Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
ဖေဖေနှင့်သမီး
$
0
0
ကျွန်မ၇နှစ် သမီးအရွယ် လောက်ကတည်းက ဖေဖေက စစ်တုရင်
ကစာနည်းလေးကိုသင်ပေးခဲ့ဖူးပါတယ်။ မကြာခဏကစား ဖြစ်တိုင်း
အမြဲတမ်းလည်းရှုံး သလို... တစ်ကွက် ရွှေ့လိုက်တိုင်း "သမီးကဒီလို ရွှေ့လိုက် တော့ ဖေဖေကဒီလိုပြန်ရွှေ့မယ်...
ပြီး ရင် ဒီလိုဒီလို.. . တွေဆက် ဖြစ်မယ်..သမီး ရှုံး သွား ပြီ..အဲ့ တော့ပြန် ရွှေ့..တခြားအကွက်စဉ်းစားပါ။" ဒီလိုနဲ့ အသက် လေးနည်းနည်းကြီးလာတာနှင့် အမျှ ဖေဖေနဲ့ အတူတူ
စစ်တုရင်ကစား ရမှာ ကြောက်လာတယ်။ညည်းငွေ့လာတယ်...။ စိတ်ပျက်လာတယ်။
အဲဒီကစားနည်းကိုလည်း ဝါသနာကို မပါတော့ပါဘူး။ လက် ရည်လည်း တက်မလာပါဘူး။
တက္ကသိုလ်ဝင်တန်းေ ဖြပြီးတဲ့နေ့ရက် တွေဟာ အိမ်တွင်ပုန်းအဖြစ်နဲ့နေရတဲ့ 
ကာလတွေ ဖြစ်လာ ပြီး တကယ်ကိုစိတ်ညစ်စရာ ကောင်းတဲ့  ရက်စွဲတွေပါပဲ။ဘဝမှာ မကျေနပ်ချက် တွေကိုဘေးဖယ် ပြီးကျေနပ်တာလေး တွေကိုပဲ ပြောပြချင်ပါတယ်။
ဖေဖေအားတဲ့  အချိန်မှာ ကျွန်မ အပျင်းဆုံးအလုပ် ဖြစ်တဲ့စစ်တု ရင်ကို ကစား ရအောင်ပါလို့ ကိုယ့်ဘက်ကစပြီးစိန် ခေါ်ခဲ့ ပါတယ်။ခါတိုင်းလိုသင်ကြားေ ရး လုပ်အုံး တော့မယ်လို့ တွေး ပြီးတော့လည်း စိတ်ညစ် ပေမယ့် ဖေဖေက ကစား နေစဉ် မှာ တစ်ခွန်းမှမပြောဘဲ ခပ်တည်တည်နဲ့ ကစား နေပါတယ်။ အဲ့တော့ကိုယ့်ဘက်က အနေရခက်လာ ပြီး ဒီလိုေ ရွှ့တာမှန်လား ဖေဖေ၊ မှားလား ဖေဖေ..???နဲ့ လျှောက် မေး နေခဲ့ပါတယ်။ဖေဖေကတော့မဖြေပါဘူး။
ဖေဖေက အဖွင့်ကွက် လေးနည်းနည်း ရွှေ့ပြီးတာနဲ့ သူ့အကောင် တွေကို ချချကျွေးလာပါတယ်။ ကျွန်မက ကိုယ့်အကောင်တွေ မပေး ရအောင် ကာပြီးကစားပါတယ်။ တဖြည်းဖြည်းနဲ့ သူ့ရဲ့အကောင် တွေထဲက ပါဝါကြီးတဲ့ အကောင် တွေပါချကျွေးလာပါတယ်။ ကျွန်မကဝမ်း သာအား ရစားပါတယ်။ မကြာခင်မှာပဲ ဖေဖေက ပွဲသိမ်းပစ်ပါတယ်။ တတိယေ မြာက်ပွဲမှာ တော့  ဖေဖေက သူ့ဘု ရင်မကိုချကျွေးပါတယ်။ ဒီကလည်း မစဉ်းနိုင် လောက် အောင် ဝမ်းသာလုံးစို့ပြီး စားပစ်လိုက်ပါတယ်။
ဖေဖေကလည်း နောက်ထပ် ရွှေ့ကွက် ၃ကွက်အတွင်းမှာပဲ ချက်ခေါ်ပြီး ကျွန်မရဲ့ ဘု ရင်ကြီးကိုကောက်ဝါးပစ်လိုက်ပါတယ်။
" ဖေဖေမအား တော့ဘူးသမီး ထပ်မကစားတော့ဘူးသိမ်းလိုက်တော့လို့"
ပြောပါတယ်။ စိတ်ထဲမှာတော်တော်ခံ ပြင်းမိပါတယ်။ ဖေဖေက ငါ့ကိုဘာမှလည်း မသင် ပေးဘူးးး ပြီး တော့ အနိုင်နဲ့လည်းပိုင်းတယ်လို့.. အရုပ် တွေကို သိမ်း ရင်း တွေး နေမိပါတယ်။"သမီး.. စောစောတုန်းက ဖေဖေကအရုပ်တွေ
ချကျွေးတိုင်း ဘာလို့ဝမ်းသာအား ရနဲ့ ကောက် ကောက်စား နေတာလဲ။ဖေဖေက အလကားချကျွေးတယ်ထင်လို့လားးး သမီးဘု ရင်ကိုစားဖို့အတွက် လမ်းကြောင်းရှင်းတဲ့အနေနဲ့ကျွေးတာ.. တပြိုင်နက်မှာပဲ သမီး ရဲ့ ပိတ်ဆို့မှုတွေပျက် ပြီးဟာကွက် တွေပါဖြစ်ကုန် စေဖို့ကျွေးတာ။ တစ်လှည့်ထဲနဲ့ နားလည်မယ်မှတ်နေတာ သမီးက သုံးလှည့်လုံးလုံး ပုံစံမပြောင်းဘူးးး။ကိုယ်အရုပ် အစားခံ ရမှာ ကြောက်တယ် ၊ သူများအရုပ်ကို လိုချင်တယ်။နောက်မှတ်ထားးးဒီစစ်တု ရင် ကစားနည်းမှာရောသမီးဘဝ
တစ် လျှောက်လုံးမှာ ရော.. ကျွေးတိုင်းမစားရဘူး။ပေးတိုင်းမယူရဘူး။ ဒီလောကကြီးမှာ
အလကား ရတာ ဘာမှမရှိဘူး။နောက်တစ်ခါကစားရင် တိုက်စစ်တစ်ခုကို ပုံဖော်နိုင် အောင်ကြိုးစားကြည့် ၊ နိုင်ရမယ်လို့ဖေဖေမပြောဘူး။အရင်ဆုံးကိုယ့် ရဲ့
တွေးပုံခေါ်ပုံကိုပြောင်းကြည့်လိုက်ပါ။ တိုက်စစ်တစ်ခု ဖော်နိုင်လာမယ်...တစ်ဖက် ရဲ့ကစားကွက်တွေကိုလည်းမြင်လာပါလိမ့် မယ်တဲ့ ။"
အဲဒီကတည်းကစပြီး ကျွန်မဟာ စစ်တုရင်ကိုသည်းကြီးမည်းကြီးကစားခဲ့ပါတယ်။
ဘဝရဲ့အထီးကျန်ချိန်တွေ ၊စိတ်ဆင်း ရဲစရာတွေ ကြုံလာ ရစဉ်မှာလည်း စာအုပ် တွေအပြင် အဖော် ပြုစရာနောက်တစ်ခုကို ထပ်ပြီးပိုင်ဆိုင်လာခဲ့ပါတယ်။အိမ်မှာ ရှိတဲ့ စစ်တု ရင် စာအုပ် ပေါင်းစုံကိုကိုင်ပြီး တစ်ယောက်ထဲ လေ့ကျင့်ပါတယ်။
ထိုက်ထိုက် ရဲ့ စစ်တုရင် အမတေ စာအုပ်ကကျွန်မရဲ့သည်းခြေခိုက်ပါပဲ။တက္ကသိုလ်မှာ ချန်ပီယံနှစ်ကြိမ်ဆက်တိုက် ရခဲ့ဖူးပါတယ်။ ဒီနေ့ထိလည်းဘဝကိုရိုးရိုး ရှင်းရှင်းပျော်ပျော် ရွှင် ရွှင်
နေထိုင် သလိုအခက်အခဲတွေ အကျပ်အတည်းတွေ ကြုံတွေ့တဲ့အချိန်တွေ ဖြစ်လာရင်လည်း
ဖေဖေ ပြောသလိုပဲ "ကျွေးတိုင်းမစားနဲ့ "ဆိုတာ လေးကိုပဲ သတိတရနဲ့ ဘယ်သူက
ငါ့ကိုအကွက်ဆင် ပြီး ကျွေး နေလဲ????အဲဒီအကွက်ထဲမဝင် အောင် ဘယ်လိုရုန်းထွက်မလဲ????
ငါကရော ဘယ်လိုပြန်တိုက်မလဲ..???? ဆိုတဲ့အတွေးတွေက အလိုလိုခေါင်းထဲကိုရောက်လာ လေ့ရှိပါတယ်။
ကျေးဇူးတင်ပါတယ် ဖေဖေ
နေထက်ထက်အောင်
၂၀၁၅ မှာ ဘယ်သူ သမ္မတဖြစ်မလဲ
$
0
0
၂၀၁၅ မှာ ဘယ်သူ သမ္မတဖြစ်မလဲ   မြန်မာနိုင်ငံ၏ အစိုးရသစ် သက်တမ်း ၂ နှစ်ကျော်လာချိန်တွင် လာမည့် ၂၀၁၅ ခုနှစ်အတွက် သမ္မတ လုပ်လိုသည်ဟု ပြောဆိုလာသူ သုံးဦးအကြောင်း ပြည်သူများအကြား ရေပန်းစားနေသည်။ သမ္မတ ဖြစ်လိုသူ သုံးဦးမှာ လက်ရှိ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင် နေသော ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ပင် ဖြစ်သည်။   “နိုင်ငံရေးသမားဆိုတာ နောင်လာမယ့် ရွေးကောက်ပွဲကိုပဲ စဉ်းစားတယ်။ လူထုခေါင်းဆောင်ဆိုတာ နောင်လာမယ့် မျိုးဆက်သစ်တွေ စဉ်းစားမယ်”ဆိုသော စကားမှာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ၏ သမိုင်းဝင်စကား ဖြစ်သည်။  “အမှန်တော့ နိုင်ငံရေးသမား တစ်ယောက်က နိုင်ငံရေးအာဏာ ရယူလိုတာ သဘာဝကျတယ်။ နိုင်ငံရေးမှာ အာဏာရှိမှ မိမိယုံကြည်ရာ မူဝါဒများဖြင့် တိုင်းပြည် ကောင်းကျိုးအတွက် အကောင်းဆုံး လုပ်နိုင်မယ်၊ သမ္မတအဖြစ် တာဝန်ယူလိုတယ်လို့ ပြောကြတာ တိုင်းပြည်ကို အကောင်းဆုံး အလုပ်အကျွေး ပြုလိုတယ်လို့ ပြောတာနဲ့အတူတူပဲ”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းက ဆိုသည်။  “ပြည်သူက တာဝန်ပေးမယ်ဆိုရင် ၂၀၁၅ မှာ သမ္မတ ဒုတိယသက်တမ်းကို တာဝန်ယူပါမယ်” ဟု ၂၀၁၂ ခုနှစ် အောက်တိုဘာလက နိုင်ငံတော်သမ္မတက အမေရိကန် ခရီးစဉ်တွင် စတင်ပြောဆို ခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ပြည်ထောင်စု ခရီးစဉ်၌ ၂၀၁၅ ခုနှစ်တွင် သမ္မတ လုပ်လိုသည်ဟု ပြောဆိုခဲ့ပြီး နောက်ပိုင်း၌လည်း မကြာခဏ ယင်းစကားကို ဆိုခဲ့သည်။  ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်လည်း အမေရိကန် ရောက်ရှိစဉ် သမ္မတ လုပ်လိုသည်ဟု ဆိုပြန်သည်။ ထိုသုံးဦးစလုံးသည် ကမ္ဘာ့ ဆူပါပါဝါ အမေရိကန်သို့ ရောက်ရှိစဉ်တွင် နိုင်ငံတကာ အလယ်တွင် သမ္မတ လုပ်လိုသည်ဟု တူညီစွာ ပြောဆိုခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နိုင်ငံတော်သမ္မတ ဖြစ်ရန်မှာမူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည် ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အတားအဆီး ဖြစ်နေသည့် အချက်များကို ဦးစွာပြင်ရမည် ဖြစ်ပြီး အဆိုပါ အချက်များကို ပြင်ဆင်ပြီးမှသာလျှင် အခြေခံဥပဒေ၏ အဓိက ပြင်ဆင်ရန် လိုအပ်သည့် နေရာများကို ပြင်ဆင်နိုင်ခွင့်ရှိမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။  “အခြေခံဥပဒေ ပုဒ်မ ၅၉ မှာပါတဲ့ သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်းများ ပုဒ်မခွဲ (စ) မှာ တစ်စုံတစ်ယောက် အတွက် ကန့်ထားတဲ့ အချက်မျိုးကို ပြန်စဉ်းစားဖို့ လိုတယ်” ဟုလည်း ဆရာကျော်ဝင်း အကြံပြု ပြောကြားသည်။  လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်တွင် လွှတ်တော်သမ္မတ ဖြစ်ရန်အတွက် အရွေးခံလျှင် အခြေခံဥပဒေတွင် ကန့်သတ်ထားချက် များအရ လွှတ်တော် အမတ်များ၏ ၇၅ ရာခိုင်နှုန်း ထောက်ခံမှု ရသည့်တိုင် တပ်မတော်သား တစ်ဦး၏ ထောက်ခံမှုကို လိုအပ်နေဦးမည် ဖြစ်သည်။  အရပ်သားအစိုးရ လက်ထက်တွင် ကျန်းမာရေးကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ရသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နေရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံဟု ထင်ကြေး ပေးခံရသူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေကို တပ်မတော်သား ကိုယ်စားလှယ်များက အဆိုပြုခဲ့သော်လည်း အခြေခံဥပဒေ ပုဒ်မ ၅၉ ဖြင့် ငြိစွန်းခဲ့သောကြောင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးဉာဏ်ထွန်းကို ပြောင်းလဲ အဆိုပြုခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာလည်း နိုင်ငံသား မဟုတ်သဖြင့် တပ်မတော်သား ကိုယ်စားလှယ်များ၏ သဘောတူညီမှု ရရှိရန်မှာ ခက်ခဲနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောကြားသည်။  “သမ္မတကို တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့စနစ် မဟုတ်တဲ့အတွက် ကျွန်မ သမ္မတ အရည်အချင်း ပြည့်မီဖို့ဆိုရင် အခြေခံဥပဒေကို ပြင်ကို ပြင်ရပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေကို ပြင်ဆင်မည်ဟု လွှတ်တော်ပြင်ပတွင် ပြောဆိုနေခြင်းကို အမှန်တကယ် လွှတ်တော်အတွင်း ပြင်ဆင်နိုင်မည်လောဟု မေးခွန်ထုတ်စရာ ဖြစ် နေသည်။  ပြည်တော်စုလွှတ်တော်တွင် ကိုယ်စားလှယ် အားလုံးမှာ ၆၆၄ ဦး ရှိသည့်အနက် တိုင်းရင်းသားပါတီ အားလုံးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကဲ့သို့သော အတိုက်ခံ ပါတီများ၏ ကိုယ်စားလှယ် ၁၀၁ ဦးသာရှိကာ ကျန်သည့် ကိုယ်စားလှယ်များမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်တို့မှ ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်သို့ ရောက်ရှိနေသည်မှာ တစ်နှစ် သက်တမ်းရှိချိန်ထိ အဆိုတင်သွင်းခြင်း မရှိသေးပေ။ ဝင်ရောက် ဆွေးနွေးမှုသာ ရှိခဲ့သည်။  သူရဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် နာယက အဖြစ် တာဝန်ယူရသည့် အတွက် အခြေခံဥပဒေ ပြင်ဆင်ရာ အချက်များကို ပြင်ဆင် ရန်တွက် ရိုးသားစွာ လုပ်ဆောင်ရမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင်ခွင့်ပေးကာ တရားမျှတဖို့ လုပ်ဆောင်သင့်သည် ဟုလည်း နိုင်ငံရေး လေ့လာသုံးသပ်သူတို့က မှတ်ချက် ပေးကြသည်။  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက သမ္မတဖြစ်ရန် အချက်တစ်ချက်တည်းဖြင့် ဖွဲ့စည်းပုံ အခြေဥပဒေကို ပြင်ခြင်းထက် ပြင်သင့်သည့် အချက်များကို ပြင်ရမည် ဖြစ်ပြီး တိုင်းရင်းသားများ အားလုံး၏ ရပိုင်ခွင့်နှင့် ပြည်သူလူထု ယုံကြည် အားကိုးရသော အခြေခံဥပဒေ ဖြစ်အောင် ပြင်ဆင်ခြင်းသည် နိုင်ငံ၏ကျောရိုး ဖြစ်ကြောင်း ပြောကြားသည်။ “သမ္မတ ဖြစ်ချင်တာကိုတော့ အပြစ် မပြောလိုဘူး” ဟုလည်း ၎င်းကဆိုသည်။  မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ နှစ်နှစ်တာ ကာလအတွင်း ပြည်တွင်း၊ ပြည်ပမှ လက်ခံလာသော မြန်မာနိုင်ငံရေး ခေါင်းဆောင်သုံးဦး ဖြစ်သည့် နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးစလုံးသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် တာဝန်ယူလိုသည်ဟု ထုတ်ဖော် ပြောကြားလာခြင်းကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ပိုမိုမြိုင်ဆိုင် သွက်လက်၊ ရင့်ကျက် လာလိမ့်မည်ဟု စာရေးဆရာ ကျော်ဝင်းက မှတ်ချက်ပေးသည်။  ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများစု အနိုင်ရပါက ပါတီဥက္ကဋ္ဌ ဖြစ်သူ သူရဦးရွှေမန်းကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်မည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုထားသည်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအတွက် အနိုင်ရပါတီ ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ထောက်ခံထားပြီး ဖြစ်သည်။ သို့သော် ယင်း၏ နောက်ကွယ်တွင် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားဖွယ်ရာများ ရှိလာနိုင်သလောဟု ငြင်းချက်များလည်း ရှိသည်။ လက်ရှိ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသော ဦးသိန်းစိန်သည် နိုင်ငံတကာ အလယ်တွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ မှတ်တိုင်အဖြစ် အသိအမှတ် ပြုထားသည့်အပြင် မြန်မာလူထု၏ ထောက်ခံမှုကို ရရှိထားသည်။ သို့သော် လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးမသတ်နိုင်သည့် အချက်ကလည်း ရှိနေဆဲ ဖြစ်သည်။  လူထုခေါင်းဆောင်အဖြစ် နှစ်ရှည် ရပ်တည်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုထောက်ခံမှုမှာ သံသယ မရှိနိုင်သော်လည်း လူ့အခွင့်အရေး ရှုထောင့်မှ ပွင့်ပွင့်လင်းလင်း ပြောတတ်မှု၊ လူကြိုက် မများသော ဆုံးဖြတ်ချက် အချို့ကြောင့် လူအချို့၏ ဝေဖန်ခံခဲ့ရ ဖူးသည်။  ရန်ကုန်မြို့တော် ၃၁ လမ်းထိပ်တွင် ကွမ်းယာရောင်းသူ ၅၆ နှစ်အရွယ်ရှိ ဦးဂါလူး အတွက်မူ ဘယ်သူတက်တက် အရေးမကြီး။ “ဘယ်သူတက်တက် ကောင်းတဲ့သူတက်ဖို့ အရေးကြီးတယ်။ လူသစ် ဆိုရင်တော့ ပိုမျှော်လင့်လို့ ရတာပေါ့”ဟု သူကဆိုသည်။ Written by  မင်းထက်စံ၊ အောင်ဘိုဘိုရှိန်
Tun Wai's photo.
မြန်မာနိုင်ငံ၏ အစိုးရသစ် သက်တမ်း ၂ နှစ်ကျော်လာချိန်တွင် လာမည့် ၂၀၁၅ ခုနှစ်အတွက် သမ္မတ လုပ်လိုသည်ဟု ပြောဆိုလာသူ သုံးဦးအကြောင်း ပြည်သူများအကြား ရေပန်းစားနေသည်။
သမ္မတ ဖြစ်လိုသူ သုံးဦးမှာ လက်ရှိ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင် နေသော ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ပင် ဖြစ်သည်။
“နိုင်ငံရေးသမားဆိုတာ နောင်လာမယ့် ရွေးကောက်ပွဲကိုပဲ စဉ်းစားတယ်။ လူထုခေါင်းဆောင်ဆိုတာ နောင်လာမယ့် မျိုးဆက်သစ်တွေ စဉ်းစားမယ်”ဆိုသော စကားမှာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ၏ သမိုင်းဝင်စကား ဖြစ်သည်။
“အမှန်တော့ နိုင်ငံရေးသမား တစ်ယောက်က နိုင်ငံရေးအာဏာ ရယူလိုတာ သဘာဝကျတယ်။ နိုင်ငံရေးမှာ အာဏာရှိမှ မိမိယုံကြည်ရာ မူဝါဒများဖြင့် တိုင်းပြည် ကောင်းကျိုးအတွက် အကောင်းဆုံး လုပ်နိုင်မယ်၊ သမ္မတအဖြစ် တာဝန်ယူလိုတယ်လို့ ပြောကြတာ တိုင်းပြည်ကို အကောင်းဆုံး အလုပ်အကျွေး ပြုလိုတယ်လို့ ပြောတာနဲ့အတူတူပဲ”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းက ဆိုသည်။
“ပြည်သူက တာဝန်ပေးမယ်ဆိုရင် ၂၀၁၅ မှာ သမ္မတ ဒုတိယသက်တမ်းကို တာဝန်ယူပါမယ်” ဟု ၂၀၁၂ ခုနှစ် အောက်တိုဘာလက နိုင်ငံတော်သမ္မတက အမေရိကန် ခရီးစဉ်တွင် စတင်ပြောဆို ခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ပြည်ထောင်စု ခရီးစဉ်၌ ၂၀၁၅ ခုနှစ်တွင် သမ္မတ လုပ်လိုသည်ဟု ပြောဆိုခဲ့ပြီး နောက်ပိုင်း၌လည်း မကြာခဏ ယင်းစကားကို ဆိုခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်လည်း အမေရိကန် ရောက်ရှိစဉ် သမ္မတ လုပ်လိုသည်ဟု ဆိုပြန်သည်။ ထိုသုံးဦးစလုံးသည် ကမ္ဘာ့ ဆူပါပါဝါ အမေရိကန်သို့ ရောက်ရှိစဉ်တွင် နိုင်ငံတကာ အလယ်တွင် သမ္မတ လုပ်လိုသည်ဟု တူညီစွာ ပြောဆိုခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နိုင်ငံတော်သမ္မတ ဖြစ်ရန်မှာမူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည် ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အတားအဆီး ဖြစ်နေသည့် အချက်များကို ဦးစွာပြင်ရမည် ဖြစ်ပြီး အဆိုပါ အချက်များကို ပြင်ဆင်ပြီးမှသာလျှင် အခြေခံဥပဒေ၏ အဓိက ပြင်ဆင်ရန် လိုအပ်သည့် နေရာများကို ပြင်ဆင်နိုင်ခွင့်ရှိမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“အခြေခံဥပဒေ ပုဒ်မ ၅၉ မှာပါတဲ့ သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်းများ ပုဒ်မခွဲ (စ) မှာ တစ်စုံတစ်ယောက် အတွက် ကန့်ထားတဲ့ အချက်မျိုးကို ပြန်စဉ်းစားဖို့ လိုတယ်” ဟုလည်း ဆရာကျော်ဝင်း အကြံပြု ပြောကြားသည်။
လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်တွင် လွှတ်တော်သမ္မတ ဖြစ်ရန်အတွက် အရွေးခံလျှင် အခြေခံဥပဒေတွင် ကန့်သတ်ထားချက် များအရ လွှတ်တော် အမတ်များ၏ ၇၅ ရာခိုင်နှုန်း ထောက်ခံမှု ရသည့်တိုင် တပ်မတော်သား တစ်ဦး၏ ထောက်ခံမှုကို လိုအပ်နေဦးမည် ဖြစ်သည်။
အရပ်သားအစိုးရ လက်ထက်တွင် ကျန်းမာရေးကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ရသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နေရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံဟု ထင်ကြေး ပေးခံရသူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေကို တပ်မတော်သား ကိုယ်စားလှယ်များက အဆိုပြုခဲ့သော်လည်း အခြေခံဥပဒေ ပုဒ်မ ၅၉ ဖြင့် ငြိစွန်းခဲ့သောကြောင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးဉာဏ်ထွန်းကို ပြောင်းလဲ အဆိုပြုခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာလည်း နိုင်ငံသား မဟုတ်သဖြင့် တပ်မတော်သား ကိုယ်စားလှယ်များ၏ သဘောတူညီမှု ရရှိရန်မှာ ခက်ခဲနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောကြားသည်။
“သမ္မတကို တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့စနစ် မဟုတ်တဲ့အတွက် ကျွန်မ သမ္မတ အရည်အချင်း ပြည့်မီဖို့ဆိုရင် အခြေခံဥပဒေကို ပြင်ကို ပြင်ရပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေကို ပြင်ဆင်မည်ဟု လွှတ်တော်ပြင်ပတွင် ပြောဆိုနေခြင်းကို အမှန်တကယ် လွှတ်တော်အတွင်း ပြင်ဆင်နိုင်မည်လောဟု မေးခွန်ထုတ်စရာ ဖြစ် နေသည်။
ပြည်တော်စုလွှတ်တော်တွင် ကိုယ်စားလှယ် အားလုံးမှာ ၆၆၄ ဦး ရှိသည့်အနက် တိုင်းရင်းသားပါတီ အားလုံးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကဲ့သို့သော အတိုက်ခံ ပါတီများ၏ ကိုယ်စားလှယ် ၁၀၁ ဦးသာရှိကာ ကျန်သည့် ကိုယ်စားလှယ်များမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်တို့မှ ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်သို့ ရောက်ရှိနေသည်မှာ တစ်နှစ် သက်တမ်းရှိချိန်ထိ အဆိုတင်သွင်းခြင်း မရှိသေးပေ။ ဝင်ရောက် ဆွေးနွေးမှုသာ ရှိခဲ့သည်။
သူရဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် နာယက အဖြစ် တာဝန်ယူရသည့် အတွက် အခြေခံဥပဒေ ပြင်ဆင်ရာ အချက်များကို ပြင်ဆင် ရန်တွက် ရိုးသားစွာ လုပ်ဆောင်ရမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင်ခွင့်ပေးကာ တရားမျှတဖို့ လုပ်ဆောင်သင့်သည် ဟုလည်း နိုင်ငံရေး လေ့လာသုံးသပ်သူတို့က မှတ်ချက် ပေးကြသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက သမ္မတဖြစ်ရန် အချက်တစ်ချက်တည်းဖြင့် ဖွဲ့စည်းပုံ အခြေဥပဒေကို ပြင်ခြင်းထက် ပြင်သင့်သည့် အချက်များကို ပြင်ရမည် ဖြစ်ပြီး တိုင်းရင်းသားများ အားလုံး၏ ရပိုင်ခွင့်နှင့် ပြည်သူလူထု ယုံကြည် အားကိုးရသော အခြေခံဥပဒေ ဖြစ်အောင် ပြင်ဆင်ခြင်းသည် နိုင်ငံ၏ကျောရိုး ဖြစ်ကြောင်း ပြောကြားသည်။
“သမ္မတ ဖြစ်ချင်တာကိုတော့ အပြစ် မပြောလိုဘူး” ဟုလည်း ၎င်းကဆိုသည်။
မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ နှစ်နှစ်တာ ကာလအတွင်း ပြည်တွင်း၊ ပြည်ပမှ လက်ခံလာသော မြန်မာနိုင်ငံရေး ခေါင်းဆောင်သုံးဦး ဖြစ်သည့် နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးစလုံးသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် တာဝန်ယူလိုသည်ဟု ထုတ်ဖော် ပြောကြားလာခြင်းကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ပိုမိုမြိုင်ဆိုင် သွက်လက်၊ ရင့်ကျက် လာလိမ့်မည်ဟု စာရေးဆရာ ကျော်ဝင်းက မှတ်ချက်ပေးသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများစု အနိုင်ရပါက ပါတီဥက္ကဋ္ဌ ဖြစ်သူ သူရဦးရွှေမန်းကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်မည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုထားသည်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအတွက် အနိုင်ရပါတီ ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ထောက်ခံထားပြီး ဖြစ်သည်။ သို့သော် ယင်း၏ နောက်ကွယ်တွင် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားဖွယ်ရာများ ရှိလာနိုင်သလောဟု ငြင်းချက်များလည်း ရှိသည်။
လက်ရှိ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသော ဦးသိန်းစိန်သည် နိုင်ငံတကာ အလယ်တွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ မှတ်တိုင်အဖြစ် အသိအမှတ် ပြုထားသည့်အပြင် မြန်မာလူထု၏ ထောက်ခံမှုကို ရရှိထားသည်။ သို့သော် လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးမသတ်နိုင်သည့် အချက်ကလည်း ရှိနေဆဲ ဖြစ်သည်။
လူထုခေါင်းဆောင်အဖြစ် နှစ်ရှည် ရပ်တည်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုထောက်ခံမှုမှာ သံသယ မရှိနိုင်သော်လည်း လူ့အခွင့်အရေး ရှုထောင့်မှ ပွင့်ပွင့်လင်းလင်း ပြောတတ်မှု၊ လူကြိုက် မများသော ဆုံးဖြတ်ချက် အချို့ကြောင့် လူအချို့၏ ဝေဖန်ခံခဲ့ရ ဖူးသည်။
ရန်ကုန်မြို့တော် ၃၁ လမ်းထိပ်တွင် ကွမ်းယာရောင်းသူ ၅၆ နှစ်အရွယ်ရှိ ဦးဂါလူး အတွက်မူ ဘယ်သူတက်တက် အရေးမကြီး။
“ဘယ်သူတက်တက် ကောင်းတဲ့သူတက်ဖို့ အရေးကြီးတယ်။ လူသစ် ဆိုရင်တော့ ပိုမျှော်လင့်လို့ ရတာပေါ့”ဟု သူကဆိုသည်။
Written by မင်းထက်စံ၊ အောင်ဘိုဘိုရှိန်
တွေးမိတဲ့အတွေးစများ
$
0
0
-အခု ၉၆၉ လမ်းစဉ်သမားများနဲ့ လစ်ဘရယ်ဒီမိုကရက်အင်အားစုတို့ ထိပ်တိုက်တွေ့ လာကြပါပြီ။
-၉၆၉ တွေဖက်က သံဃာတော်တွေပါ ပါဝင်လာပါတယ်။ သြဇာကြီးတဲ့သံဃာတော်တွေပါဝင်လာပြီး ဥပမာ ရွှေညဝါဆရာတော်လို နိုင်ငံရေးအင်အားစုတွေအပေါ် သြဇာလွှမ်းတဲ့ဆရာတော်တွေပါ ၉၆၉ ဖက်က ရပ်လာကြပါတယ်။
-ဒီလို ရပ်တည်လာချိန် မှာ သူရဦးရွှေမန်းက နိုင်ငံတကာအလယ်မှာ 969 ဟာ အကြမ်းဖက် လှုပ်ရှားမှု ဖြစ်တဲ့အသွင် ဖမ်းဆီးအေ၇းယူပစ်မယ်လို့ ပြောကြားခြင်းအားဖြင့် နိုင်ငံတကာအာရုံစိုက်မှု မီးမောင်းကို သူ့ဖက်ကို ရွှေ့ယူလိုက်ပါတယ်။
-ယခင်ထပ်ခါ ထပ်ခါသတိပေးဖူးတာကတော့ အတိုက်အခံအင်အားစုနဲ့ သံဃာတော်တွေ ထိပ်တိုက်တွေ့လို့မဖြစ်ဘူးဆိုတာကိုပါ။
-အတိုက်အခံအင်အားစုဟာ လက်ဝဲလစ်ဘရယ်ဆန်ပါတယ်။ သံဃာတော်အင်အားစုရဲ့အိုင်ဒီယိုလိုဂျီက လက်ယာယိမ်းပါတယ်။ ထိပ်တိုက်တွေ့တာနဲ့ ပြဿနာတက်မှာသေချာပါတယ်။ အခြေခံ အိုင်ဒီယိုလိုဂျီကကို ကွဲပြားနေတာကိုး။
-ဒီလို ထိပ်တိုက်တွေ့ခြင်းအားဖြင့် စုစည်းမှုမရှိတော့ဘဲ နိုင်ငံရေးအရစည်းရုံးမှု အားကောင်းတဲ့ အင်အားစုတွေ တစ်နေရာစီပြန့်ကျဲသွားစေပါတယ်။
-ကြားထဲမှာ ဘယ်ဖက်မှ မပါသလို ငြိမ်နေတဲ့ ကြံ့ခိုင်ရေးဖက်အင်အားတွေက အလိုလိုနေရင်းနဲ့ အင်အားပိုကြီးသလိုဖြစ်လာစေပါတယ်။ သူက အင်အားကြီးလာတာမဟုတ်ဘူး။ သူ့ကို ခြိမ်းခြောက်နိုင်တဲ့ ဖက်က အလိုလို ယိုင်ကျသွားတာ။
-ဒီနေ၇ာမှာ အရေးတကြီးလိုအပ်လာတာတစ်ခုက နိုင်ငံရေးခေါင်းဆောင်များရဲ့ စည်းရုံးေ၇းစွမ်းရည်ပဲဖြစ်ပါတယ်
-သံဃာတော်တွေရဲ့ ရင်ထဲက စိုးရိမ်သောက တွေ သူတို့ဖြစ်ချင်တာတွေအတွက် သံဃာတော်တွေနဲ့ သေချာ စေ့စပ်ဆွေးနွေးသင့်ပြီဖြစ်ပါတယ်။ သံဃာတော်တွေ စိုး၇ိမ်တဲ့ ဘာသာရေးနယ်ချဲ့မှု ပြဿနာတွေ၊ နောက် အမျိုးသမီးအခွင့်အရေးအတွက် ဘယ်လို တိုးမြှင့်ကာကွယ်ပေးနိုင်တယ်ဆိုတာတွေကို ရှင်းလင်း ဆွေးနွေးသင့်ပြီဖြစ်ပါတယ်။
-969ကို ဘာသာရေးအခြေခံတဲ့စီးပွားရေးလှုပ်ရှားမှုကနေ နိုင်ငံေ၇းလုပ်ကြံမှုတစ်ရပ်ဖြစ်အောင်နောက်ကွယ်က လက်မဲတွေ တွန်းပို့တာခံခဲ့ရပြီမို့ ဒီ969 ကို နိုင်ငံရေးအကျိုးအမြတ်အတွက် နင်းဖို့ကြိုးစားလာချိန်မှာ 969 ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဗုဒ္ဓဘာသာနဲ့ဆက်စပ်နေပြီး ကျန် သံဃာတော်တွေပါ ပါဝင်နေပြီဖြစ်နေတဲ့အတွက် ဗုဒ္ဓဘာသာ အနာတရ မဖြစ်ရလေအောင် သြဇာကြီးတဲ့ဆရာတော်တွေကိုယ်တိုင် ဒီ ၉၆၉ ဖက်က ရပ်တည်လာတဲ့ အရိပ်လက္ခဏာကိုတွေ့စပြုလာရပြီဖြစ်ပါတယ်။
-ဒီအဆင့်ဟာ အရေးကြီးတဲ့အဆင့်ရောက်လာပြီလို့ဒီနိုင်ငံရေးတင်းမာမှုကို ဖြေရှင်းဖို့ ဘာသာရေးအဓိကရုဏ်းတွေမှာ ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန်အေ၇းယူခြင်း၊ နိုင်ငံတကာမီဒီယာများသို့ တရားဝင် သတင်းထုတ်ပြန်ခြင်း စတာတွေလုပ်ဖို့ ဖိအားပေးဖို့ လိုပါတယ်။ ဒါမှ အဖတ်ဆည်နိုင်မှာဖြစ်ပါတယ်။
-အဓိက မက်ဆေ့ပေးချင်တာက သံဃာတွေနဲ့ နိုင်ငံရေးသမားတွေ အင်အားပြန့်ကျဲမသွားစေဖို့ဖြစ်ပါတယ်။ အခုတင် အွန်လိုင်းကတစ်ဆင့် သံဃာတော်တွေ ရဲ့ ထောက်ခံမှု ကျဆင်းနေတဲ့ အရိပ်လက္ခဏာတွေကို ထင်ထင်ရှားရှားမြင်တွေ့နေရပါပြီ
-ဒီတင်းမာမှုကို မဖြေရှင်းနိုင်ရင် ကြားဒိုင်စားတဲ့ ပြဿနာပဲတက်ပ်လိမ့်မယ်။
တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၁၈
$
0
0
" တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၁၈ "
-------------------------------------------------------------
၂၀၀၄ခုနှစ် အောက်တိုဘာ ၁၈ရက်ရဲ့  နံနက်ခင်းဟာ…..
ရန်ကုန်မြို့ ၉မိုင်ခွဲ မှာရှိတဲ့ တပ်မတော်ထောက်လှမ်းရေးတပ်က …..
တပ်ရေးဗိုလ်ကြီး အတွက်တော့ ….
သာမန်ရက်တွေ အတိုင်းပဲ သိပ်ထူးခြားလှတယ် မဟုတ်ပါဘူး…..
နံနက် တန်းစီ…အလေးပြု .. သစ္စာဆို ….
ပြီးတာနဲ့ ….
ရှုပ်ထွေး များမြောင်လှတဲ့  ….
တပ်ရေးဗိုလ်ကြီး တစ်ဦးရဲ့ တာဝန် ဝတ္တရားတွေက ….
စတင်လို့ နေပါပြီ….
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ တိုင်းမှူး ဦးစီး ပြုလုပ်မယ့် …..
တိုင်း စည်း/ ကော် အစည်းအဝေး တက်ဖို့ အတွက်…..
တပ်မှူးကို လိုအပ်တဲ့ စာရွက်စာတမ်းတွေ ….
အသင့်ပြုလုပ် ပြင်ဆင်ပေးပြီးတဲ့ နောက်မှာ….
ကားပေါ်တက် ထွက်ခွာသွားတဲ့ …
တပ်မှူး ဗိုလ်မှူးကြီးကို သတိဆွဲ အလေးပြုရင်း …..
ရုံးရှေ့ မှာပဲ သူ ကျန်နေရစ်ခဲ့ ပါတယ်…..
သူ ….ကြိုတင်မသိနိုင်တဲ့ အချက်တစ်ခုကတော့ …..
သူ့ တပ်မှူးကို နောင် ဆယ်စုနှစ် တစ်ခုနီးပါး …..
ထပ်မံ မြင်တွေ့ ရတော့မယ် မဟုတ်ဘူး ဆိုတာပါပဲ….
အဲဒီနေ့ နံနက် ၉နာရီလောက်မှာ ….
ပထမဆုံး လက်ခံရရှိတဲ့ တယ်လီဖုန်း သတင်းပေးပို့ ချက်ဟာ …..
တပ်ရေးဗိုလ်ကြီးကို စတင် မျက်မှောင်ကြုတ် သွားစေခဲ့ ပါတယ်….
သတင်းပေးပို့ သူကတော့ ….
စစ်ရုံးချုပ် အတွင်းစည်း လုံခြုံရေးတာဝန်ခံ ….
ထောက်လှမ်းရေးအရာရှိ တစ်ဦးဖြစ်ပြီး …..
စစ်ရုံးမှာ ခါတိုင်းထက် လုံခြုံရေးအများအပြား ချထားပြီး …..
စောင့်ကြပ်နေသူတွေကိုယ်တိုင် ….
ဘာကြောင့် မှန်းမသိဘူးဆိုတဲ့ သတင်းပါ….
မနှေးမနှောင်း ထပ်ဝင်လာတဲ့ တယ်လီဖုန်းကတော့ ….
သူခြေလျင်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ….
သူ့ တပ်ခွဲမှူးဟောင်းဖြစ်ပြီး ….
လက်ရှိ ရဲတပ်ရင်းတစ်ခုရဲ့ တပ်ရင်းမှူးဖြစ်နေသူပါ….
" ညီလေး …ဘာထူးလဲ ကိုယ်တို့  ရဲတပ်ရင်း ၃ ရင်း ကို အသင့်လုပ်ခိုင်းထားလို့ …."
သူလဲ မသိသေးကြောင်း ပြန်ပြောရင်း ……
ဖုန်းခွက်ကို အသာပြန်ချ လိုက်ပါတယ်…..။
ထောက်လှမ်းရေး အရာရှိ အတော်များများဟာ ….
တိုက်ဆိုင်မှုတွေကို သဘောကျလေ့ မရှိသလို ….
သူလည်းပဲ ဒီတိုက်ဆိုင်မှု တွေကို သဘောမကျပါဘူး…..
သူ့ အနေနဲ့  နေရာအတော်များများကို ဖုန်းဆက်ပြီးချိန်မှာတော့ …..
ရန်ကုန်မြို့ ပေါ် တပ်ရင်းအတော်များများနဲ့  …..
ရဲမွန် က တိုက်ခိုက်ရေး တပ်မ နှစ်ခု …
ပြီးတော့ …ရဲတပ်ရင်းတွေကို တပ်လှန့် ထားကြောင်းနဲ့  …..
ထောက်လှမ်းရေးတပ်ဖွဲ့ က ……
ဒီအစီအစဉ်ကို လုံးဝမသိရှိကြောင်းသေချာသွားပါပြီ…….။
ဒါဟာ….တန်ပြန်ထောက်လှမ်းရေး လုပ်ငန်းတွေကို ….
အဓိကထားဆောင်ရွက်လေ့ရှိတဲ့  …..
ဗိုလ်မှူးကြီး အဆင့် အုပ်ချုပ်တဲ့  …..
တပ်မတော်ထောက်လှမ်းရေး တပ်ကြီး သုံးတပ်ထဲက …..
ပါးရည်နပ်ရည် ရှိလှတဲ့ တပ်ရေးဗိုလ်ကြီး တစ်ဦးအတွက်တော့ ….
ချက်ချင်းပဲ ….
မျက်နှာကွက်ကနဲ ပျက်သွားစေတဲ့ အချက်လည်း ဖြစ်ပါတယ်…
တစ်ချိန်တည်းမှာပဲ ….
တပ်မတော်ထောက်လှမ်းရေး ဌာနချုပ်ရုံးနဲ့  ….
ရန်ကုန်မြို့ ပေါ် ထောက်လှမ်းရေးတပ် အတော်များများ ဟာလဲ …..
သာမန်မဟုတ်တဲ့ လှုပ်ရှားမှု တွေ အကြောင်း …..
သတင်းပေးပို့ ချက် တွေကို ….
စတင် လက်ခံရရှိနေကြပြီဖြစ်ပါတယ်…….
၁၉၈၈ခုနှစ် တပ်မတော်က ….
အာဏာလွှဲပြောင်း မယူသေးခင်ကာလ အထိတော့ …..
တပ်မတော်ထောက်လှမ်းရေးက အဓိက တာဝန်ယူခဲ့တဲ့  …..
ထောက်လှမ်းရေး အခန်းကဏ္ဍဟာ …..
တိုက်ပွဲထောက်လှမ်းရေး အပိုင်းပဲ ဖြစ်လေ့ရှိပြီး …..
ရန်သူ လက်နက်ကိုင်အဖွဲ့ တွေရဲ့ ဖွဲ့ စည်းပုံ ….
အင်အား တည်နေရာ လှုပ်ရှားမှုတွေ ကို ….
အဓိကထား ထောက်လှမ်းလေ့ရှိကာ …..
သောင်းကျန်းသူ အဖွဲ့ များအတွင်း ….
သတင်းပေးများ မွေးမြူခြင်း ….
မိမိ တပ်ဖွဲ့ ဝင်များ စေလွှတ်မြုပ်နှံ ထားခြင်းတွေကိုသာ …
ဆောင်ရွက်လေ့ရှိခဲ့ပါတယ်….
တန်ပြန်ထောက်လှမ်းရေးနဲ့  နိုင်ငံရေး ကိစ္စ များကို တော့ …..
အမျိုးသားထောက်လှမ်းရေးအဖွဲ့ ကသာ ဦးစီး ဆောင်ရွက်လေ့ရှိပြီး ….
ဝန်ကြီးချုပ် နဲ့ ပြည်ထဲရေးဝန်ကြီး ဟာ ….
အဖွဲ့ ဥက္ကဌနဲ့ အတွင်းရေးမှူး ဖြစ်ကာ ….
တပ်မတော်ထောက်လှမ်းရေးကတော့ …
အဖွဲ့ ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သာပါဝင်လေ့ရှိပါတယ်…..
တပ်မတော် အစိုးရတက်လာပြီးတဲ့ နောက်မှာတော့ ….
အင်မတန်သိမ်မွေ့ တဲ့ ….
အရပ်ဖက် ထောက်လှမ်းရေးအဖွဲ့ အစည်းများကို ကိုင်တွယ်ထိန်းချုပ်ဖို့ အတွက် …..
တပ်မတော်ထောက်လှမ်းရေးဟာ….
တန်ပြန်ထောက်လှမ်းရေး နဲ့ နိုင်ငံရေး ကိစ္စ များမှာပါ
စတင် ဦးဆောင်လာရပါတော့တယ်…..
ဒါဟာ…အနာဂတ်မှာ ….
တပ်မတော်ထောက်လှမ်းရေးရဲ့ ပါဝါ …..
အလွန်အမင်း မြင့်မားလာပြီး …..
တပ်မတော်ကိုယ်တိုင်က ပြန်လည် ထိန်းချုပ် …..
အရှိန်သတ်ယူစေရတော့တဲ့ အကြောင်းရဲ့ …..
အဓိက အချက်လည်း ဖြစ်ပါတယ်……
ဖွဲ့ စည်းပုံအရ တပ်ဖွဲ့ ဝင် အင်အား နည်းပါးလှတဲ့ …
တပ်မတော်ထောက်လှမ်းရေး အဖွဲ့ အစည်းဟာ….
သူ့ ရဲ့ လုပ်ငန်းသဘောသဘာဝ အရ …..
အရမ်းကြီး စစ်သားဆန်လှတယ်တော့ မဟုတ်လှပါဘူး …..
များသောအားဖြင့် အရပ်သားတွေနဲ့ သာ ထိတွေ့ ဆက်ဆံနေရတတ်ပြီး …..
ထောက်လှမ်းရေး အော်ပရေးရှင်း အတော်များများဟာလည်း ….
မြို့ ပေါ်တွေမှာသာ ဆောင်ရွက်ရတာဖြစ်တဲ့ အတွက်….
ခြေလျင်တပ်က အနေဆင်းရဲ အစားဆင်းရဲ စစ်သည်တွေရဲ့ အမြင်မှာတော့ ….
ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်တွေကို ….
သိပ်အမြင်ကြည်လင်လေ့ မရှိတာဟာလဲ …..
သဘာဝကျစွာလက်ခံရမယ့် အချက်တစ်ခုပဲ ဖြစ်ပါတယ်…..
၁၉၉၀ ပြည့်လွန်နှစ်ကာလတွေ မှာ …..
တောထဲကနေ မြို့ ပေါ်ကို ၀ုန်းကနဲ ရောက်ရှိလာတဲ့ ….
ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့ အစည်းတွေဟာ ….
မြို့ ပြရဲ့ ဥပဒေ လူနေမှု စနစ်တွေနဲ့ ချက်ချင်း အသားမကျပဲ …
ပြသနာ မကြာခဏ ဖြစ်ပေါ်လေ့ ရှိပါတယ်….
ဒီအချိန်မှာ ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်တွေကို …
သူတို့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရဲ့ …..
" မင်းတို့ …..သူတို့ ကို ဥပဒေဘောင်ထဲမှာ နေတတ်လာအောင် …..
အသားကျအောင် အချိန်တစ်ခုပေးထားဖို့ လိုလိမ့်မယ် ….
ဒီကြားကာလမှာ ဖြစ်တဲ့ ပြသနာတွေမှာ …..
မင်းတို့ ကအတတ်နိုင်ဆုံး ကြားကနေ ….
စေ့စပ်ညှိနိုင်း ဆောင်ရွက်ပေးဖို့ လိုမယ် ….." ….
ဆိုတဲ့  လမ်းညွှန်ချက်ဟာ …..
တိုက်ပွဲတွေ တဂျိမ်းဂျိမ်း ဖြစ်ပွားနေတဲ့ ….
ပြည်နယ်များက လူထုအတွက်တော့ …..
သူတို့ ပြည်နယ်ကြီး ငြိမ်းချမ်းသွားတာနဲ့ စာရင် …
ဘာမှမပြောပလောက်ဘူးလို့ ယူဆကြပေမယ့် ….
ရန်ကုန် မန်းလေးတို့ လို မြို့ ကြီးပြကြီး များက ….
သာမန်ပြည်သူတွေ အတွက်တော့ …..
ဘယ်လိုမှနားလည်နိုင်စရာ အကြောင်းမရှိခဲ့ ပါဘူး….။
ပြသနာအတော်များများကို လက်နက်နဲ့ ဖြေရှင်းလေ့ ရှိတဲ့ ….
တောတွင်းကရောက်လာခါစ သူတွေဟာ ..
ပြသနာတက်တိုင်း ….
ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်များရဲ့ ဝင်ရောက်ဖြေရှင်းပေးမှုကြောင့် ….
အဆင်ပြေချောမွေ့ သွားတတ်ပေမယ့် …..
လူထုနဲ့  အခြား အစိုးရ အဖွဲ့ အစည်းအတော်များများရဲ့ …..
အမြင်မကြည်လင်မှုကိုတော့ ….
ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်တွေ ကပဲ ….
တနင့်တပိုး ရရှိရလေ့ရှိပါတယ်……
အလားတူပဲ …..
ထောက်လှမ်းရေးတပ်က မွေးမြူထားတဲ့ ….
သတင်းပေးအတော်များများဟာလဲ …..
စည်းလွတ်ဝါးလွတ် တာဝန်ထမ်းဆောင်တတ် လေ့ရှိပြီး ….
ဒီလူတွေကို ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့ အစည်းဟာလဲ …..
ဒီလုပ်ရပ်တွေရဲ့ အကျိုးဆက်ကို တော့ ……
မလွဲမသွေ ခံစားရမှာ အမှန်ပဲဖြစ်ပါတယ်…..
ဒါပေမယ့် အဓိကပြသနာကတော့ …..
ထောက်လှမ်းရေးရဲ့ ဖွဲ့ စည်းပုံ အင်အား လို့ ပဲဆိုနိုင်ပါတယ်….
နယ်မြေခံထောက်လှမ်းရေးတပ် အများစုရဲ့ တာဝန်ဟာ …..
နယ်မြေတွင်း သတင်းရယူတာ ဖြစ်သလို …..
သူတို့ တာဝန်ယူရတဲ့ နယ်မြေဟာလဲ …..
ဗိုလ်မှူးအဆင့်ရှိ တပ်မှူးတစ်ဦးနဲ့  ….
ဗိုလ်ကြီး အဆင့် နှစ်ဦး သုံးဦး ….
အခြားအဆင့်အင်အား သုံးဆယ်လောက်သာရှိတဲ့ ….
တပ်တစ်ခုအဖို့ တော့ ….
ကြီးမားကျယ်ပြန့် လွန်းလှပါတယ်…..
ဒါကြောင့်လဲ …
တပ်ဖွဲ့ မှူး အဆင့် တစ်ချို့ မှာတောင် ….
ဒုအရာခံဗိုလ် အဆင့်လောက်တွေပါဝင်လာပြီး …..
တပ်ဌာနချုပ် နဲ့ ဝေးကွာလွန်းတဲ့ …..
ထောက်လှမ်းရေးတပ်ဆွယ်အသီးသီးက တာဝန်ခံတွေဟာ …..
တပ်ကြပ်ကြီးနဲ့ တပ်ကြပ်အဆင့်တွေလောက်သာ ဖြစ်နေတတ်ကာ …..
သူတို့ တာဝန်ယူရတဲ့ ဒေသကတော့ …..
ခရိုင်တစ်ခု နှစ်ခု လောက်ထိ ဖြစ်နေတတ်ပါတယ်…...။
ဒါဟာ မသမာမှုနဲ့  ခြစားမှုများကို အကြီးအကျယ်ဖိတ်ခေါ်ခဲ့ သလို …..
အခြားတပ်ဖွဲ့ များက တပ်မတော် အရာရှိများရဲ့ ….
မျက်စိစပါးမွှေးစူးမှုကိုလဲ …..
အကြီးအကျယ်ခံရ စေခဲ့ပါတယ်…..
တကယ်တော့ ဒီပြသနာတွေဟာ …..
ထောက်လှမ်းရေးအဖွဲ့ အစည်းကြီးတစ်ခုလုံးရဲ့ …..
အစိတ်အပိုင်းလေးတစ်ခုမှာသာ ဖြစ်ပေါ် နေပေမယ့် ….
ပြည်သူလူထု နဲ့  အခြား တပ်ဖွဲ့ များရဲ့ အကြည်ညိုပျက်မှုကိုတော့ …..
အဖွဲ့ အစည်းကြီး တစ်ခုလုံးကပဲ .....
အကြီးအကျယ် ခံစားခဲ့ ရတယ်လို့  ဆိုနိုင်ပါတယ်…....။
တကယ်တော့ …တပ်မတော် ထောက်လှမ်းရေးဟာ……
သူ့ ရဲ့ အခြား လုပ်ငန်း တွေဖြစ်တဲ့ ….
ခရီးစဉ် အနီးကပ်လုံခြုံရေးတွေ …
ရန်ကုန်မြို့ ပေါ်က သံရုံး ၁၃၀ ကျော်ရဲ့ လှုပ်ရှားမှုတွေ ..
နိုင်ငံရပ်ခြားနဲ့ နယ်စပ်ဒေသတွေက ….
ထောက်လှမ်းရေး အော်ပရေးရှင်းတွေ ….
ပြည်ပက သတင်းပေးများကို ကွပ်ကဲထိန်းချုပ်နေသူတွေ …..
အစိုးရအမှုထမ်းအသီးသီးရဲ့ …..
အမှုထမ်းလုံခြုံရေး နောက်ကြောင်းစစ်ဆေးနေသူတွေ …
အဆင့်မြင့် နည်းပညာသုံး ….
ထောက်လှမ်းရေး ပစ္စည်းများကို ကိုင်တွယ်အသုံးပြုနေသူတွေ …..
အဖွဲ့ အစည်းအသီးသီး အတွင်းမှာ ….
အသွင်ယူမြုပ်နှံထားတဲ့  တပ်ဖွဲ့ ဝင်တွေ စတဲ့ …..
မြောက်များလှစွာသော …..
ထောက်လှမ်းရေး လုပ်ငန်းစဉ်တွေနဲ့ စာရင်တော့ ….
ဒီ နယ်မြေခံ ထောက်လှမ်းရေးတပ် များရဲ့ လုပ်ဆောင်ချက်ဟာ ……
ပြောပလောက် လှတယ်တော့ မဟုတ်လှပါဘူး…..
ဒါပေမယ့်လဲ ဆယ်စုနှစ် နှစ်ခုနီးပါးအကြာမှာတော့ …..
ဒီပြသနာဟာ အတော့်ကို ခိုင်ခိုင်မာမာ အမြစ်တွယ်လာပြီဖြစ်သလို …..
အထက်အဆင့် တပ်မတော် အရာရှိကြီး တစ်ချို့ အထိပါ
နွယ်တက်ရစ်ပတ်လို့  လာနေပါပြီ…....။
ပြသနာကို ရိပ်စားမိနေပြီဖြစ်တဲ့ ….
တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးဟာ …..
တပ်မတော်ထောက်လှမ်းရေးရဲ့ ဖွဲ့ စည်းပုံကို တိုးချဲ့ ဖို့ အတွက် ….
၂၀၀၁ ခုနှစ်မှာ ….
တပ်မတော်ထောက်လှမ်းရေး ဌာနချုပ်ရုံး အဖြစ်ကို ပြောင်းလဲ ဖွဲ့ စည်းခဲ့ပြီး ….
အင်အားအမြောက်အများ တိုးချဲ့ ကာ…
တပ်မတော်ထောက်လှမ်းရေး တပ်ရင်းများနဲ့  …..
တပ်ဆွယ်မှူး အဆင့်အထိကို အရာရှိ အဆင့်ကပဲ …..
ကိုင်တွယ်ဖို့ စတင်ပြင်ဆင်ခဲ့ ပါတယ် …..
ဒါပေမယ့် ဒီ စီမံချက်ဟာ …..
ဘယ်တော့မှ အပြီးသတ်ခွင့်ရတော့မယ် မဟုတ်ပါဘူး …..
အချိန်ကတော့ အတော်ပဲလင့်လို့ နေခဲ့ ပါပြီ…..။
" ဘာဖြစ်လဲ …ငါတို့ တိုင်းပြည်အတွက် လုပ်ခဲ့ တာ ပဲကွာ…." ဆိုတဲ့ ......
လေယာဉ်ပေါ်က ပြန်ပြောလိုက်တဲ့ စကားသံဟာ….
တပ်မတော်သမိုင်းက လျှမ်းလျှမ်းတောက် တပ်ဖွဲ့တစ်ခုအတွက်…
သူတို့ ခေါင်းဆောင်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်သလို ….
အဖွဲ့ အစည်းတစ်ခုရဲ့  နောက်ဆုံးစာမျက်နှာလဲ ဖြစ်ပါတယ်…….
ဒီ ဆုံးဖြတ်ချက်ဟာ ….
အနာဂတ် တပ်မတော်သမိုင်းမှာ ….
လက်အောက်ခံ တပ်ဖွဲ့ တစ်ခုရဲ့ .....
အမိန့် နာခံမှုကို အထင်အရှားပြခဲ့ သလို …..
တပ်မတော် အနေနဲ့ လဲ …..
အရှက်တကွဲ အကျိုးနည်းဖြစ်ရမယ့် ဖြစ်ရပ်ကြီးက …..
လုံးလုံးလျားလျား ရှောင်လွှဲနိုင်ခဲ့ပါတယ်…..
အဲဒီနောက်မှာတော့ …
အဲဒီနေ့ ရဲ့ ညနေ ၄နာရီလောက် အချိန်မှာ…..
ရန်ကုန်မြို့ ပေါ်က ခြေလျင်တပ်ရင်း ၃ရင်းဟာ …..
တပ်မတော်ထောက်လှမ်းရေး ဌာနချုပ်ရုံး ထဲကို …..
ဝင်ရောက်နေရာယူနေပြီဖြစ်သလို ……
မြန်မာပြည် အနှံ့ အပြားက ….
တပ်မတော်ထောက်လှမ်းရေးတပ်များမှာလဲ …….
သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးက …..
ဝင်ရောက်ကွပ်ကဲလို့ နေနေပါပြီ……..။
" …ဗိုလ်မှူး …..ကျွန်တော့်ကို သေနတ်လေးအပ်ပေးပါခင်ဗျ…." ..
စားပွဲရှေ့ မှာ သတိမတ်နေအောင်ဆွဲ …..
အလေးပြုရင်း ပြောလိုက်တဲ့ ဗိုလ်ကြီးရဲ့ မျက်နှာဟာ …..
သိပ်ကောင်းလှတယ်လို့ တော့ မဟုတ်လှပါဘူး ….
တကယ်တော့ သူတို့ ဟာ …..
ရန်ကုန်မြို့ တွင်း လုံခြုံရေးတာဝန် ထမ်းဆောင်ရင်း …..
နေရာအသီးသီးမှာ …..
မကြာခဏတွေ့ ဆုံ မျက်မှန်းတန်းမိနေကြသူတွေပါ….
ဘယ်လိုပဲ ဖြစ်ဖြစ် စစ်သားတစ်ယောက် အနေနဲ့ တော့ …..
သူ ရရှိတဲ့ အမိန့် အတိုင်း ဆောင်ရွက်ရမှာဖြစ်ပြီး ……
နောက်စားပွဲတစ်ခုမှာတော့ …..
ညကမှ ဘီယာအတူထိုင်သောက်ခဲ့ သူ ……
သူ့ နဲ့ တစ်ပတ်စဉ်တည်း သူငယ်ချင်း ကိုလဲ ….
သူ ရင်ဆိုင်ရအုန်းမှာဖြစ်ပါတယ်….
ဒါပေမယ့်လည်း တစ်ဖက်က သူတွေဟာလဲ ……
စစ်သားများသာ ဖြစ်နေတဲ့ အတွက် …..
သူ့ တာဝန်ကို နားလည် သဘောပေါက်လို့ နေနှင့်ပါပြီ ….
ဒီဖြစ်စဉ်ကြီးတစ်ခုလုံး …..
အေးအေးချမ်းချမ်းပဲ ပြီးဆုံးသွားတဲ့ အတွက် ……
ညအချိန်မှာ ရန်ကုန်မြို့ တွင်း ၀င်ရောက်လာတဲ့ ……
ခြေမြန်တပ်မ နှစ်မဟာ …..
နောက်သုံးရက်လောက် အကြာမှာပဲ ….
ပြန်လည် ထွက်ခွာသွားတော့မှာလဲ ဖြစ်ပါတယ်….။
တပ်မတော်ထောက်လှမ်းရေး အဖွဲ့ အစည်းကို ဖျက်သိမ်းလိုက်တဲ့ အတွက် …..
နိုင်ငံအနှံ့ အပြားမှာ ရင်ဆိုင်နေရတဲ့  …..
ထောက်လှမ်းရေး ပါဝါ အလွန်အမင်းမြင့်တက်လာပြီး …..
အုပ်ချုပ်ရေးယန္တရားကို အနှောင့်အယှက်ပေးလာတဲ့ …..
ပြသနာကြီးကို ပြေလည်သွားစေသလို …..
တစ်ဖက်ကလဲ …….
ဘေးထွက် ဆိုးကျိုးအမြောက်အများကို ရင်ဆိုင်ခဲ့ ရပါတယ်….
နယ်မြေဒေသအသီးသီးက ……
ဒေသဆိုင်ရာ အုပ်ချုပ်သူတွေ အနေနဲ့ …..
သူတို့ နဲ့ ပါဝါ ဟန်ချက်ညှိထားတဲ့ အဖွဲ့ အစည်း တစ်ခုမရှိတော့သလို …..
အစိုးရအဖွဲ့ ဆီ တိုက်ရိုက်တင်ပြနေတဲ့ …..
တစ်ခုတည်းသော အစီရင်ခံစာ လမ်းကြောင်း ပျောက်ကွယ်သွားပြီမို့  ……
အထိန်းအကွပ်မဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ ….
အများအပြားပေါ်ပေါက်လာကာ …..
မသမာမှု နဲ့ ခြစားမှု အမြောက်အများကိုလဲ ဖြစ်ပေါ်စေခဲ့ပါတယ်…
နှစ်ရှည်လများ တည်ဆောက်လာတဲ့ …..
ထောက်လှမ်းရေးကွန်ယက်ကြီးတစ်ခုလုံးပြိုကျသွားတဲ့ အတွက် …..
အရေးကြီး သတင်းပေးအမြောက်အများကို ဆုံးရှုံးခဲ့ ရပြီး …..
လုံခြုံရေးကျိုးပေါက်မှုများကိုလဲ …..
အများအပြား ဖြစ်ပေါ်စေခဲ့ ပါတယ်…..
ဒါဟာ နောက် လအနည်းငယ်အတွင်း စတင်ရင်ဆိုင်ရတော့မယ့် …..
JUCTION 8 အပါအ၀င် နေရာ အနှံ့ အပြားက …..
ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရမှုတွေရဲ့ …..
အဓိကအကြောင်း တစ်ချက်လို့ လဲ ဆိုနိုင်မှာဖြစ်ပါတယ်…။
( အပိုင်း ၁၉ နောက်ရက် ဆက်တင်ပါမည် )
— with Ko Pho Cho and 49 others.
အဖေ့ကို သတိရပြီးရေးတဲ့စာ
$
0
0
အဖေ့ကို သတိရပြီးရေးတဲ့စာ...........
by Pyay Chit Thu (Notes) on Monday, June 17, 2013 at 1:24am
မနေ့ က မားဆိုးရဲ့ status တစ်ခုအောက်မှာ မနေနိုင်ပဲနဲ့  ၀င်ပြီးတော့ comment ပေးခဲ့မိတယ်။ဒွန္ဒယာ ဆိုတဲ့စကားလုံးကို မသိတဲ့ ကလေးတစ်ယောက်ကိုပါ။  စာဖတ်ပါ လို့  ။ ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့  အလွန်ရှည်လျားလှတဲ့ တစ်ထောင့်တစ်ည  ပုံပြင်တွေကို ဖတ်ပြီးသွားတဲ့အခါ ပုံပြင်တွေထက်ပိုပြီး  မှတ်မိနေတဲ့ စကားလုံးက  ဟောဒီဒွန္ဒယာ ကြီးမှာဗျာ.... ဆိုတဲ့စကား  ဖြစ်နေတာ။  ဘာကြောင့်မှန်းတော့မသိပါဘူး။
အဲဒီပုံပြင်တွေကို ကိုယ်ဖတ်ခဲ့ရတဲ့အရွယ်က  တော်တော်ငယ်နေသေးတာတော့  မှတ်မိတယ်။ ကိုယ်သွားပြောမိတဲ့ကလေးက  မဖတ်တော့ပါဘူးဗျာတဲ့။ Google မှာ ရှာလိုက်တာတွေ့ ပြီတဲ့။  တော်တော်သဘောကျသွားပြီးရယ်မိတယ်။  ဟုတ်တာပဲ  သူတို့ က ဒီဘက်ခေတ်ကလေးတွေပဲ။  ဘာပဲလိုလို ဆိုတဲ့  လမ်းညွှန်တွေ  ရှိနေတဲ့ခေတ်မှာလူ့ အဖြစ်ကို  ရလာခဲ့ကြတဲ့လူအသစ်လေးတွေပဲ ဆိုပြီး  ကိုယ်ဘယ်လောက် အိုနေတာ  သတိပြုမိသွားတယ်။
ဒါပေမယ့်လည်း  ကိုယ်တွေခတ်ငယ်ငယ်အရွယ်က  အနီးအနားမှာ  အဲဒီလို စာအုပ်တွေ  အလွယ်တကူ  ဖတ်ဖြစ်နေအောင်  ဖန်တီးပေးထားခဲ့တဲ့  အဖေ့ကို  အခုမှ  ပြန်တွေးပြီး  ကျေးဇူးတင်နေတယ်။  စာအုပ်တွေ့ ရင် ဆွဲယူဖတ်တတ်နေတဲ့အရွယ်မှာ  အနီးအနားမှာ  ဖတ်စရာ ရှာတော့  ပထမဆုံးတွေ့ ရတာက  အဖွားရဲ့ ၅၅၀ ဇာတ်နိပါတ်တော်တွေ။ အဖွားဖတ်ဖို့ အဖေ၀ယ်ပေးထားသမျှ  မှတ်မှတ်ရရပဲ  စာဖတ်ဖို့  အားမသန်လှတဲ့ အဖွားက  ကောက်တောင်မကိုင်ပဲ  ကိုယ့်အတွက်ဖြစ်ခဲ့ရတာ။  အခုနေ ပြန်တွေးကြည့်မိမှ  ကုသိုလ်အကောင်းနဲ့   နေခွင့်ရခဲ့တဲ့ ကိုယ့်ကံကိုယ်  တော်သေးလိုက်တာလို့ ကျေနပ်မိရတယ်။ အဖေ့ကျေးဇူးနဲ့  အမျှော်အမြင် ကြီးမှုကြောင့် ၊ ဒီအရွယ်မှာ လောကကိုကောင်းကောင်းရင်ဆိုင်နိုင်ခဲ့တာ။
မဖတ်ချင်ဘူး လို့  ပြောတဲ့ကလေးကို  စိတ်မဆိုးမိပါဘူး။  ဒီနေ့ ခေတ်ကလေးလေးတွေ  ဘယ်လိုကြီးပြင်းလာနေ ရမှန်း ကိုယ်တွေလည်း  မြင်တွေ့ နေရတာပဲကိုး။ သူတို့ မှာ  မောလိုက်တာ။  ဘယ်တော့မှ အသက်ရှုမ၀တဲ့ မွန်းကျပ်မှုတွေထဲမှာ နေနေကြရရှာတာ။  ကျောင်းပြီး ကျူရှင်၊ ကျူရှင်ပြီး ဂိုက်၊ ထမင်းတောင် အရသာရှိရှိ စားရတဲ့ကလေး နဲမှာပဲ။အဲဒီလိုကလေးတွေက  အဲဒီလောက် မွန်းကြပ်နေကြရတာ  စာဖတ်ဖို့  ၊ တွေးဖို့ ၊ စဉ်းစားဖို့ ၊ နဲနဲကလေးမှ ထပ်မလုပ်ချင်တော့ဘူး။  လုပ်နိုင်တဲ့ ခွန်အားလည်း  မကျန်တော့ဘူး။  ပိုပြီးဆိုးတာက  လုပ်လည်း မလုပ်တတ်ကြတော့ဘူး။
စဉ်းစားခွင့်၊ တွေးတောခွင့် မပေးတဲ့ ပညာရေးစံနစ်၊ ပြန်လည်မေးခွန်းထုတ်ခွင့် မရှိတဲ့ မိဘဆရာ  ရိုးရာအစဉ်အလာ၊အဲဒါတွေကြားထဲမှာ  ကျောင်းစနေပါပြီဆိုကတည်းက  နဲနဲ ဖောက်ထွက်ချင်တဲ့ကလေး၊ အတော်အတန် စူးစမ်းတတ်တဲ့ကလေးတွေဆိုရင်  ဆရာမက  မျက်စိစပါးမွေးစူးပြီး  ကြိုတင်နှိပ်ကွပ် ထားလိုက်တော့တာ။ မြန်မာ့အစဉ်အလာကပြန်မေးတာကို  ပြန်အပြောခံရလေခြင်းဆိုပြီး၊ အသဲဆတ်ဆတ်ခါအောင်  နာတတ်ပေတာကိုး။ တောက်မယ့်မီးခဲ တရဲရဲလေးတွေကို ၊ အစွယ်လေးနဲ့ ဟဲ့လို့  အထင်မှားတတ်ကြတဲ့  လူ့ အဖွဲ့ အစည်းစရိုက်က အဲဒီလိုနဲ့  အမြစ်တွယ် လာခဲ့ရတာ။
ဖြန့် ထွက်တွေးတာတွေဘာတွေ အသာထားလို့ ၊ ရှာမရှည်နဲ့ ၊ အသေသာကျက်၊ အသေသာ မှတ် ဆိုတာနဲ့  လူဖြစ်လာကြရတာ။  သူတို့ ဘ၀တွေမြင်မှ ကိုယ့်ငယ်ဘ၀ ဘယ်လောက်ကံကောင်းလိုက်လေခြင်းလို့  ပြန်မြင်မိတာ။ကျူရှင်ဆိုတာကို ဆယ်တန်းလောက်မှ ယူရကောင်းမှန်းသိတာ။  ကျောင်းကပြန်လာတဲ့အချိန်က ကိုယ့်အချိန်ပဲ။ရေမိုးချိုးမလား၊ ကစားမလား၊ နားမလား။ ကြိုက်တာရွေးလို့ ရခဲ့တာ။ စာဆိုတာ ညရောက်မှ ကြည့်တာ။ ကျက်တာပြုတာ၊ အိမ်စာ လုပ်တယ်ဆိုတာကလည်း  ကိုယ်တွေမှာတော့ ခဏဆို ပြီးသွားတော့ အိပ်ရေးဆိုတာလည်းဆယ်တန်းလောက်မှ မ၀တော့တာ။
မြင်သမျှယုံ၊ ကြားသမျှယုံနေကြတဲ့ကလေးတွေကို ဒီနေ့ အများကြီးတွေ့ နေရတာ ကျွန်တော်ကတော့သနားစရာကောင်းတယ်လို့ ပဲ  မြင်ပါတယ်။  တော်အောင်လုပ်ခွင့်မရခဲ့တာ၊ လေ့လာဆည်းပူးဖို့ အခွင့်အရေးကိုမရခဲ့ကြရှာတာပါ။ ဘာပဲဖြစ်နေနေ  စာဖတ်တဲ့သူက  သူများထက်  နှာတစ်ဖျားတော့ သာတာပဲ။  ခေါင်းတလုံးစာတော့  ပိုမြင့်တာပါပဲ။  စာဖတ်တဲ့နေရာမှာလဲ စာကြီးပေကြီးမှ၊ တက်ကျမ်းမှ၊ ရသ စာပေမှ၊ သုတမှရယ် မဟုတ်ပါဘူး။ တွေ့ ရာ ကြိုက်ရာသာ ယူဖတ်ပါစေ။ စာဖတ်သက်အရကို  လူဟာ အလိုလို စာကိုရွေးချယ်တတ်လာတာပါ။
အနားမှာ၊ လွယ်လင့်တကူ လက်လှမ်းမှီမယ့်နေရာမှာ  အရွယ်အလျောက် ဖတ်သင့်တဲ့၊ ဖတ်စေချင်တဲ့စာအုပ်တွေကို  အသာကလေး  ပါးပါးနပ်နပ်ရွေးချယ်ပေးထားတတ်တဲ့  ပတ်ဝန်းကျင်ကောင်းမှာ ရှိနေခွင့်ရနေအောင်  ဖန်တီးပေးထားဖို့ ကတော့  လူကြီးတစ်ယောက်ရဲ့ တာဝန်အဖြစ် မဖြစ်မနေယူပေးကြမှအခုဖြစ်နေတဲ့ မျိုးဆက်အလိုက်ဖြစ်နေတဲ့  ညံ့ဖျင်းမှုကြီးကို  ပယ်ဖျောက်နိုင်မှာပါ။
သုတတစ်ခုတည်းနဲ့  လူကိုတည်ဆောက်တဲ့အခါ နှလုံးသားက လိုက်ပါရင့်ကျက်ကြီးပြင်းမလာပဲ၊ ရုန့် ရင်းကြမ်းတမ်းတဲ့ ၊ ခက်ထန်မာကျောတဲ့ ၊ ရက်စက်ယုတ်မာတဲ့လူတွေ အလွယ်တကူ ဖြစ်လာတတ်ပါတယ်။ရသ တစ်ခုတည်း သိပြီး ဘာသုတမှ မသိပဲနဲ့ လည်း  လောကအလည်မှာ  လူအလူနလေးတွေ ဖြစ်နေကြရမှာပါ။ Emotional Quotient တို့ ၊ Emotional Intelligence တို့ ၊ Intelligence Quotient တို့ ကို ညှိနှိုင်းချိန်ဆတတ်စေဖို့ ၊ သေချာတာကတော့ စာများများဖတ်ဖို့   လိုပါလိမ့်မယ်။  တတ်စွမ်းသမျှ၊ ဖတ်နိုင်စွမ်းရှိသမျှ စာခပ်များများကို  ဖတ်ဖို့  မဖြစ်မနေလိုပါလိမ့်မယ်။
သမိုင်းပါမောက္ခဒေါက်တာ သန်းထွန်းကတော့ ပြောသွားပါတယ်။ သမိုင်းသင်တာ မအ အောင်လို့ ပါတဲ့။ကျွန်တော်ကတော့ မအ အောင် စာလည်းများများ ဖတ်သင့်တယ်လို့  ထင်ပါတယ်။  ရှေးစကားကြီးအတိုင်းပြောရရင်တော့  အနာဂတ်က အခုလူငယ်တွေရဲ လက်ထဲမှာမို့ ပါ။      ။
                                                                       ပြည်ချစ်သူ
                                                                      17.6.2013
ချစ်လိုက်ရတဲ့ မြန်မာပြည်ရယ်
$
0
0
Photo
………….
မြန်မာပြည်က မီးမမှန်ဘူး။
မြန်မာပြည်က လမ်းပန်းဆက်သွယ်ရေးမကောင်းဘူး။
မြန်မာပြည်က အင်တာနက် လေးလွန်းတယ်။
မြန်မာပြည်က တိုးတက်မှုမရှိဘူး။
မြန်မာပြည်က ဆူပူလွန်းတယ်။
မည်သို့ပင် ဘယ်သူတွေဘယ်လိုဆိုပါစေ ကျွန်တော်ကတော့ မြန်မာပြည်ကိုချစ်တယ်။
တကယ်ပါ ချစ်လိုက်ရတာမြန်မာပြည်ရယ်။
ခုတလော ကျွန်တော်မြန်မာပြည်ရဲ့တန်ဖိုးတွေကို ရေးဖြစ်နေပါတယ်။ ဘာလို့လဲဆိုရင် မြန်မာပြည်ဟာ တကယ်တန်ဖိုးရှိတယ်လို့ ကျွန်တော်လက်ခံထားလို့ပါ။
နောက်တစ်ချက်က ကိုယ်သားသမီး(သို့)ကိုယ့်မိဘကို ကိုယ်တိုင်က မကောင်းကြောင်းပြောရင် တခြားသူက ဘာပြောမလဲ။
ရွှေဟင်္သာဆရာတော်ဘုရားကြီးက “ သတိထားစရာတစ်ခုက မိမိဘယ်အလုပ်ကိုပဲ လုပ်ဆောင်ပြုမူ၊ ပြောဆိုဆောင်ရွက်သည်ဖြစ်စေ အပြုအမူအတိုင်းဟာ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်၊ ပတ်ဝန်းကျင်၊ ဇာတိ ရပ်ရွာ၊ တိုင်းနိုင်ငံရဲ့ ကျေးဇူးဂုဏ်ကို မညှိုးနွမ်းမပျက်စီးပါစေနဲ့။ အဲဒီအဖြစ်မျိုးကိုတော့ သတိပြုရှောင်ကြဉ်ပါ” တဲ့။
ကိုယ်နိုင်ငံ၊ ကိုယ့်ရပ်ရွာရဲ့ ဂုဏ်ညှိုးနွမ်းမယ့် အပြုအမူ၊ အပြောအဆိုကို ပြောဆိုပြုမူနေခြင်းဟာ ကျေးဇူးတရားကို ထော်လော်ကန့်လန့်တိုက်နေတာပါပဲ။
ဒီနေရာမှပြောစရာရှိတာက “ ဖြစ်သမျှအကြောင်းအကောင်း” လို့ကျွန်တော်ပြောတာမဟုတ်ပါဘူး။ ကိုယ်ထင် ခုတင်ရွှေနန်းထင်ပြီး မကောင်းတာတွေကိုလည်း အကောင်းလုပ်နေတာမဟုတ်ပါဘူး။
ပြပြုစရာရှိရင်ပြုပြင်မယ်။ ထောက်ပြစရာရှိရင်တော့ ထောက်ပြရမှာပါ။ သို့သော်ငြားလည်း စိတ်ပျက်စရာတွေထိုင်ပြော မကောင်းကြောင်းတွေထိုင်ပြောနေရင် တိုင်းပြည်ရဲ့ တကယ့်အနစ်တန်ဖိုးကို အသုံးမချတတ်မှာ စိုးတဲ့အတွက်ပါ။ တန်ဖိုးရှိရာ ရွေးထုတ်ပြီး မိမိအတွက်တန်ဖိုးရှိအောင်၊ တခြားသူတွေ အတွက်တန်ဖိုးရှိအောင် ထုတ်ယူစေချင်တာပါ။
ကျောင်းသားဘ၀က မြန်မာပြည်မြေပုံဆွဲရပါတယ်။ ကမ္ဘာကြီးပေါ်က နိုင်ငံတွေရဲ့ မြေပုံကိုကြည့်ရင် ကျွန်တော်တို့ မြန်မာပြည်မြေပုံလောက်ချစ်စရာကောင်း အချိုးကျတာမရှိပါဘူး။
မြေပုံက လူ နဲ့တူလို့ပါ။ လူဆိုတာ အင်မတန်ရခဲတဲ့ဘ၀မဟုတ်လား။ ရခဲတဲ့လူ့ဘ၀မှာ လူကောင်း သူကောင်းဖြစ်အောင်လည်း ကြိုးစားအားထုတ်ရမှာပါ။ လူနဲ့တူတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူ့စိတ်တွေ ရှိတယ်။ မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပက္ခောဆိုတဲ့ လူ့တန်ဖိုးစိတ်တွေရှိတယ်။ လူကောင်း သူကောင်းတွေရှိတယ်။ သံသရာကလွတ်မြောက်ကြောင်းတရားတွေရှိတယ်။ လွတ်မြောက်ကြောင်း တရားတွေ ညွှန်ပြနိုင်တဲ့ ဆရာတော်ကြီးတွေရှိတယ်။
မြန်မာနိုင်ငံထဲက ဗုဒ္ဓဘာသာဝင်ကျွန်တော်တို့အဖို့ မြန်မာနိုင်ငံမှာ လူလာဖြစ်ရခြင်းဟာ အင်မတန် ရတောင့်ရခဲအခွင့်အရေးပါပဲ။ တခြားသောတိုင်းပြည်မှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ဖို့ဆိုတာမလွယ်ကူ လှပါဘူး။
အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ စကားသုံးလုံးကိုသိဖို့ ကျွန်တော်တို့ ဘယ်အချိန်ကတည်းက ပါရမီဖြည့်ခဲ့ ကျရတာလဲ။ လက်တွေ့မလုပ်နိုင်သေးသော်လည်း ကြားနာခွင့် ကြားရခွင့်ရခြင်းကိုက အဖိုးတန်လှပါပြီ။
မြန်မာပြည်မှာ ရိုးသားရှင်းသန့်တဲ့အပြုံးတွေရှိသေးတယ်။ ထူးခြားဆန်းပြားတဲ့ အရာတွေ၊ ကြည့်ရှုလို့ မကုန်မ၀နိုင်တဲ့ နေရာဒေသတွေ….လေးစားတန်ဖိုးထားကြိုညိုလို့မကုန်နိုင်တဲ့…ဆရာတော်ကောင်း…သူတော်ကောင်းတွေ အများကြီးရှိသေးတယ်။
ဒါတွေကို မပျောက်ပျက်အောင်ထိန်းသိမ်းရမယ်။ မကွယ်ပအောင်ထိန်းသိမ်းရမယ်။
ဒါဟာ မြန်မာပြည်မှာနေ မြန်မာရေကိုသောက်ခဲ့တဲ့ ကျွန်တော်တို့ ဆပ်ရမယ့်ကျေးဇူးတရားပါပဲ။
ထို့ကြာင့် မည်သို့ပင် ဘယ်သူတွေဘယ်လိုဆိုပါစေ ကျွန်တော်ကတော့ မြန်မာပြည်ကိုချစ်တယ်။
တကယ်ပါ ချစ်လိုက်ရတာမြန်မာပြည်ရယ်။
၁၆-၆-၂၀၁၃။
— with William Tuntunko and 2 others.
Photo
ထား….သြော်…ထားရယ်
$
0
0
Photo: ထား….သြော်…ထားရယ် …………..   ၂၀၁၁ ခုနှစ် တောင်ကြီးတက္ကသိုလ်ကထုတ်တဲ့ တောင်ပြာတန်းကကျောင်းမဟာ မဂ္ဂဇင်းကိုဖတ်ရတယ်။  အဲဒီအထဲမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ကျွန်တော်မသိတဲ့ အဖြစ်အပျက်လေးတစ်ခုကို ဖတ်မိ လိုက်ရပါတယ်။  အဲဒီအချိန်မှာ ဆရာကတောင်ကြီးကောလိပ်ရဲ့ ကျောင်းအုပ်ကြီးတာဝန်ထမ်းဆောင်စဉ်ကပေါ့။  ဆရာဟာ စာအုပ်တွေများစွာထွက်ပြီး ဆရာစာအုပ်တွေဟာ အင်မတတန်ရောင်းကောင်းပြီး ခေတ်စားနေချိန်ပေါ့။  အဖြစ်အပျက်ဖြစ်စဉ်အချိန်က “တပြည်သူမရွှေထား” စာအုပ်ထွက်ပြီးချိန်ပါ။  ဆရာကြီးရဲ့ အောင်မြင်မှုကို မုဒိတာပွားနိုင်သူတွေရှိသလို မုဒိတာမပွားနိုင်ပဲ ရန်ဆောင်နေသူတွေလည်း ရှိတယ်။ စာရေးဆရာတစ်ဦးက စာရေးဆရာချင်း သိကျွမ်းရင်းနှီးပါလျက် မဖွယ်မရာ စိန်ခေါ်မှုတစ်ခုပြုခဲ့ပါတယ်။ အဲဒီစာရေးဆရာက ၀တ္ထုတစ်ပုဒ်ကောင်းနဲ့ အောင်မြင်ခဲ့သူပါ။(ဘယ်သူဆိုတာတော့ မပါဘူးခင်ဗျ) (သိချင်ပေမယ့်လည်း ပုဂ္ဂိုလ်ရေးရာထိခိုက်နိုင်မှာဆိုးပါတယ်။ သိတဲ့သူတွေ တိုးတိုးတိတ်တိတ် ပြောပေးပါဦးဗျို့)  “ ကိုဘုန်းနိုင် ၀တ္ထုချင်းပြိုင်မယ်။ အသစ်ချင်းပြိုင်မယ်။ ခင်ဗျားလည်း အသစ်တစ်ပုဒ်ရေး ကျွန်တော်လည်း အသစ်တစ်ပုဒ်ရေးမယ်။ စောင်ရေ ပိုများများရောင်းရသူ အနိုင်၊ ရောင်းရစောင်ရေ ပိုနည်းတဲ့သူအရှုံး၊ ရှုံးသူ လက်ဖြတ်တမ်း ”  လို့ စိန်ခေါ်ခဲ့တယ်။  ဆရာကြီးက အေးဆေးစွာလက်ခံခဲ့ပါတယ်။  စိန်ခေါ်သူဆရာရဲ့ ၀တ္တုသိပ်မကြာခင်ထွက်လာပါတယ်။ သူ့ဝတ္ထုက စောင်ရေတစ်ရာပြည့်အောင်ပင်မရောင်းရတော့ ထုတ်ဝေသူတွေ ၀က်ဝက်ကွဲသွားပါတယ်။  တောင်ကြီးကောလိပ်မှာရေးတဲ့ “ နွေကန္တာဦး ” ဆိုတဲ့ ၀တ္ထုကြီးလည်းထွက်လာပါတယ်။  နှစ်လအတွင်း စောင်ရေ နှစ်သောင်းကျော်ကုန်အောင် စာဖတ်ပရိတ်သတ်အားပေးခြင်းခံခဲ့ရပါတယ်။  စိန်ခေါ်ခဲ့သူဟာ ရှုံးနိမ့်သွားပြီး ကိုယ့်လက်ကို ဖြတ်မဖြတ်တော့မသိပါဘူး။ မေတ္တာတရားလက်ကိုင်ထားတဲ့ ဆရာကတော့ လက်မဖြတ်ခိုင်းခဲ့ပါဘူး။  ဒီအဖြစ်အပျက်က ၁၉၆၈-၆၉ လောက်ကဖြစ်ပွားခဲ့တာပါ။  အကယ်၍သာ ဆရာရှုံးခဲ့ပါက စိန်ခေါ်သူက ဒီစိတ်မျိုးထားနိုင်ပါ့မလား။ လက်မဖြတ်ဘူးလို့ ပြောနိုင်ပါ့ မလား။  ကျွန်တော်ကတော့ ဆရာဘုန်းနိုင်ရဲ့ ၀တ္တုတွေကို အင်မတန်ကြိုက်နှစ်ခဲ့ရသူပါ။  ကျွန်တော်စာရေးရင် တောင် ဆရာရဲ့ ရေးဟန်လေးတွေပါပါသွားတတ်ပါတယ်။  ၀တ္တုတွေထဲက ဇာတ်ကောင်ရဲ့ စိတ်သဘောထားတွေကိုကြိုက်နစ်သက်ခဲ့သလို ၀တ္ထုထဲကဇတ်ကောင်ကို ဖန်တီးတဲ့ ဆရာစိတ်ကိုလည်း လေးစားခဲ့ရသူပါ။  ဒီအဖြစ်အပျက်လေးကို ဖတ်မိလိုက်တော့ ဆရာ့ကို(မမြင်ဘူးပေမယ့်) အရမ်းသတိရမိသလို လေးစားဖို့ကောင်းလိုက်တာဆရာရယ်လို့ ရွတ်ဆိုမိပါတယ်။  ဆရာစကားနဲ့ပြောရရင်တော့  ဆရာ…သြော်…ဆရာရယ်။  ထား….သြော်…ထားရယ်လို့သာ။  ၁၅-၆-၂၀၁၃။
…………..
၂၀၁၁ ခုနှစ် တောင်ကြီးတက္ကသိုလ်ကထုတ်တဲ့ တောင်ပြာတန်းကကျောင်းမဟာ မဂ္ဂဇင်းကိုဖတ်ရတယ်။
အဲဒီအထဲမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ကျွန်တော်မသိတဲ့ အဖြစ်အပျက်လေးတစ်ခုကို ဖတ်မိ လိုက်ရပါတယ်။
အဲဒီအချိန်မှာ ဆရာကတောင်ကြီးကောလိပ်ရဲ့ကျောင်းအုပ်ကြီးတာဝန်ထမ်းဆောင်စဉ်ကပေါ့။
ဆရာဟာ စာအုပ်တွေများစွာထွက်ပြီး ဆရာစာအုပ်တွေဟာ အင်မတတန်ရောင်းကောင်း ပြီး ခေတ်စားနေချိန်ပေါ့။ အဖြစ်အပျက်ဖြစ်စဉ်အချိန်က “တပြည်သူမရွှေထား” စာအုပ်ထွက်ပြီးချိန်ပါ။
ဆရာကြီးရဲ့ အောင်မြင်မှုကို မုဒိတာပွားနိုင်သူတွေရှိသလို မုဒိတာမပွားနိုင်ပဲ ရန်ဆောင်နေသူတွေလည်း ရှိတယ်။ စာရေးဆရာတစ်ဦးက စာရေးဆရာချင်း သိကျွမ်းရင်းနှီးပါလျက် မဖွယ်မရာ စိန်ခေါ်မှုတစ်ခုပြုခဲ့ပါတယ်။ အဲဒီစာရေးဆရာက ၀တ္ထုတစ်ပုဒ်ကောင်းနဲ့ အောင်မြင်ခဲ့သူပါ။(ဘယ်သူဆိုတာတော့ မပါဘူးခင်ဗျ) (သိချင်ပေမယ့်လည်း ပုဂ္ဂိုလ်ရေးရာထိခိုက်နိုင်မှာဆိုးပါတယ်။ သိတဲ့သူတွေ တိုးတိုးတိတ်တိတ် ပြောပေးပါဦးဗျို့)
“ ကိုဘုန်းနိုင် ၀တ္ထုချင်းပြိုင်မယ်။ အသစ်ချင်းပြိုင်မယ်။ ခင်ဗျားလည်း အသစ်တစ်ပုဒ်ရေး ကျွန်တော်လည်း အသစ်တစ်ပုဒ်ရေးမယ်။ စောင်ရေ ပိုများများရောင်းရသူ အနိုင်၊ ရောင်းရစောင်ရေ ပိုနည်းတဲ့သူအရှုံး၊ ရှုံးသူ လက်ဖြတ်တမ်း ” လို့ စိန်ခေါ်ခဲ့တယ်။
ဆရာကြီးက အေးဆေးစွာလက်ခံခဲ့ပါတယ်။ စိန်ခေါ်သူဆရာရဲ့ ၀တ္တုသိပ်မကြာခင်ထွက်လာပါတယ်။ သူ့ဝတ္ထုက စောင်ရေတစ်ရာပြည့်အောင်ပင်မရောင်းရတော့ ထုတ်ဝေသူတွေ ၀က်ဝက်ကွဲသွားပါတယ်။
တောင်ကြီးကောလိပ်မှာရေးတဲ့ “ နွေကန္တာဦး ” ဆိုတဲ့ ၀တ္ထုကြီးလည်းထွက်လာပါတယ်။ နှစ်လအတွင်း စောင်ရေ နှစ်သောင်းကျော်ကုန်အောင် စာဖတ်ပရိတ်သတ်အားပေးခြင်းခံခဲ့ရပါတယ်။
စိန်ခေါ်ခဲ့သူဟာ ရှုံးနိမ့်သွားပြီး ကိုယ့်လက်ကို ဖြတ်မဖြတ်တော့မသိပါဘူး။ မေတ္တာတရားလက်ကိုင်ထားတဲ့ ဆရာကတော့ လက်မဖြတ်ခိုင်းခဲ့ပါဘူး။ ဒီအဖြစ်အပျက်က ၁၉၆၈-၆၉ လောက်ကဖြစ်ပွားခဲ့တာပါ။
အကယ်၍သာ ဆရာရှုံးခဲ့ပါက စိန်ခေါ်သူက ဒီစိတ်မျိုးထားနိုင်ပါ့မလား။ လက်မဖြတ်ဘူးလို့ ပြောနိုင်ပါ့ မလား။
ကျွန်တော်ကတော့ ဆရာဘုန်းနိုင်ရဲ့ ၀တ္တုတွေကို အင်မတန်ကြိုက်နှစ်ခဲ့ရသူပါ။ ကျွန်တော်စာရေးရင် တောင် ဆရာရဲ့ ရေးဟန်လေးတွေပါပါသွားတတ်ပါတယ်။
ဝတ္တုတွေထဲက ဇာတ်ကောင်ရဲ့ စိတ်သဘောထားတွေကိုကြိုက်နစ်သက်ခဲ့သလို ၀တ္ထုထဲကဇတ်ကောင်ကို ဖန်တီးတဲ့ ဆရာစိတ်ကိုလည်း လေးစားခဲ့ရသူပါ။
ဒီအဖြစ်အပျက်လေးကို ဖတ်မိလိုက်တော့ ဆရာ့ကို(မမြင်ဘူးပေမယ့်) အရမ်းသတိရမိသလို လေးစားဖို့ကောင်းလိုက်တာဆရာရယ်လို့ ရွတ်ဆိုမိပါတယ်။
ဆရာစကားနဲ့ပြောရရင်တော့ ဆရာ…သြော်…ဆရာရယ်။
ထား….သြော်…ထားရယ်လို့သာ။
မောင်ပိုင်
၁၅-၆-၂၀၁၃။
— with Ye Moe and 2 others.
“ပျင်းပျင်းရိရိ”
$
0
0
Photo: “ပျင်းပျင်းရိရိ” ………  မရတော့ တော်တော်အိပ်ချင်လာသည်။ မျက်လုံးကို လက်နှင့်ပွတ်လိုက်သည်။ မရ။ စပ်တာပဲရှိသည်။ မထူးတော့ ဒီစာခဏထား အိပ်တာပဲကောင်းလိမ့်မည်။ ရေးဖို့ခေါင်းစဉ်ရှာတော့ မတွေ့ အပျင်းထူတာပဲ တွေ့ရသည်။ ဒါကြောင့် ဒီခေါင်းစဉ်တပ်သည်။ ခေါင်းစဉ်တပ်ပြီးမှပင် လူက ခေါင်းပင်မထူချင်တော့။ ခဏချ၊ အိပ်ယာထဲလှဲချလိုက်သည်။ အိပ်လိုက်ပါဦးမယ်။ “၀ါး “ အိပ်ပါမယ်ဆိုမှ သမ်းနေရသေးသည်။ စိတ်ကလည်း ဟိုလွင့်ဒီလွင့်…။  ကဲကွာ …အိပ်ချင်လှတာ အိပ်မယ်ဒါပဲ။ “ The lazy  man  is  the  bagger's  brother ” “ ပျင်းရိသူသည် သူတောင်းစား၏ အစ်ကိုဖြစ်သည် ”  ဇတ်ကနဲ ထလိုင်လိုက်မိသည်။ ဘယ့်နယ် ဒီစာကြောင်းကြီးက ၀င်လာရတာတုံး။ သူတောင်းစားအစ်ကိုတော့ အဖြစ်မခံနိုင်။  အချိန်ရှိခိုက် အိပ်ပစ်လိုက်။  ဟုတ်ပါဘူးလေ စာရေးလိုက်ပါဦးမယ်။  အင်း…ပျင်းပျင်းရိရိခေါင်းစဉ်နဲ့လိုက်အောင် လေးလေးတွဲတွဲ စဉ်းစားမိသည်။   ဘာ….ရေး … ရ….မ….လဲ။ သိပြီ ၁၀ တန်းကျောင်းသားဘ၀ကဖြစ်သည်။ ကျောင်းသားစုံညီပွဲတော် အတွက် ကျောင်းမှာ ပိုစတာနံရပ်ကပ်စာစောင်တွေလုပ်မည်။ ဘယ်ထဲပါရကောင်းမလဲ။ အဲဒီအချိန်က ပန်းချီနှင့် ကဗျာကို ရူးသွပ်နေချိန်ဖြစ်သည်။ မှတ်မှတ်ရရကျန်ခဲ့အောင် ပန်းချီဆွဲရန်စိတ်ကူးရပြီး ပန်းချီဆွဲဖြစ်ပါသည်။  စိတ်ကူးထဲရှိ သဘာဝရှုခင်းပုံဆွဲသည်။ နောက်တစ်ခုက သင်ကြားရေးလည်း အထောက်အကူဖြစ်အောင် ဆွဲမည်ဆိုသည့် စိတ်ကူးဖြင့် စာအုပ်တွေထဲရှာကြည့်တော့ ငယ်စဉ်က သင်ရသော ပျင်းရိခြင်းခြောက်ပါးပုံ ကူးယူဆွဲပေးလိုက်သည်။  ပွဲအပြီးတွင် စကားသံများထွက်လာသည်။ ပီပြင်ပါသည်တဲ့။ ချီးကျူးကြသည်။  ဟုတ်ကဲ့ ပီပြင်ပါလိမ့်မည်။ ပန်းချီရေးဆွဲသူကိုယ်တိုင်က ခံစား၍ ရေးဆွဲခြင်းကြောင့်ဖြစ်ပါသည်။ ပျင်းရိခြင်းဖြင့် ကျွန်တော်အကျိုးပေးပါသည်။  ကျွန်တော်ဘာကို ၀ါသနာသလဲမေးလျှင် အပျင်းထူခြင်းကို ၀ါသနာပါသည်ဟုဆိုရမည်။ တော်တော် အပျင်းထူခဲ့ပါသည်။ ဘယ်လောက်အပျင်းထူသလဲဆိုရင် ရေးပြရမှာပင် ပျင်းပါသည်။ သို့သော်ငြားလည်း ဆက်ရေးပါမည်။  တချို့ စာဖတ်ရမှာပျင်းသည်။ ကျွန်တော်ကတော့ ပျင်းလို့စာဖတ်မိသည်။ ပျင်းပျင်းရိရိရှိခြင်းကိုတော့ ကျွန်တော်ကျေးဇူးတင်မိသည်။ ပျင်း၍ စာအုပ်ကောက်ကိုင်မိသည်။ စာဖတ်ဝါသနာပါလာခဲ့သည်။ ပျင်း၍ စာဖတ်သော ကျွန်တော် စာတော်တော်များများဖတ်ဖြစ်သွားသည်။ အပျင်းများများထူခြင်းကြောင့်လဲ ဖြစ်ပါသည်။  “ စောသည်၊ ဆာသည်၊ ပြည့်အင့်သည်၊ ပူသည်၊ အေးသည်၊ အိပ်ချင်သည် ”   ပျင်းရိခြင်း(၆)ပါးနှင့် ကျွန်တော်ကတော့ ငယ်ပေါင်းကြီးဖော်တွေပင်။ လူတွေလည်း အကြောင်းအမျိုးမျိုးပြပျင်းသည်။ “ ထလော့မြန်မာ မြန်မာထလော့ ” မြန်မာပြည်ကြီးကို ခဏခဏနိုးသံကြားရပါသည်။  သို့သော်ကျွန်တော်တို့က ဘာနှင့်တူသလဲဆိုတော့ “ တစ်ရေးနိုးသော် အကြံပေါ်၊ ပေါ်သည့်အကြံပြန်အိပ်ရန်” ဆိုသလို ခဏခဏ စိတ်တွေ အိပ်မောကြနေသည်။ အင်း ပျင်းခြင်းမှ ဖျင်းခြင်းတော့ မကူးဆက်အောင် ကြိုးစားပြုပြင်ရပါမည်။ ပျင်းရိခြင်းခြောက်ပါးအပြင် “လွမ်းခြင်း” သို့မဟုတ် “အလွမ်း” ကို ပျင်းရိခြင်းတစ်ပါးအဖြစ် ကျွန်တော်ကတော့ ထည့်သွင်းလိုက်ချင်သည်။ လွမ်းခြင်းကိုခေါင်းစဉ်ပြ ပျင်းနေခြင်းကြောင့်ဖြစ်သည်။ မပျင်းပါက လွမ်းဖို့အချိန်တောင် ရမည်မဟုတ်ပါလား။ ပျင်းလျှင် မလွမ်းပါနှင့်။ တခြားအရာပြုလုပ်ပါ။(ဥပမာ-စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း) နောက်တစ်ခုကျန်ပါသေးသည် ပျင်းလျှင် အိပ်ပစ်ပါ။ အိပ်တာကမှ အိပ်ရေးဝပါဦးမည်။ အိပ်ပါဆိုကာမှ ကျွန်တော် အိပ်ချင်လာပြန်သည်။ ဒီတစ်ခါ တကယ်အိပ်ရမည်။ ဒါပျင်းရိခြင်းတော့မဖြစ်နိုင်။ သို့ကြောင့် သူတောင်းစားရဲ့ အစ်ကိုမဟုတ်နိုင်ပါ။ အဲ သူငယ်ချင်းအဆင့်လောက်တော့ ရှိပေမပေါ့။ ပျင်း……………..လိုက်…………………..တာ။  ၇-၁၀-၂၀၀၆။“
………
မရတော့ တော်တော်အိပ်ချင်လာသည်။
မျက်လုံးကို လက်နှင့်ပွတ်လိုက်သည်။ မရ။ စပ်တာပဲရှိသည်။
မထူးတော့ ဒီစာခဏထား အိပ်တာပဲကောင်းလိမ့်မည်။ ရေးဖို့ခေါင်းစဉ်ရှာတော့ မတွေ့ အပျင်းထူတာပဲ တွေ့ရသည်။
ဒါကြောင့် ဒီခေါင်းစဉ်တပ်သည်။ ခေါင်းစဉ်တပ်ပြီးမှပင် လူက ခေါင်းပင်မထူချင်တော့။
ခဏချ၊ အိပ်ယာထဲလှဲချလိုက်သည်။ အိပ်လိုက်ပါဦးမယ်။
“၀ါး “ အိပ်ပါမယ်ဆိုမှ သမ်းနေရသေးသည်။ စိတ်ကလည်း ဟိုလွင့်ဒီလွင့်…။
ကဲကွာ …အိပ်ချင်လှတာ အိပ်မယ်ဒါပဲ။
“ The lazy man is the bagger's brother ”
“ ပျင်းရိသူသည် သူတောင်းစား၏ အစ်ကိုဖြစ်သည် ”
ဇတ်ကနဲ ထလိုင်လိုက်မိသည်။ ဘယ့်နယ် ဒီစာကြောင်းကြီးက ၀င်လာရတာတုံး။ သူတောင်းစားအစ်ကိုတော့ အဖြစ်မခံနိုင်။
အချိန်ရှိခိုက် အိပ်ပစ်လိုက်။ ဟုတ်ပါဘူးလေ စာရေးလိုက်ပါဦးမယ်။
အင်း…ပျင်းပျင်းရိရိခေါင်းစဉ်နဲ့လိုက်အောင် လေးလေးတွဲတွဲ စဉ်းစားမိသည်။
ဘာ….ရေး … ရ….မ….လဲ။ သိပြီ ၁၀ တန်းကျောင်းသားဘ၀ကဖြစ်သည်။ ကျောင်းသားစုံညီပွဲတော် အတွက် ကျောင်းမှာ ပိုစတာနံရပ်ကပ်စာစောင်တွေလုပ်မည်။ ဘယ်ထဲပါရကောင်းမလဲ။ အဲဒီအချိန်က ပန်းချီနှင့် ကဗျာကို ရူးသွပ်နေချိန်ဖြစ်သည်။ မှတ်မှတ်ရရကျန်ခဲ့အောင် ပန်းချီဆွဲရန်စိတ်ကူးရပြီး ပန်းချီဆွဲဖြစ်ပါသည်။
စိတ်ကူးထဲရှိ သဘာဝရှုခင်းပုံဆွဲသည်။ နောက်တစ်ခုက သင်ကြားရေးလည်း အထောက်အကူဖြစ်အောင် ဆွဲမည်ဆိုသည့် စိတ်ကူးဖြင့် စာအုပ်တွေထဲရှာကြည့်တော့ ငယ်စဉ်က သင်ရသော ပျင်းရိခြင်းခြောက်ပါးပုံ ကူးယူဆွဲပေးလိုက်သည်။
ပွဲအပြီးတွင် စကားသံများထွက်လာသည်။ ပီပြင်ပါသည်တဲ့။ ချီးကျူးကြသည်။
ဟုတ်ကဲ့ ပီပြင်ပါလိမ့်မည်။ ပန်းချီရေးဆွဲသူကိုယ်တိုင်က ခံစား၍ ရေးဆွဲခြင်းကြောင့်ဖြစ်ပါသည်။ ပျင်းရိခြင်းဖြင့် ကျွန်တော်အကျိုးပေးပါသည်။
ကျွန်တော်ဘာကို ၀ါသနာသလဲမေးလျှင် အပျင်းထူခြင်းကို ၀ါသနာပါသည်ဟုဆိုရမည်။ တော်တော် အပျင်းထူခဲ့ပါသည်။ ဘယ်လောက်အပျင်းထူသလဲဆိုရင် ရေးပြရမှာပင် ပျင်းပါသည်။ သို့သော်ငြားလည်း ဆက်ရေးပါမည်။
တချို့ စာဖတ်ရမှာပျင်းသည်။ ကျွန်တော်ကတော့ ပျင်းလို့စာဖတ်မိသည်။ ပျင်းပျင်းရိရိရှိခြင်းကိုတော့ ကျွန်တော်ကျေးဇူးတင်မိသည်။ ပျင်း၍ စာအုပ်ကောက်ကိုင်မိသည်။ စာဖတ်ဝါသနာပါလာခဲ့သည်။ ပျင်း၍ စာဖတ်သော ကျွန်တော် စာတော်တော်များများဖတ်ဖြစ်သွားသည်။ အပျင်းများများထူခြင်းကြောင့်လဲ ဖြစ်ပါသည်။
“ စောသည်၊ ဆာသည်၊ ပြည့်အင့်သည်၊ ပူသည်၊ အေးသည်၊ အိပ်ချင်သည် ”
ပျင်းရိခြင်း(၆)ပါးနှင့် ကျွန်တော်ကတော့ ငယ်ပေါင်းကြီးဖော်တွေပင်။ လူတွေလည်း အကြောင်းအမျိုးမျိုးပြပျင်းသည်။
“ ထလော့မြန်မာ မြန်မာထလော့ ”
မြန်မာပြည်ကြီးကို ခဏခဏနိုးသံကြားရပါသည်။ သို့သော်ကျွန်တော်တို့က ဘာနှင့်တူသလဲဆိုတော့ “ တစ်ရေးနိုးသော် အကြံပေါ်၊ ပေါ်သည့်အကြံပြန်အိပ်ရန်” ဆိုသလို ခဏခဏ စိတ်တွေ အိပ်မောကြနေသည်။ အင်း ပျင်းခြင်းမှ ဖျင်းခြင်းတော့ မကူးဆက်အောင် ကြိုးစားပြုပြင်ရပါမည်။
ပျင်းရိခြင်းခြောက်ပါးအပြင် “လွမ်းခြင်း” သို့မဟုတ် “အလွမ်း” ကို ပျင်းရိခြင်းတစ်ပါးအဖြစ် ကျွန်တော်ကတော့ ထည့်သွင်းလိုက်ချင်သည်။
လွမ်းခြင်းကိုခေါင်းစဉ်ပြ ပျင်းနေခြင်းကြောင့်ဖြစ်သည်။ မပျင်းပါက လွမ်းဖို့အချိန်တောင် ရမည်မဟုတ်ပါလား။ ပျင်းလျှင် မလွမ်းပါနှင့်။ တခြားအရာပြုလုပ်ပါ။(ဥပမာ-စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း)
နောက်တစ်ခုကျန်ပါသေးသည် ပျင်းလျှင် အိပ်ပစ်ပါ။ အိပ်တာကမှ အိပ်ရေးဝပါဦးမည်။
အိပ်ပါဆိုကာမှ ကျွန်တော် အိပ်ချင်လာပြန်သည်။
ဒီတစ်ခါ တကယ်အိပ်ရမည်။
ဒါပျင်းရိခြင်းတော့မဖြစ်နိုင်။ သို့ကြောင့် သူတောင်းစားရဲ့ အစ်ကိုမဟုတ်နိုင်ပါ။
အဲ သူငယ်ချင်းအဆင့်လောက်တော့ ရှိပေမပေါ့။
ပျင်း……………..လိုက်…………………..တာ။
မောင်ပိုင်
၇-၁၀-၂၀၀၆။“
— with William Tuntunko and 2 others.
မညီမျှခြင်းများ
$
0
0
Photo: မညီမျှခြင်းများ ▬▬▬▬▬▬ လူတချို.က တောတွေ စိမ်းလန်းဖို့ ကြိုးစားနေချိန် လူတချို.က သစ်တောတွေ အပြောင်ရှင်းနေတယ် ။  လူတချို.က တောင်ယာတွေ အသက်ရှင်ဖို့ အားကိုးနေချိန် လူတချို.က တောင်တွေကို ဖြိုနေတယ် ။  လူတချို.က ပြည်ပကို ထွက် ဝမ်းရေးအတွက် ဒုက္ခရောက်နေချိန် လူတချို.က ပြည်တွင်းကိုဝင် သိုက်တူးဖို့ ကြံစည်နေကြတယ် ။  လူတချို.က ဘာသာရေးကို ဦးထိပ်ထားနေချိန် လူတချို.က သံဃာတွေကို ဆဲနေတယ် ။  လူတချို.က ငြိမ်းချမ်းရေးယူနေချိန် လူတချို.က စစ်ရေးတိုးချဲ.နေတယ် ။  လူတချို.က အာဏရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေချိန် လူတချို.က အာဏာရှင်ဖြစ်ရေးအတွက် တိုက်ပွဲဝင်နေတယ် ။  လူတချို.က လယ်ယာတွေ အသိမ်းခံနေရချိန် လူတချို.က ဟော်တယ်ကြီးတွေ ဆောက်နေတယ် ။  လူတချို.က ထမင်းရည် သောက်နေချိန် လူတချို.က ပတ္တမြားတွေ လှူနေတယ် ။  လူတချို.က ယဉ်ကျေးမှုကို ထိန်းသိမ်းနေချိန် လူတချို.က ညအိပ် ဇာတ်ဝင်ခန်းတွေ ရိုက်နေတယ် ။  လူတချို.က တိုက်ပွဲဝင်ဖို့ စုရုံးနေချိန် လူတချို.က တိုက်ပွဲဝင်ဖို. ကွဲပြဲကြတယ် ။  လူတချို.က အများအကျိုးအတွက် အလုပ်လုပ်နေချိန် လူတချို.က အတ္တ အတွက် အသက်ရှင်နေကြတယ် ။  လူတချို.က မွေးဖွား ခြင်းအတွက် ပျော်ရွှင်နေချိန် လူတချို.က သေဆုံးခြင်းအတွက် ပူဆွေးနေကြတယ် ။  လူတချို.က တိုင်းပြည်အတွက် အလုပ်လုပ်နေချိန် လူတချို.က တိုင်းပြည်ကို သူတို့ အတွက် အသုံးချနေတယ် ။  ရဲသူရိန်မင်း
▬▬▬▬▬▬
လူတချို.က တောတွေ စိမ်းလန်းဖို့ ကြိုးစားနေချိန်
လူတချို.က သစ်တောတွေ အပြောင်ရှင်းနေတယ် ။
လူတချို.က တောင်ယာတွေ အသက်ရှင်ဖို့ အားကိုးနေချိန်
လူတချို.က တောင်တွေကို ဖြိုနေတယ် ။
လူတချို.က ပြည်ပကို ထွက် ဝမ်းရေးအတွက် ဒုက္ခရောက်နေချိန်
လူတချို.က ပြည်တွင်းကိုဝင် သိုက်တူးဖို့ ကြံစည်နေကြတယ် ။
လူတချို.က ဘာသာရေးကို ဦးထိပ်ထားနေချိန်
လူတချို.က သံဃာတွေကို ဆဲနေတယ် ။
လူတချို.က ငြိမ်းချမ်းရေးယူနေချိန်
လူတချို.က စစ်ရေးတိုးချဲ.နေတယ် ။
လူတချို.က အာဏရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေချိန်
လူတချို.က အာဏာရှင်ဖြစ်ရေးအတွက် တိုက်ပွဲဝင်နေတယ် ။
လူတချို.က လယ်ယာတွေ အသိမ်းခံနေရချိန်
လူတချို.က ဟော်တယ်ကြီးတွေ ဆောက်နေတယ် ။
လူတချို.က ထမင်းရည် သောက်နေချိန်
လူတချို.က ပတ္တမြားတွေ လှူနေတယ် ။
လူတချို.က ယဉ်ကျေးမှုကို ထိန်းသိမ်းနေချိန်
လူတချို.က ညအိပ် ဇာတ်ဝင်ခန်းတွေ ရိုက်နေတယ် ။
လူတချို.က တိုက်ပွဲဝင်ဖို့ စုရုံးနေချိန်
လူတချို.က တိုက်ပွဲဝင်ဖို. ကွဲပြဲကြတယ် ။
လူတချို.က အများအကျိုးအတွက် အလုပ်လုပ်နေချိန်
လူတချို.က အတ္တ အတွက် အသက်ရှင်နေကြတယ် ။
လူတချို.က မွေးဖွား ခြင်းအတွက် ပျော်ရွှင်နေချိန်
လူတချို.က သေဆုံးခြင်းအတွက် ပူဆွေးနေကြတယ် ။
လူတချို.က တိုင်းပြည်အတွက် အလုပ်လုပ်နေချိန်
လူတချို.က တိုင်းပြည်ကို သူတို့ အတွက် အသုံးချနေတယ် ။
ရဲသူရိန်မင်း
ကရင်ပြည်နယ်တိုက်ပွဲများမှ အကြီးမားဆုံးဟုသတ်မှတ်နိုင်သော တိုက်ပွဲကြီးနှစ်ရပ်
$
0
0
 Photo
ကရင်ပြည်နယ်တိုက်ပွဲများမှ အကြီးမားဆုံးဟုသတ်မှတ်နိုင်သော တိုက်ပွဲကြီးနှစ်ရပ်။
မဲသဝေါ၏ ပထမဆုံးတန်ပြန်အောင်ပွဲ (H-575241) ၁၉၈၈ ခုနှစ်
မဲသဝေါဒေသအရေးအခင်းဟာမြန်မာ့တပ်မတော်ရဲ့စစ်သမိုင်းမှာအပြင်းထန်ဆုံး၊ တစ်နေရာတည်းမှာရန်သူအမျိုးအစား အစုံလင်ဆုံး၊ နှစ်ဖက် အကျအဆုံးအများဆုံးသောတိုက်ပွဲကြီးတစ်ခုပါ… ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းနဲ့ ဆက်စပ်ပြီး မြို့ပေါ်မှာ နိုင်ငံရေးအကျပ်အတည်း ဖြစ်နေတာကိုသောင်းကျန်းသူတွေအနေနဲ့ အခွင့် ကောင်းယူ၊ တပ်ပေါင်းစုဖွဲ့ပြီးစင်ပြိုင် အစိုးရထူထောင်ဖို့အထိအစီအစဉ် ရှိခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေးရောထွေးနေတဲ့ စစ်ပွဲကြီးတစ်ပွဲဆိုရင်လည်းမမှားပါဘူး…
ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းကြောင့် တိုင်းပြည်မငြိမ်မသက် ဖြစ်ရာမှ တပ်မတော်ဟာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ နိုင်ငံတော်အာဏာကိုထိန်းသိမ်းခဲ့ပါတယ်… ဒီလို နိုင်ငံတော် အာဏာကိုထိန်းသိမ်းပြီးနောက်ရှစ်ရက်အကြာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ KNU ခေါင်းဆောင်တဲ့ မဒတ(မြန်မာ့ ဒီမိုကရေစီတပ်ပေါင်းစု) သောင်းကျန်းသူ တပ်ပေါင်းစုဟာ မဲသဝေါဒေသရဲ့ ရှေ့ကာစခန်းဖြစ်တဲ့ အံ့ကျော်ကုန်းစခန်းကိုသာလွန်အင်အားသုံးကာတိုက်ခိုက် သိမ်းပိုက် လိုက်ရာမှ အစပြုပြီး မဲသဝေါတိုက်ပွဲကြီး အစပြုခဲ့ပါတယ်တိုက်ပွဲမဖြစ်မီမှာ မဲသဝေါဒေသရဲ့ တပ်အခင်းအကျင်းကတော့ ဒီလိုပါ ရှေ့တန်းခလရ (၇၆) ဟာစစ်ကြောင်းဌာနချုပ် နှစ်ခုနှင့် တပ်ခွဲလေးခွဲကို မဲသဝေါဒေသမှာဖြန့်ခွဲထားပြီး ကျန်တပ်ခွဲ ကို ရှမ်းရွာသစ်စခန်းမှာရှေ့တန်းခလရ (၇၇) ရဲ့ ကွပ်ကဲမှုအောက်မှာတပ်ဖြန့်ထားပါတယ်… မဲသဝေါဒေသမှာ ခလရ (၇၆) ရဲ့ တပ်ဖြန့်ထားပုံကတော့
၁ ။ စစ်ကြောင်း (၁) စစ်ကြောင်းရုံးနှင့် တပ်စုတစ်စုမောရလီစခန်း
၂ ။ စစ်ကြောင်း (၂) စစ်ကြောင်းရုံးနှင့် တပ်စိတ် နှစ်စိတ် ကဆာနလီစခန်း
၃ ။ တပ်ခွဲတစ်ခွဲ မဲသဝေါ ပင်မစခန်း
၎ ။ တပ်ခွဲရုံးနှင့် တပ်စိတ် လေးစိတ် ပွိုင့် (၉၆၂) စခန်း
၅ ။ တပ်ခွဲရုံးနှင့် တပ်စုတစ်စု ပွိုင့် (၈၆၅) စခန်း
၆ ။ တပ်စုတစ်စုအံ့ကျော်ကုန်းစခန်း
၇ ။ တပ်ခွဲရုံးနှင့် တပ်စုလေးစု လှုပ်ရှားအရန် အဖြစ်ထားရှိပြီး
ပွိုင့် (၁၇၇၈) တ၀ိုက်မှာ တပ်ခွဲရုံးနှင့် တပ်စုနှစ်စု၊ ပွိုင့် (၉၆၂) တ၀ိုက်မှာ တပ်စုတစ်စု၊ ပွိုင့် (၈၆၅) တ၀ိုက်မှာ တပ်စုတစ်စု လှုပ်ရှားစိုးမိုးထားပါတယ်…
KNU နဲ့ မဒတအင်အားစုတွေဟာအံ့ကျော်ကုန်းကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာသာလွန် အင်အားသုံး တိုက်ခိုက်ပြီးနောက်မှာအဆင့်မြင့် ဒုံးကျည်တွေဖြစ်တဲ့ ၂.၇၅ လက်မဒုံးကျည်တွေ၊ ၈၄ မမ၊ ၇၅ မမ နှင့် ၅၇ မမ နောက်ပွင့် ရိုင်ဖယ်တွေ၊ ၈၂ မမ နှင့် ၆၀ မမစိန်ပြောင်းတွေ၊ RPG ဒုံးကျည်တွေ၊ ၃.၅ လက်မလောင်ချာတွေ၊ .၅၀ လက်မ စက်သေနတ် ကြီး တွေနဲ့ အခြားလက်နက်ငယ်မျိုးစုံကိုအသုံးပြုပြီးကျန်ရှိနေသေးတဲ့ တပ်မတော်စခန်းတွေကိုထိုးစစ်ဆင် တိုက်ခိုက် ခဲ့ကြပါတယ်…
တပ်မတော် စစ်ကြောင်းတွေရဲ့ အခြေအနေကတော့ ရန်သူကသာလွန်အင်အားသုံးတိုက်ခိုက်မှုတွေကြောင့် လည်းကောင်း၊ ကျည်ဆန်ကုန်လာတာတွေကြောင့်လည်းကောင်း၊ KNU နဲ့ မဒတတို့အနေနဲ့ လိုအပ်တဲ့ ခဲယမ်းနဲ့ ရိက္ခာတွေကို သောင်းရင်း မြစ်တလျှောက် ပဲ့ချိတ်စက်လှေတွေ အသုံးပြုပြီးပို့ဆောင်ဖြည့်တင်းနိုင်မှုတွေကြောင့် လည်းကောင်း၊ တပ်မတော်ဟာ ဆက်လက် မခုခံနိုင်တော့ပဲ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလမှာကဆာနလီစခန်း၊ ပွိုင့် (၉၆၂) စခန်းနဲ့ မဲသဝေါပင်မစခန်း တွေကနေဆုတ်ခွာပေးလိုက်ရပြီးမောရလီတောင်ကြားမှာစုစည်းပြီးခုခံခဲ့ရပါတော့တယ်…ဒါတွေကြောင့် အထက်ဌာနချုပ် ကလည်း မဲသဝေါစစ်မျက်နှာအတွက် စစ်ကူတပ်များစေလွှတ်ခဲ့ပါတယ်… ခမရ (၃)၊ ခမရ (၄)၊ ခမရ (၆)၊ ခမရ (၇)၊ ခလရ (၇၅)၊ ခလရ (၇၈)၊ ခလရ (၈၀)၊ ခလရ (၈၁) နှင့် ခလရ (၈၂) တို့ကို မဲသဝေါဒေသဆီ စစ်ကူစေလွှတ်ခဲ့ပါတယ်… ခလရ (၇၇) ကတော့ ရှမ်းရွာသစ်စခန်းကနေလိုအပ်တဲ့ ကုန်းကြောင်း၊ လေကြောင်းထောက်ပံ့မှုတွေကိုဆောင်ရွက်ပေးခဲ့ရပါတယ်… ဒါပေမယ့်လည်းရန်သူဟာရှမ်းရွာသစ်စခန်းနဲ့ ပွိုင့် (၈၆၅) ကြားကနေအခိုင်အမာ ဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် စစ်ကူတပ်တွေဟာ မဲသဝေါဒေသကို အချိန်မီလွယ်လွယ်ကူကူမရောက်ရှိနိုင်ခဲ့ပါဘူး…ဒါ့အပြင် ဆက်သွယ်ရေးလမ်း ကြောင်း ရှည်လျားခြင်း၊ ရေကြီးတဲ့ချောင်းတွေ ရှိနေခြင်းကြောင့် စစ်ကူချီလာတဲ့ တပ်တွေကို နှောင့်နှေးစေခဲ့ပါတယ်…
စစ်ကူတပ်များအဆက်မပြတ် ရောက်ရှိလာချိန်မှာတော့ တပ်မတော်စခန်းတော်တော်များများဟာစွန့်လွှတ်ပြီးချိန်ဖြစ်နေပါပြီ… ဒါ့အပြင် ရန်သူဟာလည်း မဲသဝေါဒေသ တစ်ခုလုံးကို ၀ိုင်းပတ်ချေမှုန်းဖို့ ထိုးစစ်ဆင်နေချိန်ပါ… ဒီ့အတွက် စစ်ကူရောက် လာတဲ့တပ်တွေဟာရန်သူကိုတန်ပြန်ထိုးစစ်ဆင်ဖို့ထက် ၀ိုင်းပတ်လာတဲ့ ရန်သူတွေကိုထိတွေ့ရင်ဆိုင် ဟန့်တားနေရ တာ ကြောင့် အရန်တပ်မရှိသလောက် ဖြစ်သွားပါတော့တယ်… အရန်တပ် မရှိတာကြောင့် စစ်ကူရောက်လာတဲ့ တပ်တွေအတွက် ရိက္ခာထောက်ပံ့ရေးအခက်အခဲရှိလာခဲ့ပါတယ်… မဲသဝေါပင်မစခန်းကို စွန့်လွှတ်ခဲ့ရချိန်မှာ စုပုံရိက္ခာတွေကို မီးရှို့ဖျက်ဆီး ခဲ့ရ တာကြောင့် မဲသဝေါဒေသမှာရှိနေတဲ့ တပ်ရင်း (၁၀) ရင်းအတွက် ရိက္ခာအခက်အခဲကရှိနေပါတယ်… အနီးဆုံးစုပုံရိက္ခာ ရှိနေတဲ့ စခန်းဟာရှမ်းရွာသစ် စခန်းပါ… ကျန်တပ်တွေနဲ့ (၁၆) မိုင်လောက်ဝေးပါတယ်… ဒီရိက္ခာတွေကိုလူအားနဲ့ သယ်ယူ နေရတာကြောင့် ရိက္ခာဖူလုံအောင်ဝေငှဖို့ အခက်အခဲရှိနေပါတယ် ရိက္ခာတစ်ကြိမ်သယ်ယူဝေငှပြီးနောက်တစ်ခေါက် ရိက္ခာ သွား သယ်နေစဉ်မှာတပ်ရင်းတွေဟာရိက္ခာကိုအမြဲတမ်းဆန့်စားနေရတဲ့အဖြစ်ပါ မဲသဝေါတိုက်ပွဲရဲ့ ပထမပိုင်းဟာ တပ်မတော် စစ်ကြောင်းတွေ ရိက္ခာပြတ်တောက်မှုပြဿနာအထူးကြုံတွေ့နေရပြီးရန်သူရဲ့ခေတ်မီလက်နက် မျိုးစုံနဲ့ စုပြုံ ပစ်ခတ် မှုဒဏ်ကိုအလူးအလဲခံစားရတဲ့ကာလ၊ အထိအခိုက် အကျအဆုံးအများဆုံးကာလပဲ ဖြစ်ပါ တယ်၊ ပွိုင့် (၈၆၅) စခန်း ဟာကနဦးကရှေ့တန်းအမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် အခြေစိုက်ပြီး၊ နောက်ပိုင်းမှာရှေ့တန်းအမှတ် (၆၆) ခြေမြန်တပ်မ ဌာနချုပ် အခြေစိုက်ထားပါတယ်…ရန်သူဟာ မဲသဝေါ ပင်မစခန်းကိုသိမ်းပိုက်ရရှိပြီးနောက်မှာကွပ်ကဲမှုတည်ရှိရာ ပွိုင့် (၈၆၅) စခန်းကိုထိုးဖောက်တိုက်ခိုက်ဖို့ ကြိုးစားလာခဲ့ပါတယ်… ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာ မဲပေါချောင်းဝဖက် တောင်ကြောမှတဆင့် အဆင့်ဆင့် ခြေကုပ်ယူပြီးရန်သူဟာမြေပုံညွှန်း (H-575241) နဲ့ (H-580242) တောင်ကြောများ ကို သိမ်းပိုက်ခဲ့ပါတယ်… မောရလီစခန်းကိုလည်းလက်ပစ်ဗုံး၊ မီးလောင်ဗုံးများအသုံးပြုပြီးအနီးကပ် ပြင်းပြင်းထန်ထန် တိုက်ခိုက် ခဲ့ကြတာပါ… ကွပ်ကဲမှုဌာနချုပ် တည်ရှိရာ ပွိုင့် (၈၆၅) စခန်းကိုလည်း ခြိမ်းခြောက်လာခဲ့ပါတယ်… ဒါကြောင့် ခမရ (၄) ကို ၄င်း တောင်ကြောမှာရှိနေတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ထားလိုက်ရပါတယ်… ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ၂၈ ရက်နေ့မှာ ပွိုင့် (၉၆၂) စခန်းကိုခမရ (၆) ကနေသိမ်းပိုက်ခြေကုပ်ယူပြီး ပွိုင့် (၁၇၇၈) တောင်ကုန်း၊ အံ့ကျော်ကုန်းနှင့် ကဆာနလီရှိ ရန်သူ တွေ ကိုခမရ (၆)၊ ခမရ (၇)၊ ခလရ (၇၈)၊ ခလရ (၈၁) တို့ကနေရင်ဆိုင်ထားလိုက်ကြပါတယ်… ပွိုင့် ( ၁၆၀၁) မှာရှိနေ တဲ့ ရန်သူကိုတော့ ခလရ (၈၀)၊ ခလရ (၈၂) တို့ကရင်ဆိုင်ထားပါတယ်ခလရ (၇၅)၊ ခလရ (၇၆) နှင့် ခမရ (၃) က စစ်ကြောင်း (၂) နဲ့ တပ်ခွဲ နှစ်ခွဲတို့ဟာလည်းမောရလီတောင်ကြောမှာရန်သူ့ထိုးစစ်ကိုခုခံနေခဲ့ရပါတယ် ဒီလိုနဲ့ပဲ KNUခေါင်းဆောင် ဘိုမြဟာ မဒတ အဖွဲ့အစည်းအပေါ် ခေါင်းဆောင်မှုရယူဖို့ မီးကုန်ယမ်းကုန်သုံးတဲ့ မဲသဝေါတိုက်ပွဲကြီးမှာ ရန်သူအင်အား ၂၀၀၀ ကျော်ကိုတပ်မတော်တပ်ရင်း ၁၀ ရင်းကအနီးကပ် ရင်ဆိုင် ထိန်းချုပ်နေရတာကြောင့် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခြင်း မရှိပဲအရန်တပ်တွေအားလုံးဒေသန္တရ ရင်ဆိုင်တိုက်ပွဲမှာ ပါဝင်နေကြရတဲ့အဖြစ်နဲ့ ကြုံကြရပါတော့တယ် အုပ်ချုပ်မှု အလျဉ်မီ အောင် မဆောင်ရွက်နိုင်တာကြောင့်လည်းတပ်တွေဟာရိက္ခာပြတ်တောက်မှု ကြုံတွေ့ရပြီးငှက်ပျောအူနဲ့ ပုတတ်ဥတွေတူးစား ကြရတဲ့ အဖြစ်ကို ကြုံကြရပါတော့တယ်…
ဒီလိုအခြေအနေတွေမှာပဲ မဲသဝေါဒေသရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှူးဟာရှမ်းရွာသစ်မှတဆင့် မဲသဝေါဒေသ ပွိုင့် (၈၆၅) စခန်းကို ၁၉၈၈ ခု၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာရောက်ရှိလာပြီးတော့ စစ်ဆင်ရေးကိုအနီးကပ် ကွပ်ကဲပါတော့တယ်… မဲသဝေါ ဒေသကို ကားလမ်း၊ လှည်းလမ်းတွေ အမြန် ဖောက်လုပ် စေပြီးအုပ်ချုပ် ထောက်ပံ့မှု ကို ဦးစားပေး ဖြည့်တင်း ဆောင်ရွက် ပေးခဲ့ပါတယ်… လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကိုအဆက်မပြတ် ပို့ဆောင် ဖြည့်တင်းပြီးနောက်မှာတော့ ထိုးစစ်ကို စတင်ခဲ့ ပါတော့တယ်မြေပုံညွှန်း H – 575241 မှာရှိနေတဲ့ ရန်သူကိုမူလက ခမရ (၄) က ရင်ဆိုင်ခဲ့တာပါ ဒါပေမယ့် စစ်ဆင်ရေး အဆင့် (၁) ကိုစတင်ချိန်မှာခမရ (၄) အနေနဲ့ ထိခိုက်ဒဏ်ရာရသူများပြားလွန်းနေပါတယ်တပ်ရင်းတစ်ရင်းလုံးမှာအင်အား ၁၆၀ လောက်ပဲကျန်တော့တဲ့အတွက် ခမရ (၄) ကိုအနားပေးပြီးခမရ (၃) ကိုထိုးစစ်အဆင့် (၁) အတွက် တာဝန်ပေးခဲ့ပါတယ်မြေပုံညွှန်း H – 575241 ရှိရန်သူကိုတိုက်ခိုက်ဖို့ အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး က သတိပေးအမိန့် ထုတ်ပြန်ထားတာကြောင့် ခမရ (၃) တပ်ရင်းမှူးဟာ ၁၉၈၈ခု၊ နိုဝင်ဘာလ ၂၄ ရက် နဲ့ ၂၅ ရက်နေ့ တို့မှာ ခမရ (၄) စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) နေရာတွေကနေရန်သူ့နေရာကို မြင်ကွင်းမျိုးစုံမှ အသေးစိတ် လေ့လာ ထောက်လှမ်းမှုတွေ ပြုလုပ်ထားခဲ့ပါတယ်… ၁၉၈၈ခု၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ ခမရ (၄) နဲ့ ခမရ (၃) တို့ တာဝန်လဲလှယ် ကြပြီးချိန်မှာတော့ ခမရ (၃) တပ်ရင်းမှူးဟာရန်သူ့တောင်ကုန်း H – 575241 ကိုစစ်ကြောင်း (၁) ရှိရာနေရာကနေတိုက်ခိုက် ဖို့ ဆုံးဖြတ်လိုက်ပါပြီ ရန်သူ့စခန်းဟာလက်ရှိရင်ဆိုင်ထားရာနေရာကနေကြည့်ရင် ကိုက် ၂၀၀ လောက်သာဝေးတာပါ… ကြားမှာမြေနိမ့်တောင်ကြောတစ်ခုရှိပြီး ၀ါးပိုးဝါးပင်တွေကလည်း ပေါက်ရောက်နေပါတယ်စစ်ကြောင်းနေရာဟာ ရန်သူ့စခန်း ထက် အနည်းငယ်မြင့်မားတယ် ထင်ရပေမယ့် တကယ်တမ်းရန်သူ့စခန်းကိုသွားမယ်ဆိုရင် ပထမမှာအဆင်းဆင်းပြီး ပြန်မော့တက်ရမှာပါ… ရန်သူနဲ့ ရင်ဆိုင်ထားတဲ့ အကွာအဝေးကလည်း ကိုက် ၂၀၀ လောက်သာရှိတာကြောင့် ရန်သူဟာ နေ့ရောညပါ လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ ကြိုကြားပစ်ခတ်နေပါတယ်… အထူးသဖြင့် မနက်ခင်းအိပ်ယာထချိန်၊ စားသောက်ချိန်နဲ့ ညနေစောင်းချိန်တွေမှာပိုမိုပစ်ခတ်တာကိုခံရပါတယ် ဒါကြောင့် ရန်သူကို ပြန်လည်ပစ်ခတ်နေရသလို ကတုတ် ကျင်းတွေကိုလည်းပိုမိုကောင်းမွန်အောင် ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်ရန်သူအင်အား ၁၅၀ ခန့် မှာ ရင်ဆိုင် ထား တဲ့ ရန်သူအင်အားဟာ ၃၀ လောက်သာရှိတယ်ဆိုပေမယ့် ကျန်အင်အား ၁၂၀ လောက်က မဲပေါချောင်းဝကနေ တောင် ကြော တစ်လျှောက်လုံးကိုအထောက်အကူ ပြုပေးထားတာပါ… အနီးကပ် ရင်ဆိုင်ထားတဲ့ အင်အား ၃၀ ကို ၃ရက်တစ်ကြိမ် အသစ်လဲလှယ်ပေးခြင်းနဲ့ လူတွေကိုအနားပေးထားပါတယ်… ဒါ့အပြင် စားသောက်ရေးအတွက် ထမင်းထုပ်တွေနှင့် ၀ါးဆစ် ရေဘူး တွေကိုလည်းမပြတ်လပ်အောင် ပို့ပေးနေတာကိုတွေ့ရသလို ၄င်းတို့ရဲ့ ခေါင်ကတုတ်တွေနဲ့ ဆက်သွယ်ရေး မြောင်း တွေကိုပိုမိုကောင်းမွန်အောင် နေ့ညမပြတ် တူးဖော်နေကြတာကိုလည်းထောက်လှမ်းသိရှိနေရပါတယ်ဆက်သွယ်ရေးမြောင်း တွေဟာတပ်မတော် စစ်ကြောင်းတွေ ရှိရာကိုဦးတည်ဖောက်လုပ်နေကြတာပါ တောင်ကြောရဲ့မြေသားဟာကျောက်စရစ်မြေ ဖြစ်နေပေမယ့် ပစ်ခတ်မှုတွေကြားထဲကနေပဲရန်သူဟာဆက်သွယ်ရေးမြောင်းတွေကိုလူတစ်ရပ်ကျော်နက်အောင် တူးနိုင်ခဲ့တာကိုတိုက်ပွဲပြီးချိန်မှာတွေ့ခဲ့ရပါတယ်…
http://tyrinonote.wordpress.com/(မှကူးယူဖော်ပြပါသည်)Posted: April 26, 2011 by tyrino
Posted by ရွှေလီသား
Ttk.ots73
မာနယ်ပလောတိုက်ပွဲ၁၉၉၅ ခုနှစ်
၁၉၉၅ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့  မှာ ပွိုင့် ၄၀၄၄ ခွေးအိပ်တောင် စခန်းက အမှတ် ၆ အမြောက်တပ်ရင်း တပ်ရင်းမှူးဟာ
စ ပစ်…..ဆိုတဲ့ အမိန့် သံ တစ်ခုကို ……ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်…..။
ဒီ အမိန့် ပေးသံ ဟာ မာနယ်ပလော ဒေသ တိုက်ပွဲစဉ်တွေရဲ့ အစ ဖြစ်သလို ၁၉၉၂ ခုနှစ် ဧပြီ ၂၈ ရက်နေ့ မှာ တပ်မတော်က တစ်ဖက်သတ်ရပ်စဲပေးခဲ့ တဲ့ အပစ်အခတ်ရပ်စဲရေးရဲ့ အဆုံးသတ် လည်းဖြစ်ပါတယ်တိုင်းရင်းသားအဖွဲ့  ၁၃ ဖွဲ့ နဲ့ အပစ် အခတ် ရပ်စဲရေးအောင်မြင်သွားတဲ တပ်မတော် အစိုးရဟာဒီ ထိုးစစ်မဆင်မီ ကာလအတွင်းတော့နိုင်ငံတကာ သံခင်း တမန်ခင်း ဆောင်ရွက်ချက် တွေမှာ သိပ်အဆင်ပြေ လှတယ် မဟုတ်ပါဘူး….
နေအိမ် အကျယ်ချုပ်နဲ့ အတိုက်အခံပါတီခေါင်းဆောင်ကိုနိုဘယ်ဆု ချီးမြှင့်လိုက်ပြီးတဲ့ နောက်မှာပြည်ပနိုင်ငံ အတော်များများ မှာ သွားရောက်စုစည်းမိကြတဲ့ အတိုက် အခံ အင်အားစုတွေဟာ တစ်နေ့ တစ်ခြားတိုးပွားလို့ လာနေပါတယ်…..။
သူတို့ ထဲမှာ မဆလပါတီ လက်ထက်ကတည်းကရောက်ရှိ အခြေကျနေတဲ့ သူတစ်ချို့ ပါဝင်ပေမယ့် အများစုကတော့ ၈၈ အရေးအခင်းရဲ့ မျိုးဆက်တွေဖြစ်ပြီး နည်းလမ်း အမျိုးမျိုးနဲ့  ပြည်ပကိုရောက်ရှိ စုစည်းမိလာလို့ အသင်းအဖွဲ့ များအနေနဲ့ ရပ်တည်လာကာနိုင်ငံခြားသားအချို့ ပါ ပါဝင်လာခဲ့ ပါတယ်သူတို့ ရဲ့ တူညီတဲ့ ရည်မှန်းချက် ကတော့အပြည်ပြည် ဆိုင်ရာ အသိုင်းအ၀ိုင်းများကတပ်မတော် အစိုးရအပေါ် ဖိအားပေး ပိတ်ဆို့ မူ တွေ ပြုလုပ်ပြီးအစိုးရ ပြုတ်ကျသွားစေဖို့ ပါပဲ…….။
၁၉၉၂ သြဂုတ် ၄ ရက်နေ့ မှာ ကေအန်ယူအဖွဲ့ က ဦးစီး ဖွဲ့ စည်းပေးခဲ့ တဲ့  NCUB ဟာ အရင် ရှိနှင့်ပြီးသား DAB , NDF , NLD ( LA ) , NCGUB တို့ ကိုစုစည်းပြီး ပြန်လည် တည်ထောင်ခဲ့ တာဖြစ်ပေမယ့် သူ့ ရဲ့ နိုင်ငံရေး အံတုမူ ကော်မတီ က ထိုးနှက်ချက်တွေဟာ တပ်မတော် အစိုးရ အဖို့ တော့အတော့်ကို စိတ်အနှာင့်အယှက် ဖြစ်ဖွယ် ကောင်းခဲ့ ပါတယ်…..။
၁၉၉၄ မတ်လ ၂၃ ရက်နေ့ ကနေဇွန်လ ၁၅ ရက်နေ့  အတွင်းမှာတော့ ကေအန်ယူက ဗိုလ်ချုပ်မြ ကိုယ်တိုင် အမေရိကန်ကို သွားရောက်ခဲ့ပြီး Carter Center မှာ အချက် ၇ ချက်ပါတဲ့  စာတမ်းတစ်စောင်ကို တင်သွင်းခဲ့ ပါတယ်….
ဒီ စာတမ်းရဲ့ တောင်းဆိုချက်ကတော့ အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည်အပေါ် ပိတ်ဆို့ အရေးယူ့မှု တွေ ပြင်းပြင်း ထန်ထန် ဆောင်ရွက်ပေးဖို့ ပါပဲဒါဟာ…မြန်မာနိုင်ငံအပေါ်မကြာခင် ပြင်းပြင်းထန်ထန် ပိတ်ဆို့ ခံရတော့မယ့် …..
နိုင်ငံတကာက နိုင်ငံရေး စီးပွားရေး ပိတ်ဆို့ မှုတွေရဲ့ အကြောင်းခံ တစ်ခုလဲ ဖြစ်ပါတယ်….။
၁၉၉၅ ခု ဇန်န၀ါရီလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၀န်းကျင်လောက်မှာရှေ့ တန်း အမှတ် ၆၆ ခြေမြန်တပ်မ ရဲ့ လက်အောက်ခံ တပ်ရင်းတွေဟာသံလွင်မြစ်ကို နေရာသုံးခု ကနေ တစ်ဟုန်ထိုး ဖြတ်ကျော် ၀င်ရောက်လျက် ရှိသလိုရှေ့ တန်း အမှတ် ၂၂ ခြေမြန်တပ်မက တပ်ရင်းတွေကတော့အရှေ့ တောင် အာရှရဲ့ နာမည်ကျော် နော်တ ခံစစ်ကြောင်း ကိုတလကြမ်း ၀င်ဆောင့်ဖို့ ချီတက်နေပါပြီ……။
ဒါဟာ သုံးနှစ်နီးပါး ကမ်းလှမ်းခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး ငြင်းပယ်မှုရဲ့  ရလာဒ် ဖြစ်သလို ၁၉၉၄ ဒီဇင်ဘာ ၁ ရက်နေ့ မှာ ..
ကေအန်ယူက ခွဲထွက်လာတဲ့  ဒီကေဘီအေ အဖွဲ့ ကို ၀င်ရောက် အကာအကွယ် ပေးခြင်းလဲဖြစ်ပါတယ်……။
၂၃.၁၁.၉၄ ရက်နေ့ မှာ မြစ်ဆုံဒေသ သုမွဲထကျေးရွာမှာ တည်ထားတဲ့ ဖောင်တော်ဦး စေတီနဲ့  ပတ်သက်ပြီး ဗိုလ်ချုပ်မြရဲ့ ဖိအားပေးခြင်းကို ခံရတဲ့ မြိုင်ကြီးငူ ဆရာတော်ဟာ သာသနာပြု လုပ်ငန်းများ ရပ်ဆိုင်းပြီး မြိုင်ကြီးငူဒေသကို ပြန်ကြွသွားခဲ့  ပါတယ်…….
ဆရာတော်ကို ဖူးမျှော်ဖို့ ရောက်လာတဲ့ ကေအန်ယူ တပ်ရင်း ၂ မှ ဒုတပ်ရင်းမှူး ကျော်ဟဲ နဲ့  ရဲဘော်များဟာဒီအဖြစ် အပျက်ကြောင့် မြိုင်ကြီးငူဒေသထိ ချီတက်သွားပြီးမြိုင်ကြီးငူနဲ့ သော်လဲထ စခန်းကြား သံလွင်မြစ်ရိုးကိုကေအန်ယူတပ်ဖွဲ့  တွေကို ၀င်ခွင့်မပေးတော့ပဲ စတင်ပိတ်ဆို့ ထားလိုက်ပါတယ်…....။
မကြာခင်ပဲကေအန်ယူ တပ်မဟာ ၁ ၊ တပ်မဟာ ၆ နဲ့  တပ်မဟာ ၇ က အင်အားများပါ ပူးပေါင်းပါဝင်လာပြီး ၁၉၉၄ ဒီဇင်ဘာ ၁ ရက်နေ့ မှာDKBA အဖွဲ့ ကို စတင်ဖွဲ့ စည်းခဲ့ ပါတယ်၁၉၉၅ ဇန်န၀ါရီ ၅ ရက်နေ့ မှာတော့ ကေအန်ယူ တပ်ဖွဲ့ တွေဟာ အင်အား အလုံးအရင်းနဲ့ ဒီကေဘီအေ အဖွဲ့ ကို ထိုးစစ်ဆင် ချေမှုန်း နေပြီဖြစ်ပါတယ်။သံလွင်မြစ်ကို ဖြတ်ကူးလာတဲ့  အမှတ် ၆၆ ခြေမြန်တပ်မ ဟာမြောက်ဘက် စစ်မျက်နှာမှာ ပွိုင့် ၁၈၀၁ တောင်ဘက် စစ်မျက်နှာမှာ ဘော်နော် စခန်း နဲ့ အလယ် တည့် တည့်ကတော့ ဆင်ဖြူတောင် စခန်းများကို တစ်ပြိုင်တည်း ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီး …..
နော်တခံစစ်ကြောင်းကို ထိုးဖောက်နေတဲ့ တပ်မ ၂၂ ရဲ့ တပ်ရင်းတွေ ကတော့ ၀ါးခသစ် စခန်းရဲ့ စစ်ဗျူဟာ အရေးကြီးမြေ
ကျောက်တောင်ကုန်းစခန်းကို စီးနင်းသိမ်းပိုက်လိုက်ပါတယ်ဒီစခန်းကျဆုံးသွားတဲ့ အတွက်နော်တခံစစ်ကြောင်းက ခံစစ်စခန်း အများအပြားဟာတပ်မ ၂၂ တိုက်ခိုက်ရေး တပ်ရင်းတွေရဲ့ ဝင်ရောက် လုံးထွေးမှုကို ခံကုန်ရပြီး၂၅ ရက်နေ့ မှာတော့ ၀ါးခသစ် စခန်းရဲ့  အဓိက ခံစစ် ကြယ်ပြောင်ကုန်း စခန်း ကျဆုံးသွားခဲ့ ပါတယ်…..။
ညနေ ၄ နာရီ ၃၀ ချိန်မှာတော့ ၀ါးခသစ် စခန်း နဲ့ ABSDF ရင်း ၂၀၇ ဌာနချုပ် အပါအ၀င်နော်တ ခံစစ်ကြောင်းကြီး တစ်ခု လုံးဟာအမှတ် ၂၂ ခြေမြန်တပ်မရဲ့  ချေမှုန်း သိမ်းပိုက်မှုကို ခံလိုက်ရပါပြီ။မာနယ် ပလော ဌာနချုပ်ကို ချီတက်နေတဲ့ တပ်မ ၆၆ ဟာ၂၅ ရက်နေ့ တစ်ရက်လုံးလုံး အပြင်းအထန်တိုက်ခိုက်နေရပြီး၂၆ ရက်နေ့ မှာတော့ပွိုင့် ၅၉၅ တောင်ကုန်း နဲ့ ချောင်း ဆုံ တောင်ကုန်း တို့ ထိ ၀င်ရောက်တိုက်ခိုက် နေရာယူ ထိန်းချုပ်လိုက် နိုင်ခဲ့ပါတယ်တစ်ဆက်တည်းမှာပဲ သောင်ရင်းမြစ် အနောက်ဘက် ပွိုင့် ၉၁၃ စခန်းနဲ့  ပွိုင့်  ၁၂၃၈ စခန်းဘက်က ချီတက်လာတဲ့ စစ်ကြောင်းများဟာ နေရာသုံးခုကနေ .....
တစ်ပြိုင်တည်း ထိုးဖောက် ၀င်ရောက်လာပြီး မာနယ်ပလောကို အပြင်းအထန်တိုက်ခိုက်ပါတော့တယ်၂၇.၁.၉၅ ရက်နေ့  ညနေ ၅ နာရီ ၂၅ မှာတော့ ကေအန်ယူတို့ ရဲ့  လွတ်မြောက်နယ်မြေ မာနယ်ပလော ဗဟိုဌာနချုပ်တစ်ခုလုံးဟာတပ်မ ၆၆ ရဲ့  သိမ်းပိုက်ချေမှုန်းခြင်း ခံလိုက်ရပါပြီ…..
ဒီကျဆုံးမှု ဟာ ကေအန်ယူ အဖွဲ့ အတွက်တော့မြန်မာပြည်တွင်းမှာရှိတဲ့ နောက်ဆုံး အခြေစိုက်စခန်းကိုလက်လွှတ်လိုက်ရ တာ ဖြစ်သလိုအနာဂတ်ကာလမှာဘယ်လို စစ်ရေးလှုပ်ရှားမှု ကြီးကြီးမားမားကိုမှ ဆက်လက် လုပ်ဆောင်နိုင်ခြင်း မရှိ တော့ မယ့် အခြေအနေလဲ ဖြစ်ပါတယ်ဒေါနမြေက သေနတ်သံတွေကတော့ အတော်အတန် စဲသွားခဲ့ပြီဖြစ်ပြီးတပ်မတော် အနေနဲ့ 
သမိုင်းမှာ ဘယ်တုန်းကမှ မရခဲ့ ဖူး ဘူးတဲ့ အသာစီးအနေအထားကို ရရှိသွားပြီလဲ ဖြစ်ပါတယ်…….…။
(ရဲမိုး)
feeling great with Ye Moe and 18 others.
Photo
Like·
နိုင်ငံ့အရေးကို အလွယ်တကူ ချ နင်းမပစ်ပါနဲ့.
$
0
0
Voice of James Mint's photo.
  • နိုင်ငံ့အရေးကို အလွယ်တကူ ချ နင်းမပစ်ပါနဲ့.....
    ဦးရွှေမန်းကတော့ ပေါ်ပင်ပဲ...... အရင်ကတည်းက အစိုးရ လုပ်ရမယ့်အလုပ်ကို ဝင်လုပ်ပီး ဖျာခင်းဖို့ ကြိုးစားခဲ့တယ်...... အစိုးရ ဝန်ထမ်းတွေ လစာတိုးပေးဖို့ ကိစ္စဟာ အစိုးရ တစ်ရပ်က လုပ်ရမယ့် ကိစ္စပဲ...... ဒါပေမယ့် သူနာမည်ရဖို့အတွက် အစိုးရလုပ်ရမယ့်အလုပ်ကို ဝင်လုပ်ခဲ့တယ်.... သူရဲ့ လွှတ်တော် ဥက္ကဌ ရာထူးကနေ လုပ်ရမယ့် ကိစ္စတွေကိုတော့ တာဝန်ကျေပွန်အောင် မလုပ်ခဲ့ဘူး..... အခုလက်ရှိ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့၊ မပြည့်စုံတဲ့ ဥပဒေတွေဟာ လွှတ်တော်က အသုံးမကျတာ အလုပ်မလုပ်တာ အကောင်းဆုံး ပေါ်လွင်နေတဲ့ သက်သေတွေပဲ......
    လွှတ်တော်တင် မဟုတ်ဘူး၊ လွှတ်တော်ဥက္ကဌကို ဦးတိုက်ရတဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီမှာလည်း နိုင်ငံရဲ့ ဥပဒေတွေ မပြည့်စုံမှုတွေဟာ တိုက်ရိုက်သက်ဆိုင်တယ်..... ဘာကြောင့်လည်းဆိုတော့ တရားဥပဒေ စိုးမိုးမှု ကော်မတီရဲ့ တာဝန်တွေထဲမှာ ဒီအချက်တွေ ပါနေလို့ပဲ..... တရားရုံးတွေလိုက်ပီး တရားသူကြီး၊ ရှေ့နေ၊ တရားခံ၊ တရားလို၊ တရားပြိုင်၊ တရားရေး ဝန်ထမ်းတွေ လိုက်တွေ့နေရုံနဲ့ ပီးတဲ့ကိစ္စမဟုတ်ဘူး..... ဆေးမြီးတိုနဲ့ပဲ ကုနေလို့မရဘူး...... ဒါတွေဟာ ဝေဒနာကြီးကြီးနဲ့ ဖြစ်နေတဲ့ နိုင်ငံအတွက် အမြစ်ပြတ်သွားမယ့် ကိစ္စတွေမဟုတ်ဘူး...........
    အခုလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ နိုင်ငံတကာက ၉၆၉ ကို ဘာလဲ ဘယ်လဲ စပ်စုနေချိန်၊ ဘင်္ဂါလီ လော်ဘီတွေ မောင်းတင်လာတဲ့ ၉၆၉ ဟာ အကြမ်းဖက်ဆိုတဲ့ လိုင်းကို ခပ်တည်တည်နဲ့နင်းပီး ၉၆၉ ကို နှိမ်နှင်းမယ် ဆိုပီး နိုင်ငံတကာရှေ့မှာ ပြောခဲ့တယ်..... ဒါဟာ တကယ်နှိမ်နှင်းချင်တာလား နိုင်ငံတကာမှာ မျက်နှာလိုချင်လို့ ပြောခဲ့သလား သူပဲ အသိဆုံးနေလိမ့်မယ်......
    တရားဥပဒေပြုရေး လွှတ်တော်ဥက္ကဌတစ်ယောက်ဟာ ၉၆၉ လှုပ်ရှားမှုကို အရေးယူမယ်လို့ လက်လွတ်စပါယ် ပြောလို့မရဘူး.... ၉၆၉ နဲ့ လက်ရှိ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ သက်ဆိုင်သလား မသက်ဆိုင်သလား စနစ်တကျ စုံစမ်း၊ သက်သေပြနိုင်မှဖြစ်မယ်..... မိမိမျက်နှာရဖို့ တစ်ခုတည်းအတွက်နဲ့ အရေးယူချင်တာတွေကို ကောက်ပီး အရေးယူပစ်မယ်ဆိုတာ အာဏာရှင်တွေရဲ့ လုပ်ရပ်ပဲ..... အထူးသဖြင့် ဒီမိုကရေစီကို တန်ဖိုးထားပါတယ်လို့ ပြောခဲ့တဲ့၊ လက်ရှိလည်း တရားဥပဒေပြုရေး မဏ္ဍိုင်က လွှတ်တော်ဥက္ကဌလို လူတစ်ယောက်စီက ဒီလို တရားမဲ့တဲ့ စကားမျိုး လက်လွတ်စပါယ် လုံးဝ မပြောသင့်ဘူး......
    ဆိတ်ဖွားကို ဖမ်းဖို့တစ်ခုအတွက်နဲ့ ဆက်သွယ်ရေးကို လိုသလို ဝင်စွက်ဖက်တဲ့ ဆိတ်ဖမ်း ကော်မတီရဲ့ လုပ်ရပ်တွေဟာ ဥပဒေအပေါ်မှာ ရောက်နေသလို ခံစားရတယ်.... အခုလည်း ၉၆၉ ကိုနှိမ်နှင်းမယ်ပြောတဲ့ လွှတ်တော်ဥက္ကဌရဲ့ စကားဟာ လက်လွတ်စပါယ် နိုင်လွန်းသလို၊ လိုချင်သလို အရေးယူပစ်လို့ ရတယ်ဆိုတဲ့သဘော သက်ရောက်နေတယ်...... ဒီအတွက် လွှတ်တော်ဥက္ကဌကို မေးချင်တာ ဥပဒေအပေါ်မှာ ရှိနေတယ်၊ ကိုယ်လိုချင်သလို လုပ်လို့ရနေတယ်လို့ အရာအားလုံးကို တွက်ဆထားပါသလား...... ယခုလက်ရှိ လွှတ်တော် ဥက္ကဌ ရာထူးနဲ့ နိုင်ငံအတွက် တကယ်လိုအပ်နေတဲ့ ဥပဒေတွေ ပြဌာန်းနိုင်အောင်၊ နိုင်ငံရဲ့ တကယ်လိုအပ်နေတဲ့ နေရာတွေကို ဖြည့်ဆည်းပေးနိုင်အောင် စွမ်းဆောင်နိုင်ပီလား ဆိုတာပါပဲ.....
    ပေါ်ပင်အတွက် နာမည်ကြီးဖို့၊ နာမည်ရဖို့အတွက် နိုင်ငံနဲ့ အမျိုးသားရေး အထူးသဖြင့် နိုင်ငံ့အရေးကို ချနင်းသူတွေ ကင်ဝေးပါစေပဲ ဆုတောင်းမိတယ်.....
    Photo Copied from Internet
တပ်မတော်သား ကိုယ်စားလှယ်များ ဖယ်ရှားရေးနှင့် ပတ်သက်လို့
$
0
0
 Photo: တပ်မတော်သားကိုယ်စားလှယ်များကိုဖယ်ခိုင်း၍ ဆိုးကျိုးကြုံလာပါကဖယ်ခိုင်းသူသည် သမိုင်းတရားခံ ဖြစ်မည်ဟုဦးခင်မောင်ဆွေ ပြော  လက်ရှိလွှတ်တော်တွင်းပါဝင်နေသောတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိုအတင်းအကျပ် ဖယ်ခိုင်းသည့်အတွက် နောက်ဆက်တွဲနှင့် ဘေးထွက် ဆိုးကျိုးများရှိလာပါကဖယ်ခိုင်းသည့် သူသည် သမိုင်းတရားခံ ဖြစ်လာမည်ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ၁၅-၆-၂၀၁၃ ရက်တွင် ရန်ကုန်မြို့ YWCA ၌ ပြုလုပ်သောပါတီသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။   တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအား အတင်းအကျပ် ဖယ်ခိုင်းပါက နိုင်ငံရေးမတည်ငြိမ်မှုဖြစ်ပြီး အကျိုးဆက်အရစီးပွားရေး ကျဆင်းမည့် အရေးကိုသုံးသပ်ပြီး ယခုကဲ့သို့ ပြောခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။   “ပြည်တွင်း ငြိမ်းချမ်းရေးမရတဲ့ကိစ္စ၊ တပ်မတော် အုပ်ချုပ်မှုစနစ် က လွတ်လာတဲ့ ကိစ္စ၊ တပ်မတော်ကရေးဆွဲထားတဲ့ အခြေခံဥပဒေ၊ အဲဒီ ဥပဒေမှာပါတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်တွေကို ဖြည်းဖြည်းချင်းနောက်ဆုတ်ခိုင်းဖို့ NDF က သဘောထား ရှိပါတယ်” ဟုဦးခင်မောင်ဆွေကပြောသည်။    ဒီမိုကရေစီအခြေခံဥပဒေတစ်ခုတွင် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များမပါဝင်သင့်ဟု ယေဘုယျသဘောတရားအရ လက်ခံသော်လည်းတစ်ဖက်နှင့် တစ်ဖက် နားလည်မှုနည်းကာ ယုံကြည်မှု အပြည့်အဝမရှိသေးသောကြောင့် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဝင်ရောက်နေရခြင်း ဖြစ်ကြောင်း NDFပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာသန်းငြိမ်းကသုံးသပ်သည်။ နှစ်ဖက် ညှိနှိုင်း ကာ တပ်မတော်သား ကိုယ်စားလှယ်များကိုလွှတ်တော်မှ ဖြည်းဖြည်း ချင်းလျှော့ ချရမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးရပါက ပိုမြန်မည်ဖြစ်ပြီး ရွေးကောက်ပွဲတစ်ခါပြီးတိုင်း တစ်ခါ လျှော့ချသွားပါကပိုမိုကောင်းမွန်မည် ဖြစ်ကြောင်းဦးခင်မောင်ဆွေကပြောသည်။   ပြည်မြန်မာ နေ့စဉ် (၁၆-၆-၂၀၁၃)
တပ်မတော်သားကိုယ်စားလှယ်များကိုဖယ်ခိုင်း၍ ဆိုးကျိုးကြုံလာပါကဖယ်ခိုင်းသူသည် သမိုင်းတရားခံ ဖြစ်မည်ဟုဦးခင်မောင်ဆွေ ပြော
လက်ရှိလွှတ်တော်တွင်းပါဝင်နေသောတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိုအတင်းအကျပ် ဖယ်ခိုင်းသည့်အတွက် နောက်ဆက်တွဲနှင့် ဘေးထွက် ဆိုးကျိုးများရှိလာပါကဖယ်ခိုင်းသည့် သူသည် သမိုင်းတရားခံ ဖြစ်လာမည်ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ၁၅-၆-၂၀၁၃ ရက်တွင် ရန်ကုန်မြို့ YWCA ၌ ပြုလုပ်သောပါတီသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအား အတင်းအကျပ် ဖယ်ခိုင်းပါက နိုင်ငံရေးမတည်ငြိမ်မှုဖြစ်ပြီး အကျိုးဆက်အရစီးပွားရေး ကျဆင်းမည့် အရေးကိုသုံးသပ်ပြီး ယခုကဲ့သို့ ပြောခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ပြည်တွင်း ငြိမ်းချမ်းရေးမရတဲ့ကိစ္စ၊ တပ်မတော် အုပ်ချုပ်မှုစနစ် က လွတ်လာတဲ့ ကိစ္စ၊ တပ်မတော်ကရေးဆွဲထားတဲ့ အခြေခံဥပဒေ၊ အဲဒီ ဥပဒေမှာပါတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်တွေကို ဖြည်းဖြည်းချင်းနောက်ဆုတ်ခိုင်းဖို့ NDF က သဘောထား ရှိပါတယ်” ဟုဦးခင်မောင်ဆွေကပြောသည်။
ဒီမိုကရေစီအခြေခံဥပဒေတစ်ခုတွင် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များမပါဝင်သင့်ဟု ယေဘုယျသဘောတရားအရ လက်ခံသော်လည်းတစ်ဖက်နှင့် တစ်ဖက် နားလည်မှုနည်းကာ ယုံကြည်မှု အပြည့်အဝမရှိသေးသောကြောင့် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဝင်ရောက်နေရခြင်း ဖြစ်ကြောင်း NDFပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာသန်းငြိမ်းကသုံးသပ်သည်။ နှစ်ဖက် ညှိနှိုင်း ကာ တပ်မတော်သား ကိုယ်စားလှယ်များကိုလွှတ်တော်မှ ဖြည်းဖြည်း ချင်းလျှော့ ချရမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးရပါက ပိုမြန်မည်ဖြစ်ပြီး ရွေးကောက်ပွဲတစ်ခါပြီးတိုင်း တစ်ခါ လျှော့ချသွားပါကပိုမိုကောင်းမွန်မည် ဖြစ်ကြောင်းဦးခင်မောင်ဆွေကပြောသည်။
ပြည်မြန်မာ နေ့စဉ် (၁၆-၆-၂၀၁၃)
 https://www.facebook.com/myanmarpoliticalarticles မှ ကူးယူဖော်ပြပါသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မမြင်ရသော ကြိုးတစ်ချောင်း
$
0
0
 Photo: ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မမြင်ရသော ကြိုးတစ်ချောင်း ============================== တနင်္လာနေ့တွင် အိမ်ဖြူတော်သို့ သွားရောက် လည်ပတ်ခဲ့သော သမ္မတ ဦးသိန်းစိန်အား အမေရိကန် သမ္မတ ဘားရက်အိုဘားမားက လမ်းကြောင်းသစ်တစ်ခုကို ဦးဆောင်နိုင်သော ခေါင်းဆောင်မှု စွမ်းရည်ရှိသူအဖြစ် ချီးကျူးထောမနာပြုခဲ့သည်။ သမ္မတအဖြစ် တာဝန် ယူခဲ့သော နှစ်နှစ်တာကာလအတွင်းတွင်ပင် သမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်များကြောင့် နိုင်ငံတကာမှ ချီးကျူး ဂုဏ်ပြုမှုများစွာကို ရရှိခဲ့သူလည်း ဖြစ်သည်။  ဤတွင် သမ္မတဦးသိန်းစိန်အား ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ယုံယုံကြည်ကြည် သတ်မှတ်မည် ဆိုပါက ဦးစွာပထမ ကျေးဇူးအထူး တင်ထိုက်သူမှာ ယခင်စစ်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင် ဖြစ်သည်။ ထိုအချက်ကိုပင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒု/ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က “ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကျေးဇူး တင်ရမှာပေါ့” ဟုပြောဆိုခဲ့ဖူးသည်။  “ဘယ်အချိန်မှာ အာဏာကို စွန့်လွှတ်ရမယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးကသိနေတယ်။ ပြီးတော့ အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ စစ်တပ်တို့မှာ ဘယ်သူ့ကို အဓိက ဆက်ခံသူအဖြစ် စနစ်တကျ စီစဉ်နေရာချထားရမယ် ဆိုတာလည်း ဗိုလ်ချုပ်မှူးကြီးက သိနေတာပဲ” ဟုသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း အစီအစဉ် အယ်ဒီတာ ကိုကျော်စွာမိုးအား အလွတ်သဘော ပြောဆိုခဲ့ဖူးသေးသည်။  ဤအချက်နှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် မယ်ရီ ကလင်ဟန်ကလည်း “ယခင် စစ်အစိုးရအကြီးအကဲသည် သူနှင့်သူ့မိသားစု အကျိုးစီးပွား၊ နောက် သူ၏ အနာဂတ်ဘဝ လုံခြုံမှုအား အာမခံချက်ပေးနိုင်မည့် လမ်းစဉ်ကို ရွေးချယ်ခဲ့ပုံရသည်” ဟု Journal of Democracy တွင် သုံးသပ်ပြခဲ့ဖူးသည်။  ဧရာဝတီအယ်ဒီတာ၏ သုံးသပ်ချက်တွင်မူ “၂၀၁၁ မတ်လတွင် ဦးသိန်းစိန် အာဏာရရှိခဲ့ပြီး နိုင်ငံရေးနှင့် စီးပွားရေးတံခါးများ ဖွင့်ပေးခဲ့သော်လည်း ပြုပြင်ပြောင်းလဲမှု အလုံးစုံ၏ ချုပ်ကိုင် စိုးမိုးမှုကိုမူ ဦးသိန်းစိန် မရရှိခဲ့ချေ” ဟုဆိုသည်။  အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အစီအမံ မပါရှိဘဲ နိုင်ငံတကာတွင် ရေပန်းစားနေသော သမ္မတဦးသိန်းစိန်သည် စစ်စည်းကမ်းအား ဘယ်တော့မှ သွေဖည်မည် မဟုတ်ဟု အစိုးရအဖွဲ့ဝင် အများစုနှင့် နေပြည်တော်ရှိ စစ်တပ် အရာရှိဟောင်းများက ယုံကြည်လျက် ရှိသည်။  ထို့ပြင် ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ၁၉ နှစ်တိုင်  တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အဆင့်မြင့် အစိုးရအရာရှိများနှင့် လွှတ်တော်တွင်းရှိ ဗိုလ်ချုပ်ဟောင်းများ၏ အကြီးအချုပ်နေရာတွင် ရှိနေဆဲဟု ယုံကြည်ရသည်။  ထိုသို့ ဦးသိန်းစိန်၏ နောက်ကွယ်တွင် ကြိုးကိုင်သူရှိသည်ဟု အများက ယူဆကြသော်လည်း ဦးသိန်းစိန် အပါအဝင် ပြုပြင်ပြောင်းလဲရေးသမားများက ထိုအချက်ကို ယုံယုံကြည်ကြည် ငြင်းချက်ထုတ်နေသည်မှာ စဉ်းစားဖွယ်ရာ ကောင်းသည်ဟု မယ်ရီကလင်ဟန်က ဆိုသည်။   ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ နောက်ကွယ်တွင် ကြိုးကိုင်မှု မရှိဟုယူဆလျှင်ရသည့် အချက်အလက်များကလည်း ရှိနေပြန်သည်။  အဘယ်အတွက်ကြောင့် ဦးသိန်းစိန်အား သမ္မတအဖြစ် ရွေးချယ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများအဖြစ် ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်သည့် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့အား ရွေးချယ်ခဲ့လေသနည်း။ ဧရာဝတီအယ်ဒီတာ၏ သုံးသပ်ချက်အရမူ စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် လွှမ်းမိုးနေသေးသော အရပ်သားအမည်ခံ အစိုးရအဖွဲ့နှင့် လွှတ်တော်တို့တွင် သဘောထား ပျော့ပျောင်းသူ (Softliners) များကို နေရာ ချထားပေးလိုဟန် ရှိသည်ဟု ဆိုသည်။  အင်အားကြီးသော တပ်မတော်အား ဦးဆောင်ရန် ဦးသန်းရွှေသည် သူနှင့်ခေတ်ပြိုင် စစ်ဗိုလ်ချုပ်များထက် စာလျှင် သဘောထား ပျော့ပျောင်းပုံပေါ်သော ဗိုလ်ချုပ်မင်းအောင်လှိုင် အား ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရွေးချယ်ခဲ့ပုံပေါ်သည်ဟုလည်း ဆိုသည်။  ထို့ပြင် သဘောထားမပျော့ပျောင်းဟု ယူဆရသော ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်သွားခြင်း (သို့) ထုတ်ပယ်ခြင်းခံရခြင်း စသည့်အချက်အလက်များက ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းကို ချောမွေ့စေလိုပုံရသော အချက်အလက်များဖြစ်သည်။  “ဗိုလ်ချုပ်မှူးကြီးဟာ ရှေ့လျောက်ဦးဆောင်နိုင်မယ့်သူကို လက်ဆင့်ကမ်းပြီး တိုင်းပြည်ကို စနစ်တကျ စီမံထားခဲ့တယ်။ ပြီးတော့ စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းဖို့ လမ်းပြမြေပုံကို ကိုယ်တိုင်ကိုယ်ကျ စီမံရေးဆွဲခဲ့တယ်” ဟု စစ်တပ်ကျောထောက် နောက်ခံပြု ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဋ္ဌေးဦးက ဧရာဝတီ သတင်းဌာနသို့ ပြောခဲ့ဖူးသည်ဟု ဧရာဝတီ အယ်ဒီတာက ဆိုပါသည်။  ဦးရဲထွဋ်ကလည်း ဗိုလ်ချုပ်မှူးကြီးသည် အစိုးရ၊ စစ်တပ်နှင့် လွှတ်တော်ကြား ပါဝါချိန်ခွင်လျှာ ညီမျှရန် နိုင်ငံရေးပုံစံ ဒီဇိုင်းတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ရေးဆွဲခဲ့သည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။  “သမ္မတမှာ တခြားနိုင်ငံတွေက သမ္မတတွေလိုမျိုး ဗီတိုအာဏာမရှိဘူး” ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။ “တကယ်တော့ စစ်တပ်က ပါဝါရှိနေပါသေးတယ်။ ဒါပေမဲ့ အရင်ကထက်စာရင် နည်းသွားတာပေါ့” ဟု အဆိုပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြောဆိုသည်။  ဦးသန်းရွှေ၏ တကယ့်ရည်ရွယ်ချက် အစစ်အမှန်ကို သိနိုင်သူ အလွန်ရှားသော်လည်း လက်ရှိ ခေါင်းဆောင်ပိုင်း ရွေးချယ်မှုတွင်တော့ သဘောထားတင်းမာသူ (Hardliners) များထက်စာလျင် သဘောထားပျော့ပျောင်းသူများက သူ၏ နိုင်ငံရေး အစီအမံကို ပို၍ အကောင်အထည်ဖော်နိုင်စွမ်း ရှိမည်ဟု ဦးသန်းရွှေ ယုံကြည်ပုံရသည် ဆိုသည်ကား စဉ်းစားစရာပင်ဖြစ်သည်။ ဦးရဲထွဋ်နှင့် အခြားစစ်တပ် အရာရှိဟောင်းများကမူ ထိုကဲ့သို့ ယုံကြည်ပုံပေါ်သည်ဟု ဧရာဝတီ အယ်ဒီတာက ဆိုပါသည်။  မယ်ရီကလင်ဟန်၏ သုံးသပ်ချက်ကတော့ အမြင်တစ်မျိုးဖြစ်သည်။ ၂၀၀၇ ခုနှစ်မှစ၍ ဝန်ကြီးချုပ်အဖြစ် ၄ နှစ်တာ ကာလအား ဦးသိန်းစိန်တာဝန်ယူစဉ် တိုင်းပြည်၏ အပယ်ခံဘဝကို သိရှိခဲ့ရသလို စီးပွားရေးတွင်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင်ပင် လွန်စွာ ချွတ်ခြုံကျနေသည့် အဖြစ်အား မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရ၍ ဦးသိန်းစိန်အနေဖြင့် ပြုပြင် ပြောင်းလဲရေးသမားဖြစ်ဖို့ အားတစ်ရပ်ဖြစ်လာခဲ့သည်ဟု မယ်ရီကလင်ဟန်က သုံးသပ်ပြသည်။ ထို့ပြင် ၂၀၀၈ နာရဂစ်မုန်တိုင်းကြောင့် သိန်းဂဏန်းရှိ လူများ သေဆုံးပြီး အပျက်အစီးများအား ဝန်ကြီးချုပ်ဘဝဖြင့် ဇာတိမြေ ဧရာဝတီတိုင်းအား သွားရောက် စစ်ဆေးကြည့်ရှုရာမှ ပြုပြင်ပြောင်းလဲရေး စိတ်ဝင်စားလာပုံရသည်ဟု မယ်ရီကလင်ဟန်က သူ၏ အယူအဆကို ဖော်ပြခဲ့သည်။  မည်သို့ပင်ဆိုစေ ဦးသန်းရွှေလက်ဆင့်ကမ်းခဲ့သော ခေါင်းဆောင်များသည် ဒေါ်အောင်ဆန်း စုကြည်အပါအဝင် အတိုက်အခံ ခေါင်းဆောင်များနှင့် အပေးအယူ ညှိနှိုင်းခြင်းများ လုပ်လာခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် ယမန်နှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ စစ်တပ်ထိပ်သီးခေါင်းဆောင်များနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးများ ထူထောင်လာသည်ကို တွေ့ရသည်။  သမ္မတဦးသိန်းစိန်အနေဖြင့် သူ၏ စီနီယာ ဦးသန်းရွှေ မျှော်မှန်းထားသော နိုင်ငံရေးပုံစံတစ်ခုကို အထမြောက်သော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ရန် အကောင်းဆုံး လုပ်ဆောင်နေပုံရသော်လည်း ထိုအချက်အား လက်မခံသူများ ရှိသည်။ ဝန်ကြီးဌာနတစ်ခုမှ ညွှန်ကြားရေးမှူးတစ်ဦးဆိုလျှင် ဦးသန်းရွှေအနေဖြင့် ဦးသိန်းစိန်အစိုးရ အား မည်သည့် ညွှန်ကြားချက်မှ မပေးကြောင်း ပြောဆိုပြီး စစ်တပ်အရာရှိဟောင်း အများစုကလည်း ဦးသန်းရွှေ နောက်ကွယ်က ကြိုးကိုင်သည်ဆိုသည့် အချက်ကို ငြင်းဆိုကြကြောင်း ဧရာဝတီ အယ်ဒီတာက ပြောကြားခဲ့သည်။  အမည်မဖော်လိုသူ  ညွှန်ကြားရေးမှူးက ဆက်လက်ပြောဆိုသည်မှာ ဦးသိန်းစိန်အပါအဝင် ဘယ်သူမှ ဖြတ်သန်းလို့မရတဲ့ မမြင်ရတဲ့ ကြိုးတစ်ချောင်းကို ဦးသန်းရွှေ စီမံခဲ့တယ်ဗျ။ အဲဒီမမြင်ရတဲ့ ကြိုးရှိတယ်ဆိုတာ သိတဲ့လူ တော်တော်ရှားတယ်။ ဒါပေမဲ့ အစိုးရ၊ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်တွေကတော့ အဲဒီမမြင်ရတဲ့ကြိုးကို သတိပြုမိကြတယ်။ ဒါကလည်း သူတို့ရဲ့ အရင်အကြီးအကဲ ဆန္ဒဆိုတာ သူတို့သိကြတယ်လေ ဟု ယုံကြည်နေသည့် အယူအဆ အကြောင်း ပြောဆိုပါသည်။  သို့သော် မကြာသေးခင်ကာလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဖြစ်သော ပြည့်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း၍ အခြေခံ ဥပဒေပြင်ဆင်ရန် အာမခံချက်ပေးလာသည်။  ထိုအချက်သည်  မမြင်ရသည့် ကြိုးအား ဖြတ်သန်းမည့် စွန့်စားခန်းလားဟု မေးစရာရှိလာပါ သည်။  စွန့်စားမှု လုံးဝမဟုတ်ပါ။ အခြေခံ ဥပဒေပြင်ဆင်ရန် မည်သို့ပင် ကတိပေးထားသော်လည်း မြန်မာ့နိုင်ငံရေးတွင် စစ်တပ်လွှမ်းမိုးမှု အားကြီးခဲ့ခြင်းဟူသော အကြောင်းတရားက မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏဏ္ဍအား ဖယ်ထုတ်လိမ့်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် စစ်တပ်ကိုယ်တိုင်ပင် ထိုမမြင်ရသော ကြိုး၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေ၍ ဖြစ်သည်။  ဝေဖန်မှုများပြင်းထန်နေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လွှတ်တော်တွင်း ဥပဒေပြုသူများက ပြင်ဆင်မှုတချို့ ပြုလုပ်ပါလိမ့်မည်။ သမ္မတဦးသိန်းစိန် အနေဖြင့်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးအား ပဲ့ကိုင်ရာတွင် လွတ်လပ်စွာ လုပ်ပိုင်ခွင့်များဖြင့် ရှေ့ခရီးဆက်မည်ဟု ယူဆရပါသည်။ သို့သော် လွှတ်တော်အတွင်း ရွေးကောက်ခံ မဟုတ်သော ၂၅ရာခိုင်နှုန်းရှိသည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကို ခွင့်ပြုပြဋ္ဌာန်းပေးထားသော ဖွဲ့စည်းပုံ၏ အရေးအကြီးဆုံး ပုဒ်မများကိုတော့ဖြင့် ပြင်ဆင်၍ ရနိုင်မည် မဟုတ်ချေ။  သိပ်မကြာသေးခင် ကာလကပင် ဝါရှင်တန်ပိုစ့်နှင့် အင်တာဗျူးတစ်ခုတွင် သမ္မတဦးသိန်းစိန် က “မြန်မာ့တပ်မတော်သည် အရေးပါသော တစ်နေရာတွင် အမြဲပါဝင်နေဦးမည်” ဟူသော စကားရပ်ကို ကြည့်လျှင် ၂၅ရာခိုင်နှုန်းကိစ္စမှာ မလွယ်ကူကြောင်း တွေးဆကြည့်နိုင်ပါသည်။  ၂၅ရာခိုင်နှုန်း ပုဒ်မအားပြင်ဆင်လိုလျှင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၇၅ရာခိုင်နှုန်း မဲရရှိရမည့်အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ထက်ဝက်ကျော် ထောက်ခံမှ ပြင်ဆင်၍ရမည်။ ခံတပ်နှစ်ဆင့်ခံထားသော လက်ရှိဖွဲ့စည်းပုံအပေါ် ဒီမိုကရေစီ ဂျာနယ်၏ အယ်ဒီတာ လာရီဒိုင်းမွန်း၏ အမြင်မှာလည်း အထူးစိတ်ဝင်စားဖွယ်ကောင်းပါသည်။ လာရီဒိုင်းမွန်းက ဤသည် ကို ဖွဲ့စည်းပုံအကျပ်အတည်း ( Structural dilemma ) ဟု ကင်ပွန်းတပ်ခဲ့သည်။  လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း စခန်းသွားလျှင် ၂၀၁၅၌ NLD ပါတီ အနိုင်ရရှိခဲ့လျှင် တပ်မတော်၏ ဗီတိုဆန်သော (ဗီတိုသဘော) အာဏာသည် ဖွဲ့စည်းပုံအတွင်း ပါဝင်နေလျက်ရှိသည့် အလျောက် တပ်မတော်မှ အာဏာဆက်လက် ထိန်းသိမ်းလိုသော ဆန္ဒရှိသည်ဟု ယုံကြည်သူများဘက်မှ ကြည့်လျှင်လည်း မှားသည်ဟု မဆိုသာချေဟု လာရီဒိုင်းမွန်းက ထောက်ပြသည်။   တခြားတစ်ဖက်မှ  တွေးသူများက တပ်မတော်သားများ ဘက်ပြောင်းလျှင် ဖွဲ့စည်းပုံ ပြင်နိုင်မည်ဟူ၍ ဖြစ်သည်။ ဤတွင်လည်း အကျပ်အတည်းတစ်ခုက ရှိနေပြန်သည်။ လက်ရှိ တပ်မတော်သား ကိုယ်စားလှယ်များကို ကာကွယ်ရေးဦးစီးချုပ်က လဲလှယ်အစားထိုးခွင့် ရှိသည်ဟူသော ဖွဲ့စည်းပုံပါ အချက်က တပ်မတော်သား ကိုယ်စားလှယ်များကို စည်းရုံးမှု၌ အကျပ်အတည်းတစ်ခု ဖြစ်နေပြန်သည်။  ဒီမိုကရေစီနည်းကျ တက်လာနိုင်ဖွယ်ရှိသည့် နောင်လာမည့် သမ္မတသည် စစ်တပ်၏ ဖွဲ့စည်းပုံပါ အာဏာအား အရပ်သားအစိုးရ အာဏာအောက် သွတ်သွင်းလျှင် ဖြစ်လာနိုင်ဖွယ် ရှိသည့် အရပ်ဘက်၊စစ်ဘက် အန္တရာယ်မှာလည်း မသေးလှပါ။ ထို့အတွက် ၂၀၁၅ မတိုင်ခင်မှာပင် အရပ်ဘက် ၊ စစ်ဘက်၊ ဆက်ဆံရေးအား စတင်ပုံဖော်ပြီး လမ်းကြောင်းသစ် တစ်ခုကို ရှာဖွေနိုင်လျှင် အထူးသင့်လျော်မည်ဟု ယူဆရပါသည်။ သို့သော် ဖွဲ့စည်းပုံအား ညှိညှိနှိုင်းနှိုင်းဖြင့် မည်သို့ပြင်ဆင်ကြမည်ဆိုသော လမ်းကြောင်းကား အထူးခက်ခဲသော လမ်းကြောင်းတစ်ရပ်ဖြစ်လာပေလိမ့်မည်။ လင်းထိုက် (Y.I.T) မြန်မာသံတော်ဆင့်ဂျာနယ်မှ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မမြင်ရသော ကြိုးတစ်ချောင်း
==============================
တနင်္လာနေ့တွင် အိမ်ဖြူတော်သို့ သွားရောက် လည်ပတ်ခဲ့သော သမ္မတ ဦးသိန်းစိန်အား အမေရိကန် သမ္မတ ဘားရက်အိုဘားမားက လမ်းကြောင်းသစ်တစ်ခုကို ဦးဆောင်နိုင်သော ခေါင်းဆောင်မှုစွမ်းရည်ရှိသူအဖြစ် ချီးကျူးထောမနာပြုခဲ့သည်။ သမ္မတအဖြစ် တာဝန် ယူခဲ့သော နှစ်နှစ်တာကာလအတွင်းတွင်ပင် သမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်များကြောင့် နိုင်ငံတကာမှ ချီးကျူး ဂုဏ်ပြုမှုများစွာကို ရရှိခဲ့သူလည်း ဖြစ်သည်။
ဤတွင် သမ္မတဦးသိန်းစိန်အား ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ယုံယုံကြည်ကြည် သတ်မှတ်မည် ဆိုပါက ဦးစွာပထမ ကျေးဇူးအထူး တင်ထိုက်သူမှာ ယခင်စစ်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင် ဖြစ်သည်။ ထိုအချက်ကိုပင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒု/ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က “ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကျေးဇူး တင်ရမှာပေါ့” ဟုပြောဆိုခဲ့ဖူးသည်။
“ဘယ်အချိန်မှာ အာဏာကို စွန့်လွှတ်ရမယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးကသိနေတယ်။ ပြီးတော့ အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ စစ်တပ်တို့မှာ ဘယ်သူ့ကို အဓိက ဆက်ခံသူအဖြစ် စနစ်တကျ စီစဉ်နေရာချထားရမယ် ဆိုတာလည်း ဗိုလ်ချုပ်မှူးကြီးက သိနေတာပဲ” ဟုသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း အစီအစဉ် အယ်ဒီတာ ကိုကျော်စွာမိုးအား အလွတ်သဘော ပြောဆိုခဲ့ဖူးသေးသည်။
ဤအချက်နှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် မယ်ရီ ကလင်ဟန်ကလည်း “ယခင် စစ်အစိုးရအကြီးအကဲသည် သူနှင့်သူ့မိသားစု အကျိုးစီးပွား၊ နောက် သူ၏ အနာဂတ်ဘဝ လုံခြုံမှုအား အာမခံချက်ပေးနိုင်မည့် လမ်းစဉ်ကို ရွေးချယ်ခဲ့ပုံရသည်” ဟု Journal of Democracy တွင် သုံးသပ်ပြခဲ့ဖူးသည်။
ဧရာဝတီအယ်ဒီတာ၏ သုံးသပ်ချက်တွင်မူ “၂၀၁၁ မတ်လတွင် ဦးသိန်းစိန် အာဏာရရှိခဲ့ပြီး နိုင်ငံရေးနှင့် စီးပွားရေးတံခါးများ ဖွင့်ပေးခဲ့သော်လည်း ပြုပြင်ပြောင်းလဲမှု အလုံးစုံ၏ ချုပ်ကိုင် စိုးမိုးမှုကိုမူ ဦးသိန်းစိန် မရရှိခဲ့ချေ” ဟုဆိုသည်။
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အစီအမံ မပါရှိဘဲ နိုင်ငံတကာတွင် ရေပန်းစားနေသော သမ္မတဦးသိန်းစိန်သည် စစ်စည်းကမ်းအား ဘယ်တော့မှ သွေဖည်မည် မဟုတ်ဟု အစိုးရအဖွဲ့ဝင် အများစုနှင့် နေပြည်တော်ရှိ စစ်တပ် အရာရှိဟောင်းများက ယုံကြည်လျက် ရှိသည်။
ထို့ပြင် ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ၁၉ နှစ်တိုင် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အဆင့်မြင့် အစိုးရအရာရှိများနှင့် လွှတ်တော်တွင်းရှိ ဗိုလ်ချုပ်ဟောင်းများ၏ အကြီးအချုပ်နေရာတွင် ရှိနေဆဲဟု ယုံကြည်ရသည်။
ထိုသို့ ဦးသိန်းစိန်၏ နောက်ကွယ်တွင် ကြိုးကိုင်သူရှိသည်ဟု အများက ယူဆကြသော်လည်း ဦးသိန်းစိန် အပါအဝင် ပြုပြင်ပြောင်းလဲရေးသမားများက ထိုအချက်ကို ယုံယုံကြည်ကြည် ငြင်းချက်ထုတ်နေသည်မှာ စဉ်းစားဖွယ်ရာ ကောင်းသည်ဟု မယ်ရီကလင်ဟန်က ဆိုသည်။
ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ နောက်ကွယ်တွင် ကြိုးကိုင်မှု မရှိဟုယူဆလျှင်ရသည့် အချက်အလက်များကလည်း ရှိနေပြန်သည်။
အဘယ်အတွက်ကြောင့် ဦးသိန်းစိန်အား သမ္မတအဖြစ် ရွေးချယ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများအဖြစ် ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်သည့် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့အား ရွေးချယ်ခဲ့လေသနည်း။ ဧရာဝတီအယ်ဒီတာ၏ သုံးသပ်ချက်အရမူ စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် လွှမ်းမိုးနေသေးသော အရပ်သားအမည်ခံ အစိုးရအဖွဲ့နှင့် လွှတ်တော်တို့တွင် သဘောထား ပျော့ပျောင်းသူ (Softliners) များကို နေရာ ချထားပေးလိုဟန် ရှိသည်ဟု ဆိုသည်။
အင်အားကြီးသော တပ်မတော်အား ဦးဆောင်ရန် ဦးသန်းရွှေသည် သူနှင့်ခေတ်ပြိုင် စစ်ဗိုလ်ချုပ်များထက် စာလျှင် သဘောထား ပျော့ပျောင်းပုံပေါ်သော ဗိုလ်ချုပ်မင်းအောင်လှိုင် အား ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရွေးချယ်ခဲ့ပုံပေါ်သည်ဟုလည်း ဆိုသည်။
ထို့ပြင် သဘောထားမပျော့ပျောင်းဟု ယူဆရသော ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်သွားခြင်း (သို့) ထုတ်ပယ်ခြင်းခံရခြင်း စသည့်အချက်အလက်များက ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းကို ချောမွေ့စေလိုပုံရသော အချက်အလက်များဖြစ်သည်။
“ဗိုလ်ချုပ်မှူးကြီးဟာ ရှေ့လျောက်ဦးဆောင်နိုင်မယ့်သူကို လက်ဆင့်ကမ်းပြီး တိုင်းပြည်ကို စနစ်တကျ စီမံထားခဲ့တယ်။ ပြီးတော့ စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းဖို့ လမ်းပြမြေပုံကို ကိုယ်တိုင်ကိုယ်ကျ စီမံရေးဆွဲခဲ့တယ်” ဟု စစ်တပ်ကျောထောက် နောက်ခံပြု ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဋ္ဌေးဦးက ဧရာဝတီ သတင်းဌာနသို့ ပြောခဲ့ဖူးသည်ဟု ဧရာဝတီ အယ်ဒီတာက ဆိုပါသည်။
ဦးရဲထွဋ်ကလည်း ဗိုလ်ချုပ်မှူးကြီးသည် အစိုးရ၊ စစ်တပ်နှင့် လွှတ်တော်ကြား ပါဝါချိန်ခွင်လျှာ ညီမျှရန် နိုင်ငံရေးပုံစံ ဒီဇိုင်းတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ရေးဆွဲခဲ့သည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။
“သမ္မတမှာ တခြားနိုင်ငံတွေက သမ္မတတွေလိုမျိုး ဗီတိုအာဏာမရှိဘူး” ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။ “တကယ်တော့ စစ်တပ်က ပါဝါရှိနေပါသေးတယ်။ ဒါပေမဲ့ အရင်ကထက်စာရင် နည်းသွားတာပေါ့” ဟု အဆိုပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြောဆိုသည်။
ဦးသန်းရွှေ၏ တကယ့်ရည်ရွယ်ချက် အစစ်အမှန်ကို သိနိုင်သူ အလွန်ရှားသော်လည်း လက်ရှိ ခေါင်းဆောင်ပိုင်း ရွေးချယ်မှုတွင်တော့ သဘောထားတင်းမာသူ (Hardliners) များထက်စာလျင် သဘောထားပျော့ပျောင်းသူများက သူ၏ နိုင်ငံရေး အစီအမံကို ပို၍ အကောင်အထည်ဖော်နိုင်စွမ်း ရှိမည်ဟု ဦးသန်းရွှေ ယုံကြည်ပုံရသည် ဆိုသည်ကား စဉ်းစားစရာပင်ဖြစ်သည်။ ဦးရဲထွဋ်နှင့် အခြားစစ်တပ် အရာရှိဟောင်းများကမူ ထိုကဲ့သို့ ယုံကြည်ပုံပေါ်သည်ဟု ဧရာဝတီ အယ်ဒီတာက ဆိုပါသည်။
မယ်ရီကလင်ဟန်၏ သုံးသပ်ချက်ကတော့ အမြင်တစ်မျိုးဖြစ်သည်။ ၂၀၀၇ ခုနှစ်မှစ၍ ဝန်ကြီးချုပ်အဖြစ် ၄ နှစ်တာ ကာလအား ဦးသိန်းစိန်တာဝန်ယူစဉ် တိုင်းပြည်၏ အပယ်ခံဘဝကို သိရှိခဲ့ရသလို စီးပွားရေးတွင်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင်ပင် လွန်စွာ ချွတ်ခြုံကျနေသည့် အဖြစ်အား မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရ၍ ဦးသိန်းစိန်အနေဖြင့် ပြုပြင် ပြောင်းလဲရေးသမားဖြစ်ဖို့ အားတစ်ရပ်ဖြစ်လာခဲ့သည်ဟု မယ်ရီကလင်ဟန်က သုံးသပ်ပြသည်။ ထို့ပြင် ၂၀၀၈ နာရဂစ်မုန်တိုင်းကြောင့် သိန်းဂဏန်းရှိ လူများ သေဆုံးပြီး အပျက်အစီးများအား ဝန်ကြီးချုပ်ဘဝဖြင့် ဇာတိမြေ ဧရာဝတီတိုင်းအား သွားရောက် စစ်ဆေးကြည့်ရှုရာမှ ပြုပြင်ပြောင်းလဲရေး စိတ်ဝင်စားလာပုံရသည်ဟု မယ်ရီကလင်ဟန်က သူ၏ အယူအဆကို ဖော်ပြခဲ့သည်။
မည်သို့ပင်ဆိုစေ ဦးသန်းရွှေလက်ဆင့်ကမ်းခဲ့သော ခေါင်းဆောင်များသည် ဒေါ်အောင်ဆန်း စုကြည်အပါအဝင် အတိုက်အခံ ခေါင်းဆောင်များနှင့် အပေးအယူ ညှိနှိုင်းခြင်းများ လုပ်လာခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် ယမန်နှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ စစ်တပ်ထိပ်သီးခေါင်းဆောင်များနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးများ ထူထောင်လာသည်ကို တွေ့ရသည်။
သမ္မတဦးသိန်းစိန်အနေဖြင့် သူ၏ စီနီယာ ဦးသန်းရွှေ မျှော်မှန်းထားသော နိုင်ငံရေးပုံစံတစ်ခုကို အထမြောက်သော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ရန် အကောင်းဆုံး လုပ်ဆောင်နေပုံရသော်လည်း ထိုအချက်အား လက်မခံသူများ ရှိသည်။ ဝန်ကြီးဌာနတစ်ခုမှ ညွှန်ကြားရေးမှူးတစ်ဦးဆိုလျှင် ဦးသန်းရွှေအနေဖြင့် ဦးသိန်းစိန်အစိုးရ အား မည်သည့် ညွှန်ကြားချက်မှ မပေးကြောင်း ပြောဆိုပြီး စစ်တပ်အရာရှိဟောင်း အများစုကလည်း ဦးသန်းရွှေ နောက်ကွယ်က ကြိုးကိုင်သည်ဆိုသည့် အချက်ကို ငြင်းဆိုကြကြောင်း ဧရာဝတီ အယ်ဒီတာက ပြောကြားခဲ့သည်။
အမည်မဖော်လိုသူ ညွှန်ကြားရေးမှူးက ဆက်လက်ပြောဆိုသည်မှာ ဦးသိန်းစိန်အပါအဝင် ဘယ်သူမှ ဖြတ်သန်းလို့မရတဲ့ မမြင်ရတဲ့ ကြိုးတစ်ချောင်းကို ဦးသန်းရွှေ စီမံခဲ့တယ်ဗျ။ အဲဒီမမြင်ရတဲ့ ကြိုးရှိတယ်ဆိုတာ သိတဲ့လူ တော်တော်ရှားတယ်။ ဒါပေမဲ့ အစိုးရ၊ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်တွေကတော့ အဲဒီမမြင်ရတဲ့ကြိုးကို သတိပြုမိကြတယ်။ ဒါကလည်း သူတို့ရဲ့ အရင်အကြီးအကဲ ဆန္ဒဆိုတာ သူတို့သိကြတယ်လေ ဟု ယုံကြည်နေသည့် အယူအဆ အကြောင်း ပြောဆိုပါသည်။
သို့သော် မကြာသေးခင်ကာလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဖြစ်သော ပြည့်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း၍ အခြေခံ ဥပဒေပြင်ဆင်ရန် အာမခံချက်ပေးလာသည်။
ထိုအချက်သည် မမြင်ရသည့် ကြိုးအား ဖြတ်သန်းမည့် စွန့်စားခန်းလားဟု မေးစရာရှိလာပါ သည်။
စွန့်စားမှု လုံးဝမဟုတ်ပါ။ အခြေခံ ဥပဒေပြင်ဆင်ရန် မည်သို့ပင် ကတိပေးထားသော်လည်း မြန်မာ့နိုင်ငံရေးတွင် စစ်တပ်လွှမ်းမိုးမှု အားကြီးခဲ့ခြင်းဟူသော အကြောင်းတရားက မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏဏ္ဍအား ဖယ်ထုတ်လိမ့်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် စစ်တပ်ကိုယ်တိုင်ပင် ထိုမမြင်ရသော ကြိုး၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေ၍ ဖြစ်သည်။
ဝေဖန်မှုများပြင်းထန်နေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လွှတ်တော်တွင်း ဥပဒေပြုသူများက ပြင်ဆင်မှုတချို့ ပြုလုပ်ပါလိမ့်မည်။ သမ္မတဦးသိန်းစိန် အနေဖြင့်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးအား ပဲ့ကိုင်ရာတွင် လွတ်လပ်စွာ လုပ်ပိုင်ခွင့်များဖြင့် ရှေ့ခရီးဆက်မည်ဟု ယူဆရပါသည်။ သို့သော် လွှတ်တော်အတွင်း ရွေးကောက်ခံ မဟုတ်သော ၂၅ရာခိုင်နှုန်းရှိသည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကို ခွင့်ပြုပြဋ္ဌာန်းပေးထားသော ဖွဲ့စည်းပုံ၏ အရေးအကြီးဆုံး ပုဒ်မများကိုတော့ဖြင့် ပြင်ဆင်၍ ရနိုင်မည် မဟုတ်ချေ။
သိပ်မကြာသေးခင် ကာလကပင် ဝါရှင်တန်ပိုစ့်နှင့် အင်တာဗျူးတစ်ခုတွင် သမ္မတဦးသိန်းစိန် က “မြန်မာ့တပ်မတော်သည် အရေးပါသော တစ်နေရာတွင် အမြဲပါဝင်နေဦးမည်” ဟူသော စကားရပ်ကို ကြည့်လျှင် ၂၅ရာခိုင်နှုန်းကိစ္စမှာ မလွယ်ကူကြောင်း တွေးဆကြည့်နိုင်ပါသည်။
၂၅ရာခိုင်နှုန်း ပုဒ်မအားပြင်ဆင်လိုလျှင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၇၅ရာခိုင်နှုန်း မဲရရှိရမည့်အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ထက်ဝက်ကျော် ထောက်ခံမှ ပြင်ဆင်၍ရမည်။ ခံတပ်နှစ်ဆင့်ခံထားသော လက်ရှိဖွဲ့စည်းပုံအပေါ် ဒီမိုကရေစီ ဂျာနယ်၏ အယ်ဒီတာ လာရီဒိုင်းမွန်း၏ အမြင်မှာလည်း အထူးစိတ်ဝင်စားဖွယ်ကောင်းပါသည်။ လာရီဒိုင်းမွန်းက ဤသည် ကို ဖွဲ့စည်းပုံအကျပ်အတည်း ( Structural dilemma ) ဟု ကင်ပွန်းတပ်ခဲ့သည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း စခန်းသွားလျှင် ၂၀၁၅၌ NLD ပါတီ အနိုင်ရရှိခဲ့လျှင် တပ်မတော်၏ ဗီတိုဆန်သော (ဗီတိုသဘော) အာဏာသည် ဖွဲ့စည်းပုံအတွင်း ပါဝင်နေလျက်ရှိသည့် အလျောက် တပ်မတော်မှ အာဏာဆက်လက် ထိန်းသိမ်းလိုသော ဆန္ဒရှိသည်ဟု ယုံကြည်သူများဘက်မှ ကြည့်လျှင်လည်း မှားသည်ဟု မဆိုသာချေဟု လာရီဒိုင်းမွန်းက ထောက်ပြသည်။
တခြားတစ်ဖက်မှ တွေးသူများက တပ်မတော်သားများ ဘက်ပြောင်းလျှင် ဖွဲ့စည်းပုံ ပြင်နိုင်မည်ဟူ၍ ဖြစ်သည်။ ဤတွင်လည်း အကျပ်အတည်းတစ်ခုက ရှိနေပြန်သည်။ လက်ရှိ တပ်မတော်သား ကိုယ်စားလှယ်များကို ကာကွယ်ရေးဦးစီးချုပ်က လဲလှယ်အစားထိုးခွင့် ရှိသည်ဟူသော ဖွဲ့စည်းပုံပါ အချက်က တပ်မတော်သား ကိုယ်စားလှယ်များကို စည်းရုံးမှု၌ အကျပ်အတည်းတစ်ခု ဖြစ်နေပြန်သည်။
ဒီမိုကရေစီနည်းကျ တက်လာနိုင်ဖွယ်ရှိသည့် နောင်လာမည့် သမ္မတသည် စစ်တပ်၏ ဖွဲ့စည်းပုံပါ အာဏာအား အရပ်သားအစိုးရ အာဏာအောက် သွတ်သွင်းလျှင် ဖြစ်လာနိုင်ဖွယ် ရှိသည့် အရပ်ဘက်၊စစ်ဘက် အန္တရာယ်မှာလည်း မသေးလှပါ။ ထို့အတွက် ၂၀၁၅ မတိုင်ခင်မှာပင် အရပ်ဘက် ၊ စစ်ဘက်၊ ဆက်ဆံရေးအား စတင်ပုံဖော်ပြီး လမ်းကြောင်းသစ် တစ်ခုကို ရှာဖွေနိုင်လျှင် အထူးသင့်လျော်မည်ဟု ယူဆရပါသည်။ သို့သော် ဖွဲ့စည်းပုံအား ညှိညှိနှိုင်းနှိုင်းဖြင့် မည်သို့ပြင်ဆင်ကြမည်ဆိုသော လမ်းကြောင်းကား အထူးခက်ခဲသော လမ်းကြောင်းတစ်ရပ်ဖြစ်လာပေလိမ့်မည်။
လင်းထိုက် (Y.I.T)
မြန်မာသံတော်ဆင့်ဂျာနယ်မှ
တခါတုန်းက ဂျပန်ခေတ်မှာ
$
0
0
Follow· Saturday via mobile
ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံအညာဒေသ မြို့လေးတစ်မြို့မှာပေါ့
ဂျပန်တွေ ဝင်လာတဲ့ အချိန်မို့ မြို့ထဲမှာ ဂျပန်စစ်သားတွေနဲ့
ရှုပ်ယှက်ခတ်နေချိန်ပါ
မြို့လည်လမ်းမကြီးဟာ အထူးပဲ စည်ကားနေချိန်ပေါ့
. . .
မြန်မာအဖိုးအိုတစ်ယောက်ဟာ စက်ဘီးစီးလာရင်း
ကြီးမားလှတဲ့ တင့်ကားကြီးတွေကို အငေးလွန်ရာက
ဂျပန်ဗိုလ်တစ်ယောက်ကို ဝင်တိုက်မိပါတယ်
စက်ဘီးလည်း လဲ
အဘိုးအိုလည်း မှောက်
ဂျပန်ဗိုလ်လည်း ဖင်ထိုင်ကျသွားပါတယ်
သူတို့ဗိုလ်လဲသွားတော့
အနီးနားက ဂျပန်စစ်သားတွေ ချက်ချင်းဝိုင်းလာကြပါရော
ဂျပန်တွေ ရက်စက်တယ်
စရိုက်ကြမ်းတယ် ဒေါသကြီးတယ် ဆိုတာ
အောက်ပြည်က လူတွေက တဆင့်ကြားပြီးပြီမို့
အဖိုးကြီးတော့ ဒုက္ခရောက်ပြီဆိုပြီး
လူတွေ ဝိုင်းကြည့်နေပါတော့တယ်
အဲ့သည့်အချိန်မှာ
ဂျပန်စစ်ဗိုလ်က လဲနေရာကနေလူးလဲထပြီး
ချက်ချင်းဆိုသလို
မျက်နှာကြီးနီရဲပြီး
အကျီ င်္အတွင်းအိတ်ထဲက တစ်စုံတစ်ခုကို
အသဲအသန်ရှာဖွေနေပါတယ်
အားလုံးက သေနတ်ထုတ်ပစ်တော့မယ်လို့ထင်ပြီး
နီးရာအိမ်ထဲဝင်ပြေးကြလို့
လူစည်ကားတဲ့ လမ်းမအလယ်ခေါင်ကြီးမှာ
အဖိုးကြီးရယ်
ဂျပန်ဗိုလ်ရယ်
ဝိုင်းထားတဲ့ စစ်သားတွေရယ်ပဲ ကျန်ပါတော့တယ်
. . .
အဘိုးကြီးဟာ ကြောက်လွန်းလို့ ငုတ်တုတ်လေး ကတုန်ကရင် ဖြစ်နေရာကနေ
ဂျပန်စစ်ဗိုလ် လုပ်လိုက်တဲ့ အပြုအမူကြောင့်
ရယ်ရမလို ငိုရမလို ဖြစ်သွားပါတော့တယ်
. . .
ဂျပန်ဗိုလ်က အကျီ င်္ထဲက မှတ်စုစာအုပ်လေးထုတ်လိုက်ပြီး
ခဏလှန်လျောရှာဖွေလိုက်ပြီး
အောက်ပါ စကားလုံးကို ဂျပန်သံဝဲဝဲ နဲ့
တစ်လုံးချင်းပြောလိုက်ပါသတဲ
"ေ အာ င် မေ လး နာ လို က် တာ"
တဲ့
သူက အဘိဓာန် ရှာတာကိုး
Inspired by the True Story
လူတစ်ယောက်ရဲ့ ဘ၀နဲ့ စိတ်ဓါတ်ကို လွှမ်းမိုးတတ်သော အရာနှစ်ခု
$
0
0
လူတစ်ယောက်ရဲ့ ဘ၀နဲ့ စိတ်ဓါတ်ကို လွှမ်းမိုးတာ ၂ခုရှိတယ်၊
တစ်ခုက မွေးရာပါဗီဇ၊ နောက်တစ်ခုက ပတ်ဝန်းကျင်။ အဲ့ဒီပတ်ဝန်းကျင်ကိုမှ ထပ်ခွဲရရင်တော့ မိဘ ပါမယ်၊ ဆရာတွေ ပါမယ်၊ သူကြီးပြင်းရှင်သန်ရာ ဘေးပတ်ဝန်းကျင်က လူတွေပါမယ်၊ နောက်ပြီး သူဖတ်တဲ့မှတ်တဲ့ စာအုပ်တွေ ပါမယ်။ အဲဒီ၂ခုမှာမှ ပတ်ဝန်းကျင်က ပိုပြီး အရေးပါတယ်လို့ ဆိုကြတယ်။ အရင်တုန်းက လက်ခံခဲ့တာ Leaders are born ခေါင်းဆောင်တွေဟာ မွေးရာပါအရည်အချင်း ပြည့်ဝသူတွေ တဲ့။ ခုတော့ မဟုတ်တော့ဘူး၊ Leaders are made ခေါင်းဆောင်ကောင်းတွေ ဖြစ်ဖို့ လေ့ကျင့်ယူလို့ ရတယ် ဆိုပြီး လက်ခံလာကြပြီ။ အဲဒီလို လူတစ်ယောက်ရဲ့ အရည်အသွေးကို လွှမ်းမိုးနိုင်တဲ့ ပတ်ဝန်းကျင်မှာမှ မိဘက အရေးကြီးဆုံးပါပဲ၊ ဒါ့ကြောင့်လည်း လက်ဦးဆရာမည်ထိုက်စွာ ပုဗာစရိယ မိနဲ့ဖ ဆိုပြီးတော့ ပြောလေ့ရှိကြတာ။
ဒီနေ့ခေတ်မှာ အာဏာရှင်စနစ်ဟာ ခေတ်မစားတော့ဘူး၊ ကမ္ဘာမှာလည်း ပျောက်ကွယ်လုဖြစ်နေပြီ။ ကျွန်တော်တို့ဆီမှာလည်း ဒီအတိုင်းပဲ၊ ဒီမိုကရေစီမှ ဒီမိုကရေစီ ဖြစ်နေကြပြီ။ ဒါပေမဲ့ နိုင်ငံရေးစနစ်မှာသာ အဲဒီလို မကြိုက်ဘူး မကောင်းဘူး ပြောနေကြပေမဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀မှာတော့ ကိုယ်တိုင်က အာဏာရှင်တွေ ဖြစ်နေတတ်တယ်။ ဆရာက တပည့်ကို၊ မိဘက သားသမီးကို၊ ဘုန်းကြီးက ကျောင်းသားကို အာဏာရှင်ဆန်ဆန်ပဲ ဆက်ဆံကြ၊ ထိန်းသိမ်းကြ၊ အုပ်ချုပ်ကြတယ်။ စောဒကတက်ရင် မကြိုက်ဘူး၊ မိဘက ပြောလိုက်ရင် တစ်ခွန်းပဲ ဆိုတာကို ဂုဏ်ယူစရာတစ်ခုလို သဘောထားကြတယ်။ ကျွန်တော်တို့တွေဟာ အဲ့ဒီလို အာဏာရှင်တွေရဲ့ လက်အောက်မှာ အကြောက်တရားတွေနဲ့ ရှင်သန်ခဲ့ကြရတယ်။ အဲဒီတော့ နည်းနည်းလေးမှ မလွတ်လပ်လိုက်နဲ့၊ အဲဒီလွတ်လပ်ခွင့်ကို အလွန်အကျွံ အသုံးချကြတယ်။ ကိုယ်ပိုင်အသိစိတ် အားနည်းလာတယ်၊ သူများထုတ်တဲ့ စည်းကမ်းတွေကြားမှာပဲ တင်းကြပ်စွာ ရှင်သန်ခဲ့ရတော့ ကိုယ်ပိုင်စည်းကမ်းရယ်လို့ မရှိတော့ဘူး၊ လွတ်ရင်လုပ်မယ် မလွတ်ရင်မလုပ်ဘူး ဆိုတာက ကျွန်တော်တို့အတွက် မွေးရာပါအသိတစ်ခုလို ဖြစ်လာတယ်။ ဒီစိတ်ဓါတ်နဲ့တော့ ဒီမိုကရေစီစနစ် ထွန်းကားဖို့ မလွယ်ပါဘူး။ Autocratic Style က အကြောက်တရားနဲ့ အမိန့်နာခံမှုကို အခြေပြုတယ်၊ Democratic Style ကတော့ လူရဲ့ အသိစိတ်ဓါတ်ကို အခြေပြုတယ်။ ဒီတော့ ဒီစနစ်ကို အားကောင်းစေချင်ရင် ကျွန်တော်တို့တွေ ကိုယ်ပိုင်အသိစိတ်နဲ့ အလုပ်လုပ်တတ်အောင် ကြိုးစားကြရမယ်။
ကျွန်တော့်ဆေးခန်းမှာ ၉နာရီထက် နောက်ကျပြီးမှ ရောက်လာတဲ့သူ ပိုက်ဆံ ၅၀၀ ပေးရမယ် ဆိုတဲ့အချိန်က ဘယ်သူမှ နောက်မကျကြဘူး၊ အချိန်တစ်ခု ကြာလာလို့ အဲ့ဒါကို မလုပ်တော့တဲ့အခါလည်းကျရော၊ အိမ်ကဘာဖြစ်လို့ လမ်းမှာဘာဖြစ်လို့ စတဲ့ အကြောင်းပြချက်တွေ ကိုယ်စီ ပေါ်လာတော့တယ်။ လုပ်ရင်လုပ်၊ မလုပ်ရင် အပြစ်တစ်ခုခု ပေးမယ် ဆိုမှပဲ လုပ်တတ်ကြတော့တယ်။ ဘာလို့လဲ၊ ကျွန်တော်တို့တွေက ကိုယ်ပိုင်အသိစိတ်နဲ့ ရယူရမဲ့ လွတ်လပ်ခွင့်နဲ့မှ အသားမကျသေးဘဲကိုး။ အိုးမဖုတ်ခင် အိုးလုပ်စဉ်မှာကတည်းက တံဆိပ်နှိပ်ထားလိုက်မှ မြဲမြံတတ်တာမဟုတ်လား။ ခုမှ ကျွန်တော်တို့ကိုယ်ပေါ် လာနှိပ်တဲ့တံဆိပ်တွေက ထင်သလောက်တော့ မခိုင်မာနိုင်တော့ဘူးလေ။
Channel 7 က လာတဲ့ ချန်ပီယံလေးများ အစီအစဉ်ကို ကြည့်မိတယ်။ တခါတလေ ကလေးက ဥာဏ်ကောင်းတယ်၊ သွက်လက်တယ်၊ ဒါပေမဲ့ အမေက လောလွန်းအားကြီးနေတယ်၊ ညွှန်ကြားနေတာတွေက ကလေးမပြောနဲ့၊ အပြင်က ပရိသတ်လူကြီးတွေတောင် သေချာမရှင်းဘူး၊ အဲ့လိုဆိုတော့လည်း သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အလုပ်တွေက မပြီးနိုင်ဘူးပေါ့။ တခါတလေကျပြန်တော့လည်း အမေက ညွှန်ကြားတာ တော်တော်လေး ရှင်းလင်းတယ်၊ ဒါပေမဲ့ ကလေးက လိုက်မလုပ်နိုင်ဘူး၊ ကြောင်နေတယ်၊ ဒါဆိုလည်း မနိုင်ပြန်ဘူး။ အဲ့ဒီပြိုင်ပွဲမှာ အနိုင်ရဖို့က ကလေးရဲ့ အစွမ်းအစနဲ့ အမေဖြစ်သူရဲ့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်၊ အဲဒီ၂ခု အချိုးကျကျ ပေါင်းစပ်နိုင်ဖို့လိုပါတယ်။
ကျွန်တော် လမ်းလျှောက်တတ်စအရွယ်ကတော့ လွတ်လပ်ရေးပြိုင်ပွဲမှာ ပထမဆု ရဖူးတယ်၊ အဲဒီပထမဆုက အားကစားနဲ့ပတ်သက်ပြီး ကျွန်တော်ရတဲ့ ပထမဆုံးနဲ့ နောက်ဆုံးဆုပဲ။ အဲ့ဒီတုန်းက လမ်းလျှောက်တတ်စအရွယ်ကလေးတွေကို ပြိုင်ပွဲလုပ်တယ်၊ ဒိုင်လူကြီးက ခရာမှုတ်လိုက်ပေမဲ့ ဘယ်ကလေးကမှ မပြေးကြဘူး၊ ဒီအရွယ်လေးတွေဆိုတော့လည်း အပြေးပြိုင်ပွဲတွေ ဘာတွေ ဘယ်သိမလဲ၊ အမေနားပဲ ကပ်နေကြတာပေါ့။ အမေတွေကတော့ သားလေး ပြေး၊ သမီးလေး ပြေးလေ ဆိုပြီး အားပေးနေကြတယ်။ ဒါပေမဲ့ ဘယ်ကလေးကမှ မပြေးဘူး၊ ကျွန်တော်လည်း အတူတူပဲ၊ မပြေးဘူး၊ အမေနားမှာပဲ ကပ်နေတယ်။ အဲဒီမှာတင် ကျွန်တော့်အမေက ဖြတ်ခနဲစိတ်ကူးရလိုက်ပြီး ပန်းဝင်ရမဲ့နေရာနားကို အပြေးသွားလိုက်တယ်၊ ပြီးတော့မှ အဲဒီနေရာကနေ ကျွန်တော့ကို လှမ်းခေါ်လိုက်တော့ ကျွန်တော်လည်း ဘာမှန်းညာမှန်းမသိ အမေ့ဆီကို အပြေးသွားလိုက်တာပေါ့။ အဲဒီမှာတင် ပန်းဝင်သွားပြီး ပထမဆုရတော့တာပါပဲ။
ကျွန်တော့်အသိ အန်တီကြီးတစ်ယောက်ကတော့ သူ့သားကို ပညာသိပ်တတ်စေချင်တယ်။ စာမေးပွဲတိုင်းမှာ အဆင့်တစ် ရမှ ကြိုက်တယ်၊ အဆင့်နည်းနည်းကျတာနဲ့ ရိုက်တော့တာပဲ။ ကြီးလာတော့လည်း ဆရာဝန်လိုင်းပဲ လျှောက်ခိုင်းတယ်၊ သူ့သားကတော့ တစ်စက်လေးမှတောင် ၀ါသနာမပါဘူး။ တကယ်တော့ Educate ဆိုတဲ့ စကားလုံးက လက်တင်စကားဖြစ်တဲ့ Educo ကနေ လာတာပါ၊ To educe, to draw out, to develop from within လို့ အဓိပါယ်ရပါတယ်။ မီးခဲပြာဖုံးဖြစ်နေတဲ့ အရည်အသွေးတွေကို အရောင်တင်ပေးခြင်း၊ ဖော်ထုတ်ပေးခြင်းပေါ့။ မိဘအလိုကျ ပုံသွင်းခြင်းကို education လို့ ခေါ်တာ မဟုတ်ပါဘူး။
ရွာတစ်ရွာကိုရောက်တော့ အမျိုးသမီးတစ်ယောက်က ပြောတယ်၊ ကိုယ့်ယောကျာ်းနဲ့ကိုယ်က ကလေး ဘယ်နှယောက်မွေးမွေး ပြဿနာမရှိဘူး၊ ဒီဆေးတွေသောက် ဒီပစ္စည်းတွေသုံးလို့ ရောဂါဖြစ်မှ ပိုက်ဆံကုန်နေပါဦးမယ် တဲ့။ အရင်ကတော့ ဒီလိုတွေကြားလိုက်ရင် စိတ်ထဲသိပ်မရှိဘူး၊ ဒါပေမဲ့ တခြားကလေးတွေ ကျောင်းဝတ်စုံကိုယ်စီနဲ့ ကျောင်းသွားနေကြတာကို လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးရင်း အားကျတဲ့ သိမ်ငယ်တဲ့အကြည့်တွေနဲ့ ငေးကြည့်နေကြရတဲ့ ကလေးတွေ၊ ပိုက်ဆံမပေးမချင်း အနားမှာတွယ်ကပ်နေလို့ သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ ဆိုပြီး လူတွေက ပျစ်ပျစ်နှစ်နှစ်ပြောတာကို ခံရတဲ့၊ ဖိနပ်မပါဘဲ အရပ်တကာလည် တောင်းစားနေရတဲ့ ကလေးတွေ၊ သူတို့တွေကို မြင်ရ တွေ့ရဖန်များလာတဲ့အခါမှာတော့ ခုနက စကားသံတွေကို ကျွန်တော် သည်းမခံနိုင်တော့ဘူး၊ စိတ်တွေတိုလာတယ်။ ဒေါသတွေ ထွက်လာတယ်။ ကလေးတွေဟာ တိုင်းပြည်ရဲ့သယံဇာတ၊ တိုင်းပြည်ရဲ့ အနာဂတ် တဲ့။ ဒီကလေးတွေကို ကြည့်ရင်းနဲ့ ကျွန်တော် တဖြည်းဖြည်း သံသယ၀င်လာမိတယ်။ ငါတို့မြန်မာပြည် ဒီအတိုင်းသာဆက်သွားရင် ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ အာရှကျားတစ်ကောင် ဖြစ်လာနိုင်တယ်ဆိုတာ ဟုတ်ရောဟုတ်ပါ့မလား လို့လေ။
တချို့က ပြောတယ်၊ ကလေးတွေကို မပေးနဲ့၊ အကျင့်ပျက်တယ် တဲ့၊ ပိုက်ဆံဆိုတာ ဒီလိုတောင်းတိုင်း ရပါလား၊ အလကားရတဲ့ အရာပါလားလို့ ထင်သွားမယ် တဲ့။ ဒါဆို မပေးဘဲ နေလိုက်ရင်ရော အကျင့်တွေကောင်းလာကြမှာတဲ့လား။ တောင်းမရရင် ခိုးကြမယ်၊ လုကြမယ်၊ ကော်ရှူပြီး ထွက်ပေါက်ရှာကုန်ကြမယ်။ ကောင်းလာဖို့၊ ငွေတန်ဖိုးတွေ သိလာဖို့ကတော့ မလွယ်ဘူး။ တကယ်တော့ ကလေးဆိုတာ ရွေးချုယ်ခွင့်မရခဲ့ရှာတဲ့သူတွေပါ။ ကံကြမ္မာက ပစ်ချလိုက်တဲ့ ဘ၀မှာပဲ ရှင်သန်နေကြရတဲ့သူတွေပါ။ ဆရာကြီးရွှေဥဒေါင်းပြောသလို ပြောရရင် သူတို့စိတ်လေးတွေမှာ ဆူးတွေပေါက်နေပြီ၊ သူတို့အသက် ဆက်ရှင်သန်နိုင်ဖို့အတွက် ဘာမဆို လုပ်ရမယ်ဆိုတဲ့ အသိက ဘ၀က သင်ပေးထားလိုက်ပြီ။ ဒီလိုအချိန်မှာ သူတို့လိုနေတာ အနိုင်ကျင့်မှုတွေ ၀ိုင်းဝန်းပစ်ပယ်မှုတွေ လှစ်လျူရှုမှုတွေ မဟုတ်ပါဘူး။ သနားညှာတာမှုတွေ ကြင်နာမှုတွေကို သူတို့လိုအပ်နေတာပါ။ ဘယ်အရာမဆို မာနေတဲ့အချိန်မှာ လိုရာပုံသွင်းလို့ မရနိုင်ဘူး၊ ပျော့ပျောင်းနူးညံ့လာအောင် အရင်လုပ်ရတယ်၊ ဒါမှ လိုသလို ပုံသွင်းလို့ရနိုင်တာပါ။
မဒမ်ကင်ပန်ဆိုတဲ့ အမျိုးသမီးကြီးကို နပိုလီယန်က မေးဖူးတယ်၊ ပြင်သစ်လူငယ်တွေ တိုးတက်ဖို့အတွက် အလိုအပ်ဆုံးဟာ ဘာများလဲ တဲ့။ အမျိုးသမီးကြီးက ပြန်ဖြေတယ်၊ မိခင်ကောင်းတွေပါပဲရှင် တဲ့။ စကားတစ်ခွန်းတည်းနဲ့ အားလုံးပြီးပြည့်စုံသွားတာပါပဲလား လို့တောင် နပိုလီယန်က ရေရွတ်မိသွားတယ်။
ပြောကြတယ်၊ ကလေးကောင်းမှ လူကြီးကောင်းမှာ တဲ့။ အဲ့လိုကလေးတွေ ကောင်းဖို့ကလည်း လက်ရှိလူကြီးတွေ ကောင်းမှရပါမယ်။ ကလေးမွေးလိုက်ရုံနဲ့ မိဘဖြစ်သွားတာ မဟုတ်ပါဘူး။ ကိုယ်မွေးလိုက်တဲ့ ကိုယ့်မျိုးဆက်သစ်ကို ကိုယ့်ထက်မသာတောင် ကိုယ့်အောက်တော့ မကျရအောင် ပြုစုပျိုးထောင်နိုင်မှ မိဘမည်တာပါ၊ လက်ဦးဆရာ ဖြစ်ထိုက်တာပါ၊ နိုင်ငံသား တာဝန်ကျေတာပါ။
ကျမရဲ့ အဘွား၊ ပါဝါ ၅၄ နဲ့ အမေစု
$
0
0
ကျမရဲ့ အဘွား၊ ပါဝါ ၅၄ နဲ့ အမေစု
ကျမ ကလေး ဘဝက ကိုလေးဖြူ က ပါဝါ ၅၄ ဆို ပြီး အခွေ ထွက်ဖူးတယ်၊ ဒါပေမဲ့ ထွက်ပြီး မကြာဘူး၊ဆင်ဆာ အဖွဲ့က ၅၄ ကိုဖြုတ်ပြီး ပါဝါလို့ ပြောင်းပြီး ထုတ်လိုက်ရတယ်၊ ၅၄ က တက္ကသိုလ်ရိပ်သာလမ်းက အမေစု ရဲ့ အိမ်နံပတ်နဲ့ တူနေလို့ လို့ပြောတာပဲ၊ အဲဒီ အိမ်ရှေ့ကို ကျမ ကလေးဘဝက အကြိမ်ပေါင်းများစွာ ကျမ အဘွားနဲ့အတူ ရောက်ခဲ့ဖူးပါတယ်၊ ရောက်လိုတိုင်း ပါဝါတွေ အပြည့်နဲ့ ပြန်လာရတာချည်းပါပဲ။
ကျမတို့ အဘွားက အဲဒီတုန်းက ၇၀ ကျော် ၈၀၊ ကျမက ဆယ်နှစ်ဝန်းကျင်၊ အမေစုက ၅၀ ဝန်းကျင် အဘွားက စနေ၊တနင်္ဂနွေ ဆို မြေးအငယ်မ လက်ကိုဆွဲ ပြီး လမ်းလျှောက်ပြီး ပါဝါ၅၄ ကိုသွားတာပါပဲ။ ဗဟန်း ဗဟန်းချင်း တူပေမဲ့ မြို့နယ်ကကြီးတော့ ကလေးတစ်ယောက်အဖို့ တော်တော်လေး လျှောက်ယူရပါတယ်၊ အဘွားအတွက်တော့ သူ့ငယ်ငယ်က ဘိုးမွေ၊ဘွားမွေ ယာတွေ ပတ်ပြီး ကြည့်သလောက်ပါပဲ၊ ဒါပေမဲ့ ၇၀ကျော် ၈၀နားရောက်တော့ တော်တော်လေး သွားယူရပါတယ်၊ အဲဒီ တရားပွဲရောက်ရင် လူတွေက ဘယ်လောက်များများ စည်းကမ်းရှိကြတာလည်း တွေ့ရတယ်၊ ပြီးတို့ ကျမတို့ မြေးအဘွားကို သက်ကြီးရွယ်အိုနဲ့ ကလေးဆိုပြီး ဦးစားပေးပြီး နေရာကောင်းကို လည်း ပေးကြတယ်၊ အဘွားက အဲဒီ တရားပွဲကို အပတ်တိုင်းသွားပြီး တစ်ပတ်လုံးကို ပြောလို့မပြီးနိုင်အောင် ပြန်ပြောလေ့ရှိတယ်၊ ကျမ မပါတဲ့ အခေါက်တွေ လည်းကျမက အမေစု ဟောခဲ့တာတွေကို စကားလုံးက အစ အဘွားဆီက ပြန်သိရတယ်၊
တစ်နှစ်က အမေစု မွေးနေ့ပွဲကို ကျမကို ခေါ်ပြီး အဘွားက သွားတယ်၊ အဲဒီမှာ အမေစုက အဘွားလက်ကို ကိုင်ပြီးစကားပြောလိုက်ပြီး ကျမက အမေစုကို ပန်းစည်းလက်ဆောင်ပေးလိုက်ရတယ်၊ အဲဒီအကြောင်းက အဘွားမသေခင် တစ်သက်လုံး သတိတရရှိနေ တဲ့ အရာပါပဲ၊ အဘွားက ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ဆုံးသွားတယ်၊ အဘွားက မသေ ခင်က မှတ်ဉာဏ်တော်တော်လေး အားနည်းသွားပေမဲ့ အမေစုနဲ့ ကျမကို တော့ အမြဲတမ်းသိပါတယ်၊ အဘွားမဆုံးခင် အမေစုက လွတ်လာတော့ ကျမက နိုင်ငံခြားက နေ ဖုန်းဆက်ပြီး အမေစုလွတ်တဲ့ အကြောင်း ပြောပြတော့ အဘွားရဲ့ ပြုံးပျော်နေမဲ့ပုံကို ကျမ ဖုန်းထဲကနေကို မြင်ယောင်မိပါတယ်၊ ဒါပေမဲ့ မကြာဘူး အဘွားက ဆုံးသွားတော့ နောက်ပိုင်းကိစ္စတွေ အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးတွေ နိုင်ငံတကာမှာ ဝင်ဆန့်လာတာတွေ အဘွားက မသိလိုက်တော့ပါဘူး၊
အဘွားဆုံးတော့ ကျမက နိုင်ငံခြားမှာ ပြန်မလာနိုင်ပါဘူး၊ ပြီးခဲ့တဲ့နှစ်က ပြန်လာလာချင်း အမေစုရဲ့ ပါဝါ ၅၄ ကို ကျမအရင်ဆုံး သွားပါတယ်၊ အဘွားကို ပဲ အရင်ဆုံး သတိရလွမ်းဆွတ်မိပါတယ်၊ အဘွားချစ်တဲ့ အမေစုအိမ်ရှေ့မှာ ချိတ်ထားတာက အဘွား တစ်ခါမြင်ဖူးလိုက်တဲ့ အမေစုရဲ့အဖေ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အမှာစကားလေးပါ၊
"လူထုနဲ့ တိုင်းပြည်ရဲ့ မျက်နှာကို ထောက်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ" တဲ့။
အမေစု မွေးနေ့အကြို အနေနဲ့ အမေစု အိမ်ရှေ့မှာ မနှစ်က ရောက်ခဲ့ စဉ်က အမှတ်တရဓာတ်ပုံ လေး တင် လိုက်ပါတယ်။
မေပုပ္ပား
၂၀၁၃ ဇွန်လ ၁၈ရက်
facebook က နေ flowerbook ဖြစ်သွားတာတော့ နားလည် ပေးကြပါ၊ ကျမရဲ့ မျက်နှာ ပန်းပွင့်လေး လန်းဆန်းနေသလို အဘွားရှိနေသေးလို့ ပါဝါ၅၄ ရှေ့ရောက်ရင် အဘွားမျက်နှာက လည်းပန်းလေးလို လန်းဆန်းနေမှာပါ။
"သံယာ"
$
0
0
-သံယာကိုကြည်ညိုတယ်ဆိုတာ ပုဂ္ဂိုလိက individually ကိုးကွယ်တာထက် အဖွဲ့ အစည်းကို institution ကို ကိုးကွယ်မှ အစစ်အမှန်ဖြစ်တာ..။ ၀ိနည်းနဲ့ ညီခြင်းမညီခြင်းဆိုတာက individually သီးသန့် ပုဂ္ဂလိက ကိုသွားကြည့်တဲ့အခါမှာ သဒ္ဓါပျက်သွားတတ်တဲ့ အကြောင်းအရာ...။
- ပါရာဇိက ကျပြီးသားဖြစ်တဲ့ သံယာတုတောင်မှ သင်္ကန်းရုံထားသရွေ့ ရဟန္တာကြီးတွေနဲ ဆွမ်းတ၀ိုင်းတည်း စားခွင့်ရှိသေးတယ်...။ အတူတကွသာ ဥပုသ်ပြုခွင့်မရှိတော့တာပဲ....။
-စိတ္တသူကြွယ်ဟာ အိမ်မှာ သံယာကိုဆွမ်းကပ်တဲ့အခါ အလဇ္ဇီရဟန်းကိုပင်လျှင် သံယာဟူသောအမှတ်နဲ့ ကြည်ညိုရိုသေမှုပေးပေမယ့်…ပေါက်တူးလာငှားတဲ့အခါမှာတော့ ခြေမနဲ့ ကော်ပေးသတဲ။့လေ့လာဆန်းစစ်ဖို့ ပါ....။
-ရဟန်းသံယာကို ကြည်ညိုတယ်ဆိုတာ ..မိခင်က သားငယ်ကို ထားတဲ့ သဘောထားမျိုး နဲ့ ကြည်ညိုရတယ်..။ အမှားကို တွေ့ ရင် အမှားကို ပြင်စေလိုတဲ့ စေတနာနဲ့ ပြောရတယ်..။ နာယူလက်ခံလွယ်အောင်ဆုံးမရတယ်...။
-အပစ်တင် နှိမ့်ချတဲ့စိတ်ထားက ကိုယ်တိုင်က အကုသိုလ်ကို အခမဲ့ ဝင်ယူသလိုဖြစ်စေတယ်...။ ၀ိနည်းနဲ့ ညီခြင်းမညီခြင်းဆိုတာ သိက္ခာပုဒ်လေးတစ်ခုတည်းကြည့်ပြီးဆုံးဖြတ်လို့ မရဘူး..။
- ၀ိနည်းအကြောင်းပြောရင် "အပ်ဖျားပေါ်မုန်ညင်းစေ့တင်သကဲ့သို့ " ဆိုတဲ့စကားကို သတိရအပ်တယ်..။ အချိန်မရွေးကျိုးပေါက်နိုင်တယ်ဆိုတဲ့ ဥပမာအလင်္ကာ။
- အကျဉ်း ၂၂၇၊ အကျယ် ကုဋ္ဋ ကိုးထောင်ကျော်ဆိုတဲ့ သိက္ခာပုဒ်တွေညီမှ ကြည်ညိုမယ်ဆိုတဲ့ စိတ်ထားဟာ သဒ္ဓါ တရားညံ့ဖျင်းလွန်းလို့  ဒီသာသာနာမှာ ဘာအသီးအပွင့်မှ ခံစားရမှာမဟုတ်။
- သံယာ့ဂုဏ်တော် ကိုးပါးမှာ "အနုတ္တရာပုညခေတ္တံ = ကောင်းမှု မျိုးစေ့ကြဲချစိုက်ပျိုးရာ လယ်မြေကောင်းနဲ့ တူသော သံယာတော်အပေါင်း" ဆိုတဲ့ ဂုဏ်တော်ကို နားလည်ခြင်းဟာ သူတော်ကောင်းတရား ဆိုတာ ဘာလဲ လို့ နားလည်ခြင်းပဲ..။
- သာသနာတော်ဟာ ပင်လယ်နဲ့ တူတယ်...အသေကောင်ပုပ်ကို လက်မခံ ပြန်ပုတ်ထုတ်သကဲ့သို့ ဆိုတဲ့ အတိုင်း အလဇ္ဇီ ဟာ သာသနာတော်မှာ ကြာရှည်မနေနိုင်။ မသူတော်ဟာ သူ့ သဘောသူဆောင်သွားလိမ့်မယ်..။
- ကနေ့ ခေတ် ရဟန်းသံယာအချို့ ဟာ နိုင်ငံရေး၊လူမျိုးေ၇း လှိုင်းလုံးတွေအောက်မှာ အလူးလူးအလိမ့်လိမ့် ဖြစ်နေတာနဲ့ ဒီသံယာတွေဟာ ပါရာဇိက ကျပြီ၊ ကြည်ညိုစရာပျက်ပြီ၊ သာသနာတော်ပျက်ပြီ လို့ ...."ခွေးနာလောက်ကိုက်သလို" .. တအီအီ အော်မြည်နေတဲ့သူတွေဟာ အမှန်က သူတို့ ကိုယ်တိုင် ဒီသံယာတွေကို နိုင်ငံရေးမှာ လိုအပ်တဲ့အခါ အသုံးချခဲ့ကြတဲ့သူတွေပဲ..။
-"ရွှေဝါရောင်" ဆိုတဲ့ နာမည်လှလှလေးတပ်ပြီး အသုံးချခဲ့တာလည်းသူတို့ တွေပဲ..။ အဖြူတွေပြောသမျှ..ဟုတ်ပါ့ဘုရား၊ မှန်ပါ့ဘုရား...လုပ်တတ်ကြတဲ့...ဘာသာရေးကလေက၀ ပြည်ပ မီဒီယာတွေပေးတဲ့ ခေါင်းစဉ်တစ်ခု ကို ဘုရားဟောမုခ်ပါတ်လို ခံယူကျင့်သုံးခဲ့တာလည်း သူတို့ ပဲ.....
-ဘာသာရေးအကြောင်းပြောချင်ရင် ဘာသာရေးကို ထဲထဲဝင်ဝင် လေ့လာရမယ့်အစား နိုင်ငံတကာသုံး ဘာသာစကားတတ်ရင် သဗ္မညုတညဏ်ရသလို ဘ၀င်မြင့်ကြတဲ့ ခေတ်ပညာတတ် နိုင်ငံရေးသမားတွေက သံယာကို အလိုဆိုးနဲ့ အသုံးချတဲ့အခါမှာ ဒီကနေ့ လို အရှုပ်အထွေးတွေဖြစ်လာတော့တာပဲ….
- ထေရ၀ါဒီမှန်လျှင်…ဦးဝီရသူမှမဟုတ်ဘူး၊ သီတဂူဆရာတော်မှမဟုတ်ဘူး၊ ဒုလ္လဘကိုယ်တော်လေးအစ၊ မင်းကွန်းဆရာတော်ကြီးအလယ်...ရဟန္တာကြီးတွေအဆုံး ....အားလုံးသော သံယာတွေဟာ အာပတ်သင့်တတ်တယ်...၀ိနည်းနဲ့ ရာနှုန်းပြည့် အချိန်ပြည့် မညီနိုင်ဘူးဆိုတာ...သိရမယ်..။
-ရဟန္တာကြီးတွေသည်ပင်လျှင် "သံယာဒိဿ်" လို့ ခေါ်တဲ့ ပါရာဇိက ပြီးရင် ဒုတိယ အကြီးဆုံးအာပတ်ကိုတောင် သင့်တတ်တယ်..။ ဒါကို..မစူးမစမ်း...တစ်လုံးစ၊ နှစ်လုံးစ လေးသိရုံနဲ့ ... ခုတလော နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဦးဇင်းတွေကို ပါရာဇိက ကျပြီ ဆိုတဲ့ စွပ်စွဲတဲ့အပြောအဆိုတွေဟာ စွပ်စွဲသူကိုယ်တိုင်က "ကျနော်ဟာဇတ်ပျက်ပါခင်ဗျ" လို့ မပြောသော်လည်း ပြောသလိုပါပဲ...
-လူဝတ်ကြောင်ဥပဒေမှာတောင် တရားခံဟုတ်မဟုတ် စစ်ဆေးရတဲ့ အဆင့်တွေ အများကြီးဖြတ်သန်းရသေးတာ…။ ပါရာဇိက လို ဂရုအာပတ်သင့်ခြင်းမသင့်ခြင်းကို အလွယ်တကူ ဆုံးဖြတ်လိုက်တာ အတော့်ကိုမိုက်မဲတဲ့အပြောအဆိုတွေပဲ….။
-လူ့ ဥပဒေမှာတောင် အမှုဖြစ်အခြင်းအရာ၊ အခြေအနေ စတာတွေပါနေသေးတာ.. အာပတ်သင့်ခြင်းအင်္ဂါတွေ…စိတ်ဇောတွေပါပါတဲ့ ဗုဒ္ဓရဲ့ ဥပဒေတော်ကြီးကို နားလည်ဖို့ ဆိုတာ တပိုင်းကြောင်တွေအတွက် ပိုလို့ သာဝေးရော…
-ဦးဥတ္တမ၊ ဦးဝီရသူ၊အရှင်ဂမ္ဘီရ စတဲ့ကိုယ်တော်တွေ ဟာနိုင်ငံရေးမှာပတ်သက်တာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့  နှစ်ခြိုက်စရာမဟုတ်ပါဘူး..။ မှန်တယ်လို့ မယူဆဘူး..။ဒါပေမယ့် အမျိုးသားရေးအတွက် ကျိုးစားတာဟာ တရားနည်းလမ်းကျရင် ဘုရားအလိုကျဖြစ်တယ်..။ ဥာတကာနင်္စသင်္ဂဟော ဖြစ်တယ်..။
-ဦးဝီရသူ လို သကျသီဟ ဘိဝံသ ရထားတဲ့ ဦးဇင်းတစ်ပါးကို ဘာသာရေးအဆုံးအမတွေ သွားပြောနေတဲ့ "ဖအေထက် တလကြီးချင်နေ"တဲ့ ကနေ့ ခေတ် ဒီမိုလစ်ဗြဲတွေ ကို မြင်နေကြားနေရတာဟာ...ယိုသူမရှက် မြင်သူရှက်ဖွယ်..။
-..သပိတ်တလုံးနဲ့ သင်္ကန်းသုံးထည်ဆောင်ရဟန်းအတွက် ...ဘာအကျိုးအမြတ်မှ မျှော်ကိုးလို့ မဟုတ်ဘူးဆိုတာ.... ငြင်းလို့ မရတဲ့အမှန်တရားပဲ..။ ထောင်အပြင်တန်းမျှပဲရှိနေတာကို သိသိကြီးနဲ့ လုပ်နေတာဟာ…လူဝတ်ကြောင် နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ ကလူတွေ၊ ဒေါင်းတံဆိပ်ကပ်တဲ့ ကျောင်းသားဆိုတဲ့သူတွေထက် ပိုယုံကြည်စိတ်ချအပ်တဲ့ စေတနာဆိုတာ ငြင်းလို့ မရ…။
-ရဟန်းသံယာတွေ နိုင်ငံရေးမှာ မပတ်သက်စေချင်ရင် လူဝတ်ကြောင်တွေ ရိုးသားဖို့ လိုတယ်..။ သာသနာတော်ကို အမှန်တကယ် ထွန်းတောက်စေလိုတဲ့ စိတ်ကောင်းရှိဖို့ လိုတယ်..။ ရဟန်းသံယာနဲ့ သီလရှင်တွေအပေါ်မှာ မိဘက သားသမီးကို ပြုစုပျိုးထောင်ပေးတဲ့ မေတ္တာစေတနာမျိုးထားရှိဖို့ လိုတယ်..။
-ခေါင်းဆောင်တွေ သတ္တိရှိဖို့ လိုတယ်..။ ပြတ်သားဖို့ လိုတယ်..။ လူဝတ်ကြောင်ခေါင်းဆောင်တွေက နိုင်ငံရေးသမားပီပီ… နိုင်ငံရေးစကား၊ ဥပဒေစကားပြောမယ့်အစား "မေတ္တာထားပါ" လို့ အဖြေပေးခြင်းဟာ ဦးဝီရသူက ဥပဒေပြုဖို့ ကြိုးစားတာလို တလွဲဆံပင်ကောင်းတာပဲ..။ ကိုယ့်အလုပ် ကိုယ်မလုပ် false hope မျှော်လင့်ချက်အမှားကို ပေးကြတာပဲ..။ အဆိုးဆုံးကတော့… အာဏာပိုင်အဆက်ဆက်ဟာ လာဘ်လာဘနဲ့ သံယာကို သိမ်းသွင်းပြီး မိမိလိုရာပုံဖေါ်ရင်း သံယာထုကိုချိနဲ့ အောင်လုပ်ခဲ့တာပဲ..။
-ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆုံးစွန်မျှော်မှန်းချက်ဟာ နိဗ္ဗာန်ဆိုတာက ကလေးငယ်တောင် အလယ်တန်းလောက်ရောက်ပြီဆိုရင် နားလည်ပြီ..။ အဲ…နားမလည်တာက အဲဒီနိဗ္ဗာန်ကို သွားတဲ့လမ်းမှာ ၀စီဘေဒ ထိတိုင်းရှပြီး မဂ်တားဖိုလ်တားတရားတွေကို အသံကြောင့်ဖားသေ လုပ်နေကြတဲ့ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင်လို့ ထင်…လစ်ဘရယ်ကျတယ်လို့ ထင်ကြတဲ့ပုဂ္ဂိုလ်တွေပဲ..။
-ခုဖြစ်နေတာတွေဟာ နိုင်ငံရေးကိုဘာသာရေးအတွက်၊ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချဖို့ ကြိုစားလာကြတဲ့ ဗုဒ္ဓဘာသာဝင်နဲ့ အခြားဘာသာဝင်တွေကြောင့် ဖြစ်လာတာပဲလို့ ယုံကြည်တယ်..။ ဒါပေမယ့် သံယာကိုတော့ မစော်ကားလေနဲ့ ….။ အနှစ် ၂၅၀၀ ကျော်သက်တမ်းရှည်တဲ့ ဒီ အင်စတီကျူးရှင်းကြီး ကို ခေါင်းနဲ့ တိုက်ဝံ့တယ်ဆိုရင်တော့လည်း…"စိန်ခေါ်က ဘွာမခတ်ကြေး"…။
Athenian Ahnyarthar
၆၈ နှစ်မြောက် မွေးနေ့ရှင်သို့ ....
$
0
0
ငြိမ်းချမ်းရေး မေတ္တာရှင် တစ်ဦးရဲ့ မွေးနေ့ချိန်ခါလေးမှာ….
Radio ခလုတ် ဖွင့်လိုက်တိုင်း
TV Remote နှိပ်လိုက်တိုင်း
Facebook စာမျက်နှာ ကလစ်လိုက်တိုင်း
ဝမ်းနည်းကြေကွဲဖွယ်.. တုန်လှုပ်ချောက်ချားဖွယ်
သတင်းတွေ မြင်ကွင်းတွေ တစ်ခုမှ တက်မလာဘဲ…
ဆွတ်ပျံ့ကြည်နူးဖွယ် အေးချမ်းနှစ်လိုဖွယ်
ပုံရိပ်တွေနဲ့သာ ပြည့်နှက်နေမယ်ဆိုရင် …..
မွေးနေ့ရှင် ကိုယ်တိုင် ဘယ်လောက် စိတ်ရွှင်လန်း ချမ်းမြေ့နေလိုက်လေမလဲ…
ပြီးတော့……
အခမ်းနားဆုံး ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံတဲ့ မွေးနေ့ အခါသမယ ဖြစ်သွားမှာ အသေအချာပဲ.. လို့ တွေးတောနေမိရင်း ……
ဒါသည်ပင် ၆၈ နှစ်မြောက် မွေးနေ့ရှင်အတွက် ကျနော့်ရင်ထဲက လိုလားတောင့်တဆုံး
မွေးနေ့ဆုမွန် အဖြစ် တောင်းခြွေပို့သလိုက်ရပါတယ်…. …
အန်တီစု ရည်မှန်းထားသော ပန်းတိုင်ဆီသို့ အရောက်လှမ်း ချီတက်နိုင်ပါစေ………..
ရဲဘော်စိတ်၊ သံယောဇဉ် တရား နှင့် ခေါင်းဆောင်မှု
$
0
0
by Wunna ThanHtun (Notes) on Tuesday, June 18, 2013 at 4:04am
ခြေလျှင်၊ ခြေမြန် တပ်ရင်းများနှင့် စစ်လက်ရုံး တပ်ဖွဲ့များ အားလုံး၏  ဂိတ် (၁) အ၀င်လမ်းကြောင်းတစ်လျှောက်တွင် အနီရောင် နောက်ခံတွင် အဖြူရောင် စာလုံးများဖြင့် ထင်းနေအောင် ရေးထားသည့် ဆိုင်းဘုဒ် များထဲမှ “ရဲဘော်စိတ်” ဆိုသည့်  ဆိုင်းဘုဒ်ကို မြင်ဖူး၊ တွေ့ဖူးကြမည် ထင်ပါသည်။  အပြည့်အစုံမှာ “ ရဲဘော်စိတ် ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ်သည်။”
သင်တန်းသား ဘ၀တုန်းက တပ်ရင်း၊ တပ်ခွဲအလိုက် တာဝန်ကျများခန့်အပ်ပြီး ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်မှုစနစ်၊ ကြီးကြပ်သူ (Guardian) များ စုဖွဲ့ထားပြီး ညီရင်း အကိုပမာ brother guardian စနစ်များဖြင့် အထက်အောက် အုပ်ချုပ်သည့် စနစ်များကို အသုံးချပေးခဲ့သည်။ သုံးနှစ်၊ သုံးမိုး အတူနေခဲ့သည် ညီရင်းကိုယ် ပမာ သံယောဇဉ်က ကျောင်းဆင်းပြီး နှစ်ပေါင်းများစွာ ကွဲကွာသွားသည့်တိုင် မပျောက်ပျက်။ တပါတ်စဉ်တည်း ဂါဒီယံ တစ်အုပ်စုတည်း တူချင်းပင် .. နာမယ်ရင်း၊ Nickname ထက် ဂါဒီ ဟု အတိုကောက် ခေါ်သည့် နာမ လေးက စွဲထင်သည့် အထိ။ ထို အရာကိုပင် ရဲဘော်ရဲဘက်ချင်းကြားက သံယောဇဉ် တနည်းအားဖြင့် ရဲဘော်စိတ်မျိုးဟု တွေးထင်ခဲ့မိသည်။
ကျောင်းဆင်းပြီးနောက် တပ်ရင်း တပ်ဖွဲ့များတွင် စတင် တာဝန်ထမ်းဆောင်သည့် အချိန်များရောက်မှ   ရဲဘော်စိတ်သည် တပ်ရင်းတပ်ဖွဲ့များအပေါ် ခေါင်းဆောင်မှုနှင့် ဆက်စပ်နေသည်ကို တဖြည်းဖြည်း နားလည်သိရှိလာခဲ့တော့သည်။ တပ်မတော်လေ့ကျင့်ရေးကျောင်းကြီးများတွင် သင်တန်းသား အားလုံးကို စိတ်ဓါတ်၊ စည်းကမ်းမှတ်၊ တနည်းအားဖြင့် လေ့ကျင့်ရေးမှတ် (၁၀၀) စီ အပြည့်ပေးထားပြီး စိတ်ဓါတ် စည်းကမ်းပိုင်းဆိုင်ရာ အပြစ်ပေးမှုများရှိပါက ၄င်းအမှတ်မှတဖြည်းဖြည်း နှုတ် သွား တတ်သည့် အစဉ်အလာတိုင်းပင်။ မိမိတာဝန်ကျသော တပ်စု၊ တပ်ခွဲအလိုက် လက်အောက်ရှိ စစ်သည်များက မိမိကို လေးစားယုံကြည်မှု၊ ခေါင်းဆောင်မှု နှင့် ပါတ်သတ်၍  အမှတ်ပြည့်ပေးပြီးသား ဖြစ်နေတတ်သည်။ မိမိ၏ ရဲဘော်စိတ် နှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အားနည်းချို့ယွင်းချက်များက ၄င်းတို့အတွက် နှုတ်မှတ်များ ဖြစ်သွားတတ်သည်။
နမူနာ ပြရသော် .. မိမိ ရှေ့တန်းတာဝန်ထမ်းဆောင်ခဲ့စဉ်က ရိက္ခာ နှစ်ပါတ်စာထုတ်ပိုး၍ တပ်တည်နေရာသို့ လှုပ်ရှားသွားလာရမည့် အခြေအနေတစ်ခု ကြုံခဲ့ဖူးသည်။ တပ်စုအတွင်းမှာ တပ်စုတပ်ကြပ်ကြီး အဆုံး၊ အောက်ချေရဲဘော်အထိ မိမိ ကျောပိုးအိပ်အတွင်း ရိက္ခာ အပြည့်အစုံထည့်ပြီး  ချီတတ်မည့် အစီအစဉ်ကို လက်မခံခဲ့ပါ။ (၄င်းတို့၏အဆိုအရ) ခေါင်းဆောင်ကို ပေါ့ပါးလွတ်လပ်နေစေပြီး အရေးအကြောင်းကြုံလျှင် ၄င်းတို့၏ အသက်ကို ဦးဆောင် ကယ်ထုတ်မည့် ယုံကြည်မှုမျိုးဖြင့် မိမိအားအပင်ပန်း မခံစေလိုခဲ့ခြင်းဖြစ်သည်။ ၄င်းယုံကြည်မှုသည်ပင်လျှင် အထက်အရာရှိပေါ် ထားသည့် စစ်သည်များ၏ ရဲဘော်စိတ်တစ်မျိုး ဖြစ်လေသည်။ ထို ယုံကြည်မှု နှင့် ရဲဘော်စိတ်သည် မိမိ၏ စစ်မြေပြင်ခေါင်းဆောင်မှု နှင့် တိုက်ရိုက်ပါတ်သတ်နေသည် မဟုတ်ပါလား။
စစ်သည် အများစု၏ စိတ်တွင် စွဲထင်နေသော အစွဲတစ်မျိုးလည်း ရှိတတ်သည်။ ၄င်းမှာ … တပ်စု တပ်ဖွဲ့အတွင်း ၄င်းတို့သည် အသုံးကျသူများ မဟုတ်၊ ခေါင်းဆောင်သူ အရာရှိ၏ အဆုံးဖြတ်သာ အခရာ ဖြစ်သည်။ မိမိတို့ မရှိလျှင်လည်း ဘာမှ မဖြစ်၊ အချိန်တန်လျှင် လုပ်ငန်းက အလိုလို ပြီးစီးသွားလိမ့်မည် ဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။ ထို အတွေးကြောင့် ရေသာခို အချောင်လိုက်မှုများ ရှိလာတတ်သည်။ ထို့ကြောင့် .. တပ်ရင်းတပ်ဖွဲ့လိုက် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် အောက်ချေရဲဘော်မှ အစ၊ တပ်မှုး အရာရှိ အဆင့်ထိသည် အားလုံးအဆင့်လိုက် တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိကြောင်း၊ ၄င်းတို့၏ အကြံဥာဏ်များကို အလေးထားကြောင်းနှင့် ၄င်းတို့၏ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း၊ ၄င်းတို့သည် အခြေခံအကျဆုံး အင်အားစုများ ဖြစ်ကြောင်း၊ ရည်မှန်းချက် အကောင်အထည်ဖော်ရာတွင် အမိန့်ကွင်းဆက် (chain of command) မပြတ်အောင် လည်ပါတ်ရေးသည် အရေးကြီးကြောင်း၊ အဆင့်အားလုံးသည် သူ့ တန်ဖိုးနှင့် သူ အရေးကြီးကြောင်း နားဝင်အောင် ပြောဆိုဆုံးမရသည်။ ထိုစကားများသည် ၄င်းတို့အတွက် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆောင်မှုများ ဖြစ်သည့်အပြင် တပ်ဖွဲ့အတွင်း ၄င်းတို့၏ တန်ဖိုးကိုလည်း နားလည်လာစေသည်။
စစ်သည်တို့၏ ဘ၀ကို နားလည်အောင် ကြိုးစားခြင်း - စစ်သည်တို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ရင်းနှီးမှုဖြင့်၊ တနည်းအားဖြင့် အမိန့်၊ ကြောက်ရွံ့မှုများကို အသုံးချ၍ ၀င်ရောက်စွက်ဖက်ခြင်းမပြုရ။ သို့သော် မိမိလက်အောက်ရှိ စစ်သည်များ၏ မိသားစုဘ၀၊ အိမ်ထောင်သည် ဘ၀ စသည်တို့ကို သိရှိနားလည်အောင် ကြိုးစားထားရမည်။ ၄င်းတို့၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများကို နှုတ်အားဖြင့် နွေးထွေးစွာ အားပေးခြင်းသည် အထက်အောက် ဆက်ဆံရေးကောင်းမွန်မှုတွင် ကြီးမားသော အထောက်အပံ့ကို ဖြစ်စေသော အကြောင်းရင်း တစ်ချက်ပင် ဖြစ်သည်။
သီးခြားနေထိုင်မှု သတိပြု - မိမိ၏ တသီးတခြားဆန်သော ရပ်တည်မှုကိုလည်း တပ်ဖွဲ့ကို ခေါင်းဆောင်ရာတွင် ပြန်လည် ဆန်းစစ်သင့်သည်။ လူ တစ်ယောက်၏ စရိုက်လက္ခဏာ အရ အဖွဲ့အစည်းနှင့် မနေတတ်၊ သီးခြားရပ်တည် နေထိုင်တတ်သော သူများလည်းရှိနိုင်သည်။ ထို စရိုက်ကြောင့်ပင် လက်အောက်စစ်သည်များမှ ၄င်းတို့အပေါ် “စိမ်းသည်” ဟူသော အမြင်မျိုး ဖြစ်သွားတတ်သည်။ ထို အမြင်သည် တပ်ဖွဲ့ဝင် အချင်းချင်းအကြားက ဆက်ဆံရေးအတွက် ခလုတ်ကန်သင်း ဖြစ်သည်။ (မိမိတို့၏ အခက်အခဲကို ၄င်းတို့ တပ်ခွဲမှ တပ်ခွဲမှုးအား သတင်းမပို့ရဲသဖြင့် အခြား တပ်ခွဲမှုးတစ်ဦးကို သတင်းပို့နေသော စစ်သည်များကို ကြုံခဲ့ရဖူးသည်။) ထို့ကြောင့် ဦးဆောင်သူ အရာရှိသည် စစ်သည်များနှင့် လိုအပ်သော အတိုင်းအတာ တစ်ခုထိ ရင်းနှီးကျွမ်းဝင်ရန်လည်း လိုအပ်သည်။ သို့သော် ….။၎င်း သို့သော် သည် အရေးကြီးပါသည်။
အပေါစား ခေါင်းဆောင်မှု -   မလိုလားအပ်သော ထွေးရောယှက်တင် ပေါင်းသင်းဆက်ဆံမှု မျိုးကိုလည်း သတိပြုရှောင်ရှားရသည်။ ထိုသို့သော ခေါင်းဆောင်မှုမျိုးကို “အပေါစား ခေါင်းဆောင်မှု” ဟု ခေါ်သည်။  တစ်ခါတရံတွင် ဦးဆောင်သူ အရာရှိ၏ အပြုအမူသည် စစ်သည် တို့အပေါ်တွင် အရိုအသေတန်စေသည့် အပြုအမူမျိုး ဖြစ်သွားတတ်သည်။ ထို အခြေအနေသည် လက်အောက်အား ကွပ်ကဲအုပ်ချုပ်မှုကို ထိခိုက်စေနိုင်သည်။ ရင်းနှီးလွန်းတော့ မလေးစား ဆိုသည့် အဖြစ်မျိုးကို မည်သည့် တပ်ဖွဲ့ခေါင်းဆောင်မျိုးကမှ လိုချင်မည် မဟုတ်။  ၄င်းအခြေအနေမျိုးကို အပေါစား ခေါင်းဆောင်မှု ပုံစံမျိုးတွင် တွေ့ရတတ်သည်။ စစ်သည်များနှင့် ရင်းနှီးကျွမ်းဝင်မှုမျိုး ရှိရမည် ဖြစ်သော်လည်း သူ့ စည်းနှင့် သူ၊ ကိုယ်စည်းနှင့်ကိုယ် နေတတ်ထိုင်တတ်ရမည် ဖြစ်ပါသည်။
မိသားစု ပုံစံဆက်ဆံရေး - တပ်ဖွဲ့တစ်ခုတွင် လေ့ကျင့်မှု၊ လုပ်ငန်းတာဝန်ခိုင်းစေမှု နှင့် အနားပေးမှု သည့် သုံးနားညီ တြိဂံ ပုံစံမျိုး ဖြစ်သည်။ အချိုးညီမျှရမည်။ တာဝန်ချိန်ပြီးဆုံးပါက ပြည့်ဝသော အနားပေးမှုမျိုး လိုအပ်သည်။ သို့မှသာ နောက်ထပ် ရည်မှန်းချက် တာဝန်တစ်ခုအတွက် အပြည့်အ၀ လန်းဆန်းနေမည်ဖြစ်သည်။ စစ်သည်တို့ နှင့် အတူ အားကစား လုပ်ခြင်း၊ ၄င်းတို့၏ စားရိပ်သာများသို့ မကြာခဏ ၀င်ရောက်စစ်ဆေးခြင်း၊ ၄င်းတို့ စားသည့်ပုံစံမျိုး ရံဖန်ရံခါ တွဲဖက်စားသောက်ခြင်း များသည်လည်း ၄င်းတို့နှင့် တစ်သားတည်းရှိသည့်ပုံစံမျိုး ပြသရာ ရောက်သည်။ သို့သော် Respct လိုချင်သဖြင့် For show လုပ်ပြသည့်ပုံစံမျိုး မဖြစ်ရန် လိုအပ်သည်။ ၄င်းတို့အား မုန့်ဖိုးပေးခြင်း၊ အရက်တိုက်ခြင်းများထက် .. ၄င်းတို့၏ ကိုယ်ရေးကိုယ်တာ များကို ၀င်ရောက်ဆွေးနွေးအားပေးခြင်းက ပို၍ ထိရောက်သည်။ ဥပမာ .. အနာဖြစ်နေသော ရဲဘော်ကို ပိုက်ဆံပေး၍ ကုသခိုင်းခြင်းထက် မိမိကိုယ်တိုင် ဆေးဝယ်ပေးပြီး .. “ရော့ တပည့် .. ဒါကို ဘယ်အချိန်မှာ လိမ်း၊ ဘယ်လောက်ကြာအောင်လိမ်း။ ဒီ အနာကို မပျောက်မခြင်း ငါ ဆေးဝယ်ပေးမယ်” ဆိုသည့်  ဂရုတစိုက် အလေးထားမှုမျိုးကို အများစုက လိုချင်ကြသည်။ မိသားစု နှင့်ကင်းကွာပြီး နေရသူများအတွက် မိသားစု ဆန်သည့် ဆက်ဆံရေးက မည်မျှထိမိကြောင်း အကျယ်တ၀င့် ရှင်းပြနေဖို့ လိုမည် မထင်ပါ။ (တခါတရံ လူပျိုစစ်သည်များအတွက် မိန်းမလိုက်တောင်းပေးခြင်း၊ ရည်းစားစာ ရေးပေးရခြင်းမျိုးလည်း ကြုံရတတ်သည်။ ထို ကိစ္စများအတွက် ဂုဏ်ယူပါ။ ၄င်းတို့သည် မိမိအား ဆရာတစ်ဦးသဖွယ်၊ မိဘတစ်ဦးသဖွယ် လေးစားအားကိုးသောကြောင့် ဖြစ်သည်။)
ရပိုင်ခွင့်များအား ကြီးကြပ်ပေးခြင်း - ၄င်းတို့၏ ရပိုင်ခွင့်များနှင့် ပါတ်သတ်၍ ဖြစ်သည်။ မိမိလက်အောက်ရှိ စစ်သည် တစ်ဦးချင်းနှင့် သက်ဆိုက်သည့် စစ်ဝတ်နှင့်ဆိုင်သော ထောက် - ၂၅ ပစ္စည်းများ ပုံမှန်ရရှိရေး၊ လစာ၊ ဘဏ်စုကြေး ကိစ္စ ရပ်များ အားလုံးထိ သိရှိအောင် လုပ်ထားပြီး နစ်နာမှုများ မရှိစေရန် အထူးကြပ်မတ်ရသည်။ စစ်သည်များ နားလည်ကျွမ်းဝင်နေစေရန်လည်း ရှင်းပြရမည်။ ၄င်းတို့၏ ငွေကြေး များကို ရင်း ရံပုံငွေများတွင် မည်၍ မည်မျှ ထည့်ဝင်ရသည်၊ မည်သည့်အတွက် မည်မျှသုံးရသည်ကို ၄င်းတို့ နားလည်သည်အထိ ရှင်းပြရမည့် တာဝန်မှာ ဦးဆောင်သူ တပ်စုမှုး၊ တပ်ခွဲမှုး ၏ တာဝန်ဖြစ်သည်။ မကျေလည်မှုများရှိပါက ကျေလည်အောင် ဖြေရှင်းပေးရမည်။ မိမိစားပွဲတွင် မလိုအပ်ဘဲ ကြန့်ကြာနေသည့် စာရွက်စာတမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များ မရှိအောင် အထူး ဂရုစိုက်ရသည်။
တပြေးညီ ဆက်ဆံမှု - ထို အရာသည်လည်း အချင်းချင်း ရဲဘော်စိတ်အတွက် အရေးကြီးသော ဆက်ဆံမှုမျိုး ဖြစ်သည်။ ဆုပေး၊ ဒါဏ်ပေးစနစ်မျိုးရှိတတ်သော်လည်း ခွဲခြားဆက်ဆံမျိုး မဖြစ်ရန် လိုအပ်သည်။ စည်းကမ်းသေ၀ပ်သည့် စစ်သည်ကို ဦးစားပေးပြီး သောက်စားမူးရစ်တတ်သည့် စစ်သည်ကို ဖိနှိပ်အုပ်ချုပ်သည့် ပုံစံမျိုးသည် မှားယွင်းသော ခေါင်းဆောင်မှု ဖြစ်သည်ဟု သုံးသပ်မိသည်။ ထို အချက်သည် ၄င်းစစ်သည်များအတွက် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်ဖြစ်လာတတ်သည်။ တစ်ခါတရံ မိမိကိုယ်တိုင် ၄င်းစစ်သည်ကို နားဝင်အောင် ဆုံးမခြင်းထက် ၄င်းကို တိုက်ရိုက်ကိုင်တွယ် ကြီးကြပ်သည့် တပ်စိတ်မှုး၊ တပ်စုတပ်ကြပ်ကြီးတို့မှ တဆင့် ဆုံးမခိုင်းရသည်။ အလွန်အကျွံဆုံးမခြင်းမျိုး မဖြစ်စေရန် မိမိက ကြိုတင်မှာကြားထားရမည်။ အရာရှိ နှင့် စစ်သည်များကြားတွင် အထက်အောက် ဆက်ဆံရေးမျိုး ရှိတတ်သော်လည်း စစ်သည်အချင်းချင်းကြားတွင်မှု အလျားလိုက် ဆက်ဆံရေးမျိုး ရှိတတ်သည်။ အချို့ ကိစ္စများတွင် အရာရှိ ကိုယ်တိုင် ၀င်ရောက်ကိုင်တွယ်သည်ထက် စစ်သည်အချင်းချင်း အပြန်အလှန် ထိမ်းကြောင်းမှုက ပို ထိ ရောက်တတ်သည်။
အထက်တွင် ဖော်ပြခဲ့သောအကြောင်းအရာများသည် မိမိ တပ်ရင်းတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တွေ့ကြုံခဲ့ရသော အခြေအနေများမှ ရဲဘော်စိတ် နှင့် ခေါင်းဆောင်မှု ပိုင်းဆိုင်ရာ အတွေးစများ ဖြစ်သည်။ စစ်သည်အချင်းချင်း ကြားက ခိုင်မြဲသော ရဲဘော်စိတ်အတွက် ကောင်းမွန်သော ခေါင်းဆောင်မှုပေးရန်လိုသည်။ တပ်မတော်တွင် ခေါင်းဆောင်မှုသည် အလွန်ကျယ့်ပြန်သော ဘာသာရပ် တစ်ခုဖြစ်သည်။ဤနေရာတွင် ခေါင်းဆောင်မှု တစ်ခုတည်းအတွက် ကွက်၍ အကျယ် ပြောလိုခြင်း မဟုတ်။ တပ်ဖွဲ့ဝင် အချင်းချင်းအပေါ်တွင် မိသားစုကဲ့သို့ သံယောဇဉ်ရှိသော ဆက်ဆံရေးမျိုးတည်ဆောက်နိုင်ရန် ခေါင်းဆောင်ဖြစ်သူတွင် တာဝန်ရှိကြောင်း နှင့် ခေါင်းဆောင်မှု နှင့် ရဲဘော်စိတ်သည် ဆက်စပ်မှုရှိကြောင်းကို  ပြောလိုရင်းသာ ဖြစ်သည်။ စစ်သည်အချင်းချင်းကြားက သံယောဇဉ်တရား နှင့် သစ္စာ စောင့်သိမှုသည်ပင်လျှင် တိုက်ပွဲအောင်နိုင်ရေးအတွက် အဓိက အထောက်အပံ့ဖြစ်သော ... ရဲဘော်စိတ် ကို ခိုင်မြဲတည်တံ့နေစေသည် မဟုတ်ပါလား။
ကနေဒါ တပ်မတော်၏ ခေါင်းဆောင်မှုဆိုင်ရာ ပုံစံတစ်ခု
ဝဏ္ဏသန်းထွန်း
(၁၈၊ ဂျွန်၊ ၂၀၁၃)
'အပြန်လမ်း' နဲ့ ကျနော်
$
0
0
ဟိုးတုန်းက ဖတ်မိတဲ့ ...
ဘာသာပြန် စာအုပ်လေးတစ်အုပ်ကို သတိရမိတယ်…။
ကျွန်တော်တို ရဲ့ဘ၀တွေနဲ့ များ ...
ထပ်တူကျနေသလားလို့ ပါ…..
တွေးရင်း ရင်နင့်လာတာနဲ့ စာမြည်းလေး ရေးလိုက်မိပါတယ်…။
မူရင်းစာရေးသူက ဂျာမန်စာရေးဆရာကြီး Erich Maria Remarque ပါ…။
ဘာသာပြန်သူက ဆရာကျော်တင့်ပါ ….။
စာအုပ်နာမည်က အင်္ဂလိပ်လို The Road Back တဲ့ ...အပြန်လမ်းပေါ့ …။
ဒီစာအုပ်ကို လူသိပ်မသိကြပေမယ့် ...
သူ့  ရဲ့ ပထမပိုင်းလို့ ပြောရမယ့် ...
" အနောက်ဖက် စစ်မျက်နှာ တွင် အားလုံးငြိမ်သက်နေကြသည် " …
( All quite on the western front )… ဆိုတဲ့
စာအုပ်ကိုတော့ အတော်လူသိများပါတယ်…။
စာအုပ်ကတော့ ...
အပြန်လမ်း ဆိုတဲ့ အတိုင်း ...
ပထမ ကမာစစ် အပြီးမှာ စစ်ရှုံးပြီး ပြန်လာတဲ့
ဂျာမန်စစ်သားလေးတွေရဲ့  ဘ၀ကို ရေးထားတာပါ…။
စစ်ရှုံးလာတဲ့ ဂျာမန်တပ်စုလေး …
သူတို့ တိုင်းပြည်ကို ပြန်ရောက်ချိန်မှာ…
ဂျာမနီဟာ ချုံးချုံးကျနေပါပြီ……
စစ်လျော်ကြေး တနင့်တပိုး …ငွေကြေးဖောင်းပွမူ …
အလုပ်လက်မဲ့ပြသနာတွေနဲ့ …မြို့ အားလုံးဟာလဲ…
စစ်ဒဏ်ကြောင့် ပျက်စီးနေပါပြီ….။
အိမ်ပြန်ရောက်ရောက်ချင်း….
ပထမဆုံး သူတို့ ရင်ဆိုင်ရတာက …
ရထားပေါ်က ဆင်းဆင်းချင်း ကြုံရတဲ့ ...
ဆန္ဒ ပြ လူအုပ်ကြီးပါ…။
သူတို့ တပ်စုကိုလဲ မြင်ရော …
ရရာလက်နက်စွဲကိုင်ပြီး တိုက်ခိုက်ဖို့ ကြိုးစားကြတယ်…။
စွပ်စွဲချက်တွေလဲ တသီကြီးပါ….။
စစ်အာဏာရှင်တွေရဲ့  လက်ပါးစေတွေ….
စစ်ဝါဒီတွေ …....
စစ်ကျွန်တွေ …....
အဖဂျာမဏီပြည်ကြီးကို ဖျက်ဆီးခဲ့တဲ့ကောင်တွေ…
........ ….....
........ ........
လူအုပ်ကို ခေါင်းဆောင်လာတဲ့သူတစ်ယောက်ကတော့ …
မြို့ ရဲ့ အပျက်အစီးတွေကို လက်ညိုးထိုးပြီး ….
မင်းတို့ လုပ်ခဲ့ တာတွေမြင်လား …ဆိုပြီးပြပါတယ်….။
ဒဏ်ရာရသူတစ်ချို့  ပါဝင်ပြီး ....
သွေးပေနံစော်နေတဲ့ …
ယူနီဖောင်းအညစ်အပတ်တွေကို ၀တ်ထားတဲ့
သူတို့ တပ်စုလေးဟာ....
လူအုပ်ကြီးကို ပြူးကျယ်ပြီး နားမလည်နိုင်တဲ့
မျက်လုံးအစုံတွေနဲ့ ကြည့်နေကြပါတယ်…။
သူတို့ အားလုံးဟာ ရှေ့ တန်း စစ်မြေပြင်မှာ …
နေ့ စဉ်ရက်ဆက် တိုက်ပွဲဝင်ရင်း ..
မအိပ်ရတာကြာလို့  မျက်တွင်းဟောက်ပက် ....
ပါးချောင်နားချောင်ကျနေတဲ့ မျက်နှာတွေနဲ့ …
မရိတ်သင်ရတာကြာပြီဖြစ်တဲ့…..
မုတ်ဆိတ်ကျင်စွယ်တွေ ကိုယ်စီဗလဗျစ်နဲ့ ပါ…။
သူတို့ ကို ကြိမ်းမောင်းနေတဲ့ လူအုပ်ထဲမှာ…
သူတို့ သိတဲ့သူ အတော်များများကိုလည်း တွေ့ ရပါတယ်…။
သူတို့ နားမလည်နိုင်ဆုံးကတော့ ဒီလူတွေကပဲ …
သူတို့ ရှေ့ တန်းစစ်မြေပြင်ထွက်ခါနီးမှာ …
ဂုဏ်ပြုပွဲတွေ အကြီးအကျယ်လုပ်ပြီး
သူတို့ ကို ချီးကျူးခဲ့ တဲ့ သူတွေ ဖြစ်နေတာကိုပါပဲ …။
( စစ်သားချင်း ကိုယ်ချင်းစာမိတဲ့ ရဲမိုး )
Viewing all 1811 articles
Browse latest View live