Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

ဘက်ဂျက်နဲ့ ဦးပိုင် အတွက် အဆိပ်တက်နေသူများဖတ်ဖို့ပါ

$
0
0

Photo: ဘက်ဂျက်နဲ့ ဦးပိုင် အတွက် အဆိပ်တက်နေသူများဖတ်ဖို့ပါ  ----------------------------------------------------------------     2013 - 2014 ခုနှစ် မြန်မာ့တပ်မတော် အတွက် ခွင့် ပြုငွေ က နိုင်ငံတော် ဘက်ဂျက်ရဲ့ ၂၁ ရာခိုင်နှုန်း .. သုံးစွဲဖို့ မဲခွဲ ဆုံးဖြတ်ရာမှာ အထက်လွှတ်တော် ၊ အောက်လွှတ်တော် အမတ် ၄၄၅ ယောက် ရှိတဲ့ အနက် ၆၀ ကတော့ ဘက်ဂျက်လျော့ချဖို့ ဆန္ဒပြု ပြီး ကျန်အမတ်များကတော့ ထောက်ပံ့ဖို့ ဆန္ဒပြုပါသတဲ့ ။        နိုင်ငံတော်ရဲ့ စစ်ရေးဘက်ဂျက် ဟာ ရာခိုင်နှုန်းအားဖြင့် ၂၁ ရာခိုင်နှုန်းရှိပြီး ၊ ပမာဏအားဖြင့်တော့ အမေရိကန်ဒေါ်လာ ၁.၁၅ ဘီလီယံ (သန်းပေါင်း ၁၁၅၀) ရှိပါသတဲ့ ။       တပ်မတော်က စာရင်းတင်ပြရာမှာ တပ်မတော်ရဲ့ Military Hardware အတွက် ဒေါ်လာ သန်းပေါင်း ၆၃၁.၁ သုံးစွဲ မယ်လို့ ဆိုပါတယ် ။ အဲဒီ Military Hardware တွေကတော့  စစ်ဘက်သုံး လေယာဉ်များ - ဒေါ်လာ သန်းပေါင်း ၂၀၀ စစ်ဘက်သုံး သဘောင်္များ - ဒေါ်လာ သန်းပေါင်း ၉၃ စစ်ဘက်သုံး ယာဉ်များ - ဒေါ်လာသန်းပေါင်း ၃၀  စစ်ဘက်သုံး ပစ္စည်းများ - ဒေါ်လာသန်းပေါင်း ၁၉၅ တပ်မတော်စက်ရုံများ - ဒေါ်လာသန်းပေါင်း ၁၁၂ စစ်လက်နက်များ - ဒေါ်လာသန်းပေါင်း ၁.၁   လက်ကျန်ငွေများ ကိုတော့ တပ်မတော်ဆိုင်ရာ အဆောက်ဦးများ ၊ စစ်ရေးစခန်းများ ၊ စစ်ရေးပရော့ဂျက်များ ၊ စစ်ကျောင်းကြီးများ ၊ တပ်မတော်တန်းမြင့်ကျောင်းများ ၊ တပ်မတော်ကောလိပ်များ ၊ တပ်မတော် လေ့ကျင့်ရေးကျောင်းများ မှာသုံးစွဲ မယ်လို့ဆိုပါတယ် ။  ဒီစာရင်းတွေထဲမှာ ကြည့်လိုက်တော့ တပ်မတော်သားတွေ ရဲ့ လစာငွေ ၊ ရိက္ခာငွေ ၊ မှီခိုမိသားစုတွေ အတွက် ထောက်ပံ့ ငွေတွေ မပါတာကိုတွေ့ ရမှာပါ ။ အဲဒီ ငွေတွေဘယ်ကနေရပါသလဲ ။ ကိုယ့်ဘာကို တွေးပါ ။   တပ်မတော်သားတွေရဲ့ လစာငွေကို ခန့်မှန်းချေ တွက်ကြည့် ရအောင်ပါ ။ မြန်မာမှာ စစ်သည်တော် ၄ သိန်းရှိတယ်လို့ ဆိုတယ်ဗျ ။ ယခု အရာရှိ ကိုယ်ပိုင်နံပါတ်တွေဟာ ၆ သောင်းကျော်ရှိပါတယ် ။ ရေ တို့ လေတို့လည်းပါပါဦးမယ် ။ ဒီထဲကနေ ပြီးတော့  ပြတ် ၊ ကန်း ၊ သေ ၊ ထောင်ကျ ၊ အငြိမ်းစား ၊ ထွက်ရ တွေ ကို နှုတ်မယ်ဆိုရင် တပ်မတော် မှာ အရာရှိပေါင်း ၄ သောင်းနဲ့ ယေဘုယျ တွက်ကြည့်ပါတယ် ။ အရာရှိထဲမှာ အငယ်ဆုံး ဒုဗိုလ်တစ်ယောက်လစာ က တစ်သိန်း ၆ သောင်းဝန်းကျင် ၊ အမြင့်ဆုံးတပ်ချုပ်လစာဟာ သိန်း ၂၀ ဝန်းကျင်ဖြစ်တဲ့ အတွက် ။ ပျမ်းမျှ တစ်ယောက်ကို ၄ သိန်း နဲ့ တွက်ကြည့်ပါတယ် ။  မြန်မာငွေ သန်းပေါင်း ၁၆၀၀ ကုန်ပါလိမ့်မယ် ။ စစ်သည် အောက်ခြေရဲဘော်ကနေ တပ်ရင်းအရာခံဗိုလ်ထိ ပျမ်းမျှ လစာ ကို ၁ သိန်း နဲ့ တွက်ကြည့်ပါတယ် ။ မြန်မာငွေ သန်းပေါင်း ၃၆၀၀ ပါ ။  အဲဒီ ငွေတွေကို ပေါင်း မြန်မာငွေ ရလာတာကို တစ်ဒေါ်လာ ၉၀၀ နဲ့ စားကြည့်ပါ ။ တလ မှာ ပေးရတဲ့ စစ်သည်များလစာ ဟာ အမေရိကန် ဒေါ်လာ ၆ သန်း နဲ့ ၇ သန်းကြားရှိပါတယ် ။ တစ်နှစ်စာ ဆိုဘယ်လောက်ရှိမလဲ ။   အခြားတပ်မတော်ပညာသင်များ ထောက်ပံ့စားရိတ် ၊ စစ်သည်မိသားစုဝင်များထောက်ပံ့ စားရိတ် ၊ရုံးလုပ်ငန်းတွေအတွက် တပ်ဆောင်ငွေ ၊ စစ်ပွဲစားရိတ် ၊ စစ်ရေးစခန်းများ ၊ စစ်ရေးပရော့ဂျက်တွေ ၊ တပ်မတော်သုတေသနလုပ်ငန်းတွေ ၊ လေ့ကျင့်ရေးကျောင်း ၊တန်းမြင့်ကျောင်း ၊ ပညာသည်ကောလိပ်/ကျောင်း ၊ အကယ်ဒမီ စစ်ကျောင်း တွေ စတာတွေ ကိုယ့်ဘာသာခန့် မှန်းကြည့်ပါ ။   စစ်သားတွေ အတွက် စစ်ဝတ်စုံ ကို ၆ လတခါ လဲလှယ်ပေးပါတယ် ( အရာရှိများမပါ)။  ရှေ့တန်းထွက်ချိန်ဆိုရင် ဖိနပ်၊ယူနီဖောင်း ၊ တောဆောင်း ခံ လှမှ ၃ လပါပဲ ။ အဲဒီ အပေါစား စစ်ဝတ်စုံစားရိတ်တွေ  ၄ သိန်းစာ တွက်ကြည့်ပါ ။  ( အပေါ်က စစ်ဘက်သုံး ပစ္စည်းများ နှင့် မှားမယ်နော် ။ သေနတ် က ပစ်တဲ့ ချိန်မှ ကောက်ပစ်လို့ရတာမဟုတ်ဘူး ။သေနတ်ပြောင်းတိုက်တဲ့  ပြောင်းတိုက်တံတွေ ၊ ချောဆီတွေ ၊ ပြောင်းပို ၊ ကျည်ကပ်အပို ၊ ပျက်ရင်လဲဖို့ မောင်းတုံးအပို ၊ သေနတ်မှာတပ်တဲ့ စို့တွေ ၊ မှန်ပြောင်းတွေ ၊ သံလိုက်အိမ်မြှောင်တွေ ၊ စစ်သုံးမြေပုံတွေ ၊ သေနတ်လွယ်ကြိုးတွေ ၊ လှံစွပ်တွေ ၊ ကျောပိုးအိပ်တွေ ၊ စစ်သုံးတန်ဆာပလာတွေ  ...စတာတွေ က သက်သက်ထုတ်ရတယ် ။ အဲဒါတွေ က Military accessories နဲ့အကျုံးဝင်တယ် )  ကိုယ့်နိုင်ငံအတွင်း သုံးတဲ့ အသုံးတွေကို ခန့်မှန်းနိုင်အောင်လို့ ပြောပြတာပါ ။   အဲဒါပြီး တော့ ဘေးပတ်ဝန်းကျင်နိုင်ငံတွေ နဲ့ ယှဉ်ကြည့်ရအောင် ။  တရုတ် - စစ်အသုံးစရိတ် (၁နှစ်) ၁၂၉.၂ ဘီလီယံ ..ကမ္ဘာမှာ နံပါတ် ၂ ရှိတယ်။ အိန္ဒိ - စစ်အသုံးစရိတ် (၁နှစ်) - ၄၄.၂ ဘီလီယံ ..ကမ္ဘာမှာ နံပါတ် ၈ ရှိတယ် ။ ထိုင်း - စစ်အသုံးစရိတ် (၁နှစ်) - ၅.၁ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၃၇ ရှိတယ် ။ စကာင်္ပူ - စစ်အသုံးစရိတ် (၁နှစ်) - ၈.၃ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၂၃ ရှိတယ် ။ အင်ဒို - စစ်အသုံးစရိတ် (၁နှစ်) - ၅.၂ ဘီလီယံ ...ကမ္ဘာမှာ နံပါတ် ၃၄ ရှိတယ် ။ မလေးရှား - စစ်အသုံးစရိတ် (၁နှစ်) - ၄.၂ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၄၂ ရှိတယ်။ ဖိလစ်ပိုင် - စစ်အသုံးစရိတ် (၁နှစ်) - ၂.၂ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၅၁ ရှိတယ် ။ ဗီယက်နာမ် - စစ်အသုံးစရိတ် (၁နှစ်) - ၂.၄ ဘီလီယံ - ကမ္ဘာမှာ နံပါတ် ၅၀ ရှိတယ် ။  ဘင်္ဂလားဒေ့ရှ် - စစ်အသုံးစရိတ် (၁နှစ်) - ၁.၁၄ ဘီလီယံ - ကမ္ဘာမှာ နံပါတ် ၆၈ ရှိတယ်။ မြန်မာ - စစ်အသုံးစရိတ် (၁နှစ်) - ၁.၁၅ ဘီလီယံရှိတယ် ... ဘယ်အခြေနေဆိုတာ ကိုယ့်ဘာကိုတွေးပါ ။ အဲဒီ နိုင်ငံတွေရဲ့ လူဦးရေ ၊ ဘေးပတ်ဝန်းကျင်နိုင်ငံများ ရဲ့ အခြေနေ ၊ မဟာဗျူဟာအချက်ချာမြေအနေထား ၊ ပြည်တွင်းစစ်အခြေနေ ၊  နိုင်ငံရေးတည်ငြိမ်မှု ၊ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံ ချင်းစစ်အခြေနေ ... အဲဒါတွေ ပါ ထည့်တွက်ပြီး မြန်မာနဲ့နှိုင်းယှဉ်ပါ ။ ဘာလို့ လဲဆိုတော့ စစ်ရေးအင်အားတိုးချဲ့ တာ ၊ စစ်လက်နက်တပ်ဆင်တယ် ဆိုတာတွေက အဲဒီအချက်လက်တွေပေါ်မှာမူတည်ရလို့ပဲ ။  အဲဒါတွေ ပြီး တဲ့ ခါ ... နိုင်ငံတကာ သုံး စစ်လက်နက်တွေဘက်လှည့်ကြည့်ရအောင် ။  * B2- ဗုံးကျဲလေယာဉ်တစ်စီး - ၁.၀၁ ဘီလီယံရှိတယ်  (စစ်သည် ၄ သိန်း အငတ်ခံ ၊ တပ်မတော်လည်ပတ်နေတဲ့ ယန္တရားတွေ အကုန်ရပ်ပြီး ဝယ်ရင် တစ်နှစ်စာ တစ်စီးဝယ်လောက်တယ်)  * DDG-51 Guided Missile Destroyers - သဘောင်္တစ်စီးမှာ ဆင်မယ်ဆိုရင် အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံ   (စစ်သည် ၄ သိန်း အငတ်ခံ ၊ စစ်ပွဲတွေ အကုန်ရပ် ၊ တပ်မတော်လည်ပတ်နေတဲ့ ယန္တရားတွေ အကုန်ရပ်ပြီး ဝယ်ရင် တစ်နှစ်စာ တစ်စီးဝယ်လောက်တယ်)  * ပုံမှာပြထားတဲ့  F-35C လေယာဉ်တစ်စီး ထုတ်လုပ်ပြီး သားဝယ်မယ်ဆိုရင် ၁၉၉ မီလီယံ ရှိတယ် ။ ဒါပေမဲ့ ကနဦး တပ်ဆင်စရိတ် ၊ ထိန်းသိန်းစရိတ် တွေ ရောတွက်တာဟာ ၇၇၆ မီလီယံရှိသတဲ့ ။ (ထိုနည်း ၄င်းပဲ စစ်သည် ၄ သိန်း အငတ်ခံ ၊ စစ်ပွဲတွေ အကုန်ရပ် ၊ တပ်မတော်လည်ပတ်နေတဲ့ ယန္တရားတွေ အကုန်ရပ်ပြီး ဝယ်ရင် တစ်နှစ်စာ တစ်စီးရနိုင်တယ် )  * တခါပစ် တစ်လုံး ထွက်တဲ့ ခရုဇ် မစ်ဇိုင်းတစ်လုံး တန်ဖိုးက ဒေါ်လာ ၁ သန်းနီးပါးရှိတယ် ။   ငါတို့နိုင်ငံမှာ အဲဒါတွေရှိလို့လား လို့မေးကောင်းမေးလိမ့်မယ် ။ ဘယ်ရှိမတုန်း ။ တက်မှ မတက်နိုင်တာ ။ ကိုယ့် အထွာ နဲ့ ကို ချင့်ချိန်ဝယ်ကြရတာပေါ့ ။ ဟိုနေ့ က စစ်သမိုင်း ပြတိုက်ရောက်တယ် ။ ကိုယ့်နိုင်ငံ က မဟာဗျူဟာမြောက် စစ်လက်နက် ဆိုပြီး ကိုယ့်ရည်းစား ပါးကိုင်သလို ကိုင်နေရတဲ့ စစ်လက်နက်တွေ က  ပြတိုက်ကြီး မှာ ဆန့်ဆန့်ကြီး ၊ ကလေးက တက်ဆော့လိုက် ၊ ခွေးကသေးပန်းလိုက် နဲ့ ဒီတိုင်း ပြထားတယ် ။  အဲဒီမြင်ကွင်းမျိုး ကိုမြင်ရတဲ့ စစ်သားတစ်ယောက်ရဲ့ခံစားချက်ကို ခင်ဗျားတို့နားလည်နိုင်မယ်မထင်ဘူး။  အဲဒါကြောင့် ကျွန်တော်တို့ နိုင်ငံ က အမြင့်ဆုံးဆိုတဲ့ စစ်လက်နက်တန်ဖိုးတွေ ထည့်တွက်မပြတာ ။  အပေါ် က ပြောခဲ့ တဲ့ ဟာတွေ တောင် 5th generation အဆင့် တွေပဲရှိသေးတယ် ။ ကြားကောင်းကြားပါလိမ့်မယ် .. စောစောပိုင်းနှစ်က တရုတ်က သူမသုံးတော့တဲ့  ဂြိုလ်တု တစ်ခုကို မြေပြင်ကနေ ပစ်ပြတယ်ဆိုတဲ့သတင်း ... လုပ်စရာမရှိလို့ ဖင်ယားပြီး ပစ်ချတယ်များ မမှတ်ကြနဲ့ဦးဗျ ။ နောက် ထွက်လာမဲ့ ... ဂြိုလ်တု ကနေ တိုက်ရိုက်ထိန်းချုပ် နိုင်တဲ့ စစ်လက်နက်တွေ အတွက် ... သူတို့ မှာ Anti-satellite weapons (ASAT)  ရှိတယ်ဆိုတာ ကြိုကန်ထားတာ ။   နိုင်ငံရေး အင်အားစုများရော ၊ anti-military များရော .. စစ်တပ် နဲ့ စစ်တပ်လုပ်ရက်အတွက် ဖဲ့ချင်တယ် ၊ ဖေဝန်ချင်တယ်ဆိုရင် .. စစ်ရေးကိစ္စတွေ ကိုလေ့လာပါ ။ ပြီးရင် အချက်လက်နဲ့ ဝေဖန်ပါ ။ ပညာရေး ကျန်းမာရေး ဘက်ဂျက် တွေ လျှော့ ပေးတာ က နိုင်ငံသားတွေ ပညာမတတ်အောင် ဆိုတဲ့ အတွေးခေါ် တွေ က အတော်လေး ကို လက်လံ တယ် ။  ကျွန်တော်တို့ က အယူဆမတူတဲ့ ...ကိုယ့်ရန်သူတွေ ဆိုရင်တောင် ... ကိုယ့်ထက် အသိဥာဏ်အရည်ချင်း သာလွန် တဲ့ သူတွေကို ပဲဟ ဆိုပြီး  "ကြောက်ရွံ့ " လေးစားချင်တာ ။  "ကောက်ကျစ် ၊ ကုန်းအော်" လုပ်နေရင်တော့  ... ပက်သက်ရမှာ ရွံ ပြီး ..မျက်နှာချင်း ဆိုင် ဆွေး နွေးရမှာ ကြောက်တဲ့ ... "ရွံကြောက်" အဆင့်ပဲ ။  ~~ရုပ်ဆိုး~~
2013 - 2014 ခုနှစ် မြန်မာ့တပ်မတော် အတွက် ခွင့် ပြုငွေ က နိုင်ငံတော် ဘက်ဂျက်ရဲ့ ၂၁ ရာခိုင်နှုန်း .. သုံးစွဲဖို့ မဲခွဲ ဆုံးဖြတ်ရာမှာ အထက်လွှတ်တော် ၊ အောက်လွှတ်တော် အမတ် ၄၄၅ ယောက် ရှိတဲ့ အနက် ၆၀ ကတော့ ဘက်ဂျက်လျော့ချဖို့ ဆန္ဒပြု ပြီး ကျန်အမတ်များကတော့ ထောက်ပံ့ဖို့ ဆန္ဒပြုပါသတဲ့ ။

နိုင်ငံတော်ရဲ့ စစ်ရေးဘက်ဂျက် ဟာ ရာခိုင်နှုန်းအားဖြင့် ၂၁ ရာခိုင်နှုန်းရှိပြီး ၊ ပမာဏအားဖြင့်တော့ အမေရိကန်ဒေါ်လာ ၁.၁၅ ဘီလီယံ (သန်းပေါင်း ၁၁၅၀) ရှိပါသတဲ့ ။

တပ်မတော်က စာရင်းတင်ပြရာမှာ တပ်မတော်ရဲ့ Military Hardware အတွက် ဒေါ်လာ သန်းပေါင်း ၆၃၁.၁ သုံးစွဲ မယ်လို့ ဆိုပါတယ် ။ အဲဒီ Military Hardware တွေကတော့
စစ်ဘက်သုံး လေယာဉ်များ - ဒေါ်လာ သန်းပေါင်း ၂၀၀
စစ်ဘက်သုံး သဘောင်္များ - ဒေါ်လာ သန်းပေါင်း ၉၃
စစ်ဘက်သုံး ယာဉ်များ - ဒေါ်လာသန်းပေါင်း ၃၀
စစ်ဘက်သုံး ပစ္စည်းများ - ဒေါ်လာသန်းပေါင်း ၁၉၅
တပ်မတော်စက်ရုံများ - ဒေါ်လာသန်းပေါင်း ၁၁၂
စစ်လက်နက်များ - ဒေါ်လာသန်းပေါင်း ၁.၁

လက်ကျန်ငွေများ ကိုတော့ တပ်မတော်ဆိုင်ရာ အဆောက်ဦးများ ၊ စစ်ရေးစခန်းများ ၊ စစ်ရေးပရော့ဂျက်များ ၊ စစ်ကျောင်းကြီးများ ၊ တပ်မတော်တန်းမြင့်ကျောင်းများ ၊ တပ်မတော်ကောလိပ်များ ၊ တပ်မတော် လေ့ကျင့်ရေးကျောင်းများ မှာသုံးစွဲ မယ်လို့ဆိုပါတယ် ။

ဒီစာရင်းတွေထဲမှာ ကြည့်လိုက်တော့ တပ်မတော်သားတွေ ရဲ့ လစာငွေ ၊ ရိက္ခာငွေ ၊ မှီခိုမိသားစုတွေ အတွက် ထောက်ပံ့ ငွေတွေ မပါတာကိုတွေ့ ရမှာပါ ။ အဲဒီ ငွေတွေဘယ်ကနေရပါသလဲ ။ ကိုယ့်ဘာကို တွေးပါ ။

တပ်မတော်သားတွေရဲ့ လစာငွေကို ခန့်မှန်းချေ တွက်ကြည့် ရအောင်ပါ ။ မြန်မာမှာ စစ်သည်တော် ၄ သိန်းရှိတယ်လို့ ဆိုတယ်ဗျ ။ ယခု အရာရှိ ကိုယ်ပိုင်နံပါတ်တွေဟာ ၆ သောင်းကျော်ရှိပါတယ် ။ ရေ တို့ လေတို့လည်းပါပါဦးမယ် ။ ဒီထဲကနေ ပြီးတော့
ပြတ် ၊ ကန်း ၊ သေ ၊ ထောင်ကျ ၊ အငြိမ်းစား ၊ ထွက်ရ တွေ ကို နှုတ်မယ်ဆိုရင် တပ်မတော် မှာ အရာရှိပေါင်း ၄ သောင်းနဲ့ ယေဘုယျ တွက်ကြည့်ပါတယ် ။ အရာရှိထဲမှာ အငယ်ဆုံး ဒုဗိုလ်တစ်ယောက်လစာ က တစ်သိန်း ၆ သောင်းဝန်းကျင် ၊ အမြင့်ဆုံးတပ်ချုပ်လစာဟာ သိန်း ၂၀ ဝန်းကျင်ဖြစ်တဲ့ အတွက် ။ ပျမ်းမျှ တစ်ယောက်ကို ၄ သိန်း နဲ့ တွက်ကြည့်ပါတယ် ။ မြန်မာငွေ သန်းပေါင်း ၁၆၀၀ ကုန်ပါလိမ့်မယ် ။ စစ်သည် အောက်ခြေရဲဘော်ကနေ တပ်ရင်းအရာခံဗိုလ်ထိ ပျမ်းမျှ လစာ ကို ၁ သိန်း နဲ့ တွက်ကြည့်ပါတယ် ။ မြန်မာငွေ သန်းပေါင်း ၃၆၀၀ ပါ ။
အဲဒီ ငွေတွေကို ပေါင်း မြန်မာငွေ ရလာတာကို တစ်ဒေါ်လာ ၉၀၀ နဲ့ စားကြည့်ပါ ။ တလ မှာ ပေးရတဲ့ စစ်သည်များလစာ ဟာ အမေရိကန် ဒေါ်လာ ၆ သန်း နဲ့ ၇ သန်းကြားရှိပါတယ် ။ တစ်နှစ်စာ ဆိုဘယ်လောက်ရှိမလဲ ။

အခြားတပ်မတော်ပညာသင်များ ထောက်ပံ့စားရိတ် ၊ စစ်သည်မိသားစုဝင်များထောက်ပံ့ စားရိတ် ၊ရုံးလုပ်ငန်းတွေအတွက် တပ်ဆောင်ငွေ ၊ စစ်ပွဲစားရိတ် ၊ စစ်ရေးစခန်းများ ၊ စစ်ရေးပရော့ဂျက်တွေ ၊ တပ်မတော်သုတေသနလုပ်ငန်းတွေ ၊ လေ့ကျင့်ရေးကျောင်း ၊တန်းမြင့်ကျောင်း ၊ ပညာသည်ကောလိပ်/ကျောင်း ၊ အကယ်ဒမီ စစ်ကျောင်း တွေ စတာတွေ ကိုယ့်ဘာသာခန့် မှန်းကြည့်ပါ ။

စစ်သားတွေ အတွက် စစ်ဝတ်စုံ ကို ၆ လတခါ လဲလှယ်ပေးပါတယ် ( အရာရှိများမပါ)။ ရှေ့တန်းထွက်ချိန်ဆိုရင် ဖိနပ်၊ယူနီဖောင်း ၊ တောဆောင်း ခံ လှမှ ၃ လပါပဲ ။ အဲဒီ အပေါစား စစ်ဝတ်စုံစားရိတ်တွေ ၄ သိန်းစာ တွက်ကြည့်ပါ ။
( အပေါ်က စစ်ဘက်သုံး ပစ္စည်းများ နှင့် မှားမယ်နော် ။ သေနတ် က ပစ်တဲ့ ချိန်မှ ကောက်ပစ်လို့ရတာမဟုတ်ဘူး ။သေနတ်ပြောင်းတိုက်တဲ့ ပြောင်းတိုက်တံတွေ ၊ ချောဆီတွေ ၊ ပြောင်းပို ၊ ကျည်ကပ်အပို ၊ ပျက်ရင်လဲဖို့ မောင်းတုံးအပို ၊ သေနတ်မှာတပ်တဲ့ စို့တွေ ၊ မှန်ပြောင်းတွေ ၊ သံလိုက်အိမ်မြှောင်တွေ ၊ စစ်သုံးမြေပုံတွေ ၊ သေနတ်လွယ်ကြိုးတွေ ၊ လှံစွပ်တွေ ၊ ကျောပိုးအိပ်တွေ ၊ စစ်သုံးတန်ဆာပလာတွေ ...စတာတွေ က သက်သက်ထုတ်ရတယ် ။ အဲဒါတွေ က Military accessories နဲ့အကျုံးဝင်တယ် )

ကိုယ့်နိုင်ငံအတွင်း သုံးတဲ့ အသုံးတွေကို ခန့်မှန်းနိုင်အောင်လို့ ပြောပြတာပါ ။

အဲဒါပြီး တော့ ဘေးပတ်ဝန်းကျင်နိုင်ငံတွေ နဲ့ ယှဉ်ကြည့်ရအောင် ။
တရုတ် - စစ်အသုံးစရိတ် (၁နှစ်) ၁၂၉.၂ ဘီလီယံ ..ကမ္ဘာမှာ နံပါတ် ၂ ရှိတယ်။
အိန္ဒိ - စစ်အသုံးစရိတ် (၁နှစ်) - ၄၄.၂ ဘီလီယံ ..ကမ္ဘာမှာ နံပါတ် ၈ ရှိတယ် ။
ထိုင်း - စစ်အသုံးစရိတ် (၁နှစ်) - ၅.၁ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၃၇ ရှိတယ် ။
စကာင်္ပူ - စစ်အသုံးစရိတ် (၁နှစ်) - ၈.၃ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၂၃ ရှိတယ် ။
အင်ဒို - စစ်အသုံးစရိတ် (၁နှစ်) - ၅.၂ ဘီလီယံ ...ကမ္ဘာမှာ နံပါတ် ၃၄ ရှိတယ် ။
မလေးရှား - စစ်အသုံးစရိတ် (၁နှစ်) - ၄.၂ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၄၂ ရှိတယ်။
ဖိလစ်ပိုင် - စစ်အသုံးစရိတ် (၁နှစ်) - ၂.၂ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၅၁ ရှိတယ် ။
ဗီယက်နာမ် - စစ်အသုံးစရိတ် (၁နှစ်) - ၂.၄ ဘီလီယံ - ကမ္ဘာမှာ နံပါတ် ၅၀ ရှိတယ် ။
ဘင်္ဂလားဒေ့ရှ် - စစ်အသုံးစရိတ် (၁နှစ်) - ၁.၁၄ ဘီလီယံ - ကမ္ဘာမှာ နံပါတ် ၆၈ ရှိတယ်။
မြန်မာ - စစ်အသုံးစရိတ် (၁နှစ်) - ၁.၁၅ ဘီလီယံရှိတယ် ... ဘယ်အခြေနေဆိုတာ ကိုယ့်ဘာကိုတွေးပါ ။ အဲဒီ နိုင်ငံတွေရဲ့ လူဦးရေ ၊ ဘေးပတ်ဝန်းကျင်နိုင်ငံများ ရဲ့ အခြေနေ ၊ မဟာဗျူဟာအချက်ချာမြေအနေထား ၊ ပြည်တွင်းစစ်အခြေနေ ၊ နိုင်ငံရေးတည်ငြိမ်မှု ၊ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံ ချင်းစစ်အခြေနေ ... အဲဒါတွေ ပါ ထည့်တွက်ပြီး မြန်မာနဲ့နှိုင်းယှဉ်ပါ ။ ဘာလို့ လဲဆိုတော့ စစ်ရေးအင်အားတိုးချဲ့ တာ ၊ စစ်လက်နက်တပ်ဆင်တယ် ဆိုတာတွေက အဲဒီအချက်လက်တွေပေါ်မှာမူတည်ရလို့ပဲ ။

အဲဒါတွေ ပြီး တဲ့ ခါ ... နိုင်ငံတကာ သုံး စစ်လက်နက်တွေဘက်လှည့်ကြည့်ရအောင် ။

* B2- ဗုံးကျဲလေယာဉ်တစ်စီး - ၁.၀၁ ဘီလီယံရှိတယ်
(စစ်သည် ၄ သိန်း အငတ်ခံ ၊ တပ်မတော်လည်ပတ်နေတဲ့ ယန္တရားတွေ အကုန်ရပ်ပြီး ဝယ်ရင် တစ်နှစ်စာ တစ်စီးဝယ်လောက်တယ်)

* DDG-51 Guided Missile Destroyers - သဘောင်္တစ်စီးမှာ ဆင်မယ်ဆိုရင် အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံ
(စစ်သည် ၄ သိန်း အငတ်ခံ ၊ စစ်ပွဲတွေ အကုန်ရပ် ၊ တပ်မတော်လည်ပတ်နေတဲ့ ယန္တရားတွေ အကုန်ရပ်ပြီး ဝယ်ရင် တစ်နှစ်စာ တစ်စီးဝယ်လောက်တယ်)

* ပုံမှာပြထားတဲ့ F-35C လေယာဉ်တစ်စီး ထုတ်လုပ်ပြီး သားဝယ်မယ်ဆိုရင် ၁၉၉ မီလီယံ ရှိတယ် ။ ဒါပေမဲ့ ကနဦး တပ်ဆင်စရိတ် ၊ ထိန်းသိန်းစရိတ် တွေ ရောတွက်တာဟာ ၇၇၆ မီလီယံရှိသတဲ့ ။ (ထိုနည်း ၄င်းပဲ စစ်သည် ၄ သိန်း အငတ်ခံ ၊ စစ်ပွဲတွေ အကုန်ရပ် ၊ တပ်မတော်လည်ပတ်နေတဲ့ ယန္တရားတွေ အကုန်ရပ်ပြီး ဝယ်ရင် တစ်နှစ်စာ တစ်စီးရနိုင်တယ် )

* တခါပစ် တစ်လုံး ထွက်တဲ့ ခရုဇ် မစ်ဇိုင်းတစ်လုံး တန်ဖိုးက ဒေါ်လာ ၁ သန်းနီးပါးရှိတယ် ။

ငါတို့နိုင်ငံမှာ အဲဒါတွေရှိလို့လား လို့မေးကောင်းမေးလိမ့်မယ် ။ ဘယ်ရှိမတုန်း ။ တက်မှ မတက်နိုင်တာ ။ ကိုယ့် အထွာ နဲ့ ကို ချင့်ချိန်ဝယ်ကြရတာပေါ့ ။ ဟိုနေ့ က စစ်သမိုင်း ပြတိုက်ရောက်တယ် ။ ကိုယ့်နိုင်ငံ က မဟာဗျူဟာမြောက် စစ်လက်နက် ဆိုပြီး ကိုယ့်ရည်းစား ပါးကိုင်သလို ကိုင်နေရတဲ့ စစ်လက်နက်တွေ က ပြတိုက်ကြီး မှာ ဆန့်ဆန့်ကြီး ၊ ကလေးက တက်ဆော့လိုက် ၊ ခွေးကသေးပန်းလိုက် နဲ့ ဒီတိုင်း ပြထားတယ် ။ အဲဒီမြင်ကွင်းမျိုး ကိုမြင်ရတဲ့ စစ်သားတစ်ယောက်ရဲ့ခံစားချက်ကို ခင်ဗျားတို့နားလည်နိုင်မယ်မထင်ဘူး။
အဲဒါကြောင့် ကျွန်တော်တို့ နိုင်ငံ က အမြင့်ဆုံးဆိုတဲ့ စစ်လက်နက်တန်ဖိုးတွေ ထည့်တွက်မပြတာ ။ အပေါ် က ပြောခဲ့ တဲ့ ဟာတွေ တောင် 5th generation အဆင့် တွေပဲရှိသေးတယ် ။ ကြားကောင်းကြားပါလိမ့်မယ် .. စောစောပိုင်းနှစ်က တရုတ်က သူမသုံးတော့တဲ့ ဂြိုလ်တု တစ်ခုကို မြေပြင်ကနေ ပစ်ပြတယ်ဆိုတဲ့သတင်း ... လုပ်စရာမရှိလို့ ဖင်ယားပြီး ပစ်ချတယ်များ မမှတ်ကြနဲ့ဦးဗျ ။ နောက် ထွက်လာမဲ့ ... ဂြိုလ်တု ကနေ တိုက်ရိုက်ထိန်းချုပ် နိုင်တဲ့ စစ်လက်နက်တွေ အတွက် ... သူတို့ မှာ Anti-satellite weapons (ASAT) ရှိတယ်ဆိုတာ ကြိုကန်ထားတာ ။

နိုင်ငံရေး အင်အားစုများရော ၊ anti-military များရော .. စစ်တပ် နဲ့ စစ်တပ်လုပ်ရက်အတွက် ဖဲ့ချင်တယ် ၊ ဖေဝန်ချင်တယ်ဆိုရင် .. စစ်ရေးကိစ္စတွေ ကိုလေ့လာပါ ။ ပြီးရင် အချက်လက်နဲ့ ဝေဖန်ပါ ။ ပညာရေး ကျန်းမာရေး ဘက်ဂျက် တွေ လျှော့ ပေးတာ က နိုင်ငံသားတွေ ပညာမတတ်အောင် ဆိုတဲ့ အတွေးခေါ် တွေ က အတော်လေး ကို လက်လံ တယ် ။ ကျွန်တော်တို့ က အယူဆမတူတဲ့ ...ကိုယ့်ရန်သူတွေ ဆိုရင်တောင် ... ကိုယ့်ထက် အသိဥာဏ်အရည်ချင်း သာလွန် တဲ့ သူတွေကို ပဲဟ ဆိုပြီး
"ကြောက်ရွံ့ " လေးစားချင်တာ ။ "ကောက်ကျစ် ၊ ကုန်းအော်" လုပ်နေရင်တော့ ... ပက်သက်ရမှာ ရွံ ပြီး ..မျက်နှာချင်း ဆိုင် ဆွေး နွေးရမှာ ကြောက်တဲ့ ... "ရွံကြောက်" အဆင့်ပဲ ။

~~ရုပ်ဆိုး~~


ဘာသာစွဲပြဿနာ မဟုတ်ပါ ....

$
0
0


Collectivism

ဗုဒ္ဓ ဘာသာစွဲ ပြဿနာလည်း မဟုတ်၊ အစ္စလမ် ဘာသာစွဲ ပြဿနာလည်း မဟုတ် ။ ဖြေရှင်းရမည့် ပြဿနာမှာ လူစုလူဝေးစွဲ ပေတည်း

မကြာသေးမီက ရှမ်းပြည်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများက ညွှန်ပြနေသည်မှာ မြန်မာပြည်တွင် လက်ရှိဖြစ်ပွားနေသော ရုန်းရင်းဆန်ခတ် ဖြစ်မှုများ၏ သဘာဝသည် နှစ်ပရိဒေစ္ဆ များစွာ မတည့်ခဲ့သည့် အသိုင်းအဝိုင်း တစ်ခုနှင့် တစ်ခုကြားမှာသာ ပေါ်ပေါက်သော ရန်ပွဲဆိုသည့် အနားသတ်မျဉ်းကို ကျော်လွန်နေပြီ ဆိုသည့် သဘောပါတည်း။ အမှန်ကတော့ နှစ်ပေါင်းများစွာ မည်သည့် အထွေအထူး ပြဿနာမှ မရှိဘဲ နေလာခဲ့သည့် ပြည်သူလူထုသည် ရုတ်ချည်းဆိုသလို ရိုင်းစိုင်းကြမ်းကြုတ်သော ဗုဒ္ဓဘာသာဝင်များ သို့မဟုတ် မူဆလင် ဘာသာဝင်များ အဖြစ် ပြောင်းလဲသွားကုန်ကြလေ၏ ။ ထိုအချက်က သက်သေပြုသည်မှာ တကယ်မတော့ ပြဿနာ၏ သဘောသည် တချို့သော သူတို့သည် တခြား သူတို့အပေါ်မှာ သူတို့ မြင်သော အမြင် ပြောင်းလဲလာခြင်းပေါ်မှာ မူတည်နေကြောင်း ဆိုတာ ဖြစ်ပါသည်။ တခြားဝေါဟာရ အားဖြင့် အုပ်သင်းတစ်ခုနှင့် ဆက်နွယ်နေသည်ဟု သူတို့ကိုယ်သူတို့ ပိုင်းခြားထားသော လူတို့သည် (ဗုဒ္ဓဘာသာတို့သည်) သူတို့ကနေပြီး တခြား အုပ်သင်းတစ်ခုနှင့် ဆက်နွယ်နေသည်ဟု ပိုင်းခြားထားသော တခြားသူတို့ အပေါ် (မူဆလင်တို့ အပေါ်) အမြင် ပြောင်းလဲသွားကုန်ခြင်း ပါတည်း။


ပထမဦးစွာ ကျွန်တော် ညွှန်ပြလိုသည်မှာ ကျွန်တော်တို့၏ အခြေခံ အသိအမြင်တွင် လူတစ်ဦးတစ်ယောက်ကို သူကိုးကွယ်ရာ ဘာသာတရားဖြင့် အမျိုးအစား ခွဲခြင်းသည် ချို့ယွင်းချက် ကြီးမားစွာ ရှိသော ကိစ္စ ဆိုတာကို ဖြစ်ပါသည်။ စိတ်ဝင်စားဖို့ ကောင်းသည်မှာ ကျွန်တော်တို့၏ ဗုဒ္ဓဘာသာတွင် ဘာသာချင်းချင်း စစ်ပွဲခင်းသော အဖြစ်အပျက်မျိုး ပေါ်ပေါက်ခြင်းတို့ တခြားဘာသာတရား ကြီးတို့နှင့် နိုင်းစာကြည့်ပါလျှင် နည်းပါးပါသည် ။ ဥပမာအားဖြင့် ဘုရင်မ အဲလိဇဘက်ခေတ်က ကက်သလစ် နဲ့ ပရိုတက်စတင့်၊ ကရူးဆိတ် စစ်ပွဲတွေမှာတုန်းက ခရစ်ယာန် နှင့် မူဆလင်၊ လွတ်လပ်ပြီးခေတ် အိန္ဒိယ ပါတီနိုင်ငံရေးတွင် မူဆလင်နှင့် ဟိန္ဒူ တို့ အပြင်းအထန် ရန်ပြုသတ်ဖြတ်ကြသလို တခြားဘာသာတရားတို့နှင့် ရန်ဖြစ်လေ့ ရန်ဖြစ်ထ မရှိသော ဗုဒ္ဓဘာသာကို “ငြိမ်းချမ်းပျော့ပြောင်းသော” ဘာသာတရား အဖြစ် ယျေဘုယျအားဖြင့် ဆုံးဖြတ်ရူမြင် ကြပါသည် (သီရိလင်္ကာကတော့ ခြွင်းချက်ပါ) ။ လောလောလတ်လတ် အစွန်းရောက် ရဟန်းတွေက လုပ်နေသော ၉၆၉ လှုံ့ဆော်မှုတို့သည် ဗုဒ္ဓဘာသာကို “ရန်လိုခက်ထန်သော” ဘာသာတရား အဖြစ် သိက္ခာချနေသည်မှာ သံသယ ရှိဖွယ် မလိုပါ။ သည်မှာ အံသြစရာကောင်းသည့် အချက်တစ်ချက်ကို ကျွန်တော်တို့ တွေ့မြင်နိုင်သည်မှာ ဗုဒ္ဓတရား၏ ပဓာန လက္ခဏာတစ်ရပ် ဖြစ်သော ငြိမ်းချမ်းရေးကို ပျောက်သုဉ်းအောင် လုပ်ဆောင်နေသည့်တိုင်အောင် မည်သည့် ရန်လိုခက်ထန်သော ဘုန်းကြီး နှင့် မည်သည့် ဥပဒေမဲ့ ရမ်းကားနေသော လူအုပ်ဝင် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကမှ သူတို့၏ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်သည် ဆိုသည့် လက္ခဏာမှာ ပျောက်ဆုံး မသွားနိုင်ခြင်း ဆိုသည့် အချက် ဖြစ်ပါ၏။ ထိုအစား တကယ်ဖြစ်လာသည်မှာ ထိုလူကြမ်း ပုဂ္ဂိုလ်တို့သည် နိုင်ငံ၏ ဘာသာရေးသူရဲကောင်းတို့ အဖြစ်ပင် နေ့ချင်းညချင်း ထင်ရှားကျော်ကြား လာခဲ့ခြင်း ပါတည်း။ ပမာအားဖြင့် ၉၆၉ ၏ ဂုရုကြီးဖြစ်သော ဝီရသူသည် တစ်မနက်တွင် ဗုဒ္ဓတရား၏ မည်သူကိုမှ ခြွင်းချန်ထားခြင်း မရှိသော မေတ္တာသုတ်တော် အကြောင်းကို ဟောပြောပါ၏ ၊ နောက်တစ်နံနက်တွင်မူ သူက အမျိုးသားရေးသည် လောကတွင် အရေးကြီးဆုံး တန်ဖိုးထားရမည့် အရာလို့ ပြောဆိုပြီး ထိုအရေးအတွက် နင်တို့ငါတို့သည် သည် “အကောင်”တွေကို ရွယ်ထားရမည်ဟု ဟောပြောပြန်ပါသည်။ ထိုသို့ “ပြောင်းပြန်ဖြစ်အောင် နှစ်ခါပြော” ခြင်းသည် စိတ်ရူပ်ထွေးဖွယ်ရာ ဖြစ်သလောက် စိတ်မသက်မသာ ဖြစ်ဖွယ် အမှန်တရား တစ်ခုကို ကျွန်တော်တို့အား ညွှန်ပြနေပါသည် - လူတစ်ဦး တစ်ယောက်သည် မိမိကိုယ်မိမိ ဗုဒ္ဓဘာသာဟု ထို ဗုဒ္ဓဘာသာ အမှတ်လက္ခဏာကို ကိုင်စွဲထားသရွေ့ မည်သူကမှ ထိုသူ၏ ဗုဒ္ဓဘာသာ အမှတ်လက္ခဏာကို လာပြီး ရုပ်သိမ်းနိုင်ခြင်းဌာ မတတ်နိုင်ပါ သတည်း။ ဤ စိတ်ဝင်စားစရာ ကောင်းသည့် အချက်သည် ဘာကို ပြနေပါသနည်း ဆိုသော် ကျွန်တော်တို့သည် ပြဿနာကို တလွဲတချော် သိမြင်နေကြောင်း ဆိုသည်ကို ဖြစ်ပါ၏ - ကျွန်တော်တို့က မြင်သော ဗုဒ္ဓဘာသာ နှင့် မူဆလင် ဘာသာတို့၏ ပဋိပက္ခဟူသည် ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာဝင်လို့ ‘ခေါ်ဖို့သာလိုသော’ သူတို့မှ စတင်ခဲ့ခြင်းသာ ဖြစ်ပါသည် (ဟုတ်ပါရဲ့ ၊ အလိုရှိမယ် ဆိုပါရင် ကိုယ့်ကိုကိုယ် မူဆလင်ဘာသာဝင်လို့ ‘ခေါ်ဖို့သာလို့တဲ့’ သူတို့မှ စတင်တယ်လို့လည်း ပြောနိုင်ပါသည်) ။ သူတို့ကိုယ် သူတို့ ကြောင်သူတော်လို့ သူတို့ သိကြသည့် တိုင်အောင် ထိုသူတို့ဟာ ဗုဒ္ဓဘာသာဝင် အဖြစ် ‘အခေါ်ခံရဖို့’ ကိစ္စကတော့ အမြဲ သင့်တော်ကောင်းမွန် နေအုံးမည်သာ ဖြစ်ပါ၏ ။

 
ထိုကိစ္စသည် ဘာကိုပြောပြနေပါသနည်း ဆိုသော် အတော်ကလေးကို မသဲကွဲသဖြင့် မြင်ဖို့ ခက်ပါသော်ငြား ဤ ဘာသာရေး အဓိကရူဏ်းတို့၏ အခြေခံပြဿနာမှာ လူတို့မှနေ၍ သူတို့ ဘာသာတရား နှင့် သင်းဖွဲ့ဆက်နွယ်မှုကြောင့် (ဖြစ်ခြင်းကြောင့်) ဖြစ်ရတာ မဟုတ်ဘဲ တစ်စုံတစ်ရာသော သင်းဖွဲ့ဆက်နွယ်မှုကို အကြီးအမား ရှေ့တန်းတင်သည့် သူတို့နှင့် သက်ဆိုင်၍သာ (ပြုခြင်းကြောင့်သာ) ဖြစ်ပွားရခြင်း ဆိုတာ ဖြစ်ပါ၏ ။ လက်ရှိ ဘာသာရေး ပဋိပက္ခတို့သည် ဘာသာတရား၏ သဘာဝအစဉ်ကိုက ဆိုသည့် သဘောနှင့် လားလားမှ မဆိုင်၊ လူ၏ အပြုအမူ လုပ်ရပ်နှင့်သာ လုံးလုံး ဆိုင်သည် ဆိုကြောင်း ပါတည်း။ မြန်မာပြည်တွင် ဘာသာဝင်မျိုးစုံတို့သည် နှစ်ပေါင်း နှစ်ပေါင်း များစွာ ငြိမ်းချမ်းစွာ အတူနေလာခဲ့ပါ၏ ။ အဘယ်ကြောင့် သို့နေနိုင်သနည်း ဆိုသော် ကျွန်တော်တို့၏ အတူတကွ နေထိုင်ရန် နှင့် ကုန်ကူးသန်း ဖလှယ်ရန် ကိစ္စတို့တွင် ဗုဒ္ဓဘာသာ သို့မဟုတ် မူဆလင်ဘာသာ နှင့် သင်းဖွဲ့ဆက်နွယ်နေမှု ဆိုသည်တို့မှာ အရေးပါသည့် အကြောင်းအရာ ဖြစ်သည်ဟု ကျွန်တော်တို့ မြင်မထားသောကြောင့် ပါတည်း။ သည်ကနေ့ ဖြစ်ပွားလာသော ပြဿနာများသည် ကျွန်တော်တို့မှ နေ၍ တစ်စုံတစ်ဦး၏ ဘာသာရေး ဆိုင်ရာ သင်းဖွဲ့ဆက်နွယ်မှုသည် လူတွေ အတူယှဉ်တွဲနေထိုင်ဖို့ ရန် အတွက်ဆို အသဲအသန် ဖြစ်လွန်းသော ကိစ္စအဖြစ် ယူဆလာခြင်းကြောင့် ဖြစ်ပါသည်။ ပြဿနာ၏ မူလရင်းမြစ်သည် ဗမာလူမျိုးတို့၏ ထေရဝါဒကို အယူသန်မှု (သီရိလင်္ကာ ကဲ့သို့) သို့မဟုတ် အစ္စလမ် ဘာသာကိုက အကြမ်းဖက်စေနိုင်သော ဟောပြောဦးတည်ချက်တွေ ရှိနေမှု (ဘော်စတွန် မာရသွန်မှာ ဗုံးခွဲသူတို့ဟာ အစ္စလမ်) ဆိုသော အချက်တွေကြောင့် ဖြစ်သည် ဟု စွဲဆိုပြီး ပြောခြင်းသည် မုချကို မှားပါသည်။ အမှန်မတော့ ဝေဝါးသလောက် အင်မတန်မှကို ယျေဘုယျ ကျသော စကားလုံးတွေ ဖြစ်သည့် “ဗုဒ္ဓဘာသာဝင်” (သို့) “အစ္စလမ်ဘာသာဝင်” ဆိုသော၊ တစ်ဦးတစ်ယောက် ဝင်ခွင့်ရဖို့ ကိစ္စ အတွက်ဆို အင်မတန် ရက်ရောသော ဘာသာတရား ယဉ်ကျေးမှုကြီးများနှင့် ပေါ်ပေါက်နေသော ပြဿနာတို့သည် လားလားမှ မဆိုင်ပါ ။ ထိုသို့ ဖြစ်စေကာမူ တစ်စုံတစ်ဦးသည် သူ့ ဘာသာတရား ယဉ်ကျေးမှု အသိုင်းအဝိုင်း တစ်ခု နှင့် ဆက်နွယ်နေမှုကို အန္တရယ် ကြီးသော ပြဿနာ အဖြစ် ယူဆလာသော အထင်အမြင်သည် လူ့ဘောင်တို့တွင် ပေါ်ပေါက်လွှမ်းမိုးလာပြီး ထိုအထင်အမြင်သည် မီးခြစ်ဆံခတ် ကူးစက်မည့် အမှတ်တစ်နေရာကို ရောက်ရှိပွားများ သွားခဲ့ပါလျှင် ထိုကဲ့သို့သော အကြမ်းဖက်မှုတို့သည် အတောမသတ် ဖြစ်ပွားလာနိုင် ပါသည်။

 
ပိုပြီး စိတ်ဝင်စားစရာ ကောင်းသော အကြောင်း ကိစ္စမှာ ဝီရသူသည် သူ့တွင် လစ်ဘရယ် ပညာရေးဆိုသည်မှာ လုံးလုံး မရှိခြင်းကြောင့် ထိုသူသည် ဤကဲ့သို့ လူတစ်ဦး တစ်ယောက်၏ သင်းဖွဲ့ဆက်နွယ်မှုကို အထင်ကရ လွှမ်းမိုး ခြိမ်းခြောက်သော ပြဿနာ အဖြစ် သဘောထားသည်ကို ကျွန်တော်တို့ ကရုဏာ သက်ကောင်းသက်နိုင်ပါသည်။ ခက်သည်မှာ မြန်မာ အစိုးရအတွက် အလုပ်လုပ်နေသူ အဆင့်မြင့် ပညာရှင် ဆိုသူတို့ကလည်း ထိုသူ၏ တွေးခေါ်မှုမျိုးကိုပင် လိုက်ကြခြင်း ပါတည်း။ ပမာအားဖြင့် ရိုဟင်ဂျာ နှင့် ရခိုင်တို့၏ တင်းမာမှုတို့ အပြင်းထန်ဆုံး အချိန်တစ်ခုတွင် ဂျော့ မေဆင် တက္ကသိုလ်မှ ပါရဂူဘွဲ့ ရှင် ကိုမင်းဇော်ဥိးက အဓိကစီးကြောင်း မီဒိယာတစ်ခုတွင် ဆောင်းပါး ရေးသည်မှာ “ဤ နိုင်ငံတကာ သုတေသန လေ့လာမှု အရ ရိုဟင်ဂျာတို့သည် ကမ္ဘာပေါ်တွင် အကြမ်းဖက်သမားတို့ အဖြစ် ပေါ်ပေါက်လာရန် ဖြစ်တန်ချေ အရှိဆုံး အုပ်စုဖြစ်၏” ။ ထိုဆောင်းပါး တစ်ခုထဲမှာပင် သူကစတင်ထားသည်မှာ “ဆင်ခြင်တုံတရားကို အခြေပြုစဉ်းစားသူတို့သည် နိုင်ငံတကာ လုံခြုံရေး ကိစ္စကို ပထမဆုံး ဦးစားပေး စဉ်းစားအပ်ကြောင်း၊ နိုင်ငံတကာ လုံခြုံရေးကို စဉ်းစားမည်ဆိုလျှင် လူ့အခွင့်အရေး ဆိုသည်မှာ အရေးပါသော ကိစ္စမဖြစ်ထိုက် ပါကြောင်း” ဟူပြီး ဖြစ်ပါ၏။ ထိုသို့ အသိတရား ပိတ်ဖုံးမိုက်မဲခြင်းသည် လွန်လွန်းပြီး ထိုကဲ့သို့ (လူနည်းစု တစ်စုကို ဖြစ်စေ၊ လူတစ်ဦးချင်းကို ဖြစ်ပစေ) နှိပ်ကွပ်သော ကိစ္စတို့ကို နိုင်ငံတော် အရေးသာလျှင် ပဓာန ဟူသော ရူဒေါင့်မှ ကြည့်လျှင် တရားမျှတပါသည်ဟု ပိုင်းဖြတ်ပြခြင်းမျိုး သည် လူနည်းစု ဖြစ်သော မူဆလင်တို့ကို မြန်မာ အသိုင်းအဝိုင်းတို့မှ မတရားသဖြင့် ပြုကျင့်ခြင်းကို တရားဝင် လုပ်ရပ်အမှန် ပါပဲဟု အတည်ပြုပေးနေခြင်း ဖြစ်ပါ၏ ။ နှလုံးညိုးနွမ်း ဖွယ်ရာ အမှန်တရားကို ကျွန်တော်တို့ တွေ့ရသည်မှာ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေသူ ဆိုသူတို့ ကိုယ်၌သည်ပင် လုံခြုံရေးဆိုတာ ဘယ်အရာမဆိုထက် ထိပ်တန်းအကျဆုံး အရေးဟု ယူဆထင်မြင်နေခြင်း ပေတည်း။ အဟုတ်ဧကန်ပင် ထိုသို့ အဆင့်မြင့်ပညာရှင် တစ်ဦးက ပျံ့နှံ့ထင်ပေါ်သော မီဒီယာတွင် တင်ပြသည့် အတွေးအခေါ်မျိုးသည် လက်ရှိ အဓိကရုဏ်းတို့ကို သွယ်ဝိုက်သော နည်းအားဖြင့် ဆွပေးသော သဘော သက်ရောက် နေသည်သာ ဖြစ်ပါ၏။

မကြာသေးမီ ရက်များက ထိုသူတစ်ဦးတည်းသည်ပင် မီဒီယာတွင် ဤသို့ ရေးပြန်ပါ၏ ။ “ အမျိုးသား လက္ခဏာသည်သာ မြန်မာပြည်တွင် နေသူအားလုံး၏ ပဓာန လက္ခဏာ ဖြစ်ထိုက်ပါကြောင်း ၊ မူဆလင်တို့သည် နိုင်ငံတွင် နေခြင်းကို ခွင့်ပြုနိုင်ပါကြောင်း ၊ သို့သော် သူတို့သည် အမျိုးသားလက္ခဏာကို သစ္စာစောင့်သိရမည် ဖြစ်ပါကြောင်း” ။ ထိုကိစ္စသည် ဘာကို တိုက်ရိုက် သရုပ်ဖော်ပြနေသနည်း ဆိုသော် မြန်မာလူ့ဘောင်သည် (မြန်မာအမျိုးသားဟူသော) တစ်မျိုးတစ်စားတည်းသော သင်းဖွဲ့ဆက်နွယ်မှုသည်သာ အမွန်မြတ်ဆုံးဟု ထင်မြင်စေရမည်၊ တခြားတပါးသော သင်းဖွဲ့ဆက်နွယ်မှုတို့သည် ထို အမြတ်ဆုံး သင်းဖွဲ့မှုတို့လောက် တန်ဖိုးထားစရာ မလိုသော သင်းဖွဲ့ဆက်နွယ်မှုတို့သာ ဖြစ်စေရမည် ဟူသော အတွေးအခေါ်မျိုးကို လွဲမှားစွာ ဆွဲခေါ်ချနေခြင်း ဖြစ်ပါ၏။ လွန်လေပြီးသော ကမ္ဘာ့ စီးပွားရေး နိုဘယ်ဆုရှင် အက်အေ ဟိုင်းရက်က ညွှန်ပြခဲ့သလိုပင် လူထုမှ နေ၍ လွှမ်းမိုးခံလိုက်ရသော အဘယ် လူစုလူဝေးသာ ပဓာန ဝါဒ အမျိုးအစား မဆိုသည် ( ထိုဝါဒ၏ မူကွဲတို့သည် ပုံစံမျိုးစုံဖြင့် လာတတ်ပါ၏ - “အမျိုးသားရေး၊ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ အရေး ၊ ယုတ်စွအဆုံး ရင်းစွဲနေ တိုင်းရင်းသားတို့၏ အခွင့်အရေး” စသဖြင့်) လူတစ်ဦးချင်း၏ သီလပိုင်းဆိုင်ရာ စောင့်ထိန်းတာဝန်ယူမှုတို့ကို ဆိတ်သုဉ်းစေပြီး အဆုံးတွင် တစ်လုံးတစ်စည်းတည်း အုပ်ချုပ်သော နိုင်ငံစနစ် (totalitarianism) သို့ ဦးတည်သွားစေ ပါ၏။ လက်တွေ့တွင်လည်း “လူစုလူဝေးသာ-ပဓာန” ဝေါဟာရ က ပြောသလိုပင် လူတွေစုဝေးလာသော လူစုလူဝေး စုရပ်သဘော သက်သက် နှင့်တော့ ထိပ်တိုက်ရန်ဖြစ်သော ပြဿနာတို့ ဖြစ်သည်မဟုတ်ပါ။ ထိပ်တိုက်နောင်ဂျိန်တို့ ဖြစ်ပွားလာရသည်မှာ လူတွေကနေပြီး စုဝေးပြီး လုပ်ခြင်းသည် သူတို့ ပြုမူဆောင်ရွက်သော နည်းလမ်းတို့ကို တရားမျှတကြောင်း သက်သေခံရန် အမြတ်ဆုံးသော လမ်းဆုံးပန်းတိုင် ဟု ထင်မြင်ယူဆလာသော အခါတွင် ပါတည်း။ လက်တွေ့ မြင်နိုင်သည့် ကျွန်တော်တို့တွင် မကြာခဏ ဆိုသလို ဖြစ်ပွားလာသော ဘာသာရေး ဆိုင်ရာ အဓိကရုဏ်းတို့သည် တချို့မှ စွဲဆိုကြသလို အစိုးရက အစပျိုးဖော်ပေးပုံ မရပါ (သို့မဟုတ်လည်း အစိုးရမှ ပါဝင်ပတ်သက်နေခြင်းမျိုး ရှိတော့ပုံ မပေါ်တော့ပါ) ။ စင်စစ် ၄င်းတို့သည် အသိုင်းအဝိုင်းတွေ ကိုယ်၌ကိုက မဟားတရား ပြုမူခြင်းကို ဤ (လူစုလူဝေးတို့၏ ပဓာနကျသော) အကြောင်းရေးရာ တို့အားဖြင့် တရားဝင်ဖြစ်သော လုပ်ရပ်တို့ဟု ထင်မြင်ယူဆလာခြင်း သည်သာ ပဓာန အကြောင်းတရား ပါတည်း။

“လူစုလူဝေး အမှတ်လက္ခဏာ” တစ်ခုကို ဦးတည်ရာလွဲမှားစွာဖြင့် ပြည်သူလူထုက သိမှတ်မိခြင်းသည် အကြောင်းရင်းမြစ် ဖြစ်သောကြောင့် မြန်မာသမ္ဗတ၏် အကြံပေး ပုဂ္ဂိုလ် ကိုကျော်ရင်လှိုင်က ဗွီအိုအေ အသံလွင့်ဌာနက ထုတ်လွှင့်သော ရှင်းလင်းပွဲတွင် ပြောသည့် ဘာသာယုံကြည်ချက်များ အကြား ဆွေးနွေးဖလှယ်ရေးတို့ ကျင်းပရေး ဆိုသည်မှာ ချွတ်ချော်မှားယွင်းသော ဖြေရှင်းချက် ဖြစ်ပါသည်။ ထိုကဲ့သို့ အစိုးရက ဂုဏ်တင်ပေးသော ဆွေးနွေးပွဲတို့သည် လူတို့၏ “အသိုင်းအဝို်င်းသာ ပဓာန ခံစားမှု” မျိုးကို ငိုချင်လျက် လက်တို့ သလို ဖြစ်နေလိမ့်မည် ဖြစ်ပြီး သူတို့တတွေမှာ (ဘာသာရေး) အသိုင်းအဝိုင်း တစ်ခုတည်းသာလျှင် လုံးလုံးလျားလျား ပတ်သက်ဆက်နွယ်ရာ ဖြစ်သည် ၊ လူဟူသည်မှာ ဘာသာရေးပေကြိုးတို့နှင့် လုံးဝ တိုင်းပြီး ခြားပြီးသား ဖြစ်သည်ဟူသော ခံစားမှု အသိမျိုးကို တွန်းပို့ပေးပါလိမ့်မည်။ ထို့ထက်တောင် မျက်မှောက် ချက်ချင်း ဆိုးပေနိုင်သည့် အချက်မှာ ဗုဒ္ဓရှင်တော်မြတ်ကြီး သည်ပင် သူ့အား ဗုဒ္ဓဘာသာ အဖြစ်မှ တစ်လက်မပင် နေရာရွှေ့ရန် မတတ်နိုင်သည့် ဝီရသူက ဗုဒ္ဓဘာသာဘက်မှ အာဏာလွဲခံ တရားဝင်ခေါင်းဆောင် အဖြစ် ဆောင်ရွက်ပြီး မူဆလင် တို့ဘက်မှလည်း ရိုဟင်ဂျာတို့ကို ခွဲခြမ်း နှိမ့်ချလိုသော ဗလီဆရာ တစ်ဦးက အစ္စလမ်ဘာသာ ကိုယ်စားလှယ်ခေါင်းဆောင် အဖြစ် ဆောင်ရွက်လာခဲ့ပါသော် ထိုသို့သော လူကြီးလူကောင်း ကိုယ်စားလှယ်တော် နှစ်ဦး အပြန်အလှန် နားလည်ချစ်ကြည်ရန် နှီးနှောဖလှယ်သည့် ပွဲသည် မည်သို့များ နေပါလိမ့် မည်နည်း၊ ဗျာတို့ ။

ပြန်ချုပ်မည် ဆိုပါသော် ကျွန်တော် ငြင်းခုံတင်ပြသည်မှာ လက်ရှိမြန်မာပြည်၏ ဘာသာရေး ပြဿနာတို့သည် တစ်စုံတစ်ခုသော အမှတ်လက္ခဏာကို ဘာမဆိုထက်မဆို ပိုအရေးပါသည်ဟု နေရာပေးလာသော လူစုလူဝေးသာ ပဓာန ဝါဒ ပေါ်ပေါက်လာခြင်းကြောင့်သာ လုံးလုံးလျားလျား မူတည်နေပါသည်။ အဲဒါကို အမှတ်လက္ခဏာ သက်သက်တို့၏ “သဘာဝ” အကြောင်းရင်းခံတို့သည် မလွဲမသွေ ထိပ်တိုက်တွေ့ခြင်းကို ဖြစ်စေသည်ဟု အနုမာန အခြေခံယူစွဲထားပြီး ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခြင်းသည် အဓိပ္ဗာယ် မရှိပါ။ ကိုမင်းဇော်ဦးက ဗုဒ္ဓဘာသာ (သို့) မူဆလင် ဆိုသော အမှတ်လက္ခဏာတို့ကို အထူးအမြတ်ဆုံး ဆိုသည့် အမျိုးသားလက္ခဏာ တစ်ခုတည်းသို့ ပြောင်းမြင်ရန် ကြိုးစားနေပြီး (အဲဒါဟာ အဆိုးဆုံး တလုံးတစည်း ဝါဒ ဖြစ်ပါ၏) ကိုကျော်ရင်လှိုင်ကတော့ အမှတ်လက္ခဏာ မတူသည့် အုပ်စုတို့သည် တစ်အုပ်စုနှင့် တစ်အုပ်စု နားလည်ဖို့ရန် ကြိုးစားသင့်သည် ဟု မြင်ပါ၏ ( ဤသည်မှာလည်း အတော်ကိုဆိုးတဲ့အသိုင်းအဝိုင်း ပဓာန ဝါဒ ဖြစ်ပါ၏)။ ကိုမင်းဇော်ဦး၏ ယူဆချက်သည် သီအိုရီပိုင်း ဖော်ပြချက်မှာရော၊ လက်တွေ့လုပ်ဆောင်ဖို့ ကိစ္စမှာပါ ကယောက်ကယက် နိုင်သော ကိစ္စဖြစ်ပြီး ကိုကျော်ရင်လှိုင်၏ ယူဆချက်ကတော့ တင်မှန်းပုံအားဖြင့် အကျိုးရှိသည်ဟု ထင်ရသလောက် လက်တွေ့လုပ်ဆောင်လျှင် ချွတ်ချော်လမ်းမှားနေမည့် အကြံအစည် ဖြစ်ပါသည်။

နောက်ဆုံးသတ်အနေဖြင့် ကျွန်တော် အကြံပြုလိုသည်မှာ အရေးတကြီး ချက်ချင်း လုပ်ဆောင်ရန် ကိစ္စမှာ ရာဇဝတ်ပိုင်းဆိုင်ရာ တရားဥပဒေစိုးမိုးရေး ဖြစ်ပြီးလျှင် စိတ်ရှည်ရှည်နှင့် ရေရှည်လုပ်ဆောင်ရန် ကိစ္စမှာ ကျင့်ဝတ်နီတိပိုင်းဆိုင်ရာ ပြည်သူ့ ဥာဏ်အလင်း ထွန်းကားရေး ဖြစ်ကြောင်း ဆိုသည်ကို ပါတည်း။ အတော်လေးပင် မသိကြသည့် သဘောတရား တစ်ခုမှာ တရားဥပဒေ စိုးမိုးရေး၏ အခြေခံ နိယာမများသည် အသင်းအပင်း ကို အခြေခံဗဟိုပြုကာ စဉ်းစားခြင်းမျိုးတို့ကို ဆန့်ကျင်ငြင်းပယ် ထားပါသည်။ တရားဥပဒေစိုးမိုးရေးကို လက်တွေ့ဆောင်ရွက်မည် ဆိုပါလျှင် အခြေခံ အကျဆုံး စည်းမျဉ်း နှစ်ချက်ရှိပါ၏။ ရာဇဝတ်မှုခင်းဆိုင်ရာ တရားဥပဒေစိုးမိုးရေးတွင် ပထမဆုံး နှင့် အအိုမင်းဆုံး စည်းမျဉ်းမှာ လက်တင်ဘာသာဖြင့် “nulla poena sine lege” ဟု ခေါ်ဝေါ်ပြီး ၄င်းမှာ မည်သည့် သူတစ်ဦး တစ်ယောက်ကိုမှ ဥပဒေမှ နေ၍ ရှေ့တွင် တင်ကြိုဖော်ပြထားခြင်း မရှိဘဲ အပြစ်မပေးရ ဟူ၍ ဖြစ်ပါသည်။ ယင်း စည်းမျဉ်းက တောင်းဆိုသည်မှာ လူတစ်ဦးချင်း၏ ရာဇဝတ်မှုများကို ၄င်း၏ နောက်ခံဆက်နွယ်မှုများကို ထောက်ပြီး ကျောသားရင်သား ခွဲခြား ဆက်ဆံခြင်းမျိုးကို လုပ်ခွင့်မရှိ၊ ယျေဘုယျ သတ်မှတ်ထားသော စည်းမျဉ်းတစ်ခုနှင့်သာ တန်းတူ ကိုင်တွယ်ရမည့် အကြောင်းကို ပြပါသည်။ ဒုတိယစည်းမျဉ်းကတော့ အရေးကြီးဆုံး သဘောလည်း ဖြစ်ပြီး လက်တင်ဘာသာအားဖြင့် “nullum crimen sire poena ” ဟု ခေါ်ပါသည်။ ၄င်း၏ အဓိပ္ဗာယ်မှာ ဥပဒေမှ အတိအလင်း ဖော်ပြထားသည် ဖြစ်စေ၊ မဖော်ပြထားသည် ဖြစ်စေ မည်သည့်ရာဇဝတ်ကိုမှ အပြစ်မပေးဘဲ ချန်လှပ်ထားခြင်း မရှိရ ဟူ၍ ဖြစ်ပြီး ယင်းသည် ရာဇဝတ်မှုတို့ကို တမင် လွှတ်ပေးခြင်းမျိုး ၊ ကြည့်ကြပ်လုပ်ပေးခြင်းမျိုးတို့ မရှိစေရကြောင်းကို တိတိလင်းလင်း တောင်းဆိုထားပါသည်။ အီးဘီအက်ရှတွန် က ဖက်ဆစ်သမား၊ သူ့နိုင်ငံနှင့် သူ့စိတ် တွင် “နိုင်ငံတော်၏ အခွင့် အာဏာဟူသည် ဥပဒေ ချိုးဖောက်သူများကို အပြစ်ပေးရုံမျှနှင့် မလုံလောက်သေး၊ ထိုသို့သော သဘောဖြင့် တိတိကျကျ မခွဲမခြမ်း မချန်လှပ်ဘဲ အပြစ်ပေးခြင်း မျိုးကို တကယ် အရေးယူဆောင်ရွက်သလား၊ မဆောင်ရွက်သလား ဆိုတာကို ပြည်သူလူထုက လိုအပ်လျှင် လိုအပ်သလို စောင့်ကြည့်ရမည် ဖြစ်၏ ။ ထိုသို့သော သဘောသည် လူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ ဤသဘောသည် အခြေခံကျသလောက် မဖြစ်မနေ လိုအပ်သော နိဿယ နည်းနာများထဲမှ တစ်ခုပေတည်း” ဟု ရေးသားပါသည်။ ထိုသဘောကို ထောက်ရူလျှင် မကြာမီက ထွက်ပေါ်လာသော ဘီဘီစီ ရုပ်သံထုတ်လွှင့်မှု ပေတို အခန်းငယ်ကလေးမှ ပြသသော ဥပဒေမဲ့ ရမ်းကားနေသည့် ဗုဒ္ဓဘာသာ လူအုပ်သည် အဘယ်ကြောင့် ရဲတွေရှေ့တွင် ထိုသို့ ယုတ်မာရမ်းကားမှုတို့ကို ကျုးလွနဝံ့ကြောင်းကို ကျွန်တော်တို့ ခံစားသိမြင်နိုင်ပါသည်။ ထိုလူရမ်းကား လူအုပ်ကြီးမှ ထင်မြင် ယုံကြည်လိုကြသည်မှာ ၄င်းတို့၏ အရေးပါအရာရောက်ဆုံး သင်းပင်းဆက်နွယ်မှုများ ဖြစ်သည့် ဗုဒ္ဓဘာသာ (သို့မဟုတ်လည်း) အမျိုးသား - နိုင်ငံသား ဆိုသည့် အကြောင်းရင်းခံတို့ကြောင့် ၄င်းတို့၏ ရာဇဝတ်မှုများသည် အပြစ်ပေးခံရခြင်း မရှိဘဲ ချန်လှပ်ထားလိမ့်မည်၊ ရဲတွေနှင့် ရပ်ရွာအစိုးရသည် ကြည့်ကြပ်လုပ်ပေးလိမ့်မည် ဟု ထင်မြင်နေခြင်းပေတည်း။ သည်မှာ အင်မတန် မေးသင့်သည့် မေးခွန်းမှာ ရဲတွေကိုယ်တိုင်ကလည်း ဤသို့ ကြည့်ကြပ် လုပ်ပေးရမည်ဟု ယူဆထားသလား ဆိုတာကို ဖြစ်ပါ၏။သမ္ဗတကြီး ဦးသိန်းစိန်မှ ဒီမိုကရေစီ ဝါဒကို ကျင့်သုံးလာပြီ ဆိုလျှင် လူထုသည် ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာ တာဝန်ယူမှု ရှိရမည် ဟု ပြောသောအခါ ကျွန်တော့်မှာ ဒါ့ထက် သဘောတူနိုင်စရာ မရှိပါ။ သို့ရာတွင် ထို ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ တာဝန်ယူမှု ဟူသည် “လူတစ်ဦးချင်း” ဟူသော သဘောသာလျှင် လုံးလုံးဖြစ်ကြောင်းကို သဘောပေါက်ဖို့ လိုပါသည်။ လူတစ်ဦးချင်း တာဝန်သိစွာ ကျင့်ကြံစောင့်စည်း ရမည့် “ကိုယ်ကျင့်” သည် “လူထု” ကျင့်၊ “နိုင်ငံတော်” အရေး ကျင့် ၊ “ဗုဒ္ဓဘာသာအရေး” ကျင့် ၊ “အကြမ်းဖက်မှု ကာကွယ်တားဆီးရေး” ကျင့် စသော လူစုလူဝေးနှင့် လုပ်တာ ဘာမဆို တရားဝင်ဖြစ်သည်ဟူသော လွဲမှားသလောက် အန္တရယ်များသည့် လူထု အယူအဆတို့နှင့် မရောနှောသွား သင့်ပါ။ ပြည်သူ့ ဥာဏ်အလင်း ထွန်းကားရေး ဖြစ်စဉ်ကို ဦးတည်ဆောင်ရွက်လာသော ပညာပေး လုပ်ငန်းများသည် ပြည်သူ တစ်ဦးချင်း၏ လွတ်လပ်မှု နှင့် တာဝန်သိမှုတို့ကို ထိုသို့ ရှင်းလင်းပြတ်သားစွာ နားလည်စေရန် ကြိုးပမ်းမြှင့်တင်ပေးရမည် ဖြစ်ပြီး ထိုပညာပေးလုပ်ငန်းများသည် ယနေ့ ပြုပြင်ပြောင်းလဲရေး အသို်င်းအဝိုင်း တို့က ကြော်ငြာ မြှင့်တင်နေသည့် အသင်းအပင်း တစ်ခုနှင့် ဖွဲ့နွယ်စုဝေးခြင်းကို ပဓာန အရေးအရာ အဖြစ် ရူမြင်တိုးမြှင့်လိုသည့် နည်းလမ်းကျင့်စဉ်မျိုး မဟုတ်ရေးချ မဟုတ်သင့်ပါ သတည်း။

Ko Nyo Tun <burmaenlightenment@gmail.com>

ဘေဂျင်း ၂၀၀၈

$
0
0

ဘေဂျင်း ၂၀၀၈ (တကယ်ကောင်းတယ့်တွေးခေါ်မှုလေးပါ)

တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။

ပုံထဲမှာ ကျောကိုဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်ကကစားဝိုင်းကိုအာရုံစူးစိုက်နေသူလေးကတော့ဂျပန်ပါတဲ့။ည၀တ်အကျီင်္နဲ့ ခေါင်းကို 

 နောက်လှန်ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာလဲလျောင်းနေတာ ကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။ ဘေးနားမှာရပ်ကြည့်နေတဲ့ကလေးမလေးကတော့ ထိုင်ဝမ်သူလေးပါ။


ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာ အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ်အနယ်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မိန်းမ ၄ ယောက် မာဂျောင်ကစားနေတဲ့ပုံဟာ လျို့ဝှက်အဓိပ္ပါယ်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့အပြင် နာမည်ကိုက ဘေဂျင်း ၂၀၀၈ ပါတဲ့။

တရုတ်ရဲ့ ခေါင်းစဉ်ကိုက အရှေ့လေ လို့ နှစ်ခွအဓိပ္ပါယ်ရနေပါတယ်။ တစ်ခုက တရုတ်ပြည်ရဲ့ ကမ္ဘာ့အင်အားပြိုင်ဘက်အဆင့်ကို ဖော်ပြပြီး နောက်တစ်ခုကတော့ တရုတ်ရဲ့ စစ်အင်အားနဲ့ လက်နက်အင်အားတို့ဟာ စားပွဲပေါ်မှာ အဆင်သင့်ရောက်နေပြီလို့ ပြသထားပါတယ်။ တစ်ဖက်မှာတော့ တရုတ်ဟာ နေရာကောင်းရထားသလိုလိုရှိနေပေမဲ့လည်း မိန်းကလေးရဲ့ တစ်ခြားလက်တစ်ဖက်ကို မြင်ခွင့်မရပါဘူး။ ဒါ့အပြင် မိန်းကလေးဟာ နောက်လက်တစ်ဖက်ကလည်း စားပွဲအောက်မှာ ၀ှက်ကစားနေပါသေးတယ်။

အမေရိကန်သူလေးကတော့ သိပ်ကိုယုံကြည်မှုရှိတဲ့ပုံစံလေးနဲ့ပါ။ ထိုင်ဝမ်သူလေးကို လှမ်းကြည့်အကဲခတ်နေပြီး မျက်နှာရိပ် မျက်နှာကဲ ပြနေပုံပေါ်ပါတယ်။
ရုရှားမယ်ကတော့ ကစားပွဲကို စိတ်မ၀င်စားချင်ယောင်ဆောင်နေပေမယ့် တကယ်တမ်းမှာ ခြေတစ်ဖက်က အမေရိကန်ကို ချိတ်လို့ လက်တစ်ဖက်ကတော့ တရုတ်ကို ကမ်းလျှက်ရှိနေပါတယ်။ နိုင်ငံနှစ်ခုလုံးနဲ့ တိတ်တဆိတ် အကျိုးစီးပွားဖလှယ်လေ့ရှိတဲ့သဘောပါ။

ဂျပန်ကတော့ အင်တိုက်အားတိုက်ကို သူ့အကျိုးစီးပွားတွေကို အာရုံပြုနေပြီး တခြားသူတွေကို ဂရုမပြုပါဘူး။

ထိုင်ဝမ်သူလေးက ရိုးရာအင်္ကျီနီလေးကို ၀တ်ဆင်ထားပြီး သူဟာ တရုတ်ရဲ့ ယဉ်ကျေးမှု အမွေဆက်ခံသူဖြစ်ကြောင်း ပြသနေပါတယ်။ သူ့လက်ထဲမှာ သစ်သီးပန်းကန်ကိုကိုင်လို့ လက်တဖက်မှာတော့ ဓါးတစ်ချောင်းနဲ့ပါ။ သူဟာ တရုတ်ကို ကြေကွဲနာကျင်တဲ့ အမုန်းတွေနဲ့ စိုက်ကြည့်နေပြီး ကစားပွဲမှာ ဘယ်သူပဲနိုင်နိုင် သစ်သီးတွေကို ကျွေးဖို့စောင့်နေရပါတယ်။

အပြင်ဘက်မှာတော့ မြစ်ရေပြင်ဟာ လေထန်နေပြီး မုန်တိုင်းကျတော့မဲ့ အခြေအနေမျိုးမို့ ဒါဟာ တိုင်းပြည်နှစ်ခုကြားက တင်းမာပေါက်ကွဲလုလုအနေအထားကို ပြဆိုပါတယ်။ နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားကလဲ သိပ်ကို အဓိပ္ပါယ်ရှိတာပါ။ မာအိုရဲ့ မျက်နှာ၊ ချန်ကေရှိတ်ရဲ့ နဖူးပြောင်နဲ့ ဆွန်ယက်ဆင်ရဲ့ မုတ်ဆိတ်တို့ကို ပေါင်းစပ်ရေးဆွဲထားပါတယ်။

မိန်းကလေး ၄ ယောက်ရဲ့ အ၀တ်အစားအနေအထားဟာ တိုင်းပြည်တစ်ခုစီရဲ့ စီးပွားရေးကို ပြဆိုပါတယ်။ တရုတ်ဟာ အပေါ်ပိုင်းဗလာပေမယ့် အောက်ပိုင်းမှာတော့ စကတ်နဲ့ အတွင်းခံကို ၀တ်ဆင်ထားပါတယ်။ အမေရိကန်ကတော့ ဘရာစီယာနဲ့ အပေါ်ရုံအကျီင်္ကိုဝတ်ထားပေမဲ့လည်း အောက်ပိုင်းဗလာဖြစ်နေပြန်ပါတယ်။ ရုရှားကတော့ အတွင်းခံဘောင်းဘီလေးသာကျန်ပြီး ဂျပန်ကတော့ လုံးတီးနဲ့ပါ။

ရုတ်တရက်ကြည့်လိုက်ရင် အမေရိကန်က အခြေအနေအကောင်းဆုံးလို့ထင်ရပြီး တောက်ပြောင်နေပေမယ့် အထိအရှမခံနိုင်ဆုံး အပိုင်းဟာ ရှင်းရှင်းကြီးပေါ်နေပါပြီ။ တရုတ်နဲ့ ရုရှားဟာ အ၀တ်မပါဘူးဆိုပေမဲ့လည်း လုံရမယ့်အပိုင်းတွေကို လုံအောင်ဖုံးထားနိုင်စွမ်းရှိနေပါသေးတယ်။

တကယ်လို့များ ဒီကစားပွဲအပြီးမှာ ကျန်သမျှကိုသာ ချွတ်ကြရကြေးဆိုရင် တရုတ်ရှူံးခဲ့ရင် ရုရှားနဲ့တူပါတော့မယ်။ ( ဒါဟာ ရုရှားပြိုကွဲခြင်းကို ညွှန်းပါတယ်။ ) အမေရိကန် ရှူံးခဲ့ရင်လဲ ရုရှားနဲ့ပဲ တူပြန်မှာပါပဲ။ တကယ်လို့ ရုရှားရှူံးရင်တော့ အားလုံးရှူံးပြီး ဂျပန်ကတော့ နဂိုကထဲက ဘာမှမကျန်တော့တာပါ။

ရုရှားဟာ အိမ်ဖြည့်ရုံဝင်ကစားနေတယ်ထင်ရပေမယ့် တကယ်တော့ တရုတ်နဲ့ပေါင်းပြီး လိမ်ကစားနေပါတယ်။ တကယ်အိမ်ဖြည့်နေရသူကတော့ ဂျပန်ပါ။ ဒီတစ်ခါရှူံးရင်တော့ ဂျပန်ဟာ ကစားဝိုင်းကထွက်ရပါတော့မယ်။

အမေရိကန်ဟာ အကောင်းဆုံးဖြစ်နေတယ်ဆိုပေမယ့် အန္တရာယ်တွေဝိုင်းလို့ပါ။ ဒီတစ်ချီရှူံးရင် ကမ္ဘာ့အင်အားကြီးအနေအထားကို စွန့်လွှတ်ရပါမယ်။ ရုရှားကတော့ နှစ်ဖက်ကစားနေပြီး တရုတ်လွတ်လပ်ခါစ အနေအထားမျိုးဖြစ်နေပါတယ်။ အဲဒီတုန်းက တရုတ်ဟာ ရှင်သန်ရပ်တည်ရေးအတွက် ရုရှားကိုမှီခိုပြီးနောက် အမေရိကန်ကို မှီခိုခဲ့ရပါတယ်။

တရုတ်ရဲ့ မာဂျောင်အတုံးကလေးတော်တော်များများကို မြင်ခွင့်မရတာဟာ တရုတ်မှာ လျို့ဝှက်ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်အတော်များများရှိလိမ့်မယ်လို့ ပြဆိုပါတယ်။ ဒါ့အပြင် တရုတ်ဟာ ရုရှားနဲ့ တိတ်တိတ်ဖလှယ်နေပြီး အမေရိကန်ကတော့ ထိုင်ဝမ်သူလေးရဲ့ ပုံစံကနေသာ မှန်းဆနေရပါတယ်။ ဂျပန်ကတော့ သူ့ကိုယ်သူကလွဲလို့ ဘယ်အရာမှ စိတ်မ၀င်စားပါ။

ထိုင်ဝမ်ကလေးမကတော့ ကစားပွဲကို အေးစက်စက်နဲ့ကြည့်နေပါတယ်။ ကစားသမား ၄ ယောက်လုံး ဘာလုပ်နေသလဲလို့ ကောင်းကောင်းမြင်နိုင်ပြီး ဘာတွေဆက်ဖြစ်မလဲလို့ နားလည်ထားပါတယ်။ ဒါပေမဲ့လည်း ကစားပွဲကို ၀င်ခွင့်လုံးဝမရှိတဲ့အပြင် စကားတောင်ပြောခွင့်မရပါဘူး။ သူ့မှာ ပြောစရာ၊ အပြစ်တင်စရာအတော်များများရှိတာတောင်မှ ဘယ်သူ့ကိုမှ ပြောခွင့်မရပါဘူး။ သူလုပ်နိုင်သမျှကတော့ လိမ္မာတဲ့မိန်းကလေးလို နေပြပြီး အောင်နိုင်သူကို သစ်သီးဆက်ဖို့ပါပဲ။

နောက်ဆုံးဘယ်သူနိုင်မလဲဆိုတာ တရုတ်နဲ့ အမေရိကန်ကြားမှာပဲ ရှိနေတာထင်ရှားလှပါတယ်။ အနီးကပ်ထပ်ကြည့်ရင်တော့ အမေရိကန်က ကစားအားရှိနေသေးပေမဲ့ ကစားနေတာက တရုတ်မာဂျောင်ပါ။ အနောက်တိုင်းပိုကာ ကစားနည်းမဟုတ်ပါဘူး။ တရုတ်ရဲ့ ကစားပွဲစည်းမျဉ်းတွေနဲ့ ကစားနေပြီးတဲ့နောက် အမေရိကန်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်များရှိနိုင်ပါ့မလဲ။

Zaw Wann Maung
 
ဖော်ဝပ်မေးမှ ကူးယူဖော်ပြပါသည်။  

ခွေးသားစားသူကြီး

$
0
0

 
မနေ့ညနေတုန်းကပေါ့….
အိမ်နီးချင်း တစု ရုန်းရုန်း ရုန်းရုန်းနဲ့ ဘာလုပ်နေလဲ စနည်းနာကြည့်လိုက်တော့..  အဟဲ….  ခွေးသား ချက်နေကြတာဗျ။ ကိုယ့်ကိုတောင် အဖော်လှည့်ညှိလိုက်သေးတယ်… ‘ ဆိတ်ကတုံးသား ဆော်အုံးမလား’ တဲ့။ ခပ်သွက်သွက်ပဲ ခေါင်းခါပြလိုက်ပါတယ်။ ‘ဟင့်အင်း’ လို့..။


အဲလိုငြင်းလိုက်လို့ တသက်လုံး ရှောင်လေဝေးဝေး ကင်းရှင်းခဲ့တယ်တော့ မထင်လိုက်ပါလေနဲ့။ အမှန်ဝန်ခံ ရရင်… ခပ်ငယ်ငယ် မိုက်ရူးရဲ အရွယ်မှာ လက်တည့်စမ်းခဲ့ဖူးတာပေါ့။ အိမ်မှာ  အကိုနဲ့ သူ့သူငယ်ချင်းတွေ ခွေးတကောင် (ဒေသအခေါ် ဟောင်ကောင်) ပေါ်ပြီး ချက်စားကြတယ်လေ။ ကိုယ်က ကလေးမို့ သူတို့နားမှာ ယောင်ပေပေ ရစ်သီရစ်သီ လုပ်နေတုန်း … မဆလာ ဝယ်ခိုင်းရင် ပြေးဝယ်ပေးရ၊ စပါးလင်လိုတယ်ဆိုလည်း ပြေးရှာ ပေးလိုက်ရနဲ့ မသိမသာ လုပ်အားပေးသလို ဖြစ်နေခဲ့တာ။

ဟင်းချက်မယ့်လူက အသားတွေခုတ်ထစ် ရေဆေးပြီး ကြက်သွန်၊ ငရုတ်သီး၊ ဆား… အစပ်အဟပ်တည့်အောင် နယ်နေတုန်းမှာ နောက်တယောက်က ကလိစာတွေကို လှီးဖြတ်သန့်စင်လို့ ဒယ်အိုးပိုင်းထဲမှာ ဆီနည်းနည်း လောင်းထည့် ဆားနဲ့ နနွင်းမှုန့်ဖြူး နယ်ဖတ်ပြီး မီးဖိုပေါ်တင် ကြော်လှော်နေတော့တယ်။ အဲဒါကို သူတို့အခေါ် တော့  ‘ကြော်ရှဲ’ တဲ့။ ထမင်း မစားခင် ယမကာနဲ့ မြည်းကြမှာလေ။ မီးဖိုတဝိုက်မှာတော့ ဆီကြော် ညှော်နံ့လေး တထောင်းထောင်းနဲ့…။

ခဏကြာတော့ အကြော်အိုးကျပြီ။ ဟင်းအိုးကို မီးဖိုပေါ်တင်လိုက်ပြီးချိန်မှာ သူတို့ဝိုင်းထိုင်ကြတယ်။ အစ်ကို့ သူငယ်ချင်းတဦးက  ဘေးနားမှာ စာအုပ်ဖွင့်ပြီး အရုပ်ကြည့်သလိုလို… စာဖတ်သလိုလို လုပ်နေတဲ့ ကျနော့်ကို မေးငေါ့ပြပြီး  ‘ဟေ့…. မင်းညီကို ဇာတ်သွင်းလိုက်အုံးလေ’  တဲ့။ အစ်ကိုကလည်း အသဲအမြစ် လေးငါးတုံး လောက်ပန်းကန်သေးသေးမှာထည့်ပြီး ကျနော့်ရှေ့မှာ လာချပေးရင်း ‘စားကွ ညီလေး’ ဆိုပြီး လက်မထောင် ပြကာ ရဲဆေးတင်ပေးလိုက်တယ်။ အဲတော့မှ မရဲတရဲလေးနဲ့ အသဲတတုံးကို ကောက်ကိုင်ပြီး ဟိုနမ်းဒီနမ်း စမ်းတဝါးဝါးနဲ့ နှာခေါင်းအောက်က ချောက်ထဲကို အရောက်ပို့ပစ်လိုက်တာပေါ့။ ဟုတ်တော့ ဟုတ်သား ဗျ… စောစောက အနံ့နဲ့ ကျနော့်နှာခေါင်းကို မြှူဆွယ်ခဲ့တဲ့ အသားဟာ ခုတော့ လျှာကိုပါ အပိုင်စည်းရုံးလိုက်ပြီ လေ။
ဟင်းအိုးကျက်တဲ့ အချိန်မှာ သူတို့ ထမင်းစားဖို့ပြင်တော့.. ဘယ်ရမလဲ ကျနော်လည်း ထမင်းတပွဲ အပိုင်ဆွဲထား တာပေါ့။ ပွဲဝင်ခါစ လူသစ်လေးမို့ ဝိုင်းပြီးအားပေးကြတယ်။ ဒါလေးက ဘယ်လိုကောင်းတာ… ဟိုဟာလေး စားကြည့်ပါလား … စသဖြင့်။ သူတို့နဲ့ အတူ စိတ်ကြိုက်စားပြီး အိပ်ရာဝင်တော့ အမေ့ဘေးနားမှာ စောင်ခြုံပြီး ဝင်ကွေးနေလိုက်တယ်။ တရေးနိုးတဲ့အခါ ကျနော့်တကိုယ်လုံး ပူရှိန်းပြီး ချွေးတွေလည်း ရွှဲနစ်နေတာပဲ။ စောင်ခွာလိုက်ပြီး ဟိုလှိမ့်ဒီလှိမ့်ဖြစ်နေတယ်။ ရေဆာလို့ ထသောက်လိုက်တော့ ချွေးတွေ ထွက်လာပြန်တယ်။ မျက်နှာကို လက်နဲ့စမ်းကြည့်လိုက်တဲ့အခါ စေးထန်းထန်းကြီး…။

ထူးခြားတာက တလျှောက်လုံး ကျနော့်ကို ဖက်ပြီးအိပ်နေကျ အမေဟာ အဲဒီညမှာ ကျနော့်ကို နောက်ခိုင်း အိပ်နေတယ်။ ကျနော်နောက်ကနေ သိုင်းဖက်လိုက်ပြန်တော့ လက်ကို ဆွဲဖယ်ပြီး ‘သွားစမ်း နင့်ကိုယ်က ခွေးစော် နံဟောင်နေတာပဲ’ ဆိုပြီး နောက်ခိုင်းမြဲ ခိုင်းထားတယ်။ နောက်နေ့ မနက်အစောကြီး အမေကိုယ်တိုင် ကျနော့်ကို ရေချိုး ခေါင်းလျှော် လုပ်ပေးပါရောလား။  နောက်ကို ခွေးသားမစားဖို့ ဆုံးမခဲ့တယ်။ တကယ်ပါပဲ ခွေးသားစားပြီး ထွက်လာတဲ့ ချွေးနံ့ဟာ ခွေးကိုယ်က ထွက်တဲ့အနံ့အတိုင်းပါပဲ။
အဲဒီနောက်ပိုင်း ယနေ့အထိ နံပြတ်ခဲ့တယ် ဆိုပါတော့။
………………………………………………………………………………………………………

ကျနော်တို့ရွာမှာ ခွေးသား အင်မတန်ကြိုက်တဲ့ လူတယောက်ရှိတယ်။ သူ့နာမည်က ကိုတောကြီး။ သူက ခွေးသားရသာမယ်ဆိုရင် ဘယ်လောက်ဝေးဝေး ရောက်အောင်သွားယူတယ်။ ရွာထဲမှာ ကြက်ဥခိုး၊ ဟင်းခိုး စားတတ်တဲ့ အကျင့်မကောင်း ခွေးတွေရဲ့ ပိုင်ရှင်တွေဟာ သူတို့ခွေးကို အိမ်မှာ ဆက်မမွေးချင်ကြဘူး။ သူတို့ကိုယ်တိုင်လည်း သတ်မပစ်ရက်တော့ ကိုတောကြီး လက်ကို အပ်ကြတယ်။ ကိုတောကြီးကလည်း ခွေးသတ်တဲ့နေရာမှာ ကျွမ်းမှကျွမ်း..။ ခွေးကို ထန်းလျက်ခဲလေး ချကျွေးပြီး အချိုသပ်.. ခင်သလို ယုယသလိုနဲ့ ပွတ်သပ်ပေးနေတုန်း ခွေးက မနောခွေ့နေချိန်မှာ သူ့ခါးကြား အသင့်ထိုးလာတဲ့ တပေခန့် ငါးမူလုံးသံချောင်းနဲ့  ခွေးရဲ့ အုပ်ဆက်ကို တချက်တည်း အပိုင်ရိုက်ထည့်လိုက်တာ များသောအားဖြင့်တော့ ‘ခွပ်’ ခနဲ အသံတချက်ပဲ ကြားလိုက်ရပြီး ဇာတ်သိမ်းသွားတာပဲ။ တခါတလေ ချက်လွဲပြီး အော်ဟစ်သံတွေ ဆူညံတာလည်း ရှိတာပေါ့။ အဲဒီအခါမျိုးမှာ အနီးအနားက ခွေးတွေကြားပြီး ဝိုင်းအူလိုက်ကြတာ ရွာထဲကို  တစ္ဆေသရဲ ဝင်လာသလား ထင်မှတ်ရတယ်။  

ခွေးပိုင်ရှင်တွေဆီက ပေးတာ ကမ်းတာမျိုးမရှိရင် ကိုတောကြီးက တန်ဖိုးအသင့်အတင့် ပေးပြီး ဝယ်စား တတ်တယ်။ တခါတလေမှာလည်း ရွာနဲ့ခပ်လှမ်းလှမ်း လယ်ကွင်းထဲမှာ ဝါးဆစ်ဘူးထောင်ချောက်နဲ့ ထောင်စားသေးတယ်။

ဘာပဲဖြစ်ဖြစ် ခွေးသားအမြဲစားတဲ့ ကိုတောကြီးရဲ့ ကိုယ်နံ့က ခွေးနံ့ရနေတာမို့ သူသွားလေရာ ခွေးဟောင်သံ တစီစီ ကြားရတာပဲ။ ခွေးသားစားတဲ့ လူကို ခွေးတွေက အလွယ်တကူ မှတ်မိကြတယ်။ တကောင်က ဟောင်ပြီ ဆိုတာနဲ့ အုပ်လိုက် ဝိုင်းဟောင်ကြတော့တာ။

ရွာလည်လမ်းမှာ ဂုံနီအိတ်တလုံးထမ်းထားတဲ့ ကိုတောကြီး လမ်းလျှောက်သွားပြီဆိုရင် ခွေးဟောင်သံတွေ အဆက်မပြတ်တော့ဘူး။ ဂုံနီအိတ်ထဲမှာ ခွေးသေတကောင်ပါလာပြီဆိုတာ ကျန်တဲ့ခွေးတွေ သိပုံရတယ်။ ကိုတောကြီး နောက်ကနေ ကျားစီးဝါးစီး လိုက်ဟောင်ကြတယ်။ တချို့ခွေးတွေက ကိုက်မယ်တကဲကဲ သွားဖြဲပြီး  ရန်စောင် ခြိမ်းခြောက်ကြတယ်။ ခြံဝင်းအတွင်းက ညောင်နာနာ အသံပေးတဲ့ ခွေးလည်းရှိရဲ့။ ကိုတောကြီးကတော့ ခြေလှမ်းမပျက်။ သူနောက်ကို တချက် လှည့်ပြီး ကန်မယ့်ဟန်ပြလိုက်ရင် ခွေးတွေ နောက်ဆုတ်ကုန်ကြတာကိုး..။ တချို့လည်း နီးစပ်ရာ ခြံစည်းရိုးပေါက်ထဲ အတင်းတိုးဝင် ပြေးကြနဲ့။

ခက်တာက  ခွေးဆိုတဲ့ သတ္တဝါမျိုးဟာ  အချင်းချင်းသာ အသေအလဲကိုက်ကြဖဲ့ကြတာ။ သူတို့ထက် ဥာဏ်ရည် သာတဲ့ လူကိုတော့ အလစ်မှာ ဝင်ဆွဲတာမျိုး၊ ကြောက်တတ်ရင် ဖြဲခြောက်တာမျိုးကလွဲပြီး မျက်နှာချင်းဆိုင် တိုက်ခိုက်ဖို့ မဝံ့ရဲဘူး ဖြစ်နေကြရတယ်။ ခွေးတွေရဲ့ အဲဒီအားနည်းချက်ကို ခွေးမုဆိုး ကိုတောကြီးက အထာ ကောင်းကောင်း နပ်ထားလေတော့ ဘယ်လောက်ဟောင်ဟောင် မဖြုံရေးချ မဖြုံလုပ်နေတာ။ ရွာမှာ ဆိုတော့လည်း တိုက်ရဲခိုက်ရဲ အယ်လ်ဇေးရှင်းခွေးမျိုး မွေးမှ မမွေးနိုင်ကြတာ။

ခွေးတွေအတွက်တော့ ကိုတောကြီးဟာ မဟာရန်သူစာရင်း နံပတ်(၁) ။ တနေ့တနေ့ ကိုတောကြီးလက်ချက်နဲ့ အသက်ပျောက်ခဲ့ရတဲ့ ခွေးအရေအတွက်လည်း မနည်းတော့။  ကိုတော်ကြီးကို တွေ့တိုင်း ဟောင်လိုက်ကြတာ၊  ကိုတောကြီးရဲ့ အသံကြားတိုင်း အသဲတယားယားနဲ့ နားကလောနေကြမှာ။ ဒါပေမဲ့ သူတို့ရဲ့ ရန်သူကို အပြတ် ချေမှုန်းဖို့ ဘယ်တော့မှ မစည်းရုံး မစုစည်းနိုင်ကြဘူး ဖြစ်နေတော့ ကျိတ်မနိုင်ခဲမရ ဖြစ်နေကြမှာပဲ။ အဲဒီတော့လည်း ကိုယ့်ဝန်းကျင် ရောက်လာခိုက်မှာ အသံပေး ဟောင်ပြတာ လောက်နဲ့ပဲ ရန်သူကို ဆန့်ကျင် ကြောင်း သက်သေထူနေကြရဟန် တူပါတယ်။

ခွေးတွေရဲ့ အဖြစ်ကို မချင့်မရဲကြည့်ရင်း ကျနော် တွေးကြည့်မိခဲ့တယ်။  ခွေးနေရာမှာ ဒီလုံး ငှက်ကလေးသာ ဆိုရင် ကိုတောကြီး ဘဝ ဇာတ်သိမ်းရတာ ကြာပေါ့  လို့။

တွေးမိသော အကြောင်းအရာတခုကို ချရေးခြင်းသာဖြစ်ပြီး ခွေးသားကြိုက်နှစ်သက်သူများအား ဝေဖန် ပုတ်ခတ်ခြင်း လုံးဝ(လုံးဝ) မဟုတ်ကြောင်း တောင်းပန်အပ်ပါတယ် ခင်ဗျား…။  

နေမင်းသူ
၁-၇-၂၀၁၃  

ဘ၀ထဲက တောင်တန်းတွေ

$
0
0

Photo: ဘ၀ထဲက တောင်တန်းတွေ      ----------   “ တစ်တောင်ပေါ် တစ်တောင်ဆင့်    တောင်အမြင့် ပတ်ခြံရံ။ ”  ကျွန်တော်တို့ဘ၀တွေမှာ တောင်တန်းတွေအများကြီးပဲ။  လူမှုအခက်အခဲ၊ စားဝတ်နေရေးအခက်အခဲ၊ ကျန်းမာရေးအခက်အခဲ၊ ပညာရေးအခက်အခဲ။  အခက်ခဲတောင်တန်းကြီးတွေက ပတ်လည်မှ ၀န်းရံလို့။ မိုးထက်မြင့်တဲ့ တောင်တွေက များလှပါတကား။  လောကုတ္တရာဆိုတဲ့ လမ်းဘက်ကို လျှောက်လမ်းဖို့ကြည့်တော့ တဏှာ၊ မာန၊ ဒိဋ္ဌိတွေက ထူလွန်းတယ်။ မြင့်လွန်းနေတယ်။ သတိ၊ ၀ီရိယ၊ ပညာ ချိနဲ့လွန်းနေတော့ ဒီတောင်တွေကို မောင်ကျော်နိုင်ပါ့မလား။  “ တစ်တောင်ဆုံးပြန်တော့    တစ်လုံး ကျန်ပြန်သေးသမို့    ဖန်ဖန်လေ အားအင်နှိုးလို့ရယ်    ကြိုးလျှောက်ရပြန်”  လောကီအခက်အခဲ၊ ဘ၀အခက်အခဲတွေကို ကျွန်တော်တို့ မလျှော့သောစိတ်တွေနဲ့ ကျော်ဖြတ်နေကြတယ်။ အောင်မြင်မှုတစ်ခုပဲရရ၊ ရှုံးနိမ့်မှုတစ်ခုပဲကြုံကြုံ၊ ဘယ်သို့သော် တောင်တန်းတွေ ထပ်ဆုံဆုံ အားအင်သစ်တွေနဲ့ ကျော်မြတ်ရမယ် မဟုတ်လား။  လူတစ်ယောက်ရဲ့လောဘအတွက် ဘယ်တော့မှ ကမ္ဘာကြီးက လုံလောက်မှာမဟုတ်ဘူးတဲ့။    မိဘအတွက်၊ ညီအစ်ကိုမောင်နှမအတွက်၊ ဆွေမျိုးအတွက်၊ ဇနီးမယားအတွက်၊ သားသမီးအတွက် မြေးမြစ်အတွက်….ငါ့အတွက်….တစ်တောင်ဆုံးပြန်သော်လည်း  အသောမတတ်နိုင်တဲ့ တောင်တန်းတွေက တစ်တောင်ပြီး တစ်တောင်။  သို့ပါသော်လည်း မောရမှန်းမသိ၊ နားရမှန်းမသိ၊ ရပ်ရမှန်းမသိ၊ ဇောဆိုတဲ့ စိတ်တွေနဲ့ အားအင်တွေဖြည့် လောင်စာတွေဖြည့်လို့ တစ်လှမ်းချင်းတစ်လှမ်း လှမ်းခဲ့ကြပြန်ပါပြီ။  တရားဓမ္မဘက်မှာဆိုလျှင်ဖြင့် ကျွန်တော်တို့ ကိလေသာတောင်တန်းတွေကို သတိ၊ ၀ီရိယ၊ ပညာတွေနဲ့ တစ်တောင်ပြီးတစ်တောင် ကြိုးစားကျော်ဖြတ်နေကြပြီလား။         “ ခါတလေ တကယ်ပန်းတာကြောင့်   တော်ပါပြီ ဆက်မလှမ်းချင်ဟု   ရပ်တန်းက ရပ်မယ်ကြံ              အမှန်တော့ ဖြစ်နိုင်မလား ”   အောင်မြင်မှုပန်းတိုင်ဆီသို့ လျှောက်လှမ်းရာမှာ တစ်ခါတစ်လေ ခြေကုန်လက်ပန်းကျပြီး နားချင်လာပြီ။ စိတ်ပျက်လာပြီ။ သို့သော်လျှောက်ခဲ့တဲ့ခရီးကိုတော့ ဆုံးအောင်လျှောက်ရမယ်ပေါ့။  ဓမ္မကိုရှာဖွေအားထုတ်ရာမှ ထူပြောလှတဲ့ ကိလေသာတွေကို ငါကျော်ဖြတ်နိုင်ပါတော့မလား။ ဒီဘ၀တော့ တရားမရနိုင်တော့ပါဘူးဆိုတဲ့အတွေးတွေနဲ့ စိတ်ကိုချပြစ်လိုက်ကျတော့မှာလား။  “ စခဲ့မိတာပေါ့       တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်   အားလျော့ကာ ဆုတ်ချင်စမ်းပါနဲ့ ”  ဘယ်အလုပ် လုပ်လုပ်(ကောင်းမွန်သောအလုပ်)ကို စခဲ့မိရင်တော့ အားလျော့ကာ မဆုတ်လိုက်ပါနဲ့။  “ စိတ်နွမ်းအသာဖြေဦး    မာလာငွေ ကန်ရေအေးရယ်နှင့်    ငှက်တေးအာရုံဆင်လို့    မူတစ်သွင် အားအင်သစ်လိုက်ပါ့    ချစ်ဖွယ်လူသား ”    လောကကြီးမှာ စိတ်ပျက်စရာတွေကြီးပဲမဟုတ်ပါဘူး။ ဘ၀ရဲ့ အနှစ်သာရ၊ ဘ၀ရဲ့ ပျော်ရွှင်မှုဆိုတာ ရှိနေပါတယ်။ တွေ့ကြုံရပါတယ်။ ဒီလို ပျော်ရွှင်မှုတွေ၊ ပျော်ရွှင်စရာတွေမှာ နားနားနေနေနေရင်း ရှေ့ဆက်ရမယ့် ခရီးအတွက် အားအင်သစ်တွေ မွေးလိုက်ကြပါဦး။    ကျွန်တော်တို့ရဲ့ ခရီးဆုံးနိဗ္ဗာန်ကိုရောက်ဖို့၊ ဓမ္မရဲ့ အေးငြိမ်းမှုတွေ၊ အနှစ်သာရတွေကို ကိုယ်တွေ့ ကျင့်ကြံအားထုတ်လို့ ရှေ့ဆက်လျှောက်လှမ်းကြပါစို့။   ( ဆရာမ ငွေတာရီ၏ “ ထိပ်ဆုံးသို့” ကဗျာအား ဖတ်ရင်း တွေးမိတာလေးများဖြစ်ပါသည်)။  ၂၉-၆-၂၀၁၃။
“ တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။ ”
ကျွန်တော်တို့ဘ၀တွေမှာ တောင်တန်းတွေအများကြီးပဲ။
လူမှုအခက်အခဲ၊ စားဝတ်နေရေးအခက်အခဲ၊ ကျန်းမာရေးအခက်အခဲ၊ ပညာရေးအခက်အခဲ။
အခက်ခဲတောင်တန်းကြီးတွေက ပတ်လည်မှ ၀န်းရံလို့။ မိုးထက်မြင့်တဲ့ တောင်တွေက များလှပါတကား။
လောကုတ္တရာဆိုတဲ့ လမ်းဘက်ကို လျှောက်လမ်းဖို့ကြည့်တော့ တဏှာ၊ မာန၊ ဒိဋ္ဌိတွေက ထူလွန်းတယ်။ မြင့်လွန်းနေတယ်။ သတိ၊ ၀ီရိယ၊ ပညာ ချိနဲ့လွန်းနေတော့ ဒီတောင်တွေကို မောင်ကျော်နိုင်ပါ့မလား။
“ တစ်တောင်ဆုံးပြန်တော့
တစ်လုံး ကျန်ပြန်သေးသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်”
လောကီအခက်အခဲ၊ ဘ၀အခက်အခဲတွေကို ကျွန်တော်တို့ မလျှော့သောစိတ်တွေနဲ့ ကျော်ဖြတ်နေကြတယ်။ အောင်မြင်မှုတစ်ခုပဲရရ၊ ရှုံးနိမ့်မှုတစ်ခုပဲကြုံကြုံ၊ ဘယ်သို့သော် တောင်တန်းတွေ ထပ်ဆုံဆုံ အားအင်သစ်တွေနဲ့ ကျော်မြတ်ရမယ် မဟုတ်လား။
လူတစ်ယောက်ရဲ့လောဘအတွက် ဘယ်တော့မှ ကမ္ဘာကြီးက လုံလောက်မှာမဟုတ်ဘူးတဲ့။
မိဘအတွက်၊ ညီအစ်ကိုမောင်နှမအတွက်၊ ဆွေမျိုးအတွက်၊ ဇနီးမယားအတွက်၊ သားသမီးအတွက် မြေးမြစ်အတွက်….ငါ့အတွက်….တစ်တောင်ဆုံးပြန်သော်လည်း အသောမတတ်နိုင်တဲ့ တောင်တန်းတွေက တစ်တောင်ပြီး တစ်တောင်။
သို့ပါသော်လည်း မောရမှန်းမသိ၊ နားရမှန်းမသိ၊ ရပ်ရမှန်းမသိ၊ ဇောဆိုတဲ့ စိတ်တွေနဲ့ အားအင်တွေဖြည့် လောင်စာတွေဖြည့်လို့ တစ်လှမ်းချင်းတစ်လှမ်း လှမ်းခဲ့ကြပြန်ပါပြီ။
တရားဓမ္မဘက်မှာဆိုလျှင်ဖြင့် ကျွန်တော်တို့ ကိလေသာတောင်တန်းတွေကို သတိ၊ ၀ီရိယ၊ ပညာတွေနဲ့ တစ်တောင်ပြီးတစ်တောင် ကြိုးစားကျော်ဖြတ်နေကြပြီလား။
“ ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဟု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား ”
အောင်မြင်မှုပန်းတိုင်ဆီသို့ လျှောက်လှမ်းရာမှာ တစ်ခါတစ်လေ ခြေကုန်လက်ပန်းကျပြီး နားချင်လာပြီ။ စိတ်ပျက်လာပြီ။ သို့သော်လျှောက်ခဲ့တဲ့ခရီးကိုတော့ ဆုံးအောင်လျှောက်ရမယ်ပေါ့။
ဓမ္မကိုရှာဖွေအားထုတ်ရာမှ ထူပြောလှတဲ့ ကိလေသာတွေကို ငါကျော်ဖြတ်နိုင်ပါတော့မလား။ ဒီဘ၀တော့ တရားမရနိုင်တော့ပါဘူးဆိုတဲ့အတွေးတွေနဲ့ စိတ်ကိုချပြစ်လိုက်ကျတော့မှာလား။
“ စခဲ့မိတာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျော့ကာ ဆုတ်ချင်စမ်းပါနဲ့ ”
ဘယ်အလုပ် လုပ်လုပ်(ကောင်းမွန်သောအလုပ်)ကို စခဲ့မိရင်တော့ အားလျော့ကာ မဆုတ်လိုက်ပါနဲ့။
“ စိတ်နွမ်းအသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးအာရုံဆင်လို့
မူတစ်သွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ်လူသား ”
လောကကြီးမှာ စိတ်ပျက်စရာတွေကြီးပဲမဟုတ်ပါဘူး။ ဘ၀ရဲ့ အနှစ်သာရ၊ ဘ၀ရဲ့ ပျော်ရွှင်မှုဆိုတာ ရှိနေပါတယ်။ တွေ့ကြုံရပါတယ်။ ဒီလို ပျော်ရွှင်မှုတွေ၊ ပျော်ရွှင်စရာတွေမှာ နားနားနေနေနေရင်း ရှေ့ဆက်ရမယ့် ခရီးအတွက် အားအင်သစ်တွေ မွေးလိုက်ကြပါဦး။
ကျွန်တော်တို့ရဲ့ ခရီးဆုံးနိဗ္ဗာန်ကိုရောက်ဖို့၊ ဓမ္မရဲ့ အေးငြိမ်းမှုတွေ၊ အနှစ်သာရတွေကို ကိုယ်တွေ့ ကျင့်ကြံအားထုတ်လို့ ရှေ့ဆက်လျှောက်လှမ်းကြပါစို့။

( ဆရာမ ငွေတာရီ၏ “ ထိပ်ဆုံးသို့” ကဗျာအား ဖတ်ရင်း တွေးမိတာလေးများဖြစ်ပါသည်)။

 
 မောင်ပိုင်
၂၉-၆-၂၀၁၃။

အဓိကရုဏ်းနှိမ်နင်းရေး နဲ့ ပြည်သူ့ဘဝလုံခြုံရေး

$
0
0
လူမှုရေး(သို့)ဘာသာရေး အဓိကရုဏ်းတွေဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၆ ဦးကျော်ရှိခဲ့တဲ့ တရုတ်နိုင်ငံ Xinjiang အနောက်မြောင်းပိုင်းဒေသကို လုံခြုံရေးထိမ်းသိမ်းဆောင်ရွက်ဖို့ ဇွန်လ(၃၀)ရက်နေ့က ၀င်ရောက်လာတဲ့ တရုတ်အဓိကရုဏ်းနှိမ်နှင်းရေး တပ်ဖွဲ့ဖြစ်ပါတယ်။
---------------------------------------------------------------------------------------
အဲဒီတပ်ဖွဲ့မှာ ကျနော်တို့တွေ့နိုင်တာက -
* တပ်ဖွဲ့အင်အား လုံလောက်အောင်ပါတာတွေ့ရတယ်။ (လူစုလူဝေး ဖြိုခွဲဖို့သပ်သပ်၊ လုံခြုံရေးဆောင်ရွက်ဖို့ သပ်သပ်)

* တစ်ဖက်တည်းကို နှိပ်ကွပ်မယ့် သဘောမျိုးမဖြစ်အောင် ကြေညာချက်(သို့)သိစေချင်တာတွေကို ဘာသာစကားနှစ်မျိုးနဲ့ ထင်ရှားအောင် ရေးသားချိတ်ဆွဲလာတာမြင်ရတယ်။ (ဒီအတွက် “ဟိုဖက်ဒီဖက် ကျနော်တို့ကို လုပ်နေပါတယ်ခင်ည” အော်တတ်တဲ့ကောင်တွေ အော်ဖို့နည်းနည်းခက်သွားတယ်)

* လက်နက်ပစ္စည်း ပြည့်စုံအောင်ပါတယ်။
* တပ်ဖွဲ့ဝင်တွေရဲ့ အသက်နဲ့ လုံခြုံရေးကိုလည်း ပြည့်စုံအောင် ချပ်ဝတ်၊ ဒိုင်း၊ တုတ် စသည်ဖြင့် ဖြည့်ဆည်းပေးထားတယ်။
* သံချပ်ကာကားတွေပါတယ်။
* Command & Control ကားတွေ၊ communication အတွက် ကားတွေလည်း ပါလိမ့်မယ်။ လူစုခွဲဖို့မီးသတ်ကားတွေ၊ လူနာတင်ယာဉ်၊ အချုပ်ကား အားလုံးပါတယ်။
* ယုတ်စွအဆုံးဗျာ။ လိုအပ်ရင် အတားအဆီးတွေ ကျော်ဖြတ်နိုင်ဖို့ တံတားခင်းတင့်လိုကားမျိုးတောင် ပါနိုင်တယ်။

ဒီလိုအဖွဲ့မျိုးတွေကို စုစည်းပြီးဇာတ်တိုက်လေ့ကျင့်ထားပြီးသားဖြစ်ဖို့များတယ်။ သီးသန့်တာဝန်ယူတဲ့ တပ်မှူးတော့ရှိလိမ့်မယ်။ ကျနော်တို့တွေ့တဲ့ ယူနစ်တွေအားလုံးဟာ သူ့ရဲ့ အမိန့်အောက်မှာ တာဝန်ထမ်းဆောင်ကြတာဖြစ်လိမ့်မယ်။ အားကျလိုက်တာဗျာ။ ဒီလိုဆိုရင် ၁၂လရာသီ ဆန္ဒပြနေတဲ့ ကျနော်တို့မြန်မာနိုင်ငံ။ လူမျိုးရေး၊ ဘာသာရေးကိုအကြောင်းပြုလို့ ဆူပူဖျက်ဆီးမှုတွေ၊ မီးရှို့သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားခဲ့တဲ့ ကျနော်တို့မြန်မာနိုင်ငံမှာကော ဒီလိုချပ်ဝတ်တန်ဆာ၊ ဒီလိုကားမျိုးတွေမရှိဘူးလား၊။ ရှိပါတယ်။ ကျနော်တို့ ရဲတပ်ဖွဲ့ရဲ့ အဓိကရုဏ်းနှိမ်နှင်းရေးဝတ်စုံက ဒီ့ထက်တောင် သားနားပြည့်စုံသေးတယ်။ အဲလိုကားမျိုးတွေ ကျနော်တို့နိုင်ငံမှာလည်းရှိတာပဲ။ ရှိတာလေးတွေကို မသုံးပဲထားတာကမှ ပြဿနာ။ ဒီလို နိုင်ငံတော်အဆင့် တပ်ဖွဲ့မျိုး(၅)ဖွဲ့လောက် ဖွဲ့စည်းထားပြီး လိုအပ်တဲ့ဒေသသို့ အလျင်အမြန်ဖြန့်ကျက် တာဝန်ပေးအပ်သင့်ပါတယ်။ ဒေသခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေမှာတော့ မျက်နှာသိ၊ ဆွေမျိုး၊ တစ်ရပ်တည်းသား ဆိုတဲ့ ပတ်သက်မှုတွေကြောင့် နှောင့်နှေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ သီးသန့်တပ်ဖွဲ့ ဖြစ်တဲ့အတွက် တပ်မှူးဟာ သူတာဝန်ယူရမယ့် ဒေသက ဒေသန္တရအာဏာပိုင် အဖွဲ့အစည်းရဲ့ ဦးဆောင်မှုအောက်မှာ ပေါင်းစပ်တာဝန်ယူသွားမယ်ဆိုရင် တရလွန် ရမ်းကားလေ့ရှိတဲ့ လူစားမျိုးတွေကို လက်ဦးမှုယူ တားဆီးနိုင်မှာပါ။ တရားဥပဒေစိုးမိုးရေးကို လက်ဦးမှုယူတည်ဆောက်နိုင်မှာပါ။ အားလုံးဖြစ်ပြီးသွားတော့မှ - မီးလိုက်ငြှိမ်း၊ အစားအစာကျွေး၊ အိမ်အသစ်ပြန်ဆောက်၊ ဆေးရုံအသစ်ထပ်ဆောက်၊ စာသင်ကျောင်းပြန်ဆောက်လုပ်နေရတာ ဆုံးရှုံးမှုလည်းများ၊ ကုန်ကျစရိတ်လည်းများသလို အရင်လို အေးချမ်းတဲ့လည်ပတ်မှုမျိုး ဘယ်တော့မှ ပြန်မရနိုင်တော့ပါ။ လုံခြုံရေးတပ်ဖွဲ့ရှေ့ ခုတ်နေ၊ ရှို့နေတာကို အင်အားမလောက်လို့ ရပ်ကြည့်နေရတာပါဆိုတဲ့ အကြောင်းပြချက်မျိုးတွေလည်း မျက်နှာပူပူနဲ့ ပေးစရာမလိုတော့ပါ။ ဒီလိုတပ်ဖွဲ့မျိုးတွေနဲ့ ထိမ်းသိမ်းဖို့ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကိုမှ အင်အားအလွန်အကျွံ သုံးစွဲတယ် အပြောခံရမှာကြောက်နေစရာမလိုပါ။ မိမိနိုင်ငံသား(ဘယ်ဘာသာဝင်မဆို) လုံခြုံအေးချမ်းစွာ တရားဥပဒေစိုးမိုးမှု အောက်မှာ နေရတာပါကလားဆိုတဲ့ အေးချမ်းလုံခြုံမှုမျိုးကို အစဉ်ထာဝရပေးစွမ်းနိုင်ရေးသည်သာ မဓာန ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်ခင်ဗျား။

(မီးဆိုတာ ပူ ၍ မလောင်ခင်က ရေများများဖြင့်လောင်းစေချင်သော - စနေသား)
— with Ye Moe and 16 others.(15 photos)

Photo
Photo

ကြိုးတပ်၍ လှော်ခတ်ခြင်း

$
0
0

Photo: ကြိုးတပ်၍ လှော်ခတ်ခြင်း      ……………..   “ သံယောဇဉ်..သံယောဇဉ်…လူကိုအရူးတစ်ပိုင်း ဖြစ်စေတယ်..”  ကိုလေးဖြူကတော့ သူကို့ အရူးတစ်ပိုင်းဖြစ်တဲ့ သံယောဇဉ်အကြောင်း ဖွင့်ဆိုလေရဲ့။  အော် ကိုလေးဖြူရယ် သံယောဇဉ်ဆိုတာက ကမ္ဘာပေါ်ကလူသားတင်မက တိရိစ္ဆာန်တွေကိုပါ အရူးတစ်ပိုင်း ဖြစ်စေတာပါဗျာ။ …………..  ကျွန်တော်ကလည်း စကားတစ်လုံးကအစ အတွေးတစ်ခုရရင် မနေတတ်ဘူး။ သူ့အကြောင်းအခြင်းအရာကို ရှာတတ်တယ်။  တစ်ခုကနေ ကျွန်တော် ဆက်ဆက်တွေးရတာ ၀ါသနာပါတယ်။   ဒီတော့ သံယောဇဉ်အကြောင်းလေးပေါ့။  ဦးထွန်းမြင့်ပြုစုတဲ့ ပါဋ္ဌိသက်ဝေါဟာရအဘိဓာန်ထဲမှာ သံယောဇဉ်=ပဋ်သုံးပါး၌ စပ်ယှဉ်စေတတ်၊ ဖွဲ့ချည်တတ်သောတရား၊ တွယ်တာတတ်သောသဘော။ လို့ ဖွင့်ဆိုထားပါတယ်။   ထို့အတူ အရှင်သြဘာသာဘိဝံသရဲ့ သုတေသနအဘိဓာန်ထဲမှာ ထပ်ရှာတယ်။ သံယောဇဉ်= သတ္တ၀ါအပေါင်းတို့အား ထိုထိုဘ၀မှ မလွတ်ရအောင် တုပ်နှောင်ဖွဲ့ချည်ထားတတ်သော တရား။ တဲ့။  သံယောဇဉ်ဆိုတာ သံယောဇန (ယှဉ်စေတတ်သောတရား)ဆိုတဲ့ ပါဋ္ဌိကနေလာတာပါ။  ကျွန်တော်တို့ မလွတ်နိုင်အောင်၊ မရုန်းနိုင်လေအောင် သံယောဇဉ်တရားတွေက ချည်နှောင်ထားတယ်။ သံယောဇဉ်က ကာမဘုံအာရုံမှာလည်း ဖွဲ့ချည်ထားတယ်။ ရူပဘုံအာရုံမှာလည်းဖွဲ့ချည်ထားတယ်။ ရန်မီးမှာလည်း ဖွဲ့ချည်ထားတယ်။ ထောင်လွှားခြင်းမှာလည်း ဖွဲ့ချည်ထားတယ်။ စတဲ့ သံယောဇဉ်(၁၀)ပါးက ကျွန်တော်တို့ကို ခိုင်ခိုင်ခံ့ခံ့ ချည်နှောင်ထားလေရဲ့။ ………….  ကျွန်တော်တို့ ငယ်ငယ်ကတည်းကစ ပျိုးခဲ့တဲ့ သံယောဇဉ်။ အဖေ၊ အမေသံယောဇဉ်၊ ညီအစ်ကိုမောင်နှမ သံယောဇဉ်။ သူငယ်ချင်း၊ သမီးရည်းစား၊ လင်မယား၊ အဘိုးအဘွား၊ မြေးမြစ်….ဟာ သံယောဇဉ်တွေက တစ်ပတ်လည်တွေနဲ့ တစ်ကြိုးပြီး တစ်ကြိုးချည်နှောင်နေတာပါလား။   အမယ် ဘယ်သူက မင်းကိုချည်လို့လဲ မမေးနဲ့။ ကိုယ့်ကိုယ်ကို ချည်တာဗျာ။ သံယောဇဉ်လေးတွေကြောင့် ချစ်လို့ကောင်းတုန်း၊ ပူပင်လို့ကောင်းတုန်း။ ဒီကြားထဲ မုန်းသူကိုတောင် အမုန်းသံယောဇဉ်နဲ့ သောက်မြင်ကပ်လို့ ကောင်းတုန်း။  ဟ ဒါဆိုရင် ဒီကြိုးတွေကို မဖြေချင်ဘူးလား။ မဖြတ်ချင်ဘူးလားကွ။  အို..ဘာတဲ့…“ အိမ်ရှေ့စံလည်းခံပါ့မယ်…ဟိုနန်းမြို့ရိုးကြားဝှက်လို့ထားတဲ့ အသပြာလေးရွေးလည်း ပြေးလို့ယူပါ့မယ် ”ဆိုသလို။ ဖြတ်လည်း ဖြတ်ချင်တာပေါ့။ မပြတ်လည်း မပြတ်ချင်သေးဘူးပေါ့။ -----------  တစ်ခါတုန်းက နွားနက်နဲ့ နွားဖြူကြီးက ကြိုးအတူတူပူးချည်ထားသတဲ့။  ဒါကို နွားနက်က တောင်ကိုသွားတယ်။ နွားဖြူကြီးက မြောက်ကိုသွားတယ်။ ကြိုးကရှိလေတော့ နွားနက်သွားတော့ နွားဖြူက ကန့်လန့်။ နွားဖြူသွားတော့နွားနက်က ကန့်လန့်ဖြစ်နေတယ်တဲ့။  ဒီလိုပါပဲ တစ်ခါတုန်းက.. လူတစ်ယောက်ဟာ အညာကနေ အောက်ပြည်ကို ကုန်ရောင်းဖို့ လှေနဲ့ ထွက်မလို့ပြင်နေတယ်။  သူက အညာကနေ ညဘက်စုန်ဆင်းရင် နံနက်ဆို အောက်ပြည်ကိုတော့ ရောက်လုနီး ဖြစ်မယ်ဆိုတဲ့အကြံနဲ့ လှေကို စပြီးစုန်ဆင်းသတဲ့။  လမ်းခရီးမှာလဲ အားကြိုးမာန်တက် လှော်ခတ်သေးတာပေါ့။ ဒါနဲ့ နံနက်မိုးသောက်လို့ကြည့်တော့ ဟ အောက်ပြည်ကလည်း ငါတို့ဆိပ်ကမ်းနဲ့တူလှချီလှပေါ့။ အမှန်တော့ သူ့လှေက သူ့ဆိပ်ကမ်းကမခွာပါဘူး။  ဘာလို့လဲဆိုရင် လှေနောက်မှာ ချည်ထားတဲ့ ကြိုးကိုမှ မဖြုတ်ပဲလှော်နေတာကြောင့်ပါ။ ----------  ဘုရားစင်ရှေ့မှာ လက်အုပ်လေးချီပြီး “ နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရောက်ရပါလို၏ ဘုရား ” လို့ ဆုတောင်းပြီး အမျှအတန်းဝေတယ်။   “ အားလုံး ကြားကြသမျှ အမျှ..အမျှ..အမျှ… ယူတော်မူကြပါကုန် ”  “ သာဓု…သာဓု…သာဓု ”  အမယ် ငါ့သမီးက အဖေအမျှဝေတာကို သာဓုလိုက်ခေါ်နေပါလား။   ချစ်လိုက်ရတဲ့ သမီးလေး။ လိမ္မာလိုက်တဲ့ သမီးလေး။  ဒါမှ ငါ့သမီးလေးကွလို့…  ပွေ့ချီပြီး ပါးပြင်လေးကို မွှေးကြူလိုက်ပါတယ်။  ဘယ်ရမလဲ ကျွန်တော်လည်း ခပ်တည်တည်နဲ့ ကြိုးတပ်ပြီး လှော်ခတ်ကြည့်မိတာပေါ့။ “ သံယောဇဉ်..သံယောဇဉ်…လူကို အရူးတစ်ပိုင်းဖြစ်စေတယ်။ ”  ၃၀-၆-၂၀၁၃။
“ သံယောဇဉ်..သံယောဇဉ်…လူကိုအရူးတစ်ပိုင်း ဖြစ်စေတယ်..”
ကိုလေးဖြူကတော့ သူကို့ အရူးတစ်ပိုင်းဖြစ်တဲ့ သံယောဇဉ်အကြောင်း ဖွင့်ဆိုလေရဲ့။
အော် ကိုလေးဖြူရယ် သံယောဇဉ်ဆိုတာက ကမ္ဘာပေါ်ကလူသားတင်မက တိရိစ္ဆာန်တွေကိုပါ အရူးတစ်ပိုင်း ဖြစ်စေတာပါဗျာ။
…………..
ကျွန်တော်ကလည်း စကားတစ်လုံးကအစ အတွေးတစ်ခုရရင် မနေတတ်ဘူး။ သူ့အကြောင်းအခြင်းအရာကို ရှာတတ်တယ်။ တစ်ခုကနေ ကျွန်တော် ဆက်ဆက်တွေးရတာ ၀ါသနာပါတယ်။
ဒီတော့ သံယောဇဉ်အကြောင်းလေးပေါ့။ ဦးထွန်းမြင့်ပြုစုတဲ့ ပါဋ္ဌိသက်ဝေါဟာရအဘိဓာန်ထဲမှာ
သံယောဇဉ်=ပဋ်သုံးပါး၌ စပ်ယှဉ်စေတတ်၊ ဖွဲ့ချည်တတ်သောတရား၊ တွယ်တာတတ်သောသဘော။ လို့ ဖွင့်ဆိုထားပါတယ်။
ထို့အတူ အရှင်သြဘာသာဘိဝံသရဲ့ သုတေသနအဘိဓာန်ထဲမှာ ထပ်ရှာတယ်။
သံယောဇဉ်= သတ္တ၀ါအပေါင်းတို့အား ထိုထိုဘ၀မှ မလွတ်ရအောင် တုပ်နှောင်ဖွဲ့ချည်ထားတတ်သော တရား။ တဲ့။
သံယောဇဉ်ဆိုတာ သံယောဇန (ယှဉ်စေတတ်သောတရား)ဆိုတဲ့ ပါဋ္ဌိကနေလာတာပါ။
ကျွန်တော်တို့ မလွတ်နိုင်အောင်၊ မရုန်းနိုင်လေအောင် သံယောဇဉ်တရားတွေက ချည်နှောင်ထားတယ်။
သံယောဇဉ်က ကာမဘုံအာရုံမှာလည်း ဖွဲ့ချည်ထားတယ်။ ရူပဘုံအာရုံမှာလည်းဖွဲ့ချည်ထားတယ်။ ရန်မီးမှာလည်း ဖွဲ့ချည်ထားတယ်။ ထောင်လွှားခြင်းမှာလည်း ဖွဲ့ချည်ထားတယ်။ စတဲ့ သံယောဇဉ်(၁၀)ပါးက ကျွန်တော်တို့ကို ခိုင်ခိုင်ခံ့ခံ့ ချည်နှောင်ထားလေရဲ့။
………….
ကျွန်တော်တို့ ငယ်ငယ်ကတည်းကစ ပျိုးခဲ့တဲ့ သံယောဇဉ်။ အဖေ၊ အမေသံယောဇဉ်၊ ညီအစ်ကိုမောင်နှမ သံယောဇဉ်။ သူငယ်ချင်း၊ သမီးရည်းစား၊ လင်မယား၊ အဘိုးအဘွား၊ မြေးမြစ်….ဟာ သံယောဇဉ်တွေက တစ်ပတ်လည်တွေနဲ့ တစ်ကြိုးပြီး တစ်ကြိုးချည်နှောင်နေတာပါလား။
အမယ် ဘယ်သူက မင်းကိုချည်လို့လဲ မမေးနဲ့။ ကိုယ့်ကိုယ်ကို ချည်တာဗျာ။ သံယောဇဉ်လေးတွေကြောင့် ချစ်လို့ကောင်းတုန်း၊ ပူပင်လို့ကောင်းတုန်း။ ဒီကြားထဲ မုန်းသူကိုတောင် အမုန်းသံယောဇဉ်နဲ့ သောက်မြင်ကပ်လို့ ကောင်းတုန်း။
ဟ ဒါဆိုရင် ဒီကြိုးတွေကို မဖြေချင်ဘူးလား။ မဖြတ်ချင်ဘူးလားကွ။
အို..ဘာတဲ့…“ အိမ်ရှေ့စံလည်းခံပါ့မယ်…ဟိုနန်းမြို့ရိုးကြားဝှက်လို့ထားတဲ့ အသပြာလေးရွေးလည်း ပြေးလို့ယူပါ့မယ် ”ဆိုသလို။ ဖြတ်လည်း ဖြတ်ချင်တာပေါ့။ မပြတ်လည်း မပြတ်ချင်သေးဘူးပေါ့။
-----------
တစ်ခါတုန်းက နွားနက်နဲ့ နွားဖြူကြီးက ကြိုးအတူတူပူးချည်ထားသတဲ့။
ဒါကို နွားနက်က တောင်ကိုသွားတယ်။ နွားဖြူကြီးက မြောက်ကိုသွားတယ်။ ကြိုးကရှိလေတော့ နွားနက်သွားတော့ နွားဖြူက ကန့်လန့်။ နွားဖြူသွားတော့နွားနက်က ကန့်လန့်ဖြစ်နေတယ်တဲ့။
ဒီလိုပါပဲ တစ်ခါတုန်းက.. လူတစ်ယောက်ဟာ အညာကနေ အောက်ပြည်ကို ကုန်ရောင်းဖို့ လှေနဲ့ ထွက်မလို့ပြင်နေတယ်။ သူက အညာကနေ ညဘက်စုန်ဆင်းရင် နံနက်ဆို အောက်ပြည်ကိုတော့ ရောက်လုနီး ဖြစ်မယ်ဆိုတဲ့အကြံနဲ့ လှေကို စပြီးစုန်ဆင်းသတဲ့။
လမ်းခရီးမှာလဲ အားကြိုးမာန်တက် လှော်ခတ်သေးတာပေါ့။ ဒါနဲ့ နံနက်မိုးသောက်လို့ကြည့်တော့ ဟ အောက်ပြည်ကလည်း ငါတို့ဆိပ်ကမ်းနဲ့တူလှချီလှပေါ့။ အမှန်တော့ သူ့လှေက သူ့ဆိပ်ကမ်းကမခွာပါဘူး။
ဘာလို့လဲဆိုရင် လှေနောက်မှာ ချည်ထားတဲ့ ကြိုးကိုမှ မဖြုတ်ပဲလှော်နေတာကြောင့်ပါ။
----------
ဘုရားစင်ရှေ့မှာ လက်အုပ်လေးချီပြီး “ နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရောက်ရပါလို၏ ဘုရား ” လို့
ဆုတောင်းပြီး အမျှအတန်းဝေတယ်။
“ အားလုံး ကြားကြသမျှ အမျှ..အမျှ..အမျှ… ယူတော်မူကြပါကုန် ”
“ သာဓု…သာဓု…သာဓု ”
အမယ် ငါ့သမီးက အဖေအမျှဝေတာကို သာဓုလိုက်ခေါ်နေပါလား။

ချစ်လိုက်ရတဲ့ သမီးလေး။ လိမ္မာလိုက်တဲ့ သမီးလေး။ ဒါမှ ငါ့သမီးလေးကွလို့…
ပွေ့ချီပြီး ပါးပြင်လေးကို မွှေးကြူလိုက်ပါတယ်။
ဘယ်ရမလဲ ကျွန်တော်လည်း ခပ်တည်တည်နဲ့ ကြိုးတပ်ပြီး လှော်ခတ်ကြည့်မိတာပေါ့။
“ သံယောဇဉ်..သံယောဇဉ်…လူကို အရူးတစ်ပိုင်းဖြစ်စေတယ်။ ”

 
 မောင်ပိုင်
၃၀-၆-၂၀၁၃။
— with Nanda Htun Htet and 6 others.

ကော်ဖီတစ်ခွက် ဘ၀တစ်သက်

$
0
0

Photo: ကော်ဖီတစ်ခွက် ဘ၀တစ်သက်  --------------   “ စူပါကော်ဖီ ရှိလား ”  “ ရှိဘူးဗျ ကုန်နေတယ် နက်စ်သောက်ပါလား ”  “ ကျွန်တော်က ခပ်ပြင်းပြင်းလေးသောက်တတ်တာဗျ။ စူပါမရှိလည်း နေပါစေတော့၊ မသောက်တော့ပါဘူး”  ကျွန်တော် ကော်ဖီမသောက်ဖြစ်ပဲ ပြန်ခဲ့ပါသည်။ ----------  ဆရာတော်ရဝေနွယ်(အင်းမ)၏ စာတစ်ပုဒ်ကို သတိရမိသည်။  ဆရာတော်က ကော်ဖီသောက်ရင် ရေနွေးအရင်ထည့်။ ပြီးမှ ကော်ဖီထုတ်ဖောက်ထည့်။ ကော်ဖီလေးတွေ တစ်စတစ်စမြုပ်သွားတာကို ကြည့်ရင်း အရသာခံသောက်သည်။  ကော်ဖီသောက်ရင် ပြုမူတတ်တဲ့အကျင့်တစ်ခုလိုဖြစ်နေသည်။ ဒီတော့ ဆရာတော်က စဉ်းစားသည် အသေးအမွှားကိစ္စလေးကအစ အရသာခံ၊ ဇိမ်ခံ၊ အကျင့်လုပ်နေရင် ကျန်သော ကြီးမားသော အလုပ်တွေဆိုရင် ဖြတ်ဖို့မလွယ်တော့ပါ။ လူတစ်ယောက် အကျင့်တစ်ခုဖြစ်ပြီ ဆိုရင်ဖြတ်ဖို့ခက်ပြီလို့ ဆရာတော်က ခပ်သေးသေးကိစ္စက အစဆင်ချင်နိုင်အောင် ရေးပြထားသည်။ ---------   တစ်ခါတုန်းက ဈေးထဲမှာ ကြက်ဥရောင်းနေတဲ့ဈေးသယ်စီမှာ အမျိုးသမီးကြီးတစ်ဦးက ဈေးဝင်ဝယ်ပါတယ်။  “ ကြက်ဥတစ်လုံး ဘယ်လောက်လဲမသိဘူး ”  “ ငါးကျပ်ပါ ”  “ ကျွန်မ ၁၀ လုံးယူမယ်။ ရွေးမယ်နှော် ”  “ ဟုတ်ကဲ့ ရွေးပါရှင်။ ရွေးပါ”  အဲဒါနဲ့ ကြက်ဥကို ရွေးနေရင်း လေးငါးလုံးလောက်အရောက်မှာ ဆက်မရွေးတော့ပဲ ရပ်ပြီး  “ ကဲ ရှင်သာရွေးပေးပါတော့။ ကျွန်မ မရွေးတော့ဘူး ”  “ ဘာဖြစ်လို့လဲရှင့် ”  “ အော် ကျွန်မတို့က ဈေးတည့်လို့ ၀ယ်ဖြစ်တာလေ။ ဒါကို ကျွန်မက အကြီးတွေပဲ ရွေးနေတော့ ကြက်ဥကိုင်တိုင်း လောဘတစ်ခါတက်လာလို့ မရွေးချင်တော့ဘူး ”တဲ့။   ဒီတော့ ရောင်းတဲ့ အမျိုးသမီးကရွေးပါတယ်။  ရွေးနေရင်းနဲ့ သူလည်းရပ်လိုက်ပါတယ်။  “ ကဲရှင် ရှင်ပဲ ထည့်ချင်သလို ထည့်ယူသွားတော့”  “ ဘာဖြစ်လို့လဲ ရှင့် ”  “ ကျွန်မလည်း ရှင့်လိုပဲ။ ရွေးရင်းလောဘတက်လာလို့ပါ။ ကျွန်မကတော့ အသေးတွေပဲ ရွေးထည့်နေ တာလေ ”တဲ့။  သြော် ကြက်ဥလေးဝယ်တာကအစ တက်လာတဲ့ လောဘလေးတွေကို ထိန်းလိုက်နိုင်ကြတဲ့ အမျိုးသမီးတွေ အကြောင်း ဖတ်ရတော့ ကြက်သီးဖြန်းဖြန်းထခဲ့မိပါရဲ့။ --------  ကျွန်တော်တို့အဖို့ကတော့  ငယ်စဉ်ကတည်းက ညီအစ်ကိုနှစ်ယောက်အတွက် အ၀တ်လေးဝယ်ပေးရင်။ လှတာလေးမှ ရွေးချင်တယ်။ အ၀တ်အစားဝတ်တော့လည်း သစ်တာလေး၊ ကောင်းတာလေးမှ ရွေးဝတ်ချင်ကြတယ်။  အစားအသောက်ကအစ ကိုယ်ကြိုက်တာလေးများမစားရရင် စိတ်ကကောက်ချင်သေးတယ်။  ကျွန်တော်ငယ်ငယ်က အသီးအရွက်ကို လုံးဝမကြိုက်ဘူး။ မစားဘူး။ အသားပါမှ စားတယ်။  တစ်နေ့ ကျွန်တော့အဖေက ထမင်းအတူတူစားတော့ ကျွန်တော့ ပန်းကန်ထဲက အစိမ်းကြော်တွေထည့်ပေးတယ်။  “ ဒါစားရတယ်ကွ။ ဒါကမှ အာဟာရပြည့်မှာကွ ”တဲ့။  ကျွန်တော်က ကိုင်တောင်မကြည့်တော့ အဖေက ပါးစပ်ဟဆိုပြီး ခွံ့ကျွေးပါတယ်။ ကျွန်တော် မျက်ရည် ကျတယ်။ ကျွန်တော့အတွက် အာဟာရဖြစ်မယ်ဆိုတာတောင် ကျွန်တော်မကြိုက်လို့ မစားနိုင်ဘူးဆိုပြီး မျက်ရည်တောင် ကျခဲ့တယ်။  တစ်ခါတစ်ခါမှာလည်း ကိုယ်အတွက် စိတ်အာဟာရဖြစ်မှန်းသိရဲ့နဲ့ ကျွန်တော်တို့က..  “ တရားသဘော ဘယ်လိုပြောလဲ လိပ်ကျောကြောင်ကော် ပြောင်ချော်ချော်သို့ ” ဆိုတာလို မသိလိုက် မသိဘာသာ နေခဲ့တာပါပဲ။  အသက်အရွယ်ကြီးလာပြန်တော့လည်း မရ ရတဲ့နည်းနဲ့ရှာတယ်။ သူတစ်ပါးကိုယ့်ထက် နည်းနည်းမှကို အကျော်မခံနိုင်။ သူတစ်ပါးကျော်သွားရင်လည်း နည်းနည်းမှ စိတ်ကမကြည်ဘူး။   ဖြတ်ခုတ်တယ်။ ခြေထိုးခံတယ်။ ခြေထောက်ကိုနင်းတယ်။  ငယ်ထိပ်ပုတ်တယ်။  နားရွက်တံတွေးစွတ်တယ်။ စပျစ်သီးမမှီရင် ချဉ်တယ်လို့ပြောတယ်။  မစားရတဲ့အမဲ သဲနဲ့ပက်ချင်ပက်တယ်။  ဟိုး သေးသေးကစတဲ့ လောဘစိတ်ကလေးဟာ အသက်ကြီးလေး ပိုကြီးလာလေပဲ။ နည်းနည်းမှကို လျှော့သွားတယ်မရှိလှပါဘူး။ ` ဈေးဝယ်ရင်းနဲ့ အကုသိုလ်တိုးတယ်။ ဈေးရောင်းရင်နဲ့ လောဘတွေတက်တယ်။ စားနေရင်း ရသာတဏှာ   ပြီးတော့ ကောင်းတဲ့ အလေ့အကျင့်ဆိုရင် မလုပ်ချင်၊ မစွဲမြဲချင်ဘူး။ မကောင်းတာလေးကျတော့ အချိန်တန်ရင် လုပ်ကိုလုပ်နေရမှ။   “ နေညိုရင် လေပျိုတယ်၊ အချိန်ကျတော့ လေထလာတယ်။ အချိန်တန်တော့ လေထန်လာ” တယ်တဲ့။  သောက်နေကျလေးဆိုရင် သောက်ကိုသောက်ရမှ။  နေညိုလို့ အော် ငါအိုပြန်ပကောလားလို့ လားလားမှကို အတွေးကမ၀င်ချင်ပါဘူး။  ဟုတ်တယ် ရောင့်ရဲခြင်းနဲ့ မတင်းတိမ်နိုင်သေးဘူး။    မြတ်စွာဘုရားရှင်က “ ဆင်းရဲဒုက္ခ၏ အကြောင်းရင်းသည် အခြားအရာများမဟုတ်၊ ကိုယ်ကျိုးအတွက် လိုချင်တပ်မက်မှု- တဏှာဖြစ်၏ ” လို့ဟောတော်မူခဲ့ပါတယ်။  ကိုယ်ကျိုးအတွက် လိုတယ်။ ကိုယ်တိုင်ခံစားချင်တယ်။ ကိုယ်တိုင်လုပ် လိုက်ရမှကျေနပ်ချင်တယ်။ ကိုယ်လုပ်လို့ ဖြစ်တာဆိုပြီး မာန၀င့်ချင်သေးတယ်။  သြော် ဒီလိုနဲ့ပဲ…  ကျွန်တော် စူပါကော်ဖီမရှိလို့ ကော်ဖီတစ်ခွက်မသောက်ဖြစ်ခဲ့ရပါဘူး။ ကျွန်တော်ရဲ့ ဒီကော်ဖီမှ ကော်ဖီဆိုတဲ့ အစွဲက ကော်ဖီငတ်ခြင်းကို မပြေပျောက်စေခဲ့ပါဘူး။  ကော်ဖီတစ်ခွက်က ကျွန်တော် ဘ၀တစ်သက်အတွက် စကားတွေပြောနေပါလားဗျာ….။  ၃၀-၆-၂၀၁၃။
“ စူပါကော်ဖီ ရှိလား ”
“ ရှိဘူးဗျ ကုန်နေတယ် နက်စ်သောက်ပါလား ”
“ ကျွန်တော်က ခပ်ပြင်းပြင်းလေးသောက်တတ်တာဗျ။ စူပါမရှိလည်း နေပါစေတော့၊ မသောက်တော့ပါဘူး”
ကျွန်တော် ကော်ဖီမသောက်ဖြစ်ပဲ ပြန်ခဲ့ပါသည်။
----------
ဆရာတော်ရဝေနွယ်(အင်းမ)၏ စာတစ်ပုဒ်ကို သတိရမိသည်။
ဆရာတော်က ကော်ဖီသောက်ရင် ရေနွေးအရင်ထည့်။ ပြီးမှ ကော်ဖီထုတ်ဖောက်ထည့်။ ကော်ဖီလေးတွေ တစ်စတစ်စမြုပ်သွားတာကို ကြည့်ရင်း အရသာခံသောက်သည်။
ကော်ဖီသောက်ရင် ပြုမူတတ်တဲ့အကျင့်တစ်ခုလိုဖြစ်နေသည်။ ဒီတော့ ဆရာတော်က စဉ်းစားသည် အသေးအမွှားကိစ္စလေးကအစ အရသာခံ၊ ဇိမ်ခံ၊ အကျင့်လုပ်နေရင် ကျန်သော ကြီးမားသော အလုပ်တွေဆိုရင် ဖြတ်ဖို့မလွယ်တော့ပါ။ လူတစ်ယောက် အကျင့်တစ်ခုဖြစ်ပြီ ဆိုရင်ဖြတ်ဖို့ခက်ပြီလို့ ဆရာတော်က ခပ်သေးသေးကိစ္စက အစဆင်ချင်နိုင်အောင် ရေးပြထားသည်။
---------
တစ်ခါတုန်းက ဈေးထဲမှာ ကြက်ဥရောင်းနေတဲ့ဈေးသယ်စီမှာ အမျိုးသမီးကြီးတစ်ဦးက ဈေးဝင်ဝယ်ပါတယ်။
“ ကြက်ဥတစ်လုံး ဘယ်လောက်လဲမသိဘူး ”
“ ငါးကျပ်ပါ ”
“ ကျွန်မ ၁၀ လုံးယူမယ်။ ရွေးမယ်နှော် ”
“ ဟုတ်ကဲ့ ရွေးပါရှင်။ ရွေးပါ”
အဲဒါနဲ့ ကြက်ဥကို ရွေးနေရင်း လေးငါးလုံးလောက်အရောက်မှာ ဆက်မရွေးတော့ပဲ ရပ်ပြီး
“ ကဲ ရှင်သာရွေးပေးပါတော့။ ကျွန်မ မရွေးတော့ဘူး ”
“ ဘာဖြစ်လို့လဲရှင့် ”
“ အော် ကျွန်မတို့က ဈေးတည့်လို့ ၀ယ်ဖြစ်တာလေ။ ဒါကို ကျွန်မက အကြီးတွေပဲ ရွေးနေတော့ ကြက်ဥကိုင်တိုင်း လောဘတစ်ခါတက်လာလို့ မရွေးချင်တော့ဘူး ”တဲ့။
ဒီတော့ ရောင်းတဲ့ အမျိုးသမီးကရွေးပါတယ်။ ရွေးနေရင်းနဲ့ သူလည်းရပ်လိုက်ပါတယ်။
“ ကဲရှင် ရှင်ပဲ ထည့်ချင်သလို ထည့်ယူသွားတော့”
“ ဘာဖြစ်လို့လဲ ရှင့် ”
“ ကျွန်မလည်း ရှင့်လိုပဲ။ ရွေးရင်းလောဘတက်လာလို့ပါ။ ကျွန်မကတော့ အသေးတွေပဲ ရွေးထည့်နေ တာလေ ”တဲ့။
သြော် ကြက်ဥလေးဝယ်တာကအစ တက်လာတဲ့ လောဘလေးတွေကို ထိန်းလိုက်နိုင်ကြတဲ့ အမျိုးသမီးတွေ အကြောင်း ဖတ်ရတော့ ကြက်သီးဖြန်းဖြန်းထခဲ့မိပါရဲ့။
--------
ကျွန်တော်တို့အဖို့ကတော့
ငယ်စဉ်ကတည်းက ညီအစ်ကိုနှစ်ယောက်အတွက် အ၀တ်လေးဝယ်ပေးရင်။ လှတာလေးမှ ရွေးချင်တယ်။ အ၀တ်အစားဝတ်တော့လည်း သစ်တာလေး၊ ကောင်းတာလေးမှ ရွေးဝတ်ချင်ကြတယ်။
အစားအသောက်ကအစ ကိုယ်ကြိုက်တာလေးများမစားရရင် စိတ်ကကောက်ချင်သေးတယ်။
ကျွန်တော်ငယ်ငယ်က အသီးအရွက်ကို လုံးဝမကြိုက်ဘူး။ မစားဘူး။ အသားပါမှ စားတယ်။ တစ်နေ့ ကျွန်တော့အဖေက ထမင်းအတူတူစားတော့ ကျွန်တော့ ပန်းကန်ထဲက အစိမ်းကြော်တွေထည့်ပေးတယ်။
“ ဒါစားရတယ်ကွ။ ဒါကမှ အာဟာရပြည့်မှာကွ ”တဲ့။
ကျွန်တော်က ကိုင်တောင်မကြည့်တော့ အဖေက ပါးစပ်ဟဆိုပြီး ခွံ့ကျွေးပါတယ်။ ကျွန်တော် မျက်ရည် ကျတယ်။ ကျွန်တော့အတွက် အာဟာရဖြစ်မယ်ဆိုတာတောင် ကျွန်တော်မကြိုက်လို့ မစားနိုင်ဘူးဆိုပြီး မျက်ရည်တောင် ကျခဲ့တယ်။
တစ်ခါတစ်ခါမှာလည်း ကိုယ်အတွက် စိတ်အာဟာရဖြစ်မှန်းသိရဲ့နဲ့ ကျွန်တော်တို့က..
“ တရားသဘော ဘယ်လိုပြောလဲ လိပ်ကျောကြောင်ကော် ပြောင်ချော်ချော်သို့ ” ဆိုတာလို မသိလိုက် မသိဘာသာ နေခဲ့တာပါပဲ။
အသက်အရွယ်ကြီးလာပြန်တော့လည်း မရ ရတဲ့နည်းနဲ့ရှာတယ်။ သူတစ်ပါးကိုယ့်ထက် နည်းနည်းမှကို အကျော်မခံနိုင်။ သူတစ်ပါးကျော်သွားရင်လည်း နည်းနည်းမှ စိတ်ကမကြည်ဘူး။
ဖြတ်ခုတ်တယ်။ ခြေထိုးခံတယ်။ ခြေထောက်ကိုနင်းတယ်။ ငယ်ထိပ်ပုတ်တယ်။ နားရွက်တံတွေးစွတ်တယ်။ စပျစ်သီးမမှီရင် ချဉ်တယ်လို့ပြောတယ်။ မစားရတဲ့အမဲ သဲနဲ့ပက်ချင်ပက်တယ်။
ဟိုး သေးသေးကစတဲ့ လောဘစိတ်ကလေးဟာ အသက်ကြီးလေး ပိုကြီးလာလေပဲ။ နည်းနည်းမှကို လျှော့သွားတယ်မရှိလှပါဘူး။
` ဈေးဝယ်ရင်းနဲ့ အကုသိုလ်တိုးတယ်။ ဈေးရောင်းရင်နဲ့ လောဘတွေတက်တယ်။ စားနေရင်း ရသာတဏှာ
ပြီးတော့ ကောင်းတဲ့ အလေ့အကျင့်ဆိုရင် မလုပ်ချင်၊ မစွဲမြဲချင်ဘူး။ မကောင်းတာလေးကျတော့ အချိန်တန်ရင် လုပ်ကိုလုပ်နေရမှ။
“ နေညိုရင် လေပျိုတယ်၊ အချိန်ကျတော့ လေထလာတယ်။ အချိန်တန်တော့ လေထန်လာ” တယ်တဲ့။
သောက်နေကျလေးဆိုရင် သောက်ကိုသောက်ရမှ။
နေညိုလို့ အော် ငါအိုပြန်ပကောလားလို့ လားလားမှကို အတွေးကမ၀င်ချင်ပါဘူး။
ဟုတ်တယ် ရောင့်ရဲခြင်းနဲ့ မတင်းတိမ်နိုင်သေးဘူး။
မြတ်စွာဘုရားရှင်က “ ဆင်းရဲဒုက္ခ၏ အကြောင်းရင်းသည် အခြားအရာများမဟုတ်၊ ကိုယ်ကျိုးအတွက် လိုချင်တပ်မက်မှု- တဏှာဖြစ်၏ ” လို့ဟောတော်မူခဲ့ပါတယ်။
ကိုယ်ကျိုးအတွက် လိုတယ်။ ကိုယ်တိုင်ခံစားချင်တယ်။ ကိုယ်တိုင်လုပ် လိုက်ရမှကျေနပ်ချင်တယ်။ ကိုယ်လုပ်လို့ ဖြစ်တာဆိုပြီး မာန၀င့်ချင်သေးတယ်။
သြော် ဒီလိုနဲ့ပဲ…
ကျွန်တော် စူပါကော်ဖီမရှိလို့ ကော်ဖီတစ်ခွက်မသောက်ဖြစ်ခဲ့ရပါဘူး။ ကျွန်တော်ရဲ့ ဒီကော်ဖီမှ ကော်ဖီဆိုတဲ့ အစွဲက ကော်ဖီငတ်ခြင်းကို မပြေပျောက်စေခဲ့ပါဘူး။
ကော်ဖီတစ်ခွက်က ကျွန်တော် ဘ၀တစ်သက်အတွက် စကားတွေပြောနေပါလားဗျာ….။

 
 မောင်ပိုင်
၃၀-၆-၂၀၁၃။
— with Nanda Htun Htet and 5 others.


မိန်းမတစ်ယောက်ရဲ့ အလှတရား

$
0
0

Photo: မိန်းမတစ်ယောက်ရဲ့ အလှတရား   ------------   လောကနီတိမှာတော့ မိန်းမတစ်ယောက်ရဲ့ အလှဟာ လင်ယောက်ျားကို မြတ်နိုးခြင်းလို့ဆိုပါတယ်။  ကျွန်တော်က လောကနီတိကို မျက်ကွယ်ပြုတာမဟုတ်ပါဘူး။  မိန်းမတစ်ယောက်ရဲ့ အလှတရားနဲ့ ပတ်သက်ပြီး ကျွန်တော်မြင်တာ၊ ကျွန်တော်တွေးမိတာလေးတွေကို ပြောပြလိုရင်းပါ။(ခုကတည်းကပြောပါရစေ ကျွန်တော့ထင်မြင်ယူဆချက်ဖြစ်ခြင်းကြောင့် အများနဲ့ကိုက်ချင်မှ ကိုက်ပါလိမ့်မယ်။ ဒီတော့ ဝေဖန်လို့ရပါတယ်ခင်ဗျာ)  မိန်းမတစ်ယောက်ရဲ့ အလှဟာ ယောက်ျားတွေနဲ့ဆိုင်ပါတယ်။  သူတို့ရဲ့ အလှကို များသောအားဖြင့် ယောက်ျားတွေက ဆုံးဖြတ်တတ်ပါတယ်။  မိန်းမတစ်ယောက်ဘယ်လောက်လှလှ မိန်းမချင်းကတော့ မနာလိုစိတ်နဲ့ တစ်ချို့ လှတယ်မြင်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုရင် မိန်းမတစ်ယောက်ရဲ့ စိတ်ထဲမှာက ကိုယ်တိုင်လှချင်စိတ်က ရှိနေတော့ တခြားသူတွေ မလှမှ ကိုယ်လှမှာလေ။  မိန်းမတစ်ယောက်ရဲ့ အလှကို ယောက်ျားတစ်ယောက်က ကောင်းကောင်းခံစားတတ်တယ်။  အများက ရုပ်ဆိုးတယ်ပြောစေဦးတော့ အဲဒီရုပ်ဆိုးမိန်းကလေးကို ယောကျာ်းလေးတစ်ယောက်က သဘောကျမိရင် သူ့ရဲ့အလှကို ဘယ်သူမှ မမီတော့ပါဘူး။ (ဒီနေရာမှာ လှလို့ချစ်တယ်ပြောပြော၊ ချစ်လို့လှတယ် ပြောပြော ယောက်ကျားတစ်ယောက်အတွက်တော့ လှနေမှာပါပဲ)။  မိန်းမတစ်ယောက်ရဲ့အလှဖွဲ့တွေကို ယောက်ျားသားတွေက အများကြီးဖွဲ့ဆိုသွားတယ်။  မဟာမင်းလှမင်းခေါင်ကျော်က “ ဥမ္မာဒန္တီပျို့” ကိုရေးသွားတယ်။  “ ရုပ်ဝါဟန်ပန်၊ ဖက်မရန်တည့်    သဏ္ဍာန်တင့်မော၊ မြင်သူဇော၌     အဆောတလျင်၊ တပ်စိတ်ဝင်လျက်    ဘ၀င်လွန်ကျ၊ ရူးအောင်လှ၍ ”  “ သုဇိတာသို့၊ ကေသာလောမာ     နခါဒနံ္တ၊ မံသံတစော    ချောမောပြေပြစ်၊ ရိုးဆစ်ရိုးဆက်    ခြေလက်နားနှာ၊ ကိုယ်အင်္ဂါကို    ပညာလူကုန်၊ ဖယောင်းပုံနှင့်    နိတုံဇမ္ဗူ၊ မြရည်ကူ၍    သွန်းသူရုပ်ဝါ၊ မတူရာသား ”တဲ့  မိန်းမတစ်ယောက်ရဲ့အလှကို ဖွဲ့နွဲ့မှုတွေက အဲဒီမိန်းကလေးသာဖတ်ရရင် ငါ အဲဒီလောက်တောင် လှသလားလို့ ကိုယ့်ကိုယ်ကို မှန်ထဲပြန်တောင်ကြည့်မိမယ်ထင်ပါရဲ့။  ဒီတော့ မိန်းမတစ်ယောက်ရဲ့ အလှတရားကို ယောက်ကျားတစ်ယောက်က အကဲဖြတ်ရင် ပြည့်စုံသွားပြီလား။ မပြီးသေးပါဘူး။ ဒါဟာ ရူပါဆိုတဲ့ ရုပ်ပေါ်မှာ အကဲဖြတ်တဲ့ တန်ဖိုးဖြတ်တဲ့ အရာတစ်ခုပါ။  နောက်တစ်ချက်က ယောက်ျားလေးတစ်ယောက်ဟာ သူကိုယ်တိုင် အတွဲများချင်များခဲ့မယ်။ သူချစ်တဲ့မိန်းကလေးကို အတွဲတွေအများကြီးထားတာ မလိုချင်ဘူး။ မမြင်ချင်ဘူး။ အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါ မှာလည်း အဖြူစင်ဆုံးလို့ထင်တဲ့ သူကိုရွေးချယ်တာများပါတယ်။  ဒီတော့ မိန်းမတစ်ယောက်ရဲ့ အလှတရားကို ကိုယ့်ကျင့်တရားနဲ့လည်း တိုင်းတာပါသေးတယ်။  မိန်းကလေးတစ်ယောက်စပ်စုတာ၊ အတင်းပြောတော၊ လှချင်တာ၊ လိုချင်တာ၊ မိန်းမချင်းပြိုင်ချင်တာကို ယောက်ကျားတစ်ယောက်က ခွင့်လွှတ်တတ်ပေမယ့် သူမှတစ်ပါး တခြားသူနဲ့ ရောထွေးလာပြီဆိုရင်တော့ အင်မတန် မုန်းတီးတတ်ပါတယ်။  ဒီတော့ မိန်းကလေးတစ်ယောက်ရဲ့ အလှတရားဟာ ယောက်ျားတစ်ယောက်အတွက် ပြည့်စုံဖို့ဆိုတာမှာ ကိုယ်ကျင့်တရားက ပိုလို့အရေးကြီးပါတယ်။  ဒါက မိန်းမတစ်ယောက်ရဲ့ အလှကို ယောက်ျားတစ်ယောက်က ခံစားကြည့်တာကို ဆိုလိုပါတယ်။  ဟေ့ ငါတို့ လှအောင်ပြင်တာ..နင်တိုယောကျာ်းတွေအတွက် မဟုတ်ဘူးဟဲ့။  ပြောပါ..လက်ခံပါတယ်။ မိန်းမတစ်ယောက်ရဲ့ စိတ်မှာကိုက လှချင်စိတ်ရှိနေတာကိုး။   သို့သော် ..ဦးပေါ်ဦးကို မေးသလို..သူ့ချည်းပဲလားဟဲ့ ဆားနဲ့ပါဘုရားတင်လျှောက်သလိုပါပဲ။  သူ့ချည်းပဲလှနေတဲ့ အလှတရားက ဆားမပါတဲ့ဟင်းလို နည်းနည်းပေါ့ပျက်ပျက်ဖြစ်နေမှာပါ။  ဒါက ရုပ်ခန္ဓာရဲ့အလှတရားကို ပြောတာပါ။  စိတ်ရဲ့အလှတရားကတော့ ဘယ်ယောက်ျားမှ မခံစားသည်ဖြစ်စေ သူ့အတွက်ကတော့ သူတန်ဖိုးနဲ့သူ လှနေမှာပါ။ ဘ၀တစ်ခုလုံးလှနေမှာပါ။  ဟုတ်ကဲ့ မိန်းမတစ်ယောက်ရဲ့ အလှတရားကို ယောကျာ်းတစ်ယောက်က မြင်မိတဲ့ အမြင်ဖြစ်ပါတယ် ခင်ဗျား။  ၃၀-၆-၂၀၁၃။
လောကနီတိမှာတော့ မိန်းမတစ်ယောက်ရဲ့ အလှဟာ လင်ယောက်ျားကို မြတ်နိုးခြင်းလို့ဆိုပါတယ်။
ကျွန်တော်က လောကနီတိကို မျက်ကွယ်ပြုတာမဟုတ်ပါဘူး။
မိန်းမတစ်ယောက်ရဲ့ အလှတရားနဲ့ ပတ်သက်ပြီး ကျွန်တော်မြင်တာ၊ ကျွန်တော်တွေးမိတာလေးတွေကို ပြောပြလိုရင်းပါ။(ခုကတည်းကပြောပါရစေ ကျွန်တော့ထင်မြင်ယူဆချက်ဖြစ်ခြင်းကြောင့် အများနဲ့ကိုက်ချင်မှ ကိုက်ပါလိမ့်မယ်။ ဒီတော့ ဝေဖန်လို့ရပါတယ်ခင်ဗျာ)
မိန်းမတစ်ယောက်ရဲ့ အလှဟာ ယောက်ျားတွေနဲ့ဆိုင်ပါတယ်။
သူတို့ရဲ့ အလှကို များသောအားဖြင့် ယောက်ျားတွေက ဆုံးဖြတ်တတ်ပါတယ်။
မိန်းမတစ်ယောက်ဘယ်လောက်လှလှ မိန်းမချင်းကတော့ မနာလိုစိတ်နဲ့ တစ်ချို့ လှတယ်မြင်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုရင် မိန်းမတစ်ယောက်ရဲ့ စိတ်ထဲမှာက ကိုယ်တိုင်လှချင်စိတ်က ရှိနေတော့ တခြားသူတွေ မလှမှ ကိုယ်လှမှာလေ။
မိန်းမတစ်ယောက်ရဲ့ အလှကို ယောက်ျားတစ်ယောက်က ကောင်းကောင်းခံစားတတ်တယ်။
အများက ရုပ်ဆိုးတယ်ပြောစေဦးတော့ အဲဒီရုပ်ဆိုးမိန်းကလေးကို ယောကျာ်းလေးတစ်ယောက်က သဘောကျမိရင် သူ့ရဲ့အလှကို ဘယ်သူမှ မမီတော့ပါဘူး။ (ဒီနေရာမှာ လှလို့ချစ်တယ်ပြောပြော၊ ချစ်လို့လှတယ် ပြောပြော ယောက်ကျားတစ်ယောက်အတွက်တော့ လှနေမှာပါပဲ)။
မိန်းမတစ်ယောက်ရဲ့အလှဖွဲ့တွေကို ယောက်ျားသားတွေက အများကြီးဖွဲ့ဆိုသွားတယ်။
မဟာမင်းလှမင်းခေါင်ကျော်က “ ဥမ္မာဒန္တီပျို့” ကိုရေးသွားတယ်။
“ ရုပ်ဝါဟန်ပန်၊ ဖက်မရန်တည့်
သဏ္ဍာန်တင့်မော၊ မြင်သူဇော၌
အဆောတလျင်၊ တပ်စိတ်ဝင်လျက်
ဘ၀င်လွန်ကျ၊ ရူးအောင်လှ၍ ”
“ သုဇိတာသို့၊ ကေသာလောမာ
နခါဒနံ္တ၊ မံသံတစော
ချောမောပြေပြစ်၊ ရိုးဆစ်ရိုးဆက်
ခြေလက်နားနှာ၊ ကိုယ်အင်္ဂါကို
ပညာလူကုန်၊ ဖယောင်းပုံနှင့်
နိတုံဇမ္ဗူ၊ မြရည်ကူ၍
သွန်းသူရုပ်ဝါ၊ မတူရာသား ”တဲ့
မိန်းမတစ်ယောက်ရဲ့အလှကို ဖွဲ့နွဲ့မှုတွေက အဲဒီမိန်းကလေးသာဖတ်ရရင် ငါ အဲဒီလောက်တောင် လှသလားလို့ ကိုယ့်ကိုယ်ကို မှန်ထဲပြန်တောင်ကြည့်မိမယ်ထင်ပါရဲ့။
ဒီတော့ မိန်းမတစ်ယောက်ရဲ့ အလှတရားကို ယောက်ကျားတစ်ယောက်က အကဲဖြတ်ရင် ပြည့်စုံသွားပြီလား။ မပြီးသေးပါဘူး။ ဒါဟာ ရူပါဆိုတဲ့ ရုပ်ပေါ်မှာ အကဲဖြတ်တဲ့ တန်ဖိုးဖြတ်တဲ့ အရာတစ်ခုပါ။
နောက်တစ်ချက်က ယောက်ျားလေးတစ်ယောက်ဟာ သူကိုယ်တိုင် အတွဲများချင်များခဲ့မယ်။ သူချစ်တဲ့မိန်းကလေးကို အတွဲတွေအများကြီးထားတာ မလိုချင်ဘူး။ မမြင်ချင်ဘူး။ အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါ မှာလည်း အဖြူစင်ဆုံးလို့ထင်တဲ့ သူကိုရွေးချယ်တာများပါတယ်။
ဒီတော့ မိန်းမတစ်ယောက်ရဲ့ အလှတရားကို ကိုယ့်ကျင့်တရားနဲ့လည်း တိုင်းတာပါသေးတယ်။
မိန်းကလေးတစ်ယောက်စပ်စုတာ၊ အတင်းပြောတော၊ လှချင်တာ၊ လိုချင်တာ၊ မိန်းမချင်းပြိုင်ချင်တာကို ယောက်ကျားတစ်ယောက်က ခွင့်လွှတ်တတ်ပေမယ့် သူမှတစ်ပါး တခြားသူနဲ့ ရောထွေးလာပြီဆိုရင်တော့ အင်မတန် မုန်းတီးတတ်ပါတယ်။
ဒီတော့ မိန်းကလေးတစ်ယောက်ရဲ့ အလှတရားဟာ ယောက်ျားတစ်ယောက်အတွက် ပြည့်စုံဖို့ဆိုတာမှာ ကိုယ်ကျင့်တရားက ပိုလို့အရေးကြီးပါတယ်။
ဒါက မိန်းမတစ်ယောက်ရဲ့ အလှကို ယောက်ျားတစ်ယောက်က ခံစားကြည့်တာကို ဆိုလိုပါတယ်။
ဟေ့ ငါတို့ လှအောင်ပြင်တာ..နင်တိုယောကျာ်းတွေအတွက် မဟုတ်ဘူးဟဲ့။
ပြောပါ..လက်ခံပါတယ်။ မိန်းမတစ်ယောက်ရဲ့ စိတ်မှာကိုက လှချင်စိတ်ရှိနေတာကိုး။
သို့သော် ..ဦးပေါ်ဦးကို မေးသလို..သူ့ချည်းပဲလားဟဲ့ ဆားနဲ့ပါဘုရားတင်လျှောက်သလိုပါပဲ။
သူ့ချည်းပဲလှနေတဲ့ အလှတရားက ဆားမပါတဲ့ဟင်းလို နည်းနည်းပေါ့ပျက်ပျက်ဖြစ်နေမှာပါ။
ဒါက ရုပ်ခန္ဓာရဲ့အလှတရားကို ပြောတာပါ။
စိတ်ရဲ့အလှတရားကတော့ ဘယ်ယောက်ျားမှ မခံစားသည်ဖြစ်စေ သူ့အတွက်ကတော့ သူတန်ဖိုးနဲ့သူ လှနေမှာပါ။ ဘ၀တစ်ခုလုံးလှနေမှာပါ။
ဟုတ်ကဲ့ မိန်းမတစ်ယောက်ရဲ့ အလှတရားကို ယောကျာ်းတစ်ယောက်က မြင်မိတဲ့ အမြင်ဖြစ်ပါတယ် ခင်ဗျား။

 
မောင်ပိုင် 
၃၀-၆-၂၀၁၃။
— with William Tuntunko and 16 others.

ကျွန်တော် စာရေးနေသည်

$
0
0

Photo: ကျွန်တော် စာရေးနေသည် ………..  တိတ်ဆိတ်ရာကိုရှာတယ်။ တိတ်ဆိတ်ချိန်မှာ အစပျိုးတယ်။ စိတ်ကတော့ စတင် ဆူညံလာတယ်။ ကျွန်တော့် ဘေးမှာ ကော်ဖီတစ်ခွက်ရှိတယ်။ ခဲတံတစ်ချောင်းရှိတယ်။ မှတ်စု တစ်အုပ်ရှိတယ်။ ဟိုတစ်ဒီတစ်စလှန်ထားတဲ့ စာအုပ်တွေရှိနေတယ်။ အိုနွမ်းနေပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ ပါရမီဖြည့်ဖက် ကွန်ပျူတာလေးက ရှေ့မှာရှိတယ်။ ဒီလိုနဲ့ စာတစ်ပုဒ်အတွက် စတင်လိုက်တာ…က တစ်ခါတစ်ခါ မေးထောက်ပြီး စာတစ်ကြောင်းအတွက် ဦးနှောက်တွေ ဒေါင်ချာပြေးနေတယ်။ တစ်ခါတစ်ခါ စကားလုံးတစ်လုံးအတွက် နှလုံးသားတွေ တုန်လှုပ်နေတယ်။ တစ်ခါတစ်ခါ စာတစ်ပိုဒ်ဟာ နှစ်များစွာက ပေးဆပ်ခဲ့တဲ့ ဘ၀ရဲ့ ဖြတ်သန်းမှုတွေဖြစ်နေတယ်။ တစ်ခါတစ်ခါ စာတစ်ပိုဒ်ဟာ မဖြစ်လိုက်ရတဲ့ ဘ၀တွေအတွက် နာကျည်းပေးဆပ်ခြင်း၊ လိုချင်တောင့်တခြင်း၊ မျှော်ကိုးခြင်း အိပ်မက်တွေ ဖြစ်နေပြန်သေးတယ်။ အဲ…တစ်ခါတစ်ခါကျပြန်တော့လည်း ဘ၀အငှားတွေကို ရင်ဘတ်အရင်းနဲ့ ရေးရပြန်သေးတယ်။ တစ်ခါတစ်ခါ တောက်ခေါက်ချင်ခေါက်တယ်။ စုတ်သပ်ချင်သပ်တယ်။ ကျေနပ်ချင် ကျေနပ်တယ်။ မျက်ရည်စို့ချင်စို့တယ်။  လက်ခမောင်းခတ်ချင်ခတ်တယ်။ တစ်ခါတစ်ခါမှာလည်း မျက်လုံးတွေပြာဝေလာတဲ့အထိ စာတစ်ပိုဒ်မပြီးနိုင်သေးဘူး။ အဲ တစ်ခါတစ်ခါတော့.. စိတ်အလျဉ်နဲ့ လိုက်ပါပြီး လက်တွေလွင့်မျောလို့ ဟောတစ်ကြောင်း ဟောတစ်ကြောင်း ခပ်သွက်သွက် ရေးခြစ်လိုက်နိုင်တယ်။ တစ်ခါတစ်ခါတော့ ဒီတစ်ပုဒ်ကအတွေးစက နောက်တစ်ပုဒ်အတွက် အတွေးစဖြစ်လို့ ဟိုရောက်ဒီရောက် ဖြစ်နေပြန်တယ်။ အဲ ငုတ်တုတ်မေ့ပြီး မိုးလင်းမှ တစ်ရေးနိုးခဲ့တာလဲ မနည်းလှတော့ဘူး။ ဒါနဲ့ပဲ ဒီစာတွေကို ကျွန်တော်နှလုံးသားနဲ့ ရေးခြစ်မိရင်း…. ကျွန်တော်စာရေးနေမိပါသည်…။  ၃၀-၆-၂၀၁၃။
တိတ်ဆိတ်ရာကိုရှာတယ်။ တိတ်ဆိတ်ချိန်မှာ အစပျိုးတယ်။
စိတ်ကတော့ စတင် ဆူညံလာတယ်။
ကျွန်တော့် ဘေးမှာ ကော်ဖီတစ်ခွက်ရှိတယ်။
ခဲတံတစ်ချောင်းရှိတယ်။ မှတ်စု တစ်အုပ်ရှိတယ်။
ဟိုတစ်ဒီတစ်စလှန်ထားတဲ့ စာအုပ်တွေရှိနေတယ်။
အိုနွမ်းနေပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ ပါရမီဖြည့်ဖက် ကွန်ပျူတာလေးက ရှေ့မှာရှိတယ်။
ဒီလိုနဲ့ စာတစ်ပုဒ်အတွက် စတင်လိုက်တာ…က
တစ်ခါတစ်ခါ မေးထောက်ပြီး စာတစ်ကြောင်းအတွက် ဦးနှောက်တွေ ဒေါင်ချာပြေးနေတယ်။
တစ်ခါတစ်ခါ စကားလုံးတစ်လုံးအတွက် နှလုံးသားတွေ တုန်လှုပ်နေတယ်။
တစ်ခါတစ်ခါ စာတစ်ပိုဒ်ဟာ နှစ်များစွာက ပေးဆပ်ခဲ့တဲ့ ဘ၀ရဲ့ ဖြတ်သန်းမှုတွေဖြစ်နေတယ်။
တစ်ခါတစ်ခါ စာတစ်ပိုဒ်ဟာ မဖြစ်လိုက်ရတဲ့ ဘ၀တွေအတွက် နာကျည်းပေးဆပ်ခြင်း၊
လိုချင်တောင့်တခြင်း၊ မျှော်ကိုးခြင်း အိပ်မက်တွေ ဖြစ်နေပြန်သေးတယ်။
အဲ…တစ်ခါတစ်ခါကျပြန်တော့လည်း ဘ၀အငှားတွေကို ရင်ဘတ်အရင်းနဲ့ ရေးရပြန်သေးတယ်။
တစ်ခါတစ်ခါ တောက်ခေါက်ချင်ခေါက်တယ်။ စုတ်သပ်ချင်သပ်တယ်။ ကျေနပ်ချင် ကျေနပ်တယ်။
မျက်ရည်စို့ချင်စို့တယ်။ လက်ခမောင်းခတ်ချင်ခတ်တယ်။
တစ်ခါတစ်ခါမှာလည်း မျက်လုံးတွေပြာဝေလာတဲ့အထိ စာတစ်ပိုဒ်မပြီးနိုင်သေးဘူး။
အဲ တစ်ခါတစ်ခါတော့..
စိတ်အလျဉ်နဲ့ လိုက်ပါပြီး လက်တွေလွင့်မျောလို့
ဟောတစ်ကြောင်း ဟောတစ်ကြောင်း ခပ်သွက်သွက် ရေးခြစ်လိုက်နိုင်တယ်။
တစ်ခါတစ်ခါတော့
ဒီတစ်ပုဒ်ကအတွေးစက နောက်တစ်ပုဒ်အတွက် အတွေးစဖြစ်လို့
ဟိုရောက်ဒီရောက် ဖြစ်နေပြန်တယ်။
အဲ ငုတ်တုတ်မေ့ပြီး မိုးလင်းမှ တစ်ရေးနိုးခဲ့တာလဲ မနည်းလှတော့ဘူး။
ဒါနဲ့ပဲ ဒီစာတွေကို ကျွန်တော်နှလုံးသားနဲ့ ရေးခြစ်မိရင်း….
ကျွန်တော်စာရေးနေမိပါသည်…။

 
 မောင်ပိုင်
၃၀-၆-၂၀၁၃။
— with William Tuntunko and 3 others.

မျက်နှာသစ်ခြင်း

$
0
0

မျက်နှာသစ်ခြင်း         ----------  “ အိပ်ပုတ်ကြီး ခုမှထ မျက်နှာသစ်နေသလားဟ ” “ ဟုတ်တယ်ဟော့ ညက အိပ်တာနောက်ကျသွားလို့ကွ ” “ သစ်မနေပါနဲ့ကွာ ဘယ်လောက်သစ်သစ် မင်းမျက်နှာက သစ်လာမှာမှ မဟုတ်ပဲ။ အဟောင်းကြီးဟာကို ” --------------  အဟောင်းကြီး။ မျက်နှာအဟောင်းကြီး။ သူပြောလိုက်တဲ့ စကားတစ်ခွန်းကို ကျွန်တော်ဆက်တွေးနေမိ ပါသည်။  မနေ့ကလည်း ဒီမျက်နှာ။ တစ်နေ့ကလည်း ဒီမျက်နှာ။ ဘာကွာခြားလို့လဲ။ အဟောင်းကြီးပဲဟာကို။ သစ်အောင်ဘယ်လောက် လုပ်လုပ် အဟောင်းကအဟောင်းပဲ။  ဟုတ်သေးပါဘူး။ ဥပါဒ်၊ ဌီ၊ ဘင်။ တဲ့ ဖြစ်၊ တည်၊ ပျက်တဲ့။  စိတ်ကလေးတွေဟာ ဖြစ်တည်ပျက်သလို ရုပ်တွေကလည်း ဖြစ်တည်ပျက်နေတယ်။ ဒီတော့ မျက်နှာကြီးက အဟောင်းကြီးမှ မဟုတ်တာ ပြောင်းနေတာလေ။    ဖြစ်နေတာလေ။ ပျက်နေတာလေ။  ဒါဆိုလျှင် အဘယ်ကြောင့်မျက်နှာသစ်နေသနည်း။  ချေးတွေကင်းအောင်၊ သန့်စင်အောင်၊ လန်းဆန်းအောင် ပြီးတော့ လှအောင် ကျွန်တော်တို့ မျက်နှာ သစ်တယ်။  ကျွန်တော်တို့ ဘယ်တုန်းကတည်းက သံသရာမှာကျင်လည်ခဲ့သလဲ။ ဘယ်လောက်ထိ မျှောနေကျဦးမှာလဲ။  ကျွန်တော်တို့ဘ၀တွေမှာ ကိလေသာချေးတွေကအထပ်ထပ် ဖြစ်နေပြီ။ လျှောက်ရမယ့် ဘုံတစ်ခွင်မှာတော့ မျက်နှာလေးတွေလန်းနေအောင်၊ ဘ၀အရေးတွေတောက်နေအောင် ကုသိုလ်တွေ ပြုတယ်၊ သီလတွေစောင့်တယ်။  သို့သော် ဘယ်တော့များမှ ချေးညှော်တွေကင်းစင်သွားမှာလဲ။  ကျွန်တော်တို့ ၀ီရိယရှိရှိ နိုးထသစ်နိုင်ပါမှ အစောဆုံး၊ အတိုဆုံး မျက်နှာခဏခဏသစ်ရခြင်းမှ ကင်းလွှတ်သွား နိုင်မယ်။    မကင်းနိုင်သေးတဲ့ ကျွန်တော်တို့အတွက်ကတော့ ကိလေသာပါးအောင်၊ သန့်စင်အောင် ခဏခဏသစ်ဖို့ လိုတယ်။  အမြဲတမ်းသစ်နိုင်ဖို့လိုတယ်။ --------  အော် ရေခွက်ကြီးကိုင်လို့ ကျွန်တော်တွေးနေလိုက်တာ။ တွေးနေယုံနဲ့တော့ မျက်နှာသစ်ဖြစ်မှာ မဟုတ်ပါဘူးလေ။  ဒီတော့ လက်တွေ့မျက်နှာသစ် သန့်စင်လိုက်တာ အကောင်းဆုံးပါပဲလေ။  ၂၉-၆-၂၀၁၃။
“ အိပ်ပုတ်ကြီး ခုမှထ မျက်နှာသစ်နေသလားဟ ”
“ ဟုတ်တယ်ဟော့ ညက အိပ်တာနောက်ကျသွားလို့ကွ ”
“ သစ်မနေပါနဲ့ကွာ ဘယ်လောက်သစ်သစ် မင်းမျက်နှာက သစ်လာမှာမှ မဟုတ်ပဲ။ အဟောင်းကြီးဟာကို ”
--------------
အဟောင်းကြီး။ မျက်နှာအဟောင်းကြီး။ သူပြောလိုက်တဲ့ စကားတစ်ခွန်းကို ကျွန်တော်ဆက်တွေးနေမိ ပါသည်။
မနေ့ကလည်း ဒီမျက်နှာ။ တစ်နေ့ကလည်း ဒီမျက်နှာ။ ဘာကွာခြားလို့လဲ။ အဟောင်းကြီးပဲဟာကို။ သစ်အောင်ဘယ်လောက် လုပ်လုပ် အဟောင်းကအဟောင်းပဲ။
ဟုတ်သေးပါဘူး။ ဥပါဒ်၊ ဌီ၊ ဘင်။ တဲ့ ဖြစ်၊ တည်၊ ပျက်တဲ့။ စိတ်ကလေးတွေဟာ ဖြစ်တည်ပျက်သလို ရုပ်တွေကလည်း ဖြစ်တည်ပျက်နေတယ်။ ဒီတော့ မျက်နှာကြီးက အဟောင်းကြီးမှ မဟုတ်တာ ပြောင်းနေတာလေ။ ဖြစ်နေတာလေ။ ပျက်နေတာလေ။
ဒါဆိုလျှင် အဘယ်ကြောင့်မျက်နှာသစ်နေသနည်း။
ချေးတွေကင်းအောင်၊ သန့်စင်အောင်၊ လန်းဆန်းအောင် ပြီးတော့ လှအောင် ကျွန်တော်တို့ မျက်နှာ သစ်တယ်။
ကျွန်တော်တို့ ဘယ်တုန်းကတည်းက သံသရာမှာကျင်လည်ခဲ့သလဲ။ ဘယ်လောက်ထိ မျှောနေကျဦးမှာလဲ။
ကျွန်တော်တို့ဘ၀တွေမှာ ကိလေသာချေးတွေကအထပ်ထပ် ဖြစ်နေပြီ။
လျှောက်ရမယ့် ဘုံတစ်ခွင်မှာတော့ မျက်နှာလေးတွေလန်းနေအောင်၊ ဘ၀အရေးတွေတောက်နေအောင် ကုသိုလ်တွေ ပြုတယ်၊ သီလတွေစောင့်တယ်။
သို့သော် ဘယ်တော့များမှ ချေးညှော်တွေကင်းစင်သွားမှာလဲ။
ကျွန်တော်တို့ ၀ီရိယရှိရှိ နိုးထသစ်နိုင်ပါမှ အစောဆုံး၊ အတိုဆုံး မျက်နှာခဏခဏသစ်ရခြင်းမှ ကင်းလွှတ်သွား နိုင်မယ်။
မကင်းနိုင်သေးတဲ့ ကျွန်တော်တို့အတွက်ကတော့ ကိလေသာပါးအောင်၊ သန့်စင်အောင် ခဏခဏသစ်ဖို့ လိုတယ်။
အမြဲတမ်းသစ်နိုင်ဖို့လိုတယ်။
--------
အော် ရေခွက်ကြီးကိုင်လို့ ကျွန်တော်တွေးနေလိုက်တာ။ တွေးနေယုံနဲ့တော့ မျက်နှာသစ်ဖြစ်မှာ မဟုတ်ပါဘူးလေ။
ဒီတော့ လက်တွေ့မျက်နှာသစ် သန့်စင်လိုက်တာ အကောင်းဆုံးပါပဲလေ။

 
 မောင်ပိုင်
၂၉-၆-၂၀၁၃။

ဒီမိုကရေစီ လိုချင်လား......

$
0
0
  Photo: ဒီမိုကရေစီ လိုချင်လား......  ပန်းတိုင်မရောက်ခင် တက်မထောင်ချင်တယ်၊ ကိုယ်မနိုင်ဘူးဆိုတာ သိလာရင်လူချတယ်..... ဒီလို ရေသာခို အချောင်စိတ်ဓါတ်တွေနဲ့ ဘယ်တော့မှ တိုင်းပြည်တိုးတက်မှာ မဟုတ်ဘူးဆိုတာလည်း ဗိုလ်ချုပ်ကိုယ်တိုင် ပြောခဲ့ဘူးတယ်...... ဒီမိုကရေစီဆိုတာ သူများပေးမှ ရတာမဟုတ်ဘူး ကိုယ်တိုင်ကျင့်ကြံရသလို သူတစ်ထူးလည်း လိုက်နာအောင် တိုက်တွန်းရတယ်........  ကိုယ့်လွတ်လပ်ခွင့်ဟာ တစ်ဖက်သားကို မထိခိုက်စေရဘူး...... ကိုယ့်ရဲ့ လုပ်ရပ်၊ အပြောအဆို၊ အပြုအမူတွေကို ကိုယ့်ဟာကိုယ် တာဝန်ယူရတယ်....... နိုင်ငံကြီးသား ပီသဖို့အတွက် စည်းကမ်းရှိရမယ်..... အမှိုက်ပုံးမရှိလို့ တွေ့ရာနေရာ အမှိုက်ပစ်တဲ့ စိတ်ဓါတ်တွေထက် အမှိုက်ပုံးရှိတဲ့နေရာအထိ ကိုယ့်အမှိုက်ကိုယ် သိမ်းသွားတဲ့ လုပ်ရပ်မျိုးက ပိုတန်ဖိုးရှိတယ်.....  အမှိုက်ပုံးမရှိလို့ အမှိုက်ကို ကြုံရာနေရာပစ်တာ အင်မတန်မှ ရှက်စရာကောင်းတဲ့ အပြုအမူပဲ....... အဲ့ဒိလူတွေ အပေါ့ အလေး သွားချင်လာရင် မအောင့်နိုင်လို့ ကြုံရာနေရာမှာ ကောပန်း၊ လှန် ပါဘူးသလား...... အဓိက ရှက်စရာကို ရှက်စရာလို့ သိလာရင်၊ စည်းကမ်းတွေ ရှိလာကြရင် အခုဖြစ်နေတဲ့ ပြဿနာတွေက အထိုက်အလျောက် ပြေလည်လာမှာပဲ....... စည်းကမ်းဆိုတာ ဒဏ်တပ်၊ အပြစ်ပေးမှ လိုက်နာမယ်ဆိုရင် ကြိမ်တို့မှ ကြောက်ပီး ခိုင်းရာလုပ်တဲ့ တိရိစ္ဆာန်နဲ့ ဘာမှမထူးဘူး......  ဒီလိုပဲ ခေါင်းဆောင်ကောင်းတိုင်း တိုင်းပြည်ကောင်းလာမယ်ထင်ရင် တက်တက်စင်အောင် လွဲလိမ့်မယ်...... သံဃာအား ဘုရားသော် မလွန်ဆန်နိုင်ဆိုတာ ရှိတယ်...... နောက်လိုက် ပြည်သူတွေ သောက်တလွဲ လုပ်နေသရွေ့ ခေါင်းဆောင် ဘယ်လောက် ကောင်းကောင်း သောက်ကျင့်မပျောက်သေးသရွေ့ ဒီမိုကရေစီရဲ့ အနှစ်သာရ မယ်မယ် ရရ ရလာမှာ မဟုတ်ဘူး......  ဦးဆောင်သူ ကောင်းတိုင်းသာ အရာရာကောင်းမယ်၊ နောက်လိုက်တွေ သောက်သုံးမကျလဲ ဘာမှမဖြစ်ဘူး ဆိုရင်ဖြင့် ငယ်ငယ်က ကျောင်းတွေ၊ ကျူရှင်တွေမှာ သင်ပြတဲ့ဆရာ ဘယ်လောက်ကောင်းကောင်း စာမေးပွဲကြီး ပြီးချိန်မှာ အကုန်လုံး အဆင့် ၁ ကနေ ၁၀ အတွင်း မဝင်တာကိုကြည့်ရင် လူတစ်ဦးခြင်းစီရဲ့ ကြိုးစားမှု ဘယ်လောက်အရေးပါတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်လိမ့်မယ်.......  ထပ်ပြောပါမယ် ဒီမိုကရေစီဆိုတာ သူများပေးမှ ရတာမဟုတ်ဘူး...... ကိုယ်တိုင် ကျင့်ကြံယူရတယ် ဆိုတာပဲ..... ကိုယ်ကိုယ်တိုင်က စည်းကမ်းမရှိ၊ အပြု အမူ၊ အပြောအဆို တာဝန်ယူမှုမရှိ၊ လုပ်ရပ် အောက်တန်းကျနေသရွေ့တော့ သိကြားမင်းကိုယ်တိုင် ရော့အင့်ဆိုပီး ဒီမိုကရေစီလာပေးလည်း သူ့ဒီမိုကရေစီက ပိုကောင်းတယ်၊ ငါ့ဒီမိုကရေစီက ပိုသာတယ်ဆိုပီး အချင်းချင်း သတ်နေကြတာနဲ့ ကျုပ်တို့တွေ တစ်သက်လုံး ငြိမ်းချမ်းမှာမဟုတ်ဘူး...... ဒီမိုကရေစီ ကိုယ်တိုင်လိုချင်ရင် ကိုယ့်ရဲ့ တစ်ဦးခြင်း အမူအကျင့်တွေ ကိုယ်တိုင်ပြင်မှ ရလိမ့်မယ်......
Voice of James Mint's photo.
ဒီမိုကရေစီ လိုချင်လား......

ပန်းတိုင်မရောက်ခင် တက်မထောင်ချင်တယ်၊ ကိုယ်မနိုင်ဘူးဆိုတာ သိလာရင်လူချတယ်..... ဒီလို ရေသာခို အချောင်စိတ်ဓါတ်တွေနဲ့ ဘယ်တော့မှ တိုင်းပြည်တိုးတက်မှာ မဟုတ်ဘူးဆိုတာလည်း ဗိုလ်ချုပ်ကိုယ်တိုင် ပြောခဲ့ဘူးတယ်...... ဒီမိုကရေစီဆိုတာ သူများပေးမှ ရတာမဟုတ်ဘူး ကိုယ်တိုင်ကျင့်ကြံရသလို သူတစ်ထူးလည်း လိုက်နာအောင် တိုက်တွန်းရတယ်........

ကိုယ့်လွတ်လပ်ခွင့်ဟာ တစ်ဖက်သားကို မထိခိုက်စေရဘူး...... ကိုယ့်ရဲ့ လုပ်ရပ်၊ အပြောအဆို၊ အပြုအမူတွေကို ကိုယ့်ဟာကိုယ် တာဝန်ယူရတယ်....... နိုင်ငံကြီးသား ပီသဖို့အတွက် စည်းကမ်းရှိရမယ်..... အမှိုက်ပုံးမရှိလို့ တွေ့ရာနေရာ အမှိုက်ပစ်တဲ့ စိတ်ဓါတ်တွေထက် အမှိုက်ပုံးရှိတဲ့နေရာအထိ ကိုယ့်အမှိုက်ကိုယ် သိမ်းသွားတဲ့ လုပ်ရပ်မျိုးက ပိုတန်ဖိုးရှိတယ်.....

အမှိုက်ပုံးမရှိလို့ အမှိုက်ကို ကြုံရာနေရာပစ်တာ အင်မတန်မှ ရှက်စရာကောင်းတဲ့ အပြုအမူပဲ....... အဲ့ဒိလူတွေ အပေါ့ အလေး သွားချင်လာရင် မအောင့်နိုင်လို့ ကြုံရာနေရာမှာ ကောပန်း၊ လှန် ပါဘူးသလား...... အဓိက ရှက်စရာကို ရှက်စရာလို့ သိလာရင်၊ စည်းကမ်းတွေ ရှိလာကြရင် အခုဖြစ်နေတဲ့ ပြဿနာတွေက အထိုက်အလျောက် ပြေလည်လာမှာပဲ....... စည်းကမ်းဆိုတာ ဒဏ်တပ်၊ အပြစ်ပေးမှ လိုက်နာမယ်ဆိုရင် ကြိမ်တို့မှ ကြောက်ပီး ခိုင်းရာလုပ်တဲ့ တိရိစ္ဆာန်နဲ့ ဘာမှမထူးဘူး......

ဒီလိုပဲ ခေါင်းဆောင်ကောင်းတိုင်း တိုင်းပြည်ကောင်းလာမယ်ထင်ရင် တက်တက်စင်အောင် လွဲလိမ့်မယ်...... သံဃာအား ဘုရားသော် မလွန်ဆန်နိုင်ဆိုတာ ရှိတယ်...... နောက်လိုက် ပြည်သူတွေ သောက်တလွဲ လုပ်နေသရွေ့ ခေါင်းဆောင် ဘယ်လောက် ကောင်းကောင်း သောက်ကျင့်မပျောက်သေးသရွေ့ ဒီမိုကရေစီရဲ့ အနှစ်သာရ မယ်မယ် ရရ ရလာမှာ မဟုတ်ဘူး......

ဦးဆောင်သူ ကောင်းတိုင်းသာ အရာရာကောင်းမယ်၊ နောက်လိုက်တွေ သောက်သုံးမကျလဲ ဘာမှမဖြစ်ဘူး ဆိုရင်ဖြင့် ငယ်ငယ်က ကျောင်းတွေ၊ ကျူရှင်တွေမှာ သင်ပြတဲ့ဆရာ ဘယ်လောက်ကောင်းကောင်း စာမေးပွဲကြီး ပြီးချိန်မှာ အကုန်လုံး အဆင့် ၁ ကနေ ၁၀ အတွင်း မဝင်တာကိုကြည့်ရင် လူတစ်ဦးခြင်းစီရဲ့ ကြိုးစားမှု ဘယ်လောက်အရေးပါတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်လိမ့်မယ်.......

ထပ်ပြောပါမယ် ဒီမိုကရေစီဆိုတာ သူများပေးမှ ရတာမဟုတ်ဘူး...... ကိုယ်တိုင် ကျင့်ကြံယူရတယ် ဆိုတာပဲ..... ကိုယ်ကိုယ်တိုင်က စည်းကမ်းမရှိ၊ အပြု အမူ၊ အပြောအဆို တာဝန်ယူမှုမရှိ၊ လုပ်ရပ် အောက်တန်းကျနေသရွေ့တော့ သိကြားမင်းကိုယ်တိုင် ရော့အင့်ဆိုပီး ဒီမိုကရေစီလာပေးလည်း သူ့ဒီမိုကရေစီက ပိုကောင်းတယ်၊ ငါ့ဒီမိုကရေစီက ပိုသာတယ်ဆိုပီး အချင်းချင်း သတ်နေကြတာနဲ့ ကျုပ်တို့တွေ တစ်သက်လုံး ငြိမ်းချမ်းမှာမဟုတ်ဘူး...... ဒီမိုကရေစီ ကိုယ်တိုင်လိုချင်ရင် ကိုယ့်ရဲ့ တစ်ဦးခြင်း အမူအကျင့်တွေ ကိုယ်တိုင်ပြင်မှ ရလိမ့်မယ်......

တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၂၀

$
0
0
 

" တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၂၀ "

၂၀၀၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ မှာ…….
တပ်မတော် အစိုးရဟာ …
ကြိုတင်စီစဉ်ထားတာ အတော်ကြာပြီဖြစ်ဟန်ရှိတဲ့ …..
ကြေငြာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်……။

အဲဒီကြေငြာချက်ဟာ….
တပ်မတော်က စတင်ဆောင်ရွက်နေပြီ ဖြစ်ဟန်ရှိတဲ့ …..
သူရဲ့  စစ်တန်းလျားပြန်ရေး ခွာစစ်စီမံချက်ကြီးရဲ့ ……
တစ်စိတ်တစ်ပိုင်း ဖြစ်ဟန်ရှိသလို ……
တစ်ခုပေါ်တစ်ခုဆင့်လာတဲ့ …..
များပြားတင်းကျပ်လှတဲ့ စီးပွားရေးပိတ်ဆို့ မှုများ နဲ့ 
ကဏ္ဍ အသီးသီးမှာ ……
အစိုးရက အရှုံးခံ စိုက်ထုတ်ရောင်းချနေမှုကြောင့်
အခက်အခဲ ဖြစ်နေပြီဖြစ်တဲ့ …..
ဘတ်ဂျက်လိုငွေပြမှုကိုဖြေရှင်းတာလဲ ဖြစ်နိုင်ပါတယ်…
ဒါမှမဟုတ်….
မကြာခင်နှစ်အနည်းငယ်အတွင်းမှာ …..
တိတိပပ ပြောင်းလဲတော့မှာ ဖြစ်တဲ့  ဈေးကွက်စီးပွားရေးစနစ်အတွက် …..
လုပ်စရာပေါင်း မြောက်များစွာ ရှိနေတဲ့ အထဲက ……
တစ်ခုကို ပြတ်ပြတ်သားသား ပြောင်းလဲ…..
လုပ်ဆောင် လိုက်တာလဲ ဖြစ်နိုင်ပါတယ်……
အဲဒါကတော့ စက်သုံးဆီတွေကို ……
အစိုးရက အရှုံးခံ စိုက်ထုတ်ရောင်းချနေမှုကို ……
ရပ်ဆိုင်းလိုက်တာပါပဲ………။

အဲဒီကြေငြာချက်ကြောင့် …..
စက်သုံးဆီဈေးနူန်းဟာ …..
၃ ရက်အတွင်း ၆၆ရာခိုင်နူန်း ထိုးတက်သွားသလို …..
သဘာဝဓာတ်ငွေ့ ဈေးဟာလဲ …..
အဆ ငါးရာကျော် မြင့်တက်သွားခဲ့ပါတယ်…..
အဲဒီနောက်မှာတော့ …..
အခြေခံစားသောက်ကုန်များရဲ့ ဈေးနူန်းဟာ ……
တဟုန်ထိုးမြင့်မားလို့ လာနေပါပြီ……..။

တကယ်တော့ ဒီပြောင်းလဲမှုဟာ……
စီးပွားရေး စနစ်အကူးအပြောင်းမှာ ……
မဖြစ်မနေလုပ်ဆောင်ရမှာ ဖြစ်သလို……
လုပ်ဆောင်ခဲ့ရင်လည်း ဘယ်နိုင်ငံမှာမဆို …….
ပြင်းထန်တဲ့ ကန့် ကွက်မှုတွေ ရင်ဆိုင်ကြုံတွေ့ ရမှာဖြစ်ပေမယ့် ……
မြန်မာပြည်လို တပ်မတောု အစိုးရအပေါ် …..
မကျေနပ်ချက်တွေ မြင့်မားနေတဲ့ တိုင်းပြည်တစ်ခုမှာတော့ ……
ဒီထက် ငြင်ငြင်သာသာ …..
ပြောင်းလဲဆောင်ရွက်သင့်တာကတော့ …..
အမှန်ပဲ ဖြစ်ပါတယ်……
ဒါပေမယ့် အခြေအနေကတော့ နောက်ကျလို့ နေခဲ့ပါပြီ …..
မြန်မာ့သမိုင်းမှာ အကြီးဆုံး သံဃာ လှုပ်ရှားမှုကြီး ဟာ ……
ရက် ၂၀ အတွင်း ပေါ်ထွက်လို့ လာတော့မှာဖြစ်သလို….
ရွှေဝါရောင် တော်လှန်ရေး ( Saffron Revolution ) လို့ မှတ်တမ်းတင် ခံရပြီး ……
၈၈ ခုနှစ် နောက်ပိုင်း ……
အကြီးမားဆုံး လူထုကန့် ကွက်မှုကြီးဆိုလဲ …..
မှားမယ်မဟုတ်ပါဘူး………။

၁၉.၈.၂၀၀၇ ရက်နေ့ မှာ …..
၈၈ မျိုးဆက် ကျောင်းသားဟောင်းများ အဖွဲ့ ဟာ ……
ဒီ စက်သုံးဆီ ဈေးနူန်း မြင့်တက်မှုကို …..
စတင် ချီတက် ကန့် ကွက်ခဲ့ပါတယ်……
ဒါဟာ နိုင်ငံရေးသမားတွေဘက်ကလဲ ……
ခိုင်မာတဲ့ အကြောင်းပြချက်တွေ ရှိနေနိုင်သလို ……
အစိုးရအနေနဲ့ ကလည်း ……
မဖြစ်မနေလုပ်ရမယ့် ……
စီးပွားရေးပြုပြင်ပြောင်းလဲမှု တစ်ရပ်ဖြစ်နေပါတယ်….
သူတို့ အနေနဲ့ ကတော့ …..
ဒီဆုံးဖြတ်ချက်ကို …..
ဘယ်လိုမှပြင်ပေးလို့ ရမယ်မဟုတ်ပါဘူး …..။

လူထု မငြိမ်မသက်မှု အရိပ်အယောင်တွေ …..
စတင်တွေ့ ရှိနေရပြီဖြစ်တဲ့  အတွက် …..
အစိုးရဟာ ၂၁ ရက် နဲ့  ၂၂ရက်နေ့ တွေမှာ …..
ချီတက်ကန့် ကွက်သူ ၈၈ ကျောင်းသားဟောင်းများ အဖွဲ့ ကို …..
စတင် ဖမ်းဆီးထိန်းသိမ်းခဲ့ ပါတယ်…….
ဒါပေမယ့် သူတို့ သတိမမူမိတဲ့ အင်အားစု တစ်ခုဟာ …..
၂၀၀၀ခုနှစ် နောက်ပိုင်းမှာ …..
တိုင်းပြည်တွင်း အခိုင်အမာ တည်ရှိလို့ နေခဲ့ပါပြီ…..
အဲဒါကတော့ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှ မွေးဖွားလာတဲ့ ……
ငယ်ရွယ် နုပျိုလတ်ဆတ်တဲ့  ….
မျိုးဆက်သစ် သံဃာ ဦးရေ အများအပြားပဲ ဖြစ်ပါတယ်…….။

တကယ်တော့ …..
မြန်မာနိုင်ငံက သံဃာ အများစုရဲ့ ဘ၀ဖြစ်စဉ်တွေဟာ ……
တူညီတဲ့ နောက်ကြောင်း အဖြစ်အပျက်တွေပေါ်မှာပဲ …..
အခြေခံထားလေ့ရှိပါတယ်….
သူတို့ ဟာ ကျေးလက်ဒေသ အသီးသီးမှာ မွေးဖွားလာကြပြီး …..
ငယ်စဉ်ကပဲ သာသနာ့ဘောင်ကို …..
ဝင်ရောက်ခဲ့ ကြသူအများစု ဖြစ်ပါတယ်….
ရွာက ဘုန်းတော်ကြီးကျောင်းတွေမှာပဲ ……
အခြေခံ သာသနာ့စာပေတွေကို သင်ကြားခဲ့ ရပြီး …..
အဆင့်တစ်ခုအောင်မြင်တဲ့ အချိန်မှာ ……
မြို့ ကြီးတွေက စာသင်တိုက်ကြီးတွေမှာ …..
အဆင့်မြင့် သာသနာ့ ဆိုင်ရာ စာပေများကို ….
ဆက်လက်သင်ကြားရလေ့ရှိပါတယ်…....။

ငယ်ရွယ်တဲ့ သံဃာအများစုဟာ ……
သာသနာ့ပြင်ပ နိုင်ငံရေးရာများကို …..
ထဲထဲဝင်ဝင် လေ့လာမိသူနည်းပါးလှပြီး ……
၈၈ အရေးအခင်း နောက်ပိုင်းမှာ မွေးဖွားလာသူတွေ ဖြစ်ပေမယ့်လည်း …..
အများနည်းတူ တပ်မတော်အပေါ် …..
သိပ်နှစ်မျို့ လှတယ်တော့ မဟုတ်လှပါဘူး….
သူတို့ အများစု ခံယူထားတာကတော့ ……
အမျိုး ဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက်ဖို့ ……
သူတို့ မှာတာဝန်ရှိတယ်လို့ ဖြစ်ပြီး ……
သူတို့ ဒါယကာ ဒါယကာမ ပြည်သူတွေရဲ့ အကျပ်အတည်းကို …..
လိုအပ်လာရင် သူတို့ ကိုယ်တိုင်ပဲ …..
ဝင်ရောက်ဖြေရှင်းပေးရမယ် လို့ ဖြစ်ပါတယ်…..
ဒီခံယူချက်ဟာ ၂၀၀၇ ခုနှစ် အကုန်ပိုင်းမှာတော့….
သံဃာ အများစုပါဝင်တဲ့ အရေးအခင်းတစ်ခုကို …..
အစပျိုး ဖြစ်ပေါ်စေလိုက်ပါပြီ……..။

၅.၉.၂၀၀၇ ရက်နေ့ မှာ ……
မြန်မာနိုင်ငံ အလယ်ပိုင်းက ပခုက္ကူမြို့ မှာ …..
သံဃာအချို့ စတင် ဆန္ဒပြ ကြပါတယ် …..
လုံခြုံရေးတပ်ဖွဲ့ များဟာ …..
လျှင်လျှင်မြန်မြန်ပဲ ဒီ ဆန္ဒပြပွဲကို ဖြိုခွဲခဲ့ ပြီး ……
သံဃာအချို့ ဒဏ်ရာရရှိသွားတဲ့ နောက်မှာ …..
သံဃာထုအတွင်း မကျေနပ်မှုဟာ …..
တဟုန်ထိုးမြင့်မား လာပါတယ်….
၁၇.၉.၂၀၀၇ ရက်နေ့  နောက်ဆုံးထားပြီး ……
အစိုးရက ပြန်လည်တောင်းပန်ဖို့  …..
သံဃာတွေက တောင်းဆိုခဲ့ ပေမယ့် ……
အစိုးရဘက်ကတော့ တောင်းပန်ခဲ့ ရင်လည်း ……
ဒီအရေးအခင်းကို ရှောင်လွဲလို့ ရတော့ မှာ မဟုတ်ဘူးဆိုတာ ……
ကြိုတင်သိနေပြီးလောက်ပါပြီ……..။

တပ်မတော်အစိုးရ တက်လာခဲ့ တာ ၁၉ နှစ်ပြည့်မြောက်တဲ့  …..
၁၈.၉.၂၀၀၇ ရက်နေ့ မှာပဲ …….
မြို့ ကြီးတွေမှာ သံဃာလှုပ်ရှားမှုတွေ စတင်လာခဲ့ပါတယ်….
ဒီလှုပ်ရှားမှုဟာ ၃ ရက်လောက် အတွင်းမှာပဲ …..
မြန်မာပြည်က မြို့ ကြီး ၂၅ မြို့ လောက်ကို ပျံနှံ့ သွားခဲ့ပြီး …..
ရန်ကုန်မြို့ မှာတော့ သီလရှင် အချို့ ပါ …..
ပူးပေါင်းပါဝင်လာတဲ့ အနေအထားကို ….
ရောက်ရှိလို့ လာပါတယ်…….
လှုပ်ရှားမှုရဲ့ ပထမပိုင်းမှာ သံဃာတွေဟာ ……
ပြည်သူတွေပူးပေါင်း ပါဝင်တာကို လက်မခံခဲ့ပေမယ့်လည်း …..
နောက်ပိုင်းမှာတော့ ခွင့်ပြုလိုက်တာကြောင့် ……
ပြည်သူ အများအပြားဟာ …..
ပူးပေါင်းပါဝင်လို့ လာခဲ့ပါပြီ………။

တပ်မတော် အစိုးရဟာ ….
လူထုအရေးအခင်းပေါင်း များစွာကို …..
ဖြေရှင်းခဲ့တဲ့ အတွေ့ အကြုံ ရင့်ကျက်နေသူတွေ ဖြစ်တဲ့ အတွက် …..
ဒီကိစ္စကို အရင်စလို မကိုင်တွယ်ပဲ …..
သတိကြီးကြီးထား ဆောင်ရွက်ခဲ့ပုံရပါတယ်……။

လူထုတိုက်ပွဲ အများစုရဲ့ စစ်နည်းဗျူဟာတွေဖြစ်တဲ့  ……
လူထုအုံကြွဖို့ ကြိုတင်အခြေအနေဖွင့် အကွက်ဆင်ခြင်း …..
လတ်တလောအကြောင်းများ ဖန်တီးပေးခြင်း ……
ကုန်ဈေးနူန်းကျဆင်းရေးလို အားလုံးပါဝင်မယ့်
ယေဘုယျ ကြွေးကြော်သံတွေနဲ့ အစပြု လှုပ်ရှားပေမယ့်
အရှိန်ရလာရင် နိုင်ငံရေးတောင်းဆိုချက်တွေကို
ပြောင်းလဲတောင်းဆိုခြင်း ……
လှုပ်ရှားမှု အရှိန်မြှင့်တင်ဖို့ 
အာဇာနည် ပေါ်ပေါက်လာအောင် ဖန်တီးပေးခြင်း ……
လူအုပ်စုကို ကိုင်တွယ်ထိန်းချုပ်ခြင်း …..
လိုအပ်သလို တိုက်ခိုက်မှုများဖြစ်ပေါ်စေခြင်း စတဲ့ အဆင့်တွေကို ….
သူတို့ အနေနဲ့ ကောင်းကောင်း ….
နားလည် သဘောပေါက်ထားပြီးဖြစ်သလို …..
ဘယ်အရေးအခင်း ဘယ်လှုပ်ရှားမှု ဘယ်အဓိကရုဏ်း တွေမှာပဲ ဖြစ်ဖြစ် …..
ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခြင်း မပြုနိုင်သရွေ့  …..
ကွပ်ကဲမှု စခန်းတွေကို ၀င်ရောက်မထိန်းချုပ်နိုင်သရွေ့ ….
အပြီးသတ်သွားမှာ မဟုတ်ဘူးဆိုတာလဲ …..
သူတို့ သိရှိထားပြီး ဖြစ်ပုံရပါတယ်…….။

၂၂.၉.၂၀၀၇ ရက်နေ့ မှာ …..
သံဃာနဲ့ ပြည်သူ အများအပြားပါဝင်တဲ့ အုပ်စုကြီးဟာ …..
အတိုက်အခံခေါင်းဆောင်ရဲ့ အိမ်ရှေ့ ကို ချီတက်စုရုံးခဲ့ ကြပြီး …..
၂၄.၉.၂၀၀၇ ရက်နေ့ ထပ်မံ ချီတက်ချိန်မှာတော့ …..
အဲဒီလမ်းဟာ လုံခြုံရေး အထပ်ထပ်နဲ့ ပိတ်ဆို့ လို့ နေခဲ့ ပါပြီ……
အဲဒီနေ့ မှာပဲ သာသနာရေးဝန်ကြီးဟာ ……
သံဃာတော်တွေကို မေတာရပ်ခံခဲ့ သလို …..
ထင်ရှားတဲ့ အနုပညာရှင်တစ်ချို့ ကလဲ ….
လှုပ်ရှားမှုမှာ ပါဝင်ပူးပေါင်းလို့ လာနေပါပြီ...…..။

ဒါပေမယ့် တပ်မတော် အစိုးရဟာ …..
ဒီလှုပ်ရှားမှုအစပြုခဲ့ တဲ့  ၁၈ရက်နေ့ ကနေ ……
တစ်ပတ်တိတိပဲ ခွင့်ပြုခဲ့ပါတယ်…..
၂၅.၉.၂၀၀၇ ရက်နေ့ မှာ ……
ညမထွက်ရနဲ့ လူစုလူဝေး စုရုံးခြင်းမပြုဖို့ အမိန့် တွေ ထုတ်ပြန်ခဲ့သလို …..
တပ်မ ၆၆ ၊ တပ်မ ၇၇ နဲ့  တပ်မ ၃၃ တို့ ဟာ …..
ရန်ကုန်နဲ့ မန်းလေးမြို့ တွေကို ၀င်ရောက်နေရာယူလိုက်ပြီး …..
ကားပေါ်မှာတပ်ဆင်ထားတဲ့ အသံချဲ့ စက်တွေကနေ ……
လူစုခွဲဖို့ အကြိမ်ကြိမ် အမိန့် ပေးနေပြီလည်း ဖြစ်ပါတယ်…….။

လုံခြုံရေးတပ်ဖွဲ့ များဟာ ဒီအရေးအခင်းကို …..
၂၆ ရက် နဲ့  ၂၇ ရက်နေ့ နှစ်ရက်ထဲနဲ့ ဖြိုခွဲခဲ့ ပြီး …..
ရန်ကုန်မြို့ မှာတော့ ဂျပန်လူမျိုး Mr. Kengi Nagai အပါအ၀င် …..
လူအသေအပျောက် အနည်းငယ်ဖြစ်ပေါ်ခဲ့ပါတယ်…..
တစ်ဆက်တည်းမှာပဲ ….
ဆန့် ကျင်သူတွေရဲ့ ကွပ်ကဲမှုရုံးတွေလို့ ယူဆရတဲ့ ….
ဘုန်းတော်ကြီးကျောင်း အနည်းငယ်ကိုလည်း …..
ဝင်ရောက်စီးနင်း ထိန်းသိမ်းခဲ့ပါတယ်…….
၂၈.၉.၂၀၀၇ ရက်နေ့ မှာတော့ …..
အရေးအခင်းကြီးတစ်ခုလုံးဟာ …..
အရှိန်လျော့ကျ ဦးကျိုးလို့ သွားခဲ့ပါပြီ…….။

ဒီအရေးအခင်းကြီးဟာ …..
၁၀ရက်ခန့် သာ ကြာမြင့်ခဲ့ပြီး…..
၈၈ခုနှစ် အရေးအခင်းနဲ့ နိုင်းယှဉ်ရင်တော့ …..
ဘာမှမပြောပလောက်ပေမယ့် ….
တပ်မတော်အစိုးရ အတွက်ကတော့ …..
သံဃာတော်တွေကို အကြမ်းဖက်တယ်ဆိုတဲ့ …..
နာမည်ဆိုးတစ်ခု ထပ်ရရှိခဲ့ပြီး …….
ပြည်ပနိုင်ငံတွေရဲ့ …..
ပြင်းထန်တဲ့ ဖိအားပေးမှုကိုလည်း ခံခဲ့ရပါတယ်…..
ဒီအရေးအခင်းရဲ့ ထူးခြားချက်တစ်ခုကတော့ ……
ဆန့် ကျင်ကန့် ကွက်သူ နဲ့  ဖြိုခွဲခဲ့ သူ နှစ်ဖက်စလုံးမှာ ……
၈၈ အရေးအခင်းရဲ့ နောက်ပိုင်းမှ မွေးဖွားလာတဲ့ …..
ငယ်ရွယ်နုပျိုတဲ့ မျိုးဆက်သစ် လူငယ်တွေ …..
အများအပြားပါဝင်နေတာပဲဖြစ်ပါတယ်…….။

( အပိုင်း ၂၁ နောက်ရက် ဆက်တင်ပါမည် )

My Letter to commission on 18th Mar,2013 ခင်မောင်ညို (ဘောဂဗေဒ)၏ တင်ပြချက်

$
0
0
by Khin Maung Nyo (Notes) on Monday, July 1, 2013 at 3:56pm
ခင်မောင်ညို (ဘောဂဗေဒ)တင်ပြချက် 
၁။ ဒေါက်တာ ဆိတ်ဖွား ရေးသော ဆောင်းပါးများ (အင်တာနက်) သည် ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်သည်ဟု ဆိုပြီး ဂျာနယ်တစ်စောင်က ၎င်းတို့ သံသယရှိသူများကို လိုက်လံ စွပ်စွဲမှုများ ပြုလုပ်ခဲ့ပါသည်။


၂။ ထိုအချိန်တွင် ဒေါက်တာ ဆိတ်ဖွား ရေးသားသော ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော် တာဝန်ယူ ထုတ်ဝေသော စာစောင်တွင် ပုံနှိပ်ဖော်ပြခဲ့ပါသည်။ ထိုဆောင်းပါးသည် မည်သူ့ကိုမျှ ထိခိုက်နစ်နာစေခြင်း မရှိပါ

၃။ ထိုဆောင်းပါးကို အကြောင်းပြု၍ ဒေါက်တာ ဆိတ်ဖွားသည် ကျွန်တော်သော်လည်းကောင်း၊ ကျွန်တော်နှင့် နီးစပ်သူသော်လည်းကောင်း ဖြစ်ရမည်၊ အကြောင်းပြန်ကြားပေးပါ ဟူ၍ စာတစ်စောင် ကျွန်တော့်ကို ပေးပို့ခဲ့သကဲ့သို့၊ ၎င်းတို့၏ ဂျာနယ်တွင်လည်း ကျွန်တော့်ကို ထိပါးပုတ်ခတ်သော သတင်းများ၊ ဆောင်းပါးများ သိက္ခာမဲ့စွာ ရေးသား ဖော်ပြလာခဲ့ပါသည်။ သို့သော် မည်သို့မျှ တုံ့ပြန်ခြင်း မပြုခဲ့ပါ။

၎။ ထိုမျှသာမက ဂျာနယ် ထုတ်ဝေရန် တာဝန်ပေးသော ဌာနကိုပါ ဆွဲထည့်ကာ အစိုးရ ဌာနတစ်ခုမှ တိုက်ခိုက်သယောင် စွပ်စွဲ ပြောဆိုမှုများ ပြုလုပ်လာခဲ့ပါသည်။ နောင်တွင်လည်း အကြောင်း အမျိုးမျိုးဖြင့် အစိုးရ ဌာနများကို စွပ်စွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။

၅။ ကျန် ဂျာနယ်များက ၎င်းတို့၏ သတင်းကို အတည်ပြုနိုင်ခြင်း မရှိဘဲ မိတ္တူကူးခဲ့ကြသဖြင့် အခြေအမြစ် မခိုင်မာသော သတင်းသည် ကျယ်ပြန့်လာခဲ့ပါသည်။

၆။ ကံအားလျော်စွာ ကျွန်တော်သည် "ဒေါက်တာ ဆိတ်ဖွား" သည် မည်သူ မည်ဝါ ဖြစ်ကြောင်း မသိရှိခဲ့ပါ။ ကျွန်တော် မဟုတ်ကြောင်း အကြိမ်ကြိမ် ရှင်းပြခဲ့ပြီးလည်း ဖြစ်ပါသည်။ ယခင် အစိုးရ လက်ထက်ကပင် ပြောသင့် ပြောထိုက်၊ ရေးသင့် ရေးထိုက်သည်တို့ကို အမြဲရေးသားခဲ့ပါသည်။ ကျွန်တော် တာဝန်မယူနိုင်သော ဆောင်းပါး တစ်ပုဒ်မျှ မရှိပါ။

၇။ အကယ်၍ ဒေါက်တာ ဆိတ်ဖွားသည် မည်သူမည်ဝါ ဖြစ်ကြောင်း ကျွန်တော် သိရှိထားလျှင်လည်း အယ်ဒီတာ တစ်ယောက်၏ ကျင့်ဝတ်ကို ထိန်းသိမ်းသည့်သူတစ်ယောက် ဆိုလျှင် ထုတ်ဖော် ပြောဆိုမည် မဟုတ်ပါ။ အခြား အယ်ဒီတာ တစ်ဦးတစ်ယောက်ကိုလည်း ၎င်း၏ ကျင့်ဝတ်ကို ချိုးဖျက်စေရန် တိုက်တွန်းလိမ့်မည် မဟုတ်ပါ။

၈။ ယခုအချိန် အထိ ဒေါက်တာ ဆိတ်ဖွား၏ "ဥပဒေ အထက်က လွှတ်တော်" ဆောင်းပါးကို ဖတ်ဖူးကြသူ မများလှပါ။ လွှတ်တော်က စုံစမ်းမည် ဆိုသည့်အခါ ဒေါက်တာ ဆိတ်ဖွားသည် နာမည်ကျော်ကြားကာ ဟီးရိုး သဖွယ် ဖြစ်လာခဲ့ပါသည်။ စုံစမ်းရေး ကော်မရှင် အပေါ် ပြစ်တင် ဝေဖန်ချက်များသည် အင်တာနက်ပေါ်တွင် သာမက ပုံနှိပ်စာများ၊ ကာတွန်းများ အထိ ပျံ့နှံ့လာခဲ့ပါသည်။

၉။ စုံစမ်းရေး ကော်မရှင်နှင့် ပထမအကြိမ် တွေ့ဆုံစဉ်က ဒေါက်တာ ဆိတ်ဖွားက လွှတ်တော်ကို မြောင်းထဲ ရောက်အောင် မလုပ်နိုင်ကြောင်း၊ မြောင်းထဲ ရောက်၊ မရောက်သည် လွှတ်တော်အပေါ်တွင် သော်လည်းကောင်း၊ ပြည်သူလူထုက ဆုံးဖြတ်ရမည့် ကိစ္စသာ ဖြစ်မည်ကိုလည်းကောင်း တင်ပြခဲ့ပါသည်။ သို့ပါ၍ အခြား အရေးတကြီး ကိစ္စများကို အလေးထား ဆောင်ရွက်ပါရန် မေတ္တာရပ်ခံခဲ့ပါသည်။ သို့သော် ရွေးချယ်ခွင့်၊ ဆုံးဖြတ်ခွင့်မှာ လွှတ်တော်၌သာ ရှိကြောင်း ပြောကြားခဲ့ပါသည်။

၁၀။ စုံစမ်းရေး ကော်မရှင် ဥက္ကဌက ဒေါက်တာ ဆိတ်ဖွား ကော်မရှင်နှင့် ပတ်သက်၍ ရေးသားကြသည်များကို စုစည်းပေးရန်၊ ကျွန်တော့်အား ပြောကြားခဲ့သော်လည်း ကော်မရှင် အဖွဲ့ဝင်လည်း မဟုတ်၊ ပြင်ပမှ သာမန် ပြည်သူပြည်သား တစ်ယောက်သာ ဖြစ်ခြင်းကြောင့် ကျွန်တော့်တွင် တာဝန် မရှိပါ။

၁၁။ ယခုနောက်ပိုင်းတွင် လွှတ်တော် ကော်မရှင် အဖွဲ့ဝင်များ၏ ဝေဖန်ချက်များ (မှန်၊ မမှန် မသိပါ။)ကို ပင်လျှင် စာနယ်ဇင်းများတွင် တွေ့မြင်လာရပါသည်။

၁၂။ အဆိုးဆုံး ဝေဖန်ချက် တစ်ခုမှာ "ဒေါက်တာ ဆိတ်ဖွား မည်သူ မည်ဝါ ဖြစ်သည်ကို သိရှိကြောင်း၊ လွှတ်တော်သို့ စာရေးပို့လိုက်ပါက လွှတ်တော်က ချက်ချင်း ခေါ်မည် ဖြစ်၍ လွှတ်တော်သို့ ရောက်ဖူးနိုင်ကြောင်း" လွှတ်တော်က ဒေါက်တာ ဆိတ်ဖွား အမည် ကြားသိရန် အသည်းအသန် ကြိုးစားနေသလို ရေးသားထားခြင်း ဖြစ်သည်။

ထိုမှတစ်ဆင့် မိမိတို့နှင့် မသင့်မြတ်သူများကိုပါ စွပ်စွဲခြင်း၊ အမည်စာရင်း ပေးခြင်းများ ဖြစ်ပေါ်လာမည့် အန္တရာယ် ရှိနေပါသည်။
ထို့အပြင် ဤဆောင်ရွက်ချက်သည် ပါတီတစ်ခု အတွင်း အားပြိုင်ပွဲ၊ အားစမ်းပွဲ ဖြစ်သည် ဟူ၍လည်းကောင်း၊ လွှတ်တော်ကို စာနယ်ဇင်း လောကက ဝေဖန်မှု မပြုလုပ်ရဲစေရန် ခြိမ်းခြောက်မှု တစ်ခု အဖြစ်လည်းကောင်း၊ ရှုမြင် ဝေဖန်မှုများကို တွေ့လာရပါသည်။

၁၃။ ယေဘုယျ အားဖြင့် ပြောရလျှင် ဒေါက်တာ ဆိတ်ဖွား၏ ရေးသားချက်ကြောင့် ကိုယ်ကျိုးစီးပွား ထိခိုက်သူဟု ယူဆရသော အင်အားကြီး စာနယ်ဇင်း တစ်စောင်မှအပ အခြား ပုဂ္ဂိုလ်များက ကော်မရှင်၏ ကြိုးစားအားထုတ် အပင်ပန်းခံနေမှုများကို ဘ၀င်ကျကြပုံ မရပါ။

၁၄။ လွှတ်တော် စုံစမ်းရေး ကော်မရှင်က မိမိတို့တွင် စုံစမ်းဖော်ထုတ်နိုင်သော နည်းပညာ ရှိပြီး ဖြစ်သည်ဟု ပြောဆိုပါသည်။ ကျွန်တော် သိသမျှ ထိုနည်းပညာ မပေါ်ပေါက်သေးပါ။

၁၅။ အင်တာနက်ကို လွတ်လပ်စွာ အသုံးမပြုနိုင်ချိန်က ကြားခံ (Proxy) ၀က်ဘ်ဆိုက်များမှ တစ်ဆင့် အသုံးပြုသောအခါ လူက ရန်ကုန်တွင် သုံးနေသော်လည်း ကျွန်တော်၏ လိပ်စာက ရုရှ ရောက်လိုက်၊ ပြင်သစ် ရောက်လိုက် ဖြစ်နေသည်ကို တွေ့ရဖူးပါသည်။
၁၆။ ကျွန်တော့် အနေဖြင့် နည်းပညာအရ မည်သူမည်ဝါ ဖြစ်သည်ဟု တိတိကျကျ IP Address ဖော်ပြနိုင်စွမ်း ရှိသည်ဟု မယုံကြည်ပါ။

၁၇။ ထို့အတူပင် ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များကြောင် အမြင်စောင်းသူများ ကို လက်ညှိုးထိုးပြမည့် အန္တရာယ်လည်း ရှိနေပါသည်။ (ယခုပင်လျှင် ကျွန်တော်ကိုယ်တိုင် မဆီမဆိုင် ပါဝင်ပတ်သက်နေရသည်မှာ သာဓက တစ်ခု ဖြစ်ပါသည်။)

၁၈။ ကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်များသည် ကြီးမားသော ဥာဏ်ပညာဖြင့် အဂတိတရား ကင်းစွာ သစ္စာ၊ သမာဓိ၊ မေတ္တာတရားတို့ကို အခြေပြု၍ အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ်ကို ချင့်ချိန် ဆုံးဖြတ်နိုင်ကြမည်ဟု မျှော်လင့်ပါသည်။

၁၉။ ယခင် အစည်းအဝေးတွင် ကျွန်တော်၏ "ထွက်ချက်"ကို လက်မှတ်ရေးထိုးရန် ယူလာစဉ်က ကျွန်တော် ကိုယ်တိုင်ပင် နားမလည်၊ ရှုပ်ထွေးနေသည့် အရေးအသားများကို တွေ့ခဲ့ရပါသည်။ ထိုသည်မှာ အသံသွင်းရာမှ စာအဖြစ် ပြောင်းရာတွင် ဖြစ်တတ်သော သဘော ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်တော်၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖြစ်စေရန် လေးစားစွာ စာဖြင့် တင်သွင်းခြင်း ဖြစ်ပါသည်။

၁၈ရက်၊ မတ်လ၊ ၂၀၁၃

ဆက်သွယ်ရေးနဲ့ အမျိုးသား လုံခြုံရေး

$
0
0

Photo: ဆက်သွယ်ရေးနဲ့ အမျိုးသား လုံခြုံရေး  မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်သည့် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော် ဆက်သွယ်ရေးလုပ်ငန်းမှ HSPA နှင့် LTE-ready နည်းပညာများ အသုံးပြုကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး မိုဘိုင်း ကွန်ယက်များ တည်ထောင်သွားမည်ဖြစ်ကြောင်း တင်ဒါအောင်မြင်သည့် ဇွန်လ ၂၇ရက်နေ့ ညပိုင်းတွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်.....  တစ်ချက် မရှင်းသေးတာက သူတို့ဟာသူတို့ Infrastructure ထပ်တည်ဆောက်သွားမှာလား၊ မြန်မာ့ဆက်သွယ်ရေးရဲ့ ရှိပြီးသား Infra ကို အဆင့်မြှင့်တင်ပြီး လက်ရှိ တစ်နိုင်ငံလုံးကို ချိပ်ဆက်ထားတဲ့ ဆက်သွယ်ရေးရဲ့ Core Network ပေါ်ကနေ ချဲ့ထွင်သွားမှာလား စဉ်းစားစရာ ဖြစ်နေပါတယ်..... ဆက်သွယ်ရေးရဲ့ Core Network ပေါ်ကနေ ချဲ့ထွင်သွားမယ် ဆိုရင်တော့ ပိုင်ဆိုင်မှု၊ Control ပိုင်းကို သူ့အဆင့်လိုက်၊ အပိုင်းလိုက် ခွဲခြားသတ်မှတ်လိုက်ရင် အဆင်ပြေမယ်လို့ ယူဆပါတယ်.....  ဒါပေမယ့် Operator တွေက ကိုယ်ပိုင် Infra တွေနဲ့ သွားမယ်ဆိုရင်တော့ Central Control ကိစ္စတွေနဲ့ ပါတ်သက်လို့ ညှိနှိုင်းမှုရှိဖို့ လိုပါလိမ့်မယ်...... ဘာကြောင့်လည်းဆိုတော့ National Security အတွက်ပါပဲ..... နောက် ဘယ်လောက် ဘယ်အဆင့်၊ ဘယ်လယ်ဗယ်အထိ ထိမ်းချုပ်ခွင့် ပြုမယ် မပြုဘူးဆိုတာတွေကို သတ်မှတ်ဖို့ လိုပါတယ်......   ယနေ့အချိန်ထိ ရှိနေသေးတယ်လို့ ယူဆရတဲ့ နိုင်ငံတော်ရဲ့ Cyber National Task Force ဟာ မိုဘိုင်းနက်ဝါ့၊ WAN & Data Communication တွေနဲ့ ပါတ်သက်လို့ လုံခြုံရေးသတိ အမြဲရှိနေဖို့လည်း ပြင်ဆင်ထားရမှာဖြစ်သလို အဆိုပါ အော်ပရေတာတွေအနေနဲ့လည်း Cyber National Task Force အပေါ်မှာ နည်းပညာပိုင်း၊ စက်ကိရိယာပိုင်း ပံ့ပိုးမှုတွေရှိနေစေဖို့ပါ သဘောတူညီထားစေချင်ပါတယ်......  မည်သည့်ပုဂ္ဂိုလ်မဆို သက်ဆိုင်ရာ ခွင့်ပြုချက်မပါပဲ အော်ပရေတာတွေရဲ့ ဆက်သွယ်ရေး ကွန်ယက်တွေကို မလျော်သြဇာသုံးပြီး ဝင်ရောက်စွက်ဖက်ခြင်း၊ အများပြည်သူရဲ့ ပုဂ္ဂလိက လုံခြုံရေးကို ဝင်ရောက်ချယ်လှယ်တာမျိုး မဖြစ်အောင် ဥပဒေပိုင်းကို ညှိယူထားစေချင်ပါတယ်...... အထူးသဖြင့် ဆိတ်ဖမ်းကော်မတီရဲ့ ဥပဒေမဲ့ လုပ်သွားတဲ့ လုပ်ရပ်မျိုးတွေကို အဆိုပါ အော်ပရေတာတွေအပေါ်မှာ ထပ်လုပ်သွားမှာမျိုး မဖြစ်သင့်ပါဘူး......  ဆက်သွယ်ရေး နည်းပညာတွေထွန်းကားလာချိန်၊ လူအများစုဟာ ဆက်သွယ်ရေးအပေါ်မှာ မှီခိုနေရချိန်မှာ တစ်နိုင်ငံလုံးကို ဆက်သွယ်ရေးဖြတ် အမှောင်ချပြီး လိုသလို မောင်းနှင်သွားလို့ ရတာကို မမေ့စေချင်ပါဘူး..... ဒီအတွက်ကြောင့် Operator အနေနဲ့ ခန့်အပ်လိုက်ပေမယ့် သက်ဆိုင်ရာ လုပ်ငန်းပိုင်း ခွဲဝေမှုမှာ ပြတ်သားမှုတွေ ရှိစေချင်ပါတယ်..... အမျိုးသား လုံခြုံရေးအတွက် အသိ၊ သတိရှိဖို့ တိုက်တွန်းလိုက်ရပါတယ်.......
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်သည့် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော် ဆက်သွယ်ရေးလုပ်ငန်းမှ HSPA နှင့် LTE-ready နည်းပညာများ အသုံးပြုကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး မိုဘိုင်း ကွန်ယက်များ တည်ထောင်သွားမည်ဖြစ်ကြောင်း တင်ဒါအောင်မြင်သည့် ဇွန်လ ၂၇ရက်နေ့ ညပိုင်းတွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်.....

တစ်ချက် မရှင်းသေးတာက သူတို့ဟာသူတို့ Infrastructure ထပ်တည်ဆောက်သွားမှာလား၊ မြန်မာ့ဆက်သွယ်ရေးရဲ့ ရှိပြီးသား Infra ကို အဆင့်မြှင့်တင်ပြီး လက်ရှိ တစ်နိုင်ငံလုံးကို ချိပ်ဆက်ထားတဲ့ ဆက်သွယ်ရေးရဲ့ Core Network ပေါ်ကနေ ချဲ့ထွင်သွားမှာလား စဉ်းစားစရာ ဖြစ်နေပါတယ်..... ဆက်သွယ်ရေးရဲ့ Core Network ပေါ်ကနေ ချဲ့ထွင်သွားမယ် ဆိုရင်တော့ ပိုင်ဆိုင်မှု၊ Control ပိုင်းကို သူ့အဆင့်လိုက်၊ အပိုင်းလိုက် ခွဲခြားသတ်မှတ်လိုက်ရင် အဆင်ပြေမယ်လို့ ယူဆပါတယ်.....

ဒါပေမယ့် Operator တွေက ကိုယ်ပိုင် Infra တွေနဲ့ သွားမယ်ဆိုရင်တော့ Central Control ကိစ္စတွေနဲ့ ပါတ်သက်လို့ ညှိနှိုင်းမှုရှိဖို့ လိုပါလိမ့်မယ်...... ဘာကြောင့်လည်းဆိုတော့ National Security အတွက်ပါပဲ..... နောက် ဘယ်လောက် ဘယ်အဆင့်၊ ဘယ်လယ်ဗယ်အထိ ထိမ်းချုပ်ခွင့် ပြုမယ် မပြုဘူးဆိုတာတွေကို သတ်မှတ်ဖို့ လိုပါတယ်......

ယနေ့အချိန်ထိ ရှိနေသေးတယ်လို့ ယူဆရတဲ့ နိုင်ငံတော်ရဲ့ Cyber National Task Force ဟာ မိုဘိုင်းနက်ဝါ့၊ WAN & Data Communication တွေနဲ့ ပါတ်သက်လို့ လုံခြုံရေးသတိ အမြဲရှိနေဖို့လည်း ပြင်ဆင်ထားရမှာဖြစ်သလို အဆိုပါ အော်ပရေတာတွေအနေနဲ့လည်း Cyber National Task Force အပေါ်မှာ နည်းပညာပိုင်း၊ စက်ကိရိယာပိုင်း ပံ့ပိုးမှုတွေရှိနေစေဖို့ပါ သဘောတူညီထားစေချင်ပါတယ်......

မည်သည့်ပုဂ္ဂိုလ်မဆို သက်ဆိုင်ရာ ခွင့်ပြုချက်မပါပဲ အော်ပရေတာတွေရဲ့ ဆက်သွယ်ရေး ကွန်ယက်တွေကို မလျော်သြဇာသုံးပြီး ဝင်ရောက်စွက်ဖက်ခြင်း၊ အများပြည်သူရဲ့ ပုဂ္ဂလိက လုံခြုံရေးကို ဝင်ရောက်ချယ်လှယ်တာမျိုး မဖြစ်အောင် ဥပဒေပိုင်းကို ညှိယူထားစေချင်ပါတယ်...... အထူးသဖြင့် ဆိတ်ဖမ်းကော်မတီရဲ့ ဥပဒေမဲ့ လုပ်သွားတဲ့ လုပ်ရပ်မျိုးတွေကို အဆိုပါ အော်ပရေတာတွေအပေါ်မှာ ထပ်လုပ်သွားမှာမျိုး မဖြစ်သင့်ပါဘူး......

ဆက်သွယ်ရေး နည်းပညာတွေထွန်းကားလာချိန်၊ လူအများစုဟာ ဆက်သွယ်ရေးအပေါ်မှာ မှီခိုနေရချိန်မှာ တစ်နိုင်ငံလုံးကို ဆက်သွယ်ရေးဖြတ် အမှောင်ချပြီး လိုသလို မောင်းနှင်သွားလို့ ရတာကို မမေ့စေချင်ပါဘူး..... ဒီအတွက်ကြောင့် Operator အနေနဲ့ ခန့်အပ်လိုက်ပေမယ့် သက်ဆိုင်ရာ လုပ်ငန်းပိုင်း ခွဲဝေမှုမှာ ပြတ်သားမှုတွေ ရှိစေချင်ပါတယ်..... အမျိုးသား လုံခြုံရေးအတွက် အသိ၊ သတိရှိဖို့ တိုက်တွန်းလိုက်ရပါတယ်.......


ခပ်ရင့်ရင့်ပဲ မေးချင်တယ် (ဘယ်သူက အထက်မှာနေတာလဲ)

$
0
0

 

by Ko Thu (Notes) on Monday, June 17, 2013 at 3:33am
ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားတော်တော်များများ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ လုံးချာလည် လိုက်နေကြတယ်။ ၀င်မပြောဖို့ ဆုံးဖြတ်ထားပေမယ့် မပြောမဖြစ်တဲ့ အကြောင်းအရာတွေ ပေါ်လာတယ်။
အဲဒါကတော့ ကျွန်တော်တို့နိုင်ငံရဲ့ သယံဇာတထက်မက တန်ဖိုးရှိတဲ့ ရတနာတစ်ပါး ပျောက်ဆုံးသွားမှာ စိုးရိမ်တယ်။
ဒီတော့ ခပ်ရင့်ရင့်ပဲ ပြောချင်တယ်။


ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ ပဋိပက္ခအပေါ်မှာ အခြားသော နိုင်ငံရပ်ခြားနိုင်ငံများမှ လူ့အခွင့်အရေး ဆိုတဲ့ တင်းပုတ်ကြီးနဲ့ ထုထုနေလေတော့ မြန်မာနိုင်ငံသားတွေလည်း ဘာမှန်းမသိတဲ့ တင်းပုတ်ကြီးနဲ့ အထုခံလာရတာ နာလာပြီလို့ ထင်ပါတယ်။
မှန်ပါတယ် လူဆိုတာ လူသားဂုဏ်ရည်ရှိရပါ့မယ်။ ဒါပေမယ့် လူသားတို့ရဲ့ ခံယူချက်၊ အစွဲ၊ အယူအဆသည် အခြားလူသားများအပေါ် ထိခိုက်လာမည်ဆိုပါကလည်း ကာကွယ်ပိုင်ခွင့်ဆိုတာရှိသင့်တယ်။ ထိုသို့ ကာကွယ်ခွင့်သည်လည်း အကြမ်းမဖက် သဘောဆန္ဒဖြင့် လွတ်လပ်စွာ ကာကွယ်ခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများအား မျက်စိတစ်ဆုံးမကြည့်မမြင်နိုင်သော နိုင်ငံများသည်
လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် အကြမ်းဖက် အဖွဲ့အစည်းများရှိသော နိုင်ငံဟု ထင်သာမြင်သာ ဖြစ်စေရန် ဖော်ညွှန်းနေသည် ဆိုသည်မှာ ထင်ရှားသိသာလှပေသည်။ အနီးစပ်ဆုံး ပြရမည်ဆိုလျှင် လက်ရှိဖြစ်ပေါ်ခဲ့သော မလေးရှားတွင် မြန်မာလုပ်သားများ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွင် မလေးအစိုးရ၏ ဖြေရှင်းပုံမှာ သိသာထင်ရှားလှပေသည်။ နိုင်ငံသားကာကွယ်ခွင့် နည်းပါးခဲ့သော ကျွန်တော်တို့ မြန်မာနိုင်ငံသားများအဖို့ မိအေးနှစ်ခါနာအဖြစ်ဆိုးတွေ ကြုံတွေ့ခဲ့ရသည်ဆိုသည်မှာ ငြင်းဖွယ်မရှိပေ။ အဘယ်ကြောင့်ဆိုသော အကြမ်းဖက်ခံရသော မြန်မာနိုင်ငံသားများသည် အကြမ်းဖက် သံသယရှိမှုဖြင့် မလေးအစိုးရမှ ဖမ်းဆီးခြင်းများ ပြုလုပ်သည်ဆိုခြင်းမှာ မြန်မာလူမျိုးများသည် အကြမ်းဖက်ဝါဒသများ ဖြစ်သယောင် ကမ္ဘာကို မီးမောင်းထိုးပြ နေခြင်းလောဟု မေးခွန်းထုတ်စရာရှိပေသည်။ အကြမ်းဖက်ခံရမှုကို တာဝန်ယူဖြေရှင်းပေးရမည့်အချိန်တွင် မလေးအစိုးရသည် မြန်မာနိုင်ငံသားများအား တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ ဖမ်းဆီးစစ်ဆေးခြင်း ဆိုသည်မှာ မြန်မာနိုင်ငံသားများကြောင့် မလေးရှားနိုင်ငံသည် အကြမ်းဖက်နိုင်ငံ အဖြစ်မခံနိုင်ပါဟု လှစ်ပြနေသယောင်ဖြစ်နေပါသည်။

ယခုလိုအချိန်တွင် ကျွန်တော်တို့ မြန်မာနိုင်ငံသားများအားလုံး သိရှိထားရမည်မှာ ကျွန်တော်တို့သည် ကို့ကိုယ်ကို ကာကွယ်ပိုင်ခွင့် လူ့အခွင့်အရေး ဥပဒေတစ်ခု ရှိသင့်ပြီလို့ ယူဆမိသည်။ အဘယ်ကြောင့် ဒီလိုဆိုရသလဲဆိုရင်  လူ့အခွင့်အရေး UN လို့ ခေါ်တဲ့ အဖွဲ့တွင် ပါဝင်တဲ့နိုင်ငံများ၏ ဥပဒေနှင့် လူ့အခွင့်အရေးကို ချိန်ထိုးလေ့လာသင့်ပေသည်။ အဆိုပါနိုင်ငံများတွင် ဥပမာ ဂျပန် (Japan - Dec 18, 1956) သည် လူ့အခွင့်အရေးအဖွဲ့ဝင်နိုင်ငံဖြစ်သည်။ သို့သော် နိုင်ငံသားကာကွယ်မှုအနေဖြင့် ဘာသာခြားများအပေါ် အခွင့်အရေး တန်းတူ မပေးခဲ့ပေ။ အစ္စလာမ် နိုင်ငံများဖြစ်နှင့်လည်း သံခင်းတမန်ခင်း ဆက်ဆံမှုအနည်းဆုံးနိုင်ငံအဖြစ် ထင်ရှားသည်။ ဗလီ အဆောက်အအုံများကို ဥပဒေအရ မဆောက်စေရန် ဟန့်တားထားသည်။ ထိုနိုင်ငံသည် လူ့အခွင့်အရေးအဖွဲ့ တွင်ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။ ထိုသို့ဆိုလျှင် ထိုနိုင်ငံသည် လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ချိုးဖောက်နေခြင်းဖြစ်သလော။

နောက် United Kingdom - Oct 24, 1945 (original UN member) အမေရိကန်နိုင်ငံသည်လည်း လူ့အခွင့်အရေးအတွက် ရှေ့တန်းမှ လှမ်းလျှောက်ပြနေသော နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။ သို့သော် ၄င်းတို့နိုင်ငံတွင် ပင်လယ်ကူး ကုန်သွယ်သဘောင်္များ ကမ်းကပ်ပါက အစ္စလာမ်နိုင်ငံသားများသည် အလည်အပတ်အဖြစ်တောင် ကုန်းမြေပေါ်သို့ ခြေချခွင့်မရှိပေ။
လူ့အခွင့်အရေး ဦးစားပေးသည်ဟုဆိုသော်လည်း နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်ဖြင့် ပိတ်ပင်ထားခြင်းဖြစ်သည်။ ထိုသို့ ဆိုလျှင် လူသားဂုဏ်ရည်ကို မလေးစားပဲ လူလူခြင်း အဆင့်အတန်းခွဲကာ လူ့အခွင့်အရေးချိုးဖောက်နေခြင်းလော။

Israel - May 11, 1949 အစ္စရေးနိုင်ငံသည်လည်း လူ့အခွင့်အရေးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပါသော်လည်း အခြားအာရပ်နိုင်ငံများနှင့် ဆက်ဆံရေးတွင် ၄င်းနိုင်ငံသားတစ်ဦး သေဆုံးပါက ဆယ်ဦးအား ပြန်လည်ပေးလျှော်ရမည်ဟူသော ကမ္ဘာကျော်သည့် နည်းပဒေတစ်ခုကို လက်ဆွဲထား နိုင်ငံကိုကာကွယ်နေလေသည်။ ထိုသည်မှာလည်း လူ့အခွင့်အရေး ဥပဒေနှင့် ညီရဲ့လောဟု မေးခွန်းထုတ်စရာပင်။

အဆိုပါအရပ်ရပ်ကို စဉ်းစားကြည့်ပါက နိုင်ငံတွင်းဥပဒေနှင့် လူ့အခွင့်အရေး အဘယ်အရာသည် အထက်မှာနေသည်ဟု စဉ်းစားမိသည်။ ကျွန်တော်စဉ်းစားမိသမျှ ပွင့်ပွင့်လင်းလင်းဆွေးနွေးရလျှင် အဆိုပါ လူ့အခွင့်အရေး နိုင်ငံကြီးများ၏ နည်းနာအတိုင်း နိုင်ငံတော်ဥပဒေ၏ အောက်တွင်  ဘိုးဘွားပိုင်နိုင်ငံနှင့် နေထိုင်သူ နိုင်ငံသားများကို အကာအကွယ်ပေးကာ
လူ့အခွင့်အရေးကို မိမိနိုင်ငံ၏ ပထ၀ီ၊ အနေအထား၊ သမိုင်းနှင့် ချင့်ချိန်ကာ ပေးသင့်သည်ဟု ယူဆမိပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံဥပဒေနှင့် လူ့အခွင့်အရေးတို့သည် နေရာလု ထိုင်ခုံလုနေရာတွင် အမျိုး၊ ဘာသာ၊ သာသနာနှင့် လူမျိုးကိုပါ ခုတုံးချမှုမျိုးများ မဖြစ်ပေါ်စေရန် အရေးတကြီးလိုအပ်ပေသည်။ ထို့အတွက် နိုင်ငံသားများအားလုံးသည် မိမိနိုင်ငံရေမြေနှင့် ကိုက်ညီမည့် အကြမ်းမဖက် ကာကွယ်မည့် နည်းသယျများကိုလည်း စဉ်းစားလေ့လာသင့်ပေသည်။ တတ်သိနားလည်သူများ၏ တင်ပြချက်၊ ဆွေးနွေးချက်များကို အသေအချာဖတ်ရှုလေ့လာသင့်ပေသည်။ အရာရာတွင် မျက်စိဖွင့် နားဖွင့်ဖို့ လိုအပ်ပေသည်။ အမျိုးဘာသာသာသနာကာကွယ်ရေးကို အရေခြုံလာမည့် နိုင်ငံရေးသမားများကိုလည်း မျက်စိအရှင်ထား စောင့်ကြည့်ဖို့ နှင့် နိုင်ငံသားချင်း ယိုင်းပင်းဖို့လိုအပ်ပေသည်။ လူ့အခွင့်အရေးဦးစားပေး ခေါင်းစဉ်ကြီးကို ချင့်ချိန်စဉ်းစား သုံးသပ်သင့်ပေသည်။ ဒါမှသာလျှင် မြန်မာနိုင်ငံ၏ အဖိုးတန် ရတနာတစ်ပါး ပျောက်ကွယ်မည့် ဘေးမှ ကာကွယ်နိုင်ပေလိမ့်မည်။ မြန်မာတွေ မျက်တောင်တစ်ဆုံး မကြည့်ပဲ မျက်စိတစ်ဆုံး ကြည့်ဖို့ရန် အရေးတကြီး လိုအပ်နေပြီ။

Space

မှတ်ချက်။ လူ့အခွင့်အရေးနိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် အာရပ်စော်ဘွားနိုင်ငံများသည် နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်ပေသည်။ အဆိုပါ နိုင်ငံများတွင် လူ့အခွင့်အရေးအရ အမျိုးသမီးများလွတ်လပ်ခွင့်နှင့် လူသားချင်း တန်ဖိုးထားမှုများ ရှိပါသလော။ ၄င်းတို့၏ အမျိုးသားရေးအတွက် ၄င်းတို့၏ ဥပဒေအောက်တွင် လူ့အခွင့်အရေးကိုထားရှိသည်မှာ အဘယ်ကြောင့်နည်း။ အဆိုပါ နိုင်ငံများတွင် အခြားဘာသာခြားများ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသလော။ ၄င်းတို့ ဘာသာအတွက် လူ့အခွင့်အရေးသည် လည်း ထပ်ဆုံးမှာ မရပ်တည်နေခြင်းများကို ထောက်ပြခြင်းမျှသာဖြစ်ပေသည်။

ကိုးကားချက် ။ လူ့အခွင့်အရေးအဖွဲ့နိုင်ငံများစာရင်း
http://geography.about.com/od/politicalgeography/a/unmembercountries.htm




သမ္မတသည်ကား…အဘယ်များနည်း

$
0
0
 Photo: သမ္မတသည်ကား…အဘယ်များနည်း …………………..  သမ္မတဖြစ်ချင်သူတွေရဲ့စကားသံတွေ၊   သမ္မတဆက်အရွေးမခံဘူးဆိုတဲ့စကားသံတွေ ၂၀၁၅ အတွက် သမ္မတတိုက်ပွဲသံတွေက ကျယ်ကျယ်လောင်လောင် ကြားနေရတော့ သမ္မတဆိုတာဘာလဲလို့ ကျွန်တော်လက်လှမ်းမီသလောက် ရှာဖွေကြည့်မိတယ်။   သမ္မတဆိုတာ ပါဋ္ဌိကလာတာပါ။   သမ္မတ= လူအများတင်မြှောက်သည့် မင်း။  ကျွန်တော်ဒါကိုရှာတွေ့တော့ စဉ်းစားတယ်။ လူအများက ဘာ့ကြောင့် တင်မြှောက်တာလဲ။  သမာ= ကောင်းသော(လူ)၊ မျှတသော(လူ)တဲ့။  ဒီတော့ လူအများက ကောင်းတဲ့လူ၊ မျှတသောလူ ကိုခေါင်းဆောင်အဖြစ် သမ္မတ တင်မြှောက်တယ်။  သူတို့အတွက် ကောင်းမွန်သော၊ အကျိုးရှိသော ဆောင်ရွက်ချက်တွေပေးတယ်။ ပေးလိမ့်မယ်ဆိုတဲ့ အမြင်၊ မျှော်လင့်ချက်တွေကြောင့် သမ္မတအဖြစ် ရွေးချယ်ကြတယ်။  ခု မြန်မာပြည်မှ ဘယ်သူက သမတဖြစ်ချင်တယ်။ ဘယ်သူက သမ္မတဖြစ်ဖို့ကြိုးစားတယ်။ စတဲ့ အသံတွေကြားနေရတော့ သူတို့သမ္မတဖြစ်ဖို့ဆိုတာက ပြည်သူလူထုက ရွေးချယ်မှရမယ်။  အဲဒါဆိုရင် သူတို့မှာ ပြည်သူလူထုကရွေးချယ်နိုင်မယ့် အရည်အချင်းဘာတွေရှိပြီလဲ။  ပြည်သူလူထုအတွက် ဘာတွေလုပ်ပေးပြီးပြီလဲ။ ပြည်သူလူထုအတွက် ကောင်းမွန်သော အကျိုးတွေ ဆောင်ရွက်ဖို့ ဘာအစီအစဉ်တွေရှိပြီလဲ။  ဘာမှ မလုပ်ရသေးဘူး။ ဘာမှ မစီစဉ်ရသေးဘူးဆိုရင်တော့ ပြည်သူလူထုက တင်မြှောက်တဲ့သမ္မတ မဖြစ်နိုင်ပါဘူး။  သမ္မတနေရာကို ၀င်ယူတဲ့ နေရာလုသူပဲဖြစ်နိုင်ပါတယ်။  ပြီးတော့ ဘာ့ကြောင့် သမ္မတ ဖြစ်ချင်ကြရတာလဲ။ ဘယ်အကျိုးအတွက်လဲ…  အတ္တအကျိုးလား၊ ပရအကျိုးလား…။ ပြည်သူကရွေးချယ်တဲ့မင်းဟာ ပြည်သူက မကြိုက်တော့ဘူးဆိုရင် ဆင်းပေးကြမှာလား…။  ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူတွေကတော့ ကိုယ့်အတွက်၊ နိုင်ငံအတွက် ကောင်းကျိုးတွေကိုသာ ဖန်တီးပေးနိုင်မယ်ထင်တဲ့သူ၊ ကောင်းသောလူ၊ မျှတသောလူကိုသာ (သူတို့ပြောတဲ့ အသဲကြားက) မဲတစ်ပြားကို ထည့်မှာပါ။ ပေးမှာပါ။   တစ်ခုတော့ရှိတာပေါ့လေ….  ကျွန်တော်တို့ပေးလိုက်တဲ့ မဲတစ်ပြားဟာ မည်းမသွားပါစေနဲ့လို့တော့ ဆုတောင်းမိပါတယ်။

သမ္မတဖြစ်ချင်သူတွေရဲ့စကားသံတွေ၊
သမ္မတဆက်အရွေးမခံဘူးဆိုတဲ့စကားသံတွေ ၂၀၁၅ အတွက် သမ္မတတိုက်ပွဲသံတွေက ကျယ်ကျယ်လောင်လောင် ကြားနေရတော့ သမ္မတဆိုတာဘာလဲလို့ ကျွန်တော်လက်လှမ်းမီသလောက် ရှာဖွေကြည့်မိတယ်။
သမ္မတဆိုတာ ပါဋ္ဌိကလာတာပါ။
သမ္မတ= လူအများတင်မြှောက်သည့် မင်း။
ကျွန်တော်ဒါကိုရှာတွေ့တော့ စဉ်းစားတယ်။ လူအများက ဘာ့ကြောင့် တင်မြှောက်တာလဲ။
သမာ= ကောင်းသော(လူ)၊ မျှတသော(လူ)တဲ့။
ဒီတော့ လူအများက ကောင်းတဲ့လူ၊ မျှတသောလူ ကိုခေါင်းဆောင်အဖြစ် သမ္မတ တင်မြှောက်တယ်။
သူတို့အတွက် ကောင်းမွန်သော၊ အကျိုးရှိသော ဆောင်ရွက်ချက်တွေပေးတယ်။ ပေးလိမ့်မယ်ဆိုတဲ့ အမြင်၊ မျှော်လင့်ချက်တွေကြောင့် သမ္မတအဖြစ် ရွေးချယ်ကြတယ်။
ခု မြန်မာပြည်မှ ဘယ်သူက သမတဖြစ်ချင်တယ်။ ဘယ်သူက သမ္မတဖြစ်ဖို့ကြိုးစားတယ်။ စတဲ့ အသံတွေကြားနေရတော့ သူတို့သမ္မတဖြစ်ဖို့ဆိုတာက ပြည်သူလူထုက ရွေးချယ်မှရမယ်။
အဲဒါဆိုရင် သူတို့မှာ ပြည်သူလူထုကရွေးချယ်နိုင်မယ့် အရည်အချင်းဘာတွေရှိပြီလဲ။
ပြည်သူလူထုအတွက် ဘာတွေလုပ်ပေးပြီးပြီလဲ။ ပြည်သူလူထုအတွက် ကောင်းမွန်သော အကျိုးတွေ ဆောင်ရွက်ဖို့ ဘာအစီအစဉ်တွေရှိပြီလဲ။
ဘာမှ မလုပ်ရသေးဘူး။ ဘာမှ မစီစဉ်ရသေးဘူးဆိုရင်တော့ ပြည်သူလူထုက တင်မြှောက်တဲ့သမ္မတ မဖြစ်နိုင်ပါဘူး။
သမ္မတနေရာကို ၀င်ယူတဲ့ နေရာလုသူပဲဖြစ်နိုင်ပါတယ်။
ပြီးတော့ ဘာ့ကြောင့် သမ္မတ ဖြစ်ချင်ကြရတာလဲ။ ဘယ်အကျိုးအတွက်လဲ…
အတ္တအကျိုးလား၊ ပရအကျိုးလား…။ ပြည်သူကရွေးချယ်တဲ့မင်းဟာ ပြည်သူက မကြိုက်တော့ဘူးဆိုရင် ဆင်းပေးကြမှာလား…။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူတွေကတော့ ကိုယ့်အတွက်၊ နိုင်ငံအတွက် ကောင်းကျိုးတွေကိုသာ ဖန်တီးပေးနိုင်မယ်ထင်တဲ့သူ၊ ကောင်းသောလူ၊ မျှတသောလူကိုသာ (သူတို့ပြောတဲ့ အသဲကြားက) မဲတစ်ပြားကို ထည့်မှာပါ။ ပေးမှာပါ။
တစ်ခုတော့ရှိတာပေါ့လေ….
ကျွန်တော်တို့ပေးလိုက်တဲ့ မဲတစ်ပြားဟာ မည်းမသွားပါစေနဲ့လို့တော့ ဆုတောင်းမိပါတယ်။
 
 
 
မောင်ပိုင် 
၃-၀၇-၂၀၁၃

၁ နဲ့၁ ပေါင်းရင် ဘယ်လောက်ရလဲ

$
0
0
*** ၁ နဲ့ ၁ ပေါင်းရင်

ဘယ်လောက်ရသလဲ ? ***

၁နဲ့၁ပေါင်းရင်ဘယ်လောက်ရသလဲ

ဆိုတာ လူတွေကို လိုက်မေးရင်

ရယ်ကြမှာပါ။ ဟုတ်တာပေါ့ဗျာ

ကလေးကအစ ၁ နဲ့ ၁

ပေါင်းတတ်တာပဲ။ ဇာတ်လမ်းက

ဒီကစတာဗျ။ Company တစ်ခုရဲ့

လက်ထောက်မန်နေဂျာရာထူးက

တက်လမ်းလည်းရှိလစာလည်း

ကောင်းဆိုတော့ လူတော်တော်

များများစိတ်ဝင်တစားလျှောက်ကြ

တာပေါ့ဗျာ။Interviewနေ့မှာက

လည်း မန်နေဂျာချုပ်ကိုယ်တိုင်

ဗျူးမှာဆိုတော့ သေချာပြင်ဆင်

ကြတာပေါ့ဗျာ။ Interview

နေ့မှာတော့ ရင်ခုန်စွာနဲ့

လာခဲ့ကြပါတယ်။ ဘယ်လို

အဆင့်မြင့်မေးခွန်းတွေများမေးမှာ

လဲဆိုတာ တွေးမိရင်

ရင်ခုန်စရာပါ။

ကဲ

ပထမဦးဆုံးတစ်ယောက်ခေါ်ပါ

တယ်။

Interviewခန်းထဲသူဝင်သွားချိန်မှာ

အပြင်ကလူတွေဆီကအပ်ကျသ

ံတောင် မကြားရဘူး၊

အားလုံးတိတ်တိတ်ဆိတ်ဆိတ် . .

. .

ခဏလေးပဲ ကြာလိုက်တယ်

ပထမဆုံး လူပြန်ထွက်လာတယ်။

အကုန်လုံးရဲ့ စိတ်အာရုံက

သူ့ဆီမှာ . . မျှော်လင့်တကြီးနဲ့

မေးလိုက်ကြတာက . . .

" ဘာတွေမေးလိုက်သလဲ "

ဖြူရော်ရော် မျက်နှာရယ် ၊

စိတ်ရှုပ်တာကို ဖော်ပြနေတဲ့

မျက်ဝန်းတွေရယ်နဲ့ ဒီလူ့ အသံက

အရာရာ စိတ်ပျက်လက်ပျက် . . .

သက်ပြင်းမောကြီးချရင်း

သူလေးတွဲ့ စွာဖြေလိုက်တာက

" ၁ နဲ့ ၁ ပေါင်းရင်

ဘယ်လောက်ရသလဲ " တဲ့

"ဘာ . . ." အားလုံးတအံ့တသြ

မန်နေဂျာချုပ်က ဘာလို့ ဒီလို

ကလေးကလား လုပ်ရတာလဲ

ဒီကောင် ငါတို့ကို မပြောချင်လို့

ချောက်ချတာလား ? ဘာတွေလဲ. .
. . . . . ? ? ?

ဘာတွေလဲ . . . ? ? ?

စိတ်ထဲမှာ ဗလောင်ဆူနေကြပြီ . .

ကဲ ဒုတိယ တစ်ယောက်အလှည့် .
ကဲ ဒီကောင်ရော

ဘာကွက်တွေခင်းဦးမှာလည်း?

သူဝင်သွားတော့

ပိုရင်ခုန်လာကြရပြီဗျ . . .

အရင်ကောင်ပြောတာဟုတ်မဟုတ်

သိချင်စိတ်ကလည်းထိန်းမရတော့

ဘူး !

သူဝင်သွားတဲ့ မိနစ်ခဏတာက

တော်တော်ကြာသလို ခံစားမှုနဲ့

စိတ်တွေလှုပ်ရှားနေချိန် . . .

ပြန်ထွက်လာပါပြီ . . . !

အားလုံးဝိုင်းမေးလိုက်ချိန်မှာ

စိတ်အရမ်းတိုလာတဲ့ဒီလူရဲ့

အဖြေက . . .

" ဘာမေးရမှာလဲ

ဟိုကောင့်အတိုင်းပဲ "

ပြဿနာက အဲဒီမှာစတာပဲ !

မင်းဘာဖြေလိုက်လဲ ?

တောက် . . ဘာဖြေရမှာလဲဗျာ ၁

နဲ့ ၁ ပေါင်းမှတော့ ၂ ပေါ့ဗျာ

ဘာရချင်သေးလို့လဲ . .

အကုန်လုံး ခေါင်းမီးတောက်ပြီ !

ဘာလဲဟ မန်နေဂျာချုပ်

ဘာလုပ်တာလဲ . . . ?

ဒီလိုနဲ့ တစ်ယောက်ပြီး

တစ်ယောက် ! မေးတာကလည်း

တစ်ခုတည်းသောမေးခွန်း

၁ နဲ့ ၁ ပေါင်းရင် ဘာရသလဲ?

တစ်ချို့ လည်းပေါက်ကွဲကုန်ပြီ

သေချာပါတယ်။ ဒီလာဖြေတဲ့

လူတွေထဲမှာ မန်နေဂျာချုပ်ရဲ့

အမျိုးတွေ ပါမယ်၊ ၂ လို့ဖြေ

တာချင်း အတူတူ သူ့ အမျိုး

တွေကိုအလုပ်ခန့်မယ်။ကတောက်

မြန်မာပြည်မှာဒီအကွက်တွေရိုးနေ

ပြီ။ ဒါသက်သက်မိုက်ရိုင်းတာ။

ဒီလိုနဲ့အကပ်ကောင်းတဲ့သူတွေလို့

သတင်းပြေးသူတစ်ချို့ အလှည့်

ရောက်လာတယ်. . .

ဒါလည်း မပြောင်းမလဲ ၁ + ၁ = ?

ဟာ . . . ဟင် . . . တောက် . . .

ကျွတ် . . .

ကဲ နောက်ဆုံးတစ်ယောက်

ရုပ်ကြည့်တော့ ပြုံးစိပြောင်စပ်

ဝတ်ထားတာမသပ်မရပ် . . .

တကယ့် အာပေတူး တစ်ကောင်

ပဲကျန်တော့တယ်၊ အေးဆေးပဲ

ဝင်သွားတယ်

ပြန်ထွက်လာတယ် . . .

ဘယ်သူမှ မမေးပေမယ့်

အဖြေတစ်ခု အော်ပြောသွားတယ်။

ကျုပ်လဲ ဒါပဲမေးတယ်ဗျ။

ဒါပေမယ့် ခင်ဗျားတို့လို ၂ လို့

မပြောခဲ့ဘူး တဲ့

ညစ်နေကြရတဲ့အထဲ ဒီ

အာပေတူးငကြောင်က တစ်မျိုး

ပေါ့ . . .

" မတူရအောင်

မင်းဘာဖြေခဲ့တာလဲလို့ ဘယ်သူမှ

မမေးလိုက်ကြဘူး"

နောက်တစ်ပါတ်အကြာ . . .

RESULT OUT မယ့်နေ့ !

အရမ်းကို စိတ်ဝင်စားနေကြတယ်။

အထူးအဆန်းကြီးမဟုတ်လား

လုပ်ထားပုံက . . .

အားလုံး COMPANY ရှေ့ က

Notice board မှာ ဘယ်သူရ

သွားသလဲလို့ ကြည့်လိုက်ချိန်

မှာ . . .

ရသွားတာက . . .

နောက်ဆုံး လျှောက်လွှာနံပါတ် . . .

ဟို အာပေတူး အရူးကောင်

အမျိုးအရင်းတွေတောင်ကျော်ပြီး

အလုပ်ခန့် ရအောင် ဒီကောင်

ဘာဖြေလိုက်လို့ လဲ ?

ခင်ဗျားတို့ လို ၂ လို့ မပြောခဲ့ဘူး

ဆိုတဲ့ ဒီ စပ်ဖြဲဖြဲ

ကောင် ဘာဖြေခဲ့လို့လဲ ?

သိချင်စိတ်နဲ့ မျှော်ပါတယ်ဆို

တော်တော်ကြာမှ ဒီအကောင်

ပေါ်လာတယ်။ လူအုပ်ကြားထဲ

ဖြဲရဲတိုး အလုပ်ခန့်သူ

နာမည်ကြည့်ပြီးတော့မှ

ထီမထင်တဲ့ အပြုံး နဲ့

သကောင့်သားကပြန်ထွက်လာ

တယ်။ အားလုံးဆီက

တစ်ညီတစ်ညာတည်းထွက်လာတဲ့

မေးခွန်း . . .

တော်တော် ဒုက္ခပေးတဲ့မေးခွန်း

၁ နဲ့ ၁ ပေါင်းရင်

ဘယ်လောက်ရသလဲတဲ့ ?

မင်းဘာဖြေခဲ့လဲ ညီလေး ?

အားလုံးကို သနားသလို

အားနာသလို နဲ့ အာပေတူး

ဆီက အဖြေဟာ နားထဲကို

ရှင်းလင်းစွာ

ဝင်ရောက်လာပါတယ်။

" ၁ နဲ့ ၁ ပေါင်းလိုက်ပါမယ်ဆရာ !

၂ ရ ရပါမယ်ဆရာ !

ဒါပေမယ့် *** ၁ နဲ့ ၁ ပေါင်း

ရင် ဆရာ ဘယ်လောက်ရစေ

ချင်ပါသလဲဆရာ " လို့ ဖြေခဲ့

ပါတယ်တဲ့ . . .

တစ်စုံတစ်ရာ ကို

သဘောပေါက်သွားသူတွေရဲ့

မျက်ဝန်းမှာ နောင်မခံရဖို့

အိမ်အပြန်လမ်းမှာ စိတ်ထဲကနေ

အကြိမ်ကြိမ်ရွတ်လို့ . . .

၁ နဲ့ ၁ ပေါင်းရင် ၂ ဆိုတဲ့

အမှန်တရားထက်

ဆရာဘယ်လောက်လိုချင်ပါသလဲ . . .

ဆရာဘယ်လောက်လိုချင်ပါသလဲ

. . . တဲ့လား !

*** ခင်ဗျားတို့ သိကြလား

သတိထားမိလိုက်ကြပါသလား

ခင်ဗျာ !

အဲဒီနေ့ ကစပြီး ကျုပ်တို့

မြန်မာ့ပြည် ချောက်နက်နက်ထဲကို

ထိုးဆင်းသွားတယ်ဆိုတာကို !

ဒီလိုနဲ့ပဲဗျာ . . .

အော် မေ့လို့ မေးရဦးမယ်

ခင်ဗျားတို့ကို လည်း . . .

၁ နဲ့၁ပေါင်းရင်ဘယ်လောက်ရလဲဗျ

မျိုးအိမ်ဇန် ( Archangel AK )

2.7.2013 !

***** ဘဝမှာ အရမ်းကို

အမှတ်ထင်ထင်ရှိခဲ့သလို

စိတ်ထဲကိုလည်း စွဲထင်သွားခဲ့တဲ့

တရုတ်ပုံပြင်လေးတစ်ခုရယ်၊

မြန်မာဟာသလေးတစ်ခုရယ်ရှိပါ

တယ်။ ဒီဟာသကတော့

အငြိမ့်ဟာသလေးပါ။

အဆင်ပြေသလိုဇာတ်လမ်းလေး

ဆင်လိုက်ပါတယ်။
— with ရုပ် ဆိုး and 92 others.

အီးပေ

$
0
0

 
တပ်ထဲမှာ ‘အီးပေ’ လို့ အမည်ရတဲ့ ရဲဘော်တဦးနဲ့ ကျနော် အတူတာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ‘အီးပေ’ ဆိုတာ သူ့နာမည်ရင်း မဟုတ်၊ Nickname သာ ဖြစ်ပါတယ်။ သင်တန်းကာလမှာ ရဲဘော် အချင်းချင်း ကျီစယ်နောက်ပြောင် ခေါ်ဝေါ်ကြရာကနေ တွင်သွားတဲ့ အမည်ပါ။


သိတော်မူကြတဲ့အတိုင်း စစ်တပ်ဆိုတာက မတထောင်သားတွေ စုဝေးရောက်ရှိရာ ဖြစ်တဲ့အပြင် လူတကိုယ် စရိုက်တမျိုးနဲ့ အမျိုးမျိုး အဖုံဖုံ ရှိကြတာဆိုတော့ သင်တန်းမတက်ခင် စုဆောင်းရေးမှာကတည်းက နာမည် ပြောင် ရသူတွေ ရထားကြပါပြီ။ တချို့ဆို အဲဒီနာမည်ပြောင်ကိုပဲ လူသိများလာပြီး အကြောင်းသိ ခင်မင်သူချင်း တောင်မှ မူလ နာမည်ရင်းကို အတော်စဉ်းစားယူရတဲ့ အထိ ဖြစ်ကြရပါတယ်။ အီးပေက အဲလိုလူမျိုးထဲ ပါမယ် ထင်ပါတယ်။ ဟိုလူကခေါ် ‘အီးပေ’… ဒီလူကခေါ်လည်း ‘အီးပေ’… အရာရှိအတော်များများနဲ့ တပ်မှူး တချို့ ကတောင် အီးပေဆိုရင် တန်းခနဲသိနေကြတယ်။

သူ့ကို ‘အီးပေ’ ခေါ်ခဲ့ကြတဲ့ အကြောင်းရင်းကိုတော့ ကျနော် သေချာမသိပါဘူး။ ဒါပေမဲ့ အကျင့်စာရိတ္တပျက်ယွင်းမှုကြောင့် ခေါ်တွင်ခဲ့တယ်လိုတော့ မထင်မိပါ။ ဘာကြောင့်ဆို သူဟာ လှိုက်လှဲဖော်ရွေသူ ပျော်ပျော်နေတတ်သူ တဦးဖြစ်တဲ့အပြင် သူတပါးအပေါ်မှာလည်း ကူညီလိုစိတ် အပြည့်ရှိသူ ဖြစ်တာ ကြောင့်ပါပဲ။ သူ့ကို ချစ်သူခင်သူလည်း အင်မတန် ပေါများပါတယ်။ သူ့အဖေဟာ ရေတပ်က အငြိမ်းစားယူ ထားတဲ့ ဆရာကြီးတဦးပါ။ ‘အီးပေ’ ဟာ တပ်ထဲမရောက်ခင်က သန်လျင်မှာ မြင်းလှည်းမောင်းတယ်လို့ သိရပါတယ်။ ကျနော်တို့ကို သူပြောပြတာကတော့ သူဟာ တပ်ထဲကိုဝင်ဖို့ စိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမဲ့ အဖေဖြစ်သူရဲ့ ဆန္ဒကို မလွန်ဆန်နိုင်လို့ ရောက်လာရတာပါ တဲ့။ ကျနော်တို့ ပြောနေကျ ဝေါဟာရအတိုင်း သုံးရလျှင် သူဟာ ‘လိုင်းပေါက်’  တဦးပေါ့။

ဒါတွေကလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ စစ်သည်မိသားစု ဘဝအများစုဟာ စားဝတ်နေရေး မပြေလည် ကြတော့ သားသမီးတွေပညာရေးကို လိုအပ်သလို မြေတောင် မြှောက်မပေးနိုင်ကြပါဘူး။ ဒီတော့ စစ်သား သားသမီးတွေဟာ ပညာတတ်သူနည်းလှပြီး အလယ်တန်းလောက်နဲ့ ကျောင်းအပြင်ကို ရောက်နေသူတွေ များလှပါတယ်။ မိဘ ဝတ္တရားအရ အချိန်တန်ရင် ကျောင်းထားပေးကြပေမဲ့ ကလေးတွေ အတန်းနည်းနည်း မြင့်လာတာနဲ့အမျှ ရေမြင့်ကြာမြင့် တိုးလိုက်လာတဲ့ ကျောင်းစားရိတ် ဝန်ကလည်း ပိလာပါတယ်။ အဲဒီလို အချိန်မျိုးမှာ ကလေးက စာကြိုးစားရင်တော့ မဖြစ်ဖြစ်အောင် ခြိုးခြံခြွေတာပြီး ကျောင်းထားပေးသော်လည်း တချို့ ကျောင်းတက်မမှန် စိတ်လေလွင့်နေတဲ့ ကလေးကျ သင့်တင့်ရုံမျှ ချော့ကာတမျိုး ခြောက်ကာ တသွယ် ကျောင်းတက်ဖို့ တိုက်တွန်းတတ်ကြပေမယ့် မဖြစ်မနေ အတင်းအကြပ် လုပ်တာတော့ သိပ်မတွေ့လှပါဘူး။ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို သားသမီး ၂ ယောက် ၃ ယောက် တပြိုင်နက် ကျောင်းထားရတဲ့ တာဝန် က မသေးလှတာကြောင့် ဖြစ်ပါတယ်။

ဒီတော့ သားသမီးလိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်တဲ့ မိဘရဲ့အားနည်းချက်ရယ်..  အများနည်းတူ ကျူရှင် မတက်နိုင်လို့ စာမလိုက်နိုင်ပါဘူး အကြောင်းပြလာတဲ့ ကလေးသဘာဝ ခပ်ပေါ့ပေါ့အတွေးရယ် ပေါင်းစပ်ပြီး တပ်မိသားစုထဲက ဆယ်ကျော်သက် အတော်များများဟာ အချိန်မတန်ခင် စာသင်ကျောင်းကို ကျောခိုင်းပြီး လုပ်ငန်းခွင် ရောက်သူရောက် အပေါင်းအသင်းတွေနဲ့ လေလွင့်သူ လေလွင့် ဖြစ်နေတဲ့ မြင်ကွင်းတွေက ကျနော်တို့ နေခဲ့တဲ့ ဝန်းကျင်မှာ အဆန်းတကြယ် မဟုတ်လှပါ။ အဖေကိုယ်တိုင်ကလည်း တပ်အလုပ်နဲ့ မိသားစုရေးကို ထောင့်စေ့အောင် လိုက်မကြည့်နိုင်။ နောက်ဆုံးတော့ အပြင်မှာ လေလွင့်နေမယ့် အစား တပ်ထဲမှာကမှ အထိန်းအကွပ်ရသေးတယ်ဆိုပြီး သားကိုတပ်ထဲဆွဲထည့်တဲ့ စစ်သားဖခင်တွေ ဖြစ်လာရ တာပေါ့။
………………………………………………………………………………….

ကျနော် ကျွန်းစခန်းဌာနချုပ် အသစ်တခုကို ပြောင်းရွှေ့ခဲ့ချိန်မှာ  ‘အီးပေ’ နဲ့ စတင် ဆုံတွေ့ခဲ့ရတာပါ။ တပ်ကို ရောက်ခါစ ဖြစ်တော့ ရင်းနှီးသူလည်း သိပ်မများသေး… နယ်မြေအနေအထားလည်း သိပ်မသိသေးတဲ့ အချိန်မှာ .. တည ညဦးပိုင်း သူငယ်ချင်းတဦးနဲ့အတူ တပ်နဲ့နီးစပ်ရာ ရွာထဲ လက်ဖက်ရည်သောက် ထွက်လာတုန်း… ရခိုင်မုန့်တီ ဆိုင် ( သူတို့ဒေသအခေါ် အာပူလျှာပူ ) ရှေ့မှာ လူငယ်တဦး စကားတွေ ဖောင်ဖွဲ့နေအောင် ပြောလိုက်.. လက်ခုပ် လက်ဝါးတီး ရယ်မောလိုက်နဲ့ အာရွှင်နေတာ တွေ့ရပါတယ်။ အဲဒီအချိန်မှာ တခြားတဦးမှ ‘ဟေ့ကောင် အီးပေ ဟိုမှာ ဂျီဝမ်း တို့အဖွဲ့လာနေပြီ’ လို့ အသံခပ်အုပ်အုပ်နဲ့ သတိပေးလိုက်တာကို လူငယ်က ‘လာလာပေါ့ကွာ.. ဂျီဝမ်း လာရင် ဂျီသရီး နဲ့ ပစ်လိုက်မှာပေါ့’ ဆိုပြီး ဣနြေ္ဒမပျက် ဆက်ပြောနေတုန်း … မလှမ်းမကမ်းဆီမှ လက်နှိပ် ဓာတ်မီး သုံးလေးလုံး ထွန်းပြီး ရွာလယ်လမ်းအတိုင်း လာနေတဲ့ အုပ်စုထဲကနေ ‘ဟေ့  ဘယ်ကောင်လဲကွ… ဂျီသရီးနဲ့ ပစ်မယ်ဆိုတာ .. အဲဒီကောင် ဖမ်းထားလိုက်စမ်း’ လို့ လှမ်းအော်သံ ကြားလိုက်ရပြီး ‘အီးပေ’ ဆိုသူ တချိုးတည်း လစ်ပြေး သွားပါတယ်။ သူ့ သူငယ်ချင်းက နောက်ပြောင် တယ်ထင်ပြီး ခပ်တည်တည်နဲ့ ပြန်ဟောက်လိုက်တဲ့ ‘အီးပေ’ ကျားရှေ့ တကယ်ဒူးထောက်လဲရော့ လေသလား….။

နောက်တနေ့မနက်  ရုံးကိစ္စနဲ့ဌာနချုပ်ရုံးဆီ ကျနော်ရောက်သွားချိန်မှာ အပြစ်ပေးခံယူဖို့ အသင့်စောင့်နေတဲ့ ‘အီးပေ’ ကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရပါတော့တယ်။ အနည်းဆုံး ဌာနချုပ်ရုံး ပတ်လည်သန့်ရှင်းရေးလုပ်ဖို့ အပြစ်ထိတော့မှာပါ။  အဲဒီနောက်ပိုင်းမှာ ‘အီးပေ’ နဲ့ ကျနော် ထိတွေ့မှုများလာပြီး ရင်းနှီးကျွမ်းဝင် ဖြစ်လာခဲ့ ပါတယ်။ သူက အနေအထိုင် အကင်းပါးသလို တာဝန်ကို ပေါ့ပါးဖျတ်လတ်စွာ လုပ်ကိုင် ဆောင်ရွက်လေ့ရှိ သူပါ။ တခြားသူတွေ မသွားလို မလုပ်လိုတဲ့ နေရာမျိုးမှာ သူ့ကိုခိုင်းလိုက်ရင် မညည်းမညူတမ်း သွားလုပ် ပါတယ်။

တပ်သစ်မို့ နေ့စဉ် တပ်တွင်းလုပ်အားပေးနဲ့သာ နပမ်းလုံး အချိန်ကုန်နေတဲ့ကြားက စနေ၊ တနင်္ဂနွေရက်တွေမှာ အဲဒီတုန်းက  ခေတ္တ ဌာနချုပ်မှူး (ဒုဌာနချုပ်မှူး ) ဦးဆောင်ပြီး ပင်လယ်ကမ်းစပ်နားက ဂေါက်ကွင်းမှာ ဂေါက်ရိုက်ထွက်လေ့ ရှိပါတယ်။ ထိုစဉ်က ဌာနချုပ်မှာ ကြီးလေးကြီး အုပ်စိုးချိန်ကာလလည်း ဖြစ်ပါတယ်။ အဲဒီလို သွားတိုင်း တပ်အလိုက် လုပ်အားပေးစစ်သည်တွေ လိုက်ပေးရပါတယ်။ ဟိုရောက်ရင် ဧည့်ခံ ကျွေးမွေး တာကအစ ဂေါက်အိတ်ထမ်း၊ ဂေါက်သီးကောက် အားလုံး လုပ်ပေး ကြရတာပါ။ ဂေါက်ရိုက်သွားတိုင်း ဒုဌာနချုပ်မှူးက သူနဲ့ရင်းနှီးတဲ့ ရဝတ ဥက္ကဌနဲ့ ဆားလုပ်ငန်းရှင် တဦးကို ဂေါက်ရိုက်ဖို့ အတူခေါ်သွား တတ်ပါတယ်။ လုပ်အားပေး စစ်သည်တွေဟာ အဲဒီလူနှစ်ဦးရဲ့ ဂေါက်ကွင်း ဝေယျာဝစ္စ တာဝန်တွေကိုလည်း လုပ်ဆောင် ပေးရတာပါ။

အဲဒီမှာ သူများတကာ ငြိုငြင်တွန့်ဆုတ်တဲ့တာဝန်ကို မငြင်းတမ်း လိုက်ပါဆောင်ရွက်တတ်တဲ့ ‘အီးပေ’ ဆန္ဒပြ ပါတော့တယ်။ လုပ်အားပေးက သူပြန်လာတော့ မျက်နှာကြီးပုပ်သိုးလို့။ တစုံတခုကို မကျေမနပ် ဖြစ်လာတဲ့ပုံ။ အခြေအနေမေးကြည့်တဲ့အခါ သူက ဒုဌာနချုပ်မှူးလုပ်ပုံမဟုတ်တဲ့ အကြောင်း ရင်ဖွင့်တော့တယ်။ ‘စဉ်းစားကြည့်ပါ အုံးဗျာ… ဒုကြီးက ကျနော်တို့ကို ကျွန်လိုသဘောထားလား မသိဘူး… သူ့နောက်က ပါလာတဲ့ ဟိုလူ ၂ ယောက်ရဲ့ ဂေါက်အိတ်ကိုပါ ထမ်းခိုင်းတယ်။ အဲဒီလူတွေကလည်း ဌာနချုပ်မှူးပါဝါခုတုံးလုပ် ပြီးတော့  ကျနော်တို့ကို ဟိုဟာလုပ်ပေး… ဒီဟာလုပ်ပေး…. ခိုင်းလိုက်တာ စုံနေ ရောပဲ… မမိုက်ပါဘူးဗျာ..’ တဲ့။ အဲဒီတော့ ‘အီးပေ’ ဘာလုပ်တယ်ထင်ပါသလဲ။ ဟိုလူတွေ ရိုက်လွှတ်လိုက်တဲ့ ဂေါက်သီးကို ရှာမတွေဘူး ပြောတယ်၊ တွေ့ရင်လည်း မြေကြီးထဲ နင်းမြှုပ်ပစ်လိုက်တယ်၊ ဒါမှမဟုတ် ရေထဲပစ်ချ လိုက်တယ်။ သူပြန်လာတော့ ဘောင်းဘီအိတ်ထဲမှာ ဂေါက်သီး တချို့ပါလာတယ်။ တပ်ထဲက ကလေးတွေ ကစားဖို့ပေးတယ်။

ကျန်တဲ့နေရာတွေမှာကျရင် သူဟာတကယ့်ကို ဖင်ပေါ့သွက်လက်သူ။ လူပျိုစစ်သည်ဖြစ်ပေမဲ့ ရုံးအားရက် တွေမှာ  သူငယ်ချင်း အိမ်ထောင်သည်တွေအတွက် စားစရာတွေ ရှာဖွေလာတတ်တယ်။ ရွာထဲက သူနဲ့ရင်းနှီးသူ တွေရဲ့ အိမ်ကို အလည်သွားရင်း သူတို့အလုပ်တွေ ဝိုင်းကူလုပ်ပေးတတ်တာမို့ ‘အီးပေ’ တပ်ထဲပြန်လာရင် ရွာကလူတွေ ပေးလိုက်တဲ့ ငါးစို၊ ငါးခြောက်၊ ပုဇွန်ထုပ်တွေ ပါလာတတ်မြဲ။ ပါလာသမျှကို နီးစပ်ရာ အိမ်ထောင်သည်မိသားစုတွေကို အကုန်ပေးလိုက်တာပဲ။ နှမြောတွန့်တိုစိတ် မရှိဘူး။ တာဝန်ချိန်မှာဆိုလည်း သူငယ်ချင်း အိမ်ထောင်သည် စစ်သည် မအားလပ်တဲ့အခါမျိုးမှာ ဂျူတီကိုယ်စား ဝင်ပေးလိုက်သေးတယ်။

သူ့မှာ ထူးခြားတဲ့ အကျင့်တခုက အိပ်တဲ့အခါ ခြင်ထောင်မထောင်ဘဲ အိပ်တာ။ အဲဒီဒေသမှာက ခြင်တော်တော် ကိုက်တဲ့အပြင် ငှက်ဖျားလည်း ရှိတယ်။ ညနေ မိုးချုပ်စ ဆိုရင် လမ်းလျှောက်နေရင်းကို ခြင်တွေက လိုက်ကိုက် ကြတာ။ ဒါပေမဲ့ ‘အီးပေ’ ရဲ့ အိပ်ရာကို သွားကြည့် ….. ဘယ်တော့မှ ခြင်ထောင်မတွေ့ရဘူး။ သက်တန်းစေ့ စစ်ဝတ်လဲလှယ်ချိန်မှာ အများနည်းတူ ‘အီးပေ’ လည်း ခြင်ထောင် တလုံးရတယ်။ ဒါပေမဲ့ သူက ခြင်ထောင်ကို ရောင်းပြီး ခြင်နိုင်ဆေးခွေ ဝယ်တယ်ဗျ။ သူ့အိပ်တဲ့ဘေးမှာ ခြင်ဆေးခွေတွေ ပတ်လည်ထွန်းပြီး အိပ်တာ။ ဘာဖြစ်လို့ ခြင်ထောင်နဲ့ မအိပ်ရတာလည်း မေးတဲ့အခါ… အသက်ရှူကျပ်လို့ တဲ့။ ခြင်ဆေးငွေ့ဒဏ်ကျတော့ ခံနိုင်တယ်။ အဲလိုလူ။

‘အီးပေ’ ရဲ့ ကိုယ်ရေးရာဇဝင်မှာ ခွင့်မဲ့ပျက်ကွက်မှုနဲ့ စစ်ပြေးမှု ကျူးလွန်ထားတာတွေ တွေ့ရတယ်။ သင်တန်း ကာလမှာကတည်းက ခွင့်မဲ့ပျက်ကွက်မှု ကျူးလွန်ခဲ့ဖူးတာ။ စစ်ပြေးမှု ကျူးလွန်ခဲ့ပေမဲ့ ကာလသိပ်မကြာတာမို့ တပ်တွင်းအချုပ်ကျခံပြီး ဆက်လက်အမှုထမ်းခဲ့တယ်။ တခြား အကျင့်စာရိတ္တနဲ့ဆိုင်တဲ့ ဖောက်ဖျက်ကျူးလွန်မှု မျိုး မတွေ့ရပါဘူး။ နောက်ဆုံးတခါမှာ ရှောင်တခင်ခွင့် (၁၀) ရက် သွားရာက ပြန်မလာတော့ဘူး။ ၂ လ လောက်ကြာမှ တပ်ကိုပြန်လာပြီး အဖမ်းခံတယ်။ သူပြန်လာချိန်မှာ တပ်မှူးခရီးထွက်နေလို့ ခေတ္တတပ်မှူး က တပ်ကို အုပ်ချုပ်နေချိန်။ သူက ခေတ္တတပ်မှူးကို တင်ပြ အသနားခံတယ်။ တပ်မှာ ဆက်လက်တာဝန် မထမ်းဆောင်လိုတော့တာမို့ သူ့ကို တပ်က အပြီးထုတ်ပေးပါတဲ့။ တပ်မှူးလည်း ခေါင်းစားသွားတာပေါ့။

‘အီးပေ’ ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးဖို့ ခက်နေတာ။  စစ်ပြေးကာလ ၂ လ လောက်နဲ့ အရပ်ဘက် ထောင်ချပြီး ထုတ်ပယ်ဖို့ မလွယ်ဘူးလေ။ ဒါနဲ့ အတွေ့အကြုံများတဲ့ ဆရာကြီးတွေနဲ့ တိုင်ပင် ကြည့်တယ်။ ပြစ်ဒဏ် စီရင်ချက်မှာ တပ်မှူးသီးခြားအစီရင်ခံစာ ပူးတွဲပြီး အဲဒီအထဲမှာ အရင်တုန်းက ကျူးလွန်ခဲ့ဖူးတဲ့ ပြစ်မှုအဟောင်းတွေပါ ဖော်ပြကာ.. တပ်မှာဆက်လက် တာဝန်ထမ်းဆောင်ရန်မသင့်ဆိုတဲ့ မှတ်ချက်မျိုးပေးပြီး ထုတ်ရင်ဖြစ်နိုင် တယ်လို့ ဆရာကြီးတွေက အကြံပြု ကြတဲ့အခါ တပ်မှူးက ရှေးရှေးက အခြားစစ်သည်တွေ အပေါ် စီရင်ခဲ့တဲ့ အမှုတွဲ ဖိုင်ဟောင်းတွေ လှန်ပြီး အသက်ညှာဆုံး ပြစ်ဒဏ်ကို ရှာခိုင်းပြန်တယ်။ အဲဒီမှာ စစ်သည်တဦးကို အရပ်ဘက် ထောင်ဒဏ် (၃) လ ချမှတ်ပြီး ထုတ်ပယ်ခဲ့တဲ့ နမူနာ ကိုတွေ့လို့  အဲဒီအတိုင်းပဲ ပြစ်ဒဏ် (၃) လနဲ့ ‘အီးပေ’ အမှုကိုလည်း စီရင်ချက်ချက်လိုက်တော့တယ်။

အရပ်ဘက်ထောင်ကို မပို့မီမှာ ‘အီးပေ’ ကို တပ်မှူးက  ‘မင်း ထောင်က ထွက်ရင် ဘာလုပ်မှာလဲ’ မေးတော့ ပြုံးစေ့စေ့ နဲ့ ‘အဖေက အသက်ကြီးပြီ….. ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး…. ဆိုတော့ ကျနော် သန်လျင်မှာပဲ မြင်းလှည်း မောင်းတော့မယ် စီအို’ လို့ အဖြေပေးရှာတယ်။

‘အီးပေ’ တယောက် ထောင်ထဲမှာ ၂ လ ကျော်ကျော်လောက်နေပြီး လွတ်မြောက်သွားပါတယ်။ ဒါပေမဲ့ သူ့ကို ပြစ်ဒဏ်စီရင်ခဲ့တဲ့ တပ်မှူးကိုတော့ စစ်တိုင်းဌာနချုပ် ဥပဒေဌာနက ခေါ်ယူသတိပေး ဆုံးမတာ ခံယူခဲ့ရတယ်။ အကြောင်းပြချက်က စစ်သည်တဦးကို ပြစ်မှုနဲ့ မထိုက်တန်တဲ့ ပြစ်ဒဏ်ပေးပြီး ထုတ်ပယ်ပစ်လို့  တဲ့ …………။


နေမင်းသူ
၂-၀၇-၂၀၁၃

လူမိုက်ပုံပြင်

$
0
0
တစ်ခါတုန်းက သူဌေးကြီးတစ်ယောက်သည် တပည့်ဖြစ်သူအား လူမိုက်ကြီး (၁၀)ယောက်အား ရှာဖွေ၍ စာရင်းကောက်ခဲ့ရန် တာဝန်ပေးလိုက်သည်။ တပည့်ဖြစ်သူကလည်း သူဌေးကြီး၏ တာဝန်ပေးချက်အရ စာရင်းကောက်ရန် ခရီးထွက်ခဲ့သည်။

သူဌေးကြီးတပည့်သည် ခရီးထွက်ခွာလာရာ မြစ်တစ်ခု သို့ရောက်လာ၏။ လူတစ်ယောက်သည် မြစ်ထဲမှရေများကို ခပ်ထုတ်နေသည်ကိုတွေ့ရ၏။ ဘာကြောင့် ခပ်ထုတ်နေသည်ကို သိချင်လာ၍ အကြောင်းစုံကိုမေးမြန်းကြည့်သည်။
"ရွာထဲက ကျွန်တော်ကြိုက်နေတဲ့ ကွမ်းတောင်ကိုင် အလှအပလေးက မြစ်ထဲကရေတွေ ကုန်အောင်ခပ်ထုတ်နိုင်ရင် ကျွန်တော်ကို လက်ထပ်မယ်တဲ့။ အဲဒါ သူအချစ်ကို ရအောင်ကြိုးပမ်းနေရတာဗျ။" အင်းတော်တော် မိုက်မဲတဲ့လူပေပဲ။ ထိုသူနံမည် ကိုမေးမြန်း၍ လူမိုက်နံပါတ်(၁)အဖြစ် စာရင်းမှတ်လိုက်လေ၏။

ထိုမြစ်ကြောင်းအတိုင်း ဆက်လက်ထွက်ခွာလာရာ လူတစ်ယောက်သည် မြစ်ထဲသို့ ခေါက်ခေါက်အခါခါ လှော်နေသည်ကို တွေ့ရပြန်သည်။ သူဌေးကြီး၏ တပည့်က အကြောင်းအရင်း ကိုမေးမြန်းလေ၏။
"ကျူပ်သူငယ်ချင်းပေါ့ မနေ့က ကျူပ်နွားကိုငှားပြီး တစ်နေကုန် ခိုင်းလိုက်တာ နွားက ဖတ်ဖတ်ကိုမောလို့၊ ကျူပ်ကလဲဘယ်ရမလဲ သူလှေကိုငှားပြီး တစ်နေလုံး အားရပါးရလှော်ပြီး လက်စားချေနေတာလေ" သူဌေးကြီးတပည်လည်း အံ့သြစွာဖြင့်ထိုသူ၏ နာမည်ကိုမေးပြီး လူမိုက်နံပါတ်(၂)အဖြစ် စာရင်းမှတ်လိုက်လေသည်။

ထိုနောက်ဆက်လက်ထွက်ခွာလာခဲ့ရာ လူတစ်ယောက်သည် လူတစ်ယောက် သစ်ပင်ပေါ်၌ ရှိနေ၏။ သစ်ခုတ်သမားက ထိုသစ်ပင်ကိုခုတ်လဲနေ၏။ "ဟေ့လူ သစ်ပင်ပေါ်က ဆင်းလေဗျာ သစ်ပင်ခုတ်လဲနေတယ်" "ကျွန်တော် သစ်ပင်ပေါ်တတ်တာ မဆင်းတတ်လို့ တွေ့တဲ့သစ်ခုတ်သမားပြောပြီး သစ်ပင်လှဲခိုင်းနေတာပါ။ သစ်ပင်လဲမှ ကျွန်တော် လွယ်လွယ်ကူကူ အောက်ရောက်နိုင်မှာပါ။" သူဌေးကြီးတပည့်လည်း အံ့သြသွားပြီး မထူးပါဘူး ဒီလူလဲနာမည်မေးပြီး စာရင်းသွင်းလိုက်ရုံပေါ့။ သူဌေးကြီး တပည့်လည်း နံမည်မေးပြီး လူမိုက် နံပါတ်(၃) အဖြစ်စာရင်းမှတ်လိုက်လေသည်။

ဤသို့ဖြင့် ဆက်လက်ထွက်ခွာလာခဲ့ရာ တောစပ်တစ်နေရာအရောက်တွင် လူတစ်ယောက်သည် ဓားမကိုကိုင်လျှက် တွင်းဝတစ်ခုတွင်ထိုင် နေလေသည်။
"ဟေ့လူ ခင်ဗျား တွင်းဝထိုင်ပြီး ဘာလုပ်နေတာလဲ" "ကျွန်တော် မြေကြွက်တစ်ကောင် လိုက်ဖမ်းနေတာပါ။ အခုတွင်းထဲဝင်သွားလို့ပါ။ ကြွက်ထွက်လာအောင်စောင့်နေတာပါ။ ထွက်လာလို့ကတော့ ဟောဒီဓားနဲ့ခုတ်သတ်ဖို့ပါပဲ။" "မထွက်လာရင်ကောဗျာ" "ထွက်လာမှာပါဗျာ၊ ကြွက်ကတွင်းထဲမှာ ကြာကြာဘယ်နေနိုင်ပါမလဲ၊ သူနေရ ထိုင်ရကြပ်လို့ ထွက်လာရင်တော့ အသိပဲ၊ ကျွန်တော် ကမြေကြွက်သားအရမ်းကြိုက်တယ်လေ။"

သူဌေးကြီးတပည့်လည်း ထိုသူအားနံမည်မေးပြီး လူမိုက်နံပါတ် (၄)အဖြစ် မှတ်လိုက်လေသည်။ လူမိုက်စာရင်း ကောက်ရန်ဆက်လက်ထွက်ခွာလာရာ သူဌေးကြီးတပည့်သည် ရွာတစ်ရွာသို့ရောက်လေသည်။

ရွာအဝင်လမ်းတွင် လူတစ်ယောက် လက်နှစ်ဖက်မြောက်လျက် ဖင်ထိုင်လျက်လဲနေသည်ကို တွေ့ရ၏။ "ဟေ့လူ ထလေဗျာ၊ ဘာဖြစ်လို့လဲ၊ ခြေထောက် နာသွားလို့ မထနိုင်ဘူးလား၊ ကျွန်တော် ထူပေးမယ် ဟုပြောပြောဆိုဆိုနှင့် ထိုလူလက်နှစ်ဖက်ကို ကိုင်လိုက်ရာ" "အား မကိုင်နဲ့ မကိုင်နဲ့။ ကျွန်တော့်ကိုထူရင် ချိုင်းကမပြီး ထူပေး" ဟုပြောလေ၏။
သူဌေးကြီးတပည့်လည်း ထိုလူပြောသည့်အတိုင်း ချိုင်းကမပြီးထူပေးလိုက်လေ၏။ သို့သော် လက်နှစ်ဖက်က မြောက်မြဲအတိုင်းမြောက်နေ၏။ "ခင်ဗျားလက်နှစ်ဖက်က ချလို့မရဘူးလား အကြောကပ်နေတာလား။" "မဟုတ်ဘူး၊ ကျွန်တော် သေတ္တာဝယ်မလို့ မြို့ပေါ်တတ်လာတာ၊ အဲဒါအိမ်က သေတ္တာအဟောင်းအတိုင်းကို လက်နှစ်ဖက်နဲ့ တိုင်းလာခဲ့တာ၊ မတော်တဆ ချော်လဲပြီး မိတ်ဆွေရောက်လာပြီး ထူပေးတာ ကျေးဇူးတင်ပါတယ်။"
သူဌေးကြီးတပည့်လဲ ထိုသူနံမည်မေး၍ လူမိုက်နံပါတ် (၅)အဖြစ် သတ်မှတ်လိုက်လေသည်။ ပြီးတော့ သူဌေးကြီးတပည့်လည်း ရွာထဲသို့ဝင်လာလေ၏။

လမ်းခရီးတွင် လူနှစ်ယောက်ငြင်းခုန်နေသည်ကိုတွေ့ရ၍ အကြောင်းစုံကိုမေးကြည့်၏။ "ကျွန်တော် ကပြောတယ်၊ ငွေထုပ်ကောက်ရရင် ခရီးကအတူတူ ထွက်လာတာမို့ တစ်ယောက်တစ်ဝက် ပိုင်သင့်တယ်လို့" "မဟုတ်ဘူး မဟုတ်ဘူး ငွေထုပ်ကို အရင်တွေ့တဲ့လူက ပိုပြီးရသင့်တာပေါ့၊ မဟုတ်ဘူးလားဗျာ" "နေပါဦး ခင်ဗျားတို့က အဲဒီငွေထုပ်ကို ကောက်ရထားလို့လား" "မကောက်ရပါဘူးဗျာ၊ ကောက်ရခဲ့ရင် ဆိုပြီး ငြင်းခုန်နေကြတာပါ"
ချက်ချင်းပင် ထိုသူနှစ်ယောက်၏ နံမည်များမေးပြီး စာရင်းသွင်းလိုက်၏။ လူမိုက်နံပါတ်(၆) နှင့် လူမိုက်နံပါတ်(၇) ဟု စာရင်းမှတ်လိုက်၏။

ထိုနောက် သူဌေးကြီးတပည့်လည်း အကြောင်းအရာ အဖြစ်အပျက်များနှင့် တကွလူမိုက် (၇)ဦး၏ နာမည်စာရင်းများ ကိုပေးအပ်လိုက်လေ၏။

သူဌေးကြီးလည်း သူတပည့်တင်ပြသော စာရင်းအားကြည့်၍ "ငါကောက်ခိုင်းတာက ဆယ်ဦးကွ၊ မင်းကောက်ခဲ့တာ ခုနှစ်ဦးပဲရှိသေးတယ်၊ သုံးဦးလိုသေးတာပဲ။"

"ဆယ်ဦးပြည့်ပါတယ် သူဌေးမင်း၊ ကျန်တဲ့ သုံးဦးက ၊ ဘာမှ အရည်မရအဖတ်မရ လူမိုက်စာရင်းကောက်ခိုင်းတဲ့ သူဌေးမင်းနဲ့ လူမိုက်စာရင်း လိုက်ကောက်တဲ့ ကျွန်တော်ရယ်၊ ဘာမှ အရည်မရအဖတ်မရ ဘာဗဟုသုတမှ မရှိတဲ့ ဒီပိုစ့်ကို ဖတ်တဲ့လူရယ်ပေါင်းလိုက်ရင် ဆယ်ဦးပြည့်တာပေါ့ သူဌေးမင်းရယ်တဲ့၊"

ရန်ကင်းသား
Viewing all 1811 articles
Browse latest View live