Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

ပေးရန်ကျန်

$
0
0
 Photo: ပေးရန်ကျန်   “ သင့်လက်မှလိုလားစွာ ပေးကမ်းသမျှကိုသာ ကျွန်ုပ်ယူပါမည်။ နောက်ထပ်မတောင်းဆိုတောပါ ”   “ ဟုတ်ပေပြီ ရောင်ရဲလွယ်သော အသင်သူဖုန်းစား သင်သည် ရှိသမျှအကုန်တောင်းဆိုနေသည်တကား ”  “ အလေ့ကျ ပန်းကလေးတစ်ပွင်ရှိပါလျှင် ကျွန်ုပ်၏ နှလုံးသားမှာ ပန်ဆင်လိုပါသည် ”  “ ဆူးတွေများရှိရင်ကော ”  “ ကျွန်ုပ်အဆူးခံပါမည် ”  “ ဟုတ်ပေပြီ ရောင်ရဲလွယ်သော အသင်သူဖုန်းစား သင်သည် ရှိသမျှအကုန်တောင်းဆိုနေသည်တကား ”  “ သင့်ရဲ့ ချစ်စဖွယ် မျက်ုလုံးများကိုဖွင့်၍ ကျွန်ုပ်ကိုကြည့်မည်ဆိုလျှင် ကျွန်ုပ်၏ ဘ၀တွင် သေပျော်ပါပြီ”  “ ရက်စက်တဲ့ အကြည့်များဖြစ်ရင်ကော ”  “ ကျွန်ုပ်၏ နှလုံးသားမှာ ထွင်းဖောက်သိမ်းထားပါမည် ”  “ ဟုတ်ပေပြီ ရောင်ရဲလွယ်သော အသင်သူဖုန်းစား သင်သည် ရှိသမျှအကုန်တောင်းဆိုနေသည်တကား ”  မိုးမိုးအင်းလျားဘာသာပြန်သည့် တဂိုး၏ မေတ္တာသူဖုန်းစားအကြောင်း ဖတ်နေရင်း ကော်ဖီကို တစ်ငုံမျှ သောက်လိုက်သည်။ သောက်နေရင်း ဆိုင်က အဘွားကြီး၏ အသံခပ်ကျယ်ကျယ် ထွက်လာသည်။  “ အဲဒီကောင်ပေါ့ ဆိုင်ကယ်ဆီ ဂါလံဝက်လောက်ချေးပါဆိုလို့ ပေးလိုက်ပါတယ်။ ပြန်တောင်းတော့ မသိသလိုသိသလိုလုပ်နေတယ်။  ငါ့ကိုတောင်ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြန်ပြောနေသေးတယ်။ သူတောင်းစားတွေလေ၊ ခွက် မပါဘဲ လက်နဲ့တောင်းစားတဲ့သူတောင်းစားတွေ ”  ကျွန်တော်လည်း ကော်ဖီဖိုးရှင်ပြီး ခပ်မြန်မြန်ထပြန်ခဲ့တော့သည်။  ကျွန်တော်ပြန်ခဲ့သည့် လမ်းတစ်လျှာက်တွင် တောင်းခံစားသောက်နေသူတစ်ချို့ကို မြင်တွေ့ရပြန်သည်။  ကျွန်တော်သူတို့ဘ၀တွေ ဘယ်ကလာသလဲ၊ ဘာဖြစ်လို့ဒီဘ၀ရောက်နေရတာလဲတွေးရင်း လမ်းဆက်လျှောက်နေမိသည်။  သူငယ်ချင်းအိမ်ရှေရောက်တော့ လှမ်းခေါ်လိုက်သည်။ အိမ်ထဲက သူငယ်ချင်းဖြစ်သူ၏ အမေထွက်လာပြီး  “ မင်းသူငယ်ချင်းလယ်ထဲသွားတယ်ကွ။ လိုက်သွားချင်သွားလေ။ သွားတာမကြာသေးဘူး”  “ ဟုတ်ကဲ့အန်တီ။ လိုက်သွားလိုက်ပါ့မယ် ”  ကျွန်တော်လည်း လယ်ထဲဆက်လိုက်သွားသည်။  လယ်ထဲတွင် အလုပ်လုပ်နေသော သူငယ်ချင်းကို တွေ့သဖြင့် နောက်ပြီး အော်ပြောလိုက်သည်။  “ ဟကောင်ကြီး စီးပွားရေး၊ ကြီးပွားရေးလုပ်မနေနဲ့ဦး သမီးရည်းစားရေးလည်းလုပ်ဦးဟ”  သူငယ်ချင်းက ၀မ်းသာအားရပြေးလာသည်။  “ စာရေးဆရာကြီးပါလား ငါ့ကောင်ကြီး ဆံပင်ဖြူတွေထွက်နေပြီ၊ အရွယ်လေးနုအောင်လုပ်ဦး ” နှစ်ယောက်သား စကားတပြောပြောဖြင့် အပင်အောက်သွားထိုင်ကြသည်။  သူနှင့်ကျွန်တော် မိသားစုအကြောင်း၊ စီးပွားရေးအကြောင်း ပြောရင်း သူ့လယ်အကြောင်းရောက်သွားသည်။  “ ဒီနှစ်တော့ သေချာလုပ်နေရတယ်ကွာ။ မနှစ်က မိုးဖျက်လို့စပါးတွေ သိပ်မရလိုက်ဘူး ”  မနှစ်က ရိတ်သိမ်းချိန်မှာ ရွာသည့်မိုးကြောင့် စပါးများပျက်စီးရကြောင်း၊ ပဲများလည်း အဖတ်မတင်ကြောင်း၊ ရာသီဥတုကောင်းမွန်ဖို့ ဆိုတောင်းနေရကြောင်းနှင့် ဆောင်းသီးနှံများကိုပါ အားထား နေရကြောင်း သူကပြောပြသည်။ သူကပဲ ဆက်ပြီး  “ ဒီနှစ်တော့ အိမ်ခြံထဲမှာ ငရုတ်၊ မာလကာပင်တွေ စိုက်ဖို့မြေကြီးကို သေသေချာချာပြင်နေရတယ်ကွ။ မြေဆွေးထည့်သင့်တာထည့်။ ဓာတ်မြေသြဇာဖြည့်သင့်တာဖြည့်ရတယ်။  တော်တော်အရင်းအနှီးစိုက်ရတာကွ”  စကောင်းကကောင်းနေပေမယ့် ပြန်ဖို့အချိန်လင့်လာသည်။  “ သူငယ်ချင်းရေ စကားတော့ပြောလို့ကောင်းတယ်ကွာ။ ငါအိမ်မှာလုပ်စရာရှိသေးလို့ ပြန်ဦးမယ်။ နောက်မှ အေးအေးဆေးဆေးတွေ့ကြတာပေါ့ ”  “ စားပြီးမှပြန်လေကွာ တစ်ခါတလေလာလည်တာကို ”  “ တော်ပါပြီကွာ။ မစားတော့ပါဘူး။ မင်းလည်း ငါ့စီကိုလာလည်ဦးနှော် ”  ကျွန်တော်သူစီမှ ပြန်ခဲ့လိုက်သည်။ …………………………………………….  ညနေစာစားပြီး ခဏထိုင်နေစဉ်မှာပင် သူငယ်ချင်းတစ်ဦး ၀င်လာသည်။  “ ဘုရားသွားရအောင်ကွာ ”  “ ဟကောင်းတာပေါ့ကွ။ ကောင်းတဲ့အလုပ်ပဲ ”  ကျွန်တော်တို့ ပြောပြောဆိုဆိုထွက်ခဲ့သည်။ အမွှေးတိုင်း၊ ဖယောင်းတိုင်များ ၀င်ဝယ်ကြသည်။ ဘုရားတွင် အမွှေးတိုင်၊ ဆီမီးများကပ်လှူ၊ ရှိခိုးပြီး ဆောင်းတန်းထဲတွင် ထိုင်ဖြစ်ကြသည်။  “ အေးကွာ ငါလည်း အလုပ်လျှောက်ထားတော့ အလုပ်ရဖို့ဆုတောင်းမိတယ်။ အလုပ်ရမှ မိသားစု အဆင်ပြေမှကွ ”  သူဆုတောင်းကိုပြောပြီး ကျွန်တော်ဘာဆုတောင်းသလဲမေးလာသည်။  “ ငါကတော့ကွာ သိတဲ့အတိုင်း စာရေးတာရူးသွပ်သူဆိုတော့ စာရေးဆရာဖြစ်ဖို့ပေါ့ ” ကျွန်တော်တို့ နေ၀င်လာချိန်တွင် ပြန်ခဲ့ကြသည်။ ……………………  ည  သာနေသောလကိုငေးကြည့်ရင်း ကျွန်တော်အတွေးနယ်ချဲ့မိသည်။   ဒီနေ့တစ်နေ့လုံး တောင်းခြင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်ကြုံခဲ့ရသည်။  အကြွေးတောင်းခံသူ၊ တောင်းစားသူတချို့၊ ဆုတောင်းနေသည့် သူငယ်ချင်း။ ပြီးတော့ သဘာဝကြီးက တောင်းဆိုနေသည့် သူငယ်ချင်းစိုက်ပျိုာား။  သူကသဘ၀မြေကြီးမှ တောင်းခံနေခြင်းဖြစ်သည်။  ကျွန်တော်ကရော  …  တကယ်တော့ ကျွန်တော်လည်း စာတွေရေးပြီး မေတ္တာများကို တောင်းခံနေခြင်းဖြစ်သည်။  ဒါဆို ကျွန်တော်တို့တွေ အသီးသီးတောင်းဆိုနေကြပြီ။ ယူခဲ့ကြပြီ။ ယူနေကြသည်။  ဒါဆို ကျွန်တော်တို့ ပြန်လည်ပေးဆပ်ရပေမည်။  ဘာတွေပြန်ပေးဆပ်ရမလဲ..  သေချာသည် ကျွန်တော်တို့ ပေးရန်ကျန်ပါဦးမည်။ ပေးရန်ကျန်ပါလိမ့်မည်။  မောင်ပိုင် ၁၄-၄-၂၀၀၆
Maung Paing
“ သင့်လက်မှလိုလားစွာ ပေးကမ်းသမျှကိုသာ ကျွန်ုပ်ယူပါမည်။ နောက်ထပ်မတောင်းဆိုတောပါ ”
“ ဟုတ်ပေပြီ ရောင်ရဲလွယ်သော အသင်သူဖုန်းစား သင်သည် ရှိသမျှအကုန်တောင်းဆိုနေသည်တကား ”
“ အလေ့ကျ ပန်းကလေးတစ်ပွင်ရှိပါလျှင် ကျွန်ုပ်၏ နှလုံးသားမှာ ပန်ဆင်လိုပါသည် ”
“ ဆူးတွေများရှိရင်ကော ”
“ ကျွန်ုပ်အဆူးခံပါမည် ”
“ ဟုတ်ပေပြီ ရောင်ရဲလွယ်သော အသင်သူဖုန်းစား သင်သည် ရှိသမျှအကုန်တောင်းဆိုနေသည်တကား ”
“ သင့်ရဲ့ ချစ်စဖွယ် မျက်ုလုံးများကိုဖွင့်၍ ကျွန်ုပ်ကိုကြည့်မည်ဆိုလျှင် ကျွန်ုပ်၏ ဘ၀တွင် သေပျော်ပါပြီ”
“ ရက်စက်တဲ့ အကြည့်များဖြစ်ရင်ကော ”
“ ကျွန်ုပ်၏ နှလုံးသားမှာ ထွင်းဖောက်သိမ်းထားပါမည် ”
“ ဟုတ်ပေပြီ ရောင်ရဲလွယ်သော အသင်သူဖုန်းစား သင်သည် ရှိသမျှအကုန်တောင်းဆိုနေသည်တကား ”
မိုးမိုးအင်းလျားဘာသာပြန်သည့် တဂိုး၏ မေတ္တာသူဖုန်းစားအကြောင်း ဖတ်နေရင်း ကော်ဖီကို တစ်ငုံမျှ သောက်လိုက်သည်။ သောက်နေရင်း ဆိုင်က အဘွားကြီး၏ အသံခပ်ကျယ်ကျယ် ထွက်လာသည်။
“ အဲဒီကောင်ပေါ့ ဆိုင်ကယ်ဆီ ဂါလံဝက်လောက်ချေးပါဆိုလို့ ပေးလိုက်ပါတယ်။ ပြန်တောင်းတော့
မသိသလိုသိသလိုလုပ်နေတယ်။ ငါ့ကိုတောင်ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြန်ပြောနေသေးတယ်။ သူတောင်းစားတွေလေ၊ ခွက် မပါဘဲ လက်နဲ့တောင်းစားတဲ့သူတောင်းစားတွေ ”
ကျွန်တော်လည်း ကော်ဖီဖိုးရှင်ပြီး ခပ်မြန်မြန်ထပြန်ခဲ့တော့သည်။ ကျွန်တော်ပြန်ခဲ့သည့် လမ်းတစ်လျှာက်တွင် တောင်းခံစားသောက်နေသူတစ်ချို့ကို မြင်တွေ့ရပြန်သည်။ ကျွန်တော်သူတို့ဘ၀တွေ ဘယ်ကလာသလဲ၊ ဘာဖြစ်လို့ဒီဘ၀ရောက်နေရတာလဲတွေးရင်း လမ်းဆက်လျှောက်နေမိသည်။
သူငယ်ချင်းအိမ်ရှေရောက်တော့ လှမ်းခေါ်လိုက်သည်။ အိမ်ထဲက သူငယ်ချင်းဖြစ်သူ၏ အမေထွက်လာပြီး
“ မင်းသူငယ်ချင်းလယ်ထဲသွားတယ်ကွ။ လိုက်သွားချင်သွားလေ။ သွားတာမကြာသေးဘူး”
“ ဟုတ်ကဲ့အန်တီ။ လိုက်သွားလိုက်ပါ့မယ် ”
ကျွန်တော်လည်း လယ်ထဲဆက်လိုက်သွားသည်။ လယ်ထဲတွင် အလုပ်လုပ်နေသော သူငယ်ချင်းကို တွေ့သဖြင့် နောက်ပြီး အော်ပြောလိုက်သည်။
“ ဟကောင်ကြီး စီးပွားရေး၊ ကြီးပွားရေးလုပ်မနေနဲ့ဦး သမီးရည်းစားရေးလည်းလုပ်ဦးဟ”
သူငယ်ချင်းက ၀မ်းသာအားရပြေးလာသည်။
“ စာရေးဆရာကြီးပါလား ငါ့ကောင်ကြီး ဆံပင်ဖြူတွေထွက်နေပြီ၊ အရွယ်လေးနုအောင်လုပ်ဦး ”
နှစ်ယောက်သား စကားတပြောပြောဖြင့် အပင်အောက်သွားထိုင်ကြသည်။
သူနှင့်ကျွန်တော် မိသားစုအကြောင်း၊ စီးပွားရေးအကြောင်း ပြောရင်း သူ့လယ်အကြောင်းရောက်သွားသည်။
“ ဒီနှစ်တော့ သေချာလုပ်နေရတယ်ကွာ။ မနှစ်က မိုးဖျက်လို့စပါးတွေ သိပ်မရလိုက်ဘူး ”
မနှစ်က ရိတ်သိမ်းချိန်မှာ ရွာသည့်မိုးကြောင့် စပါးများပျက်စီးရကြောင်း၊ ပဲများလည်း အဖတ်မတင်ကြောင်း၊ ရာသီဥတုကောင်းမွန်ဖို့ ဆိုတောင်းနေရကြောင်းနှင့် ဆောင်းသီးနှံများကိုပါ အားထား နေရကြောင်း သူကပြောပြသည်။ သူကပဲ ဆက်ပြီး
“ ဒီနှစ်တော့ အိမ်ခြံထဲမှာ ငရုတ်၊ မာလကာပင်တွေ စိုက်ဖို့မြေကြီးကို သေသေချာချာပြင်နေရတယ်ကွ။ မြေဆွေးထည့်သင့်တာထည့်။ ဓာတ်မြေသြဇာဖြည့်သင့်တာဖြည့်ရတယ်။ တော်တော်အရင်းအနှီးစိုက်ရတာကွ”
စကောင်းကကောင်းနေပေမယ့် ပြန်ဖို့အချိန်လင့်လာသည်။
“ သူငယ်ချင်းရေ စကားတော့ပြောလို့ကောင်းတယ်ကွာ။ ငါအိမ်မှာလုပ်စရာရှိသေးလို့ ပြန်ဦးမယ်။ နောက်မှ အေးအေးဆေးဆေးတွေ့ကြတာပေါ့ ”
“ စားပြီးမှပြန်လေကွာ တစ်ခါတလေလာလည်တာကို ”
“ တော်ပါပြီကွာ။ မစားတော့ပါဘူး။ မင်းလည်း ငါ့စီကိုလာလည်ဦးနှော် ”
ကျွန်တော်သူစီမှ ပြန်ခဲ့လိုက်သည်။
…………………………………………….
ညနေစာစားပြီး ခဏထိုင်နေစဉ်မှာပင် သူငယ်ချင်းတစ်ဦး ၀င်လာသည်။
“ ဘုရားသွားရအောင်ကွာ ”
“ ဟကောင်းတာပေါ့ကွ။ ကောင်းတဲ့အလုပ်ပဲ ”
ကျွန်တော်တို့ ပြောပြောဆိုဆိုထွက်ခဲ့သည်။ အမွှေးတိုင်း၊ ဖယောင်းတိုင်များ ၀င်ဝယ်ကြသည်။ ဘုရားတွင် အမွှေးတိုင်၊ ဆီမီးများကပ်လှူ၊ ရှိခိုးပြီး ဆောင်းတန်းထဲတွင် ထိုင်ဖြစ်ကြသည်။
“ အေးကွာ ငါလည်း အလုပ်လျှောက်ထားတော့ အလုပ်ရဖို့ဆုတောင်းမိတယ်။ အလုပ်ရမှ မိသားစု အဆင်ပြေမှကွ ”
သူဆုတောင်းကိုပြောပြီး ကျွန်တော်ဘာဆုတောင်းသလဲမေးလာသည်။
“ ငါကတော့ကွာ သိတဲ့အတိုင်း စာရေးတာရူးသွပ်သူဆိုတော့ စာရေးဆရာဖြစ်ဖို့ပေါ့ ”
ကျွန်တော်တို့ နေ၀င်လာချိန်တွင် ပြန်ခဲ့ကြသည်။
……………………
ည သာနေသောလကိုငေးကြည့်ရင်း ကျွန်တော်အတွေးနယ်ချဲ့မိသည်။
ဒီနေ့တစ်နေ့လုံး တောင်းခြင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်ကြုံခဲ့ရသည်။
အကြွေးတောင်းခံသူ၊ တောင်းစားသူတချို့၊ ဆုတောင်းနေသည့် သူငယ်ချင်း။ ပြီးတော့ သဘာဝကြီးက တောင်းဆိုနေသည့် သူငယ်ချင်းစိုက်ပျိုာား။ သူကသဘ၀မြေကြီးမှ တောင်းခံနေခြင်းဖြစ်သည်။
ကျွန်တော်ကရော …
တကယ်တော့ ကျွန်တော်လည်း စာတွေရေးပြီး မေတ္တာများကို တောင်းခံနေခြင်းဖြစ်သည်။
ဒါဆို ကျွန်တော်တို့တွေ အသီးသီးတောင်းဆိုနေကြပြီ။ ယူခဲ့ကြပြီ။ ယူနေကြသည်။
ဒါဆို ကျွန်တော်တို့ ပြန်လည်ပေးဆပ်ရပေမည်။
ဘာတွေပြန်ပေးဆပ်ရမလဲ..
သေချာသည် ကျွန်တော်တို့ ပေးရန်ကျန်ပါဦးမည်။ ပေးရန်ကျန်ပါလိမ့်မည်။

မောင်ပိုင်
၁၄-၄-၂၀၀၆
 



တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၁၄

$
0
0
 

" တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၁၄ "
-----------------------------------------------------

၁၉၉၅ ဇူလိုင်လရဲ့  ညနေခင်းတစ်ခုမှာ …..
ရွေးကောက်ပွဲ အနိုင်ရ ပါတီခေါင်းဆောင်ရဲ့ အိမ်ရှေ့ မှာ….
ရာနဲ့ ချီတဲ့လူအုပ်ကြီး တစ်ခု …..
စုဝေးရောက်ရှိနေပါတယ်…..။

ဒါဟာ …ညနေလေးနာရီတိုင်း မှာ….
ကျင်းပနေကြဖြစ်တဲ့  တရားပွဲတစ်ခုရဲ့ မြင်ကွင်းဖြစ်သလို ….
နေအိမ် အကျယ်ချုပ်က ....
ကင်းလွတ်ခွင့် ရသွား တဲ့ ပါတီခေါင်းဆောင်ရဲ့ 
နိုင်ငံရေး အံတုမှု တစ်ခုလဲဖြစ်ပါတယ်……။

အပြန်အလှန် အမေးအဖြေတွေနဲ့ …..
စည်းကမ်းသေ၀ပ်လှတဲ့ တရားပွဲဟာ….
အတော့်ကို ချီးမွမ်းဖွယ်ကောင်းတာ မှန်ပေမယ့် ……
မြန်မာ့ နိုင်ငံရေးအတွက်တော့……
အရေးပါတဲ့ အပြောင်းအလဲ တစ်စုံတစ်ရာကို……
ပေးနိုင်စွမ်းမရှိ ခဲ့ ပါဘူး……။

တပ်မတော် အစိုးရအနေနဲ့ ကတော့ …
ဒီကာလအပိုင်းအခြားတွေဟာ …
တည်ငြိမ်မှု အတော်အတန်ရရှိလာပြီး …..
အရေးအခင်းကာလတွေနဲ့ နိုင်းယှဉ်ရင်တော့ …..
ဘေးကျပ်နံကျပ် အခြေအနေ က ….
လွတ်ကင်းခဲ့ ပြီလို့ ဆိုနိုင်ပါတယ်…..။

ရွေးကောက်ပွဲ အနိုင်ရပါတီနဲ့ တပ်မတော် အစိုးရကြား ……
ညှိနိုင်းလို့ မရနိုင်အောင် ……
လိုလားချက်တွေ ကွာခြားလာနေချိန်မှာ…
တပ်မတော်အစိုးရ အနေနဲ့ ကတော့ …..
အတိတ်ကို ပြန်တွေးကြည့် တဲ့ အခါတိုင်း……
အပိုင်းအစ ငယ်လေးများ အဖြစ်ပြိုကွဲဖို့ .....
အမြဲယိမ်းယိုင်နေတဲ့  နိုင်ငံတစ်ခုရဲ့ အိပ်မက်ဆိုးတွေကို …..
ဘယ်တော့မှမေ့လို့ မရခဲ့ ပါဘူး …..
သူတို့ အနေနဲ့ သံသယစိတ်ကြီးမားတာ ဖြစ်နိုင်သလို ……
ခြိမ်းခြောက်မှုက .....
အမှန်တကယ်ရှိနေတာလဲ ဖြစ်နိုင်ပါတယ်…….။

တစ်ဖက်ကလဲ …..
တိုင်းပြည်ကို ချုံးချုံးကျသွားစေတဲ့  .....
ဆိုရှယ်လစ် လမ်းစဉ်အပြီး……
သက်တမ်းအတော်လေးရလာတဲ့ .....
တပ်မတော် အစိုးရအဖို့ တော့ .....
ဒီ အခက်အခဲတွေက လွန်မြောက်ဖို့ …..
လမ်းစ တွေ့ ပြီ လို့ လဲထင်နေပုံရပါတယ်….။

ဆယ်စုနှစ် သုံးလေးငါးခု ……
ဖွတ်ဖွတ်ညက်ညက်ကြေအောင် တိုက်ခဲ့ ရတဲ့ …..
လက်နက်ကိုင်များကို အနိုင်ရပြီး…..
တိုင်းပြည် စီးပွားရေးအတွက် …..
အခြေခံ အဆောက်အအုံအများအပြားကို တည်ဆောက်…..
သစ်လွင်ပြီး အင်အားရှိတဲ့ တပ်မတော်ကို ဖွဲ့ စည်း ……
နိုင်ငံအနှံ့ အပြားနဲ့  နိုင်ငံရေးပါတီများအတွင်း စိမ့်ဝင်နေတဲ့ ….
မြေအောက် အဖွဲ့ အစည်းများရဲ့  အမာခံတွေကို ဖော်ထုတ်ရှင်းလင်း…..
တပ်မတော်က ခေါင်းဆောင်ပြီး ဖွဲ့ စည်းပုံအခြေခံ ဥပဒေရေးဆွဲ …..
ပြီးလျင် တော့ သိက္ခာ ရှိရှိ စစ်တန်းလျား ပြန်ကြမယ်ဆိုတာဟာ…
သူတို့ စဉ်းစားခဲ့ ကြတဲ့ အကြံဖြစ်ပုံရပါတယ်….။

ဒါပေမယ့် သူတို့ ထည့်မတွက်မိတာတစ်ခုက…..
တိုင်းပြည်ရဲ့ မဟာဗျူဟာမြောက် မြေအနေအထားပါ….
အာဖရိက တိုက်က မထင်မရှား နိုင်ငံငယ်လေးတစ်ခုမှာ…
ဒီလိုနိုင်ငံရေး အနေအထားဟာ…
လူမသိသူမသိ လျှင်လျှင်မြန်မြန်ပဲ …..
အဆုံးသတ်သွားမှာဖြစ်ပေမယ့်…..
ဒီတိုင်းပြည်မှာတော့ ဒီလိုမဟုတ်ပါဘူး…..
မြန်မာပြည်မှာ အနောက်ကို သိသိသာသာ ယိမ်းတဲ့ ……
အတိုက်အခံပါတီ အာဏာရလာတာကို လိုလားတဲ့  အတွက်………
အနောက် အုပ်စုရဲ့ ပိတ်ဆို့ မှုတွေဟာ ……
မကြာခင်ပဲ လျှင်လျှင်မြန်မြန်ကြီး ၀င်ရောက်လာတော့မှာပါ…..
ဒါဟာ အတိုက်အခံပါတီနဲ့ တပ်မတော် အစိုးရကြားက …..
ဆယ်စုနှစ်နဲ့ ချီပြီး ကြာမြင့်တော့မယ့် …..
စစ်အေးတိုက်ပွဲ ရဲ့ အစလို့ လည်း ဆိုနိုင်ပါတယ်….....။

အတိုက်အခံ ပါတီဟာ ……
သူ ရဲ့ ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ်က ……
တပ်မတော် အစိုးရကို ဖယ်ရှားဖို့ အတွက် ……
အလုပ်ဖြစ်ပုံမရတော့တဲ့ အခြေအနေမှာ…
နည်းဗျူဟာ အသစ်တစ်ခုနဲ့ ပြောင်းလဲ ပြီး …..
ရင်ဆိုင်ဖို့ စီစဉ်တဲ့ သဘောရှိပါတယ်……
နည်းဗျူဟာအသစ်ဟာ….
တပ်မတော်အစိုးရ ကို ဖြုတ်ချနိုင်ဖို့ သိပ်မသေချာပေမယ့် …..
စီမံခန့် ခွဲမှု ညံ့ ဖျင်း ပြီး …..
တိုင်းပြည်ကို တိုးတက်အောင် မလုပ်နိုင်တဲ့  အစိုးရအဖြစ်တော့ ….
အရှက်တကွဲ အကျိုးနည်းဖြစ်သွားစေနိုင်ဖို့ …..
ဖြစ်နိုင်ချေ အတော်များလှပါတယ်......။

ရွေးကောက်ပွဲ အနိုင်ရပါတီကြီး အနေနဲ့  ကတော့ …..
ရွေးကောက်ပွဲ ရလာဒ်ကို ဆုပ်ကိုင်နိုင်ဖို့ ဆိုတာ ……
နည်းလမ်းများများစား မရှိတော့တဲ့ အတွက် ……
ဒီနည်းဗျူဟာကို ပဲ အသုံးချရတော့မှာ ဖြစ်သလို …..
တပ်မတော် အစိုးရအနေနဲ့ ကလဲ ….
နောက်ပြန်ဆုတ်ဖို့ သိပ်ခက်ခဲလှတဲ့  …..
အခြေအနေဖြစ်နေတဲ့ အတွက် ….
ရှေ့ ကို ပဲဆက်တိုးကြ ရတော့မှာပါ …..။

ဒီတိုက်ပွဲမှာ အတိုက်အခံပါတီအနေနဲ့  ……
တိုင်းပြည်ရဲ့ စီးပွားရေး ယန္တရား ကို ……
ဦးတည်တိုက်ခိုက်တော့မှာ ဖြစ်သလို …….
တပ်မတော် အစိုးရ အနေနဲ့ လည်း ……
ဒီ ယန္တရား ဆက်ပြီး လည်ပတ်နိုင်ဖို့ …..
ရရာနည်းလမ်း ၊ ရရာ နိုင်ငံတွေနဲ့ ဆက်သွယ်ရတော့မှာပါ……
ဒီနည်းဗျူဟာဟာ ……..
တိုင်းပြည်ကို ချွတ်ခြုံကျသွားစေတဲ့ …….
အဓိက အကြောင်းတရားလည်းဖြစ်သလို …….
အိမ်နီးချင်းနိုင်ငံကြီးက …..
အလွယ်တကူ ၀င်ရောက်အမြတ်ထုတ်……
ခြယ်လှယ်ခွင့်ရသွားစေခဲ့ တဲ့ သော့ချက်လည်း ဖြစ်ပါတယ်….။

၁၉၉၆ အောက်တိုဘာလထဲမှာ .....
ဥရောပ သမဂ္ဂ ဟာ…..
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ မှု အသစ် တစ်ခုကို ….
ထပ်မံ ပြဌာန်းလိုက်ပါတယ်……
ဒါဟာ ၁၉၉၀ ၉၁ ၀န်းကျင်က အစပျိုးခဲ့တဲ့  …..
အကူအညီရပ်ဆိုင်းမှုတွေရဲ့ အဆက်ဖြစ်သလို ….
နောင်ထပ်မံ တိုးချဲ့ ပိတ်ဆို့ တော့မယ့် …..
၂၀၀၀ ၂၀၀၁ အရေးယူမှုများရဲ့ ကနဦးအစလည်းဖြစ်ပါတယ်...…။

ဒီပိတ်ဆို့ မှု ဟာ …..
မြန်မာနိုင်ငံရဲ့ ထွက်ကုန်အားလုံး ကို .....
ဝယ်ယူဖို့ ပိတ်ပင်လိုက်သလို ….
မြန်မာပြည် ငွေကြေးအဖွဲ့ အစည်းတွေနဲ့ ……
ဆက်သွယ်လုပ်ကိုင်တာကိုလဲ တားမြစ်တဲ့ အတွက်….
နော်ဝေး ၊ဆွစ်ဇာလန် ၊ သြစတေးလျား ၊ ကနေဒါ နဲ့  ……
အမေရိကန်ပြည်ထောင်စု တို့ ကပါ ……
စီးပွားရေး ပိတ်ဆို့ ထားပြီးဖြစ်တဲ့ တိုင်းပြည်တစ်ခုအဖို့ တော့ …..
သွေးရူးသွေးတန်း အခြေအနေကို ....
ဆိုက်ရောက် သွားစေခဲ့ရပါတယ်…....။

ပက်စီကိုလာ အပါအ၀င် …….
ကုမ္ပဏီကြီး အတော်တော်များများဟာ …..
ဒရောသောပါး ပြန်လည်ထွက်ခွာသွားကြပြီး…..
၁၉၉၈ မှာ အသစ်ထပ်မံပိတ်ဆို့ တဲ့ ……
အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့ မှုကတော့ ….
ဖွံဖြိုးစ ခရီးသွားလုပ်ငန်းကို အားပါးတရ ရိုက်ချိုးပြစ်လိုက်ပါတယ်…….။

၁၉၉၀ ခုနှစ် ၀န်းကျင်က မျှော်လင့်တကြီး ဆောက်လုပ်ခဲ့ တဲ့ ……
ဟိုတယ် ၊ မိုတယ် နဲ့ အင်း အများအပြားမှာ…..
ခရီးသွားတွေ လျော့နည်း ခမ်းခြောက်သွားစေခဲ့ ပြီး …
၂၀၀၄ ခုနှစ် မှာ ထုတ်ပြန်ခဲ့ တဲ့ ……
မြန်မာပြည်ရဲ့ သွင်းကုန်များကန့် သတ်ခြင်းနဲ့ ……
မည်သည့် ငွေပေးချေမှုမှ မပြုလုပ်ရဆိုတဲ့  ဆုံးဖြတ်ချက်ကတော့ …….
မြန်မာပြည်ရဲ့ အထည်ချုပ်လုပ်ငန်းကို .....
ဗုံးဗုံးလဲသွားစေခဲ့ ပါတယ်….....။

၂၀၀၅ ခုနှစ်မှာ ……
HIV ၊တီဘီ နဲ့  ....
ဌက်ဖျား တိုက်ဖျက်ရေး အဖွဲ့ အစည်း ( Globel Fund ) ဟာ …..
ပြင်းထန်လှတဲ့ ပြည်ပနိုင်ငံရေး ဖိအားပေးမှုတွေကြောင့် ……
ပြန်လည်ထွက်ခွာသွားပြီး…..
၂၀၀၈ ခုနှစ် မြန်မာ့ ကျောက်မျက် တွေအပေါ် …..
ကန့် သတ်တဲ့ ဥပဒေ အသစ်ထွက်လာချိန်မှာတော့ ……
တိုင်းပြည်ရဲ့ စီးပွားရေးဟာ လုံးဝ ကျဆုံးနေခဲ့ ပါပြီ …….။

စီးပွားရေးပြိုလဲမှုနဲ့ အတူ…..
ပြည်ပရွှေ့ ပြောင်း အလုပ်သမားဦးရေဟာ …..
ဒီရေလို မြင့်တက်လာခဲ့ ပြီး …
အစိုးရ အနေနဲ့  အခြားခြားသော ပြသနာအမြောက်အများကိုလဲ ….
ရင်ဆိုင်ဖြေရှင်းရပါတော့တယ်….
ဒါဟာ အတိုက်အခံပါတီရဲ့ …..
နည်းဗျူဟာ အောင်မြင်တယ်လို့ ဆိုရမှာဖြစ်သလို ….
သူအာဏာရတဲ့ အချိန်မှာ …..
ဆက်လက် ရင်ဆိုင်ရမယ့် ပြသနာတစ်ထွေးကြီးကိုပါ …..
မွေးမြူလိုက်သလိုဖြစ်သွားတဲ့အတွက်….
ခေါင်းမှာ ခါခြင်ကိုက်ခံရလို့ ….
လှည်းဘီးအောက်ကို ခေါင်းထိုးထည့်လိုက်မိတဲ့ ……
မြွေလို အဖြစ်မျိုးကိုလဲ ဆိုက်ရောက်သွားစေခဲ့ ပါတော့တယ်……။

( အပိုင်း ၁၅ နောက်ရက် ဆက်တင်ပါမည် )

CHECK!!!!! ပွဲပြီးပြီလား

$
0
0
CHECK!!!!! ပွဲပြီးပြီလား…………….

ဘုရင်မကို ချုပ်ထားပြီ၊ ဘုရင်မကို ခဏလွှတ်ပေးဖို့လုပ်လိုက်တယ်။ ဘုရင်မက နေရာမရွှေ့။
အနောက်အုပ်စုဟာ ကိုယ့်ဖက်ပါလာဖို့ ခပ်ကြမ်းကြမ်းလေး SANCTION နဲ့ ဆွဲတယ်။
ဒါပေမဲ့ တရုတ်ဖက်ကို တွန်းပို့ သလိုဖြစ်သွားတယ်။
ဒါဟာ တရုတ်အတွက် အခွင့်ကောင်း။

စစ်အစိုးရကို တရုတ်ချစ်တယ်လို့ ထင်ကြတယ်။ စစ်ခေါင်းဆောင်တွေက သူတို့ ရဲဘော်ရဲဘက်တွေကျဆုံးခဲ့တာ၊ တိုင်းပြည် စစ်ပွဲကြာရှည်ခဲ့တာ တရုတ်ကွန်မြူနစ်တွေနဲ့ အများကြီးဆိုင်တယ်ဆိုတာ အသက်နဲ့ရင်းပြီး သိထားခဲ့တယ်။
ဒါပေမဲ့ သူတို့မှာ ရွေးချယ်စရာမရှိဘူး။ ဒါကြောင့်ဘဲ အမြဲတမ်းမိတ်ဆွေ/အမြဲတမ်းရန်သူဆိုတာ မရှိဘူးလို့ နှလုံးသွင်းပြီး သတိကြီးကြီးနဲ့ ဆက်ဆံလာခဲ့တယ်။ တရုတ်အပေါ် စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးအရ အကြာကြီးမှီခိုလာပြီးနောက်ပိုင်း တရုတ်ရဲ့ ခေတ်သစ်ကိုလိုနီ စနစ်ဒဏ်ကို ကောင်းကောင်းကြီးခံနေရပြီးဆိုတာသိလာခဲ့တယ်။

ဒါကြောင့်ဘဲ မိမိကိုယ်ကို အားကိုးရေး၊ စစ်လက်နက်၊ လူသုံးကုန်၊ စက်ကိရိယာတွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ အစဉ်နည်းလမ်းတွေရှာခဲ့ရာမှာ အနောက်အုပ်စုနဲ့ကင်းလွတ်တဲ့ ရုရှားကို ချဉ်းကပ်ခဲ့တယ်။ ရုရှားကို ပညာတော်သင်တွေ စေလွှတ်ခဲ့တယ်။ မိမိနိုင်ငံအတွင်း ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းခဲ့တယ်။

တရုတ်အပေါ်အားကိုးလွန်းသော ပေါ်လစီကို လျော့ချဖို့ နိုင်ငံပေါင်းစုံ ချဉ်းကပ်ရာမှာ ယူဂို၊ ရုရှား၊ အရှေ့အလယ်ပိုင်း သာမက မြောက်ကိုရီးယားနဲ့ပါ အဆက်အသွယ် ပြုလုပ်ခဲ့တယ်။

စစ်လက်နက် ရရှိဖို့ ယူဂို၊ ရုရှားတို့ထံ ဆက်သွယ်ရပေမယ့် တန်ဖိုးမြင့်မားခြင်း၊ တိုင်းပြည်ရဲ့ ဘဏ္ဍာမလုံလောက်မှု အကြပ်အတည်းနဲ့ တွေ့တယ်။
နိုင်ငံခြားငွေ အခက်အခဲ ဖြေရှင်းဖို့ FEC စနစ်ပြုလုပ်ခြင်း၊ အနောက်အုပ်စု ဒါဏ်ခက်ထားတဲ့ အီရတ်တို့နဲ့ ဆန်စပါးအရောင်းအဝယ်တွေလုပ်တယ်။ သူတို့မှာ ရွေးခြယ်စရာ များများစားစားမရှိ။

တတိယ ခြေလှမ်းတစ်ခုအနေနဲ့ စီးပွားရေးအရရော ကာကွယ်ရေးအရပါ အဆင်ပြေစေမဲ့ နိုင်ငံကိုရှာဖွေရာမှာ
အနောက်အုပ်စုတွေ ပြင်းပြင်းထန်ထန် ဒဏ်ခတ်ထားတဲ့ မြောက်ကိုရီးယာကို ဆက်သွယ်ဖြစ်ခဲ့တယ်။ စွန့်စားမှု အကြီးဆုံးပေမဲ့ ရွေးခြယ်စရာမရှိဘူး။ ပိတ်ဆို့ခံထားရပြီး နိုင်ငံတကာဆက်ဆံရေး ပိုမိုထိခိုက်သွားနိုင်တယ် ဆိုပေမဲ့ ဒါဟာ စစ်အစိုးရရဲ့ ထွက်ပေါက်ဖြစ်သလို ယနေ့ခေတ် အပြောင်းအလဲတွေရဲ့ လမ်းစလည်းဖြစ်တယ်။ အစာရေစာ ရှားပါးနေတဲ့ မြောက်တွေနဲ့ ကိုယ်စားရမဲ့ထဲက ဆန်စပါး/စားသောက်ကုန်တွေနဲ့ စစ်လက်နက်၊ ကုန်ထုတ်လုပ်မှု ယန္တယားတွေကို လဲလှယ်ယူဖို့ ကြိုးပမ်းခဲ့တယ်။ ဖြစ်လာနိုင်ခြေနည်းပေမဲ့ ရုရှ၊ အရှေ့အလယ်ပိုင်း၊ မြောက်တို့နဲ့ အဆက်အသွယ်ရှိတဲ့ မြန်မာအစိုးရရဲ့ နူကလီးယာဒဏ္ဍာရီက အနောက်အုပ်စုကို လှန့်နိုးလိုက်ပါတော့တယ်။

တိုင်းပြည်ရဲ့ စစ်အင်အားတည်ဆောက်မှုတစ်ခုတည်းသာမက ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လိုတယ်လို့ စစ်ခေါင်းဆောင်တွေ ကောင်းကောင်းကြီး သဘောပေါက်တယ်။ လမ်းပန်းဆက်သွယ်ရေး၊ စက်ရုံအလုပ်ရုံ၊ ဆည်မြောင်းတာတမံတွေ၊ မြို့ပြတည်ဆောက်မှုတွေ မလုပ်မဖြစ်လုပ်ရမယ်။ ဒါမှ တိုင်းပြည်ရေရှည်တည်ငြိမ်မယ်။ ဒီအတွက် နိုင်ငံခြားငွေအမြောက်အမြားလိုတာကို အစိုးရကိုယ်တိုင် ပြည်သူထဲမှာရှိတဲ့ နိုင်ငံခြားငွေကို နည်းပေါင်းစုံနဲ့ ဝယ်ခဲ့တယ်။ ဒါကြောင့် ငွေကြေးဈေးကွက်ပျက်သွားပြီး ကုန်ဈေးနှုန်းတွေ အဆမတန် တက်ခဲ့တယ်။

အစိုးရဟာ နောက်ထပ်နည်းလမ်း အမှားတစ်ကို ဆက်လက် ကျူးလွန်ခဲ့တယ်။ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တင်ဒါခေါ်ရာမှာ ငွေကြေးအစား ပါပစ်ချပေးခြင်း၊ လုပ်ကိုင်ခွင့်ပေါင်းစုံ ချပေခြင်းနဲ့ ဖြေရှင်းတယ်။ လုပ်ငန်းရှင်တွေဟာ အစိုးရကို လိုအပ်တာတွေ တည်ဆောက်ပေးဖို့၊ ပြည်ပက ကုန်ပစ္စည်းတွေတင်သွင်းဖို့ လိုအပ်တဲ့ နိုင်ငံခြားငွေကို နည်းပေါင်းစုံနဲ့ ရှာပါတယ်။ အမြတ်ရအောင်နည်းပေါင်းစုံနဲ့ ကြံစည်ကြတဲ့အခါ ပြည်တွင်းကုန်ဈေးနှုန်းတွေ အဆမတန် တက်လာပါတော့တယ်။ ဒီလိုနဲ့ အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင် အဆက်အသွယ်ပြုရာကနေ ခရိုနီစနစ် ပိုမိုကြီးထွားလာခြင်း၊ အဂတိလိုက်စားမှု ပိုမိုအားကောင်းလာခြင်း၊ ပြည်သူများ ပိုမို ဆင်းရဲ ကြပ်တည်းခြင်းတွေ ဖြစ်စေပါတော့တယ်။ တဖြည်းဖြည်းနဲ့ မြန်မာပြည်ကြီးဟာ သစ်တောတွေပြုန်း၊ ချိုင့်ဝမ်းတွေဖြစ်၊ မြစ်တွေကော ဖုံးဆိုးမြေသာသာဖြစ်သွားပြီး ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေ ခါးသီးကြပ်တည်းကုန်ပါတော့တယ်။

နောက်ထပ်အကြပ်အတည်း ဖြေရှင်းရေးလမ်းစဉ်အဖြစ် အိမ်နီးချင်းနိုင်ငံများထံ ငွေချေးခြင်းလုပ်ငန်းစဉ်များကိုစတင်ခဲ့ပါတယ်။ စစ်အစိုးရအုပ်ချုပ်နေခြင်း၊ နိုင်ငံရေးတည်ငြိမ်မှု အာမခံချက် ကောင်းကောင်းမပေးနိုင်ခြင်း၊ စီးပွားရေးချွတ်ခြုံကျနေခြင်းကြောင့် အတိုးနှုန်းကြီးမြင့်ခြင်းသာမက ချေးငွေကို ငွေသားအစား အသုံးမဝင်၊ ခေတ်မမီတော့သည့် ကုန်ထုတ်လုပ်မှုစက်ယန္တယားများဖြင့် ရယူခဲ့ရပါတယ်။ ဒီလိုနဲ့ မြန်မာပြည်မှာ ခေတ်နောက်ကျသော မီးရထားများ၊ ထုတ်လုပ်မှုစွမ်းရည်နိမ့်သော စက်ရုံများနှင့် စိတ်ဓာတ်ကျဆင်းနေသော ဝန်ထမ်းများသာ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ အလုပ်အကိုင်အသစ်များဖန်တီးနိုင်ရေး၊ ပြည်ပသွင်းကုန်မှီခိုမှုလျော့ချရေး ရည်ရွယ်တည်ထောင်ခဲ့သော စက်ရုံအလုပ်ရုံများဟာ မူလတည်းက အရည်အသွေး ညံ့ဖျင်းသော ကုန်ထုတ်ယန္တယားမျာနှင့်အတူ စီမံခန့်ခွဲညံ့ဖျင်းခြင်း၊ ဝန်ထမ်းများစိတ်ဓာတ်ကျဆင်းခြင်းတို့ကြောင့် ဈေးကွက်မဝင် ရောင်းမကုန်သည့် ကုန်ချောများ၊ ထပ်မံမထုတ်လုပ်သင့်၍ ရပ်ဆိုင်းထားသည့် ကုန်ကြမ်းများ တောင်ပုံရာပုံဖြင့် ကြွေးထူပြီး အရူးမီးဝိုင်း ဖြစ်သွားပါတော့သည်။

စစ်အစိုးရ သက်တမ်းရှည်စေပြီး တိုင်းပြည်နစ်နာစေခဲ့သော သယံဇာတတွင်းထွက်များ၊ ကမ်းလွန်/ကုန်းတွင်း ရေနံတွင်းများ အကြောင်းအရှည်မရေးလိုပြီ။

အနောက်အုပ်စုသည် ဘုရင်မကို ချကြွေးပြီး SANCTION များဖြင့် အကြိမ်ကြိမ် CHECK လုပ်သည်။

စစ်အစိုးရက အပိုင်ချုပ်ထားသည်။ တရုတ်များကို အမာခံထား၍ အနောက်အုပ်စု လွတ်သည့်နိုင်ငံများနှင့် အဆက်အသွယ် ပြုလုပ်သည်။ အာဆီယံနှင့် လှမ်းထောက်သည်။ ပြည်တွင်း ငြိမ်းချမ်းရေးကို နည်းပေါင်းစုံဖြင့် တည်ဆောက်ထားသည်။ အတိုက်အခံပါတီကို အပိုင်ချုပ်ထားပြီး ရသလောက်ရုန်းဖို့ ကြိုးစားသည်။ တဖြည်းဖြည်း ကိုယ်လဲ နစ်မှန်းမသိ နစ်လာကြောင်း သူတို့ကောင်းကောင်းကြီးသိသည်။ နောက်ပြန်လှဲ့လို့မရတော့။ အချို့အရာတွေက အမှားကြီးမှားခဲ့ပြီ။ သူတို့မှာ ဒီ့ထက်ရွေးခြယ်စရာများများ မရှိတော့ပြီ။

အခက်အခဲပေါင်းစုံကြားက ရုန်းကန်နေရသည်မို့ ပြည်သူ့ အခွန်ဘဏ္ဍာအပေါ်က တိုက်ရိုက်မမှီခိုနိုင်၊ ပြည်သူများမှာလည်း အတော်ကြပ်တည်းနေပြီ၊ အခွန်ထပ်ဆင့်လိုက်က ပေါက်ကွဲတော့မည်။ ကြာတော့ စကားလုံးအမှားများကို ထပ်မံကျူးလွန်သည်။ လမ်းဖောက်/တံတားဆောက်မှုမှ အစ ဝန်ထမ်းခွင့်ရက်ရှည် ပိတ်ပေးသည်ကိုပင် "နိုင်ငံတော်၏ စေတနာ" ဟုသုံးစွဲခေါ်ဝေါ်ခဲ့သည်။ (စကားချပ်။ ။ မလုပ်ပေးလဲရတယ် ဟူသည့်သဘော)

နိုင်ငံရေးပေါက်ကွဲမှု မဖြစ်အောင် နည်းပေါင်းစုံဖြင့် ထိန်းသိမ်းရာမှာ ရာထူးအဆင့်အလိုက် အခွင့်အရေးလေးများ ပေးထားသည်။ ကားပါမစ်၊ ဖုန်းပါမစ်၊ စားအုန်းဆီ ပါမစ်အဆုံး၊ အောက်ဆုံး ဝန်ထမ်းများအတွက် ကြံရာမရ သင်္ကြန် ဆယ်ရက်ပိတ်ခါ နိုင်ငံတော်၏ စေတနာကို ပြသလိုက်ပါတော့သည်။

တကယ်တော့ အတိုက်အခံများသည် စစ်အစိုးရကိုလျော့တွက်လွန်းသည်။အမြင်မရှိကြ၍လား မသိ။ ဒဲ့တိုက်ဖို့ ကြံသည်။ တပ်မတော်ဖြိုခွဲနိုင်လျင် အောင်ပြီဟုလည်း ထင်ကြသည်။ အရာရှိ/စစ်သည်အားလုံးအား စိတ်ဓာတ်စစ်ဆင်ရေး နည်းဖြင့် ပြိုကွဲအောင်လုပ်နိုင်မည်။ အနာကို ဆွလျင် ရသည်ဟုထင်သည်။ နစ်နစ်နာနာ ခေါ်ဝေါသမုတ်လျင် ကျဆုံးမည်ထင်သည်။ စစ်သားအားလုံး ဦးနှောက်မရှိလေသယောင် အပြစ်တင်သည်။

တပ်မတော်သား တော်တော်များများသည် ခေတ်စနစ်ဆိုးဒဏ်ကို ပြည်သူတွေနှင့်အတူ ခံကြရသည်။ သူတို့သည် ပြည်သူထဲက ပေါက်ဖွားလာသူများဖြစ်ပြီး လူသားဆန်သော အတွေးများရှိကြသည်။ စစ်ခေါင်းဆောင်ကြီးများ၏ လုပ်ဆောင်ချက်အချို့ကို မနှစ်မြို့သော်လည်း သူတို့မှာ ရွေးချယ်ပိုင်ခွင့်မရှိ။ အကြောက်တရားလည်းရှိသည်။ သူတို့အများစု သစ္စာခံသည်က အထက်လူကြီးမဟုတ်။ တိုင်းပြည်မပြိုကွဲရေးပင်။ သူတို့ တစ်ဖက်ယိမ်းသွားလျင် သူတို့ယနေ့ခံစားနေရသည့် ဒုက္ခထက် ပိုမိုဆိုးဝါးမည့် တိုင်းပြည်ဖြစ်မည်ဟု သူတို့ အခိုင်အမာယုံကြည်ထားသည်။ စစ်အုပ်ချုပ်မှုကို မကြိုက်သော်လည်း အတိုက်အခံအင်အားစုများကို အလုံးစုံ မယုံကြည်နိုင်သည်က တစ်ကြောင်း၊ အားကိုးလောက်သည်ဟု မထင်မြင်သည်က တစ်ကြောင်း၊ အတိုက်အခံအချင်းချင်း မစည်းလုံးသည်က တစ်ကြောင်း၊ အားနည်းချက်များအထူးမဖော်ထုတ်လိုပြီ။ ကိုယ့်အကြောင်း ကိုယ် သိကြပါကုန်။ သူတို့လည်း အကြပ်အတည်းကြားရောက်နေသည်။ ဆူပူမှုတွေဖြစ်လာသည့်အခါ၊ တိုင်းပြည်မငြိမ်မသက်ရိပ်တွေပြလာသည့်အခါ လက်ထဲ တင်းတင်းဆုပ်ကိုင်ထားသော သေနတ်ပြောင်းများသည် မည်သူ့ထံ လှည့်ရပါမည်နည်း။ သူတို့လည်း သူများရိုက်ရ၍၊ သတ်ရ၍ ပျော်ရွှင်နေသည့် သတ္တဝါများမဟုတ်။

ယခု ကစားကွက်တွေ ရွေ့နေပြီိဖြစ်သည်။ ဒါကိုပင် အပြောင်းအလဲဟုဆိုကြသည်။ စစ်အစိုးရက ဘုရင်မကို လွှတ်ပေးလိုက်သည်။ အနောက်အုပ်စုက CHECK MAKE လုပ်နေသေးသည်ဟု ယူဆသည်။ ကျွန်တော်တို့ မမြင်သေး။ ဘာသာရေးသဏ္ဍန် အထိကရုန်းများက တစ်မြို့ပြီးတစ်မြို့ ပြန့်နှံ့နေရာ မလေးရှားနိုင်ငံထိပါ ဖြန့်ကျက်နေရာယူနေသည်။ တရုပ်လည်း သူ့နည်းသူ့ဟန် CHECK MAKE လုပ်ဖို့ ပြင်ဆင်နေပါလိမ့်မည်။ ဘုရင်မနိုင်ရုံဖြင့် ပွဲသိမ်းမည်မထင်။ ဘုရင်မကျသွားရင် တစ်ဖက်ဖက်က ပွန်းတွေတက်လာပြီး ပါဝါကြီးသည့် အကောင်တစ်ကောင်ဖြစ်အောင် လုပ်ပေလိမ့်မည်။ ပွန်းလေးတွေ တရွေ့ရွေ့ ချီတက်ကြလေသည်။ ဘိရှော့များဖြင့်လည်း ပလေးနေသည်။ မြင်းများလည်း ခုန်နေပြီ။ အက်ကွက်တော့ မနင်းရသေး။ ကျွန်တော့်တို့ "မအ" ဖို့တော့ လိုပါသည်။
မှတ်ချက်။ ။
ဖြတ်သန်းလာသော ဘဝတစ်လျောက် တွေ့/မြင်သမျှအခြေခံသည့် မိမိ အယူအဆများကို တင်ပြခြင်းဖြစ်ပါသည်။ အနောက်အုပ်စု၏ အလုံးစုံ ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာသည်ကို ကြိုဆိုပါသည်။ မတည်ငြိမ်သည့်နေရာမှာ သူတို့ မြှုပ်နှံမည် မဟုတ်ဟု ယူဆပါသည်။ ဂုတ်သွေး အစုပ်မခံရဖို့ ကျွန်တော်တို့၏ ကာယ/ဥာဏအားကိုသာ အရင်းတည်ရပါတော့မည်။

အသစ် အသစ် အသစ်

$
0
0
အသစ် အသစ် အသစ်

ဒီင်္နေ့ ဆယ်တန်းအောင်စာရင်းတွေ ထွက်ပါတယ်။
အသိကောင်မလေးတစ်ယောက်ကတော့ မအောင်ရှာဘူး။ အမျိုးထဲက ညီလေးတစ်ယောက်ကတော့ ဂုဏ်ထူး(၃)ဘာသာပဲ ပါလို့ ဆြို့ပီး သူ့အမေက ငိုနေရှာတယ်၊ ထုံးစံအတိုင်း ဆရာဝန်လိုင်း မမီတော့မှာစိုးလို့ပေါ့။

အဲ့ဒါတွေကြည့်ရင်း လွန်ခဲ့တဲ့ ၈နှစ် ကိုယ် ဆယ်တန်းအောင်ခဲ့တုန်းက အခြေအနေလေးကို ပြန်သတိရမိတယ်။ အဲ့ဒီတုန်းက ရင်းရင်းနှီးနှီး ပေါင်းတဲ့ သူငယ်ချင်း၃ယောက် ရှိတယ်။ ၃ယောက်လုံး အမှတ်ပေါင်း ၅၀၀ ကျော်နဲ့ အောင်ကြတယ်။ ကျွန်တော်နဲ့ နောက်တစ်ယောက်ကတော့ ဆေးကျောင်းတက်ခဲ့တယ်၊ နောက်တစ်ယောက်ကတော့ ဆရာဝန်လုပ်ရတာ ၀ါသနာမပါဘူး ဆိုပြီး ပြတ်သားစွာနဲ့ (အဲ့ဒီတုန်းက ထင်ခဲ့တာတော့ ရူးမိုက်စွာနဲ့) UFL တက်တယ်၊ ခုတော့ ဂျပန်မှာ ရောက်နေပြီပေါ့။ တကယ်တော့ ဘ၀မှာ ဘယ်သူက ပိုအောင်မြင်လဲ ဆိုတာကို တိုင်းတဲ့ ပေတံ တိတိကျကျ မရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ချင်းမှ မတူနိုင်တာ။ တချို့က ဆရာဝန် ဖြစ်ချင်တယ်၊ တချို့က ကျောင်းဆရာ၊ တချို့က ကွန်ပျူတာပညာရှင်၊ အမျိုးမျိုး ရှိနိုင်ပါတယ်။ ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်ရတယ်ဆိုရင် ဒါဟာ အောင်မြင်တာပါပဲပေါ့။ ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ချင်တဲ့သူအတွက် ဆေးကျောင်းအမှတ် မမီခြင်းဟာ ကျရှုံးမှုတစ်ခု မဟုတ်ပါဘူး။

တံခါးတွေအလုံပိတ်ထားတဲ့ အိမ်တစ်အိမ်မှာ နေကြရတဲ့သူတွေဟာ ပတ်ဝန်းကျင်နဲ့ အထိအတွေ့ နည်းပါတယ်။ ဒီတော့ ဘယ်သူတွေ ဘာလုပ်နေကြမှန်း မသိ၊ ဘာတွေဘယ်လို ပြောင်းနေမှန်းလည်း မသိဖြစ်ကြရတယ်။ သူတို့တွေဟာ အတွေးအခေါ်နိမ့်မယ်၊ အမြင်ကျဉ်းမယ်၊ အယူအဆတွေ လွဲမယ်၊ ဒါဟာ ထုံးစံပါပဲ။ ဒီလိုပဲပေါ့၊ နှစ်ပေါင်းများစွာ တံခါးပိတ်ထားတဲ့ တိုင်းပြည်၊ မတိုးတက်တဲ့ တိုင်းပြည်ထဲက ကျွန်တော်တို့တွေဟာလည်း အမြင်ကျဉ်းကြပါတယ်။ ဒါဆိုဒါပဲ သိတယ်၊ ဒါကလွဲရင် ကျန်တာ မကောင်းဘူးပေါ့။ အဲ့လိုပါပဲ၊ ဆေးကျောင်းတက်ခဲ့တဲ့သူတွေထဲမှာလည်း ဆရာဝန်အလုပ်ကို တကယ်ဝါသနာပါလို့ တက်ခဲ့တဲ့သူတွေ ရှိသလို၊ ၀ါသနာမပါဘဲနဲ့ မိဘက တက်ခိုင်းလို့ တက်ခဲ့တဲ့သူတွေ၊ ဒါကလွဲလို့ တခြားတက်စရာ ရွေးစရာ မရှိလို့ တက်ခဲ့ရတဲ့သူတွေ၊ ဘွဲ့လေးတစ်ခု ရရင်ပြီးရော သဘောနဲ့ တက်ခဲ့တဲ့သူတွေလည်း အများကြီး ရှိပါတယ်။ အဲဒီတုန်းက အခြေအနေကတော့ ဒါကလွဲရင် အခြားမရှိသလို ဖြစ်နေခဲ့တာကိုး။ ဒီလောက်အမှတ်တွေ ရထားပါရက်နဲ့ တခြားတစ်ခုကို ရွေးလိုက်ဖို့က အတော်လေး စွန့်စားရာ မိုက်မဲရာ ကျနေပြန်တယ်လေ။ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ကလည်း အရမ်းခက်ခဲပါတယ် မဆိုနိုင်တောင် ခုခေတ်လို နိုင်ငံပေါင်းစုံက လက်ယက်ခေါ်နေကြတဲ့ အနေအထားမျိုးတော့ မဟုတ်ခဲ့ဘူး။ နောက်ပြီး အဲ့လို ပညာသွားသင်လာပြီးရင်လည်း ဒီမှာ ပြန်အသုံးချဖို့က မလွယ်ဘူးလေ။ တိုင်းပြည်ကမှ မတိုးတက်တာ၊ ကိုယ့်တစ်သက်လုံး နိုင်ငံခြားမှာပဲ နေပါတော့မယ်ဆိုတော့မှ သွားရတာ အဆင်ပြေမဲ့ အနေအထားမျိုး ဖြစ်နေခဲ့ပါတယ်။

ခုခေတ်မှာတော့ ပြောင်းသွားပါပြီ၊ တိုင်းပြည်က ပွင့်လာပြီ၊ နိုင်ငံခြားအကူအညီတွေ ၀င်လာပြီ၊ တစ်ကမာလုံးကလည်း မြန်မာပြည်ကို စောင့်ကြည့်နေကြပြီ။ ဒီလိုအနေအထားမျိုးမှာ အလုပ်အကိုင်အသစ်တွေ ပေါ်လာတယ်၊ အစစအရာရာ နောက်ကျနေခဲ့တဲ့ တိုင်းပြည်ကို ပြန်ဆွဲတင်ကြမယ်ဆိုတော့ လုပ်စရာတွေက အများကြီး ဖြစ်နေတာပေါ့။ သတင်းမီဒီယာလုပ်ငန်း တိုးတက်လာတယ်၊ MBA ဆိုတာတွေ တအားခေတ်စားလာတယ်။ IT ပညာရှင်တွေ အများအပြား လိုအပ်လာတယ်။ ရန်ကုန်မြို့ကို ချဲ့မယ်၊ ကုန်းကျော်တံတားတွေ ဆောက်မယ်၊ ဘယ်သူတွေ လိုအပ်မလဲ၊ မြို့ပြအင်ဂျင်နီယာတွေ ပညာရှင်တွေ လိုလာမှာပေါ့။ ဒါဆိုရင်တော့ သေချာပြီ၊ ဆရာဝန်ဖြစ်မှ အောင်မြင်တယ်၊ လူရာဝင်တယ်ဆိုတာ မဟုတ်တော့ဘူး။ ဆယ်တန်းအောင်တိုင်း ဘ၀မှာ အောင်မြင်တာ မဟုတ်သလို၊ အောင်မြင်နေသူတိုင်းလည်း ဆယ်တန်းကို ထူးထူးချွန်ချွန် အောင်ခဲ့ကြတာ မဟုတ်ပါဘူး၊ တကယ်တော့ ဆယ်တန်းဆိုတာ ဘ၀မှာ ဖြေရမဲ့ စာမေးပွဲတွေအများကြီးထဲကမှ တစ်ခုပါပဲ။ ဒီထက်မပိုပါဘူး။

ဆယ်တန်းကို အမှတ်တွေ အများကြီးနဲ့ပဲ အောင်အောင်၊ သာမန်ပဲအောင်အောင်၊ ကျပဲကျကျ၊ တစ်ခု စဉ်းစားဖို့လိုတာက ကိုယ့်ဘ၀မှာ ဘာဖြစ်ချင်တာလဲ ဆိုတာပါ။ ပညာခေတ်လို့လည်း ပြောကြတဲ့၊ ယှဉ်ပြိုင်မှုလွန်ကဲတဲ့ ခေတ် (Hyper-competitive Age)လို့လည်း ပြောကြတဲ့ ဒီနေ့ခေတ်မှာ ဘွဲ့ရပြီးမှ တခြားသော ကိုယ်ဝါသနာပါရာ ပရော်ဖက်ရှင်နယ်တစ်ခုကို စပြီးသင် စပြီးလုပ်မယ်ဆိုရင် အများကြီးနောက်ကျသွားနိုင်ပါတယ်။ ဒါဆို ခုလို ဆယ်တန်းအောင်ပြီးစ အချိန်ဟာ ဘ၀အတွက် အရေးကြီးတဲ့ အချိုးအကွေ့တစ်ခုပေါ့။ လက်ရှိအနေအထားအရတော့ ဆရာဝန်ဖြစ်ချင်တဲ့သူတွေဟာ စနစ်က တောင်းဆိုတဲ့ အမှတ်ကိုတော့ မီဖို့လိုပါလိမ့်ဦးမယ်။ တကယ်ကို ဆေးကုရတဲ့အလုပ်ကို ၀ါသနာပါတယ်ဆိုရင် ဆရာဝန်လုပ်ပေါ့။ ဒါပေမဲ့ ဆရာဝန်အလုပ်သည် ကိုယ့်အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်မနေစေဖို့တော့ လိုပါတယ်။ အလုပ်တိုင်း အလုပ်တိုင်းမှာ Stress ဆိုတာ ရှိတယ်၊ စိန်ခေါ်မှုတွေ ရှိတယ်၊ ပေးဆပ်ရတာတွေ ရှိတယ်၊ အဲ့ဒါတွေကို သည်းခံနိုင် ကျော်လွှားနိုင်ဖို့က အဲ့ဒီအလုပ်ဟာ ကိုယ်ကိုယ်တိုင် ရွေးချယ်ထားတဲ့ အလုပ်ဖြစ်မှ ရပါမယ်။

အဲ့ဒီလို ဘ၀မှာ ဘာဖြစ်ချင်တာလဲ စဉ်းစားတဲ့အခါ အမြင်ကျယ်ဖို့ လိုပါတယ်။ တိုင်းပြည်မှာ ဘာတွေဖြစ်နေပြီလဲ ဘာတွေပြောင်းလဲနေပြီဆိုတဲ့ Political awareness၊ ကမာမှာ ဘာတွေဖြစ်နေလဲဆိုတဲ့ Global awareness ဒါတွေ ရှိဖို့လိုတယ်။ အဲဒီအတွက် အတွေ့အကြုံရှိတဲ့သူ၊ လမ်းပြပေးနိုင်တဲ့သူတွေနဲ့ မေးကြမြန်းကြ စကားပြောကြည့်ကြရပါမယ်။ ကိုယ်တိုင်လည်း စာများများ ဖတ်ဖို့လိုပါတယ်။ ကျောင်းစာတစ်ခုတည်း သိတဲ့သူကတော့ ဒါတွေ စဉ်းစားတတ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တုန်းကလည်း ကျောင်းစာကလွဲပြီး ဘာမှသိပ်မဖတ်ဖြစ်ခဲ့တော့ ဒီလိုတွေလည်း မသိခဲ့ မစဉ်းစားတတ်ခဲ့ပါဘူး။ ခုချိန်ပြန်တွေးကြည့်မှ အဲ့ဒီအချိန်တွေကို တော်တော်လေး နှမြောနေမိပါတယ်။

စီးပွါးရေးနဲ့ပတ်သက်တဲ့ အယူအဆတစ်ရပ် ရှိပါတယ်။ Blue Ocean Strategy တဲ့။ သမုဒရာရဲ့ ရေအရောင်ဟာ အပြာရောင်ပါ၊ ဒါပေမဲ့ ရေထဲက ငါးမန်းတွေ တစ်ကောင်နဲ့တစ်ကောင် ကိုက်လို့ပဲ ဖြစ်ဖြစ်၊ ငါးမန်းက လူကို ကိုက်လို့ဖြစ်ဖြစ်၊ အဲ့လိုအခြေအနေတွေမှာ ခုနက ပြာနေပါတယ်ဆိုတဲ့ ရေဟာ သွေးရောင်လွှမ်းသွားပါတယ်။ အဲ့ဒါကိုတော့ Red Ocean Strategy လို့ ခေါ်ပါတယ်။ ဆိုပါတော့ လမ်းတစ်လမ်းထဲမှာ အင်တာနက်ဆိုင်တွေ အများကြီးရှိတယ်၊ အဲဒီလမ်းထဲမှာပဲ ကိုယ်က ဆိုင်တစ်ဆိုင်ဖွင့်ချင်တယ်၊ ဒါဆို ဘာဆိုင်ဖွင့်မလဲ၊ အင်တာနက်ဆိုင်မှာ လူတွေပြည့်ပြည့်နေလို့ အဆင်ပြေမှာပဲဆိုပြီး ကိုယ်ပါ လိုက်ဖွင့်မလား၊ ဒါဆိုရင်တော့ ခုနက ငါးမန်းတွေတစ်ကောင်နဲ့တစ်ကောင် ကိုက်ရသလို အများကြီးကြားထဲကမှ ကိုယ့်ဆိုင် လူဝင်စေဖို့ အပြင်းအထန် ကြိုးစားရမှာပါပဲ။ ကိုယ်တစ်ချက်မှားလိုက်တာနဲ့ သရေဆိုတာ မရှိဘဲ၊ ကိုယ့်ပြိုင်ဘက်ကိုပါ တစ်ခါတည်း အမှတ်ပေးလိုက်ရတဲ့ တင်းနစ်ပြိုင်ပွဲလို ဖြစ်သွားပါတယ်။ ဒါမှမဟုတ်၊ လမ်းထဲမှာ ဘယ်သူမှ မဖွင့်သေးတဲ့ အအေးဆိုင်လေး ဖွင့်မလား၊ ဒါဆိုရင်တော့ ဘယ်သူနဲ့မှ အသည်းအသန် ယှဉ်ပြိုင်စရာ မလိုဘဲ အေးအေးဆေးဆေးနဲ့ပဲ အောင်မြင်မှု ရနိုင်ပါတယ်။ အဲ့ဒီလို အများလုပ်တာ လိုက်မလုပ်ဘဲ ကိုယ်ပိုင် အိုင်ဒီယာအသစ်တစ်ခုနဲ့ အလုပ်လုပ်ခြင်းကို Blue Ocean Strategy လို့ ခေါ်ပါတယ်။ ဒီအတွက်တော့ ဖွင့်ထားတဲ့စိတ်တစ်ခု လိုပါတယ်၊ အမြင်ကျယ်ဖို့ဆိုတာ ကိုယ်တိုင်ကလည်း အများကြီး ကြည့်ထား မြင်ဖူးထားမှ ရတာပါ။

အများနဲ့မတူအောင် တမင်တကာ လုပ်ခိုင်းနေတာလည်း မဟုတ်သလို၊ ၀ါသနာပါတာ မလုပ်နဲ့ ထူးခြားတာမှလုပ် လို့လည်း တိုက်တွန်းနေတာ မဟုတ်ပါဘူး။ အတွေးသစ် အမြင်သစ် စိတ်ကူးသစ်တွေနဲ့ ဘ၀ကို ထုဆစ်စေချင်တာပါ။

၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခက်ခဲဖွယ်ရှိ

$
0
0




Posted by drmyochit Friday, April 05, 2013, under သတင်းများ | No comments

ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု များနှင့် အတူ မြန်မာ နိုင်ငံ၏ အဓိက အတိုက် အခံ ပါတီ ဖြစ်သော အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် နှစ်ပေါင်း၂၅ နှစ် သက်တမ်း အတွင်း ပထမ အကြိမ် နိုင်ငံလုံး ဆိုင်ရာ ပါတီ ညီလာ ခံကို မတ်လ ၈ ရက်မှ ၁၀ ရက်နေ့ အထိ ကျင်းပခဲ့ ပါသည်။

ညီလာခံ ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်မှာ ပါတီအတွင်း အကွဲ အပြဲပြ ဿနာများကို ဖြေရှင်းရန်နှင့် အသက် အရွယ် ကြီးရင့်သည့် ပါတီဝင်များနေရာတွင် လူငယ်များဖြင့် သွေး သစ်လောင်း ရန်တို့ ဖြစ်ပါသည်။


ဒေါ်အောင် ဆန်းစုကြည် သည် ပါတီဥက္ကဌအဖြစ် ပြန်လည်တင်မြှောက်ခံရပြီး NLD ပါတီသည် ဒီမိုကရေစီ လမ်းစဉ်နှင့် ဆန့်ကျင်မှုရှိသည့် လက်ရှိအခြေခံဥပဒေအား ပြင်ဆင်ရေးကို ဆက်လက် တောင်းဆို သွား မည်ဖြစ် ကြောင်း၊ တရားဥပဒေ စိုးမိုးမှုခိုင်မြဲစေရန်နှင့် ကချင်နှင့် ရခိုင်ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ များကို ဖြေရှင်းရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံ တွင် ဖော်ပြခဲ့ သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် NLD ပါတီ သည် နိုင်ငံ တကာ အဖွဲ့ အစည်း များနှင့် မြန် မာပြည် သူလူထု၏ ထောက်ခံမှုပိုမိုရရှိရန် တက်ကြွစွာ ကြိုးစားနေသည်ကို ပါတီ ညီလာ ခံက ဖော်ပြနေ ပါသည်။

သမ္မတရာထူးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်သူမ၏ ရည်ရွယ်ချက်ကို ဒေါ်စုကြည်က ထပ်မံဖော်ပြခဲ့ ပါသည်။ ပြည် သူ များကသာ ဒေါ်စုကြည်အား သမ္မတအဖြစ် ရွေးချယ်ပါက ၎င်းအနေဖြင့် လက်ခံ မည်ဖြစ် ကြောင်း လက် ရှိ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပါသည်။

၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိခဲ့လျှင် ဒေါ်စုကြည်နှင့် ၎င်းဦးဆောင်မှု အောက်တွင် ရှိသည့် NLD ပါတီက အောင်ပွဲခံနိုင်လိမ့်မည်ဟု ပြည်သူအများစုက ယူဆထားကြပါသည်။

ဒေါ်စုကြည်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအမှတ်အသားတစ်ခုအဖြစ် ရှုမြင်ခံရပြီး ပြည်သူလူထု အကြား တွင် နာမည်ဂုဏ်သတင်း ကြီးသူ လည်းဖြစ်သည်။ ၎င်း၏မိန့်ခွန်းများမှာ နားထောင်သူပေါင်း များစွာ ကို ဆွဲဆောင်နိုင်ပြီး သူ့သတင်းမှာလည်း သတင်းစာများ၏ ရှေ့စာမျက်နှာတွင် မကြာခဏ ဖော်ပြခြင်းခံရ ပါ သည်။

ဒေါ်စုကြည်မှာ နိုင်ငံတကာနယ်ပယ်တွင်လည်း ကျော်ကြားပြီး နိုင်ငံခြား တိုင်းပြည်များသို့ ၎င်းသွား ရောက် သည့် အခါတွင် နိုင်ငံ့အကြီးအကဲများအား ကြိုဆိုသကဲ့သို့ သူမအားကြိုဆိုကြသည်။

ဒေါ်စုကြည်၏ သြဇာအောက်တွင် NLD ပါတီဝင်ဦးရေမှာ ၁.၂ သန်းကျော်ရှိ ပြီဒေါ်စုကြည်နှင့် NLD ပါတီ၏ ရှေ့အလားအလာ ကောင်းမွန်လာသည်မှာ မငြင်းနိုင်သည့် အချက် တစ်ချက်ပင် ဖြစ်သည်။ သို့သော် ဒေါ်စုကြည် သမ္မတရာထူးရရှိရန်မှာ မလွယ်ကူ လှပေ။

ဒေါ်စုကြည်၏ ကွယ်လွန်သွားပြီဖြစ်သည့် ယောက်ျားမှာ နိုင်ငံခြားသားတစ်ဦး ဖြစ်နေခြင်း၊ စစ်ရေး စစ်ရာကိ စ္စများ တွင် ကျွမ်းကျင်မှုမရှိခြင်း စသည် တို့ကြောင့် လက်ရှိအခြေခံဥပဒေအရ ဒေါ်စုကြည်မှာ သမ္မတ ရာထူး အတွက် အရည် အချင်း မပြည့် မီပေ။ ဒေါ်စုကြည် သမ္မတ ဖြစ်ရန်အတွက် အခြေခံ ဥပဒေပါ အချက် များကို ပြင်ဆင် ရန် လိုအပ်ပါသည်။

သို့သော် အခြေခံဥပဒေပြင်ဆင်ရန်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးရေ၏ လေးပုံသုံးပုံက ထောက်ခံ ရမည် ဖြစ် သည်။ လက်ရှိလွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေ၏ လေးပုံတစ်ပုံမှာ တပ်မတော်သား ကိုယ်စား လှယ် များဖြစ်ကာ အခြေခံဥပဒေပြင်ဆင်ရာတွင် ၎င်းတို့၏ မဲအရေအတွက်ကသာ နောက်ဆုံး အဆုံး အဖြတ်ပေး မည်ဖြစ်သည်။

တပ်မတော်သား ကိုယ်စားလှယ်များသည် လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုထောက် ခံကြ ပါသည်။ အခြေခံဥပဒေပါ ထိုအချက်များကိုပြင်ဆင်ခွင့်ပြုပါက ၎င်းတို့၏ အုပ်ချုပ်မှု အာဏာ အား စွန့်လွှတ် ရာရောက် မည်ဖြစ် ပါသည်။

၁၉၈၈ ခုနှစ် သူမ NLD ပါတီတည်ထောင်ချိန်၌ လုပ်ဆောင်ခဲ့သကဲ့သို့ ဒီမိုကရေစီ အဖွဲ့အစည်း အားလုံးကို စုစည်းရေးနှင့် ဦးဆောင်ရေးတို့ကို ယခုအခါဒေါ်စုကြည် မဆောင်ရွက်နိုင်တော့ပေ။ ၈၈ မျိုး ဆက် ကျောင်းသား အဖွဲ့နှင့် NDF ပါတီကဲ့သို့ အတိုက်အခံပါတီ များစွာသည် NLD ၏ နိုင်ငံရေးသြဇာ လွှမ်းမိုးမှု ကင်းသည့် ပါတီအဖြစ် ကြိုးပမ်းလာကြပြီး NLD ပါတီနှင့် အတိုက်အခံဖြစ်သည်များပင် ရှိပါသည်။
ထို့ပြင် ရခိုင်နှင့် ကချင်အရေးများကဲ့သို့ တိုင်းရင်းသားပြဿနာများအပေါ် ဒေါ်စုကြည်၏ လျစ်လျူ ရှုမှုများ က တိုင်းရင်းသား အဖွဲ့အစည်းများ၏ မကျေနပ်မှုကို နှိုးဆွခဲ့သည်။

NLD ပါတီအတွင်း အသက်ကြီးပိုင်း ပါတီဝင်များနှင့် သက်လတ်ပိုင်း ပါတီဝင်များအကြား အာဏာ အားပြိုင် မှုများ လည်း အပြင်းအထန် ဖြစ်ပေါ်လာခဲ့သည်။ ပထမအကြိမ်ပါတီညီလာခံတွင် မျိုးဆက်သစ် လူငယ်များ ကိုပါ ဝင်ရန် ပြောကြား ခဲ့သော်လည်း ယခင် မျိုး ဆက်ဟောင်းများက ပါတီအပေါ် သြဇာ လွှမ်းမိုးမှု ရှိနေဆဲဖြစ် ပါသည်။

NLD ပါတီ၏ သြဇာကြီးမားမှုသည် အဓိကအားဖြင့် ဒေါ်စုကြည်ကြောင့် ဖြစ်သည်။ အတိုက်အခံ ပါတီ တစ်ခု ဖြစ်သည့် အတွက် NLD ပါတီသည် အုပ်ချုပ်မှုပိုင်း အတွေ့အကြုံမရှိဘဲ နည်းစနစ်ကျသည့် အုပ်ချုပ်မှု အစီအစဉ် များကိုလည်း မချမှတ်ရသေးပေ။ NLD ပါတီတွင် အတွေ့အကြုံရှိသော ထူးချွန် ထက်မြက် သူများလည်း မရှိပါ။
 
ထို့အတွက်ကြောင့် NLD ပါတီသည် ပြင်းထန်သည့် တိုင်းရင်းသားပဋိပက္ခများ၊ များစွာသော ပြုပြင်ပြောင်း လဲမှု များနှင့် ခေတ်နောက်ကျန်နေသည့် စီးပွားရေးစသည်တို့ကို ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာနိုင်ငံကို ဦးဆောင် ရန် အရည်အချင်းရှိ/မရှိ အပြင်ကမ္ဘာက သံသယရှိပါသည်။

ယခု အာဏာရပါတီသည် NLD ပါတီကဲ့သို့ လူကြိုက်မများသော်လည်း တပ်မတော်၏ ထောက်ခံမှု ရပြီး အုပ်ချုပ်မှု ပိုင်းဆိုင်ရာ အတွေ့အကြုံများစွာရှိပါသည်။ ဒေါ်စုကြည် အသက် ၇၀ ပြည့်မည့် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲရောက် ရှိရန် နှစ်နှစ်လိုပါသေးသည်။ ထိုကာလအတွင်း ဒေါ်စုကြည်နှင့် သူ၏ NLD ပါတီ သည် အခက်အခဲများကို ကျော်လွှားပြီး ဒေါ်စုကြည် သမ္မတဖြစ်လာ/ မလာကို စောင့်ကြည့် ရဦး မည် ဖြစ်ပါ သည်။

Global Times, 17-3-2013
Suu Kyi’s path to presidency proves tough ဆောင်းပါးအား ဆီလျော်အောင် ပြန်ဆိုပါသည်။
http://mmforward.blogspot.com/2013/04/blog-post_2795.html မှကူးယူဖော်ပြပါသည်။

ဒေါ်စု နိုင်မယ့် အန္တရာယ်

$
0
0
by သက္က မိုးညို (Notes) on Friday, June 7, 2013 at 11:45am
၁။ အမှန်ပြောရလျှင် မြန်မာပြည်နိုင်ငံရေးနှင့် ပတ်သက်လာလျှင် “ကိုယ့်ကိုယ်ကိုထက်ပင် ယုံမိ” ရသောသူမှာ ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်သည်။ သို့ပါလျှက် “အဆဲခံရမည်မှာ သေချာသလောက်ရှိသော” ခေါင်းစဉ်ကို တပ်မိပါသည်။ မတတ်နိုင်ပါ။ အခြားဘက်မှ ဆင်ခြင်ရန် အကြောင်းများရှိသေးကြောင်းကို မီးမောင်းထိုးပြလိုပါသဖြင့် ဤစာကို ရေးပါသည်။


၂။ မြန်မာ့နိုင်ငံရေး အခြေအနေတွင် ဒေါ်စု (အမေအရွယ်ဖြစ်၍ အမေစုဟု ခေါ်လျှင်ပင် ၀ိုင်းဟားသူများ၊ သူ့ဘက်သားထင်သူများလည်းရှိသည်၊ သူရို့ အကုသိုလ်မဖြစ်စေလိုပါ) ၏ အနေအထားသည် လမ်းကြောင်း နှစ်ခုကို သွားနေရကြောင်း ထောက်ပြခဲ့ဘူးပါသည်။ တစ်လမ်းသည် “သူမ၏ ပါတီ အာဏာရရေး” လမ်းကြောင်း ဖြစ်ပြီး တစ်လမ်းသည် နိုင်ငံကို ဒီမိုကရေစီဖွံ့ဖြိုးရေး” လမ်းဖြစ်ပါသည်။ ပါတီချင်း နေရာလုပွဲကိစ္စများတွင် “ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ ဒေါ်အောင်ဆန်းစုကြည်”ကို “ပြိုင်ဘက်ပါတီမှ အန္တရာယ်ကြီးသော ဒေါ်အောင်ဆန်းစုကြည်” အဖြစ် သတ်မှတ် တိုက်ခိုက်ကြသည်မှာ မြင်၍ ကြား၍ မကောင်းပါ။ သို့သော်လည်း မတတ်နိုင်ပါ။ နှစ်လမ်းသွားမိခြင်း၏ “ဘေးထွက် ဆိုးကျိုး” ပင် ဖြစ်ပါမည်။

၃။ ယနေ့ အချို့သူများသည် သူ၏ အသိဥာဏ်ပညာနယ်ပယ်သို့ သိုးကာသီကာမျှပင်ရောက်နိုင်စွမ်းမရှိပဲ မှားသွားပြီ၊ လွဲသွားပြီ စသည်ဖြင့် ဝေဖန်နေကြသည်မှာ စိတ်ပျက်စရာလည်းကောင်း၊ ရယ်စရာလည်းကောင်းပါသည်။ အထူးသဖြင့် သူ၏ပါတီဝင်များ ကိုယ်၌ကပင် စကားမှားသွားသယောင် “ကာကွယ်ကြသောအခါ” ဒေါ်စုကို ပါတီအာဏာရရေးအတွက် အသုံးချနေသည်ဟူသော အသိမှာ ပို၍ ခိုင်မာလာပါသည်။ အာဏာဆိုသည်မှာ ရရန်လွယ်ပါသည်။ “နည်းလမ်းကျကျ” ထိန်းထားရန်မှာ ခက်လှကြောင်း သိစေချင်ပါသည်။

၎။ ထိုသို့သော ပါတီတွင် ဒေါ်စုနိုင်လျှင် အန္တရာယ် ရှိနိုင်မရှိနိုင် တွေးကြည့်ပါမည်။ နိုင်သော ပါတီသည် အစိုးရဖွဲ့ရပါမည်။ (၀န်ကြီး၊ ဒုဝန်ကြီးအထိ သမ္မတက ခန့်အပ်ခွင့်ရှိပါသည်) ပါတီတွင်းဝယ် အစိုးရဖွဲ့နိုင်လောက်သော “ပညာရှင် လုံလုံလောက်လောက်” ရှိနေပါပြီလော။ အုပ်ချုပ်ရေးအတွေ့အကြုံ ရှိကြပါသလော။ အရည်အချင်း ပြည့်မီသော အစိုးရတစ်ရပ်ဖြစ်ရေး အတွက် “မည်မျှ” ပြင်ဆင်ထားပြီးပါပြီနည်း။ ဒေါ်အောင်ဆန်းစုကြည်၏ အရိပ်ခိုကာ လွယ်လင့်တကူ အာဏာရနိုင်သည်မှာ မငြင်းလိုပါ။ သို့သော် ကိုယ်တိုင်က အရည်အချင်းမရှိပဲနှင့် ကြာရှည်ကြာမော “ပြည်သူထောက်ခံမှုကို” မမျှော်လင့်စကောင်းပါ။

၅။ ထိုအဆင့်ကို ခဏမေ့ထားကာ အစိုးရဖွဲ့ပြီးပြီဟု ယူဆကြည့်ပါမည်။ အသစ်စက်စက် အာဏာရကာစ အစိုးရကလေးနှင့် ချိတ်ဆက်ရမည်မှာ “အကျင့်ပျက်ခြစားမှုတွင် နာမည်ကောင်း ရနေသော” ဗျူရိုကရေစီ ယန္တယား ဖြစ်ပါသည်။ ဆာဆာလူနှင့် သိုးသိုးထမင်းဆိုင်တွေ့ကြသည်နှင့်တူပါသည်။ ဗျူရိုကရေစီကြိုးနီစနစ်သည် ကောင်းကွက်များရှိသလို “ကျစ်ချင်လျှင်” လွယ်လင့်တကူ ကျစ်၍ ရစေရန် တည်ဆောက်ထားသော ပုံစံဖြစ်ပါသည်။  ၀န်ကြီး၊ဒုဝန်ကြီးများနှင့် ထိတွေ့ရမည့် ညွှန်ချုပ်၊ အမ်ဒီ လယ်ဗယ်သည် “အစ်ကိုကြီး ညီလေး ယဉ်ကျေးမှု” တွင် ရှစ်စပ်က လည်ခဲ့သူများဖြစ်ပါသည်။ အာဏာဆိုသည်မှာ ဘာမှန်း မသိခဲ့သူများကို “အာဏာ၏ အရသာရှိသော အပိုင်း” ကိုထိုးကျွေးကာ ချည်တုတ်ကြပါလိမ့်မည်။ ဒေါ်စုနိုင်မည့် အန္တရာယ်ကို ကြိုတင် တွေးတော ပြင်ဆင်ထားသင့်ပါပြီ။

၆။ ဒေါ်အောင်ဆန်းစုကြည်သွားနေသော လမ်းကိုလည်း “ဥာဏ်မီသလောက်” ဝေဖန်လိုပါသည်။ မှားနိုင်ပါကြောင်း ၀န်ခံပါသည်။ ယခုအထိ ဒေါ်အောင်ဆန်းစုကြည်သည် “အာဏာရရေး လမ်းကြောင်း” ပေါ်သို့ မတက်ခဲ့သေးကြောင်း ၀မ်းမြောက်စွာ တွေးမိပါသည်။ သူကြည့်သမျှ ပြောသမျှရှုထောင့်သည် “ဒီမိုကရေစီ လမ်းကြောင်း” ဖြစ်ပါသည်။ သို့သော် ကျွန်တော့်အလိုအရမူ အာဏာရရေး လမ်းကြောင်းမှာပင် ဒီမိုကရေစီဖြစ်ထွန်းရေး လျောက်လမ်းနိုင်ပါသည်။

၇။ ဒေါ်စု အင်အားစိုက်ထုတ်နေသော “တရားဥပဒေ စိုးမိုးရေး ကိစ္စ” သည် အမှန်စင်စစ် အစိုးရအဖွဲ့၏ စွမ်းဆောင်ရည်ကို ပြသော အညွှန်းကိန်းများထဲမှ တစ်ခုသာ ဖြစ်လေသည်။ (ဒေါ်အောင်ဆန်းစုကြည်ရှေ့တန်းကို တင်ထားသည်မှာ မမှားကြောင်း ဖြစ်ပျက်နေသော အရေးများမှ သက်သေပြနေပါသည်) သို့သော် အစိုးရအဖွဲ့မှ ဆောင်ရွက်ရမည့် အညွှန်းကိန်းကို အတိုက်အခံဖက်မှ ဆောင်ရွက်နေရသောအခါ “စေတနာနှင့် မတန်သည့် တိုက်ခိုက်မှုများ” ကိုသာ ရရှိလေသည်။ သို့သော် ဒီမိုကရေစီ လမ်းကြောင်းဘက်မှ ကြည့်လျှင်တော့ လေးစားထိုက်ပါပေသည်။

၈။ ယခုပြောသော စကားများသည် အစိုးရအဖွဲ့ဘက်မှ ပင်း၍ ပြောနေခြင်း မဟုတ်ပါ။ အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အစိုးရအဖွဲ့၏ “တက်လာရမည့် အညွှန်းကိန်းများကို” အတိုက်အခံပီပီ ထောက်ပြခဲ့လျှင် ပိုမိုထိရောက်သော “အော်လ်တာနေးတစ် လမ်းကြောင်း” များဖြစ်လေမည်လားဟု စိတ်ကူးယဉ်ကြည့်ခြင်း ဖြစ်ပါသည်။ စကားစပ်မိ၍ ထို အညွှန်းကိန်းများကို ဖေါ်ပြလိုပါသည်။

(၁) စိုးမိုးနိုင်မှု၊ ပွင့်လင်းမြင်သာမှု Voice & Accountability 
(၂) နိုင်ငံရေးတည်ငြိမ်မှု၊ အကြမ်းဖက်မှု ကင်းစင်မှု
(၃) အစိုးရအဖွဲ့၏ စွမ်းဆောင်ရည် ထိရောက်မှု
(၄) အရည်အသွေး တည်ငြိမ်မှု
(၅) တရားဥပဒေစိုးမိုးမှု
(၆) အကျင့်ပျက်မှု ထိန်းချုပ်နိုင်စွမ်း

အတိုက်အခံတစ်ယောက်အနေနှင့် လက်ရှိအစိုးရအဖွဲ့၏ လိုအပ်နေသော ထိုကိစ္စများကို ထောက်ပြပြင်ဆင်စေလျှင် လူကြိုက်များရုံမက သွားလိုသော လမ်းကြောင်းကို ပို၍ လွယ်ကူလေမည်လား စိတ်ကူးယဉ်ကြည့်ခြင်းဖြစ်ပါသည်။ (စိတ်ကူးယဉ်ကြည့်ခြင်းဟု အထပ်ထပ်ဆိုပါသည်)

၉။ လူထုခေါင်းဆောင်ဟူသော ဂုဏ်နှင့် လျော်ညီစွာ ဒေါ်အောင်ဆန်းစုကြည်လျှောက်နေသော လမ်းသည် ဒီမိုကရေစီ ဖြစ်ထွန်းရေးလမ်းဖြစ်ပါသည်။ (ပါတီအာဏာရရေးကို ယဉ်အဖြစ် သုံးနေကြောင်း မှန်းဆကြည့်မိပါသည်။) ထိုအတွက် ပြည်သူထောက်ခံမှုကျဆင်းခဲ့ရပါသည်။ ပို၍ ဆိုးသည်မှာ ဒေါ်အောင်ဆန်းစုကြည်အာဏာရခဲ့လျှင်၊ ထို့အတူ ယခုကဲ့သို့ “ဒီမိုကရေစီ ဖြစ်ထွန်းရေးကိုသာ ဇောင်းပေး ဆောင်ရွက်နေလျှင်…….။ ထိုအချိန်တွင် သူမအား ဆန့်ကျင် ကန့်ကွက်ကြမည်မှာ သူ၏ပါတီ အန်အယ်ဒီသာ ဖြစ်လာပါလိမ့်မည်။ ယင်းကိုပင် “ဒေါ်စု နိုင်မည့် အန္တရာယ်အဖြစ်” စိတ်ပူစွာ သတိပေးရပါကြောင်း။

၁၀။ ထို့ထက်ပို၍ ဆိုရန်မရှိပါ။

နှလုံးသားအဆိုရှင်နိုင်ငံရဲ့ ပထ၀ိနိုင်ငံရေးစိန်ခေါ်သံများ

$
0
0



by ဆန်း သစ် (Notes) on Monday, June 10, 2013 at 4:53am
ကမ္ဘာ့ပထ၀ိနိုင်ငံရေး ပညာရှင်ကြီးတွေက ပထမကမ္ဘာစစ်မတိုင်ခင်မှာ Heartland နှလုံးသားနယ်မြေသီအိုရီ ကို ထုတ်ခဲ့ကြပါတယ်။၎င်းသီအိုရီအရ နှလုံးသားနယ်မြေကို ပိုင်စိုးသူဟာကမ္ဘာကိုပိုင်စိုးသူလို့ သတ်မှတ်ခဲ့ကြပါတယ်။၎င်းသီအိုရီပါ နှလုံးသားနယ်မြေဆိုတာဟာ သတ္ထု သယံဇာတ၊စွမ်းအင်အရင်းအမြစ်နဲ့ စိုက်ပျိုးမြေ စားကျက်မြေ ပေါကြွယ်ဝပြီး ကုန်ထုတ်လုပ်မှုအတွက် လုပ်သားအရင်းအမြစ်ပေါကြွယ်ဝတဲ့ ဒေသဖြစ်တဲ့ တရုတ်ပြည်ကြီးနဲ့ ရုရှပြည်ကြီးတို့ပါဝင်ကြပါတယ်။ နှလုံးသားနယ်မြေ အယူအဆထွက်ပေါ်ပြီး နောက်ထပ်မံထွက်ပေါ်လာတာကတော့ Rimland နှုတ်ခမ်းသားနယ်မြေ အယူအဆပဲဖြစ်ပါတယ်။နှုတ်ခမ်းသားနယ်မြေဟာ နှလုံးသားနယ်မြေကို ကပ်လျှက်ဘေးမှ ၀န်းရံနေပါတယ်။နှုတ်ခမ်းသားနယ်မြေမှာ ကျွန်တော်တို့ မြန်မာအပါအ၀င် အန္ဒိယတိုက်ငယ် နဲ့ ရေနံပေါကြွယ်ဝတဲ့ အရှေ့အလယ်ပိုင်းဒေသတို့ ပါဝင်ပါတယ်။နှလုံးသားနယ်မြေအယူအဆဟာ စစ်အေးကာလ ပြီးမြောက်ချိန် ဆိုဗိယက်ယူနီယံပြိုကွဲသွားတဲ့ အချိန်မှာပဲ အယူအဆကွဲတွေထပ် ဖြစ်လာပါတယ်။ 
                 

စစ်အေးကာလပြီးမြောက်ချိန် ကမ္ဘာ စွမ်းအင်အရင်းအမြစ်ရှားပါးလာမှုနဲ့ လိုအပ်ချက် တိုးမြင့်လာမှုဟာ နှလုံးသားနယ်မြေကို အရှေ့အလယ်ပိုင်းဒေသကို နေရာရွေ့သွားစေတယ်လို့ယူဆ ကြပါတယ်။ကျွန်တော့်အနေနဲ့တော့ ရေနှင့်စိုက်ပျိုးမြေ ၊သတ္ထုသယံဇာတ မရှိတဲ့ စစ်ပွဲ တွေ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေနဲ့ လူစွမ်းအားအရင်းအမြစ်တွေ ချွတ်ခြုံကျနေတဲ့ အရှေ့အလယ်ပိုင်းဒေသဟာ နှုလုံးသားနယ်မြေ လို့ယူဆလို့မရနိုင်ပါဘူး။စွမ်းအင်များထုတ်ယူလို့ ကုန်ခမ်းသွားတဲ့အခါ ၄င်းဒေသဟာ ပဋိပက္ခတွေနဲ့ စားနပ်ရိက္ခာရှားပါးမှုတွေ စစ်ပွဲတွေပဲ ကျန်ခဲ့မှာဖြစ်ပါတယ်။သို့သော်လည်း နှလုံးသားနယ်မြေရဲ့ အသက်တမျှ လိုအပ်တဲ့ သွေးနဲ့တူတဲ့ရေနံစွမ်းအင်ကိုတော့ နှလုံးသားနယ်မြေက ရသလောက်စုပ်ယူသုံးစွဲ နေဦးမှာပဲဖြစ်ပါတယ်။ယနေ့အချိန်ထိအရှေ့အလယ်ပိုင်းဒေသရဲ့ စွမ်းအင်အရင်းအမြစ်တို့ နှလုံးသားနယ်မြေကို စီးဝင်ရာ လမ်းကြောင်းကတော့ မလ္လက္ကာရေလက်ကြား ပဲဖြစ်ပါတယ်။နှစ်စဉ်ရေနံတင် သင်္ဘောပေါင်းများစွာဟာ မလ္လက္ကာရေလက်ကြားကို လူးလားခေါက်တုံ့ ဖြတ်သန်းခြင်းအာဖြင့် ၄င်းဒေသတွင်းရှိသော အင်ဒိုနီးရှားမလေးရှား စင်္ကာပူ အစရှိတဲ့ ကျွန်စုနိုင်ငံလေးတွေကို ဆိပ်ကမ်းစက်မှုမြို့ပြကြီးတွေအဖြစ် တိုးတက်စေပါတယ်။              

  နှလုံးသားနယ်မြေမှာကသူ့ရဲက သွေးကြောအနေနဲ့ အသုံးပြုဖို့ရာက ကုန်ကျစရိတ်ကြီးမြင့်တဲ့ မလ္လက္ကာရေလက်ကြားပဲရှိတာတော့မဟုတ်ပါဘူးတဲ့။နှလုံးသားနယ်မြေရဲ့ကပ်လျှက်နှုတ်ခမ်းသားနယ်မြေမှာ ပါဝင်တဲ့ valveland လို့ခေါ်လို့ရတဲ့ နှလုံးအဆိုရှင်နယ်မြေလေးတစ်ခုရှိနေကြောင်းကို တော့ နှလုံးသားနယ်မြေအပါအ၀င် အန္ဒိယတိုက်ငယ်လေးနဲ့ နှလုံးသားနယ်မြေကို ချုပ်ကိုင်ဖို့ကြိုးစားချင်တဲ့ စူပါပါဝါကြီးတို့က သတိထားမိတာတော့ကြာပါပြီတဲ့ခင်ဗျ။ဒီနယ်မြေလေးမှာ ရေနံပိုက်လိုင်း သွယ်တန်းခြင်း စက်မှုဆိပ်ကမ်းတည်ဆောက်ခြင်းနဲ့ အာရှအရှေ့အနောက် ပေါင်းကူးပေးတဲ့ ကုန်းလမ်းမကြီးတွေ လဲတည်ဆောက်နိုင်ပါသေးတယ်။ဒီနယ်မြေပေါက်စနလေးဟာ ထူးခြားစွာပဲ သဘာဝ သယံဇာတတွေပေါကြွယ်ဝပြီး ရေခံမြေခံကောင်းမွန်တဲ့အပြင် လုပ်သားအရင်းအမြစ်အတွက် လဲစရိတ်စက အလွန်နဲပါးပါတယ်တဲ့ခင်ဗျ။ဒါပေမယ့် ဒီအဆို့ရှင်နယ်မြေလေးဟာ အတိတ်သမိုင်းတစ်လျှောက်မှာတော့ အေးချမ်းတည်ငြိမ်ခဲ့သည်တော့မဟုတ်ခဲ့ပါဘူး။               

  မြန်မာတွေဟာ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးစနစ်တစ်ခုအောက်မှာ စုစည်းစည်းလုံး မိတဲ့အခါ မှာ ပထမဒုတိယတတိယ စသဖြင့် အင်ပါယာနိုင်ငံတော်ကြီးတွေ ထူထောင်နိုင်လောက်အောင်အထိ တန်ခိုးထွားခဲ့ကြပါတယ်။အတိတ်မှာ မြန်မာဟာ ရေပက်မ၀င်စည်းလုံးမိတဲ့ အချိန်နည်းပါးခဲ့ပေမယ့် စည်းလုံးမိတဲ့အချိန်တိုင်မှာ ကမ္ဘာ့ထိပ်တန်းရောက်ခဲ့ကြောင်းကို မြန်မာပြည်ရဲ့ နောက်ဆုံးအင်ပါယာ ထူထောင်သူ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်နောက်ပိုင်း လွတ်လပ်ရေးနဲ့အတူဖွားဖက်တော် ပြည်တွင်းစစ်ကြားထဲကကို မြန်မာဟာ အရှမှာ ထိပ်တန်းနေရာက ရှိနေခဲ့တာက သက်သေပါခင်ဗျ။ သို့သော်လည်း ဖွားဖက်တော်ပြည်တွင်းစစ်ဒါဏ်နဲ့ အယူအဆမတူ ကွဲပြားတဲ့ အမြင်တွေရှိကြတာကိုက မြန်မာလူထုရဲ့ အမှတ်လက္ခဏာလိုဖြစ်နေတဲ့ မြန်မာဟာ ထိပ်တန်းနေရာမှာကြာရှည်မရပ်တည်နိုင်ခဲ့ပါဘူး။ ဆယ်စုနှစ်များစွာကြာအောင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခံခဲရတဲ့မြန်မာဟာ တိုင်းပြည်တွင်းမှာ လူငယ်များ အသိပညာနိမ့်ပါးမှု အစိုးရ၀န်ထမ်းများ အကျင့်ပျက်ခြစားမှု လဘ်ပေးလဘ်ယူနဲ့ မသမာတဲ့စီးပွားရှာမှုတွေ ကြောင့် ရာစုနှစ်တစ်ဝက်နီးပါးအတွင်းမှာ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ နိုင်ငံ ခပ်ညစ်ညစ်ကလေး ဖြစ်ခဲ့ရပါတယ်။                  

၂၀၁၀ပြည်နှစ် မတ်လ ၃၀ရက်နေ့ဟာ ဆယ်စုနှစ်နှစ်ခုကြာမြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အငြင်းပွားဖွယ် နိုင်ငံတည်ထောင်သူ ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံမှ သမ္မတအသစ်ဦးသိန်းစိန် ဟာ အစိုးရအာဏာကိုလွှဲပြောင်းယူခဲ့ပါတယ်။အစိုးရသစ်လက်ထက် ခေါင်းကိုက်စရာပြသနာတွေကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားရင် ဦးသိန်းစိန်အစိုးရဟာ နိုင်ငံခပ်ညစ်ညစ်ကလေးကို အစွမ်းကုန်အားဖြင့်ပြန်လည်ဖြူစင်လာ အောင် လျှော်ဖွတ်ပေးနေရပါတယ်။ကမ္ဘာကအံ့သြချီးမွမ်းရလောက်တဲ့မြန်မာ့ အပြောင်းအလဲဟာ စိန်ခေါ်မှုတွေ နဲ့တော့ ရင်ဆိုင်နေရဆဲပါပဲ။ထိုစိန်ခေါ်မှုတွေထဲက တစ်ခုကတော့ သမ္မတရဲ့ လူဦးရေ သန်ခေါင်စာရင်းကောက် ခံဖို့အစီအစဉ်ကြေငြာပြီးနောက်ပိုင်းမှာဖြစ်ပေါ်လာခဲ့တဲ့ ရခိုင်ပြည်နယ်ရမ်းဗြဲဒေသမှ ဒေသခံတိုင်းရင်းသူ မိန်းကလေးကို တရားမ၀င်ခိုးဝင်ဝင်ရောက်သူ ဘင်္ဂါလီဒုက္ခသည်မွတ်ဆလင်မှ ရက်ရက်စက်စက် အဓမ္မကြံစည် သတ်ဖြတ်ခဲ့မှုကအစပြုတယ်လို့ဆိုရပါမယ်။              

ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးအောက်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အကျင့်ပျက် ခြစားမှုတွေရဲ့ အကျိုးရလဒ်အဖြစ်ရခိုင်ပြည်နယ်မှာတိုင်းရင်းသားမဟုတ်သူ ခိုးဝင်ဘင်္ဂါလီ လူမျိုးဦးရေဟာ ကြောက်ခမန်းလိလိမြင့်မားနေပြီး တိုးပွာနှုန်းဟာလည်း အင်မတန်မြန်ဆန်နေပါတယ်။ဒါဟာ ဒေသခံ တိုင်းရင်းသားလူမျိုးတွေအတွက်တော့ ကြောက်စရာ ကိစ္စတစ်ရပ်ပဲဖြစ်ပါတယ်။ဘာသာကိုးကွယ်မှုနဲ့ ဓလေ့စရိုက်မတူတဲ့ အခြေအနေမှာ အဆမတန်ဖောင်းပွလာနေတဲ့ ခိုးဝင်ဘင်္ဂါလီလူမျိုးတွေဟာ UN အစီအစဉ်နဲ့ ဒုက္ခသည်ပုံစံနေချင်ခဲ့တာတော့မဟုတ်ခဲ့ပါဘူး။အတိတ်တစ်ချိန်က မူဂျာဟစ်လှုပ်ရှားမှုနဲ့ အတူ မြန်မာပြည်ကို ကျူးကျော်ရန်စခဲ့သလို ယခုတစ်ဖန်ထပ်မံပြီး ကြံစည်ပြန်ပြီဆိုတာကို ဗလီမှအဆင်းမြန်မာပိုင် နယ်စပ်မြို့ကို မီးတိုက်သောလှုပ်ရှားမှု ကြီးကသက်သေထူနေပါတယ်။ရခိုင်ပြည်နယ်မှစတဲ့ ခိုးဝင်ဘင်္ဂလီပြသနာဟာ အေးချမ်းခြင်းမရှိသေးပဲ ဘာသာရေးပဋိပက္ခပုံစံဖော်ဆောင်သူတို့ကြောင့် ပိုမိုကြီးထွားနေပါတယ်။ မြန်မာတစ်ချို့ရဲ့ စိတ်မြန်လက်မြန်ပညာမဲ့ နည်းနဲ့ဘာသာခြားတို့ရဲ့ ဗလီကိုမီးရှို့မှုတွေဟာ နိုင်ငံကို နိုင်ငံတကာကဖိအားတွေပိုစေပြီး မွတ်ဆလင်များကိုလဲ လူမျိုးရေးတရားကျင့်သုံးသွားစေပါတယ်။အမှန်မှာ  ထိုပြသနာများသည် တရားမ၀င်ခိုးဝင်ဘင်္ဂလီတွေနဲ့ ပြည်တွင်းနေတစ်ချို့ရဲ့ OIC အလိုကျ မြန်မာပြည်အနောက်ခြမ်း အစ္စလာမ်မစ်နိုင်ငံထူထောင်ရေးစီမံကိန်းရဲ့တစ်ဆိတ်တစ်ဒေသပဲဖြစ်ပါတယ်။                  

 ပြည်တွင်းမှ နိုင်ငံသားဖြစ်ခွင့်ရရှိပြီးသူမွတ်ဆလင်တွေဟာ အများစုမှာဘာသာရေးကို အခြေခံတဲ့ မွတ်ဆလင်လူမျိုးရေးစိတ်တွေ ပြင်းပျနေတာဟာ ပဋိပက္ခတွေကို ပိုမိုဆိုးဝါးစေသလို မြန်မာတို့ရဲ့ ပညာမဲ့တုန့်ပြန်ပုံတွေဟာလဲ ပြသနာကို ဖြေရှင်းမရအောင် သက်ဆိုးရှည်နေစေပါတယ်။ဘာသာရေးပဋိပက္ခ တွေရဲ့ သားကောင်အဖြစ် အိုးမဲ့အိမ်မဲ့ မိသားစုတွေနဲ့ ကလေးငယ်တွေဟာ တပ်မတော်ရဲ့ စီစဉ်ပေးမှုအောက်မှာ ယာယီဒုက္ခသည်စခန်းများမှာနေထိုင်ရတာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ထို့အတူ တိုင်းပြည်တည်ငြိမ်မှုမရှိပဲ နေရာကြိုကြားမီးလောင် မှုတွေ သတ်ဖြတ်မှုတွေ ဖြစ်နေတာကလဲ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အရှိန်ယူနေရတဲ့ခြေလှမ်းကို နှေးကွေးလေးလံစေပါတယ်။တည်ငြိမ်မှုမရှိပဲ ပဋိပက္ခတွေကြိုကြားဖြစ်နေတဲ့ နိုင်ငံကို စီမံကိန်ကြီးတွေ ရင်းနှီးမြုတ်နှံလိုသူလုပ်ငန်းရှင်ကြီးတွေကလဲ ခပ်ရွံရွံရှိနေဆဲပါပဲ။                  

မြန်မာတို့အတွက်သိပ်အချိန်မရှိတော့ပါဘူး လာမယ့်၂၀၁၅ အာဆီယံဒေသတွင်းနိုင်ငံများ လွတ်လပ်စွာကုန်သွယ်မှုအစီအစဉ်ဟာ စတင်တော့မှာပဲဖြစ်ပါတယ်။ထိုအစီအစဉ်မစတင်ခင်မှာ မြန်မာတို့အတွက် ရေရာတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို အပိုင် ဆုပ်ကိုင်ထားပြီး သေချာတဲ့ စက်မှုလုပ်ငန်းကြီးတွေကို တည်ထောင်ထားနိုင်မှ ကျန်အာဆီယံနိုင်ငံများရဲ့ အပြိုင်အဆိုင် အလုအယက် အကျိုးအမြတ်ခွဲယူတဲ့ဒါဏ်က သက်သာမှာပဲဖြစ်ပါတယ်။တာထွက်ဖို့ကတော့ ၂၀၁၅ ဆိုတော့ တာမထွက်ခင်မှာတော့ ကိုယ့်ဖက်သူ့ဖက်အပြိုင်အဆိုင်ပြင်ဆင်ကြတာထုံးစံပဲဖြစ်ပါတယ်။အထက်မှာ ဆိုခဲ့ပြီးသည့်အတိုင်း မလေးရှားစင်္ကာပူအင်ဒိုနီးရှားတို့ဟာ နှုတ်ခမ်းသားနယ်မြေပြင်ပနိုင်ငံတွေဖြစ်တဲ့အတွက် နှလုံးသားနယ်မြေနဲ့ တိုက်ရိုက်မပါတ်သက်ပါဘူး။ဒါပေမယ့် နှလုံးအဆို့ရှင်နိုင်ငံလေးက ပြသနာတွေကြောင့် ရာစုနှစ်တစ်ဝက်နီးပါး အိပ်မောကျနေလို့သာ နှလုံးသားနယ်မြေရဲ့ အချက်အခြာကျနေရတာပါ။တကယ်လို နှလုံးအဆို့ရှင် နိုင်ငံလေးမှာသာ တောင်ကိုရီးယားရဲ့ စီးပွားရေးဆိပ်ကမ်းမြို့တော် ပူဆန် တို့လိုမြို့မျိုး များစွာတည်ဆောက်နိုင်တာကို ဂျပန်နဲ့ အနောက်ဥရောပနိုင်ငံတွေက အကောင်အထည်ဖော်ပေးခဲ့ရင် မလေးရှား စင်္ကာပူတို့ရဲ့ ရာစုနှစ်တစ်ဝက်ကျော်မက်ခဲ့တဲ့ရွှေရောင်အိမ်မက်ကလေးဟာလဲလှုပ်နှိုးခံလိုက်ရမှာပါ။                  

မလေးရှားနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုအတွက်လိုအပ်တဲ့ လုပ်သားအရေအတွက်ကို ပြည့်မှိအောင်ဖြည့်ဆည်းပေးနေတဲ့နိုင်ငံထဲမှာမြန်မာဟာ ထိပ်ဆုံးကပါပါတယ်။မကြာသေးခင်ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ မလေးရှားမှမြန်မာလုပ်သားများချောင်းမြောင်သတ်ဖြတ်ခံရမှု အနိုင်ကျင့်ခံရမှုတွေဟာ သာမာန်ဖြစ်ရိုးဖြစ်စဉ်ပြသနာအနေနဲ့ကျွန်တော်မမြင်ပါဘူး။မြန်မာလူမျိုးတွေဟာ သွေးဆူလွယ်ပါတယ် မိမိတို့ သားသမီးရင်သွေးများကို ထိရင် အခြေအနေထိန်းရခက်အောင်ဒေါသကြီးတတ်ကြပါတယ်။ ဒီအခြေအနေတွေကို သိတဲ့ မလေးအစိုးရဟာ မြန်မာပြည်မှ ဘာသာရေးကိုအခြေခံတဲ့ ပဋိပက္ခတွေကို အသုံးချပြီး မြန်မာပြည်တည်ငြိမ်အေးချမ်းမှုကိုဖျက်ဆီးဖို့လုပ်တယ်လို့ပဲကျွန်တော်ယူဆပါတယ်။OIC အဖွဲ့ဝင် မလေးရှားနိုင်ငံရှိ မိမိတို့သားသမီးများကို ရက်ရက်စက်စက်သတ်ခံရတဲ့အပြင် အစိုးရရဲ့ သတိထောက်လွှာပေးပို့ ပြီးနောက်ပိုင်မှစပြီး မြန်မာလူမျိုးတွေကို စစ်ဆင်ရေးအသွင်လိုက်လံဖမ်းဆီးနေတာဟာ မြန်မာပြည်တွင်းက ကျန်ခဲ့တဲ့မိသားစုတွေကို ဒေါသူပုန်ထစေပါတယ်။ဒေါသူပုန်ထသည်နှင့်အညီ ကြီးမားတဲ့ လက်စာချေမှုတွေ မီးရှို့မှုကြီးတွေ ဖြစ်လာစေပြီးမြန်မာပြည်မတည်ငြိမ်မအေးချမ်းဖြစ်အောင်လုပ်ဆောင်တယ်လို့ပဲ ကျွန်တော် ယူဆပါတယ်။ထို့အတူ စင်္ကာပူမှာလဲ မလေးရှားနိုင်ငံကဲ့သို့စစ်ဆင်ရေးလုပ်လို့ လွှတ်တော်အမတ်တွေက တင်တယ်လို့ ကြားရတဲ့အတွက် ကျွန်တော်အယူအဆပိုမှန်ကန်တယ်လို့ယုံကြည်ပါတယ်။         

နိဂုံးချုပ်အားဖြင့် ကမ္ဘာ့နှလုံးသားနယ်မြေရဲ့ အဆိုရှင်နိုင်ငံ အာရှအရှေ့ခြမ်းနဲ့ အနောက်ခြမ်းတို့ရဲ့ပေါင်းကူနေရာမှာကျနေတဲ့ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ အနာဂါတ်မှာလဲ စိန်ခေါ်မှုတွေ ဖိအားတွေ ဆွယ်အားတွေ အခက်အခဲတွေကို ရင်ဆိုင်ကြရမှာပါပဲ အဲ့အခါမြန်မာတွေဟာ တစ်ယောက်တစ်ပေါက် မလုပ်ပဲ ပညာအသိပညာသတိနဲ့ စည်းစည်းလုံးလုံးဖြေရှင်းတတ်ကြဖို့လိုပါတယ်။ မြန်မာတို့အနေနဲ့ ပြဿနာဖြစ်လာတဲ့အခါမှာ စိတ်မြန်ကိုယ်မြန်ပညာမဲ့တုန့်ပြန်တာတွေ ကိုဆင်ခြင်သင့်ပါတယ်။မြန်မာတို့ရဲ့ ထိုစိတ်ဓါတ်ကို သိပြီးဖြစ်တဲ့ မြန်မာတို့အကျိုးကိုမလိုလားတဲ့ နိုင်ငံတွေဟာ မြန်မာတို့ကို နည်းမျိုးစုံနဲ့ ဗျူဟာမျိုးစုံချပြီးလုပ်ကြမှာပဲဆိုတာကို သဘောပေါက်ထားဖို့လိုပါ့တယ်။ ပြသနာတစ်ခုကို ခေါင်းအေးအေးထားပြီး စည်းလုံးညီညွတ်စွာဖြေရှင်းဖို့ ကိုလဲအကြံပေးလိုပါတယ်။ နောက်ဆုံးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မရိုးနိုင်တဲ့ မိန့်ခွန်းတစ်ခုကိုကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ် "အဲ့ဒီတော့ တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊တိုင်းရင်းသားလူထုညီညွတ်ရေး ၊စားဖားသမားတွေညီညွတ်တာကျွန်တော်မလိုချင်ဘူး၊တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး တိုင်းသူပြည်သားလူထု ညိညွတ်ရေး၊ အဲ့ဒိညီညွတ်ရေးနှစ်ခုမရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်း၊ဘယ်ပါတီတက်တက်ဘယ်အစိုးရလုပ်လုပ် ဖာသယ်တိုင်းပြည်ဖြစ်နေမှာပဲလို့ကျွန်တော်ပြောချင်တယ်၊အဲဒိတော့ကား ဒီနှစ်ခုကို ခင်ဗျားတို့မပျက်ပြားပါစေနဲ့ ဘယ်သူက ဘာလုပ်လုပ်မပျက်ပါစေနဲ့၊အဲ့ဒါအင်မတန်အရေးကြီးပါတယ်"  အားလုံး ကျန်းမာရွှင်လန်းကြပါစေ (ဆန်းသစ်)      
နှစ်စဉ်မလ္လက္ကာရေလက်ကြားသို့ ရေနံတင်သင်္ဘောများသွားရာလမ်းကြောင်း
နှလုံးသားနယ်မြေနှင့်နှုတ်ခမ်းသားနယ်မြေ
တရုတ်ရေနံပိုက်လိုင်းစီမံကိန်း

ကြံ့ဖွံ့ ဥက္ကဌနှင့် ဒီချုပ် ဥက္ကဌတို့၏ ဆက်ဆံရေး ခြေလှမ်းသစ်နှင့် လာမည့် ၂၀၁၅

$
0
0

လွှတ်တော်ထဲမှာ အဓိက စိုးမိုးထားသည့် အမတ်အများစုမှာ ကြံ့ဖွံ့ပါတီမှ အမတ်များ ဖြစ်ကြပါတယ်…… ပြည်သူ့ လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌတို့ဟာလည်း ကြံ့ဖွံ့ပါတီဝင်များပင် ဖြစ်ကြပါတယ်….. လွှတ်တော်ဟာ နိုင်ငံ တစ်နိုင်ငံရဲ့ အမြင့်ဆုံးသော ဥပဒေပြုရေး မဏ္ဍိုင်ကြီး ဖြစ်ပါတယ်…..

နိုင်ငံ တစ်နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ တိုင်းသူပြည်သားများ၏ လူနေမှုဘဝ အာမခံနိုင်မှု၊ အစိုးရ ယန္တရား စနစ်ကျစွာ လည်ပါတ်စေရန် ဥပဒေများ သတ်မှတ် ပြဌာန်းပေးနိုင်ရန်မှာ လွှတ်တော်တွင် အထူး တာဝန်ရှိပါတယ်…… ယနေ့ မြန်မာနိုင်ငံရဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဘာတွေလုပ်နေသလဲ အများစု သိရှိပြီးဖြစ်ပါတယ်……



မြန်မာနိုင်ငံမှာ ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှု အခြေခံဥပဒေ မရှိသေးသလို၊ တိုင်းရင်းသား ဒေသများနှင့် ပါတ်သက်၍ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု၊ တိုင်းရင်းသားများအပေါ် အာမခံပေးနိုင်မှု၊ ငြိမ်းချမ်းရေးအတွက် အာမခံပေးနိုင်မည့် ဥပဒေ မရှိသေးပါဘူး…..

ထို့အတူပင် နိုင်ငံတွင်းရှိ အလုပ်သမားများ နိုင်ငံဝန်ထမ်းများအတွက် ထိရောက်သည့် အာမခံပေးနိုင်မည့် အလုပ်သမား ဥပဒေ၊ အခြေခံ လူတန်းစားထဲတွင် ပါဝင်သည့် လယ်သမားများအတွက် လယ်ယာပိုင်ဆိုင်မှု အာမခံပေးနိုင်မည့်၊ လယ်ယာမြေများ အတင်းအဓမ္မ သိမ်းဆည်းခြင်းမှ ကာကွယ်နိုင်မည့် ခိုင်မာသည့် ဥပဒေ မရှိသေးပါ….. 

ထို့အတူပင် ၁၉၈၂ ခုနှစ် လဝက ဥပဒေ၏ အချို့သော အစိတ်အပိုင်းများသည် ခောတ်နှင့်လျော်ညီစေရန် ပြန်လည်ပြင်ဆင်ရန် လိုအပ်နေပေသည်….. သို့ဖြစ်သည့်အတွက် လွှတ်တော်တွင် အရည်အချင်းပြည့်မှီသည့် အမတ်များစွာ လိုအပ်နေပေသည်……

တစ်ချိန်က သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးသိန်းညွန့် တစ်ဦးတည်းသာ သတ္တိရှိရှိ ဒိုင်ခံ၍ လွှတ်တော်တွင် ထောက်ပြဝေဖန်မှု ပြုခဲ့ပေသည်….. ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD တို့ မဲအများစုဖြင့် အနိုင်ရရှိ၍ လွှတ်တော်တွင်းသို့ ဝင်ရောက်သွားချိန်တွင် များစွာ အားထားမိပေသည်…..

အဘယ့်ကြောင့်မူ မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သည့်အတွက် များစွာ အားထား၍ မျှော်လင့်မိသောကြောင့်ပင်…… သို့ရာတွင် ထူးခြားသည့် ကြိုးစားလုပ်ဆောင်မှုများဖြစ်သော အထက်တွင် ရေးခဲ့သည့် လိုအပ်ချက်များနှင့် ပါတ်သက်၍ မည်သည့်ထူးခြားမှုမျှ မတွေ့ခဲ့ရပေ…. ထူးထူးခြားခြားအနေဖြင့် အတိုက်အခံတို့ အလုံးအရင်း လွှတ်တော်သို့ ဝင်သွားပြီးသည့်နောက်တွင် ပြည်သူလူထုအား တရစ်ထက် တရစ် တိုးကြပ်နိုင်မည့် ဆက်သွယ်ရေး ဥပဒေကြမ်း တစ်ရပ်အား အတည်ပြုနိုင်ခဲ့ကြပေသည်……

သို့ဖြစ်သည့်အတွက် အတိုက်အခံ ပါတီမှ အမတ်များသည် မည်သည့်အတွက်ကြောင့် နှုတ်ဆိတ်နေကြသည် ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာပေသည်….. လွှတ်တော်ထဲသို့ ဝင်ရောက်၍ ကန့်ကွက်မဲပေးနေယုံဖြင့် အတိုက်အခံဟု အမည်ခံ၍ မရပေ….. တစ်ချိန်က လူ့ဘောင်သစ် ပါတီမှ ကိုမိုးသီးဇွန်ရေးသားခဲ့သည့် “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟို အလုပ်အမှုဆောင် ကော်မတီများနှင့် အလုပ်အမှုဆောင်များကလည်း ဘုန်းကြီးကျောင်းမှ ကပ္ပိယကြီးများသဖွယ် ဆရာတော်ကြီးမသိပဲ ဘာမှမလုပ်ရဲ အသေးအဖွဲ ပြဿနာလေးပင် (ဒေါ်) အောင်ဆန်းစုကြည် မသိပဲ ဆုံးဖြတ်ချက် မချဝံ့” ဟုသော စကားသည် နောက်မျိုးဆက်သစ်များအပေါ်တွင်ပါ သက်ရောက်နေပီလောဟု စဉ်းစားမိပေသည်…..

လွှတ်တော်တွင် အဓိကနေရာယူထားသည့် ကြံ့ဖွံ့အမတ်များကား အိပ်ငိုက်သူများနှင့်သာ ပြည့်နှက်နေပေသည်…… ထိုကဲ့သို့ အားရစရာ မရှိလှသည့် လွှတ်တော်သည် လူအများ အံ့သြသင့်ဖွယ် လုပ်ရပ် တစ်ရပ်အား ပြုမူခဲ့ပေသည်…… အဆိုပါ ကိစ္စသည်ကား လွှတ်တော်အား ဝေဖန်ခဲ့သည် အွန်လိုင်းမှ ဒေါက်တာဆိတ်ဖွား ဆိုသူအား ဖော်ထုတ်ရေးပင် ဖြစ်ပေသည်……

မြန်မာနိုင်ငံကဲ့သို့ အဖက်ဖက်မှ လိုအပ်ချက်များစွာ ရှိနေသည့် နိုင်ငံတွင် အဓိက အရေးကြီးသည်များအား ပစ်ပယ်၍ ထိုကဲ့သို့သော ကိစ္စလေးအား အရေးတယူပြုရန် ကော်မတီများဖွဲ့စည်းခြင်း စုံစမ်းခြင်းများ ပြုလုပ်နေသည့် လွှတ်တော်၏ ခရု ခါးတောင်းကြိုက် ဖမ်းနေခြားအား နိုင်ငံသားများစွာ ပျက်ရယ် ပြုခဲ့ကြပေသည်…… 

မိမိအနေဖြင့် မေးလိုသည့် မေးခွန်းမှာ လွှတ်တော်သည် မည်သည့် ဘတ်ဂျက်များဖြင့် ဆိတ်ဖွားဖမ်းရန် ကြိုးပမ်းအားထုတ်ခဲ့သနည်း….. နေ့စဉ် လွှတ်တော်ကျင်းပသည့် စားရိတ်များထဲမှ ကျခံသုံးစွဲခြင်းလော၊ အခြားသော နေရာများမှ ကျခံ သုံးစွဲခြင်းလော အဖြေမရှင်းချေ….. ထိုကိစ္စအား စာရင်းအတိအကျ စစ်ဆေးမည့်သူများလည်း ဗလာနတ္ထိ ဖြစ်နေပေသည်….. 

တစ်ချိန်က ဝန်ကြီးများ၊ သက်ဆိုင်ရာ အစိုးရ ဌာန တာဝန်ရှိသူများနှင့် ဦးပိုင်မှ နိုင်ငံတော် ဘဏ္ဍာနှင့် အလွဲသုံးစား လုပ်ခဲ့မှုများနှင့် ပါတ်သက်ပြီး စာရင်းအင်းနှင့်တကွ တင်ပြခဲ့သော စာရင်းစစ်ချုပ်ဟောင်း ဦးလွန်းမောင်အား အနားပေးလိုက်ခြင်းကို ကြည့်၍ လွှတ်တော်အပေါ်တွင် အယုံအကြည် တော်တော်ကင်းမဲ့ခဲ့ပေသည်….. 

သို့ဖြစ်သည့်အတွက် လွှတ်တော်မှ ငွေကြေး ကျခံသုံးစွဲခြင်းများတွင် အလွဲသုံးစား လုပ်ခြင်းများ ရှိလာနိုင်သည့်အပေါ် မည်သူတွေက စစ်ဆေး၍ မည်သူတွေက Transparency ရှိရှိ ပြည်သူပြည်သားများထံ တင်ပြမည် ဆိုသည်ကို မေးခွန်းများထုတ်မိပေသည်…… တနည်းအားဖြင့် နိုင်ငံတော် ဘဏ္ဍာများအား လွှတ်တော်မှ မည်သို့မည်ပုံ သုံးစွဲနေခြင်းများအား ပြည်သူလူထုတို့ ပွင့်လင်းစွာ မသိရှိရခြင်းသည် လွှတ်တော်မှ ထိုကဲ့သို့သော ကင်းလွှတ်ခွင့်များနှင့် အခွင့်ထူးခံ ဖြစ်နေပီလား မေးခွန်းများ ဖြစ်လာပေသည်…..

ခက်သည်ကား လွှတ်တော် ဥက္ကဌကိုယ်တိုင် လွှတ်တော် ကျင်းပစဉ် တောက်လျှောက် အတောအတွင်း အစားအသောက်ကြောင့် ကိုယ်အလေးချိန် တိုးလာခြင်း၊ ပုဆိုးကောင်းစွာ မဝတ်တတ်၍ ပုဆိုးဝတ် ကျင့်နေရခြင်းများဖြင့် အလုပ်ရှုပ်နေခြင်းကြောင့် အဆိုပါ ကိစ္စများအား အာရုံစိုက်နိုင်ခြင်း မရှိပေ….. ဆိတ်ဖမ်းရန်အတွက် တကူးတက လုံ့လများဖြင့် ကြိုးစား ပန်းစား ပြုခဲ့သည်ကား အားလုံးမျက်မြင်ပင်တည်း….. 

လက်ရှိ နိုင်ငံအား အုပ်ချုပ်နေသော ဦးသိန်းစိန် အစိုးရနှင့် နိုင်ငံတကာ ဆက်ဆံရေး ခြေလှမ်းသစ် စတင်တိုင်းတွင် ပေါ်ထွက်လာလေ့ရှိသည့် အဓိက အတိုက်အခံခေါင်းဆောင်ဖြစ်သော ဒီချုပ်ဥက္ကဌ၏ ဝေဖန်ချက်များသည် လွှတ်တော်၏ ခရုခါးတောင်းကြိုက် ဖမ်းနေခြင်းများနှင့် ပါတ်သက်လျင် နှာစေးနေပြီး လွှတ်တော်သည် အမှန်တကယ်ပင် အသက်ဝင် လှုပ်ရှား၍နေသည်ဟု လွှတ်တော်ဥက္ကဌကိုပင် ချီးမွမ်းစကား ဆိုခဲ့ပေသည်…….

အခြားတစ်ဖက်တွင်လည်း လွှတ်တော်သည် နိုင်ငံသားတို့၏ သဘောတူညီမှု မပါရှိပဲ နိုင်ငံတော် အခြေခံဥပဒေအား ဖြည့်စွက် ပြင်ဆင်သည့် “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ” ကို ပြင်ဆင်ခဲ့ပေသည်…… သို့ဖြစ်သည့်အတွက် လွှတ်တော်၏ ဥပဒေနှင့် မကိုက်ညီသော အဆိုပါ လုပ်ဆောင်မှုများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား အများပြည်သူ သိရှိခြင်း မရှိပဲ၎င်းတို့အလိုကျ ပြင်ဆင်မည့် လုပ်ရပ်များ၏ ခြေလှမ်းအစဟု ယူဆခဲ့ပေသည်…..

၂၀၀၈ ဖွဲ့စည်းပုံသည် ပြီးပြည့်စုံသည့် ဥပဒေတစ်ရပ် မဟုတ်ခြင်း၊ သွားလေသူ ဦးသန်းရွှေမှ ၎င်းနောက်ကြောင်း အေးစေရန် ရေးဆွဲခဲ့သည့်အတွက် လိုအပ်ချက်များစွာ ရှိနေသဖြင့် ပြင်ဆင်ရန်မှာ သဘောတူ လက်ခံပေသည်….. သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ နိုင်ငံသားများအပေါ်တွင် သက်ရောက်မည် ဖြစ်သည့်အတွက် မည်သည့် ပြင်ဆင်မှုမျိုးမဆို နိုင်ငံသားတို့အား အသိပေးသင့်ပေသည်…..

သို့ရာတွင် ထိုကဲ့သို့ ဥပဒေပြင်ပ လုပ်ရပ်အား အတိုက်အခံ နိုင်ငံရေး ပါတီများဘက်မှလည်း ထူးထူးခြားခြား အသံထွက်လာခြင်း မရှိသကဲ့သို့ အဓိက အတိုက်အခံ ခေါင်းဆောင်ဖြစ်သည့်၊ တရားဥပဒေ စိုးမိုးမှု ကော်မတီဥက္ကဌ ဖြစ်သော ဒီချုပ်ဥက္ကဌထံမှလည်း ဝေဖန်ချက် ထွက်မလာသည်မှာ အတော်ပင် အံ့သြသင့်စရာ ဖြစ်နေပေသည်…..

အဓိက အတိုက်အခံထံမှ အဆိုပါ ဥပဒေနှင့် မညီသည့်လုပ်ကိုင်ပုံအား ထောက်ပြ ဝေဖန်ခြင်း မရှိသည့်အပြင် လွှတ်တော်အပေါ် ချီးကျူးခဲ့ခြင်းကား မေးခွန်းထုတ်စရာ ဖြစ်လာပေသည်…… တစ်နည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအား ပြုပြင်လိုသည့် ဒီချုပ် ဥက္ကဌနှင့် ၎င်းအလိုကျ ၂၀၀၈ ဖွဲ့စည်းပုံအား ပြန်လည် ပြင်ဆင်ရန် ကြိုးပန်းနေသည့် ကြံ့ဖွံ့ဥက္ကဌတို့ မဟာမိတ် ပြုသွားပြီလော မေးခွန်းထုတ်စရာ ဖြစ်လာပေသည်…..

မြန်မာနိုင်ငံသည် အဖက်ဖက်မှ ယို့ယွင်းချက် အားနည်းချက်များစွာ ရှိနေခြင်းကြောင့် တစ်ချိန်က တစောင်းစေးနှင့် မျက်ချေး ဖြစ်ခဲ့သည့် ကြံ့ဖွံ့ပါတီ ဥက္ကဌနှင့် ဒီချုပ် ဥက္ကဌတို့၏ ရင်းနှီးနွေးထွေးသော ဆက်ဆံရေးခြေလှမ်းသစ် စတင်လာခြင်းကြောင့် နိုင်ငံအပေါ်တွင် အတူတကွ လက်တွဲ၍ အကျိုးပြုနိုင်မည်ဟု မျှော်လင့်မိပေသည်….. တစ်ချိန်က အာဃာတများ ဘေးဖယ်၍ သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် မတူသည်များကို ဘေးဖယ်ထား၍ တူသည်များကို တိုင်းပြည်အတွက် တွဲလုပ်မည်ဟု မျှော်လင့်မိပေသည်…….

သို့ရာတွင် ဘယ်အရာမဆို အကောင်းသက်သက် မျှော်လင့်၍ မရသကဲ့သို့ အဆိုးကိုလည်း ကြိုတွေးထားရမည် ဖြစ်ပေသည်…… ကြံ့ဖွံ့ဥက္ကဌနှင့် ဒီချုပ်ဥက္ကဌတို့၏ ဆက်ဆံရေးမှသည် ဖြစ်ပေါ်လာမည့် ရလာဘ်များသည် အကောင်းကြီး ဖြစ်နေလျင် ခံသာသော်လည်း အဆိုးများစု၍ အဆိုးရလာဘ်များ ထွက်လာလျင် တိုင်းသူပြည်သားများအတွက် ကောင်းနိုင်မည် မဟုတ်ပေ……

ကြံ့ဖွံ့၏ ဥပဒေမဲ့ လုပ်ရပ်များ၊ နိုင်ငံတော် ဘဏ္ဍာအား အလွဲသုံးစား ပြုမူမှုများ ဒီချုပ်ဘက်သို့ အကျင့်ကူစက်သွားပြီး ဒီချုပ်၏ ဗဟိုဦးစီး ထိမ်းချုပ်စနစ်များ၊ ဒီချုပ် ဥက္ကဌ၏ ဘေးမှ အမြောက်တပ်၏ အမူအကျင့်များ ကြံ့ဖွံ့ဘက်သို့ ကူးစက်သွားပါက အဆိုပါ ပါတီနှစ်ခု၏ ရလာဘ်သည် မြန်မာနိုင်ငံသားများအတွက် အတော်ပင် မသက်မသာ ရှိလှပေတော့သည်…..

သို့ဖြစ်သည့်အတွက် ကြံ့ဖွံ့ ဥက္ကဌနှင့် ဒီချုပ် ဥက္ကဌတို့၏ သမိုင်းတွင်သော အပြန်အလှန် ရင်းနှီးနွေးထွေးသည့် ဆက်ဆံမှုများမှသည် တိုင်းပြည်အတွက် ကောင်းမွန်သည့် အနာဂါတ်များ ဖြစ်လာစေရန်သာ မိမိအနေဖြင့် တောင်းဆု ပြုမိပေတော့သည်…..
 — with Mg Han and 30 others.

Photo: ကြံ့ဖွံ့ ဥက္ကဌနှင့် ဒီချုပ် ဥက္ကဌတို့၏ ဆက်ဆံရေး ခြေလှမ်းသစ်နှင့် လာမည့် ၂၀၁၅  လွှတ်တော်ထဲမှာ အဓိက စိုးမိုးထားသည့် အမတ်အများစုမှာ ကြံ့ဖွံ့ပါတီမှ အမတ်များ ဖြစ်ကြပါတယ်…… ပြည်သူ့ လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌတို့ဟာလည်း ကြံ့ဖွံ့ပါတီဝင်များပင် ဖြစ်ကြပါတယ်….. လွှတ်တော်ဟာ နိုင်ငံ တစ်နိုင်ငံရဲ့ အမြင့်ဆုံးသော ဥပဒေပြုရေး မဏ္ဍိုင်ကြီး ဖြစ်ပါတယ်…..  နိုင်ငံ တစ်နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ တိုင်းသူပြည်သားများ၏ လူနေမှုဘဝ အာမခံနိုင်မှု၊ အစိုးရ ယန္တရား စနစ်ကျစွာ လည်ပါတ်စေရန် ဥပဒေများ သတ်မှတ် ပြဌာန်းပေးနိုင်ရန်မှာ လွှတ်တော်တွင် အထူး တာဝန်ရှိပါတယ်…… ယနေ့ မြန်မာနိုင်ငံရဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဘာတွေလုပ်နေသလဲ အများစု သိရှိပြီးဖြစ်ပါတယ်……  မြန်မာနိုင်ငံမှာ ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှု အခြေခံဥပဒေ မရှိသေးသလို၊ တိုင်းရင်းသား ဒေသများနှင့် ပါတ်သက်၍ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု၊ တိုင်းရင်းသားများအပေါ် အာမခံပေးနိုင်မှု၊ ငြိမ်းချမ်းရေးအတွက် အာမခံပေးနိုင်မည့် ဥပဒေ မရှိသေးပါဘူး…..  ထို့အတူပင် နိုင်ငံတွင်းရှိ အလုပ်သမားများ နိုင်ငံဝန်ထမ်းများအတွက် ထိရောက်သည့် အာမခံပေးနိုင်မည့် အလုပ်သမား ဥပဒေ၊ အခြေခံ လူတန်းစားထဲတွင် ပါဝင်သည့် လယ်သမားများအတွက် လယ်ယာပိုင်ဆိုင်မှု အာမခံပေးနိုင်မည့်၊ လယ်ယာမြေများ အတင်းအဓမ္မ သိမ်းဆည်းခြင်းမှ ကာကွယ်နိုင်မည့် ခိုင်မာသည့် ဥပဒေ မရှိသေးပါ…..   ထို့အတူပင် ၁၉၈၂ ခုနှစ် လဝက ဥပဒေ၏ အချို့သော အစိတ်အပိုင်းများသည် ခောတ်နှင့်လျော်ညီစေရန် ပြန်လည်ပြင်ဆင်ရန် လိုအပ်နေပေသည်….. သို့ဖြစ်သည့်အတွက် လွှတ်တော်တွင် အရည်အချင်းပြည့်မှီသည့် အမတ်များစွာ လိုအပ်နေပေသည်……  တစ်ချိန်က သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးသိန်းညွန့် တစ်ဦးတည်းသာ သတ္တိရှိရှိ ဒိုင်ခံ၍ လွှတ်တော်တွင် ထောက်ပြဝေဖန်မှု ပြုခဲ့ပေသည်….. ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD တို့ မဲအများစုဖြင့် အနိုင်ရရှိ၍ လွှတ်တော်တွင်းသို့ ဝင်ရောက်သွားချိန်တွင် များစွာ အားထားမိပေသည်…..  အဘယ့်ကြောင့်မူ မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သည့်အတွက် များစွာ အားထား၍ မျှော်လင့်မိသောကြောင့်ပင်…… သို့ရာတွင် ထူးခြားသည့် ကြိုးစားလုပ်ဆောင်မှုများဖြစ်သော အထက်တွင် ရေးခဲ့သည့် လိုအပ်ချက်များနှင့် ပါတ်သက်၍ မည်သည့်ထူးခြားမှုမျှ မတွေ့ခဲ့ရပေ…. ထူးထူးခြားခြားအနေဖြင့် အတိုက်အခံတို့ အလုံးအရင်း လွှတ်တော်သို့ ဝင်သွားပြီးသည့်နောက်တွင် ပြည်သူလူထုအား တရစ်ထက် တရစ် တိုးကြပ်နိုင်မည့် ဆက်သွယ်ရေး ဥပဒေကြမ်း တစ်ရပ်အား အတည်ပြုနိုင်ခဲ့ကြပေသည်……  သို့ဖြစ်သည့်အတွက် အတိုက်အခံ ပါတီမှ အမတ်များသည် မည်သည့်အတွက်ကြောင့် နှုတ်ဆိတ်နေကြသည် ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာပေသည်….. လွှတ်တော်ထဲသို့ ဝင်ရောက်၍ ကန့်ကွက်မဲပေးနေယုံဖြင့် အတိုက်အခံဟု အမည်ခံ၍ မရပေ….. တစ်ချိန်က လူ့ဘောင်သစ် ပါတီမှ ကိုမိုးသီးဇွန်ရေးသားခဲ့သည့် “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟို အလုပ်အမှုဆောင် ကော်မတီများနှင့် အလုပ်အမှုဆောင်များကလည်း ဘုန်းကြီးကျောင်းမှ ကပ္ပိယကြီးများသဖွယ် ဆရာတော်ကြီးမသိပဲ ဘာမှမလုပ်ရဲ အသေးအဖွဲ ပြဿနာလေးပင် (ဒေါ်) အောင်ဆန်းစုကြည် မသိပဲ ဆုံးဖြတ်ချက် မချဝံ့” ဟုသော စကားသည် နောက်မျိုးဆက်သစ်များအပေါ်တွင်ပါ သက်ရောက်နေပီလောဟု စဉ်းစားမိပေသည်…..  လွှတ်တော်တွင် အဓိကနေရာယူထားသည့် ကြံ့ဖွံ့အမတ်များကား အိပ်ငိုက်သူများနှင့်သာ ပြည့်နှက်နေပေသည်…… ထိုကဲ့သို့ အားရစရာ မရှိလှသည့် လွှတ်တော်သည် လူအများ အံ့သြသင့်ဖွယ် လုပ်ရပ် တစ်ရပ်အား ပြုမူခဲ့ပေသည်…… အဆိုပါ ကိစ္စသည်ကား လွှတ်တော်အား ဝေဖန်ခဲ့သည် အွန်လိုင်းမှ ဒေါက်တာဆိတ်ဖွား ဆိုသူအား ဖော်ထုတ်ရေးပင် ဖြစ်ပေသည်……  မြန်မာနိုင်ငံကဲ့သို့ အဖက်ဖက်မှ လိုအပ်ချက်များစွာ ရှိနေသည့် နိုင်ငံတွင် အဓိက အရေးကြီးသည်များအား ပစ်ပယ်၍ ထိုကဲ့သို့သော ကိစ္စလေးအား အရေးတယူပြုရန် ကော်မတီများဖွဲ့စည်းခြင်း စုံစမ်းခြင်းများ ပြုလုပ်နေသည့် လွှတ်တော်၏ ခရု ခါးတောင်းကြိုက် ဖမ်းနေခြားအား နိုင်ငံသားများစွာ ပျက်ရယ် ပြုခဲ့ကြပေသည်……   မိမိအနေဖြင့် မေးလိုသည့် မေးခွန်းမှာ လွှတ်တော်သည် မည်သည့် ဘတ်ဂျက်များဖြင့် ဆိတ်ဖွားဖမ်းရန် ကြိုးပမ်းအားထုတ်ခဲ့သနည်း….. နေ့စဉ် လွှတ်တော်ကျင်းပသည့် စားရိတ်များထဲမှ ကျခံသုံးစွဲခြင်းလော၊ အခြားသော နေရာများမှ ကျခံ သုံးစွဲခြင်းလော အဖြေမရှင်းချေ….. ထိုကိစ္စအား စာရင်းအတိအကျ စစ်ဆေးမည့်သူများလည်း ဗလာနတ္ထိ ဖြစ်နေပေသည်…..   တစ်ချိန်က ဝန်ကြီးများ၊ သက်ဆိုင်ရာ အစိုးရ ဌာန တာဝန်ရှိသူများနှင့် ဦးပိုင်မှ နိုင်ငံတော် ဘဏ္ဍာနှင့် အလွဲသုံးစား လုပ်ခဲ့မှုများနှင့် ပါတ်သက်ပြီး စာရင်းအင်းနှင့်တကွ တင်ပြခဲ့သော စာရင်းစစ်ချုပ်ဟောင်း ဦးလွန်းမောင်အား အနားပေးလိုက်ခြင်းကို ကြည့်၍ လွှတ်တော်အပေါ်တွင် အယုံအကြည် တော်တော်ကင်းမဲ့ခဲ့ပေသည်…..   သို့ဖြစ်သည့်အတွက် လွှတ်တော်မှ ငွေကြေး ကျခံသုံးစွဲခြင်းများတွင် အလွဲသုံးစား လုပ်ခြင်းများ ရှိလာနိုင်သည့်အပေါ် မည်သူတွေက စစ်ဆေး၍ မည်သူတွေက Transparency ရှိရှိ ပြည်သူပြည်သားများထံ တင်ပြမည် ဆိုသည်ကို မေးခွန်းများထုတ်မိပေသည်…… တနည်းအားဖြင့် နိုင်ငံတော် ဘဏ္ဍာများအား လွှတ်တော်မှ မည်သို့မည်ပုံ သုံးစွဲနေခြင်းများအား ပြည်သူလူထုတို့ ပွင့်လင်းစွာ မသိရှိရခြင်းသည် လွှတ်တော်မှ ထိုကဲ့သို့သော ကင်းလွှတ်ခွင့်များနှင့် အခွင့်ထူးခံ ဖြစ်နေပီလား မေးခွန်းများ ဖြစ်လာပေသည်…..  ခက်သည်ကား လွှတ်တော် ဥက္ကဌကိုယ်တိုင် လွှတ်တော် ကျင်းပစဉ် တောက်လျှောက် အတောအတွင်း အစားအသောက်ကြောင့် ကိုယ်အလေးချိန် တိုးလာခြင်း၊ ပုဆိုးကောင်းစွာ မဝတ်တတ်၍ ပုဆိုးဝတ် ကျင့်နေရခြင်းများဖြင့် အလုပ်ရှုပ်နေခြင်းကြောင့် အဆိုပါ ကိစ္စများအား အာရုံစိုက်နိုင်ခြင်း မရှိပေ….. ဆိတ်ဖမ်းရန်အတွက် တကူးတက လုံ့လများဖြင့် ကြိုးစား ပန်းစား ပြုခဲ့သည်ကား အားလုံးမျက်မြင်ပင်တည်း…..   လက်ရှိ နိုင်ငံအား အုပ်ချုပ်နေသော ဦးသိန်းစိန် အစိုးရနှင့် နိုင်ငံတကာ ဆက်ဆံရေး ခြေလှမ်းသစ် စတင်တိုင်းတွင် ပေါ်ထွက်လာလေ့ရှိသည့် အဓိက အတိုက်အခံခေါင်းဆောင်ဖြစ်သော ဒီချုပ်ဥက္ကဌ၏ ဝေဖန်ချက်များသည် လွှတ်တော်၏ ခရုခါးတောင်းကြိုက် ဖမ်းနေခြင်းများနှင့် ပါတ်သက်လျင် နှာစေးနေပြီး လွှတ်တော်သည် အမှန်တကယ်ပင် အသက်ဝင် လှုပ်ရှား၍နေသည်ဟု လွှတ်တော်ဥက္ကဌကိုပင် ချီးမွမ်းစကား ဆိုခဲ့ပေသည်…….  အခြားတစ်ဖက်တွင်လည်း လွှတ်တော်သည် နိုင်ငံသားတို့၏ သဘောတူညီမှု မပါရှိပဲ နိုင်ငံတော် အခြေခံဥပဒေအား ဖြည့်စွက် ပြင်ဆင်သည့် “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ” ကို ပြင်ဆင်ခဲ့ပေသည်…… သို့ဖြစ်သည့်အတွက် လွှတ်တော်၏ ဥပဒေနှင့် မကိုက်ညီသော အဆိုပါ လုပ်ဆောင်မှုများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား အများပြည်သူ သိရှိခြင်း မရှိပဲ၎င်းတို့အလိုကျ ပြင်ဆင်မည့် လုပ်ရပ်များ၏ ခြေလှမ်းအစဟု ယူဆခဲ့ပေသည်…..  ၂၀၀၈ ဖွဲ့စည်းပုံသည် ပြီးပြည့်စုံသည့် ဥပဒေတစ်ရပ် မဟုတ်ခြင်း၊ သွားလေသူ ဦးသန်းရွှေမှ ၎င်းနောက်ကြောင်း အေးစေရန် ရေးဆွဲခဲ့သည့်အတွက် လိုအပ်ချက်များစွာ ရှိနေသဖြင့် ပြင်ဆင်ရန်မှာ သဘောတူ လက်ခံပေသည်….. သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ နိုင်ငံသားများအပေါ်တွင် သက်ရောက်မည် ဖြစ်သည့်အတွက် မည်သည့် ပြင်ဆင်မှုမျိုးမဆို နိုင်ငံသားတို့အား အသိပေးသင့်ပေသည်…..  သို့ရာတွင် ထိုကဲ့သို့ ဥပဒေပြင်ပ လုပ်ရပ်အား အတိုက်အခံ နိုင်ငံရေး ပါတီများဘက်မှလည်း ထူးထူးခြားခြား အသံထွက်လာခြင်း မရှိသကဲ့သို့ အဓိက အတိုက်အခံ ခေါင်းဆောင်ဖြစ်သည့်၊ တရားဥပဒေ စိုးမိုးမှု ကော်မတီဥက္ကဌ ဖြစ်သော ဒီချုပ်ဥက္ကဌထံမှလည်း ဝေဖန်ချက် ထွက်မလာသည်မှာ အတော်ပင် အံ့သြသင့်စရာ ဖြစ်နေပေသည်…..  အဓိက အတိုက်အခံထံမှ အဆိုပါ ဥပဒေနှင့် မညီသည့်လုပ်ကိုင်ပုံအား ထောက်ပြ ဝေဖန်ခြင်း မရှိသည့်အပြင် လွှတ်တော်အပေါ် ချီးကျူးခဲ့ခြင်းကား မေးခွန်းထုတ်စရာ ဖြစ်လာပေသည်…… တစ်နည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအား ပြုပြင်လိုသည့် ဒီချုပ် ဥက္ကဌနှင့် ၎င်းအလိုကျ ၂၀၀၈ ဖွဲ့စည်းပုံအား ပြန်လည် ပြင်ဆင်ရန် ကြိုးပန်းနေသည့် ကြံ့ဖွံ့ဥက္ကဌတို့ မဟာမိတ် ပြုသွားပြီလော မေးခွန်းထုတ်စရာ ဖြစ်လာပေသည်…..  မြန်မာနိုင်ငံသည် အဖက်ဖက်မှ ယို့ယွင်းချက် အားနည်းချက်များစွာ ရှိနေခြင်းကြောင့် တစ်ချိန်က တစောင်းစေးနှင့် မျက်ချေး ဖြစ်ခဲ့သည့် ကြံ့ဖွံ့ပါတီ ဥက္ကဌနှင့် ဒီချုပ် ဥက္ကဌတို့၏ ရင်းနှီးနွေးထွေးသော ဆက်ဆံရေးခြေလှမ်းသစ် စတင်လာခြင်းကြောင့် နိုင်ငံအပေါ်တွင် အတူတကွ လက်တွဲ၍ အကျိုးပြုနိုင်မည်ဟု မျှော်လင့်မိပေသည်….. တစ်ချိန်က အာဃာတများ ဘေးဖယ်၍ သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် မတူသည်များကို ဘေးဖယ်ထား၍ တူသည်များကို တိုင်းပြည်အတွက် တွဲလုပ်မည်ဟု မျှော်လင့်မိပေသည်…….  သို့ရာတွင် ဘယ်အရာမဆို အကောင်းသက်သက် မျှော်လင့်၍ မရသကဲ့သို့ အဆိုးကိုလည်း ကြိုတွေးထားရမည် ဖြစ်ပေသည်…… ကြံ့ဖွံ့ဥက္ကဌနှင့် ဒီချုပ်ဥက္ကဌတို့၏ ဆက်ဆံရေးမှသည် ဖြစ်ပေါ်လာမည့် ရလာဘ်များသည် အကောင်းကြီး ဖြစ်နေလျင် ခံသာသော်လည်း အဆိုးများစု၍ အဆိုးရလာဘ်များ ထွက်လာလျင် တိုင်းသူပြည်သားများအတွက် ကောင်းနိုင်မည် မဟုတ်ပေ……  ကြံ့ဖွံ့၏ ဥပဒေမဲ့ လုပ်ရပ်များ၊ နိုင်ငံတော် ဘဏ္ဍာအား အလွဲသုံးစား ပြုမူမှုများ ဒီချုပ်ဘက်သို့ အကျင့်ကူစက်သွားပြီး ဒီချုပ်၏ ဗဟိုဦးစီး ထိမ်းချုပ်စနစ်များ၊ ဒီချုပ် ဥက္ကဌ၏ ဘေးမှ အမြောက်တပ်၏ အမူအကျင့်များ ကြံ့ဖွံ့ဘက်သို့ ကူးစက်သွားပါက အဆိုပါ ပါတီနှစ်ခု၏ ရလာဘ်သည် မြန်မာနိုင်ငံသားများအတွက် အတော်ပင် မသက်မသာ ရှိလှပေတော့သည်…..  သို့ဖြစ်သည့်အတွက် ကြံ့ဖွံ့ ဥက္ကဌနှင့် ဒီချုပ် ဥက္ကဌတို့၏ သမိုင်းတွင်သော အပြန်အလှန် ရင်းနှီးနွေးထွေးသည့် ဆက်ဆံမှုများမှသည် တိုင်းပြည်အတွက် ကောင်းမွန်သည့် အနာဂါတ်များ ဖြစ်လာစေရန်သာ မိမိအနေဖြင့် တောင်းဆု ပြုမိပေတော့သည်…..
39Unlike ·  · 

ညှို့အားပြင်း ဇာတ်ကောင်များ

$
0
0


 by Seaman Nayminthu (Notes) on Monday, June 10, 2013 at 6:50pm
ဆရာ ဦးမောင်မောင်သန်း စတေးတပ်မှာ ‘လှလေးစိန်’ ဇာတ်လမ်း Link တင်ထားတာတွေ့လိုက်မိလို့ ကူးယူပြီး  ပြန်ကြည့် ဖြစ်ပါတယ်။

ကျနော်တို့ ခပ်ငယ်ငယ်က ရွာမှာအထက်တန်းကျောင်းဆောက်ဖို့ ရံပုံငွေရှာဖွေပွဲ အနေနဲ့ နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက်ရောက်တိုင်း ပိတ်ကားထောင် ရုပ်ရှင် ရုံပွဲများပြသလေ့ရှိတဲ့အခါမှာ ရုပ်ရှင်ဝါသနာအိုး ကျနော်တို့အဖို့ တင်လာသမျှ ရုပ်ရှင်ကားတိုင်းကို မလွတ်တမ်းကြည့်ခဲ့ရတာ ဝတ္တရားတခုလိုပါပဲ။ နှစ်လလောက် သာ ကြာမြင့်မယ်ထင်ရတဲ့ ရုပ်ရှင်ပွဲတရာသီ နိဂုံးချုပ်လိုက်ချိန်မှာ ကျနော်တို့ကြည့်ခဲ့တဲ့ ဇာတ်ကားပေါင်း ၁၀၀ ကျော်ကျော်သွားပြီ။

သုံးကားပေါင်း မိုးအလင်းပြတာဆိုတော့ ၂ ကားနှုန်းနဲ့ ကြည့်တယ်ဆိုရင်တောင် ဇာတ်ကားအရေအတွက် ၁၀၀ ကျော်နေပြီမို့လား။ ဒီတော့ ကိုယ်ကြည့်ပြီးတဲ့ ဇာတ်ကားတွေအကြောင်း လုံးစေ့ပတ်စေ့ မှတ်မိဖို့ အသာထား။ ဇာတ်ကားနာမည်တွေတောင် အကုန်မသိနိုင်တော့။ မနက်မနက်ဆို ရုပ်ရှင်ပြသရေးအဖွဲ့က နွားလှည်းတစီးပေါ် အသံချဲ့စက်ကြီးတင်ပြီး ရွာစဉ်တလျှောက် ဇာတ်ကားကြော်ငြာသူရဲ့ အောင်မြင်တဲ့ အသံဝါကြီးဟာ လော်စပီကာကြီး ကနေတဆင့် ရွာသားတွေရဲ့ အာရုံကို ဖမ်းစားနေပါပြီ။

လှည်းလမ်းကြောင်း ဖုန်တထောင်းထောင်းကြားမှာ ကလေးတွေ.. ကလေးတွေ … လှည်းရှိရာ ပြေးလွှား သွားကြ.. လှည်းပေါ်က ကြဲချလာတဲ့ လက်ကမ်းပိုစတာတွေကို အလုအယက် ကောက်ကြ.. အိမ်မှာရှိတဲ့ လူရွယ်လူလတ်ပိုင်းတွေကလည်း ကြော်ငြာသံကို နားတစွင့်စွင့်… ကလေးတွေနဲ့ ပါလာမယ့် လက်ကမ်း ကြော်ငြာ စာရွက်ပိုင်းလေးကို မျှော်တလင့်လင့်။

ညနေ အိမ်အလုပ်သိမ်းတာနဲ့ ကမန်းမတမ်း ရေချိုးညနေစာစား… ပွဲသွားဖို့ လူစုကြပြီ။ လူစုံတဲ့အခါ ၂ မိုင် သာသာ ခရီးကို အသော့နှင်ချီတက်… ဟိုရောက်တော့ ပွဲမစခင် ဈေးတန်းတလျှောက် ခေါက်တုန့်ခေါက်ပြန် လမ်းသလားရင်း… ကွမ်းယာနဲ့ ဆေးလိပ် လက်တည့်စမ်း မိကြရာက … ဈေးသည်မလေးတွေနဲ့ ရင်းနှီးသွား…။ အဲဒါတွေကြောင့်လည်း ပွဲသွားဖြစ်ဖို့  စေ့ဆော်မှု တွန်းအားတွေပိုခဲ့ရပြန်တာပေါ့ဗျာ။

 အဲဒီလို ကာလမှာ ‘လှလေးစိန်’ အမည်ရတဲ့ ရုပ်ရှင်ကားတကားကို ကျနော်တို့ ကြည့်ဖြစ်ခဲ့တာ။ မင်းသား ကိုကျော်သူ သရုပ်ဆောင်တာကို စကြည့်ဖူးတာက ‘ချစ်ကြိုးလေး နှစ်မျှင်’ ရုပ်ရှင်ကားပါ။ ဦးမောင်မောင် နဲ့ ရွှေမန်း သန်းနိုင် ဆပ်ကပ်တွေမှာ ကမ္ဘာလုံးထဲ ဆိုင်ကယ်စီးတာ ခေတ်စားနေချိန်… ကိုကျော်သူက ဆိုင်ကယ် စတန့်စီးကွက်လေးနဲ့ ပွဲထွက်လာတယ် ဆိုရမှာပါပဲ။

လှလေးစိန် ဇာတ်လမ်းရိုက်တော့ သူဟာ နာမည်ကြီးအရှိန်ရလာတဲ့ မင်းသားတလက်ဖြစ်နေပါပြီ။ ကျနော်တို့ နယ်ခံတွေ ပါးစပ်ဖျား
မှာ ‘လှလေးစိန်’ ဆိုတဲ့ စကားတလုံး တွင်ကျန်ရစ်ခဲ့အောင် လူကြိုက်များခဲ့ပါတယ်။

အနှစ်နှစ်ဆယ်လောက်ကြာပြီး ခုတကြိမ်ပြန်ကြည့်ရတဲ့အခါ အရင်ကနဲ့ မတူတဲ့ရသလေးတွေ ခံစားမိတယ်။ ကိုယ်တိုင် စစ်မှုထမ်းဘဝကို ကျင်လည်ခဲ့ဖူးတာပါတော့ သင်တန်းကာလမှာ ဂယောင်ဖတ်ခဲ့တာလေးတွေ၊ အိပ်ငိုက်ခဲ့တဲ့အဖြစ်တွေ၊ အကွက်လှည့်တယ် လို့အသုံးရှိတဲ့ ချောင်ကပ်ရေသာခိုတဲ့ မြင်ကွင်းလေးတွေ… သန္ဓေဝင် စစ်သည်ဘဝ ရောက်တော့လည်း အချင်းချင်း စနောက်ခဲ့တဲ့ပုံရိပ်တွေ၊ စရင်းနောက်ရင်း စိတ်မထိန်း နိုင်တဲ့အခါ သွေးထွက်သံယို အထိ ဖြစ်ခဲ့ရတာတွေ… စတဲ့ အတိတ်အကြောင်းလေးတွေ တရေးရေး ပြန်ပေါ်လာမိပါတယ်။

လက်တွေ့မှာလည်း စစ်တပ်ထဲကို ရည်မှန်းချက်ကြီးကြီးနဲ့ဝင်လာခဲ့ပေမဲ့ ထင်တိုင်းမပေါက်လို့ စောစောစီးစီး တပ်ခေါက် နောက်ဆုတ်သွား သူတွေရှိသလို၊ ပေါ့ပေါ့ပါးပါး မထင်မရှား နေရင်းက မထင်မှတ်တဲ့ အဖြစ်အပျက် တခုမှာ ရဲဝံ့စွန့်စား မှတ်ကျောက်တင်ခံကာ ဘဝတဆစ်ချိုးပြောင်းသွားသူတွေ ရှိတတ်ပါတယ်။

စစ်သားတယောက်ရဲ့ဘဝမှာ ရာထူး၊ အခွင့်အရေးရတာ နဲ့ စွန့်လွှတ်စွန့်စား အနစ်နာခံဆောင်ရွက်လို့ ရလာတဲ့ ဂုဏ်ဒြဗ်… တူညီမှု မရှိပါဘူး။ တခြားသူများရဲ့ လေးစားမှုအရာမှာရော ကိုယ်တိုင်ခံစားရတဲ့ ပီတိကြည်နူးဖြစ်ရမှု မှာပါ မတူညီနိုင်တာကို သတိပြုမိပါတယ်။  

ကျနော့် ငယ်ဘဝကို လှုပ်ခတ်နှိုးဆွနိုင်ခဲ့တဲ့ အခြား ဇာတ်လမ်းတပုဒ်လည်း ရှိခဲ့ပါသေးတယ်။ မူရင်းကို တရုတ်လူမျိုး စာရေးဆရာ ချင်ချင်းမိုင် ရေးသားပြီး ဆရာထက်မြက်၊ဆရာနိုင်ဝင်းဆွေတို့ ပူးတွဲဘာသာပြန်ဆို ထားတဲ့ ‘အိုယန်ဟိုင်ရဲ့ တေးသံ’ အမည်ရတဲ့ တရုတ်တော်လှန်ရေးနောက်ခံ ဝတ္တရှည်တပုဒ် ဖြစ်ပါတယ်။ မှတ်မှတ်ရရ ကျနော် ဆယ်တန်းဖြေပြီးချိန်မှာ ဘကြီးတွေနေတဲ့ရွာကို အလည်သွားခိုက် ယောက်ဖတော် ကျောင်းဆရာရဲ့ စားပွဲပေါ်မှာ တွေ့မိလို့ ကောက်ဖတ်လိုက်ရာက လက်ထဲက မချရက်နိုင်အောင် စွဲစွဲလမ်းလမ်း ဖြစ်ခဲ့ရတဲ့ စာအုပ်လေးပါ။

ကူမင်တန် အုပ်စိုးမှုအောက် အစာရေစာ ငတ်လုမတတ် ဆင်းရဲနုံချာလှတဲ့ ဆင်းရဲသား လယ်သမား မိသားစုက မွေးဖွားလာတဲ့ ‘အိုယန်ဟိုင်’ ရဲ့ ငယ်ဘဝရုပ်ပုံလွှာတွေလေးက ကျနော့်ကို သူတို့ ကမ္ဘာလေးထဲ ဆွဲခေါ်သွား ခဲ့တယ်။ ဆင်းရဲလွန်းလို့ ခန္ဓာကိုယ် သေးသွယ်ပိန်လှီပြီး ယိုင်တိယိုင်ထိုးနဲ့ လမ်းလျှောက်သွားနေတဲ့ ‘အိုယန်ဟိုင်’ လေးဟာ လယ်သမားတွေဆီက မတရားခေါင်းပုံဖြတ် အမြတ်ထုတ်ရင်း ကျိကျိတက်ချမ်းသာ နေသော မြေရှင်ကြီးတွေရဲ့ ရဲတိုက်ပမာ ခမ်းခမ်းနားနား ဆောက်လုပ်ထားတဲ့ နေအိမ်ခြံဝင်း အဝမှာ ကြွကြွရွရွ ထုဆစ်ထားတဲ့ ခြင်္သေ့ရုပ်ကြီးတွေကို မြင်ရတိုင်း ကြက်သီးဖြန်း ကြောက်စိတ်ဝင်နေခဲ့တယ်။

သူတို့ဘဝတွေက ဆင်းရဲချို့တဲ့စွာ နေထိုင်ရတဲ့အပြင် လုံခြုံမှုလည်း ကင်းမဲ့နေခဲ့ပြီး ချန်ကေရှိတ်ရဲ့ ကူမင်တန် တပ်က အချိန်မရွေး လူသစ်စုဆောင်းခံရတဲ့ အန္တရာယ်ကလည်း အမြဲလိုလို ခြောက်လှန့်နေတာပါ။ အိုယန်ဟိုင် ရဲ့ အစ်ကို ‘စုန်’ ဟာ ကူမင်တန်တွေရဲ့ ချောဆွဲလူသစ်စုဆောင်းခြင်းကို ခံခဲ့ရတယ်။ အိုယန်ဟိုင်လေး အရွယ် ရောက်လာရင်လည်း အဲလိုထပ်ခံရမှာ စိုးရိမ်နေတဲ့ သူတို့မိဘတွေက အိုယန်ဟိုင်ကို မိန်းခလေး တဦးလို ဝတ်ဆင်စေခဲ့ရတယ်။ (ဖတ်ခဲ့တာ အနှစ်နှစ်မျှ ရှိပြီမို့ လွဲမှားမှုရှိရင် သည်းခံပေးကြပါ)

တနေ့တော့ အိုယန်ဟိုင်လေးဟာ တရုတ်တပ်နီတော်က ရဲဘော်တချို့နဲ့ ဆုံတွေ့ရင်းနှီးမိရာက တော်လှန်ရေး ထဲကို ပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ တပ်နီတော်က သူ့ကို တပ်ဖွဲ့ဝင်အဖြစ် လက်ခံလိုက်ပေမဲ့ အသက်အရွယ် ငယ်ရွယ်လွန်းသူဖြစ်လို့ ရှေ့တန်းစစ်မျက်နှာတွေကို မပို့ဘဲ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဖွဲ့မှာ တာဝန် ထမ်းဆောင် စေခဲ့ပါတယ်။  

သူ့ကို စာသင်ပေးတယ်။ သင်တန်းတွေ တက်ခိုင်းတယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ရတယ်။ ဥက္ကဌကြီးမော်ရဲ့ ‘ပြည်သူ့အကျိုးဆောင်ကြ’ ဆောင်ပုဒ်အောက်မှာ သူ့စိတ်ဓာတ် သံမဏိသားကျလာတယ်။ တက်ကြွဖျတ်လတ်တဲ့၊ မခိုမကပ် အနစ်နာခံတတ်တဲ့ တပ်စိတ်မှူး ရဲဘော်ဖြစ်လာတယ်။

သူက ‘ရဲဘော် လေဖုန်း’ ကို အားကျအတုယူတယ်။ ‘ရဲဘော် လေဖုန်း’ ဆိုတာ သူရဲကောင်း ဇာတ်ကောင် တဦးပါ။ ရန်သူလာမယ့် ရထားလမ်းတံတားတခုကို မိုင်းခွဲဖျက်ဆီးပစ်ဖို့ ‘ရဲဘော် လေဖုန်း’ တာဝန်ကျတဲ့အခါ တံတားဘောင်မှာ မိုင်းကပ်ဖို့နေရာလို့ မရဖြစ်နေတယ်။ ရန်သူရထားကလည်း တဖြည်းဖြည်း နီးလာပြီ။ အချိန်မီ ဆောင်ရွက်ဖို့ ကြံရာမရဖြစ်နေတုန်း သူ့စိတ်ထဲ ရဲရင့်ပြတ်သားမှု ရခဲ့တယ်။ မိုင်းဗုံးကို တံတားဘောင်မှာ သူ့လက်နဲ့မြဲမြဲကပ်ပြီး စနက်တန်ကို ဖြုတ်ချလိုက်တယ်။ ရထား တံတားပေါ်အရောက်.. မိုင်းဗုံးကွဲ.. အားလုံး အတွက် အသက်စွန့်တိုက်ပွဲဝင်သွားတဲ့ ‘ရဲဘော် လေဖုန်း’ ပါ။

‘ရဲဘော် လေဖုန်း’ အကြောင်းရေးထားတဲ့ စာအုပ်လေး ‘အိုယန်ဟိုင်’ ရဲ့ ကျောပိုးအိတ်ထဲမှာ ရှိနေတတ်တယ်။ အချိန်ရတိုင်း သူထုတ်ထုတ်ဖတ်တယ်။ ဒီလိုနဲ့ ‘အိုယန်ဟိုင်’ တို့ တပ်ဖွဲ့ဖောက်လုပ်ထားတဲ့ ရထားလမ်းသစ် ပြီးစီးလို့ ရထားအစမ်းမောင်းနှင်ကြည့်မယ့် နေ့ကိုရောက်လာတယ်။ အဲဒီအချိန်မှာ အိုယန်ဟိုင်ဟာ မကြာခင် တပ်စုမှူး သင်တန်းတက်ရောက်ဖို့ ရွေးချယ်ခံထားရတဲ့ ကေဒါ တဦးဖြစ်နေပါပြီ။

ရထားကြီးက ဥသြသံတညံညံနဲ့ လမ်းသစ်အတိုင်း ခုတ်မောင်းလာတယ်။ ဝေးလံခေါင်သီတဲ့ အရပ်ဖြစ်တာမို့ အဲဒီဒေသက လူအများစုဟာ ရထားကို မမြင်ဘူးကြဘူး။ ရထားနီးကပ်လာချိန်မှာ ဆောက်လုပ်ရေးတပ်က မြင်းတကောင် ဂဏှာမငြိမ် လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ ကျယ်လောင်စူးရှတဲ့ ရထားဥသြသံကြောင့်  ရုတ်တရက် လန့်ဖျပ်ပြီး အတင်းရုန်းကန်လို့ ကြိုးပြတ်လွတ်သွားတဲ့မြင်းဟာ ရထားသံလမ်းပေါ်မှာ အဆက် မပြတ်ဟီရင်း ပတတ်ရပ်နေလေရဲ့။ အနားမှာရှိနေတဲ့ ‘အိုယန်ဟိုင်’ လည်း ဘာလုပ်ရမှန်းမသိ ကြောင်ကြည့် နေမိတယ်။ ရထားဟာ ကျွဲ၊ နွား၊ မြင်းလို တိရစ္ဆာန်တကောင်ကောင်နဲ့ တိုက်မိရင် လမ်းချော်တိမ်းမှောက် သွားနိုင်တယ်လို့ သူကြားဖူးထားတယ်။ ဒါပေမဲ့ မြင်းကို သံလမ်းဘေးရောက်သွားအောင် သူဘယ်လိုလုပ်နိုင် မလဲ။ သေနတ်ဖောက်ပြီး ခြောက်လှန့်လို့လည်း အကြောင်းမထူးနိုင်။ ပြေးတွန်းလို့ရော ဖြစ်နိုင်မလား၊ အချိန် ရော မီနိုင်ပါ့မလား။ ရထားက သိပ်နီးလာနေပြီ… အတွေးပေါင်းများစွာနဲ့ ချီတုံချတုံ ဖြစ်နေတုန်း ရဲဘော် လေဖုန်း သူ့အနားရောက်လာသလို ခံစားလိုက်ရတယ်။ သူ့မှာ အားမာန်တွေ ပြည့်ဝလာတယ်၊ စိတ်ဓာတ် ခိုင်ကျည်ပြတ်သားလာတယ်။ ရဲဘော် လေဖုန်းရဲ့ ဝိညာဉ်က သူ့ကို ပူးကပ်သွားပြီ။

အိုယန်ဟိုင် ရထားသံလမ်းပေါ်ကို တဟုန်ထိုး ခုန်တက်ပြီး မြင်းကိုတအားကုန် တွန်းထုတ်လိုက်တယ်။ မြင်းနဲ့ ရထားစက်ခေါင်း သီသီလေး လွတ်ထွက်သွားတယ်။ အရှိန်နဲ့လိမ့်နေဆဲ ရထားဘီးတွေဟာ သံလမ်းပေါ် ကန့်လန့်ဖြတ် လဲကျနေတဲ့ အိုယန်ဟိုင်ရဲ့  ခန္ဓာကိုယ်ကို ဖြတ်ကြိတ်သွားတယ်။ ဆူဆူညံညံ အော်ဟစ် တားမြစ် သံတွေနဲ့အတူ ရထားအရှိန်တဖြည်းဖြည်း လျော့ကျသွားပြီး ဘီးတွေအားလုံး ရပ်တန့်သွားတဲ့အခါ ရထားပေါ်က လူတွေ အိုယန်ဟိုင် ရှိရာကို ဂရုဏာဒေါသော ပြေးလွှားရောက်ရှိလာကြချိန်မှာ သူရဲကောင်း တပ်စုမှူး လောင်းလျာက သွေးအိုင်ထဲမှာ ခန္ဓာကိုယ်တပိုင်းပြတ်လျက် အားလုံးကို နောက်ဆုံးနှုတ်ဆက်တဲ့ အနေနဲ့ မမှိတ်မသုန် ကြည့်နေဆဲ။
……………………………………………………………

ပြောရမယ်ဆိုရင်တော့ ‘လှလေးစိန်’ နဲ့ ‘အိုယန်ဟိုင်’   နှစ်ယောက်လုံးဟာ ပေါ်လစီဇာတ်လမ်းထဲက စိတ်ကူး ဇာတ်ကောင်တွေပါ။ ‘လှလေးစိန်’ ဇာတ်ကားကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးက ရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်ပြီး ‘အိုယန်ဟိုင်ရဲ့ တေးသံ’ ဝတ္တုကိုတော့ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးအတွင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေကို အတွေးအခေါ် သွေးသစ်လောင်းပေးဖို့ ရည်ရွယ်ချက်နဲ့ စာရေးဆရာ ချင်ချင်းမိုင် ရေးသားခဲ့တာလို့ သိရပါတယ်။

သို့သော်လည်း အနုပညာဖန်တီးမှု အားကောင်းပြီး တကယ့်လက်တွေ့ဘဝတွေကို ထင်ဟပ်နေတော့ ကြည့်ရသူ ဖတ်ရသူတွေရဲ့ စိတ်ထဲမှာ ဝါဒဖြန့်တယ်ဆိုတဲ့ အတွေး မှေးမှိန်သွားစေခဲ့ပါတယ်။ ‘အိုယန်ဟိုင်ရဲ့တေးသံ’ ဝတ္တုကို ဖတ်ခဲ့ရစဉ်က ကျနော့်စိတ်ထဲမှာ တကယ့်အဖြစ်အပျက်လို ခံစားထင်မြင်ခဲ့ပါတယ်။ နောင် နှစ်အတန်ကြာ မဂ္ဂဇင်း တအုပ်ထဲမှာ သုံးသပ်ချက်ဆောင်းပါးတပုဒ်ကို ဖတ်လိုက်ရမှ စိတ်ကူးဇာတ်လမ်းမှန်း သိလိုက်ရတာပါ။ သို့တိုင် အိုယန်ဟိုင် ရဲ့ စိတ်ဓာတ်ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေ ရင်တွင်းမှာ စူးရှနစ်ဝင်သွားခဲ့ပြီး အိုယန်ဟိုင်လို စွန့်လွှတ်အနစ်နာခံတဲ့ ရဲဘော်အတော်များများ ပေါ်ပေါက်ခဲ့ တယ်လို့ ဆိုပါတယ်။

ကျနော်တို့ မြန်မာ့တပ်မတော်အတွင်းမှာလည်း ‘လှလေးစိန်’ လို စစ်သည်မျိုးတွေ မနည်းမနော ရှိပါတယ်။ အပြင်လောက လူထုအကြားမှာကို ‘စစ်ဆိုရင် ရေတောင်စစ်မသောက်ဘူး’ လို့ ပြောဆိုလေ့ရှိသူတွေပင် ‘လှလေးစိန်’ ဆိုတဲ့ နာမည်အသုံးတခုကိုတော့ အပြုံးမပျက် ပြောဆိုနေတတ်ကြပါတယ်။ ယနေ့အချိန်ထိ ပရိသတ်တွေ တမ်းတမ်းတတ ပြောဆိုနေရဆဲ ဇာတ်ကောင် စရိုက်လည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း စစ်တိုက်အင်မတန်ကောင်းတဲ့ ပြင်သစ်ဧကရာဇ် နပိုလီယံ ကိုယ်တိုင်က ‘လှံသွားထက် ကလောင်သွားထက်’ လို့ ဆိုရိုးတခုကို ကျေကျေနပ်နပ်ကြီး မှတ်ချက်ပြုသွားတာ ဖြစ်ပါလိမ့်မယ်။

နေမင်းသူ 
၁၀-၀၄-၂၀၁၃

ရိုးမြေကျ ပေါင်းမှာလား……..ကျမအပျိုမဟုတ်တော့ဘူး

$
0
0

===========================
မင်းဘဝလေးကို ကိုယ်သနားတယ်။
မင်း ဆင်းဆင်းရဲရဲ နေတာ ကိုယ်မကြည့်ရက်ဘူး။
ကိုယ်တို့က ငယ်ချစ်တွေပါ။ ဟိုလူကြီးတွေကြောင့် တို့တွေဝေးခဲ့ရတာ။

မလုပ်ပါနဲ့ ရှင် ကျမဘဝ နှစ်ငါးဆယ်ကျော် အထုအထောင်းတွေနဲ့ ရုပ်လဲကျနေပါပြီ။



တို့အမေ အဲ့လူကြီးကို ယူရင်ကောင်းမှာဘဲ။
ပိုက်ဆံလည်း ရှိမဲ့ပုံဘဲ။
အပြောဆိုလည်း ကောင်းတယ်။ လူဝင်ဆံ့တယ်။ တရပ်ကွက်လုံးနဲ့လည်း အဆင်ပြေတယ်။
တို့ အဖေနဲ့တော့ တစ်ခြားစီဘဲ။ ထုံထုံအအနဲ့ကွာ။

တစ်အိမ်လုံး မီးလောင်ပြီး ကုန်းကောက်စရာမရှိသည့် အချိန် ကိုစောရဲ့ အဓမ္မသိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။
ဘဏ်ထဲမှာလဲ ငွေမရှိ။ လက်ငုပ်လက်ရင်းလေးများလဲ ပြုတ်ပြုတ်ပြုန်း။
ကိုစောရဲ့ လက်ထဲမှာ ကျမဘဝ တဖန်ပြန်စဖို့ ဖြစ်လာသည်။
သူ့လူတွေနဲ့ သူတတ်နိုင်သလောက် ရှင်းသည်။ မီးလောင်ပြင်မှာ ခနော်ခနဲ့ အိမ်လေးကို ပြန်တည်ဆောက်သည်။
သူ စာအများကြီးတတ်လှသူမဟုတ်။
စီးပွားရေးက မလုပ်တတ် မကိုင်တတ်။ ဘိုလို ရေလယ်အောင်မပြောတတ်တော့ လူရာမဝင်။
သူကတော့ ပြောရှာသည်။ မိုးလုံလေလုံ အိမ်လေးဆောက်ပြီး သူအိမ်ပေါ်က ဆင်းပါမည်တဲ့။
မင်းချစ်တဲ့သူကို မင်းပေါင်းပါတဲ့။

ကံကြမ္မာ မျက်နှာသာ မပေးလို့ အိမ်စီးပွားရေးက ကြပ်။
သားသမီးတစ်ပြုံတစ်ခေါင်းနဲ့ သူစိတ်ပင်ပန်း အားကြီးလွန်း၍ထင်ပ။
စိတ်ဖောက်ပြန် သွားသည်ဟုသာ သိရသည်။

သူ့လူ ကိုရွှေက သူအားလုံးတာဝန်ယူသည်တဲ့။
ကျမဘဝ ရေတိမ်နစ်ဖို့ ဖြစ်လာသည်လား။ ဘယ်ဘဝက ဝဍ်ကြွေးတွေလည်း။ ပြေပါစေတော့ ရှိပါစေတော့လေ။
ကိုရွှေက အလုပ်ကြိုးစားသည်။ ပုံစံက နှစ်လိုဖွယ်မရှိပေမယ့် လုပ်ရည်ကိုင်ရည်တော့ ထက်လှသည်။
သူ့လူတွေကို သူနိုင်အောင်ထိန်းထားနိုင်သည်။ ဘယ်သူမှ ထိကပါး ရိကပါး မလုပ်ရဲ။
ကလေးတွေကိုလည်း သူနိုင်သည်။ အနုနည်း အကြမ်းနည်း အို…..စုံလို့ပါပဲ။
ပထမတော့ သူလည်း ကိုစောတုန်းက ပေးခဲ့သည့် ဂတိကို မဖျက်။ မင်းချစ်သူနှင့် မင်းပြန်ပေါင်းရမှာပါတဲ့။
ဒါပေမဲ့ ငါကိုယ်တိုင် ရွေးပေးမယ်။ ငါအစီအစဉ်ဆွဲလိုက်ဦးမယ်တဲ့။
လောလောဆယ် မင်းမိသားစု စားဝတ်နေရေးက အရေးကြီးတယ်လို့ ဆိုတယ်။
အလုပ်တွေနင်းကန်လုပ်တယ်။ ကလေးတွေလည်း ပညာသင်လို့။ တစ်ချို့လည်း ရရာ အလုပ်တွေထွက်လုပ်ကြပေါ့။
အိမ်လေးလည်း လူရိုသေ၊ ရှင်ရိုသေ တောက်တောက်ပြောင်ပြောင်ဖြစ်လာပြီး……………..

သူဘာစိတ်ပြောင်းသွားတယ် မသိ။ ကျမကို စည်းကမ်းတွေ တစ်လှေကြီး ထုတ်လာသည်။ ကလေးတွေကိုလည်း ထိန်းချုပ်လာသည်။ အိမ်စီးပွားရေး တစ်ခုလုံးက သူ့လက်ထဲရောက်နေပြီ။ စည်းစိမ်တွေနဲ့ သာယာသွားသည်လား။
သူကတော့ သူ့ကိုယ်သူ ကယ်တင်ရှင်ကြီးလို့သာ တွင်တွင်အော်နေတော့သည်။
ကျမချစ်သူနှင့် ပေါင်းရဖို့က မသေခြာရေးချ မသေခြာ။ ကျမမှာ ရွေးခြယ်ခွင့် မရှိတော့ပြီ။
သူပေးမှ/ သနားရမည့် ဘဝပါဘဲ။ ဟူး………..ရင်မောရပါဘိ။

အစတော့ ဈေးရောင်းဈေးဝယ်လေး ကောင်းလို့။ ဘဏ်ထဲမှာလည်း အထိုက်အလျောက် ငွေရှိလာသည်။ ကလေးတွေလည်း ကျောင်းတွေတက်လို့။ ဧည့်သည်များ အဝင်ထွက်များလာ ပြီ။
နောက် ကျမချစ်သူနှင့် သူတို့ဘာတွေဖြစ်ကြသည်မသိ။ ဈေးရောင်း/ဈေးဝယ်တွေပါးကုန်သည်။ သား/သမီးတွေနဲ့လည်း ပြသနာတွေတက်ကြသည်။ စီးပွားရေး ပိတ်ဆို့ခံလိုက်ရသည်သာ သိတော့သည်။ ကိုရွှေက အသေးစိတ်မရှင်းပြတော့။
သူမှန်တယ်ထင်တာသာ ဆက်လုပ်တော့သည်။
ကျမချစ်သူနှင့် ဝေးခဲ့ရပေသည်။ ၂၂ နှစ်တိုင်တိုင်…………

၂၀၁၀ နောက်ပိုင်း အရိပ်အရောင်များ……..
ကျမချစ် ချစ်/ မချစ် ချစ်။ ကိုရွှေ ဘယ်ဂတိ/ဂဝတ်များဖြင့် ကိုစိန်လက်ထိုးအပ်သွားသည်လဲ။
ကျမဘဝ လှပရတော့မည်လား…..
ကျမကလေးတွေ ကျောင်းကောင်းကောင်း တက်ရတော့မည်လား…..
ထမင်းဝဝ စားရတော့မည်လား……….
ကလေးတွေ တစာစာ အော်ကြသည်။

မီဒီယာလောကသားတွေ မြန်မာ့သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ စာပေစိစစ်ရေးတွေ ဖျက်သိမ်းဖို့ ဆန္ဒရှိကြတယ်။ ဒီမိုကရေစီ စနစ်နဲ့ မကိုက်ညီ မလျော်ညီဘူးလို့ တောင်းဆိုလာကြသည်။ ကမ္ဘာစီးပွားရေးဖိုရမ် ဒီဘိတ်မှာ ပြန်ကြားရေးဝန်ကြီးဌာန ဆက်ထားသင့်/မသင့် ဆွေးနွေးလာကြတယ်။ အစိုးရ ယန္တယားတွေဟာ ဒီမိုကရေစီ စနစ်နဲ့ မလျော်ညီတာတွေကို ပြုပြင်ပြောင်းလဲရမယ်။ စွမ်းဆောင်ရည် နိမ့်နေတာတွေ မြှင့်တင်ရမယ်။ စက်ရုံတွေ၊ ဌာနဆိုင်ရာတွေ၊ ဝန်ကြီးဌာနတွေကို နိုင်ငံတော်အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့၊ ဒီမိုကရေစီ စနစ်နဲ့ မောင်းနှင်ရာမှာ တုန့်နှေး မနေစေဖို့ ခပ်ရှင်းရှင်း ပြောရရင် ဖျက်သိမ်းတာ၊ ပုဂ္ဂလိကလွှဲလိုက်တာ လွယ်ပါတယ်။ မလွယ်တာက ဝန်ထမ်းတွေ။ EIA, SIA အကြောင်း အသံကျယ်လောင်စွာ အော်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဌာနဆိုင်ရာ၊ စက်ရုံ၊ ဝန်ကြီးဌာနတွေ ဖျက်သိမ်းလိုက်တိုင်းမှာ ကသောင်းကနင်း ဖြစ်သွားတဲ့ ဝန်ထမ်းတွေရဲ့ ဘဝ၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုအကြောင်း ဆွေးနွေးဖူးကြပါသလား။ ပြည်သူလူထု၊ တစ်နည်း တိုင်းပြည်ကောင်းစားရေးဟာ အရေးကြီးသလို ပြည်သူဖြစ်တဲ့ ဝန်ထမ်းတွေရဲ့ ဘဝတွေကရော အရေးမကြီးတော့ဘူးလား။

ဘယ်လောက် အသုံးမကျဘူး ပြောပြော ပြည်သူလူထုကို နှိပ်စက်တဲ့ ဝန်ထမ်းရှိသလို အစိုးရယန္တယားကြီး ပုံမှန်လယ်ပတ်နေဖို့ ဆီလေးတစ်စက်၊ သဲလေး တစ်ပွင့်အဖြစ် ကြောတစ်ခင်းစာအတွက် ဝန်ထမ်းလုပ်နေတဲ့ ပြည်သူတွေဟာ ဝန်ကြီးဌာနတွေ ဖျက်တိုင်း၊ စက်ရုံတွေဖျက်တိုင်း ဟိုစက်ရုံက ဒီစက်ရုံပေါင်း၊ ဟိုဝန်ကြီးဌာနကနေ ဒီဝန်ကြီးဌာနကပ် ဇာတ်ဆရာအလိုကျ လိုက်ယိမ်းနေရတဲ့ ဆောက်တည်ရာမရ ဖြစ်သွားတဲ့ သူတို့ ရင်ဘတ်ထဲထိ ဝင်ကြည့်ဖူးပါသလား။ အဲ့ဒီကိစ္စမှာရော SIA ဆိုတာကြီး မလိုတော့ဘူးလား။

ကွန်ပြူတာ စာရင်းကိုင်တွေခန့်၊ လက်နှိပ်စက် အဘွားအို၊ စာရင်းကိုင် အမယ်အိုတွေထုတ်၊ ဂိတ်စောင့် အဖိုးကြီးနေရာမှာ Automatic Access Card, CCTV နဲ့ အစားထိုးလိုက်ရင် လစာတွေ အပေးသက်သာမယ်။ လိုင်းခန်းတွေ လျော့ပစ်လို့ရမယ်။ Ferry Bus ကြီးအစား Minibus လောက်နဲ့ အဆင်ပြေနိုင်တယ်။ တိုင်းပြည် ဘဏ္ဍာငွေ သက်သာမယ်။ ဌာစွမ်းဆောင်ရည်တက်မယ်။ ဌာနနဲ့ ဆက်နွယ်တဲ့ ပြည်သူတွေ အဆင်ပြေစေမယ်။ အဆင်မပြေတာက အဲ့ဒီ အိုကြီး/အိုမ/ပေါက်သင်ညို၊ တောက်တက် လေးတွေဘဲ။ မသနားနိုင်ဘူးလား။

ဝန်ထမ်းဥပဒေအရ ဘယ်ဝန်ထမ်းကိုမှ ဘက်ဂျက် မလောက်လို့၊ ဖွဲ့စည်းပုံ အသစ်အရ မလိုအပ်တော့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အငြိမ်းစား ပေးလို့မရတာပဲ။ ပေးလိုက်ရင်လည်း ဒီမိုကရေစီ ခေတ်၊ သူတို့ ဆန္ဒပြမှာပေါ့။ အကြောင်းရှာပြီး အနားပေးလိုက်ရင် လက်မှိုင်ချထွက်သွားတဲ့ သူတို့ ကြောပြင်ကို ခင်ဗျား ကြည့်နေနိုင်ရင် နေနိုင်မယ်။ သူတို့ မျက်ဝန်းတွေကို စေ့စေ့ကြည့်ရဲဖို့တော့ မလွယ်လောက်ဘူး။

သိပ်ကောင်းလှတဲ့ ဝန်ထမ်းဘဝ မဟုတ်ပေမဲ့ အပြင်မှာလည်း ထူးမခြားတဲ့ ဘဝတွေမို့ တံစက်မြိတ်လေးမှာ သူတို့ ရပ်နေတာပါ။ မိုးစဲတော့ သူတို့လည်း ထွက်သွားမှာပေါ့။ မိုးစဲရင် ခင်ဗျားတို့ လိုသလို ဖြိုဖျက် အိမ်သစ်ဆောက်နိုင်ပါပြီ။ သူတို့ မိုးမင်းကြီးကို ဆုတောင်းပေးနေပါတယ်။ အခုတော့ သူတို့ ခင်မျာ ဝန်ကြီးဌာနတွေလျော့မယ်ဟဲ့၊ စက်ရုံတွေ ပုဂ္ဂလိက ပေးမယ်ဟဲ့ အသံတွေကြားတိုင်း ဒီတဲ့ပုပ်လေးက ဟိုး ဝေးလံတဲ့ တဲပုပ်လေးဆီ မိမိစရိတ်နဲ့ ပြောင်းနိုင်ဖို့ အရေး ထုပ်ထားတဲ့ အိပ်ရာလိပ်တွေတောင် ဖြန့်မခင်းမိပဲ ကြမ်းပေါ် အိပ်ခဲ့ရတဲ့ ညတွေလည်း များလှပါပြီ။

သူတို့ နှစ်ပေါင်းများစွာ စားခဲ့ရတဲ့ အသီးက ခါးသက်လွန်းတော့ အခုစားရမဲ့အသီးက ချိုမှာလား။ သူတို့ဘဝတွေ တောက်ပြောင်လာမှာလား။ ဘယ်လောက် ကြာဦးမှာလဲ။ လောလောဆယ် လ မြန်မြန်ကုန်ဖို့။ မျက်စီဖွင့်/နားလေး စွင့်လို့ ငွေချေးရမဲ့ အသိ ကြိုကြို ကြည့်ထားရတဲ့ ဘဝတွေပါ။ ဖြေးဖြေးတော့ မောင်းပါကွယ်။ သူတို့ အပြေးမသန်တော့ဘူး။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံတွေ အထိုက်အလျောက် ဖွံ့ဖြိုးတိုးတက်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ အဆင်ပြေလာတဲ့အခါ အပြောင်းအလဲ ဟန်ချက်ညီမယ် ထင်ပါ့။ လောလောဆယ် ပုဂ္ဂလိကပိုင် လုပ်တော့ လုပ်ငန်းရှင်က မြေဘဲယူမယ်။ ကျန်တာမယူနိုင်ဘူး ဆိုလို့ မကောင်းတဲ့ စက်တွေ တစစီဖြုတ်လို့ ဝန်ထမ်းတွေ တသီကြီးရွှေ့။ နေရာသစ်မှာ ပြန်ဆင်လဲ အမြတ်မထွက်ပြီမို့ ရပ်ထားတာ ကောင်းပါတယ်ဆိုပြန်တော့ အဲ့ဒီ ပါးစပ်ပေါက်တွေ ဘာနဲ့ ကျွေးရမှာလဲ။ JV လုပ်မှဖြစ်မယ်ဆိုတော့ မလုပ်နိုင်ဘူးတဲ့။ အစိုးရ (တနည်း နိုင်ငံ /ပြည်သူ) မို့ အရှုံးခံနိုင်မယ် ကျုပ်တို့က အရှုံးမခံနိုင်ဘူး ဆိုတော့ကာ "မိအေးရယ်………………နင်တော့ ဆယ်ခါမက နာပြီပေါ့"။

တခါတလေ ကလေးဆန်ဆန် တွေးကြည့်တယ်။ အစိုးရ ယန္တယားကြီး အထနှေး၊ အသွားနှေး၊ အပေါ်ပိုင်းပြောင်းတယ်။ အောက်ပိုင်းက အပြောင်းဘူးလို့ ဆိုကြတယ်။ Driver ပြောင်းတာ ဘာခက်လဲ။ ဘာကောင်ဘဲ တက်တက်၊ အာတွန်ဆန်န ပဲမောင်းမောင်း ချီးပိုးထိုးကားက ဖွတ်ချက်ဖွတ်ချက်နဲ့ဘဲ သွားမှာပေါ့။ ဖာဂူဆန်/ဝင်းဂါး ဘယ်သူဘဲ ကိုင်ကိုင် မြန်မာအသင်း အာရှချန်ပီယံ နေ့ချင်းညချင်း ဖြစ်မလာဘူးမဟုတ်လား။ နဂိုရှိမှ နဂိုင်းထွက်တာလေ။ ဒီတော့ လက်ရှိဝန်ထမ်းတွေကို ပုံမှန်အစိုးရအဖြစ် သတ်မှတ်။ နေမြဲအတိုင်းနေ၊ သိပ်တာဝန်မပေးနဲ့တော့။ တိုးတက်ဖို့ ခေတ်မီဖို့ Democratization Process ဆိုတာကြီး မြန်မြန်ဖြတ်ဖို့ Dynamic Democratic Government ဆိုတာ သက်သက် ဖွဲ့လိုက်ရင် ကောင်းမယ်လို့။ လူသစ်တွေနဲ့လေ။

နို့မိုဆို ၂၀၁၅ နောက်အစိုးရလည်း တက်ရော ခရီးမပေါက်တိုင်း သွားလေသူကြီးတွေ အပစ်တင်၊ လက်ရှိ လိပ်/မြွေ/ဖား/ပေါက်သင်ညို/တောက်တက် လေးတွေကို ကန်ကြောက်၊ ဖြုတ်/ထုတ်/သတ် ခံရ၊ မျက်စိသူငယ်၊ နားသူငယ်နဲ့ ယန္တယားကြီး ပေါက်ကွဲသွားမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။ ပြည်သူတွေကလည်း "ဘယ်သူ နိုင် နိုင်" "ငါတို့နိုင် နိုင်"၊ "ဘယ်သူ့ ကြက်ဖ ရှုံး ရှုံး" "သူတို့ ကြက်ဖ ရှုံး ရှုံး ကြေးဖလားနဲ့ ကြက်သားတုံး" ဆိုပြီး တက်ကြွ နေကြတာမဟုတ်လား။ ပုဝါလေး ယမ်းလိုက် "ဝေ့" လို့ အော်လိုက်တာနဲ့ "ဝေး……….ဟေး………..ဟေး၊ ဖြောင်း ဖြောင်း ဖြောင်း" ဖြစ်နေကြတာ မဟုတ်လား။

သားတော့ ဘယ်သူနဲ့ဘဲ ယူယူ၊ အမေ့ အဆုံး အဖြတ်ပါ။
အမေ့ကို ကိုတရုတ်ကလည်း ကြည့်နေတယ်။
ကိုကုလားကလည်း ရှိုးနေတယ်။
ဟိုး နောက်ဖက်ရပ်ကွက်ကလည်း ချောင်းနေတယ်။ အိမ်နီးချင်းတွေကလည်း ဘယ်လိုလဲတဲ့။

အမေ့ ရင်ခွင်ကို ပြန်လာချင်တဲ့ သား/သမီးတွေလည်း ရှိတယ်။ အမေမှားရင် အမေ့ ကို မေးငေါ့၊ အမေ့ သား/သမီးလို့ ပြောရမှာ ရှက်၊ အမေ့ စကား လူကြားထဲ မသုံးရဲတော့မဲ့ တနယ်တကြေးက ဝမ်းမနာသားတွေ များလာမှာပေါ့။

"ကျမ ဘယ်လို ဆုံးဖြတ်ရမလဲ၊ ခေါင်းတွေပူလာပြီ။ အသင် ရုက္ခစိုးနတ်မင်း ကယ်ပါ။"

"ဝုန်း………….ရှီး…"

"အိမ်း………..နင် လိုလားတောင်းတလွန်းလို့ ငါ ကိုယ်ထင်ပြရတာကွ"
"နင်ဖာသာ ဆုံးဖြတ်ရမှာဘဲ၊ ငါလည်း မလုပ်ပေးနိုင်ဘူး။"
"ကလေးတွေကို စာသင်၊ ဥာဏ်အလင်းကို ဖွင့်"
" အလုပ်ကြိုးစားဖို့ပြော၊ အလုပ်အကိုင်တွေရှာပေး"
"လုပ်စားကိုင်စား ရှိမယ့် ပတ်ဝန်းကျင် ဖန်တီး၊ အချင်းချင်း စည်းစည်းလုံးလုံး ရှိပစေ"
"နင် ဘယ်ယောင်္ကျားနဲ့ ပေါင်းပေါင်း အရေးမကြီးဘူး"
"သူတို့ ခြေထောက်ပေါ် သူတို့ ရပ်နိုင်အောင် လုပ်ပေးဖို့လိုတယ်။"
"သူတို့ ညီအစ်ကိုတွေ အချင်းများဘဲ တက်ညီလက်ညီ လုပ်သွားရင် ရပ်ကွက်ထဲ နင်တို့ တိုက် အမြင့်ဆုံး ဖြစ်မှာဘဲ။"
"နင်ကြာကြာပေါင်းလှ တစ်ယောက် ၅ နှစ်ပေါ့။"

"ဝုန်း…" "'ဒုန်း….." "ဂလွမ်း" "အီး……..ဝါး…"

"မေမေ သားကို ကလားတွေ နှိပ်စက်နေတယ်"
"မေမေ ဘုရားစင် မီးလောင်နေတယ်"
"ကျွန်တော့်ကို အမွေခွဲပေးတော့"
"မရရင် ချမှာပဲ ထိရဲ ထိကြည့်"
"နောက်ဖေးနံရံ အချိုးခံနေရပြီ၊ ငါဖာသာ လုပ်မှရတော့မယ်။"
"သမီးကို ဈေးဆိုင် ပေးနော်"
"သားက နားကပ်ယူမယ်"

(ပြာရိပြာရာ လေသံဖြင့်)
"ကိုစိန်…..ကိုစိန် ရှင်ဘာလုပ်နေတာလဲ။ မီးငြိမ်းလေ၊ ကလေးတွေထိန်းဦးလေ"
"ဒုက္ခပါပဲ၊ မလေးက အငယ်မရော ဘာဖြစ်နေပြီလဲ"
"မေမေ သားသား ဗိုက်ဆာတယ်"

(အသံ ခပ်မြင့်မြင့်လေး)
"ကို…စိန်"
"ဆန်နို့ ဆီဗူး နှစ်လုံးနဲ့ ဆီ ငါးကျပ်သားလောက် လမ်းထိပ်ဆိုင်မှာ သွားချေးဦး"

(စိတ်ရှုပ် အားငယ်သံ)
"ကျမ ဒုက္ခတွေ ရှင် မြင်ပါရဲ့လား၊ ကျမ ဒုက္ခတွေ ရှင် မျှဝေယူမှာလား"
"ရိုးမြေကျ ပေါင်းမှာလား၊ ရှင်မရှိတဲ့ နောက်ပိုင်း ကျမ ကလေးတွေ အတွက်ရော ဘာတွေ စီမံထားပြီလဲ….."
(တိုးညှင်းစွာဖြင့်)
"ရှင့်မလဲ ရှင့်ကလေးတွေနဲ့"
"ရင်မောရပါဘိ"

ရူးအော့သလော က ကောင်းဆုံး ဖြေဆေးလား၊ ဒုတ်တပျက် ဒါးတပျက် ရူးအော့သ မလောတဲ့ သားတွေကို ဘာနဲ့ ထိန်းမှာလဲ။
အိမ်ဦးခန်းမှာ ဘုရားစင် သုံးလေးငါးမျိုး ထားပြီး ကိုယ်ယုံကြည့်ရာ ကိုးကွယ်တဲ့ ယဉ်ကျေးမှု အမှန်တကယ် ထွန်းကားပြီလား။
အင်္ဂလိပ်ခေတ်က ရေးဆွဲထားတဲ့ မပြင်ရသေးတဲ့ ဥပဒေ (၆၀၀) ကျော် ဘယ်နှရက်နဲ့ ပြင်မှာလဲ။
တရားမဝင် ဆောက်ထားတဲ့ ဗလီတွေကို ဖျက်မယ် တဆာဆာအော်နေတဲ့ အရပ်မှာ ဘဘုရား ဘုန်းဘုန်း ကိုယ်တိုင်ဆောက်ထားတဲ့ သုံးထပ်ကျောင်းဆောင်တွေ လက်ညိုးထိုးလာရင် ဘယ်လို ရှင်းမှာလဲ။
ဂူတွေ၊ ဌာပနာတိုက်တွေ၊ စေတီ၊ ပုထိုးတွေ အတွက် စည်ပင်/ဆောက်လုပ်ရေး လျောက်ရမှာလား။
ဘယ်လို စံချိန်စံညွှန်းတွေနဲ့ စစ်ဆေးခွင့် ပြုမှာပါလဲ။
ဘင်္ဂါလီတွေ၊ ဝှက်ကဒ်တွေ၊ မှတ်ပုံတင် သန်းခေါင်စာရင်းတွေ အကြောင်း ပြောပြောနေကြတော့ မြန်မာပြည် အနှံ့အပြားက မှတ်ပုံတင်/သန်းခေါင်စာရင်း မရှိတဲ့ ကျေးရွာတွေ၊ နယ်စပ်ဒေသ ဟိုဘက်ကူး၊ ဒီဘက်ကူး ကြုံသလို မွေးလာတဲ့ တိုင်းရင်းသား ကလေးငယ်တွေ၊ ကိုယ့်အဖိုး/အဘေး ဘယ်သူမှန်းမသိ၊ မိဘတွေ ပြည်တွင်းစစ်မှာ ကျဆုံးသွားပြီ ဖြစ်လို့ တိုင်းရင်းသား စစ်စစ်ကြီးကနေ နိုင်ငံမဲ့ ဖြစ်သွားရမယ့် သိန်းသန်းချီနေတဲ့ ပြည်သူတွေ။
အိမ်နီးချင်း နိုင်ငံတွေနဲ့ မပြီးပြတ်သေးတဲ့ ကုန်း/ရေ ပိုင်ဆိုင်မှု အငြင်းပွားတာတွေ။
ကိုယ်က ရူးအော့သလောနဲ့ လုပ်ပေးပါဆိုလို့ သတိထောက်လိုက်တာ၊ ရူးအော့သလော အတိုင်း ဖြစ်စေရပါမယ်ဆိုပြီး တရားဝင်/မဝင် အကုန်ဖမ်းပြလိုက်တာတွေ…..

ကျန် ပြသနာပေါင်း သောင်းခြောက်ထောင်ကို ခင်ညားတို့ ပြောပြောနေတဲ့ Transparency တွေ၊ Accountability တွေနဲ့ ငြင်းခုန်ကြပါလေ။

နောက်ခံတေး…

"အယူအဆ အမျိုးမျိုး လိုရာဆွဲကာ…………..အဖိုး/အဖွားနဲ့ သားသည် မိခင်…." (ခင်ဝမ်းအသံဖြင့်)
"ဟေ့ သွေးချင်း ညီအစ်ကိုများ…..စည်းလုံးချင်းသည် အင်အား…." (ရင်ဂို အသံ ဖြင့်)
"လေပြင်မုန်တိုင်း တိုက်ခတ်သော်လည်း…….မက်တက်သာ…" (မာမာအေး အသံဖြင့်)

ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ ဇာတ်ပို့၊ ဇာတ်ရံ၊ ဒါရိုက်တာ၊ နောက်ခံတေး

သက်ထွေးအောင်
(၁၀-၆-၂၀၁၃)

ရေတစ်မှုတ် ကွမ်းတစ်ယာ

$
0
0
ရေတစ်မှုတ် ကွမ်းတစ်ယာ

“ တကယ့်ကိုပါပဲဗျာ။ အဲဒီချိုချဉ်လေးဟာ ကမ္ဘာမှာ အချိန်မြိန်ဆုံးလေးပါပဲ။ ဘယ်အရာဘယ်လိုကောင်းကောင်း အဲဒီချိုချဉ်လေးရဲ့အရသာ၊ ကြည်နူးမှုကို မီမယ်မထင်ပါဘူး ”
သူငယ်ချင်းက သူရဲ့ကောင်မလေး ချိုချဉ်နွှာကျွေးခြင်းကို တင်စားပြောနေခြင်းဖြစ်သည်။
သူတို့က ရည်းစားပူပူးနွေးနွေးဖြစ်သဖြင့် အရာရာတိုင်းဟာ ပျော်ရွှင်နေစေသည်။ သူကဆက်ပြောသည်
“ ကျွန်တော် သူ့အိမ်ကိုရောက်တိုင်း ခပ်တိုက်တဲ့ရေဟာ ရင်ထဲမှာ အေးမျှသွားတာပဲ။ ဒီမှာလေဗျာ အဲဒီချိုချဉ်ခွံ လေးပေါ့။ ခုထိရှိတုန်းပဲ။ ဒါလေးကြည့်မိတိုင်း ကြည်နူးစိတ်ကပေါ်ပေါ်လာတယ်ဗျာ”
သူက သည်းသည်းလှုပ်မျှ ထပ်ညွှန်းပြန်သည်။ ကျွန်တော် အတွေးထဲ သတိရလိုက်မိသည်။
“ တို့တွေအတွက်က အမေ့ရဲ့လက်ရာဟာ ဘယ်စားဖိုမှူးမှ လိုက်မီမှာမဟုတ်ဘူး။ အမေ့ငါးပိထောင်းကို တမ်းတစဲပါကွာ ”
အမေ့ကို တမ်းတမ်းတပြောသော သူငယ်ချင်းအကြောင်း တွေးမိရင်း ချစ်သူချိုချဉ်ကြောင့် အမေ့လက်ရာမေ့သွားသော သူငယ်ချင်းကို
“ ဒီလိုပါပဲကွာ ငါလဲ ကြုံခဲ့ဘူးပါတယ် ” ဟု အားကျမခံပြန်ပြောလိုက်တော့သည်။
…………………………….
“ ညတုန်းက ကလေးတွေ သီချင်းဆိုရင်း ဆက်စပ်မိလို့ ဗျတ်ဝိ၊ ဗျတ္တအကြောင်း မေးလာတယ်ဗျ။ ကျွန်တော်လည်း ဂဃနဏသိပ်မသိတော့ ဒီနေ့မှပြောပြမယ်လို့ ပြောခဲ့ရတယ်။ နည်းနည်းလောက် ပြောပြပါဦးဗျ”
မေးလာသော သူငယ်ချင်းကို ကျွန်တော်က သိသလောက်ပြောပြဖြစ်သည်။ သင်္ဘောပျက်မှ ပါလာကြောင်း၊ ဘုန်းကြီးတစ်ပါးမှကယ်ဆယ်ကြောင်း၊ ဇော်ဂျီဖိုဝင်သားစားမိပြီး သူတို့အစွမ်းအစများအကြောင်း၊ ပန်းဆက်ရပုံအကြောင်းကို သိသမျှပြောပြရသည်။ သူပြန်သွားပြီး ညနေမှာပင် တစ်ခေါက်ထပ်လာပြန်သည်။
“ နေ့လည်က အကြောင်းပြောချင်လို့ဗျ။ ကလေးတွေများအထင်သေးလို့မရဘူးဗျို့။ မေးတတ်လိုက်တာဗျာ။ ခင်ဗျားပြောတဲ့အကြောင်းတွေကို ပြောပြတော့ ကလေးတွေကမေးတယ်ဗျ။ အဖေတဲ့ ကွမ်းတစ်ယာကျွေး၊ ရေတစ်ခွက်တိုက်ပြီး ဘာ့ကြောင့် မာန်လျှော့ခိုင်းရတလဲတဲ့။ ကျွန်တော်ကလဲ သူ့ကိုသတ်လို့ရအောင်၊ သေအောင်ကွမ်းတစ်ယာ၊ ရေတစ်မှုတ်ဆက်ပြီး စိတ်ကို လျှော့ခိုင်းတာပေါ့လို့ ဖြေလိုက်တယ်။ ဟုတ်ရောဟုတ်ရဲ့လားမသိပါဘူးဗျာ ”
သူပြောမှ ကျွန်တော်လည်းပြန်တွေးကြည့်မိစဉ် တစ်နေ့က ချစ်သူကျွေးသော ချိုချဉ်ကို အမွှန်းတင်ခဲ့တဲ့ သူငယ်ချင်း၏ မျက်နှာကို ဖြတ်ခနဲ သတိရမိလိုက်တော့သည် …။

မောင်ပိုင်
— with Pyae Phyoe Hlaing and 2 others.

အနှစ်ကိုးပါးတရား

$
0
0
အနှစ်ကိုးပါးတရား

(မြန်မာပြည်ကို စိတ်ပျက်နေသူတွေအတွက်)
(မြန်မာလူမျိုးတိုင်းဖတ်ကြည့် နာယူသင့်တဲ့တရားဖြစ်ပါသည်)

၁၃၄၃ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် (၁၉၈၁ ခုနှစ်) သီတဂူဆရာတော်ဘုရားကြီး (အရှင်ဥာဏိဿရ) ဟောကြားတော်မူခဲ့သော တရားတော်ထဲက တစ်ချို့ကို ပြောပြလိုပါတယ်။
ဒီတရားတော်မှာ ဘာ့ကြောင့်မြန်မာပြည်မှာ လူဖြစ်ရတာမြတ်လဲ။ တန်ဖိုးရှိစေလဲဆိုတာ ဟောကြားထားပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာပြည်ကို အားမလိုအားမရဖြစ်နေသူတွေ၊ စိတ်ပျက်နေသူတွေကို အသက်ဆက်နိုင်မယ့် ဆေးတစ်လက်ဖြစ်စေခြင်းငှာ ရေးသားလိုက်ရတာပါ။ ဒီတရားတော်ကိုဖတ်ရှုပြီး တန်ဖိုးရှိသော လူ့ဘ၀ကိုတည်ဆောက်နိုင်ကြပါစေ။ တန်ဖိုးရှိသော လူ့ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ကြပါစေ။

အနှစ်ကိုးပါး
(က) ရတနာသုံးပါး
(၁) ဘုရားရတနာ
(၂) တရားရတနာ
(၃) သံဃာရတနာ
(ခ) သိက္ခာသုံးပါး
(၁) သီလသိက္ခာ
(၂) သမာဓိသိက္ခာ
(၃) ပညာသိက္ခာ
(ဂ) လက္ခဏာသုံးပါး
(၁) အနိစ္စလက္ခဏာ
(၂) ဒုက္ခလက္ခဏာ
(၃) အနတ္တက္ခဏာ
ဘုန်းကြီးတို့မြန်မာပြည်မှာတော့ အဲဒီ ၉-မျိုးစလုံးအကုန်ရှိတယ်။ အကုန်လုံးကို လက်ခံတယ်။ ဒါ့ကြောင့် အနှစ်ပြည့်တဲ့ တိုင်းပြည်မှာ လူဖြစ်ရတာ အနှစ်ပြည့်တဲ့လူလာဖြစ်လို့ ကံကောင်းပါတယ်။ ကိုယ့်တန်ဖိုးကို နားလည်ကြပါ။ တန်ဖိုးရှိမှန်းသိမှလည်း တန်ဖိုးထားပါတယ်။
……………………………
ရတနာအပြည့်ရှိတဲ့ မြန်မာပြည်
“အရှင်ဘုရားတို့မြန်မာပြည်က ရတနာပြည့်တဲ့ တိုင်းပြည်”တဲ့။
“ ဘာ့ကြောင့် ရတနာတွေပြည့်တဲ့ တိုင်းပြည်လို့ပြောသလဲ၊ မိုးကုတ်ရောက်ခဲ့လို့လား ” လို့ ဘုန်းကြီးက ချော်မေးလိုက်တယ်။
“ မရောက်ပါဘူး။ ဒါပေမယ့် မိုးကုတ်ဝိပဿနာကျမ်းစာအုပ်တွေကို သူဖတ်ဖူးပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးလဲ ဖူးတော့ မဖူးဘူးပါဘူး။ ဆရာတော်ဘုရားကြီးဟောတဲ့ တရား တိတ်ခွေတွေကို ယူခဲ့ပါတယ်။ မြန်မာလိုကောင်းကောင်း တတ်တဲ့အခါကျရင်နားထောင်မယ်။ တရားတိတ်ခွေတွေယူလာပါတယ်။”
“ မိုးကုတ်ဆရာတော်ဘုရားကြီးကိုလဲ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ရုပ်တုကို ရိုက်ယူလာတာပါ။ စွန်းလွန်းဆရာတော်ဘုရားကြီး၊ မဟာစည်ဆရာတော်ဘုရားကြီးတို့၊ ညောင်လွန့်ဆရာတော်ဘုရားကြီးတို့ နေရာများကိုလည်း ရောက်ခဲ့တယ် ” လို့ သူက ပြောတယ်။
အဲဒီလို ပရိယတ္တိ၊ ပဋိပတ္တိစွယ်စုံတော်တဲ့ ဆရာတော်ကြီးတွေ မြန်မာပြည်မှာ ကျေးလက်တောရွာတွေမှာ အများကြီးပဲ။ မြို့သိမ်မြို့ငယ်လေးတွေမှာလဲ အများကြီးရှိပါတယ်။ တောရွာတွေမှာ ပိုပြီးပေါတယ်။
သူကပြောသေးတယ်။
“ အဲဒီလောက် ပရိယတ်လဲတော်၊ ပဋိပတ်လဲတော်၊ တရားအကျင့်မှာလဲကောင်း၊ မင်္ဂဥာဏ် ဖိုလ်ဥာဏ်တွေလဲပဲ ပေါက်ရောက်ပြီးတော့ တရားတကယ်သိနေတဲ့ ပုဂ္ဂိုလ်ထူးတွေဟာ မြန်မာပြည်မှာ အများကြီးရှိတယ် ”
“ဒါကြောင့် မြန်မာပြည်ဟာ ရတနာအပြည့်ရှိတဲ့တိုင်းပြည်လို့ တပည့်တော် ပြောချင်ပါတယ်” တဲ့။
ဗောဓိပင်နားမှာ တွေ့လိုက်ရတဲ့ အဘွားကြီးတစ်ယောက်ကပြောတာ။
ဘုန်းကြီးစဉ်းစားမိတယ်။ “ တို့မြန်မာပြည်ကို သူတို့ကဒီလိုမြင်တာ၊ တို့မြန်မာလူမျိုးတွေကတော့ တို့မြန်မာပြည်ကို အလွန်မွဲတဲ့တိုင်းပြည်လို့ မြင်နေတယ်။ ပြောင်းပြန်ဖြစ်နေတယ်။” လို့။
မြန်မာတွေမြင်ပုံကျတော့တစ်မျိုးကြီးပဲ။ “ မြန်မာပြည်ဟာ ဆင်းရဲတယ်၊ မွဲတယ်၊ အောက်တန်းကျတယ်။ ဘာမှဟန်မကျဘူး၊ ခေတ်နောက်ကျနေပြီ ” လို့ ပြောကြတယ်။
ခုနက အဘွားကြီးပြောသွားတာကတော့ “ မြန်မာပြည်သည် ရတနာပြည့်တဲ့ တိုင်းပြည်”တဲ့။
……………………………………….
ရတနာအပြည့်ရှိတဲ့ နှလုံးအိမ်
ဘုန်းကြီးတို့ပရိသတ်ရဲ့နှလုံးအိမ်မှာ ဘုရားလဲကိန်း၊ တရားလဲကိန်း၊ သံဃာလဲကိန်းဝပ်ပြီးသား ဖြစ်ခြင်းကြောင့် ဘုန်းကြီးတို့ ပရိသတ်ရဲ့ နှလုံးအိမ်ဟာ ရတနာအနှစ်တို့ဖြင့် ပြည့်သော နှလုံးသားလို့ ဘုန်းကြီးတို့ ဒီလိုပဲ ဆိုလိုက်ချင်ပါတယ်။
“ တန်ဖိုးအလွန်ရှိတယ် ” တဲ့။ ဗုဒ္ဓဘာသာဖြစ်ရတာ၊ နှလုံးအိမ်ထဲမှာ ရတနာသုံးရပ်တို့ ကိန်းခြင်းကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာတို့ရဲ့ နှလုံးအိမ်သည် အဖိုးအနဂ္ဃထိုက်တန်ပါတယ်။
……………………………….
ကောင်းတဲ့နေရာဆိုတာ
အရပ် ကောင်းမှာ လူဖြစ်ခွင့်ရလို့ အသိဥာဏ်ကောင်းကို ရထားတာ။ အရပ်ကောင်းမှာ လူဖြစ်ခွင့်မရရင် အသိဥာဏ်ကောင်းကို မရနိုင်ကြဘူး။ အရပ်ကောင်းနေရာကောင်းဆိုတာကို မင်္ဂလာတရားတော်က “ ပတိရူပဒေသ” လို့ ဆိုပါတယ်။
၁။ ရတနာသုံးပါးရှိတဲ့ အရပ်နေရာ။
၂။ ကုသိုလ်လုပ်ခွင့်ရတဲ့ အရပ်နေရာ။
၃။ သူတော်ကောင်းတရား ကျင့်ခွင့်ရတဲ့ အရပ်နေရာ တွေဟာ အရပ်ကောင်း၊ နေရာကောင်းလို့ဆိုပါတယ်။
စီးပွားရေးကောင်းတိုင်း၊ ပညာရေးကောင်းတိုင်း၊ မိုးထိအောင် တိုက်ကြီးတွေထောင်ပြီးတော့ တက်နေလို့ ဟိုမြေပြင်ရော ရေပြင်ရော ဝေဟင်ရော မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းမှာ ဟူးကနဲ ဟူးကနဲ အရှေ့ အနောက်တောင်မြောက် လူးလာတုံ့ခေါက် ယာဉ်အမျိုးမျိုးနဲ့ သွားနိုင်တယ်ဆိုပေမဲ့ အဲဒီလို အရပ်မျိုးတွေကို ဘုန်းကြီးတို့ကတော့ “ ပတိရူပေဒေသ-အရပ်ကောင်း နေရာကောင်း ” လို့ မဆိုချင်ပါဘူး။

…………………………….
ဆရာတော်ဘုရားကြီး ဘာသာ၊ သာသနာရေးအတွက် ကြိုတင်မျှော်တွေးပြီး ထိုတရားတော်ထဲမှာ အောက်ပါအတိုင်း ဟောကြားခဲ့ပါတယ်။
သတိမူရင် မြူကိုမြင်တယ်
နာလန္ဒာ ဗုဒ္ဓတက္ကသိုလ်ကြီးဆိုရင် တချိန်တုန်းက သိပ်အောင်မြင်ခဲ့တာပဲ။ ဒီလိုအောင်မြင်တာကို မလိုလားတဲ့ ဘာသာခြားတွေက တက္ကသိုလ်ကြီးကို မီးရှို့ပြီး ဖျက်ဆီးတယ်။ သံဃာတွေကို ညှင်းပန်းနှိပ်စက်တယ်။
သတိမူရင် မြူကိုမြင်တယ်။ သတိမမူရင်တော့ ဂူကိုတောင် မြင်မှာ မဟုတ်ဘူး။ ဒီလိုမမြင်ခဲ့ကြလို့ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ဘာသာခြားအဆောက်အဦးတွေ မင်းမူနေတာကို တွေ့ရတယ်။
ပြီးတော့ရှိသေးတယ်။ ဗောဓိပင်ကြီးနဲ့ မဟာဗောဓိပင်စေတီတော်ကြီးကို “မဟန့်”ဆိုတဲ့ ဟိန္ဒူဘုန်းကြီးက အင်မတန်ကြီးမားတဲ့ အဆောက်အအုံတွေကို မကြည့်နိုင်တဲ့ အတွက်ကြောင့် ဒါတွေပျောက်ပျက်အောင်တော့ ငါလုပ် လေမှပဲ ဆိုပြီးလုပ်လိုက်တာ ပျောက်လုမတတ်ဖြစ်သွားတယ်။
မင်းတုန်းမင်းကြီးရဲ့ ဇရပ်ကိုဖျက်ပြီးတော့ သူ့ကျောင်း ဆောက်ထားတာကိုကြည့်ပါ။ ဗောဓိစေတီကြီးထဲမှာ သူတို့ရဲ့ရုပ်ပုံတွေကို ထည့်သွင်းထားတာကိုလည်း ကြည့်ပါဦး။ ဘယ်လောက်ထိ ရက်စက်သလဲဆိုတာ ထင်ရှားလှပါတယ်။
အဲဒါအချိန်မီ ထိန်းသိမ်းထားနိုင်လို့သာ။ မထိန်းသိမ်းနိုင်ရင် ဒီနေရာ ဗုဒ္ဓစေတီလို့မပြောပဲနဲ့ ဟိန္ဒူတို့ရဲ့ ဘုရားကျောင်းကြီးဖြစ်မှာ။ ဘာသာခြားတို့ရဲ့ ဖျက်ဆီးခြင်းဟာလည်း သာသနာကွယ်ခြင်းရဲ့ အကြောင်းတစ်ခု။ အဲဒါ သဒ္ဓါတရားခေါင်းပါးလာလို့ပါပဲ။
…………………………
ပြီးတော့ ရခိုင်အရေးနဲ့ပတ်သက်ပြီး ဆရာတော်ဘုရားကြီးက လွန်ခဲ့သော နှစ် ၃၀ ကျော်ကတည်းက ဟောကြား သတိပေးခဲ့ပါသေးတယ်။
ညောင်သီးလည်းစား လေးသံလည်း နားထောင်
ဒါကြောင့် သာသနာကို ချစ်မြတ်နိုးကြတဲ့သူများဟာ ကိုယ့်ဘာသာကို နှောက်ယှက်တဲ့သူများကို ခုခံကာကွာ်ဖို့လိုပါတယ်။ အလျှော့ပေးလို့မဖြစ်ဘူး။ အလျှော့ပေးရင် ကန်းတက်ပြီး ပိုပြီးတော့ စော်ကားလာလိမ့်မယ်။
ရခိုင်ပြည်နယ်က ဘင်္ဂလားနယ်စပ်ဒေသမှာဆိုရင် ဘာသာခြားအဆောက်အဦးတွေကို တွေ့ရတယ်။ မြန်မာလူမျိုးဆိုတာ အတော်ကို ရှာကြည့်ရတယ်။
မြန်မာနိုင်ငံဖြစ်ပြီးတော့ မြန်မာလူမျိုးပျောက်နေတာဟာ နိုင်ငံနှင့် သာသနာအတွက် အန္တရာယ်သိပ်များတယ်။ မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်တဲ့။ သတိ ၀ီရိယရှိဖို့လိုပါတယ်။
ကိုယ့်အမျိုး ဘာသာ သာသနာကို ကာကွယ်ပိုင်ခွင့် ရှိတယ်။ အခြားသော ဘာသာများကို သတိထားရမယ်။ “ သူတို့ဘာလုပ်နေကြသလဲ ” ဆိုတာကို မျက်ခြေမပြတ်ကြည့်ဖို့လိုပါတယ်။ “ ညောင်သီးလည်းစား၊ လေးသံလည်းနားထောင် ” တဲ့။
……………….
ဆရာတော်ဘုရားကြီးက မြန်မာပြည်ရဲ့တန်ဖိုးရှိတဲ့ အရာတွေကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကပင် ဟောပြသွားခဲ့ပါပြီ။
ကျွန်တော်တို့က ကျွန်တော်တိုင်းပြည်ကို စိတ်ပျက်နေမယ့်အစား ကိုယ်တိုင်တန်ဖိုးရှိအောင်လုပ်ရမှာ ဖြစ်သလို ကျွန်တော်တို့တိုင်းပြည်ကြီးတန်ဖိုးရှိအောင်လုပ်ရမယ်။
ပြီးတော့ ကျွန်တော်တို့ရဲ့ ရတနာတွေ ကွယ်ပမသွားရအောင် စောင့်ရှောက်ရမယ့်တာဝန်ကိုလည်း တာဝန်သိသိ တာဝန်ရှိရှိ ထမ်းဆောင်သွားဖို့လိုပါတယ်။
ဒါမှသာ ကျွန်တော်တို့ တန်ဖိုးရှိမယ်။ ကျွန်တော်တို့ တိုင်းပြည်တန်ဖိုးရှိမယ်။ ကျွန်တော်တို့ရဲ့ ဘုရား၊ တရား၊ သံဃာ ရတနာများဟာ အဓွန့်ရှည် တည်မြဲမှာဖြစ်ပါကြောင်း စေတနာဖြင့် ရေးသားလိုက်ရပါတယ်။

မောင်ပိုင်
၉-၆-၂၀၁၃(တနင်္ဂနွေနေ့)။
— with William Tuntunko and 2 others.


ကိုယ်တိုင်တိုက် ကိုယ်တိုင်ရေး တိုက်ပွဲများ (တိုက်ပွဲဝင်တပ်မှူးများ) စာအုပ် ဗိုလ်မှူးချုပ်အောင်သိန်း (ငြိမ်း) ၏အမှာစကား အမြင်

$
0
0


by Moe Htet Myint (Notes) on Monday, June 10, 2013 at 1:53pm
       ကျွန်တော်၏တာဝန်မှာ တပ်တွင်းစည်းလုံးညီညွတ်မှုမပျက်ပြားရေးအတွက် တပ်မတော်သားများ၊ တပ်မိသားစုများအနေဖြင့် အခြေနေမှန်ကို အချိန်နဲ့တစ်ပြေးညီသိရှိအောင် ဆောင်ရွက်ရန်ဖြစ်ပါ၏ ။ ထို့ကြောင့် " ဘယ်သူခွဲခွဲ၊ ဒို့မကွဲ အမြဲစည်းလုံးမည် " ဟူသောစာတမ်းကို ရေးသားပြီး တပ်မတော်အတွင်းဖြန့်ဝေခဲ့ပါသည်။  " ဘယ်သူခွဲခွဲ၊ ဒို့မကွဲ အမြဲစည်းလုံးမည် " ဟူသောဆောင်ပုဒ်နှင့် " တပ်မတော်သာအမိ၊ တပ်မတော်သာအဖ၊ ဘေးပြောတာကိုမယုံနဲ့သွေးပြောတာကိုယုံ "
ဟူသောဆောင်ပုဒ်များကိုတပ်မတော်အတွင်းရှိတပ် အသီးသီးသို့ဖြန့်ဝေပေးခဲ့သလို တပ်မတော်အတွင်းသာဖြန့်ဝေသော " တပ်မတော်စာစဉ် " နှင့် " ဒို့ရေးဒို့ရာ " စာစဉ်များတွင်လည်း ဖော်ပြပေးခဲ့ပါသည်။ တပ်တွင်းစည်းလုံးညီညွှတ်မှု ခိုင်မြဲရေးအတွက်သာဦးတည်ရည်ရွယ်ကာရေးသားထားသောဆောင်ပုဒ်များဖြစ်၍ တပ်မတော်သားများကိုသာ ဖြန့်ဝေသည့်ဖေါ်ပြပါ စာဆောင်များတွင်သာ ထည့်သွင်းဖေါ်ပြခဲ့ပါသည်။ ပြည်သူများအတွင်းဖြန့်ဝေခြင်းမရှိခဲ့သလို ပြည်သူများဝယ်ယူဖတ်ရှုနိုင်သောမည်သည့်သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်၊ စာဆောင်တွင်မှ ထည့်သွင်းဖော်ပြခြင်းမရှိပါ။ ပြည်သူများအတွက်မဟုတ်ဘဲ တပ်မတော်သားများနှင့် တပ်မိသားစုဝင်များအတွက်သာဖြစ်၍ ထိုသို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် တစ်ချို့လူများက " တပ်မတော်သာအမိ၊ တပ်မတော်သာအဖ " ။ ဘယ်ဟုတ်မလဲ " ပြည်သူသာအမိ၊ ပြည်သူသာအဖ " ဖြစ်ရမှာပေါ့ ဟုပြောကြသည်ကိုကြားရဖူးပါသည်။ ရေးကြသည်ကိုလည်းဖတ်ရဖူးပါသည်။ ထိုဆောင်ပုဒ်နှင့်ပတ်သက်၍  ပြည့်စုံသောအသိမရှိကြသေး၍ ပြောကြရေးကြသည်ဟု ယူဆမိပါသည်။ ထို့ကြောင့်အခြေနေပေးသည့်အခါတွင် အမှန်ကိုသိအောင် ရှင်းပြမည်ဟု စိတ်ကူးရှိခဲ့ပါသည်။ယခုဗိုလ်မှူးကြီးစိန်ဝင်အောင်၏ မေတ္တာရပ်ခံချက်သည် ကျွန်တော်၏စိတ်ကူးကို အကောင်ထည်ဖေါ်ရန်အခွင့်လမ်းတစ်ခု ဖန်တီးပေးလိုက်သကဲ့သို့ ဖြစ်သွားပါသည်။ ကျွန်တော်၏အထက်ဖေါ်ပြပါ ရှင်းလင်းတင်ပြချက်များကိုဆင်ခြင်သုံးသပ်ကြည့်လိုက်ပါက " တပ်မတော်သာအမိ၊ တပ်မတော်သာအဖ "ဟူသောဆောင်ပုဒ်သည် တပ်မတော်၏စည်းလုံးညီညွတ်မှုပြိုကွဲစေရန် နည်းအမျိုးမျိုးဖြင့်သပ်လျှိုသွေးခွဲမှုများရှိနေစဉ်ကာလအတွင်း " မိမိတို့တပ်မတော်အတွင်း တပ်မတော်သည်သာအမိ၊ တပ်မတော်သည်သာအဖ ဟူသောကိုယ်စီအမြင်ဖြင့် ဘယ်သူခွဲခွဲ၊ ဒို့မကွဲ၊ အမြဲစည်းလုံးမည်ဟူသောစိတ်ဓါတ်ခိုင်ခိုင်မြဲမြဲ ရှိနေကြစေရန် " ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်မည်ကို တွေ့ရှိသွားကြမည်ဟု ယူဆပါသည်။

(  ကိုယ်တိုင်တိုက် ကိုယ်တိုင်ရေး တိုက်ပွဲများ (တိုက်ပွဲဝင်တပ်မှူးများ) စာအုပ်
ဗိုလ်မှူးချုပ်အောင်သိန်း (ငြိမ်း) ၏အမှာစကား
အမြင်ရှင်းစေလိုသော ဆောင်ပုဒ်တစ်ခုမှ.......................။ )

တပ်မတော် ဘာလဲ...ဘယ်လဲ....၁၅

$
0
0
" တပ်မတော် ဘာလဲ...ဘယ်လဲ....၁၅ "
------------------------------------------------

၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့  ညနေ ၃နာရီ လောက်မှာ….

နမ့်စန် လေတပ်စခန်းရဲ့  ပြေးလမ်းထိပ်မှာ အသင့်ဖြစ်နေတဲ့ …..

တပ်မတော်(လေ)ရဲ့ .....

Super Galeb G4 အမျိုးအစား တိုက်လေယာဉ် အုပ်စု ဟာ ....

လက်နက်အပြည့်အစုံနဲ့  …..

လေထဲကို တဟုန်ထိုးပျံတက်သွားပါတယ်…..။


ဒီ တိုက်လေယာဉ်အုပ်စုဟာ …..

လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ …..

ကက(ကြည်း)ရဲ့  တိုက်ပွဲဝင် အသင့် အမိန့် ကို…..

လက်ခံရရှိခဲ့ပြီး ထပ်ဆင့်ဆိုသလို …..

ကက(လေ)ရဲ့ စစ်ဆင်ရေးအမိန့် ကိုပါ ရရှိခဲ့ပါတယ်.…..

လေသူရဲအားလုံးဟာ ….

မြေပုံခန်းက အထွက်မှာတော့ …..

သူတို့ တိုက်ခိုက်ရမယ့် ပစ်မှတ်ကို …..

ရှင်းရှင်းလင်းလင်းသိခဲ့ပြီးပါပြီ ….

သူတိုဟာ…ယိုးဒယား မြန်မာ နယ်စပ် ….

အို 7 တောင်ကုန်း တစ်ဝိုက်မှာ …..

ရှေ့ တန်းအမှတ် ၃၅၉ ခြေလျင်တပ်ရင်း နဲ့ …..

တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့  ……

ယိုးဒယား တင့်ကားတွေ ကို …..

လေကြောင်းပစ်ကူနဲ့ ဝင်ရောက်တိုက်ခိုက်ရတော့မှာပါ …

ဒါဟာ …၂၀၀၁ ဖေဖော်ဝါရီ ၇ ရက်နေ့ မှာစ ခဲ့တဲ့ ….

ယိုးဒယား မြန်မာ နယ်စပ်တင်းမာမှုအရေး …..

ပေါက်ကွဲသွားတာလည်းဖြစ်ပါတယ်….....။


အို7 တောင်ကုန်းဟာ ….

တာချီလိတ်မြို့  ပုန်းထွန်ရပ် ရဲ့ အရှေ့ တောင်ဘက် ….

ယိုးဒယားနိုင်ငံ မယ်ဆိုင်မြို့ နဲ့ …..

ကိုက် ၂၅၀၀ အကွာလောက်မှာ တည်ရှိတဲ့ တောင်ကုန်းဖြစ်ပြီး …..

၁၉၉၅ မှာ MTA အဖွဲ့ တွေက ……

တောင်ကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ …..

တာချီလိတ်မြို့ ကိုလှမ်းပစ်ပြီးကတည်းက …..

တပ်မတော်က တပ်စုတစ်စုဟာ …..

တောင်ကုန်းပေါ်မှာ အမြဲတန်း တပ်စွဲနေခဲ့ ပါတယ်….။

အဲဒီတပ်စုရဲ့ ငြိမ်းချမ်းမှုဟာတော့ …..

ဖေဖော်ဝါရီလ ၇ ရက်နေ့ မှာပျောက်ဆုံးသွားခဲ့ရပါပြီ ……။


ခလရ ၃၅၉ က တပ်စုမှူး ဒုအရာခံဗိုလ်ကျော်ဌေးဟာ …..

ကွပ်ကဲမှု စစ်ကြောင်းထံ ဆက်သွယ်ရေးစက်နဲ့  …..

အခြေအနေအားလုံး သတင်းပို့ နေပါတယ် ….

ယိုးဒယား နယ်ခြားစောင့် တပ်ဖွဲ့ ဝင် ၂၀ လောက်ဟာ …..

စခန်းနဲ့ ကိုက်၂၀၀ အကွာမှာနေရာယူထားပြီး …..

ယိုးဒယားစစ်တပ်က ဗိုလ်ကြီး ယိုးထင် ခေါင်းဆောင်တဲ့ …..

အင်အား ၄၀ လောက်က ….

သူတို့ ကို စခန်းက ဆင်းသွားဖို့ အမိန့် ပေးတဲ့ အကြောင်းပါ…..။

ယိုးဒယား V150သံချပ်ကာယာဉ်


တပ်စုမှူး က ငြင်းဆန်ခဲ့ ပြီး တစ်နာရီလောက် အကြာမှာတော့ ….

ယိုးဒယားတပ် ဖွဲ့ ဝင် ၁၀၀ လောက်ဟာ …..

v 150 သံချပ်ကာယာဉ် ၂စီး ……

M60 တင့်ကား လေးစီး ….

၁၂၀မမ အမြောက်တင် သံချပ်ကာ ၂စီးတို့ နဲ့ ဆိုက်ရောက်လာခဲ့ ပြီး …

တစ်ချိန်တည်းမှာပဲ .....

တပ်မတော်ဘက်ကလည်း …..

ခလရ ၃၅၉ က တပ်ခွဲ ၂ ဟာ ရင်ဆိုင်တပ်ဖြန့် နေရာယူနေပါပြီ….

ဖေဖော်ဝါရီလ ၈ ရက်နေ့ မှာတော့ …..

ယိုးဒယားတပ်ဖွဲ့ ဝင် သုံးရာခန့် ဟာ …..

အတွဲလိုက် ဒုံးပစ်စင် MLRS စနစ်တင် သံချပ်ကာကား ၃ စီး …..

တင့်ကားများနဲ့ အတူ ထပ်မံအင်အားဖြည့်တင်းခဲ့ပြီး …..

တပ်မတော်ဘက်ကလည်း ….

ခလရ၃၅၉ က စစ်ကြောင်း၂ တစ်ကြောင်းလုံး …..

ဝင်ရောက်နေရာယူခဲ့ ပါတယ်…..။


နှစ်ဖက် အပြိုင်တင်းမာနေတဲ့ အခြေအနေဟာ …..

ဖေဖော်ဝါရီ ၁၁ရက်နေ့ မှာတော့ …..

နှစ်ဖက် ပစ်ခတ်မှုတွေနဲ့ အတူ ပေါက်ကွဲသွားခဲ့ပါပြီ ….

နှစ်စဉ်ပြုလုပ်နေကြ Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ….

ဒီနှစ် ချင်းရိုင်းဒေသမှာ ပြုလုပ်ခဲ့ တာဖြစ်လို့ …..

နယ်စပ်တစ်ဝိုက် အသင့်ရှိနေတဲ့ …..

ယိုးဒယားသံချပ်ကာတပ်များဟာ …..

တိုက်ပွဲဖြစ်ပွားရာဒေသကို အမြန်ဆုံး မောင်းနှင်လာနေသလို …..

တြိဂံဒေသတိုင်းထဲက …..

တပ်မတော် ခြေလျင် တပ်ရင်းတွေဟာလဲ …..

စစ်ကူချီတက် လာနေပြီဖြစ်ပါတယ် …….

တိုက်ပွဲအဟုန်ကို မြင့်တက်သွားစေတာကတော့ …..

ဖေဖေ၀ါရီ ၂၁ ရက်နေ့ မှာ လွယ်တော်ခန်းစခန်း ….

ဧပြီ ၂၂ ရက်နေ့ မှာ ပါချီးစခန်း …..

၂၃ ရက်နေ့ မှာ နယ်စပ် ဘီပီ 1 စခန်းတို့ ကို …..

ယိုးဒယား နိုင်ငံအခြေစိုက် SURA ရွက်ဆစ်အဖွဲ့  နဲ့  …..

ယိုးဒယားစစ်တပ် ပူးပေါင်းပြီး ….

ဝင်ရောက်တိုက်ခိုက်လိုက်တာပါပဲ......။


သာလွန်အင်အားသုံးပြီး ….

တပ်စုအဆင့် စခန်းလေးများကို .....

ဝင်ရောက်တိုက်ခိုက်တဲ့ အတွက် …..

စခန်းများကျဆုံးသွားချိန်မှာတော့ ……

နှစ်နိုင်ငံ အမြောက်တပ်တွေဟာ ……

နယ်စပ်ဖြတ်ကျော်ပြီး အပြင်းအထန်ပစ်ခတ်နေကြပါပြီ ……


ဖော်ဖေ၀ါရီလ ၁၁ရက်နေ့ ….

ယိုးဒယား ရဟတ်ယာဉ်တစ်စီး ပစ်ချခံလိုက်ရတဲ့ နောက်မှာ …..

ယိုးဒယားဖက်က F5 E အမျိုးအစား , F 16 အမျိုးအစား ….

ဂျက်တိုက်လေယာဉ်တွေကို စတင်အသုံးပြုလာပြီး ……

တပ်မတော်ဘက်ကတော့ G 4 အမျိုးအစား …..

Ground Attack တိုက်လေယာဉ်တွေကိုသုံးစွဲခဲ့ ပါတယ်…..

ဝေဟင် တိုက်ပွဲတွေ မဖြစ်ပွားခဲ့ ပေမယ်လည်း …

နှစ်ဖက်လုံးက လေကြောင်းတိုက်ခိုက်မှုတွေကို …..

ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ ကြပြီး …..

ယိုးဒယား လေတပ် ကတော့ …..

လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ခန့် ပြုလုပ်ခဲ့ ကြောင်း ……

သတင်းထုတ်ပြန်ခဲ့ ပါတယ်………။


တိုက်ပွဲကာလ နောက်ပိုင်းတွေမှာ …..

တာချီလိတ်နဲ့ မယ်ဆိုင်မြို့ များအတွင်းကို …..

နှစ်ဖက် အမြောက်များ အပြန်အလှန်ပစ်ခတ်ခဲ့ ကြပြီး …..

အရပ်သားသေဆုံးမှုဖြစ်စဉ်တွေပါ ဖြစ်ပေါ်ခဲ့ ပါတယ်…..

ဖေဖော်ဝါရီ ၂၄ မှာတော့ ....

O7 ကုန်းကို ၀ိုင်း တိုက်ခိုက်နေတဲ့ ....

ယိုးဒယားတပ်တွေကို …..

တန်ပြန်ထိုးစစ်ဆင်နွှဲ ခဲ့ကာ မောင်းထုတ်နိုင်ခဲ့ ပေမယ့် …

ကျထိန ၊ပါချီး ၊လွယ်တော်ခန်း ၊လွယ်မဆုတ် ၊ လွယ်ခန်းရှိုး စတဲ့ ……

စခန်းအတော်များများကတော့ ……

ဇွန်လ ထဲမှပဲ ပြန်လည် သိမ်းပိုက်နိုင်ပါတော့တယ်…….။


ဒါဟာ တပ်မတော်အဖို့ တော့ …..

သူအမြဲ သတိထားစောင့်ကြည့်ရမယ့် …..

အိမ်နီးချင်းတစ်ယောက်ရှိနေတယ်ဆိုတာ ……

သတိပေးလိုက်သလို ဖြစ်သွားခဲ့ပြီး …..

နောက်တစ်နှစ်မှာပဲ….

ယိုးဒယားလေတပ်ရဲ့ F 16 တိုက်လေယာဉ်များကို ယှဉ်ပြိုင်နိုင်ဖို့ ……

MIG 29 ခေတ်မီ တိုက်လေယာဉ် နှစ်အုပ်ကို …..

ရုရှားနိုင်ငံက ၀ယ်ယူခဲ့ ပါတယ်……။


တကယ်လဲ သူထင်သလိုပဲ ….

နယ်စပ်ပြသနာဟာမပြီးသေးပါဘူး ….

နောက်ထပ် ၁၀လ အကြာမှာ …

ပန်မိုင်ဆွန်ဒေသ ခြေကုပ်စခန်းများအားလုံးကို ….

ယိုးဒယားစစ်တပ်ရဲ့ ပစ်ကူနဲ့  …..

SURA အဖွဲ့ က ထိုးစစ်ဆင်တော့မှာဖြစ်သလို ….

အခုတိုက်ပွဲစဉ်တွေထက် ကျယ်ပြန့် တဲ့ တိုက်ပွဲတွေကိုလဲ…..

အချိန်အတော်ကြာ ဆင်နွှဲရတော့မှာဖြစ်ပါတယ်…..။



( အပိုင်း ၁၆ နောက်ရက် ဆက်တင်ပါမည် )
— with ရုပ် ဆိုး and 75 others.

သမ္မတဖြစ်ချင်သူ နှစ်ယောက်နဲ့ ၂၀၁၅ အတွက် နည်းနည်းလေး ပြောမယ်

$
0
0
 

သမ္မတဖြစ်ချင်သူ နှစ်ယောက်နဲ့ ၂၀၁၅ အတွက် နည်းနည်းလေး ပြောမယ်.....

၂၀၁၅ ခုနှစ်အတွက် အပြိုင်အဆိုင် စိတ်ကူးယဉ်ကြပေတော့သည်...... စင်မြင့်ပေါ်တွင် ရှိသူများကား သမ္မတအိပ်မက်အား စိတ်ကူးယဉ်နိုင်ကြပေသည်...... ၎င်းတို့ပါတီများ မည်သည့်ရံပုံငွေဖြင့် ရပ်တည်သည်ကို မသိရှိရသော်လည်း တိုင်းရင်းသား ဒေသများရှိ တိုင်းရင်းသားများအား ကိုယ်စားပြုသည့် ပါတီများနှင့် ပါတီငယ်များအဖို့တော့ ရံပုံငွေဆိုသည်မှာ ထမင်းလုံးတစ္စေပင် ဖြစ်နေသည်.....

ကြံ့ဖွံ့ ဥက္ကဌနှင့် ဒီချုပ် ဥက္ကဌတို့၏ ထူးခြားသည့် ခြေလှမ်းများအား ယခင်အကောင့် မပျက်မီက ထုတ်ဖော်ဝေဖန်ခဲ့ပေသည်.....ဒီချုပ်ဥက္ကဌမှာ သမ္မတဖြစ်ချင်သည်ဟု ယခင်ကပင် ပြောဆိုခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ကြံ့ဖွံ့ဥက္ကဌ အသစ်မှလည်း အခွင့်အရေးရှိလျင် သမ္မတဖြစ်ချင်သည်ဟု ထုတ်ဖော်ပြောလာပေသည်...... သို့ရာတွင် ကြံ့ဖွံ့ဥက္ကဌသည် သမ္မတဖြစ်ချင်သည် ဆိုသည့်စကားအား ပညာသားပါးပါး ပြောသွားသည်ဟု သုံးသပ်ရသော် မှားအံ့မထင်.....

ကြံ့ဖွံ့ဥက္ကဌ၏ စကားအား မဝေဖန်ခင် မြန်မာနိုင်ငံ၏ သမ္မတရွေးချယ်မှုကို အနည်းငယ်ပြောလိုပေသည်..... မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတအား ပြည်သူမှ တိုက်ရိုက်ရွေးချယ်ခြင်း မဟုတ်ပေ...... သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့မှ ဒုတိယ သမ္မတသုံးဦးအား အမည်တင်သွင်း၍ အဆိုပါ ဒုသမ္မတ သုံးဦးအနက်မှ တစ်ဦးအား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခြင်း ဖြစ်ပေသည်..... တနည်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များမှရွေးချယ်ခြင်း ဖြစ်ပေသည်......

ထို့ကြောင့် ကြံ့ဖွံ့ဥက္ကဌသည် ၎င်းသမ္မတ ဖြစ်လိုသည်မှာ “သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက သမ္မတအဖြစ် တာဝန်ယူဖို့ တင်ပြလာမည်ဆိုလျင်” ဟု ပညာသား ပါပါပြောခဲ့ပေသည်…… “သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သဘောဆန္ဒ” ဟု ပြောကြားခဲ့သည့်အတွက် ၎င်း၏ ရည်မှန်းချက်နှင့် သမ္မတဖြစ်ရန် ဆန္ဒပြင်းပြမှုအား သိရှိနိုင်ပေမည်…. ယခုလက်ရှိတွင်လည်း ပြည်သူ့လွှတ်တော် ဥက္ကဌသည် ပါတီအမတ်များနှင့် ပါတ်သက်၍ တစ်သားတည်းရှိသည်ကို ပြရင်း စည်းရုံးရေး ဆင်းနေပေသည်…..

သမ္မဖြစ်ချင်သည့် သူနှစ်ဦးအနက် ကြံ့ဖွံ့ဥက္ကဌမှ စည်းရုံးရေး ဆင်းနေသည်မှာ လွန်စွာ ကြာမြင့်နေပီ ဖြစ်သည်….. သို့ဖြစ်၍ အခြားသမ္မတ ဖြစ်ချင်သူ ဒီချုပ်ဥက္ကဌကို ပြန်ပြောင်းကြည့်မိပေသည်…..ဒီချုပ်ဥက္ကဌအနေဖြင့် သမ္မတဖြစ်ရန်မှာ လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ်များ၏ ထောက်ခံမှုက များစွာ အရေးပါပေသည်….. မည်မျှပင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်သော်ငြား၂၅ ရာနှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များအား ဖယ်ထား၍ ၇၅ ရာနှုန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ ၁၀၀ ရာနှုန်းသော ထောက်ခံမှု ရမှသာ ဒီချုပ်ဥက္ကဌအနေဖြင့် သမ္မတရာထူးအား မှန်းနိုင်ပေမည်…….

၇၅ ရာနှုန်းသော အမတ်များနေရာသည် နိုင်ငံတစ်နိုင်ငံလုံးရှိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ နေရာပင် ဖြစ်ပေသည်…… NLD အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ်တိုင်းတွင် အနိုင်ရရန် ခက်ခဲပေသည်….. အထူးသဖြင့် တိုင်းရင်းသား မဲဆန္ဒနယ်များတွင် တိုင်းရင်းသားတို့၏မဲဖြင့် ၎င်းတို့ပါတီကိုယ်စားလှယ်သာ တက်လာပေမည်….. သို့ဖြစ်သည့်အတွက် ဒီချုပ်ဥက္ကဌအနေဖြင့် တိုင်းရင်းသားများ၏ ထောက်ခံမှုလည်း အပြည့်အဝ ရရှိရန်လိုပေသည်….. သို့ဆိုလျင် သမ္မတအိပ်မက်အား ဒီချုပ်ဥက္ကဌ ရဲရဲဝံ့ဝံ့ မက်နိုင်ပေလိမ့်မည်….. လက်ရှိတွင်မှု ကြံ့ဖွံ့ဥက္ကဌမှာ ယခင်က တပ်မတော်မှ လာသည်ဖြစ်သဖြင့် ၂၅ ရာနှုန်းသော တပ်မတော်သားတို့ ထောက်ခံမှုကို ရရန် ၎င်းအနေဖြင့် ဒီချုပ် ဥက္ကဌထက် အနည်းငယ် မဲသာသယောင်ရှိပေသည်…..

ဤနေရာတွင် ပါတီကြီးနှစ်ခု၏ နောက်ခံလူအင်အားနှင့် အရည်အချင်းကို ဆန်းစစ်ရန် လိုအပ်လာပေသည်….. ကြံ့ဖွံ့ပါတီသည် ယခင်က တိုင်းပြည်အုပ်ချုပ်ခဲ့သူများနှင့် ဖွဲ့စည်းထားသဖြင့် အုပ်ချုပ်ရေးပိုင်းတွင် ကောင်းသည် ဆိုးသည် အပထား အတွေ့အကြုံ လုံလောက်စွာ ရှိပေသည်….. ဒီချုပ်ဥက္ကဌထံတွင်ကား ၎င်းအနီး ဝန်းရံထားသူများတွင် အရည်အချင်းပြည့်မှီသူ၊ လုပ်ရည်ကိုင်ရည်ရှိသူ နည်းပါးပေသည်….. လူ့ဘောင်သစ် ဥက္ကဌ ကိုမိုးသီးဇွန်၏ စကားအား အငှားသုံးရလျင်မူ အမြောက်တပ်ကြီးသား ရှိနေပေသည်…..

အချို့ကား ဒီချုပ်ဥက္ကဌနှင့် အာဖရိကရှိ နယ်ဆင်မင်ဒဲလားနှင့် နှိုင်းယှဉ်၍ NLD နှင့် အာဖရိကအမျိုးသား ကွန်ဂရက် (ANC) ကဲ့သို့ ပုံပမာထား၍ လူထုခေါင်းဆောင် အာဏာရခဲ့သော်ဟု စိတ်ကူးယဉ်ကြပေသည်….. စိတ်ကူးယဉ်ခြင်းသည် လူသားတိုင်းအတွက် မျှော်လင့်ချက်အား ကြိုတင်ထိတွေ့ခွင့်ရခြင်းပင်….. သို့ရာတွင် လက်တွေ့နှင့် နီးစပ်ရန်များစွာ လိုအပ်ပေသည်….. အာဖရိကတွင် လူထုခေါင်းဆောင် အာဏာရပြီးချိန်တွင် ကြုံတွေ့ရသည် စီးပွားရေး အခက်အခဲများ၊ အလုပ်လက်မဲ့နှုန်း မြင့်မားလာမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုမျိုး မဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပေသည်…..

အထူးသဖြင့် လူထုခေါင်းဆောင် တက်လာသည့် အခါတိုင်း တိုင်းတစ်ပါး ရင်းနှီးမြှုပ်နှံမှုတို့မှာ၎င်းတို့၏အခြေအနေကို ရင်တမမဖြင့် နေရသည့်အတွက် ဒီချုပ်ဥက္ကဌအနေဖြင့် သမ္မတရာထူးအား မှန်းထားလျင် ထိုကဲ့သို့သော ကိစ္စရပ်များလည်း ကြိုတင်စဉ်းစားရန် လိုအပ်ပေသည်….. အကယ်၍ ဒီချုပ်ဥက္ကဌ သမ္မတဖြစ်ခဲ့သော် NLD ၏ အနာဂါတ်မှာ အရည်အချင်းရှိသူ ရှားပါးမှုကြောင့် ဝေဝါးနေပေတော့သည်….. ANC နဲ့ NLD အဓိက မတူညီသည့်အချက်မှာ နယ်ဆင်မင်ဒဲလား မရှိသည့်တိုင် ANC တွင် ဦးဆောင်မှု ပေးနိုင်မည့် ခေါင်းဆောင်ကောင်း အများအပြားရှိပေသည်…. NLD တွင်ကား ဒီချုပ် ဥက္ကဌ သမ္မတဖြစ်၍ ဒီချုပ်ဥက္ကဌရာထူးအား စွန့်လွှတ်လိုက်ရလျင် ၂၀၂၀ အတွက် ဒေါ်စု၏ အနာဂါတ်သည် NLD ၏ ကျန်းမာကြံ့ခိုင်မှုအပေါ်တွင်သာ မူတည်နေပေတော့သည်…..

ယနေ့ မြန်မာနိုင်ငံရေး ရေချိန်အနေဖြင့် တမူထူးခြားသည်ကား သမ္မတဖြစ်ချင်သည့် ဥက္ကဌ နှစ်ဦး တိတိပပ ဆိုရလျင်မူ ဆန့်ကျင်ဘက်ပါတီနှစ်ခုမှ ဥက္ကဌများ၏ ဆက်ဆံရေးပင်….. ယှဉ်ပြိုင်ဘက် နှစ်ဦးပင် ဖြစ်သော်ငြား အလွန်ပင် နွေးထွေးသော ဆက်ဆံရေးရှိနေသည်ကိုကား အံ့သြဖွယ်တွေ့ရှိရပေသည်…… စဉ်းစားစရာသည်ကား တစ်ဦးသည် တိုင်းပြည်၏ အာဏာပြုရာ မဏ္ဍိုင်ဖြစ်သော ပြည်သူ့လွှတ်တော် ဥက္ကဌဖြစ်၍ တစ်ဦးသည် ဥပဒေများ မတိမ်းမစောင်း မယိမ်းမယိုင်စေရန် ထိမ်းသိမ်းပေးရမည့် တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌပင်တည်း…… သို့ဖြစ်သည့်အတွက် ၎င်းတို့နှစ်ဦး၏ ထူးခြားသော ဆက်ဆံရေးမှသည် မည်သည့်ထူးခြားဖြစ်စဉ် ဖြစ်ပျက်လာမည်ကို စောင့်ကြည့်ရပေတော့မည်…..

ထိုသည်ကား သမ္မတရွေးချယ်မှုနှင့်ပါတ်သက်၍ လက်ရှိ ထုတ်ဖော်ပြောဆိုထားသည့် သမ္မတဖြစ်ချင်သူနှစ်ဦး၏ ရေပန်းစားမှုနှင့် သေခြာမှုအပေါ် အခြေခံ၍သုံးသပ်ခြင်းပင်….. တကယ်ရလာဘ်သည် ထိုထက်မက ထွက်လာနိုင်ပေသည်…. ဤနေရာတွင် မည်သည့်နေရာမှ စီးဆင်းလာမှန်းမသိသည့် ဝင်ငွေများဖြင့် မဲဆွယ်မည့် ကြံ့ဖွံ့ပါတီ၏ အားကိုလည်း လျှော့တွက်၍ မရစကောင်း….. ထို့အတူပင် စပွန်ဆာများနှင့် လူထု၏ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ကရုဏာမှ ဆင်းသက်လာမည့် ဒီချုပ်ဥက္ကဌ၏ မဲ ကိုလည်း ချန်ထား၍မရ…… သို့ဖြစ်သည့်အတွက် ၂၀၁၅ ကား အတော်ပင် ပွဲစဉ်လှချေတော့သည်…..

နိဂုံးချုပ်အနေဖြင့် ပြောရလျင်မူ သမ္မဖြစ်ခွင့်အား လွှတ်တော်အမတ် မည်သူမဆို အိပ်မက် မက်နိုင်ကြပေသည်…… သမ္မတရွေးချယ်မှုမှာ လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ခြင်း ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များအား ပစားပေးနေခြင်းကိုလည်း နားလည်ပေးနိုင်ပါသည်….. သို့ရာတွင် သမ္မတဆိုသည့် ရာထူးသည် တိုင်းပြည်တပြည်အား အုပ်ချုပ်ရန် အမြင့်ဆုံးသော ရာထူးဖြစ်သဖြင့် တိုင်းပြည်အတွင်းရှိ နိုင်ငံသားများ၏ ယုံကြည်ကိုးစားမှု ရရှိရန် လိုအပ်ပေသည်……

သို့ဖြစ်သည့်အတွက် ယခုလက်ရှိ သမ္မတရာထူး မှန်းနေသူ နှစ်ဦးသည် လက်ဝယ်ရှိထားသည့် ရာထူးများအရ နိုင်ငံအပေါ်တွင် တစ်စုံတစ်ခုသော အတိုင်းအတာထိ အကျိုးပြုဥပဒေများ ထုတ်နိုင်မည့် နေရာတွင် ရှိနေပေသည်…. မိမိတို့ သမ္မတရာထူး လိုချင်သည်ဟု ပြောနေမည့်အစား ၎င်းရာထူးဖြင့် ထိုက်တန်သည် ဆိုသည်အား တိုင်းပြည်အကျိုးပြု လုပ်ငန်းများ၊ လိုအပ်ချက်များကို လက်ရှိထမ်းဆောင်နေသည့် ရာထူးမှ လုပ်ပိုင်ခွင့် တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် အရည်အချင်းအား ပြသသင့်သည်ဟု မြင်မိပေတော့သည်….. သို့မဟုတ်ပါမူ ရင်ခုန်ဖွယ်မရှိသော သမ္မတအိမ်ဖြူတော်သို့သွားသည့် ခြေလှမ်းများသာမြင်နေရမည် ဖြစ်သဖြင့် စိတ်မသက်မသာ ဖြစ်မိပေသည်…..

မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးဖို့ နိုင်ငံတော်သမ္မတကြီး ပြောကြား

$
0
0
မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးဖို့
နိုင်ငံတော်သမ္မတကြီး ပြောကြား
=====================================

နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် တွေ့ဆုံမှာကြားပြီး နိုင်ငံခြားရေးဒုဝန်ကြီး၊ အလုပ်သမားဒုဝန်ကြီး ဦးဆောင်တဲ့ အထူးအဖွဲ့ဟာ ဒီကနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ထွက်ခွါမယ့် မလေးရှားအဲလိုင်းနဲ့ မလေးရှားကို သွားပါမယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီအသင်းချုပ်က (၆)ဦးလည်း သွားရောက်မှာ ဖြစ်ပါတယ်။ အေဂျင်စီကိုယ်စားလှယ်(၁)ဦးကတော့ ရှေ့ပြေးသွားနှင့်ပြီး ဖြစ်ပါတယ်။

ဒီအထူးကိုယ်စားလှယ်အဖွဲ့ရဲ့လေ့လာတင်ပြချက်တွေပေါ် မူတည်ပြီး အစိုးရအနေနဲ့ လိုအပ်တာ မှန်သမျှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

မိမိနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်လို့ရတာ အကုန်လုပ်ဖို့၊ လုပ်နိုင်တာ အကုန်လုပ်ဖို့ သမ္မတကြီးကိုယ်တိုင် ပြောကြားထားပါတယ်။

ပထမဆုံး ဖြစ်စဉ်တွေ ဖြစ်လာချိန်မှာ နိုင်ငံအချင်းချင်းဆက်ဆံရေးဆိုင်ရာ ကွန်ဗင်းရှင်းတွေနဲ့အညီ သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက်ရပါတယ်။ မိတ်ဆွေနိုင်ငံရဲ့ ဖြေရှင်းဆောင်ရွက်မှုတွေကိုလည်း စောင့်ကြည့်ရပါတယ်။

ဆက်လက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလို ဖြစ်စဉ် ဖြစ်ရပ်အမှန်တွေကို တိတိကျကျ သိရှိနိုင်ဖို့၊ မိမိနိုင်ငံသားများကို ခိုင်ခိုင်မာမာ အကာအကွယ်ပေးနိုင်ဖို့ ခုလို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။ ဒီအထူးကိုယ်စားလှယ်အဖွဲ့ရဲ့တွေ့ရှိချက်၊ တင်ပြချက်တွေအပေါ် အခြေခံပြီး လုပ်စရာရှိတာ မှန်သမျှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

(မလေးရှားမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကိုယ်စား ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေ၊ အစိုးရချင် ညှိနှိုင်းဆောင်ရွက်ပေးစေလိုတဲ့ အချက်တွေကို ဒီအထူးကိုယ်စားလှယ်အဖွဲ့နဲ့ဆက်သွယ်ပြီး ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ အသိပေးကြဖို့ အရေးကြီးပါတယ်။ တစ်ချို့ ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေကို အကုန်အစင် အသေးစိတ် သိရှိနိုင်ဖို့ ခဲယဉ်းနိုင်တာ ကြောင့် ဖြစ်ပါတယ်)

ပထမဆုံး ဖြစ်စဉ်တွေ ဖြစ်လာချိန်မှာ နိုင်ငံအချင်းချင်းဆက်ဆံရေးဆိုင်ရာ ကွန်ဗင်းရှင်းတွေနဲ့အညီ သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက်ရပါတယ်။ မိတ်ဆွေနိုင်ငံရဲ့ ဖြေရှင်းဆောင်ရွက်မှုတွေကိုလည်း စောင့်ကြည့်ရပါတယ်။

ဆက်လက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလို ဖြစ်စဉ် ဖြစ်ရပ်အမှန်တွေကို တိတိကျကျ သိရှိနိုင်ဖို့၊ မိမိနိုင်ငံသားများကို ခိုင်ခိုင်မာမာ အကာအကွယ်ပေးနိုင်ဖို့ ခုလို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။ ဒီအထူးကိုယ်စားလှယ်အဖွဲ့ရဲ့တွေ့ရှိချက်၊ တင်ပြချက်တွေအပေါ် အခြေခံပြီး လုပ်စရာရှိတာ မှန်သမျှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးဖို့
နိုင်ငံတော်သမ္မတကြီး ပြောကြားထားပြီး ဖြစ်ပါတယ်။

(မလေးရှားမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကိုယ်စား ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေ၊ အစိုးရချင် ညှိနှိုင်းဆောင်ရွက်ပေးစေလိုတဲ့ အချက်တွေကို ဒီအထူးကိုယ်စားလှယ်အဖွဲ့နဲ့ဆက်သွယ်ပြီး ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ အသိပေးကြဖို့ အရေးကြီးပါတယ်။ တစ်ချို့ ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေကို အကုန်အစင် အသေးစိတ် သိရှိနိုင်ဖို့ ခဲယဉ်းနိုင်တာ ကြောင့် ဖြစ်ပါတယ်)

ဒီတော့ ကပုန်းနာရေးအသင်းလိုမျိုး ဦးစီးဦးဆောင် ပြုနိုင်တဲ့ အဖွဲ့အစည်းတစ်ခုခုကနေ တာဝန်ယူပြီး မလေးရောက် မြန်မာ(နိုင်ငံသား)တွေကိုယ်စား စုစည်း ပြောကြားနိုင်ဖို့ လိုပါတယ်။ အချင်းချင်းလည်း ဆက်သွယ်ပြီး ပျောက်ဆုံးနေတာ အဆက်အသွယ်ပြတ်နေတာ မျိုးတွေ၊ ပြန်လာချင်တာတွေ၊ ထိခိုက်နစ်နာရတာတွေ၊ ငွေကြေး (သို့) ဥပဒေ အကာအကွယ် လိုအပ်နေတာတွေ စသည်ဖြင့် စနစ်တကျ စာရင်းဇယား ပြုစုပြီး အသိပေးနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း ဒီအဖွဲ့အနေနဲ့ သက်ဆိုင်ရာ အစိုးရကို ခိုင်ခိုင်မာမာ ထောက်ပြ ပြောဆို ညှိနှိုင်းပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်နည်းဆိုရရင် မလေးရောက် မြန်မာတွေ ကြုံတွေ့နေရတဲ့ အခြေအနေမှန်၊ လိုအပ်ချက်၊ တောင်းဆိုချက် ပြည့်ပြည်စုံစုံ စုစည်းတင်ပြနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကိုလည်း မလေးရောက် မြန်မာတွေကိုယ်စား ကပုန်းနာရေးကူညီမှုအသင်းလိုမျိုး အဖွဲ့အစည်းတစ်ခုခုက ဦးဆောင်လုပ်ပေးဖို့ လိုပါတယ်။

ံHmuu Zaw

မှတ်ချက် သမ္မတကိုလော်ဘီလုပ်နေခြင်းမဟုတ်ပါ။

ပြည့်အနာ... သွေးမဲ့ဒါဏ်ရာတွေ ... ကုစားပေးပါ

$
0
0


ပြည့်အနာ…….သွေးမဲ့ဒါဏ်ရာတွေ….ကုစားပေးပါ

===========================

အမေရယ် ပြန်လာပေးပါ….
အဖေရယ် ပြန်လာပေးပါ……
သမီးရယ် ပြန်လာပေးပါ…..
သားရယ် ပြန်လာပေးပါ….

မလေးရှားနိုင်ငံတွင် အထိကရုဏ်းများ၊ တရားမဝင်၊ ပတ်စပို့မရှိ၊ over stay များနှင့် ပတ်သတ်၍ ကျွန်ုပ်ခေါင်းထဲ
အတိတ်ကို ပြန်ပြောင်း သတိရမိသည်။

၈၈ ခုနှစ်ရှေ့ပိုင်း အထိုက်အလျောက် လုပ်ပိုင်ခွင့်ရှိသူ (တနည်း အာဏာ အတန်ရှိခဲ့သူ) ကျွန်ုပ်၏ မိတ်ဆွေမှ အကူအညီတောင်းမှုကြောင့် မလေးရှား သွားအလုပ်လုပ်မည့် လူငယ်လင်မယားအား လိုက်လံကူညီ ဆောင်ရွက်ပေးခဲ့ရသည်။

ဖြစ်စဉ်အရ လူငယ်လင်မယားသည် မြန်မာပြည်တောင်ပိုင်း တောနယ်လေးမှ လုပ်စားကိုင်စား အခွင့်မသာ၍
ရေပန်းစားနေသော မလေးရှားတွင် အလုပ်အကိုင် ရရှိရေး
ရန်ကုန်မြို့တွင် မှိုလိုပေါက်နေသော
အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအား ဆက်သွယ်ခဲ့သည်။
စပေါ်/ဝန်ဆောင်ခ ကျပ်ငွေ (၄)သိန်းကို ကုမ္ပဏီအား ပေးဆောင်ခဲ့ပြီး
မပြည့်မစုံ၊ မရေမရာ၊ မရှင်းလင်းသည့်
စာချုပ်ပေါ် လက်မှတ်ရေးထိုး မိခဲ့သည်။
ကုမ္ပဏီ၏ မကြာခဏ တွေ့ဆုံရန် ချိန်းဆိုမှု၊ နိုင်ငံခြားမှ အင်တာဗျူးမည့်သူလာ၍ တစ်ဖုံ
အကြောင်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် လာရောက်ရသည်ဖြစ်၍
တောနေအရပ်မှ မဟာရန်ကုန် ရွှေမြို့တော်သို့
ရှိရှိသမျှ ပေါင်နှံရောင်းချ ရောက်ရှိလာခဲ့သည်။
အချိန်ကာလ တစ်နှစ်နီးပါးကြာသော်လည်း
အလုပ်ရရှိရေး မသေမခြာဖြင့် စားစရိတ်၊ နေစရိတ်တို့ကြောင့်
ပြုတ်ပြုတ်ပြုန်းကာ လက်ထဲ ကုန်းကောက်စရာပင် မရှိသည့်
ဘဝသို့ ရောက်ရှိသွားရတော့သည်။

စားစရာမရှိ၊ နယ်ပြန်ရန်ပင် လမ်းစရိတ် မရှိတော့မည့် အတူတူ
မူလ အပ်နှံထားသော ကျပ်ငွေ (၄)သိန်း ရရှိလို၍ ကုမ္ပဏီထံမှ
တောင်းခံသော်လည်း မရရှိနိုင်တော့။
ဟိုစရိတ်၊ ဒီစရိတ် အကြောင်းပြချက်များကြောင့် ပြန်လယ်ရရန်ခက်ခဲ
ဘဝရင်ခွင် မီးဟုန်းဟုန်း တောက်လျက် ကျွန်ုပ်မိတ်ဆွေ လူကြီးမင်း၏
ဒရိုင်ဘာနှင့် ရပ်ဆွေရပ်မျိုးဖြစ်၍ ထိုအမှုကိစ္စသည်
ကျွန်ုပ်ထံ လက်ဝယ်ရောက်ရှိလာခဲ့ပေသည်။

ကျွန်ုပ်လည်း ခေတ်နှင့်လျော်ညီစွာ လူလေးစားမည် ထင်ရသော
အူနီဖောင်းကြီးကို ဝတ်လျက်၊ အလုပ်သမားရုံး၊ စ၃လုံး၊ သက်ဆိုင်ရာ ရဲစခန်းတို့ကို
အကြိမ်ကြိမ်သွားရ၍ ကျွန်ုပ်၏ ချွေးနဲစာ
နိုင်ငံတော် လစာများလည်း ပြုတ်ပြုတ်ပြုန်း ကုန်ပါသည်။
နောက်ဆုံး ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားရန် ဦးရဲကြီးနှင့်
တိုင်ပင်သည်ရှိသော် အမှုဖွင့်ခြင်းထက်
နှစ်ဦးနှစ်ဖက် ဦးစွာညှိုနှိုင်းစေလိုကြောင်း အကြံပေးချက်အရ
အေးဂျင့် ကုမ္ပဏီသို့ အကြောင်းကြားပါသော်လည်း ပေကပ်ကပ်လုပ်သည် ဖြစ်၍
ဦးရဲကြီး၏ ကြိမ်းမောင်းဖုန်းဆက်ခေါ်ဆောင်မှုကြောင့်
ဘော့စ်ဆိုသူမှ ငတိလေးနှစ်ကောင် စေလွှတ်လိုက်သည်။

ရာဇဝတ်မှု မဟုတ်သည်က တစ်ကြောင်း
ရဲ အရေးမပိုင်သော အမှုဖြစ်သည်က တစ်ကြောင်း
တရားရင်ဆိုင်ပါက ကျပ်ငွေ (၄)သိန်းမှာ တရားရုံး စရိတ်၊ ရှေ့နေစရိတ် မကာသည်က တစ်ကြောင်း
လူငယ် လင်မယားမှာ လက်ရှိ စားဖို့ပင် အခက်အခဲရှိသည်က တစ်ကြောင်း
ကျွန်ုပ်မှာလည်း လခစား ဝန်ထမ်းဖြစ်သည်က တစ်ကြောင်း
ဥပဒေကို မကျင်လယ်သည်က တစ်ကြောင်း
အကြောင်းကြောင်းကြောင့် မတရားမှု တိုက်ဖျက်ခြင်း၊
အားနည်းသူဖက်မှ ရပ်တည်လိုသော်လည်း လက်လျော့လိုက်ရကာ
ကုမ္ပဏီနှင့် ကာယကံရှင် ညှိနှိုင်း ထက်ဝက်ဈေးဖြင့်
ကျေနပ်လိုက်ကြလေသည်။

ကျွန်ုပ် စက်ရုံမှူးယောင်ယောင်၊ ဘာယောင်ယောင် လုပ်စဉ်ကာလ
ဝန်ထမ်းနှစ်ယောက် ခွင့်ယူကာ တရားရုံးသို့ အမှုဟောင်းအား
သွားရောက် ကျေအေးကြသည့် ဖြစ်စဉ် ရှိခဲ့ဖူးသည်။
ကောင်းလေစွ….ကောင်းလေစွ။
စက်ရုံဝန်ထမ်း အချင်းချင်း သင့်မြတ်လှစွာ
ခွင့်လွှတ်နားလယ်ကြခြင်းသည် မင်္ဂလားတစ်ပါး မဟုတ်ပါလား။
"ရန်ကို ရန်ချင်း မတုံ့နှင်း နှင့်"

နောက်တစ်ရက်….."အေး…မနေ့က အဆင်ပြေကြရဲ့လား"

အဆင်ပြေပါကြောင်း
အမှုမှာ တရားရုံး တင်ထားပြီဖြစ်၍ တရားရုံးမှာသာ အမှုပိတ်နိုင်ကြောင်း
တရားရုံးတွင် လုပ်ထုံး လုပ်နည်းနှင့် အညီ ကျေအေးခဲ့ကြောင်း
သို့ ဖြစ်၍ ကျပ်ငွေ (၃) သိန်း အကြွေးတင်သွားကြောင်း
.
.
.
"ဘယ်လို ဘယ်လို….မသိလို့…မသိလို့"
"ဒို့ ဥပဒေတွေက အရင်အတိုင်း/ ဒါဏ်ငွေတို့ ဘာတို့ ထောင်ဂဏန်း မဟုတ်လား"
.
.
"ဆရာကလည်း သိရဲ့သားနဲ့"
.
"သြော်…." ဒါပဲ ပြောနိုင်တော့သည်။
"လူလောက အသက်တစ်ရာ မနေရ၊ အမှုတစ်ရာ ပွေရတယ်"
"စားစရာမရှိ၊ လျော်စရာရှိ"
"မင်းမှန်လည်း မကောင်း၊ ငါမှန်လည်း မကောင်း၊ ကျေးအေးလည်း မကောင်းပါလား"
အခုမှ ဦးရဲကြီး၏ စေတနာ ရေးရေးသဘောပေါက်တော့သည်။
ပုဆိုးတစ်ထည် လက်ဆောင်ပေးခဲ့တာ နည်းတောင်နည်းသွားတယ်။

ခေတ်ဆိုး/စနစ်ဆိုးကြောင့် Brain Drain အကြောင်းပြောတော့ ဆရာက Brain Gain ဟုဆိုပါသည်။
ဒီမိုကရေစီစနစ်နှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအကြောင်း ဆွေးနွေးသောအခါ
ဟိုနိုင်ငံ ဘယ်နှစ်သန်း၊ ဘယ်နိုင်ငံ ဘယ်နှစ်သိန်း စသည့်
ပြည်ပရောက် မြန်မာ Brain တွေ ပြန်ရောက်လာကြရင်ဖြင့်…
ဆရာက အားတက်ဖွယ် ပြောပါသည်။

ကျွန်ုပ် မလေးကို အလယ်အပတ်ထွက်သည့် သကာလ
စားချင်သည့် ချိုချင်ခဲဖွယ်များ မှာကြားလိုသော်လည်း စုံစုံစိစိ မေးရန် အခက်အခဲဖြစ်နေသည်။
ဆိုင်ဦးစီး တရုတ်မမှ လူငယ်စားပွဲထိုးလေး တစ်ဦးစေလွှတ်လိုက်ရာ
သူနှင့် အစားအသောက်များအကြောင်း၊ အရသာ၊ ချက်ပုံချက်နည်း
ဈေးနှုန်း၊ စားသုံးသူအကြိုက်ဆုံး ဟင်းအမယ် ထွေလီကာလီ မေးမြန်းပြီး
မှာလိုက်ရသည် ဖြစ်သောကြောင့် လွန်စွာနှစ်ထောင်းအားရ မိလေသည်။
ထိုလူငယ် စားပွဲထိုးကား
မြန်မာလူမျိုးတစ်ပါးတည်း။

ကျွန်ုပ်၏ စပ်စုတတ်သော စရိုက်ရှိသည်နှင့် အညီ
အလုပ်အကိုင်အကြောင်း၊ ဗီဇာအကြောင်း၊ ရောက်လာပုံ၊ အေးဂျင့်စရိတ်တို့ မေးမြန်းသောအခါ
မြန်မာပြည်တောင်ပိုင်းမှ ဖြစ်ကြောင်း၊ ပတ်စပို့ မရှိကြောင်း
"ယ ပလက်" နိုင်ငံနယ်နမိတ်ကို နှစ်နေရာ/နှစ်ခါ ဖြတ်၍
ကုန်းကြောင်းမှ ဝင်ရောက်လာကြောင်း၊ တစ်ခါပြန် လမ်းကြောင်းရှင်း စရိတ်/လမ်းခရီးခ/အေးဂျင့်ကြေး
ကျပ်ငွေ (၇)သိန်းခန့် ပေးရကြောင်း။ ပြသနာ မဖြစ်စေပဲ အနေအထိုင် သိုသိပ်ရကြောင်း
တစ်နှစ်တစ်ခါ မပြန်နိုင်ကြောင်း……
"သြော် တရားဝင် ဖြစ်ဖို့ ခက်ခဲလေစွ"

ဗိုက်ကားအောင် စားသောက်ပြီး အစာကျေ လမ်းရှောက်ရန်
ကေအယ်လ် တရုတ်တန်းဖက်ရောက်သောအခါ
ကျွန်ုပ်၏ မျက်စိထဲ မဟာရန်ကုန်၏ လမ်းမတော်၊ လသာဖက် ရောက်သွားသည့်အလား
လေဘေးထည်များ၊ နာနတ်သီး စိပ်ရောင်းသူများ၊ သရက်သီးမဆလာနယ်
၈ ကျပ် ၁၀ တန် နာရီများ၊ မြွေအရေခွံအိပ် စုံစီနဖာပါဘဲ။
မြန်မာပြည် ခေတ္တအလွမ်းပြေသွားသော ကျွန်ုပ်၏ နားထဲ
မြန်မာလို စကားပြောသံများ ကြားရ၍ လေသံလာရာ လှည့်ပတ်ကြည့်ရှုသော်
"အားပါးပါး……ကျုပ်တို့ ရွှေမြန်မာများပါတကား"
ငွေဈေးကွာလို့လား၊ အဓိက ပြည်ပပို့ကုန်/ဝင်ငွေစီးကြောင်း နည်းလို့လား၊
လုပ်ငန်းရှင်တွေဘဲ အသာစီးယူနေလို့လား..လား…လား..
ကျွန်ုပ်၏ ဦးနှောက်သေးသေးလေး ခြာလပတ် ရမ်းသွားသည်။

အတွေးရော၊ လမ်းရော မွမ်းကြပ်သွားပြီမို့ ပြန်လာရာ
တည်းခိုဆောင်နား ခပ်မှောင်မှောင် နေရာအရောက်
လူငယ်တစ်ယောက် ခပ်ကုပ်ကုပ်ဖြင့် အနားကပ်ပြီး
"ထိုင်း၊ လာအို၊ ဗီယက်နမ်၊ မြန်မာ" ဟု ရေရွတ်လျက်
ယင်း၏ ကုန်ပစ္စည်းများ ကြော်ငြာဝင်သွားသည့် အခါမှာတော့
ကျွန်ုပ် မိတ်ဆွေနှင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက်
ပြုံးမိကြသော်လည်း အမျိုးအမည် မသိသော ဝေဒနာ တစ်ရပ်
ရင်ဘတ်ထဲ ကပ်ဝင်သွားပါတော့သည်။

မှတ်ချက်။ ။
မည်သည့် ပုဂ္ဂိုလ်၊ ဌာန၊ တစ်စုံ တစ်ယောက်ကိုမျှ စော်ကားအပစ်တင်ခြင်း၊ နှိမ့်ချခြင်း အလျင်းမရှိ ဤစာကို ရေးပါသည်။
ကျွန်ုပ်၏ မိဘ၊ ဆွေမျိုး၊ သားချင်း၊ အသိမိတ်ဆွေ၊ သူငယ်ချင်းအပေါင်းသည် နိုင်ငံစုံ၊ အလွှာစုံ၊ ဌာနပေါင်းစုံတွင် နေထိုင်/ လုပ်ကိုင်/ အသက်မွေးလျက်ရှိပါကြောင်း။

သက်ထွေးအောင်
(၁၂-၆-၂၀၁၃)

တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၁၆

$
0
0
 


၂၀၀၂ ခုနှစ် မေလ ၄ ရက်နေ့ မှာ .......
ကျိုင်းတုံ အခြေစိုက် ...
အမှတ် ၃ တပ်မတော်ထောက်လှမ်းရေးတပ်ရင်း တပ်ရင်းမှူးဟာ ......
အမှတ် ၂၂ တပ်မတော်ထောက်လှမ်းေ၇းတပ် (ကျိုင်းတုံ) နဲ့  .....
အမှတ် ၂၄ တပ်မတော်ထောက်လှမ်းရေးတပ် (တာချီလိတ်) တို့ က ....
ချက်ချင်း ပေးပို့ လိုက်တဲ့  ....
ထိပ်တန်းလျှို့ ဝှက် ကြေးနန်းစာ ၂စောင်ကို .....
အလျင်အမြန်ဖတ်ရှုနေပါတယ်…..

ဒီကြေးနန်းမှာ ဖော်ပြထားတဲ့ သတင်းတွေဟာ .....
မကြာမီ နာရီပိုင်း အတွင်းမှာပဲ .....
ရန်ကုန်မြို့ မှာရှိတဲ့  တပ်မတော်ထောက်လှမ်းရေးဌာနချုပ်ရုံး .....
ပြည်တွင်းထောက်လှမ်းရေးဌာန တိုက်ပွဲထောက်လှမ်းရေးဌာနခွဲ နဲ့  .....
ပြည်ပထောက်လှမ်းရေးဌာန နိုင်ငံခြားထောက်လှမ်းရေးဌာနခွဲတို့ ကို ......
အထူးဆက်သားနဲ့ ပေးပို့ ခြင်းခံရတော့မှာလည်း ဖြစ်ပါတယ်….။

၂၀၀၂ ခုနှစ် ဧပြီလကုန်ပိုင်းမှာ ....
ယိုးဒယားနိုင်ငံဟာ .....
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့  အမှတ် ၃ စစ်တိုင်းမှာ .......
SURASI 143 လို့ အမည်ပေးထားတဲ့ .........
စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ......
ပြုလုပ်သွားမယ်လို့ ရုတ်တရက်ကြေငြာခဲ့ ပါတယ်…။

အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ ......
ယိုးဒယားဘတ်ငွေ သန်း ၂၀၀ကျော် ကုန်ကျပြီး ......
စစ်သည် အင်အား ၂၀၀၀၀ ကျော်နဲ့ .....
သံချပ်ကာကား တင့်ကား အမြောက်အများပါဝင်မှာလဲ ဖြစ်ပါတယ်….
လေ့ကျင့်မှု ပြုလုပ်မယ့် နယ်မြေဟာ ....
မြန်မာနယ်နိမိတ် နဲ့  အလွန်အမင်းနီးကပ်နေတဲ့ အပြင် ......
ယိုးဒယားတပ်စခန်း ၂၆ ခုနဲ့  .....
တပ်မတော်က ရှေ့တန်းစခန်းတွေချင်း.....
ထိပ်တိုက်ရင်ဆိုင်ထားတဲ့ ဒေသလည်း ဖြစ်တာကြောင့်....
မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနဟာ .....
ချက်ချင်းပဲ ဒီစစ်ရေးလေ့ကျင့်မှုကို .....
အပြင်းအထန် ကန့် ကွက်ခဲ့ ပေမယ့် ......
ယိုးဒယား အစိုးရကတော့ .....
တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မပြုခဲ့ပါဘူး…..။

ရန်ကုန်မြို့ ၈မိုင်မှာရှိတဲ့ .....
တပ်မတော်ထောက်လှမ်းရေးဌာနချုပ်ရုံး .....
တိုက်ပွဲ ထောက်လှမ်းရေးဌာနခွဲ အဖို့ ကတော့ ......
ဒီရက်ပိုင်း နယ်မြေခံ ထောက်လှမ်းရေးတပ် အချို့ က.....
တင်ပြလာတဲ့သတင်းတွေဟာ .....
အတော့်ကို ရှုပ်ထွေး စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေပါတယ်…...
ယိုးဒယား နိုင်ငံ မယ်ဟောင်ဆောင် မြို့ က ....
ထိပ်တန်းလျှို့ ဝှက် အဆင့်ရှိ သတင်းပေးတစ်ဦး ...
ပေးပို့ လာတဲ့ သတင်းအရ .....
SURA တပ်မှူးများ အစည်းအဝေးကို .....
ဇန်န၀ါရီလ ပထမပတ်အတွင်းက .....
မယ်ဟောင်ဆောင်မြို့ မှာ ပြုလုပ်ခဲ့ ပြီး ....
စစ်ဆင်ရေးများတိုးမြှင့်လုပ်ဆောင်ရန်နှင့် .....
အောင်မြင်ပါက လက်နက်မျိုးစုံ အလက် ၂၀၀၀ နှင့် .....
ခဲယမ်း သန်း၂၀ခန့်  ယိုးဒယားထံမှ ရနိုင်ဖွယ်ရှိတယ်ဆိုတဲ့ အချက်နဲ့  ......
ယိုးဒယား တပ်မတော် အရာရှိကြီးတစ်ဦးမှ .......
မယ်ဆိုင်မြို့ ရှိ ဆွေမျိုးများထံ ဖုန်းဆက်ပြီး .....
မယ်ဆိုင်မှ အမြန်ဆုံး ထွက်သွားဖို့ ပြောတဲ့အတွက် ....
မိသားစုလိုက် အဆောတလျင် ....
ထွက်ခွာသွားတယ်ဆိုတဲ့ သတင်းတွေဟာ…
သူတို့ အတွက် အတော်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ ပါတယ်….။

၂၀၀၂ ခုနှစ် မေလ ၄ ရက်နေ့ ၁၄း၃၀ ချိန်မှာတော့ .....
အမှတ်၃၂၈ ယိုးဒယားသံချပ်ကာတပ်က ......
တင့်ကား ၁၀စီး ဘီးတပ်အမြောက် ၄လက် ....
အင်အား၅၀၀ ခန့် ပါဝင်တဲ့ စစ်ယာဉ် အစီး ၅၀ခန့် ဟာ .....
မယ်ဖားလုံခရိုင်ရှိ နယ်စပ် စခန်းတွေမှာ တပ်ဖြန့် ချလာပြီး .....
၂၀း၀၀ ချိန်မှာတော့ စစ်သည်အင်အား ၅၀၀ ခန့် ဟာ…
ချိန်းတပ် အမြောက်တင် သံချပ်ကာ အစီး ၂၀ ......
ဆယ်ဘီးယာဉ်ဖြင့် တင်လာတဲ့ ၁၅၅ မမ ဟောင်ဝစ်ဇာ အမြောက် ၂လက် ...
ဂျစ်ကား ၃စီးနဲ့ အတူ မဟိန်တက် ၀န်းကျင်မှာ .....
ဝင်ရောက်နေရာယူခဲ့ ပါတယ်…..
မေလ ၁၀ ရက်နေ့ မှာတော့ ....
ရွက်ဆစ်ဦးစီး SURA အင်အား ၁၀၀ခန့် ဟာ ....
မိုးကာအုပ်ထားတဲ့ လက်နက်ကြီး ၃လက်နဲ့ အတူ .....
လွယ်တိုင်းလျံမှ မိုင်းနသို့ ရောက်ရှိလာပြီး .......
မေ ၁၈ ရက်နေ့ မှာ ချိန်းတောင်းမြို့ နယ် နားဝိုင် တစ်ဝိုက် မှာ ....
သံချပ်ကာယာဉ် ရွေ့ ပြောင်းမှုများ အများအပြားရှိခဲ့ ပါတယ်….
မေ ၁၉ ရက်နေ့ မှာတော့ ယိုးဒယားတပ်ဖြန့် ချထားမှုဟာ .....
သံချပ်ကာယာဉ် ၁၇၀ တင့်ကား ၉၆ စီး စစ်သည် ၂၆၀၀၀ ကျော်နဲ့  ......
SURA အင်အား ၇၀၀ ကျော်တို့ ကို ......
နယ်စပ်တစ်လျောက် တပ်ဖြန့်  နေရာယူပြီးဖြစ်နေပါပြီ …….။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနေနဲ့ တော့ .....
တပ်မတော်ထောက်လှမ်းရေးက ပေးပို့ လာတဲ့  .....
ဒီတပ်ရွေ့ ပြောင်း နေရာချထားမှု သတင်းတွေဟာ .....
စစ်ရေးလေ့ကျင့်မှု သက်သက်လား….
အခြားရည်ရွယ်ချက် တစ်စုံတစ်ရာကြောင့်လား ဆိုတာ .....
ဝေခွဲရခက်ခဲပေမယ့် .....ချက်ချင်းဆိုသလိုပဲ .....
နယ်စပ်ဒေသ ခံစစ်စခန်းများ အားလုံးကို အသင့်ပြင်စေခဲ့ ပြီး ....
အမှတ် ၆၅ ခြေလျင်တပ်ရင်းကို နားတောင်းမူ .....
အမှတ် ၂၂၆ ခြေလျင်တပ်ရင်းကို တာချီလိတ် နဲ့  .....
အမှတ် ၃၀၄ ခြေမြန်တပ်ရင်းကို ပန်မိုင်ဆွန် ဒေသ တို့ ကို ......
အသီးသီး ချီတက်စေခဲ့ ကာ .....
အမှတ် ၃၃ ခြေမြန်တပ်မ ကို စတင် တပ်လှန့် ခဲ့ ပါတယ်…..
ဒါပေမယ့် အခု အချိန်ထိတော့ ....
ဒီလှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ဟာ .....
မှန်းဆရ ခက်ခဲတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်….။

၂၀၀၂ ခုနှစ် မေလ ၂၀ရက်နေ့ နံနက် ၉ နာရီ မှာ .....
ရန်ကုန်မြို့ အမှတ် ၂၀ အင်းယားလမ်း တပ်မတော် ဧည့်ဂေဟာထဲကို ......
ဒုတိယ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ဗိုလ်ချုပ်ကျော်ဝင်းနဲ့ .....
ပြည်တွင်းထောက်လှမ်းရေးဌာန ....
ဒုတိယဌာနကြီးမှူး ဗိုလ်မှူးကြီးစန်းပွင့် တို့ ဟာ .....
မျက်နှာထား ခပ်တင်းတင်းနဲ့ ဝင်ရောက်လာပါတယ်…...
ခန်းမထဲမှာတော့ ....
ပြည်တွင်း ပြည်ပ သတင်းစာဆရာတွေနဲ့ ပြည့်နှက်နေပြီး .....
မကြာခင်မှာပဲ ဗိုလ်ချုပ်ကျော်ဝင်းဟာ .....
ဒီကနေ့ မနက် ၄ နာရီ ၁၅ မိနစ်မှာ .....
နယ်စပ်တစ်လျောက်မှာ ရှိနေတဲ့ .....
တပ်မတော် ရှေ့ တန်းစခန်း အများအပြားကို .....
SURA နဲ့  ယိုးဒယားစစ်တပ် ပူးပေါင်းပြီး ....
ဝင်ရောက်စီးနင်း တိုက်ခိုက်နေပြီ ဖြစ်ကြောင်းနဲ့  .....
လူ လက်နက် အင်အားမမျှပေမယ့် .....
တပ်မတော် စခန်းငယ်တွေဟာ ......
အခုလက်ရှိအချိန်အထိ အပြင်းအထန် .....
ကာကွယ်ခုခံနေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်……။

ဒါပေမယ့်လဲ အခြေအနေဟာ ....
တစ်ဖက်က အသာစီးရနေခဲ့ ပါပြီ….
၂၁.၅.၂၀၀၂ ရက်နေ့  နံနက် ၃ နာရီ ၃၀ ချိန်မှာ .....
နယ်စပ် ခံစစ် ဘီပီ-၅ စခန်းအပါအ၀င် .....
ပန်မိုင်ဆွန် ၊ ပန်ကန့် ကော်၊ ကျူဆန်ကပ်၊ မုံးထော်၊ မုံးထ စခန်းများ ....
အားလုံးနီးပါး ကျဆုံးသွားခဲ့ပြီး ……
အဲဒေသက ရွာတွေ အားလုံးလဲ မီးရှို့ ဖျက်ဆီးခံခဲ့ ရပါတယ်…..
ဒေသခံတွေလည်း အများအပြား ထိခိုက်သေဆုံးခဲ့ ရပြီး
ပညာရေးနဲ့ ကျန်းမာရေး ၀န်ထမ်း ဆရာမ အချို့ ကိုလဲ ....
SURA က သုံ့ ပန်း အဖြစ် ....
ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ ရပါတယ်….
ဒါဟာ ၂၀၀၁ ခုနှစ်က ....
နာကျည်းချက် ဒဏ်ရာအကင်းမသေသေးတဲ့  ...
တပ်မတော်အစိုးရအပေါ် သွားပြီး ....
စနက်တံ မီးရှို့ လိုက်သလို ဖြစ်သွားစေနိုင်တဲ့ အချက်လဲ ဖြစ်ပါတယ် ….
အခြေအနေကတော့ .....
တပ်မတော် အစိုးရဟာ ....
တစ်ခုခုကို စိတ်ပိုင်းဖြတ်လိုက်ပြီး ဖြစ်ပုံရပါပြီ ……။

နောက်ထပ် နာရီ အနည်းငယ် အတွင်းမှာတော့ ....
အမှတ် ၃၃ ခြေမြန်တပ်မ လက်အောက်ခံ ....
တိုက်ခိုက်ရေး တပ်ရင်းတွေဟာ ....
တိုက်ပွဲ ဖြစ်ပွားရာ နယ်မြေအတွင်းကို
ဒေါသတကြီးနဲ့  တဟုန်ထိုးချီတက်လျက် ရှိသလို ....
တြိဂံဒေသတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတွေ ဟာလည်း .....
အမြန်ဆုံး စစ်ကူလိုက်လာနေပါပြီ ….
ရန်ကုန် အမှတ်၃ အမြန်လမ်းမကြီးတစ်လျောက်မှာတော့ ....
တပ်ရွေ့ ပြောင်းမှု အများအပြားကို တွေ့ မြင်ရပြီး .....
အမြောက်တပ်မ တစ်ခုဟာ ....
၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တင် စစ်ယာဉ် အများအပြားနဲ့ ....
တလကြမ်းချီတက်သွားတာကိုလဲ ...
မြင်တွေ့ လိုက်ရမှာ ဖြစ်ပါတယ်….
တပ်မတော်(ရေ) ရဲ့  .....
ဒုံးပျံတင် ကော်ဗက် စစ်ရေယာဉ် ၃စီး အပါအ၀င် စစ်သင်္ဘော ၈ စီး ဟာလဲ ....
မြန်မာ့ ရေပိုင်နက် နယ်နိမိတ်ဆီကို .....
မိုင်ကုန်တင် ခုတ်မောင်းနေသလို .....
နမ့်စန် လေတပ်စခန်းက .....
တိုက်ခိုက်ရေး လေယာဉ်အုပ်များအားလုံးလဲ .....
တိုက်ပွဲဝင်ရန် အသင့် အနေအထား တပ်လှန့် အမိန့် ဝင်လာပါတယ်….
ယိုးဒယား နိုင်ငံအနေနဲ့ တော့ .....
အခြေအနေဟာ .....
ယခင်အကြိမ်ပေါင်းများစွာလိုပဲ .....
နယ်စပ်ဒေသ ကန့် သတ်စစ်ပွဲ အဆင့်ကို ....
ရည်မှန်း ရန်စလို့ မရနိုင် လောက်တော့ပါဘူး…....။

၂၁.၅.၂၀၀၂ ရက်နေ့ မှာပဲ ....
ယိုးဒယား တီဗွီ ချာနယ် 7 ဟာ ....
တပ်မတော်စခန်းတွေ နဲ့ ဒေသတွင်း ၀ တပ်ဖွဲ့ စခန်းတွေ ကို ....
SURA က၀င်ရောက်သိမ်းပိုက်ရာမှာ .....
မူးယစ်ဆေးဝါး အများအပြား ဖမ်းမိခဲ့ တယ်လို့ ကြေငြာကာ စစ်ပွဲကို ပုံဖော်ခဲ့ ပြီး .....
ဒီဖြစ်စဉ်မှာ ....
ယိုးဒယား စစ်တပ်က လုံးဝပါဝင်ခဲ့ ခြင်းမရှိကြောင်း .....
အမှတ် ၃ တပ်တော်မှူး ....
ဒုတိယဗိုလ်ချုပ်ကြီးဝပ်တနာချိုင်းက ငြင်းဆိုခဲ့ ပါတယ်….
တစ်ချိန်တည်းမှာပဲ ....
ယိုးဒယား တပ်မတော် ကြည်းတပ်ဦးစီးချုပ် .....
ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ က ....
မြန်မာနိုင်ငံ အနေနဲ့ ယိုးဒယားကို ထိပါးလာရင် ....
အင်အားသုံးပြီး ဖြေရှင်းမယ်လို့ ....
တိတိလင်းလင်း ထုတ်ပြောခဲ့ ပါတယ်…..။

နောက်ရက်မှာတွေမှာတော့....
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ .....
သံအမတ် နှစ်ဦးလုံးကို ခေါ်ယူပြီး ....
ပြင်းပြင်းထန်ထန် ကန့် ကွက်သတိပေးခဲ့ ကြ သလို …
ဗန်ကောက် ပို့ စ် နေရှင်း စတဲ့ ယိုးဒယား သတင်းစာတွေနဲ့  ....
မြန်မာ့အလင်း ကြေးမုံ သတင်းစာတို့ ရဲ့  .....
မီဒီယာ တိုက်ပွဲကြီးလည်းစတင်ပါပြီ…
လတ်တလော ထုတ်ဝေနေတဲ့ ယိုးဒယားသတင်းစာများမှာ....
မြန်မာမုန်းတီးရေး ဆောင်းပါးများနဲ့ ပြည့်နှက်နေသလို ....
မြန်မာ့သတင်းစာများက ဖော်ပြနေတဲ့ ....
ဒေါက်တာ မတင်ဝင်းရဲ့  " ဗြနရာဇ် လူမဖြစ်ပါ " ဆိုတဲ့ .....
အခန်းဆက်ဆောင်းပါးတွေဟာ ....
ဘုရင်ကို အထွတ်အမြတ် ထားလှတဲ့ ယိုးဒယားတို့ ကိုတော့ ....
အတော့်ကို ယမ်းပုံမီးကျ ဖြစ်စေခဲ့ ပါတယ် ……
မကြာခင်ပဲ ယိုးဒယားရဲတပ်ဖွဲ့ ဟာ ....
ဒေါက်တာမတင်ဝင်း ၊ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာအယ်ဒီတာတွေကို ....
Black List စာရင်းသွင်းကာ ပြည်ဝင်ခွင့်ပိတ်ခဲ့ ပြီး ....
မြန်မာနိုင်ငံကလဲ .....
ဘန်ကောက်ပို့ စ် နဲ့ နေရှင်း သတင်းစာ အယ်ဒီတာများအပါအ၀င် .....
ယိုးဒယားဆောင်းပါးရှင် ၁၇ ဦးကို ပြန်လည်ပြီး .....
Black List သွင်းကာ ပြည်ဝင်ခွင့် ပိတ်ခဲ့ ပါတယ်…..။

၂၀၀၂ခုနှစ် ဇွန်လ ၁ ရက်နေ့ မှာ .....
တပ်မတော် အစိုးရဟာ ...
ပြည်တွင်း ပြည်ပ သတင်းစာဆရာများနဲ့  ....
သံရုံး အသီးသီးမှ သံတမန်များ .....
စစ်သံမှူးများ အားလုံးကိုဖိတ်ခေါ်ပြီး ....
သမိုင်းတစ်လျောက် သဘောထား တင်းမာလွန်းတဲ့  ....
ထုတ်ပြန်ချက်တစ်ခုကို တိတိလင်းလင်း ထုတ်ပြန်ခဲ့ပါတယ်…..
ဒီ ထုတ်ပြန်ချက်ကတော့ ....
တပ်မတော် အနေနဲ့ ကျဆုံးသွားတဲ့ ....
ပန်မိုင်ဆွန်ဒေသ စခန်းအားလုံးတို့ ကို ...
ပြန်လည်တိုက်ခိုက်တော့မှာဖြစ်ပြီး ....
အကယ်လို့ ယိုးဒယားတပ် တွေအနေနဲ့ ....
မိမိတို့ ကို ပစ်ခတ်လာမယ်ဆိုရင် ....
ချက်ချင်း ပြန်လည် တုံ့ ပြန်ပစ်ခတ် တိုက်ခိုက်ဖို့ ....
တပ်တွေကို အမိန့် ပေးလိုက်ပြီ ဖြစ်တဲ့ အကြောင်းပါ …...။

ဒီထုတ်ပြန်ချက်ဟာ ....
ယိုးဒယားအပေါ်တိတိလင်းလင်း စိန်ခေါ်လိုက်တာဖြစ်သလို ....
လိုအပ်ရင် စစ်ဖြစ်ဖို့ အသင့်ရှိတယ်ဆိုတဲ့ .....
သဘောလဲ သက်ရောက်တဲ့ အတွက် ....
သံတမန် များရဲ့ အာမေဋိတ်သံဟာ .....
ခန်းမထဲမှာ တော့ အတော်ပဲ ကျယ်လောင်သွားခဲ့ပါတယ်….
ယိုးဒယား စစ်သံမှူး အနေနဲ့ တော့ ....
သတင်းထောက်များ ၀ိုင်းဝန်းမေးမြန်းမှုတွေကို ....
မျက်နှာမကောင်းစွာနဲ့ ပဲ ...
ပြောစရာ မရှိကြောင်း ပြောကြားခဲ့ ပြီး ....
သံရုံးကိုအလျင်အမြန် ထွက်ခွာသွားပါတယ် ….
သူဟာ ဒီ ရာဇသံကို ....
သူ့ နိုင်ငံ အစိုးရဆီ အမြန်ဆုံး သတင်းပို့ ရမှာဖြစ်သလို ....
မြန်မာလူထုရဲ့ ဒီပြသနာအပေါ် သဘောထားကိုလဲ ......
ထောက်လှမ်းရေး အစီရင်ခံစာ အများအပြားရရှိပြီးဖြစ်တဲ့ အတွက် .....
မျက်နှာမကောင်းတာလဲဖြစ်နိုင်ပါတယ်….။

ပြီးခဲ့ တဲ့  ၃ ၄ ရက်ကစလို့ .....
ရန်ကုန် မှာရှိတဲ့ ယိုးဒယား သံရုံးကို .....
လုံခြုံရေး တိုးမြှင့်ပေးထားရပြီး .....
နိုင်ငံအနှံအပြားက ယိုးဒယား ပစည်းများရဲ့ ရောင်းအားဟာလဲ ....
ဒလဟော ထိုးကျလို့ နေ နေပါပြီ ….
မြန်မာပြည်အနှံ့ က အလံတွေလွှင့်ထူထားလို့ ....
ရဲရဲတောက်နေတဲ့ အိမ်တွေရဲ့ မျက်နှာစာကို .....
တိုင်းမ် မဂဇင်း က မျက်နှာဖုံး သတင်း အဖြစ်ဖော်ပြခဲ့သလို ....
ရွှေရောင်ပစ်မှတ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်ခန်းထဲက ....
" ကျွန်တော့်ကို အချိန် ၃ရက်သာပေးပါ .....
ဘန်ကောက်မြို့ ပေါ်လမ်းလျောက်ပြပါမယ် ဗိုလ်မှူး " ဆိုတဲ့  စကားဟာ .....
တစ်ပြည်လုံး အနှံ့ က လူငယ်တွေ တဖွဖွ ရေရွတ်လို့ နေ နေပါပြီ……" ...
ဒါဟာ ယိုးဒယားအဖို့ တော့ .....
သူတို့ မျှော်လင့်မထားတဲ့ တုန့် ပြန်မှု ဖြစ်ပြီး ......
ဒီ နောက်ပိုင်းမှာတော့ ယိုးဒယားအနေနဲ့ .....
ဒီလို အပြုအမှုမျိုးဟာ ....
နောက်ထပ်လုပ်ရင် မြန်မာနဲ့ စစ်ဖြစ်ပွားတဲ့ ထိ ...
ဖြစ်နိုင်တယ်ဆိုတဲ့ အနေအထားကို .....
သဘောပေါက် သွားပုံလဲရပါတယ်…….။

၂၀၀၂ ခုနှစ် ဇွန်လ ၂ ရက်နေ့ မှာပဲ .....
တပ်မတော် ရဲ့ တန်ပြန်ထိုးစစ်ဟာ ....
အပြင်းအထန် စတင်လာပါတယ် …
ရန်သူများနဲ့ ရင်ဆိုင်ထိန်းချုပ်ထားတဲ့ တပ်တွေ အပြင် .....
နည်းဗျူဟာ ၅ခု တပ်ရင်း ၁၃ ရင်း ဟာ .....
လက်နက်ကြီးပစ်ကူ အမြောက်အများနဲ့ ....
စခန်းတွေကို ၀င်ရောက်လုံးထွေးကုန်သလို .....
နှစ်နိုင်ငံ အမြောက်တပ်တွေကတော့ .....
နယ်စပ်ဖြတ်ကျော်ပြီး မီးကုန်ယမ်းကုန်ပစ်ခတ်နေပါပြီ …
ဒီတိုက်ပွဲစဉ်တွေမှာတော့ ....
SURA နဲ့ ယိုးဒယား စစ်သည်တွေအဖို့ .....
အတော်သွေးပျက်ဖွယ် အခြေအနေတစ်ခုကိုလဲ .....
စကြုံလာရပါပြီ ….
အဲဒါကတော့ တလစပ် ပစ်ခတ်နေတဲ့ ကြားက .....
မိုက်မိုက်ကန်းကန်း လှံစွပ်တက်ထိုးတဲ့  မြန်မာစစ်သည်တွေ နဲ့ အတူ .....
ခေါင်းကြောမာလှတဲ့ ....
အသေခံ ၀ တပ်ဖွဲ့ ဝင်တွေပါ ပါဝင်လာခြင်းပါ …...။

တာချီလိတ်နဲ့ မယ်ဆိုင်မြို့ တွင်းကို လည်း ....
အမြောက်ကျည်များ မကြာခဏ ကျရောက်နေသလို ....
မယ်ဆိုင်မြို့ တွင်း နေရာယူထားတဲ့  ....
ယိုးဒယားတင့်ကားတစ်စီးဟာ ....
မြန်မာ အမြောက်တပ်က ပစ်ခတ်လိုက်တဲ့  .....
ဗုံးသီးတစ်လုံးကို ၃၅ ပေါင်လေးတဲ့  .....
၁၂၀ မီလီမီတာ MA6 စိန်ပြောင်းကြီး .....
တိုက်ရိုက်ထိမှန်သွားတဲ့ အတွက် ....
စကူစုတ် တစ်ခုလို ရှုံ့ တွ မီးလောင် သွားပြီး .....
ယာဉ်ပေါ်ပါ စစ်သည်အားလုံး သေဆုံးသွားပါတယ် …
ဒီ ထိမှန်ပေါက်ကွဲ မှုဟာ ....
ယိုးဒယားစစ်တပ်ကို ....
အတော် တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပြီး .....
ပဲ့ ထိန်းစနစ်တပ် ဒုံးလက်နက် တစ်မျိုးနဲ့ ....
ပစ်ခတ်ခံရတယ်လို့  ယူဆတဲ့ အတွက် .....
ယိုးဒယား တင့်ကား အားလုံးကို ....
နောက်ဘက် ကိုက် ၄၀၀ လောက်ထိ ....
ဆုတ်ခွာသွားစေခဲ့ ပါတယ်…..
မကြာမီ ရက်ပိုင်း အတွင်းမှာတော့ ....
SURA နဲ့ ယိုးဒယား တပ်ဖွဲ့ ဝင်တွေဟာ .....
စတင်ဆုတ်ခွာလို့ နေရပါပြီ…...။

၂၀၀၂ ခုနှစ် ဇွန်လလယ်ရဲ့ သာမန် ည တစ်ညမှာ .....
ညတိုက်ပွဲဝင် ၀တ်စုံ အပြည့်နဲ့ ....
အမှတ် ၁၇၁ စစ်ဒေသက .....
ဝ တပ်ဖွဲ့ ဝင် ၃၀၀ ခန့် ဟာ ....
တဂျိမ်းဂျိမ်း ပစ်ခတ်နေတဲ့  ယိုးဒယား အမြောက်စခန်းတွေရဲ့ ....
ရှေ့ ကာတပ် စခန်းများဆီကို ....
နယ်စပ်ဖြတ်ကျော်ပြီး တိတ်တိတ်ဆိတ်ဆိတ် ပဲ ....
စိမ့်ဝင် ချီတက်သွားပါတယ်….
အဲဒီည မှာပဲ ...
နယ်စပ်မျဉ်းက ၂ ကီလိုမီတာ အကွာမှာရှိတဲ့ ....
ယိုးဒယား ကာကင်း အတော်များများ ချေမှုန်းခံရပြီး ....
ယိုးဒယား နယ်ခြားစောင့်တပ်စခန်း အတော်များများဟာ ....
တိုက်ခိုက်ဖျက်ဆီး မီးရှို့ ခံခဲ့ရပါတယ်….
ဒါဟာ ယိုးဒယား အမြောက်များနဲ့ ....
မြန်မာခြေလျင်တပ်ဖွဲ့ များ အကြား ....
ကြားခံ တပ်အင်အား အတော် နည်းသွားတဲ့ သဘောဖြစ်ပြီး .....
ယိုးဒယားအမြောက်စခန်းများဟာ .....
အကြီးအကျယ် ခြိမ်းခြောက်ခံနေရပြီဆိုတဲ့ အဓိပာယ်လဲ ဖြစ်ပါတယ်….။

ဒါပေမယ့်လဲ ....
စစ်ပွဲဟာ အဖြေပေါ်နေခဲ့ပါပြီ.....
နောက် ၂ရက်အကြာမှာတော့ .....
မြန်မာပြည်ကို အင်အားသုံးမယ်ဆိုတဲ့ .....
ယိုးဒယား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ ဟာ ....
ရာထူးမှ အနားပေးခံရပြီး ....
နယ်စပ်မျဉ်းက ယိုးဒယားတပ်ဖွဲ့ ဝင်အမြောက်အမြားဟာ ...
ပြန်လည် ဆုတ်ခွာရပါတော့တယ် …...။

ဒါအပြင် ....
အသစ်တက်လာတဲ့ ယိုးဒယား စစ်ဦးစီးချုပ်ဟာ .....
SURA အပေါ် ထောက်ပံ့ ပေးနေမှုကို ရပ်စဲလိုက်တဲ့ အတွက် .....
ယိုးဒယားနယ်မြေထဲမှာ အခြေစိုက်နေရတဲ့  ....
SURA အဖို့ တော့ .....
အနာဂတ်ကာလတွေမှာ ....
အခက်အခဲ အတော်တွေ့ ရတော့မှာလည်း ဖြစ်ပါတယ်…..
တပ်မတော်အနေနဲ့ ကတော့ .....
ဒီတိုက်ပွဲစဉ်တွေ အပြီးမှာ ....
ပြန်လည်သိမ်းပိုက်ခဲ့ တဲ့  နယ်စပ်ခံစစ် စခန်းများကို .....
စစ်ကြောင်းအဆင့် ထိုင်တဲ့  ....
မဆုတ်တန်း ခံစစ်စခန်းတွေ အဖြစ် ....
ပြောင်းလဲသတ်မှတ်ခဲ့ ပြီး .....
ဒီနေ့ အထိ အခိုင်အမာ ခံစစ်ပြင်ထားတော့တာကို ....
တွေ့ ရ တော့မှာလဲ ဖြစ်ပါတယ်…….။

( အပိုင်း ၁၇ နောက်ရက် ဆက်တင်ပါမည် )

ဘီလျှံနာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ

$
0
0
Photo: ဘီလျှံနာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ~~~~~~~~~~~~~~~~~ (ပုံတွင် စင်္ကာပူမြို့ ရှိ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ပိုင်သည့် ကွန်ဒိုမီနီယံ ကို တွေ့ ရမည် ဖြစ်သည်။)  မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ၎င်း၏ မိသားစုသည် အမေရိကန် ဒေါ်လာ သန်း နှစ်ထောင် (နှစ် ဘီလျှံ) ခန့် ချမ်းသာသည်ဟု ယူဆရသည်ဟု မြန်မာနိုင်ငံတွင်းရှိ နိုင်ငံခြား သံတမန် များကယခုနှစ် အစောပိုင်း ကတည်းက သုံးသပ် ထားကြကြောင်း ဥရောပ သံ အမှုထမ်း တစ်ဦး၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထားသည်။  ၂၀၁၀ ခုနှစ် အစောပိုင်းက ရန်ကုန်မြို့ရှိ ဂျာမဏီသံရုံး ဧည့်ခံပွဲ တစ်ခုတွင် အနောက်တိုင်း သံတမန် နှင့် အရှေ့ တိုင်း သံတမန်တို့ ဆုံမိချိန်တွင် မြန်မာ စစ်အာဏာရှင်၏ ချမ်းသာမှု အစုစုတို့ကို ခန့်မှန်း တွက်ချက် ကြခြင်း ဖြစ်သည်။  မြန်မာ နိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှု အရှိဆုံး ဖြစ်သည့် +++++ နိုင်ငံ သံအမတ် ကြီးက မြန်မာ စစ်ခေါင်းဆောင် ၏ မိသားစု သည် ဒေါ်လာသန်း ၂၀၀၀ ထက်မနည်း ချမ်းသာမည်ဟု ခန့်မှန်း တွက်ချက် ပြထားပြီး ၂၀၀၄ ခုနှစ် ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့်အား ရာထူးမှ မဖယ်ရှားစဉ်က ဒေါ်လာသန်း ၄၀၀ လောက်သာ ချမ်းသာမည်ဟု ခန့်မှန်းထားပြီး ထို့နောက်တွင် ၀န်ကြီးချုပ်ဟောင်း နှင့် စစ်ထောက်လှမ်းရေး တို့၏ ပိုင်ဆိုင်မှုနှင့် စီးပွားရေးများကို ရရှိခဲ့ပြီး လွန်စွာချမ်းသာ ခဲ့သည်ဟု ဆွေးနွေးထားကြသည်။  မြန်မာ စစ်ခေါင်းဆောင် ၏ ၀င်ငွေသည် တစ်နှစ်လျှင် သန်း ၃၀၀ ခန့်ဝင်ငွေရှိ နေပြီး စင်္ကာပူ နိုင်ငံ ၊ တရုတ်နိုင်ငံ ၊ မလေးရှားနိုင်ငံ ၊တောင်ကိုရီးယား နိုင်ငံ ၊ ဗီယက်နမ် နိုင်ငံ၊ ရုရှား ၊ ယူကရိန်း ၊ ဘီလာရပ်(စ) နှင့် အာရပ်နိုင်ငံ အချို့တွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မိသားစုဝင်များ၏ ရင်းနှီးမြုပ်နှံမှုများ ရှိနေပြီး ယူကရိန်း နိုင်ငံတွင် ဗိုလ်ချုပ်မှုးကြီး၏ လက်နက် ၀ယ်ယူရေး ကိုယ်စားလှယ်ရုံး နှင့် ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ စူပါမားကတ် အချို့တွင်လည်း ရင်းနှီးမြုပ်နှံမှုများ ပြုထားသည်ဟု သိရသည်။  မြန်မာနိုင်ငံတွင်း၌ ကျောက်မျက် ရတနာ ပြပွဲများကိုလည်း ပြုလုပ်သလို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မိသားစုမှ နိုင်ငံခြား ကျောက်မျက် ရတနာ ကိုယ်စားလှယ်များကို နေပြည်တော်သို့ ဖိတ်ခေါ်ပြီး လက်သိပ်ထိုး ရောင်းချမှုများလည်း ရှိသည်ဟု ++++++ သံအမတ်ကြီးက ထိုဆွေးနွေးပွဲတွင် ထည့် သွင်း ပြောကြားသွားသည်။  အနှစ် နှစ်ဆယ် နီးပါးကြာ တိုင်းပြည်၏ သံယံဇာတ ကို လက်ဝါးကြီး အုပ်ထားသည့် မြန်မာ စစ်ခေါင်းဆောင်၏ ချမ်းသာမှုသည် မည်၍ မည်မျှ ရှိမည်ကို မည်သူမျှ အတိအကျ မသိနိုင်သော်လည်း ၎င်း ၏ သမီးဖြစ်သူ မသန္တာရွှေ မင်္ဂလာဆောင်မှာ တံစိုးလက်ဆောင် သဘောသဖွယ် ပဏ္ဍာ ဆက်ရသည် လက်ဖွဲ့မှ ဒေါ်လာ သန်း၁၀၀ ကျော်ရရှိခဲ့သည် ။  မြန်မာ စစ်ခေါင်းဆောင်မှာ စင်္ကာပူနှင့် တရုတ်နိုင်ငံ များတွင် တိုက်တာ အိမ်ခြံမြေများ ၀ယ်ထားပြီး တရုတ်ပြည် ရှန်ဟိုင်း မြို့ နှင့် ယူနန် ပြည်နယ်၊ ရှန်ဆန်း ပြည်နယ် တို့တွင် အမေရိကန် ဒေါ်လာ ခြောက် သန်း ထက်မနည်း တန်းဖိုးကြီး အိမ်ရာများကို ၀ယ်ယူထားပြီး ဖြစ်သည်။စစ်ခေါင်းဆောင်၏ အရှေ့  ဥရောပမှ လေယာဉ်နှင့် စစ်လက်နက်ပစ္စည်း ၀ယ်ယူသည့် ကုမ္ပဏီ တစ်ခုသည် ၎င်း၏ သမက် ဦးတေဇ၏ Pavo Trading လက်အောက်တွင် ရှိသည်။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် တိုင်းပြည်၏ သံယံဇာတ များနှင့် ဆန် အစရှိသည့် သွင်းကုန် ထုတ်ကုန်များမှ ၀င်ငွေရရှိသလို နှစ်စဉ် တိုင်းမှုးများ ၊၀န်ကြီးများ ၊ မြို့တော်ဝန်များ နှင့် နိုင်ငံတွင်းရှိ ထိပ်တန်း စီးပွားရေး လုပ်ငန်း ရှင် များမှလည်း လာဘ်သပ်ပက္ကရရှိသည်။  Copy from _ myanmarwikileaks.org အေးချမ်းမွန် Copy & Cridet To>>ကဏ္ဍစုံလင်သတင်း << Thank
10 June 2013
 ~~~~~~~~~~~~~~~~~
(ပုံတွင် စင်္ကာပူမြို့ ရှိ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ပိုင်သည့် ကွန်ဒိုမီနီယံ ကို တွေ့ ရမည် ဖြစ်သည်။)

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ၎င်း၏ မိသားစုသည် အမေရိကန် ဒေါ်လာ သန်း ...
နှစ်ထောင် (နှစ် ဘီလျှံ) ခန့် ချမ်းသာသည်ဟု ယူဆရသည်ဟု မြန်မာနိုင်ငံတွင်းရှိ နိုင်ငံခြား သံတမန် များကယခုနှစ် အစောပိုင်း ကတည်းက သုံးသပ် ထားကြကြောင်း ဥရောပ သံ အမှုထမ်း တစ်ဦး၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထားသည်။

၂၀၁၀ ခုနှစ် အစောပိုင်းက ရန်ကုန်မြို့ရှိ ဂျာမဏီသံရုံး ဧည့်ခံပွဲ တစ်ခုတွင် အနောက်တိုင်း သံတမန် နှင့် အရှေ့ တိုင်း သံတမန်တို့ ဆုံမိချိန်တွင် မြန်မာ စစ်အာဏာရှင်၏ ချမ်းသာမှု အစုစုတို့ကို ခန့်မှန်း တွက်ချက် ကြခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှု အရှိဆုံး ဖြစ်သည့် +++++ နိုင်ငံ သံအမတ် ကြီးက မြန်မာ စစ်ခေါင်းဆောင် ၏ မိသားစု သည် ဒေါ်လာသန်း ၂၀၀၀ ထက်မနည်း ချမ်းသာမည်ဟု ခန့်မှန်း တွက်ချက် ပြထားပြီး ၂၀၀၄ ခုနှစ် ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့်အား ရာထူးမှ မဖယ်ရှားစဉ်က ဒေါ်လာသန်း ၄၀၀ လောက်သာ ချမ်းသာမည်ဟု ခန့်မှန်းထားပြီး ထို့နောက်တွင် ၀န်ကြီးချုပ်ဟောင်း နှင့် စစ်ထောက်လှမ်းရေး တို့၏ ပိုင်ဆိုင်မှုနှင့် စီးပွားရေးများကို ရရှိခဲ့ပြီး လွန်စွာချမ်းသာ ခဲ့သည်ဟု ဆွေးနွေးထားကြသည်။

မြန်မာ စစ်ခေါင်းဆောင် ၏ ၀င်ငွေသည် တစ်နှစ်လျှင် သန်း ၃၀၀ ခန့်ဝင်ငွေရှိ နေပြီး စင်္ကာပူ နိုင်ငံ ၊ တရုတ်နိုင်ငံ ၊ မလေးရှားနိုင်ငံ ၊တောင်ကိုရီးယား နိုင်ငံ ၊ ဗီယက်နမ် နိုင်ငံ၊ ရုရှား ၊ ယူကရိန်း ၊ ဘီလာရပ်(စ) နှင့် အာရပ်နိုင်ငံ အချို့တွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မိသားစုဝင်များ၏ ရင်းနှီးမြုပ်နှံမှုများ ရှိနေပြီး ယူကရိန်း နိုင်ငံတွင် ဗိုလ်ချုပ်မှုးကြီး၏ လက်နက် ၀ယ်ယူရေး ကိုယ်စားလှယ်ရုံး နှင့် ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ စူပါမားကတ် အချို့တွင်လည်း ရင်းနှီးမြုပ်နှံမှုများ ပြုထားသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်း၌ ကျောက်မျက် ရတနာ ပြပွဲများကိုလည်း ပြုလုပ်သလို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မိသားစုမှ နိုင်ငံခြား ကျောက်မျက် ရတနာ ကိုယ်စားလှယ်များကို နေပြည်တော်သို့ ဖိတ်ခေါ်ပြီး လက်သိပ်ထိုး ရောင်းချမှုများလည်း ရှိသည်ဟု ++++++ သံအမတ်ကြီးက ထိုဆွေးနွေးပွဲတွင် ထည့် သွင်း ပြောကြားသွားသည်။

အနှစ် နှစ်ဆယ် နီးပါးကြာ တိုင်းပြည်၏ သံယံဇာတ ကို လက်ဝါးကြီး အုပ်ထားသည့် မြန်မာ စစ်ခေါင်းဆောင်၏ ချမ်းသာမှုသည် မည်၍ မည်မျှ ရှိမည်ကို မည်သူမျှ အတိအကျ မသိနိုင်သော်လည်း ၎င်း ၏ သမီးဖြစ်သူ မသန္တာရွှေ မင်္ဂလာဆောင်မှာ တံစိုးလက်ဆောင် သဘောသဖွယ် ပဏ္ဍာ ဆက်ရသည် လက်ဖွဲ့မှ ဒေါ်လာ သန်း၁၀၀ ကျော်ရရှိခဲ့သည် ။

မြန်မာ စစ်ခေါင်းဆောင်မှာ စင်္ကာပူနှင့် တရုတ်နိုင်ငံ များတွင် တိုက်တာ အိမ်ခြံမြေများ ၀ယ်ထားပြီး တရုတ်ပြည် ရှန်ဟိုင်း မြို့ နှင့် ယူနန် ပြည်နယ်၊ ရှန်ဆန်း ပြည်နယ် တို့တွင် အမေရိကန် ဒေါ်လာ ခြောက် သန်း ထက်မနည်း တန်းဖိုးကြီး အိမ်ရာများကို ၀ယ်ယူထားပြီး ဖြစ်သည်။စစ်ခေါင်းဆောင်၏ အရှေ့  ဥရောပမှ လေယာဉ်နှင့် စစ်လက်နက်ပစ္စည်း ၀ယ်ယူသည့် ကုမ္ပဏီ တစ်ခုသည် ၎င်း၏ သမက် ဦးတေဇ၏ Pavo Trading လက်အောက်တွင် ရှိသည်။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် တိုင်းပြည်၏ သံယံဇာတ များနှင့် ဆန် အစရှိသည့် သွင်းကုန် ထုတ်ကုန်များမှ ၀င်ငွေရရှိသလို နှစ်စဉ် တိုင်းမှုးများ ၊၀န်ကြီးများ ၊ မြို့တော်ဝန်များ နှင့် နိုင်ငံတွင်းရှိ ထိပ်တန်း စီးပွားရေး လုပ်ငန်း ရှင် များမှလည်း လာဘ်သပ်ပက္ကရရှိသည်။
Copy from _ myanmarwikileaks.org
အေးချမ်းမွန် Copy & Cridet To>>ကဏ္ဍစုံလင်သတင်း
 

မိုးဦးကျ ဖားဋီကာ

$
0
0


 by May Popa (Notes) on Wednesday, June 12, 2013 at 10:55pm

မိုးဦးကျ ဖားဋီကာ

ဒီနှစ် ကျမတို့ ကျောက်ပန်းတောင်းမှာ မိုးဦးကျရာသီမှာ မိုးကောင်းနေလို့ တောင်သူတွေ လည်း သီးနှံတွေ အတွက် ဝမ်းသာနေရသလို လက်လုပ်လက်စားများဟာ လည်း ဖားကောက်ပြီး ဝင်ငွေရနေလို့ ပျော်ရွှင်နေကြပါတယ်။ အရင်နှစ်တွေ က ဆိုရင် ဝါဆိုလ ထဲကျမှ ဖားတွေက မြူးကြတာပါ၊ ဒီနှစ်မိုးဦးကျမှာ ဖားကောက်ကြတာ တစ်ဦးထဲနဲ့ တစ်ညကို သုံးလေးပိဿာလောက် ထိရကြပါတယ်။ ဖားကောက် တဲ့ အကြောင်း တွေရယ် ဖားကို တောသူတောင်သားတွေ ချက်ပြုတ်စားသောက် ကြပုံလေး တွေကို ပြောပြပါဦးမယ်။

ဖားရှာ၍ ကောက်ကြပုံ


အခုလို မိုးရာသီမှာ ရေကန်စပ်တွေ၊ ယာခင်းတွေ၊ ချောင်းရိုးနားတဝိုက်တို့ မှာ သဲတောကြားက နေ တိုးထွက်နေတဲ့ (အရပ်အခေါ် "စုံ့" တယ်) နေရာက လေးတွေက နေ ဖားတွေ နေဝင်ချိန်လောက်က စပြီး ထွက်လာတတ်ပါတယ်။ မိုးငွေ့မိုးသက် ကြောင့် ရော ပလူ ကောင်လေး တွေ စားချင်လို့ရော ပေါ့၊ မိုးရွာလို့ ပလူထွက် ကိုရွှေဖား တို့ ချက် ပါ။ တကယ်တော့ ဒီလို အချိန်ကို စောင့်နေတာကအနီးအနား ပတ်ဝန်းကျင်မှ ရွာသားတွေအတွက် ချက်ပါ။ ညနေစာစားပြီး ဓာတ်မီးလေးဆွဲကာ ရွာပြင်ထွက်ကာ ဖားကောက်ထွက်ကြတာ ပေါ့။။မိုးလေးဖွဲဖွဲမှာ ပါလာတဲ့ အိတ်ထဲ အသာလေး ကောက်ထည့်ရုံပါပဲ။ သတိထားရမှာက သူတို့လိုမျိုး ဖားတွေ အထွက်ကို စောင့်နေတဲ့ မြွေတို့ရဲ့ အန္တရာယ် ပါပဲ၊ တချို့ကျွမ်းကျင်သူက မြွေကိုပါ လက်ဗလာ ဖမ်းကြပြန်တယ်။ ဖားကောက်ရင်း နဲ့ ပိုးထိသူတွေ လည်း ရှိကြတာပေါ့။

ဖားကောက်နေကျ သူတွေက နေရာအနေအထားကျွမ်းကျင်ရင် တစ်ညကို လေးပိဿာလောက်ထိ ရကြတယ်။ သူတို့ တွေ အိမ်ပြန်ရောက်တာနဲ့ ရေနွေးတည် ပြီး အိမ်သူသက်ထားက ပါလာတဲ့ ဖားတွေကို အရှင်ရော အသေရော ရေနွေးနဲ့ဖျောကြပါတယ်၊ ဒီအချိန်က ငရဲအကြီးဆုံး အကုသိုလ်အဖြစ်ဆုံးအချိန်ပါပဲ၊ အောက်ပြည်ဘက်မှာ တံငါသည်တို့ရဲ့ ဘဝတွေလို ပါပဲ၊ ဝမ်းရေးအတွက် ငရဲကို အလေးမထားနိုင်ပါဘူး။ တစ်ပုံ (၂၅ကျပ်သား)ကို ရွာမှာ ရောင်းရင် ၈၀၀/၁၀၀၀ ရပါတယ်။ ကျောက်ပန်းတောင်းဈေးထဲ မှာ ပြန်ရောင်းသူတွေက တော့ ၁၂၀၀လောက် ရောင်းကြတယ်။

ဖား ကောက်ရာမှာ ကျမတို့ နယ်မှာ ရလေ့ရှိတဲ့ ဖားတွေက တော့ ဖားအိုင့်၊ ဖားလတက်၊ ဖားကြောင် တို့ပါပဲ၊ ဖားအိုင့်က (ပုံထဲမှာပါတဲ့) ပိုကြီးတဲ့ အကောင်ပါပဲ၊ ဖားလတက်လေး တွေ လောက် နူးညံ့မှု သိပ်မရှိလို့ သိပ်ရောင်းမစွံလှပါဘူး။ ဖားလတက် တွေက  ကြွပ်ကြွပ်ကြော်ပြီး တစ်ကောင်လုံးဝါးစားရင် အရသာလည်း တော်တော်ရှိပါတယ်။ ဖားကောက်ရာမှာ ဝါဆို၊ဝါခေါင် လောက် ကောက်ရင် ဥများများပါတတ်ပါတယ်။ ဥပါတဲ့ ဖားတွေက စားလို့ပိုကောင်းပြီး ကြော်မယ် ဆိုရင်တော့ ဆီပေါက်မမှန် အောင် တော်တော်ဂရုစိုက်ပြီးကြော်ရပါတယ်။

အညာမှ ဖား ဟင်းလျာချက်ပုံ

ဖားများများလည်း ရ ငွေသုံးလဲမလို သူတွေက ဖားကို ဆားလေးနဲ့နယ်၊ စို့နဲ့ ထိုး၊ နေလေး ပြပြီး ထန်းလျက်ဖိုပေါ် ကျပ်တင်ပြီး အခြောက်ထားက နှစ်ပတ်လည် စားနိုင်အောင် လည်း လုပ်ထားတတ်ပါတယ်။ နွေရာသီ ဟင်းချက်ရှားချိန်၊ ဈေးဖိုးသုံးစရာ မရှိကာမှ ချက်စားဖို့ပါ။.

ကျမတို့ အညာကျေးလက်ဒေသမှာ ပေါ်ပြူလာ အဖြစ်ဆုံး ဖားဟင်းချက်ပုံက တော့ မန်ကျည်းရွက်နဲ့ပါပဲ။ ကြက်သွန်နီလေး ဆီသတ်၊ ငါးပိလေး ထဲ့၊ မန်ကျည်းရွက်ကလေး နဲ့ ဖားနဲ့ ရောပြီး နယ်စားလေးချက်တာပါ၊ ချက်ရတာလဲလွယ်ကူ၊ ချဉ်ပြုံးပြုံးလေးနဲ့ အရသာလည်းရှိ၊ အသားနူးညံ့ညံ့ကလေးကို လည်း အရသာခံနိုင်လို့ တောရွာတွေမှာ အများဆုံး ချက်စားကြပါတယ်။ ထူးခြားတာက ရွာတွေဘက်မှာ မိန်းကလေးရော ယောက်ျားလေးတွေပါ နှစ်နှစ်ခြိုက်ခြိုက်စားကြတာပါပဲ။

နောက်တစ်မျိုးက တော့ ပုံမှန်ဗမာဟင်း ဆီပြန်ချက်သလိုမျိုးပါ၊ ဒီပုံစံက တော့ အသားဟင်းတစ်ခွက် အတိုင်း ပဲဖြစ်ပြီး ထမင်းမြိန်စေမဲ့ ဟင်းတစ်ခွက်ဖြစ်လို့ တော်တော်များများချက်စားကြပါတယ်။
 
ကျမတို့ တောရွာတွေဘက်မှာ ပိုပြီးအကြိုက်များတာကတော့ ဖားထောင်းပါ၊ ဖားကို ကြွပ်နေအောင် အရင်ကြော်ပြီးမှ မွှေးနေအောင် ကြက်သွန်ဖြူလေး၊ ကုလားအော်သီးလေးထည့်ပြီး ညက်အောင်ထောင်းရပါတယ်။ အနံ့အရသာနဲ့ ပြည့်စုံပြီး ရေနွေးကြမ်း နဲ့မြည်းမြည်း ဟင်းအမြှုပ်အနေနဲ့စားစား ကောင်းလှပါတယ်၊ ဒါပေမဲ့ စားကောင်းလွန်းလို့ ဈေးဖိုးနဲ့တွက်ရင် တွက်ခြေမကိုက်လှပါဘူး။

ယမကာ ကြိုက်သူ တို့လူတွေ အတွက်တို့ ဖားကြွပ်ကြော်လေးဖြစ်ဖြစ် ဖားထောင်းလေးဖြစ်ဖြစ်က ထွေးညိုလေး (ထန်းလျက်အရက်) ကလေးနဲ့က ဘက်ပါပဲ၊
 
ဒီနေ့ ချက်ထားတဲ့ တောရွာဓလေ့ နေ့လည်စာ  ဖားကြွပ်ထောင်းလေးရယ်၊ ဟင်းနုနွယ်ရွက်သုတ်လေးရယ်၊ ပဲကြီးနဲ့ ဟင်းရွက်စုံဟင်းချိုလေး တွေကို မိတ်ဆွေ သူငယ်ချင်းများ သွားရည်ယိုရအောင် တင်ပေးလိုက်ပါတယ်။

မေပုပ္ပား

၂၀၁၃ ဇွန်လ ၁၂ရက်

စာကြွင်း

ဖား ဆိုတာ မြန်မာစကားမှာ တော်တော်တွင်ကျယ်စွာသုံးနေကြပါတယ်၊  ဖားလေးတွေ ရဲ့ဘဝကလည်း အားနည်းတဲ့ ပလူလေးတွေကို စားဖို့ ချောင်းရင်း မြောင်းရင်း သူ့ထက်အင်အားကြီးသူ တို့ရဲ့ စားသောက်မှုကို စောင့်နေရသလိုပါပဲ၊
Viewing all 1811 articles
Browse latest View live