Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
နှလုံးသားမှာ ဘုရားတည်
$
0
0
မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ ထွန်းကားလာတာ နှစ်ပေါင်းထောင်ချီနေပါပြီ...
ဘာကြောင့် တည်တံ့ခိုင်မြဲခဲ့သလဲ ခေတ်အဆက်ဆက်က ဘာသာရေးကို အလေးထားလို့ ကိုယ့်အမျိုးဘာသာ၊ သာသနာကို တရားအသိဖြင့်စောင့်ရှောက်ခဲ့လို့ တစ်နည်းအားဖြင့် နှလုံးသားမှာ ဘုရားတည်ပေးခဲ့ကြလို့... တည်တံ့ခိုင်မြဲလာတာပါ။ အဆောက်အဦးတွေကြောင့် ဘုရားပုထိုးစေတီတွေကြောင့် တည်မြဲမယ်ဆိုရင် အာဖဂန်က ရှေးဟောင်းအမွေအနှစ်ရုပ်ပွားတော်တွေ အဖျက်ဆီးမခံရနိုင်ဘူး၊ အင်ဒိုနီးရှားမှာ ကမ္ဘာ့အကြီးဆုံး ဗောဓေါဗုဓု စေတီတော်ကြီးရှိတယ် သို့သော်ယနေ့ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး အစ္စလာမ်နိုင်ငံဖြစ်နေပြီ... ဘာကြောင့်လည်း ကလေးတွေ လူငယ်တွေရဲ့ နှလုံးသားမှာ ဘုရားမတည်ခဲ့နိုင်လို့... ဘာသာတရားအသိမရှိကြတော့လို့ အခြားဘာသာက ၀င်ရောက်နေရာယူသွားကြတာပါ။ ကျွန်တော်နားလည်ထားတဲ့ဗုဒ္ဓဘာသာဝင်ဆိုတာ.. ဗုဒ္ဓရဲ့ စကားကိုနားထောင်သူ အဆုံးအမကို လိုက်နာသူလို့ နားလည်ထားပါတယ်..
အခု မျိုးစောင့်ဥပဒေဆိုပြီး ပြောနေကြတာတွေကို တွေ့ရတယ်.. ကျွန်တော် မဝေဖန်လိုပါ...
ဥပဒေဆိုတာကတော့လိုအပ်ချက်ရှိရင် ပေါ်ပေါက်လာမှာပါပဲ...
သို့သော်..
ဘာသာတရားအတွက်ဆိုရင်တော့ ကိုယ့်ဘာသာဝင် လူငယ်တွေကို ကလေးတွေကို ဘာသာရေးအသိ တိုးတက်အောင် ဘာသာ၊ သာသနာကို လေးစားအောင်၊ နှလုံးသားထဲမှာ ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘဆိုတဲ့ အနန္တောအနန္တငါးပါးကို စွဲမြဲနေအောင်ပြုစု ပျိုးထောင်ပေးရမှာ။ နှလုံးသားထဲမှာ ဘုရားတည်နိုင်ဖို့က အရေးအကြီးဆုံးပါ။
ဘာသာခြား လူငယ်များက သူ့နေ့ရက်နဲ့သူ သူတို့နဲ့သက်ဆိုင်ရာ ဘုရားရှိခိုးကျောင်းတွေ၊ ဗလီတွေကို သွားနေကြပေမယ့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် လူငယ်တွေကတော့... ဘာသာရေးအသိမရှိကြဘူး.. ယုတ်စွအဆုံး ဘုန်းကြီးရဟန်းနဲ့တွေ့တာ စကားပြောတာတောင်မှ ဖြောင့်ဖြောင့်တန်းတန်းမပြောဆိုတတ်ကြဘူး၊ ထိခြင်းငါးပါးနဲ့ အညီရှိခိုးဦးမချတတ်ကြတော့ဘူး၊ ဥပုသ်သီလဆောက်တည်ကြတဲ့ လဆန်း၊ လဆုပ်၊ လပြည့်၊ လကွယ်နေ့တွေကို မသိကြတော့ဘူး ဘာသာခြားလူငယ်များက သူတို့ဘာသာကိုရှင်သန်တိုးပွားအောင် လုပ်ဆောင်နေကြချိန်မှာ ကျွန်တော်တို့ လူငယ်တွေက ဟေလားဝါးလားနဲ့ အချိန်ကုန်နေကြတယ်.. လူငယ်တွေကို ကလေးငယ်တွေကို ဘာာသာ၊ သာသနာနဲ့ပတ်သက်လို့.. အခြေခံလေးတွေကိုသိထားအောင် ပြောနိုင်အောင် မိဘတွေကလည်းသင်မပေး.. ကိုယ်က မသင်ပေးနိုင်တော့သင်ပေးနေတဲ့ ဘုန်းတော်ကြီးကျောင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းစတာတွေကိုလည်းမပို့၊ ဘာသာရေးစာအုပ်စာစောင်တွေလည်းမဖတ် အခုလူငယ်တွေမှာ ဘာသာတရားနဲ့ပတ်သက်လို့ မေးရင် ဘာမှမပြောနိုင်ကြဘူး.. ဘုရားရှိခိုးတောင် ဖြောင့်ဖြောင့်တန်းတန်း မရှိခိုးတတ်ကြတော့ဘူး ငါးပါးသီလ အလွတ်မရကြတော့ဘူး... မေတ္တာပို့ အမျှဝေ မလုပ်တတ်ကြဘူး...
ဖြစ်သင့်တာက ဆရာတော်အရှင်ဆေကိန္ဒလို နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းသားလေးတွေကို ခေါ်ပြီး Camp သွင်းသလို ပုံစံမျိုးနိုင်ငံအနှံ့အပြားက ဘုန်းတော်ကြီးကျောင်းများမှာ လုပ်ပေးကြရမယ်... ကိုယ့်ဘာသာတရားရဲ့အဆုံးအမကဘာလဲဆိုတာကိုနားလည်အောင်သင်ပေးကြရမယ် ဒါမှ နှလုံးသားမှာ စွဲစွဲမြဲမြဲသိမှ ကိုယ့်အမျိုးဘာသာ သာသနာကို ချစ်တတ်မှ ဘာသာတည်မြဲမှာပေါ့ဗျာ... ဥပဒေပြဌာန်းရုံနဲ့တော့ သိပ်ထူးမည်မထင်... ဗုဒ္ဓကိုယ်တိုင်လည်း ကာလာမသုတ်မှာ ဟောထားပါတယ် ငါပြောလို့၊ ငါ့မိဘပြောလို့၊ ငါ့ဆရာပြောလို့၊ အစဉ်အဆက်ယုံကြည်ခဲ့ကြလို့ မယုံပါနဲ့ မိမိကိုယ်တိုင် ဝေဖန်စိစစ်ပြီးမှ ဆုံးဖြတ်ပါလို့ဟောထားခဲ့တယ်.. မြတ်ဗုဒ္ဓရဲ့ဝါဒက ၀ိဘစ္ဆ၀ါဒပါ...
နှလုံးသားမှာ ဘုရားတည်ထားပြီးရင် ဘယ်သူဆွယ်ဆွယ် ကိုယ့်ဘာသာကို မပါယ်တော့ပါဘူး...
မိရိုးဖလာဗုဒ္ဓဘာသာကနေ၊ တကယ့်ဗုဒ္ဓဘာသာဝင်ဖြစ်အောင်... ကြိုးစားပေးကြပါစို့....
လွတ်လွတ်လပ်လပ်သဘောထားကွဲလွဲနိုင်ပါတယ်...
အဲဒါ ဒီမိုကရေစီရဲ့အနှစ်သာရပါ...
ကိုယ်စိတ်နှစ်ဖြာ အေးမြသာယာရှိကြပါစေ..
ကိုဇော်မျိုးထွန်း @ Ko Zaw JullyguyZaw
Happy Birthday Daw Aung San Suu Kyi
$
0
0
ဒေါ်စု ဒီနေ့ အသက် ၆၈ နှစ်ပြည့် မွေးနေ့လို့ သိလိုက်ရတော့ ဝမ်းလည်း ဝမ်းသာမိသလို စိတ်ထဲမှာလည်း သက်ပြင်းချမိတယ်...... ဝမ်းသာမိတာကတော့ အခက်အခဲ အတားအဆီးတွေကြားထဲကနေ ဒီနေ့လို ၆၈ နှစ်ပြည့်တဲ့အထိ မားမားမတ်မတ် ရင်ဆိုင်ဖြတ်ကျော်လာခဲ့တဲ့ အတွက်ကြောင့်ပါပဲ...... သက်ပြင်းချမိတာကတော့ မြန်မာနိုင်ငံရေးမှာ ဒေါ်စုပါဝင်နိုင်မယ့် သက်တမ်း အတော်နည်းနေတာကို စဉ်းစားမိတာရယ်၊ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို တွေးတောမိတာရယ်ကြောင့်ပေါ့......
သေခြာပြန်တွေးကြည့်တော့ ဒီ ၆၈ နှစ်ပြည့်မွေးနေ့ဟာ အရင်တုန်းက အခြားသော မွေးနေ့တွေထက် ဒေါ်စုအတွက် ပိုအနှစ်သာရရှိမယ်လို့ မြင်မိတယ်..... ဘာကြောင့်လည်းဆိုတော့ ယခင်နှစ်တွေနဲ့မတူပဲ နိုင်ငံရေးကို လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်နိုင်တယ်၊လွတ်လပ်စွာ မဲဆွယ်နိုင်ခဲ့တယ်၊ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ပြိုင်နိုင်ခဲ့တဲ့အပြင် လွှတ်တော်မှာလည်း ဝင်ရောက်နေရာယူပီး တရားဥပဒေ စိုးမိုးမှု ကော်မတီ ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်နေသလို လက်ပံတောင်းတောင် ကိစ္စမှာ အရည်အချင်းပြည့်မှီတဲ့ ပညာတတ် ပုဂ္ဂိုလ်တွေနဲ့ လက်တွဲလုပ်ပီး အများလက်ခံနိုင်ဖွယ် ရလာဘ် ထွက်လာစေတဲ့ အတွက်ကြောင့်ပါပဲ..... တနည်းအားဖြင့် မြန်မာသာမက ကမ္ဘာကပါ ဒေါ်စုရဲ့ နိုင်ငံရေး ရေချိန်ကို အကဲခတ်ခွင့် ရခဲ့တဲ့ ကာလတွေပေါ့..... ဒါကြောင့် ၆၇ နှစ်မှသည် ၆၈ နှစ်ပြည့် ဖြတ်ကျော်တဲ့ ကာလတွေဟာ ယခင့် ယခင် မွေးနေ့ ကလာတွေထက် ပိုပြီး အဓိပ္ပါယ်ပြည့်ဝနေမှာပါပဲ.....
ဒေါ်စု ကြားဖြတ် ရွေးကောက်ပွဲ ဝင်သည်မှသည် လွှတ်တော်ထဲ ဝင်သည်မှအလည် အခုလက်ရှိ တရားဥပဒေစိုးမိုးရေး ကော်မတီ တာဝန်ထမ်းဆောင်ခြင်း၊ လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်နေခြင်းတွေကို တောက်လျှောက်ထောက်ခံခဲ့တဲ့ ကျွန်တော့်အတွက်တော့ ၂၀၁၅ မှာ နိုင်ငံကို ကောင်းမွန်အောင် ပဲ့ပြင်နိုင်တဲ့နေရာမှာ ဒေါ်စုရှိနေဖို့ကို မျှော်လင့်နေဆဲပါပဲ...... အထူးသဖြင့် သူတစ်လူ၊ ငါတစ်မင်း၊ ရန်၊ ငါ စည်းပြတ်တဲ့ မြန်မာလူမျိုးတွေကြားထဲမှာ အယူဝါဒ မတူသူတွေကို အရှိန်အဝါနဲ့ ဟန့်တားနိုင်တဲ့ ဒေါ်စုလို လူတစ်ယောက်အနေနဲ့ နိုင်ငံရေးရဲ့ အဓိကနေရာမှာ ရှိနေစေချင်ခဲ့တာပါပဲ.......
အားရတာတွေ ရှိခဲ့သလို၊ အားမရတာတွေ ရှိခဲ့တဲ့အတွက် ဒေါ်စုကို ဝေဖန်ခဲ့တယ်...... ဝေဖန်ခဲ့တဲ့ အချက်တွေဟာ တိုင်းပြည်အတွက် အဓိကထားခဲ့ပါတယ်...... ရံဖန်ရံခါမဟုတ်ပဲ မကြာခဏတွေ့နေရတဲ့ ဒေါ်စုဘေးက အမြှောက်တပ်တွေကြောင့် တစ်ချိန်က ကိုမိုးသီးဇွန်ရေးခဲ့ပြီး အခုအချိန်ထိ အချို့အချက်တွေ မှန်နေသေးတဲ့ လူ့ဘောင်သစ် ကော်မတီရဲ့ အစီရင်ခံစာကိုလည်း ကျိုကြား ကျိုကြား တင်ဖြစ်ခဲ့တာဟာ ပကတိ အဖြစ်မှန်ကို မြင်တွေ့စေချင်လို့ပါပဲ..... အားမရတာတွေကတော့ လွှတ်တော် အမတ်တစ်ယောက်အနေနဲ့ ဒေါ်စုကို ဦးသိန်းညွန့် တောက်လျှောက် လုပ်လာတာတွေထက် ပိုမျှော်လင့်မိတယ်...... တရားဥပဒေ စိုးမိုးမှု ကော်မတီဝင် တစ်ယောက်အနေနဲ့ လက်ရှိ အားနည်းနေတဲ့ ဥပဒေပိုင်းဆိုင်ရာတွေကို ထိထိရောက်ရောက် ပြင်စေ့ချင်ခဲ့တယ်...... ဒါပေမယ့်လည်း မျှော်လင့်တာတွေ ဖြစ်မလာတော့ ဝေဖန်နေပေမယ့် အခုလို မွေးနေ့ရက်မှာတော့ ဒေါ်စုကို စိတ်ဖိအားကင်းကင်းနဲ့ ရှိနေစေချင်ပါတယ်.....
ဒေါ်စုရဲ့ မွေးနေ့ကို ဒေါ်စုပုံနဲ့ မွေးနေ့ဆုတောင်း တင်မယ်လို့ ရည်ရွယ်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ တစ်ပါတ်ကျော်ကမှ အကောင့်ပျက်သွားတဲ့ သင်ခန်းစာရယ်၊ အခုထိ ရီပို့ထိနေတဲ့ သင်ခန်းစာတွေကြောင့် ဒေါ်စုပုံနဲ့ မွေးနေ့ဆုတောင်း မတင်ရဲဘူး ဖြစ်နေတယ်...... အရင်အကောင့်မှာ ဒေါ်စုပုံတင်ပီး ဝေဖန်ခဲ့လို့ Targeted Individual Harassment လုပ်ပါတယ်ဆိုပီး တိုင်လိုက်တဲ့အတွက် အကောင့်ပျက်သွားတာ သင်ခန်းစာ ဖြစ်နေတာကိုး...... ဖေ့ဘွတ်ထဲမှာ ဖွင့်ထားတဲ့ ဒေါ်စုအကောင့်ကနေ Personal Insulting လုပ်တယ်ဆိုပီး တိုင်လိုက်တဲ့အတွက်ကြောင့်လည်း ကျွန်တော့်အကောင့် ချက်ခြင်းပိတ်သွားတာပေါ့..... ဒေါ်စုဖေ့ဘွတ်သုံးဖို့ အချိန်မရှိဘူးဆိုတာ သိထားတဲ့ ကျွန်တော့်အတွက်တော့ ဒေါ်စုအကောင့်ကိုကိုင်တဲ့လူ ဘယ်သူက သောက်မြင်ကတ်ပုဒ်မနဲ့ တွယ်လိုက်တယ်ဆိုတာ သိထားတော့ မလှုပ်ရဲဘူးလေ..... ကျွန်တော်တို့အတွက် အဲ့ဒိအကောင့်ဟာ ဒေါ်စုမသုံးဘူးဆိုတာ သိပေမယ့် ဖေ့ဘွတ်ကတော့ ကမ္ဘာ့နိုဘယ်ဆုရှင်ရဲ့ အကောင့်လို့ သိထားလေတော့ အဲ့ဒိအကောင့်က ရီပို့လုပ်လိုက်တာနဲ့ ချက်ခြင်းကို ကျွန်တော့်အကောင့်ကို ပိတ်ပစ်တာပေါ့....... အခုထိလည်း အဲ့ဒိအကောင့်က ဒေါ်စုပုံစံသုံးပီး တစ်ခြားမကျေနပ်တဲ့ အကောင့်တွေကို ရီပို့လိုက်လုပ်နေတော့ ကျွန်တော်လည်း ဒေါ်စုပုံ မတင်ရဲတော့ဘူးပေါ့.........
ဓါတ်ပုံတင်မှ မွေးနေ့ဆုတောင်းလို့ရတာ မဟုတ်ဘူးဆိုတာ သိထားလေတော့ ဒီအတိုင်းပဲ ဆုတောင်းပေးချင်ပါတယ်..... ယနေ့ကျရောက်တဲ့ ၆၈ နှစ်မြောက် မွေးနေ့မှသည် နောင် နှစ်များစွာအထိ အရှုပ်အထွေး၊ ရန် /ငါ စည်းတအားခြားပြီး အလှည့်အပါတ်များတဲ့ မြန်မာနိုင်ငံရေးလောကမှာ မြန်မာနိုင်ငံသားတွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...... Confrontation တွေအစား Negotiation တွေနဲ့ ဆက်သွားနိုင်ပါစေ၊ ပြည်သူလူထုအတွက်သာမက ဒေါ်စုနောက်ပိုင်း ကာလတွေမှာ မြန်မာပြည်သူတွေအကျိုးကို ရပ်တည်နိုင်ဖို့ NLD ကို မျိုးဆက်မပြတ်အောင် ထားခဲ့နိုင်ပါစေလို့ ဆုမွန်ပြုပါတယ်...... အထူးသဖြင့် ဖခင် ဗိုလ်ချုပ်အောင်ဆန်းလို နိုင်ငံရဲ့ အကြီးအကဲ ဥသျှောင်ရာထူးကို မရသော်ငြား ရသည့်နေရာ၊ ရသည့် လုပ်ပိုင်ခွင့်တွေထဲကနေ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားတာကို နမူနာယူပြီး သမ္မတဖြစ်မှ ပြည်သူ့အကျိုးကို လုပ်ဆောင်မယ့်အစား အခုလက်ရှိလုပ်ပိုင်ခွင့်တွေနဲ့ ၂၀၁၅ မတိုင်ခင် ၂ နှစ်အတောအတွင်းမှာ တိုင်းသူပြည်သားတွေအတွက် အကောင်းဆုံး လုပ်ဆောင်ပေးရင်း ၂၀၁၅ အတွက် ထိုက်တန်တဲ့ရာထူးကိုယူဖို့ အရည်အချင်းပြသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.......
အတားအဆီးတွေကြားက ရုန်းထွက်ရင်း လောကကို အလှဆင်နိုင်တဲ့ ကြာပွင့်လေးလို ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်.....
ပါးမွှားလေးတွေပါ
$
0
0
Photo: ပါးမွှားလေးတွေပါ ------------   ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလထုတ် သရပါမဂ္ဂဇင်းကို မကြာခင်ကမှ ဖတ်ရတယ်။ အဲဒီမှာ ပါမွှားလေးတစ်ခုသွားတွေ့မိတယ်။  အယ်ဒီတာချုပ် မင်းအုပ်စိုးက ပြေတီဦးဖောင်ဒေးရှင်းက အလှူအကြောင်း ထောက်ပြထားတဲ့ “ လှူဒါန်းတတ်ကြပါစေ ” ဆိုတဲ့ စာလေးပေါ့။  ပြေတီဦးပညာရေးဖောင်ဒေးရှင်းက ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အလှူငွေ ပေးအပ်တဲပွဲပါ။  နိုင်ငံကျော်မင်းသား၊ မင်းသမီးရဲ့ ပညာရေးအလှူဆိုတော့လည်း မီဒီယာတွေအစုံပါပဲ။ ကင်မရာမီးကလည်း တဖြတ်ဖြတ်ပေါ့။   ထောက်ပံ့ကြေးလက်ခံတဲ့ ကလေးတွေနဲ့အတူ အမှတ်တရဓာတ်ပုံရိုက်ကူးကြပါတယ်။ ကလေးတွေရဲ့ မျက်နှာဟာ မရွှင်လန်းပါဘူး။ တကယ်က ကိုယ်ချစ်တဲ့ မင်းသား၊ မင်းသမီးတွေက ပေးအပ်တဲ့ငွေကြောင့် ပြုံးနေကြရမှာမဟုတ်လား။  အဲဒီနေရာမှာ ကို(ဆရာ)မင်းအုပ်စိုးက ကလေးတွေရဲ့ ခံစားချက်ဖက်က ရေးပြ၊ ထောက်ပြထားပါတယ်။ ကလေးတွေရဲ့ ယူရမယ့်ငွေဟာ သူ့ကိုဂုဏ်ပြုတဲ့ ချီးမြှင့်တဲ့ ဆုကြေးငွေမဟုတ်ဘူးလေ။ မိဘတွေက ဆင်းရဲလွန်းလို့ ကျောင်းမထားပေးနိုင်လို့ ထောက်ပံ့ပေးမယ့် ထောက်ပံ့ကြေးကို ယူနေရတာလေ။  ဒီတော့ လူကြားသူကြား မရှိတာကို ထုတ်ပြနေရတာ ဘယ်မှာလာ ရွှင်လန်းနိုင်ကြပါ့မလဲ။  ကိုယ်က စေတနာနဲ့ ဆောင်ရွက်တာမှန်ပေမယ့်။ တစ်ဘက်လူအတွက်တော့ တွေးကြည့်သင့်ပါတယ်။  လှူဒါန်းတဲ့နေရာမှာလည်း သူများလှူလို့လှူနေရင်တော့ အလှူက ထိရောက်မှုသိပ်ရှိလှမှာ မဟုတ်ပါဘူး။ “ ရွာဖို့သင့်ရာ ရပ်ဌာနမှာ ကောင်းစွာ ရွှေမိုးရွာပါစေ ” တဲ့။  ရေကြီးနေပါတယ်ဆိုမှ မိုးကထပ်ရွာနေရင်တော့ ရွာတဲ့မိုးကို ထိုင်ဆဲချင်ဆဲနေမိမှာပဲ။    ဆရာတော်ကြီးတွေဟောသလို ဘယ်ဒကာ၊ ဒကာမကျောင်းလို့ပဲ အမည်တပ်ခံချင်ကြတာ။ ဘယ်ဒကာ၊ ဒကာမရဲ့ ကုဋီလို့အမည်မခံချင်ကြပါဘူး။  လွှဲမှားနေတဲ့ စိတ်ဓာတ်လေးတွေပေါ့။   ဒီစာလေးကိုဖတ်ရတော့ ဆရာမောင်သာချို့ရဲ့ “မိုးကောင်းကင် အစုတ်အပြဲနဲ့လူ အိမ်ခေါ်မလာရ ” ဆိုတဲ့ စာလေးသတိရမိလိုက်ပါတယ်။  ဒီစာလေးမှာက ဆင်းရဲနွမ်းပါးတဲ့ မိသားစုတစ်စုက ပျက်စီးနေပြီဖြစ်တဲ့ ခေါင်းမိုးကို ပြန်လည်မမိုးနိုင် ဘူးပေါ့။ ဒါနဲ့ ဆရာမောင်သာချို့ တတ်နိုင်တဲ့သူတွေကိုဒါတွေပြောပြတော့ “ ဆရာချို လူခေါ်မလာနဲ့၊ ငွေပဲ ဆရာချိုလာယူ ”ပါတဲ့။  ဘာလို့လဲဆိုရင် ဒီငွေကြေးကိုလက်ခံမယ့်သူရဲ့ ဂုဏ်သိက္ခာမပွန်းပဲစေချင်လို့ပါတဲ့။ ကြည့် ဘာရယ် မဟုတ်တဲ့ ကိစ္စလေးကအစ တစ်ဘက်သားအပေါ်တွေးပေးနေတာက ကျွန်တော်ထင်တယ် ဒါ ပရဟိတပါပဲ။ ကိုယ့်ကြောင့် သူများမထိခိုက်အောင်နေတာကိုက ပရဟိတပါပဲ။  ဟုတ်တယ် တစ်ခါတစ်လေမှာ ကိုယ်ကဘာရယ်မဟုတ်ပါဘူးလို့ လုပ်လိုက်တဲ့ အရာတစ်ခုဟာ တစ်ဖက်လူအတွက်ကတော့ အများကြီးထိခိုက်သွားနိုင်ပါတယ်။    ခေတ်စကားနဲ့ပြောရရင်တော့ “ ဆင်က သေးပေါက်တာပါ။ ဒါပေမယ့် ပုရွတ်ဆိတ်က ပင်လယ်ကြီးကို ဖြစ်ရော ”တဲ့။  ကျွန်တော်တို့ခရီးသွားရင်း စွန့်ပစ်ခဲ့တဲ့ ရေသန့်ဘူးခွံလေးတွေကလည်း လိုက်လံကောက်နေတဲ့ ကလေးတွေအတွက်၊ မိသားစုအတွက် အနည်းဆုံး မုန့်ဖိုးပဲဖိုးရမှာပါ။  ကျွန်တော်တို့အသုံးမ၀င်တာအမှိုက်ပါပဲ။ အဲဒီအမှိုက်က တစ်ဘက်လူအတွက်တော့ ရွှေဖြစ်ချင်ဖြစ်နေမှာပါ။  ဒါကြောင့် ဘာအကြောင်းပဲဖြစ်ဖြစ်၊ ဘယ်အတွေးပဲဖြစ်ဖြစ်၊ ဘယ်လူပဲဖြစ်ဖြစ် ပါးမွှားလေးပါဆိုပြီး ပြီးစလွယ်မလုပ်လိုက်ကြပါနဲ့။  ပါးမွှားလေးကအစ ပြုစုပျိုးထောင်လိုက်ရင်တော့ ပျော်ရွှင်စရာကောင်းတဲ့ လူမှုပတ်ဝန်းကျင်တွေအဖြစ် မြင်တွေ့ရမှာပါခင်ဗျာ။  ၁၈-၆-၂၀၁၃။
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလထုတ် သရပါမဂ္ဂဇင်းကို မကြာခင်ကမှ ဖတ်ရတယ်။ အဲဒီမှာ ပါမွှားလေးတစ်ခုသွားတွေ့မိတယ်။
အယ်ဒီတာချုပ် မင်းအုပ်စိုးက ပြေတီဦးဖောင်ဒေးရှင်းက အလှူအကြောင်း ထောက်ပြထားတဲ့ “ လှူဒါန်းတတ်ကြပါစေ ” ဆိုတဲ့ စာလေးပေါ့။
ပြေတီဦးပညာရေးဖောင်ဒေးရှင်းက ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အလှူငွေ ပေးအပ်တဲပွဲပါ။ နိုင်ငံကျော်မင်းသား၊ မင်းသမီးရဲ့ ပညာရေးအလှူဆိုတော့လည်း မီဒီယာတွေအစုံပါပဲ။ ကင်မရာမီးကလည်း တဖြတ်ဖြတ်ပေါ့။
ထောက်ပံ့ကြေးလက်ခံတဲ့ ကလေးတွေနဲ့အတူ အမှတ်တရဓာတ်ပုံရိုက်ကူးကြပါတယ်။ ကလေးတွေရဲ့ မျက်နှာဟာ မရွှင်လန်းပါဘူး။ တကယ်က ကိုယ်ချစ်တဲ့ မင်းသား၊ မင်းသမီးတွေက ပေးအပ်တဲ့ငွေကြောင့် ပြုံးနေကြရမှာမဟုတ်လား။
အဲဒီနေရာမှာ ကို(ဆရာ)မင်းအုပ်စိုးက ကလေးတွေရဲ့ ခံစားချက်ဖက်က ရေးပြ၊ ထောက်ပြထားပါတယ်။ ကလေးတွေရဲ့ ယူရမယ့်ငွေဟာ သူ့ကိုဂုဏ်ပြုတဲ့ ချီးမြှင့်တဲ့ ဆုကြေးငွေမဟုတ်ဘူးလေ။ မိဘတွေက ဆင်းရဲလွန်းလို့ ကျောင်းမထားပေးနိုင်လို့ ထောက်ပံ့ပေးမယ့် ထောက်ပံ့ကြေးကို ယူနေရတာလေ။
ဒီတော့ လူကြားသူကြား မရှိတာကို ထုတ်ပြနေရတာ ဘယ်မှာလာ ရွှင်လန်းနိုင်ကြပါ့မလဲ။
ကိုယ်က စေတနာနဲ့ ဆောင်ရွက်တာမှန်ပေမယ့်။ တစ်ဘက်လူအတွက်တော့ တွေးကြည့်သင့်ပါတယ်။
လှူဒါန်းတဲ့နေရာမှာလည်း သူများလှူလို့လှူနေရင်တော့ အလှူက ထိရောက်မှုသိပ်ရှိလှမှာ မဟုတ်ပါဘူး။ “ ရွာဖို့သင့်ရာ ရပ်ဌာနမှာ ကောင်းစွာ ရွှေမိုးရွာပါစေ ” တဲ့။ ရေကြီးနေပါတယ်ဆိုမှ မိုးကထပ်ရွာနေရင်တော့ ရွာတဲ့မိုးကို ထိုင်ဆဲချင်ဆဲနေမိမှာပဲ။
ဆရာတော်ကြီးတွေဟောသလို ဘယ်ဒကာ၊ ဒကာမကျောင်းလို့ပဲ အမည်တပ်ခံချင်ကြတာ။ ဘယ်ဒကာ၊ ဒကာမရဲ့ ကုဋီလို့အမည်မခံချင်ကြပါဘူး။ လွှဲမှားနေတဲ့ စိတ်ဓာတ်လေးတွေပေါ့။
ဒီစာလေးကိုဖတ်ရတော့ ဆရာမောင်သာချို့ရဲ့ “မိုးကောင်းကင် အစုတ်အပြဲနဲ့လူ အိမ်ခေါ်မလာရ ” ဆိုတဲ့ စာလေးသတိရမိလိုက်ပါတယ်။
ဒီစာလေးမှာက ဆင်းရဲနွမ်းပါးတဲ့ မိသားစုတစ်စုက ပျက်စီးနေပြီဖြစ်တဲ့ ခေါင်းမိုးကို ပြန်လည်မမိုးနိုင် ဘူးပေါ့။ ဒါနဲ့ ဆရာမောင်သာချို့ တတ်နိုင်တဲ့သူတွေကိုဒါတွေပြောပြတော့ “ ဆရာချို လူခေါ်မလာနဲ့၊ ငွေပဲ ဆရာချိုလာယူ ”ပါတဲ့။
ဘာလို့လဲဆိုရင် ဒီငွေကြေးကိုလက်ခံမယ့်သူရဲ့ ဂုဏ်သိက္ခာမပွန်းပဲစေချင်လို့ပါတဲ့။ ကြည့် ဘာရယ် မဟုတ်တဲ့ ကိစ္စလေးကအစ တစ်ဘက်သားအပေါ်တွေးပေးနေတာက ကျွန်တော်ထင်တယ် ဒါ ပရဟိတပါပဲ။ ကိုယ့်ကြောင့် သူများမထိခိုက်အောင်နေတာကိုက ပရဟိတပါပဲ။
ဟုတ်တယ် တစ်ခါတစ်လေမှာ ကိုယ်ကဘာရယ်မဟုတ်ပါဘူးလို့ လုပ်လိုက်တဲ့ အရာတစ်ခုဟာ တစ်ဖက်လူအတွက်ကတော့ အများကြီးထိခိုက်သွားနိုင်ပါတယ်။
ခေတ်စကားနဲ့ပြောရရင်တော့ “ ဆင်က သေးပေါက်တာပါ။ ဒါပေမယ့် ပုရွတ်ဆိတ်က ပင်လယ်ကြီးကို ဖြစ်ရော ”တဲ့။
ကျွန်တော်တို့ခရီးသွားရင်း စွန့်ပစ်ခဲ့တဲ့ ရေသန့်ဘူးခွံလေးတွေကလည်း လိုက်လံကောက်နေတဲ့ ကလေးတွေအတွက်၊ မိသားစုအတွက် အနည်းဆုံး မုန့်ဖိုးပဲဖိုးရမှာပါ။
ကျွန်တော်တို့အသုံးမ၀င်တာအမှိုက်ပါပဲ။ အဲဒီအမှိုက်က တစ်ဘက်လူအတွက်တော့ ရွှေဖြစ်ချင်ဖြစ်နေမှာပါ။
ဒါကြောင့် ဘာအကြောင်းပဲဖြစ်ဖြစ်၊ ဘယ်အတွေးပဲဖြစ်ဖြစ်၊ ဘယ်လူပဲဖြစ်ဖြစ် ပါးမွှားလေးပါဆိုပြီး ပြီးစလွယ်မလုပ်လိုက်ကြပါနဲ့။
ပါးမွှားလေးကအစ ပြုစုပျိုးထောင်လိုက်ရင်တော့ ပျော်ရွှင်စရာကောင်းတဲ့ လူမှုပတ်ဝန်းကျင်တွေအဖြစ် မြင်တွေ့ရမှာပါခင်ဗျာ။
မောင်ပိုင်
၁၈-၆-၂၀၁၃။
— with William Tuntunko and 3 others.
အိမ်သာကျင်းထဲက အတွေးများ
$
0
0
Photo: အိမ်သာကျင်းထဲက အတွေးများ ---------------------   ဒီနေ့အိမ်သာကျင်းတူးနေရင်း အတွေးတွေက ထွက်ထွက်လာတယ်။  ကျင်းဖြစ်အောင်လို့ မြေကြီးတွေကို ဘေးပတ်လည်မှာ ယက်တင်တယ်။ ကျင်းနက်လာတာနဲ့အမျှ တင်ထားတဲ့ မြေသားကလည်း မို့မို့လာတယ်။ ထို့အတူ မြေသားကို အပေါ်တင်ယူ ရတာပိုပင်ပန်းလာတယ်။  လူသားတွေရဲ့ဘ၀မှာလည်း တစ်နေရာမှာ မြင့်သွားဖို့အတွက် တစ်နေရာရာမှာ  နိမ့်ဆင်းသွားရသလား။  သို့မဟုတ် တစ်နေရာက နိမ့်သွားလေ တစ်နေရာက မြင့်လာလေသလား။  ပြီးတော့ လူသားတွေက မြင့်တာတွေကို ညီအောင်ဖြိုတယ်။ ညီတဲ့နေရာ နိမ့်ဆင်းအောင်တူးတယ်။ နိမ့်ဆင်းတဲ့နေရာတွေကြတော့ ညီအောင် ဖို့ပြန်လေတယ်။ တကယ်ပါ ကမ္ဘာကြီးအစား အမျိုးမျိုးဖြစ်နေတဲ့ လူတွေကို  စိတ်လေမိတယ်။  ကမ္ဘာကြီးကို အမျိုးမျိုးလှည့်စားနေတယ်။  ကမ္ဘာကြီး ဘာလို့လှနေသလဲ။ မညီလို့လှနေတယ်လို့ ကျွန်တော်ထင်တယ်။  တောင်တွေ၊ တောင်တွေ၊ မြေပြန့်တွေက မညီညာလို့ ကြည့်လို့ကောင်းနေတယ်။  လူ့ဘ၀တွေကရော။  ဆင်းရဲတယ်။ ချမ်းသာတယ်။ စည်းစိမ်ချမ်းသာတွေနဲ့ သာယာနေတယ်။ စားဝတ်နေရေးအတွက် ဒုက္ခအလီလီတွေနဲ့ အလုပ်တွေလုပ်နေကြရတယ်။  ဆိုက်ကားဆရာရှိတယ်။ ပိုက်ဆံပေး ထိုင်စီးသူရှိတယ်။ အကုန်လုံးညီညာပြီး ထိုင်စီးသူတွေပဲရှိရင်ရော။  ဒီနေရာမှာကျွန်တော်ထင်တာက ဘ၀တွေဆိုတာ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ဒါကို ညှိဖို့ကတော့မဖြစ် နိုင်ပါဘူး။ ဘာလို့လဲဆိုရင် သူတို့နောက်မှ သူတို့လုပ်ဆောင်ခဲ့တဲ့ ကံတရားတွေရှိနေလို့ပါပဲ။  “ ဟ..ဒါဆိုရင် ဆင်းရဲသူက ဆင်းရဲသလိုနေ။ ချမ်းသာသူကချမ်းသာသလိုနေ။ ရှင်းရှင်းပြောရင် ကျွန်က ကျွန်လိုနေ၊ သခင်က သခင်လိုနေ ” လို့ပြောတာလား။  မဟုတ်ရပါဘူး။  ကံဆိုတာအလုပ်။ ကောင်းသောအလုပ်လုပ်ရင် ကောင်းသောကံရမှာပါပဲ။    ကိုယ်ရသင့်တဲ့ ဥစ္စာ၊ ရသင့်သော အခွင့်အရေးဆိုတာတွေတော့ ရအောင်ယူရမှာပါ။  ကံကြောင့် ဆင်းရဲ နေတာကွာ။ ဘာမလုပ်ပါဘူးဆို ဆင်းရဲနေမှာပဲ။  ကံကြောင့် ဆင်းရဲတာကွ ဒါကြောင့် ချမ်းသာအောင် ကံကောင်းအောင်လုပ်ရမယ် ဆိုရင် ချမ်းသာလာမှာပါ။  ကမ္ဘာပေါ်မှာ လူသန်းပေါင်း များစွာရှိလေတော့ မတူညီသော ဘ၀တွေကလည်း အများကြီးပါ။  မတူညီသောဘ၀တွေကြောင့် စစ်တွေဖြစ်တယ်။ ဘ၀ရဲ့ ရသတွေဖြစ်တယ်။ မတူညီတာကြောင့် ကြည့်လို့တော့ကောင်းနေတယ်။  မတူညီသောဘ၀တွေမှာ တူညီသောစိတ်ဓာတ်တွေရှိနေရင်တော့ ပိုကောင်း၊ ပိုလှလာမှာပါ။  သြော် ဘာတွေပဲဖြစ်ဖြစ်လေ နိမ့်သူကတော့ နိမ့်သွားဦးမှာပဲ။ မြင့်သူကလည်း မြင့်နေဦးမှာပါပဲ။  စိတ်ထားတွေမနိမ့်ကျဖို့၊ စိတ်ထားတွေ မမြင့်တက်ဖို့တော့ တန်းညှိရမှာပေါ့လေ။  ကျွန်တော် ညီနေတဲ့ ကမ္ဘာကြီးမှာ လူတွေရဲ့ အညစ်အကြေးစွန့်ဖို့ ကျင်းကြီးတူးနေလေရဲ့။  ကမ္ဘာမြေကြီးကတော့ တိတ်ဆိတ်လို့။ တစ်နေ့ငါ့အလှည့်လို့များ ပြောနေသလား။ ကျွန်တော်ကတော့ အတွေးတွေ ဆူညံနေပါတယ်။  ၁၈-၆-၂၀၁၃။
ဒီနေ့အိမ်သာကျင်းတူးနေရင်း အတွေးတွေက ထွက်ထွက်လာတယ်။
ကျင်းဖြစ်အောင်လို့ မြေကြီးတွေကို ဘေးပတ်လည်မှာ ယက်တင်တယ်။ ကျင်းနက်လာတာနဲ့အမျှ တင်ထားတဲ့ မြေသားကလည်း မို့မို့လာတယ်။ ထို့အတူ မြေသားကို အပေါ်တင်ယူ ရတာပိုပင်ပန်းလာတယ်။
လူသားတွေရဲ့ဘ၀မှာလည်း တစ်နေရာမှာ မြင့်သွားဖို့အတွက် တစ်နေရာရာမှာ နိမ့်ဆင်းသွားရသလား။ သို့မဟုတ် တစ်နေရာက နိမ့်သွားလေ တစ်နေရာက မြင့်လာလေသလား။
ပြီးတော့ လူသားတွေက မြင့်တာတွေကို ညီအောင်ဖြိုတယ်။ ညီတဲ့နေရာ နိမ့်ဆင်းအောင်တူးတယ်။ နိမ့်ဆင်းတဲ့နေရာတွေကြတော့ ညီအောင် ဖို့ပြန်လေတယ်။ တကယ်ပါ ကမ္ဘာကြီးအစား အမျိုးမျိုးဖြစ်နေတဲ့ လူတွေကို စိတ်လေမိတယ်။
ကမ္ဘာကြီးကို အမျိုးမျိုးလှည့်စားနေတယ်။ ကမ္ဘာကြီး ဘာလို့လှနေသလဲ။ မညီလို့လှနေတယ်လို့ ကျွန်တော်ထင်တယ်။ တောင်တွေ၊ တောင်တွေ၊ မြေပြန့်တွေက မညီညာလို့ ကြည့်လို့ကောင်းနေတယ်။
လူ့ဘ၀တွေကရော။ ဆင်းရဲတယ်။ ချမ်းသာတယ်။ စည်းစိမ်ချမ်းသာတွေနဲ့ သာယာနေတယ်။ စားဝတ်နေရေးအတွက် ဒုက္ခအလီလီတွေနဲ့ အလုပ်တွေလုပ်နေကြရတယ်။
ဆိုက်ကားဆရာရှိတယ်။ ပိုက်ဆံပေး ထိုင်စီးသူရှိတယ်။ အကုန်လုံးညီညာပြီး ထိုင်စီးသူတွေပဲရှိရင်ရော။
ဒီနေရာမှာကျွန်တော်ထင်တာက ဘ၀တွေဆိုတာ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ဒါကို ညှိဖို့ကတော့မဖြစ် နိုင်ပါဘူး။ ဘာလို့လဲဆိုရင် သူတို့နောက်မှ သူတို့လုပ်ဆောင်ခဲ့တဲ့ ကံတရားတွေရှိနေလို့ပါပဲ။
“ ဟ..ဒါဆိုရင် ဆင်းရဲသူက ဆင်းရဲသလိုနေ။ ချမ်းသာသူကချမ်းသာသလိုနေ။ ရှင်းရှင်းပြောရင် ကျွန်က ကျွန်လိုနေ၊ သခင်က သခင်လိုနေ ” လို့ပြောတာလား။
မဟုတ်ရပါဘူး။ ကံဆိုတာအလုပ်။ ကောင်းသောအလုပ်လုပ်ရင် ကောင်းသောကံရမှာပါပဲ။
ကိုယ်ရသင့်တဲ့ ဥစ္စာ၊ ရသင့်သော အခွင့်အရေးဆိုတာတွေတော့ ရအောင်ယူရမှာပါ။ ကံကြောင့် ဆင်းရဲ နေတာကွာ။ ဘာမလုပ်ပါဘူးဆို ဆင်းရဲနေမှာပဲ။ ကံကြောင့် ဆင်းရဲတာကွ ဒါကြောင့် ချမ်းသာအောင် ကံကောင်းအောင်လုပ်ရမယ် ဆိုရင် ချမ်းသာလာမှာပါ။
ကမ္ဘာပေါ်မှာ လူသန်းပေါင်း များစွာရှိလေတော့ မတူညီသော ဘ၀တွေကလည်း အများကြီးပါ။
မတူညီသောဘ၀တွေကြောင့် စစ်တွေဖြစ်တယ်။ ဘ၀ရဲ့ ရသတွေဖြစ်တယ်။ မတူညီတာကြောင့် ကြည့်လို့တော့ကောင်းနေတယ်။
မတူညီသောဘ၀တွေမှာ တူညီသောစိတ်ဓာတ်တွေရှိနေရင်တော့ ပိုကောင်း၊ ပိုလှလာမှာပါ။
သြော် ဘာတွေပဲဖြစ်ဖြစ်လေ နိမ့်သူကတော့ နိမ့်သွားဦးမှာပဲ။ မြင့်သူကလည်း မြင့်နေဦးမှာပါပဲ။
စိတ်ထားတွေမနိမ့်ကျဖို့၊ စိတ်ထားတွေ မမြင့်တက်ဖို့တော့ တန်းညှိရမှာပေါ့လေ။
ကျွန်တော် ညီနေတဲ့ ကမ္ဘာကြီးမှာ လူတွေရဲ့ အညစ်အကြေးစွန့်ဖို့ ကျင်းကြီးတူးနေလေရဲ့။
ကမ္ဘာမြေကြီးကတော့ တိတ်ဆိတ်လို့။ တစ်နေ့ငါ့အလှည့်လို့များ ပြောနေသလား။ ကျွန်တော်ကတော့ အတွေးတွေ ဆူညံနေပါတယ်။
မောင်ပိုင်
၁၈-၆-၂၀၁၃။
— with William Tuntunko and 2 others.
ထိန်းသိမ်းခြင်းသို့ ကမ်းလင့်ရာ
$
0
0
by Thida Khin (Notes) on Wednesday, June 19, 2013 at 5:03pm
မျိုးစောင့်တရားဆိုသော စကားလုံးမှာ ခုတစ်လော တော်တော်များများ ပြောဆိုနေကြတာတွေ့ ရပါတယ်။ မြန်မာပြည်သူ/သားတို့ မျိုးချစ်စိတ်များ ရှင်သန်ထကြွနေတဲ့ ဤခေတ်ကာလ မှာ မိမိအနေနဲ့ လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒါနဲ့ တွေးမိတာလေးတွေပြောရပါစေ။ ထိန်းသိမ်းခြင်းနဲ့ ပက်သက်ပြီး....
  • မိမိ၊ မိမိ၏မိသားစု...ပတ်ဝန်းကျင်၊မိမိ၏ အသက်မွေးဝမ်းကျောင်းပြုနေသော အဖွဲ့ အစည်း.. တိုင်းပြည်နှင့်..လူမျိုးဂုဏ်..ကိုယ်ကျင့်တရား...အဆင့်အတန်းကိုထိန်းသိမ်းခြင်း
  • ၎င်းတို့ ၏ကိုယ် ..စိတ်ကျန်းမာရေးကိုထိန်းသိမ်းခြင်း
  • ၎င်းတို့ ၏တန်ဘိုးထားသောယဉ်ကျေးမှုအမွေအနှစ်များ...ယုံကြည်ကိုးကွယ်ရာဘာသာတရားများကိုထိန်းသိမ်းခြင်း
  • ၎င်းတို့ တိုင်းပြည်အလိုက် အုပ်ချုပ်မှုအာဏာ၊ ပြဌာန်းထားသော တရားဥပဒေများ ကိုမကျိုးမပေါက်အောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခြင်း..စသည် ...စသည်..
(မှတ်ချက်။    ။ အကြံပေးဆွေးနွေးဝေဖန်လိုက ကြိုဆိုပါတယ်ရှင့်)
 Thida Khin
နစ်မြုတ်နေသောရတနာများ
$
0
0
Yesterday
နစ်မြုတ်နေသောရတနာများ
မြေအောက်ရောက်နေသည့် ရှေးဟောင်းပစ္စည်းများကို တရုတ်ကြေးနီသတ္တုတူးဖော်သည့်အဖွဲ့တစ်ခုက အာဖဂန်နစ္စတန်တွင် တူးဖော်တွေ့ရှိခဲ့သဖြင့် ရှေးဟောင်းဗုဒ္ဓအဖွဲ့အစည်းနှင့် ဤဒေသ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် ကိုးကွယ်ယုံကြည်မှုများကအစ ပြန်လည်ဆန်းစစ်စရာဖြစ်လာခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ခန့်က ဗုဒ္ဓသစ်သားဆင်းတုတော်များကို မူလအနေအထားအတိုင်း ပြန်လည်တူးဖော်ရရှိလိုက် သဖြင့် အဘ္ဘဒူ ကာဒီ တီမိုရီတစ်ယောက် ဝမ်းမြောက်နေမိသည်။
 အထူးသဖြင့်အာဖဂန်နစ္စတန်အရှေ့ပိုင်း ရှေးဟောင်းကျောင်း တော်ရာနေရာတစ်ခုကို ခြေရာခံမိသောကြောင့်လည်း သူပျော်ရွှင်သွားမိသည်။
တီမိုရီသည် အာဖဂန်နစ္စတန် သတင်းအချက်အလက်နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနအဖွဲ့၏ ဒါရိုက်တာ တစ်ဦးလည်းဖြစ်သည်။ ဗုဒ္ဓဆင်းတုတော်များကို တွေ့သည်နေရာမှာ ကဘူးမြို့နှင့်သိပ်မဝေးသော တောင်ခြေအနီးတွင်ဖြစ် သည်။
“လေးထောင့်စပ်စပ် ဘုရားကျောင်းကြီးတစ်ခုကို တူးဖော်တွေ့ရတာ။ အဲဒီကျောင်းတော်ဟောင်းထဲက ဘုရားဆင်းတုတော် တွေဟာ လေးမီတာ၊ ငါးမီတာလောက်မြင့်တယ်။ အချို့ဆင်းတုတွေက ခြေထောက်တွေပဲကျန်တော့တယ်။ ကိုယ်ထည်ပိုင်းနဲ့ ဦးခေါင်းပိုင်းတွေ ပျက်စီးကုန်ကြပြီ။ အချိန်ကလည်းကြာပြီလေ။ ကျွန်တော်တို့ လျောင်းတော်မူဆင်းတုတွေလည်းဒီမှာ တွေ့ခဲ့တယ်” ဟု သူကဆိုသည်။
“ကျွန်တော် ခြေထောက်တွေကို သန့်စင်ဆေးကြောနေချိန်မှာ သစ်သားလိုမျိုး တစ်ခုခုကို လက်နဲ့ သွားထိမိတယ်။ အဲဒီ သစ်သားစကိုလည်း ကျွန်တော် သန့်စင်လိုက်တယ်။ ကျွန်တော်အရမ်းပျော်သွားတယ်။ ကျွန်တော့် လုပ်ဖော်ကိုင်ဘက်တွေဆီ လှမ်းအော်ပြီး ခေါ်လိုက်တယ်။ ကျွန်တော်ဘာကိုတွေ့ထားတယ်ဆိုတာ သူတို့ကို ခေါ်ပြလိုက်တာပါ။ အာဖဂန်နစ္စတန်မှာ ပထမဦးဆုံးတူးဖော်တွေ့ရတဲ့ သစ်သားဆင်းတုကြီးတစ်ခုဖြစ်ပါတယ်” ဟုဝမ်းသာအားရသူက ပြန်ပြောပြနေသည်။
ထိုနေ့ကား ၂၀၁၀ ပြည့်နှစ်ထဲတွင်ဖြစ်သည်။ ထိုင်လျက် သစ်သားဗုဒ္ဓဆင်းတုတော်များ နေရာအနှံ့ရှိနိုင်သေးသည်။ ရက်ကို ပြန်ပြီး တွက်စစ်ကြည့်လျှင် လွန်ခဲ့သော ၅ ရာစုနှင့် ၇ ရာစုခန့်က လက်ရာများဖြစ်သည်။ ထိုကာလတွင် ပိုးလမ်းမကြီးတွင် ကုန်သွယ်မှုများဖြင့် စည်ကားခဲ့သည်။ ဤနယ်မြေသို့ ဗုဒ္ဓရဟန်းတော်များ ကြေးတူးဖော်ရေးအတွက် ရောက်လာခဲ့မည်မှာ သေချာသည်။
ဗုဒ္ဓဆင်းတုတော်များသည် တင်ပျဉ်ခွေထိုင်လျက် ခြေနှစ်ချောင်းကိုယှက်ထားသည်။ အောက်ခံမှာကြာပလ္လင်ဖြစ်ပြီး၊ တရားရှုမှတ်နေသည့် ပုံစံများဖြစ်သည်။ လက်ျာဘက်လက်သည် မုဒြာဖြစ်ပြီး လက်ဝါးတော်ကို ရှေ့ဘက်သို့လှည့်ထားသည်။ ဆင်းတုတော်များသည် အလွန်လေးပြီး လုံးဝပြေပြစ်ရှုမောဖွယ် အနေအထားဖြစ်သည်။ ဦးခေါင်းတော်ထိပ် ဆံတော်ခွေကို လက်ရာမြောက်စွာ ထွင်းထုထားပြီး ၂၀ စင်တီမီတာခန့်ရှိသည်။
“ဒီလို သစ်သားဆင်းတုတော်မျိုးတွေကို အိန္ဒိယနဲ့ သီရိလင်္ကာလောက်မှာပဲ တူးဖော်တွေ့တာများတယ်။ အဲဒီနိုင်ငံတွေနဲ့ ဝေးကွာတဲ့ဒေသတွေမှာ ဆင်းတုတော်ကြီးတွေကို ဖူးတွေ့ရတာတော့ ဒါပထမဦးဆုံးပဲ။ ပုံသဏ္ဍန်တွေကလည်း ခြေထောက်တွေ ထားပုံကအစ လက်ရာကွာတယ်။ ရွှံ့ဆင်းတုတော်ကြီးတွေဆိုရင်လည်း အပေါ်က ဖိအားတွေ သိပ်မရှိတော့ ပကတိအတိုင်း ပြန်ရတယ်” ဟုဆိုသည်။
တီမိုရီတူးဖော်ရရှိခဲ့သော ဆင်းတုတော်များကို ယခုအခါ ကဘူးမြို့ရှိ၊ အာဖဂန်နစ္စတန် အမျိုးသားပြတိုက်တွင် ပြသထားသည်။ စုစုပေါင်း တူးဖော်ရရှိသည့် ဆင်းတုတော်ပေါင်း ထောင်ချီပြီးရှိသည်။ ထိုရှေးဟောင်းကျောင်းတော်ရာမြေကွက်သည် ဘာဘာဝလီတောင်ခြေတွင်ရှိပြီးမြေဧက ၁၀၀၀ ခန့်ရှိသည့်အကွက်ဖြစ်သည်။ ကဘူးမြို့မှ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀ ခန့်ကွာဝေးသည့်နေရာတွင်ရှိပြီး ထိုနေရာတွင် နှစ်ပေါင်းများစွာ ဖုန်နှင့်သဲများဖုန်းလွှမ်းနေသည့် ခြောက်သွေ့သည့်ဒေသလည်း ဖြစ်သည်။အရှားပါးဆုံးသော ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကိန်းဝပ်နေသည့် နေရာတစ်နေရာဖြစ်သည့် ထိုနေရာ၏သက်တမ်းမှာ နှစ်ပေါင်း ၂၀၀၀ ခန့်ရှိပြီဖြစ်သည်။ ရှေးဟောင်းသုတေသီများ၏ စိတ်ရှည်စွာ ဘရပ်ရှ်များဖြင့် တစ်လွှာချင်း ဖော်ထုတ်ခဲ့ရသည့် ရလဒ်မှာ အတိတ်ကိုပကတိအတိုင်း ပြန်လည်တွေ့လိုက်ရသလို ခံစားမိသည်။
ဤနေရာတွင် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်တူးဖော်တွေ့လိုက်ရခြင်းမှာ ဗုဒ္ဓဘာသာသည် အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံများသာမက ယခုတူးဖော်တွေ့ရှရသည့် အာဖဂန်နစ္စတန်အရပ်တိုင် ပျံ့နှံ့ခဲ့ကြောင်း ထင်ရှားသည်။ ဘာသာရေးနှင့် ဆက်နွှယ်ပြီး စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးများဆက်စပ်စဉ်းစားလိုက်လျှင် ဗုဒ္ဓဘာသာ၏ တစ်ချိန်က လွှမ်းမိုးနိုင်စွမ်းမှာ အံ့သြဖွယ်ရာဖြစ်သည်။
“ဒီဒေသတွေမှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ ရဟန်းတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ပျောက်ကွယ်ကုန် တာ ဖိအားတစ်ခုခုကြောင့်ဖြစ်မယ်ထင်တယ်။ ဘာတွေက ဒီလောက်များ ဖိအားပေးခဲ့လိုလဲဆိုတာ နားလည်ရခက်သလို၊ သေချာစွာ လေ့လာဆန်းစစ်မှုတွေလည်း လုပ်ခဲ့တာ မတွေ့ရသေးဘူး” ဟု ဖိလစ်ပီ မားကွစ်ကဆိုသည်။ သူသည် ကဘူး အခြေစိုက် DAFA ပြင်သစ်ရှေးဟောင်းသုတေသနဌာန၏ အကြီးအကဲတစ်ဦးဖြစ်သည်။
ဤနေရာတွင် ဗုဒ္ဓဘာသာထွန်းကားခဲ့သည်ဆိုလျှင် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးကိစ္စများကိုလည်း ဆက်စပ်စဉ်းစားရမည် ဖြစ်သည်။
ယခုဗုဒ္ဓကျောင်းတော်နှင့် ဆင်းတုတော်များတွေ့ရှိသည့်နေရာကို Mes Aynak ဟုခေါ်ပြီး ၁၉၆၃ ခုနှစ်လောက်ကတည်းက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အာဖဂန်နစ္စတန်တွင် ဗုဒ္ဓနှင့်ပတ်သက်သည့် သမိုင်းများရှိခဲ့ကြောင်းကို ၁၉၇၀ ပြည့်နှစ်လောက်မှ စတင်လေ့လာခဲ့ကြခြင်းဖြစ်သည်။ ဆိုဗီယက်ဘူမိဗေဒပညာရှင်များက အပျက်အစီးများကို ဖော်ထုတ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်တွင် DAFA ရှေးဟောင်းသမိုင်းပညာရှင်များက အိုးခြမ်းကွဲများကိုစတင်တွေ့ရှိရာမှ ၁၉၈၂ ခုနှစ်တွင် သမိုင်းဝင် နေရာတစ်နေရာ အဖြစ်ဖော်ထုတ်တင်ပြခဲ့ခြင်းဖြစ်သည်။
တာလီဘန်တို့ကြီးစိုးသည့် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ Mes Aynak ဒေသသည် အယ်လ်ကိုင်းဒါးတို့ စစ်ရေးလေ့ကျင့် သည့်ဒေသဖြစ်ခဲ့သည်။ အိုစမာဘင်လာဒင်သည် စက်တင်ဘာ ၁၁ တွင်အမေရိကန်တို့ကို တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်ခဲ့သည့်နေရာဟူ၍လည်းထင်ရှားသည်။
ဤဒေသသည် ကမ္ဘာ့ကြေးနီအများဆုံးထွက်သည့်ဒေသအတွင်း၌ ပါဝင်ပြီး အဆင့်မြင့်ကြေးနီ ၅ ဒသမ ၅ သန်းခန့်ထွက်ရှိရာ ဒေသလည်းဖြစ်သည်။
“ဒီနေရာကို ရဟန်းတွေက ကြေးနီတွေအတွက် လာကြတာ။ ကြေးနဲ့ ပစ္စည်းတွေထုတ်တယ်။ နှစ်ရာနဲ့ချီပြီး ပိုးလမ်းမကြီး အတိုင်းကြေးထွက်ကုန်တွေကို အရှေ့အလယ်ပိုင်းနဲ့ အိန္ဒိယဆီ ကုန်သွယ်ခဲ့ကြတယ်။ အဲဒီအချိန်လောက်ကတည်းက Mes Aynak ဒေသဟာ အရေးပါခဲ့တယ်ဆိုတာ ထင်ရှားတယ်” ဟု ဗြိတိန်ရှေးဟောင်းအမွေအနှစ်အကြံပေး အင်ဒီ မေးလ်လားက ဆိုသည်။
Mes Aynak တွင်တွေ့ရှိရသည့် ဗုဒ္ဓရုပ်ပွားတော်များအပေါ်မှာ ပန်းချီဆေးများကိုကြည့်ပြီးဗုဒ္ဓဘာသာသည် အာဖဂန်နစ္စတန် တွင် ဘီစီပထမရာစုမှ ၁၀/၁၁ ရာစုခန့်အထိ နှစ်ပေါင်းထောင်ချီပြီး လွှမ်းမိုးနိုင်ခဲ့ကြောင်း ခန့်မှန်းခဲ့သည်။ လူတို့နောက်ဆုံး နေထိုင်စွန့်ခွာသွားခဲ့သည့်ကာလမှာ ၁၃ ရာစုခန့်တွင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့ ဝတ်ပြုဆုတောင်းသည့်နေရာသည် ဤမျှ အပျက်အစီးများကြားတွင် နှစ်ပေါင်းများစွာ ကွယ်ပျောက်ခဲ့ရခြင်းမှာလည်းဘာသာရေးနှင့် ဆက်စပ်စဉ်းစားစရာများစွာရှိပါသည်။ ဘာသာတစ်ခုက ဘာသာတစ်ခုအပေါ် လွှမ်းမိုးချုပ်ကိုင်သောကြောင့်ဟုလည်း တွေးဆနိုင်သည်။
ဗုဒ္ဓဘာသာကွယ်ပျောက်သွားပြီးနောက် ဤနေရာဒေသသည် နှစ်ပေါင်းများစွာ ဆင်းရဲမွဲတေသည့်ဒေသဖြစ်ခဲ့ရခြင်းကိုလည်း ပြန်လည်စဉ်းစားသုံးသပ်သင့်ပါသည်။ သဘာဝသယံဇာတများ ပေါကြွယ်ဝပြီး၊ ဘုန်းမီးနေလတောက်ကာ စည်ပင်ဝပြောခဲ့ သည့် ဒေသကြီးတစ်ခုပျောက်ကွယ်သွားခဲ့ခြင်းသည်ကား သံဝေဂပွားစရာပင်။
မိမိကိုယ်ကို နှိမ့်ချခြင်း
$
0
0
 Photo: မိမိကိုယ်ကို နှိမ့်ချခြင်း  မိမိကိုယ်ကို နှိမ့်ချခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ တနည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။ အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြပါသည်။  တရံရောအခါ ဘောဂပြည်ဝယ် ဉာဏရာဇာမင်းကြီး မင်းပြုသည်။ ထိုမင်းသည် ဉာဏ်ပညာနှင့် ပြည့်စုံသည်။ ပညာရှိ မှူးမတ်များလည်း ပေါများသည်။ မင်းကြီးတွင် ဗလနှင့် သောမ အမည်ရှိသော သားတော်နှစ်ပါး ရှိသည်။ သားတော်ကြီး ဗလသည် စိတ်ထားမကောင်း၊ မာန်မာနကြီး၏။  သားတော်ငယ် သောမကား ထိုသို့မဟုတ်။ စိတ်ထားကောင်း၏။ မာန်မာန လုံးဝမရှိ။ နိဝါတတရားကို လက်ကိုင်ထားလျက် နှိမ့်ချစွာဖြင့် မှူးမတ်ပြည်သူတို့ကို ဆက်ဆံ၏။ တနေ့သောအခါ ဗလသည် သားနားစွာ ၀တ်ဆင်၍ မြင်းစီးလျက် မင်းပွဲသဘင်သို့ တက်ရောက်ရန် ထွက်လာသည်။ လမ်း၌ သူ့ရှေ့မှ သွားနေသော ဆင်းရဲသား အဘိုးအိုတဦးကို မြင်တွေ့သည်။ အဘိုးအိုသည် ခရီးသည်တဦး ဖြစ်သည်။ လွယ်အိတ်ကိုလွယ်လျက် အဝေးမြို့ရွာသို့ သွားနေသည်။ ဗလ မြင်းစီးလာသည်ကို မသိရှာ။ ထို့ကြောင့် လမ်းဖယ်မပေးမိ။ ထိုအခါ ဗလက ဆဲရေးပြီးလျှင် မြင်းနှင့်တိုက်သွားသည်။ အဘိုးအိုခမျာ လမ်းဘေးသို့ လဲကျသွားရှာလေသည်။  သောမသည် နောင်တော်ဗလနောက်မှ မြင်းစီးလျက် လိုက်လာရာ ဖြစ်ပုံအလုံးစုံကို မြင်လိုက်သည်။ သူသည် ချက်ချင်းပင် မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ အဘိုးအိုကို ယုယစွာ ထူမပေးသည်။ မေးမြန်းကြည့်ရာ အဘိုးအို ခြေထောက်အနည်းငယ် နာသွားသည်ကို သိရသည်။ သို့ဖြင့် သူ၏ မြင်းကိုစီးရန် ပြောဆိုသည်။ မြင်းကို အဘိုးအိုအား အပိုင်ပေးအပ်သည်။ ထိုအခါ အဘိုးအိုသည် ကျေးဇူးတင်လှသဖြင့် လွယ်အိတ်ထဲမှ ပါလာသော ပေစာထုပ်ကို သောမအား ပေးအပ်သည်။  အရှင့်သား၊ ကျေးဇူးကြီးလှပါသည်။ ကျေးဇူးဆပ်သော အနေဖြင့် အဘိုးက ဤပေစာထုပ်ကို လက်ဆောင်ပေးပါသည်။ ဤပေစာမှာ-သုတကျမ်းရတနာ-ဖြစ်သည်။ အရှင့်သား အစဆုံးဖတ်၍ လေ့လာပါ။ ဉာဏ်ပညာ၊ ဗဟုသုတ အထူးတိုးပွားလာပါလိမ့်မည်-ဟူ၍ ဆို၏။ သောမသည် ၀မ်းမြေက်ဝမ်းသာပင် ပေစာထုပ်ကို လက်ခံယူသည်။ အဘိုးလည်း မြင်းစီး၍ ထွက်ခွာသွားသည်။ သောမသည် နှိမ့်ချစွာပင် ခြေကျင်လျှောက်၍ မင်းပွဲသဘင်သို့ ဆက်လက်ထွက်ခွာလာသည်။  ဤသို့ဖြစ်ပျက်ပြီး ၆-လခန့်ကြာသော် အိမ်နီးချင်း တိုင်းပြည်တပြည်မှ သံအဖွဲ့တဖွဲ့သည် ဘောဂပြည်သို့ ရောက်လာသည်။ သူတို့သည် မင်းကြီးကို ဖူးတွေ့လျက်-အရှင်မင်းမြတ်သည် ဉာဏ်ပညာကြီးမား၍ အရှင်မင်းမြတ်ထံတွင် ပညာရှိမှူးမတ် ပေါများသည်ဟူ၍ ကြားသိရပါသည်။ ထို့ကြောင့် ကျွန်တော်မျိုးတို့၏ ဘုရင်မင်းမြတ်နှင့် ပညာရှိမှူးမတ်များ တိုင်ပင်ကာ အရှင်တို့ကို ဉာဏ်ရည်စမ်းသောအနေဖြင့် မေးခွန်းသုံးသွယ်မေးရန် လာရောက်ခြင်းဖြစ်ပါသည်။ ဖြေကြားတော်မူပါ-ဟူ၍ လျှောက်ထားသည်။ ရွှေပေပေါ်တွင် ရေးထိုးထားသော မေးခွန်းသုံးသွယ်ကို ဆက်သသည်။  ယင်းတို့မှာ- (၁) အရိုးသာ အတောင်အမြီးဖြစ်သော ငှက်သည် အဘယ်ငှက်နည်း။ (၂) အသားသာ အတောင်အမြီးဖြစ်သော ငှက်သည် အဘယ်ငှက်နည်း။ (၃) အမွေးသာ အတောင်အမြီးဖြစ်သော ငှက်သည် အဘယ်ငှက်နည်း။  ဤမေးခွန်းသုံးသွယ်ကို မင်းကြီးနှင့်တကွ ပညာရှိအမတ်များသည် ဖြေဆိုနိုင်ရန် အမျိုးမျိုးကြံဆကြသည်။ အဖြေမပေါ်။ သို့ဖြင့် ၃-ရက်မြောက်သောနေ့တွင် ဖြေဆိုမည်ဟူ၍ ချိန်းလိုက်သည်။ မင်းကြီးနှင့် မှူးမတ်တို့လည်း အခက်တွေ့ကြပြီ။ မေးခွန်းသုံးသွယ်ကို ဖြေလည်းမဖြေနိုင်။  သည်တွင် သားတော်ကြီး ဗလ-က ခက်ခဲသောမေးခွန်းကို လာမေးရပါမည်လော-ဟုဆိုကာ သံအဖွဲ့ဝင်များကို သွားရောက်ဖမ်းဆီး၍ သတ်မည်ပြုသည်။ မင်းကြီးက အမျိုးမျိုး တားဆီးသည်။ နောက်ဆုံး တားမရသဖြင့် ဗလကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရလေသည်။  ထိုစဉ် သားတော်ငယ် သောမသည် ခမည်းတော်ထံ ချဉ်းကပ်လျက် မေးခွန်းသုံးသွယ်ကို မိမိဖြေဆိုနိုင်ကြောင်း၊ သူဆင်းရဲအဘိုးအို ပေးသော သုတကျမ်းရတနာကို မိမိလေ့လာထားသဖြင့် ဤမေးခွန်းသုံးသွယ်ကို ကောင်းစွာ ဖြေဆိုနိုင်ကြောင်း တင်လျှောက်သည်။  သို့ဖြင့် ချိန်းဆိုသောနေ့သို့ ရောက်လာသည်။ ညီလာခံခန်းမဆောင်တွင် အမေးပုစ္ဆာဖြေဆိုပွဲကို ကျင်းပသည်။ မှူးမတ်ဗိုလ်ပါ စုံညီတက်ရောက်ကြသည်။ သံအဖွဲ့ဝင်အားလုံးလည်း တက်ရောက်သည်။ သားတော် သောမသည် ပရိသတ်ဗိုလ်ပုံအလယ်တွင် ရဲရင့်စွာ ထိုင်လျက် မေးခွန်းသုံးသွယ်ကို အောက်ပါအတိုင်း ရှင်းလင်းပြတ်သားစွာ ဖြေဆိုသည်။ (၁) အရိုးသာ အတောင်အမြီးဖြစ်သော ငှက်မှာ-ပိတုန်း ဖြစ်ပါသည်။ (၂) အသားသာ အတောင်အမြီးဖြစ်သော ငှက်မှာ-ရှူးပျံ ဖြစ်ပါသည်။ (၃) အမွေးသာ အတောင်အမြီးဖြစ်သော ငှက်မှာ-ဥဒေါင်း ဖြစ်ပါသည်။  ဤသို့ဖြေဆိုလိုက်သောအခါ သံအဖွဲ့ဝင်များက ဟုတ်ပါပေသည်-ဟု ဆိုကာ သောမကို ချီးကျူးကြသည်။ ဆုလာဘ်များ ပေးအပ်ကြသည်။ မင်းကြီးနှင့် တကွ မှူးမတ်ပြည်သူအားလုံးလည်း ၀မ်းမြောက်ဂုဏ်ယူမဆုံး ရှိကြသည်။ ထိုနေ့မှာပင် မင်းကြီးသည် မှူးမတ်များနှင့် တိုင်ပင်ကာ သားတော်ငယ် သောမကို အိမ်ရှေ့အရာ နှင်းအပ်ချီးမြှင့်လိုက်လေသည်။ ကျမ်းကိုး။ ။ (၁) မင်္ဂလာသာရ ဒီပနီကျမ်း။ (၂) မြန်မာဂုဏ်ရည် (ဦးဖိုးကျား)  မင်းယုဝေ ( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇွန်လ)
M Sai Mon Thar's photo.
မိမိကိုယ်ကို နှိမ့်ချခြင်း
မိမိကိုယ်ကို နှိမ့်ချခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။
တနည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။ အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြပါသည်။
တရံရောအခါ ဘောဂပြည်ဝယ် ဉာဏရာဇာမင်းကြီး မင်းပြုသည်။ ထိုမင်းသည် ဉာဏ်ပညာနှင့် ပြည့်စုံသည်။ ပညာရှိ မှူးမတ်များလည်း ပေါများသည်။
မင်းကြီးတွင် ဗလနှင့် သောမ အမည်ရှိသော သားတော်နှစ်ပါး ရှိသည်။ သားတော်ကြီး ဗလသည် စိတ်ထားမကောင်း၊ မာန်မာနကြီး၏။
သားတော်ငယ် သောမကား ထိုသို့မဟုတ်။ စိတ်ထားကောင်း၏။ မာန်မာန လုံးဝမရှိ။ နိဝါတတရားကို လက်ကိုင်ထားလျက် နှိမ့်ချစွာဖြင့် မှူးမတ်ပြည်သူတို့ကို ဆက်ဆံ၏။
တနေ့သောအခါ ဗလသည် သားနားစွာ ၀တ်ဆင်၍ မြင်းစီးလျက် မင်းပွဲသဘင်သို့ တက်ရောက်ရန် ထွက်လာသည်။ လမ်း၌ သူ့ရှေ့မှ သွားနေသော ဆင်းရဲသား အဘိုးအိုတဦးကို မြင်တွေ့သည်။ အဘိုးအိုသည် ခရီးသည်တဦး ဖြစ်သည်။ လွယ်အိတ်ကိုလွယ်လျက် အဝေးမြို့ရွာသို့ သွားနေသည်။ ဗလ မြင်းစီးလာသည်ကို မသိရှာ။ ထို့ကြောင့် လမ်းဖယ်မပေးမိ။ ထိုအခါ ဗလက ဆဲရေးပြီးလျှင် မြင်းနှင့်တိုက်သွားသည်။ အဘိုးအိုခမျာ လမ်းဘေးသို့ လဲကျသွားရှာလေသည်။
သောမသည် နောင်တော်ဗလနောက်မှ မြင်းစီးလျက် လိုက်လာရာ ဖြစ်ပုံအလုံးစုံကို မြင်လိုက်သည်။ သူသည် ချက်ချင်းပင် မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ အဘိုးအိုကို ယုယစွာ ထူမပေးသည်။ မေးမြန်းကြည့်ရာ အဘိုးအို ခြေထောက်အနည်းငယ် နာသွားသည်ကို သိရသည်။
သို့ဖြင့် သူ၏ မြင်းကိုစီးရန် ပြောဆိုသည်။ မြင်းကို အဘိုးအိုအား အပိုင်ပေးအပ်သည်။ ထိုအခါ အဘိုးအိုသည် ကျေးဇူးတင်လှသဖြင့် လွယ်အိတ်ထဲမှ ပါလာသော ပေစာထုပ်ကို သောမအား ပေးအပ်သည်။
အရှင့်သား၊ ကျေးဇူးကြီးလှပါသည်။ ကျေးဇူးဆပ်သော အနေဖြင့် အဘိုးက ဤပေစာထုပ်ကို လက်ဆောင်ပေးပါသည်။ ဤပေစာမှာ-သုတကျမ်းရတနာ-ဖြစ်သည်။ အရှင့်သား အစဆုံးဖတ်၍ လေ့လာပါ။ ဉာဏ်ပညာ၊ ဗဟုသုတ အထူးတိုးပွားလာပါလိမ့်မည်-ဟူ၍ ဆို၏။
သောမသည် ၀မ်းမြေက်ဝမ်းသာပင် ပေစာထုပ်ကို လက်ခံယူသည်။ အဘိုးလည်း မြင်းစီး၍ ထွက်ခွာသွားသည်။ သောမသည် နှိမ့်ချစွာပင် ခြေကျင်လျှောက်၍ မင်းပွဲသဘင်သို့ ဆက်လက်ထွက်ခွာလာသည်။
ဤသို့ဖြစ်ပျက်ပြီး ၆-လခန့်ကြာသော် အိမ်နီးချင်း တိုင်းပြည်တပြည်မှ သံအဖွဲ့တဖွဲ့သည် ဘောဂပြည်သို့ ရောက်လာသည်။ သူတို့သည် မင်းကြီးကို ဖူးတွေ့လျက်-အရှင်မင်းမြတ်သည် ဉာဏ်ပညာကြီးမား၍ အရှင်မင်းမြတ်ထံတွင် ပညာရှိမှူးမတ် ပေါများသည်ဟူ၍ ကြားသိရပါသည်။ ထို့ကြောင့် ကျွန်တော်မျိုးတို့၏ ဘုရင်မင်းမြတ်နှင့် ပညာရှိမှူးမတ်များ တိုင်ပင်ကာ အရှင်တို့ကို ဉာဏ်ရည်စမ်းသောအနေဖြင့် မေးခွန်းသုံးသွယ်မေးရန် လာရောက်ခြင်းဖြစ်ပါသည်။ ဖြေကြားတော်မူပါ-ဟူ၍ လျှောက်ထားသည်။ ရွှေပေပေါ်တွင် ရေးထိုးထားသော မေးခွန်းသုံးသွယ်ကို ဆက်သသည်။
ယင်းတို့မှာ-
(၁) အရိုးသာ အတောင်အမြီးဖြစ်သော ငှက်သည် အဘယ်ငှက်နည်း။
(၂) အသားသာ အတောင်အမြီးဖြစ်သော ငှက်သည် အဘယ်ငှက်နည်း။
(၃) အမွေးသာ အတောင်အမြီးဖြစ်သော ငှက်သည် အဘယ်ငှက်နည်း။
ဤမေးခွန်းသုံးသွယ်ကို မင်းကြီးနှင့်တကွ ပညာရှိအမတ်များသည် ဖြေဆိုနိုင်ရန် အမျိုးမျိုးကြံဆကြသည်။ အဖြေမပေါ်။ သို့ဖြင့် ၃-ရက်မြောက်သောနေ့တွင် ဖြေဆိုမည်ဟူ၍ ချိန်းလိုက်သည်။
မင်းကြီးနှင့် မှူးမတ်တို့လည်း အခက်တွေ့ကြပြီ။ မေးခွန်းသုံးသွယ်ကို ဖြေလည်းမဖြေနိုင်။
သည်တွင် သားတော်ကြီး ဗလ-က ခက်ခဲသောမေးခွန်းကို လာမေးရပါမည်လော-ဟုဆိုကာ သံအဖွဲ့ဝင်များကို သွားရောက်ဖမ်းဆီး၍ သတ်မည်ပြုသည်။ မင်းကြီးက အမျိုးမျိုး တားဆီးသည်။ နောက်ဆုံး တားမရသဖြင့် ဗလကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရလေသည်။
ထိုစဉ် သားတော်ငယ် သောမသည် ခမည်းတော်ထံ ချဉ်းကပ်လျက် မေးခွန်းသုံးသွယ်ကို မိမိဖြေဆိုနိုင်ကြောင်း၊ သူဆင်းရဲအဘိုးအို ပေးသော သုတကျမ်းရတနာကို မိမိလေ့လာထားသဖြင့် ဤမေးခွန်းသုံးသွယ်ကို ကောင်းစွာ ဖြေဆိုနိုင်ကြောင်း တင်လျှောက်သည်။
သို့ဖြင့် ချိန်းဆိုသောနေ့သို့ ရောက်လာသည်။ ညီလာခံခန်းမဆောင်တွင် အမေးပုစ္ဆာဖြေဆိုပွဲကို ကျင်းပသည်။ မှူးမတ်ဗိုလ်ပါ စုံညီတက်ရောက်ကြသည်။ သံအဖွဲ့ဝင်အားလုံးလည်း တက်ရောက်သည်။
သားတော် သောမသည် ပရိသတ်ဗိုလ်ပုံအလယ်တွင် ရဲရင့်စွာ ထိုင်လျက် မေးခွန်းသုံးသွယ်ကို အောက်ပါအတိုင်း ရှင်းလင်းပြတ်သားစွာ ဖြေဆိုသည်။
(၁) အရိုးသာ အတောင်အမြီးဖြစ်သော ငှက်မှာ-ပိတုန်း ဖြစ်ပါသည်။
(၂) အသားသာ အတောင်အမြီးဖြစ်သော ငှက်မှာ-ရှူးပျံ ဖြစ်ပါသည်။
(၃) အမွေးသာ အတောင်အမြီးဖြစ်သော ငှက်မှာ-ဥဒေါင်း ဖြစ်ပါသည်။
ဤသို့ဖြေဆိုလိုက်သောအခါ သံအဖွဲ့ဝင်များက ဟုတ်ပါပေသည်-ဟု ဆိုကာ သောမကို ချီးကျူးကြသည်။ ဆုလာဘ်များ ပေးအပ်ကြသည်။ မင်းကြီးနှင့် တကွ မှူးမတ်ပြည်သူအားလုံးလည်း ၀မ်းမြောက်ဂုဏ်ယူမဆုံး ရှိကြသည်။ ထိုနေ့မှာပင် မင်းကြီးသည် မှူးမတ်များနှင့် တိုင်ပင်ကာ သားတော်ငယ် သောမကို အိမ်ရှေ့အရာ နှင်းအပ်ချီးမြှင့်လိုက်လေသည်။
ကျမ်းကိုး။ ။
(၁) မင်္ဂလာသာရ ဒီပနီကျမ်း။
(၂) မြန်မာဂုဏ်ရည် (ဦးဖိုးကျား)
မင်းယုဝေ
( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇွန်လ)
လူဟာ လူဆိုတာ သိသလား
$
0
0
 လူဟာ လူဆိုတာ သိသလား -------------------  ““ လူဟာ…လူရဲ့ မူလအစကိုသိတယ်။  လူဟာ…ပင်လယ်ထဲမှာ ပုလဲနက်ရှိတာသိတယ်။  လူဟာ…လမျက်နှာမှာ ကျောက်ခဲနဲ့ သဲရှိကြောင်းသိတယ်။  လူဟာ…ဒြပ်စင်၊ အရွေ့၊ စွမ်းအင်အကြောင်းသိတယ်။  လူဟာ…ကျင့်စဉ်များနြ့ တစ်ကိုယ်စာလွတ်မြောက်ရာလမ်းကျဉ်းကို သိတယ်။  လူဟာ..လူ့အကြောင်းကို သိတယ်။  ဒါပေမယ့်..လူဟာ…လူ့အကြောင်းကို တကယ်မသိဘူး။  တစ်ခါတရံ… လူဟာ..နှိဗ္ဗာန်လမ်းသွားရင် ငရဲခန်းကိုကပြကြတယ်။  တစ်ခါတရံ… လူဟာ ကြင်နာစိတ်ထားသလိုနဲ့ သားသတ်လက်နက်ကို တမြိမြိတက်နေအောင် သွေးပြီးပြင်ဆင်ကြတယ်။  တစ်ခါတရံ…လူဟာ ပရအကြောင်းပြောရင်း အတ္တအခဲကြီးကို အငမ်းမရမြိုမြိုချတယ်။  တစ်ခါတရံ…လူဟာ.ရွာတုန်းမိုးရေကို အပြည့်အလျှံခံယူထားဖို့ကြိုးစားရင်း မြေအောက်မှာ မြစ်တစ်စင်းရှိကြောင်း မေ့လျှော့နေကြတယ်။  တစ်ခါတရံ…လူဟာ သံဆူးကြိုးနဲ့ ဆူးနှင်းဆီရိုးကို အတူတူပဲလို့ ထင်ကြပြန်တယ် ””   အထက်ပါကဗျာက ငြိမ်းအေးအိမ်ဆိုတဲ့ ကဗျာဆရာရေးထားတဲ့ “ဆွတ်ဆွတ်မှောင်တဲ့ဝါကျ” ဆိုတဲ့ ကဗျာထဲကစာသားအချို့ပါ။  ဒါလေးဖတ်မိရင်း လူတွေရဲ့စိတ်ကို စဉ်းစားမိတယ်။  လူတွေရဲ့စိတ်ဆိုတော့ ကိုယ့်စိတ်ကိုကစတော့ပေါ့။   ဟုတ်တယ် တစ်ခါတစ်ခါ စိတ်မပါဘဲ သကာအပြုံးတွေ ပြုံးနေတတ်တယ်။  တစ်ခါတစ်ခါ ဆုပ်ထားတဲ့လက်တွေနဲ့ လက်ဆွဲနှုတ်ဆက်နေတတ်ပြန်သေးတယ်။  လိုတမျိုးမလိုတမျိုး စိတ်က ဖြစ်ဖြစ်လာပြန်တယ်။ ပြီးတော့ အများဆိုတာကို ခေါင်းစဉ်တတ်ပြီး ငါဆိုတာအတွက် အသုံးချတတ်ပြန်သေးတယ်။  လူဟာ တိရိစ္ဆာန်ထက်မြင့်မားတယ်။ အသိဥာဏ်၊ တွေးခေါ်မှု၊ ခံစားမှု၊ အားလုံးပါပဲ။  လူဆိုတာ ကောင်းခြင်း ဆိုးခြင်းကိုသိရမယ်။ အများအကျိုး မိမိအကျိုးသိရမယ်။ စဉ်းစားဆင်ခြင်တတ်ရမယ်။  ဒါပေမယ့် လူက လူ့စိတ်ကို ကောင်းကောင်းမသိသေးဘူး။  လူ့စိတ်မသိတဲ့လူဟာ လူကို လူလို့ရောသိသလား။ ငါ လူဆိုတာရော သိသလား…  သြော် လူ …လူ…..လူ.။  ၁၉-၆-၂၀၁၃။
လူဟာ လူဆိုတာ သိသလား
-------------------
““ လူဟာ…လူရဲ့ မူလအစကိုသိတယ်။
လူဟာ…ပင်လယ်ထဲမှာ ပုလဲနက်ရှိတာသိတယ်။
လူဟာ…လမျက်နှာမှာ ကျောက်ခဲနဲ့ သဲရှိကြောင်းသိတယ်။
လူဟာ…ဒြပ်စင်၊ အရွေ့၊ စွမ်းအင်အကြောင်းသိတယ်။
လူဟာ…ကျင့်စဉ်များနြ့ တစ်ကိုယ်စာလွတ်မြောက်ရာလမ်းကျဉ်းကို သိတယ်။
လူဟာ..လူ့အကြောင်းကို သိတယ်။
ဒါပေမယ့်..လူဟာ…လူ့အကြောင်းကို တကယ်မသိဘူး။
တစ်ခါတရံ… လူဟာ..နှိဗ္ဗာန်လမ်းသွားရင် ငရဲခန်းကိုကပြကြတယ်။
တစ်ခါတရံ… လူဟာ ကြင်နာစိတ်ထားသလိုနဲ့ သားသတ်လက်နက်ကို တမြိမြိတက်နေအောင် သွေးပြီးပြင်ဆင်ကြတယ်။
တစ်ခါတရံ…လူဟာ ပရအကြောင်းပြောရင်း အတ္တအခဲကြီးကို အငမ်းမရမြိုမြိုချတယ်။
တစ်ခါတရံ…လူဟာ.ရွာတုန်းမိုးရေကို အပြည့်အလျှံခံယူထားဖို့ကြိုးစားရင်း မြေအောက်မှာ မြစ်တစ်စင်းရှိကြောင်း မေ့လျှော့နေကြတယ်။
တစ်ခါတရံ…လူဟာ သံဆူးကြိုးနဲ့ ဆူးနှင်းဆီရိုးကို အတူတူပဲလို့ ထင်ကြပြန်တယ် ””
အထက်ပါကဗျာက ငြိမ်းအေးအိမ်ဆိုတဲ့ ကဗျာဆရာရေးထားတဲ့ “ဆွတ်ဆွတ်မှောင်တဲ့ဝါကျ” ဆိုတဲ့ ကဗျာထဲကစာသားအချို့ပါ။
ဒါလေးဖတ်မိရင်း လူတွေရဲ့စိတ်ကို စဉ်းစားမိတယ်။ လူတွေရဲ့စိတ်ဆိုတော့ ကိုယ့်စိတ်ကိုကစတော့ပေါ့။
ဟုတ်တယ် တစ်ခါတစ်ခါ စိတ်မပါဘဲ သကာအပြုံးတွေ ပြုံးနေတတ်တယ်။
တစ်ခါတစ်ခါ ဆုပ်ထားတဲ့လက်တွေနဲ့ လက်ဆွဲနှုတ်ဆက်နေတတ်ပြန်သေးတယ်။
လိုတမျိုးမလိုတမျိုး စိတ်က ဖြစ်ဖြစ်လာပြန်တယ်။ ပြီးတော့ အများဆိုတာကို ခေါင်းစဉ်တတ်ပြီး ငါဆိုတာအတွက် အသုံးချတတ်ပြန်သေးတယ်။
လူဟာ တိရိစ္ဆာန်ထက်မြင့်မားတယ်။ အသိဥာဏ်၊ တွေးခေါ်မှု၊ ခံစားမှု၊ အားလုံးပါပဲ။
လူဆိုတာ ကောင်းခြင်း ဆိုးခြင်းကိုသိရမယ်။ အများအကျိုး မိမိအကျိုးသိရမယ်။ စဉ်းစားဆင်ခြင်တတ်ရမယ်။
ဒါပေမယ့် လူက လူ့စိတ်ကို ကောင်းကောင်းမသိသေးဘူး။ လူ့စိတ်မသိတဲ့လူဟာ
လူကို လူလို့ရောသိသလား။ ငါ လူဆိုတာရော သိသလား…
သြော် လူ …လူ…..လူ.။
မောင်ပိုင်
၁၉-၆-၂၀၁၃။
— with William Tuntunko and 3 others.
ရဟန်းအလုပ် ရဟန်းလုပ်စေဖို့.
$
0
0
Voice of James Mint's photo.
ရဟန်းအလုပ် ရဟန်းလုပ်စေဖို့....  သံဃာတော်များက ဦးစီးဦးဆောင် ပြုလုပ်၍ တင်ပြလာသော မျိုးစောင့်ဥပဒေ (မူကြမ်း) ဟော အခု ကိုးကွယ်ရာဘာသာနှင့် ပါတ်သက်သော ဥပဒေ (မူကြမ်း) တွေ့လာရသောအခါ စဉ်းစားစရာ ဖြစ်လာပါတယ်..... နဂိုကတည်းက ဗုဒ္ဓဘာသာကို ဖိုးပြောချင်လို ဖဲ့ဖို့ ကြိုးစားနေတဲ့ သူတွေအတွက်တော့ ဂွင်ကောင်းကောင်း ရလိုက်သလို ကလော်တုတ်တော့တာပါပဲ....... ဘာကြောင့် သံဃာတော်တွေ ဒီလို ဥပဒေမူကြမ်းတွေ ထုတ်ဖို့ ပြင်လာသလဲ မစဉ်းစားကြပါဘူး.... တနည်းအားဖြင့် ပြဿနာရင်းမြစ်ကို မစဉ်းစားကြပါဘူး.......  အဆိုပါ ဥပဒေမူကြမ်းတွေကို ဖတ်ကြည့်ပီး မိမိအနေနဲ့ ရရှိလာတဲ့ ခံစားချက်ကတော့ ဒီမူကြမ်းတွေထုတ်ဖို့ ဖြစ်လာတဲ့ သံဃာတော်တွေရဲ့ စိုးရိမ်မှုတွေကို မြင်တွေ့လာတာပါပဲ...... သံဃာတော်တွေဟာ ဘာကြောင့် လူတွေရဲ့ ကိစ္စအပေါ် လိုက်လံ စိုးရိမ်ပူပန်နေသလဲ မေးစရာရှိပါတယ်...... လူတွေဟာ သူတို့ရဲ့ ဒကာ၊ ဒကာမတွေ ဖြစ်နေလို့ပါပဲ...... သံဃာအတွက် ကျောင်း၊ ဆေး၊ ကွမ်း၊ ဆွမ်း ဤလေးပါးဟား ဒကာ၊ ဒကာမတွေနဲ့ မှီခိုနေတဲ့အတွက် ဒကာ၊ ဒကာမတွေရဲ့ ဆင်းရဲချမ်းသာ ကိစ္စ အဝဝဟာ သံဃာတွေအနေနဲ့ ရှောင်လွဲလို့မရပဲ ပါတ်သက်နေရပါတယ်...... သံဃာတိုင်းဟာ သောတပန်အဆင့် အနိမ့်ဆုံး ဖြစ်နေတာ မဟုတ်တဲ့အတွက် ဒီကိစ္စဟာ ဥပက္ခာပြု ရှောင်လွဲမရခြင်းလည်း ဖြစ်ပါတယ်......  ဒကာ၊ ဒကာမတွေရဲ့ အကြပ်အတည်းကြောင့် ရဟန်းသံဃာတို့ မနေနိုင်ဖြစ်ရပြီး ပခုက္ကူကနေ ဆန္ဒပြခဲ့ရာကနေ ရွှေဝါရောင် တော်လှန်ရေးကြီး ဖြစ်လာတာကို မေ့လို့မရပါဘူး...... လောင်စာဆီဈေးနှုန်း ရုတ်တရက် မြင့်တက်မှုကြောင့် ကြပ်တည်းမှု ဖြစ်ပေါ်လာခဲ့ရတဲ့ ဒကာ၊ ဒကာမတွေအတွက် မနေနိုင်ပဲ ဆွမ်း၊ ကွမ်း ဒကာအတွက် ရဟန်းမှာလည်း ရတက်မအေးခဲ့ရလို့ ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲကြီးလည်း ဖြစ်ပါတယ်..... ထိုအချိန်က ရဟန်း၊ သံဃာတွေကို လူကိစ္စဝင်ပါတယ်လို့ မဝေဖန်ခဲ့ကြပဲ ဆွမ်း၊ ကွမ်း ဒကာအတွက် သံဃာတော်တွေရဲ့ အနစ်နာခံမှုလို့တောင် သုံးနှုံးခဲ့ကြပါတယ်......  ယခု ဥပဒေ (မူကြမ်း) တွေဟာလည်း ဒကာ၊ ဒကာမတွေရဲ့ ဆင်းရဲကြပ်တည်းစေမှု၊ ပြဿနာများကနေ အစပြုလာလို့ ဖြစ်ပေါ်လာတယ်ဆိုလည်း မမှားပါဘူး.... အထူးသဖြင့် ဘာသာကြီးတစ်ခုနဲ့ ပါတ်သက်မိတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသား၊ အမျိုးသမီးများ ဒုက္ခရောက်ရခြင်း၊ အခက်အခဲများစွာ တွေ့ရခြင်းများကို ကယ်တင်ရန် သံဃာများရဲ့ တစ်ဖက်တစ်လမ်းမှ ကြိုးစားမှုလည်း ဖြစ်ပါတယ်.....   အဘယ့်ကြောင့်လည်းဆိုတော့ အကြောင်းကြောင်းကြောင့် ဘာသာကြီးတစ်ခုနဲ့ ပါတ်သက်ခဲ့ပီး မှားယွင်းမှန်းသိလို့ မူလ ဘာသာကို ပြန်လာချိန်မှာ (သို့) အဆိုပါ ဘာသာခြားနဲ့ ပါတ်သက်ခဲ့ပြီး မိမိ ကိုးကွယ်ရာ ဘာသာကို ဆက်လယ်ကိုးကွယ်ခွင့်မရစေရန် အမျိုးမျိုးသော ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ မတရား ပြုကျင့်ခြင်းများကြောင့်၎င်း၊ အတင်းအဓမ္မ လက်ထပ်ခြင်း၊ ဘာသာအပြောင်းခံရခြင်းများကြောင့်၎င်း ခိုကိုးရာမဲ့၍ အားကိုးရာ ကိုးကွယ်ရာ သံဃာများထံ ချဉ်းကပ်ရာမှ လူ့အပူ သံဃာ့ကို ကူးဆိုသလို ဖြစ်တာတွေ များတဲ့အတွက် မဖြစ်သင့်တာတွေ မဖြစ်ရအောင် ထိမ်းချုပ်ရန် ကြိုးစားခြင်းလည်း ဖြစ်ပါတယ်......  အဆိုပါ ဘာသာကြီးနဲ့ ပါတ်သက်လို့လည်း ၎င်းတို့ ဘာသာဝင်မှ အခြားဘာသာကို ပြောင်းလဲကိုးကွယ်ရင် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်း၊ အဆုံးစွန် ခြိမ်းခြောက်ခြင်းများ ရှိခဲ့တာ၊ ကျင့်ကြံနေတာလည်း လက်တွေ့မှာ များစွာပင် ရှိနေတဲ့အတွက်လည်း ဖြစ်ပါတယ်.... ဥပမာအားဖြင့် မိမိနေတဲ့ မြို့ရှိ အစ္စလာမ်ဘာသာဝင် မိသားစုလိုက် ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းစဉ်က အဖြစ်အပျက်ကို ပြန်ပြောင်းပြောလိုပါတယ်..... ဧရာဝတီတိုင်းမှာ တာကျိုးပြီး ရေလွှမ်းမိုးမှု ဖြစ်ခဲ့စဉ် ဆင်းရဲသည့် မွတ်စလင် မိသားစုဝင်တွေ အများစု နေအိမ်တွေ ရေထဲမြောပါပြီး နေစရာမရှိ၍ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရပါတယ်...... ဗုဒ္ဓဘာသာ မြန်မာပြည်ဖြစ်တဲ့အတွက် လူသားတွေ အခက်အခဲတွေ့တိုင်း လူမျိုးမရွေး ဘာသာမရွေး ကူညီ၊ ကယ်တင် စောင့်လျှောက်တာကတော့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများပဲ ဖြစ်ပါတယ်.......  အဆိုပါ အစ္စလာမ်ဘာသာဝင် မိသားစုဟာလည်း ဘုန်းကြီးကျောင်းမှာ မှီခိုနေထိုင်ခဲ့တဲ့ မိသားစု များစွာထဲက တစ်စုလည်း ဖြစ်ပါတယ်..... ရေကျသွားချိန် အားလုံး ကိုယ့်ရပ် ကိုယ့်ဌာနကို ပြန်နေပြီး သိပ်မကြာခင်မှာ အဆိုပါ မိသားစု တစ်စုလုံးဟာ ဗုဒ္ဓဘာသာဝင်အဖြစ်ကို ကူးပြောင်းလိုက်ပါတယ်..... ထို့အတူ ပထမဆုံး ရဟန်းခံ၊ ရှင်ပြုရန်လည်း ပြင်ဆင်ကြပါတယ်...... ထိုသတင်းဟာ မိမိတို့ ဒေသအတွင်းသာမက နေရာအများစုပါ ပြန့်နှံ့သွားပြီး အခြားသော အစ္စလာမ် ဘာသာဝင်တို့ တုန်လှုပ်သွားခဲ့ပုံ ရပါတယ်.....   ဒါကြောင့် ရဟန်းခံ၊ ရှင်ပြု မင်္ဂလာ မကျင်းပခင်စပ်ကြားမှာ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့် အစရှိတဲ့ အဆင့်ဆင့်သော၊ မျိုးစုံသော အဖွဲ့များမှ ဗလီဆရာများဟာ အဆိုပါ မိသားစုထံ သွားရောက်တွေ့ဆုံပြီး ဘာသာပြောင်းရခြင်း အကြောင်းအရင်း၊ ဆင်းရဲ၍လော၊ ငွေကြေးမပြည့်စုံ၍လောဟု မေးမြန်း၍ ကူညီထောက်ပံ့ရန် ကမ်းလှမ်းခဲ့ကြပါတယ်..... အဆင့်ဆင့်သော ဗလီဆရာများမှ လာရောက်တွေ့ဆုံ၍ ညှိနှိုင်းမရချိန်၊ အဆိုပါ မိသားစုမှ ရှင်ပြုမည့်ရက် နီးကပ်လာချိန်မှာတော့ ညှိနှိုင်းမှုမှသည် ခြိမ်းခြောက်မှုအဆင့်ကို ရောက်ရှိသွားပါတယ်...... ထို့အတွက်ကြောင့်လည်း အဆိုပါ ရှင်ပြုပွဲဟာ ရဲ အစောင့်အလျှောက်နဲ့ ကျင်းပခဲ့ရပြီး တစ်မြို့လုံးကလည်း သတိမပြတ် စောင့်ကြပ် ကြည့်ရှုခဲ့သလို၊ မြို့ခံ ဗလီဆရာတွေကလည်း ပြဿနာမဖြစ်အောင် အခြင်းခြင်း ထိမ်းသိမ်းခဲ့တဲ့အတွက် အကြီးအကျယ် ပြဿနာ မတက်ခဲ့ရပါဘူး......   သို့ဖြစ်တဲ့အတွက် မိမိတို့ ဘာသာမှလွဲ၍ အခြားဘာသာ၊ ကိုးကွယ်ရာများနှင့် ပါတ်သက်လျင် စိုးစဉ်းမျှ သည်းမခံတတ်သော၊ လက်မခံသော ဘာသာကြီးကြောင့် မိမိတို့ ဒကာ၊ ဒကာမများ စိတ်နှလုံး ဒုက္ခရောက်ရခြင်းကို စိုးရိမ်ပူပန်နေသဖြင့် တားဆီးရန် ကြိုးပန်းလာသော ရဟန်းတို့၏ လုပ်ရပ် တနည်းအားဖြင့် ဤ ဥပဒေမူကြမ်းများ ထွက်ပေးလာရခြင်းကို သိရှိနိုင်ဖို့ လိုအပ်လှပါတယ်..... သို့မှသာ ရဟန်းတော်များ အုပ်ချုပ်မှုပိုင်းတွင် ဥပဒေပြဌာန်းရန် ကြိုးစားခြင်းကို မဖြစ်စေရန် လူများမှ ကူညီပြုမူပေးရမှာ ဖြစ်ပါတယ်.... တနည်းအားဖြင့် ရဟန်းတော်တို့၏ စိုးရိမ်ပူပန်မှု လျော့နည်း၍ ကောင်းမွန်စွာ တရားအားထုတ်နိုင်စေရန် လူများမှ မိမိတာဝန် မိမိကျေပွန်နေစေဖို့ လိုအပ်ပါတယ်.......  ဒီနေရာမှာ အလျင်းသင့်လို့ ပြောလိုတာကတော့ တစ်ချိန်က ၂၀၀၇ ရွှေဝါရောင်အရေးအခင်း ဖြစ်စဉ်တွင် ရဟန်း၊ သံဃာတို့ လူ့အရေးကို ဝင်ပါသည်ဟု မမြင်ပဲ အရေးအခင်းဖြစ်ရခြင်းဖြစ်သော စစ်အစိုးရမှ လောင်စာဆီ ဈေးနှုန်းမြှင့်တင်ခြင်းကို လူအများ သတိပြုမိ မြင်မိခဲ့ကြပေသည်...... ယခုကိစ္စတွင်မူ ရဟန်းတော်များ၏ စိုးရိမ်စိတ်အား အဓိက မမြင်ကြပဲ ရဟန်းတို့ လူပုဂ္ဂိုလ်အရေးကို ဝင်ပါသည်ဟု နင်ပဲငဆ ဝိုင်းဝန်းပြစ်တင်နေကြခြင်းပင်...... ထို ၂ ခုတို့သည် ရဟန်းတော်တို့မှ လူ့အရေးတွင် ပါဝင်ခဲ့ကြသော်လည်း အဆိုပါ အဖြစ်အပျက် ၂ ခုကိုပင် လူအများ၏ ရှုမြင်သုံးသပ်မှုမှာ ခဲလုံးလာရာကိုကြည့်ခြင်းနှင့် ခဲလုံးကို ကြည့်ခြင်း နှစ်မျိုး ကွဲပြားနေတာကိုလည်း တွေ့မြင်ရပါတယ်...... အထူးသဖြင့် လက်ရှိ ရဟန်းတော်များအား လူ့အရေး ဝင်ပါသည်ဟု နင်ပဲငဆ ပြောဆိုနေသူများသည် ပြဿနာဖြစ်ရသည့် ဘာသာကြီးနှင့်ပါတ်သက်လျင် စိုးစဉ်းမျှ အထိမခံခြင်း၊ မသိဟန် ဆောင်နေခြင်းများလည်း ထူးထူးခြားခြား တွေ့မြင်နေရပါတယ်.......  မူလ အစကိုပြန်ကောက်ရသော် ရဟန်းတော်များ လူ့အရေးတွင် ဝင်မပါပဲ ဖြောင့်တန်းစွာ တရားအားထုတ်နိုင်ရန်မှာ ၎င်းတို့၏ ဒကာ၊ ဒကာမများအပေါ် စိုးရိမ်စိတ်ကို ဖြေဖျောက်နိုင်ရန် လိုအပ်ပါတယ်...... ဆွမ်း၊ ကွမ်း ဒကာ၊ ဒကာမများအပေါ် ကျေးဇူးသိတတ်သော ရဟန်းတော်တို့၏ စိုးရိမ်စိတ်ကို မဖြစ်ရန် တား၍ကား မရစကောင်း..... သို့ဖြစ်သောကြောင့် ရဟန်းတော်တို့ စိုးရိမ်စိတ် ဖြစ်ရခြင်း အကြောင်းအရင်းကို မဖြစ်ပွားစေရန် သက်ဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသည့် ပုဂ္ဂိုလ်များမှ တာဝန်ကြေပွန်ရန်လည်း လိုအပ်လှပါတယ်...... ထို့ကြောင့် ရဟန်းတော်တို့အား အကုသိုလ်ပွား ငရဲအများခံပြီး အပြစ်ပြောနေမည့်အစား ရဟန်းတို့ လူ့အရေးကို ဝင်မပါဖို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များမှ အမျိုးဘာသာ စောင့်ရှောက်ရန် ဥပဒေ ပြဌာန်းနိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ်......  Photo Copied From Internet
ရဟန်းအလုပ် ရဟန်းလုပ်စေဖို့....
သံဃာတော်များက ဦးစီးဦးဆောင် ပြုလုပ်၍ တင်ပြလာသော မျိုးစောင့်ဥပဒေ (မူကြမ်း) ဟော အခု ကိုးကွယ်ရာဘာသာနှင့် ပါတ်သက်သော ဥပဒေ (မူကြမ်း)တွေ့လာရသောအခါ စဉ်းစားစရာ ဖြစ်လာပါတယ်..... နဂိုကတည်းက ဗုဒ္ဓဘာသာကို ဖိုးပြောချင်လို ဖဲ့ဖို့ ကြိုးစားနေတဲ့ သူတွေအတွက်တော့ ဂွင်ကောင်းကောင်း ရလိုက်သလို ကလော်တုတ်တော့တာပါပဲ....... ဘာကြောင့် သံဃာတော်တွေ ဒီလို ဥပဒေမူကြမ်းတွေ ထုတ်ဖို့ ပြင်လာသလဲ မစဉ်းစားကြပါဘူး.... တနည်းအားဖြင့် ပြဿနာရင်းမြစ်ကို မစဉ်းစားကြပါဘူး.......
အဆိုပါ ဥပဒေမူကြမ်းတွေကို ဖတ်ကြည့်ပီး မိမိအနေနဲ့ ရရှိလာတဲ့ ခံစားချက်ကတော့ ဒီမူကြမ်းတွေထုတ်ဖို့ ဖြစ်လာတဲ့ သံဃာတော်တွေရဲ့ စိုးရိမ်မှုတွေကို မြင်တွေ့လာတာပါပဲ...... သံဃာတော်တွေဟာ ဘာကြောင့် လူတွေရဲ့ ကိစ္စအပေါ် လိုက်လံ စိုးရိမ်ပူပန်နေသလဲ မေးစရာရှိပါတယ်...... လူတွေဟာ သူတို့ရဲ့ ဒကာ၊ ဒကာမတွေ ဖြစ်နေလို့ပါပဲ...... သံဃာအတွက် ကျောင်း၊ ဆေး၊ ကွမ်း၊ ဆွမ်း ဤလေးပါးဟား ဒကာ၊ ဒကာမတွေနဲ့ မှီခိုနေတဲ့အတွက် ဒကာ၊ ဒကာမတွေရဲ့ ဆင်းရဲချမ်းသာ ကိစ္စ အဝဝဟာ သံဃာတွေအနေနဲ့ ရှောင်လွဲလို့မရပဲ ပါတ်သက်နေရပါတယ်...... သံဃာတိုင်းဟာ သောတပန်အဆင့် အနိမ့်ဆုံး ဖြစ်နေတာ မဟုတ်တဲ့အတွက် ဒီကိစ္စဟာ ဥပက္ခာပြု ရှောင်လွဲမရခြင်းလည်း ဖြစ်ပါတယ်......
ဒကာ၊ ဒကာမတွေရဲ့ အကြပ်အတည်းကြောင့် ရဟန်းသံဃာတို့ မနေနိုင်ဖြစ်ရပြီး ပခုက္ကူကနေ ဆန္ဒပြခဲ့ရာကနေ ရွှေဝါရောင် တော်လှန်ရေးကြီး ဖြစ်လာတာကို မေ့လို့မရပါဘူး...... လောင်စာဆီဈေးနှုန်း ရုတ်တရက် မြင့်တက်မှုကြောင့် ကြပ်တည်းမှု ဖြစ်ပေါ်လာခဲ့ရတဲ့ ဒကာ၊ ဒကာမတွေအတွက် မနေနိုင်ပဲ ဆွမ်း၊ ကွမ်း ဒကာအတွက် ရဟန်းမှာလည်း ရတက်မအေးခဲ့ရလို့ ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲကြီးလည်း ဖြစ်ပါတယ်..... ထိုအချိန်က ရဟန်း၊ သံဃာတွေကို လူကိစ္စဝင်ပါတယ်လို့ မဝေဖန်ခဲ့ကြပဲ ဆွမ်း၊ ကွမ်း ဒကာအတွက် သံဃာတော်တွေရဲ့ အနစ်နာခံမှုလို့တောင် သုံးနှုံးခဲ့ကြပါတယ်......
ယခု ဥပဒေ (မူကြမ်း) တွေဟာလည်း ဒကာ၊ ဒကာမတွေရဲ့ ဆင်းရဲကြပ်တည်းစေမှု၊ ပြဿနာများကနေ အစပြုလာလို့ ဖြစ်ပေါ်လာတယ်ဆိုလည်း မမှားပါဘူး.... အထူးသဖြင့် ဘာသာကြီးတစ်ခုနဲ့ ပါတ်သက်မိတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသား၊ အမျိုးသမီးများ ဒုက္ခရောက်ရခြင်း၊ အခက်အခဲများစွာ တွေ့ရခြင်းများကို ကယ်တင်ရန် သံဃာများရဲ့ တစ်ဖက်တစ်လမ်းမှ ကြိုးစားမှုလည်း ဖြစ်ပါတယ်.....
အဘယ့်ကြောင့်လည်းဆိုတော့ အကြောင်းကြောင်းကြောင့် ဘာသာကြီးတစ်ခုနဲ့ ပါတ်သက်ခဲ့ပီး မှားယွင်းမှန်းသိလို့ မူလ ဘာသာကို ပြန်လာချိန်မှာ (သို့) အဆိုပါ ဘာသာခြားနဲ့ ပါတ်သက်ခဲ့ပြီး မိမိ ကိုးကွယ်ရာ ဘာသာကို ဆက်လယ်ကိုးကွယ်ခွင့်မရစေရန် အမျိုးမျိုးသော ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ မတရား ပြုကျင့်ခြင်းများကြောင့်၎င်း၊ အတင်းအဓမ္မ လက်ထပ်ခြင်း၊ ဘာသာအပြောင်းခံရခြင်းများကြောင့်၎င်း ခိုကိုးရာမဲ့၍ အားကိုးရာ ကိုးကွယ်ရာ သံဃာများထံ ချဉ်းကပ်ရာမှ လူ့အပူ သံဃာ့ကို ကူးဆိုသလို ဖြစ်တာတွေ များတဲ့အတွက် မဖြစ်သင့်တာတွေ မဖြစ်ရအောင် ထိမ်းချုပ်ရန် ကြိုးစားခြင်းလည်း ဖြစ်ပါတယ်......
အဆိုပါ ဘာသာကြီးနဲ့ ပါတ်သက်လို့လည်း ၎င်းတို့ ဘာသာဝင်မှ အခြားဘာသာကို ပြောင်းလဲကိုးကွယ်ရင် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်း၊ အဆုံးစွန် ခြိမ်းခြောက်ခြင်းများ ရှိခဲ့တာ၊ ကျင့်ကြံနေတာလည်း လက်တွေ့မှာ များစွာပင် ရှိနေတဲ့အတွက်လည်း ဖြစ်ပါတယ်.... ဥပမာအားဖြင့် မိမိနေတဲ့ မြို့ရှိ အစ္စလာမ်ဘာသာဝင် မိသားစုလိုက် ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းစဉ်က အဖြစ်အပျက်ကို ပြန်ပြောင်းပြောလိုပါတယ်..... ဧရာဝတီတိုင်းမှာ တာကျိုးပြီး ရေလွှမ်းမိုးမှု ဖြစ်ခဲ့စဉ် ဆင်းရဲသည့် မွတ်စလင် မိသားစုဝင်တွေ အများစု နေအိမ်တွေ ရေထဲမြောပါပြီး နေစရာမရှိ၍ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရပါတယ်...... ဗုဒ္ဓဘာသာ မြန်မာပြည်ဖြစ်တဲ့အတွက် လူသားတွေ အခက်အခဲတွေ့တိုင်း လူမျိုးမရွေး ဘာသာမရွေး ကူညီ၊ ကယ်တင် စောင့်လျှောက်တာကတော့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများပဲ ဖြစ်ပါတယ်.......
အဆိုပါ အစ္စလာမ်ဘာသာဝင် မိသားစုဟာလည်း ဘုန်းကြီးကျောင်းမှာ မှီခိုနေထိုင်ခဲ့တဲ့ မိသားစု များစွာထဲက တစ်စုလည်း ဖြစ်ပါတယ်..... ရေကျသွားချိန် အားလုံး ကိုယ့်ရပ် ကိုယ့်ဌာနကို ပြန်နေပြီး သိပ်မကြာခင်မှာ အဆိုပါ မိသားစု တစ်စုလုံးဟာ ဗုဒ္ဓဘာသာဝင်အဖြစ်ကို ကူးပြောင်းလိုက်ပါတယ်..... ထို့အတူ ပထမဆုံး ရဟန်းခံ၊ ရှင်ပြုရန်လည်း ပြင်ဆင်ကြပါတယ်...... ထိုသတင်းဟာ မိမိတို့ ဒေသအတွင်းသာမက နေရာအများစုပါ ပြန့်နှံ့သွားပြီး အခြားသော အစ္စလာမ် ဘာသာဝင်တို့ တုန်လှုပ်သွားခဲ့ပုံ ရပါတယ်.....
ဒါကြောင့် ရဟန်းခံ၊ ရှင်ပြု မင်္ဂလာ မကျင်းပခင်စပ်ကြားမှာ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့် အစရှိတဲ့ အဆင့်ဆင့်သော၊ မျိုးစုံသော အဖွဲ့များမှ ဗလီဆရာများဟာ အဆိုပါ မိသားစုထံ သွားရောက်တွေ့ဆုံပြီး ဘာသာပြောင်းရခြင်း အကြောင်းအရင်း၊ ဆင်းရဲ၍လော၊ ငွေကြေးမပြည့်စုံ၍လောဟု မေးမြန်း၍ ကူညီထောက်ပံ့ရန် ကမ်းလှမ်းခဲ့ကြပါတယ်..... အဆင့်ဆင့်သော ဗလီဆရာများမှ လာရောက်တွေ့ဆုံ၍ ညှိနှိုင်းမရချိန်၊ အဆိုပါ မိသားစုမှ ရှင်ပြုမည့်ရက် နီးကပ်လာချိန်မှာတော့ ညှိနှိုင်းမှုမှသည် ခြိမ်းခြောက်မှုအဆင့်ကို ရောက်ရှိသွားပါတယ်...... ထို့အတွက်ကြောင့်လည်း အဆိုပါ ရှင်ပြုပွဲဟာ ရဲ အစောင့်အလျှောက်နဲ့ ကျင်းပခဲ့ရပြီး တစ်မြို့လုံးကလည်း သတိမပြတ် စောင့်ကြပ် ကြည့်ရှုခဲ့သလို၊ မြို့ခံ ဗလီဆရာတွေကလည်း ပြဿနာမဖြစ်အောင် အခြင်းခြင်း ထိမ်းသိမ်းခဲ့တဲ့အတွက် အကြီးအကျယ် ပြဿနာ မတက်ခဲ့ရပါဘူး......
သို့ဖြစ်တဲ့အတွက် မိမိတို့ ဘာသာမှလွဲ၍ အခြားဘာသာ၊ ကိုးကွယ်ရာများနှင့် ပါတ်သက်လျင် စိုးစဉ်းမျှ သည်းမခံတတ်သော၊ လက်မခံသော ဘာသာကြီးကြောင့် မိမိတို့ ဒကာ၊ ဒကာမများ စိတ်နှလုံး ဒုက္ခရောက်ရခြင်းကို စိုးရိမ်ပူပန်နေသဖြင့် တားဆီးရန် ကြိုးပန်းလာသော ရဟန်းတို့၏ လုပ်ရပ် တနည်းအားဖြင့် ဤ ဥပဒေမူကြမ်းများ ထွက်ပေးလာရခြင်းကို သိရှိနိုင်ဖို့ လိုအပ်လှပါတယ်..... သို့မှသာ ရဟန်းတော်များ အုပ်ချုပ်မှုပိုင်းတွင် ဥပဒေပြဌာန်းရန် ကြိုးစားခြင်းကို မဖြစ်စေရန် လူများမှ ကူညီပြုမူပေးရမှာ ဖြစ်ပါတယ်.... တနည်းအားဖြင့် ရဟန်းတော်တို့၏ စိုးရိမ်ပူပန်မှု လျော့နည်း၍ ကောင်းမွန်စွာ တရားအားထုတ်နိုင်စေရန် လူများမှ မိမိတာဝန် မိမိကျေပွန်နေစေဖို့ လိုအပ်ပါတယ်.......
ဒီနေရာမှာ အလျင်းသင့်လို့ ပြောလိုတာကတော့ တစ်ချိန်က ၂၀၀၇ ရွှေဝါရောင်အရေးအခင်း ဖြစ်စဉ်တွင် ရဟန်း၊ သံဃာတို့ လူ့အရေးကို ဝင်ပါသည်ဟု မမြင်ပဲ အရေးအခင်းဖြစ်ရခြင်းဖြစ်သော စစ်အစိုးရမှ လောင်စာဆီ ဈေးနှုန်းမြှင့်တင်ခြင်းကို လူအများ သတိပြုမိ မြင်မိခဲ့ကြပေသည်...... ယခုကိစ္စတွင်မူ ရဟန်းတော်များ၏ စိုးရိမ်စိတ်အား အဓိက မမြင်ကြပဲ ရဟန်းတို့ လူပုဂ္ဂိုလ်အရေးကို ဝင်ပါသည်ဟု နင်ပဲငဆ ဝိုင်းဝန်းပြစ်တင်နေကြခြင်းပင်...... ထို ၂ ခုတို့သည် ရဟန်းတော်တို့မှ လူ့အရေးတွင် ပါဝင်ခဲ့ကြသော်လည်း အဆိုပါ အဖြစ်အပျက် ၂ ခုကိုပင် လူအများ၏ ရှုမြင်သုံးသပ်မှုမှာ ခဲလုံးလာရာကိုကြည့်ခြင်းနှင့် ခဲလုံးကို ကြည့်ခြင်း နှစ်မျိုး ကွဲပြားနေတာကိုလည်း တွေ့မြင်ရပါတယ်...... အထူးသဖြင့် လက်ရှိ ရဟန်းတော်များအား လူ့အရေး ဝင်ပါသည်ဟု နင်ပဲငဆ ပြောဆိုနေသူများသည် ပြဿနာဖြစ်ရသည့် ဘာသာကြီးနှင့်ပါတ်သက်လျင် စိုးစဉ်းမျှ အထိမခံခြင်း၊ မသိဟန် ဆောင်နေခြင်းများလည်း ထူးထူးခြားခြား တွေ့မြင်နေရပါတယ်.......
မူလ အစကိုပြန်ကောက်ရသော် ရဟန်းတော်များ လူ့အရေးတွင် ဝင်မပါပဲ ဖြောင့်တန်းစွာ တရားအားထုတ်နိုင်ရန်မှာ ၎င်းတို့၏ ဒကာ၊ ဒကာမများအပေါ် စိုးရိမ်စိတ်ကို ဖြေဖျောက်နိုင်ရန် လိုအပ်ပါတယ်...... ဆွမ်း၊ ကွမ်း ဒကာ၊ ဒကာမများအပေါ် ကျေးဇူးသိတတ်သော ရဟန်းတော်တို့၏ စိုးရိမ်စိတ်ကို မဖြစ်ရန် တား၍ကား မရစကောင်း..... သို့ဖြစ်သောကြောင့် ရဟန်းတော်တို့ စိုးရိမ်စိတ် ဖြစ်ရခြင်း အကြောင်းအရင်းကို မဖြစ်ပွားစေရန် သက်ဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသည့် ပုဂ္ဂိုလ်များမှ တာဝန်ကြေပွန်ရန်လည်း လိုအပ်လှပါတယ်...... ထို့ကြောင့် ရဟန်းတော်တို့အား အကုသိုလ်ပွား ငရဲအများခံပြီး အပြစ်ပြောနေမည့်အစား ရဟန်းတို့ လူ့အရေးကို ဝင်မပါဖို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များမှ အမျိုးဘာသာ စောင့်ရှောက်ရန် ဥပဒေ ပြဌာန်းနိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ်......
Photo Copied From Internet
ကချင်ပြည်က ခံစစ်များ
$
0
0
ခံစစ် ထိုးစစ်ဆိုတာအတော်ရှုပ်တဲ့ ဟာဗျ .....
ရှင်းရအတော်ခက်တယ်....
ခံစစ်အသေနဲ့ အရှင် ဆိုပြီးရှိသေးတယ် .....
ခံစစ် အသေကတော့ ဘယ်လောက်ကောင်းကောင်း .....
တကယ်တွယ်ရင်ကျတာပဲ ........
ခံစစ်မှာပြင်ထားတဲ့ ......
မိုင်းကွင်းတွေ စည်းရိုးတွေ အတားအဆီးတွေအားလုံးဟာ .......
တိုက်ပွဲ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ ပျက်သွားတာပဲ......
ခံစစ်တစ်ခုဟာ.....
တိုက်ပွဲ ဖြစ်ချိန်ကြာလာတာနဲ့ အမျှ sitting duck ဖြစ်လာတယ် ....
တိုက်တဲ့ ရန်သူ က ညမှာတောင် .....
ဘယ်နားဘာရှိတယ် လို့  အလွတ်ရလာတယ် ......
လက်နက်ကြီးတွေလည်း ချိန်သားမိကုန်တယ် .....
ပစ်မှတ်အသေကိုး ......
အဲတော့ ခံစစ်သည် ဘယ်ခံစစ်မဆို ......
ခံစစ်အသေဆို ကျသွားတာပဲ ..........။
မကျအောင်ဆိုခံစစ်အရှင်ပြင်ရမယ်......
နယ်မြေသတင်းရယူတာတွေ ......
လှည့်ကင်း ...တိုက်ကင်း ....ကင်းပုန်း.... ထောက်ကင်း စသဖြင့် .....
နယ်မြေတွင်းအမြဲ လှုပ်ရှားနေရတယ် ......
စစ်ကူပစ်ကု ပေးရေးစီမံချက်တွေ ......
ဘေးနံတပ်နဲ့ ပေါင်းစပ်ညှိနိုင်းတာတွေ .....
လေကြောင်းပစ်ကူအတွက် .....
လက်နက်ကြီးပစ်ကူအတွက် ......
စီမံချက်ဆွဲတာတွေ လုပ်ထားရတယ် .......။
ခံစစ်မှာကိုပဲ ....
တန်ပြန်တိုက်စစ်အတွက်....
အရန်အင်အားကိုဖွဲ့ ထားရတယ်.....
ဥပမာ ရန်သူ က ....
ကိုယ့် မျက်နှာ စာမှာကျားထိုးဖို့ ပြင်နေတုန်း .....
ကိုယ်ကဦးအောင်ဆင်းတိုက် လိုက်တာမျိုး .....
ကိုယ့်စခန်းကိုချဖို့ ပြင်ဆင်နေတဲ့ သူ ကို .....
ဦးအောင်သွားချတာမျိုးကလဲ ခံစစ်စီမံချက်မှာ အကြုံးဝင်တယ်ဗျ.....
ကိုယ့်စခန်းကို စိုးမိုးနေတဲ့ တောင်ကြော မှာ .....
ရန်သူက နေရာလာယူရင် ....
ကိုယ့်ရဲ့ supporting line ကိုခြိမ်းခြောက်နေရင် စိုးမိုးနေရင် .....
အဲ ....ရန်သူကို တိုက်ရမှာပဲဗျ .....
အဲဒါထိုးစစ်လို့ ပြောမရဘူး ......
မတိုက်ရင် အဲဒီline ကိုမှီခိုနေတဲ့ တပ်စခန်းတွေကျကုန်မယ် ......။
ကချင်မှာတိုက်ပွဲတွေ ဆက်ဖြစ်ရတဲ့ .....
အကြောင်းရဲ့ ၈၀ ရာခိုင်နူန်းက ဒါကြောင့်ဗျ .....
တိုက်ပွဲအားလုံးကိုကြည့်ရင်....
လမ်းကြောင်းပေါ်မှာ သွားနေတဲ့ .....
စစ်ကြောင်းတွေကို စောင့်တွယ်တာများတယ် .....
စခန်းလာတိုက်ခံရတာတော့ ၂၀ ရာနူန်းလောက်ရှိမှာပေါ့ဗျာ.....
တပ် နေရာကကြည့်ရင် .....
ဒါကို.... ရှင်းပြစ်ဖို့ ကလွယ်လွယ်လေး ....
လိုင်ဇာကို ချလိုက် အမာခံ စခန်းတွေရှင်းပစ် .....
support line တွေ ဖြတ်ပစ် .....
ခွင်ထဲမှာတပ်တွေဆွဲသွင်း ....
ထိတွေ့မူဖြစ်ရင် ဝိုင်းပိတ် ထပ်ချပ်လိုက်ချ အသေလိုက် .....
စစ်ကြောင်း ၄ ၊ ၅ကြောင်းလောက်နဲ့ ပိတ်လိုက်ခံရတာကို.....
ရှောင်ဖို့ အတော်ခက်တယ် .....
ရန်သူ လူသစ်စုမရအောင်လုပ် .....
ဆက်ကြေးကောက်မရ ဝင်လာရင်ကို အသေလိုက်ချရင် ....
အလိုလိုကြောက်လာတာပဲဗျ .....
ဒဏ်ရာရသူတွေ ကုဖို့ အခြေစိုက်ဆေးရုံမရှိ .....
ခဲယမ်းကိုလွယ်လွယ်သယ်မရ ....KIA ခံနိုင်တစ်နှစ်ပေါ့ဗျ ....။
ဒါပေမယ့် ထိုးစစ်လုပ်မရတော့.....
ရောက်တဲ့နေရာက စခန်းတွေကို ....
အုပ်ချုပ်မှု လုပ်ရုံ ထိန်းထားတော့.....
Support line ပေါ်ခေါက်တုံ့ ခေါက်ပြန် သွားနေရတဲ့ တပ်တွေ.....
ဂြိုလ်ဆိုး ၀င်ကုန်တာပေါ့ ......
အခုဖြစ်နေတဲ့တိုက်ပွဲ ၈၀ ရာနူန်းက .....
လမ်းကြောင်းပေါ်သွားနေတဲ့တပ်တွေ ခြုံခို ခံရတာ.....
တပ်တွေ အတော်အထိနာကုန်တယ်......
Regular Army တို့ ရဲ့  ဖွဲ့စည်းပုံအရကိုက.....
ပြောက်ကျားတပ်တွေလောက်....Mobility မကောင်းဘူးဗျ သာလွန်အင်အားနဲ့  ခြုံခိုခံရတဲ့ အခါ .....
အကျအဆုံး အရမ်းများကုန်တော့တာပေါ့.....။
လဂျားယန် စခန်းကိုသွားသည့် ပေး အဖွဲ့ ကို ....
အေဘီနှင့် ကေအိုင်အေပူးပေါင်း .....
အင်အား ၄၀၀လောက်ကစောင့် ချတယ်ဗျာ ....
တပ်က အများကြီးကျပြီး သုံ့ ပန်းတွေပါ ဖမ်းခံရကုန်ရော.....
MI 35 နှစ်စီး လိုက်လာ ပစ်ကူပေးပြီး....
အဲဒီစစ်ကြောင်းကိုဆွဲထုတ်ရတယ်......
အင်မတန် မာတဲ့ တပ်မ တပ်တွေဖြစ်နေလို့ ပေါ့......
တိုင်းတပ် ဆိုရင် over run ဖြစ်သွားပြီဗျ.....
နောက်မတိုက်တော့ပါဘူး လို့ ပြောလည်း ......
တပ်ကဘယ်ယုံတော့မလဲ.........
Support line ကို ခြိမ်းခြောက်နေတဲ့ point တွေအားလုံးကို .....
လေကြောင်းပစ်ကူနဲ့  သိမ်းလိုက်ရော.....
မဟုတ်ရင် လဂျားယန်စခန်းကကျတော့မှာကိုး.....
တိုက်ပွဲဒီလောက်ကြာနေတာကိုက .....
တပ် ကဘယ်လောက် ထိန်းထိန်းသိမ်းသိမ်း လုပ်ပြီး အမိန့် နာခံနေလဲမြင်နိုင်ပါတယ်ဗျာ.....
ထိုးစစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီး .....
ရန်သူကတိုက်ကွက်ဖော်ခံရတဲ့ ဟာက .....
အစိုးရက စစ်တပ်အပေါ် သြဇာရှိတော့ သိပ်မသိသာပေမယ့် .....
အရပ်သားအစိုးရစစ်စစ်ဆိုရင်တော့ .......
သူတို့ မဲရဖို့ တပ်ကိုထိုးကျွေးပြီး......
တစ်ဖက်သတ် ထိုးစစ်ရပ်ခိုင်းထားတယ်လို့ .......
မြင်မှာအသေအချာပေါ့ ........
၅၈ အာဏာသိမ်းတာမှာ .....
အဲဒီလို ကိစ္စ တွေ အများကြီးပါတာပေါ့ဗျာ.......။
တိုက်ပွဲဆက်ဖြစ်နေလို့ ပဲ .......
တပ်က အစိုးရအမိန့် မနာခံဘူးလို့  ရေးတဲ့  မီဒီယာတွေ ......
၁၀၅ တို့  ၁၂၀ တို့  လေယာဉ်ပေါ်က .....
ပစ်နေပါပြီလို့ ရေးတဲ့ မီဒီယာတွေတော့ ......
ဆလံ ဆယ်ခါ သ သဗျာ ......
အင်းလေ နိုင်ငံခြားလို စစ်သတင်းထောက်ဆိုပြီး ......
စစ်ရဲ့ သဘောကိုတီးမိခေါက်မိရှိတဲ့ သူတွေ ......
သီးသန့်မထားနိုင်သရွေ့ တော့ .....
ဒီလို သောက်တလွဲမှတ်ချက်တွေပဲ လာမှာပါပဲဗျာ......။
( အရင်တုန်းက ပို့ စ်လေးပါ .....
ကချင်ပြည်က တပ်တွေ ဘ၀ကို ....
နားလည်နိုင်ဖို့ ပြန်တင်ပါတယ်........)
ကြုံဖူးတဲ့ အဖြစ်တွေပါ...
$
0
0
·       
ကြုံဖူးတဲ့ အဖြစ်တွေပါ။
      ခရစ်ယန်ရွာ တစ်ရွာနားမှာ စခန်းကုန်း နှစ်ခုကို ခေတ္တတာဝန်ယူရတယ်။
ရွာထဲမှာ ဗုဒ္ဓဘာသာအိမ် နှစ်အိမ်၊ ရွာပြင် ကမ်းနားမှာ သုံးအိမ်။ စုစုပေါင်း ငါးအိမ်ရှိတယ်။
ကျန်တစ်ရွာလုံးက စနေအသင်းရယ်၊ အများစု တနင်္ဂနွေအသင်းရယ်ပေါ့။
တပ်ထွက် ဗမာ အငြိမ်းစား အရာခံဗိုလ်တစ်ယောက် ရဟန်းပြုတယ်။ တောင်ယာတစ်ခုမှာ ကျောင်း သင်္ကန်းဆောက်ပြီး ဗုဒ္ဓဘာသာတွေစုပြီး ကိုးကွယ်တယ်ပေါ့ဗျာ။
သူတို့ အတွက် ဘုန်းကြီးကျောင်းနဲ့ ကိုးကွယ်ရာ ရဟန်းတစ်ပါး နီးနီးနားနားရလို့ သာရေး၊ နာရေးအဆင်ပြေတယ်ပေါ့ဗျာ။
တစ်ရွာလုံးက တိုင်းရင်းသားများတယ်။ ပြည်သူ့စစ်အသွင် ဖွဲ့ထားလို့ အိမ်တိုင်းနီးပါး တူးမီးသေနတ်တွေရှိတယ်။ မကြာမဏ ဆပ်ကြေးလာကောက်တဲ့ အဖွဲ့ရှိတယ်။ ရှိသာရှိတာ သူတို့ အချင်းချင်း အဆင်ပြေနေပုံပဲ ဘယ်သူမှ လာသတင်းပို့တယ်။ တိုင်တယ် မရှိဘူး။ သူတို့ဖာသာ ကျိတ်ပေးနေတာဖြစ်မယ်။ အရင်က ကိုယ့်တပ်ဖွဲ့ ကိုလာချောင်းပစ်တာတွေရှိလို့သာ ကိုယ့်တပ်ကိုယ် ဂရုစိုက်နေရတယ်။
တစ်ရက် ဆရာတော်က ကိုရင်တစ်ပါးလွှတ်ပြီး ခေါ်ခိုင်းလိုက်တယ်။ ကျောင်းကို ရွာသားတွေ ဝိုင်းထားတယ်။ ဘုန်းကြီးနဲ့ ရှင်းစရာရှိတယ်လို့ ပြောတယ်။ ဘာပြသနာတွေဖြစ်ပြီလဲ။ အနီးနား ဗုဒ္ဓဘာသာ အိမ်က ဒကာကို ဝင်ခေါ်ပြီး သွားရင်းလမ်းမှာ ဖြစ်စဉ်ကို မေးရတော့တာပဲ။
ရွာထဲက ကျွန်းပင်ကြီးသုံးပင်ကို ခုတ်ပြီး တနင်္ဂနွေအသင်းက ဘုရားကျောင်းဆောက်မယ်။ လူနည်းစု စနေအသင်းတော်က လူတွေက မကျေနပ်ဘူး။ ရွာထဲက ဗုဒ္ဓဘာသာဝင်တွေက ဘုန်းကြီးကို လျောက်တယ်။ ဘုန်းကြီးက သုံးဘာသာရှိတာ။ သုံးဘာသာလုံးနဲ့ဆိုင်တယ်။ တစ်ဘာသာ တစ်ပင်ယူဖို့ ပြောတယ်။
နောက်တစ်ခု ရွာနားကဘူတာမှာ မြေဖြူနဲ့ ရေးထားတယ်။ "လူမှန်လျင် အမှိုက်မပစ်ရ" တဲ့။ ခရစ်ယန်တွေက အဲ့ဒါကို မကျေနပ်ဘူး။ ဒီနားမှာ သူတို့ပဲအနေများတာ။ သူတို့ကို သက်သက်စော်ကားတာ။ အဲ့ဒါနဲ့ ဘုန်းကြီးနဲ့ရှင်းမယ် လို့ ချီတက်လာတော့တာဘဲ။ "ဘုန်းကြီး ဒါဘာသဘောလဲ။ ဘာအဓိပ္ပါယ်နဲ့ ရေးတာလဲ"။
မေးရင်း မြန်းရင်း ဘုန်းကြီးကျောင်းနားရောက်လာတယ်။ လှမ်းမြင်နေရပြီ။ ကျောင်းဝင်း အတွင်း/အပြင်၊ လှေကားထစ်၊ ကွပ်ပစ် ရွာသားတွေ မနည်းမနော။ ကိုယ်ခေါ်လာတာက စစ်သည်လေးနှစ်ယောက်။ ဒီပြသနာကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့စိတ်ရယ်။ ကိုယ့် စည်းရုံးရေးနယ်မြေလဲ ဖြစ်နေတာကြောင့် သေနတ်တောင် ယူမလာဘူး။ ခေါင်းထဲမှာ အချက်အလက်ကို အမြန်စီလိုက်တယ်။ ဘာသာရေးပြသနာ မဖြစ်စေရဘူး။ ရပ်ရွာအေးချမ်းမှု အထိခိုက်စေရဘူး။
ဖိနပ်ကို ကျောင်းဝင်း အပြင်မှာချွတ်လို့ ကျောင်းပေါ် ခပ်တည်တည်ပဲ တက်သွားတယ်။ သေသေခြာခြာ ဦးသုံးကြိမ်ချတယ်။ ရွာသားတွေက ကြည့်နေတယ်။ ဘုန်းကြီးကို
အရှင်ဘုရား…အရှင်ဘုရားဟာ သင်္ကန်းရုံထားတဲ့အတွက် ဘုရားသားတော် ဖြစ်နေပါပြီ
ဘုရားရဲ့ တရားတော်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘုရားသားတော်ကို ပြစ်မှား စော်ကားမိရင်
အဲ့ဒီလူတွေမှာ အပြစ်ဖြစ်ရပါတယ်။ အရှင်ဘုရားရဲ့ အပြုအမူတွေကြောင့် ဘာသာခြားတို့ကို အပြစ်မဖြစ်စေချင်ကြောင်း
နောက်ပြီး ဒီဒေသဟာ အညာအရပ်ကဲ့သို့ မဟုတ်ကြောင်း၊ အညာအရပ်ဒေသမှာ ရဟန်းတော်များဟာ
တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အခွင့်အာဏာများကို ရရှိသူများကဲ့သို့ ပြုမူတတ်ကြောင်း
သူ့အရပ် သူ့ဒေသ ဆရာဒကာ ညီညွှတ်ကြရင် ပြသနာမရှိသော်လည်း
လက်မခံတတ်တဲ့ အရပ်ဒေသမှာ မိမိအပြုအမူဟာ သူတပါး ထိခိုက်တတ်ကြောင်း……
အစချီ၍ ဆယ့်ငါးမိနစ်ခန့် လက်အုပ်လေးချီပြီး ဘရိဖင် ပေးနေသော်အခါ…..
ဘာသာခြား မိမိတိုင်းရင်းသားများမှ မည်သို့ ခံယူသွားကြသည်မသိ အသီးသီး ပြန်သွားပြီးနောက်
မည်သည့် ပြသနာမှ ထပ်ဖြစ်ခြင်းကို မကြားမိတော့ပါ။
တခါက အင်မတန်လှပသော မြစ်ဝထိပ် ပင်လယ်ကမ်းစပ် သောင်ပြင်လေးမှာ နေရာအားဖြင့် ရှုခင်းအရမ်းကောင်းပါတယ်။
တစ်ရက်တော့ ထူးထူးခြားခြား တဲများထိုး၊ လူအင်မတန်စည်ကားနေလို့ စုံစမ်းရာ….
ဘုရားတည်နေသည်လို့ သိရှိရတယ်။
ဗုဒ္ဓဘာသာဝင်ပီပီ အကုသိုလ်များ လျော့ပါးစေလိုတာတစ်ကြောင်း၊ သဒ္ဓါအရ လှူတန်းချင်တာကြောင့်…..
အရှင်ဘုရား အဘယ်အကြောင်းကြောင့် ဘုရားတည်ပါသလဲ…..
ရိုးရိုးမလှူ….စပ်စုတာ ဝါသနာပါသောကြောင့်….
သဒ္ဓါတရားပိုမို ပွားလို့ရအောင်ပါဘုရား…..လို့ အစချီပြီ မေးပြီ။
အတန်အသင့် စေတီက ရုပ်လုံးပေါ်နေပြီ။ ကျောက်ဆောင်ပေါ်မှာ ငါးရုပ်၊ ငါးရုပ်အပေါ်မှာ စေတီ။
အဘယ်အကြောင်းကြောင့် ငါးရုပ်အထက်မှာ စေတီတည်ရပါလဲ အရှင်ဘုရား…
ဒါက ဒီလိုရှိတယ်။ ရှင်မောက်ဂလန် ကိုယ်တော်ကြီးကြားဖူးလား၊ တန်ခိုးအရာမှာ ဧတဒတ်လေ…
အဲ့ဒီကိုယ်တော်ကြီးကို ဘုရားရှင်က တန်ခိုးမပြရဘူးလို့ တားမြစ်ထားတယ်။ ကိုယ်တော်ကလည်း တန်ခိုးမပြရရင် မနေနိုင်ဘူး။
ဒါနဲ့ ဘုရားရှင်ကို အရှင်ဘုရား သမုဒ္ဒရာဟာ အဆုံးအစရှိပါသလား…..
အို ချစ်သား သမုဒ္ဒရာတို မည်သည် အဆုံးအစမရှိ….
ဒါနဲ့ ကိုယ်တော်ကြီးဟာ ဘုရားရဲ့ တားမြစ်ချက်ကို ချိုးဖောက်ပြီး ကျီးကန်းယောင်ဆောင်ကာ သမုဒ္ဒရာကို ဖြတ်ကူးပါသတဲ့…..
စိတ်က အတော်ဒေါဖောင်းနေပြီ။ ဒီဘုန်းကြီးတော့ မဟုတ်တာက စပြီ။
ဒီလိုနဲ့ သမုဒ္ဒရာက ကျယ်လွန်းတော့ ကျီးကန်းက အတောင်ညောင်းလာပြီး ဒုက္ခရောက်ပါလေရော။
အဲ့ဒီမှာ ပင်လယ်ထဲက ငါးမင်းက ဒီကျီးကန်း ငါမကယ်ရင် သေတော့မယ်ဆိုပြီး…
ပင်လယ်ရေပြင်ထက် ထက်လာပြီး ကျွန်းသဏ္ဍန်လုပ်၊ ကျီးကန်းက နား…..
အဲ့ဒီကျီးကန်းကို ဒီနေရာကို ခေါ်လာလို့ ရှင်မောက်ဂလန်ကိုယ်တော်ကြီး ချမ်းသာရာရခဲ့ပါလေရော။
အဲ့ဒီသမိုင်းကို ကိုယ်တော်က သိစေချင်လို့ ဒီစေတီကို တည်တာပဲ။
စိတ်မထိန်းနိုင်အောင် ပေါက်ကွဲနေပြီ။ ငါ့ ဘာသာ အဲ့လောက်တောင် ပေါက်ကရဖြစ်နေပြီလား။
ဒီသမိုင်းကြာရင် အတည်ဖြစ်။ ရဟန္တာက တိရိစ္ဆာန်ဟန်ဆောင်၊ ရဟန္တာကို တိရိစ္ဆာန် ငါးက ကယ်။
လောက….လောက….အို အသင်လောက
ကိုယ်တော် …တပည့်တော်တော့ ကျမ်းဂန် မနှံ့စပ်လို့ မသိပါ ဘုရား…
တပည့်တော်ရှာဖွေ ဖတ်ရှုနိုင်အောင် လမ်းညွှန်တော်မူပါဘုရား…
ရှိတယ်ကွယ့်။ ဒါကျမ်းဂန်ထဲမှာရှိတယ်။
ရှိရင် အတိအလင်း ဘယ်ကျမ်းဂန်၊ ဘယ်အပိုဒ်၊ ဘယ်ဇာတ်နိပါတ်လဲ သေခြာဟောပါ…..
ခင်ဗျားက ဆရာကြီးလား..ဗိုလ်ကြီးလား…..
ဆရာကြီး၊ ဗိုလ်ကြီးက အရေးမကြီးဘူး။ တပည့်တော်မေးတာသာ ဖြေပါ။
မဖြေတော့ဘူးဗျာ။ မြို့နယ်သံဃာမဟာနာယက က တံဆိပ်နဲ့ ခွင့်ပြုကြောင်း မိတ္တူတွေပဲ ထုတ်ပြနေတော့တယ်။
ကျွန်တော်လည်း စိတ်နှလုံး ကြီးစွာ မချမ်းမသာဖြစ်ပြီး ဂတိအတိုင်းလှူ၍သာ ပြန်လာပါတော့သည်။
ပါးစပ်ရာဇဝင် စေတီအမြောက်အမြား မြန်မာပြည်တွင် ဖြစ်ထွန်းလျက်၊
ယင်းစေတီများ၏ သမိုင်းအား မည်သူမျှ အကုသိုလ် အဖြစ်ခံ စမ်းစစ်ခြင်းမပြုကြပဲ
တန်ခိုးကြီးဘုရား၊ ဆုတောင်းပြည့် ဘုရားများအဖြစ်
ဘုရားဖူးထွက်ကြခြင်း၊ ဘုရားပွဲများ ခြိမ့်ခြိမ့်သည်း ကျင်းပခြင်းဖြင့်
ဗုဒ္ဓသာသနာ ထွန်းလင်းအောင် ကြိုးပမ်းလျက်ရှိကြပေသည်။
(စာကြွင်း။ ။ လီဆယ်ခြင်း အလျင်းမရှိ….မိမိကိုယ်တွေ့အား အသက်နှင့် ထပ်တူအာမခံပါသည်။)
သက်ထွေးအောင်
၂၀-၆-၂၀၁၃
ချစ်လိုက်ရတဲ့ မြန်မာပြည်ရယ်(၂)
$
0
0
Photo
-------------------
ကျွန်တော့်နာမည် မောင်ပိုင်ပါ မြန်မာပြည်မှာနေပါတယ်။
ကျွန်တော့်အဖေ မြန်မာပြည်မှာ ပရိဘာဂလုပ်ပါတယ်။
ကျွန်တော့်အမေ အလုပ်မဲ့လို့ မှီခိုလို့ဆိုပါတယ်။
မြန်မာပြည်ကို ချစ်ကြောင်းရေးမလို့စိတ်ကူးရတုန်း မျိုးကျော့မြိုင်ရဲ့ သီချင်းလေးသတိရရင်း စာသားလေးတွေ အလဲအလှယ်လုပ် ဆိုကြည့်မိတာပါ။
ပထမ ချစ်လိုက်ရတာ မြန်မာပြည်ရယ်ရေးတော့ like သူတော့နည်းပါတယ်။ မြန်မာပြည်ကို စိတ်နာများ နေကြသလားလို့တောင်တွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မြန်မာပြည်ကို ဆက်ချစ်နေဦးမှာပါပဲ။
သီချင်းလေးကိုရွတ်ကြည့်တော့ ကျွန်တော့်အဖေနဲ့ အမေကို သတိရမိတယ်။ အဖေက လက်သမားလုပ်တယ်။ မြို့ကြီးပြကြီးက တခမ်းတနားပရိဘောဂဆိုင်ကြီးတွေလိုမဟုတ်ပါဘူး။ တောဓလေ့မို့ ဘီရိုလေး၊ စားပွဲလေး၊ ကုတင်လေး လာအပ်သူရှိမှ လုပ်ရတာပေါ့။ အဖေ့ရဲ့အဖေကလည်း ဒီအလုပ်ပဲလုပ်ခဲ့လေတော့ ကျွန်တော့အဖေကလည်း ဒီအလုပ်ပဲလုပ်ဖြစ်ခဲ့တယ် တူပါတယ်။
အလုပ်က ရှိတလှည့်မရှိတလှည့်ပေါ့။ သမ္မာအာဇီဝဆိုပေမယ့် အပ်ထည်များလို့ သစ်မရှိတဲ့အခါ သစ်သမားတွေနဲ့ ချိတ်ဆက်ရတယ်။ အဲ ဒါကိုပဲ ရဲကတစ်ခါတစ်ခါ လိုင်စင်မဲ့သစ်ဆိုပြီး ဖမ်းပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ်လေ ကျွန်တော်တို့ မောင်နှမသုံးယောက် ကျောင်းထားပေးခဲ့တယ်။ သူအိုး၊ သူ့အိမ်နဲ့ ဖြစ်အောင်ရှာဖွေကျွေးမွေးခဲ့တယ်။ အမေကလည်း အဖေ့ရဲ့ပါရမီဖြည့်ဖက်ဖြစ်သလို သားသမီးအတွက် တကယ့် ကျွန်မကြီးတစ်ယောက်လို သူပြုစုခဲ့တယ်။
ကျွန်တော်တို့ အသက် ၂၅ ၃၀ တွေဖြစ်လာပေမယ့် အမေက သားသမီးတွေရဲ့ အ၀တ်ကိုလျှော်လိုက်ရမှ ကျေနပ်နေတတ်တာပါ။
ဟ မောင်ပိုင်ရ မြန်မာပြည်ကိုချစ်ကြောင်းနဲ့ ခုမင်းမိဘတွေရဲ့အကြောင်း ဘာဆိုင်လဲကွဆိုရင်ဖြင့်။
ဒီလိုပါ ကျွန်တော်တို့ လူနေမှုစရိုက်မှာ ငယ်စဉ်ကတည်းက သားသမီးဝတ်၊ မိဘ၀တ်၊ ဆရာ့ဝတ်၊ တပည့်ဝတ်တွေနဲ့ ကြီးပြင်းလာရသလို မင်္ဂလာတရားတွေနဲ့ နေထိုင်လာခဲ့ကြတာပါ။
လူကြီးမိဘအပေါ် ရိုသေရမှန်း၊ ချစ်ရမှန်းကို ခပ်ငယ်ငယ်ကတည်းက သွန်သင်ခံခဲ့ရတာပါ။ ၁၈ နှစ်ပြည့်လို့ လွတ်လပ်ခွင့်ရပြီ မိဘနဲ့ခွဲနေလို့ရပြီဆိုတာ မြန်မာပြည်မှာမရှိပါဘူး။ ကျွန်တော်ထင်တယ် မြန်မာပြည်ကမိသားစုရဲ့ နွေးထွေးမှု၊ တစ်ဦးပေါ်တစ်ဦး နားလည်မှု၊ သံယောဇဉ်တွေဟာ တခြားသော တိုင်းပြည်တွေနဲ့မတူနိုင်ဘူးလို့ ထင်ပါတယ်။
“ မိဦးဘဦး ဆရာဦးကို ခူး၍အလျှင် မစားနှင့် ” စားသောက်တာကအစ၊ လူကြီးမိဘဦးချစားဖို့.
“ လူကြီးသူမရှေ့ ဦးခေါင်းကို ညွန့်၊ ခါးကိုကိုင်းသွား” လို့ သွားမှုလာမှု၊ နေထိုင်မှုတွေပါ ကျွန်တော်တို့သင်ကြားခဲ့ရတယ်။
“လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမီဝဲနဲ့ ကင်းအောင်နေ ” စတဲ့ မင်္ဂလာတရားတွေကို သင်ကြားခဲ့ရတယ်။
မိဘမေတ္တာတရားကြီးမားပုံ၊ ဆရာသမားကျေးဇူးကြီးမားပုံ နောက်ဆုံးကျွန်တော်တို့ကိုးကွယ်ယုံကြည်တဲ့ ဘုရား၊ တရား၊ သံဃာတွေအပေါ် ကြည်ညိုဝပ်တွားရတာကအစ ကျွန်တော်မြန်မာပြည်ကြီးက ချစ်စရာကောင်းတဲ့ လေးစားစရာကောင်းတဲ့ အလေ့အထတွေအများကြီးရှိတယ်။
ဒီလိုယဉ်ကျေးအောင်၊ ဒီလိုနေထိုင်တတ်အောင်က မြန်မာပြည်မှာ လူလာဖြစ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ခံစားနေရတာပါ။
ဒီတော့ ကျွန်တော်ကတော့ဖြင့် ချစ်လိုက်ရတဲ့ မြန်မာပြည်ရယ်လို့…။
(ချစ်စရာကောင်းတဲ့မြန်မာပြည်အကြောင်းနဲ့ မြန်မာပြည်ရဲ့ တကယ့်ရတနာများကို ဆက်လက်တူးဖော်ပါဦးမည် )
မောင်ပိုင်
၂၀-၆-၂၀၁၃။
— with William Tuntunko and 4 others.
Photo
ကျောက်စီဓားဖြင့်လည်း အထိုးခံတော် မမူနိုင်ပေါင် -----------
$
0
0
Photo: ကျောက်စီဓားဖြင့်လည်း အထိုးခံတော် မမူနိုင်ပေါင် -----------   ကျွန်တော်ဆရာမောင်သာချိုရဲ့ (သမီးလေးဖတ်ဖို့)ဆိုတဲ့ စာအုပ်လေးကို အရမ်းကြိုက်လို့ ခဏခဏ ပြန်ဖတ်ဖြစ်ပါတယ်။ (သမီးလေးဖတ်ဖို့)ဆိုပေမယ့် လူတိုင်းဖတ်သင့်တဲ့ စာအုပ်လေးပါ။  အတွေးလေးတွေအရမ်းကောင်းသလို တစ်ခါတစ်ခါ မဖြစ်လောက်လေးကအစ ဖြစ်သွားနိုင်တာလေးတွေကို ရေးပြထားပါတယ်။  အဲဒီအထဲက ကျောက်စီဓားဖြင့်အထိုးခံတော်မူခြင်းဆိုတဲ့ အကြောင်းလေးဖတ်မိရင်း အတွေးတွေ ၀င်လာမိလို့ပါ။  ဆရာမောင်သာချိုက ငသိုင်းချောင်းမြို့ရဲ့ အိမ်တစ်အိမ်မှာ တည်းခိုဖြစ်တယ်ဆိုပါတော့။ အိမ်ရဲ့ ဧည့်ခန်းမှာထိုင်နေတုန်း အိမ်က ခွေးကြီးက ဆရာချိုကို ကိုက်တော့မယ့် ဟန်နဲ့ မာန်ကတဖီဖီလုပ်နေတယ်။ ဒါနဲ့ ဟိုခုန်ရွှေ့၊ ဒီခုန်ရွှေ့လုပ်တော့လည်း တောက်လျှောက်လိုက်နေတယ်။ ဒီတော့ ဆရာချိုက ခင်ဗျားခွေးကြီးကို လုပ်ပါဦးဗျာ တော်ကြာကိုက်လိမ့်မယ်ဆိုတော့ အိမ်ရှင်က “ ဟာ ဘာမှမပူပါနဲ့ ကာကွယ်ဆေးထိုးထားပါတယ် ”တဲ့။  နောက်လမ်းတစ်ခုမှာ ကားအကောင်းစားတစ်စီးက နောက်ဆုတ်ရင်း လူတစ်ယောက်ကိုအရှိန်နဲ့ ၀င်တိုက်မိတယ်။ ကားပေါ်ကလူ ပြာပြာသလဲ ဆင်းလာပြီး ဘာလုပ်သလဲဆိုရင် သူ့ကားကို ဘာဖြစ်သွားသလဲဆိုပြီး သေချာကြည့်နေတယ်တဲ့။  ဆရာချိုက “ ကာကွယ်ဆေးထိုးထားတဲ့ခွေးမလို့ အကိုက်ခံလိုက်ရင်ကောင်းမလား၊ ကားအကောင်းစားကြီးမို့ အတိုက်ခံလိုက်ရကောင်းမလား ” ဆိုပြီးရေးပြထားပါတယ်။  ဟုတ်တယ် လူတွေက မာန်လေးတွေကိုယ်စီရှိကြတယ်။   ဘာအတွက်နဲ့မှ မာန်မတက်နဲ့တဲ့။ ဒါပေမယ့် ရှိတဲ့သူက ရှိတဲ့မာန်၊ မရှိသူက မရှိတဲ့ မာန်လေးတွေ ဆုပ်ကိုင်ထားရင်း ငါ..ငါ..ဆိုတာကို ဆွဲနေကြလေရဲ့။  ပြီးတော့ “ သူများအမေသေတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတဲ့ ကိုယ့်အမေသေတဲ့ ငိုကြီးချက်မ” လုပ်တတ်ကြတယ်။  ငါ ဆိုတာ တစ်ချိန်မှာ ဘာ ဖြစ်မလဲဆိုတာကို မတွေးတော့ဘူး။ ခပ်ပေါ့ပေါ့ပဲ။  ဘာတဲ့ရှိသေးတယ် “ သူ့က ကျွန်တော့ကို လက်သီးကြီးနဲ့ ထိုးတာ။ ကျွန်တော်က သူ့ကို ဓားသေးသေးလေးနဲ့ ထိုးတာ” ပါလို့ ကိုယ်ဘက် ကိုယ်လွတ်အောင်ပြောတတ်ကြသေးတယ်မဟုတ်လား။  မာန်၊ မာနဆိုတာ ဘယ်တော့မှ မကောင်းတဲ့အရာတစ်ခုပါ။  မာနဆိုတာ ကိုယ့်ကိုပြန်သတ်တဲ့ တရားပါ။  အင်း ကျွန်တော်ကလည်း လောကီသားပေမို့ ကျောက်စီဓားနဲ့လည်းအထိုးမခံနိုင်ပါဘူး။ သူ့ဓားဆို ကိုယ်တုတ်လောက်တော့ ဆွဲကိုင်မိမယ်ထင်ပါရဲ့လေ…။  ၂၀-၆-၂၀၁၃။
ကျွန်တော်ဆရာမောင်သာချိုရဲ့ (သမီးလေးဖတ်ဖို့)ဆိုတဲ့ စာအုပ်လေးကို အရမ်းကြိုက်လို့ ခဏခဏ ပြန်ဖတ်ဖြစ်ပါတယ်။ (သမီးလေးဖတ်ဖို့)ဆိုပေမယ့် လူတိုင်းဖတ်သင့်တဲ့ စာအုပ်လေးပါ။
အတွေးလေးတွေအရမ်းကောင်းသလို တစ်ခါတစ်ခါ မဖြစ်လောက်လေးကအစ ဖြစ်သွားနိုင်တာလေးတွေကို ရေးပြထားပါတယ်။
အဲဒီအထဲက ကျောက်စီဓားဖြင့်အထိုးခံတော်မူခြင်းဆိုတဲ့ အကြောင်းလေးဖတ်မိရင်း အတွေးတွေ ၀င်လာမိလို့ပါ။
ဆရာမောင်သာချိုက ငသိုင်းချောင်းမြို့ရဲ့ အိမ်တစ်အိမ်မှာ တည်းခိုဖြစ်တယ်ဆိုပါတော့။ အိမ်ရဲ့ ဧည့်ခန်းမှာထိုင်နေတုန်း အိမ်က ခွေးကြီးက ဆရာချိုကို ကိုက်တော့မယ့် ဟန်နဲ့ မာန်ကတဖီဖီလုပ်နေတယ်။ ဒါနဲ့ ဟိုခုန်ရွှေ့၊ ဒီခုန်ရွှေ့လုပ်တော့လည်း တောက်လျှောက်လိုက်နေတယ်။ ဒီတော့ ဆရာချိုက ခင်ဗျားခွေးကြီးကို လုပ်ပါဦးဗျာ တော်ကြာကိုက်လိမ့်မယ်ဆိုတော့ အိမ်ရှင်က “ ဟာ ဘာမှမပူပါနဲ့ ကာကွယ်ဆေးထိုးထားပါတယ် ”တဲ့။
နောက်လမ်းတစ်ခုမှာ ကားအကောင်းစားတစ်စီးက နောက်ဆုတ်ရင်း လူတစ်ယောက်ကိုအရှိန်နဲ့ ၀င်တိုက်မိတယ်။ ကားပေါ်ကလူ ပြာပြာသလဲ ဆင်းလာပြီး ဘာလုပ်သလဲဆိုရင် သူ့ကားကို ဘာဖြစ်သွားသလဲဆိုပြီး သေချာကြည့်နေတယ်တဲ့။
ဆရာချိုက “ ကာကွယ်ဆေးထိုးထားတဲ့ခွေးမလို့ အကိုက်ခံလိုက်ရင်ကောင်းမလား၊ ကားအကောင်းစားကြီးမို့ အတိုက်ခံလိုက်ရကောင်းမလား ” ဆိုပြီးရေးပြထားပါတယ်။
ဟုတ်တယ် လူတွေက မာန်လေးတွေကိုယ်စီရှိကြတယ်။
ဘာအတွက်နဲ့မှ မာန်မတက်နဲ့တဲ့။ ဒါပေမယ့် ရှိတဲ့သူက ရှိတဲ့မာန်၊ မရှိသူက မရှိတဲ့ မာန်လေးတွေ ဆုပ်ကိုင်ထားရင်း ငါ..ငါ..ဆိုတာကို ဆွဲနေကြလေရဲ့။
ပြီးတော့ “ သူများအမေသေတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတဲ့ ကိုယ့်အမေသေတဲ့ ငိုကြီးချက်မ” လုပ်တတ်ကြတယ်။
ငါ ဆိုတာ တစ်ချိန်မှာ ဘာ ဖြစ်မလဲဆိုတာကို မတွေးတော့ဘူး။ ခပ်ပေါ့ပေါ့ပဲ။
ဘာတဲ့ရှိသေးတယ် “ သူ့က ကျွန်တော့ကို လက်သီးကြီးနဲ့ ထိုးတာ။ ကျွန်တော်က သူ့ကို ဓားသေးသေးလေးနဲ့ ထိုးတာ” ပါလို့ ကိုယ်ဘက် ကိုယ်လွတ်အောင်ပြောတတ်ကြသေးတယ်မဟုတ်လား။
မာန်၊ မာနဆိုတာ ဘယ်တော့မှ မကောင်းတဲ့အရာတစ်ခုပါ။ မာနဆိုတာ ကိုယ့်ကိုပြန်သတ်တဲ့ တရားပါ။
အင်း ကျွန်တော်ကလည်း လောကီသားပေမို့ ကျောက်စီဓားနဲ့လည်းအထိုးမခံနိုင်ပါဘူး။ သူ့ဓားဆို ကိုယ်တုတ်လောက်တော့ ဆွဲကိုင်မိမယ်ထင်ပါရဲ့လေ…။
မောင်ပိုင်
၂၀-၆-၂၀၁၃။
— with William Tuntunko and 3 others.
ဒီမိုကရေစီရေး အကူးအပြောင်း
$
0
0
နိုင်ငံရေးအကြောင်း ဒီမိုကရေစီရေး အကြောင်းများပြောကြမယ်ဆိုရင် ၁ အစိုးရရဲ့မူဝါဒပိုင်းဆိုင်ရာ အမှားတွေကို ထောက်ပြပြောဆိုကြမယ်။
၂ လွှတ်တော်နှစ်ရပ်ရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်ကြမယ်။
၃ တပ်မတော်ရဲ့ ရပ်တည်မူ့ကို သံသယ ဖြစ်ကြမယ်။
၎ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDကို ဝေဖန်ပြောဆိုကြမယ်။
ဒါတွေ အပြင် အရေးကြီးဆုံး ဖြစ်တဲ့ ကိုယ့်ကိုကိုယ် ဝေဖန်ဆန်းစစ်ပြီး ဘာတွေလိုသလဲ မေးခွန်းထုတ်ကြဖို့ ကျန်နေသေးတယ်လို့ အောက်မေ့မိပါတယ်။
ဒီမိုကရေစီရေးရာ ကျွမ်းကျင်သူ ပညာရှင်တွေကတော့ ရင့်ကျက်ခိုင်မာသွားတဲ့ ဒီမိုကရေစီစနစ် ရောက်ဖို့ အဆင့်သုံးဆင့် ကျော်ဖြတ်ရတယ်လို့ ဆိုပါတယ်။
ထိန်းချုပ်မူ့များဖြေလျှော့လာသသည့်အဆင့်
ကူးပြောင်းရေးအဆင့်
ခိုင်မာရေး ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။
အခု ကျနော်တို့ လက်ရှိဖြတ်သန်းနေရတာက လစ်ဘရယ်လိုက်ဇေးရှင်း ခေါ်တဲ့ ဖြေလျှော့ရေးအဆင့်ပဲ ရှိပါသေးတယ်။အဲဒီအဆင့်မှာ အလိုအပ်ဆုံးအရည်အချင်းကတော့ နှစ်ဦးနှစ်ဘက်လုံး ပညာနဲ့ယှဉ်တဲ့ အပြန်အလှန်သည်းခံမူ့ တရားလို့ထင်ပါတယ်။
အပြောင်းအလဲတစ်ုခုပြုလုပ်ရာမှာ ပြောင်းလဲလိုတဲ့စိတ်နဲ့ အပြောင်းအလဲနဲ့ ကိုက်ညီတဲ့ စွမ်းဆောင်ရည် အဲဒီအရည်အချင်းနှစ်ခု ရှိမှ အောင်မြင်နိုင်မှာပါ။
နယ်ဆင်မင်ဒဲလားနဲ့ အတူ တောင်အာဖရိက အပြောင်းအလဲတွေကို ပုံဖော်ခဲ့သူတစ်ဦး ဖြစ်တဲ့ ဒီကလပ်ကတော့ တကယ်လို့သာ အင်အားစုအသီးသီးက ခေါင်းဆောင်တွေအနေနဲ့ အခြေခံကျတဲ့ အပြောင်းအလဲလိုအပ်နေပြီလို့ သဘောပေါက်နားလည်လာမယ်ဆိုရင်ု ဒါဟာခောတ်ဟောင်း စနစ်ဟောင်းနဲ့ အဆက်ဖြတ်နိုင်မယ့်ပွိုင့်လို့ ဆိုပါတယ်။လက်ရှိကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲဖြစ်စဉ်ကြီးမှာ ပါဝင်လိုစိတ် မရှိလိုသူတွေကို MEDIAတွေအပါအဝင်ပြည်သူအားလုံးက ထုတ်ဖော်ပြောဆို ရေးသားကြဖို့ လိုပါလိမ့်မယ်။ဘောလုံးကစားနည်းနဲ့ ပြောရရင်တော့ ဂိုးသွင်းချင်စိတ်မရှိတဲ့ တိုက်စစ်မှုးတွေကို လူစားလဲနိုင်ဖို့ နည်းပြဖြစသူကို အော်ဟစ်အသံပေးရပါမယ်။
ရာစုနှစ်ဝက်လောက် တင်းကြပ်လှတှဲ့အုပ်စိုးမူ့ ပိတ်ဆိုထားတဲ့ အမှောင်ခောတ်ကိုပဲ ဖြတ်သန်းခဲ့ရတော့ ကျနော်တို့အားလုံးမှာ အပြောင်းအလဲနဲ့ လိုက်လျောညီထွေရှိမယ့် အရည်အချင်းမျိုးကတော့ သဘာဝကျစွာပဲ ကင်းမဲ့နေကြပါတယ်။အဲဒီအတွက် ပြောင်းလဲချင်စိတ် အပြည့်နဲ့ အပြောင်းအလဲနဲ့ ကိုက်ညီမယ့် အရည်အချင်းလည်း ဖြည့်ဆည်းဖို့ ကြိုးစားနေကြ သူတွေကိုတော့ အချိန်တစ်ခုပေးပြီး သည်းခံစောင့်ကြည့် ရပါလိမ်မယ်။ဂိုးသွင်းချင်စိတ်လည်းရှိပြီုးဂိုးသွင်းနိုင်မယ် အရည်အချင်းမျိုး ဖြည့်ဆည်းဖို့ ကြိုးစားနေသူတစ်ယောက်ဟာ ပွဲမပြီးခင်မှာပဲ လှပတဲ့ ဂိုးတွေသွင်းပြပါလိမ့်မယ်။
ကျနော်တို့ သက်တမ်းတလျှောက် တစ်ကြိမ်တစ်ခါမှ မရဖူးခဲ့တဲ့ အပြောင်းအလဲဆိုတဲ့ ရွှေရောင်အခွင့်အရေး လက်လွှတ်ဆုံးရူံ့း မသွားဖို့ ပညာနဲ့ ယှဉ်တဲ့ အပြန်အလှန် သည်းခံခြင်းဆိုတဲ့ တရားတစ်ပါး ဒီနေ့ ဒီချိန် အခါသမယမှာ အရေးတကြီး လိုနေပြီလို့ ကျနော်က ထင်မြင်နေမိပါတယ်။။့
နားလည်ပေးပါ
$
0
0
စစ်သား ဘ၀ကို နားလည်မှုမပေးခဲ့သော
စစ်သား အချစ်တွေကို လျှစ်လျူ ပြုခဲ့သော ချစ်သူ များ အတွက်ပါ.....
မောင်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ......တဲ့ ..သီချင်းလေးပါ......။။။။။
အခြေမဲ့ မောင့်ဘ၀ရဲ့  ရင်ခွင်ငယ်ထဲမှာ
ဘယ်သူခိုဝင် မှေးစက်ချင်မှာလည်း
ချစ်တတ်တဲ့ နှလုံးသား သည်မောင်မှာရှိတယ်
ဘယ်အငြိုးကြောင့် အချစ်ရယ် မုန်းသွားတယ်.....
ဟိုဆီရပ်ဝေး ခဏလေးပြောထွက်ခွာ
နင်လေထွက်သွား တစ်နှစ်ပြည့် ပြန်ကာ မလာ
မကြင်နာလိုသူကို
မောင် အလွမ်းတွေ မထားရှိခဲ့ပါ
မောင့်ရဲ့  အချစ်ကို လှည့်ကာလိမ်ညာသွား
မောင်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ...............။။။။။။
မောင် အမှတ်ရခဲ့လည်း နင်လေမေ့ထားတယ်
သည်မောင် အမည်တောင် လွဲမှား သူခေါ်ပြီ
ချစ်သမျှ ဒီအကြောင်းလေး နင်လေညာခဲ့တယ်
ချစ်ခြင်းရဲ့ အဆုံးဟာ အမုန်းလားကွယ်
ဟိုဆီရပ်ဝေး ခဏလေးပြောထွက်ခွာ
နင်လေထွက်သွား တစ်နှစ်ပြည့် ပြန်ကာ မလာ
မကြင်နာလိုသူကို
မောင် အလွမ်းတွေ မထားရှိခဲ့ပါ
မောင့်ရဲ့  အချစ်ကို လှည့်ကာလိမ်ညာသွား
မောင်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ...............။။။။။။
ဟိုဆီရပ်ဝေး ခဏလေးပြောထွက်ခွာ
နင်လေထွက်သွား တစ်နှစ်ပြည့် ပြန်ကာ မလာ
မကြင်နာလိုသူကို
မောင် အလွမ်းတွေ မထားရှိခဲ့ပါ
မောင့်ရဲ့  အချစ်ကို လှည့်ကာလိမ်ညာသွား
မောင်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ ...မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ.........။။။။။။။။။
ကိုကိုအောင် ( ဘုရင့်နောင် )
ချစ်သူတွေ က စွန့် ပစ် ထားခံခဲ့ရသော နောင်တော် ညီတော် လေးများ အတွက် အလွမ်းပြေ စိုင်းဆိုင်မော့ဝ် သီချင်းဖြင့် ဖြေသိမ့်နိုင်ကြပါစေ...။
နောင်တခေတ် ရဲ့ အောင်စစ်သည် ။။။။။။။။။
— with Khin San Lwin and 99 others.
စာတစ်ပုဒ်ကိုဓါတ်ခွဲသုတေသနပြုခြင်း
$
0
0
Tuesday
"စာတစ်ပုဒ်ကိုဓါတ်ခွဲသုတေသနပြုခြင်း"
သတင်းတစ်ပုဒ်၊ စာတစ်ပုဒ်ကို ဖတ်ကြမယ်။ ဖတ်တတ်ရဲ့လားလို့မေးရင်စိတ်ဆိုးကြမယ်ထင်တယ်။ တစ်ကယ်တမ်းတော့ ဒီသတင်းတစ်ပုဒ် စာတစ်ပုဒ်ကနေ ကိုယ့်ရဲ့စိတ်၊ ကိုယ့်ရဲ့အမြင်ကို ပြောင်းလဲစေနိုင်စွမ်းရှိတာနားလည်ရင် စာတစ်ပုဒ်ဟာ ပေါ့ပေါ့တန်တန် သဘောထားလို့မ၇မှန်းယေဘုယျသဘောတူကြမယ်ထင်တယ်။ အခုခေတ်မှာ သတင်းတွေ သိပ်များတယ်။ အခု မြန်မာလို ပွင့်လင်းစမှာ လူတွေဟာ သတင်းရေလျှံမှု(Information flood) နဲ့ တွေ့နေရတယ်။ ဘယ်ဟာကိုယုံရမှာလဲ စသဖြင့်ေ၇ှာ့ခ်တွေရကြတယ်။ ဒီမှာတင် စစ်ဆေးမှုပြုဖို့ ဇကာတပ်ဖို့လိုလာပါတယ်။ ဒီဇကာတပ်ခြင်းအမှုကိုမိတ်ဆက်ပေးချင်ပါတယ်။
တစ်ကယ်တော့ သတင်း၊ သတင်းဆောင်းပါး၊ ဆောင်းပါး၊ အက်ဆေး စတာတွေဟာ အများအားဖြင့် အိုင်ဒီယာတွေကို စီထားတာပဲဖြစ်တယ်။ စာပေသဘောတရားအရ သရုပ်ဖော်၊ ကျိုးကြောင်းပြ ဖြစ်စဉ်ပြလို့အမျိုးအစားကွဲကြပေမယ့် စာတစ်ပုဒ်မှာ အရေးအကြီးဆုံးပွိုင့်နေရာတွေရှိပါတယ်။ ဒီပွိုင့်နေရာတွေမှာကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျ ခေါ် သတင်းစကားကို ထည့်ထားပေးခြင်းအားဖြင့် စာဖတ်သူစိတ်ထဲ ကိုယ်တွေးစေချင်သလို တွေးမိသွားအောင်လုပ်တာဖြစ်ပါတယ်။
စာတစ်ပုဒ်မှာအရေးအကြီးဆုံးကခေါင်းစဉ်နဲ့ အမြင်သာဆုံးနေရာတွေပဲဖြစ်ပါတယ်။ ပုံပါရင်ပုံပေါ့။ ပုံတစ်ပုံဟာ စာလုံးတွေထက် များစွာ အဓိပ္ပါယ်သက်ရောက်နိုင်စေတယ်မလား။ နောက်ဒုတိယအရေးအကြီးဆံးက ခေါင်းစဉ်ပေါ့။ သူကအမြင်သာဆုံး။ အထိရောက်ဆုံးကိုး။ သတင်းတစ်ပုဒ်၊ စာတစ်ပုဒ်လုံးရဲ့ အသက်လို့တောင်ပြောလို့ရတယ်။ဒီကနေ စာဖတ်သူရဲ့စိတ်ကို လွှမ်းမိုးသွားနိုင်တယ်။ ဥပမာ ပြရရင် "ရခိုင်ဒေသမှ မွတ်ဆလင်များကိုမျိုးတုန်းသတ်ဖြတ်မှု" စတဲ့ခေါင်းစဉ်မျိုးပေါ့။ မွတ်ဆလင်တစ်ဦးဖတ်လိုက်ရင် ချက်ခြင်း ရခိုင်တွေကိုမုန်းတီးစိတ် မဖတ်ရသေးခင် ဝင်သွားစေနိုင်တာပေါ့။ ဒီလိုမျိုးအရေးကြီးပါတယ်။
နောက်ဒုတိယအရေးအကြီးဆုံးက နိဂုံးတွေပါ။ နိဂုံးတွေမှာ ကိုယ်ပြောချင်တာကို ထည့်ပြောသွားတာ။ ဥပမာအားဖြင့် "စစ်အစိုးရလက်ချက်ကြောင့် တိုင်းပြည်နစ်နာခဲ့ရသည်မှာမှန်သော်လဲ ယခုအခါ ဒေါ်စုကဲ့သို့သောလူများနှင့်လက်တွဲကာ တိုင်းပြည်ကိုတည်ငြိမ်အောင်ကြိုးစားနေရချိန်တွင် ဦးသိန်းစိန်အစိုးရအားဝန်းရံသင့်ပေသည်" ဆိုတဲ့ပုံစံမျိုးပေါ့။ နိဂုံးမရောက်ခင်မှာ ဦးသိန်းစိန် ကောင်းတာတွေ၊ ဦးသိန်းစိန် ဆိုးတာတွေ စတာတွေကို တစ်ချက်ခြင်း အမှန်အတိုင်းဖော်ပြလာပြီး နောက်ဆုံးမှာ ဦးသိန်းစိန်ကို ထောက်ခံသင့်တယ်ဆိုတဲ့ သတင်းစကားကို စာဖတ်သူ ယုံသွားအောင် တစ်ကြောင်းတည်းနဲ့ပစ်ထည့်လိုက်တာပေါ့။ ဒီစာကြောင်းဟာ တစ်ပုဒ်လုံးရဲ့အသက်ပဲ။ စာဖတ်တဲ့သူအတွေးကို သူတွေးစေချင်သလို ဖြစ်သွားအောင်ပစ်ထည့်လိုက်တဲ့ပစ်ချက်။ ဦိးသိန်းစိန်ကိစ္စကိုအခုရေးပေးထားတာက ဥပမာအနေနဲ့သာပြထားတာပါ။ ကျန် နိုင်ငံတကာသတင်းတွေမှာလဲ အဲ့လိုပါပဲ။ ဥပမာ ငယ်ပါကိုညှစ်လို့ သေဆုံးရတဲ့အမှုမှာဆိုရင် နောက်ဆုံးမှာ ပြစ်မှုကျူးလွန်သူဟာ အိမ်ထောင်နစ်ဆက် ရှိသူဖြစ်သည် ဆိုတာလေး ထည့်ပေးလိုက်တယ်။ အဲ့လိုထည့်ပေးလိုက်တော့ စာဖတ်သူက ပြစ်မှုကျူးလွန်သူဟာ အလိုလိုနေရင်း တဏှာရာဂကြီးမားသူလို အတွေးပေါ်သွားစေတာပေါ့။ ဒီလို စာကြောင်းတွေ ဟာ ပွိုင့်တွေပါတဲ့စာကြောင်းတွေပါ။ ဒါတွေကို တူးဖော်တတ်ရင် ဒီစာရေးသူဘာပြောချင်နေလဲ ဆိုတာကို ဖမ်းဆုပ်နိုင်သွားတတ်ပါတယ်။
တတိယအရေးအကြီးဆုံးကတော့ စာပိုဒ်တွေရဲ့ အစ နိဒန်းရဲ့ပထမဆုံးစာကြောင်းပိုင်းတွေပါ။ အဲ့လိုနေရာတွေဟာ ဒီစာထဲမှာ ဘာတွေရေးတော့မယ်ဆိုတာကို စတင်ဖော်ပြတဲ့နေရာတွေဖြစ်တတ်တယ်။ အဲ့လိုနေရာတွေဟာ စာဖတ်သူတွေအရင်မြင်တတ်တဲ့နေရာတွေမို့လို့ Key Information တွေပါလာတတ်ပါတယ်။ နောက် ထပ်တူအရေးကြီးတဲ့စာတွေကတော့စာပိုဒ်တွေရဲ့ နောက်ဆုံးစာကြောင်းတွေပါပဲ။တစ်ခါက ဗိုလ်ချုပ်အောင်ဆန်းကို အာဏာ၇ှင်ဖြစ်စေမယ်ဆိုတဲ့ ဆောင်းပါးမယ်ဆိုရင် စာပိုဒ်တွေထဲမှာ စာဖတ်သူဦးနှောက်အလုပ်ပေးစရာ facts တွေလောက်သာထည့်ထားပြီး ဦနောက်ပင်ပန်းသွားချိန်လောက် စာပိုဒ်အဆုံးသတ်ကျမှ ဗိုလ်ချုပ်အောင်ဆန်းမကောင်းတာတွေ ကိုတစ်လုံးချင်းထည့်ရေးပါတယ်။ စာပိုဒ် ဆယ့်ငါးပိုဒ်ဆိုရင် စာဖတ်သူဟာ ဆယ့်ငါးကြိမ်တိတိဒါတွေကိုဖတ်လိုက်ရပါတယ်။ ဆယ့်ငါးကြိမ်လောက်ထိတွေ့လိုက်ရပါတယ်။ ဒီလိုဟာတွေကလဲ စာဖတ်သူရဲ့ အတွေးဖြစ်စဉ် (Thinking Process) ကိုလွှမ်းမိုးနိုင်ပါတယ်။
နောက် သီးခြားအိုင်ဒီယာက စာတစ်ပုဒ်မှာ အသက်ဖြစ်တဲ့ စကားလုံး(Key Words) တွေပါ။ ဥပမာ နိုင်ငံရေးလှုံ့ဆော်စာတွေဆိုရင် "လူထု၊ သွေးစည်း၊အောင်ပွဲ၊တော်လှန်ေ၇း၊ ရဲရဲတောက်" စတာတွေ ဒင်းကြမ်းတွေ့ရတတ်ပါတယ်။ ဒီလိုစကားလုံးတွေနောက်ကို လိုက်သွားပြန်ရင်လဲ မူလ Theme ကိုမဖမ်းနိုင်တော့ဘဲ စာရေးသူတွေးစေချင်သလို လိုက်တွေးပြန်တော့တာပါပဲ။ ဒီလိုဟာတွေကို အနုပညာ ပတ်တဲ့ နိုင်ငံရေး၊ လော်ဘီဆောင်းပါးတွေမှာတွေ့ရတတ်ပါတယ်။ ဥပမာ ဒေါက်တာမတင်ဝင်း ရဲ တစ်ချို့သောဆောင်းပါးတွေလိုပေါ့။
ဒါကြောင့် စာတစ်ပုဒ်ကိုဖတ်မယ်ဆိုရင် ခေါင်းစဉ်ကိုအရင်ကြည့်သင့်ပါတယ်။ နောက် နိဂုံးကိုအရင်ကြည့်ပြီး စာတစ်ပိုဒ်ချင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံးကို ကြည့်ကြည့်ပါ။ ဒီမှာတင် ဒီလူရဲ့အာဘော်ဘာလဲဆိုတာကို ဖမ်းဆုပ်လို့ရပါပြီ။ ဒီလိုနည်းနဲ့ အလှည့်စားမခံရအောင်ကာကွယ်လို့ရပါတယ်။ နောက် အဓိကအသက်စကားလုံးတွေရဲ့ Direction က ဘယ်လမ်းကိုညွှန်ပြနေသလဲဆိုတာကို မင်နီ၊ ခဲတံလိုဟာနဲ့ဖြစ်ဖြစ်ဝိုင်းထားလိုက်ပါ။ ဒါဆို ဒီစာရေးသူရဲ့ အာဘော်ဟာ ဘယ်လိုမြုပ်ထားထား ဘွားဘွားကြီးပေါ်လာရတော့တာပါပဲ။ ဒီလိုနည်းကို သတင်းတွေ ဥပမာ ဘီဘီစီသတင်းတွေမှာ သူ့နိုင်ငံအတွက်ဘယ်လိုပါးပါးလေး ကာသွားတယ်ဆိုတာ တွေမှာ သင်ယူလို့ရပါတယ်။ စာအဆိပ်သင့်ခြင်းဘေးရန်က ကင်းကွာကြပါစေ။
ဒါဟာ ကျနော့်ကိုယ်ပိုင် အယူအဆများမဟုတ်ပါ။ တက္ကသိုလ်တွေမှာ သုံးတဲ့ ပညာရပ်ဆိုင်ရာစာဖတ်နည်းခေါ် Academic Reading အခြေခံအနည်းငယ်ပဲဖြစ်ပါတယ်။
ဆိုက်ကိုဒိုင်းနမစ် အကျဉ်းချုပ်
$
0
0
သရုပ်ခွဲစိတ်ပညာ (Psychoanalysis) ၏ ခေါင်းကိုင် ဖခင်လည်းဖြစ်၊ မသိစိတ်ကို စတင်ဖော်ထုတ်ခဲ့သူ အဖြစ်လည်း လူသိများသည့် ဇီးဂမွန်ဖရွိုက်နှင့် သူမွေးထုတ် ပေးခဲ့သည့် ဆိုက်ကိုဒိုင်းနမစ် (Psychodynamic) စိတ်ပညာအကြောင်း အကျဉ်းချုပ်အားဖြင့် ဖော်ပြလိုပါသည်။ လူတို့၏ အတွေးနှင့် လုပ်ရပ်များအပေါ် မသိစိတ်အားများ၏ လွမ်းမိုးသက်ရောက်ခြင်း
အယူအဆမှာ ဖရွိုက်၏ ဖော်ထုတ်မှု ဖြစ်ပါသည်။ သူ၏ သီအိုရီများမှာ ဝေဖန် အငြင်းပွားစရာများ ယနေ့အချိန်ထိ ကျယ်လောင်နေဆဲ ဖြစ်သည့်တိုင် ဤသည်ကပင် သူ့ သီအိုရီများ၏ ကိုင်လှုပ်နိုင်သော စွမ်းအားကို ပြန်လည် ညွှန်းဆိုနေခြင်း ဖြစ်သည်ဟု ယူဆပါသည်။ မသိစိတ်၊ အိပ်မွေ့ချခြင်း၊ အိပ်မက်ဘာသာပြန်ခြင်း စသည့် သိပ္ပံနည်းကျဟု ဆိုရန်ထက် ဒဏ္ဍာရီဆန်ဆန် အယူအဆများနှင့် ထိရောက်အသုံးဝင်သည့် ကုသမှုများ ပေးနိုင်ခဲ့သည်။ လူတစ်ယောက်၏ အပြုအမူများမှာ ကလေးဘ၀ အတွေ့အကြုံများ၏ လွှမ်းမိုးထိန်းချုပ် ထားချက်မျှသာ ဖြစ်သည်ဟူသည့် အယူအဆများမှာ တစ်ထစ်ချ လက်ခံဖို့ရန်လည်း ခဲယဉ်းနေပါသည်။ မည်သို့ပင်ဖြစ်စေ ယနေ့ ခေတ်သစ် စိတ်ပညာရပ်အပေါ် ဖရွိုက်၏ သြဇာသက်ရောက်မှုမှာ အလွန်ကြီးမားသည်ဆိုခြင်းကိုမငြင်းနိုင်ပါ။ အောက်ပါတို့မှာ “သရုပ်ခွဲစိတ်ပညာ” အကြောင်း အတိုဆုံး မိတ်ဆက်ထားခြင်းမျှသာ ဖြစ်ပါသည်။
§ § § § § § §
ဇီးဂမွန် ဖရွိုက် (Sigmund Freud)
အကယ်၍ စိတ်ပညာနှင့်ပတ်သက်၍ အနည်းငယ်မျှသာသိသူ ဖြစ်လျှင်၊ ထို့နောက် စိတ်ပညာရှင် တစ်ဦးတည်းကိုသာ ကြားဖူးသည်ဟု ဆိုပါလျှင် အဆိုပါတစ်ဦးမှာ ဇီးဂမွန်ဖရွိုက်သာ ဖြစ်ဖို့အခွင့်အလမ်း များပါသည်။ စိတ်ပညာသို့ “ဆိုက်ကိုဒိုင်းနမစ်” (Psychodynamic) ချဉ်းကပ်နည်း သို့မဟုတ် “သရုပ်ခွဲစိတ်ပညာ” (Psychoanalysis) ၏ ဖခင် ဇီးဂမွန်ဖရွိုက် ဖြစ်ပါသည်။ စိတ်ပညာအပေါ် ပညာရပ်ဆိုင်ရာ ဗဟုသုတမရှိသည့် သာမန်လူတစ်ဦး၏ အမြင်ကို ဖရွိုက်က ကိုယ်စားပြုသည် ဆိုပါလျှင် အိပ်ယာပေါ်တွင် လဲလျောင်းနေသည့် ဝေဒနာရှင်တစ်ဦးက ၎င်း၏ အနက်ရှိုင်းဆုံး အလေးနက်ဆုံး လျှို့ဝှက်ချက်များကို ပြောပြနေသည့်ပုံရိပ်ကို ထင်မြင်မိနိုင်ပါသည်။
ပင်မ အပြုအမူဆိုင်ရာ စိတ်ပညာ (Behavioral Psychology) နှင့် ရည်ရွယ်ရင်းရှိရှိ ဆန့်ကျင်နေသည့် “ဆိုက်ကိုဒိုင်းနမစ်” စိတ်ပညာမှာ သိပ္ပံ၏အရှိန်အ၀ါကို လျစ်လျူရှု၍ တစ်ဦးတစ်ယောက်၏ “ဦးခေါင်းတွင်း” (Inside the Head) ကို ဆုပ်ကိုင်နိုင်ရန် ကြိုးစားခြင်းတွင် အလေးမူထားခြင်း ဖြစ်ပါသည်။ ၎င်းတို့တွင် လူတစ်ဦး၏ ဦးခေါင်းအတွင်းရှိ “ဆက်သွယ်ချက်များ” (Relationship) “အတွေ့အကြုံများ” (Experience) နှင့် ပြင်ပကမ္ဘာကို မည်သို့ရှုမြင်သနည်းဆိုသည့် အရာများ ပါဝင်ပါသည်။
“ဆိုက်ကိုဒိုင်းနမစ်” ရှုထောင့်တွင် မူလစိတ်ပညာ၏ သီအိုရီများအားလုံး အကျုံးဝင် ပါဝင်နေပါသည်။ လူတစ်ယောက်တွင်ရှိသည့် မောင်းနှင်မှု (Drives) နှင့် အား (Forces) တို့အကြား အပြန်အလှန် သက်ရောက်မှုများအပေါ် အခြေခံထားသည့် လူ့လုပ်ဆောင်ချက်များကို ကြည့်မြင်ခြင်းဖြစ်ပါသည်။ တသီးတခြားအားဖြင့်မူ ကွဲပြားသည့် ကိုယ်ရည်ကိုယ်သွေး တည်ဆောက်ပုံများအကြားတွင်ရှိသော “မသိစိတ်” (Unconscious) ကို ကြည့်မြင်ခြင်း ဖြစ်ပါသည်။
ဖရွိုက်၏ သရုပ်ခွဲစိတ်ပညာမှာ မူလဆိုက်ကိုဒိုင်းနမစ် သီအိုရီဖြစ်ပါသည်။ သို့ရာတွင် “ဆိုက်ကိုဒိုင်းနမစ်” ချဉ်းကပ်နည်းဟူသည်မှာ ဖရွိုက်၏ အတွေးအခေါ်တွင် အခြေခံထားသည့် အခြားသောသီအိုရီများအားလုံးပါဝင်သည်။ ဥပမာအားဖြင့် “ဂျန့်” Jung (1964) ၊ “အက်ဒလာ” Adler (1927) နှင့် “အက်ရစ်ဆင်” Erikson (1950) တို့ ဖြစ်ကြသည်။
“ဆိုက်ကိုဒိုင်းနမစ်” (Psycho-dynamic) နှင့် “သရုပ်ခွဲစိတ်ပညာ” (Psychoanalysis) ဟူသည့် ဝေါဟာကို မကြာခဏ ရောထွေးတတ်ပါသည်။ ဖရွိုက်၏ သီအိုရီများမှာ “သရုပ်ခွဲစိတ်ပညာ” ဖြစ်ပြီး၊ “ဆိုက်ကိုဒိုင်းနမစ်” ဆိုသည့် ဝေါဟာရသည် ဖရွိုက်နှင့် သူ၏နောက်လိုက် ပညာရှင်များအားလုံး၏ သီအိုရီများကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ဖရွိုက်၏ သရုပ်ခွဲစိတ်ပညာမှာ သီအိုရီနှင့် ကုထုံး နှစ်မျိုးလုံးဖြစ်ပါသည်။
၁၈၉၀ နှင့် ၁၉၃၀ အကြား ရေးသားခဲ့သည့် ဇီးဂမွန်ဖရွိုက်၏ အရေးအသားများတွင် မူလစိတ်ပညာရပ်ဆီသို့ ဆိုက်ကိုဒိုင်းနမစ်နည်းအားဖြင့် ချဉ်းကပ်ခြင်း အခြေခံမူများကို ဖြစ်ပေါ်လာစေသည့် သီအိုရီအစုအဝေး တစ်ရပ်ကို ဖွံ့ဖြိုးစေခဲ့သည်။ သူ၏ သီအိုရီများမှာ ဆေးခန်းများမှ ဆင်းသက်လာခြင်းဖြစ်ပြီး ကုသနေစဉ်အတွင်း ဝေဒနာရှင်တို့မှ သူ့အားပြောပြသော အချက်များအပေါ်တွင် အခြေခံထားခြင်း ဖြစ်ပါသည်။ ဆိုက်ကိုဒိုင်းနမစ်ကုထုံးမှာ အများအားဖြင့် စိတ်ကျမှုနှင့် စိုးရိမ်စိတ်နှင့်ဆက်နွယ်သည့် စံလွဲရောဂါ ဝေဒနာရှင်များကို ပြုစုကုသပေးခြင်း ဖြစ်ပါသည်။
ဆိုက်ကိုဒိုင်းနမစ် ချဉ်းကပ်နည်း အယူအဆများ
ကျွန်တော်တို့၏ အပြုအမူများနှင့် ခံစားချက်များကို မသိစိတ်၏ စေ့ဆော်မှုများမှ အားကောင်းစွာ သက်ရောက်ရိုက်ခတ်မှု ရှိစေသည်။
အရွယ်ရောက်ပြီးသူ တစ်ဦးအနေဖြင့် ကျွန်တော်တို့၏ အပြုအမူနှင့် ခံစားချက်များမှာ (စိတ်ပိုင်းဆိုင်ရာ ပြဿနာများ အပါအ၀င်) ငယ်စဉ် ကလေးဘ၀အတွေ့အကြုံများတွင် အခြေစိုက်သည်။
အပြုအမူ အားလုံးတွင် အကြောင်းရင်းရှိသည်။ များသောအားဖြင့် မသိစိတ်တွင်ဖြစ်ပေါ်သည့် အကြောင်းရင်း ဖြစ်သည်။ လျှာကိုသပ်လိုက်သည့် အသေးစား အပြုအမူလေး တစ်ခုတွင်သော်မှ အကြောင်းရင်းရှိသည်။ ထို့ကြောင့် လူ့အပြုအမူများ အားလုံးသည် သတ်မှတ်ပြဌာန်းပြီး ဖြစ်၏။
ကိုယ်ရည်ကိုယ်သွေးသည် အစိတ်အပိုင်း (၃) မျိုးဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ “သုံးပွင့်ဆိုင်” Tripartite ဟုခေါ်သည်။ ၎င်းတို့မှာ
(၁) အာရုံသိ မောင်းနှင်အား (Instinctive Drives) “အိုင်ဒီ” ဟု အတိုကောက်ခေါ်သည်။
(၂) အတ္တ (Ego) နှင့်
(၃) မဟာအတ္တ (Super- Ego) တို့ ဖြစ်ကြသည်။
အပြုအမူများကို အာရုံသိ မောင်းနှင်အား နှစ်မျိုးအားဖြင့် လှုံ့ဆော်မှု ပြုသည်။ Eros ဟု ခေါ်သည့် လိင်ပိုင်းဆိုင်ရာ မောင်းနှင်အားနှင့် ဘ၀ပေးအသိ ပေါင်းစပ်ထားသော အရာနှင့်၊ Thanatos ဟု ခေါ်သည့် ရန်လိုဒေါသ မောင်းနှင်အားနှင့် မရဏအသိပေါင်းစပ်ထားသည့် အရာတို့ ဖြစ်ကြသည်။ အဆိုပါ မောင်းနှင်အား နှစ်မျိုးလုံးသည် “အိုင်ဒီ” မှ ဆင်းသက်လာသည်။
မသိစိတ်၏ အစိတ်ပိုင်းများဖြစ်သည့် “အိုင်ဒီ” နှင့် “မဟာအတ္တ” တို့မှာ သိစိတ်၏ အစိတ်အပိုင်းဖြစ်သည့် “အတ္တ” နှင့် အမြဲမပြတ် ထိပ်တိုက်ပဋိပက္ခ ဖြစ်နေသည်။
ကိုယ်ရည်ကိုယ်သွေး ဆိုသည်မှာ ကလေးဘ၀၏ ခြားနားသော အချိန်များတွင် ခြားနားသော ပဋိပက္ခများမှ ပြုပြင်စီမံထားသည့် မောင်းနှင်အားများက ပုံသွင်းထားသည့်အရာ ဖြစ်သည်။
ဆိုက်ကိုဒိုင်းနမစ်အပေါ် ဝေဖန်ချက်
ဆိုက်ကိုဒိုင်းနမစ်ချဉ်းကပ်နည်းအား အကြီးမားဆုံး ဝေဖန်ထောက်ပြစရာမှာ ၎င်းသည် လူ့အပြုအမူများကို သရုပ်ခွဲလေ့လာရာတွင် သိပ္ပံနည်းမကျခြင်းပင် ဖြစ်ပါသည်။ ဖရွိုက်၏ သီအိုရီများကို ဗဟိုပြုသည့် အယူအဆ များစွာမှာ တစ်သီးပုဂ္ဂလဆန်ပြီး သိပ္ပံနည်းကျ စမ်းသပ်စစ်ဆေးရန် မဖြစ်နိုင်ခြင်းပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် “မသိစိတ်” နှင့် “သုံးပွင့်ဆိုင် ကိုယ်ရည်ကိုယ်သွေး” အယူအဆများကို မည်ကဲ့သို့ သိပ္ပံနည်းကျ လေ့လာမည်နည်း။ ဆိုက်ကိုဒိုင်းနမစ်ရှုထောင့်၏ အရောင်အ၀ါသည် မှားယွင်းကြောင်း သက်သေပြနိုင်မှုမရှိသလို တစ်ဘက်တွင်လည်း သိပ္ပံနည်းကျကျ လက်တွေ့ စုံစမ်းစစ်ဆေးနိုင်ခြင်းမရှိသည့် သီအိုရီများသာ ဖြစ်ပေသည်။
ထို့ပြင် ဆိုက်ကိုဒိုင်းနစ် သီအိုရီများအတွက် သဲလွန်စအများစုမှာ ဖရွိုက်၏ “ကန့်သတ် လေ့လာမှု” (Case Study) များမှသာ ယူငင်ထားခြင်း ဖြစ်ပါသည် (ဥပမာ- Little Hans) ။ ဤနေရာတွင် အဓိကပြဿနာမှာ “ကန့်သတ်လေ့လာမှု” များသည် လူတစ်ယောက်အပေါ်တွင် အသေးစိတ်လေ့လာမှုများကိုသာ အခြေခံထားခြင်းဖြစ်ရာ ဖရွိုက်နှင့်ပတ်သက်၍ ဆိုရလျှင် သူ မေးခွန်းထုတ်ခဲ့သည့်လူများမှာ သူ၏ လူနာများဖြစ်သော ဗီယန်နာမြို့မှ လူလတ်ပိုင်း အမျိုးသမီးများသာ အများဆုံးဖြစ်ခဲ့သည်။ ၎င်းတို့ကို အခြေခံထားသည့် အယူအဆများကို ပိုမိုကျယ်ပြန့်သည့် တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ယေဘုယျချနိုင်ဖို့ရာ ခက်ခဲပါသည်။
လူသားဝါဒဆိုင်ရာ ချဉ်းကပ်ဝေဖန်မှုတွင်သော် ဆိုက်ကိုဒိုင်းနမစ်ရှုထောင့်မှာ အလွန် ပုံသေကားကျနိုင်လွန်း နေပြီး လူတို့၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် အယူအဆအတွက် နေရာကွက်ကွက်လေးသာ ကျန်ရှိပေတော့သည်။ လူသား၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် (Free Will) အတွက် အလွန်ဘောင်ကျဉ်းသွားပြီဟု ဝေဖန်ထောက်ပြခြင်း ဖြစ်ပါသည်။
Credit to Tazar
◄ တေဇာ ► ဇန်န၀ါရီ (၇) ၂၀၁၀
Ref: Psychodynamic
Labels: ဆောင်းပါး
တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၁၉
$
0
0
" တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၁၉ "
-----------------------------------------------------
၂၀၀၄ ခုနှစ်ရဲ့ နွေဦးကာလတစ်ချို့ မှာ…..
ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးဟာ…..
တပ်မတော် တပ်ရင်း တပ်ဖွဲ့ များအားလုံး ….
တိတိကျကျ လိုက်နာရမယ့် …..
အမိန့် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်…....။
ဒီအမိန့် ဟာ….တပ်ရင်းတပ်ဖွဲ့ အသီးသီးက …
တပ်ရင်းမှူး တပ်မှူးများ အားလုံးကို.....
ဦးနှောက် အတော်ခြောက်သွားစေခဲ့ပြီး….
တပ်ရေး တပ်ထောက် အရာရှိများ အတွက်တော့ …..
၆လခန့် နေ့ မအိပ်ညမအိပ် စာရင်းဇယားများနဲ့ …..
ခေါင်းမဖော်တန်း အကြီးအကျယ် အလုပ်ရှုပ်သွားစေမယ့်…..
အမိန့် တစ်ခုလည်း ဖြစ်ပါတယ်……...။
အဲဒါကတော့ …..တပ်ရင်း တပ်ဖွဲ့ များ အားလုံး ….
တပ်အစီအစဉ်နဲ့ မည်သည့်လုပ်ငန်းကိုမှ ……
လုပ်ကိုင်ခွင့်မပြုတော့ကြောင်းနဲ့ ….
လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းများအားလုံးကို…..
စာရင်းဇယားများနဲ့ တကွ…..
စစ်ထောက်ချုပ်ရုံးကို လွှဲပြောင်း အပ်နှံပေးဖို့ ပဲ ဖြစ်ပါတယ်…….။
ကာကွယ်ရေး ၀န်ကြီးဌာနဟာ …..
တကယ်တော့ တိုင်းပြည်ရဲ့ ဘက်ဂျက်ကို …..
ရာခိုင်နူန်း အများဆုံး ရရှိနေတဲ့ ဌာနဖြစ်ပေမယ့် …..
သူ့ အသုံးစားရိတ်ဟာလဲ ကြီးမားလွန်းလှပါတယ် ….
ခေတ်မီ စစ်လက်နက်တွေရဲ့ တန်ဖိုးဟာ …..
အတော်မြင့်မားလှပြီး တစ်ဖက်ကလဲ …..
အိမ်နီးချင်းနိုင်ငံတွေရဲ့ တပ်မတော်တွေနဲ့ …..
အမီလိုက်ရမယ့် အနေအထားကိုလဲ ….
ရှောင်လွဲလို့ မရနိုင်ပါဘူး…….။
၁၉၉၄ ခှုနှစ်နောက်ပိုင်း ….
အသစ်ထပ်မံတိုးချဲ့ ဖွင့်လှစ်လိုက်တဲ့  …..
များပြားလှတဲ့ တပ်မ တွေဟာ …..
အရင်ဘယ်တုန်းကမှ မစိုးမိုးခဲ့ တဲ့ နယ်စပ်ဒေသတွေထိ ……
ဖြန့် ကျက် အခြေပြုလာခဲ့ ပြီး…..
ရှမ်းပြည်မြောက်ပိုင်း တစ်ခုထဲမှာကို ……
တပ်မ အတော်များများတိုးချဲ့ ဖွင့်လှစ်ခဲ့ ပြီးဖြစ်လို့ ……
နယ်မြေစိုးမိုးမှု အတော်ကောင်းလာပေမယ့်လည်း …..
များပြားလှတဲ့ စစ်စားရိတ်ရဲ့  ဖိစည်းမှူဒဏ်ကိုတော့ ……
တိုင်းပြည်လဲ အတော်ခံခဲ့ ရပါတယ်…..။
ဒါပေမယ့်လည်း ဒါဟာ …….
တိုင်းရင်းသား လက်နက်ကိုင်လူမျိုးစုတွေ အများအပြားရှိနေပြီး …..
အပြီးသတ် လက်နက်စွန့် ဖို့ ဘယ်လိုမှ ညှိနိုင်းလို့ မရသေးတဲ့ …..
တိုင်းပြည်တစ်ခု အတွက်တော့ …….
ဒီ တပ်တိုးချဲ့ မှုတွေဟာ…..
ဘယ်လိုမှ ရှောင်လွှဲလို့  ရနိုင်မယ်မဟုတ်ပါဘူး….
လူမျိုးစု လက်နက်ကိုင်တွေ အများအပြားရှိနေမှုအပေါ် ……
အမြတ်ထုတ်နေတဲ့  အိမ်နီးချင်းနိုင်ငံတွေဟာလည်း….
ဒီ စစ်အင်အားတိုးချဲ့ မှုရဲ့ ……
တစ်စိတ်တစ်ဒေသ အကြောင်းလဲ ဖြစ်နိုင်ပါတယ်……။
တကယ်တော့လည်း ….
စစ်အင်အား ငါးသိန်းနီးပါးရှိတဲ့ တပ်မတော်တစ်ခုအတွက် …..
သူ ရရှိလာတဲ့ ဘတ်ဂျက်ဟာ…
သူရဲ့ များပြားလှတဲ့ တိုက်ခိုက်ရေးယာဉ်တွေ ပုံမှန်လည်ပတ်နိုင်ဖို့ ….
အပို ပစ္စည်း ၀ယ်ယူရမှု နဲ့ စက်သုံးဆီ တန်ချိန်ပေါင်း များစွာအပြင်….
လစာ ရိက္ခာ တစ်ခုတည်းတင်ကိုက ….
လွယ်ကူတဲ့  ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး….။
စစ်သည်တွေရဲ့ စစ်ဝတ် နဲ့ …..
အသုံးအဆောင် ချပ်ဝတ်တန်ဆာတွေဟာ …..
သူ့ သက်တမ်းအလိုက် ….
အမြဲလှဲလှယ်ပေးနေရတဲ့ အမျိုးအစားတွေ ဖြစ်တဲ့ အတွက် …..
သိပ်ကောင်းလွန်းပြီး ….
ထုတ်လုပ်မှု စားရိတ်မြင့်မားတဲ့ အသုံးအဆောင်တွေကိုလဲ …...
ထုတ်ပေးနိုင်စွမ်း မရှိခဲ့ ပါဘူး …….။
တပ်မတော် ကထုတ်ပေးတဲ့ တောစီးဖိနပ်တစ်ရံဟာ …..
သက်တမ်း ၁၂လ သတ်မှတ်ထားပေမယ့်လဲ …..
တကယ်ကြမ်းတမ်းတဲ့ စစ်ဆင်ရေးတွေမှာ …..
၃လ လောက်ဆိုရင်ပဲ ပေါက်ပြဲကုန်ပြီး …..
စစ်သည်တွေဟာ .....
ရရာကင်းဗတ်စနဲ့  ပဲ ဖာထေးစီးရ ပါတော့တယ် ….
စီးပွားရေးပိတ်ဆို့ မှု အများအပြားကြောင့်….
ချွတ်ခြုံကျ နည်းသထက်နည်းလာတဲ့  ဘက်ဂျက်ဟာ…
နောက်ပိုင်းမှာတော့……
ရာသီဥတု အရမ်းဆိုးရွား ပြင်းထန်လွန်းတဲ့ …..
ဒေသက တပ်တွေက လွဲလို့ …..
ကုန်ကျစားရိတ်မြင့်မားပြီး ….
အသားဗူးတစ်ချို့ ပါဝင်တဲ့ တိုက်ခိုက်ရေး ရိက္ခာ ကိုလဲ …..
အမြဲတန်း ထုတ်ပေးနိုင်စွမ်း မရှိတော့ပါဘူး…..။
နောက်ထပ် ပြသနာကြီးကြီးမားကတော့ ….
တပ်ရင်းဌာနချုပ်တွေမှာ …..
ရင်ဆိုင်ရတဲ့ အခက်အခဲပဲဖြစ်ပါတယ်……
တပ်တစ်တပ်ရဲ့ အသုံးစားရိတ်တွေဟာ ….
ချွေချွေတာတာ သုံးမယ်ဆိုရင်တောင်မှ….
စာရွက်စာတမ်း ရုံးသုံး ပစ္စည်း များစားရိတ် …
စစ်သည် သင်တန်းတက် ထောက်ပံ့ ကြေး လို ထောက်ပံ့ မှုတွေဟာ …..
ရှောင်လွှဲလို့ မရနိုင်ပါဘူး….
တပ်ရင်း အများစုကတော့ …..
စစ်သည်တစ်ဦး သင်တန်းတက်ဖို့ အတွက် ….
ကျပ်တစ်သောင်းလောက်ကိုတောင်….
အနိုင်နိုင်ထောက်ပံ့နေရတဲ့ အပြင် ….
သင်တန်းတက် ၁၀ယောက်လောက်ရှိတဲ့ လ ကတော့ …..
အဲဒီတပ်က တပ်ရေးဗိုလ်ကြီးချွေးပြန်ရတဲ့ လမျိုးလဲ ဖြစ်ပါတယ်…...။
စစ်သည်တွေရဲ့ မိသားစုဝင်အတွက် ထုတ်ပေးတဲ့ ဆန်ဟာ …..
လောက်ငရုံလောက်သာရှိ ပြီး…..
အခြားအထွေထွေ အသုံးစားရိတ်တွေဟာလည်း …..
တပ်မိသားစုတွေရင်ဆိုင်ရတဲ့ …..
အခက်အခဲများစွာထဲကတစ်ခုလည်းဖြစ်ပါတယ်…..
ဒီပြသနာဟာ …..
အလုပ်အကိုင်ပေါများတဲ့  …..
မြို့ ကြီးပြကြီးများက တပ်အနည်းငယ်နဲ့ …..
နယ်စပ်ဒေသက တပ်အချို့  အတွက်တော့ …..
ပြင်ပအလုပ်လုပ်ရင်း ဖြေရှင်းလို့ ရနိုင်ပေမယ့် …
တပ်ရင်းအများစုတည်ရှိရာ …..
နယ်စွန်နယ်ဖျားဒေသတွေမှာတော့ …..
ဒီလိုဖြေရှင်းလို့ မရနိုင်တဲ့ အပြင် ….
တစ်ချို့ ဒေသများဟာ .....
လုံခြုံရေးအခြေအနေ ဆိုးလွန်းတဲ့ အတွက် …..
တပ်ပြင်ကိုတောင် …..
စိတ်ထင်တိုင်းထွက်လို့ ရမယ်မဟုတ်ပါဘူး…..။
ဒီအခြေအနေတွေကို တပ်အများစုကတော့ …..
ဦးပိုင်က နှစ်စဉ်ထုတ်ပေးတဲ့ အမြတ်ငွေ အပြင် ……
တပ်ပိုင် စီးပွားရေးလုပ်ငန်းများဖြစ်တဲ့  …..
စစ်သည်ရဲမေတွေ ရဲ့ အင်အားနဲ့  ……
လယ်စိုက် အုတ်ဖုတ် ကျောက်ထုတ် စတဲ့  ……
လုပ်ငန်းတွေက ရတဲ့ ဝင်ငွေတွေနဲ့ ……
တပ်ရဲ့ သက်သာချောင်ချိရေးလုပ်ငန်းတွေကို …..
ဆောင်ရွက်ရလေ့ရှိပါတယ်…..
ဦးပိုင်က ထုတ်ပေးတဲ့ ….
အမြတ်ငွေ တစ်နှစ်ကို ၁၅သိန်းဟာ …..
သိန်း၅၀ အမြင့်ဆုံးထည့်ခွင့်ရတဲ့ …..
ခြေလျင် တပ်ရင်း တစ်ခုအတွက်တော့….
များလှတယ်မဟုတ်လှပေမယ့် ….
အသက်ရူချောင်နေစေတာတော့လဲ အမှန်ပဲ ဖြစ်ပါတယ်…..။
ဒါအပြင် အငြိမ်းစား စုဆောင်းငွေအဖြစ် ….
ရဲဘော်ကနေ အရာရှိကြီး အဆင့်ထိ….
သတ်မှတ်နူန်းထားအတိုင်း ….
ဦးပိုင်မှာ ရှယ်ယာထည့်ဝင်ခွင့်ပေးထားပြီး….
တပ်မတော်က အငြိမ်းစားယူချိန်မှာ ….
စုဆောင်းထားတဲ့ အမြတ်ငွေတွေအပြင်….
အကျိုးအမြတ်ကို လစဉ် ထုတ်ယူခွင့်ပြုထားပေမယ့် …..
လွဲပြောင်း ရောင်းချခွင့်တော့ ပေးမထားပါဘူး…..
ဒါဟာ …အမှန်တကယ် ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပေမယ့် …..
အငြိမ်းစားယူချိန်မှ စတင်ထုတ်ယူ ခွင့်ပြုတာဖြစ်သလို ….
အကြောင်းအမျိုးမျိုးကြောင့်….
စစ်မှုထမ်းသက်မပြည့်ပဲ
တပ်က အငြိမ်းစားယူရတဲ့ အချိန်မှာ …..
ထည့်ဝင်ထားငွေ နည်းပါးလွန်းသေးတဲ့ သူတွေအတွက်တော့ …..
သိပ်ပြီးထိရောက်လှတယ်လို့  ခေါ်နိုင်မယ် မဟုတ်ပြန်ပါဘူး…...။
ဒါပေမယ့်လဲ တပ်အများစုဟာ ….
တပ် စတင်ဖွင့်လှစ်ချိန်ကတည်းက….
စစ်ထောက်ချုပ်ရုံးရဲ့ ခွင့်ပြုချက်နဲ့  …..
ဦးပိုင်က ထုတ်ချေးပေးတဲ့ မတည်ငွေနဲ့ သာ မှီခို အစပြုရပြီး ….
ဒီငွေကိုပဲ ဦးပိုင်မှာ ထည့်သွင်းကာ ….
ရလာတဲ့ အမြတ်ငွေနဲ့ …..
တပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ….
လည်ပတ်ဆောင်ရွက်ရတာလဲ ဖြစ်ပါတယ်…..
တပ်ရင်းတပ်ဖွဲ့ မှူး အသီးသီးဟာ …..
သက်ဆိုင်ရာ လေးလပတ် ဦးရေးထောက် အစည်းအဝေးတွေမှာ….
ဦးပိုင်ကို တပ်ရင်းက သတ်မှတ်ချက်အတိုင်း …
ပြည့်မီအောင် ထည့်ဝင်ထားနိုင်စွမ်းရှိ မရှိ …..
အမြဲတင်ပြနေရပြီး…..
သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေကလည်း ….
ကကကြည်း လေးလပတ် အစည်းအဝေးမှာ …..
ဒီ အချက်တွေကို အမြဲတင်ပြနေရတာဖြစ်ပါတယ်….
ဒါဟာ….
သူ့ တပ်က ထည့်ဝင်ငွေ ဆိုးဆိုးဝါးဝါး …….
ပျက်ကွက်လျော့နည်းတဲ့ တပ်မှူးတွေ အဖို့ တော့…..
တစ်ဆင့်မြင့် ရာထူးအတွက် ……
စဉ်းစားမယ်မဟုတ်ဘူးဆိုတဲ့ သဘောလဲ ဖြစ်ပါတယ်……။
၂၀၀၄ ခုနှစ် ကကထောက်ရဲ့  အမိန့် ထုတ်ပြန်ပြီးတဲ့ နောက်မှာ….
တပ်ရင်းတပ်ဖွဲ့ တွေဟာ ……
တပ်အစီအစဉ်နဲ့ ပြုလုပ်နေတဲ့ လုပ်ငန်းအားလုံးကို ….
ရပ်ဆိုင်းလိုက်ရတဲ့ အတွက်….
ဦးပိုင်က ထုတ်ပေးနေတဲ့ အမြတ်ငွေကို ….
ပိုမိုမှီခိုလာရပြီး …
လတ်တလော အဆင်မပြေမှုတွေ ရင်ဆိုင်လာရပေမယ့်လည်း…..
စစ်ရုံးချုပ်အနေနဲ့ ကတော့ …..
တပ်တစ်တပ်ချင်း အလိုက် ……
အခြေအနေအရ ကိုယ်စီ စီးပွားရေးလုပ်နေရတာကို….
ရေရှည်ခွင့်ပြုလိမ့်မယ်တော့မဟုတ်ပါဘူး….
တပ်မတော် အနေနဲ့ လဲ …..
မကြာခင်မှာ စစ်တန်းလျားပြန်ဖို့ ပြင်ဆင်နေပြီ ဖြစ်တဲ့  အတွက် ….
ဒီလို ကိစ္စ မျိုးတွေဟာ ……
အခုလောက်တည်းက ကြိုကြိုတင်တင် …….
စီစဉ်ရှင်းလင်းမှ ဖြစ်မယ်ဆိုတာလဲ …
သဘောပေါက်ပြီး ဖြစ်နေလောက်ပြီ ဖြစ်ပါတယ်……
( အပိုင်း ၂၀ နောက်ရက် ဆက်တင်ပါမည် )
၂၅ ရာခိုင်နှုန်းနှင့် မြန်မာ့နွေဦး
$
0
0
၂၅ ရာခိုင်နှုန်းနှင့် မြန်မာ့နွေဦး
( မှူးဇော် )
ပုံရိပ်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ
ဂျပ်ဆင်တွင် သမ္မတ အိုဘားမား ပြောကြားခဲ့သော မိန့်ခွန်းပါ မှိန်ပျပျ အလင်းရောင်ကလေးသည် ပို၍ပို၍ ထွန်းလင်း တောက်ပလာသည်ကို ပြီးခဲ့သည့် လအတွင်းက နိုင်ငံတော် သမ္မတကြီး၏ အိမ်ဖြူတော်သို့ ခြေတစ်လှမ်း၊ ရှင်ဇိုအာဘေး၏ မြန်မာခရီး စသည့် ပုံရိပ်များက ပြဆိုနေသည်။ မြန်မာ့နွေဦးဟု နိုင်ငံတကာ အကဲခတ်တို့က ပညတ်ပြုခဲ့ရသော မြန်မာ့ ဒီမိုကရေစီသည် နိုင်ငံတကာ အသိုင်းအဝိုင်း၌ နောက်ကြောင်း ပြန်မလှည့်တော့ ဟူ၍ ကောက်ချက်ချ ခဲ့ကြသည်ကိုလည်း နေပြည်တော် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် တွေ့ရှိခဲ့ရသည်။ ဒီမိုကရေစီ ပင်ပေါက် အမြစ်တွယ်ပြီလား ဟူသော မေးခွန်းအတွက် အဖြေမှာ အခြေခံ ပြည်သူများ ပြုပြင်ပြောင်းလဲမှု အကျိုးကို မည်မျှများများ နှင့် မည်မျှမြန်မြန် ရရှိ ခံစားနိုင်မည်နည်း ဟူသော အချက်ပေါ်တွင် မူတည်နေသည်။
နိုင်ငံနှင့် နိုင်ငံသားတို့၏ ပုံရိပ်သည် နိုင်ငံတကာအလယ်တွင် Gold Rush ဟု ခေါ်တွင်လောက်အောင် New Normal သို့ ရောက်ရှိလာနေကြောင်း တွေ့ရှိရသည်မှာ ဒီမိုကရေစီ ဖွံ့ဖြိုးရေး သက်သက်တော့ မဟုတ်နိုင်ပေ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် တောင်အာဖရိက၏ နမူနာသည်ပင်လျှင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုလောက် ဘက်စုံ၊ အင်စတီကျူးရှင်းစုံ ပါဝင်ခြင်းမရှိဟု အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ လစ်ဘရယ် စံနှုန်းများ လမ်းပွင့်လာခြင်းသည် လုံးဝ ထင်မှတ်မထားခဲ့သော ပြောင်းလဲမှုဟုလည်း ဆိုသည်။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုက တောင်အာဖရိကထက် ပိုမို၍ Comprehensive သဘော ဆောင်သည် ဟုလည်း မှတ်ချက်ပြုသည်။
ဤသည်မှာ မြန်မာ့နွေဦး မည်သည့်အတွက်ကြောင့် စိတ်ဝင်စားစရာ ဖြစ်နေသည်ဟူသော မေးခွန်း အတွက် အဖြေ ဖြစ်တန်ရာရှိသလို ဒေါ်အောင်ဆန်းစုကြည် ဟူသော ဒီမိုကရေစီ သင်္ကေတ၊ နိုင်ငံတော် သမ္မတကြီး ဟူသော ပြုပြင်ပြောင်းလဲရေး အမှတ်တံဆိပ် စသည်တို့၏ သက်ရောက်မှုများ လည်း ပါဝင်နိုင်ဖွယ်ရာ ရှိသည်။
ပုံရိပ်အသစ်၊ အခွင့်အလမ်း အသစ်များနှင့် မြန်မာနိုင်ငံသစ် New Myanmar အတွက် မြင်တွေ့ရသော စိန်ခေါ်မှုမှာ ရေရှည် တည်တံ့ခိုင်မာမှု Substainability ပင် ဖြစ်နေသည်။ ယင်းရေရှည် တည်တံ့မှု တွင်လည်း (၁) ပြည်သူများ၏ လူမှုစီးပွား တိုးတက်ရေး၊ (၂) မျှော်လင့်ချက်များကို စီမံ ခန့်ခွဲနိုင်မှု၊ (၃) ရှေ့သို့ တက်လှမ်းလိုက်သော ခြေလှမ်းများ ခိုင်မာရေး (တစ်နည်းအားဖြင့် နိုင်ငံရေးခေါင်းဆောင်များ ၏ စိတ်စေတနာ၊ သန္နိဋ္ဌာန်ဖြင့် တက်လှမ်းပြီးသော အဆင့်များကို ခိုင်မာသော အင်စတီကျူးရှင်းများ အဖြစ်သို့ ပြောင်းလဲရေး) ဟူသော အချက်များ အရေးကြီးသည်။ ဤသည်ပင် လက်ရှိ မျက်မှောက် ကြုံတွေ့နေရသော စိန်ခေါ်မှုများပင် ဖြစ်သည်။ သာဓက ဆောင်ရလျှင် လက်ရှိ နေ့စဉ် သတင်းစာများ၊ မီဒီယာများ၏ လွတ်လပ်ခွင့် ချက်ချင်း လက်ငင်း လမ်းပွင့်လာခြင်းသည် အုပ်ချုပ်သူတို့၏ စေတနာက ပြဋ္ဌာန်းပေးလိုက်သော ပွင့်လင်းမှုသာဖြစ်ပြီး ယင်းပွင့်လင်းမှု အစဉ်အဆက် တည်တံ့ နေစေရေး အတွက် ဥပဒေ၊ နည်းဥပဒေ အစရှိသော ခိုင်မာသည့် အင်စတီကျူးရှင်းများဖြင့် တည်ဆောက်ရမည် ဖြစ်သည်။ ဥပဒေနှင့် အညီ ရရှိ ခံစားနေသော စာနယ်ဇင်း လွတ်လပ်ခွင့်၊ ဥပဒေက အကာအကွယ် ပေးထားသော လွတ်လပ်စွာ ရေးသား ဖော်ပြခွင့်ဟူသည်သာ ရေရှည် သဘောဆောင်သော ပြုပြင် ပြောင်းလဲမှု မည်ပေလိမ့်မည်။
ဒုတိယပင်လုံ သို့မဟုတ် နေပြည်တော် သဘောတူညီချက်
မကြာသေးခင်က SSA/RCSS ခေါင်းဆောင် ဦးရွက်ဆစ်နှင့် နေပြည်တော်၌ တွေ့ဆုံရာတွင် မကြာတော့သည့် ကာလတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် တွေ့ဆုံ၍ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို နေပြည်တော် သို့မဟုတ် သင့်လျော်ရာ နေရာ ဌာနတွင် ဆောင်ရွက်သွားမည်ဟူ၍ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် ထုတ်ဖော် ပြောကြားခဲ့သည်။ လွတ်လပ်ရေး ရရှိပြီးနောက် တစ်နိုင်ငံလုံး သေနတ်သံ ချုပ်ငြိမ်းတော့မည့် အိပ်မက်သည် သက်ဆိုင်ရာ ခေါင်းဆောင်များ၏ နိုင်ငံနှင့် ပြည်သူ အကျိုးအပေါ် မျက်မှောက်ပြုနိုင်မှု၊ အချင်းချင်းအကြား အပြန်အလှန် ယုံကြည်မှုတို့ အပေါ်တွင် မူတည်နေပြီ ဖြစ်ရာ မဝေးတော့ဟု မှတ်ယူနိုင်သည်။
"ဒီမိုကရေစီ ပင်ပေါက် အမြစ်တွယ်ပြီလား ဟူသော မေးခွန်းအတွက် အဖြေမှာ အခြေခံ ပြည်သူများ ပြုပြင်ပြောင်းလဲမှု အကျိုးကို မည်မျှများများ နှင့် မည်မျှမြန်မြန် ရရှိ ခံစားနိုင်မည်နည်း ဟူသော အချက်ပေါ်တွင် မူတည်..."
အမျိုးသားပြန်လည် ပေါင်းစည်း ညီညွတ်ရေးတွင် အနိုင်-အရှုံး ခံစားမှုများ၊ အနိုင် အရှုံး သတ်မှတ်ချက် များ ပပျောက်သွားပြီး နိုင်ငံဖွံ့ဖြိုးရေး ဆုံမှတ်တွင် စုဆုံကြလျှင် မအောင်မြင်စရာ မရှိဟု ဆိုနိုင်သည်။ ဆိုလိုသည်မှာ တန်းတူရည်တူ သာတူညီမျှ အခွင့်အရေးများ ဝေမျှနိုင်မည်ဆိုလျှင် နိုင်ငံရေး ကွဲလွဲမှု များ ပပျောက်စေမည်ဖြစ်သည်။ နိုင်ငံတော် သမ္မတကြီးကလည်း ဒီနိုင်ငံကို မိမိတို့ ပိုင်သလို ဦးရွက်ဆစ်တို့လည်း ပိုင်ကြောင်း အတိအလင်း ပြောကြားထားပြီး သယံဇာတ ခွဲဝေမှုအထိ ဖော်ဆောင် နေပြီဖြစ်ရာ မူအားဖြင့် အငြင်းပွားဖွယ်ရာ မရှိတော့ဘဲ လက်တွေ့ မည်သို့ အကောင်အထည် ဖော်မည်ကို ဆက်လက် ညှိနှိုင်းရန်သာ ကျန်တော့သည်။
ခေါင်းဆောင်များ၏ Social Contract
ဒီမိုကရေစီ၏ တရားကိုယ်ထည်မှာ လုပ်ပိုင်ခွင့် အာဏာများကို တစ်နေရာတည်းတွင် စုစည်းထားခြင်း မရှိတော့ဘဲ အပြန်အလှန် ထိန်းကျောင်းမှုဖြင့် ပွင့်လင်းမြင်သာ သန့်ရှင်း စင်ကြယ်သော လုပ်ထုံး လုပ်နည်းများ ဖြစ်ပေါ်လာရေးပင် ဖြစ်သည်။ တရားမျှတမှုကို ထူထောင် တည်ဆောက်နိုင်ရန်အတွက် တရားမျှတသော ဥပဒေ၊ နည်းဥပဒေများ ပေါ်ထွက်လာရန် အရေးကြီးသည်။ တစ်ဖန် ယင်းဥပဒေ၊ နည်းဥပဒေများကို ဆင်းရဲ ချမ်းသာ၊ ယုတ် လတ် မြတ် မရွေး တန်းတူရည်တူ ခံစားနိုင်ခြင်းသည်ပင် လျှင် တရားဥပဒေ စိုးမိုးခြင်း ဖြစ်သည်။ အာဏာကြီး သုံးရပ် စလုံးကို တစ်နေရာတည်းတွင် စုစည်း ရယူခဲ့သည့် ခေတ်စနစ်မှသည် အာဏာကြီး သုံးရပ်ကို တစ်နေရာစီ ဖြန့်ခွဲလိုက်ပြီဖြစ်သော မြန်မာ့နိုင်ငံရေးတွင် ယင်းမဏ္ဍိုင်ကြီး သုံးရပ်သာလျှင် အဓိက မဟုတ်တော့ဘဲ မီဒီယာ၊ Civil Society၊ Think Tank နှင့် ပြည်သူလူထု ဟူသော ထိန်းကျောင်းရေး အစိတ်အပိုင်းများ အားကောင်းမောင်းသန် ကြီးထွားလာရန် အရေးကြီးနေပြီ ဖြစ်သည်။
ပြည်သူများ၏ နိုင်ငံရေး ရေချိန်ကို အမြန်ဆုံး မြှင့်တင်ပေးနိုင်ရန်အတွက် ပြည်တွင်း ပြည်ပမှ ဝိုင်းဝန်း လုပ်ဆောင်နေကြသော်လည်း နိုင်ငံရေး အမြတ်ထုတ်မှုကို နိုင်ငံရေး အမြတ်ထုတ်မှုဟု မှန်ကန်စွာ သိမြင်နိုင်သော၊ နိုင်ငံပြုခေါင်းဆောင် Statesman နှင့် နိုင်ငံရေးသမား Politician၊ အစစ်အမှန် နိုင်ငံရေးနှင့် အသုံးချ နိုင်ငံရေးကို တိတိပပ ခွဲခြားနိုင်သော ပြည်သူ့ နိုင်ငံရေး ရေချိန်ကို အပြင်းအထန် လိုအပ်နေပြီ ဖြစ်သည်။မဏ္ဌိုင်ကြီး သုံးရပ်၏ အပြန်အလှန် ထိန်းကျောင်းမှုကို ပြန်လည် ထိန်းကျောင်း မည့် မီဒီယာနှင့် Civil Society တို့ မည်မျှ အားကောင်းနေပါပြီလဲ ဟူသော မေးခွန်းသည် မြန်မာ့ ဒီမိုကရေစီ မည်မျှ ပီပြင်နေပြီလဲ ဟူသော အဖြေကို ထုတ်ပေးနိုင်မည် ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ဆိုရလျှင် လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ရှေ့သို့ ဆက်တိုက် လှမ်းတက် နေနိုင်ခြင်းသည် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည် အစရှိသည့် နိုင်ငံရေးခေါင်းဆောင်များ၏ နားလည်မှုနှင့် ယုံကြည်မှုကို အခြေခံသော Social Contract ကြောင့်သာ ဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ စင်းလုံးချော မဟုတ်သေး၊ အငြင်းပွားဖွယ်ရာများ ရှိနေသေး သည်၊ ပိုမို ကောင်းမွန်အောင် ပြင်ဆင်သွားရမည် စသည့် ဘုံယုံကြည်ချက်များကြောင့် နိုင်ငံရေး အပြောင်းအလဲများ ရှေ့တန်း ရောက်နေခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အပြုသဘော ဆောင်သော ထောက်ခံ အားပေးမှုများသည်လည်း ရှေ့တန်းရောက် နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပုံရိပ်များကြောင့်သာ ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်များ၏ Social Contract ကို Institutionalization ပြုလုပ်ရေးသည် ယခု နောက်ဆုံး ဒီဘိတ် လုပ်နေ ကြသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပင် ဖြစ်နေကြောင်း တွေ့ရှိရသည်။
တပ်မတော်၏ အခန်းကဏ္ဍနှင့် Agree to Disagree
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အာရုံပြုထားကြရာ၌ ၂၅ ရာခိုင်နှုန်းသော ထိုင်ခုံ နေရာများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီးက သမိုင်းကြောင်းနှင့် ယှဉ်ကာ ရှင်းလင်း ပြောကြားမှု အပေါ်တွင် လည်း ဝိဝါဒ အမျိုးမျိုး ကွဲပြား နေကြပေလိမ့်မည်။ ဤသည်ပင် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော Agree to Disagree ပင် ဖြစ်သည်။ နိုင်ငံရေးတွင် တပ်မတော် ပါဝင်နေခြင်းကို ပြန်လည် ဆန်းစစ် ကြည့်လျှင် နိုင်ငံရေးသမားများကြောင့်သာ ဖြစ်ကြောင်း တွေ့ရှိနိုင်သလို အမျိုးသား ပြန်လည် ပေါင်းစည်း ညီညွတ်ရေး ပန်းတိုင်သို့ ရောက် မရောက် ဟူသော အချက်နှင့် တိုက်ရိုက် ဆက်စပ် နေကြောင်း တွေ့ရှိနိုင်သည်။ နိုင်ငံရေးသမားတို့ကြောင့် စစ်ဘောင် ဤမျှ ကျယ်ပြန့်နေခြင်းကို သိမြင်နိုင်လျှင် လွှတ်တော်အတွင်းမှ မည်သည့် အချိန်တွင် တပ်မတော် ထွက်ခွာသင့်သည်ဟူသော အဖြေကို အနီးစပ်ဆုံး ညှိနှိုင်းနိုင်မည်သာ ဖြစ်သည်။ တပ်မတော်သားများ လွှတ်တော်တွင်းမှ အပြီး တိုင် ထွက်ခွာရေးသည် လက်နက်ကိုင် ပဋိပက္ခများ အပြီးတိုင် ချုပ်ငြိမ်းရေး၊ တစ်နည်းအားဖြင့် ရေရှည် တည်တံ့သော ထာဝရ ငြိမ်းချမ်းရေး ရ မရ ဟူသော အချက်ဖြင့် တိုက်ဆိုင် စစ်ဆေးနိုင်ပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် နိုင်ငံရေးနည်းဖြင့် စေ့စပ် ညှိနှိုင်း၍ မရခဲ့သောကြောင့် လက်နက်ကိုင် ခဲ့ရသော တိုင်းရင်းသားများကို လက်နက်ကိုင်စရာ မလိုတော့သည့် အနေအထားအထိ ရောက်ရှိ အောင် နိုင်ငံရေးသမားများက ညီညွတ်စေပြီလား ဟူသော မေးခွန်းသည် ၂၅ရာခိုင်နှုန်းအတွက် အနီးစပ်ဆုံး အဖြေပင် ဖြစ်ပါလိမ့်မည်။
တစ်ဖန် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး၌ အခြေခံအဆင့်ဖြစ်သော ထိတွေ့ ဆက်ဆံမှု၊ ရင်းနှီးမှု၊ နားလည်မှုတို့ မည်မျှအထိ တည်ဆောက်နိုင်ပြီလဲ၊ ယင်းမှတစ်ဆင့် အပြန်အလှန် နားလည်မှု၊ အပြန်အလှန် ယုံကြည်မှု၊ ပရော်ဖက်ရှင်နယ် တပ်မတော် တည်ဆောက်မှုတွင် ပူးပေါင်းဆောင်ရွက်နိုင် မှု စသည်တို့သည်လည်း ကျွဲကူးရေပါ တစ်ဆက် တစ်စပ်တည်း ရှိနေကြောင်း တွေ့ရှိနိုင်သည်။ ဤ ယူဆချက်သည်လည်း ဝိဝါဒ အမျိုးမျိုး ကွဲပြားနိုင်ဖွယ်ရာ ရှိသော်လည်း တောင်အာဖရိက အသွင် ကူးပြောင်းရေးတွင် မင်ဒဲလားနှင့် ဒီကလပ် တို့အကြား ထားရှိခဲ့သော Transformation Agreement မျိုးကို ထည့်သွင်း စဉ်းစားကြရန် လိုအပ်မည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် အမျိုးသား ညီညွတ်ရေးဟု ဆိုလိုက်လျှင် တိုင်းရင်းသား လူမျိုးများကိုသာ ထည့်သွင်း စဉ်းစားလေ့ ရှိသောကြောင့် တပ်မတော် သည်လည်း ယင်းလုပ်ငန်းစဉ်တွင် ထည့်သွင်းရမည့် Stakeholder တစ်ရပ် ဖြစ်နေကြောင်း သတိချပ်ရန် ဖြစ်သည်။ စစ်မှန်သော အမျိုးသား ညီညွတ်ရေး မရရှိလျှင် မည်သည့် ပြုပြင်ပြောင်းလဲမှုမျှ အောင်မြင်မည်မဟုတ် ဟူ၍ သမ္မတ အိုဘားမား ပေးသွားသည့် Message ကို မြန်မာ့နိုင်ငံရေး Stakeholder အားလုံး မမေ့မလျော့ နှလုံးသွင်းကြ ရန် ဖြစ်သည်။ ဤသည်မှာလည်း လက်ရှိ မြန်မာ့ နိုင်ငံရေးကို ပုံဖော်နေသော နိုင်ငံရေးခေါင်းဆောင်များက လက်တွေ့ကျကျ ဖော်ဆောင်ကြမည်ဟု အပြည့်အဝ ယုံကြည်မိသည်။
နိဂုံး
မြန်မာ့နွေဦးဟု ကမ္ဘာက ခေါ်တွင်ကြသော မြန်မာ့ ဒီမိုကရေစီသည် ယခုမှနုသစ်စ၊ အသွင် ကူးပြောင်းစသာ ဖြစ်နေပြီး နွေဦး၏ အလှတရားများကို ပြည်သူများ မခံစားနိုင်၊ မထိတွေ့နိုင်သေးပါ။ ဒီမိုကရေစီခိုင်မာပြီး ရေရှည် တည်တံ့သည့်အဆင့် မဆိုထားနှင့်၊ ဖြေလျှော့သည့် အဆင့်ပင် မပြီးပြတ် သေးသော မြန်မာ့နွေဦးသည် ယခု လွှတ်တော် သက်တမ်းသာမက အနည်းဆုံး နောက်ထပ် လွှတ်တော် သက်တမ်း တစ်ခုအထိ အချိန်ယူရဦးမည့် သဘောရှိနေသည်။ လက်ရှိ နိုင်ငံရေး ခေါင်းဆောင်များသည် နောင်လာမည့် မျိုးဆက်သစ်များအတွက် ခိုင်မာသော အုတ်မြစ်များ ချမှတ်ပေး ခဲ့သည့် နိုင်ငံပြု ခေါင်းဆောင်များ ဖြစ်လာကြမည် ဖြစ်သည်။ ဤသို့သော အခြေအနေမျိုးတွင် ပြုပြင် ပြောင်းလဲမှုများ၏ အကျိုးတရားများ ပြည်သူအားလုံး ယုတ် လတ် မြတ် မရွေး ခံစား ရရှိနိုင်ရေး သည်သာ ဘုံ ရည်မှန်းချက် ဖြစ်သင့်သလို ယင်းသို့ အကျိုးတရားများ မည်သို့ လက်တွေ့ အမြန်ဆုံး ဆောင်ကြဉ်းမည်နည်း ဟူသော အချက်သည်သာ Common Ground ဖြစ်သင့်ကြောင်း တင်ပြ လိုက်ရပေသည်။
Credit: The Voice Weekly
http://www.thevoicemyanmar.com/index.php/perspective/item/3784-25y.html
— with Myo Set and 23 others.
ဒေါက်တာဗမော် ၁၉၆၀ ရွေးကောက်ပွဲ သုံးသပ်ချက် ကောက်နှုတ်ချက်
$
0
0
by Maung Maung Than (Notes) on Friday, June 21, 2013 at 2:44pm
၁၉၆၀ခုနှစ် ရွေးကောက်ပွဲအပေါ် ဒေါက်တာဗမော်၏ သုံးသပ်ချက် အဆင့် (၅)ဆင့်
ပြည်သူအများ၌ နိုင်ငံရေး အသိအမြင် နည်းပါးသေးခြင်းသည် ပထမအဆင့် ဖြစ်သည်။
×
×
တတိယအဆင့်တွင် ဘာသာရေးဝင်လာသည်။ ဘာသာသာသနာ အစစ်အမှန်ထက် လူထုအား လှုံ့ ဆော်လှုပ်ရှားသော ဘာသာရေးမျိုးဖြစ်သည်။ သံဃာတော်များက နိုင်ငံတော် ဘာသာ ပြဌာန်းပေးမည်ဟု ကတိပြုသော ပုဂ္ဂိုလ်ကို တခဲနက် ထောက်ခံကြသည်။
×
×
သမိုင်းအခြေအနေအရ မြန်မာပြည်သူတို့ သည် အုပ်ချူပ်သူမင်းကို ရန်သူမျိုးငါးပါးတွင် တစ်ပါး အဖြစ် သတ်မှတ်ကြသည်။ မင်းသည် ဘုရားတည်၊ ကျောင်းဆောက်၊ အခွန်ကောက် ထင်ရာသုံး၊ ရာဇ၀တ်မှု ကျူးလွန်သူကို အပြစ်ပေးလျှင် တာဝန်ကျေသည်။ အခြား ဘာမျှလုပ်ရန်မလို၊ ပြည်သူတို့  ဖြစ်ချင်သလိုဖြစ်၊ နေချင်သလို နေစေရမည်ဟု မှတ်ယူကြသည်။ အုပ်ချူပ်သောမင်းက ပြည်ရေးရာမှုအတွက် အခြားလုပ်စရာ ရှိတာလုပ်လျှင် တရားမဲ့သည်ဟု မင်းကိုပင် အပြစ်တင်ကြသည်။ သို့ ရာတွင် တိုးတက်လိုလျှင် အလုပ်လုပ်ရသည်။ ဥပဒေတွေ ပြဌာန်းရသည်။ အမိန့် တွေ ထုတ်ရသည်။ ဤသည်တို့ သည် ထင်သလိုနေ ဒီမိုကရေစီ အခွင့်အရေးကို ချုပ်ချယ်သည်။ ယခုအခေါ်အဝေါ်နှင့်ဆိုလျှင် ဖက်ဆစ်ဆန်သည်ဟု ပြောကြပြန်သည်။
နိုင်ငံရေးကို အတွေ့ အကြုံနည်းသေးသော ပြည်သူတို့ သည် အနည်းငယ် နစ်နာဆုံးရှုံးခြင်း၊ အဆင်မပြေခြင်းကို အကျယ်ချဲ့ ၍ တွေးတောတတ်သည်။ အရှည်ကောင်းသမျှ ကိစ္စများကိုမူ မသိမမြင်တတ်ဘဲ ရှိတတ်သည်။ တပ်မတော်ကလည်း အများကောင်းဖို့  လုပ်လျှင် ပြီးစတမ်း၊ နည်းလမ်းက အရေးမဟုတ်ဟု တွေးတောပုံရသည်။ ဤသည်တွင် တပ်မတော်နှင့် ပြည်သူကြား တီးတိုး ၀ါဒဖြန့်  ဖို့  အကွက်ကောင်း ပေါ်တော့သည်။
×
×
နောက်ဆုံးအဆင့်တွင် နိုင်ခြေရှိသူကို ၀ိုင်း၍အားပေး ထောက်ခံလေ့ရှိသော လူထု၏ အကျင့်ဝင်လာသည်။ အများဝါ၍ ၀ါကြသည်။ နောင်လာမည့် အစိုးရ တို့ အစိုးရဟု တွေးခေါ်ကြသည်။ တောခိုသောင်းကျန်းသူတို့ ကလည်း အ၀ါရောင် ပါတီကို အားပေးရန် ဆော်သြကြသည်။ ယင်းပါတီနှင့် အရေးဆိုရတာ ပိုမိုလွယ်ကူ လိမ့်မည်ဟု သူတို့ ယုံကြည်ကြလေသည်။
ရွေးကောက်ပွဲ ပြီးကာစ မြန်မာနိုင်ငံရေး အခြေအနေ အဓိက ပုံကြမ်းကို ဤသို့ မြင်နိုင်ပေသတည်း
ဒေါက်တာ ဗမော်
Viewing all 1811 articles
Browse latest View live