Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ
$
0
0
 ထိုင်းနယ်စပ်ရှိ တပ်မတော် ရှေ့တန်းစခန်းများကို တွေ့မြင်ရပုံ
July 25, 2011 at 2:06pm
http://mmdefence.blogspot.com/2011/07/blog-post.htmlမှ ပြန်လည် ကူးယူ ဖေါ်ပြပါသည်။
၂၀၀၁ နယ်စပ်တိုက်ပွဲတွေ စတင်လာတာကတော့ ဖေဖော်ဝါရီ လထဲမှာပါ။ မယ်ဆိုင်မြို့အနီးက အို-၇ တောင်ကုန်းစခန်းကို ထိုင်းဘက်က သူတို့ ပိုင်ဆိုင်တယ်လို့ ပြောဆိုတာကနေ စတင်လာတာပါ။ အဲဒီ့ အချိန်မှာ နယ်စပ် တလျှောက်မှာ တပ်မတော်နဲ့ SSA တို့ကလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ အချိန်ပါ။ အဲဒီ့ အချိန်ကာလမှာပဲ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သူရသီဟသူရစစ်မောင်တို့ အပါအဝင် တပ်မတော် အရာရှိကြီး အချို့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့ပါတယ်။ တိုက်ဆိုင်တယ်ပဲ ပြောရမလား၊ အဲဒီ့ ဖြစ်ရပ်ကြောင့်ပဲ ထိုင်းနိုင်ငံက စစ်ရေးအရ ပိုမို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့သလားတော့ မသိပါ၊ နယ်စပ်တိုက်ပွဲတွေ ပိုပြီး အရှိန်တက်ခဲ့ပါတယ်။
ပထမဆုံးအနေနဲ့ တပ်မတော် ရှေ့တန်း ကျထိနစခန်း၊ ပါချီးစခန်း နဲ့ အို-၇ တောင်ကုန်းတွေကို SSA တပ်တွေက ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဒီ့ စခန်းတွေဟာ နယ်စပ်မျဉ်းပေါ်မှာ ရှိပြီး အဲဒီ့ စခန်းတွေနဲ့ မျက်နှာချင်းဆိုင် ထိုင်နိုင်ငံဘက်ခြမ်းမှာ ထိုင်းစစ်စခန်းတွေ ရှိပါတယ်။ ထိုင်းစစ်စခန်းဘက်ကနေ SSA အင်အား ၂၀၀ ကနေ ၂၆၀ လောက်ဟာ လက်နက်ကြီး ပစ်အားသုံးပြီး အင်အား အလုံးအရင်းနဲ့ ညတိုက်ပွဲ ဆင်နွှဲပြီး ဝင်ရောက်စီးနင်းတာပါ။ ထိုင်းစစ်စခန်းကလည်း ညတိုက်ပွဲသုံး ဆလိုက် မီးမောင်းကြီးတွေနဲ့ ထိုးပြပေးခဲ့တယ်လို့ ဆိုတယ်။ လက်နက်ကြီးနဲ့လည်း ပစ်ကူ ပေးခဲ့တယ်လို့ ဆိုတယ်။ တပ်မတော်စခန်းတွေမှာက အို-၇ မှာ တပ်စုအင်အားလောက်ပဲ စခန်းထိုင်ထားပါတယ်။ ပါချီးစခန်းမှာ တပ်ခွဲ အင်အားလောက်ပဲ ရှိပါတယ်။ အင်အား ကွာခြားပေမယ့်၊ ရန်သူ့တိုက်စစ်အင်အားထက် အလွန်နည်းပေမယ့် အဓိက အဆုံးအဖြတ် ပေးခဲ့တာကတော့ အငိုက်ရရှိမှုပါ။ SSAဟာ လူအငိုက်ကော အချိန် အငိုက်ပါရရှိပြီး၊ ဒီတိုက်ပွဲတွေ အတွက်လည်း ကြိုတင် ပြင်ဆင် လေ့ကျင့်ထားပုံ ပေါ်ပါတယ်။ ထိုင်းနိုင်ငံ ဘက်ခြမ်းကနေ ဝင်တိုက်ရတာ ဖြစ်တဲ့ အတွက် မထင်မှတ်တဲ့ နေရာကနေ တိုက်ခြင်းဖြစ်ပြီး ပထဝီ အငိုက်ပါရတယ်လို့လည်း ဆိုနိုင်တယ်။ ဒါပေမယ့် ထိုင်းနဲ့ မြန်မာ နယ်စပ် ဆက်ဆံရေး တင်းမာနေချိန်ဖြစ်လို့ စခန်းရဲ့ ထိုင်းဘက်ခြမ်း မျက်နှာစာမှာလည်း ခံစစ်ပြင်ထားမှာ မလွဲပါဘူး။ လက်နက်ပစ်အားချင်းလည်း ယှဉ်မရခဲ့ဘဲ အချိန် ကြာမြင့်အောင်တောင် တောင့်ခံထားနိုင်ခြင်း မရှိပါ၊ ပါချီးစခန်းတစ်ခုတည်းမှာတင် စစ်သည် ၇ ဦး အထိ ကျဆုံးပြီး စခန်းကို စွန့်ခွာခဲ့ရတယ်။ အို-၇ တောင်ကုန်းကိုလည်း အလားတူ ထိခိုက် ကျဆုံးမှုတွေနဲ့ စွန့်ခွာရပါတယ်။ အို-၇ တောင်ကုန်းစခန်းဟာ တာချီလိတ်-မယ်ဆိုင် ဒေသကို ကောင်းစွာလွှမ်းမိုးထားနိုင်တဲ့ အနေထားရှိပြီး ပါချီး စခန်းဟာလည်း ပုံပါကျင် ဒေသကို လွှမ်းမိုးထားနိုင်ပါတယ်။ တဆက်တည်းမှာပဲ တာချီလိတ် အနောက်ခြမ်း ဒေသမှာ ရှိတဲ့ လွယ်တော်ခန်း၊ လွယ်မဆုတ်၊ လွယ်ခန်းရှိုးစခန်းတွေ အတိုက်ခံရပြီး ကျဆုံးကုန်ပါတယ်။ ပုံပါကျင်-ပါချီး-အောင်းလောင်း ဒေသမျာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီး စခန်း အတော်များများ ဆုံးရှုံးလိုက်ရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ဂိတ် အနီးမှာရှိတဲ့ ဘီပီ-၁ စခန်းကတော့ စခန်းသိမ်းတိုက်ပွဲ ပြင်းပြင်းထန်ထန် ဆင်နွှဲခံရပေမယ့် စခန်း ကျဆုံးမသွားအောင် ခုခံနိုင်ခဲ့တယ်။
တိုက်ပွဲတွေ အပြီးမှာ SSA က မြန်မာ့တပ်မတော်စခန်းတွေပေါ်ကနေ သိမ်းဆည်း ရမိတဲ့ လက်နက်တွေ ပစ္စည်းတွေကို ထိုင်းနိုင်ငံက မီဒီယာတွေကို ခေါ်ယူပြသခဲ့ပြီး ဘိန်းဖြုထုပ်တွေ ဘိန်းမဲတွေကို  တွေခဲ့တယ်၊ မြန်မာ့ တပ်မတော်ဟာ နယ်စပ်မှာ ဘိန်းမှောင်ခိုကူးနေတယ် ဒါကြောင့် ဒီစခန်းတွေကို တိုက်ခိုက်သိမ်းယူရတာ ဖြစ်ပါတယ်လို့ ရှင်းလင်းခဲ့တယ်။ မြန်မာ နိုင်ငံပိုင် မီဒီယာတွေကလည်း SSA တပ်ဖွဲ့ကသာ ဘိန်းမှောင်ခိုကူးနေတဲ့ အဖွဲ့ဖြစ်တယ် ၊ ထိုင်းနိုင်ငံက တိုက်ပွဲမှာ SSA ကို ကူညီခဲ့တယ် လို့ တုန့်ပြန်ခဲ့တယ်။ ထိုင်းစစ်တပ်ကတော့ SSA ကို လက်နက်ကြီးပစ်ကူ ပေးခဲ့တာ မဟုတ်ဘူး၊ မြန်မာစစ်တပ်က ပစ်တဲ့ ကျည်တွေ သူတို့ စခန်းပေါ်ကျတဲ့ အတွက် တုန့်ပြန်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မီဒီယာတွေမှာ ပြောပါတယ်။ အဲဒီ့နောက် မီဒီယာတွေကနေ အပြန်အလှန် စွပ်စွဲရေးသားတာတွေ၊ သံအမတ်ကြီးတွေကို ခေါ်ယူ သတိပေးတာတွေ မီဒီယာတွေကနေ ထိုင်းစစ်ဦးစီးချုပ်တွေက ခြိမ်းခြောက်တာတွေ ဆက်တိုက်ဖြစ်လာတယ်။ အထင်ပေါ်ဆုံး ပုဂ္ဂိုလ်နှစ်ဦးကတော့ ထိုင်းတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ နဲ့ အမှတ်(၃)တပ်တော်မှူး ဒု-ဗိုလ်ချုပ်ကြီးဝမ်တနာချိုင်းတို့ပဲ ဖြစ်တယ်။ ဗိုလ်ချုပ်ကြီး ဆူရာယုဒ်က အင်အားသုံး ဖြေရှင်းမယ်လို့ ဆိုခဲ့ပြီး၊ ဝမ်တနာချိုင်းကတော့ မီဒီယာတွေမှာ ကျယ်ကျယ်လောင်လောင် မြန်မာနိုင်ငံကို ပုတ်ခတ် ပြောဆိုတာတွေ လုပ်ခဲ့တယ်။ တိုက်ပွဲကြောင့် ဝမ်တနာချိုင်းဟာ ထိုင်းနိုင်ငံထဲမှာ ပိုမို ပေါ်လွင်လာပြီး နာမည်ကြီးလာတယ်။
(ဒီနေရာမှာ တစ်ခု ကြားဖြတ်ဆွေးနွေး လိုတာက မြန်မာ မီဒီယာတွေက Thai 3rd Army ကို အမှတ်(၃)စစ်တိုင်းဆိုပြီး ဘာသာပြန်ကြတယ်၊ ဒါပေမယ့် သူရဲ့ ဖွဲ့စည်းပုံကို လေ့လာကြည့်ရင် တပ်တော် လို့ ဘာသာပြန်တာ ပိုမှန်ပါမယ်၊ ဘာလို့လည်းဆိုတော့ သူက သူအခြေစိုက်တဲ့ ဒေသတွင်းမှာ စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန်တွေ ထမ်းဆောင်ဖို့ အတွက်တင် မဟုတ်ဘဲ 3rd Army တစ်ခုလုံး အတိုင်းအတာနဲ့ ရွှေ့လျား စစ်ဆင်နိုင်တဲ့ offensive capability လည်းရှိပါတယ်။ ဆိုတော့ မြန်မာ့ တပ်မတော်က စစ်တိုင်းတွေနဲ့ ပုံသဏ္ဌာန်ခြင်း မတူပါဘူး။ Phitsanulok မှာ တပ်တော်ဌာနချုပ် အခြေစိုက်ပြီး နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာ တပ်တွေ ဖြန့်ကျက်ထားတယ်။ ထိုင်းနိုင်ငံမှာ တပ်တော် လေးခုရှိပြီး မြန်မာနိုင်ငံနဲ့ နယ်နမိတ် တလျှောက်ကို ကွပ်ကဲရတဲ့ အမှတ်(၃)တပ်တော်ဟာ ကွန်မြူနစ်ခြိမ်းခြောက်မှု မရှိတော့တဲ့ စစ်အေးလွန်ကာလက စပြီး လက်နက်အကောင်းဆုံး တပ်ဆင်ပေးခြင်း ခံရတဲ့ ဦးစားပေး တပ်တော်ဖြစ်လာတယ်။ စစ်အေး ကာလတုန်းကတော့ လာအိုနဲ့ ကမ္ဘေ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘာဒီးယား နယ်စပ်တွေကို ကွပ်ကဲရတဲ့ အမှတ်(၁)နဲ့ အမှတ်(၂)တပ်တော်တွေကို ပိုဦးစားပေးခဲ့ရပါတယ်။ အဲဒီ့ အချိန်က မြန်မာနယ်စပ်မှာ မြန်မာအစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ လူမျိုးစု လက်နက်ကိုင်တွေကို ကြားခံဇုန်အဖြစ် ထားခဲ့ပါတယ်။ မြန်မာ့ တပ်မတော်နဲ့ ထိုင်းတပ်တို့ တိုက်ရိုက်ထိတွေ့ခဲ့ခြင်းလည်း မရှိပါဘူး။ စစ်အေးလွန်ကာလတွေမှာ ကွန်မြူနစ်ခြိမ်းခြောက်မှု အန္တရာယ်လည်း မရှိတော့ဘူး၊ မြန်မာ့ တပ်မတော်ကလည်း မြန်မာနိုင်ငံ နယ်စပ်အထိ နေရာတော်တော်များများမှာ ထိန်းချုပ်လာနိုင်တဲ့ အခါ အမှတ်(၃)တပ်တော်ဟာ ဦးစားပေး တပ်တော် ဖြစ်လာတယ်။ စစ်လေ့ကျင့်မှု အများအပြားကိုလည်း အမှတ်(၃)တပ်တော် ဧရိယာထဲမှာ လုပ်လာတွေ့ မြင်တွေ့ရပါတယ်။ ဥပမာ- ၂၀၀၀ ခုနှစ် Cobra Gold ကို တပ်ခရိုင်မှာ လုပ်ခဲ့ပြီး၊ ၂၀၀၁ Cobra Gold ကို ချင်းရိုင်ခရိုင်မှာ လုပ်ခဲ့တာမျိုးပါ။)
မြန်မာ့တပ်မတော်က ကျဆုံးသွားတဲ့ စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ အလွန်နီးကပ်တဲ့ ထိုင်းနိုင်ငံ ဘက်ခြမ်းမှာ ထိုင်းတပ်က စစ်အင်အား ၃၀၀၀၀ ကျော်သုံးပြီး စစ်ရေး လေ့ကျင့်တာကိုလည်း မြန်မာဘက်က ကန့်ကွက်ခဲ့တယ်။ ထိုင်းဘက်က စစ်ရေး လေ့ကျင့်မှုကို ဆက်လုပ်ခဲ့ပြီး မြန်မာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်လာပါတယ်။ ဒီိလိုနဲ့ နှစ်ဖက်တပ်များ ကြားမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်လာတယ်။ မြန်မာ့တပ်မတော်က အို-၇ တောင်ကုန်းကို ပြန်သိမ်းပိုက်တဲ့ အခါမှာ ယိုးဒယားတပ်တွေနဲ့ စတင်ထိတွေ့မှု ဖြစ်ပါတယ်။ တကယ်တော့ အို-၇ နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ယိုးဒယားဘက်ခြမ်းက တောင်ကုန်းက အို-၇ထက် ပိုမြင့်ပါတယ်။ ဒါကြောင့် အို-၇ဟာ မယ်ဆိုင်မြို့ကို စိုးမိုးနေတဲ့ အဓိက အချက်ခြာတောင်ကုန်းမို့ သူတို့ပိုင်ပါတယ်ဆိုတဲ့ ယိုးဒယားရဲ့ ပြောဆိုချက်ဟာ မမှန်ပါဘူး။ မြန်မာ့တပ်မတော်ဟာ အို-၇ ကို သိမ်းပိုက်နိုင်ပြီးတဲ့ အချိန်မှာ အို-၇ရဲ့ တဖက်က ပိုမြင့်တဲ့ တောင်ကုန်းပေါ်ကနေ ယိုးဒယားက လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ပါတယ်။ F-16 တိုက်လေယာဉ်တွေ မြန်မာ့လေပိုင်နက်ထဲ ဝင်လာပြီး ခြိမ်းခြောက်ပျံသန်းတာတွေ လုပ်လာပါတယ်။ လွယ်လန်းဒေသမှာရှိတဲ့ မိုင်းယွန်းမြို့မှာ UWSA အဖွဲ့က မှူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတယ်လို့ ယိုးဒယားက စွပ်စွဲပြီး တိုက်လေယဉ်ပေါ်ကနေ ဗုံးကျဲချပြီး တိုက်ခိုက်ခဲ့တယ်။ F16 တစ်စီး မြန်မာ့ မြေပေါ်မှာ ပျံသန်းနေခဲ့တဲ့ အချိန်ဟာ ၄၅ မိနစ်တောင် ကြာခဲ့တယ်လို့ ဆိုတယ်။ နယ်စပ်က စခန်းတွေ ပေါ်တင်မကဘဲ တာချီလိတ်မြို့ပေါ်ကိုပါ ဖြတ်ပျံခဲ့တယ်။
ထိုင်းလေတပ်မတော် F-16 တိုက်လေယာဉ်
ထိုင်းလေတပ်မတော် F-16 တိုက်လေယာဉ်
ယိုးဒယားမီဒီယာတွေမှာတော့ မြန်မာတပ်တွေဟာသူတို့ပိုင်နက်ကို ကျူးကျော်လာလို့ လေယဉ်ပေါ်ကနေ အသံဗုံးကျဲချပြီး ခြောက်လှန့်ခဲ့ရတာပါလို့ ဆိုတယ်။ သူတို့ ပြန်လည် ပစ်ခတ်တာကို မခံနိုင်တဲ့ အတွက်ရော၊ လေယာဉ်ကို ကြောက်ရွံ့တဲ့ အတွက်ရော မြန်မာတပ်တွေ မယ်ဆိုင်အနီးက တောင်ကုန်းပေါ်က ပြန်ဆုတ်ပြေးသွားကြလို့ တောင်ကုန်းကို သူတို့ ပြန်လည်သိမ်းပိုက်နိုင်တယ်လို့ ဆိုပါတယ်။ (နှစ်နိုင်ငံတပ်တွေ ထိတွေ့တဲ့ နယ်စပ်တိုက်ပွဲမှာ ယိုးဒယားက သူတို့နိုင်တယ်လို့ ဆိုလိုတာပါ။ ဒါပေမယ့် တိုက်ပွဲမှာ တောင်ကုန်းကို တကယ်ရလိုက်တာက မြန်မာဘက်က ရတာပါ။ ဒီနေ့အထိလည်း မြန်မာပိုင်ပါပဲ၊ ကျွန်တော် ၂၀၀၈ခုနှစ်တုန်းက အို-၇ တောင်ကုန်းကို ရောက်ခဲ့တဲ့ အချိန်မှာ တောင်ကုန်းထိပ်အထိ ကားလမ်း ပေါက်နေပါပီ။ နောက်ဆင်ခြေလျှောခံစစ်ကိုလည်း အခိုင်အမာတည်ဆောက်ထားပြီး လက်နက်ကြီးတွေလည်း ရှိပါတယ်။ ဒုတပ်ရင်းမှူးဦးစီး စစ်ကြောင်းတစ်ကြောင်း စခန်းထိုင်တဲ့ စခန်းကြီး တစ်ခု ဖြစ်နေပါပြီ။ မျက်နှာချင်းဆိုင်က ယိုးဒယားတောင်ကုန်းမှာလည်း ယိုးဒယားတပ်တွေ အခိုင်အမာတပ်စွဲထားတာ လှမ်းမြင်ရပါတယ်။)
တိုက်ပွဲတွင်းမှာ ယိုးဒယားက တာချီလိတ်မြို့တွင်းကို လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တဲ့ အတွက် အရပ်သား (၂)ဦးသေဆုံးခဲ့ပါတယ်။ မြန်မာဘက်ကလည်း မယ်ဆိုင်မြို့ထဲကို လက်နက်ကြီးနဲ့ ပြန်ပစ်ခဲ့ပြီး ထိုင်းပြည်သူ (၂)ဦး သေဆုံးတယ်လို့ မီဒီယာတွေမှာ တွေ့ရပါတယ်။ တာချီလိတ် အနောက်ခြမ်း ဒေသနဲ့၊ ပုံပါကျင်-ပါချီး ဒေသ တွေမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီး လွယ်လန်း ဒေသမှာတော့ တိုက်ပွဲတွေ ဖြစ်/မဖြစ်ကို ကျွန်တော် မသိပါ (သိတဲ့လူတွေ ပြောပြပေးပါ)။ မြန်မာ့တပ်မတော်ဟာ ကျဆုံးသွားတဲ့ စခန်းတွေကို ဂျွန်၊ ဂျူလိုင် လတွေထဲမှာမှ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ SSA တပ်တွေလည်း ယိုးဒယားနိုင်ငံထဲကို ဆုတ်ခွာသွားကြတယ်။ အကျအဆုံး၊ ဒဏ်ရာရ အများကြီးနဲ့ ရင်းနှီးပြီးမှ စခန်းတွေကို ပြန်သိမ်းနိုင်ခဲ့တာပါ။ ပါချီးတောင် ဆိုရင် အတော်မတ်ဆောက်တဲ့ အတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတယ် နယ်စပ်အနီးမှာ ရှိတဲ့ အတွက် လက်နက်ကြီး သုံးရတာလည်း အကန့်အသတ် အလွန်များပါတယ်၊ စခန်းတွေ ကျသွားတုန်းက နာရီပိုင်းတွင်း ကျဆုံးသွားပေမယ့် ပြန်သိမ်းယူတဲ့အခါ အသက်တွေ အများကြီးရင်းပြီး လနဲ့ချီအောင် တိုက်ယူခဲ့ရတာ ဖြစ်ပါတယ်။ ရန်သူ့ဘက်ကအငိုက်ရရှိခဲ့မှုနဲ့၊ မိမိက တိုက်စစ်ဆင်တဲ့ အခါမှာတော့ အငိုက်မရရှိတဲ့ အခါ ဘယ်လောက် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရတယ်ဆိုတာ သင်ခန်းစာပါ။ (အခုချိန်မှာတော့ ပါချီးအပါအဝင် ဒီစခန်းတွေ အားလုံးဟာ အမြင့်ဆုံး တပ်လှန့်ထားတဲ့ မဆုတ်တမ်းခံစစ် စခန်းတွေပါ။) လွယ်မဆုတ်စခန်းကို သိမ်းပိုက်မိတဲ့ အခါမှာ ယိုးဒယားတပ်သုံး ဆက်သွယ်ရေးစက်တစ်လုံးတောင် သိမ်းမိခဲ့ပါသေးတယ်။ အို-၇ တိုက်ပွဲမှာလည်း ယိုးဒယားတပ်သုံး လက်နက်ငယ်တွေနဲ့ ယိုးဒယားတပ်မတော် တံဆိပ်ပါတဲ့ ရှေ့ထွက်မိုင်းတွေပါ သိမ်းမိခဲ့ပါတယ်။
ပါချီးစခန်း၊ တောင်ခြေရှိ ကတ္တရာလမ်းမှာ ထိုင်း-မြန်မာ နယ်စပ်မျဉ်း ဖြစ်သည်။
ပါချီးစခန်း၊ တောင်ခြေရှိ ကတ္တရာလမ်းမှာ ထိုင်း-မြန်မာ နယ်စပ်မျဉ်း ဖြစ်သည်။
လွယ်လန်းဒေသ အခြေအနေကလည်း အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အင်မတန် အန္တရာယ်ကြီးတဲ့ အနေအထားပါ။ လွယ်လန်းဒေသတွင်းမှာ ထိုင်းစစ်စခန်း (၃၅)ခု ရှိနေပါတယ်။ မြန်မာ့တပ်မတော်က ထိုင်းစစ်စခန်းတွေ အားလုံး ဆုတ်ခွာပေးဖို့ တရားဝင် အကြောင်းကြားမှု လုပ်ခဲ့ပါသေးတယ်။ ထိုင်းဘက်က ပြန်လည် ကန့်ကွက်ခဲ့ပြီး သူတို့ပိုင် နယ်မြေဖြစ်တဲ့ အတွက် ဆုတ်မပေးနိုင်ကြောင်း ဆိုတယ်။ ဒီပြဿနာဟာ ဒီနေ့ အထိ မပြီးဆုံး သေးပါဘူး။ ထိုင်းတပ်စခန်းတွေ(အချို့စခန်းတွေမှာ သံချပ်ကာ ယာဉ်များပါ ပါဝင်ပါတယ်)နဲ့ မြန်မာတပ်စခန်းတွေ ထိပ်တိုက်ရင်ဆိုင်ပြီး အသင့် အနေအထားနဲ့ စခန်းချထားတာ ဒီနေ့ အထိပါ။
ထိုင်းနယ်စပ်ရှိ တပ်မတော် ရှေ့တန်းစခန်းများကို တွေ့မြင်ရပုံ
၂၀၀၁ တိုက်ပွဲစဉ်တွေမှာ ယိုးဒယားနဲ့ မြန်မာတပ်တွေ ထိတွေ့ခဲ့တာကို ပြန်သုံးသပ်ရရင် မြန်မာ့ တပ်မတော်ဘက်က ယိုးဒယားထက် အကျအဆုံး အထိအခိုက် ပိုများခဲ့တယ် (ဒါပေမယ့် ယိုးဒယားတပ်တွေကြောင့်လို့တော့ မဆိုနိုင်ပါ၊ SSA နဲ့ တိုက်ခိုက်ရတဲ့ အတွက် ထိခိုက်ကျဆုံးရတာတွေပါ)။ ဒါပေမယ့် နယ်မြေမဆုံးရှုံးအောင် ကာကွယ်နိုင်ခဲ့တယ်။ အငြင်းပွားနေတဲ့ တောင်ကုန်းကို ရန်သူ့လက်ပါမသွားအောင် ပြန်တိုက်ယူနိုင်ခဲ့ပြီး၊ လွယ်လန်းဒေသက နယ်မြေအငြင်းပွားမှု ပြဿနာကတော့ နဂိုအခြေအနေတိုင်း ရှိနေပြီး ဒီနေ့အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး။ အဲ့ဒီ့ အချိန်က မိမိ လေတပ်မတော်မှာ ခေတ်မှီဂျက်တိုက်လေယာဉ် မရှိခဲ့တဲ့ အတွက် ယိုးဒယားလေတပ်က မိမိ ခေါင်းပေါ်ဖြတ်ပျံပြီး နားရွက်တံတွေးဆွတ်တာ ခံခဲ့ရတယ်။
တိုက်ပွဲအပြီးတွင် ဝယ်ယူခဲ့သော MIG-29 တိုက်လေယာဉ်
တိုက်ပွဲအပြီးတွင် ဝယ်ယူခဲ့သော MIG-29 တိုက်လေယာဉ်
နယ်စပ်တိုက်ပွဲတွေ ဖြစ်နေတဲ့ တချိန်တည်းမှာပဲ ထိုင်း-မြန်မာ ရေပိုင်နက်ခြင်း ထိစပ် နေတဲ့ နေရာမှာ ရေတပ်ခြင်း ထိတွေ့မှု ဖြစ်ခဲ့ပါတယ်။ (နှစ်နိုင်ငံ ရေပိုင်နက် အကြားမှာ ပါချန်မြစ်ဝက လူမနေတဲ့ ကျွန်း(၃)ကျွန်း ပိုင်ဆိုင်မှုကို နှစ်နိုင်ငံ အငြင်းပွား နေဆဲပါ)။ ထိုင်းစစ်ရေယာဉ် တစ်စီးဟာ မြန်မာ့ ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာပြီး မြန်မာဘက်က ကင်းလှည့်တိုက်ရေယာဉ် ရန်နိုင်-၅၁၀ နဲ့ တွေ့ဆုံတဲ့ အချိန်မှာ ထိုင်းဘက်က စတင်ပစ်ခတ်ခဲ့တာပါ။ ရန်နိုင်-၅၁၀ မှာ ထိုင်းစစ်သင်္ဘောကို တုန့်ပြန်ပစ်ခတ်ဖို့ ထိရောက်တဲ့ လက်နက် ကောင်းကောင်း မပါဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မထိအောင်ပဲ ရှောင်တိမ်းပြီး ဆုတ်ခွာခဲ့ရတယ်။ ဒါပေမယ့် ရန်နိုင်-၅၁၀ နဲ့ တတန်းတည်းမှာ ရှိနေတယ့် ဆလုံကျွန်း စေတီတော်ကို ထိမှန်ပြီး စေတီတော် ပျက်ဆီးခဲ့ပါတယ်။ မြန်မာ ရေတပ် သင်္ဘောတစ်စင်း သူတို့ ပိုင်နက်ကို ကျူးကျော်လို့ ပစ်ခတ်ခဲ့ရတယ်လို့ ထိုင်းနိုင်ငံက ချက်ချင်းပဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တယ်။ မြန်မာနိုင်ငံကလည်း ထိုင်းဘက်က ကျူးကျော်တာဖြစ်တယ်လို့ ပြန်လည် ကန့်ကွက်ခဲ့တယ်။ ကုန်းပေါ်က နယ်စပ်မှာသာမက ရေပြင် နယ်စပ်မှာပါ တင်းမာမှု အမြင့်ဆုံး မြင့်တက်ခဲ့ပါတယ်။ ခေတ်မှီ ရေတပ် သင်္ဘောတွေနဲ့ ခေတ်မှီတဲ့ လက်နက်စနစ်တွေ လိုနေပြီ ဆိုတာ ဒီဖြစ်စဉ်က ပြသခဲ့ပါတယ်။
သိတဲ့လူတွေက အချက်အလက်တွေ ဖြည့်ပေး၊ ပြင်ပေးကြဖို့ ကြိုဆိုပါတယ်။
အားလုံးကို လေးစားလျက်
Comrade
ဒီအောက်က comment က အို-၇ စခန်း တိုက်ပွဲအကြောင်း ပြည့်ပြည့်စုံစုံ သိရအောင် ကို James Mgzaw ပေးပို့ ပေးတာပါ၊ ကျေးဇူးတင်ပါတယ်ခင်ဗျား။
၂၀၀၁ E 7(O) တိုက်ပွဲမှာပါခဲ့တဲ့ သူငယ်ချင်းတယောက်ရဲ့ပြောပြချက်အရ သူတို့တာဝန်ယူထားတဲ့တောင်ကုန်း
ဟာ နယ်စပ်ချင်းထိစပ်နေပြီး အရင်ကဟိုဘက်ရဲဘော် ဒီဘက်ရဲဘော်အချင်းချင်း ခြင်းခတ်၊ဘောလုံးကန်စသဖြင့် နေလာကြ
သူတွေပါ၊ ဒါပေမယ့်မဖြစ်ခင် တပတ်လောက်မှာ အနေတန်းသွားကြပြီး အဲ့ဒီနေ့မနက်အစောကြီး Dawn attack  နဲ့ဝင်တိုက်
တာပါ၊ ကံကောင်းချင်တော့ ခွဲမှူးညကသောက်တာများသွားပြီး ရင်ပူလို့ အစောကြီးနိုးကာ ကင်းတွေလိုက်စစ်ရင်း ရဲဘော်တွေ
အားလုံး Stand by ပေးထားတုန်းဝင်တိုက်ချိန်ဖြစ်သွားတယ်။ ဒါပေမယ့်လူအင်အား လက်နက်အင်အားချင်းမမျှလို့
လက်နက်ကြီးပြစ်ချိန်မှာ စခန်းဘေးကတောင်စောင်းမှာ ခဏရှောင်လိုက်၊ လက်နက်ကြီးအပြစ်ရပ်ချိန်  ပြန်တိုက်လိုက်နဲ့လုပ်ရင်း
စခန်းကိုထိမ်းထားနိုင်ခဲ့တယ်၊ သိရသလောက် ထိုင်းဘက်ကနယ်စပ်စခန်းနားထိ လမ်းတွေပေါက်တော့ တင့်ကားတွေပါ မောင်းချလာ
ပြီးပြစ်ပေးတယ်လို့သိရတယ်။ စခန်းမှာအထိအခိုက် အကျအဆုံးတွေများလာပြီး ခွဲမှူးကိုယ်တိုင်ပေါင်မှာထိသွာ
းတယ်၊ နေ့လယ်လောက်မှ စစ်ကူရောက်လာကာ စခန်းကိုပြန်ထိမ်းနိုင်ခဲ့တယ်။
ထိုင်းဘက်ကလူအင်အား၊ လက်နက်အင်အားက ပြောစရာမရှိအောင်သာတယ်၊ အရာခံဗိုလ်အဆင့်လောက်က လူနာကောက်ဖို့
ရဟတ်ယာဉ်တောင်းနိုင်ခွင့်ရှိတယ်၊ နယ်စပ်အထိ သံချပ်ကာယာဉ်တွေသွားနိုင်လောက်တဲ့ လမ်းတွေရှိတယ်၊ မြန်မာဘက်ကတော့
ယခုထိ ပေါ်တာခေါ်ကာ လူအင်အားဖြင့် ပစ္စည်းတွေသယ်ရတဲ့အဆင့်ပဲရှိသေးတယ်။ ကျိုင်းတုံမှာရှိတဲ့ သံချပ်ကာတပ်ရင်းက
တာချီလိတ်ရှေ့တန်းစခန်းထိ မသွားနိုင်ဘူး၊ မြန်မာတပ်တွေကစိတ်ဓာတ်ရေးရာကိုပဲ အခြေခံပြီးတိုက်နေရတယ်၊ ပြောရမယ်ဆိုရင်
ဟိုးလွန်ခဲ့သောနှစ်ပေါင်း ၄၀၊၅၀ လောက်က ဗိုလ်ချုပ်ကျော်ဇောတို့၊ဗိုလ်ချုပ်တင်ဦးတို့ တရုတ်ဖြူတိုက်တုန်းကတောင်
ဒီထက်ထောက်ပံ့ရေးကောင်းသေးတယ်၊ လေကြောင်းပြစ်ကူပေးတာတွေ၊ လေယာဉ်နဲ့ရိ့က္ခာချပေးတာတွေ အလျှံပယ်လုပ်ပေးနိုင်ခဲ့တယ်၊ တိုင်းပြည်ကလဲချမ်းသာ၊ ပါလီမန်ဒီမိုကရေစီစနစ်မှာ နိုင်ငံကြီးတွေရဲ့ထောက်ပံ့မှု့ကလည်း ရတော့ကောင်းကောင်းတိုက်နိုင်ခဲ့တယ်။
အခုလိုပြောလို့ တပ်မတော်အတွက်အသုံးစရိတ်တွေပိုသုံးခိုင်းနေတာမဟုတ်ပါ၊ ပထမအရေးကြီးဆုံးတိုင်းပြည်ကိုချမ်းသာအောင်လုပ်စေချင်သည်။
တိုင်းပြည်ချမ်းသာလာရင် ပြည်သူလူထုလဲချမ်းသာ တပ်မတော်လဲချမ်းသာလာမယ်၊ ဒုတိယအချက်က နိုင်ငံကြီးတွေနဲ့ အဆင်ပြေစေချင်တယ်၊
အဓိက အမေရိကန်၊ အင်္ဂလိပ်နှင့် ဥရောပနိုင်ငံများ၊ တရုတ်၊ရုရှားတို့နဲ့လဲအဆင်ပြေအောင်ပေါင်းပြီး ချိန်ခွင်လျှာညှိပါ၊ တိုင်းရင်းသား
အချင်းချင်းတိုက်တဲ့စစ်ပွဲတွေမဖြစ်စေချင်ဘူး၊ ယိုးဒယားတို့ ဘင်္ဂလားဒေ့ရ် တို့လိုသူတို့ဘက်ကစပြီး ကျူးကျော်စစ်ဖြစ်လို့ကတော့
မြန်မာလူငယ်တိုင်း စစ်ထဲဝင်ကြမှာပါ၊ နိုင်ငံသားတိုင်း မျိုးချစ်စိတ်ရှိကြပါတယ်။
ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)
$
0
0
ထိုင်းနယ်စပ်ရှိ မြန်မာ ရှေ့တန်းစခန်း
July 23, 2011 at 2:09pm
(အခု ဆောင်းပါးကို တင်ရတာဟာ ၂၀၀၃ ခုနှစ်က ထိုင်း နဲ့ မြန်မာ နှစ်နိုင်ငံ စစ်တပ်တွေကြား ပဋိပက္ခဖြစ်ခဲ့တဲ့ အခြေအနေကို လက်လှမ်းမှီသလောက် တင်ပြလိုရင်း ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေကို စော်ကားတိုက်ခိုက်လိုခြင်း မရှိပါကြောင်း ကြိုတင် ပြောကြား လိုပါသည်။ အခုချိန်မှာ တဖက်နဲ့ တဖက် တိုက်ခိုက်နေရပေမယ့် ညီအစ်ကိုတွေဖြစ်လို့ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်မယ့် နေ့တွေကို မျှော်လင့်လျက် ရှိနေကြောင်းပါ)
http://www.mmdefence.blogspot.comမှ ပြန်လည်ကူးယူ ဖေါ်ပြပါသည်။
ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)
(ဒီအကြောင်း ရေးသားရတာက ပြည့်ပြည့်စုံစုံ သိလို့ မှီလို့ ရေးတာ မဟုတ်ဘူးဆိုတာ ကြိုတောင်းပန်ပါရစေ။ ကျွန်တော် သိသလောက် ရေးတဲ့ထဲမှာ လွဲမှားတာတွေ အများကြီး ရှိနိုင်ပါတယ်။  Blog C-box ထဲမှာ ကိုsawkofan မေးထားတာကို ပြန်ဖြေ ပေးတဲ့သူ မတွေ့သေးတဲ့ အတွက် တကယ်နားလည်တဲ့ သိတဲ့ လူတွေ မပြောခင် သိသလောက်လေး နည်းနည်း ပြောပြတာပါ။ လွဲမှားနေတာတွေ ရှိရင် သိတဲ့လူတွေက ထောက်ပြ ပြုပြင်ပေးကြပါ ခင်ဗျား။)
ထိုင်း-မြန်မာ နယ်စပ် ၂၀၀၁ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်လို့တော့ ကျွန်တော် အနည်းအကျဉ်းပဲ ကြားဖူးပါတယ်။ တိုက်ပွဲမှာ ပါခဲ့ဖူးတဲ့ တပ်မတော်သားအချို့နဲ့၊ သူတို့ဆီက တဆင့်စကားကြားဖူးသူတွေ ဆီကနေ ထပ်ဆင့်ပြီး အနည်းအကျဉ်းသာ ကြားဖူးနားဝ ရှိပါတယ်၊ ထင်ရှားတဲ့ တိုက်ပွဲတွေက အို-၇ တောင်ကုန်းတိုက်ပွဲ၊ ပါချီးစခန်း တိုက်ပွဲ၊ ဘီပီ-၁ စခန်းတိုက်ပွဲ၊ လွယ်တော်ခန်းတိုက်ပွဲ၊ လွယ်ခန်းရှိုးတိုက်ပွဲ၊ စတဲ့ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း များစွာ ပါပါတယ်။ မိုးသီးဇွန် ဘလော့မှာ ကိုsawkofan ဖတ်ဖူးတဲ့ ကျောက်ခေတ်တပ်မတော် ဆိုတဲ့ ဆောင်းပါးက ဆောင်းပါးရှင် ဂါမဏိ ရေးတာပါ။ ကျွန်တော်လည်း ဖတ်ဖူးတယ်၊ သူ့ဆောင်းပါးမှာတဲ့ တချို့အချက်တွေကို ကြည့်လိုက်တာနဲ့တင် အရမ်းလွဲနေမှန်း သိသာပါတယ်၊ (ထိုင်းစစ်တပ်ရဲ့ ရုပ်သံလိုင်းကလွှင့်တဲ့ အချက်အလက်တွေကို ယူပြီး ရေးခဲ့သလားတော့ မသိပါ)။ မြန်မာဘက်က တိုက်ပ်-၆၉ တင့်ကားတွေ သုံးပြီး ထိုင်းဘက်က အမ်-၆၀ တင့်ကားတွေနဲ့ ခုခံခဲ့တယ်လို့ ဆိုတယ်၊ ရှမ်းပြည် အရှေ့ပိုင်း တစ်ခုလုံးမှာ တိုက်ပ်-၆၉ လို ပင်မတိုက်ပွဲဝင်တင့်တွေ တစီးမှ မရှိပါ။ မြေပြင် အနေထားကလည်း တင့်တွေ ရှမ်းပြည် အရှေ့ပိုင်းကို သယ်ယူဖို့နဲ့ အဲဒီ့ ဒေသမှာ စစ်ဆင်ဖို့ အခြေအနေ မပေးပါ။ ထိုင်းဘက်ကလည်း တကယ်သုံးခဲ့တာက သံချပ်ကာ လူသယ်ယာဉ်တွေနဲ့ ခြေလျင် တိုက်ခိုက်ရေးယာဉ်တွေပါ။
ထိုင်းစစ်တပ်က အသုံးပြုခဲ့တဲ့ ခြေလျင် တိုက်ခိုက်ရေးယာဉ်
ထိုင်းစစ်တပ်က အသုံးပြုခဲ့တဲ့ ခြေလျင် တိုက်ခိုက်ရေးယာဉ်
ဆောင်းပါးရှင် ဂါမဏိ ရေးထားတာ သတင်း အချက်အလက် အလွဲအမှားတွေကို အခြေခံပြီး ရေးထားတယ် ဆိုတာလောက်တော့ ကျွန်တော်ပြောနိုင်ပါတယ်။၂၀၀၁ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်လို့ ပိုသိတဲ့ လူတွေ ဆွေးနွေးပေးပါလိမ့်မယ်။ အခု ၂၀၀၃ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်ပြီး ကျွန်တော်သိသလောက် နည်းနည်း ဆွေးနွေးပါ့မယ်၊ ကျွန်တော်က ဒီတိုက်ပွဲစဉ်မှာ ပါဝင်ခဲ့လို့ မဟုတ်ပါ၊ ဒါပေမယ့် ကျွန်တော်ထွက်ခဲ့ဖူးတဲ့ စစ်ဆင်ရေး နယ်မြေက အဲဒီ့ ဒေသနဲ့ ဆက်စပ်နေတဲ့ အတွက် အနည်းအကျင်း သိခဲ့ရပါတယ်။
အဓိက တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ နေရာတွေကတော့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေ မုံးထော်-မုံးထ ဒေသ ဖြစ်ပါတယ်။ မုံးထော်(ရှမ်းအခေါ် မိုင်းတော့)-မုံးထ(မိုင်းထား) ဒေသ ဟာ ကြိဂံဒေသ အနောက်တောင်ဘက်စွန်း သံလွင်မြစ် အရှေ့ဘက်ကမ်းမှာ တည်ရှိပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
နယ်မြေ ဟိုမိန်းဒေသ နဲ့ နယ်မြေချင်း ဆက်စပ်နေပါတယ်။ ဟိုမိန်းဒေသနဲ့ မုံးထော်-မုံးထဒေသ အစပ်မှာ SSA ဌာနချုပ် လွယ်တိုင်းလျှံစခန်း တည်ရှိပါတယ်။ လွယ်တိုင်းလျှံ စခန်းဟာ ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ်မှာ ရှိပြီး နယ်နိမိတ် အဖြစ် သတ်မှတ်ထားတဲ့ တောင်ကြော တလျှောက် အလျားလိုက် တည်ရှိပါတယ်။ လွယ်တိုင်းလျှံစခန်းရှေ့နဲ့ ဘယ်ညာမှာ ကာကင်း စခန်းပေါင်း များစွာရှိပြီး SSA ဟာ လွယ်တိုင်းလျှံဝန်းကျင် ဧရိယာ အတော်များများကို စိုးမိုး ထားနိုင်ပါတယ်။ လွယ်တိုင်းလျှံရဲ့ အဆောက်အဦ အတော်များများဟာ မြန်မာနယ်နိမိတ်ထဲမှာ ရှိပေမယ့် ဝင်ပေါက်တွေက ထိုင်းဘက်ကပဲ ဝင်လို့ရပါတယ်။ မြန်မာဘက်ခြမ်းကို အခိုင်အမာ ခံစစ်ပြင်ထားပြီး ရှေ့မှာ သတ်ကွင်း ဖန်တီး ထားပါတယ်။ SSA ရဲ့ လွယ်တိုင်းလျှံ ကာကင်းတွေရဲ့ မျက်နှာချင်းဆိုင်မှာတော့ မြန်မာ့ တပ်မတော် ရှေ့တန်း ကာကင်းစခန်းတွေ ရှိပါတယ်။ မျက်နှာချင်းဆိုင် တောင်ကြောတွေမှာ တဖက်နဲ့ တဖက် အသင့် ရင်ဆိုင်ထိန်းချုပ်ထားတဲ့ အနေအထားပါ။
ထုံးစံ အတိုင်းပါပဲ တိုက်ပွဲတွေ စတင် ဖြစ်ပွားတဲ့ အချိန်ကတော့ ၂၀၀၂ ခုနှစ် ထိုင်း-အမေရိကန်ပူးတွဲ Cobra Gold စစ်လေ့ကျင့်မှု ပြုလုပ်တဲ့ အချိန်ပါ။ (ထုံးစံ အတိုင်းလို့ ဆိုရတာက နယ်စပ်က မြန်မာ့တပ်မတော် စခန်းတွေ အတိုက်ခံရတဲ့ အချိန်တိုင်း လိုလိုဟာ Cobra Gold ပြုလုပ်မယ့် အချိန်ကာလ ပတ်ဝန်းကျင်ဖြစ်ပါတယ်)။ လူမျိုးစုလက်နက်ကိုင်တွေ မြန်မာ့ တပ်မတော်စခန်းတွေ ကို ဝင်တိုက်တာတွေဟာ Cobra Gold နဲ့ အချိန်ကိုက် ဖြစ်လေ့ရှိတာ တိုက်ဆိုင်မှု သက်သက်တော့ မဟုတ်ပါဘူး။ အဲဒီ့ နယ်စပ်တိုက်ပွဲတွေ ဖြစ်တဲ့ အချိန်မှာ ထိုင်းတပ်ဟာ ဝင်မပါပေမယ့် သူတို့ နယ်စပ်ကို ကာကွယ်ဖို့ဆိုတဲ့ ပုံစံနဲ့ နယ်စပ်မှာ လက်နက်ကြီးတွေ အပြည့်အစုံနဲ့ တပ်လှန့်ခြင်း တပ်အသင့်နေရာယူခြင်းတွေ လုပ်ပြီး မြန်မာ့ တပ်မတော်ကို တိုက်ခိုက်နေတဲ့ လူမျိုးစုလက်နက်ကိုင်တွေ နောက်မှာ အသင့်ရှိနေတတ်ပါတယ်။ နောက်တစ်ချက်က Cobra Gold စစ်ရေး လေ့ကျင့်မှုဟာ ပုံမှန် ပူးတွဲ စစ်ရေးလေ့ကျင့်ရုံသက်သက် မဟုတ်ပါဘူး။ အမေရိကန်က ထိုင်းကို လက်နက်ရောင်းတဲ့ပွဲလည်း ဖြစ်တယ်။ စစ်လေ့ကျင့်မှုမှာပါတဲ့ အမေရိကန်တပ်တွေဟာ လက်နက် အပြည့်အစုံနဲ့လာလေ့ရှိတယ်၊ ဒါပေမယ့် စစ်လေ့ကျင့်မှု ပြီးတဲ့အခါ ပါလာတဲ့ လက်နက်ကြီးတွေကို ပြန်ယူမသွားဘဲ ထိုင်းကို အထူးဈေးနဲ့ ရောင်းခဲ့လေ့ရှိပါတယ်။ စစ်လေ့ကျင့်မှုကို ရှေ့တန်းတင်ပြီး လက်နက်ကြီးတွေကို လျှော့ဈေးနဲ့ သက်သက်သာသာ ပေးပစ်ခဲ့တဲ့ သဘောပါ။ ဒီလို ထိုင်းမှာ လက်နက်တွေ အသင့်၊  လေ့ကျင့်မှုအသင့် ဖြစ်တဲ့ အချိန်မှာ နယ်စပ်က တပ်မတော်စခန်းတွေ အမြဲလိုလို တိုက်ခံရပါတယ်။ ၂၀၀၁ ခုနှစ် Cobra Gold ကိုမြန်မာနိုင်ငံ တာချီလိတ်ဒေသ၊ လွယ်လန်းဒေသတွေနဲ့ ကပ်လျက် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် နယ်စပ်မှာ ပြုလုပ်သွားပါတယ်။ ထိုင်းတပ်တွေ ချင်းရိုင်ခရိုင်ထဲမှာ အသင့်ရှိနေချိန် မေလလယ်မှာ ထိုင်းမြန်မာ အပြန်အလှန်ပစ်ခတ်မှုတွေ ၊ ရှေ့တန်းတပ်ချင်း ထိတွေ့မှုတွေ ဖြစ်လာတာပါ။
ထိုင်းနယ်စပ်ရှိ မြန်မာ ရှေ့တန်းစခန်း
၂၀၀၃ တိုက်ပွဲစဉ်တွေဟာလည်း အလားတူပါပဲ။ ၂၀၀၂ Cobra Gold မတိုင်ခင်မှာ SSA တပ်တွေဟာ တပ်မတော်ရှေ့တန်း စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်။ တပ်မတော်ရှေ့တန်း စခန်းတွေဟာ နယ်စပ်အနီးမှာရှိပြီး SSA တပ်တွေဟာ ထိုင်းဘက်ကနေ ဝင်ရောက်တိုက်ခိုက်ကြတာပါ။ လက်နက်အင်အား လူအင်အား ကောင်းကောင်းနဲ့ တိုက်ခိုက်တာဖြစ်ပြီး ထိုင်းနိုင်ငံက လက်နက် အထောက်အပံ့ပြုမှာ သံသယဖြစ်စရာ မရှိပါ။ ရုတ်တရက် အလစ်အငိုက် ထိုးစစ်ဆင်ခံရပြီး တပ်မတော် စခန်း အတော်များများ ဆုံးရှုံးခဲ့တယ်။ ကြီးမားတဲ့ ဆုံးရှုံးမှု အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်အမှတ်(၃) ဘီပီ-၃ ဒေသကို စွန့်လွှတ်ခဲ့ရပြီး SSA က ထိန်းချုပ်သွားနိုင်တယ်။ အဲဒီ့ ဒေသမှာ ဒေသဖွံ့ဖြိုးရေး အတွက် တည်ဆောက်ပေးထားတဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ စတဲ့ အဆောက်အဦတွေ ဖျက်ဆီးခံရပြီး အရပ်ဘက်ဝန်ထမ်းတချို့ အသက်ဆုံးရှုံးခဲ့တယ်။ စစ်ပွဲကြောင့် ဘီပီ-၃ နယ်စပ်မှာ တည်ရှိတဲ့ ပန်ကန့်ကော်ရွာနဲ့ အဲဒီ့ မရောက်ခင်က ပန်မိုင်ဆွန်၊ ကျူဆန်ကပ်၊ မုံးထော်၊ မုံးထ ရွာတွေ လုံးဝနီးပါး ပျက်ဆီးသွားခဲ့ပြီး ဒေသခံတွေလည်း အများအပြား ထိခိုက်သေဆုံးကြရကာ အဲဒီ့ ဒေသခံ လူအားလုံး နေရပ်ကို စွန့်ခွာထွက်ပြေးရတယ်။ တပ်မတော်က အမှတ်(၃၃) ခြေမြန်တပ်မ လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များနဲ့ ဒီဒေသကို ပြန်လည် ထိုးစစ်ဆင်ခဲ့တယ်။ ကြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်အချို့လည်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့ပြီး၊ တပ်မတော်နဲ့ အတူ UWSA 'ဝ' တပ်ဖွဲ့ များလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်။
တပ်မတော်ဘက်က အရင်က အင်အားအနည်းငယ်နဲ့ စခန်းထိုင်ခဲ့တဲ့ စခန်းတွေကို SSA က အင်အားအများအပြားနဲ့ အခိုင်အမာ ခံစစ်ပြင်ထားလို့ ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတယ်။ တပ်မတော်ဘက်က ၁၂၀ မမ စိန်ပြောင်းကြီးတွေ အများအပြား အသုံးပြု တိုက်ခိုက်ခဲ့တယ်။ မော်တာ ကျည်တချို့ ထိုင်းနိုင်ငံထဲ ကျရောက်တယ်လို့ ထိုင်းနိုင်ငံက စတင် ပြောဆိုလာတယ်။ တပ်မတော်ဟာ မုံးထော်၊ မုံးထ တို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပေမယ့် ရန်သူဟာ ပိုမြင့်တဲ့ တောင်တွေပေါ်ကနေ ဆက်လက် ခုခံကြတဲ့ အတွက် တိုက်ပွဲကြီးတွေ ဆက်ဖြစ်ခဲ့တယ်။ ရန်သူအခိုင်အမာ ခံစစ်ပြင်ထားတဲ့ ထောင်ထိပ် စခန်းတွေကို အငိုက်မရရှိဘဲ ရှေ့တည့်တည့်ကနေ ဒဲ့တက် တိုက်ရတာ ဖြစ်တဲ့ အတွက် အထိအခိုက် အကျအဆုံးလည်း အင်မတန်မှ များခဲ့တယ်။ ရန်သူကလည်း ယာဘဆေးတွေ သုံးစွဲထားပြီး တောင်ထိပ်က အမိုးပါခံကတုတ်တွေထဲမှာကျည်ဆံ အလျှံပယ်ထည့်ပြီး ခုခံကြတာ ဖြစ်တယ်။ အကာအကွယ် မရှိတဲ့ တောင်ထိပ်ပေါ်ကို ရဲစွမ်းသတ္တိ တစ်ခုတည်းကို အရင်းပြုပြီး ရင်ဖွင့်ပြီး တက်တိုက်ခဲ့ကြတဲ့ တပ်မတော်သား အားလုံး ဒီနေရကနေ အလေးပြုပါတယ်။ အဲဒီ့ တိုက်ပွဲစဉ် တစ်လျှောက်မှာ ဝ တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိနဲ့ စွမ်းရည်ဟာလည်း မှတ်တမ်းတင်ရလောက်အောင် လေးစားစရာဖြစ်ခဲ့တယ်။
၂၀၀၃ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ အကြီးဆုံး တိုက်ပွဲကြီးတွေကတော့ ပန်မိုင်ဆွန် တိုက်ပွဲ၊ ၄၀၀၈၈၇ တိုက်ပွဲ၊ ပန်ကန့်ကော် တိုက်ပွဲ၊ ညောင်ပင်ကုန်း တိုက်ပွဲ တွေဖြစ်တယ်။ ၄၀၀၈၈၇ တိုက်ပွဲဟာ အလွန်ခက်ခဲတဲ့ တိုက်ပွဲ တစ်ပွဲဖြစ်ခဲ့ပြီး တောင်ရဲ့ တောင်ခါးပန်း တဝက်မှာ ရှိတဲ့ (ပွိုင့်-xxxx) ကို တပ်မတော်က သိမ်းနိုင်ခဲ့ပြီး ရန်သူနဲ့ ဆက်လက် ရင်ဆိုင်ထိန်းချုပ် ခြေကုန်ယူထားစဉ်မှာ တောင်ထိပ်ပေါ်မှာ ရှိတဲ့ ရန်သူက လက်နက်ကြီးတွေနဲ့ ဦးနှိမ်ပစ်ခတ်ပြီး ပြန်သိမ်းယူဖို့ ကြိုးစားခဲ့တယ်။ အပေါ်စီးကနေ ပစ်ခတ်ပြီး တန်ပြန် ထိုးစစ်ဆင်လာတာကို ပြန်မကျဆုံးအောင် ခုခံနိုင်ခဲ့လို့သာ ဒီတိုက်ပွဲမှာ ရည်မှန်းချက်ရရှိတဲ့ အထိ အောင်မြင်အောင် ဆက်တိုက်ပွဲဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲစစ် တစ်လျှောက်လုံးမှာလည်း မိမိ တိုက်စစ်ရပ်တန့်သွားတဲ့ အချိန်မျိုး၊ ကျားတက်ထိုးရာကနေ လန်ကျလာတဲ့ အခါမျိုးမှာ ရန်သူက ထုတ်နှုတ်အင်အားနဲ့ တန်ပြန် ထိုးစစ် ဆင်လေ့ရှိခဲ့တယ်။ ပန်ကန့်ကော် တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေ ထိုင်းနိုင်ငံထဲကျတဲ့အတွက် အရပ်သား အချို့ ဒဏ်ရာရတယ်လို့ ထိုင်းဘက်က ပြောဆိုလာပြီး ထိုင်းတပ်က မြန်မာတပ်ကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်။ မြန်မာဘက်ကလည်း တုံ့ပြန်ပစ်ခတ်ခဲ့ပြီး နယ်စပ်တင်းမာမှု အမြင့်ဆုံးရောက်ခဲ့တယ်။ ဒါပေမယ့် ၂၀၀၁ တိုက်ပွဲစဉ်တုန်းကလို ထိုင်းတပ်နဲ့ မြန်မာတပ်တွေ ထိတွေ့ တိုက်ခိုက်ခဲ့တာမျိုး အထိတော့ မဖြစ်ခဲ့ပါဘူး။ ထိုင်းတပ်က SSA ကို လက်နက် ရိက္ခာအကြီးအကျယ် ထောက်ပံ့တာမျိုး၊ သူတို့နိုင်ငံနယ်နိမိတ်ထဲကနေ ထိုးစစ် ဆင်နိုင်အောင် ကူညီတာမျိုးနဲ့ မြန်မာ့တပ်မတော်နဲ့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်တာမျိုး အထိပဲ ဖြစ်ခဲ့တယ်။
ညောင်ပင်ကုန်းစခန်းတိုက်ပွဲဟာ တိုက်ပွဲစဉ် တလျှောက်မှာ အကျအဆုံးအများဆုံးနဲ့ ရင်းနှီးပြီးမှ စခန်းကို သိမ်းပိုက်ရရှိပါတယ်။ ဒီစခန်းကို နည်းဗျူဟာကွပ်ကဲမှု အဖွဲ့တစ်ခု၊ တပ်ရင်း(၃)ရင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ မစတင်မီမှာ ဗျူဟာမှူးက စခန်းကို ရရှိပြီလို့ ကြိုတင် သတင်းပို့ခဲ့ပြီး ကိုယ်တိုင်ပါဝင်ကာ ဘုရင့်နောင်ထုံး နှလုံးမူပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။
ပန်မိုင်ဆွန်တိုက်ပွဲမှာလည်း ဝ တပ်ဖွဲ့ဟာ လူဦးရေ ၈၀ လောက် ကျဆုံးခံပြီး အသေခံကာ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့တယ်။ ကျူဆန်ကပ်၊ လွယ်ထွေ စတဲ့ စခန်းတွေကိုလည်း ဝ တပ်ဖွဲ့ကပဲ တာဝန်ယူတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်မတော်က လက်နက်ကြီး ပစ်ကူပေးခဲ့တယ်။
အဲဒီ့ အချိန်မှာ တိုက်ပွဲ နယ်မြေတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ချင်းရိုင်ခရိုင်တွေမှာ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ တွေက မူးယစ်ဆေးဝါးနဲ့ ပက်သက်ပြီး စစ်ဆင်ရေး လုပ်နေတဲ့ အချိန်ဖြစ်တယ်။ ထိုင်းနိုင်ငံကပြောဆို လာတာက UWSA ဝ တပ်ဖွဲ့တွေဟာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတယ်၊ ထိုင်းနိုင်ငံထဲကို ဖြန်းဖြူးနေတယ်လို့ စွပ်စွဲလာတယ်။ အဲဒိ့ အပြင် ထိုင်းဝန်ကြီးချုပ် သက်ဆင် ကိုယ်တိုင်က မြန်မာအနေနဲ့ UWSA ကို အရေးမယူရင် ထိုင်းတပ်က မြန်မာပြည်ထဲထိဝင်ပြီး UWSAရဲ့ ဘိန်းချက်စခန်းတွေကို ဖျက်ဆီးပစ်မယ်လို့ ပြောဆိုကြောင်း ထိုင်းမီဒီယာတွေကနေ ဖေါ်ပြခဲ့ကြတယ်။ မြန်မာနိုင်ငံကလည်း မြန်မာ့မြေပေါ်ကို ဘယ်နိုင်ငံခြားတပ်ဖွဲ့မှာ အဝင်ခံမှာ မဟုတ်ဘူးလို့ဆိုပြီး၊ ထိုင်းနိုင်ငံဟာ SSA တပ်ဖွဲ့တွေကို နောက်ကွယ်ကနေ ထောက်ပံ့နေပြီး ဒီအဖွဲ့တွေဟာ ဘိန်းမှောင်ခို လက်နက်ကိုင်တွေ၊ ဘိန်းဓါးပြ တွေသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့တယ်။ သံအမတ်ကြီးတွေကို နိုင်ငံခြားရေးဝန်ကြီး ဌာနကို ခေါ်ယူပြီး ပြင်းပြင်းထန်ထန် သတိပေးတာတွေ နှစ်နိုင်ငံလုံး အပြန်အလှန်ပြုလုပ်ခဲ့ကြတယ်။ ထိုင်းတပ်တွေဟာ နယ်စပ်မြို့တွေ၊ နယ်စပ်မျဉ်းအနီးက လမ်းတွေ၊ ရှေ့တန်းစခန်းတွေမှာ သံချပ်ကာ ကားတွေနဲ့ ကင်းလှည့်တာတွေ လုပ်ခဲ့ကြတယ်။ ၂၀၀၁ တုန်းကလို တာချီလိတ်မြို့ထဲနဲ့ မယ်ဆိုင်မြို့ထဲကို လက်နက်ကြီးတွေအပြန်အလှန် ပစ်ခတ်တာမျိုး မရှိခဲ့ပေမယ့် တာချီလိတ်မြို့ထဲမှာ ဗုံးတွေ ကွဲခဲ့တယ်။
မြန်မာ့ တပ်မတော်က မုံးထော်-မုံးထ ဒေသတစ်ခုလုံးနဲ့ ဆုံးရှုံးသွားတဲ့ စစ်စခန်းတွေ အားလုံး ပြန်လည်သိမ်းပိုက်နိုင်ပြီးတဲ့ အချိန်မှာ SSA တပ်တွေ ဆုတ်ခွာသွားတဲ့ လွယ်တိုင်းလျှံဘက်ကို ဆက်လက် ထိုးစစ်ဆင်ကြတယ်။ ဒီအချိန်မှာ ထိုင်းဝန်ကြီးချုပ်ဟာ ထိုင်းစစ်သေနာပတိချုပ်ရာထူးကို အပြောင်းအလဲ ပြုလုပ်ခဲ့တယ်။ မြန်မာပြည်ကို လိုအပ်ရင် အင်အားသုံးမယ်လို့ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ ရာထူးက အနားယူရပြီး စစ်သေနာပတိချုပ် အသစ်က SSA ကို ထောက်ပံ့ကူညီနေတာတွေ ရပ်ဆိုင်းလိုက်တယ်။ SSA လည်းလွယ်တိုင်းလျှံဘက်ကို အားလုံး ဆုတ်ခွာသွားရတယ်။ မြန်မာ့တပ်မတော်နဲ့ UWSA တပ်ဖွဲ့တွေလည်း လွယ်တိုင်းလျှံ ဒေသနဲ့ မျက်နှာချင်းဆိုင် တောင်ကြောတွေပေါ်မှာ ကာကင်းစခန်းတွေ တည်ဆောက်ပြီး ရင်ဆိုင်ထိန်းချုပ်ထားခဲ့ကြပြီး တိုက်ပွဲတွေ အခိုက်အတန့် ပြီးဆုံးခဲ့ပါတယ်။
အက်စ်အက်စ်အေ တပ်များ ဆုတ်ခွာရာ လွယ်တိုင်းလျှံ တောင်ကုန်း
အက်စ်အက်စ်အေ တပ်များ ဆုတ်ခွာရာ လွယ်တိုင်းလျှံ တောင်ကုန်း
တိုက်ပွဲတွင်းမှာ တပ်မတော်ဟာ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ အားလုံး ပြန်ရအောင် တိုက်ယူနိုင်ခဲ့ပေမယ့် အကျအဆုံးများခဲ့ပါတယ်။ တိုက်ပွဲတွေ အတွင်း ကျဆုံးခဲ့သူတွေ ရှိသလို တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ မြို့တွေနဲ့ ဆက်သွယ်ထားတဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေမှာ မကြာခဏ ခြုံခို တိုက်ခိုက်ခံရတဲ့ အတွက် ကျဆုံးရတာတွေလည်း ရှိခဲ့တယ်။ UWSA တပ်ဖွဲ့ကလည်း ကျဆုံးမှုများခဲ့ပြီး ဒဏ်ရာရသူနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးသူတွေလည်း အတော်များများ ရှိခဲ့တယ်။ ၁၂၀ မမ စိန်ပြောင်းကြီးတွေဟာ တိုက်ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ နည်းဗျူဟာ လက်နက်ကြီးတွေ အဖြစ်မြင်တွေ့ခဲ့ရ ပေမယ့် တချို့တိုက်ပွဲတွေမှာ ပစ်မှတ်ကို အတော် ဝေးဝေး လွဲချော်တာတွေ အားနည်းချက်အဖြစ် တွေ့ခဲ့ရတယ်။ တိုက်ပွဲအတွင်းပျက်ဆီးသွားခဲ့တဲ့ ရွာတွေကို ပြန်တည်ပေးခဲ့ပေမယ့် တိုက်ပွဲမတိုင်ခင် က နေထိုင်လာတဲ့ လူအားလုံး ပြန်လာမနေနိုင်ကြတော့သလို အရင်လိုလည်း စည်ကားခြင်း မရှိတော့ပါ။ တိုက်ပွဲစဉ် တစ်ခုလုံးမှာ ဝမ်းနည်းဖို့ အကောင်းဆုံးကတော့ အပြစ်မဲ့ အရပ်ဘက် ဝန်ထမ်းတွေ အသက်ဆုံးရှုံးခဲ့ရတာပါ။
အခုတော့ အရင်က စည်ကားတဲ့ ရွာကြီးဖြစ်ခဲ့ပြီး ၂၀၀၃ တိုက်ပွဲတွေ အတွင်းမှာ ရွာပျက်ကြီး ဖြစ်သွားတဲ့ မုံးထရွာနေရာမှာ ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းက စပြီး မုံးထမြို့ အဖြစ် မြို့အသစ် တည်ဆောက်နေပါပြီ။ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နဲ့လည်း ကားလည်း ဖေါက်လျက်ရှိပြီး မိုင်းပန်-မုံးထ လမ်းမှာ သံလွင်မြစ်ကို ဖြတ်ပြီး သံလွင်မြစ်ကူးတံတားသစ်ကြီးလည်း တည်ဆောက်ဖို့ စီစဉ်နေပါပြီ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာနဲ့ အမျှ ဒေသရဲ့ လုံခြုံရေး အခြေအနေ ကောင်းမွန်လာပြီး ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ၂၀၀၃ တိုက်ပွဲတွေရဲ့ စစ်ဘေးဒဏ်အဖြစ် ရွာပျက်တွေရဲ့ အစိတ်အပိုင်း အကြွင်းအကျန်တွေကို ယနေ့တိုင် တွေ့မြင်နိုင်ပါသေးတယ်။ အခုပြန်တည်ထားတဲ့ ရွာတွေရဲ့ မနီးမဝေးမှာ ချုံတောတွေ ဖုံးလွှမ်းနေပြီ ဖြစ်တဲ့ ရွာပျက်တွေ ရှိပါတယ်။
အဲဒီ့တုန်းက ခက်ခက်ခဲခဲ ပြန်တိုက်ယူခဲ့ရတဲ့ ပန်မိုင်ဆွန်၊ ပန်ကန့်ကော်၊ ရန်ပိုင်ဆွန်၊ မုံးထော်၊ မုံးထ၊ ညောင်ပင်ကုန်း၊ ၄၀၀၈၈၇ စတဲ့ စခန်းတွေ အားလုံးဟာ ယခုအခါ မဆုတ်တန်းခံစစ် စခန်းတွေ အဖြစ် သတ်မှတ်ထားပါတယ်။ မည်သည့် အခြေအနေနဲ့ ကြုံရသည်ဖြစ်စေ စခန်းကို စွန့်ခွာ ထွက်ပြေးခွင့် မရှိပါဘူး။ ဒီစခန်းတွေကနေ ဆုတ်ခွာခွင့်ကို အမိန့်ပေးနိုင်သူဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးပဲ ရှိပါတယ်။
အခုတင်ပြခဲ့တာတွေကတော့ ကျွန်တော် သိမှီသလောက် ၂၀၀၃ ခုနှစ် ထိုင်း-မြန်မာ နယ်စပ် တိုက်ပွဲများ အကြောင်းပဲ ဖြစ်ပါတယ်။ လွဲမှားနေတာ၊ မပြည့်စုံတာတွေရှိရင် သိတဲ့သူတွေက ထောက်ပြ ပြုပြင် ပေးကြပါ။
အားလုံးကို လေးစားလျက်
Comrade
လ-၁၃ နဲ့ ဆရာကြီး အေးမင်း
$
0
0
July 27, 2011 at 11:51am
နှင်းမကျပေမယ့် မြူတွေဆိုင်းပြီး ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ ဆောင်းနံနက်ခင်း တစ်ခုမှာ ကျွန်တော် လူတစ်ယောက်နဲ့  ဆုံတွေခဲ့ရဖူးတယ်။ တပ်မတော်သား ဘဝမှာ ရာထူးအဆင့်အတန်း အမျိုးမျိုးနဲ့ ဆုံတွေ့ရတာ၊ ခွဲခွာရတာဟာ အဆန်းမဟုတ် ပေမယ့် ဆရာကြီးအေးမင်း (အမည်ရင်း မဟုတ်) နဲ့ ဆုံတွေ့ခဲ့ရ၊ သူ့ဆီက ကြားသိခဲ့ရတာတွေကတော့ မမေ့နိုင်တဲ့ ဖြစ်ရပ်တွေပါပဲ။ ကျွန်တော်တို့ စခန်း (ပွိုင့်-၂၉၄၈)ကို ယာယီတာဝန်နဲ့ ရောက်လာတဲ့ ခမရ(-) က တပ်ကြပ်ကြီးအေးမင်း အဲဒီ့ မနက်မှာ သတင်းပို့လာပါတယ်။ စခန်းမှာ ဆရာကြီးတို့ အဖွဲ့ ခေတ္တနေဖို့ ထိုင်ဖို့ နေရာ ချထားပေး အပြီးမှာ စကားစမည် ပြောဖြစ်ခဲ့ရာက သူ့ဘဝ တစိတ်တပိုင်းကို သိခွင့်ရခဲ့တယ်။ ကျွန်တော်နဲ့ ဆုံတဲ့ အချိန်မှာ ဆရာကြီးက အသက်(၅၀)နီးပါး၊ စစ်သက်(၃၀) ပြည့်ခါနီးပြီ။ လူပုံ ပိန်ပိန်ပါးပါး၊ စကားနည်းပြီး မျက်နှာကတော့ အမြဲတမ်း ပြုံးရောင်သမ်း နေတတ်တယ်။ မျက်နှာထားက နူးညံ့သလို စကားပြောတာကလည်း လေသံအေးအေးနဲ့ တလုံးချင်း ဖြည်းဖြည်း ပြောတတ်တယ်။
စစ်သက် (၃၀) နီးပါး ခြေလျင်စစ်သား အနေနဲ့ မြန်မာပြည် အနှံ့အပြားများ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆိုတော့ အတွေ့အကြုံတွေက အများကြီးပါ။ ဆရာကြီးနဲ့ စကားပြောရတာ၊ သူ့အတွေ့အကြုံတွေ နားထောင်ရတာဟာ ကျွန်တော်တို့ စခန်းက ရဲဘော် အားလုံးအတွက် ဘယ်တော့မှ မရိုးနိုင်ပါဘူး။ ဗမာလူမျိုး ကရင်ပြည်နယ် ဖါပွန်သား ဆရာကြီးအေးမင်းဟာ အရက်မသောက်၊ ဖဲမရိုက်၊ လောင်းကစားမလုပ် တကယ့် လူရိုးလူအေးကြီးပါ။ လူပျိုကြီး ဖြစ်ပြီး တပ်ပြင်ပမှာအမျိုးအဆွေလည်း မရှိပါဘူး၊ တပ်မတော်သည်သာ သူ့အိမ်ပေါ့။ နာမည်နဲ့လိုက်အောင် အေးတဲ့ ဆရာကြီးအေးမင်းကို သူ့ရဲဘော်တွေကလည်း တော်တော် လေးစား ရိုသေကြတာ တွေ့ရတယ်။ အိမ်ထောင်မရှိ လူပျိုကြီးဆိုတော့ ရဲဘော်တွေနဲ့ မရှိအတူ ရှိအတူ နေလာခဲ့ပြီး ရဲဘော်တွေ ငွေရေး ကြေးရေးက အစ အခက်အခဲ ရှိတိုင်း ကူညီခဲ့တဲ့သူ။
သူ့အဖေကလည်း တပ်မတော်က တပ်ကြပ်ကြီး တစ်ဦးပါ၊ ဒါကြောင့် ဆရာကြီးအေးမင်းတို့ မိသားစုဟာ အဖေတာဝန်ကျရာ ခလရ(၁၃)ဖါပွန်မြို့ မှာ နေထိုင်ရင်း ကြီးပြင်းခဲ့တယ်။ ခလရ(၁၃)ဆိုတာကတော့ အမှတ်(၁၃)ခြေလျင်တပ်ရင်းကို အတိုကောက် ခေါ်တာပေါ့၊ တပ်ထဲမှာတော့ တခါတလေ အဲဒါကို ထပ်ပြီး လ-၁၃ လို့ အတိုကောက် ခေါ်ကြတယ်။
လ-၁၃ မှာနေထိုင်ကြီးပြင်းခဲ့တဲ့ ဆရာကြီးအေးမင်းတို့ မိသားစု အတွက် တနေ့မှာ ကံကြမ္မာဆိုးတစ်ခုကြုံလာတယ်၊ သူ့အဖေ ရှေ့တန်းစစ်ဆင်ရေး တာဝန်ထမ်းဆောင်ရင်း တိုက်ပွဲမှာ ကျဆုံးသွားတာပါ။ အဖေမရှိတော့ဘူးဆိုတော့ တပ်ထဲမှာ နေလို့မရကြတော့ဘူး တခြားမှာလည်း နေစရာမရှိလေတော့ အဖေ့ပင်စင်နဲ့ ဂရုဏာကြေး ရတာလေးတွေ အရင်းပြုပြီး ဖါပွန်မြို့ထဲမှာ ပြောင်းနေကြတယ်။ သူတို့မိသားစုက ညီအစ်ကို နှစ်ယောက်ပါ သူက အငယ်ဖြစ်ပြီး အစ်ကို အကြီးက အထက်တန်း တက်နေရင်းကနေ ကျောင်းထွက်ပြီး မိသားစုကို လုပ်ကျွေးရှာတယ်။ ဒါပေမယ့် သိပ်မကြာဘူး အစ်ကိုဖြစ်သူက တပ်ထဲဝင်သွားပါတယ်၊ အဲဒီ့မှာ ဆရာကြီးအေးမင်းလည်း အလယ်တန်းကျောင်းသား ဘဝနဲ့ ကျောင်းက ထွက်ပြီး အမေကို ကြုံရာကျပန်း လုပ်ကျွေးရတယ်။ အစ်ကို လုပ်တဲ့သူက သူ့တပ်ကနေ တစ်နှစ်မှာ တစ်ခေါက်လောက်ပဲ သူတို့သားအမိကို လာတွေ့နိုင်တယ်။ နှစ်အနည်းငယ် အကြာမှာပဲ သူ့အစ်ကို တပ်ကြပ်ရထူးရပြီး မကြာခင် ရှေ့တန်းမှာ ကျဆုံးသွားပြန်တယ်။
အစ်ကို ဆုံးပြီးလို့မှ မကြာခင် သူကိုယ်တိုင် သေကံမရောက် သက်မပျောက် အဖြစ်နဲ့ ကြုံရပြန်တယ်။ ဖါပွန်ဒေသကို ထိုးစစ်ဆင်ဖို့ လာတဲ့ စစ်ကြောင်းတွေက ပေါ်တာဆွဲတာကို ခံရတာပါ၊ ပေါ်တာဘဝနဲ့ ဗုံးသီးတွေ၊ ရိက္ခာတွေ ထမ်းပိုးပေးရင်း တိုက်ပွဲတွေနဲ့လည်း ကြုံလို့ ဒုက္ခတွေ အရမ်းရောက်ခဲ့ရတယ်။ တိုက်ပွဲနဲ့ကြုံလို့ အဲဒီ့စစ်ကြောင်းက ရဲဘော်တချို့ထိခိုက် ကျဆုံးတာတွေ ရှိခဲ့ပေမယ့် သေကံမရောက် သက်မပျောက်ဆိုသလို ဘေးမသိရန်မခဘဲ အိမ်ပြန်လာနိုင်ခဲ့တယ်။ ဒါပေမယ့် အိမ်မှာက တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ လင်ယောက်ျားနဲ့ သားကြီးတို့ရဲ့ စိတ်နဲ့ ဆရာကြီးအေးမင်းရဲ့ အမေဟာ ကျန်းမာရေး မကောင်းတော့ဘူး။ သူလည်း ရရာအလုပ်လုပ်ပြီး တတ်နိုင်သလောက် ကုသပေးပေမယ့် သိပ်မကြာခင်မှာဘဲ ဆုံးပါးသွားခဲ့တယ်။ ဒီတော့ အသက်နှစ်ဆယ်ကျော် အရွယ်မှာပဲ မိဘတွေရော၊ အစ်ကိုဖြစ်သူရော မရှိတော့ပြီမို့ တစ်ကောင်ကြွက်ဖြစ်ခဲ့ရတယ်။ ဒီတော့ ဘာမှ အထွေအထူး စဉ်းစား မနေတော့ဘဲ တပ်ထဲကို ခြေစုံပစ်ဝင်လိုက်တော့တယ်။
စစ်သင်တန်းပြီးဆုံးလို့ တာဝန်ကျတဲ့ မိခင်တပ်ရင်း ရှိတဲ့ နေရာက မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့။ ဒါပေမယ့် တိုက်ဆိုင်စွာပဲ ရေစက်ဆုံပုံက သူ့ရဲ့ မိခင်တပ်ရင်းဟာ လ-၁၃ ပဲဖြစ်နေတယ်။ လ-၁၃ က ဖါပွန်အခြေစိုက်တပ်ရင်း အဖြစ်ကနေ ဒါးကွင်း ဖြစ်စဉ်ကြောင့် တပ်ရင်း တရင်းလုံး နေရာ ပြောင်းပစ်ခံခဲ့ရရာကနေ တပ်မ(၈၈) လက်အောက်ခံ တပ်အဖြစ် မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့ကို ရောက်လာတာပါ။ (ဒါးကွင်းဖြစ်စဉ် ဆိုတာကတော့ လ-၁၃က တပ်စိတ် တစ်စိတ်ဟာ ဖါပွန်မြို့နယ် ဒါးကွင်းဒေသမှာ ဒေသခံ ကျေးရွာသူတွေကို မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်ကို အထက်က သိရှိတဲ့ အခါမှာ စစ်တရားရုံးနဲ့ စစ်ဆေးပြီး တပ်စိတ်မှူးနဲ့ ကျူးလွန်သူ အားလုံးကို သေဒဏ်အပြစ်ပေးပြီး၊ တပ်ရင်းက ရာထူးကြီးသူတွေကိုလည်း အရေးယူခဲ့တယ်။ တပ်ရင်း တရင်းလုံးကိုပါ ဖါပွန်မြို့ကနေ ပြောင်းပစ်ပြီး တပ်မလက်အောက်ခံ တပ်အဖြစ် ပို့လိုက်တာပါ) စစ်သားဘဝမှာ တပ်တွေ တစ်ခုပြီး တစ်ခု ပြောင်းရတာ မထူးဆန်းပေမယ့် စစ်သားတိုင်း မိခင်တပ်ရင်းကိုသာ ပိုသံယောဇဉ်ရှိတတ်ကြတယ်။ ဒါကြောင့် ဆရာကြီးအေးမင်းလည်း သူ့အတွေ့အကြုံတွေ အကြောင်း ပြန်ပြန်ပြောရင် ရဲဘော်သစ်ဘဝက လ-၁၃နဲ့ ကယားပြည်နယ် စစ်ဆင်ရေးဝင်ခဲ့ရတုန်းက အကြောင်းတွေ အများဆုံး ကြားရလေ့ရှိတယ်။ သူနဲ့ ရေစက်ဆုံတဲ့ လ-၁၃ ကိုလည်း အတော်သံယောဇဉ် ရှိပုံပဲ။
ရှမ်းပြည်အရှေ့ပိုင်း၊ တြိဂံဒေသကို ရောက်နေတာလည်း ၁၅ နှစ်လောက်ရှိနေပါပြီ၊ တပ်ကြပ်ကြီး လုပ်သက်တင် ၁၀ နှစ်ကျော်နေပြီ၊ ပညာအရည်အချင်းအရ တပ်ခွဲ/တပ်ကြပ်ကြီး (တပ်ခွဲရဲ့ တပ်ထောက်ကိစ္စတွေ ကိုင်ရတဲ့ သူပေါ့) လုပ်ဖို့ အရည်အချင်းမှီပေမယ့် မလုပ်ဘဲ ငြင်းပြီး တိုက်စရာ ရှိရင် ရှေ့ဆုံးကနေ အသေခံ တိုက်ရတဲ့ တပ်စုတပ်ကြပ်ကြီး ပဲလုပ်နေတာပါ။ တပ်ခွဲ/တပ်ကြပ်ကြီး ရာထူးကို မက်မောကြသူတွေ ရှိတတ်ကြပေမယ့် ဆရာကြီးအေးမင်းကတော့ စာရင်းဇယားတွေနဲ့ ခေါင်းရှုပ်မခံချင်ဘူးလို့ ဆိုတယ်၊ သူကိုယ်၌ကလည်း အလိုလောဘ အင်မတန်နည်းတဲ့ သူကိုး။ တပ်မတော်မှာ ဒုအရာခံဗိုလ် ရာထူးရဖို့က မလွယ်ကူတဲ့ ကိစ္စပါ။ ဒုအရာခံဗိုလ်(စာရေး) ဆိုရင်တော့ တမျိုးပေါ့ သူတို့ကတော့ လုပ်သက်နဲ့ လုပ်ငန်းကျွမ်းကျင်မှုပေါ် မူတည်ပြီး ပုံမှန်ရာထူးတက်သွားနိုင်တယ်။ ခြေလျင်စစ်သား တစ်ယောက်ကနေ ဒုအရာခံဗိုလ် ဖြစ်လာဖို့က အင်မတန်ခက်တယ်။ တပ်ခွဲ/တပ်ကြပ်ကြီးကနေလည်း ဒုအရာခံဗိုလ်ရာထူးကို ရနိုင်တယ်၊ ဆရာကြီးအေးမင်းတို့လို တပ်ခွဲ/တပ်ကြပ်ကြီး ရာထူးမယူတဲ့ ဖိုက်တာ တပ်ကြပ်ကြီး တွေထဲကနေလည်း လုပ်သက်ရင့်ပြီး စစ်မြေပြင် ထူးချွန်မှု ရှိတဲ့သူ အကျင့်စာရိတ္တ မှင်နီမထိထားတဲ့ လူတွေကို တပ်ရင်းမှူးတွေက ကာကွယ်ရေးဦးစီးချုပ်ရုံးအထိ တင်ပြရတယ်။ အဲဒီ့မှာ ရုံးချုပ်က အရာခံဗိုလ် ရွေးချယ်ရေး အဖွဲ့ကနေ သေချာ စီစစ်ရွေးချယ်ပြီးမှ အကျင့်သိက္ခာ စံပြဖြစ်တဲ့လူတွေ၊ စစ်မြေပြင်မှာ ထူးချွန်တဲ့ သူတွေကို ဒုအရာခံဗိုလ် အဖြစ်ရွေးချယ်တာပါ။ (ဘာကြောင့်လဲဆိုတော့ တပ်ရင်းတစ်ရင်းမှာ အရာခံဗိုလ်၊ ဒုအရာခံဗိုလ် ဆိုတဲ့ ဆရာကြီးတွေဟာ စစ်သည်အားလုံးရဲ့ စံပြ ဖြစ်နေသင့်လို့ပါပဲ။ တပ်ရင်းအရာခံဗိုလ်ဆရာကြီးတွေ ဆိုရင် အတွေ့အကြုံရင့်တာ အပြင် အကျင့်သိက္ခာကလည်း လေးစားစရာ ကောင်းတာမို့ အရာရှိငယ်တွေ ကိုယ်တိုင်က တလေးတစား ဆက်ဆံရတာပါ။)
ဆရာကြီးအေးမင်းလည်း တပ်ကြပ်ကြီး လုပ်သက်တင် ဆယ်နှစ်ကျော်ပြီမို့ အခုချိန်လောက်ဆိုရင်တော့ တပ်ခွဲအရာခံဗိုလ် လောက် ဖြစ်နေလောက်ပီ ထင်ပါတယ်။ သူ့ဆီက ကြားခဲ့ရတဲ့ မှတ်မှတ်ရရ စကားတစ်ခွန်းတော့ ရှိတယ်။ ” ခွန်ဆာကြီး ငြိမ်းချမ်းရေး ယူသွားတာတော့ တော်တော် ကျေးဇူးတင်ပါတယ်၊ သူသာ ငြိမ်းချမ်းရေး မယူခဲ့ရင် အခုချိန် ကျွန်တော့်ကို မြင်ရမှာ မဟုတ်ဘူး” - လို့ဆိုတယ်။ ခွန်ဆာ ငြိမ်းချမ်းရေး မယူခင် ၉၆-၉၇ ထဲမှာ ရှမ်းပြည်အရှေ့ပိုင်းမှာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တဲ့ ထိုးစစ်တွေထဲမှာ သူတို့ တပ်ရင်းလည်း ပါခဲ့တယ်။ သူ့တပ်စုမှာ တပ်စုမှူးအပါအဝင် အားလုံးနီးပါး ကျဆုံးသွားတာပါ၊ ကံကောင်းလို့သာ အသက်မသေဘဲ ကျန်ခဲ့ပေမယ့် ဒီတိုက်ပွဲစဉ်ထဲမှာ သူ့ကိုယ်သူ တထစ်ချ သေမယ်လို့ သူ့စိတ်ထဲမှာ ထင်ခဲ့တယ်၊ သူ့ရဲဘော်တွေလည်း အတော်များများ ကျသွားပီ သူ့မှာ တွယ်တာစရာလည်း မရှိ မဟုတ်လား၊ ဒီနေ့ ငါမသေသေးရင် နောက်နေ့ တိုက်ပွဲမှာ သေလိမ့်မယ်လို့ပဲ စိတ်ထဲမှာ ထင်နေပြီး တိုက်ခိုက်ခဲ့ရတယ် လို့ ဆိုတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ ခွန်ဆာက တိုက်ပွဲကို မဆက်ဘဲ ငြိမ်းချမ်းရေး ယူလိုက်တယ်။ ရှမ်းပြည်အရှေ့ပိုင်းမှာ ဒေသ အတော်များများ ငြိမ်းချမ်းသွားတယ်။ တိုက်ပွဲတွင်းမှာ ကိုယ့်ကိုယ်သေပြီလို့ပဲ စိတ်ထဲမှာထားပြီး တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေလည်း အသက်အန္တရာယ်က လွတ်မြောက်သွားတယ်။
အခုတော့ ရှမ်း(ရှေ့)တကြောမှာလည်း သေနတ်သံတွေ ပြန်ကြားလာရပီ၊ ကျွန်တော့် ဆရာကြီးလည်း တိုက်ပွဲတွေ ဝင်နေရပြန်ပီလား မသိပါ။ ဆရာကြီးကို တပ်မတော်ကနေ ကျန်းကျန်းမာမာနဲ့ အငြိမ်းစား ယူသွားတာ မြင်ချင်ပါတယ်။ ဆရာကြီးအေးမင်းကတော့ သေချာတယ်၊ အသက်(၆၀) မပြည့်မချင်း တပ်မတော်ကနေ ဘယ်အကြောင်းနဲ့မှ ထွက်ခွာလိမ့်မှာ မဟုတ်ဘူး၊ တပ်မတော်သာ သူ့အိမ်၊ ရဲဘော်တွေသာ သူ့ဆွေမျိုး ဖြစ်နေတာကိုး။ စစ်သက် ၃၀ နီးပေမယ့် သူ့မှာ တပ်မတော်ကနေ အငြိမ်းစားယူတဲ့အခါ နေဖို့ထိုင်ဖို့ စုဆောင်းထားတာ ဘာမှ မရှိသေးဘူး။ အပြင်မှာလည်း နေဖို့အိမ်လည်း မရှိ၊ ဆွေမျိုးလည်း မရှိပါ။ ဘဝကို တပ်မတော်ထဲမှာပဲ အသက်(၆၀)ပြည့်သည် အထိ တပ်တွေ တစ်ခုပြီး တစ်ခုပြောင်းရင်း ဖြတ်သန်းခဲ့တဲ့ ဆရာကြီးတွေ တပ်က အငြိမ်းစားယူတဲ့ အချိန်မှာ အပြင်မှာ နေစရာ မရှိလို့ ဒုက္ခရောက်ရတာတွေ အများကြီး ကြားဖူးပါတယ်။ အခုတော့ ကာကွယ်ရေးဝန်ကြီးဌာန ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားချက်နဲ့ စစ်မှုထမ်းဟောင်း အိမ်ရာ အစီအစဉ်တွေ အကောင်အထည်ဖေါ်နေတာ ကြားရတော့ ဝမ်းသာမိတယ်။ ဆရာကြီးအေးမင်း အပါအဝင် တကယ်ခံစားခွင့်ရသင့်တဲ့ စစ်မှုထမ်းကြီးတွေ ခံစားခွင့်ရကြပါစေလို့လည်း ဆန္ဒပြုပါတယ်။ ဘာလို့လည်း ဆိုတော့ အထက်ဌာနက စေတနာကောင်းကောင်း ရည်ရွယ်ချက် ကောင်းကောင်းနဲ့ အကောင်အထည်ဖေါ်ပေးတာကိုတောင် ကြားကနေ စစ်သည်ရဲ့ ရသင့်တဲ့ခံစားခွင့်ကို ငွေပေးမှ တင်ပေးမယ်၊ မပေးရင် ခေါက်ထားမယ်ဆိုတဲ့ ခြစားတဲ့ တပ်စာရေးတွေ ရှိတတ်လို့ပါ (စာရေးတိုင်းကို မဆိုလိုပါ၊ လေးစားထိုက်သူတွေလည်း အများကြီးပါ)။ ဆရာကြီးအေးမင်းတို့လို လူရိုးလူအေး၊ လူရည်မလည်တဲ့ စစ်သားကြီးတွေ အညစ်မခံရစေချင်ဘူး။
ဆရာကြီးတို့ မိသားစုဟာ တပ်မတော်အတွက်၊ နိုင်ငံအတွက် ပေးဆပ်ခဲ့တာတွေ သိပ်များခဲ့ပါတယ်။ စစ်သားတစ်ယောက်ရဲ့ ဇနီး၊ စစ်သားနှစ်ယောက်ရဲ့ မိခင်၊ ဆရာကြီးရဲ့အမေဟာ ချို့ချို့ငဲ့ငဲ့ နဲ့ ဆုံးပါး သွားတာကို ကြားရတာ အတော် စိတ်မကောင်းဖြစ်မိတယ်။ တပ်မတော်က အငြိမ်းစားယူပြီးတဲ့ တနေ့မှာ ကျွန်တော့် ဆရာကြီးလည်း လောက်ငှတဲ့ အငြိမ်းစား ပင်စင်လစာနဲ့ ဂုဏ်သိက္ခာရှိရှိ၊ ကျန်းကျန်းမာမာ နေနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
လေးစားလျက်
Comrade
ကျွန်တော်နဲ့ တွေ့ခဲ့တဲ့ အချိန်မှာ ဆရာကြီးရဲ့ ကျန်းမာရေးက သိပ်အကောင်းလှကြီး မဟုတ်ဘူး၊ လိပ်ခေါင်းရောဂါ မကြာခဏ ခံစားနေရပြီ၊ ကျန်းမာပြီး ဘေးရန်ကင်းပါစေလို့ ဆုတောင်း မေတ္တာပို့ပါတယ် ဆရာကြီးရေ။
(တပ်မတော်သားတွေရဲ့ ဘဝကို သိရှိလာရင် ပိုပြီး နာလည်မှုတွေ ရှိလာနိုင်တယ် ထင်လို့ တွေ့ခဲ့ဖူးတဲ့ ဆရာကြီး တစ်ယောက်အကြောင်း ရေးကြည့်တာပါ၊ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး။)
ဘုတ်ရိုသေ၊ ကျီးရိုသေ
$
0
0
ဒီအကြောင်းလေးကို ရေးဖြစ်တာက ခုတလော ဖေ့ဘွတ်ပေါ်မှာ ပြည်ထောင်စုအရေး၊ အတူယှဉ်တွဲနေထိုင်ရေးတွေနဲ့ ပက်သက်ပြီး ဆွေးနွေးမှုလေးတွေ၊ ငြင်းခုံမှုလေးတွေကို ဖတ်မိရာက ကျွန်တော့် ဆန္ဒကိုလည်း တင်ပြချင်လို့ ရေးဖြစ်တာပါ။ တကယ်တော့ ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသား လူမျိုး အားလုံးဟာ ချစ်စရာ ကောင်းတဲ့ ဓလေ့စရိုက်တွေ ယဉ်ကျေးမှုတွေ ကိုယ်စီရှိကြတဲ့ လူမျိုးချည်းပါ။
ဒါပေမယ့် တခါတရံ ကတောက်ကဆ ဖြစ်တာတွေ၊ သူနိုင်ကိုယ်နိုင် စကားနိုင်လုရာကနေ အခြေအတင် ဖြစ်တာတွေ အိမ်တစ်အိမ်ထဲက မိသားစုဝင် အချင်းချင်း ကြားမှာ ဖြစ်တတ်သလိုပါပဲ အဆင်မပြေတာလေးတွေ ရှိတတ်ပါတယ်။ တကယ်တော့ ညီအစ်ကို မောင်နှမရင်းတွေပဲမို့ ချစ်သောမျက်စိနှင့်သာ ကြည့်ဖို့ လိုအပ်နေတာပါ။ ချစ်သော မျက်စိနဲ့သာ ကြည့်ကြမယ်ဆိုရင် အရာအားလုံး လူပုဂ္ဂိုလ်အားလုံးဟာ မုန်းစရာမရှိ၊ ချစ်စရာချည်းပဲ မဟုတ်လား။ ကျီးငှက်ကလည်း ဘုတ်ငှက်ရဲ့ အမောက်အရောင်ကို ထုတ်ဖေါ်ချီးကျူးတယ်၊ ဘုတ်ငှက်ကလည်း ကျီးငှက်ရဲ့ အမွှေး အရောင်ကို ထုတ်ဖေါ်ချီးကျူးတယ်။ ချစ်စရာတွေကိုပဲ ကောင်းတဲ့စိတ်နဲ့ ထုတ်ဖေါ်ကြ ပြောဆိုကြမယ်ဆိုရင် ဘယ်သူမှ အကျိုးမယုတ်ပါဘူး။ အားလုံးမှာလည်း ချီးကျူးစရာ ဓလေ့ နဲ့ အစဉ်အလာတွေ ကိုယ်စီ ရှိပြီးသားပါ။
ကျွန်တော်အနေနဲ့ ဆောင်ပုဒ်တွေ စိုက်ထူပြီး ကြွေးကြော်တာမျိုးကို သဘောမကျပေမယ့် ကြားဖူးတဲ့ထဲက သဘောကျမိတဲ့ ဆောင်ပုဒ်လေး တစ်ခုတော့ ရှိတယ်။ " တွေ့ဖန်များတော့ ရင်းနှီး၊ မြင်ဖန်များတော့ ချစ်ခင် ” ဆိုတာလေးပါ။ ဆောင်ပုဒ်ထဲမှာ ပါတဲ့ အတိုင်း အမှန်ပဲဆိုတာလည်း ကိုယ်တိုင်ကြုံမှ ခံစားနားလည်ခဲ့ဖူးပါတယ်။ တိုင်းရင်းသား ညီအစ်ကိုတွေ အားလုံးဟာ အရိုးခံ နှလုံးသားနဲ့ သိပ်ကို ခင်မင်စရာ ကောင်းတဲ့ လူတွေပါ။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားတွေ အချင်းချင်း လူမျိုး တစ်မျိုးနဲ့ တစ်မျိုး အထိအတွေ့ အဆက်အဆံ နည်းခဲ့ကြတယ်။ ကိုယ့်ဒေသတွင်းမှာ ရှိတဲ့ တိုင်းရင်းသား အချင်းချင်းသာ အပြောအဆို အဆက်အဆံ ရှိကြပေမယ့်၊ ရပ်ဝေး တနေရာကို သွားရောက်လည်ပတ်ပြီး လေ့လာကြတာ အားနည်းနေဆဲပါ။ ကိုယ့်နိုင်ငံတနံတလျား ခရီးသွားတာမျိုးတွေလည်း အားနည်းပါတယ်။ ပြည်တွင်းမှာ ခရီးထွက်တယ် ဆိုရင် ဘုရားဖူးခရီး နဲ့ ပင်လယ် ကမ်းခြေ တွေလောက်သာ အသွားများကြတယ်။ လူတွေ၊ ဘဝတွေ၊ သဘာဝ အလှတွေကို လေ့လာဖို့ သွားတာ နည်းပါတယ်။ ခရီးထွက်တာ ကုန်ကျစရိတ်များပြီး လူလည်း ပင်ပန်းတဲ့ အလုပ်တစ်ခုပါ၊ ဝါသနာပါပြီး ဆန္ဒရှိပေမယ့် ငွေကြေး မတတ်နိုင်လို့ မသွားနိုင်တဲ့ သူတွေလည်းရှိတယ်။ ဒါပေမယ့် တတ်နိုင်သူများ ကျတော့လည်း နိုင်ငံခြားကို ခရီးထွက်ဖို့သာ ပိုအားသန်ကြတယ်။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ သဘာဝအလှတွေကို ကိုယ်တိုင် တွေ့ဖူးမြင်ဖူးတာကလည်း နိုင်ငံချစ်စိတ်၊ ပြည်ထောင်စုစိတ်ကို အားပေးပါတယ်။ ဟိုးတောင်ပေါ်ဒေသတွေက ညီအစ်ကို မောင်နှမတွေကို မြေပြန့်ဒေသတွေ ဖြစ်တဲ့ အထက်အညာ ကျေးလက်တွေ၊ အောက်ပြည်အောက်ရွာ ဒေသတွေ အထိ လူငယ်တွေစုပြီး အဖွဲ့လိုက် လာရောက်လည်ပတ် စေချင်တယ်။ မြေပြန့်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေလည်း တောင်ပေါ်ဒေသအစုံအနှံ့ ရောက်အောင် သွားစေချင်ပါတယ်။
ခုရက်ပိုင်း ဖေ့ဘွတ်ပေါ်မှာ အားတက်စရာ တစ်ခုလည်း တွေ့မိတယ်။ လူမှုကွန်ယက် တွေပေါ်ကနေ ချိတ်ဆက်မိပြီး လူငယ် ပရဟိတ အသင်းလေးတွေ အများကြီး ပေါ်ပေါက်လာကြတာပါ။ ပရဟိတ အသင်းများ ကွန်ယက် ဆိုတဲ့ အဖွဲ့လေးမှာ စိတ်ဝင်စား စရာ ဘာတွေ့မိသလဲ ဆိုတော့ ...”donation groups တွေ၊ charity groups တွေကနေ development organization ဖြစ်တဲ့ အထိ ထူထောင်သွားမယ်” ဆိုတာပါ။ သိပ်ကောင်းတဲ့ စိတ်ကူးပါ၊ ဖြစ်မြောက်အောင် လုပ်နိုင်လိမ့်မယ်ဆိုတာလည်း ယုံကြည်မိတယ်။ လူငယ်တွေ စုပေါင်းပြီး အတူတူ အလုပ်လုပ်တတ်၊ စီမံခန့်ခွဲတတ်လာကနေ development organization မျိုးဖွဲ့စည်း လုပ်ဆောင်လာနိုင်တာဟာ community base organizations တွေ၊ civil society organizations တွေ ဖွံ့ဖြိုးလာမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လို့ အင်မတန်ကြိုဆိုအပ်ပါတယ်၊ ဒါဟာ ကျွန်တော်တို့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ခုကို ဦးတည်နေတာပါပဲ။ တဆက်တည်း စဉ်းစားမိတာက ဒီ လူငယ်တွေ ဦးဆောင်တဲ့ ဖွံဖြိုးရေး အဖွဲ့လေးတွေရဲ့ ပြည်ထောင်စု စိတ်ဓါတ်ပေါ် အကျိုးသက်ရောက်မှုပါ။ အခုတော့ အဖွဲ့လေးတွေ စတင်ထူထောင်စ၊ လုပ်ကိုင်စ ဖြစ်တဲ့ အတွက် နီးစပ်ရာ လိုအပ်တဲ့ နေရာတွေမှာ တတ်နိုင်သလောက် အကူအညီ ပေးမှုတွေ လုပ်ဆောင်နေကြတယ်။ development organizations မျိုး ဖြစ်လာရင်တော့ ပိုပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ လိုအပ်ချက်တွေကို အခြေခံကနေစပြီး ကူညီပေးလာ နိုင်ပါလိမ့်မယ်။ ပြည်ထောင်စုတွင်းမှာ ပိုပြီးဖွံ့ဖြိုးနေတဲ့ ဒေသ တစ်ခုက လူငယ်အဖွဲ့တွေဟာ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ဒေသတွေကို သွားရောက်ကူညီပေးခြင်းဟာ ပြည်ထောင်စု စိတ်ဓါတ်ပါပဲ။ ဒေသတစ်ခုမှာ သဘာဝဘေးအန္တရာယ်ခံလိုက်ရတယ် ဆိုရင်လည်း တနိုင်ငံလုံး ဒေသအသီးသီးက လူငယ်အဖွဲ့အစည်းတွေဟာ လာရောက်ကူညီနိုင်ကြပါလိမ့်မယ်။ လာရောက်ကူညီသူတွေနဲ့ ဒေသခံတွေကြားမှာ အပြန်အလှန်နားလည်မှုတွေ ချစ်ခင်မှုတွေ၊ ယုံကြည်အားမှုတွေဟာ ထင်းစည်းကြီးနဲ့ ပုံနှိုင်းပြလေ့ရှိတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးကို ခိုင်မြဲအောင် တုပ်နှောင်ပေးမယ့် မေတ္တာကြိုး၊ သံယောဇဉ်ကြိုး တွေပါပဲ။
တကယ်တော့ ကျွန်တော်တို့ နိုင်ငံ့ဝန်ထမ်းတွေ ဆိုတာလည်း  ပြည်သူထဲက ပြည်သူတွေပဲမို့ ကိုယ့်ရင်ထဲက ဆန္ဒတွေကို ထုတ်ဖေါ်ရေးသားတာမျိုးပဲ တတ်နိုင်တာပါ။ အစိုးရတာဝန် ရှိသူလည်း မဟုတ်၊ နိုင်ငံရေး ခေါင်းဆောင်လည်း မဟုတ်တဲ့ အတွက် နိုင်ငံကို ဘယ်လိုကောင်းအောင် လုပ်မယ်၊ ဘယ်အချိန် အတွင်း ဘယ်လိုပြောင်းလဲအောင် လုပ်မယ် ဆိုတာမျိုး ရည်မှန်းချက်ချမှတ်ပြီး၊ လုပ်ရမယ့် နည်းဗျူဟာတွေလည်း ချမပြတတ်ပါဘူး။ ယေဘုယျဆန်တဲ့ မေတ္တာကို အခြေခံပြီး ဆက်ဆံကြပါ၊ ချစ်သောမျက်စိဖြင့် ကြည့်ကြပါ၊ ကောင်းကွက်ကိုပဲ ရှာဖွေ ချီးကျူးကြပါ ဆိုတာမျိုးပဲ ပြောတတ်ပါတယ်။ ပထမဆုံး ခြေလှမ်းအနေနဲ့ လူငယ်တွေ အုပ်စုလိုက် အဖွဲ့လိုက် နိုင်ငံ တနံတလျား ခရီးသွားကြပါ၊ ဒေသ အသီးသီးက တိုင်းရင်းသား ညီအစ်ကို မောင်နှမ အသီးသီးနဲ့ ထိတွေ့ဆက်ဆံကြပါလို့သာ အားပေးချင်ပါတယ်။
ဖြည့်စွက် ဆွေးနွေးပေးကြစေချင်ပါတယ်၊ ကျွန်တော် တယောက်တည်း အမြင်ဟာ ဘယ်တော့မှ မပြည့်စုံနိုင်ပါဘူး။
လေးစားလျက်
Comrade
ရွှေတံခါးကြီးပိတ် ပါဦး
$
0
0
-------------------------------
- ရွှေတံခါးကြီး ဖွင့်ပါဦး
- မဖွင့်နိုင်ဘူး
- ဘာဖြစ်လို့လဲ
- မေမေ ဆူမှာစိုးလို့
- ဆန်နဲ့ဆီ နဲ့ လဲပါ့မယ်
- မလိုချင်ဘူးကွယ်
- ရွှေနဲ့ ငွေနဲ့ လဲပါ့မယ်
- မလိုချင်ဘူးကွယ်
- နတ်သမီး နတ်သားပေးပါ့မယ်
- ဖွင့်မယ် ~~ ဖွင့်မယ် ...။
ငယ်ငယ်တုန်းက ကစား ခဲ့ရတဲ့ ရွှေတံခါးကြီး ဖွင့် ပါဦးဆိုတဲ့ ကစားနည်းလေးကို စိတ်ထဲ က ပြန်မြင်ယောင်နေပါတယ် ။ ရွှေတံခါးကြီးဖွင့်ပါဦး ဆိုတဲ့ ကစားနည်းဟာရွှေစွန်ညို ကစားနည်းလို ... ကလေး ၂ ယောက်က လက်မြှောက်တားပြီး ...ကျန်တဲ့ ကလေးတွေက အတန်းလိုက်လေး လက်အောက်ကနေဖြတ်သွားရတဲ့ ကစားနည်းလေး တစ်ခုပါ ။
ပြီးခဲ့ တဲ့ အပါတ် က .. စိတ်တွေ ရှုပ်ထွေးနေတဲ့ ချိန် ..ကျောင်းက အကိုတစ်ယောက်က တရားစခန်းဝင်မလားမေးလာပါတယ်။ ဒါနဲ့ စိတ်ပြေလက်ပျောက် သဘောနဲ့ ဝင်မယ်ဆိုပြီး စာရင်းပေးပြီး ဝင်ခဲ့တယ် ။ ကမ္မဌာန်း ပေးတဲ့ ဆရာ က မလေးရှားနိုင်ငံ ကနေ ပြီး အွန်လိုင်းကနေ တဆင့် အချိန်ပေးပြီးတရားပေးတာပါ ။ ဒီမှာရှိနေတဲ့ ကျောင်း၃ ကျောင်း ကနေပြီးတော့ စကိုက်နဲ့ ချိတ်ပြီး ဆရာပေးတဲ့ ကမ္မဌာန်းတရားအတိုင်း ၊ တရားအားထုတ်ရပါတယ် ။ သဲအင်းဂူ ဆရာတော်ဘုရားကြီးရဲ့ ကမ္မဌာန်းနည်းနိဿယအတိုင်း တရားရှုမှတ်ရပါတယ် ။ တရားပွဲ စစချင်းမှာ ကမ္မဌာန်းဆရာက နေ ဒီသင်တန်းဟာ သေတတ်တဲ့စိတ်ကို ရရှိဖို့ ၊ သေခါနီးမှာ အသေတတ်ဖို့ အတွက် လေ့ကျင့်ရမဲ့သင်တန်း လို့ ဆိုပါတယ် ။ ပထမ ၁ ရက်မှာ ..တစ်ကြိမ်ကို ၁ နာရီ ၅ ကြိမ် နဲ့ ၅ နာရီ တရားထိုင်ရတယ် ။ ဒုတိယတစ်ရက်မှာတော့ ပထမ ၂ ကြိမ်မှာ ၁ နာရီ ၂ ကြိမ် ၊ ဒုတိယ ၁ နာရီခွဲ ၂ ကြိမ်နဲ့ အားလုံးပေါင်း ၅ နာရီ တရားထိုင်ရတယ် ။ တတိယနေ့ ကစလို့ နောက်ဆုံးနေ့ ထိ မှာတော့ တစ်ကြိမ်ကို ၂ နာရီ ၊ တစ်ရက်ကို ၄ ကြိမ် နဲ့ ၈ နာရီစီ နေ့စဉ် တရားထိုင်ရပါတယ် ။ ဆရာ ကလည်း စေတနာ ထက်ထက်သန်သန် နဲ့ မလေးရှားနဲ့ ရုရှားနိုင်ငံဟာ အချိန် ၄ နာရီကျော်ကွာခြားပေမဲ့ .. မလေးရှား မှ ညည့်နက်သန်းခေါင်ကျော်တဲ့ တဲ့ချိန်ထိ အလုပ်အကိုင်ဖြတ်ပြီး မသိနားမလည်တာတွေ ရှင်းပြတာ ၊ တရားထိုင်နေစဉ်မှာ အမြဲမပြတ်သတိပေးပြီးစောင့် ရှောက် ပေးပါတယ်။ ပထမ ၃ ရက်မှာ တော့ အာနာပါန ကမ္မဌာန်းကို ရှုမှတ်နည်းသင်ပေးပါတယ် ။ စတုတ္ထနေ့က စပြီးနောက်ဆုံးနေ့ ထိမှာတော့ ဝေဒနာကိုရှု တာ ၊ ပယ်တာကို စတဲ့
ပညာခန်းတွေကို ရှုမှတ်စေပါတယ်။
ကျွန်တော် ဟာ စာဖတ်ဝါသနာပါသည့်အလျှောက် ဘာသာရေး စာပေတွေလည်းအထိုက်အလျှောက်ဖတ်ဖူးသလို ၊ ဆရာတော်တွေ တရား တွေကိုလည်း နာကြားလေ့ရှိပါတယ် ။ ပြီးတော့ ဖီလော်ဆိုဖီ ဘာသာရပ် ကိုစိတ်ဝင်စားတဲ့ အလျောက် Buddha's Philosophy ၊ History of philosophy မှ ဗုဒ္ဓ ရဲ့ အယူအဆ နဲ့ ပက်သတ်ပြီးတခြား အတွေး ခေါ် ပိုင်းမှ ချဉ်းကပ်ဖော်ပြမှု ဆိုတာတွေကိုအနည်းကျဉ်းဖတ်မှတ်ဖူးပါတယ် ။ ဒါပေမဲ့ ဝိပဿနာ ကိုတော့ ကိုယ်ပိုင် စိတ်တည်ငြိမ်ဖို့ ဝင်လေ ထွက်လေ ရှုမှတ်တာ ကလွဲလို့ နည်းလမ်းတကျ အားမထုတ်ဖူးပါဘူး ။ ကျွန်တော်အပါအဝင် ၊ ကျွန်တော် တွေ့ ထိ ခဲ့ရတဲ့ ပတ်ဝန်းကျင်မှာ ဗုဒ္ဓ ဟောကြားတော်မူခဲ့ တဲ့ တရားတော်တွေ အကြောင်း ၊ သုတ္တန်တွေ ၊ ဇာတ်တော်တွေ ၊ ဝိနည်းတွေ ကို ကိုယ်လိုရာအပိုင်းလေးကို ဆွဲထုတ်ကိုးကားပြီး ဆွေးနွေးငြင်းခုန်မှု တွေ ပြုလုပ်နေခဲ့ကြပါတယ်။
ဘယ်ဟာကတော့ ဘုရားဟောမဟုတ်ဘူး ၊ ဘယ်ဟာကတော့ အဌာကထာ ဆရာများရဲ့ အလိုအရ စသဖြင့် ဆွေးနွေးငြင်းခုန်လေ့ရှိကြပါတယ် ။ အတွေးခေါ် ပိုင်းအရ ကြည့်ပြန်တော့လည်း ဗုဒ္ဓကိုဘာသာတစ်ခု အနေနဲ့ လက်ခံ ထားတာဖြစ်တဲ့ အတွက် ယုံကြည်မှု ဗဟို နဲ့ သာ ချဉ်းကပ်ခဲ့ ကြတာပါ ။ ဗုဒ္ဓဟာ လူသားတွေ နဲ့
ပက်သက်ပြီးဘယ်လိုတွေးခေါ်ခဲ့သလဲ ၊ လူသားတွေကို ဘယ်လို စည်းရုံးနိုင်ခဲ့သလဲ ။ ဗုဒ္ဓရဲ့အယူအဆတွေဟာ ဘယ်အချက်တွေက သိပ္ပံ အရ မှန်ကန်နေသလဲ ၊ ဗုဒ္ဓ ရဲ့
အယူအဆတွေက လူ့လောကကို ဘယ်လို အကျိုးဖြစ်ထွန်းစေသလဲ စတာတွေကိုသာချဉ်းကပ် ကြတယ် ။ တကယ်တမ်း ဒါတွေဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဓိက မဟုတ်ခဲ့ပါဘူး ။ ဆရာတော်ကြီးတွေ ဟောကြားတဲ့ တိုင်း ဗုဒ္ဓဘာသာ ဟာ အကျင့် နဲ့ သာ တည်ဆောက်ရတဲ့ဘာသာဆိုတာ အမှန်ပါပဲ ။
အရင်က တရားစာပေတွေ ဖတ်ရှု ပေမဲ့ တကယ်တမ်းထဲထဲဝင်ဝင် နားမလည်ခဲ့ဘူးဆိုတာ သိလာရပါတယ် ။ လူမှာ တရားအားထုတ်ဖို့ပဲ ဖြစ်ဖြစ် ၊ အမှုကိစ္စ တစ်ခုကိုဆောင်ရွက်ဖို့ပဲဖြစ်ဖြစ် .. အား ကြီးတဲ့ သဒ္ဓါဗိုလ် ၊ ၀ီရိယဗိုလ် ၊ သတိဗိုလ် ၊ သမာဓိဗိုလ် ၊ ပညာဗိုလ် .. ဗိုလ် ၅ ပါး လိုတယ်လို့ ဆိုပါတယ် ။ ကျွန်တော်ဟာ တကယ်တမ်း နှစ်နှစ် ကာကာ တရားအားထုတ်ဖို့ စိတ် မထက်သန်ခဲ့ တဲ့ အတွက် တရားအားထုတ်ခဲ့ တဲ့ အခါမှာ သဒ္ဓါဗိုလ် အင်အား ကျဆင်း ခဲ့တယ် ။ ငါ ဒါကို လုပ်မယ်ဆိုတဲ့ တစ်ထစ်ချ စိတ်ပိုင်းဖြတ်မှု မျိုးမရှိခဲ့ပါဘူး ။ အဲဒီအတွက်လည်း တရားထိုင်ချိန် ၂ နာရီမှာ ၁ နာရီလောက်သာ ထိုင်နိုင်ပြီး ကျန်တဲ့ချိန်တွေမှာ လိမ်ပိန် နေအောင် ဝေဒနာ ဒဏ်ကိုခံစား ရပါတယ် ။ သဒ္ဓါ အင်အား လျော့နည်း လာတာနဲ့ အမျှ တရားအားထုတ်နေရင်း "ငါ ..မနိုင်ဝန်ကြီးများထမ်းနေပြီးလား " ၊ " ကိုယ့် ခန္ဓာကိုယ် ကိုယ်ညှဉ်းဆဲပြီးတရားရှာသလိုများဖြစ်နေသလား" ဆိုတဲ့ ဝီစိကိစ္ဆာ တွေဖြစ်ပေါ်လာပါတယ်။ ပထမ ၂ ရက် အားထုတ်ပြီးတဲ့ ခါမှာ လူဟာ ကိုင်ရိုက်ခံထားရသလို နာကျင်ကိုက်ခဲ နေပါတော့ တယ် ။ အာနပါန ရဲ့ ဝင်လေ ထွက်လေပေါ်မှာ စိတ်ကို မထားနိုင်တာ နဲ့ အမျှ ခန္ဓာကိုယ်မှာ နာကျင်နေတဲ့ နေရာတွေကိုစိတ်ရောက်ပြီး .. တော်ပြီကွာ ငါနောက်ထက်မထိုင်တော့ဘူး .. ဆိုတဲ့ ကိလေသာ ကို အရှုံပေးပြီး ဖြုတ်ပစ်လိုက်တာ လည်း အကြိမ်ကြိမ်ပါပဲ ။ သဒ္ဓါ ၊ ဝီရီယ အင်အား တွေ ကျလာတာနဲ့ အမျှ ဝင်လေထွက်လေပေါ်မှာ သတိမကပ်နိုင်တော့ပါဘူး ။ အဲဒီအတွက် သမာဓိ လည်း မရတော့ပါဘူး ။ ပြီးတော့ ကိုယ့်ကိုယ် ကိုလည်း အတော်ဒေါသအားကြီးသော ၊ မာန်မာန ဖုံး လွှမ်းနေသော ၊ သမာဓိအင်အား၊ ဥာဏ်အင်အား အလွန် နည်းလှသော သူအဖြစ် မှန်တိုင်းမြင် တွေ့ ခဲ့ရပါတယ် ။
အဘိဓမ္မာတရားတော်တွေကို ဖတ်ဖူး မှတ်ဖူး လို့ စိတ် တစ်မျိုး ၊ စေတသိတ် ၅၂ မျိုး ရှိတယ်လို့ သညာသိသိဖူးခဲ့ပါတယ် ။ ဒါပေမဲ့ ဘယ်ဟာ က သတိ ၊
ဘယ်ဟာ က အသိ ၊ ဘယ်ဟာ က စိတ် ၊ ဘယ်ဟာကတော့စေတသိတ် ဆိုတာ ကို ကျွန်တော် သေချာ နားမလည်ခဲ့ပါဘူး ။ ပထမ နေ့ အာနာပါန ရှုမှတ်တဲ့ခါမှာ
ကမ္မဌာန်းဆရာ က " ရှူတာကိုကြည့်သတိထား ၊ တစ်ထပ်တည်းကျအောင်ရှု ၊ တခြားအာရုံကိုစိတ်မရောက်ပါစေနဲ့ " ဆိုပြီး အမြဲလိုလို သတိပေးနေတတ်ပါတယ် ။ ကျွန်တော် ကိုယ်တိုင်လည်း အာနာပါန ရှုနေရင်း အသက်ရှုလိုက်တိုင်း "ရှုတာကို ကြည့်သတိထား" "ရှုတာကိုကြည့်သတိထား" ဆိုပြီး ကိုယ့်စိတ်ကိုယ်စေခိုင်းနေပါတယ် ။ အဲလို ခိုင်းနေရင်း ကနေ
စိတ်ဟာ တခြား တနေရာစီ ရောက်သွားတတ်ပါတယ် ။ အဲဒီ အခါ "ငါ့ စိတ်တခြားရောက်သွားပြီဆိုပြီး " ဝင်လေ ၊ ထွက်လေ မှာ ပြန်ပြီး ဆွဲခေါ်ပါတယ် ။ ဒါပေမဲ့ ဘယ်ဟာက သတိလည်းဆိုတာကို ကျွန်တော်နားမလည်ပါဘူး ။ အဲဒီအတွက် တရားထိုင်ပြီးသွားတဲ့ခါ ဆရာကို မေးလျှောက်ပါတယ် ။ အဲဒီမှာ ဆရာ က ရှင်းပြပါတယ် ။ "ဝင်လေ ၊ ထွက်လေဟာ သူ့နဂိုမူလရှိနေတဲ့ အရှိတရား ၊ ရှုတာကိုကြည့်သတိထား ၊ ရှုတာကိုကြည့်သတိထားလို့ ကျွန်တော့်ကိုကျွန်တော် အသိကနေ ..ဝီရိယအား နဲ့ တွန်အားပေးနေတာပါ ၊ အဲဒီမှာ သတိက ဝင်လေ ထွက်လေမှာ စိတ်ရှိမရှိ စောင့်ကြည့်နေပြီး ၊ တခြားနေရာထွက်သွားတာနဲ့ ပြန်ဆွဲခေါ်တတ်ပါတယ် " ။ ဒါဟာကျွန်တော်
စာအုပ်တွေ ဖတ်ပြီး တကယ်နားမလည်ခဲ့တဲ့ စိတ် နဲ့ စေတသိတ် တွေ ဆိုတာ ကျွန်တော်နားလည်လာပါတယ် ။ စိတ်နဲ့ စေတသိတ်ဟာ တွဲ ပေါ်တတ်တဲ့ သဘော ကိုလည်း ကျွန်တော်သိလာပါတယ် ။
နောက် ကျွန်တော်နားလည်မိတာကတော့ မြတ်စွာဘုရားရဲ့ လမ်းစဉ် လို့ လူအတော်များများသိကြတဲ့ မဇ္ဇျိ မဆိုတာ ဘာလဲ ဆိုတာပါပဲ ။ ကျွန်တော် တရားစမှတ်စဉ်မှာ နှာသီး ဝကို အားစိုက်ပြီး အသက်ပြင်းပြင်းရှု ပါတယ် ။ တခြားကို စိတ်ရောက်လိုက် ၊ ခန္ဓာကိုယ်ပေါ် က နာကျင်တဲ့ နေရာတွေ စိတ်ရောက်လိုက် နဲ့ ပဲ တခါတခါ ကျွန်တော့် ရဲ့ စိတ်ဟာ ဝင်လေ ထွက်လေပေါ်မှာ ဝင်တည်တတ်ပါတယ် ။ အဲလို နဲ့ အသက်ရှု အရှိန်ရ လာတဲ့ခါ ... အသက်က ကိုယ်တိုင်ရှုစရာမလိုပဲ ခန္ဓာကိုယ်က သူ့ဘာသာရှူ နေတယ်ဆိုတာကိုသတိထားမိလာတယ်။ အဲ ဒီ အခြေနေကိုအာရုံစိုက်ပြီး ရှုရင်း ..ရှုရင်း နဲ့ ပဲ စိတ်ဟာ တည်ငြိမ် လာတယ် ။ ပြီးတော့ ကြည်လင်လာတယ် ။ ခန္ဓကိုယ်က နာတာ ကျဉ်တာတွေပျောက်သွားပြီးတော့ ငြိမ်းအေးတဲ့ အခြေနေတစ်ခုကို ခံစားလို့ရပါတယ် ။ ပြီးတော့ စိတ် နဲ့ ကိုယ်ဟာ တစ်ထပ်တည်းမဟုတ်ပါလားဆိုတာ ကို ..ကိုယ့်ရဲ့
စိတ်နဲ့ ကိုယ်ရဲ့ ခန္ဓာကိုယ်ကို ပြန်ကြည့်လို့ ရနိုင်ပါတယ် ။ အဲဒီ အချိန်မှာ စိတ်ရဲ့ ချမ်းသာမှု ကို ခံစားရပြီး ကျွန်တော်ကဆက်ပြီးခံစားချင်စိတ်တွေဖြစ်လာပါတော့တယ် ။ အဲဒီအခါ မှာ ကျွန်တော်ရဲ့ စိတ်က တဖန် ပြန်ကျပြီး ခန္ဓာကိုယ်ရဲ့ နာကျဉ်ကိုက်ခဲ နေတဲ့ ဆင်းရဲ ခြင်း ကို ပြန်ခံစားရပါတယ် ။ အဲဒီအချိန် ဟာ ၁၀ မိနစ် ၊ ၁၅ မိနစ် လောက်ပဲရှိမယ်ထင်ပါတယ် ။ တကယ်တမ်း နာကျဉ်ကိုက်ခဲ နေတဲ့ ခန္ဓာရဲ့ ဆင်းရဲမှု ကို ကင်းလွတ်အောင် ဝင်လေထွက်လေမှာ အာရုံစိုက်ထားရသလို ..အာရုံစူးစိုက်ခြင်းကြောင့် ငြိမ်းအေးသွားတဲ့ ချမ်းသာမှု ကို ပါ ..မခံစားပဲ ပယ်နိုင် မှသာ ၊ ဆင်းရဲမှု ၊ ချမ်းသာမှု လွတ်ကင်းနေတဲ့ အလယ်လတ် လမ်းစဉ်ကို လိုက်မှ သာ လျှင် သမာဓိ အင်အားပိုကောင်းလာပြီး တည်ကြည်တဲ့ စိတ်ကို ရနိုင်မှာဖြစ်ပါတယ် ။ကျွန်တော်ကတော့ ဆင်းရဲက နေလွတ်တာနဲ့ ချမ်းသာ ငြိမ်းချမ်းမှုကို ခံစား ၊ နှစ်သက်မိ တဲ့ အတွက် သမာဓိ ရှေ့မဆက်နိုင်ပဲ အကြိမ်ကြိမ် ပြုတ်ကျရပါတယ် ။
တရားစခန်း ၇ ရက်အတွင်းမှာ တရားထိုင်တဲ့ ယောဂီအားလုံး ဟာ ၉ ပါးသီလ ခံယူဆောက်တည်ရပါတယ် ။ နေ့လွဲ ညာစာမစားတဲ့ အတွက်ရော ၊ ခန္ဓာကိုယ်ပင်ပန်း တဲ့ အတွက် ပါ ည ည ဆို ကျွန်တော် ကောင်းကောင်းအိပ်မပျော်ခဲ့ပါဘူး ။ မနက်ထ ပြန်တော့ ကိုက်ခဲ နေတဲ့ ခန္ဓာကိုယ်နဲ့ တရားမထိုင်ချင် တာနဲ့ အားကစားခန်းမှာ
အားကစားထလုပ် ရေချိုးပြီး မှ တရားထိုင်ပါတယ် ။ မနက်မိုးလင်းတည်း က ပင်ပန်းနေပြီ ဖြစ်တဲ့ ခန္ဓာကိုယ်ဟာ တရားထိုင်တဲ့ အချိန်မှာ ဝေဒနာ ကိုပြင်းပြင်းပြပြခံစားရပါတယ် ။ အနား လုံးဝ မရ တဲ့ ခန္ဓာကိုယ် ဟာ တရားစခန်း ရဲ့ ၄ ရက်မြောက် နေ့ ကစပြီး လုံးဝနလန်မထူတော့ပါဘူး ။ အဲဒါနဲ့ ပဲ ၄ ရက်မြောက်နေ့ ပြီးမှာတော့ ဆရာကို စိတ်ထဲရှိရာတွေ အကုန်လျှောက်လို့ အခန်းကို တပ်ခေါက်ပြန်ခဲ့ပါတယ် ။ အစတည်း က ကျွန်တော် ဟာ ဝိပဿနာ တရားကို လေ့လာသူ အဖြစ် အားထုတ်ခဲ့တာဖြစ်လို့ တရား မရခဲ့သလို ၊
သမာဓိ ၊ ပညာတို့လည်းမရခဲ့ပါဘူး ။ ဒါပေမဲ့ ကျွန်တော့် စိတ်ထဲမှာတော့ ကျေနပ်နေမိပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ့်စိတ်ကို သိခဲ့ရလို့ပါ ။ သညာ နဲ့ ပညာသိ ကွဲကွဲပြားပြားသိခဲ့ရလို့ပါပဲ ။ ပြီးတော့ ကိုယ်ကိုတိုင်ပင်ပင် ပန်းပန်း ရှာဖွေ ခဲ့ရတဲ့ ပေါ်မှာ အခြေခံပြီး တော့ ဒီတရားတွေရဲ့ မူလ ပိုင်ရှင် ဖြစ်တဲ့ မြတ်စွာဘုရားအဆူဆူ ၊ သန္ဒိဋ္ဌိကဂုဏ်တော် ၊ ဧဟိပဿိကဂုဏ်တော် အစရှိတဲ့ ဂုဏ်တော် ၆ ပါးနဲ့ ပြည့်စုံတော်မူတဲ့ တရားတော်တွေ ၊ ဒီတရားတော်တွေကို စဉ်ဆက်မပြတ်လက်ဆင့်ကမ်းစောင့် ရှောက်
တော်မူလာကြတဲ့ အရိယာသံဃာတော်ရှင်သူမြတ်များအပေါ် ပိုမိုကြည်ညို စိတ်ဖြစ်မိပါတယ် ။
၎ ရက်တာ တရားထိုင် ခဲ့ တဲ့ အချိန်မှာ တရားထိုင်ပြီးတိုင်း ထိုင်ပြီးတိုင်း စိတ်ထဲမရှင်းတာ မသိတာတွေကို ဆရာ့ကိုမေးလျှောက်သလို ၊ ညတိုင် ညတိုင်ဆိုလည်း တရားလေးတွေ နာနေတတ်ပါတယ် ။ မှတ်မှတ် ရရ ရှိနေတာကတော့ ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့ မသေချင်ရင် အသက်ရှု ဆိုတဲ့ တရား နဲ့ စွန့်တတ်ရင်စွန့်ခရတယ် ဆိုတဲ့ တရားတော် ၂ ပုဒ်ပါ ။ " မသေချင်လျှင်အသက်ရှူ" ဆိုတဲ့ တရားတော် မှာတော့ အာနပါန ကမ္မဌာန်းဟာ သတိပဌာန်တရား ၄ ပါး လုံး ပါဝင်တာဖြစ်လို့ နေ့တိုင်း နေ့ တိုင်း အချိန်တိုင်းအချိန်တိုင်းမှာ အချိန်ရရင် ရသလို အာနပါန ရှုမှတ်ဖို့ ဆရာတော်ကတိုက်တွန်းထားပါတယ်။" စွန့်တတ်လျှင် စွန့် ခရတယ် " ဆိုတဲ့ တရားတော်မှာတော့ ... ကျွန်တော်တို့ နေ့စဉ် "မစင်စွန့်တာ ၊ နှပ်ချေး ညှစ်တာ ၊ ရှူးပေါက်လိုက်တာ ၊ ပန်းကန်ဆေးရည်တွေ စွန့် ပစ်လိုက်တာက အစ သတိထား ပြီးဆောင်ရွက်တတ်ရင် ကုသိုလ်ရတယ်လို့ ဆိုပါတယ် " ။ ပြီးတော့ ဆရာတော်က အဲဒီ အလှုကိုလည်း " ရှယ်ဒါန " လို့ သတ်မှတ်ပါသတဲ့ ။ ဘာလို့ လဲဆိုတော့ အသိ ၊ သတိ မြဲ နိုင် တဲ့ ပုဂ္ဂိုလ်တွေသာ ပြုနိုင်စွမ်းတဲ့ ဒါနမို့ပါတဲ့ ။ ခုနောက်ပိုင်း ကျွန်တော် သတိရမိတိုင်းမှာ အဲဒီအလေ့ကျင့် လေး ကို လုပ်ဆောင်နေတတ်ပါတယ် ။ ပန်းကန်ဆေးလိုက်တိုင်း မှာ " ရေထဲမှာနေထိုင်ကြတဲ့သတ္တဝါလေးတွေ ဒီပန်းကန်ဆေးရည်ထဲမှာပါတဲ့ ထမင်းကျန်ဟင်းကျန်လေးတွေ စားသောက်ပြီး အဆာအာဟာရပြည့်ဝကြပါစေ " ဆိုတဲ့ စိတ်လေးကို
နှလုံးသွင်းပြီးပန်းကန်ဆေးဖြစ်ပါတယ် ။ ရေချိုးခန်း ကနေ အခန်းပြန်တဲ့ ချိန် ဖြစ်ဖြစ် သတိရတဲ့ ခါ ကောက်ပြီး အာနာပါန လေးရှု ဖြစ်နေတတ်ပါတယ် ။ ညနေ တိုင်း
ဘောလုံးကွင်း မှာ သွားပြေးတဲ့ခါ ပြေးနေတဲ့ ခြေချ သံလေးကို အာရုံထားပြီး ပြေးကြည့်ပါတယ် ။ အသံ ပေါ်မှာ concentrate လုပ်ထားတာ ဖြစ်လို့ ..အရင်ကထက် များများ ပို ပြေးနိုင်လာသလို ၊ ခန္ဓာကိုယ်ရဲ့ ပင်ပန်းမှုတွေကို အာရုံလွှဲထားနိုင်ပါတယ် ။
ပြီးတော့ သတိ ၊ ဒါန ၊ သီလ ၊ သမာဓိ ၊ ပညာ တို့ ဟာ သီးခြား စီရှိနေတာပဲ တစ်ခု နှင့်တစ်ခု စပ်ဆက် နေတယ် ဆိုတာ ကို ပါ ကျွန်တော်နားလည်လာပါတယ် ။ ကျွန်တော်တို့ ဟာ အဆောင် နေ ယောကျာင်္းသားများဖြစ်လို့ ဘုံဘုံပြားပြားနေကြတာများပါတယ် ။ ဟင်းခပ် စရာ ပစ္စည်းလေးတွေဆို မီးဖိုချောင်ထဲမှာထားတော့ ကိုယ့် ဟာသူသုံး ၊ သူ့ဟာကိုယ်သုံးသဘော ပဲ အသုံးပြုကြတာပါ ။ ဒါပေမဲ့ ခုနောက်ပိုင်း ထမင်းဟင်းချက်ရင်း အာနာပါနလေးရှု သတိလေး ကပ်တဲ့ချိန်မှာ အဲလို ပစ္စည်းလေးကအစ ယူသုံးလိုက်ရမှာ လက်တွန့် နေပါတယ် ။ သူငယ်ချင်းဆီ ခွင့်တောင်းဖို့ ကျတော့ လည်း အခန်းထဲရှိမနေတာနဲ့ မထည့်ပဲ ဒီတိုင်းပဲ ချက်လိုက်တာမျိုးတွေလုပ်မိပါတယ် ။ ကိုယ်ချက်ပြုတ်ပြီးလို့ မီးဖိုခန်း သန့်ရှင်းရေး လုပ်တာ ဖြစ်ဖြစ် ဆရာတော် အရှင်ဆန္ဒာဓိက တရားတော်ထဲကလို နောက်လူတွေ သန့်သန့်ရှင်းရှင်းသုံးပါစေဆိုတဲ့ မေတ္တာစိတ်လေး ထားလိုက်တဲ့ခါ ကုသိုလ်စိတ်ရင်ထဲမှာကိန်းလို့ ဒါနဖြစ်လာပါတယ် ။ ဒီ အသိ ၊ ဒီသတိ လေးတွေ စိတ်သန္တာန်မှာ ကြာကြာစွဲ နေတဲ့ခါ သမာဓိ ဖြစ်လာရတာပါ ။
စိတ်ဆိုတာ အကြိမ်တိုင်း ၊ အကြိမ်တိုင်းမှာ တစ်စိတ်တည်းဖြစ်ပေါ် ပါတယ် ။ ကျွန်တော်တို့ တွေ လူ့ဘဝမှာ သတိကင်းပြီး နေတဲ့ခါ ... အချိန်တိုင်း ၊ အချိန်တိုင်းမှာ စိတ် က ကုသိုလ်စိတ် ၊ အကုသိုလ်စိတ် နဲ့ ကုသိုလ် အကုသိုလ်မှန်း မသိတဲ့ မောဟ စိတ်ဆိုပြီး ၃ မျိုး ထဲ ကနေ တစ်ခု မဟုတ် တစ်ခု ဖြစ်ပေါ် နေပါတယ် ။ အာနာပါန ရှုတဲ့ အပေါ်လေးမှာ တစက္ကန့် လေးဖြစ်ဖြစ် စိတ်ထား နိုင်မိတယ်ဆိုရင် ... အာနာပါန ဟာ ထွက်လေ ၊ ဝင်လေသာဖြစ်လို့ ငါသူတပါး ယောကျာင်္းမိန်းမ မဟုတ်တဲ့ အတွက် ကိလေသာစိတ်နဲ့ လွတ်ကင်းပါတယ် ။ ကုသိုလ် ၊ အကုသိုလ် ၊ မောဟ စိတ်တွေ နဲ့ လွတ်ကင်းပါတယ် ။ ကျွန်တော် တို့ ရဲ့ စိတ်ဟာ ပန်းသီး ဆိုရင် ၃ ပုံ တစ်ပုံသာကောင်းပြီး ၂ ပုံ ကပုပ်နေ ပါတယ် ။ အဲဒီ ၂ ပုံ တစ်ပုံ သာ ကောင်းတဲ့ ပန်းသီး ကို ကျွန်တော်တို့ ဟာ ပျော်ပျော်ကြီး မြိန်ရည် ယှက်ရည်စားသုံးနေပါတယ် ။ ပုပ်နေတဲ့ ပန်းသီး အသားတွေဟာ ခန္ဓာကိုယ်အတွက် အာဟာရမဖြစ်စေသလိုပဲ .. အကုသိုလ်စိတ် နဲ့ မောဟ စိတ်တွေဖြစ်ပေါ် နေသမျှ လူ့ဘဝ အတွက် ၊ သံသရာအတွက်ဆိုးကျိုးချည်းပါပဲ ။
အပေါ် မှာ ကျွန်တော်ရေးခဲ့ တဲ့ ကလေးဘဝက ရွှေတံခါးကြီးဖွင့်ပါဦးဆိုတဲ့ ကစားနည်းလေးလိုပါပဲ ။ ကျွန်တော်တို့ ဟာ သုံးပုံ တစ်ပုံ သာကောင်းတဲ့ ပန်းသီးပုပ်ထဲက မောဟ တွေကိုစားပြီး ... အပယ်တံခါး ကို ရွှေတံခါး ကြီးထင်ပြီး ...တွင်တွင် ဖွင့်ခိုင်းနေ ခဲ့ ကြတာပါ ။ အဲဒီ အပါယ်တံခါးကြီး ဖွင့် ဖို့ ကို စည်းစိမ်ချမ်းသာတွေ နဲ့ လဲ ခဲ့ကြတယ် ။ ရာထူး ၊ ဥစ္စာတွေ နဲ့ လဲ ခဲ့ ကြတယ် ။ ဒါပေမဲ့ အဲဒါ ဟာ ကျွန်တော်တို့ ထင်သလို ရွှေတံခါး ကြီးမဟုတ်ပါဘူး ။ မောဟကြောင့် ရွှေတံခါးထင်နေတဲ့ အပါယ်တံခါးကြီးပါပဲ ။ အဲဒီ အပါယ်
တံခါး ကြီး ပိတ် ဖို့ ၊ ကုသိုလ်စိတ် တွေနဲ့ သာ အသက်ရှင်သန်နေဖို့ က တော့ မြတ်စွာ ဘုရားနောက်ဆုံး စကားဖြစ်တဲ့ အပ္ပမာဒေန သမ္မာဒေထ ပါပဲ ။
-ရွှေတံခါကြီး ပိတ်ပါဦး
- မပိတ်နိုင်ဘူး
- ဘာဖြစ်လို့လဲ
-ကိလေသာတွေဖုံးလို့
- ရွှေနဲ့ငွေ နဲ့ လဲပါ့မယ်
- မပိတ်နိုင်ဘူးကွယ်
- ဥစ္စာပစ္စည်းနဲ့လဲပါ့မယ်
- မပိတ်နိုင်ဘူးကွယ်
-ရာထူးဂုဏ်နဲ့လဲပါ့မယ်
-မပိတ်နိုင်ဘူးကွယ်
-ဝိပဿနာနဲ့လဲပါ့မယ်
-ပိတ်မယ် ...ပိတ်မယ် ~~
အားလုံး သော မိတ်ဆွေ သူငယ်ချင်းများလည်း အချိန်ရရင် ရသလို ၊ သတိရရင် ရသလို အသက်များများ ရှုနိုင်ကြပါစေ ၊ အသိ သတိမြဲ လို့ အပါယ်တံခါး ပိတ်နိုင်ကြပါစေ ။
(ရုပ်ဆိုး)
"ရေစီးကြောင်းများ စီးဆင်းခြင်း"
$
0
0
အချိန်တွေလည်း ပြောင်းလဲသွားပြီ။ လွန်ခဲ့တဲ့ ကလေးဘ၀ သို့မဟုတ် ကိုယ်နေပျော်တယ်လို့ ထင်ခဲ့ရတဲ့ ကာလ တစ်ခုကို ပြန်မရနိုင် တော့ဘူး။ မသိလိုက် မသိဖာသာ ပြောင်းလဲ သွားခဲ့တာ တော့ မဟုတ်ဘူး။ ဘ၀မှာ နုပျိုလတ်ဆတ်ချိန် ရှိသလို အိုမင်းရင့်ရော်တဲ့ အချိန်လည်း ရှိနေမှာပါ။ ကျွန်တော်တို့ လိုက်မှီခဲ့တဲ့ ၈၈ မတိုင်ခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ ကာလကြာရှည်အောင် ဒဏ်ရာခါးခါးတွေ ပေးခဲ့တဲ့ စစ်အုပ်ချုပ်ရေးခေတ် .. ဒါတွေဟာ ပြည်ဖုံး ကားချသွားပြီ။ ဘိုးဘေး ဘီဘင် တွေရဲ. လက်ထက်က အကြောင်းအရာတွေလည်း ဒီအချိန်မှာ အသစ် မဖြစ်နိုင်တော့ဘူး။ သူတို့ ထားခဲ့တဲ့ တက်ကြွစရာ ဇာတ်လမ်းတွေ အတုယူစရာ စိတ်ဓါတ်တွေပဲ ကျွန်တော်တို့ တတွေရဲ. စိတ်နှလုံးမှာ ကိန်းဝပ်ကျန်ရစ် နေခဲ့တော့တယ်။
ဒီဘက်ခေတ် လူမှု.ကွန်ယက်ဆိုတဲ့ ခေတ်ကြီးမှာ လူတိုင်းလူတိုင်းဟာ ပုံစံအသစ် လူနေမှု. နည်းအသစ်တွေနဲ့ ရပ်တည်လာခဲ့တယ်။ ပြည်ပကို ပုံစံအမျိုးမျိုးနဲ့ သွားရောက်နေထိုင်သူတွေ အလုပ်လုပ်ကိုင် နေသူတွေနဲ့ နေ့စဉ် စက္ကန့်မလပ် ချိတ်ဆက် ဆက်သွယ် ပြောဆိုနိုင် လာတယ်။ သတင်း ဖြန့်ဝေတဲ့ နေရာမှာ ပြင်ဆင်တည်းဖြတ်ပြီး စနစ်တကျ ဖော်ပြ ပုံကနေ "ချက်ချင်း" သဘော အဖြစ် ပြောင်းလဲ လာတယ်။ ထွက်ပေါ်လာတဲ့ မီဒီယာ ပုံစံကနေ လူအမျိုးမျိုး စိတ်အခံ အမျိုးမျိုးနဲ့ ခံစား နားလည်ကြရင်း ဒုတိယ ဘ၀ဆိုတာ ဖြစ်တည် ပေါ်ထွက်လာတယ်။ အစစ်အမှန် Real ဘ၀က ကျွန်တော်တို့ နေ့တဓူဝ ဖြတ်သန်းနေကြတဲ့ ဘ၀ပါ။ ဒုတိယ ဘ၀ဆိုတာ အင်တာနက် ပေါ်မှာ သတင်းတွေ ရယူ၊ မိတ်ဆွေတွေနဲ့ စီးမျောနေရင်း ပုံရိပ်ယောင် လို့ခေါ်တဲ့ Virtual ဘ၀တစ်ခုကို တည်ဆောက် မိရက်သား ဖြစ်သွားခဲ့တယ်။
ခေတ်ကို အမှီလိုက်နေတဲ့ လူငယ်တွေလည်း အင်တာနက် ပင်လယ်ကြီးထဲ ဒိုက်ဗင်ထိုးဆင်းရင်း လူနေမှု.ဘ၀ ပုံစံ ပြောင်းလဲ သွားကြပြီ။ သတင်းတွေ များမှများဗျာ။ သတင်းစုံတဲ့ အပြင် နာမည်ကြီး လူတွေရဲ. ကိုယ်တစ်ချက် အလှုပ် လက်တစ်ဖက် အရွေ.ကိုတောင် ခံစားမှု. အဓိပါယ် ဖော်ယူပြီး ကောလဟာလ တွေ အတင်းအဖျင်းတွေ ဖတ်သူတွေရဲ. မျက်စိရှေ. ရောက်လာကြတယ်။
လက်ရှိ အင်တာနက်ပေါ်က Virtual ဘ၀မှာ နေသူတွေဟာ အသက်အရွယ် အမျိုးမျိုးနဲ့ပါ။ တက္ကသိုလ်ကျောင်းသားက တက္ကသိုလ် ပညာကို သင်ယူနေရင်း၊ စီးပွါးရှာသူတွေကလည်း အလုပ်အကိုင် လုပ်ကိုင်နေရင်း၊ အငြိမ်းစားဘ၀ကလည်း အေးအေးဆေးဆေး ဘ၀ကို ဖြတ်သန်း အနားယူနေရင်း အွန်လိုင်းပေါ်တက် ဖြစ်တယ်။
သတင်းတွေ တစ်ခုပြီးတစ်ခု စီးဆင်းသွားတယ်။ လူတွေရဲ. စိတ်ဝင်စားမှု.ကလည်း တစ်ခုပြီးတစ်ခု ပြောင်းလဲသွားခဲ့တယ်။ ပွင့်လင်း မြင်သာတဲ့ အင်တာနက် လှိုင်းစီးခြင်းရဲ. အကျိုးကြောင့် မတရားခြင်း၊ တရားခြင်း အကြောင်းအရာတွေ လူရှေ.ကို အလွယ် တကူ ရောက်လာ ခဲ့တယ်။ Celebrity လို့ ဘိုလိုပြောတဲ့ ကျော်ကြားသူတွေရဲ. ကျော်ကြားမှု. သက်တမ်းကလည်း တိုတောင်း လွန်းတယ်။ ခံစားမှု. အာရုံ တစ်ခုပြီးတစ်ခု အပြောင်းအလဲ ဖြစ်ပေါ်နေတဲ့ ကာလမှာ ကျော်ကြား ထင်ရှားမှု. သက်တမ်း မြန်မြန် ကုန်ဆုံးသွားခဲ့တာ ထူးဆန်းမှု. တစ်ခု မဟုတ်ပါဘူး။ ဘာဆိုဘာမှ ထူးဆန်းမှု. မရှိတဲ့ သဘောကို အင်တာနက်ပေါ်မှာ မြင်နေရပြီ။
လူ့သဘာဝအလျှောက် တစ်ခုခုကို မျှော်လင့်ချက်ထားတယ်။ တစ်ခုခုကြောင့် နေ့တဓူဝ အလုပ်တွေ လုပ်နေရတယ်။ တစ်ခုခုကြောင့် ကြိုးစားမှု. တစ်ခုစီနဲ့ အသက်ရှင်နေရတယ်။ အမေရိကန် မှာပဲ လူဖြစ်နေပါစေ၊ ပြင်သစ်မှာပဲ အသက်ရှင်နေပါစေ၊ မြန်မာပြည် ထဲက ဇနပုဒ် တစ်နေရာမှာပဲ ရှင်သန်နေပါစေ။ ကျွန်တော်တို့ ကိုယ်တွင်းက ဖြစ်တည်နေတဲ့ ဆန္ဒ၊ ရမ္မက်၊ ရလိုမှု. ရှင်သန်မှု. နဲ့ ခန္ဒာကိုယ်ကြီး ရပ်တည်နေဆဲ ပါပဲ။
ထူးခြားမှု.တွေလို့ ထင်ရတဲ့ သတင်းတွေ အတင်းတွေ အဖြစ်အပျက်တွေ ပဋိပက္ခတွေ၊ အထိကရုဏ်းတွေ ကြားထဲမှာ မထူးခြားမှု.တွေ ဖြစ်နေတယ် ဆိုတာ တဖြည်းဖြည်း နားလည် ယူနိုင်တယ်။ အင်တာနက် လှိုင်းစီးနေတဲ့ ဘ၀မှာ အစစ်အမှန် သဘောတရားကို လိုက်ရှာလို့ မတွေ.နိုင်ဘူး။ အစစ်အမှန်ဆိုတဲ့ တိတိကျကျ အရာတစ်ခုကို ပြောရမယ်ဆိုရင် ကိုယ်ကိုယ်တိုင်ပဲ အစာစားတယ်၊ အလုပ်လုပ်တယ်၊ အသက်ရှူတယ်၊ စိတ်ပျော်ရွှင်တယ်၊ ကျေနပ်တယ်၊ ၀မ်းနည်းတယ်၊ ၀မ်းသာတယ်.. အင်တာနက် အကူအညီ မပါပဲ ဖြစ်နေတဲ့ သဘောတရား ပေါ့ဗျာ။ မပြောင်းလဲတဲ့ ရေစီးကြောင်း အစစ်အမှန်ဆိုတာ ကိုယ်ကိုယ်တိုင်ပါပဲ။
လူမှု.ဘ၀ အကျဉ်းထောင်ထဲမှာ ကိုယ့်ဟာကိုယ် ဇွတ်ပိတ်ပြီး ခပ်နက်နက် တိုးဝင်ချင်တယ်ဆိုရင်တော့ ပေါ်လာသမျှ သတင်းတွေ အတင်းအဖျင်းတွေ နောက်ကိုလိုက်၊ ထင်မြင်ချက် ယူဆချက်တွေကို စိတ်အားထက်သန်မှု. အပြည့်နဲ့ ဖော်ပြ၊ လာသမျှ သတင်းကို သုံးသပ်ပြနဲ့၊ အချိန်ကာလသာ ပြောင်းလဲ သွားလိမ့်မယ်။ မပြောင်းလဲတဲ့ ပြောင်းလဲခြင်းတွေရဲ. နောက်ကို လိုက်နေရင်း စိတ်မော လူမော ဖြစ်နေတဲ့ အသိမိတ်ဆွေတွေလည်း အများသားပဲဗျာ။ လောကုတ္တရာ စကားနဲ့ ပြောရရင် ဒီအတိုင်း ဖြစ်နေဖို့က အကြောင်းဖန် လာတယ်ပဲ ဆိုရမှာ။ တိတိကျကျ ပြောရရင် နောင်ထပ် နှစ်တွေမှာ လူတွေရဲ. တန်ဖိုး၊ ကိုယ်ကျင့်တရား သိသိသာသာ ကျဆင်းလာ မှာ အမှန်ပါပဲ။
SOE HTET
04:03PM, SAT
20th, July, 2013
Hmawbi Tsp, Ygn
Myanmar.
ကျွန်တော့်ကို လှုပ်နှိုးသူများ
$
0
0
 Photo: ကျွန်တော့်ကို လှုပ်နှိုးသူများ …………….   “ ကလင်..လင်..ကလင်..”  နှိုးစက်သံကြောင့် မျက်လုံးကိုအတင်းဖွင့်လိုက်သည်။  အိပ်ယာကမထသေးပဲ နှိုးစက်ကိုလှမ်းယူပြီး ပိတ်လိုက်သည်။  နှိုးစက်မည်တာဆိုတော့ ၅ နာရီခွဲပေါ့။ ခဏလောက်တော့ မှေးဦးမှ။  ဟာမဖြစ်သေးပါဘူးလေ။ တော်ကြာနောက်ကျနေဦးမယ်။ ကျွန်တော်တစ်ယောက်ထဲတွေးရင်း ထလိုက်သည်။ မျက်လုံးကတော့ သိပ်ပြီးဖွင့်ချင်လှတာမဟုတ်။  တံခါးကို ဖွင့်လိုက်တော့ အလင်းရောင်က ၀င်လာသည်။ တကယ်တော့ ၅ နာရီခွဲဆိုတာ မစောတော့ပါ။  နေ့စဉ်လိုလို ၆ နာရီကျော်မှထတဲ့သူဆိုတော့ စောသလိုထင်နေချင်ဖြစ်သည်။  အင်း နှိုးစက်လေးရှိလို့ပေါ့။ …………  ကျွန်တော်စာတွေကို ၆ တန်းနှစ်လောက်ကတည်းက စဖတ်ဖြစ်သည်။ ကာတွန်း၊ ၀တ္ထုအစုံပါပဲ။ အဲဒီအချိန်တုန်းက ပန်းချီဆွဲတာ၊ ကဗျာလေးတွေရေးတာကို ၀ါသနာပါသည်။  ကျောင်းပွဲတွေမှာ ပန်းချီဆွဲ သည်။ ကဗျာလေးတွေရေးသည်။  စာဖတ်ပါများလာတော့ ရေးချင်စိတ်လေးကဖြစ်လာသည်။ အဆုံးမသတ်နိုင်တဲ့ စာတွေကို တောင်ခြစ်မြောက်ခြစ် ရေးသည်။  အဲ လူငယ်တို့သဘာဝအတိုင်း နည်းနည်းစိတ်ကစားတတ်လာတော့ ရည်းစားစာ အငှားရေးသည်။ ၁၀ တန်းနှစ်က ကဗျာအရေးကောင်းလို့ ဆရာမ ၀င်လာချိန်မသိလိုက်။ ဆရာမက ကျွန်တော်စာရေးနေတာမြင်ပြီး စာအုပ်ယူကြည့်သည်။  ကျွန်တော်ရေးတဲ့ ကဗျာကို ဆရာမက တစ်တန်းလုံးကို ဖတ်ပြလိုက်သည်။  အတန်းက သူငယ်ချင်း တွေတော်တော်သဘောကျသွားသည်။ ဘာလို့လဲဆိုရင် ဆရာမက တစ်ပိုဒ်ဆုံးလိုက် အားလုံးက တစ်ခါရယ် လိုက်နဲ့လေ။  အဲဒီ ၁၀ တန်းနှစ်မှာပဲ ကျွန်တော် ညိုဇင်မြင့်ဆိုသော သူငယ်ချင်းတစ်ဦးဖြင့် ခင်ခွင့်ရခဲ့သည်။ ကျွန်တော့်ဘ၀အတွက် ပထမဆုံး လှုပ်နိုးသူ။  ကျွန်တော့် စာရေးဝါသနာကို လှုပ်နိုးလိုက်ပါတယ်။  သူငယ်ချင်းမိသားစုက စာအရမ်းဖတ်သည်။ စာအုပ်တွေစုဆောင်းသည်။ မိသားစုကြောင့် ကျွန်တော်စာကောင်းပေမွန်တွေ ဖတ်ခွင့်ရခဲ့သည်။  စာအုပ်တွေ ရွေးဖတ်တတ်လာခဲ့သည်။ မှတ်စုတွေ ထားတတ်လာခဲ့သည်။  ထိုမှတဆင့် ကျွန်တော် စု၊ တု၊ ပြု နည်းဖြင့် စာလေးတွေစရေးဖြစ်ခဲ့ပါသည်။  (ကျွန်တော်ကြားဖြတ်ပြောချင်ပါသည်။ အဲဒီအချိန်နောက်ပိုင်း ရေးဖြစ်တဲ့ ကဗျာ၊ စာတွေကို မဂ္ဂဇင်း တိုက်တွေထံ ပေးပို့ဘူးသည်။ သို့သော် ဒီနေ့အချိန်ထိ စာမျက်နှာထက် ဖော်ပြခံရဘူးခြင်းမရှိသေးပါ။ သို့သော်လည်း ကျွန်တော်စာဆက်ရေးနေပါသည်။ စာရေးနေခြင်းဖြင့် ကျွန်တော်စာတွေပိုဖတ်ဖြစ်သည်။ တွေးဖြစ်သည်။ စိတ်က ကောင်းသောဘက်တွင်သာ  ရှိနေခြင်းကြောင့်ဖြစ်ပါသည်။)  အဲဒီနောက် စာတွေတော်တော်များများရေးဖြစ်သွားခဲ့သည်။  သို့သော် ၂၀၀၇ ခုနှစ် လောက်တွင် စာရေးခြင်းက ရပ်တန့်သွားပြန်သည်။ ကျွန်တော်ပြန်လည်အိပ်ပျော်သွားပြန်သည်။ …………..  ကျွန်တော်မြစ်ကြီးနားမှာ နေခဲ့စဉ်က ကောင်မလေးတစ်ဦးနှင့် သိခွင့်ရခဲ့ပြန်သည်။ သူကတော့ စာကြည့်တိုက်မှာ အလုပ်လုပ်သူပါ။ စာအုပ်တွေငှားရင်းသိကျွမ်းခဲ့ပါတယ်။  သူနဲ့ပတ်သက်ပြီး ကျွန်တော် စာတွေထပ်ရေးဖြစ်သွားသည်။  သူက “ လူဘ၀ထဲကို ဘာလုပ်ဖို့ရောက်လာသလဲ ” ဆိုတဲ့ ခေါင်းစဉ်လေးကို မေးပါသည်။   ထိုခေါင်းစဉ်အတွက် ကျွန်တော် စာစရေးတာကအစပြုလို့ စာလေးတွေ ဆက်ရေးဖြစ်သွား ပြန်သည်။  သူကတော့ ကျွန်တော့်ရဲ့ ဒုတိယလှုပ်နိုးသူပင်ဖြစ်သည်။ ……………  ဒီလိုနဲ့ နှစ်တွေကြာလာပြန်ရင်း ဒီနှစ် ၂၀၁၃ ခုနှစ်အရောက်မှာ ကျွန်တော် Facebook ကိုစသုံးဖြစ် ခဲ့သည်။  Facebook ပေါ်မှာ အရင်ကရေးဖြစ်တဲ့ စာလေးတွေကို တင်လိုက်သည်။  အဲဒီအခါ ကျွန်တော့်စာ လေးတွေကို အားပေးသူတစ်ချို့ ထွက်လာသည်။  ကျွန်တော့် စာလေးတွေကို ဘ၀ခြေရာဆိုဒ်မှာ ရှယ်တာတွေ့ပြီး စကားပြောဖြစ်သည်။ ကျွန်တော့်ကို စာဆက်ရေးဖို့ တွန်းအားပေးခဲ့သည်။  သူကတော့ ကျွန်တော့်ရဲ့ တတိယနှိုးစက်(သို့မဟုတ်) ကျွန်တော့်ကို လှုပ်နိုးသော တတိယမြောက်လူ ကိုနေမင်းသူပင်ဖြစ်သည်။  အဲဒီနောက်ပိုင်း ကျွန်တော်စာတွေ တောက်လျှောက်ရေးဖြစ်သွားတော့သည်။ ……………  ကဿပဘုရားရှင်လက်ထက်တော်အခါက ဃဋိကာရဆိုတဲ့ အိုးထိန်းသည်နဲ့ ဇောတိပါလဆိုတဲ့ သူဌေးသားတစ်ဦးတို့က အင်မတန်ချစ်ခင်ကြတဲ့သူငယ်ချင်းနှစ်ဦးပါ။  အဲဒီအချိန်က ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားဆက်ဆံတဲ့အချိန်ဖြစ်ပေမယ့် သူတို့နှစ်ဦးကတော့ ချစ်ခင်ကြပါတယ်။  ဃဋိကာရက ဘုရားရှင်ကို သွားဖူးဖို့ ဇောတိပါလကို အမြဲခေါ်ပါတယ်။ ဒါပေမယ့် ဇာတ်မြင့်မာန် ၀င်နေတဲ့ ဇောတိပါလက “ ဦးပြည်းရဟန်းယုတ်ကိုဖူးလို့ ဘာအကျိုးထူးမှာလဲ ” လို့သာ ပြန်ပြောခဲ့ပါတယ်။  နောက်ဆုံး ဃဋိကာရက ပရိယာယ်သုံးပြီး မြစ်ဆိပ်ကို ရေချိုးဖို့ဆိုပြီး ခေါ်လာပါတယ်။  ဘာဖြစ်လို့လဲဆိုရင် မြစ်ဆိပ်က ဘုရားကျောင်းတော်နဲ့နီးလို့ပါ။ ဒီအခါတော့ ဇောတိပါလက လိုက်ခဲ့ပါတယ်။  ဒါပေမယ့် မြစ်ဆိပ်ရောက်တော့ ဘုရားရှင်စီသွားဖို့ကိုတော့ အတင်းငြင်းပါတော့တယ်။  မရတဲ့အဆုံး ဃဋိကာရက ဘာလုပ်သလဲဆိုရင် ဇောတိပါလရဲ့ ဆံပင်ကိုကိုင်ပြီး ဘုရားရှင်ထံလိုက် ခဲ့ဖို့တောင်းဆိုပါတော့တယ်။  အဲဒီအချိန်အခါက ဇာတ်မြင့်သူရဲ့ ဆံပင်ကိုကိုင်ရင် သေဒဏ်ပါပဲ။  ဒါကိုမမှုပဲ ဃဋိကာရကတော့ သူငယ်ချင်းကောင်းပီသစွာ သူငယ်ချင်းရဲ့ ဆံပင်ကိုကိုင်လို့ ဘုရားရှင်ထံ အရောက်ပို့ ဆောင်နိုင်ခဲ့ပါတယ်။ …………………  ကျွန်တော့်ရဲ့ အတွင်းဗီဇက ပျင်းတတ်တယ်။ ပျင်းတယ်။  အလုပ်တစ်ခုလုပ်ဖို့အရေးကို တော်တော် လေးဖင့်လွန်းတယ်။  နံနက်စောစောအိပ်ယာထဖို့ရှိရင် ၀ီရိယစိတ်နဲ့ တစ်ခါမှ မနှိုးဘူး။ နှိုးစက်လေးမည်မှထ ဖြစ်တယ်။  နှိုးစက်လေးက နံနက်အိပ်ယာထဖို့ ကျွန်တော့်ကို လုပ်နှိုးခဲ့သလို ကျွန်တော့် သူငယ်ချင်း၊ မိတ်ဆွေ များကလည်း ကျွန်တော်စာရေးဖြစ်အောင် အကြိမ်ကြိမ် လှုပ်နှိုးခဲ့ကြတယ်။  မိတ်ဆွေကောင်းတွေကတော့ ကျွန်တော့် ဆံပင်ကိုကိုင်ပြီး ကောင်းသောလမ်းကြောင်းပေါ် ဆွဲဆွဲ တင်နေ ခေါ်နေကြပြီ။  အပျင်းမထူဖို့၊ အိပ်ယာကထဖို့ လှုပ်နှိုးနေကြပြီ။  ကျွန်တော် ၀ီရိယရှိရှိ၊ ဇွဲရှိရှိ လျှောက်လှမ်းဖို့သာ ကျန်ပါတော့သည်။  ဒါမှလည်း ကျွန်တော့်ကိုလှုပ်နှိုးခဲ့သော မိတ်ဆွေသူငယ်ချင်းများ လှုပ်နှိုးရကျိုးနပ်မည်ထင်ပါသည်။ လှုပ်နှိုးခဲ့သော မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။  ( အမြဲဖတ်ရှုအားပေးနေသော ကျွန်တော့်ချစ်မိတ်ဆွေများကို ဒီစာစုလေးဖြင့် ရေးသားဂုဏ်ပြုလိုက်ရ ပါသည်။)  ၂၀-၇-၂၀၁၃
…………….
“ ကလင်..လင်..ကလင်..”
နှိုးစက်သံကြောင့် မျက်လုံးကိုအတင်းဖွင့်လိုက်သည်။ အိပ်ယာကမထသေးပဲ နှိုးစက်ကိုလှမ်းယူပြီး ပိတ်လိုက်သည်။
နှိုးစက်မည်တာဆိုတော့ ၅ နာရီခွဲပေါ့။ ခဏလောက်တော့ မှေးဦးမှ။ ဟာမဖြစ်သေးပါဘူးလေ။ တော်ကြာနောက်ကျနေဦးမယ်။ ကျွန်တော်တစ်ယောက်ထဲတွေးရင်း ထလိုက်သည်။ မျက်လုံးကတော့ သိပ်ပြီးဖွင့်ချင်လှတာမဟုတ်။
တံခါးကို ဖွင့်လိုက်တော့ အလင်းရောင်က ၀င်လာသည်။ တကယ်တော့ ၅ နာရီခွဲဆိုတာ မစောတော့ပါ။ နေ့စဉ်လိုလို ၆ နာရီကျော်မှထတဲ့သူဆိုတော့ စောသလိုထင်နေချင်ဖြစ်သည်။
အင်း နှိုးစက်လေးရှိလို့ပေါ့။
…………
ကျွန်တော်စာတွေကို ၆ တန်းနှစ်လောက်ကတည်းက စဖတ်ဖြစ်သည်။ ကာတွန်း၊ ၀တ္ထုအစုံပါပဲ။ အဲဒီအချိန်တုန်းက ပန်းချီဆွဲတာ၊ ကဗျာလေးတွေရေးတာကို ၀ါသနာပါသည်။ ကျောင်းပွဲတွေမှာ ပန်းချီဆွဲ သည်။ ကဗျာလေးတွေရေးသည်။
စာဖတ်ပါများလာတော့ ရေးချင်စိတ်လေးကဖြစ်လာသည်။ အဆုံးမသတ်နိုင်တဲ့ စာတွေကို တောင်ခြစ်မြောက်ခြစ် ရေးသည်။ အဲ လူငယ်တို့သဘာဝအတိုင်း နည်းနည်းစိတ်ကစားတတ်လာတော့ ရည်းစားစာ အငှားရေးသည်။ ၁၀ တန်းနှစ်က ကဗျာအရေးကောင်းလို့ ဆရာမ ၀င်လာချိန်မသိလိုက်။ ဆရာမက ကျွန်တော်စာရေးနေတာမြင်ပြီး စာအုပ်ယူကြည့်သည်။
ကျွန်တော်ရေးတဲ့ ကဗျာကို ဆရာမက တစ်တန်းလုံးကို ဖတ်ပြလိုက်သည်။ အတန်းက သူငယ်ချင်း တွေတော်တော်သဘောကျသွားသည်။ ဘာလို့လဲဆိုရင် ဆရာမက တစ်ပိုဒ်ဆုံးလိုက် အားလုံးက တစ်ခါရယ် လိုက်နဲ့လေ။
အဲဒီ ၁၀ တန်းနှစ်မှာပဲ ကျွန်တော် ညိုဇင်မြင့်ဆိုသော သူငယ်ချင်းတစ်ဦးဖြင့် ခင်ခွင့်ရခဲ့သည်။ ကျွန်တော့်ဘ၀အတွက် ပထမဆုံး လှုပ်နိုးသူ။ ကျွန်တော့် စာရေးဝါသနာကို လှုပ်နိုးလိုက်ပါတယ်။
သူငယ်ချင်းမိသားစုက စာအရမ်းဖတ်သည်။ စာအုပ်တွေစုဆောင်းသည်။ မိသားစုကြောင့် ကျွန်တော်စာကောင်းပေမွန်တွေ ဖတ်ခွင့်ရခဲ့သည်။ စာအုပ်တွေ ရွေးဖတ်တတ်လာခဲ့သည်။ မှတ်စုတွေ ထားတတ်လာခဲ့သည်။
ထိုမှတဆင့် ကျွန်တော် စု၊ တု၊ ပြု နည်းဖြင့် စာလေးတွေစရေးဖြစ်ခဲ့ပါသည်။
(ကျွန်တော်ကြားဖြတ်ပြောချင်ပါသည်။ အဲဒီအချိန်နောက်ပိုင်း ရေးဖြစ်တဲ့ ကဗျာ၊ စာတွေကို မဂ္ဂဇင်း တိုက်တွေထံ ပေးပို့ဘူးသည်။ သို့သော် ဒီနေ့အချိန်ထိ စာမျက်နှာထက် ဖော်ပြခံရဘူးခြင်းမရှိသေးပါ။ သို့သော်လည်း ကျွန်တော်စာဆက်ရေးနေပါသည်။ စာရေးနေခြင်းဖြင့် ကျွန်တော်စာတွေပိုဖတ်ဖြစ်သည်။ တွေးဖြစ်သည်။ စိတ်က ကောင်းသောဘက်တွင်သာ ရှိနေခြင်းကြောင့်ဖြစ်ပါသည်။)
အဲဒီနောက် စာတွေတော်တော်များများရေးဖြစ်သွားခဲ့သည်။ သို့သော် ၂၀၀၇ ခုနှစ် လောက်တွင် စာရေးခြင်းက ရပ်တန့်သွားပြန်သည်။ ကျွန်တော်ပြန်လည်အိပ်ပျော်သွားပြန်သည်။
…………..
ကျွန်တော်မြစ်ကြီးနားမှာ နေခဲ့စဉ်က ကောင်မလေးတစ်ဦးနှင့် သိခွင့်ရခဲ့ပြန်သည်။ သူကတော့ စာကြည့်တိုက်မှာ အလုပ်လုပ်သူပါ။ စာအုပ်တွေငှားရင်းသိကျွမ်းခဲ့ပါတယ်။ သူနဲ့ပတ်သက်ပြီး ကျွန်တော် စာတွေထပ်ရေးဖြစ်သွားသည်။
သူက “ လူဘ၀ထဲကို ဘာလုပ်ဖို့ရောက်လာသလဲ ” ဆိုတဲ့ ခေါင်းစဉ်လေးကို မေးပါသည်။
ထိုခေါင်းစဉ်အတွက် ကျွန်တော် စာစရေးတာကအစပြုလို့ စာလေးတွေ ဆက်ရေးဖြစ်သွား ပြန်သည်။
သူကတော့ ကျွန်တော့်ရဲ့ ဒုတိယလှုပ်နိုးသူပင်ဖြစ်သည်။
……………
ဒီလိုနဲ့ နှစ်တွေကြာလာပြန်ရင်း ဒီနှစ် ၂၀၁၃ ခုနှစ်အရောက်မှာ ကျွန်တော် Facebook ကိုစသုံးဖြစ် ခဲ့သည်။ Facebook ပေါ်မှာ အရင်ကရေးဖြစ်တဲ့ စာလေးတွေကို တင်လိုက်သည်။ အဲဒီအခါ ကျွန်တော့်စာ လေးတွေကို အားပေးသူတစ်ချို့ ထွက်လာသည်။
ကျွန်တော့် စာလေးတွေကို ဘ၀ခြေရာဆိုဒ်မှာ ရှယ်တာတွေ့ပြီး စကားပြောဖြစ်သည်။ ကျွန်တော့်ကို စာဆက်ရေးဖို့ တွန်းအားပေးခဲ့သည်။
သူကတော့ ကျွန်တော့်ရဲ့ တတိယနှိုးစက်(သို့မဟုတ်) ကျွန်တော့်ကို လှုပ်နိုးသော တတိယမြောက်လူ ကိုနေမင်းသူပင်ဖြစ်သည်။
အဲဒီနောက်ပိုင်း ကျွန်တော်စာတွေ တောက်လျှောက်ရေးဖြစ်သွားတော့သည်။
……………
ကဿပဘုရားရှင်လက်ထက်တော်အခါက ဃဋိကာရဆိုတဲ့ အိုးထိန်းသည်နဲ့ ဇောတိပါလဆိုတဲ့ သူဌေးသားတစ်ဦးတို့က အင်မတန်ချစ်ခင်ကြတဲ့သူငယ်ချင်းနှစ်ဦးပါ။ အဲဒီအချိန်က ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားဆက်ဆံတဲ့အချိန်ဖြစ်ပေမယ့် သူတို့နှစ်ဦးကတော့ ချစ်ခင်ကြပါတယ်။
ဃဋိကာရက ဘုရားရှင်ကို သွားဖူးဖို့ ဇောတိပါလကို အမြဲခေါ်ပါတယ်။ ဒါပေမယ့် ဇာတ်မြင့်မာန် ၀င်နေတဲ့ ဇောတိပါလက “ ဦးပြည်းရဟန်းယုတ်ကိုဖူးလို့ ဘာအကျိုးထူးမှာလဲ ” လို့သာ ပြန်ပြောခဲ့ပါတယ်။
နောက်ဆုံး ဃဋိကာရက ပရိယာယ်သုံးပြီး မြစ်ဆိပ်ကို ရေချိုးဖို့ဆိုပြီး ခေါ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မြစ်ဆိပ်က ဘုရားကျောင်းတော်နဲ့နီးလို့ပါ။ ဒီအခါတော့ ဇောတိပါလက လိုက်ခဲ့ပါတယ်။ ဒါပေမယ့် မြစ်ဆိပ်ရောက်တော့ ဘုရားရှင်စီသွားဖို့ကိုတော့ အတင်းငြင်းပါတော့တယ်။
မရတဲ့အဆုံး ဃဋိကာရက ဘာလုပ်သလဲဆိုရင် ဇောတိပါလရဲ့ ဆံပင်ကိုကိုင်ပြီး ဘုရားရှင်ထံလိုက် ခဲ့ဖို့တောင်းဆိုပါတော့တယ်။ အဲဒီအချိန်အခါက ဇာတ်မြင့်သူရဲ့ ဆံပင်ကိုကိုင်ရင် သေဒဏ်ပါပဲ။ ဒါကိုမမှုပဲ ဃဋိကာရကတော့ သူငယ်ချင်းကောင်းပီသစွာ သူငယ်ချင်းရဲ့ ဆံပင်ကိုကိုင်လို့ ဘုရားရှင်ထံ အရောက်ပို့ ဆောင်နိုင်ခဲ့ပါတယ်။
…………………
ကျွန်တော့်ရဲ့ အတွင်းဗီဇက ပျင်းတတ်တယ်။ ပျင်းတယ်။ အလုပ်တစ်ခုလုပ်ဖို့အရေးကို တော်တော် လေးဖင့်လွန်းတယ်။ နံနက်စောစောအိပ်ယာထဖို့ရှိရင် ၀ီရိယစိတ်နဲ့ တစ်ခါမှ မနှိုးဘူး။ နှိုးစက်လေးမည်မှထ ဖြစ်တယ်။
နှိုးစက်လေးက နံနက်အိပ်ယာထဖို့ ကျွန်တော့်ကို လုပ်နှိုးခဲ့သလို ကျွန်တော့် သူငယ်ချင်း၊ မိတ်ဆွေ များကလည်း ကျွန်တော်စာရေးဖြစ်အောင် အကြိမ်ကြိမ် လှုပ်နှိုးခဲ့ကြတယ်။
မိတ်ဆွေကောင်းတွေကတော့ ကျွန်တော့် ဆံပင်ကိုကိုင်ပြီး ကောင်းသောလမ်းကြောင်းပေါ် ဆွဲဆွဲ တင်နေ ခေါ်နေကြပြီ။ အပျင်းမထူဖို့၊ အိပ်ယာကထဖို့ လှုပ်နှိုးနေကြပြီ။
ကျွန်တော် ၀ီရိယရှိရှိ၊ ဇွဲရှိရှိ လျှောက်လှမ်းဖို့သာ ကျန်ပါတော့သည်။
ဒါမှလည်း ကျွန်တော့်ကိုလှုပ်နှိုးခဲ့သော မိတ်ဆွေသူငယ်ချင်းများ လှုပ်နှိုးရကျိုးနပ်မည်ထင်ပါသည်။ လှုပ်နှိုးခဲ့သော မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။
( အမြဲဖတ်ရှုအားပေးနေသော ကျွန်တော့်ချစ်မိတ်ဆွေများကို ဒီစာစုလေးဖြင့် ရေးသားဂုဏ်ပြုလိုက်ရ ပါသည်။)
မောင်ပိုင် 
၂၀-၇-၂၀၁၃
— with Thanda Win and 9 others.
အွန်လိုင်းမှ အဆိပ်ခတ်နေသူများ
$
0
0
အခုလက်ရှိ ပြဿနာက သမိုင်းကြောင်းကို ပုံဖော်ရာမှာ၊ ဖော်ထုတ်ရေးသားရာမှ အဓိကပြဿနာက အစွဲတွေနဲ့ တွေ့နေရတယ်...... အထူးသဖြင့် ဒီမိုဘက်တော်သား နာမည်ခံထားသူတွေရဲ့ သူတို့ မလိုချင်တဲ့ အချက်တွေ ပါနေရင် ဆန့်ကျင်ဘက် အဖွဲ့အစည်းရဲ့ လော်ဘီလို့ ကင်ပွန်းတပ်ပီး ပဲခူးရိုးမ တောတွင်းက ကွန်မြူနစ်တွေ ဖြုတ်ထုတ်သတ် လုပ်သလို အွန်လိုင်းပေါ်မှာ ရစရာမရှိအောင် နာမည်ဖျက် သိက္ခာချဖို့ ကြိုးစားလာတာ တွေ့ရတယ်.....
အထူးသဖြင့် ၁၉၈၈ မှသည် ယနေ့အချိန်ထိ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ပြန်ပြောင်းပြောဆိုကြရင် အများဆုံးတွေ့ရလေ့ ရှိတယ်..... ဒီနေရာမှာ အခုလက်ရှိ အတိုက်အခိုက်ခံ၊ အဝေဖန်ခံ နေရတာကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ လက်ရှိအစိုးရ...... အစိုးရတစ်ရပ်ရယ်လို့ ဖြစ်လာရင် ဝေဖန်မှုဆိုတာကို တွေ့ရမှာကတော့ မလွဲပါဘူး....... ဒါပေမယ့် သမာသမတ်ကျအောင် ဘယ်လိုကြည့်မလဲ ဆိုတာက အရေးပါပါတယ်.....
၂၀၁၀ ရွေးကောက်ပွဲမှာ အရပ်သား အစိုးရ စစ်စစ်တက်လာခဲ့ရင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခုလို လွယ်ကူပါ့မလား ကျွန်တော် အကြိမ်ကြိမ် စဉ်းစားကြည့်မိတယ်...... ဦးသိန်းစိန်တို့လို တပ်ကနေ အငြိမ်းစားယူထားသူတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရတစ်ရပ်တောင် ၂၀၁၀ အပြီး တက်လာချိန်မှာ အရပ်ဘက် အုပ်ချုပ်ရေး၊ စစ်ဘက်အုပ်ချုပ်ရေး အားပြိုင်မှုကို တော်တော်လေး ဖြေရှင်းခဲ့ကြရတယ်.......
အခုအချိန်ထိတောင် အရပ်ဘက်၊ စစ်ဘက် တစ်ချို့နေရာတွေမှာ အားပြိုင်တုန်း...... နှစ် ၂၀ ကျော် စစ်ဘက်အုပ်ချုပ်ရေးက ပါဝါအပြည့်နဲ့ နေလာချိန်မှာ အရပ်ဘက်အုပ်ချုပ်ရေးကို လက်မခံနိုင်တာ သဘာဝ ကျပါတယ်..... အဲ့ဒိအချိန်မှာ အရပ်သား စစ်စစ်ကသာ စစ်ဘက်အုပ်ချုပ်ရေးကို ကိုင်တွယ်မယ်ဆိုရင် သေခြာတာကတော့ စစ်တပ်က အာဏာပြန်သိမ်းဖို့ အလားအလာဟာ အများဆုံး ဖြစ်နေပါလိမ့်မယ်......
အခုလက်ရှိ အနေအထားမှာတော့ အခက်အခဲများစွာရယ်၊ စိန်ခေါ်မှုပေါင်း များစွာရယ်၊ ဘဏ္ဍာငွေ အခက်အခဲတွေ ကြားထဲက ဦးသိန်းစိန်အစိုးရရဲ့ ကြိုးစားမှုကြောင့် အရပ်ဘက် အုပ်ချုပ်ရေးက ပီပီပြင်ပြင် ဖြစ်လာပီလို့ ပြောလို့ရတယ်..... စစ်ဘက်အုပ်ချုပ်ရေးကဏ္ဍ လျော့ကျလာပီလို့လည်း ဆိုနိုင်တယ်..... ဒါပေမယ့် စစ်ဘက်က အရပ်ဘက် အုပ်ချုပ်ရေးရဲ့ အာဏာပိုင်စိုးမှုကို အသိအမှတ်ပြုဖို့ ရာခိုင်နှုန်းတစ်ချို့ လိုနေတယ်လို့ ဆိုရမယ်....... ဘာပဲဖြစ်ဖြစ် ဒီအခြေအနေဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် တက်လာမယ့် အစိုးရရဲ့ အရပ်ဘက်၊ စစ်ဘက် အုပ်ချုပ်ရေး စိန်ခေါ်မှု လှေကားထစ်ကြီးကို လွယ်လွယ်ကျော်ဖြတ်ဖို့ အခြေအနေကောင်း ဆိုတာကို ငြင်းဆန်လို့တော့ မရဘူး......
တစ်ချို့ကတော့ ဆိုကြတယ် လက်ရှိအစိုးရဟာ အရင်အစိုးရကို ကာကွယ်တယ်၊ ဖုံးဖိတယ်လို့ ပြောကြတယ်..... သေခြာတာတော့ အဲ့ဒိလူတွေဟာ လုပ်ငန်းကြီးကြီး လုပ်ဖူးပုံ မပေါ်သလို အလုပ်သဘောတရားအရ မိမိလက်ထဲမှာ ရောက်နေချိန် သူများကို အပြစ်ပြောနေမယ့်အစား ကိုယ်က ကောင်းအောင် ဘယ်လိုလုပ်မယ် ဆိုတဲ့ သဘောတရားကို နားမလည်သူတွေမို့လို့ပါပဲ.....
အစိုးရတစ်ရပ်ဟာ ရှေ့အစိုးရတစ်ရပ်ရဲ့ ကောင်းသည်၊ ဆိုးသည် ဤနှစ်လီကို ငြင်းဆန်ခွင့်မရှိပဲ လက်ခံလိုက်ရတာပါပဲ...... ဒါကြောင့် အလုပ်ဖြစ်အောင် ဆက်လုပ်ဖို့ လိုအပ်ပါတယ်..... ထိုင်ပီး Blame Game လုပ်နေရင် အစိုးရ တစ်ရပ်ရဲ့ အုပ်ချုပ်ခံ ပြည်သူလူထုဟာ ငြိမ်နေမယ့် လူတန်းစားတော့ မဟုတ်ပါဘူး..... ဒီလိုပဲ အစိုးရ တစ်ရပ်ဟာ ကိုယ့်မှာ လုပ်ပိုင်ခွင့် အာဏာရှိရဲ့နဲ့ မလုပ်ပဲ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်နဲ့ အပြစ်ထိုင်ပြောနေရင် အဲ့ဒိအစိုးရတစ်ရပ်ဟာ Democrazy အစိုးရ တစ်ရပ်လို့ သတ်မှတ်ခံရမှာပါပဲ......
ဒီသဘောတရားကို သိသိကြီးနဲ့ လက်ရှိအစိုးရဟာ သူ့အရင်အစိုးရကို အပြစ်မပြော၊ မဝေဖန်ခြင်းကို လက်ညှိုးထိုးနေခြင်းဟာ နိုင်ငံရေးအရ အောက်ကြေးနဲ့ သိက္ခာချခြင်းပါပဲ...... အထူးသဖြင့် ဟိုတလောလေးက ဖြစ်သွားတဲ့ နာမည်ကျော် ရုပ်ရှင်မင်းသမီးကြီးနဲ့ ဘင်္ဂါလီ ဆောက်လုပ်ရေး ကုမ္ပဏီတို့ ဖြစ်ခဲ့တဲ့ တရားမမှုတောင် အစိုးရအပြစ်ရှိတယ်လို့ ပုံဖော်ရေးတာကို လူကြိုက်များသွားခဲ့တာကို ကြည့်ခြင်းအားဖြင့် အွန်လိုင်းမှာ ဗဟုသုတ အသိဥာဏ် နည်းပါးသူ ဘယ်လောက်များနေသလဲ ဆိုတာ သိနိုင်တယ်.......
အဓိကက လူတိုင်းလိုလိုဟာ ဗဟုသုတ ရှာမှီးဖို့ အချိန်၊ ငွေကြေး မလောက်ငှတဲ့အတွက် ဖြတ်လမ်းနဲ့ သတင်းတွေ၊ အတတ်ပညာတွေ သိချင်လို့ ဖေ့ဘွတ်ကတစ်ဆင့် လေ့လာနေတဲ့ သူတွေကို ပစ်မှတ်ထား ဝါဒဖြန့်ချီလာတဲ့ အဲ့ဒိလို အကောင့်တွေရဲ့ ယုတ်မာမှုဟာ ကမ်းကုန်လွန်းနေတယ်လို့ပဲ ဆိုရမယ်...... အထူးသဖြင့် အသိပညာ၊ အတွေးအခေါ်ကို အဆိပ်ခတ်ခြင်း တစ်မျိုးပါပဲ........
မြန်မာနိုင်ငံလို အရမ်းကို အကဲဆတ်လွန်းတဲ့ အခြေအနေမျိုး များစွာရှိနေချိန်မှာ အဲ့ဒိလို အတွေးအခေါ် အမှားတွေနဲ့ ကြီးပြင်းလာမယ့် လူငယ်တွေရဲ့ အရမ်းကို အန္တရာယ် ကြီးမားပါတယ်...... ဒါကြောင့် ဖေ့ဘွတ်မှာ ပေါ်ပင် လူကြိုက်များအောင် ရေးနေသူတွေကို သတိထားဖို့ လိုသလို၊ မျက်စိကိုဖွင့်လို့ စာများများ ဖတ်ဖို့ အကြံပြုလိုက်ပါတယ်....
ဝေသာလီပြည်မှာ ဘီလူးတွေဝင်သောအခါ
$
0
0
ဝေသာလီပြည်မှာ ဘီလူးတွေဝင်သောအခါ
------------------------
ရေးသားသူ- ဘစီ
မှတ်မိသေးတယ်ဗျို့။ ကျုပ်တို့ ငယ်ငယ်တုန်းက ကိုယ်ကြိုက်တဲ့ ဟင်းကောင်းလေးများ မိဘကချက်ထားရင် တနင့်တပိုးစားပစ်တာကလား။
ဒါကို ကြည့်နေတဲ့ လူကြီးတွေက ပီတိနဲ့ပြုံးကြည့်ပြီး အခုလိုပြောတတ်တယ်။ “အောင်မလေးဟဲ့ကြည့်ပါဦး စားလိုက်ကြတာ ဝေသာလီပြည် ဘီလူးဝင်တာ ကျနေတာပဲ”တဲ့။
မိဘအနေနဲ့ ကိုယ့်သား၊ ကိုယ့်သမီးက ထမင်း၊ ဟင်းကို ဗိုက်ဆာဆာနဲ့ အားပါးတရစားတာတွေ့လို့ ကျေနပ်စိတ်နဲ့ပြောတာမျိုးဗျ။ ဒါမျိုး လူငယ်ဘ၀ကို ဖြတ်သန်းခဲ့သူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ကြုံကြမှာပါဗျာ။ ကျုပ်တို့ကလည်း အဲဒီလို လူကြီးမိဘတွေကပြောရင် ဘ၀င်ကျ နေတာပဲလေ။
ဟော အခုတော့ ခေတ်တွေကပဲ ပြောင်းလို့လား၊ အနေအထားတွေကပဲ ဖောက်လှဲဖောက်ပြန်ဖြစ်လို့ လားတော့မသိပါဘူး။ ဝေသာလီပြည် ဘီလူးဝင်တယ်လို့ပြောတာကို မနှစ်သက်တဲ့သူတွေ ပေါ်လာပြီခင်ဗျ။
လွှတ်တော်ထဲမှာ အမတ်မင်းအချို့ဟာပြီးခဲ့တဲ့ စစ်အာဏာရှင် ခေတ်တစ်လျှောက်လုံး တပ်မတော် အပါအ၀င် လုပ်ငန်းရှင်တွေ၊ ပိုင်ရာ၊ ဆိုင်ရာတွေက လယ်သမားကျောမွဲတွေရဲ့ လယ်ယာမြေတွေကို အဓမ္မသိမ်းယူတာနဲ့ပတ်သက်ပြီးမနေ့တစ်နေ့ကတင်ပဲ အပြန်အလှန် 
“တွယ်” ခဲ့ကြတယ် မဟုတ်လား။
အဲသလိုဖြစ်တဲ့ထဲမှာ ဘယ်ဟာက ဘယ်လိုထပြီး “ငြိ” တယ်တော့ မသိဘူးဗျ။ အမတ်မင်းတစ်ယောက်က ဘယ်လိုထပြောသလဲဆိုတော့ အဲသလို အရင်အစိုးရလက်ထက်မှာ မြေသိမ်းတာတွေဟာ ဘယ်လောက်တောင်မှ ဆိုးရွားသလဲဆိုတော့ ဝေသာလီပြည် ဘီလူးဝင်သ လိုပဲတဲ့ဗျာ။ ကျွန်တော်ထင်ပါတယ်။ အဲဒီအမတ်မင်းလည်း ငယ်ငယ်တုန်းက ထမင်းကို တ၀တပြဲစားခဲ့ဖူးသူ ဖြစ်မှာပါ။
ကျုပ်တို့လူမျိုးက ဟာသကြွယ် တယ်ဗျ။ စကားလည်းကြွယ်တယ်။ စကားကြွယ်လွန်းတဲ့ လှတောသားဆိုတာတောင်မှ သတ်သတ်ရှိသေးမို့ လား။ စကားတွေ ပြောရင် ပုံတိုပတ်စတွေ၊ ဥပမာ၊ ဥပမေယျတွေ ညှပ်ညှပ်သုံးတာကလည်း ကျုပ်တို့လူမျိုးတွေရဲ့ စကားလုံးဝေါဟာရ ကြွယ်ဝ ပုံကိုပြတာပါပဲ။
အခုလည်း အမတ်မင်းက လွှတ်တော်ထဲမှာ မြေယာသိမ်းတာတွေဟာ ဘယ်လောက်တောင်မှ သောင်းကျန်းသလဲဆိုတော့ကာ ဝေ သာလီပြည် ဘီလူးဝင်သလိုပဲဆိုပြီး သုံးတာဟာ တမင်ရည်ရွယ်ချက်နဲ့ ပြောတာဟုတ်ချင်မှ ဟုတ်မှာပါ။ သူပြောလိုရင်း အဓိပ္ပာယ်ကို ပိုမိုထင် ရှားစေချင်လို့ အမှတ်တမဲ့သုံးနှုန်းလိုက်တဲ့စကားလုံးလည်းဖြစ်နိုင်တာပဲ။
နို့ ဒါနဲ့ နေပါဦးဗျာ။ ဝေသာလီပြည် ဘီလူးဝင်တာ ဘယ်လိုတုံး။ ကျုပ်တော့ မှန်းဆမရဘူး။ သိချင်လို့ စာထဲဖတ်ကြည့်တော့လည်း ရှေး ရှေးတုန်းက ဝေသာလီမြို့တော်ကို ဘီလူးတွေဝင်ပြီး လူတွေကို သတ်ဖြတ်စားသောက်ကြတာ အရိုးအရင်းပဲ ကျန်တယ်ဆိုကိုး။
ဒီအပေါ်မှာ အခြေတည်ပြီးတော့ ကျုပ်မျက်လုံးထဲ မြင်ကြည့်မိတာ တစ်ခုတော့ရှိသဗျ။ ဒါကတော့ အဲဒီဘီလူးတွေဟာ အစာရေစာ ငတ်နေရမယ်ဗျ။ မဟုတ်ဘူးလား။ ငတ်နေလို့သာ ကလေးလူကြီး ဘာဘာညာညာမရွေးဘဲ တွေ့ကရာ ခြေနှစ်ချောင်း၊ ခြေလေးချောင်း သတ္တ၀ါ အကုန်စားမယ်ဆိုပြီး ဖြစ်တာနေမှာပေါ့။
တော်ရုံတန်ရုံ ဗိုက်ဆာရုံ လောက်နဲ့တော့ လုပ်ဟန်မတူဘူးဗျ။ အဲတော့ ဝေသာလီကို ရောက်သွားတဲ့ ဘီလူးတွေဟာငတ်နေတဲ့အကောင် တွေပဲ ဖြစ်နိုင်တယ်။ လက်တွေ့ကျ၊ မကျ သေချာချင်ရင် ကျုပ်တို့ငယ်ငယ်တုန်းက မိဘတွေပြောတဲ့ နင်တို့များစားလိုက်တာ ဝေသာလီပြည် ဘီလူးဝင်သလိုပဲလို့ဆိုရတဲ့ အခြေခံအကြောင်းရင်းကို စဉ်းစားကြည့်ဗျ။
တစ်နေကုန်ဆော့ပြီး ပြန်လာရာကနေ ညနေမှာ ဗိုက်ကလည်းဆာနေ၊ ကိုယ်ကြိုက်တတ်တဲ့ ဟင်းကောင်းကလေးကိုလည်း လူကြီးတွေက ချက်ပြုတ်ထားတာမျိုးနဲ့ ကြုံချိန်မှာ ကျုပ်တို့ တ၀တပြဲစားကြရဲ့ မဟုတ်လား။ ဒီအခါမှာ တချို့များ ထမင်းတစ်အိုးချက်လောက်တောင် ကုန်တဲ့အခါ ကုန်ရဲ့မဟုတ်လား။ ဒါကို မိဘတွေက ငါ့သားကလေး စားလိုက်တာ။ ငါ့သမီးကလေးစားလိုက်တာ ဝေသာလီပြည် ဘီလူးဝင်သလိုပဲလို့ ပြောတာပါ။
ကျုပ်တို့ကလည်း ဒီအခါမျိုးကျရင် ငါ့အဖေကတော့ဖြင့်၊ င့ါအမေကတော့ဖြင့်၊ ငါ့ဦးလေးတွေကတော့ဖြင့် ငါ့ကို ဘီလူးနဲ့နှိုင်းတာပဲဟဲ့။ ငါ့ကို မကောင်းဆိုးဝါးနဲ့ နှိုင်းတာပဲဟဲ့လို့ ငြိုငြင်ခြင်း၊ စိတ်ကွက်ခြင်း မရှိခဲ့ရိုးအမှန်ပါဗျာ။
ကိုယ့်ဟာကိုယ်တော့ ဗိုက်ဆာဆာနဲ့ ထမင်းစားလို့ ကျေနပ်နေမှ မင့်ဟာ။ ဘီလူးနဲ့နှိုင်းတာလည်း မခံနိုင်စရာ ဘာရှိတာမှတ်လို့။ ကိုယ်က လည်း အဲဒီလို စကားပုံနဲ့ နှိုင်းချင်စရာ ကောင်းလောက်အောင်ကို ၀ါးမြို (အဲ...) စားထားပြီးမှ မဟုတ်လားဗျ။
ကျုပ်တို့လည်း ဗိုက်ကလေးလက်နဲ့ပွတ်၊ နှုတ်ခမ်းလျှာနဲ့သပ်ပြီး ချောင်တစ်ချောင်မှာ အသာမှေးပြီး ၀က်မင်းစည်းစိမ်ခံစားပစ်လိုက်တာပဲ။ ဘီလူးသော၊ ၀က်သောဘာမှ ခံစားမနေအားပါဘူးဗျာ။
ဟော အခုကျတော့ လွှတ်တော်မှာ တပ်မတော်က မြေသိမ်း တာနဲ့ပတ်သက်ပြီး အမတ်မင်းတွေက ဝေသာလီပြည်ကို ဘီလူးဝင်သလိုပဲလို့ ပုံဆောင်သုံးနှုန်းလိုက်လို့တဲ့။ တပ်မတော်ကအရာရှိကြီးတစ်ဦးက စိတ်မကောင်းဖြစ်ရပါတယ်တဲ့။ သူတို့တပ်မတော်ကို ဘီလူးနဲ့တင်စား ပြောတာဟာ တကယ်တမ်းတွေးကြည့်ရင်ဝမ်းနည်းစရာ ကောင်းပါတယ်လို့သူကပဲ ဆိုသွားသဗျ။
ခက်ရချည်သေးတော့ အရပ်ကတို့ရေ။ အခုတစ်လော လွှတ်တော်ထဲမလည်း ဘာတွေဖြစ်နေတယ်တော့ မသိဘူးဗျ။ လွှတ်တော်ဥက္ကဋ္ဌကြီးက တစ်လောတုန်းက လွှတ်တော်ထဲမှာရှိတဲ့ တပ်မတော်သားအမတ်တွေကို သတိပေးလိုက်တယ်။ ဘာတဲ့ ပြောစရာရှိရင်လည်းပြော၊ ပြော စရာမရှိရင်လည်း မပြောနဲ့ဆိုလား။ ပြောမှာလိုလို၊ မပြောမှာလိုလို မလုပ်နဲ့ဆိုပြီး ကြိမ်းတယ်ဆိုလား ဘာလားသေချာမသိပါဘူးဗျာ။ သူများပြောတာ ကြားရတာပဲ။
ဟော နောက်ထပ်တစ်ခါ လွှတ်တော်ထဲမှာ အမေးအဖြေတွေ ရှိသမို့လား။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများက မဲဆန္ဒရှင်များအ ကျိုးငှာ အစိုးရအဖွဲ့ဝင်လူကြီးများကို မေးစရာရှိတာ မေးကြတာမြင်ဖူးမှာ ပါ။ ဒီမှာလည်း အမတ်မင်းတွေ မေးတာနဲ့သက်ဆိုင်ရာ အစိုးရလူကြီးတွေ ပြန်ဖြေတာက လွဲချော်နေဆိုလား။
ဒါကို ဘ၀င်မကျတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးက အမေးနဲ့အဖြေတွေ ကိုက်ညီရမယ်လို့ဆိုသတဲ့။ နောင်ကို ဒီလိုမျိုးမဖြစ်စေရအောင် လုပ်ရ မယ်လို့ မိန့်သတဲ့။ ဒီအကြောင်း သ တင်းတွေထဲမှာဖတ်ရတော့ ကျုပ်လည်း စကားပုံတစ်ခု သွားသတိရ တယ်။
ဘာတဲ့။ “အမေးဘုရားလောင်း၊ အဖြေကျွဲကျောင်း” ဆိုလား။ ဒါပေသိ အခုလို အခြေအနေမျိုးမှာ တရားဝင်မပြောရဲဘူးဗျ။ ကိုယ်ကတော့ စကားပုံမို့ ရိုးရိုးသားသား သုံးလိုက်တာမှန်ပါရဲ့။ နို့ပေမယ့် သက်ဆိုင် ရာဖြေဆိုသူများက သူတို့ကို “ကျွဲ” နဲ့ နှိုင်းရပါ့မလားလို့ အတွေးပွားပြီး အ ရေးယူမယ့် စကားပြောလာရင် မခက်ပါလား။
ကျုပ်ဆိုလိုတာက ဒီ့နောက်ပိုင်းမှာ စကားပုံတွေ သုံးတာလည်း ဆင်ခြင်ရမယ်လို့ ပြောတာဗျ။ ကိုယ်ကနှုတ်ရေးကြွယ်လို့ ဆိုလိုက်ပေမယ့် အတွေးကြွယ်ကြွယ်နဲ့ တွေးတတ်သူ တွေကြားမှာ အဓိပ္ပာယ်ခြားနားချက်တွေ ရှိတယ်လို့ ဆိုချင်တာပါ ခင်ဗျာ။
စကားပုံတွေကို သုံးသာသုံးနေတာပါ။ အဓိပ္ပာယ်မည်မည်ရရ ကျုပ်က မသိတာများပါတယ်။ အခုပဲကြည့် ဝေသာလီပြည် ဘီလူးဝင် တယ်ဆိုတာ သူများသုံးလို့သာ ရောယောင်ပြီးသုံးနေတာ။ အဓိပ္ပာယ်ရည်ရွယ်ချက် တိတိကျကျ ရှင်းပြစမ်းပါဆိုရင် ကျုပ်ဖြင့် မရှင်းတတ် ရိုး အမှန်ပါရယ်။
ငယ်ငယ်က ကျုပ်တို့အစားကျူးလို့ မိဘတွေက ဝေသာလီပြည်ဘီလူးဝင်တယ်လို့ ပြောတယ်။ ကျုပ်က မှတ်ထားလိုက်တယ်။ သြော်.. ဝေသာလီပြည် ဘီလူးဝင်တာဟာဖြင့် ကျုပ်တို့ထမင်းကို အူယားဖားယားနဲ့ တနင့်တပိုးစားသလိုမျိုးပါလားလို့ပဲ မှတ်လိုက်တယ်။
ဘီလူးဆိုတာ ဘယ်လိုအကောင်မျိုးလဲ ကျုပ်မသိဘူး။ အစွယ်ကြီးတွေ နဲ့ ကြောက်စရာအသွင်ပုံဖော်ထားပေမယ့် ဒီလောကမှာ ဘီလူးကို မျက် မြင်ကိုယ်တွေ့ တွေ့ဖူးတဲ့လူရှိလို့ လား။ ဘီလူးဆိုတာ ကြောက်စရာကောင်းတယ်ဆိုတဲ့ အချက်တစ်ခုကို အခြေတည်ပြီး အနုပညာလက် ရာရှင်တွေက အစွယ်ငေါငေါ၊ ပါးစပ်ပြဲပြဲ၊ ကြောက်စရာအသွင်ကို ပုံ ဖော်လိုက်တာ ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့။
ဝေသာလီပြည်ကို ဘီလူးဝင်တော့ ဝေသာလီသားတွေမှာ ငိုကြီးချက်မနဲ့ ပြေးကြလွှားကြ ဖြစ်ကုန်မှာပေါ့။ အ၀တ်အစားကလေး၊ အတွင်းပစ္စည်းကလေးတွေတောင် သယ်သွားနိုင်မှ သယ်သွားနိုင်မှာဗျ။ ဘီလူးဆိုတဲ့ အကောင်ကလည်း ဘယ်နှကောင်လောက် မြို့ထဲကို ၀င်လာသလဲမှ မသိနိုင်တာပဲဗျာ။
ပြီးတော့ အဲဒီခေတ်က ဒုက္ခသည်စခန်းတို့ ဘာတို့လည်း ရှိမထင်ပါဘူးဗျာ။ ပြီးတော့ ဘီလူးတွေကြောင့် သူတို့ဒုက္ခရောက်ရပါတယ်ဆိုပြီး ဘီလူးတွေကို လမ်းပေါ်ထွက် ဆန္ဒပြခွင့်လည်း ရှိမှာမဟုတ်ဘူး။ ဘီလူးက သူ့ရှေ့မှာ ကိုးရိုးကားရား လာလုပ်လို့ကတော့ ၀ါးစားပစ်လိုက်မှာ။
အခုတော့ ဘီလူးနဲ့နှိုင်းတာ စိတ်ကောင်းဖြစ်သူတွေ ဖြစ်နေသတဲ့။ ကျုပ်တနင့်တပိုးစားခဲ့တုန်းက ကျုပ်ကိုယ်ကျုပ် ဘီလူးလို့ မထင်ပေါင်ဗျာ။ ဘီလူးဆိုတာ ဘာကောင်မှန်း ကျုပ်မှမသိတာပဲဗျ။ ကျုပ်ကို ဘီလူးနဲ့ နှိုင်းလို့ ကျုပ်ကထပြီး စိတ်ဆိုးရင် ကျုပ်ဟာ ဘီလူးဖြစ်ကြောင်း ၀န်ခံရာ ရောက်သွားမှာပေါ့။ ဘီလူး မဟုတ်ရင် ဘီလူးလို့ အပြောခံရတာ နဲ့ ပတ်သက်ပြီး ဘာမှ စိတ်ဆိုးစရာ မရှိဘူးဗျ။
အဲ.. ဘာပဲဖြစ်ဖြစ်ပါဗျာ။ နောင်အခါမှာ ဘီလူးဆိုတာ ဘယ်လိုကောင်မျိုး၊ ဘယ်လိုစရိုက်မျိုးရှိတယ်ဆိုတာ သိချင်လို့ ကျုပ်တို့ရဲ့ နောက်မျိုးဆက်တွေက မေးလာခဲ့ရင် ကျုပ်မယ် လက်ညှိုးထိုးပြစရာ နောက်ထပ် ဘီလူးရုပ်တစ်ရုပ်တိုးလာတယ်ပေါ့ဗျာ။ တော်ကြာ သူတို့ က “ဘီလူးဆိုတာ ယူနီဖောင်းကြီးနဲ့ ပါလားဗျ”လို့များ မှတ်ချက်ပေးလာ ခဲ့မယ်ဆိုရင်တော့....။
(ဤ သရော်စာ စာစုမှာ စာရေးသူ ဘစီ၏ အာဘော်သာဖြစ်ပါသည်။)
“သား ကိုပြည့် သို့”
$
0
0
July 21, 2013 at 11:57pm
          တူတော်မောင်လေး သားကိုပြည့်ရဲ့ သည်နှစ်မွေးနေ့မှာ ဖိုးဖိုးကြီး နေမကောင်းတာကြောင့် ဖေဖေရော မေမေရော အဝေးကြီးမှာရောက်နေတာမို့ ဘယ်သူမှ မွေးနေ့လုပ်ပေးမယ့်သူ မရှိပါဘူးဆိုပြီး ငိုမဲ့ငိုမဲ့ ဖြစ်နေရှာသတဲ့။ အမှန်တော့ ကိုယ့်မွေးနေ့မှာ အဖေအမေကို သတိရနေတာ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်တူကလေး အားငယ်နေမှာစိုးတာကြောင့် သားရဲ့ ဦးဦးတွေ ဒေါ်ဒေါ်တွေနဲ့ ရန်ကုန်မှာရှိတဲ့ ဖွားဖွားကြီး ဖွားဖွားလေးတွေ အားလုံး ၀ိုင်းချော့ကြတာကြောင့် သားလည်း ဟက်ပီးဘတ်ဒေးကိတ်မုန့်လေး လှီးဖြစ်တာပေါ့။
သားရဲ့ တ၀မ်းကွဲမောင်နှမတွေချည့်ပဲတင် တစ်ကျိပ်ကျော်ကျော်ဆိုတော့ ခြောက်တီးခြောက်ကပ်တော့ မဟုတ်ပါဘူး ကလေးရယ်။ မုန့်တွေလည်း စားရတယ်။ လက်ဆောင်တွေလည်းရတယ်ဆိုတော့ သားလည်းပျော်သွားပြီး ဟီးဟီး ဟီးဟီး ဖြစ်လာတယ် မဟုတ်ဘူးလား။ သားမွေးနေ့မှာ လက်ဆောင်လည်း မပေးပဲ ဖလာဝင်ကျိတ်တဲ့ ဘဘချိုကို “ဘချို ဘာလက်ဆောင်မှလည်း မပေးဘူး။” လို့ အကြွေးမှတ်တဲ့အခါ ဘိုင်ကျနေတဲ့ ဘဘချိုကလည်း လကလေးမကုန့်တကုန်၊ အိပ်ကလေးမရှုံ့တရှုံမို့ မှတ်မှတ်ရရလည်း ဖြစ်အောင်၊ အကုန်အကျလည်း သက်သာအောင်၊ မွေးနေ့အမှတ်တရ စာကလေးရေးပြီး လက်ဆောင်ပေးရတာပကွယ်။ သား နားမလည်မှာစိုးလို့ ခါတိုင်းလို ဝေ့လည်ကြောင်ပတ်တွေမပါပဲ ဒဲ့ရေးလိုက်မယ်။ သေသေချာချာ ဖတ်ကြည့်နော်။
          ကိုပြည့်တို့ လူလားမြောက်ရတဲ့ခေတ်နဲ့ သားဖေဖေတို့ ဘဘချိုတို့ လူလားမြောက်ရတဲ့ခေတ်နဲ့ဟာ မျိုးဆက်အားဖြင့် တစ်ဆင့်ကွာတယ်။ မတူတာတော့ ဘယ်အရာမှ အရင်ကနဲ့ မတူဘူး။ သားတို့ခေတ်မှာ အင်မတန်မှ ရုပ်ဝတ္ထုပိုင်းအရ ပြည့်စုံကြွယ်ဝတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ တော်တော်လေး ဆုတ်ယုတ်သွားတယ်လို့ မြင်မိတာပဲ။ အဲဒါ ဘာပြောတာလဲ ဆိုတော့ ဒီနေ့ ၁၁ နှစ်ပြည့်တဲ့ သားကိုပြည့်ဟာ သားဖေဖေ ၁၁ နှစ်တုန်းကထက်၊ ဘချိုတို့ ၁၁ နှစ်တုန်းကထက် ကလေးဆန်တယ် လို့ ပြောချင်တာ။ အဲဒါ သားတစ်ယောက်တည်းတော့ မဟုတ်ဘူး။ ဘချိုသမီး သားမမက ပိုတောင်ဆိုးဦးမယ်။ သားထက်ငယ်တဲ့ ညီလေး ညီမလေးတွေဆိုရင်တော့ မပြောနဲ့။ ဘချို သူငယ်ချင်းတွေကမွေးတဲ့ သားလေး သမီးလေးတွေလည်း အတူတူပဲ။ ဘချိုမြင်သလောက်ပြောရရင် သားတို့အားလုံး မိသားစုအ၀န်းအ၀ိုင်း အပြင်ကိုထွက်ပြီး လောကကြီးနဲ့ တိုက်ရိုက် ဆက်ဆံမှု မရှိကြသေးဘူး။ သားတို့ရဲ့ အာရုံတွေက ဆန်းသစ်တဲ့နည်းပညာ ပဉ္စလက်အသီးအပွင့်တွေဘက်ကို တစိုက်မတ်မတ် လိုက်နေကြတယ်။ Angry Bird, Minions, Mario သားတို့ မသိတာ ဘာမှ မရှိဘူး။ အိုင်ဖုန်း၊ အိုင်ပက်၊ ဟန်းဆက်လေးတွေ အဖွင့်အပိတ်၊ အနှိပ်အပွတ် ဘချိုတို့ထက်တောင် ကျွမ်းကျင်ဦးမယ်။ ဂိမ်းဆိုရင် အွန်လိုင်းကဖြစ်ဖြစ်၊ အခွေနဲ့ဖြစ်ဖြစ်၊ ဖုန်းထဲကဖြစ်ဖြစ် ရောက်တဲ့အရပ်မှာ ငုတ်တုတ်လေး ထိုင်ဆော့ဖို့ မပျင်းဘူး။ ဒါပေမယ့် သားမျက်စိရှေ့တည့်တည့်ရောက်နေတဲ့ သူတစ်ယောက်ယောက်က မိတ်ဆက်စကားလာစရင်တောင် မော့ကြည့်ပြီး ပြုံးပြဖို့ တော်တော် ၀န်လေးတယ်။ မဖြစ်မနေ အဖြေတစ်ခု ပြန်ရမယ်ဆိုရင်တောင် စကရင်ပေါ်က မျက်လုံးမလွှဲပဲ တုံးတိတိ တစ်ခွန်းဖြေလိုက်ရင် တော်တော်လိမ်မာနေပြီ ဆိုရမယ်။ သားတို့ဆီက စကားတစ်ခွန်း ကြားချင်ရင် ဖေဖေ မေမေက “သားတို့သမီးတို့ရေ။ လာပါဦး။ ဒီမှာ ဘဘကို ဘာစကားလေး ပြောပြလိုက်ပါဦး။” လို့ လမ်းခင်းမပေးရင် သားတို့ဘက်ကနေ တဘက်လူကို ဆက်သွယ်ဖို့ စိတ်ကူးမရှိဘူး။ ဒါကြောင့် သားမွေးနေ့မှာ ဘဘချိုကတော့ တံခါးတစ်ချပ်ကို ဆွဲဖွင့်ခဲ့ချင်တယ်။ အပြင်လောကကြီးဟာ အကျယ်ကြီးပဲ ကိုပြည့်ရဲ့။ စိတ်ဝင်စားစရာတွေ၊ သိသင့်သိထိုက်တာတွေ၊ လေ့လာမှတ်သားရမယ့် အရာတွေ၊ မကုန်နိုင်မခမ်းနိုင်အောင် ဆန်းပြားတယ်။ လောကကြီးမှာ အချင်းချင်း ရှုပ်ထွေးဆန်းပြားစွာ ဆက်သွယ်ပေါင်းသင်းလေ့ရှိတာ လူသားတွေအပြင် တခြား သတ္တ၀ါ မရှိဘူး။ သိပ်မကြာတော့တဲ့တစ်နေ့မှာ အဲသည်လောကကြီးထဲ သားကိုယ်တိုင် ကျင်လည်ရတော့မှာမို့ ဘချိုက ကျူရှင်ပေးတယ် လို့ သဘောထားကွယ်။
          တကယ်တော့ သားတို့မောင်နှမဟာ သားဖေဖေတို့၊ ဘချိုတို့မောင်နှမတွေထက် အများကြီး ပြည့်စုံတာပေါ့။ ဘချိုတို့ဖေဖေဟာ ဦးဖုန်းလေး ကြည်စင့်အရွယ်လောက်မှာ မရှိရှာတော့ဘူး။ ကိုပြည့်မမှီလိုက်တဲ့ ဘချိုတို့ဖွားဖွားကြီးရဲ့ ရင်ခွင်အောက်မှာ မောင်နှမခြောက်ယောက်စလုံး လူလားမြောက်ခဲ့ရတယ်။ ဘချိုတို့အားလုံးမှာ တူညီတဲ့အချက်တစ်ခုတော့ရှိတယ်။ လူကြီးကို ထွေထွေထူးထူး သိပ်မပူဆာတတ်ကြဘူး။ ပေးရင်ယူတယ်။ ကျွေးရင်စားတယ်။ လိုချင်တာရှိရင် အောင့်အည်းပြီး မသိသလိုနေတဲ့ အကျင့်ရှိကြတယ်။ ဘချိုက အကြီးဆုံးဆိုတော့ ဘာမဆို အရင်ဆုံးရတာတော့ ရှိတာပေါ့။ အ၀တ်အစားကအစပဲ။ ဘချို ကြီးသွားတော့မှ ဘချိုညီတွေက အစဉ်အတိုင်း ဆက်ဝတ်ကြတယ်။ စတတ်နောက်တတ်တဲ့ ဘချိုဒဏ်ကို ဘချိုညီတွေညီမတွေ သည်းခံရသလို သူတို့တတွေ ဆိုးလာတဲ့အချိန်မှာလည်း ဘချို ခါးဆီးပြီး ခံခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်နီးပါးသာခြားတဲ့ ဘချိုတို့ မောင်နှမတွေဟာ အမေမုဆိုးမ အဖွားမုဆိုးမ နှစ်ယောက်ရဲ့ အုပ်ထိမ်းမှုအောက်မှာ ကောင်းတာတွေရော ဆိုးတာတွေရော အတူတူ ခံစားကြီးပြင်းလာကြတာပေါ့။ ဒီခြောက်ယောက်စလုံး ဘွဲ့ရပညာတတ်တွေဖြစ်လာဖို့ဆိုတဲ့ ၀န်ထုပ်ဝန်ပိုးဟာ ခုချိန်မှာ ပြန်တွေးရင် သိန်းထီခြောက်ဆု ဆက်တိုက်ပေါက်ဖို့ထက်ကို ဖြစ်တောင့်ဖြစ်ခဲ ဆုတောင်းကြီးဖြစ်မှာပဲ။ ဒါပေမယ့် ပြည့်ခဲ့တယ်။
           ကိုပြည့်တို့ခေတ်ရောက်တော့ သားသမီးပညာရေးဆိုတာ ဘာအပူအပင်မှကို ရှိစရာမလိုတော့ဘူး။ ဒါကြောင့် ကိုပြည့်တို့ နားလည်တတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဘချို သိစေချင်တာက ကိုယ့်မှာ ပြည့်စုံလုံလောက် ပိုလျှံနေတိုင်း သူများတွေလည်း ပြည့်စုံမနေဘူးဆိုတာ ပြောချင်တာ။ အဝေးကြီး သွားကြည့်စရာ မလိုဘူး။ သားဖေဖေတို့ ဘချိုတို့ကိုယ်တိုင် ပညာတတ်ကြီးတွေ ဖြစ်ချင်လို့ အသည်းအသန် ကြိုးစားခဲ့ရတယ်။ ဘချို ခုနှစ်တန်းရောက်တော့ ညဘက်အိပ်ချင်လို့ မျက်လုံးကြီးနီတွတ်နေရင်တောင် မျက်နှာထသစ်လိုက်၊ အိမ်ရှေ့နောက်ဖေးထလျှောက်လိုက်နဲ့ စာကျက်ခဲ့တယ်။ သားဖေဖေလည်း တူတူပဲ။ ဘချို ရှစ်တန်းနှစ်မှာ ဂိမ်းဆိုတာတွေ ပေါ်ပြီ။ ဘချိုလည်း သားလိုပါပဲ။ ကစားချင်တာမှ သေလုလို့။ ရှစ်တန်းအောင်မှ၊ ကိုးတန်းအောင်မှ၊ ဆယ်တန်းအောင်မှ နဲ့ ကိုယ့်ဘာသာကိုယ် ရွှေ့ရွှေ့လာလိုက်တာ ဒီအသက်ဒီအရွယ်သာရောက်ရော မကစားဖြစ်တော့ဘူး။ ကစားချင်စိတ်လည်း မရှိတော့ဘူး။ ဖြစ်ချင်တာတွေ မဖြစ်သေးတာကြောင့် လုပ်ချင်တာတွေကို အဲ့လိုပဲ မေ့ပစ်ခဲ့ကြတာပေါ့။ ကိုပြည့်မှာရော ဘာဖြစ်ချင်တယ်ဆိုတဲ့ စိတ် ရှိပြီလား။ ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်လဲဆိုတာ ကိုယ့်ဘာသာ သိပြီလား။ သားမမကတော့ ဘာမှ မဖြစ်ချင်ဘူး။ ဘာမှလဲ မလုပ်ချင်ဘူး လို့ ပြောတုန်းပဲ။
           အာလာဒင်ကလေးရဲ့ မီးခွက်ကြီးကိုပဲ ပွတ်ပွတ်၊ ဆင်းဘတ်ရဲ့ ကော်ဇောပျံကြီးကိုပဲ စီးစီး၊ အဲလစ်ကလေးနဲ့ ထွေထွေဆန်းဆန်း တိုင်းပြည်ကြီးကိုပဲ လည်လည် ကိုပြည့်တွေ့ရမယ့် အရာတွေအားလုံးဟာ စိတ်ကူးဥာဏ်ကွန့်မြူးထားတဲ့ ကလောင်ဖန်တီးမှုတွေချည့်ပဲ။ ဒီကနေ့တော့ ကိုပြည့်ကို ဘချို အလည်ခေါ်ချင်တာက အပြင်လောကမှာ တကယ်ရှိနေတဲ့ ကိုပြည့်အရွယ် ကလေးငယ်များစွာရဲ့ လက်တွေ့ဘ၀တစ်ခုကို စာထဲကနေ လိုက်ပြမယ်။ ကိုပြည့်ဆီမလာခင် ဘချို မနက်က ၀ါဆိုသင်္ကန်းကပ် အလှူတစ်ခု ရောက်ခဲ့တယ်။ တောင်ဥက္ကလာ မြင်သာမြို့ဦးကျောင်းတိုက်ထဲက ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ လုပ်တာ။ အဲဒီမှာ ညီမလေး ကြည်စင်တို့အရွယ်ကစလို့ သားကိုပြည့်တို့အရွယ်သာသာအထိ ကလေးငယ်ကလေးတွေ နှစ်ရာကျော် သုံးရာလောက် တွေ့ခဲ့တယ်။ တ၀က်လောက်က ကိုရင်ဝတ်ကလေးတွေ။ သပ်သပ်ရပ်ရပ် ရေမိုးချိုး၊ အ၀တ်အစားသန့်သန့်ရှင်းရှင်း၊ သနပ်ခါးအဖွေးသား ချစ်စရာကလေးတွေ။ စည်းကမ်းတကျနဲ့ ၀၀လင်လင် စားကြသောက်ကြတာ မြင်ရတော့ ကိုယ့်အလှူမဟုတ်ပဲတောင် စိတ်ထဲမှာပီတိဖြစ်မိတယ်။ ထမင်းကျွေးချိန်မှာ ဝေယျာဝစ္စလုပ်ပေးနေတဲ့ ကျောင်းသားခပ်ကြီးကြီးလေးတွေတင်
လေးငါးဆယ်လောက်ရှိကြတယ်။ ဆွမ်းစားဆောင်နံဘေးက စာသင်ဆောင် အုတ်ကျောင်းတိုက်အသစ်ကြီးကလည်း သာဓုခေါ်စရာ။ ကိုပြည့်ဘဘ စပ်စုစိန်ကြီးက ကျောင်းဝင်းကလေးထဲ ပတ်ကြည့်ခဲ့သေးတော့ စာကြည့်တိုက်ကလေးရယ်၊ အိပ်ဆောင်ကလေးတွေရယ်၊ စာသင်ခန်းကလေးတွေရယ်လည်း ရောက်ခဲ့သေး။
             ဒီကလေးတွေမှာ သားတို့နဲ့ မတူတာကတော့ သူတို့အားလုံးမှာ အဖေအမေတွေ မရှိတော့ဘူး။ မှီခိုအားကိုးစရာ အဖိုးအဖွား ဆွေမျိုးတွေလည်း မရှိကြဘူး။ တချို့ဆို နေစရာအိမ်တောင် မရှိဘူး။ သူတို့အသက်အရွယ်နဲ့မမျှတဲ့ ဖိစီးနှိပ်စက်သော ကံကြမ္မာတွေ ကိုယ်စီကိုယ်စီ ရှိကြတယ်။ သူတို့ဘ၀အတွက် တစ်ခုတည်းသော အလင်းရောင်က ပညာရေးပဲ ရှိတယ်။ ပညာတတ်အောင်သင်ပြီး လောကကြီးအလယ်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြမလို့။ အဲသလို ပညာသင်ကြားဖို့အတွက်တောင် ကိုယ်ထူကိုယ်မထနိုင်လို့ ပရဟိတကျောင်းတော်မှာ လာရောက်ခိုလှုံသင်ကြားနေကြတာပေါ့။ ကိုပြည့်ဖေဖေနဲ့မေမေ အဝေးကိုခဏသွားခိုက် ဘာမှ လိုလေသေးမရှိတဲ့ အိမ်အကြီးကြီးမှာ ဖွားဖွားတွေ မမတွေနဲ့ ကိုပြည့်စိတ်တိုင်းကျနေနေတဲ့အချိန်မှာတောင် ကိုပြည့်တခါတလေ ၀မ်းနည်းအားငယ်စိတ်တွေ ဖြစ်မိတယ် မဟုတ်ဘူးလား။ သူတို့မှာ မရှိတဲ့လိုအပ်ချက်တွေအားလုံးက ဘယ်တော့မှ ပြန်လာမှာ မဟုတ်တဲ့ ဆုံးရှုံးမှုတွေချည့်ပဲ။ ဒါပေမယ့် သူတို့မှာ ၀မ်းနည်းကြေကွဲနေဖို့တောင် အချိန်မရကြဘူး။ ၀မ်းရေးက ပိုခက်တာကိုး။ ကိုပြည့်ဗိုက်ဆာတဲ့အချိန် အိမ်မှာ အမြဲစားစရာရှိပေမယ့် သူတို့ ထမင်းခုနစ်ရက်မစားရလည်း ဘယ်သူကမှ အရေးတယူ လာမကျွေးဘူး။ သနားစရာကောင်းတယ် မဟုတ်ဘူးလား။ ဒါပေမယ့် သူတို့က သနားရမယ့်သူတွေ မဟုတ်ဘူး။ ဖေးမရမယ့်သူတွေ။ ကိုပြည့်ငယ်ငယ်က ဖတ်စာအုပ်ထဲမှာ ပါတယ်လေ။ လဲနေသူ ထူပေးပါ။ အားငယ်သူ အားပေးပါ။ ဆိုတာ သူတို့ကို ပြောတာ။
            ဝေသန္တရာဇာတ်တော်ထဲမှာ ဂဏှာ နဲ့ ဇာလီ မောင်နှမကို စူဇကာပုဏ္ဏားက နှိပ်စက်တော့ ညအိပ်တဲ့အခါ တောစောင့်တောင်စောင့်နတ်များက သူတို့မိဘများအသွင်နဲ့ လာချော့သိပ်လို့ ကောင်းမွန်စွာ အိပ်စက်လေရသတဲ့။ ဒီကလေးလေးတွေမှာ မိဘမရှိတော့တဲ့အတွက် စိတ်ကောင်းစေတနာကောင်းရှိတဲ့ အလှူရှင်များက သူတို့မိဘများနေရာမှာ ခဏအစားဝင်ပေးပြီး အငှားမေတ္တာ ဂရုဏာနဲ့ စောင့်ရှောက်ပေးကြပေမယ့်လည်း တကယ်တမ်းမှာ သူတို့ဘ၀ရှေ့ရေးအတွက် ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်မှ ဖြစ်မှာမို့လို့ ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ဓါတ် အလေ့အကျင့်မျိုးကိုသာ ပျိုးထောင်ပေးဖို့ လိုအပ်တယ်။ ကိုပြည့်ကို သိစေချင်တာကတော့ လောကကြီးမှာ ခက်ခဲကြမ်းတမ်း ပင်ပန်းတဲ့ဘ၀တွေ အများကြီးရှိတယ်။ ကိုပြည့်မှာ အဲဒီအခက်အခဲတွေ တစိုးတစိမှ မရှိဘူးဆိုတာ ဖေဖေမေမေတို့ ဖိုးဖိုးဖွားဖွားတို့က အစစအရာရာ ကာကွယ်ဖြည့်ဆည်းပေးနေကြလို့။ ဒါပေမယ့်လည်း လူကြီးဖြစ်လာတဲ့အခါ  ကိုယ်ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရတော့မယ့် အရာတွေ ရှိလာပြီ။ ကိုပြည့်လည်း ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ရှိဖို့လိုပြီ။ ပီတာပင်ကလေးလို ရောဘင်ဟုဒ်တို့လို ဘယ်တော့မှ အသက်မကြီးပဲနေမှာမဟုတ်တဲ့ ကိုပြည့်ဟာ ဖြစ်ချင်သည်ဖြစ်စေ၊ မဖြစ်ချင်သည်ဖြစ်စေ၊ လူကြီးတစ်ယောက် ဖြစ်လာရတော့မယ်။ ဒါကြောင့် ကိုပြည့်အသက်အရွယ်နဲ့အညီ လိုက်ဖက်တဲ့ အသိအလိမ်မာတွေ ရှိသင့်ပြီ။ ဘချိုရေးထားတာတွေကို နားလည်ရဲ့လား မသိပါဘူး။ စာရှည်ရင် ဆက်မဖတ်ချင်မှာစိုးလို့ တော်ပြီနော်။ (နောက်ဆုံးစာကြောင်းကိုဖြင့် တို့တူလေး အကြိုက်ဆုံး ဖြစ်ပေလိမ့်မယ်။)
မပြော မပြီး ၊ မတီး မမြည်
$
0
0
 photo credit to original uploader
July 21, 2013 at 11:23pm
ခက်သည်။ဒီလို လူမျိုးတွေ ဆေးခန်းလာပြရင် ခက်သည်။ ကိုယ်ကတော့ သူတို့ တွေကို ဖြစ်သင့်တာတွေ ရှင်းပြသည်။ သူတို့ တွေက သူတို့ ဖြစ်ချင်တာတွေကိုပဲ ဇွတ်ပြောသည်။
ကိုယ်က အကျိုးသင့် အကြောင်းသင့် ရှင်းပြလည်း လက်မခံ။ သူတို့ အခုလတ်တလော ရင်ဆိုင်နေရတဲ့   ပြဿနာကို  အလွယ်နည်းလိုက်ပြီး ဖြေရှင်းနိုင်ဖို့ ပဲ စဉ်းစားနေကြသည်။ ကိုယ်ကတော့ မျက်စိတဆုံးကြည့်ပြောပေမယ့်သူတို့ က မျက်တောင် တစ်ခတ်စာလေး ကြည့်ကား ပြီးပြီးရောသဘောမျိုး နဲ့  ဖြေရှင်း ချင်နေသည်။
အခုလည်း ကြည့်လေ။
ကောင်လေးကောင်မလေး နှစ်ယောက။်။ ဆေးခန်းလာပြတုန်းကတော့ ဆီးစစ်ချင်လို့ ပါ ကိုယ်ဝန်ရှိလားမရှိလား သိချင်လို့ ဆိုရောက်လာသည်။
ရာသီထိန်သွားတာလည်း တစ်လကျော်ရှိပြီဟု ပြောသည်။ ကိုယ်ကလည်း အော် ညားခါ စ အကြင်လင်မယားတွေ ဘာမှ မလုပ်တတ်မကိုင်တတ်လို့  လာစစ်တာနေမှာဟု တွေးထင်လိုက်မိသည်။
 ဒါနဲ့  ဆီးစစ်ပေးလိုက်သည်။ ဆီးစစ် တံမှာ နှစ်ကြောင်းပေါ်သည်။
ဒါဆိုရင်တော့ ကိုယ်ဝန်ရှိတာ သေချာပြီ။ ဒီထိက ပြဿနာ မဟုတ်သေး။
"ကိုယ်ဝန်ရှိနေပြီဆိုတော့ ဘယ်လိုလုပ်မလဲ "
ဟု ကောင်မလေးက မျက်စိပျက်မျက်နှာပျက်နှင့် ကောင်လေးကို မေးလိုက်သည်။
ကောင်လေးက ခေါင်းကို တဗြင်းဗြင်းကုပ်ရင်း ကျွန်တော့်ကို လှမ်းပြောသည်
"ဆရာ
အဲဒါ ကိုယ်ဝန်တားဆေး ထိုးလို့ ရမလား "
"ဟာ ဘယ်ရမလဲကွ မရှိတာကို မရှိအောင်ပဲလုပ်လို့ ရမယ် ရှိနေတာကို တော့ မရှိအောင် ဆရာလည်း မတတ်နိုင်ဘူးကွ။"
 ကောင်မလေးက တော့ ဘာမှဝင်မပြော စိုးရိမ်စိတ်တွေပဲများနေလို့ လား မသိ
မျက်နှာငယ်လေးနှင့် နှုတ်ဆိတ်နေသည်။
ကောင်လေးက ခေါင်းကို တဗြင်းဗြင်းကုပ်ရင်း ထပ်မေးပြန်သည်
"ဒါဆိုလည်း ဆရာ ဟို လေ ကိုယ်ဝန်ဖျက်ချချင်တယ်ဆရာ အဲဒါ ဆေးထိုးပေးလို့ ရမလား။ဒါမှ မဟုတ် ဆရာ ဟို .. ကိုယ်ဝန်ဖျက်ချတဲ့  ဆေးခန်းတွေ ဘာတွေ သိရင်လည်း လမ်းညွှန်ပေးပါလား"
"ဟာ...အဲဒါ မလုပ်ကောင်းဘူးညီလေးရ။ကိုယ်တို့  ဆေးကျင့်ဝတ်အရလည်း ခွင့်ပြုမထားဘူး။ကိုယ်တို့ နိုင်ငံ ဥပဒေတွေကလည်း တရားမဝင်ကိုယ်ဝန်ဖျက်ချမှုကို
ခွင့်ပြုမထားဘူး။အန္တရာယ်ပေါင်းသောင်းခြောက်ထောင်ရှိတယ်။
ဒါနဲ့ မင်းတို့ က  လင်မယား မဟုတ်ဘူးလား ။သမီးရည်းစားတွေပဲလား"
"သမီးရည်းစားတွေပါ  ဆရာ ဒါပေမယ့် ဝါဆို ခါနီး ကျရင် လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ဒါပေမယ့်ဆရာ ကျွန်တော်တို့ အတူနေတာ ၁၇ ရက်ကျော်ကျော်ပဲရှိသေးတယ် အခုဟာ ကိုယ်ဝန်တန်းရှိတာ
ဆိုတော့ ကျွန်တော်လည်းမစဉ်းစားတတ်တော့ဘူး" ဟု ပြောရင်း ခေါင်းကို တဗြင်းဗြင်းကုပ်နေပြန်ပြီ။
"အဲဒါတော့ ငါလည်း မပြောတတ်ဘူးကွ။  ကိုယ်ဝန်တားဆေးတွေ ဘာတွေ ရော မသောက်ဘူးလား။"
" ဘာဆေးသောက်ရမယ်မှန်း သိမှ မသိတာ ဆရာ"
"အော် ထားပါတော့ကွာ။မင်းတို့ က မင်္ဂလာဆောင်တော့မှာပဲကွာ။ကိုယ်ဝန်ရှိတာ ဘာဆန်းလို့ လဲ။ စော ပြီး မင်္ဂလာဆောင်ပေါ့ ကွာ။ ဒါမှမဟုတ်အဲဒီအချိန်ကျမှ ဆောင်မယ် ဆိုလည်း ဗိုက်က သိပ်ထွက်မှာမဟုတ်သေးပါဘူး"
ဟုပြောလိုက်ရသည်။ သူတို့ စုံတွဲလည်း မျက်စိပျက်မျက်နှာပျက်နှင့်  ဆေးခန်းထဲကထွက်သွားကြသည်။ကိုယ်တွေမှာတော့ သူတို့ ရဲ့  ရှေ့ ရေးကိုကြည့်ပြီး ရတက်မအေးနိုင်။
ဆေးခန်းကို ဒီလို ပြဿနာတွေ တစ်ပတ်ကို တစ်ခါလောက်ရောက်လာတတ်သည်။ အထူးသဖြင့် တက္ကသိုလ်နားနီးရင် ပိုဆိုးသည်။ အရွယ်လေးက ဆယ်ကျော်သက်ကျော်ကျော် မိဘ အုပ်ထိန်းမှုအောက်က နေလွတ်ပြီး
အဆောင် ဘဝ တစ်ကိုယ်တော်ဘဝကို ရုန်းကန်နေရချိန်မှာ အားကိုးရှာကြရင်း သမီးရည်းစားတွေ ဖြစ်ကြ။ သမီးရည်းစားဘဝကနေ အဆင့်တက်ပြီး living together အတူနေ အဆင့်ထိရောက်လာတတ်ကြသည်။
ဒီလို အတူနေပြီဆိုတော့လည်း ချစ်တာတစ်ခုတည်းပဲ သိကြသည်။ ချစ်တာရဲ့  နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာလည်း မသိ။ လေ့ လည်း မလေ့ လာ ။ပြီးတော့
ဒီလို အခြေအနေမျိုး ဖြစ်ဖို့  ဖန်တီးပေးနေတဲ့ ပတ်ဝန်းကျင်တွေကလည်း ပေါမှပေါ။ တက္ကသိုလ်ရဲ့ ပတ်ဝန်းကျင် ရပ်ကွက်တွေ ကျေးရွာတွေမှာ အချိန်ပိုင်း တည်းခိုခန်း တွေ တစ်နာရီ ဘယ်လောက်နှုန်းတွေနဲ့  ငှားကြသည့်
အိမ်တွေ ကလည်းရှိနေသည်။ မိဝေးဖဝေး နဲ့  လွတ်လွတ်လပ်လပ်နေရတာကို တလွဲဆံပင်ကောင်းစွာ အသုံးချမိတာရော sex education ကို လေ့ လာ မှုမရှိတာရောကြောင့် မဖြစ်သင့်တာတွေ ဖြစ်ကုန်သည်။
ဟုတ်လို့ ကျော် ပုပ်လို့ ပေါ် ဖုံးမနိုင်ဖိမရ ဘဝ ရောက်လာမှ ဆရာကယ်ပါ ဆရာမကယ်ပါဆိုပြီး ဆေးခန်းကို အရူးမီးဝိုင်းဖြစ်ပြီ့း  ဒုန်းစိုင်းကာ ရောက်လာကြသည်။ကိုယ်တွေကလည်း အခြေအနေမှန်ကို ရင်ဆိုင်ဖို့ ကလွဲပြီး တခြားဘာမှ
လုပ်မပေးနိုင်။
၂၁ ရာစု Globalization သဘောတရားအရရော ခေတ်သစ် ကိုလိုနီနယ်ချဲ့  စနစ်ဖြစ်တဲ့ ယဉ်ကျေးမှု စီးပွားရေးတို့ နဲ့  သိမ်းသွင်းကာ တစ်နိုင်ငံမှ တစ်နိုင်ငံကို သေနတ်တစ်ချက် မဖောက်ရပဲ  ဒုံးကျည်တစ်စင်း မပစ်ရဘဲ ဝါးမြိုလာကြသည်။
အခု ကျွန်တော်တို့  မြန်မာနိုင်ငံမှာလည်း  အနောက်နိုင်ငံတွေရဲ့  ယဉ်ကျေးမှုတွေ လူနေထိုင်မှု စရိုက်တွေ အာရှ ရဲ့  ဖွံ့ ဖြိုးပြီး
နိုင်ငံတွေရဲ့  ယဉ်ကျေးမှုတွေ လူနေထိုင်မှု စရိုက်တွေဟာ အလုံးအရင်းနဲ့  ဝင်ရောက်လာတယ်။ ကောင်းတဲ့ ယဉ်ကျေးမှု စရိုက်လက္ခဏာတွေ ရှိသလို ကိုယ့်ယဉ်ကျေးမှု တွေ
နေထိုင်မှု စရိုက်တွေနဲ့ မကိုက်ညီတာတွေလည်း အုတ်အရောရော ကျောက်အရောရော ပါဝင်လာတယ်။ အကျိုးဆက်အနေနဲ့ ကတော့
လူနေထိုင်မှုစရိုက်တွေ ပွင့်လင်းလာတယ်။ အမြင်တွေ ပွင့်လင်းလာတယ်။ ခေတ်ဆန်ချင်လာတယ်။ နိုင်ငံတကာနဲ့  ရင်ဘောင်တန်းချင်လာတယ်။
အဲဒီထဲကမှာ အရိုက်ခတ်ဆုံးကတော့ Living Together လို့  ခေါ်တဲ့  ကောင်လေးနဲ့ ကောင်မလေး  သမီးရည်းစား ချစ်သူစုံတွဲတွေ လက်မထပ်ပဲ အတူတကွ နေထိုင်တဲ့ အကျင့်စရိုက်ပဲဖြစ်တယ်။
သမီးရည်းစားစုံတွဲတွေ လက်မထပ်ပဲ အတူနေကြတယ်။ ချိန်းတွေ့ ကြရင်း လွန်လွန်ကျူးကျူးတွေ ဖြစ်ကုန်ကြတယ်။ အကာအကွယ်နဲ့ မနေမိ တော့ မလိုချင်ပဲ ကိုယ်ဝန်တွေရလာကြတယ်။
လက်ထပ်ဖို့  ကလည်း အဆင်သင့်ဖြစ်ရင် ပြဿနာမဟုတ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လက်မထပ်နိုင်သေးရင် ဒုက္ခ များကုန်ကြတယ်။ပန်းကောင်းအညွှန့် ချိုးချင်တဲ့ အိုင်တွေ့ တိုင်း ခြေဆေးပြီး ဖုတ်ဖတ်ခါ ထသွားတတ်တဲ့ သကောင့်သားများနဲ့ တွေ့ ရင်
တော့ အမျိုးသမီးငယ်များ ဒုက္ခနဲ့ လှလှ စတွေ့ တော့တပါပဲ ။
ဒီလို ဗိုက်တစ်လုံး ထွက်လာမှ ထိတ်ထိတ်ပျာပျာဖြစ်ကုန်ကြပြီး မလုပ်သင့်တဲ့ အမှားမျိုး အထူးသဖြင့် တရားမဝင် ကိုယ်ဝန်ဖျက်ချခြင်း မျိုးတွေ လုပ်မိလို့ မိခင်ရော လူလောကထဲ ရောက်လာမယ့်
ကလေးရော နှစ်ယောက်လုံး ဒုက္ခ ရောက်ကြတယ်။  တချို့ တိုးတက်တဲ့ နိုင်ငံတွေမှာတော့ တရားဝင် ကိုယ်ဝန်ဖျက်ချခြင်း (legal abortion) ကို ခွင့်ပြုထားပေမယ့် ကျွန်တော်တို့  နိုင်ငံမှာတော့
ကိုယ်ဝန်ဖျက်ချတာကို တရားမဝင် ဥပဒေပြင်ပ လုပ်ရပ် ဆိုပြီး သတ်မှတ်ထားတယ်။ အခန့်မသင့်ရင် တရားစွဲခံရနိုင်တယ် ထောင်ချခံရနိုင်တယ်။လူတွေရဲ့ မေးငေါ့စရာ ကိစ္စကြီး ဖြစ်လာနိုင်တယ်။တီးတိုး တီးတိုး သဖန်းပိုး လုပ်ပြီး ပြောစရာ ဖြစ်လာနိုင်တယ်။
 ဒီလို ကိုယ်ဝန် ဖျက်ချတာကို တရားဝင်သတ်မှတ်ပေးပြီး ဆရာဝန်တွေကိုယ်တိုင်
ဆေးရုံဆေးခန်းတွေမှာ ပြုလုပ်ပေးရင် ဘာမှ အခက်အခဲ ပြဿနာ တစ်စုံတစ်ရာ သိပ်မရှိပေမယ့် အခု လို တရားမဝင် ဥပဒေပြင်ပ လုပ်ရပ်အဖြစ်သတ်မှတ်ထားတော့ အရပ်လက်သည်တွေ professional abortionist  တွေ
ဆီ ရောက်ပြီး ဒုက္ခ ရောက်သွားကြတယ်။
ဒါကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်မှု ဟာ ဖြစ်ပြီးမှ ကုသတာထက် အရမ်းထိရောက်တယ် ဆိုတဲ့  အတိုင်းပဲ  ဒီလို မလိုချင်ပဲ ရလာတတ်တဲ့  ကိုယ်ဝန်ဆောင်မှု ကို စနစ်တကျ ဘယ်လို ကာကွယ်မလဲ ဆိုတာ ညီမ လေးတွေ မမလေးတွေ
အန်တီ ဒေါ်ဒေါ် ကြီးကြီးတွေ သိထားဖို့ လိုတယ်။သမီးရည်းစားနှစ်ယောက် မနေနိုင်လို့  အရမ်းကို ချစ်နေကြလို့  အတူနေကြမယ် အတူ အိပ်ကြမယ်လို့ စဉ်းစားမိတာနဲ့  အရင်ဆုံး ကိုယ်ဝန်ရလာနိုင်တာကို
ထည့်သွင်းစဉ်းစားရမယ်။ ကိုယ်ဝန်မရရင် တောင် ကူးစက်ရောဂါ ပေါင်းစုံအထူးသဖြင့် AIDS အသည်းရောင် ဘီပိုး စီပိုးတွေ ဝင်ရောက်လာနိုင်တယ်။ ဒါကြောင့် မခုန်ခင် အရင်ကြည့် လို့  ရှေးလူကြီးတွေက ဆုံးမထားကြတာပေါ့။
မနေနိုင်မထိုင်နိုင် လို့  ခုန်ချ ချင်ပြီ ဆိုရင်လည်း မလိုချင်တဲ့  ကိုယ်ဝန် ရမလာအောင် တားဆီးနည်းတွေလည်း သိထားဖို့  လိုတယ်။ အထူးသဖြင့် မြန်မာအမျိုးသမီး မိန်းကလေးတွေ သိထားဖို့ လိုပါတယ်။
အကာအကွယ် ကွန်ဒုံးနဲ့  လိင်ဆက်ဆံတာဟာ
မလိုချင်ပဲ ကိုယ်ဝန်ရမလာအောင် ၁၀၀ ရာခိုင်နှုန်း တားဆီးပေးနိုင်သည့် အပြင် လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကိုလည်း ထိရောက်စွာ ကာကွယ် ပေးနိုင်ပါတယ်။(မတော်တဆ ကွန်ဒုံးပေါက်သွားရင် ကွန်ဒုံးကျွတ်သားရင်တော့ တစ်မျိုးပေါ့)
ဒါပေမယ့် အကာအကွယ် (condom) နဲ့ လိင်ဆက်ဆံဖို့  ဆိုတာကလည်း ကြားလေသွေးရင်တောင် ဝေးတယ်ထင်နေတဲ့  သမီးရည်းစား စုံတွဲတွေအတွက် သိပ်အဆင်ပြေမှာ မဟုတ်ဘူး။ ဒီတော့ ကူးစက်ရောဂါ အန္တရာယ် ကို မကြောက်ဘူး။ ကိုယ်ဝန် မတော်တ
ဆရလာမှာပဲ ကြောက်တယ်ဆိုရင်တော့ အရေးပေါ်သားဆက်ခြားနည်း တွေကို သိထား လေ့ လားထားဖို့ လိုပါတယ်။ ဒါမှသာ မလိုလားအပ်တဲ့  ပြဿနာတွေ ဒုက္ခတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။
အခု  အရေးပေါ် သားဆက်ခြားဆေး (emergency oral contraception pills) အရပ်ခေါ် OC pills တွေဟာ မြန်မာနိုင်ငံရဲ့  ဆေးဆိုင်တိုင်း ကွမ်းယာဆိုင်တိုင်း လိုလို မှာ ပါ ရနေပါပြီ။နာမည်အကြီးဆုံးကတော့ Ecee 2ပါ (သူကတော့ trade
name ပေါ့)။ ဈေးနှုန်းလည်း သိပ်မကြီးပါဘူး။ ဘေးထွက်ဆိုးကျိုးလည်း နည်းပါတယ်။ မလိုလားအပ်တဲ့  ကိုယ်ဝန်ဆောင်မှု ကိုလည်း လေးပုံ သုံးပုံ ရာခိုင်နှုန်းအရဆိုရင်တော့ ၇၅ ရာခိုင်နှုန်းလောက်တော့ ကာကွယ် ပေးနိုင်ပါတယ်။ ရာနှုန်းပြည့် ကိုယ်ဝန် မရအောင်
တားဆီးပေးတယ်လို့ တော့ မဆိုပါဘူး။
ဒါပေမယ့် မှန်မှန်ကန်ကန် နဲ့  မြန်မြန်ဆန်ဆန် စနစ်တကျ ဆေးသောက်တတ်ဖို့  အရေးကြီးတယ်။
သမီးရည်းစားစုံတွဲတွေ အကာအကွယ်မဲ့ လိင်ဆက်ဆံအပြီး  ၇၂ နာရီ (သုံးရက်) အတွင်း သောက်ရပါ့မယ်။ စောစောသောက်လေ ပိုထိရောက်လေပါပဲ။ လိင်ဆက်ဆံပြီး တစ်ရက်နှစ်ရက်လောက်နေမှ သောက်ရင်တော့ ဆေးရဲ့  စွမ်းဆောင်ရည်
နည်းနည်းကျဆင်းသွားပါလိမ့်မယ်။ Ecee 2 တစ်ကဒ်မှာ ဆေးလုံး နှစ်လုံး ပဲ ပါပါတယ် ။နှစ်လုံး လုံးကို တစ်ပြိုင်တည်း သောက်လို့ မရပါဘူး။
 ပထမဆုံး အလုံးကို အကာကွယ်မဲ့  လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်း သောက်ရပါမယ်။ ဒုတိယ ဆေးလုံးကိုတော့ ပထမဆေးလုံး သောက်ပြီး ၁၂ နာရီ အကြာမှာ သောက်ရပါမယ်။ ဥပမာ မနက် ၈ နာရီမှာ ပထမဆုံး ဆေးလုံးသောက်ထားတယ် ဆိုရင်
အဲဒီနေ့  ည ၈ နာရီ မှာ ဒုတိယဆေးကို ဆက်သောက်ရပါ့မယ်။ ဒါမှ သာ ထိရောက်ပါ့မယ်။ ဆေးရဲ့  အဓိက ဘေးထွက်ဆိုးကျိုးကတော့ နည်းနည်း ပျို့ တာ အန်တာပါပဲ ။ တကယ်လို့  ကိုယ် က ဆေးသောက်ပြီး အန်လိုက်တယ်။ အန်တဲ့ ထဲမှာလည်းသောက်ထားတဲ့ ဆေးပါ
သွားတယ်လို့  သံသယရှိရင်တော့ ဆေးကို ချက်ချင်းပြန်သောက်ဖို့  လိုပါလိမ့်မယ်။ တခြား ဘေးထွက်ဆိုးကျိုးတွေကတော့ သိပ်မသိသာလို့  မရေးတော့ပါဘူး။ ဒါပေမယ့်  living together ဘဝနဲ့  ခဏခဏ အတူနေမိနေရင်တော့
ဒီ အရေးပေါ်သားဆက်ခြားဆေး (EOC pills) တွေ အစား တခြား သင့်တော်မယ့် သားဆက်ခြား နည်း (ဥပမာ သုံးလခံဆေးထိုးခြင်း၊ သားအိမ်ထဲ ပစ္စည်းထည့်ခြင်း) အစရှိတာတွေ လုပ်သင့်ပါတယ်။ ဘာလို့ လဲ ဆိုတော့
အရေးပေါ် သားဆက်ခြားဆေးဟာ နာမည် အတိုင်း အရေးပေါ် တဲ့  အချိန်မှ သုံး တာ အထိရောက်ဆုံးပါပဲ ။ခဏခဏ အရေးပေါ်ချင် နေရင်တော့ ကျွန်တော် အထက်က ပြောခဲ့သလို တခြား သားဆက်ခြားနည်းလမ်းတွေကို စဉ်းစားသင့်ပါတယ်။
ခေတ်ရေစီးကြောင်းမှာ မျောပါကြရင်း
sex education ဆိုတာကိုလည်း နားမလည် ဘယ်လို ကာကွယ်တားဆီးရမလဲဆိုတာလည်း မသိ သိပြန်တော့လည်း
နည်းမှန်လမ်းမှန်မဟုတ်တော့  လူငယ်လူရွယ် စုံတွဲတွေမှာ unwanted pregnancy တွေ ရလာတယ်။ ဒါကို ဖျက်ချကြတော့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ဆိုး
ကျိုးတွေအပြင် အသက်အန္တရာယ် ထိခိုက်မှုတွေပါ ကြုံလာကြတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့  ညီမ အရွယ် အမအရွယ် မြန်မာအမျိုးသမီးတွေ ပန်းကောင်း အညွှန့် မချိုးခံရအောင် ရောဂါဘယ ကင်းရှင်းပြီး မဖြစ်သင့်တာတွေ မဖြစ်ရလေအောင် စေတနာထားပြီးရေးလိုက်
ရခြင်းဖြစ်ပါတယ်။
 အကောင်းဆုံးကတော့ ချစ်သူ နှစ်ဦးဟာ ဖြူဖြူစင်စင်နဲ့  ချစ်တတ်ကြဖို့ လိုပါတယ်။ တရားဝင် အကြင်လင်မယား ဘဝမရောက်ခင် မှာ
အမျိုးသမီးတွေကလည် ကိုယ့်ရဲ့ အပျိုစင် ဂုဏ်ကို ပေါပေါပဲပဲ မသတ်မှတ်ပဲ  တန်ဖိုး ထားပြီး ထိန်းသိမ်းစေချင်ပါတယ်။ ကိုယ့် ချစ်သူ ကောင်လေးရဲ့  ဆန္ဒ ကိုယ့်ရဲ ဆန္ဒ ကို ဦးစားပေးပြီး ဘဝနဲ့ ရင်းပြီး
လွယ်လွယ်ကူကူ လိုက်လျော တာမျိုးတွေ မျက်စိစုံမှိတ် ချစ်တာတစ်ခုတည်း သိတာမျိုးတွေ မလုပ်သင့်ပါဘူး။မဟုတ်လို့ ကတော့ ကိုယ့်ကိစ္စပြီးတာနဲ့  ဖုတ်ဖတ်ခါ ထသွားမယ့် ကိုကို မျိုးနဲ့ 
တွေ့ လို့ ကတော့  အမျီုးသမီးလေးတွေ ဒုက္ခနဲ့  လှလှ တွေ့ သွားနိုင်ပါတယ်။ အမျိုးသားများကလည်း နှမချင်း အမချင်း ကိုယ်
ချင်းစာနာစိတ်ကလေးတွေ ထားဖို့ လိုအပ်ပါတယ်။ ပြီးရင်ပြီးတာပဲ ဆိုပြီး စားပြီးနားမလည် အိုင်တွေ့ တိုင်း ခြေဆေးချင်နေတဲ့ စိတ်ဓာတ်လေးတွေ မထားကြဖို့ လိုပါတယ်။
ကျွန်တော့် စာမှာ အသုံးအနှုန်း ရိုင်းစိုင်းတာ ပါသွားရင် နားနဲ့ မနာ ဖဝါးနဲ့ နာ ပြီး ဖတ်ကြပါလို့ တောင်းပန်ချင်ပါတယ် ။ကျွန်တော်လည်း သိသလောက် ပညာဗဟုသုတလေးနဲ့  စေတနာရှေ့ ထားပြီး ရေးသားလိုက်ရပါတယ်။ အမှားပါရင် ထောက်ပြဝေဖန် နိုင်ပါတယ်။
ပိန်းပိတ်အေးစက်နေသော ခုတစ်လောတွေ ကြွယ်ပိုးကြွယ်ဝ ပိုင်ဆိုင်နာကျင်နေရသူကို ကျွန်မဟု ခေါ်ပါသည်
$
0
0
July 21, 2013 at 4:42pm
  • ခုတစ်လောတွေထဲမှာ မနေချင်တဲ့စိတ်တွေက ခုတစ်လောဆိုတာကို စာလုံးပေါင်းမေ့ချင်ယောင်ဆောင်နေတယ်
  • ခုတစ်လော  ခုတစ်လောဆိုတာတွေကို မုန်းလိုက်တာလို့ ရေရွတ်နေရင်း ခုတစ်လောတွေထဲ ပစ်လဲကျနေရတဲ့ ခုတစ်လောဟာ ဒဏ်ရာတွေနဲ့ မွစာကြဲလို့
  • ခုတစ်လောတွေကိုမြင်ရတာ ရင်နာလွန်းလို့ ခင်းကျင်းဖြန့်ချထားတဲ့ ခုတစ်လောတွေကို ပတ်စာခွာ ဖျာသိမ်းနေတယ်
  • စက္ကူပါးလေးတစ်ချပ်လို လှပ်နေတဲ့ ခန္ဓာနဲ့ ခုတစ်လောက ဗီတာမင်အားဆေးတွေကို ရယ်ရယ်ပြနေတာ ခဏခဏ  (တကယ်က မချိပြုံး)
  • ရုံးပိတ်ရက်တွေမှာ ရေမချိုးချင်တဲ့ ခုတစ်လောဟာ ရေမွှေးပုလင်းတစ်လုံးကို မျက်စောင်းဖိထိုးရင်း ဆဲရေးနေရ  
  • အနတ္တက သူ့သဘောသူ ဆောင်နေတာကို အတ္တ ငါ့သဘောနဲ့ငါ လုပ်ချင်နေတဲ့ ခုတစ်လောဟာ စိတ်ထောင်းကိုယ်ကြေ အပူတက်ပြီးဖျားလို့ ကိုးပါးဆေးနဲ့ မိတ်ဆွေဖြစ်နေရ
  • အနက်ရောင်ပိန်းနေတဲ့ ခုတစ်လောရဲ့  ထုံပေပေနဲ့ ခွေနေတတ်ပုံက မြွေတစ်ကောင်လို ထောင့်မကျိုးလှဘူး
  • ခုတစ်လောဟာ  အပင်တွေလာလာလိမ်နေတာကို မုန်းလွန်းလို့ အေးရာအေးကြောင်း စောင်ခြုံအိပ်နေတယ်  
  • နွေသစ်ရွက်တွေလို တစ်ဖြုတ်ဖြုတ်ကြွေနေတဲ့ ခုတစ်လောက အပင်ပေါ်ပြန်တက်ဖို့ အကြောင်းအကျိုးတရား လှေကားထဲမှာ ရှိမလား စဉ်းစားတယ်
  • စိတ်ငြိမ်မလားလို့ ပုတီးစိတ်နေတဲ့ ခုတစ်လောဟာ ဘုရားစင်ပေါ်က သစ်သီးကို ချိုမလားလို့  စိတ်နဲ့ ခဏခဏ ခွဲစိပ်ကြည့်နေတယ်
  • ကြည့်လိုက်ရင်တော့ ကြည်ညိုချင်စရာကောင်းလှတဲ့ ခုတစ်လောဟာ မနောကံမှာ ပိုးထိုးလောက်ကိုက်နေတာကို ထန်းလက်နဲ့ ကာထားတယ်   
  • မျက်လုံးကို ဖတ်တတ်သူတွေနဲ့ လမ်းမှာတွေ့တိုင်း ခုတစ်လောဟာ  မျက်မှန်နက်ကြီး ထုတ် ထုတ်တပ်လို့ ကိုးဆယ်ဒီဂရီတိမ်းစောင်းရင်း ဒေါင်လိုက်ကြီး ရပ်ရပ်နေရတယ်
  • ခုတစ်လောဟာ ကြွေကျလာတဲ့ ထန်းသီးပေါ်မှာ ကျီးခြေရာရှာတဲ့ အလုပ်ကို မပျင်းမရိလုပ်နေတယ်
ခုတစ်လော = မမြဲတဲ့သဘော
အနိစ္စ = မမြဲတဲ့သဘော
ခုတစ်လော = အနိစ္စ
  • ဥပဒ် ဌီ  ဘင် ခဏငယ်တွေ ဖြစ်တည်ပျက်သွားတဲ့ အခိုက်အတန့်ကို ပုလင်းတစ်လုံးထဲ ထည့်သိမ်းထားလိုက်ချင်တဲ့ ခုတစ်လောဟာ စိတ်မော လူမော ရင်ကွဲနာကျနေတယ်
  • လမ်းမတစ်ခုပေါ်  လျှောက်မယ်  မလျှောက်ဘူး ပဋိပက္ခတွေနဲ့ ခုတစ်လောဟာ နောက်ဆုံးတော့ နှလုံးသားတည့်တည့်ပေါ်က ဆိုင်းကြိုးကို ကတ်ကြေးနဲ့ တိကနဲ ဖြတ်ချခံလိုက်ရတဲ့ အရုပ်တစ်ရုပ်လို သက်မဲ့ပုံကျ  
  • ကား လိတ် အ ချ
ငါ့စကားနွားရပြောပြချင်ပါသည်
$
0
0
Photo: ငါ့စကားနွားရပြောပြချင်ပါသည်   ကျုပ်တို့နိုင်ငံမှာ နိုင်ငံရေးနဲ့ပတ်သက်လို့ အုပ်စုကြီးလေးစုခွဲခြားလို့ရတယ်   ၁။လက်ရှိအာဏာရအစိုးရနဲ့ပါတီ  ၂။လက်ရှိ အင်အားကြီးအတိုက်ခံပါတီ နှင့် ပြည်တွင်းပါတီများအုပ်စု  ၃။တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းများ  ၄။နိုင်ငံရပ်ခြားပြည်ပြေးအုပ်စုများ ဆိုပြီးအုပ်စုလေးစု ခွဲခြားလို့ရတယ်   ပြောရမယ်ဆိုရင် ကျုပ်တို့နိုင်ငံရဲ့တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းများအလားအလာ ရည်ရွယ်ချက် အစစ်အမှန်က ဘာလဲ ဘယ်လဲ   သူတို့ရဲ့ရပ်တည်မှုမှာ ဘေးနိုင်ငံပယောဂပါမပါ ဘေးအထောက်အပံ့ကင်းမကင်း အိမ်ကြက်ချင်းခွပ်ကြတဲ့ကိစ္စမှာ ကာယကံရှင် နှစ်ဦးနှစ်ဖက်အပြင် နောက်ကွယ်က အိုးမဲသုတ်ပေးနေတဲ့လက်သည်က အဓိကနေရာကရှိနေတာကိုတွေ့ရတယ် အရင်းအမြစ်ပေါတဲ့နိုင်ငံတစ်ခု တည်ငြိမ်အေးချမ်းနေရင် တိုးတက်လာမဲ့ဖြစ်စဉ်အတွက် မလိုသူတွေနဲ့ တိုင်ရင်းသားအမည်ခံတိုင်းပြည်သစ္စာဖောက်တစ်ချို့ရဲ့ နောက်ကျောကထိုးနေတဲ့ဓါးချက်တွေပေါ့ ဒါကတစ်ပိုင်း   ပြည်ပြေးအဖွဲ့ကတော့ရှင်းတယ် နိုင်ငံမတည်ငြိမ်မှ နိုင်ငံတော်မျက်ဖြူဆိုက်မှ ဆရာကြိုက်တဲ့အဖွဲ့ မျက်ဖြူဆိုက်ပါစေဆိုပီး ဘယ်သူသေသေ ကိုငတေတို့အဖွဲ့ နိုင်ငံတော်ချောက်ထဲကတက်လာမှာကြောက်နေကြတဲ့အဖွဲ့ သူတို့အဖွဲ့ကတော့ရှင်းတယ်  ဒါကတစ်ပိုင်း   အဓိကပြောချင်တာအနေနဲ့  ဒီအချိန်မှာကျနော်တို့ စဉ်းစားရမှာက အခုရထားတဲ့ဒီမိုကရေစီသက်တမ်းလေးက လမ်းစမ်းကာစကလေးငယ်သာသာဘဝမျိုး ဒီမိုကရေစီမြေစမ်းခရမ်းပျိုးကာလ ဒီမိုကရေစီဆိုတာကြီးက ဒီနိုင်ငံသားအားလုံးအတွက် စာတွေ့သာရှိပီး လက်တွေ့မရှိသေး မရင်းနှီးခဲ့ဘူးသေးတဲ့အရာ   လျှောက်လှမ်းကြတဲ့နေရာမှာ သိမ်သိမ်မွေ့မွေ့ရှိဖို့အရေးကြီးတယ်   အခုရနေတဲ့ဒီမိုကရေစီဆိုတာကြီးကို သူတို့မပေးချင်ရင် အခုထိမရသေးဘူးမှတ် အဲ့ဒါကိုဖင်ပိတ်မငြင်းနဲ့ ဖင်ပိတ်ငြင်းရင်ဝမ်းချုပ်တာပဲအဖတ်တင်မယ်   နွေဦးတော်လှန်ရေးတွေဘာတွေလာမလုပ်နဲ့ မူဘာရက်တို့ ကဒါဖီတို့ IQ လောက်ကတော့ ကျုပ်တို့ဗိုလ်ချုပ်ကြီးများကပြင်းတယ်   ဘာလို့ဆို ကြံ့ဖွင့်ဆိုတဲ့အသင်းကြီး ဘယ်အချိန်ကတည်းက ဘယ်လိုရည်ရည်ရွယ်ချက်နဲ့ ဘယ်လောက်အချိန်ယူပီး ဘယ်လိုသန္ဓေတည်လာခဲ့သလဲစဉ်းစားကြည့် ဘောင်းဘီချွတ်အစိုးရပဲဆိုဆို သူတို့မှာစစ်ရေးအမြင် စီးပွားရေးအမြင် အုပ်ချုပ်မှုစွမ်းရည် အားလုံးပြည့်စုံပြီးသား ငြင်သာစွာအကူးအပြောင်းလို့ နိုင်ငံတကာကစံတင်လောက်တဲ့အခြေအနေမျိုးအတွက် လက်မခံနိုင်စရာအကြောင်းမရှိဘူးထင်ပါတယ် အတိုက်အခံလက်ထဲနိုင်ငံတစ်ခါထဲထိုးအပ်ကြည့် ခင်များတို့ ငမ်းငမ်းတက်နေပုံမျိုး မပါးနပ်ပုံမျိုးနဲ့ ၆၅ ခုနှစ်ကအခြေအနေမျိုး စစ်တပ်လက်ထဲပြန်ထည့်လိုက်ရတဲ့အခြေအနေမျိုး ဖြစ်မသွားနိုင်ပါဘူးလို့ ဘယ်သူအာမခံနိုင်သလဲ   ကြားဖြတ်ရွေးကောက်ပွဲ NLD ဝက်ဝက်ကွဲအောင်ပွဲခံနိုင်မှုက သူတို့ခင်းပေးထားတဲ့လမ်း (သိပ်ဖီးတက်မနေနဲ့) ၈၈မှာချော်လဲရောထိုင်ခဲ့တဲ့ ဒေါ်စုတစ်ယောက် ရှေ့တိုးမရနောက်ဆုတ်အခက်ဖြစ်နေတဲ့အချိန် ထွက်ပေါက်ပေး ကတီပါလေးခင်းပီး ခေါ်ခဲ့တာ နှပ်ကြောင်းလေးပေးပီးခေါ်ခဲ့တာပါ အပြင်မှာထားတာထက် အတွင်းထဲထည့်ထားတာက ပိုအန္တရာယ်မကင်းဘူးလား ဒါကို အောက်စဖို့ဆင်းကြီး ဒေါ်စုတစ်ယောက်  ရိပ်မိတဲ့အချိန်ကျ့ စကားလုံးကွဲလွဲမှုလေးအကြောင်းပြု နောက်ဆုတ်ဖို့ကြိုးစားခဲ့ပေမဲ့ ကျုံးထဲရောက်နေပြီ   ဆိုတော့ကာ ချီးခြောက်ရေနှုးမနေကြနဲ့တော့ ရှေ့အတွက်ပဲ ရှေ့ရေးအတွက်ပဲစဉ်းစားကြစေလိုပါတယ် တဆင့်ခြင်းသွားကြတာပေါ့ဗျာ မကောင်းဘူးလား သူတို့ပေးချင်လို့ လိုလိုချင်ချင်ပေးထားတဲ့အရာလေး ခင်များတို့တန်ဖိုးမထားချင်နေ ကျုပ်တော့တန်ဖိုးထားသဗျာ လွတ်ထွက်သွားမှာစိုးသဗျာ   ကျုပ်တို့ပြည်သူတွေအနေနဲ့လဲ မကြားဖူးတာတွေကြားရ မပြောဘူးတာတွေပြောကြ မဆဲဘူးတာတွေဆဲကြနဲ့ အောက်ခြေလွတ်နေလိုက်ပုံများ အကျမတော်မှာလဲ တွေးကြောက်မိပါတယ်   နောက်ပြီးလူလည်လုပ်ခံရတယ်ဆိုတာကိုယ်ညံ့လို့ သူတို့ကတိုင်းပြည်နဲ့ချီပီးလူလည်လည်လုပ်ခဲ့တာ တစ်တိုင်းပြည်လုံးညံ့ခဲ့လို့ ရှင်းတယ်နော်   ၂၀၁၀နောက်ပိုင်းမှ ထိုးကွင်းထနေတဲ့ပုဂ္ဂိုလ်တွေ ကျုပ်တော့သောက်ထင်ကိုမကြီးတာ ဖင်ကအနာကို ဆိုင်းဘုတ်တင်ပြီး ဆေးသိပ်လို့ မဝသေးဘူးဆိုရင်လဲ ခင်များတို့သဘောပဲဗျာ  နောက်တစ်ခုဖြည့်စွက်ပြောချင်သေးတာက ဒေါ်စုဆိုတာ စပိုင်ဝတ္ထုရှည်ကြီးတစ်ပုဒ်ဖတ်နေရသလိုပဲဗျ ဇာတ်သိမ်းမရောက်သေးဘူး ဆိုလိုချင်တာက နိုင်ငံတကာဆုများရှင် ဒေါ်စုသာအာဏာရခဲ့ရင် ဆည်ဝမှာဗျိုင်းစောင့်သလိုစောင့်နေမယ့် နိုင်ငံတော်တော်များများရှိနေမလားလို့ ကျွန်စုပ်တဲ့သရက်စေ့ထက်ပိုပြောင်နေပါဦးမယ် စဉ်းစားကြဖို့လိုတယ်နော်   *ငါ့မိန်းမ ညားကာစကတော့ အတော်လှတာပဲ ဒါပေမဲ့ မီးယပ်ကျိုးကိုထည့်မတွက်မိခဲ့ဘူး* ဆိုတာမျိုးလဲဖြစ်နေကြပါဦးမယ် အရပ်ကတို့ရေ   ငါ့စကားနွားရစာတစ်ပုဒ် ဤတွင်နိဂုံးချုပ် ။  ဗိုက်ပူသူတော်  (၂၁-၇-၂၀၁၃)12:00am
ကျုပ်တို့နိုင်ငံမှာ နိုင်ငံရေးနဲ့ပတ်သက်လို့ အုပ်စုကြီးလေးစုခွဲခြားလို့ရတယ်
၁။လက်ရှိအာဏာရအစိုးရနဲ့ပါတီ
၂။လက်ရှိ အင်အားကြီးအတိုက်ခံပါတီ နှင့် ပြည်တွင်းပါတီများအုပ်စု
၃။တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းများ
၎။နိုင်ငံရပ်ခြားပြည်ပြေးအုပ်စုများ ဆိုပြီးအုပ်စုလေးစု ခွဲခြားလို့ရတယ်
ပြောရမယ်ဆိုရင် ကျုပ်တို့နိုင်ငံရဲ့တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းများအလားအလာ ရည်ရွယ်ချက် အစစ်အမှန်က ဘာလဲ ဘယ်လဲ
သူတို့ရဲ့ရပ်တည်မှုမှာ ဘေးနိုင်ငံပယောဂပါမပါ ဘေးအထောက်အပံ့ကင်းမကင်း အိမ်ကြက်ချင်းခွပ်ကြတဲ့ကိစ္စမှာ ကာယကံရှင် နှစ်ဦးနှစ်ဖက်အပြင် နောက်ကွယ်က အိုးမဲသုတ်ပေးနေတဲ့လက်သည်က အဓိကနေရာကရှိနေတာကိုတွေ့ရတယ် အရင်းအမြစ်ပေါတဲ့နိုင်ငံတစ်ခု တည်ငြိမ်အေးချမ်းနေရင် တိုးတက်လာမဲ့ဖြစ်စဉ်အတွက် မလိုသူတွေနဲ့ တိုင်ရင်းသားအမည်ခံတိုင်းပြည်သစ္စာဖောက်တစ်ချို့ရဲ့ နောက်ကျောကထိုးနေတဲ့ဓါးချက်တွေပေါ့ ဒါကတစ်ပိုင်း
ပြည်ပြေးအဖွဲ့ကတော့ရှင်းတယ် နိုင်ငံမတည်ငြိမ်မှ နိုင်ငံတော်မျက်ဖြူဆိုက်မှ ဆရာကြိုက်တဲ့အဖွဲ့ မျက်ဖြူဆိုက်ပါစေဆိုပီး ဘယ်သူသေသေ ကိုငတေတို့အဖွဲ့ နိုင်ငံတော်ချောက်ထဲကတက်လာမှာကြောက်နေကြတဲ့အဖွဲ့ သူတို့အဖွဲ့ကတော့ရှင်းတယ်
ဒါကတစ်ပိုင်း
အဓိကပြောချင်တာအနေနဲ့ ဒီအချိန်မှာကျနော်တို့ စဉ်းစားရမှာက အခုရထားတဲ့ဒီမိုကရေစီသက်တမ်းလေးက လမ်းစမ်းကာစကလေးငယ်သာသာဘဝမျိုး ဒီမိုကရေစီမြေစမ်းခရမ်းပျိုးကာလ ဒီမိုကရေစီဆိုတာကြီးက ဒီနိုင်ငံသားအားလုံးအတွက် စာတွေ့သာရှိပီး လက်တွေ့မရှိသေး မရင်းနှီးခဲ့ဘူးသေးတဲ့အရာ
လျှောက်လှမ်းကြတဲ့နေရာမှာ သိမ်သိမ်မွေ့မွေ့ရှိဖို့အရေးကြီးတယ်
အခုရနေတဲ့ဒီမိုကရေစီဆိုတာကြီးကို သူတို့မပေးချင်ရင် အခုထိမရသေးဘူးမှတ် အဲ့ဒါကိုဖင်ပိတ်မငြင်းနဲ့ ဖင်ပိတ်ငြင်းရင်ဝမ်းချုပ်တာပဲအဖတ်တင်မယ်
နွေဦးတော်လှန်ရေးတွေဘာတွေလာမလုပ်နဲ့ မူဘာရက်တို့ ကဒါဖီတို့ IQ လောက်ကတော့ ကျုပ်တို့ဗိုလ်ချုပ်ကြီးများကပြင်းတယ်
ဘာလို့ဆို ကြံ့ဖွင့်ဆိုတဲ့အသင်းကြီး ဘယ်အချိန်ကတည်းက ဘယ်လိုရည်ရည်ရွယ်ချက်နဲ့ ဘယ်လောက်အချိန်ယူပီး ဘယ်လိုသန္ဓေတည်လာခဲ့သလဲစဉ်းစားကြည့် ဘောင်းဘီချွတ်အစိုးရပဲဆိုဆို သူတို့မှာစစ်ရေးအမြင် စီးပွားရေးအမြင် အုပ်ချုပ်မှုစွမ်းရည် အားလုံးပြည့်စုံပြီးသား ငြင်သာစွာအကူးအပြောင်းလို့ နိုင်ငံတကာကစံတင်လောက်တဲ့အခြေအနေမျိုးအတွက် လက်မခံနိုင်စရာအကြောင်းမရှိဘူးထင်ပါတယ် အတိုက်အခံလက်ထဲနိုင်ငံတစ်ခါထဲထိုးအပ်ကြည့် ခင်များတို့ ငမ်းငမ်းတက်နေပုံမျိုး မပါးနပ်ပုံမျိုးနဲ့ ၆၅ ခုနှစ်ကအခြေအနေမျိုး စစ်တပ်လက်ထဲပြန်ထည့်လိုက်ရတဲ့အခြေအနေမျိုး ဖြစ်မသွားနိုင်ပါဘူးလို့ ဘယ်သူအာမခံနိုင်သလဲ
ကြားဖြတ်ရွေးကောက်ပွဲ NLD ဝက်ဝက်ကွဲအောင်ပွဲခံနိုင်မှုက သူတို့ခင်းပေးထားတဲ့လမ်း (သိပ်ဖီးတက်မနေနဲ့) ၈၈မှာချော်လဲရောထိုင်ခဲ့တဲ့ ဒေါ်စုတစ်ယောက် ရှေ့တိုးမရနောက်ဆုတ်အခက်ဖြစ်နေတဲ့အချိန် ထွက်ပေါက်ပေး ကတီပါလေးခင်းပီး ခေါ်ခဲ့တာ နှပ်ကြောင်းလေးပေးပီးခေါ်ခဲ့တာပါ အပြင်မှာထားတာထက် အတွင်းထဲထည့်ထားတာက ပိုအန္တရာယ်မကင်းဘူးလား ဒါကို အောက်စဖို့ဆင်းကြီး ဒေါ်စုတစ်ယောက် ရိပ်မိတဲ့အချိန်ကျ့ စကားလုံးကွဲလွဲမှုလေးအကြောင်းပြု နောက်ဆုတ်ဖို့ကြိုးစားခဲ့ပေမဲ့ ကျုံးထဲရောက်နေပြီ
ဆိုတော့ကာ ချီးခြောက်ရေနှုးမနေကြနဲ့တော့ ရှေ့အတွက်ပဲ ရှေ့ရေးအတွက်ပဲစဉ်းစားကြစေလိုပါတယ် တဆင့်ခြင်းသွားကြတာပေါ့ဗျာ မကောင်းဘူးလား သူတို့ပေးချင်လို့ လိုလိုချင်ချင်ပေးထားတဲ့အရာလေး ခင်များတို့တန်ဖိုးမထားချင်နေ ကျုပ်တော့တန်ဖိုးထားသဗျာ လွတ်ထွက်သွားမှာစိုးသဗျာ
ကျုပ်တို့ပြည်သူတွေအနေနဲ့လဲ မကြားဖူးတာတွေကြားရ မပြောဘူးတာတွေပြောကြ မဆဲဘူးတာတွေဆဲကြနဲ့ အောက်ခြေလွတ်နေလိုက်ပုံများ အကျမတော်မှာလဲ တွေးကြောက်မိပါတယ်
နောက်ပြီးလူလည်လုပ်ခံရတယ်ဆိုတာကိုယ်ညံ့လို့ သူတို့ကတိုင်းပြည်နဲ့ချီပီးလူလည်လည်လုပ်ခဲ့တာ တစ်တိုင်းပြည်လုံးညံ့ခဲ့လို့ ရှင်းတယ်နော်
၂၀၁၀နောက်ပိုင်းမှ ထိုးကွင်းထနေတဲ့ပုဂ္ဂိုလ်တွေ ကျုပ်တော့သောက်ထင်ကိုမကြီးတာ ဖင်ကအနာကို ဆိုင်းဘုတ်တင်ပြီး ဆေးသိပ်လို့ မဝသေးဘူးဆိုရင်လဲ ခင်များတို့သဘောပဲဗျာ
နောက်တစ်ခုဖြည့်စွက်ပြောချင်သေးတာက ဒေါ်စုဆိုတာ စပိုင်ဝတ္ထုရှည်ကြီးတစ်ပုဒ်ဖတ်နေရသလိုပဲဗျ ဇာတ်သိမ်းမရောက်သေးဘူး ဆိုလိုချင်တာက နိုင်ငံတကာဆုများရှင် ဒေါ်စုသာအာဏာရခဲ့ရင် ဆည်ဝမှာဗျိုင်းစောင့်သလိုစောင့်နေမယ့် နိုင်ငံတော်တော်များများရှိနေမလားလို့ ကျွန်စုပ်တဲ့သရက်စေ့ထက်ပိုပြောင်နေပါဦးမယ် စဉ်းစားကြဖို့လိုတယ်နော်
*ငါ့မိန်းမ ညားကာစကတော့ အတော်လှတာပဲ ဒါပေမဲ့ မီးယပ်ကျိုးကိုထည့်မတွက်မိခဲ့ဘူး* ဆိုတာမျိုးလဲဖြစ်နေကြပါဦးမယ် အရပ်ကတို့ရေ
ငါ့စကားနွားရစာတစ်ပုဒ် ဤတွင်နိဂုံးချုပ် ။
ဗိုက်ပူသူတော် (၂၁-၇-၂၀၁၃)12:00am
— with Ye Moe and 64 others.
" ငါ့ရဲ့ချည်တိုင် "
$
0
0
 " ငါ့ရဲ့ချည်တိုင် " --------------------  ခပ်ရိုင်းရိုင်းစကားနဲ့ ငါဟာ နွားတစ်ကောင်လို့ ဆိုပါတော့ကွယ်..  ချည်တိုင်ကို စုံကန်ဖို့ နံရံမှာ ချိုသွေးခဲ့ဖူးတယ်...  ဒေါသခွာ အခါခါယက်လို့ မင်းကြိုးတွေ ငါဖြတ်ခဲ့ဖူးတယ်...  ချည်တိုင်ကပြေးထွက် မြင်ကွင်းကျယ် စားကျက်တချို့မှာလည်း ငါ ကျက်စားခဲ့ဖူးတယ်...  ခြေကုန်လို့ လက်ပမ်းမှ အချစ်ဆိုတဲ့ အရာကို ငါဖမ်းမိတယ်...  ငါ့ ချည်တိုင်ရယ်.... နင်မယိုင်ပါနှင့်ဦး  အချိန်တန်လို့ အိမ်ပြန်လာတဲ့ ငါ့ကို အကြင်နာလွန်းတင်တဲ့ သံယောဇဉ်ကြိုးတွေနဲ့ ထပ်တိုးလို့ ငါ့ကိုတစ်ခါ  နှောင်ဖွဲ့ပါဦးကွယ်....။    ( ရုပ်ဆိုး )
--------------------
ခပ်ရိုင်းရိုင်းစကားနဲ့
ငါဟာ နွားတစ်ကောင်လို့ ဆိုပါတော့ကွယ်..
ချည်တိုင်ကို စုံကန်ဖို့
နံရံမှာ ချိုသွေးခဲ့ဖူးတယ်...
ဒေါသခွာ အခါခါယက်လို့
မင်းကြိုးတွေ ငါဖြတ်ခဲ့ဖူးတယ်...
ချည်တိုင်ကပြေးထွက်
မြင်ကွင်းကျယ် စားကျက်တချို့မှာလည်း
ငါ ကျက်စားခဲ့ဖူးတယ်...
ခြေကုန်လို့ လက်ပမ်းမှ
အချစ်ဆိုတဲ့ အရာကို ငါဖမ်းမိတယ်...
ငါ့ ချည်တိုင်ရယ်....
နင်မယိုင်ပါနှင့်ဦး
အချိန်တန်လို့ အိမ်ပြန်လာတဲ့ ငါ့ကို
အကြင်နာလွန်းတင်တဲ့
သံယောဇဉ်ကြိုးတွေနဲ့
ထပ်တိုးလို့ ငါ့ကိုတစ်ခါ
နှောင်ဖွဲ့ပါဦးကွယ်....။
( ရုပ်ဆိုး )
2015 ဆီသို့ အရွေ့ ..........(၁)
$
0
0
July 21, 2013 at 5:09pm
တိမ်တောင်သဖွယ် မင်းရေးကျယ်တယ် ဆိုတဲ့ မြန်မာစကား ရှိပါတယ်။ တစ်ကယ်ကိုလည်း နိုင်ငံရေးဆိုတာ မာယာ  များပါ လိမ့်မယ် ။ အဲဒီထဲမှာမှ မြန်မာ့နိုင်ငံရေးကတော့ တိမ်မည်းတွေ ၊ တိမ်ညိုတွေ မကြာခဏ ထူထပ်လေ့ရှိတာရယ်၊ နောက်ကွယ်က လက်မည်းကြီး  ဆိုတာတွေ ရယ်ကြောင့် ၊  ပိုလို့ အမှန်းခက်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ  ဖြစ်နေတဲ့ပြသနာတစ်ခုက  စကားမတည် ကြတာပါ။ စကားတွေက အမျိုးမျိုး ပြောင်းလွယ်ပြင်လွယ် ဖြစ်လွန်း လှပါတယ်။ အခြေအနေ အချိန်အခါအရ၊ စကားကို  အမျိုးမျိုး ပြောင်းလဲယူရတာကိုက နိုင်ငံရေးအလုပ်ပါ၊ နိုင်ငံရေးဆိုတာ စကားပရိယယ်ကပါ  သံခင်းတမန်ခင်း လောက်နီးနီး ကျွမ်းကျင်လိမ္မာရတာပါ ဆိုသော်လည်းပဲ လက်ရှိ တိုင်းပြည် မှာပေါ်ပေါက် လာသမျှ အခက်အခဲတွေထဲမှာ  စကားတွေ ခပ်လွယ်လွယ် ပြောကြတာ၊ ဂတိတွေ ပြီးပြီးရော ပေးတတ်ကြတာ ကိုယ့်စကားကိုယ် တာဝန်မယူနိုင်ပဲ ပြောပြီးမေ့သွားတတ်ကြတာ၊ ပြောစကားတွေ ရှေ့ နောက်မညီတာ၊ ခပ်လွယ်လွယ် ဗြောင်ညာ တတ်ကြသေးတာ၊ ကိုယ့်စကားအဓိပ္ပါယ် ဘယ်ပေါက်လို့  ဘယ်ရောက်မှန်းမသိပဲ  အဆင်အခြင်မဲ့  စွတ်ရွတ်ပြောဆိုနေကြတာတွေက အဓိက ကျသလိုတောင်မှ ဖြစ်နေကြပါတယ်။
နိုင်ငံတော်ရဲ့ တရားဝင် တာဝန်အရှိဆုံးဖြစ်တဲ့ သမ္မတက အစ  ၊ အစိုရအဖွဲ့  ၀န်ကြီးများနဲ့ ၊ လွှတ်တော် ကိုယ်စားလည် တွေ နိုင်ငံရေးသမားတွေ အလည်ထားပြီး လွှတ်တော်ဥက္ကဌကြီးတို့ က အစ  စကားတွေအမျိုးမျိုး ကို ပြီးပြီးစလွယ် နှုတ်တွေ ကထွက်နေကြပြီး ၊ကိုယ့်စကား ကိုယ်  တာဝန်ယူမှု ကြတော့  မရှိသလောက်ပါ။ ပိုပြီးဆိုးတာက  ၊ ပြည်သူက မှားကြောင်း ထောက်ပြ ရင်လည်း  တစ်ခြားဒီမိုကရေစီ နိုင်ငံတွေမှာလို တာဝန်ရှိသူတွေက  ပြည်သူကို ပြန်လည်ဖြေရှင်းတာမျိုး ရှိဖို့ နေနေသာသာ ၊ အရေးတောင်မှ လုပ်တာမဟုတ်ပါဘူး။
၂၀၁၅ နဲ့  ပါတ်သက်လို့  အကဲခတ်ကြတဲ့အခါမှာတော့ အဲဒီစကားအမျိုးမျိုး ပြောင်းပြီး ပြောတဲ့အပေါ်မှာပဲ အတတ်နိုင်ဆုံး အကဲ ခတ်ကြည့်ကြရတာပါ။ ပထမဆုံး သမ္မတကြီးပြောခဲ့တာက သူ ၂၀၁၅ မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲ မ၀င်တော့ဘူး၊ ကျန်းမာရေးအရ နားချင်ပြီ ဆိုတာပါ။ အဲဒီစကားက သမ္မတအပေါ်ပြည်သူရဲ့ သနားချစ်ခင်မှုအချို့ ကို ချွေယူနိုင်ခဲ့ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ  ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လူထုသဘောဆန္ဒနဲ့  ထပ်တူ မကျမှုက စတင်ခဲ့ပါတယ်။ သွေးဆောင် ဖျားယောင်းမှု တစ်ချို့ ရဲ့ နောက်ကို အလိုက်သင့် စီးမျောလိုက်ပါမှု မရှိပဲနဲ့  ၊ လွှတ်တော်ကိုယ်စားလည် တစ်ဖြစ်လဲ အတိုက်အခံ ခေါင်းဆောင် ဟာ   လူထုရဲ့ အထင်လွဲမှု အချို့ ကိုပါ တောင့်ခံရင်း ၊သူယုံကြည်ရာဆီမှာ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့ပါတယ်။
အဲဒီအခြေအနေမှာ သမ္မတကြီးရဲ့ လူထုထောက်ခံမှု မြင့်တက်လာပြီဆိုတဲ့  အခင်းအကျင်းတစ်ချို့ ကို  ယုံကြည်ရင်း နိုင်ငံခြား ခရီးစဉ်တစ်ခုမှာ ပြည်သူက တောင်းဆိုလာခဲ့ရင်တော့ ဒုတိယအကြိမ် ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ သတင်းစကားကို ထုတ်ပြန်လာခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလည်အဖြစ်နဲ့  သမ္မတနဲ့  ဟန်ချက်ညီညီလက်တွဲခဲ့တဲ့ လူထုခေါင်းဆောင်ဟာ၊ အဲဒီအချိန်မှာပဲ အတိုက်အခံ ပါတီပီသစွာ  အပြောင်းအလဲတွေဟာ လက်တွေ့ မကျသေးတဲ့ အကြောင်းနဲ့ ၊  ဦးသိန်းစိန်ရဲ့ အပြောင်းအလဲ အကောင် အထည် ဖော်ဆောင်နေမှု တွေကို  သိသာထင်ရှားမှု မရှိသေးတဲ့အကြောင်း အမည်နာမတပ်လို့ ၊ တရားဝင် သတင်းစကား ပါး လာခဲ့ ပါတယ်။ လက်ရှိသမ္မတနဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားထဲက သဘောတူညီမှုအချို့ ရဲ့ စတင်ကွဲလွဲလာခဲ့ကြတဲ့ အရွေ  ဆိုရင် လည်း မမှားပါဘူး။
အဲဒီအချိန်မှာပဲ လွှတ်တော်ဥက္ကဌကြီးဦးရွှေမန်းနဲ့  ဒေါ်အောင်ဆန်းစုကြည်တို့  မရှေးမနှောင်းဆိုသလိုပဲ သတင်း ထုတ်ပြန် လာခဲ့ ကြတာက မြန်မာ့ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုဖြစ်စဉ်တွေနဲ့  ပါတ်သက်လို့  အစိုးရကသာ ကြီးကြပ်လုပ်ဆောင်နေပြီး ၊ လွှတ်တော်က ဘာတစ်ခုမှ  သိခွင့်မရ ခဲ့ပါဘူး။ လွှတ်တော်ကိုလည်း  အသိပေးကြပါဦး ဆိုတာပဲ ဖြစ်ပါတယ်။
အဲဒီအချိန်မှာပဲ လွှတ်တော်ထဲက ဆိတ်ဖမ်းပွဲက အဖြေထွက်နေပါပြီ။ ဘယ်နေ့ ဘယ်ရက်မျှော်ပါ ဆိုတာတွေ က သတင်း ထွက် လာခဲ့ပါတယ်။ ယခင်အာဏာရှိအစိုးရက တာဝန်ပေးလို့  လုပ်ရတာပါ ဆိုတဲ့၊ အတိုက်အခံ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချတိုက်ခိုက်ဖို့ ရည်ရွယ် ဖွဲ့ စည်းခဲ့ရပါတယ်ဆိုတဲ့ ၊ ပိတောက်မြေအသံလွှင့်ဌာန ဆိုတာမျိုးတွေလည်း ၊ ဆိတ်ညောင်ပင်ကြီး တူးရင်းနဲ့ မထင်မှတ်ပဲ ပေါ်ပေါက်လာခဲ့ကြတဲ့ ပုတ်သင်ဥကြီးတွေလို ထွက်ပေါ်လာခဲ့ကြရပါတယ်။
အဲဒီအချိန်မှာပဲ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ကာလုံအစည်းအဝေးခေါ်ပေးဖို့  တောင်းဆိုခဲ့ပါတယ်။ အစကတည်းက ဆိတ် ဘယ်သူဆိုတဲ့  အရေးဟာတစ်ကယ်တော့ တိုင်းပြည်အတွက် အကျိုးအမြတ် မရှိသလို၊ ပြည်သူကလည်း သမ္မတနဲ့  လွှတ်တော်ရဲ   ကြားက သူတို့ နှစ်ယောက်နဲ့ ပဲ  ပတ်သက်တဲ့ ၊ အာဏာရေချိန်လုမှုတစ်ခုပဲ ဆိုတာကိုသိလို့ ၊  အရှုံးအနိုင်ပြိုင်ပွဲတစ်ခုကို စောင့်ကြည့်ချင်တဲ့ဆန္ဒထက် မပိုခဲ့ပါဘူး။
အစကတည်းက ဒီလောက် အရေးတကြီးလုပ်စရာတွေ အများကြီးရှိနေတဲ့နိုင်ငံမှာ တစ်နေ့ တစ်နေ့  လွှတ်တော်ထဲ အိပ်ငိုက်နေကြရင်းက မယောင်ရာထပြီးဆီလူးတဲ့ ဆိတ်ဖမ်းပွဲဟာ ၊ သူတို့ ချင်းသာ သိတဲ့၊ နောက်ကွယ်က ပုတ်သင်ဥ အကြီးကြီးရှိလို့ဆိုတာကို ပြည်သူအားလုံးက  ရိပ်မိပြီးသားပါ။ အဲဒီအချိန်ကတည်းက လွှတ်တော်ဥက္ကဌလက်ထဲမှာ အနိုင်ဖဲဂျိုကာ တစ်ကောင်ကို ကိုင်မိနိုင်ခဲ့တာပါ။ အဲဒီဆိတ်တစ်ကောင်က မြန်မာ့နိုင်ငံရေးအရွေ့ ကို နောက်ထပ် ၉၀ံ လောက်ထပ်မံချိုးကွေ့  စေခဲ့တာပါ။
အပိုင်း (၂) ....သို့ 
                                                                        ပြည်ချစ်သူ
                                                                       21.7.2013
2015 ဆီသို့ အရွေ့ ..... (၂)
$
0
0
July 21, 2013 at 6:33pm
အဲဒီအချိန်မှာပဲ ပြည်သူ့ လွှတ်တော်ဥက္ကဌကြီးက နိုင်ငံခြားခရီးသွားပါတယ်။ နိုင်ငံတော်အတွက်သာ တာဝန်ထမ်းဆောင်ရမယ်ဆိုရင်သူလည်းပဲ သမ္မတဖြစ်လိုပါတယ်လို့  သမ္မတလောင်းစာရင်း တင်သွင်းလာခဲ့ပါတယ်။ ပြည်တွင်းကို ပြန်လာပါတယ်။ ကာလုံအစည်းအဝေးခေါ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေး အကောင်အထည်ဖော်နေတဲ့ ကော်မတီစာရင်း အပြောင်းအလဲတစ်ချို့ ဖြစ်ပါတယ်။ အများပြည်သူသိခွင့်မရတဲ့ MPC ရဲ့ အတွင်းအစည်းအဝေးတွေ ကျင်းပခဲ့ကြရပါတယ်။ MPC ဟာ အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူး ၊ ဒါကြောင့် ဘဏ္ဍာရေးကိစ္စအ၀၀ကို စာရင်းစစ်ချုပ်ဆီမှာ အစစ်ဆေးခံစရာ မလိုပါဘူးလို့ ၊ ၀န်ကြီးဦးအောင်မင်းက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ သမ္မတကြီး နိုင်ငံခြားခရီးထပ်ထွက်ပါတယ်။ ကျန်းမာရေးအရ ၂၀၁၅ သမ္မတ မလုပ်နိုင်တော့ပါဘူးလို့ ၊တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ လွှတ်တော်ထဲမှာ ပြည်သူ့ လွှတ်တော်ဥက္ကဌကြီးနဲ့ ၊ အတိုက်အခံခေါင်းဆောင် လွှတ်တော်ကိုယ်စားလည် ဒေါ်အောင်ဆန်းစုကြည်တို့  အတူယှဉ်တွဲထိုင်ကြရင်းက ၊ သတင်းထောက်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ ကြဆုံကြ ၊ မေးကြဖြေကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို သမ္မတအဖြစ်ရွေးကောက်ပွဲ ၀င်မယ့်ဦးရွှေမန်းကိုကြိုဆိုကြောင်းနဲ့  အဲဒီရွေးကောက်ပွဲတရားမျှတမှန်ကန်မှုရှိအောင် လုပ်ပေးမယ်လို့ ၊ ယုံကြည်ကြောင်းဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးရွှေမန်းတို့  ရယ်ရယ်မောမော ပြောလာခဲ့ကြပါတယ်။
အဲဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ...
"၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်လို့ရှိရင် NLD ကဘာလုပ်မလဲ ဆိုတဲ့ ကိစ္စပါ။ အမြဲတမ်း ပြောဖူးပါတယ်။ ကျွန်မက တံခါးပိတ်ထားတဲ့ နိုင်ငံတွေကို အယုံအကြည် မရှိဘူး။ တံခါးဖွင့်ထားတဲ့ နိုင်ငံတွေကိုပဲ အယုံအကြည် ရှိတယ်။ ဒါကြောင့်မို့လို့ အခုကနေ စပြီးတော့ ဟိုဟာဆို မလုပ်ဘူး၊ ဒီဟာဆို မလုပ်ဘူး ဆိုတဲ့ဟာမျိုး ကျွန်မတို့ မပြောပါဘူး။ ကျွန်မတို့က တံခါးတွေ အားလုံး ဖွင့်ထားပါတယ်။ ဘာပဲပြောပြော ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပိတ်ထားတဲ့ အလုပ်တွေ မလုပ်ဘူး။ နောက်ဆုံးတိုင် တံခါးတွေ အားလုံးဖွင့်ထားတယ်။ အကောင်းဆုံးလမ်း ကိုပဲ နိုင်ငံရဲ့အကျိုးကို ရှေးရှုပြီးတော့ လျှောက်လှမ်းသွားမယ် လို့ ပြောချင် ပါတယ်"    ဆိုတဲ့စကားသံက ထွက်ပေါ်လာပါတယ်။
အဲဒီစကားအရ ဖြစ်နိုင်တာကတော့ ၂၀၁၅ အတွက် ကစားဖော်ကို ဒေါ်စုပြောင်းလဲလက်တွဲခဲ့ပြီး၊ အဲဒီအတွက်လည်း သူတို့ ကြားက အာဏာခွဲဝေမှုကို ညှိုနှိုင်းသဘောတူမှုအချို့ ရယူထားပြီး ဖြစ်ပါလိမ့်မယ်။ အဲဒါကတော့ ကျွန်တော့်အမြင်အရ ဒေါ်စုဟာ ပြည်သူကို ညှာတာလိုက်တာလို့  မြင်ပါတယ်။  သူမညှာရင် ပြည်သူဘယ်လောက်နာလိမ့်မလဲ ဆိုတာကို  ဒေါ်စုလိုလူက မရိပ်မိ၊ မတွက်မိပဲမနေပါဘူး။ အဲဒီအတွက် ဒေါ်စု နောက်တစ်လှမ်းဆုတ်ရင်းအပေးအယူအလျှော့အတင်း တစ်ချို့  လုပ်ခဲ့ဟန်ရှိပါတယ်။
သမ္မတဦးသိန်းစိန်ပြောပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးကောက်ပွဲ ၀င်နိုင်ဖို့ ၊ ၂၀၀၈ ဥပဒေပြင်ပေးမယ်လို့ ပြောခဲ့တဲ့ပုံပြင်ကို ၊ အစကတည်းက ကျွန်တော် မယုံခဲ့ပါဘူး။ ဖြစ်နိုင်ခြေရာနှုန်းနည်းလွန်းလို့ ၊ ထည့်သွင်း  မတွက်သင့် တဲ့ ပေးထားချက်အဖြစ်ပဲ ၊ ရှုမြင်ခဲ့တာပါ။ အဲဒီမဖြစ်နိုင်တဲ့ မျှော်လင့်ချက်ကြီး ရင်မှာပိုက်ပြီး ၊ တိုင်းပြည်အနှံ့  မီးတဟုန်းဟုန်း တောက်နေတာ၊ ပြသနာပေါင်းစုံ ဖန်တီးရင်းက ပြည်နာသထက်နာနေတာကို ထိုင်ကြည့်နေရတာထက်၊ လုပ်သင့်လုပ်ထိုက် တယ်လို့ ထင်တဲ့ အချိုးကို ဒေါ်စုရဲရဲရင့်ရင့် ကွေ့ ခဲ့တယ်လို့  ယူဆပါတယ်။ လက်တွေ့ ဖြစ်နိုင်တဲ့ ၊ ဘေးထွက်အကင်းဆုံးလမ်းကို ဒေါ်အောင်ဆန်းစုကြည်သတ္တိရှိရှိ ရွေးချယ်ချဉ်းကပ်ခဲ့တယ် လို့  မြင်ပါတယ်။
၂၀၀၈ ကို အနာဂတ်အတွက် ပြင်မပေးချင်ဘူး ဆိုတာကို လက်ခံပေးခဲ့ပြီး၊ သမ္မတကို ထိန်းကျောင်းပေးနိုင်တဲ့ လွှတ်တော် ဥက္ကဌနေရာကိုတော့ ယူထားဖို့ ၊ ညှိနှိုင်းလို့  အဆင်ပြေခဲ့ကြဟန်ရှိပါတယ်။ အခုလောလောဆယ်မှာတော့ ကောင်းစွာယုံကြည်မှု တည်ဆောက်ထားကြတယ် ဆိုရင်မမှားပါဘူး။
ဒီနေရာမှာ ဒေါ်စုရဲ့ ကြိုတင်တွက်ဆနိုင်မှုအမျှော်အမြင်၊ နိုင်ငံရေးအသိအမြင်များစွာကို သံသယ ရှိစရာမလိုပါပဲနဲ့ ကျွန်တော်တို့  မဖြစ်မနေထည့်သွင်းတွက်ချက်ကြရမယ့် ပေးထားချက်တစ်ချို့  ရှိနေကြပါသေးတယ်။ ပြသနာက ဒီအခင်းအကျင်းကို ရန်သူ ပြိုင်ဘက်က အမှန်တကယ် လက်ခံကျေနပ်မှာလား ဆိုတဲ့ အာမခံချက်ပါ။ ဒီနေရာမှာရန်သူလို့  ကျွန်တော်အမြဲသုံးပါတယ်။ ပေါ့ပေါ့ဆဆ မတွက်အပ်၊ မယုံကြည်အပ်တဲ့အကြောင်းကို အလေးအနက်ပြုစေချင်လို့ ပါ။ အာဏာလက်မလွှတ်ဖို့ နဲ့ ၊ အာဏာရှင် ဟောင်းတွေရဲ့ စုပေါင်းအကျိုးစီးပွားကို ကာကွယ်ဖို့  အတွက်ဆိုရင်  သူတို့ ဘာကိုမဆိုလုပ်မယ့်အကြောင်း ကျွန်တော်တို့ ဟာ မကြာခဏ သတိပေး ခံခဲ့ကြရပြီးသားပါ။
စစ်အစိုးရလက်အောက်မှာ၊ ပြင်းထန်တဲ့ဖိနှိပ်မှုမျိုးစုံကို ကြုံတွေ့ လာခဲ့ရပြီး၊ လိုသလိုပြောင်းလည်း တတ်တဲ့ စကားများစွာ ၊အကျင့်ဆိုးများစွာနဲ့ နေခဲ့ရတာမို့ ၊ ဒီနေ့ အထိ အစိုးရဆိုတာရဲ့ ကတိတည်မှု၊ တာဝန်ယူမှု ဆိုတာတွေကို တစ်ခါမှ မကြုံဖူးပဲ နေလာခဲ့ကြရတာမို့ ကျွန်တော့်မှာ သံသယများတဲ့ အဆိုးမြင်စိတ်ရှိနေတယ်ဆိုရင်လည်း ကျွန်တော်ကတော့ လက်ခံပါ့မယ်။ ဒါပေမယ့် သူတို့  ကိုတော့   ဘယ်လိုနည်းနဲ့ မှ လွယ်လွယ်ယုံမပေးနိုင်တာပါ။
အဲဒါတွေအားလုံးက ကျွန်တော့်ရဲ့ သံသယအစွဲလွန်နေမှုတွေပဲ ဖြစ်နေပါကြပါစေဦးတော့၊ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြတာ အမှန်ပဲ ဆိုဦးတော့ ၂၀၁၅ ရောက်ဖို့ က ၊ အတော်ကလေး လိုသေးပါတယ်လို့  ပြောလို့ ရတဲ့အနေအထားပါ။ဘာမဆို ဖြစ်နိုင်တယ် ဆိုတာကို ၊ မမေ့မလျော့ တဲ့သတိနဲ့  အပြောင်းအလဲထူးခြားမှု အားလုံးကို ၊ ပြည်သူအားလုံးအယုံအကြည်မလွယ်ပဲ အတူပူးပေါင်း စောင့်ကြည့် သတိရှိကြဖို့  လိုပါလိမ့်မယ်။
အခုအချိန်ထိ ငြိမ်နေခဲ့တဲ့ တပ်ချုပ်ဟာ အမှန်တစ်ကယ်ပဲ  နိုင်ငံရေးကနေပြီးတော့ စစ်တပ်ကို နားစေခဲ့တာလား။ အပြောင်းအလဲမှာ ဒီထက်ပို လောဘမကြီးတော့ပဲနဲ့  ကာချုပ်ရာထူး ဆိုတာနဲ့ ပဲ အမှန်တစ်ကယ် ကျေနပ်နေနိုင်နေတာလား။ ဘာသာရေး အစွန်း ရောက်စေတဲ့၊ ပြသနာတက်စေခဲ့တဲ့ ၊ စစ်တပ်အကောင့်ပါလို့  ယူဆကြရတဲ့သူတွေ တင်နေကြရတာကိုကြည့်ရင် ၊ လွှတ်တော်ကို ၊ နိုင်ငံရေးသမားတွေကို ခြိမ်းခြောက်လာနိုင်တဲ့အထိ ၊ သာသနာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ ဘာသာရေးအစွန်းရောက် တွေ အားကောင်းလာတာဟာ Middle Age ကိုပြန်သွားနေတာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် စစ်အာဏာရှင် လမ်းကြောင်းကို ဦးတည်နေတာပါ။ အီဂျစ်ဖြစ်စဉ်ကို   ကျွန်တော်တို့   အတူမယူချင်ရင်၊ အတုတော့ယူကြရပါလိမ့်မယ်။
ကျွန်တော့်ကို သံသယများတဲ့၊ အဆိုးမြင်ပဲလို့  ကြိုက်သလို စွပ်စွဲပါ။  ကျွန်တော်ကတော့ ဘယ်နည်းနဲ့ မှ သူတို ကို ယုံကြည်မပေးနိုင်လို့ ပါ။        ။
                                                                         ပြည်ချစ်သူ
                                                                         21.7.2013
လပေါင်း သုံးရာ ကြာသောအခါ
$
0
0
ရှစ်ရက်ရှစ်လ ၈၈ရက်နေ့ဆိုရင် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ၂၅နှစ်ငွေရတုကိုရောက်တော့မည်။
၂၅နှစ်က ဘ၀ကို လှုပ်ကိုင်ခဲ့သည်။ အတိတ်တစ္ဆေ က ကနေ့တိုင်ခြောက်လှန့်နေခဲ့သည်။ မေ့ပျောက် မရ ပီပြင်ထင်ရှားစွာ အတွေးပုံရိပ်အတွင်း ၀င်ရောက်နေဆဲ…။
၈ ရက် ၈ လ ၈၈ ရက်နေ့ ညနေပိုင်း ကျွန်တော်ပညာသင်ကြားရာ အထက(၂) တာမွေသို့ စာတစ်စောင် ရောက်ရှိလာခဲ့သည်။ ၈ ရက် ၈ လ ၈၈ရ က်နေ့တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင် စနစ်ဆိုးကို တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထို့ကြောင့် ကျောင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည့် စာပင်ဖြစ်သည်။ အောက်ဆုံးတွင်တော့ မင်းကိုနိုင် ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။
ငယ်ရွယ်တက်ကြွနေသော ကျောင်းသားကျောင်းသူများကြား တီးတိုးတိုင်ပင်ကြရင်း ၈ ရက်နေ့ကို ကြိုလင့်နေ ကြသည်။ ၈ ရက်နေ့မနက်ပိုင်း ထင်ထားသလိုမဖြစ်လာခဲ့။ အချိန်တွေက တဖြည်းဖြည်း လင့်လာခဲ့သည်။ အခြေအနေကိုရိပ်မိသော ဆရာ၊ ဆရာမများကလည်း ကြိုတင်ထိန်းသိမ်းနိုင်ရန်အတွက် ပြင်ဆင်ထားခဲ့ကြ သည်။
ကျောင်းဝင်းတခါးမကြီးကို သော့ခတ်ထားသလို ကျောင်းသူကျောင်းသားများကိုလည်း အခန်းထဲတွင်သာ နေထိုင်ရန် မှာကြားနေကြသည်။ ညနေ ၃ နာရီခွဲခန့် မလွှကုန်းဘူတာဘက်မှ ဒို့အရေး ဒို့အရေး.. သပိတ် သပိတ်မှောက်မှောက် အရေးတော်ပုံအောင်ရမည် နေ၀င်းအစိုးရအလိုမရှိ အာဏာရှင်စနစ် ကျဆုံးပါစေ… စသည့်ကြွှေးကြော်သံများ စဉ်ဆက်မပြတ် ကြားနေရသည်။ ထိုအသံများက ကျောင်းနားသို့ချည်းကပ်လာ သောအခါ ကျောင်းသူကျောင်းသားများကို ထိန်းသိမ်းမရတော့ ရုန်းရင်ဆန်ခတ်ဖြစ်ကုန်သည်။ အခန်းတံခါး များကို တွန်းဖွင့်ပြီး အပြင်သို့ အတင်းရုန်းကာထွက်ကြသည်။ ကျောင်းအပြင်ဘက်ရှိ လူထုကလည်း ကျောင်းတံခါးမကြီးကို ရိုက်ဖွင့်သူဖွင့် ကျော်တက်သူကျော်တက်နှင့် နောက်ဆုံး ကျောင်းသားနဲ့ပြည်သူ တစ်ပေါင်းတည်းဖြစ်သွားတော့သည်။
ကျွန်တော်တို့ပူးပေါင်းစစ်ကြောင်းကြီးက သီတာလမ်းမှတစ်ဆင့် သိမ်ဖြူလမ်းမကြီးအတိုင်းချီတက်ကာ မြို့တော်ခန်းမရှေ့သို့ ရောက်ရှိကြသည်။ နောက်ရက်များတွင်လည်း ပုံမှန်စုစည်းခဲ့ကြပြီး ဆန္ဒပြမြဲဖြစ်သည်။ ကျောက်မြောင်းဈေး မျက်စောင်းထိုးရှိ ကောင်စီရုံးဝင်းထဲတွင်လည်း ထိုင်သပိတ် ဆင်နွှဲခဲ့ကြသည်။ အချို့က စာရွက်စာတမ်းနှင့် ဆုဖလားနှင့် ဒိုင်းများကို မီးရှို့ဖျက်ဆီးကြသည်။ မည်သူမျှ မတားနိုင်ခဲ့ကြ။ ညပိုင်းတွင်လည်း ကားများဖြင့် လာရောက်ဖျော်ဖြေသော အဖွဲ့များသည်လည်း တဖွဲဖွဲရောက်လာကြသည်။ ကျောင်းတွင်လည်း ဟောပြောပွဲများ ပြုလုပ်ခဲ့ကြသည်။ အဆိုတော် ဂျေမောင်မောင်က ‘ပြည်သူတွေက ဆန်ပေးပါလို့ပြောနေတာကို စစ်အာဏာရှင်တွေက ဆန်ရဲ့ရှေ့မှာ ကျည် တလုံးတိုးပြီး ကျည်ဆံတွေ ထည့်ပေးခဲ့တယ်။ အတော့်ကို ယုတ်မာ ကောက်ကျစ်တယ်’ ဟု အာပေါင်အာရင်းသန်သန်ဖြင့် ဟောပြောခဲ့သည်။ သူ့နောက်မှာတော့ အဆိုတော် အကော်ဒီယံ ဦးအုန်းကျော်၊ ဒါရိုက်တာ ခင်ဇော် နှင့် ကျန်အချို့ကိုတော့ ကောင်းစွာမမှတ်မိတော့။
အပြောအဟော ကောင်းကြလွန်းလို့ ကျောင်းသားကျောင်းသူများမှာ သေမည့်ဘေးကို ပြေးတွေ့ ချင်သည့် စိတ်က တားမရ ဆီးမရ။ ကြက်သီးမွှေးညှင်းများပင် ထခဲ့ရသည်။ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် ကျနော်တို့ စစ်ကြောင်း သိမ်ဖြူလမ်းမကြီးအတိုင်း ချီတက်ခဲ့ကြသည်။ စတော့ဂိတ်ကုန်းသို့ ရောက်တော့ တံတားတဖက် ခြမ်းတွင် ကြိုတင်မျှော်လင့်မထားသော စစ်အစိုးရတပ်က ကြိုတင်နေရာယူထားကြသည်။ ရှေ့တိုး၍ မရ။ ပစ်ခတ် နှိမ်နင်းမည် ဖြစ်ကြောင်း အကြိမ်ကြိမ် အော်ဟစ်တားမြစ်သည်။ ကျနော်တို့၏ စစ်ကြောင်းခေါင်းဆောင် မည်သူမည်ဝါ မှန်း မသိ။ ခဏ တဦး ခဏတဦး ပေါ်လာနေသည်။ မည်သူ့စကားကို နားထောင်ရမည်မသိ။ ငယ်ရွယ်သော ကျနော်တို့ အဖွဲ့က ရှေ့ဆက်ရေးကို အဓိကထားကြသည်။ အခြေအတင်ဖြစ်နေသည်က အတော်ကြာသွားသည်။ ညနေ ၃ နာရီခွဲခန့်တွင် ရှေ့ဆက်လှမ်းလိုက်သော ကျနော်တို့အဖွဲ့ကို စတင်ပစ်ခတ် တော့သည်။ ကမ္ဘာပျက်သည့်အလား အော်ဟစ်ငိုကြွေးသံ ဆဲဆိုတိုင်းထွာသံ သေနတ်သံ တဦးနှင့်တဦး တိုးကြိတ်တက်နင်းသံ စသဖြင့် အချို့က ခြေဦးတည့်ရာ ပြေးလွှားကြသည်။ တံတားအောက် ခုန်ဆင်းကြ၊ အတော့်ကို ရက်ရက်စက်စက် ဖြိုခွင်းခံရသည့် မြင်ကွင်းများက မျက်စိတဆုံး။
ခန္ဓာကိုယ် တခုလုံး ပွန်းပဲ့ဒဏ်ရာ ပလပွ အင်္ကျီဗလာနှင့် ကျနော် ဗိုလ်ချုပ်ဓာတ်ပုံ အကွဲတခုကို ကိုင်ရင်း တဖက်ကလည်း ဒဏ်ရာရကျောင်းသားကြီးကို သိုင်းဖက်လို့ နောက်ကြောင်းပြန် ပြေးလွှားခဲ့ရသည်။ အိမ်ရောက်တော့ ဗျောတင်ခြင်းကို ခံရပြန်သည်။ နောက်ပိုင်းအခြေအနေက ဆိုးဝါးလာသည်။ ကိုယ့်ရပ်ကွက် လုံခြုံရေးအတွက်သာ ဦးစားပေးလာကြသည်။ တောကြောင်တွေ ထကြွသောင်းကျန်းလာခဲ့သည်။ ဂိုဒေါက်ဖောက် လုယက် ခေါင်းဖြတ် ရှစ်လေးလုံး သွေးစက်တို့ကို အရုပ်ဆိုး အကျည်းတန် စေခဲ့သည်။
၁၈-၉-၈၈ အာဏာသိမ်းပြီး နောက်ပိုင်း အာဏာရှင် စနစ်ဆန့်ကျင်ရေးအတွက် နည်းမျိုးစုံဖြင့် ဆက်လက် တိုက်ပွဲဝင်ခဲ့ကြသည်။ စစ်အစိုးရကလည်း နည်းမျိုးစုံသုံးကာ နှိပ်ကွပ်ခဲ့သည်။ အဖမ်းအဆီးများက ဆက်တိုက်၊ အချို့ ထောင်နန်းစံလိုက်ရသည်။ တချို့က လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲလိုသောကြောင့် တော်လှန်ရေးနယ်မြေ အသီးသီးသို့ ယုံကြည်ချက်အလံကို အမြင့်မားဆုံး စိုက်ထူရင်း ခြေစုံပစ် ဝင်ရောက်ခဲ့ကြ သည်။ တော်လှန်ရေးကာလ ထိုးနှက်ချက်များကို ကြံ့ကြံ့ခံရင်း အလံမလှဲ တိုက်ပွဲဝင်သွားခဲ့သူများ ရှိသလို ပျော့ညံ့သူများက ပြည်တော်ပြန်သွားခဲ့ကြသည်။ တိုင်းရင်းသားနယ်မြေများတွင် ဗမာဆိုသည့် လူမျိုးကို ရွံကြောက်ဖြစ်နေကြသည်။ ယုံကြည်မှု မရှိ။ မျက်နှာသာ မပေး။ တကွက်မှားလျှင် အစားခံရနိုင်သည့် နိုင်ငံရေး ကျားကွက်များအောက် စတေးခံဘဝများ ရှိခဲ့ကြသည်။
ခေါင်းဆောင် ဆိုသူများက မသိကျိုးကျွံ ပြုနေခဲ့ကြသည်။ ကျောင်းဆရာဘဝနှင့် နှစ်အတော်ကြာ ပညာသင် ကြားပေးခဲ့ဖူးသော ကျနော် ဗမာစကားမပြောသော သူတို့နှင့် ယုံကြည်မှုရရန် နှစ်အတော်ကြာ တည်ဆောက် ယူခဲ့ရသည်။ ‘ဗ’ ဗလကြီးဆင်ပြောင်စီး ဆိုသည့် သူငယ်တန်း စာမှာ သူတို့နယ်မြေတွင် ပညာသင် ကြားတော့ ‘ဗ’ ဗမာမျိုး လှံနှင့်ထိုးဟု ဖြစ်သွားခဲ့ရပြန်သည်။ အပြစ်ဆိုရန်လည်း ခက်ခဲလွန်းလှသည်။ စနစ်ဆိုး ကြောင့် သူတို့ ဝေဒနာမှာ သူတို့ကိုယ်တိုင် ပို၍ သိရှိနားလည်နိုင်မည် ထင်သည်။ လူမျိုးတိုင်းတွင် အဆိုးအကောင်း ရှိမည်။ စနစ်ဆိုးကို မုန်းလျှင် စနစ်ကိုသာ တွန်းလှန်တိုက်ပွဲဝင်ရမည်။ ဘေးထွက်ဆိုးကျိုးများကို မသက်ဆိုင်သူ များ မခံစားမိစေရေးမှာ အလွန်အရေးကြီးသည်။ လူမျိုးကြီးဝါဒကို မနှစ်မြို့လျှင် မိမိကိုယ်တိုင်က မကျင့်သုံး မိစေဖို့ အလွန်အရေးကြီးသည်။ တော်လှန်ရေးကာလ လူမျိုးစု ခေါင်းဆောင်ကြီး တဦးနှင့် ကျနော် စကားပြော ဖြစ်ခဲ့ကြသည်။ ထိုစကားများကို ယနေ့တိုင် အမှတ်တရ ရှိနေဆဲ။
‘ဗမာတွေက တိုင်းရင်းသား လူနည်းစုတွေအပေါ် အတော့်ကို လူမျိုးကြီးဝါဒ ကျင့်သုံး ကြတယ်။ ဘယ်လိုနည်းနဲ့ မှ ကျနော် လက်မခံနိုင်ဘူး’ ဟု သူက ဆိုသည်။ ကျနော်ကလည်း
‘ဟုတ်ပါတယ် ဗိုလ်ချုပ်… ဗမာတွေက တိုင်းရင်းသား လူနည်းစုတွေအပေါ် လူမျိုးကြီးဝါဒ ကျင့်သုံးတာကို လက်မခံနိုင်ပါဘူး။ အားလုံးဟာ လူသားဆိုတဲ့ အမြင်နဲ့ပဲ ကြည့်စေချင်ပါတယ်။ တခုတော့ ရှိပါတယ် ဗိုလ်ချုပ်၊ ကိုယ်ကိုယ်တိုင်က လူမျိုးကြီးဝါဒကို ရွံမုန်း မနှစ်မြို့ဘူးဆိုရင် ကိုယ့်နယ်မြေဒေသထဲကို ရောက်လာတဲ့ ဗမာနဲ့ တခြားတိုင်းရင်းသားတွေ အပေါ်မှာလည်း လူမျိုးကြီးဝါဒ ပြန်မကျင့်သုံးဖို့ အရေးကြီးပါတယ်’ ဟု ပြောလိုက်တာ့ မျက်မှောင်ကုတ်ကာ ကျနော့်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက်ပိုင်း ကျနော့်ဘဝလည်း ဂျွမ်းထိုးမှောက်ခုံ ဘဝစုံကို အသစ်တဖန် ပြန်လည်ကူးခတ်ရပြန်သည်။
လပေါင်း (၃၀၀) သုံးရာ ရက်ပေါင်း (၉၁၂၅) ရက် ကြာသောအခါ.. အချို့က ယုံကြည်ချက်အတွက် အသက်တွေ စွန့်လွှတ်၊ အချို့က ခန္ဓာကိုယ် အစိပ်အပိုင်းတွေ စွန့်လွှတ်၊ အချို့က အတ္တ သမား တကိုယ်ကောင်သမား တွေဖြစ်၊ အချို့က ဇာတ်တူသားကို မြိန်ယှက်စွာ စားသုံးရင်း အနာဂတ်ခရီးကို ဆက်နေ ကြ။ အချို့ကတော့ နယ်မြေသစ်မှာ ဘဝသစ်တွေ လှုပ်ရှားရုန်းကန်နေကြဆဲ။ ကျနော်နှင့်မိတ်ဆွေတချို့ ကတော့ ရည်ရွယ်ချက် ပန်းတိုင်တွေပျောက် ဒုက္ခသည်စခန်းရောက်လို့ ရင်သွေးငယ်တို့ဘဝကလည်း အနာဂတ် မသေချာ၊ နိုင်ငံမဲ့ဘဝ ဝေဝါးနေဆဲ..။
မည်သို့ပင်ဆိုစေ ရှစ်လေးလုံး အရေးတော်ပုံကြီးကိုတော့ အစဉ်ထာဝရ ဦးညွှတ်လျက်။  
အုပ်ကြီးဖေ
၂၂-၀၇-၂၀၁၃
“အရပ်ထဲ ဇာတ်ပွဲရယ်တဲ့ ကြည့်ရအောင်”
$
0
0
July 22, 2013 at 2:57pm
          ဦးရာဇတ် နဲ့ ရဲဘော်မောင်ထွေးကို မြန်မာမဟုတ်ဘူး။ အလေးမပြုနိုင်ဘူး ပြောတဲ့သူတွေကို ဘယ်လိုနားလည်ရမှန်း မသိတော့ပါဘူး။ သူတို့တတွေကရော မြန်မာမှ ဟုတ်ပါ့မလား။ မြန်မာဆိုတာ ဘာကြီးပါလိမ့်။ ဦးနုတောင်မှ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်သွားလို့ မရခဲ့ဘူးလေ။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုဆိုတာ နိုင်ငံသားနဲ့  ရောထွေးပစ်လို့မှ မရပဲ။ မြန်မာလို့ ပြောလိုက်ရင် သူ့ဘာသူ ဘာဘာသာကိုးကွယ်ကိုးကွယ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံပါ အကျုံးဝင်တယ်။ မြန်မာနိုင်ငံသား မိဘနှစ်ပါးက မွေးဖွားလာခဲ့သူ အားလုံး မြန်မာနိုင်ငံသား ဖြစ်ခွင့်ရှိတယ်။ တိုင်းရင်းသားအားလုံး ဘယ်တိုင်းရင်းသားမဆို လူမျိုးအနေနဲ့သာ ကွဲပြားစွာ ရပ်တည်လို့ရတယ်။ နိုင်ငံသားကတော့ မြန်မာနိုင်ငံသားသာ ဖြစ်တယ်။
ဒီ့ထက်ရှင်းတာလည်း မရှိဘူး။ ဒီလောက်သပွတ်အူလိုက်ပြီး ရှင်းလို့ မဆုံးတဲ့ ကိစ္စလည်း မရှိဘူး။ ဘာလို့ဆိုတော့ အမှန်အမှား မသုံးသပ်၊ သူများစကား နားမထောင်ပဲ ကိုယ်လိုချင်တာတစ်ခုတည်းကိုပဲ မျက်စိပိတ် နားပိတ်ငြင်းနေကြတာကိုး။ နားရင်းလေး တစ်ချက်နှစ်ချက် ပိတ်အုပ်ပလိုက်မှပဲ ဂယောင်ဂတမ်း အော်နေတာတွေ ရပ်သွားပြီး လူလိုသူလို နားလည်အောင် ရှင်ြး့ပလို့ရမယ် ထင်ပါရဲ့။
         နိုင်ငံတစ်နိုင်ငံကို ကိုးကွယ်တဲ့ ဘာသာတစ်ခုတည်း အခြေခံပြီး ပိုင်းခြားခွဲထွက်ပစ်လို့ မရဘူးဆိုတဲ့စကားဟာ လွတ်လပ်ရေးရကာစ အိန္ဒိယမှာ နေရူးကြီး တဖွဖွပြောခဲ့တဲ့စကားပါ။ သူအတန်တန် တားဆီးစေ့စပ်နေတဲ့ကြားကမှ ဘင်္ဂလားဒေ့ရှ် နဲ့ ပါကစ္စတန်က ကွဲထွက်သွားပါတယ်။ အဓိကအကြောင်းပြချက်ကတော့ ဟိန္ဒူ နဲ့ မူဆလင် ဘာသာချင်း မတူလို့ အတူတူတွဲမနေနိုင်ပါဘူး ဆိုတဲ့အကြောင်းရင်း။ ပဲလှော်ကြားဆားညပ်သလို အချောင်နှစ်ခြမ်းကွဲသွားရတဲ့ ပြည်နယ်ကတော့ ဆစ်ခ်လူမျိုးတွေနေတဲ့ ပန်ဂျပ်ပြည်နယ်ပါ။ ဟိန္ဒူလည်းမဟုတ်၊ မူဆလင်လည်းမဟုတ်ပဲ ပါကစ္စတန်ထဲတစ်ခြမ်း၊ အိန္ဒိယထဲတစ်ခြမ်း ပဲ့ပါသွားတယ်။ သူတို့မှာလည်း သူတို့အယူသူတို့ဘာသာ သီးခြားရှိတဲ့အခါမှာ ဘာသာရေးပွဲတွေ ကျင်းပတိုင်း မခေါ်တဲ့ အိမ်နှစ်အိမ် တစ်ဘက်စီပါသွားတဲ့ ဖိနပ်တစ်ရံ ပြန်ပြန်စုသလို စုစုနေရတာကြောင့် နောက်ဆုံးမှာ သူတို့လည်း သီးခြားခွဲထွက်ခွင့်တောင်းလာပါတယ်။ အဲသလို ဘာသာရေးကြောင့် နိုင်ငံရေးတွေ ခက်နွယ်ရှုတ်ထွေးလာတဲ့အခါ တစ်နိုင်ငံလုံးကချစ်တဲ့ အမျိုးသားခေါင်းဆောင်တွေတောင်မှ လုပ်ကြံခံခဲ့ရတာ အိန္ဒိယသမိုင်းထဲက သွေးကွက်ကြီးတွေက သက်သေပါပဲ။ မဟတ္တမဂန္ဓီိကို လုပ်ကြံတဲ့သူဟာ မွတ်ဆလင် မဟုတ်ပါဘူး။ သူနဲ့ဘာသာတူ ဟိန္ဒူအမျိုးသားတစ်ယောက်ပါ။ အင်ဒီယာဂန္ဒီကို လုပ်ကြံတာ လုံခြုံရေးတွေ အထပ်ထပ်ချမထားလို့ မဟုတ်ပါဘူး။ သူ့လုံခြုံရေးအတွက် ခန့်ထားတဲ့ သက်တော်စောင့်တွေက လုပ်ကြံတာပါ။ ရာဂျစ်ဂန္ဒီကို ဗုံးခွဲတာ ငယ်ရွယ်တဲ့ တမီလ်မိန်းမပျိုကလေးတစ်ယောက်ပါ။ နိုင်ငံနဲ့အ၀ှမ်း လူအမြောက်အများ သေကြေပျက်စီးကြရတဲ့ အကြမ်းဖက်မှုတွေအလယ်မှာ စစ်တိုက်သလို သူ့ဘက်ကိုယ့်ဘက် ကျောဘက်မျက်နှာမရွေး၊ လုပ်ကြံမှုကြီးတွေ အတောမသတ် ထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဘာသာရေးကို အခြေပြုတဲ့ အမုန်းမီးတောက်တွေ တငြီးငြီးတောက်လောင်နေတာ တွေ့ရတဲ့အတွက် ရှေးကတော့ သူများနိုင်ငံတွေမှာ သည်လိုစလိုက်ရင် အဲသလိုပဲ ဖြစ်ဖြစ်ကုန်ပါတယ် လို့ သတိပေးချင်တာပါ။
        သည်ပြဿနာအားလုံးရဲ့အစဟာ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးသလိုပဲ အမျှော်အမြင်မဲ့တဲ့ တိုင်းပြည်ကိုရောင်းစားချင်တဲ့သူတွေ မသိချင်ယောင်ဆောင်နေခဲ့သော နယ်စပ်ဖြတ်ကျော်နေထိုင်ခြင်း ကြောင့် လို့ ဆိုချင်ပါတယ်။ အခုတော့ ခေါင်းလျှိုဝင်လာတဲ့ ကုလားအုပ်တွေက တဲရှင်ကို မောင်းထုတ်နေပြီ။ ကိုယ်တွေမှာသာ တစ်ခုတစ်ခု ဖြစ်လာတဲ့ ပြဿနာတွေကို နောက်က ကသောကမျော အတင်းလိုက်လိုက် ဖြေရှင်းနေတာ။ သူတို့ဘက်ကတော့ သည်အချိန်မှာ ဘယ်အကွက်နဲ့စပြီး ဘယ်အကွက်ဆက်နင်းရမယ်။ ဘယ်ဘူတာကိုဆိုက်ရင် ဘယ်ရထားကို ပြောင်းစီးရမယ်။ အစစအရာရာ ကြိုတင်စီမံ အကွက်ချထားပြီးသား ဖြစ်ပါတယ်။ ရှို့နေတာလည်း သူတို့ပဲ။ အနိုင်ကျင့်နေတာလည်း သူတို့ပဲ။ ခုတ်ထစ်သတ်ဖြတ်နေတာလည်း သူတို့ပဲ။ လစ်ရင်လစ်သလို ကုလားကျင့်ကုလားကြံ ဘာမှမချန်ပဲ အကုန်လုပ်ပြီးတာနဲ့ နိုင်ငံတကာအလယ်မှာ သူတို့ကဦးအောင် ဖင်ထောင်ပြီး ကယ်တော်မူပါ အော်ကြပါတယ်။ တကယ်ဆိုစဉ်းစားကြည့်ရင် သူတို့လူမျိုးဟာ တစ်မိတည်းပေါက်တဲ့ မောင်နှမသားချင်းချင်းတောင် စိတ်ချလက်ချ အတူထားမရတဲ့ ဗီဇပါလာတယ်ဆိုတာ ဘင်္ဂလားမောင်နှမဆိုတဲ့စကားကို နားလည်သူတိုင်း သိကြပြီးသား။ သမီးရီးစားတွေက ကိုယ့်နှမလေးပါ။ ကိုယ့်အကိုပါ။ လို့ ညာပြောရင် “ဘင်္ဂလားကလား။” လို့ မေးကြတယ် မဟုတ်ဘူးလား။ အင်မတန်ရင့်သီးရိုင်းပြတဲ့ စကားလုံးတွေကို ရေးရတဲ့အကြောင်းရင်းကတော့ စာဖတ်သူတွေထဲက ဘယ်သူတွေ ဆတ်ဆတ်ခါ နာကျည်းကုန်ကြသလဲဆိုတာကို သိစေချင်လို့ပါ။ ကိုယ်က အဲသလိုရေးလိုက်တဲ့အခါမှာ ကိုယ့်တိုင်းပြည်တွင်းမှာနေကြတဲ့ မူဆလင်ဘာသာဝင်တွေတော်တော်များများက သူတို့ကို စော်ကားသလို နင့်နင့်သည်းသည်း နာကျည်းကြပါတယ်။ အဓိက ထောက်ပြချင်တဲ့အချက်က အဲဒါပါပဲ။ အစ္စလာမ်ဘာသာ ကိုးကွယ်တာ တူရုံကလေးတစ်ခုတည်းနဲ့ မြန်မာနဲ့ ဘင်္ဂါလီကို အတူတူ ရောထွေးပစ်တော့မလို့လား။ ကိုယ့်ဘက်က အခါခါ နစ်နာတာပါ။ သူတို့တတွေ အတင်းဝင်လာပြီး ဆိုးခိုးလုယက် လူသတ်ဖျက်ဆီးသမျှလည်း ခံရတယ်။ သူတို့သွေးထိုးပေးလို့ မျိုးရိုးစဉ်ဆက် အတူယှဉ်တွဲနေလာတဲ့သူတွေနဲ့လည်း ပဋိပက္ခဖြစ်ရတယ်။ နိုင်ငံတကာမှာလည်း မြန်မာတွေဟာ လူမျိုးတုံးသတ်ဖြတ်နေပါတယ် လို့ မဟုတ်တမ်းတရား စွပ်စွဲခံရတယ်။
         အစပိုင်းမှာ ပြထားတဲ့ နမူနာပဲ ပြန်ကောက်ပြပါ့မယ်။ ဦးရာဇတ်ကို မြန်မာတစ်ယောက်လို့ မမြင်ပဲ မူဆလင်တစ်ယောက်လို့ မြင်တာ ဘာကြောင့်လဲ။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ သူ့လုပ်ဆောင်ချက်တွေကို မမြင်ဘူးလား။ သူ့အိမ်မှာ သူ့ဘာသူ ယုံကြည်တဲ့ ဘုရားကို ရှိခိုးပါလိမ့်မယ်။ တိုင်းပြည်အတွက်တော့ သူဟာ မြန်မာပညာရှင်တစ်ယောက်အဖြစ် တစ်ရွေးသားမှ မလျော့ပါဘူး။ မန်းလေးမှာ အင်မတန်မှ နံမယ်ကြီးတဲ့ မြန်မာမူဆလင်ကြီးတွေ ရှိခဲ့တယ်။ ကျားဘငြိမ်းဆိုတဲ့ လက်ဝှေ့ဆရာကြီးဟာ မြန်မာ့ဂုဏ်ကိုဆောင်ခဲ့တဲ့ အားကစားသမား စစ်စစ်ကြီးပဲ။ သူကမွေးတဲ့ သားထဲက ဦးဝင်းငြိမ်းဆိုတာ မြန်မာစာပေလောကထဲက အင်တာဗျူးဆရာတွေအကြောင်းပြောရင် သူ့ကိုချန်ထားလို့ မရဘူး။ သည်ကနေ့ မြန်မာစာပေလောကကို တဘက်တလမ်းက ကျားကန်ပေးတဲ့ ရွှေအမြုတေဆိုတဲ့ စာပေအသိုင်းအ၀န်းကြီးကို သူဦးဆောင်တယ်။ သူ့ကိုသွားမေးကြည့်ပါလား မြန်မာမြန်မာနဲ့ စစ်စစ် စစ်စစ် ကိုမြည်အောင် စစ်တယ်။ အပြင်က ၀င်လာတဲ့ ဘင်္ဂါလီလူမျိုးခြားတွေကိုတော့ မသိချင်ယောင်ဆောင်ပြီး ကိုယ့်မြန်မာပြည်သားအချင်းချင်းကျမှ နင်တို့ဘာသာဝင်တွေကဆိုပြီး ရမယ်ရှာတာ ဘယ်လိုဦးနှောက်မျိုးနဲ့ တွေးခေါ်ဆုံးမထားလို့ပါလိမ့်။ တစ်ခုပဲ ပြောစရာရှိတယ်။ အဲဒီပြည်တွင်းနေမူဆလင်ကြီးများက ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို ငါတို့ အစ္စလာမ်သာသနာတော်ကြီး စည်ပင်ပြန့်ပွားဖို့အတွက်ဆိုပြီး သူခိုးဓါးရိုးကမ်းလုပ်နေရင်တော့ တမျိုးပေါ့။ သူတို့ဘက်ကလည်း မြန်မာအနေနဲ့ရပ်တည်ဖို့လိုတာ ပြောစရာ မလိုတော့ဘူးနော်။ အဲလိုရပ်တည်နိုင်ဖို့အတွက် ကိုယ့်ဘက်ကလည်း သူတို့ကို မြန်မာအနေနဲ့ပဲ အသိအမှတ်ပြုထားရမယ် ဆိုတာ သည်ကနေ့ ပြောချင်တဲ့ ဆိုလိုရင်းအချက်ပါပဲ။ အမှောင့်ပယောဂတွေ ၀င်လာတဲ့အခါ ကိုယ့်လူသူ့လူ ကွဲကွဲပြားပြား သိထားဦးမှ ဖြစ်မယ်ဗျ။
          လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှ မြည်သတဲ့။ ကိုယ့်ဘက်မှာလည်း သည်ပြဿနာတွေ အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်လာအောင် မီးလောင်ရာလေပင့်ပေး ဖွပေးဆွပေးတဲ့သူတွေ မရှိပဲ ဘယ်နေပါ့မလဲ။ နိုင်ငံခြားသတင်းစာတွေကဆို အထောက်အထားနဲ့တကွ State Sponsored Riots လို့ ဆိုတယ်။ ဥက္ကံမှာ အိမ်တွေဖျက်တော့ တစ် နေရာယူ၊ နှစ် ကျည်ဆန်ထည့်၊ သုံး အသင့်ပြင်။ ဆိုတာမျိုး ခရာသံနဲ့ အဆုတ်အတက် ညီညီညာညာ ဘူဒိုဇာပါတက်မောင်းတဲ့ ဘုန်းဘုန်းတွေရှိပါတယ် လို့ မျက်မြင်တွေက အခိုင်အမာဆိုတယ်။ နောက်ကွယ်က ကြိုးကိုင်သူဆိုတာတွေကို ဘယ်သူကမှ လက်ပူးလက်ကြပ် ဖော်ထုတ်မပြနိုင်ဘူး။ ရခိုင်မှာ လက်နက်မျိုးစုံနဲ့ လက်ပူးလက်ကြပ်မိတဲ့သူတွေတောင် ဘာသံမှမထွက်ဘူး။ မီးခိုးကြွက်မလျှောက်နိုင်တဲ့အပြင် အပြစ်မရှိလို့ အခုချက်ခြင်း ပြန်လွှတ်ပေးပါ အတောင်းခံရတယ်။
              နားကြီးမျက်စိကြီး အလုံးစုံ ကြားသိနိုင်တဲ့သူတွေတောင် ရေငုံနေကြဆဲမို့ ကိုယ့်ဘက်ကလည်း ဘယ်သူဘယ်ဝါ ရမ်းသမ်းစွပ်စွဲစရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် ဘာအတွက် ဘာကြောင့် လုပ်နေသလဲဆိုတာတော့ တွေးတောသုံးသပ်မိတာပေါ့။ မြန်မာပြည်တွင်းမှာ လူမျိုးရေး အဓိကရိုဏ်းတွေ ဖြစ်လာရင် ဘယ်သူတွေအတွက် အကျိုးအမြတ်ရှိသလဲ။ မေစုတို့ ဘစိန်တို့ကတော့ မလုပ်တာသေချာပါတယ်။ ခုတောင် သူတို့ခမျာ ဆုတ်လည်းစူး စားလည်းရူး၊ စကားများများတောင် မပြောရဲဘူး။ ပါချင်တဲ့ဘက်ပါ နောက်တစ်ဘက်က မုန်းမှာ။ အလယ်မှာ တည့်တည့်ထိုင်နေ တို့ဘက်မပါရကောင်းလားဆို နှစ်ဘက်စလုံး မုန်းမှာ။ ဘာမှ မပြောလည်း ဘာမှမပြောလို့ဆို မုန်းမှာ။ တော်ပါတော့ ပြောလည်း မုန်းမှာ။ ဘာလုပ်လုပ် ဘာပြောပြော မုန်းတယ် မုန်းတယ် မုန်းတယ် အမြောက်တစ်သိန်းနဲ့ မလွတ်ဘူး။ ဒါကြီးရှိနေသရွေ့ သူတို့မှာ မီးခဲခေါင်းရွက်ထားသလို ဘုန်းရှိန် ဂုဏ်သိန် ကျက်သရေ ဂုဏ်သတင်း ဘယ်ဟာမှ တိုးတက်ဖို့ မရှိဘူး။ အခုပိုဆိုးလာတာက လူတွေချည့်ပဲ မဟုတ်တော့ဘူး။ ဘုန်းကြီးတွေလည်း နွယ်လာပြီ။ ရှင်းလို့ကို မရတော့ဘူး။ တကယ်လို့များ ဒီကိစ္စဟာ သူတို့ကို မုန်းတဲ့သူတစ်ယောက်ယောက် သူတို့နေရာ ၀င်ထိုင်ချင်တဲ့သူ တစ်ယောက်ယောက်က လုပ်ထားတာဆိုရင် အိမ်မှာ ကျွမ်းထိုးနေလောက်ပြီ။ ပျော်လွန်းလို့ ရူးသွားနိုင်တယ်။
             နောက်ထပ်စဉ်းစားစရာတစ်ခုက သည်အချိန်ဟာ ကပ္ပိလပြည်ဘက် ဘီးတ၀က်နင်းတဲ့အချိန်။ သူတို့သက်တမ်း တ၀က်ကျိုးပြီ။ နောက်သက်တမ်းအတွက် ခုကတည်းက ပြင်ဆင်ကြရမှာပေါ့။ နီးကာမှ လမ်းခင်းမီးလင်း ထမင်းကျွေးနင်းပေး လိုက်ဖားလို့ မရဘူး။ ဒီအချိန်မှာကတည်းက နံမယ်တစ်ခု တည်ဆောက်ထားရတော့မယ်။ တစ်ခါမှ နံမယ်တောင်မကြားဖူးတဲ့သူကို ဘယ်သူက မဲထည့်မှာလဲ။ အဲသလို ကိုယ့်နံမယ်ကလေး လူသိဖို့ဆိုတာ အခုလို ပွဲလန့်တုန်းကလေး ဖျာခင်းလို့ အကောင်းဆုံးပဲ။ ကျောက်ဂူထဲမှာ ၃ နှစ်တိတိ ၀ဇီပိတ်တရားကျင့်တဲ့ မိုင်းပုန်းဆရာတော်ဆိုတာ ခုမနက်မှာ တစ်ခါပဲ ဖေ့စ်ဘုတ်ပေါ်မှာ ဖတ်ဖူးသေးတယ်။ မန်းလေး မစိုးရိမ်တိုက်သစ်ကဆရာတော်လေးကတော့ သူ့နံမယ် မပါတဲ့ ဖေ့စ်ဘုတ်စာမျက်နှာဆိုတာ တစ်ရက်မှ မရှိဘူး။ ကမ္ဘာသိ၊ နိုင်ငံတကာသိ၊ သမိုင်းဝင်၊ အုတ်ကျင်းဝင်၊ ပေါ်ထင်ချက်ကတော့ မပြောပါနဲ့။  ဥပမာပြောပြတာပါ။ ဆိုလိုတာက ဒီအချိန် ဒီအရေးဟာ နိုင်ငံရေးစင်မြင့်ပေါ်မှာ ကိုယ့်နံမယ် ထင်ရှားလာအောင်ကြော်ငြာဖို့ အကောင်းဆုံး Billboard ကြီးပဲ။ သန်းခြောက်ဆယ်မှာ ၅၉.၉သန်းလောက် ပိန်းတဲ့ မြန်မာပြည်ကြီးမှာ လူပြိန်းကြိုက် နိုင်ငံရေးလှုပ်ရှားမှုများနဲ့သာလျှင် ရာဇပလ္လင်ပေါ်တက်နိုင်လိမ့်မယ်။ လက်တစ်ဆုပ်စာ ပညာရှင်တွေကို ဂရုစိုက်စရာ မလို။ သူတို့မှာ အသံမရှိ။ အာဏာရတော့ ဒင်းတို့ကို လည်စိကကိုင်ထားလို့ရတယ်။
           လူစွမ်းကောင်း ဟီးရိုးမှန်ရင် ကယ်တင်ခြင်းအမှုကို လူသိရှင်ကြား ပြုပြရတယ်။ ဘယ်သူ့ကိုမှ ကယ်တင်စရာမရှိရင် ဇာတ်လမ်းမစနိုင်ဘူး။ တသက်လုံးက လူကြမ်းနေရာမှာ ဗီလိန်လုပ်လာတဲ့သူတွေကလည်း ဇာတ်သိမ်းကာနီးရင် သူတို့အတွက် ဖြေပေးဖို့ တစ်ကွက်နှစ်ကွက်လောက်တော့ လိုတာပဲ။ ဒါကြောင့် ကိုယ့်တပည့်တွေထဲက မင်းတို့ကောင်မလေးကို သွားဆွဲကြ။ ခဏနေရင် ငါလာကယ်မယ်။ လက်သီးတစ်ချက်နှစ်ချက်ထိုးလိုက်ရင် မှောက်ပြပြီး ထွက်ပြေးကြ။ ကျန်တာ မင်းသမီးနဲ့ ငါနဲ့ ဆက်ကမယ်ဆိုတဲ့ နှစ်ကျပ်ကွက်တွေကလည်း တောကဗီဒီယိုရုံတွေမှာ ခုချိန်ထိ ပြကောင်းနေတုန်းပါပဲ။ ကိုယ်ဝင်မယ့် နယ်မှာ ဘယ်ဘက်ကမဲရနိုင်သလဲ အရိပ်အခြေကြည့်ပြီး မီးစင်ကြည့်ကပေးမယ့်သူတွေက ပေါမှပေါ။ လူကြမ်းတွေလဲရင်ကြိုက်လား။ အကြမ်းအရမ်းဆုံးတော့ လွမ်းခန်းပြန်ဖြစ်လိမ့်မယ်။
           တလိမ်နှစ်လိမ် ပွေလိမ်ရှုပ် အမယ်ဘုတ်ကယ့် သူ့ချည်ခင်တဲ့။ အစီအစဉ်တကျ နေရာဝင်လုလာတဲ့ ကျူးကျော်သူတွေရှိတယ်။ အချိန်ကိုက် ညာသံပေးတောခြောက်မယ့် ပြည်တွင်းပြည်ပ အသားထဲကလောက်တွေ ရှိတယ်။ ပွဲလန့်တုန်းဖျာခင်း၊ ပြိုင်ဘက်ကို ခြေထိုးပြီး၊ ယိုးဒယားကွက်နင်းမယ့် မျက်နှာဖုံးရှင် သမင်လိုက်ခွင်ရိုက်လိုသူ ရာမမင်းသားတွေလည်း ရှိတယ်။ ဆိုးဝိုင်းကနတ်သံပစ်လိုက်ရင် ကိုကြီးကျော်မှန်း အမေဂျမ်းမှန်းမသိပဲ မျက်စိစုံမှိတ် ထိပ်ပေါ်လက်တင်ပြီး ခုန်ပေါက်စုံမြောက်လို့ ပူနောင်ချပ်ချိန်း ဒိန်းဒလိန်းကမယ့် လူပြိန်းကြီးများလည်း ရှိတယ်။ ဟဲ့ ဟဲ့ ဘာတွေဖြစ်နေလဲ။ သူတို့မှာ ပေါင်မုန့်မရှိဘူးလား။ နင်တို့အိမ်က ကိတ်မုန့်တွေ ထုတ်ပေးလိုက်လေ လို့ ဘုမသိဘမသိ တရေးနိုးထအကြံပေးမယ့် ယောင်ချာချာ အန်တွိုင်းနက်ကြီးလည်း ရှိတယ်။ ရုံတော်မင်္ဂလာမှာ ပုံဖော်ဆင်ကာသာ ရှုစားတော်မူကြပါတော့။
Copy & Paste
$
0
0
 Copy & Paste ------------------  ကွန်ပြူတာ အသုံးပြုသူအားလုံး မသုံးမဖြစ် သုံးဖူးကြတဲ့ ကွန်ပျူတာ shortcut key လေး ကို အားလုံးသိပြီးဖြစ်မှာပါ ။ Copy and Paste ပါ ။  ကွန်ပျူတာယူဆာတွေ ၊ မိုဘိုင်းဖုန်းယူဆာတွေ ၊ အင်တာနက်ယူဆာတွေ ၊ ကျောင်းသူကျောင်းသားတွေ အတွတ် အသုံးအများဆုံး shortcut key လေးတွေပါ ။  Cut , Copy , Paste ဆိုတဲ့ Command လေးတွေကို data တွေ ၊ files တွ ၊ text ဆိုတဲ့ စာသားတွေ တစ်နေရာကနေ တနေရာ ကို ပြောင်း ရွှေ့ လိုတဲ့ခါ မှာအသုံးပြုပါတယ် ။  Copy and Paste ဆိုတဲ့ စကား ရပ် ကတော့ ဇာတ်ညွှန်း ရေးသားတည်းဖြတ်ခြင်း ပြုလုပ်ကြသူတွေ ဆီကနေတဆင့် ဆင်းသက်လာခဲ့တယ်လို့ဆိုပါတယ် ။   ဟိုးအရင်ကတော့ ကော်ပီ တကယ်ဆိုတာ Hard Copy ဆိုပြီး စာတွေအားလုံး ၊ files တွေအားလုံးကို နေရာလွတ်တနေရာထဲထည့် ၊ ပြီးကာမှာ တခြားတနေရာမှာ သွားပြန်ထား စသဖြင့် အဆင့် ဆင့် ဖြတ်ကျော်ပြီးမှ သာ လုပ်လို့ရပါတယ် ။ ယနေ့ သုံးနေတဲ့ Copy and Paste လို လိုချင်တဲ့ နေရာလေးကို select လုပ်ပြီး ကူးယူ ၊ ကိုယ်ထားချင်တဲ့ နေရာလေးမှာ ကာဆာ လေးချပြီး Paste လို့ မရသေးပါဘူး ။   ယနေ့ ကျွန်တော် တို့ အသုံးပြုနေတဲ့ Copy and Paste ကိုတော့ Lawrence G. Tesler (Larry Tesler) ဆိုတဲ့ ကွန်ပျူတာသိပ္ပံပညာရှင် က ၁၉၇၃ ကနေ ၁၉၇၆ အကြားမှာ တီထွင်ခဲ့တယ်လို့ ဆိုပါတယ် ။ တခြား shortcut key တွေ ဖြစ်တဲ့  cut ကို တော့ ၁၉၈၃ ခုနှစ်မှာတီထွင်နိုင်ခဲ့ပါသတဲ့ ။ Ctrl + Z ဆိုရင် Undo Ctrl + X ဆိုရင် Cut  Ctrl + C ဆိုရင်တော့ Copy  Ctrl + V ဆိုရင်တော့ Paste ... ဆိုတဲ့ ရှော့ကတ်ကီး တွေကို 1984 ခု နှစ် Larry Tesler ..Apple Computer ကို ပြောင်းရွှေ့ လုပ်ကိုင်စဉ်မှာ တီထွင်ခဲ့တယ်လို့ ဆိုပါတယ် ။  ကဲ .... ကျေးဇူးရှင်ကြီး ဂုရုကြီး .. Larry Tesler ကို ဦးညွှတ်လိုက်ကြပါဦး .... :P  (ရုပ်ဆိုး)
------------------
ကွန်ပြူတာ အသုံးပြုသူအားလုံး မသုံးမဖြစ် သုံးဖူးကြတဲ့ ကွန်ပျူတာ shortcut key လေး ကို အားလုံးသိပြီးဖြစ်မှာပါ ။ Copy and Paste ပါ ။
ကွန်ပျူတာယူဆာတွေ ၊ မိုဘိုင်းဖုန်းယူဆာတွေ ၊ အင်တာနက်ယူဆာတွေ ၊ ကျောင်းသူကျောင်းသားတွေ အတွတ် အသုံးအများဆုံး shortcut key လေးတွေပါ ။
Cut , Copy , Paste ဆိုတဲ့ Command လေးတွေကို data တွေ ၊ files တွ ၊ text ဆိုတဲ့ စာသားတွေ တစ်နေရာကနေ တနေရာ ကို ပြောင်း ရွှေ့ လိုတဲ့ခါ မှာအသုံးပြုပါတယ် ။
Copy and Paste ဆိုတဲ့ စကား ရပ် ကတော့ ဇာတ်ညွှန်း ရေးသားတည်းဖြတ်ခြင်း ပြုလုပ်ကြသူတွေ ဆီကနေတဆင့် ဆင်းသက်လာခဲ့တယ်လို့ဆိုပါတယ် ။ 
ဟိုးအရင်ကတော့ ကော်ပီ တကယ်ဆိုတာ Hard Copy ဆိုပြီး စာတွေအားလုံး ၊ files တွေအားလုံးကို နေရာလွတ်တနေရာထဲထည့် ၊ ပြီးကာမှာ တခြားတနေရာမှာ သွားပြန်ထား စသဖြင့် အဆင့် ဆင့် ဖြတ်ကျော်ပြီးမှ သာ လုပ်လို့ရပါတယ် ။ ယနေ့ သုံးနေတဲ့ Copy and Paste လို လိုချင်တဲ့ နေရာလေးကို select လုပ်ပြီး ကူးယူ ၊ ကိုယ်ထားချင်တဲ့ နေရာလေးမှာ ကာဆာ လေးချပြီး Paste လို့ မရသေးပါဘူး ။ 
ယနေ့ ကျွန်တော် တို့ အသုံးပြုနေတဲ့ Copy and Paste ကိုတော့ Lawrence G. Tesler (Larry Tesler) ဆိုတဲ့ ကွန်ပျူတာသိပ္ပံပညာရှင် က ၁၉၇၃ ကနေ ၁၉၇၆ အကြားမှာ တီထွင်ခဲ့တယ်လို့ ဆိုပါတယ် ။ တခြား shortcut key တွေ ဖြစ်တဲ့ cut ကို တော့ ၁၉၈၃ ခုနှစ်မှာတီထွင်နိုင်ခဲ့ပါသတဲ့ ။
Ctrl + Z ဆိုရင် Undo
Ctrl + X ဆိုရင် Cut 
Ctrl + C ဆိုရင်တော့ Copy 
Ctrl + V ဆိုရင်တော့ Paste ... ဆိုတဲ့ ရှော့ကတ်ကီး တွေကို 1984 ခု နှစ် Larry Tesler ..Apple Computer ကို ပြောင်းရွှေ့ လုပ်ကိုင်စဉ်မှာ တီထွင်ခဲ့တယ်လို့ ဆိုပါတယ် ။
ကဲ .... ကျေးဇူးရှင်ကြီး ဂုရုကြီး .. Larry Tesler ကို ဦးညွှတ်လိုက်ကြပါဦး .... :P
(ရုပ်ဆိုး)
အမှန်တရားတို့ ရဲ့  အခြားစာမျက်နှာများ..................
$
0
0
July 22, 2013 at 4:19pm
တစ်ခါတစ်လေ အမှန်တရားအကြောင်းပြောရတာ နားခါးမှာပါ။ လောကမှာ အမှန်တရားတွေဟာ ခါးသီးတာပါပဲ။ ဆေးခါးကြိး ဆိုပေမယ့်လည်း  ရောဂါပျောက်မယ်၊ အသုံးဝင်မယ်ဆို  ကြိတ်မှိတ်မြိုချကြရမှာပါ။ 
မနေ့ က မန္တလေးမှာ ဦးဝီရသူ  တရားပွဲ ဗုံးပေါက်ပါတယ်တဲ့။ မအံ့သြစရာကောင်းတဲ့ အံ့သြစရာတစ်ခုပါ။လောကမှာ တစ်ခါတစ်လေ  ရှင်းလွန်းအားကြီးနေလွန်းလို့  မရှင်းတော့သလို  ဖြစ်နေတဲ့ ဖြစ်ရပ်တွေရှိနေတတ်ကြပါတယ်။  ဒီဖြစ်ရပ်ကလည်း ဒီလိုဖြစ်လိမ့်မယ်၊ ဒီလိုတော့ ဖြစ်လာမှာပဲ ရယ်လို့  ကြိုတင်တွက်ဆလို့ ရတဲ့အရာတစ်ခုပါ။
ဝန်ခံသည်ဖြစ်စေ၊ ၀န်မခံသည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်ဖြစ် ဦးဝီရသူဟာ ကောင်းသတင်းနဲ့ ကျော်ကြားတဲ့ ဆရာတော် မဟုတ်ပါဘူး။  ဆိုးသတင်းနဲ့  သာ ကျော်ကြားထင်ရှား လာနေတဲ့သူပါ။
ဒီကရှေ့ မတိုင်ခင်ကလေးမှာကို  သူ့ ရဲ့ Page မှာ မဟုတ်မမှန်ပြသနာ ဖြစ်စေမယ့်၊ အမုန်းတရားကြီးထွားစေမယ့်သတင်းမှား ၂ ခု၃ ခုနဲ့  ဖွခဲ့ပါသေးတယ်။  ပြသနာက လူတွေက သူထင်သလောက် မအကြတော့ပါဘူး။သူ့ သတင်းမှန်မမှန် ဆိုတာနဲ့ ၊ အဲဒီသတင်းဇစ်မြစ်တွေကို ချက်ခြင်းဆိုသလို ရှာဖွေဖော်ထုတ် ၊ အမှန်တရားမဟုတ်ကြောင်းအမှန်အစစ်က ဘာဆိုတာ ဖော်ထုတ်လာနေခဲ့ကြတာပါ။
ဒုက္ခဆိုတာကို အသက်တွေ၊ ဘ၀တွေပေးပြီးခံထားကြရတဲ့ ကျွန်တော်တို့  ပြည်သူတွေတောင် စစ်အာဏာရှင်ကို ကြောက်လွန်းလို့ ၊ အခုထိ ရွံကြောက်ကြီးကြောက်ပြီး ၊ ယူနီဖောင်းစိမ်းစိမ်းတွေ မြင်ရုံနဲ့ တောင် ၊ ရင်ထဲက ဆို့ တက်လာတဲ့ အကြောက်တရားက သေရာပါမယ့် အနာဖြစ်နေတာကြီးကို ၊ နည်းနည်းလေး ပဲ သူတို့ ကို ကိုယ်ချင်းစာပေးရင် တွေးကြည့်၊ မြင်ကြည့်ပေးလို့ ရပါတယ်။
ဦးသိန်းစိန်ရဲ့ နိုင်ငံခြားခရီးက ပြန်ရောက်လာကာစမှာ သူဘယ်လိုမှ အရှက်ကွဲ ပြသနာဖြစ်တာ မခံလိုပါဘူး။ဦးေ၇ွှမန်း ရိုးသား အေးချမ်း ပြီး ငြိမ်းချမ်းတဲ့ သူ့ ရဲ့ မျက်နှာစာကို  ဇွတ်ပုံပန်းဆင်နေတဲ့ အခါသမယ၊ အရာရာသူ့ အတွက်ပန်းခင်းတဲ့လမ်း
ဖြစ်နေတယ်လို့  ယူဆနေတဲ့အချိန် သူဒီပုံရိပ်ကို ဒီလောက်နဲ့ မလဲပါဘူး။ ဒါဆို တပ်ချုပ်ရော သူကပိုပြီးအနေသာကြီး။ လောလောဆယ် ဘေးမှာ ခပ်ခွာခွာနေနေသေးတဲ့သူ။ တိုင်းပြည်ချောက်ထဲမကျမခြင်း၊ ၀င်ပါစရာမလိုဘူးလို့  အခုနေတော့ သူ့ အနေအထားသူ ခိုင်မာသထက်ခိုင်မာအောင် လုပ်နေရရင်း၊ ဖြစ်နိုင်မယ်ဆိုရင် အရင်သြဇာဟောင်းအောက်က လွတ်ဖို့  ကြိုးစားပြီး အမှန်တစ်ကယ် တပ်ချုပ်ပါဝါ ပြည့်ဝဖို့ အတွက်သာ လောလောဆယ်မှာ အာရုံရှိနေတဲ့သူ။
ဒါဆိုရင် ဘယ်သူလဲ။ ဘယ်သူတရားခံလည်း။ ရှင်းရှင်းကြီးပါ၊ တရားခံက ကိုယ်တိုင်ပါ။ ကိုယ့်ကိုယ်ကိုယ် ပါးပါးလေး စတေး ပြလိုက်တာပါ။ မသိမသာ ပါးပါးလေး ရှပ်ထိပြလိုက်တာပါ။  သူ တစ်ခုပဲ မှားသွားတာက ကျွန်တော်တို့ တစ်ပြည်လုံးဟာ လူညံ့တွေ မဟုတ်ဘူးဗျ။ မြင်တတ်တယ်။  တွက်တတ်တယ်။ ကြည့်တတ်တယ်။
ဦးဝီရသူရဲ့ Page က ချက်ချင်း အချိန်နဲ့ အမျှ သတင်းတွေ ၊ ရုပ်ပုံတွေ ဝေေ၀ဆာဆာ တက်တယ်။ မအံ့သြစရာကောင်းတဲ့ အံသြစရာတစ်ခုပဲ။  ခပ်ညံ့ညံ့လူရဲ့ သွေးဆောင်ဖျားယောင်းမှုနောက်ကို  ခပ်တုံးတုံး သူတွေပဲ လိုက်ကြမှာပေမယ့်  ကျွန်တော်တို့  ပြည်သူတွေက ထင်သလောက် မတုံးကြပါဘူးဗျ။
ဒါပေမယ့် ဒီနေရာမှာ   သမ္မတကြီးနဲ့ အစိုးရကိုရော ၊ လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်းကိုရော ကျွန်တော်လေးလေးနက်နက် တောင်းဆိုချင်တာ၊ တင်ပြချင်တာ ရှိပါတယ်။  သမ္မတကြီးလည်း  ဒီကျန်တဲ့ သက်တမ်းလေး ဂုဏ်သိက္ခာရှိရှိလေး သမ္မတ ဆက်လုပ်သွားရအောင်၊ လွှတ်တော်ဥက္ကဌကြီးလည်း  အနာဂတ်သမ္မတကြီး လုပ်ဖို့  ဖြောင့်ဖြူးနေပြီးသား လမ်းလေး ဆက်ပြီးချောမွေ့ သွားအောင်၊ နိုင်ငံခြားတွေမှာ သမ္မတကြီးတို့ ၊ ဥက္ကဌကြီးတို့ ရဲ့ ဘာသာရေး အကြမ်းဖက်မှုတွေကို   လုံးဝ သည်းခံ သွားမှာ မဟုတ်တော့ဘူး။ ပြတ်ပြတ်သားသား အရေးယူတော့မယ် ဆိုတဲ့ စကားတွေနဲ့  လည်းညီအောင်၊ ကိုယ့်ပြောခဲ့တဲ့ စကားတည်အောင်  တစ်ခုတော့ လုပ်ပေးစေချင်ပါတယ်။
တရားခံရှာပေးဖို့  မဟုတ်ပါဘူး။  မြန်မာပြည်မှာ  တရားခံရှာရတာ  အခက်ဆုံးအလုပ်ဆိုတာ  ကျွန်တော်တို့ သိကြပါတယ်။တစ်ချို့ တရားခံတွေက ဘယ်လိုရှာရှာ ဒီနိုင်ငံမှာ တွေ့ လေ့မှမရှိတာ။  အခုတောင်းဆိုချင်တာက သမ္မတကြီးတို့ ၊ လွှတ်တော်ဥက္ကဌကြီးတို့ အတွက် လုပ်ဆောင်ပေးဖို့   လွယ်မှာပါ။  အရင်အစိုးရ အဆက်ဆက်လက်ထက် ကတည်းကရော၊ အခုအထိပါလိုအပ်ရင် လိုအပ်သလို  သုံးစွဲလေ့ရှိတဲ့ တားမြစ်ချက်တစ်ခုရှိပါတယ်။  နိုင်ငံတော်အတွက်အန္တရာယ် ရှိလာရင်၊ တိုင်းပြည် မှာ
မငြိမ်မသက် ဖြစ်အောင်၊ ဆူပူမှု ဖြစ်အောင်၊ လုပ်ဆောင်မယ့်၊ လှုံ့ ဆော်တရားဟောတော့မယ်ဆိုရင် အဲဒီဆရာတော်တွေကို တရားဟောခွင့် ပိတ်ပင်လေ့ရှိခဲ့ပါတယ်။
ဟိုတုန်းကလည်း  ဒေါ်စုကို သူလျှောက်သွားပြီးစကားတွေဘာတွေ၊ မိန့် ခွန်းတွေဘာတွေ လျှောက်လျှောက် ပြောရင် တိုင်းပြည် ဆူမှာ ပူမှာ စိုးလို့ ၊ နေအိမ်ထဲမှာတောင် ဘယ်သူနဲ့ မျ မတွေ့ ရအောင်၊ ဘာစကားမှ မပြောရအောင်လည်းထားခဲ့ဖူးတာပဲလေ။ အခုလည်း အဲဒီဦးဝီရသူဟာ  တိုင်းပြည်အတွက် တော်တော်လေး  အန္တရာယ် ရှိမယ့် အနေအထားရောက်နေတာပါ။  ဒါကိုတော့ လျစ်လျူရှုထားဖို့   ဘယ်နည်းနဲ့ မှ မသင့်ဘူး မဟုတ်ပါလား။
အဲဒါကြောင့် သမ္မတကြီးတို့ ၊ ဥက္ကဌကြီးတို့  အရင်တုန်းက လုပ်ခဲ့ကြဖူးသလို အတင်းသင်ဃန်းဆွဲချွတ်တာတွေ၊ ဘာတွေတော့ မလုပ်ချင်နေပါ။ နေအိမ်ထဲပိတ်ထားသလို၊ ကျောင်းတွေ ဘာတွေထဲ ပိတလှောင်မထားချင်လည်းနေပါ။ တရားဟော တာတွေ ဘာတွေတော့   တားမြစ်သင့်ပြီလို့  ထင်ပါတယ်။  မဟုတ်ရင် နိုင်ငံခြားမှာ ကတိတွေ ပေးလိုက်၊ ပြည်တွင်းပြန်ရောက်တော့ မသိချင်ယောင်ဆောင်လိုက်နဲ့ ။ သိက္ခာဆိုတာလည်း  မကျန်တော့သလောက် ဖြစ်နေလို့ လေ။
အရေးယူပါမယ်ဆိုတဲ့ ကတိနဲ့ ညီအောင် အရေးမယူသေးရင်တောင် သူ ဟိုပြောဒီပြော လျှောက်မပြောနိုင်အောင် တော့ ထိန်းပေးကြပါတော့လို့  တောင်းဆိုချင်ပါတယ်။  မှော်ဘီသံဃာ့ညီလာခံတုန်းကတောင် သူ့ ကိုစကားပြောခွင့်၊ မိန့် ခွန်းချွေ ခွင့် မရအောင်  ဆရာတော်တွေ ၀ိုင်းထိန်းပေးခဲ့ကြတာလို့  သိရပါတယ်။  တာဝန်ရှိသူများ ဆိုတာလည်း အဲဒီလောက်တော့လုပ်ပေးဖို့  တာဝန်ရှိတယ် မဟုတ်ပါလား။
တိုင်းပြည်အတွက် တာဝန်ယူပေးချင်ကြလွန်းလို့ ပါ ဆိုပြီး  ဒီနေရာတွေမှာ  ထိုင်နေကြတာဆိုတော့လေ.....။       ။
                                                                            ပြည်ချစ်သူ
                                                                            22.7.2013
Viewing all 1811 articles
Browse latest View live