Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
အနုပညာရှင်အမျိုးသားများ၏မျိုးစောင့်ဥပဒေပေါ်အမြင်များ
$
0
0
July 11, 2013 at 9:53pm
အကယ်ဒမီအောင်ခိုင်
။။။။။။။။။။။။။။။။။။။။။။။။။
ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံမှာ သူ့လူမျိုး၊ သူ့ဘာသာ၊ သူ့သာသနာကို စောင့်ရှောက်တဲ့ ဥပေဒရှိထားတော့ကောင်းတယ်။ တစ်ဖက်သားအပေါ်မှာ နှိမ့်ချတဲ့ပုံစံ၊ ဖိနှိပ်တဲ့ပုံစံမျိုး လုပ်ဖို့ မဟုတ်ဘဲ ကိုယ့်အမျိုး ဘာသာ သာသနာကို စောင့်ရှောက်တဲ့ ဥပဒေ ရှိသင့်တယ်လို့ မြင်တယ်။ ''ဒေါက်တာနေဇင်လတ်'' ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဦးအောင်ခိုင်ကြိုက်တယ်။ ဘာဖြစလို့လဲဆိုတော့ လူတွေက ''လူ့အခွင့်ရေး''ဆိုပြီး အော်နေကြတယ်...တဲ့။ လူ့အခွင့်ရေးဆိုတဲ့ HUMAN RIGHT က NETIONALRIGHTအောက်မှာပဲ ရှိတယ်။ ရှိလည်း ရှိသင့်တယ်။ လူတစ်ယောက်မှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးစားခွင့်ဆိုတာရှိတယ်။ ရှိလည်း ရှိသင့်တယ်။
ဒါကိုမှ တစ်ယူသန်ပြီးတော့ ချိုးဖောက်တယ်..လို့ ဒီဆရာတော် သံဃာတော်တွေက အမျိုးဘာသာသာသနာအတွက် ဒီ''မျိုးစောင့်ဥပဒေ'' ကို ထုတ်ပြန်တဲ့နေရာမှာ ဘာမှန်းမသိသေးဘဲနဲ့ အသံကြားတာနဲ့ လူ့အခွင့်ရေး ချိုးဖောက်တယ်လို့ အော်နေကြတယ်။ ''အသံဖမ်း တရားနာကြတယ်'' ဆိုသလိုပေါ့။ အော်ကြေတဲ့ လူတွေကလည်း တော်တော်များများက အမျိုးသမီးတွေ ဖြစ်နေကြတယ်။ ဒါဟာ ၀မ်းနည်းစရာပါပဲ။
အကယ်ဒမီနေအောင်
။။။။။။။။။။။။။။။။။။။။။။။။။။
အိမ်ထောင်ပြုတဲ့ ကိစ္စမှာတော့ သေချာ လေ့လာကြပါ။ ဘာသာတရားချင်း ကူးစက်တဲ့ အခါကျတော့ မွေးလာတဲ့ Generation မျိုးဆက်မှာ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ စဉ်းစားပေါ့။ နိုင်ငံတော်က ပြဌာန်းသည် မပြဌားန်သည်ကို ဝေဘန်ပါဘူး။ ဒါပေမယ့် ကျွန်တော့် အမျိုးထဲမှာ သားသမီးတွေက ဗုဒ္ဓဘာသာကိုပဲ ယူရမယ်။ လူမျိုးခြား ဘာသာခြားကိုယူရင် သတ်ပစ်မယ်။ ဒါက ကျွန်တော့်ဆန္ဒပါ။
မိုးယံဇွန်
။။။။။။။။။။
ကောင်းပါတယ်။ လတ်တလော အခြေအနေရ ထုတ်ပြန်တာ...လို့ ထင်ပါတယ်။ လက်ရှိ ဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီး ကျွန်တော်ကဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုတော့ လက်ခံပါတယ်။ ထောက်ခံတယ်။ ဒါပေမယ့် အမြဲတမ်းအတွက်လို့တော့ မယူဆပါဘူး။ လတ်တလော အခြေအနေအတွက်တော့ လက်ခံပါတယ်။
မမမေရှင်ကော်ပီယူတင်ပြသည်။
ကျနော်နဲ့ အိမ်တွင်းတော်လှန်ရေး
$
0
0
ငယ်ငယ်က အိမ်မှာ အမေဟာ တနှစ် ၂ ကြိမ်( ဝါဝင် ၁ ကြိမ် ဝါထွက် ၁ ကြိမ်) ရိုးရာနတ်တင်တယ်။ အမေလုပ်တာကို အဖေကလည်း မကန့်ကွက်ပါဘူး။ အဖေပြောတာပဲ သူအရင်တုန်းက နတ်မယုံဘူးတဲ့။ ဒါပေမဲ့ အိမ်မှာ ကျနော့် မမကြီး လေဖြန်းပြီး ပါးစပ်မှာ ပါးရွဲ့သွားတယ်။ အဲဒါ ဟိုဆရာနဲ့ကု ဒီဆရာနဲ့ကုရင်း နောက်ဆုံးမှာ ပယောဂအနှောက်အယှက်ပဲ ဆိုပြီး နတ်ကတော်နဲ့ မေးတဲ့အဆင့်ကို ရောက်သွားတယ်။
အဲဒီမှာ နတ်ကတော်က နတ်ကန္နားပွဲပေးရင် ပြန်ကောင်းမယ်ပြောလို့ နတ်ပွဲပေးလိုက်မှ မမကြီး ပါးစပ်ပြန်တည့် သွားတယ် တဲ့။ အဲဒီအချိန်ကစပြီး အဖေဟာ နတ်ဆိုတာကို နည်းနည်း ယုံလာတယ်။ အိမ်မှာ တင်တဲ့နတ်က ကိုးမြို့ရှင်လို့ အမေပြောတယ်။ ဘိုးဘွားစဉ်ဆက် ကိုးကွယ်လာတာ တဲ့။ တခြား မြင်းဖြူရှင်၊ အိမ်တွင်းအုန်း၊ ပဲခူး မယ်တော် စတာတွေ ကျနော်တို့ အိမ်မှာ မရှိပါဘူး။ နတ်အိုး ၃ လုံးနဲ့ နတ်စင်လေးတခုတော့ အိမ်ခန်းထဲမှာ ရှိတယ်ခင်ဗျ။
ကြုံကြိုက်လို့ နတ်စင်က ကျနော့်ကို သွယ်ဝိုက်အကျိုးပြုခဲ့တာလေး ပြောပြချင်သေးတယ်။ အမေက နတ်အိုးကို အမြဲတမ်း နတ်ပန်းလဲပေးလေ့ရှိပြီး အိုးထဲမှာ ပိုက်ဆံအကြွေ ဆယ်ပြားစေ့၊ မတ်စေ့၊ ငါးမူးစေ့ တွေ ထည့်ထား တယ်။ နွေရာသီရောက်ပြီဆိုရင် အပူရှိန်ကြောင့် နတ်အိုးထဲက ရေတွေ မြန်မြန် ခမ်းခြောက်တယ်ဗျ။ အိမ်မှာ ရှိတဲ့ ကြွက်မင်းများက နတ်ပန်းညှိုးညှိုးလေးတွေကို သူတို့အသိုက်လုပ်ဖို့သယ်ရင်း ပိုက်ဆံစေ့လေးတွေ ကိုလည်း မ, မ, သွားတတ်ကြတယ်လေ။ စူး၊ ဆောက် တန်ဆာပလာတွေ ထားတဲ့ ထင်းရှူးသေတ္တာတလုံး ထဲမှာ ဒီကောင်တွေ အသိုက်လုပ်တာကို သေတ္တာမွှေရင်း ကျနော် သိလိုက်တယ်။ အသုံးပြတ်တဲ့အချိန် သေတ္တာကို သွားဖွင့်ကြည့်လိုက်ရင် ပိုက်ဆံ ငါးမူး တကျပ် အသာလေးပဲ..။  
ငယ်ငယ်ကတော့ အမေ နတ်တင်မယ်ဆိုရင် ပျော်နေတာပဲ။ ကောင်ညှင်းပေါင်း၊ မုန့်ဆီကြော်( အဖြူ၊ အနီ)၊ ငါးကြော်၊ လက်ဖက်၊ မုန့်လုံးရေပေါ်… စုံနေအောင် စားရတာလေ။ မနက်အစောကြီး အမေက ကန်တော့ပွဲတွေ ထပြင်တယ်။ ကျနော်တို့လည်း လိုက်ထတာပေါ့… ပြီးတော့ အိမ်ရှေ့မှာ သင်ဖြူးဖျာတွေခင်း ကန်တော့ပွဲတွေ ဖျာပေါ်မှာချပြီး တပွဲပြီး တပွဲ ကိုင်မြှောက်ရင်း အမေ့ပါးစပ်က ခပ်တိုးတိုးလေး တတွတ်တွတ် ရွတ်ဆိုနေတယ်ဗျ။ ဘာတွေရွတ်လဲတော့ သေချာမကြားရဘူး။ ပြီးရင် မောင်နှမတွေစုံညီ ကန်တော့ခိုင်းတယ်။ အားလုံးပြီးမှ ကန်တော့ပွဲတွေ အိမ်ပေါ်ပြန်တင်… စားကြသောက်ကြ … အိမ်နီးချင်းတွေ ဝေလိုက်ကြနဲ့။
နတ်တင်တဲ့ ညနေပိုင်းမှာ ခေါစာပစ်တာလား ရွာစာကျွေးတာလား သေချာမမှတ်မိ။ ငါးကြော်၊ မုန့်ဖြူမုန့်နီ နဲ့ ငှက်ပျောသီးတချို့ အခွံနွှာပြီး မိုးချုပ်ခါနီး အိမ်ခြံထောင့်မှာ စကောနဲ့ သွားချရတယ်။ စကောကို တုတ်နဲ့ သုံးလေးချက် ခေါက်ပြီး အမေအိမ်ထဲပြန်ဝင်သွားချိန်မှာ စကောနဲ့ မုန့်တွေ ဒီအတိုင်း ကျန်ခဲ့တာ။ ကျနော်နဲ့ မမကြီးက စပ်စုချင်တော့ စကောထဲက မုန့်ကို ဘယ်သူလာစားမလဲ စောင့်ကြည့်တာပေါ့… ဘာကောင်မှ မတွေ့ရပါဘူး။ အိမ်မှာမွေးထားတဲ့ ခွေးကြီးပဲ ဝင်တွယ်နေတာ။ အဲဒီအကြောင်း အမေ့ကို မေးကြည့်ပြန်တော့ ‘နင်တို့ တော်တော် စပ်စုတာပဲ… နာနာဘာဝဆိုတာ သက်ရှိအကောင်ကို ဝင်စီးပြီးစားတာ ဟဲ့… ခွေးကို စီးစားနေတာ သိလား’ တဲ့။ ဟုတ်ပြီ  ဒါဆိုရပြီ…။
နောက်နောင် နတ်တင်တဲ့အခါတိုင်း အမေ ရွာစာကျွေးချိန်ရောက်ရင် အိမ်အကွယ် တနေရာကနေ ကျနော်နဲ့ မမကြီး တိတ်တိတ်လေး ချောင်းနေတယ်။ အမေအိမ်ထဲ ပြန်ဝင်ပြီဆိုတာနဲ့ ကျနော်တို့ မောင်နှမ နှစ်ယောက် စကောဘေးမှာ ခေါင်းချင်းဆိုင် တွယ်ကြပြီ။ စားနေရင်း ပါးစပ်ကလည်း ပြောလိုက်သေးတယ်.. ‘စီးစား.. စီးစား’ လို့။ ခွေးကြီးက ကျနော်တို့အနားမှာ လျှာအလျားသားချပြီး အမြီးတနှံ့နှံ့နဲ့ မျှော်ငေးနေတယ်။ သူ့ကိုတော့ ကိုယ်သိပ်မကြိုက်တဲ့ ငါးကြော်နည်းနည်း ပစ်ကျွေးလိုက်တာပေါ့လေ။
အမေသိတဲ့အခါ ဆူလိုက်တာလေ… ‘နင်တို့ ဒီလောက် ငတ်ရသလား’ ပေါ့။ အဲဒီကစ အမေဟာ ရွာစာကျွေး ခါနီးမှာ အဲဒီအထဲက ငါးကြော်နဲ့ မုန့်တချို့ကို ကျနော်တို့ စားဖို့ ခွဲချန်ထားပေးတယ်။ စကောထဲထိ လိုက်မစား အောင် ဆိုတဲ့သဘော..။ ကျနော်တို့ကလည်း အမေ မသိအောင် မရမက ခိုးစားတာ။ အရင်လိုတော့ အမေ အိမ်ထဲဝင်တာနဲ့ စကောနားကို မသွားတော့ဘူး။ ၅ မိနစ် လောက် စောင့်ကြည့်နေသေးတယ်။ အဲဒီအချိန် အတွင်း ခွေးကြီးရောက်လာရင် ခဲလုံးနဲ့ မသိမသာ ချောက်ထုတ်ပစ်တာ။ ဒါမှမဟုတ်လည်း ခွေးကို ကိုယ့်အနား ခေါ်ပြီး ထိန်းထားလိုက်တာ။ အမေ သတိမထားလောက်ချိန်ရောက်မှ စကောထဲက ကိုယ်လိုချင်တာကို ပြေးယူပြီး ချောင်ကွယ်တနေရာမှာ ကျိတ်တော့တာ။ အမေက ရွာစာကျွေးထားတဲ့ဟာကို အိမ်ထဲ ယူမလာရ ဘူးပြောထားလို့ စားနေတုန်း အိမ်ထဲကိုတော့ မဝင်ပါဘူး။ ဟုတ်တယ်ဗျ  နတ်ကို မကြောက်ပေမဲ့လည်း အမေ့ကိုတော့ ကြောက်တယ်.. အမေစိတ်မဆင်းရဲ စေချင်တာလည်း ပါတာပေါ့။
နည်းနည်း အရွယ်ရောက်လို့ အသိလေး ရှိလာတဲ့အခါ နတ်မတင်ခင် ပွဲပြင်နေတုန်းမှာပဲ ငါးကြော်ခိုးစား တတ်တဲ့ အကျင့်တိုးလာတော့တယ်။ အမေ မသိအောင် ပိပိရိရိလေး လုပ်ရတာ။ ဘုရား၊ တရား၊ သံဃာ ရတနာ (၃) ပါးကလွဲပြီး (၃၇) မင်းသော နတ်ဆိုတာ ကိုးကွယ်ပူဇော်ပသရာ မဟုတ်ကြောင်း ကျနော် သိလိုက်ပါပြီ။
ဒီလိုနဲ့ အိမ်ထောင်ကျတဲ့အခါ ကံအားလျော်စွာ အိမ်ထောင်ဘက် သက်ထားကလည်း ကိုယ်နဲ့ စရိုက်တူ ဖြစ်နေတာ သတိထား မိတယ်။ သူ့အိမ်မှာလည်း အမေဖြစ်သူက မြင်းဖြူရှင် ရော အုန်းဆွဲတာပါ လုပ်တယ်။ အဖေက မကြည်ဖြူပေမဲ့ မိန်းမ စိတ်ကသိကအောက်ဖြစ်မှာစိုးလို့ ဘာမှ မပြောရှာဘူး။ ကျနော့်အမျိုးသမီး ကတော့ ဘာရယ်မဟုတ် အဖိုးမယုံ ငါမယုံ၊ အဖေမယုံ ငါမယုံ အစားထဲကပဲ။ သူတို့အဖိုးက နတ်နဲ့ပတ်သက်ရင် တော်တော်ပြတ်တယ်။ ‘နင်တို့တတွေ စားစရာမရှိရင် မောင်စိန်ထမင်းဆိုင်မှာ သွားစား.. နေစရာမရှိရင် ရွာပြင် ဇရပ်မှာနေ.. ငါ့အိမ်ရိပ်ကိုတော့ ခြံစည်းရိုးနားတောင် မသီနဲ့’ ဆိုတဲ့ လူစားမျိုး။
မှတ်မိသေးတယ် ကျနော်တို့ လင်မယား ၂ ယောက် တယောက်တလှည့် ကျန်းမာရေး ခြူခြာတော့ ၂ ဘက်သော အမေတွေ ခေါင်းချင်းဆိုင် တိုင်ပင်ကြတယ်။ ရိုးရာပျက်ကွက်လို့ နတ်နှက်ပြီပေါ့။ သူ့အမေက ကျနော့် အမျိုးသမီးကို ရိုးရာလေးဘာလေးလုပ်ဖို့ နားချပေမဲ့ မအောင်မြင်ဘူး ဖြစ်နေတယ်။ကျနော့် အမေကတော့ သူ နတ်တင်တဲ့အခါတိုင်း ကျနော်တို့အတွက် ပိုတိုးပြီး လုပ်ပေးတယ် ပြောတာပဲ။
မိဘတွေနဲ့ ဝေးရာ တမြေတရွာကို ပြောင်းလာချိန်ကစပြီး အိမ်မှာ ဘုရားစင်ကလွဲလို့ ဘာဆိုဘာမှ အနှောင်အဖွဲ့ မရှိ နေလာခဲ့တာ။ သားသမီးတွေ ရလာတော့ သူတို့အသိမှာ နတ်ဆိုတာ ဘယ်ရှိပါတော့မလဲ။ တခါလေ မိဘတွေရှိရာ အလည်ပြန်ရင် မျောက်ရှုံးတဲ့သား ၂ ယောက်က သူ့အဖွားအိမ်မှာ ချိတ်ဆွဲထားတဲ့ မြင်းကို ခွစီးသူကစီး အုန်းသီးကို ခေါင်းပေါင်းစ ဖြုတ်သူကဖြုတ်နဲ့ ကျနော်တို့လင်မယား လစ်တဲ့အချိန်မှာ ဒုက္ခ  ကောင်းကောင်း ပေးကြတော့တယ်။ အဖွားဖြစ်သူကလည်း ကျေနပ်လှတယ် မဟုတ်ပေမဲ့ မြေးတွေကို အရမ်းချစ် ကျနော် ဆူမှာရိုက်မှာလည်းစိုးတော့ ‘အုန်းသီးက ခြောက်နေတာ ကြာပါပြီ… မြင်းဖြူရှင် ကလည်း မလဲဖြစ်တာ နှစ်ပေါက်နေပြီ .. ငါ့မြေးတွေလာမှပဲ ပွဲသစ်လဲဖို့ အတော်ဖြစ်နေတယ်’ ဆိုပြီး ကာဆီးကာဆီး လုပ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ကိုးကွယ်မှု အစွဲအလမ်းကြီးတဲ့ မိဘတွေကို အပြစ်တင်နေလည်ဲး မိဘကို ကန္တကောစ လုပ်မှုနဲ့ ကိုယ်ပဲ အပြစ်ထိုက်ဖို့ရှိပါတယ်။ သူတို့ကတော့ ဒီအစွဲကို ရိုးမြေကျတဲ့ထိ သယ်သွားမှာ အသေအချာ ပါပဲ။ တော်နေသေးတာက ၇ ရက် ၇ လီ ပျော်ပွဲပေး… ထစ်ခနဲရှိ နတ်ကတော်မေးတဲ့ အဆင့်အထိ မရောက်ခဲ့ ကြတာပါ။ ဒီတော့လည်း ယုံတဲ့သားသမီး အမွေဆက်ခံစေ .. ကိုယ်တိုင်တော့ လွတ်အောင် ရုန်းထွက်ခဲ့တယ် ပေါ့ဗျာ။
နေမင်းသူ
၁၃-၀၇-၂၀၁၃
ပိုက်ဆံပြန်အမ်းချင်စိတ် ဖြစ်ပေါ်ခဲ့သော ကြော်ငြာအကြောင်း ပြောပြတဲ့ ထွန်းအိန္ဒြာဗို
$
0
0
 Photo: ပိုက်ဆံပြန်အမ်းချင်စိတ် ဖြစ်ပေါ်ခဲ့သော ကြော်ငြာအကြောင်း ပြောပြတဲ့ ထွန်းအိန္ဒြာဗို ======================================== မြန်မာနိုင်ငံ၌ ကြော်ငြာရိုက်ကူး ရာတွင် သီချင်း ဖွင့်ပေးပြီး တစ်နေကုန် ကခိုင်းနေ၍ ပိုက်ဆံ ပြန်အမ်းချင်စိတ် ဖြစ်ပေါ်ခဲ့ကြောင်း ထွန်းအိန္ဒြာဗို က ပြောသည်။  ”ကြော်ငြာ ရိုက်ရတာက တအား ချစ်စရာ ကောင်းအောင် လုပ်ရတာ။ ကျွန်မ တို့နဲ့ မလိုက်ဘူး။ စိတ်လည်း ဖီလင် မသွင်းတတ်ဘူး။ မြန်မာပြည်မှာ ရိုက်နေတဲ့ ပြီးခဲ့ တဲ့ခေတ်တွေ က ကြော် ငြာတွေက သီချင်းဖွင့်ပြီး ကခိုင်းတာတွေ က ကျွန်မတို့ အသက်အရွယ် နဲ့ မလိုက်သလို ကျွန်မတို့ မုဒ်တွေ နဲ့လည်း လုပ်လို့ မတတ်ဘူး။ အခုနောက် ပိုင်းတော့ ဇာတ်လမ်းလေးတွေ နဲ့သွားတာ ကောင်း ပါတယ်။ ကျွန်မ သရုပ်ဆောင် အသစ် တုန်းကတော့ အသစ် ဆိုတဲ့သဘောက အကုန် လုပ်ရတာဆိုတော့ လာသမျှ အ ကုန်လုံး ဟိုစပ်စပ် ဒီစပ်စပ်တော့ လက်ခံ ပြီး ရိုက်ခဲ့တယ်။ နောက်မှ ကိုယ်နဲ့ ဘယ် ဟာကိုက်ညီလဲ ဆိုတာကို ကြည့်ပြီး ကိုယ်အားသန်တာကို သွားရတယ်။ အ ဆိုနဲ့ သရုပ်ဆောင်လိုင်းက အစကတည်းက ရွေးချယ်ပြီးသားပဲ။ ငယ်ငယ် ကတည်းကလည်း သီချင်းတွေ ဆိုလာခဲ့တယ်။ စလုပ်မယ် ဆိုတော့လည်း သရုပ် ဆောင် ကို သေသေချာချာ တစိုက်မတ် မတ် လုပ်လာခဲ့တယ်။ အဲဒီအထဲမှာမှ အနုပညာ နဲ့နွယ်နေတဲ့ ကြော်ငြာတို့၊ ပြက္ခဒိန် ရိုက်တာတို့က နွယ်လို့ လုပ်ရ တာ လုပ်ကြည့်ပေမယ့် အဆင် မပြေလို့ တစ်နှစ်တည်းနဲ့ ထွက်လိုက်တာ”ဟု ထွန်းအိန္ဒြာဗိုက ပြောပါသည်။  ”ကျွန်မတို့နဲ့ အလုပ်ကွင်းကွာ သလို ခံစားရတယ်။ သီချင်းဖွင့်ပေးပြီး တစ်နေကုန် ကခိုင်းနေတာ ပိုက်ဆံကို ပြန်အမ်းချင်တာ။ စိတ်တွေက ဘယ်လို မှ သည်းမခံနိုင်ဘူး။ ကိုယ်နဲ့ မကိုက်ပါ လားဆိုတာ ကောင်းကောင်းသိသွား တယ်။ သရုပ်ဆောင် ဘက်က ဇာတ် လမ်းနဲ့ သွားရတာလေ။ ဇာတ်လမ်းနဲ့ သွားတာ ဘယ်ဟာမဆို လုပ်ရတာ လွယ်တယ်။ ကိုယ်က သရုပ်ဆောင်ချင် တဲ့သူ ဆိုတော့လေ။ ကြော်ငြာမှာလည်း ဇာတ်လမ်း နဲ့ခိုင်းတာကို လုပ်ဖြစ်ပါတယ်။ မထက် တို့ဆို ကြော်ငြာမှာ တအား အောင်မြင် တယ်။ သူတို့နဲ့ သိပ်ကိုက် တယ်။ အခုဆို ဝတ်မှုံလေး ဆိုရင် ဘာ လုပ်လုပ်လှတယ်။ ကျွန်မ တို့ကျတော့ အဲဒီလို သွားလုပ်ရင် ရယ်စရာကြီးဖြစ် မှာလေ။ ကိုယ်နဲ့ မကိုက် တာ။ ဓာတ်ပုံ တွေက ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ အပျော် ရိုက်တာတွေ ရှိပါတယ်။ စီးပွား ဖြစ်ရိုက်ပြီး ရောင်းတာ သိပ် အလုပ် မဖြစ်ခဲ့ဘူး။ စတေနေ လိုက်ရင် ရယ် လိုက်ရင် မဲ့သွားတယ်။ မနေတတ်ဘူး။ အဲဒါက တော့ အနုပညာ သက်တမ်း တစ် လျှောက်မှာ တကယ် လက်တွေ့ကြုံခဲ့ ရတဲ့ အတွေ့အကြုံပါပဲ” ဟု ၄င်းက ဆိုသည်။  ခိုင်ဝေလွင်
========================================
မြန်မာနိုင်ငံ၌ ကြော်ငြာရိုက်ကူး ရာတွင် သီချင်း ဖွင့်ပေးပြီး တစ်နေကုန် ကခိုင်းနေ၍ ပိုက်ဆံ ပြန်အမ်းချင်စိတ် ဖြစ်ပေါ်ခဲ့ကြောင်း ထွန်းအိန္ဒြာဗို က ပြောသည်။
”ကြော်ငြာ ရိုက်ရတာက တအား ချစ်စရာ ကောင်းအောင် လုပ်ရတာ။ ကျွန်မ တို့နဲ့ မလိုက်ဘူး။ စိတ်လည်း ဖီလင် မသွင်းတတ်ဘူး။ မြန်မာပြည်မှာ ရိုက်နေတဲ့ ပြီးခဲ့ တဲ့ခေတ်တွေ က ကြော် ငြာတွေက သီချင်းဖွင့်ပြီး ကခိုင်းတာတွေ က ကျွန်မတို့ အသက်အရွယ် နဲ့ မလိုက်သလို ကျွန်မတို့ မုဒ်တွေ နဲ့လည်း လုပ်လို့ မတတ်ဘူး။ အခုနောက် ပိုင်းတော့ ဇာတ်လမ်းလေးတွေ နဲ့သွားတာ ကောင်း ပါတယ်။ ကျွန်မ သရုပ်ဆောင် အသစ် တုန်းကတော့ အသစ် ဆိုတဲ့သဘောက အကုန် လုပ်ရတာဆိုတော့ လာသမျှ အ ကုန်လုံး ဟိုစပ်စပ် ဒီစပ်စပ်တော့ လက်ခံ ပြီး ရိုက်ခဲ့တယ်။ နောက်မှ ကိုယ်နဲ့ ဘယ် ဟာကိုက်ညီလဲ ဆိုတာကို ကြည့်ပြီး ကိုယ်အားသန်တာကို သွားရတယ်။ အ ဆိုနဲ့ သရုပ်ဆောင်လိုင်းက အစကတည်းက ရွေးချယ်ပြီးသားပဲ။ ငယ်ငယ် ကတည်းကလည်း သီချင်းတွေ ဆိုလာခဲ့တယ်။ စလုပ်မယ် ဆိုတော့လည်း သရုပ် ဆောင် ကို သေသေချာချာ တစိုက်မတ် မတ် လုပ်လာခဲ့တယ်။ အဲဒီအထဲမှာမှ အနုပညာ နဲ့နွယ်နေတဲ့ ကြော်ငြာတို့၊ ပြက္ခဒိန် ရိုက်တာတို့က နွယ်လို့ လုပ်ရ တာ လုပ်ကြည့်ပေမယ့် အဆင် မပြေလို့ တစ်နှစ်တည်းနဲ့ ထွက်လိုက်တာ”ဟု ထွန်းအိန္ဒြာဗိုက ပြောပါသည်။
”ကျွန်မတို့နဲ့ အလုပ်ကွင်းကွာ သလို ခံစားရတယ်။ သီချင်းဖွင့်ပေးပြီး တစ်နေကုန် ကခိုင်းနေတာ ပိုက်ဆံကို ပြန်အမ်းချင်တာ။ စိတ်တွေက ဘယ်လို မှ သည်းမခံနိုင်ဘူး။ ကိုယ်နဲ့ မကိုက်ပါ လားဆိုတာ ကောင်းကောင်းသိသွား တယ်။ သရုပ်ဆောင် ဘက်က ဇာတ် လမ်းနဲ့ သွားရတာလေ။ ဇာတ်လမ်းနဲ့ သွားတာ ဘယ်ဟာမဆို လုပ်ရတာ လွယ်တယ်။ ကိုယ်က သရုပ်ဆောင်ချင် တဲ့သူ ဆိုတော့လေ။ ကြော်ငြာမှာလည်း ဇာတ်လမ်း နဲ့ခိုင်းတာကို လုပ်ဖြစ်ပါတယ်။ မထက် တို့ဆို ကြော်ငြာမှာ တအား အောင်မြင် တယ်။ သူတို့နဲ့ သိပ်ကိုက် တယ်။ အခုဆို ဝတ်မှုံလေး ဆိုရင် ဘာ လုပ်လုပ်လှတယ်။ ကျွန်မ တို့ကျတော့ အဲဒီလို သွားလုပ်ရင် ရယ်စရာကြီးဖြစ် မှာလေ။ ကိုယ်နဲ့ မကိုက် တာ။ ဓာတ်ပုံ တွေက ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ အပျော် ရိုက်တာတွေ ရှိပါတယ်။ စီးပွား ဖြစ်ရိုက်ပြီး ရောင်းတာ သိပ် အလုပ် မဖြစ်ခဲ့ဘူး။ စတေနေ လိုက်ရင် ရယ် လိုက်ရင် မဲ့သွားတယ်။ မနေတတ်ဘူး။ အဲဒါက တော့ အနုပညာ သက်တမ်း တစ် လျှောက်မှာ တကယ် လက်တွေ့ကြုံခဲ့ ရတဲ့ အတွေ့အကြုံပါပဲ” ဟု ၄င်းက ဆိုသည်။
ခိုင်ဝေလွင်
အရာရှိကတော် ဆိုတာ
$
0
0
 အရာရှိ ကတော်  စစ်သား ချစ်သူများ အတွက်  အစ်မ တစ်ယောက် ရဲ့ အတွေ့ အကြုံလေး မျှဝေပေးလိုက်ပါတယ်  အမှားပါရင် ခွင့်လွှတ်ပါ ……… ဖြစ်ရပ်မှန် ဇာတ်လမ်းလေးက ဒီလိုပါ တခါတုန်းက နယ်တပ်နယ် တစ်ခုမှာပေါ့ အဲ့ဒီ အစ်မနဲ့ အခြား အရာရှိ ကတော် နှစ်ယောက် ဟာ တပ်နယ်ဈေး ကို ဈေးသွား ၀ယ်ပါတယ် ။ ၀တ်စား ဆင်ယင် ထားတာ ကတော့ အပေါ်က အင်္ကျီက တီရှပ် အဖြူ လေးနဲ့ စကပ်ကလည်း ဒူး အောက် ခြေသလုံး အလယ်လောက် လေးပေါ့လေ ……… အဲ့လိုမျိုး ၃ ယောက်မှာ ၂ ယောက်က ပုံစံတူလေးဝတ်စား ထားတာပေါ့လေ ။ ဈေးထဲမှာ လူတွေလည်း စည်ကား ချိန်ပေါ့ ဖြစ်ချင်တော့ ဗိုလ်မှူး နဲ့ တွေ့ပါလေ ရော ။  ဗိုလ်မှူးက ခေါ်ဆူတာ အဲ့ဒီ အစ်မ နှစ်ယောက် စလုံး မျက်ရည်ပေါက်ပေါက် ကျခဲ့ရတယ်  ဒါတောင် စကပ်ရှည် ဒူးအောက် ခြေသလုံး အလယ်လောက်နော်  ခေါ်ဆူပုံ ကတော့ အဲ့ဒါမျိုးဝတ်ချင် ရင် ကိုယ့်အိမ် ကိုယ်ပြန် ကြတဲ့  ဒါ စစ်တပ် တဲ့ နင်တို့ ယောက်ကျားတွေ ဘယ် အပတ်စဉ်ကလဲတဲ့ အဲ့ဒီအစ်မတွေကလည်း အပတ်စဉ် ( -- ) ကပါတဲ့ အေး အဲ့နောက်မှာ ကော အခု ဘယ်နှစ်ပတ်စဉ်လည်းတဲ့  အငယ်တွေက နင် တို့ လို ဒီပုံစံ နဲ့ ဆို အစ်မလို့  တလေးတစား ခေါ်မလားတဲ့  စစ်တပ်ထဲမှာ အရာရှိကတော်ရယ်လို့  လေးစားတာ ခံချင်ရင် ကတော် အရည် အချင်း ရှိ မှ ရမယ် တဲ့ နင် တို ယောက်ကျား တွေ ပခုံးပေါ်က အပွင့်တွေ မှီပြီး အကောင် မလုပ် ချင်ကြနဲ့ တဲို့်ဒါတောင် အဲ့ဒီ အစ်မတွေ ၀တ်ထားတာ စကပ် က ခြေမျက်စိ အထက်နားလေး ထိ ရှည်တဲ့ စကပ်နော် ။ ခြေသလုံး ခ လယ်တောင် ကျော်သေးတာပါ အခု ကျနော် တင်ပြခဲ့တာတွေ  က အဲ့ဒီ အစ်မ ကိုယ်တိုင် ပြောပြခဲ့တာပါ အဲ့ဒီ ဗိုလ်မှူးစကားလေးက အခုထိ အဲ့ဒီအစ်မ ရင် ထဲကို သံမှို စွဲထား သလို စွဲခဲ့ပါပြီ လို့  ဆို ခဲ့ ပါတယ် အခုလို ပြောပြခဲ့တဲ့ အစ်မကို ဒီနေရာက နေ လေးစားတဲ့ အနေနဲ့ တင်ပြလိုက်ပါတယ်  ကျေးဇူးတင်လျှက် ကိုကိုအောင် ( ဘုရင့်နောင် ) အရာရှိ ကတော် စစ်သား ချစ်သူများ အတွက် ၀တ်စားဆင်ယင် မှု အရေး ပါ ခဲ့ပုံလေး ပါ ။
အရာရှိ ကတော်
စစ်သား ချစ်သူများ အတွက်
အစ်မ တစ်ယောက် ရဲ့ အတွေ့ အကြုံလေး မျှဝေပေးလိုက်ပါတယ်
အမှားပါရင် ခွင့်လွှတ်ပါ ………
ဖြစ်ရပ်မှန် ဇာတ်လမ်းလေးက ဒီလိုပါ
တခါတုန်းက နယ်တပ်နယ် တစ်ခုမှာပေါ့
အဲ့ဒီ အစ်မနဲ့ အခြား အရာရှိ ကတော် နှစ်ယောက် ဟာ တပ်နယ်ဈေး ကို ဈေးသွား ၀ယ်ပါတယ် ။ ၀တ်စား ဆင်ယင် ထားတာ ကတော့ အပေါ်က အင်္ကျီက တီရှပ် အဖြူ လေးနဲ့ စကပ်ကလည်း ဒူး အောက် ခြေသလုံး အလယ်လောက် လေးပေါ့လေ ………
အဲ့လိုမျိုး ၃ ယောက်မှာ ၂ ယောက်က ပုံစံတူလေးဝတ်စား ထားတာပေါ့လေ ။
ဈေးထဲမှာ လူတွေလည်း စည်ကား ချိန်ပေါ့
ဖြစ်ချင်တော့ ဗိုလ်မှူး နဲ့ တွေ့ပါလေ ရော ။
ဗိုလ်မှူးက ခေါ်ဆူတာ အဲ့ဒီ အစ်မ နှစ်ယောက် စလုံး မျက်ရည်ပေါက်ပေါက် ကျခဲ့ရတယ်
ဒါတောင် စကပ်ရှည် ဒူးအောက် ခြေသလုံး အလယ်လောက်နော်
ခေါ်ဆူပုံ ကတော့
အဲ့ဒါမျိုးဝတ်ချင် ရင် ကိုယ့်အိမ် ကိုယ်ပြန် ကြတဲ့
ဒါ စစ်တပ် တဲ့
နင်တို့ ယောက်ကျားတွေ ဘယ် အပတ်စဉ်ကလဲတဲ့
အဲ့ဒီအစ်မတွေကလည်း အပတ်စဉ် ( -- ) ကပါတဲ့
အေး အဲ့နောက်မှာ ကော အခု ဘယ်နှစ်ပတ်စဉ်လည်းတဲ့
အငယ်တွေက နင် တို့ လို ဒီပုံစံ နဲ့ ဆို အစ်မလို့  တလေးတစား ခေါ်မလားတဲ့
စစ်တပ်ထဲမှာ အရာရှိကတော်ရယ်လို့ 
လေးစားတာ ခံချင်ရင် ကတော် အရည် အချင်း ရှိ မှ ရမယ် တဲ့
နင် တို ယောက်ကျား တွေ ပခုံးပေါ်က
အပွင့်တွေ မှီပြီး အကောင် မလုပ် ချင်ကြနဲ့ တဲ့
ိုဒါတောင် အဲ့ဒီ အစ်မတွေ ၀တ်ထားတာ စကပ် က ခြေမျက်စိ အထက်နားလေး ထိ ရှည်တဲ့ စကပ်နော် ။ ခြေသလုံး ခ လယ်တောင် ကျော်သေးတာပါ
အခု ကျနော် တင်ပြခဲ့တာတွေ က အဲ့ဒီ အစ်မ ကိုယ်တိုင် ပြောပြခဲ့တာပါ
အဲ့ဒီ ဗိုလ်မှူးစကားလေးက အခုထိ အဲ့ဒီအစ်မ ရင် ထဲကို သံမှို စွဲထား သလို စွဲခဲ့ပါပြီ လို့  ဆို ခဲ့ ပါတယ်
အခုလို ပြောပြခဲ့တဲ့ အစ်မကို ဒီနေရာက နေ လေးစားတဲ့ အနေနဲ့ တင်ပြလိုက်ပါတယ်
ကျေးဇူးတင်လျှက်
ကိုကိုအောင် ( ဘုရင့်နောင် )
အရာရှိ ကတော် စစ်သား ချစ်သူများ အတွက် ၀တ်စားဆင်ယင် မှု အရေး ပါ ခဲ့ပုံလေး ပါ ။
ကာချုပ်နှင့်တူသော မိန်းမများ
$
0
0
 ကာချုပ်နှင့်တူသော မိန်းမများ...... -------------------------------------  ကာချုပ်နဲ့တူတဲ့ မိန်းမတွေရှိပါတယ်။ သူတို့ဟာ ကာချုပ်ဆိုတဲ့အတိုင်း တပ်မတော် ကြည်း၊ ရေ၊ လေ ကို ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်။  ရှင်းရရင်တော့ ကာချုပ်နဲ့တူတဲ့မိန်းကလေးတွေမှာ သူတို့ထားတဲ့ ချစ်သူရည်းစား (ဘဲ) သုံးမျိုးရှိတတ်ပါတယ်။  ၁။ ကြည်းဘဲ (ကြည်းဆိုတော့ ကုန်းမြေပေါ့နော.. ဒါကြောင့် ကုန်းဘဲလို့ခေါ်ရအောင်) ၂။ ရေဘဲ ၃။ လေဘဲ.... တို့ဖြစ်ကြပါတယ်။  နံပတ်(၂) ရေဘဲက စပြောရအောင်။ ရေဘဲဆိုတာကတော့ ငွေကြေးအတွက်ထားရတဲ့ ရည်းစားမျိုးပါ။ အသက်ကြီးကြီးတွေ၊ ချမ်းချမ်းသာသာတွေ၊ ရာထူးရှိရှိတွေ ဖြစ်တတ်ပါတယ်။ ရေဘဲက သူတို့နဲ့အချိန်ပြည့်တော့ ရှိမနေကြပါဘူး။ ဒါပေမယ့် ရေဘဲတွေလိုအပ်တဲ့အချိန်မှာ သူတို့ဟာ အဆင်သင့်ဖြစ်နေရလေ့ရှိပါတယ်။ သူတို့အတွက် လိုအပ်တဲ့ ငွေကြေး(ရေ) ကို ရေဘဲတွေက ဖြည့်ဆည်းပေးလေ့ရှိပါတယ်။  နံပတ်(၃) လေဘဲ ... ဆိုတာကတော့ လေနဲ့ချစ်နေကြသူတွေပေါ့။ ဥပမာ- အွန်လိုင်းချစ်သူဖြစ်ချင်ဖြစ်မယ်။ ဖုန်းနဲ့ပဲ လေလှိုင်းကချစ်နေကြတဲ့ ချစ်သူဖြစ်ချင်ဖြစ်မယ်။ မိုးလောက်ကြီးချစ်တယ်ဆိုတဲ့ စကားတွေနဲ့ ဖောဖောသီသီပြောဆို ကြမယ်။ သူတို့လိုချင်တာရှိရင်လည်း လေဘဲတွေက မဆိုင်းမတွလုပ်ပေးဖို့ အသင့်ရှိကြပါတယ်။ သူတို့အတွက် လေဘဲ တွေဟာ အရန်အင်အားတစ်ရပ်ပါ။ မတွေ့ဖူးကြတဲ့အတွက် ကွယ်ရာမှာတော့ ကိုယ်နေချင်သလိုနေကြတာပါပဲ။  နံပတ်(၁) ဖြစ်တဲ့ ကုန်းဘဲ(ကြည်းဘဲ) ဆိုတာကတော့ သူတို့တကယ်ချစ်မြတ်နိုးတဲ့ ယောက်ျားလေးတွေပေါ့။ အဲဒီယောက်ျားလေးတွေနဲ့ စကားပြောဆိုတာကအစ၊ ဆက်ဆံတာကအစ ရေဘဲ လေဘဲတို့နဲ့ လုံးဝမတူအောင် ကွာခြားသွားကြပါပြီ။ သူတို့တကယ်ချစ်တဲ့သူဖြစ်တဲ့အတွက် သူတို့ဟာ ခံစားရပါပြီ။ ၀မ်းနည်းရပါပြီ။ သ၀န်တိုရပါပြီ။ သူ့အတွက် ဘာမဆိုပေးဆပ်မယ်ဆိုတဲ့အသိနဲ့ နှလုံးသားနဲ့ရင်းပြီး ချစ်ကြတာဖြစ်ပါတယ်။  ဒီလိုပါပဲ.... ကျနော်တို့ပတ်ဝန်းကျင်မှာ ကာချုပ်နဲ့တူတဲ့ မိန်းမတွေရှိကြပါတယ်။ သူတို့ဟာ ကြည်း၊ ရေ၊ လေ ကို နိုင်နင်းစွာအုပ်ချုပ်တတ်ကြပါတယ်။ ကြည်း၊ ရေ၊ လေ အတွင်းမှာ ပြဿနာဖြစ်ပွားမှုမရှိရအောင်လည်း မဟာဗျူဟာကျကျ ထိန်းချုပ်တတ်ကြပါတယ်။  အဲဒီကာချုပ်တွေမှာ အာဏာသိမ်းခံရတယ်ဆိုတာ မရှိသလောက်ပါပဲ။  (ဥက္ကာကိုကို) 11-7-2013 Myo Myint Aung ကို သာဗျော  <Like us... @[485567138177737:274:Myanmar Seafarers Group Page]....>
ကာချုပ်နှင့်တူသော မိန်းမများ......
-------------------------------------
ကာချုပ်နဲ့တူတဲ့ မိန်းမတွေရှိပါတယ်။
သူတို့ဟာ ကာချုပ်ဆိုတဲ့အတိုင်း တပ်မတော် ကြည်း၊ ရေ၊ လေ ကို
ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်
ရှင်းရရင်တော့ ကာချုပ်နဲ့တူတဲ့မိန်းကလေးတွေမှာ
သူတို့ထားတဲ့ ချစ်သူရည်းစား (ဘဲ) သုံးမျိုးရှိတတ်ပါတယ်။
၁။ ကြည်းဘဲ (ကြည်းဆိုတော့ ကုန်းမြေပေါ့နော.. ဒါကြောင့် ကုန်းဘဲလို့ခေါ်ရအောင်)
၂။ ရေဘဲ
၃။ လေဘဲ.... တို့ဖြစ်ကြပါတယ်။
နံပတ်(၂) ရေဘဲက စပြောရအောင်။
ရေဘဲဆိုတာကတော့ ငွေကြေးအတွက်ထားရတဲ့ ရည်းစားမျိုးပါ။ အသက်ကြီးကြီးတွေ၊ ချမ်းချမ်းသာသာတွေ၊
ရာထူးရှိရှိတွေ ဖြစ်တတ်ပါတယ်။ ရေဘဲက သူတို့နဲ့အချိန်ပြည့်တော့ ရှိမနေကြပါဘူး။ ဒါပေမယ့် ရေဘဲတွေလိုအပ်တဲ့အချိန်မှာ သူတို့ဟာ အဆင်သင့်ဖြစ်နေရလေ့ရှိပါတယ်။
သူတို့အတွက် လိုအပ်တဲ့ ငွေကြေး(ရေ) ကို ရေဘဲတွေက ဖြည့်ဆည်းပေးလေ့ရှိပါတယ်။
နံပတ်(၃) လေဘဲ ... ဆိုတာကတော့ လေနဲ့ချစ်နေကြသူတွေပေါ့။ ဥပမာ- အွန်လိုင်းချစ်သူဖြစ်ချင်ဖြစ်မယ်။ ဖုန်းနဲ့ပဲ
လေလှိုင်းကချစ်နေကြတဲ့ ချစ်သူဖြစ်ချင်ဖြစ်မယ်။ မိုးလောက်ကြီးချစ်တယ်ဆိုတဲ့ စကားတွေနဲ့ ဖောဖောသီသီပြောဆို
ကြမယ်။ သူတို့လိုချင်တာရှိရင်လည်း လေဘဲတွေက မဆိုင်းမတွလုပ်ပေးဖို့ အသင့်ရှိကြပါတယ်။ သူတို့အတွက် လေဘဲ
တွေဟာ အရန်အင်အားတစ်ရပ်ပါ။ မတွေ့ဖူးကြတဲ့အတွက် ကွယ်ရာမှာတော့ ကိုယ်နေချင်သလိုနေကြတာပါပဲ။
နံပတ်(၁) ဖြစ်တဲ့ ကုန်းဘဲ(ကြည်းဘဲ) ဆိုတာကတော့ သူတို့တကယ်ချစ်မြတ်နိုးတဲ့ ယောက်ျားလေးတွေပေါ့။
အဲဒီယောက်ျားလေးတွေနဲ့ စကားပြောဆိုတာကအစ၊ ဆက်ဆံတာကအစ ရေဘဲ လေဘဲတို့နဲ့ လုံးဝမတူအောင်
ကွာခြားသွားကြပါပြီ။ သူတို့တကယ်ချစ်တဲ့သူဖြစ်တဲ့အတွက် သူတို့ဟာ ခံစားရပါပြီ။ ၀မ်းနည်းရပါပြီ။ သ၀န်တိုရပါပြီ။
သူ့အတွက် ဘာမဆိုပေးဆပ်မယ်ဆိုတဲ့အသိနဲ့ နှလုံးသားနဲ့ရင်းပြီး ချစ်ကြတာဖြစ်ပါတယ်။
ဒီလိုပါပဲ.... ကျနော်တို့ပတ်ဝန်းကျင်မှာ ကာချုပ်နဲ့တူတဲ့ မိန်းမတွေရှိကြပါတယ်။
သူတို့ဟာ ကြည်း၊ ရေ၊ လေ ကို နိုင်နင်းစွာအုပ်ချုပ်တတ်ကြပါတယ်။ ကြည်း၊ ရေ၊ လေ အတွင်းမှာ
ပြဿနာဖြစ်ပွားမှုမရှိရအောင်လည်း မဟာဗျူဟာကျကျ ထိန်းချုပ်တတ်ကြပါတယ်။
အဲဒီကာချုပ်တွေမှာ အာဏာသိမ်းခံရတယ်ဆိုတာ မရှိသလောက်ပါပဲ။
(ဥက္ကာကိုကို)
11-7-2013 Myo Myint Aung ကို သာဗျော
<Like us... Myanmar Seafarers Group Page....>
Like· ·
သင်ပြုသည့် ကံ ပဲ့တင် သံ သင့်ထံပြန်လာမည်
$
0
0
 သင်ပြုသည့် ကံ ပဲ့တင် သံ သင့်ထံပြန်လာမည် ………… < အချိန်လေး တစ်မိနစ်ခွဲလောက် ပေးပြီး ဖတ်ကြည့်ပါ >  တစ်ခါတုန်းက လူတစ်ယောက်မှာ မိန်းမလေးယောက် ရှိတယ်။ သူက မိန်းမလေးယောက်မှာ စတုတ္ထမြောက် မိန်းမကို အချစ်ဆုံးပေါ့။ သူ့ကို အစစအရာရာလဲ ဂရုစိုက်တယ် အရမ်းလည်းတွယ်တာတယ်။  သူပြီးရင်တော့ တတိယမြောက် မိန်းမကို အချစ်ဆုံးပေါ့။ တတိယမြောက်မိန်းမက လှပကျော့ရှင်းတော့ သူ့မိတ်တွေ အပေါင်းအသင်းတွေ ရှေ့မှာရော ပွဲလမ်းသဘင်တွေမှာရော မကြာခဏ ခေါ်သွားလေ့ရှိတယ်။  ဒုတိယမြောက် မိန်းမကိုတော့ ဟိုနှစ်ယောက်ကို ချစ်သလို မချစ်ပေမယ့် အားကိုးတယ်။ ပြသနာတစ်ခုခု ကြုံတိုင်း သူနဲ့တိုင်ပင်တယ်။ သူကလည်း အကူအညီပေးတယ်။  ဒါပေမယ့် ပထမမြောက်မိန်းမကိုတော့ သူကလုံးဝမချစ်ဘူးတဲ့။ သူကမချစ်တာတောင် ပထမမြောက်မိန်းမကတော့ သူ့ကိုကောင်းရှာတယ်။ ဂရုလဲစိုက်တယ်။  အဲလိုနဲ့ တစ်နေ့မှာ အဲဒီလူကြီး နေမကောင်းဖြစ်ရော။ သူ့ကိုသူ သေရတော့မယ်လို့ သိလိုက်တဲ့ အချိန်မှာ သူ့မိန်းမလေးယောက်ကို ခေါ်လိုက်တယ်။ ပြီးတော့ စတုတ္ထမြောက်မိန်းမကို မေးတယ် ''ငါသေရင် မင်းငါနဲ့အတူ လိုက်သေနိုင်မလားပေါ့ '' အဲဒီလိုမေးတဲ့အခါ စတုတ္ထမြောက် မိန်းမက ငြင်းလိုက်တယ်။ သူလိုက်မသေ ပေးနိုင်ပါဘူးတဲ့။  အဲဒါနဲ့ တတိယမြောက် မိန်းမကိုမေးတယ်။ တတိယမြောက် မိန်းမကပိုတောင်ဆိုးသေးတယ်။ ရှင်သေရင် ကျွန်မက နောက်တစ်ယောက် ထပ်ယူမှာတဲ့။  ဒုတိယမြောက် မိန်းမကိုလဲမေးပြန်တယ်။ ဒုတိယမြောက် မိန်းမကတော့ ဒီလိုပြောတယ်။ ရှင်နဲ့အတူတူ မသေပေးနိုင်ပေမယ့် ရှင့်အုတ်ဂူမှာ ပန်းစည်းလေး လာချပေးမှာပါတဲ့။ ရှင့်အတွက်လဲ ဆုတောင်းပေးမှာပါတဲ့။  ဒီလိုနဲ့ နောက်ဆုံးတော့ ပထမမြောက် မိန်းမပဲကျန်တော့တာပေါ့ ။ အဲဒါကြောင့် ပထမမြောက်မိန်းမကိုမေးတော့ သူကတစ်ခြားမိန်းမတွေနဲ့ မတူဘူး ဒီလိုဖြေတယ်။ ကျွန်မက ရှင့်နဲ့အမြဲတမ်း အတူတူရှိနေမှာပါတဲ့။ ရှင်ဘယ်သွားသွား ကျွန်မလိုက်ခဲ့မှာပါတဲ့။  တကယ်တော့ ကျွန်တော်တို့လူသားတွေမှာလည်း ပုံပြင်ထဲကလူကြီးလို ဇနီးလေးယောက်ရှိပါတယ်။  စတုတ္ထမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ခန္ဒာကိုယ်ပါ။ ကျွန်တော်တို့ သူ့ကိုဘယ်လောက်ချစ်ချစ် အချိန်တန်တော့လဲ ထားခဲ့ရတာပါပဲ။  တတိယမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုစည်းစိမ်ဥစ္စာတွေပေါ့။ ကျွန်တော်တို့ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝပါစေ။ ကျွန်တော်တို့ မရှိတော့ရင် အဲဒီပစ္စည်းဥစ္စာတွေဟာ တစ်ခြားသူလက်ထဲပဲ ရောက်သွားမှာပါ။  ဒုတိယမြောက် ဇနီးကတော့ မိသားစုပေါ့။ ဘယ်လောက်ပဲ ကိုယ့်မိသားစုကို သံယောဇဉ်ရှိပါတယ်ပြောပြော ကျွန်တော်တို့ သေသွားတဲ့အချိန်မှာ သူတို့က လွမ်းဆွတ်တမ်းတပြီး ကောင်းရာမွန်ရာရောက်ဖို့ ဆုတောင်းပေးရုံကလွဲလို့ ကျန်တာ မတတ်နိုင်ပါဘူး။  ပထမမြောက် ဇနီးကမှ ကျွန်တော်တို့သေရင် ကျွန်တော်တို့နောက်ကို ထပ်ကြပ်မကွာလိုက်လာမယ့် ကျွန်တော်တို့ အသက်ရှင်နေတဲ့ အချိန်မှာ ပြုလုပ်ခဲတဲ့ ကောင်းမှု /မကောင်းမှု / ကုသိုလ် ကံ / အကုသိုလ် ကံ တွေပေါ့ ဗျာ............။  ဘယ်လိုပြောရမလဲ ဗဲရီးဂွတ်ပေါ့ မှ ဘာသာပြန် တင်ဆက်သည်။  ကိုကိုအောင် ( ဘုရင့်နောင် )
သင်ပြုသည့် ကံ ပဲ့တင် သံ သင့်ထံပြန်လာမည် …………
< အချိန်လေး တစ်မိနစ်ခွဲလောက် ပေးပြီး ဖတ်ကြည့်ပါ >
တစ်ခါတုန်းက လူတစ်ယောက်မှာ မိန်းမလေးယောက် ရှိတယ်။ သူက မိန်းမလေးယောက်မှာ စတုတ္ထမြောက် မိန်းမကို အချစ်ဆုံးပေါ့။ သူ့ကို အစစအရာရာလဲ ဂရုစိုက်တယ် အရမ်းလည်းတွယ်တာတယ်။
သူပြီးရင်တော့ တတိယမြောက် မိန်းမကို အချစ်ဆုံးပေါ့။ တတိယမြောက်မိန်းမက လှပကျော့ရှင်းတော့ သူ့မိတ်တွေ အပေါင်းအသင်းတွေ ရှေ့မှာရော ပွဲလမ်းသဘင်တွေမှာရော မကြာခဏ ခေါ်သွားလေ့ရှိတယ်။
ဒုတိယမြောက် မိန်းမကိုတော့ ဟိုနှစ်ယောက်ကို ချစ်သလို မချစ်ပေမယ့် အားကိုးတယ်။ ပြသနာတစ်ခုခု ကြုံတိုင်း သူနဲ့တိုင်ပင်တယ်။ သူကလည်း အကူအညီပေးတယ်။
ဒါပေမယ့် ပထမမြောက်မိန်းမကိုတော့ သူကလုံးဝမချစ်ဘူးတဲ့။ သူကမချစ်တာတောင် ပထမမြောက်မိန်းမကတော့ သူ့ကိုကောင်းရှာတယ်။ ဂရုလဲစိုက်တယ်။
အဲလိုနဲ့ တစ်နေ့မှာ အဲဒီလူကြီး နေမကောင်းဖြစ်ရော။ သူ့ကိုသူ သေရတော့မယ်လို့ သိလိုက်တဲ့ အချိန်မှာ သူ့မိန်းမလေးယောက်ကို ခေါ်လိုက်တယ်။ ပြီးတော့ စတုတ္ထမြောက်မိန်းမကို မေးတယ် ''ငါသေရင် မင်းငါနဲ့အတူ လိုက်သေနိုင်မလားပေါ့ '' အဲဒီလိုမေးတဲ့အခါ စတုတ္ထမြောက် မိန်းမက ငြင်းလိုက်တယ်။ သူလိုက်မသေ ပေးနိုင်ပါဘူးတဲ့။
အဲဒါနဲ့ တတိယမြောက် မိန်းမကိုမေးတယ်။ တတိယမြောက် မိန်းမကပိုတောင်ဆိုးသေးတယ်။ ရှင်သေရင် ကျွန်မက နောက်တစ်ယောက်
ထပ်ယူမှာတဲ့။
ဒုတိယမြောက် မိန်းမကိုလဲမေးပြန်တယ်။ ဒုတိယမြောက် မိန်းမကတော့
ဒီလိုပြောတယ်။ ရှင်နဲ့အတူတူ မသေပေးနိုင်ပေမယ့် ရှင့်အုတ်ဂူမှာ ပန်းစည်းလေး လာချပေးမှာပါတဲ့။ ရှင့်အတွက်လဲ ဆုတောင်းပေးမှာပါတဲ့။
ဒီလိုနဲ့ နောက်ဆုံးတော့ ပထမမြောက် မိန်းမပဲကျန်တော့တာပေါ့ ။ အဲဒါကြောင့် ပထမမြောက်မိန်းမကိုမေးတော့ သူကတစ်ခြားမိန်းမတွေနဲ့ မတူဘူး ဒီလိုဖြေတယ်။ ကျွန်မက ရှင့်နဲ့အမြဲတမ်း အတူတူရှိနေမှာပါတဲ့။
ရှင်ဘယ်သွားသွား ကျွန်မလိုက်ခဲ့မှာပါတဲ့။
တကယ်တော့ ကျွန်တော်တို့လူသားတွေမှာလည်း ပုံပြင်ထဲကလူကြီးလို
ဇနီးလေးယောက်ရှိပါတယ်။
စတုတ္ထမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ခန္ဒာကိုယ်ပါ။ ကျွန်တော်တို့ သူ့ကိုဘယ်လောက်ချစ်ချစ် အချိန်တန်တော့လဲ ထားခဲ့ရတာပါပဲ။
တတိယမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုစည်းစိမ်ဥစ္စာတွေပေါ့။
ကျွန်တော်တို့ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝပါစေ။ ကျွန်တော်တို့ မရှိတော့ရင် အဲဒီပစ္စည်းဥစ္စာတွေဟာ တစ်ခြားသူလက်ထဲပဲ ရောက်သွားမှာပါ။
ဒုတိယမြောက် ဇနီးကတော့ မိသားစုပေါ့။ ဘယ်လောက်ပဲ ကိုယ့်မိသားစုကို
သံယောဇဉ်ရှိပါတယ်ပြောပြော ကျွန်တော်တို့ သေသွားတဲ့အချိန်မှာ သူတို့က
လွမ်းဆွတ်တမ်းတပြီး ကောင်းရာမွန်ရာရောက်ဖို့ ဆုတောင်းပေးရုံကလွဲလို့
ကျန်တာ မတတ်နိုင်ပါဘူး။
ပထမမြောက် ဇနီးကမှ ကျွန်တော်တို့သေရင် ကျွန်တော်တို့နောက်ကို
ထပ်ကြပ်မကွာလိုက်လာမယ့် ကျွန်တော်တို့ အသက်ရှင်နေတဲ့ အချိန်မှာ ပြုလုပ်ခဲတဲ့ ကောင်းမှု /မကောင်းမှု / ကုသိုလ် ကံ / အကုသိုလ် ကံ တွေပေါ့ ဗျာ............။
ဘယ်လိုပြောရမလဲ ဗဲရီးဂွတ်ပေါ့ မှ ဘာသာပြန် တင်ဆက်သည်။
ကိုကိုအောင် ( ဘုရင့်နောင် )
စွဲလမ်းခြင်းမြစ်ဖျား*
$
0
0
***စွဲလမ်းခြင်းမြစ်ဖျား***
" စွဲလမ်းခြင်းဆိုတာ မြစ်ဖျားခံရာကို
သိရှိဖို့ ခက်ခဲတဲ့ သိမ်မွေ့ ညင်သာ
သော မြစ်တစ်စင်း " ဆိုတဲ့ စကား
လေးရှိပါတယ်။လူတိုင်းကိုယ်စီမှာ
ကိုယ်သန်ရာသန်ရာ ကိုယ့်စွဲလမ်း
ရူးသွပ်မှုလေးတွေရှိကြပါတယ်။
ကိုယ်စွဲလမ်းမှုဟာကိုယ့်ဘဝအ
တွက်သင့်တော်တဲ့စွဲလမ်းမှုဆိုရင်
အဆင်ပြေပေမယ့်ဘဝကိုထိခိုက
်စေမယ့်အရာဆိုရင် ဖျောက်ဖျက်ဖို့
ကြိုးစားရတာ အလွန်ခက်ခဲ
နာကျင်စေမယ်ဆိုတာအမှန်ပါပဲ။
ကောင်းသောအရာ မှမဟုတ်ပါဘူး
ကိုယ့်အတွက်မကောင်းတဲ့အရာ
တစ်ခုဆိုရင်တောင်အကျင့်တစ်ခု
အနေနဲ့ရင်းနှီးစွဲလမ်းသွားတတ်ကြ
ပါတယ်။ဥရောပဇာတ်လမ်းလေး
တစ်ခုကြားဖူးလိုက်တုန်းကပြုံးမိဖူး
ပါတယ်။လူဆိုတာကိုယ်သဘောမ
ကျတဲ့အရာလေးတောင်ဘယ်
်လောက်မုန်းမုန်း မရှိတော့တဲ့
အခါမှာ အကျင့်ဖြစ်အသားကျသွား
ပြီးစွဲလမ်း တမ်းတတ်တဲ့အကြောင်း
လေးပါ။ . . .
American style နှစ်ထပ်သစ်သား
ကြမ်းခင်းအိမ်လေးမှာလူနှစ်
်ယောက်ငှားနေခဲ့ကြပါသတဲ့။
အောက်ထပ်ကတစ်ယောက်က
တော့ရုံးစာရေးတစ်ယောက်ဆို
ိုတော့စောစောအိပ်စောစောထ
တတ်တဲ့လူတစ်ယောက်ပါ။
အပေါ်ထပ်ကလူကတော့ Bar
တစ်ခုမှာ Guitar တီးသူပါ။
သူကတော့ ညအတော်လေးနက်မှ
ရီဝေဝေခြေလှမ်းလေးတွေနဲ့
Guitarလေးပိုက်ပြီးအိမ်ပြန်လာ
တတ်သူပါ။အိမ်ပေါ်ကိုရောက်ပြီဆို
သူ့ Country bootကြီးတစ်ဖက်ကို
အခန်းထောင့်ကို လွှဲကန်ရင်း
ချွတ်လိုက်တာနဲ့ " ဒုန်း " ဆိုတဲ့
အသံတစ်ချက်ကြောင့်အောက်ထပ်
ကလူဟာအိပ်ရာကနေလန့်နိုးသွား
ရစမြဲပါ။ ဒေါသလည်းထွက်ရတာ
အမြဲပါ။ ခဏနေမှ နောက်ကျန်တဲ့
ဖိနပ်တစ်ဖက်ကိုကန်ရင်းချွတ်တတ်
ပါတယ်။ ဒုတိယ " ဒုန်း " ဆိုပြီး
အသံနှစ်ချက်လုံး ကြားပြီးမှ
အောက်ထပ်ကလူဟာစိတ်ချလက်
ချအိပ်စမြဲပါ။ကြာလာတော့ဒဏ်မခံ
နိုင်တော့တဲ့စာရေးကြီးဟာတစ်ရက်
မအိပ်ဘဲGuitarဆရာပြန်အလာကို
စောင့်ရင်းလှေကားဝကနေစောင့်ပြီး
ပြောပြပါတယ်။ ဒီဖိနပ် နှစ်ဖက်
ချွတ်သံနှစ်ချက်မှာသူအိပ်ရာက
လန့်နိုးပြီး အိပ်ရေးပျက်နေရတဲ့
အကြောင်းပြောပြပါတယ်။ Guitar
သမားကလည်းအလွန်အားနာပြီး
နောက်နေ့တွေ မဖြစ်စေရဖို့
ကတိပေးခဲ့ပါတယ်။ နောက်နေ့ည
သူပြန်အလာမှာ အရင်လိုပဲ
ရီဝေဝေခြေလှမ်းတွေနဲ့အပေါ်ထပ်
ကိုလှမ်းတက်ခဲ့ပါတယ်။
မေ့ပြီးတော့ ဖိနပ်တစ်ဖက်ကို
အရင်လို ချွတ်လိုက်မိပါတယ်။
"ဒုန်း"ဆိုတဲ့အသံကျယ်ကြီးထွက်
လာတော့အောက်ထပ်ကလူနိုး
သွားသလိုအပေါ်ကဂစ်တာဆရာ
လည်းသူ့အမှားကိုသူသတိရလိုက်
မိပြီး နောက်တစ်ဖက်ကိုတော့
ဖြေးညှင်းစွာချွတ်ပြီးအသာချလိုက်
ပါတယ်။ခဏကြာတော့အောက်
ထပ်ကလူက လှမ်းအော်တာကို
သူကြားလိုက်ရပါတယ်. . .
"ဟိတ်လူ ကျေးဇူးပြုပြီး
ခင်ဗျားဖိနပ်နောက်တစ်ဖက်က
ိုလည်း အရင်လို ဒုန်း လို့
မြည်အောင်ချွတ်လိုက်ဗျာ။ ကျုပ်
နိုးလာပြီးအဲဒီ့အသံနောက်တစ်
ချက်မကြားရသေးရင် ပြန်အိပ်လို့
မပျော်တော့ဘူး " တဲ့ . . . .
မနှစ်မြို့သော မကြိုက်တတ်သော
အရာတွေတောင် အကျင့်ဖြစ်ပြီး
မရှိရင်တစ်ခုခုလစ်ဟာသွားသလိုခံ
စားရတဲ့ အကြောင်းလေးပါ။
ဘဝတစ်ကွေ့မှာလည်းမြစ်ဖျားခံရာ
ကို မသိလိုက်တဲ့ မြစ်တစ်စင်းဟာ
တစ်သွင်သွင်စီးဆင်းနေခဲ့ဖူးပါတယ်
ကံဆိုးမှု အဆင်မပြေမှုတွေနဲ့
ထိပ်တိုက်ရင်ဆိုင်ရပြီးအခန်းကျဉ်း
လေးထဲမှာ စီးကရက်တွေဖွာရင်း
ဘီယာဘူးခွံတွေပြန့်ကျဲလို့
ရင်ဘတ်ဟောက်ပက်နဲ့ဘဝညနက်
နက်တွေကို ဖြတ်သန်းနေရစဉ်မှာ
သူမလေးကဘဝထဲကိုတိုးဝင်လာခဲ့
တာပါ။ အားပေးနှစ်သိမ့်မှုတွေ
သူမပြောတဲ့ ဆိုရိုးစကားပုံတွေဟာ
ကိုယ့်စိတ်ဓာတ်ကိုတွင်းနက်နက်
ထဲက ဆွဲမတင်နိုင်ခဲ့ပါဘူး။
မထူးခြားပေမယ့် စိတ်မပျက်ဘဲ
အမြဲလိုမပျက်မကွက်ကြိုးစားပေး
လေ့ရှိတာကတော့ . . .
"အားလုံးအဆင်ပြေသွားမှာပါ
ကြိုးစားပြီးအိပ်အိပ်ပျော်အောင်
်အိပ်နော်" လို့ ပြောပြီး . . .
သီချင်းဆိုပြမယ်နော်အသံ
ံမကောင်းတော့ ပျင်းပြီးအိပ်သွား
မလားလို့ ဟု ပြောရင်း
မင်းသားစိုးသူ၏ ကြည်ဖြူပါ . . .
သီချင်းလေးကိုမပျက်မကွက်ဆိုပြ
မြဲ . . .
" ကိုယ့်ရဲ့ အလင်းရောင်မင်းလေးပဲ
လမ်းပြကူညီညွှန်ကြားပါကွယ်
ငွေစင်ကြယ်လည်းမင်းပါပဲ
နီယွန်မီးများထက်အလင်းပိုတယ် "
သူမလေး၏ အေးချမ်းသော အသံ
လေးသည် ညပေါင်းများစွာလွင့်ပျံ
ခဲ့ဖူးပြီး သီချင်းနားထောင်ရင်းကြိုး
စားအိပ်စက်ဖြစ်ခဲ့သောညပေါင်း
များစွာအလွန်မှာတော့အရာအား
လုံးအဆင်ပြေကာကိုယ်ပိုင်ပုံမှန်
ဘဝတစ်ခု၌ လည်ပတ်နိုင်ချိန်တွင်
သူမလေးသည်အနားမှတဖြည်း
ဖြည်းဆုတ်ခွာကာဖျောက်ကွယ်
်သွားခဲ့၏။ ပေါ့ပါးလတ်ဆတ်ကာ
သောကများကင်းဝေးသွားချိန်တွင်
သတိပြုမိတတ်လာသော "
ပျင်းနေပြီလား " ဟုမေးရင်း
ဆက်လာတတ်သော ph call
လေးများ၊ညပေါင်းများစွာနှစ်သိမ့်
ပေးခဲ့သော သီချင်းသံများသည်
လရောင်ဖြာကျနေသောညများ
တိတ်ဆိတ်မှောင်မိုက်သောညများ
တွင်သတိရလွမ်းဆွတ်စိတ်ဖြင့်လူ
တစ်ယောက်ကို အိပ်မပျော်စေရန်
လုံလောက်စေခဲ့ပါသည်။
သူမလေး၏ဖုန်းနံပါတ်ကိုအကြိမ်
ကြိမ် ခေါ်ရင်းလွင့်ပျံခဲ့ဖူးသော
သီချင်းသံလေးများကသတိရစိတ်
၏ ဒီရေကို တိုးလာစေခဲ့ပါသည်။
ညနက်ပေါင်းများစွာကိုအိပ်စက်ရန်
နှမျောတတ်သောသူမလေးသည်
နှစ်သက်ရာရုပ်ရှင်ကားလေးများ
ကြည့်ရင်း! Candy crash
ဆော့ရင်း! သီချင်းဆိုရင်းဖြင့်
ညနက်များကိုဖြတ်သန်းနေလိမ့်ဟု
တွေးကြည့်မိသောအခါ ရင်ထဲတွင်
နာကျဉ်စိတ်ကမွန်းကျပ်လာစေခဲ့၏
"ဘာကိုမှမျှော်လင့်ပိုင်ခွင့်မရှိသော
လူတစ်ယောက်၏ညနက်များသည်
အလွန်ခြောက်သွေ့အထီးကျန်
ကြောင်း"သူမလေးအားလေးနက်
်စွာ ပြောပြခဲ့ဖူးပါသည်။
" တစ်စုံတစ်ခု အားပြင်းထန်စွာ
မျှော်လင့်စောင့်စားရင်းဆုံးရှုံးနေရ
သောလူတစ်ယောက်၏ညနက်များ
သည်ပိုမိုဝမ်းနည်းမွန်းကျပ်အေး
စက်နေကြောင်း " သူမလေးအား
မပြောပြဖြစ်ခဲ့ပါ။ အေးစက်သော
မိုးညများတွင် . . .သို့
ခြောက်သွေ့သောနေရောင်ခြည်
်အောက်တွင်လူတစ်ယောက်သည်
ပုံမှန်ဘဝတစ်ခုကိုရှင်သန်ဖြတ်
သန်းရင်း ခပ်တည်တည်
အသည်းကွဲလျက်ရှိကြောင်းကို
မသိစေချင်ပါ။ အထူးသဖြင့်
နှုတ်ခမ်းလေးကိုတွန့်၍
ပြုံးတတ်သော အေးချမ်းသော
Clinique happy ရေမွှေးနံ့
လေးသင်းနေတတ်သော
ကောင်မလေးအား
ပို၍မသိစေချင်ပါ။ လူ့လောက၏
ကန့်သတ်ချက်ဘောင်တို့ကြောင့်ခွဲ
ခွာနှုတ်ဆက်ရခြင်းသည်
အလွန်နာကျင်စေပါသည်။
" စွဲလမ်းခြင်းဆိုတာ မြစ်ဖျားခံရာကို
သိရှိဖို့ ခက်ခဲတဲ့ သိမ်မွေ့ ညင်သာ
သော မြစ်တစ်စင်း " ဆိုတဲ့ စကား
လေးရှိပါသည်။ ထို့ထက်ပို၍ . . .
" စွဲလမ်းခြင်း၏မြစ်ဖျားဆိုသည်မှာ
မြစ်ဖျားခံရာကိုသိရှိလိုကိသောအခါ
တွင်လွမ်းဆွတ်သတိရခြင်းများစွာ
ဖြင့်ဝေးကွာကျန်ရစ်ခဲ့ပြီ "
ဖြစ်ကြောင်းကိုဖြူစင်စွာချစ်မြတ်နိုး
တွယ်တာရသောကောင်မလေး
မသိစေလိုပါ . . . .
မျိုးအိမ်ဇန် ( Archangel AK )
13/7/2013 11:37 PM
— with Maung Paing and 13 others.
တပ်မတော် ……ဘာလဲ……ဘယ်လဲ…..အပိုင်း ( ၂၁/ခ )
$
0
0
" တပ်မတော် ……ဘာလဲ……ဘယ်လဲ…..အပိုင်း ( ၂၁ ) "
--------------------------------------------------------------
အပိုင်း (ခ)
ကွမ်းလုံတိုက်ပွဲအပြီး နောက်ပိုင်းမှာတော့…..
ရှမ်းပြည် အရှေ့ မြောက်ဒေသရဲ့ အခြေအနေဟာ …..
ဗကပ တပ်မဟာများ သူတို့ ရဲ့ ခြေကုပ်ဒေသများထံ ……
အခိုက်အတန့် ပြန်လည် ဆုတ်ခွာသွားခဲ့ ပြီးတဲ့ နောက်……
နှစ်ဖက်တပ်တွေဟာ …..
ရင်ဆိုင် တပ်စွဲထားတဲ့ အနေအထား ရှိကြပြီး…..
တိုက်ပွဲကြီးတွေတော့ …..
၁၉၈၈ခုနှစ်ထိ ……
အများအပြား ထပ်မံ မဖြစ်ပွားတော့ပါဘူး…..။
ဗမာပြည်ကွန်မြူနစ်ပါတီ အနေနဲ့  ကတော့….
တစ်ဘက်နိုင်ငံက လူတစ်သောင်းစာ ……
လက်နက်ခဲယမ်း ရိက္ခာ စစ်ဝတ် …..
အပြည့် အစုံကို ထောက်ပံ့ ပေးခဲ့ တဲ့ အပြင်……
နားလီ ၊မိုင်းလား ၊ ပန်ဆန်း ၊ ကန်ပိုက်တီး မြေပုံညွန်း ၄ ခုမှာ ……
ပုံမှန်ပဲ လစဉ် ရိက္ခာ လက်နက် ခဲယမ်း ......
ဆေးဝါး ငွေကြေး တွေကို ထောက်ပံ့ ပေးနေပေမယ့်လည်း ……
စီမံချက်ပါအတိုင်း ....
လားရှိုး ပြင်ဦးလွင်ထိ မသိမ်းပိုက်နိုင်ခဲ့ တဲ့ အပြင် ……
ပဲခူးရိုးမက အဖွဲ့ တွေနဲ့ လဲ …..
တစ်ဆက်တည်း ဖြစ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ ပါဘူး……။
တပ်မတော် အနေနဲြ့ကည့် ရင်လဲ …..
အဆမတန် များပြားလွန်းလှတဲ့ ရန်သူကို …..
အမြစ်ပြတ်ချေမှုန်းဖို့ ဆိုတာ …..
မဖြစ်နိုင်သေးတဲ့ အခြေအနေမှာရှိသလို…
စီးပွားရေးလုပ်ငန်းများကို အလွန်အကျွံ လုပ်ကိုင်လာပြီး …
နဂိုတည်းကမှ ဘိန်းနဲ့ ပတ်သက်မှုများပြားလွန်းတဲ့  ….
ကိုးကန့် ကာကွယ်ရေးပြည်သူ့ စစ်တွေကိုလဲ ……
မထိန်းချုပ်ရင် မဖြစ်တော့တဲ့ .....
အခြေအနေတစ်ခုကို ရောက်ရှိလာခဲ့ ပါပြီ …..။
၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ မှာ….
တပ်မတော် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်ဟာ….
ရှမ်းပြည်နယ်အတွင်းက …..
ကာကွယ်ရေး ပြည်သူ့ စစ်အဖွဲ့ ၂၃ ဖွဲ့ လုံးကို ....
လက်နက်ဖျက်သိမ်းဖို့ အတွက်……
မလွဲ မရှောင်သာ လုပ်ဆောင်ရပါတော့တယ်….
အဲဒီအခါမှာ ……
အဖွဲ့ အတော်များများ တောခိုသွားခဲ့ ကြပြီး ….
လော်စစ်ဟန် ကိုယ်တိုင်လည်း ……
ဒီထဲမှာပါဝင်ခဲ့ ပါတယ်…..
SSA နဲ့ သွားရောက်ပူးပေါင်းခဲ့ တဲ့ လော်စစ်ဟန်ဟာ....
တပ်မတော်ရဲ့ အောင်သံလွင် စစ်ဆင်ရေးကြောင့် …..
ယိုးဒယားနိုင်ငံထဲ ၀င်ပြေးခဲ့ရပြီး
၁၉၇၃ ဇူလိုင် ၁၆ ရက်နေ့  …..
ယိုးဒယားနိုင်ငံ ၀မ်လုံ ဟိုတယ်မှာ…..
ယိုးဒယား အစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ ရပါတယ်….
၁၉၇၃ခုနှစ် သြဂုတ် ၂ ရက်နေ့ မှာတော့ …..
ယိုးဒယား အစိုးရဟာ …..
လော်စစ်ဟန်ကို…..
မြန်မာနိုင်ငံကိုပဲ ပြန်လည် လွှဲပြောင်းပေးခဲ့ ပါတယ်……..။
နှစ်ရှည်ထောင်ဒဏ်အများအပြား ချမှတ်ခံရတဲ့ ….
လော်စစ်ဟန်ဟာ…..
၁၉၈၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှာ….
ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီး …..
အောင်မြင်စွာ ကျင်းပ ပြီးစီးခြင်းနှင့် ……
သံဃာ့ ၀န်ဆောင် အဖွဲ့ကြီး …..
အောင်မြင်စွာ ဖွဲ့စည်းနိုင်ခြင်း အထိမ်းအမှတ် အဖြစ်…..
အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် (၂/၈၀) အရ…..
ဦးနု ၊ ဗိုလ်သက်ထွန်း ၊ ဗိုလ်မှူးအောင်……
စောကြာဒိုး၊ ဗိုလ်ရန်နိုင်၊ ဂျင်မီယန်း……..
ရန်ကုန်ဘဆွေ အစရှိတဲ့ ပုဂ္ဂိုလ်များနဲ့ အတူ …..
လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ ပါတယ်………။
ဒါပေမယ့်လဲ ….
ရှမ်းပြည်နယ်ရဲ့ တောင်ပိုင်း တစ်နေရာမှာတော့ ….
ဒီအုပ်စုထဲမှာ မပါဝင် ပဲ ရပ်တည်နေတဲ့  …..
ပုဂ္ဂိုလ် တစ်ဦးကလဲ .....
သီးခြား ကျန်ရှိနေပါသေးတယ်…….
သူကတော့ …ဘိန်းလုပ်ငန်းတွေနဲ့ နာမည်ကြီးလှတဲ့ ….
လွယ်မော် ဒေသက ပြည်သူ့ စစ်ခေါင်းဆောင် ….
လော်စစ်ဟန်ရဲ့ တပည့်ဟောင်း….
ခွန်ဆာ ပဲ ဖြစ်ပါတယ်……..။
၁၉၆၁ ခုနှစ်မှာ ဗကပ ကာကွယ်ရေးအတွက် ……
အင်အားလေးဆယ်နီးပါးနဲ့ စတင်ဖွဲ့ စည်းခဲ့ တဲ့ …..
လွယ်မော်ပြည်သူ့ စစ်အဖွဲ့ ဟာ…
၁၉၆၄ ဇွန်လမှာ စတင်တောခိုခဲ့ ပါတယ်….
၁၉၆၆မှာ ပြန်လည် အလင်းဝင်ခဲ့ ပေမယ့် …..
တစ်ဘက်ကလည်း ဘိန်းလုပ်ငန်းကို …..
အကြီးအကျယ် လုပ်ကိုင်နေမှုကြောင့် …
ခွန်ဆာရဲ့ တပ်တွေနဲ့ လောစစ်တပ်က ဗိုလ်ချုပ် အုန်းရက်တီအုန်းတို့ …..
ဘိန်း အရောင်းအ၀ယ်ပြုလုပ်နေစဉ်……
ကူမင်တန် ဗိုလ်ချုပ် မာရဲ့ တပ်များက…..
ဝင်ရောက်လုယက်သည့် အတွက်….
လောနိုင်ငံ ဗန်ကွန်းရွာမှာ ……
တိုက်ပွဲ အကြီး အကျယ် ဖြစ်ပွားခဲ့ ပါတယ်…..။
တိုက်ပွဲဟာ သုံးပွင့်ဆိုင် ဖြစ်ပွားခဲ့ပြီး….
စစ်သည်အင်အား ထောင်နဲ့ ချီ ပါဝင်တိုက်ခိုက်ကြကာ….
နောက်ဆုံးမှာ လောစစ်တပ်က ….
လေထီးတပ်ရင်းများနဲ့ …..
တိုက်လေယာဉ်များ သုံးပြီး မောင်းထုတ်ရတဲ့ အထိ …..
တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်…….
၁၉၆၉ အောက်တိုဘာ ၂၅ မှာ …..
အစိုးရက ခွန်ဆာကို ၀င်ရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့ ပြီး
တရုတ်ဖြူထောက်လှမ်းရေး တပ်မှူးဟောင်း…..
ဒုခေါင်းဆောင် ကျန်ဆုရှင် ဦးစီးတဲ့ အဖွဲ့ ကတော့
ထပ်မံတောခိုသွားခဲ့ပါတယ်…..။
အဲဒီအဖွဲ့ ဟာ…..
၁၉၇၃ ဧပြီ ၁၆ ရက်နေ့ မှာ…
တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံက …
ရုရှား ဆရာဝန် နှစ်ယောက်ကို ပြန်ပေးဆွဲကာ…….
ခွန်ဆာနဲ့ လှဲလှယ်ဖို့ တောင်းဆိုခဲ့ တဲ့ အတွက်....
၁၉၇၄ စက်တင်ဘာမှာ လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာကာ ….
ခွန်ဆာကို လွှတ်ပေးခဲ့ ရပေမယ့်လည်း ….
၁၉၇၆ ဖေဖော်ဝါရီ ၇ မှာ ထပ်မံတောခိုခဲ့ ပြီး…..
တစ်စထက်တစ်စ အင်အားကြီးထွားလာခဲ့ပါတယ်……
၁၉၈၅ မတ် ၂၆ ရက်မှာ …….
SURA မိုးဟိန်းအဖွဲ့ နဲ့ ပူးပေါင်းပြီး …..
MTA အဖွဲ့ အဖြစ်ပြောင်းလဲ ဖွဲ့ စည်းခဲ့ ကာ….
အင်အား ၃၀၀၀၀ နီးပါးထိ…..
ရောက်ရှိလာခဲ့ တဲ့  ခွန်ဆာရဲ့ အဖွဲ့ ဟာ….
ရှမ်းပြည်မှာ အင်အား အကြီးဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်လာခဲ့ပြီး....
အမေရိကန် DEA က အလိုအရှိဆုံးလူ ၇ ဦး ထဲမှာ ……
ထည့်သွင်းကြေငြာခဲ့ပေမယ့်လည်း
တစ်ဖက်ကလည်း…..
ဟိုမိန်း ဌာနချုပ် စခန်းမှာ …..
စီအိုင်အေနှင့် ဒီအီးအေ အရာရှိများ…..
ပြည်ပ သတင်းစာ ဆရာများ နဲ့ ……
အမေရိကန် အစိုးရရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ အကြံပေးအရာရှိ ….
Peter Bourne တို့ ကို အမြဲလက်ခံ တွေ့ ဆုံနေခဲ့ တဲ့ အထိ….
ကြီးကျယ်ခမ်းနားလာခဲ့ပါတယ်…….။
၁၉၉၃ ဒီဇင်ဘာ ၁၄ ရက်နေ့ မှာ ……
လွတ်လပ်သောရှမ်းပြည်ကို ထူထောင်ကြောင်းနဲ့ ….
သူ့ ကိုယ်သူ ရှမ်းပြည်နယ်ရဲ့ သမ္မတ ဖြစ်ကြောင်း …..
ကြေငြာခဲ့ ပေမယ့်လည်း …..
ဘယ်သူကမှအသိအမှတ်မပြုခဲ့ သလို …..
နိုင်ငံရေးအရ တော့ …..
ခြေလှမ်းတစ်ကွက်မှားသွားတယ်လို့ လဲ ဆိုနိုင်ပါတယ်…
အဲဒါကတော့ …..
အဲလိုကြေငြာပြီးနောက်ပိုင်းမှာ……
တပ်မတော်ရဲ့ ကျောထောက်နောက်ခံပြုထားတဲ့  …..
ဝ တပ်ဖွဲ့ တွေဟာ ….
ခွန်ဆာရဲ့ ရှမ်းပြည်တောင်ပိုင်းက နယ်မြေတွေကို ……
အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်လာတာပါပဲ …..။
တိုက်ပွဲတွေဟာ ၂ နှစ်နီးပါးလောက်ကြာမြင့်ခဲ့ ပြီး ……
နှစ်ဖက်စလုံးမှာ လူထောင်နဲ့ ချီသေဆုံးခဲ့ ချိန်မှာ တော့….
ခွန်ဆာ့ အတွက် အကျပ်ရိုက်စရာ တစ်ခု …….
ထပ်မံပ်ါပေါက်လာပါတော့တယ်……
အဲဒါကတော့ ….
သူ့ အဖွဲ့ ထဲက SSNA ကမ်းရွက် ၊ စိုင်းမိန်း တို့ အဖွဲ့ ……
အင်အား ၄၀၀၀ ကျော်ဟာ ……
အစိုးရ နဲ့ သွားရောက် ပူးပေါင်းလိုက်တာပဲ ဖြစ်ပါတယ်…….။
စိတ်ဓာတ်အင်အား အတော်ချိနဲ့ လာတဲ့ ခွန်ဆာ အဖွဲ့ ဟာ …
၁၉၉၅ နှစ်ကုန်ပိုင်းမှာ……..
အမှတ် ၂၄ တပ်မတော်ထောက်လှမ်းရေးတပ် (တာချီလိတ်) ကို ဆက်သွယ်ပြီး …..
ငြိမ်းချမ်းရေးယူလိုကြောင်း ကမ်းလှမ်းခဲ့ပေမယ့်….
တပ်မတော် အစိုးရက လက်မခံတော့ပါဘူး…..
မူးယစ်ဆေးဝါးနဲ့ လုံးဝ မပတ်သက်တော့ဖို့ ..…..
အကြွင်းမဲ့ လက်နက်ချဖို့ နဲ့ ……
လက်နက်ချဖို့  သဘောတူခဲ့ ရင် တော့ …….
ပြည်ပနိုင်ငံတွေကို လွှဲမပေးဘူးဆိုတဲ့ အချက်လောက်ကိုပဲ …….
အကြောင်းပြန်ကြားခဲ့ တဲ့ အတွက်…..
၁၉၉၆ ဇန်န၀ါရီမှာပဲ ……
ခွန်ဆာအဖွဲ့ အင်အား ၁၄၀၀၀ ဟာ ……
အကြွင်းမဲ့ လက်နက်ချခဲ့ ပြီး …..
အဖွဲ့ ကိုဖျက်သိမ်းလိုက်ပါတော့တယ်……..။
ခွန်ဆာအဖွဲ့ လက်နက်ချတဲ့ အချိန်မှာတော့ …..
သူရဲ့ တပ်မှူးငယ် တစ်ဦးဖြစ်တဲ့  ရွက်ဆစ်ဟာ ….
နောက်လိုက် အင်အား ၈၀၀ လောက်နဲ့ …..
ယိုးဒယားပြည်အတွင်း ၀င်ရောက်သွားခဲ့ပြီး
ဆက်လက်တောခိုခဲ့ ပါတယ်…..
ဒါဟာ နောက်ထပ် ၁၀ စုနှစ်တစ်စုစာလောက်
တိုက်ပွဲ များကို ဆက်လက်ဖြစ်ပေါ် စေခဲ့ပြီး….
ရှမ်းပြည်နယ်ရဲ့ မပြီးဆုံးနိုင်တဲ့ ….
လက်နက်ကိုင်ဇာတ်လမ်းများထဲက တစ်ခုအဖြစ်လည်း …..
ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်….။
၁၉၈၈ ခုနှစ် နှောင်းပိုင်း…..
မိုင်းယန်းတိုက်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ ရတဲ့ ….
ဗမာပြည်ကွန်မြူနစ်ပါတီဟာ……
အရှေ့ မြောက် စစ်ဒေသရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးဖို့  …….
ဗိုလ်မှူးချုပ် အဆင့်ရှိတဲ့ ….
တပ်မတော်ထောက်လှမ်းရေး အရာရှိတစ်ဦးက ……..
စီစဉ်ဆောင်ရွက်နေပြီမှန်း …..
သူဘယ်လိုမှ ကြိုသိနိုင်စွမ်းမယ် မဟုတ်ပါဘူး…..။
ကိုးကန့် ၊ ၀ နဲ့ အခါ တိုင်းရင်းသားတွေပါဝင်တဲ့ …..
ရှမ်းပြည်မြောက်ပိုင်းက ဗကပ တပ်မဟာတွေ ကြားကို …..
တပ်မတော်ရဲ့ ထိတ်ထိတ်ကြဲ လက်ရွေးစင်တပ်မ တွေတောင်….
ဆက်လက် မထိုးဖောက်နိုင်ပဲ ……
ရင်ဆိုင်ထိန်းချုပ်ထားရတဲ့ အချိန်မှာ…..
အသက်အရွယ်အတော်ထောက်နေပြီဖြစ်တဲ့ …..
အမျိုးသား နှစ်ဦး နဲ့ အမျိုးသမီးတစ်ဦးဟာ…..
အနှစ် ၄၀ ကျော် သက်တမ်းရှိတဲ့ ….
လက်နက်ကိုင် ပါတီကြီးတစ်ခုကို…
တစ်စစီ ဖြို ခွဲပြစ်ဖို့  ……
ခရီးထွက်လို့ လာနေ ခဲ့ ပါပြီ……။
တပ်မတော် ထောက်လှမ်းရေးဟာ ……
ဗကပ အဖွဲ့ ကြီးအတွင်း …..
အချင်းချင်း သဘောကွဲလွဲမှုတွေ .....
ဖြစ်နေတယ်ဆိုတဲ့  သတင်းတွေကို …..
ထောက်လှမ်းရရှိနေတာ …….
အတော်ကြာခဲ့ ပါပြီ…….
ဒီသတင်းတွေအရ……….
လူမျိုးစု တပ်မဟာတွေခေါင်းဆောင်တွေနဲ့ …..
ကြိုတင် ထိတွေ့ အဆက်အသွယ် ယူထားစေခဲ့ပြီး…..
အချိန်ကျပြီလို့ ယူဆတဲ့ အချိန်မှာတော့
လော်စစ်ဟန် ၊ အော လစ်ယန်း နဲ့  …….
ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးတို့ ပါဝင်တဲ့ …..
ဒီလျှို့ ဝှက် အဖွဲ့ လေးကို စေလွှတ်လိုက်တာလဲ ဖြစ်ပါတယ်……။
ဒီအဖွဲ့ လေးက သယ်ဆောင်လာတဲ့ ……
ညှိနိုင်း ကမ်းလှမ်းချက်တွေအရ…….
၁၉၈၉ မတ်လ ၁၂ရက်နေ့ မှာ …
ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် တပ်မဟာတွေဟာ…..
ဗကပ ကခွဲထွက်ခဲ့ကြပြီး….
နောက်ဆက်တွဲ လက်ဆောင်အဖြစ်…..
ဧပြီလ ၁၇ ၇က်နေ့ မှာ ၀ တပ်ဖွဲ့ တွေဟာ ……
ဗကပ ပန်ဆန်း ဗဟိုဌာနချုပ်ကိုပါ ….
ဝင်ရောက်သိမ်းပိုက်ပြီး ထပ်မံ ခွဲထွက်ခဲ့တာကြောင့် …….
ဗကပဟာ အတော် အထိနာသွားခဲ့ပါတယ်…..
ခေါင်းဆောင်များ ကိုယ်တိုင် ……
လူလွတ် ထွက်ပြေးခဲ့ ရတဲ့ အခြေအနေကိုရောက်ရှိခဲ့ ပြီး……
ရှမ်းအရှေ့ ရှိ တပ်မဟာ ၇၆၈ နဲ့ …..
တပ်မဟာ ၈၁၅ တို့ ကပါ ပုန်ကန်ချိန်မှာတော့ ……
ဗကပ အရှေ့ မြောက်စစ်ဒေသဟာ .....
လုံးဝ ပြိုကျသွားခဲ့ ရပါပြီ…..။
တပ်မတော်အစိုးရဟာ ……
ကြိုတင်ညှိနိုင်းထားတဲ့ အတိုင်း …….
ခွဲထွက် ဗကပ အဖွဲ့ များနဲ့ …..
အပစ်အခတ် ရပ်စဲရေးကို ချက်ချင်းတည်ဆောက်ခဲ့ပြီး……
အထူးဒေသများ သတ်မှတ်ပေးကာ…..
တပ်ဖွဲ့ များ ဆက်လက်တည်ရှိခွင့်နဲ့ ….
တရားဝင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်တို့ ကို …….
ခွင့်ပြုပေးခဲ့ပါတယ်……..
ဖုန်ကြားရှင် ဦးစီးတဲ့ ကိုးကန့် အဖွဲ့ အတွက် …..
လောက်ကိုင်ဒေသကို ……
ကိုးကန့် အထူးဒေသ ၁ နေရာ အဖြစ် သတ်မှတ်ပေးခဲ့ပြီး …..
မကြာခင်မှာပဲ …..
ဖုန်မျိုး နဲ့ ရန်မျိုး ခေါင်းဆောင် အများစုပါဝင်တဲ့ ….
MNDAA အဖွဲ့ ဟာ .....
စတင် အင်အားကြီးထွားလို့ လာခဲ့ပါပြီ…..။
အပစ်အခတ် ရပ်စဲလိုက်ကြတဲ့ …..
ငြိမ်းချမ်းရေး အဖွဲ့ အစည်း အတော်များများဟာ….
အဲဒီဒေသမှာ ....
ရာစုနှစ် တစ်ခုနီးပါး ကြာမြင့်နေပြီဖြစ်တဲ့ …..
အစဉ်အဆက် မိရိုးဖလာ ......
ဘိန်းစိုက်ပျိုးရေးလုပ်ငန်းကိုပဲ ….
ပြန်လည် အဓိကထား လုပ်ကိုင်ကြတဲ့ အတွက်….
ငြိမ်းချမ်းရေးကို အဓိကထား စဉ်းစားပြီး….
အပစ်အခတ် ရပ်စဲလိုက်တဲ့ .....
တပ်မတော် အစိုးရအဖို့ တော့ …..
အတိုက်အခံတို့ ရဲ့ စွပ်စွဲမှု အများအပြားကို …
ခါးစည်း ရင်ဆိုင်ခဲ့ရပါတယ်…….။
ဒါပေမယ့်လည်း တပ်မတော် အစိုးရ အဖို့ တော့….
ဒီ ဘိန်းပပျောက်ရေးကိစ္စဟာ……
ဘယ်သူတွေ ဘယ်လို ဖိအားပေးပေး ….
အချိန်ယူဖြေရှင်းဆောင်ရွက်ရမယ့် ……
မဟာဗျူဟာ တစ်ခုလို့ ပဲ ရူမြင်ခဲ့ပြီး…..
လွတ်လပ်ရေးမရခင်ကတည်းက …..
အဲဒီဒေသတွေရဲ့  …..
အသက်မွေး ၀မ်းကျောင်းလုပ်ငန်း တစ်ခုလို ဖြစ်နေတဲ့ 
လူဦးရေ သန်းနဲ့ ချီနေတဲ့ .....
ဘိန်းစိုက်တောင်သူတွေ အတွက်….
ထိရောက်တဲ့ ဘိန်း အစားထိုး စီမံကိန်းတွေ ......
မလုပ်ဆောင်နိုင်သေးပဲ....
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများအပေါ်ကို ….
အရင်စလို ဖိအားပေး ....
ကိုင်တွယ်ခြင်းမပြုဖို့  ဆုံးဖြတ်ခဲ့ပါတယ်…..။
၁၉၉၂ ခုနှစ် အရောက်မှာတော့ ……
ဒေသတွင်း စီးပွားရေးနဲ့ .....
နယ်မြေ အပြိုင်အဆိုင်ချဲ့ ထွင်ရင်း
ရန်သူသဖွယ် ဖြစ်လာတဲ့ .....
ကိုးကန့် ဖုန် နဲ့  ရန်မျိုးနွယ်တွေဟာ….
နောက်လိုက်တပ်ဖွဲ့ အသီးသီးနဲ့ ….
စစ်ပွဲအသွင် တိုက်ခိုက်လာကြတဲ့ အတွက် ….
တပ်မတော်ထောက်လှမ်းရေး တပ်ဖွဲ့ မှ …..
စေ့စပ်ဖြန်ဖြေရေး အဖွဲ့ များ နဲ့ အတူ ……
တပ်မ (၉၉) ကိုပါ စေလွှတ်ထိန်းသိမ်းပေးခဲ့ရပြီး….
ဖုန်မျိုးနွယ် များကို လောက်ကိုင် ချင်းရွှေဟော်ဒေသ…
ရန်မျိုးနွယ်များကို ကွမ်းလုံဒေသ တစ်ဝိုက်နဲ့ ….
ကချင်နွယ်ဖွား မုန်ဆာလကိုတော့ ……
မုံးကိုး ဒေသတစ်ဝိုက် …..
နေရာချထားပေးခဲ့ ရပါတယ်……။
၂၀၀၀ ပြည့်နှစ်မှာတော့….
မုံးကိုးဒေသက မုန်ဆာလအုပ်စုဟာ….
အဖွဲ့ တွင်း ပဋိပက္ခများကြောင့် ….
ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင် အကြား ……
အုပ်စုလိုက် တိုက်ပွဲများ ……
ထပ်မံဖြစ်ပွားလာပြန်ပါတယ်…..
တပ်မတော်အစိုးရအနေနဲ့ ….
အကြိမ် ညှိနိုင်းဖြန်ဖြေခဲ့ပေမယ့် …..
ဘယ်လိုမှ စေ့စပ်လို့ မရတော့အတွက်….
မုံးကိုး အရေးအခင်း ဖြစ်ပွားလာခဲ့ပြီး….
မကြာခင်ပဲ……
တပ်မတော် စစ်ကြောင်းများဟာ …..
မုံးကိုး ဒေသကို သိမ်းယူလိုက်ပါတော့တယ်…..
ဒီတိုက်ပွဲစဉ်များအတွင်း …..
ဒုတိယ ခေါင်းဆောင် လီနမင် ကိုယ်တိုင် သေဆုံးခဲ့ ပြီး…..
ခေါင်းဆောင် မုန်ဆာလ ကတော့ …….
နှစ်ရှည် ထောင်ဒဏ်များ ချမှတ် အရေးယူခံခဲ့ ရပါတယ်….။
၂၀၀၉ ခုနှစ် ကိုးကန့် ဒေသရဲ့  .....
နှစ်ဦးပိုင်း ရက်တစ်ရက်မှာ…..
သိန္နီမြို့ နယ် နမ့်ဆလတ် ကျေးရွာ အနီးမှာ….
ကားတစ်စီး လမ်းချော် တိမ်းမှောက်ပြီး …..
ယာဉ်မောင်းများက ....
ကားကို စွန့် ပြစ် ထွက်ပြေး သွားခဲ့ တဲ့ …..
ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ ပါတယ်…..
ပြသနာကတော့….
ကားအတွင်းမှာတွေ့ ရှိရတဲ့ …
စနစ်တကျ ထုတ်ပိုးထားတဲ့  လက်နက် အများအပြားပါပဲ…..။
တရုတ်ပြည်လုပ် မဟုတ်ပဲ ….
ဒေသန္နရ စက်ရုံထုတ် လက်နက်တွေဟာ….
အဲဒီဒေသက ....
ထောက်လှမ်းရေးအဖွဲ့ အစည်းတွေအတွက်တော့….
ယခင်ရရှိထားတဲ့ သတင်းတွေနဲ့ .....
ဆက်စပ်တည်ဆောက်လိုက်ရင်…..
အတော့်ကိုပဲ .....
စိုးရိမ်စဖွယ်အခြေအနေဖြစ်လို့ နေပါပြီ…..
ဒါဟာ…သြဂုတ်လထဲမှာ ပြုလုပ်တော့မယ့်….
လောက်ကိုင်မြို့ ပေါ်က
လူသုံးကုန်စက်ရုံ အဖြစ် ဟန်ပြထားတဲ့ …..
မသင်္ကာဖွယ်ရာ နေရာအများအပြားကို ….
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က .....
ဝင်ရောက်စီးနင်းရှာဖွေတော့မယ့်….
စစ်ဆင်ရေးရဲ့ အစလည်း ဖြစ်ပါတယ်……။
၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ မှာ
လောက်ကိုင် မြို့ အထွက် ရန်လုံကြိုင်းဂိတ်နားက …..
မသင်္ကာဖွယ် စက်ရုံ ကို ၀င်ရောက်ရှာဖွေတဲ့ …..
ရဲတပ်ဖွဲ့ ဝင် ၃၀ ခန့် ဟာ……
အတွင်းမှာတော့ …..
အင်အား ၃၀၀ လောက်ရှိတဲ့ .....
ကိုးကန့် တပ်ဖွဲ့ ဝင်တွေရဲ့ ….
လက်နက်သိမ်းဆည်းခြင်းကို ခံရပြီး ….
အကျယ်ချုပ် အဖြစ်နဲ့  ……
ဆက်လက်ဖမ်းဆီး ထားခြင်းကိုပါ ခံလိုက်ရပါတယ်…..။
ဒီအဖြစ်အပျက်ဟာ…..
လောက်ကိုင်မှာ တည်ရှိတဲ့ ……
ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) လက်အောက်ခံ …..
တိုက်ခိုက်ရေး တပ်ရင်း ၅ ရင်းနဲ့ ……
အမှတ် ၅၀၆ အမြောက်တပ်ရင်းအတွက်တော့ …..
အရေးပေါ် တပ်လှန့် ခဲ့ ရတဲ့ ....
အနေအထားကို ဆိုက်ရောက်ခဲ့ပြီး…..
လောက်ကိုင်ဒေသရဲ့ အချက်အခြာနေရာများမှာ….
ဝင်ရောက်တပ်စွဲဖို့ ပြင်ဆင်ရပါတော့တယ်…..။
ဒါပေမယ့်လဲ .....
ဖုန်ကြားရှင်ရဲ့ တပ်ဖွဲ့ တွေဟာ….
ရပ်တန့် လို့ မသွားတော့ပဲ
အင်မတန်မှ မိုက်မဲတဲ့ ကိစ္စတစ်ခုကို….
ဆက်လက် ဆောင်ရွက်လို့ နေ နေပါပြီ…….
ဒါဟာ …၁၉၉၀ ပြည့်လွန်နှစ်တွေက…..
အရူးမီးဝိုင်း ဖြစ်နေတဲ့ တပ်မတော် တစ်ခု အတွက်….
သိပ်ပြသနာမရှိလှပေမယ့်…..
၂၀၀၉ ခုနှစ် မြန်မာ့တပ်မတော် အဖို့ တော့….
လုံးဝ သည်းခံနိုင်လိမ့်မယ် မဟုတ်ပါဘူး…..။
၂၀၀၉ ခုနှစ် သြဂုတ်လ ရဲ့ နေ့ တစ်နေ့ မှာ……
သိန္နီ အခြေစိုက် …..
အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဟာ…..
သိန္နီ ကွမ်းလုံ ချင်းရွှေဟော် လောက်ကိုင် လမ်းတလျှောက်…..
ဒလဟော ချီတက်လာခဲ့ ပြီး ……
လောက်ကိုင်မြို့ ရဲ့ အချက်အခြာနေရာတွေမှာ …..
ဝင်ရောက်နေရာယူ တပ်စွဲလိုက်ပါတယ်……။
သူ့ နောက်က တစ်ဆက်တည်း ကပ်ပါလာတဲ့  ……
အမှတ် ၃၃ ခြေမြန်တပ်မကတော့ ကိုးကန့် ဒေသရဲ့ ….
ဆက်သွယ်ရေး လမ်းကြောင်းများ အားလုံးကို …
ညတွင်းချင်း ထိန်းချုပ်လိုက်ပြီး….
မိတ္ထီလာဘက်က တက်လာတဲ့ …..
အမှတ် ၉၉ ခြေမြန်တပ်မ ကတော့….
ညီနောင်တံတားက တဆင့် …..
ဝ ဒေသထဲကို တဟုန်ထိုးဝင်ရောက်သွားကာ
ဟိုပန်…ပန်လုံ ဒေသမှာ …
ဝ တပ်ဖွဲ့ များနဲ့ မျက်နှာချင်းဆိုင်
တပ်မ တစ်ခုလုံး နေရာယူလိုက်ပါတယ်……
နောက်တစ်နေ့ မနက်မှာတော့…
ကိုးကန့် ဒေသနဲ့ ဝ ဒေသကြားမှာရှိတဲ့ …
ဆက်သွယ်ရေး လမ်းကြောင်းများ အားလုံးကို
တပ်မ ၉၉ တပ်ရင်းတွေဟာ…
အခိုင်အမာ ဖြတ်တောက် ပိတ်ဆို့ လို့  …..
နေရာယူနှင့် ပြီးနေပါပြီ…..။
သြဂုတ်လ ၂၂ရက်နေ့ မှာတော့ ….
ဖုန်ကြားရှင်နဲ့ တာဝန်ရှိသူလေးဦးကို …..
ဖမ်းဝါးရမ်း ထုတ်ပြန်ခဲ့ ပြီး
သြဂုတ်လ ၂၃ ရက်နေ့ အရောက်မှာ …
ဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို လွှတ်ပေးဖို့ ….
သွားရောက်စေ့စပ်ညှိနိုင်းတဲ့  ရဲတပ်ဖွဲ့ ဝင် တစ်ချို့ ဟာ….
လက်နက်တွေကို အပြင် မှာပဲထားကာ …..
စကားပြောဆိုဖို့ အတွက်……
စက်ရုံတွင်းကို ဖိတ်ခေါ်ခံခဲ့ ရပြီး…..
စက်ရုံထဲ အရောက်မှာတော့ ….
သေနတ်နဲ့ ပစ်သတ်ခြင်းခံရတဲ့ အတွက် …
ရဲတပ်ဖွဲ့ မှူး နဲ့ စကားပြန် ရဲမေ အပါအ၀င် …..
ရဲတပ်ဖွဲ့ ဝင် ၁၁ ဦး သေဆုံးခဲ့ရပါတယ်….။
စက်ရုံကို အပြင်က ၀ိုင်းထားတဲ့ ….
စကခ (၁၆) တပ်ရင်းများဟာ…..
သေနတ်သံ ကြားကြားချင်း ….
စက်ရုံတွင်းကို အတင်း ၀င်ရောက် ….
ပစ်ခတ်ရှင်းလင်း ခဲ့ ပေမယ့် …
ရဲတပ်ဖွဲ့ ဝင်တွေရဲ့  အသက်ကိုတော့ ….
မကယ်လိုက်နိုင်တော့ပါဘူး……။
အဲဒီနောက်မှာတော့ …..
လောက်ကိုင် ဒေသတစ်ခုလုံးဟာ…..
သေနတ်သံတွေနဲ့ …..
ပွက်ပွက်ညံ သွားခဲ့ပါပြီ………။
ဒကစ (လောက်ကိုင်) ကုန်းပေါ်က…..
အမှတ် ၅၀၆ အမြောက်တပ် နဲ့ …..
ဒကစ ပစ်ကူပေး လက်နက်ကြီးတပ်ခွဲက…..
၁၂၀ မီလီမီတာ စိန်ပြောင်းကြီး ၆လက်ဟာ…..
တိုက်ပွဲ စတင်ပြီး မကြာခင်မှာပဲ…..
ရန်လုံကြိုင်း နဲ့ စီအော တစ်ဝိုက်က …..
ကိုးကန့် ခံစစ်စခန်းတွေကို …….
ထောင်းလမောင်းကြေအောင် ပစ်ခတ်ပြစ်လိုက်ပြီး…..
စကခ ၁၆ တပ်ရင်းများကတော့…..
ပစ်ခတ်မှုရပ်သွားတာနဲ့  တစ်ပြိုင်နက် ….
သရဲမရဲစီးသလို အတင်းတက်လုံးပစ်လိုက်ပါတယ်…..။
တိုက်ပွဲအတွင်းကို တော့…….
ရန် မျိုးနွယ်ရဲ့ သစ္စာခံတပ်များ လုံးဝ ပါဝင်မလာပဲ ….
ရန်မိုးလျံ နဲ့ ဒုဥက္ကဌ ပယ်ဆောက်ချိန် ကိုယ်တိုင် …..
ဒကစ (လောက်ကိုင်) ကို လာရောက်ပူးပေါင်း ခဲ့ပါတယ်…..
တိုက်ပွဲကာလ ဟာ ၄ ရက်မျှသာ ကြာမြင့်ခဲ့ပြီး……
ဖုန် တပ်ဖွဲ့ အများအပြားဟာ တရုတ်ပြည်ထဲကို ….
ရန်လုံကြိုင်း ဂိတ်က တစ်ဆင့် …..
ထွက်ပြေးဝင်ရောက်သွားခဲ့ပါတယ်…..
လက်နက်များ ကိုတော့ …….
တရုတ်ရဲ များက ယူဆောင်ခွင့်မပြုပဲ သိမ်းဆည်းခဲ့ပြီး…….
တပ်မတော် စစ်ကြောင်းများထံ …..
ထရပ်ကား လေးစီးတိုက်မျှ ပြန်လည်အပ်နှံခဲ့ပါတယ်…..။
တပ်မတော်အစိုးရဟာ….
သတင်းစာရှင်းလင်းပွဲမှာတော့ …..
ဖမ်းဆီးရမိခဲ့တဲ့ လက်နက်စက်ရုံက လက်နက်များနဲ့ …..
မူးယစ်ဆေးဝါး အမြောက်အများကို …..
ခင်းကျင်းပြသ ခဲ့ကာ…..
ကိုးကန့် ဒေသ အုပ်ချုပ်ရေးကော်မတီမှာ …..
ဒုဥက္ကဌ ပယ်ဆောက်ချိန်ကို ဥက္ကဌ အဖြစ် ……
ဆက်လက် ခန့် အပ်ခဲ့ပြီး ……
ရန်မိုးလျံကိုလဲ ကော်မတီဝင်အဖြစ်…..
ပြန်လည်ပါဝင် အုပ်ချုပ်စေခဲ့ပါတယ်…..။
အခြေအနေများ တည်ငြိမ်သွားချိန်မှာတော့…..
ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) ထံ….
နယ်မြေ တာဝန်များ လွှဲပြောင်းပေးအပ်ပြီး …..
မြန်မာ့ တပ်မတော်ရဲ့ ……
အမာခံ တိုက်ခိုက်ရေးတပ်မ (၄၀) ထဲက….
နာမည်ကျော် တပ်မ သုံးခုဟာ …..
သူတို့ ရဲ့ ဌာနချုပ်များထံ…..
တိတ်တိတ် ဆိတ်ဆိတ်ပဲ…..
ပြန်လည် ထွက်ခွာသွားပါတော့တယ်……။
( အပိုင်း ၂၂ မကြာမီ ဆက်တင်ပါမည် )
— with Thanda Win and 96 others.
ပြည်သူ့ အသည်းပန်း ဗိုလ်ချုပ်အောင်ဆန်း
$
0
0
 Photo: *** ပြည်သူ့ အသည်းပန်း ဗိုလ်ချုပ်အောင်ဆန်း*** *   ပျောက်သောသူ ရှာလျှင်တွေ့     သသောသူ ကြာလျှင် မေ့ ဟု     ဆိုလေ့စကား ရှိပေငြားလည်း     အများသူငါ မ မေ့သာသည့်    အာဇာနည်ယောက်ကျား ရှိခဲ့သည် ။  *   ယောက်ကျားဇာနည် သူ့ အမည်ကား     ပြည်သူ့ အသည်းပန်း     ဗိုလ်ချုပ်အောင်ဆန်းတည်း     လမ်းပြဖော်ဆောင် မြန်ပြည်ထောင်မှာ     ခေါင်းဆောင်အစစ် ပြည်သူ ချစ်ခဲ့ ။  *  နယ်ချဲ့ ဖက်ဆစ် ကျွန်အဖြစ်မှ    နွံနစ်ရှည်ကြာရှာ  ပြည်မြန်မာကို    လျင်စွာလွတ်အောင် သူကြံဆောင်၍    အောင်တပ်မတော် ဦးဆောင်ဖောခဲ့ ။  *  လူတော်လူကောင်း သူ့ အကြောင်းကာ်းကောင်းသတင်းကြိုင် မွှေးပျံ့ လှိုင်လျှက်    နိုင်ငံလူမျိုး ချစ်မြတ်နိုးသည့်   မျိုးမာန်ဝင့်ကြွား သူ့ စိတ်ထားကို   အများလေးစား ရိုမသွားခဲ့ ။  *  ဇူလိုင်ဆယ့်ကိုး စနေမိုးဝယ်    ဖြစ်ဆိုးတွေ့ကြုံ ရင်မှာတုန်အောင်    ဂဋ္ဌုန်ဦးစော လောဘဇောကြောင့်    သောကဝေစီ ရှိခဲ့သည် ။  * ဗိုလ်ချုပ်ကျဆုံး တစ်ပြည်လုံးတွင်    ယူကြုံးမရ မီးဟုန်းထသို့     နှစ်ကာလရှည် ကြာခဲ့လေလည်း    ကြာလေတမ်းတ မေ့မရခဲ့ ………  *  သြော်    ပြည်သူ့ အသည်းပန်း ဗိုလ်အောင်ဆန်းကား    ညှိးပန်းတစ်ပွင့် ဖြစ်ခဲ့လင့်လည်း    ရိုးကျင့်မြင့်ကြံ သူ့ ဟန်ပန်နှင့်    အမှန်ပြောလုပ် သူ့ သရုပ်ကို    အဟုတ်လေးစား ညှိးမသွားခဲ့ ………  *  ခြောက်ဆယ့်ခြောက်နှစ် ကြာပြီဖြစ်လည်း     တစ်ခေတ်မှာတစ်ယောက် စံပြုလောက်သူ     ထွန်းတောက်ကျော်ကြား ဂုဏ်မြင့်မားသူ     လေးစားဖွယ်စုံ ကမ္ဘာတုန်သူ     ရှိန်ဟုန်ကြီးမြင့် ရဲရင့်လေသူ     ဤလိုလူကား ရှာမှရှားမို့      လေးစားကြည်ညို ကဗျာတို့ ဖြင့်      စာဆိုဦးခိုက် ပူဇော်၏ ……………။     ကိုကိုအောင် ( ဘုရင့်နောင် )    ၆၆ နှစ်မြောက် အာဇာနည်နေ့ ကို    ဤကဗျာဖြင့် ဂုဏ်ပြုလိုက်ပါသည် ။
*** ပြည်သူ့ အသည်းပန်း ဗိုလ်ချုပ်အောင်ဆန်း***
* ပျောက်သောသူ ရှာလျှင်တွေ့
သသောသူ ကြာလျှင် မေ့ ဟု
ဆိုလေ့စကား ရှိပေငြားလည်း
အများသူငါ မ မေ့သာသည့်
အာဇာနည်ယောက်ကျား ရှိခဲ့သည် ။
* ယောက်ကျားဇာနည် သူ့ အမည်ကား
ပြည်သူ့ အသည်းပန်း
ဗိုလ်ချုပ်အောင်ဆန်းတည်း
လမ်းပြဖော်ဆောင် မြန်ပြည်ထောင်မှာ
ခေါင်းဆောင်အစစ် ပြည်သူ ချစ်ခဲ့ ။
* နယ်ချဲ့ ဖက်ဆစ် ကျွန်အဖြစ်မှ
နွံနစ်ရှည်ကြာရှာ ပြည်မြန်မာကို
လျင်စွာလွတ်အောင် သူကြံဆောင်၍
အောင်တပ်မတော် ဦးဆောင်ဖောခဲ့ ။
* လူတော်လူကောင်း သူ့ အကြောင်းကား
်ကောင်းသတင်းကြိုင် မွှေးပျံ့ လှိုင်လျှက်
နိုင်ငံလူမျိုး ချစ်မြတ်နိုးသည့်
မျိုးမာန်ဝင့်ကြွား သူ့ စိတ်ထားကို
အများလေးစား ရိုမသွားခဲ့ ။
* ဇူလိုင်ဆယ့်ကိုး စနေမိုးဝယ်
ဖြစ်ဆိုးတွေ့ကြုံ ရင်မှာတုန်အောင်
ဂဋ္ဌုန်ဦးစော လောဘဇောကြောင့်
သောကဝေစီ ရှိခဲ့သည် ။
* ဗိုလ်ချုပ်ကျဆုံး တစ်ပြည်လုံးတွင်
ယူကြုံးမရ မီးဟုန်းထသို့ 
နှစ်ကာလရှည် ကြာခဲ့လေလည်း
ကြာလေတမ်းတ မေ့မရခဲ့ ………
* သြော်
ပြည်သူ့ အသည်းပန်း ဗိုလ်အောင်ဆန်းကား
ညှိးပန်းတစ်ပွင့် ဖြစ်ခဲ့လင့်လည်း
ရိုးကျင့်မြင့်ကြံ သူ့ ဟန်ပန်နှင့်
အမှန်ပြောလုပ် သူ့ သရုပ်ကို
အဟုတ်လေးစား ညှိးမသွားခဲ့ ………
* ခြောက်ဆယ့်ခြောက်နှစ် ကြာပြီဖြစ်လည်း
တစ်ခေတ်မှာတစ်ယောက် စံပြုလောက်သူ
ထွန်းတောက်ကျော်ကြား ဂုဏ်မြင့်မားသူ
လေးစားဖွယ်စုံ ကမ္ဘာတုန်သူ
ရှိန်ဟုန်ကြီးမြင့် ရဲရင့်လေသူ
ဤလိုလူကား ရှာမှရှားမို့ 
လေးစားကြည်ညို ကဗျာတို့ ဖြင့်
စာဆိုဦးခိုက် ပူဇော်၏ ……………။
ကိုကိုအောင် ( ဘုရင့်နောင် )
၆၆ နှစ်မြောက် အာဇာနည်နေ့ ကို
ဤကဗျာဖြင့် ဂုဏ်ပြုလိုက်ပါသည် ။
— with Khin San Lwin and 96 others.
ကောင်းမြတ်သော ကောက်ရိုးတစ်မျှင်
$
0
0
 Photo: ကောင်းမြတ်သော ကောက်ရိုးတစ်မျှင် ………..  “ ယောကျာ်း ”  “ ဟေ… ဘာတုန်းဟ ”  စာဖတ်ပြီး စည်းစိမ်းခံကောင်းနေချိန်မှာမှ မိန်းမဖြစ်သူရဲ့ ခေါ်သံကြောင့် စိတ်မရှည်တဲ့ပုံနဲ့ပြန်ထူး လိုက်တယ်။  “ တော်ကလည်း ဘာဖြစ်တာလဲ။ ဒီမှာ မေးစရာရှိလို့ဟာကို ”  “ အေး မေးမေး ”  “ ဘုရားပန်းအိုးက တစ်အိုးထဲထားရင်ထား မထားရင် နှစ်အိုး မထားကောင်းဘူးဆို ”  “ ဘယ်သူပြောလဲ ”  “ ဘေးအိမ်ကပြောတာပဲ။  စုံမတင်ကောင်းဘူးတဲ့။ မပဲတင်ကောင်းတယ်တဲ့ ”  ဘုရားအိုး ဘယ်နှအိုးတင်ရမလဲဆိုတာ ဘယ်ကျမ်းမှာ ဘယ်လိုပါတယ်။ လူကြီးတွေ ဘယ်လို ပြောခဲ့သလဲ ကျွန်တော်မိပါ။ ဒီတော့ ကျွန်တော်သိတာ ကျွန်တော်ယုံကြည်တာကိုပြောပါသည်။  “ အဓိကရည်ရွယ်ချက်ပဲ မိန်းမရ။ ဘုရားပန်းအိုးတင်တာက ဘုရားကို ပန်းနဲ့ပူဇော်တာပဲ။ တစ်ပွင့်ပဲ လှူလှူ၊ တစ်အိုးပဲလှူလှူ၊ နှစ်ပွင့်ပဲလှူလှူ ကိုယ်က ဘုရားရှင်ကို ဦးခိုက်ပြီး ပန်းလှူတာ။  အဲဒီတော့ ဘယ်နှအိုး တင်တင်ရတယ်။ ဘုရားကို ပန်းအိုးစုံတင်လို့ ခိုက်တယ်ဆိုတာ မရှိဘူး။ ဘုရားက ခိုက်တယ် ဆိုတာ ရှိလို့လား။ ”  “ သိပါဘူးရှင်၊ ကျွန်မကလည်းသူများပြောလို့ နားယောင်မိတာပါ ”  ပြောပြောဆိုဆို သူလှည့်ထွက်သွားသည်။ ကျွန်တော်လည်း စာပြန်ဖတ်နေလိုက်သည်။ …………  ဆရာကိုင်ရိုနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တစ်ခုကို ကျွန်တော်ကြားဖူးသည်။  တစ်နေ့ ဆရာကိုင်ရိုက လူတစ်ယောက်ရဲ့ လက္ခဏာကိုကြည့်ပြီး အိုဇာတာကောင်းမည့်အကြောင်း၊ မိသားစုနှင့် မခွဲမခွာနေရမည့်အကြောင်း ဟောပြောခဲ့ပါတယ်။  ဟောစာတမ်းကိုလည်း သူ့ကို တပါတည်း ထည့်ပေးလိုက်တယ်။  သူဆရာကိုင်ရိုအခန်းကနေ ထွက်သွားပြီး သိပ်မကြာပါဘူး လမ်းမပေါ်မှာ ကားတိုက်ခံရပြီး သေသွားတယ်။  ဒါနဲ့ ဆရာကိုင်ရိုက အပြေးရောက်လာပြီး ဟောစာတမ်းကိုင်ထားတဲ့လက်ကို ဖြန့်လိုက်ပြီး သူ့လက္ခဏာကို ကြည့်လိုက်တော့ လက္ခဏာတွေ ပြောင်းနေတာကို အံ့သြစွာတွေ့လိုက်ရပါတယ်။  ဒါဟာ တကယ့်အဖြစ်အပျက်ဟုတ်မဟုတ်တော့ မသိပါဘူး။  ကျွန်တော်က ဖြစ်နိုင်တယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုရင် လက္ခဏာပေါ်က အရေးကြောင်းဟာ လူရဲ့လုပ်ဆောင်မှုကို ပြတာပါ။  လူကိုယ်တိုင်က ကောင်းသောအလုပ်တွေလုပ်နေရင် ကောင်းသော လက္ခဏာအရေးကြောင်းဖြစ်မှာပါ။  ဒါကိုပြောတာက အတိတ်ကံကို စွန့်တာမဟုတ်သလို ဗေဒင်၊ လက္ခဏာရပ်ကို စော်ကားတာမဟုတ် ပါဘူး။  လူမှာ အတိတ်ကံဆိုတာ ရှိပေမယ့် လက်ရှိပစ္စုပ္ပန်လုပ်ရပ်ကြောင့် အတိတ်ကံတွေ ပြောင်းသွား နိုင်ပါတယ်။    ဒါဆို ဗေဒင်၊ ယတြာတွေ ဘာကြောင့်ရှိနေသလဲ။  အစွဲကြောင့်ပါ။ ဥပါဒါန်ကြောင့် ဥပါဒ် ရောက် နေကြခြင်းကြောင့်ပါ။ ………….  လူတွေဟာ တကယ့်အရေး၊ တကယ့်ဘေးနဲ့ကြုံလာရင် နီးစပ်ရာ ကောက်ရိုးတစ်မျှင်ကို ဖြစ်ဖြစ် လှမ်းစွဲတတ်တယ်လို့ဆိုပါတယ်။  အားကိုးရာပဲဖြစ်ဖြစ်၊ နီးစပ်ရာပဲဖြစ်ဖြစ်၊ ကြုံလို့ပဲဖြစ်ဖြစ် ကောက်ရိုး တစ်မျှင်ကို ဖမ်းဆွဲထားတတ်ပါတယ်။  လူဟာသေခါနီးမှာ ကိုယ်သွားရမယ့်၊ လားရာကို အာရုံနိမိတ်တွေထင်လာပါတယ်။ အဲဒီ အာရုံ နိမိတ်ဟာ ကိုယ်ပြုခဲ့တဲ့လုပ်ဆောင်ချက်တွေအပေါ် မူတည်သလို၊ ကိုယ့်ရဲ့ အစွဲတွေပေါ်လည်းမူတည် ပါတယ်။  နောက်ဆုံးအချိန်ရောက်နေတဲ့ လူတစ်ဦးဘေးမှာ တရားတော်တွေကို ဖွင့်ထားပေးခြင်းဟာ အစွဲ ကောင်းအောင်၊ နိမိတ်ကောင်းလုပ်ပေးလိုက်တဲ့ ကောက်ရိုးတစ်မျှင်ပါ။  သို့သော် တစ်ခါတစ်လေ ကျွန်တော်တို့ ဖမ်းဆွဲလိုက်တဲ့ ကောက်ရိုးတစ်မျှင်အပေါ် ဆန်းစစ်ဖို့တော့ လိုမယ်ထင်ပါတယ်။ …………  ရာထူးကျမှာဆိုးလို့ ယတြာချေတယ်။  ခိုက်မှာ ဆိုးလို့ ယကြာချေတယ်။ စီးပွားဖြစ်အောင် ယတြာ ချေတယ်။  ကြာကြာစံရအောင် “ကြာဇံ”လှူ၊ သြဇာညောင်းအောင် “ သြဇာသီး” လှူ၊ နေ့ချင်းညချင်း တက်အောင် “နေ့ဂျင်းတက်၊ ညဂျင်းတက်”လှူ၊  ကောင်းခြင်းတွေ ပေါင်းစုံအောင် “ ကောက်ညှင်း ပေါင်း”လှူကြတယ်။ ကြံကြံဖန်ဖန်အစွဲတွေ၊ အကြောက်တရားတွေကြောင့် လုပ်သင့်၊ မလုပ်သင့်၊ ယုတ္တိ ရှိ၊ မရှိ မစဉ်းစားတော့ပဲ လုပ်ကြတော့တယ်။  တချို့က ဘယ်အသားနဲ့ ဘယ်ဘုရားဆင်းတုလုပ်ကိုးကွယ်တဲ့။ ဘယ်အသားနဲ့ လုပ်ရင်တော့ ကိုယ့် နေ့နံနဲ့ မတည့်လို့ခိုက်တတ်ပါသတဲ့။  အင်း..ဘုရားရှင်ကများ..သူတို့နေ့နံနဲ့ မကိုက်လို့ ရန်တွေ့မယ်များ မှတ်နေသလားမသိကြပါဘူး။  တကယ်တော့  “ မကောင်းတဲ့ အစွဲတွေ ကုန်လာလေလေ၊ နေရရထိုင်ရတာ ရဲဝံ့သွက်လက် လာလေလေပါပဲ။ ”  လူတွေက အသက်အတွက်၊ ရာထူးအတွက်၊ စီးပွားအတွက် မှီရာ မှီရာကောက်ရိုးတွေကို လှမ်းဆွဲ ကြတာပါ။ သို့သော် ကိုယ်ဆွဲလိုက်တဲ့ ကောက်ရိုးဟာ ညံ့ဖျင်းနေသောကောက်ရိုးတွေ ဖြစ်နေတတ်ပါ တယ်။  ဒိဋ္ဌိအစွဲတွေ၊ အယူလွဲတွေဖြစ်နေရင်တော့ ကောက်ရိုးတစ်မျှင်ကို ဆွဲယူမယ့်အစား အသက်သေ ခံတာမှ ပို၍မြတ်မယ်ထင်ပါတယ်။  ဦးခေါင်းမီးလောင်၊ ရင်ဝလှံဆူး၊ ဒီထက် ဒိဋ္ဌိကို အရင်ဦးအောင်ဖြုတ်တဲ့။  ဒိဋ္ဌိနဲ့ ဘ၀ကူးရင်တော့ လားရာဟာ အပယ်လေးဘုံပါပဲ။ ………….  “ ကျွန်မတော့ ပန်းအိုးတစ်လုံးထပ်ဝယ်လာတယ်။ ဘယ်တစ်အိုး ညာတစ်အိုးတင်တော့မယ်။ ”  “ အေး အေး ကောင်းတယ်၊ ကြည့်ုလို့လဲ လှသလို ဘုရားရှင်ရဲ့ မျက်နှာတော်ကိုလည်း ဖူးမျှော် နိုင်တာပေါ့။ နို့မိုဆိုရင် ဘုရားပန်းအိုးတွေကများ ပန်းတွေကများပြီး ဘုရားရှိခိုးရင် ဘုရားကို မမြင်ရတော့ ဘူး။ ”  မိန်းမဖြစ်သူက ၀ယ်လာတဲ့ ပန်းအိုးနဲ့ ဘုရားပန်းတွေကို ဆေးကြောသည်။  ဘုရားစင်ပေါ်ကို သန့်ရှင်းရေးပြုလုပ်ပြီး ဘုရားပန်းအိုးများကပ်လှူသည်။ သောက်တော်ရေ၊ ဆွမ်းတပါတည်း ကပ်လှူသည်။  သူလုပ်ကိုင်တာတွေကိုကြည့်ပြီး ကျွန်တော်တွေးမိလိုက်သည်။   ကျွန်တော့မိန်းမကတော့ ဘုရားပန်းအိုး နှစ်အိုး(စုံ)ကို ရဲရဲကပ်လှူရဲသွားပြီ။  အစွဲလေးတစ်မျှင်ကို့  ဖြတ်ပစ်လိုက်ခြင်းနှင့်အတူ သံသရာရဲ့ လွတ်ကြောင်းအတွက် ကောင်းမြတ်သော ကောက်ရိုးတစ်မျှင်ကို ဖမ်းဆွဲနေပြီတကား။  ၁၂-၇-၂၀၁၃။
………..
“ ယောကျာ်း ”
“ ဟေ… ဘာတုန်းဟ ”
စာဖတ်ပြီး စည်းစိမ်းခံကောင်းနေချိန်မှာမှ မိန်းမဖြစ်သူရဲ့ ခေါ်သံကြောင့် စိတ်မရှည်တဲ့ပုံနဲ့ပြန်ထူး လိုက်တယ်။
“ တော်ကလည်း ဘာဖြစ်တာလဲ။ ဒီမှာ မေးစရာရှိလို့ဟာကို ”
“ အေး မေးမေး ”
“ ဘုရားပန်းအိုးက တစ်အိုးထဲထားရင်ထား မထားရင် နှစ်အိုး မထားကောင်းဘူးဆို ”
“ ဘယ်သူပြောလဲ ”
“ ဘေးအိမ်ကပြောတာပဲ။ စုံမတင်ကောင်းဘူးတဲ့။ မပဲတင်ကောင်းတယ်တဲ့ ”
ဘုရားအိုး ဘယ်နှအိုးတင်ရမလဲဆိုတာ ဘယ်ကျမ်းမှာ ဘယ်လိုပါတယ်။ လူကြီးတွေ ဘယ်လို ပြောခဲ့သလဲ ကျွန်တော်မိပါ။ ဒီတော့ ကျွန်တော်သိတာ ကျွန်တော်ယုံကြည်တာကိုပြောပါသည်။
“ အဓိကရည်ရွယ်ချက်ပဲ မိန်းမရ။ ဘုရားပန်းအိုးတင်တာက ဘုရားကို ပန်းနဲ့ပူဇော်တာပဲ။ တစ်ပွင့်ပဲ လှူလှူ၊ တစ်အိုးပဲလှူလှူ၊ နှစ်ပွင့်ပဲလှူလှူ ကိုယ်က ဘုရားရှင်ကို ဦးခိုက်ပြီး ပန်းလှူတာ။ အဲဒီတော့ ဘယ်နှအိုး တင်တင်ရတယ်။ ဘုရားကို ပန်းအိုးစုံတင်လို့ ခိုက်တယ်ဆိုတာ မရှိဘူး။ ဘုရားက ခိုက်တယ် ဆိုတာ ရှိလို့လား။ ”
“ သိပါဘူးရှင်၊ ကျွန်မကလည်းသူများပြောလို့ နားယောင်မိတာပါ ”
ပြောပြောဆိုဆို သူလှည့်ထွက်သွားသည်။ ကျွန်တော်လည်း စာပြန်ဖတ်နေလိုက်သည်။
…………
ဆရာကိုင်ရိုနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တစ်ခုကို ကျွန်တော်ကြားဖူးသည်။
တစ်နေ့ ဆရာကိုင်ရိုက လူတစ်ယောက်ရဲ့ လက္ခဏာကိုကြည့်ပြီး အိုဇာတာကောင်းမည့်အကြောင်း၊ မိသားစုနှင့် မခွဲမခွာနေရမည့်အကြောင်း ဟောပြောခဲ့ပါတယ်။ ဟောစာတမ်းကိုလည်း သူ့ကို တပါတည်း ထည့်ပေးလိုက်တယ်။
သူဆရာကိုင်ရိုအခန်းကနေ ထွက်သွားပြီး သိပ်မကြာပါဘူး လမ်းမပေါ်မှာ ကားတိုက်ခံရပြီး သေသွားတယ်။ ဒါနဲ့ ဆရာကိုင်ရိုက အပြေးရောက်လာပြီး ဟောစာတမ်းကိုင်ထားတဲ့လက်ကို ဖြန့်လိုက်ပြီး သူ့လက္ခဏာကို ကြည့်လိုက်တော့ လက္ခဏာတွေ ပြောင်းနေတာကို အံ့သြစွာတွေ့လိုက်ရပါတယ်။
ဒါဟာ တကယ့်အဖြစ်အပျက်ဟုတ်မဟုတ်တော့ မသိပါဘူး။
ကျွန်တော်က ဖြစ်နိုင်တယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုရင် လက္ခဏာပေါ်က အရေးကြောင်းဟာ လူရဲ့လုပ်ဆောင်မှုကို ပြတာပါ။ လူကိုယ်တိုင်က ကောင်းသောအလုပ်တွေလုပ်နေရင် ကောင်းသော လက္ခဏာအရေးကြောင်းဖြစ်မှာပါ။
ဒါကိုပြောတာက အတိတ်ကံကို စွန့်တာမဟုတ်သလို ဗေဒင်၊ လက္ခဏာရပ်ကို စော်ကားတာမဟုတ် ပါဘူး။
လူမှာ အတိတ်ကံဆိုတာ ရှိပေမယ့် လက်ရှိပစ္စုပ္ပန်လုပ်ရပ်ကြောင့် အတိတ်ကံတွေ ပြောင်းသွား နိုင်ပါတယ်။
ဒါဆို ဗေဒင်၊ ယတြာတွေ ဘာကြောင့်ရှိနေသလဲ။ အစွဲကြောင့်ပါ။ ဥပါဒါန်ကြောင့် ဥပါဒ် ရောက် နေကြခြင်းကြောင့်ပါ။
………….
လူတွေဟာ တကယ့်အရေး၊ တကယ့်ဘေးနဲ့ကြုံလာရင် နီးစပ်ရာ ကောက်ရိုးတစ်မျှင်ကို ဖြစ်ဖြစ် လှမ်းစွဲတတ်တယ်လို့ဆိုပါတယ်။ အားကိုးရာပဲဖြစ်ဖြစ်၊ နီးစပ်ရာပဲဖြစ်ဖြစ်၊ ကြုံလို့ပဲဖြစ်ဖြစ် ကောက်ရိုး တစ်မျှင်ကို ဖမ်းဆွဲထားတတ်ပါတယ်။
လူဟာသေခါနီးမှာ ကိုယ်သွားရမယ့်၊ လားရာကို အာရုံနိမိတ်တွေထင်လာပါတယ်။ အဲဒီ အာရုံ နိမိတ်ဟာ ကိုယ်ပြုခဲ့တဲ့လုပ်ဆောင်ချက်တွေအပေါ် မူတည်သလို၊ ကိုယ့်ရဲ့ အစွဲတွေပေါ်လည်းမူတည် ပါတယ်။
နောက်ဆုံးအချိန်ရောက်နေတဲ့ လူတစ်ဦးဘေးမှာ တရားတော်တွေကို ဖွင့်ထားပေးခြင်းဟာ အစွဲ ကောင်းအောင်၊ နိမိတ်ကောင်းလုပ်ပေးလိုက်တဲ့ ကောက်ရိုးတစ်မျှင်ပါ။
သို့သော် တစ်ခါတစ်လေ ကျွန်တော်တို့ ဖမ်းဆွဲလိုက်တဲ့ ကောက်ရိုးတစ်မျှင်အပေါ် ဆန်းစစ်ဖို့တော့ လိုမယ်ထင်ပါတယ်။
…………
ရာထူးကျမှာဆိုးလို့ ယတြာချေတယ်။ ခိုက်မှာ ဆိုးလို့ ယကြာချေတယ်။ စီးပွားဖြစ်အောင် ယတြာ ချေတယ်။
ကြာကြာစံရအောင် “ကြာဇံ”လှူ၊ သြဇာညောင်းအောင် “ သြဇာသီး” လှူ၊ နေ့ချင်းညချင်း တက်အောင် “နေ့ဂျင်းတက်၊ ညဂျင်းတက်”လှူ၊ ကောင်းခြင်းတွေ ပေါင်းစုံအောင် “ ကောက်ညှင်း ပေါင်း”လှူကြတယ်။ ကြံကြံဖန်ဖန်အစွဲတွေ၊ အကြောက်တရားတွေကြောင့် လုပ်သင့်၊ မလုပ်သင့်၊ ယုတ္တိ ရှိ၊ မရှိ မစဉ်းစားတော့ပဲ လုပ်ကြတော့တယ်။
တချို့က ဘယ်အသားနဲ့ ဘယ်ဘုရားဆင်းတုလုပ်ကိုးကွယ်တဲ့။ ဘယ်အသားနဲ့ လုပ်ရင်တော့ ကိုယ့် နေ့နံနဲ့ မတည့်လို့ခိုက်တတ်ပါသတဲ့။
အင်း..ဘုရားရှင်ကများ..သူတို့နေ့နံနဲ့ မကိုက်လို့ ရန်တွေ့မယ်များ မှတ်နေသလားမသိကြပါဘူး။
တကယ်တော့ “ မကောင်းတဲ့ အစွဲတွေ ကုန်လာလေလေ၊ နေရရထိုင်ရတာ ရဲဝံ့သွက်လက် လာလေလေပါပဲ။ ”
လူတွေက အသက်အတွက်၊ ရာထူးအတွက်၊ စီးပွားအတွက် မှီရာ မှီရာကောက်ရိုးတွေကို လှမ်းဆွဲ ကြတာပါ။ သို့သော် ကိုယ်ဆွဲလိုက်တဲ့ ကောက်ရိုးဟာ ညံ့ဖျင်းနေသောကောက်ရိုးတွေ ဖြစ်နေတတ်ပါ တယ်။
ဒိဋ္ဌိအစွဲတွေ၊ အယူလွဲတွေဖြစ်နေရင်တော့ ကောက်ရိုးတစ်မျှင်ကို ဆွဲယူမယ့်အစား အသက်သေ ခံတာမှ ပို၍မြတ်မယ်ထင်ပါတယ်။
ဦးခေါင်းမီးလောင်၊ ရင်ဝလှံဆူး၊ ဒီထက် ဒိဋ္ဌိကို အရင်ဦးအောင်ဖြုတ်တဲ့။
ဒိဋ္ဌိနဲ့ ဘ၀ကူးရင်တော့ လားရာဟာ အပယ်လေးဘုံပါပဲ။
………….
“ ကျွန်မတော့ ပန်းအိုးတစ်လုံးထပ်ဝယ်လာတယ်။ ဘယ်တစ်အိုး ညာတစ်အိုးတင်တော့မယ်။ ”
“ အေး အေး ကောင်းတယ်၊ ကြည့်ုလို့လဲ လှသလို ဘုရားရှင်ရဲ့ မျက်နှာတော်ကိုလည်း ဖူးမျှော် နိုင်တာပေါ့။ နို့မိုဆိုရင် ဘုရားပန်းအိုးတွေကများ ပန်းတွေကများပြီး ဘုရားရှိခိုးရင် ဘုရားကို မမြင်ရတော့ ဘူး။ ”
မိန်းမဖြစ်သူက ၀ယ်လာတဲ့ ပန်းအိုးနဲ့ ဘုရားပန်းတွေကို ဆေးကြောသည်။ ဘုရားစင်ပေါ်ကို သန့်ရှင်းရေးပြုလုပ်ပြီး ဘုရားပန်းအိုးများကပ်လှူသည်။ သောက်တော်ရေ၊ ဆွမ်းတပါတည်း ကပ်လှူသည်။
သူလုပ်ကိုင်တာတွေကိုကြည့်ပြီး ကျွန်တော်တွေးမိလိုက်သည်။
ကျွန်တော့မိန်းမကတော့ ဘုရားပန်းအိုး နှစ်အိုး(စုံ)ကို ရဲရဲကပ်လှူရဲသွားပြီ။ အစွဲလေးတစ်မျှင်ကို့  ဖြတ်ပစ်လိုက်ခြင်းနှင့်အတူ သံသရာရဲ့ လွတ်ကြောင်းအတွက် ကောင်းမြတ်သော ကောက်ရိုးတစ်မျှင်ကို ဖမ်းဆွဲနေပြီတကား။
 မောင်ပိုင်
၁၂-၇-၂၀၁၃။
— with William Tuntunko and 5 others.
ဗိုလ်ချုပ်သို့  တမ်းတခြင်းများစွာဖြင့်
$
0
0
 Photo: BY - ကိုထွန်းဝေ  ဗိုလ်ချုပ်သို့  တမ်းတခြင်းများစွာဖြင့်   စိန်ခြယ်ပန်းများဖြင့်   ၁၉၄၇ အတွင်းဝန်ရုံးထဲက သူရဲဘောကြောင်လှတဲ့ တော်မီဂန်းစက်သေနတ်သံတွေအောက်မှာ သူအသက်ပျောက်ခဲ့ရပြီ။  ရန်သူရဲ့အဖမ်းကိုဘယ်တော့မှ မခံဘူးဆိုတဲ့ သူ့ရဲ့ နည်းဗျူဟာ အနုနည်းနဲ့ မရရင် အကြမ်းနည်းနဲ့ ချမယ်ဆိုတဲ့ သူရဲ့ မဟာဗျူဟာ နယ်ချဲ့တိုက်ပွဲ ဖက်ဆစ်တိုက်ပွဲ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ တိုက်ပွဲစဉ်တလျှောက် ရဲဝံပြောင်မြောက်စွာ ဖြတ်သန်းလာခဲ့သူဟာ ပန်းတိုင်ရောက်ခါနီးမှ ခွေးထက်မိုက်တဲ့ တိရိစ္ဆာန်တွေလက်ချက်နဲ့ အသက်စွန့်ခဲ့ရပေပြီ။  အသက်ငယ်ငယ်နဲ့ သူကျဆုံးခဲ့ရတာ တိုင်းပြည်အတွက် ကံမကောင်းအကြောင်းမလှမှုတစ်ခုပေလား။  မြင့်မြတ်တဲ့ “ ဗိုလ်အောင်ဆန်း ” ရယ် ဟောသည် မိုးကောင်းကင်အခုံးကြီးအောက်မှာ သင့်အမည်နာမဟာ အမြဲစီးဆင်းနေရစ်မယ့် “ ဧရာဝတီ ”ဖြစ်ပါတယ်။  သင့်အမည်နာမဟာ အမိမြေဆီလွှာကတောင် သရဖူဆောင်းပေးထားရတဲ့ “ ရိုးမ ” လည်းဖြစ်ပါတယ်။  သင့်ရဲ့ ကြီးမြတ်တဲ့ဝိညာဉ်ဟာ “ ဧရာဝတီ ” လိုအမြဲစီးဆင်းပြီး “ ရိုးမ ” လိုအမြဲထာဝရရပ်တည်နေမှာပဲဖြစ်ပါတယ်။  “ ဂန္ဒီကြီး ” “ အန်ကယ်ဟို ” “ ဒေါက်တာရီဇော် ” “ မော် ” အာရှတိုက်ရဲ့ အကျော်အမော်များနည်းတူ ကျွန်တော်တို့တိုင်းပြည်ရဲ့ အမှောင်တွင်းထဲက “ အောင်ဆန်း ” ဆိုတဲ့ အလင်းရောင်ထွန်းလင်းခဲ့လို့ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။  ငါ့တိုင်းပြည်ကိုပြန်ပေး ငါ့သယံဇာတကိုပြန်ပေး ငါ့လေထုကိုပြန်ပေး ငါ့ကလေးတွေကိုပြန်ပေး ငါ့အိမ်မက်တွေကိုပြန်ပေး သူ့ရဲ့ကြွေးကြော်သံဟာ ယူနီယံဂျက်အလံကို ဖောက်ထွင်း နေဝင်းနီကိုအလံကို ဆွဲဖြဲပြီး နွေဦးကွင်းပြင်ထဲ ထွက်လာရဲ့။  ၁၉၊ ဇူလိုင်တဲ့ အားလုံးထိုင်ပြီး ငိုကြွေးခဲ့ရပြီ။  ဆောင်းမနက်ခင်းစောစောမှာ ဝေဆာလန်းဆန်းနေသော စိန်ခြယ်ပန်းများဖြင့် သင့်အမည်နာမအား ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။  လူသားဟုခေါ်ဆိုရန်ပင် မထိုက်တန် သင့်ရဲ့ကောင်းမြတ်မှုပြည့်လျှံနေသော အမည်နာမအတွက် စိန်ခြယ်ပန်းများဖြင့် ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။  အမိနိုင်ငံတော်ရဲ့ သံခြေချင်းကို ရိုက်ဖြုတ်ပေးခဲ့သော သင့်အမည်နာမအား စိန်ခြယ်ပန်းများဖြင့် ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။  လင်းယုန်ငှက်တွေဝဲနေတဲ့ ဟောသည်ဆောင်းလမ်းမှာ “ ဗိုလ်အောင်ဆန်း ” တဲ့ စိန်ခြယ်ပန်းများဖြင့် ကျွန်ုပ်ရှိခိုးပူဇော်လိုက်ပါရဲ့။  မိုးဃ်းဇော်၊ ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ အမှတ် ( ၂၃ )၊မတ် ၂ဝဝ၉  မှ ပြန်လည်ကူးယူမျှဝေပါတယ်။ ကိုထွန်းဝေ 13.7.2013
BY - ကိုထွန်းဝေ
ဗိုလ်ချုပ်သို့  တမ်းတခြင်းများစွာဖြင့်
စိန်ခြယ်ပန်းများဖြင့်
၁၉၄၇
အတွင်းဝန်ရုံးထဲက
သူရဲဘောကြောင်လှတဲ့
တော်မီဂန်းစက်သေနတ်သံတွေအောက်မှာ
သူအသက်ပျောက်ခဲ့ရပြီ။
ရန်သူရဲ့အဖမ်းကိုဘယ်တော့မှ မခံဘူးဆိုတဲ့
သူ့ရဲ့ နည်းဗျူဟာ
အနုနည်းနဲ့ မရရင်
အကြမ်းနည်းနဲ့ ချမယ်ဆိုတဲ့
သူရဲ့ မဟာဗျူဟာ
နယ်ချဲ့တိုက်ပွဲ
ဖက်ဆစ်တိုက်ပွဲ
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ
တိုက်ပွဲစဉ်တလျှောက်
ရဲဝံပြောင်မြောက်စွာ ဖြတ်သန်းလာခဲ့သူဟာ
ပန်းတိုင်ရောက်ခါနီးမှ
ခွေးထက်မိုက်တဲ့ တိရိစ္ဆာန်တွေလက်ချက်နဲ့
အသက်စွန့်ခဲ့ရပေပြီ။
အသက်ငယ်ငယ်နဲ့
သူကျဆုံးခဲ့ရတာ
တိုင်းပြည်အတွက်
ကံမကောင်းအကြောင်းမလှမှုတစ်ခုပေလား။
မြင့်မြတ်တဲ့ “ ဗိုလ်အောင်ဆန်း ” ရယ်
ဟောသည် မိုးကောင်းကင်အခုံးကြီးအောက်မှာ
သင့်အမည်နာမဟာ
အမြဲစီးဆင်းနေရစ်မယ့် “ ဧရာဝတီ ”ဖြစ်ပါတယ်။
သင့်အမည်နာမဟာ
အမိမြေဆီလွှာကတောင်
သရဖူဆောင်းပေးထားရတဲ့
“ ရိုးမ ” လည်းဖြစ်ပါတယ်။
သင့်ရဲ့
ကြီးမြတ်တဲ့ဝိညာဉ်ဟာ
“ ဧရာဝတီ ” လိုအမြဲစီးဆင်းပြီး
“ ရိုးမ ” လိုအမြဲထာဝရရပ်တည်နေမှာပဲဖြစ်ပါတယ်။
“ ဂန္ဒီကြီး ”
“ အန်ကယ်ဟို ”
“ ဒေါက်တာရီဇော် ”
“ မော် ”
အာရှတိုက်ရဲ့ အကျော်အမော်များနည်းတူ
ကျွန်တော်တို့တိုင်းပြည်ရဲ့ အမှောင်တွင်းထဲက
“ အောင်ဆန်း ” ဆိုတဲ့ အလင်းရောင်ထွန်းလင်းခဲ့လို့
ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။
ငါ့တိုင်းပြည်ကိုပြန်ပေး
ငါ့သယံဇာတကိုပြန်ပေး
ငါ့လေထုကိုပြန်ပေး
ငါ့ကလေးတွေကိုပြန်ပေး
ငါ့အိမ်မက်တွေကိုပြန်ပေး
သူ့ရဲ့ကြွေးကြော်သံဟာ
ယူနီယံဂျက်အလံကို ဖောက်ထွင်း
နေဝင်းနီကိုအလံကို ဆွဲဖြဲပြီး
နွေဦးကွင်းပြင်ထဲ ထွက်လာရဲ့။
၁၉၊ ဇူလိုင်တဲ့
အားလုံးထိုင်ပြီး ငိုကြွေးခဲ့ရပြီ။
ဆောင်းမနက်ခင်းစောစောမှာ
ဝေဆာလန်းဆန်းနေသော စိန်ခြယ်ပန်းများဖြင့်
သင့်အမည်နာမအား
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။
လူသားဟုခေါ်ဆိုရန်ပင် မထိုက်တန်
သင့်ရဲ့ကောင်းမြတ်မှုပြည့်လျှံနေသော အမည်နာမအတွက်
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။
အမိနိုင်ငံတော်ရဲ့
သံခြေချင်းကို ရိုက်ဖြုတ်ပေးခဲ့သော
သင့်အမည်နာမအား
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။
လင်းယုန်ငှက်တွေဝဲနေတဲ့
ဟောသည်ဆောင်းလမ်းမှာ
“ ဗိုလ်အောင်ဆန်း ” တဲ့
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်လိုက်ပါရဲ့။
မိုးဃ်းဇော်၊ ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ အမှတ် ( ၂၃ )၊မတ် ၂ဝဝ၉
မှ ပြန်လည်ကူးယူမျှဝေပါတယ်။
ကိုထွန်းဝေ
13.7.2013
အဝေးရောက်သူရဲ့ အိမ်အလွမ်း
$
0
0
ကျွန်တော့် ဆံပင်တွေ တော်တော်ရှည်နေပြီမေမေ……..
အခုဆို ကျောလည်တောင်ရောက်နေရော့ပေါ့။
ပါးလျနေနေတဲ့ ကျွန်တော့်ဆံပင်ထွေးကို ကိုင်ကြည့်တိုင်း..
ကျွန်တော်မေမေ့ကိုလွမ်းတယ်
ဆံပင်ရှည် ကြိုက်သလောက် မသပ်ရပ်တဲ့ ကျွန်တော့်ကို
ဆူရင်းပြောရင်း ဆံပင်ရှင်းပေးတတ်တဲ့ မေမေ…….
ခေါင်းလျှော်ပြီးတိုင်း ရေစင်အောင်မသုတ်တတ်တဲ့ကျွန်တော့်ကို
ရင်ခွင်ထဲံထားပြီး စိတ်ရှည်လက်ရှည် ရေသုတ်ပေးတတ်တဲ့ ကျွန်တော့်ဖေဖေ….
ကျွန်တော် ပန်းကြိုက်မှန်းသိလို့ .....
ကျွန်တော် ပန်ဖို့ ပန်းလေးတွေ သတိတရ ဝယ်ဝယ်လာပေးတဲ့ မောင်လေး….။
ကျွန်တော် စံပယ်နံ့မွှေးမွှေး ကိုလွမ်းတယ်။
အိုးပုတ်စံပယ်ကိုမှ ရွက်နုစိမ်းတွေနဲ့ ကျွန်တော်ပန်ချင်သေးတယ်။
ဖွေးဆုပ်နေတဲ့ခရေပွင့်တွေကို ကျွန်တော် ဆံထုံးမှာခွေခွေပြီးပန်ချင်တယ်..မေမေရယ်...။
အို....ဇီဇဝါ..စကားပွင့်..စကားဝါပန်း သူတို့ရနံ့တွေ ကျွန်တော့်နှလုံးသားမှာကြိုင်ကြိုင်သင်းလို့ ။
ကျစ်ဆန်မြီးလေးကျစ်ပေးပါဦး..အမေ .....
ကျွန်တော်သိပ်ကြိုက်တာ အမေသိတာပေါ့..
အိမ်ရှေ့က ကြယ်ပန်းလေး ကျွန်တော်...စိုက်ပန်မယ်မေမေ....
သူတို့က မမွှေးပေမဲ့ သိပ်လှတယ်။
မေမေ....
ကျွန်တော်စိုက်ထားတဲ့ နှင်းဆီပန်းအိုးလေးတွေရှင်သန်ရဲ့လားဟင်.....
ဘာရောင်လေးတွေ ပွင့်လဲမေမေ......
ကျွန်တော်ကတော့ အနီရောင်ကိုမျှော်လင့်ခဲ့တာပဲ ......
ဘာပဲဖြစ်ဖြစ် ကျွန်တော်ချစ်မှာပါ....။
မေမေ...အခုကျွန်တော့်ဆံပင်မှာ ပန်းမတင်ရတာကြာပြီမေမေရဲ့.....
သင်္ကြန်ရောက်တိုင်း ကျွန်တော်က စိတ်တံခါးပါ ပိတ်ထားလိုက်ရတယ်။ ပိတောက်တွေမြင်ရင်ဝမ်းနည်းလွန်းလို့ပါ။
သူတို့ကတစ်မနက်ဆိုပေမဲ့ သိပ်လှတယ်မေမေရယ်.....
ပိတောက်ပွင့်တိုင်း ပျော်လွန်းလို့ မနိုင်လောက်အောင်ဝယ်ပြီး ကျွန်တော်လက်ဆောင်လျှောက်ပေးတတ်တာ.....
ပိတောက်တွေဝေအောင်ပန်လွန်းလို့ .....
ကျွန်တော့်ကို ပိတောက်ပင်ပုလေးတောင်အိမ်ထဲရောက်နေပါ့လားလို့ မေမေပြောတတ်တာ..
ကျွန်တော်လွမ်းလို့ လွမ်းလွန်းလို့ပါ......။
မေမေ အခုလဲ ကျွန်တော် ဆံပင်ရှည်ခဲ့ပြန်ပီ......
ကျွန်တော့်မှာ ပန်စရာတော့ ပန်းမရှိဘူးအမေ.....
ကျွန်တော် အမေ ပန်ပေးတဲ့ စံပယ်ပန်းတွေ ခရေပန်းတွေကို တမ်းတတာထက်ပိုတယ်အမေရယ်.....
ကျွန်တော့် ဆံပင်တွေ တစ်ခါရှင်းတိုင်း ....
ကျွန်တော် အမေနဲ့ ပန်းလေးတွေကိုလွမ်းတယ်။
ဘယ်တော့မှ မပြေနိုင်တဲ့ ဒီအလွမ်းပေါ့အမေရယ်။
ကျွန်တော်လေ...တစ်နေ့ပေါ့အမေ.....
အမေ့ဆန္ဒတွေ ပြည့်တဲ့နေမှာ ....
ဟိုးအရင်ကလိုပဲ ကျွန်တော် ခေါင်းလျှော်တိုင်း ...
အဖေရင်ခွင်ထဲမှာ ဆံပင်ကိုခြောက်စေလို့.....
အမေရွေးပေးတဲ့ ပန်းလှလှလေးတွေ ပန်ဖို့ ......
ကျွန်တော်ပြန်လာပါ့မယ်......
အခုတော့အလွမ်းတွေကိုပဲ ပန်းလုပ်ပန်နေတယ်အမေ.....
ကျွန်တော်နဲ့ လိုက်ပါလေစ.....။
credit - Hsu Wai
( နိုင်ငံရပ်ခြားမှာ .....
အိမ်အတွက် အလုပ်လုပ်နေရရင်း.....
အိမ် လွမ်းနေတဲ့  ညီမလေး တစ်ယောက်ရဲ့ စာပါ.......
ဖတ်ရင်း ရင်ထဲ တစ်မျိုးကြီးဖြစ်သွားလို့ ....)
အမှောင်ကမ္ဘာထဲက ပိတ်ထားသောတံခါးများ
$
0
0
……………
“ စာကြည့်တိုက်ဖွင့်လှစ်ခြင်းအခမ်းအနား အောင်မြင်စွာပြီးစီးကြောင်းကြေညာအပ်ပါတယ် ခင်ဗျား”
ကျွန်တော်လည်း လက်ခုပ်ကို အားပါးတရတီးပစ်လိုက်သည်။
ဟုတ်တယ်လေ။ စာကြည့်တိုက် တစ်တိုက်ဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်။ မြေနေရာရှိဦးမှ။ အဆောက်အဦဖိုးရှိဦးမှ၊ စာအုပ်တွေရှိဦးမှ၊ ထိန်းသိမ်းမယ့်သူ ရှိဦးမှ။
ပြီးတော့ ဒီလိုတောရွာလေးမှာ စာကြည့်တိုက်တစ်တိုက် ဖွင့်လှစ်လိုက်ရတာ တကယ့် ၀မ်းမြောက်ဖို့ ကောင်းတာပေါ့။ တောသူတောင်သားဆိုတာ လယ်ထဲကိုင်းထဲ ဆင်းနေရပေမယ့် သူတို့အတွက် အပျင်းပြေပဲ ဖြစ်ဖြစ် ဖတ်ဖို့စာအုပ်လေးတွေ ရသွားတာပေါ့။
စာဖတ်ပြီဆိုကတည်းက ဖတ်သူအတွက် စိတ်ခွန်အားဖြစ်စေတော့မှာပဲလေ။
…………
ကျွန်တော် အပြင်စာတွေကို တစိုက်မတ်မတ်ဖတ်ဖြစ်တာက ၇ တန်းလောက်ကတည်းကပါ။ အထူးသဖြင့် ၀တ္ထုတွေပေါ့။ အဲဒီအချိန်ကတော့ ၀တ္ထုဖတ်ပြီး စိတ်ကူးယဉ်ရတာ အရသာတစ်ခုလိုကို ဖြစ်ပြီးစွဲလန်းမိတာ။
အဲ မဂ္ဂဇင်းတွေကရှားတော့ သိပ်မဖတ်ဖြစ်ဘူး။ ဖတ်ရမှန်းလဲ မသိခဲ့ဘူး။
၁၀ တန်းနှစ်ရောက်တော့ စာတွေကို ရွေးဖတ်တတ်လာတယ်။ ပြီးတော့ မှတ်စုထားတတ်လာတယ်။ ကြိုက်တဲ့ ကာတွန်း၊ ကဗျာ၊ ဆောင်းပါးကအစ မှတ်စုထဲ ကူးထည့်တော့တာပဲ။
ဒီလိုနဲ့ ၀န်ထမ်းဘ၀ရောက်လာတော့ မိဘ၊ ဆွေမျိုးတွေနဲ့ ခွဲနေရတော့ ကျွန်တော့်အဖော်မွန်က စာအုပ်တွေပဲ ပိုဖြစ်လာခဲ့တယ်။ ရသမျှလခလေးက စာအုပ်ဖိုးနဲ့ ကုန်တာများတယ်။ အ၀တ်အစားဝယ်ဝတ် ရမှာထက် စာအုပ်ဝယ်ရတာပိုအားသန်တယ်။ သူငယ်ချင်းတွေက မင်းကတော့ နောက်ဆုံး အ၀တ်မရှိလို့ မင်းစာအုပ်တွေကို အ၀တ်လုပ်ဝတ်ရတော့မယ်လို့ ပြောခဲ့ဘူးတယ်။
ကျွန်တောကလည်း ဘယ်အခြေအနေထိရောက်လာသလဲဆိုရင် လမ်းမှာ စာရွက်လေးတစ်ရွက် တွေ့ရင်တောင် ကောက်ယူဖတ်ကြည့်တဲ့အခြေအနေထိ ရူးသွပ်ခဲ့တယ်။ စွဲလန်းခဲ့တယ်။
ခုထက်ထိလည်း စာအုပ်တွေ့ရင် နည်းနည်းတော့ လှန်ကြည့်လိုက်ရမှ။
Some books are to be tasted, others to be swallowed and some few to be chewed and digested.
စာအုပ်အချို့က မြည်းစမ်းကြည့်ရုံသက်သက်ပါ။အချို့ကိုတော့ မျိုချဖို့အတွက် ဖြစ်ပြီး အချို့အနည်းငယ်ကိုတော့ စိစိညက်ညက်ဝါးပြီး ကြေညက်သည်အထိ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
စာအုပ်တစ်အုပ် အရင်ဆုံးကျွန်တော် အရသာခံဖတ်တယ်။ စာဖတ်စည်းစိမ်ခံတယ်ပေါ့။ ပြီးတော့ စာထဲက အကြောင်းအရာလေးကိုတွေးတယ်။ လူမှုဘ၀ထဲနဲ့ ယှဉ်ပြီးစဉ်းစားတယ်။ နောက်ပိုင်းစာရေးဖြစ် လာတော့ တွေးမိတာလေးတွေကို စာရေးတယ်။
ကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်တွေက စာရေးတဲ့အခါ အများကြီးအသုံးဝင်လာတယ်။
ပြီးတော့
One who has a book is not alone.
စာအုပ်ရှိသောသူသည် အထီးကျန်မဟုတ်ပါ။တဲ့။ အိမ်သာတက်ဖို့သွားရင်တောင် စာအုပ်လေး တစ်အုပ်ရှာပြီးတော့ ကိုင်သွားတတ်တယ်။
ဟ မောင်ပိုင် မင်းက ကိုယ်ရည်သွေးလှချီလားကွလို့ပြောချင်ပြောပါလိမ့်မယ်။
စာဖတ်ဝါသနာကြီးသူတိုင်း ဒီလိုတွေ ခံစားရမှာပါ။ ပြီးတော့ IT လို့ခေါ်တဲ့ ခေတ်ကြီးမှာ လူသားတွေ စာဖတ်အားနည်းလာတယ်။ စာဖတ်လွဲလာကြတယ်။
အဲဒီတော့ လူငယ်တွေ၊ လူကြီးတွေကို စာဖတ်စေချင်မိတယ်။ စာပေကောင်းတွေ ဖတ်စေချင် မိတယ်။ စာပေက အသိဥာဏ်ခွန်အားတွေပေးတယ်။ အမှားအမှန်ကို ပြနိုင်တယ်။ ကျွန်တော့်တို့ ဘ၀ အတွက် လမ်းမှန်ကိုညွှန်ပြနိုင်တယ်။
စာဖတ်ဖို့လိုတဲ့ ခေတ်ကြီးမှာ စာကြည့်တိုက်တွေ ဖြစ်ပေါ်လာခြင်းဟာ အိမ်တစ်အိမ်က တံခါးတွေကို ဖွင့်လိုက်သလိုပါပဲ။ အလင်းရောင်တွေ ၀င်လာမယ်။ လေကောင်းလေသန့်တွေ ၀င်လာမယ်။
စာဖတ်ခြင်းသည် မိမိအိမ်တံခါးများကို ဖွင့်ထားသည်နှင့်တူ၏။ စာမဖတ်ဘဲနေခြင်းသည် အိမ်တံခါးများကို ပိတ်ထားသည်နှင့်တူ၏။
……………..
မနက်ဖြန် စနေနေ့ ရုံးပိတ်ပြီ။ ဒီတော့ စာအုပ်လေးနဲ့ အေးအေးလူလူ ငြိမ့်ရမယ်။
ကျွန်တော် တစ်ယောက်တည်းတွေးပြီး စာကြည့်ုတိုက်ဖက် ထွက်ခဲ့လိုက်တယ်။
စာကြည့်တိုက်ကို အဝေးကတည်းက ပိတ်ထားတာကို မြင်ရတယ်။ ကောင်လေးထမင်းစား သွားတာ ထင်တယ်။ ခဏစောင့်ရဦးမယ်။ ဒါနဲ့ ကျွန်တော်လည်း မရောက်တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းအိမ်တွေကို လှည့်ဝင်ခဲ့လိုက်တယ်။
“ ဘယ်လိုလဲ စားပြီးပြီလားကွ ” ကျွန်တော်လည်း ပြောပြောဆိုဆိုမေးပြီး စာအုပ်ချုပ်နေတဲ့ သူငယ်ချင်းဘေးကိုဝင်ထိုင်လိုက်တယ်။
“ ဟာ မပြီးသေးဘူးကွ။ လက်စသတ်နေတာ။ သမီးကျောင်းစာအုပ်တွေ ပြုတ်ထွက်ကုန်လို့လေ။”
“ သြော် အေး..ဘာရယ်မဟုတ်ပါဘူး..စာကြည့်တိုက်ကိုလာတာ။ ပိတ်ထားတာတွေ့လို့ မင်းတို့ ဘက်ဝင်လာခဲ့တာ ”
“ ဒါဆိုအတော်ပဲ တစ်ခါတည်း ထမင်းစားသွား ”
“ စားပြီးပြီကွ။ မနက်ဖြန်ရုံးပိတ်မှာဆိုတော့စာအုပ်ငှားပြီးနှပ်မလို့။ ကောင်လေး ထမင်းစားသွားတာ ထင်တယ်။ အဲဒါစောင့်နေတာ ”
“ ဟာ မင်းမသိဘူးလား ”
“ ဘာလဲကွ ”
“ စာကြည့်ုတိုက်က ပိတ်ထားတာ တစ်ပတ်လောက်ရှိပြီ။ စာအုပ်တွေအသစ်မ၀ယ်နိုင်တော့တာရယ်၊ ဖတ်တဲ့သူသိပ်မရှိတာရယ်၊ ပြီးတော့ အဲဒီကောင်လေးကို လစာမပေးနိုင်လို့ ကောင်လေးက တခြားအလုပ်သွားလုပ်နေရယ်ကြောင့် ပိတ်ထားလိုက်တာ ”
“ ဟာ ရပ်မိရပ်ဖတွေက ၀ိုင်းဝန်းမဆွေးနွေးတော့ဘူးလား ”
“ အေးကွာ..တခြားအလုပ်တွေရှိနေတော့၊ စာကြည့်တိုက်ဘက်ကို မလှည့်ဖြစ်ကျတော့ဘူး၊ စာကြည့်ချိန်လည်း မရှိပါဘူးကွာ ”
“ သြော်…အေးကွာ အဲဒါဆိုလည်း ပြန်တော့မယ်။ နောက်မှ အေးအေးဆေးဆေးလာလည် တော့မယ်”
“ ဟုတ်ပြီ သူငယ်ချင်း”
ကျွန်တော်လည်း လမ်းလျှောက်ရင်း စိတ်ထဲမှာ အတွေးတွေက အများကြီးဖြစ်လို့နေတော့တယ်
တဖြည်းဖြည်း အမှောင်တွေဖုံးလာတဲ့ ကမ္ဘာကြီးမှာ အလင်းရောင်ရမယ့် တံခါးတွေက တစ်ချပ်ပြီး တစ်ချပ်ပိတ်နေပါရော့လား။
အသက်ရှုရတာတောင် မ၀တော့သလို ဖြစ်နေပါရော့လား။
 မောင်ပိုင်
၁၃-၇-၂၀၁၃။
ကုသိုလ်…ကုသိုလ်…ယူတော်မူမလားဗျို
$
0
0
 Photo: ကုသိုလ်…ကုသိုလ်…ယူတော်မူမလားဗျို …………….   “ ဟေ့ ဟိုမှာ အစ်ကိုအောင်လာပြီကွ ”  “ ဘယ်လိုလဲ အစ်ကိုအောင်၊ ရေခပ်၊ ထမင်းချက်၊ အ၀တ်လျှော် ပြီးပြီလား ”  စ၀င်လာလာခြင်း ပြောမနာဆိုမနာသူငယ်ချင်းတွေဆိုတော့ အချင်းချင်းနောက်လိုက်ခြင်း ဖြစ်သည်။ သူ့နာအမည်အရင်းကတော့ ကိုအောင်မဟုတ်ပါဘူး။  သူ့မိန်းမက သူ့ထက်အသက်ကြီးတော့ တစ်ခါတစ်ခါ ပြောတတ်တယ်။ ဟဲ့အကောင်အိုဆိုပြီးတော့ပေါ့။  ဒါကိုကျွန်တော်တို့တွေက အစ်ကိုအောင်လို့ နောက်ပြီး ခေါ်ခြင်းဖြစ်သည်။  သူက ထိုင်ခုံကို ဆွဲယူထိုင်ရင်း  “ ဟ ဒီနေ့ မယကတွေစုံလို့ပါလား။ မဟုတ်မှလွှဲရော ခံခဲ့သမျှတွေ ပေါက်ကွဲတော့မယ်ထင်တယ်။”  “ ဟုတ်ပါဘူးကွာ ဒီနေ့ စာအကြောင်း ပေအကြောင်းလေး ဝေဖန်လေကန်ကျမလို့ ချိန်းထားတာ”  “ ဟုတ်လား မင်းရော မိန်းမအတွက် အဆင်သင့်လုပ်ပေးပြီးပြီလား ” ဘေးက သူငယ်ချင်းတစ်ဦးကို ပြောတော့ ကျွန်တော်က ကြားဖြတ်ပြီး   “ မင်းကလည်း ဒီကောင်က အစ်ကိုရေ..ဆိုတာနဲ့ ခပ်ပြီးသားကောင်ကွ ”  “ မင်းလည်းဘာထူးလဲ အတူတူပဲ မဟုတ်လား၊ မိန်းမက တော့် စာရေးဆရာကြီးလို့ ငေါ့တော့တော့ ပြောတာနဲ့ ဘောပင်က ကပျာကယာချ ထပြေးတာပဲမဟုတ်လား ”  မြှားဦးက ကျွန်တော့်ဘက်လှည့်လာတော့ ကျွန်တော်ငြိမ်နေလိုက်ပါသည်။  “ တကယ်တော့ မိန်းမဆိုတာ မရှိမကောင်း၊ ရှိမကောင်း၊ မပေါင်းလည်းခက်၊ ပေါင်းလည်းမက် ”တဲ့။  “ မပေါင်းလည်းခက် ပေါင်းလည်းခက် ပါကွာ”  “ ဟုတ်ဘုးပေါင်းရင်တော့ မက်သွားတာပဲ ”  ကျွန်တော်ကတော့ သူတို့နှစ်ယောက်ရဲ့စကားတွေကို ငြိမ်ပြီးနားထောင်နေမိသည်။  ကျွန်တော်တို့ သုံးယောက်က ဒီလိုပဲစုံနေကြ။ စုံရင်လည်း စာအကြောင်းပေအကြောင်းတွေအပြင် မိန်းမ မကောင်းကြောင်း တော့နည်းနည်းလေးဖြစ်ဖြစ်ပြောလိုက်ရမှ။ ဘာလို့လဲဆိုရင် အိမ်မှာ ခံနေရတာလေ။ ဒီရောက်မှ လေနဲ့ဖိ ထောင်းနေကြတာ။  “ တကယ်တော့ မိန်းမဆိုတာ လေပြေလေညင်းလေးလိုပဲတဲ့…အဲဒါပေမယ့် လေပြေလေညင်းက ဂွမ်းဆိုင်ခဲကိုတော့ ဆောက်တည်ရာမရအောင် လွင့်သွားစေနိုင်တယ်တဲ့ ”  “ အေးဟုတ်တယ်.. ဘုရားရှင်က မိန်းမတွေနဲ့ ဘယ်လောက်ထိထိ ကင်းကင်းနေဖို့ ပြောခဲ့သလဲ ဆိုရင် အရှင်သုဒိန်ဆိုတဲ့ ရဟန်းကို အချည်းနှီးယောကျာ်း- လျင်သောအဆိပ်၊ ကြမ်းတမ်းသော အဆိပ်ရှိ သောမြွေ၏ ခံတွင်း၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းက မြတ်သေး၏။ မာတုဂါမ၏ အင်္ဂါဇာတ်တွင် သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း ” တဲ့။  မင်းကွန်းဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓ၀င်ထဲမှ စာတွေကို ထုတ်နှုတ်ပြသည်။  တစ်ယောက်က လည်းအညံ့မခံပါ။  “ ကောသလအိပ်မက် ၁၆ ချက်ထဲမှာ ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမ ခိုးစား၊ ကိုက်ဝါးကာမျို၊ လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်မြှောင်အား၊ မယားလောကွတ်ပို ” ဆိုတဲ့။ တစ်ချက်ပါတယ်ကွ ”  “ မင်းတို့လည်း.. ဖင်ကုန်းပြီးရှာမနေနဲ့ဦး တော်ကြာ။ နောက်လူက ..ဆဲနေဦးမယ်။ နည်းသေးတယ် ဆိုပြီးတော့ ”  “ ကဲ ကဲ ဘော်ဒါတို့ …. အိမ်ကအဘွားကြီးက..ဒုတ်ကိုင်စောင့်နေတော့မယ်။ လမ်းခွဲကြစို့ ” ………….  တစ်နေ့ ကျွန်တော် လမ်းလျှောက်ထွက်ရင်း ဗိုက်ဆာလာတာနဲ့ အသုတ်ရောင်းနေတဲ့ အသယ်စီ ထွက်လာခဲ့လိုက်သည်။  “ ချဉ်၊ ငံ၊ စပ် အစုံသုတ်တစ်ပွဲလောက်လုပ်ပါဦး ”  “ ဟုတ်ကဲ့ အစ်ကို၊ ခဏလေးနှော် ”  အသုတ်ရောင်းနေတဲ့ ကောင်လေးကိုကြည့်ပြီး ကျွန်တော်စပ်စုချင်စိတ်ဖြစ်လာတဲ့နဲ့ မေးလိုက်သည်။  “ ညီလေးက မိဘတွေကို လုပ်ကျွေးနေတာလား ”  ကောင်လေးက ပြုံးပြုံးဖြင့် ဘာမှမပြောသေးပဲ အသုတ်ပွဲကို ချပေးသည်။  “ အစ်ကိုက အဲဒီလိုထင်လို့လား ”  “ အေးလေ ..မင်းအသက်က ငယ်သေးတယ်။ ပြီးတော့ ၀မ်းရေးအခက်အခဲတွေကြောင့် မိဘကိုယ်စား ရှာဖွေနေရတာမဟုတ်လား ”  “ မဟုတ်ဘူးအစ်ကိုရ မိန်းမကို ရှာကျွေးနေရတာ ”  “ ဟေ ”  “ ကျွန်တော့်မိန်းမက ကျွန်တော့ထက် ငါးနှစ်လောက်ကြီးတယ် အစ်ကိုရ။ ကျွန်တော် လူငယ်စိတ်နဲ့ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းပေါ့ ”  “ မင်းမိန်းမကို ကြောက်လို့လား။ မိန်းမက ရှာကျွေးခိုင်းလို့လဲ ”  “ မဟုတ်ပါဘူး အစ်ကိုရ။ ဘာဖြစ်ဖြစ် ကျွန်တော်က အိမ်ထောင်ဦးစီးလေ။ ရှာကျွေးရတာပေါ့။ ပြီးတော့ရှိသေးတယ် အစ်ကိုရ ကျွန်တော်က ကျွန်တော့်မိန်းမကို ဘယ်တော့မှ ဦးစားမပေးဘူး ”  “ ဟေ ဟုတ်လား” ကျွန်တော့်ထက် ဒီကောင်လေးသာသွားပြီလို့ တွေးနေတုန်း။  “ ဟုတ်တယ်။ ဦးစားမပေးဘူး၊ ထမင်းဆိုလည်း ကျွန်တော်ချက်လိုက်တာပဲ။ အ၀တ်ဆိုလည်း လျှော်လိုက်တာပဲ။ သန့်ရှင်းရေးဆိုလည်း ကျွန်တော်လုပ်လိုက်တာပဲ။ တကယ့် ဦးစားမပေးဘူး။”  “ ဟမ် ”  “ ဒါပေမယ့် ကျွန်တော်ပျော်တယ်ဗျ။ ဂုဏ်လည်းယူတယ် ”  “ ဟ လုပ်စမ်းပါဦးကွ ”  “ ကျွန်တော်တို့က စီးပွားရေးသိပ်အဆင်မပြေလှဘူး။ ဒီတော့ အလှူဒါန သိပ်မလုပ်နိုင်ဘူး။ ကျွန်တော်က ဒီမိန်းမက ရှာကျွေးနေရတော့ ပင်တိုင်ကုသိုလ်ရတာပေါ့ဗျာ။ ဘာတဲ့ မင်္ဂလာ တရားတော်မှာ ပုတ္တဒါရဿသင်္ဂဟောတဲ့။ သားမယားကို ချီးမြှင့်ထောက်ပံ့ခြင်းသည် မြတ်သောမင်္ဂလာလို့တောင် ဟော ထားသေးတယ် မဟုတ်လား ”  ကျွန်တော်လည်း ပါးစပ်ကိုမဟနိုင်တော့ဘူး။ သူ့ ခံယူချက်၊ ဒသနအပေါ်မှာ ငေးမောသွားတယ်။  “ ပြီးတော့ မိန်းမကို ပြုစုရတာ၊ အ၀တ်အစားဆင်ရတာ၊ နောက်ဆုံး ထမင်းခူးကျွေးရတာက အစ အိမ်တွင်းကုသိုလ် ယူနေတာပဲ အစ်ကိုရဲ့၊ ကုသိုလ်ရတယ်။ အစ်ကိုလည်း မိန်းမရှိရင် ကုသိုလ်ယူပေါ့ ”  ကျွန်တော်လည်း ကိုယ့်ပေါင်ကိုယ်လှန်မထောင်းချင်တာနဲ့ ပိုက်ဆံရှင်းပြီး ခပ်မြန်မြန်ထပြန်ခဲ့တယ်။  “ အင်း…ဟိုနှစ်ကောင်ကိုတော့ ပြောရဦးမယ်။ မိန်းမ မကောင်းကြောင်းတွေ မပြောနဲ့၊ ယူတတ်ရင် ကုသိုလ်ရတဲ့အကြောင်း ပင်တိုင်ကုသိုလ်၊ အိမ်တွင်းကုသိုလ်တွေရတဲ့ အကြောင်း ပြောကိုပြောရမယ် ”  ကျွန်တော်လမ်းလျှောက်ရင်း တွေးလာမိပါတော့တယ်။  ကဲ…ကြားကြားသမျှ အိမ်ထောင်ရှင် ပုရိသအပေါင်းတို့ ကုသိုလ်..ကုသိုလ်.. ယူတော်မူကြပါကုန်။ (မှတ်ချက်။ အမျိုးသမီးများ မဖတ်ရ)  ၁၃-၇-၂၀၁၃။
…………….
“ ဟေ့ ဟိုမှာ အစ်ကိုအောင်လာပြီကွ ”
“ ဘယ်လိုလဲ အစ်ကိုအောင်၊ ရေခပ်၊ ထမင်းချက်၊ အ၀တ်လျှော် ပြီးပြီလား ”
စ၀င်လာလာခြင်း ပြောမနာဆိုမနာသူငယ်ချင်းတွေဆိုတော့ အချင်းချင်းနောက်လိုက်ခြင်း ဖြစ်သည်။ သူ့နာအမည်အရင်းကတော့ ကိုအောင်မဟုတ်ပါဘူး။ သူ့မိန်းမက သူ့ထက်အသက်ကြီးတော့ တစ်ခါတစ်ခါ ပြောတတ်တယ်။ ဟဲ့အကောင်အိုဆိုပြီးတော့ပေါ့။
ဒါကိုကျွန်တော်တို့တွေက အစ်ကိုအောင်လို့ နောက်ပြီး ခေါ်ခြင်းဖြစ်သည်။ သူက ထိုင်ခုံကို ဆွဲယူထိုင်ရင်း
“ ဟ ဒီနေ့ မယကတွေစုံလို့ပါလား။ မဟုတ်မှလွှဲရော ခံခဲ့သမျှတွေ ပေါက်ကွဲတော့မယ်ထင်တယ်။”
“ ဟုတ်ပါဘူးကွာ ဒီနေ့ စာအကြောင်း ပေအကြောင်းလေး ဝေဖန်လေကန်ကျမလို့ ချိန်းထားတာ”
“ ဟုတ်လား မင်းရော မိန်းမအတွက် အဆင်သင့်လုပ်ပေးပြီးပြီလား ” ဘေးက သူငယ်ချင်းတစ်ဦးကို ပြောတော့ ကျွန်တော်က ကြားဖြတ်ပြီး
“ မင်းကလည်း ဒီကောင်က အစ်ကိုရေ..ဆိုတာနဲ့ ခပ်ပြီးသားကောင်ကွ ”
“ မင်းလည်းဘာထူးလဲ အတူတူပဲ မဟုတ်လား၊ မိန်းမက တော့် စာရေးဆရာကြီးလို့ ငေါ့တော့တော့ ပြောတာနဲ့ ဘောပင်က ကပျာကယာချ ထပြေးတာပဲမဟုတ်လား ”
မြှားဦးက ကျွန်တော့်ဘက်လှည့်လာတော့ ကျွန်တော်ငြိမ်နေလိုက်ပါသည်။
“ တကယ်တော့ မိန်းမဆိုတာ မရှိမကောင်း၊ ရှိမကောင်း၊ မပေါင်းလည်းခက်၊ ပေါင်းလည်းမက် ”တဲ့။ “ မပေါင်းလည်းခက် ပေါင်းလည်းခက် ပါကွာ”
“ ဟုတ်ဘုးပေါင်းရင်တော့ မက်သွားတာပဲ ”
ကျွန်တော်ကတော့ သူတို့နှစ်ယောက်ရဲ့စကားတွေကို ငြိမ်ပြီးနားထောင်နေမိသည်။ ကျွန်တော်တို့ သုံးယောက်က ဒီလိုပဲစုံနေကြ။ စုံရင်လည်း စာအကြောင်းပေအကြောင်းတွေအပြင် မိန်းမ မကောင်းကြောင်း တော့နည်းနည်းလေးဖြစ်ဖြစ်ပြောလိုက်ရမှ။ ဘာလို့လဲဆိုရင် အိမ်မှာ ခံနေရတာလေ။ ဒီရောက်မှ လေနဲ့ဖိ ထောင်းနေကြတာ။
“ တကယ်တော့ မိန်းမဆိုတာ လေပြေလေညင်းလေးလိုပဲတဲ့…အဲဒါပေမယ့် လေပြေလေညင်းက ဂွမ်းဆိုင်ခဲကိုတော့ ဆောက်တည်ရာမရအောင် လွင့်သွားစေနိုင်တယ်တဲ့ ”
“ အေးဟုတ်တယ်.. ဘုရားရှင်က မိန်းမတွေနဲ့ ဘယ်လောက်ထိထိ ကင်းကင်းနေဖို့ ပြောခဲ့သလဲ ဆိုရင် အရှင်သုဒိန်ဆိုတဲ့ ရဟန်းကို အချည်းနှီးယောကျာ်း- လျင်သောအဆိပ်၊ ကြမ်းတမ်းသော အဆိပ်ရှိ သောမြွေ၏ ခံတွင်း၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းက မြတ်သေး၏။ မာတုဂါမ၏ အင်္ဂါဇာတ်တွင် သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း ” တဲ့။
မင်းကွန်းဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓ၀င်ထဲမှ စာတွေကို ထုတ်နှုတ်ပြသည်။ တစ်ယောက်က လည်းအညံ့မခံပါ။
“ ကောသလအိပ်မက် ၁၆ ချက်ထဲမှာ ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမ ခိုးစား၊ ကိုက်ဝါးကာမျို၊ လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်မြှောင်အား၊ မယားလောကွတ်ပို ” ဆိုတဲ့။ တစ်ချက်ပါတယ်ကွ ”
“ မင်းတို့လည်း.. ဖင်ကုန်းပြီးရှာမနေနဲ့ဦး တော်ကြာ။ နောက်လူက ..ဆဲနေဦးမယ်။ နည်းသေးတယ် ဆိုပြီးတော့ ”
“ ကဲ ကဲ ဘော်ဒါတို့ …. အိမ်ကအဘွားကြီးက..ဒုတ်ကိုင်စောင့်နေတော့မယ်။ လမ်းခွဲကြစို့ ”
………….
တစ်နေ့ ကျွန်တော် လမ်းလျှောက်ထွက်ရင်း ဗိုက်ဆာလာတာနဲ့ အသုတ်ရောင်းနေတဲ့ အသယ်စီ ထွက်လာခဲ့လိုက်သည်။
“ ချဉ်၊ ငံ၊ စပ် အစုံသုတ်တစ်ပွဲလောက်လုပ်ပါဦး ”
“ ဟုတ်ကဲ့ အစ်ကို၊ ခဏလေးနှော် ”
အသုတ်ရောင်းနေတဲ့ ကောင်လေးကိုကြည့်ပြီး ကျွန်တော်စပ်စုချင်စိတ်ဖြစ်လာတဲ့နဲ့ မေးလိုက်သည်။
“ ညီလေးက မိဘတွေကို လုပ်ကျွေးနေတာလား ”
ကောင်လေးက ပြုံးပြုံးဖြင့် ဘာမှမပြောသေးပဲ အသုတ်ပွဲကို ချပေးသည်။
“ အစ်ကိုက အဲဒီလိုထင်လို့လား ”
“ အေးလေ ..မင်းအသက်က ငယ်သေးတယ်။ ပြီးတော့ ၀မ်းရေးအခက်အခဲတွေကြောင့် မိဘကိုယ်စား ရှာဖွေနေရတာမဟုတ်လား ”
“ မဟုတ်ဘူးအစ်ကိုရ မိန်းမကို ရှာကျွေးနေရတာ ”
“ ဟေ ”
“ ကျွန်တော့်မိန်းမက ကျွန်တော့ထက် ငါးနှစ်လောက်ကြီးတယ် အစ်ကိုရ။ ကျွန်တော် လူငယ်စိတ်နဲ့ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းပေါ့ ”
“ မင်းမိန်းမကို ကြောက်လို့လား။ မိန်းမက ရှာကျွေးခိုင်းလို့လဲ ”
“ မဟုတ်ပါဘူး အစ်ကိုရ။ ဘာဖြစ်ဖြစ် ကျွန်တော်က အိမ်ထောင်ဦးစီးလေ။ ရှာကျွေးရတာပေါ့။ ပြီးတော့ရှိသေးတယ် အစ်ကိုရ ကျွန်တော်က ကျွန်တော့်မိန်းမကို ဘယ်တော့မှ ဦးစားမပေးဘူး ”
“ ဟေ ဟုတ်လား” ကျွန်တော့်ထက် ဒီကောင်လေးသာသွားပြီလို့ တွေးနေတုန်း။
“ ဟုတ်တယ်။ ဦးစားမပေးဘူး၊ ထမင်းဆိုလည်း ကျွန်တော်ချက်လိုက်တာပဲ။ အ၀တ်ဆိုလည်း လျှော်လိုက်တာပဲ။ သန့်ရှင်းရေးဆိုလည်း ကျွန်တော်လုပ်လိုက်တာပဲ။ တကယ့် ဦးစားမပေးဘူး။”
“ ဟမ် ”
“ ဒါပေမယ့် ကျွန်တော်ပျော်တယ်ဗျ။ ဂုဏ်လည်းယူတယ် ”
“ ဟ လုပ်စမ်းပါဦးကွ ”
“ ကျွန်တော်တို့က စီးပွားရေးသိပ်အဆင်မပြေလှဘူး။ ဒီတော့ အလှူဒါန သိပ်မလုပ်နိုင်ဘူး။ ကျွန်တော်က ဒီမိန်းမက ရှာကျွေးနေရတော့ ပင်တိုင်ကုသိုလ်ရတာပေါ့ဗျာ။ ဘာတဲ့ မင်္ဂလာ တရားတော်မှာ ပုတ္တဒါရဿသင်္ဂဟောတဲ့။ သားမယားကို ချီးမြှင့်ထောက်ပံ့ခြင်းသည် မြတ်သောမင်္ဂလာလို့တောင် ဟော ထားသေးတယ် မဟုတ်လား ”
ကျွန်တော်လည်း ပါးစပ်ကိုမဟနိုင်တော့ဘူး။ သူ့ ခံယူချက်၊ ဒသနအပေါ်မှာ ငေးမောသွားတယ်။
“ ပြီးတော့ မိန်းမကို ပြုစုရတာ၊ အ၀တ်အစားဆင်ရတာ၊ နောက်ဆုံး ထမင်းခူးကျွေးရတာက အစ အိမ်တွင်းကုသိုလ် ယူနေတာပဲ အစ်ကိုရဲ့၊ ကုသိုလ်ရတယ်။ အစ်ကိုလည်း မိန်းမရှိရင် ကုသိုလ်ယူပေါ့ ”
ကျွန်တော်လည်း ကိုယ့်ပေါင်ကိုယ်လှန်မထောင်းချင်တာနဲ့ ပိုက်ဆံရှင်းပြီး ခပ်မြန်မြန်ထပြန်ခဲ့တယ်။
“ အင်း…ဟိုနှစ်ကောင်ကိုတော့ ပြောရဦးမယ်။ မိန်းမ မကောင်းကြောင်းတွေ မပြောနဲ့၊ ယူတတ်ရင် ကုသိုလ်ရတဲ့အကြောင်း ပင်တိုင်ကုသိုလ်၊ အိမ်တွင်းကုသိုလ်တွေရတဲ့ အကြောင်း ပြောကိုပြောရမယ် ”
ကျွန်တော်လမ်းလျှောက်ရင်း တွေးလာမိပါတော့တယ်။
ကဲ…ကြားကြားသမျှ အိမ်ထောင်ရှင် ပုရိသအပေါင်းတို့ ကုသိုလ်..ကုသိုလ်.. ယူတော်မူကြပါကုန်။
(မှတ်ချက်။ အမျိုးသမီးများ မဖတ်ရ)
 မောင်ပိုင်
၁၃-၇-၂၀၁၃။
— with William Tuntunko and 8 others.
စ လုံးနဲ့ တူအောင် လုပ်မယ်ဆိုရင် ....
$
0
0
 Photo: စ လုံးနဲ့ တူအောင် လုပ်မယ် တူအောင်လုပ်သင့်တယ်လို့ ကိုယ်သန်ရာ သန်ရာ ပြောကြတယ်....... စ လုံးလို လုပ်မယ်လို့လည်း အစိုးရကော လွှတ်တော်က ပုဂ္ဂိုလ်ကြီးကော ပြောကြတယ်...... ဘယ်လိုဟာကို စ လုံးနဲ့ တူအောင်လုပ်မလဲ စိတ်ဝင်စားမိတယ်...... လူအများစုကလည်း စ လုံးလိုဖြစ်ရင်ဆိုပြီး စိတ်ကူးယဉ်ကြတယ်......  ပြောရရင်တော့ စ လုံးအစိုးရဟာ သူ့နိုင်ငံသားတွေကို ဘယ်လိုသံပါတ်ကို အလျော့အတင်း လုပ်ပီး ကစားရမယ်ဆိုတာ ကောင်းကောင်း ကျွမ်းကျင်တယ်ပဲ ဆိုရမယ်..... သူလည်း သူ့ထိုင်ခုံမလှုပ်သေးသရွေ့ နေသာသပါ လေညာကဆိုတာကို ပီးခဲ့တဲ့ မီးခိုးတွေ မွှန်တဲ့ကိစ္စမှာ တွေ့ရတယ်......   သူ့ဘက်ကတော့ မောင်းတင်ပီးသား လုပ်သားတွေ ထိခိုက်ရင် အလုပ်ရှင်က ဒဏ်ငွေဘယ်လောက် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပီး ကြေငြာထားတယ် အလုပ်သမားကို ဦးစားပေးတယ်ပေါ့...... တကယ့်တကယ်ကတော့ အလုပ်ရှင်တွေကို မင်းတို့ဆုံးဖြတ် ဒါပေမယ့် အလုပ်သမား ပြဿနာတက်ရင် မင်းတို့ နာမယ်ဆိုတဲ့သဘောပေါ့.......   အဲ့ဒိတော့ အလုပ်ရှင်ကလည်း သူ့အပြစ်လွတ်အောင် အလုပ်တော့ ပီးအောင်လုပ်ဖို့ အလုပ်သမားကိုပြောတယ်..... ဒါပေမယ့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးအတွက် ဘာညာဆိုတာကတော့ I let you decide လို့ပဲ အလုပ်သမားကို ပြန်ဆုံးဖြတ်ခိုင်းလိုက်တယ်....... အဲ့ဒိတော့ ဖြစ်သမျှ ငဝက် ခံပေလျော့ပေါ့.......  အဲ့ဒိရက်ပိုင်းတွေကတော့ စ လုံးတွေကလည်း မေးခွန်းထုတ်လာတာ ငါတို့တိုင်းပြည်ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ စစ်တပ်ဟာ ဘာအတွက်လဲဆိုတဲ့ မေးခွန်းပဲ........ တိုင်းပြည်ကို ကာကွယ်ဖို့ဆိုတဲ့ စစ်တပ်ဟာ ပြည်ပနိုင်ငံကြောင့် မီးခိုးတွေ မွှန်ထွန်ပီး တစ်နိုင်ငံလုံး ဒုက္ခရောက်နေတာကို မကာကွယ်နိုင်ရင် အလကားပဲ ဆိုတာတွေ ပြောလာကြတာ တွေ့ရတယ်..... အစိုးရနဲ့ စစ်တပ်ကတော့ ဖာသိဖာသာ အေးအေးဆေးဆေးပဲ.....  ဒါတင်ပဲလားဆိုတော့ မဟုတ်သေး...... ကလေးလေးကို ကိုင်ရိုက်တဲ့ ဆရာမကိစ္စမှာ အဲ့ဒိကျောင်းက အစိုးရပိုင် NTUC ရဲ့လက်အောက်ခံ..... ပြဿနာတက်တော့ သူ့လူဘက်ကတော့ အသားကုန်သာတယ်...... မရတော့မှ အလုပ်က သုံးလထုတ် အပြစ်ပေးတယ်ဆိုပီး ပြောတယ်..... တကယ့်တကယ် ပြဿနာ တအားကြီးနေတော့မှ အပေါ်ပိုင်းက ထွက်လာပီး ဆောရီး ဘာညာဖြစ်တယ်...... ဒါပေမယ့် လုံလောက်တဲ့ တာဝန်ယူမှုတွေကို ခုထိတော့ မတွေ့ရသေးဘူး...... အပြစ်ကတော့ လုပ်တဲ့ ဆရာမအပေါ် လုံးလုံးကျရောက်သွားတယ်......   ဒီဟာတင် မဟုတ်သေးဘူး သူ့နိုင်ငံသားတွေစီကနေ ပိုက်ဆံကို ဘယ်လို ပြန်တောင်းရမယ်ဆိုတာ ကောင်းကောင်းသိတယ်........ ခရီးသွားလာစားရိတ်မှသည် ဝင်ငွေခွန်မှသည် CPF စုငွေအဆုံး နည်းပေါင်းစုံနဲ့ နိုင်ငံသားစီကနေ ပိုက်ဆံပြန်ယူထားတယ်..... ခရီးသွားရင် 0.9m အရှည်ရှိတဲ့ ကလေးကလွဲပီး ချာတိတ် သေးသေးလေးမှသည် ကျောင်းသားအထိ ကင်းလွတ်ခွင့်ဆိုတာ မရှိတာကို တွေ့ရတယ်.....  ဒီတော့ ကျွန်တော်တို့ စ လုံးကနေ ဘယ်ဟာတွေကို အတုယူကြမှာလဲ၊ ဘယ်လိုဖြစ်အောင် လုပ်မှာလဲ မေးချင်လာတယ်....... ဒီလို နိုင်ငံသားတွေကို နည်းပေါင်းစုံနဲ့ ပိုက်ဆံပြန်ကောက်တာတွေသာ ကျွန်တော်တို့ နိုင်ငံမှာ သွတ်သွင်းမယ်ဆိုရင်တော့ ပြည်သူတွေကကော စ လုံးနိုင်ငံသားတွေလို စည်းကမ်းရှိရှိ တာဝန်သိသိ လိုက်နာကြမှာလားလည်း စိတ်ဝင်စားလာမိတယ်......  Photo copied from Internet
 Photo copied from Internet
Voice of James Mint
စ လုံးနဲ့ တူအောင် လုပ်မယ် တူအောင်လုပ်သင့်တယ်လို့ ကိုယ်သန်ရာ သန်ရာ ပြောကြတယ်....... စ လုံးလို လုပ်မယ်လို့လည်း အစိုးရကော လွှတ်တော်က ပုဂ္ဂိုလ်ကြီးကော ပြောကြတယ်...... ဘယ်လိုဟာကို စ လုံးနဲ့ တူအောင်လုပ်မလဲ စိတ်ဝင်စားမိတယ်...... လူအများစုကလည်း စ လုံးလိုဖြစ်ရင်ဆိုပြီး စိတ်ကူးယဉ်ကြတယ်......
ပြောရရင်တော့ စ လုံးအစိုးရဟာ သူ့နိုင်ငံသားတွေကို ဘယ်လိုသံပါတ်ကို အလျော့အတင်း လုပ်ပီး ကစားရမယ်ဆိုတာ ကောင်းကောင်း ကျွမ်းကျင်တယ်ပဲ ဆိုရမယ်..... သူလည်း သူ့ထိုင်ခုံမလှုပ်သေးသရွေ့ နေသာသပါ လေညာကဆိုတာကို ပီးခဲ့တဲ့ မီးခိုးတွေ မွှန်တဲ့ကိစ္စမှာ တွေ့ရတယ်......
သူ့ဘက်ကတော့ မောင်းတင်ပီးသား လုပ်သားတွေ ထိခိုက်ရင် အလုပ်ရှင်က ဒဏ်ငွေဘယ်လောက် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပီး ကြေငြာထားတယ် အလုပ်သမားကို ဦးစားပေးတယ်ပေါ့...... တကယ့်တကယ်ကတော့ အလုပ်ရှင်တွေကို မင်းတို့ဆုံးဖြတ် ဒါပေမယ့် အလုပ်သမား ပြဿနာတက်ရင် မင်းတို့ နာမယ်ဆိုတဲ့သဘောပေါ့.......
အဲ့ဒိတော့ အလုပ်ရှင်ကလည်း သူ့အပြစ်လွတ်အောင် အလုပ်တော့ ပီးအောင်လုပ်ဖို့ အလုပ်သမားကိုပြောတယ်..... ဒါပေမယ့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးအတွက် ဘာညာဆိုတာကတော့ I let you decide လို့ပဲ အလုပ်သမားကို ပြန်ဆုံးဖြတ်ခိုင်းလိုက်တယ်....... အဲ့ဒိတော့ ဖြစ်သမျှ ငဝက် ခံပေလျော့ပေါ့.......
အဲ့ဒိရက်ပိုင်းတွေကတော့ စ လုံးတွေကလည်း မေးခွန်းထုတ်လာတာ ငါတို့တိုင်းပြည်ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ စစ်တပ်ဟာ ဘာအတွက်လဲဆိုတဲ့ မေးခွန်းပဲ........ တိုင်းပြည်ကို ကာကွယ်ဖို့ဆိုတဲ့ စစ်တပ်ဟာ ပြည်ပနိုင်ငံကြောင့် မီးခိုးတွေ မွှန်ထွန်ပီး တစ်နိုင်ငံလုံး ဒုက္ခရောက်နေတာကို မကာကွယ်နိုင်ရင် အလကားပဲ ဆိုတာတွေ ပြောလာကြတာ တွေ့ရတယ်..... အစိုးရနဲ့ စစ်တပ်ကတော့ ဖာသိဖာသာ အေးအေးဆေးဆေးပဲ.....
ဒါတင်ပဲလားဆိုတော့ မဟုတ်သေး...... ကလေးလေးကို ကိုင်ရိုက်တဲ့ ဆရာမကိစ္စမှာ အဲ့ဒိကျောင်းက အစိုးရပိုင် NTUC ရဲ့လက်အောက်ခံ..... ပြဿနာတက်တော့ သူ့လူဘက်ကတော့ အသားကုန်သာတယ်...... မရတော့မှ အလုပ်က သုံးလထုတ် အပြစ်ပေးတယ်ဆိုပီး ပြောတယ်..... တကယ့်တကယ် ပြဿနာ တအားကြီးနေတော့မှ အပေါ်ပိုင်းက ထွက်လာပီး ဆောရီး ဘာညာဖြစ်တယ်...... ဒါပေမယ့် လုံလောက်တဲ့ တာဝန်ယူမှုတွေကို ခုထိတော့ မတွေ့ရသေးဘူး...... အပြစ်ကတော့ လုပ်တဲ့ ဆရာမအပေါ် လုံးလုံးကျရောက်သွားတယ်......
ဒီဟာတင် မဟုတ်သေးဘူး သူ့နိုင်ငံသားတွေစီကနေ ပိုက်ဆံကို ဘယ်လို ပြန်တောင်းရမယ်ဆိုတာ ကောင်းကောင်းသိတယ်........ ခရီးသွားလာစားရိတ်မှသည် ဝင်ငွေခွန်မှသည် CPF စုငွေအဆုံး နည်းပေါင်းစုံနဲ့ နိုင်ငံသားစီကနေ ပိုက်ဆံပြန်ယူထားတယ်..... ခရီးသွားရင် 0.9m အရှည်ရှိတဲ့ ကလေးကလွဲပီး ချာတိတ် သေးသေးလေးမှသည် ကျောင်းသားအထိ ကင်းလွတ်ခွင့်ဆိုတာ မရှိတာကို တွေ့ရတယ်.....
ဒီတော့ ကျွန်တော်တို့ စ လုံးကနေ ဘယ်ဟာတွေကို အတုယူကြမှာလဲ၊ ဘယ်လိုဖြစ်အောင် လုပ်မှာလဲ မေးချင်လာတယ်....... ဒီလို နိုင်ငံသားတွေကို နည်းပေါင်းစုံနဲ့ ပိုက်ဆံပြန်ကောက်တာတွေသာ ကျွန်တော်တို့ နိုင်ငံမှာ သွတ်သွင်းမယ်ဆိုရင်တော့ ပြည်သူတွေကကော စ လုံးနိုင်ငံသားတွေလို စည်းကမ်းရှိရှိ တာဝန်သိသိ လိုက်နာကြမှာလားလည်း စိတ်ဝင်စားလာမိတယ်......
လူဝင်မှုနှင့် ဦးစော
$
0
0
စတေးတပ်တစ်ခု တင်လိုက်တယ်။ ဒါကို အကျယ်ရှင်းပါဆိုရင်တော့ ခေါင်းနဲနဲစားတယ်ဗျ။
ဘာလို့လဲဆို ကိုယ်က အချက်အလက်တွေ အလွတ်ကျက်ထားတာ မဟုတ်တော့ကာ
ပြန်ပြန်ရှာရတယ်လေ။ တစ်ကယ်တော့ စိတ်ကူးထဲမှာ ဘယ်သူမှ မမေးလည်း ကိုယ့်ဟာကိုယ်
ရေးချင်နေတဲ့ နုတ်တွေက အများကြီးပါ။ တစ်ကယ်တမ်း လက်တွေ့မှာတော့ မရေးဖြစ်ပါဘူးဗျာ။
အရင်တုန်း ကတော့ ဘယ်အကြောင်းအရာ ဘယ်စာအုပ်မှာ ပါတယ်ဆိုတာ မှတ်မိနေပေမယ့်
အခုတော့ တစ်ခါတစ်လေ စာအုပ်နာမည်တောင် မေ့မေ့နေတယ်။
ထားတော့။ လိုရင်းပဲပြောတော့မယ်။ လက်ရှိ လဝက ဥပဒေဆိုတာက ၁၉၄၇ ခုနှစ်က ပြဋ္ဌာန်း
ထားတာပေါ့။ ၁၉၉၀ နဝတ လက်ထက်မှာတော့ ဒါကို ပြင်ဆင်ချက်ဥပဒေ ထပ်ထုတ်တယ်။
အထွေအထူးတော့ မဟုတ်ပါဘူး။ ဒဏ်ငွေနဲ့ ပြစ်ဒဏ် ပြင်ဆင်တာလောက်ပါပဲ။ ဒါလည်း
အခုထပ်ပြင်ရမှာပဲ။ ဒါကတော့ လွှတ်တော်ကိစ္စပေါ့။ ပြောရမှာက ဒီ့မတိုင်မီက လူဝင်မှုကိစ္စကို
ပြောရမှာဆိုတော့ ဒီဥပဒေတွေ ကိုတော့ သိချင်ရင် ရှာဖတ်ကြည့်လိုက်ပါတော့ဗျာ။
အင်္ဂလိပ်-မြန်မာ စစ်ပွဲ သုံးကြိမ်နွှဲပြီး ၁၈၈၅ မှာတော့ ကျုပ်တို့နိုင်ငံက ဗြိတိသျှလက်အောက်
တစ်ပြည်လုံး ရောက်ပြီးတဲ့အခါမှာ သူတို့က မြန်မာပြည်ကို အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအနေနဲ့ပဲ
သတ်မှတ်ခဲ့တာကိုး။ အဲတော့ အိန္ဒိယသားတွေအဖို့ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်ပေါ့။
ရန်ကုန်ဆိုပိုဆိုးတာပေါ့ သူကအရင် ကျသွားတာကိုး။ အဆိုးဆုံးကတော့ ရခိုင်ပေါ့။
အဓိက ဝင်ရောက်လာတဲ့ အကြောင်းရင်းကတော့ ဆန်စပါးစိုက်ပျိုးမှုပေါ်မှာ အခြေခံတယ်လို့ပဲ
ပြောရမှာပဲ။ ခေါ်သွင်းလာတဲ့သူကတော့ ဘယ်သူရှိရမလဲ သူတို့ဗြိတိသျှ ကုန်သည်ကြီးတွေ
ပဲပေါ့ဗျာ။ ပထမဆုံးခေါ်လာတာကတော့ ၁၈၇၄ ခုနှစ် လောက်မှာ ဘီဟာနယ်က ဇမိန်ဒါခေါ်
မြေရှင်လူတန်းစားတွေပဲဗျ။ သူတို့ကို မြေတွေချပေးတယ်။ ပြီးတော့ ၁၈၇၆ ခုနှစ်မှာ မဒရပ်မှာ
ကိုယ်စားလှယ်တွေ ခန့်ပြီးတော့ကို လယ်ကူလီတွေ သဘောင်္နဲ့အလုံးအရင်းကို သွင်းတော့တာပဲ။
အဲဒီတုန်းက မြန်မာပြည်မှာ အလုပ်သွားလုပ်မယ့် အိန္ဒိယသားမှန်သမျှ သဘောင်္ခတောင် ပေးစရာ
မလိုဘူး။ အင်္ဂလိပ် ကုမ္မဏီတွေက အကုန်အကျခံပြီးတော့ကို ပို့ပေးတာ။
အဲဒီမှာ ပြန်တဲ့လူလည်းပြန်၊ မပြန်တော့ပဲ မြန်မာပြည်မှာပဲ အခြေချတဲ့လူလည်းချပေါ့။ ၁၉၂၁
ခုနှစ်မှာ ကောက်ယူတဲ့ သန်းခေါင်စာရင်းအရဆိုရင် ရန်ကုန်မြို့ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ
အိန္ဒိယသားတွေ ဖြစ်နေပြီတဲ့။ အစိုးရရုံး၊ မီးရထားဌာနမှာရှိတဲ့ စားရေးစာချီတွေ၊ ဈေးဆိုင်ရှင်၊
ကုန်သည်နဲ့ စက်မှုပညာသည်တွေမှာ ဘင်ဂါလီ။ သဘောင်္၊ သမ္ဗန်၊ စက်ရုံ၊ ဆိပ်ကမ်းတွေမှာ
အစ္စလာမ်ဘာသာဝင် စစ်တကောင်းသားတွေ။ ရုံးစာရေး၊ ဆန်စက်နဲ့ လယ်ယာ စိုက်ပျိုးရေး
ဘက်မှာ တမီလ်။ မီးရထားနဲ့ ကုန်းလမ်းပို့ဆောင်ရေးမှာဆို ဝူးရီးယားတွေအပြင် အခြားလုပ်ငန်း
တွေမှာလည်း ဟိန္ဒူစတန်နီ၊ တေလ်ဂူ၊ ဂေါ်ရခါး အများအပြားပေါ့ဗျာ။ ဒါ့အပြင် ဂူဂျရတ်တီ၊
မာလဝါရီ၊ စူရတီ ကုန်သည်ကြီးတွေ ငွေတိုးချေးစားတဲ့ ချစ်တီးတွေ၊ ပန်ချာပီ ဆရာဝန်တွေ
အများအပြားပါပဲ။
၁၉၃၀ ခုနှစ်အရောက်မှာတော့ မြန်မာပြည်အနှံ့မှာ ချစ်တီး ငွေချေးဌာနပေါင်း ၁၆၅၅ ခုတောင်
ရှိနေပြီတဲ့။ ၁၉၄၁ မှာတော့ မြန်မာတစ်ပြည်လုံးမှာ ချစ်တီးပိုင် လယ်မြေဟာ ဧက ၃,၀၀၀,၀၀၀
အထိ ရှိသွားပါတော့တယ်။
ဘယ်လောက်တောင် ကြီးစိုးသွားသလဲဆို ၁၉၄၁ စာရင်းအရ မြန်မာတစ်ပြည်လုံးမှာရှိတဲ့
အလုပ်သမားဦးရေရဲ့ ၆၉ ရာခိုင်နှုန်းဟာ အိန္ဒိယသားတွေချည်းပဲတဲ့။ ဒါတောင် အလုပ်သမား
မဟုတ်တဲ့ တစ်ခြားလူတန်းစား မပါသေးဘူးနော်။ မြန်မာပြည်မှာ မြန်မာတွေ မလုပ်တဲ့
အလုပ်သာရှိမယ် ကုလားတွေ မလုပ်တဲ့ အလုပ်ဆိုတာ မရှိသလောက်ပါပဲ။ မြန်မာနိုင်ငံသား
တစ်ယောက်ဟာ ရန်ကုန်မှာနေမယ်ဆိုရင် ကုလားစကား မတတ်ရင် အဆင်မပြေလောက်
အောင်ကို ဖြစ်သွားခဲ့တာ။ ဒါကြောင့်လည်း တို့ဗမာအစည်းအရုံး ပေါ်လာတော့ ဗမာစာသည်
တို့စာ၊ ဗမာစကားသည် တို့စကားဆိုတဲ့ ကြွေးကြော်သံ ထည့်လာရတယ် ထင်ပါရဲ့။
ရန်ကုန်တင် မဟုတ်ပါဘူး ကုလားတွေ တစ်ပြည်လုံးကို ပြန့်သွားတာ မြောက်ဘက် ပူတာအို၊
တောင်ဘက် ကော့သောင်၊ အရှေ့ဘက် တာချီလိတ်အထိပဲတဲ့ဗျား။ ဒီလောက်ဆို တရားခံ
ဘယ်သူလဲဟေ့ ဆိုတာ သိလောက်ပါပြီ။ ထူးခြားတာက ရန်ကုန်မြို့မှာရှိတဲ့ အိန္ဒိယ အမျိုးသား
ဦးရေဟာ အမျိုးသမီး ဦးရေထက် လေးဆကျော်ရှိတယ်တဲ့။ ဒါကြောင်လည်း ၁၉၃၁ ခုနှစ်
သန်းခေါင်စာရင်း ကောက်တော့ ရန်ကုန်မြို့မှာ ကုလားကပြားဦးရေ ၁၂,၅၆၀ ဖြစ်နေပြီတဲ့။
(ပြောရင်းပဲ ဓါးနဲ့ ထခုတ်ချင်စိတ် ပေါ်လာပြီ။ အဲဒီ ဘိလပ်ကကောင်တွေကို ပြောပါတယ်)
ဒီကြားထဲက ဒိုင်အာခီ၊ ၉၁ ဌာနစတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကိုတော့ ကျော်လိုက်တော့မယ်။
လိုရင်း မြန်မြန်ရောက်အောင်လို့။ ဒါပေမဲ့ ကုလား-ဗမာ အဓိကရုဏ်း နှစ်ခုအကြောင်းတော့
နည်းနည်း ပြောမှရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆက်အစပ် မမိမှာဆိုးလို့။ ဒီလောက်
လွှမ်းမိုး ချယ်လှယ် လာတော့လည်း ပြဿနာတွေက ဖြစ်ပြီပေါ့ဗျာ။
ပထမ ကုလား-ဗမာ အဓိကရုဏ်းကတော့ ၁၉၃၀ ခုနှစ်မှာ ဖြစ်တယ်။ ရန်ကုန်ဆိပ်ကမ်းမှာ
ရှိတဲ့ မြန်မာအလုပ်သမားနဲ့ ဂေါ်ရင်ဂျီအလုပ်သမားတွေ အုပ်စုဖွဲ့ရိုက်ကြတာက စတာပဲ။
ဖြစ်ရတဲ့ အကြောင်းခံကတော့ စီးပွားရေးကြောင့်လို့ ပြောရမှာပဲ။ ဒါပေမယ့် ခွဲရေး၊ တွဲရေး
နိုင်ငံရေး ပယောဂတွေ၊ ကုန်သည်တွေ (အခုခေတ်ဆို ခရိုနီပေါ့ဗျာ) က ဓာတ်ဆီလောင်းပေး
တာကလည်းပါတာပေါ့။ ဆိပ်ကမ်းရိုက်ပွဲကနေ ရန်ကုန်တစ်မြို့လုံးပြန့်သွားပြီး အဓိကရုဏ်းကြီး
ဖြစ်လိုက်တာ လေးရက်ကြာတယ်၊ လူ ၁၂၀ ကျော်သေပြီး အများအပြားဒဏ်ရာရကြတယ်လို့
အစိုးရက သတင်း ထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် ဒီအဓိကရုဏ်းဟာ နယ်တွေအထိတော့
မကူးဆက်ခဲ့ပါဘူး။
ဒုတိယ ကုလား-ဗမာ အဓိကရုဏ်းကတော့ ၁၉၃၈ ခုနှစ်မှာဖြစ်တယ်။ ဒီတစ်ခါကတော့
ဘာသာရေးပါ ပါလာပြီ။ ရွှေဘိုခရိုင် မြေဒူးက အစ္စလာမ်ဘာသာဝင် ဦးရွှေဖီက မော်လဝီနှင့်
ယောဂီစာတမ်းကို ၁၉၃၁ ခုနှစ်မှာ စာအုပ်ထုတ်တယ်။ ဒါပေမယ့် စောင်ရေနည်းပြီး လူသိ
နည်းတော့ ဘာမှမဖြစ်ဘူး။ အဲဒါကို ၁၉၃၇ မှာ မူဆလင်သူဌေး ပတေးက ဒုတိယအကြိမ်
စောင်ရေအမြောက်အများ ထုတ်ဝေဖြန့်ချီလိုက်တာမှာ ပြဿနာကစတာပဲ။ ဒီစာအုပ်မှာပါတဲ့
ဗုဒ္ဓဘာသာကို ထိခိုက်တဲ့ အရေးအသားတွေကို ဗုဒ္ဓဘာသာဝင်တွေက မကျေနပ်ဘူး။
သတင်းစာတွေ စာစောင်တွေကလည်း အမျိုးမျိုးရေးသား ကန့်ကွက်ကြတယ်။
ဒါကို အစိုးရက မသိကျိုးကျွန်ပြုနေတယ်။ မြန်မြန်ဆန်ဆန် အရေးမယူဘူး။ အဲဒီအချိန်က
အာဏာရအစိုးရက ဒေါက်တာဘမော်၊ ပြည်ထဲရေးဝန်ကြီးက ဆာပေါ်ထွန်းပေါ့ဗျာ။ ဒီလိုနဲ့
တအုံနွေးနွေး မခံမရပ်နိုင် ဖြစ်နေရာကနေ ၁၉၃၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့၊ ရွှေတိဂုံဘုရား
ကုန်းတော်ပေါ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများအဖွဲ့ချုပ်က ဦးစီးပြီး ကန့်ကွက်
ရှုံ့ချကြောင်း ဆုံးဖြတ်ပြီး စီတန်းလှည့်လည်ကြရာကနေ အဓိကရုဏ်းကြီးစတာပါပဲ။
ဒီတစ်ခါတော့ ရန်ကုန် တင်မက မန္တလေး၊ စစ်ကိုင်း၊ ရေနံချောင်း၊ ရွှေဘိုအပြင် တစ်ခြား
မြို့ကြီးတော်တော်များများကို ကူးဆက်သွားတော့တာပဲ။ လူပေါင်း ၁၀၈၄ ယောက်သေတယ်။
အဲဒီထဲမှာ ပုလိပ်ပစ်လို့သေတာ ၁၇၁ ယောက်မှာ မြန်မာက ၁၅၅ ယောက်သေတယ်တဲ့။
အဓိကရုဏ်းနဲ့ ပတ်သက်ပြီး မျိုးချစ်လူငယ်တွေက အစိုးရကို လက်ညှိုးထိုးတယ်၊ ဒေါက်တာ
ဘမော် ဂိုဏ်းသားတွေက ဦးစောကို လက်ညှိုးထိုးတယ်၊ အင်္ဂလိပ် အစိုးရက သတင်းစာ
တွေကို လက်ညှိုးထိုးတယ်။ မှတ်သားစရာကတော့ ဒီအဓိကရုဏ်းကြီးမှာ တို့ဗမာ
အစည်းအရုံးရဲ့ ပယောဂ လုံးဝမပါကြောင်း ဗြိတိသျှ အာဏာပိုင်တွေက ထုတ်ဖော် ပြောဆိုတဲ့
အချက်ပါပဲ။
ဇူလိုင်လက စလိုက်တဲ့ အဓိကရုဏ်းဟာ ရန်ကုန်မှာ စက်တင်ဘာလလယ်လောက်မှ ငြိမ်းအေး
သွားတယ်။ ပြီးပြီဆိုတော့လည်း ထုံးစံအတိုင်း စုံစမ်းရေးကော်မတီဖွဲ့တာပေါ့။ သဘာပတိနဲ့
အတွင်းရေးမှူးက အင်္ဂလိပ်၊ အဖွဲ့ဝင်တွေက အစ္စလာမ်ဘာသာဝင် အမျိုးသားနှစ်ဦး၊ မြန်မာ
အမျိုးသားနှစ်ဦး ပါတယ်လို့ဆိုပါတယ်။
စုံစမ်းရေးကော်မတီရဲ့ အဆိုမှာတော့ “မြန်မာသတင်းစာများ၏ တာဝန်မဲ့ လှုံ့ဆော်
ရေးသားခြင်းနှင့် အချို့သော ရဟန်းများနှင့် လူများက သွေးထိုးပေးခြင်းသည် အနီးကပ်ဆုံး
အကြောင်းဖြစ်သည်။ အောက်မြန်မာပြည်တွင် လယ်ယာပြဿနာ မပြေလည်သဖြင့် မြန်မာတို့
စီးပွားရေး ကြပ်တည်းကြသည်။ အိန္ဒိယအမျိုးသား မြေပိုင်ရှင်များနှင့် ငွေချေးစားသူများ၏
လုပ်နည်း လုပ်ဟန်ကြောင့် မြန်မာတို့သည် ကုလားများကို မုန်းတီးလာကြသည်။ နောက်
တစ်ကြောင်းမှာလည်း အိန္ဒိယအမျိုးသားများနှင့် အိမ်ထောင်ကျသော မြန်မာအမျိုးသမီးများ
အဖို့ ဗုဒ္ဓဘာသာ တရားဥပဒေအရ အခွင့်အရေး ဆုံးရှုံးကြရသဖြင့်လည်း အိန္ဒိယတို့အပေါ်
မြန်မာတို့ စိတ်နာကြပြန်သည်။ ပုလိပ်အဖွဲ့ကို လူအပေါင်းက မယုံကြည်ခြင်း၊ သံသယရှိခြင်း
သည်လည်း အကြောင်းတစ်ကြောင်းဖြစ်သည်” လို့ ဆိုပါတယ်။
ဒီကြားထဲမှာ ပြောရဦးမယ်။ အဲဒီ အဓိကရုဏ်းဖြစ်ပြီးတော့ ဒါဒါချန်ဂျီနဲ့ တယဘ်ဂျီဆိုတဲ့
မူဆလင် အမျိုးသား နှစ်ယောက်က အိန္ဒိယကို အပြေးအလွှားသွားပြီး အိန္ဒိယအမျိုးသား
ကွန်ဂယက်နဲ့ မူဆလင်လိဂ်ကို သွားတိုင်ကြသတဲ့။ မြန်မာပြည်မှာ သူတို့အမျိုးသားတွေ
ဘယ်လို ဘယ်ပုံ ညှင်းပန်းနှိပ်စက် ခံနေရကြောင်း ဆိုပြီးတော့ပေါ့။ (ငပြူး မှန်ရင်တော့
ပြဲတာချည်းပဲ၊ အရင်တုန်း ကလည်း ပြဲတယ်၊ အခုလည်း ပြဲတယ်၊ နောင်လည်း ပြဲမှာပဲ။)
ဒါနဲ့ ၁၉၃၉ ခုနှစ် ဧပြီ ၉ ရက်နေ့ အိန္ဒိယ ပြည်လုံးဆိုင်ရာ ကုန်သည်ကြီးများ အသင်းချုပ်က
“မြန်မာနှင့် အိန္ဒိယအစိုးရသည် ပင်လယ်ရပ်ခြား အိန္ဒိယအမျိုးသားများ၏ အသက်စည်းစိမ်၊
လွတ်လပ်မှု၊ တရားဥပဒေအခွင့်အရေးများ ကာကွယ်စောင့်ရှောက်မှု ပျက်ကွက်သည်”
ဆိုတဲ့ ရှုံ့ချတဲ့အဆိုကို အတည်ပြုလိုက်တယ်တဲ့။ ပြီးတော့ အိန္ဒိယ အမျိုးသားများ၏ အကျိုး
စီးပွားကို ကာကွယ်ရန် မြန်မာပြည်မှာ ဌာနတစ်ခုဖွင့်ဖို့ အိန္ဒိယအစိုးရကို တိုက်တွန်း တောင်းဆို
ကြတယ်တဲ့။ (အခု အိုအိုင်စီလို နေမှာပေါ့နော်) တစ်ခါ အိန္ဒိယအမျိုးသား ကွန်ဂယက် အဖွဲ့ကြီး
ကလည်း “မြန်မာပြည်ရှိ အိန္ဒိယ အမျိုးသားများ၏ အသက်စည်းစိမ်အတွက် အန္တရာယ်ရှိသဖြင့်
စိုးရိမ်ကြောင်း” မှတ်တမ်းတင်တယ် ဆိုပဲဗျာ။ (ဒါတောင် ကုလသမဂ္ဂအဖွဲ့ချုပ်က အဲဒီတုန်းက
မပေါ်သေးလို့ပေါ့ဗျာ)
ဒီအဓိကရုဏ်း ဖြစ်ပေါ်တာနဲ့ပတ်သက်ပြီး ဗြိတိသျှအစိုးရက အချက်ကြီး လေးချက်ကို
လုပ်ဆောင်ခဲ့တယ်တဲ့။
(၁) အိန္ဒိယအမျိုးသားများ မြန်မာပြည်သို့ တံခါးမရှိ၊ ဓားမရှိ ဝင်ရောက်ခြင်းကိစ္စကို
ဂျိမ်းစ်-ဘတ်စကာ ဦးဆောင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်း စုံစမ်းစေသည်။ (အစောကြီး
ကတည်းက လုပ်ရမှာ၊ သူတို့ဟာသူတို့လုပ်ပြီး ပြန်စုံစမ်းနေရသေးတယ်နော်)
(၂) အိန္ဒိယအမျိုးသားများ မြန်မာပြည်သို့ ဝင်ရောက်ခြင်းကို မည်သို့မည်ပုံ ကန့်သတ်
သင့်သည်ဆိုသည့် အချက်ကိုကား အန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့ တိုင်ပင်ဆွေးနွေးမှုများ
လုပ်ဆောင်ရမည်။ (ဒီဟာကနေ ဗြိတိသျှလက်အောက် မြန်မာပြည်မှာ ပထမဆုံး လူဝင်မှု
ကြီးကြပ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ဖြစ်ပေါ်လာတာပေါ့။ ဦးဆောင်သူကတော့
ဇာတ်လိုက်ကြီး ဦးစောပေါ့။)
(၃) မြန်မာနိုင်ငံရှိ အစိုးရအမှုထမ်း၊ အရာထမ်းများသည် အဂတိ လေးပါးစလုံး လိုက်စား
သည်ဟု သံသယရှိဘွယ်များ တွေ့ရှိလေသဖြင့် လာဘ်ပေးလာဘ်ယူ စုံစမ်းရေး ကော်မရှင်
တစ်ရပ် ဖွဲ့စည်းစုံစမ်းစေရသည်။ မြန်မာဘာသာဖြင့် ရေးသားသော ဦးရွှေဖီ၏ စာအုပ်ကို
ပြည်ထဲရေး ဝန်ကြီးသည် ဖတ်၍ ချက်ခြင်း သင့်သလို အရေးယူနိုင်ပေသည်။ သို့သော် ကြိုးနီ
စနစ်အရ ယင်းစာအုပ်ကို ပုလိပ်အဖွဲ့ကသိမ်း၊ စုံထောက်အဖွဲ့သို့ပို့၊ စုံထောက်အဖွဲ့က ယင်း
စာအုပ်ကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ပြန်၊ ထိုပြန်ပြီးသော စာအုပ်ကိုမှ မှတ်ချက်နှင့်
ပြည်ထဲရေး ဝန်ကြီးထံ တင်ပြ၊ အမိန့်တောင်းရသည်။ ဤသို့ပြုမူခြင်းသည် အဂတိ
တစ်ခုခုကြောင့် တမင် ရှောင်၍ နှောင့်နှေးအောင် လုပ်သည်ဟု ယူဆကြသည်။
(ဗြူရိုကရက်တွေပေါ့နော်)
(၄) ကျေးရွာများတွင် လက်ရှိအုပ်ချုပ်နေသော စနစ်မှာ သင့်လျော်ခြင်း မရှိတော့သဖြင့်
ယင်းပြဿနာ ဖြေရှင်းရန် ကော်မတီတစ်ရပ်ဖွဲ့၍ စစ်ဆေးရသည်။ ကုလား-ဗမာ
အဓိကရုဏ်းမှာ တောရွာ ကျေးလက်များတွင်ပါ ဖြစ်ပွားလေသည်။
ဒီ ကုလား-ဗမာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ဥရောပသတင်းစာတွေ၊ အိန္ဒိယ သတင်းစာ
တွေက အတော်လေးကို ဘက်လိုက်ရေးသားကြတယ်တဲ့။ အိန္ဒိယအမျိုးသားတွေရဲ့
သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်းဆုံးရှုံးမှုတွေကို အကျယ်တဝင့် ရေးသားဖော်ပြကြပြီး
မြန်မာတွေ ထိခိုက် သေဆုံးတာတွေ၊ ပစ္စည်းဆုံးရှုံးတာတွေကိုတော့ တမင်မဖော်ပြပဲ
ထားတယ်။ မြန်မာတွေဟာ အတော်ပဲ ဆိုးဝါးရက်စက်ကြောင်း ပုံကြီးချဲ့ ရေးသားဖော်ပြ
ခဲ့ကြပါတယ်တဲ့။ (အခုလည်း ဒီလိုပါပဲနော်)
ဦးစောနဲ့ လူဝင်မှုကိစ္စမဆက်ခင် အဲဒီအချိန်က လွှတ်တော်အကြောင်းလေးလည်း
နည်းနည်းတော့ ထည့်ပြောမှ ဖြစ်မယ်ထင်တယ်။ နုတ်တစ်ပုဒ်ထဲနဲ့ အားလုံးခြုံမိအောင် ရေးဖို့
လုပ်ပေမယ့် မတတ်နိုင်ဘူး ပြောလက်စနဲ့ ဆက်ပြောရတော့မှာပဲ။ ဒါကြောင့် ဒုတိယပိုင်းကို
နောက်မှ ဆက်တာပေါ့လေ။ 
ဗိုလ်ချုပ်အောင်ဆန်း ဆိုတာဘယ်လိုလူမျိုးလဲ
$
0
0
 Photo: သူငယ်ချင်းတို့ရေ ဒီစာသားလေးရေးထားခဲ့လည်း တော်တော်ကြာခဲ့ပြီ Crazy Bag ခေါ် အရူးလွယ်အိတ် Site ကပါ ကျွန်တော် ကြိုက်လွန်းလို့ Mail ထဲမှာသိမ်းထားတာပါ ဖတ်ဖူးပြီးသားသူငယ်ချင်းတွေလည်းရှိမှာပေါ့နော် ဒါပေမဲ့မဖတ်ရသေးတဲ့သူတွေလည်း ဖတ်ကြည့်အုံးပေါ့နော်....  ကျွန်တော်ကတော့ ဒီစာသားလေးတွေဖတ်ရ ကြက်သီးမွေးညင်းတောင်ထတယ် ဗိုလ်ချုပ်ကိုလေးစားတဲ့အချက်ရယ် ရေးသူကအရေးအသားပြောင်မြောက်မှုရယ်ပေါင်းစပ်လိုက်လို့လားတော့မသိဘူး တော်တော်ကောင်းပါတယ်ခင်ဗျာ..... :D   "ဗိုလ်ချုပ်အောင်ဆန်း ဆိုတာဘယ်လိုလူမျိုးလဲ" ?  အရပ်ပုပု  မျက်မှောင်ကုတ်ကုတ်  ပိုသီပတ်သီ အညာသား။  ဘီအေကျောင်းသား  စကားမပြော  ပြောရင်မရပ်  ညှင်းသိုးသိုး အရိုးခံ  ခေါင်းအမာဆုံး  ဇွဲအရှိဆုံး  စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။  သူမသိ နားမလည်တာတွေကအများသား  ရေမကူးတတ်ဘူး  စက်ဘီးမစီးတတ်ဘူး  စန္ဒရားမတီးတတ်ဘူး  သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး  မိန်းမ မပိုးတတ်ဘူး။  ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ  ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ  ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ  လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်  မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။  လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ  လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ  တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့  အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်  သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်  - ကြည်… ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် – ဆိုတဲ့  မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။  ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို  ကွဲကွဲပြားပြားသိတဲ့သူ  လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ  ခံစားဖို့ အချိန်မရခဲ့တဲ့သူ  သူ့ ဖြတ်သန်းမှုမှာ  လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့  ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ  သူ့ကို  ဒဂုန်တာရာက ကင်ပွန်းတပ်  အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။  လုပ်သက်က ခပ်နုနု  ကျောင်းသားပေါက်စ  သခင်ပေါက်စ  စစ်သားပေါက်စ  နိုင်ငံရေးသမားပေါက်စ  ဘ၀တွေက အဖုံဖုံ  အသက်က ၃၀ မရှိတရှိ။  ဒီအောင်ဆန်း လက်တောက်လောက်လေးကို  ဘာ့ကြောင့်  နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ…။  တကယ်ဆိုတော့  ငါတို့အောင်ဆန်းက  နယ်နယ်ရရမဟုတ် -  ရိုးသားတဲ့မြန်မာတွေထက်  ပိုရိုးသားတဲ့အောင်ဆန်း  သတ္တိပြောင်တဲ့ မြန်မာတွေထက်  ပိုသတ္တိရှိတဲ့ အောင်ဆန်း  စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်  ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊  ဒီလိုအောင်ဆန်း  သူ့ သွေးသားအရိုးအချဉ်တွေအားလုံး  လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး  စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း  တကယ့်အရိုးခံ အောင်ဆန်းပေါ့။  ဒီအောင်ဆန်းကို  လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ  အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ  - ငါတို့ အားကိုးပါရစေ – ဆိုလာကြ၊  ရှေးဘိုးဘွားမိဘပြည်သူတွေက  - ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ – ပြုံးပျော်ကြ  လူငယ်သွေးသောက်မြန်မာတွေက  - ငါတို့ စွန့်ပါရစေ – ဆိုပြီး ရှေ့ထွက်လာကြ  စုကြ၊ ရုံးကြ၊ စည်းလုံးကြ။  တကယ့်ဗမာတွေ  မဟာအောင်ဆန်းအနောက်က  ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့  တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ  အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်  အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။  အောင်ဆန်းရှေ့ ရောက်ရင်  ရှမ်းတွေက ရှမ်းစကားမဆိုကြ  ကချင်တွေကလည်း ကချင်စကားမဟကြ  အောင်ဆန်းကို ယုံကြည်စွာနဲ့  သူတို့ သခင်အဖြစ် သိမှတ်ပြုကြ  အားလုံးသော တိုင်းရင်းသားတွေ။  ဒီပြည်လုံးကျွတ်အားကို  စုစည်းနိုင်ခဲ့လိုလည်း  အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့  တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့  အကင်းပါးသူတွေပီပီ  မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို  ဒင်းတို့ မတိုက်ဝံ့ကြ  မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို  သူတို့ ရွေးခဲ့ကြ  အောင်ဆန်းနဲ့အတွေ့ မှာ။  ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀  အောင်ဆန်းမှာ ရှိတယ်  လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀  အောင်ဆန်းမှာရှိတယ်  အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ  အောင်ဆန်းမှာ တပြည်လုံးရှိတယ်  ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့  နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ  အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ  အားလုံး အရည်ပျော်သွားခဲ့ကြ။  ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။  ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။  အင်္ဂလိပ်ဆိုတာက ဝေလာဝေး  သူငယ်နှပ်စားမဟုတ်။  ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ  အောင်ဆန်း။  ဒီအောင်ဆန်းက စစ်ကို မလို  ဒါပေမဲ့  ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ  လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့  အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်  ငါတို့ အောင်ဆန်းပေါ့။  အောင်ဆန်း  ဒီအချိန်ဆို  ၉၃ နှစ်ရှိပြီ  အောင်ဆန်းပြောမယ်  အဘိုးရဲ့ စကား နားထောင်…။  - မမေ့နဲ့  မင်းတို့  ကနေ့ ရှူနေတဲ့ လေဟာ  ငါတို့  မနေ့က ချွေးစက်တွေဆိုတာ၊  မမေ့နဲ့  မင်းတို့  မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့  ငါတို့  ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊  မမေ့နဲ့  မင်းတို့  ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့  ငါတို့  အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ  မမေ့နဲ့။  မြန်မာလူမျိုးတိုင်းမှာ  အဖေနှစ်ယောက်ရှိတယ်  တစ်ယောက်က  ကိုယ့်သွေးသားအဖေ  ကျန်တစ်ယောက်က  မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ  မြန်မာလူမျိုးရဲ့ အဖေ  မြန်မာ့အဖေ  အောင်ဆန်းပေါ့။  ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ  အောင်ဆန်းက ကျုပ်အဖိုး  ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့  သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ  သူ့ သားကျရင်လဲ သူ့ အဘေးနဲ့  ပေးတွေ့ နိုင်ဖို့  အခုကတည်းက အသေအချာ  ကျုပ် မှာထားရအုံးမယ်။  (www.crazybag.ning.com -အရူးလွယ်အိတ် မှကူးယူဖော်ပြပါသည်။)
သူငယ်ချင်းတို့ရေ ဒီစာသားလေးရေးထားခဲ့လည်း တော်တော်ကြာခဲ့ပြီ Crazy Bag ခေါ် အရူးလွယ်အိတ် Site ကပါ ကျွန်တော် ကြိုက်လွန်းလို့ Mail ထဲမှာသိမ်းထားတာပါ ဖတ်ဖူးပြီးသားသူငယ်ချင်းတွေလည်းရှိမှာပေါ့နော် ဒါပေမဲ့မဖတ်ရသေးတဲ့သူတွေလည်း ဖတ်ကြည့်အုံးပေါ့နော်....
ကျွန်တော်ကတော့ ဒီစာသားလေးတွေဖတ်ရ ကြက်သီးမွေးညင်းတောင်ထတယ် ဗိုလ်ချုပ်ကိုလေးစားတဲ့အချက်ရယ် ရေးသူကအရေးအသားပြောင်မြောက်မှုရယ်ပေါင်းစပ်လိုက်လို့လားတော့မသိဘူး တော်တော်ကောင်းပါတယ်ခင်ဗျာ.....
"ဗိုလ်ချုပ်အောင်ဆန်း ဆိုတာဘယ်လိုလူမျိုးလဲ" ?
အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။
သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။
လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
- ကြည်… ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် – ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။
လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။
ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ…။
တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။
ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ – ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ – ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ – ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။
အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။
ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။
ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။
ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့
ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။
အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်…။
- မမေ့နဲ့
မင်းတို့
ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။
မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။
ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။
(www.crazybag.ning.com -အရူးလွယ်အိတ် မှကူးယူဖော်ပြပါသည်။)
ဂျူလိုင် မော်ကွန်း
$
0
0
ဒီ…. ဂျူလိုင် ရောက်လေတိုင်း
မုတ်သုန်မိုးနဲ့ အပြိုင်
လွမ်းမျက်ရည် ဖြိုင်ဖြိုင်
တိုင်တည်သစ္စာ  ဆိုရမြဲ… 
ပြည့်ရတနာတွေ ကြွေခဲ့ကြ
အစားထိုးမရတဲ့ ဆုံးရှုံးမှုအတွက်
အာဇာနည် ကျောက်တိုင်ထုဆစ်လို့
ဂုဏ်ယူနေရတဲ့ တိုင်းပြည်…
တို့မြေပေါ်က
မတရားမှုတွေကို
အန်တုချေဖျက်ရင်း
ပေးဆက်ခဲ့တဲ့ အသက်တွေ
ကြေမွသွားတဲ့ ဘဝတွေဟာ
ဖျောက်ဖျက်မရ သမိုင်းသက်သေတည်….
အတွင်းဝန်ရုံး..
သမဂ္ဂအဆောက်အဦ နဲ့
ကိုကိုးကျွန်းပေါ်က
သွေးရင်ပြင်တွေဟာ
ဂျူလိုင်မိုးသဲသဲ မှာ
နိုးကြား တောက်ပနေဆဲ….
ဂျူလိုင်နဲ့ အာဇာနည်
အာဇာနည်နဲ့ ဂျူလိုင်
ထပ်တူပြု သမိုင်းခြေရာတွေ
မျိုးဆက်အလီလီ စီးဆင်းသွား
ဘယ်တော့များမှ ဆုံးပါလိမ့်…..
ဂျူမိုးသွေး
 17-07-2013
ပြောနာဆိုနာ
$
0
0
 Photo: ပြောနာဆိုနာ …………    “ မင်းနဲ့ငါက ငယ်ငယ်ကတည်းကပေါင်းလာတဲ့သူတွေဆိုတော့ အားမနာတမ်းပြောရဦးမယ်”  သူကသူ့အပြစ်တွေအတွက် ဘာမှခွန်းတုံ့ပြန်ခြင်းမရှိ။ ငြိမ်နေသည်။  “ မင်းလုပ်ရပ်တွေကိုရပ်တန်းက ရပ်ရင်ကောင်းမယ်၊ ရိုးရိုးသားသားရတဲ့ ငွေကိုပဲ လိုချင်စမ်းပါကွာ၊ မင်းအလုပ်ကရတဲ့ငွေက များတယ်ဆိုပေမယ့် မင်းနေရတဲ့ ထိတ်လန့်မှုနဲ့က မကာမိပါဘူး ”  “ အေးပါကွာ အေးပါ ”  သူဒါပဲပြောပြီး ကျောခိုင်းထွက်သွားသည်။  ကျွန်တော်ပြောပြီး တစ်ပတ်လောက်အကြာမှာ အဖမ်းခံရကြောင်း ကြားသိလိုက်ရသည်။ ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။ သူနှင့် ကျွန်တော်က ငယ်စဉ်ကတည်းကပေါင်းသင်းလာကြသူတွေ ဖြစ်သည်။ ပြောစရာရှိတာတွေကို ညီအစ်ကိုးရင်းပမာ ပြောကြဆိုကြသည်။   ပြောမနာဆိုမနာတွေပေါ့။ ………….      ကျွန်တော့်အတွေ့အကြုံများတွင် တစ်ချို့သောများက ပြန်မပြော၊ နားမထောင်သူတွေကို တွေ့ခဲ့ဖူးသည်။  သူ့ကိုပြောလျှင်တော့ ဘာမှမပြော၊ ပြောတဲ့စကားကိုလည်း သူနားထောင်ခြင်းမရှိပဲ လုပ်ချင်ရာ လုပ်တတ်ကြသူတွေများစွာရှိသည်။  လူတွေမှာ သူနှင့်ဆက်စပ်သည့် မာနလေးများရှိနေတတ်သည်။  ရှိနေသော မာနများကို အသုံးချ တတ်လျှင်တော့ အမြင့်ဆုံးကိုရောက်ရှိသွားတတ်သည်။  သို့သော် တစ်ချို့သောသူများက ဆတ်ဆတ်မှကို အထိမခံနိုင်ကြ။ မြွေပွေးများလို ထိလိုက်သည်နှင့် ပါးပြင်းထောင်ပြီးပြီ။  တစ်ချို့သောသူများကတော့ ကိုယ့်အမှားကို သိသည်။ တစ်ဦးတစ်ယောက်က ပြောလိုက်သည့် စကားကို နာတတ်ပြီး ကောင်းမွန်အောင် ပြုပြင်သွားကြသည်။ …………  မင်္ဂလာတရားတော်တွင် “ သောဝစဿတာ ” ပြောဆိုဆုံးမလွယ်ကူခြင်းသည် မင်္ဂလာတရား ဖြစ်သည်ဟု ဟောမြွက်ထားပါသည်။  ဆုံးမနာယူလွယ်တတ်မှုသည် ဘ၀၏ တက်လမ်းဖြစ်သည်။  လူကြီးသူမများ၊ မိမိထက် အတွေ့ အကြုံရင့်ကျက်သူများက မိမိအား ပြောဆိုဆုံးမလျှင် ကိုယ့်မာနက ဘေးဖယ်ထားသင့်တယ်။  သို့မဟုတ်က သူက ဘာမလို့လဲဆိုသည့် စိတ်ဝင်လာက ဆုံးမစကားကိုပယ်ပြစ်တတ်ကြသည်။  အသောကကျောက်စာတွင် “ ကာယာနံမေ၀ ဒေခတိ- လူတွေဟာကိုယ်လုပ်တဲ့ဟာဆိုရင် အကောင်းချည်း ထင်ကြတယ် ” လို့ဆိုပါသည်။  ဒီတော့ ကိုယ့်အပြစ်၊ ကိုယ့်အားနည်းချက် မမြင်နိုင်တော့ပါ။  ကိုယ့်အပြစ်၊ အားနည်းချက်ကို ဘေးမှ မြင်သိနိုင်သူတစ်ယောက်ယောက်က ကိုယ့်အား ကြောင်းကျိုးပြလမ်းညွှန်လာလျှင် အမြန်ဆုံး ပြုပြင်သင့်သည်။  တစ်ခါက အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး သင်္ကန်းရုံစဉ် အောက်သင်္ကန်းနားက နည်းနည်း အစွန်းထွက်လျက်ရှိပါတယ်။  ကိုရင်ငယ်တစ်ပါးက မြင်ပြီး “ အရှင်ဘုရား သင်္ကန်းအစက မညီပဲ၊ အစထွက်နေပါတယ်ဘုရား။” ဆိုတော့ အရှင်သာရိပုတ္တရာမြတ်ကြီးက ချက်ခြင်းပဲ သင်္ကန်းကို ပြင်ရုံခဲ့ပါတယ်။  ထို့အတူ ရှင်ရာဟုလာဆိုတဲ့ ကိုရင်လေးက သဲကို လက်နဲ့ဆုပ်ပြီး “ဤသဲလုံးနှင့်အမျှ ငါ့ကို  ဆုံးမ မည့်သူရလျှင် ကောင်းလေစွ ” လို့လည်း ဆုတောင်းလေ့ရှိပါသတဲ့။  ကျွန်တော်တို့ကတော့ ကိုယ့်ကိုဆုံးမလာလျှင် မကြိုက်တတ်သလို သူများကို ပြောဆိုဖို့ကတော့ ၀န်မလေးတတ်ပါဘူး။  တစ်ဘက်သားအပေါ် ဆရာကြီးလုပ်ချင်တဲ့ရောဂါကလည်း ထကြွနေတတ်ပါ သေးတယ်။ …………….  ကျွန်တော်တို့အချင်းချင်း မိတ်ဆွေဖြစ်စေ၊ သူငယ်ချင်းဖြစ်စေ၊ ညီအစ်ကိုမောင်နှမ ဆွေမျိုးဖြစ်စေ ပြောမနာ ဆိုမနာ ခင်မင်ကြသူတွေ ရှိပါလိမ့်မည်။  ဒီအခါ ပြောစရာရှိတာတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောတတ်ဆိုတတ်ကြသည်။  သို့သော် ကျွန်တော်တို့ ဘ၀တက်လမ်းအတွက်လည်းကောင်း၊ ကျွန်တော်တို့ ကျူးလွန်ခဲ့သော အမှားများအတွက်လည်းကောင်း၊ လုပ်ဆောင်နေသော လမ်းမှားများအတွက်လည်းကောင်း ထိုအရာ များကို ထောက်ပြသူ၊ ညွှန်ပြသူများ၏ စကားကို ကျွန်တော်တို့နာယူတတ်ရမည်။  ကျွန်တော်တို့အတွက် ဆဲဆိုသည်ဖြစ်စေ ကျွန်တော်တို့ကိုပြောလျှင် နာတတ်ရမည်။ ထို နာတတ် သောစိတ်ဖြင့် အမြင့်သို့ရောက်အောင် တက်လှမ်းရမည်။  ပြောနာဆိုနာ ဖို့ လိုအပ်မည်ဖြစ်ပါတော့သည်။  ၁၆-၇-၂၀၁၃။
…………
“ မင်းနဲ့ငါက ငယ်ငယ်ကတည်းကပေါင်းလာတဲ့သူတွေဆိုတော့ အားမနာတမ်းပြောရဦးမယ်”
သူကသူ့အပြစ်တွေအတွက် ဘာမှခွန်းတုံ့ပြန်ခြင်းမရှိ။ ငြိမ်နေသည်။
“ မင်းလုပ်ရပ်တွေကိုရပ်တန်းက ရပ်ရင်ကောင်းမယ်၊ ရိုးရိုးသားသားရတဲ့ ငွေကိုပဲ လိုချင်စမ်းပါကွာ၊ မင်းအလုပ်ကရတဲ့ငွေက များတယ်ဆိုပေမယ့် မင်းနေရတဲ့ ထိတ်လန့်မှုနဲ့က မကာမိပါဘူး ”
“ အေးပါကွာ အေးပါ ”
သူဒါပဲပြောပြီး ကျောခိုင်းထွက်သွားသည်။
ကျွန်တော်ပြောပြီး တစ်ပတ်လောက်အကြာမှာ အဖမ်းခံရကြောင်း ကြားသိလိုက်ရသည်။ ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။ သူနှင့် ကျွန်တော်က ငယ်စဉ်ကတည်းကပေါင်းသင်းလာကြသူတွေ ဖြစ်သည်။ ပြောစရာရှိတာတွေကို ညီအစ်ကိုးရင်းပမာ ပြောကြဆိုကြသည်။
ပြောမနာဆိုမနာတွေပေါ့။
………….
ကျွန်တော့်အတွေ့အကြုံများတွင် တစ်ချို့သောများက ပြန်မပြော၊ နားမထောင်သူတွေကို တွေ့ခဲ့ဖူးသည်။
သူ့ကိုပြောလျှင်တော့ ဘာမှမပြော၊ ပြောတဲ့စကားကိုလည်း သူနားထောင်ခြင်းမရှိပဲ လုပ်ချင်ရာ လုပ်တတ်ကြသူတွေများစွာရှိသည်။
လူတွေမှာ သူနှင့်ဆက်စပ်သည့် မာနလေးများရှိနေတတ်သည်။ ရှိနေသော မာနများကို အသုံးချ တတ်လျှင်တော့ အမြင့်ဆုံးကိုရောက်ရှိသွားတတ်သည်။
သို့သော် တစ်ချို့သောသူများက ဆတ်ဆတ်မှကို အထိမခံနိုင်ကြ။ မြွေပွေးများလို ထိလိုက်သည်နှင့် ပါးပြင်းထောင်ပြီးပြီ။
တစ်ချို့သောသူများကတော့ ကိုယ့်အမှားကို သိသည်။ တစ်ဦးတစ်ယောက်က ပြောလိုက်သည့် စကားကို နာတတ်ပြီး ကောင်းမွန်အောင် ပြုပြင်သွားကြသည်။
…………
မင်္ဂလာတရားတော်တွင် “ သောဝစဿတာ ” ပြောဆိုဆုံးမလွယ်ကူခြင်းသည် မင်္ဂလာတရား ဖြစ်သည်ဟု ဟောမြွက်ထားပါသည်။
ဆုံးမနာယူလွယ်တတ်မှုသည် ဘ၀၏ တက်လမ်းဖြစ်သည်။ လူကြီးသူမများ၊ မိမိထက် အတွေ့ အကြုံရင့်ကျက်သူများက မိမိအား ပြောဆိုဆုံးမလျှင် ကိုယ့်မာနက ဘေးဖယ်ထားသင့်တယ်။
သို့မဟုတ်က သူက ဘာမလို့လဲဆိုသည့် စိတ်ဝင်လာက ဆုံးမစကားကိုပယ်ပြစ်တတ်ကြသည်။
အသောကကျောက်စာတွင် “ ကာယာနံမေ၀ ဒေခတိ- လူတွေဟာကိုယ်လုပ်တဲ့ဟာဆိုရင် အကောင်းချည်း ထင်ကြတယ် ” လို့ဆိုပါသည်။
ဒီတော့ ကိုယ့်အပြစ်၊ ကိုယ့်အားနည်းချက် မမြင်နိုင်တော့ပါ။ ကိုယ့်အပြစ်၊ အားနည်းချက်ကို ဘေးမှ မြင်သိနိုင်သူတစ်ယောက်ယောက်က ကိုယ့်အား ကြောင်းကျိုးပြလမ်းညွှန်လာလျှင် အမြန်ဆုံး ပြုပြင်သင့်သည်။
တစ်ခါက အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး သင်္ကန်းရုံစဉ် အောက်သင်္ကန်းနားက နည်းနည်း အစွန်းထွက်လျက်ရှိပါတယ်။
ကိုရင်ငယ်တစ်ပါးက မြင်ပြီး “ အရှင်ဘုရား သင်္ကန်းအစက မညီပဲ၊ အစထွက်နေပါတယ်ဘုရား။” ဆိုတော့ အရှင်သာရိပုတ္တရာမြတ်ကြီးက ချက်ခြင်းပဲ သင်္ကန်းကို ပြင်ရုံခဲ့ပါတယ်။
ထို့အတူ ရှင်ရာဟုလာဆိုတဲ့ ကိုရင်လေးက သဲကို လက်နဲ့ဆုပ်ပြီး “ဤသဲလုံးနှင့်အမျှ ငါ့ကို ဆုံးမ မည့်သူရလျှင် ကောင်းလေစွ ” လို့လည်း ဆုတောင်းလေ့ရှိပါသတဲ့။
ကျွန်တော်တို့ကတော့ ကိုယ့်ကိုဆုံးမလာလျှင် မကြိုက်တတ်သလို သူများကို ပြောဆိုဖို့ကတော့ ၀န်မလေးတတ်ပါဘူး။ တစ်ဘက်သားအပေါ် ဆရာကြီးလုပ်ချင်တဲ့ရောဂါကလည်း ထကြွနေတတ်ပါ သေးတယ်။
…………….
ကျွန်တော်တို့အချင်းချင်း မိတ်ဆွေဖြစ်စေ၊ သူငယ်ချင်းဖြစ်စေ၊ ညီအစ်ကိုမောင်နှမ ဆွေမျိုးဖြစ်စေ ပြောမနာ ဆိုမနာ ခင်မင်ကြသူတွေ ရှိပါလိမ့်မည်။
ဒီအခါ ပြောစရာရှိတာတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောတတ်ဆိုတတ်ကြသည်။
သို့သော် ကျွန်တော်တို့ ဘ၀တက်လမ်းအတွက်လည်းကောင်း၊ ကျွန်တော်တို့ ကျူးလွန်ခဲ့သော အမှားများအတွက်လည်းကောင်း၊ လုပ်ဆောင်နေသော လမ်းမှားများအတွက်လည်းကောင်း ထိုအရာ များကို ထောက်ပြသူ၊ ညွှန်ပြသူများ၏ စကားကို ကျွန်တော်တို့နာယူတတ်ရမည်။
ကျွန်တော်တို့အတွက် ဆဲဆိုသည်ဖြစ်စေ ကျွန်တော်တို့ကိုပြောလျှင် နာတတ်ရမည်။ ထို နာတတ် သောစိတ်ဖြင့် အမြင့်သို့ရောက်အောင် တက်လှမ်းရမည်။
ပြောနာဆိုနာ ဖို့ လိုအပ်မည်ဖြစ်ပါတော့သည်။
 မောင်ပိုင်
၁၆-၇-၂၀၁၃။
— with William Tuntunko and 5 others.
လူဝင်မှုနှင့် ဦးစော (၂)
$
0
0
၁၉၃၅ ခုနှစ်မှာ သြဂုတ်လမှာ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု အက်ဥပဒေ
(၉၁ ဌာန အုပ်ချုပ်ရေး) ကို ထုတ်ပြန်ခဲ့တယ်။ စက်တင်ဘာလမှာ အိန္ဒိယအစိုးရ အက်ဥပဒေကို
ပြဋ္ဌာန်းခဲ့တယ်။ စတင်အာဏာတည်တာကတော့ ၁၉၃၇ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ ဖြစ်ပါတယ်။
ဒီအချိန်ကစပြီး မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခု မဟုတ်တော့ဘဲ ဗြိတိသျှ
အင်ပါယာအတွင်းက သီးခြားနိုင်ငံတစ်ခု ဖြစ်လာတယ်ပေါ့။ ၉၁ ဌာန အုပ်ချုပ်ရေးလို့ ခေါ်ရခြင်း
ကတော့ ဌာနပေါင်း ၉၈ ခုရှိရာမှာ ဘုရင်ခံက ၇ ခုကိုကိုင်ပြီး ကျန်တဲ့ ၉၁ ခုကို ပြည်သူ့
ကိုယ်စားလှယ် အမတ်တွေလက်ထဲ ထည့်တယ်ဆိုတဲ့ သဘောပါ။
ဒါကလည်း အမည်ခံ ဟန်ပြ သက်သက်လို့ပဲ ဆိုရမှာပါပဲ။ ဘုရင်ခံလက်ထဲမှာ ဗီတိုအာဏာကို
ကိုင်ထားပြီး လွှတ်တော်ကိုလည်း ရုတ်သိမ်းနိုင်တယ်၊ ကက်ဘိနက်ကိုလည်း ဖြုတ်ပစ်နိုင်
ပါတယ်။ ဒီ ၉၁ ဌာန အုပ်ချုပ်ရေးကိုတော့ တို့ဗမာအစည်းအရုံးကြီးနဲ့ ကျောင်းသားသမဂ္ဂတွေက
အပြင်းအထန် ကန့်ကွက်ခဲ့တာပေါ့။ နိုင်ငံရေးအင်အားစုတွေ အတွင်းမှာလည်း ပူးသတ်မယ်တို့၊
ခွာသတ်မယ်တို့ အယူအဆ အမျိုးမျိုးဖြစ်ပြီး ကွဲကြတာပါပဲ။ ဒါကြောင့် ၁၉၃၈ ဒုတိယ
ကုလား-ဗမာ အဓိကရုဏ်း ဖြစ်ချိန်ဟာ ၉၁ ဌာန အုပ်ချုပ်ရေးကာလမှာ ဖြစ်တယ်လို့ ဆိုရမှာပေါ့။
ဒါတင်မက ရေနံမြေသပိတ်နဲ့ တတိယ ကျောင်းသားသပိတ်ကြီးဟာလည်း ဒီကာလမှာ
ဖြစ်တာပါပဲ။ ရေနံမြေသပိတ်ကို အာရုံလွှဲလို၍ ကုလား-ဗမာ အဓိကရုဏ်း ဖန်တီးတယ်လို့လည်း
အဆိုရှိပါတယ်။
၁၉၃၇ ဧပြီ ၁ ရက်နေ့မှာ ဒီစနစ်ကို စတင်ကျင့်သုံးဖို့အတွက် အောက်လွှတ်တော် ရွေးကောက်ပွဲ
ကိုတော့ ၁၉၃၆ ခုနှစ် နိုဝင်ဘာမှာလုပ်ခဲ့တယ်။ ၁၉၃၇ မတ်လ ၁၁ ရက်နေ့မှာတော့ အစိုးရအဖွဲ့
စာရင်းကို အတည်ပြုတယ်။ ဒီအုပ်ချုပ်ရေးစနစ်မှာ ပထမဆုံး အမတ်ချုပ် (နန်းရင်းဝန်) ကတော့
ဒေါက်တာဘမော်ပေါ့။ ပြောရဦးမယ် ကျုပ်တို့ လူမျိုးတွေအကြောင်း။ အစိုးရအဖွဲ့ အတည်ပြုပြီး
နောက်တစ်နေ့မှာပဲ ဦးဘဘေတို့ ငါးပွင့်ဆိုင်အဖွဲ့က ညွန်ပေါင်းအစိုးရတစ်ဖွဲ့လုံးကို
အယုံအကြည်မရှိ အဆိုတင်သွင်းပါလေရောဗျာ။ လွှတ်တော်ဥက္ကဋ္ဌ ဦးချစ်လှိုင်က ဧပြီ ၁
ရက်နေ့မှ စတင် တာဝန် ထမ်းဆောင်ရမှာဖြစ်လို့ ဘောင်မဝင်ဘူးဆိုပြီး ပယ်ချခဲ့တယ်။ ဖြစ်ပုံ
ပြောပါတယ် အစိုးရတာဝန်ဖြင့် မယူရသေးဘူး အယုံအကြည်မရှိအဆိုက စတင်တော့တာပဲ။
ဒါတင်လားဗျာ ဒီကြားထဲမှာ သူတစ်ပြန် ငါတစ်ပြန် အယုံအကြည်မရှိအဆိုတင်ပြီး ဖြုတ်ချ
နေလိုက်ကြတာ ဖေဖော်ဝါရီ ၁၉၃၉ မှာတော့ နန်းရင်းဝန် ဒေါက်တာဘမော် အစိုးရပြုတ်ကျပြီး
နန်းရင်းဝန်ဦးပု ဦးဆောင်တဲ့အစိုးရတက်၊ နောက်တစ်ခါ ၁၉၄၀ စက်တင်ဘာမှာ နန်းရင်းဝန်
ဦးပုအစိုးရ ပြုတ်ကျပြီး နန်းရင်းဝန်ဂဠုန်ဦးစော ဦးဆောင်တဲ့ အစိုးရတက်ပေါ့။ (ဘုရင်ခံကြီး
ခမျာတော့ လွှတ်တော်ကိုကြည့်ပြီး သဘောတွေကျနေမှာပဲဗျာ။)
အစိုးရတစ်ရပ်ကို ဖြုတ်ချဖို့ဆိုတာလည်း လုံလောက်တဲ့ ပြဿနာတွေ ဖန်တီးနိုင်ဦးမှကိုး။
ဒါပေမယ့် ဒီနေရာမှာ ပြဿနာကို ဖန်တီးသူလို့ မစွပ်စွဲလိုပါ။ ဆက်စပ်၍သာ စဉ်းစားကြ
ပါလေ။ မြန်မာပြည်မှာ ပြဿနာဖြစ်စေမယ့် လောင်စာတွေက အဆင်သင့်ပါ သောက်လက်စ
ဆေးလိပ်တိုလေးကို တစ်ချက်တောက်လိုက်ရုံနဲ့ မီးဟုန်းဟုန်းထတောက်မယ့် ကောက်ရိုးပုံ
တွေက အများသားလားဗျာ။ ကုလား-ဗမာ အဓိကရုဏ်း အပြီးမှာ ဒေါက်တာဘမော် အစိုးရကို
ဖြုတ်ချဖို့လုပ်တယ်။ ဒါပေမယ့် ထောက်ခံမဲ ၆၁ မဲ၊ ကန့်ကွက်မဲ ၆၆ မဲနဲ့ မအောင်မြင်ခဲ့ဘူး။
အလုပ်သမားသပိတ်တွေ ကျောင်းသားသပိတ်တွေ ဖြစ်တယ်။ ဗိုလ်အောင်ကျော်ကျတယ်။
ဒါနဲ့ ဒေါက်တာဘမော်အစိုးရကို ထပ်ဖြုတ်ချတယ်။ ဒီတစ်ခါတော့ ထောက်ခံမဲ ၇၀ မဲ၊
ကန့်ကွက်မဲ ၃၇ မဲနဲ့ ဒေါက်တာဘမော်အစိုးရ ပြုတ်ကျတယ်။ ဦးပု အစိုးရတက်တယ်။ ဦးပု
အစိုးရကိုလည်း အကြိမ်ကြိမ်ဖြုတ်ချကြတာပဲ။ ဒီကြားထဲ မြန်မာပြည်နိုင်ငံရေး အခင်းအကျင်း
တွေတော့ မပြောတော့ပါဘူး။ နောက်ဆုံး ဦးပုအစိုးရလည်း ထောက်ခံမဲ ၈၁ မဲ၊ ကန့်ကွက်မဲ
၃၂ မဲနဲ့ ပြုတ်ကြတာပဲ။ ဦးစောအစိုးရ တက်တယ်။ ဦးစောအစိုးရကိုလည်း ဖြုတ်ချဖို့လုပ်တာပဲ။
၉၁ ဌာနခေတ် လွှတ်တော်တွင်းက အိန္ဒိယအမျိုးသားတွေနဲ့ဆိုင်တဲ့ ဥပဒေကြမ်းတွေအကြောင်း
မပြောခင် ဒိုင်အာခီခေတ်က ဥပဒေကြမ်းလေးနှစ်ခု အကြောင်း ပြောဦးမယ်။ ဘာလို့လဲဆို
အဲဒီဥပဒေကြမ်းနှစ်ခုကလည်း အိန္ဒိယအမျိုးသားတွေကြားမှာ အတော်လေး လှုပ်လှုပ်ရှားရှား
ဖြစ်သွားလို့ပါ။ အဲဒါက ပင်လယ်ရေကြောင်း ခရီးသည်များအပေါ် အခွန်ကောက်ခံရေး
ဥပဒေကြမ်းနဲ့ ပြစ်မှုကျူးလွန်သူများ ပြည်နှင်ဒဏ်ပေးရေး ဥပဒေကြမ်းတို့ပဲ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းနှစ်ခု ဥပဒေပြုကောင်စီမှာ တင်တယ်ကြားရင်ပဲ အိန္ဒိယအမျိုးသားတွေဟာ
ကုလားသိုက် ကျားဝင်ကိုက် ဆိုသလို ပွက်လောရိုက်ကုန်တာပေါ့။
ပထမ ဥပဒေကြမ်းဟာ ၁၉၂၂ မတ်လမှာ တင်တာပါ။ ပင်လယ်ရေကြောင်းမှ မြန်မာပြည်ကို
ဝင်လာသူတိုင်း တစ်ဦးလျှင် အခွန်တော်ငွေ ငါးကျပ် ပေးဆောင်စေဖို့ပါ။ (ငါးကျပ်ကတော့
များတာပေါ့နော် အခုတောင် မှတ်ပုံတင်က ခြောက်ကျပ်ပဲ ရှိတာ။) ဥပဒေနှစ်ခုလုံးကို အိန္ဒိယ
အမျိုးသားတွေက အကြီးအကျယ် ကန့်ကွက် ကြတာပေါ့။ နောက်ဆုံး ဥပဒေပြုကောင်စီက
အတည်ပြုပေမယ့် အခွန်ကောက်ယူမယ့် ဥပဒေကို ဘုရင်ခံက ဗီတိုအာဏာသုံးပြီး ပယ်ချ
လိုက်ပါတော့တယ်။ ပြည်နှင်ဒဏ်ဥပဒေဟာလည်း သြဇာရှိတဲ့ အိန္ဒိယ ကုန်သည်ကြီးများနဲ့
အိန္ဒိယအမတ်တွေက သူတို့လိုချင်သလို ပြင်ဆင်ပြီးမှ ၁၉၂၆ ခုနှစ်မှာမှ ဥပဒေအဖြစ် ထွက်လာ
ပါတော့တယ်။
၉၁ ဌာန အုပ်ချုပ်ရေးခေတ်ဟာ ငါးနှစ်တောင်မခံပါဘူး။ တိတိကျကျပြောမယ်ဆိုရင် လေးနှစ်
ရှစ်လနဲ့ ခုနစ်ရက်လို့ ပြောလို့ရပါတယ်။ ဒီနောက်ပိုင်း ဂျပန်ဝင်တာပေါ့လေ။ ဒီကြားထဲ
လွှတ်တော်ထဲ တင်သွင်းတဲ့ ဥပဒေကြမ်းတွေမှာ ခေါင်းစဉ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေကိုပဲ
အဓိက ပြောပါမယ်။
ပထမ ပြောချင်တဲ့ ဥပဒေကြမ်းက နေထိုင်မှု ဥပဒေကြမ်းပေါ့။ ၁၉၃၇ ခုနှစ် သြဂုတ်လ
ဥပဒေပြု လွှတ်တော်မှာ ဦးဘဖေက မြန်မာပြည်တွင် နေထိုင်မှု ဥပဒေကြမ်းကို တင်သွင်းတယ်။
ဒီဥပဒေအရ မြန်မာပြည်တွင်နေထိုင်သော နိုင်ငံခြားသားများ၏ အခြေအနေအရပ်ရပ် ခွဲခြမ်း
စီစစ်ရန်နှင့် မြန်မာပြည်တွင် နေထိုင်ခွင့်အတွက် အခကြေးငွေပေးရန် ဖြစ်ပါတယ်။ ဒီဥပဒေဟာ
အိန္ဒိယ အမျိုးသားများ အစိုးရအမှုထမ်းခွင့်နဲ့ အခြားအခွင့်အရေးတွေကိုတော့ ကန့်သတ်တာ
မရှိပါဘူး။ ဒါကြောင့်လည်း အိန္ဒိယအမတ် တော်တော်များများက လက်ခံကြပါတယ်။
ဒါပေမယ့် ဒါကို အပြင်းအထန်ကန့်ကွက်သူကတော့ အိန္ဒိယအမျိုးသား မူဆလင်အမတ်
အက်စ်အင် ဟာဂျီပေါ့။ သူက “၁၉၃၅ ခုနှစ် ဥပဒေအရ အမျိုးမျိုးသော လူနည်းစု
အမျိုးသားများ၏ (အဲဒီ လူနည်းစု လူနည်းစုနဲ့ပဲ အခုအချိန်အထိ လုပ်စားနေတုန်းပဲ)
လုံခြုံမှုကို အကာအကွယ် ပေးထားချက်များ လုံးဝပျက်စီးသွားစေမည့် ဥပဒေဖြစ်သည်။
မကောင်းဆိုးဝါးများ ဆက်ကာ ဆက်ကာ လာစေရန် သန္ဓေတည်ခြင်းသာဖြစ်သည်။ ၁၉၃၅ ခုနှစ်
ဥပဒေကို ချိုးဖျက်သည့် ဥပဒေဖြစ်၍ ဤလွှတ်တော်က အတည်မပြုနိုင်။ ဘိလပ် ပါလီမန်ကသာ
အတည်ပြုနိုင်သည်” ဆိုပြီး ပြောပါတော့တယ်။
ဒါ့ပြင် အမတ်ဖြစ်တဲ့ လွယ်အိပ်ကြီး ဦးဘလှိုင်ကိုလည်း ပုတ်ခတ်ပြောဆိုတဲ့အတွက် ဦးဘလှိုင်က
“အိန္ဒိယသားတို့သည် မြန်မာပြည်သို့လည်း လာရောက်ငွေရှာသေးသည်။ မြန်မာ့အရေးအခင်း
များတွင် ဝင်ရောက်စွက်ဖက်ရန်လည်း ဘယ်တော့မှ လက်မနှေး။ ဒီလိုသာ ဆက်လုပ်နေဦးမည်
ဆိုလျှင် အဓိကရုဏ်းများဖြစ်၍ ဆုံးမည်မဟုတ်ကြောင်း သတိပေးပါသည်။ အကယ်၍
အဓိကရုဏ်းသာ စတင်ဖြစ်ပွားမည် ဆိုလျှင် တစ်တိုင်းပြည်လုံး အုပ်ထိန်းမရ ငရဲပြည်ကဲ့သို့
တစ်ပြည်လုံး ပျံ့နှံ့သွားပေလိမ့်မည်” ဆိုပြီး ပြန်လည် ချေပပြောဆိုပါတယ်တဲ့။ ဦးဘလှိုင်
သတိပေးပြီး တစ်နှစ်မပြည်မီမှာပဲ ဒုတိယ ကုလား-ဗမာ အဓိကရုဏ်းကြီး ဖြစ်ခဲ့တာပါပဲ။
ထူးခြားတာက ဟာဂျီရဲ့ ပြောဆိုချက်ကို အဲဒီအချိန်က လွှတ်တော်ဥက္ကဋ္ဌ ဦးချစ်လှိုင်က
လက်ခံခဲ့တယ်တဲ့။ ဘာကြောင့်လက်ခံလည်း ဆိုတာတော့ မသိပါ။ ဒီဥပဒေကြမ်းကတော့
ချောင်ထိုး ခံလိုက်ရတော့တာပါပဲ။
လွှတ်တော်ပြင်ပမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ အားကောင်းနေတုန်း လွှတ်တော်တွင်းမှာလည်း
အစိုးရကို အားစမ်းတဲ့နည်းကတော့ ဥပဒေကြမ်းတွေ တင်သွင်းတာပေါ့ ဦးစောဟာ
လယ်ယာမြေ ဥပဒေကြမ်းတွေ တင်ခဲ့တယ်။ သူ့ကိုထောက်ခံသူတွေကတော့ ငါးပွင့်ဆိုင်
အမတ်တွေပေါ့။ ဦးစောက မျိုးချစ်ပါတီကို ၁၉၃၇ သြဂုတ် ၁၄ မှာ တည်ထောင်ခဲ့တာ။
ရွေးကောက်ပွဲလုပ်တုန်းက မျိုးချစ်ပါတီ မရှိသေးဘူး။ ဒီနေရာမှာ ငါးပွင့်ဆိုင်ဆိုတာဘာလဲ
ဆိုတာ တစ်ချို့ မသိတဲ့လူလည်း ရှိမှာမို့ ပြောပါ့မယ်။ (လိုရင်းကို မရောက်နိုင်တော့ဘူးနော်။
သည်းခံပါဗျာ။) ငါးပွင့်ဆိုင်အဖွဲ့ဆိုတာ အဖွဲ့ငါးဖွဲ့ ပေါင်းထားတဲ့ အဖွဲ့ပါ။ ၁၉၃၆ ခုနှစ် ဧပြီ ၃၀
ကနေ မေ ၂ ရက်ထိ မန္တလေးမှာ ညီညွတ်ရေး အစည်းအဝေး ကျင်းပတဲ့အခါ နိုင်ငံရေးအဖွဲ့
တွေဖြစ်တဲ့ ပြည်သူပြည်သားအဖွဲ့၊ အမ်အေမောင်ကြီး ဦးစီးတဲ့ ခွဲခွာရေးအသင်းကြီးကို အမည်
ပြောင်းထားတဲ့ မြန်မာပြည် လွတ်လပ်ရေးအဖွဲ့ (Free Burma)၊ ရေဦးဆရာတော် ကြီးမှုးတဲ့
ဗဟိုဂျီစီဘီအေအဖွဲ့၊ ဦးဘစီ ဦးစီးတဲ့ သပိတ်မှောက် ဂျီစီဘီအေအဖွဲ့၊ ဦးဘဦး ဦးစီးတဲ့ မန္တလေး
၂၁ ဦး အဖွဲ့တွေကိုပေါင်းပြီး ညီညွတ်ရေး မူလဂျီစီဘီအေ အဖွဲ့ချုပ်ဆိုပြီး ဖွဲ့ထားတာပါ။
Five Flowers Party လို့လည်း ခေါ်ပါတယ်။ အဖွဲ့တွေကလည်း အများသားနော်။ အလျဉ်းသင့်
ရင်တော့ ဒီအကြောင်းတွေ သတ်သတ်ရေးပေးပါ့မယ်။ ဒီအဖွဲ့ကြီးရဲ့ အကြီးအမှူးကတော့
ရေဦးဆရာတော် ဦးသြဘာသပါ။ ဥက္ကဋ္ဌကတော့ မက္ခရာမင်းသားနဲ့ ဒေါ်ခင်လေးတို့ရဲ့
သားငယ် ထိပ်တင်ဝ မင်းသားပေါ့။ ရွေးကောက်ပွဲမှာလည်း ဒီအဖွဲ့ကြီးက အမတ်နေရာ ၄၆
နေရာနဲ့ အများဆုံးနိုင်ထားတာပါ။
ခုနကပြောခဲ့တဲ့ လွှတ်တော်တွင်း အားစမ်းတဲ့ လယ်ယာမြေ ဥပဒေတွေထဲက တစ်ခုကတော့
၁၉၃၇ ခုနှစ်မှာ ဦးစောတင်သွင်းတဲ့ လယ်ယာမြေ ဥပဒေကြမ်းပေါ့။ ဒီဥပဒေကြမ်းအရ
လယ်ယာမြေအားလုံးကို နိုင်ငံတော်ပိုင် ကြေညာပြီး လယ်လုပ်သူများကို လယ်ယာမြေများ
ဝေခြမ်းပေးရန် ဖြစ်ပါတယ်။ လယ်လုပ်သူသာ လယ်ပိုင်ရမည်ဆိုတဲ့ စနစ်ပေါ့နော်။ အဲဒီမှာ
အပြင်းအထန် ကန့်ကွက်သူကတော့ ဘယ်သူရှိမလဲ ချစ်တီးကိုယ်စားလှယ် ဗယ်လယန်
ချစ်တီးယားပေါ့။ ဒေါက်တာဘမော် အစိုးရကလည်း ဒီဥပဒေကြမ်းကို ပယ်ချခဲ့ပါတယ်။
အကြောင်းပြချက်ကတော့ ၁၉၃၅ ခုနှစ် ဥပဒေနဲ့ လွန်စွာ ဆန့်ကျင်နေလို့ပါတဲ့။
ဒါကိုမကျေနပ်တဲ့ ဦးစောက နောက်တစ်ခါ သီးစားခ ထိန်းသိမ်းရေး ဥပဒေကြမ်းကို
နောက်ထပ် တင်ပြန်ပါတယ်။ (တောင်သူလယ်သမားအရေး အကျိုးတော်ဆောင်ကြီးပေါ့ဗျာ။)
ဒီဥပဒေကြမ်းအရ လယ်တစ်ကွက်မှ ထွက်ရှိတဲ့ စပါးရဲ့ လေးပုံတစ်ပုံကိုသာ လယ်ခအဖြစ်
ပိုင်ရှင်ကိုပေးရန် ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့လည်း လက်မခံပါဘူး။
မကျေနပ်လို့ ၁၉၃၇ စက်တင်ဘာမှာ လွှတ်တော်ကို ထပ်တင်ပြန်ပါတယ်။ ဒီတစ်ခါတော့
လယ်ရှင်ကြီးတွေရဲ့ ကိုယ်စားလှယ် အမတ်တွေက အပြင်းအထန် ကန့်ကွက်ကြပါတော့တယ်။
ဘယ်လောက်ထိလဲ ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အိန္ဒိယကုန်သည်ကြီးများ အသင်းက ဘိလပ်
အစိုးရ မြန်မာပြည်ဆိုင်ရာ အတွင်းဝန်ထံကို စာရေးသားကန့်ကွက်တဲ့ အထိပါပဲ။
အမတ်ဟာဂျီကလည်း ဒီဥပဒေကြမ်း တင်သွင်းတာဟာ ဦးစောအနေနဲ့ ကိုယ်ကျိုးအတွက်
စတန့်ထွင်တာဆိုပြီး ပြောဆိုတိုက်ခိုက် တာပေါ့။ ဦးစောကလည်း ဒီဥပဒေကြမ်းကို
မရုတ်သိမ်းပေးနိုင်တဲ့အပြင် အိန္ဒိယအမျိုးသား အသင်းအဖွဲ့မှာ ဟာဂျီလိုလူမျိုး ခေါင်းဆောင်
မလုပ်သင့်ကြောင်း၊ ဟာဂျီကြောင့် ဒီတိုင်းပြည်တွင်းမှာ အပြန်အလှန် ရန်ငြှိုးထား မုန်းတီးမှုတွေ
ဖြစ်လာနိုင်တယ်ပေါ့။ ဘိလပ်သား အမတ်တွေကိုလည်း လိုတစ်မျိုး မလိုတစ်မျိုး လုပ်တဲ့
သူတွေလို့ ပြောပြီး လွှတ်တော် ထဲမှာ အပြန်အလှန် ဖြဲကြတာပေါ့ဗျာ။
(မျိုးချစ် ခေါင်းဆောင်ကြီးပေကိုး။)
အစိုးရအနေနဲ့လည်း ၁၉၃၈ သီးစားချထားရေး ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါသေးတယ်။
ဒါကိုလည်း ချစ်တီးတွေနဲ့ နတ်တူကွတ်တိုင် ချစ်တီးယားအသင်းက အပြင်းအထန်ကန့်ကွက်ပြီး
ဟိုက်ကုတ် တရားလွှတ်တော်ကို လျှောက်ထားကြရာမှာ တရားလွှတ်တော်က ငွေမျက်နှာ
ကြည့်ပြီး မြေရှင်တွေကို အနိုင်ပေးလိုက် တယ်တဲ့ဗျား။
ဒီလောက်ဆိုတော်ပါပြီ။ ခေါင်းစဉ်နဲ့လည်း တော်တော်လွဲသွားပြီလားမသိ။ ပြောချင်တာက
၉၁ ဌာန အုပ်ချုပ်ရေးခေတ်က နိုင်ငံရေးအားပြိုင်မှုတွေမှာ ဘာကို အသုံးချလည်းဆိုတာ
နည်းနည်းလောက် သိစေချင်လို့ပါ။ အဓိကက လူမျိုးရေး၊ ဘာသာရေးပြဿနာ ကောက်ရိုးပုံ၊
လယ်ယာမြေပြဿနာ ကောက်ရိုးပုံ၊ အလုပ်သမားပြဿနာ ကောက်ရိုးပုံ၊ ကျောင်းသား
ပြဿနာ ကောက်ရိုးပုံတွေပါပဲ။ ဒီပြဿနာတွေကို မီးထိုးပေးတာကတော့ သတင်းစာတွေ
ပေါ့ဗျာ။ အဲဒီအချိန်က ဦးစောဟာ သူရိယ သတင်းစာကြီးရဲ့ အယ်ဒီတာချုပ် ဖြစ်သလို
အခြား နိုင်ငံရေး အဖွဲ့အစည်းတွေမှာလည်း လက်ကိုင်တုတ် သတင်းစာတွေ အသီးသီး
ရှိကြပါတယ်။ ဒီအကြောင်းတွေကိုလည်း နုတ်သပ်သပ် ရေးပါဦးမယ်။ (ခုခေတ်နဲ့ ဘာကွာလဲဟင်၊
ကျုပ်ကတော့ မသိ။)
ကဲ အခုတော့ လိုရင်းကို သွားကြရအောင်။ နေဦးဗျ တစ်ခုတော့ ပြောချင်သေးတယ်။ အခု
ခေတ်စားနေတဲ့ မျိုးစောင့်ဥပဒေ ဆိုတာကိုပါ။ အဲဒါလေးလည်း ထည့်ပြောဦးမှပေါ့နော်။
နားဦးမယ်ဗျာ။ နောက်တစ်ပုဒ်ဆိုရင်တော့ ပြီးပါပြီ။
Viewing all 1811 articles
Browse latest View live