Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
ရေတပ်သားတို့ရဲ့ ဘဝပုံရိပ်များ
0
0
 I Love Navy အစီအစဉ်အရ Fan Page Member များမှ ပို့လာတဲ့  HMS Enterprise Return to Plymouth ပုံများ ဖြစ်ပါတယ်။ ရေတပ်သားတွေရဲ့ ဘဝမှာ ယခုပုံတွေထဲကလို ဝမ်းနည်း/ဝမ်းသာ နှစ်မျိုးလုံးရှိနေတဲ့ အခြေအနေမျိုးတွေ တွေ့ကြုံရလေ့ ရှိပါတယ်။ မကြုံချင်ပေမဲ့လည်း တိုင်းပြည်နှင့် လူမျိုးအတွက် ပေးအပ်လာတဲ့ အမိန့်နှင့်တာဝန်များ ဖြစ်တာမို့ အချိန်တန်တော့လည်း နေသားတကျ ဖြစ်လာတာပါပဲ။အဲဒီထဲမှာ ရေတပ်သားတွေရဲ့ ဇနီးမယား နဲ့ မိသားစုတွေပါ ကျေကျေနပ်နပ်နဲ့ ဒွန်တွဲပါဝင်နေကြတယ်လေ။   အကယ်၍ အဲဒီအချိန်မှာ ပြန်မပါတော့တဲ့. ပြန်မလာတော့တဲ့. ရေတပ်သားတွေ ရှိခဲ့မယ်ဆိုရင်.....  ဆိပ်ကမ်းမှာ ရပ်စောင့်ပြီး တွေဝေနေတဲ့ အိမ်သူနှင့် ကလေးတွေရဲ့ ခံစားဖြစ်ပျက်မှုကို စိတ်အတွေးနဲ့ စဉ်းစားကြည့်ရုံမျှဖြင့် သိသာနိုင်ပါတယ်။   ဒီလိုပါပဲလေ၊  ကြည်း/ ရေ/ လေ စစ်သားတိုင်းရဲ့ ဘဝမှာ ယခုလိုအခြေအနေတွေကို ဖြတ်ကျော်ရင်းနဲ့  တိတ်တိတ်ဆိတ်ဆိတ် ကျေနပ်ဂုဏ်ယူနေကြတာပါပဲ။  ကိုဇော်  (Myanmar Navy)
I Love Navy အစီအစဉ်အရ Fan Page Member များမှ ပို့လာတဲ့ HMS Enterprise Return to Plymouth ပုံများ ဖြစ်ပါတယ်။ ရေတပ်သားတွေရဲ့ ဘဝမှာ ယခုပုံတွေထဲကလို ဝမ်းနည်း/ဝမ်းသာ နှစ်မျိုးလုံးရှိနေတဲ့ အခြေအနေမျိုးတွေ တွေ့ကြုံရလေ့ ရှိပါတယ်။ မကြုံချင်ပေမဲ့လည်း တိုင်းပြည်နှင့် လူမျိုးအတွက် ပေးအပ်လာတဲ့ အမိန့်နှင့်တာဝန်များ ဖြစ်တာမို့ အချိန်တန်တော့လည်း နေသားတကျ ဖြစ်လာတာပါပဲ။အဲဒီထဲမှာ ရေတပ်သားတွေရဲ့ ဇနီးမယား နဲ့ မိသားစုတွေပါ ကျေကျေနပ်နပ်နဲ့ ဒွန်တွဲပါဝင်နေကြတယ်လေ။
အကယ်၍ အဲဒီအချိန်မှာ ပြန်မပါတော့တဲ့. ပြန်မလာတော့တဲ့. ရေတပ်သားတွေ ရှိခဲ့မယ်ဆိုရင်..... ဆိပ်ကမ်းမှာ ရပ်စောင့်ပြီး တွေဝေနေတဲ့ အိမ်သူနှင့် ကလေးတွေရဲ့ ခံစားဖြစ်ပျက်မှုကို စိတ်အတွေးနဲ့ပင် စဉ်းစားကြည့်ရုံမျှဖြင့် သိသာနိုင်ပါတယ်။
ဒီလိုပါပဲလေ၊ ကြည်း/ ရေ/ လေ စစ်သားတိုင်းရဲ့ ဘဝမှာ ယခုလိုအခြေအနေတွေကို ဖြတ်ကျော်ရင်းနဲ့ တိတ်တိတ်ဆိတ်ဆိတ် ကျေနပ်ဂုဏ်ယူနေကြတာပါပဲ။
ကိုဇော်
( Myanmar Navy)
I LOVE NAVY 5 (4 photos)
လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ်
0
0
 Photo
Ye Htut's status.
လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ်
မေ ၂၈ ရက်နေ့ ညနေ ၁၆၁၅ နာရီမှာ မအေးအေးဝင်း ( ၂၄) နှစ်ကို ကျိုင်းတုံကနေ ရောက်ရှိ နေထိုင်နေတဲ့ နေ၀င်း (၄၈) နှစ်က ဓာတ်ဆီနဲ့ ပတ်ပြီး မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။
နေ၀င်းကို ဖမ်းဆီးပြီး ရဲစခန်းမှာ စစ်ဆေးတဲ့အခါ အကျီအိပ်ထဲက WY တံဆိပ်ပါ စိတ်ကြွ ဆေးပြား နှစ်ပြားပါတွေ့ရှိတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၇၊ ၄၃၆၊ ၃၂၆ တို့ အပြင် မူးယစ်ပုဒ်မ ၁၅/ ၁၆ (ဂ) နဲ့ ပါ အမှုဖွင့်အရေးယူခဲ့ပါတယ်။
ညနေ ၁၇၄၅ နာရီမှာ သံဃာ ၅၀ ပါးခန့်နဲ့ လူ ၈၀ ခန့် အမှတ် ၁ ရဲစခန်းရှေ့ကိုရောက် လာတဲ့ အတွက် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖျောင်းဖျလူစုခွဲခဲ့ပါတယ်။
ည ၁၉၂၀ နာရီမှာ ပြည်နယ် ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားက ဆိုင်တစ်ဆိုင်ရဲ့ရှေ့က ခုံအချို့ ကို လူအုပ်စုနဲ့ ရိုက်ချိုးဖျက်ဆီးမှုစဖြစ်ပါတယ်။ ၁၉၂၅ မှာ ရပ်ကွက် ၃ က ဘာသာရေး အဆောက် အဦကို စတင်ဖျက်ဆီးမီးရှို့ပါတယ်။ ၁၉၄၀ နာရီမှာ ရဲတပ်ဖွဲ့များရောက်ရှိပြီး လူစုခွဲခြင်း၊ မီးသတ် နဲ့ ပူးပေါင်းပြီး မီးငြိမ်းသတ်ခြင်းများပြုလုပ်ပါတယ်။
ည ၈ နာရီမှာ အမှတ် ၃ ရပ်ကွက်၊ လမ်းမတော်လမ်းနဲ့ ကြာနီကန်လမ်းထောင့်ရှိ မိဘမဲ့ ကလေး ကျောင်းအောက်ရှိ ဈေးဆိုင်ခန်းများ၊ ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားရှိ ဆိုင်ခန်းများ ကို တိုက်ခိုက်ဖျက်ဆီးမှုဖြစ်ပါတယ်။ ၂၀၃၅ နာရီမှာ လုံခြုံရေးတပ်ဖွဲ့များက အဲဒီအဖွဲ့များကို တားဆီးလူစုခွဲခဲ့ပါတယ်။ ည ၂၃၃၀ မှာ မီးအားလုံးငြိမ်းသတ်နိုင်ခဲ့ပါတယ်။
ယခုအချိန်ထိ လူထိခိုက်သေဆုံးတဲ့သတင်းမရရှိသေးပါဘူး။
လားရှိုးမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီးတပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက် လျှက်ရှိပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများက နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုများမဖြစ်အောင် ပူးပေါင်းဆောင်ရွက် နေပါတယ်။
(2 photos)
အမုန်းခွန်အား ပေးသနားပါ။ ( ၂)
0
0
အုပ်ချုပ်သူများ
----------------
၁၉၅၀ တုန်းက အီဂျစ်ကို သမ္မတ နာဆာအုပ်ချုပ်ခဲ့ပါတယ်။ အာရပ်တွေကို ကိုလိုနီနိုင်ငံတွေနဲ့ ရှင်ဘုရင်တွေက နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပါတယ်။ သူတို့လိုချင်တဲ့ လွတ်လပ်ရေးကိုရပြီးတဲ့နောက် ခေတ်မီတဲ့ နာဆာဟာ ကယ်တင်ရှင်အသစ်ဖြစ်လာပါတယ်။ သူ့ကို ဗြိတိသျှအုပ်ချုပ်စဉ် ယဉ်ကျေးမှုပေါင်းစုံရောယှက်ရာ အလက်ဇန္ဒားမြို့မှာ မွေးဖွားခဲ့ပြီး အနောက်တိုင်းအဆန်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်မှာ အမှုထမ်းခဲ့ပါတယ်။ သူ့ရဲ့သေသပ်လှပတဲ့ ၀တ်စားဆင်ယင်မှု၊ စတိုင်ကျလှတဲ့ နေကာမျက်မှန်နဲ့ပုံစံဟာ ကမ္ဘာ့စင်မြင့်ပေါ်မှာ ခွန်အားရှိပုံပေါ်ခဲ့တာမို့ အီဂျစ်ပြည်ရဲ့ ခြသေ့င်္ကြီးလို့ တင်စားခံရပြီး အာရပ်ကမ္ဘာတစ်ခုလုံးအတွက် ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့ပါတယ်။
နာဆာက အာရပ်နိုင်ငံရေးဟာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ဆိုရှယ်လစ်စနစ်နဲ့ အာရပ်ညီညွတ်ရေး စတဲ့ အယူအဆအသစ်တွေနဲ့ ပစ်သွင်းရမယ်လို့ ယုံကြည်ခဲ့ပါတယ်။ ရေနံကရတဲ့ငွေဟာ ရွှေဥ ဥပေးတဲ့ ငန်းကြီးမဖြစ်ခင်တုန်းက အီဂျစ်ဟာ အရှေ့အလယ်ပိုင်းရဲ့ တစ်ဦးထဲသောခေါင်းဆောင်ပါ။ ဒါကြောင့်လဲ နာဆာရဲ့ အမြင်ဟာ ဒေသတစ်ခုလုံးကို လွှမ်းမိုးခဲ့ပါတယ်။ ဆီးရီးယား၊ အီရတ်စတဲ့ ပင်လယ်ကွေ့အာဏာရှင်တွေအကုန်လုံးက တစ်ညီထဲ နာဆာပြောသလို လိုက်ပြောခဲ့ကြတာပါ။ နာဆာကို အထင်ကြီးလို့ချည်းတော့မဟုတ်ပဲ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးဟာ ခေတ်မီလိုစိတ်ပြင်းထန်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူတို့အားထုတ်သမျှ အာဏာရှင်တို့ဟာ အယူလွဲတွေနဲ့ တစ်လွဲတွေအကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဆိုရှယ်လစ်စနစ်ဟာ ဗျုရိုကရေစီကို မွေးဖွားပြီး မတိုးတက်ပဲ အိုင်နေစေပါတယ်။ ဗဟိုထိန်းချုပ်မှုအမှားတွေကို ပြင်ပေမဲ့လည်း စီးပွားရေးကတော့ ဘယ်တုန်းကမှ ရှေ့မတိုးခဲ့ပါဘူး။ ပြည်ထောင်စုတွေဟာ အာဏာရှင်စနစ်တွေဖြစ်ကုန်ပါတယ်။ တတိယကမ္ဘာ့နိုင်ငံတွေဟာ ဆိုဗီယက်လမ်းစဉ်ကို လိုက်လာကြပါတယ်။ အာရပ်ညီညွတ်မှုပြိုကွဲခဲ့ပြီး ကိုယ့်တစ်နိုင်ငံစာ အကျိုးစီးပွားအခွင့်အရေးတွေကိုပဲ စိတ်ဝင်စားလာကြပါတယ်။ အဆိုးဆုံးကတော့ အစ္စရေးစစ်ပွဲတွေကြောင့် ၁၉၆၇ နဲ့ ၁၉၇၃ တို့မှာ အာရပ်နိုင်ငံတွေ အရှက်ကွဲခဲ့ရပါတယ်။ ၁၉၉၀မှာ ဆက်ဒမ်ဟူစိန်က ကူဝိတ်ကိုကျုးကျော်ခဲ့ပြီး အာရပ်အိပ်မက်ကို ဖျက်ဆီးခဲ့ပါတော့တယ်။
ဒီနေ့ အီဂျစ်ကိုကြည့်ပါဦး။ နာဆာရဲ့ ကတိစကားတွေဟာ အိပ်မက်ဆိုးတွေလို ဖြစ်နေပါပြီ။ အစိုးရဟာ အတိုက်အခံတွေကို ခြေမှုန်းဖို့နဲ့ အရပ်သားတွေကို လည်ပင်းညှစ်ဖို့ပဲ စွမ်းဆောင်နိုင်ပါတော့တယ်။ လွန်ခဲ့တဲ့ နှစ် ၃၀အတွင်းမှာ အီဂျစ်စီးပွားရေးဟာ လူဦးရေနှစ်ဆတိုးလာတာနဲ့အမျှ အငတ်ဘေးဆိုက်လာပါတယ်။ အလုပ်လက်မဲ့ ၂၅ ရာနှုန်းရှိပြီး ၉၀ ရာနှုန်းလောက်က ကောလိပ်ဒီပလိုမာ ရပြီးသားပါ။ အစ္စရေးမှာ နှစ်စဉ် စာအုပ် ၄၀၀၀ ထွက်ပေမဲ့ အာရပ်တို့ရဲ့ ပညာတတ်များစုစည်းရာဖြတ်တဲ့အီဂျစ်ဟာ စာအုပ်ပေါင်း ၃၇၅ အုပ်သာထုတ်လုပ်နိုင်ပါတယ်။ အီဂျစ်တွေအားလုံးဒါကိုသိကြပါတယ်။ ဒါကြောင့်လဲ နိုင်ငံခြားသားတွေကို ဆန္ဒပြကြတာပါ။
တုန်လှုပ်စရာကောင်းတာကတော့ အီဂျစ်ဟာ သူ့အိမ်နီးချင်းတွေထက် သာနေသေးတာပါ။ ဆီးရီးယားဟာ ကမ္ဘာပေါ်မှာ အဖိနှိပ်ဆုံးနိုင်ငံဖြစ်ပြီး လူပေါင်း နှစ်သောင်းငါးထောင်လောက်ဟာ အာဏာရှင်ရဲ့သတ်ဖြတ်ခြင်းကိုခံရနိုင်ပါတယ်။ နှစ် ၃၀ အတွင်းမှာ အီရတ်ဟာ အမျိုးသမီးတွေ အလုပ်လုပ်ခွင့်ရတာ၊ အနုပညာသည်တွေ ရှင်သန်ခွင့်ရတာ၊ ဂျာနယ်လစ်တွေက ဆက်ဒမ်ဟူစိန်ရဲ့ ဘ၀င်လေဟပ်မှုတွေကို ကလောင်ကစားခွင့်ရတာ စတဲ့ခေတ်အမီဆုံးနိုင်ငံအဖြစ်ကနေ လုံးဝပြောင်းလဲသွားခဲ့ပါပြီ။
လက်ဘနွန်နိုင်ငံမှာဆိုရင်လည်း တစ်ခါက အရှေ့ပိုင်းရဲ့ ပါရီမြို့လို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ ဘေရွတ်မြို့ဟာ အခုတော့ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေနဲ့ ငရဲတွင်းတမျှ ဖြစ်နေပါပြီ။ အာရပ်နိုင်ငံတွေဟာ လွန်ခဲ့တဲ့နှစ် ၃၀ ကလောက် လွတ်လပ်မှုမရှိတော့ပဲ မမျှော်မှန်းနိုင်လောက်အောင် ကဏ္ဍစုံမှာ ပြောင်းပြန်ဖြစ်နေခဲ့ပါပြီ။ ကမ္ဘာမှာတော့ ဒီလိုလွတ်လပ်မှုဆုံးရှူံးတဲ့နိုင်ငံက အနည်းငယ်သာကျန်ပါတော့တယ်။
အာဖရိက အာဏာရှင်တွေကို လောဘရှိတယ်လို့ ပြောကြမယ်ဆိုရင် အရှေ့အလယ်ပိုင်းကတော့ ရလေလိုလေ အိုတစ္ဆေ လို့ ဆိုရပါမယ်။ အစ္စရေးရဲ့ အောင်မြင်မှုတွေနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ အာရပ်ရဲ့ ကျရှူံးမှုတွေဟာ ရှက်ဖွယ်လိလိဖြစ်ကုန်ပါတယ်။ အပြစ်အနာတွေရှိနေပေမဲ့လည်း ဒီသဲကန္တာရထဲမှာပဲ အစ္စရေးဟာ ဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်ပြီး ခေတ်မီလူ့အဖွဲ့အစည်းနဲ့ နည်းပညာထွန်းကားတဲ့စီးပွားရေးနဲ့ အနုပညာဆန်တဲ့ ယဉ်ကျေးမှုပြည့်ဝတဲ့ ဘ၀ကိုရောက်ရှိနေပါတယ်။ အစ္စရေးရဲ့ ၀င်ငွေဟာ ဒီနေ့ဆိုရင် အနောက်နိုင်ငံအတော်များများနဲ့ ယှဉ်နိုင်နေပါပြီ။
ဆင်းရဲမွဲတေမှုကြောင့် ကျရှူံးရတယ်ဆိုရင် ကျန်တာတွေကတော့ ချမ်းသာလို့ကို ကျရှူံးရတာပါ။ ၁၉၇၀ ကစပြီး ရေနံကြောင့် အင်အားကြီးလာတဲ့အခါ အာရပ်တို့ရဲ့ မျှော်လင့်ချက် ဒုတိယအကြိမ်ရှင်သန်ရတယ်ပေါ့။ နာဆာအိပ်မက်ပျက်သွားခဲ့ပြီး ဓါတ်ဆီအိပ်မက်ကတော့ အောင်မြင်လိမ့်မယ်ထင်ခဲ့ပေမဲ့လည်း မဖြစ်ပြန်ပါဘူး။ နှစ် ၃၀ လုံးလုံး ရေနံဈေးတက်မှုကြောင့် ရခဲ့တဲ့အကျိုးအမြတ်တွေက ရေပေါ်ဆီလူချမ်းသာ လူတန်းစားတစ်ရပ်ကိုသာ မွေးဖွားပေးခဲ့ပါတော့တယ်။ သူတို့ဟာ ကမ္ဘာကို အထက်တန်းလွှာအနေနဲ့ လည်ပတ်နေလိုက်ကြတာ။ ကျန်အာရပ်တွေကတော့ ဒါကို မခံစားကြရပါဘူး။
အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား သတင်းစာကာတွန်းတွေကို ကြည့်ပါဦး။ စော်ကား မော်ကား၊ လူမျိုးရေးခွဲခြား၊ ပုံပျက်ပန်းပျက်၊ အကျင့်ပျက်ခြစားမှုတွေ အားနည်းချက်တွေကို ပုံဖော်နေပါတယ်။ ကူဝိတ်နဲ့ ဆော်ဒီအာရေဗျကို ကယ်တင်ပေးထားလို့ အာရပ်တွေက ကျေးဇူးတင်ရမယ်လို့ အမေရိကန်အများစုက ထင်မှတ်နေပေမဲ့လည်း တကယ်တော့ အာရပ်တော်ဝင်မိသားစုများကိုသာ ကယ်တင်ခဲ့တာပါလို့ အာရပ်အများစုက ထင်မှတ်နေကြပါတယ်။ ဒါဟာ အကြီးအကျယ်ကွဲလွဲချက်ပါပဲ။
ပင်လယ်ကွေ့မှာ ရေနံကရသမျှဟာ မယုံနိုင်လောက်အောင် လုံးပါးပါးကုန်ပါတယ်။ ဥပမာ တစ်ခုကတော့ အာရပ်မင်းသားဟာ အသက် ၂၅ နှစ်အရွယ်မှာ ဒေါ်လာသန်း၃၀၀ တန်တဲ့နန်းတော်ကြီးကို ဆောက်ပါတယ်။ AT & T ကုမ္ပဏီနဲ့ တယ်လီဖုန်းလိုင်းစာချုပ်ချုပ်ခွင့်အတွက် တစ်ဘီလီယံ ကော်မရှင်ရပါတယ်။ နိုင်ငံရေးအရတိုးတက်ဖို့ထက် ကြွယ်ဝမှုဟာ အနှုတ်လက္ခဏာတွေကိုသာ ဆောင်ကျဉ်းလာပါတော့တယ်။ ပင်လယ်ကွေ့အစိုးရတွေကို ပိုချမ်းသာ ပိုအာဏာရှိစေတာနဲ့အမျှ ဖိနှိပ်မှုတွေ ပိုများလာပါတယ်။ အာရပ်လူ့အဖွဲ့အစည်းဟာ ရွှေလှောင်အိမ်ထဲမှာ စိတ်ပျက်လက်ပျက်၊ ခါးသီးမှုတွေ၊ အလိုမပြည့်မှုတွေနဲ့ ပြည့်လျှံနေတဲ့လူငယ်တွေဖြစ်ကုန်ပါတယ်။ အဲဒီထဲက တစ်ချို့ကတော့ အာဖဂန်မှာ အိုစမာဘင်လာဒင်နဲ့အတူ အလုပ်သွားလုပ်ကြပါတယ်။ ( ဘင်လာဒင်နဲ့ အပေါင်းအပါတွေဟာ ဆော်ဒီအာရေဗျက လာကြတာပါ။ )
၁၉၈၀ နှောင်းပိုင်းမှာ တကမ္ဘာလုံးဟာ အာဏာရှင်ဟောင်းတွေဖြစ်တဲ့ မော်စကို၊ ပါရာဂွေး၊ တောင်ကိုးရီးယား၊ အရှေ့ဂျာမဏီတို့ကို အာရုံစိုက်နေတုန်းမှာပဲ အာရပ်တွေဟာ ကြာငြောင်းလှပြီဖြစ်တဲ့ အာဏာရှင်တွေ၊ ခြစားနေတဲ့ ဘုရင်တွေနဲ့ လုံးလည်လိုက်နေပါတယ်။ ၁၉၆၀ တုန်းက ကတိတွေပေးခဲ့တာလည်း မောနေပါပြီ။ လူကြိုက်မများတော့ပါဘူး။ ဥပဒေမဏ္ဍိုင်လဲ မခိုင်မာတော့ပါဘူး။ အဲဒီလိုနိုင်ငံအများစုဟာ အမေရိကန်နဲ့ ရင်းနှီးကြပါတယ်။
( ဆက်ရန် )
http://www.thedailybeast.com/newsweek/2001/10/14/the-politics-of-rage-why-do-they-hate-us.html
— with Hein Swe Oo.
အမုန်းခွန်အား ပေးသနားပါ။ ( ၅ ) နိဂုံးပိုင်း
0
0
Photo: အမုန်းခွန်အား ပေးသနားပါ။ ( ၅ ) နိဂုံးပိုင်း ==========================  ဘာတွေလုပ်ကြမလဲ -----------------------  ဒီဆောင်းပါးကို အာရပ်တစ်ယောက်ယောက်ကများ အခုနေရာအထိဖတ်မိမယ်ဆိုရင် အာရပ်ရဲ့ကျဆုံးမှုတွေချည်းပဲ အပြစ်တင်နေတာပဲ။ အနောက်တိုင်းကကော မပျက်စီးဘူးလား။ ငါတို့ပျက်စီးရတာ အမေရိကန်ပေါ်လစီတွေကြောင့်ပါလို့ ပြင်းပြင်းထန်ထန်ငြင်းချင်မှာပဲ။ အာရပ်အများစုက အမေရိကန်နဲ့ဆက်ဆံရေးကို မကျေနပ်ကြပါဘူး။ အာရပ်တို့ဟာ ဥရောပရဲ့ ကျွန်ပြုသိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး အမေရိကန်ဆန့်ကျင်ရေးဟာ ၁၉၄၈ မှာ အစ္စရေးနိုင်ငံပေါ်ထွန်းခြင်းနဲ့အတူ အစပြုခဲ့ပါတယ်။ ကိုလိုနီနိုင်ငံတွေ လွတ်လပ်ရေးရတဲ့အချိန်မှာ အနောက်တိုင်းက အပြည့်အ၀ထောက်ပံ့ပေးထားတဲ့ နိုင်ငံခြားသားအများစုနေထိုင်တဲ့ နိုင်ငံတစ်ခုအနေနဲ့ အစ္စရေးကို အာရပ်တွေက ရှူမြင်ကြပါတယ်။ ၁၉၆၇ နဲ့ ၁၉၇၃ စစ်ပွဲတွေမှာ အစ္စရေးကို အမေရိကန်ကထောက်ပံ့တဲ့အခါ ပိုစိတ်ဆိုးလာကြပါတယ်။ နေ့စဉ်ဘ၀မှာ အစ္စရေးရဲ့ သိမ်းပိုက်နယ်မြေတွေအပေါ် သံလက်သီးပမာအုပ်ချုပ်နေတာကို အာရပ်ကမ္ဘာသာမက မူဆလင်ကမ္ဘာကပါ ခါးသီးခဲ့ကြပါတယ်။   ဒါ့အပြင် အမေရိကန်မူဝါဒတွေကိုလည်း ရေနံလိုချင်မှုကြောင့် အာဏာရှင်တွေ၊ လက်ဝါးကြီးအုပ်သမားတွေကို အတွန့်အဆုတ်မရှိ ထောက်ပံ့ပေးနေတယ်လို့ မြင်လာကြပါတယ်။   နောက်ဆုံးမှာတော့ အီရတ်ကို ဗုံးကျဲခြင်းနဲ့ ၀ိုင်းကျဉ်ထားခြင်းတို့ဟာ အမေရိကန်ကို နေ့စဉ်တိုက်ခိုက်နေရခြင်းရဲ့ အကြောင်းရင်းတွေ ဖြစ်လာပါတော့တယ်။ အာရပ်လောကမှာ အများစုက ဆက်ဒမ်ဟူစိန်ကို မကြိုက်ကြပေမဲ့ အမေရိကန်ဟာ သူ့ကိုတိုက်ဖို့အတွက် တစ်နိုင်ငံလုံးကို အငတ်ထားတဲ့ လူမဆန်တဲ့နည်းလမ်းမျိုးကို ရွေးခဲ့တယ်လို့ အာရပ်တွေက ယုံကြည်နေခဲ့ပါတယ်။  အာရပ်တစ်ယောက်ရဲ့ အမြင်မှာ အမေရိကန်ဟာ ဘယ်တော့မှ မမျှတပါဘူး။ တခြားနိုင်ငံတွေလိုပဲ အမေရိကားကလဲ ကိုယ်သန်ရာသန်ရာပါ။ ကျွန်တော့်အမြင်မှာတော့ အမေရိကန်ရဲ့ အာရပ်တွေအပေါ် ကျုးလွန်တဲ့ မကောင်းမှုဟာ ဖုံးဖိထိန်ချန်ထားမှုပါပဲ။ အာဏာရှင်တွေကို တံခါးဖွင့်ပေးဖို့ ဖိအားမပေးခဲ့ဘူး။ ဒါဟာအာဖဂန်မှာ သေရာပါအမှားဖြစ်ခဲ့ပါတယ်။ စုတ်ပြတ်ကျိုးပဲ့နေတဲ့ အာဖဂန်နိုင်ငံကို ၁၉၈၉ မှာချန်ထားခဲ့ပြီးတဲ့နောက် ဘင်လာဒင်နဲ့ တာလီဘန်တွေ ပေါ်ပေါက်လာပါတယ်။ ဒါဟာ ၀မ်းနည်းစရာအကောင်းဆုံးအမှားတောင်မဟုတ်ပဲ အစဉ်အလာကြီးလိုကိုဖြစ်နေတာပါ။   F.Scott Fitzgerald က အမေရိကန်တွေဟာ ပစ်စလက်ခတ်လူတွေ၊ ဖျက်ဆီးပြီး ငွေရအောင်လုပ်တယ်။ ကျန်ခဲ့တဲ့လူတွေကို အမှိုက်သိမ်းခိုင်းတယ်။ အပေးအယူလုပ်တတ်တဲ့သူတွေမဟုတ်ဘူး။ လက်လွတ်စပယ်သမားတွေ တဲ့။ ဒီလောက်နဲ့တော့ အာရပ်တွေဒေါသမထွက်သေးပါဘူး။ ပါလက်စတိုင်းကိစ္စကတော့ အတွင်းအကျဆုံးပြသနာပါ။ သူတို့ရဲ့ သွေးသားအာရပ်ညီအကိုအတွက် ဘာကြောင့်ဘာမှမလုပ်ပေးတာလဲ။ ( ပါလက်စတိုင်းတွေဟာ ဂျော်ဒန်ကလွဲလို့ သွားစရာမရှိ၊ သူတို့ကို ထောက်ပံ့တဲ့အကူအညီကလဲ နည်းလွန်းတယ်။)  အစ္စရေးက ဒီမိုကရေစီနိုင်ငံပေမဲ့ အာရပ်တစ်သန်းကို ဒုတိယတန်းစားနိုင်ငံသားတွေလိုပဲ ဆက်ဆံတာမို့ ရှက်စရာပါ။ ဒါပေမဲ့လည်း အစ္စရေးက သူတို့ကို နိုင်ငံရေးဆောင်ရွက်ခွင့်နဲ့ ဂုဏ်သိက္ခာကို ပေးအပ်ထားတာမို့ ဒါမျိုးမရနိုင်တဲ့ ကျန်အာရပ်နိုင်ငံတွေအတွက်လည်း အရှက်ရစရာပါ။ ဘာကြောင့်များ အာရပ်တွေရဲ့ ဒေါသဟာ အာဏာရှင်တွေပေါ်မရောက်ပဲ အစ္စရေးပေါ်ရောက်နေပါလိမ့်။  ဒီလိုရှေ့နောက်မညီတဲ့ ခံစားမှုတွေအားလုံးဟာ အမေရိကားကို ဦးတည်လာခြင်းကတော့ အရှက်ရခြင်း၊ ဆုတ်ယုတ်လာခြင်းနဲ့ စိတ်ဓါတ်ပျက်ပြားခြင်းတွေကြောင့်ပါပဲ။ ဒါ့အပြင် တရုတ်တို့ဟာ အမေရိကန် နိုင်ငံခြားရေးပေါ်လစီကို သဘောမတူပဲ အမေရိကန်မိတ်ဆွေတွေနဲ့ စစ်ခင်းပါတော့တယ်။ အာဖရိကနိုင်ငံတွေဟာလဲ ဒီလိုပဲ မကျေမနပ်နဲ့ တရားမျှတမှု မရှိဘူးလို့ခံစားနေကြရပါတယ်။ ဒါပေမဲ့လည်း သူတို့ကတော့ အမေရိကန်ကို စိတ်ဆိုးမနေကြပါဘူး။ အာရပ်တွေအတွက်ကတော့ သူတို့လိုချင်ပေမဲ့ လက်လှမ်းမမှီတဲ့ ခေတ်မီကမ္ဘာကြီးကို အမေရိကန်က ကိုယ်စားပြုထားသလို ဖြစ်နေပါတယ်။ ဒါကြောင့် အမေရိကန်လုပ်သမျှ မှန်ဘီလူးနဲ့ ချဲ့ကားကြည့်ပါတော့တယ်။ ကျွန်တော်တို့ ဘာမှမလုပ်ပဲနဲ့တောင် ကျွန်တော်တို့ရဲ့ ကြီးမားလှတဲ့ စစ်ရေးအင်အားတွေကို ဖြန့်ကျက်တော့မယ်လို့ ကောလဟလတွေပေါ်နေပါတယ်။ ဘယ်အထိလဲဆိုရင် စီအိုင်အေ ဒါမှမဟုတ် အစ္စရေးမော့ဆက်အဖွဲ့က ကမ္ဘာ့ကုန်သွယ်ရေးရုံးကို ဖောက်ခွဲခဲ့ပြီး အာရပ်နဲ့ မူဆလင်တွေကို အပြစ်ပုံချတာလို့တောင် ကောလဟလတွေဟာ အာရပ်ကမ္ဘာမှာ ပေါ်ပေါက်နေပါတယ်။ ဒါဟာ အသေခံဗုံးခွဲသမားတွေ ပေါ်ထွက်လာခဲ့ကြတဲ့ နောက်ခံယဉ်ကျေးမှုပါ။  အခုဆိုရင် အမေရိကန်ဟာ ဘာသာရေးအကြမ်းဖက်မှုအသွင်ဆောင်လာတာကို ဖြေရှင်းဖို့ မဟာဗျုဟာတွေချမှတ်ရပါတော့မယ်။ အားလုံးသိထားတဲ့အတိုင်း ရှည်လျားလှတဲ့စစ်ပွဲ၊ စစ်မျက်နှာများလှတဲ့စစ်ပွဲ၊ တိုက်ပွဲအကြီးရော အသေးပါ မျိုးစုံပါဝင်တဲ့ စစ်ပွဲကြီးဖြစ်ပါတော့မယ်။ ရည်မှန်းချက်ကတော့ရှင်းပါတယ်။ အယ်ကေးဒါးကို အမြစ်ပြတ်ချေမှုန်းဖို့ပါပဲ။   ဘာကြောင့်ဖြစ်နေမှန်းနားမလည်ဘူးဆိုရင်တောင်မှ ဒါကိုတော့ မဖြစ်မနေတိုက်ရမှာပါ။ ဒီအကြမ်းဖက်မှုကို အစီအစဉ်ဆွဲပေးသူ၊ အားပေးကူညီသူမှန်သမျှကိုလည်း ဖော်ထုတ်အပြစ်ပေးရပါမယ်။ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ဖျက်ဆီးရမယ်၊ ငွေကြေးအထောက်အပံ့ကို ဖြတ်ပစ်ရမယ်။ ပုန်းနေတဲ့နေရာတွေကို ဖျက်ဆီးပစ်ရပါမယ်။ ဒီအတွက် ကုန်ကျစားရိတ်တွေများမှာပေမဲ့လည်း ကျွန်တော်တို့အနိုင်ရရင် ဒါတွေက ပျောက်ကွယ်သွားမှာပါ။ ဒီစစ်ပွဲမှာ တခြားအရေးကြီးတာ မရှိတော့ပါ။  နိုင်ငံရေးဗျုဟာကတော့ပိုရှူပ်ထွေးပြီး ပိုရည်ရွယ်ချက်ကြီးပါတယ်။ အမြင့်ဆုံးရည်မှန်းချက်ကတော့ ဒီလိုအန္တရာယ်ရှိတဲ့နေရာမှာ နိုင်ငံတကာလက်သင့်ခံတဲ့ စနစ်တစ်ခုကို ပြန်လည်ထူထောင်ဖို့ပါပဲ။ နိုင်ငံတကာက ပူးပေါင်းမှုကလည်း မကြုံစဖူးရနေပါတယ်။ ဒါကြောင့် သံသယမရှိသင့်တော့ပါဘူး။ အစိုးရအများစုဟာ အယ်ကေးဒါးလို လက်နက်ကိုင်မျိုးကို ကြောက်ကြပါတယ်။ အီရန်လို ယခင်က အကြမ်းဖက်မှုတွေကို ပံ့ပိုးတတ်သူတောင်မှ ကမ္ဘာ့အသိုင်းအ၀ိုင်းထဲကို ပြန်ဝင်ချင်နေပြီး သူတို့ဘာသာ ပြုပြင်ပြောင်းလဲနေကြပါတယ်။  ကျွန်တော်တို့ဟာ စစ်အေးတိုက်ပွဲကာလအလွန် မဟာဗျုဟာတွေကို အမေရိကန်နိုင်ငံလုံခြုံရေးအတွက် ချမှတ်နိုင်ပြီး ဒါဟာ နိုင်ငံတကာမှာလည်း ထိန်းသိမ်းထားနိုင်စွမ်းရှိရပါမယ်။ ဒါကိုအကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ဟာ စစ်အေးတိုက်ပွဲတုန်းက တုန့်ပြန်မှုမျိုးတွေကို စွန့်လွှတ်ရပါမယ်။ နိုင်ငံစုံပါဝင်မှုကို လက်မခံချင်တာ၊ တရုတ်ပြည်ဟာ စစ်ရေးအရပြိုင်ဘက်ဖြစ်လာနိုင်တယ်၊ ရုရှားနိုင်ငံဟာ စစ်မျက်နှာသစ်အနေနဲ့ ပြန်ပေါ်လာနိုင်တယ် စတဲ့ အတွေးအယူတွေကို စွန့်ပစ်ရပါမယ်။ ( အခု ၁၀ နှစ်ကြာသွားပေမယ့် ကျွန်တော်တို့ရဲ့ ကာကွယ်ရေးအင်အားတွေဟာ တကယ့်အန္တရာယ်ကလွဲလို့ ကျန်တာတွေအတွက် ပြင်ဆင်ထားသလိုဖြစ်နေပါတယ်။ ဒါကို ပြောင်းပစ်ရပါမယ်။ )  နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်မှုရရှိဖို့ဆိုတာ ဗျုဟာမြောက်ရုံမက လက်တွေ့လည်းကျပါတယ်။ ဒီစစ်ပွဲရဲ့ သဘာဝအရ အခြားအစိုးရတွေရဲ့ ဆက်တိုက်ပူးပေါင်းဆောင်ရွက်မှုကို လိုပါတယ်။ ဖမ်းဆီးမှုတွေ၊ ရန်သူ့စခန်းကို ဖြိုခွဲမှုတွေ၊ ဘဏ်စာရင်းတွေကို ပိတ်ပစ်ဖို့နဲ့ သတင်းတွေကို မျှဝေဖို့ အစရှိသဖြင့်ပေါ့လေ။ နိုင်ငံရေးမှာလဲ လုံခြုံရေးသာလျှင် ပထမဖြစ်လာပါပြီ။ ဒါပေမဲ့ ဒီထက်မက လိုအပ်ပါသေးတယ်။ အမေရိကန်ဟာ သူများတွေက အားကျမနာလိုမှုတွေ၊ ဒေါသတွေနဲ့ ဆန့်ကျင်မှုတွေ ပေါ်ပေါက်စေတဲ့ ပုံစံမျိုးနဲ့ ကမ္ဘာကြီးကိုအုပ်စီးထားပါတယ်။ ဒါဟာ အင်အားကြီးလာလို့ဖြစ်လာတာပေမဲ့ ကျွန်တော်တို့မှာ လုပ်စရာတွေရှိနေပါသေးတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ အင်အားကို မျက်နှာဖုံးစွပ်အကာအကွယ်ယူတဲ့အနေနဲ့ ----- မှားသွားလို့ပါ။ ------ ကုလသမဂ္ဂလုံခြုံရေးကောင်စီလို အဖွဲ့အစည်းမျိုးနဲ့ လက်တွဲလုပ်မယ်ဆိုရင် ကျန်ကမ္ဘာ့နိုင်ငံတွေက လက်ခံနိုင်ကြပါလိမ့်မယ်။ သမ္မတဂျော့ဘုရှ်ရဲ့ ဖခင်ဟာ ဒါကိုနားလည်ပါတယ်။ ဒါကြောင့် UN ဟာ ပင်လယ်ကွေ့စစ်ပွဲကို ထောက်ခံခဲ့ပါတယ်။ အနိုင်ရဖို့ဆိုရင် နိုင်ငံတကာမှာ တရားဝင်ဖြစ်မှုဟာ ကျွန်တော်တို့ကို ကူညီနိုင်ပါတယ်။   အခု အစ္စရေးအကြောင်းပြောကြရအောင်။ ဒီနိုင်ငံဟာ အဲဒီဒေသမှာ ပြသနာတွေရဲ့ ဗဟို၊ အပြင်းဆုံးမီးတောက်ဖြစ်နေတယ်ဆိုတာ အသိသာကြီးပါ။ ဒီနိုင်ငံပျောက်သွားအောင်လုပ်တဲ့နည်းမျိုးနဲ့ အာရပ်ကမ္ဘာကို ကျွန်တော်တို့အဖြေမရှာပေးနိုင်တာကလဲ ပြသနာပဲ။ ကျွန်တော်တို့ဟာ အစ္စရေးတည်ရှိမှုနဲ့ ကြံ့ခိုင်မှုကို ထိခိုက်အောင်မလုပ်ဘူးလို့ သစ္စာပြုထားတယ်လေ။ ထို့အတူပဲ ဆက်ဒမ်ဟူစိန်ကို လက်ရဖမ်းမယ့် မူဝါဒကိုလဲ မစွန့်လွှတ်နိုင်ပြန်ဘူး။ သူက အဖျက်စွမ်းအားကြီးမားတဲ့လက်နက်တွေကို ထုတ်လုပ်နေတယ်လေ။ ( စကားချပ် --- အီရတ်စစ်ပွဲပြီးလို့ ၁၀ နှစ်ကြာတဲ့အထိ အဲဒီလက်နက်တွေကို မတွေ့ခဲ့ပါဘူး။ ဒီသတင်းအမှားကြောင့်နဲ့ ရေနံရလိုမှုကြောင့် အီရတ်စစ်ပွဲကို ဆင်နွှဲခဲ့တာပါ။ ---- ဘာသာပြန်သူ)  ကျွန်တော်တို့ဟာ မူဝါဒအမှားတွေကို ဒုက္ခပေးချင်ရုံသက်သက်နဲ့ ဆက်မလုပ်သင့်ပါဘူး။ ဆက်ဒမ်နဲ့ပတ်သက်တဲ့ မူဝါဒဟာ ပျက်စီးနေပါပြီ။ ကျွန်တော်တို့မှာ လေ့လာစောင့်ကြည့်သူတွေ အီရတ်ထဲမှာရှိမနေပဲ ပိတ်ဆို့ဒဏ်ခတ်မှုတွေပဲရှိနေပါတယ်။ ဒါဟာ အီရတ်ကို အငတ်ဘေးဆိုက်စေပြီး သူကတော့ ဓါတုလက်နက်တွေဆက်လုပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဖိအားကို ဆက်ဒမ်အပေါ်မှာပဲ ကျရောက်စေပြိး သူ့ပြည်သူတွေကို မထိခိုက်စေရအောင် သူ့ကို စစ်ဆင်ရေးနဲ့ ဖမ်းယူပြီး အီရတ်စီးပွားရေးကို မပျက်စီးအောင်ထားခဲ့ရပါမယ်။ ကောလင်းပါဝဲဟာ ဒါကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။   သူ့ကို နောက်တစ်ကြိမ်ကြိုးစားခွင့်ပြုသင့်ပါတယ်။ နောက်မေးခွန်းတစ်ခုကတော့ ဆက်ဒမ်ကို ရရင်ဘာလုပ်ကြမလဲ။ အဖြေကမလွယ်ပါဘူး။ ( အီရတ်ကို သိမ်းပိုက်နိုင်တာတောင်မှ လက်ရှိအာရပ်တွေက အမြင်မကြည်ပုံမျိုးနဲ့ ဆိုတော့ အခြေအနေသိပ်မကောင်းပါဘူး။ ) ( စကားချပ် --- သမ္မတဂျော့ဘုရှ်ဟာ ကုလထောက်ခံမှုမရပဲ အီရတ်စစ်ကိုဆင်နွှဲခဲ့ပါတယ်။ တစ်နိုင်ငံလုံးကို ထောင်းလမောင်းကျေအောင်ဖျက်ဆီးခဲ့ပြီး အီရတ်ရဲ့ နိုင်ငံရေး၊ စီးပွားရေးဟာ စစ်ပွဲပြီးလို့ ၁၀ နှစ်ကျော်တဲ့အထိ နလံမထူသေးပါဘူး။ ---- ဘာသာပြန်သူ )   အစ္စရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ဟာ သူ့ရဲ့ တည်ရှိခွင့်နဲ့ ဂါဇာကမ်းမြောင်သိမ်းပိုက်ခွင့်ကြားမှာ ပြတ်ပြတ်သားသားစည်းခြားထားဖို့ လိုပါတယ်။ ပထမအချက်က ကျွန်တော်တို့ ပျော့ပျော့ပျောင်းပျောင်းကိုင်တွယ်ရပါမယ်။ ဒုတိယအချက်က ဘီကလင်တန်တို့လုပ်နေတဲ့ ညှိနှိုင်းမှုကို အဆုံးသတ်တဲ့အထိ ဆက်လုပ်ရပါမယ်။ ကျွန်တော်ထင်တာကတော့ ဒါကိုလုပ်နေတာ အာရပ်တွေရဲ့ အမျက်ပြေအောင်ထက် လုပ်သင့်လို့လုပ်နေတာပါ။ အစ္စရေးဟာ စစ်ရေးအရနယ်ချဲ့နေပြီး ဒေသခံ ၃ သန်းရဲ့ ဆန္ဒမပါပဲ ဒီမိုကရေစီလုပ်နေလို့ မရပါဘူး။ ဒါဟာ အစ္စရေးအတွက်ကော၊ ပါလက်စတိုင်းအတွက်ကော အမေရိကန်အတွက်ပါ မကောင်းပါဘူး။  မူဝါဒအပြောင်းအလဲဆိုတာ အခက်အခဲမဟုတ်ပါဘူး။ တတိယအချက်က ဒီတိုက်ပွဲမှာ ယဉ်ကျေးမှုမျက်နှာစာပါနေတာပါ။ အမေရိကန်ဟာ အစ္စလာမ်ဘာသာကို ခေတ်မီကမ္ဘာထဲကို ၀င်ဆန့်လာအောင်ကူညီရပါမယ်။ ဒါဟာ မဖြစ်နိုင်တဲ့ စိန်ခေါ်မှုလို့ ထင်ရပါတယ်။   အာရပ်တွေရဲ့ ဒေါသမြစ်ဖျားခံရာဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတွေ ပြိုလဲကျနေတာကို ကျွန်တော်တို့ မတားဆီးနိုင်ဘူးဆိုရင် အမေရိကားသာမဟုတ် တကမ္ဘာလုံးဟာ လုံခြုံရေးကို ခြိမ်းခြောက်ခံရပါလိမ့်မယ်။ စစ်အေးတိုက်ပွဲကာလတုန်းက အနောက်တိုင်းနိုင်ငံများဟာ ကွန်မြူနစ်စနစ်ကို ရှူံ့ချပြီး ဒီမိုကရေစီကို ဆွဲဆောင်မှုရှိအောင်၊ ပွင့်လင်းလူ့အဖွဲ့အစည်းကို မြှင့်တင်အောင် မဟာဗျုဟာတွေချမှတ်ခဲ့ပါတယ်။ အခုလဲဒီလိုပဲ ယဉ်ကျေးမှုတိုက်ပွဲကို အနိုင်ရဖို့ တစ်ခုခုတော့ လုပ်ရပါတော့မယ်။  ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဟာ သဘောထားပျော့ပျောင်းတဲ့ အာရပ်နိုင်ငံတွေကို သူတို့ရဲ့ အလယ်အလတ်သဘောထားကို ထိန်းသိမ်းထားနိုင်အောင် ပံ့ပိုးကူညီရပါမယ်။ ဆော်ဒီအာရေဗျလို နှစ်ပေါင်းကြာရှည်အာဏာရှင်နိုင်ငံမျိုးမှာ ဘာသာရေးအစွန်းရောက်မှုဟာ သေလောက်တဲ့အန္တရာယ်ဖြစ်နေပါပြီ။ အီဂျစ်မှာတောင် အခြေခံရှေးရိုးဝါဒီတွေကို အမြဲဆင်ဆာဖြတ်ခဲ့ပေမဲ့ အမေရိကားနဲ့ အစ္စရေးကို မီဒီယာတွေက ပက်ပက်စက်စက်ဝေဖန်နေတာတွေကို ခွင့်ပြုထားပါတယ်။ ( ဒီနည်းလမ်းနဲ့ အာဏာရှင်အစိုးရကို မဝေဖန်တော့ဘူးပေါ့။ )   ဒီထက်ပိုပြီးဆိုရရင် အလယ်အလတ်သဘောထားနိုင်ငံများကို အစ္စလမ်ဘာသာဟာ ခေတ်မီအဖွဲ့အစည်းနဲ့ အံဝင်အောင် ကြိုးစားဖို့ ကျွန်တော်တို့က တိုက်တွန်းရပါမယ်။ အမျိုးသမီးတွေကို အလုပ်လုပ်ခွင့်ပြုဖို့၊ ပညာရေးကို အားပေးဖို့နဲ့ အခြားဘာသာဝင်တွေကို လက်ခံဖို့ပါ။ 9/11 အဖြစ်အပျက်က လှုပ်နှိုးလိုက်ပြီဆိုတော့ တစ်ချို့ဟာတွေကို သူတို့လုပ်ကြပါလိမ့်မယ်။ ဆော်ဒီဟာ အစ္စလာမ်အစစ်တွေလို့ ဂုဏ်ဝင့်ခဲ့တဲ့ အာဏာရှင် တာလီဘန်တွေကို ရှူံ့ချပြီး အဆက်အသွယ်ဖြတ်လိုက်ပါပြီ။ အီဂျစ်မီဒီယာက စစ်ပွဲသတင်းတွေယူနေပါပြီ။ အမေရိကားနဲ့ အနောက်တိုင်းတို့ဟာလဲ ကိုယ့်အလုပ်ကိုယ်လုပ်ကြရပါတော့မယ်။   အခြေခံဝါဒီတွေကို ဖြိုခွဲဖို့အတွက် သဘောထားပျော့ပျောင်းတဲ့ မူဆလင်တွေ၊ ပညာတတ်တွေကို ထောက်ပံ့ပြီး အတွေးအခေါ်အသစ်၊ အယူအဆအသစ်တွေကို အာရပ်လောကမှာ ဖြန့်ဖြူးရပါမယ်။   တာလီဘန်တွေကို ဖယ်ထုတ်ပြီးရင် အာဖဂန်မှာ နိုင်ငံရေးစနစ်သစ်ကို တည်ဆောက်ပေးရပါမယ်။ ဒါ့အပြင် ရှေးရိုးစွဲဝါဒကူးစက်ပြန့်နှံ့နေတဲ့ ပါကစ္စတန်လိုနိုင်ငံမျိုးကိုတော့ ဖိအားပေးရပါမယ်။ ပြုပြင်ခိုင်းရမယ်၊ တံခါးဖွင့်ခိုင်းရမယ်၊ ဥပဒေစိုးမိုးအောင် အားထုတ်ခိုင်းရပါမယ်။ ( စကားချပ် ----- အမေရိကန်တို့ဟာ အာဖဂန်စစ်ပွဲအတွင်း ဗိုလ်ချုပ်တဖြစ်လဲ ပါကစ္စတန်သမ္မတ မူရှာရက်ဖ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ပွဲပြီးတဲ့နောက် မူရှာရက်ဖ်ကို အာဏာစွန့်ခိုင်းကာ ရွေးကောက်ပွဲကျင်းပခိုင်းခဲ့ပါတယ်။ ---- ဘာသာပြန်သူ)  စစ်အေးတိုက်ပွဲတုန်းက တောင်ကိုးရီးယား၊ ထိုင်ဝမ်တို့နဲ့ ပူးပေါင်းသလိုပဲ အခုလဲ ဒီအာဏာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲအောင် တိုက်တွန်းရပါမယ်။ တစ်ချို့ကတော့ နိုင်ငံတည်ဆောက်ရေးထဲကို မပါသင့်ဘူးလို့ ငြင်းကောင်းငြင်းပါလိမ့်မယ်။ နိုင်ငံခြားရေးမူဝါဒဆိုတာ သီအိုရီ သက်သက်မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လဲ အကျိုးစီးပွားမသေချာတဲ့နေရာတွေမှာ၊ ကြာကြာထိန်းသိမ်းထားနိုင်ဖို့ မရေရာတဲ့နေရာတွေမှာ နိုင်ငံတည်ဆောက်ရေးလုပ်ဖို့ အားမပေးပါဘူး။ ဒီနေရာကတော့ လုံခြုံရေးကို အကြီးမားဆုံး ခြိမ်းခြောက်နေတာ လျော့ချနိုင်ဖို့အတွက် နိုင်ငံရေးတည်ငြိမ်ဖို့လိုအပ်နေတဲ့ အချက်အချာနေရာမို့ပါ။ တခြားရွေးစရာမရှိပါဘူး။ ( စကားချပ် --- အခု အာဖဂန်မှာ ရွေးကောက်ပွဲပြီးလို့ သမ္မတသစ်တင်မြှောက်ထားပါတယ်။ ----- ဘာသာပြန်သူ )  နဲနဲတော့ ကြောက်ဖို့ကောင်းတဲ့စိန်ခေါ်မှုဖြစ်ပါတယ်။ ဒါပေမဲ့လည်း အရိပ်လက္ခဏာကောင်းတွေကတော့ အများကြီးပါ။ အယ်ကေးဒါးဟာ နိုင်ငံတကာအစိုးရတွေပေါင်းထားတဲ့ တပ်လောက်တော့ အင်အားမကြီးပါဘူး။ အမေရိကန်ရဲ့ ဦးဆောင်မှုအောက်မှာ ကမ္ဘာကြီးဟာ တညီတညွတ်ထဲပေါင်းပြီး နိုင်ငံတကာမိသားစုကြီးအဖြစ်နဲ့ အခြားကိစ္စတွေမှာပါ တိုးတက်အောင်ဆောင်ရွက်လာနိုင်ပါတယ်။ အခြေခံရှေးရိုးစွဲအစ္စလာမ်ဝါဒဟာ မူဆလင်အများစုကြီးအတွက် မဟုတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပါကစ္စတန်မှာ ရှေးရိုးစွဲပါတီဟာ မဲအားလုံးရဲ့ ၁၀ ရာနှုန်းသာရပါတယ်။ အီဂျစ်မှာလည်း ရှေးရိုးစွဲတွေများပေမဲ့ လွှမ်းမိုးနိုင်လောက်အောင်တော့ အင်အားမရှိပါဘူး။ တကယ်လို့များ အနောက်တိုင်းနိုင်ငံများဟာ အစ္စလာမ်ကို ခေတ်မီလာအောင်၊ ဂုဏ်ကျက်သရေနဲ့ ငြိမ်းချမ်းရေးရှိလာအောင် ကူညီနိုင်မယ်ဆိုရင် ဒါဟာ လုံခြုံရေးထက်ပိုတဲ့ အောင်မြင်မှုတစ်ရပ်ပါ။ ဒါဟာ ကမ္ဘာတစ်ခုလုံးကို ပြောင်းလဲစေပါလိမ့်မယ်။ http://www.thedailybeast.com/newsweek/2001/10/14/the-politics-of-rage-why-do-they-hate-us.html
ဘာတွေလုပ်ကြမလဲ
-----------------------
ဒီဆောင်းပါးကို အာရပ်တစ်ယောက်ယောက်ကများ အခုနေရာအထိဖတ်မိမယ်ဆိုရင် အာရပ်ရဲ့ကျဆုံးမှုတွေချည်းပဲ အပြစ်တင်နေတာပဲ။ အနောက်တိုင်းကကော မပျက်စီးဘူးလား။ ငါတို့ပျက်စီးရတာ အမေရိကန်ပေါ်လစီတွေကြောင့်ပါလို့ ပြင်းပြင်းထန်ထန်ငြင်းချင်မှာပဲ။ အာရပ်အများစုက အမေရိကန်နဲ့ဆက်ဆံရေးကို မကျေနပ်ကြပါဘူး။
အာရပ်တို့ဟာ ဥရောပရဲ့ ကျွန်ပြုသိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး အမေရိကန်ဆန့်ကျင်ရေးဟာ ၁၉၄၈ မှာ အစ္စရေးနိုင်ငံပေါ်ထွန်းခြင်းနဲ့အတူ အစပြုခဲ့ပါတယ်။ ကိုလိုနီနိုင်ငံတွေ လွတ်လပ်ရေးရတဲ့အချိန်မှာ အနောက်တိုင်းက အပြည့်အ၀ထောက်ပံ့ပေးထားတဲ့ နိုင်ငံခြားသားအများစုနေထိုင်တဲ့ နိုင်ငံတစ်ခုအနေနဲ့ အစ္စရေးကို အာရပ်တွေက ရှူမြင်ကြပါတယ်။ ၁၉၆၇ နဲ့ ၁၉၇၃ စစ်ပွဲတွေမှာ အစ္စရေးကို အမေရိကန်ကထောက်ပံ့တဲ့အခါ ပိုစိတ်ဆိုးလာကြပါတယ်။ နေ့စဉ်ဘ၀မှာ အစ္စရေးရဲ့ သိမ်းပိုက်နယ်မြေတွေအပေါ် သံလက်သီးပမာအုပ်ချုပ်နေတာကို အာရပ်ကမ္ဘာသာမက မူဆလင်ကမ္ဘာကပါ ခါးသီးခဲ့ကြပါတယ်။
ဒါ့အပြင် အမေရိကန်မူဝါဒတွေကိုလည်း ရေနံလိုချင်မှုကြောင့် အာဏာရှင်တွေ၊ လက်ဝါးကြီးအုပ်သမားတွေကို အတွန့်အဆုတ်မရှိ ထောက်ပံ့ပေးနေတယ်လို့ မြင်လာကြပါတယ်။
နောက်ဆုံးမှာတော့ အီရတ်ကို ဗုံးကျဲခြင်းနဲ့ ၀ိုင်းကျဉ်ထားခြင်းတို့ဟာ အမေရိကန်ကို နေ့စဉ်တိုက်ခိုက်နေရခြင်းရဲ့ အကြောင်းရင်းတွေ ဖြစ်လာပါတော့တယ်။ အာရပ်လောကမှာ အများစုက ဆက်ဒမ်ဟူစိန်ကို မကြိုက်ကြပေမဲ့ အမေရိကန်ဟာ သူ့ကိုတိုက်ဖို့အတွက် တစ်နိုင်ငံလုံးကို အငတ်ထားတဲ့ လူမဆန်တဲ့နည်းလမ်းမျိုးကို ရွေးခဲ့တယ်လို့ အာရပ်တွေက ယုံကြည်နေခဲ့ပါတယ်။
အာရပ်တစ်ယောက်ရဲ့ အမြင်မှာ အမေရိကန်ဟာ ဘယ်တော့မှ မမျှတပါဘူး။ တခြားနိုင်ငံတွေလိုပဲ အမေရိကားကလဲ ကိုယ်သန်ရာသန်ရာပါ။ ကျွန်တော့်အမြင်မှာတော့ အမေရိကန်ရဲ့ အာရပ်တွေအပေါ် ကျုးလွန်တဲ့ မကောင်းမှုဟာ ဖုံးဖိထိန်ချန်ထားမှုပါပဲ။ အာဏာရှင်တွေကို တံခါးဖွင့်ပေးဖို့ ဖိအားမပေးခဲ့ဘူး။ ဒါဟာအာဖဂန်မှာ သေရာပါအမှားဖြစ်ခဲ့ပါတယ်။ စုတ်ပြတ်ကျိုးပဲ့နေတဲ့ အာဖဂန်နိုင်ငံကို ၁၉၈၉ မှာချန်ထားခဲ့ပြီးတဲ့နောက် ဘင်လာဒင်နဲ့ တာလီဘန်တွေ ပေါ်ပေါက်လာပါတယ်။ ဒါဟာ ၀မ်းနည်းစရာအကောင်းဆုံးအမှားတောင်မဟုတ်ပဲ အစဉ်အလာကြီးလိုကိုဖြစ်နေတာပါ။
F.Scott Fitzgerald က အမေရိကန်တွေဟာ ပစ်စလက်ခတ်လူတွေ၊ ဖျက်ဆီးပြီး ငွေရအောင်လုပ်တယ်။ ကျန်ခဲ့တဲ့လူတွေကို အမှိုက်သိမ်းခိုင်းတယ်။ အပေးအယူလုပ်တတ်တဲ့သူတွေမဟုတ်ဘူး။ လက်လွတ်စပယ်သမားတွေ တဲ့။
ဒီလောက်နဲ့တော့ အာရပ်တွေဒေါသမထွက်သေးပါဘူး။ ပါလက်စတိုင်းကိစ္စကတော့ အတွင်းအကျဆုံးပြသနာပါ။ သူတို့ရဲ့ သွေးသားအာရပ်ညီအကိုအတွက် ဘာကြောင့်ဘာမှမလုပ်ပေးတာလဲ။ ( ပါလက်စတိုင်းတွေဟာ ဂျော်ဒန်ကလွဲလို့ သွားစရာမရှိ၊ သူတို့ကို ထောက်ပံ့တဲ့အကူအညီကလဲ နည်းလွန်းတယ်။)
အစ္စရေးက ဒီမိုကရေစီနိုင်ငံပေမဲ့ အာရပ်တစ်သန်းကို ဒုတိယတန်းစားနိုင်ငံသားတွေလိုပဲ ဆက်ဆံတာမို့ ရှက်စရာပါ။ ဒါပေမဲ့လည်း အစ္စရေးက သူတို့ကို နိုင်ငံရေးဆောင်ရွက်ခွင့်နဲ့ ဂုဏ်သိက္ခာကို ပေးအပ်ထားတာမို့ ဒါမျိုးမရနိုင်တဲ့ ကျန်အာရပ်နိုင်ငံတွေအတွက်လည်း အရှက်ရစရာပါ။ ဘာကြောင့်များ အာရပ်တွေရဲ့ ဒေါသဟာ အာဏာရှင်တွေပေါ်မရောက်ပဲ အစ္စရေးပေါ်ရောက်နေပါလိမ့်။
ဒီလိုရှေ့နောက်မညီတဲ့ ခံစားမှုတွေအားလုံးဟာ အမေရိကားကို ဦးတည်လာခြင်းကတော့ အရှက်ရခြင်း၊ ဆုတ်ယုတ်လာခြင်းနဲ့ စိတ်ဓါတ်ပျက်ပြားခြင်းတွေကြောင့်ပါပဲ။ ဒါ့အပြင် တရုတ်တို့ဟာ အမေရိကန် နိုင်ငံခြားရေးပေါ်လစီကို သဘောမတူပဲ အမေရိကန်မိတ်ဆွေတွေနဲ့ စစ်ခင်းပါတော့တယ်။ အာဖရိကနိုင်ငံတွေဟာလဲ ဒီလိုပဲ မကျေမနပ်နဲ့ တရားမျှတမှု မရှိဘူးလို့ခံစားနေကြရပါတယ်။ ဒါပေမဲ့လည်း သူတို့ကတော့ အမေရိကန်ကို စိတ်ဆိုးမနေကြပါဘူး။ အာရပ်တွေအတွက်ကတော့ သူတို့လိုချင်ပေမဲ့ လက်လှမ်းမမှီတဲ့ ခေတ်မီကမ္ဘာကြီးကို အမေရိကန်က ကိုယ်စားပြုထားသလို ဖြစ်နေပါတယ်။ ဒါကြောင့် အမေရိကန်လုပ်သမျှ မှန်ဘီလူးနဲ့ ချဲ့ကားကြည့်ပါတော့တယ်။ ကျွန်တော်တို့ ဘာမှမလုပ်ပဲနဲ့တောင် ကျွန်တော်တို့ရဲ့ ကြီးမားလှတဲ့ စစ်ရေးအင်အားတွေကို ဖြန့်ကျက်တော့မယ်လို့ ကောလဟလတွေပေါ်နေပါတယ်။ ဘယ်အထိလဲဆိုရင် စီအိုင်အေ ဒါမှမဟုတ် အစ္စရေးမော့ဆက်အဖွဲ့က ကမ္ဘာ့ကုန်သွယ်ရေးရုံးကို ဖောက်ခွဲခဲ့ပြီး အာရပ်နဲ့ မူဆလင်တွေကို အပြစ်ပုံချတာလို့တောင် ကောလဟလတွေဟာ အာရပ်ကမ္ဘာမှာ ပေါ်ပေါက်နေပါတယ်။ ဒါဟာ အသေခံဗုံးခွဲသမားတွေ ပေါ်ထွက်လာခဲ့ကြတဲ့ နောက်ခံယဉ်ကျေးမှုပါ။
အခုဆိုရင် အမေရိကန်ဟာ ဘာသာရေးအကြမ်းဖက်မှုအသွင်ဆောင်လာတာကို ဖြေရှင်းဖို့ မဟာဗျုဟာတွေချမှတ်ရပါတော့မယ်။ အားလုံးသိထားတဲ့အတိုင်း ရှည်လျားလှတဲ့စစ်ပွဲ၊ စစ်မျက်နှာများလှတဲ့စစ်ပွဲ၊ တိုက်ပွဲအကြီးရော အသေးပါ မျိုးစုံပါဝင်တဲ့ စစ်ပွဲကြီးဖြစ်ပါတော့မယ်။ ရည်မှန်းချက်ကတော့ရှင်းပါတယ်။ အယ်ကေးဒါးကို အမြစ်ပြတ်ချေမှုန်းဖို့ပါပဲ။
ဘာကြောင့်ဖြစ်နေမှန်းနားမလည်ဘူးဆိုရင်တောင်မှ ဒါကိုတော့ မဖြစ်မနေတိုက်ရမှာပါ။ ဒီအကြမ်းဖက်မှုကို အစီအစဉ်ဆွဲပေးသူ၊ အားပေးကူညီသူမှန်သမျှကိုလည်း ဖော်ထုတ်အပြစ်ပေးရပါမယ်။ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ဖျက်ဆီးရမယ်၊ ငွေကြေးအထောက်အပံ့ကို ဖြတ်ပစ်ရမယ်။ ပုန်းနေတဲ့နေရာတွေကို ဖျက်ဆီးပစ်ရပါမယ်။ ဒီအတွက် ကုန်ကျစားရိတ်တွေများမှာပေမဲ့လည်း ကျွန်တော်တို့အနိုင်ရရင် ဒါတွေက ပျောက်ကွယ်သွားမှာပါ။ ဒီစစ်ပွဲမှာ တခြားအရေးကြီးတာ မရှိတော့ပါ။
နိုင်ငံရေးဗျုဟာကတော့ပိုရှူပ်ထွေးပြီး ပိုရည်ရွယ်ချက်ကြီးပါတယ်။ အမြင့်ဆုံးရည်မှန်းချက်ကတော့ ဒီလိုအန္တရာယ်ရှိတဲ့နေရာမှာ နိုင်ငံတကာလက်သင့်ခံတဲ့ စနစ်တစ်ခုကို ပြန်လည်ထူထောင်ဖို့ပါပဲ။ နိုင်ငံတကာက ပူးပေါင်းမှုကလည်း မကြုံစဖူးရနေပါတယ်။ ဒါကြောင့် သံသယမရှိသင့်တော့ပါဘူး။ အစိုးရအများစုဟာ အယ်ကေးဒါးလို လက်နက်ကိုင်မျိုးကို ကြောက်ကြပါတယ်။ အီရန်လို ယခင်က အကြမ်းဖက်မှုတွေကို ပံ့ပိုးတတ်သူတောင်မှ ကမ္ဘာ့အသိုင်းအ၀ိုင်းထဲကို ပြန်ဝင်ချင်နေပြီး သူတို့ဘာသာ ပြုပြင်ပြောင်းလဲနေကြပါတယ်။
ကျွန်တော်တို့ဟာ စစ်အေးတိုက်ပွဲကာလအလွန် မဟာဗျုဟာတွေကို အမေရိကန်နိုင်ငံလုံခြုံရေးအတွက် ချမှတ်နိုင်ပြီး ဒါဟာ နိုင်ငံတကာမှာလည်း ထိန်းသိမ်းထားနိုင်စွမ်းရှိရပါမယ်။ ဒါကိုအကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ဟာ စစ်အေးတိုက်ပွဲတုန်းက တုန့်ပြန်မှုမျိုးတွေကို စွန့်လွှတ်ရပါမယ်။ နိုင်ငံစုံပါဝင်မှုကို လက်မခံချင်တာ၊ တရုတ်ပြည်ဟာ စစ်ရေးအရပြိုင်ဘက်ဖြစ်လာနိုင်တယ်၊ ရုရှားနိုင်ငံဟာ စစ်မျက်နှာသစ်အနေနဲ့ ပြန်ပေါ်လာနိုင်တယ် စတဲ့ အတွေးအယူတွေကို စွန့်ပစ်ရပါမယ်။ ( အခု ၁၀ နှစ်ကြာသွားပေမယ့် ကျွန်တော်တို့ရဲ့ ကာကွယ်ရေးအင်အားတွေဟာ တကယ့်အန္တရာယ်ကလွဲလို့ ကျန်တာတွေအတွက် ပြင်ဆင်ထားသလိုဖြစ်နေပါတယ်။ ဒါကို ပြောင်းပစ်ရပါမယ်။ )
နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်မှုရရှိဖို့ဆိုတာ ဗျုဟာမြောက်ရုံမက လက်တွေ့လည်းကျပါတယ်။ ဒီစစ်ပွဲရဲ့ သဘာဝအရ အခြားအစိုးရတွေရဲ့ ဆက်တိုက်ပူးပေါင်းဆောင်ရွက်မှုကို လိုပါတယ်။ ဖမ်းဆီးမှုတွေ၊ ရန်သူ့စခန်းကို ဖြိုခွဲမှုတွေ၊ ဘဏ်စာရင်းတွေကို ပိတ်ပစ်ဖို့နဲ့ သတင်းတွေကို မျှဝေဖို့ အစရှိသဖြင့်ပေါ့လေ။ နိုင်ငံရေးမှာလဲ လုံခြုံရေးသာလျှင် ပထမဖြစ်လာပါပြီ။ ဒါပေမဲ့ ဒီထက်မက လိုအပ်ပါသေးတယ်။ အမေရိကန်ဟာ သူများတွေက အားကျမနာလိုမှုတွေ၊ ဒေါသတွေနဲ့ ဆန့်ကျင်မှုတွေ ပေါ်ပေါက်စေတဲ့ ပုံစံမျိုးနဲ့ ကမ္ဘာကြီးကိုအုပ်စီးထားပါတယ်။ ဒါဟာ အင်အားကြီးလာလို့ဖြစ်လာတာပေမဲ့ ကျွန်တော်တို့မှာ လုပ်စရာတွေရှိနေပါသေးတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ အင်အားကို မျက်နှာဖုံးစွပ်အကာအကွယ်ယူတဲ့အနေနဲ့ ----- မှားသွားလို့ပါ။ ------ ကုလသမဂ္ဂလုံခြုံရေးကောင်စီလို အဖွဲ့အစည်းမျိုးနဲ့ လက်တွဲလုပ်မယ်ဆိုရင် ကျန်ကမ္ဘာ့နိုင်ငံတွေက လက်ခံနိုင်ကြပါလိမ့်မယ်။ သမ္မတဂျော့ဘုရှ်ရဲ့ ဖခင်ဟာ ဒါကိုနားလည်ပါတယ်။ ဒါကြောင့် UN ဟာ ပင်လယ်ကွေ့စစ်ပွဲကို ထောက်ခံခဲ့ပါတယ်။ အနိုင်ရဖို့ဆိုရင် နိုင်ငံတကာမှာ တရားဝင်ဖြစ်မှုဟာ ကျွန်တော်တို့ကို ကူညီနိုင်ပါတယ်။
အခု အစ္စရေးအကြောင်းပြောကြရအောင်။ ဒီနိုင်ငံဟာ အဲဒီဒေသမှာ ပြသနာတွေရဲ့ ဗဟို၊ အပြင်းဆုံးမီးတောက်ဖြစ်နေတယ်ဆိုတာ အသိသာကြီးပါ။ ဒီနိုင်ငံပျောက်သွားအောင်လုပ်တဲ့နည်းမျိုးနဲ့ အာရပ်ကမ္ဘာကို ကျွန်တော်တို့အဖြေမရှာပေးနိုင်တာကလဲ ပြသနာပဲ။ ကျွန်တော်တို့ဟာ အစ္စရေးတည်ရှိမှုနဲ့ ကြံ့ခိုင်မှုကို ထိခိုက်အောင်မလုပ်ဘူးလို့ သစ္စာပြုထားတယ်လေ။ ထို့အတူပဲ ဆက်ဒမ်ဟူစိန်ကို လက်ရဖမ်းမယ့် မူဝါဒကိုလဲ မစွန့်လွှတ်နိုင်ပြန်ဘူး။ သူက အဖျက်စွမ်းအားကြီးမားတဲ့လက်နက်တွေကို ထုတ်လုပ်နေတယ်လေ။ ( စကားချပ် --- အီရတ်စစ်ပွဲပြီးလို့ ၁၀ နှစ်ကြာတဲ့အထိ အဲဒီလက်နက်တွေကို မတွေ့ခဲ့ပါဘူး။ ဒီသတင်းအမှားကြောင့်နဲ့ ရေနံရလိုမှုကြောင့် အီရတ်စစ်ပွဲကို ဆင်နွှဲခဲ့တာပါ။ ---- ဘာသာပြန်သူ)
ကျွန်တော်တို့ဟာ မူဝါဒအမှားတွေကို ဒုက္ခပေးချင်ရုံသက်သက်နဲ့ ဆက်မလုပ်သင့်ပါဘူး။ ဆက်ဒမ်နဲ့ပတ်သက်တဲ့ မူဝါဒဟာ ပျက်စီးနေပါပြီ။ ကျွန်တော်တို့မှာ လေ့လာစောင့်ကြည့်သူတွေ အီရတ်ထဲမှာရှိမနေပဲ ပိတ်ဆို့ဒဏ်ခတ်မှုတွေပဲရှိနေပါတယ်။ ဒါဟာ အီရတ်ကို အငတ်ဘေးဆိုက်စေပြီး သူကတော့ ဓါတုလက်နက်တွေဆက်လုပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဖိအားကို ဆက်ဒမ်အပေါ်မှာပဲ ကျရောက်စေပြိး သူ့ပြည်သူတွေကို မထိခိုက်စေရအောင် သူ့ကို စစ်ဆင်ရေးနဲ့ ဖမ်းယူပြီး အီရတ်စီးပွားရေးကို မပျက်စီးအောင်ထားခဲ့ရပါမယ်။ ကောလင်းပါဝဲဟာ ဒါကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။
သူ့ကို နောက်တစ်ကြိမ်ကြိုးစားခွင့်ပြုသင့်ပါတယ်။ နောက်မေးခွန်းတစ်ခုကတော့ ဆက်ဒမ်ကို ရရင်ဘာလုပ်ကြမလဲ။ အဖြေကမလွယ်ပါဘူး။ ( အီရတ်ကို သိမ်းပိုက်နိုင်တာတောင်မှ လက်ရှိအာရပ်တွေက အမြင်မကြည်ပုံမျိုးနဲ့ ဆိုတော့ အခြေအနေသိပ်မကောင်းပါဘူး။ ) ( စကားချပ် --- သမ္မတဂျော့ဘုရှ်ဟာ ကုလထောက်ခံမှုမရပဲ အီရတ်စစ်ကိုဆင်နွှဲခဲ့ပါတယ်။ တစ်နိုင်ငံလုံးကို ထောင်းလမောင်းကျေအောင်ဖျက်ဆီးခဲ့ပြီး အီရတ်ရဲ့ နိုင်ငံရေး၊ စီးပွားရေးဟာ စစ်ပွဲပြီးလို့ ၁၀ နှစ်ကျော်တဲ့အထိ နလံမထူသေးပါဘူး။ ---- ဘာသာပြန်သူ )
အစ္စရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ဟာ သူ့ရဲ့ တည်ရှိခွင့်နဲ့ ဂါဇာကမ်းမြောင်သိမ်းပိုက်ခွင့်ကြားမှာ ပြတ်ပြတ်သားသားစည်းခြားထားဖို့ လိုပါတယ်။ ပထမအချက်က ကျွန်တော်တို့ ပျော့ပျော့ပျောင်းပျောင်းကိုင်တွယ်ရပါမယ်။ ဒုတိယအချက်က ဘီကလင်တန်တို့လုပ်နေတဲ့ ညှိနှိုင်းမှုကို အဆုံးသတ်တဲ့အထိ ဆက်လုပ်ရပါမယ်။ ကျွန်တော်ထင်တာကတော့ ဒါကိုလုပ်နေတာ အာရပ်တွေရဲ့ အမျက်ပြေအောင်ထက် လုပ်သင့်လို့လုပ်နေတာပါ။ အစ္စရေးဟာ စစ်ရေးအရနယ်ချဲ့နေပြီး ဒေသခံ ၃ သန်းရဲ့ ဆန္ဒမပါပဲ ဒီမိုကရေစီလုပ်နေလို့ မရပါဘူး။ ဒါဟာ အစ္စရေးအတွက်ကော၊ ပါလက်စတိုင်းအတွက်ကော အမေရိကန်အတွက်ပါ မကောင်းပါဘူး။
မူဝါဒအပြောင်းအလဲဆိုတာ အခက်အခဲမဟုတ်ပါဘူး။ တတိယအချက်က ဒီတိုက်ပွဲမှာ ယဉ်ကျေးမှုမျက်နှာစာပါနေတာပါ။ အမေရိကန်ဟာ အစ္စလာမ်ဘာသာကို ခေတ်မီကမ္ဘာထဲကို ၀င်ဆန့်လာအောင်ကူညီရပါမယ်။ ဒါဟာ မဖြစ်နိုင်တဲ့ စိန်ခေါ်မှုလို့ ထင်ရပါတယ်။
အာရပ်တွေရဲ့ ဒေါသမြစ်ဖျားခံရာဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတွေ ပြိုလဲကျနေတာကို ကျွန်တော်တို့ မတားဆီးနိုင်ဘူးဆိုရင် အမေရိကားသာမဟုတ် တကမ္ဘာလုံးဟာ လုံခြုံရေးကို ခြိမ်းခြောက်ခံရပါလိမ့်မယ်။ စစ်အေးတိုက်ပွဲကာလတုန်းက အနောက်တိုင်းနိုင်ငံများဟာ ကွန်မြူနစ်စနစ်ကို ရှူံ့ချပြီး ဒီမိုကရေစီကို ဆွဲဆောင်မှုရှိအောင်၊ ပွင့်လင်းလူ့အဖွဲ့အစည်းကို မြှင့်တင်အောင် မဟာဗျုဟာတွေချမှတ်ခဲ့ပါတယ်။ အခုလဲဒီလိုပဲ ယဉ်ကျေးမှုတိုက်ပွဲကို အနိုင်ရဖို့ တစ်ခုခုတော့ လုပ်ရပါတော့မယ်။
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဟာ သဘောထားပျော့ပျောင်းတဲ့ အာရပ်နိုင်ငံတွေကို သူတို့ရဲ့ အလယ်အလတ်သဘောထားကို ထိန်းသိမ်းထားနိုင်အောင် ပံ့ပိုးကူညီရပါမယ်။ ဆော်ဒီအာရေဗျလို နှစ်ပေါင်းကြာရှည်အာဏာရှင်နိုင်ငံမျိုးမှာ ဘာသာရေးအစွန်းရောက်မှုဟာ သေလောက်တဲ့အန္တရာယ်ဖြစ်နေပါပြီ။ အီဂျစ်မှာတောင် အခြေခံရှေးရိုးဝါဒီတွေကို အမြဲဆင်ဆာဖြတ်ခဲ့ပေမဲ့ အမေရိကားနဲ့ အစ္စရေးကို မီဒီယာတွေက ပက်ပက်စက်စက်ဝေဖန်နေတာတွေကို ခွင့်ပြုထားပါတယ်။ ( ဒီနည်းလမ်းနဲ့ အာဏာရှင်အစိုးရကို မဝေဖန်တော့ဘူးပေါ့။ )
ဒီထက်ပိုပြီးဆိုရရင် အလယ်အလတ်သဘောထားနိုင်ငံများကို အစ္စလမ်ဘာသာဟာ ခေတ်မီအဖွဲ့အစည်းနဲ့ အံဝင်အောင် ကြိုးစားဖို့ ကျွန်တော်တို့က တိုက်တွန်းရပါမယ်။ အမျိုးသမီးတွေကို အလုပ်လုပ်ခွင့်ပြုဖို့၊ ပညာရေးကို အားပေးဖို့နဲ့ အခြားဘာသာဝင်တွေကို လက်ခံဖို့ပါ။ 9/11 အဖြစ်အပျက်က လှုပ်နှိုးလိုက်ပြီဆိုတော့ တစ်ချို့ဟာတွေကို သူတို့လုပ်ကြပါလိမ့်မယ်။ ဆော်ဒီဟာ အစ္စလာမ်အစစ်တွေလို့ ဂုဏ်ဝင့်ခဲ့တဲ့ အာဏာရှင် တာလီဘန်တွေကို ရှူံ့ချပြီး အဆက်အသွယ်ဖြတ်လိုက်ပါပြီ။ အီဂျစ်မီဒီယာက စစ်ပွဲသတင်းတွေယူနေပါပြီ။ အမေရိကားနဲ့ အနောက်တိုင်းတို့ဟာလဲ ကိုယ့်အလုပ်ကိုယ်လုပ်ကြရပါတော့မယ်။
အခြေခံဝါဒီတွေကို ဖြိုခွဲဖို့အတွက် သဘောထားပျော့ပျောင်းတဲ့ မူဆလင်တွေ၊ ပညာတတ်တွေကို ထောက်ပံ့ပြီး အတွေးအခေါ်အသစ်၊ အယူအဆအသစ်တွေကို အာရပ်လောကမှာ ဖြန့်ဖြူးရပါမယ်။
တာလီဘန်တွေကို ဖယ်ထုတ်ပြီးရင် အာဖဂန်မှာ နိုင်ငံရေးစနစ်သစ်ကို တည်ဆောက်ပေးရပါမယ်။ ဒါ့အပြင် ရှေးရိုးစွဲဝါဒကူးစက်ပြန့်နှံ့နေတဲ့ ပါကစ္စတန်လိုနိုင်ငံမျိုးကိုတော့ ဖိအားပေးရပါမယ်။ ပြုပြင်ခိုင်းရမယ်၊ တံခါးဖွင့်ခိုင်းရမယ်၊ ဥပဒေစိုးမိုးအောင် အားထုတ်ခိုင်းရပါမယ်။ ( စကားချပ် ----- အမေရိကန်တို့ဟာ အာဖဂန်စစ်ပွဲအတွင်း ဗိုလ်ချုပ်တဖြစ်လဲ ပါကစ္စတန်သမ္မတ မူရှာရက်ဖ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ပွဲပြီးတဲ့နောက် မူရှာရက်ဖ်ကို အာဏာစွန့်ခိုင်းကာ ရွေးကောက်ပွဲကျင်းပခိုင်းခဲ့ပါတယ်။ ---- ဘာသာပြန်သူ)
စစ်အေးတိုက်ပွဲတုန်းက တောင်ကိုးရီးယား၊ ထိုင်ဝမ်တို့နဲ့ ပူးပေါင်းသလိုပဲ အခုလဲ ဒီအာဏာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲအောင် တိုက်တွန်းရပါမယ်။ တစ်ချို့ကတော့ နိုင်ငံတည်ဆောက်ရေးထဲကို မပါသင့်ဘူးလို့ ငြင်းကောင်းငြင်းပါလိမ့်မယ်။ နိုင်ငံခြားရေးမူဝါဒဆိုတာ သီအိုရီ သက်သက်မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လဲ အကျိုးစီးပွားမသေချာတဲ့နေရာတွေမှာ၊ ကြာကြာထိန်းသိမ်းထားနိုင်ဖို့ မရေရာတဲ့နေရာတွေမှာ နိုင်ငံတည်ဆောက်ရေးလုပ်ဖို့ အားမပေးပါဘူး။ ဒီနေရာကတော့ လုံခြုံရေးကို အကြီးမားဆုံး ခြိမ်းခြောက်နေတာ လျော့ချနိုင်ဖို့အတွက် နိုင်ငံရေးတည်ငြိမ်ဖို့လိုအပ်နေတဲ့ အချက်အချာနေရာမို့ပါ။ တခြားရွေးစရာမရှိပါဘူး။ ( စကားချပ် --- အခု အာဖဂန်မှာ ရွေးကောက်ပွဲပြီးလို့ သမ္မတသစ်တင်မြှောက်ထားပါတယ်။ ----- ဘာသာပြန်သူ )
နဲနဲတော့ ကြောက်ဖို့ကောင်းတဲ့စိန်ခေါ်မှုဖြစ်ပါတယ်။ ဒါပေမဲ့လည်း အရိပ်လက္ခဏာကောင်းတွေကတော့ အများကြီးပါ။ အယ်ကေးဒါးဟာ နိုင်ငံတကာအစိုးရတွေပေါင်းထားတဲ့ တပ်လောက်တော့ အင်အားမကြီးပါဘူး။ အမေရိကန်ရဲ့ ဦးဆောင်မှုအောက်မှာ ကမ္ဘာကြီးဟာ တညီတညွတ်ထဲပေါင်းပြီး နိုင်ငံတကာမိသားစုကြီးအဖြစ်နဲ့ အခြားကိစ္စတွေမှာပါ တိုးတက်အောင်ဆောင်ရွက်လာနိုင်ပါတယ်။ အခြေခံရှေးရိုးစွဲအစ္စလာမ်ဝါဒဟာ မူဆလင်အများစုကြီးအတွက် မဟုတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပါကစ္စတန်မှာ ရှေးရိုးစွဲပါတီဟာ မဲအားလုံးရဲ့ ၁၀ ရာနှုန်းသာရပါတယ်။ အီဂျစ်မှာလည်း ရှေးရိုးစွဲတွေများပေမဲ့ လွှမ်းမိုးနိုင်လောက်အောင်တော့ အင်အားမရှိပါဘူး။ တကယ်လို့များ အနောက်တိုင်းနိုင်ငံများဟာ အစ္စလာမ်ကို ခေတ်မီလာအောင်၊ ဂုဏ်ကျက်သရေနဲ့ ငြိမ်းချမ်းရေးရှိလာအောင် ကူညီနိုင်မယ်ဆိုရင် ဒါဟာ လုံခြုံရေးထက်ပိုတဲ့ အောင်မြင်မှုတစ်ရပ်ပါ။ ဒါဟာ ကမ္ဘာတစ်ခုလုံးကို ပြောင်းလဲစေပါလိမ့်မယ်။
http://www.thedailybeast.com/newsweek/2001/10/14/the-politics-of-rage-why-do-they-hate-us.html
— with Hein Swe Oo.
" တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၁၀ "
0
0
" တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၁၀ "
--------------------------------------------------------------------
၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ရဲ့ သာမန် နေ့ လည်ခင်း တစ်ခုမှာ ….
ရန်ကုန်မြို့ ရေဝေးသုသာန်ထဲကို ……
E 2000 ရုံးကား အပြာနှစ်စီးဟာ ……
တိတ်တိတ်ဆိတ်ဆိတ် ၀င်ရောက်လာပါတယ်…..
လည်ဂတုံး အကျီ င်္အဖြူနဲ့ တိုက်ပုံဝတ် လူရွယ်အချို့ ဟာ ……
အချိန်အနည်းငယ်အတွင်းမှာပဲ …….
သုသာန်ရဲ့ နေရာအနှံ့ အပြားမှာ ကျင့်သားရစွာ နေရာယူ ပြီးသွားပြီးပါပြီ……
ဒါဟာ ......
မကြာမီ ရောက်ရှိလာမယ့် …….
ကားလေးငါးစီးသာ ပါဝင်တဲ့ …….
အသက် ၉၁ နှစ်ရွယ် ပုဂ္ဂိုလ်တစ်ဦးရဲ့ နာရေးကို စောင့်မျှော်နေတာ ဖြစ်သလို ……
ပြိုလဲကျဆုံးသွားတဲ့ ခေတ်တစ်ခေတ်ရဲ့ နောက်ဆုံး လက်ကျန်ကို ……
နူတ်ဆက်နေတာလည်း ဖြစ်နိုင်ပါတယ်………
သတင်းစာ တစ်ခုနှစ်ခု မှာ ……
အပိုင်းတိုလေးအနေနဲ့ သာဖော်ပြခြင်း ခံရမယ့် …….
နိုင်ငံတော် သမတဟောင်းတစ်ဦးရဲ့ စာပန အခမ်းအနားလည်း ဖြစ်သလို …… 
စစ်အစိုးရရဲ့ နောက်ကွယ်က တစ်ချိန်လုံးချုပ်ကိုင်နေသူလို့ ....
စွပ်စွဲနေတဲ့ ပါးစပ်အတော်များများကို …..
အာစေးထည့်လိုက်သလို ဖြစ်သွားစေတဲ့ ……
အခမ်းအနားလည်းဖြစ်ပါတယ်……..။
သူတို့ အမြဲတွေးနေကျ ……
စစ်အုပ်စု ခေါင်းဆောင် သေဆုံးသွားရင်ဆိုတဲ့  မျှော်လင့်ချက်ဟာ ……
လုံးဝပါးလျ ပျောက်ဆုံးခဲ့ ပါပြီ…….
ပုဂိုလ်ကြီးဟာ…၉၁…၉၂ ခုနှစ် ရဲ့ နောက်ပိုင်းကတည်းက …….
မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်က အပြီးဆင်းသွားခဲ့ ပုံရပါတယ်……..။
၁၉၉၀ ဇူလိုင် ၂၈ မှာ …..
ရွေးကောက်ပွဲ အနိုင်ရပါတီဟာ…
ရန်ကုန်မှာရှိတဲ့ ဂန္ဒီ ဟော မှာ …….
တောင်းဆိုချက်တစ်ခုကို တောင်းဆိုခဲ့ပါတယ်…….
အဲဒါကတော့ ......
သူတို့ ကို အာဏာလွှဲပေးဖို့ ဖြစ်ပြီး ……
ပြီးခဲ့ တဲ့ ကာလက တပ်မတော်ရဲ့ ဆောင်ရွက်ချက် တစ်ချို့ အပေါ် …..
အရေးယူမှု ရှိနိုင်တယ် ဆိုတာကိုပါ ……
အရိပ်အမြွှက် ထည့်သွင်းကြေငြာခဲ့ပါတယ်……..
ဒီဖြစ်ရပ်ဟာ....
တပ်မတော်အတွက် တော့ …….
ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တစ်ခုကို ……
သေသေချာချာ ချဖြစ်သွားစေခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်……..။
သူတို့ အနေနဲ့ ……
သူတို့ ရဲ့ ရန်သူတော် အဖွဲ့ အစည်းတွေ စိမ့်ဝင်နေတဲ့ ……
ရန်သူတွေ နဲ့ အဆက်အသွယ် အမြောက်အမြား ပြုလုပ်နေတဲ့ ……
အဖွဲ့ အစည်းကို အာဏာကိုလွှဲပေးတော့မယ် မဟုတ်ပါဘူး…….
ဒါဟာ….ကြောင်းကျိုး မညီညွတ်ပေမယ့်လည်း ……
တပ်မတော်ကို တူးတူးခါးခါး မုန်းနေတဲ့ ကာလမှာ ……
ဒီလို အဖွဲ့ အစည်းလက်ထဲ အာဏာကိုလွှဲပေးခဲ့ ရင် …….
တပ်မတော် အနေနဲ့ …..
ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်မယ်ဆိုတာတော့ …….
သူတို့ ကောင်းကောင်း ရိပ်စားမိပုံရပါတယ်………။
သူတို့ ရဲ့ ရန်သူ တောတွင်းအဖွဲ့ အစည်းတွေဟာ ……..
တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းတွေကို ရှင်းထုတ်ပြစ်ရုံသာမက …….
တပ်မတော် အင်အားကို ချိနဲ့ သွားစေမယ့် ……
နိုင်ငံရေးဆုံးဖြတ်ချက် အမျိုးမျိုး ထွက်ပေါ်လာအောင် ……
နောက်ကွယ်က ကြိုးကိုင်ထိန်းချုပ်တော့မယ်ဆိုတာ…….
တပ်မတော်ရဲ့ တတိယ မျိုးဆက် ခေါင်းဆောင်ငယ်တွေအထိ ……
ရှင်းရှင်းလင်းလင်း သိမြင်ပုံရပါတယ်……….
အဲဒီ သမိုင်းဝင် ဆုံးဖြတ်ချက်ရဲ့ နောက်ပိုင်းမှာတော့ …..
တပ်မတော်ရဲ့ မဟာဗျုဟာ စီမံချက် ကြီးဟာ ……
စတင် အသက်ဝင်လည်ပတ်ပါပြီ………...။
ဒီ အစီအစဉ်မှာ ဘာတွေပါဝင်တယ်ဆိုတာ …….
ဘယ်သူမှ အတိအကျ မသိနိုင်ပေမယ့် ……. 
ခေတ်မီတပ်မတော်တည်ဆောက်ရေး ……..
နိုင်ငံရေးသမားတွေ အနေနဲ့ ……..
တပ်မတော်ကို ဖြိုခွဲမယ့် ဥပဒေ ဆုံးဖြတ်ချက်တွေ ပြုလုပ်လို့ မရအောင် ……..
အနာဂတ် နိုင်ငံရေးမှာ ……..
အချိန် အတိုင်းအတာ တစ်ခုအထိ …….
တပ်မတော်က ဆက်လက်ပါဝင်နေရေး…….
အနာဂတ်ကာလ တပ်မတော်ဟာ…….
အရေးအခင်းကာလလို အခြေအနေမျိုး ထပ်ဖြစ်ခဲ့ ရင်တောင်……
ဘယ်သူမှထပ်မံ မခြိမ်းခြောက်နိုင်တော့တဲ့ ……
လုံခြုံစိတ်ချရတဲ့ အနေအထားမျိုး ရှိရေးနဲ့  ……
စစ်တန်းလျား ပြန်ချိန်မှာ ……..
တပ်မတော်ကို မလိုလားသူတွေ အနေနဲ့ …….
အုပ်ချုပ်ရေးအာဏာမရှိတော့တဲ့ တပ်မတော်ကို ……..
နောက်ကနေ ထပ်ချပ်မကွာ လိုက်စစ် ဆင်လို့ မရအောင် …….
ဟန့် စစ် အတားအဆီးသဘောအဖြစ် ……..
အသွင်ကူးပြောင်းရေးကာလ တစ်ခုသတ်မှတ်ကာ ……
ခွာစစ် စီမံချက် အတိုင်း အဆင့်ဆင့် ဆုတ်ခွာခြင်း စတဲ့  .....
............................................
ရှုပ်ထွေးလွန်းလှတဲ့  စီမံချက်ကြီးတွေ ……
အများအပြား ပါဝင်ပုံရပါတယ်……………..…။
မဟာဗျုဟာကြီးတစ်ခုလုံးဟာ …….
ဆယ်စုနှစ်နဲ့ ချီပြီး ကြာမြင့်နိုင်ပေမယ့်လည်း ……
ဒုတိယကမ္ဘာစစ် စစ်ကြိုကာလ တည်းက မငြိမ်းချမ်းခဲ့တဲ့ ……
လွတ်လပ်ရေးရပြီးကတည်းက …
အနှစ်လေးဆယ်ကျော် ပြည်တွင်းစစ်ကို ……
လက်ရှိချိန်ထိ ဆင်နွှဲနေရပြီး ……
ရန်ကုန်မြို့ ကွက်ကွက်လေးသာ ကျန်တဲ့ ထိ ခြိမ်းခြောက်ခံခဲ့ ရတဲ့  …..
ကမ္ဘာ ပေါ်မှာ တောတွင်းလက်နက်ကိုင် အဖွဲ့ အစည်း အရေအတွက် …..
အများဆုံးရှိနေတဲ့  တိုင်းပြည်က တပ်မတော် တစ်ခုအတွက်တော့ ……
သိပ်ထူးဆန်းလှတယ် မဟုတ်လှပါဘူး......။
ငြိမ်းချမ်းရေးမရရှိပဲ တိုင်းပြည်မတိုးတက်နိုင်ဘူးဆိုတာရယ်……
ငြိမ်းချမ်းရေးရဖို့ အတွက် ခိုင်မာပြီး အင်အားကောင်းတဲ့ ……
တပ်မတော်တစ်ခုရှိဖို့ လိုတယ်ဆိုတဲ့ အချက်တွေဟာ ……
ပြည်တွင်းစစ်ကြီးက တပ်မတော်ကို ……..
သေသေချာချာ သင်ကြားပေးလိုက်တဲ့ …….
သင်ခန်းစာတွေဖြစ်ပုံရပါတယ်……..
မြန်မာ့သမိုင်းရဲ့ တစ်ဆစ်ချိုး အချိုးအကွေ့ တစ်ခုတော့ ......
အသစ် စရ ပြန်ပါပြီ….........။
ခေတ်မီတပ်မတော် တည်ဆောက်ဖို့  စီမံချက်ရဲ့  အစိတ်အပိုင်းတွေ အဖြစ် …….
လက်နက်ကိုင်တောတွင်း အဖွဲ့ အတော်များများ ဟာ …..
အပစ်အခတ် ရပ်စဲရေးကမ်းလှမ်းခံရတော့မှာ ဖြစ်ပြီး ……..
လက်မခံ တဲ့ အဖွဲ့ အစည်းတွေဟာ ……
မကြာခင်ကာလမှာ အသစ်တိုးချဲ့ ဖွဲ့ စည်းတော့မယ့် …….
တိုက်ခိုက်ရေးတပ်မ အများအပြားရဲ့ …….
ပြင်းထန်တဲ့ ထိုးစစ်တွေအရ ……
ပြိုကွဲလု နီးပါး …..
ချေမှုန်းခံရတော့မှာ ဖြစ်ပါတယ်……....။
( အပိုင်း ၁၁ နောက်ရက် ဆက်တင်ပါမည် )
Like ·  · 
လမ်းဘေးသစ်ပင် အမြင့်စိတ်ဓာတ်
0
0
လမ်းဘေးသစ်ပင် အမြင့်စိတ်ဓာတ်
လောကလူ့သဘာဝထဲတွင် အခက်ဝေနေတဲ့ အပင်လေးတွေတွေ့ရင် ဘာရယ်မဟုတ် ရည်ရွယ်ချက်မဲ့ အခက်ချိုးတတ်သူ၊ အရွက်ခြွေတတ်သူတွေရှိသည်။ လက်ဆော့တတ်သူ တစ်ချို့ပင်ဖြစ်သည်။
တစ်ချို့ကလည်း ရည်ရွယ်ချက်ရှိရှိ ဝေနေ၊ လှနေတာကို မနာလို မရှုစိတ်နဲ့ ချိုးဖျက်သူတွေလည်း ရှိသည်။ ပန်းကောင်းအညွန့်ချိုးသူတွေ၊ အရိပ်နေနေအချက်ချိုးသူတွေလည်း ဒုနဲ့ဒေးပင်။ ဒါလူတွေရဲ့ စိတ်ဓာတ်ချို့တဲ့မှုတွေလား။
ပန်းကလေးတွေ၊ အပင်လေးတွေကို သားသမီးနှင့်မခြား တယုတယထိန်းသိမ်းစောင့်ရှောက်နေသူတွေ လည်းရှိသည်မှာ မလွဲပေ။ သူတို့ရဲ့ စိတ်ထားကလည်း စိတ်ဝင်စားစရာပင်။
မြန်မာပြည်အနှံ့အပြား ခရီးသွားဖြစ်သည့်အခါ သစ်ကြီးဝါးကြီး တော်တော်များများတွေ့ရသည်။ သစ်တော၊ ဥယျာဉ်ကဲ့သို့မဟုတ်ပဲ လမ်းဘေးတစ်လျှောက်စိုက်ပျိုးထားသော အပင်ကြီးများပင်။ ဒီအပင်ကြီးတွေ မြင်မိတိုင်း လူတွေရဲ့စိတ်ဓာတ်အကြောင်း အတွေးဝင်ဆင်ခြင်မိပါသည်။
မိတ္တီလာ-ရန်ကုန်၊ မိတ္တီလာ-မန္တလေးလမ်းတစ်လျှောက်တွင် ကုက္ကိုပင်ကြီးတွေက ဘယ်ညာယှက်ဖြာ နေသည်မှာ နေပြောက်ပင်တိုးမပေါက်သယောင်ရှိလှသည်။ မြန်မာပြည်နေရာတော်တော်များတွင်လည်း ဒီလိုအပင်ကြီးတွေ၊ ဒီလိုလမ်းမျိုးတွေရှိမှာ အမှန်ပင်။
အပင်ကြီးတွေ၏ သက်တမ်းမှာ နှစ်ပေါင်း(၂၀)ကမည်မထင်။ နှစ်ကာလများစွာတွင် လမ်းမတစ်လျှောက် လူသားပေါင်းများစွာ သွားလာခဲ့ကြမည်။ နေထိုင်ခဲ့ကြမည်။ အပင်ကြီးများ ယနေ့အထိ ရှင်သန်၍ အရိပ်များပေးနိုင်နေခြင်းမှာ အပင်ပေါက်မှ ယနေ့အထိ မည်သူမျှ မချိုး၊ မဖဲ့၊ မဖျက်စီးခဲ့လို့ပင်။ သို့ဆိုလျှင် အပင်ကြီးတွေ၏ ဘေးပတ်ဝန်းကျင်တွင် နေထိုင်ခဲ့သောသူများ၊ နေထိုင်ဆဲသူများ၊ သွားလာဖြတ်သန်းခဲ့သူများ၊ ထိန်းသိမ်းစောင့်ရှောက်ခဲ့သောသူများ သူတို့၏ စိတ်ဓာတ်သည် အဘယ်သို့ ရှိမည်နည်း။
သေချာသည် မြင့်မားသောစိတ်ထားများရှိနေပေမည်။ သူတို့စိတ်ထဲ၊ နှလုံးသားထဲတွင် အပင်ကြီးတွေ နှင့်ပတ်သက်သည့် အနာဂတ်စိတ်ကူးများ ရှိနေနိုင်ပါသည်။ ကိုယ့်အတွက် အသုံးမ၀င်နိုင်ပါဘူးဆိုပြီး ဖျက်စီးလိုသည့်စိတ်ဓာတ်မျိုး ရှိမနေခြင်းမှာ အပင်ကြီးတွေက သက်သေပြနေပါသည်။
ယနေ့အချိန်တွင် ရှေးလူများထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် အကျိုးကျေးဇူးကို ကျွန်တော်တို့ ခံစားနေရခြင်းဖြစ်သည်။ ကျွန်တော်ကျေးဇူးတင်နေမိပါသည်။
ထို့အတူ လမ်းဘေးသစ်ပင်ကြီးများကို စောင့်ရှောက်သော အမြင့်စိတ်ဓာတ်မျိုး နိုင်ငံနှင့်လူမျိုးအပေါ် ရှိနေမည်ဆိုပါက အနာဂါတ်လမ်းတွင် နောင်လာမည့်သားစဉ်မြေးဆက် အေးရိပ်ထဲတွင် ဖြတ်သန်းနိုင်မည် ဖြစ်သည်။ 
ထိုသို့မဟုတ်ဘဲ ငါနှင့်မဆိုင်၊ ငါပိုင်မည်မဟုတ်ဟူသော စိတ်ဓာတ်မျိုးနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း မရှိဘဲ ဖျက်စီးခဲ့ပါက နောင် အနာဂါတ်နေပူပူထဲတွင် ဖြတ်သန်းကြရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
နိုင်ငံ၏ ပန်းကောင်းလေးများ၊ ရတနာများ၊ အညွန့်အခက်များကို မိမိကိုယ်ကျိုးအတွက်သာ အသုံးပြုသူတွေများလာပါက နိုင်ငံကိုဖွံ့ဖြိုးလှပဖို့ အသစ်ပြန်တည်ဆောက်၊ ရတနာတွေရရှိအောင် ပြန်လည်မွေးမြူ၊ အညွန့်အခက်တွေဝေအောင် ပြန်လည်စိုက်ပျိုးရင်းနဲ့ပဲ ဆင်းရဲခြင်းသံသရာထဲ တ၀ဲလည်လည် ရှိနေမည်ဖြစ်သည်။
နောက်နောင်လာမည့် သူတွေကလည်း ရှေးလူတွေကိုအပြစ်ဖို့နေမည်ဖြစ်သည်။ အမည်ဆိုးများဖြင့်လည်း သမိုင်းတွင်နေမည်မှာ အမှန်ဖြစ်၍ လမ်းဘေးသစ်ပင်များမြင်ယောင်ရင်း အမြင့်စိတ်ဓာတ်များထားရှိနိုင်ပါစေလို့ ဆန္ဒပြုမိပါတော့သည်။
မောင်ပိုင်
၂၂-၂-၂၀၁၂
 — with Ye Moe and 3 others.
Photo: လမ်းဘေးသစ်ပင် အမြင့်စိတ်ဓာတ်    လောကလူ့သဘာဝထဲတွင် အခက်ဝေနေတဲ့ အပင်လေးတွေတွေ့ရင် ဘာရယ်မဟုတ် ရည်ရွယ်ချက်မဲ့ အခက်ချိုးတတ်သူ၊ အရွက်ခြွေတတ်သူတွေရှိသည်။ လက်ဆော့တတ်သူ တစ်ချို့ပင်ဖြစ်သည်။  တစ်ချို့ကလည်း ရည်ရွယ်ချက်ရှိရှိ ဝေနေ၊ လှနေတာကို မနာလို မရှုစိတ်နဲ့ ချိုးဖျက်သူတွေလည်း ရှိသည်။ ပန်းကောင်းအညွန့်ချိုးသူတွေ၊ အရိပ်နေနေအချက်ချိုးသူတွေလည်း ဒုနဲ့ဒေးပင်။ ဒါလူတွေရဲ့ စိတ်ဓာတ်ချို့တဲ့မှုတွေလား။  ပန်းကလေးတွေ၊ အပင်လေးတွေကို သားသမီးနှင့်မခြား တယုတယထိန်းသိမ်းစောင့်ရှောက်နေသူတွေ လည်းရှိသည်မှာ မလွဲပေ။  သူတို့ရဲ့ စိတ်ထားကလည်း စိတ်ဝင်စားစရာပင်။  မြန်မာပြည်အနှံ့အပြား ခရီးသွားဖြစ်သည့်အခါ သစ်ကြီးဝါးကြီး တော်တော်များများတွေ့ရသည်။  သစ်တော၊ ဥယျာဉ်ကဲ့သို့မဟုတ်ပဲ လမ်းဘေးတစ်လျှောက်စိုက်ပျိုးထားသော အပင်ကြီးများပင်။ ဒီအပင်ကြီးတွေ မြင်မိတိုင်း လူတွေရဲ့စိတ်ဓာတ်အကြောင်း အတွေးဝင်ဆင်ခြင်မိပါသည်။  မိတ္တီလာ-ရန်ကုန်၊ မိတ္တီလာ-မန္တလေးလမ်းတစ်လျှောက်တွင် ကုက္ကိုပင်ကြီးတွေက ဘယ်ညာယှက်ဖြာ နေသည်မှာ နေပြောက်ပင်တိုးမပေါက်သယောင်ရှိလှသည်။  မြန်မာပြည်နေရာတော်တော်များတွင်လည်း ဒီလိုအပင်ကြီးတွေ၊ ဒီလိုလမ်းမျိုးတွေရှိမှာ အမှန်ပင်။  အပင်ကြီးတွေ၏ သက်တမ်းမှာ နှစ်ပေါင်း(၂၀)ကမည်မထင်။  နှစ်ကာလများစွာတွင် လမ်းမတစ်လျှောက် လူသားပေါင်းများစွာ သွားလာခဲ့ကြမည်။  နေထိုင်ခဲ့ကြမည်။ အပင်ကြီးများ ယနေ့အထိ ရှင်သန်၍ အရိပ်များပေးနိုင်နေခြင်းမှာ အပင်ပေါက်မှ ယနေ့အထိ မည်သူမျှ မချိုး၊ မဖဲ့၊ မဖျက်စီးခဲ့လို့ပင်။ သို့ဆိုလျှင် အပင်ကြီးတွေ၏ ဘေးပတ်ဝန်းကျင်တွင် နေထိုင်ခဲ့သောသူများ၊ နေထိုင်ဆဲသူများ၊ သွားလာဖြတ်သန်းခဲ့သူများ၊ ထိန်းသိမ်းစောင့်ရှောက်ခဲ့သောသူများ  သူတို့၏ စိတ်ဓာတ်သည် အဘယ်သို့ ရှိမည်နည်း။  သေချာသည် မြင့်မားသောစိတ်ထားများရှိနေပေမည်။ သူတို့စိတ်ထဲ၊ နှလုံးသားထဲတွင် အပင်ကြီးတွေ နှင့်ပတ်သက်သည့် အနာဂတ်စိတ်ကူးများ ရှိနေနိုင်ပါသည်။ ကိုယ့်အတွက် အသုံးမ၀င်နိုင်ပါဘူးဆိုပြီး ဖျက်စီးလိုသည့်စိတ်ဓာတ်မျိုး ရှိမနေခြင်းမှာ အပင်ကြီးတွေက သက်သေပြနေပါသည်။  ယနေ့အချိန်တွင် ရှေးလူများထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် အကျိုးကျေးဇူးကို ကျွန်တော်တို့ ခံစားနေရခြင်းဖြစ်သည်။  ကျွန်တော်ကျေးဇူးတင်နေမိပါသည်။  ထို့အတူ လမ်းဘေးသစ်ပင်ကြီးများကို စောင့်ရှောက်သော အမြင့်စိတ်ဓာတ်မျိုး နိုင်ငံနှင့်လူမျိုးအပေါ် ရှိနေမည်ဆိုပါက အနာဂါတ်လမ်းတွင် နောင်လာမည့်သားစဉ်မြေးဆက် အေးရိပ်ထဲတွင် ဖြတ်သန်းနိုင်မည် ဖြစ်သည်။    ထိုသို့မဟုတ်ဘဲ ငါနှင့်မဆိုင်၊ ငါပိုင်မည်မဟုတ်ဟူသော စိတ်ဓာတ်မျိုးနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း မရှိဘဲ ဖျက်စီးခဲ့ပါက နောင် အနာဂါတ်နေပူပူထဲတွင် ဖြတ်သန်းကြရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။  နိုင်ငံ၏ ပန်းကောင်းလေးများ၊ ရတနာများ၊ အညွန့်အခက်များကို မိမိကိုယ်ကျိုးအတွက်သာ အသုံးပြုသူတွေများလာပါက နိုင်ငံကိုဖွံ့ဖြိုးလှပဖို့ အသစ်ပြန်တည်ဆောက်၊ ရတနာတွေရရှိအောင် ပြန်လည်မွေးမြူ၊ အညွန့်အခက်တွေဝေအောင် ပြန်လည်စိုက်ပျိုးရင်းနဲ့ပဲ ဆင်းရဲခြင်းသံသရာထဲ တ၀ဲလည်လည် ရှိနေမည်ဖြစ်သည်။  နောက်နောင်လာမည့် သူတွေကလည်း ရှေးလူတွေကိုအပြစ်ဖို့နေမည်ဖြစ်သည်။ အမည်ဆိုးများဖြင့်လည်း သမိုင်းတွင်နေမည်မှာ အမှန်ဖြစ်၍ လမ်းဘေးသစ်ပင်များမြင်ယောင်ရင်း အမြင့်စိတ်ဓာတ်များထားရှိနိုင်ပါစေလို့ ဆန္ဒပြုမိပါတော့သည်။     မောင်ပိုင်    ၂၂-၂-၂၀၁၂
5Like ·  · 
အတိုက်အခံနှင့် နိုင်ငံ့အရေး……
0
0
အတိုက်အခံနှင့် နိုင်ငံ့အရေး……
အတိုက်အခံ ဆိုသည်မှာ ယေဘူယျအားဖြင့်မူ လက်ရှိအစိုးရနှင့် အမြင်၊ သဘောထားခြင်း၊ အယူဝါဒခြင်း မတူသည့် အာဏာလက်ရှိမဟုတ်သော အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်ကို ခေါ်ဆိုပေသည်….. အတိုက်အခံဆိုသည်မှာ မည်မျှပင် အစိုးရနှင့် အယူအဆ သဘောထား တိုက်ဆိုင်ခြင်း မရှိစေကာမူ အစိုးရနှင့် အတိုက်အခံတို့၏ တူညီရမည့် ဘုံလုပ်ဆောင်မှုမှာ တိုင်းပြည်အတွက်ပင် ဖြစ်ပေသည်…. သို့မှသာ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ၎င်းတို့၏ ဆန္ဒနှင့်အညီ မလုပ်နိုင်သည့် အစိုးရအား နောက်သက်တမ်းတွင် ဖြုတ်ချ၍ ၎င်းထက်ပိုလုပ်နိုင်မည်ဟု ယူဆသည့် အတိုက်အခံကို ဆန္ဒမဲ ပိုမိုပေးရန်အားထုတ်ကြမည် ဖြစ်ပေသည်….. သို့ဖြစ်သည့်အတွက် အတိုက်အခံဟူသည်မှာ တစ်ချိန်တွင် အာဏာလက်ကိုင်ရှိမည့် အဖွဲ့အစည်းသို့ ရောက်ရှိလာရန်မှာ ၎င်းတို့၏ တိုင်းပြည်အပေါ် စေတနာထားမှု၊ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုနှင့် သက်ဆိုင်နေပေသည်…..
မြန်မာနိုင်ငံတွင် အတိုက်အခံ များစွာရှိပေသည်….. ထိုအထဲမှာ လူသိများ ထင်ရှားသည့် အတိုက်အခံများကို ထောက်ပြရလျင် နိုင်ငံတကာမှ ဆု တံဆိပ်များစွာ လက်ခံရရှိထားပြီး ကမ္ဘာ့ခေါင်းဆောင်များမှ အသိအမှတ်ပြု ဆက်ဆံနေသည့် မြန်မာ့ဒီမိုကရေစီ အိုင်ကွန် ဒေါ်စု ရှိသကဲ့သို့၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ အရေးတယူပြု ဆက်ဆံနေရသည့် ၈၈ မျိုးဆက်မှ ကိုမင်းကိုနိုင်ရှိပေသည်…… တနည်းအားဖြင့် သာမန်ငြောင်ည အတိုက်အခံများမဟုတ်ပဲ ကမ္ဘာသိ၊ နိုင်ငံတကာမှ လက်ခံသည့် အတိုက်အခံများ ဖြစ်ပေသည်…. သို့ဖြစ်သောကြောင့် အဆိုပါ ပုဂ္ဂိုလ်တို့သည် အာဏာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၎င်းတို့၏အရှိန်အဝါကြောင့် ၎င်းတို့ပြောသော နှုတ်ထွက် သုံးသပ်ချက်မှာ အတော်ပင် တာသွားပေသည်….. နိုင်ငံတကာသို့လည်း အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုကို ငြင်းဆန်၍ မရပေ…..
တစ်ချိန်က မြန်မာနိုင်ငံရေးတွင် အတိုက်အခံတို့ နေရာမရခဲ့ပေ….. ယနေ့ အချိန်အခါတွင်မူ အတိုက်အခံများ လွတ်လပ်စွာ သွားလာလှုပ်ရှားခြင်း၊ လွှတ်တော်ထဲတွင် ဝင်ရောက်လုပ်ကိုင်နေခြင်းများကို တွေ့လာရသည်မှာ တိုင်းပြည်အတွက် လွန်စွာပင် ဝမ်းမြောက်ဖွယ် ဖြစ်ပေသည်….. စစ်ဗိုလ်ချုပ်ကြီးများမှ ဆင်းသက်လာသည့် လက်ရှိအာဏာရပါတီမှ လူပုဂ္ဂိုလ်များအား မယုံရဲသေးသည့် ပြည်သူလူထုအဖို့ ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်အခံပါတီဖြစ်သော NLD အား မျှော်လင့်တကြီးနှင့် မဲပေးခဲ့သည်ကို ကြည့်လျင် အတိုက်အခံတို့အပေါ်တွင် ထားသည့် လူထု၏ သဘောထား၊ မျှော်လင့်ချက်များအား တွေ့နိုင်မည် ဖြစ်ပေသည်……. အတိုက်အခံတို့ အနေဖြင့်လည်း မည်မျှပင် မိမိတို့ ရေပန်းစားနေစေကာမူ ပြည်သူလူထု၏ သဘောထား၊ မျှော်လင့်ချက်အား ရိုက်ချိုးခြင်း မပြုမိရန်လည်း အထူးလိုအပ်ပေသည်…… အဘယ့်ကြောင့်မူ ပြည်သူဒဏ်ခတ်၍ နိုင်ငံရေးတွေ သေသွားခဲ့သူများစွာ ရှိခဲ့သောကြောင့်ပင်တည်း…..
အတိုက်အခံကောင်းတို့မည်သည် အုပ်ချုပ်သူ အစိုးရ၏ အားနည်းချက်၊ ချို့ယွင်းချက်၊ လစ်ဟာချက်များအား စနစ်တကျ ချက်နဲ့ လက်နဲ့ ထောက်ပြနိုင်စွမ်း ရှိရပေမယ်..... သို့မှသာ အစိုးရ၏ အားနည်းချက်များ၊ လိုအပ်ချက်များအား ပြုပြင်ပြောင်းလဲ အုပ်ချုပ်သွားခြင်းဖြင့် အစိုးရယန္တရား တိုးတက်ကောင်းမွန်လာ၍ တိုင်းပြည်တိုးတက်ရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်လာပေမည်..... လက်ရှိအစိုးရ၏ လွဲမှားနေသည့် မူဝါဒများ၊ ထိရောက်မှု မရှိသည့် ပေါ်လစီများ၊ အားနည်းချက်များအား မည်သို့မှားယွင်းနေသည်၊ မည်မျှထိရောက်မှု မရှိ၊ နိုင်ငံ့ဘဏ္ဍာအား အလေအလွင့် မည်မျှဖြစ်သွားသည် အစရှိသည်များအား စနစ်တကျ ထောက်ပြနိုင်လျင် နိုင်ငံ့အပေါ်တွင် စေတနာထားသည့် အတိုက်အခံကောင်းများဟု သတ်မှတ်ရပေလိမ့်မည်……....
ယနေ့လက်တွေ့တွင် မြင်နေရသည့် မြန်မာနိုင်ငံရှိ အတိုက်အခံများကား ဟန်သာရှိ၍ အဆံမရှိသော သင်္ကြန်အမြှောက်များကဲ့သို့ပင်တည်း…… လက်ရှိအစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်၊ ထိရောက်မှု မရှိသည့် ပေါ်လစီများအား ချက်ကျ လက်ကျ ထောက်ပြနိုင်၍ မိမိအလှည့်တွင် မည်သို့ လုပ်ဆောင်မည်ဟု ကြွေးကျော်ကာ ပြည်သူလူထု၏ အသည်းကြားမှ မဲတစ်ပြားအား သိမ်းပိုက်ရန် ကြိုးစားအားထုတ်ခြင်း မရှိကြပေ…… ပြည်သူလူထုအပေါ်တွင် ထားရှိသည့် ပါတီ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအား ပွင့်ပွင့်လင်းလင်း ချပြခြင်းကား ဗလာနတ္ထိ ဖြစ်နေပေ၏…… ပုဂ္ဂိုလ်ရေး ရေပန်းစားမှုကို အကြောင်းပြု၍ လူထုထံမှာ မဲတစ်ပြားအား သိမ်းပိုက်ရန် ပြင်ဆင်အားထုတ်နေသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရပေသည်….
အချို့ကား ဒေါ်စု၏ လက်ရှိအစိုးရအပေါ်တွင် ဝေဖန်သည့် သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ အလုပ်မဖြစ်သေးကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာ ဆိုးဝါးလာခြင်း၊ တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး မရှိခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် မဖြစ်နိုင်သေးတို့ခြင်းကြောင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်မှု မရှိ ဆိုသည့်စကားအား၎င်း၊ လက်ရှိအစိုးရ၏ ပြုပြင်ပြောင်းလဲမှုတွင် အဆင့်ဆင့် ပြုပြင်ပြောင်းလဲခြင်း မရှိဆိုသော အကြောင်းအရာများအား ထောက်ပြ၍ အတိုက်အခံ၏ စစ်မှန်သည့်အသံဟု ပြောဆိုလာကြသည်ကိုလည်း သတိထားမိပေသည်…… မိမိ ပုဂ္ဂလိက အမြင်အရမူ ဒေါ်စုကဲ့သို့ နိုင်ငံတကာမှ ဒေါက်တာဘွဲ့ရထားသူ တစ်ဦး၊ ၂၀၁၅ တွင် သမ္မတဖြစ်လာမည်ဟု ရေပန်းစားနေသူ တစ်ဦးထံမှာ ယခုထက် ပိုမို၍ ကျယ်ပြန့်သည့် ဝေဖန်မှုမျိုးကို မျှော်လင့်မိခဲ့ပေသည်……
အချို့ကား ဒေါ်စု၏စကားအား အစိုးရ နားထောင်ပါမည်လောဟု စောဒက တက်ကြပေသည်…… မိမိအမြင်အရမူ ဒေါ်စုကဲ့သို့ သြဇာကြီးသူထံမှ ချက်နှင့်လက်နှင့် ထောက်ပြခြင်းများသည် နိုင်ငံသားများအား အသိအမြင် ပိုမိုပွင့်လင်းစေပြီး မိမိတို့နှင့် ထိုက်တန်သည့်၊ မိမိတို့ အလိုရှိမည့် အစိုးရအား ရွေးချယ်ရာတွင် များစွာ အထောက်အကူဖြစ်မည်ဟု ယုံကြည်ပေသည်…. ထိုကဲ့သို့ ဒေါ်စုထံမှ ချက်နှင့် လက်နှင့်ဝေဖန်ခြင်းအား မျှော်လင့်တကြီး ရှိနေကြသူ လူအများစုမှာ ပညာတတ် လူတန်းစားများစွာ ဖြစ်နေခြင်းကိုလည်း သတိပြုမိပေသည်…… သို့ရာတွင်မူ မှန်းချက်နှင့် နှမ်းထွက်က လွဲရပါသည်….. ပို၍ဆိုးသည်ကား အဆိုပါဝေဖန်ချက်မှာ လက်ရှိအစိုးရနှင့် အနောက်နိုင်ငံတို့ ဆက်ဆံရေး တိုးတက်မှု ဖြစ်လာချိန်တိုင်းတွင် ထွက်လာသည်မှာလည်း တစ်ကြောင်းပင်…… 
ထိုသို့ လက်ရှိအစိုးရအား ဝေဖန်နေသည့် ဒေါ်စုသည် လွှတ်တော်၏ အကျိုးမဲ့ အချိန်ဖြုန်းခြင်းများ၊ နိုင်ငံတော် ဘဏ္ဍာအား လေလွင့်နေသည့် ဆိတ်ဖမ်းခြင်းကိစ္စများတွင် တုံနှိဘာဝေ ဖြစ်နေခြင်းအား အတော်ပင် အားမလိုအားမရ ဖြစ်မိပေသည်…… တစ်ချိန်က လွှတ်တော်တွင် တိုင်းပြည်အတွက် များစွာ အကျိုးရှိမည့် အဆိုပြုချက်များအား တစိုက်မတ်မတ် တစ်ကိုယ်တော် အဆိုတင်သွင်းနေသည့် သင်္ဃန်းကျွန်းမှ လွှတ်တော်အမတ် ဦးသိန်းညွန့်အား မိမိအနေဖြင့် အတော်ပင် သဘောကျမိခဲ့ပေသည်….. ကြားဖြတ်ရွေးကောက်ပွဲမှ NLD အမတ်များ လွှတ်တော်အတွင်းသို့ အင်နှင့်အားနှင့် ဝင်ရောက်သွားချိန်တွင် ဦးသိန်းညွန့်ကဲ့သို့ ထိရောက်သည့် အဆိုများဖြင့် အမတ်များစွာ ပေါ်ပေါက်လာမည်ကို မျှော်လင့်တကြီး ရှိခဲ့သည်ကို ရေးသားခဲ့ဘူးပေသည်…… 
ယခုတွင်မူ တစ်ချိန်က တက်ကြွခဲ့သည့် ဦးသိန်းညွန့်သည်ပင် အတိုက်အခံ အမတ်များ လွှတ်တော်ထဲ ရောက်လာချိန်တွင် ငြိမ်သက်နေသည်ကို တွေ့ရပေသည်……. ဒေါ်စု ဦးဆောင်သည့် “တရားဥပဒေ စိုးမိုးရေး ကော်မတီတွင် အဖွဲ့ဝင်” ဖြစ်ကာစက မန္တလေး တရားရေးဌာနများ ခြစားမှုနှင့် ပါတ်သက်၍ တက်တက်ကြွကြွ ဖော်ထုတ်၍ အရေးယူရန် လုပ်ဆောင်ခဲ့သည် ဦးသိန်းညွန့်သည် မည်သည့်အတွက်ကြောင့် ငြိမ်သက်၍သွားသည်ကိုကား ကာယကံရှင်နှင့် သက်ဆိုင်သူများသာ အသိဆုံး ဖြစ်ပါလိမ့်မည်…..
ယနေ့ မြန်မာနိုင်ငံ၏ အရေးသည် မြန်မာနိုင်ငံ တစ်နိုင်ထဲ၏ အတွင်းပိုင်းတွင် ဖြစ်နေသည်မဟုတ်…. မြန်မာနိုင်ငံနှင့် ပါတ်သက်နေ၍ မြန်မာနိုင်ငံ၏ သယံဇာတများအား အာသာငန်းငန်း တက်မက်နေသည့် အိမ်နီးခြင်း တရုတ်၊ လူဦးရေဗုံး ပေါက်ကွဲနေ၍ မြန်မာနိုင်ငံသို့ သူ့နိုင်ငံသားများ တွန်းပို့နေသည့် ဘင်္ဂလားနှင့် စစ်အင်အားကြီးလာသည့် အိမ်နီးခြင်းတရုတ်အား ထိမ်းချုပ်ရန် ကြိုးစားချင်နေသည့် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်ဖြစ်သော တရုတ်၏ စီးပွားပြိုင်ဘက် ဂျပန်အားလည်း ထည့်သွင်းစဉ်းစားရပေမည်….. စွမ်းအင်ဆာလောင်နေသော တရုတ်ကြီး၏ ဖွံ့ဖြိုးမှု နည်းပါးသည့် အနောက်ဘက် ပြည်နယ်များ၏ အဓိက စွမ်းအင်ထောက်ပို့မှုဖြစ်သော၊ တရုတ် တစ်နိုင်ငံလုံး စွမ်းအင် လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးမည့် ရေနံနှင့် ဂက်စ်ပိုက်လိုင်းအား မြန်မာနိုင်ငံကို ခါးလည်မှ ဖြတ်ပိုင်းသွားစေရန် စစ်ဗိုလ်ချုပ်မှူးကြီးမှ မိုက်မိုက်မဲမဲ သဘောတူပြီးသည့် နောက်ပိုင်းတွင် အမေရိကန်တို့ ထိပ်ထိပ်ပြာပြာဖြစ်လာ၍ မြန်မာနိုင်ငံအတွင်းသို့ ဒရောသောပါး ဝင်လာရန် အကြောင်းဖန်ခဲ့ပေသည်…..
မြန်မာနိုင်ငံအား တရုတ်လက်တွင်းသို့ ဝ ကွက်အပ်ခဲ့သည့် အပြုအမူအပေါ်တွင် နောင်တရနေသည့် ဥရောပ နိုင်ငံများ ၂၀၁၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသို့ တိတ်တဆိတ် လာခဲ့ကြချိန်တွင် နောက်ကျသည့် ခြေထောက် သစ္စာဖောက်ဟု လင်းယုန်ကြီး၏ နိုင်ငံခြားရေး ဝန်ကြီးမှ ဟန်မဆောင်နိုင်အောင် နေပြည်တော်သို့ တိုက်ရိုက်ခရီးစဉ် စတင်ခဲ့ပေသည်….. ဟီလာရီ ကလင်တန်၏ တိုက်ရိုက်ခရီးစဉ် မစခင်စပ်ကြား ကြားဖြတ်ရွေးကောက်ပွဲ ဝင်သင့် မဝင်သင့်၊ ပါတီပြန်လည် မှတ်ပုံတင်သင့် မတင်သင့် ကိစ္စမှာ NLD ပါတီတွင်း အလွန်ပင် အပြင်းပွားနေသည့် ကိစ္စတစ်ရပ် ဖြစ်နေခဲ့ပေသည်….. အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအား ခါးခါးသီးသီး ဆန့်ကျင်ခဲ့သည့် ဦးဝင်းတင်အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်မည့် ကိစ္စအား အစောပိုင်းက အတော်ပင် ကန့်ကွက်ခဲ့ပေသည်…… သို့ရာတွင် ဟီလာရီကလင်တန် နေပြည်တော် ခရီးစဉ်မှ ရန်ကုန်သို့ လှည့်ဝင်၍ ဒေါ်စုနှင့် တွေ့ပြီးသည့်နောက်တွင် NLD ပါတီ၏ ရွေးကောက်ပွဲဝင်မည့် ကိစ္စအား အဖြူအမဲ သဲသဲကွဲကွဲ မီစိမ်းပြလိုက်သကဲ့သို့ ဖြစ်သွားရပေသည်…… ယနေ့အချိန်ထိလည်း အမေရိကန်တို့၏ လက်တံကား လက်ရှိအစိုးရနှင့် မြန်မာ့ဒီမိုကရေစီ အတိုက်အခံတို့အပေါ်တွင် လွန်စွာ သက်ရောက်နေသည်ကား ငြင်း၍ မရနိုင်ပေ…… 
လင်းယုန်ကြီး ထိုသို့ လက်တံဖြန့်နေသည်ကို အိမ်နီးခြင်း နဂါးကြီးမှ သဘောကောင်းစွာငြိမ်၍ ကြည့်နေနိုင်မည် မဟုတ်ချေ….. ၎င်း၏ ဆုံးရှုံးသွားတော့မည့် နေရာအား နည်းပေါင်းစုံနှင့် ခြေကုတ်ယူရန် ကြိုးစားနေခဲ့မည်မှာကား ယုံမှားသံသယ မရှိချေ…… စီးပွားရေးကိုသာ အဓိက ဦးစားပေးသည့် တရုတ်ကြီးအနေဖြင့် မြန်မာနိုင်ငံတွင် မည်သည့်အစိုးရ တက်စေကာမူ တည့်အောင်ပေါင်းရန်သာ ကြိုးစားအားထုတ်လိမ့်မည် ဖြစ်ပေသည်….. ယခုကဲ့သို့ ၎င်း၏ ဖွံ့ဖြိုးမှု နောက်ကျနေသည့် အနောက်ပြည်နယ်များအား လုံလောက်သည့် စွမ်းအင်ပေးပို့ရန် ပိုက်လိုက်အား လက်ခံထားသည့် မြန်မာနိုင်ငံအား မည်သည့်နည်းနှင့်မျှ ၎င်းတို့အပေါ် ဆန့်ကျင်ရေး ဖြစ်မလာစေရန် အစွမ်းကုန် ကြိုးစားမည်မှာကား သံသယမရှိချေ….. သို့ဖြစ်သောကြောင့်ပင် မြစ်ဆုံကိစ္စအတွက် NLD အားသွားရောက် တွေ့ဆုံးခဲ့သည့် တရုတ်ကိုယ်စားလှယ်များက သက်သေပင်တည်း….
ထိုကဲ့သို့ ပြည်ပနိုင်ငံများ၏ လွန်ဆွဲမှုများစွာကြားမှ တည်ရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် အိမ်တွင်းရေး တည်ငြိမ်ရန် များစွာ လိုအပ်ပေသည်….. အထူးသဖြင့် အနောက်ဘက်ကမ်းမှ ကျူးကျော်ဝင်ရောက်နေသည့် ဘင်္ဂါလီများ၏ ဝှိုက်ကဒ်ကိုင်ဆောင်၍ မဲပေးပိုင်ခွင့်မှာ မြန်မာနိုင်ငံ၏ အနာဂါတ်အတွက် လွန်စွာမှပင် ခြိမ်းခြောက်နေသည့် အနေအထားတွင် ရှိပေသည်….. အဘယ့်ကြောင့်မူ မိမိတို့ကိုယ် မိမိတို့ မြန်မာနိုင်ငံ၏ စတ္တုတ္ထအင်အားစုဟု ကြွေးကျော်နေသော ဘင်္ဂါလီလော်ဘီများ၏ အန္တရာယ်ကား မသေးလှပေ…… ၎င်းတို့ကား ယခင် ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်သူများအား ငွေလမ်းခင်၍ လွှတ်တော်ထဲအထိ အမတ်ဖြစ်နေသည့် ဘူးသီးတောင် မောင်းတောမှ အမတ်များအား လွန်စွာမှ အားထားနေသည်ကို ကြည့်လျင် သိနိုင်ပေသည်…..
သို့ဖြစ်သည့်အတွက် ၂၀၁၀ က ခြစားမှုကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ဝှိုက်ကဒ်များ၏ မဲ ပေးပိုင်ခွင့်အား ၂၀၁၅ တွင် အကျိုးသက်ရောက်မှု မရှိစေရန်၊ နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းပေးမည့် ရွေးကောက်ပွဲ ကော်မရှင်မှလည်း ဝှိုက်ကဒ်များ မဲပေးပိုင်ခွင့်ကို မပြဌာန်းနိုင်ရန် အစိုးရ အတိုက်အခံ ညီညီညာညာ ကြိုးစားမှ အောင်မြင်နိုင်ပေမည်…… သို့မဟုတ်ပါမူ အဆိုပါ ဝှိုက်ကဒ်များ ၂၀၁၅ တွင်လည်း မလိမ့်တပါတ်နှင့် မဲပေးခွင့် ဖြစ်လာပေလိမ့်မယ်…. ထိုကိစ္စနှင့် ပါတ်သက်၍ ဝှိုက်ကဒ်များ မဲပေးပိုင်ခွင့် မရှိဆိုသည့် ကိစ္စသည် အစိုးရ အတိုက်အခံ အသံ ညီရန် လိုအပ်လှပေသည်….. တနည်းအားဖြင့် အတိုက်အခံများ နှုတ်၏စောင်မခြင်းပင်တည်း…….
သို့ရာတွင်မူ အတိုက်အခံများကား နှုတ်၏ စောင်မခြင်းမှာပင် နှုတ်စွံ့နေခြင်းနှင့် လူ့အခွင့်အရေး အာစေးမိနေခြင်းပင်……. မြန်မာနိုင်ငံ၏ အထင်ကရ အတိုက်အခံပါတီမှ ပါတီခေါင်းဆောင်နှင့် ပြောရေးဆိုခွင့် ရှိသူတို့က နှုတ်ဖြင့်တော့ စောင်မခဲ့ပေသည်…… ယခင်ကတည်းက ရှိနေခဲ့သည် ဒေသန္တရ အမိန့်ဖြစ်သော ဘင်္ဂါလီများ အိမ်ထောင်ပြုခွင့်နှင့် ကလေးမွေးဖွားခွင့်အား ကန့်သတ်ထားသည့် ဥပဒေအပေါ် အတိုက်အခံ ပါတီခေါင်းဆောင်၊ တရားဥပဒေ စိုးမိုးမှု ကော်မတီ ဥက္ကဌဖြစ်သော ဒေါ်စုမှ လူ့အခွင့်အရေးနှင့် မညီဟု ပြောဆိုခဲ့ပေသည်….. ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကား နိုင်ငံသားဖြစ်ရန် မဖြစ်ရန် မသေခြာသည့် အဆိုပါ ဘင်္ဂါလီများ နိုင်ငံသားဖြစ်ရေးကို ထောက်ခံသည်ဟု RFA နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပေသည်….. ဝှိုက်ကဒ်များ မဲပေးပိုင်ခွင့် မရှိခြင်းနှင့် ပါတ်သက်၍မူ မည်သို့သော မှတ်ချက်မျှ ထွက်မလာခဲ့ပေ…… အတိုက်အခံ ပါတီကြီးအနေဖြင့် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းသည် အခြားတစ်ဖက်မှ ပြန်တွေးလျင်မူ ၂၀၁၅ ရွေးကောက်ပွဲတွင် ဘူးသီးတောင် မောင်းတော ဒေသရှိ ဘင်္ဂါလီများထံမှ မဲအများစုအ ရရှိရန် လုံ့လပြုလိုက်သကဲ့သို့ပင်တည်း…..
ထို့ကြောင့် အထက်မှ စကားများအား ပြန်လည်ကောက်ယူရလျင် အတိုက်အခံဆိုသည်မှာ မည်မျှပင် အစိုးရနှင့် အယူအဆ သဘောထား တိုက်ဆိုင်ခြင်း မရှိစေကာမူ အစိုးရနှင့် အတိုက်အခံတို့၏ တူညီရမည့် ဘုံလုပ်ဆောင်မှုမှာ တိုင်းပြည်အတွက်ပင် ဖြစ်ပေသည်…. အတိုက်အခံများအနေဖြင့် လက်ရှိအစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်၊ ထိရောက်မှု မရှိသည့် ပေါ်လစီများအား ချက်ကျ လက်ကျ ထောက်ပြနိုင်၍ ပြည်သူလူထုအပေါ်တွင် လက်တွေ့ကျကျ အကျိုးပြုနိုင်ရန် ကြိုးစား အားထုတ်သင့်ပေသည်….. သို့မှသာ မိမိအလှည့်တွင် ပြည်သူလူထု၏ အသည်းကြားမှ မဲတစ်ပြားအား သိမ်းပိုက်ရန် များစွာ အခွင့်အလမ်း သင့်ပေလိမ့်မည်... ပုဂ္ဂိုလ်ရေး ရေပန်းစားမှုအား အကြောင်းပြု၍ လူထုထံမှာ မဲတစ်ပြားအား သိမ်းပိုက်ရန် ပြင်ဆင်အားထုတ်နေသည်များအစား ပြည်သူလူထုအပေါ်တွင် ထားရှိသည့် ပါတီ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအား ပွင့်ပွင့်လင်းလင်း ချပြ၍ မဲ ရရန် ပိုမိုကြိုးစား အားထုတ်သင့်ပေသည်…..
မိမိအနေဖြင့် တိုက်တွန်းလိုသည်မှာ အတိုက်အခံများအနေဖြင့် နိုင်ငံရေးနှင့် နာမည်ကောင်းရေရေးကိုပဲ တစိုက်မတ်မတ် အာရုံစူးစိုက်မနေပဲ နိုင်ငံသူ နိုင်ငံသားများ၏ အရေး၊ ပြည်တွင်းအရေးနှင့် မိတ်ဖက်နိုင်ငံများ အပြန်အလှန် ခတ်ခြင်းများကြောင့် ဖြစ်ပေါ်လာမည့် ဂယက်များများပါဝင်သော နိုင်ငံ့အရေးအား အာရုံစူးစိုက်သင့်ပေသည်….. အဘယ့်ကြောင့်မူ အတိုက်အခံဆိုသည်မှာ တစ်ချိန်တွင် အာဏာရ အစိုးရဖြစ်လာမည် ဖြစ်သောကြောင့်ပင်တည်း…..
Photo: အတိုက်အခံနှင့် နိုင်ငံ့အရေး……  အတိုက်အခံ ဆိုသည်မှာ ယေဘူယျအားဖြင့်မူ လက်ရှိအစိုးရနှင့် အမြင်၊ သဘောထားခြင်း၊ အယူဝါဒခြင်း မတူသည့် အာဏာလက်ရှိမဟုတ်သော အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်ကို ခေါ်ဆိုပေသည်….. အတိုက်အခံဆိုသည်မှာ မည်မျှပင် အစိုးရနှင့် အယူအဆ သဘောထား တိုက်ဆိုင်ခြင်း မရှိစေကာမူ အစိုးရနှင့် အတိုက်အခံတို့၏ တူညီရမည့် ဘုံလုပ်ဆောင်မှုမှာ တိုင်းပြည်အတွက်ပင် ဖြစ်ပေသည်…. သို့မှသာ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ၎င်းတို့၏ ဆန္ဒနှင့်အညီ မလုပ်နိုင်သည့် အစိုးရအား နောက်သက်တမ်းတွင် ဖြုတ်ချ၍ ၎င်းထက်ပိုလုပ်နိုင်မည်ဟု ယူဆသည့် အတိုက်အခံကို ဆန္ဒမဲ ပိုမိုပေးရန်အားထုတ်ကြမည် ဖြစ်ပေသည်….. သို့ဖြစ်သည့်အတွက် အတိုက်အခံဟူသည်မှာ တစ်ချိန်တွင် အာဏာလက်ကိုင်ရှိမည့် အဖွဲ့အစည်းသို့ ရောက်ရှိလာရန်မှာ ၎င်းတို့၏ တိုင်းပြည်အပေါ် စေတနာထားမှု၊ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုနှင့် သက်ဆိုင်နေပေသည်…..  မြန်မာနိုင်ငံတွင် အတိုက်အခံ များစွာရှိပေသည်….. ထိုအထဲမှာ လူသိများ ထင်ရှားသည့် အတိုက်အခံများကို ထောက်ပြရလျင် နိုင်ငံတကာမှ ဆု တံဆိပ်များစွာ လက်ခံရရှိထားပြီး ကမ္ဘာ့ခေါင်းဆောင်များမှ အသိအမှတ်ပြု ဆက်ဆံနေသည့် မြန်မာ့ဒီမိုကရေစီ အိုင်ကွန် ဒေါ်စု ရှိသကဲ့သို့၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ အရေးတယူပြု ဆက်ဆံနေရသည့် ၈၈ မျိုးဆက်မှ ကိုမင်းကိုနိုင်ရှိပေသည်…… တနည်းအားဖြင့် သာမန်ငြောင်ည အတိုက်အခံများမဟုတ်ပဲ ကမ္ဘာသိ၊ နိုင်ငံတကာမှ လက်ခံသည့် အတိုက်အခံများ ဖြစ်ပေသည်…. သို့ဖြစ်သောကြောင့် အဆိုပါ ပုဂ္ဂိုလ်တို့သည် အာဏာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၎င်းတို့၏အရှိန်အဝါကြောင့် ၎င်းတို့ပြောသော နှုတ်ထွက် သုံးသပ်ချက်မှာ အတော်ပင် တာသွားပေသည်….. နိုင်ငံတကာသို့လည်း အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုကို ငြင်းဆန်၍ မရပေ…..  တစ်ချိန်က မြန်မာနိုင်ငံရေးတွင် အတိုက်အခံတို့ နေရာမရခဲ့ပေ….. ယနေ့ အချိန်အခါတွင်မူ အတိုက်အခံများ လွတ်လပ်စွာ သွားလာလှုပ်ရှားခြင်း၊ လွှတ်တော်ထဲတွင် ဝင်ရောက်လုပ်ကိုင်နေခြင်းများကို တွေ့လာရသည်မှာ တိုင်းပြည်အတွက် လွန်စွာပင် ဝမ်းမြောက်ဖွယ် ဖြစ်ပေသည်….. စစ်ဗိုလ်ချုပ်ကြီးများမှ ဆင်းသက်လာသည့် လက်ရှိအာဏာရပါတီမှ လူပုဂ္ဂိုလ်များအား မယုံရဲသေးသည့် ပြည်သူလူထုအဖို့ ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်အခံပါတီဖြစ်သော NLD အား မျှော်လင့်တကြီးနှင့် မဲပေးခဲ့သည်ကို ကြည့်လျင် အတိုက်အခံတို့အပေါ်တွင် ထားသည့် လူထု၏ သဘောထား၊ မျှော်လင့်ချက်များအား တွေ့နိုင်မည် ဖြစ်ပေသည်……. အတိုက်အခံတို့ အနေဖြင့်လည်း မည်မျှပင် မိမိတို့ ရေပန်းစားနေစေကာမူ ပြည်သူလူထု၏ သဘောထား၊ မျှော်လင့်ချက်အား ရိုက်ချိုးခြင်း မပြုမိရန်လည်း အထူးလိုအပ်ပေသည်…… အဘယ့်ကြောင့်မူ ပြည်သူဒဏ်ခတ်၍ နိုင်ငံရေးတွေ သေသွားခဲ့သူများစွာ ရှိခဲ့သောကြောင့်ပင်တည်း…..  အတိုက်အခံကောင်းတို့မည်သည် အုပ်ချုပ်သူ အစိုးရ၏ အားနည်းချက်၊ ချို့ယွင်းချက်၊ လစ်ဟာချက်များအား စနစ်တကျ ချက်နဲ့ လက်နဲ့ ထောက်ပြနိုင်စွမ်း ရှိရပေမယ်..... သို့မှသာ အစိုးရ၏ အားနည်းချက်များ၊ လိုအပ်ချက်များအား ပြုပြင်ပြောင်းလဲ အုပ်ချုပ်သွားခြင်းဖြင့် အစိုးရယန္တရား တိုးတက်ကောင်းမွန်လာ၍ တိုင်းပြည်တိုးတက်ရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်လာပေမည်..... လက်ရှိအစိုးရ၏ လွဲမှားနေသည့် မူဝါဒများ၊ ထိရောက်မှု မရှိသည့် ပေါ်လစီများ၊ အားနည်းချက်များအား မည်သို့မှားယွင်းနေသည်၊ မည်မျှထိရောက်မှု မရှိ၊ နိုင်ငံ့ဘဏ္ဍာအား အလေအလွင့် မည်မျှဖြစ်သွားသည် အစရှိသည်များအား စနစ်တကျ ထောက်ပြနိုင်လျင် နိုင်ငံ့အပေါ်တွင် စေတနာထားသည့် အတိုက်အခံကောင်းများဟု သတ်မှတ်ရပေလိမ့်မည်……....  ယနေ့လက်တွေ့တွင် မြင်နေရသည့် မြန်မာနိုင်ငံရှိ အတိုက်အခံများကား ဟန်သာရှိ၍ အဆံမရှိသော သင်္ကြန်အမြှောက်များကဲ့သို့ပင်တည်း…… လက်ရှိအစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်၊ ထိရောက်မှု မရှိသည့် ပေါ်လစီများအား ချက်ကျ လက်ကျ ထောက်ပြနိုင်၍ မိမိအလှည့်တွင် မည်သို့ လုပ်ဆောင်မည်ဟု ကြွေးကျော်ကာ ပြည်သူလူထု၏ အသည်းကြားမှ မဲတစ်ပြားအား သိမ်းပိုက်ရန် ကြိုးစားအားထုတ်ခြင်း မရှိကြပေ…… ပြည်သူလူထုအပေါ်တွင် ထားရှိသည့် ပါတီ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအား ပွင့်ပွင့်လင်းလင်း ချပြခြင်းကား ဗလာနတ္ထိ ဖြစ်နေပေ၏…… ပုဂ္ဂိုလ်ရေး ရေပန်းစားမှုကို အကြောင်းပြု၍ လူထုထံမှာ မဲတစ်ပြားအား သိမ်းပိုက်ရန် ပြင်ဆင်အားထုတ်နေသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရပေသည်….  အချို့ကား ဒေါ်စု၏ လက်ရှိအစိုးရအပေါ်တွင် ဝေဖန်သည့် သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ အလုပ်မဖြစ်သေးကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာ ဆိုးဝါးလာခြင်း၊ တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး မရှိခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် မဖြစ်နိုင်သေးတို့ခြင်းကြောင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်မှု မရှိ ဆိုသည့်စကားအား၎င်း၊ လက်ရှိအစိုးရ၏ ပြုပြင်ပြောင်းလဲမှုတွင် အဆင့်ဆင့် ပြုပြင်ပြောင်းလဲခြင်း မရှိဆိုသော အကြောင်းအရာများအား ထောက်ပြ၍ အတိုက်အခံ၏ စစ်မှန်သည့်အသံဟု ပြောဆိုလာကြသည်ကိုလည်း သတိထားမိပေသည်…… မိမိ ပုဂ္ဂလိက အမြင်အရမူ ဒေါ်စုကဲ့သို့ နိုင်ငံတကာမှ ဒေါက်တာဘွဲ့ရထားသူ တစ်ဦး၊ ၂၀၁၅ တွင် သမ္မတဖြစ်လာမည်ဟု ရေပန်းစားနေသူ တစ်ဦးထံမှာ ယခုထက် ပိုမို၍ ကျယ်ပြန့်သည့် ဝေဖန်မှုမျိုးကို မျှော်လင့်မိခဲ့ပေသည်……  အချို့ကား ဒေါ်စု၏စကားအား အစိုးရ နားထောင်ပါမည်လောဟု စောဒက တက်ကြပေသည်…… မိမိအမြင်အရမူ ဒေါ်စုကဲ့သို့ သြဇာကြီးသူထံမှ ချက်နှင့်လက်နှင့် ထောက်ပြခြင်းများသည် နိုင်ငံသားများအား အသိအမြင် ပိုမိုပွင့်လင်းစေပြီး မိမိတို့နှင့် ထိုက်တန်သည့်၊ မိမိတို့ အလိုရှိမည့် အစိုးရအား ရွေးချယ်ရာတွင် များစွာ အထောက်အကူဖြစ်မည်ဟု ယုံကြည်ပေသည်…. ထိုကဲ့သို့ ဒေါ်စုထံမှ ချက်နှင့် လက်နှင့်ဝေဖန်ခြင်းအား မျှော်လင့်တကြီး ရှိနေကြသူ လူအများစုမှာ ပညာတတ် လူတန်းစားများစွာ ဖြစ်နေခြင်းကိုလည်း သတိပြုမိပေသည်…… သို့ရာတွင်မူ မှန်းချက်နှင့် နှမ်းထွက်က လွဲရပါသည်….. ပို၍ဆိုးသည်ကား အဆိုပါဝေဖန်ချက်မှာ လက်ရှိအစိုးရနှင့် အနောက်နိုင်ငံတို့ ဆက်ဆံရေး တိုးတက်မှု ဖြစ်လာချိန်တိုင်းတွင် ထွက်လာသည်မှာလည်း တစ်ကြောင်းပင်……   ထိုသို့ လက်ရှိအစိုးရအား ဝေဖန်နေသည့် ဒေါ်စုသည် လွှတ်တော်၏ အကျိုးမဲ့ အချိန်ဖြုန်းခြင်းများ၊ နိုင်ငံတော် ဘဏ္ဍာအား လေလွင့်နေသည့် ဆိတ်ဖမ်းခြင်းကိစ္စများတွင် တုံနှိဘာဝေ ဖြစ်နေခြင်းအား အတော်ပင် အားမလိုအားမရ ဖြစ်မိပေသည်…… တစ်ချိန်က လွှတ်တော်တွင် တိုင်းပြည်အတွက် များစွာ အကျိုးရှိမည့် အဆိုပြုချက်များအား တစိုက်မတ်မတ် တစ်ကိုယ်တော် အဆိုတင်သွင်းနေသည့် သင်္ဃန်းကျွန်းမှ လွှတ်တော်အမတ် ဦးသိန်းညွန့်အား မိမိအနေဖြင့် အတော်ပင် သဘောကျမိခဲ့ပေသည်….. ကြားဖြတ်ရွေးကောက်ပွဲမှ NLD အမတ်များ လွှတ်တော်အတွင်းသို့ အင်နှင့်အားနှင့် ဝင်ရောက်သွားချိန်တွင် ဦးသိန်းညွန့်ကဲ့သို့ ထိရောက်သည့် အဆိုများဖြင့် အမတ်များစွာ ပေါ်ပေါက်လာမည်ကို မျှော်လင့်တကြီး ရှိခဲ့သည်ကို ရေးသားခဲ့ဘူးပေသည်……   ယခုတွင်မူ တစ်ချိန်က တက်ကြွခဲ့သည့် ဦးသိန်းညွန့်သည်ပင် အတိုက်အခံ အမတ်များ လွှတ်တော်ထဲ ရောက်လာချိန်တွင် ငြိမ်သက်နေသည်ကို တွေ့ရပေသည်……. ဒေါ်စု ဦးဆောင်သည့် “တရားဥပဒေ စိုးမိုးရေး ကော်မတီတွင် အဖွဲ့ဝင်” ဖြစ်ကာစက မန္တလေး တရားရေးဌာနများ ခြစားမှုနှင့် ပါတ်သက်၍ တက်တက်ကြွကြွ ဖော်ထုတ်၍ အရေးယူရန် လုပ်ဆောင်ခဲ့သည် ဦးသိန်းညွန့်သည် မည်သည့်အတွက်ကြောင့် ငြိမ်သက်၍သွားသည်ကိုကား ကာယကံရှင်နှင့် သက်ဆိုင်သူများသာ အသိဆုံး ဖြစ်ပါလိမ့်မည်…..  ယနေ့ မြန်မာနိုင်ငံ၏ အရေးသည် မြန်မာနိုင်ငံ တစ်နိုင်ထဲ၏ အတွင်းပိုင်းတွင် ဖြစ်နေသည်မဟုတ်…. မြန်မာနိုင်ငံနှင့် ပါတ်သက်နေ၍ မြန်မာနိုင်ငံ၏ သယံဇာတများအား အာသာငန်းငန်း တက်မက်နေသည့် အိမ်နီးခြင်း တရုတ်၊ လူဦးရေဗုံး ပေါက်ကွဲနေ၍ မြန်မာနိုင်ငံသို့ သူ့နိုင်ငံသားများ တွန်းပို့နေသည့် ဘင်္ဂလားနှင့် စစ်အင်အားကြီးလာသည့် အိမ်နီးခြင်းတရုတ်အား ထိမ်းချုပ်ရန် ကြိုးစားချင်နေသည့် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်ဖြစ်သော တရုတ်၏ စီးပွားပြိုင်ဘက် ဂျပန်အားလည်း ထည့်သွင်းစဉ်းစားရပေမည်….. စွမ်းအင်ဆာလောင်နေသော တရုတ်ကြီး၏ ဖွံ့ဖြိုးမှု နည်းပါးသည့် အနောက်ဘက် ပြည်နယ်များ၏ အဓိက စွမ်းအင်ထောက်ပို့မှုဖြစ်သော၊ တရုတ် တစ်နိုင်ငံလုံး စွမ်းအင် လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးမည့် ရေနံနှင့် ဂက်စ်ပိုက်လိုင်းအား မြန်မာနိုင်ငံကို ခါးလည်မှ ဖြတ်ပိုင်းသွားစေရန် စစ်ဗိုလ်ချုပ်မှူးကြီးမှ မိုက်မိုက်မဲမဲ သဘောတူပြီးသည့် နောက်ပိုင်းတွင် အမေရိကန်တို့ ထိပ်ထိပ်ပြာပြာဖြစ်လာ၍ မြန်မာနိုင်ငံအတွင်းသို့ ဒရောသောပါး ဝင်လာရန် အကြောင်းဖန်ခဲ့ပေသည်…..  မြန်မာနိုင်ငံအား တရုတ်လက်တွင်းသို့ ဝ ကွက်အပ်ခဲ့သည့် အပြုအမူအပေါ်တွင် နောင်တရနေသည့် ဥရောပ နိုင်ငံများ ၂၀၁၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသို့ တိတ်တဆိတ် လာခဲ့ကြချိန်တွင် နောက်ကျသည့် ခြေထောက် သစ္စာဖောက်ဟု လင်းယုန်ကြီး၏ နိုင်ငံခြားရေး ဝန်ကြီးမှ ဟန်မဆောင်နိုင်အောင် နေပြည်တော်သို့ တိုက်ရိုက်ခရီးစဉ် စတင်ခဲ့ပေသည်….. ဟီလာရီ ကလင်တန်၏ တိုက်ရိုက်ခရီးစဉ် မစခင်စပ်ကြား ကြားဖြတ်ရွေးကောက်ပွဲ ဝင်သင့် မဝင်သင့်၊ ပါတီပြန်လည် မှတ်ပုံတင်သင့် မတင်သင့် ကိစ္စမှာ NLD ပါတီတွင်း အလွန်ပင် အပြင်းပွားနေသည့် ကိစ္စတစ်ရပ် ဖြစ်နေခဲ့ပေသည်….. အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအား ခါးခါးသီးသီး ဆန့်ကျင်ခဲ့သည့် ဦးဝင်းတင်အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်မည့် ကိစ္စအား အစောပိုင်းက အတော်ပင် ကန့်ကွက်ခဲ့ပေသည်…… သို့ရာတွင် ဟီလာရီကလင်တန် နေပြည်တော် ခရီးစဉ်မှ ရန်ကုန်သို့ လှည့်ဝင်၍ ဒေါ်စုနှင့် တွေ့ပြီးသည့်နောက်တွင် NLD ပါတီ၏ ရွေးကောက်ပွဲဝင်မည့် ကိစ္စအား အဖြူအမဲ သဲသဲကွဲကွဲ မီစိမ်းပြလိုက်သကဲ့သို့ ဖြစ်သွားရပေသည်…… ယနေ့အချိန်ထိလည်း အမေရိကန်တို့၏ လက်တံကား လက်ရှိအစိုးရနှင့် မြန်မာ့ဒီမိုကရေစီ အတိုက်အခံတို့အပေါ်တွင် လွန်စွာ သက်ရောက်နေသည်ကား ငြင်း၍ မရနိုင်ပေ……   လင်းယုန်ကြီး ထိုသို့ လက်တံဖြန့်နေသည်ကို အိမ်နီးခြင်း နဂါးကြီးမှ သဘောကောင်းစွာငြိမ်၍ ကြည့်နေနိုင်မည် မဟုတ်ချေ….. ၎င်း၏ ဆုံးရှုံးသွားတော့မည့် နေရာအား နည်းပေါင်းစုံနှင့် ခြေကုတ်ယူရန် ကြိုးစားနေခဲ့မည်မှာကား ယုံမှားသံသယ မရှိချေ…… စီးပွားရေးကိုသာ အဓိက ဦးစားပေးသည့် တရုတ်ကြီးအနေဖြင့် မြန်မာနိုင်ငံတွင် မည်သည့်အစိုးရ တက်စေကာမူ တည့်အောင်ပေါင်းရန်သာ ကြိုးစားအားထုတ်လိမ့်မည် ဖြစ်ပေသည်….. ယခုကဲ့သို့ ၎င်း၏ ဖွံ့ဖြိုးမှု နောက်ကျနေသည့် အနောက်ပြည်နယ်များအား လုံလောက်သည့် စွမ်းအင်ပေးပို့ရန် ပိုက်လိုက်အား လက်ခံထားသည့် မြန်မာနိုင်ငံအား မည်သည့်နည်းနှင့်မျှ ၎င်းတို့အပေါ် ဆန့်ကျင်ရေး ဖြစ်မလာစေရန် အစွမ်းကုန် ကြိုးစားမည်မှာကား သံသယမရှိချေ….. သို့ဖြစ်သောကြောင့်ပင် မြစ်ဆုံကိစ္စအတွက် NLD အားသွားရောက် တွေ့ဆုံးခဲ့သည့် တရုတ်ကိုယ်စားလှယ်များက သက်သေပင်တည်း….  ထိုကဲ့သို့ ပြည်ပနိုင်ငံများ၏ လွန်ဆွဲမှုများစွာကြားမှ တည်ရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် အိမ်တွင်းရေး တည်ငြိမ်ရန် များစွာ လိုအပ်ပေသည်….. အထူးသဖြင့် အနောက်ဘက်ကမ်းမှ ကျူးကျော်ဝင်ရောက်နေသည့် ဘင်္ဂါလီများ၏ ဝှိုက်ကဒ်ကိုင်ဆောင်၍ မဲပေးပိုင်ခွင့်မှာ မြန်မာနိုင်ငံ၏ အနာဂါတ်အတွက် လွန်စွာမှပင် ခြိမ်းခြောက်နေသည့် အနေအထားတွင် ရှိပေသည်….. အဘယ့်ကြောင့်မူ မိမိတို့ကိုယ် မိမိတို့ မြန်မာနိုင်ငံ၏ စတ္တုတ္ထအင်အားစုဟု ကြွေးကျော်နေသော ဘင်္ဂါလီလော်ဘီများ၏ အန္တရာယ်ကား မသေးလှပေ…… ၎င်းတို့ကား ယခင် ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်သူများအား ငွေလမ်းခင်၍ လွှတ်တော်ထဲအထိ အမတ်ဖြစ်နေသည့် ဘူးသီးတောင် မောင်းတောမှ အမတ်များအား လွန်စွာမှ အားထားနေသည်ကို ကြည့်လျင် သိနိုင်ပေသည်…..  သို့ဖြစ်သည့်အတွက် ၂၀၁၀ က ခြစားမှုကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ဝှိုက်ကဒ်များ၏ မဲ ပေးပိုင်ခွင့်အား ၂၀၁၅ တွင် အကျိုးသက်ရောက်မှု မရှိစေရန်၊ နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းပေးမည့် ရွေးကောက်ပွဲ ကော်မရှင်မှလည်း ဝှိုက်ကဒ်များ မဲပေးပိုင်ခွင့်ကို မပြဌာန်းနိုင်ရန် အစိုးရ အတိုက်အခံ ညီညီညာညာ ကြိုးစားမှ အောင်မြင်နိုင်ပေမည်…… သို့မဟုတ်ပါမူ အဆိုပါ ဝှိုက်ကဒ်များ ၂၀၁၅ တွင်လည်း မလိမ့်တပါတ်နှင့် မဲပေးခွင့် ဖြစ်လာပေလိမ့်မယ်…. ထိုကိစ္စနှင့် ပါတ်သက်၍ ဝှိုက်ကဒ်များ မဲပေးပိုင်ခွင့် မရှိဆိုသည့် ကိစ္စသည် အစိုးရ အတိုက်အခံ အသံ ညီရန် လိုအပ်လှပေသည်….. တနည်းအားဖြင့် အတိုက်အခံများ နှုတ်၏စောင်မခြင်းပင်တည်း…….  သို့ရာတွင်မူ အတိုက်အခံများကား နှုတ်၏ စောင်မခြင်းမှာပင် နှုတ်စွံ့နေခြင်းနှင့် လူ့အခွင့်အရေး အာစေးမိနေခြင်းပင်……. မြန်မာနိုင်ငံ၏ အထင်ကရ အတိုက်အခံပါတီမှ ပါတီခေါင်းဆောင်နှင့် ပြောရေးဆိုခွင့် ရှိသူတို့က နှုတ်ဖြင့်တော့ စောင်မခဲ့ပေသည်…… ယခင်ကတည်းက ရှိနေခဲ့သည် ဒေသန္တရ အမိန့်ဖြစ်သော ဘင်္ဂါလီများ အိမ်ထောင်ပြုခွင့်နှင့် ကလေးမွေးဖွားခွင့်အား ကန့်သတ်ထားသည့် ဥပဒေအပေါ် အတိုက်အခံ ပါတီခေါင်းဆောင်၊ တရားဥပဒေ စိုးမိုးမှု ကော်မတီ ဥက္ကဌဖြစ်သော ဒေါ်စုမှ လူ့အခွင့်အရေးနှင့် မညီဟု ပြောဆိုခဲ့ပေသည်….. ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကား နိုင်ငံသားဖြစ်ရန် မဖြစ်ရန် မသေခြာသည့် အဆိုပါ ဘင်္ဂါလီများ နိုင်ငံသားဖြစ်ရေးကို ထောက်ခံသည်ဟု RFA နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပေသည်….. ဝှိုက်ကဒ်များ မဲပေးပိုင်ခွင့် မရှိခြင်းနှင့် ပါတ်သက်၍မူ မည်သို့သော မှတ်ချက်မျှ ထွက်မလာခဲ့ပေ…… အတိုက်အခံ ပါတီကြီးအနေဖြင့် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းသည် အခြားတစ်ဖက်မှ ပြန်တွေးလျင်မူ ၂၀၁၅ ရွေးကောက်ပွဲတွင် ဘူးသီးတောင် မောင်းတော ဒေသရှိ ဘင်္ဂါလီများထံမှ မဲအများစုအ ရရှိရန် လုံ့လပြုလိုက်သကဲ့သို့ပင်တည်း…..  ထို့ကြောင့် အထက်မှ စကားများအား ပြန်လည်ကောက်ယူရလျင် အတိုက်အခံဆိုသည်မှာ မည်မျှပင် အစိုးရနှင့် အယူအဆ သဘောထား တိုက်ဆိုင်ခြင်း မရှိစေကာမူ အစိုးရနှင့် အတိုက်အခံတို့၏ တူညီရမည့် ဘုံလုပ်ဆောင်မှုမှာ တိုင်းပြည်အတွက်ပင် ဖြစ်ပေသည်…. အတိုက်အခံများအနေဖြင့် လက်ရှိအစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်၊ ထိရောက်မှု မရှိသည့် ပေါ်လစီများအား ချက်ကျ လက်ကျ ထောက်ပြနိုင်၍ ပြည်သူလူထုအပေါ်တွင် လက်တွေ့ကျကျ အကျိုးပြုနိုင်ရန် ကြိုးစား အားထုတ်သင့်ပေသည်….. သို့မှသာ မိမိအလှည့်တွင် ပြည်သူလူထု၏ အသည်းကြားမှ မဲတစ်ပြားအား သိမ်းပိုက်ရန် များစွာ အခွင့်အလမ်း သင့်ပေလိမ့်မည်... ပုဂ္ဂိုလ်ရေး ရေပန်းစားမှုအား အကြောင်းပြု၍ လူထုထံမှာ မဲတစ်ပြားအား သိမ်းပိုက်ရန် ပြင်ဆင်အားထုတ်နေသည်များအစား ပြည်သူလူထုအပေါ်တွင် ထားရှိသည့် ပါတီ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအား ပွင့်ပွင့်လင်းလင်း ချပြ၍ မဲ ရရန် ပိုမိုကြိုးစား အားထုတ်သင့်ပေသည်…..  မိမိအနေဖြင့် တိုက်တွန်းလိုသည်မှာ အတိုက်အခံများအနေဖြင့် နိုင်ငံရေးနှင့် နာမည်ကောင်းရေရေးကိုပဲ တစိုက်မတ်မတ် အာရုံစူးစိုက်မနေပဲ နိုင်ငံသူ နိုင်ငံသားများ၏ အရေး၊ ပြည်တွင်းအရေးနှင့် မိတ်ဖက်နိုင်ငံများ အပြန်အလှန် ခတ်ခြင်းများကြောင့် ဖြစ်ပေါ်လာမည့် ဂယက်များများပါဝင်သော နိုင်ငံ့အရေးအား အာရုံစူးစိုက်သင့်ပေသည်….. အဘယ့်ကြောင့်မူ အတိုက်အခံဆိုသည်မှာ တစ်ချိန်တွင် အာဏာရ အစိုးရဖြစ်လာမည် ဖြစ်သောကြောင့်ပင်တည်း…..
12Unlike ·  · 
ဝှိုက်ကဒ်များနှင့် ၂၀၁၅
0
0
ဝှိုက်ကဒ်များနှင့် ၂၀၁၅
ဝှိုက်ကဒ်ဆိုသည်မှာ ဘူးသီးတောင်၊ မောင်းတော ဒေသရှိ နိုင်ငံသားအဖြစ် မစိစစ်ရသေးသော ဘင်္ဂါလီများအား ထုတ်ပေးထားသည့် ဧည့်ကဒ်ပြားသာ ဖြစ်ပေသည်….. တနည်းအားဖြင့် မြန်မာနိုင်ငံတွင် နေထိုင်နေသူများအဖြစ်သာ အသိအမှတ်ပြုထားခြင်းပင်….. ကုလ သမဂ္ဂ အဖွဲ့အစည်းများနှင့် INGO များမှ ဝှိုက်ကဒ်၏ အကျိုးသက်ရောက်မှု အပေါ်တွင် Issued by the Myanmar government that described the cardholders as “state guests” – meaning they were not entitled to any citizens’ rights in Myanmar. ဟု သုံးသပ်ခဲ့ကြပေသည်…..
သို့သော် အဆိုပါ လူရာမဝင်သည့်ကဒ်များသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၎င်းတို့နေရာများများရစေရန် လုပ်ဆောင်ခဲ့သည့်အတွက် နိုင်ငံသားအဖြစ် တရားမဝင်သော်လည်း မဲပေးခွင့် ရရှိခဲ့ပေသည်…. အဆိုပါ ရလာဘ်အဖြစ် လွှတ်တော်အတွင်း ရောက်ရှိနေသည့် ဘင်္ဂါလီအမတ်များ၊ ၂၀၁၀ ရွေးကောက်ပွဲမှ တက်လာသည့် ပထမဦးဆုံးသော ဒီမိုကရေစီအစိုးရ လက်ထက်တွင် နိုင်ငံသားဖြစ်ခွင့် တစာစာ တောင်းဆိုနေသည့် ဘင်္ဂါလီများနှင့် နိုင်ငံသားအခွင့်အရေးအား တောင်းဆိုလာသည့် ဝှိုက်ကဒ်ကိုင် ဘင်္ဂါလီများ၏ ပြဿနာများစွာ ပေါ်ထွန်းလာခဲ့ပေသည်……
အချို့ကား အဆိုပါ ဝှိုက်ကဒ်ပြဿနာသည် စစ်အစိုးရ လက်ဝေခံ ကြံ့ဖွံ့ပါတီ၏ မှားယွင်းခဲ့သည့် မဟာဗျူဟာ တစ်ရပ်အဖြစ် ရှုမြင်ခဲ့ပေသည်…… မိမိ ပုဂ္ဂလိက အမြင်အရမူ အဆိုပါ ဝှိုက်ကဒ်ပြဿနာသည် နှစ် ၂၀ ကျော် တိုင်းပြည်အား မိမိလက်၊ မိမိခြေဖြင့် အုပ်ချုပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နောက်ကြောင်းအေးစေရန် စီမံထားသည့် သပွတ်အူများစွာထဲမှ တစ်ခုဟု မြင်မိပေသည်….. အဘယ့်ကြောင့်မူ ၎င်းဝှိုက်ကဒ် ပြဿနာသည် လက်ရှိ ကြံ့ဖွံ့အစိုးရကိုသာ ကျဉ်းထဲကြပ်ထဲ တွန်းပို့ခြင်းမဟုတ်ပဲ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား ရှေ့တန်းတင်သည့် အတိုက်အခံများအားလည်း လုပ်ရကိုင်ရ ခက်ခဲစေသည်ကို ကြည့်လျင် သိနိုင်ပေသည်…..
အထူးသဖြင့် ၎င်းအလွန်တွင် အပြိုင်အဆိုင် ဖြစ်လာမည့် ရွေးကောက်ပွဲများတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအား ရှေ့တန်းတင်သည့် ပါတီများအား စုပ်လည်းဆူး၊ စားလည်းရူးစေမည့် ပဒိုင်းသီးအား ထားပေးသကဲ့သို့ပင်တည်း….. တနည်းအားဖြင့် နိုင်ငံရေး (Politics) နှင့် အမျိုးသားရေး (National Affair) ဘယ်ဟာကို ရှေ့တန်းတင်မည်နည်းဆိုသည့် စာမေးပွဲ စစ်လိုက်သကဲ့သို့ပင်တည်း….. အများစုမှာ စာမေးပွဲရှုံးကြသည်ကို တွေ့ရပေသည်….. တနည်းအားဖြင့် ၎င်းအလွန်တွင် နိုင်ငံအုပ်ချုပ်မှု ပါဝါအား ၎င်းအတွက် အန္တရာယ်ရှိသည့် နိုင်ငံရေး ပါတီကြီးတစ်ခု၏ လက်တွင်းသို့ မသက်ဆင်းစေရန် ကြံစည်ခဲ့သည့် အချက်များထဲမှ တစ်ချက်ဖြစ်သည်ကား ငြင်း၍မရပေ….. အဘယ့်ကြောင့်မူ ထိုစာမေးပွဲကြောင့်ပင် အတိုက်အခံ နာမည်ကြီး နိုင်ငံရေးပါတီဖြစ်သော NLD ၏ ရေပန်းစားမှု ကျဆင်းလာခဲ့ရပေသည်….
အတိုက်အခံ နိုင်ငံရေးပါတီများသာမက၊ အခြားသော အတိုက်အခံများဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားများ၏ ရေပန်းစားမှုမှာလည်း အမျိုးသားရေး စာမေးပွဲတွင် မေးခွန်းထုတ်ခံခဲ့ရပေသည်…… အထူးသဖြင့် ၈၈ မျိုးဆက် ကျောင်းသားများ၏ ဘင်္ဂါလီကိစ္စအပေါ်တွင် မပြတ်သားမှုများအပေါ် လူအများစုသည် အားမလို အားမရ ဖြစ်ခဲ့ရပေသည်…….. နော်ဝေးတွင် ဘင်္ဂါလီ၊ ရိုဟင်ဂျာသည် မိမိနိုင်ငံသား မဟုတ်သည်ကို ပြတ်ပြတ်သားသားပြောရန် တောင်းဆိုခဲ့သည့် ရခိုင်လူမျိုးတစ်ဦးအား ပြင်းပြင်းထန်ထန် ပိတ်ဟောက်ပလိုက်သည့် ကိုမင်းကိုနိုင်သည်ပင် လူ့အခွင့်အရေး မြင့်မားသည်ဟုဆိုသော အမေရိကန်နိုင်ငံ၏ မက္ကဆီကိုနယ်စပ်ရှိ လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းများအား တွေ့ရပီးမှသာ နိုင်ငံသားဖြစ်မှုအပေါ်တွင် ပြတ်ပြတ်သားသား ပြောရဲစေသည်အထိ အဆိုပါ ဝှိုက်ကဒ်နှင့် ဝှိုက်ကဒ်ကိုင် ဘင်္ဂါလီ အရေးကိစ္စကား အတော်လေး တာသွားခဲ့ပေသည်…..
၂၀၁၀ မှ ကြံ့ဖွံ့တို့ ပြုခဲ့သော ကိစ္စရပ်သည် ယနေ့အချိန်ထိ နိုင်ငံတော်အပေါ်တွင် အကျိုးသက်ရောက်နေသည့်အပြင် လာမည့် ၂၀၁၅ တွင်လည်း အဆိုပါ ဝှိုက်ကဒ်တို့ မဲပေးပိုင်ခွင့်သည် မေးခွန်းထုတ်စရာ ဖြစ်လာပေသည်…… ယနေ့အချိန်ထိမူ မည်သည့် နိုင်ငံရေးပါတီမျှ ဝှိုက်ကဒ်များ မဲပေးပိုင်ခွင့်အား ကန့်ကွက်သည်ကို မတွေ့မိပေ….. အများစုသည် လူ့အခွင့်အရေးဟုသော စကားလုံးနှင့် လှုပ်မရ၊ ပြုမရ ဖြစ်နေဟန်တူပေ၏……. ဆန္ဒမဲ ပေးပိုင်ခွင့်နှင့် ပါတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း၊ လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရာတွင်ဟု ဖော်ပြထားသည့် အပိုဒ် (၃၉၁) အခန်း (က) တွင် ဆန္ဒမဲပေးပိုင်ခွင့်အား အောက်ပါအတိုင်း ဖော်ပြထားပေသည်......
ရွေးကောက်ပွဲ စတင်ကျင်းပသည့် နေ့ရက်၌ အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်း ပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် “ ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း” သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်...... ဟု ဖော်ပြထားပေသည်…… ဤနေရာတွင် “ ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း ” ဟုသော အသုံးအနှုံးသည် လွန်စွာ တာသွားပေသည်….. မည်သည့် ပုဂ္ဂိုလ်များသည် ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည် မရှိသည်ကို မည်သူဆုံးဖြတ်မည်နည်း မေးစရာ ဖြစ်လာပေသည်….. 
၎င်းကိစ္စနှင့် ပါတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း၊ အခန်း (၄၀၂) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက်များနှင့် ပါတ်သက်၍ လုပ်ပိုင်ခွင့်အပေါ် ပြဌာန်းချက်များတွင် အပိုဒ်ခွဲ (က) ၌ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ ဟု တိတိကျကျ ပြဌာန်းထားသည်ကို တွေ့ရပေသည်…… သို့ဖြစ်သည့်အတွက် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် “ ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း ” ဆိုသော စကားလုံးသည်လည်း ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်လာမည့် ဥပဒေနှင့် သက်ဆိုင်နေမည် ဖြစ်ပေသည်…..
အဆိုပါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပါတ်သက်၍ မည်သူမှ မည်သို့ ဖွဲ့စည်းရမည်ကို အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခြင်း အပိုဒ် ၃၉၈၊ အပိုဒ်ခွဲ (က) တွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရမည်ဟု ဖော်ပြထားသည်ကို တွေ့ရပေသည်..... သို့ဖြစ်သည့်အတွက် လာမည့် ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝှိုက်ကဒ် ကိုင်ဆောင်သူများ မဲပေးပိုင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြဌာန်းခြင်းမရှိစေရန်၊ ဝှိုက်ကဒ်များ မဲပေးပိုင်ခွင့် မရှိခြင်းအား ပြတ်ပြတ်သားသား ဖြစ်စေရန် နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းလိုက်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား ဝိုင်းဝန်းဖိအားပေးရန် လိုအပ်ပေသည်……
ထိုသို့ ဖိအားပေးရာတွင် နိုင်ငံ၏ အရေးဖြစ်သည့်အတွက် လက်ရှိ နိုင်ငံတော် အစိုးရသာမက၊ နိုင်ငံတော်၏ လစာစားနေသည့် လွှတ်တော် ဥက္ကဌများ၊ လွှတ်တော်အမတ်များနှင့် အတိုက်အခံ ပါတီမှာ တာဝန်ရှိသူများ၊ အတိုက်အခံ အဖွဲ့အစည်းများမှပါ ကြပ်မတ်၍ ဖိအားပေးသင့်ပေသည်….. နိုင်ငံ၏ အမျိုးသားရေးဖြစ်၍သာ တိုက်တွန်းရသော်ငြား ခွန်အားကား မရှိချေ….. အဘယ့်ကြောင့်မူ လွှတ်တော်သည် ဆိတ်ဖမ်းရန်သာ အားထုတ်နေပေ၏….. အတိုက်အခံများသည် လူ့အခွင့်အရေးနှင့် ခြေချုပ်မိနေကြပေသည်…… အထင်ရှားဆုံး သာဓကမှာ မြန်မာနိုင်ငံသား ဖြစ်သည် မဖြစ်သည် မသေခြာသေးသည့် ဘင်္ဂါလီများအပေါ် သားဆက်ခြားခြင်းနှင့် ပါတ်သက်၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အိုင်ကွန် ဒေါ်စုမှ လူ့အခွင့်အရေး ကျင့်ထုံးနှင့် ကိုက်ညီမှုမရှိသဖြင့် ကန့်ကွက်ကြောင်း ဖတ်လိုက်ရသည့်အတွက်ပင်တည်း…..
အဆုံးသတ် ဆိုရပါမူ ၂၀၁၀ ရွေးကောက်ပွဲမှ အစပြု၍ ဒုက္ခပေးလာသည့် ဝှိုက်ကဒ်ပြဿနာသည် နိုင်ငံအတွက် ခေါင်းခဲစရာ ပြဿနာတစ်ရပ်အဖြစ် ယနေ့အချိန်ထိ ရှိနေပေသည်….. အဆိုပါ ပြဿနာအား ၂၀၁၅ တွင် ဆက်လက် လက်ဆင့်မကမ်းနိုင်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ဥက္ကဌနှင့် အမတ်များ၊ အတိုက်အခံများကပါ အမျိုးသားရေး အသိ၊ သတိနှင့် ကာကွယ်သွားရန် လိုအပ်ပေသည်….. သို့မဟုတ်ပါမူ အဆိုပါပြဿနာသည် မြန်မာနိုင်ငံတည်ရှိနေသရွေ့ ဆက်လက်ရှိနေမည့် အငြင်းပွားဖွယ် ပြဿနာတစ်ရပ်အဖြစ်သို့ အမြစ်တွယ်သွားပေလိမ့်မည်ဟုသာ အသိပေးလိုက်ရပေသည်…….
အစိုးရနှင့် အစိုးရ ယန္တရား…..
0
0
အစိုးရနှင့် အစိုးရ ယန္တရား…..
လူအများစုဟာ အစိုးရနဲ့ အစိုးရ ယန္တရားကို ခွဲမမြင်ပဲ တွဲမြင်လေ့ ရှိကြပါတယ်…. ယေဘူယျအားဖြင့် အစိုးရ ယန္တရားဆိုတာ အစိုးရတစ်ရပ် ဖြစ်စေချင်တဲ့ ပေါ်လစီတွေကို အကောင်အထည်ဖော်ပေးတဲ့ ယန္တရားပါ…… ကားတစ်စီးနဲ့ ဥပမာ ပြရမယ်ဆိုရင် အစိုးရ ဆိုသည်မှာ ကားဘော်ဒီ အခွံ့သာရှိပြီး အစိုးရ ယန္တရားဆိုတာဟာ ဒီ မော်တော်ကားကြီး ရွေ့လျား သွားလာစေဖို့ သူ့နေရာနှင့်သူ ပါဝင်ဖွဲ့စည်းထားတဲ့ ကားအတွင်းပိုင်းက စက်ကိရိယာယန္တရားများပဲ ဖြစ်ကြပါတယ်…… ဒီမိုကရေစီစနစ်မှာ အစိုးရတွေဟာ သက်တမ်းကုန်ဆုံးသွားတာနဲ့ ဆင်းသွားရလေ့ရှိပေမယ့် အစိုးရ ယန္တရားကတော့ အသက်ဝင်လည်ပါတ် ကျန်ရှိခဲ့ပါတယ်….. 
နောက်အစိုးရ တက်လာချိန်မှာ နောက်ထပ် ဘော်ဒီ ပြောင်းသွားပေမယ့်လည်း အတွင်းပိုင်း ယန္တရားတွေဟာ ဒီအတိုင်းသာ ကျန်ခဲ့ပါတယ်…… နောက်တက်လာတဲ့ အစိုးရလက်ထက်မှာ အရေးပါတဲ့ ကီးပလေယာတွေ ပြောင်းလဲကြတာ ထုံးစံ ဆိုပေမယ့်လည်း ဒီအစိုးရ ဆိုတဲ့ မော်တော်ကားကြီး အရှိန်မှန်မှန် လမ်းကြောင်းပေါ်မှာ ရွေ့လျားသွားလာဖို့က အစိုးရ ယန္တရားနဲ့ အဓိက သက်ဆိုင်နေပါတယ်…. အစိုးရ ယန္တရားဆိုတာကတော့ အဓိကအားဖြင့် အစိုးရ ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်….. အဆိုပါ အစိုးရ ဝန်ထမ်းတွေဟာ အစိုးရ တစ်ရပ်ရဲ့ တာဝန်တွေ၊ ပေါ်လစီတွေကို လုပ်ထုံးလုပ်နည်း ဥပဒေများနဲ့တကွ အသက်ဝင်အောင်၊ ထိရောက်အောင်၊ အစိုးရတစ်ရပ် ရုပ်လုံးကြွအောင် ဖော်ဆောင်ပေးပါတယ်……
မည်မျှပင် အစိုးရ တစ်ရပ် ပေါ်လစီကောင်းသော်ငြား၊ လိုအပ်သည့် ဥပဒေများမရှိခြင်း အစိုးရ ဌာနတွင်း လုပ်ထုံးလုပ်နည်းများ လွဲချော်နေမှု၊ ဌာနတွင်း လုပ်ငန်းလည်ပါတ်မှုဆိုင်ရာ အားနည်းနေမှု၊ Operating Procedures များ ခေတ်နှင့်လျော်ညီခြင်းမရှိ အံချော်နေမှုတွေဟာ အဆိုပါ အစိုးရ တစ်ရပ်အတွက် ၎င်းတို့ရည်းမှန်းထားတဲ့ တားဂက်ပေါ်လစီကို ဖော်ဆောင်နိုင်စွမ်း အားနည်းနေမှာ ဖြစ်ပါတယ်…. အဆိုပါ အစိုးရ တစ်ရပ်ရဲ့ ပေါ်လစီတွေ လွဲချော်မသွားစေဖို့ လွှတ်တော်မှ ဥပဒေများ၊ စည်းကမ်းများနဲ့ ကြပ်မတ်ရသလို၊ အစိုးရ ယန္တရားရဲ့ လုပ်ထုံးလုပ်နည်းများ လွဲမှားနေမှု၊ အံချော်နေမှု၊ အကျိုးသက်ရောက်ခြင်း မရှိမှုများကို လွှတ်တော်နဲ့ လွှတ်တော်အမတ်များမှ ကြပ်မတ်ပုံဖော်ပေးရန်လည်း လိုအပ်ပါတယ်……
လက်ရှိ မြန်မာနိုင်ငံရဲ့ အစိုးရကို ပကတိအတိုင်း ရှုမြင်သုံးသပ်ရလျင် အစိုးရ ဌာနတွင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအများစုမှာ အံချော်နေခြင်း၊ ခောတ်နှင့် မလျော်ညီခြင်း၊ အကျိုးသက်ရောက်မှု အားနည်းနေခြင်း၊ အပိုကုန်ကျမှုများ များနေခြင်း၊ ထိရောက်မှု မရှိခြင်း၊ ဟာကွက်များကြောင့် မသမာမှု များနေခြင်း၊ အဆိုပါ ဟာကွက်များကို အသုံးပြု၍ အလွဲသုံးစားမှုများ ဖြစ်ပေါ်လာခြင်း အစရှိသည်များ များစွာ တွေ့ရပါတယ်…… ယခုအစိုးရ၏ ရှေ့က အုပ်ချုပ်ခဲ့သော စစ်အစိုးရလက်ထက် နှစ် ၂၀ ကျော် စနစ်တကျ ဖျက်ဆီးထားခြင်းရဲ့ ရလာဘ်လည်း ဖြစ်ပါတယ်…. ဥပမာအားဖြင့် တင်ဒါစနစ်နှင့် လုပ်ငန်းများ ခေါ်ယူ၍ ငွေပေးချေရာတွင် လွဲချော်နေမှု (Outdated Tender Procedures)၊ ဌာနများရှိ အစိုးရပိုင် ပစ္စည်းများ၏ ပျက်စီး / အလေအလွင့် ထိမ်းသိမ်းမှု စနစ်အားနည်းခြင်းများ (Weak Waste Management)၊ ဝန်ထမ်းများ အပို / အလို စာရင်းပြ၍ နိုင်ငံတော် ဘဏ္ဍာအား အလွဲသုံးစားလုပ်နေမှု (Corrupted HR Management)၊ သတင်းပြန်ကြားမှု ဆိုင်ရာ အားနည်းခြင်း (Lack of Information Publishing) အစရှိသည် များစွာ များစွာ ရှိနေပါတယ်…..
ဒါတွေဟာ အစိုးရ ယန္တရားရဲ့ အားနည်းချက်များဖြစ်ပြီး လုပ်ထုံးလုပ်နည်းများ၊ အစိုးရ ဝန်ထမ်းများအတွက် ခိုင်မာတဲ့ အာမခံချက် မရှိမှုကြောင့် အစိုးရ တစ်ရပ်၏ အမိန့်၊ ပေါ်လစီများ ဖော်ဆောင်ရာမှာ အားနည်းမှု ချို့ယွင်းမှုများလည်း ရှိပါတယ်…. ဥပမာအားဖြင့် မိတ္ထီလာတွင် ရဲများမှ အဓိကရုဏ်းအား နှိမ်နှင်းရာတွင် အားနည်းမှုနှင့် ရပ်ကြည့်နေမှုများ…… ဒီနေရာမှာ တစ်ချိန်က စစ်အစိုးရ လက်ထက်တွင် လက်စောင်းထက်ခဲ့သည့် ရဲများပင် ယခု အဓိကရုဏ်းတွင် တာဝန်ထမ်းဆော်သော်လည်း တာဝန်ယူမှု အားနည်းသွားသည်ကို တွေ့ရှိရပေသည်…… မိမိ ပုဂ္ဂလိက အမြင်အရမူ တစ်ချိန်က အဆိုပါ ရဲ များ၏ တာဝန်ထမ်းဆောင်မှုအပေါ် ဖြစ်လာသည်များကို တာဝန်ယူ ဖြေရှင်းပေးမည့် အဖွဲ့အစည်း၊ပုဂ္ဂိုလ်ရှိသဖြင့် လက်စောင်းထက်ခဲ့ကြခြင်း ဖြစ်သည်ဟု မြင်မိပေသည်……
ယနေ့ အချိန်အခါတွင်မူ အဆိုပါ ရဲသားများပင် တာဝန်ထမ်းဆောင်သော်လည်း တာဝန်ကျေပွန်ခြင်း၊ တာဝန်ယူခြင်း မရှိသည်မှာ အဘယ့်ကြောင့်နည်း မေးခွန်းထုတ်စရာဖြစ်လာပါတယ်…. ယခင်တစ်ချိန်က ၎င်းတို့ ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်ရန် နောက်ကွယ်မှ တာဝန်ယူမည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ခိုင်ခိုင်မာမာ မရှိခြင်းနှင့် ကိုယ်ဖြစ်ကိုယ်ခံဆိုသည့် အယူအဆများ လွှမ်းမိုးနေခြင်းကို တွေ့လာရပါတယ်….. ထို့အတူ တာဝန်ထမ်းဆောင်ရာတွင် အမှားအယွင်း ရှိလာပါက ဒီမိုကရေစီခောတ်တွင် ပြန်လည်အရေးယူမည်များအား ငဲ့နေကြခြင်းများက ၎င်းတို့၏ တာဝန်အား ပြတ်ပြတ်သားသား ထမ်းဆောင်ရန်ကို အခက်အခဲဖြစ်နေစေသည်ဟု ယူဆမိပေသည်…….
ထိုသို့ ဖြစ်ရသည့် အကြောင်းအရင်းခံအား လေ့လာကြည့်ရာတွင် ရဲ များ တာဝန်အား ထမ်းဆောင်ရာတွင် ဖြစ်ပေါ်လာသည့် အကျိုးအပြစ်ပေါ်တွင် မူတည်၍ အာမခံနိုင်မှု နည်းပါးနေခြင်း၊ စနစ်ကျသော လုပ်ထုံးလုပ်နည်းများ မရှိခြင်း၊ ခောတ်မမှီတော့သော နည်းစနစ်များပေါ်တွင်သာ မှီခိုနေခြင်း အစရှိသည်များသည် အခရာဟု မြင်လာမိပါတယ်….. အစိုးရတစ်ရပ်၏ ပေါ်လစီများကို အကော်အထည်ဖော်မည့် အစိုးရ ယန္တရားတစ်ရပ်တွင် ချို့ယွင်းချက်များ မြင်လာတိုင်းမှာ မိမိ မျက်လုံးထဲတွင် မြင်လာသည်ကတော့ လက်ရှိအစိုးရ တာဝန်ရှိသူများသာမက နိုင်ငံ၏ ဥပဒေပြုရာဖြစ်သော တစ်ရက်ကျင်းပလျင် ငွေကျပ် သိန်း ၃၀ ကျော် ကုန်ကျသော လွှတ်တော်နှင့် တက်ရောက်နေသည့် လွှတ်တော် ဥက္ကဌများနှင့် အမတ်များပင် ဖြစ်ပါတယ်……
လက်ရှိ အစိုးရ ယန္တရားအား ကောင်းသထက်ကောင်းအောင် ပြုပြင်နိုင်ရန်မှာ အစိုးရ တာဝန်ရှိသူများသာမက ဥပဒေ ဖော်ဆောင်သည့် လွှတ်တော် ဥက္ကဌများ၊ အမတ်များသည်လည်း အဓိကကျရာ အခန်းကဏ္ဍမှ ပါဝင်ပါတယ်….. တစ်သွေး၊ တစ်သံ၊ တစ်မိန့် စစ်အုပ်ချုပ်ရေးမှသည် အာဏာကို ဖြန့်ကျက် ခွဲဝေ ကျင့်သုံးသည့် စနစ်သို့ ကူးပြောင်းလာစဉ်တွင် လိုအပ်သည့် အားနည်းချက်များကို ကူညီ ဖြေရှင်းရန်မှာ နိုင်ငံ၏ လစာ၊ ရိက္ခာ ရရှိနေသည့် ဝန်ထမ်းတိုင်း၏ တာဝန်လည်း ဖြစ်ပါတယ်…… သို့ရာတွင် လွှတ်တော်နှင့် လွှတ်တော်အမတ်များ၏ အစိုးရ ယန္တရား၏ ခောတ်မမှီတော့သော အံချော်နေသည် လုပ်ထုံးလုပ်နည်းများနှင့် ပါတ်သက်၍ ကောင်းသထက်ကောင်းအောင် ပြုပြင်ရန် ကြိုးစားအားထုတ်ခြင်းကား နတ္ထိဖြစ်နေပါတယ်……
လွှတ်တော်သာမက၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် ဖွဲ့စည်းထားသည့် ကော်မတီများလည်း ၎င်းတာဝန်နှင့် သက်ဆိုင်ပါတယ်…… မြန်မာနိုင်ငံ၏ Iron Lady ဟု တင်စားသည့် ဒီမိုကရေစီအိုင်ကွန် ဒေါ်စုသည် တရားဥပဒေစိုးမိုးမှု ကော်မတီတွင် အကြီးဆုံး ရာထူးယူလိုက်သည်တွင် မိမိအနေဖြင့် နိုင်ငံ၏ ချို့ယွင်းနေသော တရားစီရင်ရေး မဏ္ဍိုင်၏ အနာဂတ်အား ရွှေရောင်အနာဂါတ်ကို မြင်ရတော့မည်ဟု အကောင်းမြင်မိခဲ့ပေသည်….. ထို့အတူပင် လွှတ်တော်တွင်း အတိုက်အခံဖြစ်သော ဒေါ်စုတို့ NLD ပါတီမှဘက်တော်သားများ ကြားဖြတ်ရွေးကောက်ပွဲမှ ဝင်ရောက်သွားသည်တွင် နိုင်ငံ၏ ချို့ယွင်းနေသော အစိုးရ ယန္တရားများအား စနစ်တကျ၊ ချက်နှင့် လက်နှင့် ထောက်ပြ၍ ပြင်ဆင်သွားစေရန် ကူညီသွားနိုင်မည်ဟု မျှော်လင့်မိပေသည်…..
လက်တွေ့တွင်ကား အထင်နှင့် အမြင် ပါစင်အောင် လွဲပေသည်….. လက်ရှိ လွှတ်တော် ဥက္ကဌများ၊ လွှတ်တော်အမတ်များ၊ ဒေါ်စုနှင့် NLD အပါအဝင် နိုင်ငံရေး ပါတီအများစုသည်ကား အစိုးရ ယန္တရား၏ အားနည်းနေမှုများ၊ နိုင်ငံ၏ အဖက်ဖက် ယို့ယွင်းမှုများအား ချက်နှင့်လက်နှင့် ထောက်ပြခြင်း မပြုကြသည်ကို အားမရပါ…. အချို့သော နိုင်ငံရေးသမားဟု ခံယူထားသူများကာ မိမိတို့ ထောက်ပြ ဝေဖန်၍ လက်ရှိအစိုးရမှ ကောင်းသထက်ကောင်းအောင် လုပ်နိုင်ပါက လက်ရှိ အစိုးရ နာမည်ရမည်ဖြစ်၍ မကူညီလိုဟုသော သဘောထားများ တွေ့မြင်ရသည်ကိုလည်း စိတ်မသက်သာဖွယ်ပင်တည်း…..
အထူးသဖြင့် အသိအမြင် ကြွယ်ဝသည့် ဒေါ်စု၏ အကျိုးရှိသော စနစ်တကျ ထောက်ပြခြင်းများအစား အလုံးစုံရော၍ Blame Game သဖွယ် ပြစ်တင်ဝေဖန်ခြင်းများကိုသာ တွေ့မြင်လိုက်ရသည်မှာ စိတ်မကောင်းဖွယ်ရာအဖြစ် မြင်မိပါသည်….. ယခုနောက်ဆုံး သမ္မတဦးသိန်းစိန် အမေရိကန် ခရီးစဉ်တွင် အိုဘားမားနှင့် တွေ့နေစဉ်အတွင်း ဒေါ်စု၏ လက်ရှိအစိုးရအပေါ်တွင် ပြစ်တင်မှုဖြစ်သော တရားဥပဒေ စိုးမိုးမှု မရှိခြင်း ဆိုသည့်စကားနှင့်ပါတ်သက်၍ အတော်ပင် အံ့သြားသင့်မိပေသည်….. တရားဥပဒေ စိုးမိုးမှု ကော်မတီ ဥက္ကဌ တစ်ဦးထံမှာ အဆိုပါ ပြစ်တင်မှုအား ကြားသိလိုက်ရ၍ ဖြစ်ပေသည်….. လက်ရှိအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ သမ္မတ အစရှိသည်တို့ အနောက်နိုင်ငံများနှင့် ယခင်ကထက် နွေးထွေးသော ဆက်ဆံရေးလမ်းစများ အစပျိုးလိုက်တိုင်းတွင် ပေါ်ထွက်လာလေ့ရှိသည့် ဒေါ်စု၏ လက်ရှိ အစိုးရအပေါ် ပြစ်တင်မှုများနှင့် ပါတ်သက်၍လည်း တိုက်ဆိုင်မှုများသာ ဖြစ်ပါစေဟု မိမိအနေဖြင့် တစ်ကိုယ်တည်း ဆုတောင်းမိပေသည်…..
သို့ဖြစ်သည့်အတွက် အမျိုးသားရေးကို ဦးစားပေးသည့် နိုင်ငံရေးပါတီတစ်ခု ထွက်ပေါ်လာမည် ဆိုသည့်အတွက် မိမိအနေဖြင့် များစွာ မျှော်လင့်မိပေသည်….. Blame Game များနှင့်သာ ရေပန်းစားနေပြီး အောက်ခြေ လူတန်းစားများ၊ ယို့ယွင်းနေသည့်၊ အားနည်းနေသည့် အစိုးရ ယန္တရားအား ပြုပြင်နိုင်ရန် လက်တွေ့အကောင်အထည်ဖော်မည်ကို ဦးစားပေးလာမည့် နိုင်ငံရေးပါတီ မရှိချိန်တွင် အဆိုပါ လုပ်ဆောင်မှုများအား ဦးစားပေးလုပ်ဆောင်မည် ဆိုသည့် အဆိုပါ ပါတီအား လှိုက်လှဲစွာ ကြိုဆိုမိပေသည်……
အချုပ်အားဖြင့် ဆိုရလျင်မူ မိမိတို့ နိုင်ငံသည် အဖက်ဖက်မှ ယို့ယွင်းနေပေသည်….. ယခုမှ အစပျိုး၍ ကောင်းမွန်သည့် အနာဂါတ်သစ်သို့ ခြေလှမ်းရန် ကြိုးစားနေချိန်တွင် ဖေးမ၍ လက်တွဲကူမည့် အသိပညာရှင်၊ အတတ်ပညာရှင်များစွ၏ လက်များ လိုနေပေသည်….. ထိုလက်များ မကမ်းလှမ်းနိုင်ချိန်တွင် နိုင်ငံတော် ရိက္ခာစားနေသည့် လွှတ်တော်နှင့် လွှတ်တော်အမတ်များ၏ အခန်းကဏ္ဍကား များစွာ အရေးပါပေသည်….. ထို့အတူပင် နိုင်ငံ၏ အကျိုးကို လိုလားသော အတိုက်အခံ၊ ပြည်သူလူထုလည်း အခရာ ကျလှပေသည်….. အစိုးရအား အမြင်မကြည်ခြင်း၊ မုန်းတီးခြင်း၊ အမြင်ကတ်ခြင်းမှာ ဖြစ်သင့်ပေသည်….. သို့ရာတွင် အစိုးရ အဆက်ဆက်၏ ပေါ်လစီများအား ဖော်ဆောင်မည့် အစိုးရ ယန္တရားကိုမှု လုပ်ထုံးလုပ်နည်းများနှင့် ပါတ်သက်၍ တည်ငြိမ်မှု (Stability)၊ တိကျမှု (Accuracy)၊ လျင်မြန်သော တုံ့ပြန်နိုင်စွမ်း (Timely mannered respond)၊ ထိရောက်မှု (Efficiency & Effectiveness) ဖြစ်စေရန်မှာ အားလုံး ဝိုင်းဝန်းပါမှ ဖြစ်ပါလိမ့်မယ်…..
နိဒါန်းစကားအား ပြန်ကောက်ရလျင်မူ အစိုးရ ဆိုသည်မှာ ကားဘော်ဒီမျှသာဖြစ်၍ အစိုးရ ယန္တရားဆိုသည်မှာ အဆိုပါကားတစ်စီးလုံးအား မောင်းနှင်သွားမည့် အစိတ်အပိုင်းများပင် ဖြစ်ပေသည်…… အစိုးရ တစ်ရပ် သက်တမ်းကုန်၍ ဆင်းသွားပြီး နောက်အစိုးရတစ်ရပ် တက်လာချိန်တွင် ကားဘော်ဒီမှာ ပြောင်းသွားသော်လည်း အတွင်းပိုင်း အစိတ်အပိုင်းများမှာ ကျန်ရှိနေဦးမည်ပင် ဖြစ်ပေသည်….. မည်မျှပင် ကောင်းမွန်သည့် အစိုးရတစ်ရပ် တက်လာစေကာမူ အစိုးရ ယန္တရား ကောင်းမွန်ခြင်း မရှိပါက အဆိုပါ အစိုးရ၏ ပေါ်လစီများအား ဖော်ဆောင်ရာတွင် ထိရောက်မှု၊ တိကျမှု၊ အချိန်မှီ တုံ့ပြန်နိုင်စွမ်းများ ရှိမည် မဟုတ်ချေ……. 
ပမာအားဖြင့် ပြရလျင်မူ မာစီဒီးကား ဘော်ဒီကို အသုံးပြုထားသော်လည်း အတွင်းပိုင်း ယန္တရားနှင့် အစိတ်အပိုင်းများမှာ ထော်လာဂျီသာသာ အရှိနှုန်းဖြင့်သာ မောင်းနှင်နိုင်လျင်မူ တပ်ထားသည့် မာစီဒိး ဘော်ဒီသည်လည်း အလှပြ For Show သာ ဖြစ်နေပေလိမ့်မည်…… သို့ဖြစ်သည့်အတွက် အစိုးရ အဆက်ဆက်ပြောင်းလဲသွားသော်ငြား ဆက်လက် ကျန်ရှိနေမည့် အစိုးရ ယန္တရား ကောင်းမွန်ရန် နိုင်ငံသားတိုင်းမှ စနစ်တကျ ပြုပြင်နိုင်ရန် ဝိုင်းဝန်းလုပ်ဆောင်သင့်သည်ဟု တိုက်တွန်းလိုက်ရပေသည်……
ဤစာနှင့် ပါတ်သက်၍ အပြုသဘောမဆောင်သည့် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ပြန်လည်ဖြေရှင်းမည် မဟုတ်ပေ….. မိမိ အပြုအမူသည် မိမိယုံကြည်သည့် ပါတီနှင့် ပုဂ္ဂိုလ်အား ကိုယ်စားပြုသည်ဟုသာ သတိပေးလိုပေသည်…….
ဟော့မှကြိုက်တဲ့ ဂေါ်လီမလေးများသို့
0
0
 Myanmar News Update's photo.
ဟော့မှကြိုက်တဲ့ ဂေါ်လီမလေးများသို့ *************************  ရေးချင်နေတာကြာပြီ အခုမှ အချိန်လေးအားတုန်းရေးလိုက်အုံးမယ် ကျွန်တော့်ကိုတော့ရိုင်းတယ်...နှာဘူးကျတယ်လို့တော့မမြင်စေချင်ဘူး..(မြင်လိုကလည်းမြင်ပါ  )..ညီမလေးတွေ အစ်မတွေကိုကြိုပြောထားတာ.. ကျွန်တော်တို့ဆီက မြန်မာမိန်းကလေးတွေကိုကြည့်ရတာ အမြင်မသင့်တော်လွန်းလို့ ရေးလိုက်တာပါ... တရုတ်ကားတွေကြည့်..ကိုရီးယားကားတွေကြည့်ပြီး..ရသမျှပိုက်ဆံ အ၀တ်အစားဖိုးနဲ့ထိုင်ဖြုန်းနေတဲ့သူတွေ ပေါမှပေါဗျ... ၀တ်လိုက်တဲ့အ၀တ်ကလည်း..ပေါင်ပေါ် ဒူးပေါ် ဗိုက်ပေါ်..တစ်ချို့ဆိုရင်သားတွေတောင် တစ်ခြမ်းထွက်နေပြီ... ကျွန်တော်တို့ယောကျာ်းလေးတွေကတော့ ကြိုက်ပါတယ်...တကယ်ပြောတာ ပွင့်ပွင့်လင်းလင်းပဲ..ဟိုးအရင်တုန်းကဆိုရင် ဒါမျိုးလေးတွေမြင်ဖို့ ဗီဒီယိုရုံကိုပြေးရတာ...အခုဆိုအပြင်ထွက်လိုက်တာနဲ့...ဟောတစ်ယောက် ဟောတစ်ယောက်ပဲ..လိုက်ကြည့်ရတာ ခေါင်းတောင်မူးပါရဲ့... မနောကံနဲ့ပြစ်မှားလိုက်...၀စီကံနဲ့ပြစ်မှားလိုက်နဲ့..ကာယကံနဲ့တော့ ပြစ်မှားလို့မရဘူး...အချုပ်ခန်းထဲရောက်မှာကိုး... ဒါအသာထားလိုက်အုံး..ကိုရီးယားမတို့ တရုတ်မတို့ဝတ်တာက သူတို့နိုင်ငံရာသီဥတု သူတို့နိုင်ငံရဲ့Living Style ကိုး..ပြီးတော့ သူတို့တွေက  ခြေသလုံးဖြူဖြူ..ပေါင်ဖြူဖြူ ..ဗိုက်သားဖြူဖြူချပ်ချပ်လေးတွေ... ကျွန်တော်တို့ဆီကဟာတွေက..ခြေသလုံးကမဲတုတ်တုတ် ဗိုက်ခေါက်ကထူထူ...ပေါင်ကမဲမဲ ကျောပြဲပြဲတွေနဲ့ ..ကြည့်ရတာ...ကောက်ညှင်းထုပ်ကြီးကို မီးသွေးသုတ်ပြီး စီးထားသလိုပဲ.. ကျွန်တော်တို့ယောက်ျားလေးတွေဆိုတာကလည်း အဲလိုခပ်ဟော့ဟော့မိန်းကလေးကို..သူ့ဟာသူဘာပဲဖြစ်ဖြစ် အတည်ကြံလိုက်မယ်လို့တော့ မထင်နဲ့...တကယ်ပြောတာ ခဏတစ်ဖြုတ်ပဲ.. လမ်းတိုင်းမှာတွေ့ရတဲ့ရေအိုင်လိုပဲ သဘောထားကြတာ...ခြေထောက်ဆေးရုံလောက်ပဲ..ဘယ်သူမှတော့ ကုန်းမသောက်ဘူး... ကျွန်တော်တို့ ယောကျာ်းလေးတွေ ဘယ်လိုမိန်းကလေးမျိုးကို အတည်ကြံတယ်လဲ...အလေးထားတယ်ထင်လဲဗျ...ဆံပင်ရှည်ရှည်လေးနဲ့.. မြန်မာဆန်ဆန်ဝတ်စားတတ်တဲ့မိန်းကလေးကိုပဲကြိုက်ကြတာများတယ်... စစ်တမ်းတောင်ကောက်စရာမလိုဘူး...တကယ်... အခုခေတ်မှာ ဘောင်းဘိုတိုတိုမိန်းကလေးတစ်ယောက် လုံချည်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက် သူတို့နှစ်ယောက်ကို ယှဉ်ပြီးလမ်းလျှောက်ခိုင်းကြည့်...ဘယ်သူ့ကို ယောကျာ်းလေးတွေ အများဆုံး စိတ်ဝင်စားမယ်ထင်လဲ...လုံချည်လေးနဲ့ကောင်မလေးကိုပဲပေါ့... ဒါကအပြင်ပိုင်းပြောတာနော် ...စိတ်ပိုင်းဆိုင်ရာကိုမပြောသေးဘူး... ရှေးလူကြီးတွေလို မိန်းကလေးတစ်ယောက်ကို ၀တ်တာစားတာကြည့်ပြီး စိတ်ရင်းကို အကဲခတ်မယ်ဆိုရင်တော့ ဒီခေတ်တော်တော်များများ မိန်းကလေးတွေ ယုန်ထင်ကြောင်ထင် အထင်ခံရဖို့တော့ တော်တော်များပြီ.. ဟိုတစ်လောက သူငယ်ချင်းတစ်ယောက်နဲ့အပြင်ထွက်တော့... ကောင်မလေးတစ်ယောက်ကိုတွေ့တယ် ဆံပင်ရှည်ရှည်..မြန်မာဝတ်စုံလေးနဲ့..သနပ်ခါးကိုမထူမပါးလေးလိမ်းထားသေးတယ်...အသားကမဖြူမညို...အဲဒါနဲ့ ဒီကောင့်ကို.“.ဟေ့ကောင်...မလန်းဘူးလားကွ...ဒါမျိုးရရင်မယူချင်ဘူးလား” လို့မေးလိုက်တော့..“ဒါမျိုးရရင်တော့ ယူချင်တာပေါ့...ရွှေထက်တောင်ရှားသေးတယ်”တဲ့..ကဲအဲဒါတာကြည့်ပေတော့...ဒီကောင်ကလည်းမိန်းမမြင်တိုင်းကြိုက်တတ်တဲ့ကောင်...ရည်းစားကလည်းပေါမှပေါ..ဒီကောင်ပါးစပ်က ဒီတစ်ခါပဲ အဲလိုကြားဖူးတယ်... ကဲ..ဒါတွေအသာထား... ယဉ်ကျေးမှုအစဉ်အလာကြီးမားတဲ့...ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေနဲ့...ဒီလိုဖြစ်ကတတ်ဆန်းဝတ်တတ်တဲ့မိန်းကလေးတွေ... ဘိယ်လိုမှကိုယှဉ်တွဲကြည့်လို့မရဘူး...အခုဆိုရင် ဘောင်းဘီတို စကတ်တိုနဲ့ ဘုန်းကြီးကျောင်းသွားတဲ့မိန်းကလေးတောင်ရှိရဲ့... လူကြီးတွေမတွေကြားလည်း ဖြတ်လျှောက်လိုလျှောက်နဲ့... “ဘယ်မှာလဲ မင်းတို့မြန်မာမိန်းကလေးတွေအနေအထိုင်သိမ်မွေ့တယ်ဆို”လို့များ မေးတဲ့သူရှိရင် ဖြေရမှာတောင်ခက်နေပြီ.... ဘယ်လိုထိန်းသိမ်းကြမလဲ... ထိန်းသိမ်းဖို့ကတော့တော်တော်ခက်နေပြီ...မီဒီယာတွေကလည်း ဒီလိုဝတ်ထားတဲ့မိန်းကလေးပုံကိုမှ ရှေ့တန်းတင်နေမှတော့ အတုခိုးကြတာကလည်းမြန်မှမြန်...ဒီတော့ သက်ဆိုင်ရာ နိုင်ငံတော်လူကြီးတွေကပဲ ကိုရီးယားလို ဥပဒေတစ်ရပ်ထုတ်ဖို့ပဲရှိပါတော့တယ်.......။  Moekyaswheco
ဟော့မှကြိုက်တဲ့ ဂေါ်လီမလေးများသို့
*************************
ရေးချင်နေတာကြာပြီ အခုမှ အချိန်လေးအားတုန်းရေးလိုက်အုံးမယ်
ကျွန်တော့်ကိုတော့ရိုင်းတယ်...နှာဘူးကျတယ်လို့တော့မမြင်စေချင်ဘူး..(မြင်လိုကလည်းမြင်ပါ )..ညီမလေးတွေ အစ်မတွေကိုကြိုပြောထားတာ..
ကျွန်တော်တို့ဆီက မြန်မာမိန်းကလေးတွေကိုကြည့်ရတာ အမြင်မသင့်တော်လွန်းလို့ ရေးလိုက်တာပါ...
တရုတ်ကားတွေကြည့်..ကိုရီးယားကားတွေကြည့်ပြီး..ရသမျှပိုက်ဆံ အ၀တ်အစားဖိုးနဲ့ထိုင်ဖြုန်းနေတဲ့သူတွေ ပေါမှပေါဗျ...
ဝတ်လိုက်တဲ့အ၀တ်ကလည်း..ပေါင်ပေါ် ဒူးပေါ် ဗိုက်ပေါ်..တစ်ချို့ဆိုရင်သားတွေတောင် တစ်ခြမ်းထွက်နေပြီ...
ကျွန်တော်တို့ယောကျာ်းလေးတွေကတော့ ကြိုက်ပါတယ်...တကယ်ပြောတာ
ပွင့်ပွင့်လင်းလင်းပဲ..ဟိုးအရင်တုန်းကဆိုရင် ဒါမျိုးလေးတွေမြင်ဖို့ ဗီဒီယိုရုံကိုပြေးရတာ...အခုဆိုအပြင်ထွက်လိုက်တာနဲ့...ဟောတစ်ယောက်
ဟောတစ်ယောက်ပဲ..လိုက်ကြည့်ရတာ ခေါင်းတောင်မူးပါရဲ့...
မနောကံနဲ့ပြစ်မှားလိုက်...၀စီကံနဲ့ပြစ်မှားလိုက်နဲ့..ကာယကံနဲ့တော့ ပြစ်မှားလို့မရဘူး...အချုပ်ခန်းထဲရောက်မှာကိုး...
ဒါအသာထားလိုက်အုံး..ကိုရီးယားမတို့ တရုတ်မတို့ဝတ်တာက သူတို့နိုင်ငံရာသီဥတု သူတို့နိုင်ငံရဲ့Living Style ကိုး..ပြီးတော့ သူတို့တွေက 
ခြေသလုံးဖြူဖြူ..ပေါင်ဖြူဖြူ ..ဗိုက်သားဖြူဖြူချပ်ချပ်လေးတွေ...
ကျွန်တော်တို့ဆီကဟာတွေက..ခြေသလုံးကမဲတုတ်တုတ် ဗိုက်ခေါက်ကထူထူ...ပေါင်ကမဲမဲ ကျောပြဲပြဲတွေနဲ့ ..ကြည့်ရတာ...ကောက်ညှင်းထုပ်ကြီးကို မီးသွေးသုတ်ပြီး စီးထားသလိုပဲ..
ကျွန်တော်တို့ယောက်ျားလေးတွေဆိုတာကလည်း အဲလိုခပ်ဟော့ဟော့မိန်းကလေးကို..သူ့ဟာသူဘာပဲဖြစ်ဖြစ် အတည်ကြံလိုက်မယ်လို့တော့ မထင်နဲ့...တကယ်ပြောတာ ခဏတစ်ဖြုတ်ပဲ..
လမ်းတိုင်းမှာတွေ့ရတဲ့ရေအိုင်လိုပဲ သဘောထားကြတာ...ခြေထောက်ဆေးရုံလောက်ပဲ..ဘယ်သူမှတော့ ကုန်းမသောက်ဘူး...
ကျွန်တော်တို့ ယောကျာ်းလေးတွေ ဘယ်လိုမိန်းကလေးမျိုးကို အတည်ကြံတယ်လဲ...အလေးထားတယ်ထင်လဲဗျ...ဆံပင်ရှည်ရှည်လေးနဲ့..
မြန်မာဆန်ဆန်ဝတ်စားတတ်တဲ့မိန်းကလေးကိုပဲကြိုက်ကြတာများတယ်...
စစ်တမ်းတောင်ကောက်စရာမလိုဘူး...တကယ်...
အခုခေတ်မှာ ဘောင်းဘိုတိုတိုမိန်းကလေးတစ်ယောက် လုံချည်ဝတ်ထားတဲ့
မိန်းကလေးတစ်ယောက် သူတို့နှစ်ယောက်ကို ယှဉ်ပြီးလမ်းလျှောက်ခိုင်းကြည့်...ဘယ်သူ့ကို ယောကျာ်းလေးတွေ အများဆုံး
စိတ်ဝင်စားမယ်ထင်လဲ...လုံချည်လေးနဲ့ကောင်မလေးကိုပဲပေါ့...
ဒါကအပြင်ပိုင်းပြောတာနော် ...စိတ်ပိုင်းဆိုင်ရာကိုမပြောသေးဘူး...
ရှေးလူကြီးတွေလို မိန်းကလေးတစ်ယောက်ကို ၀တ်တာစားတာကြည့်ပြီး
စိတ်ရင်းကို အကဲခတ်မယ်ဆိုရင်တော့ ဒီခေတ်တော်တော်များများ မိန်းကလေးတွေ ယုန်ထင်ကြောင်ထင် အထင်ခံရဖို့တော့ တော်တော်များပြီ..
ဟိုတစ်လောက သူငယ်ချင်းတစ်ယောက်နဲ့အပြင်ထွက်တော့...
ကောင်မလေးတစ်ယောက်ကိုတွေ့တယ် ဆံပင်ရှည်ရှည်..မြန်မာဝတ်စုံလေးနဲ့..သနပ်ခါးကိုမထူမပါးလေးလိမ်းထားသေးတယ်...အသားကမဖြူမညို...အဲဒါနဲ့ ဒီကောင့်ကို.“.ဟေ့ကောင်...မလန်းဘူးလားကွ...ဒါမျိုးရရင်မယူချင်ဘူးလား”
လို့မေးလိုက်တော့..“ဒါမျိုးရရင်တော့ ယူချင်တာပေါ့...ရွှေထက်တောင်ရှားသေးတယ်”တဲ့..ကဲအဲဒါတာကြည့်ပေတော့...ဒီကောင်ကလည်းမိန်းမမြင်တိုင်းကြိုက်တတ်တဲ့ကောင်...ရည်းစားကလည်းပေါမှပေါ..ဒီကောင်ပါးစပ်က ဒီတစ်ခါပဲ အဲလိုကြားဖူးတယ်...
ကဲ..ဒါတွေအသာထား...
ယဉ်ကျေးမှုအစဉ်အလာကြီးမားတဲ့...ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေနဲ့...ဒီလိုဖြစ်ကတတ်ဆန်းဝတ်တတ်တဲ့မိန်းကလေးတွေ...
ဘိယ်လိုမှကိုယှဉ်တွဲကြည့်လို့မရဘူး...အခုဆိုရင် ဘောင်းဘီတို စကတ်တိုနဲ့
ဘုန်းကြီးကျောင်းသွားတဲ့မိန်းကလေးတောင်ရှိရဲ့...
လူကြီးတွေမတွေကြားလည်း ဖြတ်လျှောက်လိုလျှောက်နဲ့...
“ဘယ်မှာလဲ မင်းတို့မြန်မာမိန်းကလေးတွေအနေအထိုင်သိမ်မွေ့တယ်ဆို”လို့များ
မေးတဲ့သူရှိရင် ဖြေရမှာတောင်ခက်နေပြီ....
ဘယ်လိုထိန်းသိမ်းကြမလဲ...
ထိန်းသိမ်းဖို့ကတော့တော်တော်ခက်နေပြီ...မီဒီယာတွေကလည်း ဒီလိုဝတ်ထားတဲ့မိန်းကလေးပုံကိုမှ ရှေ့တန်းတင်နေမှတော့ အတုခိုးကြတာကလည်းမြန်မှမြန်...ဒီတော့ သက်ဆိုင်ရာ နိုင်ငံတော်လူကြီးတွေကပဲ ကိုရီးယားလို ဥပဒေတစ်ရပ်ထုတ်ဖို့ပဲရှိပါတော့တယ်.......။
Moekyaswheco
ပြည်သူကြားက တို့စစ်သားတွေ
0
0
ဓာတ်ပုံ က အေဖက်ပီ က ကိုရဲအောင်သူ ရိုက်ကူးခဲ့ တဲ့ ပုံပါ ။ လားရှိုး မှာ ဖြစ်တဲ့ အရေးခင်းမှာ စစ်သားတွေ ကူညီနေတဲ့ ပုံလေး ပါ ။ တခြားသူတွေကတော့ ဘယ်လို မြင်လဲ မသိပါဘူး ။ ကျွန်တော်ကတော့် နောက်ကိုကြည့်နေတဲ့ ကလေးလေးမျက်ဝန်းရယ် ..ကလေးလေး ဆုပ်ကိုင်ထားတဲ့ အီကွတ်မန့် (equipment) ရယ် ရှေ့ က စစ်သားတစ်ယောက်ရဲ့ စစ်ဝတ်စုံရယ်က ကျွန်တော့်ကို ဖမ်းစားထားတယ် ။
အတော်များများ က ဦးပိုင်ကုမ္ပဏီကြီးစစ်တပ်က ပိုင်တာ ။ စစ်ဗိုလ်ချုပ်ကြီး တချို့ ဘယ်စည်းပွားရေးပိုင်တာ ။ လွှတ်တော်ထဲမှာ အစိတ်သားဝင်ထိုင်နေတာလောက် ပဲ သိကြတာပါ။ အခု စစ်သား ဝတ်ထားတဲ့ (equipment) ..စစ်တိုက်ဖို့ အတွက် အရေးအကြီးဆုံးလိုအပ်တဲ့အရာ။ကြည့်ကြည့် စမ်းပါ ။ ကျည်ကပ်ထည့်တဲ့ အိတ်တွေက ဆွေးပြီးပေါက်ပြဲနေပြီ ။ ရှေ့တန်းတွေမှာ မြေပုံကြည့်တဲ့ သံလိုက်အိမ်မြှောင်အိတ် ပါမှန်းတောင်မသိရတော့ဘူး ။ ဘေးနားက ရေဗူး .. ပလက်စတိတ် အိတ်ခံပြီးပိတ်ထားရတယ် ။
ဒီ အီကွတ်မန့် တွေ ကြမ်းထော်နေတဲ့ ချည်စနဲ့ချုပ်ထားတဲ့ အစတွေ ။ စဝတ် ခါ စ ဆိုရင် အဲဒါဝတ်ပြီးပြေးရုံနဲ့ ခါးနဲ့ ခါးပတ် ပွတ်ပြီး ဘေးက ခါးရိုးနေရာတွေပွန်းတယ် ။ ဗိုလ်လောင်း ၃ နှစ် အီကွတ်မန့်လွယ် သဲကျောပိုးအိတ် တင်ပြီးပြေးခဲ့ တဲ့ အမာရွတ်တွေ ခုချိန်ထိ ကျောမှာရှိနေတုန်း။
အဲလောက် မာကျောတဲ့ အီကွတ်မန့် တွေ တောင် စုတ်ပြတ်သတ် နေအောင် ... ဘယ်လောက် လွယ်ခဲ့ ရမလဲ ဆိုတာ ယူနီဖောင်းအတွင်းထဲက ကျောကို ကျွန်တော်မြင်နေရတယ် ။ ဒီတောက ထွက်တော့ ၊ ဟိုတောဝင် ။ ဒီကတုတ်ကျင်း ကတက်ပြီး ၊ ဟိုကတုတ်ကျင်းဆင်း ။ ဒီစစ်ဆင်ရေးနယ်ပြီးတော့ ၊ ဟိုစစ်ဆင်ရေးနယ်ပြောင်း ။ ခါးမှာ ဝတ်တဲ့ အီကွတ်မန့် က အချိန်ကြာကြာ ချွတ်ရတယ်လို့ ကို မရှိခဲ့ဘူး ။ ဒါဟာ စစ်တပ်က စစ်တိုက်ချင်လို့ ၊ စစ်ဗိုလ်ချုပ်ကြီးတွေက စစ်တိုက်ချင်လို့ လို့ ထင်ရင်တော့ မှားလိမ့်မယ် ။ မြန်မာ့သမိုင်းကို က တောင်းဆိုခဲ့တာ ။
ရှေ့ က ရဲဘော်ကို ကြည့်လိုက်ဦး ။ လွယ်ထားတဲ့ အီကွေးမန့် က သံကွင်းတွေပြုတ်လို့ ဒီတိုင်းချည်ထားရတယ် ။ ဝတ်ထားတဲ့ စစ်ဝတ်စုံ က မင်္ဂလာဒုံချုပ် (၇၅၀၀) တန်ယူနီဖောင်း ။ သူ နဲ့ ကွက်တိ မဟုတ်ပဲ ကြီးနေလို့ ခါးပတ်ဝတ်ပြီးဆွဲတင်ထားရတာ ကဖင်ရှုံ့နေတယ် ။ ဈေးပေါပေါနဲ့ ဝယ်ထားရတဲ့ ယူနီဖောင်းမို့ ဘောင်းဘီအိတ်ကပ် က စ ပုံမကျ ပန်းမကျ ရှုံ့တွနေတယ် ။
သိပ်အများကြီး မမျှော်လင့် မိပါဘူး ။ စစ်တိုက်ဖို့ တကယ်လိုအပ်တဲ့ ၊ အီကွတ်မန့် ၊ ယူနီဖောင်းလေးတွေကိုတော့ ရဲဘော်တိုင်း ၊ စစ်သည်တိုင်း ကောင်းကောင်းလေး ရှိစေချင်မိတယ်။
ဦးပိုင်ကြီး ဖျက်ချင်ရင်လည်းဖျက်ကြပါ ။ ရဲဘော်တိုင်း ၊ စစ်သည်တိုင်း ကို လစာမဟုတ်ပါဘူး.. စစ်ဝတ်တန်ဆာ ၊ လူချင်းတူတူ အထောက်ပံ့ ပေးနိုင်စေရမယ်လို့ အာမခံ တဲ့ အစိုးရ အဖွဲ့ ၊ နိုင်ငံရေးသမားများရှိရင် သိပ်ကောင်းမှာပဲ ။
အတော်များများ က တော့ စစ်ခွေးလို့ ခေါ်ကြတယ် ။ မနာပါဘူး ။ စစ်ခွေးဆိုရင်တောင် မွဲ ဝဲစားနေတဲ့ ခွေးဝဲစားတွေပါ ။ အဲဒီ စစ်ခွေးဝဲစားတွေ က မြည်းဆံတဖားဖား ၊ လည်ဆန်တဖွားဖွား ၊ အသံအောင်အောင် နဲ့ ဟောင်တတ်မှာမဟုတ်ဘူး ။ တိုင်းပြည်တွက် လိုအပ်လာရင်တော့ အသေခံ ကိုက်နေကြဦးမှာ ပါ ။
ခါးချိနေတဲ့ စစ်သည်က နိုင်ငံသားတို့ရဲ့ ဘဝလုံခြုံ မှုကိုဆွဲလို့ ၊ နိုင်ငံရဲ့ အနာဂါတ်ကတော့ စိုးရိမ်နေတဲ့ မျက်ဝန်း နဲ့ ခနော်နီခနော်နဲ့ စစ်ဝတ်တန်ဆာ ကို အားကိုးတကြီးဆွဲနေရှာတယ်။
တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၁၁
0
0
" တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၁၁ "
------------------------------------------------------------------
၁၉၉၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ မှာ…
နော်ဝေးနိုင်ငံက ကော်မတီတစ်ခုဟာ….
သူတို့ ရဲ့  လုပ်မြဲတာဝန်အတိုင်း …..
ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်…….
အမှန်ကတော့ ......
ဒီကြေငြာချက်ဟာ ……
၁၉၀၁ ခုနှစ်ထဲက နှစ်စဉ် ထုတ်ပြန်နေကြ ကြေငြာချက်ဖြစ်ပေမယ့် …….
ဒီတစ်ကြိမ်မှာတော့ …….
အရှေ့ တောင် အာရှက လူသိပ်မသိတဲ့ လှတဲ့  နိုင်ငံတစ်ခုရဲ့ ရှေ့ ခရီးကို ……
အတော်ကို ဂယက်ရိုက်ခတ် သွားစေခဲ့ ပါတယ်……။
ဒီလို မျိုး …….
နေအိမ်မှာ အကျယ်ချုပ်နဲ့  ထိန်းသိမ်း ခံထားရတာ …….
နှစ်နှစ် လောက်ရှိနေပြီ ဖြစ်တဲ့  အတိုက်အခံခေါင်းဆောင်ကို …..
ငြိမ်းချမ်းရေး နိုဘယ်ဆု ပေးအပ်လိုက်ခြင်းဟာ…….
တိုင်းပြည်အတွက်တော့……
အမှန်တကယ် ဂုဏ်ယူစရာကောင်းတဲ့ ဆုတစ်ခုဖြစ်ခဲ့ ပေမယ့် ……
၁၉၉၁ ခုနှစ် မြန်မာနိုင်ငံရဲ့  နိုင်ငံရေး အခြေအနေမျိုးအတွက်တော့ …..
သိပ်ပြီးအဆင်ပြေလှဦးမယ် မဟုတ်ပါဘူး …….
ဒါဟာ………
နောင် အနှစ်နှစ်ဆယ်ကြာ ဆက်လက်ဖြစ်ပွားတော့မယ့် ……
နိုင်ငံရေး စီးပွားရေး ပိတ်ဆို့ မှုများရဲ့  အစဖြစ်သလို…..
အတိုက်အခံပါတီ အနေနဲ့ လဲ …….
၂၆ နှစ် တံခါးပိတ်နိုင်ငံတစ်ခုရဲ့ စစ်ခေါင်းဆောင်တွေကို ……
ခေါင်းမာမာနဲ့ ဆက်လက် အန်တုဖို့ …..
အားသစ်လောင်းလိုက်သလို ရှိနေပြီ ဖြစ်ပါတယ်……။
အတိုက်အခံပါတီ နဲ့  ပြည်ပ အသံလွှင့် ဌာနတွေ က ….…..
ဒီဆုကို …….
လူ့ အခွင့်အရေးနဲ့ ဒီမိုကရေစီ ရဲ့ အောင်မြင်မှုလို့  ……
ဝမ်းသာအဲလဲ ကြေငြာချက်တွေ ထုတ်ပြန်နေခဲ့ ပေမယ့်….
ဆူပူမှုတွေနဲ့ မငြိမ်မသက်ဖြစ်မှုတွေကို ကြိုးစားထိန်းချုပ်နေရတဲ့ …..
စစ်အစိုးရတစ်ရပ်အဖို့ ကတော့ …..
ပြည်တွင်း နိုင်ငံရေး ပဋိပက္ခ တွေ ကို အရှိန်မြင့်လာအောင် ……
အချိန်ကိုက် မီးထိုးပေးခဲ့ တဲ့  ……..
ပြည်ပနိုင်ငံရေး စွက်ဖက်မှု တစ်ခုလို့ ပဲ ……
ရူမြင် သုံးသပ်ခဲ့ပါတယ်……။
ဒါပေမယ့် ….
တပ်မတော် အစိုးရ အတွက်တော့ …….
ဒီ ကာလဟာ ……..
အဆိုးရွားဆုံးအခြေအနေတွေက …….
လွန်မြောက်စ ပြုနေခဲ့ ပါပြီ……
၁၉၉၁ခု ဇန်န၀ါရီလ ၂၉ ရက်နေ့ မှာ ပြင်ဆင်ရေးဆွဲခဲ့ တဲ့  .......
ကုမ္ပဏီများ အက်ဥပဒေကြောင့် ……
ပက်စီကိုလာ အပါအ၀င် ......
နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေဟာ ……
မြန်မာပြည်ကို မြန်မြန်ဆန်ဆန်ပဲ ......
ဝင်ရောက်အခြေချနေပြီဖြစ်ပါတယ်……..။
တစ်ဆက်တည်းမှာပဲ ကံကြမ္မာဟာ ….
အတိုက်အခံပါတီကို မျက်နှာသာပေးခဲ့ တဲ့ နည်းတူ …..
တပ်မတော်အစိုးရကိုလည်း …….
ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ အလားတူ ဆုတစ်ခုကို ချီးမြှင့်ခဲ့ပါတယ်…….
အဲဒါကတော့…….
အမေရိကန် ဒေါ်လာ သန်းသောင်းကျော် တန်ဖိုးရှိတဲ့  ……
သဘာဝ ဓာတ်ငွေ့ လုပ်ကွက် အသစ်တစ်ခုကို ပေးအပ်လိုက်ခြင်းပါပဲ….
အဲဒီနောက်မှာတော့ ….
လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က ……..
စိတ်ကူးနဲ့ တောင် မှန်းဆ မကြည့်ခဲ့မိတဲ့ ဖွံ့ ဖြိုးမှုဟာ ……..
စပြီး အခြေချစ ပြုနေပါပြီ……..။
နိုင်ငံတကာ ကော်ဖီဆိုင်တွေ ……..
ဟော်တယ် မိုတယ် အင်း နဲ့  နိုက်ကလပ် တွေ…
မြန်မြန်ဆန်ဆန် ဖွံ့ ဖြိုး လာတဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေ………
ရာနဲ့ ချီပြီးပေါ်ပေါက်လာတဲ့  ပုဂ္ဂလိက ကုမ္ပဏီလီမီတက်တွေ …….
အလုအယက် ဖွင့်ဖို့ ကြိုးပမ်းလာတဲ့  ပုဂ္ဂလိက ဘဏ်တွေဟာ……
နိုင်ငံရဲ့ ပြိုလဲလုနီးပါး စီးပွားရေးကို ……
အတိုင်းအတာတစ်ခုထိတော့ …….
ကျားကန်ပေးလိုက်နိုင်ပါပြီ ………။
ရှမ်းပြည်နယ် အရှေ့ မြောက်ဒေသမှာတော့…..
ကိုးကန့်  ၊ ၀ ၊ ရှမ်း နဲ့ အခါ လူမျိုးတွေ ပါဝင်တဲ့  ……
ဗကပ ခွဲထွက် အဖွဲ့  သုံးဖွဲ့ နဲ့ ……..
အပစ်အခတ် ရပ်စဲလိုက်နိုင်ပြီ ဖြစ်လို့ ……….
အဲဒီ..ဒေသ တစ်ခုလုံးဟာ ……..
သေနတ်သံစဲသလောက်ဖြစ်သွားပါတယ် ………။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အနေနဲ့ …
အဲဒီဒေသမှာ တိုင်းရင်းသား အဖွဲ့ တွေကို ……
လွတ်လွတ်လပ်လပ် စီးပွားရေး လုပ်ကိုင်ခွင့်ပြုခဲ့ ရလို့ ….
ဘိန်း အထွက်နူန်း တိုးမြှင့်လာခဲ့ပေမယ့်…….
တပ်မတော် အစိုးရ အတွက်ကတော့……
ဒီဒေသတွေဟာ….
နဂိုကတည်းက အမည်းရောင် နယ်မြေတွေ ဖြစ်ခဲ့တဲ့အပြင်……
အစဉ်အဆက်လဲ…….
အစိုးရ အာဏာလွှမ်းမိုးခဲ့တဲ့ ဒေသတွေ မဟုတ်ခဲ့ တဲ့ အတွက် …….
သူတို့ အပေါ်တိုက်ရိုက်တာဝန်ရှိတယ်လို့ ……
ယူဆကြပုံ မရပါဘူး……..။
ဒါဟာ အနာဂတ် တရုတ် နဲ့  မြန်မာကြားက ………
ကြားခံ စစ်ဇုန်တစ်ခု ပြိုကျသွားတာ ဖြစ်သလို ……..
၁၉၉၈ ၀န်းကျင်လောက်မှာ ပြန်လည်ရပ်ဆိုင်းသွားမယ့်
ပြည်ပ ရင်းနှီးမြုပ်နှံမှု ဈေးကွက်နေရာကို ……
တွင်တွင် ကျယ်ကျယ် အစားထိုးတော့မယ့် …….
နယ်စပ် ကုန်သွယ်ရေးဒေသကြီး တစ်ခု …..
ပေါ်ပေါက်လာတာလို့ လည်း ဆိုနိုင်ပါတယ်……….။
ဒါပေမယ့် ….
ဒါတွေအားလုံးထက်……
တကယ့် တကယ်တန်း ပြောင်းလဲသွားခဲ့ တာကတော့......
မြန်မာ့တပ်မတော်ပဲ ဖြစ်ပါတယ်…. …..
တပ်မတော်ဟာ ……..
ခေတ်မီ တပ်မတော် အဖြစ် တည်ဆောက်ရေးဆိုတဲ့  စီမံချက်ကို ……..
အကောင်အထည် ဖော်နေခဲ့ ပါပြီ……..။
ဒီစီမံချက် အတိုင်း ……
၁၉၈၈ နဲ့  ၁၉၉၁ ခုနှစ်တွေမှာ……
တပ်မတော်ရဲ့ လှုပ်ရှား တိုက်ခိုက်ရေး တပ်မ အသစ်တွေ ဖြစ်တဲ့ ……
တပ်မ ၁၁ နဲ့ တပ်မ ၁၀၁ တို့ ကို စတင်ဖွဲ့ စည်းခဲ့ ပါတယ်……
ဒါဟာ နောက်ထပ် အသစ်ထပ်မံ ဖွဲ့ စည်းတော့မယ့် …..
တိုင်း စစ်ဌာနချုပ် ၄ ခု
ဒေသ အခြေချ တပ်မ ၇ ခု နဲ့  ……..
လှုပ်ရှား ခြေမြန်တပ်မ ၂၁ ခု တို့ ရဲ့  အစဖြစ်သလို….
အမြောက်တပ်မ ၁၀ မ……
သံချပ်ကာတပ်မ ၄ မနဲ့ …..
လေကြောင်းရန် ကာကွယ်ရေး စစ်တိုင်းကြီး ၆ တိုင်း တို့ ရဲ့ အကြိုကာလလည်း ဖြစ်ပါတယ်…….
၁၉၈၈ ခုနှစ်မှာ …..
အင်အား ၁၈၀, ၀၀၀ လောက်ပဲ ရှိတဲ့ တပ်မတော်ဟာ…..
အသစ်တည်ဆောက်လာတဲ့  …….
လက်နက် ခဲယမ်းမီးကျောက် စက်ရုံ တွေ…….
လေတပ်စခန်း အသစ်တွေ….
ခေတ်မီ တိုက်လေယာဉ် အုပ်စုတွေ….
သံချပ်ကာကား စက်ရုံ တွေ…...
ရေတပ် သဘောင်္ တည်ဆောက်ရေး အလုပ်ရုံတွေ နဲ့ အတူ …….
၁၉၉၆ ခုနှစ်မှာတော့…..
စစ်အင်အား ၄၀၀ , ၀၀၀ နီးပါးကို ရောက်ရှိလို့ နေခဲ့ ပါပြီ…….။
ဒါဟာ အနှစ် ၆၀ ပြည်တွင်း စစ်ကို …….
အနိုင် တိုက်ခိုက်လိုက်နိုင်ပြီလို့  အဓိပယ်ရသလို …….
အနာဂတ်ကာလမှာ ရင်ဆိုင်ရနိုင်တဲ့ …….
ဘယ်ပြည်နယ်ခွဲထွက်မှုမျိုး အတွက်မဆို …….
အသင့်ဖြစ်နေပြီဆိုတဲ့ သဘောလည်းဖြစ်ပါတယ်…….။
တနည်းအားဖြင့် ပြောရလျင်တော့…..
အပစ်အခတ်ရပ်စဲရေး မယူပဲ ကျန်ခဲ့တဲ့ …..
ကေအန်ယူ လွတ်မြောက်နယ်မြေ......
မာနယ်ပလောဌာနချုပ်နဲ့ …..
အရှေ့ တောင်အာရှရဲ့ ……
အကောင်းဆုံး ခံစစ်စခန်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ ……
ဝါးခသစ် စခန်းတို့  အတွက်……..
တိုက်ပွဲ ခေါ်သံလည်း ဖြစ်ပါတယ်……။
( အပိုင်း ၁၂ နောက်ရက် ဆက်တင်ပါမည် )
ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ .......... တဲ့လား
0
0
ကျွန်တော်က အထက(၂)မရမ်းကုန်းကျောင်းသားဖြစ်သည်။ RIT (ရန်ကုန်စက်မှုတက္ကသိုလ်)နဲ့ ကပ်လျက်ပေါ့။ ကျောင်းမှာ RIT မှ ဆရာများ၊ ၀န်ထမ်းများ၏ သားသမီးတော်တော်များများ ရှိသည်။ သူတို့အိမ်တွေလည်း မကြာခဏ ရောက်ဖူးသည်။  ဘောလုံးကွင်း(အဟောင်း)မှာတောင် ဘောလုံးကန်ဖူးသည်။ သည်တော့ RIT သည် ကျွန်တော်နှင့်မစိမ်း။ RIT ၀င်းဘေးက လမ်းမှာ သူငယ်ချင်းတစ်ယောက်အိမ်ရှိသည်။ သူ့အိမ်အပေါ်ထပ်မှကြည့်လျှင် RIT Bookshop (အဟောင်း) နှင့် အဆောင် A,B,C ရှေ့မှ ပန်းခြံကို အတိုင်းသားမြင်ရသည်။ တစ်နေ့သူ့အိမ်ရောက်နေတုန်း RIT ကျောင်းဖက်မှ ဆူညံအော်ဟစ်သံများ ကြားရသည်။ လှမ်းကြည့်လိုက်တော့ ကျောင်းသားတွေ ခုန်ပေါက်၊ကျွမ်းထိုးနေကြတာတွေ့သည်။ ဘာမှန်းမသိ။ နောက်တစ်နေ့ ၀င်းထဲကသူငယ်ချင်းတွေမေးရသည်။ စာမေးပွဲပြီးလို့တဲ့။
 သြော် စာမေးပွဲပြီးတာများ ဒီလောက် ပျော်ရသလား။ နားမလည်။ ဆယ်တန်းအောင်တော့ သည်ကျောင်းနှင့်ရေစက်ဆုံသည်။ ကားတစ်မှတ်တိုင် ပိုစီးရသည်ပေါ့။ ကျောင်းမတက်ခင် ပထမနှစ်အောင်သောကျောင်းသားကြီးတစ်ယောက်ဆီမှ စာအုပ်အဟောင်းများ သွားတောင်းသည်။ RIT တရားလည်းနာရသည်။ သူပေးသောသင်ခန်းစာများထဲတွင် ကျွန်တော့်အတွက် နားလည်ရခက်ခဲ့သော အကြောင်းအရာ၏ အဖြေပါလာသည်။ "ဟေ့ကောင် Chemistry ကတော့မင်း အမှတ် ၂၀ ဖိုးဖြေနိုင်ရင်ကံကောင်း"။ သူ့စကားသည် ကျွန်တော့်အတွက် မိုးကြိုးသွားဖြစ်သည်။ ကျွန်တော်က ဆယ်တန်းကို Chemistry ၄၈ မှတ် ဖြင့်အောင်လာသူဖြစ်သည်။ "ဘာမေးသလဲဆိုတာကိုတောင် မနဲဖတ်ရတယ်။ မင်း Tutorial နဲ့ Lab မှာ အမှတ်ရအောင်ယူထား”။ ကျွန်တော့်ခေါင်းထဲတွင် မိုးများခြိမ်းကာ၊ လျှပ်စီးများလက်လာသည်။ အင်း မိုးကြိုးပစ်ခံရတော့မယ်။ "မေးခွန်းက ဌာနမှုး ဒေါ်သောင်းခင်ကိုယ်တိုင်ထုတ်တာကွ"။ ဒေါ်သောင်းခင်… ဒေါ်သောင်းခင်…သည်နာမည်ကို အကြောက်တရားဖြင့် ကျွန်တော်စတင်ရင်းနှီးသွားခဲ့သည်။
ကျောင်းရောက်တော့ ဒေါ်သောင်းခင်သင်သော Section တွင် တည့်တည့်ကျသည်။ ပထမဆုံးစာသင်ချိန်တွင် ၀င်လာမည့် ဆရာမကို စောင့်ကြည့်မိသည်။ ပုပု၊ သေးသေး ဆရာမကြီးကိုမရယ်မပြုံးပုံစံဖြင့်တွေ့ရသည်။ ခါတိုင်းအချိန်များတွင်ဆူညံနေကြသော်လည်း ဆရာမကြီးဝင်လာပြီးလျှင် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ တစ်ဆင့်စကားဖြင့် သူ့အကြောင်းအားလုံးကြားဖူးနေကြမည် ထင်သည်။ ဒါတောင် နောက်ပိုင်းတွင် စကားခိုးပြောသော သုံးလေးယောက်ကို အတန်းထဲမှ မောင်းထုတ်ဖူးသည်။ အရေးအခင်းများနှင့် ပူးတွဲခဲ့သော ကျွန်တော်တို့၏ပထမနှစ်တွင် ဆရာမကြီး၏မေးခွန်းအရသာကို သိပ်မသိသာစေခဲ့။ သို့သော် ငယ်ကြောက်သည် ငယ်ကြောက်သာဖြစ်သည်။ ဒုတိယနှစ် အစပိုင်းတွင် ယောယိမ်းလိုက်၊ ဘသားယိမ်းလိုက်ဖြင့် မေ့ချင်ယောင်ဆောင်ထားခဲ့သော ဆရာမကြီး၏ ၀ရဇိန်လက်နက်ကို စာမေးပွဲနီးလာသောအခါ ကြောက်ချေးပါလာခဲ့ကြသည်။ Termရှည်ပြီးစာမကြေသောသည်နှစ်တွင်ဖြင့် ရေစုန်မျောရတော့မည့်အရေးကို တွေးရင်း အိမ်မရဖြစ်လာကြသည်။ အတန်းပြောင်းတက်ရသည့်တစ်နေ့ အခန်းထဲအ၀င် Blackboard ပေါ်မှစာသားများကို အားလုံးသတိထားမိကြသည်။ စာမကြေ၍ အိမ်မရသောကျောင်းသား၏ ရင်တွင်းဖြစ်ကဗျာ ဖြစ်သည်။ကဗျာက သည်လိုဖြစ်သည်။
"Chemistry မဟာ၊ ဤဌာနာမှာ၊ အလှဘုရင် ဒေါ်သောင်းခင်ဟု၊ နာမည်ကျော်ကြား၊ တီချာခင်ဗျား။ တီချယ့်တပည့်ကောင်း၊ ကျွန်တော်အပေါင်းတို့၊ Atomic Structure မသိပါ၍၊ Free Fall Motion ၊ မကျဆင်းရအောင်၊ သောင်းသောင်းသက်ညှာ၊ မေးခွန်းလွှာကို၊ ရိုးရိုးလေးသာ၊ မေးပါရန်။"
ဖတ်ပြီး အားလုံးကပြုံးစိစိဖြစ်ကုန်ကြသည်။ ကျွန်တော်လည်းသဘောကျသည်။ လက်ရှိသင်နေရသော Chemistry မှ Atomic Structure နှင့် Physic မှ Free Fall Motion ကိုပါအောင်ဖွဲ့ထားသည်။ စာမေးပွဲတိုင်းတွင် ရမှတ်ဖြင့် ခုံနံပါတ် ပြန်စီလေ့ရှိသော ကျောင်း၏အစဉ်အလာလည်းပါသည်။ ဘာပဲဖြစ်ဖြစ် ဆရာမကြီးဖတ်ပြီး သနားစိတ်ကလေးဝင်ကာ မေးခွန်းလျော့မေးရင်တောင်ကောင်းလေစွဟု ထင်မိသည်။ အချိန်တန်တော့ ဆရာမကြီးဝင်လာပါပြီ။ စာအုပ်တွေကိုစားပွဲပေါ်ချသည်။ ဘောဖျက်ကိုင်ကာ စဖျက်သည်။ ကဗျာမဖတ်မိပဲ ဖျက်မိရင်တော့ဒုက္ခဟုတွေးမိသည်။ Blackboard တစ်ခြမ်းကုန်၍ နောက်တစ်ခြမ်းအကူးတွင် ဆရာမကြီး သတိထားမိသွားသည်။ ဘာဖျက်ကိုင်ထားသောလက်သည် လေထဲတွင်ရပ်တန့်သွားသည်။ တစ်ခန်းလုံးလည်းငြိမ်ကျသွားသည်။ ဆရာမကြီးသည် ဘောဖျက်ကိုကိုင်ထားလျက် နောက်သို့နှစ်လှမ်းမျှ ဆုတ်ပြီး ကဗျာကိုဆက်ဖတ်သည်။ ဆရာမကြီးကဗျာဖတ်သောအချိန်သည် ထင်တာထက်ပိုကြာလွန်းသည်။ ထို့နောက် ရှေ့တိုးပြီး Blackboard မှစာအားလုံးကို ဖျက်လိုက်သည်။ ပြီးမှ ကျောင်းသားတွေရှိရာဖက်သို့ လှည့်ပါသည်။ အားလုံးရဲ့မျက်လုံးများက ဆရာမကြီးမျက်နှာဆီမှာသာ။ ကျွန်တော်ဆရာမကြီး၏မျက်နှာကို ပြန်လည်မဖေါ်ပြတတ်ပါ။ ၀မ်းနည်းသည်လား၊ ယူကြုံးမရဖြစ်သည်လား၊ ရေးရက်လေခြင်းဟု ဒေါသထွက်သည်လား၊ စေတနာကိုနားမလည်ဟု စိတ်ပျက်သည်လား၊ အဘယ်သို့တွေးနေသည်ကို ကျွန်တော်မသိပါ။ မျက်နှာကတော့ညှိုးနေသည်။ ဒါပေမယ့် ပြုံးရယ်ခဲသောဆရာမကြီးကပြုံးလျက် စကားဆိုပါသည်။ သူ့စာမေးပွဲမေးခွန်းတွေ၏ လားရာကို ရှင်းပြပါသည်။ သူမ၏ Chemistry ဘာသာကို တပည့်တွေတတ်စေချင်သော သူမ၏စေတနာကို အသေးစိတ်သိစေခဲ့ပါသည်။ ပြောနေရင်းမှ ခံစားချက်၏စေ့ဆော်မှုကြောင့် စကားတစ်ခွန်းကို လေးလေးနက်နက်ပြောပါသည်။ "ဒီနှစ် ဆရာမ မေးခွန်းကို သိပ်အခက်ကြီး မမေးပါဘူး" တဲ့။ နောက်တော့စာဆက်သင်ပါသည်။ ကျွန်တော်တော်တော် စိတ်မကောင်းဖြစ်မိပါသည်။ ကိုယ်ကအရေးမကြီးပါဘူး၊ ရယ်စရာမျှသာဟုသဘောထားခဲ့သော အရာတစ်ခုသည် သူတစ်ပါး (အထူးသဖြင့် ကိုယ့်အပေါ်စေတနာထားသည့်) သူ့အပေါ် မည်မျှသက်ရောက်သွားသည်ကို နောက်ကျမှ သိလိုက်ရသည်။ ကိုယ့်ကိုယ်ကိုလည်း အတွေးတိမ်ရန်ကော၊ အတ္တကြီးရန်ကောဟု အပြစ်တင်မိသည်။ ဆရာမကြီး၏မျက်နှာကိုလည်း ယနေ့ ၂၂ နှစ်ကြာသည်အထိမမေ့။ ထိုကဗျာကိုလည်း ဘယ်တော့မှ မမေ့ခဲ့ပါ။
ယခု ၂၂ နှစ်အကြာတွင် ဆရာမကြီး၏မျက်နှာမျိုးကို ကျွန်တော်စိတ်မကောင်းစွာ ထပ်မြင်ရပါသည်။ ဧရာဝတီ၏Onlineစာမျက်နှာပေါ်တွင်ဖြစ်သည်။ မော်တော်ကားပြူတင်းပေါက် မှန်ပေါ်တွင် လက်ထောက်လျက် ငေးကြည့်နေသော ထိုမျက်နှာဖြစ်သည်။ ထိုမျက်နှာသည် ကျွန်တော် ၂၂ နှစ်ကြာ မမေ့နိုင်ခဲ့သည် မျက်နှာမျိုးပင်ဖြစ်သည်။ ဘ၀တစ်ခုလုံးကို ပေးဆပ်လျက်၊ အသက်ကိုရင်းလျက်၊ လင်သားကိုအဆုံးရှုံးခံလျက်၊ ရင်မှဖြစ်သောသားတွေကိုပစ်လျက်၊ ဆယ်စုနှစ်ကျော်အကျဉ်းကျခံ၊ စစ်အစိုးရနှင့် သူ၏ဘက်တော်သား မီဒီယာပေါင်းစုံမှ နည်းပေါင်းစုံဖြင့် အဆဲခံ၊ အဆိုခံ၊ နာမည်အဖျက်ခံ၊ အသက်ကိုလုပ်ကြံခံလျက် သူချစ်သော သူမ၏အဖေ တည်ထောင်ခဲ့သည့် နိုင်ငံအတွက် သူယုံကြည်သောလမ်းစဉ်အတိုင်း မသွေဖီတမ်း လျှောက်လှမ်းလာသူတစ်ယောက်ဖြစ်သည်။ ထိုသူကို ဆိုင်းဘုတ်ကိုင်၍ ကြိုခဲ့ကြသည်။ "ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ" တဲ့။ သူမနှင့်ယုံကြည်ချက်တူသူများ လက်တွဲဖောက်ခဲ့ပြီးသော လမ်းတစ်ပိုင်းတစ်စတွင် အခန့်သားရပ်လျက် လမ်းဆက်ဖောက်နေသော သူမကိုလမ်းပေါ်မှ ပြန်တွန်းချနေကြသည်။ သူမ၏စကားလုံးများ၊ အစီရင်ခံစာများ၏ အနှစ်ကိုမယူပဲ အပေါ်ယံတွေးလျက် အပြစ်ကိုသာယူနေကြသည်။ သူမ မရှိခဲ့လျှင်…သူမနေရာကို ဘယ်သူနှင့်အစားထိုးမလဲ ဟုမတွေး။ သူမ ငါတို့အတွက်အခုဘာလုပ်ပေးမလဲ ဟုသာတွေးသည်။ ဟိုတစ်ချိန်တုန်းက ကိုယ့်ကိုစာတကယ်တတ်အောင်၊ စာကျက်စာဖတ်ဖြစ်အောင် တွန်းအားပေးနေသည်ကို မတွေး၊ မိမိ စာမေးပွဲအောင်ရေး၊ ခုံနံပါတ်မကျဆင်းရေးသာ အဓိကထားပြီး ကဗျာတစ်ပုဒ်ဖြင့် ဆရာမကြီး၏ အသည်းနှလုံးကိုဓါးဖြင့်မွှန်းခဲ့သည့်နည်းအလားယခုလည်း ကြွေးကြော်သံတစ်ခုဖြင့် သူမ၏နှလုံးသားကို ရင်ထဲမှ အပြင်ဆွဲထုတ်ပစ်ချင်နေကြသည်။
သြော်…."ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ" တဲ့။
ဆရာမကြီးကတော့ သူ့ချစ်တပည့်များကို ယဲ့ယဲ့ပြုံးလျက် ရှင်းပျြနိုင်ခဲ့ပါသည်။ သည်လိုဆိုရင် သူမကကော….။ လွန်ခဲ့သည့်နှစ်ရက်က ကျွန်တော် Share ခဲ့သည့် Facebook က ကိုစိုးထိုက်ရဲ့ စကားကို ပြန်သတိရမိပါသည်။
"ပြဿနာတွေ အများကြီး ထပ်ပြီး ရှုပ်ထွေးသွားနိုင်တဲ့ မူဝါဒတစ်ခုကို သူ ကန့်ကွက်တာ မှားတယ်လို့ ကျွန်တော်တော့ မထင်ဘူး။ ဘာဖြစ်လို့ဆိုတော့ သူဟာ ပြသနာတစ်ခုကို အရင်းအမြစ်ထိရောက်အောင် လိုက်ရှာပြီးမှ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်မှာကို အမြဲယူလာပေးနိုင်ခဲ့သူလို့ ကျွန်တော် အမြဲယုံကြည်နေခဲ့လို့ပဲ။ ခင်ဗျားတို့တတွေ သူ့ကို ဆဲဆိုနေတာကို သူဟာ ပြုံးပြီးကြည့်မနေနိုင်ရင်တောင် မျက်နှာညှိုးငယ်စွာနဲ့ ထိုင်ကြည့်နေမယ့်သူလို့ ကျွန်တော်ယုံကြည်ထားလို့ပဲ။"
ကျေးဇူးတင်ပါသည်ကိုစိုးထိုက်ခင်ဗျား။
၃၀.၅.၂၀၁၃
တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၁၂
0
0
" တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၁၂ "
-------------------------------------------------------------
၁၉၉၅ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့  မှာ …….
ပွိုင့် ၄၀၄၄ ခွေးအိပ်တောင် စခန်းက ……
အမှတ် ၆ အမြောက်တပ်ရင်း တပ်ရင်းမှူးဟာ ……
စ ပစ်…..ဆိုတဲ့ အမိန့် သံ တစ်ခုကို ……
ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်…..။
ဒီ အမိန့် ပေးသံ ဟာ …
မာနယ်ပလော ဒေသ တိုက်ပွဲစဉ်တွေရဲ့ အစ ဖြစ်သလို ….
၁၉၉၂ ခုနှစ် ဧပြီ ၂၈ ရက်နေ့ မှာ ……
တပ်မတော်က တစ်ဖက်သတ်ရပ်စဲပေးခဲ့ တဲ့ ……
အပစ်အခတ်ရပ်စဲရေးရဲ့ အဆုံးသတ် လည်းဖြစ်ပါတယ်………
တိုင်းရင်းသားအဖွဲ့  ၁၃ ဖွဲ့ နဲ့ …
အပစ်အခတ်ရပ်စဲရေးအောင်မြင်သွားတဲ့ …..
တပ်မတော် အစိုးရဟာ….
ဒီ ထိုးစစ်မဆင်မီ ကာလအတွင်းတော့……
နိုင်ငံတကာ သံခင်း တမန်ခင်း ဆောင်ရွက်ချက် တွေမှာ …..
သိပ်အဆင်ပြေ လှတယ် မဟုတ်ပါဘူး….
နေအိမ် အကျယ်ချုပ်နဲ့ အတိုက်အခံပါတီခေါင်းဆောင်ကို ….
နိုဘယ်ဆု ချီးမြှင့်လိုက်ပြီးတဲ့ နောက်မှာ….
ပြည်ပနိုင်ငံ အတော်များများမှာ …..
သွားရောက်စုစည်းမိကြတဲ့ ......
အတိုက် အခံ အင်အားစုတွေဟာ…
တစ်နေ့ တစ်ခြားတိုးပွားလို့ လာနေပါတယ်…..။
သူတို့ ထဲမှာ ……
မဆလပါတီ လက်ထက်ကတည်းက ……
ရောက်ရှိ အခြေကျနေတဲ့ သူတစ်ချို့ ပါဝင်ပေမယ့် ……
အများစုကတော့ ၈၈ အရေးအခင်းရဲ့ မျိုးဆက်တွေဖြစ်ပြီး ….
နည်းလမ်း အမျိုးမျိုးနဲ့  ပြည်ပကိုရောက်ရှိ စုစည်းမိလာလို့ ....
အသင်းအဖွဲ့ များအနေနဲ့ ရပ်တည်လာကာ……
နိုင်ငံခြားသားအချို့ ပါ ပါဝင်လာခဲ့ ပါတယ်…….
သူတို့ ရဲ့ တူညီတဲ့ ရည်မှန်းချက် ကတော့….
အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းများက…
တပ်မတော် အစိုးရအပေါ် ဖိအားပေး ပိတ်ဆို့ မူ တွေ ပြုလုပ်ပြီး……
အစိုးရ ပြုတ်ကျသွားစေဖို့ ပါပဲ…….။
၁၉၉၂ သြဂုတ် ၄ ရက်နေ့ မှာ ……
ကေအန်ယူအဖွဲ့ က ဦးစီး ဖွဲ့ စည်းပေးခဲ့ တဲ့  NCUB ဟာ …….
အရင် ရှိနှင့်ပြီးသား ……
DAB , NDF , NLD ( LA ) , NCGUB တို့ ကိုစုစည်းပြီး ……
ပြန်လည် တည်ထောင်ခဲ့ တာဖြစ်ပေမယ့် ……
သူ့ ရဲ့ နိုင်ငံရေး အံတုမူ ကော်မတီ က ထိုးနှက်ချက်တွေဟာ ……
တပ်မတော် အစိုးရ အဖို့ တော့……
အတော့်ကို စိတ်အနှာင့်အယှက် ဖြစ်ဖွယ် ကောင်းခဲ့ ပါတယ်…..။
၁၉၉၄ မတ်လ ၂၃ ရက်နေ့ က နေ......
ဇွန်လ ၁၅ ရက်နေ့  အတွင်းမှာတော့ …..
ကေအန်ယူက ဗိုလ်ချုပ်မြ ကိုယ်တိုင် အမေရိကန်ကို သွားရောက်ခဲ့ပြီး .....
Carter Center မှာ …..
အချက် ၇ ချက်ပါတဲ့  စာတမ်းတစ်စောင်ကို တင်သွင်းခဲ့ ပါတယ်….
ဒီ စာတမ်းရဲ့ တောင်းဆိုချက်ကတော့ ……
အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည်အပေါ် …….
ပိတ်ဆို့ အရေးယူ့မှု တွေ ပြင်းပြင်းထန်ထန်ဆောင်ရွက်ပေးဖို့ ပါပဲ……
ဒါဟာ…မြန်မာနိုင်ငံအပေါ်…..
မကြာခင် ပြင်းပြင်းထန်ထန် ပိတ်ဆို့ ခံရတော့မယ့် …..
နိုင်ငံတကာက ......
နိုင်ငံရေး စီးပွားရေး ပိတ်ဆို့ မှုတွေရဲ့ …..
အကြောင်းခံ တစ်ခုလဲ ဖြစ်ပါတယ်….။
၁၉၉၅ ခု ဇန်န၀ါရီလ ၂၂ ရက်နေ့ 
ည ၁၀ နာရီ ၀န်းကျင်လောက်မှာ…..
ရှေ့ တန်း အမှတ် ၆၆ ခြေမြန်တပ်မ ရဲ့ .....
လက်အောက်ခံ တပ်ရင်းတွေဟာ …
သံလွင်မြစ်ကို နေရာသုံးခု ကနေ …..
တစ်ဟုန်ထိုး ဖြတ်ကျော် ၀င်ရောက်လျက် ရှိသလို…..
ရှေ့ တန်း အမှတ် ၂၂ ခြေမြန်တပ်မက တပ်ရင်းတွေကတော့….
အရှေ့ တောင် အာရှရဲ့ နာမည်ကျော် နော်တ ခံစစ်ကြောင်း ကို….
တလကြမ်း ၀င်ဆောင့်ဖို့ ချီတက်နေပါပြီ……
တပ်မ ၂၂ ရဲ့ အောက်ဘက် မိုင် ၄၀ ခန့် အကွာမှာ....
ရှေ့ တန်း အမှတ် ၄၄ ခြေမြန်တပ်မဟာ ....
ပိန်းပိတ်မှောင်နေတဲ့ ကြားကပဲ
ဝါးခသစ်စခန်းရဲ့ ရှေ့ မျက်နှာစာတည့်တည့်ကနေ....
မိုင်ကွင်းနဲ့ ခြံစည်းရိုး အတားအဆီးတွေကို
ထိုးဖောက်ဝင်ရောက်နေခဲ့ပြီး...
ည ၁၁ နာရီချိန်မှာတော့ .
စည်းရိုး ခြောက်ထပ်ကို....
ဖျက်ဆီးဝင်ရောက်နေပြီ ဖြစ်ပါတယ်...
ဒါဟာ သုံးနှစ်နီးပါး ကမ်းလှမ်းခဲ့တဲ့ ……
အပစ်အခတ် ရပ်စဲရေး ငြင်းပယ်မှုရဲ့  ရလာဒ် ဖြစ်သလို ….
၁၉၉၄ ဒီဇင်ဘာ ၁ ရက်နေ့ မှာ …..
ကေအန်ယူက ခွဲထွက်လာတဲ့  ဒီကေဘီအေ အဖွဲ့ ကို …..
ဝင်ရောက် အကာအကွယ် ပေးခြင်းလဲဖြစ်ပါတယ်……။
၂၃.၁၁.၉၄ ရက်နေ့ မှာ ……
မြစ်ဆုံဒေသ သုမွဲထကျေးရွာမှာ တည်ထားတဲ့ …..
ဖောင်တော်ဦး စေတီနဲ့  ပတ်သက်ပြီး …
ဗိုလ်ချုပ်မြ ရဲ့ ဖိအားပေးခြင်းကို ခံရတဲ့ မြိုင်ကြီးငူ ဆရာတော်ဟာ …..
သာသနာပြု လုပ်ငန်းများ ရပ်ဆိုင်းပြီး ……
မြိုင်ကြီးငူဒေသကို ပြန်ကြွသွားခဲ့ ပါတယ်…….
ဆရာတော်ကို ဖူးမျှော်ဖို့ ရောက်လာတဲ့ 
ကေအန်ယူ တပ်ရင်း ၂ မှ …..
ဒုတပ်ရင်းမှူး ကျော်ဟဲ နဲ့  ရဲဘော်များဟာ…
ဒီအဖြစ်အပျက်ကြောင့် …..
မြိုင်ကြီးငူဒေသထိ ချီတက်သွားပြီး…..
မြိုင်ကြီးငူနဲ့ သော်လဲထ စခန်းကြား သံလွင်မြစ်ရိုးကို ....
ကေအန်ယူ တပ်ဖွဲ့ တွေကို ၀င်ခွင့်မပေးတော့ပဲ ......
စတင်ပိတ်ဆို့ ထားလိုက်ပါတယ်…....။
မကြာခင်ပဲ ……
ကေအန်ယူ တပ်မဟာ ၁ ၊ တပ်မဟာ ၆ နဲ့  တပ်မဟာ ၇ က …..
အင်အားများပါ ပူးပေါင်းပါဝင်လာပြီး ……
၁၉၉၄ ဒီဇင်ဘာ ၁ ရက်နေ့ မှာ....
DKBA အဖွဲ့ ကို စတင်ဖွဲ့ စည်းခဲ့ ပါတယ်…….
၁၉၉၅ ဇန်န၀ါရီ ၅ ရက်နေ့ မှာတော့ …..
ကေအန်ယူ တပ်ဖွဲ့ တွေဟာ …..
အင်အား အလုံးအရင်းနဲ့  …..
ဒီကေဘီအေ အဖွဲ့ ကို ထိုးစစ်ဆင် ချေမှုန်း နေပြီဖြစ်ပါတယ်…..။
သံလွင်မြစ်ကို ဖြတ်ကူးလာတဲ့  .....
အမှတ် ၆၆ ခြေမြန်တပ်မ ဟာ……
မြောက်ဘက် စစ်မျက်နှာမှာ ပွိုင့် ၁၈၀၁ …..
တောင်ဘက် စစ်မျက်နှာမှာ ဘော်နော် စခန်း နဲ့ ….
အလယ်တည့်တည့်ကတော့ ဆင်ဖြူတောင် စခန်းများကို …
တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီး …..
နော်တခံစစ်ကြောင်းကို ထိုးဖောက်နေတဲ့ …
တပ်မ ၂၂ ရဲ့ တပ်ရင်းတွေ ကတော့ …
နော်တ ခံစစ်ကြောင်း ရဲ့ စစ်ဗျူဟာ အရေးကြီးမြေ
ကျောက်တောင်ကုန်းစခန်းကို စီးနင်းသိမ်းပိုက်လိုက်ပါတယ်….
ဒီစခန်းကျဆုံးသွားတဲ့ အတွက်……
နော်တခံစစ်ကြောင်းက ခံစစ်စခန်း အများအပြားဟာ….
တပ်မ ၂၂ တိုက်ခိုက်ရေး တပ်ရင်းတွေရဲ့ …
ဝင်ရောက် လုံးထွေးမှုကို ခံကုန်ရပြီး…….
၂၅ ရက်နေ့ မှာတော့ ......
အဓိက ခံစစ်ဖြစ်တဲ့  .....
ကြယ်ပြောင်ကုန်း စခန်း ကျဆုံးသွားခဲ့ ပါတယ်…..။
ညနေ ၄ နာရီ ၃၀ ချိန်မှာတော့ ခံစစ်ကုန်းအားလုံး နဲ့ ……
ABSDF ရင်း ၂၀၇ ဌာနချုပ် အပါအ၀င်…
နော်တ ခံစစ်ဒေသကြီး တစ်ခုလုံးဟာ….
အမှတ် ၂၂ ခြေမြန်တပ်မရဲ့  ……
ချေမှုန်း သိမ်းပိုက်မှုကို ခံလိုက်ရပါပြီ……။
မာနယ် ပလော ဌာနချုပ်ကို ချီတက်နေတဲ့ တပ်မ ၆၆ ကတော့…….
၂၅ ရက်နေ့ တစ်ရက်လုံးလုံး .....
အပြင်းအထန်တိုက်ခိုက်နေရပြီး......
၂၆ ရက်နေ့ မှာ…….
ပွိုင့် ၅၉၅ တောင်ကုန်း နဲ့ ချောင်းဆုံတောင်ကုန်း တို့ ထိ …..
ဝင်ရောက်တိုက်ခိုက် နေရာယူ ထိန်းချုပ်လိုက် နိုင်ခဲ့ပါတယ်…..
တစ်ဆက်တည်းမှာပဲ ……
သောင်ရင်းမြစ်အနောက်ဘက် ပွိုင့် ၉၁၃ စခန်းနဲ့  ……
ပွိုင့်  ၁၂၃၈ စခန်းဘက်က ချီတက်လာတဲ့ စစ်ကြောင်းများဟာ ……
နေရာသုံးခုကနေ .....
တစ်ပြိုင်တည်း ထိုးဖောက် ၀င်ရောက်လာပြီး ……
မာနယ်ပလောကို အပြင်းအထန်တိုက်ခိုက်ပါတော့တယ်…..
၂၇.၁.၉၅ ရက်နေ့ ညနေ ၅ နာရီ ၂၅ မှာတော့ ……
ကေအန်ယူတို့ ရဲ့  လွတ်မြောက်နယ်မြေ……
မာနယ်ပလော ဗဟိုဌာနချုပ်တစ်ခုလုံးဟာ ….
တပ်မ ၆၆ ရဲ့ သိမ်းပိုက်ချေမှုန်းခြင်း ခံလိုက်ရပါပြီ…..။
မြစ်အောက်ဘက် မိုင် ၄၀ လောက်အကွာမှာ
တိုက်ပွဲဝင်နေတဲ့ ...
အမှတ် ၄၄ ခြေမြန်တပ်မဟာ......
စခန်းသိမ်း တိုက်ပွဲ စတင်တာနဲ့  တစ်ပြိုင်နက်
တပ်မရဲ့  အမာဆုံး တပ်ရင်းများကို ရွေးထုတ်ပြီး....
ဘယ်ဘက်စစ်မျက်နှာစာမှာ တပ်ရင်း ၂ရင်း ...
ညာဘက် စစ်မျက်နှာစာမှာ တပ်ရင်း ၂ ရင်း....
စုစုပေါင်း တပ်ရင်း လေးရင်းနဲ့ ....
တပ်ဖြန့် ဖို့ ခက်ခဲလှတဲ့  ....
ဝါးခသစ် စခန်းရဲ့ အိုမီဂါ ပုံ မျက်နှာစာကို ...
တစ်နေကုန် အကြိမ်ကြိမ် .....
ဇွဲနပဲကြီးစွာနဲ့  ၀င်ဆောင့်နေခဲ့ ပါတယ်....
အကျအဆုံးဟာ ကြောက်ခမန်းလိလိ များပြားလှပေမယ့်...
သူရဲမရဲ စီးသလို
အကြိမ်ကြိမ် လှံစွပ်ထိုးနေတဲ့ စစ်သည်တွေကြောင့်....
ညနေ သုံးနာရီ ၀န်းကျင်မှာတော့...
ရန်သူ့ ခံစစ်ဟာ လုံးဝ ပြိုလဲသွား ခဲ့ ပြီး
စစ်ကြောင်းနှစ်ခုလုံးဟာ....
ဘန်ကာများအားလုံးကို လှံစွပ်ထိုး သိမ်းပိုက်လိုက်ပါတယ်....
တပ်မ ၄၄ဟာ ...
ဝါးခသစ် စခန်းကို ....
ထိုက်ထိုက်တန်တန်...
သိမ်းပိုက် ရ၇ှိသွားခဲ့ပါပြီ....။
ဒီကျဆုံးမှု ဟာ …..
ကေအန်ယူ အဖွဲ့ အတွက်တော့…….
မြန်မာပြည်တွင်းမှာရှိတဲ့ ……
နောက်ဆုံး အခြေစိုက်စခန်းကို လက်လွှတ်လိုက်ရတာ ဖြစ်သလို…..
အနာဂတ်ကာလမှာ……
ဘယ်လို စစ်ရေးလှုပ်ရှားမှု ကြီးကြီးမားမားကိုမှ …..
ဆက်လက် လုပ်ဆောင်နိုင်ခြင်း မရှိတော့မယ့် …..
အခြေအနေလဲ ဖြစ်ပါတယ်…….
ဒေါနမြေက သေနတ်သံတွေကတော့ ……
အတော်အတန် စဲသွားခဲ့ပြီဖြစ်ပြီး……
တပ်မတော် အနေနဲ့ ..….
သမိုင်းမှာ ဘယ်တုန်းကမှ မရခဲ့ ဖူး ဘူးတဲ့ …..
အသာစီးအနေအထားကို …….
ရရှိသွားပြီလဲ ဖြစ်ပါတယ်…….…။
( အပိုင်း ၁၃ နောက်ရက် ဆက်တင်ပါမည် )
— with James Mint and 61 others.
ကျွန်တော်သိသော တိုတိုထွာထွာဥပဒေ
0
0
Photo: ကျွန်တော်သိသော တိုတိုထွာထွာဥပဒေ (တပ်မတော်သို့ဝင်ခြင်းနှင့် ထွက်လိုသူများအတွက်)   ဒီအကြောင်းတွေ ရေးချင်တာကြာပေမယ့် မင်းက ဖွတာလား။ တပ်တွင်း စည်းရုံးရေးပျက်ပြားအောင်လုပ်တာလား…ဘာလား…ညာလား စွပ်ဆွဲချက်တွေ ထွက်မှာဆိုးတာနဲ့ မရေးဖြစ်ခဲ့တာပါ။  ခုတော့ တပ်ပိုင်းဆိုင်ရာတွေ တော်တော်များများ Facebook မှာ တွေ့လာရတော့ တပ်ထဲဝင်ချင်သူတွေနဲ့ တပ်ထဲက တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်များသိထားသင့်တယ်ထင်လို့ ရေးလိုက်ရတာပါ။ ဒီမှာမေးလာစရာ ရှိပါတယ်။ မင်း ဥပဒေဘယ်လောက်သိလဲ။ ဟုတ်ကဲ့ ကျွန်တော် သိထားသင့်တဲ့အရာပဲ သိပါတယ်။ ပြောရရင်တော့ ကျွန်တော်မှန်မှန်ကန်ကန်နေတယ်။ ရိုးသားစွာနေတယ်။ ဒီတော့ မကောင်းမှုဆိုတာကို ကျူးလွန်ဖို့မဖြစ်နိုင်ပါဘူး။ ဒီတော့ ဥပဒေနဲ့ခပ်ကင်းကင်းပါပဲ။ ဥပဒေမှာ ကျွန်တော်တို့ကို ကာကွယ်ပေးထားတာတွေကိုတော့ ပေါင်းထားရတာပေါ့။  တစ်ခုတော့ရှိပါတယ်။ ဆောက်မြင်ကပ်ပုဒ်မတပ်ပြီး လုပ်ရင်တော့ခံရမှာပေါ့လေ…   ကဲပါလေ ကျွန်တော်သိတာလေးတွေက.. ၁။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်။  လက်ရှိအခြေအနေအရ နိုင်ငံသားတိုင်းစစ်မှုထမ်းဆောင်ရန်မလိုအပ်သေးသော်လည်း စစ်ပညာတော့ တတ်ထားသင့်သည်ဟု ထင်ပါသည်။ ၂။ စစ်မှုထမ်းဆောင်ရန် တပ်မတော်သို့စတင်ဝင်ရောက်စဉ် စစ်မှုထမ်းအဖြစ်စာရင်းသွင်းပုံစံ၊ ပုံစံအမှတ်(၁) စစ်မှုထမ်းစည်းကမ်းချက်များအား သဘောတူညီကြောင်း လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုရပါသည်။ ၄င်းစာချုပ်   အပိုင်း(၁)၊ အပိုဒ် ၁။(ဒ)တွင် “ သင်သည် တပ်မတော်တွင် အနည်းဆုံးအချိန်ပြည့် စစ်မှုထမ်းသက်(၅)နှစ်ထမ်း ဆောင်ရမည်။  အချိန်ပြည့် စစ်မှုထမ်းသက်(၅)နှစ် ထမ်းဆောင်ပြီးနောက် နှုတ်ထွက်ခွင့်ရယူနိုင်သည်။ ဆက်လက် အမှုထမ်းဆောင်လိုပါက အရန်စစ်မှုထမ်းသက်(၅)နှစ်ကို လက်ရှိအဆင့်၊ လက်ရှိအတန်းဖြင့် ဆက်လက်ထမ်းဆောင် နိုင်သည်။”  ဟုဖော်ပြထားပါသည်။ စစ်မှုထမ်းနှစ်အကန့်အသတ်မှာ (၅)နှစ်ဖြစ်ပါသည်။ (၅)နှစ်ပြည့်မြောက်ပြီးပါက ဆက်လက်ထမ်းဆောင်လိုလျှင် ထမ်းဆောင်နိုင်ပြီး မထမ်းဆောင်ချင်ပါက (၅)နှစ်ပြည့်ပြီးလျှင် ထွက်ခွင့်ရရှိနိုင် ပါသည်။ ထွက်ခွင့်ပေးရမည်ဖြစ်ပါသည်။ (တကယ်ထွက်ရခြင်း မရခြင်းတော့ ကျွန်တော်အာမ မခံပါခင်ဗျား) ၃။ ၁၉၆၀ ပြည့်နှစ်၊ တပ်မတော်နည်းဥပဒေ ၁၁။(၁)တွင် “ ထွက်ခွင့်ပေးရာ၌ နှောင့်နှေးကြန့်ကြာမှုမရှိစေခြင်း။ အက်ဥပဒေကို လိုက်နာရသော စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတိုင်းသည်၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းခြင်း ဆိုင်ရာစည်းကမ်းချက်များအရ ထွက်ခွင့်ရထိုက်လျှင် ရထိုက်ချင်း ၄င်းအား ဆောလျင်နိုင်သမျှ ဆောလျင်စွာထွက်ခွင့် ပေးရမည် ” ၄။ ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ ၂၀။ တွင် “ အငြိမ်းစားပေးခြင်း၊ သို့တည်းမဟုတ် ထွက်ခွင့်ပေးခြင်း။ ဤဥပဒေကို လိုက်နာရသူတစ်ဦးဦးအား၊ သတ်မှတ်ထားသည့် အာဏာပိုင်က သတ်မှတ်ထားသည့်နည်းလမ်းအရ စစ်မှုထမ်းခြင်းမှ အငြိမ်းစားယူခွင့်၊ သို့တည်းမဟုတ် ထွက်ခွင့်ပေးနိုင်သည်။ ”   ကျွန်တော်သိသော တပ်မတော်ထဲကဥပဒေပါ။ ပြီးတော့… ၅။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အပိုဒ်ခွဲ(၃၅၉)တွင် “ နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကို ခံရသဖြင့် အလုပ်ဒဏ်ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့် အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည် ” ၆။ နိုင်ငံတကာလူ့အခွင့်အရေး ကြေညာစာတမ်း အချက် ၃၀  အပိုဒ် ၃ တွင် “ လူတိုင်းအသက်ရှင်ရန် လွတ်လပ်မှု ခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။”  အပိုဒ် ၂၀ (၂)တွင် “ မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ဝင်စေရန် အတင်းအကြပ်မပြုရ” အပိုဒ် ၂၃ (၁)တွင် “လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သောအလုပ်ခွင်၏ အခြေအနေကိုရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။ ”    တပ်မတော်အတွင်းသို့ ၀င်ရောက်ပြီးသူများအား စစ်မှုထမ်းသတ်မှတ်ချက် နှစ်အကန့်အသတ်ပြည့်မြောက် ပြီးပါက မိမိသဘောဆန္ဒအလျှောက် နှုတ်ထွက်ခြင်းအား ဆက်လက်ထမ်းဆောင်စေခြင်းသည် မဖြစ်ထိုက်ပါ။ တပ်မတော်သားဆိုသည်မှာ ပြည်သူမှ မွေးဖွားခဲ့သည့် ပြည်သူ့သားများပင်ဖြစ်သည်။  ပြည်သူ့သားများသည် ပြည်သူ လူထု“ အသက်အိုးအိမ်စည်းစိမ်အတွက် ကာကွယ်စောင့်ရှောက်ရန် တပ်မတော်သို့ဝင်ရောက်ခဲ့ပြီး ပြည်သူလူထုနှင့်အတူ လက်တွဲနိုင်ရန် အတူတကွလုပ်ကိုင်နိုင်စေရန် ပြည်သူလူထုအတွင်း ပြန်သွားလိုကြမည်ဖြစ်သည်။  တပ်မတော်သားများ ရသင့်ရထိုင်သောအခွင့်အရေး ရရှိစေရန်နှင့် တပ်မတော်ဆိုလျှင် ဝေဖန်အပြစ်တင်သူများ သိရှိနားလည်နိုင်စေရန် တင်ပြလိုက်ရပါတော့သည်။   မောင်ပိုင်
(တပ်မတော်သို့ဝင်ခြင်းနှင့် ထွက်လိုသူများအတွက်)
ဒီအကြောင်းတွေ ရေးချင်တာကြာပေမယ့် မင်းက ဖွတာလား။ တပ်တွင်း စည်းရုံးရေးပျက်ပြားအောင်လုပ်တာလား…ဘာလား…ညာလား စွပ်ဆွဲချက်တွေ ထွက်မှာဆိုးတာနဲ့ မရေးဖြစ်ခဲ့တာပါ။
ခုတော့တပ်ပိုင်းဆိုင်ရာတွေ တော်တော်များများ Facebook မှာ တွေ့လာရတော့ တပ်ထဲဝင်ချင်သူတွေနဲ့ တပ်ထဲက တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်များသိထားသင့်တယ်ထင်လို့ ရေးလိုက်ရတာပါ။ ဒီမှာမေးလာစရာ ရှိပါတယ်။ မင်း ဥပဒေဘယ်လောက်သိလဲ။ ဟုတ်ကဲ့ ကျွန်တော် သိထားသင့်တဲ့အရာပဲ သိပါတယ်။ ပြောရရင်တော့ ကျွန်တော်မှန်မှန်ကန်ကန်နေတယ်။ ရိုးသားစွာနေတယ်။ ဒီတော့ မကောင်းမှုဆိုတာကို ကျူးလွန်ဖို့မဖြစ်နိုင်ပါဘူး။ ဒီတော့ ဥပဒေနဲ့ခပ်ကင်းကင်းပါပဲ။
 ဥပဒေမှာ ကျွန်တော်တို့ကို ကာကွယ်ပေးထားတာတွေကိုတော့ ပေါင်းထားရတာပေါ့။
တစ်ခုတော့ရှိပါတယ်။ ဆောက်မြင်ကပ်ပုဒ်မတပ်ပြီး လုပ်ရင်တော့ခံရမှာပေါ့လေ… ကဲပါလေ ကျွန်တော်သိတာလေးတွေက..
၁။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်။
လက်ရှိအခြေအနေအရ နိုင်ငံသားတိုင်းစစ်မှုထမ်းဆောင်ရန်မလိုအပ်သေးသော်လည်း စစ်ပညာတော့ တတ်ထားသင့်သည်ဟု ထင်ပါသည်။
၂။ စစ်မှုထမ်းဆောင်ရန် တပ်မတော်သို့စတင်ဝင်ရောက်စဉ် စစ်မှုထမ်းအဖြစ်စာရင်းသွင်းပုံစံ၊ ပုံစံအမှတ်(၁) စစ်မှုထမ်းစည်းကမ်းချက်များအား သဘောတူညီကြောင်း လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုရပါသည်။ ၄င်းစာချုပ် အပိုင်း(၁)၊ အပိုဒ် ၁။(ဒ)တွင် “ သင်သည် တပ်မတော်တွင် အနည်းဆုံးအချိန်ပြည့် စစ်မှုထမ်းသက်(၅)နှစ်ထမ်း ဆောင်ရမည်။ အချိန်ပြည့် စစ်မှုထမ်းသက်(၅)နှစ် ထမ်းဆောင်ပြီးနောက် နှုတ်ထွက်ခွင့်ရယူနိုင်သည်။ ဆက်လက် အမှုထမ်းဆောင်လိုပါက အရန်စစ်မှုထမ်းသက်(၅)နှစ်ကို လက်ရှိအဆင့်၊ လက်ရှိအတန်းဖြင့် ဆက်လက်ထမ်းဆောင် နိုင်သည်။”
ဟုဖော်ပြထားပါသည်။ စစ်မှုထမ်းနှစ်အကန့်အသတ်မှာ (၅)နှစ်ဖြစ်ပါသည်။ (၅)နှစ်ပြည့်မြောက်ပြီးပါက ဆက်လက်ထမ်းဆောင်လိုလျှင် ထမ်းဆောင်နိုင်ပြီး မထမ်းဆောင်ချင်ပါက (၅)နှစ်ပြည့်ပြီးလျှင် ထွက်ခွင့်ရရှိနိုင် ပါသည်။ ထွက်ခွင့်ပေးရမည်ဖြစ်ပါသည်။ (တကယ်ထွက်ရခြင်း မရခြင်းတော့ ကျွန်တော်အာမ မခံပါခင်ဗျား)
၃။ ၁၉၆၀ ပြည့်နှစ်၊ တပ်မတော်နည်းဥပဒေ ၁၁။(၁)တွင် “ ထွက်ခွင့်ပေးရာ၌ နှောင့်နှေးကြန့်ကြာမှုမရှိစေခြင်း။ အက်ဥပဒေကို လိုက်နာရသော စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတိုင်းသည်၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းခြင်း ဆိုင်ရာစည်းကမ်းချက်များအရ ထွက်ခွင့်ရထိုက်လျှင် ရထိုက်ချင်း ၄င်းအား ဆောလျင်နိုင်သမျှ ဆောလျင်စွာထွက်ခွင့် ပေးရမည် ”
၎။ ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ ၂၀။ တွင် “ အငြိမ်းစားပေးခြင်း၊ သို့တည်းမဟုတ် ထွက်ခွင့်ပေးခြင်း။ ဤဥပဒေကို လိုက်နာရသူတစ်ဦးဦးအား၊ သတ်မှတ်ထားသည့် အာဏာပိုင်က သတ်မှတ်ထားသည့်နည်းလမ်းအရ စစ်မှုထမ်းခြင်းမှ အငြိမ်းစားယူခွင့်၊ သို့တည်းမဟုတ် ထွက်ခွင့်ပေးနိုင်သည်။ ”
ကျွန်တော်သိသော တပ်မတော်ထဲကဥပဒေပါ။ ပြီးတော့…
၅။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အပိုဒ်ခွဲ(၃၅၉)တွင် “ နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကို ခံရသဖြင့် အလုပ်ဒဏ်ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့် အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည် ”
၆။ နိုင်ငံတကာလူ့အခွင့်အရေး ကြေညာစာတမ်း အချက် ၃၀
အပိုဒ် ၃ တွင် “ လူတိုင်းအသက်ရှင်ရန် လွတ်လပ်မှု ခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။”
အပိုဒ် ၂၀ (၂)တွင် “ မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ဝင်စေရန် အတင်းအကြပ်မပြုရ”
အပိုဒ် ၂၃ (၁)တွင် “လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သောအလုပ်ခွင်၏ အခြေအနေကိုရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။ ”
တပ်မတော်အတွင်းသို့ ၀င်ရောက်ပြီးသူများအား စစ်မှုထမ်းသတ်မှတ်ချက် နှစ်အကန့်အသတ်ပြည့်မြောက် ပြီးပါက မိမိသဘောဆန္ဒအလျှောက် နှုတ်ထွက်ခြင်းအား ဆက်လက်ထမ်းဆောင်စေခြင်းသည် မဖြစ်ထိုက်ပါ။ 
တပ်မတော်သားဆိုသည်မှာ ပြည်သူမှ မွေးဖွားခဲ့သည့် ပြည်သူ့သားများပင်ဖြစ်သည်။ ပြည်သူ့သားများသည် ပြည်သူ လူထု“ အသက်အိုးအိမ်စည်းစိမ်အတွက် ကာကွယ်စောင့်ရှောက်ရန် တပ်မတော်သို့ ၀င်ရောက်ခဲ့ပြီး ပြည်သူလူထုနှင့်အတူ လက်တွဲနိုင်ရန် အတူတကွလုပ်ကိုင်နိုင်စေရန် ပြည်သူလူထု အတွင်း ပြန်သွားလိုကြမည်ဖြစ်သည်။
တပ်မတော်သားများ ရသင့်ရထိုင်သောအခွင့်အရေး ရရှိစေရန်နှင့် တပ်မတော်ဆိုလျှင် ဝေဖန်အပြစ်တင် သူများ သိရှိနားလည်နိုင်စေရန် တင်ပြလိုက်ရပါတော့သည်။
မောင်ပိုင်
— with Nanda Htun Htet and 3 others.
`ပြည်တွင်းတွင် ဖြစ်ပွါးနေသည့် ဘာသာရေးဆန်သော လူမျိုးရေးပဋိပက္ခနှင့် ပတ်သက်၍.
0
0
by Lu Bo (Notes) on Sunday, June 2, 2013 at 9:59am
`` နိဒါန်း.´´
 လွန်ခဲ့သည့် တစ်နှစ်ခန့်က ရခိုင်ပြည်နယ်မှ မသီတာထွေး အုပ်စုဖွဲ့ မုဒိန်းကျင့်ခံရပြီး လည်လှီး၍ ရက်ရက်စက်စက် အသတ်ခံခဲ့ရသည်။ ထို့နောက် မဆီမဆိုင် ဘာသာရေးကိစ္စဖြင့် သွားရောက်သူ မွတ်ဆလင်များ အသတ်ခံရသည်။ 
ပက်ပက်စက်စက် ပြဿနာကြီးများ ဖြစ်ပွါးလာသည်။ ပြည်နယ်အစိုးရ ဖြေရှင်းနိုင်ခြင်း မရှိသဖြင့် နိုင်ငံတော် အစိုးရမှ ၀င်ရောက်ဖြေရှင်းပေးခဲ့ရသည်။ ပြဿနာသည် ရခိုင်ပြည်နယ် မောင်တောဒေသတွင် တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ခိုးဝင်လာသော ကျူးကျော် ဘင်္ဂါလီများကြောင့် ဖြစ်ပါသည်။ ထိုမှတဆင့် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များ၊ တစ်နည်းအားဖြင့် ဌာနေတိုင်းရင်းသားများနှင့် မွတ်ဆလင်လူမျိုးများ၏ ပြဿနာသည် ပြည်တွင်းသို့ ကူးစက် ရောက်ရှိလာပါတော့သည်။
ကျူးကျော်ဘင်္ဂါလီများသည် ပျမ်းမျှ သက်တမ်း ၁၅ နှစ် ၀န်းကျင်တွင် အိမ်ထောင်ပြုသည်၊ ယောက်ျား တစ်ဦးလျှင် (၃၀) မှ (၅၀) ၀န်းကျင် မျိုးပွါးသည်။ နောက်ထပ် ၁၅ နှစ်သတ်တမ်းတွင် ဒုတိယအကြိမ် မျိုးဆက် ထပ်ပွါးသည်၊ အချိုးလွန် ဆပွါးစနစ်ဖြင့် မျိုးဆက်ပြန့်ပွါးကြရာ... ပထမမျိုးဆက် အသက်(၄၅) နှစ်တွင် ပြန့်ပွါးမှု (၃)ကြိမ်ဖြစ်ပြီး လက်ရှိလူဦးရေသည် ထောင်ဂဏန်းနီးနီး ကပ်ပြီဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကျယ်အ၀န်းထက် (၄)ပုံ (၁)ပုံသာ ကျယ်ဝန်းပြီး လူဦးရေမှာ သန်း ၁၆၀ ၀န်းကျင် ဖြစ်ပါသည်။ လူဦးရေ သိပ်သည်းဆမှာ တစ်မိုင်လျှင် ၂၈၄၁ ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ လူဦးရေ သိပ်သည်းဆမှာ တစ်စတုရန်းမိုင်လျှင် (၁၄၁)ဦး ဖြစ်ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူဦးရေပေါက်ကွဲမှု ဖြစ်ပွါးနေသည့်နိုင်ငံဖြစ်နေသည်သာမက ကမ္ဘာကြီး ပူနွေးလာမှု၏ အကျိုးဆက်ဖြစ်သော ပင်လယ်ရေပြင် မြင့်တက်လာမှုကြောင့် ကမ်းရိုးတန်းဒေသများ ရေအောက် နစ်မြုပ်လျှက်ရှိပြီး မြေဧရိယာ တစ်စ တစ်စ ဆုံးရှုံးနေသောနိုင်ငံဖြစ်ပါသည်။ အာဏာရပါတီက အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မပျက်ယွင်းစေရန် အစွန်းရောက် အစ္စလာမ်းမစ်များအား နှိမ်နင်းနေသော်လည်း``ဘီဂန်ခါလီဒါဇီယာ´´ ဦးဆောင်သော အတိုက်အခံပါတီသည် တစ်ချိန်က ဂျာမန်နာဇီများ အကြောင်းပြခဲ့သော နေစရာမြေနေရာ ရရှိရေး (lebensraum) ဆင်ခြေကို ပြောင်ပြောင်တင်းတင်း သတင်းစာမှ ထုတ်ဖေါ်ကာ အဆင်မပြေသူများ၊ အခက်အခဲဖြစ်နေသူများအား နိုင်ငံပြင်ပတွင် နေစရာရှာကြရန် အသိပေးဆောင်ရွက် လျှက်ရှိ လေသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အဆင်မပြေသူများ၊ အခက်အခဲဖြစ်နေသူများသည် အိမ်နီးချင်း နိုင်ငံများထံ ကုန်းကြောင်း /ရေကြောင်းတို့ မှ တစ်ဦးချင်းသော်လည်းကောင်း၊ အုပ်စုလိုက် သော်လည်းကောင်း ထွက်ခွာနေကြသည်။
တောင်ဘက် နိုင်ငံများ ထံရေကြောင်းဖြင့် စွန့်စား သွားရောက် သကဲ့သို့ မြောက်ဘက်နှင့် အရှေ့ဘက်သို့လည်း ရနိုင်သမျှ အခွင့်အလမ်းများဖြင့် ၀င်ရောက်ကြလေသည်။ ထိုသို့ ထွက်ခွါရာတွင် မြောက်ဘက်သည် တောင်ကုန်းတောင်တန်းများ မြင့်မား မတ်စောက်ခြင်း၊ အစာရည်စာ ခက်ခဲခြင်းနှင့် ဦးတည်ရာနိုင်ငံများမှ နယ်ခြားကန့်သတ်ချက် ပြင်းထန်းခြင်း ပြဿနာများ ရှိပါသည်။
အနောက်ဘက်တွင်ကား အိန္ဒိယနိုင်ငံသည် နယ်စပ်ကျူးကျော်မှုအား ပစ်ခတ်သတ်ဖြတ်သည်အထိ တင်းကျပ်ထားပါသည်။ တောင်ဘက်တွင်ကား ပင်လယ်ပြင်မှ တဆင့် အခြားနိုင်ငံများသို့ စွန့်စား ထွက်ခွါရပါသည်။ ထို့ကြောင့် အလွယ်တကူကျူးကျော်ရန်နှင့် ကျူးကျော်မှု လွယ်ကူလှသော မြန်မာနိုင်ငံ အတွင်းသို့ မိမိအစီအစဉ်နှင့်သော်လည်းကောင်း၊ ပြည်တွင်းသို့ ရောက်နှင့်ပြီး သူများနှင့်သော်လည်းကောင်း၊ အခြား ငွေကြေးဖြင့် ပို့ဆောင်ပေးသူများနှင့် သော်လည်းကောင်း ချိတ်ဆက် ၀င်ရောက်လာကြပါသည်။ ထိုသို့ ၀င်ရောက်မှုဖြင့် တစ်စတစ်စ မောင်တောဒေသနှင့် ဘူသီးတောင်ဒေသ များသည် ခေတ်စနစ်တစ်ခု အတွင်းမှာပင် နှိမ်နင်းဖြတ်တောက်ရန် ခက်ခဲသော လူဦးရေအဖြစ် ခြေကုပ်ရယူထားပြီး ဖြစ်ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေး ပထ၀ီအနေအထားအရ ထပ်မံ၍လည်း ၀င်ရောက်နေဦးမည်သာ ဖြစ်ပါသည်။ ထိုသို့ ၀င်ရောက်လာပြီးနောက် လူသားဆန်စွာ နေလိုခြင်း၊ ဘာသာရေး အရ အင်ပါယာ ထူထောင်ရေးတို့အား ဆက်လက် ဆောင်ရွက်လာခြင်းဖြင့်လည်း ကြမ်းတမ်းသော ပဋိပက္ခများအား ဖြစ်ပေါ်နေစေဦးမည်သာ ဖြစ်ပါသည်။ =====================================
``ပြဿနာကိုကိုင်တွယ်ဖြေရှင်းမှု အခြေအနေ ....´´
မြန်မာနိုင်ငံ၏ နိုင်ငံတော်အစိုး၊ ပြဿနာဖြစ်ပွါးနေသော တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများသည် ဖြစ်ပေါ်နေသာ ပြဿနာများကို မည်သူ့ အကူအညီ ၀င်ရောက်စွက်ဖက်မှုကိုမျှ လက်ခံလိုခြင်းမရှိပဲ.... တတ်နိုင်သမျှ အုပ်အုပ်ဆိုင်းဆိုင်းနည်း တစ်နည်း အားဖြင့် သိုသို သိပ်သိပ် ဖြေရှင်း လိုဟန်ရှိသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်သာ အဓိကချိတ်ဆက် ဖြေရှင်းနေပြီး အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံကို လိုလားသော နော်ဝေ၊ ဂျပန်နှင့် ကိုရီးယား၊ တူရကီကဲ့သို့ နိုင်ငံများနှင့်သာ တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်နေပါသည်။ သတိထားလျှင်လည်း ထားစရာဖြစ်ပါသည်။
ကမ္ဘာတွင် ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံနှင့် အစ္စလာမ်းမစ် ဥပဒေကျင့်သုံးသော နိုင်ငံများဟူ၍ ကွဲပြားခြားနားသည် မဟုတ်ပါလား။ သို့သော် အစိုးရ၏ ဆောင်ရွက်မှုသည် ဖြစ်စဉ်နောက်သို့သာ လိုက်ပါဆောင်ရွက်နေသော နောက်မြီးဆွဲအခြေအနေ ဖြစ်နေပါသည်။ ဤအချက်ကို အခွင့်ကောင်း ယူ၍ နိုင်ငံရေး သမားများ (NLD, 88 မျိုးဆက်စသည်) များကလည်း တရားခံအဖြစ်မခံလိုဘဲ ကျေကျေနပ်နပ်ဖြင့်ပင် လက်ရှောင်ပေးနေသည့်သဘောတွေ့ ရသည်။
အစိုးရပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုနေပုံများအရ ပြဿနာကို အစိုးရက နိုင်နင်းစွာ ကိုင်တွယ်နေပါသည်ဟူသောအသွင်ကိုဆောင်ထားသည်။ ပြဿနာဖြစ်ပွါးပြီးပါက ဖြေရှင်း ဆောင်ရွက်နိုင်သော်လည်း ပြဿနာ မဖြစ်မီ ကြိုတင်ကာကွယ်ခြင်းကိုကား ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းမရှိပါ။ တစ်ကြိမ်ပြီးတစ်ကြိမ် ဖြစ်ပေါ်နေပါသည်။ ထိုသို့ ဖြစ်ပွါးလျှက်ရှိရာမှ ပြည်တွင်းရှိ ရန်ကုန်အပါအ၀င် ရမည်းသင်း - ပျဉ်း မနား - ပြည် - မုံရွာ -တောင်ကြီး- တောင်ငူ - မော်လမြိုင် စသည့် မူဆလင်လူမျိုးများ အုံခဲနေသော အခြားမြို့ကြီးများသို့ ရောက်ရှိ ကူးစက်လာပါက ဖြေရှင်းရန်ထက် ထိန်းချုပ်ရန်ပင် အလွန် ခက်ခဲမည့် အနေအထား ဖြစ်ပါသည်။ ထိုသို့ ဖြစ်သော ကြောင့် ဖြစ်သင့်သည်မှာ ဤကိစ္စသည် အစိုးရ၏ တာဝန်သာ မဟုတ်ပဲ ပြည်သူများနှင့်လည်း တိုက်ရိုက်ပတ်သက်ယုံမျှမက အဓိကတာဝန်လည်းရှိပါသည်။
ပဋိပက္ခဖြေရှင်းရာတွင်လည်း လုံခြုံရေးတပ်ဖွဲ့ တစ်ခုတည်း၏ တာဝန်သာမဟုတ်ပဲ အရပ်ဘက်အဖွဲ့ အစည်းများ (civil society)၏ တာဝန်သိမှုနှင့် ကူညီ ထိန်းကျောင်း မှုကို ဖော်ထုတ်ပေါင်းစည်းရမည် ဖြစ်ပါသည်။ ပြဿနာဖြစ်ပွါးပြီးပါကလည်း အရပ်ဘက်အဖွဲ့ အစည်းများ (civil society)၏ အကူအညီ ကိုယူသင့်ပါသည်။ ကြိုတင်၍လည်း စနစ်တကျ ဖွဲ့စည်းထားသင့်ပါသည်။ =======================
``ရပ်ရွာလုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စ´´
Neighborhood security and self – protection ဖြစ်ပေါ်နေသော အခြေအနေများအား အချိန်မီ ထိန်းသိမ်းရန် အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့များ သက်သက်အားဖြင့် မည်သည့်နည်းနှင့်မျှ မလုံလောက် သည်မှာ သိသာလှသဖြင့် လက်တွေ့ ကျ ကျအောင်မြင်စွာ ဖြေရှင်းလိုလျှင် လူထု၏အကူအညီအား ရယူရန် လိုအပ်ပါသည်။ ပြင်းထန်သော ဘာသာရေးဆန်သည့် ရာဇ၀တ် ဖြစ်စဉ်များ ဖြစ်ပွါးပြီးတိုင်း တွင် အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွါးလာလေ့ရှိပါသည်။ ဘာသာရေးအသွင်ဆောင်သော ပဋိပက္ခများ ဖြစ်ပွါးသည့်တိုင် ဘာသာမတူသော်လည်း ငြိမ်းချမ်းစွာ နေထိုင်လိုသူများ များစွာ ရှိကြ ပါသည်။ ၄င်းတို့အား ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ သံဃာတော်များနှင့် အမျိုးသမီးများကဲ့သို့ (vulnerable person) ခေါ် မိမိကိုယ်ကိုယ်ကို ကာကွယ် နိုင်စွမ်း မရှိသူများ အပေါ် ရက်စက်မှုများ ကျူးလွန်နိုင်ခြင်း မရှိစေရန် ကြိုတင်ကာကွယ်၍ ရနိုင်ပါသည်။ မှန်ကန်သော နည်းဖြစ်လျှင် ထိရောက်စွာအသုံးပြု ကာကွယ်နိုင်ပါသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် မွတ်ဆလင် အစွန်းရောက်များက ဆွမ်းဆံကြွသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ပစ်ခတ် သတ်ဖြတ်လျှက်ရှိရာ လုံခြုံရေးဝန်ထမ်းများ လိုက်ပါယုံမျှမက ယခုအခါ ကျည်ကာအင်္ကျီများပင် ၀တ်ဆင်ပေးနေရပါသည်။ မှန်ကန်သောနည်းဆိုသည်မှာ ပြဿနာပေါ်လာမှ ရောက်လာသောလုံခြုံရေးတပ်ဖွဲ့ တစ်မျိုးတည်းကိုသာအားကိုးသည့်နည်းမဟုတ်ပါ။ ဖြစ်သင့်သည်မှာ ရပ်ရွာအလိုက် “ကာကွယ်နိုင်စွမ်း မရှိသူများအား ကာကွယ်စောင့် ရှောက်ရေးအဖွဲ့ များ” (Volunteers for Vulnerable Person Protection) များကို ဒေသခံများအတွင်း( လူမျိုး/ဘာသာမခွဲခြားပဲ ပရဟိတစိတ်နှင့် ငြိမ်းချမ်းရေးစိတ်ထား၊ နိုင်ငံသား တာဝန်များကိုအခြေခံ၍) ရွေးချယ် ဖွဲ့စည်းပေး၍ အကြမ်းဖက်မှုများအား ကြိုတင် ဟန့်တားနိုင်ရန် စီစဉ်ဆောင်ရွက်ထားသင့်ပါသည်။ ဘာသာရေး အဆောက်အဦများ၊ ဘုန်းကြီးကျောင်းများတွင် ဂေါပကအဖွဲ့များ၊ လူကပ္ပိယများအား ယခင်ကထက် ဦးရေပို၍ထားရှိကာ လုံခြုံရေး အစောင့်အဖြစ် အသုံးပြုသင့်ပါသည်။ ၄င်းတို့ အား အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ များနှင့် အချိန်ပြည့် အဆက်အသွယ်ရှိနိုင်စေရန် စီစဉ်ပေးထားသင့်သည်။
ဤနည်းသည် မိမိတို့ ရပ်ရွာနှင့် ကာကွယ်နိုင်စွမ်းမရှိသူများ အပေါ် ကျူးလွန်စော်ကားမှုများကို ဥပဒေဘောင်အပြင်ဘက်မှလက်တုန့် ပြန်ကြမည့် ပရမ်းပတာ လူအုပ်ကြီး (mobs)၏ ဥပဒေမဲ့ အကြမ်းဖက်မှု ဆောင်ရွက်ခြင်း မပြုနိုင်ရန် ကြိုတင်၍ ဟန့်တား ထိန်းချုပ် ထားရာရောက်ပါသည်။ ဤသို့ စေတနာအလျှောက် တာဝန်ယူမည့် ဒေသခံကာကွယ်ရေးအဖွဲ့ များအနေဖြင့် နာရီမလပ် အလှည့်ကျ ကင်းတာဝန် ချထားခြင်း၊ မသင်္ကာသောနေရာများကိုအထူးစောင့်ကြပ်ခြင်း၊ လူပြတ်သောနေရာများတွင်ကင်းလှည့်ခြင်းများဆောင်ရွက်စေသင့်ပါသည်။ ၄င်းတို့အား တာဝန်ရှိသူ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တွဲဘက်ပေးထားပါက ပို၍ သင့်လျော်ပါသည်။ ဤဒေသခံအရပ်သားများ စေတနာ့ဝန်ထမ်း အဖွဲ့ များသည် လုံခြုံရေးတပ်ဖွဲ့ များနှင့်ပူးတွဲဆောင်ရွက်ခြင်း (cooperation and coordination) များရှိရပေမည်။ ၄င်းတို့ ကို ဥပဒေနားလည်ကျွမ်းကျင်၍ ရပ်ရွာကယုံကြည် လေးစားသောပုဂ္ဂိုလ်များ (respectable persons) က အုပ်ချုပ်စေရမည့်အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ များကလည်း စနစ်တကျဖွဲ့စည်းပေးပြီး အသိအမှတ်ပြုထား  သင့်ပါသည်။
မက္ကဆီကိုနှင်ထိစပ်နေသောအမေရိကန်ပြည်ထောင်စုတောင်ပိုင်းပြည်နယ်အချို့ တွင် နယ်မြေခံ လူထုမှ နယ်စပ်လူခိုးဝင်မှုကို ကိုယ်ထူကိုယ်ထ လက်နက်ကိုင်၍ စောင့် ကြပ်နေခဲ့သည့် သာဓကများ၊ ထိုင်းနိုင်ငံတွင် ဌာနေပြည်သူ့စစ်အဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ထားခြင်းများလည်း ရှိပါသည်။ =================================
`` နိဂုံး......´´
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးထွက်သွားသူများသည် အခြားနိုင်ငံသို့ ရောက်ရှိပါက မြန်မာနိုင်ငံမှ ထွက်ပြေးလာသည်၊ မြန်မာအစိုးရနှင့် ဗုဒ္ဓဘာသာဝင်များက နှိပ်စက်ကြသည်ဟု သတင်းလွှင့် ဖြေကြားကြပါသည်။ ၄င်းတို့အား ထိုင်းနှင့် မလေးရှား အစိုးရများသည် လူသားချင်းစာနာမှုအရ ဒုက္ခသည်အဖြစ် လက်ခံပေးနေကြရသည်။ ထိုအစိုးရများက ဤကဲ့သို့ လက်ခံလာကြစေရန် INGO များက လော်ဘီလုပ်နေသည်ကို သံသယရှိရန် မလိုပါ။ ထို အစိုးရများဘက်ကကြည့်လျှင် ဤ “ ရိုဟင်ဂျာ” ဆိုသူများအား ဒုက္ခသည် အဖြစ် သတ်မှတ်လိုက်မှသာ နောက်ထပ်နိုင်ငံ တစ်ခုခုကိုရွှေ့ ပြောင်းပေးနိုင် မည်ဖြစ်ပြီး ဤနည်းဖြင့်သာ ဘင်္ဂါလီများ၏ သောင်တင်မှုကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။
လက်ရှိမလေးရှားရှိအကြီးဆုံးဒုက္ခသည်စခန်းတွင်လူတစ်သိန်းရှိနေသည်။ မြန်မာဒုက္ခသည် ဆိုသူများက ၉၀% ကျော်ရှိပါသည်။ ပြင်ပတွင် မိသားစုအလိုက်နေထိုင်ခွင့်ရနေသူများနှင့် တရားမ၀င်နေထိုင်သူများ မပါသေးပါ။ ဒုက္ခသည်အဖြစ်နှင့်ရောက်ရှိလာကာ စခန်းဖွင့်ပြီး လက်ခံထားခြင်း၊ အသက်ရှင်ရေး အကူအညီတွေပေးခြင်းသည် ဆောင်ရွက်သင့်သည်ကို ဆောင်ရွက်ခြင်းသာ ဖြစ်ပါသည်။
သို့ သော် ၄င်းတို့ ဒုက္ခသည် ဖြစ်ရခြင်း၏ အကြောင်းရင်းအဖြစ် မြန်မာနိုင်ငံတွင် မြန်မာအစိုးရနှင့် ဗုဒ္ဓဘာသာဝင်များက နှိပ်စက်ကြသည်ဟုပြောကြသည်။ နှိပ်စက်ခြင်း (persecution) မရှိဘဲနှင့် ဒုက္ခသည် (တရားဝင်အသုံးအနှုံးမှာ ‘ခိုလှုံသူ’ - refugee) ဖြစ်ချင်၍ မရပါ။ ထိုသတ်မှတ်ချက်သည် UNHCR Handbook ၏ အဓိကသတ်မှတ်ချက် (criterion) ဖြစ်ပါသည်။
ထို့ ကြောင့်မြန်မာနိုင်ငံတွင် လူများစုက ၄င်းတို့အားနှိပ် စက်နေပါသည်ဟု သက်သေပြနိုင်စေရန်မှာ ဗလီများ များများမီးလောင်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ဘင်္ဂါလီနိုင်ငံသားများအတွက် အကြောင်းပြရာ မြန်မာနိုင်ငံတွင် ဘာသာရေးနှင့် လူမျိုးရေး ပြဿနာများ အဆက်မပြတ်ဖြစ်ပွါးနေခြင်း သည်သာ အကောင်းဆုံး ဖြစ်ပါသည်။ ဆက်တိုက် ဖြစ်ပွါးနေစေရန်လည်း အဆက်မပြတ်ဖန်တီး နေမည်သာ ဖြစ်ပါသည်။ (keeps the issue alive)။ သို့ မှသာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တိုက်ရိုက် ရာနှင့် ထောင်နှင့် ချီ၍ ထွက်ခွာနေကြသော မြန်မာဘာသာစကားတစ်ခွန်းမှ နားမလည်သည့် ဘင်္ဂလီများ ထိုင်းနှင့် မလေးရှားနိုင်ငံများတွင် ခိုလှုံခွင့်ရကြမှာဖြစ်သည်။ ထို့ ကြောင့် မြန်မာနိုင်ငံတွင် ဘာသာရေး ပဋိပက္ခများ ဆက်ရှိနေရန် ၄င်းတို့ အတွက် လိုအပ်ပါသည်။
ယခုဤ “ဆင်ကွက်”အတွင်းတွင် မြန်မာလူထုနှင့် မြန်မာအစိုးရ ပိတ်မိနေသည်ဟု ဆိုနိုင်ပါသည်။ မြန်မာအစိုးရ ကိုယ်စားလှယ်များသည် ဤအချက်ကို ကုလသမဂ္ဂလို စင်မြင့်များပေါ်တွင် တစ်ဘက် ပုဂ္ဂိုလ်များနှင့်ပြိုင်၍ ငြင်းခုံကာ ပြန်လှန်ငြင်းချက် မထုတ်နိုင်သော အထောက် အထားများ (Conclusive evidences) ပြသနိုင်ရပါလိမ့်မည်။ စင်စစ်မြန်မာတွေသာမက ပြည်တွင်းနေ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များသည်လည်း ဤထောင်ချောက်ထဲတွင် ပိတ်မိနေကြသည်။
သူ့ ဘက် ကိုယ့် ဘက် အဖိတ်အစင်များ ရှိနေပြီ ဖြစ်သဖြင့် ခံစားချက်များဖြစ်ပေါ်နေကြပြီး ကျော်လွှား ရုန်းထွက်ရန် ခက်ခဲသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ဖြစ်စဉ် တစ်ခုချင်းစီကို အကျဉ်းချုပ် ပြန်လည်သုံးသပ်ပါက ဖြစ်ပေါ်လာသော အခြေအနေများအား ရန်စမှုများကို ဥပဒေ အတိုင်း ဆောင်ရွက်ခြင်းမရှိပဲ ချက်ချင်း အချိန် မဆိုင်းဘဲ တုန့် ပြန်နေကြသည်ဖြစ်ရာ အေးချမ်းစွာ နေထိုင်ရေးထက် နောက်ထပ် မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်သို့ ထပ်ဖြစ်မည်ကို အသင့် နားစွင့်စောင့်မျှော်နေကြရသကဲ့သို့ ဖြစ်နေကြပါသည်။
ဤသို့ ဖြစ်ပေါ်လာသော ပဋိပက္ခများအရ စိတ်ဓါတ်ပြင်းထန်သော ဗုဒ္ဓဘာသာဝင်များကြားတွင် ၉၆၉ လှုပ်ရှားမှုသည် မွတ်ဆလင်များ၏ ၇၈၆ နှင့် အပြိုင်ပေါ်ထွက်လာပါသည်။ ၉၆၉ သည် ကိုလိုနီ ခေတ်က အင်္ဂလိပ်များ ရွှေတိဂုံဘုရားပေါ် ဘိနပ်စီး၍ တက်ခြင်းကို ကန့်ကွက်ခဲ့သည့် YMCA နှင့် သဘောသဘာဝခြင်း တူပါသည်။ ၉၆၉ သည် ဗုဒ္ဓ၀င်များ၏ ဘာသာရေး၊ လူမှုရေး နှင့် စီးပွားရေး သုံးမျိုးစလုံးကို ခြုံငုံ၍ပေါ်ထွက်လာခြင်းဖြစ်ပါသည်။ ယာယီ တစ်ပွဲတိုး မဟုတ်ဘဲ ရေရှည်တည့်တန့် သွားမည့် အနေအထားတွင် ရှိပါသည်။ ၉၆၉ ကိုနှိပ်ကွပ်လျှင် အစိုးရနှင့်ပြည်သူထိပ်တိုက်တွေ့ နိုင်ပါသည်။ ၉၆၉ လှုံ့ဆော်မှုကြောင့် ၄င်းတို့ ကိုယ်တိုင် ဖွင့်ဟချက်အထောက်အထားများအရ မွတ်ဆလင်ပိုင် စီးပွားရေးလုပ်ငန်းများ အထိနာနေကြကြောင်းသိရပါသည်။
မြန်မာစီးပွားရေးလောကတွင် မွတ်ဆလင်များသည် လုပ်ခစားကာယအလုပ်သမား ရာခိုင်နှုံးနည်းပါးပြီး လုပ်ငန်းအရွယ်အစားမျိုးစုံတွင် လုပ်ကိုင်သူများနှင့် ဈေးရောင်းစားသူများ၊ စက်မှုလက်မှု ကျွမ်းကျင်သူများ အဖြစ်နှင့်သာ အသက်မွေးသူများသည်။ ၄င်းတို့ ၏ဖေါက်သည် များသည် အတူနေ ဗုဒ္ဓဘာသာဝင်များဖြစ်ပါသည်။ ယခုအခါ ၄င်းတို့၏ ဖေါက်သည်များနှင့် စီးပွားရေးကြောင့်မဟုတ်ဘဲ လူမှုရေးနှင့် ဘာသာရေးကြောင့် မိတ်ပျက်ကုန်ပါသည်။ စီးပွားရေးလုပ်ငန်းရှင် ချမ်းသာသော မွတ်ဆလင်များအဖို့ ဘာသာရေးအစွန်းရောက်များ အား ကူညီ၍ အစိုးရကို ဆန့်ကျင်မည်လား၊ သို့မဟုတ် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများကို ဟန့် တားမည်လားရွေးချယ်ရတော့မည် ဖြစ်ပါသည်။
အစိုးရသည် ပြည်တွင်းနေ နိုင်ငံသား မွတ်ဆလင်များအား ၄င်းတို့၏ အစုအဖွဲ့အလိုက် ထိမ်းပေးရန် တာဝန်ပေးကြည့်သင့်ပါသည်။ ထိုသို့ တာဝန်ပေးရာတွင်လည်း မြန်မာနိုင်ငံသားစစ်စစ် အစ္စလာမ် ဘာသာကိုးကွယ်သူ၊ မြန်မာနိုင်ငံအား ၄င်း၏ နိုင်ငံအဖြစ် မှတ်ယူထားသူ၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာ ကို စောင့်သိနိုင်သူ၊ မြန်မာမှု ယဉ်ကျေးမှု အလေ့အထများကို နှစ်သက်သဘောကျသူ၊ ရေရှည် အားဖြင့် ငြိမ်းချမ်းစွာ နေထိုင်လိုသူများကိုသာ ရွေးချယ်တာဝန်ပေးရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာ ကိုးကွယ်သော်လည်း အစ္စလာမ်းမစ်နိုင်ငံကို ထူထောင်လိုသူ၊ နိုင်ငံတော်အလံအား ကျမ်းစာအရ အလေးမပြုနိုင်ဟု ပြောဆိုသူများအား တာဝန်မပေးသင့်ပါ။
ဤအချက်အား အကူသဘော (auxiliary) အဖြစ် သုံးကြည့်သင့်ပါသည်။ မွတ်ဆလင် ဘာသာတွင် ဆွန်နီ (Sunni) များက အစွန်းရောက်ပြီး ရှီယား (Shia)၊ ဘဟာအီ (Baha’i )နှင့် အာမက်ဒီယား (Ahmedia) များက ငြိမ်းချမ်းရေး လိုလားသည်ဖြစ်ရာ ဗုဒ္ဓဘာသာတွေဘက်က သိုးနှင့်ဆိတ်ခွဲခြား သိထားရန်လည်း လိုအပ်ပါသည်။ အစ္စလမ်ဘာသာသည် ကမ္ဘာတ၀ှမ်းတွင် အခြားဘာသာကိုးကွယ် မှုများနှင့် သော်လည်းကောင်း၊ ၄င်းတို့ အချင်းချင်း ဂိုဏ်းကွဲများအကြား၌၄င်း သွေးချောင်းစီး ပဋိပက္ခများ သမိုင်း တလျှောက်လုံး ဖြစ်ပွါးနေကြပါသည်။ လောလောဆယ်တွင်မြန်မာနိုင်ငံသာမက အနောက်ဥရောပ တခွင်တွင်လည်း ဤဘာသာရေးအစွန်းရောက်များ၏ သောင်းကျန်းမှုများနှင့် ရင်ဆိုင်နေကြရပါသည်။ ဤပြဿနာသည် ကမ္ဘာ့ပြဿနာကြီး တရပ်အသွင်သာမက ထာဝရအသွင် (a global issue of all times) လည်း ဆောင်နေမည်ဖြစ်ရာ မြန်မာနိုင်ငံ အစိုးရသည် ဤပြဿနာကို မိမိနိုင်ငံနယ်နမိတ်အတွင်း၌ ထိမ်းချုပ်နိုင်ရန် အမြဲတမ်းအဖွဲ့ အစည်းတစ်ခု (a permanent, state level body to contain religious extremism) ထူထောင်ထားရန်လိုပေလိမ့်မည်။ ဘာသာရေး အစွန်းရောက်သောင်းကျန်းမှုကို ရင်ဆိုင်ဖြေရှင်းနေသော အခြားနိုင်ငံများနှင့်လည်း ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များ စတင်သင့်နေပြီဖြစ်ပါသည်။ =======================================
 မြန်မာသံတော်ဆင့်မှ ``အမျိုးသားအရေး တမျိုးသားလုံးဝိုင်းဝန်းကူညီနိုင်ခွင့်ရှိမှဖြစ်မည် ´´ ဆောင်းပါးအား ပြန်လည်မှီငြမ်း၍ ပြင်ဆင်ရေးသားထားပါသည်။ မည်သည့် ပဋိပက္ခမဆို အားနည်းသူများ၊ ကလေးငယ်များ ဒုက္ခရောက်ကြရပါသည်။ ပဋိပက္ခများအား ရှောင်လွှဲနိုင်ရန် ကောင်းမွန်သော အကြံပြုချက်များအား ရေးသားပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
(ကွန်ဆူးမား)
(၁-၆-၂၀၁၃)
အမေရိကန် မြန်မာစစ်ရေးဆက်ဆံမှု အကန့်အသတ်နဲ့ စတင်
0
0
01.06.2013
အာဆီယံကာကွယ်ရေးဝန်ကြီးတွေကို ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စု ဟာဝါရီကျွန်းမှာ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ဖိတ်ခေါ်လိုက်ပါတယ်။ Singapore နိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La Dialogue 2013 ဆွေးနွေးပွဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Hagel က အာရှ Pacific ဒေသလုံခြုံရေးအတွက် အမေရိကန်ရဲ့ ချဉ်းကပ်မှုဆိုတဲ့ခေါင်းစဉ်နဲ့ ဒီကနေ့ ပြောကြားသွားတဲ့ မိန့်ခွန်းထဲမှာ ခုလို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒေသတွင်းမှာ အမေရိကန်ရဲ့ လုံခြုံရေးဆောင်ရွက်မှုတွေကို အဓိကပြောကြားသွားတဲ့အထဲမှာ မြန်မာနဲ့ စစ်ရေးဆက်ဆံမှုကို အသေအချာတွက်ချက်ပြီး စတင်နေပြီဆိုတာကိုလဲ ထည့်ပြီး ပြောကြားသွားခဲ့ပါတယ်။ ခုလို Shangri-La Dialogue ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြားသွားတဲ့ အကြောင်းတွေကို မစုမြတ်က တင်ပြပေးထားပါတယ်။
နိုင်ငံတကာ မဟာဗျုဟာလေ့လာရေးသိပ္ပံက စီစဉ်တဲ့ Shangri-La Dialogue နိုင်ငံတကာ လုံခြုံရေးရာဆွေးနွေးပွဲမှာ အာရှ Pacific ဒေသ လုံခြုံရေးအတွက် အမေရိကန်ရဲ့ ချဉ်းကပ်မှုအကြောင်းကို အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က ဒီကနေ့ ပြောကြားခဲ့ပါတယ်။ အာရှဒေသအပေါ် အမေရိကန်က မဟာဗျုဟာမြောက် ချိန်ညှိ အာရုံစိုက်မှုကို ဆက်ပြီးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အာမခံ ပြောသွားခဲ့ပါတယ်။ သမိုင်းဝင် အပြောင်းအလဲတွေဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးမှာ အာရှ Pacific ဒေသဟာ အပြောင်းအလဲတွေရဲ့ဗဟိုမှာ ရှိနေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ လုံခြုံရေးအတွက် အာရှ Pacific ဒေသတွင်းမှာ ရှိနေတဲ့ နိုင်ငံတွေနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေကို ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ခုလိုပြောကြားသွားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေအပေါ်မှာ စစ်တပ်က အသေအချာထောက်ခံဖို့၊ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့နဲ့
အရပ်သားအစိုးရက အားထားရတဲ့ အရည်အချင်းရှိတဲ့ စစ်တပ်ဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စစ်တပ်ချင်း အပြန်အလှန် ဆက်ဆံရေးပိုင်းကို အသေအချာ ရွေးချယ် တွက်ချက်ဆက်ဆံမှုတွေကို စတင်နေပါပြီ။”
အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ မိန့်ခွန်းထဲမှာပဲ အာရှဒေသတွင်း ပူးပေါင်းဆောင်ရွက်ကြဖို့ အာရှနိုင်ငံတွေက တွန်းအားပေး ဆောင်ရွက်နေတဲ့ အပေါ်မှာ အမေရိကန်က ထောက်ခံတယ်ဆိုတာပြောခဲ့ပြီး အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေကို ဟာဝါရီမှာ လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
“အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေကြား ဆက်ဆံရေးဟာ အင်မတန်အရေးပါ ပါတယ်။ အာဆီယံခေါင်းဆောင်တွေက အမေရိကန်အစိုးရ အဖွဲ့ဝင်တွေ အပေါ်မှာ ဖော်ရွေမှုကို နှစ်တိုင်းပြသပါတယ်။ အနီးကပ် ဆက်ဆံမှုတွေလည်း နေ့တိုင်း ရှိနေပါတယ်။ ဒီလို ဖော်ရွေမှုကို ကျနော်တို့ဘက်က တုံ့ပြန်တဲ့အနေနဲ့ အခု Singapore တွေ့ဆုံပွဲကနေ အာဆီယံကာကွယ်ရေးဝန်ကြီးတွေကို ဟာဝါရီကျွန်းမှာ
ရှေ့နှစ်ကျရင် တွေ့ဆုံကြဖို့ ဖိတ်ခေါ်ပါတယ်။ အာဆီယံကာကွယ်ရေးဝန်ကြီး အားလုံးကို အမေရိကန်က အိမ်ရှင်အဖြစ် ပထမဆုံး လက်ခံကျင်းပပေးမဲ့ ဆွေးနွေးပွဲကနေ ဒေသအနာဂါတ်အတွက် တက်ကြွတဲ့အင်အား၊ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုရှိရေး ဘယ်လိုဆောင်ရွက်ကြမလဲဆိုတဲ့ အမြင်တွေကို အပြန်အလှန် မျှဝေကြနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”
အာရှဒေသမှာ မယုံကြည်နိုင်လောက်တဲ့ အလားအလာကောင်းတွေ ရှိနေပေမဲ့လဲ မြောက်ကိုရီးယား Nuclear လက်နက်ပြဿနာနဲ့ ရန်စမှု၊ ရေပိုင်နက် အငြင်းပွားမှု၊ ဆင်းရဲမွဲတေမှု၊ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လူကုန်ကူးမှုပြဿနာတွေ၊ Online ပေါ်ကနေ Cyber တိုက်ခိုက်မှုတွေ က စိန်ခေါ်မှုတွေအနေနဲ့ ရှိနေသေးတယ် ဆိုတာကိုလဲ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel က အာရှ Pacific ဒေသလုံခြုံရေး အတွက် အမေရိကန်ရဲ့ ချဉ်းကပ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ မိန့်ခွန်းထဲမှာ ဒီကနေ့ ပြောကြားသွားပါတယ်။ Singapore နိုင်ငံ Shangri-La Hotel မှာကျင်းပနေတဲ့ Shangri-La Dialogue ဆွေးနွေးပွဲမှာ Vietnam ဝန်ကြီးချုပ် Nguyen Tan Dung ငွင်တန်ဒေါင်းက မနေ့တုန်းက အဖွင့် မိန့်ခွန်းပြောကြားခဲ့တာမှာ ဒေသတွင်း ငြိမ်းချမ်းမှုနဲ့ သာယာဝါပြောမှုရှိဖို့အတွက် စည်းလုံးခိုင်မာပြီး ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးမှုရဲ့ အောင်မြင်မှုဆိုတာကို မြန်မာနိုင်ငံနဲ့ ခုလို ဥပမာပေးသွားခဲ့ပါတယ်။
“ယုံကြည်မှုတည်ဆောက်ပြီး ခိုင်မာစေရေး၊ သဘာဝကျတဲ့အကျိုးစီးပွားတွေကို တယောက်နဲ့ တယောက် အပြန်အလှန် နားလည်ရေးတွေ အပေါ် အခြေခံပြီး တွေ့ဆုံဆွေးနွေးမှုတွေကို ဇွဲကောင်းကောင်းနဲ့လုပ်ခဲ့လို့ ထင်သာ မြင်သာတဲ့ အောင်မြင်မှုရခဲ့တဲ့ နိုင်ငံတခုအဖြစ် မြန်မာနိုင်ငံကို ပြချင်ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့လို့ မြန်မာနိုင်ငံအတွက်တင် မဟုတ်ဘဲ ဒေသတခုလုံး အတွက်ပါ တောက်ပတဲ့ အနာဂါတ်ဖြစ်လာစေခဲ့ပါတယ်။”
မေလ ၃၁ ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အထိ ကျင်းပနေတဲ့ နိုင်ငံတကာ လုံခြုံရေးရာ Shangri-la Dialogue ဆွေးနွေးပွဲမှာ လုံခြုံရေး ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေကို ခေါင်းစဉ်မျိုးစုံခွဲပြီးဆွေးနွေးနေကြတာပါ။ Defence Diplomacy and Conflict Prevention ကာကွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ နိုင်ငံခြား ဆက်ဆံရေးနဲ့ ပဋိပက္ခတားဆီးရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ မြန်မာ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော် ပါဝင်ဆွေးနွေးမယ်လို့ အစီအစဉ်ထဲမှာ ဖော်ပြထားပါတယ်။ Shangri-la Dialogue ဆွေးနွေးပွဲကို နိုင်ငံပေါင်း ၂၇ နိုင်ငံလောက်က ကာကွယ်ရေးဝန်ကြီးတွေ၊ စစ်တပ်ထိပ်ပိုင်း အကြီးအကဲတွေနဲ့ အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်နေကြပါတယ်။
VOA
မြေကြီး နှင့် ပြည်သူ
0
0
by Naung Taw Lay (Notes) on Saturday, June 1, 2013 at 10:46pm
(၁)
ကလင် … ကလင် … ကလင်
ဖုန်းခွက်မှ အသံမြည်နေသော်လည်း နှစ်ယောက်သား မည်သူမျှ မကိုင်ကြသေး။ ကိုဝေလင်း နှင့် ကျွန်တော်နှစ် ဦးသာ ဂျာနယ်တိုက်တွင် ရှိပြီး ကိုဝေလင်းက အင်တာနက်ဓာတ်ပုံများ ရှာနေသည်။ ကွန်ပျူတာကိုသာ အာရုံစိုက်လျှက် ရှိသည်။ ဂျာနယ်တိုက်တွင် ကျွန်တော်၏ တာဝန်မှာလည်း အင်တာနက်ပိုင်းဆိုင်ရာ အဓိက ဖြစ်သည်။ သတင်းကို စိတ်ဝင်စားသည့်တိုင် သတင်းလိုက်သည်အထိ လုပ်ကိုင်ခြင်း မရှိသေး အပတ်စဉ် ဆောင်းပါးလေးတစ်ပုဒ်မျှရေး၍ အွန်လိုင်းတာဝန်ခံ အဖြစ်လုပ်နေခြင်း ဖြစ်သည်။
ဖုန်းလာနေပါလျှက် မကိုင်လျှင် မသင့်တော်ဟု ယူဆပြီး ကိုဝေလင်းအား ကိုင်ခိုင်းလို့ မရသည့် အဆုံး ကျွန်တော် ဖုန်းထကိုင်လိုက်သည်။ ဖုန်းထဲမှ အသံသည် ပြတ်သားသည်။ မာထန်သည်။
ဟဲလို ... ဟု နှုတ်ဆက်လိုက်လျှင် တဖက်မှ
ဂျာနယ်တိုက်ကလား ဟု မေးမြန်း၏။ ဟုတ်ပါတယ်ဗျာဟု အဖြေပေးပြီးနောက် ဒေါ်လာဈေးကျခြင်း နှင့် မြန်မာ ငွေမာခြင်း အကြောင်းအရင်း နှင့် ပတ်သက်ပြီး သူရေးထားတဲ့ ဆောင်းပါးကို ဂျာနယ်တစ်ခုက သုံးမယ်ပြောပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မထည့်ဖို့ပြောတဲ့အတွက် မထည့်ဘူးလို့ ဆိုတယ်။ အဲဒါကို မင်းတို့ အယ်ဒီတာနဲ့ တွေ့ပြီး သုံးချင်တယ်ဆိုရင်လည်း သုံးစေချင်တယ်။ အဲဒီအကြောင်းကိုလည်း ရှင်းပြချင်တယ်ဟု ဦးနေဝေမှ ပြောနေသည်။
ထိုစဉ်က ဂျာနယ်များမှ ထုတ်တင် စနစ်သို့ မရောက်သေး။ တင်ထုတ် စနစ်ဖြင့် လုပ်ကိုင်နေကြရသည် ဖြစ်ရာ သူ့ဆောင်းပါးကို စာပေစိစစ်ရေး တင်အပြီးမှာ ထိုသို့ ပိတ်ပင်ခြင်း ခံရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဦးနေဝေမှ အယ်ဒီတာနဲ့ တွေ့ချင်တယ်ဟု ဆိုသော်လည်း ကျွန်တော်တို့အယ်ဒီတာမှာလည်း မအား မလပ်ရှိလှသည်။ ကျွန်တော့်အနေဖြင့် တွေ့ဆုံမေးမြန်း၍ ရမည်ဆိုလျှင် ကျွန်တော်လာခဲ့ပါမည်ဟု ပြန်လည် ပြောဆိုလိုက်ရာ သူ့ဆီလာရင်ဝေးမယ်။ တစ်နေရာမှာ ကြားချပြီး ချိန်းလိုက်။ မင်းလည်းထွက်ခဲ့။ ငါလည်း ထွက် လာခဲ့မယ်ဟု ဆိုပြီး (၈)မိုင်သို့ ချိန်းဆိုလိုက်သည်။
တစ်ခါမှ အသံဖမ်းစက်(Recorder) မကိုင်သေးသော ကျွန်တော် ကိုဝေလင်းအား အကျိုးအကြောင်း ပြောပြသည်။ ကိုဝေလင်းက မင်းသွားလိုက်ကွာ ပြီးရင် မင်းပဲရေးလိုက်ဟု ဆိုသဖြင့် သူ့ဆီမှ Recorder တစ်လုံးယူ၍ ရှစ်မိုင်သို့ထွက်ခဲ့တော့သည်။
ရှစ်မိုင်သို့ရောက်သော် သူစောင့်ကိုယ်စောင့် ဖြစ်နေသည်။ သူပြောသည့်နေရာမှာ ကျွန်တော်မရှိသဖြင့် စတွေ့ခါစမှာပင် ကျွန်တော့်အား ဟိန်းတော့ ဟောက်တော့သည်။ ဦးနေဝေမှ သူပါတီထုတ်စာစဉ်များ ထုတ်ပြ၍ သူ့ရေးသားထားသော မြန်မာငွေမာခြင်း နှင့် ဒေါ်လာဈေးကျခြင်း အကြောင်းကို ရှင်းလင်းပြောဆိုတော့သည်။ ဒေါ်လာဈေးကျခြင်းသည် များစွာ ထိခိုက်ခြင်း မရှိကြောင်း ၊ ဒေါ်လာဈေးကျခြင်း၏ နောက်တွင် စပါးဈေးကျ ကောင်းကျမည်။ စပါးဈေးကျသည့်နည်းတူ ပြည်ပမှ တင်သွင်းသော အီလက်ထရောနစ် ပစ္စည်းများလည်း လိုက်ကျသည်ဖြစ်၍ အားလုံးတပြေးညီလည်ပတ်သည့် သဘောကို ရှင်းပြနေခြင်း ဖြစ်သည်။ ထိုသို့ လိုရင်း ကိစ္စကို အင်တာဗျူးရာတွင်လည်း ထိုင်မိသည့် လက်ဖက်ရည်ဆိုင်မှာ သီချင်းဖွင့်ထားသည်ဖြစ်ရာ မေးသူကလည်း အသံကုန် ဖြေသူကလည်း အသံကုန် ဖြေနေရသည်။ ဘေးဝိုင်းမှ လူများပင် အာဘောင်အာ ရင်းသံသံဖြင့် ပြောဆိုနေသော ကျွန်တော်တို့ဝိုင်းဘက်သို့ အာရုံစိုက်လာကြတော့သည်။
(၂)
ထိုမှ တစ်ဆက်တည်းပင် ကျွန်တော်တို့ မိတ်ဆက်စကားပြောကြရာ ကျွန်တော်လည်း ဘိုကလေးသား ၊ သူလည်း ဘိုကလေးသား ဖြစ်နေသည်။ ထိုမှ အကြောင်းဆက်၍ ပြောကြရာ ၂၀၁၀ က လမ်းဘေးမှာ တရားစ ဟောတာ ငါပဲ ဟူသော ပြောဆိုချက်ဖြင့် ဦးနေဝေမှ သူ့အလုပ်မှထွက်ပြီး နိုင်ငံရေးနယ်ပဲထဲကို ၀င်လာပုံကို ရှင်းလင်းပြောဆိုသည်။ ထိုစဉ်က ကျွန်တော်ကို မမြင်မိကြောင်း ၊ သတင်းထောက်များနှင့် ရင်းနှီးကြောင်းလည်း ပြောသည်။
ကျွန်တော်က ၂၀၁၀ ၀န်းကျင်တွင် အင်တာနက်ဆိုင်မှာသာ ရှိသေးကြောင်း ၊ မီဒီယာလောကထဲ စတင် ခြေချမိခြင်း အကြောင်းများ ပြောဆိုရင်း အတော်ကို ရင်းနှီးကျွမ်းဝင်သွားသည်။ တဆက်တည်းပင် မင်္ဂလာဒုံမြို့နယ်အတွင်းတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ဟောပြောပွဲ ရှိသည်ဟု ဆိုကာ ကျွန်တော့်အား လိုက်ခဲ့ဖို့ ခေါ်သွားတော့သည်။ ကျွန်တော့်အနေဖြင့် (၈)မိုင်သို့ လာမည်ဟုဆိုကာ လမ်းစရိတ် အနည်းငယ်သာ ပါ၏။ သူကပင် လမ်းစရိတ်ခံ၍ ခေါ်သွားခြင်းကြောင့် မြစ်ဆုံသတင်းတစ်ပုဒ် ထပ်ရလိုက်သေးသည်။ မြစ်ဆုံနှင့် ပတ်သက်၍ ပညာရှင်များက ကန့်ကွက်ခြင်း လူထုလှုံဆော်ပွဲဖြစ်သည်။ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင် ၊ ဆရာ ကိုတာ ၊ သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးမြင့်ဇော် နှင့် ဆရာ စိန်ဝင်း (ပုတီးကုန်း)တို့ ဟောပြောကြခြင်း ဖြစ်သည်။
ထိုအချိန်မှ စ၍ ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးနေဝေနှင့် ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်သွားကြရာ နောက်နောင် အရေးကိစ္စပေါ်တိုင်း ဦးနေဝေမှ ကျွန်တော့်အား ဆက်သွယ်တော့သည်။ သူပြောသည်မှာလည်း မီဒီယာအားသည် မရှိမဖြစ် လိုအပ်ကြောင်း ၊ မီဒီယာများသည်လည်း ရံဖန်ရံခါ ဆက်သွယ်လို့မလွယ်ကြောင်း ၊ တင်ထုတ် စနစ်ဖြစ်နေရာ သတင်းမက်စေ့(message) များသည် လိုရင်းကိုမရောက်ဘဲ ဖြတ်တောက်ခြင်းခံရ သည့်အတွက်လည်း ဂျာနယ်စာမျက်နှာများတွင် ပါသင့်သည်များ ပါမလာကြောင်း ဖြင့်ပြောသည်။ မည်သို့ပင် ဖြစ်စေ သတင်းထောက်များအနေဖြင့် သတင်းတစ်ပုဒ်ကို ဂျာနယ်စာမျက်နှာတွင် ဖော်ပြနိုင်ခြင်းမရှိသည့်တိုင် အင်တာနက်မှ ပွင့်လင်းစွာ ရေးသားဖြန့်ဝေသင့်ကြောင်းဖြင့် ကျွန်တော့်အား သင်ပြလိုက်လေတော့သည်။
(၃)
ထိုစဉ်မှ စ၍ အပတ်စဉ် ဆောင်းပါးတစ်ပုဒ်မျှသာ ဖြစ်ညှစ်ရေးလေ့ရှိသော ကျွန်တော် သတင်းများပါ စရေးလာတော့သည်။ ကျွန်တော်ကိုယ်တိုင်သည်ပင် အင်တာနက်ဆိုင်တွင် နေစဉ် နိုင်ငံရေးစာပေများကို ဖတ်ရှု မိရာမှ ဂျယ်တိုက်များတွင် မိမိရေးလိုသည်များ ရေးနိုင်မည်ဟု မျှော်မှန်း၍ လက်ရှိအလုပ်ကို စွန့်လွှတ်ပြီး ဂျာနယ် တိုက်ကို ရောက်လာခြင်း ဖြစ်သည်။ ကိုယ့်ပညာနှင့်ကိုယ် တန်ရာတန်ကြေးရလိမ့်မည်ဟုလည်း မျှော်လင့် ထားသည်။
ယခင်က ဆောင်းပါးများရေး၍ ဂျာနယ်တိုက်သို့ ပေးပို့ရာ ဆေင်းပါးတစ်ပုဒ်လျှင် စာမူခ(၅၀၀)မျှ ရ၏။ ဂျာနယ်တိုက်သို့ ရောက်ရှိသွားပြီးနောက် တိုက်တွင်း ဆောင်းပါးရှင်ဖြစ်သွားရာ ဆောင်းပါးတစ်ပုဒ်လျှင် စာမူခ (၃၅၀၀)ခန့်သာ ရတော့သည်။ ကျွန်တော့်အနေဖြင့် ဂျာနယ်တိုက်အပြင်မထွက်ဘဲ အလုပ်လုပ်နေရာမှ သတင်း လိုက်ပါရယူခွင့်ကိုပါ တောင်းခံလိုက်တော့သည်။ ဂျာနယ်တိုက်တွင်လည်း ရှိစေ။ သတင်းလိုက်စရာရှိလျှင်လည်း ခွင့်တောင်းပြီး လိုက်နိုင်သည်ဟူသော အမိန့်ရတော့သည်။
ဂျာနယ်လောကတွင် သတင်းထောက်ဦးရေသည် လက်ချိုးရေတွက်လို့ ရသည်ဖြစ်ရာ တိုက်တွင်း ဆောင်းပါးမျှသာ ရေးနေသော ကျွန်တော် သတင်းပါရေးလာသဖြင့် သတင်းထောက်အချို့က မကျေနပ်ချင်ကြ။ သတင်း၏ သဘောတရားကို နားမလည်ဟု ယူဆကြသည်။ တကယ်လည်း အပြည့်အ၀နားမလည်။ ဘခြောက် လုံးမျှကိုတော့ လူထုဦးလှ၏ စာအုပ်များ ၊ ဆရာမောင်ဝံသ၏ သတင်းစာပညာ စာအုပ်များထဲမှ သိထားသည်။ ဆရာမောင်ဝံသ၏ သတင်းစာပညာစာအုပ်ကိုလည်း ၀ယ်သာထားသည်။ တခါတရံသာဖတ်ဖြစ်ခဲ့သည်။
(၄)
ဦးနေဝေ ကျွန်တော့်ထံထပ်မံ ဆက်သွယ်လာသည်။ ယခုတစ်ခါတွင် လယ်ယာမြေကိစ္စဖြစ်သည်။ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရွှေနံ့သာကျေးရွာမှ လယ်သမားများ လုပ်ကိုင်စားသောက်နေသောမြေကို သိမ်းယူထားခြင်း နှင့် ပတ်သက်၍ လယ်သမားများက လက်မှတ်ရေးထိုးတိုင်ကြားမည် ဖြစ်ရာ သတင်းလာ ရောက်ရယူရန် နှင့် ထိထိမိမိရေးသားရန် ခေါ်ခြင်းဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဦးနေဝေနှင့် တိုင်ပင်သည်။သိမ်းဆည်းခံထားရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စတင်မေးမြန်းသည်။ လယ်သမားများအား ခြိန်းခြောက်သိမ်းဆည်းထားခြင်း ဖြစ်ကြောင်းဖြင့် မြေယာကိစ္စနှင့် ပတ်သက်၍ ကိုင်တွယ်ရတော့မည် ဖြစ်ကြောင်း ဆိုသည်။
နံနက်စောစောပင် ဦးနေဝေထံ ကျွန်တော်ရောက်သွားသည်။ လယ်သမားအစုံအလင်စုဝေး၍ ဦးနေဝေ မှလယ်သမားထံမှ သိမ်းဆည်းရယူထားပုံကို ရှင်းလင်းပြောကြားသည်။ လယ်သမားများမှာ ကြောက်၍ ငြိမ်ခံခဲ့ရ ကြောင်း ဆို၍ ပြန်လည်အရေးဆိုမည်ဖြစ်ကြောင်း ၊ ၎င်းတို့လုပ်ကိုင်စားသောက်လာခဲ့သည့် အခြေအနေနှင့် လက်ရှိ လယ်မြေအတွင်း ဖြစ်ပေါ်နေသော ပြဿနာများကို ပြောကြသည်။ လယ်သမားခေါင်းဆောင် ဦးကျော်စိန်ဖြစ်သည်။ လယ်ယာမြေများကို ယခုပြည်သူ့လွှတ်တော် ဥက္ကဌကြီးဖြစ်နေသူနှင့် ခမီးခမတ်တော် စပ်သူက သိမ်းဆည်းရယူရန် ကြိုးပမ်းပုံ။ နိုင်ငံတော်က သိမ်းဆည်းခြင်း ဖြစ်ကြောင်းဖြင့် လယ်သမားများအား ပြောဆို၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကုမ္ပဏီပိုင်ရှင်မှ ရယူထားပုံ။ လယ်သမားများ အနေဖြင့် နိုင်ငံတော်မှ သိမ်းဆည်းကြောင်း မှန်လျှင် နိုင်ငံတော်ထံ အသနားခံစာတင်ပြပါမည်ဟု ထို လွှတ်တော်ကိုယ်စားလှယ် သူဌေးကြီးအား ပြန်လည် ပြောဆိုရာ ခင်ဗျားတို့နိုင်ငံတော်ထံ အသနားခံစာတင် လည်း ဖတ်မယ့်သူ မရှိဘူး။ အမှိုက်ပုံးထဲ ရောက်မှာပဲဟူသော ပြောဆိုမှုများလည်း ရှိကြောင်းဖြင့် ကြားသိရ တော့သည်။
လယ်သမားများ နှင့် ဦးနေဝေ စတင်ဆက်စပ်မိပုံကို ပြန်လည်ကြားသိရာတွင် လယ်သမားများက ၎င်းတို့လယ်မြေများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ ကွန်ပျူတာဆိုင်များတွင် တိုင်စာရေးသားရန် သွားရောက် ပြောဆိုကြရာ မည်သူမျှရေးသား ပေးခြင်း မရှိသည့်အတွင် ဦးနေဝေ၏ အိမ်ဆိုင်သို့ ရောက်ရှိလာကြပြီး အကြောင်းတိုက်ဆိုင်သွားကြခြင်းဖြစ်သည်။ ဦးနေဝေအား လယ်သမားများ နှင့် မိတ်ဆက်ပေးလိုက်သူမှာ ဆရာဝန် တစ်ဦးဖြစ်ပြီးသည်။ ဦးဗျို့ဆိုသူ မွန်လယ်သမားကြီး တစ်ဦးသည် ဆေးခန်းတွင် ကုသရင်း ဆရာဝန် အား ၎င်းတို့လယ်မြေများသိမ်းဆည်းခံထားရပုံကို ပြောဆိုမိရာ ဆရာဝန်က ဦးနေမျိုးဝေထံ လမ်းညွှန်လိုက်ခြင်း ဖြစ်ပေသည်။
လယ်သမားများအနေဖြင့် ဦးနေဝေအား သံသယရှိနေကြသည်။ သူ့အရင်က လယ်သမားများကို ကူညီမည်ဟု ပြောဆိုပြီး မလိမ့်တပတ်လုပ်သွားသည့် အဖြစ်နှင့် ကြုံတွေ့ခဲ့၍ ပုံအောယုံကြည်ခြင်းငှာ မစွမ်းသာ ပဲဖြစ်နေခြင်းသာတည်း။ လယ်သမားများသည် ထိုသို့တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းနေပြီး လယ်မြေထဲတွင် ကုမ္ပဏီတာဝန်ရှိသူများ၏ မတရားလုပ်ကိုင် ဆောင်ရွက်မှုများနှင့် တိုက်ရိုက်ရင်ဆိုင်နေကြရသည်။ ကုမ္ပဏီ လုံခြုံရေးအဖွဲ့သည် ရဲတပ်ဖွဲ့ဝင်များအလား ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့အရေးပေါ်တိုင်း ဦးနေဝေ ထံဆက်သွယ်ကြရာ ဦးနေဝေကလည်း နီးနီးနားနားဖြစ်သည့် အားလျှော်စွာ ကိုယ်တိုင်ကွင်းဆင်း၍ လယ်သ မားအရေး စတင်ဆောင်ရွက်တော့သည်။
လယ်သမားများ စုပေါင်းလက်မှတ်ထိုးသည့်နေ့က တခြားဂျာနယ်များမှ သတင်းထောက်ဟူ၍ မရှိ။ ကျွန်တော်တို့ ဂျာနယ်တိုက်မှ ဂျာနယ်လစ် နှစ်ယောက်ဖြစ်နေသည်။ ကျွန်တော်က ဦးနေဝေနှင့် အတူပါသွား ပြီး နောက်မှ လယ်သမားများနှင့် သဘောဆန္ဒတူသည့် သူဌေးနှင့် သတင်းအယ်ဒီတာ ပါလာသည်။ သူလည်း ရေးချင်သလိုရေး။ ကိုယ်လည်း ရေးချင်သလိုရေး။ အယ်ဒီတာကြည့်သုံးလိမ့်မည်ဟုပင် ဆုံးဖြတ်ထားသည်။ လယ်သမားများ လက်မှတ်ထိုးပြီး မေးမြန်းစဉ်တွင် သတင်းအယ်ဒီတာမှ လယ်သမားများအနေဖြင့် လယ်မြေ ပြန်လည်ရရှိရေးသာ တသံတည်းဆိုရန် ပြောဆိုပြီး အင်တာဗျူးသည်။ သူလည်း အင်တာဗျူးသည်။ ကျွန်တော် လည်း အင်တာဗျူးသည်။ ထိုသို့အင်တာဗျူးပြီး ဦးနေဝေနှင့် ပြန်လည်တိုင်ပင်ရင်း အတူပြန်လာခဲ့သည်။ ဦးနေ ဝေမှ ဒီကိစ္စမှာ လယ်မြေပြန်ရရေးသာ ပြောဆိုဖို့မလွယ်ကူကြောင်း ၊ ယခုလယ်သမားများအား ငွေပေးထား သည်လည်း ရှိနေကြောင်း ၊ ငွေပေးသည်ဟု ဆိုသော်လည်း ကာလတန်ကြေး မဟုတ်သည့်အတွက် လယ်သမားများ အနေဖြင့် လယ်သမားများအနေဖြင့် မကျေမနပ်ဖြစ်နေကြခြင်း ဖြစ်ကြောင်း သုံးသပ်ပြောဆို သည်။ သူ့အနေဖြင့် အကြံပြုလိုသည်မှာ သတင်းပြန်လည် ရေးသားရာတွင် “လယ်သမားများ၏ နစ်နာမှု အတွက် လယ်ယာမြေများကို ကာလပေါက်ဈေးပေးချေခြင်း အားဖြင့် ရယူသင့်ကြောင်း ၊ သို့မဟုတ်လျှင် သိမ်းဆည်းရယူရန် မသင့်ကြောင်း ၊ ဥပဒေအရ လယ်မြေများကို နိုင်ငံတော် စီမံကိန်းမှ အပ ပုဂ္ဂလိက အကျိုးစီး ပွားအတွက် သိမ်းဆည်းခွင့် မရှိကြောင်းဖြင့်” သုံးသပ်ရေးသား ရန် အကြံပြုသည်။
သူ့အနေဖြင့် အကြံပြုခြင်းသာ ဖြစ်ပြီး ကိုယ့်အတွေးအမြင်အတိုင်းသာ ရေးသားရန် ပြောဆိုလိုက်သေး သည်။ သတင်းဆောင်းပါး ပုံစံမျိုးပြန်လည်ရေးသားရာတွင် ဦးနေဝေထောက်ပြသော အချက်များ အပါအ၀င် လယ်ယာမြေကို မဟားတရား သိမ်းဆည်းထားပုံကို ခြုံငုံရေးသားလိုက်တော့သည်။ ထိုအပတ် ဂျာနယ်ထွက် ရက်တွင် အယ်ဒီတာချုပ်နှင့် အုပ်ချုပ် ရေးမှူးမှာ ဂျာနယ်တိုက်တွင် မရှိ။ နေပြည်တော်သို့ ရောက်ရှိနေကြသည်။ ကျွန်တော်ရေးသားထားသည်လေး ပါပါ့မလား စိုးတထိတ်ထိတ် ဖြစ်နေရာမှ ဖော်ပြခြင်း ခံရသည်။
ဤသည်ကား ဇေကမ္ဘာ နှင့် ရွှေနံ့သာ လယ်သမားများ ပြဿနာအစဖြစ်၏။ ကျွန်တော်တို့နှင့် စတင် ကျွမ်းဝင်သော လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာဖြစ်လေသည်။ ထိုသို့ ဂျာနယ်စာမျက်နှာတွင် ပါရှိပြီး မကြာမီမှာပင် ဦးဝေမှမှ ၎င်း၏ ပါတီစာစဉ် Diversity (ဒိုင်ဗားစတီး)တွင် ဇေကမ္ဘာ နှင့် ရွှေနံ့သာလယ်သမား များ ပြဿနာကို လယ်သမားတစ်ဦးချင်းစီနှင့် မေးမြန်း၍ သုံးသပ်ရေးသား ဖြန့်ဝေလိုက်တော့သည်။ စတင်ကိုင် တွယ်မိသော လယ်ယာမြေပြဿနာအဖြစ် မှတ်တမ်းတင် ဖော်ပြရေးသားအပ်ပါသည်။
(မြေကြီး နှင့် ပြည်သူ အပိုင်း(၁)ဖြစ်ပါသည်။ဆက်လက်ရေးသား ဖော်ပြပါမည်။)
နောင်တော်လေး (ဘိုကလေး)
နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ လူသားတိုင်းတွင် ပေတံကိုယ်စီ ရှိကြသည်
0
0
James Mint's photo.
နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ လူသားတိုင်းတွင် ပေတံကိုယ်စီ ရှိကြသည်……  ယနေ့ ကျွက်ကျွက်ညံနေသည့် အနောက်ဖက်ကမ်းက ဘင်္ဂါလီများအပေါ် အိမ်ထောင်ပြုခွင့်နှင့် ကလေးယူခွင့် ပေါ်လစီကိစ္စကို စဉ်းစားမိပေသည်….. ထိုကိစ္စသည်ကား ယခုမှမဟုတ်၊ ရှေးယခင်ကပင် ရှိခဲ့သည့် အမိန့်ပင်တည်း….. ထို့ကြောင့်ပင် ၎င်းအမိန့်အား လက်ညှိုးထိုး၍ ဘင်္ဂါလီ လော်ဘီတို့မှ ၎င်းတို့အပေါ် ကန့်သတ်ချက်များဟု နိုင်ငံတကာအပေါ် မျက်ရည်ထိုးခံခဲ့ခြင်းပင်….. အဆိုပါ ဥပဒေ၏ အကျိုးသက်ရောက်မှုကား မြို့ပေါ်ဝန်းကျင်တွင်ပင် ငွေကြေးမတတ်နိုင်သူများအတွက်သာ ဖြစ်ပေသည်….. မြို့မှအပသော ကျေးရွာငယ်များတွင်ကား ၎င်းဥပဒေသည် အကျိုးသက်ရောက်မှု စိုးစဉ်းမျှပင် မရှိချေ….. ငွေကြေးတတ်နိုင်သူများအဖို့မူကား အဆိုပါဥပဒေသည် စာရွက်ပေါ်တွင်သာ ရှိပေသည်…..  ဤနေရာတွင် ကျေးလက်နေ ဘင်္ဂါလီတို့၏ နေထိုင်မှု ပုံစံကို အနည်းငယ် ရှင်းပြလိုပေသည်….. ၎င်းတို့၏ အိမ်အများစုသည် ရွှံ့ဈေးများဖြင့် ဂူပုံသဏ္ဍန် ဆောက်လုပ်ထားခြင်း ဖြစ်လေသည်….. ဝင်ပေါက်နှင့် ထွက်ပေါက် နှစ်ပေါက်သာ ပါဝင်၍ ပြတင်းပေါက်ရှိခဲလှသည်….. ဒေသတွင်း ဆင်းရဲကြပ်တည်းမှုအရ မိသားစု တစ်ခုမှ အမျိုးသမီးတစ်ဦး အိမ်ထောင်ကျသည်နှင့် ၎င်းအမျိုးသမီး၏ ညီမ၊ အစ်မ အချို့မှာ အိမ်ထောင်ကျသူနှင့် လိုက်ပါနေရလေ့ရှိသည်…. သို့ဖြစ်သည့်အတွက် သတို့သားမှာကား ထီပေါက်ပေတော့သည်…. ညဘက် မှောင်နှင့်မဲမဲ အဆိုပါ ဂူပုံသဏ္ဍန်အိမ်ထဲတွင် တွေ့သည့်မိန်းမ ၎င်း မိန်းမသာ ဖြစ်ချေတော့သည်….. ဘာသာတရားအား လွဲမှားစွာ သွန်သင်မှုအရလည်း လိင်မှုဆိုင်ရာ အကြမ်းဖက်မှုအား ဆန့်ကျင်မိလျင် အပြစ်ကြီးလေးသည်ဟု ခံယူကြသဖြင့် ငြိမ်သက်စွာ နေရပေသည်…….  ထိုဒေသ၏ စကားပုံတစ်ခုမှာကား ဘင်္ဂါလီတို့ အလကားမထားသည့် လ နှစ်ခုရှိသည်ဟု ဆိုရိုးစကား ရှိပေသည်…… ထိုအရာများကား လယ် နှင့် ×ီး တို့ပင် ဖြစ်သည်ဟု ဆိုကြလေသည်……. ဆင်းရဲလွန်းသဖြင့် လယ်မြေအား အအားမထားပဲ တစ်သီးမဟုတ် တစ်သီးအား စိုက်ပျိုးနေကြပေသည်…… ထို့အတူပင် ဆင်းရဲလွန်းသောကြောင့် အခြားတစ်ပါးသော အပန်းဖြေစရာ မရှိသည့်အတွက် မိန်းမနှင့်သာ နှစ်ပါးသွားနေရာမှ ကလေး တစွတ်စွတ်မွေးခြင်းသည်လည်း အကြောင်းခြင်းရာ တစ်ရပ် ဖြစ်ပေသည်….. ထိုမှတစ်ဆင့် ကိုယ်ဝန်ရှိကာ မွေးဖွားလာသည့် ကလေးငယ်များကား နိုင်ငံတကာ အဖွဲ့အစည်းများ၏ အထူးစောင့်လျှောက်ခံဘဝနှင့် ကြီးပြင်းလာရပေတော့သည်…… မြို့များရှိ ငွေကြေး ချမ်းသာသူများကား အဆိုပါ တောဒေသရှိ ကလေးငယ်များအား ခေါ်ယူ၍ မိမိအိမ်တွင် လက်တိုလက်တောင်း ခိုင်းစေရင်း အတန်းပညာ အထိုက်အလျောက် သင်ကြားပေးကြပေသည်….. ဤသည်ကား ဘင်္ဂါလီတို့၏ နေထိုင်မှု ပုံသဏ္ဍန်ပင်…..   ၎င်းလူမျိုးများသည် ထူးခြားချက် တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် သစ္စာခံနိုင်ခြင်း အလျဉ်းမရှိသကဲ့သို့ မြန်မာနိုင်ငံ၏ အလံတော်အားလည်း အလေးမပြုနိုင်ကြပေ….. ၎င်းတို့ကိုယ် ၎င်းတို့ ဘင်္ဂလားဒေ့ရှ်လူမျိုးအဖြစ်သာ မှတ်ထင်နေကြသည်….. တစ်နည်းအားဖြင့်မူ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် နေထိုင်နေကြသော်လည်း မှီတင်းနေထိုင်သည့် နိုင်ငံအပေါ်တွင် သစ္စာစောင့်သိနိုင်ခြင်း အလျဉ်းမရှိကြချေ….. ထို့အတူပင် မွေးဖွားလာသည့် မြောက်များစွာသော မျိုးဆက်များကား ရခိုင်ပြည်နယ်အား လူဦးရေ အသာဖြင့် သိမ်းပိုက်နိုင်ရန် အားထုတ်သကဲ့သို့ပင်တည်း…… သို့ဖြစ်သည့်အတွက် “ နိုင်ငံသား မဟုတ်သော၊ နိုင်ငံအပေါ် သစ္စာမစောင့်သိနိုင်သော ဘင်္ဂါလီများ ” အပေါ် ကလေးမွေးဖွားနှုံး ကန့်သတ်ခြင်းမှာ မိမိနိုင်ငံ၏ အကျိုးအနေဖြင့် လုပ်သင့်သော ဥပဒေတစ်ရပ် ဖြစ်ပေသည်…..  သို့ရာတွင် အဆိုပါ ဥပဒေမှာ ချမ်းသာသူများအတွက် စာရွက်ပေါ်တွင်သာ ရှိနေခြင်း၊ ဝေးလံခေါင်းပါးသော နေရာများသို့ အကျိုးသက်ရောက်မှု မရှိခြင်းများကိုလည်း ထိရောက်စွာ ကိုင်တွယ်သင့်ပေသည်…… ထို့ကြောင့် ဒေါ်စု၏စကားအား ဆန္ဒပြသူများအနေဖြင့် ဒေါ်စုအား ဆန့်ကျင်ဆန္ဒဖော်ထုတ်မည့်အစား ဖြစ်ရပ်၏ အကြောင်းခြင်းရာပေါ် မူတည်၍ ဆန္ဒပြသင့်ပေသည်……. မိမိအမြင်အရမူ ဆန္ဒပြဖော်ထုတ်သူများသည် အဆိုပါ ဥပဒေကို ထောက်ခံခြင်းနှင့် မည်သည့်အတွက်ကြောင့် ထောက်ခံခြင်းကို ပိုမိုအလေးထား၍ ဆန္ဒဖော်ထုတ်သင့်ပေသည်…… ဒေါ်စုမှလည်း၎င်းအပေါ် မကျေနပ်လျင် တရားဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ရန်လည်း လက်ပံတောင်း ကိစ္စမှပင် ပြောဆိုထားခဲ့ပြီး ဖြစ်သဖြင့် ဤကိစ္စနှင့် ပါတ်သက်၍ ဆန္ဒသဘောထား ထုတ်ဖော်သူများသည် ဒေါ်စုအပေါ် ဆန့်ကျင် ဆန္ဒပြမည့်အစား မိမိတို့၏ အဓိက သဘောထား ရည်ရွယ်ချက်ကို ထုတ်ဖော်သင့်ပေသည်……  ထိုသို့ ထုတ်ဖော်ရာတွင် ကလေးမွေးဖွားနှုန်းကန့်သတ်ခြင်းအား ထောက်ခံခြင်းနှင့်အတူ၊ ၎င်းဥပဒေ အကျိုးသက်ရောက်မှု ထိရောက်စေရန် တိုက်တွန်းခြင်းကိုလည်း တစ်ပါတည်း ပြုသင့်ပေသည်…… ကလေးမွေးဖွားနှုန်း ကန့်သတ်ခြင်းကဲ့သို့ အရေးပါသည့် ဘင်္ဂါလီ ဝှိုက်ကဒ် ကိုင်ဆောင်သူများ၏ ၂၀၁၀ တွင် ဆန္ဒမဲ့ ပေးခဲ့သကဲ့သို့ ၂၀၁၅  တွင် ဖြစ်မလာစေရန်လည်း ဆန္ဒဖော်ထုတ်သင့်ပေသည်….. ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် မိမိတို့၏ ဖြစ်စေချင်သည့် အကြောင်းခြင်းရာများသာမက နိုင်ငံ့အကျိုးကို လိုလားသည့် အတိုက်အခံ ပါတီများလည်း နိုင်ငံ့အပေါ်တွင် သစ္စာစောင့်သိသင့်သည်ဟု တိုက်တွန်း၍ ဆန္ဒဖော်ထုတ်သင့်ပေသည်…..  အဆိုပါ ကလေးမွေးဖွားမှုနှုန်းဥပဒေနှင့် အပေါ်တွင် ဒေါ်စု၏ အငြင်းပွားဖွယ် စကားနှင့် ပါတ်သက်၍ မူရင်း အသံဖိုင်အား နားထောင်လိုက်ရပေသည်…… အဆိုပါ အသံဖိုင်တွင် ဒေါ်စုအနေဖြင့် ဒေသန္တရအမိန့် ထုတ်လိုက်ခြင်းကို သိရှိခြင်း မရှိသော်လည်း လူ့အခွင့်အရေးနှင့် မညီဟု မှတ်ချက်ပေးခဲ့ပေသည်….. နိုင်ငံတကာတွင် ဆုံးဖြတ်ချက် တစ်ခုချပြီးလျင် မည်သည့်အခြေအနေကိုမဆို ရင်ဆိုင်သွားလေ့ရှိသည့် Iron Lady အဖြစ် နာမည်ကျော်သော ဒေါ်စု၏ အဆိုပါ မှတ်ချက်သည် အဆိုပါ ဥပဒေ ထွက်ရှိသည်ဖြစ်စေ၊ မထွက်ရှိသည်ဖြစ်စေ တစ်သဘောတည်းပင်တည်းဟု မိမိအနေဖြင့် ယုံကြည်မိပေသည်…..  မိမိ အမြင်အရမူ ဒေါ်စုသည် အဆိုပါ မေးခွန်း၏ အဖြေအား နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းနှင့် တိုင်းတာ၍ ဖြေဆိုလိုက်သည်ဟု မြင်မိပေသည်…. သို့ရာတွင် တစ်ချက်ထောက်ပြလိုသည်မှာ ဒေါ်စုသည် ကမ္ဘာ့ ဒီမိုကရေစီ အိုင်ကွန်မဟုတ်ပဲ မြန်မာ့ဒီမိုကရေစီ အိုင်ကွန်ဖြစ်ပေသည်….. သို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အရေးနှင့် ပါတ်သက်လျင် မိမိနိုင်ငံ၏ အခြေအနေပေါ် မူတည်၍ သုံးသပ်ရန် လိုပေသည်….. စာအုပ်ပေါ်တွင်သာရှိ၍ မည်သည့်နိုင်ငံခေါင်းဆောင်မျှ ၎င်းတို့နိုင်ငံ၏ အကျိုးစီးပွား အပျက်စီးခံပြီး လိုက်နာလေ့မရှိသည့် ပေတံများနှင့် သုံးသပ်ရန် လိုအပ်မည်မဟုတ်ဟု မြင်မိပေသည်…..  နိုင်ငံတိုင်းသည် လူ့အခွင့်အရေးကို အခြေအနေ အတိုင်းတအာတစ်ခုအထိသာ လိုက်နာလေ့ရှိပြီး မိမိနိုင်ငံ၏ အကျိုးစီးပွား (National Interest) နှင့် ပါတ်သက်လျင် လူ့အခွင့်အရေးမှာ နောက်သို့ ရောက်သွားလေ့ရှိသည်ကို သတိချပ်သင့်ပေသည်….. ဤနေရာတွင် ဆော်ဒီအာရီဗျရှိ နိုင်ငံသားမဖြစ်သေးသော၊ နိုင်ငံသားဖြစ်ခွင့်အား နှစ် ၂၀ ကျော် စောင့်ဆိုင်းနေရသော ဘင်္ဂါလီလူမျိုးများ နေထိုင်မှုဘဝကို တစ်ချက် ဖော်ပြလိုပေသည်……. မည်မျှပင် ဘာသာတူစေကာမူ ဆော်ဒီနိုင်ငံသည် နိုင်ငံသားမဖြစ်သေးသည့် ဘင်္ဂါလီ လူမျိုးများ၏ ကလေးငယ်များအား အစိုးရကျောင်းများတွင် စာသင်ကြားခွင့် မပြုချေ၊ ဆေးကုသမှု ဆိုင်ရာတွင်လည်း ကန့်သတ်ထားသည်ကို လေ့လာသိရှိနိုင်ပေသည်…..  သို့ဖြစ်သည့်အတွက် အတိုက်အခံများအနေဖြင့် မိမိနိုင်ငံ၏အရေးအား သုံးသပ်ရာတွင် အခြားနိုင်ငံများအား နမူနာယူ၍ အရာရာအား စာအုပ်ပေါ်တွင်ရှိ၍ လက်ခံကျင့်သုံးမှုနည်းသော စံနှုန်းများဖြင့် တိုင်းတာခြင်းအစား National Interest အပေါ်တွင်သာ အခြေခံ၍ သုံးသပ်သင့်ပေသည်….. ထို့အတူပင် ထင်ရှားကျော်ကြားသည့် ခေါင်းဆောင်များ၏ နှုတ်ထွက်စကားအပေါ် မကျေနပ်၍ ဆန္ဒပြမည့်သူများအနေဖြင့်လည်း နေ့စားယူ၍ ဆန္ဒပြနေသူများကဲ့သို့ မဖြစ်စေရန် Root Causes ကိုအခြေခံထား၍ မိမိတို့ ဖြစ်စေချင်သည့် ဆန္ဒကိုသာ အဓိက ဖော်ထုတ်သင့်သည်ဟု တိုက်တွန်းလိုပေသည်…..   ထင်ရှားသည့် နိုင်ငံရေး ဗိသုကာ တစ်ယောက်ဖြစ်သည့် H.J.Morgenthau မှလည်း နိုင်ငံတကာ ဆက်ဆံရေးနှင့် ပါတ်သက်၍ any foreign policy which operates under the standard of the national interest ဟု ဆိုထားပေသည်..... သို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံအပေါ်တွင် သစ္စာမစောင့်သိနိုင်သည့်၊ မြန်မာနိုင်ငံ၏ အလံတော်အား အလေးမပြုနိုင်သည့် ဘင်္ဂါလီများနှင့် ပါတ်သက်၍ မိမိတို့အနေဖြင့် ပြတ်ပြတ်သားသား ရှိသင့်ပေသည်….. နိုင်ငံတိုင်း၊ ခေါင်းဆောင်တိုင်း၊ လူသားတိုင်းတွင် ပေတံရှိကြပေသည်…. သို့ရာတွင် မိမိတွင်ရှိသည့် ပေတံသည် လွဲမှားနေသော အံမဝင်သော၊ လက်တွေ့မကျသော ပေတံမဖြစ်စေရန်မှာ မိမိဦးနှောက်နှင့်သာ ဆိုင်သည်ကို သတိပြုသင့်ပေသည်ဟု နှိုးဆော်လိုက်ရပါ၏…..
နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ လူသားတိုင်းတွင် ပေတံကိုယ်စီ ရှိကြသည်……
ယနေ့ ကျွက်ကျွက်ညံနေသည့် အနောက်ဖက်ကမ်းက ဘင်္ဂါလီများအပေါ် အိမ်ထောင်ပြုခွင့်နှင့် ကလေးယူခွင့် ပေါ်လစီကိစ္စကို စဉ်းစားမိပေသည်….. ထိုကိစ္စသည်ကား ယခုမှမဟုတ်၊ ရှေးယခင်ကပင် ရှိခဲ့သည့် အမိန့်ပင်တည်း….. ထို့ကြောင့်ပင် ၎င်းအမိန့်အား လက်ညှိုးထိုး၍ ဘင်္ဂါလီ လော်ဘီတို့မှ ၎င်းတို့အပေါ် ကန့်သတ်ချက်များဟု နိုင်ငံတကာအပေါ် မျက်ရည်ထိုးခံခဲ့ခြင်းပင်….. အဆိုပါ ဥပဒေ၏ အကျိုးသက်ရောက်မှုကား မြို့ပေါ်ဝန်းကျင်တွင်ပင် ငွေကြေးမတတ်နိုင်သူများအတွက်သာ ဖြစ်ပေသည်….. မြို့မှအပသော ကျေးရွာငယ်များတွင်ကား ၎င်းဥပဒေသည် အကျိုးသက်ရောက်မှု စိုးစဉ်းမျှပင် မရှိချေ….. ငွေကြေးတတ်နိုင်သူများအဖို့မူကား အဆိုပါဥပဒေသည် စာရွက်ပေါ်တွင်သာ ရှိပေသည်…..
ဤနေရာတွင် ကျေးလက်နေ ဘင်္ဂါလီတို့၏ နေထိုင်မှု ပုံစံကို အနည်းငယ် ရှင်းပြလိုပေသည်….. ၎င်းတို့၏ အိမ်အများစုသည် ရွှံ့ဈေးများဖြင့် ဂူပုံသဏ္ဍန် ဆောက်လုပ်ထားခြင်း ဖြစ်လေသည်….. ဝင်ပေါက်နှင့် ထွက်ပေါက် နှစ်ပေါက်သာ ပါဝင်၍ ပြတင်းပေါက်ရှိခဲလှသည်….. ဒေသတွင်း ဆင်းရဲကြပ်တည်းမှုအရ မိသားစု တစ်ခုမှ အမျိုးသမီးတစ်ဦး အိမ်ထောင်ကျသည်နှင့် ၎င်းအမျိုးသမီး၏ ညီမ၊ အစ်မ အချို့မှာ အိမ်ထောင်ကျသူနှင့် လိုက်ပါနေရလေ့ရှိသည်…. သို့ဖြစ်သည့်အတွက် သတို့သားမှာကား ထီပေါက်ပေတော့သည်…. ညဘက် မှောင်နှင့်မဲမဲ အဆိုပါ ဂူပုံသဏ္ဍန်အိမ်ထဲတွင် တွေ့သည့်မိန်းမ ၎င်း မိန်းမသာ ဖြစ်ချေတော့သည်….. ဘာသာတရားအား လွဲမှားစွာ သွန်သင်မှုအရလည်း လိင်မှုဆိုင်ရာ အကြမ်းဖက်မှုအား ဆန့်ကျင်မိလျင် အပြစ်ကြီးလေးသည်ဟု ခံယူကြသဖြင့် ငြိမ်သက်စွာ နေရပေသည်…….
ထိုဒေသ၏ စကားပုံတစ်ခုမှာကား ဘင်္ဂါလီတို့ အလကားမထားသည့် လ နှစ်ခုရှိသည်ဟု ဆိုရိုးစကား ရှိပေသည်…… ထိုအရာများကား လယ် နှင့် ×ီး တို့ပင် ဖြစ်သည်ဟု ဆိုကြလေသည်……. ဆင်းရဲလွန်းသဖြင့် လယ်မြေအား အအားမထားပဲ တစ်သီးမဟုတ် တစ်သီးအား စိုက်ပျိုးနေကြပေသည်…… ထို့အတူပင် ဆင်းရဲလွန်းသောကြောင့် အခြားတစ်ပါးသော အပန်းဖြေစရာ မရှိသည့်အတွက် မိန်းမနှင့်သာ နှစ်ပါးသွားနေရာမှ ကလေး တစွတ်စွတ်မွေးခြင်းသည်လည်း အကြောင်းခြင်းရာ တစ်ရပ် ဖြစ်ပေသည်….. ထိုမှတစ်ဆင့် ကိုယ်ဝန်ရှိကာ မွေးဖွားလာသည့် ကလေးငယ်များကား နိုင်ငံတကာ အဖွဲ့အစည်းများ၏ အထူးစောင့်လျှောက်ခံဘဝနှင့် ကြီးပြင်းလာရပေတော့သည်…… မြို့များရှိ ငွေကြေး ချမ်းသာသူများကား အဆိုပါ တောဒေသရှိ ကလေးငယ်များအား ခေါ်ယူ၍ မိမိအိမ်တွင် လက်တိုလက်တောင်း ခိုင်းစေရင်း အတန်းပညာ အထိုက်အလျောက် သင်ကြားပေးကြပေသည်….. ဤသည်ကား ဘင်္ဂါလီတို့၏ နေထိုင်မှု ပုံသဏ္ဍန်ပင်…..
၎င်းလူမျိုးများသည် ထူးခြားချက် တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် သစ္စာခံနိုင်ခြင်း အလျဉ်းမရှိသကဲ့သို့ မြန်မာနိုင်ငံ၏ အလံတော်အားလည်း အလေးမပြုနိုင်ကြပေ….. ၎င်းတို့ကိုယ် ၎င်းတို့ ဘင်္ဂလားဒေ့ရှ်လူမျိုးအဖြစ်သာ မှတ်ထင်နေကြသည်….. တစ်နည်းအားဖြင့်မူ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် နေထိုင်နေကြသော်လည်း မှီတင်းနေထိုင်သည့် နိုင်ငံအပေါ်တွင် သစ္စာစောင့်သိနိုင်ခြင်း အလျဉ်းမရှိကြချေ….. ထို့အတူပင် မွေးဖွားလာသည့် မြောက်များစွာသော မျိုးဆက်များကား ရခိုင်ပြည်နယ်အား လူဦးရေ အသာဖြင့် သိမ်းပိုက်နိုင်ရန် အားထုတ်သကဲ့သို့ပင်တည်း…… သို့ဖြစ်သည့်အတွက် “ နိုင်ငံသား မဟုတ်သော၊ နိုင်ငံအပေါ် သစ္စာမစောင့်သိနိုင်သော ဘင်္ဂါလီများ ” အပေါ် ကလေးမွေးဖွားနှုံး ကန့်သတ်ခြင်းမှာ မိမိနိုင်ငံ၏ အကျိုးအနေဖြင့် လုပ်သင့်သော ဥပဒေတစ်ရပ် ဖြစ်ပေသည်…..
သို့ရာတွင် အဆိုပါ ဥပဒေမှာ ချမ်းသာသူများအတွက် စာရွက်ပေါ်တွင်သာ ရှိနေခြင်း၊ ဝေးလံခေါင်းပါးသော နေရာများသို့ အကျိုးသက်ရောက်မှု မရှိခြင်းများကိုလည်း ထိရောက်စွာ ကိုင်တွယ်သင့်ပေသည်…… ထို့ကြောင့် ဒေါ်စု၏စကားအား ဆန္ဒပြသူများအနေဖြင့် ဒေါ်စုအား ဆန့်ကျင်ဆန္ဒဖော်ထုတ်မည့်အစား ဖြစ်ရပ်၏ အကြောင်းခြင်းရာပေါ် မူတည်၍ ဆန္ဒပြသင့်ပေသည်……. မိမိအမြင်အရမူ ဆန္ဒပြဖော်ထုတ်သူများသည် အဆိုပါ ဥပဒေကို ထောက်ခံခြင်းနှင့် မည်သည့်အတွက်ကြောင့် ထောက်ခံခြင်းကို ပိုမိုအလေးထား၍ ဆန္ဒဖော်ထုတ်သင့်ပေသည်…… ဒေါ်စုမှလည်း၎င်းအပေါ် မကျေနပ်လျင် တရားဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ရန်လည်း လက်ပံတောင်း ကိစ္စမှပင် ပြောဆိုထားခဲ့ပြီး ဖြစ်သဖြင့် ဤကိစ္စနှင့် ပါတ်သက်၍ ဆန္ဒသဘောထား ထုတ်ဖော်သူများသည် ဒေါ်စုအပေါ် ဆန့်ကျင် ဆန္ဒပြမည့်အစား မိမိတို့၏ အဓိက သဘောထား ရည်ရွယ်ချက်ကို ထုတ်ဖော်သင့်ပေသည်……
ထိုသို့ ထုတ်ဖော်ရာတွင် ကလေးမွေးဖွားနှုန်းကန့်သတ်ခြင်းအား ထောက်ခံခြင်းနှင့်အတူ၊ ၎င်းဥပဒေ အကျိုးသက်ရောက်မှု ထိရောက်စေရန် တိုက်တွန်းခြင်းကိုလည်း တစ်ပါတည်း ပြုသင့်ပေသည်…… ကလေးမွေးဖွားနှုန်း ကန့်သတ်ခြင်းကဲ့သို့ အရေးပါသည့် ဘင်္ဂါလီ ဝှိုက်ကဒ် ကိုင်ဆောင်သူများ၏ ၂၀၁၀ တွင် ဆန္ဒမဲ့ ပေးခဲ့သကဲ့သို့ ၂၀၁၅ တွင် ဖြစ်မလာစေရန်လည်း ဆန္ဒဖော်ထုတ်သင့်ပေသည်….. ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် မိမိတို့၏ ဖြစ်စေချင်သည့် အကြောင်းခြင်းရာများသာမက နိုင်ငံ့အကျိုးကို လိုလားသည့် အတိုက်အခံ ပါတီများလည်း နိုင်ငံ့အပေါ်တွင် သစ္စာစောင့်သိသင့်သည်ဟု တိုက်တွန်း၍ ဆန္ဒဖော်ထုတ်သင့်ပေသည်…..
အဆိုပါ ကလေးမွေးဖွားမှုနှုန်းဥပဒေနှင့် အပေါ်တွင် ဒေါ်စု၏ အငြင်းပွားဖွယ် စကားနှင့် ပါတ်သက်၍ မူရင်း အသံဖိုင်အား နားထောင်လိုက်ရပေသည်…… အဆိုပါ အသံဖိုင်တွင် ဒေါ်စုအနေဖြင့် ဒေသန္တရအမိန့် ထုတ်လိုက်ခြင်းကို သိရှိခြင်း မရှိသော်လည်း လူ့အခွင့်အရေးနှင့် မညီဟု မှတ်ချက်ပေးခဲ့ပေသည်….. နိုင်ငံတကာတွင် ဆုံးဖြတ်ချက် တစ်ခုချပြီးလျင် မည်သည့်အခြေအနေကိုမဆို ရင်ဆိုင်သွားလေ့ရှိသည့် Iron Lady အဖြစ် နာမည်ကျော်သော ဒေါ်စု၏ အဆိုပါ မှတ်ချက်သည် အဆိုပါ ဥပဒေ ထွက်ရှိသည်ဖြစ်စေ၊ မထွက်ရှိသည်ဖြစ်စေ တစ်သဘောတည်းပင်တည်းဟု မိမိအနေဖြင့် ယုံကြည်မိပေသည်…..
မိမိ အမြင်အရမူ ဒေါ်စုသည် အဆိုပါ မေးခွန်း၏ အဖြေအား နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းနှင့် တိုင်းတာ၍ ဖြေဆိုလိုက်သည်ဟု မြင်မိပေသည်…. သို့ရာတွင် တစ်ချက်ထောက်ပြလိုသည်မှာ ဒေါ်စုသည် ကမ္ဘာ့ ဒီမိုကရေစီ အိုင်ကွန်မဟုတ်ပဲ မြန်မာ့ဒီမိုကရေစီ အိုင်ကွန်ဖြစ်ပေသည်….. သို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အရေးနှင့် ပါတ်သက်လျင် မိမိနိုင်ငံ၏ အခြေအနေပေါ် မူတည်၍ သုံးသပ်ရန် လိုပေသည်….. စာအုပ်ပေါ်တွင်သာရှိ၍ မည်သည့်နိုင်ငံခေါင်းဆောင်မျှ ၎င်းတို့နိုင်ငံ၏ အကျိုးစီးပွား အပျက်စီးခံပြီး လိုက်နာလေ့မရှိသည့် ပေတံများနှင့် သုံးသပ်ရန် လိုအပ်မည်မဟုတ်ဟု မြင်မိပေသည်…..
နိုင်ငံတိုင်းသည် လူ့အခွင့်အရေးကို အခြေအနေ အတိုင်းတအာတစ်ခုအထိသာ လိုက်နာလေ့ရှိပြီး မိမိနိုင်ငံ၏ အကျိုးစီးပွား (National Interest) နှင့် ပါတ်သက်လျင် လူ့အခွင့်အရေးမှာ နောက်သို့ ရောက်သွားလေ့ရှိသည်ကို သတိချပ်သင့်ပေသည်….. ဤနေရာတွင် ဆော်ဒီအာရီဗျရှိ နိုင်ငံသားမဖြစ်သေးသော၊ နိုင်ငံသားဖြစ်ခွင့်အား နှစ် ၂၀ ကျော် စောင့်ဆိုင်းနေရသော ဘင်္ဂါလီလူမျိုးများ နေထိုင်မှုဘဝကို တစ်ချက် ဖော်ပြလိုပေသည်……. မည်မျှပင် ဘာသာတူစေကာမူ ဆော်ဒီနိုင်ငံသည် နိုင်ငံသားမဖြစ်သေးသည့် ဘင်္ဂါလီ လူမျိုးများ၏ ကလေးငယ်များအား အစိုးရကျောင်းများတွင် စာသင်ကြားခွင့် မပြုချေ၊ ဆေးကုသမှု ဆိုင်ရာတွင်လည်း ကန့်သတ်ထားသည်ကို လေ့လာသိရှိနိုင်ပေသည်…..
သို့ဖြစ်သည့်အတွက် အတိုက်အခံများအနေဖြင့် မိမိနိုင်ငံ၏အရေးအား သုံးသပ်ရာတွင် အခြားနိုင်ငံများအား နမူနာယူ၍ အရာရာအား စာအုပ်ပေါ်တွင်ရှိ၍ လက်ခံကျင့်သုံးမှုနည်းသော စံနှုန်းများဖြင့် တိုင်းတာခြင်းအစား National Interest အပေါ်တွင်သာ အခြေခံ၍ သုံးသပ်သင့်ပေသည်….. ထို့အတူပင် ထင်ရှားကျော်ကြားသည့် ခေါင်းဆောင်များ၏ နှုတ်ထွက်စကားအပေါ် မကျေနပ်၍ ဆန္ဒပြမည့်သူများအနေဖြင့်လည်း နေ့စားယူ၍ ဆန္ဒပြနေသူများကဲ့သို့ မဖြစ်စေရန် Root Causes ကိုအခြေခံထား၍ မိမိတို့ ဖြစ်စေချင်သည့် ဆန္ဒကိုသာ အဓိက ဖော်ထုတ်သင့်သည်ဟု တိုက်တွန်းလိုပေသည်…..
ထင်ရှားသည့် နိုင်ငံရေး ဗိသုကာ တစ်ယောက်ဖြစ်သည့် H.J.Morgenthau မှလည်း နိုင်ငံတကာ ဆက်ဆံရေးနှင့် ပါတ်သက်၍ any foreign policy which operates under the standard of the national interest ဟု ဆိုထားပေသည်..... သို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံအပေါ်တွင် သစ္စာမစောင့်သိနိုင်သည့်၊ မြန်မာနိုင်ငံ၏ အလံတော်အား အလေးမပြုနိုင်သည့် ဘင်္ဂါလီများနှင့် ပါတ်သက်၍ မိမိတို့အနေဖြင့် ပြတ်ပြတ်သားသား ရှိသင့်ပေသည်….. နိုင်ငံတိုင်း၊ ခေါင်းဆောင်တိုင်း၊ လူသားတိုင်းတွင် ပေတံရှိကြပေသည်…. သို့ရာတွင် မိမိတွင်ရှိသည့် ပေတံသည် လွဲမှားနေသော အံမဝင်သော၊ လက်တွေ့မကျသော ပေတံမဖြစ်စေရန်မှာ မိမိဦးနှောက်နှင့်သာ ဆိုင်သည်ကို သတိပြုသင့်ပေသည်ဟု နှိုးဆော်လိုက်ရပါ၏…..
မလေးရှားနိုင်ငံတွင်း၌မှီတင်းနေထိုင်ကြရသောမြန်မာအလုပ်သမားများရဲ့ဘ၀အကြောင်း
0
0
Owaynews Journal
2 hours ago
( မလေးရှားနိုင်ငံတွင်း၌မှီတင်းနေထိုင်ကြရသောမြန်မာအလုပ်သမားများရဲ့ဘ၀အကြောင်း )
အမိဗမာပြည်ရှိတာဝန်ရှိ ပုဂ္ဂိုလ်ကြီး ဦးရဲထွဏ်နှင့်မလေးရှားနိုင်ငံမြန်မာသံရုံးရှိသံအမတ်ကြီးသို့
ပေးစာ .....
စာအမှတ်...နေ့စွဲ / ၂ . ၆ . ၂၀၁၃ မလေးစံတော်ချိန် ၉း နာရီ ၀၆ မီးနစ် ( N.M.T)
လည်လှီးသတ်ခံရတဲ့သတင်း နှင့်ပက်သက်၍ ဤသတင်းများမှန်ကန်ကြောင်း တိကျမှန်ကန်ကြောင်းဆိုတာကိုတော့ကျနော် အာမခံပါသည်။ ၂၀၁၂ ခုနှစ် ၇ လ ပိုင်းတုန်းက မလေးရှားနုင်ငံရှိမြန်မာသံရုံးရဲ့ဖိတ်ကြားချက်အရ ကျနော်ကိုယ်တိုင်သတင်းယူခွင့်တတ်ရောက်ခွင့်ရခဲ့ဘူးပါသည်။မြန်မာနိုင်ငံရဲ့ ထူး ကုမ္မဏီကြီးမှ
ဦးစီပြီး မြန်မာနိုင်ငံသားအားလုံး အမိမြန်မာပြည်သို့ ငွေလွဲ ငွေပို့ပြုလုပ်နိုင်ရန် ၀န်ဆောင်မူ့လွယ်ကူချောမွေစေရန် သတင်းမီဒီယာများကို ဖိတ်ကြားခြင်းဖြစ်သည်။
မေး...( N.M.T ) ကျနော်ကိုယ်တိုင် သံမူးကြီးအား အင်တာဗျူးခဲ့ဘူး၏ ...မြန်မာနိုင်ငံသားတွေ ရဲ့ အခက်အခဲပြသနာတွေနဲ့ရင်ဆိုင်ကြုံတွေ့ခံစားနေရတာတွေကိုသံမူးကြီးတို့အနေနဲ့ မြန်မာနိုင်ငံသားတွေဖက်က ဘယ်လိုနည်း၊ဘယ်လိုပုံစံမျိုးနဲ့ရပ်တည်ပေးမလည်းဆိုတာ သိပါရစေ သံမူးကြီးခဗျာလည်းဆိုရော..... ဖြေ...သံမူး....ကျနော်တို့အနေနဲ့ အဲလိုကိစ္စမျိုးတွေကို
ကူညီပေးဖို့...အစီအစဉ်မရှိသေးကြောင်းဖြေကြားသွားခဲ့သည်။ဤသည်မှာကား ကျနော်တို့မြန်မာပြည်မှာ ခန့်အပ်ထားသော အမိမြန်မာပြည်က သံမူးနှင့်တာဝန်ရှိသူများ၏
တာဝန်သိတတ်မူ့နှင့်သစ္စာတရား...မေတ္တာတရားများသာဖြစ်ပေတည်း။
( ပြည်ပရှိ မြန်မာသံရုံးများ၏ အဓိက တာဝန် နှင့်ဝတ္တရားများ )
(၁) မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ် စောင့်ရှောက်ရန်။
(၂) မိမိနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်။
(၃) ပြည်ပရောက် မိမိနိုင်ငံသားများကို ကာကွယ် စောင့်ရှောက်ရန်။
(၄) နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရန်။
(၅) နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရန်။
ဟူသော တာဝန်လေးရပ်ကို ကိုယ်တိုင် တွေ့ဆုံကာ အလေးအနက် မှာကြားထားပြီး ဖြစ်ပါသည်။
ထို့အပြင် နိုင်ငံတော်သမ္မတကြီးသည် ပြည်ပနိုင်ငံများသို့ သွားရောက်ရသည့်အခါတိုင်းတွင်လည်း သံရုံးဝန်ထမ်းများကို မပျက်မကွက် တွေ့ဆုံ၍ မှာကြားထားပြီးလည်း ဖြစ်ပါသည်။
Hmuu Zaw
ဆိုပြီး ယနေ့မနက်က မြန်မာသံရုံး သံတမန်ခန့်ထားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ဖက်ရတော့ ကျွန်တော်တို့ ပြည်ပရောက် မြန်မာလူမျိုးတွေ တကယ်ပဲ မြန်မာသံရုံးက ပေးတဲ့ အကျိုးကျေးဇူး၊ လုံခြုံမှုတွေကို ခံစားခဲ့ရပါသလား ဆိုပြီး တွေးမိပါတယ်။
ပြောချင်တဲ့အချက်က ပြည်ပမှ မြန်မာလူမျိုးတွေ ပြဿနာတစ်ခုခုတွေ့ရင် ပြည်တွင်းက တာဝန်ရှိသူတွေက မြန်မာသံရုံးနဲ့ တိုင်ပင်ဆွေးနွေးပြီး ပြဿနာကို ဖြေရှင်းပါ။ သံရုံးမှ အတက်နိုင်ဆုံး ကူညီပါလိမ့်မည်ဟု တတွက်တွက်ပြောနေပါသော်လက်တွေ့တွင်ကား.........ဘာဆိုဘာမှမရှိ မလုပ်။
မလေးရှားမှာ ရခိုင်တိုင်းရင်းသား ၄ ဦး ရာဘာခြံမှာ မုဒိမ်းကျင့် သတ်ဖြတ်ခံလိုက်၇တာကို သတင်းမီဒီယာတွေမှာ ဖော်ပြလို့ အားလုံး သိကြ ကြားကြပါလိမ့်မည်။ ထိုကိစ္စတွင် မြန်မာလူမျိုးများ မလေးရှားတွင် ဘင်ဂါလီ အစွန်းရောက် ဘာသာဝင်တွေရဲ့ ရက်စက်စွာ လိင်တူချင်း မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြပါသော်လည်း မလေးရှားမှ မြန်မာသံရုံးသည်ကား မသိကျေးကျွန်ပြု နိုင်ငံသား ဆုံးရှုံးနစ်နာမှုတွေကို မစာနာပဲ အသံတိက်နေခဲ့ပြီး ထိုသူ ၄ ဦးကို ပါတာဝမြို့အနီး SP တွင် ရခိုင်အဖွဲ့အစည်း ARRC ရုံး အကူအညီဖြင့် တိတ်ဆိတ်စွာ သဂြိုလ် လိုက်ရသည်ကိုကား မြန်မာသံရုံး သိနိုင်ပါမည်လော။ အမိမြန်မာပြည်ရှိ တာဝန်ရှိသူ ဦးရဲထွဏ် သိနိုင်စေရန်။
ထိုလူသတ်မှုမတိုင်မီ လ၀က်ခန့်တွင်ပင် ကာကျင်းမြို့တွင် မြန်မာလူမျိုး ရခိုင်တိုင်းရင်းသားတစ်ဦးကို အလုပ်ရှာပေးမည်ဟု လိမ်လည်ခေါ်ဆောင်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့မှုကိုလည်း အရေးယူဆောင်ရွက်စေခြင်းမရှိပဲ တိတ်ဆိတ်နေခဲ့တာက မြန်မာသံရုံးအသိပါ။ အထက်ပါ လူသေမှုတွေကို မလေးရှားနိုင်ငံထုတ် သတင်းစာတွေ တီဗီ တွေမှာ အကျယ်တ၀င့်ဖေါ်ပြခဲ့သော်များလည်းမြန်မာ့သံရုံးမှ သံတမန်ကိစ္စရေးရာများဖြင့် ဆွေးနွေးမှုရှိခဲ့သည်ဟုပင် မကြားသိခဲ့ပေ။ ပြည်တွင်းမှာ လူအခွင့်အရေးဟု အော်နေကြသော်လည်း ဘ၀ပေးအခြေအနေကြောင့် ပြည်ပသို့ထွက်ကာ စီးပွားရှာနေကြသော မြန်မာလူမျိုးများအတွက် ဘယ်မှာလဲ လူ့အခွင့်အရေး....ဘယ်မှာလဲ ..လူသားချင်းစာနာမှု..ဘယ်မှာလဲ ကာကွယ်မှု ထိန်းသိမ်းစောင့်ရှောက်မှု.....ဆိုတာ သူတို့ ဦးနှောက်ထဲမှာ ရှိကိုမရှိတာ သူတို့ ခေါင်ထဲမှာရှိနေတာက သူတို့အကျိုးစီးပွားရေးပဲ။
၂၀၁၂ ခုနှစ်က ဆာဒမ်း စက်ရုံတစ်ခုသို့ ဗီဇာဖြင့် ရောက်ရှိလာသော မြန်မာအလုပ်သမား ၂၀ ကျော် အလုပ်ချိန်ခေါင်းပုံဖြတ်မှု၊ လစာငွေ မတရားဖြတ်တောက်မှု၊ အလုပ်နားရက်မရှိ အလုပ်ဆင်းရမှုတွေကြောင့် မြန်မာသံရုံးကို အကူအညီတောင်းခံခဲ့သော်များလည်း ယနေ့အချိန်ထိ ဘယ်မှာလဲ ဖြေရှင်းပေးမှု.. ယခု တင်ပြချက်များကို မှတ်တမ်းမှတ်ရာရှိသည်ဆိုသော်ငြား မလေးရှားမှ မြန်မာသံရုံးမှ တာဝန်ရှိသူများသာ သိရှိနိုင်ပါလိမ့်မည်။
SP မြို့တွင် မြန်မာအမျိုးသမီးတစ်ဦး အလုပ် စက်ရုံမှ အပြန် မုဒိမ်းပြုကျင့်ခံရမှုကိုလည်း မလေးရှားနိုင်ငံထုတ် မြန်မာဂျာနယ် အများအပြားတွင် ဖက်ရှုခဲ့ရသော်ငြားလည်း ဥပဒေအရ (သို့) သံတမန်အရ ဖြေရှင်းတောင်းဆိုမှုမျိုးသတင်းကိုတော့ မည်သောအခါမျှ မကြားခဲ့ရ။
ထိုနည်းတူစွာပင်ပဲ မလေးရှားတွင် မြန်မာအလုပ်သမား မြောက်မြားစွာသည် အလုပ်ရှင် ခေါင်းပုံဖြတ်မှု၊ အေးဂျင့် များ၏ မတော်မတရား လစာဖြတ်တောက်မှုများကို ခံစားနေရသော်ငြားလည်း မြန်မာသံရုံးသို့ တိုင်ကြားစာ အကြိမ်ကြိမ်ပို့ခဲ့သော်လည်း ဖြေရှင်းပေးခဲ့ခြင်း ပင်မရှိဆိုအမှန်ပင် မလေးရှား၊ ကွာလာလမ်ပူ၊ ဆူဘမ်း မှာ သံထည်စက်ရုံအတွင်း အလုပ်လုပ်နေသော မြန်မာအလုပ်သမားတစ်ဦးက ရေးသားပို့ပို့လာသော စာအား ဖေါ်ပြလိုက်ရပါသည်။
အထက်ပါ ဖော်ပြချက်များအား ကျွန်တော်တို့ Myanmar Daily News မှ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ပုဒ်ခတ်ပြောဆိုခြင်းမဟုတ်ပါကြောင်းနဲ့ ဆက်သွယ် ပြောပြချက်များအား ပြန်လည် မျှဝေပေးခြင်းသာဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။
မှ.....N.M.T ..မလေးရှားနေ ဗမာပြည်သားများ အန္ဒရယ်ကင်းဘေးရှင်းပြီး ကောင်းသောအိပ်စက်ခြင်းမျိုးရနိုင်ကြပါစေ...
Viewing all 1811 articles
Browse latest View live