Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

ဘိုးဘိုးအောင် ဖန်ဆင်းတဲ့ ဝ လား...... (၂)

$
0
0
James Mint's photo.
ဘိုးဘိုးအောင် ဖန်ဆင်းတဲ့ ဝ လား...... (၂)  ဝ ကိစ္စနဲ့ ပါတ်သက်ပီး ကျွန်တော်ရေးထားတဲ့ စာပေါ်မှာ အမျိုးမျိုးသော မှတ်ချက်တွေ အမြင်တွေ ဝေဖန်တာတွေ တိုက်ခိုက်တာတွေ လက်ခံရခဲ့တယ်...... ဒီအထဲမှာ အဓိက တားဂက်ဖြစ်တဲ့ ဘာကြောင့် ပြည်နယ်တောင်းသလဲ ဆိုတဲ့အပေါ်မှာ ဆွေးနွေးကြတာ နည်းပီးတော့ ပြည်နယ် ပေးသင့် မပေးသင့်ကို ဆွေးနွေးတာ ပိုများတာကိုလည်း သတိထားမိတယ်...... ထူးထူးခြားခြား ဘင်္ဂါလီတွေ ခိုးဝင်လာတာကို လက်ခံပီး ရိုဟင်ဂျာကို နိုင်ငံသားဖြစ်တယ်ဆိုတဲ့ အဆိုကို တောက်လျှောက်တင်သွင်းတဲ့ ဘင်္ဂါလီ လော်ဘီကလည်း ဝ ကို လုံးဝ လက်မခံတာကို ထူးထူးဆန်းဆန်းတွေ့လိုက်ရတယ်..... ဘာပဲဖြစ်ဖြစ် အပြန်အလှန် ဆွေးနွေးကြရင်းကနေ အသိတစ်ချို့တွေ ထပ်တိုးသလို လူတွေ နားလည်မှု လွဲမှားသွားတဲ့၊ သေခြာ နားမလည်တဲ့ ကိစ္စတွေရှိလာတဲ့အတွက် ဒီစာကို ထပ်ရေးဖို့ ဖြစ်လာခဲ့တယ်.......  ပထမဆုံးတစ်ချက်က ဝ စစ်ရေးမြို့တော် မိုင်းမော (Mong Maw) မှာ ဓါတ်ပုံရိုက်ရင် သေဒဏ်ဆိုတဲ့ကိစ္စကို တော်တော်များများက ယုံတမ်းစကားလို့ ထင်ကြတယ်..... မိုင်းမောဟာ ဝ ဒေသရဲ့ စစ်ရေးဌာနချုပ် ဖြစ်တဲ့အပြင် ဝ စစ်သားတွေရဲ့ လက်မောင်းပါတ်မှာ ပါတဲ့ တောင်သုံးလုံးဟာလည်း အဲ့ဒိဒေသမှာပဲ ရှိပါတယ်...... မိုင်းမောတောင်သုံးလုံးရဲ့ အလယ်တောင်ဟာ အလွန်ကို မြင့်မားပြီး တောင်ထိပ်ကို အင်မတန် ရာသီဥတု ကြည်လည်တဲ့နေ့မှသာ မြင်ရလေ့ ရှိပါတယ်...... မိုင်းမောမြို့ကိုယ်တိုင် တစ်ပါတ်မှာ ၄ ရက်လောက် မြူတွေဆိုင်းနေတဲ့ တောင်ပေါ်မြို့လေး ဖြစ်တဲ့အတွက်လည်း မိုင်းမော တောင်သုံးလုံးဟာ တိမ်ဖုံးနေတာ မဆန်းပါဘူး...... ဆန်းတာကတော့ အဲ့ဒိတောင်သုံးလုံး ရှိတဲ့အနက် တောင်ပေါ်ကို တက်တဲ့လမ်းဟာ အလယ်တောင်ဘက်က တက်ရပါတယ်......  ဝ စစ်သားတွေထဲမှာတောင်မှ သတ်မှတ်ရာထူး၊ တက်ခွင့်ရှိသူမဟုတ်ရင် အဲ့ဒိတောင်ပေါ်ကို တက်ခွင့်မရှိပါဘူး...... သေဒဏ်ပါ.... တစ်နှစ်မှာ တစ်ခါတော့ ဝ ပွဲတော်နေ့မှာ အဲ့ဒိတောင်ပေါ်ကို အရပ်သားတွေလည်း တက်ခွင့်ရတယ်လို့ဆိုပါတယ်..... တောင်ပေါ် ရောက်ဘူးတဲ့ အချို့တွေရဲ့ အဆိုအရ အဲ့ဒိတောင်ပေါ်မှာ နတ်ရေကန်လို့ ခေါ်တဲ့ အင်မတန်ကြီးတဲ့ ရေကန်ကြီးရှိတယ် ဆိုပါတယ်..... ရှေးဟောင်းဘုရား၊ ကျောင်းကန်တွေလည်း ဝ ဒေသမှာ ရှိပါတယ်..... ဝ ဒေသကိုကျွန်တော်ရောက်သွားခဲ့တာ ၂၀၀၇၊ ၂၀၀၈ ဝန်းကျင်ကပဲ ဖြစ်ပါတယ်..... ကျွန်တော် ပထမဆုံး ရောက်သွားတဲ့ ခရီးမှာ အရာရာ စပ်စပ်စုစု နိုင်တဲ့ ကျွန်တော့်ကို မိုင်းမောမှာ ဓါတ်ပုံမရိုက်ဖို့ ဝိုင်းသတိပေးတာပါ.......  ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့မရောက်ခင် လ ပိုင်းလောက်ကမှ မြန်မာဘက်က ထောက်လှမ်းရေး ဗိုလ်မှူးတစ်ဦးကို သူလျှိုမှုနဲ့ သေဒဏ်ပေးလိုက်တဲ့အတွက်ပဲ ဖြစ်ပါတယ်.... သူတို့အဆိုအရ အဆိုပါ ပုဂ္ဂိုလ်ဟာ ဝ ဒေသမှာ ရောက်နေတာ သုံး၊ လေး နှစ်မကတဲ့အပြင် ဒေသခံနဲ့ အိမ်ထောင်ကျပြီး ကလေးတောင် ရနေတယ်လို့ ဆိုပါတယ်..... မကြာခဏ တောထဲကိုသွားပီး စက်တစ်လုံးနဲ့ သတင်းပို့နေတာကို မသင်္ကာလို့ ဖမ်းပီး စစ်ဆေးရာကနေ အဖြစ်မှန်ပေါ်သွားတဲ့အတွက် တစ်ပါတ်အတွင်းမှာ သေဒဏ်ပေးပီး သတ်ပလိုက်တယ်လို့ ဆိုပါတယ်..... ဒီအတွက် ဝ စစ်ရေးမြို့တော် မိုင်းမောမှာ ဓါတ်ပုံရိုက်ရင် သူလျှိုမှုနဲ့ သေဒဏ်ဆိုတာကို သိလိုက်ရလို့ ရေးခြင်းဖြစ်ပါတယ်.....  သူလျှိုမှုတင် မဟုတ်ပါဘူး ခိုးမှုလည်း ဝ ဒေသမှာ သေဒဏ်ထိုက်ပါတယ်..... ကျွန်တော် INGO တစ်ခုမှာ အလုပ်လုပ်ခဲ့စဉ်က ညအိပ် ညနေ နေခဲ့တဲ့ မိုင်းပေါက်၊ ပန်ဆန်း၊ မိုင်းမောမှာရှိတဲ့ ရုံးတွေမှာ တခါးကို တော်ရုံတန်ရုံ ပိတ်ထားလေ့ မရှိပါဘူး..... မိုးတအားရွာရင်သာ ပိတ်ထားတာ ကျန်တဲ့အချိန်တွေ ဖွင့်ထားတာပါပဲ..... အပြင်သွားလို့ ရုံးထဲမှာ တစ်ယောက်မှ မရှိလျင်တောင် ဒီအတိုင်းထားသွားပါတယ် သူခိုးမခိုးပါဘူး..... ဈေးနေ့တွေ ရှိတဲ့နေ့မျိုးမှာတော့ တောနယ်တွေက တက်လာတဲ့ ဝ အပါအဝင်တိုင်းရင်းသား ဒေသခံတွေဟာ သူတို့ကို ကျန်းမာရေး စောင့်လျှောက်မှုပေးနေတဲ့ ကျွန်တော်တို့ ရုံးတွေကို လာလေ့ရှိပါတယ်..... သူတို့ရဲ့ သစ်ဥ၊ သစ်ဖုတွေကို အတင်းပဲ လက်ဆောင်ပေးလေ့လည်း ရှိကြတယ်..... ရုံးထဲက ဝန်ထမ်းတွေကိုလည်း တော်တော်လေး ရိုသေ လေးစား ကြောက်ရွံ့ကြတာကို သတိထားမိတယ်...... ဘယ်လိုတွေ အလုပ်လုပ် ပိုက်ဆံရှာနေလို့ သူတို့ကို ပိုက်ဆံမယူပဲ ဆေးကုနိုင်သလဲ ဆိုတာလည်း ရုံးထဲဝင်ပီး စပ်စုကြပါတယ်..... ဒါပေမယ့် ဘာပစ္စည်းမှ မခိုးပါဘူး...... အင်မတန်ရိုးသားကြပါတယ်.......  ခိုးမှုတင် မဟုတ်ပါဘူး မုဒိမ်းမှုလည်း သေဒဏ်ထိုက်ပါတယ်..... ပြစ်ဒဏ်ပေးတဲ့ ထုံးစံကတော့ ဈေးနေ့တွေမှာ တရုတ်ရုပ်ရှင်ထဲကလို သစ်သားပြားကြီးမှာ ခေါင်းကလေးပဲ ဖော်ထားပီး ဘာအမှုကြောင့် ပြစ်ဒဏ်ကျခံရပါတယ်၊ သေဒဏ် ဘယ်နေ့ဘယ်မှာ ပေးပါ့မယ်ဆိုတာကို အော်ရပါတယ်..... အော်တဲ့အသံတိုးရင် နောက်ကနေလိုက်လာတဲ့ ရဲဘော်လေးတွေက သေနတ်ဒင်နဲ့ ကျောကုန်းကို နှံလေ့ရှိပါတယ်..... ပြစ်ဒဏ်ပေးမယ့်နေ့မှာ စိတ်ဝင်စားသူ မည်သူ့ကိုမဆို လာကြည့်ခိုင်းပါတယ်...... တရားခံဟာ သူ့ကျင်းကို သူတူးရပါတယ်...... ခိုးမှုကတော့ တစ်ချက်တည်း ပစ်သတ်ပေမယ့် မုဒိမ်းမှုကတော့ ၇ ချက်ပစ်ပါတယ်..... စိတ်ရှည်လက်ရှည် မုဒိမ်းသမားကို သေနတ်နဲ့ပစ်သတ်မယ့် စစ်သားအတွက် မုဒိမ်းသမားရဲ့ မိသားစုက အမြည်းနဲ့ ယာမကာကို ဝယ်ပေးရပါတယ်.......   ဘာကြောင့်လည်းဆိုတော့ သေနတ် ၇ ချက်ကို တစ်ခါတည်း ပစ်တာမဟုတ်တဲ့အတွက်ပါပဲ...... မုဒိမ်းသမားကို သူ့ကိုမြှုပ်မယ့် ကျင်းနားမှာခြေကားယား ထိုင်ခိုင်းပီး ခြေထောက်တွေကနေ စ ပစ်ပါတယ်...... သေနတ်နဲ့ တစ်ချက်ပစ်လိုက်၊ ခဏနား အရက်သောက်လိုက် အမြည်းစားလိုက်၊ စိတ်ပါလာရင် နောက်တစ်ချက်ထပ်ပစ်လိုက် နားလိုက်နဲ့ နောက်ဆုံး ၇ ချက်မြောက်မှာမှ သေကွင်းသေကွက်ကို ရွေးပစ်ပါတယ်..... ၇ ချက်မပြည့်ခင်မှာ မုဒိမ်းသမားလည်း သွေးထွက်လွန်ပီး မျော့နေပါပီ..... ဘာကြောင့်ဒီလိုလုပ်သလဲ ဆိုတာကို မေးကြည့်လိုက်တော့ ဒီလိုလုပ်မှ နောင်ကျဉ်မှာမို့ ဒီလိုပစ်ဒဏ်ပေးတယ်လို့ ဆိုပါတယ်......  ဒီလို သေဒဏ်တွေသတ်မှတ်ထားလို့ ခိုးမှု၊ မုဒိမ်းမှု မရှိဘူးလို့ မငြင်းပါဘူး..... ကြိုကြား ကြိုကြား ရှိပေမယ့် တအားနည်းပါတယ်...... ဘိန်းသီးတစ်လုံးကို ခေါင်းတစ်လုံးလို့ သတ်မှတ်ထားပေမယ့်လည်း ဆင်းရဲမွဲတေမှုကြောင့် စားဝတ်နေရေးအတွက် ဘိန်းစိုက်ရင်း မိသားစုအတွက် အသက်ပေးသွားရတဲ့ သူတွေလည်း ရှိခဲ့ပါတယ်...... ဝ အစိုးရကိုယ်တိုင် တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ဘိန်းစိုက်ပျိုးမှုကို တိုက်ဖျက်နေပေမယ့် ဘိန်းအစားထိုး သီးနှံ၊ ဘိန်းစိုက်တောင်သူတွေရဲ့ ဘဝ မြှင့်တင်မှုနဲ့ ပါတ်သက်လို့ စီမံခန့်ခွဲမှုပိုင်းမှာ အားနည်းနေတဲ့အတွက် ဘိန်းစိုက်ပျိုးမှုကို အနည်းငယ် ကျန်ရှိနေသေးတယ်လို့ ယူဆရပါတယ်..... သို့သော် နေရာအများစုမှာ ဘိန်းစိုက်ပျိုးမှု မရှိသလောက် နည်းပါးသွားပါတယ်..... နှစ်စဉ်ထွက်ရှိနေတဲ့ UNODC နဲ့ DEA ရဲ့ အစီရင်ခံစာတွေမှာ ဝ ဒေသရဲ့ ဘိန်းနဲ့ပါတ်သက်တဲ့ အစီရင်ခံစာတွေကနေ ရလာဘ်ကို လေ့လာနိုင်ပါတယ်.....  ဝ ဒေသမှာ ပြည့်တန်ဆာ လုပ်ငန်းဟာ တရားဝင်လုပ်ကိုင်ခွင့်ရှိပါတယ်..... ပြည့်တန်ဆာတင်မဟုတ်ပါ၊ ဥပဒေအရ တားမြစ်ထားတဲ့ ကိစ္စကလွဲရင် ကျန်တာဟာ တစ်ဖက်သားကို ထိခိုက်လို့ အတိုင်မခံရသရွေ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိပါတယ်..... အချို့တွေဟာ မိမိရဲ့ ဇနီးမယားကို အခြားသူများနဲ့ လိင်ဆက်ဆံခိုင်းပီး ပိုက်ဆံရှာခြင်းမျိုးရှိပါတယ်..... သူတို့အခေါ် ဈေးရောင်းတယ်လို့ ခေါ်ပါတယ်.... ဝ ဒေသမှာ အလုပ်လုပ်တဲ့ ယောက်ျားလေးတွေ ရှားပါးတဲ့အတွက် အလုပ်ကောင်းကောင်း လုပ်တဲ့ ယောက်ျားလေးတွေဟာ မျက်နှာပွင့်ပါတယ်...... ညီအစ်မတွေကို တစ်ယောက်တည်းက ယူတာတို့၊ သူငယ်ချင်းတွေကိုပါ ယူထားတဲ့ အိမ်ထောင်ဦးစီး ယောက်ျားတို့ကို အဲ့ဒိမှာမှ တွေ့ခဲ့ မြင်ခဲ့ရပါတယ်...... အဓိက မပျက်မဆီးပဲနဲ့သာ နေပါလေ အမျိုးသမီးတွေဟာ အိမ်ထောင်ဦးစီးအတွက် မျက်နှာမညိုအောင် ဂရုတစိုက်နဲ့ ရှာကြွေးတာကို ထူးထူးခြားခြား တွေ့ခဲ့ရတဲ့ ဒေသတစ်ခုပါ.......  ဝ ဒေသမှာ ဆင်းရဲလွန်းတဲ့အတွက် မွေးဖွားလာတဲ့ ကလေးကို တစ်ဖက်နိုင်ငံကို ရောင်းစားတာလည်း ထုံးစံလို ဖြစ်နေတတ်ပါတယ်...... အထူးသဖြင့် မွေးကင်းစ ၆ လ အောက် ကလေးငယ်တွေပဲ ဖြစ်ပါတယ်...... တစ်ဖက်နိုင်ငံကတော့ တရုတ်နဲ့ ထိုင်းတို့ဖြစ်ပီး တရုတ်က အဝယ်များပါတယ်...... မွေးပီး ခိုင်းဖို့အတွက် ဝယ်ကြသလို၊ ကလေးအသားဟာ အားတိုးတယ် ဆိုတဲ့ စိတ်နဲ့ သတ်စားဖို့ ဝယ်ကြတာလည်း ရှိခဲ့ပါတယ်..... သူတို့အဆိုအရတော့ ဈေးကောင်းပေးတာ ထိုင်းက ပိုပေးတယ်လို့ သိရပါတယ်...... ဝ နဲ့ နယ်မြေခြင်း ထိစပ်နေတဲ့ ကိုးကန့် အထူးဒေသ (၄) မိုင်းလားနားက အချို့ဒေသတွေမှာ မွေးကင်းစ ကလေး ၃ လအောက်သေရင် မြေမမြှုပ်တောပဲ ဝယ်မယ့်လူကို ရောင်းစားလိုက်တယ်လို့ ဆိုပါတယ်.....  ကျွန်တော်ရောက်ချိန်မှာ မွေးထားတဲ့ ကလေး ၃ ယောက်ကို ရောင်းစားပီး ၇ ယောက်မြောက် ကလေးကို မွေးထားတဲ့ မိခင်တစ်ယောက်နဲ့ ဆေးခန်းမှာ ကြုံတုန်း စကားပြန်ကနေတစ်ဆင့် အင်တာဗျူးခွင့် ရခဲ့ပါတယ်..... အဓိက သူ့ရဲ့ ကလေးတွေအပေါ် ထားတဲ့စိတ်နဲ့ အကြောင်းခြင်းရာကို သိချင်တဲ့အတွက် စပ်စုခဲ့ခြင်းပါ..... ဒီကလေးတွေကို ရောင်းစားတာ ဘယ်လောက်ရသလဲမေးတော့ သူပြောပြပေမယ့် ပျမ်းမျှကတော့ ယွမ် ၁၅၀၀ နဲ့ ၂၀၀၀ ကြား ရပါတယ်..... အဲ့ဒိအချိန်က မြန်မာငွေနဲ့ဆို ၁၀ သိန်းအောက်ပါ..... ရောင်းလိုက်တဲ့ကလေးတွေကို သတ်စားမယ်ဆိုတာ မသိဘူးလားမေးတော့ သိတယ်တဲ့..... ဒါဖြင့် ဘာလို့ ရောင်းစားလဲမေးတော့ ဆင်းရဲနေတာ အဲ့လိုမှ ရောင်းမစားရင် ဘယ်သူက ရှာကြွေးမှာလဲ ဆရာရယ်၊ ယောက်ျားလည်း အားကိုးမှ မရတာတဲ့...... ဒီကလေးတွေကို မချစ်ဘူးလား မေးတော့ ချစ်ပေမယ့် လိုချင် နောက်တစ်ယောက် ယူလို့ရတယ်လေတဲ့...... မွေးဖို့ကလည်း ဆရာတို့လို အဖွဲ့အစည်းတွေ ရှိနေတော့ မပူရဘူးလေ ဆိုတဲ့စကားကို ကြားရတော့ ဆက်မေးဖို့ ကျွန်တော်ခွန်အားမရှိလို့ လှည့်ထွက်လာခဲ့ဘူးတယ်......  တစ်ချို့တွေ ပြောနေတဲ့ ဝ ဒေသမှာ မြန်မာတွေ ရဲရဲ သွားလို့ မရဘူးဆိုတဲ့ ကိစ္စကတော့ မိုင်းမောတော့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မိုင်းပေါက်၊ ပန်ဆန်းမှာတော့ ကျွန်တော် တည်းတဲ့နေရာကို မနက် လေးနာရီ၊ ငါးနာရီမှ ပြန်ပေမယ့်လည်း ပြဿနာတစ်ခုမှ မဖြစ်ခဲ့ပါဘူး..... များသောအားဖြင့် ဒစ်စကိုဘားမှာ သွားကပြီးတော့ ပြန်လေ့ရှိတဲ့ ကျွန်တော့်အတွက် ပန်ဆန်းက အိပ်မောကျနေတဲ့ မီးအိမ်နီ လမ်းလေးမှာ လမ်းလျှောက်ရတာ အဲ့ဒိအချိန်မှာ အင်မတန် ကြည်နူးဖို့ကောင်းတဲ့ အချိန်လေးတွေပါ..... မိုင်းမောမှာ ကျွန်တော်တို့လို လူစိမ်းတွေကို ၁၀ နာရီထိုးရင် ဆိုင်တွေကနေ လက်မခံဖို့ ကြေငြာချက်ထုတ်ထားပါတယ်..... ဒါပေမယ့် ရင်းနှီးနေရင် ကိုယ်နေတဲ့နေရာကို မှာပီးလာပို့ခိုင်းလို့ ရပါတယ်..... ဒါတွေ ပြောနေရခြင်းဟာ ဝ ဒေသရဲ့ ဒေသခံတွေရဲ့ ဘဝကို သိစေချင်တဲ့အတွက်ပဲ ဖြစ်ပါတယ်...... ဒီအပေါ်မှာ ကျွန်တော့်ရဲ့ သုံးသပ်ချက်ကို မပေးလိုပါ.... ကိုယ့်ဟာကိုယ် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ပါတယ်.....  ဝ ဒေသရဲ့ လမ်းတွေဟာ အင်မတန် ချောင်ကျတဲ့ နေရာတွေကလွဲပီး ဖြောင့်ဖြူးနေတာ များပါတယ်.... တောင်တွေအများစုမှာရှိတဲ့ သစ်ကြီး ဝါးကြီးတွေဟာ တရုတ်ရဲ့ လက်ချက်နဲ့ ကုန်ပါတယ်..... မိုင်းမောနဲ့ ပန်ဆန်းကြားမှာ ရွှေမိုင်းရှိပါတယ်..... ရွှေမိုင်းဟာ ကားလမ်းမကို ကန့်လန့်ဖြတ်လို ဖြစ်နေတဲ့အတွက် မိုင်းမောနဲ့ ပန်ဆန်းကို သွားတဲ့ ကားတိုင်းဟာ အဝင်တစ်ခါ၊ အထွက်တစ်ခါ အလေးချိန် ချိန်ရပါတယ်..... လူတွေပါ အဝင်ကော အထွက်ပါ လမ်းလျှောက်ရပီး အလေးချိန် ချိန်စက်ကနေ ဖြတ်ရပါတယ်...... တအားတင်းကြပ်ပါတယ် ဘယ်သူမှ စောဒက တက်ပိုင်ခွင့် မရှိပါဘူး...... အဆိုပါ နေရာမှာ ရွှေထွက်တယ် ဆိုတဲ့အချိန်မှာ တရုတ်ဟာ အကျိုးအမြတ်ကိစ္စကို ဘေးဖယ်ထားပါ လိုအပ်တဲ့ နည်းပညာ၊ ပစ္စည်းကိရိယာကို အကုန်သူတို့စိုက်လုပ်ပေးမယ်ဆိုပီး လုပ်ကိုင်ပေးနေတယ်လို့လည်း သိရပါတယ်...... မြန်မာနိုင်ငံမှာ ရွှေထွက်တဲ့တောင်တွေ အများကြီးရှိပါတယ်...... မှတ်ချက် ။     ။ ကျွန်တော်တို့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ဂွ မြို့ကြားက ရိုးမတောင်တွေ ရွှေထွက်လို့ အလုံးလိုက် ပျောက်သွားတာ လူမသိကြပါဘူး...... တရုတ်က လူသိရင်တစ်မျိုး မသိရင်တစ်မျိုးနဲ့ ဝါးမြိုဖို့ နည်းပေါင်းစုံ ကြိုးစားနေတာပါ......  ဆက်ရန်……….  ဓါတ်ပုံ ဝ ဒေသ၏ စီးပွားရေးမြို့တော် ပန်ဆန်း ခေါ် ပန်ခမ်း (Pang Kham)  ဆုံးသွားပီဖြစ်သော သူငယ်ချင်း စောမားကပ်စ်စီမှ ယူပါသည်....


ဝ ကိစ္စနဲ့ ပါတ်သက်ပီး ကျွန်တော်ရေးထားတဲ့ စာပေါ်မှာ အမျိုးမျိုးသော မှတ်ချက်တွေ အမြင်တွေ ဝေဖန်တာတွေ တိုက်ခိုက်တာတွေ လက်ခံရခဲ့တယ်...... ဒီအထဲမှာ အဓိက တားဂက်ဖြစ်တဲ့ ဘာကြောင့် ပြည်နယ်တောင်းသလဲ ဆိုတဲ့အပေါ်မှာ ဆွေးနွေးကြတာ နည်းပီးတော့ ပြည်နယ် ပေးသင့် မပေးသင့်ကို ဆွေးနွေးတာ ပိုများတာကိုလည်း သတိထားမိတယ်...... ထူးထူးခြားခြား ဘင်္ဂါလီတွေ ခိုးဝင်လာတာကို လက်ခံပီး ရိုဟင်ဂျာကို နိုင်ငံသားဖြစ်တယ်ဆိုတဲ့ အဆိုကို တောက်လျှောက်တင်သွင်းတဲ့ ဘင်္ဂါလီ လော်ဘီကလည်း ဝ ကို လုံးဝ လက်မခံတာကို ထူးထူးဆန်းဆန်းတွေ့လိုက်ရတယ်..... ဘာပဲဖြစ်ဖြစ် အပြန်အလှန် ဆွေးနွေးကြရင်းကနေ အသိတစ်ချို့တွေ ထပ်တိုးသလို လူတွေ နားလည်မှု လွဲမှားသွားတဲ့၊ သေခြာ နားမလည်တဲ့ ကိစ္စတွေရှိလာတဲ့အတွက် ဒီစာကို ထပ်ရေးဖို့ ဖြစ်လာခဲ့တယ်.......

ပထမဆုံးတစ်ချက်က ဝ စစ်ရေးမြို့တော် မိုင်းမော (Mong Maw) မှာ ဓါတ်ပုံရိုက်ရင် သေဒဏ်ဆိုတဲ့ကိစ္စကို တော်တော်များများက ယုံတမ်းစကားလို့ ထင်ကြတယ်..... မိုင်းမောဟာ ဝ ဒေသရဲ့ စစ်ရေးဌာနချုပ် ဖြစ်တဲ့အပြင် ဝ စစ်သားတွေရဲ့ လက်မောင်းပါတ်မှာ ပါတဲ့ တောင်သုံးလုံးဟာလည်း အဲ့ဒိဒေသမှာပဲ ရှိပါတယ်...... မိုင်းမောတောင်သုံးလုံးရဲ့ အလယ်တောင်ဟာ အလွန်ကို မြင့်မားပြီး တောင်ထိပ်ကို အင်မတန် ရာသီဥတု ကြည်လည်တဲ့နေ့မှသာ မြင်ရလေ့ ရှိပါတယ်...... မိုင်းမောမြို့ကိုယ်တိုင် တစ်ပါတ်မှာ ၄ ရက်လောက် မြူတွေဆိုင်းနေတဲ့ တောင်ပေါ်မြို့လေး ဖြစ်တဲ့အတွက်လည်း မိုင်းမော တောင်သုံးလုံးဟာ တိမ်ဖုံးနေတာ မဆန်းပါဘူး...... ဆန်းတာကတော့ အဲ့ဒိတောင်သုံးလုံး ရှိတဲ့အနက် တောင်ပေါ်ကို တက်တဲ့လမ်းဟာ အလယ်တောင်ဘက်က တက်ရပါတယ်......

ဝ စစ်သားတွေထဲမှာတောင်မှ သတ်မှတ်ရာထူး၊ တက်ခွင့်ရှိသူမဟုတ်ရင် အဲ့ဒိတောင်ပေါ်ကို တက်ခွင့်မရှိပါဘူး...... သေဒဏ်ပါ.... တစ်နှစ်မှာ တစ်ခါတော့ ဝ ပွဲတော်နေ့မှာ အဲ့ဒိတောင်ပေါ်ကို အရပ်သားတွေလည်း တက်ခွင့်ရတယ်လို့ဆိုပါတယ်..... တောင်ပေါ် ရောက်ဘူးတဲ့ အချို့တွေရဲ့ အဆိုအရ အဲ့ဒိတောင်ပေါ်မှာ နတ်ရေကန်လို့ ခေါ်တဲ့ အင်မတန်ကြီးတဲ့ ရေကန်ကြီးရှိတယ် ဆိုပါတယ်..... ရှေးဟောင်းဘုရား၊ ကျောင်းကန်တွေလည်း ဝ ဒေသမှာ ရှိပါတယ်..... ဝ ဒေသကိုကျွန်တော်ရောက်သွားခဲ့တာ ၂၀၀၇၊ ၂၀၀၈ ဝန်းကျင်ကပဲ ဖြစ်ပါတယ်..... ကျွန်တော် ပထမဆုံး ရောက်သွားတဲ့ ခရီးမှာ အရာရာ စပ်စပ်စုစု နိုင်တဲ့ ကျွန်တော့်ကို မိုင်းမောမှာ ဓါတ်ပုံမရိုက်ဖို့ ဝိုင်းသတိပေးတာပါ.......

ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့မရောက်ခင် လ ပိုင်းလောက်ကမှ မြန်မာဘက်က ထောက်လှမ်းရေး ဗိုလ်မှူးတစ်ဦးကို သူလျှိုမှုနဲ့ သေဒဏ်ပေးလိုက်တဲ့အတွက်ပဲ ဖြစ်ပါတယ်.... သူတို့အဆိုအရ အဆိုပါ ပုဂ္ဂိုလ်ဟာ ဝ ဒေသမှာ ရောက်နေတာ သုံး၊ လေး နှစ်မကတဲ့အပြင် ဒေသခံနဲ့ အိမ်ထောင်ကျပြီး ကလေးတောင် ရနေတယ်လို့ ဆိုပါတယ်..... မကြာခဏ တောထဲကိုသွားပီး စက်တစ်လုံးနဲ့ သတင်းပို့နေတာကို မသင်္ကာလို့ ဖမ်းပီး စစ်ဆေးရာကနေ အဖြစ်မှန်ပေါ်သွားတဲ့အတွက် တစ်ပါတ်အတွင်းမှာ သေဒဏ်ပေးပီး သတ်ပလိုက်တယ်လို့ ဆိုပါတယ်..... ဒီအတွက် ဝ စစ်ရေးမြို့တော် မိုင်းမောမှာ ဓါတ်ပုံရိုက်ရင် သူလျှိုမှုနဲ့ သေဒဏ်ဆိုတာကို သိလိုက်ရလို့ ရေးခြင်းဖြစ်ပါတယ်.....

သူလျှိုမှုတင် မဟုတ်ပါဘူး ခိုးမှုလည်း ဝ ဒေသမှာ သေဒဏ်ထိုက်ပါတယ်..... ကျွန်တော် INGO တစ်ခုမှာ အလုပ်လုပ်ခဲ့စဉ်က ညအိပ် ညနေ နေခဲ့တဲ့ မိုင်းပေါက်၊ ပန်ဆန်း၊ မိုင်းမောမှာရှိတဲ့ ရုံးတွေမှာ တခါးကို တော်ရုံတန်ရုံ ပိတ်ထားလေ့ မရှိပါဘူး..... မိုးတအားရွာရင်သာ ပိတ်ထားတာ ကျန်တဲ့အချိန်တွေ ဖွင့်ထားတာပါပဲ..... အပြင်သွားလို့ ရုံးထဲမှာ တစ်ယောက်မှ မရှိလျင်တောင် ဒီအတိုင်းထားသွားပါတယ် သူခိုးမခိုးပါဘူး..... ဈေးနေ့တွေ ရှိတဲ့နေ့မျိုးမှာတော့ တောနယ်တွေက တက်လာတဲ့ ဝ အပါအဝင်တိုင်းရင်းသား ဒေသခံတွေဟာ သူတို့ကို ကျန်းမာရေး စောင့်လျှောက်မှုပေးနေတဲ့ ကျွန်တော်တို့ ရုံးတွေကို လာလေ့ရှိပါတယ်..... သူတို့ရဲ့ သစ်ဥ၊ သစ်ဖုတွေကို အတင်းပဲ လက်ဆောင်ပေးလေ့လည်း ရှိကြတယ်..... ရုံးထဲက ဝန်ထမ်းတွေကိုလည်း တော်တော်လေး ရိုသေ လေးစား ကြောက်ရွံ့ကြတာကို သတိထားမိတယ်...... ဘယ်လိုတွေ အလုပ်လုပ် ပိုက်ဆံရှာနေလို့ သူတို့ကို ပိုက်ဆံမယူပဲ ဆေးကုနိုင်သလဲ ဆိုတာလည်း ရုံးထဲဝင်ပီး စပ်စုကြပါတယ်..... ဒါပေမယ့် ဘာပစ္စည်းမှ မခိုးပါဘူး...... အင်မတန်ရိုးသားကြပါတယ်.......

ခိုးမှုတင် မဟုတ်ပါဘူး မုဒိမ်းမှုလည်း သေဒဏ်ထိုက်ပါတယ်..... ပြစ်ဒဏ်ပေးတဲ့ ထုံးစံကတော့ ဈေးနေ့တွေမှာ တရုတ်ရုပ်ရှင်ထဲကလို သစ်သားပြားကြီးမှာ ခေါင်းကလေးပဲ ဖော်ထားပီး ဘာအမှုကြောင့် ပြစ်ဒဏ်ကျခံရပါတယ်၊ သေဒဏ် ဘယ်နေ့ဘယ်မှာ ပေးပါ့မယ်ဆိုတာကို အော်ရပါတယ်..... အော်တဲ့အသံတိုးရင် နောက်ကနေလိုက်လာတဲ့ ရဲဘော်လေးတွေက သေနတ်ဒင်နဲ့ ကျောကုန်းကို နှံလေ့ရှိပါတယ်..... ပြစ်ဒဏ်ပေးမယ့်နေ့မှာ စိတ်ဝင်စားသူ မည်သူ့ကိုမဆို လာကြည့်ခိုင်းပါတယ်...... တရားခံဟာ သူ့ကျင်းကို သူတူးရပါတယ်...... ခိုးမှုကတော့ တစ်ချက်တည်း ပစ်သတ်ပေမယ့် မုဒိမ်းမှုကတော့ ၇ ချက်ပစ်ပါတယ်..... စိတ်ရှည်လက်ရှည် မုဒိမ်းသမားကို သေနတ်နဲ့ပစ်သတ်မယ့် စစ်သားအတွက် မုဒိမ်းသမားရဲ့ မိသားစုက အမြည်းနဲ့ ယာမကာကို ဝယ်ပေးရပါတယ်.......

ဘာကြောင့်လည်းဆိုတော့ သေနတ် ၇ ချက်ကို တစ်ခါတည်း ပစ်တာမဟုတ်တဲ့အတွက်ပါပဲ...... မုဒိမ်းသမားကို သူ့ကိုမြှုပ်မယ့် ကျင်းနားမှာခြေကားယား ထိုင်ခိုင်းပီး ခြေထောက်တွေကနေ စ ပစ်ပါတယ်...... သေနတ်နဲ့ တစ်ချက်ပစ်လိုက်၊ ခဏနား အရက်သောက်လိုက် အမြည်းစားလိုက်၊ စိတ်ပါလာရင် နောက်တစ်ချက်ထပ်ပစ်လိုက် နားလိုက်နဲ့ နောက်ဆုံး ၇ ချက်မြောက်မှာမှ သေကွင်းသေကွက်ကို ရွေးပစ်ပါတယ်..... ၇ ချက်မပြည့်ခင်မှာ မုဒိမ်းသမားလည်း သွေးထွက်လွန်ပီး မျော့နေပါပီ..... ဘာကြောင့်ဒီလိုလုပ်သလဲ ဆိုတာကို မေးကြည့်လိုက်တော့ ဒီလိုလုပ်မှ နောင်ကျဉ်မှာမို့ ဒီလိုပစ်ဒဏ်ပေးတယ်လို့ ဆိုပါတယ်......

ဒီလို သေဒဏ်တွေသတ်မှတ်ထားလို့ ခိုးမှု၊ မုဒိမ်းမှု မရှိဘူးလို့ မငြင်းပါဘူး..... ကြိုကြား ကြိုကြား ရှိပေမယ့် တအားနည်းပါတယ်...... ဘိန်းသီးတစ်လုံးကို ခေါင်းတစ်လုံးလို့ သတ်မှတ်ထားပေမယ့်လည်း ဆင်းရဲမွဲတေမှုကြောင့် စားဝတ်နေရေးအတွက် ဘိန်းစိုက်ရင်း မိသားစုအတွက် အသက်ပေးသွားရတဲ့ သူတွေလည်း ရှိခဲ့ပါတယ်...... ဝ အစိုးရကိုယ်တိုင် တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ဘိန်းစိုက်ပျိုးမှုကို တိုက်ဖျက်နေပေမယ့် ဘိန်းအစားထိုး သီးနှံ၊ ဘိန်းစိုက်တောင်သူတွေရဲ့ ဘဝ မြှင့်တင်မှုနဲ့ ပါတ်သက်လို့ စီမံခန့်ခွဲမှုပိုင်းမှာ အားနည်းနေတဲ့အတွက် ဘိန်းစိုက်ပျိုးမှုကို အနည်းငယ် ကျန်ရှိနေသေးတယ်လို့ ယူဆရပါတယ်..... သို့သော် နေရာအများစုမှာ ဘိန်းစိုက်ပျိုးမှု မရှိသလောက် နည်းပါးသွားပါတယ်..... နှစ်စဉ်ထွက်ရှိနေတဲ့ UNODC နဲ့ DEA ရဲ့ အစီရင်ခံစာတွေမှာ ဝ ဒေသရဲ့ ဘိန်းနဲ့ပါတ်သက်တဲ့ အစီရင်ခံစာတွေကနေ ရလာဘ်ကို လေ့လာနိုင်ပါတယ်.....

ဝ ဒေသမှာ ပြည့်တန်ဆာ လုပ်ငန်းဟာ တရားဝင်လုပ်ကိုင်ခွင့်ရှိပါတယ်..... ပြည့်တန်ဆာတင်မဟုတ်ပါ၊ ဥပဒေအရ တားမြစ်ထားတဲ့ ကိစ္စကလွဲရင် ကျန်တာဟာ တစ်ဖက်သားကို ထိခိုက်လို့ အတိုင်မခံရသရွေ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိပါတယ်..... အချို့တွေဟာ မိမိရဲ့ ဇနီးမယားကို အခြားသူများနဲ့ လိင်ဆက်ဆံခိုင်းပီး ပိုက်ဆံရှာခြင်းမျိုးရှိပါတယ်..... သူတို့အခေါ် ဈေးရောင်းတယ်လို့ ခေါ်ပါတယ်.... ဝ ဒေသမှာ အလုပ်လုပ်တဲ့ ယောက်ျားလေးတွေ ရှားပါးတဲ့အတွက် အလုပ်ကောင်းကောင်း လုပ်တဲ့ ယောက်ျားလေးတွေဟာ မျက်နှာပွင့်ပါတယ်...... ညီအစ်မတွေကို တစ်ယောက်တည်းက ယူတာတို့၊ သူငယ်ချင်းတွေကိုပါ ယူထားတဲ့ အိမ်ထောင်ဦးစီး ယောက်ျားတို့ကို အဲ့ဒိမှာမှ တွေ့ခဲ့ မြင်ခဲ့ရပါတယ်...... အဓိက မပျက်မဆီးပဲနဲ့သာ နေပါလေ အမျိုးသမီးတွေဟာ အိမ်ထောင်ဦးစီးအတွက် မျက်နှာမညိုအောင် ဂရုတစိုက်နဲ့ ရှာကြွေးတာကို ထူးထူးခြားခြား တွေ့ခဲ့ရတဲ့ ဒေသတစ်ခုပါ.......

ဝ ဒေသမှာ ဆင်းရဲလွန်းတဲ့အတွက် မွေးဖွားလာတဲ့ ကလေးကို တစ်ဖက်နိုင်ငံကို ရောင်းစားတာလည်း ထုံးစံလို ဖြစ်နေတတ်ပါတယ်...... အထူးသဖြင့် မွေးကင်းစ ၆ လ အောက် ကလေးငယ်တွေပဲ ဖြစ်ပါတယ်...... တစ်ဖက်နိုင်ငံကတော့ တရုတ်နဲ့ ထိုင်းတို့ဖြစ်ပီး တရုတ်က အဝယ်များပါတယ်...... မွေးပီး ခိုင်းဖို့အတွက် ဝယ်ကြသလို၊ ကလေးအသားဟာ အားတိုးတယ် ဆိုတဲ့ စိတ်နဲ့ သတ်စားဖို့ ဝယ်ကြတာလည်း ရှိခဲ့ပါတယ်..... သူတို့အဆိုအရတော့ ဈေးကောင်းပေးတာ ထိုင်းက ပိုပေးတယ်လို့ သိရပါတယ်...... ဝ နဲ့ နယ်မြေခြင်း ထိစပ်နေတဲ့ ကိုးကန့် အထူးဒေသ (၄) မိုင်းလားနားက အချို့ဒေသတွေမှာ မွေးကင်းစ ကလေး ၃ လအောက်သေရင် မြေမမြှုပ်တောပဲ ဝယ်မယ့်လူကို ရောင်းစားလိုက်တယ်လို့ ဆိုပါတယ်.....
ကျွန်တော်ရောက်ချိန်မှာ မွေးထားတဲ့ ကလေး ၃ ယောက်ကို ရောင်းစားပီး ၇ ယောက်မြောက် ကလေးကို မွေးထားတဲ့ မိခင်တစ်ယောက်နဲ့ ဆေးခန်းမှာ ကြုံတုန်း စကားပြန်ကနေတစ်ဆင့် အင်တာဗျူးခွင့် ရခဲ့ပါတယ်..... အဓိက သူ့ရဲ့ ကလေးတွေအပေါ် ထားတဲ့စိတ်နဲ့ အကြောင်းခြင်းရာကို သိချင်တဲ့အတွက် စပ်စုခဲ့ခြင်းပါ..... ဒီကလေးတွေကို ရောင်းစားတာ ဘယ်လောက်ရသလဲမေးတော့ သူပြောပြပေမယ့် ပျမ်းမျှကတော့ ယွမ် ၁၅၀၀ နဲ့ ၂၀၀၀ ကြား ရပါတယ်..... အဲ့ဒိအချိန်က မြန်မာငွေနဲ့ဆို ၁၀ သိန်းအောက်ပါ..... ရောင်းလိုက်တဲ့ကလေးတွေကို သတ်စားမယ်ဆိုတာ မသိဘူးလားမေးတော့ သိတယ်တဲ့..... ဒါဖြင့် ဘာလို့ ရောင်းစားလဲမေးတော့ ဆင်းရဲနေတာ အဲ့လိုမှ ရောင်းမစားရင် ဘယ်သူက ရှာကြွေးမှာလဲ ဆရာရယ်၊ ယောက်ျားလည်း အားကိုးမှ မရတာတဲ့...... ဒီကလေးတွေကို မချစ်ဘူးလား မေးတော့ ချစ်ပေမယ့် လိုချင် နောက်တစ်ယောက် ယူလို့ရတယ်လေတဲ့...... မွေးဖို့ကလည်း ဆရာတို့လို အဖွဲ့အစည်းတွေ ရှိနေတော့ မပူရဘူးလေ ဆိုတဲ့စကားကို ကြားရတော့ ဆက်မေးဖို့ ကျွန်တော်ခွန်အားမရှိလို့ လှည့်ထွက်လာခဲ့ဘူးတယ်......

တစ်ချို့တွေ ပြောနေတဲ့ ဝ ဒေသမှာ မြန်မာတွေ ရဲရဲ သွားလို့ မရဘူးဆိုတဲ့ ကိစ္စကတော့ မိုင်းမောတော့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မိုင်းပေါက်၊ ပန်ဆန်းမှာတော့ ကျွန်တော် တည်းတဲ့နေရာကို မနက် လေးနာရီ၊ ငါးနာရီမှ ပြန်ပေမယ့်လည်း ပြဿနာတစ်ခုမှ မဖြစ်ခဲ့ပါဘူး..... များသောအားဖြင့် ဒစ်စကိုဘားမှာ သွားကပြီးတော့ ပြန်လေ့ရှိတဲ့ ကျွန်တော့်အတွက် ပန်ဆန်းက အိပ်မောကျနေတဲ့ မီးအိမ်နီ လမ်းလေးမှာ လမ်းလျှောက်ရတာ အဲ့ဒိအချိန်မှာ အင်မတန် ကြည်နူးဖို့ကောင်းတဲ့ အချိန်လေးတွေပါ..... မိုင်းမောမှာ ကျွန်တော်တို့လို လူစိမ်းတွေကို ၁၀ နာရီထိုးရင် ဆိုင်တွေကနေ လက်မခံဖို့ ကြေငြာချက်ထုတ်ထားပါတယ်..... ဒါပေမယ့် ရင်းနှီးနေရင် ကိုယ်နေတဲ့နေရာကို မှာပီးလာပို့ခိုင်းလို့ ရပါတယ်..... ဒါတွေ ပြောနေရခြင်းဟာ ဝ ဒေသရဲ့ ဒေသခံတွေရဲ့ ဘဝကို သိစေချင်တဲ့အတွက်ပဲ ဖြစ်ပါတယ်...... ဒီအပေါ်မှာ ကျွန်တော့်ရဲ့ သုံးသပ်ချက်ကို မပေးလိုပါ.... ကိုယ့်ဟာကိုယ် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ပါတယ်.....

ဝ ဒေသရဲ့ လမ်းတွေဟာ အင်မတန် ချောင်ကျတဲ့ နေရာတွေကလွဲပီး ဖြောင့်ဖြူးနေတာ များပါတယ်.... တောင်တွေအများစုမှာရှိတဲ့ သစ်ကြီး ဝါးကြီးတွေဟာ တရုတ်ရဲ့ လက်ချက်နဲ့ ကုန်ပါတယ်..... မိုင်းမောနဲ့ ပန်ဆန်းကြားမှာ ရွှေမိုင်းရှိပါတယ်..... ရွှေမိုင်းဟာ ကားလမ်းမကို ကန့်လန့်ဖြတ်လို ဖြစ်နေတဲ့အတွက် မိုင်းမောနဲ့ ပန်ဆန်းကို သွားတဲ့ ကားတိုင်းဟာ အဝင်တစ်ခါ၊ အထွက်တစ်ခါ အလေးချိန် ချိန်ရပါတယ်..... လူတွေပါ အဝင်ကော အထွက်ပါ လမ်းလျှောက်ရပီး အလေးချိန် ချိန်စက်ကနေ ဖြတ်ရပါတယ်...... တအားတင်းကြပ်ပါတယ် ဘယ်သူမှ စောဒက တက်ပိုင်ခွင့် မရှိပါဘူး...... အဆိုပါ နေရာမှာ ရွှေထွက်တယ် ဆိုတဲ့အချိန်မှာ တရုတ်ဟာ အကျိုးအမြတ်ကိစ္စကို ဘေးဖယ်ထားပါ လိုအပ်တဲ့ နည်းပညာ၊ ပစ္စည်းကိရိယာကို အကုန်သူတို့စိုက်လုပ်ပေးမယ်ဆိုပီး လုပ်ကိုင်ပေးနေတယ်လို့လည်း သိရပါတယ်...... မြန်မာနိုင်ငံမှာ ရွှေထွက်တဲ့တောင်တွေ အများကြီးရှိပါတယ်...... မှတ်ချက် ။ ။ ကျွန်တော်တို့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ဂွ မြို့ကြားက ရိုးမတောင်တွေ ရွှေထွက်လို့ အလုံးလိုက် ပျောက်သွားတာ လူမသိကြပါဘူး...... တရုတ်က လူသိရင်တစ်မျိုး မသိရင်တစ်မျိုးနဲ့ ဝါးမြိုဖို့ နည်းပေါင်းစုံ ကြိုးစားနေတာပါ......

ဆက်ရန်……….

ဓါတ်ပုံ ဝ ဒေသ၏ စီးပွားရေးမြို့တော် ပန်ဆန်း ခေါ် ပန်ခမ်း (Pang Kham)
ဆုံးသွားပီဖြစ်သော သူငယ်ချင်း စောမားကပ်စ်စီမှ ယူပါသည်....

အမျိုးသားအကျိုးစီးပွား ဦးစားပေးတဲ့ ပါတီတခု ပေါ်ပေါက်စေချင်

$
0
0
 
3 hours ago

အမျိုးသားရေးကို ဦးစားပေးတဲ့ ပါတီတစ်ခု ထွက်ပေါ်လာမယ်လို့ သတင်းတွေ ကြားလိုက်ရတော့ တကယ်ပဲ ဝမ်းသာမိပါတယ်.... တစ်ခါလာလည်း မဲပြာပုဆိုး ဆိုသလို အခြားသော ပါတီတွေလိုမျိုး ထူးမခြားနား ဇတ်ခင်းသွားမှာကိုတော့ စိုးရိမ်မိပါတယ်...... ဘာကြောင့်လည်းဆိုတော့ အမျိုးသား အကျိုးစီးပွားကို ဦးစားပေးမယ်လို့ သိထားရတဲ့အတွက်ပဲ ဖြစ်ပါတယ်....... အထူးသဖြင့် လက်ရှိ မြန်မာနိုင်ငံရေးမှာ ကြံ့ဖွံ့နဲ့ NLD က လွဲရင် အခြားရွေးချယ်စရာမရှိတဲ့ လူတွေအတွက် ထည့်သွင်းစဉ်းစားစရာ ပါတီကြီးတစ်ခုအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားစေချင်ပါတယ်......

လက်ရှိ ပါတီတွေလို နိုင်ငံရေး (Politics) ပဲ ဦးစားပေးမနေပဲ နိုင်ငံ့အရေးနဲ့ အမျိုးသားရေး စစ်စစ်ကို ဦးစားပေးစေချင်ပါတယ်..... အဓိက မြန်မာပြည်သူ လူထုတွေရဲ့ စားဝတ်နေရေးကို ပြေလည်အောင် ဖန်တီးပေးနိုင်မယ့် ပလန်ကောင်းကောင်းတွေကို ချပြရင်း လူထုကြားထဲကို ဝင်လာစေချင်ပါတယ်..... လူနေမှု ဘဝတွေကို မြှင့်တင်ပေးနိုင်မယ့် အကြံပြုချက်တွေကိုလည်း ကြိုတင်ပြင်ဆင်ပီး လူထုကြားမှာ ပွင့်ပွင့်လင်းလင်း ချပြပီး လက်ရှိနိုင်ငံရေး ကစားကွက်ထဲကို ဝင်လာမယ်ဆိုရင် အလွန်ပဲ ကောင်းမွန်ပါမယ်......

သယံဇာတ၊ မြေလွတ်မြေရိုင်း ပေါများနေသော်ငြား စနစ်တကျ စီမံခန့်ခွဲခြင်းမရှိနိုင်တဲ့ မြန်မာနိုင်ငံရဲ့ အားနည်းချက်တွေကို မဟာဗျူဟာ၊ နည်းဗျူဟာ ကောင်းကောင်းနဲ့ ဖြည့်တင်းနိုင်ပီး ပြည်သူလူထုအတွက် အသိဥာဏ်မြှင့်တင်ပေးနိုင်တဲ့ အစီအမံတွေ ဆောင်ရွက်လာရင်တော့ အကောင်းဆုံးလို့ ယူဆပါတယ်...... အမျိုးသား အကျိုးစီးပွားကို အကောင်အထည်ဖော်ရာမှာ အခြားသော ဘာသာခြားများကို တိုက်ခိုက်ခြင်း မရှိပဲ မိမိလူမျိုး အကျိုးစီးပွားအတွက် အမျှော်အမြင် ကြီးကြီးနဲ့ အကောင်အထည် ဖော်လာမှာမျိုးကို မျှော်လင့်ပါတယ်...... ဖြစ်လာခဲ့ရင်လည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေမှာပါ.....

အခြားသော နိုင်ငံရေး ပါတီများလို ဗဟိုက ချုပ်ကိုင်ထားခြင်းမျိုး၊ လူတစ်ဦးတစ်ယောက်အပေါ် မှီခိုနေခြင်းမျိုးမှ ကင်းအောင်လို့လည်း အစီအမံတွေ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်...... ငါနဲ့ မဆိုင်သရွေ့ နေသာသလို နေမယ်ဆိုတဲ့ နိုင်ငံရေး ပါတီမျိုး၊ Blame Game ကိုသာ ကျင့်သုံးနေတဲ့ နိုင်ငံရေး ပါတီများလို မကျင့်သုံးပဲ ပြည်သူလူထုအခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့် အကြံပြုချက်၊ လုပ်ဆောင်ချက်တွေနဲ့ စနစ်တကျ ဖော်ဆောင်လာစေချင်ပါတယ်.....

ဗဟိုမှ အာဏာကို ချုပ်ကိုင်ထားပြီး မည်သည့်အကြံပြုချက်မျှ လက်မခံပဲ မိမိတစ်ဦးတည်း ဆုံးဖြတ်ချက်သာ အတည်ဆိုတဲ့ ခေါင်းဆောင်မျိုးကို မရွေးချယ်စေရန် အကြံပြုလိုပါတယ်...... ထို့အတူ ပါတီတွင်းမှာပဲ စနစ်တကျ ဒီမိုကရေစီကို ဖော်ဆောင်စေချင်ပါတယ်..... မိမိနဲ့ နီးစပ်သူများကို လက်သင့်ရာ စားတော်ခေါ်ခြင်းမျိုးအစား အရည်အချင်းပေါ်မူတည်၍ နေရာပေးခြင်းမျိုးနှင့် တိုင်းပြည်အတွက်၊ နိုင်ငံ့အတွက် ဦးစားပေးသူများကို ရွေးချယ်စေချင်ပါတယ်.....

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အဓိက အခြေခံလူတန်းစားတွေဖြစ်တဲ့၊အလုပ်သမား၊ လယ်သမား လူတန်းစား၊ ပုဂ္ဂလိက ကုမ္ပဏီ လခစား ဝန်ထမ်းများ၊ အောက်ခြေ အစိုးရ ဝန်ထမ်းများရဲ့ ဘဝကို မြှင့်တင်ဖို့ ပလန်တွေချပြပီး တိုးဝင်လာစေချင်ပါတယ်......အခြားသော ပါတီများလို ရှေ့ဆက်သွားမယ့် ပလန်ကို ချပြနိုင်ခြင်းမရှိပဲ နိုင်ငံရေးကို လုပ်မယ်လို့ တွင်တွင်အော်နေတာမျိုးကို မလိုချင်ပါဘူး........

အဓိက အကြံပြုချင်တာကတော့ ၂၀၁၅ မှာ နေရာအများစုကို မမှန်းပဲ ရ သလောက်ယူနိုင်အောင် ကြိုးစားစေချင်ပါတယ်.......ထိုမှတစ်ဆင့် ၂၀၂၀ အတွက်ကို စနစ်တကျ ပြင်ဆင်စေချင်ပါတယ်...... လက်ရှိ နိုင်ငံရေး အခင်းအကျင်းများအရ ၂၀၁၅ တွင် မဲခိုးခြင်းမရှိလျင် မည်သို့သော အစိုးရမျိုး တက်မည်ဆိုသည်ကို ခန့်မှန်းလို့ ရပါတယ်..... သို့ဖြစ်တဲ့အတွက် လူအများစုဟာ သူတို့ရဲ့ အိပ်မက်အစိုးရကို မြင်တွေ့ခွင့်ရပါလိမ့်မယ်....... အိပ်မက်နဲ့ လက်တွေ့ ကွာခြားမှုပေါ်မှာ ပြောင်းလဲလာမည့် လူတွေကို သိမ်းသွင်းနိုင်ပီး ၂၀၂၀ မှာ အောင်ပွဲဆင်ဖို့ မဟာဗျူဟာကျကျ ရည်မှန်းပီး လုပ်ဆောင်စေချင်ပါတယ်......

ပြိုင်ဆိုင်မှုမရှိပဲ ပြည်သူလူထုအတွက် ၎င်းတို့ရဲ့ ရှေ့ဆက်မယ့် ပလန်တွေကို ချမပြနိုင်တဲ့ လက်ရှိ နိုင်ငံရေး ပါတီတွေကြားကို တိုးဝင်လာမှာဖြစ်တဲ့အတွက် ကြိုဆိုပါတယ်...... ရေသေဖြစ်နေတဲ့ မြန်မာ့ နိုင်ငံရေးလောကအတွက် သတင်းကောင်းတစ်ခုလို့ မှတ်ယူပါတယ်.... ပြည်သူလူထုအပေါ်မှာ ထားတဲ့စေတနာ အဆင့်အတန်း၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေပေါ် မူတည်ပီး ပြည်သူလူထုကို ဦးစားပေးတဲ့ ပါတီ ဖြစ်စေချင်ပါတယ်..... ထို့အတူ အနာဂါတ်အတွက် ဦးဆောင်မယ့် ခေါင်းဆောင်တွေကိုပါ ကြိုတင်ရွေးချယ်သွားတဲ့ ပုံစံမျိုးနဲ့ အနာဂါတ် မြန်မာနိုင်ငံအတွက် ထည့်သွင်း စဉ်းစား ပုံဖော်လာမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါ......

ကျွန်တော့်ရဲ့ ပုဂ္ဂလိကအမြင်အရတော့ ကြိုဆိုပါတယ်.....

ဆရာကျော်ဝင်း ပို့ချတဲ့ Federalism Lecture

$
0
0
Part (1) ကျနော်ချစ်တဲ့ကရင်တွေ အချိန်ယူပြီးကြည့်ကြပါ အင်မတန်မှအကျိုးရှိတဲ့ လေ့လာမှတ်သားစရာတွေ အများကြီးပါပါတယ်. 19th May 2013 မှာ Wave Myanmar မှကြီးမှူးတဲ့ ဆရာကျော်ဝင်း ပို့ချတဲ့ Federalism Lecture ပါ. တိုင်းရင်းသားတွေအတွက်အကျိုးရှိမှာပါ အထူးသဖြင့် ကရင်တွေ မထိုင်ကြနဲ့တော့ ရေသာမခိုကြပါနဲ့တော့ မျက်စိဖွင့်နားစွင့်ပြီး ကရင်တမျိုးသားလုံးအတွက်နိုးကြားဖို့အချိန်တန်ပြီ.

" တပ်မတော် …..ဘာလဲ….ဘယ်လဲ…- ၇ "

$
0
0

၁၉၈၉ ခု ဇူလိုင် ၂၀ ရက်နေ့  နံနက် မှာ ……
ရန်ကုန်မြို့ မှာရှိတဲ့ …….
အဓိက အတိုက်အခံ ပါတီခေါင်းဆောင်ရဲ့ နေအိမ်ခြံဝင်းကို …….
တပ်မတော်ထောက်လှမ်းရေးက ဦးစီးတဲ့ ……
လုံခြုံရေးတပ်ဖွဲ့ ဝင်များက ၀င်ရောက်စီးနင်းခဲ့ပါတယ်……..
ဒီစီးနင်းမှုဟာ …….
၁၉၈၈ စက်တင်ဘာ ၂၈ ရက်နေ့ စစ်ကိုင်းမြို့ မှာ ပြုလုပ်ခဲ့တဲ့ ……
ဗကပ ယူဂျီတစ်ချို့ ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဆက်စပ်နေပြီး ……
တလစပ် ဖြစ်လာတဲ့ စစ်အစိုးရ ဆန့် ကျင်ရေး ဆန္ဒပြပွဲများကလဲ ……
ဒီစီးနင်းမှုကို အချိန်စောစောဖြစ်ပေါ်စေခဲ့ပါတယ်………။


အရေးအခင်း ပြီးကာစ ကာလ ... ဗကပ ဗဟိုကော်မတီဟာ …….
စစ်ကိုင်းမြို့ ကပေးပို့ လာတဲ့ …..
နောက်ထပ် နိုင်ငံရေး အုံကြွမှု ဖြစ်ချိန်နဲ့  အချိန်ကိုက်…….
မြို့ တွေပေါ်မှာ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲဖို့  …….
DPA ( Democratic Patriotic Army ) ဒီမိုကရေစီမျိုးချစ်တပ်မတော် ..တည်ထောင်ရမယ်…..
တပ်ဖွဲ့ ဝင်တွေကို ယူဂျီတွေကတစ်ဆင့် စုဆောင်းပြီး ……..
ဗဟိုမှာ သင်တန်းပေးမယ်……
တစ်ချိန်တည်းမှာ….
မြေပေါ် နိုင်ငံရေးပါတီများအတွင်းမှာလဲ…….
အမာခံတွေကို စနစ်တကျ မြုပ်နှံထားပြီး …….
အချိန်ကျတာနဲ့ တစ်ပြိုင်တည်း ……..
ဟန်ချက်ညီ ဖောက်ခွဲတိုက်ခိုက်ရမယ်ဆိုတဲ့ ……
၃၂၈ မုန်တိုင်းစစ်ဆင်ရေး နဲ့ …..
၁၁၁ စစ်ရေး စီမံကိန်း စီမံချက်များကို ……
ချက်ချင်းပဲ အတည်ပြုပေးခဲ့ပါတယ်………..
အဲဒီ စီမံချက်အရ ၁၂.၂.၈၉ ရက်နေ့ မှာ …….
မန်းလေး တက္ကသိုလ်က ယူဂျီ ဆရာတစ်ဦးခေါင်းဆောင်တဲ့ ……
ကျောင်းသားလူငယ်၄၆ ဦးဟာ ....
ဗကပ ဗဟိုမှာ …….
ဖောက်ခွဲရေးနဲ့ စစ်ပညာသင်တန်းကို စတင်တက်ရောက်ခဲ့ပြီး …….
၁၉၈၉ ဇွန်လ ၂၀ ရက်မှာ…….
မိမိတို့  နေရပ်ဒေသအသီးသီးကို …..
ပြန်လည်ရောက်ရှိ စိမ့်ဝင်ခဲ့ပါတယ်…….။


၁၉၈၉ မတ်လရဲ့ နောက်ပိုင်းရက်တွေမှာ….
ဒီမိုကရေစီ ကိုချေမှုန်းဖို့ ……
တပ်မတော်က အာဏာသိမ်းခဲ့တယ်လို့ ယူဆသူ ကျောင်းသားလူငယ်တွေနဲ့  ……
ဆူပူမှုတွေ ဖြစ်ပွားအောင်လုပ်ပြီး …….
တိုင်းပြည်ကို မတည်ငြိမ်အောင် လုပ်နေတယ်လို့ ယူဆသူ တပ်မတော် အကြား …….
ထိပ်တိုက်ရင်ဆိုင်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ် ……..
အဲဒီထဲက ….ဘုန်းမော် နှစ်ပတ်လည်နေ့ နဲ့ ……
တံတားဖြူ နှစ်ပတ်လည်နေ့ အရေးအခင်းတွေကို ……
တပ်မတော်က ဖြိုခွဲပြီးခဲ့ ချိန်မှာတော့ …….
ပါတီဝင် လူငယ်အတော်များများ ထိန်းသိမ်းခံခဲ့ရတဲ့အတွက် …….
တပ်မတော်နဲ့ အဓိက အတိုက်အခံပါတီကြား ယုံကြည်မှုဟာ …….
အတော်ကို ဆိုးဆိုးရွားရွား ပျက်ယွင်းခဲ့ရပါပြီ…….။


တပ်မတော်အနေနဲ့ ……
ဆူပူမှုတွေ မဖြစ်ပွားဖို့ .....
ရည်ရွယ်ပြီးထုတ်ပြန်ခဲ့ တဲ့ အမိန့် ကြေငြာချက်တွေဟာ ……
ဒီမိုကရေစီမကျတဲ့ အတွက် …….
လိုက်နာစရာမလိုဘူးဆိုတဲ့ အယူအဆတစ်ရပ်ဟာ …….
ပြည်သူလူထုကြား အတော်ကို ရေပန်းစားလာခဲ့ပြီး ……..
၂၁.၆.၈၉ ရက်နေ့ မှာတော့ …….
အဓိက အတိုက်အခံပါတီကြီးက ထုတ်ဝေတဲ့ စာရွက်စာတမ်းတိုင်းမှာ ……
အများသဘောမတူတဲ့ အမိန့် အာဏာ ဟူသမျှ .....
တာဝန်အရ ဖီဆန်ကြ ဆိုတဲ့  ဆောင်ပိုဒ်ဟာ ……
အမြဲလိုလို နေရာယူလာခဲ့ပါပြီ ………
ဒါဟာ ....လက်ခုပ်သံတစ်ဖြောင်းဖြောင်း ဆူညံသွားစေခဲ့ပြီး ……..
ပါတီအပေါ် လူထုထောက်ခံမှု အမြောက်အများ ရရှိခဲ့ ပေမယ့် …….
တိုင်းပြည်တစ်ခုလုံး မီးဟုန်းဟုန်းတောက်ခဲ့တာ တစ်နှစ်ပဲရှိသေးပြီး …….
အခြေအနေကိုတည်ငြိမ်အောင် ......
မနည်းထိန်းသိမ်းနေရတဲ့ အစိုးရ တစ်ရပ်အဖို့ တော့ …….
အတော့်ကို စိတ်ပျက်ဖို့ ကောင်းတဲ့ .....
အယူအဆ တစ်ခုလည်းဖြစ်ပါတယ်……..
အဲဒီနောက်ပိုင်းမှာတော့ …တပ်မတော် အနေနဲ့ ……
ဒီ အတိုက်အခံပါတီဟာ …..
သူတို့ ကို ....
ထိပ်တိုက်ရင်ဆိုင်ရေး(Confrontation) နည်းလမ်းတွေပဲသုံးပြီး…..
အမြဲဘေးကျပ်နံကျပ်ဖြစ်အောင် လုပ်နေတယ်လို့ …..
ယူဆစပြုလာပါပြီ….........။

တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့ ဟာ….
၂၀.၇.၈၉ ရက်နေ့ စီးနင်းမှုအပြီးမှာ….
ခြံဝင်းတွင်းနေထိုင်သူ ၄၀ ကို ခေတ္တ ထိန်းသိမ်းခဲ့ပြီး….
သိမ်းဆည်းရမိသမျှ စာရွက်စာတမ်း အမြောက်အများကိုလဲ….
သူတို့ မှာ နဂိုရရှိထားတဲ့ သတင်းအချက်အလက်တွေနဲ့ …..
တိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်……
အဲဒီထဲကမှ ....
ကေအန်ယူ ဗဟို ဥက္ကဌ ဗိုလ်ချုပ်မြ က ....
အတိုက်အခံ ခေါင်းဆောင်တွေထံ လိပ်မူရေးသားထားတဲ့ စာ နဲ့ .....
ဗကပ ဗဟိုကော်မတီ ရဲ့ ကြေငြာချက် စာတမ်း အတော်များများကို တွေ့ ရှိရခြင်းဟာ ....
တပ်မတော် ကို တော့ .....
အတော့်ကို ယမ်းပုံမီးကျ ဖြစ်စေခဲ့ပါတယ်….....။


ဒီမိုကရေစီ အရေးအတွက် .....
စစ်အစိုးရနဲ့ ဆန့် ကျင်ဖက် ဘယ်အဖွဲ့ အစည်းနဲ့ မဆို .....
မိတ်ဆွေ အဖြစ် ဆက်သွယ်ရမယ် ဆိုတဲ့အယူအဆဟာ .....
အပြင် အရပ်သားတစ်ယောက် အနေနဲ့ တော့ .....
ဘာမှ သိပ်မထူးခြားလှပေမယ့်….
စစ်သား တစ်ယောက်အတွက်တော့ ....
၁၉၄၈ ကတည်းက …..
တဂျိမ်းဂျိမ်း တိုက်ခဲ့ရတဲ့ စစ်ပွဲတွေမှာ.....
သူတို့ စစ်သည်တွေရဲ့ အသက် အမြောက်အများကို ချွေယူခဲ့တဲ့ ....
ရန်သူတွေနဲ့  အဆက်အသွယ်လုပ်နေတယ် ဆိုတဲ့ အဖြစ်ဟာ…
ခါးသီးဖို့ ကောင်းလှတဲ့ ......
ဧရာမ နာကျည်းစရာ ကိစ္စ ကြီး တစ်ခု ဖြစ်နေခဲ့ပါတယ်….
ပြသနာကို ပိုမိုဆိုးရွားစေခဲ့တာကတော့ ….
ထိန်းသိမ်းခဲ့သူ ၄၀ ထဲက တစ်ဦးဟာ….
တောတွင်းကရောက်ရှိနေပြီး .....
နိုင်ငံခြားသံရုံးများနဲ့ အဆက်အသွယ်ယူဖို့ စောင့်ဆိုင်းနေတဲ့ ….
ABSDF က တာဝန်ခံ စိုးမြတ်သူ ဆိုသူ ဖြစ်နေတာပါပဲ……..။

( အပိုင်း ၈ နောက်ရက်ဆက်တင်ပါမည် )
— with James Mint and 39 others.

အသက်ကိုနှင်း၍

$
0
0
by Maung Maung Than (Notes) on Monday, May 27, 2013 at 9:12am
အသက်ကိုနှင်း၍

မြ၀တီပျက်လုံးပါ
မရှက်တမ်းဝန်ခံရရင် ပြက်လုံးကို မြ၀တီမှာလဲကြည့်ရတယ် အပြင်မှာ တကယ်ကတာလဲ ကြည့်ရတယ် လေးကြိမ်လောက်ကြမှ သဘောပေါက်တော့တယ်

မင်းသမီးကို ပိုးတာ၊ သီချင်းကြိုက်တဲ့မင်းသမီးဆိုတော့ သီချင်းလေးတွေ ဆိုဆိုပြတယ်၊ ပိုးတဲ့လူပျက်က အသံမကောင်းတော့ ဓါတ်စက်ကြီး သယ်လာပြီး ဖွင့်ပြရတယ်။


ဓါတ်စက်ကြီးက နောက်လူပျက်လုပ်ပါတယ် မြင်းကြီးလို့ နာမည်ပေးထားတဲ့ လူပျက်၊ နာမည်မေ့နေပြီ၊ မြ၀တီ အော်ရီဂျင်နယ်တွေပဲ

ပထမပိုင်းတော့ သီချင်းအကောင်းလေးတွေဆိုနေတာ၊ ဆိုနေရင်းနဲ့ အသံက ညောင်နာနာ ဖြစ်သွားတယ်၊

ဒီခေတ်လူငယ်တွေကတော့ ကြားဘူးတော့မှာမဟုတ် သံပတ်လျော့သွားတဲ့အသံကိုး၊ ဓါတ်စက်ကြီးက ရှေးခေတ်က သံပါတ်နဲ့ လည်တာဆိုတော့ သံပါတ်လျော့သွားရင် အသံကျသွားပြီး သံပတ်တင်းပေးရလေရဲ့ ၊ ဒီခေတ်ဆိုရင်တော့ ဘက်ထရီအားနည်းသွားတဲ့ အသံပေါ့၊

အဲဒီမှာကို ကျနော်တို့ ရီနေကြပါပြီ၊
သီချင်းအကောင်း ၃ပုဒ်လောက်ဆိုပြပြီးမှ ဘယ်ရောက်သွားလဲဆိုတော့ တွံတေးသိန်းတန်ရဲ့ အသီးတရာ အညှာတစ်ခု

ပထမပုဒ်ကို အရင်အတိုင်းပဲ ပျက်နေတာ သံပတ်ကျသွားတယ် ပြန်တင်းပေးတယ် လျောလျောရှုရှုပဲ

အဲ လာပါပြီ စစ်ချီတေးနဲ့ 

ကြည်းရေလေ တပ်မတော်တွင်းက သူငယ်ချင်းရေ ရဲရဲတောက် တိုက်စစ်ဆင်ခါနေ

အဲဒီမှာ ရဲရဲတောက် ရဲရဲတောက်ဆိုပြီး အသံကျသွားလိုက်တာ ခါတိုင်းထက် သုံးဆလောက်ကို သံပတ်တင်းပေးတော့မှာ ပုံမှန်အသံထွက်လာပါတော့တယ်

ဆက်ပြီးဆိုပါပြီ၊ တောင်ကြားတောင်ကြား မရှောင်ရှား အများအတွက်ဖြင့် အသက်ကို စွန့် လို့ နေ

အသက်ကိုစွန့် လို့ အသက်ကိုစွန့် လို့ ဆိုပြီး သံပတ်ကျလိုက်တာ နောက်ဆုံးဘယ်လိုမှ တင်းလို့ မရတော့ပဲ ထောင်းကနဲ သံပတ်ပြတ်ထွက်သွားပြီး ဓါတ်စက်ကြီးကို ထမ်းပြီး ဇာတ်ခုံနောက် ဆွဲသွင်းသွားကြပါတော့တယ်ခင်ဗျား


ကျနော်တကယ့်ကို ၀န်ခံပါတယ် ပိန်းချက်၊ ဆိုလိုရင်းကို လေးခါလောက်ကြည့်ပြီးမှပဲ သဘောပေါက်လေရဲ့ 

အလေးနီပြုပါတယ် မြင်းကြီးတို့ အုပ်စုခင်ဗျား

ဆေးဝါးများ မှီဝဲရာတွင် လိုက်နာသင့်သော ညွှန်ကြားချက်များ

$
0
0

ဆေးဝါးများ မှီဝဲရာတွင် လိုက်နာသင့်သော ညွှန်ကြားချက်များ
             

အစာမစားမီ သောက်သင့်သော ဆေးများ မှီဝဲမည်ဆိုလျှင် အစာမစားခင် အနည်းဆုံး မိနစ် ၃၀ ခြားပြီး ဒီဆေး တွေကို မှီဝဲဖို့ လိုပါတယ်။
အစာမစားခင် နှစ်မိနစ် အလိုမှာ ဆေးမသောက် သင့်ပါဘူး။ (အကြောင်းပြချက်- ဆေးဝါးတချို့ဟာ အစာရှိချိန်မှာ စားလိုက်ရင် အာနိသင် လျော့ကျ သွားတတ်လို့ပါ။) အစာစားပြီး သောက်သင့်သော ဆေးများ မှီဝဲမည်ဆိုလျှင် အစာစားပြီး ၅-၁၀ မိနစ်ကြာမှ ဆေးသောက် ရပါမယ်။ (အကြောင်းပြချက်- တချို့ဆေးတွေက အစာမရှိဘဲ စားလိုက်ရင် အစာအိမ်ကို မအီမသာ ဖြစ်စေ နိုင်ပါတယ်။ အစာရှိမှ ဝေဒနာ သက်သာ သွားနိုင်လို့ပါ။) ဆေးပတ်လည်အောင် သောက်ပါ ဆေးအားလုံးကို ဝေဒနာ သက်သာတဲ့ အထိ သတ်မှတ်ကာလ ပြည့်မီအောင် သောက်သင့် ပါတယ်။ (အကြောင်းပြချက်- သင့်ခန္ဓာကိုယ် ထဲမှာ ကျန်ရှိနေတဲ့ ပိုးမွှားတွေ သေစေဖို့ရာ အတွက် ဆေးပတ်လည်တဲ့ အထိ သောက်သင့် တာပါ။ ပိုးမွှားတွေ ကျန်နေရင် ပိုမို အာနိသင် ပြည့်လာပြီး ဆေးတွေကို ခုခံနိုင်စွမ်းရှိကာ နောက်တစ်ကြိမ် နာမကျန်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ) အားဆေး မှီဝဲမည်ဆိုလျှင် နေ့အချိန်အတွင်း အစာစားပြီးနောက် အားဆေးကို မှီဝဲ သင့်ပါတယ်။ အစာမရှိဘဲ အားဆေး မသောက်ပါနဲ့။ (အကြောင်းပြချက်- ဆီးကနေ ဗီတာမင် ဘီနဲ့စီ မြန်မြန်ထွက်ရှိ သွားတာကြောင့် အားဆေးရဲ့ အာနိသင် ဆုံးရှုံးသွား ပါလိမ့်မယ်)။
Good Health
 
 http://www.themeltingpot4u.com/2013/05/blog-post_1680.html မှကူးယူဖော်ပြပါသည်။

ပန်းနှင့်လူ

$
0
0
Photo: ပန်းနှင့်လူ ===== ပန်းတို့ အလှ သဘာဝမှာ လူ့ ဘောင်လောက သာယာလှဘို့  မျက်စေ့အလှပသာဒနှင့် မွှေးနံ့ သင်းထုံ ရနံ့ စုံဖြင့် လောကအလှဆင်ဘိကြသို့  လူမျိုးအဖုံဖုံ လမ်းစုံစုံဖြင့် လူ့ လောကကို လူပီသစွာ လူတိုင်းကောင်းကျိုးပြုနိုင်ပါစေသတည်း။  ပွင့်သောပန်းတိုင်းလှပါစေ လှသောပန်းတိုင်းလန်းပါစေ လန်းသောပန်းတိုင်းမွှေးပါစေ။  မြန်မာတိုင်းလည်းလှပါစေ လှသောမြန်မာလန်းပါစေ လန်းသောမြန်မာမွှေးပါစေ။  ပန်း ဆိုသည်မှာ ပန်းကိုပန်းခြင်းမဖျက်စီးပါ ပန်းဆိုသည်မှာ လောကအလှဘာဝကိုမဖျက်စီးပါ။ ပန်းကို ပန်းခြင်း အကျိုးပြုရင်းဖြင့် လောကဤကမ္ဘာအကျိုးပြု နေတာ မြန်ပြည်သားတိုင်းသိကြပါစေ သံကိုသံဖျက် သံချေးမတက်ကြပါစေနဲ့ လေ။  တိုးတက်ဖွံ့ ဖြိုး အစပျိုးသလို ဤမြန်ပြည်ကို မြန်မာတိုင်းက ချစ်ကြသည်မှာ ပကတိအရှိတရားပင်။  ရောင်သွေးစုံစုံ ရနံ့ စုံကြောင့် တိုးတက်မြန်ပြည် ခေတ်ရွှေပြည်ဆီ ချီကာ တက်လှမ်း ခရီးကြမ်းဝယ် ထင်မြင်ယူဆ ဝါဒ မျှဖြင့် လမ်းစတွေကို မဖျောက်ကြစေလို တောင့်တင်းခိုင်မာ ပြည်သာယာမှ သင်တို့ စိတ်ကြိုက်ပြုပါလေဟု ငြိမ်းချမ်းဒီလူ တောင်းဆုယူသည် ယူသည့်တောင်းစုမြန်ပြည်ဒု ပြည့်ဝပါစေသား။  ငြိမ်းချမ်းလူ ၂၇-၅-၂၀၁၃ ၁၁း၅၀မိနစ်။
=====
ပန်းတို့ အလှ
သဘာဝမှာ
လူ့ ဘောင်လောက
သာယာလှဘို့ 
မျက်စေ့အလှပသာဒနှင့်
မွှေးနံ့ သင်းထုံ ရနံ့ စုံဖြင့်
လောကအလှဆင်ဘိကြသို့ 
လူမျိုးအဖုံဖုံ လမ်းစုံစုံဖြင့်
လူ့ လောကကို
လူပီသစွာ
လူတိုင်းကောင်းကျိုးပြုနိုင်ပါစေသတည်း။

ပွင့်သောပန်းတိုင်းလှပါစေ
လှသောပန်းတိုင်းလန်းပါစေ
လန်းသောပန်းတိုင်းမွှေးပါစေ။

မြန်မာတိုင်းလည်းလှပါစေ
လှသောမြန်မာလန်းပါစေ
လန်းသောမြန်မာမွှေးပါစေ။

ပန်း ဆိုသည်မှာ
ပန်းကိုပန်းခြင်းမဖျက်စီးပါ
ပန်းဆိုသည်မှာ လောကအလှဘာဝကိုမဖျက်စီးပါ။
ပန်းကို ပန်းခြင်း အကျိုးပြုရင်းဖြင့်
လောကဤကမ္ဘာအကျိုးပြု နေတာ
မြန်ပြည်သားတိုင်းသိကြပါစေ
သံကိုသံဖျက် သံချေးမတက်ကြပါစေနဲ့ လေ။

တိုးတက်ဖွံ့ ဖြိုး အစပျိုးသလို
ဤမြန်ပြည်ကို
မြန်မာတိုင်းက
ချစ်ကြသည်မှာ
ပကတိအရှိတရားပင်။

ရောင်သွေးစုံစုံ ရနံ့ စုံကြောင့်
တိုးတက်မြန်ပြည် ခေတ်ရွှေပြည်ဆီ
ချီကာ တက်လှမ်း ခရီးကြမ်းဝယ်
ထင်မြင်ယူဆ ဝါဒ မျှဖြင့်
လမ်းစတွေကို မဖျောက်ကြစေလို
တောင့်တင်းခိုင်မာ ပြည်သာယာမှ
သင်တို့ စိတ်ကြိုက်ပြုပါလေဟု
ငြိမ်းချမ်းဒီလူ တောင်းဆုယူသည်
ယူသည့်တောင်းစုမြန်ပြည်ဒု
ပြည့်ဝပါစေသား။

ငြိမ်းချမ်းလူ
၂၇-၅-၂၀၁၃
၁၁း၅၀မိနစ်။
— with Yaung Ni Oo and 15 others.


အမှောင်ည

$
0
0
Photo: အမှောင်ည  “ ၀က် ကွ ၀က်။ ၀က်.. ၀က် … ၀က် ” “ ဟာ တောက် ” ရှဥ့်ကျသွားသည်။ စားသွားသည်။  တစ်ယေက် တစ်လှည့်ပေါ့ကွာ။ ၀က်ပဲထပ်ထိုးလိုက်သည်။  လည်နေသော စက်ဝိုင်းအရှိန်လျော့လာသည်။ ရပ်ပြီ။ ၀က်။  အလျော် ရလိုက်သည်။  “ အခြေအနေဘယ်လိုလဲ ငါတော့ပြောင်ပြီ ” လှည့်ကြည့်တော့ သူငယ်ချင်းတစ်ဦး။  “ ငါတော့မဆိုးဘူးကွ ငါးချိန်းလောက်တာ့ခိုင်ပြီ။ ဟိုကောင်တွေရော ဒီတစ်လှည့်ထိုးပြီး တစ်ခုခု သွားစားရအောင် ”  ကြက်ကိုသုံးထောင်ထိုးလိုက်သည်။ ကြက်ကျသည်။ ကိုးထောင်ရသည်။ အနိုင်နဲ့ပိုင်းထားမှ။  “ သွားမယ် ”  နှစ်ယောက်သား ကစားဝိုင်းမှ လှည့်ထွက်လာခဲ့ပြီး သူငယ်ချင်းနှစ်ယောက်ကို ရွှေဘောလုံးဝိုင်းမှာ ၀င်ခေါ်ရသည်။ နှစ်ယောက်လုံးက လောဘဇောကပ်နေသည်။  “ ဟကောင်တွေ ဗိုက်စာပြီ ၀ါးတီးသွားဖွင့်ရအောင် ”  လေးယောက်သား ဆိုင်တစ်ဆိုင်ထဲ ၀င်ထိုင်လိုက်သည်။  “ ဘာသုံးဆောင်ကြမလဲ အစ်ကိုတို့”  “ အင်း လောလောဆယ် …”  သူငယ်ချင်းတွေကို ကျွန်တော်ကြည့်လိုက်သည်။ သူတို့က အထာပေါက်သည်။  “ အရက်တော့မဖြစ်ဘူးကွ။ ဘီယာလောက်ပဲ သောက်ရအောင်။ တော်ကြာ မပြန်နိုင်ဖြစ်နေဦးမယ်”  “ မပြန်နိုင်လဲ ဘာအကြောင်းလဲကွ ဒီမှာအိပ်ကြတာပေါ့ ” ပြောရင်း ဆိုင်က ကောင်မလေးကို စပ်ဖြီးဖြီးနှင့် မော့ကြည့်လိုက်သည်။  “ ရှင် ”  ကောင်မလေးကြောင်သွားသည်။ လေးယောက်သား ရယ်လိုက်ကြသည်။ သောက်ဖို့ ဘီယာတစ်လုံးစီ မှာသည်။ အမြည်းမှာသည်။ သောက်နေရင်း အရှိန်လေးရလာတော့ နောက်တစ်လုံးစီ ထပ်မှာလိုက်ရပြန်သည်။  သောက်ပြီး ဗိုက်ဖြည့်ရန် ထမင်းသုတ်တစ်ပွဲစီမှာစားလိုက်သည်။ စားနေရင်း သူငယ်ချင်းတစ်ဦးက  “ သွားရည်ကိုကျသွားတာပဲ ”  “ ဘာလဲကွ ဘာကို သွားရည်ကျရတာလဲ ” သူက မေးငေါ့ပြသည်။  လမ်းပေါ်က မိန်းကလေးများ ဟိုဒီသွားလာနေကြသည်။ သူတို့ရဲ့ ခန္ဓာကိုယ်အလှပများကို သဘာဝကျကျ မြင်ရအောင် ဟိုက်သင့်သည့်နေရာဟိုက်ထားသည်။ ခွဲသင့်သည့်နေရာများ ခွဲထားကြသည်။ ခုမှ လူကပိုပြီး ဝေတေတေဖြစ်သွားသည်။  “ မင်းတို့က အပေါ်ယံအလှပဲကြည့်တာကိုး။ ရုပ်ကိုသေချာကြည့် အိမ်ကလာတော့ မိတ်ကပ်နဲ့လှတပတ၊ ပွဲခင်းထဲရောက်တော့ ဖုန်တလိမ်းလိမ်းနဲ့ ရွံ့စရာကြီးကွာ။ အပုပ်ကောင်တွေပါ ”  သုံးယောက်သား ကျွန်တော့်ကိုဝိုင်းကြည့်ပြီး  “ မင်းက မူးရင် တရားစကားတယ်ပြောတတ်သနော် ” ကျွန်တော်လည်း စပ်ဖြဲဖြဲဖြင့် ရယ်ပြလိုက်သည်။  ကျသင့်ငွေရှင်းပြီး ပွဲထဲလျှောက်ကြည့်မိပြန်သည်။ နားကပ်နှင့် ကောင်လေးများ၊ ဆံပင်နီကြောင်ကြောင် တွန့်လိမ်ကောက်ကွေးများနှင့် ပွဲခင်းတစ်ခုလုံး ရောင်စုံပြေးနေသည်။  ကစားလိုက်၊ စနောက်နှင့် အချိန်ကုန်မှန်းမသိလိုက်။ နာရီကြည့်မိမှ တစ်နာရီထိုးပြီ။ နာရီကြည့်မှ အိပ်ချင်လာသည်။ လေးယောက်သား မှိန်းတိမ်းတိမ်းနှင့် ပြန်ခဲ့ကြတော့သည်။  …………………………………………………  နံနက်အိပ်ယာထတော့ ခေါင်းတွေမူးနေပြီ။ မျက်နှာသစ်၊ သွားတိုက်ပြီး ကော်ဖီမစ်ထဲ သံပရာရည်ညှစ်သောက်ရသည်။  ကျွန်တော်ထိုင်ခုံပေါ်မှာ ထိုင်သောက်နေချိန် အမေ့ဘုရားရှိခိုးသံကြားလိုက်ရသည်။  “ ဟာ ”  ပါးစပ်မှ အာမေဍိတ်သံ ထွက်သွားသည်။  ညက လောင်းကစားလုပ်၊ သောက်စား၊ စနောက်ပြီးပြန်ခဲ့သည်။  တစ်ယောက်မှ ဘုရားမကန်တော့ခဲ့ကြ။  သွားခဲ့တာက ဘုရားပွဲ။         မောင်ပိုင်      ၁၄-၄-၂၀၀၆(မြစ်ကြီးနားမြို့)

“ ၀က် ကွ ၀က်။ ၀က်.. ၀က် … ၀က် ”
“ ဟာ တောက် ” ရှဥ့်ကျသွားသည်။ စားသွားသည်။
တစ်ယေက် တစ်လှည့်ပေါ့ကွာ။ ၀က်ပဲထပ်ထိုးလိုက်သည်။
လည်နေသော စက်ဝိုင်းအရှိန်လျော့လာသည်။ ရပ်ပြီ။ ၀က်။ အလျော် ရလိုက်သည်။
“ အခြေအနေဘယ်လိုလဲ ငါတော့ပြောင်ပြီ ” လှည့်ကြည့်တော့ သူငယ်ချင်းတစ်ဦး။
“ ငါတော့မဆိုးဘူးကွ ငါးချိန်းလောက်တာ့ခိုင်ပြီ။ ဟိုကောင်တွေရော ဒီတစ်လှည့်ထိုးပြီး တစ်ခုခု သွားစားရအောင် ”
ကြက်ကိုသုံးထောင်ထိုးလိုက်သည်။ ကြက်ကျသည်။ ကိုးထောင်ရသည်။ အနိုင်နဲ့ပိုင်းထားမှ။
“ သွားမယ် ”
နှစ်ယောက်သား ကစားဝိုင်းမှ လှည့်ထွက်လာခဲ့ပြီး သူငယ်ချင်းနှစ်ယောက်ကို ရွှေဘောလုံးဝိုင်းမှာ ၀င်ခေါ်ရသည်။ နှစ်ယောက်လုံးက လောဘဇောကပ်နေသည်။
“ ဟကောင်တွေ ဗိုက်စာပြီ ၀ါးတီးသွားဖွင့်ရအောင် ”
လေးယောက်သား ဆိုင်တစ်ဆိုင်ထဲ ၀င်ထိုင်လိုက်သည်။
“ ဘာသုံးဆောင်ကြမလဲ အစ်ကိုတို့”
“ အင်း လောလောဆယ် …” သူငယ်ချင်းတွေကို ကျွန်တော်ကြည့်လိုက်သည်။ သူတို့က အထာပေါက်သည်။
“ အရက်တော့မဖြစ်ဘူးကွ။ ဘီယာလောက်ပဲ သောက်ရအောင်။ တော်ကြာ မပြန်နိုင်ဖြစ်နေဦးမယ်”
“ မပြန်နိုင်လဲ ဘာအကြောင်းလဲကွ ဒီမှာအိပ်ကြတာပေါ့ ” ပြောရင်း ဆိုင်က ကောင်မလေးကို စပ်ဖြီးဖြီးနှင့် မော့ကြည့်လိုက်သည်။
“ ရှင် ”
ကောင်မလေးကြောင်သွားသည်။ လေးယောက်သား ရယ်လိုက်ကြသည်။ သောက်ဖို့ ဘီယာတစ်လုံးစီ မှာသည်။ အမြည်းမှာသည်။ သောက်နေရင်း အရှိန်လေးရလာတော့ နောက်တစ်လုံးစီ ထပ်မှာလိုက်ရပြန်သည်။
သောက်ပြီး ဗိုက်ဖြည့်ရန် ထမင်းသုတ်တစ်ပွဲစီမှာစားလိုက်သည်။ စားနေရင်း သူငယ်ချင်းတစ်ဦးက
“ သွားရည်ကိုကျသွားတာပဲ ”
“ ဘာလဲကွ ဘာကို သွားရည်ကျရတာလဲ ” သူက မေးငေါ့ပြသည်။
လမ်းပေါ်က မိန်းကလေးများ ဟိုဒီသွားလာနေကြသည်။ သူတို့ရဲ့ ခန္ဓာကိုယ်အလှပများကို သဘာဝကျကျ မြင်ရအောင် ဟိုက်သင့်သည့်နေရာဟိုက်ထားသည်။ ခွဲသင့်သည့်နေရာများ ခွဲထားကြသည်။ ခုမှ လူကပိုပြီး ဝေတေတေဖြစ်သွားသည်။
“ မင်းတို့က အပေါ်ယံအလှပဲကြည့်တာကိုး။ ရုပ်ကိုသေချာကြည့် အိမ်ကလာတော့ မိတ်ကပ်နဲ့လှတပတ၊ ပွဲခင်းထဲရောက်တော့ ဖုန်တလိမ်းလိမ်းနဲ့ ရွံ့စရာကြီးကွာ။ အပုပ်ကောင်တွေပါ ”
သုံးယောက်သား ကျွန်တော့်ကိုဝိုင်းကြည့်ပြီး
“ မင်းက မူးရင် တရားစကားတယ်ပြောတတ်သနော် ” ကျွန်တော်လည်း စပ်ဖြဲဖြဲဖြင့် ရယ်ပြလိုက်သည်။
ကျသင့်ငွေရှင်းပြီး ပွဲထဲလျှောက်ကြည့်မိပြန်သည်။ နားကပ်နှင့် ကောင်လေးများ၊ ဆံပင်နီကြောင်ကြောင် တွန့်လိမ်ကောက်ကွေးများနှင့် ပွဲခင်းတစ်ခုလုံး ရောင်စုံပြေးနေသည်။
ကစားလိုက်၊ စနောက်နှင့် အချိန်ကုန်မှန်းမသိလိုက်။ နာရီကြည့်မိမှ တစ်နာရီထိုးပြီ။ နာရီကြည့်မှ အိပ်ချင်လာသည်။ လေးယောက်သား မှိန်းတိမ်းတိမ်းနှင့် ပြန်ခဲ့ကြတော့သည်။
…………………………………………………
နံနက်အိပ်ယာထတော့ ခေါင်းတွေမူးနေပြီ။ မျက်နှာသစ်၊ သွားတိုက်ပြီး ကော်ဖီမစ်ထဲ သံပရာရည်ညှစ်သောက်ရသည်။
ကျွန်တော်ထိုင်ခုံပေါ်မှာ ထိုင်သောက်နေချိန် အမေ့ဘုရားရှိခိုးသံကြားလိုက်ရသည်။
“ ဟာ ”
ပါးစပ်မှ အာမေဍိတ်သံ ထွက်သွားသည်။
ညက လောင်းကစားလုပ်၊ သောက်စား၊ စနောက်ပြီးပြန်ခဲ့သည်။
တစ်ယောက်မှ ဘုရားမကန်တော့ခဲ့ကြ။
သွားခဲ့တာက ဘုရားပွဲ။

မောင်ပိုင်
၁၄-၄-၂၀၀၆(မြစ်ကြီးနားမြို့)


ကန်အကြောင်းနှင့်အကြောင်းကံ

$
0
0


Photo: ကျွန်တော် ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ ခုနှစ်တွေစီက ၀ါသနာအလျှောက် စာတော်တော်များရေးဖြစ်ခဲ့ပါသည်။ ဒီစာလေးတွေစုပြီး စာအုပ်ထုတ်ကာ သူငယ်ချင်းတွေပဲဝေဖြစ်ပါသည်။ စာအုပ်က ကိုယ်တိုင် ကွန်ပျူတာစီ၊ စာရိုက်လုပ်၊ စာအုပ်ချုပ်တာပါ။ ခု ဖေ့စ်ဘုတ်သုံးဖြစ်နေသဖြင့် ဒီစာလေးတွေကို ဝေငှချင်စိတ်ဖြစ်လာတော့ တင်ဖြစ်နေပါသည်။  သူငယ်ချင်းမိတ်ဆွေအပေါင်း ဖတ်ကြည့် ဝေဖန်ပေးကျပါဦးခင်ဗျား…။  ကန်အကြောင်းနှင့်အကြောင်းကံ  သူက ကန်အကြောင်းပြောပြသည်။ ကန်တစ်ခုကောင်းဖို့သည် ကြည်လင်သန့်ရှင်းခြင်း၊ ကန်ပေါင်များ ခိုင်ခံ့ခြင်း၊ ကြာများနှင့်လှပတင့်တယ်ခြင်း၊ ကျေးငှက်များမြူးတူးပျော်ပါးကျက်စားခြင်းများ ရှိရမည်ဖြစ်ကြောင်း ပြောသည်။  မဟော်သဓာ၏ ကန်နှင့် မြကန်သာကဗျာပါ ကန်အကြောင်း။ သူတို့ရွာမှ ကန်အထိ ဆက်လက် ပြောပြသည်။  ကန်အမျိုးမျိုးရှိကြောင်း ကျန်းမာရေးအတွက် လိုအပ်သောသောက်သုံးရေကန်၊ ရေကူးကန်၊ ရေချိုးကန် အမျိုးမျိုးနှင့် ကွဲပြားစွာသုံးစွဲမှုကိုပါ ရှင်းပြသည်။  သူရဲ့အတွေ့အကြုံဖြစ်သော ကန်တူးပုံကို စိတ်ပါလက်ပါပြောသည်။ “ တကယ်ပါပဲကွာ မောလို့မောမှန်းတောင် အဲဒီအချိန်ကသိမှာမဟုတ်ဘူး။ မြေသယ်သူကသယ်၊ ရေတိုက်သူက တိုက်နဲ့ ပျော်စရာကြီးပဲ။ နောက်ပြီး ရေကန်က ရေကြာရှည်သုံးရမှာဆိုတော့ ကန်ပေါင်တွေအတွက် စနစ်တကျ ဖို့ရတာပေါ့ကွာ ”  “ ရေ၀င်ရေထွက်ကောင်းဖို့ မြောင်းတွေပါတူး၊ ကြာပန်တွေ သယ်ရ၊ သေသေချာချာလေး လုပ်ရတာ။  ဒီကန်က ရွာတစ်ရွာလုံး နွေဘက်တွေပါသုံးမှာဆိုတော့ ကောင်းမှဖြစ်မှာကိုး။ ခုလည်း တကယ့်ကိုအသုံးဝင် တယ်ကွာ။ ဒီကန်ကြီးကို ကြည့်တိုင်း အဲဒီအချိန်ကအကြောင်း ပေါ်ပေါ်လာပြီး ပီတိဖြစ်မိတယ် ”  သူထသွားပြီးတော့ အိမ်မှကန်ထဲရေမရှိကြောင်း သတိရသွားပြီး အမြန်ပြန်ခဲ့ရတော့သည်။  ……………………………………………………………………………  ထိုနေ့ ညနေမှာပင်  သူငယ်ချင်းတစ်ဦးက သူ့ကံဇာတာအကြောင်း စကားစလာပြန်သည်။  “ ခုတလော ကံကတော့ လွတ်ကောင်းနေရဲ့ကွာ။ ဘာတွေလုပ်လုပ် အဆင်ပြေလို့။ ငွေဆိုတာလဲ ဟိုက၀င် ဒီက၀င်နဲ့ အင်း ဒီလိုကံလေးသာအမြဲ ကောင်းနေချင်တော့တယ် ”  သူ့ရဲ့ ကောင်းသောကံအကြောင်းပြောပြီး သူ့ကံဆိုးပုံအကြောင်းကို ဆက်ပြောပြပါသည်။  “ အရင်ကတော့ ကံဆိုးချက်က ဖွတ်တောင် အစ်ကိုခေါ်ရမယ့်ကိန်းပဲ။ အားရှိပါးရှိ က ချင်ပြန်သော် လည်းကျန်းမာရေးကမကောင်း ဆိုသလိုပဲ အလုပ်ကလေးတွေပေါ်လာလို့ လုပ်မယ်ကြံရင် ကျန်းမာရေးက ဖောက်လာတယ်။ ဟောကျန်းမာရေးကောင်းပြန်တော့ အလုပ်က မယ်မယ်ရရကိုမရှိဘူး။”  “ ဒီကြားထဲ စီးပွားရေးကြားဖြတ်လိုက်မိပြန်တော့ ရင်းသမျှဆုံးတော့တာပဲ။ တော်တော်လေးကို ဆိုးခဲ့ တာကွ။ ခုလို ကောင်းတုန်းလေး အဆင်ပြေနေတာ။ နောင်လဲ ကံကောင်းပါစေလို့ ဆုတောင်းနေမိတယ် ”  သူကပြောရင်း ပြုစုချင်လို့ ဆိုင်ခေါ်သွားသည်။ စားကြ သောက်ကြရင်း စာကားပြောဖြစ်တော့ ကျွန်တော်က စာလေးတစ်ခုသူ့ကိုပြောပြသည်။  “ ကံဆိုတာအလုပ်။ အလုပ်မှန်ရင် ကံကောင်းမှာပဲ။ ထာဝရအလုပ်မှန်ရင် ထာဝရ ကံကောင်းမယ်တဲ့”  ကံအမြဲကောင်းချင်သော သူ့အား နံနက်က ကန်ဖို့ခဲ့သူအကြောင်းပြန်ပြောပြနေမိသည်။  “ ကန်ကောင်းဖို့ရာမှာ ကိုယ့်ဘက်ကချွေးတစိုစို ကျချင်ကျမယ်။ ဒါပြသနာမဟုတ်ဘူး။ ကန်ကြည်လင် သန့်ရှင်းအောင်၊ ကန်ရေသိုလှောင်မှု ကြာရှည်အောင် ကန်ပေါင်တွေကို ခိုင်ခိုင်ခံ့ခံ့ဖြစ်ဖို့ လိုမယ်။ ဒါမှ ကန်က ကြာရှည်ရှည်နဲ့ ကောင်းမှာကွ ”  ကျွန်တော်စကားဆုံးတော့ သူ ကန်အကြောင်းနှင့် ကံအမြဲကောင်းဖို့အကြောင်း စဉ်းစားနေမည်ဟု ကျွန်တော်ယုံကြည်မိပါတော့သည်။    မောင်ပိုင်   ၁၄-၄-၂၀၀၆။
သူက
ကန်အကြောင်းပြောပြသည်။
ကန်တစ်ခုကောင်းဖို့သည် ကြည်လင်သန့်ရှင်းခြင်း၊ ကန်ပေါင်များ ခိုင်ခံ့ခြင်း၊ ကြာများနှင့်လှပတင့်တယ်ခြင်း၊ ကျေးငှက်များမြူးတူးပျော်ပါးကျက်စားခြင်းများ ရှိရမည်ဖြစ်ကြောင်း
ပြောသည်။
မဟော်သဓာ၏ ကန်နှင့် မြကန်သာကဗျာပါ ကန်အကြောင်း။ သူတို့ရွာမှ ကန်အထိ ဆက်လက် ပြောပြသည်။
ကန်အမျိုးမျိုးရှိကြောင်း ကျန်းမာရေးအတွက် လိုအပ်သောသောက်သုံးရေကန်၊ ရေကူးကန်၊ ရေချိုးကန် အမျိုးမျိုးနှင့် ကွဲပြားစွာသုံးစွဲမှုကိုပါ ရှင်းပြသည်။
သူရဲ့အတွေ့အကြုံဖြစ်သော ကန်တူးပုံကို စိတ်ပါလက်ပါပြောသည်။
“ တကယ်ပါပဲကွာ မောလို့မောမှန်းတောင် အဲဒီအချိန်ကသိမှာမဟုတ်ဘူး။ မြေသယ်သူကသယ်၊ ရေတိုက်သူက တိုက်နဲ့ ပျော်စရာကြီးပဲ။ နောက်ပြီး ရေကန်က ရေကြာရှည်သုံးရမှာဆိုတော့ ကန်ပေါင်တွေအတွက် စနစ်တကျ ဖို့ရတာပေါ့ကွာ ”
“ ရေ၀င်ရေထွက်ကောင်းဖို့ မြောင်းတွေပါတူး၊ ကြာပန်တွေ သယ်ရ၊ သေသေချာချာလေး လုပ်ရတာ။ ဒီကန်က ရွာတစ်ရွာလုံး နွေဘက်တွေပါသုံးမှာဆိုတော့ ကောင်းမှဖြစ်မှာကိုး။ ခုလည်း တကယ့်ကိုအသုံးဝင် တယ်ကွာ။ ဒီကန်ကြီးကို ကြည့်တိုင်း အဲဒီအချိန်ကအကြောင်း ပေါ်ပေါ်လာပြီး ပီတိဖြစ်မိတယ် ”
သူထသွားပြီးတော့ အိမ်မှကန်ထဲရေမရှိကြောင်း သတိရသွားပြီး အမြန်ပြန်ခဲ့ရတော့သည်။
……………………………………………………………………………
ထိုနေ့ ညနေမှာပင်
သူငယ်ချင်းတစ်ဦးက သူ့ကံဇာတာအကြောင်း စကားစလာပြန်သည်။
“ ခုတလော ကံကတော့ လွတ်ကောင်းနေရဲ့ကွာ။ ဘာတွေလုပ်လုပ် အဆင်ပြေလို့။ ငွေဆိုတာလဲ ဟိုက၀င် ဒီက၀င်နဲ့ အင်း ဒီလိုကံလေးသာအမြဲ ကောင်းနေချင်တော့တယ် ”
သူ့ရဲ့ ကောင်းသောကံအကြောင်းပြောပြီး သူ့ကံဆိုးပုံအကြောင်းကို ဆက်ပြောပြပါသည်။
“ အရင်ကတော့ ကံဆိုးချက်က ဖွတ်တောင် အစ်ကိုခေါ်ရမယ့်ကိန်းပဲ။ အားရှိပါးရှိ က ချင်ပြန်သော် လည်းကျန်းမာရေးကမကောင်း ဆိုသလိုပဲ အလုပ်ကလေးတွေပေါ်လာလို့ လုပ်မယ်ကြံရင် ကျန်းမာရေးက ဖောက်လာတယ်။ ဟောကျန်းမာရေးကောင်းပြန်တော့ အလုပ်က မယ်မယ်ရရကိုမရှိဘူး။”
“ ဒီကြားထဲ စီးပွားရေးကြားဖြတ်လိုက်မိပြန်တော့ ရင်းသမျှဆုံးတော့တာပဲ။ တော်တော်လေးကို ဆိုးခဲ့ တာကွ။ ခုလို ကောင်းတုန်းလေး အဆင်ပြေနေတာ။ နောင်လဲ ကံကောင်းပါစေလို့ ဆုတောင်းနေမိတယ် ”
သူကပြောရင်း ပြုစုချင်လို့ ဆိုင်ခေါ်သွားသည်။ စားကြ သောက်ကြရင်း စာကားပြောဖြစ်တော့ ကျွန်တော်က စာလေးတစ်ခုသူ့ကိုပြောပြသည်။
“ ကံဆိုတာအလုပ်။ အလုပ်မှန်ရင် ကံကောင်းမှာပဲ။ ထာဝရအလုပ်မှန်ရင် ထာဝရ ကံကောင်းမယ်တဲ့”
ကံအမြဲကောင်းချင်သော သူ့အား နံနက်က ကန်ဖို့ခဲ့သူအကြောင်းပြန်ပြောပြနေမိသည်။
“ ကန်ကောင်းဖို့ရာမှာ ကိုယ့်ဘက်ကချွေးတစိုစို ကျချင်ကျမယ်။ ဒါပြသနာမဟုတ်ဘူး။ ကန်ကြည်လင် သန့်ရှင်းအောင်၊ ကန်ရေသိုလှောင်မှု ကြာရှည်အောင် ကန်ပေါင်တွေကို ခိုင်ခိုင်ခံ့ခံ့ဖြစ်ဖို့ လိုမယ်။ ဒါမှ ကန်က ကြာရှည်ရှည်နဲ့ ကောင်းမှာကွ ”
ကျွန်တော်စကားဆုံးတော့ သူ ကန်အကြောင်းနှင့် ကံအမြဲကောင်းဖို့အကြောင်း စဉ်းစားနေမည်ဟု ကျွန်တော်ယုံကြည်မိပါတော့သည်။

မောင်ပိုင်
၁၄-၄-၂၀၀၆။



ခွေး ကြွက်နှင့် လာတ်ပေးလာတ်ယူမှု

$
0
0
Photo: ခွေး ကြွက်နှင့် လာတ်ပေးလာတ်ယူမှု  ကျွန်တော်က စိတ်ပညာဘာသာရပ်ကို အဝေးသင်နဲ့ဘွဲ့ရထားတာပါ။   ဘာသာရပ်သင်ကြားရစဉ်က သင်ကြားခဲ့ရတဲ့စာတချို့ကို ကျွန်တော်ခုချိန်ထိမှတ်မိနေသေးတဲ့ အချက် ၂ ခုရှိပါတယ်။ အဲဒါက လူတွေရဲ့စိတ်ကို လေ့လာတဲ့ ဥပမာဖြစ်သလို သိပံ္ပနည်းကျစိတ်ရဲ့သဘာဝကို လေ့လာထားတာလေးပါ။      တစ်ခါက ခွေးတစ်ကောင်အိပ်နေတဲ့ရှေ့မှာ စမ်းသပ်တဲ့သူက ဘာလုပ်သလဲဆိုရင် ခေါင်းလောင်းလေး လှုပ်ပြတယ်။ တချွင်ချွင်နဲ့ပေါ့။  ခွေးက ခေါင်းထောင်တောင်မကြည့်ဘူး။ အဲ သုံးလေးကြိမ်လောက်ရှိတော့ ခွေးက ခေါင်းထောင်လာတယ်။ အဲဒီမှာ ဘာလုပ်သလဲဆိုရင် ခွေးကိုမုန့်ပစ်ကျွေးလိုက်တယ်။  နောက်တစ်ခါ ခေါင်းလောင်းတစ်ကြိမ်ထပ်လှုပ်တယ် မုန့်ပစ်ကျွေးလိုက်တယ်။ အဲဒီလိုအကြိမ်ပေါင်း လေးငါးကြိမ်ဖြစ် လာတော့ ခွေးက ခေါင်းလောင်းသံကြားလိုက်တယ်ဆိုရင်ပဲ ခေါင်းထောင်ကြည့်ပြီ။ မုန့်မကျွေးတော့လဲ ခေါင်းထောင်ကြည့်တော့တယ်။  ဒီလိုစမ်းသပ်ချက်ပဲ နောက်တစ်ခုက ကြွက်ကိုပေါ့။    သေတ္တာလေးတစ်လုံးထဲမှာ ကြွက်တစ်ကောင်ကိုထည့်လိုက်တယ်။ သေတ္တာထဲမှာ ၀င်္ကပါလိုလမ်းလေးတွေလုပ်ထားပြီး ခလုတ်လေးတစ်ခုတပ်ထားတယ်။ ကြွက်ကလေးက သေတ္တာထဲအထည့်ခံရတော့ ပထမဆုံး ပတ်ပြေးနေတာပေါ့။ အဲဒီလိုပြေးရင်းနဲ့ ခလုတ်လေးကိုထိမိတယ်။ ဒီအချိန်မှာ မုန့်လေးတစ်ခုကျလာတယ်။  ကြွက်ကမုန့်ကိုစားတော့တာပေါ့။ အဲဗိုက်ပြည့်တယ်ဆိုရင်ပဲ ဆက်ပြေးပြန်ရော။ ပြေးရင်း ခလုတ်ကို ထိမိပြန်ရော။ ဒီတော့မုန့်ကထပ်ထပ်ကျလာတာပေါ့။    နောက်ဆုံးဘာဖြစ်လဲဆိုရင် ကြွက်မပြေးတော့ပဲ ဗိုက် ဆာလာရင် ခလုတ်ကလေးကို သွားသွားပဲထိတော့တယ်တဲ့။  ဒါက သတ္တ၀ါနဲ့ လူတွေရဲ့စိတ်ကို စနစ်တကျလေ့လာစမ်းသပ်မှုတွေပေါ့။ ကျွန်တော်တွေးမိတာက မှားချင်လည်းမှားမယ်၊ မှန်ချင်လည်းမှန်မှာပေါ့လေ။ တွေးမိတာလေးကို ပြောချင်တာပါဗျာ။ ခု လာတ်ပေးလာတ်ယူပပျောက်ရေးအတွက် လုပ်ဆောင်နေတာတွေကို ကြားနေ၊ တွေ့နေရတယ်။ ဒါကိုတွေ့တော့ အပေါ်ကအကြောင်းလေး သတိရမိတာပါ။  သတ္တ၀ါတွေတောင် စားရမှန်းသိလာ တော့ ခေါင်းထောင်ကြည့်၊ အမြီးနန့်ရတာနဲ့။ ဟော ဘာအလုပ်မှ မလုပ်ပဲ မုန့်ရတဲ့ခလုတ်ကိုပဲ သွားသွားထိ နေရတာနဲ့။ ဒီတော့ လာတ်ပေးလာတ်ယူမှုမှာ ပေးသူက ခေါင်းထောင်ကြည့်လာအောင်လုပ်နေတာလား၊ စားရတဲ့သူကလည်း စားရမှန်းသိတော့ စားရတဲ့ခလုတ်ကိုပဲ သွားနှိပ်နေတာလား။ ကဲ ကူညီစဉ်းစားပေးကြပါဦးခင်ဗျား။   မောင်ပိုင်   ၂၆-၅-၂၀၁၃ (တနင်္ဂနွေနေ့)

ကျွန်တော်က စိတ်ပညာဘာသာရပ်ကို အဝေးသင်နဲ့ဘွဲ့ရထားတာပါ။
ဘာသာရပ်သင်ကြားရစဉ်က သင်ကြားခဲ့ရတဲ့စာတချို့ကို ကျွန်တော်ခုချိန်ထိမှတ်မိနေသေးတဲ့ အချက် ၂ ခုရှိပါတယ်။ အဲဒါက လူတွေရဲ့စိတ်ကို လေ့လာတဲ့ ဥပမာဖြစ်သလို သိပံ္ပနည်းကျစိတ်ရဲ့သဘာဝကို လေ့လာထားတာလေးပါ။

တစ်ခါက ခွေးတစ်ကောင်အိပ်နေတဲ့ရှေ့မှာ စမ်းသပ်တဲ့သူက ဘာလုပ်သလဲဆိုရင် ခေါင်းလောင်းလေး လှုပ်ပြတယ်။ တချွင်ချွင်နဲ့ပေါ့။ ခွေးက ခေါင်းထောင်တောင်မကြည့်ဘူး။
အဲ သုံးလေးကြိမ်လောက်ရှိတော့ ခွေးက ခေါင်းထောင်လာတယ်။ အဲဒီမှာ ဘာလုပ်သလဲဆိုရင် ခွေးကိုမုန့်ပစ်ကျွေးလိုက်တယ်။ နောက်တစ်ခါ ခေါင်းလောင်းတစ်ကြိမ်ထပ်လှုပ်တယ် မုန့်ပစ်ကျွေးလိုက်တယ်။ အဲဒီလိုအကြိမ်ပေါင်း လေးငါးကြိမ်ဖြစ် လာတော့ ခွေးက ခေါင်းလောင်းသံကြားလိုက်တယ်ဆိုရင်ပဲ ခေါင်းထောင်ကြည့်ပြီ။ မုန့်မကျွေးတော့လဲ ခေါင်းထောင်ကြည့်တော့တယ်။

ဒီလိုစမ်းသပ်ချက်ပဲ နောက်တစ်ခုက ကြွက်ကိုပေါ့။
သေတ္တာလေးတစ်လုံးထဲမှာ ကြွက်တစ်ကောင်ကိုထည့်လိုက်တယ်။ သေတ္တာထဲမှာ ၀င်္ကပါလိုလမ်းလေးတွေလုပ်ထားပြီး ခလုတ်လေးတစ်ခုတပ်ထားတယ်။
ကြွက်ကလေးက သေတ္တာထဲအထည့်ခံရတော့ ပထမဆုံး ပတ်ပြေးနေတာပေါ့။ အဲဒီလိုပြေးရင်းနဲ့ ခလုတ်လေးကိုထိမိတယ်။ ဒီအချိန်မှာ မုန့်လေးတစ်ခုကျလာတယ်။
ကြွက်ကမုန့်ကိုစားတော့တာပေါ့။ အဲဗိုက်ပြည့်တယ်ဆိုရင်ပဲ ဆက်ပြေးပြန်ရော။ ပြေးရင်း ခလုတ်ကို ထိမိပြန်ရော။ ဒီတော့မုန့်ကထပ်ထပ်ကျလာတာပေါ့။
နောက်ဆုံးဘာဖြစ်လဲဆိုရင် ကြွက်မပြေးတော့ပဲ ဗိုက် ဆာလာရင် ခလုတ်ကလေးကို သွားသွားပဲထိတော့တယ်တဲ့။

ဒါက သတ္တ၀ါနဲ့ လူတွေရဲ့စိတ်ကို စနစ်တကျလေ့လာစမ်းသပ်မှုတွေပေါ့။
ကျွန်တော်တွေးမိတာက မှားချင်လည်းမှားမယ်၊ မှန်ချင်လည်းမှန်မှာပေါ့လေ။ တွေးမိတာလေးကို ပြောချင်တာပါဗျာ။
ခု လာတ်ပေးလာတ်ယူပပျောက်ရေးအတွက် လုပ်ဆောင်နေတာတွေကို ကြားနေ၊ တွေ့နေရတယ်။
ဒါကိုတွေ့တော့ အပေါ်ကအကြောင်းလေး သတိရမိတာပါ။ သတ္တ၀ါတွေတောင် စားရမှန်းသိလာ တော့ ခေါင်းထောင်ကြည့်၊ အမြီးနန့်ရတာနဲ့။ ဟော ဘာအလုပ်မှ မလုပ်ပဲ မုန့်ရတဲ့ခလုတ်ကိုပဲ သွားသွားထိ နေရတာနဲ့။
ဒီတော့ လာတ်ပေးလာတ်ယူမှုမှာ ပေးသူက ခေါင်းထောင်ကြည့်လာအောင်လုပ်နေတာလား၊ စားရတဲ့သူကလည်း စားရမှန်းသိတော့ စားရတဲ့ခလုတ်ကိုပဲ သွားနှိပ်နေတာလား။
ကဲ ကူညီစဉ်းစားပေးကြပါဦးခင်ဗျား။
 
 
မောင်ပိုင်
၂၆-၅-၂၀၁၃ (တနင်္ဂနွေနေ့)

ဘိုးဘိုးအောင် ဖန်ဆင်းတဲ့ ဝ လား...... (၃)

$
0
0

ဗမာပြည်ကွန်မြူနစ်ပါတီ ကျဆုံးခြင်း (သို့) UWSA ဝ စစ်တပ် ပေါ်ပေါက်လာပုံ

ပဲခူးရိုးမမှ လွင့်စင်သွားခဲ့သော မြန်မာပြည်ကွန်မြူနစ်ပါတီ (ခ) ဗကပဟာ ရှမ်းပြည်အရှေ့ပိုင်း ပန်ဆန်းမှာ ဌာနချုပ်အဖြစ် ဖွင့်လှစ်ပီး ဆက်လက် လှုပ်ရှားနေပါတယ်…… ဗကပစစ်တပ်၏ တပ်မှူး အားလုံးနီးပါးဟာ တိုင်းရင်းသား လူမျိုးစု များစွာပါဝင်ပါတယ်…… တပ်မှူးတချို့ဟာ ဝ လူမျိုးတွေဖြစ်ပြီး အများစုကတော့ ကိုးကန့်တရုတ်၊ ကချင်၊ ရှမ်းနှင့် အခြားလူမျိုးစုများ ဖြစ်ပါတယ်…… ဗမာကတော့ မတ်(ခ)လီနင်ဝါဒီ၊ ပါတီခေါင်းဆောင် များနှင့် တပ်ဖွဲ့အသီးသီးတွင် တွဲဖက်တာဝန် ယူထားသော နိုင်ငံရေးမှူးတွေသာ ရှိပါတယ်….

တိုင်းရင်းသားတွေ ကွန်မြူနစ်ပါတီ အလံအောက် ရောက်လာကြသည်ရတာကတော့ ဝါဒရေးရာ (Ideology) ယုံကြည်မှုထက် လူမျိုးစုဆိုင်ရာ မကျေနပ်ချက်တွေနဲ့ ယေဘုယျ အစိုးရဆန့်ကျင်ရေး စိတ်အခံတွေကြောင့် များပါတယ်….. ခန့်မှန်းခြေအရ ဗကပ တပ်ရဲ့ အောက်ခြေတပ်သားစု ၈၀ ရာခိုင်နှုန်းအောက်မှာ တရုတ် - မြန်မာ နယ်စပ်မှာ နေထိုင်ကြတဲ့ တောင်ပေါ်သား လူမျိုးစု တစ်ခုဖြစ်သော ဝ မျိုးနွယ်စုမှ ဝ လူမျိုး အမျိုးသားတွေပဲ ဖြစ်ပါတယ်….. ဒါကြောင့် ဗကပက ခွဲထွက်လာချိန်မှာ ဝ တွေဟာ ကိုယ်ပိုင်စစ်တပ်ဖြစ်တဲ့ UWSA ဆိုတာ ဖြစ်လာပါတယ်…..

တရုတ်ပြည်ရဲ့ အထောက်အပံ့နည်းလာတဲ့အတွက် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ဟာ ၎င်းအုပ်စိုးရာ နယ်မြေအတွင်းမှာ ပါတီရံပုံငွေ ရစေရန် ဘိန်းစိုက်သူ များနှင့် ဘိန်းရောင်းဝယ် ဖောက်ကားသူများကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံပြီး ခွင့်ပြုထားခဲ့သည်။ ထိုမှစတင်ကာ ဗကပ အုပ်စိုးရာ လက်အောက်ခံ ဒေသတွေမှာ ဘိန်းလုပ်ငန်းတွေ တွင်ကျယ်လာပီး ဗကပ တပ်မှူးများကိုယ်တိုင် ဘိန်းစိုက်ပျိုးမှုတွေမှာ ပါဝင်ပါတ်သက်ခဲ့ကြပါတယ်…. ဗကပ အုပ်စိုးမှု ဒေသမှ ထွက်ရှိလာတဲ့ ဘိန်းတွေရဲ့ ပြဿနာဟာ တရုတ်ပြည်အတွက် ပြဿနာ အကြီးအကျယ်ဖြစ်လာပါတယ်….. ပို၍ ပို၍များလာတဲ့ ဘိန်းဖြူ ပြဿနာဟာ မြန်မာနဲ့ တရုတ်နယ်ခြား ယူနန်ပြည်နယ်မှတစ်ဆင့် ကူမင်းမှသည် ဟောင်ကောင်သို့တိုင် ခရီးဆန့်နေပါတော့တယ်….. ဒီအတွက် ဗကပ လက်အောက်ခံ ဒေသများမှ ထွက်ရှိနေတဲ့ ဘိန်းဖြူ ဘိန်းမဲများဟာ ဗကပ ခေါင်းဆောင်များသာမက တရုတ်ပြည်အတွက်ပါ ခေါင်းခဲစရာတွေ ဖြစ်လာလို့နေပါတယ်……

၁၉၆၀ ပြည့်လွန်နှစ်များမှသည် ၁၉၇၀ ပြည့်လွန်နှစ်များ အတွင်း ဗကပဟာ အရှေ့တောင်အာရှ ဒေသတွင်းရှိ အခြားသော ကွန်မြူနစ်ပါတီများလို တရုတ်ပြည်မှ အလွန် များပြားသော အထောက်အပံ့များ ရရှိခဲ့ပါတယ်။ ပီကင်းအစိုးရရဲ့ ၎င်းတို့နိုင်ငံစီးပွားရေးကို ခေတ်မှီစေဖို့၊ နိုင်ငံခြားကုန်သွယ်မှုကို မြှင့်တင်ဖို့ ကြိုးပန်းတဲ့အခါမှာတော့ ၎င်းတို့ပေးနေတဲ့ အကူအညီတွေကို လျှော့ချလိုက်ရပါတော့တယ်…… ပီကင်းအစိုးရရဲ့ အကူအညီတွေ ဖြတ်တောက်မှုကြောင့် အထိနာသွားသူတွေကတော့ “မလေးရှား ကွန်မြူနစ်ပါတီ” နဲ့ “ထိုင်း ကွန်မြူနစ်ပါတီ” တို့ပဲ ဖြစ်ပါတယ်….. မလေးပါတီကတော့ ဗကပ ကဲ့သို့ နောက်ဆုံးနေ့ရက်များကို ဦးတည်သွားပီး ထိုင်းပါတီကတော့ လုံးဝကို ပြိုလဲသွားခဲ့ရပါတယ်….

မြန်မာနိုင်ငံအနေနဲ့ကတော့ ဗကပ ပါတီတွင်း တော်လှန်ပုန်ကန်မှုတွေ ဆက်လက်ဖြစ်ပေါ်နေခဲ့ပါတယ်…… ထိုအချိန်မှာ တရုတ်ပြည်က ဗကပ ခေါင်းဆောင်များနဲ့ အဆင့်မြင့် ကေဒါများကို ၎င်းနိုင်ငံအတွင်းမှာ ခိုလှုံခွင့်ယူရန် စတင် ကမ်းလှမ်းခဲ့ပါတယ်… ၁၉၈၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ ကမ်းလှမ်းမှုမှာ နိုင်ငံရေးခိုလှုံသူတွေကို တရုတ်အစိုးရမှ သင့်တင့်တဲ့ ပင်စင်ပေးဖို့လည်း ပါဝင်ခဲ့ပါတယ်…… သို့သော် ကြပ်တည်းလာတဲ့ ဘဏ္ဍာရေး အခက်အခဲများကြောင့် ဗကပ အဖွဲ့များ လက်နက်တပ်ဆင်နိုင်ရန်၊ ၎င်းတို့ အုပ်စိုးရာ နယ်မြေအတွင်းရှိ စာသင်ကျောင်း၊ ဆေးရုံတွေကို ထိမ်းသိမ်းဖို့ အခက်အခဲတွေ ရှိနေပါတယ်…. ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ ဗကပဟာ ဘိန်းကူးသန်းရောင်းဝယ်မှုသာမက ဒေသခံ လူထုအပေါ်မှာပါ အဆမတန် အခွန်တွေ တိုးမြှင့်ကောက်ခံခဲ့ပါတယ်….. ထိုသို့အခွန်တိုးမြှင့် ကောက်ခံလိုက်သည့်အတွက် အရှေ့မြောက်ပိုင်း နယ်စပ်ဒေသရှိလူထုနှင့် ဗကပ ဗဟိုကော်မတီ ခေါင်းဆောင်များကြား အက်ကြောင်းများ ကြီးကြီးမားမား ဖြစ်လာစေခဲ့ပါတယ်…..

သို့ဖြစ်တဲ့အတွက် ဗကပ ဗဟိုကော်မတီဝင်တွေဟာ တရုတ်ရဲ့ ဖိအားပေးမှုကြောင့် မူးယစ်ဆေးဝါး ဆန့်ကျင်မှုကို လုပ်ဆောင်ရပါတော့တယ်….. ထိုသို့လုပ်ဆောင်ခြင်းရဲ့ အကျိုးရလာဘ်ကတော့ ဗကပရဲ့ မူဝါဒကို မြတ်နိုးတဲ့ ပါတီရဲ့ အပေါ်ပိုင်းခေါင်းဆောင်များနဲ့ ဘိန်းကုန်ကူးရာမှာ အမြတ်အစွန်းများစွာ ရနေတဲ့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်….. သို့သော် နောက်ကွယ်မှ တရုတ်ရဲ့ ဖိအားကြောင့် ပါတီခေါင်းဆောင်ပိုင်းဟာ ဘိန်းတိုက်ဖျက်ရေးကို တစိုက်မတ်မတ် လုပ်ခဲ့ရာမှာ ပါတီတွင်းအကွဲအပြဲကို မလွဲမရှောင်သာ ရင်ဆိုင်လိုက်ရပါတော့တယ်……

ဗကပ တပ်တွင်းပုန်ကန်မှုဟာ စောလျင်စွာ ဖြစ်ဖို့ရှိပေမယ့် အောက်ခြေ ရဲဘော်များနဲ့ ဒေသခံ တပ်မှူးတွေဟာ အဆိုပါကိစ္စအပေါ် တရုတ်ရဲ့ တုံ့ပြန်မှုကို မခန့်မှန်းနိုင်တဲ့အတွက် အချိန်ယူ အကဲခတ်နေခဲ့ကြပါတယ်….. ထို့အတူပဲ ဗကပ ခေါင်းဆောင်ကြီးများကို တရုတ်အရာရှိများက နယ်စပ်ကတစ်ဆင့် မှန်လုံဇိမ်ခံကားကြီးများနဲ့ ခေါ်ဆောင်သွားလေ့ ရှိတာကိုလည်း သိရှိထားတဲ့ သူတို့အတွက် ပုန်ကန်မှုဟာ လွယ်လွယ်ကူကူ စတင်ဖို့ အခက်အခဲ ရှိနေခဲ့ပါတယ်……. ၁၉၈၉ ခု မတ်လ ၁၂ ရက်နေ့မှာတော့ ဗကပ ဗဟိုကော်မတီရဲ့ တိုင်းရင်းသားခြင်း ဖိနှိပ်ဆက်ဆံမှု၊ အခွန်မတရားကောက်မှုတွေကြောင့် မကျေမနပ်ဖြစ်နေတဲ့ လက်အောက်ခံ ဒေသများထဲမှ ကိုးကန့်အဖွဲ့ဟာ ပထမဦးစွာ ဗကပရဲ့ ခေါင်းဆောင်မှုကို တရားဝင် စိန်ခေါ်လိုက်ပါတော့တယ်……

ကိုးကန့်ဒေသက စ လိုက်တဲ့ တပ်တွင်းပုန်ကန်မှုဟာ ဝ ဒေသကိုပါ ပြန့်နှံ့ခဲ့ပြီး တရုတ် မြန်မာ နယ်စပ်တစ်လျှောက်မှာရှိတဲ့ ဗကပ အုပ်စိုးရာ ဒေသတွေ အားလုံးကို လျင်လျင်မြန်မြန်နဲ့ ပျံ့နှံ့သွားပါတယ်….. ဝ တပ်တွေဟာ ပန်ဆန်းရှိ ဗကပတို့ ရုံးစိုက်ရာတောင်ကုန်းကို အမြှောက်နှင့် ပစ်ခတ်ခြင်းမှ စတင်ကာ ပန်ဆန်းရှိ ဗကပ ဌာနချုပ်ကျဆုံးသွားခဲ့ရပြီး ဗကပ၏ အသံလွှင့်ရုံကိုလည်း သိမ်းပိုက်လိုက်ပါတော့တယ်…… ပါတီဌာနချုပ်တွင် ချိတ်ဆွဲထားသော မာ့ခ်၊ လီနင်၊ မော်စီတုန်း အစရှိတဲ့ ကွန်မြူနစ် ဝါဒပိုင်းဆိုင်ရာ နာမည်ကြီး ခေါင်းဆောင်တွေရဲ့ ဓါတ်ပုံတွေဟာ ရိုက်ချိုးဖျက်ဆီးခံလိုက်ရပါတယ်…. ပန်ဆန်းကို သိမ်းပိုက်အပြီး ဧပြီလ ၁၈ ရက်နေ့မှာတော့ “ဗမာပြည် ကွန်မြူနစ်ပါတီ၏ ကျဉ်းမြောင်းသော လူမျိုးရေးပေါ်လစီများ” ဆိုသည့် ပထမဆုံး ဗကပကို ရှုတ်ချပြစ်တင်သည့် အသံလွှင့်ချက် ထွက်ပေါ်လာပါတယ်။ ဧပြီလ ၂၈ ရက် နေ့မှာတော့ ပိုမိုပြင်းထန်တဲ့ နောက်ထပ် အသံလွှင့်ချက် ထွက်ပေါ်လာပါတယ်…. အသံလွှင့်ချက်ထဲမှာ ပါဝင်လာတာကတော့

“ဗကပဟာ ဘာတိုးတက်မှုမှ မဖန်တီးနိုင်ခဲ့ပါဘူး။ ဘာ့ကြောင့်လဲ ...။ ကျွန်တော်တို့အမြင်ကို ပြောရရင် ခေါင်းဆောင် တချို့ဟာ အာဏာကို အသေဖက်တွယ် ထားကြလို့ပဲ။ မှားယွင်းတဲ့လမ်းစဉ်ကို ခေါင်းမာမာ ဆက်ကိုင်ထားကြလို့ပဲ။ ဒီလူတွေဟာ တကယ့်အရှိတရားနဲ့ ကင်းကွာနေကြတယ်။ ငါတကောဝါဒနဲ့ ဂိုဏ်းဂဏဝါဒကို ကျင့်သုံးနေကြ တယ်။ ပြည်တွင်းပြည်ပ အခြေအနေတွေကို လေ့လာဆန်းစစ်ဖို့ သရုပ်ခွဲ စိစစ်ဖို့ ပျက်ကွက်ကြတယ်။ တကယ့်အစစ်အမှန် ရုပ်အခြေအနေကို ဥပေက္ခာ ပြုထားကြတယ် ...။ သူတို့ဟာ ဝဒေသက လူထုကို လိမ်ညာခဲ့ကြတယ်။ လိမ်လုံးညာလုံးတွေ ဝါဒဖြန့်ချိရေး တွေနဲ့ ကျွန်တော်တို့ကို သူတို့ရဲ့ အယောင် ဆောင်တော်လှန်ရေးထဲ ဆွဲခေါ်ခဲ့ကြတယ်။”
“ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ ရန်သူကို ဗလာချီ အိုင်ဒီအိုလိုဂျီဆိုတာနဲ့ ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။ သဘောတရားနဲ့ လက်တွေ့မပေါင်းစပ်နိုင်တဲ့ စစ်ရေးနည်းနာ တွေနဲ့ ဘယ်လိုလုပ် အနိုင်တိုက်နိုင်မှာလဲ ...။ ကျွန်တော်တို့ ဝဒေသလူထု ကြီးဟာ ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ ဘယ်ကျူးကျော်ရေး တပ်ဖွဲ့ကိုမှ လက်ညှိုးထောင် ခေါင်းညိတ် မလုပ်ဘူး။ အလိုလိုက် အကြိုက်မဆောင်ဘူး။ ယဉ်ကျေးမှုအရာနဲ့ စာပေအရာမှာ ကျွန်တော်တို့ဟာ ဆင်းရဲပါတယ်။ ခေတ်နောက်ကျပါတယ်။ ဒါပေမဲ့ သန္နိဋ္ဌာန်တော့ သိပ်ခိုင်တယ်။”
“အတိတ်က ကာလတစ်ခုမှာ ဗကပထဲက စိတ်ယုတ်၊ စိတ်ပုတ်ရှိတဲ့ သူတစ်ဦးရဲ့ အာဏာလုပွဲနောက် လိုက်ခဲ့ရတဲ့ ကျွန်တော်တို့ ဝဒေသ ပြည်သူလူထုကြီးရဲ့ ဘဝတွေ ဘာတွေဖြစ်ခဲ့ရပါသလဲ ...။ သိပ်ကို ကြမ်းတမ်း ခက်ထန်ခဲ့ရတယ်။ အခွန်အကောက်တွေ တိုးကောက်ပြန်တော့ လူထုအတွက် ဝန်ထုပ်ဝန်ပိုးဟာ ပိုလေးလံ ကြီးမားခဲ့ရတယ်။ သိပ်ကိုအန္တရာယ်ကြီးတဲ့ အခက်အခဲတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ကြရတယ်။ ဒီလိုအနေအထားမျိုးမှာ လူထုအနေနဲ့ ပုန်ကန်ထကြွမှုအခြေအနေတစ်ခုကို ဘယ်မှာ ရှောင်လို့ရတော့မှာလဲ” အစရှိတာတွေ ပါဝင်ခဲ့ပါတယ်…..

ဗကပ တပ်တွင်းပုန်ကန်မှု ဖြစ်ပွားပြီးနောက်ပိုင်း ပန်ဆန်းဟာ တစ်ခြားသော မြို့တွေနဲ့မတူအောင် တိုးတက်လာခဲ့ပါတယ်….. တရုတ် - မြန်မာ နယ်နိမိတ်မျဉ်းရှိ နာမ်ခမြစ်လေး၏ မြင်းခွာပုံ အကွေ့တစ်ခုမှာ တည်ရှိတဲ့ ပန်ဆန်းတွင် တရုတ်-မြန်မာ နှစ်ဘက်လုံးရဲ့ အကောင်းဆုံးတွေ စုစည်းနေသလို ရှိပါတယ်။ တရုတ်ပြည်ရဲ့ စီးပွားရေး ချမ်းသာကြွယ်ဝမှုများရဲ့ ရိုက်ခတ်မှုအဖြစ် ပန်ဆန်းမှာ အသစ်ထွက်ပေါ်လာတဲ့ ကွန်ကရစ် အဆောက်အအုံများ၊ ဇိမ်ခံကားများ၊ ပလက်ဖောင်းကိုယ်စီ လမ်းမကြီးများ၊ နောက်ဆုံးပေါ် စားသုံးကုန်များ အပြည့်တင်ထားသည့် ဈေးဆိုင်များပေါ်တွင် အရိပ်ထင်လျက် ရှိသည်။ အဆိုပါဒေသမှာ တရုတ် ငွေကြေးကိုသာ လက်ခံ သုံးစွဲကြပါသည်။ တန်ဖိုးမရှိသလောက် ဖြစ်သော မြန်မာကျပ်ငွေကို ဘယ်သူကမှ မလိုချင်ကြပါ။ ဒါပေမယ့် ဒီနေရာဟာ တရုတ်ပြည်တော့ မဟုတ်ပါ မြန်မာပြည်ပဲ ဖြစ်ပါတယ်…. (စကားဖြတ် ပြောရမယ်ဆိုရင် ဝ အထူးဒေသ ၂ စီးပွားရေး မြို့တော် ပန်ဆန်းကလွဲပြီး ကျန်တဲ့ဒေသတွေမှာ မြန်မာကျပ်ငွေသာမက အမေရိကန်ဒေါ်လာလည်း အသုံးပြုလို့ မရပါဘူး……..)

အဆိုပါဒေသမှာ တင်းကြပ်တဲ့ တရားဥပဒေစိုးမိုးရေး အတွက် စိုးရိမ်မကင်း ဖြစ်စရာမရှိပါဘူး….. ဗဟိုအစိုးရမှ ကန့်သန့်ထားတဲ့ အချို့သော ကုန်စည်အမျိုးအစားများ ကုန်သွယ်ခြင်း ကူးသန်းရောင်းဝယ်ခြင်းများအပေါ် ချမှတ်ထားသည့် အထိန်းအချုပ်များ အတွက်လည်း စိတ်ပူစရာမရှိပါ။ ဘာကြောင့်လဲဆိုသော် ပန်ဆန်းနှင့် ပတ်ဝန်းကျင် ဒေသများမှာ ဗဟိုအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိသောတဲ့အတွက်ပဲ ဖြစ်ပါတယ်….. လူဦးရေး ၂၀,၀၀၀ ဝန်းကျင်ရှိ၍ စတုရန်းကီလိုမီတာ ၁၅,၀၀၀ ကျော်ကျယ်တဲ့ ပန်ဆန်းမြို့ဟာ မြန်မာနိုင်ငံအရှေ့ပိုင်း ဝ ဒေသရဲ့ စီးပွားရေးမြို့ပဲ ဖြစ်ပါတယ်… အဆိုပါဒေသကို ဝ ပြည်နယ်တပ်မတော် UWSA က ထိမ်းချုပ်ထားပါတယ်…… အဆိုပါ UWSA ဟာ တစ်ချိန်က ဗကပ ပါတီရဲ့ တပ်ဖွဲ့တွေဖြစ်တဲ့ ဝ လူမျိုးစုတွေကနေ ဖွဲ့စည်းထားတာဖြစ်ပြီး လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် လူမျိုးစု လေးခုထဲမှာ အကြီးဆုံး ဖြစ်ပါတယ်….

ဗကပ တပ်တွင်းပုန်ကန်မှု အပြီး လ အနည်းငယ်အကြာမှာတော့ UWSA နဲ့ ဗဟိုအစိုးရတို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ခဲ့ပါတယ်….. အဆိုပါ သဘောတူညီချက်အရ UWSA ဟာ ယခင် ဗကပ တုန်းကကဲ့သို့ ၎င်းတို့လက်နက်ကိုင်တပ်များ ဆက်လက် ထားရှိခွင့် ရသကဲ့သို့ အစိုးရမှလည်း ၎င်းတို့ အုပ်စိုးရာ နယ်မြေတွေကို ဆက်လက်ထိမ်းချုပ်ခွင့် ပေးအပ်ခဲ့ပါတယ်…… အပြန်အလှန်အနေနဲ့ UWSA မှ အစိုးရတပ်များအား မတိုက်ရန်၊ တိုင်းပြည်အတွင်းရှိ အခြားသော အစိုးရ ဆန့်ကျင်ရေး အဖွဲ့များ၊ လူမျိုးစုများနှင့် မဆက်သွယ်ရန် သဘောတူညီခဲ့ပါတယ်…

ဗဟိုအစိုးရနှင့် နားလည်မှုယူထားတဲ့ အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ မြန်မာ့တပ်မတော်ဟာ ပန်ဆန်းတွင် ဆက်ဆံရေးရုံး တစ်ရုံး ထားခွင့်ရှိပါတယ်။ အဆိုပါရုံးတွင် အရာရှိအဆင့် ဆယ်ယောက်ခန့် တာဝန်ထမ်းဆောင်နေပါတယ်။ သို့သော် အဆိုပါအရာရှိများမှာ သူတို့နေထိုင်ရာ ဝင်းထဲမှ အပြင်သို့ ထွက်ခဲပါတယ်။ ပန်ဆန်းရှိ တစ်ခုတည်းသော မြန်မာအလံဆို၍ အစိုးရဆေးပေးခန်းတွင်သာရှိပါတယ်။ ကျန် ရုံးအဆောက်အအုံ အားလုံးတွင် လွှင့်ထူထားသည်မှာ UWSA အလံနှင့် ဝ ပြည်နယ် အလံသာဖြစ်သည်။ အပြာ၊ အနီ နောက်ခံထက်တွင် ကြယ်တစ်ပွင့်၊ နေတစ်စင်း၊ ဓားမြှောင်နှင့် လှံတံကန့်လန့်ဖြတ်ထားသော အမှတ်အသားတစ်ခု ပါဝင်သည့် အလံတော် ဖြစ်ပါသည်။

ဆက်ရန်..........

မှတ်ချက် ။ ။ မြန်မာ့အရေးကျွမ်းကျင်သူ ဂျာနယ်လစ် Bertil Lintner ရေး၍ ကျော်ဝင်း ဘာသာပြန်သည့် The Rise and Fall of the Communist Party of Burma မှ အချက်များအား စာဖတ်ရသူ အဆင်ပြေစေရန် ပြန်လည် စီပီး တင်ဆက်ပေးခြင်း ဖြစ်ပါတယ်…..

ဓါတ်ပုံ ဗကပ ခေါင်းဆောင် သခင်ဗသိန်းတင်နှင့် တစ်ချိန်က ကွန်မြူနစ်ဝါဒ ဖခင်ကြီးများ၏ ဓါတ်ပုံများနှင့် ပဏာရနေသည့် ပန်ဆန်းရှိ ဗကပ ဌာနချုပ်….. Copied from Burma in Revolt written by Bertil Lintner

" တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၈ "

$
0
0
 
5 minutes ago 

၁၉၉၀ မေ၂၇ ရက်နေ့ …
ရန်ကုန်မြို့ ရဲ့ ညနေခင်းလေထုဟာ…..
ဆူညံအော်ဟစ် စိတ်လှုပ်ရှားသံတွေနဲ့ ပြည့်နှက် နေပါတယ်…
ရွေးကောက်ပွဲ မဲအနိုင် အရှုံးကို …..
စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးရဲ့ အသံကြားထဲမှာ……
မဲစာရင်း ကြေငြာနေတဲ့ ရုပ်မြင်သံကြားက အသံဟာ ……
တစ်ချက်တစ်ချက်မှ သဲ့သဲ့ပဲ ထိုးဖောက်နိုင်ပါတယ်……
ဒီ..မဲ အနိုင်အရှုံး စာရင်းဟာ…….
အနာဂတ်မြန်မာ့သမိုင်းမှာ …….
တပ်မတော်ကို တစ်ချိန်လုံး ဖိအားပေးခံရမယ့် ဆုံးဖြတ်ချက်တစ်ခုရဲ့  ……
သနေ တည်ရာအစလည်း ဖြစ်သလို ……
တိုင်းပြည်ကို ချွတ်ခြုံကျသွားစေမယ့် ……
စီးပွားရေးပိတ်ဆို့ မှုအများအပြားရဲ့ …..
မြစ်ဖျားခံရာလည်း ဖြစ်ပါတယ်…….။

၁၉၈၈ နိုဝင်ဘာ ၂၅ ရက်နေ့ မှာ …..
အတိုက်အခံပါတီကို တည်ထောင်သူ သုံးဦးထဲက တစ်ဦးဟာ….
ပါတီတွင်း ကွန်မြူနစ်ဝါဒ စိမ့်ဝင်လွှမ်းမိုးနေမှုနဲ့ ပတ်သက်လို့ ….
ပါတီဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြခဲ့ရာက….
ပါတီတွင်း သဘောထားကွဲလွဲမှုတွေ …..
အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်…….
ဒီဖြစ်ရပ်ဟာ တင်ပြသူအပါအ၀င် ……
ဗဟိုကော်မတီဝင် ၁၃ ဦး နူတ်ထွက်ခဲ့ရုံသာ ထင်ရပေမယ့် …..
ဗမာပြည် ကွန်မြူနှစ်ပါတီရဲ့ …..
အနှစ်လေးဆယ် ရန်သူတော်ကြီး တပ်မတော် အတွက်တော့ …..
အင်မတန်အနရာယ်ကြီးတဲ့……..
ခြိမ်းခြောက်မှုကြီးတစ်ခုလို ရှုမြင်ခဲ့ပြီး ……
အတိုက်အခံပါတီအပေါ် …….
သတိကြီးကြီးနဲ့ စောင့်ကြည့်တဲ့ …..
အနေအထားကို ဖြစ်ပေါ်စေခဲ့ပါတယ်……။

၁၉၈၈ နောက်ပိုင်း …..
တပ်မတော်အပေါ် ……
ယုံကြည်မှုကင်းမဲ့ ခဲ့တဲ့ အတိုက်အခံပါတီကြီးဟာ ……
တပ်မတော်ကလဲ သူ့ အပေါ်…..
အယုံအကြည် မရှိတော့စေမယ့် ……
လှုပ်ရှားမှု အများအပြားကို ဆောင်ရွက်ခဲ့ ပါတယ်….
သူတို့ ရဲ့ ……
မြေအောက်အဖွဲ့ အစည်း …..
တောတွင်းလက်နက်ကိုင် အဖွဲ့ အစည်း အများအပြားနဲ့  ဆက်သွယ်ဆောင်ရွက်မှုတွေကို …….
တပ်မတော်အနေနဲ့ ကတော့ …….
သူတို့ ကို ပူးပေါင်းဖြိုခွဲဖို့ ပြင်ဆင်နေတယ်လို့ ပဲ ရှုမြင်ခဲ့ပြီး…….
ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်းမှာ…..
ပါတီခေါင်းဆောင်တွေ ရဲ့ ……..
တပ်မတော်အပေါ် ပုတ်ခတ်ပြောဆိုခဲ့တဲ့  ဖြစ်ရပ်တွေဟာ ……
ဒီ သံသယကို……
ပိုမိုခိုင်မာလာစေခဲ့ပါတယ်…….။

ပါတီထဲကို ဥဒဟို ၀င်ထွက်နေတဲ့ ……
နိုင်ငံခြားတိုင်းပြည်တွေက သံတမာန် တွေနဲ့ …….
အဖွဲ့ အစည်းအတော်များများဟာ …….
တံခါးပိတ် ၀ါဒကို ၂၆ နှစ် ကျင့်သုံးလာပြီး ……
နိုင်ငံခြားတိုင်းပြည်တွေနဲ့ …….
လုံးဝ နီးပါး အဆက်အဆံမရှိခဲ့ တဲ့ စစ်တပ်တစ်ခုအဖို့ တော့……
ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ……
ပြည်ပ စွက်ဖက်မှု ပါဝင်နေပြီလို့ ……
အသေအချာ ကောက်ချက်ချစေခဲ့ ပါတယ်…..။

၁၉၉၀ ခုနှစ်ရဲ့  မငြိမ်မသက် ကာလတစ်ချို့ မှာ….
ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဟာ……
ပြည်တွင်းနိုင်ငံရေးသမား အချို့ နဲ့ …….
ပြည်တွင်း ပြည်ပ သံတမာန်အများအပြား …….
ပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် ………
ခြိမ်းခြောက်မှုတစ်ခုကို …….
ခပ်ပြောင်ပြောင်ပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်……

သံတမာန်တွေရဲ့  နိုင်ငံရေး အတွေ့ အကြုံအရ…...
ရွေးကောက်ပွဲ ကိုတာဝန်ယူကျင်းပပေးနေပြီး ……
အထက်အောက် အမိန့် နာခံမှု အလွန်အားကောင်းတဲ့  ……
ဧရာမ လက်နက်ကိုင် အဖွဲ့ အစည်းကြီး ရဲ့  ခေါင်းဆောင်တွေအပေါ် …….
ပါတီအာဏာရရှိခဲ့ ရင် ……
အရေးယူမှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ အပြောမျိုးဟာ……
သမိုင်းမှာ အကြာဆုံး ပြည်တွင်းစစ်ဖြစ်နေပြီး ….
စစ်ဖက်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု သိပ်မြင့်မားတဲ့  …….
မြန်မာနိုင်ငံလို တိုင်းပြည်မျိုး အတွက်တော့…..
အင်မတန် မိုက်မဲပြီး ……
အဆင်အခြင်ကင်းမဲ့ တဲ့လုပ်ရပ်တစ်ခုလို့  ……
ရှုမြင်ပုံရကြပါတယ်……။

ဒီ အဖြစ်အပျက်တွေရဲ့  အကျိုးဆက်ဟာ …..
၁၉၉၀ မေလ ၂၇ ရက်နေ့ …
ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာချိန်မှာတော့…..
စပြီး……
အသက်ဝင်လှုပ်ရှားလာခဲ့ပါပြီ……..။

( အပိုင်း ၉ ဒီနေ့ ပဲ ဆက်တင်ပါမည် )

ခါဝဿန်ဦး တောင်လေမြူးပြန်တော့

$
0
0


အခုလို မိုးဦးကျ တောင်လေမြူးချိန် ရောက်ရင်ဖြင့် ကိုယ့်ဌာနေ မွေးရပ်မြေကို လွမ်းဆွတ်သတိရနေတတ်တာ ဘယ်လိုမှ ဖုံးကွယ်မြိုသိပ်မရသော ခံစားမှုတရပ်ပါ။

အနောက်တောင်လေ မုတ်သုန်မိုးနဲ့အတူ မြေပြင်တခုလုံး နီနီစွေး ပြန့်ကြဲနေတဲ့ စိန်ပန်းပွင့်ဖတ်လေးတွေကို စိတ်ရှည်လက်ရှည် ကောက်ယူပြီး အပေါင်းဖော်တသင်းနဲ့ အိုးပုတ်၊ ချိုးရုပ်တမ်း ကစားခဲ့တာတွေ… ကဆုန် မိုးသေး မြက်သားမွေးချိန် ဆိုတော့.. တနွေလုံး အပူရှိန်ပြင်းပြင်းအောက်မှာ ခြောက်သရောင်း အားပြတ်လုနီးနီး ပင်ပန်းကြီးစွာ အသက်ဆက်ခဲ့ရသော စိမ်းစိုနုထွေးအိခါစ မြက်ခင်းတွေပေါ် ဖွဖွလေးနင်း ပျော်ခြင်းဖွဲ့ ကခုန် ရွှင်မြူးခဲ့တာတွေ… မြေသား မို့အက်အက်လေးတွေကို ငန်းပြားနဲ့ ထိုးစိုက်ကော်လိုက်တိုင်း ဘွားခနဲ ကိုယ်ရောင်ပြတတ်လာတဲ့ ဖွေးဖွေးဖြူ မြေပဲစို့ နုနုလေးများ တူးဖော်ခဲ့ကြတာတွေ….။


ငယ်ဘဝမှာ ကိုယ်နဲ့ အကျွမ်းတဝင်ရှိခဲ့ဖူးတဲ့ ဒီမြင်ကွင်းလေးတွေဟာ အချိန်ကာလတွေ ဘယ်လောက် ကြာကြာ အတွေးအိမ်ထဲမှာ မေ့ပျောက်သွားဖို့ မဖြစ်နိုင်တဲ့ ပန်းချီကားချပ်လေးတွေအဖြစ် ထာဝရတည်ရှိနေမှာပါ။
နောက်ပြီးတော့… အဲဒီလို မိုးတပြိုက်နှစ်ပြိုက် ရွာသွန်းခါစ ထယ်ရေးပြင်ချိန်မှာ နွားပျောက်ရှာရတာကလည်း နှစ်စဉ်ကြုံနေကျ အလုပ်တခု။ နွားပျောက်ဆိုရာမှာ သူများခိုးယူလို့ ပျောက်တယ်ဆိုတာထက် တရွာတကျေးက ဝယ်ယူထားတဲ့ နွားတွေဟာ မိုးဦးချအချိန်ရောက်ရင် ချည်တိုင်ဟောင်းကို အောက်မေ့ သတိရတတ်တယ်လေ။ တချို့နွားတွေဆို ကိုယ့်လက်ထဲရောက်တာ ၂ နှစ် ၃ နှစ် ရှိနေတာတောင်မှ ပိုင်ရှင်ဟောင်းထံ အရောက်ပြန် သွားကြတာတွေ ရှိတယ်။ ဧရာဝတီမြစ်အနောက်ဖက်ကမ်း ကိုင်းသမားတွေဆီက ဝယ်လာတဲ့ နွားတွေဟာ မြစ်ကို ဖြတ်ကူးပြီး ပြန်ပြေးကြတာ။
ဒီတော့ ဒီရာသီ ဒီအချိန်ရောက်လာတိုင်း သံယောဇဉ်အမျှင်တန်းလို့ အလွမ်းဓာတ်ခံ နှလုံးသား အားကြီးလွန်း လှပါတယ်ဆိုတဲ့ လူသားတွေ အဖို့သာမက မိသားစုဘဝဆိုတာ ဘာမှန်း မသိတဲ့ တိရစ္ဆာန်တွေလည်း ကျင်လည် ခဲ့ဖူးတဲ့ ဌာနေဟောင်းကို အောက်မေ့ သတိရလွမ်းဆွတ်အောင် စေ့ဆော်မှုပေးနိုင်တာ အထင်အရှားလို့ ဆိုရမှာ ပါပဲ။

ကျနော်က တပ်မှာအမှုထမ်းတာမို့ ရွာကို အလည်ပြန်လေတိုင်း အာမီရမ် လက်ဆောင်လေး ပါသွားရင် ရွာအပြန် အင်မတန် မျက်နှာပန်းလှ သဗျ။ ဦးကြီး ဦးလေး ညီအစ်ကို ဘော်ဒါအားလုံး ကျနော့်နားမှာ ဝိုင်းဝိုင်းကိုလည်လို့….။ ‘ဟ.. ကောင်ကြီး မင်းပုံက အရင်အတိုင်းပါပဲလား’ ဆိုတာတမျိုး… ‘အံမာ.. ငါ့တူတောင် မောင်က တသွေးအမွးနဲ့ ဝလို့.. အသားတွေလည်း ဖြူလာပါလား ဟ’ ဟူငါးကျီးခြောက်ရောင် အသားကို တမင်မျက်လွှဲ ပြီးတဖုံ အမျိုးမျိုးစုံအောင် နှုတ်ခွန်းဆက် စကားတွေ ဆိုတတ်ကြလေရဲ့။
ညနေပိုင်း နေကွယ်လု ပါးဟက်ညိုချိန် ကျရင်တော့ မျက်စမပစ် လက်ရိပ်မပြရဘဲ ကြိုတင်ချိန်းဆိုမထားတဲ့ နေရာကို အလျှိုအလျှို ရောက်လာတတ်ကြပါရော။ ဒေသထွက် အမြည်းလေးတွေ သူတမျိုး ကိုယ်တဖုံ ပုဆိုး ခါးပုံစလေးတွေထဲထည့် ယူလာကြတယ်။

စကားစပ်မိလို့ အာမီရမ် ပုံပြင်လေးတခု ပြောလိုက်ရအုံးမယ်။ ကျနော်ငယ်ငယ်က အဖြစ်ပျက်လေး။ ရေတပ်ထဲ ရောက်နေတဲ့ ကျနော့်အစ်ကို ရွာပြန်လာတုန်းမှာ သူယူလာတဲ့ အာမီရမ် ၃ ပုလင်းကို ရွာကလူတွေ ဝိုင်းဖွဲ့စာရင်း ရှင်းကြတာ တက်တက်ပြောင်သွားတယ်။ လူတွေလည်း အတော် မူးကုန်ကြပြီ။ မှောက်တဲ့လူမှောက်၊ ဆန်ပြုတ် ရောင်းသူရောင်းနဲ့။
သူတို့ထဲမှာ အစောကြီး အိပ်ပျော်သွားပြီး တရေးနိုးလာတဲ့ ဘကြီးက အိပ်နေသူ တဦးကို အတင်းနှိုးပြီး မေးတယ်။ ‘အာမီရမ် ကျန်သေးလားတဲ့’ …။ အားလုံး လက်ကျန်ရှင်းတမ်း ပြတ်ပြီလို့ ပုလင်းခွံတွေ ထောင်ပြ ပေမဲ့ ဘကြီးက မယုံဘူး။ သူ့စိတ်ထဲမှာ ‘ငါလို အရက်ချိုးတောင် နည်းနည်းသောက်ပြီး မူးသွားတာ ဒင်းတို့က အကုန်သောက်ပစ်တယ်ဆိုတာ မဖြစ်နိုင်ဘူး’ ပေါ့..။ ဒါနဲ့ပဲ အိမ်ထဲအနှံ့ ရှာပုံတော် ဖွင့်ရာကနေ ပုလင်းတလုံး ပါလာတယ်။ ‘ဒီမှာ မတွေ့ဘူးလား အာမီရမ် ပုလင်းကြီး .. မင်းတို့ ငါ့ကို လျှိုလို့မရဘူးကွ’ လို့ ပြောရင်း ကောက်ကာ ငင်ကာ ဖန်ခွက်တလုံးဆွဲပြီး ၃ ပက်ခန့် ခပ်သွက်သွက် ငှဲ့ထည့်ကာ ရေမရောဘဲ မော့ချလိုက် တယ်။  ‘ဟားးးး….  ကောင်းလိုက်တဲ့ အာမီရမ် ရင်ထဲကို ပူသွားတာပဲ’   လေချဉ်တချက် အေ့ပြီး ပြန်အိပ်ပျော် သွားရှာရော။

နောက်နေ့ တမနက်လုံး ဘကြီး ပါးစပ်က တအေ့အေ့ အဟားဟား နဲ့  မနားတမ်း လေဒဟောပျို့နေတော့တယ်။

ရေအိမ်တက်ပြန်တော့လည်း ကျလိုက်တဲ့ သန်ကောင်တွေ မနည်းဘူး ဆိုပဲ။ ညတုန်းက အာမီရမ် အမှတ်နဲ့ ဓာတ်ဆီပုလင်းကြီး မှားသောက်မိလိုက်တာ တားချိန်တောင် မရလိုက်ဘူး တဲ့။ အဲလို  အဲလို။
ထားပါတော့လေ..။ ကျနော်ကိုယ်တိုင် မီလိုက်တဲ့ ဝိုင်းလေးအကြောင်း ဆက်ကြရအောင်။
ဝိုင်းစတော့မယ် ဆိုကတည်းက ရေအပြည့်ထည့်ထားတဲ့ သဲကောမြေအိုးတလုံး အနားမှာ ကျနော်ယူချထား လိုက်တယ်။ သူတို့ထက်စာရင် ရပ်တကာနယ်လှည့် ဝိုင်းအတော် စုံစုံလင်လင်လေး နွှဲဖူးထားတဲ့ အတွေ့အကြုံ ကြောင့် ရေမရောရင် ‘အသေစောမယ်’ ဆိုတဲ့ ဆောင်ပုဒ်လေး ကျနော် လက်ကိုင်ထားဖြစ်လာတာပါ။ ဒါကို ဝိုင်းတော်သားတချို့က ဘဝမကျချင်ဘူး ဖြစ်နေတယ်။ ‘ဟယ်… မင့်ဟာက အရက်သောက်မှာလား ရေသောက် မှာလား’ ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ကလိတိတိ ရိသဲ့သဲ့ လုပ်ကြပြန်တယ်။ သူတို့က ထွေးညိုဆိုရင် ရေနွေးခရားထဲ အပြည့်ထည့် ဝမ်းစတုတ်ခ် နဲ့ အပြတ်ဆွဲ ကြသူတွေကိုး။

အရက်ခွက်လေး စက်ဝိုင်း ၃ ပတ်လောက် လည်သွားချိန်မှာ သူငယ်ချင်း တဦး ထပ်ရောက်လာတယ်။ ကျနော့် ငယ်ပေါင်း ကြွက်ဖလောင်း ဆိုတဲ့ ကောင်လေ..။ သူ့ ပုခုံးမှာ ဒူးလေးလိုလို ဘာလိုလို ဟာကြီးတခု သိုင်းလွယ် ထားပြီး ဝါးကျည်ထောက်ထဲမှာလည်း ဖဲထီးကိုင်းသံချောင်းနဲ့လုပ်ထားတဲ့ မျှားတွေထည့်ထားတယ်။  ခြေထောက်မှာ တောဘွတ်ဖိနပ်ကြီး စီး၊ သူ့နဖူးပြင်ထက် Head Slight ခေါ်မလား ဓာတ်မီးခွက်တခု ခေါင်းမှာတပ်လို့…  တွတ်ပီ ခရေဇီများ ဖြစ်သွားပြီလား အောက်မေ့ ရတယ်။
သူက အိမ်ပေါ်တက်လာပြီး ကျနော့်ဘေးမှာကပ်ထိုင် ကျနော့်ပခုံးကို သိုင်းဖက် သူ့လက်ကလေးနဲ့ ဂုတ်ပိုးကို ဖျစ်ညှစ် နှိပ်နယ်ပေးရင်း ‘သူငယ်ချင်းရာ မင်းရောက်နေမှန်း ခုနမှ ငါသိတာကွ.. အဲဒါနဲ့ အလုပ် မသွားခင်လေး တွေ့ရအောင် ဆိုပြီး ဝင်လာတာ’ ဆိုတော့.. သူ့ကို ရမ်တခွက် ငှဲ့ပေးလိုက်ရင်းက ‘မင်းက ညကြီးမင်းကြီး ဘယ်ကိုသွားပြီး ဘာတွေလုပ်မလို့လဲ’ သိချင်ဇောနဲ့ မေးလိုက်မိတယ်။

‘ငါ.. မြွေလိုက်(မြွေဖမ်း) သွားမလို့…’
‘ဟေ…………..’
‘ဟုတ်တယ်ကွ ဒီကောင် မြွေဖမ်းရောင်းတာနဲ့ အတော် ဟုတ်နေတာ’
ဦးလေးညို ကပါ ဝင်ထောက်ခံနေတော့ ကျနော် အံ့သြရုံမက ကြက်သီးပါဖြန်းသွားမိတယ်။
‘ဘာ… မြွေကို စီးပွားဖြစ် ရောင်းရတယ်’
‘အေးလကွာ.. အခု ဒီမှာ မြွေဈေးကွက် ရှိတယ်ကွ… မနက်ကျရင် မင်းဈေးထဲ လျှောက်ကြည့်ပါလား’ တဲ့။

ကျနော့် စိတ်ထဲမှာတော့ မကြံကောင်းမစည်ရာ စကားတွေ ကြားနေရသလိုပါပဲ။ ကျနော် ရွာမှာရှိတုန်းက မြွေလိုက်စားတဲ့လူတချို့ ရှိပါတယ်။ သူများ ရောင်းဖို့မဟုတ် သူတို့ကိုယ်တိုင် ချက်စားဖို့လောက်ပဲ ရှာကြတာ။ ကျနော်တို့လည်း မြွေနဲ့ ပက်ပင်းကြုံလို့ ကိုယ်ကဦးတဲ့အခါ ရတဲ့မြွေသားကို ချက်စားဖူးပါတယ်။ ဒါပေမဲ့ ခုလို ဈေးကွက်တင်တဲ့ဟာက ကြားတောင် မကြားခဲ့ဘူးပါ။ ဘီပီအိုင် ဆေးဝါးထုတ်လုပ်ရေးအတွက် အဆိပ်ရှိမြွေ တွေ ရှာဖွေတဲ့သတင်းနဲ့ ကင်ဆင်ရောဂါကုသဖို့ မြွေပွေးသား အလိုရှိတဲ့ သတင်းတွေတော့ ကြားခဲ့မိပါတယ်။

ကျနော်တို့နယ်မှာ မြွေဆိုးပေါတယ်။ အရင်ကဆို ရွာနဲ့ဝေးတဲ့နေရာက ကိုင်းတောမြေလွတ်တွေကို ခုတ်ထွင် ရှင်းလင်းပြီး လယ်မြေတိုးချဲ့လုပ်ကိုင်သူတွေ ရှိကြတယ်။ လေးငါးနှစ် အထိုင်ကျတဲ့အခါ လယ်တဲလေးတွေ ထိုးပြီး သွားနေသူတွေလည်း ရှိပါတယ်။ နောက်တော့ ‘ဠဟကြီးကုန်း’ ‘စိန်မြိုင်သာယာ’ စသဖြင့် ကျေးရွာသစ် တွေပေါ်ပေါက်လာတယ်။
 တနှစ်တနှစ် ထယ်ထိုးရင်း.. မြက်ရိတ်ရင်း.. ကောက်ရိတ်ရင်း.. လမ်းသွားလမ်းလာရင်း..  မြွေကိုက်ခံရတဲ့ ဦးရေ မနည်းလှပါ။ ဝမ်းစာရေးအတွက် နွားနဲ့ဖက်ရုန်းရင်း ဘဝဆုံး ရသူ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ၊ ဖတဆိုး ဖြစ်သွားရသူတွေ ရွာမှာ အများကြီးရှိပါတယ်။ လယ်မဲ့ယာမဲ့တွေ အဖို့ မိသားစု ထမင်းတအိုးအတွက် ခက်ခက်ခဲခဲ အသက်လုရှာဖွေရတဲ့ အချိန်တွေပါ။
တနှစ်…..  ကျနော့်သူငယ်ချင်းတဦး ကောက်ရိတ်ရင်း ပိုးထိသွားတယ်။ ကိုက်တဲ့မြွေပွေးကို သူကိုယ်တိုင် တံစဉ်နှောင့်နဲ့ ထုသတ်ပြီး ဆေးရုံထိ ယူလာခဲ့တယ်။ တော်သေးတာပေါ့… ဆေးရုံကိုရောက်ဖို့ ၇/၈ မိုင်လောက် ထမ်းသွားရတဲ့ လမ်းခရီးတထောက်မှာ ကျေးလက်ဆေးပေးခန်း ရှိနေတာမို့ အဲဒီမှာဝင်ပြီး မြွေဆိပ်ဖြေဆေး ထိုးသွားပေလို့သာ… နို့မို့ဆို… မတွေးဝံ့စရာ ဖြစ်ကုန်တော့မှာ။ ဆေးရုံမှာ လူနာကို ထားခဲ့ပြီးအပြန် ‘တို့သူငယ်ချင်းကို ကိုက်တဲ့မြွေလား… အကြောင်းသိမယ်’ ဆိုပြီး မြွေသေကို ချက်စားဖို့ ယူလာကြတယ်။ အိမ်ရောက်လို့ မြွေကို ကောက်ရိုးမီးမြှိုက်၊ ချက်ပြီးတဲ့အခါ အားမာန်အပြည့်နဲ့ စားမယ်လို့ ပန်ကန်ထဲ ဆယ်ထည့်ပြီးခါမှ ကြက်သီးဖြန်းဖြန်းထလို့ ကျနော် မစားရဲတော့ဘူး။ မီးမြှိုက်ထားပေမဲ့ မြွေပွေးအရေခွံက အကွက်ကြီးတွေ ပျောက်မသွားဘူး.. ပြီးတော့ သူ့အရေခွံက ကြမ်းကြမ်းကြီးရယ်။ (အခု ရေးနေရင်းကိုပဲ ကြက်သီးထမိပါရဲ့)

ဒါနဲ့ ကြုံတုန်း ဗဟုသုတ ဖြစ်အောင် သူငယ်ချင်းထံမှာ မြွေရှာ မြွေဖမ်းနည်းလေး စပ်စုမိတဲ့အခါ…

‘ပြောရရင်တော့ သူငယ်ချင်းရေ… အိမ်က စထွက်ကတည်းက မတောင်းကောင်းတဲ့ ဆုကို တောင်းပြီး ထွက်ရတာကွ.. ဒီညတော့ အကောင်ကြီးကြီး နဲ့ များများတွေ့ပါစေပေါ့။ လယ်ကွင်းထဲရောက်ပြီ ဆိုတာနဲ့ အရပ် ၈ မျက်နှာ မနားတမ်း လိုက်ရှာရတယ်။ ဒီအချိန်က မြွေမိတ်လိုက်ချိန်ဆိုတော့ တကောင်တွေ့ရင် ဘေးမှာ ၃/၄ ကောင် အနည်းလေး ရှိနေတတ်တယ်။ ဓာတ်မီးအလင်းရောင် အောက်မှာ သူတို့မျက်လုံးတွေက ရဲနေတာပဲ။ အဲဒါ ကိုယ်နဲ့ အနီးဆုံး အကောင်ကို မျှားနဲ့အရင်ပစ်ရတယ်၊ ပြီးမှ ခပ်လှမ်းလှမ်းက အကောင်တွေကို ပစ်ယူရတာ။ တွေ့တဲ့ မြွေအုပ်က သိပ်မများဘူးဆိုရင် လယ်သုံးလေးကွက်ကျော်မှာရှိနေတဲ့ တခြားတယောက် အသိမပေးတော့ဘူး၊ ကိုယ်တယောက်တည်း နိုင်အောင်လုပ်ယူတယ်။ ၅၀ သားအထက် အလေးချိန်ရှိတဲ့ အကောင်ဆို ဈေးပိုရတယ်လေ။ ဒီတော့လည်း မက်လုံးရှိတာပေါ့ကွာ..။ သရဲတွေဘာတွေ ကြောက်ရမှန်းလည်း မသိတော့ ဘူး။ သင်္ချိုင်းကုန်းမှာ အိပ်ခဲ့တဲ့ညတွေ မနည်းတော့ဘူးဟ….’

‘မင်းနှယ့်ကွာ… မထိတ်သာ မလန့်သာကြီး… မြွေပေါက်မခံရဘူးလား’

‘ခံရတဲ့ အခါလည်း ရှိတာပေါ့ကွာ.. တခါကဆိုရင် ရှေ့မှာမြင်နေတဲ့အကောင်ကို ငါ မုဆိုးဒူးထောက် ထိုင်ပြီး ပစ်နေတုန်း ဘေးကတကောင် ပြေးခဲတာ ခံရဖူးတယ်။ တော်သေးတာပေါ့ကွာ.. မြေပွေးက ခွေးဆွဲဆွဲတာ ဆိုတော့ တောဘွတ်ကို မကျော်လို့.. ဒီလိုပဲ သူငယ်ချင်းရေ အစတုန်းတော့ ခပ်ကြောက်ကြောက်နဲ့ လုပ်တာပဲ နောက်ပိုင်း ပိုက်ဆံလေးရမှန်းသိတော့လည်း ဒါတွေ မတွေးအားတော့ပါဘူးကွာ… ကဲ သွားအုံးမယ်ကွာ  နက်ဖြန်ညနေမှ တွေ့ကြမယ်ဟေ့..’ 

ပြောပြောဆိုဆို ဆေးလိပ်မီးညှိပြီး ဆင်းသွားတဲ့ သူငယ်ချင်းကို ကျနော်လည်း မတားနိုင်ခဲ့ပါ။

နောက်တနေ့ မနက် ဈေးထဲမှာ ဟင်းချက်စရာသွားဝယ်ရင်း ငါးစိမ်းတန်းဘက်ကို အရောက်မှာ ကြွပ်ကြွပ် အိတ်နဲ့ ထုပ်ထားတဲ့ အိခွေခွေ အကောင်ကြီးတွေ တွေ့မှ ကျနော့်စိတ်ထဲ သံသယရှင်းသွားတော့တယ်။

ဗုဒ္ဓဘာသာဝင် တဦးမို့ သူတပါးအသက် သတ်တာကို နှစ်နှစ်ကာကာ အားမပေးလိုသော်လည်း ကျေးလက် လူနေမှုဘဝမှာ ထိထိခိုက်ခိုက် ဆိုးကျိုးဖြစ်စေတဲ့ မြွေဆိုးအန္တရာယ်  ကင်းရှင်းရေးအတွက် တတပ်တအား အထောက်အကူပြုနေတဲ့ မြွေဖမ်းခြင်း အလုပ်ကိုတော့ (ဘာသာရေးအဆုံးအမတရားကို မသိလိုက် မသိဖာသာ မျက်ကွယ်ပြုရင်း) အားပေးရပါတော့မယ်။

နေမင်းသူ
၂၈-၀၄-၂၀၁၃

" တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၉ "

$
0
0
 
 


၁၉၉၀ ရွေးကောက်ပွဲ မဲရလဒ်ဟာ…..
တပ်မတော် အစိုးရ အဖို့ ….
ရွေးကောက်ပွဲ မတိုင်မီ .....
လအတန်ကြာတည်းက တင်ပြလာတဲ့ ……..
တပ်မတော် ထောက်လှမ်းရေး ရဲ့ ………
လူထုထောက်ခံမှု အခြေအနေ အစီရင်ခံစာတွေနဲ့ ….
သိပ်ပြီး ကွဲလွဲမှု မရှိလွန်းသည့်တိုင်…….
အံ့အားတော့ အတော်သင့်သွားစေခဲ့ ပါတယ်…….

အမတ်နေရာ ၄၄၇ ဦး ၀င်ပြိုင်တဲ့အနက် ......
၃၉၂ ဦး အနိုင်ရခဲ့တာသည်….
အမတ်နေရာ ၄၈၅ နေရာသာရှိတဲ့ လွှတ်တော် အတွက်…..
ပါတီတစ်ခုတည်းရဲ့ အဆုံးအဖြတ် မူဝါဒ နဲ့ သာ….
ရှေ့ ကိုဆက်လက်ခုတ်မောင်းတော့မယ့် သဘောလည်းဖြစ်သလို ….…
အတိုက်အခံပါတီအနေနဲ့ လည်း………
တပ်မတော် ရဲ့ တစ်ခုတည်းသော ဆုတ်ခွာရာလမ်းကို ………
ဖြတ်တောက်ပိတ်ဆို့ စေလိုက်မိပြီ ဖြစ်ပါတယ်……….။

ရွေးကောက်ပွဲပြီး နိုင်ငံရေး အခြေအနေ အရပ်ရပ်ဟာ……..
အာဏာ လွှဲပြောင်း မယူမီ ကာလက …….
တပ်မတော်ကြီး မျှော်လင့်ထားတဲ့  အခြေအနေတွေနဲ့ တော့ …….
အတော့်ကို ကွာဟနေပါတယ်…….

သူ့ ရဲ့ .....
နိုင်ငံကို တည်ငြိမ်အောင် ထိန်းသိမ်းတဲ့ အစီအစဉ်မှာ…
ပြည်သူလူထုကြား ထောက်ခံမှုဟာ ……..
သူထင်တာထက် ပိုပြီး ကျဆင်းသွားတဲ့ အချက်နဲ့ …….
ရွေးကောက်ပွဲနိုင် အဓိက အတိုက်အခံပါတီကြီးက …….
သူ့ ရန်သူ မြေအောက် အဖွဲ့ အစည်း အတော်များများနဲ့ အဆက်အသွယ် ပြုလုပ်ခဲ့ ပြီး …….
သူ့ ကို… ရန်သူလို ပြင်းပြင်းထန်ထန် တုန့် ပြန် လာတာတွေဟာ….
လွတ်လပ် တရားမျှတတဲ့  ရွေးကောက်ပွဲ အပြီး.....
စစ်တန်းလျားကို အေးအေး ဆေးဆေး ပြန်သွားဖို့  …….
သူ ဆွဲထားတဲ့ စီမံချက်ထဲမှာ ……..
လုံးဝ မပါဝင်ခဲ့ တဲ့ အချက်တွေ ဖြစ်ပါတယ်…..….
သူ့ အတွက်ကတော့ သတ်ကွင်းထဲကို …….
အလိုလို ၀င်ရောက် နေလျှက်မိသား ဖြစ်သွားခဲ့ပါပြီ……။

ဒါပေမယ့်လည်း …….
စတင်ဖွဲ့ စည်းခဲ့ တဲ့ အချိန်ကတည်းက…..
ဟိုး ……ရေခဲဖုံးတောင်တန်းတွေရဲ့  အခြေကနေ……
ကမ်းရိုးတန်း စိမ့်စမ်း ရွံ့ ညွှန်တွေ ကြား….
ရိုးမတောနက်တွေပါမကျန်….
မြန်မာပြည် အနှံ့ အနှစ်လေးဆယ်လုံးလုံး ….
ထောင်းလမောင်းကြေအောင် …..
တိုက်ပွဲဝင်လာခဲ့တဲ့  စစ်တပ် တစ်ခုအတွက်တော့ ….
ဒီအခြေအနေဟာ ခက်ခဲပေမယ့်လည်း ……
လက်နက်ချရတော့မယ်လို့ တော့.....
လုံးဝ အဓိပ္ပာယ် မရပါဘူး………
ကျဉ်းထဲကျပ်ထဲ ဆိုတဲ့ စကားလုံးဟာ
သူ့ ရဲ့ အဘိဓာန်မှာ …..
တစ်နေ့ ကို သုံးလေးခါလောက် ….
အမြဲ သုံးစွဲနေရတဲ့  စကားလုံးလည်းဖြစ်ပါတယ်….

လက်ရှိ အခြေအနေဟာ….
သူ့ အနေနဲ့ အကျအဆုံး ကြီးကြီးမားမား မရှိဘဲ …..
နောက်ဆုတ်လို့ မရတော့သလို ……
ဒီနေရာမှာ ….အမြဲတပ်စွဲထားဖို့ မဖြစ်နိုင်ဘူးဆိုတာလည်း….
သူကောင်းကောင်း စစ်ရေးသုံးသပ် ….
အကဲဖြတ်ခဲ့ ပြီးပြီ ဖြစ်ပါတယ်……

တပ်မတော် အနေနဲ့ ……
မဟာဗျူဟာ အစီအစဉ်ကြီင်္း တစ်ခုကို ……
အရေးတကြီးဆွဲဖို့ လိုအပ်နေပြီဖြစ်ပြီး…..
ဒီအစီအစဉ်ကြီးထဲမှာ…….
သူ့ ကိုယ်သူ ……
အင်အားတောင့်တင်းအောင် တည်ဆောက်တဲ့ စီမံချက်နဲ့ ……
လက်ရှိအခြေအနေက ဆုတ်ခွာတဲ့ အခါမှာ….
ရန်သူ အနေနဲ့ ……..
နောက်က ထပ်ချပ် လိုက်စစ် မဆင်နိုင်အောင်….
အဆင့်ဆင့် ဟန့် စစ်ဆင်ပြီးမှ …..
ဆုတ်ခွာမယ့် စီမံချက်တွေဟာ….
မပါမဖြစ် ပါဝင်ရမယ့် အချက်တွေဆိုတာ….
သူ ကောင်းကောင်း သဘောပေါက်နှင့် ပြီးပါပြီ……….။

အခုကတော့ ……
သူတို့ အနေနဲ့ ဒီမဟာဗျူဟာ အစီအစဉ်ကြီးကို …..
မလွဲမသွေ အကောင်အထည် ဖော်ရပါတော့မယ်……။

ဒါဟာ……
ရွေးကောက်ပွဲ အနိုင်ရပါတီ အတွက်….
ခါးသီးတဲ့ အရှုံး ခေါင်းလောင်းထိုးသံဖြစ်သလို….
ကမ္ဘာ မှာ အကြာဆုံး စစ်အုပ်ချုပ်ရေးတစ်ခုရဲ့ …….
စာမျက်နှာ နံပါတ်တစ်လည်း ဖြစ်ပါတယ်…….။

မြန်မာပြည် စစ်မျက်နှာ အသီးသီးက တောတွင်း လက်နက်ကိုင်တွေနဲ့  …..
အပစ်အခတ်ရပ်စဲရေး ညှိနိုင်းဖို့ ထွက်ခွာတော့မယ့် ……
တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့ တွေရဲ့  ခရီး အစဖြစ်သလို …..
ငြိမ်းချမ်းရေးကို လက်မခံမယ့် အဖွဲ့ အစည်းတစ်ချို့ ရဲ့ …..
နောက်ဆုံး ရွှေရောင်တောက်ချိန်လည်း ဖြစ်ပါတယ်…..။

အနှစ် ၂၀ အုပ်ချုပ်ရေး အာဏာကို ဆက်ယူလိုက်လို့ …
ဘေးထွက်ဆိုးကျိုး အမျိုးမျိုး နဲ့ ……
အာဏာရှင် တပ်မတော် လို့ …..
အထင်လွဲ နာမည်ပျက် ခံရတော့မယ့်…..
သီချင်းတစ်ပိုဒ်ရဲ့  ခြေဆင်းဖြစ်သလို…..
နောင် အနာဂတ် အနေအထား အခင်းအကျင်း အမျိုးမျိုး အတွက် …
စနစ်တကျ ပြင်ဆင်ဖွဲ့ စည်းလေ့ကျင့်ပြီး …….
ခေတ်မီ စစ်လက်နက်တွေ တပ်ဆင်လာတော့မယ့် …..
ယန္တရား တပ်မတော်တစ်ခုရဲ့ ……
အရုဏ်ဦး လဲ ဖြစ်ပါတယ်……...။

(ပထမပိုင်း ၉ ပိုင်း ပြီးပါပြီ )

( အပိုင်း ၁၀ (ဒုတိယပိုင်း) ကို ၃၀.၅.၂၀၁၃ နေ့ ဆက်တင်ပါမည်

ရိုက်ခတ်သည့်လှိုင်း

$
0
0
Photo: ရိုက်ခတ်သည့်လှိုင်း   လှိုင်းက ခြေဖျားကိုညင်ညင်သာသာလေး ရိုက်ခတ်ထိတွေ့လာသည်။  မြစ်ပြင်ကိုကြည့်တော့ လှိုင်းလေးတွေက ညီညီညာညာ ယိမ်းယိမ်းနွဲ့နွဲ့ ကနေကြသလိုပင်။  ကြည့်နေရင်းနဲ့ပင်..  အဲဒီ လှိုင်းလေးတွေရဲ့နောက်က နည်းနည်းပြင်းထန်တဲ့လှိုင်းက ကပ်ပါလာသည်။ မြစ်ပြင်မှ ဖြတ်သွားသော သင်္ဘောတစ်စီးကြောင်း လှိုင်းထသွားခြင်းဖြစ်သည်။  လှိုင်းလေးတွေ ပုံမှန်လှုပ်ရှားနေကြပြန်သည်။  လှိုင်း… တစ်ခုခုကြောင့် ဖြစ်ပေါ်ရတဲ့လှိုင်း။  လေကြောင့်လှိုင်း၊ ခဲလေးတစ်လုံးကြောင့် ၀ဲဂယက်ထသွားတဲ့လှိုင်း ….  တိုက်တာအိုးအိမ်တွေ ဖျက်စီးတဲ့လှိုင်း၊ ညင်ညင်သာသာလှိုင်း … လှိုင်းတွေအကြောင်း… ……………….  “ စဉ်းစားကြည့်ပါဦးအစ်ကိုရာ ကျွန်တော်နဲ့ ဘာဆိုင်လဲ။ သူတို့ချင်းဖြစ်တဲ့ သူတို့ရှင်းပေါ့။ ကျွန်တော့်ကို လာပြီး မထိခိုက်သင့်ပါဘူး ”  ပြသနာတစ်ခုကြောင့် ဖြစ်လာသည်ကို သူပြောပြနေသည်။ “ အေးပေါ့ကွာ ရှောင်နိုင်သလောက်တော့ရှောင်ပေါ့ ” ဟု ပြောခဲ့ရသည်။  နောက်တစ်ဦးက “ တောက် တော်တော်ဆိုးတဲ့ကံပဲဗျာ တကယ်ပါ လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင်ဆိုတာ သိပ်မှန်တယ်။ ဖြစ်လေသမျှ တလွှဲ၊ လုပ်လိုက်တော့ တချော်၊ ကံလိုက်မလားလို့ ဥာဏ်လေးသုံးတော့ ကံမရှိဥာဏ်ရှိတိုင်း မွဲတော့တာပါပဲ ”  သူကတော့ အရင်းအနှီးရှုံးခဲ့သူတစ်ဦး။ နောက်တစ်ဦးကတော့ မီးရဲ့ ၀ါးမြို့မှုကြောင့် အိမ်တစ်လုံးလုံး ပြာဖြစ်သွားတဲ့သူ။   “ ဘိုးဘွားတွေပိုင်သမျှ၊ အဖေအမေတွေ ပိုင်သမျှ အားလုံး အားလုံး ကုန်ရော။ အစကတော့ ရွှေပေါ် မြတင်ပေါ့။ ခုတော့ ဒီမီးကြောက် မြက်ပေါ်ရွှံ့တင်ဖြစ်ရပြီဗျာ ”  အားလုံး လှိုင်းတွေရဲ့ရိုက်ခတ်မှုဒဏ်ခံလာရသည်။  ဒုက္ခရောက်စေတဲ့ လှိုင်းတွေ။ …………………………………………………………………  တချို့ လှိုင်းတွေကြားမှာ ပျော်ရွှင်နေကြတာမြင်ရသည်။ လှိုင်းတွေကြောင့် ပျော်ရွှင်နေကြသည်။  လှိုင်းတွေပေါ်မှ ရေလွှာလျှောစီးသူ၊ ကမ်းခြေလှိုင်းစီးသူ သူတို့ကတော့ လှိုင်းကိုကြောက်သည့်ပုံ မပေါ်ကြ။  လောကဓံလှိုင်းသည် ဘ၀တစ်ခုလုံးကိုလည်း ဖျက်စီးပစ်တတ်သည်။  အောင်မြင်မှုအတွက်ကြိုးစားရင်း အခက်အခဲလှိုင်းတွေ မိမည်။  မိမိကြောင့် သူများကို လှိုင်းခတ်စေမည်။ သူတစ်ပါးကြောင့် မိမိမှာ လှိုင်းရိုက်ခတ်လာနိုင်သည်။  မြစ်ပြင်ကို ငေးကြည့်ရင်း သင်္ဘောတစ်စင်းဖြတ်သွားသည်။  သင်္ဘောကိုမောင်းနှင်နေသော မာလိန်မှူးကတော့ ဘယ်လှိုင်းမဆိုသူ ကြောက်လိမ့်မည်မဟုတ်။  စကားပုံတစ်ခုအတွေးထဲပေါ်လာသည်။ “ လှိုင်းကြီး လှေအောက် ”  တွေ့ကြုံလာသည့် မည်သည့်လောကဓံလှိုင်းမဆို မိမိရဲ့ ပိုင်နိုင်စွာ ထိန်းချုပ်ထားသည့် ဘ၀လှေအောက်ကို ရောက်အောင်ကြိုးစားရပေမည်။  သို့မဟုတ်က လှိုင်းသည် မိမိဘ၀တစ်ခုလုံးကို ၀ါးမြိုသွားပေလိမ့်မည်။      မောင်ပိုင်     ၂၇-၅-၂၀၁၃

လှိုင်းက ခြေဖျားကိုညင်ညင်သာသာလေး ရိုက်ခတ်ထိတွေ့လာသည်။
မြစ်ပြင်ကိုကြည့်တော့ လှိုင်းလေးတွေက ညီညီညာညာ ယိမ်းယိမ်းနွဲ့နွဲ့ ကနေကြသလိုပင်။
ကြည့်နေရင်းနဲ့ပင်..
အဲဒီ လှိုင်းလေးတွေရဲ့နောက်က နည်းနည်းပြင်းထန်တဲ့လှိုင်းက ကပ်ပါလာသည်။ မြစ်ပြင်မှ ဖြတ်သွားသော သင်္ဘောတစ်စီးကြောင်း လှိုင်းထသွားခြင်းဖြစ်သည်။
လှိုင်းလေးတွေ ပုံမှန်လှုပ်ရှားနေကြပြန်သည်။
လှိုင်း… တစ်ခုခုကြောင့် ဖြစ်ပေါ်ရတဲ့လှိုင်း။
လေကြောင့်လှိုင်း၊ ခဲလေးတစ်လုံးကြောင့် ၀ဲဂယက်ထသွားတဲ့လှိုင်း ….
တိုက်တာအိုးအိမ်တွေ ဖျက်စီးတဲ့လှိုင်း၊ ညင်ညင်သာသာလှိုင်း … လှိုင်းတွေအကြောင်း…
……………….
“ စဉ်းစားကြည့်ပါဦးအစ်ကိုရာ ကျွန်တော်နဲ့ ဘာဆိုင်လဲ။ သူတို့ချင်းဖြစ်တဲ့ သူတို့ရှင်းပေါ့။ ကျွန်တော့်ကို လာပြီး မထိခိုက်သင့်ပါဘူး ”
ပြသနာတစ်ခုကြောင့် ဖြစ်လာသည်ကို သူပြောပြနေသည်။
“ အေးပေါ့ကွာ ရှောင်နိုင်သလောက်တော့ရှောင်ပေါ့ ” ဟု ပြောခဲ့ရသည်။
နောက်တစ်ဦးက
“ တောက် တော်တော်ဆိုးတဲ့ကံပဲဗျာ တကယ်ပါ လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင်ဆိုတာ သိပ်မှန်တယ်။ ဖြစ်လေသမျှ တလွှဲ၊ လုပ်လိုက်တော့ တချော်၊ ကံလိုက်မလားလို့ ဥာဏ်လေးသုံးတော့ ကံမရှိဥာဏ်ရှိတိုင်း မွဲတော့တာပါပဲ ”
သူကတော့ အရင်းအနှီးရှုံးခဲ့သူတစ်ဦး။ နောက်တစ်ဦးကတော့ မီးရဲ့ ၀ါးမြို့မှုကြောင့် အိမ်တစ်လုံးလုံး ပြာဖြစ်သွားတဲ့သူ။

“ ဘိုးဘွားတွေပိုင်သမျှ၊ အဖေအမေတွေ ပိုင်သမျှ အားလုံး အားလုံး ကုန်ရော။ အစကတော့ ရွှေပေါ် မြတင်ပေါ့။ ခုတော့ ဒီမီးကြောက် မြက်ပေါ်ရွှံ့တင်ဖြစ်ရပြီဗျာ ”
အားလုံး လှိုင်းတွေရဲ့ရိုက်ခတ်မှုဒဏ်ခံလာရသည်။ ဒုက္ခရောက်စေတဲ့ လှိုင်းတွေ။
…………………………………………………………………
တချို့ လှိုင်းတွေကြားမှာ ပျော်ရွှင်နေကြတာမြင်ရသည်။ လှိုင်းတွေကြောင့် ပျော်ရွှင်နေကြသည်။
လှိုင်းတွေပေါ်မှ ရေလွှာလျှောစီးသူ၊ ကမ်းခြေလှိုင်းစီးသူ သူတို့ကတော့ လှိုင်းကိုကြောက်သည့်ပုံ မပေါ်ကြ။
လောကဓံလှိုင်းသည် ဘ၀တစ်ခုလုံးကိုလည်း ဖျက်စီးပစ်တတ်သည်။
အောင်မြင်မှုအတွက်ကြိုးစားရင်း အခက်အခဲလှိုင်းတွေ မိမည်။
မိမိကြောင့် သူများကို လှိုင်းခတ်စေမည်။ သူတစ်ပါးကြောင့် မိမိမှာ လှိုင်းရိုက်ခတ်လာနိုင်သည်။
မြစ်ပြင်ကို ငေးကြည့်ရင်း သင်္ဘောတစ်စင်းဖြတ်သွားသည်။
သင်္ဘောကိုမောင်းနှင်နေသော မာလိန်မှူးကတော့ ဘယ်လှိုင်းမဆိုသူ ကြောက်လိမ့်မည်မဟုတ်။
စကားပုံတစ်ခုအတွေးထဲပေါ်လာသည်။
“ လှိုင်းကြီး လှေအောက် ”
တွေ့ကြုံလာသည့် မည်သည့်လောကဓံလှိုင်းမဆို မိမိရဲ့ ပိုင်နိုင်စွာ ထိန်းချုပ်ထားသည့် ဘ၀လှေအောက်ကို ရောက်အောင်ကြိုးစားရပေမည်။
သို့မဟုတ်က လှိုင်းသည် မိမိဘ၀တစ်ခုလုံးကို ၀ါးမြိုသွားပေလိမ့်မည်။

မောင်ပိုင်
၂၇-၅-၂၀၁၃


တစ် ထစ်ချင်း

$
0
0
Photo: တစ်ထစ်ခြင်း  အထစ် ၄၀ မြောက်မှာ ရပ်လိုက်သည်။  အပေါ်ကြည့်တော့ တက်စရာ လှေကားထစ်တွေ ကျန်သေးသည်။ သူငယ်ချင်းတချို့ ပျော်ရွှင်စွား ပြေးတက်ရင်း လှေကားထစ်များ ရေတွက်နေကြသည်။  နောက်ဘက်ပြန်ကြည့်လိုက်တော့ ခရီးသည်တချို့ တက်လာစဲ။  ဘိုးဘွားသက်ကြီးရွယ်အိုများကို တွဲ၍တက်လာသူများ၊ မောပမ်း၍ ထိုင်နားနေသူများလဲ တွေ့ရသည်။  ကျွန်တော်တစ်ထစ်ခြင်း ဆက်တက်ခဲ့သည်။  ဘုရားရင်ပြင်ပေါ်ရောက်တော့ ရင်ထဲမှာကြည်လင်အေးချမ်းသွားသည်။ ခေါင်းလောင်းသံ၊ ဆည်းလည်းသံများ ကြားနေရသည်။  ဘုရားရင်ပြင်ဝယ် ဟိုမှ ဒီမှ သွားလာနေသူများ၊ နားခိုနေသူများ၊ ဘုရားဝတ်ပြုနေသူများ မျိုးစုံနေအောင်တွေ့ရသည်။ ကျွန်တော် ဘုရားရှိခိုးပြီး ဘုရားဆောင်းတန်းများရှိ ဘုရားရှင် အောင်ခြင်း ရှစ်ပါးအကြောင်း ရုပ်ကြွများကြည့်ရင်း မိမိကိုယ်၊ မိမိစိတ်အား အစိုးရသော ဘုရားရှင်အား ကြည်ညို ၀ပ်တွားမိပြန်သည်။  ဓါတ်လှေကားမှ လူတချို့ထွက်လာသည်။ သူတို့ကတော့ မောပမ်းပုံမပြကြ။ လှမ်းမတက်ခဲ့ရလို့ဖြစ်မည်။ ရင်ပြင်ပေါ်မှတစ်ဆင့် အဝေးကိုကြည့်မိတော့ အပြာရောင်ကောင်းကင်နှင့် ရန်ကုန်မြို့တော်ကြီးသည် လှပထည်ဝါနေသည်။  “ ကဲ အချိန်တန်ပြီ ပြန်ကြမယ်။ ဈေးဝယ်စရာတွေလဲရှိသေးတယ် ”  သူငယ်ချင်းတစ်ဦးက လောဆော်လာသည်။ ကျွန်တော်တို့သူငယ်ချင်းတစ်စု ဘုရားမှပြန်ခဲ့ကြသည်။  လှေကားထစ်အတိုင်း တစ်ထစ်ခြင်း ပြန်ဆင်းခဲ့သည်။ လှေကားခြင်းတော့မတူတော့ အရှေ့ဘက်မုခ်ပေါက်မှ တက်ခဲ့ပြီး တောင်ဘက်မှ ဆင်းခဲ့ခြင်းကြောင့်ဖြစ်သည်။ ………………………………………………………………..  “ လှေကားဆိုတာ သူကိုယ်တိုင်အမြင့်တော့ မရောက်သလို အောက်ကိုလည်းမရောက်ဘူးကွ။ အဲဒီလှေကားအတိုင်း အပေါ်ကိုတက်ချင်လည်း ရတယ်။ ဆင်းချင်လည်းရတယ်။ ”  “ တိုက်ပေါ်ကို လှေကားထောင်တက်လို့ရသလို တွင်းထဲဆင်းချင်လဲ လှေကားချပြီးဆင်းလို့ရတယ်။”  “ အေးမင်းတို့မှတ်ထားရမှာက ဆင်းသည်ဖြစ်စေ၊ တက်သည်ဖြစ်စေ လှေကားတစ်ထစ်ခြင်းအတိုင်း တက်ဖို့လိုတယ်။ ကျော်လွှာပြီး တက်ဖို့လဲမစဉ်းစားနဲ့ ခုန်ဆင်းဖို့ကိုလည်း မတွေးနဲ့။ ပုံမှန်လေးတစ်ထစ်ခြင်းစီ နင်းတက်၊ နင်းဆင်း၊ မင်းတို့ဘ၀အတွက် အမြင့်ရောက်ဖို့လှေကားတွေရှိသလို ခြောက်ထဲကျဖို့လှေကားတွေ လည်းအများကြီးပဲကွ။ ဆင်းမလား၊ တက်မလားဆိုတာ မင်းတို့ဘာသာရွေးပေါ့ကွာ ”  “ နောက်ပြီး မင်းတို့တစ်ခု သတိထားရမှာက အမြင့်ရောက်ပြီဆိုပြီး သိပ်မ၀င့်ဝါချင်နဲ့ဦး။ တက်ပြီး ဆင်းရတတ်တယ်ဆိုတာလည်း သတိရကြ ”  သူငယ်ချင်းကျောင်းဆရာတစ်ဦးက သူ့တပည့်များကို သြ၀ါဒပေးနေခြင်းပင် ဖြစ်သည်။ တပည့်တွေ ပြန်သွားအပြီး ကျွန်တော်က သူ့ကိုပြောသည်။ “ မင်းပြောတဲ့လှေကားသဘောကိုလည်း ကြိုက်ပါတယ်။ ဒါပေမယ့် ဘုရားမှာတန်းကလို တက်ခဲ့သမျှ ဘုရား ရှင်ကိုကြည်ညိုလိုက်ရလို့ အမောပြေသွားရင်ကောင်းသလို အမြင့်ရောက်ပြီးမှ အမောစို့သွားရင် မကောင်းဘူး ပေါ့ကွာ။ နောက်ပြီး မင်းမြင်တဲ့အတိုင်းအမြင့်ကို မမောမပမ်းပဲ ဓါတ်လှေကားနဲ့ တက်လာတဲ့သူတွေလည်း ရှိတတ်တယ်ကွ ”   သူက “ အေးကွ မင်းပြောသလို ဓာတ်လှေကားနဲ့ မမောမပမ်းပေမယ့် မောမောပမ်းပမ်းတက်ခဲ့ပြီး ဖူးတွေ့ရလိုက်တဲ့ ကြည်နူးမှုကိုတော့ သူတို့ရမှာမဟုတ်ဘူး။ တက်နေရင်း မီးပြတ်လို့ ဒုက္ခရောက်သူတွေလဲ ကြုံတွေ့ခဲ့ရဘူး ပါတယ် ”  သူကပြောပြာတော့ ကျွန်တော်အတွေးနယ်ချဲ့မိပါတော့သည်။ ……………………………………………………………… မောင်ပိုင်
အထစ် ၄၀ မြောက်မှာ ရပ်လိုက်သည်။
အပေါ်ကြည့်တော့ တက်စရာ လှေကားထစ်တွေ ကျန်သေးသည်။ သူငယ်ချင်းတချို့ ပျော်ရွှင်စွား ပြေးတက်ရင်း လှေကားထစ်များ ရေတွက်နေကြသည်။
နောက်ဘက်ပြန်ကြည့်လိုက်တော့ ခရီးသည်တချို့ တက်လာစဲ။
ဘိုးဘွားသက်ကြီးရွယ်အိုများကို တွဲ၍တက်လာသူများ၊ မောပမ်း၍ ထိုင်နားနေသူများလဲ တွေ့ရသည်။
ကျွန်တော်တစ်ထစ်ခြင်း ဆက်တက်ခဲ့သည်။
ဘုရားရင်ပြင်ပေါ်ရောက်တော့ ရင်ထဲမှာကြည်လင်အေးချမ်းသွားသည်။ ခေါင်းလောင်းသံ၊ ဆည်းလည်းသံများ ကြားနေရသည်။
ဘုရားရင်ပြင်ဝယ် ဟိုမှ ဒီမှ သွားလာနေသူများ၊ နားခိုနေသူများ၊ ဘုရားဝတ်ပြုနေသူများ မျိုးစုံနေအောင်တွေ့ရသည်။ ကျွန်တော် ဘုရားရှိခိုးပြီး ဘုရားဆောင်းတန်းများရှိ ဘုရားရှင် အောင်ခြင်း ရှစ်ပါးအကြောင်း ရုပ်ကြွများကြည့်ရင်း မိမိကိုယ်၊ မိမိစိတ်အား အစိုးရသော ဘုရားရှင်အား ကြည်ညို ၀ပ်တွားမိပြန်သည်။
ဓါတ်လှေကားမှ လူတချို့ထွက်လာသည်။ သူတို့ကတော့ မောပမ်းပုံမပြကြ။ လှမ်းမတက်ခဲ့ရလို့ဖြစ်မည်။ ရင်ပြင်ပေါ်မှတစ်ဆင့် အဝေးကိုကြည့်မိတော့ အပြာရောင်ကောင်းကင်နှင့် ရန်ကုန်မြို့တော်ကြီးသည် လှပထည်ဝါနေသည်။
“ ကဲ အချိန်တန်ပြီ ပြန်ကြမယ်။ ဈေးဝယ်စရာတွေလဲရှိသေးတယ် ”
သူငယ်ချင်းတစ်ဦးက လောဆော်လာသည်။ ကျွန်တော်တို့သူငယ်ချင်းတစ်စု ဘုရားမှပြန်ခဲ့ကြသည်။
လှေကားထစ်အတိုင်း တစ်ထစ်ခြင်း ပြန်ဆင်းခဲ့သည်။ လှေကားခြင်းတော့မတူတော့ အရှေ့ဘက်မုခ်ပေါက်မှ တက်ခဲ့ပြီး တောင်ဘက်မှ ဆင်းခဲ့ခြင်းကြောင့်ဖြစ်သည်။
………………………………………………………………..
“ လှေကားဆိုတာ သူကိုယ်တိုင်အမြင့်တော့ မရောက်သလို အောက်ကိုလည်းမရောက်ဘူးကွ။ အဲဒီလှေကားအတိုင်း အပေါ်ကိုတက်ချင်လည်း ရတယ်။ ဆင်းချင်လည်းရတယ်။ ”
“ တိုက်ပေါ်ကို လှေကားထောင်တက်လို့ရသလို တွင်းထဲဆင်းချင်လဲ လှေကားချပြီးဆင်းလို့ရတယ်။”
“ အေးမင်းတို့မှတ်ထားရမှာက ဆင်းသည်ဖြစ်စေ၊ တက်သည်ဖြစ်စေ လှေကားတစ်ထစ်ခြင်းအတိုင်း တက်ဖို့လိုတယ်။ ကျော်လွှာပြီး တက်ဖို့လဲမစဉ်းစားနဲ့ ခုန်ဆင်းဖို့ကိုလည်း မတွေးနဲ့။ ပုံမှန်လေးတစ်ထစ်ခြင်းစီ နင်းတက်၊ နင်းဆင်း၊ မင်းတို့ဘ၀အတွက် အမြင့်ရောက်ဖို့လှေကားတွေရှိသလို ခြောက်ထဲကျဖို့လှေကားတွေ လည်းအများကြီးပဲကွ။ ဆင်းမလား၊ တက်မလားဆိုတာ မင်းတို့ဘာသာရွေးပေါ့ကွာ ”
“ နောက်ပြီး မင်းတို့တစ်ခု သတိထားရမှာက အမြင့်ရောက်ပြီဆိုပြီး သိပ်မ၀င့်ဝါချင်နဲ့ဦး။ တက်ပြီး ဆင်းရတတ်တယ်ဆိုတာလည်း သတိရကြ ”
သူငယ်ချင်းကျောင်းဆရာတစ်ဦးက သူ့တပည့်များကို သြ၀ါဒပေးနေခြင်းပင် ဖြစ်သည်။ တပည့်တွေ ပြန်သွားအပြီး ကျွန်တော်က သူ့ကိုပြောသည်။
“ မင်းပြောတဲ့လှေကားသဘောကိုလည်း ကြိုက်ပါတယ်။ ဒါပေမယ့် ဘုရားမှာတန်းကလို တက်ခဲ့သမျှ ဘုရား ရှင်ကိုကြည်ညိုလိုက်ရလို့ အမောပြေသွားရင်ကောင်းသလို အမြင့်ရောက်ပြီးမှ အမောစို့သွားရင် မကောင်းဘူး ပေါ့ကွာ။ နောက်ပြီး မင်းမြင်တဲ့အတိုင်းအမြင့်ကို မမောမပမ်းပဲ ဓါတ်လှေကားနဲ့ တက်လာတဲ့သူတွေလည်း ရှိတတ်တယ်ကွ ”
သူက
“ အေးကွ မင်းပြောသလို ဓာတ်လှေကားနဲ့ မမောမပမ်းပေမယ့် မောမောပမ်းပမ်းတက်ခဲ့ပြီး ဖူးတွေ့ရလိုက်တဲ့ ကြည်နူးမှုကိုတော့ သူတို့ရမှာမဟုတ်ဘူး။ တက်နေရင်း မီးပြတ်လို့ ဒုက္ခရောက်သူတွေလဲ ကြုံတွေ့ခဲ့ရဘူး ပါတယ် ”
သူကပြောပြာတော့ ကျွန်တော်အတွေးနယ်ချဲ့မိပါတော့သည်။
………………………………………………………………
မောင်ပိုင်
— with Seaman Nayminthu and 2 others.


လော်ဘီ တော်ကီ ဆော်သည်။

$
0
0
 

အမြန်လမ်းမ တစ်ခုလောက်နဲ့ တော့အစိုးရ နိုင်ငံရေးသိက္ခာကျမသွားနိုင်ပါ။
အစိုးရကိုဝေဖန်ထောက်ပြခြင်းကို လက်ခံနားလည်ပေမဲ့
အစိုးရလုပ်သမျှကို ဆန့် ကျင်လိုတဲ့အယူအဆနဲ့ အပုတ်ချနေမယ်
ဆိုရင်တော့တိုင်းပြည်ကို နိုင်ငံရေးအကျပ်အတည်းနွံထဲကို ဆွဲသွင်း
နေသလိုဖြစ်နေမယ်ဆိုတာလည်းအထူးသတိပြုကြစေလိုပါတယ်။

အစိုးရ နဲ့ အတိုက်အခံတို့ ရဲ့ ကောင်းမွန်နေတဲ့ဆက်ဆံရေးကို ဘက်ဆွဲတသည့်ပုံနှိပ်မီဒီယာအချို့ နှင့်
အွန်လိုင်းမီဒီယာအချို့ ၏တဖက်စောင်းနင်း လော်ဘီလုပ်မှုကြောင့်ထိခိုက်ခဲ့မယ်ဆိုလျှင်
အဲ့ဒီဒဏ်ကို သာမန်ပြည်သူတွေဘဲခါးစည်းခံရမယ်ဆိုတာကိုလည်းသတိလေး
ကပ်ကြပါအုံးခင်ဗျ။

တဘက်ကိုလော်ဘီလုပ်ရင်ကျန်တဘက်ကလည်းတန်ပြန်လော်ဘီလုပ်ကြမှာဖြစ်လို့ 
လော်ဘီ တော်ကီတွေ နဲ့ သာ သူပြောငါဖျက် ငါပြောသူဖျက်နဲ့ တိုင်းပြည်ဟာဘယ်
လိုမှရှေ့ ကိုရောက်နိုင်တော့မှာမဟုပ်ပါဘူးခင်ဗျ။facebookပေါ်က ကျနော်နှင့်
ကျနော့်မိတ်ဆွေများအပါအဝင်ပေါ့ဗျာ။
Zay Yar Kyawရေးထားသည့်ပို့ စ်ကိုဖက်ကြည့်ပါအုံးခင်ဗျ။
********************************************************************************************************
Zay Yar Kyaw
ကဲကဲ....မပြောတော့ဘူးလို.နေတာ ..မပြောပဲမနေနိုင်လို. ပြောရတော့မယ်.....
Eleven က စတဲ့ကိစ္စ .... မန်းရွှေမြို.တော် ကားမှောက်တာကို အကြောင်းပြုပြီး အမြန်လမ်းမကြီး က ဘာဖြစ် ညာဖြစ် ဆိုပြီးရေးလိုက်ရာကနေ ဒု-၀န်ကြီး ကပြန်ရှင်း...နောက် Eleven က သူတို.သတင်းစာ သယ်တဲ့ ကားတွေ ဖြတ်သန်းခွင့်အပိတ်ခံရပါတယ်...ဆိုပြီး ထပ်ဖွ....သမ္မတရုံးကတာဝန်ရှိသူက သူလှမ်းမေးပြီးပြီ မဟုတ်ရကြောင်း ပြန်ရှင်းပြ နဲ. တော်တော် ကိုရှုပ်ရှက်ခတ် နေကြ....အဲဒီ နောက်ဆက်တွဲ ကွန်မန်.တွေကလဲ ပွစိတက်နေတာ မြင်ရတော့ မပြောပဲ မနေနိုင်တော့လို. ၀င်ပြောရတော့တာပါ.....
အရင်ဆုံးပြောချင်တာက....အခုပြောနေတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီးဟာ နိုင်ငံတကာစံနှုန်းနဲ.ကြည့်ရင် စံချိန်မမီဘူးဆိုတာ လူတိုင်းလက်ခံနိုင်မှာဖြစ်ပါတယ်...သို.သော် အဲဒီ နိုင်ငံတကာ စံမမီ တဲ့ လမ်းမကြီး ကလဲ မြန်မာနိုင်ငံအတွက်တော့ လောလောဆယ်မှာ အကောင်းဆုံး ဆိုတာလဲ လူတိုင်းမငြင်းနိုင်ပါဘူး.......အဲဒီလမ်းမပေါ်ခင်က ရန်ကုန်-မန္တလေး အချိန်ဘယ်လောက်ကြာအောင် မောင်းခဲ့ ကြရသလဲ ပြန်စဉ်းစားပါ.....
အရင် လမ်းဟောင်းတုန်းကဆိုရင် ရှေ.ကားကိုကျော်တက်ရင်း မျက်နှာချင်းဆိုင်တိုက် မိတတ်ကြတာပါ...အခု အဲဒီအန္တရာယ် တော်တော်ရှင်းသွားပါပြီ....လမ်းဟောင်းနဲ.စာရင်လမ်းကလဲ ကျယ်လာပါတယ်...ဒီတော့ ကားသမားတွေက အသားကုန်မောင်းပါတော့တယ်....အမှန်ကတော့ လမ်းမကောင်းဘူးထင်ရင် သတိနဲ.မောင်းရမှာပါ....အခုအမြန်လမ်းကို မကြာခဏ သွားဖူးပါတယ်.... ကီလို ( ၈၀ ) နှုန်းလောက်နဲ.မောင်းရင် အန္တရာယ်မရှိပါဘူး ....ရန်ကုန်ကနေ မန္တလေးအထိ လွန်ရော ကျွံရော ( ၁၀ )နာရီပေါ့ ....
ဒါ မ.ဆ.လ ခေတ်ကတည်းက မြန်မာပြည်သူတွေ မျှော်လင့်အိပ်မက်ခဲ့တဲ့ နှုန်းပါ.... ဒါဆို အတိုင်းအတာတစ်ခုအထိကျေနပ်သင့်တယ်လို.ထင်ပါတယ်...ခုတော့မောင်းလိုက်ကြတာ
ကီလို ( ၁၀၀ ) အနည်းဆုံးပဲ....ကားမောင်းတဲ့ လူဆိုတာတွေကလည်း ဖြစ်ခါမှသာဖြစ်ရော အရှိန်လျှော့မောင်းဖို.ပြောရင် မကြိုက်တတ်တာအများစု ....လီဗာ နင်းလို. ကားပြေးတာကိုပဲ ကိုယ့်ကိုယ်ကို စူပါမင်း လို.ထင်နေတဲ့သူက အများကြီး.....
အဲဒီအမြန်လမ်းမကြီး အဆင့်မြှင့်တင်ဖို. အကူအညီ ရဖို.သမ္မတ ကိုယ်တိုင် အိုဘားမား ဆီက တောင်းနေတာလဲ အားလုံးအသိ ...နောက် ဒီထက် ပိုကောင်းလာတော့လဲ ဒီထက်ပိုမောင်းပေါ့......ခုလောလောဆယ်တော့ကီလို ( ၈၀ ) နှုန်းက သိပ်ဆိုးရွားတဲ့ နှုန်းတော့ မဟုတ်ဘူးထင်တယ်....အဓိက အချက်က ယာဉ်မောင်းသူရဲ. ဆင်ခြင်ဥာဏ်ပါပဲ.....
Eleven အနေနဲ.ကတော့ ဘယ်လို ရည်ရွယ်ချက် နဲ. လမ်းမအပြစ်..အစိုးရတာဝန် လို. ဇောင်းပေးပေးရေးတာလဲ ဆိုတာတော့ အဲဒီ ဂျာနယ် ရဲ. ဖြစ်တည်မှု၊ လုပ်ပုံ ကိုင်ပုံ တွေ ကနေတဆင့် ဆင်ခြင် သုံးသပ်ကြပေါ့ ......
ကျနော်သိသလောက်တော့ အဲဒီ အမြန်လမ်းမ မှာ ကုန်တင်ကားတွေ ဖြတ်သန်းခွင့် မရှိပါဘူး....Eleven က သူတို. သတင်းစာ ကို ဘယ်လိုကားတွေ နဲ. သယ်ပို.သလဲ ဆိုတာတော့ သေသေချာချာ မပြောတတ်ပါဘူး...

အမုန်းခွန်အား ပေးသနားပါ (၁)

$
0
0
 

( ဒီဆောင်းပါးကို 9/11 ( ၁၁.၀၉.၀၁ ) တိုက်ခိုက်မှုကြီး ပြီးခါစ (၁၄.၁၀.၀၁ ) Newsweek International ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဆောင်းပါးရှင် ဖရိဇာခါရိယားဟာ နာမည်ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး ( The Future of Freedom, The Post-American World ) စတဲ့ကမ္ဘာကျော်စာအုပ်တွေကိုလဲ ရေးသားခဲ့သူဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ၂၁ ရာစုရဲ့ အရေးအပါဆုံး ၂၁ ဦးစာရင်းမှာဖော်ပြခံခဲ့ပြီး ၂၀၀၇ ခုနှစ်မှာလဲ ထိပ်ဆုံး ၁၀၀ စာရင်းထဲပါခဲ့ပြန်ပါတယ်။ အမေရိကန် ယေးလ်တက္ကသိုလ်က ဘီအေဘွဲ့ကိုရရှိခဲ့ပြီး ဟားဗတ်တက္ကသိုလ်က ဒေါက်တာဘွဲ့ကိုဆွတ်ခူးခဲ့တဲ့အပြင် ဂုဏ်ထူးဆောင်ဘွဲ့တွေကိုလည်းတက္ကသိုလ်ပေါင်းများစွာက ချီးမြှင့်ခဲ့ကြပါတယ်။ လက်ရှိမှာ နယူးယောက်မြို့မှာ မိသားစုနဲ့အတူ နေထိုင်လျက်ရှိပါတယ်။ -- ဒီဆောင်းပါးမှာ ဂျာနယ်လစ်တာဝန်ကျေစွာနဲ့ မျှတတဲ့ သုံးသပ်ချက်အမြင်ကိုတင်ပြပြီး အစိုးရနဲ့ ပြည်သူကိုရှေ့ဆောင်လမ်းပြ ခေါ်ယူသွားတာကို တွေ့မြင်နိုင်ပါတယ်။)

အကြမ်းဖက်သမားတွေက ကျွန်တော်တို့ကို ဘာကြောင့်မုန်းတာလဲလို့ မေးလိုက်ရင် အမေရိကန်တွေက ဒါများ ဘာအရေးစိုက်နေစရာလိုလဲ၊ ဘာကြောင့်မုန်းမုန်းပေါ့လို့ ပြန်ဖြေကောင်းဖြေကြပါလိမ့်မယ်။ ဒါဟာ အပြစ်မဲ့အသက်ပေါင်း ၅၀၀၀ ဆုံးရှူံးထားရတာမို့ စိတ်ထိခိုက်နေလို့ပါ။ တကယ်တမ်း ဝေဖန်ဆန်းစစ်ထားတဲ့ အဖြေမဟုတ်ပါဘူး။
ဒေါသတစ်ခုထဲကတော့ ရေရှည်ဆင်နွှဲရမယ့် အခက်အခဲအကြပ်အတည်းကြီးကလွန်မြောက်အောင် လုပ်ပေးနိုင်မယ်မဟုတ်ပါဘူး။ဒါကြောင့်မို့ ကျွန်တော်တို့အတွက် အဖြေတွေလိုအပ်ပါတယ်။
အခုထိကြားနေရတာတွေကတော့ ကြားနေကျ နှစ်သိမ့်စကားတွေပါပဲ။

ကျွန်တော်တို့က လွတ်လပ်မှုအတွက် ရပ်တည်တယ်။ သူတို့က ဒါကို မုန်းတယ်။
ကျွန်တော်တို့ကချမ်းသာတယ်။ သူတို့ကအားကျမနာလိုဖြစ်တယ်။
ကျွန်တော်တို့က အင်အားကြံ့ခိုင်တယ်။ သူတို့က ဒါကိုခါးသီးတယ်။
ဒါတွေအားလုံးမှန်ပါတယ်။

ဒါပေမဲ့လည်း ကမ္ဘာပေါ်မှာ ဆင်းရဲပြီး အားနည်းတဲ့၊ ဖိနှိပ်ခံထားရတဲ့ လူပေါင်း သန်းထောင်နဲ့ချီရှိနေပါတယ်။
သူတို့ကတော့ လေယာဉ်ပျံတွေကို ဗုံးတွေဖြစ်အောင် လုပ်မပစ်ကြဘူးလေ။
အရပ်သားထောင်နဲ့ချီ သေရလေအောင် သူတို့အသေခံ ဗုံးမခွဲကြပါဘူး။
အားကျလွန်ပြီး မနာလိုလို့အကြမ်းဖက်ရကြေးဆိုရင် Beverly Hills, Fifth Avenue, Mayfair နေရာတွေဟာ ရေခဲတိုက်ဖြစ်ကုန်တာကြာပြီပေါ့။ တကယ်တော့ ဆင်းရဲမွဲတေခြင်း၊ မနာလိုဖြစ်ခြင်း ဆိုတာတွေထက် ပိုလွန်ပြီး သူများကိုသတ်ရုံမက ကိုယ့်ကိုယ်ကိုပါ သတ်သေရလောက်အောင် နှိုးဆော်နေတဲ့ အကြောင်းတရားတစ်ခု နောက်ကွယ်မှာ ရှိနေပါတယ်။

အိုစမာဘင်လာဒင်မှာတော့ အဖြေရှိပါတယ်။ ဘာသာရေးပါ။ သူနဲ့သူ့တပည့်တွေအတွက် ဒါဟာ အစ္စလမ်နဲ့ အနောက်ကမ္ဘာကြားက မြင့်မြတ်သောဘာသာရေးစစ်ပွဲပါ။ မူဆလင်အများစုကတော့ ဒါကိုသဘောမတူကြပါဘူး။ ကမ္ဘာပေါ်က အစ္စလာမ်နိုင်ငံအားလုံးက 9/11 ဖြစ်စဉ်ကြီးကို ရှူံ့ချကြပါတယ်။ အများစုကတော့ ဘင်လာဒင်ဟာ အသေခံဗုံးခွဲသမားတွေကို မွေးထုတ်ပြီး အစုလိုက် အပြုံလိုက်သေကြေပျက်စီးစေတဲ့နည်းလမ်းနဲ့ အစွန်းရောက်ဘာသာရေးလှူံ့ဆော်သူလို့ သိထားကြပါတယ်။ အကြမ်းဖက်သမားတွေရဲ့ စိတ်ဟာ ငရဲပန်းကို ရွှေပန်းထင်ပြီး လူသားမဆန်တဲ့ အတွေးကောက်ကောက်တွေရှိနေတတ်ပါတယ်။

ဒါပေမဲ့လည်း ဘင်လာဒင်နဲ့ အပေါင်းအပါတွေဟာ သီးခြားကြီး ဘွားကနဲထွက်လာတာမဟုတ်ပါဘူး။သူတို့ရဲ့ အနောက်နိုင်ငံနဲ့ အမေရိကားအပေါ် မယုံကြည်မှု၊ ဆန့်ကျင်မှုနဲ့ မုန်းတီးမှုတွေကို ပံ့ပိုးထောက်ကူပေးနေတဲ့ ဓလေ့ထုံးစံယဉ်ကျေးမှုတစ်ခုထဲကနေ ပေါ်ထွန်းလာကြတာဖြစ်ပါတယ်။ ဒီယဉ်ကျေးမှုဟာ အကြမ်းဖက်မှုကို ခွင့်မလွှတ်ပေမဲ့ အစွန်းရောက်မှုကိုတော့ အသည်းစွဲစေပါတယ်။ ဒါကြောင့်လဲ အယ်ကေဒါးဆိုတာ ဒီယဉ်ကျေးမှုရဲ့ အမှားကနေထွက်ပေါ်လာတဲ့ နောက်ဆက်တွဲအုပ်စုပါ။ တိုက်ခိုက်မှုအပြီးမှာ အာရပ်သတင်းစာတွေကို ဖတ်ကြည့်ပါ။ ဘင်လာဒင်ကို အထင်ကြီးအားကျနေတာတွေ့ရပါမယ်။ ပါကစ္စတန်သတင်းစာမှာဆိုရင် အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုသက်သက်အတွက်သာမဟုတ်ပဲ တုန့်ပြန်လက်စားချေမှု၊ သွေးကြွေးဆပ်မှုတောင်ဖြစ်ပါတယ် လို့ရေးသားထားပါတယ်။ အမေရိကားရဲ့ တန်ပြန်အရေးယူမှုဟာ အစ္စလာမ်တွေရဲ့ နောက်ပြန်ကန်ခံရမှာကို ဘာကြောင့်စိုးရိမ်နေရပါသလဲ။ပါကစ္စတန်ဟာ လေတပ်စခန်းကို ၀ါရှင်တန်အတွက် သုံးခွင့်မပြုတော့ပဲ ဖြစ်သွားနိုင်ပါတယ်။ ဆော်ဒီကလည်း လူသိရှင်ကြားကူညီဖို့ စိုးရွံ့သွားနိုင်ပါတယ်။ အီဂျစ်ကတော့ ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုကို နည်းနိုင်သမျှ နည်းဖို့ တောင်းဆိုပါတယ်။ အိုစမာဘင်လာဒင်တစ်ယောက်ထဲက အမေရိကန်ကိုတိုက်တဲ့ ဘာသာရေးစစ်ပွဲလို့ယုံနေတာ ပြသနာမဟုတ်ပါဘူး။ အစ္စလာမ်ကမ္ဘာက သန်းနဲ့ချီတဲ့လူတွေက ဒါကိုသဘောတူပုံပေါက်နေတာကသာတကယ့်ပြသနာပါ။

တချို့အနောက်တိုင်းသားတွေကတော့ စာအုပ်တွေဖုန်ခါလို့ ဟောကိန်းအဟောင်းကြီးဖြစ်တဲ့ယဉ်ကျေးမှုများတိုးတိုက်မိခြင်းဆိုတာကို ဆွဲထုတ်လာပါတယ်။ သမိုင်းဆရာ ပေါဂျွန်ဆန်ကတော့ အစ္စလာမ်ဟာ သည်းခံမှုနည်းတဲ့ ခပ်ကြမ်းကြမ်းဘာသာလို့ ဆိုပါတယ်။ အခြားပညာရှင်တွေကတော့ ဒါကို သဘောမတူပဲ အစ္စလာမ်ဟာ အပြစ်မဲ့တွေကို သတ်ခွင့်လည်းမရှိ၊ ကိုယ့်ကိုယ်ကို သတ်သေခွင့်လည်း မရှိပါဘူးလို့ ထောက်ပြကြပါတယ်။

အစ္စလာမ်ဘာသာအစစ်ကဘာလဲ၊ ကိုရမ်ကျမ်းကိုးကဘာလဲဆိုတာတွေကို ရှာဖွေနေရုံနဲ့တော့ အဖြေထွက်မှာမဟုတ်ပါဘူး။ ကိုရမ်ဆိုတာက ကဗျာအဖွဲ့အနွဲ့တွေ၊ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်အမြင် တွေပါနေတဲ့ ခရစ်ယာန်ဘိုင်ဘယ်လိုပဲ ကျမ်းစာအုပ်တစ်အုပ်ပါ။ အဲဒီထဲမှာ စစ်ကိုရှူံ့ချတာ၊ ရုန်းကန်ကြိုးပမ်းမှုကို အားပေးတာ၊ သည်းခံမှုရဲ့ အလှအပနဲ့ မယုံကြည်သူများကို တုပ်နှောင်တာတွေကို တွေ့ရမှာပါ။ ဒီစာအုပ်ထဲက စာပိုဒ်တွေကို ကိုးကားတာမျိုးတွေဟာ တကယ်တော့ အစ္စလာမ်အကြောင်းထက် ကိုးကားသူရဲ့ စိတ်ထား၊ ရည်ရွယ်ချက်၊ အကြိုက်တွေကိုသာ ပြောပြနိုင်တာဖြစ်ပါတယ်။ ဘာသာတရားတိုင်းဟာ လူသားမျိုးနွယ်ရဲ့ အကောင်းဆုံး၊အဆိုးဆုံးတွေအားလုံးနဲ့ ညီညွတ်မျှတမှုရှိပါတယ်။

သမိုင်းစာအုပ်လှန်တာလည်း အတိုင်းအတာတစ်ခုအထိပဲရပါမယ်။ ၁၁ ရာစုကနေ ၁၅ ရာစု၊ အဲဒီကမှ ၂၀ ရာစုအစပိုင်းအထိ အစ္စလာမ်နဲ့ အနောက်တိုင်းဟာ မကြာခဏစစ်ပွဲတွေ ဆင်နွှဲခဲ့ပါတယ်။ ဒီတင်းမာမှုဟာ ရာစုနှစ်ပေါင်းများစွာတည်တံ့နေပြီး ကြားကာလတွေမှာတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေခဲ့ကြပါတယ်။ ၁၉၅၀ အထိ ဂျုးနဲ့ ခရစ်ယာန်တွေဟာ မူဆလင်အုပ်ချုပ်မှုအောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့တာပါ။ တကယ်တော့ အစ္စလာမ်သမိုင်းပညာရှင် ဘားနတ်လူးဝစ်ပြောခဲ့သလိုပဲ ဘာသာကွဲ လူနည်းစုတွေဟာ ခရစ်ယာန်အုပ်စိုးသူလက်အောက်မှာထက် မူဆလင်အုပ်စိုးသူအောက်မှာ ကောင်းကောင်းမွန်မွန်နေခဲ့ကြပါတယ်။ ဒါတွေအားလုံး လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ပြောင်းလဲသွားပါပြီ။ ဒါကြောင့်မို့ အခုအချိန်မှာ လိုအပ်တဲ့မေးခွန်းကတော့ ဘာကြောင့် ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေကြရတာလဲ ဆိုတာပါ။ အစ္စလာမ်ကမ္ဘာမှာ ဘာတွေမှားယွင်းကုန်ပါသလဲ။

အစ္စလာမ်ကမ္ဘာအတွင်းထဲကို ၀င်ကြည့်ရအောင်ပါ။ အကြီးဆုံးမူဆလင်နိုင်ငံများမှာ ဒီလိုအမေရိကန်ဆန့်ကျင်ရေးစိတ်ဓါတ်တွေနည်းပါးပါတယ်။ အင်ဒိုနီးရှားဟာ အာရှစီးပွားရေးဈေးကွက်မပြိုလဲခင်အထိ ၀ါရှင်တန်ရဲ့အကြံဥာဏ်တွေကိုလိုက်နာနေပြီး ရလာဒ်ကောင်းတွေရှိထားပါတယ်။ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်ဆိုရင်လဲ အစ္စလာမ်နဲ့ ခေတ်မှီခြင်းတို့ရောယှက်နေပြီး အောင်မြင်မှုနည်းနည်းရှိပါတယ်။ နိုင်ငံနှစ်ခုလုံးဟာ ဆင်းရဲမွဲတေပေမဲ့လည်း အမျိုးသမီးတစ်ဦးကို ၀န်ကြီးချုပ်ဖြစ်အောင် မဲထည့်တဲ့နေရာမှာ အနောက်နိုင်ငံတွေနဲ့ အတူတူပါပဲ။ တူရကီနိုင်ငံဟာလည်း ဒီမိုကရေစီကို ကျင့်သုံးနေပြီး နေတိုးအဖွဲ့ဝင်အဖြစ် အနောက်နဲ့ နီးစပ်နေပါတယ်။

ဒါပေမဲ့လည်း အရှေ့အလယ်ပိုင်းဒေသကို ကိုယ်တိုင်ရောက်ဖူးတော့မှပဲအီရန်၊ အီဂျစ်၊ အီရတ်၊ ဆီးရီးယား၊ ဂျော်ဒန်၊ ပါရှန်းပင်လယ်ကွေ့ စတဲ့ဒေသအားလုံးမှာ အခြေခံရှေးရိုးစွဲ အစ္စလာမ်ဝါဒကို ကြောက်စရာကောင်းလောက်အောင် အဆိပ်ခတ်ထားပြီး တဖက်သတ်အမေရိကန်ဆန့်ကျင်ရေးဝါဒကလဲ ပျံ့နှံ့နေပါတယ်။ ကျွန်တော်တို့ အာဖဂန်နစ္စတန်ကိုတိုက်တယ်ဆိုတာ အာဖဂန်တစ်ဦးတစ်လေတောင်မှ အမေရိကန်ကိုတိုက်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ မပတ်သက်ဖူးဆိုတာ မမေ့ဖို့လိုပါတယ်။ အာဖဂန်ဆိုတာ တကယ်တော့ အာရပ်စစ်တပ်က အမေရိကားကိုတိုက်ချင်လို့ လေ့ကျင့်ကွင်းလုပ်ထားတဲ့နေရာပါ။
ဒါတောင်မှ အာရပ်တို့ရဲ့ဒေါသဟာ သိပ်ကြာလှသေးတာမဟုတ်ပါဘူး။

၁၉၅၀-၁၉၆၀ လောက်တုန်းကဆိုရင် အာရပ်နဲ့ အမေရိကန်တို့ဟာ ယဉ်ကျေးမှုစစ်ပွဲနဲ့ အဆုံးသတ်လိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ပါဘူး။ အီဂျစ်ရဲ့ သြဇာအရှိဆုံးဂျာနယ်လစ် မိုဟန်ဟိုက်ကယ်ကဆို အမေရိကားဟာ တောက်ပထွန်းလင်းနေပြီး ဗြိတိန်နဲ့ ပြင်သစ်ကတော့ မှိန်ဖြော့နေပါတယ်။ ဆိုဗီယက်ကတော့ မိုင်၅၀၀၀ ကွာဝေးပြီး ကွန်မြူနစ်ဝါဒဟာ မူဆလင်ဘာသာအတွက် ကျိန်စာပါ။ အမေရိကားကတော့ ဒုတိယကမ္ဘာစစ်အပြီးမှာ ချမ်းသာလာပြီး အာဏာရှိလာတဲ့နိုင်ငံပါ တဲ့။

ကျွန်တော် ၁၉၇၀ လောက်က အရှေ့အလယ်ပိုင်းကိုရောက်တော့ အမေရိကားပုံရိပ်က ပိုလို့တောင်ကောင်းနေပါသေးတယ်။ ကားအသစ်တွေ၊ ဟီလတန်ဟိုတယ်တွေနဲ့ ကိုကာကိုလာ စတဲ့ အမေရိကန်ပစ္စည်းတွေ အာရပ်မှာခေတ်စားနေပါတယ်။ ဒါကြောင့် အမေရိကန်ဆန့်ကျင်ရေး အရှေ့အလယ်ပိုင်းမှာ ဘယ်လိုဖြစ်လာသလဲသိဖို့ဆိုရင် နှစ် ၃၀၀ သမိုင်းထက် နှစ် ၃၀ သမိုင်းကို ကြည့်ဖို့လိုပါတယ်။ ( ဆက်ရန် )

အမုန်းခွန်အား ပေးသနားပါ။ ( ၃ )

$
0
0

မအောင်မြင်သော အကြံအစည်များ
--------------------------------------

ဆယ်နှစ်ကျော်လောက်တုန်းက ကျွန်တော်ဟာ ပညာတတ်အာရပ်လူကြီးတစ်ယောက်နဲ့ စကားပြောဖူးပါတယ်။ ကျွန်တော်က အရှေ့အလယ်ပိုင်းအစိုးရတွေရဲ့ ညံ့ဖျင်းပုံ၊ စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းကို လွတ်လပ်ခွင့်မပြုပုံတွေကို ဝေဖန်ခဲ့တယ်။ ပြီးတော့ အာရှက စင်္ကာပူ၊ ဟောင်ကောင်၊ တောင်ကိုရီးယားတို့ကိုကြည့်စမ်းပါ။ ဘယ်လောက်တောင် အံ့မခန်းအောင်မြင်နေကြသလဲလို့ ပြောမိပါတယ်။ လူကြီးလူကောင်း ယဉ်ကျေးသိမ်မွေ့တဲ့ ပညာတတ်ကြီးက မတ်ကနဲ ဖြစ်သွားပြီး ခပ်ဆတ်ဆတ်ပြန်ပြောပါတယ်။ သူတို့ကိုကြည့်လေ၊ သူတို့က အနောက်တိုင်းကို အတုခိုးနေတာပဲ။ သူတို့မြို့တော်တွေဟာ ဟူစတန်၊ ဒါးလပ်စ်တို့ကို အပေါစားပုံတူကူးထားတာပဲ။ ဒါဟာ တံငါရွာတွေအတွက်တော့ မှန်ကောင်းမှန်လိမ့်မယ်။ ဒါပေမဲ့ ငါတို့ဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ယဉ်ကျေးမှုအမွေအနှစ်တွေရှိခဲ့တဲ့ ဒေသတွေထဲက တစ်ခု။ ငါတို့ကတော့ အနောက်တိုင်းရဲ့ ခပ်နိမ့်နိမ့် ဆင်ခြေဖုံးတစ်ခု အဖြစ်မခံနိုင်ဘူး တဲ့။

ဒီလို အနောက်တိုင်းနဲ့ ပတ်သက်လို့ အထင်လွဲမှားနေတာဟာ အာရပ်တို့ရဲ့ အဓိကအကျဆုံးပြသနာပါပဲ။ ဒါကြောင့်လဲ စီးပွားရေးတိုးတက်ဖို့ နိုင်ငံရေးပွင့်လင်းဖို့ ခက်နေရတာပါ။ ခေတ်မီတိုးတက်တယ်ဆိုတာကို အနောက်ပုံစံပြုခြင်း၊ အမေရိကန်ပုံစံပြုခြင်းလို့ တရားသေ စွဲမှတ်ယူထားပြီး ဒီအကြောက်တရားဟာ အာရပ်ယဉ်ကျေးမှုတစ်ခုလုံးကို သွက်ချာပါဒလိုက်စေပါတယ်။ ကြည့်ရတာ AIDS တွေ၊ စီးပွားရေးနဲ့ နိုင်ငံရေးမပြေလည်မှုတွေရှိနေတဲ့ အာဖရိကလောက်တောင်မှ အာရပ်တွေဟာ ကမ္ဘာကြီးက ရွာကြီးဖြစ်လာတာကို ရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေးသလိုပါပဲ။ အနည်းဆုံးတော့ အာဖရိကန်တွေဟာ ကမ္ဘာ့စီးပွားရေးကို လက်ခံကြပါတယ်။ အာရပ်ကတော့ ခြေတစ်လှမ်းတောင် မစရသေးပါဘူး။

မေးခွန်းတစ်ခုကတော့ တချိန်က ခေတ်မီခြင်းကို ကြွေးကြော်ခဲ့တဲ့ဒေသဟာ ဘယ်လိုလုပ် ဆန့်ကျင်ဘက်တွေဖြစ်ကုန်ပါလိမ့်။ အာရပ်တွေဟာ အရစ္စတိုတယ်ရဲ့ ဒသနတွေကို လေ့လာခဲ့တယ်။ ကိန်းဂဏာန်းတွေကို တီထွင်ခဲ့တယ်။ ၁၉ ရာစုမှာ နပိုလီယံက အီဂျစ်ကို အောင်ပွဲခံဝင်လာတော့ ဒေသခံတွေဟာ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ခန့်ထည်လို့ပါ။ သမိုင်းသုတေသီ အဲလ်ဘတ်ဟူရနီရဲ့ မှတ်တမ်းအရ ၁၉ ရာစုမှာ ဥရောပရဲ့ နိုင်ငံရေး၊ လူမှုရေး အတွေးအမြင်တွေ အရှေ့အလယ်ပိုင်းဒေသကို လွှမ်းခြုံခဲ့တယ်လို့ ဆိုပါတယ်။

၁၉ -၂၀ ရာစုလောက်မှာ ကိုလိုနီပြုခံရတာမို့ ဗြိတိသျှအင်ပါယာနဲ့ ဆက်ဆံရေး ကသိကအောက်ဖြစ်ခဲ့ပေမဲ့လည်း အာရပ်အထက်လွှာကတော့ အနောက်တိုင်းကို သဘောကျဆဲပါ။ ဘုရင်လောင်းတွေ၊ ဗိုလ်ချုပ်လောင်းတွေဟာ အလက်ဇန္ဒရားမှာရှိတဲ့ ဗစ်တိုရီးယားကောလိပ်ကို တက်ရောက်ပြီး ဗြိတိန်လူကြီးလူကောင်းတွေရဲ့ ပြောဆိုပြုမူဆက်ဆံပုံတွေကို သင်ကြားကြပါတယ်။ အများစုက အောက်စဖို့ဒ်၊ ကမ်းဘရစ်ခ်ျ နဲ့ ဆန်းဟတ်စ် တက္ကသိုလ်တွေကို သွားလေ့ရှိပါတယ်။ ဒါဟာ ဂျော်ဒန်မိသားစုရဲ့ အလေ့အထပါ။ အခုတော့ ဟောကစ်နဲ့ လောရန်စီဗီးလ်ကို သွားနေကြပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာ တံခါးတွေဖွင့်ဖို့ ကြံစည်ခဲ့ကြတာ အီဂျစ်၊ လက်ဘနွန်၊ အီရတ်နဲ့ ဆီးရီးယားတို့ပါ။ ဒါပေမဲ့လည်း ဘုရင်တွေ၊ မင်းမျိုးမင်းနွယ်တွေနဲ့ ပြည့်နှက်နေတဲ့ကမ္ဘာဆိုတော့ ဒီအကြံအစည်တွေဟာ ပျောက်ကွယ်သွားခဲ့ပြီး အခုတော့ အနောက်တိုင်းဆန်ခြင်း ( ဗိုလ်ကြက်ချေး ) ဆိုတာသာ ကျန်ပါတော့တယ်။

နာဆာရဲ့ ခေတ်မီရေးအတွေးအခေါ်ဟာ အနောက်တိုင်းကလာတာပါ။ ၁၉၆၂ ကရေးဆွဲခဲ့တဲ့ အမျိုးသားရေးလက္ခဏာများဆိုတာ လက်ဝဲယိမ်း ပညာတတ်များက ပဲရစ် ဒါမှမဟုတ် လန်ဒန်မှာရေးဆွဲခဲ့တာပါ။ ( တတိယကမ္ဘာခေါင်းဆောင်အများစုနည်းတူ နာဆာဟာ ပဲရစ်နဲ့ ဗြိတိန်တို့ရဲ့ အမျိုးသားနိုင်ငံရေးသမားစာအုပ်တွေကို စွဲလမ်းနှစ်သက်ခဲ့ပါတယ်။ ) သူ့ရဲ့ စီမံကိန်းကြီးကလဲ ဥရောပဟန်နဲ့ပါ။ ၁၈၇၀ အီတလီနဲ့ ဂျာမဏီတို့ပေါင်းစည်းခဲ့စဉ်က အမျိုးသားရေးဝါဒဖြစ်တဲ့ ဘာသာစကားတစ်မျိုးထဲ နိုင်ငံတစ်ခုထဲဆိုတဲ့ အတွေးအယူပါ။

အမေရိကန်တွေကတော့ ခေတ်မီသမျှ အားလုံးကောင်းတယ်၊ အမေရိကန်အတွက်ပိုကောင်းတယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ အာရပ်တို့အတွက်တော့ ခေတ်မီတယ်ဆိုတာ တစ်ခုပြီး တစ်ခုဆုံးရှူံးခံရသလို ဖြစ်နေပါတယ်။ ကျင့်သုံးခဲ့သမျှ စနစ်တွေအားလုံး တဖက်ပိတ်တွေဖြစ်ကုန်ပါတယ်။ တခြားနိုင်ငံတွေက ဆုံးရှူံးမှုတွေကို ပြန်လည်ထိန်းညှိနိုင်ကြပေမဲ့ အာရပ်အာဏာရှင်တွေကတော့ ပိတ်မိနေကြပါတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကလဲ နိုင်ငံရေးအရ မသက်သာခဲ့ပါဘူး။ အီရန်ကို ခေတ်မီအောင် ကြိုးပမ်းခဲ့တဲ့ ရှားဘုရင်ကလဲ ၁၉၇၉ မှာ ပြင်းထန်တဲ့ တော်လှန်ရေးကို ကြုံတွေ့ခဲ့ရပါတယ်။ အရှေ့အာရှရဲ့ အလုပ်ကြိုးပမ်းမှု၊ ရင်းနှီးမြှပ်နှံမှုတွေနဲ့ စာရင် ရှားဘုရင်ဟာ ရေနံဝင်ငွေနဲ့ ခေတ်မီခြင်းကို ၀ယ်ခဲ့မိသလို ဖြစ်ခဲ့ပါတယ်။

ခေတ်မီအောင်ကြိုးပမ်းတယ်ဆိုတာ လူသန်ကြီးတွေ၊ ရေနံငွေတွေ ရှိနေရုံနဲ့ မရသေးပါဘူး။ ကက်ဒီလက်ဇိမ်ခံကားတွေ၊ ရေပန်းတွေ၊ မက်ဒေါ်နယ်ဆိုင်တွေကို တင်သွင်းလာတာက လွယ်ပါတယ်။ ခေတ်မီလူ့အဖွဲ့အစည်းတစ်ခုရဲ့ အတွင်းအနှစ်သာရဖြစ်တဲ့ လွတ်လပ်တဲ့ဈေးကွက်၊ နိုင်ငံရေးပါတီများ၊ တရားဥပဒေစိုးမိုးရေးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေဆိုတာတွေကို ပုံစံချဖို့ကတော့ ခက်ခဲနက်နဲပြီး အန္တရာယ်လည်း များပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေဟာ ခေတ်မီတိုးတက်ခြင်းကို ကုန်စည်တွေ၊ နိုင်ငံခြားသားအလုပ်သမားတွေရဲ့ လုပ်အားနဲ့ ရရှိတယ်ဆိုတာတောင် ဘယ်အရာမှ ပြည်တွင်းထုတ်ကုန်၊ ပြည်တွင်းဖြစ်အခုထက်ထိ မဟုတ်သေးပါဘူး။ နိုင်ငံရေးအတွက်တော့ အစိုးရတွေဟာ ပြည်သူတွေနဲ့ အပေးအယူလုပ်ကြပါတယ်။ မင်းတို့ကို ချမ်းသာအောင်ထားမယ်၊ ငါတို့ကတော့အာဏာဆက်ယူထားမယ် ဆိုတာမျိုးပါ။ ဒါဟာအမေရိကန်တော်လှန်ရေး ဆောင်ပုဒ်ဖြစ်တဲ့ အခွန်မပေးရင် ကိုယ်စားမပြုဆိုတာကို ပြောင်းပြန်လှန်ထားသလိုပါပဲ။

ကမ္ဘာလုံးချီ ခေတ်ပြောင်းလာခြင်းဟာ အာရပ်ကမ္ဘာကို ထူးဆန်းတဲ့နည်းနဲ့ ရိုက်ခတ်လာပါတယ်။ ဒီလူ့အဖွဲ့အစည်းဟာ ခေတ်မီခြင်းနဲ့ ရိုက်ခတ်ခံနိုင်လောက်အောင် တံခါးဖွင့်ထားပေမဲ့ ဒီလှိုင်းလုံးတွေကို တက်စီးနိုင်လောက်အောင် ပွင့်လင်းသေးတာမဟုတ်ပါဘူး။ ရုပ်မြင်ပြပွဲတွေ၊ အသင့်စားအစားအစာတွေနဲ့ အချိုရည်ဗူးတွေကို တွေ့မြင်နိုင်ကြပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက အခွင့်အလမ်းတွေ၊ လွတ်လပ်ဖြေလျော့မှုတွေနဲ့ ပိုမိုပွင့်လင်းမှုတွေကိုတော့ မမြင်ရပါဘူး။ အာရပ်ကမ္ဘာမှာ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ အနောက်တိုင်းထုတ်ကုန်ကြော်ငြာလောက်သာပါပဲ။ တချို့ကဆို ဈေးဝယ်ထွက်ဖို့လောက်သာ အဓိပ္ပါယ်ပေါက်ပါတယ်။ အာဏာရှင်တွေအတွက်တော့ မတည်ငြိမ်မှုတွေနဲ့ အန္တရာယ်များတဲ့ အခင်းအကျင်းလို့ နားလည်ကြပါတယ်။ ဒါနဲ့ပဲ အာရပ်တွေဟာ ဂလိုဘယ်လိုက်ဇေးရှင်းကို မြင်သာမြင် မကြင်ရဖြစ်ကုန်ပါရော။

အမေရိကားဟာ ဒီအပြောင်းအလဲတွေရဲ့ အလယ်ဗဟိုတည့်တည့်မှာရှိနေပြီး ဒါတွေဟာ ရပ်တန့်လို့မရပါဘူး။ နယ်စပ်တွေပိတ်ထားရင် စာအနေနဲ့ ၀င်လာပါမယ်။ စာတွေကို ပိတ်ရင် အသင့်စားအစားအစာနဲ့ ဂျင်းဘောင်းဘီဖျော့ဖျော့တွေနဲ့ ၀င်လာပါမယ်။ သွင်းကုန်တွေပိတ်ရင် ဂြိုလ်တုရုပ်မြင်ကတဆင့် ၀င်ပါမယ်။ အမေရိကန်တွေဟာ ကမ္ဘာ့အရင်းရှင်အနေနဲ့ သက်တောင့်သက်သာဖြစ်နေကြပြီး ဒါကိုတွန်းလှန်နိုင်မယ့် အင်အားမရှိသေးပါ။

ခေတ်ဟောင်းနဲ့ ခေတ်သစ်မှာ ခြေတစ်ဖက်စီချထားရလို့ စိတ်ရှူပ်ထွေးနေတဲ့ အာရပ်လူငယ်တွေဟာ ပိုမွန်မြတ် ရိုးစင်းတဲ့ အပြောင်းအလဲတွေကို ရှာဖွေခဲ့ကြပါတယ်။ အခြေခံရှေးရိုးစွဲဝါဒက ဒီလိုလူငယ်မျိုးတွေကို နေရာတိုင်းမှာ ဖမ်းစားတော့တာပါပဲ။ တစ်ကမ္ဘာလုံးဆိုပါတော့။ ပါလက်စတိုင်းပြသနာ ကိုယ့်ပြသနာလို့ ထင်နေတဲ့ အင်ဒိုနီးရှားတွေကို တွေ့နေရပါပြီ။ ( နှစ် ၂၀ လောက်တုန်းက အင်ဒိုနီးရှားမူဆလင်တွေဟာ ပါလက်စတိုင်းဆိုတာ ဘယ်ဆီနေမှန်းတောင် မသိခဲ့ပါဘူး။ ) တချို့ကတော့ အနောက်နိုင်ငံတွေမှာ ကျောင်းတက်ရင်းနဲ့ကို သင်ယူလာကြပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ၀င်တိုက်ခဲ့တဲ့ ပထမလေယာဉ်ကို မောင်းနှင်ခဲ့တဲ့ မိုဟာမက်အက်တာဟာ ဟမ်းဘတ်ကျောင်းဆင်းအင်ဂျင်နီယာ တစ်ယောက်ပါ။

အာရပ်လောကမှာ အက်တာလို လူမျိုးတွေအများကြီးနဲ့ ပြသနာက တစ်ခုထဲမဟုတ်ပါဘူး။ ကမ္ဘာလုံးချီပြောင်းလဲမှုကြီးဟာ ဆိုးရွားနေတဲ့ ရွှေ့ပြောင်းနေထိုင်မှုကြီးကြောင့် ပိတ်မိကုန်ပါတယ်။ အာရပ်နိုင်ငံအများစုရဲ့ လူဦးရေထက်ဝက်ဟာ အသက် ၂၅ နှစ်အောက်ပါ။ တောရွာတွေက ဒီလူငယ်တွေဟာ မိဘတွေထက်ပညာတတ်ပြီး မြို့တက်အလုပ်ရှာကြတဲ့အခါ လူဦးရေထူထပ်မွန်းကြပ် ဆူညံတဲ့ ကိုင်ရို၊ ဘေရွတ်၊ ဒမားစကပ်စတဲ့ မြို့ကြီးတွေ ဒါမှမဟုတ် ရေနံတွင်းတွေကို ရောက်လာကြပါတယ်။ ဒီလို နေရာသစ်မှာ ခေတ်မီခြင်းရဲ့ အမှောင်ဘက်ခြမ်းဖြစ်တဲ့ ဆင်းရဲချမ်းသာကွာဟမှုများပြီး၊ မယုံနိုင်လောက်စရာ အမျိုးသမီးတွေ ခေါင်းမဆောင်းပဲ ဘတ်စကားစီးကြ၊ ကော်ဖီဆိုင်မှာ စားသောက်ကြ၊ ယောက်ျားတွေနဲ့ ဘေးချင်းယှဉ်အလုပ်လုပ်ကြတာတွေကို တအံ့တသြကြုံကြရပါတော့တယ်။

ဂဏာမငြိမ်တဲ့ လူငယ်တွေ အုံလိုက်ကျင်းလိုက် ရွှေ့ပြောင်းရောက်လာကြတာ ဘယ်တိုင်းပြည်မှာမဆို သတင်းဆိုးပါ။ စီးပွားရေးကလဲမကောင်း၊ လူမှုဖူလုံရေးကလဲညံ့တာနဲ့ပေါင်းလိုက်တဲ့အခါ ဆန္ဒပြပွဲတွေပေါ်လာပါတော့တယ်။ အတိတ်တုန်းကတော့ ဒီအခြေအနေကနေ တော်လှန်ရေးအဖြေကို ရှာဖွေလေ့ရှိခဲ့ကြပါတယ်။ အာရပ်မှာတော့ ဒီပြသနာဟာ ပုံစံတစ်မျိုးနဲ့ အစ္စလာမ်ဘာသာထွန်းကားရေးဆီကို ဦးတည်လာပါတော့တယ်။ ( ဆက်ရန် )


အမုန်းခွန်အား ပေးသနားပါ။ ( ၄ )

$
0
0

ဘာသာရေးနှင့် ဆက်နွယ်ခြင်း
--------------------------------

နာဆာဟာ မူဆလင်ပေမဲ့ နိုင်ငံရေးနဲ့ ဘာသာရေးကို မရောထွေးခဲ့ပါဘူး။ ဒါကပဲ သူ့ကို နောက်ပြန်ဆွဲခဲ့ပါတယ်။ သူအာဏာရအောင်ပံ့ပိုးခဲ့တဲ့ ပါတီငယ်လေးတွေထဲမှာ မူဆလင်ညီအစ်ကိုများပါတီကစပြီး နာဆာကို အပြင်းအထန်ဆန့်ကျင်လာပါတော့တယ်။ ဒါကြောင့် နာဆာဟာ ၁၉၅၄မှာ လူတစ်ထောင်ကျော်ဖမ်းဆီးခဲ့ပြီး ၆ ဦးကို သေဒဏ်စီရင်ပြီး ဖြိုခွဲခဲ့ပါတယ်။ အဖမ်းခံရသူများထဲက ဆေရစ် ကျုတပ်လို့ခေါ်တဲ့ ပိန်ချည့်ချည့်တစ်ယောက်က လမ်းပေါ်က ဆိုင်းဘုတ်များဆိုတဲ့ စာအုပ်ကို ထောင်ထဲမှာရေးသားခဲ့ပါတယ်။ ဒါဟာ အခြေခံရှေးရိုးစွဲအစ္စလာမ်ဝါဒရဲ့ ကနဦးအစပါပဲ။

ဒီစာအုပ်ထဲမှာ ကျုတပ်က နာဆာနဲ့ အစိုးရအဖွဲ့ကို အစ္စလာမ်အစစ်မဟုတ်ဘူးလို့ ရှူံ့ချခဲ့ပါတယ်။ ဒါ့အပြင် ခေတ်မီအာရပ်အစိုးရအားလုံးရဲ့ အပြစ်အနာတွေကိုလဲ ထောက်ပါတယ်။ ကျုတပ်ရဲ့အမြင်မှာ ပိုမိုကောင်းမွန်ယဉ်ကျေးတဲ့ အာရပ်အဖွဲ့အစည်းဟာ အစ္စလာမ်စည်းကမ်းကျင့်ဝတ်တွေကို တင်းတင်းကျပ်ကျပ်လိုက်နာခဲ့တဲ့ ၁၈၈၀ နှစ်များဆီမှာ အခြေတည်ပါတယ်။ အာဏာရှင်တွေက လူထုနဲ့ ပိုမိုဝေးကွာလာပြီး ပိုမိုဖိနှိပ်လာတာနဲ့အမျှ ရှေးရိုးစွဲဝါဒကလဲ ကြီးထွားလာခဲ့ပါတယ်။ အနည်းဆုံးတော့ မူဆလင်ညီအစ်ကိုများနဲ့ အဖွဲ့ဟာ လူတွေကို ဘ၀အဓိပ္ပါယ်တစ်ခုပေးစွမ်းနိုင်ကြပြီး ဘယ်အာရပ်ခေါင်းဆောင်မှ မလုပ်ခဲ့ဖူးတဲ့ ကမ္ဘာကြီးကိုပြောင်းလဲမယ့် ရည်ရွယ်ချက်ကိုပါ ပေးစွမ်းနိုင်ခဲ့ကြပါတယ်။

ဖိုအက် အာဂျမီရေးသားတဲ့ အာရပ် အနာဂတ်အန္တရာယ် စာအုပ်ထဲမှာ ရှေးရိုးစွဲဝါဒီတို့ရဲ့ လှုပ်ရှားမှုဟာ လူထုကိုပါ ပါဝင်လာအောင်ဆွဲဆောင်သိမ်းသွင်းနိုင်ပါတယ်။ နိုင်ငံရေးမှာ အုပ်ချုပ်သူတို့က ပြည်သူတွေမပါဝင်အောင်ဖယ်ထုတ်နေပြီး မရေရာတဲ့အနာဂတ်ဖြစ်နေချိန်မှာ ဒီဝါဒက ရိုးရာအစဉ်အလာနဲ့ချိတ်ဆက်ပြီး အရိုင်းစိတ်ကို လျော့ကျစေပါတယ်။ ဒီဝါဒဟာ အာရပ်တွေကို အင်အားရှိတဲ့ အတိုက်အခံတို့ရဲ့ အသံကို ပေးအပ်နိုင်ခဲ့ပါတယ်။

တဖက်မှာလဲ အစ္စလမ်ကို ဆန့်ကျင်ယှဉ်နိုင်မယ့်အရာနဲလှပါတယ်။ လွင်တီးခေါင်လို ဖြစ်နေတဲ့အာရပ်နိုင်ငံရေးလောကမှာ နိုင်ငံရေးပါတီ၊ မီဒီယာလွတ်လပ်ခွင့်နဲ့ အတိုက်အခံတို့အတွက် နေရာမရှိပါ။ ဒါကြောင့်လဲ ဗလီတွေဟာ နိုင်ငံရေးဆွေးနွေးရာနေရာတွေဖြစ်လာပြိး အခြေခံဝါဒီအဖွဲ့တွေဟာ အပြောထက်ပို အလုပ်ပြနိုင်ခဲ့ပါတယ်။ မူဆလင်ညီအစ်ကိုများအဖွဲ့၊ ဟားမတ်အဖွဲ့နဲ့ ဟစ်ဇဘိုလာအဖွဲ့တို့ဟာ လူမှုရေးလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အတိုင်ပင်ခံအကြံဥာဏ်ပေးမှုတွေနဲ့ ယာယီအိမ်ယာဆောက်လုပ်မှုတွေကို လုပ်ဆောင်ပေးနိုင်ခဲ့ကြပါတယ်။ အရပ်ဖက်လူ့အဖွဲ့အစည်းကို တန်ဖိုးထားသူများအနေနဲ့ကတော့ ဒီလို မလွတ်မလပ်တင်းကြပ်တဲ့အုပ်စုတွေက အရပ်ဖက်အဖွဲ့အစည်းဖြစ်နေတာကို အတော်စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။

ဥရောပမှာ ဖက်ဆစ်ပါတီတွေပေါ်ပေါက်ခဲ့ပုံကို လေ့လာသူ ပရင်စတန်တက္ကသိုလ်က ပညာရှင် ရှာရီဘားမန်းကို ဒီကိစ္စမှာ တူညီတာတွေများမရှိဘူးလားလို့ မေးကြည့်မိပါတယ်။ ဖက်ဆစ်တွေက လူမှုရေးတာဝန်တွေယူတဲ့အခါ အင်မတန်ထိရောက်လေ့ရှိပါတယ်။ အစိုးရနဲ့ နိုင်ငံရေးပါတီတွေက အခြေခံဝန်ဆောင်မှုတွေ၊ ဥပဒေအတိုင်းဆောင်ရွက်မှုတွေ လုပ်ပေးနိုင်စွမ်းမရှိတဲ့အခါမှာ ဒီအဖွဲ့တွေက၀င်လုပ်ပေးကြပါရော။ အစ္စလမ်နိုင်ငံတွေမှာတော့ ဘာသာရေးဆိုင်ရာ ဥပဒေတွေက အဆင်သင့်ဖြစ်နေပါတယ်။ ဒါကြောင့်လဲ ဒီအုပ်စုတွေကောင်းစားနေတာ အံ့သြစရာမဟုတ်ပါဘူး။ အစ္စလာမ်အခြေခံဝါဒီတွေဟာ အဲဒီဒေသမှာ လွှမ်းမိုးတယ်ဆိုတာ နာဇီတွေ၊ ဖက်ဆစ်တွေ၊ အမေရိကန်မှာ အပေါစားလူကြိုက်များအောင်လုပ်တဲ့ နိုင်ငံရေးဝါဒီတွေနဲ့ သဘောခြင်းအတူတူပါပဲ တဲ့။

၁၉၇၉ မှာ ခိုမေနီက အီရန်မှာ ရှားဘုရင်ကိုဖယ်ရှားပြီးနောက် အခြေခံဝါဒီတွေ ပိုအားကောင်းလာခဲ့ပါတယ်။ အီရန်တော်လှန်ရေးကနေ လူထုအခြေပြုအဖွဲ့တွေဟာ အင်အားကြီးတဲ့အုပ်ချုပ်သူကို အနိုင်ရနိုင်တယ်လို့ ပြသခဲ့ပါတယ်။ ပညာရေးနဲ့ ခေတ်သစ်နည်းပညာတွေဟာ ပြိုကွဲနေတဲ့လူ့အဖွဲ့အစည်းကို မီးထိုးပေးနိုင်တယ်ဆိုတာကိုပါ မြင်နေရပါတယ်။ ၁၉၇၀ လောက်အထိမှာ အာရပ်အများစုဟာ စာမတတ်ကြပဲ ကျေးလက်တောရွာနဲ့ မြို့ငယ်လေးတွေမှာ နေထိုင်ခဲ့ကြပါတယ်။ လမ်းမပေါ်မှာပဲ အစ္စလာမ်ဘာသာကို သင်ယူခဲ့ကြပါတယ်။ အစ္စလာမ်က သီဆိုခွင့်၊ အနုပညာဖန်တီးခွင့်၊ မတူကွဲပြားခွင့်နဲ့ သည်းခံမှုတွေကို အထူးသဖြင့်အီရန်မှာ ခွင့်မပြုခဲ့ပါဘူး။ ၁၉၇၀ နောက်ပိုင်းမှာ ရွာသားတွေ ရွှေ့ပြောင်းနေထိုင်ကြတဲ့အခါ သူတို့ရဲ့ ငယ်စဉ် ဘာသာရေးအလေ့အကျက်တွေဟာ စွဲမြဲမနေတော့ပါဘူး။ တချိန်ထဲမှာပဲ သူတို့ဟာ အစ္စလာမ်ဘာသာအသစ်ကို အခြေခံဝါဒီတွေက သင်ကြားတာခံရပါတော့တယ်။ ကိုးကွယ်ယုံကြည်မှုဟာ သမိုင်းအတွေ့အကြုံတွေပေါ်မှာ အခြေမခံတော့ပဲ စာအုပ်ကြီးထဲကအတိုင်း တသွေမတိမ်း လိုက်နာဖို့ ဟောပြောကြပါတယ်။ ဒါဟာ ကျေးရွာအခြေပြု အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာရေးအဖွဲ့ရဲ့ အစ္စလာမ်က ဆန့်ကျင်တာပါပဲ။

အီရန်မှာ ခိုမေနီဟာ သူ့ဟောပြောချက်တွေကို ကက်ဆက်နဲ့သွင်းပြီး ရှားဘုရင်ကိုဆန့်ကျင်ဖို့ တစ်နိုင်ငံလုံးကို ဖြန့်ချီခဲ့ပါတယ်။ ဒါပေမဲ့လဲ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချတာ ခိုမေနီတစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ဟိုမရောက်ဒီမရောက် ခေတ်မှီခြင်းကြောင့် ပျက်စီးနေတဲ့ သူတို့လောကကို စိတ်ပျက်ကုန်ခမ်းနေတဲ့ ပညာတတ်တွေကလည်း အနောက်တိုင်းက အဆိတ်ခပ်တယ်ဆိုတဲ့အမြင်မျိုးနဲ့ ဆန့်ကျင်တဲ့စာအုပ်တွေရေးသားခဲ့ကြပြီး ခေတ်မီသူများကို ဘိုကြက်ချေး၊ အခြေအမြစ်မရှိတဲ့ကောင်လို့ ရှူံ့ချခဲ့ကြပါတယ်။ လန်ဒန်၊ ပဲရစ်မှာနေတဲ့ ပညာတတ်တွေကလည်း အမေရိကန်တွေရဲ့ ဘာသာမဲ့မှု၊ အသုံးအစွဲကြီးမှုတွေကို ဝေဖန်ပြီး အစ္စလာမ်ကို ချီးမွမ်းခဲ့ကြပါတယ်။ ဒါတွေက အာရပ်ကမ္ဘာမှာ အဆင်းရဲဆုံးလူတန်းစားကို ရိုက်ခတ်တာမဟုတ်ပဲ တောမရောက် တောင်မရောက် ရွာသားတွေ၊ အနောက်တိုင်းမှာ စာသင်တဲ့ အလုပ်လုပ်တဲ့လူတန်းစားတွေရဲ့ရင်ဘတ်ထဲကို တိုက်ရိုက်ထိသွားပါတော့တယ်။

အစ္စလာမ်ဟာ ယုံကြည်သက်ဝင်မှုကို ဦးစားပေးလွန်းတဲ့ ဘာသာတစ်ခုဖြစ်တာကြောင့် အင်အားနည်းသူတွေကို အင်အားများလာအောင် စွမ်းဆောင်နိုင်ပါတယ်။ တစ်ချိန်ထဲမှာပဲ မူဆလင်စစ်စစ်ဆိုတာဘာလဲလို့ မေးခွန်းထုတ်ဖို့ ဘယ်သူ့မှာမှ အခွင့်အရေးမရှိခဲ့ပါဘူး။ ကျုတပ်ရေးခဲ့တဲ့ ရှေးရိုးစွဲဝါဒဟာ ဒီအကွက်ကို အသုံးပြုခဲ့ပါတယ်။ သူတို့က လူတွေကို မူဆလင်ဘာသာဝင်ကောင်းတွေ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ချလိုက်ပါတယ်။ ဒါဟာ မူဆလင်ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ ဒါနဲ့ပဲ အစိုးရရော၊ ပညာတတ်တွေရော၊ လူမှုရေးခေါင်းဆောင်တွေပါ ကျဆုံးရပါတော့တယ်။ သဘောထားအလယ်အလတ်ရှိကြတဲ့ မူဆလင်တွေကတော့ အဝေဖန်ခံရ၊ အခြေခံဝါဒီဖက်ဆစ်တွေရဲ့ အတိုက်အခိုက်ခံကြရပါတယ်။ အိုင်ယာလန်မြောက်ပိုင်းက အလယ်အလတ်သဘောထားရှိသူတွေလိုပဲ သူတို့စိတ်ထဲရှိတာပြောလိုက်ရင် ဘာဖြစ်မလဲလို့ ကြောက်နေကြရပါတယ်။

အန္တရာယ်များတဲ့ ကစားပွဲကို ဖန်တီးသူကတော့ အကြီးဆုံးဖုတ်ကောင်ဖြစ်တဲ့ ဆော်ဒီအာရေဗျပါ။ ၀ါဟာဘီဝါဒကို ဘာသာရေးကျောင်းတွေမှာသင်ဖို့ ထောက်ပံ့ပေးပြီး သူ့ရဲ့နာမည်ပျက်ကို ဖုံးဖို့ကြိုးစားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ ဒီကျောင်းတွေကနေ ပညာမတတ် တတတ်၊ မူဆလင်မဟုတ်တဲ့သူတွေကို သံသယမျက်လုံးနဲ့ ကြည့်တတ်တဲ့ သဘောထားတင်းမာတဲ့ မူဆလင်ပေါင်းများစွာ မွေးထုတ်ပေးခဲ့ပါတယ်။ အဲဒီအမြင်မှာ အမေရိကန်ဆိုတာ မာန်နတ်ပါပဲ။
ဒီအခြေခံရှေးရိုးစွဲဝါဒဟာ အာရပ်ဒေသမှာတင်မကပဲ ပါကစ္စတန်လိုနေရာမျိုးကိုပါ ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဇီယာအူဟတ် အုပ်ချုပ်ခဲ့တဲ့ ၁၁ နှစ်အတွင်းမှာ အတိုက်အခံတွေကို နှိပ်ကွပ်ခဲ့တာမို့ သူ့ကိုထောက်ခံမယ့်သူလိုလာပါတယ်။ ဒါကြောင့် အခြေခံရှေးရိုးစွဲဝါဒီတွေကို ဆက်သွယ်ပြီး ဆော်ဒီငွေကြေးနဲ့ ဗလီဆရာအထောက်အပံ့ကိုယူတဲ့ ဘာသာရေးကျောင်းတွေကို တနိုင်ငံလုံးဖွင့်ခွင့်ပြုခဲ့ပါတယ်။ ဒါက ဇီယာအူဟတ်ကို ခဏတစ်ဖြုတ် တရားဝင်ဖြစ်စေခဲ့ပေမဲ့ ရေရှည်မှာတော့ ပါကစ္စတန်ရဲ့ လူမှုအဆောက်အဦးကို အောက်ခြေကနေလှိုက်စားခဲ့ပါတယ်။

အခြေခံရှေးရိုးစွဲဝါဒ ဘာကြောင့်ခေါင်းထောင်လာသလဲဆိုရင် အဓိကအကြောင်းကတော့ နိုင်ငံရေးအဆောက်အအုံတွေ အာရပ်လောကမှာ လုံးဝပျက်စီးခဲ့လို့ပါပဲ။ မူဆလင်ရေပေါ်ဆီတွေဟာ အရှိတရားကို မမြင်ချင်ယောင်ဆောင်နေကြပါတယ်။ ဗလီတွေမှာ စည်းဝေးတဲ့အခါ လက်ရှိအာဏာရှင်တွေရဲ့ တာဝန်မကျေပွန်မှုတွေကို ဆွေးနွေးမယ့်အစား အစ္စလာမ်နဲ့ ပတ်ဝန်းကျင် ဆိုတဲ့ခေါင်းစဉ်မျိုးကိုသာ ဆွေးနွေးကြပါတယ်။ အလယ်အလတ်သဘောထားသူတွေက အမြင်မတူပေမဲ့လည်း အမျိုးသမီးတွေ၊ ပညာရေး၊ စီးပွားရေးနဲ့ ခေတ်မီနေထိုင်မှုကို ခါးခါးသီးသီးဆန့်ကျင်သူတွေကြောင့် အစ္စလမ်ဘာသာဟာ အဆိပ်ခပ်ခံခဲ့ရပါတယ်။ ဒါကို ကျွန်တော်ကိုယ်တိုင် အိန္ဒိယမှာတွေ့ခဲ့ဖူးပါတယ်။ ကျွန်တော်ကလေးဘ၀မှာ ပျော်စရာကောင်းပြီး သက်တောင့်သက်သာရှိလှတဲ့၊ ကွဲပြားမှုတွေကို လက်ခံပြီးအရောင်စုံတဲ့ အစ္စလမ်ဝါဒဟာ တင်းကြပ်တဲ့ ယုံကြည်ကိုးကွယ်မှု၊ တစ်ရံမလပ် စောင့်ကြည့်စစ်ဆေးခံနေရတဲ့ ဘာသာအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။ အမေရိကန်က ဘာတွေကူညီနိုင်မလဲဆိုတာ အောက်မှာဖော်ပြထားပါတယ်။ ဒါပေမဲ့ မူဆလင်တွေကိုယ်တိုင်က ဒါကိုလက်မခံဘူး၊ သူတို့ကိုယ်တိုင် မရပ်တန့်နိုင်ဘူးဆိုရင် ပြင်ပလူ ဘယ်သူမှကယ်နိုင်မယ် မဟုတ်ပါဘူး။ ( ဆက်ရန် )

Viewing all 1811 articles
Browse latest View live