Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
မြန်မာနိုင်ငံရေး စင်မြင့်ပေါ်က ပါဝါ လွန်ဆွဲပွဲ (၂)
$
0
0
Voice of James Mint's photo.
ဆိတ်ဖွားကိစ္စကို ပြန်ကြည့်မယ်ဆိုရင်လည်း ဆိတ်ဖွားရေးခဲ့တဲ့ ဆောင်းပါးကို အရေးယူ ဆောင်ရွက်နိုင်ရန် အရေးကြီး အဆိုတစ်ရပ်ကို ကမာရွတ်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းလိုက်တာ တွေ့ရပါမယ်....... ထို့အတူပဲ ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှုကိုကန့်ကွက်တဲ့အဆိုကို တနိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက အရေးကြီး အဆိုအနေနဲ့ တင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်......
ပြန်ကြည့်မယ်ဆိုရင်တော့ အဲ့ဒိ အဆိုနှစ်ခုဟာ များစွာ အရေးပါသည် မပါသည် ဆိုတာထက် အရေးကြီး အဆို ဆိုတဲ့လုပ်ပိုင်ခွင့်ကို သုံးသွားတာ တွေ့ရပါတယ်....... အဲ့ဒိအဆိုတွေဟာ အရေးကြီး အဆိုနဲ့ ငြိသလား၊ မငြိသလားကတော့ ဘယ်သူဆုံးဖြတ်မယ် မသိပေမယ့် ထစ်ခနဲဆိုတိုင်းမှာ အရေးကြီးအဆို အရေးကြီးအဆို ဆိုတာကို လက်နက်သဖွယ် ကိုင်သုံးသွားတာ တွေ့ရတယ်...... နောက် အဲ့ဒိ အရေးကြီး အဆိုတိုင်းဟာ လက်ရှိအစိုးရကို တိုက်တဲ့အဆိုတွေ ဖြစ်နေပြန်တာလည်း တိုက်ဆိုင်မှုလို ဖြစ်နေလေ့ရှိတယ်......
အခုနောက်ဆုံး ခြေလှမ်းဖြစ်တဲ့ ကာလုံအစည်းအဝေးဟာ အတော်လေး အရေးပါပါတယ်....... နိုင်ငံအတွက် အထူးတလည် အရေးတကြီး ဆွေးနွေးစရာ အခြေအနေမရှိပေမယ့် ကာလုံကို ပြန်ခေါ်ဖို့ အဆိုတင်သွင်းခြင်းဟာ ပြည်သူ့လွှတ်တော် ဥက္ကဌရဲ့ ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှုကို ဟန့်တားခြင်းဆိုတဲ့ မအောင်မြင်ပဲ ရှုံးနိမ့်ခဲ့တဲ့ ခြေလှမ်း ပူပူနွေးနွေးလေး လှမ်းပီးခါစပါ........ ကာလုံကနေ ဖြစ်ပေါ်လာမယ့် ရလာဘ်တွေကတော့ စောင့်ကြည့်ဖို့ပဲ ရှိမယ်.....
ဒီနေရာမှာ ၂၀၁၅ သမ္မတအဖြစ် ပြန်အရွေးခံခဲ့ရင် လူကြိုက်များနေတဲ့ လက်ရှိသမ္မတ ဦးသိန်းစိန်ရဲ့ အနေအထားကို ပြန်ကြည့်ကြည့်မယ်..... ၂၀၁၀ ရွေးကောက်ပွဲအပြီး အငြင်းပွားဖွယ် ရလာဘ်နဲ့ ကြံ့ဖွံ့ကြီးစိုးတဲ့ လွှတ်တော်ကနေ ရွေးချယ်လိုက်တဲ့ ဦးသိန်းစိန် အစိုးရဟာ လူကြိုက်များမှု၊ ရေပန်းစားမှု အရမ်းနည်းခဲ့ပီး ပြည်တွင်း၊ ပြည်ပက အဝတ်လဲ အစိုးရ တစ်ရပ်လို့ပဲ မှတ်ထင်ခဲ့ကြတယ်.....
အထူးသဖြင့် ဦးသန်းရွှေ အစိုးရကနေ ၂၀၁၀ အစိုးရကို လက်လွဲခဲ့စဉ်မှာ အစိုးရတစ်ရပ်အနေနဲ့ ဘတ်ဂျက်အဖြစ် 0 Balance သာသာကနေ ရုန်းကန်လာတာတွေ၊ အရပ်ဖက် အုပ်ချုပ်မှုကို စစ်ဖက်အုပ်ချုပ်မှုက လက်သင့်ခံနိုင်အောင် ကြိုးစားလာတာတွေ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ညှိနှိုင်းဆွေးနွေးတာတွေနဲ့ တဖြည်းဖြည်းခြင်း ဒီမိုကရေစီ ခေါင်းစဉ်အောက်က အဓိကကျတဲ့ အတိုက်အခံတွေကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုခြင်း၊ စာပေ၊ စာနယ်ဇင်းနဲ့ ရုပ်ရှင် ဂီတမှာပါ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ စာပေကင်ပေတိုင်ကို ဖယ်ရှားနိုင်ခြင်း စတာတွေနဲ့ နိုင်ငံတကာရဲ့ အာရုံပြုမှုကို တော်တော်လေး ရယူနိုင်ခဲ့ပါတယ်.......
သိသာ မြင်သာတဲ့ ပြောင်းလဲမှုတွေကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည်ဖွင့်လှစ်ခဲ့တာမှာ အနောက်နိုင်ငံတွေက အရင်ဦးဆုံးပြန်လာတယ်လို့ပဲ ပြောရပါမယ်..... မြစ်ဆုံကို ဝိုင်းဝန်းကန့်ကွက်တဲ့ ပြည်သူရဲ့ သဘောထား၊ မြစ်ဆုံကို ရပ်ဆိုင်းထားတဲ့ အစိုးရအသစ်ရဲ့ သဘောထားဟာ အနောက်နိုင်ငံတွေကို မီးစိမ်းပြစေတဲ့ အချက်တွေထဲမှာ ပါဝင်ပါတယ်....
အထူးသဖြင့် တရုတ်လက်အောက်ကို ပါလုနီးနီးဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံသားနဲ့ အစိုးရ သဘောထားကို ကွက်ကွက်ကွင်းကွင်း သိသွားတဲ့အတွက် အမြန် ဝင်လာတဲ့ အနောက်နိုင်ငံနဲ့ အဖွဲ့အစည်းတွေ တော်တော်များခဲ့ပါတယ်........ သိရသလောက်ကတော့ ဂျပန် အမတ်တွေ၊ အမေရိကန် အမတ်တွေ၊ အမေရိကန် စစ်ဖက် အဆင့်မြင့် အရာရှိကြီးတွေ၊ ကမ္ဘာ့ဘဏ် အကြီးအကဲတွေ၊ ယူဂို၊ နော်ဝေး နောက်ဆုံး အမေရိကန်က ဟီလာရီကလင်တန် အပါအဝင် အဆင့်မြင့် သံ တွေနေပြည်တော်ကို ခြေဦးလှည့်ခဲ့ကြတာ NLD ကြားဖြတ် ဝင်မယ် မဝင်ဘူး မသေခြာခင်ကတည်းက ဖြစ်နေပါတယ်..... နိုင်ငံတကာရဲ့ အမြင်မှာ လက်ရှိအစိုးရရဲ့ ပုံရိပ်မြင့်တက်လာတယ်လို့ သုံးသပ်လာရပါတယ်.....
ပြည်သူတွေဘက်က ကြည့်ရင် အရင်က လွတ်လပ်ခွင့်မရှိတာကနေ ရရှိလာတဲ့ လွတ်လပ်ခွင့်တွေ၊ အလုံးစုံ အစစ အရာရာ ချုပ်ကိုင်ထားခြင်းကနေ ပြေလျော့လာတာတွေ အစရှိတဲ့ ပြောင်းလဲမှုတွေ မြင်လာတဲ့အတွက် အမြင်တွေ ပြောင်းလာပါတယ်...... အထူးသဖြင့် လူထုကြား လုံးဝရေပန်းမစား၊ မျှော်လင့်ချက်လည်း မပေးထားတဲ့ အစိုးရ တစ်ရပ်ရဲ့ ကားဈေးတွေ မတန်တဆ ဖြစ်နေတာကို ချပစ်တာမှသည် အဓိက ကြတဲ့ ဆက်သွယ်ရေး လုပ်ငန်းပိုင်းကို လူထု အသုံးများအောင် ချုပ်ကိုင်မှုတွေ ဖြေလျော့ပစ်ခဲ့ခြင်းနဲ့ အမှတ်တွေ ယူလာတဲ့အတွက် လက်ရှိ သမ္မတအပေါ် လူထုအမြင် ပြောင်းလဲမှုတွေ ဖြစ်လာခဲ့တာ ငြင်းလို့မရပါဘူး........
ဒါကြောင့် ၂၀၁၅ မှာ ဦးသိန်းစိန် ပြန်လည်အရွေးခံခဲ့မယ်ဆိုရင် သမ္မတရာထူးအတွက် အဆိုတင်သွင်းချိန်မှာ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဌထက် အလေးသာနေပါတယ်..... ဒေါ်စု သမ္မတဖြစ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက တားမြစ်ချက် ဖြစ်နေပေမယ့် ဘယ်အတားအဆီးမှ မရှိတဲ့ တစ်ပါတီထဲက ပြည်သူ့လွှတ်တော် ဥက္ကဌနဲ့ လက်ရှိသမ္မတတို့အတွက်တော့ ၂၀၁၅ သမ္မတရာထူးဟာ အကြိတ်အနယ် ဖြစ်ဖွယ်ရှိပါတယ်........
ဒီအတွက် ဦးသိန်းစိန် ၂၀၁၅ မှာအရွေးမခံရအောင် လုပ်ဆောင်ချက်အနေနဲ့ သူ့ရဲ့ မိခင် ကြံ့ဖွံ့ပါတီကနေ ထုတ်ပယ်ပလိုက်တာက ပထမအဆင့်၊ ဥက္ကဌ ရာထူးကို Take Over ယူလိုက်တာက ဒုတိယအဆင့်နဲ့ အခုနောက်ဆုံး ကြံ့ဖွံ့ ပါတီကနေ သမ္မတအဖြစ် အရွေးမခံတော့ပါဘူးဆိုတဲ့ ခံဝန်ကတိက တတိယအဆင့် ၂၀၁၅ သမ္မတပြိုင်ပွဲကနေ ပထုတ်ခြင်းလို့ပဲ မြင်ပါတယ်.......
တစ်ပါတီတွင်း မြွေမြွေခြင်း ခြေမြင်တဲ့အနေနဲ့ လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တွေလို့ ပြောလို့ရပေမယ့် ဒါတွေဟာ စိတ်ချရမယ့် ချည်နှောင်ကြိုးတွေတော့ မဟုတ်ပါဘူး...... ဘာကြောင့်လည်းဆိုတော့ လက်ရှိသမ္မတ ဦးသိန်းစိန်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ကြံ့ဖွံ့ပါတီအနေနဲ့ ဝင်မပြိုင်ပဲ တစ်သီး ပုဂ္ဂလသော် လည်းကောင်း၊ ပါတီတစ်ခုခု ထောင်ပြီးတော့သော်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ၂၀၁၅ သမ္မတ ရွေးကောက်ပွဲအတွက် မှန်းထားသူအနေနဲ့ ရတက်မအေးစရာ ဖြစ်လာပါလိမ့်မယ်......
ဒီအတွက် ၂၀၁၅ ဦးသိန်းစိန် ထပ်အရွေးမခံရစေဖို့ စိတ်အချရဆုံး နည်းလမ်းကတော့ နိုင်ငံရေးလောကကနေ နာမည်သတ်ခြင်းပဲ ဖြစ်ပါလိမ့်မယ်...... ဒီလိုဖြစ်စေဖို့ကလည်း လက်ရှိ ဖြစ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေက အကောင်းဆုံး လုပ်ကွက်တွေ ဖြစ်နေပြန်တယ်...... ၂၀၀၄ နောက်ပိုင်း ဦးသန်းရွှေ အစိုးရမှသည် ၂၀၁၀ ဦးသိန်းစိန် အစိုးရ အာဏာရလာစကနေ အခုအချိန်ထိ မပြောင်းလဲတာကတော့ အစိုးရ ယန္တရားပါပဲ....... အဲ့ဒိ အစိုးရ ယန္တရားထဲမှာ သူ့လူ၊ ကိုယ့်လူ၊ စာဖတ်နေသူကြီးလူ စတဲ့ ရောရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်....... နိုင်ငံ့အတွက်ထက် ကိုယ်ကျိုးအတွက်ကို ဦးတည်သူတွေ ရှိနေတာတွေ၊ ဘက် အတွက် ကဖျက်ကယက် လုပ်နေတာတွေဟာ လက်ရှိအစိုးရကို ထိုးနှက်လို့ အကောင်းဆုံးသော နိုင်ငံရေး လက်သီးတွေပဲ......
ဒီအတွက် ၂၀၁၅ သမ္မတရာထူးအတွက် ယှဉ်ပြိုင်မှုတွေက ကာလုံအစည်းအဝေးခေါ်ဖို့ ပြင်တာမှသည် ခံဝန်ကတိ ထိုးလိုက်ရသည်အထိ ဆိုတော့ တော်တော်လေး ပြင်းထန်လာဖို့ ရှိတယ်...... အခန့်မသင့်ရင် လက်ရှိအစိုးရကိုပါ ပြုတ်ကျအောင် လုပ်လာမယ့် ကိစ္စတွေ ဖြစ်လာနိုင်တဲ့အတွက် တစ်ချို့ ပဋိပက္ခတွေမှာ နောက်ကွယ်က လက်သည် တရားခံကို ခပ်ကြမ်းကြမ်း ကိုင်တွယ်လိုက်ဖို့အထိ လိုမယ်လို့ မြင်မိပါတယ်.....
လက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အနေနဲ့ ကြံ့ဖွံ့ပါတီကနေ ဝင်ရောက်အရွေးမခံပါဘူးလို့ ခံဝန်ထိုးလိုက်တာကို သိရတဲ့အတွက်တော့ ဝမ်းသာမိပါတယ်....... ဘာကြောင့်လည်းဆိုတော့ တကယ်လုပ်နေသူတစ်ယောက်နဲ့ နာမည်ပျက်နဲ့ ကဖျက်ကယက်များတဲ့လူတွေ စုနေတဲ့ အဖွဲ့အစည်းကို သီးသီးသန့်သန့်ခွဲမြင်ချင်နေနတဲ့ ပြည်သူလူထုအတွက် ရေကန်အသင့် ကြာအသင့် ဖြစ်သွားတာပါပဲ.......
လက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အနေနဲ့ ၂၀၁၅ ကို ဝင်မပြိုင်တော့ဘူး ဆိုရင်တော့ ၂၀၁၅ အတွင်း လက်ရှိအနေအထားကနေ နိုင်ငံကို တည်ငြိမ်အောင်၊ ပြည်သူလူထု အကျိုးကို ရှေးရှုလုပ်ဆောင်သွားတာတွေများရင် အနိုင်နဲ့ ပိုင်းသွားတယ်လို့ပဲ ပြောရမှာပါ...... တကယ်လို့ ၂၀၁၅ အတွက် ကြံ့ဖွံ့နဲ့မဆိုင်ပဲ ကိုယ်ပိုင်ပါတီဖြစ်ဖြစ်၊ တစ်သီး ပုဂ္ဂလအဖြစ်နဲ့ပဲ ဖြစ်ဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင်လက်ရှိ လုပ်ဆောင်မှုတွေကြောင့် နိုင်ငံတကာအမြင်နဲ့ ပြည်သူလူထုကြား ရေပန်းစားမှုတွေ ရှိနေတဲ့ ဦးသိန်းစိန်ရဲ့ Image ဟာ တခြား သမ္မတဖြစ်ချင်သူတွေကြားမှာ နှစ်တစ်ဖြားသာနေတဲ့အတွက် ၂၀၁၅ မတိုင်ခင်မှသည် ရွေးကောက်ပွဲအလွန် သမ္မတရွေးပြီးတဲ့အချိန်အထိ မြန်မာနိုင်ငံရေး ပါဝါလွန်ဆွဲပွဲ တော်တော် ပြင်းထန်လာပါလိမ့်မယ်.........
ကျွန်တော့် ပုဂ္ဂလိက အမြင်အရတော့ လက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အနေနဲ့ နာမည်ပျက်နေတဲ့ ကြံ့ဖွံ့ကနေ နှုတ်ထွက်လိုက်ပီးတော့ ကိုယ်ပိုင်ပါတီမထောင်တောင် အနည်းဆုံး တစ်သီးပုဂ္ဂလအနေနဲ့ ၂၀၁၅ ကို ပြန်ဝင်သင့်တယ်လို့ မြင်ပါတယ်..... ဘာလို့လည်းဆိုတော့ မြန်မာပြည် ဒီထက် ပိုပီး တိုးတက်စေဖို့က ကောင်းသထက်ကောင်းတဲ့ ခေါင်းဆောင်ပိုင်းတွေ တက်လာမှ၊ အုပ်ချုပ်မှ ဖြစ်မှာပါ....... နဂိုကတည်းက နာမည်ဆိုးနဲ့ ခေါင်းဆောင်တွေ တက်လာပီး ၂၀၁၅ ကို Take Over ယူသွားမယ်ဆိုခဲ့ရင် လက်ရှိ ကြိုးပန်းမှုတွေ အလဟဿ ဖြစ်သွားမယ်လို့ မြင်မိပါတယ်..... ဒါကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အနေနဲ့ ၂၀၁၅ အတွက် ခြေလှမ်းသစ် စသင့်တယ်လို့ အကြံပြုလိုပါတယ်.......
ကျန်တဲ့ အဖြစ်အပျက်တွေကတော့ ပိတ်ကားပေါ်မှာပဲ စောင့်ကြည့်ရမယ်လို့ ထင်ပါတယ်...... ဘယ်လိုပဲ ပါဝါလွန်ဆွဲပါစေ ၂၀၁၅ ရွေးကောက်ပွဲအပြီးအထိ နိုင်ငံကို အေးအေးချမ်းချမ်းနဲ့ ပြည်သူလူထု မစိုးရိမ် မပူပန်ရအောင် အုပ်ချုပ်သွားဖို့လည်း လက်ရှိအစိုးရကို တိုက်တွန်းလိုက်ရပါတယ်...... ပြည်သူတစ်ယောက်အနေနဲ့ကတော့ ဘယ်သူပဲ တိုင်းပြည်အုပ်ချုပ် အုပ်ချုပ်၊ ကောင်းအောင်လုပ်ပေးရင် ကျေနပ်တဲ့ မြန်မာလူမျိုးထဲမှာ ကျွန်တော်လည်း ပါပါတယ်...... ဒီအတွက်ကြောင့်၂၀၁၅ သမ္မတရာထူးအတွက် ပါဝါလွန်ဆွဲတာမှာ တိုင်းပြည်မနာဖို့ ဦးစားပေးပါလို့ပဲ ပြည်သူတစ်ဦးအနေနဲ့ မေတ္တာရပ်ခံလိုပါတယ်.......
မှတ်ချက် ။ ။ Tempo ချထားပါတယ်...... ဖြစ်ပျက်လာတဲ့ ကိစ္စရပ်တွေအပေါ်မှာ မြင်တွေ့ရတာတွေကို ရေးပါတယ်....... Assumption များလည်း ပါတဲ့အတွက် အကုန်မှန်တယ်လို့ တစ်ထစ်ချ မယူဆစေချင်ပါ...... ကျေးဇူးတင်ပါတယ်.....
မြန်မာနိုင်ငံရေး စင်မြင့်ပေါ်က ပါဝါ လွန်ဆွဲပွဲ (၁)
http://www.facebook.com/photo.php?fbid=152053278318524
မြန်မာနိုင်ငံရေး စင်မြင့်ပေါ်က ပါဝါ လွန်ဆွဲပွဲ (၁)
$
0
0
၂၀၁၅ ရောက်ခါနီးတော့ ထိုင်ခုံမှန်းသူတွေရဲ့ တိုက်ပွဲက ကြမ်းသထက် ကြမ်းလာတယ်ပဲ ဆိုရမယ်..... ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ကြည့်ရင်တော့ ပါဝါ လွန်ဆွဲပွဲရဲ့ အဖြစ်အပျက်တွေကို ပြန်မြင်ရမယ်..... သေခြာတာတော့ ကြံ့ဖွံ့ပါတီတွင်း ပါဝါလွန်ဆွဲပွဲရဲ့ ပြင်းထန်မှု မြင့်တက်လာခြင်းနဲ့အတူ အတိုက်အခံ NLD ရဲ့ နိုင်ငံရေး ခြေစွာနေမှုကို ရပ်တန့်သွားစေတဲ့ အခြေအနေ ဖြစ်နေစေခဲ့တယ်...... ပိုဆိုးရွားတာကလည်း NLD ဟာ လူကြိုက်နည်းစေမယ့် လုပ်ရပ်တွေကို ယခင်ကထက် ပိုမိုလုပ်လာခဲ့တယ်......
ဒါကြောင့် ၂၀၁၅ မှာ လွှတ်တော်တွင်း ညွန့်ပေါင်းပဲ မြင်ရမယ့် အခြေအနေရှိလို့ သမ္မတရာထူး မှန်းထားတဲ့ ဒေါ်စုနဲ့ ဦးရွှေမန်းကိုယ်တိုင် ညွန့်ပေါင်းစကားကို ထုတ်သုံးလာတာ၊ အရိပ်အမြွက်တွေ ပြောလာတာကို မြင်ရတယ်...... ဒါပေမယ့်လည်း ဘယ်လိုပဲ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖြစ်ပါစေ အဓိက သမ္မတ ရာထူးအတွက် ပြိုင်ဆိုင်မှုကတော့ အတော်လေး ကြမ်းတမ်းတယ်လို့ပဲ ဆိုရမယ်.......
၂၀၁၅ မှာ သမ္မတ ဖြစ်နိုင်ခြေရှိတဲ့ ၁ ပြေးနေတဲ့ သုံးယောက်ကတော့ ဦးသိန်းစိန် (ပြန်လည်အရွေးခံခြင်း)၊ ဒေါ်စု နဲ့ ဦးရွှေမန်း....... ဦးရွှေမန်းရဲ့ ၂၀၁၅ သမ္မတ ရာထူးအတွက် ဦးတည်လုပ်ရှားမှုတွေကို ပြန်ကြည့်မယ်ဆိုရင် ထင်သာမြင်သာ ရှိစေတာက ပြည်ထောင်စု လွှတ်တော်မှာ ဖေဖော်ဝါရီလ ၇ ရက် ၂၀၁၂ ရက်နေ့က အဆိုတင်ခဲ့တဲ့ ဝန်ထမ်းတွေ လစာတိုးမြင့်ဖို့ ကိစ္စ......
အချို့တွေကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ မဲများများရစေဖို့ လှုပ်ရှားမှုလို့ သုံးသပ်ကြတယ်...... ဒါပေမယ့် ဒီလုပ်ရပ်ဟာ လွှတ်တော် ဥက္ကဌ တစ်ယောက်က လက်ရှိအစိုးရရဲ့ လုပ်ဆောင်ရမယ့် တာဝန်ကို ဝင်စွက်ဖက်လိုက်တဲ့သဘော ဖြစ်နေတယ်..... တကယ်တန်း လွှတ်တော် ဥက္ကဌ တစ်ယောက်အနေနဲ့ တိုက်တွန်းရမယ့်အစား အဆိုတင်သွင်းလိုက်တဲ့အထိ ဖြစ်သွားခဲ့တာ စဉ်းစားစရာ ဖြစ်လာတယ်....တနည်းအားဖြင့်တော့ ယခင် တပ်ထဲက အပေါ်၊ အောက် ဆက်ဆံရေးလက်ကျန်လို့ ထင်စရာ ဖြစ်လာတယ်.....
ဒီလို အားပြိုင်မှုတွေ ရှိနေတဲ့ အတွက်ကြောင့်များ ၂၀၁၂ ဇူလိုင်လ ၁၄ ရက်နေ့မှာ လုပ်တဲ့ ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ပေးပို့တဲ့ သဝဏ်လွှာမှာ ပါရှိတဲ့အကြောင်းအရာဖြစ်သောသဘောထား တင်းမာသူလို့ နာမည်ထွက်တဲ့ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အနားယူသွားတာလားလို့ မေးစရာဖြစ်လာတယ်.....
ပြည်သူ့လွှတ်တော် ဥက္ကဌရဲ့ ဝန်ထမ်းလစာတိုးဖို့ အဆိုထဲမှာပါတဲ့ အင်မတန်မှကို ကောင်းမွန်တဲ့ အချက်တွေကတော့ နိုင်ငံတော်အတွင်း ယခင်အစိုးရလက်ထက် လုပ်ဆောင်ခဲ့တဲ့ အကျိုးမရှိသော စီမံကိန်းများ စာရင်းပါပဲ..... အလေအလွင့် ဘယ်လောက်ရှိတယ်၊ အကျိုးဖြစ်ထွန်းမှု ဘယ်လောက် ရာခိုင်နှုန်းပဲ ရှိတယ်နဲ့ တွက်ချက် တင်ပြလာတဲ့ အဲ့ဒိ အဆိုထဲက အစိတ်အပိုင်းတွေဟာ နိုင်ငံအတွက် တကယ့်ကို အရေးပါတဲ့ ကိစ္စတွေ ဖြစ်နေပေမယ့် လွှတ်တော်မှာ ဘယ်သူမှ အရေးတယူလုပ် ပြန်လည် အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း မရှိတာကိုလည်း တွေ့ရပြန်တယ်.....
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းရဲ့ အစိုးရလုပ်ဆောင်ရမယ့် ဝန်ထမ်း လစာတိုးခြင်းကိစ္စကို ဝင်ရောက်စွက်ဖက်မှု လအနည်းငယ် မြောက်မှာတော့ တိတိကျကျဆိုရရင် သြဂုတ်လ ၇ ရက် ၂၀၁၂ မှာ တရားဥပဒေ စိုးမိုးရေး ကော်မတီကို ဖွဲ့စည်းခဲ့တယ်..... အတိုက်အခံခေါင်းဆောင် ဒေါ်စုကို ဦးဆောင်ခိုင်းတဲ့ အဆိုပါ ကော်မတီဟာ ပြည်သူ့လွှတ်တော် ဥက္ကဌကို တာဝန်ခံရပါတယ်.......
အခြားသော ကော်မတီတွေနဲ့ မတူညီတဲ့ တရားဥပဒေ စိုးမိုးရေး ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေဟာ လက်ရှိ အစိုးရကို ကောင်းကောင်းထိုးနှက်ဖို့ ပြဌာန်းထားတဲ့ တာဝန်တွေနဲ့ အဖမ်းအဆီး၊ အချုပ်အနှောင်မှ ကင်းလွတ်ခွင့်ပေးထားတဲ့ အခွင့်အရေးတွေ အပြည့်ပါဝင်နေပါတယ်....... ဒါကြောင့် တရားဥပဒေ စိုးမိုးရေး ကော်မတီဖွဲ့စည်းခြင်း နောက်ကွယ်က အကြောင်းအရာတွေဟာ အတော့်ကို စိတ်ဝင်စားစရာ ကောင်းနေခဲ့တယ်...... အခုဆိုရင် တရားဥပဒေ စိုးမိုးမှု ကော်မတီသက်တန်း ကုန်ဆုံးတော့မှာ ဖြစ်တော့ ဘာဆက်လုပ်မလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်.....
နောက်တစ်ချက်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်နေတဲ့၊ တနည်းအားဖြင့် လွှတ်တော် ဥက္ကဌကို လုပ်ပိုင်ခွင့် အများစုပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေကြမ်း...... လွတ်လပ်တဲ့ တရားစီရင်မှုကို ထိခိုက်စေမယ်လို့ နိုင်ငံတော် သမ္မတက မှတ်ချက်ပြုပေးထားတဲ့ အဲ့ဒိ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်တာ သမ္မတအဆို ရှုံးနိမ့်သွားပြီး အဲ့ဒိဥပဒေဟာ ၂၀၁၃ ဇန်နဝါရီလမှာ အတည်ဖြစ်သွားခဲ့ပါတယ်.......
၂၀၁၂ ဖေဖော်ဝါရီလက တင်သွင်းခဲ့တဲ့ ဝန်ထမ်းတွေ လစာတိုးဖို့ အဆို ရှုံးနိမ့်သွားတဲ့ နောက်မှာ နောက်ထပ် ခြေလှမ်းဖြစ်တဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီဟာ ထင်သလောက် ခြေပေါ်အောင် မကစားနိုင်တဲ့အတွက် ခုံရုံးဥပဒေကို ခြေစွာစွာနဲ့ ကစားခဲ့တာကို သမိုင်းတွေ ပြန်ကြည့်ရင် တွေ့ပါလိမ့်မယ်.......
မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ဥပဒေများစွာ ရှိနေတယ်၊ အရေးကြီး လုပ်ဆောင်ရမယ့် ကိစ္စတွေ အများကြီး ရှိနေတဲ့အထဲကမှ ခုံရုံးဥပဒေကို အသည်းအသန် ပြဌာန်းခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းခြင်းရာတွေ များစွာ ရှိနေပါလိမ့်မယ်....... အဆိုပါ ခုံရုံး ဥပဒေ ကိစ္စကြောင့်ပဲ လူအများစု ပြောစမှတ်ပြုလာခဲ့ရတဲ့ ဆိတ်ဖွားကော်မတီ ဖြစ်လာတာပါပဲ........
ဒေါက်တာ ဆိတ်ဖွားကို ဘာကြောင့် ဖမ်းဖို့ ဦးတည်လာခဲ့သလဲ စဉ်းစားစရာ အချက်တွေကတော့ အစောပိုင်းက အင်တာဗျူးတွေမှာ အချို့သော လွှတ်တော်အမတ်တွေ ထုတ်ဖော်ပြောဆိုချက်များအရ သူတို့ရဲ့ သံသယဟာ နိုင်ငံတော် သမ္မတရုံး (ဒါမှမဟုတ်) အစိုးရရဲ့ ထောက်ခံအားပေးမှု ရှိသူလို့ ယူဆထားတဲ့အကြောင်းက အဓိက ဖြစ်နေပါတယ်...... ဒေါက်တာ ဆိတ်ဖွားရဲ့ အင်တာနက်ပေါ်က ဆောင်းပါးလေးဟာ လွှတ်တော်တစ်ရပ်လုံးကို ဘာမှထိခိုက်စေတာ မဟုတ်ပါဘူး......
ဒါပေမယ့် ဒေါက်တာဆိတ်ဖွားရဲ့ နောက်ကွယ်နဲ့ အဖွဲ့အစည်းဆိုတဲ့ဟာကို Assumption ယူလိုက်တဲ့အချိန်မှာ ဆိတ်ဖွားကိစ္စဟာ လွှတ်တော်အတွက် တနည်းအားဖြင့် လွှတ်တော် ဥက္ကဌအတွက် အရေးကြီးနေပါပီ...... ပါဝါတောင့်တင်းတဲ့ လူနှစ်ဦးရဲ့ အားပြိုင်မှုလို့ ရှုမြင်လိုက်တဲ့အတွက် ဆိတ်ဖွားကိစ္စကို အပြင်းအထန် လိုက်လံစုံစမ်းခြင်းပဲ ဖြစ်ပါတယ်......
အဆိုပါ ပြိုင်ဆိုင်မှုရဲ့ သက်သေတစ်ခု ဖြစ်စေတာကတော့ ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်ဖို့ ရက် ကပ်နေချိန်မှ အော်ပရေတာ ရွေးခွင့်ကို ပိတ်ပင်ဖို့ လုပ်လာတဲ့ လွှတ်တော်ရဲ့ လုပ်ရပ်ပါပဲ....... မြန်မာ့ဆက်သွယ်ရေးက ဆက်သွယ်ရေး ဥပဒေ မူကြမ်းကို ဇန်နဝါရီလ ၂၀၁၃ ခုနှစ်မှာ လွှတ်တော်ကို တင်ပြခဲ့ပေမယ့် အဲ့ဒိအချိန်မှာ လွှတ်တော်ဟာ သူတို့ အာဏာပိုထက်စေမယ့် ခုံရုံး ဥပဒေကြမ်းကိုပဲ မဲတင်းပြီး အလုပ်ရှုပ်နေခဲ့ပါတယ်.... ဒါကြောင့်လည်း မကြန့်ကြာသင့်တာတွေ ကြန့်ကြာခဲ့ပြီး အခုလို အနားနီးမှ တေ့ဖြုတ်တာတွေ ဖြစ်လာတာပါပဲ......
စစ်ကိုမုန်း၏ သို့သော်
$
0
0
Photo: စစ်ကိုမုန်း၏ သို့သော် -------------- “  စစ်ကိုမုန်း၏ သို့သော် ”    စစ်ဆိုသည်က၊ ဘယ်ကာလမှ    လှပညင်သာ၊ လူတို့ရွာထွက်    သာယာမှု မရှိတကား။    စစ်ကြောင့်လူတွေ၊ ဒုက္ခဝေ၏    ကျေကြသေကြ၊ ငိုကြွေးရနှင့်    အလှဘယ်မှာ ရှိမည်နည်း။  မြေလတ်မာဟာနိုင်၏ စစ်ကိုမုန်း၏ သို့သော် ကဗျာကိုဖတ်နေရင်း စာအုပ်ကိုခဏချ အဝေးကိုငေးမျှော်ရင်း ရင်ထဲမှာ အတွေးတွေ၊ ခံစားချက်တွေက တစ်ခုပြီးတစ်ခု ၀င်လာသည်။  စစ်..စစ်..စစ်  စစ်ဆိုတာ ပန်းတွေနဲ့ ပေါက်တာမဟုတ်ပါ။  ပြီးတော့ လူ လူချင်း သူ့အသက်ကိုယ်သတ်၊ ကိုယ့်အသက်သူသတ် သတ်နေရတဲ့ပွဲကြီး။  စစ်တစ်ခုဖြစ်လာပြီဆိုရင် အသက်တွေပေးဆပ်ရတယ်။ အိုးအိမ်တွေ ဆုံးရှုံးရတယ်။  စစ်ပွဲဖြစ်ရာ ဒေသရဲ့ ဒေသခံတွေ ခါးသီးတဲ့ဘ၀တွေကို ခံစားရတယ်။  နပိုလီယံဟာ သူ့တိုင်းပြည်အတွက် သူရဲကောင်းဖြစ်ပေမယ့် သိမ်းပိုက်ခံတိုင်းပြည်အတွက် လူဆိုးပါ။  အဖွဲ့တစ်ခုရဲ့ ခံယူချက်ကြောင့် စစ်ဖြစ်တယ်။ အဲဒီစစ်အတွက် သူ့အဖွဲ့မှာ သူရဲကောင်းစာရင်း ၀င်နိုင်ပေမယ့် တစ်ဘက်ကတော့ သူပုန်ပဲ။  ကမ္ဘာပေါ်မှာ နိုင်ငံတွေရှိနေသ၍ အစွန်းရောက်သူတွေရှိနေသ၍ စစ်ပွဲတွေဖြစ်နေမယ်။  အဲဒီစစ်ပွဲတွေ၊ မတရားမှုတွေကို တွန်းလှန်ဖို့ စစ်တပ်ဆိုတာရှိနေမယ်။  စစ်တပ်ရှိနေရင် စစ်သားတွေရှိနေမယ်။  စစ်ပွဲတစ်ပွဲအတွက် ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း ဘယ်သူတွေ ဘယ်လောက်ထိထိ အရင်ဆုံးထိတွေ့ခံစားရတာ စစ်သားပဲ။  စစ်သားတွေလည်း စစ်ကို ပိုမုန်းပါလိမ့်မယ်။  “ သူ့ကိုကိုယ်သတ်၊ ကိုယ့်သူသတ်နှင့်    မအပ်ထိုရာ၊ ရွံ့မုန်းစွာဖြင့်    ရင်မှာမချိ နင့်တကား…။    ဘယ်အတွက်များ၊ သူတစ်ပါးကို    သင်ကားရက်စက်နေသနည်း။    အပြစ်မဲ့လူ၊ တိုင်းပြည်သူကို    ကူညီဖေးမ၊  သင်ပြုရမည်    သင်က မေ့စွလေ တကား…”  လူသားကောင်းကျိုး၊ အဖွဲ့ကောင်းကျိုးသယ်ပိုးရာမှာ လက်တွဲညီညီသယ်ပိုးမှဖြစ်မှာပါ။    လက်နက်ကိုယ်စီဖြင့် လုနေပြီဆိုရင်တော့ ကောင်းကျိုးတွေဖြစ်လာနိုင်မှာမဟုတ်ပါဘူး။  စစ်ပွဲတွေရှိနေသမျှ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးကအစ အရာအားလုံးဟာ စစ်ဘေးစစ်ဒဏ် ကြောင့် အမြဲနောက်ကျနေမှာပါ။  “ ပြန်လည်ထူထောင်ရေး ” ဆိုတာနဲ့ပဲ “ တိုးတက်သော ” အခြေအနေအထိရောက်လာတော့မှာ မဟုတ်ပါဘူး။  အတ္တတွေရှိနေသမျှကာလပတ်လုံး စစ်ဆိုတာရှိနေတယ်။  စစ်ရှိနေရင် ကိုယ့်မြေကိုယ့်ရေကိုယ့်လေ၊ ကိုယ့်လူမျိုးကို ကာကွယ်ဖို့ စစ်တပ်ဆိုတာရှိနေမယ်။  စစ်တိုက်တယ်ဆိုတာကလည်း မုန်းလို့တိုက်နေကြတာမဟုတ်ပါဘူး။  ဒီလူမျိုး၊ ဒီလူတွေမို့ဆိုတဲ့ အငြိုးတွေကြောင့် တိုက်နေကြတာမဟုတ်ပါဘူး။  ဘာပဲဖြစ်ဖြစ် စစ်သားကတော့ စစ်တိုက်ရတာပါပဲ…  အသက်တွေ ပေးဆပ်နေရတာပါပဲ…  “ ထို့ကြောင့်ပင်လျှင်    ငါသည် စစ်ကို မုန်း၏။    ငါသည် စစ်ကို ရွံ၏။    သို့သော်    နိုင်ငံအတွက်၊ ပြည်သူ့တွက်မို့    သင့်သက်သေသေ၊ ငါ့သက်သေသေ    မသွေစစ်ပွဲ နွှဲရမယ် ”  အော် စစ်သားတွေနွှဲတဲ့ စစ်ပွဲဟာ တစ်ဘက်သူက ရန်သူလို့ ဘယ်သို့ပဲဆိုစေဆိုစေ ကိုယ်နိုင်ငံ၊ ကိုယ်လူမျိုးအတွက် မှန်ကန်သောစစ်ပွဲတွေဖြစ်ပါစေ။  စစ်သားတွေနွှဲတဲ့စစ်ပွဲ တရားသော စစ်တွေဖြစ်ပါစေလို့သာ…။ ၃-၇-၂၀၁၃။
“ စစ်ကိုမုန်း၏ သို့သော် ”
စစ်ဆိုသည်က၊ ဘယ်ကာလမှ
လှပညင်သာ၊ လူတို့ရွာထွက်
သာယာမှု မရှိတကား။
စစ်ကြောင့်လူတွေ၊ ဒုက္ခဝေ၏
ကျေကြသေကြ၊ ငိုကြွေးရနှင့်
အလှဘယ်မှာ ရှိမည်နည်း။
မြေလတ်မာဟာနိုင်၏ စစ်ကိုမုန်း၏ သို့သော် ကဗျာကိုဖတ်နေရင်း စာအုပ်ကိုခဏချ အဝေးကိုငေးမျှော်ရင်း ရင်ထဲမှာ အတွေးတွေ၊ ခံစားချက်တွေက တစ်ခုပြီးတစ်ခု ၀င်လာသည်။
စစ်..စစ်..စစ်
စစ်ဆိုတာ ပန်းတွေနဲ့ ပေါက်တာမဟုတ်ပါ။ ပြီးတော့ လူ လူချင်း သူ့အသက်ကိုယ်သတ်၊ ကိုယ့်အသက်သူသတ် သတ်နေရတဲ့ပွဲကြီး။
စစ်တစ်ခုဖြစ်လာပြီဆိုရင် အသက်တွေပေးဆပ်ရတယ်။ အိုးအိမ်တွေ ဆုံးရှုံးရတယ်။ စစ်ပွဲဖြစ်ရာ ဒေသရဲ့ ဒေသခံတွေ ခါးသီးတဲ့ဘ၀တွေကို ခံစားရတယ်။
နပိုလီယံဟာ သူ့တိုင်းပြည်အတွက် သူရဲကောင်းဖြစ်ပေမယ့် သိမ်းပိုက်ခံတိုင်းပြည်အတွက် လူဆိုးပါ။
အဖွဲ့တစ်ခုရဲ့ ခံယူချက်ကြောင့် စစ်ဖြစ်တယ်။ အဲဒီစစ်အတွက် သူ့အဖွဲ့မှာ သူရဲကောင်းစာရင်း ၀င်နိုင်ပေမယ့် တစ်ဘက်ကတော့ သူပုန်ပဲ။
ကမ္ဘာပေါ်မှာ နိုင်ငံတွေရှိနေသ၍ အစွန်းရောက်သူတွေရှိနေသ၍ စစ်ပွဲတွေဖြစ်နေမယ်။ အဲဒီစစ်ပွဲတွေ၊ မတရားမှုတွေကို တွန်းလှန်ဖို့ စစ်တပ်ဆိုတာရှိနေမယ်။
စစ်တပ်ရှိနေရင် စစ်သားတွေရှိနေမယ်။ စစ်ပွဲတစ်ပွဲအတွက် ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း ဘယ်သူတွေ ဘယ်လောက်ထိထိ အရင်ဆုံးထိတွေ့ခံစားရတာ စစ်သားပဲ။ စစ်သားတွေလည်း စစ်ကို ပိုမုန်းပါလိမ့်မယ်။
“ သူ့ကိုကိုယ်သတ်၊ ကိုယ့်သူသတ်နှင့်
မအပ်ထိုရာ၊ ရွံ့မုန်းစွာဖြင့်
ရင်မှာမချိ နင့်တကား…။
ဘယ်အတွက်များ၊ သူတစ်ပါးကို
သင်ကားရက်စက်နေသနည်း။
အပြစ်မဲ့လူ၊ တိုင်းပြည်သူကို
ကူညီဖေးမ၊ သင်ပြုရမည်
သင်က မေ့စွလေ တကား…”
လူသားကောင်းကျိုး၊ အဖွဲ့ကောင်းကျိုးသယ်ပိုးရာမှာ လက်တွဲညီညီသယ်ပိုးမှဖြစ်မှာပါ။
လက်နက်ကိုယ်စီဖြင့် လုနေပြီဆိုရင်တော့ ကောင်းကျိုးတွေဖြစ်လာနိုင်မှာမဟုတ်ပါဘူး။
စစ်ပွဲတွေရှိနေသမျှ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးကအစ အရာအားလုံးဟာ စစ်ဘေးစစ်ဒဏ် ကြောင့် အမြဲနောက်ကျနေမှာပါ။
“ ပြန်လည်ထူထောင်ရေး ” ဆိုတာနဲ့ပဲ “ တိုးတက်သော ” အခြေအနေအထိရောက်လာတော့မှာ မဟုတ်ပါဘူး။
အတ္တတွေရှိနေသမျှကာလပတ်လုံး စစ်ဆိုတာရှိနေတယ်။
စစ်ရှိနေရင် ကိုယ့်မြေကိုယ့်ရေကိုယ့်လေ၊ ကိုယ့်လူမျိုးကို ကာကွယ်ဖို့ စစ်တပ်ဆိုတာရှိနေမယ်။
စစ်တိုက်တယ်ဆိုတာကလည်း မုန်းလို့တိုက်နေကြတာမဟုတ်ပါဘူး။ ဒီလူမျိုး၊ ဒီလူတွေမို့ဆိုတဲ့ အငြိုးတွေကြောင့် တိုက်နေကြတာမဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် စစ်သားကတော့ စစ်တိုက်ရတာပါပဲ…
အသက်တွေ ပေးဆပ်နေရတာပါပဲ…
“ ထို့ကြောင့်ပင်လျှင်
ငါသည် စစ်ကို မုန်း၏။
ငါသည် စစ်ကို ရွံ၏။
သို့သော်
နိုင်ငံအတွက်၊ ပြည်သူ့တွက်မို့
သင့်သက်သေသေ၊ ငါ့သက်သေသေ
မသွေစစ်ပွဲ နွှဲရမယ် ”
အော် စစ်သားတွေနွှဲတဲ့ စစ်ပွဲဟာ တစ်ဘက်သူက ရန်သူလို့ ဘယ်သို့ပဲဆိုစေဆိုစေ ကိုယ်နိုင်ငံ၊ ကိုယ်လူမျိုးအတွက် မှန်ကန်သောစစ်ပွဲတွေဖြစ်ပါစေ။
စစ်သားတွေနွှဲတဲ့စစ်ပွဲ တရားသော စစ်တွေဖြစ်ပါစေလို့သာ…။
မောင်ပိုင် 
၃-၇-၂၀၁၃။
— with William Tuntunko and Seaman Nayminthu.
နိုင်ငံရေး နွံထဲ နစ်ဝင်ခဲ့ရသော အင်စတီကျူးရှင်းများ
$
0
0
ိ ကျနော်တို့နိုင်ငံရဲ့ သမိုင်းအဆက်ဆက်ကတည်းက နိုင်ငံရေး စီးပွားရေး အခြေအနေတွေ ချွတ်ခြုံကျ ဆိုးဝါးလွန်းသောကြောင့် အင်စတီးကျူးရှင်း အားလုံးနီးပါးဟာ မိမိသက်ဆိုင်ရာအလုပ်တွေကို စွမ်းအားပြည့် ထိထိရောက်ရောက်မလုပ်ကိုင်နိုင်ပဲ နိုင်ငံရေး နွံထဲကို လိုအပ်သည့်ထက် နစ်ဝင်နေကြရပါတယ်။အဲဒီထဲမှာ အဆိုးဆုံးနစ်ဝင်နေကြတာကတော့ တပ်မတော် ကျောင်းသား ရဟန်းသံယာ အဖွဲ့အစည်းတို့ ဖြစ်ကြပါတယ်။
တပ်မတော်
လွတ်လပ်ရေးနဲ့ အတူ မွေးဖွားခဲ့ပြီး အတောမသတ်နိုင်တဲ့ ပေါင်းပင် မြက်ရိုင်းပင်တွေလို သက်ဆိုးရှည်လွန်းတဲ့ ညီအစ်ကိုခြင်း ခင်းရတဲ့ ပြည်တွင်းစစ်နဲ့ နိုင်ငံရေးသမားတွေ အာဏာစားခွက် လုပွဲရေးတွေရဲ့ အခင်းအကျင်းတွေကြောင့် တပ်မတော်ဟာ မြန်မာ့နိုင်ငံရေးထဲကို စတင်ပါဝင်ပတ်သက် လာခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီရေခံမြေခံ နှစ်ခုကို လူတစ်စုက ပါးပါးနပ်နပ် အသုံးချစိုက်ပျိုးလိုက်တဲ့အခါမှာတော့ စစ်အာဏာရှင်ဆိုတဲ့ သစ်ပင်တစ်ပင် အဖြစ် ရှင်သန်ကြီးထွားလာပါတော့တယ်။အဲဒီအခါမှာပဲ လူထု တစ်နည်းအားဖြင့်အရပ်ဘက် နဲဆက်ဆံရေ့း ဆိုးဆိုးဝါးဝါး ပျက်စီးသွားပါတော့တယ်။ ဒါပေမယ့် ၂၀၁၀အလွန်မှာတော့ စစ်ဘက်ရဲ့ အာဏာအလုံးစုံ ချုပ်ကိုင်ထားမူ့ကို လျှော့ချခြင်း ဥပမာ စစ်တိုင်းမူ့ရဲ့အာဏာကို ထိန်းချုပ်ကန့်သတ်လိုက်ခြင်း
ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့
တပ်မတော်တွေနဲ့ ထိတွေ့ဆက်ဆံမူ့ ရှိလာခြင်းနဲ့ တပ်မတော်နေ့ အခမ်းအနားမှာ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်းတို့ကြောင့် စစ်ဘက်အရပ်ဘက် ဆက်ဆံရေးအလွန်အကျွံ တင်းမာနေမူ့ကို တစ်စုံတရာ လျှော့ချနိုင်ခဲ့ပြီး အပေါင်းလက္ခာဘက် တိမ်းညွတ်လာပြီလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။
သမိုင်းပညာရှင်ကြီး နီးလ်ဖာဂူဆန်က စစ်ပွဲတွေ ဖြစ်ရတဲ့အကြောင်းကို ဖက်တာသုံးခုနဲ့ ရှင်းလင်းထားပါတယ်။
လူမျိုးစုသွေးစည်းညီညွှတ်မူ့ ပြိုကွဲခြင်း
စီးပွားရေးအတက်အကျ မတည်ငြိမ်ခြင်း
အင်ပါယာတို့ ကျဆုံးခြင်းတို့ကြောင့် စစ်ပွဲတွေ ဖြစ်ရတယ်လို့ သုံးသပ်ထားပါတယ်။ကျနော်တို့ နိုင်ငံရဲ့ အနေအထားကလည်း အဲဒီသုံးချက်အပေါ် တည်မှီနေရတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေရမူ့ အရပ်ဘက်နိုင်ငံရေး သမားတွေဝေဖန်နေကြတဲ့ လွှတ်တော်တွင်း ၂၅% တပ်မတော်သားတွေ ပါဝင်နေမူ့ဟာ စစ်ဘက်အရပ်ဆက်ဆံမူ့ဟန်ချက်
ူ့ညီရေးအတွက် စိန်ခေါ်မူ့ တွေအဖြစ် တည်ရှိနေဆဲပါ။
ဘယ်လိုပင် တိမ်မည်း တိမ်စိုင်တွေ ဖုံးဖုံး အရင်ကစာရင်တော့ စစ်ဘက်အရပ်ဘက်ဆက်ဆံရေးမှာ လရောင်တစွန်းတစ ထွန်းလင်းလာခဲ့ပါပြီ။
ကျောင်းသား
ကိုလိုနီခောတ်အစ တပ်မတော် အစိုးရ အဆုံးကျောင်းသားကို အန္တာရယ် ပေးနိုင်သူတွေလို့ ရူမြင်ပြီး ချမှတ်လိုက်တဲ့ ပညာရေးစနစ်ရဲ့ ညံ့ဖျင်းမူ့တွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ကျောင်းသားတွေ နိုင်ငံရေး နယ်ပယ်ထဲကို ဝင်ရောက်လာခဲ့ရခြင်း ဖြစ်ပါတယ်။
အဲဒီထဲကမှ စီးပွားရေး ကျဆင်းမူ့ ကျောင်းသားအခွင့်အရေး ဆုံးရူံးမူ့တွေက ရောက်ပြီးသားခြေလှမ်းတွေ အပြင် နောက်ထပ်လှန်းဖို့ပါ ဖိတ်ခေါ်သလို ဖြစ်ခဲ့ရပါတယ်။ရင်ခုန်မူးယစ် ဖူးသစ်စအရွယ်မှာ ပညာရေးကို တစ်ပိုင်းတစ်စ အမြီးပြတ်ဘဝနဲ့ တောတွေ ထောင်တွေထဲမှာ အသက်သွေး ချွေးတွေပေးဆပ်ခဲ့ရတဲ့ ကျောင်းသားအဖွဲ့အစည်းဟာ တခြားအဖွဲ့အစည်းတွေထက် ညဉ်းပန်းနှိပ်စက်ခြင်းကို သူမတူအောင်ခံခဲ့ရပါတယ်။ဒါပေမယ့်ဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားအစိုးရသစ် လက်ထက်မှာ ကျောင်းသားသမဂ္ဂလို့ ကျယ်ကျယ်လောင်လောင် အသံထွက်လာမူ့ကို ခွင့်ပြုခြင်း
ပညာရေးစနစ် ကျဆင်းလာမူ့ကို သိမှတ်လက်ခံပြီး အဆင့်မြှင့်တင်နိုင်အောင် ကြိုးပမ်းလာမူ့ ကျောင်းသားတွေကို နိုင်ငံရေးလူပ်ရှားရန် SPACEထိုက်သင့်သလောက် ခွင့်ပြုလာခြင်းတို့က အစိုးရအဆက်ဆက် နဲ့ဆက်ဆံရေး ပျက်စီးယိုယွင်းနေမူ့ကို ပြန်လည်ဖာထေးဖို့အစပြုချက် လို့ ဆိုရမှာ ဖြစ်ပါတယ်။
ရဟန်း သံယာအဖွဲ့ အစည်း
လွန်ခဲ့တဲ့ ပုဂံခောတ်လောက် ကတည်းက တရုတ်သိမ်းပိုက်ခြင်း မခံရလေအောင် ဒီပလိုမေစီအစွမ်းနဲ့ မြန်မာ့ နိုင်ငံရေး မှာ မင်္ဂလာရှိစွာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ရှေးဘုရင်များ လက်ထက်မှာ လည်း မင်းညီမင်းသားတွေရဲ့ ဆရာအဖြစ်နဲ့ ပါဝင်အကူအညီပေးခဲ့ပါတယ်။ ကိုလိုနီခောတ် အာဏာရှင်အုပ်စိုးမူ့ ဖိနှိပ်မူ့အောက်မှာ ဘာသာရေး လိုသလို အသုံးချခဲ့တော့ သံယာများနှင့် ယုံကြည်မူ့ ပြိုကွဲကာ ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်သူများ အဖြစ် ရှေ့တန်းကနေ ကာကွယ်သူများ အဖြစ်ပါဝင်ခဲ့ကြပါတယ်။
အဲဒီ ယုံကြည်မူ့ပြိုကွဲခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဒီမိုကရေစီကို ဖော်ဆောင်မယ် ဆိုတဲ့ အစိုးရသစ်လက်ထက်မှာသံယာအချို့အနေနဲ့ HARD POWER ကို အလေးပေးထားတဲ့ မျိုးစောင့်ဥပဒေကို ပြဌာန်းနိုင်ဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။
အဲဒီအခါမှာ ရတောင့်ရခဲ အခွင့်အရေးလေး ဆုံးရူံးသွားမှာကြောက်တဲ့ ဒီမိုသမားတွေနဲ့ ရဟန်းအချို့ ထိပ်တိုက်တွေ့ပြီး ကမ္ဘာကျော်တိုင်းမဂ္ဂဇင်းရဲ့ မျက်နှာဖုံး စာမျက်နှာထက်ထိပါ ရောက်ရှိလာပါတော့တယ်။နိုင်ငံတော်အစိုးရကနေ စပြီး အဖွဲ့အစည်းအားလုံးက ရဟန်းသံယံတော်တွေရဲ့ စိုးရိမ်သောက တွေကို လျှော့ချပေးနိုင်ဖို့ လိုသလို ဆရာတော် အရှင်သူမြတ်များကလည်း ကမ္ဘာကို ဗုဒ္ဓဘာသာဝါဒဟာ အကြမ်းဖက်မျက်နှာစာမရှိတဲ့ မေတ္တာတရားရဲ့ ရနံ့တွေနဲ့ ထုံသင်းအေးမြတဲ့ဝါဒဆိုတာ ထုတ်ဖော်ပြသဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။
ကျနော်တို့ ယနေ့ရင်ဆိုင်နေရတဲ့ ပြဿနာ အခက်အခဲတွေဟာ ရူပ်ထွေးလှသလို အကဲဆတ်မူ့ ထိလွယ်ရှလွယ်ဖြစ်မူ စတာတွေ အဆပေါင်းများစွာ ပါဝင်နေတာမို့ နိုင်ငံတော် အစိုးရအပါအဝင် အဖွဲ့အစည်းအသီးသီးက နားလည်မူ့များ သည်းခံခြင်းတရာ များ အပြန်အလှန်မွေးမြူခြင်းဖြင့်
ငြိမ်းအေးသာယာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံသစ်ကြီးကို တည်ဆောက်နိုင်လိမ့်မယ် လို့ ယုံကြည်ရင်းးးးးးးးးးးး။
လွှတ်သရမ်းကြီးတော်နေသည်
$
0
0
ကျွန်တော်တို့မြန်မာနိုင်ငံတွင်းတိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံစုပေါင်းနေထိုင်ကြသကဲ့သို့ တိုင်းရင်းသား မျိုးနွယ်စုများတွင်လဲကိုယ်ပိုင်ဟန်ကိုယ်ပိုင်ဓလေ့စကားများ အသုံးအနှုံးများ ပေါကြွယ်ဝစွာ ရှိကြလေသည်။ဥပမာ အားဖြင့် မြန်မာနိုင်ငံ၏ အလယ်ပိုင်း အပူပိုင်းဇုန်အညာဒေသရှိ ဗမာလူမျိုးများ ပြောကြားသော စကားပုံစံများနှင့် မျိုးနွယ်စုတူ အောက်ပြည်အောက်ရွာရှိ ဗမာလူမျိုးများ ပြောကြားပုံ စကားအသုံးအနှုန်းပင်လျှင် ကွဲပြားကြပေသည်။
ယုခုဖော်ပြအပ်သော ဆောင်းပါးပါ "လွှတ်"ဟူသော စကားလုံး သည်ပင်လျှင် ထိုအထက်အညာ နှင့်အောက်မြန်မာပြည်အကြေ တို့အကြားအခေါ်အဝေါ်အရကွဲပြားသော အဓိပ္ပါယ်တူ စကားလုံးဖြစ်ပါသည်။"လွှတ်" ဟူသည် အထက်အညာတွင် အရမ်းအရမ်း သို့မဟုတ် အလွန် ဟု အဓိပ္ပါယ်ရသော ကြိယာဝိသေသန စကားလုံးဖြစ်ပါသည်။ ဥပမာ အားဖြင့် အသီးတစ်သီးချဉ်လွန်းလျှင် ဒီအသီးက လွှတ်ချဉ်တာပဲ ။"သရမ်း" ဟူသောစကားလုံမှာတော့ရှင်းသည်စည်းလွတ်ဝါးလွတ် အထိန်းအကွပ် မဲ့ခြင်းမျိုးမှာသုံးကြပါသည်။လွှတ်နှင့်သရမ်းပေါင်းဖက်မိသောအခါ အလွန့်အလွန် အထိမ်းအကွပ်မဲ့စွာ ဟုအဓိပ္ပါယ် ဖွင့်ဆိုရမည်လားမပြောတတ်ပေ။မည်သို့ပင်ဆိုစေ လွှတ်သရမ်းလျှင်တော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများမည်ဟုထင်ပါသည်။အောက်တွင်ဖော်ပြအပ်သည်တို့မှာကား လွှတ်သရမ်းတော်ကြသူတို့ အကြောင်းဖြစ်ပါသည်။၎င်းတို့မှာကား လွှတ်သရမ်းတော်ကြပါသည် သို့သော်…..
                    ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်တွင် တိုင်းပြည်အနှံ့ ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ပါတီများမှ အမတ်လောင်းလျှာလေးများအား အမတ်မင်းကြီးများ ကိုယ်စားလှယ်များအဖြစ် အသီးသီး ကျမ်းသစ္စာကားကျိန်ဆိုခဲ့ကြပေသည်။ ကိုယ်စားလှယ်ဟု ဆိုသော်လည်းအချို့မှာ ၄င်းတို့ ကိုယ်စားပြုပါသည်ဟု ဆိုသော ကိုယ်စားပြုနယ်မြေ သို့မဟုတ် ကိုယ်စားပြုပြည်သူများမဲဆန္ဒရှင်များပင်လျှင် မသိနိုင်မသိရှိလိုက်ရလေအောင်ကို အနေအထိုင် သေသပ်ပိရိပြီး မာန်မာနမရှိ (အရှက်တရားတော့ မသိ) နေထိုင်နိုင်ကြပေသည်။ ကမ္ဘာနိုင်ငံအသီးသီးရှိ အမတ်များသည် ၄င်းတို့ မည်သူမည်ဝါဖြစ်ကြောင်းကို ၄င်းတို့ကိုယ်စားပြုသော မဲဆန္ဒရှင်များမှသိရှိကြပြီး ၄င်းတို့ အား မဲဆန္ဒရှင်များက အမြဲကြည်ညိုလေးစားအာကိုးထောက်ခံနေစေရန် သာမျှော်ကိုးပြီး တိုင်းရေးပြည်ရာများဆောင်ရွက်ရာတွင် ၄င်းအမတ်တို့သည် ပြည်သူပြည်သားများအား ၄င်းတို့ကို ထောက်ခံစေရန် သာဆောင်ရွက်တတ်ကြသောကြောင့်ဖြစ်သည်။သို့သော် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အမတ်မင်းများသည် တိုင်းပြည်ရေးရာကိစ္စများဆောင်ရွက်ရာတွင် မိမိတို့သည်သူမည်ဝါတို့ မည်သည့်နယ်မြေတို့ကို ကိုယ်စားပြုကြောင်းကို ထိုပြည်သူတို့ထိုနယ်မြေခံတို့ မသိရှိသဖြင့် အဂတိတရားကင်ရှင်းကာ ဘက်မလိုက်ပဲ ဆောင်ရွက်နိုင်ခဲ့ကြပေသောကြောင့် မြန်မာအမတ်မင်းများသည် လွှတ်သရမ်းကြီးတော်နေသည်ဟုပင်ချီးမွမ်းရပေမည်။
                       ကျွန်တော်တို့မြန်မာအမတ်မင်းများသည်အလုပ်အင်မတန်များကြပါသည်။၎င်းတို့မှာ တိုင်းပြည်ကို လွှတ်ချစ်လို့သာ မိမိတို့ကိုယ်ပိုင် ကမ်ပနီကြီးများ လုပ်ငန်းကြီးများ တိုက်တာအိုးအိမ်စည်းစိမ် အသွယ်သွယ်တို့ကို မသိကျိုးကျွံပြုကာ မိမိတို့ ဇနီးသားသမီးများဖြင့်လွှဲထားစေကာ နိုင်ငံရေးလောကအလယ် သို့ခြေစုံပစ် ၀င်ရောက်ခဲ့ကြခြင်းဖြစ်ပေသည်။အဘယ်မျှ စွန့်လွှတ်ခဲ့သည်ဆိုလျှင် အမတ်မင်းကြီးများပိုင်ဆိုင် ရရှိထားသော ဥစ္စာဓန အ၀၀တို့အား စာရင်းပြုစုရန်တောင်းသောအခါ ၌ပင်လျှင်တိုင်းပြည်ရေးရာအတွက် ခြေစုံပစ်ဝင်ခဲ့ကြသူများပီပီ ပိုင်ဆိုင်သမျှတို့အားမေ့လျှော့သွားကြကာ လုံးဝပစ္စည်းမဲ့လူတန်းစားတစ်ရပ် အနေနှင့်ခံယူကြပြီးဖြစ်ကြလေသောကြောင့် ပိုင်ဆိုင်မှုစာရင်းများပေးရန်အဆိုအား တစ်ညီတစ်ညွတ်ထဲ ၀ိုင်းဝန်းကန့်ကွက်လိုက်ကြပေသည်။ကမ္ဘာအမတ်အပေါင်းကိုယ်စားလှယ်အပေါင်းတို့ အတုယူအားကျ သင့်ပေသည်။ကျွန်ုပ်တို့မြန်မာနိုင်ငံတော်၏အမတ်မင်းများလောက် အဘယ်အမတ်တို့ စွန့်လွှတ်နိုင်ပေသနည်း။
လွှတ်သရမ်းတော်ကြလေသည်။
                     အမေရီကန်နိုင်ငံသည် ၄င်းတို့၏စစ်ဌာနချုပ်အားမကြာခန နည်းပညာပိုင်းအရ တိုက်ခိုက်ရန်စနေသော ဟက်ကာဟုခေါ်တွင်သော လက်သရမ်းသည့် ကွန်ပျူတာပညာရှင်များအား စုံစမ်းဖမ်းဆီးရန် ကြံစည်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပါသည်။အမေရိကန် ပြည်ထောင်စုအဖို့ ထိုထိုသောဟက်ကာများအား စုံစမ်းထောက်လှန်း နေသော်လည်း မြန်မာအမတ်မင်းများလောက်တိကျသော ရေရာသောအဖြေကားထွက်ရှိမလာပါချေ။မြန်မာနိုင်ငံတွင်လည်း အမတ်မင်းများသည် ထိုမျှဂုဏ်မရှိ မာနမရှိ ချိုးနှိမ်စွာ ပိရိစွာနေထိုင်နေပါလျှက် မိမိတို့၏ပိုင်ဆိုင်သမျှ ဥစ္စာဓနတို့အား သမီးသားဇနီးမယားတို့အား အပြီးအပိုင် လွှဲပြောင်းပြီးပါလျှက်ကယ်နဲ့ ဒေါက်တာဆိတ်ဖွားဆိုသူမှ မြန်မာအမတ်များသည် ဥပဒေ၏ အထက်တွင် ရှိပြီး ဥပဒေသည်မြန်မာအမတ်များ၏အောက်တွင်ရှိသည်ဟု စွတ်စွဲရေးသားသောကြောင့် မိမိတို့ယခုမှ ဖြေးဖြေးမှန်မှန်ရေးဆွဲနေဆဲဥပဒေများကို ခနထားကာ တစ်ချို့ဥပဒေများကို ဘုန်းဘုန်းများအားရေးဆွဲစေပြီး ထိုမျှမမှန်မကန်စွတ်စွဲသော ငမိုက်သားအား အရေးတကြီးစုံစမ်းရန်အလို့ငှာ အမတ်များစုပေါင်းသဘောတူညီချက်ဖြင့် ကော်မရှင်ကြီးဖွဲ့ စုံစမ်းစေခဲ့ပေသည်။
အမတ်များသည်ထိုငမိုက်သားငဆိတ်ဖွားအား အပြင်အထန်စုံစမ်းရသောကြောင့် တစ်ချို့ဆိုလျှင် ပင်ပန်းလွန်းသဖြင့် အမတ်စုံညီအစည်းအဝေးကြီးတွင်ပင် အိပ်ငိုက်ကြရတဲ့အထိစုံစမ်းခဲ့ကြပါသည်။ထိုအပြင်း အထန်စုံစမ်းမှုကြီး၏ရလဒ်သည် ၆လတာမျှကြာလတ်သောအခါ အတိအကျကို အဖြေထွက်ရှိလို့လာခဲ့ပါသည်။ အမေရီကန်နိုင်ငံသည် မြန်မာအမတ်မင်းများဖွဲ့စည်းသော စုံစမ်းရေးကော်မရှင်လောက် ရေရာသော အဖြေကား ပေးနိုင်ခဲ့ခြင်းမရှိပေ။မြန်မာအမတ်များသည်ကား နောက်ဆုံးတွင် ထိုငဆိတ်ဖွားမည်သူဆိုသည်ကို အမေရီကန်နိုင်ငံ၏ Google ကမ်ပနီမှ ၀န်ခံရမည်ဟု အဖြေပေးကာ စုံစမ်းမှုအား အပြီးသတ်နိဂုံးချုပ်ခဲ့ ကြပါသည်။လွှတ်သရမ်းကိုတော်သောအမတ်မင်းများသာဖြစ်ပါသည်။ထို့ကြောင့် ကျွန်တော်တို့ မြန်မာအမတ်မင်းများသည် ကမ္ဘာ့အမတ်မင်းများ နှင့်ယှဉ်လျှင် မည်သည့်ဖက်တွင်မဆို လွှတ်သရမ်းကြီးကိုတော်နေသည်ဟု ချီးမွမ်းထောပနာပြုရင်းနိဂုံးချုပ်အပ်ပါသည်။
မိဘပြည်သူအပေါင်းကျန်းမာချမ်းသာကြပါစေ။
(ကျွန်တော် မောင်ရင်ငတေတာတေဆန်းသစ် ဖြစ်ပါသည်)
တည်ငြိမ်အေးဆေးသောမြန်မာအမတ်များနှင့် သောင်းကျန်းနေကုန်သော နိုင်ငံခြားအမတ်များ
ကြိုက် တဲ့ လမ်းကို "ရွေး "
$
0
0
Photo: ကြိုက် တဲ့ လမ်းကို "ရွေး " =================  မြန်ပြည် သမိုင်း လေ့လာတိုင်းမှာ၊ ရာစုအဆက်ဆက်၊ ဖြစ်ပျက်ခဲ့တာ၊ ငါနှင့်မတူ ငါ့ ရန်သူ၊ဆန့် ကျင်လိုသူ တိုက်ခါယူ၊ ဒီလိုသဘောတရား လက်ကိုင်ထား၊ နိုင်ငံတည်ဆောက်ကြသူအများ။  အင်အားကြီးတဲ့မင်းဘုရင် စစ်ပွဲများကိုဆင်။ မြိုပြနိုင်ငံအနှံ့ အပြား၊စုစည်းသိမ်းပိုက်ထား၊ သို့ ပါသော်လည်း တကယ့်အား၊ စည်းရုံး ဆွဲဆောင်နိုင်ခြင်းများ၊ မင်းဘုရင်များသတိမထား၊မေ့လျော့နေသည်တကား။  အင်အားနည်းချိန် အစုအစည်းပျက်၊ စစ်ပွဲများနှင့်ဆက်။ လူမှုစီးပွားတိုးတက်ရန် ဘာဆိုဘာမှမလုပ်နိုင်၊ သူတလူ ငါတမင်း စစ်ပွဲတွေကိုခင်း။ ဒီလိုနဲ့ သာအချိန်ကြာ၊ တွေးခေါ်အယူအဆ နောက်ကျလာ၊ အမျိုးသားရေး ကိုယ်ခံအား၊ နောက်ဆုံး နောက်ဆုံးရောက်လို့ သွား၊ ဒို့ ပြည်သူအများ။  နိုင်ငံခြားသား ဆိုသူတွေ ဒို့ နိုင်ငံမှာနေ၊ ဒို့ ပြည်သူအများ မစည်းလုံးခြင်းအား၊ သူတို့ သိတယ် တအား။ အားနည်းချက်ကို နှိုက်ကာကော်၊အသုံးချမယ်နော်၊ စည်းလုံးမှုသည်စွမ်းပကား၊ အမျိုးသားရေးစိတ်ဓါတ်ထား ငါတို့ နိုင်ငံသား  ရန်အပေါင်းကိုကာကွယ်သွား၊ ဒို့ ပြည်သူအများ။  ဒို့ များခေတ်တွင် ဖြစ်စေချင် စည်းလုံးမှုတွင် အသက်ဝင်၊ အတိုက်ခံ ပြည်သူ အစိုးရမခြား အကုန်လက်တွဲ လုပ်စေသား တိုင်းပြည်အရေးများ။ (ဘုံ)ရန်သူကို ကြည့် ပါသော် ဒို့ အမျိုးသားတွေနော်၊ ဘေးပါတ်လည် ပါတ်ချာဝိုင်း အင်းအားကြီးတဲ့ တိုင်း၊ အမှားကွက်ကို စောင့်ကာမျှော်၊ သူတို့ စားရန်အသင့်နော် ဒီလိုပုံ ဒီလိုအရေး---ဒို့ ပြည်သူများကြိုက်ရာရွေး၊ ကိုယ်နှင့်တန်သည်သာ ရလိမ့် မယ်လေး။                                                                                ငြိမ်းချမ်းလူ                                                                               ၇-၈-၂၀၁၂
မြန်ပြည် သမိုင်း လေ့လာတိုင်းမှာ၊
ရာစုအဆက်ဆက်၊ ဖြစ်ပျက်ခဲ့တာ၊
ငါနှင့်မတူ ငါ့ ရန်သူ၊ဆန့် ကျင်လိုသူ တိုက်ခါယူ၊
ဒီလိုသဘောတရား လက်ကိုင်ထား၊
နိုင်ငံတည်ဆောက်ကြသူအများ။
အင်အားကြီးတဲ့မင်းဘုရင်
စစ်ပွဲများကိုဆင်။
မြိုပြနိုင်ငံအနှံ့ အပြား၊စုစည်းသိမ်းပိုက်ထား၊
သို့ ပါသော်လည်း တကယ့်အား၊
စည်းရုံး ဆွဲဆောင်နိုင်ခြင်းများ၊
မင်းဘုရင်များသတိမထား၊မေ့လျော့နေသည်တကား။
အင်အားနည်းချိန် အစုအစည်းပျက်၊
စစ်ပွဲများနှင့်ဆက်။
လူမှုစီးပွားတိုးတက်ရန် ဘာဆိုဘာမှမလုပ်နိုင်၊
သူတလူ ငါတမင်း စစ်ပွဲတွေကိုခင်း။
ဒီလိုနဲ့ သာအချိန်ကြာ၊
တွေးခေါ်အယူအဆ နောက်ကျလာ၊
အမျိုးသားရေး ကိုယ်ခံအား၊
နောက်ဆုံး နောက်ဆုံးရောက်လို့ သွား၊
ဒို့ ပြည်သူအများ။
နိုင်ငံခြားသား ဆိုသူတွေ
ဒို့ နိုင်ငံမှာနေ၊
ဒို့ ပြည်သူအများ မစည်းလုံးခြင်းအား၊
သူတို့ သိတယ် တအား။
အားနည်းချက်ကို နှိုက်ကာကော်၊အသုံးချမယ်နော်၊
စည်းလုံးမှုသည်စွမ်းပကား၊
အမျိုးသားရေးစိတ်ဓါတ်ထား
ငါတို့ နိုင်ငံသား
ရန်အပေါင်းကိုကာကွယ်သွား၊
ဒို့ ပြည်သူအများ။
ဒို့ များခေတ်တွင် ဖြစ်စေချင်
စည်းလုံးမှုတွင် အသက်ဝင်၊
အတိုက်ခံ ပြည်သူ အစိုးရမခြား
အကုန်လက်တွဲ လုပ်စေသား တိုင်းပြည်အရေးများ။
(ဘုံ)ရန်သူကို ကြည့် ပါသော် ဒို့ အမျိုးသားတွေနော်၊
ဘေးပါတ်လည် ပါတ်ချာဝိုင်း အင်းအားကြီးတဲ့ တိုင်း၊
အမှားကွက်ကို စောင့်ကာမျှော်၊ သူတို့ စားရန်အသင့်နော်
ဒီလိုပုံ ဒီလိုအရေး---ဒို့ ပြည်သူများကြိုက်ရာရွေး၊
ကိုယ်နှင့်တန်သည်သာ ရလိမ့် မယ်လေး။
ငြိမ်းချမ်းလူ
၇-၈-၂၀၁၂
— with Yaung Ni Oo and 17 others.
အချစ်ကို အခြစ်လောက်မချစ်ဘူး
$
0
0
Photo: အချစ်ကို အခြစ်လောက်မချစ်ဘူး ------------- “ အချစ်ဆိုသည်မှာ…ရွာထဲက ..ကုလားမကြီးမဟုတ်ပါ… အခြစ်ဆိုသည်မှာ..အိမ်ထဲက အုန်းခြစ်ကြီးမျှသာ..”  သြော်…အချစ်…အချစ်  အစကသာ ဆိုးရွားပြီး နောက်တော့ ပို ဆိုးဆိုး လာတာကြီးပါလား။  အချစ်ကြောင့် ကမ္ဘာကြီးစိုပြေနေတယ်။ အချစ်ကြောင့်လူသွားတွေ အိုကေနေတယ်။  လူသားတွေရှိနေသမျှ အချစ်ရှိနေတယ်။ အချစ်ရှိနေသမျှ လူသားတွေ ဆက်လက်တည်ရှိနေတယ်။  အချစ်ဆိုတာ တစ်ဦးတည်းနေထိုင်တတ်ခြင်းမရှိပါ။  သူ့တွင် နောက်လိုက်နောက်ပါများ ရှိနေသေး သည်။  ၀န်တိုမှု၊ ကြည်နူးမှု၊ စိုးရိမ်မှု၊ ကြေကွဲမှု၊ လွမ်းဆွေးမှု၊ သာယာမှု၊ ရယူပိုင်ဆိုင်လိုမှု အိုး…စုံလို့ပါပဲ။  အချစ်ရဲ့ Best Friend သည် ပျော်ရွှင်မှု၊ ပေါင်းစည်းရမှုတို့ဖြစ်သည်။  အချစ်၏ Bad Friend ကတော့ နာကျင်ကြေကွဲရမှု၊ ကွေကွင်းခွဲခွာရမှုတို့ပင်ဖြစ်သည်။  အချစ်သည် ကိုင်တွယ်၍မရ၊ ညွှန်ပြ၍မရ၊ စမ်းသပ်၍မရ။ သို့သော် ခံစားရမှုကား ဆိုးရွားလှပါသည်။  အချစ်သည် ချစ်နေရခြင်းသာဖြစ်သင်ပါသည်။ ကိုယ်ချစ်ရသောသူကို ပျော်ရွင်အောင် စိတ်ချမ်းမြေ့ အောင်လုပ်ဆောင်ပေးခြင်းသည် အချစ်၏ ပြယုဒ်ပင်ဖြစ်သည်။  သူချစ်ကိုပြန်လည်မျှော်လင့်ခြင်းသည် “ချစ်ရူး” ခြင်းဖြစ်သည်။  နှစ်ကိုယ်တူကြည်ဖြူလျှင်တော့ “ချစ်မြူး” ဖြစ်ရသည်။ သို့မဟုတ်က အချစ်သည် “ချစ်ဆူး” များဖြစ်နေပါလိမ့်မည်။  “ အချစ် ”  နှိုးစက်မလို  ပဲ့ကိုင်မလို  ရင်ခုန်သံချိုချို  သူ့အလိုလို ကတတ်သွားတယ်။  မှန်ပါသည်။ ချစ်ခြင်းဆိုသည်မှာ ရွေးချယ်၍မရပါ။  သူ့အလိုလို ချစ်တတ်သွားခြင်းသာဖြစ်သည်။ ချစ်ခြင်းသည် နှလုံးသားကလာသည်။ နှလုံးသားက ရွေးချယ်သည်။  ဦးနှောက်မှ လာသောအချစ်သည် မရှိနိုင်ပါ။ ဦးနှောက်ဖြင့် ရွေးချယ်ခြင်းသည် အချစ်မဖြစ်နိုင်ပါ။  သို့သော် ဘ၀အတွက်သည်ကား  နှလုံးသားနှင့် ဦးနှောက်ပေါင်းစပ်ပါဝင် ရွေးချယ်ရမည်ဖြစ်သည်။  အချစ်မပါသောအိမ်ထောင်ရေးသည် ပေါ့ပျက်ပျက်နိုင်တယ်ဆိုသော်လည်း သံယောဇဉ်များတွယ် လာကာ အိမ်ထောင်တစ်ခုအတွက် ကောင်းစွာတည်ဆောက်နိုင်ပါလိမ့်မည်။  နှလုံးသားအလိုကျအတိုင်းသည် “အချစ်မှာ မျက်စိမရှိ ”ဆိုပြီး မျက်ကန်းချစ်ဖြစ် ချစ်လိုက်ပါလျှင် ခြောက်ထဲလမ်းကျတတ်သည်။ ဆူးလည်းဆူးတတ်သည်။ ခလုတ်လည်း တိုက်တတ်ပါသေးသည်။  အချစ်သည် လိမ္မော်သီးတစ်လုံးထဲက တစ်စိတ်သာဖြစ်သည်။  လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ မိဘ၊ ဆွေမျိုး၊ ပတ်ဝန်းကျင်၊ ပညာ စတဲ့စတဲ့အရာတွေပေါင်းစပ်မှသာလျှင် ဘ၀ ဟူသော ပြည့်ဝသော လိမ္မော်သီးတစ်လုံးဖြစ်ပါမည်။  တစ်စိတ်တော့ ပဲ့ချင်ပဲ့ပါလိမ့်မည်။ ထိုတစ်ခြမ်းပဲ့နောက်သာ လိုက်ပါစီးမျှောသွားလျှင် ကျန်သော ဘ၀အနှစ်သာရတွေနှင့် ဝေးကွာသွားနိုင်ပါသည်။  အချစ်အကြောင်းပြောလျှင်ဖြင့် ကုန်မည်မဟုတ်ပါ။  သို့ကြောင့် အခြစ် အကြောင်းကိုပင် ပြောလိုပါသည်။  အဖေခြစ်တာမြင်ဘူးသည်။ အမေခြစ်တာမြင်ဘူးသည်။ သူများတွေ ခြစ်တာမြင်ဘူးသည်။ ထို့ကြောင့် ကျွန်တော်လည်း ခြစ်ကြည့်မိပါသည်။  အုန်းခြစ်၊ သခွားခြစ်များ တော်တော်အသုံးဝင်ပါသည်။  အခြစ်ကို ကျွန်တော သဘောကျသွားပါသည်။  ကျွန်တော့ဘ၀အတွက် အချစ်သည် ချစ်၍မကောင်းပါ။ အချစ်၏ နောက်ဆက်တွဲများကြောင့် နာကျင်ကြေကွဲခဲ့ရပါသည်။ ထို့ကြောင့် အချစ်ကို ကျွန်တော်မချစ်တော့ပါ။  အသုံးဝင်သော အခြစ်ကိုသာ ချစ်သောကြောင့်  “ အချစ်ကို အခြစ်လောက်မချစ်ဘူး ” ဟုသာ ဆိုချင်ပါတော့သည်။  မိတ်ဆွေ…….  သင်ရော ချစ်ဖူးသလား။ ခြစ်ဖူးသလား။  သင် ချစ်ပါ။ ခြစ်ပါ။ နောက်မှ သင်လည်း ဘာကိုပိုချစ်ရမည်ဆိုတာ သိလာပါလိမ့်မည်။  ၈-၁၀-၂၀၀၆။(တနင်္ဂနွေ)
-------------
“ အချစ်ဆိုသည်မှာ…ရွာထဲက ..ကုလားမကြီးမဟုတ်ပါ…
အခြစ်ဆိုသည်မှာ..အိမ်ထဲက အုန်းခြစ်ကြီးမျှသာ..”
သြော်…အချစ်…အချစ်
အစကသာ ဆိုးရွားပြီး နောက်တော့ ပို ဆိုးဆိုး လာတာကြီးပါလား။
အချစ်ကြောင့် ကမ္ဘာကြီးစိုပြေနေတယ်။ အချစ်ကြောင့်လူသွားတွေ အိုကေနေတယ်။
လူသားတွေရှိနေသမျှ အချစ်ရှိနေတယ်။ အချစ်ရှိနေသမျှ လူသားတွေ ဆက်လက်တည်ရှိနေတယ်။
အချစ်ဆိုတာ တစ်ဦးတည်းနေထိုင်တတ်ခြင်းမရှိပါ။ သူ့တွင် နောက်လိုက်နောက်ပါများ ရှိနေသေး သည်။ ၀န်တိုမှု၊ ကြည်နူးမှု၊ စိုးရိမ်မှု၊ ကြေကွဲမှု၊ လွမ်းဆွေးမှု၊ သာယာမှု၊ ရယူပိုင်ဆိုင်လိုမှု အိုး…စုံလို့ပါပဲ။
အချစ်ရဲ့ Best Friend သည် ပျော်ရွှင်မှု၊ ပေါင်းစည်းရမှုတို့ဖြစ်သည်။
အချစ်၏ Bad Friend ကတော့ နာကျင်ကြေကွဲရမှု၊ ကွေကွင်းခွဲခွာရမှုတို့ပင်ဖြစ်သည်။
အချစ်သည် ကိုင်တွယ်၍မရ၊ ညွှန်ပြ၍မရ၊ စမ်းသပ်၍မရ။ သို့သော် ခံစားရမှုကား ဆိုးရွားလှပါသည်။
အချစ်သည် ချစ်နေရခြင်းသာဖြစ်သင်ပါသည်။ ကိုယ်ချစ်ရသောသူကို ပျော်ရွင်အောင် စိတ်ချမ်းမြေ့ အောင်လုပ်ဆောင်ပေးခြင်းသည် အချစ်၏ ပြယုဒ်ပင်ဖြစ်သည်။
သူချစ်ကိုပြန်လည်မျှော်လင့်ခြင်းသည် “ချစ်ရူး” ခြင်းဖြစ်သည်။ နှစ်ကိုယ်တူကြည်ဖြူလျှင်တော့ “ချစ်မြူး” ဖြစ်ရသည်။ သို့မဟုတ်က အချစ်သည် “ချစ်ဆူး” များဖြစ်နေပါလိမ့်မည်။
“ အချစ် ”
နှိုးစက်မလို
ပဲ့ကိုင်မလို
ရင်ခုန်သံချိုချို
သူ့အလိုလို ကတတ်သွားတယ်။
မှန်ပါသည်။ ချစ်ခြင်းဆိုသည်မှာ ရွေးချယ်၍မရပါ။ သူ့အလိုလို ချစ်တတ်သွားခြင်းသာဖြစ်သည်။
ချစ်ခြင်းသည် နှလုံးသားကလာသည်။ နှလုံးသားက ရွေးချယ်သည်။
ဦးနှောက်မှ လာသောအချစ်သည် မရှိနိုင်ပါ။ ဦးနှောက်ဖြင့် ရွေးချယ်ခြင်းသည် အချစ်မဖြစ်နိုင်ပါ။
သို့သော် ဘ၀အတွက်သည်ကား နှလုံးသားနှင့် ဦးနှောက်ပေါင်းစပ်ပါဝင် ရွေးချယ်ရမည်ဖြစ်သည်။
အချစ်မပါသောအိမ်ထောင်ရေးသည် ပေါ့ပျက်ပျက်နိုင်တယ်ဆိုသော်လည်း သံယောဇဉ်များတွယ် လာကာ အိမ်ထောင်တစ်ခုအတွက် ကောင်းစွာတည်ဆောက်နိုင်ပါလိမ့်မည်။
နှလုံးသားအလိုကျအတိုင်းသည် “အချစ်မှာ မျက်စိမရှိ ”ဆိုပြီး မျက်ကန်းချစ်ဖြစ် ချစ်လိုက်ပါလျှင် ခြောက်ထဲလမ်းကျတတ်သည်။ ဆူးလည်းဆူးတတ်သည်။ ခလုတ်လည်း တိုက်တတ်ပါသေးသည်။
အချစ်သည် လိမ္မော်သီးတစ်လုံးထဲက တစ်စိတ်သာဖြစ်သည်။ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ မိဘ၊ ဆွေမျိုး၊ ပတ်ဝန်းကျင်၊ ပညာ စတဲ့စတဲ့အရာတွေပေါင်းစပ်မှသာလျှင် ဘ၀ ဟူသော ပြည့်ဝသော လိမ္မော်သီးတစ်လုံးဖြစ်ပါမည်။
တစ်စိတ်တော့ ပဲ့ချင်ပဲ့ပါလိမ့်မည်။ ထိုတစ်ခြမ်းပဲ့နောက်သာ လိုက်ပါစီးမျှောသွားလျှင် ကျန်သော ဘ၀အနှစ်သာရတွေနှင့် ဝေးကွာသွားနိုင်ပါသည်။
အချစ်အကြောင်းပြောလျှင်ဖြင့် ကုန်မည်မဟုတ်ပါ။
သို့ကြောင့် အခြစ် အကြောင်းကိုပင် ပြောလိုပါသည်။
အဖေခြစ်တာမြင်ဘူးသည်။ အမေခြစ်တာမြင်ဘူးသည်။ သူများတွေ ခြစ်တာမြင်ဘူးသည်။
ထို့ကြောင့် ကျွန်တော်လည်း ခြစ်ကြည့်မိပါသည်။
အုန်းခြစ်၊ သခွားခြစ်များ တော်တော်အသုံးဝင်ပါသည်။ အခြစ်ကို ကျွန်တော သဘောကျသွားပါသည်။
ကျွန်တော့ဘ၀အတွက် အချစ်သည် ချစ်၍မကောင်းပါ။ အချစ်၏ နောက်ဆက်တွဲများကြောင့် နာကျင်ကြေကွဲခဲ့ရပါသည်။ ထို့ကြောင့် အချစ်ကို ကျွန်တော်မချစ်တော့ပါ။
အသုံးဝင်သော အခြစ်ကိုသာ ချစ်သောကြောင့်
“ အချစ်ကို အခြစ်လောက်မချစ်ဘူး ” ဟုသာ ဆိုချင်ပါတော့သည်။
မိတ်ဆွေ…….
သင်ရော ချစ်ဖူးသလား။ ခြစ်ဖူးသလား။
သင် ချစ်ပါ။ ခြစ်ပါ။ နောက်မှ သင်လည်း ဘာကိုပိုချစ်ရမည်ဆိုတာ သိလာပါလိမ့်မည်။
 မောင်ပိုင်
၈-၁၀-၂၀၀၆။(တနင်္ဂနွေ)
— with Khin San Lwin and Hpu Pwint Khaing.
ဘ၀ဆိုတဲ့ ပြိုင်ပွဲ
$
0
0
ဆေးကျောင်းစတက်ကတည်းက ပေါင်းဖြစ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဟိုတစ်နေ့က စကားပြောဖြစ်ခဲ့ပါတယ်။ ခုချိန်မှာတော့ ကျောင်းသားဘ၀က ကျွန်တော်တို့နှစ်ယောက်သား ပြောခဲ့ စိတ်ကူးယဉ်ခဲ့ကြတာတွေနဲ့ မတူညီတဲ့ လမ်းကြောင်းတွေပေါ်ကို ကိုယ်စီကိုယ်စီ ရောက်နေကြပါပြီ။ လျှောက်ရမဲ့ လမ်းချင်း မတူပေမဲ့ သူ့မှာလည်း သူ့စိန်ခေါ်မှုတွေနဲ့ သူ၊ ကျွန်တော့်မှာလည်း ကျွန်တော့်အခက်အခဲတွေနဲ့ ကျွန်တော် ရှိနေကြပါတယ်။
ဒီနေ့ခေတ်က ယှဉ်ပြိုင်မှုလွန်ကဲတဲ့ခေတ် (Hyper competitive Age) ဆိုတော့ မနေ့က ရှိနေတဲ့နေရာမှာ ဒီနေ့ဆက်ရှိနိုင်ဖို့အတွက် မနေ့ကထက် နှစ်ဆ ပိုကြိုးစားကြရမယ် တဲ့၊ ဒီလောက်ထိ ခေတ်ကြီး မြန်မမြန် မသိပေမဲ့ တော်တော်လေး ကြိုးစားနေကြရတာတော့ သေချာပါတယ်။ အပြောင်းအလဲတွေက အရမ်းမြန်နေတော့ မြန်မြန်ပြောင်းနိုင်တဲ့သူက ရှေ့ပိုရောက်မဲ့ အနေအထားမျိုးပါ။
ဟိုတလောက လူနာတစ်ယောက် ဆေးခန်းကို လာပါတယ်၊ အသက်က ၁၈ ရှိပြီ၊ အိမ်ထောင်တော့ ကျပြီးပြီပေါ့။ ပုံစံလေးက အားငယ်သလို ကြောက်နေသလိုလေး ဖြစ်နေတာနဲ့ ပါးစပ်နဲ့ပြောရင် နားမလည်မှာစိုးလို့ စာရွက်အကူအညီယူပြီး ရှင်းပြ ပြောပြပါတယ်၊ တော်တော်လေး ခရီးရောက်လာလို့ သူ့ကို သတိထားကြည့်လိုက်တော့ သိပ်နားမလည်တဲ့ပုံနေတယ်၊ အဲ့ဒါနဲ့ ညီမလေး နားရောလည်ရဲ့လား၊ ကျွန်တော်ပြောတာ မြန်နေလို့လား လို့ဆိုတော့ မဟုတ်ဘူး ဆရာ၊ သမီးက စာမတတ်ဘူးတဲ့။ ကျွန်တော် အရမ်းကို သနားသွားမိတယ်၊ ထင်မထားတာလည်း ပါတာပေါ့။ စက္ခုအမြင်အတွက် သူ့မှာ မျက်စိနှစ်ဖက် အကောင်းအတိုင်း ရှိနေပေမဲ့ ဉာဏအမြင်အတွက်တော့ သူဟာ မျက်မမြင်ဒုက္ခိတလေးတစ်ယောက်ပေါ့။
မနေ့ကတော့ သားအိမ်ခေါင်းကင်ဆာ လူနာတစ်ယောက် ရောက်လာတယ်၊ အဆင့် ၂ ရှိနေပြီ၊ ယောကျာ်းက ဆိုက်ကားနင်းတယ်၊ ကလေးက ၅ယောက်၊ ရန်ကုန်မှာ တစ်ခေါက်သွားပြကြည့်လိုက်ရုံနဲ့တင် အကြွေးတော်တော်တင်သွားပြီ။ ဆရာလေးရယ် မသိတာကမှ တော်သေးတယ် တဲ့။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနေအထား၊ ပြည်သူတွေရဲ့ ၀င်ငွေအဆင့်အတန်းနဲ့က ကင်ဆာဆိုတာဟာ သေမိန့်တစ်ခုလို ဖြစ်နေတုန်းပါပဲ။
ဖျာပုံက အသိ ဆရာမတစ်ယောက်က အလှူလာခံတယ်၊ ဒီနှစ် ဆယ်တန်းအောင်ပြီး တက္ကသိုလ်ဆက်မတက်နိုင်တဲ့ ကျောင်းသားလေးတစ်ယောက်အတွက် ပညာသင်စရိတ် နိုင်သလောက် ထောက်ပံ့ပေးဖို့တဲ့။ ကျွန်တော်တို့တုန်းကတော့ တက္ကသိုလ်တက်ရတော့မယ်လည်းဆိုရော၊ ဖုန်းတွေ ကားတွေကို အရင်စိတ်ကူးခဲ့ကြတာနော်၊ ကျောင်းစရိတ်ဆိုတာ အသိစိတ်ထဲမှာရော မသိစိတ်ထဲမှာပါ မရှိခဲ့ဘူး။
ကျွန်တော်တို့တွေအားလုံးမှာ ဘ၀က ပေးထားတဲ့ ပုစ္ဆာတွေ ကိုယ်စီကိုယ်စီ ရှိကြတယ်၊ တချို့က ဘာအပြစ်မှ မကျူးလွန်ရပါဘဲ သေမိန့်ကျနေတယ်၊ တချို့က အနာဂတ်တွေေ၀၀ါးနေကြတယ်၊ တချို့က အနာဂတ်မပြောနဲ့၊ မနက်ဖြန်တောင် ဘယ်ဆီနေမှန်း မသိဘူး။ တချို့က အသက်ရှင်နေထိုင်ဖို့၊ တချို့က အောင်မြင်ကြီးပွါးဖို့၊ အဲဒီလို ပုစ္ဆာတွေကို အဖြေထုတ်နေကြရတယ်။ တစ်ပုဒ်နဲ့တစ်ပုဒ် မတူတော့ တွက်ရတာချင်းလည်း မတူဘူးပေါ့။
ဘ၀ဆိုတာ တကယ်တော့ ဖဲကစားရသလိုပါပဲ။ ကိုယ့်ဆီကို ဘယ်ဖဲချပ်တွေ ရောက်လာမလဲ ကြိုတင်မသိနိုင်ဘူး၊ ဘယ်ဖဲချပ်တွေတော့ ဝေလိုက်ပါ၊ ဘယ်ဟာတွေတော့ မကြိုက်ဘူး၊ မလာနဲ့ ဆိုပြီး စီစစ်နေလို့ မရသလို၊ အဲဒီရောက်လာတဲ့ ဖဲချပ်တွေကိုလည်း ကောင်း၏ ဆိုး၏ ကြေးများနေလို့ မရပါဘူး။ ရောက်လာသမျှ လက်ခံကြရပါတယ်။ လုပ်လို့ရတာ တစ်ခုတည်း ရှိပါတယ်။ ကိုယ့်ဆီရောက်လာတဲ့ ဖဲချပ်တွေနဲ့ ဒီပွဲမှာ အနိုင်ရအောင် ကိုယ်ဘယ်လိုကစားမလဲ ဆိုတာကို အကောင်းဆုံး ကြိုးစားရှာဖွေဖို့ပါပဲ။
ဘ၀ကို မာရသွန်ပြိုင်ပွဲတစ်ခုလို ခိုင်းနှိုင်းတတ်ကြတယ်။ ဟုတ်တာပေါ့၊ ဘ၀ဆိုတာ သိပ်ကိုရှည်လျားတယ်၊ မျက်လှည့်လည်းဆန်တယ်၊ ဒီနေ့ အောင်မြင်နေတဲ့သူတွေက မနက်ဖြန် အရှုံးသမား ဖြစ်သွားနိုင်တယ်၊ ဒီနေ့မှာ လူတကာရဲ့ ကဲ့ရဲ့ခြင်းကို ခံနေရပေမဲ့လည်း နောင်တစ်ချိန်မှာတော့ အားလုံးရဲ့ လေးစားခြင်းကို ခံရတဲ့သူ ဖြစ်ချင်ဖြစ်နေနိုင်တယ်။ ခဏတာ အောင်မြင်မှု ရှုံးနိမ့်မှုတွေအပေါ် ခံစားနေဖို့ထက် ရေရှည်အမြင် အနာဂတ်အမြင် ရှိရပါတယ်။ ဒါမှ မာရသွန်ပြိုင်ပွဲမှာ ပန်းဝင်တဲ့အခါ အောင်ပွဲဆင်နိုင်မှာပါ။ ဘယ်ပြိုင်ပွဲမှာမဆို ယှဉ်ပြိုင်တဲ့ ကစားသမားတွေ ရှိသလို ဒိုင်လူကြီးလည်း ရှိရပါတယ်။ ရည်ရွယ်ချက်ကတော့ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးဖို့ပေါ့။ ဘ၀ဆိုတဲ့ ပြိုင်ပွဲမှာတော့ ထူးခြားတယ်ဗျ၊ ဒိုင်လူကြီး မရှိဘူး။ အရှုံးအနိုင်ကို ဘယ်သူကမှ လာမဆုံးဖြတ်ပေးနိုင်ဘူး၊ မင်း နိုင်ပြီ ပြောခံရတိုင်း သာယာနေလို့ မရသလို၊ မင်း ရှုံးသွားပြီဆိုတိုင်းလည်း ဒူးထောက်လိုက်စရာ မလိုပါဘူး၊ တကယ်တော့ ကိုယ့်ဘ၀မှာ ရှုံးနိမ့်မဲ့အချိန်က တစ်ချိန်တည်း ရှိပါတယ်၊ အဲဒါကတော့ ကိုယ်ကိုယ်တိုင်က လက်မြှောက်အရှုံးပေးလိုက်တဲ့ အချိန်ပါပဲ။ ကိုယ်အရှုံးမပေးသရွေ့တော့ ဘယ်သူကမှ ရှုံးပြီလို့ ၀င်ပြောခွင့်မရှိတာဟာ ဘ၀ဆိုတဲ့ ပြိုင်ပွဲပါပဲ။
အီဂျစ်တို့ရဲ့ အရှူံး
$
0
0
အီဂျစ်တို့ရဲ့ အရှူံး
==========
( written by Fareed Zakaria --- Washington Post )
လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်းမှာ အမေရိကန်တွေဟာ အီဂျစ်အာဏာရှင် မူဘာရက်ကို အတိုက်အခံတွေကို ထောင်မချပဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အသာအယာဖျောင်းဖျခဲ့မယ်ဆိုရင်၊ မူဆလင်ညီအကိုများအဖွဲ့ အာဏာရသွားစေချင်လားလို့ မေးခဲ့မယ်ဆိုရင် မူဘာရက်ဟာ နောက်ဆုတ်ခဲ့မှာပါ။
အခုတော့ ဗုဒ္ဓဟူးနေ့အဖြစ်အပျက်က အီဂျစ်လူမျိုးတွေဟာ စစ်အာဏာရှင်တွေနဲ့ လစ်ဘရယ်မဟုတ်တဲ့ ဒီမိုကရေစီအမည်ခံကြား ဆက်ရွေးရဦးမယ်လို့ ဖော်ပြနေပါတယ်။ အီဂျစ်ရဲ့ ခေါင်းဆောင်မှုအသစ်ကို ရှာဖို့ဆိုတာ နှစ်မျိုးစလုံးကို ဖယ်ပစ်ဖို့လိုနေပါတယ်။ ဒါဟာ အီဂျစ်တို့လုပ်ဆောင်ရမယ့် တာဝန်ပါ။ အမေရိကန်က လုပ်ပေးရမှာ မဟုတ်ပါဘူး။
အီဂျစ်ရဲ့ အကွဲအပြဲကို အနောက်မီဒီယာအများစုက အစ္စလာမ်ဝါဒနဲ့ ဘာသာရေးနဲ့ နိုင်ငံရေးခွဲခြားထားလိုတဲ့ဝါဒအကြားက အားပြိုင်မှုအဖြစ်ပုံဖော်ကြပါတယ်။ အီဂျစ်သမ္မတမော်စီက သူအုပ်ချုပ်စဉ်အတွင်းမှာ သဘောထားတင်းမာတဲ့ အစ္စလာမ်အုပ်ချုပ်ရေးကို သွပ်သွင်းဖို့ကြိုးစားခဲ့ပါတယ်။ ရှာရီယာဥပဒေကို ကျင့်သုံးလိုတာထက် အာဏာကိုသာချုပ်ကိုင်ထားလိုတာဖြစ်တဲ့အပြင် တကယ့်အဖြစ်မှန်ကလည်း ရှိနေပါသေးတယ်။
မော်စီနဲ့ မူဆလင်ညီအကိုများဟာ အမှားမှား အယွင်းယွင်း၊ လောဘတကြီးနဲ့ လာဘ်ထိုးခဲ့ကြပါတယ်။ ပါတီက သမ္မတရာထူးအတွက်လည်း ယှဉ်ပြိုင်မယ်မဟုတ်၊ ပါလီမာန်ထဲမှာလဲ အများစုအနိုင်ရအောင် လုပ်မယ်မဟုတ်လို့ ကတိခံထားခဲ့ကြတာပါ။ အခုတော့ ဒီကတိနှစ်ခုစလုံးကို ဖျက်ပါတော့တယ်။
ဒါကို နိုင်ငံသားတစ်ဦးခြင်းရဲ့ အခွင့်အရေးတွေအတွက် အာမခံချက်နည်းလှတဲ့ အခြေခံဥပဒေပေါ်မှာ တက်သုတ်ရိုက်ခဲ့ကြတာပါ။ အဲဒီဥပဒေမှာ ခွဲခြားဆက်ဆံမှုတွေကို ခွင့်ပြုထားတဲ့အပြင် အီဂျစ်မှာရှိတဲ့ ခရစ်ယာန်လူနည်းစုအပေါ်မှာ အနိုင်ကျင့်ခွင့်တောင် ပြုထားပါတယ်။ အတိုက်အခံတွေကို နှိမ်နင်းခွင့်ပြုထားပြီး မူဘာရက်ရဲ့ ပါတီဝင်တွေကို အီဂျစ်နိုင်ငံရေးမှာ လုံးဝပါဝင်ခွင့်မရအောင် တားမြစ်ထားပါတယ်။
အဆိုးဆုံးကတော့ အုပ်ချုပ်နိုင်တဲ့ အရည်အချင်းမရှိတာပါ။ အီဂျစ်ရဲ့ ကျဆုံးမှုက ခြေလွတ်လက်လွတ်ကြီးကို ကျနေပါတယ်။ မော်စီအုပ်ချုပ်စဉ်အတွင်း စီးပွားရေးက နွံထဲနစ်နေပြီး အလုပ်လက်မဲ့နှုန်းကလည်း မိုးထိထောင်နေပါတယ်။ ပြည်သူတွေ ကစဥ့်ကလျားနဲ့ ရာဇ၀တ်မှုတွေ ထူပြောပြီး လူမှုရေးထောက်ပံ့မှုတွေကလည်း အားနည်းလှပါတယ်။ ဒါတွေကပဲ လူထုကို အကြီးအကျယ်မကျေမနပ်ဖြစ်ဖို့လုံလောက်နေပါပြီ။
လူထုရဲ့ မကျေနပ်မှုက ပထမပိုင်းမှာ စစ်တပ်ကို ဦးတည်ပါတယ်။ မူဘာရက်က ၂၀၁၁ မှာ ပြုတ်ကျခဲ့ပြီး စစ်တပ်က ၁၆ လအုပ်ချုပ်ခဲ့ပါတယ်။ အခုတော့ မော်စီထံကို လူထုက ဦးတည်နေပါပြီ။ ဒီအခြေအနေက တိုင်းပြည်မှာ မထူးခြားဘူးဆိုရင် ဒီမကျေနပ်မှုဟာ လွယ်လွယ်နဲ့တော့ ပြေလည်မယ့်ပုံမရှိပါဘူး။
အီဂျစ်စစ်တပ်ကတော့ ဒီအာဏာသိမ်းမှုဟာ ပျော့ပျော့ပြောင်းပြောင်းနဲ့ ဒီမိုကရေစီကို ကူးပြောင်းနိုင်ဖို့ပါ၊ ဒီမိုကရေစီကို ဖျက်ဆီးဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။ တကယ်လို့များအောင်မြင်ခဲ့မယ်ဆိုရင် ၁၉၉၇ တုန်းက တူရကီစစ်တပ်လိုပဲ အစ္စလာမ်အစိုးရကို ဖယ်ရှားဖို့အားထုတ်ရပါမယ်။ မအောင်မြင်ခဲ့ဘူးဆိုရင်တော့ဒါဟာ ၁၉၉၂ အယ်ဂျီးရီးယား အာဏာသိမ်းမှုနဲ့ တူမှာဖြစ်ပြီး ဆယ်စုနှစ် တစ်ခုလောက် ဆူပူအုံကြွမှုတွေ ဆက်ဖြစ်နေပါလိမ့်မယ်။
အခုလတ်တလောမှာတော့ စစ်အာဏာရှင်စနစ်တရားဝင် ချုပ်ငြိမ်းခဲ့ပေမယ့်လည်း စစ်တပ်ရဲ့ သြဇာအာဏာတွေ ပြန်လည် သက်ဝင်လှူပ်ရှားနေပါတယ်။ ဥပမာအားဖြင့် စစ်တပ်ဘတ်ဂျက်ဟာ ပါလီမာန်ကကော သမ္မတကပါ မေးမြန်းစုံစမ်းလို့မရတဲ့ ပဉ္စလက်သေတ္တာနက်လို ဖြစ်နေပါတယ်။ မော်စီက တက်ကြွနေတဲ့ လစ်ဘရယ်အင်အားစုကို မှားယွင်းစွာ ကွပ်ကဲနေတုန်း ဖိနှိပ်တတ်တဲ့ စစ်တပ်အာဏာပြန်ရဖို့ လမ်းဖောက်ပေးသလိုဖြစ်ခဲ့ပါတယ်။
အီဂျစ်မှာ ဆယ်စုနှစ်ပေါင်းများစွာ သက်ဆိုးရှည်ခဲ့တဲ့ အာဏာရှင်စနစ်ဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ အပြင်းအထန်တွန်းကန်မှုတွေကို မွေးဖွားပေးခဲ့ပါတယ်။ အစွန်းရောက်အာဏာရှင်စနစ်ဟာ ဆန့်ကျင်ဘက်အနေနဲ့ အစွန်းရောက်အတိုက်အခံကိုသာ ထုတ်လုပ်ပေးခဲ့တာပါ။ အာဏာရှင်က ဖိနှိပ်လေ၊ အတိုက်အခံကလည်း ဘာသာရေးနဲ့ သဘောထားတင်းမာမှုတွေ၊ ဆူပူအုံကြွမှုတွေဘက်ကို ရောက်သွားလေပါပဲ။ အာရပ်မြေဟာ ဖိနှိပ်သူအာဏာရှင်နဲ့ လစ်ဘရယ်မကျတဲ့ နိုင်ငံရေးလှူပ်ရှားမှုတွေကြားမှာ ပိတ်မိနေပါတယ်။ ဒီနှစ်ခုကြားမှာ လစ်ဘရယ်ဒီမိုကရေစီအစစ်ရှင်သန်ဖို့ အခွင့်အလမ်းနည်းနည်းလေးသာ ရှိပါတယ်။
မော်စီနဲ့ မူဆလင်ညီအကိုများဟာ ဒီအဆိုးကျော့သံသရာစက်ဝိုင်းကို ဖြတ်တောက်ဖို့ အခွင့်ရခဲ့ပါတယ်။ ဒီမိုကရေစီကို ဖော်ဆောင်တဲ့ အင်အားစုအဖြစ် အစိုးရနဲ့ အာဏာကို လစ်ဘရယ်ကျကျ ပိုင်းခြားနိုင်ခွင့်ရခဲ့ပါတယ်။ ဒါဟာ တူရကီနိုင်ငံမှာ Justice and Development ပါတီအနေနဲ့ ၁၀ နှစ်အတွင်း ရွေးကောက်ပွဲ ၃ ခု အောင်မြင်ခဲ့ရတဲ့ အခြေခံအကြောင်းရင်းပါ။ ဒါပေမဲ့ မော်စီအနေနဲ့ကတော့ ဒီလိုဖြစ်ချင်ရင် ခေါင်းဆောင်မှုပုံစံကို ပြောင်းပစ်မှပဲ ရမှာပါ။
ဒီလိုခေါင်းဆောင်မျိုး ကမ္ဘာပေါ်မှာ ရှိနေပါတယ်။ တောင်အာဖရိကနိုင်ငံ၊ ပရီတိုရီယာဆေးရုံပေါ်မှာ သေအံ့မူးမူးဖြစ်နေတဲ့ နယ်ဆင်မန်ဒဲလားမှာ ကြီးကျယ်ခမ်းနားမှုတွေအတွက်ချီးမွန်းစရာတွေပြည့်လို့ပါ
ထိပ်ဆုံးအချက်အနေနဲ့ကတော့ သူဟာတိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာမှာ အာဖရိကန်လူမျိုးတွေကို တောင်အာဖရိကနိုင်ငံသစ်ရဲ့ အရေးပါတဲ့နေရာမှာ ရှိစေရမယ်လို့ အာမခံနိုင်ခဲ့ပြီး နေသားတကျဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
အာဏာလက်ကိုင်ဖြစ်သွားတဲ့ လူမည်းတွေက အသားရောင်ခွဲခြားခဲ့တဲ့ လူဖြူတွေအပေါ် ပြန်ကလဲ့စားချေဖို့ မန်ဒဲလားကို ဖိအားပေးခဲ့တာကို စိတ်ကူးကြည့်စမ်းပါ။ မန်ဒဲလားဟာ ဒါတွေကို ကျော်လွှားပြီး တိုင်းပြည်အတွက်၊ သမိုင်းကြောင်းအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီဖြစ်စဉ်ကို ထောက်ပံ့ရင်း၊ သမ္မတနဲ့ လက်တွဲရင်း၊ သဘောထားပျော့ပျောင်းဖို့ တိုက်တွန်းရင်း အလယ်အလတ်လမ်းစဉ်ကိုလိုက်ဖို့ လမ်းကြောင်းဆွဲနေပါတယ်။ အရင်ကတော့ ၀ါရှင်တန်ဟာ စစ်တပ်ကို ထောက်ခံခဲ့တဲ့အတွက် အပြစ်တင်ခံရပြီး အခုတော့ မူဆလင်ညီအကိုများအဖွဲ့ကို ထောက်ခံလို့ အပြစ်တင်ခံနေရတာ၊ နှစ်ခုစလုံးကတော့ ကျေနပ်စရာမကောင်းလှပါဘူး။
အမှန်စင်စစ်တော့ ၀ါရှင်တန်ရဲ့ ဦးဆောင်မှုကဏ္ဍဟာ အတော်ကြီးကို အားမကိုးလောက်ပါဘူး။ ကိုင်ရိုကို ခေါင်းဆောင်နိုင်မှုကသာ ပြသနာပါ။ မော်စီဟာ မန်ဒဲလားမဟုတ်။ သူ့ကို အောင်နိုင်ခဲ့သူလည်းမဟုတ်။ ဒီလိုခြားနားမှုတွေကြောင့် အီဂျစ်ဟာ တောင်အာဖရိကထက် ခက်ခဲတဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရပါလိမ့်မယ်။
" ငါ တိုက်ရတဲ့ စစ် "
$
0
0
------------------------
အချစ်နဲ့ စစ်မှာ
မတရားတာမရှိဘူး ....
မတရားဘူး ဆိုတဲ့အထဲမှာ...
ဘဝကို ချေမွလိုက်တာတွေ ပါတယ်..
သိက္ခာကို ဖျက်ဆီးလိုက်တာတွေ ပါတယ် ...
ကတိကို ရိုက်ချိုးလိုက်တာတွေ ပါတယ် ....
အရှက်ကို နင်းခြေလိုက်တာတွေပါတယ် ..........။
ဒါပေမယ့် ဒီ စစ် က ....
ကိုယ်ချစ်တဲ့သူနဲ့
ဖြစ်ရမယ့် စစ် ............။
သူ့ ကို တစ်ချက်ပစ်တိုင်း ...
ကိုယ့်ကို တစ်ချက်မှန်တယ်........
သူ့ ကို တစ်ခါ ချေမှုန်းတိုင်း ....
ကိုယ်လဲ တစ်ခါကျဆုံးတယ်……..။
ရာဇဝင်ကားတွေထဲကလို
မှော်ဆရာမလေးကို
ဓားနဲ့တစ်ချက်ခုတ်တိုင်း
ကိုယ့်ရင်ဘတ်မှာ
ဓားဒဏ်ရာနက်နက်
တစ်ချက် ပေါ်လာသလိုမျိုးပေါ့ …...။
တကယ်တော့ ....
ကိုယ်ချစ်တဲ့သူကို
နာကျင်အောင် လုပ်ဖို့ ဆိုတာက
ထင်သလောက်မလွယ်ဘူး မဟုတ်လား.......။
ဒေါသ အလျှောက်
ပေါက်ကွဲချင် ပေါက်ကွဲမယ်…..
မာန အလျှောက်
တိုက်ခိုက်ရင် တိုက်ခိုက်မယ်……
အရှက် အလျှောက်
တုန့် ပြန်ရင် တုန့် ပြန်မယ်…….
သိက္ခာ အလျှောက်
ဖြေရှင်းရင် ဖြေရှင်းမယ်……….
ဒါပေမယ့်
တဖြည်းဖြည်းတော့ ....
ကိုယ်ပဲ နောင်တတွေနဲ့ .....
နာကျင်ဆွေးမြေ့ မောပန်း ရတော့တာပါပဲ ......။
နောက်ဆုံးမှာတော့ ...
စိတ်ကိုပဲ ဒုံးဒုံးချလိုက်ပါတယ်
ငါ လက်နက်ချလိုက်ပါပြီ ညီမလေးရေ....
ငါ နိုင်ရင်တောင်
ရှုံးမှာသေချာနေတဲ့
စစ်ကိုတော့ ...
ငါ မတိုက်ပါရစေနဲ့ ....
နင် ချမှတ်တဲ့ ပြစ်ဒဏ်ကိုပဲ
ငါ ကျေကျေနပ်နပ် လက်ခံပါ့မယ်.......။
တစ်ခုပါပဲ...
နင့် ခုံရုံးစီရင်ချက်အရ ...
ငါ့ကို လက်ပြန်ကြိုးတုပ်...
မျက်နှာကို အဝတ်စည်း ...
သေနတ် ၁၂ လက်က
မီးခိုးတွေ မမြည်ဟီးခင်ထိ...
နင့်မျက်နှာလေးကို ငေးကြည့်ပြီး ...
အရင်တုန်းကလို ....
" ချစ်တယ် " ....လို့ 
ငါ ဖွဖွလေး ... ရွတ်သွားပါရစေဟာ ...။
( ရဲမိုး )
feeling guilty.
ငါလမ်းဘေးခလုတ်တိုက်လဲတာလဲ နယ်ချဲ့စံနစ်ကြောင့်.
$
0
0
2 hours ago
-"ငါလမ်းဘေးခလုတ်တိုက်လဲတာလဲ နယ်ချဲ့စံနစ်ကြောင့်...။ "
-Jump To Conclusion လို့အင်္ဂလိပ်လိုခေါ်ကြတဲ့ အလွယ်တစ်ကူ ကောက်ချက်ဆွဲတတ်ကြတဲ့ အလေ့အထ၊ အထူးသဖြင့်နိုင်ငံရေးမှာ အပြစ်ဖို့ကြေးလုပ်ကြတဲ့ အလေ့အထကို သရော်ထားတဲ့ ဟာသ လေးဖြစ်ပါတယ်။ ဆိုဗီယက်ဟာသလို့လဲပြောကြတယ်
-အခု အဲ့ဒါလေးကို ကျနော်တို့ပြန်မြန်မာမှု ပြုလိုက်ရင် "ငါလမ်းဘေးခလုတ်တိုက်လဲတာ စစ်အစိုးရကြောင့်"...။ အဲ့လို့ပေါ့။
-ဒါက ဟာသ အတွက်..စိတ်၇ွှင်စေဖို့အတွက်ပါ။ တစ်ကယ်ပြောပြချင်တာက သတ်သတ်ရှိပါတယ်။
-ကျနော်တို့တွေ တစ်ခုခုဆိုရင် အလွယ်တစ်ကူ လက်ညှိုးထိုးတတ် အပြစ်တင်တတ်ကြတယ်။ ကျနော်ဆိုရင် ငယ်တုန်းက နေမကောင်းတဲ့လူတစ်ယောက်အတွက် အစိုးရကို အပြစ်တင်ခဲ့တယ်။ သူ့ကျန်းမာရေးကို သူမစောင့်ရှောက်တာကို ကျနော်မမြင်ခဲ့မိဘူး။
-ကျနော်တို့မှာ မကောင်းတဲ့အာဏာရှင်စံနစ်ရှိခဲ့တယ်။ ဒီစံနစ်က ကျနော်တို့တွေရဲ့ နေ့စဉ်ဘဝတွေမှာ တွေးခေါ်စဉ်းစားပုံတွေကို လွှမ်းမိုးစေခဲ့တယ်။
-အာဏာရှင်စံနစ်မှာ အာဏာကိုတပ်မက်မောမှု၊ ဖိနှိပ်မှု၊ ဆန့်ကျင်ဘက်ကို ချေမှုန်းလိုမှု၊ ဆန့်ကျင်ဘက်ကိုချေမှုန်း လိုတဲ့အတွက် အမျိုးမျိုးထောင်ချောက်ဆင်မှု စတာတွေဟာ အာဏာရှင်စံနစ် ရှည်ကြီးထဲမှာ ကျနော်တို့တွေ့ကြုံခံစားနေရတာတွေ။
-ဒီလို ဖိနှိပ်မှုတွေကြောင့် ကျီးလန့်စာစားဖြစ်ခဲ့ရတယ်။ နိုင်ငံရေးဆိုတဲ့ စကားလုံးဟာ မပြောဝံ့တဲ့စကားလုံးဖြစ်ခဲ့တယ်။
-ဒီလိုစံနစ်တွေကနေပဲ အာဏာအတွက် ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေး ကွင်းထဲမှာ ကစားတဲ့ အာဏာရှင်ဖက်က လူတန်းစားတွေကော၊ အာဏာရှင်ကို တွန်းလှန်တဲ့လူတန်းစားတွေကော တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပုတ်ခတ်၊ စွပ်စွဲ၊ ထောင်ချောက်ဆင်ချေမှုန်းလိုတဲ့ အတွေးတွေဟာ ပုံသွင်းခံရသလို ဝင်နေခဲ့တော့တယ်။
-ဒါကို ယနေ့ နိုင်ငံရေးဖြစ်စဉ်များထဲမှာသိသာစွာတွေ့နေရဆဲပါ။ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က "မေ့ပစ်ဖို့မဟုတ်ဘူး" ဆိုပြီး ပြောခဲ့ရတယ်။ "ခံစားချက်တွေနဲ့လုပ်လို့မရဘူး" ဆိုပြီးသတိပေးခဲ့တယ်။ ဒီလို 2010 ရွေးကောက်ပွဲဝင်တဲ့အချိန်မှာတင် ဒီ လို အပြတ်ချေမှုန်းတဲ့အတွေးအခေါ်ရှိတဲ့နောက်လိုက်တွေရဲ့ ဖိအားကို ခေါင်းဆောင်အနေနဲ့အများကြီးရုန်းကန်ခံစားခဲ့ရပုံပေါ်ပါတယ်။
-တစ်ဖန် အာဏာရှင်ဖက်ကိုကြည့်ပြန်ရင်လဲ မလိုက်လိုသူတွေကို ချန်ထားခဲ့ရမယ်ဆိုပြီး သမ္မတက ထုတ်ပြောရတဲ့အထိ ရန်၊ ငါ အစွဲပြင်းထန်ခဲ့ကြတယ်။ အခုထိ အတိုက်အခံဆိုတာ ကိုယ့်ပြည်သူထဲက ပြည်သူဆိုတာ မမြင်သေးဘဲ ရန်သူလို ဆက်ဆံနေကြဆဲဖြစ်ပါတယ်။
-ဒီလို အတွေးအခေါ်တွေဟာ Political System နဲု့ယှဉ်တွဲဖြစ်ပေါ်နေတတ်တဲ့ Social Frame ကနေ မွေးထုတ်ပေးလိုက်တဲ့ အတွေးအခေါ်တွေဖြစ်ပါတယ်။ ကျနော်တို့တွေအားလုံး ဒီ Social Frame ထဲမှာနေကြတော့ အုပ်ချုပ်သူ၊ အုပ်ချုပ်ခံ ဆိုပြီးမကွဲပြားပဲ ကျနော်တို့အားလုံး ဒီအတွေးအခေါ်တွေရဲ့ သားကောင်ဖြစ်ခဲ့ကြတယ်။
-တစ်ယောက်နဲ့တစ်ယောက် သံသယနဲ့ကြည့်ကြတယ်။ ငါ့ကို ထိ မှာလား ဆိုတဲ့ မယုံသင်္ကာစိတ်တွေနဲ့ကြည့်ကြတယ်။ မလွတ်လပ်ကြဘူး။ မရဲတင်းကြဘူး။ လူရှေ့သူရှေ့ထွက်ရင် ကုပ်ချောင်းချောင်းလေးတွေ ဖြစ်နေကြတယ်။ သိမ်ငယ်နေကြတယ်။ ကျနော်တို့လဲ အတူတူပဲ။ အများစုဟာ ဒီလိုပါပဲ။
- ပြောပြချင်တာက အာဏာရှင်စံနစ်ကြောင့် အာဏာရှင်တွေကိုယ်တိုင်နဲ့ ကျန်ပြည်သူတွေပါ ဒီလို အချုပ်အနှောင်ခံနေရတဲ့ အကြောက်တရားကြားထဲ ပိတ်မိနေကြတယ်ဆိုတာပါ။
-ထစ်ခနဲရှိ စွပ်စွဲလိုက်ချင်တာ၊ လက်ညှိုးကို သူများကိအရင်ဦးအောင်ထိုးထား အပြစ်ဖို့ထားလိုက်ချင်တာ စတဲ့ အရာတွေဟာ ဘယ်ကနေလာလဲဆိုတာ သိလောက်ပြီထင်ရဲ့။
-ဒီဟာတွေကို ပြောင်းလဲသွားဖို့၊ ကိုယ့်နိုင်ငံသားတွေ ရဲရဲဝံ့ဝံ့ ပိုဖြစ်လာဖို့ အချိန်ခဏ ယူရမှာပါ။ ပညာရေးစံနစ်တွေပြောင်းရဦးမှာပါ။ Social Mobilities လို့ခေါ်တဲ့ လူမှုလှုပ်ရှားမှုတွေလုပ်ရဦးမှာပါ။
-ကျနောတို့ ဘာလုပ်သင့်လဲ သိလောက်ပြီထင်ရဲ့။
အပြန်ခရီး
$
0
0
Photo: အပြန်ခရီး ------------   “ မနေရလို့ သေကြတဲ့အခါ     ကိုယ့်နောက်ကိုကား…ဘာများပါမှာ     ပစ္စည်းဟူက မြူမျှမပါ       ကိုယ်ပြုထား ကံများကိုယ့်နောက်ပါ ..”  ကားပေါ်က သံဝေဂလင်္ကာ ရွတ်ဖတ်သံက ကျွန်တော့်နားထဲရောက်လာတယ်။  သြော်…သွားတော့…သူငယ်ချင်း.သွားတော့…  မင်းအပြန်ခရီးကတော့ စည်းကားလှပါပေတယ်ကွာ။ ခုချိန်ထိ ယာဉ်တန်းက အိမ်ဝ(သုသာန်ဝ) ရောက်တာတောင် နောက်မှာ အရှည်ကြီးကျန်သေးတယ်။  ဘာပဲဖြစ်ဖြစ်..မင်းနေခဲ့စဉ်က ကောင်းသော ပြုမူဆောင်ရွက်ခဲ့မှုတွေကြောင့် ခုလို စည်ကား နေရတာပါသူငယ်ချင်း။  မင်းအပြန်ခရီးက..ဘာပဲဖြစ်ဖြစ်.လှပါပေတယ်ကွာ။  မင်းမှာ..ချစ်လှစွာ ဇနီးနဲ့..မင်းရဲ့ တစ်ဦးတည်းသော သားလေးကျန်ခဲ့တယ်နော်။  လောကကြီးအတွက် ဘာတွေချန်ထားခဲ့ပြီလဲ။ မင်းကရော…ဘာတွေယူသွားပြီလဲ။ ------------  ဆမ်းမားဆက်မော်မ်ရေးသည့် “ Appointment  in  Summara ” ဆိုတဲ့ ၀တ္ထုလေးကို သတိရမိတယ်။  တစ်ခါက ဘက္ကဒတ်မြို့ ကုန်သည်တစ်ဦးက သူ့တပည့်ဖြစ်သူကို ဈေးဝယ်လွှတ်လိုက်တယ်။ မကြာပါဘူး တပည့်ဖြစ်သူက မျက်နှာဖြူပတ်ဖြူလျော်နဲ့ ပြန်ပြေးလာတယ်။  “ ဆရာ ကျွန်တော်ဈေးထဲမှာရောက်တော့ လူတစ်ယောက်က ၀င်တိုက်မိလို့ ကြည့်လိုက်တော့ သေမင်းဖြစ်နေတာကို တွေ့ရတယ်။ သူကလည်း ကျွန်တော့်ကို စူးစူးဝါးဝါးပြန်ကြည့်နေတယ်။ သူနဲ့ ပြန်ပြီးတွေ့ရမှာ ကြောက်လှပါတယ်။ သူနဲ့ဝေးရာကို ပြေးသွားပုန်းအောင်ချင်ပါတယ်”  “ သေမင်းရှာမတွေ့နိုင်တဲ့ ဟိုး--အဝေးကြီးမှာတဲ့ “ဆမ်မာရာ”ကို ပြေးပါမယ် ”တဲ့  ဒါနဲ့ကုန်သည်ကြီးက သူ့ရဲ့အကောင်းဆုံးမြင်းကိုပေးလိုက်ပြီး တပည့်ဖြစ်သူကို သွားခိုင်းလိုက်သတဲ့။  သူလည်း ဈေးကိုကိုယ်တိုင်ပဲသွားလိုက်တော့တယ်။  ဈေးထဲရောက်တော့ သေမင်းနဲ့တွေ့ပြန်တယ်။  “ ခင်ဗျား ကျွန်တော့်တပည့်ကို စူးစူးဝါးဝါးကြည့်ပြီး ဘာကြောင့် ခြိမ်းခြောက်လိုက်တာလဲ ”  “ ခြိမ်းခြောက်တာမဟုတ်ပါဘူး။ စူးစူးဝါးဝါးကြည့်တာကလဲ သိပ်ကိုအံ့သြလွန်းလို့ကြည့်တာပါ။ ကျွန်ုပ်ကဒီ ဘက္ကဒတ်မှာတွေ့လိုက်ရလို့လေ။  အမှန်တကယ်က ဒီနေ့ည “ဆမ်မာရာ”မှာ သူနဲ့ကျွန်ုပ် စာရင်းရှင်းကြဖို့ရှိတယ်လေ ”။တဲ့  သေမင်းနဲ့ ဝေးရာပြေးခဲ့ပေမယ့် ကိုယ်ပြေးတဲ့နေရာက သေမင်းနဲ့တွေ့ရမယ်နေရာ ဖြစ်နေတယ် တဲ့လေ။ ----------  သတ္တ၀ါတွေရဲ့ အမြဲနေအိမ်ဟာ အပါယ်လေးပါးပါတဲ့။  ဘာကြောင့်လဲ တစ်သံသရာလုံး မဂ်ရတာ မကြိုက်လို့ ဓမ္မကို ခပ်ကင်းကင်းနေခဲ့လို့ အပါယ်လေးပါးက ကိုယ့်အိမ် ကိုယ့်ရာလို ဖြစ်နေရတာပါ။  ကျွန်တော်တို့ မွေးပြီဆိုကတည်းက သေခြင်းကပါလာပြီ။  သေခြင်းတရားနဲ့ မတွေ့ချင်လို့ ဘယ်လောက်ပဲ ဆေးတွေကုကု၊ ဘယ်လောက်ပဲ အစားထိုးပြုပြင် ပြုပြင် တစ်နေ့တော့ သေမှာပါပဲ။   “ ဆမ်မာရာ”  တွေ့ရမှာပါပဲ။  မွေးလာပြီရင်တော့ သေရမှာပဲ။ မမွေးချင် မသေချင်ရင်တော့ ၀ိပဿနာ တရားကိုကျင့်ကြံ အားထုတ်ရမှာပါ။  ဒီတော့ ကျွန်တော်တို့အတွက် သေချာနေတာကတော့ သေမှာပါပဲ။ ဘယ်လိုသေကြမလဲ။ အသေကောင်းနဲ့ သေကြမလား၊ အသေးဆိုးနဲ့သေကြမလား။  သေခြင်းသုံးမျိုးရှိပါတယ်။  ခဏိက မရဏ= သင်္ခါရတရားတို့၏ ခဏမစဲသေခြင်း။ (ရုပ်တရား၊ နာမ်တရားတို့က ခဏမစဲ ဖြစ်၊ တည်၊ ပျက် နဲ့ အမြဲ ချုပ်ပျက်နေခြင်း)  သမုတိ မရဏ= ပညတ်အားဖြင့်သေခြင်း(“ကိုဖြူသေပြီ၊ မနီသေပြီ” လို့ အမည်ပညတ်အားဖြင့် လူနတ်သတ္တ၀ါတို့ သေခြင်း)  သမုစ္ဆေဒ မရဏ= ဘုရား၊ ရဟန္တာတို့၏ အပြီးပြတ် ချုပ်ငြိမ်းခြင်း (နောက်ထပ်တစ်ဖန်၊ ပဋိသန္ဓေမနေရတော့ပြီ ဖြစ်သော ရဟန္တာတို့၏ သေခြင်း)  ကျွန်တော်တို့ရဲ့ ရုပ်လေးက ဖြစ်ပြီး ပျက်နေတယ်။ စိတ်လေးလည်း ဒီလိုပဲ ဖြစ်ပြီး ပျက်နေတယ်။ ခဏမစဲသေနေတယ်။  ဒါကိုမသိတော့ ဒီရုပ်က ငါ့ရုပ်၊ ဒီစိတ်က ငါ့စိတ်တွေဖြစ်နေကြရတာပါ။  ဖြစ် ပျက်ကို တကယ် ဓမ္မသဘောနဲ့ သိပြီဆိုတဲ့ တစ်နေ့ ကျွန်တော်တို့အတွက် အမြဲနေအိမ်ကြီးက တံခါးပိတ်သွားပါတော့တယ်။  ပညတ်အားဖြင့် မောင်ပိုင် အသက်(---)၊ ……ရက်နေ့တွင် ကွန်လွန်သည်ဆိုရင်  သြော် ကိုမောင်ပိုင်၊ ဦးမောင်ပိုင်ကြီး၊ ငါညီမောင်ပိုင်ကြီးတော့ သေသွားပါပြီလားလို့ ပြောကြမှာပါပဲ။  ဒီတော့ ရုပ်နာမ်နှစ်ပါးကလည်း သေနေတယ်။ နာမည်ပညတ်ကြီးကလည်း သေဦးမယ်။  ကျွန်တော်တို့ အမြဲမသေတဲ့ သေခြင်းရဖို့ပဲ ကြိုးစားရတော့မယ်။ --------------  သူငယ်ချင်းရေ…  “ ချစ်လျှံဝေေ၀၊ ချစ်မိတ်ဆွေနှင့်     ချစ်နေသမျှ၊ ပေါင်းနေရလည်း     ခွဲရမည်မှာ မလွဲသာတည်း။    ရှည်စွာအသက်၊ တည်လျှက်ရှိလည်း    ပုခက်နှင့်ပေ၊ ဝေးလေလေလည်း    နီးလေပျဉ်ခေါင်း၊ အမှန်အောင်းလိမ့် ”တဲ့  မင်းကတော့ တို့တတွေနဲ့ခွဲခွာဖို့ အိပ်စက်နေပြီပေါ့။  ဇရပ်မှာ ဆိုင်းဘုတ်တစ်ခုဖတ်မိတယ်သူငယ်ချင်း…  “ မိတ်ဆွေ ငါ့ဘေးနားက ဖြတ်သွားတဲ့အခါ ငါ့ကိုသတိရလိုက်စမ်းပါ။    ငါလည်း တစ်ချိန်ကမင်းလို ပျော်ရွှင်ခဲ့ဘူးတာပါပဲ။    မနေရလို့ သေရတဲ့တစ်နေ့ မင်းလည်း ငါ့နောက်လိုက်လာရမှာပါ။    မသေရခင် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားပါ မိတ်ဆွေ”တဲ့။  ငါ အုတ်ဂူလေးတွေကို ပြန်ငှဲ့ကြည့်မိတယ်။ နေရာလေးတွေ ယူငင်ထားကြတာလေ။ ငါ့အတွက် တစ်နေရာတော့ ရှိမှာပါပဲ။ ဒါပေမယ့် မင်းက တစ်နေ့ရာစာ ကိုယ်ဦးထားမယ်လို့တော့ မပြောပါနဲ့ဦးနော်။   ဆရာတင်မိုးကလည်း  “ ဆေးလိပ်လည်းတို နေလည်းညို   ငါ့ကို အိမ်ပြန်ပို့ပါတော့ ”တဲ့။   ငါကတော့.မပြန်ချင်သေဘူး။ ငါသေရမှာ ကြောက်သေးတယ်ကွ။  ဘာလို့လဲ ဆိုရင် ငါ့အပြန်ခရီးအတွက် ငါမပြင်ဆင်ရသေးဘူးလေ။  ငါ့ရဲ့ အပြန်ခရီးသယ်ဆောင်ရမယ့် အထုပ်က ညစ်နွမ်းနေတယ်။  ဒီတော့ မျက်နှာပန်းမလှဘူးကွ။  ကိုယ်ပြုခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်၊ ၀ိပဿနာတရားက ကိုယ်အထုပ်တဲ့။  သူငယ်ချင်းရေ…ငါ့အထုပ်လေး ဖြူနေအောင်..ဒါမှမဟုတ် အရောင်လေးတွေ ပျယ်အောင်တော့ ငါပြန်လည်လျှော်ဖွတ်ပါရစေဦးကွာ..။  ဒါမှလည်း ..ငါ့အပြန်ခရီးအတွက် ငါစိတ်ချမ်းသာမှာ သူငယ်ချင်း။  ဒီတော့ သွားနှင့် ဦးတော့ သူငယ်ချင်းရေ….။ --------------  “ မရဏ မေ ဘ၀ိဿတိ၊ ဥစ္ဆိဇ္ဖိဿတိ ဇီဝိတံ။    သော ဟံ မရဏ ဓမ္မောမှိ၊ အနတိတောတိ မရဏံ။ ”  သေခြင်းသည် ငါ့အား၊ ငါ့အတွက်၊ ငါ့အလို့ငှာ ဖြစ်လတံ္တ။ အသက်သည် ပြတ်လတ္တံ။  ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။  “ အပ္ပမာဒေန သမ္ပာဒေထ ” မမေ့မလျော့သော သတိဖြင့် အပြန်ခရီးလှနိုင်ကြပါစေ။  ၄-၇-၂၀၁၃။
“ မနေရလို့ သေကြတဲ့အခါ
ကိုယ့်နောက်ကိုကား…ဘာများပါမှာ
ပစ္စည်းဟူက မြူမျှမပါ
ကိုယ်ပြုထား ကံများကိုယ့်နောက်ပါ ..”
ကားပေါ်က သံဝေဂလင်္ကာ ရွတ်ဖတ်သံက ကျွန်တော့်နားထဲရောက်လာတယ်။
သြော်…သွားတော့…သူငယ်ချင်း.သွားတော့…
မင်းအပြန်ခရီးကတော့ စည်းကားလှပါပေတယ်ကွာ။ ခုချိန်ထိ ယာဉ်တန်းက အိမ်ဝ(သုသာန်ဝ) ရောက်တာတောင် နောက်မှာ အရှည်ကြီးကျန်သေးတယ်။
ဘာပဲဖြစ်ဖြစ်..မင်းနေခဲ့စဉ်က ကောင်းသော ပြုမူဆောင်ရွက်ခဲ့မှုတွေကြောင့် ခုလို စည်ကား နေရတာပါသူငယ်ချင်း။
မင်းအပြန်ခရီးက..ဘာပဲဖြစ်ဖြစ်.လှပါပေတယ်ကွာ။
မင်းမှာ..ချစ်လှစွာ ဇနီးနဲ့..မင်းရဲ့ တစ်ဦးတည်းသော သားလေးကျန်ခဲ့တယ်နော်။
လောကကြီးအတွက် ဘာတွေချန်ထားခဲ့ပြီလဲ။ မင်းကရော…ဘာတွေယူသွားပြီလဲ။
------------
ဆမ်းမားဆက်မော်မ်ရေးသည့် “ Appointment in Summara ” ဆိုတဲ့ ၀တ္ထုလေးကို သတိရမိတယ်။
တစ်ခါက ဘက္ကဒတ်မြို့ ကုန်သည်တစ်ဦးက သူ့တပည့်ဖြစ်သူကို ဈေးဝယ်လွှတ်လိုက်တယ်။
မကြာပါဘူး တပည့်ဖြစ်သူက မျက်နှာဖြူပတ်ဖြူလျော်နဲ့ ပြန်ပြေးလာတယ်။
“ ဆရာ ကျွန်တော်ဈေးထဲမှာရောက်တော့ လူတစ်ယောက်က ၀င်တိုက်မိလို့ ကြည့်လိုက်တော့ သေမင်းဖြစ်နေတာကို တွေ့ရတယ်။ သူကလည်း ကျွန်တော့်ကို စူးစူးဝါးဝါးပြန်ကြည့်နေတယ်။ သူနဲ့ ပြန်ပြီးတွေ့ရမှာ ကြောက်လှပါတယ်။ သူနဲ့ဝေးရာကို ပြေးသွားပုန်းအောင်ချင်ပါတယ်”
“ သေမင်းရှာမတွေ့နိုင်တဲ့ ဟိုး--အဝေးကြီးမှာတဲ့ “ဆမ်မာရာ”ကို ပြေးပါမယ် ”တဲ့
ဒါနဲ့ကုန်သည်ကြီးက သူ့ရဲ့အကောင်းဆုံးမြင်းကိုပေးလိုက်ပြီး တပည့်ဖြစ်သူကို သွားခိုင်းလိုက်သတဲ့။
သူလည်း ဈေးကိုကိုယ်တိုင်ပဲသွားလိုက်တော့တယ်။
ဈေးထဲရောက်တော့ သေမင်းနဲ့တွေ့ပြန်တယ်။
“ ခင်ဗျား ကျွန်တော့်တပည့်ကို စူးစူးဝါးဝါးကြည့်ပြီး ဘာကြောင့် ခြိမ်းခြောက်လိုက်တာလဲ ”
“ ခြိမ်းခြောက်တာမဟုတ်ပါဘူး။ စူးစူးဝါးဝါးကြည့်တာကလဲ သိပ်ကိုအံ့သြလွန်းလို့ကြည့်တာပါ။ ကျွန်ုပ်ကဒီ ဘက္ကဒတ်မှာတွေ့လိုက်ရလို့လေ။ အမှန်တကယ်က ဒီနေ့ည “ဆမ်မာရာ”မှာ သူနဲ့ကျွန်ုပ် စာရင်းရှင်းကြဖို့ရှိတယ်လေ ”။တဲ့
သေမင်းနဲ့ ဝေးရာပြေးခဲ့ပေမယ့် ကိုယ်ပြေးတဲ့နေရာက သေမင်းနဲ့တွေ့ရမယ်နေရာ ဖြစ်နေတယ် တဲ့လေ။
----------
သတ္တ၀ါတွေရဲ့ အမြဲနေအိမ်ဟာ အပါယ်လေးပါးပါတဲ့။ ဘာကြောင့်လဲ တစ်သံသရာလုံး မဂ်ရတာ မကြိုက်လို့ ဓမ္မကို ခပ်ကင်းကင်းနေခဲ့လို့ အပါယ်လေးပါးက ကိုယ့်အိမ် ကိုယ့်ရာလို ဖြစ်နေရတာပါ။
ကျွန်တော်တို့ မွေးပြီဆိုကတည်းက သေခြင်းကပါလာပြီ။ သေခြင်းတရားနဲ့ မတွေ့ချင်လို့ ဘယ်လောက်ပဲ ဆေးတွေကုကု၊ ဘယ်လောက်ပဲ အစားထိုးပြုပြင် ပြုပြင် တစ်နေ့တော့ သေမှာပါပဲ။
“ ဆမ်မာရာ” တွေ့ရမှာပါပဲ။
မွေးလာပြီရင်တော့ သေရမှာပဲ။ မမွေးချင် မသေချင်ရင်တော့ ၀ိပဿနာ တရားကိုကျင့်ကြံ အားထုတ်ရမှာပါ။
ဒီတော့ ကျွန်တော်တို့အတွက် သေချာနေတာကတော့ သေမှာပါပဲ။ ဘယ်လိုသေကြမလဲ။ အသေကောင်းနဲ့ သေကြမလား၊ အသေးဆိုးနဲ့သေကြမလား။
သေခြင်းသုံးမျိုးရှိပါတယ်။
ခဏိက မရဏ= သင်္ခါရတရားတို့၏ ခဏမစဲသေခြင်း။ (ရုပ်တရား၊ နာမ်တရားတို့က ခဏမစဲ ဖြစ်၊ တည်၊ ပျက် နဲ့ အမြဲ ချုပ်ပျက်နေခြင်း)
သမုတိ မရဏ= ပညတ်အားဖြင့်သေခြင်း(“ကိုဖြူသေပြီ၊ မနီသေပြီ” လို့ အမည်ပညတ်အားဖြင့် လူနတ်သတ္တ၀ါတို့ သေခြင်း)
သမုစ္ဆေဒ မရဏ= ဘုရား၊ ရဟန္တာတို့၏ အပြီးပြတ် ချုပ်ငြိမ်းခြင်း (နောက်ထပ်တစ်ဖန်၊ ပဋိသန္ဓေမနေရတော့ပြီ ဖြစ်သော ရဟန္တာတို့၏ သေခြင်း)
ကျွန်တော်တို့ရဲ့ ရုပ်လေးက ဖြစ်ပြီး ပျက်နေတယ်။ စိတ်လေးလည်း ဒီလိုပဲ ဖြစ်ပြီး ပျက်နေတယ်။
ခဏမစဲသေနေတယ်။ ဒါကိုမသိတော့ ဒီရုပ်က ငါ့ရုပ်၊ ဒီစိတ်က ငါ့စိတ်တွေဖြစ်နေကြရတာပါ။
ဖြစ် ပျက်ကို တကယ် ဓမ္မသဘောနဲ့ သိပြီဆိုတဲ့ တစ်နေ့ ကျွန်တော်တို့အတွက် အမြဲနေအိမ်ကြီးက တံခါးပိတ်သွားပါတော့တယ်။
ပညတ်အားဖြင့် မောင်ပိုင် အသက်(---)၊ ……ရက်နေ့တွင် ကွန်လွန်သည်ဆိုရင်
သြော် ကိုမောင်ပိုင်၊ ဦးမောင်ပိုင်ကြီး၊ ငါညီမောင်ပိုင်ကြီးတော့ သေသွားပါပြီလားလို့ ပြောကြမှာပါပဲ။
ဒီတော့ ရုပ်နာမ်နှစ်ပါးကလည်း သေနေတယ်။ နာမည်ပညတ်ကြီးကလည်း သေဦးမယ်။
ကျွန်တော်တို့ အမြဲမသေတဲ့ သေခြင်းရဖို့ပဲ ကြိုးစားရတော့မယ်။
--------------
သူငယ်ချင်းရေ…
“ ချစ်လျှံဝေေ၀၊ ချစ်မိတ်ဆွေနှင့်
ချစ်နေသမျှ၊ ပေါင်းနေရလည်း
ခွဲရမည်မှာ မလွဲသာတည်း။
ရှည်စွာအသက်၊ တည်လျှက်ရှိလည်း
ပုခက်နှင့်ပေ၊ ဝေးလေလေလည်း
နီးလေပျဉ်ခေါင်း၊ အမှန်အောင်းလိမ့် ”တဲ့
မင်းကတော့ တို့တတွေနဲ့ခွဲခွာဖို့ အိပ်စက်နေပြီပေါ့။
ဇရပ်မှာ ဆိုင်းဘုတ်တစ်ခုဖတ်မိတယ်သူငယ်ချင်း…
“ မိတ်ဆွေ ငါ့ဘေးနားက ဖြတ်သွားတဲ့အခါ ငါ့ကိုသတိရလိုက်စမ်းပါ။
ငါလည်း တစ်ချိန်ကမင်းလို ပျော်ရွှင်ခဲ့ဘူးတာပါပဲ။
မနေရလို့ သေရတဲ့တစ်နေ့ မင်းလည်း ငါ့နောက်လိုက်လာရမှာပါ။
မသေရခင် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားပါ မိတ်ဆွေ”တဲ့။
ငါ အုတ်ဂူလေးတွေကို ပြန်ငှဲ့ကြည့်မိတယ်။ နေရာလေးတွေ ယူငင်ထားကြတာလေ။ ငါ့အတွက် တစ်နေရာတော့ ရှိမှာပါပဲ။ ဒါပေမယ့် မင်းက တစ်နေ့ရာစာ ကိုယ်ဦးထားမယ်လို့တော့ မပြောပါနဲ့ဦးနော်။
ဆရာတင်မိုးကလည်း
“ ဆေးလိပ်လည်းတို နေလည်းညို
ငါ့ကို အိမ်ပြန်ပို့ပါတော့ ”တဲ့။
ငါကတော့.မပြန်ချင်သေဘူး။ ငါသေရမှာ ကြောက်သေးတယ်ကွ။
ဘာလို့လဲ ဆိုရင် ငါ့အပြန်ခရီးအတွက် ငါမပြင်ဆင်ရသေးဘူးလေ။
ငါ့ရဲ့ အပြန်ခရီးသယ်ဆောင်ရမယ့် အထုပ်က ညစ်နွမ်းနေတယ်။ ဒီတော့ မျက်နှာပန်းမလှဘူးကွ။
ကိုယ်ပြုခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်၊ ၀ိပဿနာတရားက ကိုယ်အထုပ်တဲ့။
သူငယ်ချင်းရေ…ငါ့အထုပ်လေး ဖြူနေအောင်..ဒါမှမဟုတ် အရောင်လေးတွေ ပျယ်အောင်တော့ ငါပြန်လည်လျှော်ဖွတ်ပါရစေဦးကွာ..။
ဒါမှလည်း ..ငါ့အပြန်ခရီးအတွက် ငါစိတ်ချမ်းသာမှာ သူငယ်ချင်း။
ဒီတော့ သွားနှင့် ဦးတော့ သူငယ်ချင်းရေ….။
--------------
“ မရဏ မေ ဘ၀ိဿတိ၊ ဥစ္ဆိဇ္ဖိဿတိ ဇီဝိတံ။
သော ဟံ မရဏ ဓမ္မောမှိ၊ အနတိတောတိ မရဏံ။ ”
သေခြင်းသည် ငါ့အား၊ ငါ့အတွက်၊ ငါ့အလို့ငှာ ဖြစ်လတံ္တ။ အသက်သည် ပြတ်လတ္တံ။
ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။
“ အပ္ပမာဒေန သမ္ပာဒေထ ”
မမေ့မလျော့သော သတိဖြင့် အပြန်ခရီးလှနိုင်ကြပါစေ။
 မောင်ပိုင်
၎-၇-၂၀၁၃။
— with Thanda Win and 17 others.
ရိပ်မြုံ
$
0
0
Photo: မဖတ်ရသေးတဲ့ မိတ်ဆွေတွေအတွက်ရော ကျွန်တော့် page မှာ ပျောက်သွားတဲ့အတွက် ပြန်တင်လိုက်ပါတယ်။ --------------------------- ရိပ်မြုံ  နံနက်(၄)နာရီခန့်က တစ်ရေးနိုးခဲ့သည်။ အပေါ့အပါးသွားပြီး အိပ်ယာပြန်ဝင်ခဲ့သည်။ အိပ်မက်သည် အိပ်စက်ခြင်းသို့ဝင်လာသည်။ ထူးခြားစွာ မိသားစု၊ သူငယ်ချင်းများနှင့်ပျော်ရွှင်စွာပြန်ဆုံ တွေ့နေရသည်။ အိပ်ယာကထတော့ မိသားစုကို သတိရမိသည်။ ဟိုး….အဝေးနေ မိဘ၊ မောင်နှမ၊ ဆွေမျိုးများကျန်းမာပါရဲ့လား။ ခပ်ငယ်ငယ် မိဘရင်ခွင်အောက်ရှိစဉ် အဘိုးအဘွားလူကြီးသူမများကို ဒီအခါသမယ (သီတင်းကျွတ်လပြည့်နေ့)တွင် သွားရောက်ကန်တော့ကြသည်။ ထိုနေ့လို နေ့မျိုးဆိုလျှင် အလွန်ပျော်မိသည်။ ကျွန်တော် သတိရစိတ်ဖြင့် အဝေးမှပင် လက်အုပ်ချီ ကန်တော့မိပါသည်။ “ မိသားစုလောက် ဘယ်ကောင်းကင်မှ ကြယ်မစုံ ” တဲ့။ ကြယ်စုံညီသော ကောင်းကင်လေးထဲမှ ကျွန်တော်ကအဝေးနယ်မြေမှာ ခွဲခွါနေရသည်။ “ ညီအစ်ကိုမောင်နှမဆို ကမ္ဘာပေါ်မှာ အရှားအပါးဆုံးသော လက်ဆောင်တွေပါ ”တဲ့။ မိသားစုလေးကို လွမ်းမိ၊ တမ်းတမိတော့ တစ်ယာက်တစ်နေရာစီ။ ခွဲခွာခြင်းသည် မကောင်၊ ကွဲကွာ ခြင်းသည်လည်း မကောင်း။ လောက လူသားများအဖို့ တစ်နေ့ခွဲရမည်မှာတော့မှန်ပါသည်။ သို့သော်လည်း မပြတ်နိုင်သေးသော ကျွန်တော်တို့အဖို့ တမ်းတခြင်းသည် ကိုယ်နဲ့မကွာရှိနေပါဦးမည်။ “ ရိပ်မြုံ ” အဖေရယ်၊ အမေရယ် အစ်မရယ်၊ ကျွန်တော်နဲ့ ညီငယ် အားလုံးဟာ ဒီစက်ဝန်းထဲမှာ လည်ပတ်ပြေးနေကြတာပါ။ တစ်နေရာမှာ “မိသားစု”လေး ထိပ်တိုက်တွေ့ခဲ့ရတာပါ။ ဘ၀တစ်ခုဆိုပါတော့ နောက်တစ်နေရာ ဆုံကောင်း ဆုံပါလိမ့်မယ်။ လက်ရှိ ရိပ်မြုံလေးကို ငိုရင်း လွမ်းမိပါရဲ့ ဆုံမှတ်ကလွဲချော်နေတဲ့ ကျွန်တော်ပေါ့။ ကဗျာလေးတစ်ပုဒ်ရေးဖြစ်ခဲ့ပါသည်။ အင်္ဂလိပ်ဘာသာတွင် House နှင့် Home ဆိုတာရှိပါတယ်။ House သည် ပြင်ပပစ္စည်းများနှင့် တည်ဆောက်ထားရာ အိမ်သာဖြစ်သည်။ Home သည် မိသားစု၏ ချစ်ခင်မှု၊ မေတ္တာ၊ စေတနာ၊ သံယောဇဉ်များနှင့် စည်းလုံးစွာ တည်ဆောက်ထားသော အိမ်ပင် ဖြစ်ပေသည်။ “ လွမ်းရမှ ချစ်တာပိုသိတယ် ဝေးရမှာ မေတ္တာပိုရှိတယ် ” ကျွန်တော်ရိပ်မြုံလေးမှ ခွဲခွာရချိန်မှစ၍ မိသားစုဆိုတာကို ပိုပြီးချစ်တတ်လာသည်။ ကျွန်တော်တို့လို ဘ၀တွေလည်း အများကြီးရှိပေမည်။ ကျွန်တော်တို့လိုဘ၀ကို မရောက်သေးသည့်သူများကို ပြောပြလိုပါသည်။ အေးမျှသော သိုက်မြုံလေးထဲတွင် နေခွင့်ရသ၍နေထိုင်ပါ။ ပြုစုပါ။ ချစ်ခင်ပါ။ အတူတကွနေရစဉ် မပြုစုမလုပ်ကျွေး မချစ်ခင်ခဲ့ပါက ခွဲခွာခြင်းနှင့်ကြုံလာလျှင် နောက်တ တဖန်ပူဆွေးရပါလိမ့်မည်။ မိသားစုရင်ခွင်သည် အေးမျှသည်၊ နူးညံ့သည်၊ အင်အားရှိသည်၊ နွေးထွေးလုံခြုံသည်။ ဝေးနေရခြင်းမှ ခဏတာဖြစ်ဖြစ် ကင်းလွတ်ခွင့်ပေးပါသခင်။ “ ကြယ်တွေ ဘယ်လောက်ဝေးဝေး ကျွန်တော့်ရဲ့ညကို ဖြည့်ပေးတယ်။ မိသားစု ဘယ်မျှဝေးဝေး ကျွန်တော့်ရဲ့ ဘ၀ကို ဖြည့်ပေးတယ် ” သြော် …ရိပ်မြုံလေးကို သတိတရ လွမ်းဆွတ်နေမိပါတော့သည်။
နံနက်(၄)နာရီခန့်က တစ်ရေးနိုးခဲ့သည်။ အပေါ့အပါးသွားပြီး အိပ်ယာပြန်ဝင်ခဲ့သည်။
အိပ်မက်သည် အိပ်စက်ခြင်းသို့ဝင်လာသည်။ ထူးခြားစွာ မိသားစု၊ သူငယ်ချင်းများနှင့်ပျော်ရွှင်စွာပြန်ဆုံ တွေ့နေရသည်။
အိပ်ယာကထတော့ မိသားစုကို သတိရမိသည်။
ဟိုး….အဝေးနေ မိဘ၊ မောင်နှမ၊ ဆွေမျိုးများကျန်းမာပါရဲ့လား။ ခပ်ငယ်ငယ် မိဘရင်ခွင်အောက်ရှိစဉ် အဘိုးအဘွားလူကြီးသူမများကို ဒီအခါသမယ (သီတင်းကျွတ်လပြည့်နေ့)တွင် သွားရောက်ကန်တော့ကြသည်။ ထိုနေ့လို နေ့မျိုးဆိုလျှင် အလွန်ပျော်မိသည်။
ကျွန်တော် သတိရစိတ်ဖြင့် အဝေးမှပင် လက်အုပ်ချီ ကန်တော့မိပါသည်။
“ မိသားစုလောက်
ဘယ်ကောင်းကင်မှ ကြယ်မစုံ ” တဲ့။
ကြယ်စုံညီသော ကောင်းကင်လေးထဲမှ ကျွန်တော်ကအဝေးနယ်မြေမှာ ခွဲခွါနေရသည်။
“ ညီအစ်ကိုမောင်နှမဆို ကမ္ဘာပေါ်မှာ အရှားအပါးဆုံးသော လက်ဆောင်တွေပါ ”တဲ့။
မိသားစုလေးကို လွမ်းမိ၊ တမ်းတမိတော့ တစ်ယာက်တစ်နေရာစီ။ ခွဲခွာခြင်းသည် မကောင်၊ ကွဲကွာ ခြင်းသည်လည်း မကောင်း။ လောက လူသားများအဖို့ တစ်နေ့ခွဲရမည်မှာတော့မှန်ပါသည်။ သို့သော်လည်း မပြတ်နိုင်သေးသော ကျွန်တော်တို့အဖို့ တမ်းတခြင်းသည် ကိုယ်နဲ့မကွာရှိနေပါဦးမည်။
“ ရိပ်မြုံ ”
အဖေရယ်၊ အမေရယ်
အစ်မရယ်၊ ကျွန်တော်နဲ့ ညီငယ်
အားလုံးဟာ ဒီစက်ဝန်းထဲမှာ လည်ပတ်ပြေးနေကြတာပါ။
တစ်နေရာမှာ
“မိသားစု”လေး ထိပ်တိုက်တွေ့ခဲ့ရတာပါ။
ဘ၀တစ်ခုဆိုပါတော့
နောက်တစ်နေရာ
ဆုံကောင်း ဆုံပါလိမ့်မယ်။
လက်ရှိ ရိပ်မြုံလေးကို
ငိုရင်း လွမ်းမိပါရဲ့
ဆုံမှတ်ကလွဲချော်နေတဲ့ ကျွန်တော်ပေါ့။
ကဗျာလေးတစ်ပုဒ်ရေးဖြစ်ခဲ့ပါသည်။
အင်္ဂလိပ်ဘာသာတွင် House နှင့် Home ဆိုတာရှိပါတယ်။ House သည် ပြင်ပပစ္စည်းများနှင့် တည်ဆောက်ထားရာ အိမ်သာဖြစ်သည်။ Home သည် မိသားစု၏ ချစ်ခင်မှု၊ မေတ္တာ၊ စေတနာ၊ သံယောဇဉ်များနှင့် စည်းလုံးစွာ တည်ဆောက်ထားသော အိမ်ပင် ဖြစ်ပေသည်။
“ လွမ်းရမှ ချစ်တာပိုသိတယ်
ဝေးရမှာ မေတ္တာပိုရှိတယ် ”
ကျွန်တော်ရိပ်မြုံလေးမှ ခွဲခွာရချိန်မှစ၍ မိသားစုဆိုတာကို ပိုပြီးချစ်တတ်လာသည်။ ကျွန်တော်တို့လို ဘ၀တွေလည်း အများကြီးရှိပေမည်။
ကျွန်တော်တို့လိုဘ၀ကို မရောက်သေးသည့်သူများကို ပြောပြလိုပါသည်။ အေးမျှသော သိုက်မြုံလေးထဲတွင် နေခွင့်ရသ၍နေထိုင်ပါ။ ပြုစုပါ။ ချစ်ခင်ပါ။ အတူတကွနေရစဉ် မပြုစုမလုပ်ကျွေး မချစ်ခင်ခဲ့ပါက ခွဲခွာခြင်းနှင့်ကြုံလာလျှင် နောက်တ တဖန်ပူဆွေးရပါလိမ့်မည်။
မိသားစုရင်ခွင်သည် အေးမျှသည်၊ နူးညံ့သည်၊ အင်အားရှိသည်၊ နွေးထွေးလုံခြုံသည်။
ဝေးနေရခြင်းမှ ခဏတာဖြစ်ဖြစ် ကင်းလွတ်ခွင့်ပေးပါသခင်။
“ ကြယ်တွေ ဘယ်လောက်ဝေးဝေး
ကျွန်တော့်ရဲ့ညကို ဖြည့်ပေးတယ်။
မိသားစု ဘယ်မျှဝေးဝေး
ကျွန်တော့်ရဲ့ ဘ၀ကို ဖြည့်ပေးတယ် ”
သြော် …ရိပ်မြုံလေးကို သတိတရ လွမ်းဆွတ်နေမိပါတော့သည်။
 မောင်ပိုင်
— with Khin San Lwin and 10 others.
နိုင်ငံရေးဆိုတာ
$
0
0
နိုင်ငံရေးလုပ်တယ်ဆိုတာ လွယ်လွယ်လေး ထင်မှတ်နေကြတာကိုးလို့ တွေးမိပြီး ပြုံးမိတာပါ။ သူတို့အားလုံးကို သင်တန်း လာတက်စဉ်ကတည်းက လက်ပွန်းတတီး ရှိခဲတာကြောင့် ကောင်းကောင်းကြီး ရင်းနှီးပါတယ်။ သင်တန်း မတက်ကြတော့တဲ့အခါမှာ စီးပွားရေးနယ်ထဲ ရောက်သွားကြပေမယ့်လည်း ပညာဒါနကိစ္စတွေမှာ အတူတူ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြတာကြောင့် သူတို့တတွေမှာ စိတ်ကောင်းစေတနာရှိကြတယ်ဆိုတာ ကောင်းကောင်း သိပါတယ်။
ဒါပေမယ်လို့ နိုင်ငံရေးလုပ်တယ်ဆိုတာက ပရဟိတလုပ်ငန်းလုပ်သလို စိတ်ကောင်းစေတနာ တခုတည်းနဲ့ လုပ်လို့ရတာ မဟုတ်ဘူးလေ။ စီးပွား ကုန်သွယ်ရေးတို့၊ ဖွံ့ဖြိုးတိုးတက်ရေးတို့၊ စက်မှုလုပ်ငန်းတို့၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတို့ဆိုတာတွေ နှံ့နှံ့စပ်စပ် လေ့လာသိရှိထားဖို့လိုတယ်။
ဒါတင်မက နိုင်ငံတကာရေးရာတို့၊ တရားဥပဒေအရေးတို့ဆိုတာလည်း တီးမိခေါက်မိဖို့ လိုသေးတယ်။
ဒါတွေ အားလုံးထက် ပိုပြီး အရေးကြီးတဲ့ အချက်ကတော့ အသင်းအပင်း အဖွဲ့အစည်းနဲ့ လုပ်တတ်ကိုင်တတ်ဖို့ ဖြစ်တယ်။ နိုင်ငံရေး လုပ်တယ် ဆိုတာက တဦးကောင်း တယောက်ကောင်း လုပ်လို့ရတာမျိုး မဟုတ်ဘူး။ အဖွဲ့အစည်းနဲ့ စုစည်းပြီး လုပ်ရတာ ဖြစ်တယ်။ အဖွဲ့အစည်းဆိုတာ လူပေါင်းစုံ ပါဝင်နေတာဖြစ်တဲ့အတွက် “လူအမျိုးမျိုး စိတ်အထွေထွေ” ဆိုတဲ့ စကားလို အတွေးအခေါ် အယူအဆ အမျိုးမျိုး၊ စရိုက်အမျိုးမျိုး၊ အကြိုက်အမျိုးမျိုးတွေ ရောထွေးနေကြမှာပဲ ဖြစ်တယ်။
အနည်းစုက အများစုကိုနာခံ
မတူခြားနားတဲ့ အတွေးအခေါ် အယူအဆမျိုးစုံကြားမှာ ကိုယ့်အယူအဆကို လူအများ လက်ခံအောင်လုပ်ဖို့ အင်မတန် ခက်သလို၊ အများစုရဲ့အယူအဆကို ကိုယ်က လက်ခံနိုင်အောင် လုပ်ရတာလည်း အင်မတန်မှကို မလွယ်ကူတဲ့ကိစ္စ ဖြစ်တယ်။ အဖွဲ့အစည်းနဲ့လုပ်တဲ့အခါမှာကိုယ့်အယူအဆနဲ့မတူလို့ မနာခံဘူး၊ လိုက်မလုပ်ဘူးလို့ နေလို့မရဘူးလေ။ ကိုယ်နဲ့ မတူပေမယ့် အများစုရဲ့ဆုံးဖြတ်မှုကို အနည်းစုက နာခံရတာဟာ ဒီမိုကရေစီ ကျင့်စဉ် ဖြစ်တယ်။
နိုင်ငံရေး လုပ်တယ် ဆိုတာ မိမိယုံကြည်ရာ ဝါဒသဘောတရားတွေကို အသင်းအပင်း အဖွဲ့အစည်းနဲ့ စုပေါင်းလုပ်ကြတာ ဖြစ်တယ်။ ဒီအတွက် ဝါဒ သဘောတရားတွေကို ကောင်းကောင်း နားလည်ဖို့လိုသလို အသင်းအပင်း အဖွဲ့အစည်းနဲ့ လုပ်ပုံ လုပ်နည်းတွေကိုလည်း သဘောပေါက် နားလည်ထားဖို့ လိုပါတယ်။ စံနစ်တကျ လေ့လာသင်ယူမှု မပြုဘဲနဲ့တော့ လုပ်နိုင်ဖို့ မလွယ်ပါဘူး။ အဲဒါကြောင့်လည်း ‘နိုင်ငံရေးသိပ္ပံ’ ကို ပညာရပ်တခုအဖြစ် လေ့လာသင်ယူနေကြရတာ ဖြစ်တယ်။ ကျောင်းတွေမှာ မသင်ခဲ့ရရင်တောင် ကိုယ်တိုင် လေ့လာအားထုတ်မှုတော့ အများကြီး ပြုထားမှ ဖြစ်ပါလိမ့်မယ်။ ဘာလေ့လာမှုမှ မရှိဘဲနဲ့ ပါတီတခုဝင်လိုက်တာနဲ့ နိုင်ငံရေးသမား ဖြစ်သွားနိုင်တာ မဟုတ်ပါဘူး။
အဲဒါကြောင့် ကျောင်းသားဟောင်းတွေ ပါတီထောင်မယ်ဆိုတာကို ပြုံးမိတာဖြစ်တယ်။
သတင်းသမားအစွဲမထား
သူတို့ပါတီမှာ နာယက တင်မြှောက်ပါရစေ ဆိုကိုတော့ အပြတ်ငြင်းလိုက်ပါတယ်။ သူတို့ပါတီ ထောင်မှာကို မကန့်ကွက်ပါဘူး၊ တတ်နိုင်တာရှိရင်လည်း ဘေးက ကူပါမယ်။ ဒါပေမယ့် ပါတီနာယက မဆိုထားနဲ့ ပါတီဝင်တောင် မလုပ်ပါရစေနဲ့လို့ ပြောလိုက်ရပါတယ်။ “ဘာ့ကြောင့်လဲ၊ ဆရာတို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ” မေးခွန်းတွေ တယောက်ပြီးတယောက် ကျွက်ကျွက်ညံအောင် မေးကြတာပေါ့။
“တသက်လုံး သတင်းစာသမားလုပ်လာခဲ့တာ ဖြစ်သလို မသေမချင်းလည်း သတင်းစာသမားပဲ လုပ်နေမှာမို့ ဘယ်ပါတီမှ ဝင်လို့မဖြစ်ပါဘူး” လို့ ဖြေလိုက်ပြီး သတင်းမီဒီယာသမား ဆိုတာ ကိုယ်ပိုင်ယုံကြည်ချက်ကို စိတ်ထဲမှာပဲထားပြီး အလုပ်ထဲမှာ ပါတီစွဲ၊ ဝါဒစွဲ မထားရတဲ့အကြောင်း ရှင်းပြရပါတယ်။ သူတို့ကို ရှင်းပြရင်းနဲ့ စိတ်က အတိတ်ကို ပြန်ရောက်သွားပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အတူတကွ လုပ်ခဲ့ကိုင်ခဲ့ကြတဲ့ စာရေးဆရာ၊ သတင်းစာဆရာတွေ အကုန်လောက်နီးပါး ပါတီတွေထောင်ကြ၊ ပါတီဝင်တွေလုပ်ကြ ဖြစ်ကုန်ကြပါတယ်။ အဲဒီတုန်းကလည်း ပါတီဝင်ဖို့ ဝိုင်းပြောခဲ့ကြလို့ ငြင်းခဲ့ရတာပါပဲ။ “လွတ်လပ်တဲ့ သတင်းသမားပဲ ဆက်လုပ်ချင်လို့ပါ” ဆိုပြီး ငြင်းခဲ့တာပါ။
ရေးသင့်ရေးထိုက်တာ ရေးမှာပဲ
အဲဒီလိုငြင်းတော့ ရင်နှီးတဲ့မိတ်ဆွေတချို့က နောက်ပြောင်ပြီး “ကျုပ်တို့ အစိုးရဖြစ်ရင်ရော ဝင်မပါဘူးလား” လို့ ပြောကြတယ်။ အဲဒီတော့ ... “ခင်ဗျားတို့အစိုးရဖြစ်ရင် ကျုပ်တို့ကိုတော့ အင်္ဂလိပ်ခေတ်ကလို ဘီကလပ်လေးတော့ ပေးပါဗျာ” လို့ ပြန်ဖြေလိုက်ပါတယ်။
မိတ်ဆွေတွေ အစိုးရဖြစ်သွားလည်း ကိုယ်တိုင်ကတော့ သတင်းစာသမားပဲလုပ်ပြီး ရေးသင့် ရေးထိုက်တာ မှန်သမျှ ရေးမှာပဲလေ။ ရေးသင့်ရေးထိုက်လို့ ရေးတာတွေကို အရေထူထူနဲ့ ခံနိုင်ရည်ရှိတဲ့ အစိုးရ ဆိုတာ ဘယ်မှာရှိတာမှတ်လို့။ ဒီတော့ ဒီမိုကရေစီအစိုးရလက်ထက်လည်းသတင်းသမားကတော့ ထောင်ထဲရောက်မှာပဲ။
ဦးကြီး ဆရာကြီး ရွှေဥဒေါင်းတို့၊ ဦးလေး လူထုဦးလှတို့၊ ဆရာဗန်းမော်တင်အောင် တို့လို သတင်းစာဆရာ စာရေးဆရာကြီးတွေကို ထောင်ထဲပို့ခဲ့တာ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်ကလေးတို့ရဲ့ ဖဆပလ ဒီမိုကရေစီ အစိုးရပဲလေ။ သတင်းသမားကတော့ ဘယ်ခေတ်ရောက်ရောက် မှန်တာရေးမှာပဲ။ ဒီတော့ ထောင်ထဲ ရောက်ကြမှာပဲ။ ဒါကြောင့် ဘီကလပ်လေးတော့ ပေးပါလို့ မိတ်ဆွေများကို ကြိုပြောထားရတာ။
လူငယ်တွေသာလုပ်နိုင်တယ်
ပါတီထောင်မယ်ဆိုတဲ့ တပည့်တွေတော့ တော်တော်စိတ်ပျက်သွားကြပုံ ရပါတယ်။ “ကျွန်တော်တို့က ဆရာ့အားကိုးပြီး လုပ်ကြတာ” လို့ ဝမ်းနည်းစကား ဆိုပါတယ်။ ထုံးစံအတိုင်းပဲ ဘယ်သူ့မှ အားမကိုးဘဲ ကိုယ့်အား ကိုယ်ကိုး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး လုပ်ကြစမ်းပါလို့ပဲ ပြောလိုက်ရတယ်။
ဟုတ်တယ်လေ။ လူငယ်တွေရဲ့ အားမာန်၊ ဇွဲသတ္တိနဲ့ ခေတ်ပညာတွေကသာ ခေတ်ကြီးကို ပြောင်းပစ်နိုင်တာ မဟုတ်လား။ နောက်ပြီးတော့ မှန်တာပြောရရင် ကျွန်တော်တို့ အသုံးမကျလို့သာ တိုင်းပြည်ကြီး ရေစုန်မျောခဲ့ရတာ ဖြစ်တယ်။ မြန်မာပြည်လောက် သယံဇာတတွေ ချမ်းသာကြွယ်ဝတဲ့နိုင်ငံ ကမ္ဘာမှာတောင် ဘယ်လောက် များများစားစား ရှိလို့လဲ။ ဒီလိုနိုင်ငံမျိုးကိုတောင် တိုးတက်အောင် မလုပ်နိုင်တာ ကျွန်တော်တို့ ညံ့လို့ပဲ။ ဒါကို ငြင်းလို့မရဘူး။ အခုခေတ် လူငယ်တွေကျမှပဲ ရွှေပြည်ကြီးကို ရောက်အောင် ကျွန်တော်တို့အားလုံးကို ခေါ်ဆောင်နိုင်လိမ့်မယ်လို့ အကြွင်းမဲ့ ယုံကြည်ထားပါတယ်။
၇ ကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ ညီလာခံတွင် ထုတ်ဝေ ဖြန့်ချိခဲ့သည့် လူထုရနံ စာစုများ စာအုပ်မှ ကောက်နုတ် ဖော်ပြပါတယ်။
(ကိုဦး+မသန္တာ ဘလော့မှ ကူးယူဖော်ပြပါတယ်။)
ပြန်မလာကြပါနဲ့ဦး
$
0
0
သန်းခေါင်ယံ ဥာဥ့်နက်ထဲ ကြယ်စင်များလဲ မလင်းခဲ့
အလင်းရောင် အလင်းရောင်
ကမ္ဘာဦးအစ ဒဏ္ဍာရီတွေထဲမှာ လူတွေဟာ မှောင်ထဲမှာနေရတာကြာလာတော့
အလင်းရောင်ကို တောင့်တကြတာမို့ နေ ဆိုတာ ပေါ်ပေါက်လာသတဲ့။
မှောင်ထဲမှာ နှစ် ၅၀ ကျော်နေလာကြတဲ့ သန်း ၅၀ မှာ အလင်းရောင်ဆိုတာကို
တောင့်တခွင့်လေးတောင် ရှိနေပါ့မလားလို့ အခုတလော တွေးနေမိပါတယ်။
ပိန်းပိတ်မှောင်တဲ့ အမှောင်ထဲမှာ ကိုယ်တွေရဲ့ဘ၀တွေ ဘယ်လိုနိမ့်ကျနေတယ်ဆိုတာ
သူများဘ၀တွေကို လိုက်ကြည့်ခွင့်ရတော့မှပဲ အသေအချာသိခွင့်ရတာပါ။
အဝေးကို ပျံချင်လဲပျံ မပျံချင်လဲပျံကြရတဲ့ သန်းနဲ့ချီတဲ့ မြန်မာတွေရင်ထဲ
အိမ်ဆိုတာ အမြဲအမှတ်တရကျန်စမြဲပါ။
ဘယ်မှာစားစား ဘယ်မှာသွားသွား ၀င်လိုက်တဲ့နေရာဟာ မီးအမြဲလာတဲ့နေရာ ဖြစ်ချင်ဖြစ်မယ်။
သန့်ရှင်းသပ်ရပ်တဲ့လမ်းတွေနဲ့ လှပတင့်တယ်တဲ့ မြို့တစ်မြို့ဖြစ်ချင်လဲ ဖြစ်မယ်။
အိမ် တော့မဟုတ်ပေဘူး။
Home sweet Home လို့ နိုင်ငံခြားသားတွေ ဘာလို့ သုံးကြသလဲဆိုတာ
အိမ် ဆိုတဲ့အဓိပ္ပါယ်ကို အလေးအနက်ရှာဖွေမိမှပဲ၊
အိမ်နဲ့ဝေးတော့မှပဲ အသေအချာသိခွင့်ရခဲ့ပါတယ်။
လုံခြုံမှု၊ နွေးထွေးမှု၊ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုတွေဆိုတာ
မီးမလာတာနဲ့လဲ မဆိုင်၊ လမ်းမပေါ်မှာ ဗွက်တွေပြည့်နေတာနဲ့လဲ မဆိုင်၊
ခြင်သိပ်ကိုက်တာနဲ့လဲ မဆိုင်တဲ့အကြောင်း။
ဟိုး ရပ်ဝေးမှာ အိမ်ပြန်ချင်လွန်းလို့ မျှော်လင့်တကြီး စောင့်စားနေကြတဲ့
မောင်နှမတွေကို မြင်ယောင်ရင်း အားနာနေမိတယ်။
တိုးတိုးကလေး၊ ဒါမှမဟုတ် ကြားကြမယ်ဆိုရင်တော့
အကျယ်ကြီး ရင်ကွဲအောင်အော်ပြောချင်နေမိတယ်။
ပြန်မလာကြပါနဲ့ဦးလို့။
ပြန်မလာကြပါနဲ့ဦး။
ကိုယ့်ဘ၀တွေ ရင်းနှီးပေးဆပ်ပြီး အဝေးမှာ မြှပ်နှံခဲ့ပြီးတဲ့နောက်
အမိမြေမှာ ဘာအသီးအပွင့်မှ မဖြစ်ထွန်းနိုင်သေးလို့ ပြန်မလာကြပါနဲ့ဦး။
ပညာဘယ်လောက်တတ်တတ်၊ ငွေဘယ်လောက်ရှိရှိ၊
တိုင်းပြည်ကိုဘယ်လောက်ပဲ ချစ်ချစ်
ဒီပညာကို တန်ဖိုးမထားတတ်တဲ့မြေ
ငွေကို ငွေလို့ မမှတ်တဲ့မြေ
တိုင်းပြည်ချစ်စိတ်ဆိုတာ ရယ်စရာ၊ သရော်စရာ
စကားလုံးတစ်ခုထက်မပိုတဲ့မြေကို
ပြန်မလာကြပါနဲ့ဦး။
လူတစ်ယောက်ရဲ့ ဘ၀မဟုတ်တဲ့ သန်း ၅၀ ရဲ့ဘဝ
ဒီလူတွေနဲ့ ဖြစ်တည်နေတဲ့ ဒီမြေပေါ်မှာ
တိုင်းပြည်တစ်ပြည် ပြန်လည်ထူထောင်ဖို့ အရေးအပါဆုံးဟာ
ဒီလူတွေရဲ့ မျှော်လင့်ချက်၊
ဒီလူတွေရဲ့ တက်ကြွပျော်ရွှင်မှု၊
ဒီလူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊
ဒီလူတွေရဲ့ ရင်းနှီးပေးဆပ်မှု ဆိုတဲ့
အခြေခံရဲ့ အခြေခံကလေးတောင်မှ
မသိတဲ့ မတတ်တဲ့ နားမလည်ချင်ယောင်ဆောင်တဲ့အပြင်
ရိုက်ချိုးဖျက်ဆီးချင်သူတွေပေါတဲ့ မြေပေါ်ကို
ပြန်မလာကြပါနဲ့ဦး။
ဝမ်းနည်းပမ်းနည်းနဲ့ပဲ
ငိုရင်းပြောလိုက်မယ်။
ပြန်မလာကြပါနဲ့ဦး။
ကိုယ်တိုင်လဲ လောဘအမှောင်ထဲမှာ ပိတ်မိနေပြီး
တခြားသူတွေကိုလဲ အမှောင်ထဲထားချင်နေသူတွေကိုတော့
သနားလွန်းလို့ နဲနဲပြောပြမယ်။
လူတွေက တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တာမဟုတ်ဘူး။
သူ့ရဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကို အထင်ကြီးလေးစားတာမဟုတ်ဘူး။
သူ အင်္ဂလိပ်စကား တတ်တာကို အားကျတာမဟုတ်ဘူး။
ကုန်ကုန်ပြောရင်
အောင်ဆန်းသမီးမို့ ငေးမောကြတာလဲမဟုတ်ဘူး။
သွားလေရာမှာ မျက်နှာကလေးပဲ မြင်ရ မြင်ရ
အသံကလေးပဲ ကြားရ ကြားရလို့
တစ်နိုင်ငံလုံး ပြိုဆင်းနေရတဲ့ အကြောင်းရင်းက တစ်ခုထဲပဲ။
ကမ္ဘာဦးကလူတွေ နေ ကိုတောင့်တသလိုမျိုး
သန်း ၅၀ ရဲ့ မျှော်လင့်ချက်တွေအတွက်
တစ်ခုထဲသော အလင်းရောင်မို့ပဲ။
ဒီအလင်းရောင်ကို
မှိန်သွားအောင်၊ ပျောက်သွားအောင်၊ ဖုံးသွားအောင်
မတရားနည်းလမ်းနဲ့ ကြိုးပမ်းနေကြသရွေ့
ဒီမြေ ဒီရေကို
ပြန်မလာကြပါနဲ့ဦး။
ကိုယ့်ဘ၀အတွက်မထူးတော့ပေမယ်
နောက်မျိုးဆက်အတွက် အာမခံချက်မပေးနိုင်သရွေ့
ပြန်မလာကြပါနဲ့ဦး။
စင်ပေါ်မှာ ဘာတွေပဲ လုပ်ပြလုပ်ပြ
စင်နောက်က လက်မည်းတွေကို မဖယ်သရွေ့
ပြန်မလာကြပါနဲ့ဦး။
ရိုးသားဖြောင့်မတ်မှု
သတ္တိရှိရှိ တာဝန်ယူမှု
သစ္စာရှိမှုဆိုတာတွေကို
ရှေ့ဆောင်ဦးရွက် လုပ်ပြနိုင်သူ
စင်ပေါ်မရောက်သရွေ့
ပြန်မလာကြပါနဲ့ဦး။
ရင်နာနာနဲ့ ပြောပါရစေ။
အချိန်မတိုင်သေးတာမို့
ပြန်မလာကြပါနဲ့ဦး။
ပုဆိန်ရိုး ဖေ့စ်ဘွတ်
$
0
0
by ဘီလူး ငတေ (Notes) on Saturday, July 6, 2013 at 12:15pm
ပိုးစုန်းကြူးတောင်မလင်းရဲတဲ့
ဟောဒီ ပုလင်းမဲမဲထဲ
အမှန်တရားဟာ
ချောင်ကျကျစားပွဲမှာ
ဦးထုပ်ငိုက်ငိုက်ဆောင်းလို့...
ယမ်းခိုးတွေ-ဘိန်းနံ့တွေနံနေတဲ့
အမှောင်ရိပ်ထဲ
အတုံးရုံးလဲနေတာ ဘယ်သူပါလိမ့်
ခင်ဗျားညီလေးဖြစ်နိုင်သလို
ကျွန်တော့်ညီလေးလဲဖြစ်နိုင်တာပဲ
ဘီယာနံ့ ယမကာနံ့တွေနဲ့
မှိန်ပြာပြာမလင်းတလင်းထဲ
မလုံ့တလုံ
ဈေးကွက်ရှာ မျက်ဝန်းပိုင်ရှင်ဟာ
ဘယ်သူပါလိမ့်
ခင်ဗျားညီမလေးလည်းဖြစ်နိုင်သလို
ကျွန်တော့်ညီမလေးလည်းဖြစ်နိုင်တာပဲ
ဘယ်လိုမိသားစုလဲဟေ့
အခွင့်ထူးခံမှုတွေနဲ့စိတ်ဝမ်းကွဲနေတဲ့ မိသားစုမျိုးလား
ဖိနှိပိမှုတွေကြောင့်ကိုယ်ရောစိတ်ပါ ဒဏ်ရာရနေတဲ့ မိသားစုမျိုးလား ...
ဘာ ...
နွေလမ်းမို့ ရေခမ်းတာဟုတ်လား?
ဒီနွေဘယ်လောက်ပူလို့လဲ
နွားခြေရာခွက် ခြောက်ရုံနဲ့
ပင်လယ်ကြီးက လိုက်ခမ်းရမှာလား
ယီးတီးယောင်တောင်လိုက်ခမ်းရမှာလား
စစ်အေးခေတ်ကုန်ရုံနဲ့
မတရားမှုကို လူရာသွင်းရတော့မှာလား
ဒီပုလင်းမဲကြီးကိုဘယ်သူမှ ရိုက်မခွဲတော့ဘူးလား ...
ဒီပုလင်းအမဲကြီးထဲတို့တတွေဟာ
စကားပုံတွေ ထွင်ခဲ့ရ
စကားပုံတွေအတိုင်း
ဆေးသမားလို ဖျားနာခဲ့ရ
ရှေ့နေလို မှားယွင်းခဲ့ရ
ပုလင်းမဲကြီးအလိုကျ
မွေးသမျှ သမင်တွေကျားစာကျွေးခဲ့ရ
ကျင့်ဝတ်တွေကို-ချနင်းခဲ့ရ
စကားပုံတွေ မကုန်သေးဘူးလား
ပုလင်းမဲကြီး မကွဲသေးဘူးလား
ကမ္ဘာကြီးက မီးလောင်နေပြီ
ငါတို့ဟာ
ပုလင်းမဲကြီး စကားပုံတွေအတိုင်း
သားကိုတောင် ချနင်းရတော့မှာလား
"လူ" ဆို
လူပီသကြောင်းပြဖို့
မိခင်စိတ်ရှိကြောင်းပြဖို့
အနာဂါတ် ရင်သွေးရဲ့အဲ့ကနဲငိုသံကြားရုံ
နှလုံးခြောက်ခြားပြေးလွှားချီတက်
နို့ချိုကျွေးတတ်တဲ့မိခင်စိတ်မျိုး
အို...နောက်ဆုံး
    ပုဆိန်ရိုးလို့ စွပ်စွဲစွပ်စွဲ
    ရင်ဆိုင်ရဲတဲ့ မိခင်စိတ်မျိုးနဲ့
    အနာဂါတ်ရင်သွေးကို မကယ်တင်နိုင်ဘူးလား
ဘေးဘီကြည့်တော့
သဘာ၀၀န်းကျင်ကို ကယ်မယ်ဆိုတဲ့လက်တွေကများ
စာရိတ္တ၀န်းကျင်ကိုကယ်မယ်ဆိုတဲ့ လက်တွေကရှား
ဒီပုလင်းမဲကြီးထဲ
ယောက်ျားတန်မဲ့ မငိုမိအောင်
မေးကြောကြီးတွေ ထောင်ထားရ
နိုင့်ထက်စီးနင်းခွာရာတွေကြောင့်
ယောင်ကိုင်းနေတဲ့ပခုံးပေါ်မှ
ထမ်းပိုးထပ်တင်နေကြတာ...
ရွှေဖိနပ်ဆုဆိုတာ
တိုက်စစ်မှုးတွေ အတွက်ပါကွာ
ကိုယ်ကျင်းတရားက
ဘယ်လောက်ပဲ သတိထားရေးဖွဲ့ဖွဲ့
ငါ့ဝမ်းပူဆာသမား
စာစီအမှားကြောင်
ကဗျာတစ်ပုဒ်လုံး ရေတိမ်နစ်ကြရ...
ဒီပုလင်းမဲကြီး
ငါဖြင့် မုန်းလှပြီ...
ဟေ့ ...
ပုဆိန်ရိုးပဲခေါ်ခေါ်
အဲဒီပုဆိန်ကြီးနဲ့
ပုလင်းမဲကြီးကို ရိုက်ခွဲလိုက်မယ်
အမှန်တရားဟာ
ချောင်ကျကျစားပွဲမှာ
ဦးထုပ်ငိုက်ငိုက်ဆောင်းတဲ့ဘ၀ကလွတ်ဖို့
ခင်ဗျားတို့ ကျွန်တော်တို့ညီမလေးတွေ
မလုံ့တလုံ
ဈေးကွက်ရှာ မနေရဖို့
ခွမ်းကနဲ
ပုလင်းမဲကြီးကို ရိုက်ခွဲဖို့
ခင်ဗျားကိုယ်တိုင်ကိုလည်း
ပုဆိန်ရိုးအဖွဲ့ဝင်အဖြစ်ဖိတ်ခေါ်ပါရစေ။
- မင်းကိုနိုင်
သဘောထားကွဲလွဲမှု ပဋိပက္ခ (Conflict)
$
0
0
Ucs Jugger's status update. 
------------------------------
--------------------------
သဘောထားကွဲလွဲမှု ပဋိပက္ခ (Conflict) ဆိုသည်မှာ မိမိနှင့် မိမိအဖွဲ့အစည်း၊ မိမိနှင့် မိမိရပ်ရွာ၊နိုင်ငံ ကိုယ်စီရဲ့ ထင်မြင်ချက်၊ ရည်မှန်းချက်၊ ပန်းတိုင်ခြင်းမတူရသောကြောင့် အပြန်ပြန်အလှန်လှန် တစ်ဖက်နှင့် တစ်ဖက်ရန်လိုမှု၊ အနိုင်ရလိုမှုဖြစ်အောင် ကြိုးစားခြင်းဖြစ်သည်။ မိမိရဲ့ အောင်မြင်လိုစိတ်ထက် အောင်နိုင်လိုစိတ် အတ္တ အသားပေးစရိုက်လက္ခဏာများကြောင့်ဖြစ်ပွားရခြင်း ဖြစ်သည်။
***ဖြစ်ပွားရခြင်းအကြောင်းအရင်း
၁) အရင်းအမြစ် ပြသာနာရှားပါးလာမှု၊ လိုချင်တပ်မက်မှု (Scarce resources)
၂) မရေရာမပြတ်သားသော တရားစီရင်ဆုံးဖြတ်မှု (Jurisdictional ambiguities)
၃) ဆက်ဆံရေး ကျဲပါးမှု၊ ပြတ်တောက်မှု (Communication breakdown)
၎) ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောထားမတိုက်ဆိုင်မှု (Personality clashes)
၅) လုပ်ပိုင်ခွင့်အာဏာအပေါ်အသုံးချခြင်းနှင့် အဆင့်အတန်းဆိုင်ရာ မတူညီမှု (Institutional Power & status differences)
၆) ရည်မှန်းချက် ပန်းတိုင် မတူညီမှု (Goal differences) တို့ပဲဖြစ်ပါတယ်။
များသောအားဖြင့် မိသားစုအသိုင်းအ၀ိုင်းတွေမှာလည်း တွေ့ရသလို အဖွဲ့အစည်းအတိုင်း၊ အသင်းတိုင်းမှာတွေမှာ အတွေ့ရများတဲ့ နံပါတ် (၃)(၄)(၆) (Conflict) ကိုဦးစားပေးရေးသားပါ့မယ်။
သဘောထားကွဲလွဲမှုတွေရဲ့ စိတ်ဓာတ်အမြင်အများကို အောက်ပါအတိုင်းတွေ့ရမှာပါ။
1) Competing / Forcing (ယှဉ်ပြိုင်ခြင်း)
သူတစ်လမ်း ကိုယ်တစ်လမ်း မျဉ်းဖြောင့်လို အနေအထားဖြင့်သွားနေပြီး တစ်ဖက်သားရဲ့ ဆန္ဒကိုလည်း လက်မခံ ပြတ်ပြတ်သားသားဆန့်ကျင်ကန့်ကွက်ပြီး တစ်ဦးနဲ့ တစ်ဦး ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိ ယုံကြည်မှု လွန်ကဲပြီး ငါတကောကော ကောနေကြခြင်း။
2) Avoiding (ရှောင်ရှားခြင်း)
တစ်ဖက်သား ဆန္ဒကိုလက်ခံသည်၊ မခံသည်တော့မဟုတ် မသိချင်ယောင်ဆောင်သော အဆင့်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိခြင်း၊ ရှောင်ရှားခြင်း။ ဥပမာ - ပြန်မပြောနားမထောင်လုပ်ရပ်မျိုး
3) Accomodation (လိုက်လျောညီထွေရှိခြင်း)
တစ်ဖက်သားရဲ့ ဆန္ဒကို လက်ခံသည် လက်မခံသည်တော့မဟုတ် မိမိ၏ အထင်အမြင်တစ်ဖက်တည်းအပေါ်ကို ဦးညွှတ်လာစေရန် မိမိယုံကြည်မှုကို တစ်ဖက်သား ကိုယ့်ဘက်ပါလာစေရန် ပူးကပ်သတ်သည့် အနေအထား ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း။ လိုက်လျောညီထွေရှိလာခြင်း။
4) Collaboration (ပူးပေါင်းဆောင်ရွက်လိုခြင်း)
တစ်ဖက်သားရဲ့ ဆန္ဒကိုလည်း လက်မခံ ပြတ်ပြတ်သားသားဆန့်ကျင်ကန့်ကွက်ပေမဲ့ အဖွဲ့အစည်း သင်းမကွဲရလေအောင် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ အတူတကွ လုပ်ကိုင်လိုစိတ်ရှိခြင်း။
5) Compromising (ညှိနှိုင်းဆောင်ရွက်ခြင်း)
တစ်ဖက်သားရဲ့ ဆန္ဒကို မမာလွန်း၊ မပျော့လွန်း အခြေအနေတစ်ရပ်ကို လက်ခံထားပြီး နှစ်ဦးနှစ်ဖက် လျော့ပေါ့စဉ်းစားပြီး အတူတကွ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း။ အတူတကွ ညှိနှိုင်းလုပ်ကိုင်လိုစိတ်ရှိခြင်း။ တို့ပဲဖြစ်ပါတယ်။ Compromising အမြင်မျိုးရှိရင်တော့ အကောင်းသားပေါ့ဗျာ။ မဇ္စိုမပဋိပဒါလမ်းစဉ်ပေါ့။
အထက်မှာ သဘောထားကွဲလွဲမှု အမြင်များကိုတင်ပြထားပြီးနောက်ဆက်တွဲ အမြင်အပေါ်ဆိုးကျိုးအဆင့်(၃)ဆင့်အနေအထားဖြင့် သက်ရောက်ပါတယ်။
၁) Skirmishes (တစ်ဖက်နဲ့ တစ်ဖက် အားစမ်းခြင်း အနေအထား)
၂) Confrontations (တစ်ဖက်နဲ့ တစ်ဖက် ရင်ဆိုင်ထိပ်တိုက်တွေ့ခြင်း အနေအထား)
၃) Full Scale War (တစ်ဖက်နဲ့ တစ်ဖက် သူနိုင်ကိုယ်နိုင် အပြိုင်ချဲ ချေမှုန်းခြင်း အနေအထား)
*Skirmishes အနေအထားမှာ နိစ္စဓူဝ တွေ့နေမြင်နေရတာတွေ သူ့အမြင်ကိုယ့်အမြင်မတူ၊ သူက ကိုယ့်ကိုကြောတာ ကိုယ်ကသူ့ကိုကြောတာ တစ်နည်းအားဖြင့် တစ်ယောက်နဲ့ တစ်ယောက်တွက်ကပ်ခြင်းကို သိနေတဲ့ အနေအထား၊ အားစမ်းယှဉ်ပြိုင် စောင်မြောင်စပြုနေတဲ့ အနေအထား၊ အရမ်းကြီးမကြီးထွားသေးပေမဲ့ ယခုအနေအထားမှာတင် အမြစ်ဖြတ်နိုင်တဲ့ အဆင့်ဖြစ်ပါတယ်။ Solving အနေနဲ့ တစ်ဖက်သားရဲ့ ဆန္ဒအမြင်ကို အကယ်လို့သာ ဟူသော အမြင်မျိုး ဖေးဖေးမမ တစ်ယောက်နဲ့ တစ်ယောက်မြင်ပေးမယ် ပြောဆိုခွင့်ပေးမယ်ဆိုရင် ဒီအဆင့်မှာတင် ပြတ်ပါတယ်။
*Confrontations အနေအထားဟာ တစ်ဖက်နဲ့ တစ်ဖက် မကြာခဏ ထိပ်တိုက်တွေ့ဆုံပြီး အနေအထား စကားများပြီး အနေအထားဖြစ်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အလျော့ပေးခြင်း လက္ခဏာလျော့ပါးလာတယ်။ ပြင်းထန်လာတယ်။ မခေါ်မပြောချင်သော အဆင့်ထိရောက်လာတယ်။ Solving အနေနဲ့ မဖြစ်ခင်ပထမဦးစွာ မိမိ မကျေနပ်သမျှ စုပုံမထားသင့်ပါဘူး။ ဘွင်းဘွင်းရှင်းရှင်း တိုင်တိုင်ပင်ပင်လုပ်ပါ။ မိမိအမြင်နဲ့ မတူသည့် အကြောင်းအရာကို အဖွဲ့အစည်းအကျိုးကို အဓိကထား အခြေခံ ဖြေရှင်းပြီး ပုဂ္ဂလိက ခံစားချက်ဘေးဖယ်ထုတ်ပါ။ လွန်လွန်ကဲကဲ အပြုအမူများ ထိန်းချုပ်ပါ။
*Full Scale War တစ်ဖက်နှင့်တစ်ဖက် စေ့စပ်ညှိနှိုင်းရန် အတော်ပင်ခက်ခဲပြီး သူနိုင်ကိုယ်နိုင် ရေကုန်ရေခမ်း ဘတစ်ပြန်ကျားတစ်ပြန် တစ်ဖက်မဟုတ် တစ်ဖက် အရှုံးရလဒ်ထွက်သည်အထိ လုံးဝဥသုန်ချေမှုန်းသော အဆင့်ဖြစ်သည်။ ကမ္ဘာစစ်များဥပမာဖြစ်သည်။ Solving အနေနဲ့ နှစ်ဦးနှစ်ဖက် ဖြေရှင်းနိုင်သော အဆင့်မဟုတ်သည့်အတွက် ကြားလူ တတိယလူ ၀င်ရောက်ဖြေရှင်းရသော အနေအထားဖြစ်သည်။ ဖြေရှင်းခြင်း (Resolve) ထက် ဖြန်ဖြေခြင်း (Intervence) ကို တတိယလူက ညှိနှိုင်းပေးရသည်။ တတိယလူ အဓိက အနေအထားဖြစ်သည်။ ကျူးဘားအရေးအခင်းတွင် ကုလသမ္ပဂအထွေထွေအတွင်းရေးမှူးချူပ်ဦးသန့်၏ ဖြန်ဖြေခြင်းမျိုးသည် စံနမူနာဖြစ်သည်။ ဖြစ်ပွားပုံ အခြေအနေ (Analysis) ခွဲခြမ်းစိတ်ဖြာရသည်။ ဘာကြောင့်(Why) ဟူသော မေးခွန်းမျိုး ဒီလို အခြေအနေမျိုးမှာ မမေးသင့်တော့ ယုတ္တိမတန်တော့၊ Logic / Reasoning ကြောင်းကျိုးဆီလျော်ခြင်းတို့ကို ဖယ်ထားပြီး ပြသာနာဘယ်လိုပြီးဆုံးရမလဲ How ကိုသာ ဦးတည် ဆောင်ရွက်ရမည်။ ဖြစ်ပြီးကိစ္စ၊ ဖြစ်ဆဲကိစ္စတို့ စမြုံပြန် (Blame) အပြစ်တင်ခြင်းမျိုး ရှောင်ရှားပြီး နှစ်ဦးနှစ်ဖက်ရည်မှန်းချက်ကိုသာ ညှိနှိုင်းဆောင်၇ွက်ရမည်။
*လိုအပ်ချက်များစွာရှိပါသေးသဖြင့် ထောက်ပြစရာများရှိပါက Comment ရေးသားနိုင်သည်*
___________________________________________________________________
ဆရာနေဇင်လတ် Managing Conflict ဆောင်းပါးနှင့် MHR Subject မှ Conflict Notes များကို အကြမ်းဖျင်းထုတ်နှုတ်ရေးသားသည်။
ဖောက်တွေးတဲ့ ဥပဒေ ဖလော့ဆဖီနှင့် တရားမျှတမှု
$
0
0
by Ye Myint Kyaw (Notes) on Wednesday, July 3, 2013 at 7:41pm
ချောအိနွယ်
ဝေဖန်ပိုင်းခြင်းစဉ်းစားခြင်း (critical thinking)၊ ဖောက်ထွက်တွေးခြင်း (lateral thinking)၊ တီထွင်ဥာဏ် (creative thinking) စသည်တို့သည် လူတိုင်းလေ့ကျင့်ယူနိုင်သော အလေ့အထစနစ်လေးများသာ ဖြစ်ကြသည်။
ယနေ့နိုင်ငံတကာတက္ကသိုလ်များတွင် ဤအကြောင်းအရာသည် အငြင်းပွားဖွယ်ဖြစ်သည်။ အချို့က လူတယောက် သူမတူအောင် တွေးတတ်မြင်တတ်ခြင်းသည် မွေးရာပါ (nature) ဟုဆိုသည်။ အချို့ကတော့ ကြီးပြင်းရာ ပတ်ဝန်းကျင်ကြောင့် (nurture) ဟုဆိုပါသည်။ ဥပမာ စတီဖင်ဟော့ကင်း စင်္ကြာဝဠာကြီးတခုလုံးအကြောင်းကို ဘီးတပ်ကုလား ထိုင်ပေါ်မှ မထဘဲ ချက်ကျလက်ကျ ဝေဖန်ပိုင်းခြားတတ်ခြင်းသည် genius တဦးမို့သာဟု ငြင်းနိုင်သည်။ တဖက်တွင်လည်း မိမိတို့ ကြီးပြင်းရာပတ်ဝန်းကျင်၏ လွှမ်းမိုးမှုမှ ထွက်ပေါ်လာသော ကမ္ဘာ့အတွေးအခေါ်ပညာရှင်များစွာ ရှိသည်။
မည်သို့ဆိုစေ ထိုအရည်အချင်းများသည် လူတိုင်းလေ့ကျင့်ယူနိုင်သော စနစ်များသာ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတကာ တက္ကသိုလ်များတွင် ကျောင်းသားများ အတွေးအခေါ် မြင့်မားလာစေရန်၊ တနည်းအားဖြင့် ဖောက်ထွက်တွေးခေါ် နိုင်စေရန် ရည်ရွယ်ပြီး Rational Thinking ကဲ့သို့သော ဘာသာရပ်မျိုးကို ကျောင်းသားအားလုံး သင်ယူနိုင်ရန် စီစဉ်ပေးပါသည်။ အထူးသဖြင့် ဥပဒေ၊ အတွေးအခေါ်၊ နိုင်ငံရေး၊ စီးပွားရေး ဘာသာရပ်များ ကို လေ့လာသူများအတွက် ထိုအတွေးအမြင် သဘောတရားများကို နားလည်ထားပါက လေ့လာဆဲကာလနှင့် မိမိလေ့လာသမျှကို လူ့အဖွဲ့အစည်းအတွက် ပြန်လည်အသုံးချရာတွင် ပိုမိုထိရောက်မည် ဖြစ်သည်။
ဥပဒေကို မှန်မှန်ကန်ကန် တွေးတတ်မြင်တတ်မှသာလျှင် တရားမျှတသောလူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်။ ဥပဒေဆိုင်ရာအတွေးအခေါ် (Jurisprudence) သည် တရားမျှတမှု၏ အသက်သွေးကြောဟု ပြောလျှင် ရနိုင်ပါသည်။ ရောမတို့မှ စတင်ကျင့်သုံးခဲ့သည်ဟုဆိုနိုင်သော်လည်း တကယ်တမ်း ခေတ်သစ် Jurisprudence ကို ၁၈ရာစု ဦးပိုင်းလောက်ကမှ စနစ်တကျစတင်ခဲ့ခြင်းဖြစ်သည်။
ဖောက်ထွက်တွေးခြင်းမှာ အစပိုင်းတွင် ရိုးရှင်းပါသည်။ ဖလော့ဆဖာများက စတင် မေးခွန်းထုတ်ပါသည်။ ဥပဒေ ဆိုတာဘာလဲ… ဥပဒေမှာ ဘာတွေရှိနေသင့်သလဲ… ဘာတွေရှိမနေသင့်ဖူးလဲ… ပြသနာတွေကရော… ဘာကြောင့်လဲ… အစရှိသဖြင့်… ဖလော့ဆဖာများ၏ 'ဘာ' နှင့်အစချီသော စပ်စပ်စုစု မေးခွန်းပေါင်းမြောက်မြားစွာကို ဆိုင်ရာဆိုင်ရာ အပိုင်းများခွဲလိုက်သောအခါ ဥပဒေသီအိုရီများ (Schools of thought) ထွက်ပေါ်လာပါသည်။ အကြမ်းအားဖြင့် သီအိုရီ လေးမျိုးရှိသည်ဟု ပြောနိုင်သည်။ (၁) Natural Law၊ (၂) Legal Positivism၊ (၃) Legal Realism၊ (၄) Critical Legal Studies တို့ ဖြစ်သည်။
(၁) Natural Law
Natural Law ၏ဖခင်မှာ အရစ္စတိုတယ် ဖြစ်သည်။ အရစ္စတိုတယ်၏ အတွေးအခေါ်တို့သည် ကိုယ်ကျင့်သိက္ခာ (moral virtue) မှ အစပြုသည်။ တရားမျှတမှုသည် ကိုယ်ကျင့်သိက္ခာတန်ဖိုးတို့အပေါ် အခြေခံသည်။ တဖန် ထိုတန်ဖိုးတို့သည် အလယ်တည့်တည့်တွင် ရပ်တည်နေရာ (မဇျိမပဋိပဋာ) မှလာခြင်းဖြစ်ပြီး အလွန်အကျွံဖြစ်သော အစွန်းနှစ်ဖက်မှ မဟုတ်ဟု ဆိုသည်။ Natural Law ၏ ရည်ရွယ်ရင်းမှာ မတရားသောဥပဒေအား ဥပဒေဟု မသတ်မှတ် (an unjust law is no law at all)။ လာတင်စကား lex iniusta non est lex မှမွေးစားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သဘာဝတရားတွင် လိုက်နာရမည့် ဥပဒေများ အလိုအလျောက်တည်ရှိနေသည်။ မတရားမှုသည် သဘာဝကိုဆန့်ကျင်သောကြောင့် ဥပဒေမဟုတ်ဟု ဆိုပါသည်။
Thomas Hobbes ကမူ Leviathan ကျမ်းထဲတွင် လူသားကို မိမိကိုယ်ကို ပျက်စီးကြောင်း အကျင့်များအား မပြုလုပ်စေရန် (သို့မဟုတ်) ပျက်စီးစေသောအရာများကို တွန်းလှန်နိုင်စေရန် သဘာဝတရားက ကျိုးကြောင်းခိုင်လုံသောဆင်ခြင်စိတ်ဖြင့် လိုက်နာရမည့် ကျင့်ထုံးများ ပြဌန်းလျက်ရှိသည်ဟုဆိုလေသည်။ ဥပမာ ထာဝရဘုရား၊ လူ့အခွင့်အရေး စသည်တို့မှာ Natural Law ဖြစ်သည်။ Natural Law ၏ အကျိုးဆက်မှာ ကျိုးကြောင်းခိုင်လုံသောအတွေးအခေါ်ဖြင့် ဥပဒေပြုအာဏာကို ကန့်သတ်ရန်ဖြစ်လာပါသည်။
(၂) Legal Positivist
Hart မှာ ခေတ်သစ် ပင်တိုင် Legal Positivist ဖြစ်သည်။ Hart က ဥပဒေဆိုသည်မှာ လူ့အဖွဲ့အစည်းတခုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ ထိုလူ့အဖွဲ့အစည်းက လက်ခံမည့် ဆီလျော်သော ကျင့်ထုံးများကို ပေါင်းစည်း ထားသည့် စနစ်ကြီးတခုဖြစ်သည်ဟု ဆိုပါသည်။ Hart ရဲ့ Legal Positivism က ဥပဒေနှင့် ကိုယ်ကျင့်တရားသည် ဆက်စပ်၍မရ။ လူမှုလိုအပ်ချက်များအရ ထိုလူ့အဖွဲ့အစည်းက လက်ခံသော ဥပဒေစနစ်တခု ပေါ်ပေါက်လာသည်။ ထို့ကြောင့် ဥပဒေသည် လူ့အဖွဲ့အစည်း လိုအပ်ချက်များအပေါ် အခြေခံရေးဆွဲသင့်သည်ဟု ဆိုသည်။
ရေးဆွဲလိုက်သော ဥပဒေသည် သဘာဝတရားပေါ် အခြေမခံပါ။ ဥပဒေပြုအာဏာက ပြဌန်းလိုက်သည့် စံစနစ်များ (positive norms) ကို လိုက်နာရမည်ဖြစ်သည်။ ထို ပြဌန်းချက်များသည် လူထုကလက်ခံသော စံအတိုင်းအတာ များနှင့်အညီ ရေးဆွဲရာ ထိုလူ့အဖွဲ့အစည်းအတွက် တရားမျှတမည်ဖြစ်သည်။ ၄င်းတို့နှင့် လုံးဝမပတ်သက်သော ပြင်ပလူ့အဖွဲ့ အစည်းတစ်ခု ရှုထောင့်မှကြည့်လျှင် တရားမျှတမှုရှိချင်မှရှိမည်။ ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှု၊ လူသားဝါဒ စသည်တို့ဖြင့် မဆုံးဖြတ်နိုင်။ ဥပမာ ယခု အင်္ဂလန်နှင့် Common Wealth Nations, အင်္ဂလိပ်ကိုလိုနီ ဖြစ်ခဲ့ဖူးသော နိုင်ငံများတွင် ကျင့်သုံးနေသော Common Law (case law) ဥပဒေပြုစနစ်။ Natural Law ကို ကောင်းကောင်းကြီး ဆန့်ကျင်ပါသည်။
Classic Criticisms of Legal Positivism ဆိုသော ဝေဖန်မှုလည်း ရှိပြန်သည်။ Hart ကို ပြန်လည်ငြင်းချက်ထုတ်သူက Ronald Dworkin ဖြစ်သည်။ ၄င်း၏ Law's Empire စာအုပ်တွင် ဥပဒေသည် ကိုယ်ကျင့်တရားပေါ်များစွာ အခြေခံသည်။ လက်တွေ့တွင် ကျိုးကြောင်းဆီလျော်သော တရားမျှတမှု ဆိုတာဘာလဲ ဆိုသည့် မှန်ကန်တဲ့ ကိုယ်ကျင့်တရားတွေကို ရှာမတွေ့မချင်း အဲ့ဒီလူ့အဖွဲ့အစည်းရဲ့ ဥပဒေပြဌာန်းချက်တွေဟာ ဘာတွေ ဖြစ်သင့်တယ်၊ လက်ရှိ ဥပဒေပြု စနစ်ကြီးတခုလုံးက ဘာတွေဖြစ်နေတယ်၊ ဒီစနစ်က မှန်ကန်ရဲ့လားဆိုတာ ဘယ်သူမှ စဉ်းစားလို့ရမှာ မဟုတ်ပါဟု ရေးခဲ့သည်။
နောက်တယောက်ကတော့ Lon L. Fuller ဖြစ်သည်။  Fuller က ဥပဒေရဲ့ တကယ့်အတွင်းပိုင်းအနှစ်သာရက ကိုယ်ကျင့် တရားတွေဟု ဆိုပြန်ပါသည်။ အကြောင်းကတော့ ဥပဒေ၏ လုပ်ဆောင်ချက်က နှစ်ခု ရှိသည်။ (က) လူ့အဖွဲ့အစည်းတစ်ခု ရုန်းရင်းဆန်ခတ်ဖြစ်မနေဘဲ တည်ငြိမ်နေစေရေး။ ထိုသို့ တည်ငြိမ်လာစေရန် လူတဦးစီ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (human autonomy) ကို အစိုးရနှင့် လူထုအကြားဖြစ်စေ၊ လူအချင်းချင်းဖြစ်စေ အပြန်အလှန် တန်ဖိုးထား လေးစားရမည်။ (ခ) ထိုတန်ဖိုးများ၊ အပြုအမူများကို ဥပဒေကျင့်ထုံးများဖြင့် ထိန်းညှိပေးရန်ဖြစ်သည်။
(၃) Legal Realism (Movement)
Legal Realism လှုပ်ရှားမှု သဘောတရားမှာ ဥပဒေကို လူတွေ ကဖန်တီးခြင်းဖြစ်သောကြောင့် အားနည်းချက်၊ မပြည့်စုံမှုများကတော့ အစဉ်အမြဲရှိနေမည်။ တခါတရံ တရားစီရင်ပိုင်ခွင့်အာဏာသည် တရားသူကြီး၏ လက်ဝယ်တွင် ရှိသောကြောင့် တရားမျှတမှုသည် တဖက်စောင်းနင်းကျချင်ကျတတ်သည် ဟုဆိုပါသည်။
တရားသူကြီးတို့သည် ဥပဒေပညာကို ဥပဒေကျောင်းများတွင် အတိအကျ အပြိုင်အဆိုင် လေ့လာခဲ့ လေ့ကျင့်ခံခဲ့ ရမည်။ ဥပဒေသမားတို့ လိုက်နာအပ်သော ခံစားချက်ကို ဦးစားမပေး တရားမျှတမှုကို ဦးစားပေးမည့် အကျင့်များကို ကျင့်ခဲ့မည်။ ထိုသို့ကျင့်မည်ဖြစ်ကြောင်း သစ္စာဆိုခဲ့မည်။ တရားစီရင်ခွင့်အာဏာကို တဖန်ပြန်လည် ကန့်သတ်ထားသည့် ဥပဒေများ အတိအကျရှိမည်။ ကန့်သတ်ချက်ကို မလိုက်နာပါက တရားဥပဒေအမှုထမ်း ဆောင်ခွင့်ရမည်မဟုတ်။ ထို့ပြင် တယောက်ထဲ စီရင်ရခြင်းမဟုတ်။ တရားသူကြီးအများနှင့်တကွ ဥပဒေသမားများအပါအ၀င် လူတွေကပါ ကြားနာစီရင်ခြင်း ဖြစ်သည်။ ရာဇ၀တ်မှုများတွင် ဂျူရီလူကြီးများပါရှိပေလိမ့်ဦးမည်။
မည်သို့ပင်ဆိုစေ တရားသူကြီးသည်လည်း လူအများထဲမှ တဦးသာဖြစ်သည်။ အလွန်ပြင်းထန်သော အမှုမျိုးကို ကိုင်တွယ်ရမည်ဆိုလျှင် တရားမျှတမှုကို မလွန်ဆန်နိုင်တောင်မှ ခံစားချက်ကို နည်းနည်းလေး ဦးစားပေး ဆုံးဖြတ်လိုက်မည် ကို မည်သူသိနိုင်မည်နည်း။
ထို့ကြောင့် Americal Legal Realism ရှေ့ဆောင် Justice Oliver Wendell Holmes (Jr.) (served for Supreme Court of USA 1902-1932) က ဥပဒေသည် လောဂျစ်ကို အခြေခံခြင်းထက် အတွေ့အကြုံပေါ်များစွာအခြေခံသည် (The life of the law has not been logic; it has been experience)။ ဆိုလိုသည်က ဥပဒေသဘောတရားများ မပြည့်စုံမှုများကို တရားရုံးနှင့် ဥပဒေသမားများက လက်တွေ့လေ့ကျင့်ရင်း အတွေ့အကြုံမှသင်ယူရင်း သဘောပေါက် လာမည်။ ၄င်းတို့ လေ့လာနေသော ဥပဒေကျမ်း၊စာအုပ်များ လွှတ်တော်မှအတည်ပြုလိုက်သော ဥပဒေများကို လေ့လာရုံဖြင့် သဘောမပေါက်နိုင်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လူ့သမိုင်းကို ထဲထဲဝင်ဝင် သိကျွမ်းမှသာလျှင် အလုပ်ဖြစ်မည်။
(၄) Critical Legal Studies (CLS Movement)
CLS လှုပ်ရှားမှု ကတော့ Jurisprudence body တခုလုံးကို တော်လှန်ချင်သည်။ ဥပဒေနှင့် လောဂျစ်တွင် ပါဝင်သည့် ကျိုးကြောင်းဆက်စပ်ပြီးငြင်းဆိုခြင်းများ၊ သီအိုရီများ၊ ခြုံငုံထုတ်ယူခြင်းများ၊ စံစနစ်များကို အသိအမှတ်မပြုလို။ ၄င်းတို့ကို အိုင်ဒီယာများအဆင့်သာ သဘောထားလိုသည်။ CLS ၏အဓိကအကြောင်းကတော့ ဥပဒေမှာ တရားသေမဟုတ် (indeterminate) Social Context အတွင်းကလှုပ်ရှားရခြင်း ဖြစ်သည်ဟုဆိုပါသည်။ Holmes ရဲ့ ဘက်မလိုက်တရားသူကြီးမရှိနိုင်ကြောင်း ဥပမာကိုအခြေခံပြန်ပါသည်။ အမေရိကန် လှုပ်ရှားမှုတခု ဖြစ်သော်လည်း ဥရောပဖလော့ဆဖာများဖြစ်ကြသော မာ့စ်၊ အိန်ဂျယ်၊ နှင့် ၀ဘ်ဘာတို့ရဲ့ ဆိုရှယ်လစ်အတွေးအခေါ်ကို မွေးစားခြင်းသာ ဖြစ်သည်။
ခြုံငုံပြောရလျှင် ထိုကဏ္ဍလေးမျိုးသည် ဥပဒေဆိုတာဘာလဲ ဆိုသည့် မေးခွန်းကိုဖြေသည့် အမြင်ရှုထောင့်အမျိုးမျိုးကို ယေဘုယျဆန်ဆန် တင်ပြခြင်းသာ ဖြစ်သည်။ ဥပဒေရဲ့လုပ်ငန်းများ၊ အခြေခံသဘောတရားများ၊ လိုက်နာသင့် မလိုက်နာသင့် အချိန်အခါ (ဥပမာ Civil Disobedience)၊ တရားဥပဒေအထက်တွင် မည်သူမျှမရှိစေရ (rule of law: no one is above the law)၊ တရားမျှတမှုဆိုတာ ဘယ်လိုဆုံးဖြတ် လိုက်သလဲ စသည့် Normative Jurisprudence များသည်လည်း လေ့လာသင့်သော အရာများ ဖြစ်သည်။
ထိုအရာများထဲတွင် ရိုးစင်းသောအတွေးအခေါ်များပါသလို ရှုပ်ထွေးပွေလီသော တွေးခေါ်နည်း စနစ်တို့ဖြင့် ထုတ်ယူ ထားသည့် အကြောင်းအချက်များစွာပါရှိပါသည်။ ဖော်ပြခဲ့သော ဥပဒေဖလော့ဆဖာများသည် Critical Thinking, Lateral Thinking, Creative Thinking Skills တို့ကို Nature ဖြစ်စေ Nurture ဖြစ်စေ ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်ပေမည်။
သို့သော် သူတို့အားလုံး သမရိုးကျမတွေး၊ ဖောက်ထွက် တွေးခေါ်သည်။ ရှုထောင့်အမျိုးမျိုးကို စနစ်တကျ လေ့လာသည်။ လေ့ကျင့်သည်။ အသုံးချသည်။ သူတို့ကိုယ်တိုင်နှင့် သူတို့ မျိုးဆက်သစ်များက သူတို့ ယုံကြည်ချက်ကို လက်တွေ့ အသုံးချနိုင်ရန် ဆက်လက်လည်း ရှာဖွေဆဲ ငြင်းခုံဆဲ ဖြစ်ပါသည်။
ကမ္ဘာ့ တည်ဆဲဥပဒေများ
တည်ဆဲ ကမ္ဘာ့ ဥပဒေပြုစနစ်များ (Legal Systems) တွင် အဓိကအားဖြင့်
၁။ ရောမ ဥပဒေပြုစနစ် (Civil Law System)
၂။ အင်္ဂလိပ် ဥပဒေပြုစနစ် (Common Law System)
၃။ ဘာသာရေးဥပဒေများ (ဥပမာ - Islamic Law)
၎။ မိရိုးဖလာဥပဒေများ (Customary Laws)
၅။ ဥပဒေစနစ် နှစ်မျိုးကို ပေါင်းစပ်ထားခြင်း (Bijudicial) (ဥပမာ - ရောမ စနစ်နှင့် အင်္ဂလိပ် စနစ် (သို့) မိရိုးဖလာနှင့် ဘာသာရေး ဥပဒေများ) ဟုရှိကြသည်။
သဘာဝအားဖြင့် နိုင်ငံတနိုင်ငံ၏ ဖြတ်သန်းမှု၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် လူထုလူတန်းစားပေါ်မူတည်ပြီး အထက်ပါ ဥပဒေစနစ်များကို သင့်လျော်သလို ကျင့်သုံးလေ့ရှိကြပါသည်။
ဆိုရသော် ဗြိတိသျှနယ်ချဲ့လက်အောက်ခံ ဖြစ်ခဲ့ဖူးသော နိုင်ငံများ၊ ဗြိတိန်ဘုရင်(မ) အုပ်ချုပ်မှုအောက်မှ အချို့ နိုင်ငံများ Commonwealth Countries (သို့) ဗြိတိန်နှင့် ဥပဒေပိုင်းဆိုင်ရာ သဘောတူညီမှုတစုံတရာ စာချုပ်စာတမ်း ရေးထိုးထားသော နိုင်ငံများက အင်္ဂလိပ် ဥပဒေပြုစနစ် Common Law ကိုကျင့်သုံးကြသည်။ ဥပမာ သြစတြေးလျ၊ မြောက်အမေရိကမှ ပြည်နယ်အများစု၊ ဟောင်ကောင်၊ မြန်မာနိုင်ငံ။
အလားတူစွာ ရောမအင်ပိုင်ယာနှင့် ပတ်သက်ခဲ့သောနိုင်ငံများ၊ နယ်ချဲ့လက်အောက်ခံမဖြစ်ဖူးသော အချို့နိုင်ငံများက ရောမ ဥပဒေပြုစနစ် Civil Law ကို ကျင့်သုံးကြပါသည်။ ဥပမာ - ဥရောပနိုင်ငံများ၊ ထိုင်းနိုင်ငံ။
အရှေ့အလယ်ပိုင်းဒေသကဲ့သို့ ဘာသာရေးကြီးစိုးသော နိုင်ငံများတွင် ဘာသာရေးဥပဒေကိုပြဌန်းသည်။ ရိုးရာကို အင်မတန်ထိန်းသိမ်းသော အာဖရိကနိုင်ငံအချို့နှင့် တရုတ်ပြည်အချို့နေရာများတွင် ရှေးရိုးစွဲ မိရိုးဖလာ ဥပဒေကိုဆက်လက်ကျင့်သုံးလျက် ရှိကြပါသည်။
အင်္ဂလိပ် ဥပဒေပြုစနစ် အခြေခံမိတ်ဆက်
ဤစနစ်သည် အထက်တရားရုံးများနှင့် ရှေ့ကဆုံးဖြတ်ခဲ့သော အမှုများကို အခြေခံကာ ဥပဒေပြုခြင်း ဖြစ်သလို၊ ရှိရင်းစွဲ တရားဖြတ်ထုံးများနှင့် ဥပဒေ အတွေးအခေါ်တို့ကို ဝေဖန်ပိုင်းခြား သုံးသပ်ခြင်းလည်း ပါဝင်ပါသည်။
အမှုတခုကို ခွဲခြမ်းစိတ်ဖြာရလျှင်
၁။ အမှုနှင့်ဆိုင်သော အချက်အလက်မှန်များ (Facts)
၂။ အချက်အလက်ပေါ် မူတည်၍ ထွက်ပေါ်လာသော အဓိက စိန်ခေါ်မှု မေးခွန်းများ၊ ပြသနာများ (Issues)
၃။ တရားမျှတမှုအတွက် တည်ဆောက်ထားသော ဥပဒေ ထုံးတမ်းများ (Legal Principles)
၎။ တရားစီရင်မှု (Holding) ဟုရှိပါသည်။
ဤစနစ်တွင် ရှေ့ကဆုံးဖြတ်ချက်ကို နောက်ကလိုက်နာရခြင်းအကြောင်းမှာ အမှုနှင့်ဆိုင်သော အချက်အလက်များ ကြောင့်ဖြစ်သည်။
Donoghue v Stevenson ဆိုသော အမှုတွင် တရားလို Ms Donoghue က တရားခံ Mr Stevenson ရောင်းသော ဂျင်ဂျာဘီယာထဲတွင် ပက်ကျိသေ တစ်ကောင် ပါလာခြင်းကို သောက်နေရင်း တွေ့လိုက်ရသည်။ တွေ့သည်နှင့် တပြိုင်နက်ထဲ အော့အန်မူးဝေပြီး ဆေးရုံရောက်၊ နှလုံးရောဂါတွေ ဘာတွေ ရကုန်သည်။
Tort of Negligence မတော်တဆ ဖြစ်သော တရားမမှုများဆိုတဲ့ ဥပဒေ ပေါ်ပေါက်လာအောင် ထိုအမှုက အစပြုသည်။ ဒိပြင်မတိုင်မီက ထိုအမှုထက်ကြီးသော (ဥပမာ - ကင်းမြီးကောက် အရှင်တကောင်လုံး အချိုရည်ထဲ ပါချင်ပါမည်) အမှုများကို ဘယ်တရားရုံးကမှ ဂရုစိုက် လက်မခံခဲ့ပါ။
ထိုအမှုတွင် စားသုံးသူဖက်မှ ဆုံးဖြတ်ပေးခဲ့သည်။ Legal Principle တွေ ထွက်လာခဲ့သည်။ ဥပမာ - Neighbour Principle - မိမိရဲ့အပြုအမူ၊ အပြောအဆို၊ အလုပ်ကြောင့် မိမိတာဝန်ရှိတဲ့ ပတ်ဝန်းကျင်၊ မိမိနဲ့ ပတ်သက်တဲ့သူတွေကို မတော်တဆ ထိခိုက်ခဲ့ရင် ဥပဒေ တာဝန်ရှိတယ်ဆိုတဲ့ Principle။ နောက်ပြီး မိမိက တာဝန်ရှိတယ်ဆိုတဲ့ လူတွေက ဘယ်သူတွေလဲဆိုတာမျိုးအတွက် Test တွေထွက်လာတယ်။ ဥပမာ - ဆရာဝန်က လူနာကို ဆေးထိုး မမှားရမည့်တာဝန် - မှားရင် တရားစွဲနိုင်သည်။ ဈေးရောင်းသူက ၀ယ်သူကို နစ်နာစေလောက်အောင် မထိခိုက်ရမည့် တာဝန်မျိုး။
ဒီလိုနဲ့ နောက်ပိုင်း သတ်မှတ်ထားသော Principle များ၊ Test များ ဘောင်အတွင်းကနေ အချက်အလက်ပေါ် အခြေခံပြီး ဆုံးဖြတ်ခဲ့တဲ့၊ သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း နောက်ပိုင်း မတော်တဆ တရားမမှုတိုင်းကို ဆုံးဖြတ်ရပေသည်။
နောက် Baigent v Ramdom House အမှုတွင် ဘုရားသခင်ကို လူဆိုးလုပ်ပစ်လိုက်တဲ့ Dan Brown ရေးသော စိတ်ကူးယဉ်ဝတ္ထု Da Vinci Code က တခြား သရုပ်မှန်ဝတ္ထုဖြစ်တဲ့ Holy Blood, Holy Girl မှ ကူးချခြင်း ဖြစ်သည်ဆိုသော မူပိုင်ခွင့်အမှု Intellectual Property (Copyright) Law။
Issue တွေကတော့
၁) ဒုတိယ၀တ္ထု ဒါဗင်ချီက ပထမ ၀တ္ထုနှင့် စာလျှင် ဘယ်လောက် ရာနှုန်းထိ မူရင်းလို့ ပြောနိုင်သလဲ
၂) Holy Blood, Holy Girl ရဲ့ဘယ်လောက် အဓိကကျတဲ့ အပိုင်းကနေ ဒါဗင်ချီက ဘယ်လောက်ထိ ယူထားသလဲ
၃) ယူထားတဲ့ အပိုင်းတွေရဲ့ အရည်အသွေးတွေ - ဇာတ်လမ်းတခုလုံးမှာ ဘယ်လောက် တာသွားသလဲ
၃) ယူထားတဲ့ အပိုင်းတွေက ဘယ်နှစ်မျက်နှာလောက်ရှိလဲ
ဤအဓိကကျသော မေးခွန်းများကို ချိန်ဆပြီး တရားသူကြီးတွေက ဒါဗင်ချီက ခိုးချတာ မဟုတ်လို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါသည်။
ထို့ကြောင့် ယေဘုယျအားဖြင့် အမှုနှစ်ခု အချက်အလက်တူလျှင် ဆုံးဖြတ်ချက် တူသင့်ပေသည်။ Judicial precedent ဟု သုံးပါသည်။ သို့ပေမဲ့ အချက်အလက်က ဆန့်ကျင်နေလျှင် ဆုံးဖြတ်ချက်လည်း မတူသင့်ပါ။ Distinguishing the case ဟုဆိုနိုင်ပါသည်။
Common Law တွင် ထိုသို့ ဆုံးဖြတ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ တရားမျှတမှုကြီးစိုးရေး (Rule of Law) ကို ဦးတည်စေဖို့ ဖြစ်သည်။ မဂ်နာကာတာ စာတမ်း (Magna Carta) ရဲ့ Due Process Model က လူတိုင်းဟာ အခြေခံ တရားမျှတမှုနဲ့ လွတ်လပ်မှုကို ဥပဒေမစီရင်မီထိ ပိုင်ဆိုင်ခွင့် ရှိတယ်လို့ ဆိုခဲ့သည်။ ဥပဒေ အထက်တွင် မည်သူမျှမရှိ။
တဆက်ထဲမှာပဲ ဥပဒေကို လူတိုင်းခန့်မှန်းနိုင်ရမည်။ ဒါလုပ်ရင် ဒီဥပဒေနဲ့ဆိုင်တယ်ဆိုတာကို သိစေချင်သည်။ ထို့ပြင် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များ၊ အသုံးမတည့်သော ဥပဒေများကို ဖြည့်စွက် ပြင်ဆင်ချင်သည်။ ထို့ကြောင့် တူသောအမှုကို တူသည့်အတိုင်း ဆုံးဖြတ်ရခြင်းဖြစ်သည်။
ဥပဒေအတွေးအခေါ် Legal philosophy နှင့် တရားမျှတမှု
Common Law စနစ်၏ ဥပဒေ အတွေးအခေါ်မှာ Legal Positivism ကို ပေါ် အခြေခံထား တည်ဆောက်ထားသော်လည်း၊ အရင်းရှင် စီးပွားရေး စနစ်အောက်တွင် ကျင့်သုံး နေရခြင်းအားဖြင့် သာမန် လူလတ်တန်းစားနှင့် လက်လုပ်လက်စားတို့ကို အပိုဆောင်း မျက်နှာသာပေးမည် မဟုတ်။
ထိုစနစ်ကပေးတဲ့ တရားမျှတမှု ဆိုသည်မှာ လူတိုင်းကို အနည်းဆုံးသော လူ့အခွင့်အရေးနှင့် ကာကွယ်မှု Minimum Protection & Rights ကိုသာပေးသည်ဟု မြင်မိပါသည်။ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ၀ုန်းခနဲ ထိုးတက်သွားအောင် အမြင့်မားဆုံး အခွင့်အရေးတွေကို ပေးသော စနစ်မဟုတ်သော်လည်း လက်ရှိ အနေအထားမှာ အနည်းဆုံးသော မှန်ကန်မှု (တရားမျှတမှု) ကိုပင် တရားရုံးများ၊ လွှတ်တော်များတွင် လူတိုင်း ခံစားခွင့်ရှိအောင် ကြိုးစားလုပ်ယူ နေရပေသေးသည်။
လူတိုင်း ခံစားခွင့်ရစေလိုသည့် အကြောင်းများမှာ -
၁) တရားမျှတမှုသည် လူတိုင်း၏အထက်တွင် အစိုးရအပါအ၀င် အားလုံးကို အုပ်ချုပ်လျှက် ရှိသောကြောင့် တရားဥပဒေကို အစိုးရက မဖန်တီးပါ။ ပြည်သူက ဖန်တီးရပါသည်။ ပြည်သူ့မဲဆန္ဒဖြင့် ပေါ်ပေါက်လာသော ဥပဒေတို့သည်သာ တရားသည်။
၂) ထို့ပြင် တရားဥပဒေသည် အပြစ်ပေးရန်မဟုတ်။ လူ့လောက သာယာစည်ပင်အောင် ဖန်တီးပေးသော လက်နက်တစ်ခုသာ ဖြစ်သည်။
၃) တရားမျှတမှုကို လိုချင်လျှင် တရားဥပဒေကို မြတ်နိုးရပါသည်။ တဖက်တွင်လည်း မတရားသော ဥပဒေကို တော်လှန်လိုစိတ်ရှိပြီး တော်လှန်ရဲရပါသည်။ မှန်ကန်သည့် တော်လှန်ရေးတရပ် ပေါ်ပေါက်ရန် အတွက်လည်း လေ့လာရပါသည်။ လေ့လာသမျှကို အားထုတ်အသုံးပြုရပါသည်။
၎) လူတို့၏ လက်တွေ့ဘ၀မှာလည်း ရှုပ်ထွေးသည့် သဘာဝကြောင့် ဥပဒေပညာရပ်သည် ရှုပ်ထွေး နက်နဲလှသည်။ သို့သော် ထိုပညာရပ်ဆိုင်ရာ ရှုပ်ရှုပ်ထွေးထွေးတွေ လေ့လာဖို့ထက် ရိုးစင်းသော အခြေခံ တရားများသည်သာ လူတိုင်းနှင့် ပိုဆိုင်ပါသည်။ သာမန် လူတိုင်း နားလည်မည့် အားလုံးနှင့်ဆိုင်သည့် အခြေခံဥပဒေများကို အစိုးရမှ ပြည်သူအား တင်ပြအကြံဥာဏ်ယူရမည့် တာဝန်ရှိသည်။
၅) လူ့အဖွဲ့အစည်းတစ်ခုတွင် လူတိုင်းသည် မိမိတို့နှင့်ဆိုင်ရာ ကဏ္ဍအလိုက် တိုးတက်မှု တစုံတရာ ရှိအောင် ကြိုးစား အားထုတ်ရမည့် တာဝန်ရှိသည်။ တရားဥပဒေသည် အဖွဲ့အစည်း တရပ်အတွက် အခြေခံ အုတ်မြစ်ဖြစ်သောကြောင့် တရားမျှတမှုကို ရှာဖွေရန်မှာ လူတိုင်း၏ တာဝန်သာလျှင် ဖြစ်ပါသည်။
(ဆက်လက် ဆွေးနွေးပါဦးမည်)
ချောအိနွယ်
ဒီမိုကရက်တစ် ပြည်သူ့ဝန်ထမ်းကေင်းတွေ မွေးထုတ်ပါ
$
0
0
by Ye Myint Kyaw (Notes) on Wednesday, July 3, 2013 at 7:15pm
သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက် လုပ်လာပါတယ်။ ဒါပေမဲ့ အဲဒီအပြောင်းအလဲတွေကို ချီးကျူးပြောဆိုမှုတွေရှိသလို၊ မယုံကြည်သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ မယုံကြည်သူ အများစုရဲ့ ပြောဆိုမှုတွေအရ အပြောင်းအလဲဟာ အပေါ်ပိုင်းမှာသာဖြစ်ပြီး အောက်ခြေပိုင်း အုပ်ချုပ်ရေးတွေမှာ နဂိုအတိုင်း အကျင့်ဟောင်းတွေနဲ့ နေမြဲ စားမြဲ ခိုကပ်မြဲဖြစ်ပြီး၊ အပြောင်းအလဲက လူထုဘ၀ထဲ မရောက်ဘူးလို့ ဆိုကြပါတယ်။
ဒါကို အစိုးရကိုယ်တိုင်လည်း ရင်ဆိုင်တွေ့ကြုံနေရပုံပါ။ သမ္မတရဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ စကားလုံးနဲ့ စိတ်ကူးတွေက တိုင်းဒေသ ပြည်နယ်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ နားထဲ ရင်ဘတ်ထဲ သိပ်မစွဲဝင်ပါဘူး။ အရင်အချိန်က အထက်အမိန့်ဆို ပိပြားသွားရပေမဲ့၊ အခု သိပ်ဂရုစိုက်ပုံ မရပါဘူး။ ဒါက အသွင်ကူးပြောင်းရေးကာလ ရင်ဆိုင်ရတဲ့ အကြီးဆုံးအခက်ခဲတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒီအတွက် အစိုးရက နိုင်ငံရေးပြုပြင်လဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အဆင့်တွေလုပ်ရင်းကနေ နှစ်နှစ်နီးပါးပြည့်ချိန်မှာ ပြုပြင်ပြောင်းလဲမှု တတိယအဆင့်အဖြစ် ဌာနဆိုင်ရာ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု (Administrative Reform) ဖော်ဆောင်ဖို့ ကြေငြာတာကို တွေ့လိုက်ရပါတယ်။
အခုလပိုင်းတွေမှာ ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည်အကဲဖြတ်ကော်မတီကနေ ဌာနဆိုင်ရာလုပ်ငန်းတွေ ကြံ့ကြာနေတာ၊ ကြိုးနီစနစ်များနေတာတွေ လိုက်လံဖြေရှင်းပေးတာတွေကို အစိုးရသတင်းစာတွေထဲ မကြာခဏ ဆိုသလို ဖော်ပြတာ မြင်ရပါတယ်။ နိုင်ငံကူးလက်မှတ်ဌာနနဲ့ ဆိပ်ကမ်းကုန်တင်ကုန်ချနေရာတွေမှာ အဆင့်များစွာ ကြာနေတာတွေကို အဆင့် လျှော့ချပစ်တာ၊ ပြည်သူတွေရဲ့ တိုင်ကြားမှု၊ အကြံပေးမှုအချို့ကိုလည်း လက်ခံဖြေရှင်းပေးနေတာကိုလည်း ဖော်ပြပါတယ်။
ဒါပေမဲ့ ဌာနအားလုံးကို တိုးတက်ခေတ်မီအောင် ပြုပြင်ပြောင်းလဲဖို့ဆိုတာ မသေးလှတဲ့ ပြဿနာလို့ မြင်ကြည့်လို့ရပါတယ်။ ဌာနတွေဟာ ဆိုရှယ်လစ်စနစ်၊ စစ်အစိုးရခေတ်တွေအောက်မှာ မျိုးဆက်သုံးခုကျော် ဖြတ်သန်းခဲ့ရလို့ ချက်ပလက်ကားကြီး တွေလို ချုံးချုံးကျနေပါပြီ။ သွက်လက်မြန်ဆန်မှုမရှိတဲ့ ဗျူရိုကရေစီစနစ်နဲ့ ခေတ်မမီတဲ့ အလေ့အကျင့်စရိုက်တွေအောက်မှာ ပြည်သူ့ဝန်ထမ်းတွေဟာ အသားကျနေပါတယ်။ မြန်မာပြည်က ဌာနဆိုင်ရာတွေ ကောင်းမကောင်း အမြန် ကြည့်လို့ရမယ့် ညွှန်းကိန်းတစ်ခုကတော့ နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ရဲ့ အဆင့်သတ်မှတ်ချက်ပါ။ ပြီးခဲ့တဲ့နှစ် ဒီအဖွဲ့ရဲ့ အစီရင်ခံစာအရ အဂတိလိုက်စားမှု လေ့လာထားတဲ့ ၁၇၆ နိုင်ငံမှာ မြန်မာက အဆင့် ၁၇၂ နဲ့ အဆိုးဆုံး အခြေအနေမှာ ရှိနေပါတယ်။
နောက် လက်ရှိ မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ လူပြောအများဆုံးကတော့ အင်စတီကျူးရှင်းတွေ ကောင်းအောင် လုပ်ဖို့၊ တရားဥပဒေစိုးမိုးရေး ရှိစေဖို့၊ အဂတိလိုက်စားမှု ကင်းစေဖို့၊ စွမ်းရည် မြှင့်တင်ဖို့၊ နိုင်ငံနောက်ကြောင်း ပြန်မလှည့်ဖို့ ဆိုတာတွေပါပဲ။ အဲဒီအရေးတကြီး ပြောနေတဲ့အကြောင်းအရာတွေကိုကြည့်ရင် တစ်နည်းမဟုတ်တစ်နည်း အစိုးရဌာနတွေ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပတ်သက်နေတာကို မြင်ရပါမယ်။ ဒီဖြစ်စဉ်တွေရဲ့ ဗဟိုချက်မှာ ပြည်သူ့ဝန်ထမ်းတွေ ပါဝင်နေပါတယ်။
ဌာနအသီးသီးက ၀န်ထမ်းတွေရဲ့ အတွေးအမြင် အပြုအမူတွေကို ဒီမိုကရေစီစနစ် လိုအပ်ချက်နဲ့အညီ မပြောင်းလဲနိုင်သရွေ့၊ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာ အမှန်တကယ် ရှေ့မရွေ့နိုင်ပါဘူး။ သူတို့ရဲ့ လုပ်ရင်ကိုင်ရည်နဲ့ skills ကို ဂလိုဘယ်ခေတ်ရဲ့ တောင်းဆိုချက်နဲ့အမီ ဖြည့်ဆည်းမပေးနိုင်သရွေ့ မြန်မာဟာ ဘယ်နေရာမှ ရောက်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် လက်ရှိ အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ဌာနတွေနဲ့ ၀န်ထမ်းတွေကို ပြုပြင်ပြောင်းလဲဖို့က အရေးတကြီး လုပ်ဖို့ လိုအပ်နေပါတယ်။
ဌာန၀န်ထမ်းနဲ့ အရာရှိ ရွေးချယ်ခန့်အပ်တာတွေကို စနစ်တကျ စီစစ်လုပ်ကိုင်ဖို့ လိုပါမယ်။ ၀န်ထမ်းလေ့ကျင့်ရေးကျောင်းက ၀ါဒဖြန့်ရေးသင်တန်းသက်သက် မဖြစ်စေဘဲ၊ ခေတ်မီ ပြည်သူ့ဝန်ဆောင်မှု သင်တန်းကျောင်း ဖြစ်အောင် နိုင်ငံတကာနဲ့ အမြန် ပူးပေါင်းဆောင်ရွက်ရပါမယ်။ အရင် အင်္ဂလိပ်အစိုးရခေတ် အိုင်စီအက်စ်၊ ဘီစီအက်စ် အရာရှိတွေ မွေးထုတ်ခဲ့တာကို သင်ခန်းစာ ပြန်ယူဖို့လည်း လိုပါမယ်။ အဂတိလိုက်စားမှု ဆိုးဆိုးရွားရွားမရှိသေးတဲ့ လူငယ်အရာရှိလောင်းတွေကို အနာဂတ် အုပ်ချုပ်ရေးဌာနတွေမှာ ဦးဆောင်နိုင်ဖို့ ထရိန်နင်တွေ ပေးရလိမ့်မယ်။ အဆင့်မြင့်ရာထူးနေရာတွေ ယူထားတဲ့ စစ်တပ်က မိုးကျရွှေကိုယ်တွေကိုလည်း ပြန်လည်ထိန်းသိမ်းကြဖို့ လိုပါမယ်။ ဌာနတွင်း တရားမျှတမှုမရှိတာတွေကို ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးရပါမယ်။ ၀န်ထမ်းကောင်းတွေကို ဂုဏ်သိက္ခာရှိရှိနဲ့ သူတို့နေရာမှန်မှာ ထားနိုင်ဖို့ လစာအပါအ၀င် နည်းလမ်းစုံနဲ့ ကြိုးပမ်းရပါမယ်။
ဒီနေရာမှာ ပညာရှင်တွေစကား အနည်းအပါး ထည့်ပြောချင်ပါတယ်။ ဗျူရိုကရေစီဘုရား ‘မက်စ်ဝေဘာ’ က နိုင်ငံတစ်နိုင်ငံ တရားဝင် အာဏာရှိမှု (legal authority) အတွက် လိုအပ်တဲ့ အင်္ဂါရပ်တွေကို ပြောထားဖူးပါတယ်။ နိုင်ငံသားတွေနဲ့ အစိုးရအရာရှိတွေဟာ တရားဝင်ပြဌာန်းထားတဲ့ ပုဂ္ဂိုလ်ရေးမဆန်သော အမိန့်တွေ (legally established impersonal order) ကို လိုက်နာမှုရှိခြင်း၊ ဗျူရိုကရေစီစနစ် စွမ်းဆောင်ရည်မြင့်ဖို့ ၀န်ထမ်းတွေကို လေ့ကျင့်ပေးထားခြင်း၊ ထိုက်သင့်သော လစာပေးခြင်း၊ အထက်အောက် ပုံစံရှိပေမဲ့ အရာရှိနဲ့ ၀န်ထမ်းတွေကို ကျွမ်းကျင်မှုနဲ့ အရည်အသွေးကြည့် ရာထူးတိုးပေးခြင်း၊ ၀န်ထမ်းတွေဟာ အစိုးရအဖွဲ့တစ်ခု ပိုင်ဆိုင်မှုမဟုတ်ဘဲ နိုင်ငံ့အင်စတီကျူးရှင်းတွေ ချောမွေ့မြန်ဆန်စွာ လည်ပတ်နိုင်အောင် ပံ့ပိုးနေသူများဖြစ်ခြင်း တို့ပါပဲ။ ဒီလို တရားဝင်အာဏာဟာ အနောက်နိုင်ငံတွေသွားတဲ့ ပုံစံလို့ ဆိုပါတယ်။
လက်ရှိ မြန်မာအစိုးရဟာ တရားဝင်အာဏာမဲ့မှု အခြေအအနေကနေ တရားဝင်အာဏာရှိမှုကို သွားနေတယ်လို့ ဆိုရပါမယ်။ ဒါဟာ နိုင်ငံအတွက် ကောင်းသောလက္ခဏာပါ။ အဲဒီ အသွင်ကူးပြောင်းမှု အောင်မြင်ဖို့ဆိုရင် ပြည်သူ့ဝန်ထမ်းတွေဟာ ပြဌာန်းတဲ့ အမိန့်တွေကို ပုဂ္ဂိုလ်ရေးမဆန်စွာ လိုက်နာဖို့ လိုလိမ့်မယ်။ အမိန့်တွေကလည်း အားလုံးလိုက်ပါဆောင်ရွက်နိုင်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေရပါမယ်။ တစ်ဖက်မှာလည်း ၀န်ထမ်းတွေရဲ့ လစာနဲ့ ကျွမ်းကျင်မှုတွေကို တိုးမြှင့်ပေးနေရပါတယ်။ နောက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ပါရာဒိုင်း လို့ခေါ်တဲ့ ‘ပီလေးလုံး’ ကို ၀န်ထမ်းနဲ့ အရာရှိတွေ တတ်ပွန်နေရပါမယ်။ အဲဒီ လေးလုံးက မူဝါဒ (Policy)၊ စွမ်းဆောင်မှု (Performance)၊ ရိုးဖြောင့်မှု (Probity)၊ စည်းကမ်းလိုက်နာမှုနဲ့ ရည်မွန်မှု (Propriety) တို့ပါပဲ။
ဝန်ထမ်းတွေ အရာရှိတွေနဲ့ ပတ်သက်လို့ မနှစ်က ဟားဗတ်တက္ကသိုလ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျား ပြောခဲ့တာကလည်း စိတ်ဝင်စားစရာပါ။ အသက် ၉၀ ရှိပြီဖြစ်တဲ့ ကစ်ဆင်းဂျားက ဟားဗတ်တက္ကသိုလ်မှာ ငယ်စဉ် ပညာသင်ခဲ့၊ ပါမောက္ခလုပ်ခဲ့၊ အိမ်ဖြူတော် လုံခြုံရေးအကြံပေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့တဲ့ သူ့ ပြည်သူ့ဝန်ထမ်း အတွေ့အကြုံတွေကို ကျောင်းသားတွေကို ပြန်ပြောပြပါတယ်။
ကစ်ဆင်ဂျားပြောတာတွေထဲ အရေးကြီးဆုံးက နိုင်ငံ့ဝန်ထမ်းဘ၀အတွက် အကယ်ဒမစ်ကျကျ ပြင်ဆင်ဖို့ဆိုရင် ဒဿန၊ နိုင်ငံရေးသီအိုရီနဲ့ သမိုင်းဘာသာရပ်တွေကို လေ့ကျင့်သင်ယူထားဖို့ လိုမယ်လို့ ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေး သီအိုရီတွေက စည်းကမ်းတကျ တွေးခေါ်မြှော်မြင်တတ်မှုကို ပေးနိုင်တယ်။ သမိုင်း ဗဟုသုတကြွယ်ဝမှုက ကျယ်ပြန့်တဲ့ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ အထောက်အကူအများကြီး ဖြစ်စေတယ်။ တိုင်းပြည်အသီးသီးက လူအမျိုးမျိုးတွေ ကမ္ဘာကြီးကို ဘယ်လိုရှုမြင်သလဲဆိုတာ နားလည်ဖို့အတွက် သမိုင်းကို အခြေခံကျကျ သိထားဖို့ လိုတယ်လို့ ပြောပါတယ်။
ဝန်ထမ်းအတွေ့အကြုံများတဲ့ ကစ်ဆင်းဂျားရဲ့ ပြောဆိုချက်တွေက ဒီကနေ့ နိုင်ငံတကာ တက္ကသိုလ်တော်တော်များများမှာ  အရာရှိကောင်း ဖြစ်ဖို့ လေ့ကျင့်ပေးနေတဲ့ ပြည်သူ့ရေး မူဝါဒ (Public Policy) ဘာသာရပ်တွေ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု (Public Administration) သင်ရိုးတွေနဲ့ ကွာခြားနေပါတယ်။ လက်ရှိ မူဝါဒ ဘာသာရပ် သင်ရိုးညွှန်းတမ်းတွေကို ကြည့်ရင် ဘောဂဗေဒနဲ့ စာရင်းအင်းဘာသာရပ် (Statistics) တွေကိုပဲ အလေးထား သင်ကြားပါတယ်။ ဖလိုဆော်ဖီ၊ နိုင်ငံရေးသီအိုရီနဲ့ သမိုင်းတို့ကို ဦးစားပေး မသင်ပါဘူး။ အဲဒီဘာသာရပ် သုံးခုကို ပြည်သူ့ဝန်ထမ်း လေ့ကျင့်သင်ကြားရေးမှာ မထည့်သွင်းဘဲ၊ နိုင်ငံရေးသိပ္ပံကျောင်းသားတွေအတွက်သာ သီးသန့် ဖြစ်နေပါတယ်။
နာမည်ကြီး Kennedy School ရဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့တန်း (MPP) သင်ရိုးကိုကြည့်ရင်၊ ၀န်ထမ်းကျင့်ဝတ် ဘာသာရပ်အချို့ သင်ကြားပေမဲ့၊ သမိုင်းကို အရေးပါတဲ့ ဘာသာရပ်အဖြစ် ထည့်မသင်ပါဘူး။ ကျောင်းသားတွေကလည်း ခေါင်းဆောင်မှု (leadership) ဘာသာရပ်သင်တဲ့ စာသင်ခန်းထဲသာ စုပြုံတိုးပြီး၊ သမိုင်းဘာသာရပ်မျိုးကို ရှောင်ကွင်းချင် ပါတယ်။ မြန်မာနိုင်ငံက စီးပွားရေးတက္ကသိုလ်မှာ သင်ကြားတဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု (Public Administration) သင်တန်း အပါအ၀င်၊ အာရှက ပြည်သူ့ရေးရာ မူဝါဒသင်တန်းတွေလည်း အနောက်သင်ရိုးယူထားတာမို့ ဘောဂဗေဒ၊ စာရင်းအင်းနဲ့ စီမံခန့်ခွဲမှု ဘာသာရပ်တွေပဲ များနေတာ တွေ့ရပါလိမ့်မယ်။
နောက် ကစ်ဆင်ဂျားက အဆင့်မြင့်အရာရှိ ပေါ်လစီမိတ်ကာတိုင်းဟာ မိမိကိုယ်ကိုယ်  ယုံကြည်မှုအပြည့်ရှိဖို့ လိုအပ်တယ်၊ ဘာကြောင့်လဲဆိုတော့ တချို့ကိစ္စတွေဟာ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ ခက်ခဲလို့ လို့ပြောပါတယ်။ အဲဒီလိုအခြေအနေမှာ ပညာပြည့်ဝမှု အမြှော်အမြင်ရှိမှုနဲ့ သတ္တိရှိဖို့လိုလိမ့်မယ်။ ဘေးကျပ်နံကျပ် ဂယ်ပေါက်ပိတ် အခြေအနေကို ဆုံးဖြတ်ဖို့ ဒဿန၊ သမိုင်းနဲ့ နိုင်ငံရေး သီအိုရီတွေက အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာလည်း ပြည်သူ့ဝန်ထမ်းကောင်းတွေ၊ အရည်အချင်းပြည့် ပေါ်လစီမိတ်ကာတွေ အမြန်ဆုံး မွေးထုတ်ဖို့ လိုအပ်နေပါတယ်။ ကိုယ့်နိုင်ငံသမိုင်းနဲ့ ကမ္ဘာ့သမိုင်းကိုလည်းသိ၊ ခေတ်သစ်စီမံအုပ်ချုပ်မှုပညာနဲ့ ဖလော်ဆော်ဖီကို သိပြီး ပြည်သူ့အကျိုး ရှေးရှုမယ့် အရာရှိကောင်းတွေ လိုအပ်နေပါတယ်။ သူတို့ဟာ အစိုးရတစ်ဖွဲ့ကို ကိုယ်စားပြုသူတွေ မဟုတ်ဘဲ၊ နိုင်ငံအင်စတီကျူှးရှင်းတွေ ကောင်းမွန်စွာ လည်ပတ်စေဖို့၊ ဒေသငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးကို ကူညီဖို့၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍကို ကောင်းစွာ ပံ့ပိုးပေးနိုင်ဖို့ ဖြစ်ပါတယ်။
သိပ္ပံမောင်ဝ၊ အိုင်စီအက်စ် ဦးတင်ထွဋ်၊ မောင်ထင်၊ မန်းတင် တို့လို ဖြောင့်မတ် အရည်အချင်းပြည့်ဝတဲ့၊ နိုင်ငံအပေါ် စေတနာရှိတဲ့ ပြည်သူ့ဝန်ထမ်းကောင်း လူငယ်တွေ ယနေ့ မြန်မာနိုင်ငံမှာ အမြန်ဆုံး ပေါ်ထွန်းဖို့ လိုအပ်နေပါတယ်။ သူတို့က  အရပ်ဘက် အင်စတီကျူးရှင်းများ ပြုပြင်ရေးနဲ့ ဒီမိုကရေစီနိုင်ငံသစ်အတွက် အများကြီး အားသစ်လောင်းနိုင်မှာ ဖြစ်ပါတယ်။
ရဲမြင့်ကျော်
(မဇ္ဈိမ သတင်းစာ ၊ ဇွန် ၁၊ ၂၀၁၃)
တစ်ဦးချင်းစိတ်ဓါတ်
$
0
0
Photo: ~~~~~တစ်ဦးချင်းစိတ်ဓါတ်~~~~~~  အနော်ရထာမင်းတရားကြီးလက်ထက် ၁၀၄၄ ကစလို့ ရေတွက်ရင်  ၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးတဲ့အထိ စုစုပေါင်း ၉၀၃ နှစ်မှာ  မြန်မာတွေစည်းစည်းလုံးလုံး ရှိခဲ့တာဆိုလို့ ၇၄ နှစ်ပဲရှိတယ်  ၁၉၄၇ ကနေစပြီး ဒီကနေ့ထိ ကွဲကြပြဲကြတာ...............  ကိုယ့်လူမျိုးအချင်းချင်း သူ့ကိုယ်မယုံ ကိုယ့်သူမယုံနဲ့   နည်းနည်းလေးစည်းလုံးမယ်မကြံသေးဘူး..............  ကုလားကမှောက် တရုတ်ကနှောက်နဲ့.........  ပြည်ပကနေသွေးထိုးတဲ့အသားထဲကလောက်တွေကတမှောက်  သြော်.......ဘယ်တော့များမှ စည်းလုံးမယ်မသိ............  ရုပ်ရှင်မစခင်ဖွင့်တဲ့ နိုင်ငံတော်အလံကြီးနဲ့ နိုင်ငံတော်သီချင်း  "ကမ္ဘာမကြေ" ဖွင့်တဲ့ခဏလေးတောင် မတ်တပ်မရပ်ချင်တဲ့သူတွေက.....  ကိုယ်နိုင်ငံတော်သီချင်းကိုမှ လေးစားရကောင်းမှန်းမသိတဲ့သူတွေက......  ဘာညာ Human Right နဲ့ဖင်ပိတ်ပီးအော်နေတယ်.............  ဒါနဲ့များ အားဇာနည်နေ့ ဥသြဆွဲဦးမယ်တဲ့..........အံရောဗျာ....  တစ်ဦးချင်း စိတ်ဓါတ်လေးတောင် မပြင်နိုင်သေးပဲဗျာ........  မီးပွိုင့်မိရင် တံခါးဖွင့်ပီး ကွမ်းတံတွေးထွေးမယ်.....  လမ်းနည်းနည်းလေးကြပ်လာရင် လမ်းပြောင်းပြန်ကနေကျော်ခွတက်မယ်ဆိုတဲ့   လစ်ရင်လစ်သလို လုပ်တတ်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေ  အရင်ပြင်ကြပါအုံးဗျာ...............  အမှိုက်ပုံးဆိုတာချပေးတော့လည်း ဘာမှန်မသိဘူး.......  စည်းကမ်းဆိုတာဘာမှန်းမသိတဲ့သူတွေ ချသွားတဲ့ပလပ်စတစ်   အမှိုက်တစ်စ..လေးတွေက....အများကြီးစုပြီး.................  မိုးများတော့မြောင်းတွေပိတ် လမ်းပေါ်ရေရောက်တော့ .......  အစိုးရအလုပ်မလုပ်ဘူး........ စည်ပင်ကကောင်တွေအခွန်ပဲကောက်ဖို့တတ်တယ်.......  ငါကသူ့လက်ညှိုးထိုး သူကငါ့လက်ညှိုးထိုးတဲ့ သံသရာက  ဘယ်တော့မှဆုံးမှာမဟုတ်ဘူး..................  တစ်ဦးချင်းစိတ်ဓါတ်လေးတွေအရင်ပြင်ကြပါဦးဗျာာာာာာာ............  တစ်ဦးချင်းစည်းကမ်းပြည့်ဝတဲ့ ခေတ်မှီဖွင့်ဖြိုးတိုးတက်သော  ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို  စိတ်ကူးမျှော်မှန်းလျှက်.....................~~~တိမ်တမာန်~~~~
အနော်ရထာမင်းတရားကြီးလက်ထက် ၁၀၄၄ ကစလို့ ရေတွက်ရင်
၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးတဲ့အထိ စုစုပေါင်း ၉၀၃ နှစ်မှာ
မြန်မာတွေစည်းစည်းလုံးလုံး ရှိခဲ့တာဆိုလို့ ၇၄ နှစ်ပဲရှိတယ်
၁၉၄၇ ကနေစပြီး ဒီကနေ့ထိ ကွဲကြပြဲကြတာ...............
ကိုယ့်လူမျိုးအချင်းချင်း သူ့ကိုယ်မယုံ ကိုယ့်သူမယုံနဲ့
နည်းနည်းလေးစည်းလုံးမယ်မကြံသေးဘူး..............
ကုလားကမှောက် တရုတ်ကနှောက်နဲ့.........
ပြည်ပကနေသွေးထိုးတဲ့အသားထဲကလောက်တွေကတမှောက်
သြော်.......ဘယ်တော့များမှ စည်းလုံးမယ်မသိ............
ရုပ်ရှင်မစခင်ဖွင့်တဲ့ နိုင်ငံတော်အလံကြီးနဲ့ နိုင်ငံတော်သီချင်း
"ကမ္ဘာမကြေ" ဖွင့်တဲ့ခဏလေးတောင် မတ်တပ်မရပ်ချင်တဲ့သူတွေက.....
ကိုယ်နိုင်ငံတော်သီချင်းကိုမှ လေးစားရကောင်းမှန်းမသိတဲ့သူတွေက......
ဘာညာ Human Right နဲ့ဖင်ပိတ်ပီးအော်နေတယ်.............
ဒါနဲ့များ အားဇာနည်နေ့ ဥသြဆွဲဦးမယ်တဲ့..........အံရောဗျာ....
တစ်ဦးချင်း စိတ်ဓါတ်လေးတောင် မပြင်နိုင်သေးပဲဗျာ........
မီးပွိုင့်မိရင် တံခါးဖွင့်ပီး ကွမ်းတံတွေးထွေးမယ်.....
လမ်းနည်းနည်းလေးကြပ်လာရင် လမ်းပြောင်းပြန်ကနေကျော်ခွတက်မယ်ဆိုတဲ့
လစ်ရင်လစ်သလို လုပ်တတ်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေ
အရင်ပြင်ကြပါအုံးဗျာ...............
အမှိုက်ပုံးဆိုတာချပေးတော့လည်း ဘာမှန်မသိဘူး.......
စည်းကမ်းဆိုတာဘာမှန်းမသိတဲ့သူတွေ ချသွားတဲ့ပလပ်စတစ်
အမှိုက်တစ်စ..လေးတွေက....အများကြီးစုပြီး.................
မိုးများတော့မြောင်းတွေပိတ် လမ်းပေါ်ရေရောက်တော့ .......
အစိုးရအလုပ်မလုပ်ဘူး........ စည်ပင်ကကောင်တွေအခွန်ပဲကောက်ဖို့တတ်တယ်.......
ငါကသူ့လက်ညှိုးထိုး သူကငါ့လက်ညှိုးထိုးတဲ့ သံသရာက
ဘယ်တော့မှဆုံးမှာမဟုတ်ဘူး..................
တစ်ဦးချင်းစိတ်ဓါတ်လေးတွေအရင်ပြင်ကြပါဦးဗျာာာာာာာ............
တစ်ဦးချင်းစည်းကမ်းပြည့်ဝတဲ့ ခေတ်မှီဖွင့်ဖြိုးတိုးတက်သော
ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို
စိတ်ကူးမျှော်မှန်းလျှက်.....................~~~
တိမ်တမာန်~~~~
Viewing all 1811 articles
Browse latest View live