Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

နိုင်ငံတော်အတွက် ဘောဂဗေဒစနစ်ကို ထိန်းကျောင်းကိုင်တွယ်မယ်ဆိုရင်....

$
0
0

by NayHtet HtetAung on Saturday, March 2, 2013 at 11:55pm ·
နိုင်ငံတော်အတွက် ဘောဂဗေဒစနစ်ကို ထိန်းကျောင်းကိုင်တွယ်မယ်ဆိုရင်....
                ဟိုယခင်ကတည်းက ဘောဂဗေဒပညာရှင်တွေရဲ့ တွေးခေါ်နိုင်စွမ်းတွေနဲ့ သူတို့ရဲ့သီအိုရီတွေဟာ လူ့ဘောင်လောကကို အကြီးအကျယ်ပြောင်းလဲစေခဲ့ကြောင်းကို သတိပြုခဲ့မိပါတယ်။အထူးသဖြင့် ASEAN ,AFTA နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ၊Trade Theory(ကုန်သွယ်မှုဆိုင်ရာ သီအိုရီ) တွေကိုလေ့လာ ဆည်းပူးရချိန်မှာ သိရှိခံစား လိုက်ရပါတယ်။
အခုCommonding Hight Documentary အခွေကို ကြည့်ရှုပြီး ချိန်မှာတော့ ကိုယ်ထင်တာထက် ပိုဆိုးပါလား... လို့သိလိုက်ရပါတယ်။ ဂျွန်မေးနပ်စ်ကိန်း ဆိုတဲ့ဘောဂဗေဒ ပညာရှင်ကြီးက အရင်းရှင် စနစ်ကို အစိုးရရဲ့ အထိန်းအကွပ်လေးနဲ့ ရှိစေချင်ပါတယ်။ ဖက်ရက်ဒရစ်ဟေးယက် လို့ခေါ်တဲ့ ဘောဂဗေဒပညာရှင်ကြီး ကတော့ အရင်းရှင်စနစ်ကို ဈေးကွက်ရဲ့ အလိုအတိုင်း လွတ်လပ်စွာ စီးဆင်းခွင့် ပြုစေချင်ပါတယ်။  ဒီပုဂ္ဂိုလ် နှစ်ဦးရဲ့ အယူအဆ သဘောထားရေးရာတွေဟာ ကမ္ဘာကြီးတစ်ခုလုံးရဲ့ စီးပွားရေး၊ နိုင်ငံရေးတွေအပေါ်ကို ကြီးစွာသော အရှိန်အဟုန်နဲ့ ရိုက်ခတ်ပြီး လူတစ်ယောက်ခြင်းရဲ့ဘဝ၊ မိသားစု တွေရဲ့ဘဝအထွေထွေနှင့် နိုင်ငံတွေတစ်ခုခြင်း ဆီရဲ့အပေါ်ကို ကောင်းသော အကျိုးဆက်တွေရော ခံစားရခက်တဲ့ဝေဒနာတွေရောကို ဖြစ်စေခဲ့ပါတယ်။
            
  ဂျွန်မေးနပ်စ်ကိန်းက ကမ္ဘာ့စီးပွားပျက်ကပ်ကြီးတွေဖြစ်ရင်၊နိုင်ငံတွေမှာ စီးပွားရေးဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်ရင်၊နိုင်ငံတကာစီးပွားပျက်ကပ်တွေကြုံရင်....ဘာ့ကြောင့်ဖြစ်တာလဲ..၊ဘယ်လိုဆယ်ယူမလဲ... ဆိုတဲ့ဘက်ကနေ တွေးခေါ်ပြီး.. သုံးသပ်ချက်တွေကို အပေါ်စီးကနေခြုံကြည့်တဲ့ Macroeconomic (တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာတွေကို အပေါ်စီး ကနေခြုံငုံ လေ့လာပြီး မူဝါဒများ ချမှတ်ခြင်း)နဲ့Macroeconimic စီးပွားရေးဆိုင်ရာ ဝေါဟာရသစ်တွေ ကို တီထွင်ခဲ့ပါတယ်။ကိန်းစ်ရဲ့''စီးပွား ပျက်ကပ်ကို ဘယ်လို ဆယ်တင်မလဲ...''ဆိုတဲ့ သီအိုရီနဲ့တွေးခေါ်မှုတွေက လက်တွေ့ ကျပြီးအောင်မြင်တဲ့ အဖြေကို ရစေခဲ့ ပါတယ်။ မဟာစီးပွားပျက်ကပ်ကြီးကနေ ကမ္ဘာကြီးကို ဆယ်ထုတ်တွန်းယူနိုင်ခဲ့ပါတယ်။ ခုချိန်ထိ ခေတ်မီနေတဲ့ ကမ္ဘာ့ဘဏ်၊ IMF ဆိုတဲ့ အဖွဲ့အစည်းကြီးတွေ တည်ထောင်တော့လည်း ကိန်စ်းရဲ့Idealism ဝါဒနဲ့လူသားချင်းစာနာမှု ဝါဒတွေကိုချီးကျူးခဲ့ကြပါတယ်။
             
 ကိန်းစ်ရဲ့ ယုံကြည်ချက်တွေကို ဆန့်ကျင်တဲ့အမြင်နဲ့ အတွေးအခေါ်ရှိတဲ့ ဘောဂဗေဒ ပညာရှင်တွေ လည်းရှိကြပါတယ်။ဈေးကွက်ရဲ့လွပ်လပ်မှုက အလုပ်ဖြစ်ပြီး အစိုးရရဲ့ ထိန်းချုပ်မှုက အလုပ်မဖြစ်ဘူးလို့ ယုံကြည်တဲ့ လူးဝစ်ဘွန်မိုက်ဆိုတဲ့ဘောဂဗေဒပညာရှင်ကြီးရဲ့ အတွေးအခေါ်တွေကို ဖရက်ဒရစ်ဟေးယက် ဆိုတဲ့ဘောဂဗေဒပညာရှင်ကလည်း လက်ခံယုံကြည်ခဲ့ပါတယ်။ကိန်းစ်ရဲ့အယူအဆတွေဟာ အနာဂတ်အတွက် ခြေလှမ်းမှားကြီးတွေပဲလို့ သူတို့တွေက ယုံကြည်ခဲ့ပါတယ်။ကျေးပိုင်ကျွန်ပိုင်စနစ် ဆီသို့ဆိုတဲ့ စာအုပ်ကို ထုတ်ဝေပြီး ကိန်းစ်ရဲ့သီအိုရီတွေကို အလဲထိုးဖို့ကြိုးစားခဲ့ပေမယ့် ဖရက်ဒရစ်ဟေးယက် တို့ တွေရှုံးနိမ့်ခဲ့ပါတယ်။ နောင်နှစ်ပေါင်း အတော်ကြာ ၁၉၇၃ခုနှစ်ဗြိတိန်မှာ  မာဂရက်သက်ချာ အစိုးရတက်လာပြီး ဟေးယက်ရဲ့ စာအုပ်ကိုကိုင်ပြီး ဒါဟာသူ့ရဲ့ ယုံကြည်ချက်ပါပဲလို့ ပြောတဲ့ အချိန်ထိတိုင်အောင် ဟေးယက်က သူမှန်ကန်ကြောင်း ကမ္ဘာကသိဖို့ စောင့်စားခဲ့ရပါတယ်။မာဂရက်သက်ချာဟာ ဟေးယက်ရဲ့သီအိုရီတွေအတိုင်း ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးကို ပြန်လည် တည်ဆောက်ပြုပြင်ခဲ့ပါတယ်။

ဒီလိုပြောင်းလဲတည်ဆောက်ရာမှာ ထောက်ခံသူအနည်းငယ်နဲ့ ကန့်ကွက်သူ များစွာကြား ကနေ မာဂရက်က သူမရဲ့ ယုံကြည်မှုတွေ မှန်ကန် ကြောင်းပြသပြီး ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးကို ဦးမော့ပေးနိုင်ခဲ့ပါတယ်။ မာဂရက်နဲ့ဗြိတိန်နိုင်ငံကို အားကျပြီး စီးပွားရေးပေါ်လစီတွေကို လိုက်လံပြုပြင်ခဲ့ကြတဲ့ နိုင်ငံတွေ ဟာလည်း အောင်မြင်မှုတွေ အလုံးအရင်း ရရှိလာကြပါတယ်။
               
ဒီလိုနဲ့ တစ်ကမ္ဘာလုံးမှာ ဟေးယက်တို့ရဲ့ ဈေးကွက်ကိုသူ့အလိုတိုင်း စီးဆင်းခွင့်ပြုစေတဲ့ ပညာရပ်နဲ့ ပညာရှင်တွေ အားကောင်းလာပြီး အောင်မြင်ခဲ့ကြပါတယ်။ နိုင်ငံတကာမှာလည်းဒီဘောဂဗေဒစနစ်ကို လိုက်နာ အတုယူကြ၊ကျင့်သုံးခဲ့ကြပါတယ်။ ဒါပေမယ့် မကြာခင်ကပဲ အလန်ဂရင်းစပန်ဦးဆောင်တဲ့ အမေရိကန် ဗဟိုဘဏ်ရဲ့ လွဲမှား တွက်ချက်ကျင့်သုံးခဲ့တဲ့ ငွေကြေးဆိုင်ရာ ပေါ်လစီကြောင့် အမေရိကန်မှာ စီးပွား ပျက်ကပ်ကြီး ၂၀၀၈ခုနှစ်မှာ ဖြစ်ပေါ်လာပါတယ်။ ဒါကိုဘာနဲ့ပြန်ကုစားမလဲ ဆိုတဲ့အခါမှာ ဂျွန်မေးနပ်ကိန်းစ် ရဲ့ သီအိုရီတွေ တစ်ပါတ်ပြန်ကျော့ ရောက်ရှိလာပါတယ်။ ဘောဂဗေဒပညာရှင်တွေဟာ မျက်မှောက်ခေတ်သစ်နဲ့ လိုက်လျော ညီထွေတဲ့ သီအိုရီ အသစ်တွေကို ထပ်မံတီထွင်နိုင်ခြင်း မရှိသေးကြောင်း မီးမောင်းထိုးပြ ခံလိုက်ရသလို၊ဝေဖန်မှုတွေလည်း ခံခဲ့ရ ပါတယ်။
            
ဒါဆိုရင် ကျွန်မစဉ်းစားမိတာက ကိန်းစ်က မှန်သလား...?။ဟေးယက်က မှန်သလား...?။ဒါမှမဟုတ်ရင် ကိန်းကပိုတော်သလား...?။ဟေးယက်က ပိုတော်သလား...?။သူတို့နှစ်ဦးရဲ့ သီအိုရီတွေနဲ့မတူတဲ့၊ပိုပြီးလည်း ကောင်းတဲ့တခြားသော သီအိုရီတွေရှိသေးသလား...?။ ကိန်းစ်ကမှန်ပြီးတော့ မှားသွားတာလား...?။ ဟေးယက်က မှားပြီးတော့မှ မှန်သွားတာလား...?။ ကျွန်မတို့နိုင်ငံတော်စီးပွားရေးတိုးတက်စေဖို့ အတွက်ရော ဘယ်သီအိုရီကို ကျင့်သုံးဖို့လိုတယ်လို့ထင်ပါသလဲ။ တကယ်တော့ အချိန်ကာလတစ်ခုပါပဲလို့ ကျွန်မ ထင်မြင်မိပါတယ်။ အမြဲတမ်း ပြောင်းလဲနေတာ အချိန်ပါပဲ။အဲဒီအချိန်ကာလ အပိုင်းအခြားတွေအလိုက် တခြားသော ကဏ္ဍတွေနှင့်မတူညီတဲ့ ဖြစ်ရပ်တွေကြားမှာ လိုက်လျှောညီထွေရှိမယ့်သီအိုရီကို သုံးစွဲဖို့ပဲ လိုအပ်တယ်လို့ထင်ပါတယ်။
             
 အခြေအနေနဲ့ အဖြစ်အပျက်တွေကို သုံးသပ်ပြီးရင် ကိန်းစ်ရဲ့သီအိုရီနဲ့ဖြေရှင်း ကြမလား..?။ ဟေးယက်ရဲ့ သီအိုရီနဲ့ ဖြေရှင်းကြ မလား..?။တခြားရော ဘာသီအိုရီကောင်းတွေ ရှိသေးသလဲ..?။ဆိုတာတွေကို စဉ်းစားဖို့ပဲလိုတယ်ထင်ပါတယ်။ ကိန်းစ်မှန်တယ်... လက်ခုပ်တီးပေးလိုက်ကြ။ကိန်းစ်မှားသွားပြီ...ပစ်ပယ်ထား လိုက်ကြ။ဟေးယက်မှားတယ်... ဖယ်ကျဉ်ထားလိုက်ကြ။ဟေးယက်မှန်သွားပြီ...ဝိုင်းပြီးသြဘာပေးကြ။ ဆိုတဲ့ စဉ်းစားတွေးခေါ်မှုမျိုး၊ သုံးသပ်မှုမျိုးတွေထက် ဘယ်အခြေအနေမှာ ကိန်းစ်ရဲ့အဆိုက အကျိုးဖြစ်ထွန်း စေပြီး ဟေးယက်ရဲ့ အဆိုတွေက ဘယ်ကာလတွေမှာ ပိုပြီးအကျိုးဖြစ်ထွန်းစေသလဲ.. လို့သာစဉ်းစားသင့် တယ်လို့ ထင်ပါတယ်။ ကိန်းစ် လည်းမဟုတ် ဟေးယက်လည်း မဟုတ်တဲ့ မထင်ရှားတဲ့ ဘောဂဗေဒသမား တစ်ယောက်က ထုတ်တဲ့ သီအိုရီတစ်ခုကို ကျွန်မတို့နိုင်ငံရဲ့အနာဂတ်အတွက် သုံးသင့်ရင်လည်း သုံးရမှာပါ။ ကျွန်မတို့မှာ ပုဂ္ဂိုလ်စွဲတွေ၊ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေကို လျှော့ချပြီး လူမှန်သမျှအပေါ် အထင်သေးချင်တဲ့စိတ်၊ အထင်ကြီးချင်တဲ့စိတ်တွေကို ဖျောက်ဖျက်နိုင်ဖို့ လိုနေပါတယ်။
          
  မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့စေဖို့ဆိုရင် နိုင်ငံတော်ဗဟိုဘဏ်အတွက် ဥက္ကဌကောင်း တစ်ယောက်ကိုရှာဖွေဖို့လိုအပ်နေပါတယ်။ဒီဥက္ကဌနေရာအတွက် အရည်အချင်းရှိတဲ့လူတွေကို ရွေးချယ် ရပါမယ်။ အဲဒီရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေကို လွှတ်တော်ရေးရာကော်မတီတွေရှေ့မှာ မေးမြန်းစစ်ဆေး ကြားနာ ပြီးတော့မှ စကာတင်တစ်ယောက်ကို ရွေးချယ်စေချင်ပါတယ်။ ဒီရွေးချယ်မှုမှာ ''ကိုယ့်လူ၊သူ့လူ''ဆိုတဲ့ ဘက်လိုက်မှုတွေ.. ''ငါတို့ပြောရင်၊ဖိအားပေးရင် နားထောင်မယ့် လူလိမ္မာလေးဖြစ်ဖို့ လိုတယ်'' ဆိုတဲ့ အတွေးတွေ..မပါဝင်ဖို့လိုအပ်ပါတယ်။ အဓိကအရေးကြီးတာကတော့ အဲဒီပုဂ္ဂိုလ်ဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့နိုင်ငံရေး အခြေအနေတွေ၊ အာရှ နိုင်ငံတွေက စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေ အာဆီယံ ဒေသတွင်းက စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အခြေအနေတွေကို လေ့လာသုံးသပ်နိုင်ရပါမယ်။ အဲလိုလေ့လာ သုံးသပ်ပြီးရင် ''အခြေအနေကောင်းတွေမှာ နိုင်ငံတော်အတွက် ဘယ်လိုအမြတ်ထုတ် ယူနိုင်မလဲ... အခြေနေမကောင်းရင် ဘယ်လိုကာကွယ်ပေးမလဲ...'' ဆိုတာတွေကို ဝေဖန်သုံးသပ်နိုင်စွမ်းတွေ ရှိရပါမယ်။ လုပ်ရဲကိုင်ရဲရှိရပါမယ်။ ''တခြားဘောဂဗေဒသမားတွေ လည်း ဒီလိုလုပ်ကြတာပဲ..ကျုပ်လည်းဒီလို လုပ်ခဲ့တာပဲ သူ့ဟာသူဖြစ်သွားတာတော့ ကျုပ်လည်းမတတ်နိုင်ဘူး..'' ဆိုတဲ့လူစားမျိုးဖြစ်လို့မရပါဘူးးး။
                
 မြန်မာနိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံလေးရဲ့ ထုထည်ပမာဏ က သေးကွေးပါတယ်။ နိုင်ငံရေး၊ စီးပွားရေး တစ်ခုခုလှုပ်လိုက်တိုင်း ရမ်းခါသွားလေ့ရှိတဲ့ ဥပမာတွေ တစ်ပြုံကြီး ရှိပါတယ်။ လှေငယ်တော့ လှိုင်းကြီးတဲ့ဒဏ်ကိုမခံနိုင်တဲ့သဘောလေးပါ။ ဒီတော့ဦးဆောင်ပဲ့ကိုင်သူရဲ့ လုပ်ရည်ကိုင်ရည် ကြံရည်ဖန်ရည် တွေနဲ့ သတ္တိက တကယ်ကိုလိုအပ်ပါတယ်။ ကျွန်မရေးတဲ့ စီးပွားရေး ဆိုင်ရာဆောင်းပါးတွေဟာ ဘာသာပြန်တွေ ကို ကူးယူဖော်ပြထားခြင်းမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်တွေကို ဘောဂဗေဒသမားမဟုတ်တဲ့ သာမန်ပြည်သူတွေနဲ့ တခြားဘာသာရပ်ဆိုင်ရာ ပုဂ္ဂိုလ်တွေ နားလည်လွယ်စေမယ့် ပြည်တွင်းဖြစ်ဥပမာတွေနဲ့ပဲ ရေးပေးချင်တာပါ။ ဒီစာကိုရေးဖို့အတွက် ကိန်စ်းနဲ့ ဟေးယက်ရဲ့ စာတွေ သီအိုရီတွေ အများကြီးပြန်ဖတ် အထပ်ထပ်သုံးသပ်ပြီး  အချိန်ယူပြီးမှ ရေးထားတာပါ။ ပျင်းဖို့ကောင်းတဲ့ စာတွေ့တွေကို လုံးဝထည့်မရေးချင် ပါဘူး။ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်က အကြောင်းအရာတွေနဲ့ နားလည်လွယ်အောင်ပဲ ရေးချင်ပါတယ်။
                      
 ကျွန်မတို့တွေဟာ သိသင့်သိထိုက်တဲ့ စီးပွားရေးဆိုင်ရာ လုပ်ပုံကိုင်ပုံလေးတွေကို မသိရင် ကျွန်မတို့ရဲ့ဘဝမှာ ကိုယ်ပိုင်စီးပွားရှာတဲ့အခါရော၊ဝန်ထမ်း လုပ်တဲ့အခါမှာရော၊ ကိုယ့်ကိုကိုယ်စားပြုမယ့် ပြည်သူ့ ကိုယ်စားလှယ် တွေကို ရွေးချယ်တဲ့အခါတွေမှာရော အလကားနေရင်း ဆုံးရှုံးမှုတွေ ကြုံတွေ့ရပါတယ်။ နိုင်ငံရေးဘောဂဗေဒ ဆိုတာဟာ လူတစ်ဦးချင်းဆီရဲ့ ဘဝတွေကိုတိုက်ရိုက်သက်ဆိုင် ရိုက်ခတ်နေပါတယ်။ ကျွန်မက တစ်ခုခုကို နားလည် သဘောပေါက်မှုမရှိရင် စာကျက်လို့မှတ်လို့မရတဲ့ အကျင့်ဆိုးတစ်ခုရှိပါတယ်။ နားလည် သွားရင် ကျက်စရာ မလိုတော့ဘူး ဖြစ်သွားပါတယ်။ စစ်စစ်ပေါက်ပေါက် လူပြိန်း နားလည်သလို လည်သွားမှ ကျေနပ်တဲ့သဘောလေးတွေရှိပါတယ်။အဲဒီအကျင့်ဆိုးကြောင့် ကိုယ့်စိတ်နဲ့နှိုင်းပြီး ကိုယ့်အတွေးနဲ့ ကိုယ်ရေးတဲ့အခါမှာလည်း ဆရာကြီးလုပ်သလို ရှင်းပြတဲ့ အရေးအသားတွေတွေ့ရင် ခွင့်လွှတ်ပေးကြပါလို့လည်း မေတ္တာရပ်ခံပါတယ်။                                                                                               
                                                                                  နေထက်ထက်အောင်                                                            

တောင်သူတွေဘဝ အခြေလှဖို့ဆို

$
0
0

 

by ကို သာ ပို on Sunday, March 3, 2013 at 9:53am ·
မနက်က နောင်တော်တစ်ယောက်ရဲ့ တောင်သူလယ်သမားနေ့နဲ့ ပက်သတ်တဲ့ စာတစ်ပိုဒ်ဖတ်မိရင်း စိတ်ထဲ ပြောချင်တာလေးတွေ ချရေးမိတာပါ။ လယ်ယာတွေ အကြောင်း အရမ်းနားလည် နေလို့တော့ မဟုတ်ပေမယ့် ခုအချိန်မှာ ရှိတဲ့ ဆင်ခြင်ဥာဏ် ဗဟုသုတလောက်နဲ့ နှစ်ပြားတန် အကြံလေးတွေ ပေးကြည့်ချင်မိတာပါ။


သာပိုတို့ နယ်တွေဆင်းမိတော့ လယ်သမားဆိုတာ ဘာလဲလို့ သေသေချာချာ သိလာရတယ်လို့ ကိုယ့်ဘာသာ ထင်မိတယ်။ လယ်လုပ်တယ်ဆိုတာ မိုးဆို လယ်ထွန်၊ ထယ်ထိုးပြီးတော့ ပျိုးကြဲ၊ ပျိုးနှုတ်၊ ကောက်စိုက်၊ ရင့်လာရင် ရိတ်၊ သိမ်း၊ ခြွေလှေ့ပေါ့။ ဒါတွေက ငယ်ငယ်က ကြားဖူးခဲ့တာတွေ။ နောက်ပြီးတော့ တီဗွီမယ် ခဏခဏတွေ့ရ မြင်ရတဲ့ တစ်ဧက တင်းတစ်ရာဆိုတဲ့ စပါးတွေဖြစ်တဲ့ ဆင်းသွယ်ရင်တို့၊ မနောသုခတို့ စတာတွေဟာ တကယ်တော့ ရှိသာရှိနေတာ စိုက်လို့ အဆင်မပြေတဲ့ သူတွေ၊ နေရာတွေနဲ့ အခြေအနေတွေ အများကြီးပါ။ တောင်သူ လယ်လယ်သမားတွေရဲ့ ဘဝကို အဓိက မြှင့်တင်ပေးချင်ရင် ပြင်ရမှာတွေကတော့ မနည်းလှပါဘူး။

(၁) စပါးဈေး တည်ငြိမ်ဖို့။
ပထဆုံး လုပ်ရမယ်လို့ မြင်မိတာကတော့ စပါးဈေးကို တည်ငြိမ်လာအောင်၊ ဈေးကောင်းရအောင် လုပ်ပေးရမှာပါ။ ခုခေတ် လယ်သမား အတော်များများက စပါးဈေး အခြေအနေကို ကြည့်ပြီးမှ မြေဆီ၊ မြေသြဇာကို ထည့်မထည့် ဆုံးဖြတ်ကြတာ လက်မခံချင်လဲ လက်ခံရမယ့် လက်တွေ့ အခြေအနေပါ။ စပါးတွေ ရင့်ကာနီးကာမှ စပါးဈေးအခြေအနေစုံစမ်းကြ ဈေးကောင်းမယ်ဆိုရင် မြေဆီဝယ်ပြီးတော့ အဲ့အခါကျမှ ထည့်ကြတာရယ်ပါ။ တကယ်ကို ရှိနေပါတယ်။ တကယ်က မြေဆီဆိုတာ ဈေးကို ကြည့်ရမှာ မဟုတ်ပါဘူး အချိန်ကို ကြည့်ရမှာပါ။

ဒီနှစ် စပါးဈေး ကောင်းနိုင်မယ်လို့ ခန့်မှန်းကြပြီးမှ နောက်ကျ မြေဆီထည့်တော့ ထည့်သလောက်လဲ အရာမထင်သလို အထွက်လဲ မကောင်းလှပါဘူး။ ဒါပေမယ့် ကိုယ့်က သေချာ ကြိုထည့်ထားပြီး စပါးဈေး မကောင်းလို့ ရှုံးတဲ့နှစ်တွေ ရှိခဲ့တဲ့ တောင်သူတွေကို ဘယ်လိုစကားနဲ့ အသုံးမှ မကျတာလို့ ပြောလို့မရပါဘူး။ ရာသီဥတု မကောင်းလို့ စပါးတွေအထွက်ကျတဲ့ လယ်သမားတွေအဖို့ အတော့်ကို ထိခိုက်နိုင်တဲ့ ပမာဏနဲ့ မြေသြဇာ ဈေးတွေက ရှိနေတာပါ။

(၂) မျိုးစပါး အလွယ်တကူရဖို့
စပါးဆိုတာကို တောင်သူတွေက ကိုယ့်လယ်က ထွက်တဲ့စပါးကို မျိုးချန်ကြတာ အများစုပါ။ အရင်ကလဲ လုပ်ကြပါတယ်။ ကိုယ့်လယ်မှာ အတော်လေး အနှံဖျင်းကာမှ လယ်ကောင်းကနေ ဝယ်ပြီး စိုက်ကြတာပါ။ တကယ်တော့ မျိုးစပါးဆိုတာက သေသေချာချာ စနစ်တကျ ကောင်းကောင်းမွန်မွန် ပြုစုထားရတဲ့ အမျိုးပါ။ ရာသီဥတု၊ ပိုးကျတာနဲ့ မြေဆီသြဇာ ထည့်တာတွေကို အချိန်အတိအကျ မှန်မှန်ကန်ကန် လုပ်ထားတဲ့ စိုက်ခင်းက မျိုးကမှသာ တကယ့်ကို အထွက်တိုးစေ၊ ပိုးဒဏ်ခံစေ၊ ရာသီဥတု ခံနိုင်စေတာပါ။

ရာသီဥတု ဖောက်ပြန်တာ၊ ငွေမလိုက်နိုင်တာ စတာတွေနဲ့ လုံးခြာလည်နေတဲ့ တောင်သူတွေအတွက် အစိုးရကနေ  မျိုးစပါးကို တာဝန်ယူပြီး လုပ်ပေးမှ အဆင်ပြေမှာပါ။ ရေနက်ကွင်း၊ ဆားပေါက်တဲ့လယ်၊ ပိုးဒဏ်ခံ စပါးမျိုးတွေဟာ ဒီနှစ်ထွက်တဲ့ အထဲက မျိုးချန်သုံးရင်းနဲ့ အရည်အသွေး ကျကျလာတတ်ပါတယ်။ ဒါပေမယ့် မျိုးကို လိုသလောက် အလွယ်တကူ မရနိုင်တာ၊ ဈေးကြီးတာနဲ့ ရွေးပိုင်ခွင့် မရတာတွေက အဓိက ပြဿနာတွေပါ။ ဒါတွေကို အစိုးရကလဲ ထိရောက်စွာ ဖြန့်ဖြူးမှု မပေးနိုင်သေးတာကိုလဲ လက်ခံကို ခံရပါ့မယ်။

တစ်ဧက ရာကျော်ထွက်တဲ့ စပါးတွေဆိုတာက တိဗွီထဲရယ် စံပြစိုက်ကွတ်မှာတင် ရှိနေသေးတာပါ။ လယ်သမားတွေ မျိုးအနေနဲ့တောင် လိုသလောက် မဖြန့်နိုင်ပါဘူး။ မျိုးမသန့်တဲ့အခါ ဆန်လဲ မသန့်တော့ ဈေးကောင်းက မရပြန်ပါဘူး။


(၃) စိုက်ပျိုးစနစ်
လယ်သမားတွေ အဓိက လိုနေတာက စိုက်တဲ့ နည်းစနစ်အမှန်ပါ။ ဘယ်အချိန် ပေါင်းလိုက်ရမယ် မြေဆီကျွေးရမယ်၊ တမန်းနှိုးရမယ် ဆိုတာတွေကအစ တိတိကျကျ လိုက်နာနိုင်ဖို့ အတော်လေး လိုနေသေးတာပါ။ တစ်သက်လုံး လယ်စိုက်စားလာတဲ့ လူကြီးတွေ ကိုယ့်အဘိုးအရွယ် လောက်တွေကို ပြောဟောရတယ် တယ်မလွယ်ပါဘူး။ လက်လဲ မခံချင်ကြပါဘူး။ အဓိက ပြဿနာကတော့ စံပြကွင်းတွေကို ထိထိရောက်ရောက် လုပ်မပြနိုင်တာပါ။ ရှေ့မှာ အောင်အောင်မြင်မြင်နဲ့ စိုက်ပြထားရင် လိုက်လုပ်ချင်စိတ်တွေ နည်းပညာ ယူချင်စိတ်တွေ အလိုလို ဖြစ်ာလမှပါပဲ။

အဓိက ကတော့ ရှေ့ကနေ လုပ်ပြဖို့က နိုင်ငံတော်ရဲ့ တာဝန်ပဲ ထင်မိပါတယ်။ တောင်သူတွေက ရှေ့တင်မှာ တကယ် ထွက်သဟဆိုပေမယ့် နောက်ပိုင်းမှာ နည်းစနစ်မကျ တာကြောင့်လဲ မှန်သလောက် မရပါဘူး။ စိုက်ခင်းထဲ ရှင်းပြလိုက်တာထက် ပိုတဲ့စီမံမှုတွေ လိုနေပါသေးတယ်။ လိုက်လုပ်ပြီးတော့ စနစ်မကျလို့၊ လိုအပ်တာတွေ ထောက်ပြဖို့ လူမရှိလို့ တကယ်တမ်း မရတဲ့အခါကျတော့ နောက်လုပ်ချင်စိတ်လဲ မရှိတော့ပါဘူး။

တကယ့်ကို စနစ်တကျ လုပ်ကိုင်တော့မယ်ဆိုရင် စက်တွေ တွင်တွင် မသုံးနိုင်တာက တစ်ကြောင်း၊ မြေဆီဈေးတွေ ကြီးတာက တစ်ကြောင်း အပေါ်က ပြောခဲ့သလို စပါးဈေးကြည့်ပြီးမှ လိုက်လုပ်တဲ့ အခါတွေကျတော့ အချိန်နှောင်းနေပါပြီ။ နှမျောစရာပါ။ နောက်တစ်ခုက တစ်ဧက စိုက်စားရိတ်ပါ။ စိုက်ပျိုးရေး ဌာနက တွက်ချက်ပေးတဲ့ စားရိတ်နဲ့ အပြင်မှာ လက်တွေ့ ကုန်ကျတာတွေက မတူတာများပါတယ်။ ဒီစားရိတ်ဆိုတာက စိတ်ပျိုးစားရိတ် ချေးငွေနဲ့လဲ တိုက်ရိုက် ပတ်သက်နေတော့ကာ ဒါလေးတွေလဲ တိကျ စနစ်ကျဖို့ အတော်လိုပါသေးတယ်။

(၄) ဆန်စပါးအသင်း
ဆန်စပါး အသင်းဆိုတာတွေက ဘယ်သူတွေနဲ့ ဖွဲ့ထားပြီးတော့ ဘာ့အတွက် လုပ်နေလဲဆိုတာ ရှင်းပါတယ်။ ကိုယ်တိုင် မစိုက်ရပဲ ငွေချိုးယူတဲ့ ကုန်သည်တွေ ဆန်စက်ပိုင်ရှင်တွေ၊ ကုန်သည်တွေက အများစုပါ။ ဆန်စပါးနဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့တွေဆိုတာ လယ်သမားတွေအဖို့ မဟုတ်ပါဘူး။ သူတို့တစ်တွေ အမြတ်များများကျန်ဖို့ လုပ်နေတဲ့ အဖွဲ့တွေချည်းသာ ဖြစ်ပါကြောင်း။

ပြည်ပကို ဆန်တင်ပို့လို့ စပါးဈေး တက်လာရင်လဲ တောင်သူတွေ အျကိုးမရကြပါဘူး။ သူတို့သာ ရကြတာပါ။ ဆန်များများပို့ရလို့ ပြည်တွင်းဈေးကွတ်ထဲ အစိုးရက ထိန်းချုပ်တာတွေလဲ ရှိတာမို့ ဆန်များများ ပို့ရလဲ တောင်သူတွေနဲ့ ဘာဘာဘာမှ မဆိုင်သလိုပါပဲ။ အစိုးရရဲ့ ဆန်စပါး တင်ပို့မှု၊ စပါးဈေး စတာတွေနဲ့ သက်ဆိုင်တဲ့ ပေါ်လစီကလဲ ကုန်သည်တွေအတွက် ရည်ရွယ်ပြီးတော့ လုပ်ထားသလားပဲ မြင်မိပါတယ်။

(၅) ဆန်စက်နည်းပညာ
လယ်သမားတွေ နဝလီခွဲရတဲ့ ဆန်စက်တွေ အတော်များများက အရည်အသွေး ညံ့တဲ့အခါ ဆန်ကျိုးများပါတယ်။ ဒါကလဲ နှစ်ဆယ့် ငါးမှတ် ဆန်တောင် အနိုင်နိုင် တင်နေရတဲ့ မြန်မာပြည်ရဲ့ အဓိက လိုအပ်ချက်ပါ။ စပါးသန့်စင်တာ၊ မျိုးသန့်တာ စတာတွေနဲ့လဲ သက်ဆိုင်ပါတယ်။

(၆) စက်ပစ္စည်းကိရိယာ၊ မြေဆီနဲ့ အခွန်
တနေ့ကတွေ့လိုက်တဲ့ မြန်မာပြည်ကို သွင်းကုန်အခွန် ကင်းလွတ်တဲ့ အထဲမယ် လယ်ထွန်စက် ဘန်ပါရယ် တံခါးရယ်နဲ့ သူတို့ရဲ့ အရံပစ္စည်းတွေကို ကင်းလွတ်ခွင့် ပေးပါသတဲ့။ လယ်ထွန်စက်က ဘန်ပါနဲ့ တံခါးမပါလဲ ထွန်ရ သယ်ရ ဖြစ်နေသေးတယ် ဆိုတဲ့အကြောင်းကို ထောက်ပြတဲ့ နောင်တော်တစ်ယောက်ရဲ့ စကားလေးတောင် သွားသတိရပါသေးတယ်။ မယောင်ရာ ဆီလူးတဲ့သူတွေပဲ မြင်မိပါတယ်။ အလဲဗင်းကရေးတဲ့ ဆိပ်ကမ်းမှာ ကုမ္မဏီ တစ်ခုတည်းအတွက် ကျပ်သန်းပေါင်း သန်းနဲ့ချီပြီး အခွန်ကင်းလွတ်ခွင့် ပေးလိုက်တယဆိုတဲ့ အကြောင်းအရာမှာ လယ်ထွန်စက်နဲ့ သက်ဆိုင်တာတွေ မပါဘူးပဲ ထင်မိပါတယ်။ တလွဲဆံပင်တွေ သိပ်ကောင်းနေကြတာပါ။ အော်နေကြတာတော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာလို့ ကြားမိတာပါပဲ။

လယ်သမားတွေ အဆင်ပြေပြေ အလွယ်တကူ လုပ်နိုင်ဖို့ ဒီထွန်စက်တွေဆိုတာ ကိုယ့်နိုင်ငံမယ်လဲ ဖြစ်မြောက်အောင် ထုတ်နိုင်တာလဲ မဟုတ်ပါဘူး။ အခွန်ကင်းလွတ်ခွင့် ပေးလိုက်ရင် ဘာတွေ ဖြစ်သွားမယ်လို့ တွေးကြောက်နေလဲ မသိပါဘူး။

နောက်တစ်ခုက မြေဆီပါ။ မြန်မာပြည်မယ် မြေဆီကို လိုသလောက် မထုတ်နိုင်လို့ တိုင်းတပါးကနေ တင်နေရတာ မနည်းပါဘူး။ ဒီကိစ္စအတွက် ကုန်ကျစားရိတ် နည်းနိုင်သမျှ နည်းအောင် ပြည်တွင်းမှ များများထုတ်ဖို့၊ ပြည်ပက တင်သွင်းရင်လဲ အခွန်အခနဲ့ သယ်ယူစားရိတ်တွေ ကျဆင်းအောင် ကြိုးပမ်းပေးသင့်ပါတယ်။

ဒီအတွက် အဓိက အရေးအကြီးဆုံးလို့ ထင်မိတာကတော့ ပညာပေးတာတွေပါပဲ။ စိုက်ပျိုးနည်းစနစ်၊ ပိုးမွှားဒဏ် ခံနိုင်အောင်၊ ရာသီဥတု ဆိုးရွားရင် ဘယ်လိုလုပ်မလဲ၊ ရေကြီးကွင်း ရေနက်ကွင်းနဲ့ ဆားပေါက်တဲ့ လယ်တွေအတွက် နည်းပညာနဲ့ မျိုးတွေ ဘယ်လိုအသုံးချမလဲ စတာတွေက တကယ်ကို အရေးကြီင်္းပါတယ်။ ဒါတွေကို လူထုကြားထဲ အမှန်တကယ် ရောက်အောင် လုပ်ပေးရမှာပါ။ တီဗွီထဲမယ် ထည့်ရုံကတော့ ကိုရီးယားကားလောက် စိတ်ဝင်စားမယ် မထင်ပါဘူး။ စိတ်ဝင်စားလာအောင် နားလည်လာအောင် ပညာပေးဖို့ လိုအပ်ပါမယ်။

တစ်ခု သတိထားမိတာက မြန်မာပြည်က စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ ကျောင်းသားတွေကို အစ္စရေးကနေပြီးတော့ ပညာသင်ဆုပေးပြီး နှစ်တိုင်း အယောက်နှစ်ဆယ်လောက် ခေါ်ပြီင်္း ပညာသင်ပေးနေတာတွေပါ။ အစ္စရေးဆိုတာက သဲကန္တာရမှာ ရအောင်စိုက်နိုင်၊ ဖြစ်ထွန်းအောင် လုပ်နိုင်တဲ့ ပညာရှင်တွေရှိတဲ့ နိုင်ငံပါ။ ဒါပေမယ့် နားမလည်တာ တစ်ခုက အဲ့ဒိဆုကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းကနေတဆင့် ခေါ်ပေးနေတာပါပဲ။ အစိုးရ အချင်းချင်းမှာ မပြေလည်တာ တစ်ခုခု ရှိလို့လား ဆိုတာလဲ မသိပါဘူး။

နောက်တစ်ခုက ဒီသင်လာတဲ့ ပညာရှင်တွေက ပြန်လာရင် တကယ့်လယ်ကွင်းထဲ ဆင်းကြသလားဆိုတာပါပဲ။ လူတိုင်းကို အပြစ်မတင်ချင်ပေမယ့် လယ်ထဲပြန်ဆင်းပြီးတော့ လုပ်လောက်အောင် ဆွဲဆောင်မှု တစ်ခုခု ဖန်တီးပေးနိုင်ဖို့လဲ အစိုးရ တစ်ရပ်အနေနဲ့ တာဝန်ရှိတယ် မြင်မိပါတယ်။

မြန်မာပြည်ရဲ့ လက်ရှိအခြေအနေမှာ လယ်သမားတွေဘက်က မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ သူတွေ အများကြီးပါ။ ဒါပေမယ့် ဒီလူတွေထဲမယ် အဓိက အသက်ဖြစ်တဲ့ ပညာပေးမယ့်သူ၊ ပညာပေးနေတဲ့သူ တစ်ယောက်မှ မတွေ့ရပါဘူး။ တိုင်းပြည်တစ်ခု တည်ဆောက်တဲ့နေရာမှာ ပညာရေးဟာ တကယ်ကို လိုအပ်တဲ့အရာပါ။ အရာရာတိုင်းမှာ နည်းပညာနဲ့ ဗဟုသုတနဲ့ ပက်သတ်တဲ့ ပညာမပေးနိုင်သေသမျှ၊ မရှိသေးသမျှ ကာလပတ်လုံး ဘယ်တော့မှ ရှေ့ရောက်လာမှာ မဟုတ်ပါဘူး။

အတတ်ပညာ အသိပညာနဲ့ တောင်သူတွေရဲ့ဘဝကို မြှင့်တင်နိုင်မယ့် တကယ့်သူရဲကောင်းတွေ မျှော်ရင်းနဲ့...

သာပို

တပ်မတော်အတွင်းက အဖြစ်မှန် ရင်နင့်သံ

$
0
0




by Seaman Nayminthu on Monday, March 4, 2013 at 9:09am ·မြန်မာ့တပ်မတော်......??????
မြန်မာ့တပ်မတော်ရဲ့ ရိက္ခာခြောက် ထောက်ပံ့မှုစနစ်ဟာ တပ်မတော်စတင်ဖွဲ့စည်းချိန်ကစပြီး တစထက်တစဆုတ်ယုတ်လာနေခဲ့ပါတယ် …..

ဆန်၊ဆီ၊ဆား၊ငရုတ်သီးခြောက်၊ငပိ၊ကုလားပဲ၊နနွင်းမှုန့်၊လက်ဖက်အချိုခြောက်၊ နို့ဆီ၊ သကြား၊ ဆား ဘီစကွတ်မုန့် စသဖြင့်အမျိုးအမည်စုံလင်စွာ ရရှိနေရာမှ ၁၉၈၈ နောက်ပိုင်းမှာ ငရုတ်သီးခြောက်၊ငပိ၊ကုလားပဲ၊နနွင်းမှုန့် တို့ဟာ တပ်မတော်ရာရှင် (Ration) စာရင်းမှ ထွက်ခွါသွားခဲ့ပါတယ်။

ယခု ၂၀၁၃ ခုနှစ်အစောပိုင်းလေးမှာပဲ နို့ဆီ၊ လက်ဖက်အချိုခြောက်၊ သကြား၊ ဆား တို့ဟာလည်းပဲ လက်ပြနှုတ်ဆက်စပြုနေပါပြီ။ လစာမြှင့် ရာထူးမြှင့်သူတွေအဖို့ ဒီရိက္ခာခြောက်ကိစ္စဟာ မထောင်းတာလှပေမယ့် အောက်ခြေက စစ်သည်များရဲ့ မိသားစု စားဝတ်နေရေးကို အတိအလင်း ခြိမ်းခြောက်လျှက်ရှိနေပါပြီ။

ပြင်ပဈေးကွက်မှာ ဝက်စာ၊ ကြက်စာသာသာ အရည်အသွေးနိမ့်ဆန်တွေကို စားသုံးနေရသော်လည်း တချက်လေးမှ မညည်းညူ မျက်နှာတစက်မှ မပျက်ခဲ့တဲ့ မြန်မာ့တပ်မတော်မှ စစ်သည်များရဲ့ စိတ်ဓါတ်ကို ရည်ရွှယ်ချက်ရှိရှိ ရိုက်ချိုးဖျက်ဆီးနေတာ သိသာထင်ရှားလွန်းနေပါတယ်။ စစ်သားရှိမှ သာ စစ်ဗိုလ်ရှိနိုင်တာပါ။ စစ်တပ်တစ်ခုလုံးကို အရာရှိတွေချည်းပဲ ဖွဲ့စည်းထားလို့မရနိုင်ပါဘူး။

နှစ်စဉ် စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များမှ အရာရှိ ရာပေါင်းများစွာ မွေးထုတ်ပေးနိုင်သော်လည်း နှစ်စဉ် ရဲဘော်သစ်များကို စုဆောင်းရရှိနိုင်ခြင်းက ရာဂဏန်းအောက်တွင်သာ တည်ရှိနေကြောင်း ပေါ်လွင်ထင်ရှားနေပါသဖြင့် မြန်မာပြည်ကို အုပ်ချုပ်မင်းလုပ်နေသော တချိန်က စစ်ဗိုလ်ကြီးများကို ဒီလို တရားမဝင်သောနေရာ(Facebook)မှ အိတ်ဖွင့်ပေးစာဖြင့် အနာဂတ် တပ်မတော်တွင် ဆက်လက်တာဝန်ထမ်းဆောင်ကြရမည့် လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်သည်များကိုယ်စား မေးခွန်းထုတ်လိုက်ရပါသည် ခင်ဗျာ။

စစ်သည်တဦး

ပွဲကြမ်းကြမ်း ခရီးလမ်း...

$
0
0



by ကို ဒင်္ဂါး on Wednesday, February 27, 2013 at 2:44pm ·
ကျောင်းသားသမဂ္ဂဆိုပြီးသူခိုးဖက်လိုက်တော့မယ်တဲ့.. ကျောင်းပြေးလို့ဒီဘားထိသူတွေဖက်လိုက်တော့မယ်တဲ့.. နဲ့(အဖွဲ့အစည်း သိက္ခာကျတာပေါ့။) ဟိုး... မြောက်ဒဂုံမယ်နေတဲ့သူကလည်း ဘာဆိုဘာမှမဆိုင်တဲ့ ဧရာဝတီတိုင်းထဲမှာ လွှတ်တော်ဥက္ကဌရာထူးမတက်ရေးအတွက် နယ်ခံတွေနဲ့သွား ပူးပေါင်းပြီး ဆန္ဒပြတာ...နဲ့ (ကိုယ့်အမြင်တော့ ဒါက သူတို့ ကြံဖွတ်ပါတီတွင်းပြဿနာ၊ ဝေစုခွဲမတည့်တဲ့ ကိစ္စ)။
စီမံကိန်းရှိတယ်ကြားလို့ တဲဝင်ထိုးပြီး အုပ်ချူပ်ရေးရုံးက လာရှင်းတော့ အုပ်စုလိုက်ထွက်ရိုက်တာ...နဲ့။  ပြောပါတယ်.. နေတတ်ရင်ကျေနပ်စေ့မယ်လို့..။

ခုလည်းကွာ... မအူပင်မြို့နယ်ထဲမှာ ၉၀ခုနှစ်များတုန်းကတည်းက သိမ်းခံထားရတဲ့လယ်တွေကို ပြန်ရလိုမှုနဲ့ ဆန္ဒပြကြရာက အဓိကရုဏ်းအဆင့်ဖြစ်သွားပြီး သေကြနာကြပေါ့..။ မှန်တယ်မှားတယ်.. ဘယ်သူဘယ်ဖက်က မှန်မှားခွဲဖို့က ကိုယ်လည်း အဲ့နေရာမှာ ရှိနေတာ မဟုတ်လေတော့ ဒက်ခနဲ ဖမ်းမပြောရဲဘူးပေါ့..။ ဒါပေမယ့် ကိုယ့်ထက်တော်ပြီး အဆက်အသွယ်ကောင်းသူတွေ များကြီးပါ...။ ဒက်ခနဲတစ်ဖက်ဖက်က ကလော်ဆဲပြီး ဖွမယ်တကဲကဲနဲ့ မယ်ဘော့ကြက်တူရွေးတွေက ဒီထဲအတော်မနည်းဘဲ တွေ့ရတယ်..။ ဘာပဲဖြစ်ဖြစ် ကိုယ့်လယ်ကိုယ့်ယာပြန်လိုချင်တယ်ဆိုတာ ကိုယ်ချင်းစာသလို... ဓါးနဲ့လိုက်ခုတ်လို့ ပြန်ခုခံပစ်ခတ်ပြီး ပြေးရ၊နာရ၊သေကြနဲ့... နှစ်ဖက်လုံးအကျိုးမရှိတာကိုလည်း ကိုယ်မကြေနပ်မိဘူး..။ ကိုယ်တို့လူမျိုးတွေက ထိန်းထိန်းသိမ်းသိမ်းညှိနှိုင်းတာကို လက်မခံတတ်တဲ့၊ အဲ့အခြေအနေရောက်အောင် စိတ်မရှည်တတ်တဲ့၊ ထစ်ခနဲဆို ၂ဖက်ခွဲပြီးကိုယ်ထိလက်ရောက်ဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ အပြန်အလှန်ရန်ဆောင်တတ်တဲ့ လူရိုင်းတွေများ ဖြစ်နေသေးသလားလို့ တွေးမိတယ်..။ ပိုဆိုးတာက ခုဒီထဲမှာ ဆဲမယ်၊ ဖွမယ်နဲ့ ဖြစ်စဉ်တစ်ရပ်ကို သေချာအောင် ကြိုးစားဖို့ထက်၊ လူယဉ်ကျေးသားသမီးများပီပီ မအေနှမကိုင်တုတ်နေတာတွေက ပိုများနေသလားလို့..။

ရှေ့ကရက်ပိုင်းတွင်းကပဲ ကိုယ်ဖေ့ဘုတ်မှာ စတေးတပ်စ်တင်မိတယ်..။ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီခွပ်ခိုင်းတာထက် ကြက်တွေကိုက ခွပ်ချင်လွန်းလို့ အိုးဖင်ကိုသွားသွားပွတ်နေတယ်ဆိုတဲ့ သဘောလေးပါ.... ကိုယ်နိမိတ်ဖတ်သလိုများဖြစ်သွားသလားမသိဘူး..။ အဆင်ပြေရင် ကိုယ်လည်း အကြားအမြင်ဆရာလုပ်ရလည်း စားပေါက်လေးရတာပေါ့.. အဲ့သဘောပါ...။"ဆရာကြီး ဦးဒင်္ဂါး.. အကြားအမြင် အတပ်ဟောသည်...။ မှားလျှင်ပိုက်ဆံပြန်မအမ်း၊ မှန်လျှင်ပိုက်ဆံအပြည့်ယူသည်" ဆိုပြီးဆိုင်းဘုတ်လေး ဘာလေးထောင်ရတာပေါ့..။

ဆန္ဒပြတာတွေက ဒီမိုကရေစီရဲ့ ပြယုဂ်ဖြစ်တယ်... အုပ်ချူပ်သူတွေကို လူထုရဲ့ အသံတွေ တိုက်ရိုက်ဖော်ပြတာဖြစ်တယ်... ဒါတွေကို မပိတ်ပင်ကောင်းဘူးဆိုတာ ကိုယ်သဘောပေါက်ပါတယ်.. လက်လည်းလက်ခံပါတယ်..။ ဒါပေမယ့် လူတွေရဲ့အတွေးမှာ ဆန္ဒပြပြီး ပွဲဆူလိုက်ရင်.... ဆိုတဲ့အတွေးနဲ့၊ ဘာနေနေ ဆန္ဒပြလိုက်ရင် ဟုတ်ဟုတ်မဟုတ်ဟုတ် တစ်ခုခုတော့ ငါ/ငါတို့အတွက် ထူးခြားမယ် ဆိုတဲ့အတွေးတွေလွှမ်းမိုးလာပြီး တရား၏၊ မတရား၏ ဆိုတာတွေ မရှိတော့မှာကို ကြောက်တယ်..။ ပိုပြီးကြောက်တာက အဲ့လူတွေကိုမှီပြီး စင်ပေါ်တက်ဖို့ ကြိုးစားနေတဲ့ ပေါ်ပင်ဖြစ်ချင်တဲ့ နိုင်ငံရေးသမားယောင်ယောင်တွေကို။ ဒီလိုသာဆို အမှန်တကယ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လိုအပ်ချက်တကယ်ရှိလို့ ဆန္ဒပြသူတွေအခက်တွေ့မှာ စိုးတယ်..။

အကျိုးဆက်က ဆန္ဒပြတယ်ပြောပြော ဖော်ထုတ်ပါတယ်ပြောပြော နောက်ဆုံးတော့သွေးထွက်သံယိုနဲ့ အဆုံးသတ်ရမယ်ဆိုတဲ့ အခံစိတ်ကြီးဖြစ်ပြီး လူတွေက ဆန္ဒပြတာကိုတလွဲသဘောပေါက်သွားမှာရယ်..။ သက်ဆိုင်ရာဖက်ကလည်း ထစ်ခနဲဆိုရင် ပြေလည်တဲ့နည်းနဲ့ ဖြေရှင်းဖို့မကြိုးစားကြတော့ဘဲ ပုဒ်မ၁၄၄ထုတ်၊ အဓိကရုဏ်းနှိမ်နှင်းဆိုတဲ့ ဇာတ်ကဖို့လောက်ပဲ အားထုတ်တော့မှာရယ်ကိုပါ..။ ဒီအခြေအနေသာဆိုရင် ဒီမိုကရေစီဆိုတာကြီးထဲက လွတ်လပ်စွာပြောဆိုခွင့် ဆိုတဲ့အချက်တစ်ချက်ဟာ ကိုယ်တို့အတွက် လမ်းခုလတ်တင် ကျိုးကြေသွားမယ်လို့ထင်ပါတယ်..။

သိသလောက်ဆိုရင် လက်ရှိကိုယ်တို့ရထားတဲ့ ဆန္ဒပြခွင့်..၊ ဒီဆန္ဒဖော်ထုတ်ခွင့် ဥပဒေဆိုတာ အားနည်းချက်အချို့ရှိသည့်တိုင် စင်္ကာပူ၊ မလေးရှားနဲ့ အချို့အိမ်နီးချင်းအာဆီယံနိုင်ငံတွေ ထက်သာပါတယ်...။ စာပေလွတ်လပ်ခွင့်ဆိုလည်း ပူပူနွေးနွေးဆင်းသွားတဲ့ ဦးသန်းရွှေတို့ကို တရားစွဲမယ်ဆိုတဲ့ သတင်းမျိုးဂျာနယ်မျက်နှာဖုံးတွေမှာ ထည့်ရေးတဲ့အဆင့်ရှိကြတယ်..။ စင်္ကာပူမှာဆို လီမိသားစု၊ ထိုင်းမှာဆို တော်ဝင်မိသားစု စသဖြင့်အထိအရှလေးတောင်  တရားဝင်ဖြစ်ဖြစ်၊ တရားမဝင်ဖြစ်ဖြစ် တားမြစ်ထားတာတွေ ရှိတယ်မလား။ ဒီမှာတော့ ဂျာနယ်တိုက်ချင်းချင်း၊ ဂျာနယ်တိုက်နဲ့ ဝန်ကြီးဌာနတွေ အပြန်အလှန်တရားစွဲလိုက်ကြ၊ ပြန်ကြေအေးလိုက်ကြနဲ့ အဆင်တော့ပြေသား..။ အနည်းဆုံးအဆင့်ပြောရရင် ဖတ်စရာသတင်းရှိတယ်.. အပျင်းလည်းပြေသပေါ့လေ..။ ဒါနဲ့ နှစ်ကုန်ပိုင်းလောက်တုန်းက တောင်အာဖရိကနိုင်ငံက ရွှေမိုင်းတစ်ခုမှ အဓိကရုဏ်းဖြစ်တော့ ရဲကပစ်လို့ ဆယ်ချီသေတယ်ဆိုလား..။ သူတို့ဆီမလည်း အကြမ်းပတမ်းနှိမ်နှင်းတာရှိပါတယ်..။

ရထားတဲ့အချိုလေးကုန်မှာစိုးလို့ လည်ပင်းက အဿပြာပဲဝက် မင်းစည်းစိမ်မှတ်တာ မဟုတ်ပါဘူး..။ တန်ရာတန်ရာဆိုတဲ့ စကားက ဒီနေရာမှာ တာသွားပါပြီ..။ ၂ဖက်ဆွေးနွေး ညှိနှိုင်းတတ်တဲ့ ယဉ်ကျေးမှု၊ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်တန်ဖိုးထားမှု၊ အမှန်တရားနဲ့ အတ္တတရားနဲ့ ယှဉ်လာရင် အမှန်တရားကို လိုက်နာမှု၊ တာဝန်ရှိသူတွေက တာဝန်ယူမှု.. ဒါတွေရှိပါမှ ရှေ့တဆင့်တက်နိုင်မယ်ထင်ပါတယ်..။ ကို နဗနဆိုတဲ့ ရုပ်ချောချောနဲ့အစ်ကိုကြီးပြောသလို "အာဏာရှင်ခေတ်ကမလုပ်ခဲ့ရသမျှ ဒီမိုကရေစီခေတ်ရောက်တော့ အကုန်လုပ်ပလိုက်မယ်" ဆိုတာကြီးက ဘာနဲ့သွားတူလဲစဉ်းစားမိတော့ လက်ကလေးကိုင်ခွင့်ရဖို့အနီုင်နိုင်နဲ့ ပါးလေးနမ်းခွင့်မပေးခဲ့တာကို မင်္ဂလာဦးညကျမှ အတိုးချချစ်ပစ်မယ်ဆိုတဲ့ ကြိုတင်ကြံစည်မှုမြှောက်တဲ့ ခပ်ပေါပေါအတွေးလိုပဲ..။ တနည်းပြောရရင် လွဲနေတာပေါ့လေ..။ကမ္ဘာမှာ ဆန္ဒအပြနိုင်ဆုံးနဲ့ အဓိကရုဏ်းအနှိမ်နှင်းဆုံးတိုင်းပြည်ဆိုတဲ့ မှတ်တမ်းစံချိန်ဝင်သွားလို့ ဟိုး ဂင်းနစ်မှတ်တမ်းစာအုပ်အဖွဲ့ကြီးက ရွှေတံဆိတ်ဆုကြီးသန်း၆၀သယ်လာပြီး လူတိုင်းကို "မောင်မင်း.. လူခလေး... အလွန်တော်တယ်..မောင်မင်း" ဆိုပြီးမဏ္ဍပ်ထိုး ဆုမချလောက်ဘူးထင်ပါတယ်..။

နိုင်ငံရေးရေစီးကြီး ရှေ့ကိုဆက်ပြီး သွက်သွက်လေးစီးကြဖို့ဆိုရင် တာဝန်ရှိသူတွေရော၊ ပြည်သူလူထုရောပေါ့... ကိုယ်စီကိုယ်ငှ စိတ်ထားလေးတွေ၊ အယူအဆလေးတွေ၊ တာဝန်ယူမှုတွေ ပါရှိလာဖို့လိုတယ်လို့ ယူဆမိတယ်။ အမှန်တကယ်လိုအပ်ချက်ရှိတာနဲ့အမျှ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြသူတွေရော၊ အဲ့လိုဆန္ဒပြတာကို ဘေးကလိုက်ပါပြီး လုံခြုံရေးယူပေးတဲ့ တာဝန်ရှိသူတွေ ကိုရော လေးစားတယ် ပြောရင်း နိဂုံးချူပ်လိုက်ပါတယ်..။



(အေးလေ.... ဒါလည်း ကြာလှတစ်ပတ်နှစ်ပတ်ပေါ့..။ ပြီးတော့ မေ့မှာပဲမလား..။ နောက်... ဒါက ဖေ့ဘုတ်ထဲတင်ရေးတာ.. လူဘယ်လောက်များများမှ သိမှာမဟုတ်ဘူး..။ )

 ကို ဒင်္ဂါးဖေ့စ်ဘွတ် စာမျက်နှာမှ.....

မြန်မာနိုင်ငံနှင့် ICT

$
0
0

by James Mint on Saturday, March 2, 2013 at 10:50pm ·
ICT လို့ လူအသိများကြတဲ့ Information Communication Technology ဟာ ကမ္ဘာမှာ အရှိန်ပြင်းပြင်းနဲ့ ချီတက်နေတာ အတော်ကြာပါပီ…… မြန်မာနိုင်ငံလည်း အဆိုပါ ICT လမ်းကြောင်းပေါ်ကို ကျားကုတ်ကျားခဲ တွယ်ဖက် တက်လှမ်းလျက် နိုင်သလောက် အရှိန်လေးနဲ့ သွားနေပါပီ…..
ယခုလက်ရှိမှာလည်း ICT ရဲ့ အသီးအပွင့်တွေထဲက တစ်ခုဖြစ်တဲ့ Online Society လို့ တင်စားလို့ရတဲ့ Facebook မှာ မြန်မာအများစု ကျင်လည်နေကြသလို အချို့သော လုပ်ငန်းများကလည်း ဈေးကွက်ချဲ့ထွင်ရာ၊ မိမိကုန်ပစ္စည်းနဲ့ ပါတ်သက်တဲ့ သတင်းအချက်အလက် ဖြန့်ချီရာအဖြစ် အသုံးပြုလာနေပါပီ…… အဲ့ဒိအတွက် မြန်မာနိုင်ငံလည်း ICT နဲ့ ပါတ်သက်လို့ ဥာဏ်မှီသလောက်လေး ရေးလိုက်ပါတယ်….

ကုမ္ပဏီများရှိ အဆင့်မြင့် ရာထူး ယူထားသူတွေဟာ ICT နဲ့ပါတ်သက်လို့ ဘာတွေ သိရှိနေဖို့ လိုသလဲ…..


နိုင်ငံတကာ ကုမ္ပဏီများနဲ့ ချိတ်ဆက်လုပ်ကိုင်ရာမှာ မြန်မာကုမ္ပဏီတွေအများစုရဲ့ အားနည်းချက်ကတော့ Website Address တောင်းတဲ့အချိန်မှာ ပေးနိုင်ခြင်း မရှိတာပါပဲ….. မြန်မာနိုင်ငံရဲ့ Top 10 စာရင်းဝင် ကုမ္ပဏီကြီးအများစုမှာ မိမိ ကုမ္ပဏီနဲ့ ပါတ်သက်တဲ့ ကိုယ်ပိုင် Website မရှိကြပါဘူး….. ကိုယ်ပိုင် Website ရှိသောကုမ္ပဏီ အများစုဟာလည်း အဆိုပါ ကုမ္ပဏီနဲ့ ပါတ်သက်တဲ့ သတင်းအချက်အလက်များ လေ့လာရန် အားကိုးလောက်စရာ လောက်လောက်လားလား ပြီးပြည့်စုံတဲ့ Website ရယ်လို့ မရှိပါဘူး….. တစ်ခါတင်ထားရင် တစ်သက်လုံး ဒီအတိုင်းဆိုသလို ဖြစ်နေပါတယ်…… ဒီအတွက်ကြောင့် နိုင်ငံတကာ ကုမ္ပဏီများနဲ့ ချိတ်ဆက် လုပ်ကိုင်ရာမှာ ယုံကြည်မှုတွေ ရယူဖို့ အခက်အခဲ အများစုနဲ့ ရင်ဆိုင်ရပါတယ်…..


တစ်ချိန်က မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လက်ဝါးကြီးအုပ်စနစ်နဲ့ လုပ်ကိုင်ခဲ့တာ ဖြစ်ပေမယ့်၊ ယခုလို ပြောင်းလဲလာတဲ့ ကာလတွေမှာတော့ အပြိုင်အဆိုင် ယှဉ်ပြိုင်ရမယ့် အခြေအနေမှာ ICT နည်းပညာကို ထိရောက်စွာ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်….. အဲ့ဒိအတွက် ကုမ္ပဏီတွေကို မောင်းနှင်မယ့် အဆင့်မြင့် ရာထူး ရယူထားသူတွေရဲ့ ICT အပေါ် နားလည်မှု၊ ထိထိမိမိ အသုံးချနိုင်မှုဟာ အရေးပါလာပါပီ…. ယနေ့လို ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ ခေတ်ကြီးမှာ နည်းပညာ မြင့်မားမှုကို စနစ်တကျ အသုံးချနိုင်ဖို့၊ မိမိလုပ်ငန်းခွင်မှာ ထိရောက်စွာ အသုံးပြုနိုင်ဖို့၊ လုပ်ငန်းအရှိန်အဟုန် တိုးတက်စေဖို့ လက်ရှိ IT နည်းပညာများနဲ့ ပါတ်သက်လို့ သိရှိနေဖို့ လိုအပ်ပါတယ်..... Email, Internet အပြင် Online ကိုအသုံးပြုပြီး လုပ်ဆောင်ရတဲ့ စီးပွားရေး စနစ်များ (Online Banking, Online Marketting, Online Shopping) အစရှိတာတွေကို သိရှိနားလည်နေဖို့ လိုအပ်ပါတယ်....

ICT ဖွံ့ဖြိုးမှုတွေဟာ စီးပွားရေး နယ်ပယ်ကို ပြောင်းလဲစေသလား……

ဒီမေးခွန်းအတွက် အဖြေဟာ ကုမ္ပဏီများမှာ လက်နှိပ်စက်များအစား ကွန်ပျူတာများ နေရာယူလာခြင်း၊ ပုံမှန် စာပေးစာယူ စနစ်မှ Email ကို အသုံးပြုလာခြင်း၊ မိမိလုပ်ငန်းခွင်အတွက် ရည်ရွယ်ထားတဲ့ Customize Software များ အသုံးပြု၍ လုပ်ငန်းကို ထိရောက်စွာ လုပ်ကိုင်လာခြင်းတို့က အဖြေပေးပီးသား ဖြစ်ပါတယ်….. လူအင်အားတွေနေရာမှာ ကွန်ပျူတာတွေနဲ့ အစားထိုးလာနိုင်တဲ့အတွက် အချိန်ကုန်သက်သာတယ်၊ မြန်ဆန်တဲ့ အကျိုးရလာဘ်ကို ရရှိစေပါတယ်..... တစ်ချိန်က စက်ရုံအလုပ်ရုံတွေမှာ လူတွေနဲ့ အစားထိုး အလုပ်လုပ်နေရပေမယ့် အခုအခါမှာ ကွန်ပျူတာကနေတဆင့် Low Leven Programming (PLC) ကိုအသုံးပြုပြီး ခိုင်းစေလာတဲ့အတွက် စနစ်ကျမှုတွေ ရှိလာပါတယ်.....

ဥပမာအားဖြင့် Red Ruby စီးကရက်စက်ရုံတွေမှာ ဆေးလိပ်လိပ်တာကအစ စက်တွေနဲ့အသာ အလုပ်လုပ်စေပါတယ်.... အဆိုပါ စက်တွေကို ထိမ်းချုပ်ထားတဲ့ Micro Chip ထဲမှာတော့ သေခြာရေးထားတဲ့ Low Leven Programming (PLC) ကုဒ်တွေကနေ စက်တွေကို ခိုင်းစေသွားခြင်း ဖြစ်ပါတယ်..... ပိုမို တိကျ မြန်ဆန်လာစေပါတယ်....... ထို့အတူပဲ ပန်းလှိုင်ဂေါက်ကွင်းဆိုလျင်လည်း ဂေါက်ကွင်းအတွင်း ရေဖြန်းမှု စနစ်ကို ကျင်းအလိုက် သတ်မှတ်ချိန်တွေမှာ သတ်မှတ်ရေပမာဏတွေကို ဖြန်းစေဖို့ စနစ်တကျ Program ရေးဆွဲထားတဲ့ ကွန်ပျူတာများနဲ့ ထိမ်းချုပ်ပါတယ်..... အဲဒိအတွက်ကြောင့် တိကျတဲ့ ရေပေးဝေမှုများ လုပ်နိုင်ပီး လူစွမ်းအားကို လျှော့ချအသုံးပြုနိုင်ခဲ့ပါတယ်..... ဒါတွေဟာ ICT ကို ထိရောက်စွာ အသုံးချနိုင်ခြင်းရဲ့ အကျိုးကျေးဇူးများ ဖြစ်ပါတယ်….. မြန်မာနိုင်ငံရဲ့ ICT ဖွံ့ဖြိုးမှု အနေအထားပေါ် မူတည်ပြီး ဒီထက်ပိုမိုကျယ်ပြန့်စွာ အသုံးချနိုင်မှာပါ…

စီးပွားရေး နယ်ပါယ်၊ လူမှုရေး နယ်ပါယ်တွေ တိုးတက်လာအောင်၊ ဖွံ့ဖြိုးလာအောင် ICT ဟာ ဘာကြောင့် အဓိက ကျတဲ့နေရာမှာရှိနေသလဲ....

တိကျခြင်း၊ စနစ်ကျခြင်း၊ အချိန်တိုတိုအတွင်းမှာ ရလာဘ်ကောင်းများ ထွက်ပေါ်စေခြင်း အစရှိတာတွေဟာ ICT နည်းပညာကို အသုံးပြုနိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်..... ယနေ့လက်ရှိ ကုမ္ပဏီများတွင်လည်း မိရိုးဖလာ ရှေးနည်းရိုးနဲ့ သွားလာနေတဲ့ ကုမ္ပဏီတွေမှာလည်း လုပ်ငန်းတွင်ကျယ်မှု မြန်ဆန်မှု ရှိစေရန် ICT ကို အသုံးပြုလာရပါတယ်...... စာပို့တာမှသည် မိမိလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်များကို အင်တာနက်မှာ ရှာဖွေအသုံးပြုခြင်းတွေပါ လုပ်ကိုင်လာရသည့်အတွက် အတွေးအခေါ်၊ အမြင် ကျယ်ပြန့်လာသည်နှင့်အမျှ လုပ်ငန်းကိုချဲ့ထွင်ရန်၊ စနစ်ကျစေရန်၊ မိမိထုတ်ကုန် နိုင်ငံတကာ အဆင့်မှီစေရန်မှာ များစွာထိရောက်မှု ရှိပါတယ်..... ဒါတွေဟာ ပုံမှန် လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို  ICT ကို အသုံးပြုခြင်းဖြင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်.....


တစ်နေရာနဲ့တစ်နေရာ ဝေးကွာနေလို့ မတွေ့နိုင်၊ မဆွေးနွေးနိုင်ကြတဲ့ လူတွေဟာ ယနေ့လို အချိန်အခါမှာတော့ အတိတ်မှာ ကျန်ခဲ့တဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်… Online Collaboration လို့ခေါ်တဲ့ လူအများစု ပေါင်းစပ် အလုပ်လုပ်ခြင်း၊ Video Conferencing လို့ခေါ်တဲ့ Video အသုံးပြုခြင်း အစရှိတဲ့ နည်းပညာတွေကြောင့် လူတွေဟာ အပြန်အလှန် ဆွေးနွေးနိုင်ခြင်း၊ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ အတွေးအခေါ် အိုင်ဒီယာများ ဝေငှခြင်း အစရှိတာတွေကို ထိရောက်စွာ လုပ်ကိုင်နိုင်လာပါတယ်….. ဒါကြောင့် ICT နည်းပညာဟာ ယနေ့ လူမှုပါတ်ဝန်းကျင်မှာ မရှိမဖြစ် အရေးပါတဲ့နေရာကို ရောက်ရှိနေခြင်း ဖြစ်ပါတယ်….

အဆင့်မြင့် ရာထူးတွင် ရှိနေသူများ အတွေးအခေါ် ပြောင်းလဲမှုဟာ ICT နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ ဘယ်လို ပါတ်သက်နေသလဲ၊ ICT ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဘယ်လိုမောင်းနှင်သွားမလဲ….

ယခင်လို ရှေးရိုးစွဲ ရိုးရိုးသွားနေခြင်းဖြင့် ယနေ့လို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ စီးပွားရေး နယ်ပါယ်မှာ အလုပ်မတွင်ကျယ်ပါ…… မိမိ Supplier များနှင့် အချိန်နှင့် တပြေးညီချိတ်ဆက်နိုင်ရန်၊ မိမိ သိုလှောင်ထားသည့် ပစ္စည်းလက်ကျန်၊ အခြေအနေကို အမြန်ဆုံး သိရှိနိုင်ရန်၊  မိမိထုတ်ကုန်များ လူအများစု အမြန်ဆုံးနဲ့ အထိရောက်ဆုံး သိရှိစေရန်၊ မိမိ ပစ္စည်းထုတ်လုပ်နိုင်စွမ်းနှင့် ရောင်းချနိုင်စွမ်းတို့အပေါ် ပစ္စည်းပြတ်လတ်မှု မရှိစေရန် အစရှိသည်များကို လျင်မြန်စွာ၊ အချိန်နဲ့ တပြေးညီ တွက်ချက်လုပ်ကိုင်ဖို့ရာ ICT ဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်….



နည်းပညာတွေ မြင့်မားလာတယ်၊ လျှင်မြန်၊ မြန်ဆန်လာတာနဲ့အမျှ သတင်းအချက်အလက် စီးဆင်းမှုဟာလည်း ရေမြင့်တဲ့အခါ ကြာတင့်သလို မြင့်မားလာတဲ့အတွက် ကမ္ဘာရွာလို့ သုံးနှုံးလာကြပါတယ်..... ဒိအတွက် လုပ်ငန်းတစ်ခုရဲ့ အဆုံးအဖြတ်ကို ပေးတဲ့နေရာမှာ ရှိနေသူတွေဟာ ခေတ်မှီနည်းပညာများအား မျက်ခြေမပြတ် ရှိနေသင့်ပြီး အဆိုပါနည်းပညာများမှ မိမိလုပ်ငန်းနှင့် အံဝင်သည်များကို ချက်ခြင်းယူငင်သုံးစွဲနိုင်မှသာ မိမိပြိုင်ဖက်များထက် နှာတစ်ဖြားသာနေမှာ ဖြစ်ပါတယ်.....


ICT ကိုထိရောက်စွာ အသုံးချရာမှာ ဥပမာအားဖြင့် Online လုပ်ကိုင်ခြင်းများ ဖြစ်ပါတယ်..... ယခင်ကလို ဆိုင်ခန်းတစ်ခန်း ဖွင့်ဖို့အတွက် မြေနေရာ၊ အကွက်အကွင်းကောင်းကောင်း၊ အရောင်းဝန်ထမ်းများစွာ ခန့်အပ်ထားပီး လုပ်ကိုင်နေမယ့်အစား ICT နည်းပညာကို အသုံးပြု၍ Online Shopping Mall များနဲ့ Online Banking လုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် အချိန်ကုန်သက်သာခြင်းနဲ့ ထိရောက်မှုရှိလာမှာ ဖြစ်ပါတယ်..... ယခင်က မိမိလိုချင်သည့် ပစ္စည်းတစ်ခုဝယ်ယူရန် (သို့မဟုတ်) စုံစမ်းရန် သက်ဆိုင်ရာ အရောင်းခန်းမကို သွားရောက်ပြီး စုံစမ်းခြင်း၊ ၀ယ်ယူခြင်း အစရှိတာတွေ ပြုလုပ်ခဲ့ရပါတယ်.... ထို့အတူ တစ်နေရာမှ တစ်နေရာသို့ ငွေလွှဲရာတွင်လည်း ဘဏ်သို့သွားရောက်ပြီးမှသာ လုပ်ငန်းပြီးမြောက်စေပါတယ်.... အဲဒိအတွက် အချိန်တစ်ခု သတ်သတ်မှတ်မှတ် ပေးနေရတာတွေဟာ Online စနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရင် အချိန်ကုန်သက်သာလာမှာ ဖြစ်ပါတယ်.....

ICT နည်းပညာ ဖွံ့ဖြိုးမှုနှင့် လိုအပ်ချက်များ…..

ICT နည်းပညာ နေရာအနှံ့မှာ တွင်ကျယ်လာတာနဲ့အမျှ လူတွေဟာ Online ပေါ်တွင် ကျင်လည်လာခြင်းဖြင့် Electronics Society (or) Online Society အတွင်းမှာ ၀င်ဆံ့ကျင်လည်လာကြပါတယ်.... အဆိုပါ Online Society တွင် ကျင်လည်သူ များပြားလာတာနဲ့အမျှ လိုအပ်ချက်များပေါ် မူတည်ပြီး ICT နည်းပညာ ဖွံ့ဖြိုးမှုလည်း မြင့်မားလာမှာ ဖြစ်ပါတယ်.... ICT ကို အဓိက အသုံးပြုသူတွေဟာ လူသားတွေပဲ ဖြစ်တဲ့အတွက် လူသားထုံးစံအရ ဖြစ်ပေါ်လာတဲ့ လိုအပ်ချက်တွေဟာ အမြဲတမ်း မြင့်မားနေမှာ ဖြစ်ပါတယ်..... ဒီအတွက် လိုအပ်ချက်များကို ကြိုတင်တွေးဆထားသော ICT Products များရှိလာသလို၊ မထင်မှတ်သော လိုအပ်ချက်များအတွက်လည်း လိုက်လံဖြည့်ဆည်းပေးနေရတဲ့ ICT လုပ်ငန်းဆိုင်ရာတွေလည်း ဆက်လည်တည်ရှိနေမှာ ဖြစ်ပါတယ်.....

လက်ရှိမြန်မာနိုင်ငံဟာ ICT နှင့်သက်ဆိုင်သော ပစ္စည်းများ ကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်း မရှိတဲ့အတွက် နိုင်ငံခြားမှ တင်သွင်းတဲ့ ပစ္စည်းများအပေါ်မှာ မှီခိုနေရတာ ဖြစ်ပါတယ်..... သို့ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ICT နဲ့ သက်ဆိုင်တဲ့ ပစ္စည်းများ ရရှိနိုင်မှု၊ ဈေးကွက်အနေအထားဟာ မူရင်းထုတ်လုပ်သည့် ပြည်ပနိုင်ငံများအပေါ် တည်မှီနေပါတယ်..... ခိုင်မာတဲ့ ငွေလဲလှယ်မှု နှုန်းထား မရှိခြင်းဟာ မြန်မာနိုင်ငံရဲ့ ICT ပစ္စည်းများ ဈေးနှုန်းအတက်အကျနဲ့ တိုက်ရိုက် သက်ဆိုင်နေသလို၊ တိကျသေခြာတဲ့ ကုန်သွယ်မှု မူဝါဒ မရှိသေးတဲ့အချက်ဟာလည်း ICT သွင်းကုန်ပစ္စည်းများအပေါ်မှာ ရိုက်ခတ်မှုများ ရှိနေဆဲပဲ ဖြစ်ပါတယ်….. နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျ ဆွဲဆောင်နိုင်ခြင်း မရှိတာဟာလည်း အဆင့်မြင့် ICT ထုတ်ကုန်များ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ရန် တားဆီးထားတဲ့ အကန့်အသတ်များ ဖြစ်နေတာပါပဲ……

နိုင်ငံတကာရှိ ကုမ္ပဏီများနည်းတူ မြန်မာနိုင်ငံရဲ့ ICT လိုအပ်ချက်ဟာလည်း တဖြည်းဖြည်း မြင့်မားလာပါတယ်..... အင်တာနက်နဲ့ အီးမေးလ်ဟာ ယနေ့အခါမှာ ကုမ္ပဏီလုပ်ငန်းများအတွက် မရှိမဖြစ် အရေးပါတဲ့ အနေအထားမှာ ရှိနေသလို၊ ကုမ္ပဏီ အသစ်တစ်ခု တည်ထောင်ရာမှာ၊ ဖွင့်လှစ်ရာမှာလည်း ကွန်ပျူတာဟာ မရှိမဖြစ် အရေးပါလာပါတယ်.... နိုင်ငံတကာနဲ့ နှိုင်းယှဉ်လျင်တော့ မြန်မာနိုင်ငံရဲ့ ICT ဖွံ့ဖြိုးမှုဟာ အားရစရာမရှိပေမယ့်၊ စိတ်ပျက်ဖွယ် အနေအထားတော့ ဖြစ်မနေပါ...... လုပ်ငန်းကြီးမားလာတာနဲ့အမျှ အသင့်သုံး Software များအစားမိမိနဲ့ ကိုက်ညီတဲ့ Software များကို မှာယူသုံးစွဲနေကြတဲ့ ကုမ္ပဏီတွေ များသထက် များလာတာကို နှိုင်းယှဉ်ကြည့်ရင် သိသာမှာဖြစ်ပါတယ်.....



နဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ICT ဖွံ့ဖြိုးတိုးတက်စေချင်ရင်ဖြင့် ICT ရဲ့အဓိက အသက်သွေးကြောဖြစ်တဲ့ အင်တာနက် ကောင်းမွန်နေမှုနဲ့ လျှပ်စစ်မီးမပြတ် ရရှိနေဖို့ပဲ ဖြစ်ပါတယ်..... နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်ဟာ အဆိုပါနိုင်ငံမှ ခေတ်မှီ ICT နည်းပညာများအား ထိရောက်စွာ အသုံးချနိုင်ခြင်းနဲ့လည်း သက်ဆိုင်နေပါတယ်.... ဖယောင်းတိုင်ထွန်းပြီး ခေတ်မှီနိုင်ငံတော်သစ် တည်ဆောက်လို့ မရပါဘူး.....အဲ့ဒါကြောင့် အင်တာနက် မြန်ဆန်ရန်နှင့် လျှပ်စစ်မီး မှန်မှန်ရရှိရန်ဆိုတဲ့ အချက် ၂ ခု မပြည့်စုံသရွေ့ မြန်မာနိုင်ငံရဲ့ ICT ဖွံ့ဖြိုးမှုဟာ သိသိသာသာ ထိုးထွက်လာမှာ မဟုတ်ပါဘူးဆိုတာလေး တင်ပြရင်း နိဂုံးချုပ်ပါတယ်…..

ယခင်က ရေးသားခဲ့သော IT Engineer များနဲ့ အလုပ်အကိုင် အခွင့်အလမ်း……
http://www.facebook.com/note.php?note_id=472041209509172

အာမီရမ် ပုံပြင်

$
0
0




အကြိမ်ပေါင်းများစွာ ထုတ်ယူခဲ့ဖူးသူဖြစ်ခြင်း၊ ကိုယ်မကျွမ်းကျင်သည့် နေရာ/လုပ်ငန်း ဆောင်တာ များဖြစ်ခြင်း၊ ခေါင်းမခြောက်လိုခြင်းတို့ကြောင့် အလွယ်တကူပင် လက်လွှဲ ဆောင်ရွက်ခွင့်ပေးလိုက်ရာ စစ်သည်က အလိုက်သိစွာဖြင့် တောင်ငူမြို့အတွင်း လည်ပတ်နိုင်ရန် ဆိုင်ကယ်တစ်စီး စီစဉ် ထားကြောင်း၊ တည်းခိုခန်း ငှားရမ်းထားပြီးဖြစ်ကြောင်း၊ ကုန်စည်များ ရထားပေါ်သို့ တင်ဆောင်ပြီး ပါက ပြန်လည်ဆက်သွယ်ပါမည်ဟု တင်ပြလာသဖြင့် အစစအရာရာ ဂရုစိုက်ရန်၊ လိုအပ်ပါက ဖုန်းဖြင့် ဆက်သွယ်ရန်မှာကြားပြီး သယ်ရင်းများဆီသို့ထွက်ခွါလာခဲ့သည်။

နှစ်ရက်ခန့် ရှိသောအခါ ရထားပေါ်သို့ ကုန်စည်များတင်ဆောင်ပြီးကြောင်း ဖုန်းဆက်လာ၍ ဆရာတပည့်နှစ်ယောက် ပြန်လည်တွေ့ဆုံကြရာ ဗိုလ်ကြီးအတွက်ဟု ဆို၍ စာအိတ်ပေးလာပြန်သဖြင့် အံ့သြစွာလက်ခံရယူရင်း အကြမ်းဖျဉ်းလုပ်ဆောင်ချက်ကို အင်တာဗျူးဖွင့်ခဲ့ရပါတော့သည်။

စစ်သည်က…..
စစ်သည်ရိပ်သာအတွက် စတုတ္ထတန်းစား၊ အကြပ်ကြီးရိပ်သာအတွက် တတိယတန်းစား၊
အရာရှိရိပ်သာအတွက် ဒုတိယတန်းစား၊ အရာရှိကြီးများအတွက် ပထမတန်းစား ဟူ၍ အတန်းအစား လေးမျိုးခွဲခြားထားကြောင်း၊ ဂိုဒေါင်မှထုတ်ယူလာစဉ်ကတည်းက ပထမတန်း တစ်ကာတွန်း၊ ဒုတိယ ငါးကာတွန်း၊ တတိယ (? )ကာတွန်း တို့ထုတ်ယူခဲ့ပါကြောင်း၊ ကားပေါ်မှ ရထားပေါ်သို့ တင်ဆောင်ခနှင့် အထွေထွေကိစ္စရပ်များအတွက် တတိယတန်း( ?)ကာတွန်းမှအပ ကျန်သည်များအား စတုတ္ထတန်းအဖြစ် လဲလှယ်ခဲ့ပါကြောင်း၊ ဒီတခေါက် ဗိုလ်ကြီးနှင့် အလုပ်လုပ်ရသည်မှာ သူ့အတွက် တွက်ခြေကိုက်ကြောင်း အရင်ဗိုလ်ကြီးက အရမ်းရစ်ကြောင်း အာမီရမ်နံ့လေး တသင်းသင်းဖြင့် ပြောပြခဲ့ပါတော့သည်။
တိုက်ဆိုင်မှု ရှိရင် ခွင့်မလွှတ်ပါနဲ့၊ အပြင်မှာတွေ့ရင် Club မှာ Blue lable နဲ့ ပြုစုပါ့မယ်.............
( MEC ခေတ်မှာ Army Rum ကိုယ်စားလှယ်ထုတ်ယူလိုသူ မရှိ၍ ရေး/ထောက်အရာရှိများ အင်မတန်ခေါင်းကိုက်နေကြရပါသည် ခင်ဗျာ)

တပ်မတော်ရမ်ဆိုသည်မှာ..........
အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦးဟာ တပ်မတော်ရမ် ( ? )ကာတွန်း ထုတ်ယူရန် ရန်ကုန်မှတောင်ငူသို့ ထွက်ခွါလာခဲ့ပါတယ်။ လုပ်သက်နုအရာရှိလေးဟာ ခရီးစရိတ်ငါးသောင်းကျပ်နဲ့ သွင်းငွေ ( ? )ကျပ်ကို ကျစ်ကျစ်ပါအောင်သိမ်းဆည်းရင်း ရှေ့ဆက်ကုန်ကျလာနိုင်မည့် စရိတ်အဝဝကိုတွက်ချက်ရင်း ရင်လေးနေသလောက် လုပ်သက်ရင့်စစ်သည်ကတော့ စီးကရက်ကို ဟန်ပါပါဖွာရှိုက်ရင်း ဒူးနန့်နေသည်။

တောင်ငူဘူတာသို့ဆိုက်ရောက်ချိန်တွင် စစ်သည်ထံပါး လူစိမ်းများချဉ်းကပ်လာပြီး တီးတိုးစကားများဆိုကြသည်။ နောက်ဆုံးတွင် လူတစ်ဦးသာကျန်ရှိတော့ပြီး ၄င်းစီစဉ်မှုဖြင့် ဇေယျဝတီ ဂိုဒေါင်ရှိရာသို့ ကုန်တင်ကားဖြင့် ထပ်မံခရီးဆက်လာကြသည်။

လမ်းတွင် အရာရှိလေးမှ ကားခအသွားအပြန် ဘယ်လောက်ပေးရမလဲ ဟုမေးရာ…. ဗိုလ်ကြီး ဘာမှစိတ်မပူရန်၊ မန်နေဂျာကို သွင်းရမည့် ငွေထဲမှ ( ? )ကျပ်နှင့် ခရီးစရိတ် ( ၅၀၀၀၀ ကျပ်) ကို ကိုယ်ပိုင်ငွေအဖြစ် သိမ်းဆည်း ထားပြီး ကျန်ငွေများအား သူ့ထံလွှဲပြောင်းပေးရန် စစ်သည်မှ ဖြေခဲ့သည်။

ဇာတ်လမ်းကတော့  ဒီမျှသာ……..

မနူးမနပ် အော်ဖစ်ဆာ

စစ်သားနဲ့ ယူနီဖောင်း

$
0
0


မေးချင်စမ်းပါရဲ့လေ...........

စစ်သည်တွေဆိုတာ တပ်မတော်ကို စဝင်လာတဲ့အချိန်လေးမှာတောင် ပစ္စည်းပြတ်နေလို့ဆိုတဲ့ ဆင်ခြေနဲ့ စစ်ဝတ်ပစ္စည်း(၂၂)မျိုး အပြည့်မရခဲ့သလို ဖြတ်သန်းနေတဲ့ စစ်သက်တလျှောက်မှာလဲ နှစ်ပြည့်ပစ္စည်းတွေလဲ မရသလောက်ရှိနေခဲ့ကြတယ်။

ကြည်းတပ်တွေကိုတော့ မသိပါဘူး။ Water army မှာကတော့ လစာဆိုတာ စစ်ပစ္စည်းဝယ်ယူဖို့ သက်သက်ပါပဲ။ တပ်ကထုတ်ပေးတဲ့ ယူနီဖောင်းကို ဝတ်ဆင်ပြီး တပ်မှူးရဲ့ဝတ်စားဆင်ယင်မှု စစ်ဆေးခြင်းကို ခံယူရာမှာ မထေမဲ့မြင်ပြုရမလားဆိုပြီး အပြစ်ပေးခြင်းခံရတဲ့ စစ်သည်တစ်ဦးကို မြင်ခဲ့ဖူးပါတယ်။

တပ်ကထုတ်ပေးတဲ့ ရှူးဖိနပ်က တစ်ဖက်နဲ့တစ်ဖက် ပုံစံမတူပါဘူး။ စီးရတာလဲ သက်တောင့်သက်သာ မဖြစ်ပါဘူး။ မှန်ရောင်လက်အောင် ဆေးတိုက်မယ်ဆိုလဲ အနည်းဆုံး ရှန်ဟိုင်းဖိနပ်တိုက်ဆေး တစ်ဗူးလောက်ကုန်မှ ကျေနပ်နိုင်ရုံလေးပါ။ ဒီတော့ တရုတ်ရှူးအနက်တွေ အနိမ့်ဆုံး ၃၅၀၀ တန်လောက် ဝယ်စီးရပါပြီ။

Issue ထုတ်ပေးတဲ့ ရှာထိုးဦးထုပ်ဆိုရင် မိုးတွင်းမှာဆောင်းမိရင် ရေတပ်ကွန်မန်ဒိုကားရိုက်နေသလား လို့ အမေးခံရလောက်အောင် မျက်နှာမှာ ဆိုးဆေးအနက်ရောင်တွေစီးကျနေတာ အထင်းသားပါ။ ဒီတော့ ဝယ်ရပြန်ပါပြီ ၁၅၀၀ကျပ်။ Issue ဦးထုပ်တံဆိပ် ဟုတ်ကဲ့ မရပါဘူး ဝယ်ရပါတယ်။ ၁၅၀၀ ပါခင်ဗျ။ ဘယ်ရီဦးထုပ်လား… ထုတ်ပေးတာက ကိုယ်နဲ့ဆိုဒ်မတော်တာကများတော့ ဝယ်ရတယ်လေ။ ၂၅၀၀ ဆို Issue ရတာပေါ့။ ကော်လံတံဆိပ်လား သူကတော့ ဟိုငြိ ဒီငြိနဲ့ပျောက်တတ်လွန်းတော့ အနည်းလေး သုံးစုံတော့ဆောင်ထားပါတယ်။ ကုန်ပေဦးတော့ ၄၀၀၀ကျပ်။ သြော်…. ခါးပတ်လား သူကတော့ ပေါတယ်ခင်ဗျ မဝယ်ရပါဘူး။

ဟုတ်ကဲ့….. ယူနီဖောင်းက အစားစားပါခင်ဗျ ရယ်ဒီမိတ် တက်ထရက်စ မင်္ဂလာဒုံချုပ်ဆို တစ်စုံ ၅၀၀၀ကျပ်ပါ။ ဒါပေမယ့် အရောင်သတ်မှတ်ချက်မညီလို့ ဝတ်ခွင့်မရှိပါဘူး သတ်မှတ်ချက်က Diamond key လို့ခေါ်တဲ့ ပိတ်စ မိုးပြာရောင်/နက်ပြာရောင်/အဖြူရောင်ပါခင်ဗျာ။ တိုင်းချုပ်မယ်ဆိုရင် အပြာဝတ်စုံအတွက် ၁၁၀၀၀ကျပ်ပါ၊ အဖြူလက်တိုက ၉၀၀၀ကျပ်၊ Square neck က ၁၂၀၀၀ ကျပ်ပါ။
ခင်ဗျာ တပ်ကပေါပေါရတာလား…. ရှိတာပေါ့ အများကြီးပဲလေ…  စွပ်ကျယ်စိမ်း၊ အောက်ခံဘောင်းဘီစိမ်းနဲ့ ခြေအိတ်စိမ်းတွေပေါ့။ သြော်….  ဆောင်းတွင်းအတွက် ဆွယ်တာလား…. ဝယ်ရတာပါပဲ ၃၅၀၀ကျပ်ပါ။ သူ့ကိုတော့ ရိုရိုသေသေသိမ်းရတယ်ဗျ….. လျှော်လေ ကျယ်လေ ရှည်လေပဲဗျ။

ဟုတ်ကဲ့ ကြေးတံဆိပ်တွေကလွဲရင် ယူနီဖောင်းတွေက သုံးလလောက်ဆို အသစ်ဝယ်ရတာပါပဲ။ ဒီတော့ အားလုံးပေါင်းကြည့်ရင် သုံးလတစ်ကြိမ်လောက်မှာ လစာထက်ဝက်နီးပါးက ယူနီဖောင်းအတွက် ကုန်ကျခံရတာဖြစ်မနေဘူးလားဗျာ။ တပ်ရင်းရန်ပုံငွေလေး နဲနဲများလာရင်တော့ တပ်ကချုပ်ပေးတာမျိုး လက်ရှိစစ်သက် ၂၀ နီးပါးမှာတော့ ၂ ကြိမ်လားပဲ ကြုံဖူးတယ်ဗျ။

အခမ်းအနားရှိရင် ထုတ်ပေးပြီး… အခမ်းအနားပြီးတာနဲ့ လျှော်/ဖွပ်/ မီးပူတိုက်ပြီး ပြန်အပ် ထားရတယ်။ သိပ်ဟောင်းလာမှ အပိုင်ရတယ်ဗျ။ တပ်မတော်(ကြည်း)ကဖွင့်တဲ့ သင်တန်းတွေ သွားတက်ရင် အီကွေးမန့်အစုံလိုက် မင်္ဂလာဒုံဈေးမှာ ဝယ်ရတယ်။ သင်တန်းတက်ထောက်ပံ့ကြေးက ၅၀၀၀ကျပ်ပေးတယ် (အပြီးပေါ့) ခင်ဗျားဘာသာဘယ်လောက်ကြာပါစေ။ သင်တန်းတက်ဖို့ဝယ်ရပြီဆို အနည်းလေး ၁၆၀၀၀ ကျပ်ကုန်တယ်။ လစာကြိုမထုတ်ပေးလိုက်ဘူးဗျ။ ပြန်လာမှထုတ်။ လောလောဆယ်စိုက်ထားပဲ။ ကျန်ခဲ့တဲ့ မိသားစုက ငတ်ကောင်းရော။

ဟားဟား စိတ်ပျက်သွားပြီလား စာဖတ်သူတွေရေ…. ဒီလို အခက်အခဲတွေကြားမှာ လူးလွန့်ပြီး တိုင်းပြည်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြရတဲ့ စစ်သားတွေကို မငဲ့ညှာနိုင်ရင်နေပါ။ မစော်ကားပါနဲ့ဗျာ….. တပ်မတော်ကို စတင်ဝင်ရောက်လာချိန်မှာ အကြောင်းပြချက် အမျိုးမျိုး ရှိကြပေမယ့် ဒီလိုအခက်အခဲတွေကြားမှာ နှစ်ရှည်တာဝန်ထမ်းဆောင်နေကြသူတွေက စိတ်ဓါတ်ပြင်းထန်သူတွေပါ။ တိုင်းပြည်ကာကွယ်ရေးအတွက် အရာရာကို မေ့ထားကြသူတွေပါ။

ကျန်းမာရေးအဆင့်နိမ့်သွားလို့ မထွက်ချင်ပဲထွက်သွားရသူတွေ၊ ခေါင်းဆောင်ဆိုးတွေနှိပ်စက်လို့ တရားမဝင်ထွက်သွားရသူတွေ၊ ထောင်ကျပြုတ်သွားရသူတွေ အများကြီးပါ။ စစ်သားလို့ဆိုလိုက်တာနဲ့
နှာခေါင်းရှုံ့ချင်ကြတဲ့ လူတွေကို မေးချင်ပါတယ်….

တပ်တွင်းက ဒီလိုအကြောင်းတွေကို သိရဲ့လားလို့...........


ရေစစ်သား
 ၇-၃-၂၀၁၃

မီးလင်းဖို့ လွယ်သလား ခက်သလား

$
0
0

by ကို သာ ပို on Thursday, March 7, 2013 at 9:24pm ·


ဖေ့ဘုတ်မှာ မီးသီးလေးတွေ ယှဉ်ပြထားတာလေး တွေ့မိလို့ တွက်ချက်ကြည့်ပြီး စတေးတပ်လေး တင်မိပါတယ်။ ပြန်ပြီးတော့ သေသေချာချာလေး ရေးသိမ်းထားချင်လို့ နုတ်လုပ်တင်ပါတယ်။


ပုံလေးကတော့ ခပ်ရှင်ရှင်းလေးပါပဲ။ စစချင်း ဝယ်ယူရမယ့် မီးသီးတွေရဲ့ ကုန်ကျစားရိတ် ဈေးနှုန်းရယ်၊ ဆွဲတဲ့ ဝပ် (watts) အားရယ် ယှဉ်ပြထားတာပါ။ မီးသီးတွေရဲ့ ထွက်ရှိတဲ့ အလင်းပမာဏဖြစ်တဲ့ Lumens ကလဲ အကုန်လုံ အတူတူဖြစ်တဲ့ ၁၆၀၀ လူးမန်းပါ။ လူးမန်းဆိုတာက အလင်းကိုတိုင်းတဲ့ ယူနစ်ပါ အသေးစိတ်ကို ဝီကီမှာ သွားဖတ်နိုင်ပါတယ်။

>> http://en.wikipedia.org/wiki/Lumen_(unit)

ပထမဆုံး မီးသီးဈေးလေးတွေကို တွက်ကြည့်ရအောင်ပါ။ တွက်တဲ့နေရာမှာ တစ်ဒေါ်လာကို ၈၆၀ ကျပ်ဈေးနဲ့ နမူနာလေးထားပြီးတော့ တွက်ကြည့်ရအောင်ပါ။
  • ရိုးရိုး မီးသီးက တစ်လုံးကို 0.35 $ဆိုတော့ကာ တစ်လုံးကို ၃၀၀ ကျပ်လောက် ကျပါတယ်။
  • ဟေလိုဂျင် မီးသီးက တစ်လုံးကို 1.59 $ဆိုတော့ကာ တစ်လုံးကို ၁ ၃၅၀ ကျပ်လောက် ကျပါတယ်။
  • မီးချောင်းကွေး လေးတွေက တစ်လုံးကို 2.23 $ဆိုတော့ကာ တစ်လုံးကို ၁ ၉၀၀ ကျပ်လောက် ကျပါတယ်။
  • LED မီးသီးက တစ်လုံးကို 45 $ဆိုတော့ကာ တစ်လုံးကို၃၈ ၇၀၀ ကျပ်လောက် ကျပါတယ်။
ဈေးနှုန်းတွေက အရည်အသွေးပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲနိုင်ပါတယ်။ အရည်အသွေးကောင်းရင်တော့ အခုလို ဈေးကောင်းနိုင်ပါတယ်။ မီးသီး တစ်လုံးရဲ့ သက်တမ်းကလဲ ကွာသွားပါသေးတယ်။ ပုံထဲမှာ ပြထားတာကတော့ -
  • ရိုးရိုးမီးသီးက နာရီ ၇၅၀အထွန်းခံပါသတဲ့။ ဝပ်အားကတော့၁၀၀ ဝပ်ဆွဲပါတယ်။
  • ဟေလိုဂျင် မီးသီးက နာရီ ၁ ၀၀၀အထွန်းခံပါသတဲ့။ ဝပ်အားကတော့ ၇၇ ဝပ်ဆွဲပါတယ်။
  • မီးချောင်းကွေးလေးတွေက နာရီ ၁၀ ၀၀၀အထွန်းခံပါသတဲ့။ ဝပ်အားကတော့ ၂၃ ဝပ်ဆွဲပါတယ်။
  • LED မီးသီးက နာရီ ၂၀ ၀၀၀အထွန်းခံပါသတဲ့။ ဝပ်အားကတော့ ၂၀ ဝပ်ဆွဲပါတယ်။


ပထမဆုံး ကျွန်တော်တို့ ဒီမီးသီးတွေ ထွန်းရတာ တစ်လကိုဘယ်လောက် ကုန်ကျစားရိတ် ရှိမလဲဆိုတာကို တွက်ကြည့်ကြရအောင်ပါ။ တစ်လကို ရက် ၃၀နဲ့ တွက်ပါ့မယ်။ ပြီးတော့ တစ်နေ့ကို မီးထွန်းချိန်၁၂နာရီနဲ့တွက်ပါမယ်။ ဒီတော့ကာ တစ်လကို မီးထွန်းချိန် -

၃၀ ရက် x ၁၂ နာရီ =၃၆၀ နာရီရှိပါမယ်။ ဒီတော့ကာ နာရီ သုံးရာ့ခြောက်ဆယ်မှာ အသုံးပြုရမယ့် မီးသီးခကို သုံချက်တွက်နည်းနဲ့ ခပ်လွယ်လွယ် တွက်ကြည့်ရရင် -
  • ရိုးရိုးမီးသီးက                           >> (၃၀၀ x ၃၆၀) / ၇၅၀ = ၁၄၄ ကျပ်
  • ဟေလိုဂျင် မီးသီးက                   >> (၁ ၃၅၀ x ၃၆၀) / ၁ ၀၀၀ = ၄၈၆ ကျပ်
  • မီးချောင်းကွေးက                     >> (၁ ၉၀၀ x ၃၆၀) / ၁၀ ၀၀၀ =၆၈.၄ ကျပ်
  • LED မီးသီးက                           >> (၃၈ ၇၀၀ x ၃၆၀) / ၂၀ ၀၀၀ = ၆၉၆.၆ ကျပ်
ဒီတော့ ကျွန်တော်တို့ မီးသီးကနေ ဆွဲမယ့် ဓါတ်အားကုန်ကျမှုကို ပြန်တွက်ကြည့်ရင် -
(တစ်ယူနစ်ကို ၁ကီလိုဝပ် နာရီ = ၁၀၀၀ ဝပ်နာရီ ရှိပါတယ်။ ယူနစ်ဆိုတာ အိမ်သုံးမီတာတွေမှာ ပြတဲ့ယူနစ်ပါ။)
  • ရိုးရိုးမီးသီးက                           >> ၃၆၀ x ၁၀၀ = ၃၆ ၀၀၀ ဝပ်နာရီ  = ၃၆ ယူနစ်
  • ဟေလိုဂျင် မီးသီးက                   >> ၃၆၀ x ၇၇   = ၂၇ ၇၂၀ ဝပ်နာရီ  = ၂၇.၇၂ ယူနစ်
  • မီးချောင်းကွေးက                     >> ၃၆၀ x ၂၃   = ၈ ၂၈၀ ဝပ်နာရီ    = ၈.၂၈ ယူနစ်
  • LED မီးသီးက                           >> ၃၆၀ x ၂၀   = ၇ ၂၀၀ ဝပ်နာရီ    = ၇.၂ ယူနစ်
မြန်မာပြည်မယ် အိမ်သုံး လျှပ်စစ်မီးက တစ်ယူနစ်ကို ၂၅ကျပ်လား ၅၀ကျပ်လားတော့ မမှတ်မိတော့ပါဘူး။ ဒီတော့ တစ်ယူနစ် ၅၀ ကျပ်နှုန်းနဲ့ပဲ တွက်ကြရအောင်ပါ။
ဒီတော့ တစ်လထွန်းရင် ကုန်ကျမယ့် မီတာခတွေကတော့ -
  • ရိုးရိုးမီးသီးက                           >> ၃၆ ယူနစ် x ၅၀ ကျပ်    = ၁ ၈၀၀ ကျပ်
  • ဟေလိုဂျင် မီးသီးက                   >>၂၇.၇၂ ယူနစ် x ၅၀ ကျပ် =၁ ၃၈၆ ကျပ်
  • မီးချောင်းကွေးက                     >> ၈.၂၈ ယူနစ် x ၅၀ ကျပ်  = ၄၀၀ ကျပ်
  • LED မီးသီးက                           >> ၇.၂ ယူနစ် x ၅၀ ကျပ်    = ၃၆၀ ကျပ်
ဒီတော့ ခုတင်က စစချင်း မီးသီးဝယ်လို့ ကုန်ကျတာနဲ့ တစ်လစာ မီတာခ ပေါင်းလိုက်ရင် တစ်လကို -
  • ရိုးရိုးမီးသီးက                           >> ၁ ၉၄၄ ကျပ်
  • ဟေလိုဂျင် မီးသီးက                   >>၁ ၈၇၂ ကျပ်
  • မီးချောင်းကွေးက                     >> ၄၆၈.၄ ကျပ်
  • LED မီးသီးက                           >> ၁ ၀၅၆.၆ ကျပ်
ဒီထဲမယ် ပြန်ကြည့်လိုက်ရင် မီးချောင်းကွေးလေးတွေက ကုန်ကျစားရိတ်မှာ အနည်းဆုံးလို တွေ့ရပါတယ်။ ဒါဟာ ဘာ့ကြောင့်လဲဆိုရင် LED နည်းပညာက နည်းပညာ အသစ်ဖြစ်တဲ့အတွက် ထုတ်လုပ်မှု ကုန်ကျစားရိတ် များနေတာကြောင့်ပါ။ ဒါပေမယ့် သေချာပြန်တွက်ကြည့်ရင် ရိုးရိုး မီးသီးတွေ သုံးနေတဲ့ နေရာမှာ ဒါမျိုးလေးတွေ ပြောင်းသုံးကြမယ်ဆိုရင် သိသိသာသာကို မီတာခ ဈေးသက်သာလာတာကို မြင်ရမှာပါ။

ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာက မီတာခက သူများနိုင်ငံတွေထက် အများကြီး သက်သာနေတာကလဲ အကြောင်းရင်းတစ်ချက်ပါပဲ။ စင်္ကာပူလို နိုင်ငံမျိုးမှာဆိုရင် အိမ်သုံးအတွက်ဆို တစ်ယူနစ်ကို ငွေနှစ်ရာနီးပါးလောက် ကုန်ကျပါတယ်။ ဒီလိုနေရာမျိုးမှာဆိုရင် သိသိသာသာကို ဈေးသက်သာတာကို တွေ့ရပါတယ်။

LED မီးသီးတစ်လုံး ထွန်းတဲ့နေရာမှာ ရိုးရိုးမီးသီးဆိုရင် နာရီနှစ်သောင်း အထွန်းခံဖို့ မီးလုံးပေါင်း ၂၆ လုံးသုံးရမယ်။ အဲ့ဒိ မီးသီးတွေ ထုတ်ဖို့အတွက် စွမ်းအင်တွေက အများကြီးသုံးရတယ်။ စွမ်းအင်ဆိုတာက ထုတ်လုပ်တဲ့ နေရာမှာ ကုန်ကျတာကို ထည့်သွင်းတွက်ချက် ရဦးမှာပါ။

နောက်ပြီးတော့ ရိုးရိုးမီးသီး တစ်လုံးနေရာမှာ LED မီးသီးထွန်းမယ်ဆိုရင် တူညီတဲ့ လျှပ်စစ်ဓါတ်အားမှာ မီးသီးငါးလုံး ထွန်းလို့ရတယ်။ ဒီတော့ကာ ရိုးရိုးမီးသီး သုံးနေကြတဲ့ အိမ်ထောင်စုတွေ LED မီးသီးတွေ ပြောင်းသုံးကြရင် တူညီတဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုမှာကိုတင် အိမ်ငါးအိမ် လျှပ်စစ်မီးထွန်းနိုင်ပါမယ်။ အိမ်တစ်ရာ ပြောင်းသုံးရင် အဲ့ဒိအတွက် အိမ်ငါးရာ သုံးနိုင်မယ်၊ မီးလင်းမယ်။

မြန်မာနိုင်ငံမှာ ထမင်းဟင်းချက်ဖို့၊ အပန်းဖြေဇိမ်ခံပစ္စည်း စတာတွေကို ခဏထားဦးတော့ မီးအလင်းရောင် ရရှိဖို့အတွက် လုံးပန်းနေရသူတွေ မနည်းရှိပါတယ်။ လျှပ်စစ်ဓါတ်အား တိုးထုတ်တာနဲ့အမျှ တိုးတက်လာတဲ့ လူဦးရေနဲ့ တိုးတက်လာတဲ့ လူမှုဘဝတွေကြောင့် အမြဲတမ်း လိုအပ်ချက်တွေ ရှိနေမှာပါပဲ။ ဒီတော့ကာ ဘယ်လိုနည်းနဲ့ စွမ်းအင်တွေကို ချွေတာနိုင်မလဲ စဉ်းစားကြံဆဖို့ လိုလာပါမယ်။

ချွေတာတယ်ဆိုတာ လျှော့သုံးခိုင်းတာ မဟုတ်ပါဘူး။ Energy Saving ဆိုတဲ့ စကားစုဟာ လျှော့သုံးတယ် ဆိုတာထက် အဆုံးအရှုံး အလေအလွင့်နည်းအောင် အကျိုးရှိရှိ အသုံးချတယ်လို့ပဲ အဓိပ္ပါယ်ရပါတယ်။

ဒီလိုချွေတာလိုက်လို့၊ အကျိုးရှိရှိ သုံးလိုက်လို့ နိုင်ငံနဲ့ချီပြီးတော့မှ အကျိုးဖြစ်မှာ မဟုတ်ပါဘူး။ လောလောလတ်လတ် ချွေတာလိုက်သူ ကိုယ်တိုင်မှာတင် မီတာခ ၁၀၀ ပေးရရင် နှစ်ဆယ်ပဲ ကျမယ်။ ဆယ်လုံးထွန်းတဲ့ အိမ်မှာဆို အရင် ငွေ ၁၀၀၀ ကျပ်ကျရင် အခုဆို ၂၀၀ ကျပ်ပဲ ပေးရတော့မှာပါ။ ဒါပေမယ့် လူအတော်များများက စစချင်း ဝယ်ယူရတဲ့ ဈေးနှုန်းကို ကြည့်ကြတာ များပါတယ်။ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို တကယ်သုံးကြည့်ရင် တကယ်ကောင်းပါတယ်။ သေချာတွက်ချက်ကြည့်ရင်ကို တန်ပါတယ်။

နောက်ဆက်တွဲတွေ ဆက်စပ်ပြီးတော့ စဉ်းစားရင် ဒီလူတွေအတွက် လိုအပ်လာမယ့် လျှပ်စစ်စွမ်းအား နည်းသွားလို့ တူညီတဲ့ ထုတ်လုပ်မှုမှာတင် ပိုမိုဖြန့်ဖြူးနိုင်မယ်။ ဆည်တွေ လျှပ်စစ်ထုတ်ရင် ဒီလောက်ရေနဲ့တင် များများ ပိုထုတ်လို့ရမယ်။ ရေပိုလာရင် စိုက်ပျိုးရေးအတွက် အသုံးဝင်မယ်။ ကျောက်မီးသွေးက ထုတ်ရင်လဲ ထုတ်ရတာ လျှော့လာမှာမို့ ပတ်ဝန်းကျင် ညစ်ညမ်းမှုနည်းမယ်။ သဘာဝဓါတ်ငွေက၊ ရေနံထွက် လောင်စာတွေက ထုတ်ရင် စွမ်းအင်ချွေတာနိုင်မှာမို့ နိုင်ငံတော်ရဲ့ Energy Reservation ပိုကောင်းလာမယ်။ ဒါတွေက နိုင်ငံနဲ့ ချီပြီးတော့ ရလာမယ့် အကျိုးတွေပါပဲ။

ပြည်တွင်မှာ လျှပ်စစ်မီးသီးတွေ ထုတ်နေတယ်ဆိုရင်၊ ရပ်ဆိုင်းပြီးတော့ LED တွေထုတ်နိုင်အောင်၊ ထုတ်လုပ်တဲ့ နည်းပညာတိုးတက်လာအောင် အစိုးရက ပေါ်လစီတွေချ၊ သုတေသနတွေမှာ အားပေးရမယ်။ ပြောရရင် မြန်မာပြည်ထဲမှာ ရိုးရိုးလျှပ်စစ်မီးသီးတွေ ထုတ်နေတဲ့ စက်ရုံတွေ အတော်များများ ရှိနေပါတယ်။ ဒါတွေကို နည်းပညာမြင့် ထုတ်ကုန်တွေ ထုတ်နိုင်အောင် ကူညီတာ ဖိအားပေးတာတွေ လုပ်ကို လုပ်ရတော့မှာပါ။

များသောအားဖြင့် မြန်မာနိုင်ငံဟာ မီးသီး မီးချောင်းတွေကို အဓိက အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေက တင်သွင်းနေတာပါ။ ဒီတော့ ပြည်ပက တင်သွင်းနေတဲ့ ဓါတ်အား ဆုံးရှုံးမှုများတဲ့ မီးသီးတွေကို အခွန်အဆမတန် ကောက်ကိုကောက်ရမယ်။ အရည်အသွေး စီစစ်တဲ့ အဖွဲ့တွေ ထားရှိပြီးတော့ အရည်အသွေး မမီတဲ့ ပစ္စည်းတွေ တားဆီရပါမယ်။ သတိပေးတာတွေ ဒဏ်ရိုက်တာတွေ အများကြီ တင်းတင်းကျပ်ကျပ် လုပ်သင့်နေပါပြီ။

LED လို နည်းပညာမြင့် ထုတ်ကုန်တွေကို ထုတ်လုပ်သူတွေ စိတ်ဝင်စားသူတွေကို အခွန်လျော့ချပေးရင်းနဲ့ စိတ်ဝင်စားလာအောင် ဆွဲဆောင်ရမယ်။ တင်သွင်းသူတွေကိုလဲ စည်းကျပ်တဲ့ အခွန်နှုန်းတွေ ပြင်ဆင်သတ်မှတ် ပေးရဦးမှာပါ။

ဒါတွေလုပ်လိုက်ရင် မီးတွေမှန်လာ မလားလို့တော့ မပြောနိုင်ပါဘူး။ သေချာတာတစ်ခုကတော့ လူတိုင်းလူတိုင်းအတွက် အများကြီး အကျိုးရှိလာမှာ အသေအချာပါပဲ။

သာပို
၇.၃.၂၀၁၃


မူရင်း ဓါတ်ပုံ >> https://www.facebook.com/photo.php?fbid=10151330055857321&set=a.10151010918652321.421624.121098177320&type=1&theater

အာဏာရှင် နဲ့ စစ်သား

$
0
0
Photo: အာဏာရှင် နဲ့ စစ်သား ============ အာဏာရှင်နဲ့ စစ်သားခွဲခြားသိစေချင်တာပေါ့ဗျာ၊ကျနော့်မိတ်ဆွေ တချို့က တပ်မတော်နဲ့ပတ်သက်ပြီး ဆတ်ဆတ်ထိမခံတဲ့ စစ်သား တွေကို တမျိုးမြင်တတ်တယ်၊  အမှန်က အဲဒီစိတ်ဓာတ်ဟာ အာဏာရှင်ကို အကာအကွယ်ပြုလိုတာ မဟုတ်ဘဲ၊စစ်သားတွေရဲ့ဘဝကိုထပ်တူစာနာတာ၊စစ်သားအဖြစ်ကို  ဂုဏ်ယူတတ်တဲ့စိတ်ဆိုတာသိစေချင်လှတယ်ဗျာ ။  စစ်တပ်ကထွက် စစ်တပ်ကိုပြန်ကလော်မှ အာဏာရှင်မုန်းတယ်လို့  မြင်နေကြတာကိုတော့ ကျနော်လည်း ဘယ်လိုရှင်းပြရမှန်းကို မသိ တော့တာ၊   ကျနော့်အမြင်တော့ အာဏာရှင်စနစ်ကို မုန်းတဲ့စစ်သားဟာ ကျန်တဲ့  စစ်သားအများစုနဲ့ ဘယ်လိုမှ အမုန်းပွားဖို့ မလိုဘူးလို့ ယူဆတယ်။  ဘာကြောင့်ဆို တပ်ထဲက ဒုတ်ခ သုတ်ခတွေကို အတူကျော်ဖြတ်ရင်း  သိနေကြတာပဲဗျာ... ။  ။ (ညီငယ်ဆီးမန်း နေမင်းသူစတေ့တပ်မှကောက်နှုတ်ချက်) (ဓာတ်ပုံ-ရန်နိုင်အောင်)  (အာဏာရှင်စနစ်ကိုမုန်းတဲ့ စစ်သားဟောင်းလေး- ယောင်)
============
အာဏာရှင်နဲ့ စစ်သားခွဲခြားသိစေချင်တာပေါ့ဗျာ၊ကျနော့်မိတ်ဆွေ
တချို့က တပ်မတော်နဲ့ပတ်သက်ပြီး ဆတ်ဆတ်ထိမခံတဲ့ စစ်သား
တွေကို တမျိုးမြင်တတ်တယ်၊

အမှန်က အဲဒီစိတ်ဓာတ်ဟာ အာဏာရှင်ကို အကာအကွယ်ပြုလိုတာ
မဟုတ်ဘဲ၊စစ်သားတွေရဲ့ဘဝကိုထပ်တူစာနာတာ၊စစ်သားအဖြစ်ကို
ဂုဏ်ယူတတ်တဲ့စိတ်ဆိုတာသိစေချင်လှတယ်ဗျာ ။

စစ်တပ်ကထွက် စစ်တပ်ကိုပြန်ကလော်မှ အာဏာရှင်မုန်းတယ်လို့
မြင်နေကြတာကိုတော့ ကျနော်လည်း ဘယ်လိုရှင်းပြရမှန်းကို မသိ
တော့တာ၊

ကျနော့်အမြင်တော့ အာဏာရှင်စနစ်ကို မုန်းတဲ့စစ်သားဟာ ကျန်တဲ့
စစ်သားအများစုနဲ့ ဘယ်လိုမှ အမုန်းပွားဖို့ မလိုဘူးလို့ ယူဆတယ်။
ဘာကြောင့်ဆို တပ်ထဲက ဒုတ်ခ သုတ်ခတွေကို အတူကျော်ဖြတ်ရင်း
သိနေကြတာပဲဗျာ... ။ ။
(ညီငယ်ဆီးမန်း နေမင်းသူစတေ့တပ်မှကောက်နှုတ်ချက်)
(ဓာတ်ပုံ-ရန်နိုင်အောင်)

(အာဏာရှင်စနစ်ကိုမုန်းတဲ့ စစ်သားဟောင်းလေး- ယောင်)
— with Seaman Nayminthu.

ဥာဥ့်လူ

$
0
0

by Mg Han on Friday, March 8, 2013 at 9:08am ·
ခုလိုအိပ်မပျော်မဖြစ်တာ ကြာလှပေပြီ။ အိပ်ယာထက်တွင် မျက်စိမှိတ်အိပ်နေရင်းပင် ဆက်အိပ်လို့မရပဲ တဖြေးဖြေးနိုးလာကာ အလန်းကြီးလန်းနေသည့်အဖြစ်သည် ခံရခက်သလိုလို၊ ခံစားရကောင်းသလိုလို ဖန်တီးယူလို့မရနိုင်သည့် ဝေဒနာတစ်မျိုးဖြစ်သည်။ ပတ်ဝန်းကျင် တိတ်ဆိတ်လျက်
လူအားလုံးအိပ်မောကျသည့် အကာလညတွင် အသိအာရုံသည် အလန်းကြီးလန်းနေသော်လည်း ကိုယ်ခန္ဓာနှင့် အသက်ရှူနုန်းအပါအဝင် အားလုံးသည် အိပ်နေစဉ်အတိုင်း ငြင်သာပျော့ပျောင်းလျက် အတွေး၏နောက်၊ အာရုံ၏နောက်သို့ လိုက်ရန်အသင့် မြင်းကောင်းတစ်ကောင်ပေါ်ရောက်နေသည့် စိတ်အလျင်ကို ပိုင်ဆိုင်ထားရသည့် ဝေဒနာဖြစ်သည်။ ထူးထူးခြားခြား နာတာရှည်ရောဂါဆို၍ မယုံတတ်သည့် ရောဂါနှင့် ခုလိုအိပ်နေစဉ် နိုးလာလျင် ပြန်အိပ်မပျော်တတ်သည့် ရောဂါ၂မျိုး ကျနော့်တွင်ရှိနေသည်ကတော့ အသေချာဖြစ်သည်။


ပုံမှန်အားဖြင့်တော့ ကျနော်သည် ခေါင်းချသည်နှင့် အိပ်ပျော်သွားတတ်သည်ဖြစ်သည်။ ငယ်စဉ်ကဆိုလျင် ကုတင်နှင့် နံရံကြား ခုထားသည့် စောင်များ ခြင်ထောင်များကို ကျော်ကာ ကျသွားသည့်တိုင် ဆက်အိပ်နေနိုင်သည့် ပါရမီထူးသည်။ ကျောင်းတက်စဉ် စာသင်ချိန်အိပ်သည်မဆိုနှင့် နေပူပူစစ်ရေးပြတွင်ပင် ရအောင်အိပ်ပျော်တတ်သူလဲဖြစ်သည်။ သို့သော် တစ်ခါတစ်ခါတွင်တော့ ယခုလို နိုးနေတတ်သည်။ နိုးလျင်လဲပြန်အိပ်မပျော်တော့။


ငယ်စဉ်ကတော့ ညကာလ ထိုသို့နိုးလျင် ချူချာတတ်သော ကျနော့်ကို အမြဲတစေ သတိကပ်စောင့်ကြည့်တတ်သည့် ကြီးဒေါ်ကြီးကပါ နိုးလေ့ရှိသည်။ ပူလို့လား၊ အေးလို့လား၊ နောက်ကျောယားလို့လား၊နာခေါင်းသွေးလျံလို့လား၊ အပေါ့သွားချင်လို့လား၊ ရေသောက်ချင်လို့လား၊ရင်ကျပ်လို့လား၊ လားပေါင်းစုံဖြင့် ဘေးနားတွင် အမြဲပူပန်နေတတ်သော ကြီးဒေါ်သည် ကျနော်နိုးသည်ကို သိသည်နှင့် သံဗုဒ္ဓေ၊ မေတ္တာသုတ် စသည်ဖြင့် ရွတ်ကာ သိပ်လေ့ရှိသည်။ အနည်းငယ် လူမှန်းသိလာတတ်တော့ ဘာမှမဖြစ်လျင် အိပ်မောကျနေသော ကြီးဒေါ်ကြီးကို မနှောက်ယှက်ချင်သဖြင့် ငြိမ်ငြိမ်နေတတ်အောင် နေပါသည်။ သို့သော်လည်း တစ်ဘက် တစ်ကုတင်ကျော်က အဘွားဖြစ်သူက သိသည်။ ပြောင်းသွားသော အသက်ရှူသံ၊ ပျောက်သွားသော အံကြိတ်သံ၊ ယောင်ယမ်းသံတို့၊ လှုပ်ရှားသံတို့ကြောင့် မနက်လင်းလျင် ညက ငါ့မြေးနိုးတာ အသံမပေးဘာမပေးပါလားတော် ဟုပြောတတ်သည်။ အဘွားက မအိပ်ဘူးလားမေးလျင် မြေးရယ် လူကအသက်ကြီးလာတော့ နေချိန်ကနဲလာပြီ၊ လူကလဲ အလိုလိုအိပ်ရေးကနဲပြီ၊ သတိနဲ့ကပ်ပြီး သတိထားတော့ သိတာပေါ့မြေးရယ် အဘွားကအိပ်တယ်ဆိုပေမယ့် မြေးတို့လို့ ဘယ်ပျော်မလဲဟု ပြန်ဖြေတတ်သည်။ နောက်အဲသလိုနိုးနေရင် ဝင်လေထွက်လေမှတ်ဖို့၊ ဘုရားစာဆိုဖို့ အစချီလို့ သရဏဂုံကို ယောင်တမိလို့ ဘီလူးအစားမခံရတဲ့ ကလေးအကြောင်းပုံပြင်ကို ပြောပြလေ့ရှိသည်။


ထို့နောက် ကလေးဘဝမှ လူပျိုဝင်လာတော့ အဖေအမေအိမ်တွင် အိပ်တော့ ထိုသို့ချုပ်တည်းရမှုများမရှိတော့။ ထိုသို့နိုးလာလျင် ၂ယောက်အိပ်ခြင်ထောင်ကို  အာဂျီနိုမိုတိုပိတ်စဖြင့်၂ခုခွဲစာဆက်ထားသော်လည်း ခြင်ထောင်အပြင်ရောက်နေတတ်သည့်၊ ကိုယ်တိုင်သော်လည်းကောင်း သူတို့ပင်လည်းကောင်း အတည့်အိပ်သော်လည်း ဇောက်ထိုးကန့်လန့်ဖြစ်နေတတ်သည့် ၊ ပေါက်ထားသည့် သေးအိုင်ထဲတွင်ခွေလျက်(သို့) ရွှဲရွှဲစိုအောင်ပန်းထားသည့် ဖက်လုံးကို ပြိုင်တူခွလျက်၊ နစ်နေသည့် သွားရည်အိုင်ကျ ခေါင်းအုံးကို ကြိတ်ဝါးလျက် တစ်ယောက်ကိုတစ်ယောက် ခေါင်းအုံးလျက်၊(သို့) ခြင်ထောင်ခုသည့် ပုဆိုးစုတ်ကို ၂ယောက်တူအုံးလျက် လူကခြင်ထောင်ထဲတွင်နေသော်လည်း မရှိဆင်းရဲသားခြင်ကောင်တို့အတွက် လက်တစ်ဖက်ကို ဇာခြင်ထောင်တွင် ကပ်ပေးလျက် (အငယ်ဆုံးညီငယ်သည် မှောင်လျင် လုံးဝမအိပ်တတ်သဖြင့် အမြဲမီးထွန်းထားလေ့ရှိရာ )ဘုရားလောင်းဆိုလျင် တောထွက်သွားစေနိုင်မည့် မြင်ကွင်းမျိုးဖြင့် ချစ်လှစွာသော ညီငယ်၂ယောက်ကို မြင်တွေ့ရတတ်သည်။ သို့သော် သူတို့နှင့်အတူအိပ်စဉ်က မအိပ်ခင်တွင် ငြင်းခုန်ရခြင်း သတ်ပုတ်ရခြင်းတို့ကြောင့် နိုးခဲလှသည်။


မိုးသည်းလှသော ညများတွင်သာ နိုးတတ်ခဲ့သည်။ အိမ်ခေါင်ပေါ်သို့ မိုးရေတစ်ဗြောဗြောကျသံ၊ လေပါလျင် တဝေါဝေါမြည်သံတို့နှင့်အတူ အေးစိမ့်လာသော ရာသီဥတုကြောင့် အိပ်ကောင်းခြင်းဖြည့်ပြည့်စုံနေမည့် အကာလညတွင် နိုးနေရသည်မှာ ခံစားရခက်သလို ခံစားရခဲသော ဝေဒနာလဲဖြစ်သည်။ စောင်ခြုံထဲတွင်ကွေးရင်း လေဝင်ပေါက်မှ လက်ကနဲမြင်ရသည့် လျပ်စစ်သံနောက်တွင် ၁-၂-၃-၄ ရေတွက်ရင်း ပစ်ဟု အော်လိုက်လျင် မြည်ဟိန်းလာသည့် မိုးချိန်းသံ ဂျိန်း ကနဲကို သိမ့်နေအောင် ပီတိဖြစ်တတ်သည်။ ဝါသနာနှင့်ဗီဇကိုက ထိုသို့လာလေသည်လားမသိချေ။ မိုးမတိတ်သည့်တိုင် မိုးသည်းတာနဲသွားသည်နှင့် အုံး.....အင် သံပေးကာ ချစ်ဗျူဟာခင်းဖို့ အချိန်းချက်ပြုကြသော ဖါးသံတို့သည် ဝေးလာလိုက် နီးသွားလိုက် သံပြိုင်ညီလိုက်၊ သံစဉ်ကျလိုက် လိုက်အော်ချင်စရာကောင်း သော ဆင်ဖိုနီတစ်ပုဒ်ဖြစ်သည်။
မွေးရပ်မြေတွင် ရှိခဲ့စဉ်က အိပ်မပျော်သည့်ညများတွင် အိမ်မြောင်စုပ်ထိုးသံ၊ တိုင်ပိုးထိုးသံ၊ ခြသံ၊ နောက်ချေးပိုးကောင် ပက်လက်လန်နေစဉ် ခြေပွတ်သံ၊ ကြွက်သံ၊ ကြက်သံမှအစ ကြောင်သံ၊ခွေးသံအဆုံး အားလုံးကို ကြားရသည်နှင့် ဘာသံလဲ၊ ဘယ်ကမြည်တာလဲ၊ ဘာကြောင့်လဲ တွေးရသည်မှာ ပျော်စရာဖြစ်သည်။ ရွာရောက်လျင် နွားသံ၊ ဆိတ်သံအပါအဝင် ကြက်သံကို နားထောင်၍ ဘာကြက်၊ ဘယ်အချိန်ဟု သိကြသည့် ရွာခံလူတို့၏ အမှတ်သညာသတိကို အံ့သြစရာတွေ့ရလိမ့်ပါဦးမည်။ တစ်ခါတစ်ရံ ဇီးကွက်အော်သံကိုနားထောင်၍ ငါတော့လဘ်ကောင်းပြီလို့ တွေးရတတ်သလို၊ ငှက်ဆိုးထိုးသံကြောင့် နောက်တစ်နေ့ဘာဖြစ်မှာပါလိမ့် စိုးရိမ်ရသည်လဲရှိသည်။ ခွေးအူသံများကြောင့် ဘယ်သူဘယ်ဝါတို့ ဘယ်နားမှာလို့ ကြက်သီးထရသလို ကြောင်တို့သဘာဝ လူပျိုလှည့်သည်ကို လိုက်တုအော်ကာ ပျော်ရသည်လည်းရှိတတ်သည်။ ကြွက်တစ်ကောင်၏ ညလှုပ်ရှားမှုများကို အနီးကပ်ကြည့်ပြီး လူမိသွားသည့် ကိုရွှေကြွက် အနေရခက်နေပုံမှာလဲ မြင်ရခဲသော ကိစ္စတစ်ခုဖြစ်သည်။


ခွေးအူသံ၊ငှက်ဆိုးသံတို့၏ အစွဲကို ချွတ်လိုက်သည်မှာ အမိတက္ကသိုလ်ကြီးဖြစ်သည်။ စစ်သင်္ချိုင်းနားတွင် နေရပြီး၊ ညညလူခြေတိတ်မှ မီးခိုးတလူလူထွက်လေ့ရှိသော ထိုခေါင်းတိုင်ကြီးနှင့် ၂နာရီတစ်ခါ ဖြတ်သွားသော မြို့ပတ်ရထားလမ်း(လူသတ်မှုဖြစ်လှသော) ကြီးမှာ ရသ၂ခုကို အလှည့်ကျပေးတတ်သည်။ ကားတန်းကြီးများ ဝင်ထွက်ကာ မီးခိုးလေးညို့လျက် ဝတ်ရွတ်သံတို့ကို ညနေကြားရစဉ်က ငါလဲတစ်နေ့ သည်လမ်းသေချာလှမ်းရဦးမည်ဟု သံဝေဂတရားနှင့် အတိပြီးသလောက်၊ ခွေးအူသံတဆူဆူ၊ မီးခိုးလုံးတစ်အူအူနှင့် ညသန်းခေါင်အနံ့ဆိုးကြီးများ ဝေ့လာလျင်တော့ ငါလဲသွားရမည့်လမ်းအစား ငါ့အရင်ရောက်နှင့်သူတွေက စီနီယာဆိုပြီး အနိုင်ကျင့်လျင်ဆိုသည့် အကြောက်တရားသည် နီးရာလူကိုဖက်ထားချင်လောက်အောင် ပြောင်မြောက်တတ်သည်။ ထို့အတူ တစ်နေကုန် တစ်စင်းပြီးတစ်စင်းဖြတ်သွားသော ရထားသံတို့ကြောင့် ထိုရထားကြီး၏ အဆုံးရန်ကုန်ဘူတာကြီးသည် ငါ့ကိုအိမ်ပြန်ပို့နိုင်သော အစွမ်းဟု မှတ်ထားသော အညာသားကို မီးခိုးမဆုံးမိုးမဆုံး အလွမ်းအသင်္ချေပေးသလောက်၊ ညမှောင်မှောင်ရောက်လျင် မြွေပွေးပေါလှသော၊ မျှော့၊ကျွတ်ထူသော၊ လူသတ်မှုပေါလှသည်ဆိုသော အတွေးတို့သည် ကြည့်ရင်းပင် အသက်တစ်ဝက်တိုရလောက်အောင် ခံစားရပေသည်။ ထိုမှအလွန်ဖူးမြင်နေရသော ကျိုက်ကလို့၊ ကျိုက်ကလဲ့ ရွှေရောင်တဝင်းဝင်း၊ လျပ်မီးတစ်ထိန်ထိန် ဘုရားပွဲချိန်ရောက်ချင် ပွဲသံ၊ဆိုင်းသံကြားရနေသည်ကလဲ အရာရာနှင့်တကွ အနာဂါတ်ကိုပါပစ်၍ အိမ်ပြန်ပြေးချင်လောက်အောင် ဘုရားသိုက်စောင့်တို့ မြူစွယ်သယောင်ရှိတော့သည်။ သူငယ်ချင်းတစ်ယောက် ဆိုလျင် ကင်းအတူကျသည့် ကျနော့်ကို အိပ်ခိုင်းလျက် ထိုဆိုင်းသံတို့ကြောင့် အိမ်ပြန်ပြေးလေတော့သည်။ ထိုရထားလမ်းအတိုင်းပြေးသည်ဟုဆို၏။ နောက်များ နှစ်ကြာလာတော့ အဝိဇ္ဖာထူလှသော အကုသိုလ်ကောင်များ ပီသစွာ ဆိုးလှပါသည်ဆိုသော ဝါးရုံတောမှအကောင်ကိုလဲ မကြောက်တော့၊ မီးခိုးတအူအူ ခေါင်းတိုင်ကိုလဲ မမြင်မိတော့၊ ကြားနေကျ ဝတ်ရွတ်သံတို့ကိုလဲ နားမဝင်တော့၊ ထိုးရုံတင်မက လာလာနားတတ်သော အနှီငှက်ဆိုးသံတို့ကိုလဲ ခရာသံလောက်မှ ဂရုမစိုက်တော့၊ ၁၂-၁ဆိုလျင် အနီးမှဝေးသွားတတ်ပြီး၊ လင်းအားကြီးလျင် အဝေးမှပြန်နီးလာတတ်သော ခွေးအူသံတို့ကိုလဲ သွားကြပြီ၊ ပြန်လာပြီလောက်သာ မြင်ဖန်များငယ်ခဲ့သလို၊ ခေါင်းတိုင်မှ အနံ့ဆိုးမဆိုနှင့် မော်ကျူရီမှ စပရေးနံ့၊ ပန်းနံ့နှင့်ရောသော လူသေနံ့၊ ခန္ဓာဗေဒဌာနမှ ဖေါ်မလင်နံ့တို့ကိုပါ နမ်းဖန်များ ပြယ်ခဲ့ရပြန်သည်။ သို့သော် မြွေတွန်သံ၊ ကင်းချိန်းသံ၊ စကားဝှက်မေးသံ၊ ရေစီးသံ၊ ငှက်ဆိုးသံ၊ ခွေးအူသံ၊ တစ်ခါတစ်ရံ ဘုရားပွဲမှ ဆိုင်းသံဗုံသံတို့ဖြင့် အတိပြီးသည့် ထိုဥာဥ့်ရံတို့သည်လည်း ခံစားရခက်သော ခံစားရခဲသော ဝေဒနာတစ်မျိုးကို ပေးစွမ်းနိုင်သည်သာ။


ကားသံ၊လူသံ၊ ဂီတသံ၊ အမြဲအသံတစ်ခုမဟုတ်တစ်ခုရှိနေတတ်သော လမ်းမများ အဆောက်ဦးများကို ခွာကာ နီရွန်အရောင်များအစား၊ ကြယ်ရောင်ကိုသာ အားထားရသော တာဝန်ကျရာနေရာ၏ တိတ်ဆိတ်သော ညများသည်လဲ အရသာတစ်မျိုးပေး၏။ အရာရှိအိမ်ယာဟု ခေါ်ဆိုသော်လည်း တစ်ယောက်မှ မိန်းမမရှိ၍ လူပျိုဆောင်မနေပဲ ထိုအိမ်ထဲတွင် စုနေရာမှာ အသီးသီး ထွက်ခွာသွားကြသောအခါ ကျနော်တစ်ယောက်တည်း ကျန်ခဲ့သည့် ထိုအိမ်ကြီး၏ ညတာများသည် လိုသည်ထက် ပိုရှည်ခဲ့သည်များသည်။ ည၈နာရီကျော်လာလျင် သို့မဟုတ် ရုံးပိတ်ရက် နေ့ခင်းများဆိုလျင် နားထဲက လေထွက်လောက်အောင် တိတ်ဆိတ်လှသော ထိုနေရာသည် နားထောင်တတ်လျင် လေတိုးသံပင်လျင် ကိုင်းတောကိုဖြတ်သံ၊ နှင်းဆီခင်းတို့နှင့် တိုးမိသံ၊ သီဟိုလ်ပင်တို့နှင့် တိုက်ခတ်သံ ခွဲနိုင်ပေသည်။ ကျနော့်အိမ်တွင်မြည်သော ဖုန်းသံကို မီတာ ၂၀၀ခန့် လူပျိုဆောင်မှ ကြားနိုင်သလို၊ မာလကာခြံ၊ ကွမ်းခြံများထဲမှ ကလေးငိုသံ၊ လင်မယားရန်ဖြစ်သံတို့ကို ကျနော့်အိမ်မှ ကြားရတတ်သည်။ ထူးခြားသည်က ကျနော့်အိမ်ထဲတွင် မြင်အပ်မမြင်အပ် စာရင်းဝင် တစ်ယောက်ယောက်ရှိနေဟန်တူခြင်းပင်။ ရုပ်လုံးကြွလာသည်အထိ ပြဿနာမပေးတတ်သော်လည်း သူရှိသည်ဟု ယုံကြည်အောင်တော့ သူစွမ်းဆောင်ထားနိုင်သည်သာ။ အိမ်တွင်လဲဘုရားစဉ်မရှိ။


လူနာမရှိ၊ ရှိသည့်လူနာ အိမ်ပြန်အိပ်သည့် ဆေးရုံလေးတွင် တာဝန်ကျ ဆရာအိုကြီးများ(သူတို့ ဘဝအကြောင်း၊ အတွေ့အကြုံများကို သူတို့ကပြောပြရင်း၊ ကမ္ဘာ့အကြောင်း၊ သိပ္ပံအကြောင်း သူတို့မသိသည်များကို ကျနော်ရမ်းသမ်းဖြေရင်း၊ သူတစ်လှည့်ကိုယ်တစ်လှည့် ရာရှင်အာမီမျှဝေရင်း၊ သူတို့ကွမ်းအစ် မိုက်ကြေးခွဲရင်း၊ ညသန်းကောင် ထမင်းဝိုင်းလေးများကို ဖြစ်သလိုလုပ်ကြရင်း)နှင့် အိပ်ခဲ့သည်များသလို၊ အစည်းဝေးကိစ္စ၊ ဘာကိစ္စ၊ ညာကိစ္စ၊ ပိုက်ဆံမရ၊ ခေါင်းစဉ်မရှိ၊ ရုပ်လုးံမပေါ်သော ကိစ္စများစွာဖြင့် ပင်ပင်ပန်းပန်း ထိုအိမ်ထဲတွင် အိပ်ပျော်ခဲ့သည်လဲများပါသည်။ မန္တလေး FM အင်္ဂလိပ်ပိုင်း အစီစဉ်ပြီးသည်အထိ နားထောင်ပြီး အိပ်ပျော်သလိုမှ ပြန်နိုးလာလျင်တော့ ကပ်ရပ်တပ်၏ လူပျိုဘားတိုက်မှ ဂီတာသံ၊ ဆဲဆိုသံတို့ကိုကြားနိုင်သလို၊ အဝေးမှ ဆင်သံ၊ ကျွဲသံ၊ ပုရစ်သံ၊ ဖါးလက်တက်သံ၊ သစ်ရွက်သံ၊ လေတိုးသံ၊ ဘာမှန်းမသိသော ခြိုးခြိုးချွတ်ချွတ်သံများဖြင့် အတိပြီးသော အကာလညအခါများဖြစ်သည်။ အရာရှိဆို၍ ပတ်လည် မီတာ ၄-၅၀၀ အတွင်း ကိုယ်တစ်ယောက်တည်းသာရှိပြီး ကိုယ့်ထက် အသက်ငယ်သူလဲ တစ်ယောက်မှ မရှိသည့် နေရာဒေသတွင် ညကြီးသန်းကောင် မီးထဖွင့်မိလျင် ကင်းသမားမှအစ သရဲကြောက်လို့ မအိပ်ဘူးဆိုသည့် အပြောကို မခံချင်သည့်အခါ ပြူတင်းပေါက်မှ ဖြာကျနေသော လရောင်အောက်တွင် မကြာခဏ သူရှိကြောင်းပြလေ့ရှိသော သကောင့်သားကို မျက်ဝါးထင်ထင်မြင်ချင်မိလောက်အောင် အထီးကျန်ဆန်လှသော ညများအား MP4ထဲမှ တရားများ၊ သီချင်းများ ကုန်သည်အထိ နားထောင်ရင်း ကျော်ဖြတ်ရလေတော့သည်။ အောက်စက်ရှိလျင် တီဗွီပျက်၊ တီဗွီကောင်းလျင် စက်ပျက်၊ စက်နှင့်တီဗွီကောင်းလျင် အခွေကုန်၊ အကုန်စုံသည့်အခါ မီးပြတ်လေ့ရှိသည့် ညဦးများကို ကျော်လွန်သည့်အခါ တိတ်ဆိတ်ခြင်းထက် ပိုသော ထိုအထီးကျန်ညများသည်လဲ ခံစားရခက်လှသော၊ ခံစားရခဲသော အိပ်မပျော်သည့် ညများဖြစ်ခဲ့သည်။


ထိုအိပ်မပျော်သည့်ညများသည် နဲ၍မသွား၊ များ၍လဲမလား ရံခါရံခါသည်လာလျက် လာလျင်လဲ ဇွဲနဘဲကြီးစွာ ဝေဒနာတစ်ခုကို မရအရပေးစွမ်းသည်သာ။ ထိုသို့သော ညများတွင် မက်မက်စက်စက် တမ်းတမိသည်မှာ ငယ်စဉ်က မိမိကို အလေးဂရုပြုလွန်းသူများ နိုးသွားမှာကို စိုးရိမ်ရခြင်းပင်။ ထိုစိုးရိမ်ရမှုကြောင့် ငြိမ်ငြိမ်နေရင်းခံစားရသည့် နွေးထွေးမှု၊ လုံခြုံမှု၊ ကြည်နူးစိုးရိမ်ရမှုသည် ပြန်၍မရစကောင်းသော သို့မဟုတ် ပြန်ရရန် အခွင့်အလန်းအတော်နဲပြီဖြစ်သော ဝေဒနာများဖြစ်သည်။ အိပ်မပျော်သည့်ညများသက်သက်၊ ထိုညများ၏ အသံများသက်သက်သည် ထိုခံစားချက်မပါသောအခါ ခါးလာသည်၊ သံယောဇဉ်သည်ကြိုး၊ သံသရာသည်ဝွဲ၊ အစွဲမှ စိတ်ကိုခွာဖို့ ရှုမှတ်လျက်မှပင်လျင် အဝိဇ္ဖာသည် ထင်သည်ထက် ထူထဲသလို ကိုယ်တိုင်ကလဲ အမှောင်ကြိုက်ဖြစ်သောအခါ လွှတ်ပေးလိုက်သော မြင်းတစ်ကောင် ကျောပေါ်တွင် စိတ်သည် ရောက်နှင့်ပြီးဖြစ်သည်။ အလျင်ကောင်းလှသော မြင်းသည် မောသွားအောင် ပြေးသော်ငြား ကြည်နူးစရာ လွင်ပြင်ကျယ်ကို မတွေ့၊ ချောက်ကမ်းဘားနှင့် ကျောက်ဆောင်များ၊ ကန္တာရများကိုသာ အတွေ့ကြီးတွေ့လျက် မောပန်းနွမ်းလျခဲ့ရများပြီ၊ ကြည်သောရေ၊ စိမ်းသောမြက်၊ တံလျပ်ပင်ဖြစ်စေကာမူ မြင်ရသောအမြင်၊ အမြင်ဆီသို့ ဒုန်းစိုင်းရခြင်း ခံစားချက်နှင့် ဝေးသထက်ဝေးခဲ့သည်မှာကြာပြီ။ နိုးနေတာလား၊ အိပ်မပျော်ဘူးလား ဟုမေးလိုက်မည့်အမေးကို အမေးခံရမည်လဲစိုးရိမ်စွာ၊ အမေးခံရခြင်းကိုကြည်နူးမဆုံးဖြစ်ကာ၊ ဘေးနားက တစ်ယောက်ယောက် နိုးသွားမည်စိုးသည့် ခံစားချက်ဖြင့် နိုးလျက်နှင့်အိပ်နေရခြင်း(သို့မဟုတ်) အိပ်နေလျက်မှ နိုးနေခြင်းကို တမ်းတမိသည်။ တောင်းတိုင်းမပြည့်မှန်းသိတော့လဲ ဆုမတောင်းချင်တော့၊ အိပ်တိုင်းမပျော်မှန်းသိတော့ ဆက်မအိပ်ချင်တော့၊ လုပ်တိုင်းမဖြစ်တတ်မှန်းသိ၍ အားကုန်မသုံးချင်တော့၊ ယုံတိုင်းမကြည်တတ်မှန်းသိ၍ မယုံကြည်ချင်တော့၊ မယုံတတ်သူတစ်ယောက်၏ အိပ်နေလျက် နိုးသော စိတ်အစဉ်သည် အတိတ်ဆီသို့သာ ကြုံရာကျပန်းပြေးသည်။ နှလုံးခုံသံတို့အစား ဦးနှောက်ကလက်စီးတို့ စေညွန်ရာသို့ ပိုပြေးသည်။ လှပ်လှပ်ခုံခံစားချက်များ၊ ညိမ့်ကနဲညိမ့်ကနဲ ခံစားချက်များ ပျက်ပြီ။ ကျိန်စာတောသို့ ဘယ်တုန်းကခြေချမိလေသည်မသိ။


အိပ်မပျော်သော အိမ်ဝေးညတွင် မျက်စိကိုမှတ်သောအခါ အာရုံသည်အကြားသို့ကပ်၏။ နာရီလက်တံ၏ တွန်းကံရွေ့လျားသံကိုကြားရ၏။ ပုံမှန်လည်ပတ်နေသော စက်အားကို တွန်းကန်တုန့်ဆိုင်းနေရာမှ မလွန်သာသောအခါ ထပ်ကနဲမြည်အောင် အလျော့ပေး၍ တစ်ကွက်ရွေ့သွားရသော စက္ကန့်တံကလေးကို ကိုယ်ချင်းစာမိသည်။ သူသည်လူလို၊ လူသည်သူလို၊ ခံစားချက်မဲ့နေ၍သာ သူ့ခမျာ ကံကောင်းပေသည်။ ဘေးသူငယ်ချင်း၏ အသက်ရှူသံ စီးချက်ကျကျကြားရသည်။ အထက်ကလား အောက်ကလားမသေချာသည့် ဒေါက်ဖိနပ်သံအချို့ကြားရသည်။ အဝေးမှ ကားသံတို့ တဝေါဝေါ၊ အမှိုက်သိမ်းကား၊ နှင်းကြုံးကားတို့၏ သံကိုသံချင်းရိုက်သံတို့သည် ဆူညံလှ၏။ ဘယ်အရေးကြောင့် ဘယ်နေရာမှ ဝေ့လာမှန်းမသိသော စက်ဥသြသံကြားရ၏။ ရေခဲသေတ္တာ၏ သတ်မှတ်အတိုင်းတာရောက်လျင် စက်ရပ်သွားသံ၊ ပြန်လည်ပတ်သံကြားရ၏။ ရေပိုက်မှ တစ်စက်ချင်းရေကျသံကြားရ၏။ မွေးရပ်အမိမြေမှာကဲ့သို့ အိမ်မြောင်သံမကြား၊ ကြက်သံမကြား၊ ခွေးသံမကြား၊ ဖါးသံမကြား၊ သရဲလဲမတွေ့၊ ညမှောင်နေပေမယ့် ပြူတင်းကိုဖွင့်လျင် လင်းချင်တိုင်းလင်းနေမည့် မြို့ကြီး၊ ကွန်ပြူတာကိုဖွင့်လျင် သွားချင်သလောက် သွားနိုင်မည့် အင်တာနက်၊ အထီးကျန်ခြင်းကို ထက်ဝက်မက လျော့ချနိုင်သော အရာများ၊ အကြောက်တရားကို ရယ်ပွဲဖွဲ့နိုင်သည့် အလင်းများ၊ တစ်ခုချင်းစဉ်းစားမိလျင် ကျနော်သည် လူလုပ်စနစ်ကြီး၏ ခြအိမ်ငယ်တစ်ခုအတွင်းတွင်သာ။ လူမှအပဖြစ်သော သက်ရှိတို့ တစ်ခါတစ်ရံရှိတတ်သည်။ သူတို့သည် သဘာဝအလျောက်မသေ ဓါတုကြောင့် သေကြရသည်။ လမ်းမီးတိုင်တို့တွင် ပုရစ်တို့မရှိ။ အခန်းထဲတွင် အိမ်မြောင်တို့မရှိ၊ ထို့ကြောင့် သူတို့ကိုစားမည့် ဖါး၊ မြွေတို့မရှိ၊ ထို့ကြောင့် သူတို့ကို အမဲလိုက်မည့် ကြောင်၊ ဇီးကွက်၊ ငှက်ဆိုးတို့ မရှိ၊ လူမွေးထားသည့် ခွေး၊ကြောင်တို့သည်လဲ ခွက်ထဲထားတာစား၍ လူအိပ်ယာဝင်အိပ်နေကြသည့် ဒေသ။ ဂေဟစနစ်ကို လူလုပ်ရာတို့ဖြင့် အသက်သွင်းထားသည့် ခေတ်မှီမဲဇာ။ အခန်းထဲရှိ အပူချိန်သည် စက်ရုံမှလာသည်။ အခန်းထဲရှိရေသည် စက်ရုံမှလာသည်။ အခန်းထဲမှ ထွက်သွားသော ရေတို့ စက်ရုံသို့သွားသည်။ အခန်းထဲရှူသည့်လေ အဆောက်ဦးစနစ်၏ လည်ပတ်မှုမှသာလာသည်။ ပြူတင်းတံခါးမှလာသည့်လေသည် အရိုးကွဲအောင်အေးလှသည်။ လူတို့သွေးကို သောက်မည့် ခြင်တို့မရှိ၊ စားစရာတို့ကိုပြဿနာပေးမည့် ပုရွက်တို့မရှိ၊ ပရိဘောဂတို့ကို ပြဿနာပေးမည့် ခြတို့မရှိ၊ မီးရောင်တို့ဆီ ဝင်တိုးပြဿနာပေးမည့် ပိုးဖလံအင်းဆက်တို့မရှိ၊ ဂေဟစနစ်အစား လူလုပ်စနစ်များဖြင့် အစားထိုးလျက် ပီဘိဒုက္ခကင်းသော အကြောက်ကင်းသော စက်ရုပ်ဆန်ဆန်ညတို့တွင် အိပ်မပျော်သောအခါ ညတို့သည် အထီးကျန်ခြင်းကို သာပေးစွမ်းတော့သည်။


ဝင်လေထွက်လေလဲ မမှတ်နိုင်ခဲ့၊ သရဏဂုံလဲ မရွတ်နိုင်ခဲ့၊ နေချိန်နဲလာသည်နှင့်အမျှဖြစ်သော အိပ်၍မပျော်သော ညများကို သတိအစဉ်ကပ်လျက် မကျော်ဖြတ်နိုင်သေး။ ကျောတစ်ခင်းစာတိုင်းသည် အိပ်ယာဟုခေါ်ဆိုသော်လည်း သံယောဇဉ်မကင်းသော လူဖြစ်လျက် လူပီသသော အိမ်ယာမိသားစုနှင့်ဝေးကွာသောအခါ အိပ်မပျော်သော်လည်း လှဲနေရာသည့်အရာသည့် အိပ်စရာ အိပ်ယာဖြစ်လျက် အိပ်ပျော်ခြင်းမဲ့သည်။ အိပ်မပျော်ပါလျက် အိပ်မပျော်ရခြင်း၏ အရသာတို့မဲ့သည်။ ကျနော် အိမ်ပြန်ချင်နေသည်လား မသေချာ။ ကျနော်သည် ကျနော့်ကိုယ်ကျနော် ကောင်းကောင်း ညာတတ်သော တစ်ယောက်ဖြစ်သည်ဆိုတာကတော့ သေချာပါသည်။
မိသားစုနှင့်အတူ နှစ်ခြိုက်စွာ အိပ်မောကျကြပါစေ။

 ကျနော်မောင်ဟန်ပါ။      ။

ထပ်ချေးဦးမှာ

$
0
0


=======

• ပြီးခဲ့တဲ့လက တနိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်သွားတဲ့ စကားတစ်ခွန်း ကြားလိုက်ရပါတယ်။ ချစ်လှစွာသော လယ်ဆည်ဝန်ကြီးက စိုက်ပျိုးစားရိတ်ချေးငွေပြန်မပေးနိုင်တဲ့ လယ်သမားများကို သံသရာကြွေးမပါဖို့ ထမင်းတစ်နပ်လျှော့စားပြီး အကြွေးဆပ်ကြပါ တဲ့။ 
 
ဘာသာရေးထောင့်ကကြည့်ရင်တော့မှန်ပင်မှန်သော်ငြားလည်း တိုင်းသူပြည်သားများကို ၀လင်အောင်ကျွေးမွေးစောင့်ရှောက်ဖို့ရာ တာဝန်ရှိတဲ့ ( တာဝန်ယူထားရတဲ့) မင်းအစိုးရများထောင့်ကကြည့်ရင်တော့ အလွဲကြီးလွဲနေပါတယ်။ ရဟန်းက မင်း လိုကျင့်ရင်၊ မင်း က ရဟန်းလိုကျင့်ရင် တိုင်းပြည်ပျက်တတ်သတဲ့။ အထူးသဖြင့် ဒီအကြွေးတွေ ဘယ်လိုဖြစ်လာသလဲ၊ ဘာကြောင့်ပြန်မဆပ်နိုင်သလဲဆိုတဲ့ အကြောင်းရင်းများကို စီစစ်ကြည့်ရင်ပေါ့လေ။
 
• အတိတ်ကိုလှန်ရရင် ကျေးဇူးရှင်တောင်သူဦးကြီးများလို့ ပထမတန်းမြန်မာဖတ်စာထဲ တခမ်းတနားဂုဏ်ပြုခံရပေမယ့် မြန်မာပြည်လူဦးရေရဲ့ ၇၀% သောလယ်သမားများဟာ လက်တွေ့မှာ နင်းပြားဖြစ်နေခဲ့တာ နှစ် ၅၀ ရှိခဲ့ပါပြီ။ ဆိုရှယ်လစ်စနစ်ရဲ့ မအောင်မြင်တဲ့စီးပွားရေးမူဝါဒများဒဏ်ကို အဆိုးဆုံးခံခဲ့ကြရတာပါ။ ဦးနေ၀င်းအစိုးရက စိုက်ဆိုစိုက်၊ ရောင်းဆိုရောင်း၊ တိုင်းပြည်မှာ ဆန်စပါးဖူလုံဖို့၊ ပြည်သူပြည်သားတွေကို ထမင်းဝအောင်ကျွေးထားဖို့တာဝန်ကို နွားနဲ့ဖက်ရုန်းပြီး ပခုံးထမ်းယူခဲ့ကြရတာပါ။ အထွက်တိုးဖို့ချမှတ်ခဲ့တဲ့ စီမံကိန်းမျိုးစုံကလည်း ရေ၊မြေ၊ရာသီဥတု၊ ဈေးကွက် ကိုစနစ်တကျတွက်ချက်ခဲ့ခြင်းမရှိတာမို့ မြန်မာနိုင်ငံဟာ တောင်အာရှမှာ ဆန်တင်ပို့မှုအများဆုံး နံပါတ်တစ်နေရာကနေ ဘိတ်ချေးအဆင့်ထိ လျော့ကျခဲ့ပါတယ်။ ပြည်တွင်းမှာ ဆန်လုံလောက်ဖို့အတွက် ပြည်ပကို မရောင်းနဲ့ဆိုတာမို့ တင်ပို့ခွင့်မရခဲ့ပါဘူး။ ကိုယ်တိုင်စိုက်ပျိုးရိတ်သိမ်းရတဲ့သီးနှံကို အမြင့်ဆုံးဈေးနဲ့ရောင်းချင်ပေမယ့် ရေမြေသခင် မင်းဘုရင်များက တိုင်းပြည်မဆူပူအောင် အနိမ့်ဆုံးဈေးနဲ့ရောင်းဆိုရောင်းကြရတာပါပဲ။
 
• ရာသီဥတုကို အံတုနိုင်တဲ့ ခေတ်မီနည်းပညာအမျိုးမျိုးနဲ့ စက်မှုလယ်ယာခေတ်ကို ရောက်တာနှစ်ပေါင်းကြာပေမယ့်လည်း မိရိုးဖလာအဆင့်က ဒီနေ့အထိမတက်နိုင်သေးတဲ့ ဦးကြီးများဟာ သဘာဝတရားက ကျီစယ်တဲ့အခါမှာ ကျောကော့နေအောင်ခံခဲ့ကြရပါတယ်။ အခါမဲ့မိုးကြောင့် လယ်ပျက်တာတောင် အစိုးရအကြိုက် အထွက်တိုးချင်ယောင်ဆောင်ကြရပါတယ်။ ၂၀၀၈ နာဂစ်မှာတော့ အိုးအိမ်၊ မိသားစုတွေကို ဆုံးရှူံးရရုံမက စိုက်သမျှ ရေထဲရောက်ခဲ့ပါတယ်။ အတိဒုက္ခရောက်ကြရတဲ့ မြန်မာ့ဆန်အိုး ဧရာဝတီဒေသကို လုံလောက်အောင် မကူညီ မကယ်ဆယ်နိုင်ခဲ့တဲ့ စစ်အစိုးရဟာ စိုက်ပျိုးစားရိတ်များ၊ ချေးငွေများကိစ္စကို လေသံလေးတောင်မဟခဲ့ပါဘူး။ မြန်မာပြည်အလယ်ပိုင်း ဒေသမှာလည်း ဒီအတိုင်းပါပဲ။ မျိုးစပါးမှားရောင်းလို့၊ မိုးမရွာလို့၊ ပိုးကျလို့ အကြောင်းမျိုးစုံအောက်မှာ ပင်ပန်းသမျှအရာမထင်ခဲ့တဲ့အကြိမ်ပေါင်း မနည်းပါဘူး။ ဒီတစ်နှစ် လယ်ပျက်သွားရင် အလွတ်ချေးယူတဲ့အခါ အတိုးက အနဲဆုံး ၁၇ ကျပ်တိုးနှုန်းနဲ့ နောက်သုံးနှစ် ရုန်းပေဦးတော့ပါ။ အကြွေးသံသရာဆိုတာ ဒါပါပဲ။
 
• စိုက်ပျိုးစားရိတ်ကို အကြမ်းဖျဉ်းတွက်ရင် မျိုးစပါးဖိုး၊ အလုပ်သမားဖိုး၊ စက်သုံးဆီဖိုး၊ မြေသြဇာဖိုး၊ ပိုးသတ်ဆေးဖိုးတွေပါဝင်ပါတယ်။ ဧရာဝတီမှာ တစ်ဧကကို ပျှမ်းမျှ တစ်သိန်းကျပ်လောက်ကုန်ကျပါတယ်။ အစိုးရထုတ်ချေးငွေက ငါးသောင်းထဲပါ။ ချေးခွင့်ရဖို့ ပေးကမ်းစွန့်ကြဲရတာတွေလည်း ရှိပါသေးတယ်။ စက်သုံးဆီိကို အစိုးရထိန်းချုပ်ထားတာ အားလုံးအသိပါ။ မြေသြဇာဆိုတာလည်း ခရိုနီပိုင်ဓါတ်မြေသြဇာစက်ရုံတွေ လက်ဝါးကြီးအုပ်နိုင်အောင် ပြည်ပဓါတ်မြေသြဇာကို ဈေးချိုချိုနဲ့ တင်သွင်းခွင့်မရခဲ့ပါဘူး။ အစိုးရနဲ့ ပိုင်လို့ သွင်းခွင့်ရ၊ ထုတ်ခွင့်ရ၊ အောက်လမ်းကမှောင်ခိုသွင်းသမျှမှာလည်း အရည်အသွေးကို စံချိန်မီအောင်စီစစ်ခြင်းမရှိတာမို့ ဒီဒဏ်တွေကို နောက်ဆုံးခံကြရတာက လယ်သမားတွေပါ။ ပိုးသတ်ဆေးဆိုလည်း သုံးစွဲနည်းကအစ စနစ်တကျသင်ကြားပေးခြင်း မရှိတာကြောင့် အသက်ဆုံးရတဲ့လယ်သမားတွေရှိနေတဲ့အပြင် စားသုံးသူပြည်သူများအတွက်လည်း အန္တရာယ်ပါ။ စိုက်စားရိတ်တင် ခေါင်းလေးတာမဟုတ်သေးပါဘူး။ ရောင်းချတဲ့အခါမှာလည်း ဆန်ချောအဖြစ်မရောင်းနိုင်ပဲ၊ ပြည်တွင်းမှာတောင် သယ်ယူပို့ဆောင်စားရိတ်ကလည်းကြီးလေးလှတာမို့ လယ်သမားများမှာ စပါးပွဲစားများလက်ထဲကို မျက်စိမှိတ်ထိုးအပ်ရပါတယ်။ ကုန်ကြမ်းကို အနိမ့်ဈေးနဲ့ ရောင်းရသူများရဲ့ ဘ၀မှာ ဘယ်လိုမြင့်တက်နိုင်ပါ့မလဲ။လယ်ကိုအကြောင်းပြုပြီး ကြီးပွားချမ်းသာနေကြသူများကို ကြည့်လိုက်ရင် ဘာတွေမှားနေလဲလို့ ခန့်မှန်းနိုင်တာပဲလေ။
 
• ဒီလိုအနစ်နာခံပေးဆပ်ခဲ့ပေမယ့် လယ်သမားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဆင့်အတန်းများဟာ ဟိုးအောက်ဆုံးမှာပဲရှိနေခဲ့တာပါ။ ပညာမတတ်လေ ခိုင်းကောင်းလေလို့ သဘောထားခဲ့ပုံပါပဲ။ နိုင်ငံစီးပွားရေးရဲ့ ပင်မဒေါက်တိုင်ဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍအတွက် စီစဉ်ပေးထားတာလေးတွေကို ကြည့်ရအောင်ပါ။ ကမ္ဘာ့အဆင့်တစ် ဆန်တင်ပို့သူ အိမ်နီးချင်းထိုင်းနိုင်ငံမှာ စိုက်ပျိုးရေးသိပ္ပံ ဒီပလိုမာကျောင်းပေါင်း ၄၅ ကျောင်း နဲ့ စိုက်ပျိုးရေးတက္ကသိုလ်ပေါင်း ၇၄ ကျောင်း ရှိနေပေမယ့် မြန်မာပြည်မှာတော့ ရှားရှားပါးပါး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တစ်ခုပဲရှိပါတယ်။ တစ်ခုထဲရှိလို့ ကမ္ဘာ့အဆင့်မှီသလားဆိုတော့လည်း ----------------- ။ အမျှော်အမြင်လို့ သုံးနှုန်းကြရမှာ မျှော်လည်းမမျှော်၊ မြင်လည်းမမြင်ဘူးထင်ပါရဲ့။
 
• ဦးကြီးများရဲ့ သားသမီးများအနေနဲ့ အခြေခံပညာအလယ်တန်းအဆင့်ကို တက်နိုင်သူက ၂၀ ရာနှုန်းတောင်မပြည့်ပါဘူး။ အထက်တန်းနဲ့ တက္ကသိုလ်အဆင့်ကတော့ တစ်ရာနှုန်းလောက်ပဲရှိပါတယ်။ ဒါက ဧရာဝတီတိုင်းမှာပါ။ မြန်မာပြည်အလယ်ပိုင်းနဲ့ တောင်ပေါ်ဒေသတွေမှာ ဒီထက်ဆိုးပါလိမ့်မယ်။ တက္ကသိုလ်တက်ရာမှာလည်း အင်္ဂလိပ်စာအားနည်းမှုကြောင့်မြန်မာစာအဓိကဘာသာတွဲမျိုးကို အဝေးသင်ယူကြရပါတယ်။ ကျောင်းအိပ်ကျောင်းစားတက်ရတဲ့ စိုက်ပျိုးရေးသိပ္ပံတက္ကသိုလ်ကို အိပ်မက်တောင်မမက်နိုင်ကြပါဘူး။ သူတို့အတွက်နည်းပညာဆိုတာ အာကာသလောက်နီးနီး အလှမ်းဝေးလှပါတယ်။
 
• လယ်ယာလုပ်ငန်းဟာ ကမ္ဘာပေါ်မှာရှေးအကျဆုံး၊ အလိုအပ်ဆုံးနဲ့ ထိရှအလွယ်ဆုံးစီးပွားရေးဖြစ်တာမို့ စိုက်ပျိုးသူများကို ကာကွယ်ပေးဖို့ အုပ်ချုပ်သူများကြိုးစားကြရပါတယ်။ ချမ်းသာတဲ့နိုင်ငံများဟာ လူသက်သာပြီး ၀င်ငွေများတဲ့ဝန်ဆောင်မှုလုပ်ငန်းများကိုသာ အားပြုကြပါတယ်။ မြန်မာ့စီးပွားရေးမှာလည်း ဘယ်ကိုပဲ ဦးတည်သည်ဖြစ်စေ လူဦးရေစုစုပေါင်းရဲ့ ၇၀ ရာနှုန်းသော လယ်သမားများ အဆင့်အတန်းမြင့်မှ မြန်မာပြည်အဆင့်အတန်းမြင့်နိုင်မှာပါ။ သူတို့မပါပဲရှေ့မရောက်နိုင်တာ တနိုင်ငံလုံးအတိုင်းအတာနဲ့ နားလည်နိုင်ဖို့လိုပါတယ်။ သမ္မတကြီး ဦးသိန်းစိန်အစိုးရသစ်တက်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ လယ်ယာကဏ္ဍကိုမြှင့်တင်သွားမယ်လို့ဆိုပါတယ်။ သမ္မတကြီးကိုယ်တိုင်လည်းလယ်သမား သားသမီးဖြစ်တဲ့အပြင် နိုင်ငံတကာဧည့်သည်တော်ကြီးများကိုလည်း လယ်တောအိမ်မှာ တွေ့ဆုံလေ့ရှိတယ်လို့ သတင်းတွေဖတ်ရပါတယ်။ ဒါကြောင့် ဦးကြီးများအတွက် အင်မတန်မျှော်လင့်မိပါတယ်။
 
• စိုက်ပျိုးစီးပွားကို မြှင့်တင်ဖို့ကြိုးစားရာမှာရေတိုစီမံကိန်းများအနေနဲ့ စတင်စိုက်ပျိုးချိန်ကနေ ရောင်းချချိန်အထိ အစိုးရနဲ့ ခရိုနီထိန်းချုပ်မှုကြောင့်မလိုအပ်ပဲကြီးလေးနေရတဲ့ ကုန်ကျစားရိတ်မျိုးစုံကို လျှော့ချပေးဖို့လိုပါတယ်။ မီဒီယာများကတဆင့် စိုက်နည်း၊ပျိုးနည်း၊ ပိုးသတ်နည်း စတဲ့နည်းပညာသစ်များကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးဖို့လိုပါတယ်။ စပါးအထွက်နှုန်းတိုးအောင်နဲ့ ရောင်းဈေးအမြင့်ဆုံးရရှိအောင် ကူညီပံ့ပိုးဖို့လိုပါတယ်။ ဒီအတွက် ဆန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေက အနဲနဲ့အများခံကြရမယ်ဆိုရင်တောင်မှ နှစ် ၅၀ အနင်းခံထားရတဲ့ ဦးကြီးများအတွက် မုဒိတာပွားနိုင်ဖို့လိုပါတယ်။ အခုတော့ အစိုးရသစ်ဟာ ထုတ်လုပ်၊တင်ပို့၊ရောင်းချတဲ့ လုပ်ငန်းတစ်ခုလုံးရဲ့ ယိုပေါက်၊ ဟာပေါက်မျိုးစုံကို ပြင်ဆင်ဖြည့်တင်းခြင်းမရှိပဲနဲ့ စိုက်ပျိုးစားရိတ်ကို အလွယ်တကူထုတ်ချေးခဲ့ပါတယ်။ ဒါဟာအစိုးရနဲ့ ကြံ့ခိုင်ရေးပါတီကို လူကြိုက်များစေနိုင်ပေမယ့် အိတ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေတယ်ဆိုတာအခုလက်တွေ့ပါပဲ။ ချေးငွေကျပ်သန်းပေါင်း ၆ထောင်ဆိုတာ ခရိုနီတယောက်အတွက် ရယ်စရာကြီးပါ။ အစိုးရကိုတော့ နောက်ထပ်ရင်းနှီးမြှပ်နှံသူတွေရဖို့ အကျပ်တွေ့စေပါတယ်။ ဒီပုံစံအတိုင်း လယ်မြေတွေကို လယ်သမားပိုင်အဖြစ် မှတ်ပုံတင်ပြီးတဲ့နောက် ဘဏ်မှာအပေါင်ထားလို့ နောက်တချီ ချေးကြငှားကြဦးမယ်ဆိုရင်ဖြင့် ----------------------။
 
• ရေရှည်စီမံကိန်းအနေနဲ့ကတော့စိုက်ပျိုးရေးဒီပလိုမာကျောင်းများကို တနိုင်ငံလုံးအနှံ့ဖွင့်လှစ်သင့်ပါတယ်။ ကျေးရွာများမှာ အလယ်တန်းအဆင့်ပြီးမြောက်လာတဲ့ ကလေးများကို ဦးတည်ပြီး မြန်မာလိုသင်ကြားနိုင်ရင် အကောင်းဆုံးပါ။ သီအိုရီကို လက်တွေ့နဲ့ ပေါင်းစပ်စေခြင်းအားဖြင့် အခြေခိုင်ခိုင်မြှင့်တင်နိုင်ပါလိမ့်မယ်။ ရည်မှန်းချက်က ထိုင်းကိုမှီရုံမက ကျော်ချင်ပေမယ့် တွက်ကြည့်တော့မှ စက်မရှိတာကို သတိပြုစေလိုပါတယ်။
 
• အစိုးရမင်းများအနေနဲ့ တာဝန်ရှိတဲ့ ထောင့်မျိုးစုံဖြည့်ဆည်းပေးနေလျှက်မှ လယ်သမားများက အလုပ်မလုပ်ချင်၊ ချဲထိုးချင်လို့ အကြွေးမဆပ်နိုင်ဘူးဆိုလျှင်တော့ တစ်ဦးချင်းကို အမည်ပျက်စာရင်းထည့်သွင်းလို့ ပိုင်ဆိုင်မှုသိမ်းတာမျိုးကို နည်းလမ်းတကျလုပ်ခွင့်ရှိပါတယ်။ သမ္မတကြီးကိုယ်တိုင် လက်ခုပ်တီးပေးရမှာပါ။ ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ် လို့စစ်တပ်ပုံစံအတိုင်း ဆက်လက်အမိန့်ပေးလိုသေးတယ်ဆိုလျှင်တော့ ဒုတိယံပိ တတိယံပိ ဆုံးရှူံးမှုများကိုသာ ရင်ဆိုင်ကြရမှာ ဖြစ်ပါကြောင်း။
 
 http://www.facebook.com/photo.php?fbid=3933196668309&set=np.23416358.100001950306860&type=1&theater&notif_t=photo_tag  မှ
 

လျှောက်လမ်းနဲ့ ပန်းတိုင်

$
0
0


ပြီးခဲ့တဲ့အင်္ဂါနေ့က ကစားသွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုမှာ မန်ယူက ရီးယဲမက်ဒရစ်အသင်းကို ၁ဂိုး ၂ဂိုးနဲ့ ရှုံးပြီး ပြိုင်ပွဲက ထွက်လိုက်ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာတော့ အသာမရပေမဲ့ ဂိုးကန်သွင်းခွင့်တွေ ပိုရတယ်၊ တစ်ဖက်အသင်းကို အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့တယ်၊ ပြောရရင် ဗျူဟာမြောက်ကစားနိုင်ခဲ့တယ်ပေါ့။ 
ရီးယဲကို ရင်ဆိုင်တဲ့နေရာမှာ မန်ယူဟာ ပွဲကြိုပြင်ဆင်မှု ကောင်းခဲ့ပါတယ်၊ ဂိုးလည်း ကိုယ်က အရင်သွင်းထားတယ်၊ ခြေစွမ်းကလည်း သာတယ်၊ အဲ့လိုအနေအထားမျိုးမှာ မထင်မှတ်ဘဲ ကစားသမားတစ်ယောက် အငြင်းပွါးဖွယ် အထုတ်ခံလိုက်ရပါတယ်။ ၁၁ယောက် ၁၁ယောက်ချင်း ကစားရင်တောင် အမှားမခံတဲ့ ဒီလိုပွဲမျိုးမှာ တစ်ယောက်လျော့သွားတာဟာ အရမ်းကို သိသာပါတယ်။ အထုတ်ခံရပြီး သိပ်မကြာဘူး၊ ၂ဂိုးဆက်တိုက် သွင်းခံရပြီး ရှုံးနိမ့်သွားတော့တာပါပဲ။ ဘောလုံးပွဲတွေမှာ ဒီလိုအဖြစ်အပျက်တွေက မဆန်းတော့မဲ့ ဒီပွဲကို ကြည့်ပြီး ခေါင်းထဲမှာ ဆက်တွေးနေမိပါတယ်။ တကယ်တော့ ဘ၀ဆိုတာဟာလည်း ပြိုင်ပွဲတစ်ခုပဲ မဟုတ်လား။

Fail to plan is Plan to fail.
အစီအစဉ်ဆွဲဖို့ ပျက်ကွက်ခြင်းဟာ ရှုံးနိမ့်ဖို့ အစီအစဉ်ဆွဲနေခြင်းပါပဲ တဲ့။ သိပ်မှန်တဲ့ စကားလေးပါ၊ လောကမှာ ဘယ်အောင်မြင်မှုမှ တိုက်ဆိုင်လို့ ဖြစ်ပေါ်လာတယ်ဆိုတာ မရှိပါဘူး။ စနစ်တကျ ကြိုတင်ပြင်ဆင်မှုကနေသာ အောင်မြင်မှုဆိုတဲ့အရာက ပေါက်ဖွါးလာတတ်တာပါ။ အဲ့ဒီတော့ ကျွန်တော်တို့တွေ ဘ၀မှာ အောင်မြင်ချင်တယ်ဆို အစီအစဉ်တစ်ခုတော့ တိတိကျကျ ရှိရမှာပေါ့။ ပန်းတိုင်ရှိမှလည်း လျှောက်စရာလမ်းဆိုတာ ပေါ်လာမှာ မဟုတ်လား၊ လျှောက်ဖို့ လမ်းရှိမှလည်း လျှောက်ချင်စိတ် ပေါ်လာမယ်၊ လျှောက်လည်း လျှောက်ဖြစ်မယ်လေ။

ဒါပေမဲ့ ဘ၀မှာ ကြိုမမြင်ရတဲ့ အရာတွေ ရှိတတ်ပါတယ်။ မနာလိုသူတွေ၊ ရန်သူတွေ ရှိမယ်၊ သဘာဝဘေးတွေ ရှိမယ်။ ခေတ်ပြောင်း စနစ်ပြောင်းနဲ့ ကြုံရတာ ရှိမယ်။ နောက်တစ်ခုက ဘာသာရေးအမြင်အရဆို အတိတ်ကံပေါ့၊ အဲ့ဒါတွေ ရှိမယ်။ တစ်ခါတစ်ခါမှာ အဲ့ဒီလို မျှော်လင့်မထားတဲ့ အရာတခုခုကြောင့် မျှော်လင့်ထားသမျှ အရာအားလုံးဟာ ပျက်ဆီးသွားတတ်ပါတယ်။ ပန်းတိုင်ကို ရောက်ဖို့အတွက် လျှောက်ရမဲ့လမ်းဟာလည်း ပိုရှည်၊ ပိုခက်ခဲသွားတတ်တယ်။ ဒါတွေဟာ ဘ၀တစ်ခုကို ရပြီဆိုတာနဲ့ ငြင်းဆန်လို့ မရတဲ့ ပေးထားချက်တွေပဲ ဖြစ်လို့ လက်မခံလို့တော့ မရပါဘူး။ သူက ဒီနေရာရောက်ဖို့အတွက် ခြေလှမ်း၅လှမ်းလောက် လှမ်းရုံနဲ့ ရောက်နိုင်ပေမဲ့လို့ ကိုယ့်အတွက်တော့ မိုင်တစ်ထောင်ခရီး ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ တကယ်တော့ ရှုံးနိမ့်မှုဆိုတာ ကြောက်စရာ မဟုတ်ပါဘူး၊ ရှုံးမှာပဲ လဲကျမှာပဲ။ ဘယ်နှခါလဲလဲ ရအောင် ပြန်ထမယ် ဆိုတဲ့ စိတ်ရှိဖို့ပဲ လိုပါတယ်။ ကိုယ်က ဒီအရှုံးကို မအောင်မြင်မှုအဖြစ် လက်ခံလိုက်မှာလား၊ လှေကားထစ်တွေအဖြစ် အသွင်ပြောင်းလိုက်မှာလား၊ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ လျှောက်ရမဲ့လမ်းပဲ ရှည်ချင်ရှည်သွားမယ်၊ ဒါမှမဟုတ် ဘယ်လိုမှ သွားမရတော့လို့ တစ်ခြားလမ်းက ပတ်သွားရတာမျိုးပဲ ဖြစ်ချင်ဖြစ်သွားမယ်၊ ပန်းတိုင်တော့ ဘယ်တော့မှ မပျောက်စေရဘူး ဆိုတဲ့ စိတ် မွေးကြရမှာပါ။

နာနီ အထုတ်ခံရတော့ မန်ယူကစားသမားတွေ ဘယ်သူမှ ပြင်းပြင်းထန်ထန် စောဒက မတက်ကြပါဘူး၊ ဒိုင်လူကြီးကို ရန်မမူဘူး၊ ပရိသတ်ကလည်း ဒီအတိုင်းပဲ၊ ပြောင်းလဲလို့ မရတော့တဲ့ အခြေအနေတစ်ရပ်ကို မြန်မြန်ဆန်ဆန်ပဲ လက်ခံလိုက်ပြီး လက်ကျန်အချိန်တွေမှာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာပဲ စဉ်းစားကြတယ်။ ကျွန်တော်တို့တွေရော၊ ကိုယ်ကြိုးစားခဲ့သမျှတွေ ဘာတစ်ခုမှ အရာမထင်သေးတဲ့အချိန်၊ ဒါမှမဟုတ် အရာထင်တော့မဲ့အချိန်မျိုးမှာ တစုံတယောက်ကြောင့် တစုံတခုကြောင့် ပျက်စီးသွားရတယ်ဆိုရင် ဘာလုပ်ကြမှာလဲ၊ အပြစ်တင်နေမှာလား၊ အကြောင်းပြနေမှာလား၊ ဒါမှမဟုတ် ရှေ့တည့်တည့်ကိုပဲ မျှော်ကြည့်ပြီး လုပ်စရာရှိတာ ဆက်လုပ်ကြမှာလား။

ဒီနေ့ခေတ်က ပညာခေတ်ပါ၊ ဘယ်နေရာမှာ ဘာအလုပ်ပဲ လုပ်လုပ်၊ ပညာမပါလို့ ပညာမတတ်လို့ မရတော့တဲ့ ခေတ်မို့ ပညာခေတ်လို့ ခေါ်ပါတယ်။ Hyper-competitive age ယှဉ်ပြိုင်မှုတွေ လွန်ကဲတဲ့ ခေတ်လို့တောင် ပြောနေကြတဲ့အချိန်မျိုးမှာ အရင်လို ခပ်အေးအေး လုပ်နေကြလို့ မရတော့ပါဘူး။ ပညာကို အသည်းအသန် လိုက်စုဆောင်းကြရပါတယ်။ တစ်ဖက်မှာ ကောင်းတာတစ်ခုကတော့ ပညာသာရှိရင် တခြားဘာဆိုဘာမှ မရှိလည်း အောင်မြင်နိုင်တယ် ဆိုတဲ့အချက်ပါပဲ၊ မိဘမျိုးရိုးကို မကြည့်ကြတော့ဘူး၊ အသားအရောင်ဆိုတာကို ဦးစားမပေးကြတော့ဘူး။ လူ့တန်ဖိုးကို ပညာတတ်လား မတတ်လားနဲ့ပဲ တိုင်းကြတော့တယ်။ အဲ့ဒီတော့ ပညာက ကိုယ့်ဆီ မလာရင် ကိုယ်ကပဲ ပညာဆီရောက်အောင် သွားကြရမှာပါ။ မရောက်နိုင်တဲ့ အကြောင်းရင်းတွေ အတားအဆီးတွေတော့ ရှိနေနိုင်ပါတယ်၊ အဲ့ဒါတွေကို အရှိအရှိအတိုင်းတော့ လက်ခံလိုက်ပါ၊ ဒါပေမဲ့ အကြောင်းပြချက် အဖြစ်၊ ဆင်ခြေတစ်ခု အဖြစ်တော့ လုံးဝမပြောင်းပစ်လိုက်ပါနဲ့။

ကျွန်တော့်ဒိုင်ယာရီစာအုပ် ရှေ့ဆုံးစာမျက်နှာမှာ ရေးထားလိုက်ပါတယ်..
"လျှောက်ရမဲ့လမ်းသာ ရှည်ချင်ရှည်သွားမယ်၊ ပန်းတိုင်တော့ ဘယ်တော့မှ မပျောက်စေရဘူး" လို့။
 

စစ်ဗိုလ်တဦးရဲ့ လယ်သမားရေးအမြင်

$
0
0


ခုနေမှာ အဲဒီလယ်သမားတွေကို အဓိက အာရုံမစိုက်ဘူးဆိုရင် ဆေးမှီနိုင်တော့မယ်မထင်ဘူး ။ ထားဝယ်က သူငယ်ချင်းတစ်ယောက် ညည်းရှာတယ် ။ သူတို့ ဆီတွေမှာ မလေး ၊ ထိုင်း ကိုအလုပ်သွားလုပ် ကြတော့ တောင်သူလုပ်မဲ့ သူကမရှိတော့ဘူး ။ 

အဲဒီအတွက် အိမ်မှာ ယောကျာင်္းသားမရှိတဲ့သူတွေက အငှားနဲ့လယ်လုပ်ကြရတယ် ။ အရင်းနှီးစရိတ် ကြီးတယ် ။ မိုးလေဝသ မှန်လို့ စပါးရတယ်ဆိုရင်တောင် အဲဒီ စပါး က ဝယ်ယူရတာနဲ့ ဘာမှ မကွာခြားဘူး ။ အစိုးရစီမံကိန်းတွေ မလုပ်မနေလုပ်ကြရတာဖြစ်လို့ တကယ်လို့ မလုပ်ပြန်ဘူးဆိုရင်လည်း မိမိပိုင်ဆိုင်တဲ့ လယ်မြေကို သိမ်းယူပြီးတကယ်လုပ်မဲ့ သူကို လွှဲပြောင်းပေးရမယ်လို့ ဆိုတယ် ။ ယောကျာင်္းသားမရှိ ၊ ရှိတဲ့သူကလည်း ဝန်ထမ်းဖြစ်နေတယ် ။ အဲတော့ရတဲ့လစာလေးကို ခြစ်ချုပ်စုပြီး လယ်သိမ်းချိန်ဆိုအမြဲ အိမ်ပြန် ပို့ရတယ် ။

ကျွန်တော်တို့ အညာဘက်နယ်တွေမှာလည်း ဒီလိုပဲ ။ လယ်လုပ်တဲ့ သူ က တစ်မိသားစုလုံးလုပ်လို့ တစ်နှစ်ကို ၃ သိန်းရပါ့မယ် အာမမခံနိုင်ဘူး ။ မူဆယ် ၊ ကျယ်ခေါင် ၊ လောက်ကိုင် ၊ တောင်ကြီးတို့မှာ ယောကျာင်္းလေးတွေ တံမြက်စည်းရောင်း ၊ ပန်းရံလုပ်သွားရင်တစ်နှစ် ၅ သိန်းမကရကြတယ် ။ အဲဒီမှာလုပ်ရတဲ့အလုပ်တွေကရွာမှာလယ်လုပ်သလောက်လည်းမပင်ပန်းကြဘူးလေ ။ လယ်သူရင်းငှားတွေအတွက် လေချွန်ရင်းလုပ်လို့ရတဲ့ အခြေနေဆိုတော့ နယ်တွေမှာ လယ်လုပ်မဲ့သူတွေရှားလာတယ် ။

အနောက်နိုင်ငံတွေမှာ လယ်သမားတွေဟာအတော်များများပြည့်စုံကြတယ်။ သီးနှံလာရောင်းရင်း ကိုယ်ကားကိုယ်မောင်းပြီးလာရောင်းနိုင်ကြတယ် ။ မားကတ်တွေမှာ ဆိုရင် အရောင်လှပေ့ ၊ အသီးကြီးပေ့ ဆိုတဲ့ အသီးရွက်တွေဟာ ဈေးအနည်းငယ်ချိုနေပြီး ။ သေးသေးလေး တွေ ၊ အရောင်မွဲခြောက်ခြောက်လေးတွေကိုတော့ ဈေးကြီးပေးကြရတယ် ။ ဘာလို့လဲဆိုတော့ အဲဒီ မွဲခြောက်ခြောက်လေးတွေဟာ မျိုးရိုးဗီဇပြင်မထားသလို ၊ သဘာဝ နည်းစစ်စစ်နဲ့ စိုက်ထားတဲ့ အသီးရွက်တွေမို့ပဲ ။

ကျွန်တော်တို့ နိုင်ငံမှာအဲလိုအခြေနေတွေများကြီးရှိနေပါလျှက်ကယ်နဲ့ တောင်သူလယ်သမားတွေ ကဆင်းရဲပြီးရင်းဆင်းရဲနေကြရတယ် ။ မရောင်တဲ့ နေရာဆီလူးနေကြမဲ့ အစား ။ လူများစုလည်းဖြစ်တယ် ၊ နိုင်ငံရဲ့အဓိက လုပ်ငန်းလည်းဖြစ်တဲ့ တောင်သူလယ်သမားများကိစ္စ နဲ့ ပက်သက်ပြီး အနာဂါတ်အစီမံ တွေ ၊ လောက်လောက် လားလားထွက်ပေါ်မလာတာ အတော်ကို ဝမ်းနည်းဖို့ကောင်းပါတယ် ။

……………………………………………..


စစ်သားပီသချင်သော စစ်သားတဦး

$
0
0

 
အင်းးးးးးးးးးးးးး
စစ်သားအလုပ်စစ်သားလုပ်ပါလား ။
တပ်မတော်ရဲ့တာဝန်ဟာ လုံခြုံရေး နဲ့ ကာကွယ်ရေးတာဝန် မဟုတ်လား ဆိုပြီးပြောကြတယ် ။မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မှာ စစ်သားတွေ ဝင်ဝင်ပါနေရတာကို အပြစ်တင်ကြတယ် ။
စစ်သား ဟာ စစ်သားအလုပ်ကို လုပ်ချင်ပါတယ် ။
စစ်သားအလုပ်မလုပ်ရတဲ့ စစ်သား ဟာလည်း စစ်သားကွာလတီကျတယ် ။
တကယ်တမ်း တပ်တွေ မှာ စစ်ရေး ၊ တိုက်ခိုက်ရေး ၊ ကြံ့ခိုင်ရေး တွေ လေ့ကျင့် ပြီး ဒေါင်ဒေါင်မြည်ဖြစ်နေရမဲ့ စစ်သားတွေဟာလူမှုဝန်ထမ်း ၊ နိုင်ငံတည်ဆောက်ရေး ၊ နိုင်ငံရေး တွေမှာ ပါနေရပြီး စစ်သားအရည်သွေးတွေ လျော့နည်းနေရတယ် ။

ဖြစ်နိုင်ရင် ကျွန်တော်တို့ နိုင်ငံရေးသမားတွေ ကိုအားကိုးချင်တယ် ။ ယုံကြည်ချင်တယ် ။ ဒါပေမဲ့ တပ်မတော် ဟာ နဂို ကမှ စစ်သားတွေပီပီ သံသယ စိတ်နဲ့ ဆန်းစစ် တဲ့ ဝသီရှိရတဲ့ထဲ ၊ အတိတ်က သင်ခန်းစာတွေအရ ခဲမှန်ဖူးတဲ့ စာသူငယ်.. ရွယ်ယုံနဲ့ ကြောက် ဆိုသလို ဖြစ်နေခဲ့ရတယ် ။
နိုင်ငံရေးသမားတစ်ယောက် လုပ်ရပ်မှားသွားတဲ့ခါ နိုင်ငံရေးဂုဏ်သိက္ခာ ကျဆင်းသွားတယ် ။ မြန်မာနိုင်ငံ မှာ နေလို့ မရတော့ဘူးဆိုရင် တခြားနိုင်ငံကို အေးချမ်းစွာထွက်ခွါသွားရုံပဲရှိတယ် ။ နိုင်ငံရေးသမားတို့ အချင်းချင်း ပြိုကွဲ မှုဟာ စကားများ ၊ ရန်ပွဲ ၊ တရားစွဲ တဲ့ အခြေအနေပဲရှိတယ်။ ဒါပေမဲ့ အဲဒီ ဂယက်တွေဟာ ဒီတိုင်းပြီးမသွားဘူး ။ တပ်မတော် နဲ့ ပြည်သူတွေဟာ အသက်ပေါင်းများ စွာ ရင်းနှီးပြီးဖြေရှင်းရတယ် ။ သွေးသားရင်းတွေ ချင်းချင်နီအောင် သွေး နဲ့ ရင်းကြရတယ် ။

ကျွန်တော်တို့ ကိုယ်တိုင် စစ်သားဘဝ ကို ခုံမင်နှစ်သက်သလို ၊ စစ်သားအလုပ်ပဲလုပ်ချင်တယ် ။ ပုဂ္ဂိုလ်ရေး ခံစားချက်တွေ ဘေးဖယ်ပြီး ကျွန်တော်တို့ တိတ်တိတ်လေး စောင့်ကြည့်နေပါတယ်။ ဖြစ်နိုင်ရင် နိုင်ငံရေးသမားတွေကို အားကိုးချင်တယ် ။ယုံကြည် စိတ်ချချင်တယ် ။ နိုင်ငံရေးအရည်ချင်းရှိကြပါ ။ အချင်းချင်း စည်းလုံး မှု တည်ဆောက်ကြပါ ။ နိုင်ငံရေးသမားချင်း စည်းလုံးတဲ့ ခါ အားတစ်ခု ရပါလိမ့်မယ် ။ အရည်ချင်းနဲ့ စည်းရုံးရေးစွမ်းရည်ကောင်းလာတဲ့ခါ တပ်မတော်နဲ့ ပြည်သူက အလိုလို နောက်မှာ ပါပြီးသားဖြစ်နေမှာပါ ။ စလယ်ဝင် ဖင်မမဲ ခင် ကွဲချင် မနေကြပါနဲ့ဦး ။
ရုပ် ဆိုး

အလှည့်

$
0
0


ကျောင်းသွားရန်အတွက် ထမင်းချိုင့်ယူ၊ ရေဗူးထည့်၊ ဖုန်းယူ၊ ကွန်ပျူတာလွယ် အဆင်သင့် ဖြစ်နေချိန်တွင် “ဘာဘာ နပ်နပ်စီးမယ်” ဟုမပီကလာ ပြောကာ ကျောင်းသွားခါနီး စီးနေကျ ဖိနပ်ကို ကျွန်တော့်ရှေ့သို့ ယူလာပေးသော နှစ်နှစ်နဲ့ ရှစ်လသာ ရှိသော သားလေး၏ အပြုအမူကို ကြည့်ကာ ဖခင် တဦးအနေဖြင့် ပိတိဖြစ်မိသည်။ သားလေး၏ အပြုအမူသည် ဖခင် တဦးဖြစ်သော ကျွန်တော်၏ရင်ကို အေးမြစေခဲ့သည့် နည်းတူ အတွေးနယ်ထဲတွင် နစ်မျော စေခဲ့ပြန်သည်။

သားလေး၏ အပြုအမူသည် ကျွန်တော်၏ ငယ်စဉ်ဘ၀ကို ပြန်လည် သတိရစေခဲ့သည်။ ကျွန်တော် ၏ ဖခင်သည် တောရွာဓလေ့တွင် ဘုန်းကြီးကျောင်းထွက် စာတတ်ပေတတ်ဟုပင် ပြောရပေမည်။ ရွာသူကြီး ဖြစ်သလို အိမ်ဆောက်၊ တံတားဆောက်သည့် အလုပ်ကို အသက်မွေးဝမ်းကျောင်း အဖြစ် လုပ်ကိုင်သူ ဖြစ်သည်။ ကျွန်တော့်ဖခင်နဲ့ အပေါင်းအပါတို့၏ ကျေးဇူးကြောင့် ရွာတွင် တွဲဘက် အလယ်တန်းကျောင်းကို တည်ထောင်နိုင်ခဲ့သည်။

စတုတ္ထတန်း အောင်မြင်ပြီးသော ကျောင်းသားအများအပြား မြို့ပေါ်ကို သွားစရာမလိုဘဲ အလယ်တန်း ပညာကို သင်ယူနိုင်သူ များပြားလာခဲ့သည်။ ယခင်တုန်းက ဆယ်တန်းအောင်သူ မရှိခဲ့ဘူးသော ကျေးရွာတွင် ဆယ်တန်း အောင်သူများ ရှိလာခဲ့သည်။ ဘွဲ့ရ များရှိလာခဲ့သည်။
ရခိုင်ဒေသ၏ မိုးရေချိန်သည် လက်မ ၂၀၀ ကျော်ရှိသည့်အတွက် မိုးတွင်းကာလတွင် ကျောင်းသား များ၏ သွားရေးလာရေးတွင် အခက်အခဲက ဆီးကြိုနေတတ်သည်။ ကျွန်တော် ရှစ်တန်း တက်နေ သည့်အချိန် မိုးတွင်းကာလ တစ်နေ့တွင် မိုးကလည်း သည်းထန်စွာရွာသွန်းနေသည်။ အဖေက “အ၀တ်အစား သွားလဲလိုက်၊ ဟိုဘက်မှာ ၀ါးလုံးတံတားတစ်ခု သွားထိုးရအောင်” ဟုပြောသည်။ ကျွန်တော်တို့ရွာနဲ့ ခပ်လှမ်းလှမ်းတွင်ရှိနေသော ချောင်းငယ်ကို ဖြတ်လျက် ဆောက်လုပ်ထားသည့် တံတားက မိုးသည်းထန်မှုကြောင့် ကျိုးပျက်သွားသည်။ ထိုတံတားပျက် နေရာတွင် ၀ါးလုံးတံတား တစ်ခု အစားထိုးဆောက်လုပ်ဖို့ ပြင်ဆင်နေခြင်း ဖြစ်သည်။ ထိုတံတားမရှိပါက ရွာနီးစပ်မှ ကျောင်းသားလေးများ ကျောင်းမတက်နိုင်မှာ စိုးသည့်အတွက် အဖေက ၀ါးလုံးတံတား တစ်ခု အစားထိုး တည်ဆောက်ရန် ကျွန်တော့်ကို ခေါ်ခြင်းဖြစ်သည်။

အဖေ့နောက်က တကောက်ကောက်ပါရင်း မိသားစုပိုင် ၀ါးရုံတောတွင် ၀ါးလုံး ၄-၅ ဆယ်ခန့် ခုတ်ပြီး သားအဖ နှစ်ဦး တံတားဆောက်မည့် နေရာသို့ ရွေ့ပြောင်းရင်း တစ်နေ့ အချိန်ကုန် သွားသည်။ နောက်နေ့ရောက်မှ တံတားဆောက်လုပ်ရေးကို လုပ်နိုင်တော့သည်။ နောက်နေ့ တံတားဆောက်သည့်နေ့တွင် အဖေနဲ့ ကျွန်တော် နှစ်ဦးမဟုတ်တော့ဘဲ အနီးအနားကျေးရွာက လူကြီးလူငယ် အယောက် ၂၀ ခန့် ၀ိုင်းဝန်း ဆောက်လုပ်လိုက်သောအခါ တံတားမှာ နေ့ချင်း ပြီးစီးသွားသည်။ အဖေသည် ရွာလူကြီး ဖြစ်သည့်တိုင် ဘယ်အလုပ်ကိုမဆို သူကိုယ်တိုင် ဦးဆောင်လုပ်ပြလေ့ ရှိသူဖြစ်သည်။ ကျေးရွာက သာရေးနာရေး ကိစ္စများတွင်လည်း သူကိုယ်တိုင် ဦးစီးကာ လုပ်ကိုင်လေ့ရှိသည်။

အဖေ၏ ဘာသာရေးဆိုင်ရာ ဒဿန အမြင်သည်လည်း အခြားသော တောသားကြီးများနဲ့ မတူဘဲ တမူထူးခြားလေ့ရှိသည်။ ကျွန်တော်တို့မိသားစုတွင် ဘုရားရှိခိုး ဆုတောင်းကို အိပ်ရာဝင်ခါနီး အမြဲ ဆိုရလေ့ရှိသည်။ “ဆုတောင်း” ဟူသော ဝေါဟာရနဲ့ ဆက်စပ်ပြောသော အဖေ၏ စကားကို ကျွန်တော့် နှလုံးအိမ်တွင် ယနေ့တိုင် စွဲမြဲနေဆဲ ဖြစ်သည်။ “ ဆုမတောင်းရဘူး၊ ဆုပန်ရမယ်”တဲ့ ။ ကျွန်တော်တို့၏ ဓလေ့တွင် အလှူဒါန တခုခုပြီးတိုင်း “ဆု” တောင်းလေ့ရှိကြသည်။ အဖေကတော့ ဒီအလှူကြောင့် ဘာဖြစ်ရပါလို၏ လို့ဆုမတောင်းသင့်ဘူးလို့ပြောသည်။ “ဆုပန်”တာက ဆုတောင်းတာထက် ပိုကောင်းတယ်ဟု စောဒကတက်ပြန်သည်။ ဒီလို လုပ်ရသော ကုသိုလ် ကောင်းမှုကြောင့် စာမေးပွဲ အောင်ရပါလို၏ဟု ဆုမတောင်းဘဲ ယခုပြုလုပ်ရသော ကုသိုလ် ကောင်းမှုကို သက်သေထူကာ စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့် အောင်ရန် ကြိုးစားပါမည်ဟု ဆုပန် သင့်ကြောင့် ပြောပြသည်။
ငယ်ရွယ်သူမို့ အဖေ၏ ပြောစကားများသည် ကျွန်တော့်အကြားတွင် နားဝင် မချိုလှ။ စဉ်းစား နိုင်စွမ်းလည်းမရှိ။ ထူးခြားမှု ရှိသည်ကိုတော့ သတိထားမိခဲ့သည်။ ကျွန်တော့်အား မကြာခဏ ပြောလေ့ ရှိသော စကားတခွန်းရှိသည်ကို ကြားယောင်နေဆဲ။
 ကောင်းမှုလုပ်ပြီးတိုင်း “တိုင်းပြည်နဲ့ လူမျိုးအပေါ် တာဝန်နဲ့ ၀တ္တရားကို ကျေပွန်အောင် ထမ်းဆောင်နိုင်သော ယောက်ျားကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားပါမည်” ဟုအမြဲတမ်း ဆုပန်ရန် တိုက်တွန်းလေ့ရှိသည်။ ဆုတောင်းသည် ဆိုသည်မှာ မျှော်ကိုးခြင်း ဖြစ်ပြီး ဆုပန်ခြင်း သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်နေသော လူသားအဖို့ ခွန်အားကို တက်စေသည်ဟု ပြောလေ့ရှိပြန်သည်။ အဖေ၏ ဒဿန သဘောတရားကို ငယ်ရွယ်စဉ်အခါက သဘော သိပ်မပေါက်ခဲ့။

၂၀၁၂ ခုနှစ်တွင် ရန်ကုန်ကို ရောက်တော့ ရွာက ငယ်သူငယ်ချင်း မိတ်ဆွေများနှင့် တွေ့ဖြစ်သည်။ မိသားစုအကြောင်း ရွာအကြောင်းကို စကားပြောဖြစ်ကြသည်။ အဖေတို့ ကိုယ်တိုင် ဦးဆောင် ဆောက်လုပ်ခဲ့သော တွဲဘက်အလယ်တန်းကျောင်းအကြောင်းနဲ့ ရွာနားက ချောင်းကြီး တစ်ခုကို ဖြတ်လျက် တည်ဆောက်ထားသည့် တံတားအကြောင်းကို ပြောဖြစ်ကြသည်။ ယခင်ကတွဲဘက် အလယ်တန်းကျောင်းတွင် လိုအပ်သည့် ဆရာအားလုံးကို ရွာမှ အကုန်အကျ ခံကြရသည်။ ယခုအချိန်တွင် ခွဲသင် တွဲဘက်အလယ်တန်းကျောင်း ဖြစ်လာသည့်အတွက် အစိုးရမှ ကျောင်းအတွက် လိုအပ်သည့် ဆရာအရေအတွက်၏ တ၀က်ကို ခန့်ထားပေးပြီး ကျန်တ၀က်ကို ရွာမှ အကုန်အကျခံကာ ဆရာခန့်ထားရသည်ဟု သိရှိရသည်။
မိမိ၏ ဇာတိချက်ကြွေကိုမရောက် ဖြစ်ခဲ့သော နှစ်ပေါင်းတစ်ဆယ်ကျော် ကာလအတွင်း ရွာ၏ အခြေအနေမှာ အပြောင်းအလဲ မရှိသလောက်ပင်ဖြစ်သည်။ ခွဲသင်ကျောင်း အဆင့်မှ ရာနှုန်းပြည့် အစိုးရ အလယ်တန်းကျောင်း အဆင့်မည်သို့ မည်ပုံရရှိရေးကို ဆွေးနွေးဖြစ်ခဲ့သည်။ ပညာရေး ၀န်ကြီးထံသို့ တင်ပြရေးအတွက် ကျွန်တော့်ကို တာဝန်ပေးခဲ့ကြသည်။ ပညာရေးဝန်ကြီးဌာနမှ ပြောဆိုချက်အရ အစိုးရအလယ်တန်းကျောင်း ဖြစ်ရေးအတွက် ကျောင်းသား အရေအတွက် ပြည့်မီရေးကိုလည်း မည်သို့ အကောင်အထည် ဖေါ်မည်ကို ဆွေးနွေးခဲ့သည်။ ရွာ၏လမ်းပန်း ဆက်သွယ်ရေးတွင် အရေးပါသော တံတားဆောက်လုပ်ရေးကိုပါ အဆင့်လိုက် ဆွေးနွေးခဲ့ကြ သည်။

မိမိအလှည့် ရောက်သည့်အခါတွင်လည်း မနွဲ့စတမ်း ပခုံးပြောင်း တာဝန်ထမ်းဆောင်ရန် တာဝန်ယူလာရတော့သည်။ အဖေတို့ ကိုယ်တိုင် ဦးစီးဦဆောင်ပြုကာ ဆောက်လုပ်ခဲ့သော ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး ကိစ္စကို သားတစ်ဦးဖြစ်သော ကျွန်တော်ကိုယ်တိုင် တာဝန်ယူလာရသည်။ မိမိတာဝန်ဟုလည်း မြင်လာသည်။ ခေတ်စနစ်က မည်သို့ပင် ပြောင်းလဲနေပစေ မပြောင်းလဲသော ကျွန်တော်တို့ လူ့အဖွဲ့အစည်း ရှင်သန်နိုင်ရေးအတွက် ကျွန်တော်ကိုယ်တိုင် တာဝန်ယူရပေအုံးမည်။

လမ်းလျှောက်တတ်ကာစ အရွယ်တွင် အပြင်သွားခါနီး သားလေး၏ ဖိနပ်လေးကို ကျွန်တော် ကိုယ်တိုင်ယူကာ ဖိနပ်စီးခြင်းအမှုကို အမြဲလုပ်ပေးခဲ့သည်။ ကျွန်တော် အမြဲပြုလုပ်ပေးခဲ့သော အပြုအမူသည် နှနှစ်ကျော်ကျော်အရွယ်တွင် ကျွန်တော် ပြုခဲ့သည့်အမှုကို သားလေးကိုယ်တိုင် ပြုမူလာခဲ့သည်။ ကျွန်တော်၏ ဖိနပ်ကို ယူပေးရုံမက “ဘာဘာ နပ်နပ်စီးမယ်” ဟု စကားပြောနေပြန်သည်။ သူ့အလှည့်တွင် သူနိုင်ရာ တာဝန်ကို ယူလိုစိတ် ရှိသည့် လူသားတဦး ဖြစ်လာတော့မည်ကို တွေးကာ ကျွန်တော် ပီတိ ဖြစ်မိသည်။ သူ၏ “အလှည့်”တွင် “ဆုပန်” တတ်သော၊ အရာရာ ပီပြင်သည့် လူသားတဦး ဖြစ်လာလိမ့်မည်ဟု တွေးရင်း………………………သင်ကြားမှု၊ သင်ယူမှုသည် လူ့အဖွဲ့အစည်း၏ မောင်းနှင်အား ဖြစ်ပေလိမ့်မည် ဆုံးဖြတ်ချက် ချလိုက်မိသည်။

လှရွှေ

မောက်ခ ပညာရေးမဂ်ဂဇင်းမှ.......

မြန်မာ့အပြောင်းအလဲအပေါ် VOA ဝိုင်းတော်သားတဦးအမြင်

$
0
0




ဦးကျော်ဇံသာ
06.03.2013

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်မှာ ဗွီအိုအေဝိုင်းတော်သား ကိုဝင်းမင်း ဟာ မြန်မာနိုင်ငံထဲမှာ (၃) လကြာ ပြန်လည်နေထိုင်ပြီး နိုင်ငံပြုပြင်ရေးယန္တရားနဲ့ အတော်လေးထဲထဲဝင်ဝင် ထိတွေ့လေ့လာနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲရေး အခြေအနေများနဲ့ အလားအလာများကို ဦးကျော်ဇံသာ နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။


ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံအတွင်းမှာ အဓိကအားဖြင့် ပြောင်းလဲမှုတွေ ဘာတွေတွေ့ခဲ့ရသလဲ။ အတော်လေး ပြောင်းလဲလာပြီလို့ ဆိုနိုင်မလား။
ကိုဝင်းမင်း ။ ။ အပြောင်းအလဲတွေ အများကြီးတွေ့ခဲ့ပါတယ်။ မပြောင်းလဲသေးတဲ့ အနေအထားတချို့ လည်း ရှိတော့ရှိတာပေါ့။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်အနေနဲ့ ပြောင်းလဲတဲ့ အနေအထားတွေပဲ အာရုံစိုက်ပြီးတော့ ပြောပြချင်ပါတယ် ဆရာ။ ပထမ အပြောင်းအလဲကတော့ ခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲလုပ်လိုစိတ် - တော်တော်များများမှာ ပြင်းပြင်းထန်ထန် ရှိတာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ကင်းကွာပြီးတော့ ဖွံ့ဖြိုးမှုအပိုင်း နောက်ကျနေရာကနေ အနည်းဆုံးတော့ ဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ အဆင့်အထိရောက်ဖို့အတွက် အများကြီးကြိုးစားကြရအုံးမယ်ဆိုတာကို သိတဲ့အပြင်၊ အဲဒီအတွက် လိုအပ်တဲ့ ပြောင်းလဲမှု မူဝါဒပေါ်လစီတွေကိုလည်း စပြီးတော့ အများနဲ့ ဆွေးနွေးတိုင်ပင်၊ အကြံယူသုံးသပ်ပြီးတော့ မူဝါဒအသစ်တွေ ချလာတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သူတို့မှာ ပြောင်းလဲဖို့ လိုလားတဲ့ စိတ်ဆန္ဒ political will တကယ်ရှိလာပြီလို့ ဆိုနိုင်တယ်ပေါ့။

ကိုဝင်းမင်း ။ ။ ဟုတ်ကဲ့ အဲဒါကတော့ အများကြီး တွေ့ခဲ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့ ပြောင်းလဲချင်တဲ့ မူဝါဒကို စိတ်ဆန္ဒကို အကောင်အထည်ဖော်နိုင်မယ့် လက်တွေ့အခြေအနေ ရှိပါရဲ့ လား။ ကျနော် အဓိက မေးချင်တာကတော့ ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒတော့ အပြင်းအထန် ရှိလာပြီဆိုတာတော့ တွေ့ခဲ့ရတယ်။ တနည်းအားဖြင့်ပြောရင် intangible factors ပေါ့။ Tangibly သိသိသာသာ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဖို့အတွက် လွယ်ပါရဲ့ လား။ တကယ်ကော အဲဒါတွေ ဖြစ်လာပြီလား။

ကိုဝင်းမင်း ။ ။ မူဝါဒ ချတဲ့အပိုင်းမှာတော့ နိုင်ငံတကာက အကြံပေးတာတွေ၊ ပြည်တွင်းမှာရှိတဲ့ ပညာရှင်တွေ၊ သုတေသီတွေက သုံးသပ်ပြတာတွေအပေါ်မှာ ယူပြီးတော့ လုပ်တာဖြစ်တဲ့အတွက် မူဝါဒအပိုင်းကတော့ တော်တော်လေး ကောင်းလာတာ၊ ပြောင်းလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်မှုအပိုင်းမှာတော့ တချို့ မူဝါဒတွေကို အကောင်အထည်ဖော်နိုင်ပေမယ့် တချို့ မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာတော့ လက်တွေ့အားနည်းနေတဲ့ အနေအထား တစုံတရာကိုတော့ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ဝန်ထမ်းတွေမှာ ပြည့်ဝတဲ့ အရည်အချင်းရှိမှု အနေအထားအပိုင်းကတော့ တော်တော်လေး အားနည်းနေတာကို တွေ့ရတယ်။ နောက်တခုက မြန်မာနိုင်ငံရဲ့  လက်ရှိပကတိ ဖြစ်နေတဲ့ စီးပွားရေးပြဿနာ အနေအထား အဲဒါကလည်း အတော်လေးကို အဟန့်အတား ဖြစ်နေတယ်လို့ ပြောလို့ရတယ်ဆရာ။ ဥပမာ မြေဈေးက အရမ်းကြီးနေတာတွေ။ နောက် လမ်းပန်းဆက်သွယ်ရေး အားနည်းနေတာတွေ။ လျှပ်စစ်မီး ရရှိမှု အားနည်းနေတာတွေ အဲဒါတွေအားလုံးက စီးပွားရေးအပြောင်းအလဲအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တဲ့နေရာမှာ အခက်အခဲဖြစ်နေတုန်း။ အချိန်တော့ ယူရမယ်ထင်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီကိစ္စမှာ ကျနော် ဘာကိုထောက်ပြချင်သလဲဆိုတော့ သူတို့ပြောင်းလဲချင်တယ်။ အခုနကိစ္စမျိုး၊ အခက်အခဲမျိုး စီးပွားရေးမှာ ပြောင်းလဲဖို့ မြေဈေးအခက်အခဲရှိတယ်ဆိုတော့ တချို့ နေရာတွေဟာ သူတို့တွေရဲ့  ဘဝဟောင်းက ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်မှာလည်း အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်တော့ သူတို့နဲ့ ပတ်သက်ရာပတ်သက်တဲ့ လူတွေနဲ့ မကင်းရာမကင်းကြောင်း လူတွေရဲ့  အကျိုးစီးပွားကိုလည်းကောင်း၊ သူတို့ရဲ့  ကိုယ်ပိုင်အကျိုးစီးပွားကိုလည်းကောင်း စတေးရမယ့် အပြောင်းအလဲ လုပ်စရာတွေ ပေါ်ကောင်းပေါ်မှာပေါ့။ အဲဒါမျိုးတွေကြတော့ သူတို့ အဲဒီလိုလုပ်နိုင်ရဲ့ လား။ အဲဒီ အတားအဆီးကို ကျော်လွှာနိုင်မလား။

ကိုဝင်းမင်း ။ ။ အခုမေးတဲ့ မေးခွန်းက အတော်ကောင်းတဲ့ မေးခွန်းပါ ဆရာ။ ဘာလို့လဲဆိုတော့ အခု မြေယာဈေးကြီးမှုတွေ ကြည့်လိုက်မယ်ဆိုရင် မြေယာတွေကို ပြီးခဲ့တဲ့ အစိုးရအပြောင်းအလဲမှာ ပိုင်ဆိုင်ဖို့ လွှဲပြောင်းပေးအပ်ခဲ့တဲ့ လူတွေအတော်များများက အရင်စစ်အစိုးရဟောင်းနဲ့ နီးစပ်ခဲ့ပြီးတော့ အရမ်းချမ်းသာကြတဲ့လူတွေ ဖြစ်ကြတယ်။ အဲဒီအခါကြတော့ သူတို့အနေနဲ့ ဒီမြေယာတွေကို လက်ရှိဈေးကွက်အတိုင်း ဖြစ်လာအောင် လျှော့ပေးဖို့ အနေအထားကလည်း အခက်အခဲရှိနေတာကို  တွေ့ရတယ်။ ဒါပေမဲ့ သူတို့မှာက မြေယာကို မရောင်းလဲ ငွေကြေးကရှိထားပြီးသာ ဖြစ်တဲ့အတွက် မရောင်းဘဲနေတော့ ဒီမြေတွေက သေသလို ဖြစ်နေတယ်။ အဲဒီအခါကြတော့ အဲဒီအနေအထားကိုတော့ တစုံတရာ ပြောင်းနိုင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ပိုအားကောင်းလာမယ်ဆိုတော့ အကျိုးစီးပွားထိခိုက်မှု တစုံတရာတော့ ရှိမယ်။ ဒါပေမဲ့ ရေရှည်မှာတော့ ချမ်းသာပြီးသာလူတွေလည်း ချမ်းသာမယ်။ အောက်ခြေမှာ ဆင်းရဲနေတဲ့လူတွေ၊ အလယ်အလတ်လူတန်းစာတွေလည်း ပိုပြီးတော့ ချမ်းသာလာမှာ ဖြစ်တဲ့အတွက် ရေရှည်အတွက်တော့ ကောင်းမှာပါ။ ရေတိုမှာတော့ ယာယီအကျိုးစီးပွား ထိခိုက်မှုတော့ ရှိနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီအကျိုးစီးပွား ထိခိုက်မှုကို သူတို့ထိုးဖောက်ကျော်ဖြတ်ပြီးတော့ လုပ်မယ့်အခြေအနေ ရှိရဲ့ လား။ ယာယီအကျိုးစီးပွားကို သူတို့ စတေးခံနိုင်ပါ့မလား။

ကိုဝင်းမင်း ။ ။ အဲဒါကတော့ စောင့်ကြည့်ရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ စီးပွားရေးအပိုင်းပေါ့။ နောက်တခါ ဝန်ထမ်းပိုင်းကို ပြောတယ်။ အရည်အချင်း မပြည့်ဝဘူး။ skills ပိုင်းမှာ သိပ်ညံ့ဖျင်းတယ်ဆိုတော့။ အဲဒီ ဝန်ထမ်းအပိုင်းကို လေ့ကျင့်ပေးဖို့အတွက် နိုင်ငံတကာက အကူအညီတွေ။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးအဖွဲ့တွေကလည်း အများကြီးပြောနေကြတာကို တွေ့ရတယ်။ အဲဒါကော တကယ်မဖြစ်လာသေးဘူးလား။

ကိုဝင်းမင်း ။ ။ သင်တန်းတွေတော့ နိုင်ငံတကာအဖွဲ့တွေက ဝိုင်းပေးနေတာတော့ တွေ့ရပါတယ်။ တဖြည်းဖြည်းနဲ့တော့ ကျနော်ထင်တယ် နိုင်ငံတကာအဆင့် မှီနိုင်တဲ့။ အနည်းဆုံးတော့ ဒေသအတွင်း အဆင့်မှီနိုင်တဲ့ ဝန်ထမ်းတွေအဆင့်ကိုတော့ ရောက်လာနိုင်မယ်လို့တော့ မျှော်လင့်ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဝန်ထမ်းတွေ အရည်အချင်း ပြည့်ဝလာနိုင်မယ်ဆိုတာနဲ့ တပြေညီအရေးကြီးတာက လာဘ်ပေးလာဘ်ယူမှု ဝန်ထမ်းလောကမှာ။ ဒီကိစ္စကို ဝန်ထမ်းတွေက သူတို့လစာနဲ့ လုံလုံလောက်လောက် ရပ်တည်နိုင်သလား။ လာဘ်ငွေ တစိုးလက်ဆောင်ဆိုတာကို ဘဝရပ်တည်ရေးအတွက် မျှော်လင့်နေရတုန်းပဲလားဆိုတာကို ဘယ်လိုတွေ့ခဲ့ရပါသလဲ။

ကိုဝင်းမင်း ။ ။ လာဘ်ပေးလာဘ်ယူမှုကတော့ တစုံတရာတော့ ရှိနေတုန်းပဲ။ အထူးသဖြင့်တော့ ကျေးလက်နဲ့ နယ်ဒေသတွေမှာ။ မြို့ ကြီးတွေမှာတော့ အရင်လို ထင်ထင်ရှားရှား မတွေ့ရတော့ဘူး။ အထူးသဖြင့် မကြာသေးခင်က ဆက်သွယ်ရေးဝန်ကြီးနဲ့ ပတ်သက်ပြီးတော့ လာဘ်စားမှုနဲ့ ပတ်သက်ပြီးတော့ အရေးယူဖို့ စလုပ်လာတယ်။ နောက်တခုကြတော့ အစိုးရဝန်ကြီးဌာနတခုနဲ့ Voice သတင်းဌာနကြားမှာ ဖြစ်ခဲ့တဲ့ လာဘ်ပေးလာဘ်ယူမှုအကြောင်း ရေးခဲ့တာနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနဘက်က အလျှော့ပေးပြီးတော့ တရားစွဲဆိုမှုကို ရပ်ဆိုင်းပေးခဲ့တာတွေ။ အဲဒီနှစ်ခုအနောက်မှာ ကျနော်အမြင်ကတော့ တော်တော်များများက လက်ရှိကာလမှာ လာဘ်စားမှုတွေ အများကြီးလုပ်လို့ရှိရင် အရေးယူခံရနိုင်တယ်ဆိုတဲ့ အနေအထားမျိုး။ သတင်းဌာနတွေကလည်း ပွင့်လာတဲ့အခါကြတော့ အရင်လိုတော့ ပြောင်ပြောင်တင်းတင်း လာဘ်တောင်းတာ၊ လာဘ်စားတာတော့ သိပ်မတွေ့ရတော့ဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခု သိချင်တာက တိုင်းပြည်ပြုပြင်ပြောင်းလဲရေး တိုးတက်ဖို့အတွက် ပညာရေးဟာ သိပ်အရေးကြီးတယ်ဆိုတာ ခေါင်းဆောင်တွေက အမြဲတမ်းပြောနေကြတာကို တွေ့ရပါတယ်။ ဆိုတော့ ပညာရေး ပြုပြင်ပြောင်းလဲရေး ဆိုတဲ့အသံကြားရတယ်။ ဘယ်အထိ ခရီးရောက်နေပြီလဲ။
ကိုဝင်းမင်း ။ ။ အဲဒါလည်း အချိန်ယူရမယ်ထင်တယ် ဆရာ။ အထူးသဖြင့်တော့ တက္ကသိုလ်တွေမှာ အထက်တန်း၊ မူလတန်း ပညာရေးအဆင့်တွေမှာ ဆရာ၊ ဆရာမတွေရဲ့  သင်ကြားမှုဆိုင်ရာ အရည်အချင်း မြှင့်တင်ပေးဖို့က အများကြီးလိုအပ်နေပါတယ်။ အဲဒါအပြင် သင်ရိုးညွှန်းတမ်းတွေ ပြောင်းလဲဖို့၊ သင်ပုံသင်နည်းတွေ ပြောင်းလဲဖို့။ အဲဒီတော့ တစုံတရာတော့ အချိန်ယူပြီးတော့ ဆောင်ရွက်ရမယ်လို့တော့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ သတင်းလွတ်လပ်ခွင့်။ အချက်အလက်ကိုတော့ အမှန်အတိုင်း ဖော်ပြလာနိုင်ပြီဆိုပေမယ့် ဝေဖန်တာ။ ဥပမာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ပေါ်ပေါ်ထင်ထင်ကြီး ရေးတာကို သတင်းပွင့်လင်းအောင် ဖွင့်ပေးပါပြီးဆိုတဲ့ အာဏာပိုင်တွေကလည်း အကဲဆက်နေတုန်းပဲထင်တယ်။ သူတို့ကလည်း သိပ်ပြီးတော့ defense ဖြစ်လွန်တယ်လို့ ကျနော်ထင်တယ်။ သူတို့ဟာ ချက်ချင်း ငြင်းဖို့ကာကွယ်ဖို့ပဲ ပြောတယ်။ သူတို့ဟာ ဒီဘက်နိုင်ငံတွေကလို သူတို့ဝေဖန်တာလည်း ဝေဖန်စရာရှိလို့ ဝေဖန်တယ်ဆိုတဲ့ သဘောထားမျိုးတော့ မတွေ့ရသေးဘူး။ ကိုဝင်းမင်း ဘယ်လို တွေ့ခဲ့သလဲ။

ကိုဝင်းမင်း ။ ။ အပြောင်းအလဲရဲ့  အစပိုင်းမှာတော့ တချို့ ခေါင်းဆောင်တွေအနေနဲ့ ဖြစ်နေတဲ့ ပြဿနာတွေအပေါ် ဝန်ခံတာ၊ မှားယွင်းမှုတွေအပေါ် တောင်းပန်တာ အားနည်းနေသေးတယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ တချို့ ခေါင်းဆောင်တွေလည်း မှားယွင်းမှုတွေကို ဝန်ခံဖို့အတွက် တိုက်တွန်းတာတွေ ရှိတာကိုလည်း တွေ့ရပါတယ်။ အဲဒီအခါကြတော့ တစုံတရာတော့လည်း အရင်အခါထက်တော့ ပြဿနာတွေအပေါ် အသိအမှတ်ပြုလာတာမျိုး။ နောက်ပိုင်းမှာ ဝန်ခံတာမျိုးလည်း ဖြစ်လာဖို့ အလားအလာ ရှိနေတယ်။ လောလောဆယ်အထိတော့ အပြောင်းအလဲကြားကာလ ဖြစ်တဲ့အတွက် အခုလို မှားတာကို မှားတယ့်အတိုင်း ဝန်ခံပြီးတော့ ပြောင်းဖို့အနေအထားမှာ တစုံတရာတော့ အားနည်းနေသေးတယ်။ ဒါပေမဲ့ အခုလို ဝန်ခံလိုက်ခြင်းအားဖြင့် အမှားကို ဝန်ခံခြင်းအားဖြင့် ရှေ့ မှာ အမှန်လုပ်တာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့  ထောက်ခံမှု ပိုရလာမယ်ဆိုတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေမျိုး ခံယူချက်ပြောင်းလာလို့ရှိရင်တော့ ကျနော်ထင်တယ် ခေါင်းဆောင်ပိုင်းအနေနဲ့လည်း ရဲရဲတင်းတင်း ကိုယ့်အမှားတွေ ဝန်ခံလာမှာပါ။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာကတော့ မြန်မာပြည်မှာ ကျနော်တို့တုန်းက အဓိက တွေ့ခဲ့ရတယ်။ မကြာခဏ ညည်းတွားသံ ကြားရတယ်။ အကြောင်းအရာ အခြေခံ အချက်ကလေး တစ်ခု၊ နှစ်ခုကို မေးချင်ပါတယ်။ မြန်မာပြည်မှာ မီးပျက်တုန်းပဲဆိုတဲ့ အသံတွေ မကြာခဏ ကြားရတယ်။ အဲဒါကိုလည်း တပိုင်းရှင်းပြပါ။ ပျက်တုန်းပဲလား။ ဘာကြောင့် မဖြေရှင်းနိုင်တာလဲ။

ကိုဝင်းမင်း ။ ။ အဓိကတော့ ရေအားလျှပ်စစ်အပေါ် မှီခိုအားထားရတဲ့အတွက် မိုးရာသီနောက်ပိုင်းမှာ ရေအား အားနည်းလာတဲ့အတွက် ရေအားကထုတ်တဲ့ လျှပ်စစ်ထုတ်နိုင်တဲ့ ပမာဏ အားနည်းတဲ့အပေါ်မှာ အခုလိုမျိုး မီးပျက်နိုင်တဲ့ အလားအလာတွေ တွေ့နေရပါတယ်။ ဒါကလဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထူးသဖြင့် တကယ့်ကို အဟန့်အတားတခု ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ မိုးကို အားကိုးနေရတဲ့ အဆင့်ပဲလား။ မိုးရွာမှ ဖြစ်မလား။

ကိုဝင်းမင်း ။ ။ လောလောဆယ် အနေအထားကတော့ သဘာဝ လျှပ်စစ်ရေအားကိုပဲ အားကိုးနေရတဲ့ အနေအထား ရှိနေပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းတော့လည်း တခြား အရှေ့ တောင်အာရှနိုင်ငံတွေ ပြောင်းသလို ပြောင်းလဲလာနိုင်တဲ့ အနေအထားမျိုး တွေ့နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဧည်စာရင်း စစ်တုန်းပဲလား။

ကိုဝင်းမင်း ။ ။ ဧည်စာရင်း စစ်တာတော့ မတွေ့ရတော့ဘူး။
ဦးကျော်ဇံသာ ။ ။ အဲဒါ ကောင်းတဲ့အချက်ပေါ့။ ဧည်စာရင်းစစ်တာဟာ တကယ်တော့ နိုင်ငံရေးနဲ့ ဆက်စပ်နေခဲ့တာပေါ့။ နိုင်ငံရေးဘက်မှာ အတိုက်အခံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာတယ်။ အပစ်အခတ်ရပ်စဲရေးတွေ လုပ်လာတယ်ဆိုတယ်။ ဒါပေမဲ့ အဓိက ပြဿနာတွေမှာကြတော့ အမြဲတမ်းရင်ဆိုင်တိုးနေတာပဲ။ Confrontation ဆန္ဒပြတဲ့လူတွေ ပေါ်ထွက်လာတယ်။ လမ်းပေါ်ကို ဒီဘက်က အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နှင်းလိုက်တယ်။ အဲဒါမျိုးတွေ မကြာခဏ တော်တော်များများမှာ ကြားနေရတယ်။ အဲဒီကိစ္စတွေ ဘာကြောင့် ဖြစ်နေတာလဲ။ ဒါဟာ လုံခြုံရေးဝန်ထမ်းတွေ၊ ရဲတို့ဘာတို့ကများ စရိုက်ဟောင်း မပြောင်းနိုင်တာလား။ အပေါ်ပိုင်းက ဒီကိစ္စကို ဘယ်လောက် မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားတာ တွေ့ရပါသလဲ။
ကိုဝင်းမင်း ။ ။ ဒီနေရာမှာတော့ နှစ်ပိုင်းလို့ ပြောရမယ်။ ဖြစ်တဲ့အနေအထားက အရင်ထက်တော့ နည်းသွားတယ်လို့ ပြောလို့ရတယ်။ ဥပမာ အလုပ်သမားဆန္ဒပြပွဲတွေမှာ တစုံတရာ ညှိနှိုင်းဖြေရှင်းပြီးတော့ အဖြေရသွားတာတွေ တွေ့ရတယ်။ ဒါပေမဲ့ တချို့ ဆန္ဒပြပွဲတွေမှာတော့ အဖြေကိုဖြေရှင်းဖို့ အချိန်ကာလမှာ အရင်သဘောအတိုင်း လက်နက်ကိုင်ပြီးတော့ အကြမ်းဖက်နှိမ်နှင်းရမယ်ဆိုတဲ့ စဉ်းစားချက်ရှိတဲ့ ဝန်ကြီးဌာနတချို့  ရှိနေတယ်။ တချိန်တည်းမှာပဲ ညှိနှိုင်းဖြေရှင်းရမယ်ဆိုတဲ့ ဝန်ကြီးဌာနတချို့ လည်း ရှိနေတာကို တွေ့ရပါတယ်။ အဲဒီနှစ်ခု အသွင်ကူးပြောင်းရေးကာလမှာ အားပြိုင်နေတဲ့ အနေအထားအောက်မှာ တချို့ ပြဿနာတွေကို ဖြေရှင်းနိုင်ပေမယ့်လဲ။ တချို့ ပြဿနာတွေက အကြမ်းဖက်နှိမ်နှင်းတဲ့အဆင့်ကို ရောက်သွားတာကို တွေ့ရပါတယ်။ အရေးကြီးတာကတော့ အစိုးရထဲမှာ ညှိနှိုင်းဆောင်ရွက်ပြီး ဖြေရှင်းလိုတဲ့ ခေါင်းဆောင်ပိုင်းနဲ့ အခုနက ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ တစုံတရာ ချိတ်ဆက်မှုရှိပြီးတော့ ပြဿနာတွေကို ညှိနှိုင်းဖြေရှင်းပြီးတော့ သွားနိုင်မယ်ဆိုလို့ရှိရင် ပြင်းပြင်းထန်ထန် လမ်းမပေါ်ထွက် ဆန္ဒပြတဲ့အနေအထားမျိုး ဖြစ်လာဖို့ အလားအလာနည်းသွားမှာ ဖြစ်သလို၊ နှိမ်နှင်းလို့တဲ့ဘက်ကလည်း နှိမ်နှင်းဖို့ ခက်သွားမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အပစ်အခတ်ရပ်စဲရေးတွေ လုပ်တယ်ဆွေးနွေးတယ်ဆိုပေမယ့် တချို့  အပြင်ကနေ ကြားကြားနေရတာက ဒီပါဝင်ဆွေးနွေးနေတဲ့ ပုဂ္ဂိုလ်၊ တာဝန်ရှိ ပုဂ္ဂိုလ်တချို့ က သူတို့ဟာ တာဝန်ရှိလို့သာ လုပ်နေရတယ်။ သူတို့ကိုယ်၌က သိပ်အလေးအနက် မရှိလှဘူးဆိုတဲ့ စကားတွေလည်း ပြောသံကြားရတယ်။

ကိုဝင်းမင်း ။ ။ ဒီနေရာမှာလည်း တကယ့်ကိုပဲ ညှိနှိုင်းဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးရအောင် သွားဖို့လိုအပ်တယ်လို့ ယုံကြည်ချက် ခိုင်ခိုင်မာမာချထားတဲ့ ထိပ်ပိုင်းအစိုးရဝန်ကြီးတွေ ရှိသလို၊ အရင်လို နည်းနဲ့ပဲ တိုက်ခိုက်ပြီး ဖြေရှင်းမှရမယ်၊ ဖိအားပေးမှသာ ရမယ်လို့ စဉ်းစားတဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ လည်း ရှိနေတာကို တွေ့ရပါတယ်။ အဲဒီနှစ်ခု အားပြိုင်မှုအကြားမှာ အဲဒီလို ညှိနှိုင်းမှုပိုင်းက တခါတလေ အောင်မြင်လိုက်၊ တခါတလေ တိုက်ခိုက်မှု ဖြစ်သွားလိုက်။ အဲဒီလို လွန်ဆွဲနေတဲ့ အနေအထားမျိုးကိုတော့ တွေ့နေရပါတယ်။ ဒီမှာ အရေးကြီးတာကလဲ အစိုးရထဲမှာ အပြောင်းအလဲလုပ်လိုတဲ့၊ ညှိနှိုင်းဆွေးနွေးလိုတဲ့လူတွေနဲ့ တိုင်းရင်းသား၊ အတိုက်အခံဘက်တွေမှာလည်း ညှိနှိုင်းဆွေးနွေးပြီး အပြောင်းအလဲလုပ်လိုတဲ့လူတွေရဲ့  ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အားကောင်းမလဲဆိုတဲ့အပေါ် မူတည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ စစ်တပ်ကို ပြောပါအုံး။ စစ်တပ်ဟာ အခု ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လောက်အထိ လိုက်လိုက်လျောလျော ရှိပါသလဲ။ သူတို့ဟာ တွန့်ဆုတ်နေတဲ့ အစိတ်အပိုင်းတရပ်ဖြစ်တယ်လို့ တချို့ က သုံးသပ်နေကြတယ်။ ကိုဝင်းမင်း ဘယ်လို တွေ့ခဲ့ရပါသလဲ။

ကိုဝင်းမင်း ။ ။ စစ်တပ်ခေါင်းဆောင်ပိုင်းတွေနဲ့တော့ အများအပြား မတွေ့ခဲ့ရပါဘူး။ တချို့  နည်းနည်းပဲ တွေ့ခဲ့ရတာ ရှိပါတယ်။ တချို့ ကတော့ အခုလို အပြောင်းအလဲကို ထောက်ခံပြီးတော့ စစ်တပ်အနေနဲ့ သူကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးကိစ္စပဲ လုပ်ပြီးတော့၊ မကျွမ်းကျင်တဲ့ နိုင်ငံရေးကိစ္စတွေမှာ အရမ်းဝင်ပါပြီးတော့ နံမည်ပျက်မယ့်ကိစ္စမျိုး မဖြစ်စေချင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပြဿနာတွေ နိုင်ငံရေးအရ ဖြေရှင်းလို့ မရနိုင်တဲ့အခါမှာတော့ စစ်တပ်အနေနဲ့ သူတို့ဝင်ရှင်းရမယ်ဆိုတဲ့ စိတ်ဓါတ်ရှိတဲ့ ခေါင်းဆောင်မျိုးကိုလည်း တွေ့နေရတယ်။ အဲဒီအခါကြတော့ ဒီအပြောင်းအလဲမှာ စစ်တပ်က နိုင်ငံရေးပြဿနာတွေကို ဘယ်လောက်ဖြေရှင်းနိုင်မလဲအပေါ် စောင့်ကြည့်နေတဲ့ သဘောတော့ တွေ့ရတယ်။

သတိ…. ဤနေရာ ပိုင်ရှင်ရှိသည်

$
0
0

 
ကျနော်က ကျေးလက်တောရွာမှာ မွေးဖွားကြီးပြင်းခဲ့သူဆိုတော့ တောရပ်တောဓလေ့တွေနဲ့ ယဉ်ပါးခဲ့ရသူပါ။ ကျနော်တို့ဆီမှာ ကလေးကစ လူကြီးအဆုံး အများစုလက်ခံကျင့်သုံးနေတဲ့ စရိုက်လေးတခုရှိပါတယ်။


အဲဒါက သွားရင်းလာရင်း အန္တရာယ်  မလွယ်သာလို့ လယ်ကွင်းပြင်၊ ချောင်းရိုး၊ မြောင်းရိုး၊ တောစပ် လို နေရာတွေမှာ အခင်းကြီးအခင်းငယ် စွန့်ကြရတဲ့ အခါမျိုးမှာ လုပ်ငန်းမစတင်ခင် ဟိုဟိုဒီဒီ ကျီးကန်း တောင်းမှောက် ကြည့်ရင်းက လက်အုပ်လေးချီပြီး ‘ အရှင် (ကွင်းပိုင်၊ တောပိုင်၊ တောင်ပိုင်) မင်းကြီးခင်ဗျား … အမိုက်အမဲလေး ကို ခွင့်လွှတ်တော်မူပါ’ လို့ ခပ်တိုးတိုးလေး တောင်းပန်တိုးလျှိုးပြီးမှ စိတ်ချလက်ချ ကိစ္စ ဆောင်ရွက် တတ်ကြရတာပါ။

တခါတလေမှာတော့ ညောင်သီးလည်းစား လေးသံလည်းနားထောင်ဆိုသလို ကိုယ့်ကိုယ်ကို မလုံစိတ်နဲ့ တောင်တောင်အီအီ လှည့်ပတ်မော့ကြည့်ရင်း ကိုယ်ရောက်နေတာ ညောင်ပင်အောက် ဖြစ်နေတာမျိုး ကြုံရ တဲ့အခါ ရုက္ခစိုးနတ်မင်းကြီးအတွက် သီးသန့်ဂါထာတပုဒ် အဆစ်တိုးသွားပြန်ရော။

ဘာရယ်တော့ သေချာမသိ။ ဘာဆိုဘာမှ ရေရေရာရာ မရှိတာကြီးကို ကြံဖန်ပြီး ကြောက်နေကြပုံများ ပြောပါတယ်။ အဲလို လုပ်ဖို့ပျက်ကွက်သွားပြီး အဆင်မပြေတာတခုခု ကြုံလိုက်လို့ကတော့ ပိုဆိုးပြီသာမှတ်။ ငါ့နှယ် ဖြစ်ရလေ သတိပေါ့ဆမိလို့ ခုတော့ အရှင်ကြီးဒဏ်ခံတာခံရပြီ.. ဆိုပြီး အိမ်မှာ ရှိတဲ့ ကြက်တကောင် ဂုတ်ချိုး(သတ်နည်းကတော့ အမျိုးမျိုးပေါ့လေ) ပြီး ကိုယ့်ကိုယ်စား ယစ်ပူဇော် ခယတောင်းပန်ရတာ။

ဆိုးတော့ မဆိုးပါဘူး… အရှင် ကိုယ်တော်ကြီးက အငွေ့သာယူပြီး အတွေ့ စားသုံးနိုင်တဲ့ ကြက်ကောင်လုံးကြီးကို ကိုယ့်အတွက် ပြန်စွန့်သွားလို့…။

နောက်ပိုင်း နည်းနည်းအရွယ်ရောက်လာလို့ စာတိုပေစလေးတွေဖတ် ဗဟုနဲ့သုတ မိတ်ဆွေဖွဲ့မိလာတဲ့အခါမှ ဖြစ်နိုင်ခြေလေးတွေ စဉ်းဝါးတတ်လာပြီး ဆောင်ရန် ရှောင်ရန် နည်းနည်းပါးပါး ခွဲခြားသိလာခဲ့တယ်။
……………………………………………………………………………….


ကျနော် ရန်ကုန် မြောက်ဥက္ကလာပမှာ နေတုန်းက အမှတ်(၃)လမ်းမတန်း၊ (ဋ)ရပ်ကွက် ဣန္ဒာအပိုင်းထဲက အသိ ဦးလေး အိမ်ကို မကြာခဏ ရောက်ဖြစ်ပါတယ်။ သူ့အိမ်မရောက်ခင်  ဥဇ္ဇနာနဲ့ ဣန္ဒာအပိုင်းနှစ်ခု အကြား မီးတားမြေ ကွက်လပ် ရှိတယ်။ အရင်က အဲဒီနေရာဟာ ချိုင့်တခုလိုဖြစ်နေပြီး မိုးရာသီမှာ ရေအိုင် ဖြစ်နေတယ်။ နွေဘက်မှာဆို ရေတွေခမ်းသွားလို့ ကနဖော့နဲ့ ကန်စွန်းပင်လေးတွေ ရောယှက်ပေါက်နေတတ်ပါတယ်။

နောက်ပိုင်းနှစ်တွေမှာ အဲဒီနေရာကို စည်ပင်က အမှိုက်ကားတစီး အမှိုက်လာလာသွန်တာ သတိထားမိတယ်။ ဘာအကြောင်းရယ်လည်းလို့ ဆက်စပ်မတွေးမိပါ။ အဲဒီမြေကွက်နဲ့ မျက်နှာချင်းဆိုင် (ဇ) ရပ်ကွက်ဘက်က မီးတားမြေကွက်ပေါ်မှာတော့ အဆောက်အဦဆောက်ဖို့ ဖောင်ဒေးရှင်း လုပ်ထားတာတွေ့ရတယ်။

ကျနော့်မိတ်ဆွေ ဦးလေးက ရေစက်တခုထောင်ထားပြီး ရပ်ကွက်အတွင်း ရေပေးပါတယ်။ တနေ့မှာ သူ့အိမ်ကို ရောင်းတော့မယ်ဆိုပြီး ကျနော့်ကို ‘ခုနေ ငါ့အိမ်ရောင်းရင် ဘယ်လောက်ရနိုင်လဲ’ မေးလို့ ကျနော်လည်း ကာလတန်ကြေး သိပ်မခန့်မှန်းမိတဲ့အတွက် ‘သိန်း ၅၀ ကျော်တော့ ရမှာပေါ့ ဦးလေးရဲ့’ … ပြီးစလွယ် ဖြေလိုက်တော့  သူက… ‘ဟေ.. ငါ့အိမ် ဟိုဘက်နားက မီးတားမြေချိုင့်ကို သိတယ်မလား.. လွန်ခဲ့တဲ့ နှစ်က အရောင်းအဝယ် ဖြစ်တာ သိန်း (၈၀) ရတယ်ကွ။ ငါ့မြေကွက်က အိမ်သိပ်မကောင်းပေမဲ့ နှစ် ၆၀ ဂရန်ရှိတယ်။ ပါဝါမီတာ ရှိတယ်ကွာ.. သိန်း ၁၀၀ ကျော်မရရင် ဘယ်ရောင်းနိုင်မလဲ’ တဲ့။

ဟုတ်ပါတယ်…. သူ့အိမ် တကယ်အရောင်းအဝယ်ဖြစ်တဲ့အခါ သိန်း ၁၄၀ ရလိုက်တယ်။ သူပြောပြမှ မီးတားမြေကွက် ပိုင်ရှင်ရှိမှန်း ကျနော် သိလိုက်ရတယ်။ အဲဒီလို နေရာကောင်းတဲ့ မြေကွက်အလွတ်တွေကို စည်ပင်၊ မြေစာရင်း နဲ့ ထွေ/အုပ် ဌာနတွေပေါင်းပြီး ရောင်းစားနေတာ များပြီတဲ့။ ခက်လိုက်လေ….။
……………………………………………………………..


ဒဂုံမြို့သစ် မြောက်ပိုင်း ၅၁ ရပ်ကွက်ကို ကျနော်ပြောင်းရွှေ့စမှာ ကြိုးတံတားဈေးနဲ့ မနီးမဝေး လမုဈေး တည်ရှိရာ လမ်းမကြီး ရဲ့ ၅၀ ရပ်ကွက်ဘက် အခြမ်းက မီးတားမြေကွက်လပ်မှာ ဘော်လီဘောကွင်း လေးရှိတယ်။ နောက်တနှစ်လောက်ကြာတော့ အဲဒီမြေကွက်မှာ သွပ်မိုးပျဉ်ထောင် အိမ်ကြီးကြီးတလုံး ဆောက်နေတာ တွေ့ရတယ်။

ကျနော့်အမျိုးသမီးက လမုဈေးထဲမှာ ရခိုင်မုန့်တီ ရောင်းပါတယ်။ လမ်းမဘေး ရေမြောင်းနဲ့ ကတ္တရာ လမ်းပခုံးစောင်းအကြားနေရာမှာ ရောင်းတာမို့ စည်ပင်ကို နေ့စဉ် ဈေးခွန် ၆၀ ပေးရပြီး ကျနော့်ဆိုင် နောက်ဖက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကိုလည်း တနေ့ ၁၀၀ ပေးရပါတယ်။ ကျနော့်ဆိုင်မှာ ဝယ်သူတွေ ကျလာပြီ ဆိုရင် တချို့က မုန့်ပွဲယူပြီး လက်ဖက်ရည်ဆိုင်ထဲမှာ သွားစားတတ်တာမို့ ပေးပျော်တယ် ဆိုရပါမယ်။ ဆိုးတာက… မီးတားမြေကွက်ပေါ်က အိမ်သစ်မျက်နှာစာမှာ ရောင်းတဲ့ ဈေးသည်တွေ။ သူတို့ရောင်းတဲ့ ၅ ပေလောက် နေရာအကျယ်အတွက် နောက်က အိမ်ရှင်ကို တနေ့ ၁၀၀ ပေးရတာပါ။ အဲဒီအိမ်ရဲ့ မျက်နှာစာ အကျယ်က ပေ ၆၀ နီးနီးလောက်ရှိတော့ နေ့တိုင်း ငွေ တထောင်ကျော် သပိတ်ဝင်အိတ်ဝင် ဖြစ်နေတာပေါ့။

နေရာခငွေ တောင်းခါစမှာ ဈေးသည်တွေနဲ့ အိမ်ရှင် ခွန်းကြီးခွန်းငယ်ဖြစ်ကြသေးတယ်။ အိမ်ရှင်က ခပ်မာမာပဲ ပြောတယ်… ‘ငါတောင်းတာ မပေးနိုင်ရင် ငါ့အိမ်ရှေ့မှာ လာမရောင်းနဲ့ … မကျေနပ်ရင် တိုင်ချင်ရာတိုင်’ တဲ့။ သူက မြို့နယ်စည်ပင် လူကြီးနဲ့ ဘာတော်တယ် ညာတော်တယ် ဆိုလားပဲ….။ မိုက်ကြေးခွဲ တောင်းတယ်။ မတတ်သာတဲ့အဆုံး ဈေးသည်တွေ လက်လျှော့လိုက်ရတော့တယ်။

ဒါတွေဟာ ၂၀၀၀-၂၀၀၃ လောက်က ကျနော် လက်တကမ်း မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတချို့ပါ။ မြို့အင်္ဂါရပ်နဲ့ မညီညွှတ်အောင် နဲ့ မီးအလွယ်တကူ ကူးစက်လောင်ကျွမ်းအောင် လုပ်နေတာ ဘယ်သူတွေလဲ။

သာမန်ပြည်သူတွေ နေစရာမရှိလို့ ချောင်ကြိုချောင်ကြားက မြေကွက်လပ်လေးမှာ တဲတလုံးသွားထိုးမိရင် တိုင်တလုံးတောင် မတ်အောင်မထူရ သေးဘူး သက်ဆိုင်ရာတွေ ရောက်လာပြီး ဖမ်းဟဲ့ဆီးဟဲ့ ဒဏ်ရိုက်ဟဲ့ လုပ်နေတဲ့ ကာလကြီးမှာ သူတို့အတွက်ကျတော့ မြေယာပိုင်ဆိုင်မှုက အရမ်းကို လွယ်ကူလှပါလား။
……………………………………………………………….


အခု ဆက်တိုက်ဖြစ်ပေါ်နေတဲ့ မြေသိမ်းယာသိမ်း ကိစ္စ တွေဟာလည်း ငါ့မင်းငါ့ချင်း ထင်သလို လုပ်ခွင့် ရခဲ့ချိန်မှာ ကိုလိုနီခေတ်ကတည်းက ပလပ်မြေအဖြစ် ခွင့်ပြုထားတဲ့ စားကျက်မြေ၊ ရေနက်ကွင်းတွေပါမကျန် အစိုးရခေါင်းဆောင်များ၊ ဒေသအာဏာပိုင်များနဲ့ ငွေရှင်ကြေးရှင်များ၊ ကုမ္ပဏီများ ပူးပေါင်း မောင်ပိုင်စီးထားတဲ့ မြေယာတွေနဲ့ လယ်သမားတွေဆီက စီမံကိန်းအကြောင်းပြသိမ်း၊ မတန်တရာဈေးနဲ့ မလိမ့်တပတ် ရယူထားတဲ့ မြေယာ ပြဿနာ များသာဖြစ်ပါတယ်။

လယ်သမားတွေ ခမျာ ရာသီဥတု ဖောက်ပြန်မှုနဲ့ သဘာဝဘေးဒဏ်တွေကို ခါးစည်းခံစားနေရတဲ့အပြင် ကြုံတွေ့လာရတဲ့ အခက်အခဲမှန်သမျှကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းနေရတော့ အကြွေးတင်ခြင်း သံသရာကို ဘယ်လိုလွတ်အောင် ရှောင်တိမ်းနိုင်ကြပါမလဲ။ ၁၉၆၂ ကတည်းက ပြည်သူတွေရဲ့ ဂုတ်ပေါ်မှာ ဒီဒဏ်တွေ ပိနေခဲ့တာပါ။ ဒါပေမဲ့ သူတို့ထုတ်လုပ်တဲ့ ဆန်စပါးကျတော့ နိုင်ငံတကာ တက်ဈေးကျဈေးအလိုက် မခံစားကြရပါဘူး။

ဦးနေဝင်း အာဏာသိမ်းပြီး ၁၉၇၀ ပြည့်လွန်နှစ်တွေအထိ ကမ္ဘာ့ဆန်ဈေးကွက်မှာ မြန်မာ့ဆန် ရောင်းပန်းလှနေ ဆဲ ဖြစ်ပြီး ဈေးကောင်းရခဲ့တယ်လို့ သိရပါတယ်။ သို့သော် လယ်သမားတွေဆီကဝယ်တဲ့ စပါးဈေးကျတော့ ၁ တင်း ငွေ ၉ ကျပ်နှုန်းနဲ့ ကြိုးချည်သတ်မှတ်ထားတာ ၁၉၈၈ အထိပါပဲ။ ဒါတောင်မှ လယ်သမားတွေဟာ ဒီခေတ်ထက် စာရင် အရင်မဆလခေတ်က တော်သေးတယ်လို့ ပြန်တမ်းတနေကြသေးတယ်။ အခြေအနေချင်း နှိုင်းယှဉ် ကြည့်တော့လည်း မှန်နေတာကိုး။

မြေယာပိုင်ဆိုင်မှုကိစ္စမှာ ရှုပ်ထွေးသော ဖြစ်စဉ်တွေရှိနေတဲ့တိုင် အစိုးရအနေနဲ့ ဆင်းရဲသားတောင်သူ လယ်သမားများ မနစ်နာအောင် ထိုက်တန်သော အကျိုးခံစားခွင့်များရရှိအောင် ကိုင်တွယ်ဖြေရှင်းပေးသင့် ပါတယ်။ လယ်သမားတွေဘက်က ရပ်တည်ရပါမယ်။ ငွေရှင်ကြေးရှင်တွေ နဲ့ မတရားသိမ်းယူထားတဲ့ အာဏာပိုင်တွေဘက်က အလျှော့ပေးလိုက်လျောရတယ် ဆိုသော်ငြား လယ်သမားတွေ ဘဝနဲ့ တန်းတူ ဆင်းရဲနိမ့်ကျ မသွားနိုင်တာ သေချာပါတယ်။


စိုက်ပျိုးရေးကဏ္ဍကို အားပြုရမယ့် နိုင်ငံတခုအနေနဲ့ လယ်သမားတွေရဲ့ဘဝ မြှင့်တင်ပေးနိုင်မှသာ တိုင်းပြည် အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်ဆိုတာ အထင်းသားပေါ်လွင်မှာပါ။

ခုတော့ လယ်သမားတွေခမျာ မမြင်ရတဲ့ အရှင်ကြီးကို ပူဇော်ပသရ၊ ကိုယ်ထင်ပြတဲ့ အရှင်ကြီးတွေရဲ့ အန္တရာယ် လည်း ကြောက်နေရနဲ့ နောင်ဆိုရင် တွေ့သမျှမြေ ခြေချမနင်းရဲတဲ့အခြေ ဖြစ်လာမှာ စိုးရိမ်မိပါတယ်။

ဒီလို စိုးရိမ်ကြောင့်ကြ သောကဗျာပါဒတွေ လွှမ်းခြုံနေတဲ့ ရိုးသားနုံအလှသော တောရွာနေ လယ်သမားများ၊ မြို့နေဆင်းရဲသားများရဲ့ဘဝကို မြင်ရကြားရ ဘဝင်မချမ်းမြေ့လွန်းလို့ပါ။

ဝေမော်
မတ် ၉၊ ၂၀၁၃

လူ အဆောင်အယောင်နဲ့ သမိုင်းတန်ဖိုး

$
0
0
 Photo: အယောင်အဆောင် ၊ အဆင့်တံဆိပ်ဆိုတာ ဝယ်ယူလို့ရတယ် ထိုက်တန် မှုကိုတော့ ရင်းနှီးပေးဆပ် ပြီးမှယူလို့ရတယ်   ရာထူးဆိုတာ သူများ တိုးပေးလို့ရတယ် တာဝန် ဆိုတာကတော့ ကိုယ်တိုင်တိုးယူမှရတယ်   နေရာဆိုတာ သူများခေါ်ပေးလို့ရတယ် အရည်အချင်းဆိုတာကတော့ ကိုယ်တိုင်ကြိုးစားယူမှရတယ်   လုပ်ပိုင်ခွင့်ဆိုတာ က ခွဲပေးလို့ရတယ် တာဝန်ရှိမှု ဆိုတာ ကတော့ ကိုယ်တိုင်ခေါင်းခံပြီးယူကြရတယ်   ခေါင်းငြိမ့်နာခံမှုတွေကို  အမိန့်ပေးလို့ရလိမ့်မယ် လေးစားရတဲ့ ခေါင်းဆောင်ဖြစ်အောင် တော့ ကိုယ်တိုင်တည်ဆောက်ယူရတယ်  အခြွေရံ နောက်လိုက်တွေ ပေါများဖို့ ကလွယ်ပါတယ် ရဲဘော်ရဲဘက်စစ်စစ်တွေ ရနိုင်ဖို့ တော့ ခက်လိမ့်မယ်  ဂုဏ်ဆိုတာ ကိုယ့်ကိုယ်ကို ဖော်လို့ရပါတယ် အသက်ထက်မြင့်မြတ်မှုဆိုတာ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ပဲဖော်ကျူးလို့ရနိုင်တယ်  ဘဝတွေ အရောင်မှိန်ခဲ့ရင်တောင် သမိုင်းတွေ ထိန်ထိန်လင်းပြီးကျန်ရစ်ခဲ့ရမယ် ။  (ရုပ်ဆိုး)  photo credit to >> Phome Myint Thu
 photo credit to >> Phome Myint Thu
အယောင်အဆောင် ၊ အဆင့်တံဆိပ်ဆိုတာ ဝယ်ယူလို့ရတယ်
ထိုက်တန် မှုကိုတော့ ရင်းနှီးပေးဆပ် ပြီးမှယူလို့ရတယ်

ရာထူးဆိုတာ သူများ တိုးပေးလို့ရတယ်
တာဝန် ဆိုတာကတော့ ကိုယ်တိုင်တိုးယူမှရတယ်

နေရာဆိုတာ သူများခေါ်ပေးလို့ရတယ်
အရည်အချင်းဆိုတာကတော့ ကိုယ်တိုင်ကြိုးစားယူမှရတယ်

လုပ်ပိုင်ခွင့်ဆိုတာ က ခွဲပေးလို့ရတယ်
တာဝန်ရှိမှု ဆိုတာ ကတော့ ကိုယ်တိုင်ခေါင်းခံပြီးယူကြရတယ်

ခေါင်းငြိမ့်နာခံမှုတွေကို အမိန့်ပေးလို့ရလိမ့်မယ်
လေးစားရတဲ့ ခေါင်းဆောင်ဖြစ်အောင် တော့ ကိုယ်တိုင်တည်ဆောက်ယူရတယ်

အခြွေရံ နောက်လိုက်တွေ ပေါများဖို့ ကလွယ်ပါတယ်
ရဲဘော်ရဲဘက်စစ်စစ်တွေ ရနိုင်ဖို့ တော့ ခက်လိမ့်မယ်

ဂုဏ်ဆိုတာ ကိုယ့်ကိုယ်ကို ဖော်လို့ရပါတယ်
အသက်ထက်မြင့်မြတ်မှုဆိုတာ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ပဲဖော်ကျူးလို့ရနိုင်တယ်

ဘဝတွေ အရောင်မှိန်ခဲ့ရင်တောင်
သမိုင်းတွေ ထိန်ထိန်လင်းပြီးကျန်ရစ်ခဲ့ရမယ် ။

(ရုပ်ဆိုး)


"မအူပင်မြို့နယ် လယ်ယာပဋိပက္ခ"

$
0
0

by Ter Tee on Sunday, March 10, 2013 at 4:43pm ·

ရွှေည၀ါဆရာတော် ၊ ဆရာတော်ဦးဝီရသူ ၊ မကွေးဆရာတော်ရှင်ပါမောက္ခတို့မှ မအူပင်မြို့နယ် လယ်ယာမြေပဋိပက္ခနှင့် ပတ်သက်ပြီးသက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဖော်ပြလိုက်ပါသည်။

 - The Messenger Journal

 ရွှေည၀ါ ဆရာတော်

တရားနည်းလမ်းသုံးပြီးနှစ်ဦးနှစ်ဖက် နောက်ထပ်ရန်ငြိုးရန်စတွေနဲ့ မီးပွားတွေထပ်မကူးဖို့ အဲဒါတွေလေ့လာပြီးတော့ ရည်ရွယ်ချက်နဲ့ ဘုန်းကြီးတွေလာခဲ့တာပါ။ အဲဒီလို ကြားရတာဆွမ်းစားရတာ သိပ်မဖြောင့်လို့ ၊ အိပ်ရတာ ဘာပဲပြောပြော ဒကာ ၊ ဒကာမတွေအတွက် ဘုန်းကြီးတို့တိုင်းပြည်မှာက အလုပ်သမားအရေးတွေ ၊ လယ်သမားအရေးတွေ ၊ ဘာသာရေးတွေကလည်း ဆူနေတဲ့အချိန် ၊ ကျုပ်တို့ကလည်း အမျိုးသားရေးစိတ်နဲ့ဘာသာရေးမှာ တခြားဘာသာဝင်တွေနဲ့ ပြဿနာမဖြစ်အောင် ၊ ဒေသတွင်းတွေမှာ ကိုယ့်စည်းကိုယ် လုံလုံခြုံခြုံကာဖို့ ၊ ကိုယ့်ဘာသာဝင်တွေကို တိုင်းပြည် ၊ လူမျိုးဘာသာ သာသနာ မပျောက်အောင်လုပ်နေရပါတယ်။ ဒါပေမယ့်သူတပါးဘာသာကို အကြမ်းမဖက်ဘူး။ ကျုပ်တို့ဘာသာကိုပဲ လုံခြုံအောင် ကိုယ့်အမျိုးကောင်းသမီးတွေကို အမျိုးသားရေးစိတ် ၊ မျိုးချစ်စိတ်ရှိဖို့လိုက်ဟောနေတယ်။ အခုတောင်သူလယ်သမားအရေးပေါ်လာတော့ ကိုယ့်ဒကာ ၊ ဒကာမအချင်းချင်း မဖြစ်စေချင်ဘူး။ အခုလိုဖြစ်သွားတော့ စိတ်မကောင်းဘူး။ လက်ပံတောင်းတောင်တုန်းကလည်း စိတ်မကောင်းဘူး။ အခုလိုထပ်ဖြစ်တော့လည်း စိတ်မကောင်းဘူး။

 ဦးညီညီဝင်း ( မြို့နယ်အုပ်ချုပ်ရေးမှုး )

 

တပည့်တော်တို့ ပဋ္ဋိပက္ခဖြစ်တဲ့နေရာကတော့ အခုနေရာက မိနစ် နှစ်ဆယ်လောက် ထပ်လျှောက်ရပါတယ်။ လက်ရှိ အနေအထားမှာတော့ တပည့်တော်တို့ဘက်ကလည်း အားလုံးသင့်သင့်မြတ်မြတ်ပေါ့။ လက်ရှိကတော့ ကန်ပေါင်ပေါ်မှာလည်း မရှိပါဘူး။ လယ်ကွင်းပေါ်မှာပေါ့။ မနက်ခင်းကတော့ ပုံမှန်ဆိုရင် ၁၀ နာရီလောက် ဆိုရင်တော့ ရောက်ရှိလာပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှုးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှုးတွေလည်း ရှိနေပါတယ်။ တပည့်တော်လည်း ဒီမြို့ပေါ်မှာ အားကိုးအားထားတွေရော ၊ ရပ်မိရပ်ဖတွေရော ၊ အသင်းအဖွဲ့တွေရော။ ဒီကိစ္စအေးအေးချမ်းချမ်းဖြစ်ဖို့ အကူအညီတောင်းထားတယ်။

 မကွေးဆရာတော်

တောင်သူတွေဘက်က ဘာတောင်းဆိုတာလဲ။ ဒီဘက်က ဘာကိုမပေးနိုင်တာလဲ။

 ဦးညီညီဝင်း ( မြို့နယ်အုပ်ချုပ်ရေးမှုး )

တောင်သူတွေဘက်ကတော့ လယ်မြေပြန်ရရှိဖို့တောင်းဆိုတာပါ။ ဒီဘက်ကလည်း တရားဝင် လ.န. ၃၉ လည်း ကျပြီးသားဆိုတော့ ၊ တပည့်တော်တို့က ဖျောင်းဖျောင်ဖျဖျနဲ့ ဒီဟာလေးကို ဥပဒေလမ်းကြောင်းကနေပြီး ထောက်ပြပေါ့။ မကြာခင် ရည်မှန်းချက်ပန်းတိုင်ကို ရမှာပေါ့။ သူတို့တွေက စိတ်ခံစားမှုတွေများပြီးတော့ ဒီနေရာကဖယ်ရရင်ကို သူတို့အနေနဲ့ ဆုံးရှုံးတယ်လို့ ထင်နေပါတယ်။

 ရွှေည၀ါဆရာတော်

တောင်သူလယ်သမားတွေ ယုံကြည်အောင် ဒကာကြီးတို့နဲ့ ကျုပ်တို့ ဆရာတော်တွေနဲ့ လက်တွဲပြီးတော့ နောက်ထပ် ပဋိပက္ခတွေ ၊ မီးပွားတွေ မလောင်ကျွမ်းရေးကို ကျုပ်တို့က သူတို့ကို ဆုံးမသြ၀ါဒပေးပြီးတော့ ၊ ဒကာကြီးတို့ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များကလည်း မျှတအောင်ဆောင်ရွက်ပေးမယ် ၊ ကျုပ်တို့ကလည်း တောင်သူလယ်သမားတွေ လူကြီးလူကောင်းဆန်းဆန် ပြောနေတာကိုယုံပါ။ ကျုပ်တို့လည်း ကြားမှာရှိပါတယ်ဆိုတာ ပြောပေးမယ်။ နောက်ထပ်မဖြစ်ကြနဲ့။ အားလုံး မျှော်လင့်ထားတဲ့အရာတွေ ပျောက်ဆုံးသွားမယ်။

 ဆရာတော်ဦးဝီရသူ

တောင်သူလယ်သမားတွေလိုချင်တဲ့အတိုင်း စာတင်ပြီးတောင်းတာရှိလား။

ဦးညီညီဝင်း ( မြို့နယ်အုပ်ချုပ်ရေးမှုး )

စာတော့ မတင်ရသေးဘူး။ တပည့်တော်တို့ဘက်က ကူညီပေးမယ် ၊ နားလည်တယ်။ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်နေတဲ့ အဖွဲ့အစည်းအသီးသီးကိုလည်း အကုန်လုံးပြမယ်။

 ဆရာတော်ဦးဝီရသူ

သူပိုင်သင့်တယ် ၊ ကိုယ်ပိုင်သင့်တယ်ဆိုရင် ကိုယ့်ဘက်က အထောက်အထားပြရမယ်။ ဒီအထောက်အထားတွေပြပြီးတော့ ဆိုင်ရာအစိုးရအဆင့်ဆင့်ကို အကူအညီတောင်းတာရှိလား။

ဦးညီညီဝင်း ( မြို့နယ်အုပ်ချုပ်ရေးမှုး )

မရှိသေးပါဘူး။ ၉၆ ခုနှစ်က ရေနက်ကွင်းတွေ ဖော်ထုတ်ခဲ့တယ်။ ဖော်ထုတ်ခဲ့တုန်းကတော့ မြေလွတ်မြေရိုင်းအနေနဲ့ ဖော်ထုတ်ခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ သူတို့က ဒီဟာကို ကန်စပတ်တယ်ပေါ့။ ဒီဟာကို ငါးမွေးကန်အဖြစ်ရခဲ့တယ်။ လန ၃၉ ကျပြီးသားပါ။ ငါးမွေးကန်အဖြစ်ရခဲ့တယ်ပေါ့။ ၂၀၀၄ ခုနှစ်မှာ ဒီပြဿနာတွေဖြစ်တဲ့အတွက် တပည့်တော်တို့ မှတ်တမ်းများအရတော့ ခရကဥက္ကဌ ဗိုလ်မှုးကြီးစိန်မောင် လက်ထက်က ဒီမှာလာရောက်ပြီး တောင်သူလယ်သမား ၇၆ ဦးကို ဘယ်ဘက်အခြမ်း ဧက ၄၅၀ ကိုလုပ်ပါ။ ဒီဘက်အခြမ်း ဧက ၅၅၀ ကို ကုမ္ပဏီဘက်ကလုပ်ပါ ဆိုပြီးတော့ ပေးခဲ့တယ်။ ၇၆ ဦးကို နှစ်သောင်းနှုန်းနဲ့ ကုမ္ပဏီက ပေးလျော်ခဲ့တယ်။ ဒါပေမယ့် ရယကဥက္ကဌကပဲ ယူထားသလိုပေါ့လေ။ အဲဒီလို အကြောင်းတရားလေးတွေ ရှိခဲ့လို့ အခုလို အကျိုးတရားလေးတွေ ဖြစ်ပျက်နေတာပါ။ ပစ္စည်းသက်သေ အနေနဲ့ကျတော့ စပါးတာဝန်ကျေ ခေတ်ကာလဆိုတော့ ပြေစာမဖောက်တော့ဘူး။ ဘယ်လိုပဲဖြစ်နေနေ တပည့်တော်တို့က ဆောင်ရွက်ပေးပါမယ်။ အုပ်ချုပ်ရေးပိုင်းကလည်း ဆောင်ရွက်ပေးပါမယ်။ လွှတ်တော်ကိုယ်စားလှယ်ပိုင်းကလည်း ဆောင်ရွက်ပေးပါမယ်။

 ရွှေည၀ါဆရာတော်

ဘုန်းကြီးတို့ သုံးပါးကြွလာရခြင်းဟာ ရေရှည်မှာ ပဋိပက္ခတွေကို မေတ္တာရပ်ခံပြီးတော့ ဒကာကြီးတို့ တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ရော ၊ ဒီဘက်က တောင်သူလယ်သမားများနဲ့ရော ၊ နောက်ထပ်ပဋိပက္ခတွေ မဖြစ်ပေါ်စေရေးအတွက် တရားလေးဘာလေး ဆုံးမမှုလေးတွေ နှစ်ဦးနှစ်ဘက်ကိုပေးရင်း ၊ ထိခိုက်ဒါဏ်ရာရသူများအတွက်လည်း လှုချင် တန်းချင် ပေးချင်လို့လာခဲ့တာပါ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောတောင်သူလယ်သမားတွေရော အားလုံးအပေါ်မှာ တတ်နိုင်သလောက် အေးချမ်းသာယာတဲ့တိုင်းပြည်ဖြစ်အောင် ဒကာကြီးတို့လည်း ဘုန်းကြီးတို့နဲ့အတူ ရွာသူရွာသားတွေရဲ့ကောင်းကျိုးကို ပူးပေါင်းဆောင်ရွက်ပေးပါ။

 ဦးအေးသောင်း ( ခရိုင်အုပ်ချုပ်ရေးမှုး )

ပိုင်တယ် မပိုင်ဘူး ၊ သိမ်းတယ် မသိမ်းဘူး ၊ တရားတယ် မတရားဘူးဆိုတာတော့ အရင်ခေတ်က ကိစ္စတွေပေါ့။ ဒါတွေဟာလည်း အကြောင်းရှိလို့ အကျိုးဖြစ်လာတယ်။ သို့သော် ဒါကိုဖြေရှင်းတဲ့အခါ ဥပဒေနဲ့အညီ ဖြေရှင်းဖို့ လိုပါတယ်။ လယ်ယာမြေဥပဒေရှိတယ်။ လယ်ယာစုံစမ်းရေးကော်မရှင်ရှိတယ်။ ကျေးရွာတွေက နစ်နာတဲ့ လယ်သမားတွေစုပြီးတော့မှ သူတို့နစ်နာချက် ၊ ခံစားဖြစ်ပျက်တဲ့ အရာအားလုံးကို ပစ္စည်းသက်သေ ၊ လူသက်သေပြုစုပြီးမှ လူမှုအသင်းအဖွဲ့တွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၀ိုင်းဝန်းတိုင်ပင်ပြီးတော့ ရေးပေးလိုက်ပါ။ ဒီစာကို ကျွန်တော့်လက်ထဲထည့်ပါ။ ကျွန်တော် တိုင်းဒေသကြီးအစိုးရလက်ထဲ သွားပြီးတင်ပြပါ့မယ်။ မျှတတဲ့စုံစမ်းစစ်ဆေးရေး လုပ်ပေးပါမယ်။ မနစ်နာစေဖို့ အကောင်းဆုံးအဖြေရအောင် လုပ်ပေးပါမယ်။ မီးတွေရှို့တာတွေ ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းတို့နဲ့ ညှိနှိုင်းပါတယ်။ ဒီကိစ္စမှာ ဥပဒေအရ ခံယူပါ။ စုံစမ်းစစ်ဆေးတဲ့ကာလတလျှောက်မှာ တောင်သူလယ်သမားတွေလည်း တာပေါင်ပေါ်မတက်နဲ့။

ကုမ္ပဏီကလည်း ဒီအတွင်းမှာ ရေတွေဘာတွေ ထပ်မသွင်းနဲ့ ငါးတွေဘာတွေမရှာနဲ့လို့ ပြောပါတယ်။ ပြောတဲ့အခါလည်း ရွာသားတွေအားလုံးလက်ခံပါတယ်။ လက်ခံလို့ရွာသားတွေ အောက်တောင်ဆင်းသွားပြီးပါပြီ။ အဲဒီမှာ တစ်ယောက်က လက်မခံဘူးဆိုပြီးဖြေလိုက်တဲ့အခါ ညနေစောင်းဖြစ်သွားတာပါ။ ဖြစ်တာကတော့ ဖြစ်သွားပြီ။

ရွှေည၀ါဆရာတော်

ပြေလည်ခါနီးအချိန်မှာ အဲဒီလို ပေါက်ကွဲမှု ၊ ရုန်းရင်းဆန်ခတ်လေးဖြစ်သွားအောင် ဘယ်လို ၊ ဘယ်လို အကြံမျိုးနဲ့ ဖျက်လိုက်လဲဆိုတာကြားသိရတယ်။

 ဦးအေးသောင်း ( ခရိုင်အုပ်ချုပ်ရေးမှုး )

တရားတာ မတရားတာတွေ ကိစ္စကတော့ ဥပဒေဘောင်အတွင်းကပဲ ငြိမ်းချမ်းစွာဖြေရှင်းရမှာပါ။ ကျေးရွာအုပ်ချုပ်ရေးမှုးကြီး ခေါင်းဆောင်ပြီးတော့ အားလုံးစု ၊ မိမိတို့နစ်နာချက်နဲ့ပတ်သက်ပြီးတော့ အမှန်အတိုင်းရေးပါ။ မြို့နယ်မှုးကိုပို့ပါ။ မြို့နယ်မှုးကတဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ချက်ချင်းပို့ပါ။ အကောင်းဆုံးစုံစမ်းပြီးတော့ အဖြေသိရအောင် ဆောင်ရွက်ပေးပါမယ်။ အဓိက ကတော့ တောင်သူလယ်သမားကိုပဲ စောင့်ရှောက်ရမှာဖြစ်ပါတယ်။ သို့သော်လည်း ဥပဒေအတိုင်းပဲ လုပ်ရပါတယ်။ ဒါကို ဥပဒေအတိုင်းမလုပ်ဘဲ ဆန့်ကျင်မှုကို ခွင့်ပြုထားမယ်ဆိုရင် ပြန့်ပွားပြီး မင်းမဲ့စရိုက်တွေဖြစ်သွားမှာပါ။

ဆရာတော်ဦးဝီရသူ

အဲဒီတော့ ဒကာကြီး … ဦးဇင်းပြောမယ်။ နံပါတ် ၁ ကတော့ ဒကာကြီးတို့က အေးအေးချမ်းချမ်း ဖြစ်စေချင်တယ်။ ရွာသူရွာသားတွေကလည်း အကြမ်းမဖက်ချင်ကြပါဘူး။ ဘယ်သူမှ ၀ရုန်းသုန်းကား မဖြစ်စေချင်ဘူး။ အားလုံးက အေးအေးချမ်းချမ်း ဖြစ်စေချင်တယ်။ အေးအေးချမ်းချမ်းဖြစ်ဖို့ မျှမျှတတရှိဖို့လိုတယ်။ မျှမျှတတရှိဖို့အတွက် ဒကာကြီးတို့က ဦးပဉ္ဇင်းတို့ကို လျှောက်တာ နည်းမှန်လမ်းမှန်ရှိတယ်။ နည်းမှန်လမ်းမှန်ကျတဲ့အပေါ်မှာ ရွာသူရွာသားတွေက ယုံကြည်မှုအားနည်းတယ်။ ယုံကြည်မှု ပိုပြီးတည်ဆောက်နိုင်အောင် ထင်သာမြင်သာ လုပ်ပေးဖို့ပဲ။ ထင်သာမြင်သာဆိုတာက ရွာသူရွာသားတွေက တင်လိုက်လို့ မြို့နယ်ရောက်ပြီ ၊ ခရိုင်ရောက်ပြီ ၊ တိုင်းအဆင့်ကိုရောက်ပြီ ၊ အရေးယူဆောင်ရွက်တာတော့ ဘယ်အဆင့်ရှိပြီဆိုတာ ချပြဖို့တော့ ကူညီပါ။

 ဦးအေးသောင်း ( ခရိုင်အုပ်ချုပ်ရေးမှုး )

တပည့်တော်လျှောက်ထားတာ အဲဒီအဆင့်တောင်မဟုတ်ဘူး။ အဲဒီလိုရေးသားတင်ပြချက်ကို တပည့်တော်လက်ထဲထည့် တပည့်တော်တိုင်းဒေသကြီးကို ချက်ခြင်းသွားပေးမယ်။ ချက်ခြင်းလုပ်ဖို့ အစိုးရအဖွဲ့ကလည်း ကတိပေးထားတယ်။ ဒါကို တုတ်နဲ့ဓါးနဲ့အင်နဲ့အားနဲ့ ဖြစ်တာလေ။ ဒါကြီးကို အကြာကြီးထားရင် မကောင်းတဲ့ကိစ္စ။

 ဆရာတော်ဦးဝီရသူ

 ဟုတ်တယ်။ ဒကာကြီးတို့ ပြောတာမှန်တယ်။ ဒါက နှုတ်ကတိဖြစ်နေတယ်။ ခေတ်အဆက်ဆက် ခံခဲ့ရတာဆိုတော့ နှုတ်ကတိအပေါ် ယုံကြည်မှုအားနည်းနေတော့ ထင်သာမြင်သာရှိအောင် ချပြပါလို့ ဦးပဉ္ဇင်းတို့က တောင်းဆိုနေတာ။ ဦးပဉ္ဇင်းတို့က ဥပဒေဘောင်အတွင်းက အလုပ်လုပ်နိုင်အောင် လမ်းညွှန်မယ်။ ဆိုင်ရာအဖွဲ့အစည်းတွေကူညီအောင်လည်း ပြောမယ်။ ဒါက အနာဂါတ်ကိုပြောတာပါ။ လောလောဆယ် ပဋိပက္ခဖြစ်သွားပြီးတဲ့အပိုင်းမှာတော့ ရွာသူရွာသားတွေလည်း အေးအေးချမ်းချမ်း ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေနိုင်အောင် အချိန်ကာလတစ်ခုသတ်မှတ်ပေးမှဖြစ်မယ်။ ဒကာကြီးတို့ဘက်ကလည်း ဒီပြဿနာကို အကြောင်းပြုပြီး ဖမ်းဆီးတာမလုပ်ဖို့လည်း ဒကာကြီးတို့ စောင့်စည်းဖို့တော့လိုမယ်။ အခုလာတာ ထောက်ပံ့ရေးလည်းပါတယ်။ ပြည်သူတွေတင်ပေးမှာ မဟုတ်ဘူး။ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ပေးမှာပါ။ ရဲလည်းပြည်သူပါ ပြည်သူတွေထဲက ပေါက်ဖွားတာပါပဲ။ ရဲလည်း ပြည်သူတွေကို မရိုက်ချင်ပါဘူး။ တာဝန်အရ အလုပ်လုပ်ရင်း အမှားတစ်ခု ကျူးလွန်တယ်ပဲ ဆိုပါတော့။

 ရဲမှုးတင့်ဆွေ ( မြို့နယ်ရဲတပ်ဖွဲ့မှုး )

တပည့်တော်လျှောက်ထားပါရစေ။ စဖြစ်ကတည်းက မဖြစ်စေချင်လို့ အတန်တန်ညှိနှိုင်းပါတယ်။ သုံးရက်လောက် ညှိနှိုင်းပါတယ်။ ညှိနှိုင်းတဲ့အထိ စောင့်ပါတယ်။ တကယ်ဖြစ်ပွားတဲ့နေ့မှာလည်း တပည့်တော် လက်နက်မကိုင် ပါဘူး။ မလုပ်ပါနဲ့။ နောက်ဆုတ်ပါ။ တောင်းပန်ပြီးသွားတဲ့အချိန်မှာပဲ တပည့်တော်တို့ကို ရိုက်ပြီး ဓါးနဲ့ခုတ်ပါတယ်။ တပည့်တော်မှာ ဓါးဒဏ်ရာတုတ်ဒဏ်ရာတွေရှိပါတယ်။ တပည့်တော် ဗွေမယူပါဘူး။ တပည့်တော်တို့က နှစ်ဦးနှစ်ဘက် ကြားထဲမှာ ပြဿနာမဖြစ်အောင် ထိန်းပေးတာပါ။ ငါးကန်လုပ်သားနဲ့ လာတဲ့ပြည်သူလူထု ထိပ်တိုက်မဖြစ်အောင် တပည့်တော်တို့ ရင်ဆိုင်ပြီး ကြားထဲကရှင်းပေးနေတဲ့ကိစ္စကို မလိုက်နာဘဲ ဖြစ်လာတော့ တပည့်တော်တို့မှာလည်း တာဝန်ဝတ္တရားဆိုတာ ရှိပါတယ်။ တပည့်တော်တို့ရဲ့ အထက်အဖွဲ့အစည်းက တာဝန်ပေးလိုက်ပြီဆိုရင် ငြင်းလို့မရပါဘူး။ ငြင်းလို့မရတဲ့အတွက် ဆောင်ရွက်တဲ့အခါမှာ ပြည်သူလူထုကလည်း လိုက်နာသင့်သလောက် လိုက်နာဖို့လိုပါတယ်။ မလိုက်နာတဲ့အတွက် ခုလိုပြဿနာတွေ ဖြစ်သွားတယ်လို့ ထင်ပါတယ်ဘုရား။

  

 ဆရာတော်ဦးဝီရသူ

 သူ့စည်းကိုယ့်စည်းရှိတဲ့အထဲမှာ ဒကာကြီးတို့စည်းထဲမှာ ဒကာကြီးတို့ နေလို့ရှိရင် ဒီလိုဖြစ်ပါ့မလား။ ဒကာကြီးတို့က ဘယ်လိုရည်ရွယ်ချက်နဲ့ ရွာသားတွေတားထားတဲ့စည်းထဲ ၀င်တာလဲ။

ရဲမှုးတင့်ဆွေ ( မြို့နယ်ရဲတပ်ဖွဲ့မှုး )

တပည့်တော်တို့မှာ စည်းဆိုတာ မရှိပါဘူးဘုရား။ ပြည်သူလူထုရဲ့ အခွင့်အရေးထဲကိုကျော်ပြီး ဘာမှမလုပ်ပါဘူး။ တစ်ခုရှိတာက ဒီနေရာမှာ ကျင့် ၁၄၄ အရ အမိန့်ထုတ်လိုက်ရင် ကျင့် ၁၄၄ တည်ဖို့အတွက်ကို တပည့်တော်တို့ တာဝန်ယူရပါတယ်။ သူတို့အေးဆေးသာ ဖယ်ပေးရင် ဒီလိုဖြစ်စရာမရှိပါဘူး။ တပည့်တော်တို့ သူတို့ကို အတန်တန်သတိပေးပါတယ်။ သူတို့ကိုလည်း ရိုက်တာနှက်တာမလုပ်ဘူး။ နောက်ဆုတ်ပါ နောက်ဆုတ်ပါ။ အဲဒီလိုတွန်းသွားတဲ့ကြားထဲမှာ တပည့်တော်တို့ကို အန္တရာယ်ပြုလာရင်တော့ ဥပဒေပုဒ်မ ၁၀၀ အရ ကာကွယ်ခုခံရပါမယ်။ အဲဒီလို ခုခံကာကွယ်ရင်းနဲ့တောင် တပည့်တစ်ယောက် ဆုံးသွားပါတယ်။ တပည့်တော် အင်မတန်စိတ်မကောင်းပါဘူး။

မကွေးဆရာတော်

တုတ်နဲ့ အရိုက်ခံရတာလား။ ဓါးနဲ့ အခုတ်ခံရတာလား။

 ရဲမှုးတင့်ဆွေ ( မြို့နယ်ရဲတပ်ဖွဲ့မှုး )

တုတ်နဲ့လည်း အရိုက်ခံရတယ်။ ဓါးနဲ့လည်း အခုတ်ခံရတယ်။ တပည့်တော်တို့ဘက်ကသာ အရင်စပြီး ကျူးကျူးလွန်လွန်လုပ်ခဲ့ရင် အချိန်မရွေးအရေးယူနိုင်ပါတယ်။

 ဆရာတော်ဦးဝီရသူ

ဦးပဉ္ဇင်းတို့ကြားတာပေါ့လေ။ သေနတ်အစစ်နဲ့ မိုးပေါ်ထောင်ပစ်တယ်။ ရော်ဘာကျည်နဲ့က ကာကွယ်တဲ့အနေနဲ့ပစ်တယ်လို့ ကြားရတယ်။ အဲဒါ ဟုတ်ပါသလား။

ရဲမှုးတင့်ဆွေ ( မြို့နယ်ရဲတပ်ဖွဲ့မှုး )

မှန်ပါတယ်ဘုရား ၊ ရော်ဘာကျည်မှာတောင် တပည့်တော်တို့ နောက်ဆုံးအဆင့် တပည့်တော်ကို အသည်းအသန် ၀ိုင်းရိုက်နေတဲ့အတွက် အဲဒီနေရာကို တစ်ချက်ပစ်လိုက်ပါတယ်။ ကျန်တာကတော့ ခြောက်လှန့်တဲ့အနေနဲ့ နောက်ဆုတ်ပါ နောက်ဆုတ်ပါ ဆိုပြီး ဖောက်ပါတယ်။

 မကွေးဆရာတော်

ကိုယ်ဝန်ပျက်ကျတဲ့ အမျိုးသမီးအနေနဲ့ သေနတ်ဒါဏ်ရာရလား။ အခြားဒဏ်ရာလား။

 ရဲမှုးတင့်ဆွေ ( မြို့နယ်ရဲတပ်ဖွဲ့မှုး )

တပည့်တော်ရှင်းပြရင် အရှင်ဘုရားတို့ လက်ခံပါ့မလားမသိဘူး။ ကိုယ်ဝန်ပျက်ကျတယ်ဆိုတဲ့ အမျိုးသမီးက အဲဒီနေရာမှာဖြစ်တာမဟုတ်ဘူး။ သူ့အမျိုးသားက ဒီထဲမှာပါတယ်။ ဒီမှာ ဒီလိုဖြစ်နေတယ်ဆိုတာသိပြီး နောက်ကနေပြေးလိုက်တယ်။ လိုက်တဲ့နေရာမှာ လဲပြီးဖြစ်တာပါ။ အခင်းဖြစ်တဲ့နေရာမှာ မရှိပါဘူး။ တပည့်တော်လည်း ပြည်သူထဲက မွေးဖွားလာတဲ့ ပြည်သူပါ။

 ဆရာတော်ဦးဝီရသူ

ခေတ်ကတော့ ပြည်သူ့ခေတ်ပေါ့။ ဒါပေမယ့် ပြည်သူကလည်း စည်းနဲ့ကမ်းနဲ့ဘောင်နဲ့တော့ ရှိရမှာပေါ့။ ဒီလိုမဟုတ်ရင် ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ နိုင်ငံလိုဖြစ်မှာပေါ့။

ဦးအေးသောင်း ( ခရိုင်အုပ်ချုပ်ရေးမှုး )

အရာရှိတွေ တော်တော်ကွပ်ကဲတယ်။ အရာရှိတစ်ယောက် လဲနေတယ်။ လဲတာကိုဝိုင်းရိုက်နေတော့ ဒီဘက်ကရဲဘော်တစ်ယောက်က M 16 နဲ့ လှမ်းချိန်တယ်။ သူက သွေးဆူတယ်ပေါ့နော်။ အဲဒီဟာကို ဒီအတိုင်းလွှတ်လိုက်ရင် တော်တော်လေးကို စိတ်မကောင်းစရာတွေ ဖြစ်သွားမယ်။ အရာရှိတွေ တော်တော်လေးထိန်းကြတယ်။ တပည့်တော်တို့ကို စိတ်ချပါ။ တပည့်တော်တို့ကိုယ်တိုင်ကလည်း ဘာသာရေးကို အကြွင်းမဲ့ကိုးကွယ်တာပါ။ မင်းမှုထမ်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ကိုပေးတဲ့တာဝန်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်တယ်။ ဒီဟာလေးကိုလည်း အံ့သြတယ်။ ပြီးသွားပြီ ၊ ဦးမင်းဇော်နဲ့ ဦးထွန်းကျော်

ရှင်းပြီးသွားပြီ။ ၀မ်းမြောက်ဝမ်းသာနဲ့ ပြီးသွားပြီဆိုတဲ့အချိန်မှာ ဖြစ်တယ်။ စိတ်ကတော့ သွေးဆူသွားတာပေါ့။

 ဆရာတော်ဦးဝီရသူ

ရက်ပိုင်းအတွင်းပဲ ရှိသေးတယ်။ ၁၄၄ ထုတ်တာ ဘယ်သူထုတ်တာလဲ။

ဦးအေးသောင်း ( ခရိုင်အုပ်ချုပ်ရေးမှုး )

တပည့်တော်တို့ တိုင်းဒေသကြီးက အဖွဲ့တွေလာပြီး ကွပ်ကဲကြပါတယ်။ ကွပ်ကဲတဲ့အခါ ကန်ဘောင်ပေါ်မှာ လူ ၂၀၀ လောက်ရှိတယ်။ တာရိုးတွေကို ချိုးဖောက်ကြတယ်။ မီးရှို့တယ်။ ၂၇ ရက်နေ့မှာ ရွာတွေမှာ လူစုတယ်။ လူ ၁၀၀၀ လောက်ရှိတယ်။ ထိန်းသိမ်းတာက ရဲတပ်ဖွဲ့က ထိန်းသိမ်းရတာ။ ထိန်းသိမ်းနိုင်အောင် နယ်မြေကန့်သတ် တဲ့ ဥပဒေထုတ်ပေးရမယ်။ ဒီဟာကိုထုတ်ပေးဖို့လိုအပ်တယ်ဆိုပြီး သုံးသပ်ကြတာပါ။

 မကွေးဆရာတော်

ဒကာကြီးတို့ ဆန္ဒထုတ်ဖော်ရခြင်းက ဘာကြောင့်လဲ။

ရွာသားများ

တပည့်တော်တို့ လယ်ယာတွေကို ပြေစာတွေ ပြန်သိမ်းပြီး ကုမ္ပဏီနဲ့ ပေါင်းပြီး ၉၆ ကသိမ်းသွားတယ်။ ၂၀၁၃ မှာ ပြေစာတွေ ပြန်ပေးမယ်ဆိုပေမယ့်  ပြန်မပေးဘူး။ ရိတ်သိမ်းဆဲ လယ်ယာတွေလည်း ပါပါတယ်။

 မကွေးဆရာတော်

အထောက်အထား အထိုက်အလျောက်ရှိလား။

ရွာသားများ

တပည့်တော်တို့မှာ မရှိပါဘူး။ ပြေစာတွေပြန်အသိမ်းခံရတာပါ။ မလက်တို ဥက္ကဌ ကိုယ်တိုင် သိမ်းသွားတာပါ။ ကုမ္ပဏီသိမ်းတာက ဧက ၁၀၀၀ ပါ။ လယ်သမားတွေကို သနားညှာတာတယ်ဆိုပြီး ဧက ၄၅၀ ပြန်ပေးပါတယ်။ ယခင်ပြည်သူ့ကောင်စီခေတ်ကတည်းက ပြေစာပေါက်ပြီးသား တာဝန်တွေချပြီးသားတွေပါ။ အဲဒါတွေကို လယ်သမားတွေက မပေးဘူး။ ပလောင်က ဧက ၁၀၀ ကျော်ပါ ပါတယ်။ ၂၁ ရက်နေ့ကတော့ တပည့်တော်တို့ လယ်ယာတွေကို တိုင်တွေစိုက်တယ် ခုတ်ထွင်ရှင်းလင်းပြီး မီးတွေဘာတွေရှို့တာပေါ့။ သူတို့က အဲဒါကို ဖျက်ဆီးတယ်ဆိုပြီး တရားစွဲပါတယ်။ ရေကန်ချိုးရတဲ့အကြောင်းအရင်းက ရေလျှော့တာပါ။ ပြီးရင် မြက်တွေရှင်းမယ် ထွန်ယက်မယ်ဆိုပြီး လုပ်တာပါ။ သူတို့က ကျူးလွန်တယ်ဆိုပြီး တရားစွဲတာပါ။

မကွေးဆရာတော်

အခင်းဖြစ်တာက ဘယ်လိုစဖြစ်တာလဲ။

ရွာသားများ

အခုလ ၂၁ ရက်နေ့ကစပြီး တောင်သူတွေအကုန်လုံးတက်ပြီး သူတို့သိမ်းဆည်းတာတွေ အကုန်လုံးကို ပြန်ယူတာပါ။ တပည့်တော်လည်း အဖွဲ့အစည်းထဲမှာပါ ပါတယ်။ ဆယ်အိမ်မှုးပါ။ တပည့်တော်ရဲ့ အပိုင်က လူတွေ အကုန်လုံးပါသွားတော့ လိုက်ပြီးထိန်းတာပါ။ တပည့်တော်တို့က လယ်ယာမဲ့အိုးအိမ်မဲ့တွေစာရင်းကို လိုက်ကောက်နေတာဆိုတော့ ဒေါက်တာမြင့်စိန်များ ပြန်ပေးသလားဆိုပြီး တက်သွားတာပါ။ ရန်ဖြစ်မှာစိုးလို့ တပည့်တော်သွားပြီး စောင့်ရှောက်ပါတယ်။ အဲဒီမှာ မကြာပါဘူး။ မလက်တိုရဲတွေ မအူပင်ရဲတွေ ဆင်းလာပါတယ်။ သူတို့ကပ်တော့ မပြောဘူး။ ၀ါးတွေ မခုတ်ဖို့ပဲပြောပါတယ်။ လယ်သမားတွေက ၀ါးအကိုင်းအခက်တွေခုတ်ပြီး တိုင်မှတ်တာပေါ့ ဘယ်ရွာကဘယ်လောက်ပေါ့။

မကွေးဆရာတော်

လယ်မြေတွေကို သူတို့သိမ်းတာနှစ်ကြာပြီလား။

 ရွာသားများ

၂၀၀၄ ခုနှစ်က သူတို့စက်နဲ့ အပြီးတူးပစ်တာပါ။ ကိုင်းတောမြက်ပဲထားတာပါ။ မြွေတွေလည်းပေါတယ် တောင်သူတွေဆို မြွေကိုက်လို့သေတာ အများကြီးရှိပါတယ်။ တစ်နှစ်ကို ၅ ယောက် ၆ ယောက်သေပါတယ်။ တချို့ကလည်း ပြန်ကုလို့ရှင်ပါတယ်။ တပည့်တော်တို့ ၁၉၉၃ ခုနှစ်မှာစပြီး မလက်တိုကျေးရွာအုပ်စု ဥက္ကဌ ဦးအောင်နိုင် ဦးဆောင်ပြီး ရေနက်ကွင်း စီမံကိန်း ဖော်ထုတ်တာပါ။ ၃ နှစ်လောက်ပြီးမှ သူတို့က လာသိမ်းတာပါ။

ရွှေည၀ါဆရာတော်

အဲဒီတုန်းက ငွေကြေးပေးတာရှိလား။

 ရွာသားများ

နစ်နာတယ်ဆိုပြီး တစ်ဧကကို ၂ သောင်းနှုန်းပေးတယ်လို့ ကြားပါတယ်။ လယ်သမားတွေလက်ထဲ ကိုယ်ထိလက်ရောက်ပေးတာ မဟုတ်ပါဘူး။ ပြေစာတင်ပြနိုင်သူပေးမယ်ဆိုတော့ ပြေစာအသစ် ပြန်ဖောက်ပေးမယ်ဆိုပြီး ပြေစာတွေသိမ်းထားတော့ လယ်သမားတွေ တစ်ပြားမှ မရပါဘူး။

 ရွှေည၀ါဆရာတော်

 သူတို့သိမ်းတာ ဘယ်လောက်ကြာပြီလဲ။

 ရွာသားများ

၁၉၉၃ ခုမှာ စလုပ်တယ်။ ၉၆ မှာသိမ်းတယ်။ ၂၀၀၄ ခုနှစ်တော့ ဘဏ်တိုးတွေနဲ့ တူးဖြစ်တာပါ။ တံငါလုပ်စားတဲ့သူတွေလည်း အဲဒီထဲဝင်လို့မရပါဘူး။ အဲဒီတော့ ဒေသခံတွေက အခြားနေရာတွေထွက်ပြီး လုပ်နေရတာပါ။ လယ်ပိုင်ရှင်ဆိုတာကလည်း တစ်ပိုင်တစ်နိုင်တွေပဲရှိတော့ လက်လုပ်လက်စားတွေကို အလုပ်မပေးနိုင်ဘူး။

 ရွှေည၀ါဆရာတော်

 ကန်ဘောင်ပေါ်ရောက်တာ ဘယ်အချိန်လောက်လဲ။ ပုဒ်မ ၁၄၄ ထုတ်တာ ဘယ်အချိန်လဲ။

ရွာသားများ

နေ့လည် ၁ နာရီမှာစပြီး ကြေငြာတာပါ။ ၄ နာရီမှာ ဆင်းမပေးရင်ပစ်မယ်လို့ ကြေငြာတာပါ။ တပည့်တော်တို့ စိတ်မကောင်းပါဘူး။ ဘာကြောင့်လဲဆိုရင် သူဌေးတစ်ယောက်ဘက်ကနေ ရပ်တည်ပြီး ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေဘက်ကို ချတာ စိတ်မကောင်းပါဘူး။ ပြည်သူတွေက ကန်ဘောင်ပေါ်မှာ ထိုင်နေကြပါတယ်။ အဲဒီအချိန်မှာ အဖွဲ့အစည်းတစ်စု ၀င်ညှိပေးပါတယ်။ အဆင်ပြေမလို ၊ မပြေမလိုနဲ့ နောက်ဆုံး ၅ နာရီထိုးတော့ သူတို့ပြန်သွားတယ်။ သူတို့ပြန်သွားတော့ လယ်သမားတွေကို ကန်ဘောင်ပေါ်ကနေ ဆင်းခိုင်းတယ်။ တပည့်တော်တို့ ပြည်သူတွေဘက်က ဒီလို မမျှော်လင့်ဘူး။ ဖမ်းမှာပဲလို့ထင်တယ်။ ဖမ်းရင်တော့ လိုက်မှာပဲ လို့ဆိုပြီး လူရှဲပေးလိုက်တယ်။ အဲဒီတော့ သူတို့ဝင်လာပြီး အမျိုးသမီးတစ်ယောက်ကို စရိုက်တယ်။ အဲဒီတော့ ကိုယ့်လူကိုယ်ထိတော့ ပြန်ပြီး ကာကွယ်တဲ့အနေနဲ့ ကာကွယ်တာ။ အဲဒါကို သူတို့က ပြန်ပစ်တယ်။

 ရွှေည၀ါဆရာတော်

ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ ဘယ်လိုဖြစ်တာလဲ။

 ရွာသားများ

သူတို့လင်မယား နှစ်ယောက်စလုံးက အဲဒီကန်ဘောင်ပေါ်မှာရှိတယ်။ ရဲတွေ အဲဒီလိုပစ်တော့ ကောင်မလေးက လန့်ပြီးထွက်ပြေးတာ ၊ ချော်လဲပြီးဖြစ်သွားတာပါ။

 ဆရာတော်ဦးဝီရသူ

စာနဲ့ပေနဲ့ တရားဝင် တင်ပြပြီးတောင်းဆိုတာမျိုးရှိလား။

 ရွာသားများ

မရှိပါဘူး။ တပည့်တော်တို့ကလည်း တောင်သူလယ်သမားတွေဖြစ်တော့ အကြောက်တရားရှိတာပါ။

 ရွှေည၀ါဆရာတော်

အခုလုပ်တာက ဆန္ဒဖော်ထုတ်ခွင့်ကို ဥပဒေအရတောင်းဆိုပြီးလုပ်တာ မရှိဘူးပေါ့။ ငါတို့ပိုင်တယ်ဆိုပြီး သွားလုပ်တာပေါ့ ၊ ဟုတ်လား။ ကန်ဘောင်ချိုးတယ်ဆိုတာ ဟုတ်လား။

ရွာသားများ

တပည့်တော်တို့ ကန်ဘောင်ချိုးတယ်ဆိုတာ ရေလျှော့ချင်လို့ပါ။ ရေလျှော့မှ မီးရှို့ပြီး လယ်ပြန်လုပ်လို့ရမှာမို့ ရေဖောက်ချတာပါ။ တပည့်တော်တို့ ၅ ချက်ဖောက်တာပါ။ အဲဒီမှာလည်း တချို့နေရာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေက မြေသယ်ပြီး ပြန်ပိတ်တာလည်း လုပ်ပါတယ်။

 ရွှေည၀ါဆရာတော်

သူတို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ပြီးပြောတုန်းက သူတို့က ခင်ဗျားတို့ကိုပြောတာက ခင်ဗျားတို့ရဲ့ဆန္ဒတွေကို စာနဲ့တင်ပါ။ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆီကို တင်ပြမယ်လို့ပြောပါတယ်တဲ့။

 ရွာသားများ

အဲဒါတွေက အရမ်းကလိမ်ကကျစ်ကျတယ်။ နှစ်ရက် သုံးရက်နဲ့ ပြီးမလိုလို။ လေးရက် ငါးရက်နဲ့ ပြီးမလိုနဲ့ ခုလိုဖြစ်တာပါ။

 ရွှေည၀ါဆရာတော်

ခရိုင်အုပ်ချုပ်ရေးမှုးပြောတာက ခင်ဗျားတို့က အကြမ်းဖက်တဲ့သဘောမျိုးဖြစ်နေတယ်။

ရွာသားများ

တပည့်တော်တို့လယ်သမားတွေ ဘယ်တော့မှ အကြမ်းမဖက်ပါဘူး။ သူတို့ကအစည်းအဝေးခေါ်ပြီး စာနဲ့တင်ပါဆိုပြီး ချက်ခြင်း ၁၄၄ ထုတ်တာပါ။ တပည့်တော်တို့က ဘယ်လိုလုပ်လို့ရမှာလဲ။ အစည်းအဝေးလုပ်တော့ တောင်သူဘက်ကို လိုက်မလိုလိုနဲ့ နောက်ဆုံးတော့ သူဌေးဘက်ပဲပါသွားတယ်။

ရွှေည၀ါဆရာတော်

အခုဖြစ်တဲ့ကိစ္စမှာ ဘယ်သူကစတာလဲ။

ရွာသားများ

သူတို့ဘက်ကစတာပါ။ ခြံစည်းရိုးနှစ်ခုကို သူတို့က ကျော်တာပါ။ သူတို့ခြံစည်းရိုးက တစ်ခု တပည့်တော်တို့ခြံစည်းရိုးက တစ်ခုပါ။ တစ်ခုနဲ့တစ်ခု ငါးလံလောက်ကွာပါတယ်။ သူတို့ခြံစည်းရိုးကို ဖျက်တော့ ဒီဘက်ကကြည့်နေပါတယ်။ နောက်တစ်ခါ တပည့်တော်တို့ ခြံစည်းရိုးကိုဖျက်ပါတယ်။ အဲဒီအချိန်မှာ တပည့်တော်တို့ အမျိုးသမီးတွေ ရှေ့ကနေတက်ပါတယ်။ ဖယ်ပေး ၊ ဖယ်ပေး ဆိုတော့ တပည့်တော်တို့ ဖယ်ပေးပါတယ်။ သူတို့လူတွေလည်း တော်တော်ဝင်သွားတော့ တပည့်တော်တို့ကို ရိုက်ပါတယ်။ တပည့်တော်တို့က အဲဒီတော့မှ ပြန်ချတာပါ။ သူရိုက်ကိုယ်ရိုက်တွေဖြစ်တော့ သူတို့လူတွေလည်း ပြေးကြတယ်။ တပည့်တော်တို့လည်း ပြေးကြတယ်။ အဲဒီမှာ သေနတ်နဲ့ပစ်တာပါ။

မကွေးဆရာတော်

အခင်းဖြစ်ချိန်မှာ ရွာသားအင်အား ဘယ်လောက်ရှိလဲ။

ရွာသားများ

အများဆုံးရှိမှ ၂၅၀ လောက်ပဲရှိမှာပါ။ သူတို့ဘက်က အသံချဲ့စက်တွေရပ်သွားတော့ ရွာသားတွေက ထမင်းလာပို့ကြတာပါ။

 ဆရာတော်ဦးဝီရသူ

ဦးဇင်းတို့ပြောတာက … ငါမှားတယ် ၊ သူမှားတယ် ၊ သူလွန်တယ် ၊ ငါလွန်တယ်ဆိုတာမျိုးကို မပြောတော့ဘဲ ပြဿနာပြေလည်အောင် ဖြေရှင်းစေချင်တယ်။ ဒကာကြီးတွေက ဘာလိုချင်တာလဲ။

ရွာသားများ

လယ်မြေလိုချင်ပါတယ်။

ဆရာတော်ဦးဝီရသူ

မြေလွတ်မြေရိုင်းကို လိုချင်တာလား။ ကိုယ်ဆုံးရှုံးတဲ့မြေကို လိုချင်တာလား။

ရွာသားများ

အကုန်လုံးလိုချင်ပါတယ်။

ဆရာတော်ဦးဝီရသူ

အဲဒီလို လိုချင်ရင် စာနဲ့ပေနဲ့ တရားဝင်တောင်းတာ လုပ်ဖူးလား။

ရွာသားများ

မလုပ်ဖူးပါဘူး။

ဆရာတော်ဦးဝီရသူ

အဲဒီလိုမလုပ်ဖူးဘဲနဲ့ ခုလိုကောက်ခါငင်ခါလုပ်တော့ တရားဝင်ဆန္ဒပြဖို့ စာတင်ဖူးလား။

ရွာသားများ

တပည့်တော်တို့က လယ်တိုးတာပါ။ ဆန္ဒပြတာမဟုတ်ပါဘူး။ ဟိုအရင်တုန်းကလည်း တပည့်တော်တို့ ဆီကသိမ်းတော့ ဘယ်သူမှ ဘာမှမပြောဘဲ သိမ်းခဲ့တာပါ။ ခုအချိန်ထိ ကိုင်းတောမျက်မည်းကြီးဖြစ်နေတော့ ဒါကိုတပည့်တော်တို့ ပြန်လုပ်မယ်ဆိုပြီး လုပ်တာပါ။ တစ်ကွင်းလုံး ဧက ၅၅၀ ကိုတောင် လုပ်ထားတာပါ။

ဆရာတော်ဦးဝီရသူ

အဲဒီတော့ ဦးဇင်းတို့ပြောချင်တာက ဘယ်သူက ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာ စာရင်းပြုစုပါ။ ရွာကို ကိုယ်စားပြုပြီး ခေါင်းဆောင်တွေကိုရွေးချယ်ပါ။ ခေါင်းဆောင်ပြောစကား အတည်ဖြစ်ပါစေ။ ခေါင်းဆောင်တွေ လက်မှတ်ထိုးတာကို ရွာသားတွေလက်မှတ်ထိုးပေါ့။ ရွာသူရွာသားတွေရဲ့ နစ်နာမှုကို စာရင်းပြု။ အသိမ်းခံရပြီးနောက် မြွေကိုက်ခံရတဲ့စာရင်းကို စာရင်းပြုစု။ ဒါတွေကို မူဘောင်နဲ့ချပြီး အစိုးရမဟုတ်တဲ့ လွှတ်တော်ကော်မတီတွေကို တင်ပြပါ။ အစိုးရအဆင့်ဆင့်ကိုလည်း တင်ပြပါ။ မြို့နယ် ၊ ခရိုင် ၊ တိုင်းဒေသကြီးပေါ့။ နောက်တစ်ချက်ကတော့ အစိုးရရဲ့ပြုမူချက်ကို မယုံစရာရှိခဲ့တော့ သူတို့ဘက်က ထင်သာမြင်သာ လုပ်ပေးဖို့လည်း တောင်းဆိုထားတယ်။ ဒါတွေကို သေချာစုံစမ်းပြီးတော့ ဒါက တောင်သူတွေပိုင်တယ်ဆိုပြီး ဆုံးဖြတ်ပေးရင် အကြမ်းဖက်စရာမလိုတော့ဘူးပေါ့။ ပြည်သူတွေဘက်က လိုက်နာစရာအချက်ရှိတယ်။

မူတွေဘောင်တွေဆောင်ရွက်တဲ့အခါမှာ -

၁။ တရားသောနည်းနဲ့ ဥပဒေကြောင်းထဲက ဆောင်ရွက်ပါ။

၂။ ဒီလိုတင်ပြတာကို အစိုးရကလည်းဘာမှလုပ်မပေးဘူး ၊ အုပ်ချုပ်ရေးကလည်း ဘာမှလုပ်မပေးဘူး ၊ ကော်မရှင်တွေကလည်း ဘာမှလုပ်မပေးဘူးဆိုရင် ခင်ဗျားတို့က ဒါတွေပိုင်ဆိုင်တယ် ၊

ဒါတွေပြန်ရချင်တယ် ၊ ဒါတွေနစ်နာပါတယ် ဆိုပြီး နိုင်ငံတကာကသိအောင် ဆန္ဒဖော်ထုတ်မှုလုပ်လို့ရတယ်။ အဲဒါမှာလည်း သက်ဆိုင်ရာကိုတင်ပြမယ် ၊ ခွင့်မပြုဘူးဆိုရင် ထပ်တင်မယ်။ သုံးကြိမ်တင်ပြလို့မရဘူးဆိုရင် ကိုယ့်ဘာသာဆန္ဒပြတော့။ အခုက ပထမဦးဆုံးလုပ်ရမယ့်အဆင့်တွေကို မလုပ်ခဲ့ဘဲ နောက်ဆုံးအဆင့် လိုဖြစ်နေတယ်။ မူနဲ့ဘောင်နဲ့လုပ်စေချင်တယ်။ မူနဲ့ဘောင်နဲ့လုပ်နေတာကို သက်ဆိုင်ရာအဖွဲ့က လုပ်ပေး မလုပ်ပေးဆိုတာကို သတင်းမီဒီယာက စောင့်ကြည့်ပေးပါလိမ့်မယ်။ ပြည်သူ့အခွင့်အရေးကို ဥပဒေအတွင်းက အကူအညီပေးမယ့်သူတွေလည်းရှိမှာပါ။ နောက်ပြီးတော့ ဒကာကြီးတို့ခုထင်နေတာက သူဌေးတစ်ယောက် ဘက်ကိုပဲ ကာကွယ်ပေးပြီး ရွာသားတွေမျက်နှာမကြည့်ဘူးလို့ ထင်နေတယ်မဟုတ်လား။ တကယ်တမ်းကျတော့ ဥပဒေဘောင်အရ အစိုးရက အဲဒီသူဌေးကို အကာအကွယ်ပေးရမှာ။ ဘာကြောင့်လဲဆိုတော့ အဲဒီသူဌေးက အခွန်ပေးထားလို့။ အိမ်တစ်အိမ်က အခွန်ဆောင်ထားတယ် ၊ အဲဒီအိမ်ကို မီးရှို့မယ်ဆိုရင် အဲဒီအိမ်ကို အစိုးရက အကာအကွယ်ပေးရမယ်။

မီးရှို့တဲ့သူကိုလည်း တရားစွဲရမယ်။ ဒကာကြီးတို့က ခုလိုသွားလုပ်တော့ သူတို့ အကာအကွယ်ပေးရမယ့် တာဝန်ရှိတယ်။ ဒါနိုင်ငံတကာဥပဒေပဲ။ ဒီနိုင်ငံတင်မဟုတ်ဘူး။ ခင်ဗျားတို့ ပစ္စည်းအသိမ်းခံရတာကို တရားဝင်အထောက်အထားတွေပြဆိုပြီး တရားဝင်တောင်းဆိုရမှာပါ။ အစိုးရက ဘက်လိုက်ရင်တော့ ရှင်းရမှာပေါ့လေ။ နှစ်ပေါင်းများစွာ အခိုင်အမာကြီးအသုံးပြုနေတာကို ရက်ပိုင်းလပိုင်းလေးနဲ့ ပြန်ရဖို့ဆိုတာတော့ မလွယ်ဘူး။ ဆန္ဒတော့မစောနဲ့။ ခင်ဗျားတို့ဘက်က ကွင်းရှင်းတယ် ၊ သူတို့ဘက်ကမီးရှို့တယ် ၊ ခင်ဗျားတို့ဘက်က ရေလျှော့တယ် ၊ သူတို့ဘက်က ကန်ဘောင်ချိုးတယ် ၊ ကန်ဘောင်ဖျက်ဆီးတယ်တဲ့။ ဒီလိုဖျက်ဆီးမှုတွေ လုပ်လာလို့ ၁၄၄ ထုတ်ရတာလို့ တာဝန်ရှိသူတွေက ပြောတယ်။ ဒီလို ၁၄၄ ထုတ်တားတဲ့နယ်မြေထဲမှာ မရှိအောင်လုပ်ရမှကြလည်း သူတို့တာဝန်ဖြစ်နေတယ်။ ခုလိုပြောနေတာ ဘယ်သူ့ကိုမှ အလွန်ပြောတာ မဟုတ်ပါဘူး။ ဒါကြောင့် မူနဲ့ဘောင်နဲ့ လုပ်ဖို့လိုတယ်။

 

Messenger Journal

Vol 3, No. 41

4th March 2013

 




"ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းတစ်ကွက်"

$
0
0

by Ter Tee on Monday, March 11, 2013 at 4:08pm ·
- ကျိုက်လတ်မိုးမြင့်

 မြောက်ဥက္ကလာပ မြို့သစ်တည်စအချိန် မြို့နယ်စာဆိုတော်နေ့ကျင်းပရေးအတွက်
နလက ဥက္ကဋ္ဌနှင့် ကျွန်တော်တို့အဖွဲ့သွားရောက်တွေ့ဆုံပါ သည်။ ဥက္ကဋ္ဌတာဝန်ရှိသူ ဗိုလ်ကြီးက
ကျွန်တော်တို့စာရေးဆရာအဖွဲ့ကိုမကျေနပ်သောမျက်နှာထား၊အဆင့်နိမ့်သောစကားလုံးများဖြင့်ပြောဆိုကာ
နောက်ဆုံး “ခင်ဗျားတို့ဟောပြောပွဲလျှောက်လွှာ တင်ထားခဲ့” ဟု ပြောပြီးအဆုံးသတ်လိုက်ပါတော့သည်။

စာဆိုတော်ပွဲပြီး၍အဖွဲ့ကိုဖျက်သိမ်းလိုက်သော်လည်း ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးဖြစ်၍
ဗိုလ်ကြီးချစ်ဖေနှင့်ကျွန်တော်  မှာ ပုဂ်္ဂိုလ်သံယောဇဉ်အရ ခင်မင်သွားပါသည်။ သူနေထိုင်ရာ
(ည)ရပ်ကွက်ခေမာသီ နှင့်သုနန္ဒာလမ်းထောင့်ရှိ အိမ်သို့မကြာ ခဏရောက်ပါသည်။
ဟိုစဉ်က နယကဥက္ကဋ္ဌ၏ ဆက်ဆံမှုပုံမကျေနပ်၍မေးကြည့်ရာ-


“ကိုမိုးမြင့်တို့စာရေးဆရာတွေက ဒီမြင်ကွင်းတစ်ခုပဲဆိုတော့ လိပ်ပတ်မ လည်ဘူးပေါ့၊တကယ်တော့
ကျွန်တော် ပါလာတာကို မကျေနပ်လို့အကုန်လုံးကို ရစ်တာ၊သူက လက်ရှိဗိုလ်ကြီး ၊
ကျွန်တော်က(အငြိမ်းစား)စစ်သားဘ၀ ၊ ပဲစားတာ သူ့ထက်အချိန်က အများကြီးစောခဲ့ပါတယ်။
ဗိုလ်ကြီးဆိုတဲ့ရာထူးချင်းတူပေမဲ့ အတွေ့အကြုံချင်းအများကြီးကွာပါတယ်။ ပြောမယ်ဆိုရင်
အရှည်ကြီးပါ ကိုမိုးမြင့် ရာ”ဟု ပြောကာရပ်သွားပါသည်။


ကျွန်တော်သည် ဗိုလ်ကြီးချစ်ဖေအား အဖွဲ့တွင်တွဲဖက်လုပ်စဉ်ကပင် စစ်သားကောင်းတစ်ဦးဟု
ထင်ထားမိသည်။  ထို့ကြောင့် သူပြောသည့်အကြောင်းတွေ ကိုလည်း ဆက်ကြားချင်သည်။
“ကျွန်တော်ကစစ်ထဲမလိုက်ဖူးလို့ အတွေ့အကြုံမရှိဘူး။ နေပါစေ ပြောပါ” ဟု ထောက်ပေးလိုက်ပါသည်။
ဗိုလ်ကြီး ချစ်ဖေသည် အနည်းငယ်နေမကောင်း၍ အိပ်ရာ၊ခုတင်တွင်လဲလျောင်းနေရာမှ ထထိုင်ပါသည်။


“ကိုမိုးမြင့်က သိချင်တယ်ဆိုရင်တော့ ဒီတစ်ကြိမ်တည်းမဟုတ်ဘူးပေါ့ ကျွန်တော်ခံစားရတဲ့အချက်တချို့ကို
ပြောပြပါ့မယ်။ကျွန်တော်ပြောချင်တာက ဗိုလ်ချုပ် အောင်ဆန်းရဲ့အများမသိသေးတဲ့အကြောင်း ၊
ဗိုလ်ချုပ်ဟာပွင့်လင်းတယ်၊ရိုးဆင်းတယ်၊တိကျပြတ်သားတယ်၊ဗိုလ်ချုပ်တို့ လွတ်လပ်ရေးသွားတောင်းတဲ့
အကြောင်းတော့ ကြားမှာပေါ့”


“ဟုတ်ကဲ့ ကြားပါတယ်”


“အဲဒီကိုမသွားမီ ဗိုလ်ချုပ်က တပ်အသီးသီးမှာရှိတဲ့အမိန့်နာခံတတ်ပြီး သေရဲ ၊ သတ်ရဲတဲ့ ရဲဘော်(၂၀)ကိုစု ၊
ကုက်္ကိုင်း ဘောင်ဒရီ- မြက်ခင်းပြင်မှာ လေးပေအကွာမျက်နှာချင်းဆိုင်ရပ် ၊ ၆း၄၅အချိန်မှာ သတိဆွဲထားရန်
ဗိုလ်မှူးအောင်ကို  တာဝန်ပေးတယ်။”


“တပ်အသီးသီးက ရွပ်ရွပ်ချွံချွံ မိုက်ကမ်းကမ်းလုပ်တတ်သူတွေပေါ့၊အမိန့် ပေးသူက
“သတိ” လို့အမိန့်ပေးပြီးထွက်သွားတယ်။စစ်တပ်မှာ “သတိ”ဆွဲထားလျှင် ခန္ဓာကိုယ်ကိုတောင့်ထားပြီး
လုံးဝမလှုပ်ရဘူး။  (၁၅)မိနစ်အကြာ (၇)နာရီအချိန်တွင် “နေမြဲ”ဟု အမိန့်ပေးတော့မှ
ဗိုလ်ချုပ်ရောက် နေမှန်းသိရတယ်။ ရပ်နေသူတွေကို မျက်နှာတွေတစ်ယောက်ချင်းလိုက်ကြည့်တယ်။
တချို့ကို တပ်ထဲဘာကြောင့်ဝင်သလဲ ၊ ဘယ်တုန်းက၀င်သလဲဟူသော လျှပ်တစ်ပြက်မေးခွန်းကိုမေးတယ်။
ပြီးတော့မှ မင်းတို့ကိုခေါ်တာ ငါ လွတ်လပ်ရေးသွားတောင်းတဲ့အခါ အရေး  ကြီးတာဝန်ပေးဖို့ပဲ ၊
ဒါပေမဲ့ အလုပ်တစ်ခုကိုရည်ရွယ်ချက် ၊ ယုံကြည်ချက်ခိုင်မာမှ အောင်မြင်တာ။ အခုသွားတောင်းမှာ
အင်္ဂလိပ် ၊ မရရင် ချချင်ချရမှာ အဲဒီလို  ချမယ်ဆိုရင်ဘယ်နိုင်ငံနဲ့ပေါင်းမလဲလို့မေးတယ်။
ဘယ်ပြောကောင်းမလဲ ကိုမိုးမြင့်ရာ အရင်းရှင်ကို ကွန်မြူနစ်ကချနေတဲ့ အချိန်မို့လား
အားလုံးက ဆိုဗီယက်နဲ့တရုတ်ကို ပေါင်းမယ်လို့ပြောကြတာပေါ့။ တစ်ယောက်က
အိန်္ဒိယကိုပေါင်းမယ်လို့ပြောတယ်။ ဟိုကောင်တွေကရှင်းတယ် ၊ မင်းက ကုလားကိုဘာလို့ပေါင်းချင်တာလဲ"


"ကုလား က လူဦးရေများတယ် ၊ ဒါကြောင့် နားလည်မှုယူထားတာပါ" လို့ ရဲဘော်ကပြောတယ်။


"အေးဟုတ်ပြီ မင်းတို့ကပေါင်းမယ့်နိုင်ငံရည် ရွယ်ချက်ပြောပြီးပြီ ၊ ငါက ဘာမှမပြောဘဲ နေမယ်ဆိုရင်
အဲဒါလူကြီးလူလယ်လုပ်တာပဲ။ ငါခုသွားတောင်းမှာ အင်္ဂလိပ် ၊ မရလို့ လွတ်လပ်ရေးတွက်ပြန်ကြိုးစားမယ်ဆိုရင် အင်္ဂလိပ်ကိုပဲပေါင်းမယ်လို့ပြောလိုက်ရာ ကိုမိုးမြင့်ရာ ကျွန်တော်တို့အားလုံးအကြောအချဉ်တွေလျော့ပြီး
ဘယ်လို ဖြစ်သွားမှန်းတောင်မသိဘူး။ မင်းတို့ပေါင်းမယ့် စတာလင် ၊ လီနင် ဆိုတဲ့ ရုရှ ၊
မော်စီတုန်းဦးဆောင်တဲ့ တရုတ်တို့ဆိုတာ နိုင်ငံရဲ့ကောင်းမွန်ကြွယ်ဝတဲ့ သယံဇာတတွေကိုစားကြ ၊
ဝါးကြမှာပဲ သူတို့အကြောင်းသိအောင်ပေါင်းရမယ် ဆိုရင် အနှစ်(၁၀၀)လောက်ကြာမယ်။
အင်္ဂလိပ်ကတော့စားထားလို့ သိပ်မစားနိုင်တော့ဘူး။အနှစ်(၁၀၀)ကျော် ပေါင်းစားလို့
သူ့အကြောင်းသိနေပြီ။ ဒါကြောင့် အင်္ဂလိပ်ကိုပေါင်းမှာလို့ပြော လိုက်ပါတယ်။ အဲဒီတော့မှ
အသက်(၃၀) ကျော်သာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တွေးခေါ်မြော်မြင်မှုသဘာဝကျတဲ့အယူအဆ ၊
တိကျပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ပြောကြားမှုတို့ကြောင့် ကျွန်တော်တို့ အားလုံးဟာ ပေးအပ်တဲ့တာဝန်ကို
ဆောင်ရွက်ရန်အသင့်ရှိသွားကြပါတော့တယ်။"


“ဗိုလ်ချုပ်တို့လွတ်လပ်ရေးသွားတောင်း တဲ့အချိန်မှာယူနီဖောင်းမ၀တ်မထင်ရှားသော အသွင်ဖြင့်
တာဝန်ကျရာတွင် အသင့်ရှိ  နေကြပါတယ်။အဆင်ပြေသွားတဲ့အတွက်  ကျွန်တော်တို့အားလုံး
မသေလိုက်ကြရပါ။ ပြန်လာပြီးတဲ့အခါ သူ့အနားတွင်လုံခြုံရေးတာဝန်ယူရန် ကျွန်တော်အပါအ၀င် ငါးယောက်ကိုခေါ်ထားပါတယ်””ဟူ၍ ပြောပြပါသည်။

 - ကျိုက်လတ်မိုးမြင့်



Hot News Website မှ ကူးယူပါသည်။

http://www.hotnewsweekly.com/archives/17454






Viewing all 1811 articles
Browse latest View live