခုအပိုင်းမှာတော့ ခရီးရှည်ဖြစ်ဖြစ်၊ တစ်မြို့တွင်း ခရီးတိုလေးပဲ ဖြစ်ဖြစ် ကျွန်မ အဖော်တွေက ဒေါက်တာတင်မာအောင်ရယ်၊ သူ့ရဲ့လက်ကိုင်ဖုန်းရယ်၊ စာရွက်စာတမ်းတွေရယ်၊ အချိန်ကိုအမြဲ လုလုပ်နေရတာကြောင့် ကားထဲကပဲ ဖုန်းနဲ့ လုပ်စရာတွေ တော်တော်များများ လုပ်ရပါတယ်။ ဒေါက်တာတင်မာအောင်က "No, No, No" တွင်တွင်ပြောနေပြီ ဆိုရင်တော့ ဟိုဘက်က ပြောတာ မကြားရပေမယ့် အသည်းအမည်း တွေ့ချင်ပါတယ် ပြောနေသူ တစ်ယောက်ယောက်ကို အသည်းအသန် ငြင်းနေရတယ် ဆိုတာ သိနေပါပြီ။

ကျွန်မက ကားမူးတတ်လို့ ကားသွားရင်း စာမဖတ်နိုင်ဘူး။ ကံကောင်းထောက်မစွာ ဒေါက်တာတင်မာအောင်မှာ ဒီပြဿနာမရှိပါ။ ဒီတော့ကားထဲမှာပဲ ကျွန်မကို စာတွေ၊စာတမ်းတွေ ဖတ်ပြပြီး အလုပ်တချို့ကို ဖြတ်ရပါတယ်။ ခရီးရှည်သွားရင်တော့ အဆင်ပြေသလို အစား စားရတဲ့ အလုပ်က ပိုလာပါတယ်။ ပြည်ပ ခရီးဖြစ်ဖြစ်၊ ပြည်တွင်းခရီးဖြစ်ဖြစ် အချိန်နဲ့ ထမင်းမစားနိုင်တာ ခဏခဏ ဖြစ်လို့ ရိက္ခာ အနည်းငယ် သယ်တဲ့အကျင့် ပါနေပါပြီ။ စားရပုံကလည်း တစ်တခါတလေ ရယ်ချင်စရာပါပဲ။ ဒေါက်တာ တင်မာအောင် သန့်စင်ခန်း မဝင်မနေနိုင်တော့ပါ ဆိုပြီး အတင်းခေါ်သွားတာ၊ သန့်စင်ခန်းထဲရောက်မှာ ဘီစကွတ်မုန့်လေးတွေ ထုတ်ကျွေးတာ ရှိခဲ့ဖူးပါတယ်။ ကားထဲမှာ သွားရင်း လာရင်း စောင့်ကြိုနေတဲ့ ပြည်သူတွေကို နှုတ်ဆက်ရင်း ကြားထဲက ဒေါက်တာတင်မာအောင် ဖဲ့ဖဲ့ပေးတဲ့ မုန့်လေးတွေ ကပျာကယာ စားရပါတယ်။ ဆရာဝန်ဆိုတော့ ဒေါက်တာတင်မာအောင်က ကျွန်မကို အစိုတစ်ရှုးစက္ကူ၊ အခြောက်တစ်ရှုးစက္ကူတွေနဲ့ လက်သုတ်ပြီးမှ စားစေချင်တယ်။ ဒီလို လုပ်နေလို့ကတော့ အချိန်မီ စားပြီးမှာ မဟုတ်ဘူး။ ခံနိုင်ရည်ရှိအောင် ညစ်ညစ်ပတ်ပတ်ပဲ စားတော့မယ်ဆိုပြီး ကျွန်မတစ်ခါတည်း လှမ်းယူဖန်များတော့လည်း ဆရာဝန်မကြီး လက်လျော့ရတာပေါ့။

လမ်းမှာစားလို့ အကောင်းဆုံးကတော့ ပြည်သူတေါ မေတ္တာနဲ့ ပေးတဲ့ မုန့်လေးတွေပါပဲ။ ဒီတခါ အညာခရီးမှာ ရွာလေးတစ်ခုက လူတွေပေးလိုက်တဲ့ ထန်းသီးမုန့် အဖြူနဲ့ အကြော်စုံလေးတွေက လတ်လတ်ဆတ်ဆတ် ဒေသလက်ရာတွေဆိုတော့ တကယ့်ကို အရသာရှိပါတယ်။ ဒေါက်တာတင်မာအောင်က လိမ္မော်သီးလေးတွေရရင် သိပ်ကျေနပ်တာပဲ။ ကျွန်မ အာခေါင်ခြောက်တဲ့အခါ ကျွေးပါတယ်။ နှစ်ဦးပိုင်းက ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေး ခရီးတွေ သွားရတုန်းကနဲ့ မတူ၊ ထူးထူးခြားခြား မကွေးခရီးမှာ တရက်နည်းနဲ့ အသံဝင်၊ လည်ချောင်းနာချင်တာတယ်။ ဖုန်နဲ့ နေပူတာနဲ့ ပြည်သူတွေနဲ့ စကားပြောတာ များတာနဲ့ အားလုံး ပေါင်းလိုက်လို့နဲ့ တူပါတယ်။ မကွေးအဝင်မှာ လူငယ်လေး တစ်ယောက်က ပန်းသီးလေး တစ်လုံး ပေးလိုက်တာ ချက်ချင်း ကိုက်စားတဲ့ အခါ လန်းသွားရပါတယ်။ တည်းခိုနေတဲ့ နေရာရောက်မှ ရေနွေးနဲ့ ဆားနဲ့ငုံ၊ ဖီးကြမ်းငှက်ပျောသီးနဲ့ ပျားရည်စားတာ စသဖြင့် လည်ချောင်းအမြန်ကုနည်းတွေ စမ်းရပါတယ်။ ဒါပေမယ့် အခုထိ အားက ပုံမှန် မဖြစ်သေးပါဘူး။

နေပြည်တော်က မကွေးခရီးစဉ် တစ်လျောက် ရှုးခင်းတွေက စုံပါတယ်။ ပထမပိုင်းမှာ တောင်ပတ်လမ်းတွေနဲ့ လှပသာယာတယ်။ မြေပြန့်ကို ရောက်တော့ ထန်းတောလေးတွေ၊ ရွာတွေနဲ့ ခပ်ဝေးဝေးမှာ အိပ်စက်နေတဲ့ အုတ်ဂူလေးတွေကတော့ လွမ်းစရာ၊ စဉ်းစားစရာပါပဲ။ ခရီးသွားတိုင်း အမြင်သစ်၊ အတွေးသစ်တွေ အမြဲရပါတယ်။ ခဏခဏ ခရီးသွားရလို့ ကျွန်မအတွက် စိတ်အနှောက်အယှက် ဖြစ်ရတာကတော့ ခွေးလေးတိုင်ချီးတိုးကို ထားခဲ့ရတဲ့ ကိစ္စပါပဲ။ "သွားပြီ ပြန်လာမယ်"လို့တော့ အမြဲပြောသွားပေမယ့် သူကတော့ ဘယ်နားလည်ရှာမလဲ။ ဘယ်တော့ ပြန်ပေါ်လာမလဲ ဆိုတာ ဘယ်လိုသိနိုင်မှာလဲ။ အမေရိကန် ပြည်ထောင်စု ခရီးက ၁၉ ရက်တောင် ကြာခဲ့တော့ ပြန်လာစအခါမှာ တိုင်ချီးတိုး ကျွန်မကို လုံးဝသူ့မျက်စိ အောက်က အပျောက်မခံနိုင် ဖြစ်နေပါတယ်။ သူ့နားက သွားတော့မယ် ထင်တာနဲ့ ကျွန်မခြေတောက်တွေကို ဖက်ထားတယ်။ ညအိပ်တဲ့ အခါမှာလည်း သူ့ကိုနဲ့ ကျွမခြေတောက်တွေကို ကပ်ပြီးအိပ်တယ်။ သူ့နားက ခွဲခွာသွားစေတာ ဒီခြေတောက်တွေပဲ၊ လွှတ်ထားလို့တော့ မဖြစ်ဘူးလို့ ထင်ပုံရတယ်။ ကျွန်မ ခဏခဏ ထွက်သွားရတဲ့ အကြောင်းတွေကို တိုင်ချီးတိုးသာ သိရင် ဘာများလုပ်မလဲလို့ တခါတရံ တွေးမိပါတယ်။ ဒီတပတ်တော့ ဒီမျှသာ။

အောင်ဆန်းစုကြည် (ဒီလှိုင်းဂျာနယ်)

ထာဝရမွှေးသော ပန်း

$
0
0
by Seaman Nayminthu (Notes) on Wednesday, May 15, 2013 at 11:59am

သူတို့ကို ကျနော် အမြဲလိုလို သတိရ လွမ်းဆွတ် နေမိသည်။ သူတို့ဆိုသည်ကား ကျနော်နှင့် ငယ်ပေါင်းရောင်းရင်း ညီအစ်ကိုချင်းပမာ သံယောဇဉ် တွယ်တာရသော နှစ်ကာလ ဆယ်စုတခုကျော် နီးတခါ ဝေးတလှည့် အတူ တာဝန်ထမ်းဆောင် ပေါင်းသင်းဆက်ဆံခဲ့ဖူးသည့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများပင်။

ငယ်ငယ်ကတည်းက သိကျွမ်းခင်မင်ခဲ့သူတွေ မဟုတ်သော်လည်း အတူနေအတူစား အခက်အခဲရှိလျင်လည်း အတူတကွ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသူများ ဖြစ်သည်မို့ အချင်းချင်း သံယောဇဉ်ကြီးကြသည်။ ရံဖန်ရံခါ ကတောက်ကဆ ဖြစ်ကြသည်များရှိသော်လည်း အရေးကြုံသည့်အခါ ညီအစ်ကိုရင်းပမာ ရိုင်းပင်းကူညီ တတ်ကြပြန်၏။


ကျနော်တို့ သက်ဆိုင်ရာ အခြေခံစစ်သင်တန်း၊ ဘာသာရပ်ဆိုင်ရာသင်တန်းများပြီးဆုံး  နယ်တပ်တွေ အသီးသီး ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသောအခါ တပ်တခုတည်း အတူတာဝန်ကျသော အဆင့်တူ စစ်သည် (၄) ဦးအနက် ကျနော်က စီနီယာအကျဆုံး အသက်အကြီးဆုံး ဖြစ်နေသောကြောင့် ရုံးအုပ်တာဝန် ကိုယူရ၏။ ကျန် (၃) ဦးက ဦး/ရေး/ထောက် တာဝန်ခံများ။

ခရီးကြမ်းနှင် တည်ဆောက်ပြုပြင်နေရသော တပ်သစ်မှာ တပ်မှူး အားထားရသော ရုံးလုပ်ငန်း တာဝန်ခံ လူမိုက်များအဖြစ် နှင်းတောတိုးခဲ့ရသောကာလ ဖြစ်လေသည်။ တပ်တို့၏ ထုံးစံအရ အသစ်တည်ဆောက် ခါစတွင် စီနီယာကျသော မြို့ပေါ်တပ်တွင် အထိုင်ကျနေသော ဆရာကြီးများ အာရုံမကျတတ်သော အချိန်ဖြစ်သဖြင့် မနူးမနပ် လုပ်သက်နု စစ်သည်များနှင့် အမှီအတွယ် မခိုင်ခံ့သော စီနီယာ ဆရာသမား တချို့သာ ဦးစွာရောက်ရှိ နေရာယူ ကြရစမြဲဖြစ်လေသည်။
မရောက်ဘူးခင်ကတည်းက သူများပြောသံဆိုသံ ကြားရဖူးသည်။ ‘ဟိုင်းကြီးမှာ နေရတာ ဝါးကြောမိတယ်၊ ရေလျှံတယ်’ တဲ့။ လယ်ကွင်းထဲက ရေမြုပ်လမ်းလေးတွေပေါ် စမ်းတဝါးဝါး လျှောက်လှမ်းရပြီး ယာယီ အဆောက်အဦ တဲထဲက ဝါးကြောကွပ်ပျစ်တွေပေါ်မှာ အိပ်စက်ရတာကို ဆိုလိုခြင်းဖြစ်သည်။ ကျနော်တို့ ရောက်သွားချိန်မှာ ရုံးအဆောက်အဦးတချို့ ဆောက်လုပ်ပြီးစီးနေပါပြီ။

ထို့ပြင် ပြောင်းရွှေ့လာသူများထဲတွင် အိမ်ထောင်သည် စစ်သည်နဲပါးလှသဖြင့် အိမ်ထောင်သည် တဦးဖြစ်သော ကျနော်၏ အိမ်မှာ လူပျိုစစ်သည်တို့ စားကျက်ကျရာ…။ နေ့စဉ်နေ့တိုင်း ဆိုသလို အိမ်မှာ မိသားစုသက်သက် ထမင်းဝိုင်းဟူ၍ မရှိသလောက်ပင်။ ထမင်းစားချိန်ရောက်လျှင် လူပျိုဆောင်မှ အနည်းဆုံး စစ်သည် ၁ ဦး ၂ ဦးလောက်တော့ ထမင်းပုဂံထဲ ဟင်းလေးတွေပုံထည့်ကာ ရောက်ရှိလာတတ်သည်။ စနေ တနင်္ဂနွေရက်များ၌စုပေါင်းချက်ပြုတ် စားသောက်လေ့ရှိ သည်။ ဘာရယ်တော့မဟုတ် မိဝေးဘဝေး အရပ်မှာ အိမ်ထမင်း အိမ်ဟင်း အလွမ်းပြေ သဘောဖြစ်သည်။

ထိုအချိန်က တပ်အဆောက်အဦးတွေနဲ့ ခပ်လှမ်းလှမ်းမှာ လယ်သမားမိသားစုတွေနေသော တဲတချို့ ရှိနေသေး၏။ လယ်တဲတွေဆီ သွားရောက်လည်ပတ်ကြရင်း ကျနော်တို့ရုံးမှ စစ်သည်တဦး လယ်သူမလေးနှင့် နှစ်ကိုယ်တူ မေတ္တာမျှကာ ဘဝသစ်ထူထောင်သွားသည်။  

တနှစ်မိုးဦးကျမှာ ယာယီတာဝန်ဖြင့် ကျနော်ရန်ကုန်ကို ရောက်နေခိုက် တပ်မှာကျန်ခဲ့သော ဇနီးသည် ငှက်ဖျားမိ သဖြင့် ဆေးရုံတက်နေရကြောင်း ဆက်သွယ်ရေးသတင်းရသောကြောင့် အလုပ်တာဝန်တွေကို တခြားတဦးထံ လွှဲအပ်ကာ တပ်သို့ ပြန်လာခဲ့သည်။ ဟိုင်းကြီးကျွန်းနှင့်ရန်ကုန် မိုင် ၂၀၀ ကျော်လောက်သာ ဝေးလံသော်လည်း လမ်းပမ်းအခြေအနေကြောင့် တညအိပ် နှစ်ရက်ခရီး နှင်ရသည်။ ဒီကြားထဲ ရာသီဖောက်ပြန်နေသဖြင့် ပုသိမ်မှာ ၂ ရက်ခန့်သောင်တင်နေပြန်၏။ ထိုအခါက ဟိုင်းကြီးကျွန်းပေါ်မှာ တယ်လီဖုန်းဆက်သွယ်ရေး မရှိသေးပါ။  

ရာသီကောင်းမွန်သောနေ့မှ ခရီးဆက်ခဲ့ရပြီး ဟိုင်းကြီးဆိပ်ကမ်းသို့ သင်္ဘောကပ်သည်နှင့် ဆေးရုံသို့ အသော့နှင် ခဲ့၏။ ဇနီးသည်ကား အတော်ပင် ထူထူ ထောင်ထောင် ဖြစ်နေပေပြီ။ သူငယ်ချင်းတဦးက သူ့အတွက် အစားအစာ သယ်ယူပေးပြီး  တယောက်က အိမ်မှာ လူမမယ် သား ၂ ဦးကို ထိန်းရင်း ထမင်းဟင်းချက်ပေး နေကြောင်း သိရသဖြင့် စိတ်အေးသွားရသည်။
ကျနော်ရန်ကုန်မှ အပြီးထွက်ခွာဖို့ ပြင်ဆင်ပြီးချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းတဦး အိမ်ကိုရောက် လာသည်။ သန်လျင်ရှိ ရလခ တွင် သင်တန်းတက်ဖို့လာရင်း အလည်ရောက်လာခြင်းဖြစ်၏။ ကျနော် လစ်မည့်အစီအစဉ်ကို သိတော့ သူ့မျက်နှာ သိသိသာသာ ညှိုးလျသွားသည်။ မသွားဖို့ အတန်တန်တားမြစ် သော်လည်း ကျနော့်ဘက်က ဆုံးဖြတ်ချက် မပြင်တော့မှန်း ရိပ်မိသဖြင့် သူက ‘အေးလေ… ယောနသံ စင်ယော် ငှက်လေးပုံပြင်ထဲကလို ပေါ့ဗျာ.. လက်ရှိနေရာမှာ အစာရေစာရှားပါးတယ်.. အစားရေစာပေါများတဲ့ နေရာကို သွားဖို့ကလည်း အန္တရာယ် အသွယ်သွယ် အတားအဆီးတွေ ကျော်ဖြတ်ရအုံးမှာ.. ဒီတော့ စွန့်စားကြည့်ပေါ့ဗျာ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်’ ဟုဆိုရင်း ကျနော့်ကို ငေးစိုက်ကြည့်နေ၏။ ထိုနေ့ညက သူနှင့်ကျနော် အတူအိပ် ခဲ့ကြသည်။

ခုချိန်မှာ တိမ်ညိုအုံ့ဆိုင်း နေ့ရက်များနှင့် မနှစ်မြို့ အော်ဂလီဆန်စရာ အဖြစ်အပျက်များအကြောင်း ပြန်လည် စဉ်းစားလိုစိတ် မရှိတော့သည့်တိုင် အတူနေခဲ့ ဖူးသော လုပ်ဖော်ကိုင်ဖက်များနှင့် ခေါင်းဆောင်ကောင်းများ ကိုတော့ ဘယ်လိုမှ မေ့မရနိုင်သည် အမှန်ဖြစ်၏။
……………………………………………………………………
သားကြီး လက်ထဲမှာ ဆွဲလာသော အထုပ်ကလေး (၃) ထုပ်ကို ကမ်းယူလိုက်ရင်း ဘာတွေလဲ သေချာ ကြည့်မိတော့ ကြက်ဥတထုပ်၊ ဆပ်ပြာမှုန့်တထုပ်နှင့် ကြက်သွန်နီတထုပ်.. ကြက်သွန်နီအိတ်ထဲမှာ အချိုမှုန့် တထုပ် ထည့်ထားတာ တွေ့ရသည်။  ခွဲခွာသွားသော သူငယ်ချင်းတချို့ထံမှ ပေးပို့လိုက်သော လက်ဆောင် ပစ္စည်းလေးများ ဖြစ်၏။ သူတို့ပေးပို့လာသော ငွေဖြင့် ဒီမှာရှိသော စီစဉ်သူတွေက အိမ်ထောင်စုသုံး ပစ္စည်းလေးများ ဝယ်ယူကာ ဖြန့်ဝေပေးခြင်းဖြစ်သည်။

သူတို့ထဲက ကျနော်နှင့် တပ်မှာ အတူတာဝန်ထမ်းဆောင်ခဲ့ဖူးသူ အနည်းအကျဉ်းရှိပေမင့် ပြင်ပရောက်မှ စတင်သိကျွမ်းရသူတွေက ပိုများသည်။

နှစ်အတန်ကြာ နီးနီးကပ်ကပ် နေခဲ့ပြီးမှ သူတို့တတွေ ပင်လယ်ရပ်ခြား နိုင်ငံတွေဆီ ထွက်ခွာသွားခြင်းဖြစ်၏။ ဒီမှာနေတုန်း ကာလမှာ မိသားစုရပ်တည်ရေးအတွက် အတူတကွ ရုန်းကန်လှုပ်ရှားခဲ့ရသည်။ ယခု ငွေပို့ပေး သူတွေထဲက တဦး ကျနော်နှင့်အတူ ပြောင်းချိုးအလုပ်သွားခဲ့စဉ် ပြောင်းခင်းထဲမှာ ပြောခဲ့ဖူးသော စကား လေးကို ပြန်လည် ကြားယောင်နေမိသည်..။ ‘ကျနော် ဟိုရောက်ရင် ဒီမှာကျန်ခဲ့တဲ့ ရဲဘော်မိသားစု တစုချင်းကို ငွေပို့ပေးဖို့တော့ လွယ်မယ်မထင်ဘူးဗျ… အဲဒီတော့ ဟိုမှာရောက်နေပြီးသား စုစည်းလို့ရတဲ့ လူတွေတိုင်ပင်ပြီး လစဉ် တတ်နိုင်သလောက် ပို့ပေးချင်တယ်… အဲဒီငွေနဲ့ မိသားစုအားလုံးအတွက် မီးဖိုချောင်သုံး ပစ္စည်းလေး တွေ ဝယ်ပြီး ဝေငှပေးမယ်ဆိုရင် အထိုက်အလျောက် ထောက်ပံ့မှုဖြစ်မယ်လို့ ယူဆတယ်… ကြိုးစားကြည့် မယ်ဗျာ..’ ဟူ၍။

ယခု သူပြောခဲ့သည့် စကားအတိုင်း အကောင်အထည် ဖော်နေခြင်းဖြစ်သည်။ တကယ်ဆို ယခုပေးလှူခြင်းမှာ အဖွဲ့အစည်းခေါင်းစဉ်တပ်၍ ပေးဝေခြင်းဖြစ်သော်လည်း ၄င်းအဖွဲ့ဝင်မဟုတ်သည့် ကျနော်နှင့် အချို့ရဲဘော် ဟောင်းများကိုပါ ထည့်သွင်းရေတွက် ပေးခြင်းဖြစ်သည်။  ကြုံခဲ့ဖူးသော လူများတွင် လမ်းကြမ်းကိုလျှောက်ပြီး လမ်းကောင်းရောက်လျှင် နောက်ကြောင်းလှည့်မကြည့်ချင်သူတွေရှိသည်။ သမင်လည်ပြန်ကြည့်ရင်း နောက်မှာ ကျန်ခဲ့သူတွေကို ငဲ့ကြည့်သူတွေလည်းရှိပေသည်။ သူတို့က ဒုတိယ အမျိုးအစား ဖြစ်၏။ သူတို့၏ စိတ်ဓာတ်နှင့် လုပ်ရပ်ကို နှစ်နှစ်ကာကာ လေးစားရပါ၏။

ဒီလိုပင် လစဉ် ပစ္စည်းထုပ်လေးတွေ ဝေငှပေးတတ်သော နောက်အဖွဲ့တခုရှိပြန်သည်။ ABSDF ရဲဘော် ဟောင်းများ အဖွဲ့။ မိတ်ဆွေ AB ရဲဘော်ဟောင်းတဦး၏ အိမ်သို့ အလည်သွားခိုက် သူတို့အဖွဲ့မှ လက်ဆောင် ရသောနေ့နှင့် ကြုံကြိုက်ခဲ့ဖူးသည်။ ပမာဏ သိပ်မများသော်လည်း ပစ္စည်းအမယ် တော်တော်စုံတာ တွေ့ရ၏။ မိတ်ဆွေက ပစ္စည်းတွေထဲမှ ဆေးပေါ့လိပ်ထုပ်လေးကို ဖောက်ကာ ကော်ဖီတခွက်နှင့်အတူ ဧည့်ခံသည်။ ကြည်နူးစရာ ကောင်းလိုက်ပါဘိ။

တချိန်က အစိုးရဘက်တော်သား တပ်မတော်သားများနှင့် အစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော တော်လှန်ရေး တပ်မတော်သားတို့ .. ယခု ဒီနေရာမှာ ဆုံတွေ့ကြရာဝယ် ပုခုံးချက်ဖက် ချစ်ချစ်ခင်ခင် ပေါင်းသင်းဆက်ဆံ ကြသည်။ ဒါကိုကြည့်ခြင်းအားဖြင့် ရှေ့တန်းစစ်မြေပြင်မှာ သူတို့ချင်း သတ်ဖြတ်သေစေလို သော ရည်ရွယ်ချက် မရှိခဲ့ဘဲ ကိုယ်စီ ကိုယ်စီ တာဝန်နှင့် ခံယူချက်အရ ထမ်းဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်းပေါ်လွင်၏။

အချိန်ကာတခု တိုက်စားရွေ့လျားလာချိန် ခုနေခါမှာတော့ သေနတ်တလက် ကျောပိုးတအိတ်နှင့် လိုက်ဖက် ညီသော တာဝန်တို့ စစ်မြေပြင်မှာ ကျန်ရစ်ခဲ့ပြီ။ ခံယူချက်တို့လည်း ပြောင်းလဲကောင်းပြောင်းလဲနိုင်၏။ သို့သော် မပြောင်းမလဲ ခိုင်မြဲနေတာက တိုင်းပြည်အတွက် ယုံကြည်ချက်စေတနာနှင့် လုပ်ဖော်ကိုင်ဖက်ချင်းအပေါ် ထားရှိသော ချစ်စရာကောင်းသည့် စိတ်ထားလေးများပင်ဖြစ်လေသည်။
လက်ဆောင် ပစ္စည်းလေးတွေကို ငေးကြည့်ရင်း ရင်ထဲမှာ အတွေး ပင်လယ်ဝေနေမိသည်။ မိမိ မိသားစုကို ချစ်မြတ်နိုးပြီး အခြားမိသားစုအပေါ် မေတ္တာထားနိုင်ခြင်းသည် မိသားစု စိတ်ဓာတ်အမှန်ဖြစ်၏။ ထို့အတူ မိမိနှင့် ဘဝတူများအပေါ် ဖေးမကူညီပြီး အခြားသူများအပေါ် စာနာမုဒိတာပွားနိုင်ခြင်းသည်လည်း နှစ်လိုဖွယ် ကောင်းသော အဖွဲ့အစည်းစိတ်ဓာတ်ဖြစ်လေသည်။ ထိုစိတ်ဓာတ်မျိုးတွေဖြင့် လူ့အဖွဲ့အစည်းကို အလှဆင် လိုပါသည်။

နိဂုံးချုပ်ဆိုရသော်…. စစ်သားဟောင်း ပီပီ….  ရဲဘော်စိတ် ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ်သည်။’ ဟူသော စကားရပ်ဖြင့်ပင် အဆုံးသတ် ရပေတော့မည်။

ထိုရဲဘော်စိတ်ကား…… ထာဝစဉ် သင်းပျံ့မွှေးသော  ပန်းတပွင့်နှယ်… လန်းပါစေ…. နွမ်းပါစေ…. ရနံ့ဝေဝေ ပန်းခရေ ပမာသို့….။


နေမင်းသူ

၁၅-၀၄-၂၀၁၃

စစ်ပြီးခေတ်ပြည်လည်တည်ဆောက်ခြင်းနှင့် နိုင်ငံတကာအကူအညီ

$
0
0
by Athenian Ahnyarthar (Notes) on Wednesday, May 15, 2013 at 10:09am

စစ်ပြီးခေတ်ပြန်လည်တည်ဆောက်ရေး (post-war reconstruction)

ဒုတိယကမ္ဘာစစ်အပြီးတွင် အနောက်နိုင်ငံများသည် ၁၉၃၀ နှစ်များအတွင်းဖြစ်ပျက်ခဲ့သည့် စီးပွားပျက်ကပ်များ ထပ်မံမဖြစ်စေရန်အတွက် သင့်လျော်ကောင်းမွန်ဆုံးသော နိုင်ငံတကာအဖွဲ့ အစည်းတစ်ခု ဖွဲ့ စည်းရန်ကြိုးပမ်းလာကြသည်။ သည့်အပြင် ပိုမို၍ငြိမ်းချမ်းသော ကမ္ဘာကြီးတစ်ခုကိုတည်ဆောက်နိုင်ရန်အတွက်လည်း စစ်ပွဲများကို သံခင်းတမန်ခင်းနှင့် စေ့စပ်ညှိနှိုင်းရေးများဖြင့်ပါ အစားထိုးဖို့ ကြိုးစားလာကြသည်။ စီးပွားရေးနယ်ပယ်အတွက်မူ တည်ငြိမ်သော စီးပွားရေးကြီးထွားမှု (economic growth) ကို အရင်းရှင်စံနစ် (capitalist system) ဘောင်အတွင်းမှ တည်ဆောက်ရန်အလို့ ငှာ USA မှဦးဆောင်၍ သော့ချက်ကျသည့် နိုင်ငံတကာအင်စတီကျူးရှင်းကြီးသုံးခုကို  တည်ထောင်ခဲ့ကြသည်။ ၁၉၄၄ ခုတွင်ကျင်းပခဲ့သည့် Bretton Woods Conference ကိုအစွဲပြု၍ ၎င်းအဖွဲ့ ကြီးများကို ဘရက်တန်ဝုဒ်အင်စတီကျူးရှင်းများဟုလည်း ခေါ်ဆိုကြလေသည်။ ၎င်းတို့ မှာ-

၁) ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့  (IMF = the International Monetary Fund)
၂) ကမ္ဘာ့ဘဏ် (WB = the World Bank group) နှင့်
၃) နောင်အခါ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့  (WTO = the World Trade Organization) ဖြစ်လာသည့် GATT = the General Agreement on Tariffs and Trade တို့ ဖြစ်ကြသည်။

ဤအဖွဲ့ ကြီးများမှာ နိုင်ငံစုံအဖွဲ့ စည်းများ (Multi-lateral Organizations) ဖြစ်ကြသည်။ ဆုံးဖြတ်ချက်ချကြရာ တွင် ကွန်မြူနစ်မဟုတ်သည့်ကမ္ဘာတစ်ခုလုံးကို သြဇာညောင်းနိုင်ရန်ရည်ရွယ်၍ ပြုလုပ်ကြသော်လည်း မဲပေးခွင့်ရ ကိုယ်စားလှယ်တို့ ၏ များရာစုကြီးမှာမူ စက်မှုဖွံ့ ဖြိုးပြီးနိုင်ငံများမှဖြစ်ကြလေသည်။

ဖွံ့ ဖြိုးမှုအတွက် ဘောဂဗေဒနည်းအားဖြင့် ၀င်ရောက်ဖြေရှင်းခြင်းနှင့် အစိုးရ၏ အရေးကြီးသောအခန်းကဏ္ဍအား သိစေခြင်းတို့ ကို ဤ ဘရက်တန်ဝုဒ် နိုင်ငံစုံအဖွဲ့ စည်းကြီးများ၏ လက်ရာဖြစ်သည့် ဥရောပပြန်လည်ထူထောင်ရေး အစီအစဉ် (European Recovery Program)၊ တနည်း- မာရှယ်စီမံကိန်း (Marshall Plan) တွင်ကောင်းစွာတွေ့ နိုင်ပေသည်။ ဤအစီအစဉ်မှာ ၁၉၄၈ မှ ၁၉၅၂ ခုနှစ်ထိ ဖြစ်၍ အမေရိကန် အကူအညီ  (aid) ကို စစ်ကြောင့်ပျက်ဆီးခဲ့သော ဥရောပတိုက်နိုင်ငံတို့ ၏ အခြေခံအဆောက်အဦများပြန်လည်တည်ဆောက်ရန်အတွက် အသုံးပြုစေခဲ့လေသည်။ တနည်းအားဖြင့် Kyenes အဆိုခဲ့ပြုသည့်အတိုင်း စီးပွားရေးကိုလှုပ်နှိုးရန်အတွက် ရုပ်ပိုင်းအရင်းအနှီး (physical capital) များတွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်လေသည်။ အမေရိကန် အကူအညီ်၏ ရည်ရွယ်ရင်းမှာမူ ဥရောပနိုင်ငံများ ကွန်မြူနစ်လက်တွင်း သက်ဆင်းမသွားစေရေးသာဖြစ်ပေ၏။

ဤသို့ အားဖြင့် စစ်ပြီးခေတ်တွင် အမေရိကန်သည် ဥရောပ၏ ကျေးဇူးရှင်ဖြစ်လာပြီးလျှင် ကမ္ဘာ့အခင်းအကျင်းသစ်တွင် (New World Order) စူပါပါဝါ ဖြစ်လာခဲ့တော့သည်။ ၁၉၄၉ တွင်တက်လာသော သမ္မတ ထရူးမင်းသည် မာရှယ်စီမံကိန်းကိုအားပေးထောက်ခံပြီးလျှင် ၎င်း၏သမ္မတမိန့် ခွန်းသည်လည်း ဖွံ့ ဖြိုးမှုသမိုင်းကြောင်းတွင်  စီမံကိန်းချဖွံ့ ဖြိုးရေး (development planning) အတွက် အဦးအစဖြစ်လာတော့သည်။ ၎င်းမိန့် ခွန်း၏အဘိဓမ္မာမှာ ကမ္ဘာကြီး၏အခြားဒေသများရှိ ဆင်းရဲမွဲတေမှုနှင့် စီးပွားရေးဖွံ့ ဖြိုးမှုနိမ့်ကျခြင်းများသည် ၎င်းဒေသရှိလူများအတွက် ဗျဿနတရားများဖြစ်နေသည်သာမက USA နှင့်အခြားသောစီးပွားရေးအရဖွံ့ ဖြိုးပြီးသောတိုင်းပြည်များ၏ ငြိမ်းချမ်းရေးနှင့် ကြီးပွားချမ်းသာရေးကိုပါ ခြိမ်းခြောက်နေသောအန္တရာယ်များလည်းဖြစ်သည်။ သည့်အတွက် USA အနေဖြင့် ၎င်း၏နည်းပညာကြွယ်ဝမှုကို အသုံးပြုကာ ကမ္ဘာကြီး၏ ပိုမိုဆင်းရဲသောဒေသများသို့ အကူအညီပေးခြင်းဖြင့် အနှီဆင်းရဲသည့်နိုင်ငံများ၏ ကုန်ထုတ်လုပ်ငန်းများဖွံ့ ဖြိုးတိုးတက်လာပြီးလျှင် စီးပွားရေးတစ်ခုလုံးပါဖွံ့ ဖြိုးတိုးတက်လာ၍ လူနေမှုအဆင့်အတန်းများလည်း ကျွဲကူးရေပါဖြစ်လာလိမ့်မည်ဟု ဆိုလေသည်။

ဤသို့ မြောက်ကမ္ဘာခြမ်းမှတောင်ခြမ်းသို့ လုပ်နည်းကိုင်နည်းများ (technical know-hows) မျှဝေခြင်းသည် စင်စစ်မတော့ ဆင်းရဲသောနိုင်ငံများသည် အနောက်နိုင်ငံများ၏ အတွေ့ အကြုံအတိုင်း ဖွံ့ ဖြိုးမှု (သို့ မဟုတ်) မော်ဒန်ဖြစ်ခြင်း (Modernization) သို့ ရောက်ရှိရာ တကြောင်းတည်းသောလမ်းမှသွားနိုင်ရေးအတွက် ထောက်ပံ့ပေးခြင်းသာဖြစ်ပေသည်။ သည့်အတွက်ကြောင့်ပင် Escobar ကဲ့သို့ ဖွံ့ ဖြိုးမှုအလွန်ဝါဒီ (post-development theorist) များက ဤသို့ သောအကူအညီများ၊ ပေါ်လစီများ သည် ဥရောပဗဟိုပြုချဉ်းကပ်နည်း (Eurocentric Approach) သာဖြစ်၍ တောင်ကမ္ဘာခြမ်းရှိ မတူကွဲပြားမှုမြင့်မားလှသော တိုင်းပြည်တို့ ၏ လိုအပ်ချက်နှင့် ဒေသခံလူတို့ ၏ လိုအင်တို့ ကို အသိအမှတ်ပြုနိုင်စွမ်း၊ သိမြင်နိုင်စွမ်းမရှိဟု ဝေဖန်ကြခြင်းဖြစ်ပေသည်။

နိုင်ငံတကာအကူအညီ (International Aid)

အထက်တွင်တင်ပြခဲ့သကဲ့သို့ မြောက်မှ တောင်သို့ စီးဆင်းသော နိုင်ငံတကာအကူအညီများဟူသည် စစ်ပြီးခေတ် မော်ဒန်ဖြစ်ခြင်းသီအိုရီများ (Modernizaton Theories) ကို အကောင်အထည်ဖေါ်ရန်အားထုတ်ခဲ့ကြသော မူဝါဒဆိုင်ရာတုန့် ပြန်မှုများဖြစ်ကြပေသည်။ ဤသီအိုရီများကဆိုသည်မှာ ဆင်းရဲသောနိုင်ငံများသည် စိုက်ပျိုးရေးအဓိကနိုင်ငံများဖြစ်ကြ၍ စီးပွားရေးကြီးထွားမှု (economic growth) အတွက် ကိုယ်စွမ်းကိုယ်စဖြင့် ရင်းနှီးမြှုပ်နှံစွမ်း (autonomous capacity for investment) လည်းမရှိကြပေ။ သို့ ဖြင့် ဤသို့ သောကွက်လပ်များကို ဖြည့်ဆည်းရန်အတွက် တနည်းအားဖြင့် ၎င်းတို့ ၏စီးပွားရေးဖွံ့ ဖြိုးမှုကို ကူညီနိုင်ရန်အတွက် ငွေကြေး၊ နည်းပညာ နှင့် ပညာရှင်များလွှဲပြောင်းပေးရမည်ဟုဆိုလေသည်။ သမ္မတ ထရူးမင်း၏မိန့် ခွန်းပါ  နည်းပညာလွှဲပြောင်းမှု (technology transfer) စကားရပ်သည် နိုင်ငံတကာအကူအညီ (International Aid) ပင်ဖြစ်၍ ဤဖွံ့ ဖြိုးမှုမော်ဒယ်တွင်အကျုံးဝင်နေပေသည်။
ဤနေရာတွင် အကူအညီ “Aid” ကိုနည်းလမ်းများစွာနှင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေသည်။ များသောအားဖြင့် အထူးခွင့်ပြုချက်များဖြင့် (concessional terms) ရင်းမြစ်များ (resources) အား လွှဲပြောင်းပေးအပ်ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုကြလေသည်။

၎င်းအထူးခွင့်ပြုချက်များဆိုသည်မှာ ကမ္ဘာ့အရင်းအနှီးဈေးကွက်မှ ရယူနိုင်သောချေးငွေများထက် များစွာပိုမိုသက်သာသည့်နှုန်းထားဖြင့် ချေးယူနိုင်သည့်အခွင့်အလမ်းများပင်ဖြစ်ပေသည်။ ဤရင်းမြစ်များအား လွှဲပြောင်းပေးအပ်ရာတွင် အစိုးရတစ်ရပ်ဆီမှ အခြားသောအစိုးရတစ်ခုဆီသို့ တိုက်ရိုက်အားဖြင့်၎င်း (bilateral)၊ NGO တစ်ခု (သို့ )Multi-lateral Agency တစ်ခုမှတဆင့် ကြားခံ၍ ဆင်းရဲသောနိုင်ငံများရှိ အစိုးရများ (သို့ ) အုပ်စုများဆီသို့ ၎င်း လွှဲပြောင်းကြလေသည်။ ဤသို့  အစိုးရအချင်းချင်းကြား လွှဲပြောင်းပေးမှု (Governmental Transfers) ကို တရားဝင်ဖွံ့ ဖြိုးမှုအကူအညီ (ODA = Official Development Assistance) ဟုခေါ်၍  OECD နိုင်ငံများအတွက်မူ ODA သတ်မှတ်ရန် အခြားသတ်မှတ်စံများလည်းရှိသေး၏။

ဤနေရာတွင် ဂရန့် များ (grants)၊ ချေးငွေများ (loans) လည်း ပါဝင်နိုင်၍ နည်းပညာဆိုင်ရာအကြံညဏ်ပေးခြင်း၊ ကိရိယာများတပ်ဆင်းပေးခြင်း၊ အစားအစာများထောက်ပံခြင်းနှင့် ကြွေးမြီများလျှော်ပစ်ခြင်းစသည်တို့ လည်းပါဝင်ပေသည်။ အကူအညီ (Aid) ဟူရာ၌ ၁) အရေးပေါ်အကူအညီ (emergency/ relief aid) နှင့် ၂) ဖွံ ဖြိုးမှုအကူအညီ (development aid) ဟူ၍လည်း ခွဲခြားနားလည်ရပေမည်။  ပထမအမျိုးအစား အရေးပေါ်အကူအညီဟူသည် သဘာဝ ဘေးအန္တရယ်တစ်ခု သို့ မဟုတ် စစ်ပွဲတစ်ခုအတွင်း ဒုက္ခသည်တို့ ၏ လက်ငင်းလိုအပ်ချက်တို့ (immediate needs) ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် ထောက်ပံ့သောအကူအညီဖြစ်၏။ ဖွံ့ ဖြိုးမှုအကူအညီမှာ ရေရည်အတွက်ဖြစ်ကာ အကူအညီရေးစီးကြောင်းကြီး (aid flow)၏ ကြီးမားများပြားလှသောထုထည်မှာဤအကူအညီအမျိုးအစားဖြစ်၍ ၎င်းကို သက်ဆိုင်ရာ ဖွံ့ ဖြိုးမှုသီအိုများအား လက်တွေ့  အကောင်အထည်ဖေါ်ရန်အတွက် အသုံးပြုကြလေသည်။

၁၉၅၀ နှစ်များနှင့် ၆၀ နှစ်များအတွင်း နိုင်ငံတကာအကူအညီများကို စက်မှုဖွံ့ ဖြိုးရေးနှင့် နည်းပညာကိုအသုံးပြုကာ လယ်ယာကဏ္ဍ၏စွမ်းဆောင်ရည်မြင့်တင်ရေးတို့ တွင် အသုံးပြုခဲ့ကြလေသည်။ သည့်အပြင် ဆည်များတည်ဆောက်ခြင်း၊ လမ်းဖေါက်လုပ်ခြင်းစသည်တို့ ကဲ့သို့ သော ကြီးမားလှသည့် အခြေခံအဆောက်အဦတည်ဆောက်ခြင်း စီမံချက်များအတွက်လည်း အသုံးပြုခဲ့ကြပြန်သေးသည်။ ဤသို့ သော အပေါ်မှအောက်သို့ ဖွံ့ ဖြိုးမှုပုံစံ (top-down development) ကိုတိုက်တွန်းနှိုးဆော်ခဲ့ကြခြင်းမှာ ဤနည်းလမ်းသည် မြောက်ကမ္ဘာခြမ်းတွင်အောင်မြင်ခဲ့သဖြင့် အခြားသောကမ္ဘာ့နေရာများတွင်လည်း ကောင်းစွာအလုပ်ဖြစ်လိမ့် မည်ဟု ထိုအချိန်က မူဝါဒချမှတ်သူများက ယုံကြည်လက်ခံခဲ့ကြသောကြောင့်ဖြစ်၏။ အကျိုးဆက်အားဖြင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ ဆိုးဆိုးရွားရွားဖြစ်လာခဲ့တော့၏။ အမှန်စင်စစ် ဤသို့ သော ပြင်ပသူစိမ်းတို့  အထူးသဖြင့်အနောက်မ္ဘာ၏စိတ်ကူးများဖြင့် ဖွံ့ ဖြိုးမှုကိုချဉ်းကပ်သည့်နည်းများတွင် ချေးငှားယူထားရသော အိုင်ဒီယာများ၊ တပါးသူ၏အတွေ့ အကြုံများ၊ နှင့် အငှားလက်များသာ ပါဝင်၍ ကိုယ်ပိုင်မူ ကိုယ်ပိုင်ဖန်တီးမှုဟူသည် မရှိသလောက်ပင်ရှားပါးကာ သူများနှာခေါင်းဖြင့်အသက်ရှူနေရသည့်အနေအထားသို့ ရောက်သွားရပေတော့သည်။
--------------------------------------------------------------------------------------------------
Katie Willis ရေးသား၍ Routledge တိုက်ထုတ်ဖြစ်သည့် “Theories and Practices of Development” စာအုပ်ကို အဓိကမှီငြမ်းပြု၍ ရေးသားထားပါသည်။ ရွက်ပုန်းသီး လီကွမ်းယူး မျိုးဆက်သစ်များအတွက် ရည်ရွယ်ပါသည်။

ခင်ဗျားကို တည့်တည့် အကြောင်းကြားတဲ့စာ- ၎

$
0
0

မဟာ အလက်ဇန္ဒားဟာ
တိုက်ပွဲပေါင်းများစွာ နိုင်ပြီးနောက်
သူ့ကိုယ်သူ နတ်ဘုရားစာရင်း သွင်းလိုက်တယ်။

အောင်မြင်သူနဲ့ ကြီးမြတ်သူ
ခွဲခြားမသိသူတွေကြားမှာ
ပျူစောထီးဟာ
နဂါးဥက ပေါက်ခဲ့တယ်
ကျန်စစ်သားကို
နတ်များစွာ ကယ်ခဲ့တယ်
ယုံလွယ်သူတွေရှိနေသမျှ
ဘုရားဘွဲ့ ခံသူတွေရှိဦးမယ်။

လက်ခုပ်သံတွေကြားမှာ
ထ ထ “က” မနေကြနဲ့ဦး
အားပေးတာလား ရှူးတိုက်တာလား
နောက်ကို တစ်ချက်လှည့်ကြည့်မှ
ကိုယ့်ဘ၀ကိုယ် သိလိမ့်မယ်။

လူစင်စစ်က
နတ်ဖြစ်သွားသူတွေကြား
ခင်ဗျားမပါချင်နဲ့
ကိုကြီးကျော်နတ်ပဲရှိတယ်
ဗိုလ်ချုပ်အောင်ဆန်းနတ်မရှိဘူး
(ရှိစရာလည်း မလိုဘူး)
ကဲ…..ကျုပ်ပြောတာ သဘူတောပါစ။

လူသားလောက် စွမ်းဆောင်နိုင်တဲ့ လူသားပဲလိုချင်ပါတယ်
နတ်ဘုရားလည်း မလိုချင်သလို
နတ်ဘုရားစာရင်းလည်း အတင်း မသွင်းကြပါနဲ့
လက်ခုပ်သံက ဇွတ်တွန်းပို့လို့
ကိုယ့်ကိုယ်ကို ပြန်မေ့ပြီး
အဟေ့ အဟေ့လို့ ချိုမိုင်မိုင် မကပါစေနဲ့
တောင်းပန်ပါတယ်ဗျာတို့။

ကြီးမြတ်သူဆိုတာ
ကြီးမြတ်တဲ့ အလုပ်လုပ်သူကို မခေါ်ဘူး
ကြီးမြတ်တဲ့ စိတ် ရှိသူကိုခေါ်တာ။


" ကာလံ ဒေသံ ကြည့်ပါ "

$
0
0


" ကာလံ ဒေသံ ကြည့်ပါ "

စစ်ဆင်ရေးကာလ မနောက်ပြောင်သင့်သည့် အချိန် ၌ သွားရောက်
နောက်မိသဖြင့် ကံကောင်းထောက်မ ၍ အသက်မသေခဲ့ သူ ကျနော်ပါ။

ကရင်ပြည်နယ် ကမမောင်းဗျူဟာ၌အခြေပြုစဉ်ကာလက
တပ်ရင်းမှူး ဦးစီး စက ( ၁ ) နှင့် တပ်ခွဲ နှစ်ခွဲ လှုပ်ရှား စစ်ကြောင်း ထွက်ခွာလာစဉ် ၀ါကော်ကျေး ကျေးရွာမှ တဆင့်မီးဇိုင်းတောင်ပေါ်သို့ တက်ရောက်ခဲ့ပါသည် ။



မိုးတွင်း ကာလကလည်း ဖြစ်ပြန် လမ်းကလည်းချောလိုက်တာမှ စစ်သည်များ သေနတ်နှင့် တဗိုင်းဗိုင်းလဲကျပေါ့ ။ တောင်ပေါ်ရောက်တော့ ငယ်ငယ်က တရုတ်သိုင်းကားထဲမှာ ပါတဲ့ ကျောက်ပြားလေးတွေခင်းထားတဲ့လမ်းနဲ့ တပုံစံထဲ ရှိတဲ့ လမ်းကိုလျှောက်ရတာ ပါ ။

" တ ခွပ် ခွပ် နဲ့ "

တောင်ပေါ်ရောက်တော့ မီဇီုင်းဆရာတော်သွားဖူးပြီး တောင်နောက်ဘက်က
ကော်ဟဲကြီးရွာအဆင်းမှာ ကျနော်ရှေ့ကသွားနေတဲ့ စစ်သည် ကျောမှာလွယ်ထားတဲ့ ခြင်းထဲကို ကျနော် သေနတ် ကာဘိုင် ( ပစ္စတိုကခါးမှာချိတ်ထားသည် ) ကို အမှတ်တမဲ့ လှမ်းထည့်ပြီး စလိုက်တာ ၄င်းစစ်သည် ဘာလုပ်လိုက်တယ် ထင်သလဲ ခင်ဗျာ ။

သူ့ ပုခုံးမှာထမ်းထားတဲ့ ဘီအေ ၆၃ သေနတ် မောင်းခလုတ်ကို ဆွဲလိုက်ပါရောလား ။ ကျနော့်နားရွက်ဘေးကနေ ရွှီး ကနဲ ဖြတ်သွားတာများ အခုစဉ်းစားတိုင်း ရင်တုန်မိတယ်။
တော်သေးတာက အတွဲလိုက်ခလုတ်မှာမထားဘဲ တတောင့်ချင်းပစ်ခလုတ်မှာထားထားလို့ ပါ။
သေနတ်သံလည်းကြားရော စစ်ကြောင်းလည်း မြေမှာဝပ်ချလိုက်တာပေါ့ ။

ကျနော်ကို ပစ်တာကျနော်ပဲ သိလိုက်တာပါ ။ တပ်ရင်းမှူး နောက်ပြန်ဆင်းလာပြီး ကျည် ဘယ်သူထွက်တလည်း ဆိုပြီး ၄င်းစစ်သည်ကို ဆူပါလေရော ။
ကျနော်က သူချောလဲ သွားလို့ ပါ လို့ ပြောလိုက်လို့ တော်သေးသွားပါတယ် ။ စစ်ကြောင်းပြန်ထွက်တော့ ၄င်းစစ်သည်ကို မေးကြည့်တော့ မင်းငါ့ကို ပစ်လိုက်တာမဟုတ်ဘူးလားမေးတော့ အမှန်အတိုင်းပြောပါတယ် ။ ဟုတ်တယ် သူပစ်လိုက်ပါတယ်တဲ့ ။ မောကလည်းမောနေ ဒီကြားထဲ ဗိုလ်ကြီးက နောက်ကနေ လိုက်စနေတာကိုးတဲ့ ။
ဟိုက် ဆိုပြီး ကျနော်ငြိမ်နေလိုက်ပါတယ် ။ ရှေ့တန်းပြန်ဝင်တော့ ၄င်း စစ်သည်ကို တပ်ရင်းလူပျိုဆောင်ရှိ မီးဖိုကြီးကို ပို့ ထားခဲ့ရပါသည် ။ စိတ်ဆတ်ကနဲ တိုခဲ့ရင် နောက်စစ်သည်တွေ အသက်ပေးခဲ့ရရင်မလွယ်ပါလား ခင်ဗျာ ။

သူကိုတော့ရှေ့တန်းမခေါ်တော့ပါ ။ တပ်ရင်းက မီးဖိုကြီးမှာ ထားခဲ့ပါသည် ။
ယခုထိ မီးဖိုကြီးမှာလို့ သိရပါသည် ။
ကျနော့်ကိုမြင်တိုင်း သူသေနတ်နှင့်ပစ်မိလို့ မီးဖိုကြီးရောက်လာတာလို့ 
ကျန်သူများကို ပြောနေဆဲပါ ။

ကျနော် သူ့ ကို အရေးမယူခဲ့ခြင်းမှာ....

၁-ကိုယ်က အရင်စနောက်ခဲ့ခြင်း
၂- အရမ်းပင်ပန်းနေချိန်ဖြစ်ခြင်း
၃-တပ်သားသစ် ဖြစ်နေခြင်း
၎-ကြိုတင်ကြံရွယ်ခဲ့ခြင်း မရှိ၍သာ ဖြစ်ပါသည် ။

ရလာခဲ့သော သင်ခန်းစာကတော့.....

မည်သူ့ ကိုမှ အမှတ်တမဲ့ မနောက်ပြောင် မစတော့ခြင်းသာ ။

ကိုကိုအောင် ( ဘုရင့်နောင် )

ကိုယ်တွေ့ အဖြစ်အပျက်ကို မျှဝေခြင်း။
အားလုံးကို ကျေးဇူးတင်လျှက် ။

Credit to Ba Yint Naung

( ပုတ်ခတ်ချုံ့ ချ အပြစ်ဆိုနိုင်စေရန် တင်ပေးခြင်းမဟုတ်ပါ သတိပြုဆင်ခြင်နိုင်စေရန်မျှသာ)

လေစားစွာဖြင့် 

ဗမာလို့ခေါ်တဲ့ မြန်မာ

$
0
0
 

Status: 23.10.2.12


ဗမာလို့ခေါ်တဲ့ မြန်မာတွေကို အထင်အမြင်သေးနေကြသောသူအချို့ရှိတယ်။ နည်းနည်း စာပြန်နွှေးလိုက်ဦးမယ်။

ဒေါက်တာသန်းထွန်းအလိုအရ တိဗက်တို-ဘားမန်း လူမျိုးစု မန်းမန်တွေဟာ မွန်ဂို-တရုတ် အင်ပါယာတွေလက်အောက်က နယ်လှည့်စစ်တိုက်နေတဲ့ လူမျိုးစု။ စစ်တိုက်တော်တယ်။နယ်တကာလှည့်တိုက်နေရတာမပျော်တော့လို့ မြန်မာနိုင်ငံဆိုပြီးဖြစ်လာမယ့်ဖက်ကို ဆင်းချလာခဲ့တယ်။

ဒေသခံမျိုးနွယ်စုတွေကို သိမ်းပိုက်ခဲ့တယ်။ နောက်ပြီး လက်နက်နိုင်ငံတော်တွေကို ထူထောင်ခဲ့တယ်။ ခေတ်ပြိုင်မင်းတွေထဲမှာ အင်အားကြီးတာက မွန် ဖြစ်တယ်။ မွန်နဲ့ နှစ်ပေါင်းများစွာ စစ်ကစားခဲ့တယ်။ နောက် သီးခြားနိုင်ငံတော်က ရခိုင်ဖြစ်တယ်။ ရခိုင်ဟာ ကုန်းဘောင်မင်းဆက် ဘကြီးတော်လက်ထက်မှာ ပျက်သုန်းခဲ့တယ်။

အနော်ရထာကစလိုက်တဲ့ အာဏာစက်ဟာ ဘုရင့်နောင်တောင်ငူခေတ်မှာ အေ၇ှ့တောင်အာရှမှာ လင်းဇင်း၊ ဇင်းမယ်၊ အယုဒ္ဓယ၊ အာသံ၊ မဏိပူရအထိ ကျယ်ပြန့်ခဲ့တယ်။

ဒီလို အနေအထားကို လက်ရှိ ဘယ်တိုင်းရင်းသားကမှ မလုပ်နိုင်ခဲ့ဘူး။ ခေတ်အစဉ်အဆက် လက်နက် ပဒေသရာဇ်နိုင်ငံအဆက်ဆက်ကို ထူထောင်ခဲ့တဲ့လူမျိုးတွေဟာ စစ်တိုက်ကျွမ်းကျင်သူ မြန်မာ များသာ ဖြစ်ခဲ့ကြတယ်။

စစ်တိုက်ကောင်းတဲ့ မြန်မာတွေရဲ့ အဆုံးနိဂုံးဟာ ဘယ်လိုမှမယှဉ်သာတဲ့ ဥရောပပါဝါများးပဲဖြစ်တယ်။

ဒါပေမယ့် အောက်ဗမာပြည်ကျဆုံးအပြီး အထက်ဗမာပြည် ကျဆုံးတဲ့ ၁၈၈၅ ခုနှစ်ကနေ လွတ်လပ်ရေးရတဲ့ ၁၉၄၈အထိ တစ်ကယ့်ကို ဗမာအများစု နေထိုင်တဲ့ဒေသတွေကို အင်္ဂလိပ်က သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့တာ ၆၃ နှစ်သာရှိတယ်။ (ဒုတိယကမ္ဘာစစ်ဖြစ်လို့ ဗမာပြေလွတ်လပ်ရေးရတယ်၊ ဘယ်သို့ဘယ်ပုံပြောကြဦးမယ်။ဒါပေမယ့် အဲ့ဒီခေတ် အားကောင်းလာတဲ့ Armed revolution ကို အင်္ဂလိပ်အစိုးရမလွဲမသွေ ရင်ဆိုင်ရမှာဖြစ်တယ်။)

ုကိုယ့်မင်း၊ ကိုယ့်ချင်းဆိုပြီးနိုင်ငံအဆက်ဆက် ထူထောင်နိုင်တဲ့အရည်အသွေး၊ သူတစ်ပါးရဲ့ မွန်၊ ရခိုင်၊ ထိုင်းယဉ်ကျေးမှုတွေကိုမွေးမြူပြီး သုံးစွဲနိုင်တဲ့အရည်အသွေးတွေရှိတဲ့ လူမျိုးတစ်စုဟာ သာမန်တော့မဟုတ်ဘူး။

ဒီလိုပြောရတာက အာရပ်နိုင်ငံကြားက အစ္စရေးကိုနမူနာယူကြဖို့ တိုက်တွန်းကြတဲ့စေတနာကောင်းသူတွေကို တွေ့ရသလို၊ အလကားနေရင်း ကိုယ့်တိုင်းပြည်ထဲက မြန်မာလူမျိုးတွေကို အပုပ်ချနေတဲ့လူတွေကိုတွေ့ရလို့ဖြစ်တယ်။
ကိုယ့်လူမျိုးကို အလွန်အကျွံအထင်ကြီးစရာလဲမလိုသလို အလကားနေရင်း အထင်သေးဖို့လဲ မလိုဘူး။ ကိုယ့်လူမျိုးရဲ့ အားသာချက် အားနည်းချက်တွေကို သဘောပေါက်ဖို့သာလိုတယ်။

မြန်မာတွေစည်းလုံးတဲ့အနေအထားကို နှစ်ပေါင်း ထောင့်သုံးရာကျော်ထဲမှာ တွက်ချက်ကြည့်လိုက်လျှင် စည်းလုံးတဲ့ကာလစုစုပေါင်းဟာရာဂဏန်းမပြည့်ဘူး။ စည်းလုံးတဲ့ကာလတိုင်းမှာလဲ တန်ခိုးအာဏာစက်အင်မတန်ကျယ်ပြန့်အောင်တည်ဆောက်နိုင်ခဲ့ကြတယ်ဆိုတာကို အထင်အရှားတွေ့ရမှာဖြစ်တယ်။

ဒါကြောင့် ဒီအားနည်းချက်ကိုသာ ပြင်ဆင်လိုက်လျှင် အိုအိုင်စီလိုစုပေါင်းစပ်ပေါင်းအဖွဲ့မပြောနဲ့ သူ့အဖေလာလဲ ကိစ္စမရှိဘူး။ ဒါဟာ မြန်မာတွေချည်းကိုပဲ ကွက်ပြောသေးတာဖြစ်တယ်။ မြန်မာတွေနဲ့ ပေါင်းလို့ရတဲ့တိုင်းရင်းသားတွေနဲ့သာ စုစည်းလိုက်ရင် ဘာမှပြောစရာမလိုတော့ဘူး။

တစ်ခုပဲရှိတယ် ဗမာတွေက အုပ်ချုပ်သူတွေဖြစ်ခဲ့တော့ အလကားနေရင်း ဆရာကြီးစိတ်ပေါက်ပြီး အခြားတိုင်းရင်းသားတွေကို မနှိမ်ချဖို့အထူးလိုအပ်တယ်။

နောက်တစ်ချက်က ဒီ ဘင်္ဂလားကုလားကိစ္စမှာ အစိုးရရဲ့ လုပ်ပေါက်တွေက အချိုးမပြေဘူး။ တိုင်းရင်းသားတွေကို ရန်သူလို သဘောထားတဲ့ မှတ်ချက်တွေတွေ့ရတယ်။

နောက်ပြီး မုတ်ဆိတ်တွေနဲ့ လက်မှတ်ထိုးနေတဲ့ ဗဟုက လူနှစ်ယောက်က သမ္မတအကြံပေးဆိုပြီး ခုံပေါ်တက်ထိုင်နေတော့ကာ ဒီလို မပြတ်မသား၊ အထင်လွဲစရာ ကိုင်တွယ်ပုံတွေ၊ သဝဏ်လွှာတွေ ထွက်လာတာ မထူးဆန်းဘူးလို့ပြောရမယ်။

နောက်ပြီး တစ်ခုခုဆိုရင် အိုအိုင်စီလိုအဖွဲ့ကို အဖေခေါ်ဖို့ လုပ်နေတဲ့လူတွေကိုတွေ့ရတယ်။မဖတ်ဖူးသေးလျှင် ကျွန်ုပ်ရေးထားတဲ့ မြန်မာရဲ့ အေ၇ှ့အာရှမဟာဗျူဟာအရ အရေးပါမှုကို ဆက်စပ်လေ့လာဖို့သာ တိုက်တွန်းချင်တယ်။ မြန်မာပြည်ထဲက အရေးကိစ္စ တစ်ခုခုတိုင်းသည် တရုတ်နဲ့ အိန္ဒိယတို့နဲ့ အကြီးအကျယ်ပတ်သက်နေတယ်။ အိုအိုင်စီကို အဖေခေါ်လို့ အဆင်ပြေမယ်လို့ ထင်ကြရင်လဲ သဘောပဲ။ Long Range Missile ရှိတဲ့အာရှစူပါပါဝါ နှစ်နိုင်ငံကြားထဲမှာ အာရပ်နိုင်ငံတွေ ဦးဆောင်တဲ့အဖွဲ့က ကျယ်ရဲမယ်ထင်ရင်လဲ သဘောပေါ့။ အိုအိုင်စီထဲက ပါကစ္စတန်ဆိုတာ အိန္ဒိယတစ်လောက စမ်းပစ်ပြလိုက်တဲ့ တာလတ်နူဒုံးကျည်ကိစ္စနဲ့တင် ခေါင်းကိုက်နေတုန်း။

အနောက်ပါဝါတွေက ရေနံအတွက် အရှေ့အလယ်ပိုင်းမှာ ပြဿနာအမျိုးမျိုးရှာထားလို့တုန့်ပြန်တာတစ်မျိုးပေါ့။ အခု ဗမာပြေမှာ ကိုယ့်တိုင်းကိုယ့်ပြေထဲမှာနေတာကို အေးအေးဆေးဆေး မနေဘဲ ရေနံရောင်းပြီးရတဲ့ ပိုက်ဆံနဲ့ ဝင်ရှုပ်ချင်ရင်တော့ မသိသေးရင်စမ်းကြည့်ပေါ့လို့ပြောရုံပဲ။

ဗမာတွေကအရင်တုန်းက အေ၇ှ့တောင်အာရှမှာ တွင်ကျယ်ခဲ့တဲ့လူမျိုးတစ်မျိုးပဲ။ သွေးကောင်းမကောင်း စမ်းကြည့်ချင်လဲ သဘောပေါ့။

ခင်ဗျားတို့ ပြောတဲ့ ပြည်သူ့ဆန်

$
0
0
 ရုပ် ဆိုး's photo.
ခင်ဗျားတို့ ပြောတဲ့ ပြည်သူ့ဆန်  ---------------------------------  အတော်များများ က ထစ်ခနည်းရှိရင် ... ပြည်သူ့ဆန်စားပြီး ပြည်သူကိုမစော်ကား နဲ့ ဆို တာက စတယ်ဗျ ။  ဘယ်တုန်းကမှ မစော်ကားသလို ၊ ဘယ်ပြည်သူ့ဆန်မှလည်း အလကား မစားခဲ့ဖူးဘူး ။  စစ်သားဖြစ်ချင်တဲ့ ကျုပ်တို့ ကစစ်သားဖြစ်ခွင့်ရတယ် ။ ကိုယ့်လူမျိုး ၊ ကိုယ့်နိုင်ငံ ကို ကိုယ်ကာကွယ်ခွင့် ဆိုတဲ့ ကျွန်တော်တို့ချဉ်ခြင်းလေးတွေ အာသာပြေစေတယ် ။ လုပ်ခနဲ့ လစာရတယ် ။  ဒါတွေဟာ ပြည်သူ တွေ ဆီက ကျွန်တော်တို့ရတဲ့ဟာတွေပါ ။   ကျွန်တော်တို့ ဘာတွေပေးရသလဲ ။ နုပျို မှုတွေ ပေးရတယ် ၊ လွတ်လပ်မှုတွေပေးရတယ် ။ ထားရာနေရတယ် ။ စေရာသွားရတယ် ။ ခိုင်းတာလုပ်ရတယ် ။ ဒီထက် ပိုရင်တော့ ဘဝတွေ ၊ အသက်တွေ ပေးရတယ် ။  ပုံ  ထဲက ထမင်းကိုတွေ့မယ်ထင်ပါတယ် ။ အဲဒါ ကျွန်တော်တို့ ၃ နှစ်လုံး စားလာတဲ့ထမင်းပဲ ။ ရဲဘော်သစ်တွေမို့ အဲလိုကျွေးတယ်မထင်ပါနဲ့ ။ အရာရှိတွေ မွေးထုတ်ပေးတယ်ဆိုတဲ့ စစ်ကျောင်းကြီးတွေမှာကျွေး တဲ့ ထမင်း ။   ဒါတွေ စားရလို့ ဘယ်တုန်းက မှ မညည်းငြူဖူးသလို ၊ ဘယ်တုန်းကမှာလည်းပြန် ပြောမပြဖူးဘူး ။  ဟိုး ရှေးခေတ်က စစ်သားတွေ ဖုန်တလူးလူး ၊ သဲတရှပ်ရှပ် နဲ့တောင် ထမင်းခဲ ပြေးရင်းလွှားရင်းစားလာကြသေးတာ ။ ကျုပ်တို့ ကထိုင်ခုံနဲ့ ဇွန်းနဲ့ ထိုင်စားရတာ သူတို့ထက်အများကြီးသာတယ် ။   ခင်ဗျားတို့ စစ်ခွေးပဲ ခေါ်ခေါ် ၊ ဘာတွေ ပြောနေနေ ကိုယ့် ဝါသနာ ကိုယ့်ခံယူချက်ကို ဘယ်တုန်းကမှ နောင်တမရဖူးသလို ၊ ဘယ်တော့ မှလည်းရမှာမဟုတ်ဘူး ။   ခုပြောနေတာ ကလည်း ခင်ဗျားတို့ အသနားခံချင်လို့ ၊ ခက်ဗျားတို့ အကောင်းပြောခံ ချင်လို့ တော့ မထင်လေနဲ့ ။ သူများ နှုတ်ဖျားမှာ အသက်ရှင်ရမဲ့ ထဲမှာ စစ်သားမပါဘူး ။  လူဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ပြောသလို "ကိုယ့်လိပ်ပြာရှေ့ မှာ ရင်ကော့ပြီး အစစ်ခံရဲဖို့ ပဲလိုတယ်" ။  ဒါပေမဲ့ နားကြားပြင်းကတ်အောင် ပြည်သူ့ဆန် ..ပြည်သူ့ဆန် ... တဆန်တည်း ဆန်နေလို့ ... ကျုပ်တို့ စားခဲ့ တဲ့ ပြည်သူ့ဆန် ဆိုတာ ဘယ်လိုဟာလဲ ပြတာပဲရှိတာ ။   ခင်ဗျား တို့ အဲဒီပြည်သူ့ဆန်စား ပြီး ကျုပ်တို့ အလုပ်လုပ်နိုင်တယ်ဆိုရင် အိမ်ပြန်လယ်ထွန် နေလိုက်မယ် ။ အေးရာအေးကြောင်းပဲ ။   (ရုပ်ဆိုး)  Photo credit to >> https://www.facebook.com/profile.php?id=100004136852808&fref=ts
ခင်ဗျားတို့ ပြောတဲ့ ပြည်သူ့ဆန်
------------------------------
---

အတော်များများ က ထစ်ခနည်းရှိရင် ...
ပြည်သူ့ဆန်စားပြီး ပြည်သူကိုမစော်ကား နဲ့ ဆို တာက စတယ်ဗျ ။

ဘယ်တုန်းကမှ မစော်ကားသလို ၊ ဘယ်ပြည်သူ့ဆန်မှလည်း အလကား မစားခဲ့ဖူးဘူး ။

စစ်သားဖြစ်ချင်တဲ့ ကျုပ်တို့ ကစစ်သားဖြစ်ခွင့်ရတယ် ။ ကိုယ့်လူမျိုး ၊ ကိုယ့်နိုင်ငံ ကို ကိုယ်ကာကွယ်ခွင့် ဆိုတဲ့ ကျွန်တော်တို့ချဉ်ခြင်းလေးတွေ အာသာပြေစေတယ် ။ လုပ်ခနဲ့ လစာရတယ် ။ ဒါတွေဟာ ပြည်သူ တွေ ဆီက ကျွန်တော်တို့ရတဲ့ဟာတွေပါ ။

ကျွန်တော်တို့ ဘာတွေပေးရသလဲ ။ နုပျို မှုတွေ ပေးရတယ် ၊ လွတ်လပ်မှုတွေပေးရတယ် ။ ထားရာနေရတယ် ။ စေရာသွားရတယ် ။ ခိုင်းတာလုပ်ရတယ် ။ ဒီထက် ပိုရင်တော့ ဘဝတွေ ၊ အသက်တွေ ပေးရတယ် ။

ပုံ ထဲက ထမင်းကိုတွေ့မယ်ထင်ပါတယ် ။ အဲဒါ ကျွန်တော်တို့ ၃ နှစ်လုံး စားလာတဲ့ထမင်းပဲ ။ ရဲဘော်သစ်တွေမို့ အဲလိုကျွေးတယ်မထင်ပါနဲ့ ။ အရာရှိတွေ မွေးထုတ်ပေးတယ်ဆိုတဲ့ စစ်ကျောင်းကြီးတွေမှာကျွေး တဲ့ ထမင်း ။

ဒါတွေ စားရလို့ ဘယ်တုန်းက မှ မညည်းငြူဖူးသလို ၊ ဘယ်တုန်းကမှာလည်းပြန် ပြောမပြဖူးဘူး ။
ဟိုး ရှေးခေတ်က စစ်သားတွေ ဖုန်တလူးလူး ၊ သဲတရှပ်ရှပ် နဲ့တောင် ထမင်းခဲ ပြေးရင်းလွှားရင်းစားလာကြသေးတာ ။ ကျုပ်တို့ ကထိုင်ခုံနဲ့ ဇွန်းနဲ့ ထိုင်စားရတာ သူတို့ထက်အများကြီးသာတယ် ။

ခင်ဗျားတို့ စစ်ခွေးပဲ ခေါ်ခေါ် ၊ ဘာတွေ ပြောနေနေ ကိုယ့် ဝါသနာ ကိုယ့်ခံယူချက်ကို ဘယ်တုန်းကမှ နောင်တမရဖူးသလို ၊ ဘယ်တော့ မှလည်းရမှာမဟုတ်ဘူး ။

ခုပြောနေတာ ကလည်း ခင်ဗျားတို့ အသနားခံချင်လို့ ၊ ခက်ဗျားတို့ အကောင်းပြောခံ ချင်လို့ တော့ မထင်လေနဲ့ ။ သူများ နှုတ်ဖျားမှာ အသက်ရှင်ရမဲ့ ထဲမှာ စစ်သားမပါဘူး ။ လူဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ပြောသလို "ကိုယ့်လိပ်ပြာရှေ့ မှာ ရင်ကော့ပြီး အစစ်ခံရဲဖို့ ပဲလိုတယ်" ။

ဒါပေမဲ့ နားကြားပြင်းကတ်အောင် ပြည်သူ့ဆန် ..ပြည်သူ့ဆန် ... တဆန်တည်း ဆန်နေလို့ ...
ကျုပ်တို့ စားခဲ့ တဲ့ ပြည်သူ့ဆန် ဆိုတာ ဘယ်လိုဟာလဲ ပြတာပဲရှိတာ ။

ခင်ဗျား တို့ အဲဒီပြည်သူ့ဆန်စား ပြီး ကျုပ်တို့ အလုပ်လုပ်နိုင်တယ်ဆိုရင် အိမ်ပြန်လယ်ထွန် နေလိုက်မယ် ။ အေးရာအေးကြောင်းပဲ ။

(ရုပ်ဆိုး)

Photo credit to >> https://www.facebook.com/profile.php?id=100004136852808&fref=ts

မြန်မာပြည် အနာဂတ်ရေး….. တပ်မတော်ထဲက အမြင်

$
0
0






PR နဲ့  အခု စနစ်နဲ့ကို ဘယ်ဟာ ပိုကောင်းမယ်မလဲ……  မြန်မာနိုင်ငံ အခြေနေနဲ့ပေါ့

အခြေအနေတွေ သုံးသပ်ကြည့်တဲ့ခါ… မြန်မာလူထု တော်တော်များများ က ထွက်လာတဲ့ စကား ၊
အပေါ် ပိုင်းကထွက်လာတဲ့စကား…. သမ္မတ နဲ့ ဒေါ်စု ပက်သက်ဆက်နွှယ်မှုတွေ ခန့် မှန်းချက်…
အဲလို သုံးသပ်ကြည့်တဲ့ခါမှာ ခု အခြေအနေမှာ ဒေါ်စုက သူ့ ပါတီအတွက် တောင်းဆိုတာ လုပ်ဆောင်တာတွေ တစ်ပိုင်းရှိတော့ရှိတယ်….


သို့ပေမဲ့ သူတို့ ၂ ဦး တာဝန်တွေကို မျှ ပြီး လုပ်နေတယ်လို့မြင်တယ်…. ပညာရေး ၊တရားဥပဒေ စိုးမိုးရေးမှာ….
နောက် နိုင်ငံတကာဆက်ဆံရေး တွေမှာ ဦးသိန်းစိန်က ဂိုက်လိုင်းလောက်ပဲ…. ဒေါ်စု က ပါဝင်ပက်သက်မှု များနေတယ်… တခြား တိုင်းရင်းသားငြိမ်းချမ်းရေးကိစ္စတွေ စီးပွားရေးကိစ္စတွေ အနာဂတ် မာစတာပလန်တွေ ကိုတော့ သမ္မတက ကိုင်ထားတယ်….

 ဦးသိန်းစိန် အနေနဲ့ လိုက်လျောပေးမှုဟာလည်း ဒါအဆုံးစွန် အနေထား power sharing မှာပေါ့လေ….
ဘာပဲ ပြောပြော ဒေါ်စု သမ္မတဖြစ်မှာပါ…. သို့ သော် ဒီစနစ်တိုင်းဆိုရင်တော့ ငကန်းသေ ငစွေ တက်လာတာပဲရှိလိမ့်မယ် နိုင်ငံ အတွက်ပြောင်းလဲမယ်မထင်ဘူး….

အုပ်ချုပ်ရေးယန္တရား ရဲ့ ခြေတံ လက်တံတွေ ground field မှာက non NLD တွေပဲ ရှိတယ်….
တရုတ် နဲ့ အမေရိကန် လေသံ ပစ်သံ တွေ ၊ ဒစ်ပလိုမေစီ ကစားလာတာတွေ ကြည့်ရရင်
မြန်မာပြည်အနေနဲ့ ဒေါ် စုကို မလွဲမသွေ လိုအပ်လာတယ်…..

ဒါကို ဦးသိန်းစိန် လည်းသဘောပေါက်ပုံရတယ် ခု ခြေတံလက်တံ တွေ ထဲမှာ တချို့ ကို ဦးသိန်းစိန် သန့်ပစ်နေတာတွေလည်းတွေ့ရတော့  သူတို့ ၂ ဦးရဲ့ ဘုံရည်မှန်းချက် ဟာ အနာဂတ်ကာလ စူပါပါဝါတွေကြားမှာ နိုင်ငံရေးကစားပြီး အစွမ်းကုန်တင်ဖို့ပဲ…

အဲလို အစွမ်းကုန်တင်ဖို့ဆိုရင် ခုလူတွေအတိုင်းလည်းမဖြစ်သလို NLD ချည်းပဲလည်းမဖြစ်ဘူး
ကျနော်ထင်ပါတယ် ပြည်တွင်း ပြည်ပ ပညာရှင် အတော်များများကလည်း ဒေါ်စုရဲ့ ဦးဆောင်မှုနဲ့ဆို ယုံကြည်လိမ့်မယ် လိုက်ပါလိမ့်မယ်…..

ဒါမဲ့ အတော်များများက အုပ်ချုပ်ရေးနဲ့ ကင်းကွာနေတဲ့ သီအိုလိုဂျစ် တွေ များတယ်
အစိုးရ အဖွဲ့စည်းတွင်းမှာရှိနေတာက မြန်မာပြည်အနေထား နဲ့ မြန်မာ့အခြေနေကို ထဲထဲဝင်ဝင်သိတဲ့ လူတွေလည်းရှိတယ်….

အဲဒီလူတွေ ကို organized လုပ်နိုင်တာက ဒေါ်စု နဲ့ ဦးသိန်းစိန် ပဲမြင်တယ်….
နောက်တစ်ဆက် မှာ ဒေါ်စု ကို သမ္မတပေး အစိုးရအဖွဲ့ တွင်းမှာလည်း ထိုက်သင့်သလောက် ကို ခုအစိုးရတွင်းကလူတွေပြန်ယူ…..

အဲလိုဆိုရင် ပြည်သူလူထုလည်းကျေနပ်လိမ့်မယ်ထင်တယ်။


တပ်မတော် အရာရှိတဦး

၁၅-၄-၂၀၁၃

……………………………………………………………………………

အမှတ်စက်များကို ဆက်ခြင်း

$
0
0
အမှတ်စက်များကို ဆက်ခြင်း

NGO တစ်ခုက ညီလေးတစ်ယောက်နှင့် လက်ဖက်ရည်ဆိုင်မှာ ဆုံမိလို့ စကားပြောဖြစ်ကြတယ်။ သူက ကိုယ့်ထက် အသက်ငယ်ပေမဲ့ NGO မှာ လုပ်နေတာ ၄နှစ်တောင် ကျော်နေပြီ။ အဲ့လို စကားပြောဖြစ်ရင်း သူက ရင်ဖွင့်တယ်၊ သူ တကယ်လုပ်ချင်တဲ့ အလုပ်နဲ့ ခုလုပ်နေရတဲ့ အလုပ်က တခြားစီပဲတဲ့။ တစ်ခါတစ်လေကျ အရမ်းစိတ်ညစ်တယ်၊ အလုပ်ထွက်ချင်ပေမဲ့လည်း အခြေအနေ အကြောင်းကြောင်းကြောင့် မထွက်ဖြစ်ဘူး တဲ့။ အဲ့ဒီမှာတင် ကျွန်တော်ကလည်း ကျွန်တော်တို့ ဆေးကျောင်းသားတွေ ဆရာဝန်တွေရဲ့ ဘ၀ကို ပြန်ပြောပြဖြစ်တယ်။ 
 ဆေးကျောင်းတက်ပြီးလို့ ဆရာဝန် ဖြစ်လာသူတွေထဲမှာ တကယ်ဝါသနာပါသူတွေလည်း ရှိသလို၊ မိဘတက်ခိုင်းလို့ စိတ်မပါဘဲ တက်ခဲ့ရသူတွေ၊ ဒီကျောင်းနဲ့ ဒီအလုပ်ကလွဲလို့ တခြားရွေးစရာလည်း မရှိတာနဲ့ အများတက်လို့ လိုက်တက်ခဲ့သူတွေ၊ ခု ဆရာဝန်ဖြစ်ပြီးတဲ့ နောက်မှာတောင်မှ ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတဲ့သူတွေလည်း အများကြီးပဲ လို့။ တကယ်တော့ ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်း မသိတဲ့ ရောဂါဟာ ကျွန်တော်တို့လူငယ်တွေမှာ အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ်နေပါတယ်။

ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲတိုင်းပြည်က လူငယ်တွေအတွက်တော့ ဒါတွေဟာ သိပ်မထူးဆန်းတော့ပါဘူး။ ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း ကျပါစေဆိုတဲ့ ဆုတောင်းစကားက လူတော်တော်များများအတွက် သဘောကျချင်စရာ ဖြစ်နေတယ်။ တံခါးပိတ်ထားတဲ့ တိုင်းပြည်က လူတွေဟာ အမြင်တွေ အတွေးတွေလည်း ပိတ်နေတတ်တာ သဘာဝပါပဲ။ ဆယ်တန်းကို ထူးထူးချွန်ချွန် အောင်မြင်လာတဲ့ ကျောင်းသူကျောင်းသားတွေကို အင်တာဗျူး လုပ်ထားတာတွေ ခဏခဏ ဖတ်ရတယ်။ ဘ၀မှာ ဘာဖြစ်ဖို့ ရည်မှန်းထားလဲ ဆို အားလုံးနီးပါးက အောင်မြင်တဲ့ ဆရာဝန်ကြီးတစ်ယောက် ဖြစ်အောင်လုပ်မယ်ဆိုတာချည်းပဲ။ ဖြေကြပါလား နာဆာမှာ သိပံပညာရှင် သွားလုပ်မယ်တို့၊ နိုင်ငံတော်သမ္မတ ဖြစ်ချင်တယ်တို့။ ခုတော့ ဘယ်သူ့မေးမေး ဒါပဲ ဖြေစရာ ရှိသလို ဖြစ်နေတယ်။ (ခုမှသာ ပြောနေတာပါ၊ ကျွန်တော်တို့တုန်းကလည်း ဒီလိုပါပဲ) ပြောရရင် အိပ်မက်ကြီးကြီး မမက်ရဲကြဘူး၊ မက်လည်း မမက်တတ်ကြဘူး၊ မက်ရဲလောက်တဲ့ အနေအထားမျိုးမှာလည်း ရှိမနေကြဘူးလေ။ ဥပမာဆိုပါတော့၊ လူငယ်လေးတစ်ယောက်က ဘောလုံးအားကစားကို အရမ်းဝါသနာပါတယ်၊ ဘောလုံးကန်နေရရင် ထမင်းမေ့ဟင်းမေ့ပဲ၊ ဒါပေမဲ့ ဒီအလုပ်ကို ပရော်ဖက်ရှင်နယ်အနေနဲ့ ရွေးချယ်ဖို့ဆိုတာကတော့ တော်တော်လေး စွန့်စားရသလို ဖြစ်နေတယ်။ အဲ့ဒီမှာတင် ပိုက်ဆံရဖို့သက်သက်အတွက် သူစိတ်မ၀င်စားတဲ့ အလုပ်တစ်ခုကို ၀င်လုပ်ရတော့တယ်၊ စိတ်ဝင်စားမှု၊ အလုပ်အပေါ် ချစ်မြတ်နိုးမှု မရှိတဲ့အခါ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ သာမန်ထက် မပိုဘူး၊ အဲ့ဒီတော့ သူလုပ်နေတဲ့ အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းကလည်း တိုးတက်မှု မရှိတော့ဘူး၊ ကြာတော့ စိတ်ဓါတ်ကျလာတယ်၊ မပျော်တော့ဘူး၊ ဒါပေမဲ့လည်း ဒီအလုပ်ကို စွန့်ပြီး နောက်တစ်ခုကို ရဲရဲဝံ့ဝံ့ ပြောင်းလိုက်ဖို့လည်း သတ္တိက မရှိဘူး။ ဒါနဲ့ပဲ သံသရာက လည်နေတယ်၊ နောက်ဆုံးချုပ်လိုက်တော့ သူမတိုးတက်ဘူး၊ သူ့အဖွဲ့မတိုးတက်ဘူး၊ အဲ့လိုလူငယ်တွေ ပေါင်းစည်းထားတဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကလည်း မတိုးတက်တော့ဘူး။

(ခုလို ခေတ်ပြောင်းလာတဲ့အချိန် ပွင့်လင်းလာတဲ့အချိန်မှာတော့ အလုပ်အကိုင်အသစ်တွေ ပေါ်လာတယ်။ အရင်က အိပ်မက်မမက်ရဲခဲ့တာတွေ၊ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာတွေက အသုံးကျတဲ့ ပညာရပ်တွေ ဖြစ်လာတယ်။ ခုတလောဆို လူငယ်ဒါရိုက်တာတွေ၊ အိုင်တီပညာရှင်တွေ၊ စီးပွါးရေးပညာရှင်တွေ အများအပြား ပေါ်ထွက်လာတယ်။ လူငယ်အများစု စိတ်ဝင်စားလာကြတာတွေကလည်း ဒီပညာရပ်တွေ ဖြစ်လာတယ်။ ကောင်းတဲ့ လက္ခဏာပါ၊ တိုင်းပြည်တစ်ပြည်ကို ဆရာဝန်တွေနဲ့ချည်း တည်ဆောက်လို့မှ မရတာပဲ။ ပညာရပ်ပေါင်းစုံ ဖူးပွင့်လာဖို့ လိုပါတယ်။)

စတိဗ်ဂျော့ကိုတော့ အားလုံးသိပြီးဖြစ်မှာပါ။ လူသေပေမဲ့ နာမည်မသေတဲ့ ပညာရှင်တွေထဲက တစ်ယောက်ပေါ့။ သူ့ဘ၀ကလည်း တော်တော်လေး စိတ်ဝင်စားစရာ ကောင်းသလို၊ အတုယူဖို့လည်း ကောင်းပါတယ်။ သူ့အမေက ကောလိပ်ကျောင်းသူ၊ အိမ်ထောင်မပြုဘဲနဲ့ သူ့ကိုမွေးတယ်၊ သူ့သားကို တက္ကသိုလ် ရောက်အောင် ပို့ပေးပါ့မယ်လို့ ကတိပေးတဲ့ လင်မယားနှစ်ယောက်ဆီကို မွေးစားဖို့ ပေးခဲ့တယ်။ သူတို့ကတိအတိုင်း စတိဗ်ဂျော့ဟာ ကောလိပ်ကျောင်းကို တက်ခွင့်ရတယ်။ ဒါပေမဲ့ သူ့ကိုယ်သူ ပိုက်ဆံတွေ အလဟဿ ဖြုန်းနေမိပြီ ထင်တာရယ်၊ မွေးစားမိဘတွေကို သနားတာရယ်ကြောင့် ကောလိပ်ရောက်ပြီး ၆လအကြာမှာတင် ကျောင်းကထွက်လိုက်တယ်။ ကျောင်းကလည်း ထွက်ပြီးရော သူ စိတ်မ၀င်စားတဲ့ အလုပ်ဆို ဘာတစ်ခုမှ မလုပ်တော့ဘဲ၊ သူတက်ချင်တဲ့ သူတကယ်စိတ်ဝင်စားတဲ့ အတန်းတွေကိုချည်း လိုက်တက်တော့တယ်။ အဲ့ဒီထဲက သင်တန်းတစ်ခုက Calligraphy လို့ ခေါ်တဲ့ စာလုံးအလှရေးနည်းသင်တန်း။ သူ့ဘ၀ရှေ့ရေးအတွက်ရယ်လို့ ရည်ရွယ်ပြီး တက်ခဲ့တာတော့ မဟုတ်ဘူး၊ စိတ်ဝင်စားလို့ တက်ခဲ့တာပဲ။ ဒါပေမဲ့ အဲ့ဒီလို ဘာရယ်မဟုတ် တက်မိခဲ့တဲ့ သင်တန်းက သူနောင်တစ်ချိန် မက္ကင်းတော့ရှ် ကွန်ပျူတာအတွက် ဒီဇိုင်းလုပ်တော့မှ သွားအသုံးကျတော့တယ်။ အဲ့ဒီလိုနဲ့ လှပတဲ့ စားလုံးတွေရေးနိုင်တဲ့ ပထမဆုံးကွန်ပျူတာရယ်လို့ ပေါ်လာပါတော့တယ်။ စတိဗ်ဂျော့ရဲ့ အောင်မြင်မှုတွေထဲက မှတ်တိုင်တစ်ခု ဖြစ်သွားတယ်။

စတိဗ်ဂျော့က သူ့အတွေ့အကြုံတွေက တစ်ဆင့် ပြောပြသွားပါတယ်..
ဘ၀ဆိုတာ အမှတ်စက်များကို ဆက်ခြင်းပဲတဲ့။ အမှတ်စက်ဆိုတာကတော့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာတွေရော ဘာရယ်မဟုတ် တောင်လုပ်မြောက်လုပ် လုပ်မိတာတွေရော ပါတာပေါ့။ ဒါပေမဲ့ တစ်ခုရှိတာက အဲ့ဒီအမှတ်စက်တွေက ရှေ့ကိုမှန်းပြီး ဆက်လို့ မရဘူး၊ နောက်ပြန်ကြည့်ပြီးမှသာ ဆက်လို့ရပါတယ်။

ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ထပ်တည်း ကျဖို့ မပြောနဲ့၊ ပြဒါးတစ်လမ်း သံတစ်လမ်းတောင် ဖြစ်နေပါတယ်ဆိုတဲ့သူတွေ၊ ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်မှန်းကို မသိပါဘူးဆိုတဲ့သူတွေအတွက် စတိဗ်ဂျော့ရဲ့ ဘ၀ရှာပုံတော်ဖြစ်စဉ်လေးက အတုယူစရာကောင်းပါတယ်။ လမ်းပျောက်နေတယ်လို့ ညည်းနေမဲ့အစား ကြိုးစားပြီး ဆက်လျှာက်ကြည့်လိုက်တာက တွေ့နိုင်ချေ ပိုများတာပေါ့။ စိတ်ညစ်ပြီးသာ ထိုင်မနေနဲ့၊ ဆက် ဆက်လျှောက်နေ၊ တစ်နေ့ တွေ့မှာပေါ့၊ ကိုယ်တကယ်လျှောက်ချင်တဲ့ လမ်းကို။

ကြီးကျယ်တဲ့အလုပ်တစ်ခုကို လုပ်နိုင်ဖို့ တစ်ခုတည်းသော လိုအပ်တဲ့အရာက အဲ့ဒီအလုပ်ကို ကိုယ်တကယ်မြတ်နိုးဖို့ပါပဲ တဲ့။ အဲဒီ ကိုယ်တကယ်စုံမက်တဲ့အလုပ်ကို မတွေ့မချင်း ရှာရပါမယ်၊ သတ္တိရှိရပါမယ်၊ အပြောင်းအလဲကို မြတ်နိုးရမယ်၊ စွန့်စားသင့်ရင် စွန့်စားရဲရမယ်။

ပြောရရင် များများဖတ် များများလုပ် များများတွေး များများသင်ယူကြရပါမယ်။
ဘ၀ဆိုတာ အမှတ်စက်လေးတွေကို နောက်ပြန်ဆက်ပြီး ပုံဖော်ယူရတာဆိုတော့ ဆက်စရာ အမှတ်စက်လေးတွေ များလေလေ၊ ပုံဖော်လို့ ရလာတဲ့ ဘ၀ကလည်း လှပလေလေပဲပေါ့။

ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်

$
0
0

 
Liked· 32 minutes ago

မေခ| May 16, 2013 |

စစ်စွပ်ကျယ်၊ ပုဆိုးခါးတောင်းကျိုက်နဲ့ ရေသန့် ၆ ဘူးတကတ်တွဲ ၂ တွဲကို လက်တဘက်တချက် ကိုင်ထားရင်း နဖူးကချွေးတွေကို လက်မောင်းရင်းနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်သူကတော့ တချိန်က စစ်အစိုးရလက်ထက် တနိုင်ငံလုံးရဲ့ စာရင်းစစ်ချုပ် ရာထူးကို ပိုင်ဆိုင်ခဲ့ဖူးသူ အရင်က ဗိုလ်ချုပ်လွန်းမောင် ဆိုပြီး နာမည်ကျော်ခဲ့သူပဲ ဖြစ်ပါတယ်။

ရေသန့်ဘူးတွေကို ရေခဲသေတ္တာထဲ အစီအရီ ထည့်ဖို့ပြင်နေတဲ့ အသက် ၆၀ ကျော်အရွယ် ဦးလွန်းမောင်ရဲ့ ပုံစံဟာ တချိန်က ဘုန်းမီးနေလ ထွန်းတောက်ခဲ့သူ သူတဦးလို့ ထင်စရာ မရှိပါဘူး။ လက်ရှိအချိန်မှာတော့ ထမင်းဆိုင်ပိုင်ရှင် ဦးလွန်းမောင် အဖြစ်နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့မှာ အခြေချနေပါပြီ။

ဦးလွန်းမောင်ဟာ ရေခဲသေတ္တာထဲကို ရေသန့်ဘူးတွေ အစီအရီထည့်ပြီး မကြာခင်မှာပဲ ထမင်းစားပွဲခုံ အလုံး ၄၀ ကျော်ကို ရေစိုအ၀တ်နဲ့ လိုက်လံ သုတ်နေပြန်ပါတယ်။ ဘေးက ကြည့်နေသူတွေကတော့ သူ့အသက်အရွယ်နဲ့ မလိုက်အောင် လုပ်ကိုင်နေပုံကို အံ့သြနေပုံရပါတယ်။

အင်တာနက်စာမျက်နှာ ပေါ်မှာ ဗိုလ်ချုပ်ဟောင်း လွန်းမောင်တယောက် ထမင်းဆိုင် ဖွင့်ထားတယ်၊ ရိုးစင်းတဲ့ ဘဝကို ဖြတ်သန်းနေတယ် စသည်ဖြင့် သတင်းတွေနဲ့အတူ သတင်းတချို့မှာ ရေးသားထားတဲ့ “ဦးလွန်းမောင် တယောက် မှန်လွန်းတဲ့အတွက် ရွာပြင်ထုတ် ခံခဲ့ရတယ်” ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ စိတ်ဝင်စားမိတာနဲ့ ရန်ကုန်ကနေ ဘီလင်းအထိ ခြေဆန့်လာခဲ့တာပါ။ တမြို့လုံးမှာ သေသေချာချာ ရှာဖွေ ရေကြည့်လို့ လက် ၃ ချောင်းတောင် မပြည့်တဲ့ တည်းခိုခန်း အခက်အခဲကို ဖြစ်သလို ကျော်ဖြတ်ရင်း ၂ ရက်ကြာအောင် ဦးလွန်းမောင်ရဲ့ နေ့စဉ်ဘ၀ ဖြတ်သန်းမှုကို လေ့လာကြည့်ခွင့် ရခဲ့ပါတယ်။

သူ့တနေ့တာ ဖြတ်သန်းမှုကို ၂ ရက်အကြာ လေ့လာပြီးချိန်မှာတော့ သူ့ကို မိတ်ဖွဲ့ရင်း စကားပြောခွင့် ရပါပြီ။

“တနေကုန် အလုပ်နဲ့ လက်နဲ့ မပြတ်ဘူး။ ဗိုလ်ချုပ်ဘ၀ကတောင် ဂေါ့ဖ်ရိုက်ဖို့ အချိန်ဆိုတာ ရှိသေးတယ်။ ဒီမှာကျတော့ ဂေါ့ဖ်ရိုက်ဖို့ မပြောနဲ့ ကိုယ်ပိုင်အချိန်တောင် တော်တော်ကလေး ရှားတယ်။ ဒါပေမယ့် ဒီဘ၀လေးက ရိုးစင်းပါတယ်” လို့ ဦးလွန်းမောင်က စကားစပါတယ်။

တချိန်က လွတ်လပ်ရေး မရခင်မှာ ဂျပန်တပ်တွေ အခိုင်အမာတပ်စွဲခဲ့လို့ ဂျပန်တောင်ဆိုပြီး နာမည်ကြီးခဲ့တဲ့ နေရာက တပ်ရင်းမှာ တာဝန် ထမ်းဆောင်ချိန်က သူတည်ခဲ့တဲ့ ဂျပန်တောင်ဘုရား ခြေတော်ရင်းမှာ ထမင်းဆိုင်ဖွင့်ဖို့ စိတ်ကူးရခဲ့ သူကတော့ သူ့ဇနီးသည်ပါပဲလို့ ပြောရင်း အခုလို ရိုးစင်းစွာ ဖြတ်သန်းနေရတဲ့ သူ့ဘ၀ကို ကျေနပ်တယ်လို့ ဆိုပါတယ်။

“ကျနော်က ငယ်ငယ်ကတည်းက ဆင်းရဲခဲ့တဲ့ မိသားစုက ဆင်းသက်လာသူပါ။ ဒီအချိန်က ငယ်ငယ်က ဘ၀ကြမ်းသလောက် မကြမ်းပါဘူး။ ပျော်ပါတယ်။ အံဝင်ခွင်ကျ ရှိတယ်ဆိုတာထက် လူတိုင်းက သူရတဲ့ဘ၀မှာ နေပျော်ဖို့ လိုပါတယ်” လို့လည်း ဘုရားဒါယကာ ဦးလွန်းမောင်က ဆက်ပြောပါတယ်။

အနှစ် ၄၀ လောက် လျှမ်းလျှမ်းတောက် အာဏာရှိခဲ့သူ၊ စစ်တပ်မှာ ရာထူးကြီးကြီးနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ အဖြစ်ကနေ ဒီလို ဈေးသည်တယောက် အနေနဲ့ ကျန်ရှိတဲ့ ဘ၀ကို ဖြတ်သန်း နေတာကတော့ ဘေးလူတွေအမြင် အံ့သြစရာ ဖြစ်နေပုံပါပဲ။

အောင်ပြည့်စုံ ဆိုတဲ့ နာမည်နဲ့ ဘီ်းလင်းမြို့အ၀င်မှာ ထမင်း၊ ဟင်းနဲ့ တခြား စားသောက်စရာတွေ ရောင်းချနေတဲ့ ဦးလွန်းမောင်ရဲ့ ဆိုင်ကို ကြည့်လိုက်တာနဲ့ ရင်းနှီးထားတဲ့ ပမာဏ မနည်းလောက်ဘူး ဆိုတာ ဘယ်သူမဆို ခန့်မှန်းနိုင်ပါတယ်။

မနက် ၁၀ နာရီကနေ နောက်တနေ့ မနက် ၃ နာရီအထိ ထမင်း၊ ဟင်းနဲ့ တခြား စားသောက်ဖွယ်ရာတွေကို ရောင်းချသလို ည ၉ နာရီကနေ စတင်ပြီး စင်တင်ဂီတပါတဲ့ စားသောက်ဆိုင်ကိုလည်း အောင်ပြည့်စုံ ထမင်းဆိုင်ဝန်းထဲမှာ ဆိုင်တဆိုင် ခွဲလို့ ရောင်းချနေတာ တွေ့ခဲ့ရပါတယ်။

“ကျနော် လည်ပင်း ကင်ဆာဖြစ်တော့ အမျိုးသမီးက ကလေးတွေ ရှေ့ရေးအတွက် ဒီမှာ ၀ါးတဲလေး စထိုး ဈေးရောင်းခဲ့ တာပေါ့။ နောက်ပိုင်းကျမှ အခုလို ဖြစ်လာခဲ့တာပါ” လို့ ဦးလွန်းမောင်က ပြောပြပါတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်တာ ကာလကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီဆိုင်ဟာ သူ့ဇနီး ဒေါ်မြမြစိန်ရဲ့ စိတ်ကူးနဲ့ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သူက ဂုဏ်ယူစွာနဲ့ ဆိုပါသေးတယ်။

စိတ်တူကိုယ်တူ ဇနီးမောင်နှံတွေ ဖြစ်တာကြောင့် လက်ရှိ ဖြတ်သန်းနေရတဲ့ ဘ၀ကို ဇနီးသည်ဖြစ်သူကလည်း ကျေနပ်နေ တယ်လို့ ဦးလွန်းမောင်က ပြောပြနေချိန်မှာ အပွင့်ကျဲကျဲ ပါတိတ်ထမီ၊ လိမ္မော်ရောင် ဘလောက်စ် အင်္ကျီ ၀တ်ဆင်ထားတဲ့ ဒေါ်မြမြစိန်က လက်ကြားမှာ စီးကရက်ညှပ်ထားရင်း စကားဝိုင်းထဲ ၀င်ရောက် လာခဲ့ပါတယ်။

“အန်တီတို့က ပွင့်ပွင့်လင်းလင်းပဲ၊ ဘယ်သူ့ကိုမှလည်း ဒေါသမဖြစ်ဘူး။ ဒီဘ၀ကိုလည်း ကျေနပ်တယ်၊ ကိုယ့်ကို လုပ်သွားတဲ့ သူကိုလည်း ခွင့်လွှတ်တယ်။ ဘာပဲပြောပြော ၀ဋ်ရှိလို့ခံရတယ်ပဲ မှတ်တယ်။ တရားနဲ့ဖြေလို့ အခုလို နေနိုင်တာ။ နို့မို့ မဖြေနိုင်ရင် ဘယ်လွယ်မလဲ” လို့ ဗိုလ်ချုပ်ဟောင်းရဲ့ ဇနီးသည်က ဆိုလာပါတယ်။

ဦးလွန်းမောင်တယောက် စာရင်းစစ်ချုပ် ဘဝကနေ အငြိမ်းစားပေးခံရစဉ် ကာလကို ဒေါ်မြမြစိန်က ရည်ရွယ်ဟန် တူပါတယ်။ ဦးလွန်းမောင်ဟာ နိုင်ငံတော် စာရင်းစစ်ချုပ်အဖြစ် စစ်အုပ်ချုပ်ရေးကာလ ဗိုလ်ချုပ်လွန်းမောင် ဘဝ ကတည်းက တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း ဦးလွန်းမောင် အဖြစ် စာရင်းစစ်ချုပ် တာဝန်ကို ဆက်ယူခဲ့ရသူပါ။ လက်ရှိအစိုးရ လက်ထက်မှာ ၁ နှစ်ကျော်ကာလ တာဝန်ထမ်းဆောင်ပြီး သူ့ရဲ့ စာရင်းစစ်ချုပ် သက်တမ်း ၉ နှစ်ပြည့်ချိန်မှာတော့ ၂၀၁၂ သြဂုတ်လ ၂၈ ရက်နေ့မှာ သမ္မတက သူ့ကို အငြိမ်းစား ပေးလိုက်တာ ဖြစ်ပါတယ်။

ဒေါ်မြမြစိန်ရဲ့ စကားက ဘာကိုရည်ရွယ်သလဲ ဆိုတာ တွေးနေမိစဉ်မှာပဲ ဦးလွန်းမောင်က သောက်လက်စ ရေနွေးခွက်ကို လက်ကနေချရင်း ပြုံးပြီး “ ဒီကိစ္စတွေကို ပြန်မပြောချင်တော့ဘူး။ စေတနာ အမှားပေါ့။ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုးအတွက် သုံးခဲ့ကြတော့ ကိုယ်က ခံရတာပေါ့။ ဒီအပေါ် ဘာအာဃာတမှ မထားဘူး။ သမ္မတ ဘက်က ကြည့်တော့ မှန်တာပေါ့” လို့ ဖြည့်စွက်ပြန်ပါတယ်။

စကားလက်ဆုံကျနေရင်း ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကလေးမလေးက “ဘဘ … ဓာတ်မီး” လို့ ပြောလိုက်ချိန်မှာ ဦးလွန်းမောင်က အကြားလွဲပြီး “ညစာ ထမင်းမစားရသေးဘူး၊ ၈ နာရီမှ စားတာပေါ့။ ကန်စွန်းရွက် ကြော်ခိုင်းထားလိုက်လေ” လို့ ပြောလိုက်တဲ့ အတွက် ဆိုင်မှာ ရှိနေတဲ့ အလုပ်သမား မိန်းကလေးတွေအားလုံး ၀ါးလုံးကွဲ ရယ်မော ကြပါတော့တယ်။

ရယ်တာကို ဘာမှ မာန်မဲမနေဘဲ “ဘာလို့ ရယ်နေတာလဲ” လို့ ဦးလွန်းမောင်က မသိနားမလည်တဲ့ ပုံစံနဲ့ ပြန်မေးတာကို အလုပ်သမားတွေ ဆက်လက် ရယ်မောနေကြ ပြန်ပါတယ်။

သူ့ရဲ့အဖြေ အလွဲကို သူဘာသာ သိသွားတဲ့ ဦးလွန်းမောင်ကတော့ “ဒီလို ဘ၀မျိုးကို ရခဲတယ်လို့ ပြောရမယ်၊ အရင်ကဆို ကိုယ့်ကို ဘယ်သူမှ ပြန်မပြောရဲဘူး။ အခုတော့ ကိုယ်က ကလေးလိုပဲ။ ကလေးတွေနဲ့ နောက်ပြောင်နေတော့ အသက် ရှည်တယ်” လို့ ဆိုပါတယ်။

အာဏာဆိုတာ ဘိန်းလိုပဲဆိုတဲ့ တချိန်က အငြိမ်းစား ညွှန်ကြားရေးမှူး တဦးရဲ့ အပြောကို သတိရမိတာကြောင့် ဦးလွန်းမောင် တယောက် ဒီဘိန်းနဲ့တူတဲ့ အာဏာရှင်စိတ်ကို ဘယ်လို ဖြတ်ခဲ့လေသလဲလို့ စဉ်းစားမိပါတယ်။

ဗိုလ်ချုပ်ဟောင်းတဦးရဲ့ ပိုင်ဆိုင်မှုဆိုတာကလည်း တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်၊ လက်ရှိမှာ ရာဘာခြံတွေ ပိုင်ဆိုင်ထားတယ် ဆိုပေမယ့် ပိုင်ဆိုင်ထားတဲ့ ဧကဟာ အရေအတွက် ၂၀ မပြည့်ဘူးလို့ ဘီလင်းမြို့ခံ တဦးက ဆိုပါတယ်။

“စိတ်ဝင်စားစရာပဲ။ သူ့ ပိုင်ဆိုင်မှုတွေကိုပဲ ဖွက်ထားနိုင်တာလား၊ တကယ်ပဲ မရှိတာလားတော့ မသိဘူး။ သူရောက်နေတာ ၁ နှစ်ကျော် ၂ နှစ် နီးပါး ဆိုပေမယ့် ဒီအတိုင်းပဲ။ စ ရောက်လာတဲ့ အချိန်နဲ့ ဘာမှမထူးဘူး။ သူပိုင်လို့ ပြောရရင် အခု အောင်ပြည့်စုံ ထမင်းဆိုင် ၀န်းရယ်၊ သူ့သား လုပ်နေတဲ့ ရာဘာခြံရယ်၊ တောင်းအေ့စ်လိုလို ကားတစီးရယ်၊ ဆိုင်ကယ်ရယ် ဒါပဲ တွေ့တယ်။ ဦးလွန်းမောင် မြို့ထဲလာတာလည်း နည်းတယ်” လို့ သူက ဆက်ပြောပါတယ်။

ဦးလွန်းမောင်နဲ့ တော်တော်လေး ရာထူးကွာခြားတဲ့ စစ်တပ်အရာရှိ ဒုတိယ ဗိုလ်မှူးကြီး အဆင့်လောက်သာရှိသူ၊ နိုင်ငံတော် လုံခြုံရေးနဲ့ ရာဇ၀တ်သားတွေ ဖော်ထုတ် ကာကွယ်နေတဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တဦးရဲ့ မော်လမြိုင်ဘက်မှာ ပိုင်ဆိုင်ထားတဲ့ ရော်ဘာခြံတွေဟာ ဧက ၄၀ လောက် ရှိတယ်လို့ သိထားဖူးတော့ တကယ်ပဲ ဦးလွန်းမောင် ရိုးသားခဲ့ လေသလား၊ လျှို့ဝှက် နာမည်ဝှက်တွေနဲ့ပဲ ပိုင်ဆိုင်မှုတွေ ထားလေသလား ဆိုတာကိုတော့ ကာယကံရှင်ကပဲ သေသေချာချာ သိနိုင်မှာပါ။

တချိန်က စစ်ဗိုလ်တဦးရဲ့ မာန်ကို သူ ဘယ်လိုများ ချခဲ့လေမလဲဆိုတာ သိချင်လို့ မေးမိတော့ အာဏာအတွက် ဆန္ဒ ရှိနေသူတွေကြောင့် သူ့အနေနဲ့ ဘာခံစားချက်မှ မရှိခဲ့သလို၊ ဘ၀နာခဲ့တဲ့ ကိုယ့်ဘ၀ကို မမေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ဗမာစကား တလုံးမှ မတတ်တဲ့ ရှမ်းတိုင်းရင်းသား မိဘတွေက ဖွားမြင်ခဲ့တဲ့ သူဟာ ဗမာစကားသင်ပြီး ကျောင်းတက်ဖို့တောင် ခက်ခဲ ခဲ့ပါတယ်လို့ ပြောပြတယ်။ ဗမာစာ သင်ချိန်မှာ ကိုယ်ပိုင် တိုင်းရင်းသားစာပေကို မေ့သွားမှာစိုးတဲ့အတွက် မိဘ အရိုက် ခံခဲ့ရသေးတယ် ဆိုတဲ့အကြောင်း၊ ဗမာပြည်မှာ နေတဲ့ တိုင်းရင်းသား တယောက်ရဲ့ ဘ၀ခက်ခဲမှုက ဗမာတွေ ကလည်း တိုင်းရင်းသားကို လူထူးဆန်းလို့ တွေးသလို၊ တိုင်းရင်းသား အချင်းချင်း ကလည်း ဗမာဖြစ်ချင်သူလို့ မြင်တာမျိုးတွေ ရှိခဲ့၊ ကြုံခဲ့ရကြောင်း ဦးလွန်းမောင်က ဆိုပါတယ်။

စကားပြောနေရင်း ခရီးသည် ကားတစင်း ၀င်လာချိန်မှာတော့ ဦးလွန်းမောင်က စကားစ ခဏ ဖြတ်ပြီး စားပွဲ သွားထိုး နေပါတယ်။ စားပွဲဝိုင်းတ၀ိုင်းက အသက် ၄၀ ကျော် အမျိုးသားတဦးက ဦးလွန်းမောင်ဆီ ဦးတည်လာပြီး ကားရေဆေးဖို့ မေးမြန်း ချိန်မှာ သွက်လက်စွာနဲ့ နေရာပြပြီး သူ့လုပ်လက်စ စားပွဲဝိုင်းတွေဆီကို ထမင်းပန်ကန်တွေ ကိုယ်တိုင်ချပေးနေတုန်း နောက်ဘက် ၀ိုင်းက အမျိုးသမီးတဦးနဲ့ ဆိုင်က စားပွဲထိုး မိန်းကလေးတို့ စကားအချေအတင် ဖြစ်နေတဲ့ နေရာဆီ ဦးလွန်းမောင် သွားရောက် ဖြေရှင်း နေတာကို တွေ့ရပါတယ်။

“လာတဲ့သူ တချို့ကတော့ ကိုယ့်ကို သာမန်ဈေးသည် အနေနဲ့ ဆက်ဆံတာတွေ ရှိတယ်။ တော်တော်ကို မာနချနိုင်လို့ တော်တာ။ စော်ကား ခံရတာတွေ အရမ်းများတယ်၊ တော်တော် သည်းခံရတယ်။ ဟိုးတချိန် တုန်းက လုပ်ခဲ့တဲ့ ဗိုလ်ချုပ်တို့၊ စာရင်းစစ်ချုပ်တို့ ဒါတွေကို အကုန် မေ့လိုက်တော့မယ်၊ ငါ အခုဈေးသည်၊ ဒီလိုကို မနည်း ခံယူရတယ်။ ဒီထက်ဆိုးတဲ့ စော်ကားမှုတွေတောင် ရှိပါတယ်။ တခါတလေ ကိုယ့်ကို ကျွန် တယောက်လို ငေါက်ငမ်း သွားတာမျိုး တွေတောင် ရှိတယ်။ တချို့ကတော့ ကိုယ့်ဘက်က ကလေးတွေမှားတာ၊ တချို့ကျတော့ သက်သက် ပြဿနာ ရှာတာတွေ ရှိတယ်။ ဘာပြောပြော ကိုယ်ကပဲ သည်းခံလိုက်တယ်” လို့ ဦးလွန်းမောင်က ပြောပါတယ်။

နှစ် ၄၀ ကြာအောင် တိုင်းပြည် အုပ်ချုပ်ခဲ့တဲ့ စစ်တပ်က သြဇာရှိသူတွေထဲမှာ တယောက်အပါအဝင် ဖြစ်ခဲ့သူ တဦးအနေနဲ့ လက်ရှိ အခြေအနေအပေါ် ကြိုးစား လက်ခံနေပုံ ရပါတယ်။ ဦးလွန်းမောင်ကတော့ ဆိုင်မှာရှိနေတဲ့ ကလေးတသိုက်ကို ရယ်ရင်း မောရင်းနဲ့ တီဗီမှာလာနေတဲ့ ကိုရီးယားဇာတ်ကား “ကြာပန်းနီနီ” အကြောင်း ပြောပြနေဟန်က ခုနက ပြဿနာ ဖြစ်ထားတာကိုတောင် မေ့လျော့နေတဲ့ ပုံစံပါ။

“ကလေးတွေက ဒီနားက ခြေလျင်တပ်ရင်း ၈ က ကလေးတွေလည်း ရှိတယ်။ တနယ်တကြေးက လာလုပ်ကြတဲ့ သူတွေလည်း ရှိတယ်။ သူတို့လေးတွေက ကိုယ့် မြေးအရွယ်လေးတွေလေ။ မိန်းမက စနစ်ကြီးတော့ မိန်းမကို ပိုကြောက်ကြတယ်” လို့ ဦးလွန်းမောင်က ဆိုပါသေးတယ်။

စကားဆိုနေရင်း ခရီးသည်ကား နောက်ထပ် ၀င်မလာခင်မှာ ထမင်းစားဖို့ ပြင်ပေးဖို့ ဦးလွန်းမောင်က လှမ်းပြော လိုက်ပါတယ်။ ဒီအချိန်မှာ ၁၅၊ ၁၆ အရွယ် မိန်းကလေး တဦးက မြန်မာဘီယာ ခွက်ကို ဦးလွန်းမောင်ရှေ့ လာချပေးတာ မြင်တွေ့ရပါတယ်။

နာမည်ကျော် တံဆိပ်နဲ့ အရက်တွေ ပလူပျံနေတဲ့ ဧည့်ခံပွဲကြီးတွေမှာ ကျင်လည်ခဲ့ဖူးသူ၊ တချိန်က ဘေးကနေ ပြုစုချင်သူတွေ ဝိုင်းဝိုင်းလည်နေခဲ့ ဖူးသူ တဦးရဲ့ လက်ရှိ ထမင်းစားပွဲက ဘယ်လို ဖြစ်လေမလဲ ဆိုတာ အကဲခတ်နေစဉ်မှာပဲ မိန်းကလေးက ကြက်သား ခပ်ရွယ်ရွယ် ၂ တုံးပါတဲ့ ပန်းကန်လုံး တလုံး၊ ထမင်းပန်းကန်၊ ခရီးသည်တွေကို ချပေးတဲ့ သီးစုံပဲဟင်း၊ ကန်စွန်း ရွက်ကြော် တပန်းကန်တို့ကို လာချပေးတာ တွေ့လိုက်ရပါတယ်။

ဇွန်းနဲ့ ထမင်းခပ်နေတဲ့ ဦးလွန်းမောင်က သူ့ကို စူးစမ်းနေတာကို သတိထားမိတဲ့ အလား “ဟိုနေ့ တွေကတည်းက လာလာ ထိုင်နေတာ သတိထားမိတယ်။ ဧည့်သည်ပဲ ထင်နေတာ။ တရက်၊ နှစ်ရက်မက၊ ညကော နေ့ကော လာလာထိုင်နေတော့ ထူးဆန်းတယ်လို့ တွေးနေတာ၊ မိန်းမကိုတောင် ပြောနေတာ။ ဒါတွေကိုကော ရေးမှာလား” လို့ မေးခွန်းထုတ်ပါတယ်။

တိုင်းပြည်မှာ တာဝန်ကြီးကြီး ယူခဲ့သူ တဦးရဲ့ ကြိုမြင် အကဲခပ်နိုင်မှုကို သတိထားမိတယ်။

စာရင်းစစ်ချုပ် မဖြစ်ခင်ကတည်းက ဇနီးသည် ဦးဆောင်ဖွင့်ခဲ့ပြီး ၁၁ နှစ်ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဒီအောင်ပြည့်စုံ ထမင်းဆိုင်ဟာ ဦးလွန်းမောင် လည်ပင်းကင်ဆာ ခံစားရချိန် သားသမီးတွေ ရှေ့ရေးအတွက် ကိုယ်မရှိချိန် ဘာလုပ်မလဲ ဆိုတဲ့ အတွေးနဲ့ ဇနီးသည် ဒေါ်မြမြစိန်က ဦးစီး ဖွင့်ခဲ့တာ ဖြစ်တယ်လို့ ဦးလွန်းမောင်က ဆိုပါတယ်။ အခုတော့ သူ့ရဲ့ လည်ပင်း ကင်ဆာ ရောဂါကို ကုသခဲ့ပြီးလို့ ရောဂါ မရှိတော့ဘူးလို့ သိရပါတယ်။

ဦးလွန်းမောင် ဗိုလ်ချုပ်ဘ၀ ကတည်းက နိုင်ငံတော် ဧည့်ခံပွဲ တော်တော်များများမှာ ဇနီးသည်နဲ့အတူ တက်ရောက်မှု နည်းတယ်လို့ ကြားဖူးလို့ မေးကြည့်တော့ ဦးလွန်းမောင်က “ဇနီးက ၁၉၇၀ လောက်ကတည်းက ယူထားတဲ့ဇနီး၊ ငယ်ပေါင်းပါ။ စိတ်ကလည်း ကိုယ်နဲ့ တထပ်တည်းကျတဲ့ လူဆိုတော့ အရင်ကတည်းက ကတော်အသိုင်းအ၀ိုင်းမှာ သိပ်မတွေ့ဘူး။ ဦးသန်းရွှေတို့၊ သူရ ဦးရွှေမန်းတို့ဆိုရင် ခဏခဏ မေးတယ်။ ဘယ်ပွဲမှာမှ မတက်တော့ မေးရင် ပထမတော့ ဖြီးရတာပေါ့။ နောက်တော့ မတတ်နိုင်တော့ဘူး။ သူက အနေအေးတာထက် အဲဒီလို ဘ၀မျိုးကို မနှစ်သက်တာ။ ကိုယ့်မိန်းမအကြောင်း ကိုယ်ပဲ သိတာပေါ့။ သူက ပွင့်ပွင့်ဘွင်းဘွင်း နေတာမျိုး။ ဆိုင်စဖွင့်ပြီဆိုတော့ ဒီထဲမှာပဲ ဆိုင်က ကလေးတွေနဲ့ ပျော်နေရတာ ကြိုက်တဲ့လူမျိုး။ ဟိတ်ဟန်တွေနဲ့ မနေတတ်ခဲ့ဘူး။ ဒီတော့ ပွဲတော်တော်များများ မတတ်ဘူး” လို့ ရှင်းပြပါတယ်။

အရင် စစ်စာရင်းစစ်ချုပ်ရုံးမှာ လုပ်ခဲ့ပြီး အငြိမ်းစားယူခဲ့တဲ့ အရာထမ်းဟောင်း တဦးကလည်း ဦးလွန်းမောင် ဇနီးဟာ တကယ်ပဲ ဟိတ်ဟန် ထုတ်တဲ့သူမျိုး မဟုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။

“ဦးလွန်းမောင်ထက် သူ့မိန်းမက ပိုပြီး အနေအေးတယ် ပြောရမယ်။ သူက တခြားကတော်တွေလို ပြင်ပြင်ဆင်ဆင် မနေဘူး။ ဟိတ်ဟန်လည်း မရှိဘူး။ ဘွင်းဘွင်းပဲ။ တပ်ထဲမှာ ဒု တပ်ရင်းမှူး ကတော်တွေ၊ တပ်ရင်းမှူး ကတော်တွေ ဟိတ်ဟန်နဲ့ နေတယ်၊ သူက အဲဒီလို မဟုတ်ဘူး။ သစ်ပင်စိုက်လိုက်၊ ဟိုဟာလေး ဒီဟာလေး လုပ်လိုက်။ ကြည့်လိုက်ရင် ဘယ်သူမှ သူ့ကို ဗိုလ်ချုပ် ကတော် တယောက်လို့ မထင်ဘူး” လို့ အဲဒီ အရာထမ်းဟောင်းက ဆိုပါတယ်။

စကားပြောလိုက်၊ ခရီးသည် ဝင်လာရင် အလုပ်ထလုပ်လိုက်နဲ့ မအားရတဲ့ ဦးလွန်းမောင်ရဲ့ ဆိုင်ရှေ့ ခရီးသည်တင် ကားတစီး လာရောက်ရပ်နားပါတယ်။ အဲဒီမှာ ဦးလွန်းမောင်က ခပ်သွက်သွက် ဆိုင်ပြင်ထွက်ပြီး ရေပိုက်ကို ကားဆရာ လက်ထဲ ထည့်နေတာ မြင်ရပါတယ်။

တဖြည်းဖြည်းနဲ့ ညဥ့်လည်း နက်လာပါပြီ။ ဒီဆိုင်ထဲမှာပဲ သူတို့ မိသားစုတစုလုံး နေကြတယ်လို့ သိရတယ်။ သစ်သားကွပ်ပြစ် တခုပေါ် သာမန် မွေ့ယာပါးလေး ခင်းထားတဲ့ အိပ်ရာလေးက သူ့ဇနီးသည်ရဲ့ အိပ်စရာနေရာလို့ သူက ဆိုပါတယ်။

“သူက ကလေးတွေနဲ့ အတူတူ အိပ်တယ်လေ။ ကလေးတွေက ဆိုင်စားပွဲဆက် အိပ်တယ်။ ကိုယ်က အနောက်ဘက်မှာ အိပ်တယ်” လို့ ဦးလွန်းမောင်က ပြောပါတယ်။

သူ့မှာ သားနှစ်ယောက်၊ သမီးတယောက် ရှိပြီး သားတဦး ကတော့ ဘီလင်းမြို့ထဲမှာ နာရေးပရဟိတတွေ လုပ်သလို ရော်ဘာခြံ စိုက်ပျိုးရေးအပိုင်း ကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကျန်တဲ့ သားနဲ့ သမီးကတော့ နေပြည်တော်မှာ ကိုယ်စီ နိုင်ငံ့ဝန်ထမ်း အဖြစ် အလုပ်လုပ်နေ ကြပါတယ်။

လက်တွေ့ ဘ၀မှာတော့ အေးချမ်းနေပါတယ်လို့ ဆိုတဲ့ ဦးလွန်းမောင်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လို ပုံစံနဲ့မှ ၀င်ရောက်ဖို့ မရှိဘူးလို့ ပြောပါတယ်။

“တိုက်ပုံ ဘယ်တော့မှ မ၀တ်တော့ဘူး” လို့ ပြတ်ပြတ်သားသား ဆိုအပြီး မှာတော့ ဦးလွန်းမောင်ဟာ သူ့ရဲ့ ငွေသိမ်းကောင်တာ ဘက်ကို ခပ်သွက်သွက် လျှောက်သွား ပါတော့တယ်။

အရင်က ဗိုလ်ချုပ်လွန်းမောင် အခု ဦးလွန်းမောင် (ဓာတ်ပုံ – ဧရာဝတီ)

အေးချမ်းမွန် Credit & Copy From >ဧရာဝတီ <Thank
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

အနောက်တခွင် တိမ်ညိုဆင်တိုင်း အမှတ်ရမိ

$
0
0
 

ရခိုင်ဘက်မှာ မိုးသံလေသံကြားရတော့ ကျနော့်မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေမိတဲ့ မြင်ကွင်းတခုက ရေထဲမှာ ဘွိုင်ချည်၊ ကျောက်ချထားမယ့် ရေတပ်သင်္ဘောတွေ။ အထူးသဖြင့် ကျောက်ချ ထားမယ့် ပဲ့ထိန်းဒုံးတပ် 1G ရေယာဉ်တွေ။ ကျနော်ကြုံဖူးသလောက် ကျောက်ဖြူကမ်းခြေ ရေအောက် ကြမ်းပြင်ဟာ ကျောက်သိပ်မမြဲလှဘူး။
ဖြစ်လာပြီဆိုရင် ထွက်ပြေးလို့လည်းမဖြစ်၊ ဆွဲထားလို့လည်းမရ..။ ယောက်ယက်ခတ်သလောက် အန္တရာယ်ကြီးကြီးမားမား ကြုံရနိုင်တယ်ဗျ။
ပဲ့ထိန်းဒုံးတပ် ရေယာဉ်တွေဟာ စွယ်စုံဆင်ကြီးတွေလိုပဲ… 1G တွေ စရောက်လာကတည်းက ရန်သူ Terget ကို တခါမှ မပစ်ခဲ့ဘူးသေးပေမဲ့… ဆင်ဦးစီးရဲ့ ပုခုံးပေါ်က ခရေပွင့်ကို လှုပ်ခါချခဲ့တဲ့ ရာဇဝင်ရှိတယ်လေ။
 
၂၀၀၂ နှစ်ဆန်းပိုင်းမှာ ရန်ကုန်မြစ်အတွင်း 1G 473 နဲ့ အင်းတော် ကျောက်ချရပ်နားထားတုန်း ရေညာက 473 ကျောက်မျောသွားပြီး အင်းတော် နဲ့ ဝင်အောင်းတာ.. အင်းတော်ရဲ့ ရေယာဉ်ဦးပိုင်းက ၄၇၃ ရဲ့ ပဲ့ထိန်းဒုံး Launching Box ကို ပွတ်တိုက်ခြစ်ဆွဲသွားတော့ ပြင်မရအောင် ပျက်စီးသွားလို့ 473 စီအို ယာယီဒုမှူးကြီး မျိုးသန်း ထောင်နန်းစံသွားရတယ်။ အဲဒီရေယာဉ်နဲ့ ပါသွားတဲ့ သူငယ်ချင်း ပြောပြလို့ အသဲတယားယား ခံစားချက်ကို မျှဝေခံစားဖူးခဲ့ပါတယ်။
 
၂၀၀၅ မိုးဦးကျကိုရောက်တော့ ကိုယ်တိုင်ကြုံတွေ့ရတာပါ။ ကျနော်တို့ရေယာဉ် 1G 474 ဓရခ မျက်စောင်းထိုး ရေပြင်မှာ ကျောက်ချထားတုန်း…။ လေတွေမိုးတွေ ကျလာတယ်။ ရခိုင်မှာကလည်း ပုပ္ပါးတောင်တဝိုက်လိုပဲ ကောင်းကင်တခွင် တိမ်ညိုဆင် မှုန်မှိုင်းလာတာနဲ့ တခဏတွင်းချင်းကို လေမိုးကျလာတတ်တယ်။
 
လေပြင်းကျလာပြီး သိပ်မကြာလှဘူး … ရေယာဉ်ကျောက်မျောတော့တယ်… ၂ မိနစ် ၃ မိနစ်အတွင်းမှာပဲ ‘ဝုန်း’ ဆို ရေယာဉ်ချင်းတိုက်မိသံကြီးနဲ့အတူ ‘အောင်းပြီဟေ့’ ‘ကွိုင်တော့ အကြီးကြီးတက်ပြီ’ စတဲ့ တယောက် တပေါက် ပြောဆိုသံတွေ ကြားရတယ်။ ဟုတ်တာပေါ့.. ကျနော်တို့ ရေယာဉ်ပဲ့ပိုင်းနဲ့ ဘွိုင်တခုမှာ ချည်ထားတဲ့ 443 ရေယာဉ်ဦးပိုင်း တိုက်မိတာ။
 
တဖြည်းဖြည်း ကျနော်တို့ရေယာဉ်က နောက်ဘက်ကို လျှောဆင်းလာတော့ 443 ရေယာဉ်ဦးချွန်ကြီးက Launching Box ဆီတည့်တည့် လာနေတယ်။ ရေယာဉ် စက်လည်းမနိုးသေးဘူး။ ဘယ်လိုမှ ကြံရာမရတော့ဘူး။ ဗိုလ်ကြီးတဦးရယ်၊ ကျနော်ရယ်၊ နောက် သုံးလေးဦးရယ် 443 ရေယာဉ်ဦးကို အားရှိသရွေ့ညာသံပေး တွန်းလိုက်တယ်…။ သီသီလေးမှ သီသီလေးရယ်ဗျာ… Launching Box နဲ့ ရေယာဉ်ဦး တထွာလောက် အကွာနဲ့ ကပ်လွတ်သွားတာ။ ဒါတောင် Missile ၄ ခုမှာ အပြင်ပိုင်း ၂ ခုကို ရန်ကုန်မှာထားခဲ့ပြီး အတွင်းပိုင်း ၂ ခုပဲပါလာလို့ … 473 တုန်းကလို ၄ ခုလုံးသာတပ်ထားခဲ့ရင် ကျနော်တို့ရေယာဉ်လည်း ထိုနည်းလည်းကောင်း ကြုံရတော့မှာ။
 
ခဏကြာမှ ရေယာဉ်စက်နှိုးလို့ရပြီး ဟန်ချက်ထိန်းနိုင်လာတယ်။ အဲဒီအချိန်မှာ စရယမှူး ယာယီဒုမှူးကြီး ထိန်ဝင်း ( ကိုကြီးယောင်နဲ့ စက်ဘိန်းအတူစီးခဲ့သူ) ဌာနချုပ်ရုံးရောက်နေချိန်။ သူလည်း ချက်ချင်း အပြေးပြန်လာပေမဲ့ လှိုင်းကြားလေကြားထဲမှာ စက်တပ် သမ္ဗာန်နဲ့ ခရီးမတွင်နိုင် ဖြစ်နေတယ်။ ရေယာဉ် အန္တရာယ်ကင်းဝေးချိန်ကျမှ စက်လှေကနေ ရေယာဉ်ပေါ်ကူးလာနိုင်တာ။
 
သူ့တကိုယ်လုံးလည်း မိုးရေတွေရွှဲရွှဲစိုနေပြီး ကြွက်စုတ်လေးလိုပဲ.. မျက်နှာလေးက ဇီးရွက်လောက်ပဲ ရှိတော့တယ်။ အဲဒီအချိန်က အော့ဖ်ရှိတ်တင်း အဖြစ်နဲ့ သူ ရေယာဉ်ကို ပြောင်းလာတာ တပတ်တောင် မပြည့်သေးဘူးလေ။ 
သူ့အတွက် အင်မတန် ကံကြီးပေလို့ပဲ……….
 
နေမင်းသူ
၁၆-၄-၂၀၁၃


" ခင်ဗျားတို့ ပြောတဲ့ စစ်အုပ်ချုပ်ရေး "

$
0
0
 

" ခင်ဗျားတို့ ပြောတဲ့ စစ်အုပ်ချုပ်ရေး "
----------------------------------------

အဟက်…......တစ်ခါလာ …ဒီသောက်စစ်တပ် …..
တစ်ခါလာ ……....................နေ၀င်းအစိုးရ ……
တစ်ခါလာ ……......စစ်အုပ်ချုပ်ရေး အနှစ် ၂၀…..။

နေစမ်းပါအုန်း……
ဒီဟာတွေက ကောင်းပါတယ်လို့ ရော….
ဘယ်ဒေါင်းစားက ဖင်ပိတ်အော်နေလို့ လဲ….
စစ်အုပ်ချုပ်ရေး မကောင်းဘူးဆိုတာ ….
ပါဝါ အပြန်အလှန် ထိန်းညှိမှု မရှိတဲ့ 
အာဏာရှင်စနစ်ဆိုတာ…..............
သုံးတန်းကလေးတောင် သိတယ်….
မသိတာက ခင်ဗျားတို့ ……။

ကျုပ်ကလဲ မေးပါရစေအုန်း …..
စစ်အုပ်ချုပ်ရေးကို မလိုချင်ရင် ….
စစ်သားထက် စာတတ်ပါတယ်ဆိုတဲ့ 
ခင်ဗျားကြီးတို့ နိုင်ငံရေးသမားကြီးတွေက
တိုင်းပြည်မျက်နှာမကြည့်ပဲ ….........
အချင်းချင်း တစ်ချိန်လုံး ကိုက်နေပြီး ....
တိုင်းပြည်ကို အစိတ်စိတ်ခွဲပြီး .....
စစ်အုပ်ချုပ်ရေးကို ဘာလို့ လက်ယပ်ခေါ် ခဲ့လဲ……။

ဖဆပလ ကို ဘာကြောင့် အစိတ်စိတ်ခွဲခဲ့ လဲ…..။
ပြည်သူ့ ရဲဘော်ကို ဘာကြောင့် အစိတ်စိတ် ခွဲခဲ့ လဲ….။
ပထစ ပါတီကို ဘာလို့ အစိတ်စိတ် ခွဲခဲ့ လဲ….။
၄၈ ကနေ ၆၂ အတွင်း .......
တိုင်းရင်းသားတွေ နဲ့ နိုင်ငံရေး သဘောတူညီချက် …
ဘာလို့ ရအောင် မယူခဲ့ လဲ….။

လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့  လေးငါးခြောက်ဆယ်ကို
ဘာလို့ လက်နက်စွန့် အောင် မဆွေးနွေးခဲ့ လဲ ….။
ခါးပိုက်ဆောင်တပ်တွေ ဘာလို့ မွေးထားခဲ့ လဲ….။
မဲရဖို့ အတွက်နဲ့  ဗုဒ္ဒဘာသာကို ….
ဘာလို့ နိုင်ငံတော်ဘာသာလို့  ကြေငြာခဲ့ လဲ…။

ဖဆပလ ဟံသာဝတီ ညီလာခံမှာ …..
ဟံသာဝတီ ကိုယ်စားလှယ်က….
တပ်မတော်ကို ပြည်သူ့ရန်သူအမှတ်(၁)
ဆွေငြိမ်းအုပ်စု လိုလားသူ မြို့ပြ၀န်ထမ်းတွေကို ပြည်သူ့ရန်သူ အမှတ်(၂)
အစိုးရကို လက်နက်စွဲကိုင် တော်လှန်နေတဲ့
သူပုန်တွေကိုကျတော့ ပြည်သူ့ရန်သူ အမှတ်(၃) ဆိုပြီး
ဘာလို့ ထမင်းစားတဲ့ ဦးနှောက်နဲ့ မစဉ်းစားဘဲ ကြေငြာခဲ့လဲ……။

စစ်ရဲတပ်ရင်းတွေ …..
ပျူစောထီးနှင့် သစ်တောကာကွယ်ရေး တပ်ဖွဲ့တွေကို
ရန်ကုန်ကို ဘာလို့ ရွေ့ပြောင်းခဲ့လဲ ….။
ဝန်ဒါမီယာ ၀န်ကြီးများဝင်းမှာ ….
ခါးပိုက်ဆောင် လက်နက်ကိုင်အင်အား (၄၀၀) လောက်ကို
ဘာလို့ လာတပ်စွဲထားခဲ့ လဲ…..။
ပြောရရင် ...နစ်ကီ သီချင်းထဲကလို ....
လဲ..လဲ...လဲ...လဲ...တွေမဆုံးတော့ဘူး ......။

ပါးစပ်က ဘုရားဘုရား…..
လက်က ကားယား ကားယား ……
စစ်အာဏာရှင်သာ မကြိုက်တာ …
လုပ်ပေါက်က မလာ လာအောင် ထမ်းစင်နဲ့ သွားပင့်ခဲ့ ပြီး….
အခုမှ စစ်အုပ်ချုပ်ရေးကြောင့် တိုင်းပြည်ပျက်ခဲ့ တယ် ….
မြန်မာပြည်ကြီး ဆုတ်ယုတ်ခဲ့တယ်နဲ့ ….
အလွမ်းသယ် ငိုချင်းချပြနေတယ်…..။

တစ်ခုလောက်မေးပါရစေဦးဗျ .....
စစ်တပ်က အာဏာမသိမ်းခဲ့ ရင်ပဲ …
ဆီကိုရေချိုး …ဆေးရိုးမီးလှုံ ….
စပါးတောင်လိုပုံ .....
မစားရ ၀ခမန်း ဇာတ်ခင်းနေတော့…..
မြန်မာပြည် လွတ်လပ်ရေးမရခင်တည်းက
ဗိုလ်ချုပ်အောင်ဆန်းတောင် အားလုံးအဆင်ပြေအောင်
မညှိနိုင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို
ခင်ဗျားဂျီးတော်အိမ်မှာ သွားဖွက်ထားမှာမို့ လို့ လား… ။

နောက်တစ်ခါ အဲ…သောက်ပေါက်ပြောရင်……
လေယာဉ်ပေါ်ကနေ လေထီးမပေးဘဲ ….
ဝ နယ်မြေ ထဲ ကန် ချပြစ်မယ်….
အဲဒီမှာ ခင်ဗျားတို့ ဖာသာ အဆင်ပြေအောင်ဆက်ညှိ …..…ဒါပဲ….။

( လေထီး နှမျောတဲ့ ရဲမိုး )

အမေရိက-မြန်မာ ရေတပ်ချင်း ဆက်နွယ်မှု

$
0
0

မဟာလူသား

$
0
0

  • သမ္မတလင်ကွန်းအထိမ်းအမှတ်ရုပ်ထုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက အခုလို ရှင်းပြခဲ့ ပါတယ်။    လက်သီးဆုတ်ထားဟာ ပြည်ထောင်စုကြီးတည်တံ့ရေးအတွက် ခွဲထွက်ရေးဝါဒီ တောင်ပိုင်းပြည်နယ်များကို ပြတ်ပြတ်သားသားချေမှုန်းမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထား မှုကို ဖော်ပြတယ်။   လက်ဖြန့်  ထားတာဟာ စစ်ပွဲပြီးသွားချိန်မှာ တောင်ပိုင်းပြည်နယ်များပြန်လည် ထူထောင်နိုင်ရေးအတွက် ညင်ညင်သာသာ ကိုယ်တွယ်ခဲ့မှု၊ လင်ကွန်းရဲ့ သဘောထားကြီးမှု၊ ခွင့်လွှတ်နိုင်မှုတွေကို ဖော်ပြတယ်။   လက်ဖြန့်ထားတဲ့ဘက်က အ၀တ်စဟာ အမေရိကန်ပြည်ထောင်စုအလံဖြစ်တယ်။ ( သေသေ ချာချာကြည့်မှ ကြယ်ပွင့်တွေထုဆစ်ထားတာတွေ့ ရပါတယ်။ )  ကုလားထိုင်ရဲ့ ဘယ်၊ ညာတိုင်နှစ်ခုကို ထင်းစည်းအသွင်ဖော်ပြထားတာဟာ စည်းလုံးညီညွတ် မှုကို ရည်ညွှန်းတယ်။   ပြည်ထောင်စုမပြိုကွဲရေးအတွက် သမ္မတလင်ကွန်းဆောင်ရွက်ချက်များကို ရုပ်ထုတစ်ခုတည်း မှာ ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့တဲ့ အနုပညာဖန်တီးနိုင်မှုစွမ်းအားကို လေးစားမိပါတယ်။   မိမိတို့  ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးနဲ့   ပတ်သက်တဲ့ သင်ခန်းစာတစ်ခုရလိုက်တယ်လို့  လည်း ခံစားမိပါတယ်။
    သမ္မတလင်ကွန်းအထိမ်းအမှတ်ရုပ်ထုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက အခုလို ရှင်းပြခဲ့ ပါတယ်။

    လက်သီးဆုတ်ထားဟာ ပြည်ထောင်စုကြီးတည်တံ့ရေးအတွက် ခွဲထွက်ရေးဝါဒီ တောင်ပိုင်းပြည်နယ်များကို ပြတ်ပြတ်သားသားချေမှုန်းမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထား မှုကို ဖော်ပြတယ်။

    လက်ဖြန့် ထားတာဟာ စစ်ပွဲပြီးသွားချိန်မှာ တောင်ပိုင်းပြည်နယ်များပြန်လည် ထူထောင်နိုင်ရေးအတွက် ညင်ညင်သာသာ ကိုယ်တွယ်ခဲ့မှု၊ လင်ကွန်းရဲ့ သဘောထားကြီးမှု၊ ခွင့်လွှတ်နိုင်မှုတွေကို ဖော်ပြတယ်။

    လက်ဖြန့်ထားတဲ့ဘက်က အ၀တ်စဟာ အမေရိကန်ပြည်ထောင်စုအလံဖြစ်တယ်။ ( သေသေ ချာချာကြည့်မှ ကြယ်ပွင့်တွေထုဆစ်ထားတာတွေ့ ရပါတယ်။ )

    ကုလားထိုင်ရဲ့ ဘယ်၊ ညာတိုင်နှစ်ခုကို ထင်းစည်းအသွင်ဖော်ပြထားတာဟာ စည်းလုံးညီညွတ် မှုကို ရည်ညွှန်းတယ်။

    ပြည်ထောင်စုမပြိုကွဲရေးအတွက် သမ္မတလင်ကွန်းဆောင်ရွက်ချက်များကို ရုပ်ထုတစ်ခုတည်း မှာ ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့တဲ့ အနုပညာဖန်တီးနိုင်မှုစွမ်းအားကိုလေးစားမိပါတယ်။

    မိမိတို့ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးနဲ့ ပတ်သက်တဲ့ သင်ခန်းစာတစ်ခုရလိုက်တယ်လို့ လည်း ခံစားမိပါတယ်။

ခေတ်မီ စစ်ရေယာဉ်

$
0
0
Photo: ငတုံးလို့ ပြောလည်း ခံ ပါ့မယ်..... အခုနောက်ပိုင်း ခောတ်မှီ စစ်ရေယာဉ်တွေမှာ အရင်လိုပဲ ပန်ကာတွေနဲ့ (သူတို့ အခေါ် ရေယက်နဲ့) သွားလာနေတုန်းပဲလို့ စိတ်ထဲ ထင်နေမိတာ...... ဒီနေ့ စင်္ကာပူ ရေတပ်ရဲ့ ရုံဖွင့်ပွဲကို တော်တော်လေး အပင်ပန်းခံပီး သွားကြည့်လိုက်တော့ တော်တော်များများ ကမ်းခြေစောင့် သင်္ဘောလေးတွေမှာ ပန်ကာ တပ်ထားတာ မတွေ့ရဘူး......   စိတ်ထဲလည်း သိပ်ပီး ထူးဆန်းမိတယ်လို့ မထင်ပေမယ့် အမေရိကန်ရဲ့ Frigate တစ်စီးဖြစ်တဲ့ USS Freedom ပေါ် တက်ကြည့်ရင်း မြင်သမျှ တွေ့သမျှကို စပ်စုလိုက်တော့ အဲ့ဒိ ဖရီးဂိတ်ကြီးကိုယ်တိုင်က သူတို့အခေါ်ရေယက်လို့ခေါ်မလား ပန်ကာနဲ့ သွားတာ မဟုတ်ဘူးပဲ......   ဘာသုံးသလဲဆိုတော့ WaterJet တဲ့...... ဘာကွာသလဲဆိုတော့ သင်္ဘောကို ဘက်ဂီယာ ထိုးလို့ရတယ်...... 0 Speed လို့ခေါ်တဲ့ Steady Stage တစ်ခုမှာထားပီး ရှေ့နောက်လုံးဝ မသွားပဲ ငြိမ်နေအောင် ထိမ်းလို့ရတယ်၊ လျင်လျင်မြန်မြန် ဘယ်ညာ ကွေ့လို့ရတယ်၊ နောက်ဆုတ်ရင်တောင် လျင်လျင်မြန်မြန် မောင်းလို့ရတယ်.....  အရင်လို တုံ့နှေး တုံ့နှေး သွားမနေတော့ပဲ တအားမြန်တာကို တွေ့ရတယ်...... စပိဘုတ်နဲ့ နင်လားငါလား မောင်းနိုင်တယ်လို့ ဆိုသတဲ့...... ဘာပဲဖြစ်ဖြစ် နောက် ခေတ်မှီလာမယ့် WaterJet ကို ကိုယ့်လိုပဲ မသိသူတွေ တွေ့ရစေဖို့ ရှယ်ပါတယ် ခင်ဗျာ.......
James Mint's photo.

Like· ·

ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများသည် (၁)

$
0
0
Photo: ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများသည် (၁)   မြန်မာနိုင်ငံ၏ ထီးနန်း သူ့ကျွန်ဘဝသို့ ရောက်ရခြင်းနှင့် ပါတ်သက်၍ အမျိုးမျိုး မြင်ကြပေသည်။ အင်္ဂလိပ်တို့၏ လက်နက်အင်အား အသာကြောင့် အရှုံးပေးလိုက်ရသည်ဟုသော အယူအဆ အမှားကြီးဖြင့် ထာဝစဉ် နစ်မွန်းနေမည့် မျိုးဆက်သစ်လူငယ်များ၏ အတွေးပုံရိပ်ကို ဖြစ်ရပ်မှန်များနှင့် သန့်စင်ရန် လိုအပ်ပေသည်။ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ မဖြစ်မှီ မြန်မာ့နန်းတွင်းရေး အရှုပ်တော်ပုံမှာ လွန်စွာ ကြီးမား ကျယ်ပြန့်သကဲ့သို့ အဆိုပါ နန်းတွင်းရေး အရှုပ်တော်ပုံကပင်လျင် မြန်မာတို့အား သူ့ကျွန်ဘဝသို့ လျင်မြန်စွာ သက်ဆင်းစေရန် တွန်းပို့လိုက်သည့် အကြောင်းအရာတစ်ခုလည်း ဖြစ်နေပေသည်......  ပမာဦးစွာ အစပျိုးရလျင်တော့ မင်းတုန်းမင်း နတ်ရွာမစံမှီ မြန်မာ့နန်းတွင်းတွင် သီပေါဘုရင်ထက် များစွာထက်မြက်သည့် မင်းညီမင်းသားများစွာ ရှိနေပေသည်။ မြင်ကွန်း မြင်ခုံတိုင် မင်းသားညီနောင်တို့ လုပ်ကြံသည့်အတွက်ကြောင့် ကနောင်မင်းသား သေဆုံးသွားရခြင်းသည် မြန်မာတို့အတွက် ကြီးစွာသော ဆုံးရှုံးမှု တစ်ခုဖြစ်သကဲ့သို့ ဆင်ဖြူမရှင် မိဖုရားကြီး၏ ဘုရင့်မယ်တော် ဖြစ်ချင်သည့် စိတ်ဆန္ဒနှင့် ဖြည့်ဆည်းပေးသူ ကင်းဝန်မင်းကြီး ဦးကောင်းတို့၏ အကြံအစည်ကလည်း သီပေါဘုရင် နန်းတက်စေပြီး မြန်မာနိုင်ငံရေး အလှည့်အပြောင်းကို များစွာ ဖြစ်ထွန်းခဲ့ပေသည်.....  ထိုအချိန်က ဆင်ဖြူမရှင် မိဖုရားကြီး၏ သမီးတော်ဖြစ်သော စုဖုရားလတ်နှင့် မေတ္တာမျှနေသည်မှာ သီပေါမင်းသား ဖြစ်နေသောကြောင့် ဆင်ဖြူမရှင် မိဖုရားကြီးအနေဖြင့် ဘုရင့်မယ်တော်ဖြစ်ရန် သီပေါနန်းတက်မှ ဖြစ်ပေမည်။ မင်းတုန်းမင်း၏ သတ္တမမြောက် မိဖုရားတစ်ပါးဖြစ်သော လောင်းရှည်မိဖုရား၏ သားတော်ဖြစ်သော သီပေါနန်းတက်ရန်မှာ အခြားသော မင်းညီ မင်းသားများ မရှိမှ ဖြစ်မည် ဖြစ်သောကြောင့် အကုန်လုံးအား ဖမ်းဆီးထိမ်းသိမ်းထားရန် ဆင်ဖြူမရှင် မိဖုရားကြီးမှ စီမံနိုင်ခဲ့ပေသည်..... အထိမ်းသိမ်းခံ မင်းညီ မင်းသားများအား ကွက်မြက်ရန် မည်သူ အမိန့်ပေးခဲ့သည် ဆိုသည်ကား ယနေ့အချိန်ထိ လက်သည်မပေါ်ခဲ့ပေ...... အချို့ကား စုဖုရားလတ်ဟု ပြောကြသကဲ့သို့ အချို့ကားလည်း ဆင်ဖြူမရှင် မိဖုရားကြီးကိုပင် ရိုးမယ်ဖွဲ့ခဲ့ကြပေသည်..... မည်သို့ပင် ဆိုစေကာမူ မြန်မာ့ မင်းညီ မင်းသားတို့၏ သွေးကား နန်းတွင်း အကျဉ်းထောင်တွင်းမှာပင် မြေခ ခဲ့ရပေသည်......  ဆင်ဖြူမရှင် မိဖုရားကြီးသည် သူ၏ အစီအမံများ အစစ အရာရာ အောင်မြင်စေရန် ထိုအချိန်က နန်းတွင်း ဝန်ကြီး၊ မှူးကြီးများအပေါ် သြဇာတိက္ကမ ကြီးမားသည့် ကင်းဝန်မင်းကြီး ဦးကောင်း၏ အကူအညီအား ရယူခဲ့ပေသည်.... ဆင်ဖြူမရှင် မိဖုရားကြီး၏ မူလ ရည်ရွယ်ချက်မှာ သီပေါမင်းသားအား နန်းတင်၍ မိမိဖြစ်စေချင်သည်များအား နောက်ကွယ်မှ စီမံသွားရန် ကြံရွယ်ခဲ့ပေသည်.... သို့ရာတွင် မိမိ၏ သမီးအရင်းဖြစ်သော စုဖုရားလတ်မှ မိမိသြဇာအား မနာခံသည့်အပြင် ချောင်ထိုးထားခံရသည့် အချိန်တွင် ဆင်ဖြူမရှင် မိဖုရားကြီး၏ တွက်ကိန်းမှာ လုံးလုံး လွဲချော်သွားခဲ့လေပြီ..... ကြံဖော် ကြံဖက် ကင်းဝန်မင်းကြီးအား အားကိုး၍ သီပေါမင်းသားအား လမ်းတည့်ရန် ကြံရွယ်ခဲ့သော်ငြား သီပေါနှင့် စုဖုရားလတ်တို့ မင်းဆရာကား ထိုအချိန်တွင် တိုင်တားမင်းကြီး ဖြစ်နေပြီး ကင်းဝန်မင်းကြီး ဦးကောင်း သြဇာ ယုတ်လျော့နေချိန်လည်း ဖြစ်နေသောကြောင့် အရာရာ လွဲချော်ခဲ့ပေသည်ဟုသာ ဆိုရပေမည်......  သီပေါမင်းသားသည် မင်းတုန်းမင်းကြီး၏ သတ္တမမြောက် မိဖုရား လောင်းရှည်မယ်တော်မှ ဖွားမြင်ခဲ့ပြီး ရှမ်းဗိုလ်မှူးမင်းသားကြီး၏ မြေးတော် ဖြစ်ပေသည်.... ယခင်က မထင်မရှား မင်းသားငယ် တစ်ပါးမျှသာ ဖြစ်သော်လည်း စုဖုရားလတ်နှင့် မေတ္တာမျှနေချိန်တွင် ဘုရင့်မယ်တော် ဖြစ်ချင်သော ဆင်ဖြူမရှင် မိဖုရားကြီးမှ ကင်းဝန်မင်းကြီး ဦးကောင်း၏ ပံ့ပိုးမှုဖြင့် နန်းတင်ခဲ့ပေသည်..... သီပေါမင်း နန်းတက်ချိန်သည်ကား အသက်အားဖြင့် (၂၀) အရွယ်၊ မြန်မာသက္ကရာဇ် ၁၂၄၀ ခုနှစ်တွင်ပင် ဖြစ်လေသည်.... သီပေါမင်းသည် ဒေါက်တာမာတ်ခ်၏ ကျောင်းတွင် အခြားသော မင်းညီ မင်းသားများကဲ့သို့ အင်္ဂလိပ်စာ သင်ဖူးရုံသာ ရှိခဲ့ပြီး ငယ်ရွယ်၍ အတွေ့အကြုံနည်းပါးကာ ထက်မြက်သူတစ်ဦး မဟုတ်ခဲ့ပေ..... မင်း ဖြစ်ရန်အတွက် တပ်အပ်သည့် လက်ရုံးရည် နှလုံးရည် အားနည်းပြီး ကြင်ဖက် စုဖုရားလတ်၏ ငြိုငြင်မှုအား အလွန်ပင် ကြောက်ရွံ့ခဲ့ပေသည်..... ထိုသို့သော အချက်များကား ဘုံဘေ-ဘားမား သစ်ကုမ္ပဏီအား ဒဏ်ရိုက်သည့် ကိစ္စနှင့် ပါတ်သက်၍ အင်္ဂလိပ်နှင့် စစ်မဖြစ်စေရန် ကင်းဝန်မင်းကြီး၏ အကြံအစည်ကို လက်ခံလိုသော်လည်း စုဖုရားလတ်၏ တစ်ချက်လွတ် အမိန့်ကြောင့် နောက်ဆုတ်သွားခဲ့ရသဖြင့် အင်္ဂလိပ်-မြန်မာ တတိယစစ်ကား စောလျင်စွာ ဖြစ်ခဲ့ရပေသည်........  ကင်းဝန်မင်းကြီးသည် နိုင်ငံတကာ အတွေ့အကြုံ ကျယ်ဝမှု၊ အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းမှု၊ မြန်မာနိုင်ငံ သံအဖွဲ့၏ ခေါင်းဆောင်အဖြစ်နှင့် ဥရောပ နှစ်နိုင်ငံသို့ သွားရောက်ခဲ့မှုများကြောင့် မြန်မာ့နန်းတွင်းတွင် သြဇာတိက္ကမ ရှိလှသည့် အရာရာကို စီမံနိုင်သည့် အမတ်ချုပ်ကြီး တစ်ပါးဟုပင် သတ်မှတ်၍ ရနိုင်ပေသည်….. ကင်းဝန်မင်းကြီးသည် ပဒေသရာဇ်အုပ်ချုပ်ရေးမှသည် စည်းမျဉ်းခံ ဘုရင်စနစ်သို့ ပြောင်းလဲလိုသည့် ဆန္ဒရှိသည့် အမတ်တစ်ပါးလည်း ဖြစ်ခဲ့ပေသည်…..  ဥရောပ နိုင်ငံများသို့ အလည်အပါတ် သွားရောက်ခဲ့ရသဖြင့် အဆိုပါ နိုင်ငံများ၏ အားသာမှု၊ စစ်ရေး အားသာမှုများကို သေခြာစွာ သိမြင်ခဲ့ပြီး မိမိနိုင်ငံ၏ အားနည်းချက်ကို ကောင်းစွာ သဘောပေါက်ပေသည်…. သို့ရာတွင် ဇမ္ဗူ ငါလိုလူရှိအံ့ဟုသော မြန်မာတို့၏ တလွဲမာနာများနှင့် ကြီးထွားနေသည့် မြန်မာ့နန်းတွင်းတွင်ကား သူ၏ Flexible ဆန်သော အမြင်များသည့် တဖြည်းဖြည်း ပျော့ညံ့သူအဖြစ် ပုံဖော်ခံခဲ့ရပေသည်…. ကင်းဝန်မင်းကြီးကား မင်းတုန်းမင်း လက်ထက်၌ လွန်စွာ သြဇာတိက္ကမ ကြီးမားသူ တစ်ဦးဖြစ်ခဲ့သော်လည်း မင်းတုန်းအလွန် သီပေါလက်ထက်တွင်ကား ဓါးထက်သည့် စုဖုရားလတ်မှ တိုင်တားမင်းကြီးအား အရေးပေးသဖြင့် နောက်ကွယ်သို့ ရောက်သွားခဲ့ရပေသည်…..  တစ်ခါသော် သီပေါမင်းမှ ကင်းဝန်မင်းကြီးအား ညီလာခံ အခစားနည်းကြောင်း မေးမြန်းရာတွင် ကင်းဝန်မင်းကြီးမှ ညီလာခံ အမြဲ ဝင်ပါသော်လည်း တိုင်ကွယ်နေသောကြောင့် ဘုရင်မမြင်ရကြောင်းအား လျှောက်တင်သည်ကို ကြည့်ခြင်းအားဖြင့် သီပေါလက်ထက် ကင်းဝန်မင်းကြီး၏ သြဇာ ယုတ်လျော့မှုအား သိရှိနိုင်ပေသည်…. ကင်းဝန်မင်းကြီးသည် မင်းတုန်းမင်းအလွန်၊ အောက်မြန်မာနိုင်ငံ အသိမ်းပိုက်ခံထားရသည့် အခြေအနေတွင် ဓါးထက်၍ စစ်လိုလားသော မင်းသား နန်းတက်လျင် အင်္ဂလိပ်နှင့် စစ်ဖြစ်၍ လက်နက်၊ လူသူအင်အား ကွာခြားမှုကြောင့် မြန်မာနိုင်ငံ လျင်မြန်စွာ သူ့ကျွန်ဘဝ ရောက်မည်ကို စိုးရိမ်၍ မိမိ သြဇာခံမည့် သီပေါအား ဆင်ဖြူမရှင် မိဖုရားကြီးနှင့် ပူးပေါင်း၍ နန်းတင်ခဲ့ပေသည်…..  သီပေါလက်ထက်တွင် မိမိသြဇာ အာဏာ ဆက်လက် တည်မြဲနေမည်ဟု မှတ်ယူခဲ့သည့် ကင်းဝန်မင်းကြီးသည် သီပေါ၏ မိဖုရား စုဖုရားလတ်မှ တိုင်တားမင်းကြီး ဦးဖိုး၊ ရနောင်မောင်မောင်တုတ် တို့အား နေရာပေးခဲ့ရာမှ တိုင်ကွယ်၍ ကင်းပျောက်ရပေတော့သည်….. ထို့အပြင် တိုင်တားမင်းကြီးနှင့် ရနောင်မောင်မောင်တုတ်၏ ဖခင် ရေနံချောင်းမင်းကြီးတို့ ရင်းနှီးမှုမှသည် ရေနံချောင်းမင်းကြီးမှ တိုင်တားမင်းကြီးအား ကူညီသောကြောင့် တိုင်တွင် ရေနံသုတ်၍ ကင်းမတက်နိုင်ဟုသော စကားပုံ ပေါ်ပေါက်ခဲ့ရပေသည်……  ထိုအချိန်တွင် သြဇာထက်နေသည့် တိုင်တားမင်းကြီးကား မဟာကျော်ထင်ဘွဲ့ခံ တိုင်တားမြို့စား ဦးဖိုးပင် ဖြစ်ပေသည်…. တိုင်တားမင်းကြီးသည် မင်းတုန်းမင်းလက်ထက်တွင် ကွမ်းရည်တော်၊ လက်ဘက်ရည်တော်အဖြစ် အမှုထမ်းခဲ့ရာမှ ရာထူးများ တက်ခဲ့ပြီး သီပေါလက်ထက်တွင် သီပေါမင်းအား ဂရုတစိုက် မြင်းစီးသင်ပေးခဲ့ရာမှ သီပေါမင်း၏ ကျွန်ယုံတော် ဖြစ်လာပေသည်…. တိုင်တားမင်းကြီးသည် ပင်ကိုယ်အခံကား ပညာဥာဏ်နည်းပါးသဖြင့် ဘုရင်အား အကာအကွယ်ယူကာ ဘုန်းတော်ကြီးဘုရားက ဒီအတိုင်း အယူတော်ရှိတယ် ဟုပြောဆို၍ မိမိစကားအား အနိုင်ရရှိစေရန် ကြံဆောင်လေ့ ရှိပေသည်…..  တိုင်တားမင်းကြီးကား မျိုးချစ်စိတ် လွန်စွာထက်သန်ပြီး ပဒေသရာဇ်စနစ်အား တည်မြဲစေလိုသူပင်….. မျိုးချစ်စိတ် လွန်ကဲသော်ငြား ပညာဥာဏ် နည်းပါးခြင်း၊ နိုင်ငံတကာ အတွေ့အကြုံနည်းပါးခြင်းကြောင့် မိမိနိုင်ငံ၏ အခြေအနေ၊ စစ်အင်အားနှင့် ပြည်ပနိုင်ငံများ၏ စစ်အင်အား ကွာခြားမှုကို နားမလည်၊ အခြေအနေမှန်ကို မသုံးသပ်နိုင်သဖြင့် ဆုံးဖြတ်ချက်များ မှားယွင်းခဲ့ရပေသည်….. တိုင်တားမင်းကြီးသည် ပြင်သစ်တို့အား များစွာ ယုံစားခဲ့၍ အင်္ဂလိပ်နှင့် မြန်မာစစ်ဖြစ်လျင် ပြင်သစ်တို့မှ ကူညီမည်ဟု တထစ်ချ မှတ်ယူထားသူပင်….  ဘုံဘေ-ဘားမား သစ်ကုမ္ပဏီ၏ ကိစ္စနှင့် ပါတ်သက်၍ ကင်းဝန်မင်းကြီးနှင့်အဖွဲ့ကား သံ လမ်းကြောင်းအရ ရှင်းလင်ချင်ခဲ့ပေသည်…… မိမိနိုင်ငံ စစ်အင်အား ကောင်းမွန်လာသည်အထိ အချိန်အတိုင်းအတာ တစ်ခုပေး၍ စစ်အင်အား ကြီးထွားစေပြီးမှ အင်္ဂလိပ်နှင့် စစ်ဖြစ်လိုပေသည်…… သို့မဟုတ်မူ စည်းမျဉ်းခံ ဘုရင်စနစ်နှင့် ဆက်လက် သွားလိုပေသည်….. တိုင်တားမင်းကြီးတို့ကား စစ်ဖြင့်သာ ပြန်လည်တုံ့ပြန်ရန် လိုလားပေသည်…..   အခြားသော အချက်မှာ အင်္ဂလိပ်တို့ တောင်းဆိုချက်များအား လိုက်လျော၍ အင်္ဂလိပ်သံအဖွဲ့အား လိုက်လျောခဲ့သော် ကင်းဝန်မင်းကြီးတို့ အဖွဲ့ ပြန်လည် သြဇာ အာဏာ ကြီးမားလာပေမည်…. ထိုအခါတွင် ဘုံဘေ-ဘားမား သစ်ကုမ္ပဏီနှင့် ပါတ်သက်သည့် ကိစ္စတွင် ဖြန်ဖြေရေးအဆိုကို ပယ်ချခဲ့သည့် တိုင်တားမင်းကြီးတို့ကား ၎င်းတို့ သြဇာယုတ်လျော့လာမည်ကို ကြိုတင်သိမြင်လာခဲ့ပေသည်….. မိမိသြဇာ ယုတ်လျော့မည့်အရေးအား မည်သည့်နည်းနှင့်မျှ လက်မခံနိုင်သည့်အတွက် တိုင်တားမင်းကြီးသည် စစ်တိုက်ရန်သာ ဆုံးဖြတ်ခဲ့၍ မိဖုရားကြီး ထိပ်စုအားလည်း တိုက်တွန်းအားပေးခဲ့ပေသည်….  ထီးသုံန်း နန်းသုန်း ခဲ့ရသည့် မြန်မာနိုင်ငံ၏ နန်းတွင်းရေးတွင် အခရာဖြစ်ခဲ့သည့် ထိပ်စု မိဖုရားကြီး စုဖုရားလတ်သည်ကား အစ်မတော်နှင့် လက်ဆက်မည့် သီပေါမင်းသားအား ကိုယ်တိုင်ဝင်ရောက် လက်ဆက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပေသည်…. အချစ်ရေးနှင့် ပါတ်သက်လျင် မွေးချင်းအစ်မပင်မချန် ဖယ်ထုတ်ဝံ့သူ ဖြစ်သကဲ့သို့ ထက်မြက်၍ အမျက်ကြီးပေသည်…. အကြံကြီးမား၍ အတ္တကြီးလွန်းသဖြင့် နန်းတွင်းတွင် ထိပ်စုအား လေးစားမည့်သူနည်းပါး၍ ကြောက်ရွံ့သူ ပိုမိုများပြားပေသည်…..  မိမိလိုချင်ရမ္မက်ကိုသာ ရှေ့တန်းတင်ခဲ့သည် ထိပ်စုသည် မိဖုရားခေါင်ကြီးဖြစ်ချိန်တွင် မောင်တော် သီပေါအား ချုပ်ချယ်၍ အစစ အရာရာ သူ့လက်သူ့ခြေသာ လုပ်ကိုင်လာခဲ့ပေသည်….. နန်းတွင်း မှူးကြီး မတ်ရာများနှင့် ဆက်ဆံရာတွင် လွန်စွာ ရိုင်းပြလွန်းပြီး နိုင်ငံတကာ ဆက်ဆံရေးနှင့် ပါတ်သက်၍ နားမလည်သူပင်….. သို့သော်လည်း လွန်စွာ မောက်မာ၍ အတ္တကြီးသည့် ထိပ်စုအား နိုင်ငံတကာနှင့် ပါတ်သက်သည့် ကိစ္စ အဝဝအား အငြိုအငြင်ခံ၍ လျှောက်တင်ရန် မည်သူမျှ မဝံ့ကြချေ….. ရှေ့တွင်လည်း သွေးမြေခခဲ့သည် မင်းညီ မင်းသား များစွာတို့ကား သာဓက ဖြစ်သည်က တစ်ကြောင်းပင်တည်း….  သို့ဖြစ်သောကြောင့် ဘုံဘေ-ဘားမား သစ်ကုမ္ပဏီနှင့် ပါတ်သက်သည့် ရာဇသံတွင် ပရိယာယ် ကြွယ်ဝစွာ အင်္ဂလိပ်တို့အား ရင်ဆိုင်ရန် နားမလည်ခဲ့ပေ….. ထို့အတူပင် ထိပ်စုသည် စည်းမျဥ်းခံ ဘုရင်စနစ်အားလည်း မနှစ်သက်ပေ…. သို့ဖြစ်သောကြောင့် အင်္ဂလိပ်တို့၏ ရာဇသံနှင့် ပါတ်သက်၍ ထိပ်စု၏ ပြောဆိုချက်ကား စစ်တိုင်၍ ရှုံးလျင် တိုင်းပြည် ဆုံးရှုံးကောင်း ဆုံးရှုံးပေမည်၊ သို့ရာတွင် ကျေးကျွန်ကဲ့သို့ တစ်ပါးသူအုပ်ချုပ်သည်အား မှန်ပါ့ဘုရား လုပ်နေရခြင်းကား အောက်ကျရပေသည်…. သို့ဖြစ်သည့်အတွက် သူ့ကျွန်ခံရမည်ထက် တိုင်းပြည်ဆုံးရှုံးရသည်မှာကား တော်ပေသေးဟု ပြောဆိုခဲ့ပေသည်…..  ထိပ်စုမှ ထိုကဲ့သို့ ဆုံးဖြတ်ချက် ချခဲ့သည်မှာကား အကြောင်းရှိပေသည်….. အဘယ့်ကြောင့်မူကား ထိုအချိန်တွင် ထိပ်စုမိဖုရား စုဖုရားလတ်သည် မောင်တော် သီပေါ၏ ရွှေကြုတ်တော် ကိုယ်ဝန်အား လွယ်ထားရပေသည်….. သို့ဖြစ်သည့်အတွက် သားတော်လေး မွေးခဲ့သော် မိဖုရားခေါင်ကြီး ဖြစ်မည်၊ မိမိသားတော်လေးသည်လည်း ရွှေနန်းတော်ကြီးတွင် မင်းအဖြစ်နှင့် ဆက်လက် အုပ်ချုပ်စေရမည်ဟု မျှော်လင့်ခဲ့သူပင်တည်း….. သို့ဖြစ်သည့်အတွက် စည်းမျဉ်းခံ ဘုရင်စနစ်နှင့် သွားမည်ဆိုလျင် မိမိသားတော်လေး မင်း အဖြစ်နှင့် မစိုးစံရမည်ကို စိုးရိမ်မိသော အချက်များသည်လည်း အင်္ဂလိပ်တို့အား စစ်ကြေငြာရန် အဓိက အကြောင်းရင်းခံများတွင် ပါဝင်နေပေသည်…..  သို့ဖြစ်သည့်အတွက် အင်္ဂလိပ်တို့၏ ရာဇသံအား လက်ခံမည့် ကင်းဝန်မင်းကြီးအား ဆိုးဝါးသော တုံ့ပြန်မှု ပြုခဲ့ပေသည်…. ၎င်းသည်ကား အသက်အရွယ်အိုမင်း၍ ဆုံးဖြတ်ချက် မခိုင်မာ၍ ကြောက်တတ်သည့် ကင်းဝန်မင်းကြီးအား ထဘီတစ်ထည်နှင့် ယပ်တောင်တစ်ချောင်း၊ ကျောက်ပျဉ်တို့ ပေး၍ မိန်းမလုပ်စေဟု စေခိုင်းစေခဲ့ခြင်းပင်…… ထိပ်စုကား ထိုကဲ့သို့သော အကြမ်းနည်း သုံးပြီးသည့်နောက် မိန်းမတို့၏ လက်နက်ဖြစ်သော မျက်ရည်လက်နက်ဖြင့် အင်္ဂလိပ်တို့၏ ရာဇသံအား လက်ခံရေး၊ ပြန်တိုက်ရေး မတင်မကျ ဖြစ်နေသည့် ညီလာခံအား အဆုံးအဖြတ် ပေးလိုက်ပေတော့သည်……  ထိုအတွက် စစ်တိုက်ရန် ပြင်ဆင်ရာတွင် တိုင်တားမင်းကြီးကား စစ်ဝန်ကြီးဖြစ်၍ ကင်းဝန်မင်းကြီးကား အင်္ဂလိပ်ရာဇသံအား ပယ်ဖျက်သည့် စစ်ကြေငြာစာတန်းအား ထုတ်ပြန်လိုက်လေသည်…… မည်သို့ပင် ဆိုစေကာမူ အင်္ဂလိပ်တို့ကား စစ်ကြေငြာခဲ့လေပြီ…… အင်္ဂလိပ်-မြန်မာ တတိယစစ်တွင် ကင်းဝန်မင်းကြီးနှင့် တိုင်တားမင်းကြီးတို့ နှစ်ဦး၏ မတူညီသည့် အမိန့်များအကြား စစ်သည်တို့ ဗျာများခဲ့ရပေသည်….. ထိုအချက်ကား အင်္ဂလိပ်တို့အတွက် အကွက်ဖြစ်ခဲ့လေသည်……  မိမိသြဇာတိက္ကမ ကြီးမားလာမည်ဟု ထင်ထားခဲ့ရာမှ မထင်မှတ်သည်များ ဖြစ်လာခဲ့သည်တွင် ကင်းဝန်မင်းကြီးသည် သီပေါဘုရင်အား ဖြုတ်ချ၍ အခြားသော မင်းသားတစ်ပါးနှင့် နန်းတင်ရန် ကြံစည်ခဲ့လေသည်….. သို့ရာတွင် ထီးနန်းတင်ရန် မင်းညီ မင်းသား အများစုကား မရှိတော့လေပြီ…. သီပေါနန်းတက်စဉ်ကပင် အကုန်သွေးမြေ ခ ခဲ့ရပေသည်….. ကင်းဝန်မင်းကြီး၏ ထိုလိုလားချက်အား အင်္ဂလိပ်တို့ကား သိလေသဖြင့် အထက်မြန်မာနိုင်ငံသို့ စစ်ပြုရန် ချီတက်လာချိန်တွင် ဂျင်နရယ် ပရင်တာဂတ် စီးနင်းလာသည့် သင်္ဘောဦးတွင် စကားပြန်ဖြစ်သူ ဦးဘသန်းအား မင်းညီမင်းသားအသွင် ဝတ်ဆင်လာစေ၍ မင်းခမ်းမင်းနားနှင့်တင်၍ လှည့်စားခဲ့ပေသည်…..  ထိုအချိန်တွင် မြန်မာတို့အကြား၌ အတိတ်၊ တဘောင်တို့ ခေတ်စားနေ၍ ညောင်ရန်းမင်းသား ပြန်လာမည်ဟုလည်း သတင်းထွက်ပေါ်နေပေသည်….. မိန်းမ ကြိုးဆွဲရာ ကနေသည့် မိမိတို့ဘုရင်အား အားမရဖြစ်နေသည့် လူအများကလည်း မင်းလောင်အား မျှော်နေကြပေသည်….. ထိုအချိန်တွင် အင်္ဂလိပ်တို့၏ အဆိုပါလုပ်ရပ်ကား လွန်စွာမှပင် ထိရောက်သည်ဟု ဆိုရပေမည်…. နောက်ဆုံး အင်္ဂလိပ်တပ်များအား မခုခံနှင့်၊ လက်နက်ချ၍ စစ်ကို ရုတ်သိမ်းလိုက်ရမည်ဟု လွှတ်တော်မှ ကြေးနန်းဆင့်ဆိုသောကြောင့် အင်းဝ၊ စစ်ကိုင်း၊ သပြေတန်း ခံတပ်များရှိ စစ်သည်တို့သ် လက်နက်ချ၍ ရဲစွမ်းသတ္တိများပင် မပြလိုက်ရချေ……  သို့ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ ထီးနန်းဆုံးရှုံးမှုအား ပြန်လည်သုံးသပ်မည်ဆိုလျင် အင်္ဂလိပ်တို့သည် လူသူ လက်နက်အင်အား တောင့်တင်းသော်ငြား ပရိယာယ် ကြွယ်ဝစွာ ရင်မဆိုင်နိုင်ခဲ့သည့် မြန်မာတို့ကား အရှုံးကို လျင်မြန်စွာ ရင်ဆိုင်ခဲ့ရခြင်းပင်တည်း…. မျိုးချစ်စိတ်အား ရှေ့တန်းတင်၍ အခြေအနေ အရပ်ရပ်ကို မသုံးသပ်နိုင်ခြင်းကလည်း အဓိက ပါဝင်သကဲ့သို့ နန်းတွင်းရေး အရှုပ်အရှင်းများသည်လည်း အရေးပါသည့် အခြေအနေတစ်ရပ်တွင် ရှိနေခဲ့ပေသည်….. သို့မဟုတ်ပါမူ အခြားသော အဖြေတစ်ခု ထွက်ကောင်း ထွက်နိုင်ပေသည်….. အင်္ဂလိပ်တို့နှင့် လိုက်လျောညီထွေ နေနိုင်ရန် ကြိုးပန်းခဲ့သည့် အိမ်နီးခြင်း ထိုင်းနိုင်ငံသည် စစ်မက်ဖြစ်ပွားမှုများအား အတော်အတန် ရှောင်ကြဉ်နိုင်ခဲ့သဖြင့် တိုင်းပြည် အထိနာမှုမှ ရှောင်ရှားနိုင်ခဲ့ပေသည်……  အချုပ်အားဖြင့် မြန်မာတို့သည် ရှေးယခင်ကပင် တိုင်းတပါးအား အထူးတလည် အားကိုးခဲ့ပေသည်….. ဥပမာအားဖြင့် ပြင်သစ်သည် မြန်မာတို့ မျှော်လင့်သကဲ့သို့ ဖြစ်မလာခဲ့ပေ….. မင်းလောင်းမျှော်သည့် ဝါဒမှာလည်း မြန်မာတို့အား နောက်ဆုံးအချိန်အထိ အတော်အတန် နှိပ်စက်ခဲ့ပေသည်ဟု ဆိုရပေမည်….. နန်းတွင်း အကွဲအပြဲမှသည် မိမိ အကျိုးစီးပွား၊ မာနကို ရှေ့တန်းတင်၍ တိုင်းပြည်မျက်နှာအား မငဲ့ခြင်းကြောင့် လျင်မြန်စွာ ထီးနန်း ပျက်သုန်းခဲ့ရသည်ဟု ယူဆသော် ရပေမည် ဖြစ်၏……. သို့ဖြစ်သောကြောင့် သမိုင်းကြောင်းများမှ ဖြစ်ရပ်မှန် သင်ခန်းစာများအား နှောင်းလူတို့ အတိအကျ သင်ခန်းစာယူ၍ အဆိုပါ အမှားမျိုး ထပ်မံ မဖြစ်ပွားသင့်ဟုသော အတွေးအမြင်ဖြင့် ဤစာအား ရေးသားလိုက်ရပေသည်…..   မောင်ရင် ဂျိမ်းစ် (19/05/2013 12:00PM)  Photo Credit to Original Photographer
James Mint's photo.

Viewing all 1811 articles
Browse latest View live