Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

ဖက်ဆစ်တော်လှန်ရေးနှင့် သခင်ဗဟိန်း

$
0
0



ဖက်ဆစ်တော်လှန်ရေးနှင့် သခင်ဗဟိန်း
Wednesday, 02 May 2012 01:32 | Written by အောင်မြင့်ဦး (မဟာဝိဇ္ဇာ) | |
User Rating: / 0
PoorBest
 
ဖက်ဆစ်တော်လှန်ရေးလို့ ဆိုလိုက်ရင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်း၊ ရဲဘော်သုံးကျိပ်တို့ အကြောင်း၊
ဗမာ့တပ်မတော် အကြောင်း၊ တိုက်ပွဲများအကြောင်း အစရှိသည့်တို့ကိုသာ ရေးသားခဲ့ကြ၊ ပြောဆိုခဲ့ကြပါတယ်။ ပြည်သူလူထုအနေနဲ့ ဖက်ဆစ်တို့ကို
 တော်လှန်လိုစိတ်ရှိလာအောင်၊ ဖက်ဆစ်တို့ရဲ့ အတွင်းသရုပ်နဲ့ သူတို့ရဲ့ အကျင့်စရိုက်တွေကို ပြည်သူလူထု နားလည်လာအောင်၊ တော်လှန်ရေးသဘောတရားကို သိရှိလာအောင် ဟောပြောပို့ချမှု၊
စနစ်တကျစည်းရုံးတတ်မှု၊ တော် လှန်တတ်မှုတို့ကို ဆောင်ရွက်ခဲ့ကြတဲ့
နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အကြောင်းတွေကို ရေးသားဖော်ပြမှုဟာ အင်မတန် နည်းပါးနေပါတယ်။

တကယ်တော့ စစ်ရေးဆိုတာ နိုင်ငံရေးလက်အောက်ခံပါပဲ။ စစ်ရေးကိုဦးဆောင်သွားတာ နိုင်ငံရေး ပါပဲ။ ၁၉၄၅ ခုနှစ်မှာ ပြည်သူလူထုတရပ်လုံး ပါဝင်ဆင်နွှဲခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးမှာ ပြည်သူလူထုကို ဖက်ဆစ် ဆန့်ကျင်ရေး သဘောတရားတွေးကို နားလည်လာအောင်၊ စနစ်တကျတော်လှန်တတ်လာအောင် နိုင်ငံရေးနည်းအရ စည်းရုံးပို့ချလမ်းညွန်ပြခဲ့တဲ့ သခင်ဗဟိန်းရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို ဖော်ပြလိုက်ပါတယ်။

သခင်ဗဟိန်းကို စစ်ကိုင်းခရိုင် အင်းဝမြို့မှာ မြန်မာသက္ကရာဇစ် ၁၂၇၉ ခုနှစ် ဝါဆိုလဆန်း ၉ ရက်
ဗုဒ္ဓဟူးနေ့ တွင် အဘ ပွဲစားကြီးဦးမှင်၊ အမိပွဲကတော် ဒေါ်ဒေါ်ဦးတို့မှ ဖွားမြင်ခဲ့ပါတယ်။ ငယ်စဉ်အခါက အင်းဝမြို့မူလတန်းကျောင်းမှ လေး တန်းအောင်မြင်ခဲ့ပြီး မန္တလေးမြို့ အမျိုးသား
အထက်တန်းကျောင်းကနေ အင်္ဂလိပ်မြန်မာ ဆယ်တန်းစားမေးပွဲကို အင်္ဂ လိပ်၊ မြန်မာစာ၊
ရာဇဝင် ဘာသာရပ်များနဲ့ ဂုဏ်ထူးဆွတ်ခူး အောင်မြင်ခဲ့ပါတယ်။ အထက်တန်း ကျောင်းသား ဘဝက တည်းက ကျောင်းသားများရဲ့ ချစ်ကြည်လေးစားမှုကိုခံရပြီး ပေါ်ပေါက်လာသမျှ ကျောင်းသား
အရေးတော်ပုံများမှာ ရှေ့ တန်းကနေ မားမားမတ်မတ် ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ဆယ်
တန်းအောင်မြင်ပြီးတဲ့နောက် မန္တလေးမြို့ စိုက်ပျိုးရေး ကောလိပ်သိပ္ပံကျောင်းကို ပြောင်းရွှေ့ပြီး
ပညာသင်ကြားခဲ့တယ်။ အိုင်အေစာမေးပွဲမှာ မြန်မာတနိုင်ငံလုံး ပထမရပြီး ပါဠိ ဘာသာ ဂုဏ်ထူး
ဆွတ်ခူးခဲ့ပါတယ်။ အိုင်အေ အထက်တန်းပညာများကို သင်ကြားနေစဉ် မန္တလေးမြို့ စိုက်ပျိုးရေး ကော လိပ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။
 မြန်မာသက္ကရာဇ် ၁၂၉၈ ခုနှစ်မှာ ကိုဗဟိန်းတယောက် ရန်ကုန်တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။
ဘီအေအောက်တန်းပညာကို သင်ကြားနေစဉ် ရန်ကုန် တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။
ဘီအေအောက်တန်းပညာကို သင်ကြားနေစဉ် ရန်ကုန်တက္ကသိုလ် ကျောင်းသား
သမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရခဲ့ပါတယ်။

မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်မှာ အထက်မြန်မာနိုင်ငံ ရေနံမြေမှာ လူတန်းစားတိုက်ပွဲ
အသွင်ကူးပြောင်းပြီး ရေနံမြေ အလုပ်သမားသပိတ်ကြီး ဖြစ်ပွားခဲ့တယ်။ ရန်ကုန်ကို
ချီတက်အရေးဆိုအောင်ပွဲခံနိုင်ရေးအတွက် ကိုဗဟိန်း ခေါင်းဆောင် တဲ့ ကျောင်းသားတွေက
ဝင်ရောက်ကူညီခဲ့ပါတယ်။ အဲဒီလို ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် ကိုဗဟိန်းကို မကွေးမြို့ ရေနံ မြေ အလုပ်သမားသပိတ်တပ်သားများကို တရားဟောနေစဉ် “မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်း တောက်စေရ မယ်” လို့ ရဲရဲတောက်စကား ပြောကြားခဲ့ပါတယ်။ ကိုဗဟိန်း
 ပြောခဲ့တဲ့အတိုင်းပါပဲ၊ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီး ပေါ် ပေါက်လာပြီး သပိတ်မီးဟာ တနိုင်ငံလုံး မီးဟုန်းဟုန်းတောက်သွားတဲ့အထိ ပြန့်ပွားသွားခဲ့ရပါတယ်။

၁၃ဝဝ ပြည့် အရေးတော်ပုံကြီး ပြီးဆုံးသွားတဲ့အခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
ညီလာခံကြီးတခုကို ကျင်းပ ခံကြတယ်။ အဲဒီ ညီလာခံကြီးက ကိုဗဟိန်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးကောင်တင် မြှောက်ခဲ့တယ်။
ဒါပေမဲ့ ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေး အခြေအနေတို့ကြောင့်
ဘီအေအထက်တန်း စာမေးပွဲကို မဖြေဆိုနိုင်တော့ဘဲ ဒို့ဗမာအစည်းအရုံးအတွင်းသို့
ဝင်ရောက်ခဲ့ပြီး သခင်အမည်ကိုခံယူကာ သခင်ဗဟိန်း ဖြစ်လာခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါ မြေအောက် တော်လှန်ရေးလုပ်ငန်းများကို ခေါင်းဆောင်ပြီး
 ပြည်သူ့ အရေးတော်ပုံစာတမ်း၊ မီးပွားစာစောင်၊ ဗမာ့တော်လှန်မှုစာတမ်းများကို လျှို့ဝှက်ရေးသားထုတ်ဝေခဲ့တယ်။

များမကြာမီနယ်ချဲ့အစိုးရရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရပြီး မန္တလေးထောင် ပွင့်သွားတော့မှ သခင်ဗဟိန်းလည်း လွတ်မြောက်လာ ခဲ့ရတယ်။ ထောင်မှလွတ်မြောက်လာပြီးတဲ့နောက်မှာ သခင်ဟိန်းဟာ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။ သခင်ဗဟိန်းဟာ တ ဖက်ကလည်း ဂျပန်ခေတ် ဗမာအစိုးရအဖွဲ့ဝင်နိုင်ငံရေးဝန်ကြီး သခင်နုရဲ့ လက် အောက်မှာ ဒုတိယအတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့တယ်။

ဂျပန်ခေတ်ကာလတွင် ရန်ကုန်မြို့ ဂွတ္တလစ်ရပ်ကွက်ရှိ ဒို့ဗမာ ဆင်းရဲသားအစည်းအရုံး ဋ္ဌာနချုပ်ရုံးသည် ဖက်ဆစ်စနစ် ဆန့် ကျင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အကောင်းဆုံးနေရာဌာနတခုပါပဲ။ တို့ဗမာဆင်းရဲသားအ စည်းအရုံးဆိုတာ သခင်ကိုယ်တော်မှိုင်း၊ သခင်မြ ခေါင်းဆောင်သော တို့ဗမာအစည်းအရုံး၊ သခင်ထွန်းအုပ်၊ သခင်ဗစိန် ခေါင်းဆောင်သော တို့ဗမာအစည်းအရုံးနှင့် ဒေါက်တာဘမော် ခေါင်ဆောင်သော ဆင်းရဲသားဝံသာ နုအဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ပါပဲ။ ဂျပန်ခေတ်၏ တခုတည်းသော တရားဝင် နိုင်ငံရေးဖွဲ့အစည်းဆိုရင် မမှားပါဘူး။

ဒို့ဗမာ ဆင်းရဲသားအစည်းအရုံးဌာနချုပ်သို့ သခင်ဗဟိန်းသည် မကြာခဏလာလေ့ရှိပြီး ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်း များကို ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်ခဲ့တယ်။ သခင်မြအိမ်မှအပြန် တညတွင် ဒို့ဗမာဆင်းရဲသား အစည်းအရုံးဌာန ချုပ်သို့ ရောက်လာခဲ့ပြီး ဖက်ဆစ်တို့၏ဒဏ်ကို လူတွေ မခံမရပ်နိုင်ဖြစ်နေကြကြောင်း၊ အရှေ့ရိုးမရှိ ကရင်လူထုမှာ ဖက် ဆစ်တို့၏ ညှဉ်းပန်းနှိပ်စက်မှုကို အလူးအလိမ့် ခံနေရကြောင်း၊ တပ်မတော်တွင်း၌လည်း တိုင်းအသီးသီးတွင် ဖက်ဆစ် ဆန့်ကျင်ရေး စိတ်ဓာတ်များ၊ တော်လှန်လိုသော စိတ်ဓာတ်များ ပေါက်ကွဲလုဆဲဆဲ ဖြစ်နေကြကြောင်း လူကြီးတွေက လည်း အဲဒီအခြေအနေကို သိရှိခဲ့ကြပြီး အချင်းချင်း ညှိနှိုင်းလို့ရတန်သလောက် ရခဲ့ပြီးဖြစ်ကြောင်း၊ တောင်ငူနယ်က အ ခြေအနေကိုသိချင်ကြောင်း လာရောက်မေးမြန်းခဲ့ပြီး တောင်ငူဘက်ကို ဆင်းဖို့စီစဉ်ခဲ့တယ်။

တောင်ငူဘက်သို့ မဆင်းမီ သခင်ဗဟိန်းဟာ သူ့ရဲ့ ဇနီးသည်မခင်ကြီးနဲ့ သခင်ဗသိန်းတင်တို့ကို ခေါ်ယူပြီး ကွမ်းခြံကုန်း မြို့နယ် အင်ဂလုံးရွာကလေးသို့ သွားရောက်ခဲ့တယ်။ အဲဒီရွာကလေးမှာ သခင်စိုးနဲ့ အခြားရဲဘော်များကို တွေ့ဆုံခဲ့ပြီး ရက်ပေါင်း ၂ဝ ကျော် သဘောတရားရေးရာသင်တန်း တက်ခဲ့ကြတယ်။ ရန်ကုန်ပြန်ရောက်ပြီး ၁၅ ရက်ခန့်အကြာ သူနေ ထိုင်သော သခင်နုနေအိမ်မှ သူတို့လင် မယားနှစ်ယောက်ဟာ ဖက်ဆစ်တော်လှန်ရေးအတွက် တောင်ငူနယ်ဘက်ကို ထွက်ခဲ့ကြတယ်။ ပဲခူးမြို့ စံပြတပ်ရင်းမှာ ၁၉၄၄ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အစည်း အဝေးက ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ် ရေးအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီအဖွဲ့ချုပ်ကြီးက ဖက်ဆစ်တော်လှန်ရေး နီးကပ်လာချိန်မျာ ဖက်ဆစ်တို့ကို တော်လှန် တိုက်ခိုက်ရန်အတွက် တော်လှန်ရေးစစ်တိုင်းများကို သတ်မှတ်ပြီး တိုင်းအလိုက် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်များကို ရွေးချယ်သတ်မှတ်ခဲ့တဲ့ အခါ တိုင်း (၁) ပြည်၊ သာယာဝတီ၊ ဟင်္သာတအရှေ့အတွက် စစ်ရေးခေါင်းဆောင်အဖြစ် ဗိုလ် ချုပ်အောင်ဆန်းကို သတ်မှတ်ခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်အဖြစ် ရွေးချယ်သတ်မှတ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အလိုက် ဖက်ဆုံး အဖြစ် သခင်ဗဟိန်းကို ရွေးချယ်သတ်မှတ်ခဲ့တယ်။

သခင်ဗဟိန်းတို့ လင်မယား ဖက်ဆစ်တော်လှန်ရေးအတွက် တောင်ငူဘက်သို့ လျှို့ဝှက်ဆင်းလာခဲ့အချိန်က ၁၉၄၄ ခုနှစ် သြဂုတ်လဆန်းပိုင်း ဖြစ်ပါတယ်။ သခင်ဗဟိန်းတို့လင်မယားဟာ ကိုထွန်းလှိုင်၊ မသန်းမြင့်အမည်နှင့် ကိုရောင်ဖျောက်နေ ခဲ့ကြတယ်။ မော်လမြိုင်မှ ရောက်လာသော ကုန်သည်လင်မယားအသွင်နှင့် ဖက်ဆစ်တော်လှန်ရေးအတွက် တောင်ငူ နယ်တဝိုက်တွင် လှုပ်ရှားဆောင်ရွက်ခဲ့ကြတယ်။ ဖက်ဆစ်တို့၏ ဖိနှိပ်မှုအောက်မှာ မျက်စိကန်း၊ နားကန်း ဖြစ်နေတဲ့ လူ ငယ်လူရွယ်တွေကို မျက်စိပွင့်၊ နားပွင့် ဖြစ်စေခဲ့တယ်။ ဖက်ဆစ်လက်အောက်မှ လွတ်မြောက်ဖို့အတွက်ထွက်ရပ်လမ်းကို ရစေခဲ့တယ်။ ဖက်ဆစ်တော်လှန်ရေးအတွက် အတွေးအခေါ်မြော်မြင်ရေး သဘောတရားသစ်၊ တရားမှန်များကို အခြေခံ ပြီး စည်းရုံးနိုင်ခဲ့တယ်။ အဲဒီအတွက် သင်တန်းများကို မရပ်မနားပို့ချခဲ့တယ်။ သင်တန်းများမှာ သခင်ဗဟိန်း ပို့ချခဲ့တဲ့ ဘာ သာရပ်တွေကတော့…

- လွပ်လပ်ရေးကြေညာစာတမ်း ၁ နှင့် ၂

- တော်လှန်ရန် စိုင်းပြင်ကြစို့

- ကရင်-ဗမာသွေးစည်းရေး

- စစ်၏ နည်းသစ်များ

- လျှို့ဝှက်ရေးကို မည်သို့ကျင့်သုံးမည်နည်း

စသော စာတမ်းများဖြစ်ကြတယ်။

သခင်ဗဟိန်းဟာ ကျောင်းသားခေါင်းဆောင်တယောက်၊ အလုပ်သမားခေါင်းဆောင်တယောက် ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့ သူ့မှာ စစ်ရေးအတွေ့အကြုံ လုံးဝမရှိလို့ စစ်ရေးကို ခေါင်းဆောင်နိုင်လိမ့်မယ်လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဘက်များက လုံးဝ မ ထင်ခဲ့ကြဘူး။ ဒါပေမဲ့ သခင်ဗဟိန်းပို့ချတဲ့ “စစ်၏ နည်းသစ်များ” သဘောတရားဟာ အရင်းရှင်စစ်ရေးနဲ့ ဖြောင့်ဖြောင့် ကြီးဆန့်ကျင်နေတဲ့ ပြည်သူ့စစ်အခြေခံသဘောတရားများ၊ ပြောက်ကျား စစ်ဆင်ရေးနည်းများ ဖြစ်ကြတယ်။ အရင်တုန်း က မကြားဘူး၊ မသိဘူးကြတဲ့ စစ်ရဲ့သဘောတရားသစ်များ၊ နည်းပညာသစ်များ ဖြစ်ကြတယ်။

ဖက်ဆစ်တော်လှန်ရေးကာလအတွင်း ရရှိခဲ့တဲ့ ပြည်သူ့စစ်ပွဲရဲ့ အောင်ပွဲရလဒ်များဟာ သခင်ဗဟိန်းပို့ချခဲ့တဲ့ “စစ်၏ နည်း သစ်များ” ရဲ့ အကျိုးဆက်များပဲ ဖြစ်ကြတယ်။ သခင်ဗဟိန်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံဟာ မင်းသားဟန် နုနုနယ်နယ်ပင် ဖြစ်တယ်။ တကယ့်လက်တွေ့မှာတော့ သခင်ဗဟိန်း ဟာ မင်းသားမဟုတ်တော့ဘဲ ကြမ်းတမ်းတဲ့စစ်ရေးကို နိုင်နိုင်နင်း နင်း ခေါင်းဆောင်မှုပေးနိုင်စွမ်းရှိတဲ့ စစ်ရေးခေါင်းဆောင်တယောက် ဖြစ်ခဲ့တယ်။ အဲဒီအချက်ကို တောင်ငူခရိုင် ပြောက် ကျားတိုက်ပွဲများက သက်သေပြခဲ့တယ်။ သခင်ဗဟိန်းရဲ့ နောက်ထပ်အောင်မြင်မှုတခုကတော့ သူကိုတိုင် ပြုစုရေးသား ပြီး သင်ကြားပို့ချခဲ့တဲ့ “ကရင်-ဗမာ သွေးစည်းရေး” စာတမ်းပါပဲ။ ဒီစာတမ်းကတော့ သမိုင်းဝင်စာတမ်းတစောင်ပဲ ဖြစ် တယ်။ အဲဒီစာတမ်းကြောင့် အရှေ့ရိုးမမှာ ကရင်-ဗမာ ညီညွတ်ရေးသာမက လူမျိုးစုံညီညွတ်ရေး အင်အားကောင်းခဲ့ တယ်။ အဲဒီအချက်ကို အရှေ့ရိုးမမှာရှိတဲ့ ကရင်လူမျိုးအကြီးအကဲများ၊ လူထုများက ကောင်းစွာသိရှိနားလည်ခဲ့ကြတယ်။ ပဲခူးရိုးမမှာ ကရင်-ဗမာ ချစ်ကြည်ရေးဟာ သခင်ဗဟိန်းရဲ့ ကြိုးပမ်းမှုကြောင့် ခိုင်မြဲခဲ့တယ်။ သခင်ဗဟိန်းရဲ့ ချစ်ကြည်ရေး ခေါင်းဆောင်မှု သဘောတရားကိုကြားရရုံနဲ့ ကရင်လူထုက သခင်ဗဟိန်းကို လေးစားခဲ့ကြတယ်။ လူကိုယ်တိုင်တွေ့တဲ့ အခါ ချစ်ခင်နှစ်သက်ကြတယ်။ အချို့က ထူးထူးကဲကဲကို ချစ်ခင်ခဲ့ကြတယ်။

သခင်ဗဟိန်းဟာ ဖက်ဆစ်တော်လှန်ရေး အင်အားစုများကို တော်လှန်ရေး သဘောတရားများသင်ကြားပေးခဲ့တယ်။ အဲဒီ သဘောတရားဟာ လူထုကို ချုပ်ကိုင်မိတာနဲ့အမျှ တော်လှန်တဲ့ အင်အားစုကြီးတရပ် ဖြစ်ပေါ်လာခဲ့ရတယ်။ အထက်ပါ သဘောတရားကို ယုံကြည်သက်ဝင်တဲ့ သခင်ဗဟိန်းအနေနဲ့ ဖက်ဆစ်တော်လှန်ရေး သဘောတရားများကို တောင်ငူခ ရိုင်တခုလုံး နေရာအနှံ့အပြား မရပ်မနားပို့ချခဲ့တယ်။ စိုက်ပျိုးရေး ညောင်ပင်သာရွာ၊ စစ်တောင်းကမ်းပါးရှိ မွေတွင်းရွာ၊ ပဲခူးရိုးမ ကျီးမနိုးချောင်းဖျားစခန်း၊ ဆင်ပချပ်ရွာ၊ ပဲခူးရိုးမ ကျီးမနိုး ချောင်းဖျားစခန်း၊ ဆင်ပချပ်ရွာ၊ ကြူအင်းရွာ၊ စစ် တောင်းကမ်းပါးရှိ သရက်တောရွာ၊ ဘွားအေစုရွာ၊ ဘုမ္မတီးတောင်ခြေရှိ မြောက်ငိုကုန်းရွာ အစရှိတဲ့ရွာများဟာ သခင်ဗ ဟိန်း သဘောတရားပို့ချရာနေရာများ ဖြစ်ခဲ့ကြတယ်။ သခင်ဗဟိန်းစခန်းမှာ ဆင်ပချပ်ရွားအနီး တောင်ခြေတွင်ရှိခဲ့တယ်။ အဲဒီနေရာဟာ ပြောက်ကျားတပ်များ ရဲ့ ဗဟိုဌာနချုပ်ပဲ ဖြစ်ပါတယ်။ အဲဒီနေရာကစပြီး ဖက်ဆစ်များကို အလစ်ဝင်စီးဖို့ စီစဉ်ခဲ့တယ်။ အဲဒီနေရာကနေပြီး ဖက်ဆစ်ဆက်သွယ်ရေးလမ်းဖြစ်တဲ့ ကားလမ်းများ၊ မီးရထားလမ်းများကို ဖြတ်တောက် ပစ်ရန် အမိန့်ပေးခဲ့တယ်။ အဲဒီနေရာကနေပြီး တော်လှန်ရေးလုပ်ငန်းများကို ညွန်ကြားခဲ့တယ်။

၁၉၄၅ ခုနစ် မတ်လ ၆ ရက်နေ့ညမှာ ဗိုလ်မှူးဗထူးဟာ ဖြူးမြို့နယ် ကြူအင်းရွာမှာ သခင်ဗဟိန်းနဲ့ လျှို့ဝှက် တွေ့ဆုံခဲ့ တယ်။ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲမည့်ဆဲဆဲမှာ ဗိုလ်မှူးဗထူးဟာ သခင်ဗဟိန်းကို ခက်ခက်ခဲခဲ လာရောက်တွေ့ဆုံ ခဲ့ပြီး တော်လှန်ရေးကိစ္စများကို အသေးစိတ် ဆွေးနွေးခဲ့ကြတယ်။ အထက်ဗမာပြည် တိုင်းမှူးတဦးဖြစ်တဲ့ ဗိုလ်မှူးဗထူး အနေနဲ့ သခင်ဗဟိန်းကို ဤမျှအထိ တန်ဖိုးထားလေးစားပြီး လာရောက်တွေ့ဆုံခြင်းပဲ ဖြစ်တယ်။ အဲဒီလို တွေ့ဆုံပြီး ၂ ရက်အကြာ မတ်လ ၈ ရက်နေ့မှစတင်ပြီး ဗိုလ်မှူးဗထူးခေါင်းဆောင်တဲ့ ဗမာ့တပ်မတော်အနေနဲ့ ဖက်ဆစ်ဂျပန်တို့ကို စ တင် တော်လှန်ရေး စာစောင်တွေဟာ အဆက်မပြတ်ထွက်ခဲ့ကြတယ်။

ဖက်ဆစ်တော်လှန်ရေးမှာ အသေးစိတ်လုပ်ငန်းများကို ရေးခဲ့တယ်။ ကရင်-ဗမာ သွေးစည်းရေး လုပ်ငန်းများကိုလည်း ရေးသားခဲ့တယ်။ အဲဒီစာတမ်းဟာ ဗမာလူမျိုးများအပေါ်မှာ တင်ရှိနေတဲ့ ကရင်လူမျိုးများရဲ့သံသယကို ရှင်းစေခဲ့တယ်။ အိန္ဒိယနိုင်ငံမှ သခင်သိန်းဖေ (သိန်းဖေမြင့်) လေထီးနဲ့ချပေးတဲ့ စာအုပ်များအနက် “ပြင်သစ်ပြည် လွတ်လပ်ရေးတိုက်ပွဲ” ကို ဘာသာပြန်ခဲ့တယ်။ စာအုပ်ဘာသာပြန်ပုံမှာ သူက အင်္ဂလိပ်စာ အုပ်ကိုကြည့်ပြီး ဗမာလိုတောက်လျှောက်ဖတ်သွားခဲ့ တယ်။ မောင်မြင့် ဆိုတဲ့ ရဲဘော်က လက်ရေးတိုနဲ့ ရေးခဲ့တယ်။ ဖယောင်းစက္ကူပေါ်မှာ စာရှည်ပြန်ရေးပြီး စာကူးစက်နဲ့ လှည့်ခဲ့တယ်။ အဲဒီလိုနဲ့ပဲ ဗမာပြန်စာအုပ်များ ဖြစ်လာခဲ့ကြတယ်။ လီနင်ရေး “အစိုးနှင့် တော်လှန်ရေး” စာအုပ်ကို ဘာ သာပြန်ပြီး သဘောတရားရေးအခြေခံရှိသော ရဲဘော်များကို သင်တန်းပေးခဲ့တယ်။

သခင်ဗဟိန်းဟာ အလုပ်များကို မရပ်မနားလုပ်ကိုင်ခဲ့တယ်။ စစ်ရေးစစ်ရာများးကို အချိန်တိုင်းစီမံနေခြင်း၊ စာတမ်းများကို အဆက်မပြတ်ရေးနေခြင်း၊ နိုင်ငံရေးမှာ သခင်သန်းထွန်းနဲ့ အဆက်မပြတ်အမြဲတိုင်ပင်နေခြင်း၊ တော်လှန်ရေးကိစ္စအရပ် ရပ်ကို အခြားနေရာဒေသမှာရှိတဲ့ ရဲဘော်များနဲ့ အဆက်မပြတ် ဆက်သွယ်နေခြင်း စတဲ့တခုပြီးတခု ထပ်နေတဲ့ အလုပ် တွေကြားမှာ နစ်မြုပ်ခဲ့တယ်။ အလုပ်တွေဟာ သူ့ကိုယ်သူ ခံနိုင်ရည်ရှိသည်ထက် အဆပေါင်းများစွာ ဖိစီးခဲ့တယ်။ အစား အသောက်မကောင်း၊ အားရှိသော ကောင်းမွန်သော အစားအစာများကိုလည်း မစားရ၊ အအိပ်အနေလည်း မမှန်ခဲ့ဘူး။ မိုးရွာတဲ့အခါမှာ နေထိုင်တဲ့ တဲအိမ်က မလုံတဲ့အတွက် ထထိုင်နေရပေါင်းများနေခဲ့တယ်။ သခင်ဗဟိန်းရဲ့ အသားမှာ ဝါ ထိန်နေခဲ့တယ်။ သူ့ဘေးနားမှာ သူ့ချစ်ဇနီးမရှိ။ ကာဘိုင်သေနတ်တလက်သာ ရှိခဲ့တယ်။ အဲဒီ ကာဘိုင်သေနတ်ဟာ သူ့ အဖော် ဖြစ်နေတယ်။

တော်လှန်ရေးသဘောတရားဟာ ဖက်ဆစ်တော်လှန်ရေးအတွက် “အား” တခုဆိုတာကို ယုံကြည်တဲ့ သခင်ဗဟိန်းဟာ “ဂျူးရင်းအားချေပချက်” “လုဒွစ်ဖြူးဝါးဘက်” အစရှိသော ကျမ်းများကို ထန်းတပင်မြို့နယ် သရက်တန်း၊ ဂွအိုင် အရှေ့ ဘက်မှာရှိတဲ့ ယာတဲများမှာ ဘာသာပြန်ခဲ့တယ်။ အဲဒီကျမ်းများကို အခြေပြုရင်း ပြည်သူ့စစ်သဘောတရားကို သခင်ဗ ဟိန်း က အသက်ပါပါ ထူထောင်ပေးခဲ့တယ်။ မြန်မာ့ရေမြေနဲ့ ကိုက်ညီတဲ့ ပြောက်ကျားစစ်၏ နည်းသစ်များကိုလည်း ပြု စုခဲ့တယ်။

(၁) အင်အားကြီးသော ရန်သူကို ချေမှုန်းရာတွင် ပြည်သူ့ပြောက်ကျား မပါလျှင် မပြီးနိုင်ချေ

(၂) ပြောက်ကျားစစ်သည် လူထုများ၏စစ်ဖြစ်သည်။

(၃) ပြည်သူ့ပြောက်ကျား၏စစ်ကို ဆင်နွှဲနိုင်ရန် မြန်မာနိုင်ငံတွင် ကျေးလက်ကို အခြေခံရန်လိုသည်။

(၄) တိတိကျကျအားဖြင့် လယ်သမားထုနှင့် လူမျိုးစုများကို အခြေခံ၍ ဖော်ထုတ်ရန်လိုသည်။

(၅) ပြောက်ကျားစစ်တွဲဖက်မှုမရှိဘဲ ဗမာ့တပ်မတော်က အောင်ပွဲမဆင်နိုင်။

(၆) ပြည်သူလူထုကို စစ်အမြင်အရ စည်းရုံးလေ့ကျင့်တိုက်ပွဲသွင်းရမည်။

(၇) ပြည်သူကို လက်နက်တပ်ဆင်ရဲရမည်။ (ရန်သူ့လက်နက် ဒို့လက်နက်၊ တိုက်ရဲသူ လက်နက်ကိုင်စေရမည်။)

(၈) တိုက်ပွဲအတွင်း တပ်ကိုစည်းရုံးဖွဲ့စည်း။ (တပ်ခွဲစည်းရုံးနိုင်သူ ခွဲမှူး ဖြစ်သည်။)

(၉) ပြည်သူလူထု၏စွမ်းရည်ကို ချွန်းဖွင့်ပေးရမည်။

(၁၀) ဂျပန်ဖက်ဆစ်ချေမှုန်းရေး ပြောက်ကျားစစ်ပွဲကို လူထုပွဲတော်အဖြစ် ဆင်နွှဲလျှင် မုချအောင်ရမည်။

အထက်ဖော်ပြပါ အကြောင်းအရာတို့ဟာ ပြောက်ကျားစစ်ရဲ့ နည်းသစ်များဖြစ်ကြတယ်။ အဲဒီနည်းသစ်များကို သခင်ဗ ဟိန်းက ပြုစုပို့ချပေးခဲ့တယ်။ အရင်ဦးဆုံး စည်းရုံးရေးမှူးများကို သဘောတရားရေးအရး အခြေခံ၍ သင်တန်းများ ပို့ချခဲ့ တယ်။ ဖက်ဆစ်ဂျပန်တို့ဟာ အမြင်အားဖြင့် အင်အားကြီးမားတယ်။ ဒါပေမဲ့ ဖက်ဆစ်တို့ရဲ့ ဒီမိုကရေစီကင်းမဲ့သော လက္ခ ဏာ၊ လူထုဆန့်ကျင်သော လက္ခဏာတို့ကြောင့် ဖက်ဆစ်တို့ကို လူထုက ထောက်ခံမှုမရှိဘူး။ မထောက်ခံရုံမျှမက အုံကြွ ဆန့်ကျင်မည်မှာ မလွဲဧကန်ဖြစ်တယ်။ လူထုကို ဖက်ဆစ်စိုးမိုးလာချိန် ကြာညောင်းလာတာနဲ့အမျှ တနေ့တခြား ပြင်းထန် လာရမည်မှာ ရှောင်လွှဲမရသောအချက်ပဲ ဖြစ်တယ်။ မြန်မာတိုင်းရင်းသားပြည်သူများ စည်းရုံးကြမယ်၊ နိုးကြားထကြွကြ မယ်ဆိုရင် ဖက်ဆစ်တို့ဟာ လူထုနဲ့ကင်းကွာပြီး အထီးကျန်ဖြစ်လာနိုင်တယ်။ ဒါကြောင့် လူထုရဲ့ ချေမှုန်းခြင်းကို ခံရနိုင် တယ်။ ဖက်ဆစ်တို့ရဲ့ စိုးမိုးမှု အောက်မှာ လူထုတိုက်ပွဲမျိုးကို ဆင်နွှဲရန်မှာ မဖြစ်နိုင်ဘူး။ လူထုတိုက်ပွဲနည်းကို ကျင့်သုံးပါ က ချေမှုန်းခံရမည်သာဖြစ်တယ်။ ဖက်ဆစ်လက်အောက်ကနေ လွတ်မြောက်ရန်နည်းလမ်းမှာ ပြည်သူလူထုက စည်းရုံး ထကြွပြီး လက်နင်ကိုင်ပုန်ကန်သောနည်း၊ ပြောက်ကျားစစ်ဆင်သော နည်းကသာလျှင် တခုတည်းသော နည်းလမ်းဖြစ် တယ်။ အထက်ဖော်ပြပါ သဘောတရားကို သင်တန်းများမှာ အလေးထားပို့ချခဲ့တယ်။

စည်းရုံးရေးမှူးများက အဲဒီ တော်လှန်ရေးသဘောတရားကို ခံယူမိတာနဲ့ ယုံကြည်ချက် ပြင်းပြလာကြတယ်။ အားတက် လာကြတယ်။ အဲဒီလို ယုံကြည်အားတက်လာတာနဲ့အမျှ ခရိုင်အတွင်း မြို့နယ်ခေါင်းဆောင်များကို သဘောတရားရေး သင်တန်းများ ဆက်လက်ပို့ချခဲ့တယ်။ တော်လှန်ရေးကာလမှာ တော်လှန်ရေးသင်တန်းတိုင်းဟာ လျှို့ဝှက်ရေး အခြေခံ ပေါ်မှာ ဖွင့်လှစ်ခဲ့ကြရတယ်။ အဲဒီအခါတုန်းက လျှို့ဝှက်ရေးကျင့်သုံးရန်မှာ ထိပ်တန်းလိုအပ်ချက်ပဲ ဖြစ်တယ်။ ဖက်ဆစ် ဂျပန်များ၊ စစ်ပုလိပ် (ကင်ပေ) များ၊ ဖက်ဆစ်တို့၏လက်ပါးစေ ဗမာဖောက်ပြန်ရေးသမားတို့ဟာ သူတို့အုပ်စိုးမှုကို အ တိုက်အခံပြုမယ့် အင်အားစုများကို ဖော်ထုတ်ဖို့ နေ့မအား ညမအား လိုက်လံထောက်လှမ်းလျက်ရှိခဲ့တယ်။ တနေရာရာမှ လျှို့ဝှက်မှု ပေါက်ကြားသွားပြီဆိုရင် တနွယ်ငင်တစင်ပါ နှိပ်ကွပ်ခံရတတ်တယ်။ ဒါကြောင့် လျှို့ဝှက်ထိမ်းသိမ်းမှုဟာ အ သက်တမျှအရေးကြီးတယ်။ သခင်ဗဟိန်းက လျှို့ဝှက်ရေးထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး အတွေ့အကြုံများကို အခြေခံလျက် စားတမ်းတခုပြု စုခဲ့တယ်။ “လျှို့ဝှက်ရေးကို မည်သို့ကျင့်သုံးမည်နည်း” စာတမ်းဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ အ လွန်အရေးပါတဲ့ လျှို့ဝှက်လက်စွဲတခု ဖြစ်ခဲ့တယ်။

တောင်ငူခရိုင်တော်လှန်ရေးဋ္ဌာနချုပ်ဟာ သခင်ဗဟိန်းနဲ့ ခွဲခွာမရခဲ့ဘူး။ သခင်ဗဟိန်းရှိ တဲ့နေရာဟာ ခရိုင်ဌာချုပ်ဖြစ်ပြီး ခ ရိုင်ဋ္ဌာနချုပ်ဆိုရင် သခင်ဗဟိန်း ရှိမှဖြစ်တယ်။ တော်လှန်ရေးအတွက် ပြင်ဆင်စအချိန်မှာ ဖြူးမြို့နယ် စစ်တောင်းကမ်းပါး မှာရှိတဲ့ ကမ်းနားဘန်းလောင်းရွာမှာ လယ်ယာဦးကြီးမောင်နှံ ဦးစံဖြေ၊ ဒေါ်သန်းညွန့် ဇနီးမောင်နှံတို့ နေထိုင်ခဲ့ကြတယ်။ သူတို့အိမ်ဟာ နှစ်ထပ်တိုက်ခံဖြစ်ပြီး သူတို့မှာ သားတို့မှာ သားသမီးမရှိကြဘူး။ အဲဒီအိမ်မှာ သခင်ဗဟိန်းတို့ လင်မယား ဟာ ကိုထွန်းလှိုင်၊ မသန်းမြင့်အမည်နဲ့ လျှို့ဝှက်နေထိုင်ခဲ့ကြတယ်။ သဘောတရားရေးစာတမ်းများကို အဲဒီအိမ်ကြီးရဲ့ အ ပေါ်ထပ်မှာ လက်နှိပ်စက်ရိုက်ပြီး စာကူးစက်နဲ့ မူပွားခဲ့ကြတယ်။ လက်နှိပ်စက်ရိုက်ရင် လက်နှိပ်စက်သံကို ရွာတွင်း ဘေး အိမ်များက ကြားနိုင်တယ်။ အဲဒါကြောင့် လက်နှိပ်စက်ရုက်သံမကြားရအောင် လက်နှိပ်စက်ကို မွေ့ရာပေါ်မှာ တင်ရိုက်ရ တယ်။ မွေ့ရာပေါ်မှာတင်ရိုက်လို့ အသံအနည်းငယ် တိုးသွားခဲ့တယ်။ တချိန်တည်းမှာ အိမ်ပေါ်က လက်နှိပ်စက်ရိုက်တာ နဲ့ အိမ်အောက်က စကောအတွင်းမှာ ပဲစေ့တွေကို ပုလင်းနဲ့ လှိမ့်ပေးရတယ်။ ပဲစေ့ကို ပုလင်းနဲ့ လှိမ့်တဲ့အသံနဲ့ လက်နှိပ် စက်သံ ရောသွားပြီးလက်နှိပ်စက်သံ ပျောက်သွားခဲ့တယ်။ အဲဒီလို လက်နှိပ်စက်ရိုက်နေတုန်းမှာ ပဲကို ပုလင်းနဲ့လှိမ့်ပေးရ တဲ့ အလုပ်က ချွေးဒီးဒီးကျအောင် ပင်ပန်းလှပါသည်။ အဲဒီတာဝန်ကို ဦးစံဖြေရဲ့ဇနီး မသန်းညွန့်က မမောမပန်း အမြဲတမ်း ထမ်းဆောင်ခဲ့တယ်။ ဒါဟာ ဖက်ဆစ်တော်လှန်ရေးမှာ ပြည်သူလူထုရဲ့ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်လိုက်တဲ့ သာဓကပါပဲ။

တောင်ငူခရိုင်ကို သခင်ဗဟိန်းရောက်ရှိလာခဲ့ပြီး သဘောတရားအရ၊ လက်တွေ့အရ ကိုယ်ဖိရင်ဖိ ခေါင်းဆောင်နိုင်ခြင်း ကြောင့် ဖက်ဆစ်ဆန့်ကျင်ရေးသဘောတရားဟာ လူထုအတွင်း နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ပျံ့နှံ့လာခဲ့တယ်။ တော်လှန်ရေး အင်အားသစ်တရပ် ဖြစ်ပေါ်တိုးပွားလာခဲ့တယ်။ လူငယ်လူရွယ်များ၊ အမျိုးသမီးများအတွင်းမှ ခေါင်းဆောင်များကို မွေး ထုတ်နိုင်ခဲ့တယ်။ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းတိုင်းဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်ကိုင်ရခြင်း၊ အချိန်ကိုလု၍ လုပ်ကိုင်ရ ခြင်းတို့ကြောင့် နိုင်ငံရေးသင်တန်းကို တနေ့လျှင် ၁၂ နာရီအထိ အချိန်ယူသင်ကြားခဲ့ရတယ်။ သင်တန်းနေရာကိုလည်း ဖက်ဆစ်သူလျှိုတို့ရဲ့အန္တရာယ်ကြောင့် တနေရာမှာ ၁ဝ ရက် ၁၅ ရက် အလွန်ဆုံးဖွင့်ပြီးတာနဲ့ တနေရာပြီးတနေရာ ရွှေ့ ပြောင်းဖွင့်လှစ်ခဲ့ကြတယ်။ အဲဒါကြောင့် သင်တန်းနေရာအသစ်များကို ကြိုတင်ပြီး အစီအစဉ်တကျ ပြင်ဆင်ထားကြရ တယ်။ တနေ့လျှင် ၁၂ နာရီလုံးလုံး နိုင်ငံရေးလေ့လာရခြင်းဟာ မလွယ်ကူလှဘူး၊ ပင်ပန်းလွန်းလှတယ်။ ကျန်းမာရေးကို လည်း ထိခိုက်စေတယ်။ ဒါ့ကြောင့်သင်တန်းတက်နေစဉ်ကာလအတွင်း တနေ့ကိုနှစ်ကြိမ် အဆောက်အအုံအတွင်းမှာ ကျန်းမာရေးလေ့ကျင့်မှုကို ပြုလုပ်ကြရတယ်။ သခင်ဗဟိန်း ရောက်ရှိခဲ့ပြီး သဘောတရားရေးသင်တန်း အနှံ့အပြား ပေး စွမ်းနိုင်မှုကြောင့် နိုင်ငံရေးသင်တန်းတက်ပြီး ရောဂါဝေဒနာဖိစီးခြင်းကို ခံနေခဲ့ရတယ်။

သခင်ဗဟိန်းဟာ တောင်ငူခရိုင် စစ်ရေးတာဝန်ခံဖြစ်သလို ဇေယျဝတီ၊ ဖြူး၊ ကညွတ်ကွင်းနယ်များရဲ့ တိုက်ခိုက်ရေး တာ ဝန်ခံလည်း ဖြစ်ခဲ့တယ်။ ဖက်ဆစ်တို့ကို တော်လှန်တိုက်ခိုက်ရာမှာ ထင်ရှားတဲ့ တိုက်ပွဲများကတော့ ကွင်းချောင်းဝ တိုက် ပွဲ၊ ရှမ်းကုန်းတိုက်ပွဲ၊ ယင်းတိုက်စိမ့်တိုက်ပွဲ၊ ရေအိုးစင်တိုက်ပွဲ၊ ဆင်ပချပ်တိုက်ပွဲများပဲ ဖြစ်ကြတယ်။ တောင်ငူပြောက်ကျား တို့၏ အောင်ပွဲကို အောက်ပါစာရင်းဇယားအရကြည့်ရင် သိသာထင်ရှားပါတယ်။

တိုက်ပွဲကာလ-ဧပြီလ ၂ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ။

ရန်သူအကျအဆုံး ၇၁၅၉ ယောက်

ရန်သူဒဏ်ရာရ ၂၇၇၃ ယောက်

သုံ့ပန်း ၅၃၈ ယောက်

မိမိဘက်မှ

ကျဆုံး ၆၇ ယောက်

ဒဏ်ရာရ ၆၅ ယောက်

သိမ်းဆည်းရမိသော လက်နက်များ

အမြောက် ၂ လက်နှင့် အမြောက်ဆန်များ

အင်္ဂလိပ်၊ ဂျပန်၊ ဂျာမနီလက်နက်မျိုးစုံ ၂၉ဝဝ လက်။

ဝိုင်ယာလက်စက် တစုံ၊ တယ်လီဖုန်းကိရိယာများ၊ မှန်ပြောင်းနှင့် ဆေးပစ္စည်းများ၊ စစ်မြင်းများ ဆင်များ စသည်တို့ကို သိမ်းပိုက်ရှိခဲ့ကြတယ်။

ဖက်ဆစ်တော်လှန်ရေးမှာ တောင်ငူပြောက်ကျားများရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါကြောင်း သမိုင်းက သက်သေခံ နေပါတယ်။ အဲဒီလို ဖက်ဆစ်တော်လှန်ရေးမှာ တောင်ငူပြောက်ကျားတို့ရဲ့ အောင်ပွဲအလီလီ ဆင်နိုင်ခြင်းဟာ.

(၁) အမျိုးသားစည်းလုံးညီညွတ်မှုကို အထွတ်အထိပ်ရောက်အောင်မြှင့်တင်နိုင်ခဲ့ခြင်း

(၂) လူထု၏ အစွမ်းအစကို ဖော်ထုတ်နိုင်ခဲ့ခြင်း

တို့ကြောင့်ဖြစ်ပါတယ်။

လူထုကြီးစည်းရုံးလာမိသည်နှင့်အမျှ ဖက်ဆစ်တိုက်ဖျက်ရေးကို မိမိတို့ မလုပ်မဖြစ်သော အလုပ်အဖြစ် သဘောပေါက် လာကာ လူထုက ဖက်ဆစ်တို့ကို ကိုယ့်အစွမ်းကိုယ့်အစနဲ့ တော်လှန်ခဲ့ကြခြင်း ဖြစ်တယ်။ လူထုတော်လှန်ရေးကြီးတခု ဖြစ်ခဲ့တယ်။ လူထုကိုစည်းရုံး၊ လူထုရဲ့ စွမ်းရည်ကိုမြှင့်တင်၊ လူထုအောင်ပွဲကိုရယူ အစရှိတဲ့ လူထုနဲ့ပတ်သက်တဲ့ လှုပ်ရှား မှု၊ လူထုနဲ့ပတ်သက်တဲ့ အောင်မြင်မှုတို့က
ို  တောင်ငူခရိုင်မှာ ရယူနိုင်ခဲ့ခြင်းဟာ ဖက်ဆစ်တော်လှန်ရေးနဲ့ပတ်သက်တဲ့ သ ဘောတရားတွေကို လူထုက အသက်စွန့်လုပ်ကိုင်လာအောက် ဆောင်ရွက်ခဲ့တဲ့ သခင်ဗဟိန်းရဲ့ ဆောင်ရွက်ချက်ကြောင့် ဆိုရင် လုံးဝမမှားနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သမိုင်းကလက်ခံနေလို့ ပါပဲ။

အောင်မြင့်ဦး (မဟာဝိဇ္ဇာ)
ရနံ့သစ်၊ ၂၀၁၂ မတ်လ

ဖော်ဝပ်မေးလ်မှ ကူးယူဖော်ပြပါသည်။ 

ကိုယ်ချင်းစာတရားနှင့် ကမ်းလက်များ

$
0
0
***ကိုယ်ချင်းစာတရားနှင့်

ကမ်းလက်များ***

Photo Credit -

လူရောင်လွင့်ကြသူများ Page !

လက်တစ်ဖက်ရဲ့လက်ချောင်းလေး

တွေတောင်အတိုအရှည်မညီကြ

လေတော့ လူတွေရဲ့ ဘဝမှာလည်း

ဆင်းရဲချမ်းသာဘဝအခြေအနေ

တွေမတူညီတာဆန်းပြားမှုတော့မ

ဟုတ်ပါဘူး။ဆင်းရဲချမ်းသာဆိုတာ

အချိန်အခါမရွေးပြောင်းလဲသွားနိုင်

ဖို့ ဟာ ဒီခေတ်အခါမှာပိုပြီးတောင်

မြန်ဆန်လို့လာပါပြီ။ဆင်းရဲရာကနေ

ချမ်းသာသွားဖို့ချမ်းသာရာကနေ

ဆင်းရဲသွားဖို့ဆိုတာအချိန်ကာလ

တစ်ခုသာ တည်မြဲတဲ့ကာလမှာ

ကိုယ်တွေအတွက် တည်မြဲတာ

ဘယ်အရာများရှိနိုင်ပါ့မလဲ။

ရုပ်ဝတ္ထုတွေရဲ့ တိုးတက်မှု နဲ့

ပြောင်းပြန် အချိုးကျလာတဲ့

စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုတွေ

များပြားလာတဲ့ဒီကမ္ဘာပေါ်မှာကျွန်

တော်တို့အကောင်းဆုံးလုပ်နိုင်တာ

ဘာများရှိနိုင်ပါသေးလဲ ? ကိုယ်ပိုင်

လက်နှစ်ဖက်နဲ့ ကမ္ဘာလောက

တစ်ခုလုံးကိုအုပ်မိုးစောင့်ရှောက်

်ပေးဖို့ဆိုတာလည်းမလွယ်ကူတဲ့အ

ရာပါ။နေ့စဉ်နဲ့အမျှကိုယ့်မျက်စိရှေ့

မှာမြင်နေရတဲ့အဆင်မပြေမှုလေး

တွေကိုဖြေရှင်းပေးဖို့အတွက်

်တောင်ကိုယ်တွေရဲ့တတ်နိုင်စွမ်းက

စိတ်ဆန္ဒတွေနောက်ဟိုးဝေးဝေးမှာ

ပြတ်ကျန်နေခဲ့တယ်ဆိုတာအမှန်

တရားပါပဲ။ ဘဝရဲ့ မျှော်လင့်ချက်

အနာဂတ်ဆိုတာ ဝေးလို့

လောလောဆယ် စားရမယ့်

ထမင်းတစ်နပ်အတွက်တောင်

ဘယ်နေမှန်း မသိတဲ့ ဘဝတွေဟာ

လူဖြစ်နေလျက်နဲ့ လူရဲ့ အရောင်

တွေလွင့်နေရတာဘယ်လောက်

များနာကျင်စရာကောင်းလိုက်ပါသ

လဲ။ မကြည့်ရင် မမြင်ပေမယ့်

ကြည့်လိုက်ရင်နေရာမလွဲမြင်ရမယ့်
ဒီကွက်လပ်တွေအတွက်

အဖြေအစစ် မဟုတ်ပေမယ့်

အကောင်းဆုံးပေးစွမ်းနိုင်တဲ့

အရာဟာ " ကိုယ်ချင်းစာတရား "

ဖြစ်မယ်လို့ပဲယုံကြည်ပါတယ်။

" အဆင်မပြေတာ တွေ့ရင်

ပိုခက်တဲ့ဘဝတွေကို

ငေးကြည့်ပါဦး"ဆိုတဲ့သီချင်းစာ

သားလေးလိုလူတိုင်းမှာအခက်အခဲ

တွေဟာမဆုံးတမ်းရှိနေမှာမှန်ပေ

မယ့်ဘယ်တော့မှမပြည့်မယ့်အလို

ဆန္ဒနောက်လိုက်ရင်းဒီကွက်လပ်

လေးတွေကို ငဲ့မကြည့်ဖြစ်ခဲ့ရင်

ကိုယ်ချင်းစာတရားလေးနဲ့

သူတို့အတွက် တစ်စုံတစ်ရာ

ကိုယ်ချင်းစာမှုနဲ့တွဲလက်လေးကမ်း

မပေးနိုင်ခဲ့ရင်မလှပတဲ့လောကကြီး

ဟာပိုပြီးအရုပ်ဆိုးအကျည်းတန်

လာပါလိမ့်မယ်။ဆင်းရဲဒုက္ခဆိုတာ

ကားAirconမအေးတာလောက်အ

ကြီးဆုံးသိဖူးတဲ့ကလေးငယ်လေး

တွေရှိသလိုဘဝကို ဆင်းရဲချို့

တဲ့စွာနွမ်းပါးစွာထမင်းတစ်လုပ်အ

တွက်မျက်ရည်စက်လက်နဲ့ရင်းစား

နေရသူတွေလည်း ဒုနဲ့ ဒေးပါ။

ဆင်းရဲလွန်းလို့ လမ်းရှာရင်း

လမ်းမှားပို့ ခံလိုက်ရသူတွေ

လမ်းလွဲသွားသူတွေရှိသလို

ရိုးသားမှုကိုထမင်းတစ်လုပ်နဲ့မလဲ

ဘဲရဲရင့်စွာရှေ့ဆက်နေသူတွေ

ွလည်းဒုနဲ့ဒေးပါ။အဲဒီကွက်လပ်

လေးတွေအတွက် ကျွန်တော်တို့

တွေရဲ့ လက်ရှိ ရှားပါးလှတဲ့

ပိုင်ဆိုင်မှု အနည်းငယ်ထဲက

တစ်စိတ်တစ်ဒေသလေးကို

ကိုယ်စီ " ကိုယ်ချင်းစာစိတ်လေး "

တွေနဲ့ ဖြည့်ဆည်းပေးမယ်ဆို

ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့ရင်တောင်

စိတ်ပိုင်းဆိုင်ရာကရတဲ့အဖိုးမဖြတ်

နိုင်တဲ့နွေးထွေးမှုဟာ သူတို့

အတွက် နွေလယ်ခေါင်မှာ

အေးမြတဲ့ အရိပ်တစ်ခုလေးတစ်ခု

နားခိုရာ အမိုးအကာလေးတစ်ခု

တော့ဖြစ်လာမှာအမှန်ပါပဲဗျာ။

ကျောင်းဝတ်စုံလေးတွေနဲ့

အများသူငါကျောင်းတက်နေချိန်မှာ

အဝေးကနေမဆိုင်တဲ့လောကတစ်

ခုလို ငေးကြည့်နေရတဲ့ . . .

အားငယ်နေရတဲ့ အားကျနေရတဲ့

ဒီကလေးငယ်လေးတွေ

စာသင်ခန်းထဲရောက်လာဖို့

ကိစ္စဟာ မိုင်ပေါင်းများစွာ

ဝေးကွာနေဆဲပါ။ ဒီခရီးနီးလာဖို့

အတွက် လူတစ်ဦးချင်းစီက

ကိုယ်ချင်းစာစိတ်နဲ့ တွဲခေါ်ဖို့ ဟာ

အလွန်ကို လိုအပ်ပြီး

တရားတော်နဲ့ ညီတဲ့ ကုသိုလ်ရေး

ကိစ္စပဲဖြစ်ပါတယ်။တတ်နိုင်သမျှ

ှလက်တွဲကူရင်းလောကကိုအလှ

ှဆင်ကြပါစို့လားဗျာ။

Archangel AK 5.7.13 10:45pm
— with ရုပ် ဆိုး and 39 others.

“ မင့်အိမ် ”

$
0
0

 Photo: “ မင့်အိမ် ” --------  “ မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့်    မင့်အိမ်ရွှဲစို၊ အမိုးယိုသော်    မငြိုသင့်ပါ၊ မင်းတက်ဖာပေါ့    အကာ အခင်း၊ ပျက်ယိုယွင်းသော်    မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့    အခွင်အနဲ့၊ အရွဲ့အစောင်း    မကောင်းမပြေ၊ ဟောင်းထွေထွေကို    အခြေနှင့်အမျှ၊ ဥာဏ်ဖြင့်ဆ၍    လုံ့လသက်သွင်း၊ သစ်စေမင်း။  ။”  ဆရာဇော်ဂျီ၏ မင့်အိမ် ကဗျာထဲက နောက်ဆုံးပိုဒ်ကို ရွတ်ဆိုနေမိတယ်။  ကျွန်တော် ချစ်လိုက်ရတဲ့မြန်မာပြည်ဆိုပြီး သုံးပုဒ်ရေးခဲ့ပါတယ်။  ကျွန်တော် ဟန်လုပ်ပြီးချစ်တာလည်းမဟုတ်ပါဘူး။  စိတ်ကူးယဉ်ရေးခဲ့တာလည်းမဟုတ်ပါဘူး။  တကယ်ချစ်လို့၊ မြန်မာပြည်မှာနေရတာ လူဖြစ်ရတာ တကယ်တန်ဖိုးရှိလို့ရေးခဲ့တာပါ။  မြန်မာပြည်ဟာ ကျွန်တော့်အိမ်ပါပဲ။  မြန်မာပြည်ကြီး ဘာတွေဘယ်လို ပျက်စီးနေနေ၊ ကုန်ခမ်းနေနေ ဒါ ကျွန်တော့်အိမ်ပါပဲ။  ကျွန်တော့်အိမ်ကြီး အမိုးက ပေါက်ပြဲလို့ယိုနေပြီ၊ အကာအခင်းက ဆွေးမြေ့လို့ နင်းမရဖြစ်နေပြီ။  ဟာဒါဆို ကျွန်တော်တို့ပြင်ရမှာပေါ့။ ပြုပြင်ရမှာပေါ့။  မိုးယိုလို့၊ ကြမ်းခင်းမကောင်းလို့ အိမ်ကစွန့်ခွာပြီဆိုရင်တော့ သင်ဟာ သိပ်အတ္တကြီးတဲ့သူပါ။  ကိုယ့်အိမ်၊ ကိုယ့်ယာမှ မပြင်ပဲ ဟိုလူပြင်ပါ၊ ဒီလူပြင်ပါဆိုရင်တော့ အိမ်ရှိ အတွင်းပစ္စည်းပါ ပြောင်တလင်းခါသွားနိုင်တယ်။  ကိုယ်တိုင်ဦးဆောင်ဦးရွက် လုပ်မှ နောက်ကထပ်ကြပ်ပါလာမှာပေါ့။  ကိုယ့်အိမ်ကို ပြင်ဖို့ အချိန်တန်ပါပြီ။ -------------  တစ်ခါတုန်းက တရားသူကြီး ရှေ့မှာ အိမ်ထောင်ကွဲဖို့အတွက် အမျိုးသားနဲ့ အမျိုးသမီးတစ်ဦး ရောက်နေပါတယ်။  တရားသူကြီးက အမျိုးသားကို မေးပါတယ်။  “ ခင်များက ဘာလို့သူနဲ့ကွဲချင်ရတာလဲ”  “ သူနဲ့ ဘယ်လိုမှလက်တွဲလို့မဖြစ်တော့ဘူး။ စိတ်သဘောထားချင်းလည်း မကိုက်ညီတော့ဘူး၊ ဒါကြောင့် ကွဲချင်တာ”   အမျိုးသမီးကလည်း “ ဟုတ်တယ် ကျွန်မလည်း သူနဲ့ စိတ်သဘောချင်းမတိုက်ဆိုင်တော့ဘူး။ ဒါကြောင့် ကွဲချင်တာ ”  တရားသူကြီးက “ ဟာ  ခင်ဗျားတို့က စိတ်သဘောထားချင်မတိုက်ဆိုင်ဘူးလည်း ပြောသေး၊ ခုကွဲချင်တဲ့ဆန္ဒခြင်းကြတူနေပါလား ဗျ ”တဲ့။  ဖတ်မိတဲ့ဟာသလေးပါ။  အိမ်ထောင်တစ်ခုမှာ သူ့စိတ်နဲ့၊ ကိုယ့်စိတ် တူညီတာရှိမယ်။ မတူညီတာ ရှိမယ်။ အလုံးစုံ တူညီဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ဘာလို့လဲ ဆိုရင် အစကတည်းက ယောက်ျားနဲ့ မိန်းမ မတူညီတဲ့ သဘာဝတွေကြောင်ပါ့။  ဒီတော့ မိဘနှစ်ပါးရဲ့ စိတ်တွေကြောင့် အိမ်ထောင်တစ်ပြိုပျက်တော့မယ်ဆိုရင်တော့ နှစ်ယောက်လုံးစိတ်လျှော့လို့ ပြန်လည်ညှိနှိုင်းသင့်ပါတယ်။   ယိမ်းနွဲ့လာတဲ့ အိမ်ထောင်ရေးကို မထူးဇာတ်ဆက်ခင်းနေရင်တော့ ဒီအိမ်ဟာ ပြိုကျဖို့ပဲ ရှိပါတော့တယ်။  ကိုယ့်အိမ်ကို ပြင်ချင်တဲ့ဆန္ဒလေးရယ် ပြုပြင်လိုက်တာလေးတွေက ကိုယ့်အိမ်ကို ပြန်လည်အလှဆင်သလိုပါပဲ။  ဒီလို ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ လှပတဲ့အိမ်လေး၊ ပျော်ရွှင်စရာကောင်းတဲ့အိမ်လေး ဖြစ်လာတော့မှာပါ။ ---------  ကျွန်တော့်တို့ရရှိထားတဲ့ ခန္ဓာကိုယ်ကြီးကရော။ ကျွန်တော်တို့အိမ်ကြီး မဟုတ်လား။  ဒီအိမ်ကြီးက ကျန်းမာရေးချို့ယွင်းလာရင် ဆေးဝါးလေးနဲ့ ပြန်ထောက်ရတယ်။  ဒီအိမ်ကြီး အာဟာရနည်းလာရင် အစားအစာတွေနဲ့ အာဟာရတွေဖြည့်တင်းရတယ်။  အဲဒီအိမ်ကြီး အကျင့်ဖောက်ပြန်လာရင်တော့ “ အခြေနှင့်မျှ ဥာဏ်ဖြင့်ဆ၍၊ လုံ့လသက်သွင်း၊ သစ်စေမင်း ” တဲ့။  အိမ်ညစ်ကြီးကို အိမ်သစ်ဖြစ်အောင် ဆေးကြောရတော့မယ်။  ဒီအိမ်ကြီးမှာ “ ကေသာ၊ လောမာ၊ နခါ၊ ဒန္တ၊ တစော ” ဆိုတဲ့ ၃၂ ကောဋ္ဌာသ တွေကိုမြင်အောင် ကြည့်ရမယ်။ ရွံအောင်ကြည့်ရမယ်။  ဒီအိမ်ကြီးရဲ့အဝေးမှာ ဘ၀ရဲ့ ငြိမ်းချမ်းရာကို ရှာတွေ့မှာ မဟုတ်ပါဘူး။  ဒီအိမ်ကြီးကို ဥာဏ်(သတိ)ဖြင့် မြင်ပြီး ပြင်ဆင်လိုက်ရင်တော့ သံသရာ ထာဝအေးငြိမ်းရာ အိမ်ကြီးကို ကျွန်တော်တို့ပိုင်ဆိုင်ရမှာပါ။  ကျွန်တော်တို့ရဲ့ တစ်ဦးချင်းအိမ်ကို မိုးယိုနေလို့၊ အကာကွာလို့၊ အခင်းပျက်နေလို့ဆိုတဲ့ ဆင်ခြေတွေပေးပြီး ပစ်မထားပဲ တစ်ဦးချင်းစီက ကောင်းအောင်ပြင်လိုက်ကြရင်ဖြင့် ကျွန်တော်တို့ မိသားစုဆိုတဲ့ အိမ်က ခိုင်မာမယ်။   မိသားစုဆိုတဲ့ အိမ်လေးတွေ ကိုယ်စီခိုင်မာကျရင်ဖြင့် နိုင်ငံအိမ်ကြီးက သာယာနေပါလိမ့်မယ်။  ဒီခန္ဓာအိမ်က စပြင်လိုက်တဲ့ပြင်ဆင်ချက်ဟာ ဟောဒီ ကမ္ဘာကြီးသာမက စကြ၀ဋ္ဌာဆိုတဲ့ ပတ်ဝန်းကျင်အိမ်တွေပါ အေးချမ်းသာယာရှိသွားမှာပါ။  ဒီတော့ မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်ကို လုံ့လသက်သွင်း သစ်စေခြင်းဖြင့် ဆောင်ရွက်လိုက်ကြပါစို့။  ၅-၇-၂၀၁၃
--------
“ မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့်
မင့်အိမ်ရွှဲစို၊ အမိုးယိုသော်
မငြိုသင့်ပါ၊ မင်းတက်ဖာပေါ့
အကာ အခင်း၊ ပျက်ယိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့
အခွင်အနဲ့၊ အရွဲ့အစောင်း
မကောင်းမပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်အမျှ၊ ဥာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း၊ သစ်စေမင်း။ ။”
ဆရာဇော်ဂျီ၏ မင့်အိမ် ကဗျာထဲက နောက်ဆုံးပိုဒ်ကို ရွတ်ဆိုနေမိတယ်။
ကျွန်တော် ချစ်လိုက်ရတဲ့မြန်မာပြည်ဆိုပြီး သုံးပုဒ်ရေးခဲ့ပါတယ်။
ကျွန်တော် ဟန်လုပ်ပြီးချစ်တာလည်းမဟုတ်ပါဘူး။ စိတ်ကူးယဉ်ရေးခဲ့တာလည်းမဟုတ်ပါဘူး။
တကယ်ချစ်လို့၊ မြန်မာပြည်မှာနေရတာ လူဖြစ်ရတာ တကယ်တန်ဖိုးရှိလို့ရေးခဲ့တာပါ။
မြန်မာပြည်ဟာ ကျွန်တော့်အိမ်ပါပဲ။
မြန်မာပြည်ကြီး ဘာတွေဘယ်လို ပျက်စီးနေနေ၊ ကုန်ခမ်းနေနေ ဒါ ကျွန်တော့်အိမ်ပါပဲ။
ကျွန်တော့်အိမ်ကြီး အမိုးက ပေါက်ပြဲလို့ယိုနေပြီ၊ အကာအခင်းက ဆွေးမြေ့လို့ နင်းမရဖြစ်နေပြီ။
ဟာဒါဆို ကျွန်တော်တို့ပြင်ရမှာပေါ့။ ပြုပြင်ရမှာပေါ့။
မိုးယိုလို့၊ ကြမ်းခင်းမကောင်းလို့ အိမ်ကစွန့်ခွာပြီဆိုရင်တော့ သင်ဟာ သိပ်အတ္တကြီးတဲ့သူပါ။
ကိုယ့်အိမ်၊ ကိုယ့်ယာမှ မပြင်ပဲ ဟိုလူပြင်ပါ၊ ဒီလူပြင်ပါဆိုရင်တော့ အိမ်ရှိ အတွင်းပစ္စည်းပါ ပြောင်တလင်းခါသွားနိုင်တယ်။
ကိုယ်တိုင်ဦးဆောင်ဦးရွက် လုပ်မှ နောက်ကထပ်ကြပ်ပါလာမှာပေါ့။
ကိုယ့်အိမ်ကို ပြင်ဖို့ အချိန်တန်ပါပြီ။
-------------
တစ်ခါတုန်းက တရားသူကြီး ရှေ့မှာ အိမ်ထောင်ကွဲဖို့အတွက် အမျိုးသားနဲ့ အမျိုးသမီးတစ်ဦး ရောက်နေပါတယ်။
တရားသူကြီးက အမျိုးသားကို မေးပါတယ်။
“ ခင်များက ဘာလို့သူနဲ့ကွဲချင်ရတာလဲ”
“ သူနဲ့ ဘယ်လိုမှလက်တွဲလို့မဖြစ်တော့ဘူး။ စိတ်သဘောထားချင်းလည်း မကိုက်ညီတော့ဘူး၊ ဒါကြောင့် ကွဲချင်တာ”
အမျိုးသမီးကလည်း “ ဟုတ်တယ် ကျွန်မလည်း သူနဲ့ စိတ်သဘောချင်းမတိုက်ဆိုင်တော့ဘူး။ ဒါကြောင့် ကွဲချင်တာ ”
တရားသူကြီးက “ ဟာ ခင်ဗျားတို့က စိတ်သဘောထားချင်မတိုက်ဆိုင်ဘူးလည်း ပြောသေး၊ ခုကွဲချင်တဲ့ဆန္ဒခြင်းကြတူနေပါလား ဗျ ”တဲ့။
ဖတ်မိတဲ့ဟာသလေးပါ။ အိမ်ထောင်တစ်ခုမှာ သူ့စိတ်နဲ့၊ ကိုယ့်စိတ် တူညီတာရှိမယ်။ မတူညီတာ ရှိမယ်။ အလုံးစုံ တူညီဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ဘာလို့လဲ ဆိုရင် အစကတည်းက ယောက်ျားနဲ့ မိန်းမ မတူညီတဲ့ သဘာဝတွေကြောင်ပါ့။
ဒီတော့ မိဘနှစ်ပါးရဲ့ စိတ်တွေကြောင့် အိမ်ထောင်တစ်ပြိုပျက်တော့မယ်ဆိုရင်တော့ နှစ်ယောက်လုံးစိတ်လျှော့လို့ ပြန်လည်ညှိနှိုင်းသင့်ပါတယ်။
ယိမ်းနွဲ့လာတဲ့ အိမ်ထောင်ရေးကို မထူးဇာတ်ဆက်ခင်းနေရင်တော့ ဒီအိမ်ဟာ ပြိုကျဖို့ပဲ ရှိပါတော့တယ်။ ကိုယ့်အိမ်ကို ပြင်ချင်တဲ့ဆန္ဒလေးရယ် ပြုပြင်လိုက်တာလေးတွေက ကိုယ့်အိမ်ကို ပြန်လည်အလှဆင်သလိုပါပဲ။
ဒီလို ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ လှပတဲ့အိမ်လေး၊ ပျော်ရွှင်စရာကောင်းတဲ့အိမ်လေး ဖြစ်လာတော့မှာပါ။
---------
ကျွန်တော့်တို့ရရှိထားတဲ့ ခန္ဓာကိုယ်ကြီးကရော။ ကျွန်တော်တို့အိမ်ကြီး မဟုတ်လား။
ဒီအိမ်ကြီးက ကျန်းမာရေးချို့ယွင်းလာရင် ဆေးဝါးလေးနဲ့ ပြန်ထောက်ရတယ်။
ဒီအိမ်ကြီး အာဟာရနည်းလာရင် အစားအစာတွေနဲ့ အာဟာရတွေဖြည့်တင်းရတယ်။
အဲဒီအိမ်ကြီး အကျင့်ဖောက်ပြန်လာရင်တော့ “ အခြေနှင့်မျှ ဥာဏ်ဖြင့်ဆ၍၊ လုံ့လသက်သွင်း၊ သစ်စေမင်း ” တဲ့။ အိမ်ညစ်ကြီးကို အိမ်သစ်ဖြစ်အောင် ဆေးကြောရတော့မယ်။
ဒီအိမ်ကြီးမှာ “ ကေသာ၊ လောမာ၊ နခါ၊ ဒန္တ၊ တစော ” ဆိုတဲ့ ၃၂ ကောဋ္ဌာသ တွေကိုမြင်အောင် ကြည့်ရမယ်။ ရွံအောင်ကြည့်ရမယ်။
ဒီအိမ်ကြီးရဲ့အဝေးမှာ ဘ၀ရဲ့ ငြိမ်းချမ်းရာကို ရှာတွေ့မှာ မဟုတ်ပါဘူး။
ဒီအိမ်ကြီးကို ဥာဏ်(သတိ)ဖြင့် မြင်ပြီး ပြင်ဆင်လိုက်ရင်တော့ သံသရာ ထာဝအေးငြိမ်းရာ အိမ်ကြီးကို ကျွန်တော်တို့ပိုင်ဆိုင်ရမှာပါ။
ကျွန်တော်တို့ရဲ့ တစ်ဦးချင်းအိမ်ကို မိုးယိုနေလို့၊ အကာကွာလို့၊ အခင်းပျက်နေလို့ဆိုတဲ့ ဆင်ခြေတွေပေးပြီး ပစ်မထားပဲ တစ်ဦးချင်းစီက ကောင်းအောင်ပြင်လိုက်ကြရင်ဖြင့် ကျွန်တော်တို့ မိသားစုဆိုတဲ့ အိမ်က ခိုင်မာမယ်။
မိသားစုဆိုတဲ့ အိမ်လေးတွေ ကိုယ်စီခိုင်မာကျရင်ဖြင့် နိုင်ငံအိမ်ကြီးက သာယာနေပါလိမ့်မယ်။
ဒီခန္ဓာအိမ်က စပြင်လိုက်တဲ့ပြင်ဆင်ချက်ဟာ ဟောဒီ ကမ္ဘာကြီးသာမက စကြ၀ဋ္ဌာဆိုတဲ့ ပတ်ဝန်းကျင်အိမ်တွေပါ အေးချမ်းသာယာရှိသွားမှာပါ။
ဒီတော့ မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်ကို လုံ့လသက်သွင်း သစ်စေခြင်းဖြင့် ဆောင်ရွက်လိုက်ကြပါစို့။

 
 မောင်ပိုင်
၅-၇-၂၀၁၃
— with William Tuntunko and 2 others.

ချစ်သူ

$
0
0
 Photo: ချစ်သူ တကယ်ဆိုရင် အချစ်ပဲလိုတာပါ အချစ်ရှိမှ လည်း အရာရာကို ဖန်တီးနိုင်မှာပါ...... ချစ်သူ အချစ်မရှိတဲ့ သူတွေဟာ  ဆားမပါတဲ့ ဟင်းတွေလိုပါပဲ ခံတွင်းအရသာကို ပေးစွမ်းနိုင်စွမ်းမရှိပါဘူး....... ချစ်သူ အချစ်မရှိတဲ့ သူတွေဟာ  သေနတ်ထဲကျည်ဆံထည့်မထား သလို ပြီးပြည့်စုံမှုမရှိပါဘူး....... ချစ်သူ အချစ်မရှိတဲ့ သူတွေဟာ  လောကမှာ နေသာနေရတယ် အထီးကျန်စွာနေရတဲ့ သူတွေပါ........ ချစ်သူ အချစ်မရှိတဲ့ သူတွေဟာ  ကားထဲမှာ ဓါတ်ဆီကုန်သွားလို့  ရှေ့ဆက်တိုးလို့ မရသလို ပါပဲ ရောက်တဲ့နေရာမှာ ရပ်တန့် သွားကြတယ်....... ချစ်သူ အချစ်မရှိတဲ့ သူတွေဟာ  ကောင်းကင်ယံမှာ စွန်လွှတ်နေရင်း စွှန်ကြိုးပြတ်သွားသလို လေနှင်ရာကို ရောက်ချင်သလို ရောက်သွားတတ်ပါတယ်........ ချစ်သူ အချစ်မရှိတဲ့ သူတွေဟာ  ရေတွင်းပျက်ထဲက ရေလိုပါပဲ ခပ်သောက်လို့ မရအောင်ကို နောက်ကျိနေတတ်ပါတယ်...... ဒါကြောင့် ချစ်သူ စစ်သားပေမယ့် အချစ်ကြီးတတ်သူပါ...... တာဝန်အရ ခရီးဆက်နေပေမယ့် နိုင်ငံတာဝန်ထမ်းဆောင်ရင်း  နှလုံးသားထဲက အချစ်သစ်ပင်ကိုလည်း မငြိုးရလေအောင် အချစ်ဆိုတဲ့ ရေစင်ပက်ဖျန်ပြီး အချစ်တွေမသေအောင် ကြိုးစားနေသူ တစ်ယောက်ပါ ချစ်သူ.......... ချစ်သူ တကယ်ဆိုရင် အချစ်ပဲလိုတာပါ  နားလည်မှုတွေ အပြည့်နဲ့ သာ စောင့်စားခဲ့မယ်ဆိုရင်ဖြင့် ဒီတစ်သက်ရွှေလက်တွဲလို့ ထာဝရ ဘ၀ခရီးကို အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်မှာပါ......  ကိုကိုအောင် ( ဘုရင့်နောင် )
ချစ်သူ
တကယ်ဆိုရင် အချစ်ပဲလိုတာပါ
အချစ်ရှိမှ လည်း အရာရာကို ဖန်တီးနိုင်မှာပါ......
ချစ်သူ
အချစ်မရှိတဲ့ သူတွေဟာ
ဆားမပါတဲ့ ဟင်းတွေလိုပါပဲ ခံတွင်းအရသာကို
ပေးစွမ်းနိုင်စွမ်းမရှိပါဘူး.......
ချစ်သူ
အချစ်မရှိတဲ့ သူတွေဟာ
သေနတ်ထဲကျည်ဆံထည့်မထား သလို
ပြီးပြည့်စုံမှုမရှိပါဘူး.......
ချစ်သူ
အချစ်မရှိတဲ့ သူတွေဟာ
လောကမှာ နေသာနေရတယ်
အထီးကျန်စွာနေရတဲ့ သူတွေပါ........
ချစ်သူ
အချစ်မရှိတဲ့ သူတွေဟာ
ကားထဲမှာ ဓါတ်ဆီကုန်သွားလို့ 
ရှေ့ဆက်တိုးလို့ မရသလို ပါပဲ
ရောက်တဲ့နေရာမှာ ရပ်တန့် သွားကြတယ်.......
ချစ်သူ
အချစ်မရှိတဲ့ သူတွေဟာ
ကောင်းကင်ယံမှာ စွန်လွှတ်နေရင်း
စွှန်ကြိုးပြတ်သွားသလို လေနှင်ရာကို
ရောက်ချင်သလို ရောက်သွားတတ်ပါတယ်........
ချစ်သူ
အချစ်မရှိတဲ့ သူတွေဟာ
ရေတွင်းပျက်ထဲက ရေလိုပါပဲ
ခပ်သောက်လို့ မရအောင်ကို နောက်ကျိနေတတ်ပါတယ်......
ဒါကြောင့်
ချစ်သူ
စစ်သားပေမယ့်
အချစ်ကြီးတတ်သူပါ......
တာဝန်အရ ခရီးဆက်နေပေမယ့်
နိုင်ငံတာဝန်ထမ်းဆောင်ရင်း
နှလုံးသားထဲက အချစ်သစ်ပင်ကိုလည်း
မငြိုးရလေအောင် အချစ်ဆိုတဲ့
ရေစင်ပက်ဖျန်ပြီး အချစ်တွေမသေအောင်
ကြိုးစားနေသူ တစ်ယောက်ပါ ချစ်သူ..........
ချစ်သူ
တကယ်ဆိုရင် အချစ်ပဲလိုတာပါ
နားလည်မှုတွေ အပြည့်နဲ့ သာ စောင့်စားခဲ့မယ်ဆိုရင်ဖြင့်
ဒီတစ်သက်ရွှေလက်တွဲလို့ ထာဝရ ဘ၀ခရီးကို
အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်မှာပါ......

ကိုကိုအောင် ( ဘုရင့်နောင် )
— with May Yuya and 99 others.

တု စ္ဆမောင်ပိုင်

$
0
0
Photo: တု စ္ဆမောင်ပိုင် ……………   ခုတလော ကျွန်တော်စာတွေတော်တော်များများရေးဖြစ်နေတယ်။  မြန်မာပြည်ကို သူများထက်ပိုချစ်တဲ့အကြောင်းတွေ၊ မိဘကို ချစ်ကြောင်းတွေ၊ လူငယ် အကြောင်းတွေ၊ အကျင့်စာရိတ္တအကြောင်း အစုံစုံပါပဲ။  ဒီရက်အတွင်းမှာတော့ ဘာသာတရားနဲ့ ဆက်နွယ်တဲ့ တရားသဘောလေးတွေကို အများစု ရေးဖြစ်တယ်။  ကျွန်တော်စုဆောင်းထားတဲ့ စာအုပ်တွေ၊ ဖတ်တဲ့ စာအုပ်တွေကလည်း ဘာသာရေးစာအုပ်တွေ များပါတယ်။  ဒီတော့ အတွေးလေးတစ်ခုရပြီဆိုရင် ဘာသာတရားနဲ့ ဆက်နွယ်သွားတတ်ပါတယ်။  အမယ် ရေးလိုက်ရင်လည်း…တစ်ခါတစ်ခါ တရားပေါက်တော့မယ်အတိုင်း၊ တောထွက်တော့မယ့် အတိုင်းပဲ။  သို့သော်ငြားလည်း..  “ စိပ်ပုတီးရယ်နဲ့    ရိပ်ကြီးရယ် ခိုနိုင်ဖို့ဝေး..။    ပွဲဈေးတန်းလယ်    ပုတီးသည်လေး    ဈေးဦးရယ် မပေါက်သေး    စိတ်ယောက်ယက်ပြေး..”  မောင်ခင်မှိုင်း(ချောက်)ရဲ့ “ လရောင်ဝေးတဲ့ည ” ကဗျာလိုပဲ ရေးတော့ တရားအကြောင်း ကျင်လည်တာက လောကီအာရုံကာမဂုဏ်တောထဲမှာ။  တောထွက်ဖို့ နေနေသာသာ ကိုယ့်ဝမ်းရေး၊ မိသားစုဝမ်းရေး၊ လူတန်းစေ့နေနိုင်ရေး..ဘာအရေး..ညာအရေးတွေနဲ့ စိတ်တွေက ညညဆို ကယောင် ခြောက်ခြား။ ……………  မြတ်စွာဘုရားရှင်လက်ထက်က အရှင်ပေါဋ္ဌိလဆိုတဲ့ မထေရ်တစ်ပါးရှိပါတယ်။  အရှင်ပေါဋ္ဌိလဟာ ပွင့်တော်မူခဲ့တဲ့ ဘုရားရှင်အဆက်ဆက်မှာ ဂန္ထ၀ါစက ဆိုတဲ့ စာချထေရ် ဖြစ်ခဲ့ဘူးသူပါ။  မြတ်စွာဘုရားရှင် လက်ထက်မှာလည်း စာချထေရ်ပါပဲ။  တစ်နေ့ဇေတ၀န်ကျောင်းထဲမှာ ဘုရားရှင်ရဲ့ အဆုံးအမနာယူဖို့ သွားခဲ့တယ်။  ဘုရားရှင်က “ ဧဟိတုစ္ဆပေါဋ္ဌိလ ” အချည်းနှီးပေါဋ္ဌိလ၊ အနှစ်မရှိတဲ့ ပေါဋ္ဌိလ လာပေတော့တဲ့။ အရှင်ပေါဋ္ဌိလက တရားနာယူပြီး ပြန်မယ်ဆိုတဲ့ အကြံနဲ့ အထမှာ ဘုရားရှင်က ထပ်ပြီး “ ယာဟိ တုစ္ဆ ပေါဋ္ဌိလ” တဲ့။ အနှစ်မရှိတဲ့ ပေါဋ္ဌိလသွားတော့တဲ့။  အရှင်ပေါဋ္ဌိလလည်း ပြန်ခဲ့တဲ့ခရီးတစ်လျှောက်မှာ ဘုရားရှင်က ဘာလို့ ဒီလိုမိန့်တော်မူတာပါလိမ့် ဆိုပြီး တောက်လျှောက်တွေးလာပါတယ်။  ဒီလိုနဲ့ ငါဟာ ဘုရားရှင်အဆက်ဆက် စာချခဲ့သူပါ။ ဒါပေမယ့် ခုချိန်ထိ ငါရှိတုန်းပဲ။ ခုထိ သံသရာ ထဲက မထွက်နိုင်သေးဘူး။  စာသင်နေတာက လွဲလို့ တခြားဘာရှိလဲ။ ဘာတရားမှ မရှိသေးဘူး။ ဒါကြောင့် ဘုရားရှင်က သတိပေးတဲ့အနေနဲ့ တုစ္ဆပေါဋ္ဌိလလို့ ခေါ်လိုက်တာပါလား ဆိုပြီးအတွေးဝင်သွား ပါတယ်။  အရှင်ပေါဋ္ဌိလဟာ သံဝေဂရပြီး နောက်ဆုံးမှာ သံသရာမှ လွှတ်ကြောင်းကို အားထုတ်နိုင်ခဲ့ပါတယ်။ ………..  ကျွန်တော်လည်း ပြန်တွေးမိတာပါ။  ကျွန်တော်ရေးတဲ့စာတွေက သူများတွေ မြန်မာပြည်ကြီးကို ချစ်လာအောင်၊ အကျင့်တွေကောင်း လာအောင်၊ လူငယ်တွေ လမ်းမမှားအောင် လူတတ်ကြီးလိုလို ရေးပြနေတာလေ။  နောက်ပိုင်း စာလေးတွေကို လူကြိုက်များလာတော့ ပီတိတွေက ၀င်လာပြီး မပိုင်တဲ့ဟာကို မောင်ပိုင်ကွလို့ အမယ် တစ်ခါတစ်ခါ ကြွေးကြော်ချင်သေး။  မောင်ပိုင်စီးချင်သေး။  ဓမ္မပဒထဲက စာလေးတစ်ခုသတိရမိလိုက်ပါတယ်။  “ သူတစ်ပါးကို ဆုံးမသော နည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏။ မိမိကိုယ်တိုင် ယဉ်ကျေးသော်မှသာ သူတစ်ပါးကို ဆုံးမရာ၏။  မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဉ်းလှစွာ တကား ” တဲ့။  ဟုတ်တယ် ကိုယ့်ကိုယ်ကို ယဉ်ကျေးဖို့ ကိုယ့်ကိုယ်ကို အရင်ပြန်ကြည့်ရမယ်။  ပြန်ကြည့်ရမယ်ဆိုတော့ အရင်တုန်းက လူပြက်တွေပြောတဲ့ စကားတစ်ခုအမှတ်ရမိတယ်။  “ မမြရင်နော်။ ကတာအရမ်းလှတယ်။ မမြရင်ကတာကြည့်လိုက်တာ ကျွန်တော့်မျက်လုံးတွေ ထွက်ကျသွားတယ်။ အဲဒါကောက်တတ်လိုက်တော့ မျက်စံအနက်က အထဲရောက်ပြီး ကိုယ်ဗိုက်ထဲက ချေးတွေမြင်ပြီး အံလိုက်ရတာ ”တဲ့။  အင်း…ကျွန်တော်..မောင်ပိုင်လည်း အပေါ်ယံ ပါကင်လေးတွေတော့ လှပါရဲ့။ အထဲက ချေးတွေ ပြန်မြင်လိုက်ရတော့ ..  ဒီလို့နဲ့ အသိစိတ်ကလေးနဲ့ ပြန်ကြည့်လိုက်တော့….တောထွက်ဖို့ခက်နေတဲ့၊ ကြိုးဖြတ်ဖို့ခက်နေတဲ့ ဟောဒီလောကီထဲက ကာမဂုဏ်အာရုံကြောမှာ နစ်မျောချင်တိုင်း နစ်မျောနေတဲ့ ..  တုစ္ဆမောင်ပိုင်…အချည်းအနှီး၊ အနှစ်မရှိ မောင်ပိုင်ဖြစ်နေပါရောလား…။  ကဲဗျာ မိတ်ဆွေအပေါင်းတိုလည်း ကိုယ့်ကိုယ်ကို ပြန်ကြည့်လို့ ကျွန်တော့်လိုများဖြစ်နေကြရင်ဖြင့် တုစ္ဆ………………… လို့ဖြည့်လိုက်၊ ခေါ်လိုက်ကြဦးနှော်။  ၆-၇-၂၀၁၃။
……………

ခုတလော ကျွန်တော်စာတွေတော်တော်များများရေးဖြစ်နေတယ်။
မြန်မာပြည်ကို သူများထက်ပိုချစ်တဲ့အကြောင်းတွေ၊ မိဘကို ချစ်ကြောင်းတွေ၊ လူငယ် အကြောင်းတွေ၊ အကျင့်စာရိတ္တအကြောင်း အစုံစုံပါပဲ။
ဒီရက်အတွင်းမှာတော့ ဘာသာတရားနဲ့ ဆက်နွယ်တဲ့တရားသဘောလေးတွေကို အများစု ရေးဖြစ်တယ်။
ကျွန်တော်စုဆောင်းထားတဲ့ စာအုပ်တွေ၊ ဖတ်တဲ့ စာအုပ်တွေကလည်း ဘာသာရေးစာအုပ်တွေ များပါတယ်။
ဒီတော့ အတွေးလေးတစ်ခုရပြီဆိုရင် ဘာသာတရားနဲ့ ဆက်နွယ်သွားတတ်ပါတယ်။
အမယ် ရေးလိုက်ရင်လည်း…တစ်ခါတစ်ခါ တရားပေါက်တော့မယ်အတိုင်း၊ တောထွက်တော့မယ့် အတိုင်းပဲ။
သို့သော်ငြားလည်း..
“ စိပ်ပုတီးရယ်နဲ့
ရိပ်ကြီးရယ် ခိုနိုင်ဖို့ဝေး..။
ပွဲဈေးတန်းလယ်
ပုတီးသည်လေး
ဈေးဦးရယ် မပေါက်သေး
စိတ်ယောက်ယက်ပြေး..”
မောင်ခင်မှိုင်း(ချောက်)ရဲ့ “ လရောင်ဝေးတဲ့ည ” ကဗျာလိုပဲ ရေးတော့ တရားအကြောင်း
ကျင်လည်တာက လောကီအာရုံကာမဂုဏ်တောထဲမှာ။ တောထွက်ဖို့ နေနေသာသာ ကိုယ့်ဝမ်းရေး၊ မိသားစုဝမ်းရေး၊ လူတန်းစေ့နေနိုင်ရေး..ဘာအရေး..ညာအရေးတွေနဲ့ စိတ်တွေက ညညဆို ကယောင် ခြောက်ခြား။
……………
မြတ်စွာဘုရားရှင်လက်ထက်က အရှင်ပေါဋ္ဌိလဆိုတဲ့ မထေရ်တစ်ပါးရှိပါတယ်။
အရှင်ပေါဋ္ဌိလဟာ ပွင့်တော်မူခဲ့တဲ့ ဘုရားရှင်အဆက်ဆက်မှာ ဂန္ထ၀ါစက ဆိုတဲ့ စာချထေရ် ဖြစ်ခဲ့ဘူးသူပါ။ မြတ်စွာဘုရားရှင် လက်ထက်မှာလည်း စာချထေရ်ပါပဲ။
တစ်နေ့ဇေတ၀န်ကျောင်းထဲမှာ ဘုရားရှင်ရဲ့ အဆုံးအမနာယူဖို့ သွားခဲ့တယ်။
ဘုရားရှင်က “ ဧဟိတုစ္ဆပေါဋ္ဌိလ ” အချည်းနှီးပေါဋ္ဌိလ၊ အနှစ်မရှိတဲ့ ပေါဋ္ဌိလ လာပေတော့တဲ့။
အရှင်ပေါဋ္ဌိလက တရားနာယူပြီး ပြန်မယ်ဆိုတဲ့ အကြံနဲ့ အထမှာ ဘုရားရှင်က ထပ်ပြီး “ ယာဟိ တုစ္ဆ ပေါဋ္ဌိလ” တဲ့။ အနှစ်မရှိတဲ့ ပေါဋ္ဌိလသွားတော့တဲ့။
အရှင်ပေါဋ္ဌိလလည်း ပြန်ခဲ့တဲ့ခရီးတစ်လျှောက်မှာ ဘုရားရှင်က ဘာလို့ ဒီလိုမိန့်တော်မူတာပါလိမ့် ဆိုပြီး တောက်လျှောက်တွေးလာပါတယ်။
ဒီလိုနဲ့ ငါဟာ ဘုရားရှင်အဆက်ဆက် စာချခဲ့သူပါ။ ဒါပေမယ့် ခုချိန်ထိ ငါရှိတုန်းပဲ။ ခုထိ သံသရာ ထဲက မထွက်နိုင်သေးဘူး။ စာသင်နေတာက လွဲလို့ တခြားဘာရှိလဲ။ ဘာတရားမှ မရှိသေးဘူး။ ဒါကြောင့် ဘုရားရှင်က သတိပေးတဲ့အနေနဲ့ တုစ္ဆပေါဋ္ဌိလလို့ ခေါ်လိုက်တာပါလား ဆိုပြီးအတွေးဝင်သွား ပါတယ်။
အရှင်ပေါဋ္ဌိလဟာ သံဝေဂရပြီး နောက်ဆုံးမှာ သံသရာမှ လွှတ်ကြောင်းကို အားထုတ်နိုင်ခဲ့ပါတယ်။
………..
ကျွန်တော်လည်း ပြန်တွေးမိတာပါ။
ကျွန်တော်ရေးတဲ့စာတွေက သူများတွေ မြန်မာပြည်ကြီးကို ချစ်လာအောင်၊ အကျင့်တွေကောင်း လာအောင်၊ လူငယ်တွေ လမ်းမမှားအောင် လူတတ်ကြီးလိုလို ရေးပြနေတာလေ။
နောက်ပိုင်း စာလေးတွေကို လူကြိုက်များလာတော့ ပီတိတွေက ၀င်လာပြီး မပိုင်တဲ့ဟာကို မောင်ပိုင်ကွလို့ အမယ် တစ်ခါတစ်ခါ ကြွေးကြော်ချင်သေး။ မောင်ပိုင်စီးချင်သေး။
ဓမ္မပဒထဲက စာလေးတစ်ခုသတိရမိလိုက်ပါတယ်။
“ သူတစ်ပါးကို ဆုံးမသော နည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏။ မိမိကိုယ်တိုင် ယဉ်ကျေးသော်မှသာ သူတစ်ပါးကို ဆုံးမရာ၏။ မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဉ်းလှစွာ တကား ” တဲ့။
ဟုတ်တယ် ကိုယ့်ကိုယ်ကို ယဉ်ကျေးဖို့ ကိုယ့်ကိုယ်ကို အရင်ပြန်ကြည့်ရမယ်။
ပြန်ကြည့်ရမယ်ဆိုတော့ အရင်တုန်းက လူပြက်တွေပြောတဲ့ စကားတစ်ခုအမှတ်ရမိတယ်။
“ မမြရင်နော်။ ကတာအရမ်းလှတယ်။ မမြရင်ကတာကြည့်လိုက်တာ ကျွန်တော့်မျက်လုံးတွေ ထွက်ကျသွားတယ်။ အဲဒါကောက်တတ်လိုက်တော့ မျက်စံအနက်က အထဲရောက်ပြီး ကိုယ်ဗိုက်ထဲက ချေးတွေမြင်ပြီး အံလိုက်ရတာ ”တဲ့။
အင်း…ကျွန်တော်..မောင်ပိုင်လည်း အပေါ်ယံ ပါကင်လေးတွေတော့ လှပါရဲ့။ အထဲက ချေးတွေ ပြန်မြင်လိုက်ရတော့ ..
ဒီလို့နဲ့ အသိစိတ်ကလေးနဲ့ ပြန်ကြည့်လိုက်တော့….တောထွက်ဖို့ခက်နေတဲ့၊ ကြိုးဖြတ်ဖို့ခက်နေတဲ့ ဟောဒီလောကီထဲက ကာမဂုဏ်အာရုံကြောမှာ နစ်မျောချင်တိုင်း နစ်မျောနေတဲ့ ..
တုစ္ဆမောင်ပိုင်…အချည်းအနှီး၊ အနှစ်မရှိ မောင်ပိုင်ဖြစ်နေပါရောလား…။
ကဲဗျာ မိတ်ဆွေအပေါင်းတိုလည်း ကိုယ့်ကိုယ်ကို ပြန်ကြည့်လို့ ကျွန်တော့်လိုများဖြစ်နေကြရင်ဖြင့်
တုစ္ဆ………………… လို့ဖြည့်လိုက်၊ ခေါ်လိုက်ကြဦးနှော်။

 မောင်ပိုင်
၆-၇-၂၀၁၃။
— with Nanda Htun Htet and 7 others.

ဦးပေါ်ဦးထက် တော်တဲ့သူများ

$
0
0

 Photo: ဦးပေါ်ဦးထက် တော်တဲ့သူများ ………………  “ မင်းတို့ ဒီ label လုပ်တာတောင် အသုံးမကျဘူးလားကွ။ ငါသေချာပြောတယ်။ အမှတ်တရ လက်ဆောင်မဟုတ်ဘူး။ ဂါရ၀လက်ဆောင်ပါဆို။ ခုပြန်လုပ် ”  ဒါကတော့ မထူးဆန်းလှတော့တဲ့ ကျွန်တော်တို့ရုံးထဲက အသံတစ်သံပါ။ လူကြီးခရီးစဉ်ရှိပြီ ဆိုရင်ထုတ်ပိုးရတဲ့ လက်ဆောင်၊ ပေးရတဲ့လက်ဆောင်တွေအတွက် ပြင်ဆင်မှုတွေပါပဲ။  ပစ္စည်းကတော့ စုံလင်တယ်။ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ တစ်နှစ်တစ်ခါဝါကျွတ်လို့ မိဘကန်တော့ရင်တောင် ဒီလိုခြင်းလေးထဲက ပစ္စည်းလောက်မရှိတာ အသေချာ။  ခုကြည့် အရက်တစ်ပုလင်းတင် တစ်သိန်းခွဲနှစ်သိန်း။ ခြင်းကြီးထဲမှာ အားဆေး၊ အချိုရည်၊ ကိတ်၊ အရက်၊ အစုံပါပဲ။  ဒါက လူကြီးတွေအတွက် သူတို့ပြောတဲ့ဂါရ၀လက်ဆောင်ပေါ့ဗျာ။  ကျွန်တော့်မလဲ သူများရမယ့်ပစ္စည်းကို မနာလိုရတာနဲ့၊ သွားရည်ကျရတာနဲ့။ ဒေါသဖြစ်ရတာနဲ့ ခက်ပါတယ်လေ။ …………  တစ်ခါတုန်းက ဦးပေါ်ဦးကို ဘိုးတော်ဘုရားက မေးဖူးတယ်။  “ ဟဲ့ ပေါ်ဦး ဥတကာ့ ဥထဲ ဘယ်ဥကအရသာရှိဆုံးလဲကွယ့် ” ဆိုတော့ ဦးပေါ်ဦးက  “ ဖွတ်ဥပါဘုရား ” လို့ပြန်ဖြေပါတယ်။ ဒါနဲ့ပဲ ဘုရင်ကဆက်မမေးပဲရပ်သွားတယ်။ ဒီတော့ ဦးပေါ်ဦးက မေးခွန်းလေးကို စိတ်ထဲမှတ်ထားတာပေါ့လေ။ ထပ်ပြီးဘယ်အချိန်မေးမလဲလို့။  အဲ အချိန်လေးကြာသွားတဲ့အချိန်မှာ ဘိုးတော်ဘုရားက ကောက်မေးပါလေရဲ့  “ ဟဲ့ ပေါ်ဦး သူ့ချည်းပဲလားဟဲ့ ”  “ ဆားလေးနဲ့ပါဘုရား ” လို့ ဦးပေါ်ဦးက မဆိုင်းမတွ ပြန်လျှောက်တင်သတဲ့။  ဒီတော့ ဘိုးတော်ဦးဝိုင်း စိတ်ကျေနပ်သွားတာပေါ့။ …………  ဒါက ဟိုလူကြီးအတွက်။ ဒါက ဒီလူကြီးအတွက် ဆိုပြီး ပစ္စည်းလေးတွေ သူ့ဟာနဲ့သူခွဲပါတယ်။  “ အဘက ဒါမျိုးမှကြိုက်တာကွ။ ဒီတော့ ကြိုက်တတ်တာလေးတွေ ရွေးဝယ်ပေးရတယ်။ နို့မဟုတ်ရင် သိတဲ့အတိုင်းအထောင်းခံရမှာ ”တဲ့။  ကျွန်တော်စဉ်းစားတယ် ဒီလူကြီးတွေ ခုမှလာတာပါ။ ဘာလို့အကြိုက်သိနေတာလဲပေါ့။ ကိုယ့်လူကြီးအကြိုက်ကို လေ့လာမှုအားကောင်းတယ်ဆိုပြီး ကျွန်တော်ချီးကျူးမိပါတယ်။  ကျွန်တော်ကအလိုက်မသိတတ်ဘူးလေ။  ပြီးတော့ “ ဘယ်လူကြီးကို ငါကသိတယ်ဆိုတာထက် ငါ့ကိုဘယ်လူကြီးကဘယ်လိုသိတာ ဆိုတာက အရေးကြီးတယ်” တဲ့။  လူကြီးကြိုက်အောင်တော့ တမင်မလုပ်တတ်ပါဘူး။ ကိုယ့်အလုပ်မှာ ကိုယ်ကောင်းအောင် လုပ်တယ်။  ဒီတော့ တစ်ချို့လူကြီးတွေက သိတယ်။ မသိသူကမသိဘူး။ ဒါကိစ္စမရှိပါဘူး။ ကိုယ့်ဘက်က ရိုးသားမှန်ကန်နေသ၍ ဘယ်လမ်းဖြစ်ဖြစ်လျှောက်ရဲတယ်မဟုတ်လား။  အဲ…ပြောလိုတာက မေးခွန်းတစ်ခုမေးထားပြီး သူနဲ့ဆက်စပ်တဲ့အရာ လာမှာပဲဆိုပြီး ဦးပေါ်ဦးက ပညာရှိပီပီသိထားတော့ မေးတဲ့အချိန်မှာ ဘုရင်သဘောကျအောင် ပြန်ဖြေနိုင်လိုက်ပါတယ်။  ဟောကြည့်…ခု ဘာမှမပြောရသေး၊ ဘာမှမမေးရသေးပဲ လူကြီးအကြိုက်ကို သူ့ချည်းပဲမဟုတ်ပဲ ပစ္စည်းလေးနဲ့(ဆားကလေးနဲ့) ကြိုတင်စီမံပြီးလုပ်ဆောင်ထားတာက ဦးပေါ်ဦးထက် တော်တဲ့သူတွေများ ဖြစ်နေမလားလို့ပါ။  နောက်အဖြစ်အပျက်တစ်ခုရှိသေးရဲ့မဟုတ်လား။  ဦးပေါ်ဦးက ခြင်္သေ့ကြီးတွေကြည့်ပြီး ပြောမယ် ကြံတုန်း ဘိုးတော်ဘုရားရောက်လာပြီး “ ဟဲ့ ပေါ်ဦး ငါ့ခြင်္သေ့တွေကြည့် မင်းကဘာဝေဖန်မလို့လဲကွ”ဆိုတာ့  “ ဟုတ်ပါဘူးဘုရား ခြင်္သေ့တွေက ဟိုဘက်ကမ်းခုန်ကူးတော့မယ့်အတိုင်းပါပဲ ”တဲ့။ ဒီတော့ ဘုရင် လည်းသဘောခွေ့သွားရဲ့မဟုတ်လား။  အလုပ်တစ်ခုကို အထက်ကချပေးလိုက်ရင် ဦးပေါ်ဦးလိုမဟုတ်တော့ဘူး။ အမှန်အတိုင်း ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ဝေဖန်လေကန်ကြတယ်။  အဲ လူကြီးတကယ်လာစစ်ပြီဆိုရင်တော့ “ သင့်မြတ်လှကြောင်းပါ၊ ကောင်းမွန်လှကြောင်း” ပါပေါ့။ ဟောဒါတင် ဘယ်ကမလဲ ဆားလေးတွေကပါသေးတယ်လေ။ ……………  ဦးပေါ်ဦးကွယ်လွန်တော့ လက်တစ်ဖက် ခေါင်းအပြင်ထုတ်ထားပါသတဲ့။  သူဟာ လူ့လောကကနေ ဘာမှယူမသွားနိုင်ပါဘူးဆိုပြီး တရားပြခဲ့သေးမဟုတ်လား။  ဦးပေါ်ဦးရေ…  ဦးပေါ်ဦးက မယူနိုင်ပေမယ့် သေရင်ယူထားတဲ့ လက်တွေက လေးလွန်းလို့ အထဲမှာ ၀ှက်ပြီးသွားရ တဲ့လူတွေ၊ လက်တွေကို အပြင်ထုတ်မပြရဲပဲ၊ မကောင်းမှုဟာ မကောင်းကြောင်း တရားပြသွားတဲ့ ခုခေတ် လူတွေကိုမြင်ရင်တော့………  အင်း…….. ပေါ်ဦးထက်တော်တဲ့သူတွေ အများကြီးပါလားလို့ တွေးမိရင် …  ဦးပေါ်ဦး ရယ်မလား..ငိုမလားဗျာ………..။  ၆-၇-၂၀၁၃။
 “ မင်းတို့ ဒီ label လုပ်တာတောင် အသုံးမကျဘူးလားကွ။ ငါသေချာပြောတယ်။ အမှတ်တရ လက်ဆောင်မဟုတ်ဘူး။ ဂါရ၀လက်ဆောင်ပါဆို။ ခုပြန်လုပ် ”
ဒါကတော့ မထူးဆန်းလှတော့တဲ့ ကျွန်တော်တို့ရုံးထဲက အသံတစ်သံပါ။ လူကြီးခရီးစဉ်ရှိပြီ ဆိုရင်ထုတ်ပိုးရတဲ့ လက်ဆောင်၊ ပေးရတဲ့လက်ဆောင်တွေအတွက် ပြင်ဆင်မှုတွေပါပဲ။
ပစ္စည်းကတော့ စုံလင်တယ်။ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ တစ်နှစ်တစ်ခါဝါကျွတ်လို့ မိဘကန်တော့ရင်တောင် ဒီလိုခြင်းလေးထဲက ပစ္စည်းလောက်မရှိတာ အသေချာ။
ခုကြည့် အရက်တစ်ပုလင်းတင် တစ်သိန်းခွဲနှစ်သိန်း။ ခြင်းကြီးထဲမှာ အားဆေး၊ အချိုရည်၊ ကိတ်၊ အရက်၊ အစုံပါပဲ။ ဒါက လူကြီးတွေအတွက် သူတို့ပြောတဲ့ဂါရ၀လက်ဆောင်ပေါ့ဗျာ။
ကျွန်တော့်မလဲ သူများရမယ့်ပစ္စည်းကို မနာလိုရတာနဲ့၊ သွားရည်ကျရတာနဲ့။ ဒေါသဖြစ်ရတာနဲ့ ခက်ပါတယ်လေ။
…………
တစ်ခါတုန်းက ဦးပေါ်ဦးကို ဘိုးတော်ဘုရားက မေးဖူးတယ်။
“ ဟဲ့ ပေါ်ဦး ဥတကာ့ ဥထဲ ဘယ်ဥကအရသာရှိဆုံးလဲကွယ့် ” ဆိုတော့ ဦးပေါ်ဦးက
“ ဖွတ်ဥပါဘုရား ” လို့ပြန်ဖြေပါတယ်။ ဒါနဲ့ပဲ ဘုရင်ကဆက်မမေးပဲရပ်သွားတယ်။ ဒီတော့ ဦးပေါ်ဦးက မေးခွန်းလေးကို စိတ်ထဲမှတ်ထားတာပေါ့လေ။ ထပ်ပြီးဘယ်အချိန်မေးမလဲလို့။
အဲ အချိန်လေးကြာသွားတဲ့အချိန်မှာ ဘိုးတော်ဘုရားက ကောက်မေးပါလေရဲ့
“ ဟဲ့ ပေါ်ဦး သူ့ချည်းပဲလားဟဲ့ ”
“ ဆားလေးနဲ့ပါဘုရား ” လို့ ဦးပေါ်ဦးက မဆိုင်းမတွ ပြန်လျှောက်တင်သတဲ့။ ဒီတော့ ဘိုးတော်ဦးဝိုင်း စိတ်ကျေနပ်သွားတာပေါ့။
…………
ဒါက ဟိုလူကြီးအတွက်။ ဒါက ဒီလူကြီးအတွက် ဆိုပြီး ပစ္စည်းလေးတွေ သူ့ဟာနဲ့သူခွဲပါတယ်။
“ အဘက ဒါမျိုးမှကြိုက်တာကွ။ ဒီတော့ ကြိုက်တတ်တာလေးတွေ ရွေးဝယ်ပေးရတယ်။ နို့မဟုတ်ရင် သိတဲ့အတိုင်းအထောင်းခံရမှာ ”တဲ့။
ကျွန်တော်စဉ်းစားတယ် ဒီလူကြီးတွေ ခုမှလာတာပါ။ ဘာလို့အကြိုက်သိနေတာလဲပေါ့။ ကိုယ့်လူကြီးအကြိုက်ကို လေ့လာမှုအားကောင်းတယ်ဆိုပြီး ကျွန်တော်ချီးကျူးမိပါတယ်။
ကျွန်တော်ကအလိုက်မသိတတ်ဘူးလေ။
ပြီးတော့ “ ဘယ်လူကြီးကို ငါကသိတယ်ဆိုတာထက် ငါ့ကိုဘယ်လူကြီးကဘယ်လိုသိတာ ဆိုတာက အရေးကြီးတယ်” တဲ့။
လူကြီးကြိုက်အောင်တော့ တမင်မလုပ်တတ်ပါဘူး။ ကိုယ့်အလုပ်မှာ ကိုယ်ကောင်းအောင် လုပ်တယ်။ ဒီတော့ တစ်ချို့လူကြီးတွေက သိတယ်။ မသိသူကမသိဘူး။ ဒါကိစ္စမရှိပါဘူး။ ကိုယ့်ဘက်က ရိုးသားမှန်ကန်နေသ၍ ဘယ်လမ်းဖြစ်ဖြစ်လျှောက်ရဲတယ်မဟုတ်လား။
အဲ…ပြောလိုတာက မေးခွန်းတစ်ခုမေးထားပြီး သူနဲ့ဆက်စပ်တဲ့အရာ လာမှာပဲဆိုပြီး ဦးပေါ်ဦးက ပညာရှိပီပီသိထားတော့ မေးတဲ့အချိန်မှာ ဘုရင်သဘောကျအောင် ပြန်ဖြေနိုင်လိုက်ပါတယ်။
ဟောကြည့်…ခု ဘာမှမပြောရသေး၊ ဘာမှမမေးရသေးပဲ လူကြီးအကြိုက်ကို သူ့ချည်းပဲမဟုတ်ပဲ ပစ္စည်းလေးနဲ့(ဆားကလေးနဲ့) ကြိုတင်စီမံပြီးလုပ်ဆောင်ထားတာက ဦးပေါ်ဦးထက် တော်တဲ့သူတွေများ ဖြစ်နေမလားလို့ပါ။
နောက်အဖြစ်အပျက်တစ်ခုရှိသေးရဲ့မဟုတ်လား။ ဦးပေါ်ဦးက ခြင်္သေ့ကြီးတွေကြည့်ပြီး ပြောမယ် ကြံတုန်း ဘိုးတော်ဘုရားရောက်လာပြီး “ ဟဲ့ ပေါ်ဦး ငါ့ခြင်္သေ့တွေကြည့် မင်းကဘာဝေဖန်မလို့လဲကွ”ဆိုတာ့
“ ဟုတ်ပါဘူးဘုရား ခြင်္သေ့တွေက ဟိုဘက်ကမ်းခုန်ကူးတော့မယ့်အတိုင်းပါပဲ ”တဲ့။ ဒီတော့ ဘုရင် လည်းသဘောခွေ့သွားရဲ့မဟုတ်လား။
အလုပ်တစ်ခုကို အထက်ကချပေးလိုက်ရင် ဦးပေါ်ဦးလိုမဟုတ်တော့ဘူး။ အမှန်အတိုင်း ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ဝေဖန်လေကန်ကြတယ်။
အဲ လူကြီးတကယ်လာစစ်ပြီဆိုရင်တော့ “ သင့်မြတ်လှကြောင်းပါ၊ ကောင်းမွန်လှကြောင်း” ပါပေါ့။
ဟောဒါတင် ဘယ်ကမလဲ ဆားလေးတွေကပါသေးတယ်လေ။
……………
ဦးပေါ်ဦးကွယ်လွန်တော့ လက်တစ်ဖက် ခေါင်းအပြင်ထုတ်ထားပါသတဲ့။
သူဟာ လူ့လောကကနေ ဘာမှယူမသွားနိုင်ပါဘူးဆိုပြီး တရားပြခဲ့သေးမဟုတ်လား။
ဦးပေါ်ဦးရေ…
ဦးပေါ်ဦးက မယူနိုင်ပေမယ့် သေရင်ယူထားတဲ့ လက်တွေက လေးလွန်းလို့ အထဲမှာ ၀ှက်ပြီးသွားရ တဲ့လူတွေ၊ လက်တွေကို အပြင်ထုတ်မပြရဲပဲ၊ မကောင်းမှုဟာ မကောင်းကြောင်း တရားပြသွားတဲ့ ခုခေတ် လူတွေကိုမြင်ရင်တော့………
အင်း…….. ပေါ်ဦးထက်တော်တဲ့သူတွေ အများကြီးပါလားလို့ တွေးမိရင် …
ဦးပေါ်ဦး ရယ်မလား..ငိုမလားဗျာ………..။

 
 မောင်ပိုင်
၆-၇-၂၀၁၃။
— with Nanda Htun Htet and 7 others.

ဆဲသာ ဆဲပါစေ

$
0
0

 Photo: ဆဲသာဆဲပါစေ …………  “ အဟေ့..ဒီနေ့ ပို့စ်လေးတစ်ခုတင်လိုက်တာ ၀ိုင်းအဆဲခံလိုက်ရတယ် ”  “ အမယ်..မင်းက အဆဲခံရတာ ပျော်နေတယ်ပေါ့ ”  “ ဟုတ်ပါဘူးကွာ..၀ိုင်းဆဲတော့လည်း ဘာကြောင့်ဆိုတာတွေ ထွက်လာတာပေါ့ကွာ၊ ပြီတော့ တခြားသူတွေထဲမှာလဲ ငါတစ်ခါတစ်လေ ၀င်တွယ်သေးတယ်လေ။ ကိုယ့်ဆဲတော့လဲ ခံပေါ့ကွာ ” တဲ့။  ခုတလော့ Facebook ပေါ်မှာ ကိုယ်မကြိုက်တဲ့ အဖွဲ့အစည်း၊ လုပ်ဆောင်ချက်တွေ ဆိုရင် ၀ိုင်းဆွမ်းကြီးလောင်းလိုက်ကျတာ။ နည်းနည်းမှကို မမှားစေနဲ့။ မှားရင်တော့ အတွယ်ခံရပြီအောက်မေ့ တော့။  Facebook ပေါ်မှာ နှုတ်နဲ့ဆဲတာမဟုတ်ပေမယ့် ဆဲပြီဆိုကတည်းက အဲဒီဆဲစကားဟာ စိတ်ကအရင်လာတာပါ။  ဟုတ်တယ် ဆဲတယ်ဆိုတာ အကုသိုလ်ပဲလေ…။ ----------  တစ်ခါက မြင်းခြံဆရာတော်ကြီး ဦးက၀ိ က စွန်းလွန်းဂူကျောင်းမှာ သီတင်းသုံးနေချိန်မှာ ရေခပ် လာတဲ့ အမျိုးသမီးနှစ်ဦး အောင်ကြီးဟစ်ကျယ်နဲ့ စကားများရန်ဖြစ်ကြတယ်။  တစ်ယောက်နဲ့ တစ်ယောက်မကြားမ၀ံသာတွေဆဲကြ၊ ဆိုကြ၊ ဒေါသတွေလာပြီး ရိုက်ပုတ်တဲ့အထိ ဖြစ်လာတယ်။  ဒီတော့ ကျောင်းထဲက ကိုရင်တွေက “ ကျောင်းထဲလာပြီး ရန်ဖြစ်နေရသလား။ မသိသား ဆိုးရွား လှတဲ့ အမျိုးသမီးတွေ ” ဆိုပြီး ပြောကြတယ်။  ဒါကို ဆရာတော်ကြီးကြားသွားတော့ ကိုရင်တွေကို  “ ဟဲ့…ဟဲ့  ဒီလိုမပြောကြ၊ မကဲ့ရဲ့ကြနဲ့၊ ဒေါသတရားရဲ့ ခက်ထန်ပုံ၊ ဆိုးရွားပုံတွေကို တရားလာပြ နေကြတဲ့ ဓမ္မကတိက ဆရာမကြီးတွေလို သဘောထားကြ။  ငှက်ပျောဖီး နှစ်ဖီးယူသွားပြီး တရားပူဇော် လိုက်ကြ ” တဲ့။  ကဲဗျာ…လာဆဲတဲ့သူတွေရှိရင်လဲ…ဖရုဿဝါစာ စကားတွေရဲ့ ကြမ်းတမ်းပုံ..မကြားဝံ့မနာသာ ဖြစ်ပုံကို တွေးပြီး တရားလာပြသူတွေကို အပြုံးလေးတွေနဲ့ ဂုဏ်ပြုလိုက်ကြပါ။ -----------  ဒီလိုပါပဲ မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့မှာ သီတင်းသုံးစဉ်မှာ ဆရာတော်ကြီးရဲက တရားတွေဟာ ဘုရားဟောမညီညွတ်ဘူးဆိုပြီး ..မန္တလေးကရဟန်းပျိုတွေ လာရောက်ကန့်ကွက်ကြပါ တယ်။ ပြောရရင်တော့ ဆန္ဒပြကြတယ်ပေါ့။  ဒီတော့ ဆရာတော်ဘုရားကြီးရဲ့ ဒကာ ဒကာမတွေက တားဖို့ဆီးဖို့ လုပ်တော့ ဆရာတော်ဘုရားကြီးက  “ ကဲ ကဲ ထားလိုက်ကြ။  သူတို့ပြုတဲ့ အကုသိုလ်ဟာ သူတို့ပဲရမှာပါ။ ရှင်းရင်ပြဿနာ ပိုရှုပ်သွားပါ လိမ့်မယ်။  သူများကုသိုလ်သာ ကိုယ်ရအောင်ယူကြ။  သူတစ်ပါး အကုသိုလ် ကိုယ့်အကုသိုလ်မဖြစ်စေနဲ့” တဲ့။  ကျွန်တော်တို့တွေက ထစ်ခနဲရှိ ၀င်တွယ်ချင်ကြတယ်။  ပြီးတော့ နည်းနည်းမှကို အထိမခံဘူး။ ခြေမြန်လက်မြန်ဆိုပြီး တစ်ခါတစ်ခါ ဂုဏ်ယူတတ်ကြသေးတယ်။  တရားသံလေးကြားလို့ သာဓုခေါ်ဖို့ မေ့ချင်မေ့တတ်သေးတယ်။  သူများကုသိုလ် ကိုယ်မျှယူဖို့ ၀င်လေးတတ်ကြတယ်။    လက်ဝှေ့ဝိုင်းကြည့်သလို နှစ်ယောက်သား သူ့ဇောနဲ့သူထိုးကြိတ်နေတာကို ထိုးကွ၊ ကြိတ်ကွ၊ ဟိုလိုထိုးပါလား၊ ဒီလိုထိုးပါလားဆိုပြီး အလကားရတဲ့ အကုသိုလ်ကိုတော့ ပါဆယ်ထုတ်တတ်ကြပါ သေးတယ်။ ---------  ကျွန်တော်တို့တွေက စကားလေးတစ်ခွန်း၊ အဆဲလေးတစ်ခွန်းကို ဘာမှမဖြစ်ပါဘူးဆိုပြီး လက်လွတ်စပယ်ပြောတတ်ကြပါတယ်။  ပြောရင်းပြောရင်း အကျင့်တစ်ခုလို ဖြစ်သွားရင်တော့သွားပြီ။  တောရွာတစ်ခုမှာ ငါ့ချီး.တဲ့မှပဲ ဆိုပြီး စကားပြောရင် အကျင့်တစ်ခုလိုဖြစ်နေတဲ့ လူငယ်တစ်ဦး ရှိတယ်။ သူကို ပြုပြင်ဖို့ ဆိုပြီး လူတစ်ဦးက အလောင်းအစားလုပ်ပါတယ်။  ဘာလဲဆိုရင် အဲဒီစကား မပါပဲနေ့တစ်ဝက်နေနိုင်ရင် နွားတစ်ရှဉ်းပေးမယ်ကွာတဲ့။  ဒါနဲ့ လူငယ်က စကားပြောရင်း သတိထားပြီးပြောလာလိုက်တာ နေ့တစ်ဝက်ကုန်ဖို့ သိပ်မလိုတော့ ပါဘူး။  လူငယ်က အချိန်ကုန်ပြီး နွားတစ်ရှဉ်းရတော့မှာဆိုတော့ ပျော်ပြီး ၀မ်းသာအားရနဲ့ “ ငါ့ချီး..တဲ့မှပဲ နွားတစ်ရှဉ်းရတော့မယ် ”တဲ့။  ဟုတ်တယ်။  အဆဲလေးပါမှ ပြောတတ်ကြတဲ့လူတွေလည်းရှိသေးတယ်။  ဒါလေးတွေက အမှုမဲ့ အမှတ်မဲ့နဲ့ ကိုယ်အတွက် အကုသိုလ်အထုတ်အပိုးကြီး ဖြစ်သွားတတ်ပါတယ်။ --------  တစ်ခါတုန်းက ဘုရားရှင်ကို ပုဏ္ဏားတစ်ဦးက ကြမ်းတမ်းသောစကားတွေနဲ့၊ ဆဲခဲ့ဘူးတယ်။ ဘုရားရှင်က ဘယ်လိုမိန့်ဆိုသလဲဆိုရင် “ အသင်ပုဏ္ဏား သင်ပြောသောစကား ငါမယူ၊ လက်မခံ” တဲ့။  ပစ္စည်းတစ်ခုကို ပေးပေမယ့် လက်ခံသူက မယူရင် အဲဒီပစ္စည်းက ပေးသူလက်ထဲမှာပဲရှိနေမှာပါ။  အပြင်လောကမှာ ဆဲသံကြားရင် “ အသံအာရုံ နားရုပ်ထိတော့၊ ကြားသိစိတ်ဓာတ် ပေါ်လာတယ်” ဆိုပြီး ကြားတာလေးကိုရပ်။ ကိုယ်က ကြားတဲ့အာရုံနောက်လိုက်ပြီး မတွေးမိပါစေနဲ့။  ဒီလိုပဲ Facebook ပေါ်မှာ ဆဲတာလေးမြင်ရင် “ အဆင်းအာရုံ မျက်စိထိတော့၊ မြင်သိစိတ်ဓာတ် ပေါ်လာတယ် ” ဆိုပြီး မြင်တာလေးကို ဖတ်တာနဲ့ရပ်။   သူအဆဲနောက်ကိုယ်လိုက်ရင် ကိုယ်လဲဆဲမိမှာပဲ။  ဆက်မလိုက်ပဲ ဆဲတာလေးကိုရပ်ပြီး သူအဆဲကို ကိုယ်ကလက်မခံပါနဲ့။  ဒီတော့ ကျွန်တော်တို့ကို ဆဲတဲ့ စကားဟာ ကျွန်တော်တို့ လက်မခံရင် ကျွန်တော်တို့မရပါဘူး။   သူဆဲရင် သူသာအကုသိုလ်ဖြစ်တာပါ။ ကိုယ်ဆဲရင်လည်း ကိုယ်ပဲအကုသိုလ်ဖြစ်တာပါ။  အဆဲခံရလို့ အသားမနာသွားသလို ပစ္စည်းဥစ္စာလျော့မသွားပါဘူး။  ဒီလိုပဲ ကိုယ့်ကုသိုလ်လေးတွေလျော့မသွားဖို့လိုပါတယ်။ ---------  “ သူငယ်ချင်း မင်းလည်းအဆဲခံရတယ်။ ပြီးတော့ မင်းလည်းသူတစ်ပါးကို ၀င်ဆဲတတ်တယ်”  “ အေးလေ ”  “ မင်းစဉ်းစားကြည့်နော်။ မင်းအဆဲခံရင် မင်းအသားပဲ့ပါသွားသလား။ မင်းရှိနေတဲ့ ဥစ္စာလျော့ သွားသလား။ ဘာမှ မဖြစ်ပါဘူး။ ဒီလိုပဲ မင်းကဆဲရင်လည်း သူမှာ ဘာမှမဖြစ်ပါဘူး။ ဒါဆိုရင် အဲဒီဆဲ လိုက်တာက ဆဲသူပဲရတာပါ ”  ဟုတ်တယ် ဒီတော့ ဆဲသာဆဲပါစေ သို့သော်….လက်မခံလိုက်ပါနဲ့ကွာ…။  ၆-၇-၂၀၁၃။
 “ အဟေ့..ဒီနေ့ ပို့စ်လေးတစ်ခုတင်လိုက်တာ ၀ိုင်းအဆဲခံလိုက်ရတယ် ”
“ အမယ်..မင်းက အဆဲခံရတာ ပျော်နေတယ်ပေါ့ ”
“ ဟုတ်ပါဘူးကွာ..၀ိုင်းဆဲတော့လည်း ဘာကြောင့်ဆိုတာတွေ ထွက်လာတာပေါ့ကွာ၊ ပြီတော့ တခြားသူတွေထဲမှာလဲ ငါတစ်ခါတစ်လေ ၀င်တွယ်သေးတယ်လေ။ ကိုယ့်ဆဲတော့လဲ ခံပေါ့ကွာ ” တဲ့။
ခုတလော့ Facebook ပေါ်မှာ ကိုယ်မကြိုက်တဲ့ အဖွဲ့အစည်း၊ လုပ်ဆောင်ချက်တွေ ဆိုရင် ၀ိုင်းဆွမ်းကြီးလောင်းလိုက်ကျတာ။ နည်းနည်းမှကို မမှားစေနဲ့။ မှားရင်တော့ အတွယ်ခံရပြီအောက်မေ့ တော့။
Facebook ပေါ်မှာ နှုတ်နဲ့ဆဲတာမဟုတ်ပေမယ့် ဆဲပြီဆိုကတည်းက အဲဒီဆဲစကားဟာ စိတ်ကအရင်လာတာပါ။
ဟုတ်တယ် ဆဲတယ်ဆိုတာ အကုသိုလ်ပဲလေ…။
----------
တစ်ခါက မြင်းခြံဆရာတော်ကြီး ဦးက၀ိ က စွန်းလွန်းဂူကျောင်းမှာ သီတင်းသုံးနေချိန်မှာ ရေခပ် လာတဲ့ အမျိုးသမီးနှစ်ဦး အောင်ကြီးဟစ်ကျယ်နဲ့ စကားများရန်ဖြစ်ကြတယ်။
တစ်ယောက်နဲ့ တစ်ယောက်မကြားမ၀ံသာတွေဆဲကြ၊ ဆိုကြ၊ ဒေါသတွေလာပြီး ရိုက်ပုတ်တဲ့အထိ ဖြစ်လာတယ်။
ဒီတော့ ကျောင်းထဲက ကိုရင်တွေက “ ကျောင်းထဲလာပြီး ရန်ဖြစ်နေရသလား။ မသိသား ဆိုးရွား လှတဲ့ အမျိုးသမီးတွေ ” ဆိုပြီး ပြောကြတယ်။
ဒါကို ဆရာတော်ကြီးကြားသွားတော့ ကိုရင်တွေကို
“ ဟဲ့…ဟဲ့ ဒီလိုမပြောကြ၊ မကဲ့ရဲ့ကြနဲ့၊ ဒေါသတရားရဲ့ ခက်ထန်ပုံ၊ ဆိုးရွားပုံတွေကို တရားလာပြ နေကြတဲ့ ဓမ္မကတိက ဆရာမကြီးတွေလို သဘောထားကြ။ ငှက်ပျောဖီး နှစ်ဖီးယူသွားပြီး တရားပူဇော် လိုက်ကြ ” တဲ့။
ကဲဗျာ…လာဆဲတဲ့သူတွေရှိရင်လဲ…ဖရုဿဝါစာ စကားတွေရဲ့ ကြမ်းတမ်းပုံ..မကြားဝံ့မနာသာ ဖြစ်ပုံကို တွေးပြီး တရားလာပြသူတွေကို အပြုံးလေးတွေနဲ့ ဂုဏ်ပြုလိုက်ကြပါ။
-----------
ဒီလိုပါပဲ မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့မှာ သီတင်းသုံးစဉ်မှာ ဆရာတော်ကြီးရဲက တရားတွေဟာ ဘုရားဟောမညီညွတ်ဘူးဆိုပြီး ..မန္တလေးကရဟန်းပျိုတွေ လာရောက်ကန့်ကွက်ကြပါ တယ်။ ပြောရရင်တော့ ဆန္ဒပြကြတယ်ပေါ့။ ဒီတော့ ဆရာတော်ဘုရားကြီးရဲ့ ဒကာ ဒကာမတွေက တားဖို့ဆီးဖို့ လုပ်တော့ ဆရာတော်ဘုရားကြီးက
“ ကဲ ကဲ ထားလိုက်ကြ။ သူတို့ပြုတဲ့ အကုသိုလ်ဟာ သူတို့ပဲရမှာပါ။ ရှင်းရင်ပြဿနာ ပိုရှုပ်သွားပါ လိမ့်မယ်။ သူများကုသိုလ်သာ ကိုယ်ရအောင်ယူကြ။ သူတစ်ပါး အကုသိုလ် ကိုယ့်အကုသိုလ်မဖြစ်စေနဲ့” တဲ့။
ကျွန်တော်တို့တွေက ထစ်ခနဲရှိ ၀င်တွယ်ချင်ကြတယ်။ ပြီးတော့ နည်းနည်းမှကို အထိမခံဘူး။ ခြေမြန်လက်မြန်ဆိုပြီး တစ်ခါတစ်ခါ ဂုဏ်ယူတတ်ကြသေးတယ်။
တရားသံလေးကြားလို့ သာဓုခေါ်ဖို့ မေ့ချင်မေ့တတ်သေးတယ်။ သူများကုသိုလ် ကိုယ်မျှယူဖို့ ၀င်လေးတတ်ကြတယ်။
လက်ဝှေ့ဝိုင်းကြည့်သလို နှစ်ယောက်သား သူ့ဇောနဲ့သူထိုးကြိတ်နေတာကို ထိုးကွ၊ ကြိတ်ကွ၊ ဟိုလိုထိုးပါလား၊ ဒီလိုထိုးပါလားဆိုပြီး အလကားရတဲ့ အကုသိုလ်ကိုတော့ ပါဆယ်ထုတ်တတ်ကြပါ သေးတယ်။
---------
ကျွန်တော်တို့တွေက စကားလေးတစ်ခွန်း၊ အဆဲလေးတစ်ခွန်းကို ဘာမှမဖြစ်ပါဘူးဆိုပြီး လက်လွတ်စပယ်ပြောတတ်ကြပါတယ်။ ပြောရင်းပြောရင်း အကျင့်တစ်ခုလို ဖြစ်သွားရင်တော့သွားပြီ။
တောရွာတစ်ခုမှာ ငါ့ချီး.တဲ့မှပဲ ဆိုပြီး စကားပြောရင် အကျင့်တစ်ခုလိုဖြစ်နေတဲ့ လူငယ်တစ်ဦး ရှိတယ်။ သူကို ပြုပြင်ဖို့ ဆိုပြီး လူတစ်ဦးက အလောင်းအစားလုပ်ပါတယ်။ ဘာလဲဆိုရင် အဲဒီစကား မပါပဲနေ့တစ်ဝက်နေနိုင်ရင် နွားတစ်ရှဉ်းပေးမယ်ကွာတဲ့။
ဒါနဲ့ လူငယ်က စကားပြောရင်း သတိထားပြီးပြောလာလိုက်တာ နေ့တစ်ဝက်ကုန်ဖို့ သိပ်မလိုတော့ ပါဘူး။ လူငယ်က အချိန်ကုန်ပြီး နွားတစ်ရှဉ်းရတော့မှာဆိုတော့ ပျော်ပြီး ၀မ်းသာအားရနဲ့ “ ငါ့ချီး..တဲ့မှပဲ နွားတစ်ရှဉ်းရတော့မယ် ”တဲ့။
ဟုတ်တယ်။ အဆဲလေးပါမှ ပြောတတ်ကြတဲ့လူတွေလည်းရှိသေးတယ်။ ဒါလေးတွေက အမှုမဲ့ အမှတ်မဲ့နဲ့ ကိုယ်အတွက် အကုသိုလ်အထုတ်အပိုးကြီး ဖြစ်သွားတတ်ပါတယ်။
--------
တစ်ခါတုန်းက ဘုရားရှင်ကို ပုဏ္ဏားတစ်ဦးက ကြမ်းတမ်းသောစကားတွေနဲ့၊ ဆဲခဲ့ဘူးတယ်။ ဘုရားရှင်က ဘယ်လိုမိန့်ဆိုသလဲဆိုရင် “ အသင်ပုဏ္ဏား သင်ပြောသောစကား ငါမယူ၊ လက်မခံ” တဲ့။
ပစ္စည်းတစ်ခုကို ပေးပေမယ့် လက်ခံသူက မယူရင် အဲဒီပစ္စည်းက ပေးသူလက်ထဲမှာပဲရှိနေမှာပါ။
အပြင်လောကမှာ ဆဲသံကြားရင် “ အသံအာရုံ နားရုပ်ထိတော့၊ ကြားသိစိတ်ဓာတ် ပေါ်လာတယ်” ဆိုပြီး ကြားတာလေးကိုရပ်။ ကိုယ်က ကြားတဲ့အာရုံနောက်လိုက်ပြီး မတွေးမိပါစေနဲ့။
ဒီလိုပဲ Facebook ပေါ်မှာ ဆဲတာလေးမြင်ရင် “ အဆင်းအာရုံ မျက်စိထိတော့၊ မြင်သိစိတ်ဓာတ် ပေါ်လာတယ် ” ဆိုပြီး မြင်တာလေးကို ဖတ်တာနဲ့ရပ်။
သူအဆဲနောက်ကိုယ်လိုက်ရင် ကိုယ်လဲဆဲမိမှာပဲ။ ဆက်မလိုက်ပဲ ဆဲတာလေးကိုရပ်ပြီး သူအဆဲကို ကိုယ်ကလက်မခံပါနဲ့။
ဒီတော့ ကျွန်တော်တို့ကို ဆဲတဲ့ စကားဟာ ကျွန်တော်တို့ လက်မခံရင် ကျွန်တော်တို့မရပါဘူး။
သူဆဲရင် သူသာအကုသိုလ်ဖြစ်တာပါ။ ကိုယ်ဆဲရင်လည်း ကိုယ်ပဲအကုသိုလ်ဖြစ်တာပါ။
အဆဲခံရလို့ အသားမနာသွားသလို ပစ္စည်းဥစ္စာလျော့မသွားပါဘူး။
ဒီလိုပဲ ကိုယ့်ကုသိုလ်လေးတွေလျော့မသွားဖို့လိုပါတယ်။
---------
“ သူငယ်ချင်း မင်းလည်းအဆဲခံရတယ်။ ပြီးတော့ မင်းလည်းသူတစ်ပါးကို ၀င်ဆဲတတ်တယ်”
“ အေးလေ ”
“ မင်းစဉ်းစားကြည့်နော်။ မင်းအဆဲခံရင် မင်းအသားပဲ့ပါသွားသလား။ မင်းရှိနေတဲ့ ဥစ္စာလျော့ သွားသလား။ ဘာမှ မဖြစ်ပါဘူး။ ဒီလိုပဲ မင်းကဆဲရင်လည်း သူမှာ ဘာမှမဖြစ်ပါဘူး။ ဒါဆိုရင် အဲဒီဆဲ လိုက်တာက ဆဲသူပဲရတာပါ ”
ဟုတ်တယ် ဒီတော့ ဆဲသာဆဲပါစေ သို့သော်….လက်မခံလိုက်ပါနဲ့ကွာ…။

 
 မောင်ပိုင်
၆-၇-၂၀၁၃။
— with Thanda Win and 23 others.

လူငယ် နဲ့ ရေကြောင်း..(၃)။

$
0
0



လူငယ် နဲ့ ရေကြောင်း..(၃)။
-------------------------------- Yar Zu

ကုန်း ၃ ဘ၀ ။ ၁၉၉၁- ၁၉၉၂

တတိယ အရာရှိ ဘ၀ ကို ကျနော့် အိပ်ကပ် ထဲ မှာ စင်ကာပူ ဒေါ်လာ ၁၀၀ နဲ့ စခဲ့ပါတယ်။
ပထမ ဆုံး အရာ ရှိ အဖြစ် နဲ့ သင်္ဘော ဂျွိုင်း တော့ မိုင်ယာမီ ကိုရောက် ဖို့ အဆင့် ဆင့် လေယဉ်စီး ရတဲ့ အခါ
အမေရိကန် ပြည်တွင်း ဖလိုက် မှာအသားရောင် ခွဲခြား ခံရပါတယ်။



ဘေးက အဖြူ ကောင် အမေရိကန် က ကျနော် နဲ့ မထိုင် ချင် ဘူး လေယဉ်မယ် ကိုတိုင် တယ်
အလည်ခုံ မှာ ကျတဲ့ ကျနော့် ကို အတ္တဘောကြီးက လက် တင် ခုံကို အပြည့် ယူထားပြီး နဲနဲလေး
ထိတာနဲ့ တစ်တောင် နဲ့ တွက် ပါတယ်။ တော်တော် သီးခံခဲ့ရသလို စိတ်အားငယ်နေတဲ့ ကြားထဲ ပိုစိတ်ညစ် ခဲ့ရတယ် ။
ပြော ပြချင်တာ က အမေရိက လိုနိုင် ငံမှာတောင် ဒီမိုကရေစီ တို့ လူ့ အခွင့်ရေးတို့ ဆိုတာမပြတ်သားပါဘူးလို့။

သင်္ဘော က ၃ရက် နောက် ကျ လို့ Miami ကမ်းခြေ ကြီး မှာ နေနေရပေမဲ့ ပိုက် ဆံ မရှိ လို့ ဟော်တယ်မှာ ဘဲ အိပ် နေမိပါတယ်။
သင်္ဘောပေါ် ရောက်တော့လဲ အသက် ငယ်လွန်း တဲ့ အရာရှိကို
ကုလား သူကြီးက သူ့ မျက် မှန်အောက်ကနေ စိုးရိမ်မကင်းတဲ့ မျက် လုံးတွေ နဲ့ ကြည့်ရှာတယ်။
သင်္ဘောက ကွန် တိန်နာ သင်္ဘော အကြီး အဟောင်း ပါ အရင် Steam Ship ကို ပြောင်းထားတဲ့ ခါးဆက် ထားတဲ့ သင်္ဘော
ပေမဲ့ Stabilizer ပါတဲ့ သင်္ဘောကြီး ဖြစ် နေပါတယ်။အတွေ့ အကြုံ သစ်တွေ များစွာ ရခဲ့တယ်။

အရာရှိချုပ် နဲ့ စစဦးမှာရန်စဖြစ်ပါတယ် ကျနော်တို့ က NOL မှာ Cadet ပေမဲ့ Watch ယူရင် စဆုံးဒေါင့်စေ့အောင်လုပ်ပြီ
အရာရှိက ဆိုင်းလာထိုးရုံ သက်သက် ပါ အလုပ် ကျွမ်း ကျင် ပြီးသာ တွေ ပါ။

ရန်ဖြစ်ရတာက Walkie Talkie ကနေ ကျနော် ကို ကွန် တိန်နာအောက် က ကျန်နေတဲ့Lashing Gear တွေ သယ်ခိုင်းလို့ပါ
ဒါ ကျနော့် အလုပ် မဟုတ် တဲ့ အပြင် အသက် အန္တရယ် ရှိ လို့ ဘကုန်း ကုလား ကို ပြန်ပြောမိတော့
ပွဲ ကြီး ပွဲကောင်း ဖြစ် ပြီ ထင်ပေမဲ့ နောက် ၃ ရက် မှာသူဆင်းပြီး စလုံး ကုန်းကြောင်တက် လာတာနဲ့ တစ်ခန်းရပ်သွားတယ်။

ပြသနာကတော့ Crew တွေ အားလုံး ဟာ အင်မတန် ပြောဆို ရခက် တဲ့ စလုံးတွေ ဖြစ်နေတယ် ။
ဂျူတီ စယူတဲ့ Departure station မှာ ရန်စဖြစ်ပါတယ်။ သင်္ဘောသားက မလေးလူမျိုး ပါ ..
သူ Heaving Line ပစ် လို့ ကမ်းမရောက်တာ ကို ကျနော့် ကြောင့်လို့ ရမယ်ရှာပြီး ခလေးသာသာ
ကျနော့် ကို ပြသနာ ရှာ လို့ ရန်ဖြစ် ကြတယ် သူက ရင်ဘတ် ကို လက် သီးနဲ့ ထိုးတော့
ကျနော်က သူ့ ကို လက်တုန့် မပြန်ဘူး ကြောက်လဲမကြောက်ဘူး ..ပြန်ထိုးရင် ၂ယောက် လုံး အလုပ် ပြုတ် မှာသိလို့
မင်း ကို တရားဝင် အရေးယူမယ်ဆိုတော့ ...အရပ် ၆ပေလောက် ရှိတဲ့ ကောင်က ကြောက်ပြီး ဘိုဆင် ကို ပြေးတိုင်တယ်။

အရာရှိကို ကိုထိလက် ရောက် ကျူး လွန် တော့ ဘိုဆင် ကလည်း ကျနော့် ကို တောင်းပန်ပေမဲ့ ဦးစီးမှူး ကို အကျိုးကြောင်းပြောတော့
အေဘီ ကောင်က ရှစ် ခိုးမတတ် တောင်းပန်တာနဲ့ ကြေ အေး ပေးလိုက် ပါတယ်..

နောက် ပိုင်း သင်္ဘောသားတွေ တစ်ကောင်မှ ပြသနာ မရှာတော့ ပေ ...
သင်္ဘော က USA Coast မှာ ဆိပ် ကမ်းတွေ ၀င် ထွက် ရင်းနဲ့ အသားကျ လာချိန်မှာဘဲ
သင်္ဘော က ကုန်းနှစ် ရေကျောက် ပေါက် လို့ နောက် ဆုံး ဆိပ် ကမ်းမှာ အရေးပေါ် ဆင်းတာက နေ ရှောင် တစ်ခင် ကုန်း နှစ် နေရာ ယူရပြန်တယ်။

သူကြီးက ၈-၁၂ ကို ယူ လိုက် ရတော့ ညဘက် တွေ Atlantic ဖြတ် တော့ ကျနော့် ကို လွှတ်ပေးထားရင်းနဲ့ ဘဲ ယုံကြည်မှု ရသွားတယ်
ကျနော် ကတော့ ဂျူတီ ယူချိန် တိုင်း ချွေးပျံနေဆဲ ပါဘဲ သင်္ဘောတွေ ဆို ၁၅ မိုင် လောက် ထဲ က ကြောက်ပြီးရှောင် နေမိတယ်...
အဲဒီလိုနဲ့ အန္တလန် တိတ်ကိုဖြတ် မြေထဲ ပင်လယ် ကိုကျော် ဆူးအက်ရောက်မှ ကုန်းနှစ် အသစ်ရောက်လာတယ်။

အဲဒီသင်္ဘောမှာ အရာရှိပါးဝရုံတင်မက ဘူးနာမည်ကောင်းလက် မှတ် ရလာတော့ သူကြီး က မင်းတော် တယ် ကွန်တိန်နာထက် သာတဲ့
ရေနံတင် တင် သင်္ဘော တွေ ပေါ် သွားဘို့ Recommend ပေးမယ် ရုံး မှာသွားတောင်း ဆို တာနဲ့
သင်္ဘောအဆင်းမှာ ၅ စီးထဲ ရှိ တဲ့ ရေနံတင် သင်္ဘောတွေ ကို တက် ရဘို့ တောင်းဆို တာ ကို ရုံး ကလိုက်ရော လိုက် လို့
ကျနော့် ဘ၀ ရဲ့ ပထမ အမှား ဖြစ် သွားပါတော့တယ်။

ကြားထဲ မှာ ကွန်တိန် နာ Feeder တစ်စီးမှာ ၂လ လိုက် ပေးရတယ် ကျနော် တို့ လိုင်း က အဆိုးဆုံး သူကြီး ရဲ့ ချီးမွမ်းခံရလို့
ကျနော် ရဲ့ တက် ကြွမှူတွေ ဟာ အမြင် ကပ် စရာ ကောင်းလောက် အောင် နထင် ကိုသွေးရောက်စေခဲ့တယ်။
ဒါပေမဲ့ ပထမဆုံး ရေနံတင် သင်္ဘောကြီးပေါ် ခြေ ချ မိလိုက် ကတည်းက အမှားကြီးမှားသွားတာကို သိလိုက် ရတော့တယ်။

သူကြီးက အင်္ဂလိပ် ရေနံတင် သင်္ဘော ကို သေချာ မလိုက် ဖူး ဘဲ တက်နေတဲ့ အာဝါးဒါး
ကုန်းကြောင်က မလေး ကုလား ကျနော့် ကို စတက် ကတည်း က ရေနံတင် သင်္ဘောမှာ အလုပ် သင် နဲ့ မလိုက် ဖူး လို့
သူကျနော့် ကို အလိုမရှိ ကြောင်းတွင် တွင် ပြောပြီးဘာမှ မသင်ပေးချင်သူ
ကုန်းနှစ် က စလုံး ဘိုကပြား ကျနော့် ကို အဖက် လုပ် စကားမပြောတော့ အားကိုးမရှိ ဖြစ် ပြီး
သူကြီးက ကျနော့် ကို အမြန်ဆုံး အလုပ် က ဖြုတ် ဘို့ အနည်းဆုံး ကွန် တိန် နာ ကို ပြန် ပြောင်းစေဖို့ ဖိအားစပေးပါတယ်။

ပထမ ၂ လ မှာ အလူးအလဲ အနှိပ်စက် ခံရပြီး မလေးကုလား ကုန်းချုပ် ဆင်းသွားတော့မှ အသစ်ရောက်လာတဲ့ ပြည်ကြီး ကုလား
ကုန်းကြောင် ငယ်ငယ်လေး က ကျနော်နဲ့နောက် ပိုင်း မှာ ညီအစ်ကို လိုခင် မင် သွားရာကနေ သူ့ ဆီ က Tanker ပညာရက်တွေ များစွာ
သိလာရပါတော့တယ်။

သူကလဲ ပွင့်ပွင့် လင်းလင်းပြောပါတယ် ဆီတင် သင်္ဘော မှာ အလုပ် သင် မလုပ် ဘူးလို့ Tanker မှာ စီနီယာ အရာရှိ ဖြစ် လာရင်
ကျနော့် အတွက် အခက် ခဲတွေ ဖြစ် လာနိုင် တဲ့ အကြောင်းပြောတော့ တော် တော် စိတ်ဓါတ် ကျသွားပါတယ်။
ဒုတိယ ဆီတင် သင်္ဘော အတက် မှာ ရာထူးတိုးပါတယ် ကုန်းနှစ် ဖြစ် လေပြီ။

ကုန်း (၂) ဘ၀ (ဆယ်နှစ်တာ ) ၁၉၉၃-၂၀၀၃

တတိယ ဆီသင်္ဘော ကိုတော့ VLCC လို့ ခေါ်တဲ့ ရေနံစိမ်း တင် သင်္ဘော ကြီး စလုံး Registry ရဲ့ အကြီးဆုံး သင်္ဘော ကိုတက် ရတာပါ။
ကျနော့် အစ်ကို လိုခင် တဲ့ ကုန်းကြောင် က အသက် ၂၉ နှစ် နဲ့ အဲဒီသင်္ဘော မှာ သူကြီး ဖြစ် နေလေ တော့
သူဆီက ကွန်ပြူတာ ပညာတွေပါထပ်ရပြန်တယ်။ Tanker ကို Junior အရာရှိ ကိစ္စ ကျွမ်း ကျင် လာပေမဲ့ အားရစရာတော့ မကောင်းလှပါဘူး။
တတ်နိုင်သလောက် သင်ယူပေမဲ့ Navigation Duties တွေ ယူနေရတာနဲ့ Daily Routine Task တွေ ထဲထဲ နက် နက် မသင်ယူနိုင်ခဲ့ဘူး
သူကြီးက တော့ နောက် ပိုင်း မှာ Computer ပညာ ရပ် ကို အရမ်း စိတ် ၀င်စား သွားပြီး သူကြီးဘ၀ ကိုစွန့် ပြီး IT ပညာရှင်ဖြစ်သွား
ပါတယ်။

၁၉၉၃ မှာ ကျနော် မင်္ဂလာဆောင် ဖြစ် ပါတယ် မင်္ဂဆောင် တဲ့ နေ့မှာ ဘဲ Lazy Club Music Band ကို ဖွဲ့ ခဲ့ ပါတယ်။
ငယ်ငယ် က၀ါသနာ ပါခဲ့ တဲ့ တေးဂီတ လောက ကို မြေ စမ်း ခရမ်း ပျိုး နေပါပြီ။

ရေကြောင်း အလုပ် မှာ လဲ Seatime က လဲ ကုန်းကြောင် စာမေးပွဲဖြေဖို့ အချိန် စေ့ နေပါပြီ
Singapore Poly မှာ အခု ကျောင်းဆရာလုပ် နေတဲ့
ကို အောင်အောင် လွင် က ကျနော့်ထက် စီနီယာ ကျ ပေမဲ့ သူ နဲ့ အတူ Class 2 စာမေးပွဲ အတူတူဖြေ ဖို့၁၉၉၄ မှာ စာရင်းပေးခဲ့ပေမဲ့
Maersk ရုံး က Scholarship မပေး ခဲ့ သလို ကျနော့် ကို မြန်မာတွေ ကို အရာရှိ ချုပ် ရာထူး တိုးပေးဘို့ ကုမဏီ က မစဉ်းစားသေးကြောင်းကို ပါ
အကြောင်းကြားလာခဲ့လေတော့ ကျနော် တော်တော် စိတ်ဓါတ်ကျ သွားပါတော့တယ်။
သူကတော့ Singapore ကို Cancel လုပ် ပြီး Australia မှာ စာမေးပွဲ တစ်နှစ် ကြာ သွားဖြေ ခဲ့ ပါတယ်။

ကျနော် စာမေးပွဲ မဖြေ ဖြစ်တော့ ပါဘဲ ကလေးတစ်ယောက် ရလာတာ ဘဲ အဖတ် တင် ပါတယ်။
စာမေးပွဲ အကြောင်းပြပြီး ရန်ကုန်မှာ ၁၃ လ ထိုင်စားလိုက်တယ်။
နောက် တော့ ဆီ သင်္ဘော ကိုပြန် တက် ပြန်တယ် အခု ရေကြောင်းမှာ စာပြနေတဲ့ Capt သန့်ဇင် က ဒုတိယအရာရှိ ဖြစ် နေပြီ သူ့ ကို
သွားလဲရတယ် ...Singapore OPL မှာ လက် ဆွဲ နုတ်ဆက် ပြီး Hand Over လုပ် ရတာပါ..

၁၉၉၅ မှာ နိုင်ငံတစ်ကာမှာ မြန်မာနိုင် ငံကို ပိတ်ဆို့ မှူတွေ ပြုလုပ် လာနေတဲ့ အပြင် ...
ရေနံ တင် သင်္ဘော တွေ မှာ သင်္ဘော တိုက်တာ ရယ် ...သင်္ဘော ဆီ ကန် ကြီး ရှုံ့ သွားတာရယ် လူ ၃ ယောက် သေတာရယ် ဆက် တိုက် ဖြစ် ပွားခဲတယ်
Accident ၃ ခုလုံး မှာ မြန်မာ အရာရှိ တွေ ပရော ဂ မပါပေမဲ့ ကျနော် တို့ Maersk Tanker ကို Charter ယူတဲ့ ဂျပန် ကုမဏီ က သူတို့ သင်္ဘောမှာ မြန်မာ သင်္ဘော အရာရှိတွေ မထားစေချင်တာရယ်
လူမျိုး စုံ ရင် Accident များ လို့ လူ မျိုး လျှော့ပေးရန် တောင်းဆို လာတာနဲ့
အရာရှိ ကို ပြည်ကြီး ကုလား သင်္ဘောသားကို ဖိလစ် ပီ နို တွေ ကိုဘဲ ထားပြီး
ကျနော် တို့ မြန်မာ အရာ ရှိ အားလုံး ကို သင်္ဘော ပြောင်းစေခဲ့တာ နဲ့ ကျနော် လဲ အလုပ် သင် ဘ၀ က လိုက် ဖူးတဲ့ Bulk Carrier သင်္ဘောတွေ ဘက် ကို ပြန် ရောက်ရှိ သွားပါတော့တယ်။

ရှေ့ တက် ရန် လမ်းမရှိ တဲ့ ဘ၀ မှာ လူတစ်ကာနဲ့ ရန်ဖြစ် လာတယ်။
ကုန်းနှစ် သက်တမ်းကြာလာတာနဲ့ အမျှ ကုန်းချုပ်တွေ ကို ကောင်းကောင်း လိုက်စားပြီး သူကြီးတွေ ကို အိပ် ထဲ ထည့် ထားနိုင်လာတယ်။

၁၉၉၆ မှာ Bulk Carrier သင်္ဘောပေါ် မှာ အမှု ထမ်းနေတုန်း အဖေ ဆုံး တယ် ..
( ၁၉၉၆ Maersk Serangoon သင်္ဘော အကြောင်း ရေ ပြီး)

ကျနော် သင်္ဘော မလိုက် ချင်တော့ တဲ့ အပြင်
တည်ထောင်ထားတဲ့ တေးသံသွင်း နဲ့ တေးထုတ် လုပ်ရေး ကအောင်မြင်လာတော့ ကုန်းနှစ် လစာ ကို မမက် မောတော့ ဘူး
၁၉၉၇ မှာ စာမေးပွဲ ဖြေ မယ် ဆို ပြီး ကုမဏီ မှာ ခွင့် ရက်ရှည် တင် တယ် ...
၁၉၉၇-၁၉၉၉ ရန်ကုန် မြေ မှာ ထွန်းကြည်..ကျော်ဘ ခေတ် မှာ Lazy Club Band ပဉ္စသိင်္ခ တေးသံသွင်း နဲ့ အတူ ၂နှစ် ကြာ စီးဝင်မျော ခဲ့ပြီး
လှည်းတန်း ပြည်လမ်း မျက် နှာစာ တန်း က အမှတ် ၅၃၅ စီ ပြည်လမ်း မြေညီထပ် ဆိုင်းခန်း ကို ၄၅ သိန်း နဲ့ ၀ယ်ယူ ဖို့ သင်္ဘော ကို
၃ နှစ် ပြန် လိုက် ခဲ့တယ် ။

ပြန်တက် တော့ ကားသင်္ဘောခေါ် PCTC Pure Car and Truck Carrier ၂ စီး လိုက် ဖြစ် တယ်
(ကားသင်္ဘောပေါ် မှ တစ္ဆေသူရဲများ ရေးပြီး )

Contract က ၆ လ ဆိုတော့တစ်နှစ် ခွဲ အကြာ မှာ Container တွေ တိုး ချဲ့ လာတာနဲ့ Container Fleet ဘက် ကို ပြန် ခေါ် ပြန်တယ် ။

Container သင်္ဘော ကြီးတွေ ပေါ် မှာ World Wide သွားနေ ရင်းနဲ့ ၁၉၉၉ ကနေ ၂၀၀၂ မှာ ဆိုင်ခန်း ဘိုးချေ အပြီး စုဆောင်းမိချိန် မှာ ဘဲ
အစိုးရ က လှည်းတန်း စင်တာ တည်ဆောက် ဘို့ ကျနော့် ဆိုင် ခန်း ကို သိမ်း လိုက်တယ်။

ကုမဏီ က လဲ ကွန် တိန် နာ ဘိုးအေ ကြီး AMERICAN SEALAND LINE ကို ၀ယ်ယူ လိုက်တာ နဲ့
အရာရှိ များစွာ လိုအပ် လာလို့ ကျနော်တို့ လို လူဟောင်းတွေ ကို စာမေးပွဲ ဖြေရန် Upgrade လုပ် ရန်
Scholarship US 6000 ပေး ပြီး ၂နှစ် Bond ထိုး ခိုင်း တော့ ကျနော် လဲ ပျော်ပျော် ကြီး ပိုက် ဆံ ယူပြီး SMA လို့ ခေါ် တဲ့
Singapore Maritime Academy ကြီး ကို ၁၁ နှစ် ကြာ မှ ပြန် ခြေ ချ ခဲ့ပါတယ် ....

Class 1& 2 Combine course ကို အဲဒီခေတ် က Singapore $ 2500 ဘဲ ပေးရတဲ့ ခေတ်
နောက် ဆုံး Advance Diploma ထုတ် ပေးတဲ့နှစ် ၂၀၀၂ ကို ကပ် မှီလိုက်တယ် ။
Course Duration က ၉ လ စုစု ပေါင်း တစ်နှစ် ကြာ တဲ့ Master Course တက် ခဲ့ ရတဲ့ ကာလ တစ်ခု ကလည်း
ဘ၀ ရဲ့ အထင် ကရ နေ့စွဲတွေ ဖြစ် လာပြန် ပါတယ်။

အသက် ၃၅ နှစ် မှ ကျောင်းပြန် တက် ရတဲ့ Academic Life ကို ကောင်းကောင်း ကြီး သုံးဖြုန်း ပျော်ပါးခွင့် ရခဲ့တဲ့ Poly Days
တွေ ကိုတော့ ကြုံ ရင် ဆင် ဆာ တင် ပြီး ရေးပြ ချင် ပါသေးတယ်...။

ဒီလောက် နဲ့ လူငယ်နဲ့ ရေကြောင်း ၃ ကို အဆုံး သတ် ချင် ပါတယ်။

ရာစု


Myanmar Seafarers Group Pageမှ ကူးယူဖော်ပြပါသည်။

ဒိဋ္ဌိနှင့်တဏှာ ဘာကို အရင် သတ်မလဲ

$
0
0

Photo: ဒိဋ္ဌိနှင့်တဏှာ ဘာကို အရင် သတ်မလဲ   ကျွန်တော်တို့မြို့ရှိ ဥပုသ်နေ့တရားဆွေးနွေးဝိုင်းများတွင် ဒိဋ္ဌိကိုအလျင်သတ်ရမည်၊ တဏှာကိုအလျင်သတ်ရမည်ဟူသော ငြင်းခုန်မှုများကို ကြားနေရပါသည်။  ကျွန်တော်သည် မြတ်ပန်းရဂုံပရိသတ်ဖြစ်ခြင်းကြောင့် ဤငြင်းခုန်မှုများဖြစ်ပွားလာရာ လမ်းကြောင်းကို ဖတ်ရှု မှတ်သားဖူးပြီးဖြစ်ပါသည်။   သို့သော် ထိုဓမ္မသာကစ္ဆာဝိုင်းများတွင် အများနားလည်လက်ခံနိုင်အောင် ရှင်းပြနိုင်သည့် အရည်အချင်း မရှိပါခင်ဗျား။  ထို့ကြောင့် တတ်သိသူပညာရှိများက မိမိထင်ရာငြင်းခုန်ကာ အမှန်မသိနိုင်ဖြစ်နေသည့် ဓမ္မမိတ်ဆွေများအတွက် လွယ်ကူရှင်းလင်းသော အဆုံးအဖြတ်တစ်ခု ချီးမြှင့်ပေးပါရန် တင်ပြ လိုက်ပါသည်။  ဦးခိုင်မြဲ (ရေနံချောင်း)  ဤ၌ “ဒိဋ္ဌိ”အရ “အလျင်သတ်ရမည်”ဟူသော စကားကြောင့် သမ္မာဒိဋ္ဌိကို မဆိုလိုပဲ မိစ္ဆာဒိဋ္ဌိကို ဆိုလိုကြောင်း ထင်ရှား၏။ မိစ္ဆာဒိဋ္ဌိသည်လည်း ခြောက်ဆယ့်နှစ်ပါးထိရှိရာ ဘယ်ဒိဋ္ဌိဟုသီးခြားမဆိုသောကြောင့် အားလုံးနှင့်ဆိုင်၏။  သတ်ရမည်-ဟူရာ၌ သတ်ခြင်းသည်  တဒင်္ဂပဟာန- ကာမာဝစရကုသိုလ်ဖြင့် တဒင်္ဂပယ်သတ်ခြင်း၊  ၀ိက္ခမ္ဘနပဟာန- (မဟဂ္ဂုတ်ကုသိုလ်) ဈာန်ဖြင့် ဖယ်ခွါသောအားဖြင့် ပယ်သတ်ခြင်း၊  သမုစ္ဆေဒပဟာန- မဂ်ဖြင့် ဖြတ်သောအားဖြင့် အပြီးအပိုင် ပယ်သတ်ခြင်း-ဟု သုံးမျိုးရှိပြန်ရာ အဘယ်ပယ်သတ်ခြင်းကို ဆိုလိုသနည်း-ဟု စိစစ်ရမည် ဖြစ်၏။   တရားဆွေးနွေးဝိုင်းများတွင် ပြောဆိုဆွေးနွေးကြခြင်းဖြစ်သောကြောင့် သာမာန်စာသိပေသိဖြင့်အလျင်ပယ်သတ်ခြင်းကို ဆိုလိုဟန်ရှိ၏။  တတ္ထ အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိ နတ္ထိကဒိဋ္ဌီတိ အယံ တိဝိဓာ သဂ္ဂါဝရဏာ စေ၀ ဟောတိ မဂ္ဂါဝရဏာ စ။  ဒသ၀တ္ထုကာ အန္တဂ္ဂါဟိကာ မိစ္ဆာဒိဋ္ဌိ မဂ္ဂါဝရဏာဝ ဟောတိ န သဂ္ဂါဝရဏာ။ ၀ီသတိဝတ္ထုကာ သက္ကာယဒိဋ္ဌိ နေ၀ သဂ္ဂါဝရဏာ န မဂ္ဂါဝရဏာ။  (အံ၊ ဋ္ဌ၊ ၁။ ၃၅၅)  “အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိ နတ္ထိကဒိဋ္ဌိ-ဟူသောဒိဋ္ဌိသုံးမျိုးသည် နတ်ရွာသုဂတိ ကိုလည်း တား၏၊ မဂ်ကိုလည်း တား၏။   ဒသ၀တ္ထုက အန္တဂ္ဂါဟိက မိစ္ဆာဒိဋ္ဌိသည် မဂ်ကိုသာ တား၏၊ နတ်ရွာသုဂတိကို မတား။ သက္ကာယဒိဋ္ဌိနှစ်ဆယ်သည် နတ်ရွာသုဂတိကိုလည်း မတား၊ မဂ်ကိုလည်း မတား။”  “အဟေတုက, အကိရိယ, နတ္ထိက-ဟူသော နိယတ မိစ္ဆာဒိဋ္ဌိကြီးသုံးမျိုးသည် မည်မျှပင် အားထုတ်စေကာမူ ထိုသုံးမျိုးမှ တစ်မျိုးမျိုးရှိသူအား မဂ်မဖြစ်အောင်တား၏။ မဂ်ဖိုလ်မရရုံမက ထိုမိစ္ဆာဒိဋ္ဌိက-သည် သေလွန်သည့်အခါ သေချာပေါက် အပါယ်လေးပါးတစ်ပါးပါးသို့ ရောက်ရမည် ဖြစ်၏။  ဒသ၀တ္ထုက အန္တဂ္ဂါဟိက မိစ္ဆာဒိဋ္ဌိသည် နတ်ရွာသုဂတိကို မတားသော်လည်း မဂ်ကိုတားသောကြောင့် ပယ်သတ်ထားရမည် ဖြစ်၏။ အထက်ပါ မိစ္ဆာဒိဋ္ဌိများသည် ဗုဒ္ဓဘာသာဝင်တို့အား မရှိသည်သာ များ၏။  သက္ကာယဒိဋ္ဌိနှစ်ဆယ်သည် ဗုဒ္ဓဘာသာဝင်တို့၏ သန္တာန်၌ ရှိနေဆဲဖြစ်သော်လည်း သုဂတိကိုလည်းမတား၊ မဂ်ကိုလည်း မတားသောကြောင့် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၀ိပဿနာအားထုတ်လို့ ရပါသည်။  သို့ရာတွင်  “ယာနိ စိမာနိ ဒွါသဋ္ဌိ ဒိဋ္ဌိဂတာနိ ဗြဟ္မဇာလေ ဘဏိတာနိ၊ ဣမာ ခေါ ဂဟပတိ ဒိဋ္ဌိယော သက္ကာယဒိဋ္ဌိယာ သတိ ဟောန္တိ၊ သက္ကာယဒိဋ္ဌိယာ အသတိ န ဟောန္တိ။”  “၆၂-ပါးသော ဤမိစ္ဆာအယူတို့ကိုလည်း ဗြဟ္မဇာလသုတ်၌ ဟောအပ်ပါကုန်၏။ သူကြွယ် ဤအယူတို့သည် သက္ကာယဒိဋ္ဌိရှိသော် ဖြစ်ကုန်၏။ သက္ကာယဒိဋ္ဌိ မရှိသော် မဖြစ်ကုန်။”  (စိတ္တသံယုတ်၊ ဒုတိယဣသိဒတ္တသုတ်)   ဟု ဟောတော်မူအပ်သည့်အတိုင်း သက္ကာယဒိဋ္ဌိသည် မိစ္ဆာဒိဋ္ဌိအားလုံးတို့၏ ရေသောက်မြစ်သဖွယ်ဖြစ်သောကြောင့် အရေးတကြီး ပယ်သတ်အပ်သည်မှာ ယုံမှားဖွယ် မရှိပေ။  “ဒိဋ္ဌိယော နာမ ၀ိပဿနာယ ဧ၀ ပဟီနာ” (သံ၊ဋ္ဌ၊၂၊၂၄၇)  “မိစ္ဆာဒိဋ္ဌိမှန်သမျှ ၀ိပဿနာဖြင့်သာ ပယ်သတ်အပ်သည်” ဖြစ်သောကြောင့် ၀ိပဿနာရှုပွား အားထုတ်နေခြင်းသည်ပင် နာမ်ရုပ်ကွဲအောင် ရှုနေခြင်း၊ နာမ်နှင့်ရုပ်တို့၏ အနိစ္စအချက်၊ဒုက္ခအချက်၊အနတ္တအချက်တို့ကို မြင်အောင်ရှုနေခြင်း ဖြစ်၍ ဒိဋ္ဌိသတ်နေခြင်းဖြစ်ပါသည်။   သို့ဖြစ်သောကြောင့်သောတာပန်မဖြစ်သေးသူအားဒိဋ္ဌိအရင်သတ်ပါ။သို့မဟုတ်ဒိဋ္ဌိအရင်သတ်ဖို့ဝိပဿနာအားထုတ်ပါဟုပြောနိုင်ပါသည်။  “နတ်သားတစ်ပါးသည်ဘုရားရှင်အားဤသို့လျှောက်ထားဖူး၏။“လှံဖြင့် အထိုးခံရသော သူကဲ့သို့ လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်ခံရသော သူကဲ့သို့ လည်းကောင်း ရဟန်းသည် ကာမဂုဏ်၌ တပ်စွန်းမှု ‘ရာဂ’ ကို ပယ်ရန် သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏” ။  နတ်သား၏ဉာဏ်အားလျော်စွာ ဝေနေယဇ္ဈာသယအားဖြင့် သောတာပန်အခိုက်ကို ရည်၍ ဘုရားရှင်က ပြန်လည်မိန့်ကြားသည်မှာ–  “လှံဖြင့် အထိုးခံရသော သူကဲ့သို့ လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်ခံရသော သူကဲ့သို့လည်းကောင်း ရဟန်းသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ကို ပယ်ရန် သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏ ဟု (မိန့်တော်မူ၏)။”  (သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ သတ္တိဝဂ်၊ သတ္တိသုတ်)  အထက်ပါသုတ်ကိုပင် ထောက်ထား၍ မိုးညှင်းဆရာတော်ကြီးဘုရားကြီးက–  “ဒိဋ္ဌိ မသတ်၊ တဏှာသတ်၊ မပြတ်သံသရာ။ တဏှာမသတ်၊ဒိဋ္ဌိသတ်၊အပြတ်သံသရာ။”   ဟုမိန့်တော်မူခြင်းဖြစ်ရာ၏။  ဘုရားရှင်ကလည်း–  “ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန် မထိုက်။ အဘယ်သုံးမျိုးတို့နည်းဟူမူ –  သက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန် မထိုက်။” (အံ၊၁၀၊ တယောဓမ္မသုတ်) ဟု ဟောတော်မူထား၏။  တရားအားမထုတ်မီ “ပုဂ္ဂိုလ်,သတ္တ၀ါ,ငါ,သူတစ်ပါး,ယောက်ျား,မိန်းမ-ဟု မရှိ၊ ရုပ်နှင့်နာမ် နှစ်ပါးသာ ရှိ၏။” ဟု သာမာန် စာသိပေသိ သုတမယဉာဏ်၊ စိန္တာမယဉာဏ်တို့ဖြင့် ကြိုတင်သိရှိထားရုံမျှဖြင့်  “ငါတို့က ဒိဋ္ဌိသတ်ထားပြီးပြီ တဏှာမသတ်လည်း ကိစ္စမရှိဘူး၊ အပါယ်လေးပါး မလားရောက်တော့ဘူး” ဟု ပြောခွင့်မရှိပါ။ မဂ်ဖြင့် ပယ်သတ်သည့်ကိစ္စ အတွက်လည်း သူ့ကိစ္စသူ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဒိဋ္ဌိကို အရင်သတ်ရမည်၊ တဏှာကို အရင်သတ်ရမည်ဟု ပြောဖွယ်မလိုပါ။  “ဒိဋ္ဌိမဖြုတ်ဘဲ ၀ိပဿနာ အားထုတ်တာ အားနည်းတဲ့ ဒုဗ္ဗလ ၀ိပဿနာ၊ ဒိဋ္ဌိများကို အသိနဲ့ဖြုတ်ပြီး ၀ိပဿနာ အားထုတ်ရင် အားကြီးတဲ့ ဗလ၀ ၀ိပဿနာ။” ဟုမိုးကုတ်ဆရာတော်ကြီးဟောတော်မူသည့်အတိုင်း စာသိပေသိဖြင့် ကြိုတင်ကာ ဒိဋ္ဌိဖြုတ်ပြီး တရားအားထုတ်နိုင်ပါက ပို၍ ထိရောက်နိုင်ပါသည်။  အရှင်ကောဝိဒ (ယော)  cretid to  Ukhin Crays.
 
ကျွန်တော်တို့မြို့ရှိ ဥပုသ်နေ့တရားဆွေးနွေးဝိုင်းများတွင် ဒိဋ္ဌိကိုအလျင်သတ်ရမည်၊ တဏှာကိုအလျင်သတ်ရမည်ဟူသော ငြင်းခုန်မှုများကို ကြားနေရပါသည်။

ကျွန်တော်သည် မြတ်ပန်းရဂုံပရိသတ်ဖြစ်ခြင်းကြောင့် ဤငြင်းခုန်မှုများဖြစ်ပွားလာရာ လမ်းကြောင်းကို ဖတ်ရှု မှတ်သားဖူးပြီးဖြစ်ပါသည်။

သို့သော် ထိုဓမ္မသာကစ္ဆာဝိုင်းများတွင် အများနားလည်လက်ခံနိုင်အောင် ရှင်းပြနိုင်သည့် အရည်အချင်း မရှိပါခင်ဗျား။

ထို့ကြောင့် တတ်သိသူပညာရှိများက မိမိထင်ရာငြင်းခုန်ကာ အမှန်မသိနိုင်ဖြစ်နေသည့် ဓမ္မမိတ်ဆွေများအတွက် လွယ်ကူရှင်းလင်းသော အဆုံးအဖြတ်တစ်ခု ချီးမြှင့်ပေးပါရန် တင်ပြ လိုက်ပါသည်။

ဦးခိုင်မြဲ (ရေနံချောင်း)

ဤ၌ “ဒိဋ္ဌိ”အရ “အလျင်သတ်ရမည်”ဟူသော စကားကြောင့် သမ္မာဒိဋ္ဌိကို မဆိုလိုပဲ မိစ္ဆာဒိဋ္ဌိကို ဆိုလိုကြောင်း ထင်ရှား၏။ မိစ္ဆာဒိဋ္ဌိသည်လည်း ခြောက်ဆယ့်နှစ်ပါးထိရှိရာ ဘယ်ဒိဋ္ဌိဟုသီးခြားမဆိုသောကြောင့် အားလုံးနှင့်ဆိုင်၏။

သတ်ရမည်-ဟူရာ၌ သတ်ခြင်းသည်
တဒင်္ဂပဟာန- ကာမာဝစရကုသိုလ်ဖြင့် တဒင်္ဂပယ်သတ်ခြင်း၊
ဝိက္ခမ္ဘနပဟာန- (မဟဂ္ဂုတ်ကုသိုလ်) ဈာန်ဖြင့် ဖယ်ခွါသောအားဖြင့် ပယ်သတ်ခြင်း၊
သမုစ္ဆေဒပဟာန- မဂ်ဖြင့် ဖြတ်သောအားဖြင့် အပြီးအပိုင် ပယ်သတ်ခြင်း-ဟု သုံးမျိုးရှိပြန်ရာ အဘယ်ပယ်သတ်ခြင်းကို ဆိုလိုသနည်း-ဟု စိစစ်ရမည် ဖြစ်၏။

တရားဆွေးနွေးဝိုင်းများတွင် ပြောဆိုဆွေးနွေးကြခြင်းဖြစ်သောကြောင့် သာမာန်စာသိပေသိဖြင့်အလျင်ပယ်သတ်ခြင်းကို ဆိုလိုဟန်ရှိ၏။

တတ္ထ အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိ နတ္ထိကဒိဋ္ဌီတိ အယံ တိဝိဓာ သဂ္ဂါဝရဏာ စေ၀ ဟောတိ မဂ္ဂါဝရဏာ စ။
ဒသ၀တ္ထုကာ အန္တဂ္ဂါဟိကာ မိစ္ဆာဒိဋ္ဌိ မဂ္ဂါဝရဏာဝ ဟောတိ န သဂ္ဂါဝရဏာ။ ၀ီသတိဝတ္ထုကာ သက္ကာယဒိဋ္ဌိ နေ၀ သဂ္ဂါဝရဏာ န မဂ္ဂါဝရဏာ။
(အံ၊ ဋ္ဌ၊ ၁။ ၃၅၅)

“အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိ နတ္ထိကဒိဋ္ဌိ-ဟူသောဒိဋ္ဌိသုံးမျိုးသည် နတ်ရွာသုဂတိ ကိုလည်း တား၏၊ မဂ်ကိုလည်း တား၏။

ဒသ၀တ္ထုက အန္တဂ္ဂါဟိက မိစ္ဆာဒိဋ္ဌိသည် မဂ်ကိုသာ တား၏၊ နတ်ရွာသုဂတိကို မတား။ သက္ကာယဒိဋ္ဌိနှစ်ဆယ်သည် နတ်ရွာသုဂတိကိုလည်း မတား၊ မဂ်ကိုလည်း မတား။”

“အဟေတုက, အကိရိယ, နတ္ထိက-ဟူသော နိယတ မိစ္ဆာဒိဋ္ဌိကြီးသုံးမျိုးသည် မည်မျှပင် အားထုတ်စေကာမူ ထိုသုံးမျိုးမှ တစ်မျိုးမျိုးရှိသူအား မဂ်မဖြစ်အောင်တား၏။ မဂ်ဖိုလ်မရရုံမက ထိုမိစ္ဆာဒိဋ္ဌိက-သည် သေလွန်သည့်အခါ သေချာပေါက် အပါယ်လေးပါးတစ်ပါးပါးသို့ ရောက်ရမည် ဖြစ်၏။

ဒသ၀တ္ထုက အန္တဂ္ဂါဟိက မိစ္ဆာဒိဋ္ဌိသည် နတ်ရွာသုဂတိကို မတားသော်လည်း မဂ်ကိုတားသောကြောင့် ပယ်သတ်ထားရမည် ဖြစ်၏။ အထက်ပါ မိစ္ဆာဒိဋ္ဌိများသည် ဗုဒ္ဓဘာသာဝင်တို့အား မရှိသည်သာ များ၏။

သက္ကာယဒိဋ္ဌိနှစ်ဆယ်သည် ဗုဒ္ဓဘာသာဝင်တို့၏ သန္တာန်၌ ရှိနေဆဲဖြစ်သော်လည်း သုဂတိကိုလည်းမတား၊ မဂ်ကိုလည်း မတားသောကြောင့် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၀ိပဿနာအားထုတ်လို့ ရပါသည်။

သို့ရာတွင်
“ယာနိ စိမာနိ ဒွါသဋ္ဌိ ဒိဋ္ဌိဂတာနိ ဗြဟ္မဇာလေ ဘဏိတာနိ၊ ဣမာ ခေါ ဂဟပတိ ဒိဋ္ဌိယော သက္ကာယဒိဋ္ဌိယာ သတိ ဟောန္တိ၊ သက္ကာယဒိဋ္ဌိယာ အသတိ န ဟောန္တိ။”

“၆၂-ပါးသော ဤမိစ္ဆာအယူတို့ကိုလည်း ဗြဟ္မဇာလသုတ်၌ ဟောအပ်ပါကုန်၏။
သူကြွယ် ဤအယူတို့သည် သက္ကာယဒိဋ္ဌိရှိသော် ဖြစ်ကုန်၏။ သက္ကာယဒိဋ္ဌိ မရှိသော် မဖြစ်ကုန်။”
(စိတ္တသံယုတ်၊ ဒုတိယဣသိဒတ္တသုတ်)

ဟု ဟောတော်မူအပ်သည့်အတိုင်း သက္ကာယဒိဋ္ဌိသည် မိစ္ဆာဒိဋ္ဌိအားလုံးတို့၏ ရေသောက်မြစ်သဖွယ်ဖြစ်သောကြောင့် အရေးတကြီး ပယ်သတ်အပ်သည်မှာ ယုံမှားဖွယ် မရှိပေ။

“ဒိဋ္ဌိယော နာမ ၀ိပဿနာယ ဧ၀ ပဟီနာ” (သံ၊ဋ္ဌ၊၂၊၂၄၇)
“မိစ္ဆာဒိဋ္ဌိမှန်သမျှ ၀ိပဿနာဖြင့်သာ ပယ်သတ်အပ်သည်” ဖြစ်သောကြောင့် ၀ိပဿနာရှုပွား အားထုတ်နေခြင်းသည်ပင် နာမ်ရုပ်ကွဲအောင် ရှုနေခြင်း၊ နာမ်နှင့်ရုပ်တို့၏ အနိစ္စအချက်၊ဒုက္ခအချက်၊အနတ္တအချက်တို့ကို မြင်အောင်ရှုနေခြင်း ဖြစ်၍ ဒိဋ္ဌိသတ်နေခြင်းဖြစ်ပါသည်။

သို့ဖြစ်သောကြောင့်သောတာပန်မဖြစ်သေးသူအားဒိဋ္ဌိအရင်သတ်ပါ။သို့မဟုတ်ဒိဋ္ဌိအရင်သတ်ဖို့ဝိပဿနာအားထုတ်ပါဟုပြောနိုင်ပါသည်။

“နတ်သားတစ်ပါးသည်ဘုရားရှင်အားဤသို့လျှောက်ထားဖူး၏။“လှံဖြင့် အထိုးခံရသော သူကဲ့သို့ လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်ခံရသော သူကဲ့သို့ လည်းကောင်း ရဟန်းသည် ကာမဂုဏ်၌ တပ်စွန်းမှု ‘ရာဂ’ ကို ပယ်ရန် သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏” ။

နတ်သား၏ဉာဏ်အားလျော်စွာ ဝေနေယဇ္ဈာသယအားဖြင့် သောတာပန်အခိုက်ကို ရည်၍ ဘုရားရှင်က ပြန်လည်မိန့်ကြားသည်မှာ–

“လှံဖြင့် အထိုးခံရသော သူကဲ့သို့ လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်ခံရသော သူကဲ့သို့လည်းကောင်း ရဟန်းသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ကို ပယ်ရန် သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏ ဟု (မိန့်တော်မူ၏)။”
(သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ သတ္တိဝဂ်၊ သတ္တိသုတ်)

အထက်ပါသုတ်ကိုပင် ထောက်ထား၍ မိုးညှင်းဆရာတော်ကြီးဘုရားကြီးက–

“ဒိဋ္ဌိ မသတ်၊ တဏှာသတ်၊ မပြတ်သံသရာ။
တဏှာမသတ်၊ဒိဋ္ဌိသတ်၊အပြတ်သံသရာ။”

ဟုမိန့်တော်မူခြင်းဖြစ်ရာ၏။

ဘုရားရှင်ကလည်း–

“ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန် မထိုက်။ အဘယ်သုံးမျိုးတို့နည်းဟူမူ –
သက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မပယ်ဘဲ ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန် မထိုက်။” (အံ၊၁၀၊ တယောဓမ္မသုတ်) ဟု ဟောတော်မူထား၏။

တရားအားမထုတ်မ
ီ “ပုဂ္ဂိုလ်,သတ္တ၀ါ,ငါ,သူတစ်ပါး,ယောက်ျား,မိန်းမ-ဟု မရှိ၊ ရုပ်နှင့်နာမ် နှစ်ပါးသာ ရှိ၏။”
ဟု သာမာန် စာသိပေသိ သုတမယဉာဏ်၊ စိန္တာမယဉာဏ်တို့ဖြင့် ကြိုတင်သိရှိထားရုံမျှဖြင့်
“ငါတို့က ဒိဋ္ဌိသတ်ထားပြီးပြီ တဏှာမသတ်လည်း ကိစ္စမရှိဘူး၊ အပါယ်လေးပါး မလားရောက်တော့ဘူး”
ဟု ပြောခွင့်မရှိပါ။ မဂ်ဖြင့် ပယ်သတ်သည့်ကိစ္စ အတွက်လည်း သူ့ကိစ္စသူ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဒိဋ္ဌိကို အရင်သတ်ရမည်၊ တဏှာကို အရင်သတ်ရမည်ဟု ပြောဖွယ်မလိုပါ။

“ဒိဋ္ဌိမဖြုတ်ဘဲ ၀ိပဿနာ အားထုတ်တာ အားနည်းတဲ့ ဒုဗ္ဗလ ၀ိပဿနာ၊ ဒိဋ္ဌိများကို အသိနဲ့ဖြုတ်ပြီး ၀ိပဿနာ အားထုတ်ရင် အားကြီးတဲ့ ဗလ၀ ၀ိပဿနာ။”
ဟုမိုးကုတ်ဆရာတော်ကြီးဟောတော်မူသည့်အတိုင်း စာသိပေသိဖြင့် ကြိုတင်ကာ ဒိဋ္ဌိဖြုတ်ပြီး တရားအားထုတ်နိုင်ပါက ပို၍ ထိရောက်နိုင်ပါသည်။

အရှင်ကောဝိဒ (ယော)

cretid to Ukhin Crays.

ပြည်သူတွေ ဘက်က ဘယ်သူရပ်မှာလဲ

$
0
0

by Nan Lwin (Notes) on Saturday, July 6, 2013 at 10:37am


ကျမတို့သည်
ဒေါ်အောင်ဆန်းစုကြည်မျက်နှာကြည့်ဖို့မလို

ဦးသိန်းစိန်မျက်နှာကြည့် ဖို့မလို

MPC က လူကြီးများမျက်နှာကြည့်ဖို့ မလို

လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ မျက်နှာကြည့်ဖို့မလို

ခရိုနီများရဲ့ မျက်နှာ များကိုကြည့် ဖို့ မလို

အက်တီဗစ်များရဲ မျက်နှာ များကိုကြည့် ဖို့ မလို




ပြည်သူတွေရဲ့မျက်နှာတစ်ခုတည်းသာကြည့်ဖို့လိုသည်။

ကျမ သတင်းလောကထဲဝင်ရောက်တည်းက ဆရာတွေ သင်ခဲ့သည်မှာ တရားမျှတ ဖို့
ဘက်မလိုက်ဖို့ပြည်သူ အတွက် အလုပ်ကျွှေးပြု ဖို့ပင်ဖြစ်ခဲ့သည်။
ကျမ ရန်ကုန်မှာအလုပ်ဝင်ကာစနဲ့ ကုမုဒြာပြန်ထွက်ကာစမှာ တာဝန်အယ်ဒီတာပြောတဲ့ စကားတစ်ခွန်းကိုဒီကနေ့ ထိမှတ်မိနေသေးသည်

သမီး နန်းလွင်ငါတို့ဟာပြည်သူ တမျက်နှာပဲကြည့်ရမယ်။ငါတို့ စာစောင် မရောင်းရရင်တောင်ပြည်သူတွေက ငါတို့ကိုယုံကြည်တယ်သူတို့ဘက်က ငါတို့ ရှိနေတယ်ဆိုတာကို သူတို့ယုံကြည်နေရင် ငါတို့ရဲ့အကြီးမားဆုံး အောင်မြင်မှုပဲလို့ကျမ စားပွဲရှေ့မှာ လာထိုင်ကာပြော ခဲ့ဖူးသည်။

အများတကာကြည့်ရူဝင်ရောက်ဖတ်နေသော လူမူကွန်ယက် စာမျက်နှာများတွင် ကိုယ်က ဘယ်သူ ဘက်က ရပ်တည်နေကြောင်း၊ဘယ်သူကို ထောက်ခံကြောင်း ဘယ်ခေါင်းဆောင် ကိုချစ်ကြောင်း စိတ်ခံစားမူများကို ရေးသားနေကြတာတွေ့ရသည်။ ထို အထဲမှာ သတင်းထောက် အချို့လည်းပါဝင်သည်။

အချို့ကိစ္စများတွင်ဘယ်သူကို အလွန်ထောက်ခံကြောင်း ရေးသား ထားတာကိုတွေ့ရပြန်သည်။
ကျမ အပြင်မှာတွေ့တဲ့ သတင်းအရင်းအမြစ် ပညာရှင်တွေက တွေ့တိုင်းပြောတတ်သည်မှာ ဟဲ့ ဘယ်ဂျာနယ်က ဘယ်သူကဘယ့်သူကို လော်ဘီလုပ်နေပြီ ဘာတွေပြောနေပြန်ပြီ ဘာတွေ ထောက်ခံနေပြန်ပြီ သူကသတင်းသမားမှဟုတ်ရဲ့လားလို့မေးခွန်းမျိုးတွေ မေးခံရသည်။

ဖေ့ဘုတ်သုံးသောပြည်သူအချို့က အပြင်မှာတွေ့ရင် မနန်းလွင်ဘယ်သူ က ဘယ်သူ ဘက် က ဗျာ ။ခင်ဗျားတို့သတင်းသမားတွေဒီအတိုင်းပါပဲလို့ ပြောတာ ခံရဖူးသည်။

ဝါရှင်တန်မှသတင်းထောက်များကို သင်တန်းပေးနေသော အဖွဲ့အစည်းတစ်ခုရဲ့ ဥက္ကဌ လာတော့ ကျမ နဲ့စကားပြောဖြစ်သည်။သူက ကျမကို ဖေ့ဘုတ်ပေါ်မှာ ဘယ်သတင်းဌာနက ဘယ်သူကသူရဲ့ ဖေ့ဘုတ်မှာ  ရခိုင်ကိစ္စမှာ ဘယ်လို တင်တယ်။ သမ္မတ ကိစ္စမှာဘယ်လိုတင်တယ်ဆိုတာကိုတိတိကျကျ ကြီးကျမကို ပြောလာသည်။

မြန်မာစကားမတတ်သောမြန်မာစာကို တလုံးမှာ မဖတ်သော သူ ဒီကိစ္စတွေကို တိတိကျကျ ဘယ်လို သိသလဲ ကျမမသိပါ။ သူက ရယ်ပြီး နင်တို့ မြန်မာပြည်က သတင်းထောက်တွေကို ဘက်မလိုက်ဖို့သင်တန်းပေးရမှာလားကျင့်ဝတ်သင်တန်းပေးရမှာလား ငါ့ကို အကြံပေးပါဦးတဲ့။
ကျမ လည်းဘာမှမပြောပဲ ရယ်ပြလိုက်သည်။

တစ်ဦးတစ်လေ အချို့သောသူတွေကြောင့် မြန်မာပြည်တွင်းက  ပဋိပက္ခနေရာများကိုအသက်စွန့်ဆံဖျား သွား၊အခက် အခဲများ စွာ နဲ့ နေ့စဉ်ရင်ဆိုင်နေရသောနေပူမရှောင်မိုးရွာမရှောင် လမ်းမများထက်မှာပြေးလွှားနေရသော လခ အနည်းငယ်နဲ့ ရုန်းကန်နေရသော သတင်းထောက်များ စွာ ပါ ရောရောင်ပြီး သိက္ခာကျရပြန်သည်။ဝါးလုံးရှည်နဲ့ရိုက်ခြင်းခံရပြန်သည်။ ကျမ ကတော့ ထိုသို့ထင် ခံရတာကို အလွန်ရှက်မိသည်။

ဝါရှင်တန်ပို့စ်သတင်းစာတွင်မြန်မာနိုင်ငံက သတင်းသမား မျှတ မူ ရှိမရှိနဲ့ပတ်သတ်ပြီး သတင်း သမားများရဲ့ဖေ့ဘုတ်မှာရေးသားထားသောစာပိုဒ်များကိုယူကာဖော်ပြလာသည်။ဘယ်သတင်းထောက်က ဘယ် ဘက်ကိုယိမ်း နေကြောင်း ရေးသားပြ ခဲ့ဖူးသည်။နိုင်ငံတကာ သတင်းထောက်တွေကြား မြန်မာသတင်းထောက်တွေက အဲလို ဆိုပြီး အုံးအုံးကြွက်ကြွက် ဖြစ်သွားခဲ့ဖူးသည်။

ပြည်သူတွေကမင်းတို့က ဘယ်လိုပါ ဘယ်သူဘက်က ရပ်တာပါဆိုတာမျိုး ပြောတာတွေများလာသည်။
ဘယ်သူ အတွက်စည်းရုံးရေးဆင်းနေတာပါ။ အဲဒီသတင်းထောက်က ဘယ်သူ့ကို လော်ဘီလုပ်နေတာပါဆိုတဲ့ အသံများကို နားမဆံအောင်ကြားရသည်။

သတင်းထောက်အချို့သည်စာမဖတ်ကြ။တနေရာကိုသွားသည် ထို အကြောင်းကိုသေချာ မသိ ။ အပေါ်ကပြောသမျှ ၀ါဒ ဖြန့်တာများစွာကို ရေးသားသည်။တကယ်တမ်းအောက်ခြေမှာ ထိုသို့မဟုတ်။ထိုဒေသ တွင် တကယ်ခံစားနေရသောပြည်သူတွေက ဖတ်မိသည်။ဒေါသထွက်သည်။ သတင်းထောက်များ ကို ဆဲရေး ကျသည်။ အားလုံး တပြိုင်တည်း သိက္ခာကျပြန်သည်။
ဥပမာ-မြေနီကုန်း အရေးအခင်း သတင်းသွားယူသည် ဘယ်နှစ်နှစ်ပြည့်မှန်းမသိ။ ဒီနေရာမှာ ဘာဖြစ်ခဲ့လဲ မသိသူများသည်။
အသေးအဖွဲ့ ကိစ္စ များကို အရေးမကြီး ဘူးလို့ ထင်ရပေမယ့် အချို့သော ပေါ်လစီပိုင်း နိုင်ငံရေးကိစ္စများ၊ တိုက်ပွဲ များ၊ အကြောင်း သတင်းလိုက်သော အခါ ပြန်လည် ရေးသားသော အခါ တလွဲတွေဖြစ်နေတာတွေကို မကြာခဏကြုံရပြန်သည်။အတိုက် အခံနဲ့ အစိုးရကြား အထင်အမြင် လွဲမှားကာ ပဋိက္ခများ ပိုကြီးထွားရပြန်သည်။

အဲဒီကိစ္စကိုကျမဒယ်ဒီနဲ့ ခဏခဏ ပြောဖြစ်သည်။ သူကသက်ပြင်းချကာ   အဲဒီလူတွေက အသက်မွေးဝမ်းကြောင်းပြောင်းသင့် တယ်သမီး။ လို့ပြန်ပြောကာ အဲလို ပြောင်းသင့်တဲ့သူတွေအကြောင်း  ကျမကိုပြောပြသည်။

သတင်းသမားများသည် ပြည်သူ လူထု ရဲ့ယုံကြည်မူ အားကိုးမှု နဲ့ ကိုယ်ရဲ့ ပရော်ဖက်ရှင် နယ် ဘ၀ကို ခိုင်ခိုင်မာမာ ရပ်တည်ရမည် လို့ ကျမ ကိုသင်ကြား ခဲ့သော ဆရာများက ထပ်ခါထပ်ခါ ပြောလေ့ရှိသည်။

အခုတော့
ပြည်သူများနဲ့ ယုံကြည်မှု တည်ဆောက်ရမယ့်အစား  ဦးသိန်းစိန်နဲ့ယုံကြည်မှုတည်ဆောက်နေသည်။ဒေါ်အောင်ဆန်းစုကြည်နဲ့ယုံကြည်မူ တည်ဆောက်နေသည်။ MPC က လူကြီးများနဲ့ ယုံကြည်မူတည်ဆောက်နေသည်။ပြည်သူ လူထု ဘ၀များကိုစုတ်ပြတ်အောင် လုပ်ခဲ့သော လုပ်နေဆဲ လူ အချို့ကို အမွှန်းတင်နေသည်။

ပြည်သူတွေနဲ့သတင်းသမားတွေကြား တည်ဆောက်ရမည့် မရှိသေးသော ယုံကြည်မှု တံတိုင်း အခြေခံအုတ်မြစ်ကို ခံစားမူများနဲ့နင်းခြေနေသည်။
ရှေ့က သတင်းထောက်အချို့ ပြည်သူတွေနဲ့တည်ဆောက်ခဲ့သော ယုံကြည်မူ တံတိုင်းတစ်စွန်းတစ ကို တဖြေးဖြေး ခွဲခြေ ဖျက်ဆီးနေသည်။

ပြည်သူတွေ နောက်မှ လွတ်လပ်ပြီးတရားမျှတ သော ဘက်မလိုက်သော သတင်းသမားများ မရှိရင် ဘယ် သူတွေ က ပြည်သူတွေ နောက်မှာရှိပါသလဲ။

ပြည်သူ လူထုနောက်မှာ လွတ်လပ် တရားမျှတပြီး ဘက်မလိုက်သောသတင်းသမားများ အဖြစ်  ခိုင်မာစွာ ရပ်တည်နေပါသလား။
အဲဒီ အဖြေ အတွက်
ကျမ တို့ကိုယ် ဘာသာကိုယ်ပြန်မေးခွန်းထုတ်ရမည်ဖြစ်သည်။

                                                                                                                                                        နန်းလွင်





အချိန်မနှောင်းသေးပါ NLD

$
0
0
 Photo: အချိန်မနှောင်းသေးပါ NLD   ဒေါ်စု ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီ ၁ နှစ်ပြည့်တော့မှာဖြစ်လို့ ကော်မတီရဲ့ ရလာဘ် ဘာတွေရှိသလဲ၊ ဘာတွေလုပ်ပြီးပြီလဲ ဆိုတာတွေကို ကျွန်တော်မေးတဲ့အပေါ်မှာ ဝေဖန်ရကောင်းလားဆိုတာထက် ဒေါ်စုကို ၂၀၁၅ မှာ မရွေးခံရအောင် လုပ်နေတယ်လို့ မြင်နေကြတာ တွေ့ရပါတယ်..... သူတို့အမြင်မှာတော့ ဒေါ်စုကို သိက္ခာချတယ်လို့ စွတ်စွဲပါတယ်..... အမှန်ကတော့ ၂၀၁၅ အတွက် ကိုယ်ရဲ့တိုင်းပြည်ကို အုပ်ချုပ်ဖို့ အလားအလာရှိတဲ့ မည်သူ့ကိုမဆို ကိုယ့်ရဲ့ အမြင်၊ မေးခွန်းတွေ ထောက်ပြ ဝေဖန်ခွင့်ဆိုတာ နိုင်ငံသားတိုင်းမှာ ရှိပါတယ်.......  ဘာကြောင့် ဒေါ်စုနဲ့ NLD ဟာ ထောက်ပြခံနေရလည်း အဖြေကရှင်းပါတယ်..... ၂၀၁၅ အတွက် အဓိက အားထားရတဲ့ အတိုက်အခံပါတီနဲ့ အတိုက်အခံခေါင်းဆောင် ဖြစ်နေလို့ပါ..... ကျွန်တော်ဘာတွေ ထောက်ပြခဲ့သလဲ ဆိုတာကတော့ တရားဥပဒေ စိုးမိုးမှု ကော်မတီရဲ့ တာဝန်တွေဖြစ်တဲ့ အပိုဒ် (က)၊ အပိုဒ် (ခ)၊ အပိုဒ် (ဃ)၊ အပိုဒ် (င) အစရှိတာတွေ ဘယ်လောက်အထိ လုပ်ဆောင်ခဲ့ပြီးပြီလဲ ဆိုတာပါပဲ.......  လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု အရည်အချင်းကို သူရဲ့ ရလာဘ်နဲ့ တိုင်းတာပါတယ်....... ဒီလိုပဲ ၂၀၁၅ မှာ ကိုယ့်နိုင်ငံကို အုပ်ချုပ်မယ့် ခေါင်းဆောင်တာဝန်ယူထားတဲ့ ကော်မတီတစ်ခုဟာ ၁ နှစ်ကာလာအတွင်းမှာ ဘယ်လောက်လုပ်ထားပီးပီလဲ ဆိုတာကိုကြည့်ပီး ကိုယ့်နိုင်ငံကို အုပ်ချုပ်ချိန်မှာ ဘယ်လောက်အထိ တာသွားမလဲ နှိုင်းယှဉ်စဉ်းစားတာ သဘာဝပါ.......  တစ်ချို့ကတော့ လက်ပံတောင်း ကော်မရှင်မှာ ဒေါ်စုလုပ်ဆောင်ခဲ့စဉ်က ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအဖြေကို ထုတ်ပြပြီး ဒေါ်စုအရည်အချင်းလို့ ဆိုလာတာ တွေ့ရပါတယ်..... လက်ပံတောင်း ကော်မရှင်ရဲ့ ဖွဲ့စည်းပုံထဲမှာ ပါဝင်အားဖြည့်ထားတဲ့ တတ်သိပညာရှင်တွေ၊ စာရင်းစစ်တွေရဲ့ အင်အားကိုကြည့်မယ်ဆိုရင် ဘယ်သူပဲ ကော်မတီဥက္ကဌလုပ်ပါစေ ဒီအဖြေပဲ ထွက်လာမှာပဲဆိုတာ အထူးတလည် ငြင်းစရာမလိုပါဘူး....... ပဋိပက္ခ ဖြစ်ရပ်တွေတိုင်းမှာ စုံစမ်းဖို့ ကော်မတီဖွဲ့ကြရင် ထွက်လာတဲ့ အဖြေတိုင်းဟာ ပဋိပက္ခမှာ ပါဝင်တဲ့အဖွဲ့တွေ အားလုံးအတွက် သမာသမတ်ရှိတဲ့အဖြေတစ်ခု ထွက်လေ့ရှိပါတယ်...... လောလောလတ်လတ် ဥပမာအနေနဲ့ ရခိုင်စုံကော်ရဲ့ အစီရင်ခံစာပဲ ဖြစ်ပါတယ်.....  တစ်ချို့ကတော့ လက်ပံတောင်း ကိစ္စကို ဒေါ်စုအတွက် စာမေးပွဲတစ်ခုလို့ ကျွန်တော်သုံးသပ်တဲ့အပေါ် လက်မခံပဲ ဒေါ်စု ခေါင်းဝင်ခံပေးတယ်လို့ ငြင်းကြတာ တွေ့ရပါတယ်....... လက်ပံတောင်း ကော်မရှင်မှာ ဒေါ်စုဝင်ပါလိုက်ခြင်းရဲ့ ရလာဘ်ကတော့ ကော်မတီရဲ့ အဖြေကို ဦးပိုင်၊ ဝမ်ပေါင်နဲ့ ဒေသခံပြည်သူလူထု လက်ခံဖို့ ပိုမိုလွယ်ကူသွားစေတာပါပဲ...... ဘာကြောင့် စာမေးပွဲလို့ သုံးသပ်လဲ ဆိုရရင်တော့ ဒေါ်စုအတွက်လည်း တိုင်းပြည်အုပ်ချုပ်ချိန်မှာ တကယ့် ပြဿနာတွေကို စုပေါင်းပြီး လက်တွေ့ဖြေရှင်းဖို့ အတွေ့အကြုံရသွားစေတဲ့ အချက်တွေကြောင့်ပါပဲ...... ၂၀၁၅ မှာ ဘယ်သူပဲ အစိုးရဖြစ်လာပါစေ တရုတ်နဲ့ ချုပ်ဆိုထားတဲ့ လုပ်ငန်းတွေဟာ ပြဿနာတစ်ခုမဟုတ် တစ်ခုဖြစ်လာမှာကတော့ အသေအခြာဖြစ်နေလို့ပါ....... NLD အစိုးရဖြစ်လာသည့်တိုင် ဒီကိစ္စတွေဟာ ရှောင်လွဲလို့ မရတာကို တရုတ်ကုမ္ပဏီက မြစ်ဆုံ စီမံကိန်းကိုပြန်စဖို့ NLD ကို ချဉ်းကပ်နေတာတွေကို ကြည့်ရင် တွေ့မြင်ရပါလိမ့်မယ်...... ဒါကြောင့် လက်ပံတောင်းကိစ္စဟာ ဒေါ်စုအတွက် စာမေးပွဲမှ အခြေခံအဆင့် စာမေးပွဲ သာသာပါ...... တိုင်းပြည်အုပ်ချုပ်ချိန်မှာ ဒီထက် ပိုမိုပြင်းထန်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေ များစွာ ရင်ဆိုင် ကျော်ဖြတ်ရမှာပါ......  ဒါဖြင့် ဘာကြောင့် ဒေါ်စုရဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီကို မေးခွန်းထုတ်နေသလဲ မေးစရာရှိပါတယ်....... ဘာကြောင့်လဲဆိုတော့ အရင်တုန်းက NLD ဘက်တော်သားတွေ ပြောလေ့ရှိတဲ့စကားက လုပ်ပိုင်ခွင့်မှ မရှိတာ၊ ဘာမှ လုပ်လို့မှ မရတာ ဆိုတဲ့ ဆင်ခြေနဲ့ဖြတ်ကျော်လာတာ များနေတော့ ဒီလောက် လုပ်ပိုင်ခွင့်များတဲ့၊ ကင်းလွတ်ခွင့်အပြည့်နဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီရဲ့ ရလာဘ်ကို မေးခွန်းထုတ်ခြင်းပါပဲ...... တချို့ကတော့ ကော်မတီနဲ့ ဒေါ်စုက အဆိုတင်ရင်ကော အရေးယူမှာမို့လို့လား ပယ်ချခံရမှာပဲ ဒါကြောင့် မတင်တာဆိုတဲ့ Assumption နဲ့ ဆင်ခြေပေးလာတာ တွေ့ရပါတယ်...... တကယ်ကတော့ ဘယ်သူပဲ ပယ်သည်ဖြစ်စေ ရွေးသည်ဖြစ်စေ ကော်မတီ တစ်ရပ်အနေနဲ့ တာဝန်ကျေရပါမယ်...... ဘယ်သူမပြု မိမိမှုပါ..... မိမိတင်သမျှ အဆို အရွေးခံရမှ အလုပ်လုပ်မယ် ဆိုတာမျိုးဟာ လက်တွေ့နဲ့ အတော်လေး ဝေးကွာတဲ့ စိတ်ကူးယဉ် ကိစ္စတွေပါပဲ........  လက်ရှိ အတိုက်အခံတွေထဲက ၂၀၁၅ အတွက် အလားအလာ အကောင်းဆုံးလို့ ဆိုရမယ့် ဒေါ်စုဦးဆောင်တဲ့ ကော်မတီရဲ့ ရလာဘ်ကိုကြည့်ပီးမှ တိုင်းပြည်အုပ်ချုပ်ချိန်မှာ ဘယ်လောက်အထိ တာသွားမလဲ၊ လုပ်နိုင်မလဲ၊ လုပ်ပြမလဲ ဆိုတာကို နှိုင်းယှဉ် စဉ်းစားတာပဲ ဖြစ်ပါတယ်...... လက်ရှိ ရလာဘ်အပေါ်မှာမူတည်ပြီး တိုင်းပြည် အုပ်ချုပ်ချိန်မှာ ဘယ်နေရာတွေ အားနည်းနေသလဲ ထောက်ပြဖို့ ဝေဖန်တဲ့သဘော နှိုင်းယှဉ်တာပါပဲ...... ဒါမှလည်း ၂၀၁၅ ရွေးကောက်ပွဲက ရွေးချယ်လာချိန်မှာ အဆင်သင့်ဖြစ်နေမှာပါ...... ဒါပေမယ့်လည်း NLD နောက်လိုက်တွေကတော့ အကဲဆတ်လွန်းပီး နည်းနည်းလေးမှ ဝေဖန်မခံနိုင်၊ အရှက်ရမှာ စိုးကြောက်နေပြီး စဉ်းစားဆင်ခြင်ဥာဏ် တော်တော်လေးမဲ့ပြီးတော့ မဲမဲမြင်ရာ ထိုးဟောင်နေတဲ့ ပုံစံတွေ ဖြစ်လာပါတယ်.......  အခုလက်ရှိ NLD ထောက်ခံသူတွေ နောက်လိုက်တွေရဲ့ အပြုအမူဟာ ပါလီမာန်ခေတ်က ပျူစောထီးတွေလို၊ စစ်အစိုးရလက်ထက်က လက်မရွံ့ စွမ်းအားရှင်တွေလို ပုံသဏ္ဍန်ဖြစ်လာနေတာတွေဟာ NLD ပါတီ အာဏာရပြီးချိန်မှာ ဘယ်လိုအစိုးရမျိုး ပေါ်ထွန်းလာမယ်ဆိုတာကို အရိပ်ပြနေသလို ဖြစ်နေပါတယ်...... အထူးသဖြင့် အဝေဖန်မခံနိုင်၊ ဆက်ဆက်ထိမခံနိုင်၊ လူအုပ်နဲ့ အနိုင်ကျင့်တဲ့ အွန်လိုင်းပေါ်က လုပ်ရပ်တွေဟာ လက်တွေ့နယ်ပယ်ထဲကို ဆင်းသက်လာဖို့တွေ ဖြစ်လာဖို့ မြင်နေရသလိုပါပဲ.......   ဒေါ်စုပြောခဲ့တဲ့ လူချစ်လူခင်များရင် ဇတ်ကမှာပေါ့ ဆိုတဲ့စကားနဲ့ နိုင်ငံရေးလုပ်ရင် အဝေဖန်ခံရမှာကို ကြိုပြင်ထားတယ် ဆိုတဲ့စကားတွေကို အဆိုပါ NLD နောက်လိုက်တွေ နားလည်နိုင်စွမ်း ရှိဟန်မတူကြပါဘူး...... ဒါတွေကို မြင်ရ ကြည့်ရတာဟာ လက်ရှိ ဦးသိန်းစိန် အစိုးရလို အပေါ်ပိုင်းက တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ဘယ်လိုပဲ အလုပ်လုပ်နေပေမယ့် ပါမလာတဲ့ အောက်ပိုင်းက အစိုးရယန္တရားဖြစ်အင်လို Clone ကြီးတစ်ခုကို ကြည့်နေရသလိုပါပဲ...... ခေါင်းဆောင်ပြောစကားကို နားထောင်ခြင်း အလျဉ်းမရှိတဲ့ NLD ပါတီနဲ့ နောက်လိုက်တွေရဲ့ ဖြစ်အင်ဟာလည်း ဦးသိန်းစိန်ရဲ့ လက်ရှိအစိုးရ ထိပ်ပိုင်းနဲ့ အစိုးရ ယန္တရား ဖြစ်အင်ကို ကော်ပီကက် လုပ်နေသလား မှတ်ရပါတယ်......  ဒီလိုမောက်မာ ရိုင်းစိုင်း၊ စဉ်းစားဆင်ခြင်ဥာဏ်မဲ့လွန်းတဲ့ NLD ပါတီ နောက်လိုက်တွေနဲ့ သူတို့ လုပ်ရပ်တွေကြောင့် ပြည်သူလူထု အများစုဟာ ၂၀၁၅ မှာ NLD ပါတီအစား အခြားရွေးစရာ ပါတီတစ်ခုခုကို တောင့်တနေတာတွေ သတိထားကြည့်ရင် မြင်နိုင်ပါလိမ့်မယ်..... အကောင်းဆုံး သာဓက ကတော့ တစ်ချိန်က လူမျိုးတူ ရခိုင်ပါတီတွေတောင် ဝင်ပြီး စည်းရုံးလို့မရတဲ့ NLD ပါတီရဲ့ အမာခံ ရခိုင်တောင်ပိုင်း ဒေသတွေဟာ လက်ရှိအချိန်မှာ ရခိုင်လူမျိုး ပါတီကို စိတ်ဝင်တစားနဲ့ အားပေးလာတာတွေကို ကြည့်ရင် သိနိုင်ပါတယ်....... မှားခဲ့တဲ့ခြေလှမ်းတွေ၊ ထိမ်းမနိုင် သိမ်းမရတဲ့ နောက်လိုက်တွေရဲ့ လုပ်ရပ်တွေကို အချိန်မှီ ပြင်ဆင်နိုင်ရင်တော့ ဒေါ်စုနဲ့ NLD အနေနဲ့ နောက်မကျသေးဘူးလို့ပဲ ဆိုရပါလိမ့်မယ်..... ဒီလိုမှမဟုတ်ပဲ ဘေးနားက အမြှောက်တပ်ရဲ့ စကားတွေကိုပဲ ယုံကြည်နေပီး လက်တွေ့ အမှန် ဖြစ်ရပ်တွေနဲ့ ဝေးကွာနေရင်တော့ လွှတ်တော်ထဲမှာ ညွန့်ပေါင်းအစိုးရနဲ့ ညားဖို့ သေခြာသလောက် ဖြစ်နေပီး Power Sharing နဲ့ ဆက်သွားရမယ့် အခြေအနေကို ဒေါ်စုနဲ့ NLD ခါးသီးစွာ ရင်ဆိုင်ရဖို့ ဖြစ်နေပါတယ်......  အရင်က ခဏခဏ ကြုံခဲ့ရတာလေး ပြန်ပြောချင်ပါတယ်...... အထူးသဖြင့် မြန်မာတွေရဲ့ ဓလေ့ထုံးစံက ဈေးဆိုင်တစ်ခုခုဖွင့်လို့ လူကြိုက်များ စိတ်ဝင်စားမှုများပြီး ရောင်းအားတက်လာပြီဆိုရင် ဖြစ်လာလေ့ ရှိတာတော့ မောက်မာလာတာပဲ ဖြစ်ပါတယ်...... ဝယ်သူကို ပမာမခန့်၊ နင်တို့မဝယ်လည်း တစ်ခြားဝယ်မယ့်သူတွေ အများကြီး ရှိတယ်ဆိုတဲ့ အချိုးမျိုး ဆက်ဆံလာကြပါတယ်...... ဈေးဆိုင်ကိစ္စမှာတင် မဟုတ်ပါဘူး..... အနုပညာ လောကမှာပါ အောင်မြင် ကျော်ကြားလာတဲ့အခါ အောက်ခြေလွတ်သွားတဲ့ အခြေအနေတွေ တွေ့ခဲ့ရပါတယ်........ အကျိုးဆက်ကတော့ အဲ့ဒိ ဈေးဆိုင်တွေ၊ အနုပညာရှင်တွေဟာ ကောင်းစားနေတဲ့ အချိန်ကာလတစ်ခု ကျော်သွားတာနဲ့ ခွေးကျ ကျတာပါပဲ..... နာမည်ပြန်ရဖို့ ၁ က ပြန်စရတဲ့အထိ ဖြစ်ကြပေမယ့် အောင်မြင်မှု ရသလား၊ ပြည်သူလူထုရဲ့ ချဉ်သွားတာကို ခံစားရသလား ဆိုတာကို လေ့လာကြည့်ရင် သာဓက အများကြီး တွေ့နိုင်ပါတယ်.......  ဒါကြောင့် အဆုံးသတ်အနေနဲ့ ပြောရရင်တော့ ၂၀၁၅ အတွက် အလားအလာရှိတဲ့ အတိုက်အခံ ခေါင်းဆောင်နဲ့ အတိုက်အခံ အဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေထဲက မချင့်မရဲ၊ အားမလို အားမရ ဖြစ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်တာတွေကို သေခြာဖြေရှင်းဖို့ လိုနေပီလို့ပဲ ထောက်ပြ ပြောချင်ပါတယ်...... ခင်ဗျားတို့ မကြိုက်လဲ တစ်နိုင်ငံလုံးက NLD ကို ကြိုက်ပြီးသား၊ NLD ကို ထောက်ခံတယ်၊ အားပေးပြီးသား လူနည်းနည်းလေး မကြိုက်တာ ဘာမှ အရေးစိုက်မနေဘူး ဆိုရင်တော့ အပေါ်က ဥပမာတွေထဲက အောက်ခြေလွတ်နေတဲ့ ဖြစ်ရပ်မျိုးတွေနဲ့ တူလာနေပြီဆိုတာ သတိပြုစေချင်ပါတယ်....... အချိန်မနှောင်းခင်မှာ NLD ကို အောက်ခြေမလွတ်ပဲ ပြည်သူလူထု အကျိုးကို ရှေးရှုနိုင်ဖို့ အပြုသဘော ထောက်ပြလိုက်ပါတယ်.....  Photo copied from Internet
Voice of James Mint's photo.
အချိန်မနှောင်းသေးပါ NLD

ဒေါ်စု ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီ ၁ နှစ်ပြည့်တော့မှာဖြစ်လို့ ကော်မတီရဲ့ ရလာဘ် ဘာတွေရှိသလဲ၊ ဘာတွေလုပ်ပြီးပြီလဲ ဆိုတာတွေကို ကျွန်တော်မေးတဲ့အပေါ်မှာ ဝေဖန်ရကောင်းလားဆိုတာထက် ဒေါ်စုကို ၂၀၁၅ မှာ မရွေးခံရအောင် လုပ်နေတယ်လို့ မြင်နေကြတာ တွေ့ရပါတယ်..... သူတို့အမြင်မှာတော့ ဒေါ်စုကို သိက္ခာချတယ်လို့ စွတ်စွဲပါတယ်..... အမှန်ကတော့ ၂၀၁၅ အတွက် ကိုယ်ရဲ့တိုင်းပြည်ကို အုပ်ချုပ်ဖို့ အလားအလာရှိတဲ့ မည်သူ့ကိုမဆို ကိုယ့်ရဲ့ အမြင်၊ မေးခွန်းတွေ ထောက်ပြ ဝေဖန်ခွင့်ဆိုတာ နိုင်ငံသားတိုင်းမှာ ရှိပါတယ်.......

ဘာကြောင့် ဒေါ်စုနဲ့ NLD ဟာ ထောက်ပြခံနေရလည်း အဖြေကရှင်းပါတယ်..... ၂၀၁၅ အတွက် အဓိက အားထားရတဲ့ အတိုက်အခံပါတီနဲ့ အတိုက်အခံခေါင်းဆောင် ဖြစ်နေလို့ပါ..... ကျွန်တော်ဘာတွေ ထောက်ပြခဲ့သလဲ ဆိုတာကတော့ တရားဥပဒေ စိုးမိုးမှု ကော်မတီရဲ့ တာဝန်တွေဖြစ်တဲ့ အပိုဒ် (က)၊ အပိုဒ် (ခ)၊ အပိုဒ် (ဃ)၊ အပိုဒ် (င) အစရှိတာတွေ ဘယ်လောက်အထိ လုပ်ဆောင်ခဲ့ပြီးပြီလဲ ဆိုတာပါပဲ....... လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု အရည်အချင်းကို သူရဲ့ ရလာဘ်နဲ့ တိုင်းတာပါတယ်....... ဒီလိုပဲ ၂၀၁၅ မှာ ကိုယ့်နိုင်ငံကို အုပ်ချုပ်မယ့် ခေါင်းဆောင်တာဝန်ယူထားတဲ့ ကော်မတီတစ်ခုဟာ ၁ နှစ်ကာလာအတွင်းမှာ ဘယ်လောက်လုပ်ထားပီးပီလဲ ဆိုတာကိုကြည့်ပီး ကိုယ့်နိုင်ငံကို အုပ်ချုပ်ချိန်မှာ ဘယ်လောက်အထိ တာသွားမလဲ နှိုင်းယှဉ်စဉ်းစားတာ သဘာဝပါ.......

တစ်ချို့ကတော့ လက်ပံတောင်း ကော်မရှင်မှာ ဒေါ်စုလုပ်ဆောင်ခဲ့စဉ်က ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအဖြေကို ထုတ်ပြပြီး ဒေါ်စုအရည်အချင်းလို့ ဆိုလာတာ တွေ့ရပါတယ်..... လက်ပံတောင်း ကော်မရှင်ရဲ့ ဖွဲ့စည်းပုံထဲမှာ ပါဝင်အားဖြည့်ထားတဲ့ တတ်သိပညာရှင်တွေ၊ စာရင်းစစ်တွေရဲ့ အင်အားကိုကြည့်မယ်ဆိုရင် ဘယ်သူပဲ ကော်မတီဥက္ကဌလုပ်ပါစေ ဒီအဖြေပဲ ထွက်လာမှာပဲဆိုတာ အထူးတလည် ငြင်းစရာမလိုပါဘူး....... ပဋိပက္ခ ဖြစ်ရပ်တွေတိုင်းမှာ စုံစမ်းဖို့ ကော်မတီဖွဲ့ကြရင် ထွက်လာတဲ့ အဖြေတိုင်းဟာ ပဋိပက္ခမှာ ပါဝင်တဲ့အဖွဲ့တွေ အားလုံးအတွက် သမာသမတ်ရှိတဲ့အဖြေတစ်ခု ထွက်လေ့ရှိပါတယ်...... လောလောလတ်လတ် ဥပမာအနေနဲ့ ရခိုင်စုံကော်ရဲ့ အစီရင်ခံစာပဲ ဖြစ်ပါတယ်.....

တစ်ချို့ကတော့ လက်ပံတောင်း ကိစ္စကို ဒေါ်စုအတွက် စာမေးပွဲတစ်ခုလို့ ကျွန်တော်သုံးသပ်တဲ့အပေါ် လက်မခံပဲ ဒေါ်စု ခေါင်းဝင်ခံပေးတယ်လို့ ငြင်းကြတာ တွေ့ရပါတယ်....... လက်ပံတောင်း ကော်မရှင်မှာ ဒေါ်စုဝင်ပါလိုက်ခြင်းရဲ့ ရလာဘ်ကတော့ ကော်မတီရဲ့ အဖြေကို ဦးပိုင်၊ ဝမ်ပေါင်နဲ့ ဒေသခံပြည်သူလူထု လက်ခံဖို့ ပိုမိုလွယ်ကူသွားစေတာပါပဲ...... ဘာကြောင့် စာမေးပွဲလို့ သုံးသပ်လဲ ဆိုရရင်တော့ ဒေါ်စုအတွက်လည်း တိုင်းပြည်အုပ်ချုပ်ချိန်မှာ တကယ့် ပြဿနာတွေကို စုပေါင်းပြီး လက်တွေ့ဖြေရှင်းဖို့ အတွေ့အကြုံရသွားစေတဲ့ အချက်တွေကြောင့်ပါပဲ...... ၂၀၁၅ မှာ ဘယ်သူပဲ အစိုးရဖြစ်လာပါစေ တရုတ်နဲ့ ချုပ်ဆိုထားတဲ့ လုပ်ငန်းတွေဟာ ပြဿနာတစ်ခုမဟုတ် တစ်ခုဖြစ်လာမှာကတော့ အသေအခြာဖြစ်နေလို့ပါ....... NLD အစိုးရဖြစ်လာသည့်တိုင် ဒီကိစ္စတွေဟာ ရှောင်လွဲလို့ မရတာကို တရုတ်ကုမ္ပဏီက မြစ်ဆုံ စီမံကိန်းကိုပြန်စဖို့ NLD ကို ချဉ်းကပ်နေတာတွေကို ကြည့်ရင် တွေ့မြင်ရပါလိမ့်မယ်...... ဒါကြောင့် လက်ပံတောင်းကိစ္စဟာ ဒေါ်စုအတွက် စာမေးပွဲမှ အခြေခံအဆင့် စာမေးပွဲ သာသာပါ...... တိုင်းပြည်အုပ်ချုပ်ချိန်မှာ ဒီထက် ပိုမိုပြင်းထန်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေ များစွာ ရင်ဆိုင် ကျော်ဖြတ်ရမှာပါ......

ဒါဖြင့် ဘာကြောင့် ဒေါ်စုရဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီကို မေးခွန်းထုတ်နေသလဲ မေးစရာရှိပါတယ်....... ဘာကြောင့်လဲဆိုတော့ အရင်တုန်းက NLD ဘက်တော်သားတွေ ပြောလေ့ရှိတဲ့စကားက လုပ်ပိုင်ခွင့်မှ မရှိတာ၊ ဘာမှ လုပ်လို့မှ မရတာ ဆိုတဲ့ ဆင်ခြေနဲ့ဖြတ်ကျော်လာတာ များနေတော့ ဒီလောက် လုပ်ပိုင်ခွင့်များတဲ့၊ ကင်းလွတ်ခွင့်အပြည့်နဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီရဲ့ ရလာဘ်ကို မေးခွန်းထုတ်ခြင်းပါပဲ...... တချို့ကတော့ ကော်မတီနဲ့ ဒေါ်စုက အဆိုတင်ရင်ကော အရေးယူမှာမို့လို့လား ပယ်ချခံရမှာပဲ ဒါကြောင့် မတင်တာဆိုတဲ့ Assumption နဲ့ ဆင်ခြေပေးလာတာ တွေ့ရပါတယ်...... တကယ်ကတော့ ဘယ်သူပဲ ပယ်သည်ဖြစ်စေ ရွေးသည်ဖြစ်စေ ကော်မတီ တစ်ရပ်အနေနဲ့ တာဝန်ကျေရပါမယ်...... ဘယ်သူမပြု မိမိမှုပါ..... မိမိတင်သမျှ အဆို အရွေးခံရမှ အလုပ်လုပ်မယ် ဆိုတာမျိုးဟာ လက်တွေ့နဲ့ အတော်လေး ဝေးကွာတဲ့ စိတ်ကူးယဉ် ကိစ္စတွေပါပဲ........

လက်ရှိ အတိုက်အခံတွေထဲက ၂၀၁၅ အတွက် အလားအလာ အကောင်းဆုံးလို့ ဆိုရမယ့် ဒေါ်စုဦးဆောင်တဲ့ ကော်မတီရဲ့ ရလာဘ်ကိုကြည့်ပီးမှ တိုင်းပြည်အုပ်ချုပ်ချိန်မှာ ဘယ်လောက်အထိ တာသွားမလဲ၊ လုပ်နိုင်မလဲ၊ လုပ်ပြမလဲ ဆိုတာကို နှိုင်းယှဉ် စဉ်းစားတာပဲ ဖြစ်ပါတယ်...... လက်ရှိ ရလာဘ်အပေါ်မှာမူတည်ပြီး တိုင်းပြည် အုပ်ချုပ်ချိန်မှာ ဘယ်နေရာတွေ အားနည်းနေသလဲ ထောက်ပြဖို့ ဝေဖန်တဲ့သဘော နှိုင်းယှဉ်တာပါပဲ...... ဒါမှလည်း ၂၀၁၅ ရွေးကောက်ပွဲက ရွေးချယ်လာချိန်မှာ အဆင်သင့်ဖြစ်နေမှာပါ...... ဒါပေမယ့်လည်း NLD နောက်လိုက်တွေကတော့ အကဲဆတ်လွန်းပီး နည်းနည်းလေးမှ ဝေဖန်မခံနိုင်၊ အရှက်ရမှာ စိုးကြောက်နေပြီး စဉ်းစားဆင်ခြင်ဥာဏ် တော်တော်လေးမဲ့ပြီးတော့ မဲမဲမြင်ရာ ထိုးဟောင်နေတဲ့ ပုံစံတွေ ဖြစ်လာပါတယ်.......

အခုလက်ရှိ NLD ထောက်ခံသူတွေ နောက်လိုက်တွေရဲ့ အပြုအမူဟာ ပါလီမာန်ခေတ်က ပျူစောထီးတွေလို၊ စစ်အစိုးရလက်ထက်က လက်မရွံ့ စွမ်းအားရှင်တွေလို ပုံသဏ္ဍန်ဖြစ်လာနေတာတွေဟာ NLD ပါတီ အာဏာရပြီးချိန်မှာ ဘယ်လိုအစိုးရမျိုး ပေါ်ထွန်းလာမယ်ဆိုတာကို အရိပ်ပြနေသလို ဖြစ်နေပါတယ်...... အထူးသဖြင့် အဝေဖန်မခံနိုင်၊ ဆက်ဆက်ထိမခံနိုင်၊ လူအုပ်နဲ့ အနိုင်ကျင့်တဲ့ အွန်လိုင်းပေါ်က လုပ်ရပ်တွေဟာ လက်တွေ့နယ်ပယ်ထဲကို ဆင်းသက်လာဖို့တွေ ဖြစ်လာဖို့ မြင်နေရသလိုပါပဲ.......

ဒေါ်စုပြောခဲ့တဲ့ လူချစ်လူခင်များရင် ဇတ်ကမှာပေါ့ ဆိုတဲ့စကားနဲ့ နိုင်ငံရေးလုပ်ရင် အဝေဖန်ခံရမှာကို ကြိုပြင်ထားတယ် ဆိုတဲ့စကားတွေကို အဆိုပါ NLD နောက်လိုက်တွေ နားလည်နိုင်စွမ်း ရှိဟန်မတူကြပါဘူး...... ဒါတွေကို မြင်ရ ကြည့်ရတာဟာ လက်ရှိ ဦးသိန်းစိန် အစိုးရလို အပေါ်ပိုင်းက တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ဘယ်လိုပဲ အလုပ်လုပ်နေပေမယ့် ပါမလာတဲ့ အောက်ပိုင်းက အစိုးရယန္တရားဖြစ်အင်လို Clone ကြီးတစ်ခုကို ကြည့်နေရသလိုပါပဲ...... ခေါင်းဆောင်ပြောစကားကို နားထောင်ခြင်း အလျဉ်းမရှိတဲ့ NLD ပါတီနဲ့ နောက်လိုက်တွေရဲ့ ဖြစ်အင်ဟာလည်း ဦးသိန်းစိန်ရဲ့ လက်ရှိအစိုးရ ထိပ်ပိုင်းနဲ့ အစိုးရ ယန္တရား ဖြစ်အင်ကို ကော်ပီကက် လုပ်နေသလား မှတ်ရပါတယ်......

ဒီလိုမောက်မာ ရိုင်းစိုင်း၊ စဉ်းစားဆင်ခြင်ဥာဏ်မဲ့လွန်းတဲ့ NLD ပါတီ နောက်လိုက်တွေနဲ့ သူတို့ လုပ်ရပ်တွေကြောင့် ပြည်သူလူထု အများစုဟာ ၂၀၁၅ မှာ NLD ပါတီအစား အခြားရွေးစရာ ပါတီတစ်ခုခုကို တောင့်တနေတာတွေ သတိထားကြည့်ရင် မြင်နိုင်ပါလိမ့်မယ်..... အကောင်းဆုံး သာဓက ကတော့ တစ်ချိန်က လူမျိုးတူ ရခိုင်ပါတီတွေတောင် ဝင်ပြီး စည်းရုံးလို့မရတဲ့ NLD ပါတီရဲ့ အမာခံ ရခိုင်တောင်ပိုင်း ဒေသတွေဟာ လက်ရှိအချိန်မှာ ရခိုင်လူမျိုး ပါတီကို စိတ်ဝင်တစားနဲ့ အားပေးလာတာတွေကို ကြည့်ရင် သိနိုင်ပါတယ်....... မှားခဲ့တဲ့ခြေလှမ်းတွေ၊ ထိမ်းမနိုင် သိမ်းမရတဲ့ နောက်လိုက်တွေရဲ့ လုပ်ရပ်တွေကို အချိန်မှီ ပြင်ဆင်နိုင်ရင်တော့ ဒေါ်စုနဲ့ NLD အနေနဲ့ နောက်မကျသေးဘူးလို့ပဲ ဆိုရပါလိမ့်မယ်..... ဒီလိုမှမဟုတ်ပဲ ဘေးနားက အမြှောက်တပ်ရဲ့ စကားတွေကိုပဲ ယုံကြည်နေပီး လက်တွေ့ အမှန် ဖြစ်ရပ်တွေနဲ့ ဝေးကွာနေရင်တော့ လွှတ်တော်ထဲမှာ ညွန့်ပေါင်းအစိုးရနဲ့ ညားဖို့ သေခြာသလောက် ဖြစ်နေပီး Power Sharing နဲ့ ဆက်သွားရမယ့် အခြေအနေကို ဒေါ်စုနဲ့ NLD ခါးသီးစွာ ရင်ဆိုင်ရဖို့ ဖြစ်နေပါတယ်......

အရင်က ခဏခဏ ကြုံခဲ့ရတာလေး ပြန်ပြောချင်ပါတယ်...... အထူးသဖြင့် မြန်မာတွေရဲ့ ဓလေ့ထုံးစံက ဈေးဆိုင်တစ်ခုခုဖွင့်လို့ လူကြိုက်များ စိတ်ဝင်စားမှုများပြီး ရောင်းအားတက်လာပြီဆိုရင် ဖြစ်လာလေ့ ရှိတာတော့ မောက်မာလာတာပဲ ဖြစ်ပါတယ်...... ဝယ်သူကို ပမာမခန့်၊ နင်တို့မဝယ်လည်း တစ်ခြားဝယ်မယ့်သူတွေ အများကြီး ရှိတယ်ဆိုတဲ့ အချိုးမျိုး ဆက်ဆံလာကြပါတယ်...... ဈေးဆိုင်ကိစ္စမှာတင် မဟုတ်ပါဘူး..... အနုပညာ လောကမှာပါ အောင်မြင် ကျော်ကြားလာတဲ့အခါ အောက်ခြေလွတ်သွားတဲ့ အခြေအနေတွေ တွေ့ခဲ့ရပါတယ်........ အကျိုးဆက်ကတော့ အဲ့ဒိ ဈေးဆိုင်တွေ၊ အနုပညာရှင်တွေဟာ ကောင်းစားနေတဲ့ အချိန်ကာလတစ်ခု ကျော်သွားတာနဲ့ ခွေးကျ ကျတာပါပဲ..... နာမည်ပြန်ရဖို့ ၁ က ပြန်စရတဲ့အထိ ဖြစ်ကြပေမယ့် အောင်မြင်မှု ရသလား၊ ပြည်သူလူထုရဲ့ ချဉ်သွားတာကို ခံစားရသလား ဆိုတာကို လေ့လာကြည့်ရင် သာဓက အများကြီး တွေ့နိုင်ပါတယ်.......

ဒါကြောင့် အဆုံးသတ်အနေနဲ့ ပြောရရင်တော့ ၂၀၁၅ အတွက် အလားအလာရှိတဲ့ အတိုက်အခံ ခေါင်းဆောင်နဲ့ အတိုက်အခံ အဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေထဲက မချင့်မရဲ၊ အားမလို အားမရ ဖြစ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်တာတွေကို သေခြာဖြေရှင်းဖို့ လိုနေပီလို့ပဲ ထောက်ပြ ပြောချင်ပါတယ်...... ခင်ဗျားတို့ မကြိုက်လဲ တစ်နိုင်ငံလုံးက NLD ကို ကြိုက်ပြီးသား၊ NLD ကို ထောက်ခံတယ်၊ အားပေးပြီးသား လူနည်းနည်းလေး မကြိုက်တာ ဘာမှ အရေးစိုက်မနေဘူး ဆိုရင်တော့ အပေါ်က ဥပမာတွေထဲက အောက်ခြေလွတ်နေတဲ့ ဖြစ်ရပ်မျိုးတွေနဲ့ တူလာနေပြီဆိုတာ သတိပြုစေချင်ပါတယ်....... အချိန်မနှောင်းခင်မှာ NLD ကို အောက်ခြေမလွတ်ပဲ ပြည်သူလူထု အကျိုးကို ရှေးရှုနိုင်ဖို့ အပြုသဘော ထောက်ပြလိုက်ပါတယ်.....

Photo copied from Internet

အချိန်မနှောင်းသေးပါ NLD

$
0
0
 Photo: အချိန်မနှောင်းသေးပါ NLD   ဒေါ်စု ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီ ၁ နှစ်ပြည့်တော့မှာဖြစ်လို့ ကော်မတီရဲ့ ရလာဘ် ဘာတွေရှိသလဲ၊ ဘာတွေလုပ်ပြီးပြီလဲ ဆိုတာတွေကို ကျွန်တော်မေးတဲ့အပေါ်မှာ ဝေဖန်ရကောင်းလားဆိုတာထက် ဒေါ်စုကို ၂၀၁၅ မှာ မရွေးခံရအောင် လုပ်နေတယ်လို့ မြင်နေကြတာ တွေ့ရပါတယ်..... သူတို့အမြင်မှာတော့ ဒေါ်စုကို သိက္ခာချတယ်လို့ စွတ်စွဲပါတယ်..... အမှန်ကတော့ ၂၀၁၅ အတွက် ကိုယ်ရဲ့တိုင်းပြည်ကို အုပ်ချုပ်ဖို့ အလားအလာရှိတဲ့ မည်သူ့ကိုမဆို ကိုယ့်ရဲ့ အမြင်၊ မေးခွန်းတွေ ထောက်ပြ ဝေဖန်ခွင့်ဆိုတာ နိုင်ငံသားတိုင်းမှာ ရှိပါတယ်.......  ဘာကြောင့် ဒေါ်စုနဲ့ NLD ဟာ ထောက်ပြခံနေရလည်း အဖြေကရှင်းပါတယ်..... ၂၀၁၅ အတွက် အဓိက အားထားရတဲ့ အတိုက်အခံပါတီနဲ့ အတိုက်အခံခေါင်းဆောင် ဖြစ်နေလို့ပါ..... ကျွန်တော်ဘာတွေ ထောက်ပြခဲ့သလဲ ဆိုတာကတော့ တရားဥပဒေ စိုးမိုးမှု ကော်မတီရဲ့ တာဝန်တွေဖြစ်တဲ့ အပိုဒ် (က)၊ အပိုဒ် (ခ)၊ အပိုဒ် (ဃ)၊ အပိုဒ် (င) အစရှိတာတွေ ဘယ်လောက်အထိ လုပ်ဆောင်ခဲ့ပြီးပြီလဲ ဆိုတာပါပဲ.......  လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု အရည်အချင်းကို သူရဲ့ ရလာဘ်နဲ့ တိုင်းတာပါတယ်....... ဒီလိုပဲ ၂၀၁၅ မှာ ကိုယ့်နိုင်ငံကို အုပ်ချုပ်မယ့် ခေါင်းဆောင်တာဝန်ယူထားတဲ့ ကော်မတီတစ်ခုဟာ ၁ နှစ်ကာလာအတွင်းမှာ ဘယ်လောက်လုပ်ထားပီးပီလဲ ဆိုတာကိုကြည့်ပီး ကိုယ့်နိုင်ငံကို အုပ်ချုပ်ချိန်မှာ ဘယ်လောက်အထိ တာသွားမလဲ နှိုင်းယှဉ်စဉ်းစားတာ သဘာဝပါ.......  တစ်ချို့ကတော့ လက်ပံတောင်း ကော်မရှင်မှာ ဒေါ်စုလုပ်ဆောင်ခဲ့စဉ်က ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအဖြေကို ထုတ်ပြပြီး ဒေါ်စုအရည်အချင်းလို့ ဆိုလာတာ တွေ့ရပါတယ်..... လက်ပံတောင်း ကော်မရှင်ရဲ့ ဖွဲ့စည်းပုံထဲမှာ ပါဝင်အားဖြည့်ထားတဲ့ တတ်သိပညာရှင်တွေ၊ စာရင်းစစ်တွေရဲ့ အင်အားကိုကြည့်မယ်ဆိုရင် ဘယ်သူပဲ ကော်မတီဥက္ကဌလုပ်ပါစေ ဒီအဖြေပဲ ထွက်လာမှာပဲဆိုတာ အထူးတလည် ငြင်းစရာမလိုပါဘူး....... ပဋိပက္ခ ဖြစ်ရပ်တွေတိုင်းမှာ စုံစမ်းဖို့ ကော်မတီဖွဲ့ကြရင် ထွက်လာတဲ့ အဖြေတိုင်းဟာ ပဋိပက္ခမှာ ပါဝင်တဲ့အဖွဲ့တွေ အားလုံးအတွက် သမာသမတ်ရှိတဲ့အဖြေတစ်ခု ထွက်လေ့ရှိပါတယ်...... လောလောလတ်လတ် ဥပမာအနေနဲ့ ရခိုင်စုံကော်ရဲ့ အစီရင်ခံစာပဲ ဖြစ်ပါတယ်.....  တစ်ချို့ကတော့ လက်ပံတောင်း ကိစ္စကို ဒေါ်စုအတွက် စာမေးပွဲတစ်ခုလို့ ကျွန်တော်သုံးသပ်တဲ့အပေါ် လက်မခံပဲ ဒေါ်စု ခေါင်းဝင်ခံပေးတယ်လို့ ငြင်းကြတာ တွေ့ရပါတယ်....... လက်ပံတောင်း ကော်မရှင်မှာ ဒေါ်စုဝင်ပါလိုက်ခြင်းရဲ့ ရလာဘ်ကတော့ ကော်မတီရဲ့ အဖြေကို ဦးပိုင်၊ ဝမ်ပေါင်နဲ့ ဒေသခံပြည်သူလူထု လက်ခံဖို့ ပိုမိုလွယ်ကူသွားစေတာပါပဲ...... ဘာကြောင့် စာမေးပွဲလို့ သုံးသပ်လဲ ဆိုရရင်တော့ ဒေါ်စုအတွက်လည်း တိုင်းပြည်အုပ်ချုပ်ချိန်မှာ တကယ့် ပြဿနာတွေကို စုပေါင်းပြီး လက်တွေ့ဖြေရှင်းဖို့ အတွေ့အကြုံရသွားစေတဲ့ အချက်တွေကြောင့်ပါပဲ...... ၂၀၁၅ မှာ ဘယ်သူပဲ အစိုးရဖြစ်လာပါစေ တရုတ်နဲ့ ချုပ်ဆိုထားတဲ့ လုပ်ငန်းတွေဟာ ပြဿနာတစ်ခုမဟုတ် တစ်ခုဖြစ်လာမှာကတော့ အသေအခြာဖြစ်နေလို့ပါ....... NLD အစိုးရဖြစ်လာသည့်တိုင် ဒီကိစ္စတွေဟာ ရှောင်လွဲလို့ မရတာကို တရုတ်ကုမ္ပဏီက မြစ်ဆုံ စီမံကိန်းကိုပြန်စဖို့ NLD ကို ချဉ်းကပ်နေတာတွေကို ကြည့်ရင် တွေ့မြင်ရပါလိမ့်မယ်...... ဒါကြောင့် လက်ပံတောင်းကိစ္စဟာ ဒေါ်စုအတွက် စာမေးပွဲမှ အခြေခံအဆင့် စာမေးပွဲ သာသာပါ...... တိုင်းပြည်အုပ်ချုပ်ချိန်မှာ ဒီထက် ပိုမိုပြင်းထန်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေ များစွာ ရင်ဆိုင် ကျော်ဖြတ်ရမှာပါ......  ဒါဖြင့် ဘာကြောင့် ဒေါ်စုရဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီကို မေးခွန်းထုတ်နေသလဲ မေးစရာရှိပါတယ်....... ဘာကြောင့်လဲဆိုတော့ အရင်တုန်းက NLD ဘက်တော်သားတွေ ပြောလေ့ရှိတဲ့စကားက လုပ်ပိုင်ခွင့်မှ မရှိတာ၊ ဘာမှ လုပ်လို့မှ မရတာ ဆိုတဲ့ ဆင်ခြေနဲ့ဖြတ်ကျော်လာတာ များနေတော့ ဒီလောက် လုပ်ပိုင်ခွင့်များတဲ့၊ ကင်းလွတ်ခွင့်အပြည့်နဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီရဲ့ ရလာဘ်ကို မေးခွန်းထုတ်ခြင်းပါပဲ...... တချို့ကတော့ ကော်မတီနဲ့ ဒေါ်စုက အဆိုတင်ရင်ကော အရေးယူမှာမို့လို့လား ပယ်ချခံရမှာပဲ ဒါကြောင့် မတင်တာဆိုတဲ့ Assumption နဲ့ ဆင်ခြေပေးလာတာ တွေ့ရပါတယ်...... တကယ်ကတော့ ဘယ်သူပဲ ပယ်သည်ဖြစ်စေ ရွေးသည်ဖြစ်စေ ကော်မတီ တစ်ရပ်အနေနဲ့ တာဝန်ကျေရပါမယ်...... ဘယ်သူမပြု မိမိမှုပါ..... မိမိတင်သမျှ အဆို အရွေးခံရမှ အလုပ်လုပ်မယ် ဆိုတာမျိုးဟာ လက်တွေ့နဲ့ အတော်လေး ဝေးကွာတဲ့ စိတ်ကူးယဉ် ကိစ္စတွေပါပဲ........  လက်ရှိ အတိုက်အခံတွေထဲက ၂၀၁၅ အတွက် အလားအလာ အကောင်းဆုံးလို့ ဆိုရမယ့် ဒေါ်စုဦးဆောင်တဲ့ ကော်မတီရဲ့ ရလာဘ်ကိုကြည့်ပီးမှ တိုင်းပြည်အုပ်ချုပ်ချိန်မှာ ဘယ်လောက်အထိ တာသွားမလဲ၊ လုပ်နိုင်မလဲ၊ လုပ်ပြမလဲ ဆိုတာကို နှိုင်းယှဉ် စဉ်းစားတာပဲ ဖြစ်ပါတယ်...... လက်ရှိ ရလာဘ်အပေါ်မှာမူတည်ပြီး တိုင်းပြည် အုပ်ချုပ်ချိန်မှာ ဘယ်နေရာတွေ အားနည်းနေသလဲ ထောက်ပြဖို့ ဝေဖန်တဲ့သဘော နှိုင်းယှဉ်တာပါပဲ...... ဒါမှလည်း ၂၀၁၅ ရွေးကောက်ပွဲက ရွေးချယ်လာချိန်မှာ အဆင်သင့်ဖြစ်နေမှာပါ...... ဒါပေမယ့်လည်း NLD နောက်လိုက်တွေကတော့ အကဲဆတ်လွန်းပီး နည်းနည်းလေးမှ ဝေဖန်မခံနိုင်၊ အရှက်ရမှာ စိုးကြောက်နေပြီး စဉ်းစားဆင်ခြင်ဥာဏ် တော်တော်လေးမဲ့ပြီးတော့ မဲမဲမြင်ရာ ထိုးဟောင်နေတဲ့ ပုံစံတွေ ဖြစ်လာပါတယ်.......  အခုလက်ရှိ NLD ထောက်ခံသူတွေ နောက်လိုက်တွေရဲ့ အပြုအမူဟာ ပါလီမာန်ခေတ်က ပျူစောထီးတွေလို၊ စစ်အစိုးရလက်ထက်က လက်မရွံ့ စွမ်းအားရှင်တွေလို ပုံသဏ္ဍန်ဖြစ်လာနေတာတွေဟာ NLD ပါတီ အာဏာရပြီးချိန်မှာ ဘယ်လိုအစိုးရမျိုး ပေါ်ထွန်းလာမယ်ဆိုတာကို အရိပ်ပြနေသလို ဖြစ်နေပါတယ်...... အထူးသဖြင့် အဝေဖန်မခံနိုင်၊ ဆက်ဆက်ထိမခံနိုင်၊ လူအုပ်နဲ့ အနိုင်ကျင့်တဲ့ အွန်လိုင်းပေါ်က လုပ်ရပ်တွေဟာ လက်တွေ့နယ်ပယ်ထဲကို ဆင်းသက်လာဖို့တွေ ဖြစ်လာဖို့ မြင်နေရသလိုပါပဲ.......   ဒေါ်စုပြောခဲ့တဲ့ လူချစ်လူခင်များရင် ဇတ်ကမှာပေါ့ ဆိုတဲ့စကားနဲ့ နိုင်ငံရေးလုပ်ရင် အဝေဖန်ခံရမှာကို ကြိုပြင်ထားတယ် ဆိုတဲ့စကားတွေကို အဆိုပါ NLD နောက်လိုက်တွေ နားလည်နိုင်စွမ်း ရှိဟန်မတူကြပါဘူး...... ဒါတွေကို မြင်ရ ကြည့်ရတာဟာ လက်ရှိ ဦးသိန်းစိန် အစိုးရလို အပေါ်ပိုင်းက တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ဘယ်လိုပဲ အလုပ်လုပ်နေပေမယ့် ပါမလာတဲ့ အောက်ပိုင်းက အစိုးရယန္တရားဖြစ်အင်လို Clone ကြီးတစ်ခုကို ကြည့်နေရသလိုပါပဲ...... ခေါင်းဆောင်ပြောစကားကို နားထောင်ခြင်း အလျဉ်းမရှိတဲ့ NLD ပါတီနဲ့ နောက်လိုက်တွေရဲ့ ဖြစ်အင်ဟာလည်း ဦးသိန်းစိန်ရဲ့ လက်ရှိအစိုးရ ထိပ်ပိုင်းနဲ့ အစိုးရ ယန္တရား ဖြစ်အင်ကို ကော်ပီကက် လုပ်နေသလား မှတ်ရပါတယ်......  ဒီလိုမောက်မာ ရိုင်းစိုင်း၊ စဉ်းစားဆင်ခြင်ဥာဏ်မဲ့လွန်းတဲ့ NLD ပါတီ နောက်လိုက်တွေနဲ့ သူတို့ လုပ်ရပ်တွေကြောင့် ပြည်သူလူထု အများစုဟာ ၂၀၁၅ မှာ NLD ပါတီအစား အခြားရွေးစရာ ပါတီတစ်ခုခုကို တောင့်တနေတာတွေ သတိထားကြည့်ရင် မြင်နိုင်ပါလိမ့်မယ်..... အကောင်းဆုံး သာဓက ကတော့ တစ်ချိန်က လူမျိုးတူ ရခိုင်ပါတီတွေတောင် ဝင်ပြီး စည်းရုံးလို့မရတဲ့ NLD ပါတီရဲ့ အမာခံ ရခိုင်တောင်ပိုင်း ဒေသတွေဟာ လက်ရှိအချိန်မှာ ရခိုင်လူမျိုး ပါတီကို စိတ်ဝင်တစားနဲ့ အားပေးလာတာတွေကို ကြည့်ရင် သိနိုင်ပါတယ်....... မှားခဲ့တဲ့ခြေလှမ်းတွေ၊ ထိမ်းမနိုင် သိမ်းမရတဲ့ နောက်လိုက်တွေရဲ့ လုပ်ရပ်တွေကို အချိန်မှီ ပြင်ဆင်နိုင်ရင်တော့ ဒေါ်စုနဲ့ NLD အနေနဲ့ နောက်မကျသေးဘူးလို့ပဲ ဆိုရပါလိမ့်မယ်..... ဒီလိုမှမဟုတ်ပဲ ဘေးနားက အမြှောက်တပ်ရဲ့ စကားတွေကိုပဲ ယုံကြည်နေပီး လက်တွေ့ အမှန် ဖြစ်ရပ်တွေနဲ့ ဝေးကွာနေရင်တော့ လွှတ်တော်ထဲမှာ ညွန့်ပေါင်းအစိုးရနဲ့ ညားဖို့ သေခြာသလောက် ဖြစ်နေပီး Power Sharing နဲ့ ဆက်သွားရမယ့် အခြေအနေကို ဒေါ်စုနဲ့ NLD ခါးသီးစွာ ရင်ဆိုင်ရဖို့ ဖြစ်နေပါတယ်......  အရင်က ခဏခဏ ကြုံခဲ့ရတာလေး ပြန်ပြောချင်ပါတယ်...... အထူးသဖြင့် မြန်မာတွေရဲ့ ဓလေ့ထုံးစံက ဈေးဆိုင်တစ်ခုခုဖွင့်လို့ လူကြိုက်များ စိတ်ဝင်စားမှုများပြီး ရောင်းအားတက်လာပြီဆိုရင် ဖြစ်လာလေ့ ရှိတာတော့ မောက်မာလာတာပဲ ဖြစ်ပါတယ်...... ဝယ်သူကို ပမာမခန့်၊ နင်တို့မဝယ်လည်း တစ်ခြားဝယ်မယ့်သူတွေ အများကြီး ရှိတယ်ဆိုတဲ့ အချိုးမျိုး ဆက်ဆံလာကြပါတယ်...... ဈေးဆိုင်ကိစ္စမှာတင် မဟုတ်ပါဘူး..... အနုပညာ လောကမှာပါ အောင်မြင် ကျော်ကြားလာတဲ့အခါ အောက်ခြေလွတ်သွားတဲ့ အခြေအနေတွေ တွေ့ခဲ့ရပါတယ်........ အကျိုးဆက်ကတော့ အဲ့ဒိ ဈေးဆိုင်တွေ၊ အနုပညာရှင်တွေဟာ ကောင်းစားနေတဲ့ အချိန်ကာလတစ်ခု ကျော်သွားတာနဲ့ ခွေးကျ ကျတာပါပဲ..... နာမည်ပြန်ရဖို့ ၁ က ပြန်စရတဲ့အထိ ဖြစ်ကြပေမယ့် အောင်မြင်မှု ရသလား၊ ပြည်သူလူထုရဲ့ ချဉ်သွားတာကို ခံစားရသလား ဆိုတာကို လေ့လာကြည့်ရင် သာဓက အများကြီး တွေ့နိုင်ပါတယ်.......  ဒါကြောင့် အဆုံးသတ်အနေနဲ့ ပြောရရင်တော့ ၂၀၁၅ အတွက် အလားအလာရှိတဲ့ အတိုက်အခံ ခေါင်းဆောင်နဲ့ အတိုက်အခံ အဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေထဲက မချင့်မရဲ၊ အားမလို အားမရ ဖြစ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်တာတွေကို သေခြာဖြေရှင်းဖို့ လိုနေပီလို့ပဲ ထောက်ပြ ပြောချင်ပါတယ်...... ခင်ဗျားတို့ မကြိုက်လဲ တစ်နိုင်ငံလုံးက NLD ကို ကြိုက်ပြီးသား၊ NLD ကို ထောက်ခံတယ်၊ အားပေးပြီးသား လူနည်းနည်းလေး မကြိုက်တာ ဘာမှ အရေးစိုက်မနေဘူး ဆိုရင်တော့ အပေါ်က ဥပမာတွေထဲက အောက်ခြေလွတ်နေတဲ့ ဖြစ်ရပ်မျိုးတွေနဲ့ တူလာနေပြီဆိုတာ သတိပြုစေချင်ပါတယ်....... အချိန်မနှောင်းခင်မှာ NLD ကို အောက်ခြေမလွတ်ပဲ ပြည်သူလူထု အကျိုးကို ရှေးရှုနိုင်ဖို့ အပြုသဘော ထောက်ပြလိုက်ပါတယ်.....  Photo copied from Internet
Voice of James Mint's photo.
အချိန်မနှောင်းသေးပါ NLD

ဒေါ်စု ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီ ၁ နှစ်ပြည့်တော့မှာဖြစ်လို့ ကော်မတီရဲ့ ရလာဘ် ဘာတွေရှိသလဲ၊ ဘာတွေလုပ်ပြီးပြီလဲ ဆိုတာတွေကို ကျွန်တော်မေးတဲ့အပေါ်မှာ ဝေဖန်ရကောင်းလားဆိုတာထက် ဒေါ်စုကို ၂၀၁၅ မှာ မရွေးခံရအောင် လုပ်နေတယ်လို့ မြင်နေကြတာ တွေ့ရပါတယ်..... သူတို့အမြင်မှာတော့ ဒေါ်စုကို သိက္ခာချတယ်လို့ စွတ်စွဲပါတယ်..... အမှန်ကတော့ ၂၀၁၅ အတွက် ကိုယ်ရဲ့တိုင်းပြည်ကို အုပ်ချုပ်ဖို့ အလားအလာရှိတဲ့ မည်သူ့ကိုမဆို ကိုယ့်ရဲ့ အမြင်၊ မေးခွန်းတွေ ထောက်ပြ ဝေဖန်ခွင့်ဆိုတာ နိုင်ငံသားတိုင်းမှာ ရှိပါတယ်.......

ဘာကြောင့် ဒေါ်စုနဲ့ NLD ဟာ ထောက်ပြခံနေရလည်း အဖြေကရှင်းပါတယ်..... ၂၀၁၅ အတွက် အဓိက အားထားရတဲ့ အတိုက်အခံပါတီနဲ့ အတိုက်အခံခေါင်းဆောင် ဖြစ်နေလို့ပါ..... ကျွန်တော်ဘာတွေ ထောက်ပြခဲ့သလဲ ဆိုတာကတော့ တရားဥပဒေ စိုးမိုးမှု ကော်မတီရဲ့ တာဝန်တွေဖြစ်တဲ့ အပိုဒ် (က)၊ အပိုဒ် (ခ)၊ အပိုဒ် (ဃ)၊ အပိုဒ် (င) အစရှိတာတွေ ဘယ်လောက်အထိ လုပ်ဆောင်ခဲ့ပြီးပြီလဲ ဆိုတာပါပဲ....... လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု အရည်အချင်းကို သူရဲ့ ရလာဘ်နဲ့ တိုင်းတာပါတယ်....... ဒီလိုပဲ ၂၀၁၅ မှာ ကိုယ့်နိုင်ငံကို အုပ်ချုပ်မယ့် ခေါင်းဆောင်တာဝန်ယူထားတဲ့ ကော်မတီတစ်ခုဟာ ၁ နှစ်ကာလာအတွင်းမှာ ဘယ်လောက်လုပ်ထားပီးပီလဲ ဆိုတာကိုကြည့်ပီး ကိုယ့်နိုင်ငံကို အုပ်ချုပ်ချိန်မှာ ဘယ်လောက်အထိ တာသွားမလဲ နှိုင်းယှဉ်စဉ်းစားတာ သဘာဝပါ.......

တစ်ချို့ကတော့ လက်ပံတောင်း ကော်မရှင်မှာ ဒေါ်စုလုပ်ဆောင်ခဲ့စဉ်က ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအဖြေကို ထုတ်ပြပြီး ဒေါ်စုအရည်အချင်းလို့ ဆိုလာတာ တွေ့ရပါတယ်..... လက်ပံတောင်း ကော်မရှင်ရဲ့ ဖွဲ့စည်းပုံထဲမှာ ပါဝင်အားဖြည့်ထားတဲ့ တတ်သိပညာရှင်တွေ၊ စာရင်းစစ်တွေရဲ့ အင်အားကိုကြည့်မယ်ဆိုရင် ဘယ်သူပဲ ကော်မတီဥက္ကဌလုပ်ပါစေ ဒီအဖြေပဲ ထွက်လာမှာပဲဆိုတာ အထူးတလည် ငြင်းစရာမလိုပါဘူး....... ပဋိပက္ခ ဖြစ်ရပ်တွေတိုင်းမှာ စုံစမ်းဖို့ ကော်မတီဖွဲ့ကြရင် ထွက်လာတဲ့ အဖြေတိုင်းဟာ ပဋိပက္ခမှာ ပါဝင်တဲ့အဖွဲ့တွေ အားလုံးအတွက် သမာသမတ်ရှိတဲ့အဖြေတစ်ခု ထွက်လေ့ရှိပါတယ်...... လောလောလတ်လတ် ဥပမာအနေနဲ့ ရခိုင်စုံကော်ရဲ့ အစီရင်ခံစာပဲ ဖြစ်ပါတယ်.....

တစ်ချို့ကတော့ လက်ပံတောင်း ကိစ္စကို ဒေါ်စုအတွက် စာမေးပွဲတစ်ခုလို့ ကျွန်တော်သုံးသပ်တဲ့အပေါ် လက်မခံပဲ ဒေါ်စု ခေါင်းဝင်ခံပေးတယ်လို့ ငြင်းကြတာ တွေ့ရပါတယ်....... လက်ပံတောင်း ကော်မရှင်မှာ ဒေါ်စုဝင်ပါလိုက်ခြင်းရဲ့ ရလာဘ်ကတော့ ကော်မတီရဲ့ အဖြေကို ဦးပိုင်၊ ဝမ်ပေါင်နဲ့ ဒေသခံပြည်သူလူထု လက်ခံဖို့ ပိုမိုလွယ်ကူသွားစေတာပါပဲ...... ဘာကြောင့် စာမေးပွဲလို့ သုံးသပ်လဲ ဆိုရရင်တော့ ဒေါ်စုအတွက်လည်း တိုင်းပြည်အုပ်ချုပ်ချိန်မှာ တကယ့် ပြဿနာတွေကို စုပေါင်းပြီး လက်တွေ့ဖြေရှင်းဖို့ အတွေ့အကြုံရသွားစေတဲ့ အချက်တွေကြောင့်ပါပဲ...... ၂၀၁၅ မှာ ဘယ်သူပဲ အစိုးရဖြစ်လာပါစေ တရုတ်နဲ့ ချုပ်ဆိုထားတဲ့ လုပ်ငန်းတွေဟာ ပြဿနာတစ်ခုမဟုတ် တစ်ခုဖြစ်လာမှာကတော့ အသေအခြာဖြစ်နေလို့ပါ....... NLD အစိုးရဖြစ်လာသည့်တိုင် ဒီကိစ္စတွေဟာ ရှောင်လွဲလို့ မရတာကို တရုတ်ကုမ္ပဏီက မြစ်ဆုံ စီမံကိန်းကိုပြန်စဖို့ NLD ကို ချဉ်းကပ်နေတာတွေကို ကြည့်ရင် တွေ့မြင်ရပါလိမ့်မယ်...... ဒါကြောင့် လက်ပံတောင်းကိစ္စဟာ ဒေါ်စုအတွက် စာမေးပွဲမှ အခြေခံအဆင့် စာမေးပွဲ သာသာပါ...... တိုင်းပြည်အုပ်ချုပ်ချိန်မှာ ဒီထက် ပိုမိုပြင်းထန်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေ များစွာ ရင်ဆိုင် ကျော်ဖြတ်ရမှာပါ......

ဒါဖြင့် ဘာကြောင့် ဒေါ်စုရဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီကို မေးခွန်းထုတ်နေသလဲ မေးစရာရှိပါတယ်....... ဘာကြောင့်လဲဆိုတော့ အရင်တုန်းက NLD ဘက်တော်သားတွေ ပြောလေ့ရှိတဲ့စကားက လုပ်ပိုင်ခွင့်မှ မရှိတာ၊ ဘာမှ လုပ်လို့မှ မရတာ ဆိုတဲ့ ဆင်ခြေနဲ့ဖြတ်ကျော်လာတာ များနေတော့ ဒီလောက် လုပ်ပိုင်ခွင့်များတဲ့၊ ကင်းလွတ်ခွင့်အပြည့်နဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီရဲ့ ရလာဘ်ကို မေးခွန်းထုတ်ခြင်းပါပဲ...... တချို့ကတော့ ကော်မတီနဲ့ ဒေါ်စုက အဆိုတင်ရင်ကော အရေးယူမှာမို့လို့လား ပယ်ချခံရမှာပဲ ဒါကြောင့် မတင်တာဆိုတဲ့ Assumption နဲ့ ဆင်ခြေပေးလာတာ တွေ့ရပါတယ်...... တကယ်ကတော့ ဘယ်သူပဲ ပယ်သည်ဖြစ်စေ ရွေးသည်ဖြစ်စေ ကော်မတီ တစ်ရပ်အနေနဲ့ တာဝန်ကျေရပါမယ်...... ဘယ်သူမပြု မိမိမှုပါ..... မိမိတင်သမျှ အဆို အရွေးခံရမှ အလုပ်လုပ်မယ် ဆိုတာမျိုးဟာ လက်တွေ့နဲ့ အတော်လေး ဝေးကွာတဲ့ စိတ်ကူးယဉ် ကိစ္စတွေပါပဲ........

လက်ရှိ အတိုက်အခံတွေထဲက ၂၀၁၅ အတွက် အလားအလာ အကောင်းဆုံးလို့ ဆိုရမယ့် ဒေါ်စုဦးဆောင်တဲ့ ကော်မတီရဲ့ ရလာဘ်ကိုကြည့်ပီးမှ တိုင်းပြည်အုပ်ချုပ်ချိန်မှာ ဘယ်လောက်အထိ တာသွားမလဲ၊ လုပ်နိုင်မလဲ၊ လုပ်ပြမလဲ ဆိုတာကို နှိုင်းယှဉ် စဉ်းစားတာပဲ ဖြစ်ပါတယ်...... လက်ရှိ ရလာဘ်အပေါ်မှာမူတည်ပြီး တိုင်းပြည် အုပ်ချုပ်ချိန်မှာ ဘယ်နေရာတွေ အားနည်းနေသလဲ ထောက်ပြဖို့ ဝေဖန်တဲ့သဘော နှိုင်းယှဉ်တာပါပဲ...... ဒါမှလည်း ၂၀၁၅ ရွေးကောက်ပွဲက ရွေးချယ်လာချိန်မှာ အဆင်သင့်ဖြစ်နေမှာပါ...... ဒါပေမယ့်လည်း NLD နောက်လိုက်တွေကတော့ အကဲဆတ်လွန်းပီး နည်းနည်းလေးမှ ဝေဖန်မခံနိုင်၊ အရှက်ရမှာ စိုးကြောက်နေပြီး စဉ်းစားဆင်ခြင်ဥာဏ် တော်တော်လေးမဲ့ပြီးတော့ မဲမဲမြင်ရာ ထိုးဟောင်နေတဲ့ ပုံစံတွေ ဖြစ်လာပါတယ်.......

အခုလက်ရှိ NLD ထောက်ခံသူတွေ နောက်လိုက်တွေရဲ့ အပြုအမူဟာ ပါလီမာန်ခေတ်က ပျူစောထီးတွေလို၊ စစ်အစိုးရလက်ထက်က လက်မရွံ့ စွမ်းအားရှင်တွေလို ပုံသဏ္ဍန်ဖြစ်လာနေတာတွေဟာ NLD ပါတီ အာဏာရပြီးချိန်မှာ ဘယ်လိုအစိုးရမျိုး ပေါ်ထွန်းလာမယ်ဆိုတာကို အရိပ်ပြနေသလို ဖြစ်နေပါတယ်...... အထူးသဖြင့် အဝေဖန်မခံနိုင်၊ ဆက်ဆက်ထိမခံနိုင်၊ လူအုပ်နဲ့ အနိုင်ကျင့်တဲ့ အွန်လိုင်းပေါ်က လုပ်ရပ်တွေဟာ လက်တွေ့နယ်ပယ်ထဲကို ဆင်းသက်လာဖို့တွေ ဖြစ်လာဖို့ မြင်နေရသလိုပါပဲ.......

ဒေါ်စုပြောခဲ့တဲ့ လူချစ်လူခင်များရင် ဇတ်ကမှာပေါ့ ဆိုတဲ့စကားနဲ့ နိုင်ငံရေးလုပ်ရင် အဝေဖန်ခံရမှာကို ကြိုပြင်ထားတယ် ဆိုတဲ့စကားတွေကို အဆိုပါ NLD နောက်လိုက်တွေ နားလည်နိုင်စွမ်း ရှိဟန်မတူကြပါဘူး...... ဒါတွေကို မြင်ရ ကြည့်ရတာဟာ လက်ရှိ ဦးသိန်းစိန် အစိုးရလို အပေါ်ပိုင်းက တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ဘယ်လိုပဲ အလုပ်လုပ်နေပေမယ့် ပါမလာတဲ့ အောက်ပိုင်းက အစိုးရယန္တရားဖြစ်အင်လို Clone ကြီးတစ်ခုကို ကြည့်နေရသလိုပါပဲ...... ခေါင်းဆောင်ပြောစကားကို နားထောင်ခြင်း အလျဉ်းမရှိတဲ့ NLD ပါတီနဲ့ နောက်လိုက်တွေရဲ့ ဖြစ်အင်ဟာလည်း ဦးသိန်းစိန်ရဲ့ လက်ရှိအစိုးရ ထိပ်ပိုင်းနဲ့ အစိုးရ ယန္တရား ဖြစ်အင်ကို ကော်ပီကက် လုပ်နေသလား မှတ်ရပါတယ်......

ဒီလိုမောက်မာ ရိုင်းစိုင်း၊ စဉ်းစားဆင်ခြင်ဥာဏ်မဲ့လွန်းတဲ့ NLD ပါတီ နောက်လိုက်တွေနဲ့ သူတို့ လုပ်ရပ်တွေကြောင့် ပြည်သူလူထု အများစုဟာ ၂၀၁၅ မှာ NLD ပါတီအစား အခြားရွေးစရာ ပါတီတစ်ခုခုကို တောင့်တနေတာတွေ သတိထားကြည့်ရင် မြင်နိုင်ပါလိမ့်မယ်..... အကောင်းဆုံး သာဓက ကတော့ တစ်ချိန်က လူမျိုးတူ ရခိုင်ပါတီတွေတောင် ဝင်ပြီး စည်းရုံးလို့မရတဲ့ NLD ပါတီရဲ့ အမာခံ ရခိုင်တောင်ပိုင်း ဒေသတွေဟာ လက်ရှိအချိန်မှာ ရခိုင်လူမျိုး ပါတီကို စိတ်ဝင်တစားနဲ့ အားပေးလာတာတွေကို ကြည့်ရင် သိနိုင်ပါတယ်....... မှားခဲ့တဲ့ခြေလှမ်းတွေ၊ ထိမ်းမနိုင် သိမ်းမရတဲ့ နောက်လိုက်တွေရဲ့ လုပ်ရပ်တွေကို အချိန်မှီ ပြင်ဆင်နိုင်ရင်တော့ ဒေါ်စုနဲ့ NLD အနေနဲ့ နောက်မကျသေးဘူးလို့ပဲ ဆိုရပါလိမ့်မယ်..... ဒီလိုမှမဟုတ်ပဲ ဘေးနားက အမြှောက်တပ်ရဲ့ စကားတွေကိုပဲ ယုံကြည်နေပီး လက်တွေ့ အမှန် ဖြစ်ရပ်တွေနဲ့ ဝေးကွာနေရင်တော့ လွှတ်တော်ထဲမှာ ညွန့်ပေါင်းအစိုးရနဲ့ ညားဖို့ သေခြာသလောက် ဖြစ်နေပီး Power Sharing နဲ့ ဆက်သွားရမယ့် အခြေအနေကို ဒေါ်စုနဲ့ NLD ခါးသီးစွာ ရင်ဆိုင်ရဖို့ ဖြစ်နေပါတယ်......

အရင်က ခဏခဏ ကြုံခဲ့ရတာလေး ပြန်ပြောချင်ပါတယ်...... အထူးသဖြင့် မြန်မာတွေရဲ့ ဓလေ့ထုံးစံက ဈေးဆိုင်တစ်ခုခုဖွင့်လို့ လူကြိုက်များ စိတ်ဝင်စားမှုများပြီး ရောင်းအားတက်လာပြီဆိုရင် ဖြစ်လာလေ့ ရှိတာတော့ မောက်မာလာတာပဲ ဖြစ်ပါတယ်...... ဝယ်သူကို ပမာမခန့်၊ နင်တို့မဝယ်လည်း တစ်ခြားဝယ်မယ့်သူတွေ အများကြီး ရှိတယ်ဆိုတဲ့ အချိုးမျိုး ဆက်ဆံလာကြပါတယ်...... ဈေးဆိုင်ကိစ္စမှာတင် မဟုတ်ပါဘူး..... အနုပညာ လောကမှာပါ အောင်မြင် ကျော်ကြားလာတဲ့အခါ အောက်ခြေလွတ်သွားတဲ့ အခြေအနေတွေ တွေ့ခဲ့ရပါတယ်........ အကျိုးဆက်ကတော့ အဲ့ဒိ ဈေးဆိုင်တွေ၊ အနုပညာရှင်တွေဟာ ကောင်းစားနေတဲ့ အချိန်ကာလတစ်ခု ကျော်သွားတာနဲ့ ခွေးကျ ကျတာပါပဲ..... နာမည်ပြန်ရဖို့ ၁ က ပြန်စရတဲ့အထိ ဖြစ်ကြပေမယ့် အောင်မြင်မှု ရသလား၊ ပြည်သူလူထုရဲ့ ချဉ်သွားတာကို ခံစားရသလား ဆိုတာကို လေ့လာကြည့်ရင် သာဓက အများကြီး တွေ့နိုင်ပါတယ်.......

ဒါကြောင့် အဆုံးသတ်အနေနဲ့ ပြောရရင်တော့ ၂၀၁၅ အတွက် အလားအလာရှိတဲ့ အတိုက်အခံ ခေါင်းဆောင်နဲ့ အတိုက်အခံ အဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေထဲက မချင့်မရဲ၊ အားမလို အားမရ ဖြစ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်တာတွေကို သေခြာဖြေရှင်းဖို့ လိုနေပီလို့ပဲ ထောက်ပြ ပြောချင်ပါတယ်...... ခင်ဗျားတို့ မကြိုက်လဲ တစ်နိုင်ငံလုံးက NLD ကို ကြိုက်ပြီးသား၊ NLD ကို ထောက်ခံတယ်၊ အားပေးပြီးသား လူနည်းနည်းလေး မကြိုက်တာ ဘာမှ အရေးစိုက်မနေဘူး ဆိုရင်တော့ အပေါ်က ဥပမာတွေထဲက အောက်ခြေလွတ်နေတဲ့ ဖြစ်ရပ်မျိုးတွေနဲ့ တူလာနေပြီဆိုတာ သတိပြုစေချင်ပါတယ်....... အချိန်မနှောင်းခင်မှာ NLD ကို အောက်ခြေမလွတ်ပဲ ပြည်သူလူထု အကျိုးကို ရှေးရှုနိုင်ဖို့ အပြုသဘော ထောက်ပြလိုက်ပါတယ်.....

Photo copied from Internet

အကြမ်းဖက်ဝါဒကျင့်သုံးသူတွေကို မေတ္တာမပို့နိုင်ပါ

$
0
0
 
 ဇူလိုင် ၄၊ ၂၀၁၃
 
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်မှာ ၂၀၁၃ ခုနှစ်တွင် ၆၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံ၏အနာဂတ်ကို တစ်ဆစ်ချိုးကွေ့သွားစေခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများအကြမ်းဖက် လုပ်ကြံသတ်ဖြတ်လုပ်ကြံခံရမှုနောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ သွေးစွန်းခဲ့သည့်ဖြစ်ရပ်များ အမြောက်အများပေါ်ပေါက် ခဲ့ပါသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခံ ရခြင်းနှင့် အခြား မြန်မာ့နိုင်ငံရေးသမိုင်းရှိ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ ရနံ့သစ်မဂ္ဂဇင်းအယ်ဒီတာအဖွဲ့က သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်အား တွေ့ဆုံမေးမြန်းခဲ့သည်များကို အောက်တွင်ဖော်ပြအပ်ပါသည်။
 
 
သစ် ။ ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်ခံရတာ ဒီနှစ်ဆို ၆၆ နှစ် ပြည့်မြောက်ခဲ့ပါပြီ။ မြန်မာနိုင်ငံ ရဲ့ အနာဂတ်ကို တစ်ဆစ်ချိုးကွေ့သွားစေခဲ့ တဲ့ နိုင်ငံရေးအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုနှင့်ပတ်သက်လို့ ဆရာ့အမြင်ကိုသိပါရစေ။
 
ဝင်း ။  ။ အာဇာနည်နေ့နီးလာရင်၊ အာဇာနည်နေ့နဲ့ပတ်သက်ပြီးသတိရမိတာ၊ စဉ်းစားမိတာရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေလုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့အချိန်မှာ ကျွန်တော်က ကျောင်းသားဘ၀ပါ။ အသက် ၁၆ နှစ် ၁၇ နှစ်ပေါ့။ အာဇာနည်နေ့တစ် ၀ိုက်မှာ ကျွန်တော့်ရဲ့ဘ၀မှာ ပထမဆုံးအနေနဲ့ လူကြီးသူမတို့နဲ့ ပေါင်းသင်းဆက်ဆံရ၊ ပြောရဆိုရ၊ လုပ်ရကိုင်ရတာကို မှတ်မိနေပါတယ်။ စိတ်ထဲမှာလည်း ထိခိုက်ပါတယ်။ စိတ်ထိခိုက်တဲ့ အလျှောက်ပြောတာဆိုတာများလည်း ရှိခဲ့ပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ကျွန်တော် လူကိုယ်တိုင် နီးနီးကပ်ကပ် တွေ့ ခဲ့ဖူးတာကို ပြန်ပြောပြချင်ပါတယ်။
 
 
သစ် ။ ။ ဆရာကြီးနဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဘယ်မှာ လူကိုယ်တိုင် တွေ့ခဲ့ဖူးတာလဲ။
 
ဝင်း ။  ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ကျွန်တော် လူကိုယ်တိုင်တွေ့ခဲ့ဖူးတာက ကြို့ပင်ကောက်မြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ ရှမ်းစုကျေးရွာမှာပါ။ ၁၉၄၅ မတ် ၂၇ တော်လှန်ရေးနေ့နီးလာတော့ ဗိုလ်ချုပ်အောင်ဆန်း နယ်ဆင်းလာပါတယ်။ ကျွန်တော့်ဦးလေး ဗိုလ်မင်းခေါင်က ဗိုလ်ချုပ် အောင်ဆန်းရဲ့ ကိုယ်ရံတော်တပ်မှူးဖြစ်တာကြောင့် ပြည်လမ်းအတိုင်းဆင်းလာတဲ့ ဗိုလ်ချုပ်တို့ကျွန်တော့်အိမ်ကို ရောက်လာပါတယ်။ တော်လှန်ရေးစစ်ဌာနချုပ်ကို အသွားခရီးမှာ ရွာမှာတစ်ထောက်ဝင် နားတဲ့သဘောပါ။ အဲဒါ မနက်မိုးလင်းပိုင်းလောက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အဖွဲ့အိမ်ကို ရောက်လာပါတယ်။ ခဏနားပြုပြီး နေ့ခင်းဘက်ပေါ့ ဗိုလ်ချုပ်ရေချိုးပါတယ်။ အဲဒီမှာ ကျွန်တော်နဲ့တွေ့တာပါ။ ကျွန်တော် က ဗိုလ်ချုပ်ရေချိုးဖို့အတွက်ရေခပ်ပေးရပါတယ်။ ရေခပ်ပေး ဘာညာလုပ်ပေးရင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းရေချိုးတဲ့နေရာနားမှာ ကျွန်တော် သွားရပ်၊ စကားပြောမိပါတယ်။
 
 
သစ် ။ ။ ဆရာက ဗိုလ်ချုပ်ကို ဘာသွားပြောတာပါလဲ။
 
ဝင်း ။  ။ ဗိုလ်ချုပ်ကို ကျွန်တော် စစ်ထဲဝင်ချင်တဲ့အကြောင်း သွားပြောတာပါ။ ဂျပန်တွေကို ကျွန်တော်လည်း ချချင်တယ်လေ။
 
 
သစ်။ ။ ဗိုလ်ချုပ်က ဆရာ့ကို ဘာပြန်ပြောပါသလဲ။
 
ဝင်း ။  ။ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော့်ကို “မင်း ကျောင်းနေသလား” လို့ မေးပါတယ်။ ကျွန်တော်က ကျွန်တော်ကျောင်းနေပါတယ်လို့ ပြန်ဖြေတော့ ဗိုလ်ချုပ်က “တို့ စစ်တိုက်မဲ့လူတွေ အများကြီးရှိတယ်ကွ။ မင်းပညာသာဆက်သင်ပါ။ တို့တိုင်းပြည် လွတ်လပ်သွားရင် ပညာ တတ်တွေအများကြီးလိုမှာကွ။ စစ်တိုက်မယ့်လူတွေကရှိပါတယ်။ မင်းပညာသာဆက်သင်ပါ” လို့ ပြန်ပြောပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် က စာအုပ်တွေတော်တော်များများ ဖတ်ဖူးနေပါပြီ။ ကျွန်တော့်ဦးလေး ဗိုလ်မင်းခေါင်က စာအရမ်းဖတ်တာပါ။ သူစုထားတဲ့စာအုပ်တွေ၊ သူ ဖတ်တဲ့စာအုပ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်ကလည်း သူစုထားတဲ့စာအုပ်တွေကို လိုက်ဖတ်တော့ အဲဒီအချိန်မှာ တော်တော်လေးကို စာဖတ်နာနေပါပြီ။ ဗိုလ်ချုပ်ကိုလည်း ကိုယ်တိုင်တွေ့လိုက်ရ၊ စာတွေကလည်း ဖတ်ထားဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကိုယ့်ဘ၀မှာ လမ်းညွှန်တဲ့ပုဂ်္ဂိုလ်၊ ကိုယ့်ရဲ့ခေါင်းဆောင်အဖြစ် စွဲစွဲလမ်းလမ်း ခင်ခင်မင်မင်ဖြစ်နေတာကိုး။ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံ ခံရတယ်လည်း ကြားလိုက်ရော စိတ်ထဲမှာအရမ်းကို ထိခိုက်ခဲ့တာပေါ့။ ကိုယ့်ဆွေမျိုးသားချင်းတစ်ယောက် အသတ်ခံရသလိုဖြစ်ပြီး တော်တော့်ကို စိတ်ထိခိုက် ကြေကွဲခဲ့ရပါတယ်။
 
ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီး နောက်တစ်နှစ်မှာပဲ မဟတ္တမဂန်္ဓီ လုပ်ကြံခံလိုက်ရပါတယ်။ အဲဒီအချိန် ၄၇-၄၈ ကာလတုန်းက ကျွန် တော်က အသက် ၁၇ နှစ်ကျော်ကျော်၊ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ တာဝန်လည်းယူထားတာဆိုတော့ မြို့ကနိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဆက်ဆံရတာတွေ ရှိလာပါတယ်။ အထက်မှာပြောခဲ့သလို ပထမဆုံးအကြိမ်အနေနဲ့ ကျွန်တော့်ဘ၀မှာ လူကြီးသူမတွေနဲ့ ဆက်ဆံခဲ့ရတာပါ။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးတဲ့နောက် ကျွန်တော်တို့မြို့မှာ ဟောပြောပွဲတွေ လုပ်ကြပါတယ်။ လူသတ်ဝါဒ ရှုတ်ချပွဲ၊ အကြမ်းဖက်ဝါဒ ရှုတ်ချပွဲတွေပေါ့။ အဲဒီပွဲတွေမှာ ကျွန်တော် တက်စကားပြောပါတယ်။ မြို့က နိုင်ငံရေးခေါင်းဆောင်တွေနဲ့အတူ တက်ပြောရတာပါ။ ခုအချိန်မှာ ပြန်စဉ်းစားလိုက်တော့ မလောက်လေး မလောက်စား ကျွန်တော်လိုကောင်က တက်ပြောခဲ့တာပဲလို့ တွေးမိပါတယ်။ ပြောစရာဆို စရာကလည်း ရှားပါး၊ စာအုပ်စာတမ်းကလည်းရှားပါးနဲ့ မပြောတတ်မဆိုတတ်ပေါ့ဗျာ။ အဲဒီကြားထဲက ခံစားချက်နဲ့ ကျွန်တော် တက်ပြော ခဲ့တာပါ။
 
သစ် ။ ။ ဟောပြောပွဲတွေက ဘယ်သူတွေက ဦးစီးပြီးကျင်းပတာပါလဲ။
 
ဝင်း ။  ။ ဖဆပလနဲ့ ကွန်မြူနစ်ပါတီ ပူးတွဲပြီးကျင်းပတာပါ။ အဲဒီအချိန် မှာ ကွန်မြူနစ်ပါတီကို ဖဆပလက ထုတ်ထားပြီးဖြစ်ပေမဲ့ ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံခံလိုက်ရတော့ နှစ်ပါတီညီညွတ်ပြီး လူသတ်ဝါဒရှုတ်ချပွဲတွေကို တစ်နိုင်ငံလုံးမှာ ကျင်းပကြတာပါ။ ကျွန်တော်တို့ ကြို့ပင်ကောက်မြို့လည်း အပါအ၀င်ပေါ့။ ဒါပေမဲ့ ခုနကပြောခဲ့သလို ကျွန်တော်က နိုင်ငံရေးရယ် ဘာရယ်သိပ်နားလည်လို့ပြောတာမဟုတ် ပါဘူး။ ရိုးရိုးပြောရရင်ခံစားချက်ကြောင့် ကိုယ့်သွေးရင်း သားရင်းထဲက လုပ်ကြံခံရလိုက်ရသလိုကို ခံစားရတာကြောင့် တက်ပြောတာပါ။
 
ဒီနေရာမှာ ကြုံကြိုက်လို့ပြောရရင် အဲဒီအချိန်က ကျွန်တော်တို့အိမ်မှာနေတဲ့ ဦးလေးဆင်ဆိုတဲ့ ပုဂ်္ဂိုလ်ကြီးတစ်ယောက်ရှိပါတယ်။ ကျွန်တော် တို့အိမ်မှာ သူရောက်နေတဲ့အချိန်မှာ သူသိပ်စိတ်မမှန်တော့ပါဘူး။ ကျွန်တော်ကသာ ဦးလေးဆင်ခေါ်နေတာပါ။ သူ့အသက်က တော်တော် လေးကြီးပါပြီ။ ကျွန်တော့်ဘွားအေကတောင် သူ့ကို ဦးလေးဆင်ဟုခေါ်တာပါ။ အဲဒီဦးလေးဆင်က မြင်မြင်သမျှကို မေတ်္တာပို့ပါတယ်။ အိမ်မှာ ထိုင်နေ အိမ်မှာမြင်တဲ့သူမှန်သမျှ သူ မေတ္တာပို့ပါတယ်။ လမ်းထွက်သွားလမ်းမှာတွေ့သမျှလူကုန် သူ မေတ္တာပို့ပါတယ်။ အဲဒီလိုပဲ ဈေးထဲသွား ဈေးထဲတွေ့သမျှလူ အကုန် မေတ္တာပို့ပါတယ်။ အဲဒီလိုပုဂ်္ဂိုလ်မျိုးပါ။
 
ကျွန်တော်တို့အိမ်မှာနေတယ်ဆိုပေမဲ့လည်း နေရုံလေးနေတာပါ။ ဘာမှစားသောက်တာမျိုး မရှိပါဘူး။ ရေသောက်တာလောက်ပဲ ရှိတာပါ။ သူက ဈေးထဲသွားပြီး ဈေးသူဈေးသားတွေ ခိုင်းတာမှန်သမျှ အကုန်လုပ်ပေး၊ ဈေးသူဈေးသားတွေကိုရော ဈေးလာဝယ်တဲ့သူတွေကိုပါ အကုန်မေတ္တာပို့၊ ခိုင်းတာတွေအကုန်လုပ်ပေးဆိုတော့ တစ်ဈေးလုံးက သူ့ကို ကျွေးမွေးတာကအစ အကုန်စောင့်ရှောက်ထားပါတယ်။ ကျွန်တော်တို့အိမ်မှာ ရေလောက်ပဲ သောက်တာပါ။ နောက် တစ်ခုက ဦးလေးဆင်က ရုပ်ဆင်းအသွင်သဏ္ဌာန်မှာ မဟတ္တမဂန်္ဓီကြီးနဲ့ တော်တော်ဆင်ပါတယ်။ ခေါင်းတုံးလည်းခေါင်းတုံး၊ အင်္ကျီကလည်း အမြဲတမ်းချွတ်ထားတယ်။ ခပ်ပိန်ပိန် ခါးကိုင်းကိုင်းနဲ့ တောင်ဝှေးကြီး တစ်ချောင်း ဆောင်၊ အဲဒီတောင်ဝှေးနဲ့ အိမ်ကနေ ဈေးကိုသွား၊ ဈေးကနေ အိမ်ကိုပြန်လုပ်နေတာပါ။ ဂန်္ဓီကြီးနဲ့ တော်တော်ကိုဆင်တာပါ။ ဦးလေးဆင်ဟာ ဘယ်လောက်တောင်   မေတ္တာရှင်ပီသသလဲဆိုရင် လမ်းလျှောက်သွားရင်း လမ်းမှာ ကလေးတွေက မြွေကို ၀ိုင်းရိုက်နေတာ တွေ့တာနဲ့ ကလေးတွေကို အတင်း ၀င်တား၊ မြွေကို အတင်းဝင်ကိုင်၊ မြွေက သူ့ကိုကိုက်၊ ကိုက်လည်း ကိုက်ကိုက်ပဲ၊ သူက မြွေကိုမေတ္တာပို့၊ ကလေးတွေလက်ထဲက အတင်းလုပြီး ဘေးကင်းရာကိုသွားပို့တဲ့အထိ ဖြူစင်တဲ့သူတော်ကောင်းကြီးပါ။ အဲဒီအမြဲတမ်းမေတ္တာပို့နေတဲ့ ဦးလေးဆင်ကို ဂျပန်က သတ် သွားပါတယ်။ လှံစွပ်နဲ့ထိုးသတ်သွားတာပါ။ ကျွန်တော်တို့မြို့မှာ ဂျပန်တော်လှန်ရေးကာလမှာ ဖက်ဆစ်တွေက လူလေးငါးဆယ်လောက်ကို လှံစွပ်နဲ့ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဦးလေးဆင်လည်း ပါသွားတာပေါ့။ သူ့အကြောင်းကို မြ၀တီ လား၊ ငွေတာရီလား အဲဒီမှာ ကျွန်တော် “မေတ္တာရှင်” ဆိုတဲ့နာမည်နဲ့ ဆောင်းပါးတစ်စောင်ရေးပြီး မှတ်တမ်းတင်ဖူးပါတယ်။
 
အဲဒီမှာ ကျွန်တော် ဘာသွားတွေးမိသလဲဆိုတော့ ဦးလေးဆင်ဟာ သူ့ကိုသတ်တဲ့ ဂျပန်ဖက်ဆစ်ကို မေတ္တာများပို့သွားသလားလို့ တွေးမိပါ တယ်။ လူတကာကို မေတ္တာပို့နေတဲ့ ဦးလေးဆင်ဟာ သူ့ကို လှံစွပ်နဲ့ထိုးသတ်တဲ့ ဂျပန်စစ်သားကိုလည်း မေတ္တာပို့သွားမှာပဲလို့  ကျွန်တော် တွေးမိပါတယ်။ အဲဒီမှာ ကျွန်တော် ဆက်စဉ်းစားမိတာက ဦးလေးဆင်ဟာ လူသတ်သမားကို မေတ္တာပို့စရာမလိုဘူး။ ကျိန်ဆဲရမယ်၊ ဖက် ဆစ်ကို အကြမ်းဖက်သမားကို မေတ္တာပို့စရာမလိုဘူး။ ကျိန်ဆဲရမယ်၊ ရှုတ်ချရမယ်လို့ စဉ်းစားမိပါတယ်။
 
ဗိုလ်ချုပ်အောင်ဆန်းတို့ ဂန်္ဓီတို့လုပ်ကြံခံရပြီးတဲ့နောက် ကျွန်တော့်တို့မြို့မှာလုပ်တဲ့၊ ကြို့ပင်ကောက်မှာ ကျွန်တော်တို့ ဈေးနား မှာ ဘုရားထဲမှာ အကြမ်းဖက်မှု ရှုတ်ချရေး ဟောပြောပွဲတွေလုပ်ပါတယ်။ အဲဒီဟောပြောပွဲတွေမှာ ကျွန်တော်က လူသတ်ဝါဒကို ရှုတ်ချပါတယ်။ အဲဒီ ဖက်ဆစ်တွေ၊ လူသတ်သမားတွေကို မေတ္တာပို့ဖို့ မကောင်းဘူး၊ မေတ္တာမပို့ရဘူး ရှုတ်ချရမယ်၊ ကျိန်ဆဲရမယ်။
 
ခုလို အာဇာနည်နေ့ နီးလာတဲ့အချိန်မှာ ကျွန်တောပြန်စဉ်းစားတော့ အဲဒီလိုပဲ စိတ်ထဲမှာပေါ်ပါတယ်။ ကျွန်တော်ထောင်ထဲမှာ ရှိနေတဲ့ အချိန်မှာ ဒီပဲယင်းလုပ်ကြံမှုကြီးအကြောင်း ကြားရပါတယ်။ စုံစုံလင်လင် အတိအကျတော့ ကြားရတာမဟုတ်ပါဘူး။ ထောင်ထဲက ကြားရ တာဆိုတော့ ဟိုတစ်စ သည်တစ်စပေါ့။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ခေါင်းဆောင်တွေနဲ့ ထောက်ခံတဲ့ပြည် သူတွေကို အကြမ်းဖက် ရိုက်နှက်သတ်ဖြတ်တယ်ဆိုတာလောက်ကိုတော့ ထောင်ထဲကကြားရပါတယ်။ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတဲ့သူတွေကို ခွင့်လွှတ်တယ်လို့ပြောပါတယ်။
 
ကျွန်တော်ကတော့ ခွင့်မလွှတ်နိုင်ပါဘူး။ ဘယ်တရားမှာလဲ။ အကြမ်းဖက်လူသတ်သမားတွေကို ကျွန်တော်တို့အားလုံးက ရှုတ်ချရမယ်၊ ခွင့်မလွှတ်ရဘူး။ ဒါ့အပြင် ဒီပဲယင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်ရမယ်။ ဘာလို့မဖော်ထုတ်နိုင်ရမှာလဲ၊ ဘာလို့ ခွင့်လွှတ်ရမှာ လဲ။ ကာယကံရှင်က လက်စားမချေချင်တဲ့စိတ်ဓာတ်နဲ့ ခွင့်လွှတ်သည်းခံနေမယ်၊ ခွင့်လွှတ်ရင်ခွင့်လွှတ်မယ်၊ ဒါပေမဲ့ ကျွန်တော်က လက်မခံ နိုင်ဘူး။ အကြမ်းဖက်သမားတွေ လူသတ်သမားတွေကို ခွင့်လွှတ်လို့မရဘူး၊ သည်းခံနေလို့မရဘူး။
 
ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ကို လုပ်ကြံသတ်ဖြတ်တဲ့အချိန်မှာ စိတ်ထဲက အကြမ်းဖက်သမားတွေကို ခွင့်လွှတ်ရင်ခွင့်လွှတ်သွားလိမ့်မယ်၊ ဂန်္ဓီကြီးကလည်း သူ့ကို လုပ်ကြံသတ်ဖြတ်တဲ့ လူသတ်သမားကို မေတ္တာပို့ရင် ပို့သွားလိမ့်မယ်။ ဦးလေးဆင်ကလည်း သူ့ကို လှံစွပ်နဲ့ထိုး သတ်တဲ့ ဖက်ဆစ်ဂျပန်စစ်သားကို မေတ္တာပို့သွားလိမ့်မယ်။ ကျွန်တော်ကတော့ သဘောမတူဘူး။ အဲဒီလူတွေဟာ မေတ္တာပို့သင့်တဲ့လူတွေ မဟုတ်ဘူး။ မေတ္တာတရားနဲ့ မထိုက်တန်ဘူး။ အဲဒီအကြမ်းဖက်သမားတွေကို ကျိန်ဆဲရမယ်။ တုံ့ပြန်မှုနဲ့ ရှုတ်ချမှုနဲ့ အပြစ်တင်မှုနဲ့ အရေးယူ မှုနဲ့သာ ထိုက်တန်တဲ့လူတွေ။ ဒါ ကျွန်တော် လူပုဂ်္ဂိုလ်ရေးအရပြောနေတာ မဟုတ်ဘူး။ ၀ါဒအရ ပြောတာ။
 
အကြမ်းဖက်လူသတ်သမားတွေကို သူတော်ကောင်းစိတ်ဓာတ်နဲ့ တုံ့ပြန်နေလို့ကတော့ နိုင်ငံရေးအကြမ်းဖက်မှုဟာ ဘယ်တော့မှ ပပျောက် မှာ မဟုတ်ဘူးဆိုတာ ဒီနေ့လည်း ပြောချင်တယ်။ လွန်ခဲ့တဲ့ ကျွန်တော့်အသက် ၁၆ နှစ် ၁၇ နှစ်က ပြောခဲ့တဲ့အတိုင်းပဲ ဒီနေ့  အသက် ၈၀ ကျော် ၉၀ နီးပါးအရွယ်မှာလည်း အဲဒီအတိုင်းပဲ ပြောချင်တယ်။ နောင်လည်း ကျွန်တော်အသက်ရှိနေသရွေ့ အဲဒီအတိုင်းပဲပြောမှာပဲ။ ဘယ် တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး။ အကြမ်းဖက်လူသတ်သမားတွေကို မေတ္တာပို့လို့မရဘူး၊ ရှုတ်ချရမယ်။ ကျိန်ဆဲရမယ်၊ အပြစ်တင်ရမယ်၊ ဖော်ထုတ်ရမယ်၊ တိုက်ဖျက်ရမယ်၊ အရေးယူရမယ်။ လူမျိုးနဲ့တိုင်းပြည်အတွက် အင်မတန်အဖိုးတန်တဲ့ ခေါင်းဆောင်တွေ နိုင်ငံရေး လုပ်ကြံမှုတွေကြောင့် မသေသင့်ဘူး။ ဒီနေ့လည်း ကျွန်တော်ဒီအတိုင်းပဲ ယူဆပါတယ်။ နောင်လည်း အဲဒီလိုပဲ ကျွန်တော် ယူဆသွားမှာပါ။
 
အယ်ဒီတာအဖွဲ့
၂၀၁၃၊ ဇူလိုင်လ၊ ရနံ့သစ်
(အာဇာနည်နေ့နှင့်ပတ်သက်၍ ဟံသာဝတီဦးဝင်းတင်နှင့် တွေ့ဆုံမေးမြန်းခြင်း)
 
ဖော်ဝပ် မေးလ်မှ ကူးယူဖော်ပြပါသည်။

မြန်မာ့မူးယစ်ဆေးပြသနာနှင့် ၀တိုင်းရင်းသားများ အခန်းကဏ္ဍ

$
0
0
မြန်မာ့မူးယစ်ဆေးပြသနာနှင့် ၀တိုင်းရင်းသားများ အခန်းကဏ္ဍ      Monday, 08 July 2013      Written by  unitedwastate ( ရွှေဟင်္သာ သတင်းဌာန )      မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပပျောက်ရေး (၁၅) နှစ် စီမံကိန်းကို ရေးဆွဲထားခဲ့ပေမဲ့ မအောင်မြင်ရတဲ့ အကြောင်းရင်း အများအပြား ရှိပါတယ်။ ဒေသခံတိုင်းရင်းသားများ အနေနှင့် ရပ်တည်ရေးနဲ့ ဝမ်းစာ ဖူလုံရေးတို့အတွက် အစိုးရက လုံလုံလောက်လောက် ဘိန်းအစားထိုး အခြေခံ သီးနှံများကို မပေးနိုင် တာကလည်းအကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ဘိန်းမှရတဲ့ ဝင်ငွေတွေဟာ အခြားသီးနှံထက် ပိုကောင်းတာမို့ အချို့တောင်သူများ အနေနဲ့ စွန့်လွှတ်ဖို့ ဝန်လေးနေဟန် တူပါတယ်။ အလားတူ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အနေနဲ့မှီခိုမိသားစုများ အပါအဝင် တပ်ဖွဲ့ဝင်အားလုံးရဲ့ စားဝတ်နေရေးကို ရှာဖွေဖန်တီးပေးရမှု ဝန်ထုတ် ဝန်ပိုးဟာလည်း ကြီးမားလှပါတယ်။   လက်နက်ခဲယမ်း စစ်ဝတ်တန်ဆာများ၊ ရိက္ခာများ၊ စက်သုံးဆီများ၊အုပ်ချုပ်မှုကိစ္စရပ်များ စသည်တို့ အတွက် သုံးစွဲရမှု ငွေကြေး ကုန်ကျစရိတ်ဟာလည်း ကြီးမားလှတယ်။ ဒါကြောင့် တချို့ တိုင်းရင်းသား လက်နက်ကိုင်များဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ် ဖောက်ကားမှုတို့ လုပ်နေကြရခြင်းနဲ့ ပတ်သက်ပြီး ခေါင်းဆောင်တချို့က မသိကျိုးကျွံ လွှတ်ထားပေမဲ့ နိုင်ငံတကာကတော့ သိရှိပါတယ်။ အမေရိကန်နိုင်ငံ အနေနဲ့ UWSA ခေါင်းဆောင်များကို မူးယစ်ဆေးဝါး ရာဇာများအဖြစ် ဖမ်းဆီးဖို့ ဆုငွေထုတ်ကြေညာခဲ့ပါတယ်။ UWSA တပ်ဖွဲ့တွေဟာ တရုတ် အစိုးရရဲ့ လွှမ်းမိုးထောက်ပံ့မှု ရှိခဲ့တယ်လို့ဂျိမ်းစာစောင်အဖွဲ့က စွပ်စွဲ ခဲ့ပါသေးတယ်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထဲမှ UWSA တပ်ဖွဲ့တွေဟာ အင်အား သုံးသောင်းခန့် ရှိပြီး အတောင့်တင်းဆုံး အဖွဲ့ဖြစ်သလို ယခင်က ကွန်မြူနစ်ပါတီမှ ခွဲထွက်လာခဲ့ခြင်းဖြစ်ပါတယ်။  UWSA အဖွဲ့ဟာ UNFC အဖွဲ့ထဲသို့ ဝင်ရောက်ခြင်း မရှိတဲ့အပြင်အခြား တိုင်းရင်းသားများနဲ့ ရောထွေးဆက်ဆံခြင်း မရှိတာလည်း တွေ့ရပါတယ်။ဒါပေမဲ့ UWSA ဟာ KIA နဲ့ SSA တပ်ဖွဲ့တွေကို နောက်ကွယ်မှ လက်နက်ခဲယမ်းရောင်းချထောက်ပံ့နေတယ်လို့ စစ်ဘက် နီးစပ်သူများရဲ့ အတည်ပြုဆဲ သတင်းများအရသိရှိရပါတယ်။ KIA နဲ့ တပ်မတော် ထိပ်တိုက် မတွေ့မှီ ကလေးကပင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကျိုင်းတုံသို့ ရောက်ရှိခဲ့ပြီး UWSA ထိပ်တန်း ဒုတိယ ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ကာ KIA ကို မထောက်ပံ့ဖို့ ပြောကြားခဲ့သေးတယ်လို့ ဆိုပါတယ်။  အစိုးရနဲ့ UWSA ဆက်ဆံရေးဟာ ပုံမှန်သာရှိပြီး အချို့အချိန်ကာလများတွင် အေးတိအေးစက် ရှိခဲ့ရာမှ တချို့ အချိန်များမှာ တင်းမာမှုတောင်ဖြစ်ခဲ့ပါသေးတယ်။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က အစိုးရနှင့် UWSA ဟာရင်းနှီးကျမ်းဝင်မှု ရှိခဲ့ပေမဲ့ နောက်ပိုင်းတွင် တင်းမာတဲ့ ဖြစ်စဉ်များဖြစ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဘိန်းဘုရင်ခွန်ဆာရဲ့ လွယ်မော် MTA အဖွဲ့ကို တပ်မတော်နှင့် UWSA ပူးပေါင်း တိုက်ခိုက်ခဲ့စဉ်က အောင်မြင်မှုရခဲ့ပေမဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ရောက်နေတဲ့ (ဝ) တပ်ဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကို ပြန်မသွားတော့ဘဲ လက်ရှိနေရာမှာပင် ခြေကုပ်ယူတည်ဆောက်ခဲ့ပါတယ်။  ဒါကိုသိလို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက နေရာပြန်ဖယ်ပေးဖို့ အမိန့်ပေး တောင်းဆိုခဲ့သော်လည်း (ဝ) တွေက အသက်သွေးချွေး ရင်းနှီးခဲ့ရလို့ အကူအညီ တောင်းတုန်းက တောင်းခဲ့ပြီး အောင်မြင်မှ ပြန်ခိုင်းတာဟာ မတရားဘူးလို့ ဆိုကာ ငြင်းဆန်ခဲ့ပါတယ်။ဒါကြောင့် တပ်မတော် ခေါင်းဆောင် တချို့အနေနှင့် နောင်တချိန်မှာ ဦးတည်ရန်သူဖြစ်လာမဲ့ လက်နက်ကိုင် အဖွဲ့အစည်းဟာ UWSA လို့ ဆိုပါတယ်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ မကျင်းပမှီ BGF ဖွဲ့ဖို့ UWSA ကို တွန်းအားပေး ခဲ့စဉ်ကလည်း ငြင်းဆန်ခဲ့ပါတယ်။ UWSA အနေနဲ့ အစိုးရ ဝန်ထမ်းများကို ထောက်လှမ်းရေးဟုစွပ်စွဲကာ သူတို့နယ်မြေမှ နှင်လွှတ် ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြန်သော်လည်း UWSA က ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားပေမဲ့ သူတို့တောင်းဆိုတဲ့ အချက်အလက်များကိုတော့ အစိုးရက ပြည့်စုံစွာ လိုက်လျောခြင်းမရှိခဲ့ပါ။ ကျိုင်းတုံမြို့အား သူတို့မြို့တော်အဖြစ် တောင်းဆိုထားကြောင်းသိရပါတယ်။  ယခုကျင်းပနေတဲ့ လွှတ်တော်များမှာ UWSA မှ ကိုယ်စားလှယ်တော်များ မတက်ရောက်နိုင်တာ တွေ့ရှိရပါတယ်။ ယခင်က ရှမ်းပြည် အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) မိုင်းလား ဦးစိုင်းလင်းအား UWSA ကစည်းရုံးထားပြီးဖြစ်ပါတယ်။  အစိုးရနဲ့ UWSA ငြိမ်းချမ်းရေး သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ အစိုးရအား ယခင်ကလောက် ထိတွေ့ ဆက်ဆံမှု မပြုလုပ်တော့ဘဲသတိထား ဆက်ဆံတာ တွေ့ရပါတယ်။ KIA နဲ့ UWSA ဟာ ယခင်က လျှို့ဝှက်စွာ ဆက်ဆံခဲ့ပေမဲ့ ဖားကန့်မှာ ဗုံးကွဲလို့ ဆက်ဆံမှု တင်းမာ ခဲ့ပါသေးတယ်။အစိုးရနဲ့ KIA တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ဖို့နေရာကိုအရင်ကနဦး ပထမတုန်းက UWSA ဧရိယာ အတွင်းမှာ ပြုလုပ်ဖို့ ဖြစ်ပေမဲ့ တရုတ်နိုင်ငံ ရွှေလီသို့ ပြောင်းသွားတာဟာ တစုံတခု အကြောင်းရှိလို့ပြောင်းသွားတာ ဖြစ်ကြောင်း စစ်ဖက်နီးစပ်သူက ဆိုပါတယ်။  UWSA (ဝ) တွေဟာယူနန်ပြည်နယ် တရုတ်နိုင်ငံ လွှတ်တော်များကို သွားရောက်တဲ့ သတင်းနဲ့ တရုတ် တပ်မတော်မှ အငြိမ်းစား အရာရှိကြီးများက UWSA တပ်ဖွဲ့ဝင်တွေကို လေကျင့် သင်ကြားနေတဲ့ သတင်းများလည်း ထွက်ပေါ်လျှက် ရှိပါတယ်။အစိုးရက စိုးရိမ်ပူပန်မှု ဖြစ်လာပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းအား စေလွှတ်ကာ UWSA ခေါင်းဆောင်များကို လွှတ်တော်များမှာ တက်ရောက် လေ့လာစေဖို့ ဖိတ်ကြားစည်းရုံးခိုင်းခဲ့ပါတယ်။ အဆိုးဆုံးမှာ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနားတွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင်များ တော်တော်များများ အစုံအလင် တက်ရောက်ကြပေမဲ့ ဦးစိုင်းလင်းနဲ့ UWSA ခေါင်းဆောင်များ မတက်ရောက်တာဟာ အစိုးရအနေနဲ့ ဘဝင်မကျစရာ ဖြစ်ခဲ့တယ်လို့သိရပါတယ်။   ဒါကြောင့် အစိုးရအနေနှင့် UWSA ကို ကိုင်နိုင်ဖို့အနိုင်ဖဲချပ်ဆွဲဖို့ မဟာဗျူဟာ အခင်းအကျင်းသစ် လုပ်ဆောင်လာတယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။ ဒါကတော့ မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုဟာ ဘိန်းအထွက် တိုင်းတာရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ ထူထောင်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူစာချုပ်ကို ၂၂ - ၂ - ၂၀၁၃ ခုနှစ်မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။  အမေရိကန် အစိုးရနဲ့ မဆလအစိုးရ လက်ထက်ကပင် ရှိခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးမှာ အဓိကပါဝင်တဲ့ ဘိန်းအထွက်နှုန်း တိုင်းတာရေး အစီအစဉ်အားပြန်လည် အကောင်အထည် ဖော်လိုက်တာဘဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးအကြောင်းပြပြီး တပ်မတော်မှ နယ်မြေများကို ထိုးဖောက် ဝင်ရောက်ရာမှာ UWSA နဲ့ထိပ်တိုက် တွေ့တော့မှာ ဖြစ်ပါတယ်။ UWSA ခေါင်းဆောင်များဟာ အစိုးရက အမေရိကန်အရှိန်အဝါ သုံးပြီးတော့ ပူးပေါင်း လက်တွဲမလားဆိုတဲ့ မေးခွန်းကို အမေးခံရမဲ့ အလားအလာ ရှိနေကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်တင်ပြခဲ့ပါတယ်။

Zawzaw Zaw's photo.

Monday, 08 July 2013
Written by unitedwastate ( ရွှေဟင်္သာ သတင်းဌာန )

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပပျောက်ရေး (၁၅) နှစ် စီမံကိန်းကို ရေးဆွဲထားခဲ့ပေမဲ့ မအောင်မြင်ရတဲ့ အကြောင်းရင်း အများအပြား ရှိပါတယ်။ ဒေသခံတိုင်းရင်းသားများ အနေနှင့် ရပ်တည်ရေးနဲ့ ဝမ်းစာ ဖူလုံရေးတို့အတွက် အစိုးရက လုံလုံလောက်လောက် ဘိန်းအစားထိုး အခြေခံ သီးနှံများကို မပေးနိုင် တာကလည်းအကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ဘိန်းမှရတဲ့ ဝင်ငွေတွေဟာ အခြားသီးနှံထက် ပိုကောင်းတာမို့ အချို့တောင်သူများ အနေနဲ့ စွန့်လွှတ်ဖို့ ဝန်လေးနေဟန် တူပါတယ်။ အလားတူ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အနေနဲ့မှီခိုမိသားစုများ အပါအဝင် တပ်ဖွဲ့ဝင်အားလုံးရဲ့ စားဝတ်နေရေးကို ရှာဖွေဖန်တီးပေးရမှု ဝန်ထုတ် ဝန်ပိုးဟာလည်း ကြီးမားလှပါတယ်။

လက်နက်ခဲယမ်း စစ်ဝတ်တန်ဆာများ၊ ရိက္ခာများ၊ စက်သုံးဆီများ၊အုပ်ချုပ်မှုကိစ္စရပ်များ စသည်တို့ အတွက် သုံးစွဲရမှု ငွေကြေး ကုန်ကျစရိတ်ဟာလည်း ကြီးမားလှတယ်။ ဒါကြောင့် တချို့ တိုင်းရင်းသား လက်နက်ကိုင်များဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ် ဖောက်ကားမှုတို့ လုပ်နေကြရခြင်းနဲ့ ပတ်သက်ပြီး ခေါင်းဆောင်တချို့က မသိကျိုးကျွံ လွှတ်ထားပေမဲ့ နိုင်ငံတကာကတော့ သိရှိပါတယ်။ အမေရိကန်နိုင်ငံ အနေနဲ့ UWSA ခေါင်းဆောင်များကို မူးယစ်ဆေးဝါး ရာဇာများအဖြစ် ဖမ်းဆီးဖို့ ဆုငွေထုတ်ကြေညာခဲ့ပါတယ်။ UWSA တပ်ဖွဲ့တွေဟာ တရုတ် အစိုးရရဲ့ လွှမ်းမိုးထောက်ပံ့မှု ရှိခဲ့တယ်လို့ဂျိမ်းစာစောင်အဖွဲ့က စွပ်စွဲ ခဲ့ပါသေးတယ်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထဲမှ UWSA တပ်ဖွဲ့တွေဟာ အင်အား သုံးသောင်းခန့် ရှိပြီး အတောင့်တင်းဆုံး အဖွဲ့ဖြစ်သလို ယခင်က ကွန်မြူနစ်ပါတီမှ ခွဲထွက်လာခဲ့ခြင်းဖြစ်ပါတယ်။

UWSA အဖွဲ့ဟာ UNFC အဖွဲ့ထဲသို့ ဝင်ရောက်ခြင်း မရှိတဲ့အပြင်အခြား တိုင်းရင်းသားများနဲ့ ရောထွေးဆက်ဆံခြင်း မရှိတာလည်း တွေ့ရပါတယ်။ဒါပေမဲ့ UWSA ဟာ KIA နဲ့ SSA တပ်ဖွဲ့တွေကို နောက်ကွယ်မှ လက်နက်ခဲယမ်းရောင်းချထောက်ပံ့နေတယ်လို့ စစ်ဘက် နီးစပ်သူများရဲ့ အတည်ပြုဆဲ သတင်းများအရသိရှိရပါတယ်။ KIA နဲ့ တပ်မတော် ထိပ်တိုက် မတွေ့မှီ ကလေးကပင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကျိုင်းတုံသို့ ရောက်ရှိခဲ့ပြီး UWSA ထိပ်တန်း ဒုတိယ ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ကာ KIA ကို မထောက်ပံ့ဖို့ ပြောကြားခဲ့သေးတယ်လို့ ဆိုပါတယ်။

အစိုးရနဲ့ UWSA ဆက်ဆံရေးဟာ ပုံမှန်သာရှိပြီး အချို့အချိန်ကာလများတွင် အေးတိအေးစက် ရှိခဲ့ရာမှ တချို့ အချိန်များမှာ တင်းမာမှုတောင်ဖြစ်ခဲ့ပါသေးတယ်။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က အစိုးရနှင့် UWSA ဟာရင်းနှီးကျမ်းဝင်မှု ရှိခဲ့ပေမဲ့ နောက်ပိုင်းတွင် တင်းမာတဲ့ ဖြစ်စဉ်များဖြစ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဘိန်းဘုရင်ခွန်ဆာရဲ့ လွယ်မော် MTA အဖွဲ့ကို တပ်မတော်နှင့် UWSA ပူးပေါင်း တိုက်ခိုက်ခဲ့စဉ်က အောင်မြင်မှုရခဲ့ပေမဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ရောက်နေတဲ့ (ဝ) တပ်ဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကို ပြန်မသွားတော့ဘဲ လက်ရှိနေရာမှာပင် ခြေကုပ်ယူတည်ဆောက်ခဲ့ပါတယ်။

ဒါကိုသိလို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက နေရာပြန်ဖယ်ပေးဖို့ အမိန့်ပေး တောင်းဆိုခဲ့သော်လည်း (ဝ) တွေက အသက်သွေးချွေး ရင်းနှီးခဲ့ရလို့ အကူအညီ တောင်းတုန်းက တောင်းခဲ့ပြီး အောင်မြင်မှ ပြန်ခိုင်းတာဟာ မတရားဘူးလို့ ဆိုကာ ငြင်းဆန်ခဲ့ပါတယ်။ဒါကြောင့် တပ်မတော် ခေါင်းဆောင် တချို့အနေနှင့် နောင်တချိန်မှာ ဦးတည်ရန်သူဖြစ်လာမဲ့ လက်နက်ကိုင် အဖွဲ့အစည်းဟာ UWSA လို့ ဆိုပါတယ်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ မကျင်းပမှီ BGF ဖွဲ့ဖို့ UWSA ကို တွန်းအားပေး ခဲ့စဉ်ကလည်း ငြင်းဆန်ခဲ့ပါတယ်။ UWSA အနေနဲ့ အစိုးရ ဝန်ထမ်းများကို ထောက်လှမ်းရေးဟုစွပ်စွဲကာ သူတို့နယ်မြေမှ နှင်လွှတ် ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြန်သော်လည်း UWSA က ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားပေမဲ့ သူတို့တောင်းဆိုတဲ့ အချက်အလက်များကိုတော့ အစိုးရက ပြည့်စုံစွာ လိုက်လျောခြင်းမရှိခဲ့ပါ။ ကျိုင်းတုံမြို့အား သူတို့မြို့တော်အဖြစ် တောင်းဆိုထားကြောင်းသိရပါတယ်။

ယခုကျင်းပနေတဲ့ လွှတ်တော်များမှာ UWSA မှ ကိုယ်စားလှယ်တော်များ မတက်ရောက်နိုင်တာ တွေ့ရှိရပါတယ်။ ယခင်က ရှမ်းပြည် အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) မိုင်းလား ဦးစိုင်းလင်းအား UWSA ကစည်းရုံးထားပြီးဖြစ်ပါတယ်။

အစိုးရနဲ့ UWSA ငြိမ်းချမ်းရေး သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ အစိုးရအား ယခင်ကလောက် ထိတွေ့ ဆက်ဆံမှု မပြုလုပ်တော့ဘဲသတိထား ဆက်ဆံတာ တွေ့ရပါတယ်။ KIA နဲ့ UWSA ဟာ ယခင်က လျှို့ဝှက်စွာ ဆက်ဆံခဲ့ပေမဲ့ ဖားကန့်မှာ ဗုံးကွဲလို့ ဆက်ဆံမှု တင်းမာ ခဲ့ပါသေးတယ်။အစိုးရနဲ့ KIA တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ဖို့နေရာကိုအရင်ကနဦး ပထမတုန်းက UWSA ဧရိယာ အတွင်းမှာ ပြုလုပ်ဖို့ ဖြစ်ပေမဲ့ တရုတ်နိုင်ငံ ရွှေလီသို့ ပြောင်းသွားတာဟာ တစုံတခု အကြောင်းရှိလို့ပြောင်းသွားတာ ဖြစ်ကြောင်း စစ်ဖက်နီးစပ်သူက ဆိုပါတယ်။

UWSA (ဝ) တွေဟာယူနန်ပြည်နယ် တရုတ်နိုင်ငံ လွှတ်တော်များကို သွားရောက်တဲ့ သတင်းနဲ့ တရုတ် တပ်မတော်မှ အငြိမ်းစား အရာရှိကြီးများက UWSA တပ်ဖွဲ့ဝင်တွေကို လေကျင့် သင်ကြားနေတဲ့ သတင်းများလည်း ထွက်ပေါ်လျှက် ရှိပါတယ်။အစိုးရက စိုးရိမ်ပူပန်မှု ဖြစ်လာပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းအား စေလွှတ်ကာ UWSA ခေါင်းဆောင်များကို လွှတ်တော်များမှာ တက်ရောက် လေ့လာစေဖို့ ဖိတ်ကြားစည်းရုံးခိုင်းခဲ့ပါတယ်။ အဆိုးဆုံးမှာ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနားတွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင်များ တော်တော်များများ အစုံအလင် တက်ရောက်ကြပေမဲ့ ဦးစိုင်းလင်းနဲ့ UWSA ခေါင်းဆောင်များ မတက်ရောက်တာဟာ အစိုးရအနေနဲ့ ဘဝင်မကျစရာ ဖြစ်ခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် အစိုးရအနေနှင့် UWSA ကို ကိုင်နိုင်ဖို့အနိုင်ဖဲချပ်ဆွဲဖို့ မဟာဗျူဟာ အခင်းအကျင်းသစ် လုပ်ဆောင်လာတယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။ ဒါကတော့ မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုဟာ ဘိန်းအထွက် တိုင်းတာရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ ထူထောင်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူစာချုပ်ကို ၂၂ - ၂ - ၂၀၁၃ ခုနှစ်မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။

အမေရိကန် အစိုးရနဲ့ မဆလအစိုးရ လက်ထက်ကပင် ရှိခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးမှာ အဓိကပါဝင်တဲ့ ဘိန်းအထွက်နှုန်း တိုင်းတာရေး အစီအစဉ်အားပြန်လည် အကောင်အထည် ဖော်လိုက်တာဘဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးအကြောင်းပြပြီး တပ်မတော်မှ နယ်မြေများကို ထိုးဖောက် ဝင်ရောက်ရာမှာ UWSA နဲ့ထိပ်တိုက် တွေ့တော့မှာ ဖြစ်ပါတယ်။ UWSA ခေါင်းဆောင်များဟာ အစိုးရက အမေရိကန်အရှိန်အဝါ သုံးပြီးတော့ ပူးပေါင်း လက်တွဲမလားဆိုတဲ့ မေးခွန်းကို အမေးခံရမဲ့ အလားအလာ ရှိနေကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်တင်ပြခဲ့ပါတယ်။

ပန်းစိုက်တဲ့ သမ္မတ

$
0
0

 

Written by  သန့်ဇင်စိုး

နိုင်ငံရေးသမားတွေက ပြည်သူ့ဘဝနဲ့ အမှန်တကယ်ကို တစ်သားတည်း မဖြစ်ကြဘူးလို့ ပြောကြဆို ကြပါတယ်။ ဥရုဂွေးမှာတော့ ဒီလိုမဟုတ်ပါဘူး။ ဥရုဂွေး နိုင်ငံသားတွေက ထူးခြားတဲ့ သမ္မတတစ်ယောက်ကို ရထားပါတယ်။ သူဟာ ကချော်ကချွတ် လယ်တဲလေးမှာနေတယ်။ နိုင်ငံတော်သမ္မတ အဖြစ်ရတဲ့လစာရဲ့ အများစုကို လှူပစ်ပါတယ်။
လယ်တောအိမ်လေးရဲ့ အပြင်ဘက်မှာတော့ လျှော်ပြီးသား အဝတ်လေးတွေ လှမ်းထားပါတယ်။ ရေကတော့ ခြံဝင်းထဲက ရေတွင်းကလေး တစ်ခုဆီကရတယ်။ ခြဝင်းတစ်လျှောက် ပေါင်းမြက်ပင်လေးတွေ ဖုံးလို့ပေါ့။ သမ္မတကြီးမှာ လုံခြုံရေး သုံးယောက်ရှိပါတယ်။ ရဲအစောင့်အရှောက် နှစ်ယောက်နဲ့ မန်နျူရယ်လာလို့ နာမည်ပေးထားတဲ့ ခြေထောက်သုံးချောင်းပဲပါတဲ့ ခွေးလေးတစ်ကောင်ပါ။
ဒါဟာဥရုဂွေး နိုင်ငံတော်အကြီးအကဲရဲ့ အိမ်တော်ပါပဲ။ သူ့ရဲ့ ဘဝနေပုံထိုင်ပုံဟာ တခြားကမ္ဘာ့ခေါင်းဆောင် အများစုရဲ့နေ့စဉ်ဘဝနဲ့ အတော်ခြားနားပါတယ်။ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရတော့ အထောက်အပံ့ရတဲ့ ဇိမ်ခံအိမ်ကြီးကို ငြင်းပယ်လိုက်ပြီး သူ့ဇနီးရဲ့ လယ်တော အိမ်လေးကနေသာ ရုံးတက်ပါတယ်။ သူ့အိမ်က မြို့တော် မွန်တီဗီဒီယိုရဲ့အပြင် ခပ်ညစ်ညစ်လမ်းလေး တစ်ခုကနေ သွားရပါတယ်။

သမ္မတကြီးနဲ့ ဇနီးတို့ဟာ အားလပ်ချိန်တိုင်း သူတို့ပိုင်တဲ့ လယ်တောလေးထဲမှာ ပန်းတွေစိုက်ကြပါ တယ်။ ဒီလို လောဘသက္ကာယနည်းတဲ့ ဘဝနေထိုင်မှုနဲ့ သူ့လစာ အမေရိကန်ဒေါ်လာ တစ်သောင်းနှစ်ထောင်ရဲ့ ၉၀ ရာခိုင်နူန်းကိုလှူပြီး ပိုတာလေးကို လင်မယား အတူအကွ စားသောက် နေထိုင်တာကြောင့် သူ့ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတလို့ ကင်ပွန်းတပ် ပေးထားကြပါတယ်။
“ကျွန်တော့်ဘဝတောက်လျှောက် ဒီလိုပဲနေလာခဲ့တာပဲဗျာ” လို့ သမ္မတကြီးက ခုံဟောင်း တစ်လုံးပေါ်က ကူရှင်ပေါ်ထိုင်ရင်း ပြောပြပါတယ်။ ဒီကူရှင်ကို သူ့ခွေး မန်နျူရယ်လာကလည်း သိပ်ကြိုက်တယ်လို့ ဆိုပါတယ်။ “ရှိတာလေးနဲ့လည်း ကောင်းကောင်းနေလို့ ရနေတာပဲဟာကို” လို့ ဂျိုဆေးမူဂျီကာက အကြောင်းပြချက် ပေးပါတယ်။
သူ့လစာရဲ့ ၉၀ ရာခိုင်နူန်းကို ဆင်းရဲနွမ်းပါးသူတွေကို ကူညီရေးလုပ်ငန်းတွေနဲ့ အသေးစားလုပ်ငန်း လေးတွေ တည်ထောင်ပေးတဲ့ နေရာကို လှူပစ်လိုက်တဲ့အခါ လစဉ် အမေရိကန်ဒေါ်လာ ၇၇၅ ဒေါ်လာလောက်ကျန်ပြီး ဒီပမာဏ ငွေကြေးဟာ သာမန်ဥရုဂွေး ပြည်သူတွေရဲ့ လစဉ်ပျမ်းမျှ ဝင်ငွေနဲ့ တန်းတူပါပဲ။


ဥရုဂွေးမှာ အစိုးရအရာရှိတွေဟာ မိမိပိုင်တဲ့ ပစ္စည်းဥစ္စာပမာဏကို ကြေညာရတဲ့ ထုံးစံအတိုင်း ၂၀၁၀ ပြည့်နှစ်မှာ သမ္မတ ဂျိုဆေးမူဂျီကာလည်း သူ့ပိုင်ဆိုင်မှုကို ကြေညာရပါတယ်။ သူ့ပိုင်ဆိုင်တဲ့ ပစ္စည်း ဥစ္စာ စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၈၀၀ ဖြစ်ပါတယ်။ ဒါကလည်း သူပိုင်တဲ့ တစ်စီးတည်းသော ၁၉၈၇ မော်ဒယ် ဗောက်စ်ဝက်ဂွန်ဘီတယ်လ် ကားလေးရဲ့ တန်ဖိုးဖြစ်ပါတယ်။

ဒီနှစ်တော့ သူပိုင်တဲ့ ပစ္စည်းတန်ဖိုး ကြေညာတဲ့အခါ ပိုများလာပါတယ်။ အမေရိကန်ဒေါ်လာ နှစ်သိန်း တစ်သောင်းငါးထောင်ဖိုး ဖြစ်လာပါတယ်။ သူ့မြေတန်ဖိုးရယ်၊ ထွန်စက်တွေနဲ့ သူ့အိမ်လေးကိုပါ ထည့်တွက်တာကြောင့် ဖြစ်ပါတယ်။ ဒါတောင်သူ့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒုတိယသမ္မတ ဒန်နီလို အက်စ်တိုရီရဲ့ သုံးပုံနှစ်ပုံပဲရှိတာ ဖြစ်ပြီ၊ သူ့အရင်သမ္မတ တာဘရီဗက်စ်ကွက်ဇ်ရဲ့ သုံးပုံ တစ်ပုံလောက်ပဲ ရှိတာပါ။

မူဂျီကာဟာ ၁၉၆၀ နဲ့ ၇၀ ကာလတွေမှာ တော်လှန်ရေးသမား သူပုန်တစ်ယောက် ဖြစ်ခဲ့ပြီး ကျူးဘားတော်လှန်ရေးရဲ့ ရိုက်ခတ်မှုကြောင့် တောခိုခဲ့ဖူးပါတယ်။ သူဟာ သေနတ်ခြောက်ချက် မှန်ခဲ့ဖူးပြီး ထောင်လည်း ၁၄နှစ်ကျဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ယောက် ဖြစ်ပါတယ်။ သူအဖမ်းခံရတုန်းက ထောင်တွင်းအခြေအနေ တော်တော်ဆိုးပါတယ်။ ၁၉၈၅ခုနှစ်မှာ ဥရုဂွေးလည်း ဒီမိုကရေစီဖြစ်တော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
ထောင်ထဲမှာ နေခဲ့ရတဲ့ အခြေအနေတွေကြောင့် ဘဝအပေါ် သူထားတဲ့အမြင်တွေ ပြောင်းသွားခဲ့တာ ဖြစ်တယ်လို့ သမ္မတဂျိုဆေးမူဂျီကာက ပြောပြပါတယ်။

“အဆင်းရဲဆုံး သမ္မတလို့ ကျွန်တော့်ကိုပြောကြတယ်။ ကျွန်တော်ကတော့ မဆင်းရဲပါဘူး။ ဈေးကြီးတဲ့ ဘဝနေပုံနေနည်းကို ရဖို့အတွက်ပဲ အလုပ် လုပ်နေကြတဲ့သူတွေ၊ တစ်မျိုးပြီးတစ်မျိုး ထပ်လိုချင်နေတဲ့ သူတွေကမှ ဆင်းရဲတာဗျ” လို့ အားလပ်ရက်တွေမှာ ပန်းစိုက်လေ့ရှိတဲ့ သမ္မတကြီးက ဆိုပါတယ်။
“ဒီလိုနေခြင်းဟာ လွတ်လပ်ခြင်းပဲဗျ။ ခင်ဗျားမှာ ပစ္စည်းပစ္စယ ပိုင်ဆိုင်မှုတွေ အများကြီး မရှိဘူးဆိုရင် ဒါတွေကို ဆက်ထိန်းထားဖို့ ကျွန်လိုလုပ်စရာ မလိုတော့ဘူးပေါ့။ ခင်ဗျားကိုယ်ခင်ဗျားအတွက် အချိန်ပိုရတာပေါ့” လို့လည်း သူ့ဘဝအမြင်ကို ရှင်းပြပါတယ်။
“လူကြောင် အဘိုးကြီးလို့ ကျွန်တော့်ကိုထင်ချင်လဲ ထင်မှာပေါ့။ ဒါပေမဲ့ ဒါကျွန်တော် လွတ်လွတ်လပ်လပ် ရွေးချယ်ထားတာပဲ” လို့လည်း သူ့ဘဝနေထိုင်ပုံကို ကာကွယ်ပြောပါသေးတယ်။
ဒီလိုပြောပုံဆိုပုံမျိုးကို ၂၀၁၂ ဇွန်လတုန်းက ပြုလုပ်ခဲ့တဲ့ Rio+20 အစည်းအဝေးမှာ ဥရုဂွေးသမ္မတက မိန့်ခွန်းထဲ ထည့်ပြောခဲ့ပါသေးတယ်။

“ကျွန်တော်တို့ဟာ တစ်နေ့ခင်းလုံး ရေရှည်တည်တံ့ ဖွံ့ဖြိုးတဲ့ အနာဂတ်အကြောင်းကို ပြောကြတယ်။ ဆင်းရဲမွဲတေခြင်းကနေ လွတ်မြောက်ဖို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘာတွေ တွေးနေခဲ့ကြ သလဲ။ ချမ်းသာတဲ့ နိုင်ငံကြီးတွေက ဖွံ့ဖြိုးတိုးတက်မှုနဲ့ စားသုံးမှုမိုဒယ်ကို လိုချင်ကြပါသလား။ ကျွန်တော် မေးကြည့်ပါရစေ။ အိန္ဒိယဟာ ဂျာမနီထက် ကားရှိတဲ့ အိမ်ထောင်စုအချိုး ပိုများသွားရင် ကမ္ဘာကြီး ဘာဖြစ်မယ် ထင်ပါသလဲ။ ကျွန်တော်တို့အတွက် အောက်ဆီဂျင် ဘယ်လောက် ကျန်နေသေးသလဲ။ ချမ်းသာတဲ့ လူ့အသိုင်းအဝိုင်းတွေ စားသုံးသလို၊ စွန့်ပစ်ကြသလို ခုနစ်ဘီလီယံ၊ ရှစ်ဘီလီယံရှိတဲ့ လူဦးရေက ထပ်တူလုပ်ကြမယ်ဆို ဒီကမ္ဘာမှာ ရင်းမြစ်လုံလောက်သေးရဲ့လား။ အလွန်အကျွံ စားသုံးနေကြခြင်းဟာ ကျွန်တော်တို့နေတဲ့ ဂြိုဟ်ကို ဒုက္ခပေးနေပါတယ်” လို့ မိန့်ခွန်းမှာ ပြောဖူးပါတယ်။

ဒါပေမဲ့ သက်သတ်လွတ်သမားလို့ နာမည်ကြီးတဲ့ မူဂျီကာလည်း တခြားနိုင်ငံရေးသမားတွေလို အတက်အကျကတော့ ပြေးမလွတ်ပါဘူး။
“သူ့ရဲ့နေပုံထိုင်ပုံကြောင့် တော်တော်များများက သမ္မတမူဂျီကာကို သဘောကျကြပါတယ်။ ဒါပေမဲ့ ဒီအတွက်တစ်ခုတည်း နဲ့တော့ သူ့အစိုးရရဲ့လုပ်ဆောင်ပုံတွေကို ဝေဖန်မခံရတော့ဘူး လို့တော့ မဟုတ်ပါဘူး” လို့ ဥရုဂွေးမှ စစ်တမ်းကောက်ယူသူ အစ်ဂ်နာစီယို ဇူအက်စ်နာဘာက ဆိုပါတယ်။
ဥရုဂွေးရဲ့ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေဟာ အရင်ကထက် ပိုပြီးတိုးတက်မလာဘူးလို့ အတိုက်အခံတွေက ဂျိုဆေးမူဂျီကာရဲ့အစိုးရကို ဝေဖန်ကြပါတယ်။ လူကြိုက်များမှု ရာခိုင်နူန်းကလည်း ၅၀ ရာခိုင်နှုန်းကျသွားတယ်လို့ ဆိုပါတယ်။

အဓိကသူ့ကို လူကြိုက်နည်းလာတဲ့ အကြောင်းရင်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ကိုယ်ဝန် သက်တမ်း ၁၂ ပတ်မပြည့်သေးရင် ဥပဒေအရ တရားဝင် ကိုယ်ဝန်ဖျက်ချပိုင်ခွင့် ရှိတယ်ဆိုတဲ့ လွှတ်တော်သဘော တူညီထားတဲ့ ဥပဒေကို အရင်သမ္မတလို ဗီတိုသုံးပြီး မပယ်ချခဲ့တာကြောင့်ပါ။
ဆေးခြောက်ကို တရားဝင် ဖွင့်ပေးမယ့်ကိစ္စကိုလည်း သူကထောက်ခံပါတယ်။ ဒီလိုဖွင့်ပေးလိုက်ခြင်း အားဖြင့် နိုင်ငံတော်က ဆေးခြောက် ရောင်းဝယ်မှုကို ဝင်ရောက်ထိန်းချုပ်နိုင်မယ်လို့ ဥပဒေကြမ်းက ဆိုပြီး သမ္မတက ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

“ဆေးခြောက်သုံးတာ စိတ်ပူလောက်စရာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ မူးယစ်ဆေးဝါး ရောင်းချတာကမှ တကယ့်ပြဿနာ ဖြစ်ပါတယ်” လို့ သမ္မတ ဂျိုဆေးမူဂျီကာက ပြောခဲ့ဖူးပါတယ်။
နိုင်ငံရေးအရ လူကြိုက်မများတော့လည်း သူ့အတွက် ပြဿနာတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥရုဂွေး အခြေခံဥပဒေက အသက်ကို ကန့်သတ်ထားတာမို့ အသက် ၇၇ နှစ်ကျော်ပြီဖြစ်တဲ့ သမ္မတကြီးက ၂၀၁၄ ရွေးကောက်ပွဲဝင်လို့လည်း မရပါဘူး။ နိုင်ငံရေးက နားရပါတော့မယ်။ သမ္မတအရာက ဆင်းသွားလည်း ရမယ့်ပင်စင်လေးနဲ့ သူကအေးအေးဆေးဆေးပါပဲ။ တခြားခေါင်းဆောင်ဟောင်းတွေလို ရာထူးကနားသွားတဲ့အခါ အပိုဝင်ငွေလည်း ရှာစရာလိုမယ် မထင်ပါဘူး။


ဝမ်းတစ်လုတ်၊ အ၀တ်တစ်ဆုတ်အတွက် အထုပ်ထမ်းခြင်း

$
0
0
ဝမ်းတစ်လုတ်၊ အ၀တ်တစ်ဆုတ်အတွက် အထုပ်ထမ်းခြင်း …………….   အရင်က ကျွန်တော် ဒိုင်ယာရီရေးတဲ့အကျင့်လေးရှိတယ်။  နောက်ပိုင်းဘာဖြစ်လာလဲဆိုရင်  တစ်နေ့ တစ်နေ့ အိပ်ယာထ..အလုပ်သွား..အိမ်ပြန်…အိပ်။ ဒါနဲ့အချိန်တွေကုန်တော့ ရေးတာတွေက ဒါတွေပဲထပ်လာတယ်။  အလုပ်ထဲမှာ အဆင်မပြေတာတွေ၊ စိတ်ပင်ပန်းတာတွေပဲများလာတယ်။  ကျွန်တော်တွေးကြည့်တယ်။ ၀န်ထမ်းဘ၀ကတော့ ဒီလိုနဲ့ပဲ အချိန်တွေကုန်လာကြတာ။ တခြားဘ၀တွေကိုကြည့် တစ်နေ့တာမှာ တစ်နေကုန်ရုန်းကန်လှုပ်ရှားနေကြရတယ်။  လူပန်း၊ စိတ်ပန်းပဲ။  တစ်နေ့တာမှာ “ ကုသိုလ်၊ ပညာ၊ ဥစ္စာ ” တစ်ခုခုရ ရမယ်တဲ့။ ကျွန်တော်တို့တွေ လူ့လောကမှာ ကျင်လည်နေတာကတော့ အထူးသဖြင့် ဥစ္စာရှာဖို့၊ ရဖို့ပဲ။ ပညာရှာတာကလည်း ကိုယ့်ဝမ်းကိုယ်ကျောင်း နိုင်ဖို့။ စားနိုင်ဖို့၊ ဆင်နိုင်ဖို့၊ ဥစ္စာရဖို့ပဲ။  ဘ၀အတွက် တန်ဖိုးရှိတဲ့ အသိပညာရှာသူ၊ ရသူကတော့နည်းလှပါတယ်။  ကျွန်တော်တို့ ဘာ့ကြောင့်ရှာနေရတာလဲ။ ဘာအတွက်လဲ ဘယ်သူ့အတွက်လဲ။ ---------  ကျွန်တော်လည်း ရှာဖွေရင်းနဲ့ ခံစားရမိလာတော့၊ တစ်ချက်တစ်ချက်အသိလေးဝင်လာမိတော့  ကျွန်တော်ကဗျာလေးတစ်ပုဒ်  ရေးကြည့်မိတယ်။   ခေါင်းစဉ်က  “ငရဲဝမ်းစာ”တဲ့။  ထမင်းတစ်လုတ်  အ၀တ်တစ်ဆုတ်  အနေတစ်ကုတ်အတွက်    ပြားတုပ်သလို ပြာယာခတ်  မလုပ်အပ်တာတွေကို  အဟုတ်မှတ်လုပ်ရင်း  ထထုံးတို့မှတ်ခဲ့တာတွေက  ဘ၀တစ်ခုလုံး  ဖွေးဖွေးဖြူပေါ့….။   ။  ကျွန်တော့အတွေးပေါ့လေ။  ရှာဟယ်၊ ဖွေဟယ်၊ စားဟယ်၊ သောက်ဟယ်ကယ်နဲ့ ကျွန်တော်တို့ သေခြင်းစီ တစ်လှမ်းခြင်းသွားနေကြတာမဟုတ်လား။  ဘယ်လောက်ပဲ စားစား တစ်ဝမ်းပဲဝမယ်။ ဘယ်လောက်ပဲ ဆင်ဆင် တစ်ကိုယ်စာ ၀တ်ယုံပဲ။ ဘယ်လောက်ပဲရှာရှာ ကျောတစ်ကိုယ်စာချယုံပါပဲ။  ဒါပေမယ့် အဲဒီတစ်ဝမ်း၊ တစ်ကိုယ်၊ တစ်နေရစာ ရှာတဲ့နေရာမှာတော့ ဘယ်လိုရှာမလဲ၊ ဘယ်လို စားမလဲ၊ ဘယ်လိုနေမလဲဆိုတာတော့ အရေးကြီးလာပြီ။  အစားစားရင်းနဲ့  အထုပ် ထုပ်တယ်။ အ၀တ်ဆင်ရင်းနဲ့ အထုပ် ထုပ်တယ်။ တစ်နေရာစာမှာ ကျောခင်းရင်း အထုပ် ထုတ်နေရတယ်။  ဘာအထုပ်တွေလဲ ကုသိုလ်အထုပ်၊ အကုသိုလ် အထုပ်တွေ။  အသက်အရွယ်ကြီးလာတာနဲ့ အမျှ ဘယ်အထုပ်က ပိုကြီးနေပြီလဲ။  ကုသိုလ်အထုပ်က ကြီးလေ ပေါ့လေပါပဲ။  ပေါ့လေ အမြင့်တက်လေပါ။  အကုသိုလ်အထုပ်ကတော့ ကြီးလေ လေးလေ။ လေးလေ အောက်ကျလေပါပဲ။ ------------  “ အင်း ငါဘာလုပ်ခဲ့သလဲ ”  လူက အိပ်ယာထဲဝင်။ နဖူးပေါ်လက်တင်ပြီး စဉ်းစားခန်းဖွင့်နေမိတယ်။  ကုသိုလ်ပြုထားတာလေးကို ကုသိုလ်စိတ်လေးဆက်ပွား။ အကုသိုလ်လုပ်ဖြစ်ရင် နောက်မဖြစ်အောင် ဆင်ခြင်။  လုပ်ဆောင်ပြုမူခဲ့သမျှ၊ အထုပ် ထုတ်ခဲ့သမျှ တစ်စစီပြန်ဖြေကြည့်မိတယ်။  ကြီးကြီးမားမား ကုသိုလ်တွေ၊ အကုသိုလ်တွေမဟုတ်ပေမယ့် အများကြီးဖြစ်နေပါလား။  အထုပ်တွေဖြူစင်ဖို့ လျှော်ဖွတ်ရမယ်။  ကျွန်တော်ပြုမူခဲ့တဲ့ အညစ်အကြေးတွေကို ၀ိပဿနာတရားနဲ့ ဆေးကြောသန့်စင်မှ ဖြစ်တော့မည်။  အထုပ်လေးတွေ ကိုယ်စီထမ်းပါလို့ လာရလမ်းကိုပြန်ကြတော့မည်လား…။  ပေါ့ပါးဖြူစင်သော…အထုပ်လေးနဲ့ ဟိုးခရီးဆုံးအမြင့်ထိ မြင့်တက်ကြမည်လား။  ၈-၇-၂၀၁၃
…………….

အရင်က ကျွန်တော် ဒိုင်ယာရီရေးတဲ့အကျင့်လေးရှိတယ်။ နောက်ပိုင်းဘာဖြစ်လာလဲဆိုရင်
တစ်နေ့ တစ်နေ့ အိပ်ယာထ..အလုပ်သွား..အိမ်ပြန်…အိပ်။ ဒါနဲ့အချိန်တွေကုန်တော့ ရေးတာတွေက ဒါတွေပဲထပ်လာတယ်။
အလုပ်ထဲမှာ အဆင်မပြေတာတွေ၊ စိတ်ပင်ပန်းတာတွေပဲများလာတယ်။
ကျွန်တော်တွေးကြည့်တယ်။ ၀န်ထမ်းဘ၀ကတော့ ဒီလိုနဲ့ပဲ အချိန်တွေကုန်လာကြတာ။ တခြားဘ၀တွေကိုကြည့် တစ်နေ့တာမှာ တစ်နေကုန်ရုန်းကန်လှုပ်ရှားနေကြရတယ်။
လူပန်း၊ စိတ်ပန်းပဲ။
တစ်နေ့တာမှာ “ ကုသိုလ်၊ ပညာ၊ ဥစ္စာ ” တစ်ခုခုရ ရမယ်တဲ့။ ကျွန်တော်တို့တွေ လူ့လောကမှာ ကျင်လည်နေတာကတော့ အထူးသဖြင့် ဥစ္စာရှာဖို့၊ ရဖို့ပဲ။ ပညာရှာတာကလည်း ကိုယ့်ဝမ်းကိုယ်ကျောင်း နိုင်ဖို့။ စားနိုင်ဖို့၊ ဆင်နိုင်ဖို့၊ ဥစ္စာရဖို့ပဲ။
ဘ၀အတွက် တန်ဖိုးရှိတဲ့ အသိပညာရှာသူ၊ ရသူကတော့နည်းလှပါတယ်။
ကျွန်တော်တို့ ဘာ့ကြောင့်ရှာနေရတာလဲ။ ဘာအတွက်လဲ ဘယ်သူ့အတွက်လဲ။
---------
ကျွန်တော်လည်း ရှာဖွေရင်းနဲ့ ခံစားရမိလာတော့၊ တစ်ချက်တစ်ချက်အသိလေးဝင်လာမိတော
ကျွန်တော်ကဗျာလေးတစ်ပုဒ် ရေးကြည့်မိတယ်။
ခေါင်းစဉ်က “ငရဲဝမ်းစာ”တဲ့။
ထမင်းတစ်လုတ်
အ၀တ်တစ်ဆုတ်
အနေတစ်ကုတ်အတွက်
ပြားတုပ်သလို ပြာယာခတ်
မလုပ်အပ်တာတွေကို
အဟုတ်မှတ်လုပ်ရင်း
ထထုံးတို့မှတ်ခဲ့တာတွေက
ဘ၀တစ်ခုလုံး
ဖွေးဖွေးဖြူပေါ့….။ ။
ကျွန်တော့အတွေးပေါ့လေ။ ရှာဟယ်၊ ဖွေဟယ်၊ စားဟယ်၊ သောက်ဟယ်ကယ်နဲ့ ကျွန်တော်တို့ သေခြင်းစီ တစ်လှမ်းခြင်းသွားနေကြတာမဟုတ်လား။
ဘယ်လောက်ပဲ စားစား တစ်ဝမ်းပဲဝမယ်။ ဘယ်လောက်ပဲ ဆင်ဆင် တစ်ကိုယ်စာ ၀တ်ယုံပဲ။ ဘယ်လောက်ပဲရှာရှာ ကျောတစ်ကိုယ်စာချယုံပါပဲ။
ဒါပေမယ့် အဲဒီတစ်ဝမ်း၊ တစ်ကိုယ်၊ တစ်နေရစာ ရှာတဲ့နေရာမှာတော့ ဘယ်လိုရှာမလဲ၊ ဘယ်လို စားမလဲ၊ ဘယ်လိုနေမလဲဆိုတာတော့ အရေးကြီးလာပြီ။
အစားစားရင်းနဲ့ အထုပ် ထုပ်တယ်။ အ၀တ်ဆင်ရင်းနဲ့ အထုပ် ထုပ်တယ်။ တစ်နေရာစာမှာ ကျောခင်းရင်း အထုပ် ထုတ်နေရတယ်။
ဘာအထုပ်တွေလဲ ကုသိုလ်အထုပ်၊ အကုသိုလ် အထုပ်တွေ။
အသက်အရွယ်ကြီးလာတာနဲ့ အမျှ ဘယ်အထုပ်က ပိုကြီးနေပြီလဲ။
ကုသိုလ်အထုပ်က ကြီးလေ ပေါ့လေပါပဲ။ ပေါ့လေ အမြင့်တက်လေပါ။
အကုသိုလ်အထုပ်ကတော့ ကြီးလေ လေးလေ။ လေးလေ အောက်ကျလေပါပဲ။
------------
“ အင်း ငါဘာလုပ်ခဲ့သလဲ ”
လူက အိပ်ယာထဲဝင်။ နဖူးပေါ်လက်တင်ပြီး စဉ်းစားခန်းဖွင့်နေမိတယ်။
ကုသိုလ်ပြုထားတာလေးကို ကုသိုလ်စိတ်လေးဆက်ပွား။ အကုသိုလ်လုပ်ဖြစ်ရင် နောက်မဖြစ်အောင် ဆင်ခြင်။
လုပ်ဆောင်ပြုမူခဲ့သမျှ၊ အထုပ် ထုတ်ခဲ့သမျှ တစ်စစီပြန်ဖြေကြည့်မိတယ်။
ကြီးကြီးမားမား ကုသိုလ်တွေ၊ အကုသိုလ်တွေမဟုတ်ပေမယ့် အများကြီးဖြစ်နေပါလား။
အထုပ်တွေဖြူစင်ဖို့ လျှော်ဖွတ်ရမယ်။
ကျွန်တော်ပြုမူခဲ့တဲ့ အညစ်အကြေးတွေကို ၀ိပဿနာတရားနဲ့ ဆေးကြောသန့်စင်မှ ဖြစ်တော့မည်။
အထုပ်လေးတွေ ကိုယ်စီထမ်းပါလို့ လာရလမ်းကိုပြန်ကြတော့မည်လား…။
ပေါ့ပါးဖြူစင်သော…အထုပ်လေးနဲ့ ဟိုးခရီးဆုံးအမြင့်ထိ မြင့်တက်ကြမည်လား။

 
 မောင်ပိုင်
၈-၇-၂၀၁၃
— with William Tuntunko and 5 others.

အမှန်ခြစ်ထဲကသမိုင်းများ

$
0
0

 Photo: အမှန်ခြစ်ထဲကသမိုင်းများ ………………..   “ အဖေဒီနေ့ ဆရာမက အမှန်အကြီးကြီးချစ်ပေးတယ်၊ ပြီးတော့ တော်လို့ရေးပေးတယ် ”  အဖေက ကျွန်တော့်စာအုပ်ကြည့်ပြီး ပြုံးနေတာတွေ့ရသည်။  “ တော်တယ်ငါ့သား အမှန်ခြစ်တွေအများကြီးရအောင်ကြိုးစား၊ တော်တွေရအောင် ကြိုးစားနှော်”  “ ဟုတ်ကဲ့ အဖေ ”  ကျွန်တော်အဲဒီညက စာအုပ်ကလေးကို ခဏခဏဖွင့်ပြီး အမှန်ခြစ်လေးကိုကြည့်နေမိပါသည်။ ……………  ကျွန်တော်တို့ငယ်ငယ်က ကျောက်သင်ပုန်းအရင်သုံးခဲ့ရသည်။    ကျောက်သင်ပုန်းပေါ်တွင် ၀လေးလုံးတွေရေး၊ နောက်စာလေးတွေရေးရသည်။  ကျွန်တော်တို့စာလေးတွေကို မြေဖြူခဲဖြင့် ဆရာ၊ ဆရာမတွေက ကျောက်သင်ပုန်းအပြည့် အမှန်ခြစ်ကြီးခြစ်ပေးသည်။  ထိုအမှန်ခြစ်သည် ကျွန်တော်တို့ဘ၀ အစ၏ ခွန်အားဖြစ်သည်။  အဲဒီနောက် စာအုပ်လေးတွေသုံးတဲ့အဆင့်ရတော့ မင်နီဖြင့် အမှန်ခြစ်လေးတွေရလာပြန်သည်။  အမှန်ခြစ်လေးတွေအပြင် ညံ့၊ သင့်၊ တော်၊ ကောင်းဆိုတဲ့ မှတ်ချက်လေးတွေ တွဲပါလာခဲ့သည်။  ကျွန်တော့်ဘ၀မှာတော့ ညံ့နှင့် သင့်က နေရာလုမြဲဖြစ်သည်။  တကယ်တော့ ထိုအမှန်ခြစ်များသည် ကျွန်တော်တို့၏ အရည်အချင်းအကဲဖြတ်ချက်များ ဖြစ်သည်။ ကျွန်တော်တို့ စွမ်းဆောင်ချက်၊ လုပ်ဆောင်ချက်၊ ကြိုးစားချက်ဘယ်လောက်ရှိသည်ကို ဖော်ပြပေးနေခြင်း ဖြစ်သည်။  Great  Things  are  done  when  men  and  mountain  meet;  This  is  not  done  by  jostling  in  the  street.  တောင်ကြီးတွေနဲ့ တွေ့တော့မှာပဲ လူတွေမှာ ကြီးကျယ်တာတွေဖြစ်လာတယ်လို့ William Blake ကဆိုပါသည်။  ညံ့ဆိုတာ ကျွန်တော်ရဲ့ ကြိုးစားမှုအားနည်းခြင်းဖြစ်သည်။  ထိုအခါမှ ကျွန်တော်အတွက် ပို၍ကြိုးစား လာရသည်။  တော် သည်လည်း ကျွန်တော့်၏ တောင်ကြီးများဖြစ်သည်။ ဒီတောင်ကြီးကို ကျွန်တော်တို့ ဖောက်ထွင်ရမည်။ ဖောက်ထွက်ရမည်။  ထို့ပြင် ထို အမှန်ခြစ်များသည် ကျွန်တော်ငယ်ဘ၀၊ ကျွန်တော်တို့ ပညာသင်ကြားရာတွင် လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်၏ သမိုင်းတစ်ခု ဖြစ်နေပါသည်။  -----------  အမှန်ခြစ်ကိုရသည်။ အမှန်ခြစ်ကို လိုချင်သည်။  ကျွန်တော်တို့ အမှန်ခြစ်ရဖို့ ကြိုးစားပြီလား။  အမှန် နှင့် ခြစ်ကို ကြည့်မိသည်။  အမှန်တရားကို ရဲရဲဝံ့ဝံ့ခြစ်ပြီလား။  ခြစ်ခဲ့ကြပြီလား။  မှန်ကန်ရင် ကွဲတတ်တယ်ဆိုတာနဲ့ အမှန်ကိုခြစ်ဖို့ မရဲပြီလား။    နောက်မျိုးဆက်တွေကို ကျွန်တော်တို့ကိုယ်တိုင် အမှန်ခြစ်တွေပေးနိုင်ဖို့ သင့်၊ တော်၊ ကောင်း ပေးနိုင်ဖို့ ကျွန်တော်တို့ ဘာတွေသင်ကြားပေးပြီပြီလဲ။  ဘာတွေလက်ဆင့်ကမ်းပြီးပြီလဲ။  ထိုထက်ပိုဆိုးသော အခြေအနေမှာ အမှန်ခြစ်ရယူနိုင်မည့် လူငယ်တို့အတွက် အတုယူမှားနိုင်သည့် အနေအထားရှိနေသည်။ လူငယ်တို့အမှန်မရပဲ ကြက်ခြေခတ်အမှားများရရှိသွားပါက သူတို့အနာဂတ်၊ ကျွန်တော်တို့ အနာဂတ်က မတွေးဝင့်အောင်ပါ။  လူငယ်တွေလက်ထဲမှာ ကျွန်တော်တို့အနာဂတ်ရှိနေသည်မဟုတ်ပါလား။  ထို့အတူ လူငယ်တွေ၏ အနာဂတ်ကလည်း ကျွန်တော်တို့လက်ထဲမှာ ရှိနေပါသေးသည်။ -----------  ကျွန်တော်ဘ၀တွင် နိုင်ငံနှင့်ချီပြီး အမှန်(၂)ကြိမ်ခြစ်ဖူးပါသည်။  တစ်ခါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းဖို့ ဆန္ဒကောက်ယူစဉ်ကဖြစ်သည်။  ထိုအခါက အမှန်ခြစ်ခဲ့သည်။  နောက်တစ်ကြိမ် ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ခြစ်ခဲ့ဘူးသောအမှန်။  ထိုအမှန်သည် အမှန်တရားလော။ အမှန်အတွက် ခြစ်သော အမှန်ခြစ်လော။  ဒါကတော့ အမှတ်ခြစ်ကို ခြစ်လိုက်သော ကျွန်တော်တို့၏ နှလုံးသားထဲတွင်သာ ရှိနေပါလိမ့်မည်။ …………   “ သဗ္ဗေသင်္ခါရာ အနိစ္စာ ”  အလုံးစုံသော သင်္ခါရတရားတို့သည် အနိစ္စသဘောရှိကြကုန်၏။  “ သဗ္ဗေသင်္ခါရာ ဒုက္ခာ ”  အလုံးစုံသော သင်္ခါရတရားတို့သည် ဒုက္ခသဘောရှိကြ၏။  ကျွန်တော် စာလေးရွတ်ကြည့်ရင်း အမှန်တရားဆိုသည်မှာ ပို၍လေးနက်မှန်း တွေးမိလာသည်။  ကျွန်တော်တို့မွေးဖွားသည်။ သို့ကြောင့်သေရမည်။  ဒါအမှန်တရား။ သစ္စာတရား။  လောကကြီးအတွက် အမှန်တရားဆိုတာရှိပြီးသား။  အဲဒီအမှန်တရားကို မြတ်စွာဘုရားရှင်က ရှာဖွေဖော်ထုတ်သွားခဲ့သည်။  အဲဒီဖော်ထုတ်သွားတဲ့ လမ်းအပေါ်ကျွန်တော်တို့က လျှောက်လှမ်းနေပြီလား။  အရက်သမား လမ်းလျှောက်သလို အိုးနင်းခွက်နင်းလျှောက်နေတာလား။ ------------  လောကီနယ်ပယ်တွင် ကျွန်တော်တို့ ငယ်ဘ၀ထဲက အမှန်ခြစ်တွေရခဲ့ပြီ။  လူမှုနယ်ပယ်တွင်လည်း အမှန်ခြစ်တွေရခဲ့ပြီ။  နိုင်ငံသမိုင်းအတွက် ကျွန်တော်တို့ အမှန်တွေခြစ်ခဲ့ပြီးပြီ။  အမှန်တရားဆိုတဲ့ (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) အမှန်အတွက် ကျွန်တော်တို့ ခြစ်နေကျပြီလား။  ညံ့၊ သင့်၊ တော်၊ ကောင်းဆိုတဲ့ သတ်မှတ်ချက်တွေထဲမှာ ဘာတွေရနေပြီလဲ။  ကျွန်တော်တို့ဘ၀ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးတွေအတွက် အမှန်ခြစ်သမိုင်းတွေ ရေးခဲ့ပြီ။ ရခဲ့ပြီ။  ဘ၀ရဲ့အနှစ်သာရ၊ လောကုတ္တရာ အမှန်ခြစ်သမိုင်းကြောင်း ဘယ်လောက်ကောင်းနေပြီလဲ။  သြော်….  ငယ်ဘ၀တုန်းက ဆရာ၊ ဆရာမ ပေးလို့ရခဲ့တဲ့ အမှန်ခြစ်လေးကိုကြည့်ရင်း ကြည်နူးစိတ်တွေ တစ်ညလုံးဖြစ်ခဲ့မိပါတယ်။  ဒီလိုပါပဲ…  ညအိပ်ယာဝင်ကာနီး… ကျွန်တော်ဘ၀ရဲ့ အမှန်ခြစ်တွေအတွက် ကြည်နူးရမည်လား..  စိတ်ချမ်းသာရမည်လား….နောင်တတရားတွေရမည်လား…..  အတွေးနယ်ချဲ့မိပါတော့သည်။  ၈-၇-၂၀၁၃။
………………..

“ အဖေဒီနေ့ ဆရာမက အမှန်အကြီးကြီးချစ်ပေးတယ်၊ ပြီးတော့ တော်လို့ရေးပေးတယ် ”
အဖေက ကျွန်တော့်စာအုပ်ကြည့်ပြီး ပြုံးနေတာတွေ့ရသည်။
“ တော်တယ်ငါ့သား အမှန်ခြစ်တွေအများကြီးရအောင်ကြိုးစား၊ တော်တွေရအောင် ကြိုးစားနှော်”
“ ဟုတ်ကဲ့ အဖေ ”
ကျွန်တော်အဲဒီညက စာအုပ်ကလေးကို ခဏခဏဖွင့်ပြီး အမှန်ခြစ်လေးကိုကြည့်နေမိပါသည်။
……………
ကျွန်တော်တို့ငယ်ငယ်က ကျောက်သင်ပုန်းအရင်သုံးခဲ့ရသည်။
ကျောက်သင်ပုန်းပေါ်တွင် ၀လေးလုံးတွေရေး၊ နောက်စာလေးတွေရေးရသည်။
ကျွန်တော်တို့စာလေးတွေကို မြေဖြူခဲဖြင့် ဆရာ၊ ဆရာမတွေက ကျောက်သင်ပုန်းအပြည့် အမှန်ခြစ်ကြီးခြစ်ပေးသည်။
ထိုအမှန်ခြစ်သည် ကျွန်တော်တို့ဘ၀ အစ၏ ခွန်အားဖြစ်သည်။
အဲဒီနောက် စာအုပ်လေးတွေသုံးတဲ့အဆင့်ရတော့ မင်နီဖြင့် အမှန်ခြစ်လေးတွေရလာပြန်သည်။
အမှန်ခြစ်လေးတွေအပြင် ညံ့၊ သင့်၊ တော်၊ ကောင်းဆိုတဲ့ မှတ်ချက်လေးတွေ တွဲပါလာခဲ့သည်။
ကျွန်တော့်ဘ၀မှာတော့ ညံ့နှင့် သင့်က နေရာလုမြဲဖြစ်သည်။
တကယ်တော့ ထိုအမှန်ခြစ်များသည် ကျွန်တော်တို့၏ အရည်အချင်းအကဲဖြတ်ချက်များ ဖြစ်သည်။ ကျွန်တော်တို့ စွမ်းဆောင်ချက်၊ လုပ်ဆောင်ချက်၊ ကြိုးစားချက်ဘယ်လောက်ရှိသည်ကို ဖော်ပြပေးနေခြင်း ဖြစ်သည်။
Great Things are done when men and
mountain meet;
This is not done by jostling in the street.
တောင်ကြီးတွေနဲ့ တွေ့တော့မှာပဲ လူတွေမှာ ကြီးကျယ်တာတွေဖြစ်လာတယ်လို့ William Blake ကဆိုပါသည်။
ညံ့ဆိုတာ ကျွန်တော်ရဲ့ ကြိုးစားမှုအားနည်းခြင်းဖြစ်သည်။ ထိုအခါမှ ကျွန်တော်အတွက် ပို၍ကြိုးစား လာရသည်။ တော် သည်လည်း ကျွန်တော့်၏ တောင်ကြီးများဖြစ်သည်။ ဒီတောင်ကြီးကို ကျွန်တော်တို့ ဖောက်ထွင်ရမည်။ ဖောက်ထွက်ရမည်။
ထို့ပြင် ထို အမှန်ခြစ်များသည် ကျွန်တော်ငယ်ဘ၀၊ ကျွန်တော်တို့ ပညာသင်ကြားရာတွင် လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်၏ သမိုင်းတစ်ခု ဖြစ်နေပါသည်။
-----------
အမှန်ခြစ်ကိုရသည်။ အမှန်ခြစ်ကို လိုချင်သည်။
ကျွန်တော်တို့ အမှန်ခြစ်ရဖို့ ကြိုးစားပြီလား။ အမှန် နှင့် ခြစ်ကို ကြည့်မိသည်။
အမှန်တရားကို ရဲရဲဝံ့ဝံ့ခြစ်ပြီလား။ ခြစ်ခဲ့ကြပြီလား။
မှန်ကန်ရင် ကွဲတတ်တယ်ဆိုတာနဲ့ အမှန်ကိုခြစ်ဖို့ မရဲပြီလား။
နောက်မျိုးဆက်တွေကို ကျွန်တော်တို့ကိုယ်တိုင် အမှန်ခြစ်တွေပေးနိုင်ဖို့ သင့်၊ တော်၊ ကောင်း ပေးနိုင်ဖို့ ကျွန်တော်တို့ ဘာတွေသင်ကြားပေးပြီပြီလဲ။ ဘာတွေလက်ဆင့်ကမ်းပြီးပြီလဲ။
ထိုထက်ပိုဆိုးသော အခြေအနေမှာ အမှန်ခြစ်ရယူနိုင်မည့် လူငယ်တို့အတွက် အတုယူမှားနိုင်သည့် အနေအထားရှိနေသည်။ လူငယ်တို့အမှန်မရပဲ ကြက်ခြေခတ်အမှားများရရှိသွားပါက သူတို့အနာဂတ်၊ ကျွန်တော်တို့ အနာဂတ်က မတွေးဝင့်အောင်ပါ။
လူငယ်တွေလက်ထဲမှာ ကျွန်တော်တို့အနာဂတ်ရှိနေသည်မဟုတ်ပါလား။ ထို့အတူ လူငယ်တွေ၏ အနာဂတ်ကလည်း ကျွန်တော်တို့လက်ထဲမှာ ရှိနေပါသေးသည်။
-----------
ကျွန်တော်ဘ၀တွင် နိုင်ငံနှင့်ချီပြီး အမှန်(၂)ကြိမ်ခြစ်ဖူးပါသည်။
တစ်ခါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းဖို့ ဆန္ဒကောက်ယူစဉ်ကဖြစ်သည်။
ထိုအခါက အမှန်ခြစ်ခဲ့သည်။
နောက်တစ်ကြိမ် ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ခြစ်ခဲ့ဘူးသောအမှန်။
ထိုအမှန်သည် အမှန်တရားလော။ အမှန်အတွက် ခြစ်သော အမှန်ခြစ်လော။
ဒါကတော့ အမှတ်ခြစ်ကို ခြစ်လိုက်သော ကျွန်တော်တို့၏ နှလုံးသားထဲတွင်သာ ရှိနေပါလိမ့်မည်။
…………
“ သဗ္ဗေသင်္ခါရာ အနိစ္စာ ”
အလုံးစုံသော သင်္ခါရတရားတို့သည် အနိစ္စသဘောရှိကြကုန်၏။
“ သဗ္ဗေသင်္ခါရာ ဒုက္ခာ ”
အလုံးစုံသော သင်္ခါရတရားတို့သည် ဒုက္ခသဘောရှိကြ၏။
ကျွန်တော် စာလေးရွတ်ကြည့်ရင်း အမှန်တရားဆိုသည်မှာ ပို၍လေးနက်မှန်း တွေးမိလာသည်။
ကျွန်တော်တို့မွေးဖွားသည်။ သို့ကြောင့်သေရမည်။ ဒါအမှန်တရား။ သစ္စာတရား။
လောကကြီးအတွက် အမှန်တရားဆိုတာရှိပြီးသား။ အဲဒီအမှန်တရားကို မြတ်စွာဘုရားရှင်က ရှာဖွေဖော်ထုတ်သွားခဲ့သည်။
အဲဒီဖော်ထုတ်သွားတဲ့ လမ်းအပေါ်ကျွန်တော်တို့က လျှောက်လှမ်းနေပြီလား။
အရက်သမား လမ်းလျှောက်သလို အိုးနင်းခွက်နင်းလျှောက်နေတာလား။
------------
လောကီနယ်ပယ်တွင် ကျွန်တော်တို့ ငယ်ဘ၀ထဲက အမှန်ခြစ်တွေရခဲ့ပြီ။
လူမှုနယ်ပယ်တွင်လည်း အမှန်ခြစ်တွေရခဲ့ပြီ။
နိုင်ငံသမိုင်းအတွက် ကျွန်တော်တို့ အမှန်တွေခြစ်ခဲ့ပြီးပြီ။
အမှန်တရားဆိုတဲ့ (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) အမှန်အတွက် ကျွန်တော်တို့ ခြစ်နေကျပြီလား။
ညံ့၊ သင့်၊ တော်၊ ကောင်းဆိုတဲ့ သတ်မှတ်ချက်တွေထဲမှာ ဘာတွေရနေပြီလဲ။
ကျွန်တော်တို့ဘ၀ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးတွေအတွက် အမှန်ခြစ်သမိုင်းတွေ ရေးခဲ့ပြီ။ ရခဲ့ပြီ။
ဘ၀ရဲ့အနှစ်သာရ၊ လောကုတ္တရာ အမှန်ခြစ်သမိုင်းကြောင်း ဘယ်လောက်ကောင်းနေပြီလဲ။
သြော်….
ငယ်ဘ၀တုန်းက ဆရာ၊ ဆရာမ ပေးလို့ရခဲ့တဲ့ အမှန်ခြစ်လေးကိုကြည့်ရင်း ကြည်နူးစိတ်တွေ တစ်ညလုံးဖြစ်ခဲ့မိပါတယ်။
ဒီလိုပါပဲ…
ညအိပ်ယာဝင်ကာနီး… ကျွန်တော်ဘ၀ရဲ့ အမှန်ခြစ်တွေအတွက် ကြည်နူးရမည်လား..
စိတ်ချမ်းသာရမည်လား….နောင်တတရားတွေရမည်လား…..
အတွေးနယ်ချဲ့မိပါတော့သည်။

 
 မောင်ပိုင်
၈-၇-၂၀၁၃။
— with Nanda Htun Htet and 6 others.

“မီးချေပု၊ ပတ်ကညော နှင့် လုံမလေး”

$
0
0
by Soe Min (Notes) on Saturday, July 6, 2013 at 12:16pm
          မြန်မာပြည်က လက်ရှိပညာရေးစံနစ်ဟာ တိုင်းရင်းသားတွေအတွက် တဖူနာပြီး တပန်းရှုံးပါတယ်။ သူတို့ခမျာ သင်ရိုးညွှန်းတမ်းထဲပါတဲ့ စာတွေသက်သက်တင် လေ့လာကျက်မှတ်ရတာ မဟုတ်ဘူး။ အိမ်မှာပြောနေကျမဟုတ်တဲ့ ဘာသာစကား အစိမ်းတစ်ခုကိုပါ တကူးတက သင်ယူနေရတဲ့အတွက် အချိန်လည်းဖင့်တယ်။ ဘာသာစကားအတားအဆီးကြောင့်မို့လို စိတ်ဝင်စားမှုနည်းပါးခဲ့ရင် တော်တဲ့ထက်တဲ့ လူငယ်ကလေးတွေပေမယ့် မြန်မာ့ပညာရေး နယ်ပယ်ထဲကနေ ထူးချွန်ပြီး ထွက်မလာနိုင်ဘူး။ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ခြေလှမ်းတဲ့အခါ အင်္ဂလိပ်စာကို နောက်တဆင့်တက်ရပြန်တော့ ကလေးတွေခမျာ စကားပေါက်ဖို့ နားလည်ဖို့ ကြိုးစားနေရတာနဲ့တင် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူး။
နဂိုကတည်းက အင်္ဂလိပ်စာ အခြေခံကောင်းအောင် သာသနာပြုများက လေ့ကျင့်သင်ကြားပေးထားတဲ့ ချင်းကလေးတွေ ကချင်ကလေးတွေဆို ဘယ်လောက်ဟန်ကျသလဲ။ တောင်ပေါ်ကလာပေမယ့် အမေရိကားလောက်မှာ ချက်ချင်းအထာကျသွားတာပဲ။ သူတို့လိုလူမျိုးအတွက် မြန်မာစာ မြန်မာစကားတွေ မဖြစ်မနေသင်နေရတာ အလကားပဲ။ ဘာလုပ်ဖို့လဲ။ နောက်ပြီးတော့ ကိုယ့်တိုင်းရင်းသား ဘာသာစကားကို မသင်ရပဲ တစ်နိုင်ငံလုံး မြန်မာစကားကိုချည့် လိုက်သင်နေရရင် အချိန်ကြာလာတော့ တိုင်းရင်းသားဘာသာစကားတွေ ပျောက်ကွယ်သွားမှာလည်း စိုးရတယ်လေ။ အခုကြည့်ပါလား။ ရခိုင်စာပေ၊ မွန်စာပေတို့ဆိုတာ နားလည်လိုက်စားနေတဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့တုန်း။ အဲဒီတော့ အခွင့်အရေးချင်း ညီမျှသွားအောင် အခြေခံပညာကျောင်းတွေမှာ တိုင်းရင်းသား ဘာသာစကားတစ်ခုခုကို စိတ်ကြိုက်ဘာသာ (Optional subject) အနေနဲ့ သင်ကြားပေးရရင် မကောင်းဘူးလား။ …. တဲ့။

         “ပြော ပြော ဖြေးဖြေးပြော။ နားနားပြီးပြော မောမယ်။” လို့သာ အားပေးချင်ပါတယ်။ အဲဒီစကား အဲဒီအတွေးတွေဟာ ကိုယ့်နားထဲမတော့ သွေးစည်းချစ်ကြည်စေတဲ့ စကားမျိုး မဟုတ်ပဲ အားငယ်တဲ့သူတွေကို အားပေးထောက်ကူသယောင်နဲ့ သွေးချင်းစိတ်ဝမ်းကွဲပြားစေတဲ့ သဘောတွေကို ပိုခံစားမိပါတယ်။ မဟုတ်မှန်တဲ့စကားလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် အဆိပ်ခပ်တဲ့အခါ မုသားထဲမှာ အဆိပ်ခပ်တာထက် အမှန်တရားထဲကို အဆိပ်ခပ်လိုက်လို့ရှိရင် လူတော်တော်များများ မရှောင်နိုင်မတိမ်းနိုင် ဖြစ်သွားတတ်ကြတယ် မဟုတ်လား။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလာတဲ့ ပညာရှိစကားတွေမို့ ကိုယ်တို့နွားခြေရာခွက်ထဲက ဖားသူငယ်ကလေးတွေ ဘယ်လိုပဲ ဥာဏ်မီအောင် လိုက်တွေးတွေး ယုတ္တိယုတ္တာမှန် ဓမ္မဒိဋ္ဌာန်ကျနေတာပဲ။ ဒါပေသိ အညာသားများ ပင်လယ်စာတွေ မစားစဖူး အစားကြူးမိတဲ့အခါ၊ တောင်ပေါ်သားများ အညာထန်းရည် မသောက်စဖူး အသောက်ကြူးတဲ့အခါ သိပ်မကြာခင်မှာ လူကမျော့မျော့ပဲ ကျန်ခဲ့ကြတဲ့အဖြစ် ကြုံဖူးမယ် ထင်ပါတယ်။ သူများတွေ စားတာ ဘာမှမဖြစ်ဘူး ဆိုပေမယ့် ကိုယ့်ရေမြေဒေသ ဓါတ်ခံချင်းက စကားပြောပါသေးတယ်။ ခုနေခါမှာ အနှစ်နှစ်အလလက အောင့်လုံးကျိတ်လုံးတွေ ပွင့်အံပေါက်ကွဲပြီး “တော်ပြီ။ နင်တို့နဲ့ငါ မပေါင်းနိုင်တော့ဘူး။” လို့ မုန်းတေးတစ်ခါ မကျော့ခင် ချစ်တေးတစ်ခါနှစ်ခါ သုံးခါလေးခါ အခါခါ ကျော့စေချင်သေးတာမို့ ခုနကလို အမှန်တရားစကားမျိုးကို နားခါးတာ အမှန်ပါပဲ။

         ကျောင်းထားကာစ အိမ်မှာပြောတဲ့ ဘာသာစကားနဲ့မတူလို့ ကျောင်းမှာ အသံမထွက်ပဲ ခေါင်းယမ်းခေါင်းခါနဲ့ ငြိမ်ဝပ်ဝပ် အငုံ့စိတ်နဲ့ ကလေးငယ်ကလေးတွေအဖြစ်ကို နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြရတဲ့ မြန်မာမိဘများရဲ့ ကလေးတွေ အကုန်ခံစားဖူးပါတယ်။ ကိုယ့်ရင်သွေးကလေးတွေ ပတ်ဝန်းကျင်အသစ်မှာ အဆင်မပြေမှာစိုးလို့ အိမ်ကမိဘကပဲ အင်္ဂလိပ်လိုပြောတတ်အောင်၊ ဌာနေဘာသာစကားလေးတွေ ကျွမ်းဝင်အောင် သင်ကြားအားပေးကြရတာပါပဲ။ ကြာတော့ သူတို့ကလေးတွေ မြန်မာပြည်ပြန်လာရင် မြန်မာစကားတောင် နားလည်တယ် ပြန်မပြောတတ်ဘူး ဆိုတဲ့ ဘ၀ကို ရောက်ကြတယ်။ သူတို့လေးတွေဘ၀မှာ ရွေးချယ်စရာ နှစ်လမ်းရှိပါတယ်။ တချိန်ကျ ပြန်လာမှာလား။ ဒါဆိုလည်း မြန်မာစာ မြန်မာစကား၊ မြန်မာ့ယဉ်ကျေးမှုတွေကို တဖြေးဖြေးနဲ့ ရင်းနှီးကျွမ်းဝင်လာအောင်၊ စိမ်းမသွားအောင် လုပ်ပေးရမှာပေါ့။ နို့မို့ ကိုယ့်ဆီမှာ သူတို့ပျော်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဆီကိုယ့်ထဲ ဘာမှ မက်လောက်စရာ ချစ်စရာ မရှိတာလည်း ကိုယ့်ဘာသာ အသိဆုံးပဲ။ ဒီလိုမှ မဟုတ်လို့ ရောက်တဲ့အရပ် ဘယ်အရပ်မှာမဆို နိုင်ငံခြားသားအဖြစ် အသားကျ အဆင်ပြေအောင် နေနိုင်ဖို့အတွက်ကတော့ ကမ္ဘာသုံး အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်အောင် သင်ဖို့ပဲရှိတယ်။

          တကယ်တမ်းစဉ်းစားကြည့်တော့ ကိုယ်တွေမှာသာ သည်မြေသည်ရေမှာ မွေးဖွားကြီးပြင်းခဲ့တော့ ဇာတိနွယ်အဖြစ် သံယောဇဉ် မပြတ်ရှိနေတာ။ သူတို့ဘက်မှာတော့ သူတို့ကြီးပြင်းနေထိုင်ခဲ့ရာ မဟုတ်ပဲ ကိုယ့်အဖေရဲ့ဇာတိဆိုတာထက် ဘာမှမပိုတဲ့ မြန်မာပြည်ကြီးကို တအောင့်မေ့မေ့ ဖြစ်နေစရာ ဘာအကြောင်းမှ မရှိဘူး။ သူအားပေးနေတဲ့ အာစင်နယ်လောက် မန်ယူလောက်တောင် စွဲစွဲလန်းလန်း ရှိလိမ့်မယ် မထင်။ သည်ကလေးလေးတွေမှာလည်း အကြောင်းကြောင်းကြောင့် မြန်မာပြည်ပညာရေးနဲ့များ အထက်တန်းထိရောက်အောင် သင်ကြားပေးခဲ့မယ်ဆိုရင် သင်ရိုးညွှန်းတမ်းထဲမှာပါတဲ့ မြန်မာစာကလည်း မိမွေဘမွေ အမှတ်တရလက်ဆောင်အဖြစ်တော့ ကျန်ရစ်နိုင်တာပဲ။ သူ့ဘိုးသူ့ဘွားများသင်တဲ့ ရခိုင်စာ၊ မွန်စာ၊ ရှမ်းစာ၊ ကချင်စာတွေလည်း အတူတူပေါ့။ ချောင်းရိုးမြောင်းရိုးသာ တိမ်ကောမှာ။ မျိုးရိုး မတိမ်ကောဘူးလေ။ မတတ်ကောင်းတာ ဘာမှ မရှိပါဘူး။ သင်သာသင်ပါ။ အကုန်အကျိုးရှိတယ်။

          အိန္ဒိယမှာဆို ကိုယ်တွေက ကုလားလို့ပဲ (နှိမ်တဲ့သဘော မပါပါ) သိမ်းကြုံးခေါ်ဝေါ်နေတဲ့ အင်ဒီးယန်းမျိုးနွယ်တွေဟာ ရာချီလို့ မတူကွဲပြားခြားနားစွာ ရှိကြလေတယ်။ နယ်တစ်နယ်နဲ့တစ်နယ် စာပေဘာသာစကားချင်းလည်း မတူဘူး။ နိုင်ငံကျော် စာရေးဆရာကြီးများမှာတောင် ဘင်္ဂါလီစာဆိုတော်ကြီး၊ ပန်ချာပီပညာရှိကြီး၊ တမီလ်ကဗျာဆရာကြီး စသည်ဖြင့်  ကိုယ့်ဘာသာစကားနဲ့ကိုယ် ကျော်ကြားကြတယ်။ အာသံဘက်ကိုရောက်ခဲ့တုန်းက သူတို့ဆီက ရုပ်ရှင်ရုံတွေမှာ ရုံတင်တဲ့ကားတွေဟာ ကိုယ်တို့ဆီမှာ မြင်ရတဲ့ ဘောလီးဝုဒ်စတားတွေ တစ်ယောက်မှ မပါဘူး။ အာစာမိစကားပြောတဲ့ အာသံနယ်ဖွား ကသည်းမင်းသား မင်းသမီးများ ဖြစ်ကြသတဲ့။ သူတို့ဟာသူတို့တော့ ၀က်ဝက်ကိုကွဲရော အားပေးတာ။ တူတူပဲ။ ကာလကတ္တားမှာ ဘင်္ဂါလီစကားပြော ရုပ်ရှင်ရုံတွေရှိတယ်။ သူတို့စတား သူတို့ပရိသတ်နဲ့သူတို့။ အမီတာဘချန်တို့ ရှာရွတ်ခန်းတို့ဆိုတာ နိုင်ငံခြားဈေးကွက်အတွက်သာ အိတ်စပို့ကွာလတီထုတ်ထားတာ။ ကိုယ့်ဆီမှာတော့ ကိုယ်နားလည်တဲ့စကားပြောတဲ့ ကိုယ်သိသော သရုပ်ဆောင်များကို ကြည့်ရတာသာ ထိထိမိမိရှိ၊ ငိုလို့ကောင်း လွမ်းလို့ကောင်း၊ သီချင်းလည်း လိုက်ဆိုလို့ကောင်းသတဲ့။ (လားရှိုးမှာ ကြည့်ခဲ့ဖူးတဲ့ ရှမ်းကားတွေလို နေမှာပေါ့ကွယ်။)

          ဟိုးအထက်ကပြောခဲ့တဲ့ ပညာရှိကြီးများကတော့ အိန္ဒိယရဲ့ ပညာရေးမူဟာ အတုယူစရာ ကောင်းပါသတဲ့။ ပြည်နယ်အသီးသီးက ကိုယ့်ဘာသာစကားနဲ့ကိုယ် သင်ကြားလာပြီး အထက်တန်းရောက်လာတာမို့လို့ မိခင်ဘာသာစကားကို အခက်အခဲမရှိ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်လာပြီး မိထွေးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာကိုလည်း ပိုလို့ ဂရုတစိုက် သင်ကြားလေ့လာနိုင်ပါသတဲ့။ အဲဒါကြောင့် သူတို့ အိန္ဒိယနွယ်ဖွား ပညာတတ်တွေဟာ ကမ္ဘာကို ဘယ်လောက်လွှမ်းမိုးလာသလဲဆိုရင် အင်္ဂလန်က အလုပ်အကိုင် အခွင့်အလမ်းများတောင်မှ အင်္ဂလိပ်တွေ ပြိုင်မတိုးနိုင်လောက်အောင် ဖြစ်လာရပါသတဲ့။ သူများကောင်းကွက် အားသာချက်ဆိုတာ မြန်မာတွေလည်း အားကျ အတုယူဖို့ မသင့်ပါလား။ ဟုတ်တော့ ဟုတ်သားပါလေ။ ဒါပေသိ တစ်ခုတော့ လွဲနေသလိုပဲ။ မေးစမ်းပါရစီ။ အိန္ဒိယတစ်နိုင်ငံလုံး ဟင်ဒီဘာသာမှမတတ်ရင် ဘယ်ရုံးကိုသွား အလုပ်လုပ်လို့ရသလဲ။ ဘင်္ဂါလီစာဆိုတော်ကြီးလည်း မှတ်ပုံတင်ရင် ဟင်ဒီနဲ့ ရေးရမှာပဲ။ ဘယ်လောက်ပဲ ဘာသာစကား dialect တွေ ကွဲပြားနေပစေ၊ အိန္ဒိယတစ်နိုင်ငံလုံး ဟင်ဒီစကားပြောရင်တော့ နားလည်ရမယ် မဟုတ်ဘူးလား။ ဒီလိုဆိုရင် ကိုယ်တို့ မြန်မာပြည်ကျမှ မြန်မာစာဆိုတာကြီးက တိုင်းရင်းသားတွေအတွက် အပိုဆာဒါးကြီးလို့ တွေးဖို့ သင့်ပါ့မလား။

         မင်းကတော့ မြန်မာဆိုတော့ ကိုယ့်စကားကိုယ် ရုံးသုံးလုပ်ထားမှပဲ ပြောအားရှိသပေါ့လေ လို့ထင်ရင် မှားပါလိမ့်မယ်။ ကျွန်တော်တို့ မြန်မာတွေလည်း တိုင်းရင်းသားတွေရှိတဲ့နေရာ လာရတဲ့အခါ ဒေသပြောစကား တတ်အောင်သင်ရတာပါပဲ။ နို့မို့ ဗူးလုံးနားမထွင်းနဲ့ အချိန်လည်းကုန်၊ အလုပ်လည်း မတွင်ဘူးလေ။ ခွဲစိတ်ဆရာဝန်အဖြစ်နဲ့ လောက်ကိုင်ကိုလာတဲ့အခါ ရောက်ကာစတော့ အလုပ်သမားတစ်ယောက်ယောက် အနားခေါ်ပြီး စကားပြန်နဲ့ ကြည့်ရပါတယ်။ တရုတ်စကားမတတ်ရင် ခေါက်ဆွဲတောင် ၀ယ်စားလို့မရဘူးဗျ။ အလုံးမှန်း အပြားမှန်း အရည်မှန်း အဖတ်မှန်း မကွဲလို့။ တရက်မှာ ကလေးလေးနှစ်ယောက် အပူလောင်ဒဏ်ရာနဲ့ ရောက်လာတော့ ထုံးစံအတိုင်း စာရွက်တစ်ရွက်နဲ့ လိုတဲ့ဆေးတွေ အ၀ယ်လွှတ်ပြီး ဘာဖြစ်လာတာလဲ။ ဘယ်အချိန်က ဖြစ်တာလဲ။ ဘယ်လိုဖြစ်ရတာလဲ။ ကိုယ်သိဖို့လိုအပ်သမျှကို စကားပြန်နဲ့ စကားကြောရှည်ရပါတယ်။ အဲ့ဒါသိမှ အရည်ဘယ်လောက်ထည့်ရမယ်။ ဆေးဘယ်လောက်ထည့်ရမယ် သိမှမို့ပါ။ ဒါပေမယ့် မီးလောင်လို့ ကြောက်အားလန့်အား ကလေးပွေ့ပြေးလာတဲ့ အမေလုပ်သူက ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လား လုပ်နေတယ် ထင်လို့လား မသိပါဘူး။ စကားပြန်လုပ်ပေးတဲ့ ဆရာမက အားရပါးရ ချွန်တွန်းလုပ်ထည့်လိုက်ပါတယ်။ “ဆရာရေ။ ဒီမှာ ပြောနေပြီ။ ကုမှာဖြင့် မကုဘူး။ သိပ်စကားကြောရှည်တာပဲ။ မကုချင်လည်း တခြားဆေးခန်းပဲ ပြန်ခေါ်သွားတော့မယ်။” တဲ့။

           အချိန်က ညနေငါးနာရီပါ။ ပုံမှန်ဆိုရင် ဆေးခန်းသွားထိုင်တဲ့ အချိန်ရောက်နေပြီ။ ဒါပေမယ့် အဲ့ဒီရက်မှာ တစ်ဆေးရုံလုံး ကိုယ်ကလွဲလို့ ဆရာဝန်တစ်ယောက်မှ မရှိဘူး။ လူနာလာတဲ့အချိန်မှာ ကိုယ်ကလည်း OPD မှာ ငုတ်တုတ်။ ကလေးတွေ ကုတင်ပေါ်တင်ပြီး Burn Dressing လုပ်ဖို့ လိုတဲ့ဆေးတွေ သွားဝယ်ခိုင်းလိုက်တာ ပြန်တောင် မလာသေးဘူး။ သူ့ဘက်က ကိုယ့်ကို ဘာတစ်ခုမှ စောင့်ရတာ မရှိပဲ အစော်ကားခံလိုက်ရလို့ ဒေါသကထောင်းကနဲထွက်သွားပြီး လက်နဲ့တောင် ရွယ်မိတယ်။ “မကုချင် ပြန်ခေါ်သွားရတယ်။ အချိန်မရွေးပဲ” လို့ဆိုတော့ သူတို့လည်း ပြန်ခေါ်သွားပါတယ်။ ဆေးဝယ်တဲ့သူပြန်လာမှ သိရတာ ကလေးအမေက ကိုးကန့်အကြီးအကဲရဲ့ သမီးပါတဲ့။ ဒါပေမယ့် ကိုယ့်ဘက်က လူကြီးမှန်းသိလို့ ကြောက်အားလန့်အား ခြေသလုံးပြန်မဖက်နိုင်ပါဘူး။ “ဘယ်သူပဲဖြစ်ဖြစ် သူက ကုချင်တဲ့ ဆန္ဒမရှိရင် ကုမပေးနိုင်ပါဘူး။ ကုချင်တယ်ဆိုရင်တော့ အဆင်သင့်ပါပဲ။” လို့ ပြောလိုက်ပါတယ်။ ကွဲသွားတဲ့ ဖန်ခွက်ဆိုတာ ပြန်ဆက်လို့ မကောင်းပါဘူး။ လောက်ကိုင်မှာ တရုတ်ဆေးခန်းဆေးရုံတွေ ပေါလွန်းလို့။ သူတို့ဘက်ကလည်း ကိုယ်ကုမပေးချင်လို့ ရစ်နေတယ် ထင်ချင်ထင်မှာပေါ့။

          သူများရပ်ရွာဆိုတာ ကိုယ်ကလည်း တစ်ရက်နှစ်ရက် သွားလည်တာမျိုး မဟုတ်သလို၊ သူတို့ကလည်း အဲသည်မှာ အခြေချနေထိုင်ကြတာဆိုတော့ ရေစက်က လွယ်လွယ်နဲ့ ပြတ်မသွားပါဘူး။ အနေကြာလာလို့ သူ့အကြောင်း ကိုယ့်အကြောင်း ရေရေလည်လည် အကဲခတ်မိကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် သဘောထားအမှန်ကို နားလည်လာပြီး အဲသည်အိမ်နဲ့လည်း ၀င်ထွက်မပြတ် ခင်မင်ဆေးကုဖြစ်လာပါတယ်။ မကုလို့လည်း မဖြစ်ဘူးလေ။ အဲဒီနယ်မှာ ဆရာဝန်ဆိုလို့ ကိုယ်ပဲရှိတာ။ အထူးကုလည်းကိုယ်ပဲ၊ ရိုးရိုးကုလည်းကိုယ်ပဲ။ သမားတော်၊ မေ့ဆေး၊ ကလေးမွေးပါမကျန်ရဘူး။ လူမရှိသရွေ့ တမိုးလုံးဖျောက်ဆိပ်လုပ်ရတာ။ ကိုယ်နဲ့မှ မကုချင် တရုတ်ပြည်ထွက်၊ မန်းလေး လားရှိုးဆင်းဖို့ပဲ ရှိတယ်။ ကိုယ့်ဘက်ကလည်း သူတို့ဒေသမှာနေရင် သူတို့နဲ့ အဆင်ပြေအောင် ဆက်ဆံဖို့ တာဝန်ရှိတာပေါ့။ ဘယ်တုန်းကသေခဲ့မှန်းမသိတဲ့ မြို့တော်ရင် ရွာတော်ရင်တွေတောင် ပသနေရသေးတာ။ အရှင်လတ်လတ် ငုတ်တုတ်ကြီးသေနတ်ကိုင်ထားတဲ့ သူတွေနဲ့ တစောင်းစေးနဲ့ မျက်ချေးဖြစ်လို့ မရပါဘူး။ ဒီလိုနဲ့ ငြိမ်းချမ်းရေးရလို့ ခင်ခင်မင်မင် ဖြစ်သွားတဲ့အခါ အဲဒီတုန်းက အဲဒီစကား သူတို့ မပြောခဲ့ပါဘူးတဲ့။ နားလည်မှုလွဲမှားသွားတဲ့ အကြောင်းတစ်ခုပါ လို့ပဲဆိုတယ်။ ကိစ္စမရှိပါဘူး။ ခုချိန်မှာတော့ ကိုယ်လည်းပဲ စကားပြန်လွတ် ရေပက်မ၀င် ပြောနိုင်နေမှပဲ ကြားလေသွေးလို့ မရနိုင်တော့ဘူး။

            ကိုယ့်အဖို့ကတော့ ဘယ်နေရာရောက်ရောက် ဒေသဘာသာစကားက မဖြစ်မနေ လေ့လာယူရတဲ့ အထောက်အကူတစ်ခုပါ။ ဘူတန်ရောက်တော့လည်း ဘူတန်စကားသင်ရတယ်။ အမ်းရောက်တော့လည်း အမ်းစကားပေါ့။ ရခိုင်ဆရာမလေးတွေက “နောက်ပိုးယောင် ရှက်ယောင်သဘောထား။ လဗျိုဂျီးကျန်မယ်ကား။” လို့ ဆိုလာရင် “ခိုး ခိုး ခိုး ရအောင်ခိုးမေ။ ခိုးရာလိုက်ရေးလား။” လို့ ပြန်အော်နိုင်မှ ပိုပြီး ခင်ခင်မင်မင် ပျော်ပျော်ပါးပါး ဖြစ်လာမှာပေါ့။ ကိုယ်လိုပဲ တိုင်းရင်းသားတွေရှိရာမှာ တာဝန်ကျတဲ့ မြန်မာဝန်ထမ်းတွေအားလုံး ဌာနေတိုင်းရင်းသားစကားကို အနည်းနဲ့အများ ရင်းနှီးကျွမ်းဝင်ကြရတာပါပဲ။ အမ်းမှာတုန်းက ဟိုဘက်အိမ်မှာနေတဲ့ မေ့ဆေးဆရာသားလေးဆို မူကြိုတက်ရင် မြန်မာစကားကို အမ်းလိုပဲ ပြောတတ်တော့တယ်။ သူ့အမေက “သားလေး ထမင်းစားတော့မလား။” လို့ မေးရင် “စားတာပြီ။” တဲ့။ လက်ဘက်ရည်ဆိုင်ထိုင်လို့ “ညီပုချေ သောက်ဖို့သေးလား။” လို့ မေးရင် “သောက်ဖို့ပြီ။” တဲ့။

          တကယ်တော့ ဘာသာစကားကို ပညာရပ်အနေနဲ့ မသင်ပဲ နေ့စဉ်လက်သုံးစကားအဖြစ်နဲ့သင်ရင် ပျော်စရာလည်းကောင်းတယ်။ အတတ်လည်း မြန်တယ်။ ရောနှောအကျွမ်းတ၀င် နေထိုင်ခြင်း (Integration) လို့ခေါ်တယ်။ အဲဒါမပါရင် မေ့လွယ်ပျောက်လွယ်တယ်။ သင်ရိုးညွှန်းတမ်းထဲမှာ မဖြစ်မနေထည့်သွင်းပြီး သင်ခိုင်းမယ့်အစား ပြောရင်းဆိုရင်း နေ့စဉ်သင်ကြားပေးသွားသင့်တာပေါ့။ အိမ်ကျတော့ အိမ်စကားပြော၊ ကျောင်းကျတော့ ကျောင်းစကားပြော၊ မတတ်ဘူးဆိုတာ ဘယ်ရှိလိမ့်မလဲ။ ရခိုင်စကားသင်ကာစမှာ သူတို့ ရခိုင်သီချင်းတွေ လိုက်လိုက်ဆိုရာက ကိုယ်တို့ မြန်မာသီချင်းကို သူတို့ ရခိုင်သံနဲ့ဆိုတဲ့အခါ ရခိုင်တွေက ရယ်တယ်။ “ပန်လယ်ဟာ ကိုယ်ဘာ အမှောင်ဒွီ မလာဂန်၊ ရန်ခုန်စွာနန့် မျှော်လန့်မိကေ။”  လို့ ဆိုပြတော့ မိုက်ခွက်လုပြီး “အဲ့လို မဆိုပါဘူး ဆရာရယ်။ ဒီမှာကြည့် ဆိုပြမယ်။” ဆိုပြီး ဆွဲသွားလိုက်တာ ၀ိုင်ဝိုင်းရှုံးတယ်။ စောနတုန်းက ရခိုင်သံတွေ ဘယ်ပျောက်သွားမှန်းတောင် မသိဘူး။ သူတို့လည်း မြန်မာလို မတတ်တော့ မရှိပါဘူးလေ။ မွှတ်နေအောင် တတ်သပ။ ကိုယ့်ရပ်ကိုယ့်ရွာမျာတော့ ပြောရတာ အာမထိ လျှာမထိ အရသာမရှိလို့ မပြောကြတာပါ။ ပတ်ကညောပဲ ဖြစ်ဖြစ်၊ မီးချေပုပဲ ဖြစ်ဖြစ်၊ ရှောင်ကွန်းညာလေးတွေပဲ ဖြစ်ဖြစ် လုံမလေးမှန်ရင်တော့ လှပြီးသား၊ ချစ်စရာကောင်းပြီးသားပါလေ။ နှုတ်ဖျားကလာတဲ့ ဘာသာစကားတွေထက် နှလုံးသားက အရင်းခံတဲ့ မေတ္တာသည်သာ အဓိကပါ။ နော့။

အမြန်ကယ်တင်သင့်တဲ့ သမိုင်းဝင်နေရာတစ်ခု

$
0
0
 
 
by Zay Yar Kyaw (Notes) on Monday, July 8, 2013 at 5:22pm
ဒီကိစ္စလေး ကို ပြောချင်နေတာကြာပါပြီ....ပြောမယ်ပြောမယ် နဲ. မပြောဖြစ် ခဲ့တာပါ....

အခုတော့ Facebook ထဲ မှာ ဓါတ်ပုံတစ်ပုံ တွေ.မိ တာနဲ. ဒီကိစ္စလေး ခေါင်းထဲ ပြန်ပေါ်လာလို. မမေ့ခင် အမြန်ရေးလိုက်ပါတယ်... တွေ.မိတဲ့ ဓါတ်ပုံလေးက စာရွက်တစ်ရွက်မှာ သခင်အောင်ဆန်း ရဲ. ကိုယ်ရေးအချက်အလက်တွေကို အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်ကိုရိုက်ထားတာပါ.... အဲဒီစာရွက်ထဲ မှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ.လက်ရှိလိပ်စာကိုအမှတ်- ( ၇၆ )   ရေကျော်လမ်းမ ၊ ရန်ကုန် လို.ဖော်ပြထားပါတယ်..။ အဲဒီ အမှတ် ( ၇၆ )ရေကျော်လမ်းမ…ဆိုတဲ့ လိပ်စာ ဟာ တို.ဗမာအစည်းအရုံး ရဲ.လိပ်စာ ဖြစ်ပါတယ်…။

ကျွန်တော်က လွန်ခဲ့တဲ့ ( ၁၀ ) နှစ်ကျော်လောက်က အမှတ် ( ၇၄ ) ရေကျော်လမ်း မှာနေခဲ့ဖူးပါတယ်..။ နောက်မှ စာအုပ်တွေထဲ ဖတ်မိတာ တို.ဗမာအစည်းအရုံးဖွင့်ခဲ့တာဟာ အမှတ် ( ၇၆ ) ရေကျော်လမ်း ဆိုတော့ ကျွန်တော် နေခဲ့တဲ့ နေရာ နဲ. ကပ်လျှက်ဆိုတာ သတိထားမိသွားတာပါ…။ကျွန်တော် နေခဲ့တဲ့ အမှတ်( ၇၄ ) ရေကျော်လမ်း နေရာကတော့ ကန်ထရိုက်တိုက် ဖြစ်တာကြာနေပါပြီ..။တစ်ခု ကံကောင်းတာက တို.ဗမာ အစည်းအရုံးဖွင့်ခဲ့တဲ့ အမှတ် ( ၇၆ )၊ရေကျော်လမ်းမ နေရာက ရှေးဟောင်း ပျဉ်ထောင် နှစ်ထပ် အိမ်ပုံစံ နဲ.ပဲ ရှိနေပါသေးတယ်….မြန်မာပြည်ဖွား တရုတ်မိသားစုတစ်စုက လက်ရှိုပိုင်ပါတယ်.. လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော် အဲဒီဘက်ရောက်လို. အမှတ်တရ ကြည့်လိုက်တော့ နဂို အဆောက်အဦအတိုင်းရှိနေပါသေးတယ်….

ကျွန်တော် နိုင်ငံတော်အစိုးရအဖွဲ. ကို လေးလေးနက်နက် တိုက်တွန်းချင်ပါတယ်…..အခုလက်ရှိ အမှတ် ( ၇၆ ) ရေကျော်လမ်းမ မှာရှိနေတဲ့ အဆောက်အဦ ဟာ မူလ တို.ဗမာအစည်းအရုံး ဖွင့်ခဲ့တဲ့ အဆောက်အဦ ဟုတ်၊မဟုတ် သေချာ စုံစမ်း အတည်ပြုချက်ရယူပါ…။ ဟုတ်ခဲ့တယ် ဆိုလို.ရှိရင် အခုလက်ရှိ ပိုင်ရှင် နဲ. ညှိနှိုင်းပြီး ပြန်လည်ဝယ်ယူပါ….ပြီးရင် တို.ဗမာ အစည်းအရုံး အထိမ်းအမှတ် ပြတိုက် လုပ်ပေးပါလို. တောင်းဆို တိုက်တွန်းချင်ပါတယ်ခင်ဗျာ..။

တို.ဗမာ အစည်းအရုံးဆိုတာ ကျွန်တော်တို.နိုင်ငံ ရဲ.လွတ်လပ်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍ မှာရှိတဲ့ အဖွဲ.အစည်းတစ်ခုပါ…..ကျွန်တော်တို.လူမျိုး ကို သခင်စိတ်ဓါတ်တွေ ပြန်လည်မွေးမြူနိုင်ဖို. စတင်လှုံ.ဆော် ခဲ့တဲ့ အထင်ကရ အဖွဲ.အစည်းကြီးပါ…. ရဲဘော် သုံးကျိပ် ကို စစ်ပညာသင်စေလွှတ်ဖို. စီစဉ်ဆောင်ရွက်ခဲ့တဲ့ အဖွဲ.အစည်း ဖြစ်တဲ့ အတွက် တပ်မတော် ရဲ. မူလ သန္ဓေတည်ရာ အဖွဲ.အစည်းဆိုလည်း မမှားပါဘူး….

အဲဒီလို သမိုင်းဝင် အဖွဲ.ကြီး ရဲ. ဘူမိနက်သန် နေရာအဆောက်အဦ ကို နိုင်ငံတော်အနေနဲ. မူလအတိုင်း မပျောက်မပျက်အောင် ထိန်းသိမ်းသင့်တယ်လို.ယူဆပါတယ်….ကံကောင်းထောက်မ စွာနဲ. မူလ အဆောက်အဦ လို. ယူဆရတဲ့ အတိုင်း ကျန်ရှိနေတာပါ…..တစ်စုံတစ်ယောက် က မသိနားမလည်ပဲ ၀ယ်ပြီး ကန်ထရိုက်ဆောက်လိုက်ရင်တော့ ဘယ်လိုမှ ပြန်ရနိုင်မှာမဟုတ်တော့ပါဘူး……ဒါကြောင့် ပျောက်ပျက်မသွားခင်လေး ….အမြန်ဆုံးအချိန်မီဆောင်ရွက်ဖို. အရေးကြီးပါတယ်….
အဲဒီ လက်ရှိ အဆောက်အဦ သာ မူလ တို.ဗမာအစည်းအရုံး ဖွင့်ခဲ့တဲ့ အနေအထားအတိုင်းရှိနေသေးတယ် ဆိုရင်တော့ အဲဒီ အဆောက်အဦ ဟာ…..အတွင်းဝန်ရုံး တို. ၊ မီးရထား ရုံးချုပ်ဟောင်း တို. ၊ ရတနာပုံ နန်းတော် တို.လိုပဲ တိုင်းပြည်အတွက် အရေးကြီး သမိုင်းဝင် နေရာတစ်ခု ဖြစ်ပါတယ်…။ ကျွန်တော် တို. သတိမရှိလို. ၊ ကျွန်တော် တို. တန်ဖိုးထားရကောင်းမှန်းမသိခဲ့လို. ၊ ကျွန်တော်တို. နိုင်ငံရဲ. သမိုင်းဝင်နေရာ တော်တော်များများ ကို ကျွန်တော်တို. မူလ အတိုင်း မထိန်းသိမ်းထားနိုင်ခဲ့ပါဘူး….ဒါဟာ အလွန်နှမြော ၀မ်းနည်းစရာကောင်းပါတယ်….

ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ. ကျွန်တော် တို.နိုင်ငံရဲ. သမိုင်းဝင် နေရာတစ်ခု ကို အမြန်ဆုံး ကယ်တင် ထိန်းသိမ်း ပေးပါလို. တောင်းဆိုတိုက်တွန်းလိုက်ရပါတယ်….။

ကျွန်တော့်ရဲ. တောင်းဆို ချက်ကို သဘောတူသူများလည်း ၀ိုင်းဝန်းထောက်ခံ တောင်းဆိုပေးကြပါ…
အခု အမှတ် ( ၇၆ ) ရေကျော်လမ်းမ မှာရှိနေတဲ့ လက်ရှိအဆောက်အဦ ဟာ မူလ တို.ဗမာ အစည်းအရုံး ဖွင့်ခဲ့ အဆောက်အဦ အတိုင်း ဟုတ်၊မဟုတ် ဆိုတာ ကို သိတဲ့ သူတွေ ရှိရင် အတည်ပြုပေးဖို.လဲ မေတ္တာရပ်ခံချင်ပါတယ်..။

ကျွန်တော်တို. သမိုင်းဝင် နေရာ တစ်ခု ကို ၀ိုင်းဝန်းကယ်တင်ကြရအောင်လားဗျာ…။

ဇေယျာကျော်



သပ်ရပ်သားနားတဲ့ ကုလားထိုင်တွေနဲ့ ညံ့ဖျင်းတဲ့ လမ်းမကြီးတွေ

$
0
0
 

သပ်ရပ်သားနားတဲ့ ကုလားထိုင်တွေနဲ့ ညံ့ဖျင်းတဲ့ လမ်းမကြီးတွေ

တာနာကာ | Wednesday, 03 July 2013

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲအဖြစ် ကျွန်တော် ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့ ရပြီး မကြာခင်မှာပဲ JICA(ရန်ကုန်) ရုံးမှာတစ်စုံတစ်ခုကို စတင်သတိပြုမိလာ ပါတယ်။

ကျွန်တော်တို့ရဲ့ စည်းဝေးခန်းမကြီးထဲကို ၀င်လိုက်ရင် သိပ်ပြီးသပ်ရပ် သန့်ရှင်းနေပါတယ်။ စားပွဲတွေပေါ်မှာ အားလုံးရှင်းလင်းနေပြီး ယခင် အစည်း အဝေးက စာရွက်လက်ကျန်တွေ ဘာတစ်ခုမှမရှိပါဘူး။ ကုလားထိုင်တွေ အားလုံးဟာ တည့်တည့်မတ်မတ် ရှိနေပါတယ်။ ဒါပေမဲ့ တစ်ခုခုလိုနေ သလိုပဲ။

အခန်းက ထူးထူးခြားခြား သပ်ရပ်နေတယ်။ ကျွန်တော် နောက်မှ သဘောပေါက်လာတယ်။ အစည်းအဝေးကျင်းပတိုင်း အစည်းအဝေးထိုင် သူတွေဟာ ကုလားထိုင်တွေကို သူတို့အရပ်အမောင်းအနေအထားနဲ့ အဆင်ပြေသလို ခုံအမြင့်ကို ညှိပြီး ထိုင်ကြပါတယ်။

အစည်းအဝေး တစ်ခုပြီးတိုင်း အတွင်းရေးမှူးလေးတွေ (အားလုံး မြန်မာ လူမျိုးတွေ) ဟာကုလားထိုင်တွေကို ပြန်ပြီး တည့်တည့်မတ်မတ်ထားပေး ရုံမက အနိမ့်အမြင့်ကိုတောင် မနိမ့်လွန်းမမြင့်လွန်း ကြားအနေအထား ရောက်အောင် ပြန်ညှိပေးထားကြတာသိရလို့ ကျွန်တော်အံ့အားသင့်
မိ ပါတယ်။

ဂျပန်နိုင်ငံကို ခေတ်မီအရည်အသွေး ထိန်းချုပ်မှုနည်းစနစ်မှာ အထူး ကျွမ်းကျင်ကောင်းမွန်သောနိုင်ငံအဖြစ် လူအများက ယူဆထားကြပါတယ်။

မှန်ပါတယ်၊ ကျွန်တော်တို့ဟာ စက်ရုံတွေမှာသာမက ရုံးတွေမှာလည်း အတော်ပင် တိကျသေချာမှုကို အလေးထားကြပါတယ်။

သို့နှင့်တိုင် ယခုလို တိကျတာမျိုးတော့ ဂျပန်နိုင်ငံမှာတောင် မတွေ့ဖူးပါဘူး။ တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ ယဉ်ကျေးမှုတစ်ခုပါပဲ။

ဒီနောက်တော့ 'ဘီလူးချောင်း' အမှတ် (၂)ရအားလျှပ်စစ်စီမံကိန်းအကြောင်း လေ့လာသိရှိရပါတယ်။ ဒီစီမံကိန်းကို ၁၉၆၀ ပြည့်နှစ်မှာ ဂျပန်နိုင်ငံအကူအညီ နဲ့ တည်ဆောက်ပြီးစီးခဲ့ပါတယ်။

ဘီလူးချောင်း စီမံကိန်း ပြန်လည်ထူထောင်ရေး အတွက် လိုအပ်ချက်တွေ စိစစ်အကဲဖြတ်ဖို့ကျွမ်းကျင်သူများ အဖွဲ့တစ်ဖွဲ့ကို JICA က မကြာမီက စေလွှတ်ခဲ့ပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှာ ဒီရေအားလျှပ်စစ်စက်ရုံဟာ သက်တမ်း အရင့်ဆုံးပါပဲ။ ဒါပေမဲ့ဒီစက်ရုံရဲ့ လည်ပတ်မှုနှုန်း (Plant factor) က ၈၁ ရာခိုင်နှုန်း၊ ပျမ်းမျှလည်ပတ်မှုက၅၀ ရာခိုင်နှုန်းဆိုတော့ အမြင့်ဆုံးလောက် ပါပဲ။

ရေအားလျှပ်စစ်စက်ရုံဆိုတာ ရေအင်အားနဲ့ စက်အခြေအနေတွေကြောင့် စွမ်းအားပြည့် ၁၀၀ ရာခိုင်နှုန်း ဘယ်တော့မှ မရနိုင်ကြပါဘူး။

ဂျပန်ပညာရှင်တွေဟာ အလွန်ဝေးကွာလှမ်းတဲ့ ဘီလူးချောင်းရေအား လျှပ်စစ် စက်ရုံက ပြန်ရောက်လာကြတဲ့အခါမှာ မြန်မာ အင်ဂျင်နီယာတွေနဲ့ ပညာရှင် ၀န်ထမ်းတွေ ရာစုနှစ်တစ်ဝက်လောက်ကြာအောင် ဒီစက်ရုံကို ဂရုတစိုက် ထိန်းသိမ်း စောင့်ရှောက်လာခဲ့ကြပုံကို အံ့ဩချီးမွမ်း မကုန်နိုင်အောင် ဖြစ်ကြရပါတယ်။

ခေတ်ပေါ်ကွန်ပျူတာတွေ တပ်ဆင်ထားခြင်းမရှိဘဲ နေ့စဉ်လုပ်ဆောင် လည်ပတ်မှုတွေကို လက်နဲ့ပဲတစ်ရက်မပျက် မှတ်တမ်းတင်ထားခဲ့ကြတာ ကိုလည်း အံ့အားသင့်ခဲ့ကြရတယ်။

ဒီလို အောင်မြင်ခဲ့တာဟာလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် စတင်တည် ဆောက်ခဲ့ကြတဲ့ ဂျပန်အင်ဂျင်နီယာတွေရဲ့ အစကောင်းခဲ့မှု၊ တပ်ဆင်ပေးခဲ့တဲ့ စက်ကိရိယာတွေ အရည်အသွေးကောင်းမွန်မှု၊ ဂျပန်အင်ဂျင်နီယာတွေက မြန်မာ အင်ဂျင်နီယာနဲ့ ၀န်ထမ်းတွေကို ကောင်းမွန်စွာလေ့ကျင့် သင်ကြား ခဲ့မှုတွေ ကြောင့်လည်း ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

အရည်အသွေး မြင့်မားတဲ့ ရင်းနှီးမြှုပ်နှံရေး စီမံကိန်းတစ်ခုမှာ ဒေသခံ မြန်မာ ၀န်ထမ်းမျိုးဆက်အဆင့်ဆင့် (နှစ် ၆၀ ကျော်)ရဲ့ ပြည့်ဝကောင်းမွန်တဲ့ ၀န်ဆောင်မှု လုပ်အားတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ အချိန်ရဲ့စမ်းသပ်မှုကို ခံနိုင်ရည်ရှိတဲ့ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း ဖြစ်လာခဲ့တာပါပဲ။

ယခုအချိန်အထိ တစ်နိုင်ငံလုံး ရေအားလျှပ် စစ်ရဲ့ ၁၁ ရာခိုင်နှုန်းကို ဒီစက်ရုံ က ပေးနေဆဲပါပဲ။ အလွန်အကျိုးသက်ရောက်မှုရှိတဲ့ ရင်းနှီုးမြှုပ်နှံမှုရဲ့ သက်သေ တစ်ခုပါ။ ခုတော့ ကျွန်တော်သဘောပေါက်ပါပြီ။

အပြိုင်အဆိုင်များလှတဲ့ နိုင်ငံတကာ ဈေးကွက်မှာ မြန်မာနိုင်ငံ အောင်မြင် မယ်၊ မြန်မာလူမျိုးတို့ရဲ့ပြင်းပြသော ဆန္ဒနဲ့ ကောင်းမွန်သော လုပ်ရည် ကိုင်ရည်တွေကြောင့် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အောင်မြင်မှုရမှာ သေချာတယ်လို့ ဂျပန်ကုမ္ပဏီများသာမက အခြားနိုင်ငံတကာကုမ္ပဏီ များကလည်း အထပ်ထပ်အခါခါ ကျွန်တော့်ကို ပြောပြကြပါတယ်။

ဤသို့သော ယဉ်ကျေးမှု ဓလေ့စရိုက်ရှိတဲ့နိုင်ငံမှာလုပ်ခလစာသက်သာမှုပါ ပေါင်းစပ်လိုက်တဲ့အခါနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံဟာ နိဗ္ဗာန်ဘုံသဖွယ်ဖြစ်သွားပါတယ်။

သို့တစေ၊ ၀ိရောဓိဖြစ်နေတဲ့ နမူနာ ဖြစ်ရပ်များကိုလည်း မြင်တွေ့ရပြန်တယ်။ အစပထမတော့ရန်ကုန်နေပြည်တော်အမြန်လမ်းမကြီးဟာ ခေတ်မီ အမြန် လမ်းမ တစ်ခုလို့ ထင်ရပါတယ်။

ဒါပေမဲ့ ခေတ်မီအမြန်လမ်းမလို အသုံးချလို့ မရပါဘူး။ လမ်းအချိုးအကွေ့တွေ ရဲ့ ဒီဇိုင်းကလည်းတည်ဆောက်ပုံ မှန်ကန်မှုမရှိပါဘူး။ လမ်းမျက်နှာပြင် ကလည်း လှိုင်းထနေတာကြောင့် အောက်ခံဖောင်ဒေးရှင်း မကောင်းလို့ မညီညာ နိမ့်ကျနေတာတွေ ဖြစ်နေပါတယ်။

ညံ့ဖျင်းစွာ တည်ဆောက်ထားတဲ့ အမြန်လမ်းမကြီး ပိုပျက်စီးသွားမှာစိုးလို့ ၀န်လေးကုန်ကားကြီးတွေကို ပေးမဖြတ်ပါဘူး။ ဒီလို ကန့်သတ်လိုက်တော့ ဒီအမြန်လမ်းမကြီးရဲ့ စီးပွားရေးတန်ဖိုးဟာအကြီးအကျယ် ထိခိုက်ကျဆင်း သွားတာပေါ့။

ဒီပြဿနာကြီးတွေဟာ ယခင် ပေါ်လစီ ချမှတ်သူတွေရဲ့ အမြော်အမြင် နည်းပါးမှုကြောင့်ပါပဲ။စီမံကိန်းအတွက် ရန်ပုံငွေ လုံလောက်အောင် ချမပေးခဲ့ တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မြန်မာ အင်ဂျင်နီယာတွေ ဘယ်လောက်ပဲ ကောင်းအောင် လုပ်ချင်လုပ်ချင်၊ ခေတ်မီအမြန်လမ်း ဒီဇိုင်း နည်းပညာတွေကို လက်လှမ်းမမီရင်လည်း ကောင်းမွန်မှန်ကန်တဲ့ အမြန်လမ်းမကြီး တစ်ခုရလာမှာ မဟုတ်ပါဘူး။

ဘတ်ဂျက် ငွေ မလုံမလောက်နဲ့ လမ်းဖောင်ဒေးရှင်း ကောင်းအောင်လုပ်နိုင်မှာ မဟုတ်ဘူး။ ခုတော့မြန်မာတွေဟာ ထိန်းသိမ်းပြုပြင်ဖို့ရော၊ ပြန်လည်ပြင်ဆင် ဖို့ရော အင်မတန် အကုန်အကျများမယ့် အမြန်လမ်း (အဆင့်မမီကြီး) လက်ထဲ ပိုက်လျက်သား ဖြစ်နေပါပြီ။

ဒုတိယအနေနဲ့ ဘီလူးချောင်း အမှတ် (၂) စီမံကိန်းကြီး ပြန်လည် ထူထောင်ရေး ဆွေးနွေးကြတဲ့အခါ မြန်မာအစိုးရဘက်က ပုဂ္ဂိုလ်တွေဟာ ကုန်ကျစရိတ် အနည်းဆုံး၊ အသက်သာဆုံး ဖြစ်ဖို့ကိုသာ အာရုံထား နေကြ တာကို တွေ့ရပါတယ်။

ဂျပန် အင်ဂျင်နီယာတွေဟာ အရည်အသွေး ကောင်းဖို့ကိုသာ အာရုံ ထားနေတော့ ဒီဇိုင်းတွေ အကောင်းလွန်နေတတ်တာ ၀န်ခံပါတယ်။

အစွန်းနှစ်ဖက် ချိန်ခွင်ညှာ ညီအောင်လုပ်ရပါမယ်။ ဒါပေမဲ့ မြန်မာအစိုးရ အဖို့မှာတော့အရည်အသွေးဆိုတာဒုတိယဦးစားပေးအလုပ်လို ဖြစ်နေပါ တယ်။

ပြည့်စုံကောင်းမွန်အောင် လုပ်တတ်တဲ့ မြန်မာတွေရဲ့ စရိုက်သဘာဝတွေ ဘယ်ရောက်ကုန်လဲလို့ကျွန်တော့်ကိုယ် ကျွန်တော် မေးကြည့်မိတယ်။ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ကင်းကွာအောင် ဘေးဖယ်ခံထားခဲ့ရပြီး ဘဏ္ဍာငွေကြေး ချို့ချို့ငဲ့ငဲ့နဲ့ နေခဲ့ရတာကြောင့် မြန်မာ
အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေဟာ မတူကွဲပြားခြားနားတဲ့ ပုံသေအတွေး အခေါ်တွေ၊ ပုံစံကျ အမြင်တွေ(mindset) နဲ့ အသားကျနေပုံရတယ်။

နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထိတွေ့ခွင့်မရဘဲ ရှိတာလေးနဲ့ပဲ အလုပ်ဖြစ်အောင် လုပ်ခဲ့ကြရတော့ မြန်မာအစိုးရအဆက်ဆက်ဟာ ပြဿနာ အရပ်ရပ်ကို ဖာထေးဖြေရှင်းပြီး ဆူလွယ်နပ်လွယ်ရေတို ဖြေရှင်းတဲ့ အလေ့အထတွေ ရလာခဲ့တာ ဖြစ်နိုင်ပါတယ်။

မြန်မာအစိုးရတွေဟာ ဒါထက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းကို မတတ်နိုင်ကြတာလည်း အမှန်ပါပဲ။ ဆယ်စုနှစ် ပေါင်းများစွာရခဲ့တဲ့ ဒီအကျင့် ဟာ ခုတော့ အမြစ်တွယ်နေပုံရပါတယ်။ ခေတ်ပြောင်းလာခဲ့ပါပြီ။

မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကနေပြီး အခွန်ဘဏ္ဍာတွေ သိသိသာသာ ရလာခဲ့ပါပြီ။ ပြည်ပက အထောက်အပံ့ အကူအညီတွေလည်း ပြန်ရလာပါပြီ။ ရေရှည်မှာ မြန်မာနိုင်ငံကိုကောင်းစွာ အကျိုးပြုစေမယ့် အဆင့်မြင့် အရည်အသွေးမီ စီမံကိန်းတွေကို ဈေးကောင်းကောင်းပေးပြီး ရွေးချယ်နိုင်တဲ့ အခြေအနေ ရှိလာပါပြီ။

မြန်မာအစိုးရ အရာရှိတွေကလည်း ဒါကို နားလည်သဘော ပေါက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ဈေးပေါတာရွေးချင်တဲ့ အကျင့်ကတော့ ဖျောက်နိုင်ခဲလှတယ်။ ဒီပုံစံကျ အတွေးအခေါ် (mindset) ကို ချေဖျက် အနိုင်ယူဖို့ အလွန်အရေးကြီးပါတယ်။

မြန်မာအဖို့ ရင်းနှီးမြှုပ်နှံဖို့လာသူ တွေထဲက ရွေးစရာတွေ များစွာရှိနေပါပြီ။ ပထမတန်းစား စီမံကိန်းတွေမှာသာ ရင်းနှီးမြှုပ်နှံတဲ့ ရှေးကမြန်မာ ရှေးထုံး အစဉ်အလာကို ပြန်လည် ထိန်းသိမ်းပြီးအဆင့်မြင့်မြင့်တွေကိုသာ ရွေးချယ်တဲ့ အလေ့အထ ပြန်လည် ရှင်သန်လာရင် အလွန်အရေးကြီးတဲ့ အကျိုးဆက်တွေ ကို ခံစားစံစားကြရမှာ ဖြစ်ပါတယ်။

အရည်အသွေးကောင်းနဲ့ ပြည့်စုံမှုတွေအတွက် အာရုံထားမှုကို အားဖြည့်ပေး ဖို့ ပဲ ဖြစ်ပါတယ်။ ဒီမြန်မာ့ အမွေအနှစ် အစဉ်အလာတွေ ပျောက်ဆုံးမသွား သေးပါဘူး။ ဒါပေမဲ့ အရည်အသွေးနိမ့်တဲ့စီမံကိန်းတွေကိုသာ ဆက်လက် ရွေးချယ်နေကြမယ် ဆိုရင်တော့ ကျွန်တော် အလွန်တရာအားရနှစ်ခြိုက် ခဲ့ရတဲ့ မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာတွေကို ထိပါးခံရတော့မှာ အမှန်ပါပဲ။

ဒါဟာ မြန်မာအတွက် ၀မ်းနည်းကြေကွဲဖွယ် ဆုံးရှုံးမှုဖြစ်လာပါလိမ့်မယ်။ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့မြန်မာ့ စီးပွားရေးအတွက် ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်ဟာ ဒါပဲလို့ ကျွန်တော်ယူဆပါတယ်။

(မစ္စတာတာနာကာသည် မြန်မာနိုင်ငံရှိ JICA ရုံး၏ အကြီးအကဲပုဂ္ဂိုလ် ဖြစ်သည်။)

http://www.myanmar.mmtimes.com/မှ ကူးယူဖော်ပြသည်
Viewing all 1811 articles
Browse latest View live