Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

ဗိုလ်ချုပ်အောင်ဆန်း၏ လယ်ယာမြေ ပေါ်လစီ"

$
0
0

by Ter Tee on Sunday, March 10, 2013 at 4:47pm ·

“လယ်ယာစိုက်ပျိုးရေးစီမံချက် ၊ သစ်စီမံချက် ၊ ၀ယ်ယူဖြန့်ဖြူးရေးစီမံချက် စသည်တို့နှင့် ပတ်သက်၍
ပြောလိုသည်မှာ အစိုးရက မက်လောက်သော အဖိုးများကိုပေး၍ အားလုံးသော ပိုလျှံမည့်ကောက်ပဲသီးနှံတို့ကိုဝယ်ယူမည်ဟု ဆိုထားပြန်၏။
မက်လောက်သော တန်ဘိုးများကိုတောင်သူလယ်သမားများအား ပေးမည်လော။
အစိုးရအတွက် အ၀ယ်တော်လုပ်မည့် နိုင်ငံခြားကုမ္ပဏီများအားပေးမည်လောဟု မေးရပေလိမ့်မည်။
အစိုးရက ဈေးနှုန်းကန့်သတ်မည်ဟု ဆိုပြန်၏။ ဈေးနှုန်းကန့်သတ်ခြင်းစနစ်ကို ကျွန်ုပ်တို့ ကြိုက်နှစ်သက်၏။ သို့ရာတွင် ဈေးနှုန်းမကန့်သတ်မီ ၊ အလွန်တန်ဘိုးယုတ်လျော့လျက်ရှိသော ငွေကြေးပြဿနာကို
မဖြေရှင်းရမီ ဈေးနှုန်းကို ကန့်သတ်လျှင် ကျွန်ုပ်တို့ တောင်သူလယ်သမားများ၏ ဇိကိုညှစ်သည်နှင့်
အတူတူပင်ဖြစ်၏။ ကျွန်ုပ်တို့ တောင်သူလယ်သမားများ ကြပ်တည်းကျဉ်းမြောင်းသောဘ၀သို့ရောက်လျှင်
နိုင်ငံတွင် ခိုးမှု တိုက်မှု ရာဇ၀တ်မှုများ များပြားလာပေလိမ့်မည်။ လက်ရှိအခြေအနေပင်
မည်မျှလောက်ဆိုးဝါးနေသည်ကိုဖော်ပြရန်မလိုချေ။”



ဗိုလ်ချုပ်အောင်ဆန်း
- ဖဆပလ အဖွဲ့ချုပ် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံသဘင် ဥက္ကဌမိန့်ခွန်းမှ



************************************************************



“တောင်သူလယ်သမားတွေက ဗမာပြည်မှာ လူများစုဖြစ်တယ်။ လွတ်လပ်ရေးရတဲ့အခါ
ခင်ဗျားတို့ရဲ့လွတ်လပ်ရေး ပါလာမယ်။ တောင်သူလယ်သမား လူများစုရဲ့ အခွင့်အရေးမပါဘဲ
လွတ်လပ်ရေးဟာ အဓိပ္ပာယ်မရှိဘူးလို့ ယူဆတယ်။”



- ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၇ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၊ တောင်သူလယ်သမားညီလာခံမိန့်ခွန်းမှ



************************************************************



“လယ်လုပ်တဲ့လူတွေရဲ့လက်ထဲ လယ်ရောက်အောင်စီစဉ်နိုင်ရမယ်။ လယ်အမြောက်အမြားကို
တသီးပုဂ္ဂလ ပိုင်ဆိုင်တဲ့စနစ်ကို ပယ်ဖျက်နိုင်ရမယ်။”



“လယ်ယာမြေပိုင်ဆိုင်မှုကိစ္စမှာဆိုလဲ လယ်ယာမြေလုပ်တဲ့လူတွေ လယ်ယာမြေရအောင်
အခြေခံတွေချရလိမ့်မယ်။ လယ်မြေဧက အမြောက်အမြားပိုင်တဲ့ လယ်ရှင်ကြီးစနစ်ကိုတော့
ဥပဒေအရ ကန့်သတ်ချုပ်ချယ် ဖျက်ပယ်ပစ်ရလိမ့်မယ်။ နောက်ပြီး ဘယ်လိုကိုယ်ပိုင်လယ်ယာမြေမျိုးဖြစ်ဖြစ် ၊ ဘယ်နှစ်ဧကထက်မပိုစေရ အစရှိသည်အားဖြင့် ဥပဒေအရ ကန့်သတ်ရလိမ့်မယ်။ ဒီလိုမှ မလုပ်ရင်
လယ်ပိုင်ရှင်စနစ်ကြီးဟာ ရှိနေတာကို မဖျက်နိုင်ရုံတင်မဟုတ်ဘူး ၊ ပြန်ဖြစ်အောင်လုပ်တာဖြစ်လိမ့်မယ်။
လယ်ယာမြေများကို အမှန်အားဖြင့်ဆိုရင် နောက်ဆုံး တိုင်းပြည်ပိုင်လုပ်နိုင်ရင် ကောင်းမှာဘဲ။
သို့သော်လဲ အဲဒီဟာ မလုပ်မီ လယ်ယာမြေလုပ်သူတိုင်း မြေလက်ရှိရအောင် လုပ်နိုင်ရမယ်။
ဒီအခါမျိုးမှာ အစိုးရက အလယ်အလတ်တန်းနှင့် အောက်တန်း ကျတဲ့ တောင်သူလယ်သမားတွေကို
တတ်နိုင်သမျှ ကူညီရလိမ့်မယ်။ အဲဒီလို စီးပွားရေးအခြေခံတရားတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမှာ
ထည့်ဘို့လိုလိမ့်မယ်။”



“ကျုပ်တို့လုပ်ချင်တာကတော့ ( Greatest happiness of the Greatest number ) လူအများဆုံး အကောင်းဆုံးချမ်းသာသုခရအောင် အဲဒီလို လူအများဆုံးက ကြိုးကိုင်တဲ့ ဒီမိုကရေစီမျိုးကိုသာ
လိုချင်တာဘဲ။ အကုန်လုံးအကျိုးရှိတဲ့ ဒီမိုကရေစီဆိုတာတော့ ခုလို အရင်းရှင် အလုပ်သမား ၊
လယ်ရှင် အစရှိတဲ့ လူတန်းစားကွဲပြားမှုတွေရှိနေသမျှ ကာလပတ်လုံး မဖြစ်နိုင်သေးဘူး။
လယ်ရှင်အကျိုးရှိတိုင်း လယ်သမားအကျိုးမရှိနီုင်ဘူး။ အလုပ်ရှင်အကျိုးရှိတိုင်း အလုပ်သမားအကျိုးမရှိနိုင်ဘူး။
သူတို့အချင်းချင်း အကျိုးတွေဟာ တခါတခါ စေ့စပ်လို့မရနိုင်ဘဲ ၊ တဦးအကျိုးရှိရင် တဦးထိမယ်ဆိုတဲ့
အခြေမျိုးဖြစ်လာတဲ့အခါ အစိုးရဟာ တဖက်ဖက်က ပင်းမှဖြစ်နိုင်မယ်။ အဲဒီတော့ ဒီမိုကရေစီသစ်ဆိုတာ
အစိုးရက လူများစုဖြစ်တဲ့ လူဆင်းရဲတွေဘက်က ထုံးစံအတိုင်းပင်းတော့မယ်ဆိုတဲ့သဘောပဲ။”



ဗိုလ်ချုပ်အောင်ဆန်း
- ဖဆပလ ပဏာမ ပြင်ဆင်မှုညီလာခံမိန့်ခွန်းမှ



**********************************************************



အောင်သန်း၏ အောင်ဆန်း ( ၁၉၆၅ခုနှစ် ၊ ပထမအကြိမ် ) စာအုပ်မှ

  Ter Tee  
ဖေ့စ်ဘွတ် စာမျက်နှာမှ............ 


ဒီလိုမျိုးလည်း မဖြစ်သင့်ပါ

$
0
0
 Photo: "ပြည်ထဲရေးဝန်ထမ်းများ လစာဖြတ်တောက်ခံနေရသောကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်"  ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရဲတပ်ဖွဲ့များနှင့် တပ်ခွဲများတွင် တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းများအနေဖြင့် လုပ်ခလစာအပြည့်အ၀ မရရှိသောကြောင့် မိသားစု စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။  "လကုန်တာနဲ့ လစာရှစ်သောင်းကျော်မှာ တိုင်းတာဝန်ခံရုံးက ဘာမှန်းမသိတဲ့ ဖြတ်တောက်ငွေ သုံးသောင်းကို လစဉ်ယူထားလိုက်တယ်။ နိုင်ငံတော်ကပေးတဲ့  ထောက်ပံ့ငွေတစ်သောင်းကိုလည်း တိုင်းတာဝန်ခံကို ကန်တော့ရလို့  မခံစားရဘူး။ ဒီကိစ္စတွေကို လပေါင်းများစွာခံစားနေရတယ်။ ဘယ်မှလဲ မတိုင်ရဲဘူး။  တိုင်ရင်အလုပ်ပြုတ်မှာဆိုတော့ အောင့်သက်သက်နဲ့ပဲ ခံစားနေရတယ်" ဟု ပဲခူးတိုင်းဒေသကြီး သတင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။   ပြည်သူ့ရဲဝန်ထမ်းများသည် သက်ဆိုင်ရာ အထက်အရာရှိများ ၊ ဦးစီးမှုးများ၏ လစာဖြတ်တောက်မှုများကို ရင်ဆိုင်နေရသောကြောင့် စားဝတ်နေရေးကြပ်တည်းကာ တာဝန်ကျရာနေရာဒေသများတွင် မလျော်သြဇာသုံး၍ ငွေရှာခြင်း ၊ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခြင်းတို့ကြောင့် အကျင့်ပျက်ဝန်ထမ်းများအဖြစ်သို့ ရောက်ရှိနေရကြောင်း ရဲဝန်ထမ်းများထံမှသိရသည်။  "ရတဲ့လစာက မလောက်တဲ့အခါမှာ တချို့ဆိုရင် မိန်းမတွေက ဈေးရောင်းထွက်ရတာတွေရှိတယ်။ ပဲခူး ၊ ဒိုက်ဦး ၊ ညောင်လေးပင် ၊  ရွှေကျင် ၊ ကျောက်တံခါး ၊ အင်းတကော် စတဲ့ ရဲစခန်းတွေမှာ ပိုပြီးတော့ စားဝတ်နေရေး ခက်ခဲကြတယ်။ ဒါတွေကို နိုင်ငံတော်ပိုင်းက မသိဘူး။ ရဲဘ၀က အချိန်ပိုကြေး မရှိသလို လစာကလည်း လစဉ်ဖြတ်တောက်ခံနေရတော့ နောက်ဆုံး ရပေါက်ရလမ်းရှာပြီး ဘ၀ကိုဖြတ်သန်းနေကြရတယ်" ဟု လုပ်သက် (၁၃) နှစ်ရှိသော စီအိုင်ဒီ အရာရှိတစ်ဦးက ပြောသည်။  မြန်မာနိုင်ငံတွင် ရဲစခန်းပေါင်း (၃၃၀)ရှိပြီး ၊ မှုခင်းရဲတပ်ဖွဲ့ ၊ သတင်းတပ်ဖွဲ့ အပါအ၀င် ရဲတပ်ဖွဲ့ (၁၅) ဖွဲ့ရှိကြောင်းသိရသည်။ အဆိုပါ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်အင်အား တစ်သိန်းကျော်အထိရှိပြီး ရရှိသောလုပ်ခလစာမှာ အောက်ခြေအဆင့်မှ အထက်အရာရှိအထိ ကျပ်လေးသောင်းဝန်းကျင်မှ ကျပ်ရှစ်သောင်းကျော်အထိသာ ရရှိကြောင်း သိရသည်။  ယင်းကဲ့သို့ စားဝတ်နေရေးအဆင်မပြေမှုများကြောင့် လာဘ်ပေးလာဘ်ယူမှုများ ဆောင်ရွက်သဖြင့် အရေးယူခံရသော ပြည်ထဲရေးဝန်ထမ်းများမှာ ၂၀၁၂ ခုနှစ်အတွင်း  ( ၁၆၉၅၂ ) ဦးအထိ ရှိခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။   The Messenger Journal March , 9 , 2013
"ပြည်ထဲရေးဝန်ထမ်းများ လစာဖြတ်တောက်ခံနေရသောကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်"

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရဲတပ်ဖွဲ့များနှင့် တပ်ခွဲများတွင် တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းများအနေဖြင့် လုပ်ခလစာအပြည့်အ၀ မရရှိသောကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

"လကုန်တာနဲ့ လစာရှစ်သောင်းကျော်မှာ တိုင်းတာဝန်ခံရုံးက ဘာမှန်းမသိတဲ့
ဖြတ်တောက်ငွေ သုံးသောင်းကို လစဉ်ယူထားလိုက်တယ်။ နိုင်ငံတော်ကပေးတဲ့
ထောက်ပံ့ငွေတစ်သောင်းကိုလည်း တိုင်းတာဝန်ခံကို ကန်တော့ရလို့
မခံစားရဘူး။ ဒီကိစ္စတွေကို လပေါင်းများစွာခံစားနေရတယ်။ ဘယ်မှလဲ မတိုင်ရဲဘူး။
တိုင်ရင်အလုပ်ပြုတ်မှာဆိုတော့ အောင့်သက်သက်နဲ့ပဲ ခံစားနေရတယ်" ဟု ပဲခူးတိုင်းဒေသကြီး သတင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။

ပြည်သူ့ရဲဝန်ထမ်းများသည် သက်ဆိုင်ရာ အထက်အရာရှိများ ၊ ဦးစီးမှုးများ၏ လစာဖြတ်တောက်မှုများကို ရင်ဆိုင်နေရသောကြောင့် စားဝတ်နေရေးကြပ်တည်းကာ တာဝန်ကျရာနေရာဒေသများတွင် မလျော်သြဇာသုံး၍ ငွေရှာခြင်း ၊ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခြင်းတို့ကြောင့် အကျင့်ပျက်ဝန်ထမ်းများအဖြစ်သို့
ရောက်ရှိနေရကြောင်း ရဲဝန်ထမ်းများထံမှသိရသည်။

"ရတဲ့လစာက မလောက်တဲ့အခါမှာ တချို့ဆိုရင် မိန်းမတွေက ဈေးရောင်းထွက်ရတာတွေရှိတယ်။ ပဲခူး ၊ ဒိုက်ဦး ၊ ညောင်လေးပင် ၊
ရွှေကျင် ၊ ကျောက်တံခါး ၊ အင်းတကော် စတဲ့ ရဲစခန်းတွေမှာ ပိုပြီးတော့ စားဝတ်နေရေး ခက်ခဲကြတယ်။ ဒါတွေကို နိုင်ငံတော်ပိုင်းက မသိဘူး။ ရဲဘ၀က အချိန်ပိုကြေး မရှိသလို လစာကလည်း လစဉ်ဖြတ်တောက်ခံနေရတော့ နောက်ဆုံး ရပေါက်ရလမ်းရှာပြီး ဘ၀ကိုဖြတ်သန်းနေကြရတယ်" ဟု လုပ်သက် (၁၃) နှစ်ရှိသော စီအိုင်ဒီ အရာရှိတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ရဲစခန်းပေါင်း (၃၃၀)ရှိပြီး ၊ မှုခင်းရဲတပ်ဖွဲ့ ၊ သတင်းတပ်ဖွဲ့ အပါအ၀င် ရဲတပ်ဖွဲ့ (၁၅) ဖွဲ့ရှိကြောင်းသိရသည်။ အဆိုပါ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်အင်အား တစ်သိန်းကျော်အထိရှိပြီး ရရှိသောလုပ်ခလစာမှာ အောက်ခြေအဆင့်မှ အထက်အရာရှိအထိ ကျပ်လေးသောင်းဝန်းကျင်မှ ကျပ်ရှစ်သောင်းကျော်အထိသာ
ရရှိကြောင်း သိရသည်။

ယင်းကဲ့သို့ စားဝတ်နေရေးအဆင်မပြေမှုများကြောင့် လာဘ်ပေးလာဘ်ယူမှုများ
ဆောင်ရွက်သဖြင့် အရေးယူခံရသော ပြည်ထဲရေးဝန်ထမ်းများမှာ ၂၀၁၂ ခုနှစ်အတွင်း
( ၁၆၉၅၂ ) ဦးအထိ ရှိခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။


The Messenger Journal
March , 9 , 2013

ယုံကြည်ချက်

$
0
0


by Zay Latt on Monday, March 11, 2013 at 8:32pm ·

     ကျွန်တော်ငယ်ငယ် ၁၅နှစ်သားလောက်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆုံခဲ့ဘူးတယ်ဗျ။ ဗိုလ်ချုပ်အောင်ဆန်းက ရွှေတိဂုံအနီး တော်လှန်ရေးပန်းခြံမှာ တပ်မတော်သားတွေကို" အနီးကပ်ဆုံးရန်သူကို ချေမှုန်းကြ" လို့ စစ်ထွက်မိန့်ခွန်းပြောပြီး တော်လှန်ရေးခရီး ထွက်လာတယ်။


     ကျွန်တော် ရက်စွဲတော့ တိတိကျကျ မမှတ်မိတော့ဘူး။ တော်လှန်ရေးနေ့က မတ် ၂၇ ဆိုတော့ အဲဒီနား ၀န်းကျင်ပေါ့။ အဲဒီအချိန်မှာ ကျွန်တော်တို့ မိသားစုက သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့က နှစ်မိုင်လောက်ဝေးတဲ့ ရှမ်းစုရွာလေးမှာ ရောက်နေတယ်။ ဗိုလ်ချုပ်အောင်ဆန်း တို့က ကျွန်တော်တို့အိမ်ကို ရောက်လာတယ်။ အင်္ဂလိပ်တွေက လေယာဉ်ပျံတွေနဲ့ ဗုံးတွေကြဲ၊ စက်သေနပ်တွေနဲ့ပစ်ဆိုတော့ ဗိုလ်ချုပ်တို့က ညဘက်မောင်းလာပြီး မနက်ရောက်လာကြတာဗျ။ ရောက်လာပြီး အိပ်တယ်။ နေ့ခင်းကြမှ နိုးတယ်ပေါ့ဗျာ။

     ကျွန်တော်စကားဖြတ်ပြောရအုံးမယ်။ ကျွန်တော့်မိသားစုထဲမှာ ဦးလေးတော်တဲ့ ဗိုလ်မင်းခေါင်ဆိုတာရှိတယ်။ အဲဒီအချိန်မှာ ဗိုလ်မင်းခေါင်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရံတော်တပ်မှုးလုပ်နေတယ်။ သူက ဗိုလ်ချုပ်အောင်ဆန်း တော်လှန်ရေးခရီးထွက်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ပါလာပြီး ကျွန်တော်တို့အိမ်မှာတည်းတယ်။ ကျွန်တော့်အိမ်လာတည်းတော့ နေ့လည်မှာ ကျွန်တော်က ဗိုလ်ချုပ်အတွက် ရေတို့ ဘာတို့ ခပ်ပေးရတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်း ရေချိုးတော့ ကျွန်တော်ရယ်၊ ကျွန်တော့်ဦးလေး တစ်ယောက်ရယ်က ရေခပ်ပေးရတယ်ဗျ။

     သိကြတဲ့အတိုင်းပဲဗျာ ဗိုလ်ချုပ်အောင်ဆန်းက နာမည်ဟိုးလေးကျော်နေတာ။ ဂျပန်ခေတ် တစ်ခေတ်လုံး ပြည်သူလူထုတရပ်လုံးက ဗိုလ်ချုပ်အောင်ဆန်းကိုပဲ အားကိုးပြီးတော့ နေကြတာ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုတွေ့တော့ ကျွန်တော်လဲ စကားပြောချင်တာပေါ့။ ကျွန်တော်က " ဗိုလ်ချုပ် ကျွန်တော် စစ်ထဲဝင်ချင်တယ် " ပြောတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းက " မင်းကျောင်းနေလား " တဲ့။ ကျွန်တော်က " ဟုတ်ကဲ့ နေပါတယ်"။ " ဘယ်နှစ်တန်း ရောက်ပလဲ " တဲ့။ ကျွန်တော်က ကျွန်တော်ရောက်တဲ့ အတန်းပြောတာပေါ့။ " ခုနှစ်တန်း ဖြေပြီးပြီ" လို့ဆိုတော့ သူဘာပြောတယ်မှတ်လဲ။ သူ့မှာစစ်တိုက်မဲ့ သူတွေရှိတယ်တဲ့။ သို့ပေမဲ့ သူ့မှာ ပညာတက်တွေ လိုတယ်တဲ့။ မင်းပညာတက်အောင်သင်လို့ ပြောတယ်။

     အဲဒီအချိန်ကစပြီးတော့ ကျွန်တော့်စိတ်ထဲမှာ " ငါ ပညာတက်အောင်သင်ရမယ်။ ပညာတက်မှ တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်နိုင်မယ် " ဆိုတဲ့ ယုံကြည်ချက်ပေါ်လာတယ်။ အဲဒီယုံကြည်ချက်အတိုင်း ကျွန်တော်ဆယ့်ခွန်၊ ဆယ့်ရှစ်သား ကတည်းက စာနယ်ဇင်းလောကထဲ ၀င်ခဲ့တယ်။ စာတွေသင်ခဲ့တယ်။ ကိုယ်တိုင်လဲ စာရေးဆရာ၊ သတင်းစာသမားဖြစ်အောင် ကြိုးစားခဲ့တယ်။ ကြိုးစားခဲ့လို့လဲ သတင်းစာသမားတစ်ယောက်အနေနဲ့ ရပ်တည်နိုင်ခဲ့တယ်။

     ဒီနေ့ဒီအချိန်ခါမှာ နိုင်ငံရေးသမားတစ်ယောက်အဖြစ် ရပ်တည်နေခဲ့ပေမဲ့ ကျွန်တော်ဟာ သတင်းစာသမားတစ်ယောက်ပါ။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ယုံကြည်တာတော့ ပညာတက်မှ တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်နိုင်မယ် ဆိုတာပါပဲ။

ဦးဝင်းတင်။
သူရဲကောင်း သတင်းစာဆရာ။

    ( ၁၂-၃-၂၀၁၃ မှာ ကျရောက်တဲ့ ဘဘဦးဝင်းတင်ရဲ့ ၈၃နှစ်မြောက်မွေးနေ့ အမှတ်တရပါ။ ဘဘ အသက်ရာကျော်ရှည်ပြီး ကျန်းကျန်းမာမာနဲ့ တိုင်းပြည်အကျိုး ဆက်လက် ဆောင်ရွက်နိုင်ပါစေ။ )

ဇေလတ်။



ဘဘနဲ့ အာဇာနည်နေ့မှာ အမှတ်တရ

လစ်ဘာတီနဲ့ ငြိမ်းချမ်းရေး

$
0
0
 
by Ye Myint Kyaw on Tuesday, March 12, 2013 at 12:47am ·
လွတ်လပ်ရေးရစ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့သလို တစ်ဖက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။ ထူးခြားတာက အဲဒီကာလ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေဟာ လက်ဝဲ၀ါဒ အမြင်နဲ့ လှုပ်ရှားခဲ့တာလို့ ယူဆစရာပါ။ အဲဒီငြိမ်းချမ်းရေးလှုပ်ရှားမှုတွေဟာ ဘယ်လောက်ထိ အောင်မြင်ခဲ့သလဲ၊  ဘယ်လိုသင်ခန်းစာတွေ ရယူနိုင်မလဲဆိုတာ လက်ရှိ ငြိမ်းချမ်းရေးသမားတွေနဲ့ သမိုင်းသုတေသီတွေအဖို့ ပြန်လည်သုံးသပ်စရာတွေပါပဲ။


ဒီကနေ့ကျတော့ အစိုးရက ကမကထလုပ်တဲ့ ‘ငြိမ်းချမ်းရေးစင်တာ’ ဆိုတာ ရှိလာပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည် ငြိမ်းချမ်းရေးလုပ်ငန်းမို့ စောင့်ကြည့်ကြရမှာပါ။ အဲဒီမှာ ပြန်တော်ပြန် နိုင်ငံရေးသမားတွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ နော်ဝေနိုင်ငံ ဦးဆောင်တဲ့ ဒိုနာတွေ ရှိကြတယ်။ မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသား ငြိမ်းချမ်းရေးပွဲစားတွေလည်း ၀င်ထွက်ပါတယ်။ အရင်နဲ့ မတူတာတာက ခေတ်သစ် ငြိမ်းချမ်းရေးသမားတွေဟာ နိုင်ငံတကာအကူအညီ ပိုယူပြီး ငြိမ်းချမ်းရေး လုပ်လာကြတာပါ။ စိတ်ဝင်စားစရာက သူတို့တွေကကော ဘယ်လိုအယူအဆတွေ ဘယ်လို သီအိုရီတွေကိုင်ပြီး ငြိမ်းချမ်းရေးလုပ်နေသလဲ ဆိုတာပါ။



ဒီနေရာမှာ ငြိမ်းချမ်းရေးလိုလားသူအားလုံး ဂရုပြုသင့်တာတစ်ခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးအမြင်ပါ။ မနှစ်က နိုဘယ်ငြိမ်းချမ်းရေးမိန့်ခွန်းမှာ ဒေါ်စုက သူမြင်တဲ့ မြန်မာ့ငြိမ်းချမ်းရေးအယူအဆကို ကမ္ဘာသိအောင် ပြောသွားပါတယ်။ မြန်မာတွေရဲ့ ငြိမ်းချမ်းရေးအယူအဆက ‘အဆင်ပြေညီညွတ်မှုတွေကို ဟန့်တားနှောင့်ယှက်မယ့် အရာတွေ မရှိတော့ခြင်းကနေ ပေါ်ထွက်လာတဲ့ ပျော်ရွှင်မှု’ ဆိုပြီး ရှင်းပြပါတယ်။

“ငြိမ်းချမ်း ဆိုတဲ့ မြန်မာစကားဟာ လောင်မြိုက်နေတဲ့ မီးတွေငြိမ်းသွားပြီး အေးမြမှု ပေါ်ထွက်လာခြင်းလို့ ပြန်ဆိုနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဒုက္ခမီးတွေ လောင်မြိုက်နေတယ်။ ကျွန်မနိုင်ငံမှာလည်း ရန်လိုမှုတွေနဲ့ အကြမ်းဖက်မှုတွေက နေရာတကာမှာ ဖြစ်နေတယ်။ အဲဒီ အကြမ်းဖက်ရက်စက်မှု သတင်းတွေဟာ ကမ္ဘာအနှံကို ပျံ့နှံသွားတယ်။ ဆာလောင်မှု၊ ရောဂါဘယထူပြောမှု၊ နေအိမ်ရွှေ့ပြောင်းခံရမှု၊ အလုပ်အကိုင်မဲ့မှု၊ ဆင်းရဲမွဲတေမှု၊ မတရားမှု၊ ခွဲခြားဆက်ဆံခံရမှု၊ မလိုမုန်းထားမှု၊ တယူသန်မှု စတဲ့ သတင်းတွေကို နေ့စဉ်လိုလို ကြားမြင်နေကြရတယ်။ နေရာတိုင်းမှာ အဖျက်စွမ်းအားတွေ (negative forces) က ငြိမ်းချမ်းရေး အုတ်မြစ်ကို လှိုက်စားပစ်နေတယ်။ ကျွန်မတို့ကမ္ဘာကြီးရဲ့ ပျော်ရွှင်မှုနဲ့ ညီညွတ်သဟဇာတဖြစ်မှုကို ကာကွယ် ထိန်းသိမ်းပေးဖို့ လိုအပ်တဲ့ လူသားရင်းမြစ်တွေကို အဆင်ခြင်မဲ့ အလဟဿဖြုန်းတီးပစ်နေတာ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်…”

“…..နေရာတကာမှာ အဖျက်အင်အားစုတွေက အပြုအင်အားတွေထက် ပိုအားကောင်းနေပြီဆိုရင် ကျွန်မတို့အားလုံးအတွက် အန္တရာယ်ရှိနေပြီ။ ဒီတော့ အဲဒီ အဖျက်အင်အားတွေ အားလုံးကို အမြဲဖယ်ရှားနိုင်မလားဆိုတဲ့ မေးခွန်းရှိလာတယ်။ ရိုးရှင်းတဲ့ အဖြေကတော့ ‘နိုး’ ပါ။ အပြု (positive) နဲ့ အဖျက် (negative) နှစ်ခုစလုံးပါတာကိုက လူသားသဘာဝပါ။ ဒါပေမဲ့ အပြုသဘောတွေကို ပိုမိုအားကောင်းအောင်လုပ်ဖို့နဲ့ အဖျက်တွေကို လျော့ပါးအောင်လုပ်ဖို့ လူသားမှာစွမ်းရည်တွေ ရှိပါတယ်.."

"ကျွန်မတို့ ကမ္ဘာကြီးတစ်ခုလုံး အဆုံးစွန်ငြိမ်းချမ်းဖို့ဆိုတာက မရရှိနိုင်တဲ့ ပန်းတိုင်ဖြစ်ပေမဲ့၊ ဒါက ကျွန်မတို့ ဆက်သွားရမယ့်ခရီး ပါပဲ။ ကန္တရခရီးသည်တစ်ဦးဟာ သူ့အသက်ရှင်သန် လွတ်မြောက်ဖို့ကို ညွှန်ပြနေတဲ့ တစ်လုံးထဲသောကြယ်စင်အပေါ် သူ့မျက်လုံးတွေ စူးစိုက်ထားရသလို၊ ကျွန်မတို့ မျက်လုံးတွေကိုလည်း ငြိမ်းချမ်းရေးအပေါ်မှာပဲ စွဲစွဲမြဲမြဲထားကြရပါမယ်။ ကမ္ဘာမြေပေါ်မှာ ပြည့်ဝတဲ့ ငြိမ်းချမ်းရေးကို ကျွန်မတို့ မရရှိရင်တောင်မှ၊ ငြိမ်းချမ်းရေးရဖို့ စုပေါင်းအားထုတ်မှုတွေကနေ လူတစ်ဦးချင်းကြား၊ နိုင်ငံတွေကြားမှာ စည်းလုံးညီညွတ်မှု၊ ယုံကြည်မှု၊ မိတ်ဆွေဖြစ်မှုနဲ့ ကျွန်မတို့ လူသားအသိုက်အ၀ိုင်းအတွက် လုံခြုံမှုနဲ့ ကြင်နာမှုတွေ ဖြစ်လာအောင် ကူညီနိုင်ပါလိမ့်မယ်…”

“….ကျွန်မတို့ရဲ့ အဆုံးစွန်သောရည်မှန်းချက်ဟာ လူတွေနေရာပြောင်းရွှေ့ခံရမှု၊ အိမ်ခြေယာမဲ့ဖြစ်မှု၊ မျှော်လင့်ချက်မဲ့မှုတို့ကနေ ကင်းဝေးတဲ့ ကမ္ဘာတစ်ခု ဖန်တီးဖို့သာ ဖြစ်သင့်ပါတယ်။ ကမ္ဘာနေရာတိုင်း ထောင့်တိုင်းဟာ အဲဒီမှာနေထိုင်နေသူတွေအတွက် လွတ်လပ်မှုရှိပြီး ငြိမ်းချမ်းစွာ ခိုလှုံနိုင်မယ့် ဘေးမဲ့ရိပ်မြုံအစစ်အမှန် ဖြစ်သင့်ပါတယ်။ အတွေးတိုင်း၊ စကားလုံးတိုင်း၊ အပြုအမူတိုင်းဟာ အပြုသဘောဆောင်မှုနဲ့ လျော်ကန်သင့်မြတ်မှုကို ဖြစ်စေပြီး ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေရပါမယ်။ ကျွန်မတို့ တစ်ဦးချင်းစီတိုင်းမှာ အဲဒီငြိမ်းချမ်းရေးဖြစ်ထွန်းစေဖို့ လုပ်ဆောင်နိုင်စွမ်းတွေ ရှိပါတယ်။ ကျွန်မတို့ လုံခြုံစိတ်ချစွာ အိပ်ရပြီး ပျော်ရွင်စွာ နိုးထနိုင်မယ့် ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတစ်ခု ဖန်တီးဖို့ ကြိုးစားရာမှာ ကျွန်မတို့လက်တွေ ခိုင်မြဲမြဲ ယှဉ်တွဲထားကြပါစို့….”


ဒေါ်အောင်ဆန်းစုကြည်က သူ့ငြိမ်းချမ်းရေးအမြင်ဟာ မြန်မာ့ငြိမ်းချမ်းရေးအမြင်ဖြစ်သလို ဗုဒ္ဓအယူအဆအပေါ်မှာ အခြေခံထားတယ်လို့ ဆိုပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေးအယူအဆနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ကမ္ဘာသိ ရှင်းပြနိုင်တာကြောင့် မြန်မာတွေအတွက် ဂုဏ်ယူစရာပါပဲ။

ဒေါ်စုက တစ်ကမ္ဘာလုံးမှာ အပြည့်အ၀ ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်ဘူး၊ သို့သော် ငြိမ်းချမ်းရေးကို မျက်ခြေမပြတ် စုပေါင်းအားထုတ်ခြင်းအားဖြင့် နိုင်ငံတိုင်း လူမျိုးတိုင်းကြားမှာ စည်းလုံးညီညွတ်မှု၊ ယုံကြည်မှုနဲ့ ချစ်ခင်ရင်းနှီးမှုတွေ ရရှိလာနိုင်တယ်။ လူသားသဘာဝမှာ အကောင်း အဆိုးတွေ ရှိနေပေမဲ့၊ အကောင်းတွေ အားကောင်းလာအောင်နဲ့ အဆိုးတွေ လျော့ပါးအောင် လုပ်နိုင်တာဟာ လူသားပဲဖြစ်တယ်။

ဒါကြောင့် တစ်ဦးချင်းရဲ့ အပြောအဆို အပြုမူတိုင်းဟာ ငြိမ်းချမ်းရေးတွေပဲ ဖြစ်နေသင့်တယ်။ ကမ္ဘာပေါ်က လူတိုင်းရဲ့ တစ်ဦးချင်းလွတ်လပ်မှုနဲ့ ရပိုင်ခွင့်တွေ အပြည့်အ၀ရရှိအောင် ၀ိုင်းဝန်းကြိုးစားခြင်းနဲ့ မိမိကိုယ်တိုင်ရဲ့ အကျင့်ဆိုးတွေကို လျော့ပါးအောင်လုပ်ခြင်းဟာ ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်တယ်လို့ ဆိုပါတယ်။


လစ်ဘာတီရဲ့ ငြိမ်းချမ်းရေး အကျိုးပြုမှုများ

ဒေါ်အောင်ဆန်းစုကြည်ရှင်းပြတဲ့ မြန်မာ့ငြိမ်းချမ်းရေးအယူအဆဟာ ကနေ့ခေတ် ကမ္ဘာ့ငြိမ်းချမ်းရေးအယူအဆနဲ့လည်း တူညီမှုရှိပါတယ်။ ကနေ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတိုင်းဟာ တစ်ဦးချင်းလွတ်လပ်ခွင့်၊ အဖိနှိပ်ခံတွေနဲ့ လူမျိုးစုငယ်တွေရဲ့ လွတ်လပ်ခွင့်အပေါ်မှာ အခြေတည်ကြတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုင်းမှာ လူတစ်ဦးချင်းတန်ဖိုးတွေကို အကာကွယ်ပေးမယ့် ‘လစ်ဘာတီ’ တွေ ဖန်တီးယူရတာဖြစ်သလို၊ အစိုးရရဲ့ အာဏာပါဝါကို ကန့်သတ်ကြရတာ ဖြစ်ပါတယ်။

'လစ်ဘရယ် ဒီမိုကရေစီ' ဟာ  တစ်ဦးချင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ ဆိုတဲ့ စနစ်နှစ်ခုကို ပေါင်းစပ်ကျင့်သုံးတာ ဖြစ်တယ်။ လူအများ ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီအုပ်ချုပ်မှုက ငြိမ်းချမ်းရေးကို တိုးမြှင့်ပေးနိုင်သလို၊ တစ်ဦးချင်းလွတ်လပ်ခွင့် လစ်ဘာတီ အားကောင်းလာပါမှ ငြိမ်းချမ်းရေး အမှန်အကန် ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ လစ်ဘာတီမှာ အဓိက သုံးခုရှိပါတယ်။ စီးပွားရေး လစ်ဘာတီ၊ ဘာသာရေးလစ်ဘာတီနဲ့ နိုင်ငံရေးလစ်ဘာတီတို့ပါ။ အဲဒီသုံးခုက အစိုးရအာဏာကို ကန့်သတ်ထားဖို့နဲ့ ထိန်းညှိနိုင်ဖို့ ကူညီပါတယ်။

အထူးသဖြင့် နိုင်ငံရေးလစ်ဘာတီရှိမှုက ပြည်တွင်းမှာဖြစ်ဖြစ် နိုင်ငံတကာနယ်ပယ်မှာဖြစ်ဖြစ် ငြိမ်းချမ်းတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ထွန်းလာစေတယ်။ ငြိမ်းချမ်းတဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ဆောင်ကြဉ်းပေးတယ်။ နိုင်ငံရေးလစ်ဘာတီမှာ ပြည်သူ့ရေးရာ ကိစ္စတွေအပေါ် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်တွေ ပါဝင်ပါတယ်။ ဒီမိုကရေစီနိုင်ငံသားတွေက အစိုးရကို ဆန့်ကျင်လိုတဲ့အခါ အဲဒီအခွင့်အရေးတွေကို တစ်နည်းမဟုတ်တစ်နည်း အသုံးပြုပါတယ်။ လစ်ဘာတီရဲ့ ကျင့်ထုံးတွေ အင်စတီကျူးရှင်းတွေကို အသုံးပြုပြီး ဥပဒေတွင်းကနေ အစိုးရကို လူထုက ဆန္ဒပြနိုင်တယ်။ လစ်ဘာတီဟာ သဘာဝအားဖြင့် ဒီမိုကရေစီမဟုတ်တဲ့ အစိုးရတွေရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို တားမြစ်လေ့ရှိပါတယ်။

တစ်ဖက်မှာ ဒီမိုကရေစီအစိုးရတွေက အတိုက်အခံတွေကို ချေမှုန်းဖျက်စီးလည်းမပစ်နိုင်၊ လုံးဝလျစ်လျူရှုထားလို့လည်း မရတာကြောင့် ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးဆက်ဆံမှုတွေလုပ်ရတယ်။ ရွေးကောက်ပွဲရလဒ်မှာ အတိုက်အခံ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ အာဏာရသူက ငြိမ်းချမ်စွာ ဆက်ဆံရပါတယ်။ လစ်ဘရယ်ဒီမိုကရေစီစနစ်မှာ ပြိုင်ဘက်တွေကြား အာဏာလွှဲပြောင်းမှုကို ငြိမ်းချမ်းစွာ လုပ်ကြရပါတယ်။

ဒီမိုကရေစီအစိုးရတွေမှာ စစ်ပွဲတစ်ခုဆင်နွှဲဖို့ အဟန့်အတားတွေ အများကြီးရှိပါတယ်။ အာဏာရှင်တွေကတော့ ဘယ်သူ့မှ ဆွေးနွေးတိုင်ပင်တာမရှိဘဲ စစ်ပွဲတစ်ပွဲ စတင်နိုင်တယ်။ အီရတ်က ဆဒမ်ဟူစိန် ဆိုရင် ဘယ်သူ့မှ မတိုင်ပင်ဘဲ ၁၉၈၀ မှာ အီရန်၊ ၁၉၉၀ မှာ ကူဝိတ်နိုင်ငံတို့ကို ၀င်တိုက်ခဲ့တယ်။ ဟစ်တလာကလည်း ဥရောပမှာ ဒုတိယကမ္ဘာစစ်ကို သူ့စိတ်ပေါက်သလို စတင်ခဲ့တယ်။ ဒီမိုကရေစီခေါင်းဆောင်တွေမှာတော့ အဲဒီလို ရမ်းဖို့ဆိုရင် အတားအဆီးတွေ အများကြီးရှိနေတတ်တယ်။

ဒါကြောင့် တစ်ဦးချင်း လစ်ဘာတီဟာ အစိုးရတွေ ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတဲ့အပေါ် ဩဇာသက်ရောက်မှု အများကြီးရှိပါတယ်။ နောက်ပြီး ဒီမိုကရေစီအပေါ် လစ်ဘာတီရဲ့ အကျိုးပြုမှုတစ်ခုက ‘ပွင့်လင်းမြင်သာမှု’ (transparency) ပါပဲ။ လစ်ဘာတီဟာ အစိုးရရဲ့ အာဏာကို စောင့်ကြည့်ကန့်သတ်မှုတွေ လုပ်တာကြောင့်၊ လစ်ဘာတီနောက်မှာ ပွင့်လင်းမြင်သာမှု ကပ်ပါလာပါတယ်။ ဒီမိုကရေစီစနစ် အလုပ်လုပ်ပုံတွေနဲ့ အစိုးရရဲ့ မူဝါဒ ရွေးချယ်ဆောင်ရွက်ပုံတွေကို အများပြည်သူတွေ အကွင်းလိုက် မြင်နိုင်အောင် လစ်ဘာတီက ကူညီပေးတယ်။ ချထားတဲ့ ဥပဒေတွေကို အစိုးရ လိုက်နာမှုရှိအောင် လစ်ဘာတီက ထိန်းကျောင်းပါတယ်။

အဲဒီလို လစ်ဘာတီ အားကောင်းလာမှုကို ‘ယုံကြည်မှု တည်ဆောက်ရေးဖြစ်စဉ်’ (confidence-building measures) လို့ ခေါ်ကြပါတယ်။ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးလုပ်နည်းလုပ်ဟန်တွေ ပွင့်လင်းမြင်သာမှု ရှိလာတာနဲ့အမျှ ပြည်တွင်းမှာရော အခြားနိုင်ငံတွေနဲ့မှာပါ ယုံကြည်မှုတွေ တိုးပွားလာပါတယ်။ ပွင့်လင်းမြင်သာမှုတွေကို သယ်လာပေးတဲ့ လစ်ဘာတီကြောင့် ယုံကြည်မှုတွေ တိုးပွားလာပြီး လက်နက်ကိုင်ပဋိပက္ခတွေကို ရပ်စဲလာစေပါတယ်။ လစ်ဘာတီ အလေ့အကျင့်တွေ၊ လစ်ဘာတီ အင်စတီကျူးရှင်းတွေကို ပွေ့ဖက်ထားတဲ့ ဒီမိုကရေစီနိုင်ငံဟာ တခြားသောဒီမိုကရေစီနိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါ ငြိမ်းချမ်းစွာ ပြုမူဆက်ဆံမှုတွေ ရှိလာတယ်။ နိုင်ငံခြားရေး မူဝါဒတွေမှာ အောင်မြင်မှုတွေ ရရှိလာပါတယ်။


တစ်ဦးချင်း vs လူထု

ဒါကြောင့် လစ်ဘာတီက ဒီမိုကရေစီကို အားကောင်းစေတယ်။ လစ်ဘရယ် ဒီမိုကရေစီ တိုးပွားလာခြင်းဟာ ငြိမ်းချမ်းရေး ပျံ့နှံစေခြင်းပါပဲ။ ဒီအတွက် ငြိမ်းချမ်းရေးသမားဆိုသူဟာလည်း လစ်ဘာတီကို ပွေ့ဖက် ရှင်သန်နေထိုင်သူသာ ဖြစ်ရပါမယ်။ တစ်ဦးချင်းအခွင့်အရေးနဲ့ လူနည်းစု အခွင့်အရေးတွေအတွက် ကျယ်ကျယ်လောင်လောင် ဟစ်ကြွေးလှုပ်ရှားနေသူသာ ဖြစ်ရပါလိမ့်မယ်။

တစ်ဦးချင်းပိုင်ခွင့် (individualism) တွေကို စတေးပစ်တဲ့ စကားလုံးတွေ၊ အယူဝါဒတွေရဲ့ အန္တရာယ်ကို ငြိမ်းချမ်းရေးသမားတိုင်း သတိကြီးကြီးထားဖို့ လိုအပ်ပါတယ်။ ‘ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာကာကွယ်ရေး၊ ခွဲမထွက်ရေး၊ တစ်ပြည်ထောင်စနစ်၊ လူထုအတွက်၊ အများအတွက်၊’ စတဲ့ အစုအပေါင်း အယူအဆတွေ (mass, collectivism)၊ ကြွေးကြော်သံတွေအောက်မှာ တစ်ဦးချင်းပိုင်ခွင့်နဲ့ လူနည်းစုအခွင့်အရေးတွေ ဖျက်ဆီးမြေမြှုပ်ပစ်ကြတာ သမိုင်းတလျှောက် ပါပဲ။

လူထုအတွက်လို့ ကြွေးကြော်ရင်း၊ အစုအပေါင်းစနစ်တွေ ဘုံစနစ်တွေကို ထူထောင်ဖို့ ကြံရွယ်ရင်း အစိုးရလက်တံတွေ ရှည်သထက်ရှည်လာပြီး ငြိမ်းချမ်းရေးတွေ ကြေမွခဲ့ရပါတယ်။

ဒါကြောင့် တစ်ဦးချင်းရပိုင်ခွင့်ကို ကာကွယ်ဖို့က ငြိမ်းချမ်းရေးသမားတွေရဲ့ မွေးရာပါတာဝန်ကြီး ဖြစ်ပါတယ်။ ဒီအတွက် ၂၁ ရာစု ငြိမ်းချမ်းရေးသမားဟာ ဒေါင်ဒေါင်မြည် ဒီမိုကရက်တစ်ယောက် ဖြစ်နေရလိမ့်မယ်။ ဂလိုဘယ်ခေတ်ငြိမ်းချမ်းရေးသမားဟာ လစ်ဘာတီသမားအဖြစ်နဲ့ ရှင်သန်မြူးကြွနေရပေလိမ့်မယ်။

ရဲမြင့်ကျော်

ကိုးကား။
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆုမိန့်ခွန်း
Democracy's Good Name by Michael Mandelbaum
မဇ္ဈိမဂျာနယ် အတွဲ ၂၊ အမှတ် ၂၁၊ ဖေဖော်ဝါရီ၊ ၂၀၁၃
  Ye Myint Kyaw 
facebook စာမျက်နှာမှ.... 


ဒီိမိုကရေစီနဲ့ ငြိမ်းချမ်းရေး

$
0
0

by Ye Myint Kyaw on Tuesday, March 12, 2013 at 12:30am ·
ဒီမိုကရေစီက လွတ်လပ်တဲ့ ဈေးကွက်စနစ်နဲ့ ခွဲမရအောင် ပေါင်းဖက်လေ့ရှိတယ်။ အလားတူပဲ ဒီမိုကရေစီဟာ ငြိမ်းချမ်းရေးနဲ့ နီးးနီးကပ်ကပ် ဆက်စပ်ပေါင်းဖက်တာကိုလည်း မြင်တွေ့ရပြန်တယ်။


ဒါကြောင့် နိုင်ငံတကာဆက်ဆံရေးလေ့လာသူတွေက ဒီမိုရေစီနည်းကျ အုပ်ချုပ်တဲ့ တိုင်းပြည်တွေဟာ အခြားသူတွေထက် ပိုပြီး ငြိမ်းချမ်းစွာ ပြုမူဆက်ဆံလေ့ရှိတယ်လို့ ကောက်ချက်ချတာ ဖြစ်တယ်။ နိုင်ငံတကာဆက်ဆံရေး သုံးသပ်ချက်တွေအရဆိုရင် ဒီမိုကရေစီနိုင်ငံတွေဟာ ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေထက် ပိုပြီး အခြားသူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ငြိမ်းချမ်းတဲ့နည်းကို သုံးတတ်ပါတယ်။

ဒီမိုကရေစီနိုင်ငံ နှစ်နိုင်ငံ ဆက်ဆံတဲ့အခါ၊ တစ်ဦးနဲ့တစ်ဦး ဒီမိုကရေစီ သွင်ပြင်လက္ခဏာတွေ ပိုအားကောင်းလာအောင် လုပ်ဆောင်လေ့ရှိတယ်။ဒီအချက်ကြောင့် 'ဒီမိုကရေစီနိုင်ငံ အချင်းချင်း ထချခဲတယ်၊ ဒီမိုကရေစီနိုင်ငံချင်း ဘယ်တော့မှ မတိုက်' (Democracies have very seldom and never fought each other.) ဆိုတဲ့ ဒီမိုကရက်တစ် ငြိမ်းချမ်းရေးသီအိုရီ(Democratic Peace Theory)က နိုင်ငံတကာဆက်ဆံရေးမှာ ဥပဒေတစ်ခုလို ခိုင်မြဲလာပါတယ်။ ဒီမိုကရက်တစ် ငြိမ်းချမ်းရေးသီအိုရီ သဘောအရ ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံတွေ ပိုများလာလေလေ၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ပိုခိုင်မြဲလာလေလေ လို့ ဆိုပါတယ်။


ဒီမိုကရက်တစ်လှိုင်းမြင့်လို့ ငြိမ်းချမ်း

အဲဒီ ဒီမိုကရက်တစ် ငြိမ်းချမ်းရေးသီအိုရီ ပေါ်ထွက်လာတာကို အနည်းငယ် ပြန်ကြည့်ရအောင်ပါ။ ပြီးခဲ့တဲ့ ၂၀ ရာစုမှာ နှစ် ၁၀၀ အတွင်း သွေးထွက်သံယိုမှုတွေရော ငြိမ်းချမ်းရေးပါ နှစ်ခုစလုံးကို မြင်တွေ့ရပါတယ်။ ပထမ ရာစုနှစ်ဝက်မှာ လူသားသမိုင်းမှာ ပျက်စီးဆုံးရှုံးမှုအများဆုံး ကမ္ဘာစစ်ကြီးနှစ်ခု ဖြစ်ခဲ့တယ်။ နောက်ရာစုနှစ်ဝက်မှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ထူးထူးခြားခြား ထွက်ပေါ်လာတာကို မြင်တွေ့ကြရပါတယ်။

ဒုတိယကမ္ဘာစစ်ပြီး နှစ်တွေကိုကြည့်ရင် နိုင်ငံတကာမိသားစုထဲက အင်အားကြီးနိုင်ငံတွေကြား အချင်းချင်း ၀င်တိုက်ကြတာ မရှိပါဘူး။ ဒါဟာ နှစ်ပေါင်း ၅၀၀ အတွင်း နိုင်ငံကြီးတွေကြားမှာ ငြိမ်းချမ်းရေးရရှိမှုကာလ အရှည်ကြာဆုံး ဖြစ်ပါတယ်။ နောက် နိုင်ငံငယ်လေးတွေမှာဖြစ်တဲ့ ပဋိပက္ခနဲ့ ပြည်တွင်းစစ် အရေအတွက်လည်း သိသိသာသာ ထိုးကျဆင်းလာတယ်လို့ သုံးသပ်ကြပါတယ်။

အချို့ နိုင်ငံတကာဆက်ဆံရေး ပညာရှင်တွေကတော့ အခု ၂၁ ရာစုထိ ပါလာတဲ့ အကြမ်းဖက်ဖြစ်ရပ် အများစုဟာ စစ်ပွဲကြီး အဆင့်လောက်အထိ မြင့်မားမှုမရှိဘူးလို့ ဆိုပါတယ်။ အစိုးရတွေက နိုင်ငံရေးစိုးမိုးလိုမှုနဲ့ အင်ပါယာချဲ့ထွင်လိုမှုအတွက် တိုက်ခိုက်တာမျိုးမဟုတ်ဘဲ၊ တစ်ဦးချင်း အာဏာတည်မြဲဖို့ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ လူမျိုးရေးမုန်းတီးမှုကြောင့် ဖြစ်ရတဲ့ ရာဇ၀တ်မှုမျိုးတွေသာ များတယ်လို့ ဆိုပါတယ်။ သမိုင်းတလျှောက် မကြာခဏဖြစ်တတ်တဲ့ နိုင်ငံချင်း ထိပ်တိုက်တိုး တိုက်ခိုက်မှုမျိုးတွေ အခုနောက်ပိုင်း လျော့ကျသွားပါတယ်။

ဒီလို စစ်ပွဲကြီးတွေ လျော့ကျမှုဟာ တစ်ဖက်က ဒီမိုကရေစီလှိုင်း မြင့်တက်လာမှုနဲ့လည်း အများကြီး တိုက်ဆိုင်နေပါတယ်။  လူထုရွေးချယ် တင်မြှောက်မှုစနစ် (popular sovereignty) နဲ့ တစ်ဦးချင်းလွတ်လပ်ခွင့် (liberty) တို့ တိုးမြင့်လာတာနဲ့အမျှ စစ်ပွဲတွေကို ရှောင်ရှားလာနိုင်ကြပါတယ်။

ဒါပေမဲ့ အဲဒီလို စစ်ပွဲတွေ ကျဆင်းလာတာဟာ ဒီမိုကရေစီနဲ့ လစ်ဘာတီ အပြင် အခြားအချက်တွေကြောင့်လည်း ပါပါတယ်။ ၂၀ ရာစုမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲတွေက အဓိက စစ်ပွဲကြီးတွေကို ဖယ်ရှားနိုင်ခဲ့တယ်။ ကိုလိုနီ လက်အောက်ခံ နိုင်ငံတွေဟာ လွတ်လပ်ရေးတိုက်ပွဲတွေ သွေးထွက်သံယိုဆင်နွှဲပြီးနောက် ကိုလိုနီစနစ်ကို ရာစုအလယ်မှာ အဆုံးသတ်နိုင်ခဲ့တယ်။  ၂၀ ရာစု နောက်ဆုံးဆယ်စုနှစ်မှာတော့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ဆိုဗီယက် ဦးဆောင်တဲ့ ကွန်မြူနစ်အုပ်စုတို့ကြား  ပဋိပက္ခတွေ နိဂုံးချုပ်သွားတယ်။ ဒါတွေကလည်း နိုင်ငံချင်းကြား တိုက်ခိုက်တဲ့ စစ်ပွဲကြီးတွေ လျော့ကျစေတဲ့ အကြောင်းအချို့ပါပဲ။


ကုန်သွယ်ရေးကြောင့် ငြိမ်းချမ်း

နိုင်ငံရေးအပြင် အချုပ်အခြာနိုင်ငံတွေကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေတဲ့ နောက်အကြောင်းတစ်ခုကတော့ စီးပွားရေး ဆောင်ရွက်မှုပါ။ ၁၈ ရာစု ဗြိတိန်မှာ စခဲ့တဲ့ စက်မှုတော်လှန်ရေးနဲ့အတူ  မတူခြားနားတဲ့ လူထုတွေကြား နယ်နမိတ်ဖြတ် ကုန်သွယ်မှုတွေ ရှိလာပြီး၊ ကမ္ဘာဂြိုဟ်ပေါ်က လူမှုရေး နိုင်ငံရေးပုံစံတွေကို ပြောင်းလဲပစ်တယ်။ ငွေကြးနဲ့ ကုန်ပစ္စည်း စီးဆင်းမှုက အချုပ်အခြာနိုင်ငံတွေကြားမှာ ငြိမ်းချမ်းတဲ့ ဆက်ဆံရေးဖြစ်လာအောင် အားပေးပြီး၊ ဒီမိုရက်တစ် ငြိမ်းချမ်းရေး သီအိုရီကို ပေါ်ထွက်စေပါတယ်။

အမှန်တော့ လွတ်လပ်တဲ့ကုန်သွယ်မှု ကျင့်သုံးတဲ့ တိုင်းပြည်တွေကြားမှာ ရန်မလိုတဲ့ ဆက်ဆံရေး ဖြစ်ထွန်းစေတယ်ဆိုတဲ့ အယူအဆက ၁၉ ရာစုကတည်းက တာစားခဲ့တာပါ။ ငြိမ်းချမ်းရေးအတွက် အခရာက လွတ်လပ်တဲ့ကုန်သွယ်မှု ဆိုတာကို အဓိက ရပ်ခံပြောဆိုခဲ့သူတွေက ဗြိတိသျှ စီးပွားရေးပညာရှင် အဒမ်စမစ်၊ ဒေးဗစ်ရီကာဒိုနဲ့ နိုင်ငံရေးပညာရှင် ဂျွန်စတူးအတ် မေးလ် တို့ပါ။  တကယ်လည်း လွတ်လပ်တဲ့ ကုန်သွယ်မှုဟာ ငြိမ်းချမ်းရေးရဲ့ အဓိကသော့ချက် (Free trade is the key to peace.) ဖြစ်နေဆဲပါ။


ဆပ်ပလိုင်းချိန်းကြောင့် ငြိမ်းချမ်း

အခု ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကုန်သွယ်ရေးက ငြိမ်းချမ်းရေးဖြစ်ပေါ်စေတယ်ဆိုတဲ့ အယူအဆကို ခေတ်မီပုံစံရပ်နဲ့ ပြောဆိုလာသူက နယူးယော့ခ်တိုင်းမ်သတင်းစာ ပင်တိုင်ဆောင်းပါးရှင် 'တောမတ်စ် ဖရီးမင်း' ဖြစ်ပါတယ်။ သူက ကနေ့ခေတ် နိုင်ငံတွေကြား ပဋိပက္ခ ကြိုတင်ကာကွယ်ဖို့ဆိုရင် ဆပ်ပလိုင်းချိန်း သီအိုရီ (the supply-chain theory of conflict prevention) ရှိထားဖို့လိုတယ်လို့ ဆိုပါတယ်။

ဒီသီအိုရီသဘောက မတူတဲ့နိုင်ငံနှစ်နိုင်ငံဟာ နိုင်ငံတကာအတွက် ထုတ်လုပ်မှုကွင်းဆက် အစိတ်အပိုင်းတွေ ဖြစ်လာတယ်။ နှစ်နိုင်ငံစလုံးမှာ ကွန်ပျူတာလို အချောသတ် ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ လုပ်ငန်းအစိတ်ပိုင်းတွေ ရှိထားတယ်။ သူတို့ နှစ်နိုင်ငံပေါင်းပြီး တပ်ဆင်တဲ့ အချောထည်ပစ္စည်းတွေကို တစ်ကမ္ဘာလုံး ဖြန့်ချီပို့တယ်။ အဲဒီနှစ်နိုင်ငံဟာ သူတို့ရဲ့ ထုတ်လုပ်ရေး လုပ်ငန်းကွင်းဆက်တွေ ပြတ်တောက်ပြီး  ၀င်ငွေဆုံးရှုံးမှာကို ကြောက်တဲ့ဖိအားကြောင့် စစ်ဖြစ်ဖို့ ခက်ခဲစေတယ်။ စစ်ပွဲကြောင့် သူတို့လုပ်ငန်းတွေနဲ့ အခြားအကျိုးအမြတ် အားလုံး ပျက်စီးသွားမှာကို စိုးရိမ်ကြတယ်။

အဲဒီသီအိုရီကို အထင်အရှား ကျင့်သုံးနေတဲ့ နှစ်နိုင်ငံကို ဥပမာပေးရရင် တရုတ်နဲ့ အိန္ဒိယ ပဲလို့ ဖရီးမင်းက ပြောပါတယ်။ တရုတ်က သူပိုင်တယ်လို့ ပြောနေတဲ့ တိုင်ဝမ်ကို စစ်ဆင်ဖို့ လက်တွေ့မှာ ခက်ခဲသလို၊ အိန္ဒိယကလည်း ကက်ရှမီးယားကိစ္စမှာ ပါကစ္စတန်နဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ကိုပဲ စဉ်းစားလာရပါတယ်။


ဒီမိုကရက်တစ်တွေက ငြိမ်းချမ်းရေး ပိုလိုလားတယ်

ဒီလိုအခြေအနေတွေကြောင့် အရင်ရာစုတွေမှာ ဖြစ်ခဲ့တဲ့ ကမ္ဘာစစ်ကြီးမျိုးတွေ အခုရာစုမှာ သိသိသာသာ လျော့ကျလာပါတယ်။ စစ်ပွဲတွေ လုံးလုံးလျားလျား ပျောက်မသွားရင်တောင်မှ စစ်စတင်ဖို့ ခက်ခဲမှုတွေ ရှိလာတယ်။ ကမ္ဘာပေါ်မှာ စစ်ပွဲတွေ လုံးဝ မပျောက်နိုင်တာကလည်း စစ်ဆိုတာ လူသားသဘာဝရဲ့ ထုတ်ကုန်တစ်ခုလို သမိုင်းတလျှောက် တွဲပါနေတာကြောင့်ပါပဲ။ ပရရှား စစ်ရေးပါရဂူ ကားလ် ဗွန် ကလော့စ်ဝစ်ဇ် ကဆိုရင် 'စစ်ဆိုတာ အခြားနည်းလမ်းအားဖြင့် နိုင်ငံရေးကို ဆက်လုပ်တာ' (War is the continuation of politics by other means.) လို့ ပြောခဲ့ဖူးတယ်။ နိုင်ငံရေးပြဿနာတွေကို စားပွဲဝိုင်းမှာ အဆုံးသတ်မရတဲ့အခါ စစ်ပွဲနည်းနဲ့ ဆက်ဖြေရှင်းကြတယ်။  ဒီအခြေအနေက အခုထိလည်း ဆက်ကျန်ရှိနေပါသေးတယ်။

ဒါပေမဲ့ ဒီနေ့ခေတ်မှာ စစ်ပွဲကြီးကြီးတွေ ကျဆင်းလာပြီး ကမ္ဘာလုံးချီ အသတ်အဖြတ်ပွဲကြီးတွေ လျော့ပါးလာပါတယ်။ ဒီလို လျော့ကျသွားတာဟာ ဒီမိုကရေစီ မြင့်တက်လာမှု၊ ကုန်သွယ်ရေးတိုးပွားလာမှုတို့နဲ့ အများကြီး ဆက်စပ်မှု ရှိပါတယ်။

ဒီမိုကရေစီနိုင်ငံတွေဟာ ဒီမိုကရေစီမဟုတ်တဲ့နိုင်ငံတွေထက် လူမှုကျင့်ဝတ်အရရော စိတ်ပိုင်းဆိုင်ရာအရပါ စစ်ပွဲတွေကို ပိုပြီးဆန့်ကျင်လေ့ရှိတယ်လို့ နိုင်ငံတကာဆက်ဆံရေး လေ့လာသူတွေက တွေ့ရှိထားပါတယ်။  ဒီမိုကရေစီနိုင်ငံတွေဟာ ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေထက် ပိုပြီး ငြိမ်းချမ်းရေးနဲ့ နှီးနှောကျွမ်းဝင်မှု ရှိတယ်။ သေချာတာက ဒီမိုကရေစီနိုင်ငံအချင်းချင်း ဘယ်တော့မှ စစ်မခင်းကြပါဘူး။ ဟန်ဘာဂါ စားသူချင်း စစ်မခင်းပါဘူး။

ဒီမိုကရေစီလို့ ကနေ့ ပြောတဲ့အခါ 'လစ်ဘရယ် ဒီမိုကရေစီ' ကို ပြောတာပါ။ လစ်ဘရယ်ဒီမိုကရေစီဟာ တစ်ဦးချင်း လွတ်လပ်ခွင့် အကာကွယ်ပေးမှု (liberty) နဲ့ လူအများ လွတ်လပ်စွာရွေးချယ်တင်မြှောက်မှု (popular sovereignty) ဆိုတဲ့ နှစ်ခုကို ပေါင်းစပ်ထားတာ ဖြစ်တယ်။ အဲဒီသွင်ပြင်နှစ်ခု ပီပီပြင်ပြင် တိုးတက်လာပါမှ အမှန်အကန် ငြိမ်းချမ်းရေး ဖြစ်ထွန်းလာပါတယ်။

ဒါကြောင့် ရေရှည်ငြိမ်းချမ်းရေးဆိုတာ ဒီမိုကရေစီစနစ်၊ လွတ်လပ်သော ဈေးကွက်စနစ်နဲ့ လွတ်လပ်သော ကုန်သွယ်မှုစနစ်တို့ အပေါ်မှာသာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။  ငြိမ်းချမ်းရေးလိုလားသူဟာလည်း လစ်ဘရယ်ဒီမိုကရေစီကို လိုလားသူ၊ ကုန်သွယ်ရေးစနစ်ကို လိုလားသူသာ ဖြစ်ဖို့လိုတယ်။ ငြိမ်းချမ်းရေးသမားဆိုသူရဲ့ ၀ိညာဉ်မှာလည်း ဒီမိုကရက်တစ် အသိစိတ်တွေ ၀င်ပူးကပ်ပြီး၊ သူ့အသွေးအသားထဲမှာ တစ်ဦးချင်းလွတ်လပ်ခွင့်ဆိုတဲ့ လစ်ဘရယ် အဟုန်တွေ ထကြွ စီးဆင်းနေရပါလိမ့်မယ်။

ရဲမြင့်ကျော်

ကိုးကား။
Democracy's Good Name by Michael Mandelbaum
The World is flat by Thomas L. Friedman
မဇ္ဈိမဂျာနယ် အတွဲ ၂၊ အမှတ် ၁၉၊ ဇန်န၀ါရီ ၂၉၊ ၂၀၁၃

အာဆီယံဒေသမှာ စာဖတ်တဲ့ယဉ်ကျေးမှု ရှိဖို့လို

$
0
0

by Ye Myint Kyaw on Tuesday, March 12, 2013 at 9:43am ·
(ဆောင်းပါးရေးသူ Betsy Sahetapy က Jakarta International School မှ ကျောင်းဆရာမပါ။)

ဖင်လန်နိုင်ငံက ကျောင်းသူတစ်ယောက်နဲ့ ကားအတူစီးပြီး ကျမ ခရီးသွားဖူးပါတယ်။ ဘတ်စကားပေါ်မှာ တစ်နေ့လုံး စာကို သဲကြီးမဲကြီး ဖတ်နေတာ တွေ့ခဲ့ရတယ်။ စပ်စုတတ်တဲ့ ကျမက မေးကြည့်တယ်။


"ညီမလေး.. အဲဒီ စာမျက်နှာ ၅၀၀ ကျော်တဲ့ စာအုပ်ကို ဘယ်လောက်ကြာအောင် ဖတ်သလဲ"

"နှစ်ရက် သုံးရက်ပါပဲ.."

စာအုပ်ချစ်တဲ့ ကျမ အဖို့တော့ အဲဒီလို စာအုပ်မျိုးပြီးဖို့ဆိုရင် တစ်ပတ် နှစ်ပတ်တော့ အနည်းဆုံး အချိန်ပေးရပါမယ်။

အင်ဒိုနီးရှားက ကျွန်းတွေဆီ ခရီးထွက်ဖြစ်တိုင်း ကမ်းခြေ သဲသောင်ပြင်ပေါ်မှာ နိုင်ငံခြားသား ဧည့်သည်တွေ စာဖတ်နေကြတာ ကျမ အမြဲတမ်း တွေ့နေရပါတယ်။ စာအုပ်တွေကသာ သူတို့အတွက် အကောင်းဆုံး အဖော် ဖြစ်ပုံရတယ်။

ဖေ့စ်ဘွတ်ပေါ်မှာလည်း အနောက်က မိတ်ဆွေအချို့နဲ့ ကျမ ဆုံတတ်ပါတယ်။ သူတို့က စာဖတ်ဝါသနာ ပါသူတွေပီပီ၊ သူတို့ ကိုယ်ရေးဖိုင်ထဲမှာ အကြိုက်ဆုံး စာအုပ်စာရင်းတွေ ကိုယ်စီ တင်ထားတာကို တွေ့ရတယ်။
ဒီလူတွေအဖို့တော့ ၀ါသနာပါလို့၊ အပျင်းဖြေဖို့ စာဖတ်တာ မဟုတ်ဘူး။ စာဖတ်တာဟာ ယဉ်ကျေးမှု တစ်ခုလိုကို ဖြစ်နေတာပါ။ ဥရောပ၊ မြောက်အမေရိက၊ ဂျပန်နဲ့ တောင်ကိုရီးယား လို ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာ စာဖတ်ခြင်းဟာ စွဲစွဲမြဲမြဲလုပ်ရမယ့် ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေကြတာ။

စာဖတ်တဲ့ အလေ့အကျင့်ဆိုတာ ကလေးဘ၀လို ငယ်ငယ်ရွယ်ရွယ်မှာကတည်းက ပျိုးထောင်ခဲ့ရတာပါ။

မိခင်က စာမဖတ်တတ်သေးတဲ့ ကလေးငယ်ကို အသံထွက်ပြီး ဖတ်ပြရပါတယ်။ ကလေးကိုယ်တိုင် သူ့ဟာသူ စာဖတ်လာနိုင်တဲ့အထိ မိခင်က ဖတ်ပြနေဖို့ လိုပါတယ်။ အဲဒီ အလေ့အကျင့်က ကလေးကို ဘာသာစကား ကျွမ်းကျင်မှုရအောင် စပျိုးထောင်ရာမှာ အများကြီး အထောက်အကူဖြစ်စေပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေက မြို့တိုင်း၊ ရပ်ကွက်တွေတိုင်းမှာ လူတွေ စာအုပ် အလွယ်တကူ လက်လှမ်းမှီနိုင်အောင် စာကြည့်တိုက်တွေ ထားပေးကြပါတယ်။ အဲဒီ နိုင်ငံတွေကလူတွေ စာသဲကြီးမဲကြီး ဖတ်တဲ့အကျင့်ဟာ နေရာတိုင်းမှာ စာကြည့်တိုက်တွေ ရှိနေတာကြောင့်မို့ ဖြစ်ပါတယ်။

သူတို့ကို စာဖတ်ကျင့် ဖြစ်စေတဲ့ နောက်အကြောင်းတစ်ခုကတော့ ကျောင်းမှာကတည်းက စာအုပ်တွေကို မဖတ်မနေရ ဖတ်ရတာပါ။ အနောက်နိုင်ငံတွေက မူလတန်းကျောင်း စာသင်ခန်းတိုင်းရဲ့ ထောင့်တွေမှာ စာကြည့်တိုက်လေးတွေ ရှိပါတယ်။ ဗဟုသုတဖြစ်စရာ ပေါ့ပေါ့ပါးပါး စာအုပ်အမျိုးမျိုးတွေ ရှိနေပါတယ်။
ကျောင်းတွေက ကျောင်းသားတွေကို စာဖတ်စွမ်းရည် စစ်ဆေးမှု ပုံမှန်လုပ်ပါတယ်။ စစ်ဆေးမှုပြီးတိုင်း ဆရာက ကျောင်းသားရဲ့ စာဖတ်စွမ်းရည်အဆင့်ကို အကဲဖြတ်ပြီး သင့်လျော်မှန်ကန်တဲ့ စာအုပ် ရွေးချယ်တတ်အောင် လမ်းညွှန်ပေးပါတယ်။

စာဖတ်ခြင်းကို စိတ်ဝင်စားလာအောင်၊ စာဖတ်စွမ်းရည်မြင့်အောင် ပျိုးထောင်ရာမှာ ဖင်လန်နိုင်ငံကိုလည်း နမူနာ ယူသင့်ပါတယ်။ ဖင်လန်ကျောင်းသားတွေရဲ့ စာဖတ်စွမ်းရည်ဟာ ကမ္ဘာမှာ တတိယအဆင့် ရှိပါတယ်။ စာဖတ်ကျင့်ကို လူထုတွေကြား ယဉ်ကျေးမှုဖြစ်လာအောင် ဆောင်ရွက်နေတဲ့ ထူးခြားတဲ့ တိုင်းပြည် ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ရာမှာ အဓိကအချက်က စာအုပ်၊ သတင်းစာနဲ့ မဂ္ဂဇင်းတွေကို အားလုံး လက်လှမ်းမှီအောင် အများပြည်သူ့ စာကြည့်တိုက်တွေမှာ ထားပေးခြင်း ဖြစ်ပါတယ်။ နောက်ပြီး စာဖတ်ခြင်းရဲ့ အရေးပါမှုကို ကျောင်းတွေ၊ ဆရာတွေနဲ့ မိဘတွေက ကမ်ပိန်းတစ်ခုအဖြစ် အဆက်မပြတ် လှုံဆော်နေခြင်း ဖြစ်ပါတယ်။

ဒီလို ကြိုးစားရာမှာ ဖင်လန် သတင်းစာတိုက်တွေ၊ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေ၊ ကျောင်းဆရာ သမဂ္ဂတွေ၊ ကျောင်းစာကြည့်တိုက်နဲ့ ကိုယ်ပိုင်စာကြည့်တိုက်တွေ စတဲ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။
စာဖတ်ခြင်းဟာ ဘာသာစကား စွမ်းရည်တိုးတက်ဖို့အတွက် အရေးပါပါတယ်။ လူထုရဲ့ ဘာသာစကား စွမ်းရည် မြင့်မားမှုနဲ့ ဗဟုသုတကြွယ်ဝမှုက တစ်ဦးချင်းကိုရော လူ့အဖွဲ့အစည်းကိုပါ အများကြီး အကျိုးဖြစ်စေပါတယ်။

ပထမအချက်က ကျောင်းမှာ စာဖတ်စွမ်းရည် လေ့ကျင့်ပေးခြင်းဟာ ကျောင်းသားတွေကို အောင်မြင်တဲ့ သင်ယူလေ့လာသူတွေ ဖြစ်စေပါတယ်။ စနစ်တကျ စာဖတ်နိုင်စွမ်းက တက္ကသိုလ် ပညာရေးမှာရော တသက်တာ သင်ယူဆည်းပူးသူ အဖြစ်နဲ့ပါ အောင်မြင်မှုတွေ ရရှိစေပါတယ်။

ဒုတိယအချက်က စာဖတ်ခြင်းဟာ တစ်စုံတစ်ဦးကို ဆန်းသစ်တီထွင်သူဖြစ်အောင် လှုံဆော်ပေးနိုင်ပါတယ်။ ဆန်းသစ်တီထွင်မှု ရလဒ်တွေဆိုတာ အိုင်ဒီယာတွေ၊ အယူအဆတွေနဲ့ ဘာသာစကားတွေ ပေါင်းစပ်ပြီးမှ ရလာတာပါ။ စာတွေ ပိုများများဖတ်လေ၊ အယူအဆနဲ့ စိတ်ကူးစိတ်သန်းတွေ ပိုများများ ၀င်လာလေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တီထွင်ဖန်တီးမှု အများစုဟာ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက လာနေတာကို ဘာမှ အံ့ဩစရာမရှိဘူး။

ဂျပန်ကိုပဲ ကြည့်ပါ။ ဂျပန်တွေရဲ့ စာဖတ်စွမ်းရည် မြင့်မားမှုကြောင့် ကမ္ဘာမှာ တီထွင်ဆန်းသစ်မှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့ပါတယ်။ အခြားအာရှနိုင်ငံတွေ ဂျပန်ကို အမြဲ အတုယူ အားကျသင့်ပါတယ်။

တတိယအချက်။ စာဖတ်ခြင်းဟာ အမြင်မတူမှုအပေါ် သည်းခံမှုနဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ပေးပါတယ်။ စာများများ ဖတ်တာနဲ့အမျှ၊ အခြားလူတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ယုံကြည်ချက်၊ ဘာသာရေး၊ လူမျိုးရေးတွေကို ပိုပြီးနားလည် ခံစားတတ်လာပါတယ်။

ဥပမာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ မူဆလင်တွေဟာ တစ်ဦးရဲ့ ယုံကြည်ချက်အကြောင်း တစ်ဦး ဖတ်ကြတယ်ဆိုရင် ဘာသာတရားတွေရဲ့ အဓိက အနှစ်သာရက ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ကိုယ်ချင်းစာတရားတွေ ဖြစ်တာကို သိနားလည်ကြပါမယ်။ ဒီလို နားလည်လာရင် ဒေသပဋိပက္ခတွေကို လျှော့ချနိုင်ကြပါလိမ့်မယ်။

စာဖတ်ခြင်းကနေ အနာဂတ်မှာ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေကို တားမြစ်ပေးနိုင်မယ်လို့ ကျမ အလေးအနက် ယုံကြည်နေပါတယ်။ ကျမတို့ အင်ဒိုနီးရှား တင်မကဘဲ အာစီယံ ဒေသတွင်းနိုင်ငံအားလုံးမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကို စနစ်တကျ ဖတ်တဲ့ အလေ့အကျင့်တွေ ပျိုးထောင်ဖို့ အမြန် လိုအပ်နေပါတယ်။

ဒါကြောင့် အာစီယံနိုင်ငံတိုင်းမှာ စာဖတ်ခြင်းကို ယဉ်ကျေးမှုဖြစ်လာအောင်အထိ လုပ်ကြဖို့ ခေါင်းဆောင်တွေနဲ့ ပေါ်လစီမိတ်ကာတွေကို ကျမ အကြံပေးချင်ပါတယ်။ လူထုအားလုံး စာဖတ်လာအောင် တယ်လီဗေးရှင်းတွေ၊ ပိုစတာတွေ၊ ဆောင်ပုဒ်တွေ၊ လက်ကမ်းစာစောင်တွေနဲ့ လှုံ့ဆော်မှုအထိ လုပ်ရမယ်။ ဒါပေမဲ့ အပေါ်ယံ ဟန်ပြတွေမဟုတ်ဘဲ၊ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အကောင်အထည်ဖော်ဖို့ လိုပါတယ်။

စာဖတ်စွမ်းရည်ကို မြှင့်မားစေမယ့် ပညာရေးသင်ရိုးညွှန်းတမ်းတွေကို နိုင်ငံတကာကျောင်းတွေ၊ ပညာရှင်တွေနဲ့ ညှိနှိုင်းဆွဲဖို့ ပညာရေးဌာနတွေက အကောင်အထည် ဖော်ရပါမယ်။ ရည်ရွယ်ချက်က စာသင်ခန်းမှာ ကလေးတွေ မဖတ်မနေရ စာဖတ်စေဖို့ ဖြစ်ပါတယ်။

အဲဒီအတွက် ကျောင်းတွေမှာ ပြဌာန်းစာအုပ်တင်မကဘဲ၊ ဖတ်စရာ စာအုပ်မျိုးစုံနဲ့ စာကြည့်တိုက်အတွက် လိုအပ်သမျှ သင်ထောက်ကူ ပစ္စည်းတွေ ဖြည်းဆည်းပေးထားရပါမယ်။ ကျောင်းသားတွေရဲ့ အရွယ်ဖွံ့ဖြိုးမှုနဲ့အတူ စာဖတ်စွမ်းရည် မြင့်လာအောင်၊ သုတ ရသ စာအုပ်အားလုံး ဖတ်ခွင့် ပြုရပါမယ်။
နောက် ဒေသစာကြည့်တိုက်တွေနဲ့ ပုဂ္ဂလိကစာကြည့်တိုက်တွေ ထူထောင်ဖို့ လိုအပ်တဲ့ စာအုပ်စာတမ်းတွေကို အစိုးရက ပံ့ပိုးပေးရမယ်။ စာကြည့်တိုက်တွေကြားမှာလည်း ကွန်ယက်ဖွဲ့ပေးထားရပါမယ်။ ရည်ရွယ်ချက်က လူထုကို ဗဟုသုတဖြစ်စေမယ့် စာအုပ်တွေ များများ ငှားပေးနိုင်ဖို့ ဖြစ်ပါတယ်။

အာစီယံနိုင်ငံတွေမှာ စာဖတ်အားနည်းတဲ့ အဓိက အကြောင်းက စာအုပ်စာပေကို လူထုနဲ့ လက်လှမ်းမှီမှီ ထားမပေးနိုင်တဲ့ အချက်ဖြစ်နေတာ ကျမတို့ မြင်တွေ့ရပါတယ်။ အစိုးရတွေအနေနဲ့ လူထု စာဖတ်ရေးအတွက် ငွေကြေးအလုံအလောက် သုံးစွဲသင့်တယ်။

စာဖတ်တဲ့ ယဉ်ကျေးမှုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့အတွက် အလွန်အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ ဒီလုပ်ငန်းမှာ စိန်ခေါ်မှုတွေ ရှိပေမဲ့၊ ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ဖွံ့ဖြိုးဖို့ အိပ်မက် မက်ထားရင် မဖြစ်မနေ ကျားကုတ်ကျားခဲ လုပ်ကြရမှာပဲ ဖြစ်ပါတယ်။

အနာဂတ်မှာ ကျမတို့ အာစီယံ ဒေသနိုင်ငံအားလုံးက ကားပေါ်၊ ရထားပေါ်၊ လေယာဉ်နဲ့ သင်္ဘောပေါ်၊ ကော်ဖီဆိုင်၊ လက်ဘက်ရည်ဆိုင် တွေမှာ လူတွေ စာဖတ်နေတာကို မြင်ရဖို့ လိုပါတယ်။ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် လူတွေ စာဖတ်နေပြီဆိုရင်တော့ အာစီယံဒေသလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေအထားမျိုး ဖြစ်နေပြီပေါ့။

ရည်ညွှန်း။ The Jakarta Post

ရဲမြင့်ကျော်

လျူရှောင်ဘို ပြောတဲ့ တရုတ်ဒီမိုကရေစီ

$
0
0
 
PD*39403386 Chinese dissident Liu Xiaobo...epa02382858 (FILE) An undated Liu Xia handout image showing of jailed Chinese dissident and civil rights activist Liu Xiaobo in Beijing, China. Liu is considered a candidate for the 2010 Nobel Peace Prize. Dissident Chinese writer and human rights activist Liu Xiaobo wins Nobel Peace Prize for 2010, it was announced in Oslo, Norway 08 October 2010. EPA/LIU XIA/HANDOUT EDITORIAL USE ONLY/NO SALES EPA
by Ye Myint Kyaw on Tuesday, March 12, 2013 at 12:55am ·
နော်ဝေနိုင်ငံ နိုဘယ်ဆုကော်မတီက ၂၀၁၀ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို တရုတ်ပြည်မှာ လူ့အခွင့်အရေးနဲ့ အကြမ်းမဖက် လှုပ်ရှားမှုကို အချိန်ကြာမြင့်စွာ ဆောင်ရွက်ပြီး  အကျဉ်းကျနေတဲ့ လျုရှောင်ဘိုကို ချီးမြှင့်ခဲ့ပါတယ်။ လျူရှောင်ဘို ဟာ တရုတ် အတိုက်အခံ စာရေးဆရာဖြစ်ပြီး၊ စာအုပ် ၁၁ အုပ်နဲ့ အက်ဆေးများစွာ ရေးသားသူပါ။


၁၉၈၉ ခုနှစ် တီယန်မင် အရေးအခင်းမှာ ဒီိမိုကရေစီလှုပ်ရှားသူ ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားလာပါတယ်။ ၁၉၈၉-၉၁ ခုနှစ်မှာ စတင် အဖမ်းခံခဲ့ရပြီး၊ ၁၉၉၆- ၉၉ တွင် ဒုတိယအကြိမ် ပြန် အဖမ်းခံခဲ့ရပါတယ်။ ပြန်လွတ်လာတော့၊  ‘လွတ်လပ်တဲ့ တရုတ် ကလောင်ရှင်များ အဖွဲ့’ ဥက္ကဌ နဲ့ Democratic China မဂ္ဂဇင်း အယ်ဒီတာ တာဝန်ယူဆောင်ရွက်ပါတယ်။

လျူ ဟာ တရုတ် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တောင်းဆိုတဲ့ နာမည်ကျော် ‘Chapter 8’ စာတမ်းကို အဓိက ရေးခဲ့သူပါ။ အဲဒီ ချာတာကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေတာကြောင့်ပဲ၊ ၂၀၀၉ ဇွန် ၂၃ ရက်နေ့မှာ ‘နိုင်ငံတော်အာဏာ ပျက်စီးအောင် ဆူပူလှုံဆော်တဲ့ ဥပဒေ’ နဲ့ နောက်ထပ် ၁၁ နှစ် ထောင်ချခံရပါတယ်။  အခု လျောင်နင် ပြည်နယ် ရှီင့်ချို့ အကျဉ်းထောင်မှာပါ။

တရုတ်အစိုးရက သူ့ဇနီး လျူရှီယာ ကို သူ့ကိုယ်စား ဆုသွားမယူနိုင်အောင် နေအိမ်အကျယ်ချုပ် ချထားပြီး၊ ဆွေးမျိုးသားချင်း တွေကိုလည်း တားမြစ်ထားတာကြောင့်၊ ၂၀၁၀ ဒီဇင်ဘာ၁၀ ရက် အော်စလို ငြိမ်းချမ်းရေး နိုဘယ်ဆုဟာ လက်ခံယူမယ့်သူ မရှိတဲ့ ထူးခြားတဲ့ ငြိမ်းချမ်းရေးဆုပေးပွဲ အခမ်းအနား ဖြစ်သွားရပါတယ်။  ပိုဆိုးတာက တရုတ်အစိုးရ ငြူစူမှာ စိုးတဲ့အတွက် ကုလသမဂ္ဂ၊ အာစီယံ အပါအ၀င် ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကမှ နိုဘယ်ဆုကို ကိုယ်စား လက်ခံယူမပေးတာကလည်း ငြိမ်းချမ်းရေးလောကမှာ မှတ်တမ်းတစ်ခု ဖြစ်သွားပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ စာတမ်းဟာ ၂၀၀၅ အောက်တိုဘာ ၁၉ ရက်နေ့ တရုတ်ကွန်မြူနစ်ပါတီက ဖြန့်ဝေတဲ့ ‘တရုတ်ပြည် ဒီမိုကရက်တစ်နိုင်ငံရေး တည်ဆောက်မှု’ စက္ကူဖြူစာတမ်းကို လျူရှောင်ဘိုက တုံ့ပြန် ရေးသားထားတာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ဧကရာဇ်ဝါဒနဲ့ အာဏာရှင်စနစ်တို့ဟာ စိတ်ပျက်စရာကောင်းလောက်အောင် နှစ်ပဋိစ္ဆေဒ ရှည်ကြာလွန်းကြောင်း သမိုင်းနဲ့တကွ ဖော်ပြထားပြီး၊ ယခုထိ တရုတ်လူထုအခြေအနေက ဟိုးအရင်အတိုင်း ဘာကွာခြားမှုမှ မရှိသေးဘူးလို့ ပြောပါတယ်။

‘လွတ်လပ်တဲ့ တရုတ်ပြည်’ ပေါ်ပေါက်ဖို့ဆိုတာ၊ လက်ရှိအာဏာရထားသူတွေနဲ့ သူတို့ပေါ်လစီတွေထဲက ထွက်လာမှာမဟုတ်ဘဲ၊ ‘လူထုအာဏာပါဝါ’ ကနေသာ ပေါ်ထွက်လာမယ်လို့ ဟု သူ့စာတမ်း အဆုံးပိုင်းမှာ တင်ပြထားပါတယ်။

*******************************

တရုတ်လူထုက ကွန်မြူနစ်ပါတီဦးဆောင်တဲ့ ဒီမိုကရေစီနဲ့သာ ထိုက်တန်ပါသလား

၂၀၀၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးဌာနက ‘တရုတ်ပြည် ဒီမိုကရက်တစ် နိုင်ငံရေး တည်ဆောက်မှု’ ခေါင်းစဉ်နဲ့ စက္ကူဖြူ စာတမ်းတစ်စောင်ကို ထုတ်ဝေခဲ့ပါတယ်။ ကွန်မြူနစ်ပါတီ အာဏာရကတည်းက ပထမဆုံး ထုတ်ဝေတဲ့ ဒီမိုကရေစီ တည်ဆောက်ရေး စာတမ်းဖြစ်ပေမဲ့၊ ဒီမိုကရေစီနဲ့ ပတ်သက်လို့ ဆုပ်ဆုပ်ကိုင်ကိုင် ဘာအချက်အလက်မှ မပါပါဘူး။

စာတမ်းရဲ့ အနှစ်သာရပိုင်းမှာ ‘အမျိုးသားအခြေအနေများဆိုင်ရာ သီအိုရီ’၊ တရုတ်ကွန်မြူနစ်ပါတီ (CCP)ရဲ့ အာဏာဆိုင်ရာ သီအိုရီ’ နဲ့ ‘ပါတီရဲ့ အသိဥာဏ်ပညာဆိုင်ရာ သီအိုရီ’ ဆိုတဲ့ အကြောင်းအရာ သုံးခုကို အခြေတည် ဆွေးနွေးထားပါတယ်။

‘အမျိုးသားအခြေအနေများဆိုင်ရာ သီအိုရီ’ ပိုင်းမှာ စီးပွားရေး အားနည်းချက်တွေ၊ လူထုနေထိုင်မှု အခြေအနေ နိမ့်ကျမှုတွေကို ထည့်သွင်း ဆွေးနွေးမထားပါဘူး။ ပါတီရဲ့ ခေါင်းဆောင်မှုနေရာအတွက် သမိုင်းဖြတ်သန်းမှုအရ ရွေးချယ်ရခြင်းနဲ့ တရုတ် လူထုရဲ့ အလိုက်သင့်ရွေးချယ်မှု ကိစ္စကိုသာ အလေးပေး ဆွေးနွေးထားပါတယ်။ ဆိုလိုတာက တိုင်းပြည်ခေါင်းဆောင်မှုကို လူထုဆန္ဒအရထက်၊ သမိုင်းကြီးမြတ်မှုနဲ့သာ ဖန်တီးသွားမယ်လို့ ပြောထားခြင်း ဖြစ်ပါတယ်။

ရှင်းပါတယ်။ ‘အမျိုးသားအခြေအနေများဆိုင်ရာ သီအိုရီ’ ရဲ့ ရည်ရွယ်ချက်ထဲမှာ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ စံနှုန်းတွေကို ငြင်းပယ်ထားတယ်။ အမျိုးသားအခြေအနေ ဆိုတာတွေကို အရေးတကြီး ရှေ့တန်းတင် လှုံဆော်ပြီး၊ လက်ရှိ CCP ပါတီနဲ့ အစိုးရရဲ့ မရိုးသားတဲ့ တရားဝင်မှု (legitimacy) ပြဿနာတွေကို ဖုံးဖိထားခြင်းသာ ဖြစ်ပါတယ်။

‘ပါတီအာဏာဆိုင်ရာ သီအိုရီ’ မှာတော့ လက်ရှိကျင့်သုံးနေတဲ့ ပုံစံဖြစ်တဲ့ ပါတီက အမြင့်ဆုံးအာဏာ ရယူထားမှုကို ထပ်ပြီး အတည်ပြုပေးထားခြင်း ပါပဲ။ လူထုအချုပ်အခြာ ဒီမိုကရေစီ တည်ဆောက်ရေး ဖြစ်ဖြစ်၊ အခြေခံဥပဒေထဲမှာ ရေးထားတဲ့ လူအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကိုဖြစ်ဖြစ်၊ အမျိုးသားလွှတ်တော် ကိစ္စဖြစ်ဖြစ်၊ ပါတီရဲ့ ‘ဒီမိုကရက်တစ်ဗဟိုပြုရေး’ အမည်ခံ ဗန်းပြမှုပဲဖြစ်ဖြစ်၊ ဥပဒေပြုရေးလုပ်ငန်းဖြစ်ဖြစ်၊ အောက်ခြေ လူထုအတွက် ဒီမိုကရေစီဖြစ်စဉ်တွေကိုပဲ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အားလုံးဟာ CCP အာဏာပိုင်အဖွဲ့ရဲ့ လမ်းညွှန်မှုကိုပဲ လိုက်နာကြရလိမ့်မယ်။  လူထုရဲ့ အချုပ်အခြာအာဏာ အတွက် တကယ်တန်း ဘာလုပ်ပိုင်ခွင့်မှ ပေးမထားပါဘူး။

နောက် ‘CCP ပါတီရဲ့ အသိဥာဏ်ပညာဆိုင်ရာ သီအိုရီ’ မှာတော့ တရုတ်ပြည်ရဲ့ လက်ရှိ အောင်မြင်မှုတွေဟာ ပါတီကြောင့် ဆိုတာကိုပဲ အထပ်ထပ် သိဒ္ဓိတင် ကြော်ငြာနေတာပါ။ ကြီးမားများပြားတဲ့ ကျရှုံးမှုတွေကို ကာကွယ်ဖို့အတွက် ရတတ်သမျှ အောင်မြင်မှုတွေ ချဲ့ကားထားတာပါ။ တိုင်းပြည်မှာ ဒီမိုကရေစီ စိုးစဉ်းမျှရှိတယ်ဆိုရင် အဲဒါက ပါတီရဲ့ အသိဥာဏ်ပညာကြောင့် လို့ ပြောထားတာပါ။ ကွန်မြူနစ်ပါတီကပဲ ဥာဏ်ပညာကြီးကြီးနဲ့ ဦးဆောင်ဦးရွက်ပြုပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့လို့သာ တရုတ်ပြည် ဖြစ်လာတာလို့ ဆိုလိုချင်တာပါ။ တရုတ်လူထုတွေ မျိုးဆက်ချီ ကြိုးစားအားထုတ် ပေးဆပ်မှုတွေနဲ့ အသီးအပွင့် ရလဒ်တွေဆို ဘာတစ်ခုမှ အသိအမှတ်ပြု ဖော်ပြမထားပါဘူး။

သူတို့ စက္ကူဖြူစာတမ်းရဲ့ အချုပ်က လူထုရဲ့ အချုပ်အခြာအာဏာဖြစ်တဲ့ ဒီမိုကရေစီရဲ့အထက်မှာ ပါတီအာဏာ ရှိတယ်ဆိုတာ တစ်ကမ္ဘာလုံးကို မောင်းခတ်ကြေငြာတဲ့ သဘောဆောင်နေပါတယ်။ ပါတီအာဏာကသာ အမြင့်မြတ်ဆုံး ထည်ဝါကြီးကျယ်ဆုံး ဖြစ်တယ်။ ‘လူထုရဲ့ အကြီးအကဲဟာ ကွန်မြူနစ်ပါတီ’ ပဲဖြစ်တယ်။ ‘ဒီမိုကရေစီရဲ့ အကြီးအမှုးက CCP ပါတီ’ ပဲ ဖြစ်ရမယ်။ အမျိုးသားလွှတ်တော် (NPC) က ပါတီအာဏာပိုင်အဖွဲ့ရဲ့ ရုပ်သေးသာ ဖြစ်တယ်။ တရုတ်လူထု နိုင်ငံရေးရာ အတိုင်ပင်ခံ ညီလာခံ (CPCC) ဆိုတာ အဆင်တန်ဆာ ပွဲတက်အခမ်းအနားမျှ ဖြစ်တယ်။ တရားရေးစနစ်က ပါတီအာဏာပိုင်အဖွဲ့ရဲ့ ကရိယာ တန်ဆာပလာသာ ဖြစ်တယ်။ လူ့အခွင့်ရေး၊ ဒီမိုကရေစီ စတဲ့ စကားလုံးတွေဟာ စက္ကူဖြူစာတမ်းမှာ ခန်းစီးလိုက်ကာလို ပကာသနတွေသာ ဖြစ်နေတယ်။

CCP အာဏာပိုင်အဖွဲ့ အရင်က ထုတ်ဝေတဲ့ လူ့အခွင့်အရေးအမြင် စာတမ်းလိုပါပဲ။ အခု ဒီမိုကရေစီရေးရာ စာတမ်းကလည်း မုသားတွေ ပြည့်နှက်နေပါတယ်။ ဥပမာ၊ စက္ကူဖြူစာတမ်းထဲမှာ “တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အာဏာအားလုံးကို လူထုကသာ ပိုင်ဆိုင်တယ်” လို့ ဖော်ပြထားချက် ပါပါတယ်။ သို့သော် ၁.၃ ဘီလီယံ ရှိတဲ့ တရုတ်ပြည်သူတွေခမျာ ပါတီအာဏာပိုင်များ လိုသလို အမောင်းခံရတဲ့ သိုးအုပ်ကြီးများသာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ သမ္မတ ရွေးကောက်ပွဲမှာ လူထုပါဝင်ဖို့ အခွင့်အရေး လုံးဝမရှိပါဘူး။

နောက် ဥပမာတစ်ခုက စက္ကူဖြူစာတမ်းထဲမှာ “ပါတီတွင်း ဒီမိုကရေစီ ဖွံဖြိုးရေး” ဆိုတာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တရုတ်ပြည်က ၆၈ သန်း သော ပါတီအဖွဲ့ဝင်တွေဟာ ပါတီကျေးကျွန်အဆင့်ထက် မပိုပါ။ ပါတီအကြီးအကဲကို ရွေးချယ်ဖို့ သူတို့မှာ အမှန်တကယ် အခွင့်အလမ်း မရှိရှာပါဘူး။


အဲဒီ ‘တရုတ်ပြည် ဒီမိုကရက်တစ်နိုင်ငံရေး တည်ဆောက်မှု’ စက္ကူဖြူစာတမ်းဟာ ကြွားလုံးသက်သက်ထုတ်ပြီး ဟန်ဓာတ်ခုတ်ထားမှုသာ ဖြစ်တယ်။ တရုတ်ပြည် ဒီမိုကရက်တစ်နိုင်ငံရေး တည်ဆောက်မှုလို့ ကြွေးကြော်ပြီး၊ ကွန်မြူနစ်ပါတီ အမြင်ဆုံးအာဏာပိုင်အဖွဲ့ ကျင့်သုံးတဲ့ အာဏာရှင်စနစ်ကို လူထုက ကျေးကျွန်ပြုပေးရမယ့် စာတမ်းသာ ဖြစ်တယ်။

**********************************

၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ မော်စီတုန်း တီယန်နန်မင်ရင်ပြင် ဂိတ်ပေါ်တက်လာတော့၊ တစ်တိုင်းပြည်လုံးအနှံ့မှာ လူထုက “သူဟာ ကျွန်ုပ်တို့လူထုတွေအတွက် မဟာကယ်တင်ရှင်ကြီးပါ” ဆိုတဲ့ သီချင်းကို သံပြိုင် ကြွေးကြော် အော်ဟစ်ခဲ့ရပါတယ်။

၁၉၈၄ အောက်တိုဘာ ၁ ရက်နေ့မှာ တိန့်ရှောင်ပိန် တီယန်နန်မင် ရင်ပြင်ပေါ်မှာ တပ်တွေစစ်ဆေးတော့ ‘ဟလို ရှောင်ပိန်!’ လို့ သူ့လက် ဝှေ့ယမ်းပြပြီး နိုင်ငံ့ဗိသုကာကြီး အဖြစ်နဲ့ လူထုအားလုံးရဲ့ ထောက်ခံမှု ရယူပါတယ်။ ပြီး သူက “လူတချို့ အရင်ဆုံး ချမ်းသာ ပလေ့စေ” (Let some people get rich first.) လို့ ကွန်မြူနစ် ဇာတ်ပျက်စကားပြောပြီး လူတစ်စုအတွက်သာ အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့တယ်။

၁၉၉၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ ကျန်ဇီမင်း တပ်တွေ စစ်ဆေးပြန်တော့ အကြီးအကျယ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီကြားကပဲ တော်လှန်ရေးလမ်းကြောင်းနဲ့ တရုတ်ပြည်အနာဂတ် အမွေဆက်ခံမယ့် အဓိက ဦးဆောင်မှုနေရာကို ရသွားပြန်တယ်။ သူက တရုတ်အင်ပါယာအတွက် ကြီးမားရက်ရောတဲ့ ဆန်းသစ်တီထွင်မှု သီအိုရီတစ်ခု နောက်ထပ်ဖန်တီးပြီး၊ ခေတ်ပျက်မှာ ချမ်းသာလာတဲ့ အရင်းရှင်တွေကို CCP ပါတီထဲ အဖွဲ့ဝင်ဖြစ်ခွင့် ပေးလိုက်တယ်။


ဟူကျင်တောင်း တပ်တွေစစ်ဆေးတဲ့အခါ ‘သူ့ချစ်လှစွာသော ပြည်သူတွေ’ အတွက် ဘယ်လို ရုပ်ပုံ ဖော်မယ်ဆိုတာ ကျနော် မသိသေးပါဘူး။ လက်ရှိ အာဏာရ အုပ်စုအတွင်းမှာ ဖယ်ရှားခံခဲ့ရတဲ့ ကျောက်ကျိယန့် နဲ့ ဟူယောင့်ပန်း တို့ပုံစံမျိုး၊ လူထုကို ကောင်းမွန်စွာ ဆက်ဆံပြီး ခေတ်သစ်နိုင်ငံရေးရဲ့ သဘောကို ကျက်မိတဲ့ အဆင့်မြင့်အရာရှိတွေ ရှိကောင်း ရှိနိုင်တယ် ဆိုတာကို ကျွန်တော် မငြင်းလိုပါဘူး။ ဒီလူတွေဟာ ကောင်းမွန်တဲ့ မူဝါဒဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အများကြီး စွန့်စားလုပ်ချင်ကြမှာပါ။

သို့ပေမဲ့ အဲဒီလို အရာရှိကောင်းတွေဟာ CCP ပါတီစနစ်အောက်မှာ သက်ဆိုးမရှည်နိုင်ကြပါဘူး။ အဲဒီလိုဖြစ်သွားရတဲ့အခါ လူထုတွေမှာလည်း အထက်က ပါတီဘော့စ်တွေ ပေးကမ်းမယ့် အခွင့်အရေးနဲ့ အကျိုးရလဒ်လေးတွေ ကိုပဲ ထိုင်စောင့်မျှော်ရင်း ဆက်လက်ရှင်သန်ကြရပါတယ်။

*************************************

နောက်ကို ခြေလှမ်းတစ်ထောင်လောက် ဆုတ်ပြီး တရုတ်ပြည်ကြီးကို ပြန်ကြည့်ကြပါဦး။ ကျနော်တို့ တိုင်းသူပြည်သားများဟာ ဥာဏ်အမြှော်မြင် ပြည့်စုံတဲ့ အုပ်စိုးသူနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုရင်၊ သို့မဟုတ် ဧကရာဇ် အချို့ရဲ့ မျက်နှာသာပေးမှု ခံစားခဲ့ရတယ် ဆိုရင် သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်စော်ကားတာတွေ ရှိလင့်ကစား၊ အကျိုးခံစားခွင့် ဆုပ်ဆုပ်ကိုင်ကိုင် ရရှိမှုအတွက် ခွင့်လွှတ်ကြရမှာပါပဲ။

ဒါပေမဲ့ သိပ်သိပ်ကိုဝမ်းနည်းစရာ ကောင်းလွန်းပါတယ်။ ကျနော်တို့ တိုင်းသူပြည်သားတွေဟာ ဒုက္ခအကြီးအကျယ် ခံစားနေကြရတယ်။ ဘိုးဘွားဘီဘင် ရှေးအတီ မျိုးဆက်ပေါင်းများစွာကနေ ကနေ့အထိ လူထုအပေါ် သနားကြင်နာမှုပြမယ့်၊ ပညာဥာဏ်ရှိတဲ့ အုပ်ချုပ်သူမျိုးကို တစ်ကြိမ်တစ်ခါတောင် မဆုံခဲ့ကြရပါဘူး။

ဒါ့အပြင် တရုတ်မင်းဆက် သံသရာစက်သမိုင်းမှာ၊ မင်းဧကရာဇ်ရဲ့ လူထုအပေါ် ရက်ရော လိုက်လျောတတ်တဲ့ အပြုအမူဟာ သူ နန်းစတက်ချိန်မှာပဲ ရှိတတ်တယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့က အုပ်ချုပ်သွားတဲ့ မင်းဆက်က သူ့နောက်ဆုံးနှစ်တွေအတွင်း ဘာကောင်းကျိုးမှ မဆောင်ရွက်ဘဲ တိုင်းပြည်ကို အကျပ်အတည်း ဘေးဒုက္ခပေါင်းစုံနဲ့ ချန်ထားရစ်ခဲ့လို့ပါပဲ။ နန်းသစ် တက်လာသူကျတော့ လူထုလိုအပ်ချက်အတွက် လုပ်ဆောင်ပေးတာထက်၊ သူ့နိုင်ငံရေးအာဏာ ကြံ့ခိုင်အောင်ထိန်းဖို့ ခေတ္တမျှ လိုက်လျော လုပ်ဆောင်ပေးခြင်းသာ ဖြစ်ပါတယ်။ နန်းတက်စမှာ မင်းသားပြုံး ပြုံးပြပြီး မကြာခင် ဘီလူးရုပ်ပြန်ပေါ်လာပါတယ်။


ကျနော်တို့ တိုင်းသူပြည်သားတွေကလည်း ကြီးသူရဲ့ စောင့်ရှောက်မှုအပေါ် လုံးဝမှီခိုနေရတဲ့ ကလေးငယ်လေးတွေ လိုပါပဲ။ အသိဥာဏ်ရှိရှိ အုပ်ချုပ်မယ့် မင်းလောင်းပေါ်လာဖို့ကို ရာစုတွေချီပြီး ထိုင်စောင့်မျှော်နေတတ်တဲ့ သူတွေပါ။ တရုတ်လူထုဟာ ချွတ်ချော်ယိုင်နဲ့ပြီး ဘယ်တော့မှ ရင့်ကျက် ကြီးပြင်း မလာသေးဘူးလို့ပြောရင် ကျွန်တော် လွန်လေမလား။ သူတို့ဟာ ရှေးဦးလူတွေ ကြယ်လနက္ခတာရာတွေ ထိုင်ရှိခိုးသလိုမျိုး၊ တရုတ် ဧကရာဇ် မင်းတွေကို အခုထိ ဒူးထောက် ခယ၀ပ်တွား မော်ဖူးနေကြတုန်းပဲလား။

******************************
မော်ခေတ်နဲ့ နှိုင်းစာရင် မော်ခေတ်လွန် ပြည်မကြီးမှာ ကျနော်တို့ ပြည်သူတွေဟာ အစားအသောက်၊ နေမှုထိုင်မှုနဲ့ တစ်ဦးချင်း ရွေးချယ်ပိုင်ခွင့် အတော်ရှိလာတယ်၊ ဖိနှိပ်ကန့်သတ်မှုတွေအောက်မှာပဲ အကျိုးအမြတ်အချို့ ရှိလာတယ်ဆိုတာ လုံးဝသံသယ မရှိပါဘူး။ ‘လူတန်းစား တိုက်ပွဲ’ ကို ဦးစားပေးတဲ့ မော်ရဲ့ အိုင်ဒီအိုလော်ဂျီနဲ့ နှိုင်းစာရင်၊ တိန့်ရှောင်ပိန်ရဲ့ လက်တွေ့ကျတဲ့ ‘ကြောင်သီအိုရီ’ က ပိုမိုသွက်လက်ပြီး ပြောင်းလွယ်ပြင်လွယ် ရှိတယ်လို့ ဆိုရမယ်။

ဒါပေမဲ့ အဲဒီအပြောင်းအလဲတွေရဲ့ ဘယ်အရာကမှ ကျနော်တို့ တိုင်းသူပြည်သားတွေရဲ့ ရှိမြဲအနေအထားကို အခြေခံကျကျ ပြောင်းလဲ ပေးတာမရှိပါဘူး။ ဟောဒီ ပြည်မ မြေပေါ်မှာ အုပ်ချုပ်သူနဲ့ အအုပ်ချုပ်ခံတွေအကြား ခေတ်အဆက်ဆက် ကြမ်းရှတဲ့ ဆက်ဆံရေးဟာ တစ်ပုံစံထဲပါပဲ။ ဒီကနေ့ထိလည်း မပြောင်းမလဲ ဒုံရင်းပါပဲ။

လူထုအတွက် အခွင့်အရေးနဲ့ အကျိုးစီးပွားဆိုင်ရာ ဆုံးဖြတ်ချက်၊ တိုင်းပြည်ရဲ့ ကံကြမ္မာ၊ လူ့အဖွဲ့အစည်းတိုးတက်မှု၊ အောက်ခြေလူထုတွေရဲ့ ဘ၀ ဒါတွေအားလုံးကို အာဏာရှင်များကပဲ ချုပ်ကိုင်ထားပါတယ်။ ရှိရှိသမျှသော တိုးတက်မှုတွေဟာ အပေါ်ရဲ့ ပေးကမ်းစွန့်ကြဲမှုကနေ လာပါတယ်။ အဲဒီအတွက် အပြုခံလူထုက အုပ်ချုပ်သူတွေကို သစ္စာရှိကြောင်း၊ ကျေးဇူးတင်ကြောင်း ပြသဖို့၊ ကိုယ်တော်ချောများ ‘သက်ကျော် ရာကျော် ရှည်ပါစေ’ လို့ မပြတ်အော်ဟစ်ရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အရပ်သားအခွင့်အရေး ကာကွယ်လှုပ်ရှားမှုတွေ တိုးတက်လာသော်လည်း၊ အာဏာရှင်စနစ်ယန္တရားနဲ့ ကျေးကျွန် ယဉ်ကျေးမှု အခြေခံအုတ်မြစ်ကို ကိုင်လှုပ်ဖယ်ရှားပစ်နိုင်မယ့် အေက်ခြေလူထုလှုပ်ရှားမှုတွေဟာ တရုတ်မှာ အတိုင်းအတာကြီးကြီး ပေါ်ထွက်လာဖို့ အခုထိ လမ်းစမမြင်ရသေးပါဘူး။

ဒါဟာ ဘာကြောင့်လဲ။

ဝန်ခံရရင် အာဏာရှင်များရဲ့ ဖိနှိပ်လွန်းအားကြီးမှုကြောင့် ပါပဲ။ ဖိနှိပ်ခံရလွန်းတော့ လူထုအဖို့ ဒီမိုကရေစီ လှုပ်ရှားမှုဟာ သူတို့အတွက် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူးလို့ မြင်နေကြတယ်။ လူထုရဲ့ စိတ်ထဲမှာ အသိဥာဏ်မဲ့မှု၊ သူရဲဘောကြောင်မှုနဲ့ မျက်ကန်းနေမှုတို့ လွှမ်းခြံနေပြီး၊ အဖိနှိပ်ခံအခြေအနေနဲ့ သူတို့ လွတ်မြောက်ခြင်းကြား ဘာမှ မကွာခြားနိုင်ဘူးလို့ သဘောထား နေပါတယ်။

သူရဲဘောကြောင်မှုနဲ့ သံသယစိတ် လွန်ကဲမှုတို့ကြောင့်ပဲ၊ အဖိနှိပ်ခံရခြင်းဆိုတာ အပစ်ပယ်ခံရခြင်း ခွဲခြားဆက်ဆံခံရခြင်းလို့ အဓိပ္ပါယ် ပေါ်လာပါတယ်။ အကျိုးဆက်အဖြစ် အာဏာရှင်တို့ရဲ့ ကြံရာပါ၊ လက်ပါးစေ၊ ကျိုးကျိုးနွံ့နွံ့ နှုတ်ဆိတ်နေသူများ ဖြစ်မှန်းမသိ ဖြစ်သွားကြရတယ်။

ဘယ်အခါမှာများ ကျနော်တို့ တိုင်းသူ ပြည်သားတွေဟာ စစ်မှန်တဲ့ လွတ်မြောက်မှုအတွက်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အတွက် အစမ်းသပ် ခံကြမှာလဲ။ ဘယ်အချိန်ကျမှ တရုတ်ပြည်ဟာ အာဏာရှင် မင်းအဆက်ဆက် စိုးမိုးမှုအောက်မှ ကသောင်းကနင်း အခြေအနေတွေနဲ့ အဆိုးသံသရာ သမိုင်းစက်ဝန်းထဲကနေ ဖောက်ထွက်နိုင် ကြလိမ့်မလဲ။

မျိုးဆက်ပေါင်းများစွာကနေ ကနေ့ CCP စိုးမိုးထားတဲ့ နေ့ရက်များအထိ ကျနော်တို့ လူထုခေါင်းထဲမှာ ဒုက္ခပေးနေတဲ့ ဝေါဟာရတွေ ရှိပါတယ်။ ‘လွတ်လပ်ရေး ရပြီးနောက်’ ၊ ‘တိုင်းပြည်စတည်ထောင်ကတည်းက’၊  ‘ကွန်မြူနစ်ပါတီမရှိရင် တရုတ်ပြည်သစ် ဖြစ်မလာနိုင်ဘူး’၊ ‘ခမ်းနားထည်ဝါတဲ့ တပ်မတော်ကြီး’ စတာတွေဟာ လူထုရဲ့ သမိုင်းနားလည်မှု အခြေခံတွေ ဖြစ်ပြီး၊ သူတို့စိတ်ထဲမှာ အနည်ထိုင်နေတဲ့ ဘာသာဗေဒ အလေ့စရိုက်တွေပါပဲ။

လူထုရဲ့ နေ့စဉ် စကားပြောမှု ရေးသားမှုတွေမှာ အဲဒီ အသုံးအနှုန်းတွေက ကျယ်ကျယ်ပြန့်ပြန့် စိမ့်ဝင်ပြီး အဆင်တန်ဆာလို ဖြစ်နေတယ်။ ကွန်မြူနစ်ပါတီ CCP ရဲ့ ကလိမ်သမိုင်းကို နောကျေအောင်သိတဲ့ ပညာတတ်တွေ လစ်ဘရယ်ကျသူတွေ တောင်မှ CCP အာဏာရယူပြီးနောက် မရေမတွက်နိုင်တဲ့ ရာဇ၀တ်မှု ကျူးလွန်တဲ့အကြောင်း ဖော်ထုတ်ရေးသားတဲ့အခါ အဲဒီဝေါဟာရ အသုံးနှုန်းတွေ အပ်ကြောင်းထပ်အောင် ပါနေတတ်တယ်။

အလားတူပါပဲ။ ၁၉၈၉ ဇူလိုင် ၄ တီယန်နန်မင် လူသတ်ပွဲအကြောင်း ယနေ့ လူအများစု ပြောကြတဲ့အခါ၊ ‘ကသောင်းကနင်း ကာလ’ တို့၊ ‘အရေးတော်ပုံ’ ဆိုတဲ့ အသုံးနှုန်းတွေကို သတိထား ရှောင်ရှား ပြောကြတယ်။ ကြီးမားတဲ့ ငြိမ်းချမ်းရေး ချီတက်ပွဲနဲ့ အစုလိုက်အပြုံလိုက် သွေးထွက်သံယို သတ်ဖြတ်ခံရမှု အတွေ့အကြုံတွေ ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတဲ့ ပေကျင်းမြို့ လူထုကတောင် အဲဒီ ဝေါဟာရတွေကို ကနေ့ မေ့ပစ်လိုက်ကြတယ်။

တကယ်တော့ အာဏာပိုင်တွေက မီဒီယာကတစ်ဆင့် ‘ကသောင်းကနင်း ကာလ’ နဲ့ ‘အရေးတော်ပုံ’ ဆိုတဲ့ အသုံးအနှုန်းတွေကို ‘နိုင်ငံရေးဆိုင်ရာ နှောင့်ယှက်မှုများ’ ဆိုပြီး ဘယ်လိုပဲ ၀ါဒဖြန့် ပြောင်းလဲပစ်ပစ်၊ မှန်ကန်တဲ့ လူထု ဘာသာစကားတွေကို များများ ပြောင်းမပစ်နိုင်ပါဘူး။

၁၉၉၉ ခုနှစ်မှာ ကျန်ဇီမင်း အစိုးရက ဖာလွန်ဂေါင်းဂိုဏ်းကို နှိပ်ကွပ်ဖြိုခွင်းပြီးနောက် အထက်တန်းကျောင်းနဲ့ ကောလိပ်ကျောင်း စာအုပ်တွေထဲမှာ ‘အစွန်းရောက် ကိုးကွယ်ယုံကြည်မှု’ ဆိုတဲ့ အသုံးနှုန်းတွေသွင်းပြီး ကျောင်းသားတွေကြားထဲ ရိုက်ထည့်တယ်။ ကာလရှည်ကြာ ကျေးကျွန်ပြုနိုင်ဖို့ လူထုစိတ်ထဲကို အိုင်ဒီအိုလော်ဂျီ သွတ်သွင်းမှုဟာ၊ မှန်ကန်တဲ့ ဘာသာစကားအသုံးနဲ့ သမိုင်းမှတ်ဥာဏ်တွေကို အများကြီး ထိခိုက်စေပါတယ်။

မြင့်မြတ်တဲ့ ဘာသာဗေဒ-ဒဿန ပညာရှင်ကြီး Ludwig Wittgenstein ရဲ့ အဆိုအမိန့် တစ်ခု ရှိပါတယ်။ “ဘာသာစကားဆိုတာ အစဉ်အလာနေထိုင်မှု မြင်ကွင်းတွေကို ဖော်ပြတဲ့ ကရိယာ (tool) တစ်ခု မဟုတ်ဘူး။ လှုပ်ရှားသက်ဝင်နေတဲ့ အပြုအမူ(action) သာ ဖြစ်တယ်။ တစ်ဦးတစ်ယောက်ဟာ မိမိကိုယ်ကို ဖော်ညွှန်းဖို့ ဘာသာစကား အသုံးပြုမှုနည်းလမ်းကို ရွေးချယ်လိုက်ပြီဆိုရင် ဒါဟာ တွေးဖို့ ရွေးချယ်လိုက်တာပဲ။ သူဟာတွေးဖို့ ရွေးချယ်တယ်ဆိုရင် နေထိုင်ဖို့ ရွေးချယ်တာပဲ” လို့ ဆိုခဲ့တယ်။


ဒါကို ထပ်ချဲ့ပြောမယ်ဆိုရင် တစ်ဦးတစ်ယောက်ဟာ အုပ်ချုပ်သူအပေါ် လေးလေးနက်နက် ကျေးဇူးတင်မှုကို ဘာသာဗေဒနည်းနဲ့ ဖော်ပြတယ်ဆိုရင်၊ အဲဒါ ကယ်တယ်ရှင် မျှော်ကိုးစိတ် မိမိဖာသာ ဖန်တီးလိုက်တာပဲ။ အဲဒီ ကယ်တင်ရှင် အားကိုးစိတ်က မလွှဲသာမရှောင်သာပဲ အထက်ရဲ့ ပေးသနားမှုကို စောင့်မျှော်ရတဲ့ (ကျားသနားမှ နွားချမ်းသာရမယ့်) ကျေးကျွန် ဘ၀နေနည်းကို ဦးတည်သွားစေပါတော့တယ်။ ကယ်တင်ရှင်မှ မရှိရင် တစ်စုံတစ်ဦးဟာ အိမ်ခြေရာမဲ့ ခွေးလေခွေးလွင့်သဖွယ် သနားစရာကောင်းတဲ့ စိတ်ခံစားချက်နဲ့ အခြေအနေဆိုးမျိုး ရောက်သွားမှာကို ကြောက်နေတတ်ပါတယ်။

***********************************

အချိန်တိုင်း အချိန်တိုင်းမှာ လူထုဟာ ထိပ်ဆုံး အုပ်ချုပ်သူတွေဆီကနေ နိုင်ငံရေးအပြောင်းအလဲတွေ ထွက်ပေါ်လာမှာကို မျှော်လင့်ချက်ကြီးကြီး ထားနေကြပါတယ်။ ဒါပေမဲ့ အချိန်တိုင်း စိတ်ပျက်မှုတွေနဲ့ပဲ အဆုံးသတ်ကြရပါတယ်။ အဆိုးဆုံးကတော့ CCP ဦးဆောင်တဲ့ အပြောင်းအလဲက ထူးထူးခြားခြား ဘာမှမျှော်လင့်စရာ မရှိပေမဲ့လည်း၊ လူထုတွေရဲ့ စိတ်ပျက်မှုက တစ်ခုပြီး နောက်စိတ်ပျက်မှုတစ်ခု  ပြီးဆုံးသွားတာမရှိ ဇယ်ဆက်နေပါတယ်။ ဒါဟာ ဘာကြောင့်လဲ။

အချို့ကတော့ တိုင်းပြည်ရဲ့ အမျိုးသားအခြေအနေတွေကြောင့်လို့ ဆိုတယ်။ အချို့ကလည်း ဒီလောက် ကြီးမားတဲ့ တိုင်းပြည်ကို အာဏာရှင်စနစ်ကသာ ထိန်းချုပ်ထားနိုင်မယ်လို့ ပြောကြတယ်။ တချို့ကျတော့ CCP က အဏာသိပ်ကြီးလွန်း၊ ရင်းမြစ်တွေအပေါ် လက်ဝါးကြီးအုပ်ထားလွန်းလို့ အခြားဘယ်အင်အားစုကမှ ပြောင်းလဲဖို့ စိန်မခေါ်နိုင်ဘူးလို့ ပြောကြတယ်။ အချို့ကလည်း အတိုက်အခံအုပ်စုတွေဟာ ဝေလေလေ ပေါ်ပြူလာနိုင်ငံရေး လမ်းကြောင်းပဲ လိုက်လွန်းပြီး၊ သူတို့အာဏာရရင် CCP ထက်တောင် ပိုဆိုးဦးမယ်လို့ ပြောကြပါတယ်။

အချို့ကလည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မလုပ်ခင် စီးပွားရေးဖွံ့ဖြိုးမှု အရင်လုပ်သင့်တယ်လို့ ပြောတယ်။ စီးပွားရေးဖွံဖြိုးမှု ကသာ တိုင်းပြည်တည်ငြိမ်မှုကို ထိန်းထားနိုင်မယ်၊ CCP လုပ်ဆောင်နေတာ မှန်တယ်လို့ ပြောပါတယ်။ အခြားသူတွေကလည်း ပြည်မကြီးရဲ့ လူဦးရေက သိပ်များလွန်းပြီး အသိပညာ နုံနဲ့တာကြောင့်မို့ အထက်က အမိန့်နဲ့ ဆောင်ရွက်ပေးတာသာလျှင် အသင့်တော်ဆုံးလို့ ဆိုပါတယ်။

အဲဒီ အားလုံးသော ပြောဆိုချက်တွေကိုကြည့်ရင် တကယ်လို့ CCP သာမရှိခဲ့ရင်၊ CCP သာ ပြုတ်ကျသွားခဲ့ရင် သူ့နေရာ ထိထိရောက်ရောက် အစားထိုးဖို့ ဘယ်သူ နေရာယူနိုင်မလဲပေါ့။ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ တရုတ်နိုင်ငံရေး လေ့လာသုံးသပ် ကျွမ်းကျင်သူတွေကကော ဒီမေးခွန်းကို မဖြေနိုင်ကြတော့ဘူးလား။ ဒါကြောင့်မို့လဲ အပေါ်က ချပေးတဲ့ မဖြစ်စလောက် နှစ်သိမ့် လက်ဆောင်လေးတွေကိုသာ လူထုက ရွေးချယ်ကျေနပ်နေကြရတာပေါ့။


ဒီတော့ ကျနော်တို့ တိုင်းသူပြည်သားတွေ ကိုယ့်ဟာကိုယ် အရှင်သခင်ဖြစ်ဖို့လည်း မပြင်ဆင်ကြဘူး၊ တိုက်ယူဖို့လည်း မကြိုးစားဘူး။ တစ်ဦးချင်း အခွင့်အရေးအတွက် ကြိုးစားအားထုတ်မှု မရှိဘူးဆိုရင်ဖြင့်၊ လက်ရှိ အုပ်ချုပ်သူတွေ မရှိတဲ့အခါ တိုင်းပြည်ဖရိုဖရဲနဲ့ ချောက်ထဲကျသွားမယ်ဆိုတဲ့ အယူအဆကိုပဲ မသိစိတ်မှ စွဲနေကြဦးမှာပဲ။ ဒီအယူအဆပုံစံဟာ CCP ရဲ့ ကာလရှည်ကြာစွာ ရိုက်သွတ်သွင်းထားတဲ့ အိုင်ဒီအိုလော်ဂျီမှိုင်းကနေ လာတာဖြစ်တယ်။ ဒီအယူအဆဟာ ကနေ့အထိ မပြောင်းသေးတဲ့ တိုင်းသူပြည်သားများရဲ့ ကျေးကျွန် စရိုက်သဘာဝကနေလာတာ ဖြစ်ပါတယ်။

**************************************

အာဏာရှင်တွေဟာ သမိုင်းဆိုင်ရာ အချက်အလက်တွေကို လျစ်လျူရှုပြီး အဲဒီအယူအဆမျိုးကို ဘာကြောင့် အမြဲရိုက်သွင်းနေတာလဲ။ အကြောင်းရှိတယ်။ သူတို့ဆုံးဖြတ်တဲ့ မူဝါဒတိုင်း၊ သူတို့ပြောတဲ့ အရာရာတိုင်းမှာ အဆုံးစွန် ရည်ရွယ်ချက်တစ်ခုထဲသာ ရှိတယ်။ အဲဒါကတော့ အာဏာကို လုံးဝ ထိန်းချုပ်ထားရေးပဲ ဖြစ်တယ်။

သို့သော် အဲဒီလို အပေါ်ပိုင်းက ရိုက်သွင်းတဲ့ အယူအဆကို လူထုအနေနဲ့ လက်ခံစရာ ဘာအကြောင်းပြချက်မှ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအယူအဆကို ထောက်ပံ့ပေးနေတဲ့ စနစ်ဟာ လူထုကို လူသားတွေ အဖြစ် အသိအမှတ်မပြု၊ လူသားလို မဆက်ဆံတဲ့ စနစ်ဖြစ်နေတာကြောင့်ပဲ။ ဘာကြောင့်မှ လက်ခံစရာ မလိုဘူး။

တကယ်လို့ ကျနော်တို့ တိုင်းသူပြည်သားများဟာ သမိုင်းဆိုင်ရာ မှန်ကန်တဲ့ အချက်အလက်တွေကို မေ့ပစ်ပြီး၊ အပေါ်ကလာတဲ့ အယူအဆတွေမှာပဲ မိန်းမောတွေဝေ မှိုင်းမိနေကြမယ်ဆိုရင်၊ သူတို့ပေးသမျှ မရေမရာ မျှော့်လင့်ချက်တွေနဲ့ပဲ လက်ခံကျေနပ် ဘ၀ဇာတ်သိမ်းကြရမှာပဲ။ တစ်ကြိမ်တစ်ခါ မျှော်လင့်ချက်လေးအတွက် ကိုးကြိမ်ကိုးခါ ဘ၀သေခဲ့လျှင်တောင်မှ ကောင်းမြတ်တဲ့ အုပ်ချုပ်သူ ပေါ်ပါစေလို့ ဆုတောင်းနေကြရဦးမှာပဲ။


အောက်ခြေလူထု လှုပ်ရှားမှုတွေ၊ တစ်ဦးချင်း ရပိုင်ခွင့်တွေအတွက် တိုက်ပွဲဝင်ခဲ့သူတွေကို အာဏာရှင်စနစ် ပြောင်းလဲဖို့ ဆောင်ရွက်နေသူတွေလို့ အားပေးဖို့ထက် အဟန့်အတားလို့ပဲ မြင်နေကြဦးမှာပဲ။ ပေါ်လစီကောင်း တစ်ရာခိုင်နှုန်းလောက် ချပေးပြီး၊ ၉၉ ရာခိုင်နှုန်း ဆိုးသွမ်းနေတဲ့ အစိုးရအပေါ် ဆန့်ကျင်နေသူတွေကို ဆူးညှောင့်ခလုပ်တွေလို့ မြင်နေကြဦးမှာပဲ။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုခံရတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ ထောင်သွင်းအကျဉ်းချမှုတွေ၊ မိသားစုဘ၀ပျက်ရတာတွေ၊ ပြည်ပြေးဘ၀တွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေတာတောင်မ။  အာဏာရှင်တွေကို “အမှားယွင်းမရှိသော၊ ကြီးမြတ်လှသော၊ ဘုန်းတန်ခိုး ရှိန်စော်ကြီးမားသော” စတဲ့ ဂါထာပရိတ်မွှန်းပြီး ကျေးဇူးတင်မဆုံး တကုန်းကုန်း ဖြစ်နေကြဦးမှာပဲ။

**********************************************

တန်(င) မင်းဆက်ခေတ် ကဗျာဆရာကြီး ဘိုင်ချူးယိ က “တောမီးတွေ သူတို့ကို ဘယ်တော့မှ မဖျက်ဆီးနိုင်ပါ.. နွေဦး လေပြေထဲမှာ ထပ် ကြီးထွားဦးမှာ…” လို့ အုပ်ချုပ်သူတွေအတွက် ရေးဖွဲ့ပေးခဲ့တယ်။

တရုတ်ပြည်မကြီးရဲ့ အဲဒီကျော်ကြားတဲ့ ကဗျာဟာ လူထုကို သတ္တိရှိရှိ မားမားမတ်မတ်ရပ်နိုင်ဖို့ ဖွဲ့ဆိုတာ မဟုတ်ဘဲ၊ လူထုကို အမြဲဒူးထောက်မှု ကျင့်သားရစေဖို့ တိုက်တွန်းထားတာ ဖြစ်တယ်။ ဧကရာဇ် ထီးနန်းရိပ်အောက်မှာ အရပ်ဖက်နဲ့ စစ်ဖက် အရာရှိတွေဟာ အုပ်ချုပ်သူ ‘သက်ကျော်ရာကျော် ရှည်ပါစေ’ လို့ နေ့စဉ် သုံးကြိမ်သုံးခါ အော်ဟစ်ရင်း ဒူးထောက် ဦးချရတယ်။

တီယန်နန်မင် ထိပ်မှာ အာဏာရှင် မော်တို့ တိန့်တို့က သူ့လက်ကို ဝှေ့ပြလိုက်တော့ ကမ္ဘာ့အကြီးမားဆုံး ရင်ပြင်ကြီးဟာ အာဏာရှင်ကို ကေင်းချီးဩဘာပေးတဲ့ ကျေးကျွန်များရဲ့ ပင်လယ်ပြင်ကြီး ဖြစ်သွားရတယ်။ ၁၉၁၁ ခုနှစ်မှာ ချင်(င) မင်းဆက် ပြိုကျပြီး CCP အာဏာရကတည်းက ကျနော်တို့ တိုင်းသူပြည်သားတွေဟာ ဘိုးဘွားတွေလက်ထက်ကထက် ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ ပိုဒူးထောက်လာကြရတယ်။

‘လူဟာ တရားမျှတမှု၊ လွတ်လပ်မှုတို့နဲ့ မွေးဖွားလာရမယ်’ လို့ မှန်ကန်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ လောကတရားက ဆိုဆုံးမထားတယ်။ တကယ်တော့ ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန်ဖြစ်မှု၊ မတရား မမျှတမှုတွေဟာ၊ အုပ်ချုပ်သူတွေရဲ့ အာဏာ အလွန်အကျွံ ကျင့်သုံးမှုနဲ့ ဥာဏ်အမြှော်အမြင်ကြီးမှုတို့်ကြောင့် ဖြစ်စေတာမဟုတ်ဘူး။ အအုပ်ချုပ်ခံ လူထုရဲ့ ကျွန်သန္ဓေစိတ် လွန်ကဲပြီး ဒူးထောက်မှုတို့ကြောင့်သာ ဖြစ်နေကြရတာ။

သုံးကြီမ် ဦးချရပြီး၊ ကိုးကြိမ် ဒူးတုပ်ပြရတဲ့ အင်ပါယာခေတ် ကုန်ဆုံးခဲ့ပြီး၊ နှစ် ၁၀၀ ကျော် ယနေ့အချိန်ကာလမှာ ကျနော်တို့ တိုင်းသူပြည်သားတွေဟာ ကိုယ့်ဟာကိုယ် အရှက်ရအောင် ပြုမူနေကြဦးမှာလား။ ဒူးထောက်ရတဲ့ အခြေအနေကို ကာကွယ်ဖို့ အမျိုးမျိုး အကြောင်းပြနေကြဦးမှာပဲလား။ လူနေမှုအဆင့်အတန်းကောင်းကောင်း ရဖို့နဲ့ ချမ်းသာတဲ့သူတွေ ပါတီထဲ ၀င်ခွင့်ရရေး အတွက် အာဏာရှင်တွေကို ကျေးဇူးတင်မဆုံး ဒူးထောက် မော်ဖူးမဆုံး ဆက်လုပ်နေကြဦးမှာပဲလား။

လွတ်လပ်တဲ့ တရုတ်ပြည်ကြီး ပေါ်ထွန်းဖို့အတွက် အထက်အာဏာရှိသူတွေထံကနေ ‘ပေါ်လစီသစ်တွေ’ ထိုင်မျှော်နေခြင်းဟာ မိုက်မဲရူးသွပ်လွန်းပါတယ်။ မွေးရာပါ ၀မ်းတွင်းအရူးနာတွေကို တစ်စချင်း ဆွဲနှုတ်ပစ်ကြရမယ်။

လူထုကြားမှာပဲ ‘အားအင်သစ်တွေ’ ဆက်တိုးချဲ့နိုင်ရေး မျှော်လင့်ကြဖို့ပဲ ရှိရပါမယ်။ လူထုအတွက် ဂုဏ်သိက္ခာ (dignity) ကို အယူအဆအရရော တရားဝင်မှုအရပါ ထူထောင်နိုင်တဲ့ နေ့ဟာ၊ ကျနော်တို့ တိုင်းသူပြည်သားများရဲ့ လူ့အခွင့်အရေးအတွက် အင်စတီကျူးရှင်း ဆိုင်ရာ အကာအကွယ် ရရှိတဲ့ နေ့ပါပဲ။

ရည်ညွှန်း။ Can it be that the Chinese People deserve only ‘CCP party-led democracy” by Liu Xiaobo

ရဲမြင့်ကျော်

မှတ်ချက်။ လူ့ဘောင်သစ်ဂျာနယ်မှ ထုတ်ဝေသော အလင်းရနံဂျာနယ် အမှတ် (၅ ) တွင် ရဲနွယ်မိုး နာမည်နဲ့ ဖော်ပြခဲ့။

- လက်ပံတောင်း သပိတ်စခန်း ဖြိုခွဲမှု နောက်ကွယ်မှစီစဉ်ညွှန်ကြားသူ အဓိကတရားခံ

$
0
0

(ဟစ်တိုင် ဝက်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)

- မန်းလုလင်--၁၃-မတ်-၂၀၁၃

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ကန့်ကွက်ဆန္ဒပြသည့် သပိတ်စခန်းကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် ပြုပြင်ပြောင်းလဲရန်အားယူနေခါစ တိုင်းပြည်တစ်ခုအတွက် များစွာအရုပ်ဆိုး အကျည်းတန်သည့် သမိုင်းဆိုးကြီး တစ်ရပ် ဖြစ်ခဲ့ရပါသည်။



မှန်မှန်ကန်ကန် ကိုင်တွယ် ဖြေရှင်းဖော်ထုတ်ခြင်းမပြုနိုင်လျှင် အစိုးရနှင့်အတိုက်အခံ ဒီမိုကရေစီ အင်အားစုများအကြား အရှုပ်ကြီးရှုပ်ကာ ညှိနှိုင်းမရ ဆွေးနွေးမရနှင့် ရရှိပြီးသား နားလည်ယုံကြည်မှုများပင် ပျက်ပြားပြီး ယခင်ကထက် ပိုမိုဆိုးရွားသော အနိဌာရုံမြင်ကွင်းများကို ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိကာ မြန်မာပြည် အနာဂတ်အရေး ရင်လေးစရာအဖြစ်မျိုး ကြုံရမှာကို စိုးရိမ်ပါသည်။

သို့အတွက် မိမိသိရှိထားသော ယင်းဖြိုခွင်းမှုကြီး၏ ဖြစ်စဉ်အမှန်အား အများပြည်သူ အချိန်မီ သိစိမ့်သောငှာ ဖွင့်ချအသိပေး လိုက်ရခြင်း ဖြစ်ပေသည်။

ဖြစ်ရပ်အမှန်မှာ အောက်ပါအတိုင်း ဖြစ်၏။


အဓိက စီစဉ်ညွှန်ကြားခိုင်းစေသူမှာ ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်သည်။



အကြောင်းရင်းစင်စစ်များစွာကြောင့် အခင်းဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီ ကိုးရက်အလိုတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ( အနားယူသွားပြီဟု တရားဝင် ကမ္ဘာသိ လူသိရှင်ကြား ကြေငြာခဲ့သော၊ အာဏာဆုပ်ကိုင် ထားလိုသော၊ ဘုရင်စနစ်ပြန်လည်ကျင့်သုံးရန် အကောင်အထည်ဖေါ်ဆောင်ရန်ကြိုးစားခဲ့သော၊ နိုင်ငံတော်ဘဏ္ဍာအရပ်ရပ်အား ထင်သလို မိမိပိုင်ပြောင်းရွှေ့ခဲ့သော၊ ပြည်သူတစ်ရပ်လုံးအပေါ် စေတနာ ပျက်ကွက်ခဲ့သော၊ ဆက်ရေးလျှင် တစ်ထောင့်တစ်ညပုံပြင် အညံ့ခံ အရှုံးပေးရမည့်သူက ) သည် လက်ရှိပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုအား ခေါ်ယူတွေ့ဆုံပြီး လက်ပံတောင်းတောင် သပိတ်စခန်းကို ပြတ်ပြတ်သားသား ကိုင်တွယ်နှိမ်နင်းပစ်ရန် ခေါ်ယူအမိန့်ပေးခဲ့ပါသည်။

ယခုကဲ့သို့ လုပ်ဆောင်ရန် အမိန့်ပေးညွှန်ကြားရခြင်းမှာ ကြေးနီထုတ်လုပ်မှု စီမံကိန်းအား အိုင်ဗင်ဟိုကုမ္ပဏီ မှ ဝမ်ပေါင်ကုမ္ပဏီ သို့ လုပ်ငန်း လွှဲပြောင်းစဉ်ကာလက ည ၁၂ နာရီအချိန် လုပ်ငန်းအားလုံး ရပ်တန့်ထားရမည်ဟု သတ်မှတ်ထားချိန်တွင် ကြေးနီတန်ချိန် ၃၀၀ ခိုးထုတ်မှုကြီး ပေါ်ပေါက်ခဲ့သည်။



၎င်း ကြေးနီတန် ၃၀၀ မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု အကျိုးစီးပွားအတွက် ခိုးထုတ်ပေးခဲ့ရခြင်း ဖြစ်သည်။ (ကြေးနီး တူဖော်ရေးလုပ်ငန်းအမြတ်မှ ဗိုလ်ချုပ်မှူးကြီးအတွက်လည်း အချိုးကျရှယ်ယာ ခွဲပေးရသည် ဟု သိရပါသည်။)

တကယ်လို့ စီမံကိန်းရပ်တန့်ရေး တောင်းဆိုမှုပြင်းထန်လာပြီး ဝမ်ပေါင်ကုမ္ပဏီ အကျပ်အတည်း ဆိုက်လျှင် ကြေးနီခိုးထုတ်မှုကိစ္စ၊ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမိသားစုမှ လက်ဆောင်ပဏဏ္ဍာ ရယူထားသည့်ကိစ္စရပ်များသည် ဇယ်ဆက်သလို ပေါ်လာမှာကို စိုးရိမ်ကြောင့်ကြသဖြင့် ယခုလို စောစောစီးစီး နှိမ်နင်းဖြိုခွဲ ပစ်ရန် စီစဉ်ညွှန်ကြားခြင်းဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုလည်း ငြင်းဆန်လို့ မရသော အမိန့်ဖြစ်သည်ကို သိသဖြင့် သူ့တာဝန် မဖြစ်စေရေးအတွက် သမ္မတဦးသိန်းစိန်ထံ ညွှန်ကြားချက်အကြောင်း ခပ်ကြောကြော အသိပေး သလိုလို၊ တရားခံတာဝန်အားသမ္မတ ဦးသိန်းစိန်မှ ယူရမည့်သဘော ပွဲစားဆန်ဆန် ညွှန်ကြားရာ သမ္မတမှ သဘောမတူ၊ မလုပ်ရန်တားမြစ်ခဲ့၏။ ပြည်ထဲရေးဝန်ကြီးက မည်သို့မှ ငြင်းဆန်ရန်မဖြစ်နိုင် ဟု ဆက်လက်တင်ပြသလိုလို အကြပ်ကိုင်ရာ သမ္မတက
“အဲဒါဆိုလည်း မင်းကိုခိုင်းတာ မင်းလုပ်ပေါ့၊ ငါ့ကိုခိုင်းတာမှ မဟုတ်ဘဲ”

ဟုပြောလိုက်သောကြောင့် ပြည်ထဲရေးဝန်ကြီးက သူတစ်ယောက်တည်း ဆက်လုပ်ရန် စီစဉ်ရတော့၏။ ရဲမှူးကြီး သွင်ကိုကို (DSA -27) အား ခေါ်ယူပြီးလျှင် လက်ပံတောင်းတောင် သပိတ်စခန်းကို ဖြိုခွင်း ဖယ်ရှားပစ်ဖို့ ထပ်ဆင့်အမိန့်ပေး၏။

“ဒီ ကိစ္စ မင်းတာဝန်ယူရမှာ ကောင်းကောင်း မွန်မွန် ပြီးသွားရင် မင်းတစ်သက်စာ ကောင်းစားမယ်၊ ဆိုးဆိုးရွားရွား ဖြစ်လာရင်လည်း မင်းပဲခံစားပေတော့”
ဟု အပြတ် အမိန့်ပေးလိုက်ပြီး ၄င်းဒေသသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်မလာမီ အပြီးဆောင်ရွက်ရန် မှာကြားလိုက်၏။


ယင်းကိစ္စ အလွယ်တကူ မအောင်မြင်နိုင်မှန်း ရဲမှူးကြီး သွင်ကိုကို သိသည်။ တဖက်မှလည်း အထက်မှ ပေးအပ်သောတာဝန်ကို မဖြစ်မနေ ကျေပွန်အောင် ထမ်းဆောင်ရမည်။ ထို့ကြောင့် အချိန်ရသည့် တစ်ပါတ်တာကာလလုံး သက်သတ်လွတ်စားသည်။ ဥပုသ်စောင့်သည်။


ဖြစ်ရပ်ဆိုးကြီးမဖြစ်ဘဲ အလိုလို ပြီးပြတ်စေကြောင်း တောင်းဆုအခါခါပြုလျှက် ဘုရားရှင်အား အချိန်ရသလို နားပူနားဆာလုပ်ခဲ့သည်။ အမိန့်အတိုင်း လုပ်ဖို့ ချီတုံချတုံ မဝံ့မရဲဖြစ်နေခဲ့သည်။ ဒါတောင် ထိုအချိန်အထိ ယခုအသုံးပြုခဲ့သည့်ဗုံးလက်နက် အသုံးပြုရမည်ကို မသိသေး၊ သာမာန်ကြမ်းကြမ်းတမ်းတမ်းနှိမ်နှင်းရမည်ဟုသာ သိထားသည်။ လိုအပ်လျှင် ပိုမို အကြမ်းဖက် ကိုင်တွယ်ဖြေရှင်းဖို့ အမိန့်သာ ရထား၏။

သပိတ်စခန်းဖြိုခွဲခါနီး အနီးကပ်ဆုံးညအချိန်ကျမှ အမျိုးအမည်မသိ ဗုံးတွေ ရောက်လာခြင်းဖြစ်သည်။ သပိတ်စခန်းဝင်ရောက်စီးနင်းသော ရဲဝန်ထမ်းတွေ ကိုယ်တိုင်ပင် ဗုံးပေါက်ကွဲမှု စွမ်းအားကို မြင်တွေ့ ရသောအခါ ထိတ်လန့်တကြား ခြေမကိုင်မိလက်မကိုင်မိ ဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြ ရသည်ဆို၏။

ယခုအခါ ရဲမှူးကြီး သွင်ကိုကို မှာ အစကတည်းက သာမာန်ဖြိုခွင်းရမည့်အပေါ် စိတ်မကောင်းဖြစ်မှု၊ အေးချမ်းစွာပြီးဆုံးစေလိုမှု၊ တာဝန်နှင့်ဝတ္တရားကြား မိမိသမိုင်းအားနာမည်ပျက်စေနိုင်မှု၊ မိမိ မိသားစု အသက်ထက်ဆုံးနာမည်ဆိုးဖြင့် ဆက်လက်ရှင်သန်ရမည့်ဘ၀၊ စသည့်စသည့် သွေးပျက်လုမတတ် ကြောက်ရွံ့တုန်လှုပ်မှုပေါင်းများစွာဖြင့် စကားပြောသည့်အခါ အသံတွေ တုန်တုန်ယင်ယင် ဖြစ်နေ၏။

စုံစမ်းစစ်ဆေးမှုအပြီး အမှုမှန် ပေါ်ပေါက်လာပါက သူသည် ပြေးမလွတ်သော အဓိက တရားခံစာရင်းမှာ ပါနေတာကို သိထား၏။ အမိန့်အတိုင်းလုပ်ဆောင်မိသဖြင့် ဓားစာခံ ဘဝရောက် သွားရသည့်အဖြစ်ကို နာကျည်းကြေကွဲနေကြောင်း သိရသည်။

ကံကြမ္မာဆိုးက သူ့မိသားစုအပေါ် သူ့စေတနာမပါဘဲ အတိုင်းအဆမရှိစွာ ရက်စက်ကလူ ပြုမူခဲ့လေပြီကော။



လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်ခု၏ လောဘဇောတိုက်မှုနှင့် ယုတ်မာသော ကြံစည်လုပ်ကိုင်မှုကြောင့် ရဟန်းရှင်လူ ပြည်သူအများ ဒုက္ခပင်လယ်ဝေရသည့်အဖြစ်၊ တိုင်းပြည်ဖရိုဖရဲဖြစ်ရမည့် အခြေအနေ ကို မမြင်လို မကြားလိုတော့ပြီ။ အစိုးရနှင့် ပြည်သူ အတူတကွ လက်တွဲဖြေရှင်းကြစေချင်ပါသည်။

ထို့ကြောင့် ခေါင်းဆောင်များ အနေဖြင့် အဖြစ်မှန်ကိုဖော်ထုတ်ပြီး တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းတိုင်ပင် ဖြေရှင်းနိုင်ကြပါစေ၊

ပြည်သူများလည်း ဘေးရန်ကင်းကွာ ချမ်းသာသုခ ပြည့်ဝကြပါစေ၊ ဟု နေ့စဉ် ဆုတောင်းမေတ္တာ ပို့သနေမိပါသည်။

ဖြစ်ရပ်အမှန်အတိုင်း အစီရင်ခံစာ ထွက်ပေါ်ခဲ့သော် အကျွန်သည် မြန်မာနိုင်ငံအကြောင်း မကြားသိနိုင်သည့် ဝေးရာကမ္ဘာမှာ ရောက်ရှိနေသည့် ကိုယ် ဖြစ်ရပါစေသားအရှင်ဘုရား။



တရုတ်ကို ကြောက် နေရတယ်လို့ ၀န်ခံ ပြောဆိုသူ ဦးအောင်မင်း

မန်းလုလင်
စာကြွင်း--
ဟစ်တိုင်-အယ်ဒီတာ ခင်ဗျား
( ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံစာထွက်ပြီးမှ လိုအပ်လျှင် တင်ပေးပါ )
-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

တရုတ်ပြည်မှ လမ်းလျှောက် ထွက်ပြေးခြင်း

$
0
0

by Ye Myint Kyaw (Notes) on Tuesday, March 12, 2013 at 12:20pm
(Walking out on China by Liao Yiwu)

တရုတ်နိုင်ငံ အနောက်တောင်ဘက်က ယူနန်ပြည်နယ်ဟာ ပြည်မကနေ ထွက်ပြေးပြီး ဘ၀သစ် စလိုတဲ့ တရုတ်တွေအတွက် ထွက်ပေါက်တစ်ခု ဖြစ်ပါတယ်။


ယူနန်ပြည်နယ်ရဲ့ သက်နု သစ်တောတွေကိုဖြတ်ပြီး ကုန်းလမ်းခရီးနဲ့ တရုတ်နိုင်ငံထဲက ခိုးကြောင်ခိုးဝှက် ထွက်သွားရပါတယ်။ လန်ချမ်းမြစ်အတိုင်း စုန်ဆင်းပြီး မဲခေါင်မြစ်ထဲ ကွေ့ကောက်စီးဝင်သွားတဲ့ ရေကြောင်းလမ်းကလည်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့ထိ ပေါက်အောင်သွားနိုင်ပါတယ်။

အဲဒီနေရာတွေကို တစ်ကြိမ်စီ ကျနော် ဖြတ်သန်းခဲ့ရပါတယ်။ နေပူကျဲကျဲ အနီရောင်သဲမြေပေါ် မရပ်မနား လျှောက်ခဲ့ရတယ်။ အဲဒီအချိန်မှာ ကျနော်စိတ်ကူးအတွေးတွေလည်း ရူးသွပ်သွပ်ပါပဲ။

၁၉၈၉ ခုနှစ် ကျောင်းသား ဆန္ဒပြပွဲကို တရုတ်အစိုးရက ရက်ရက်စက်စက် ဖိနှိပ်မှုအပေါ် ရှုတ်ချတဲ့ ကဗျာတစ်ပုဒ် ရေးမိလို့ ထောင် လေးနှစ် ကျခဲ့တယ်။ ထောင်ကလွတ်ပြီးနောက် တရုတ်ကနေ ပြည်ပသွားခွင့် လျှောက်တာ ၁၆ ကြိမ်တိုင်တိုင် ကျနော် ငြင်းပယ်ခံရပါတယ်။

ပြည်ပကို မဖြစ်မနေထွက်ဖို့ အခြေအနေ ဖန်လာပါတယ်။ ပတ်စပို့နဲ့ ဗီဇာမရလည်း ဘာကိစ္စရှိမလဲ။ အိပ်ထဲ ပိုက်ဆံရှိရင် ဘယ်ဖြစ်ဖြစ် သွားလို့ရတာပဲ။ ဆဲလ်ဖုန်းကို ပိတ်ပစ်လိုက်တယ်။ ဆက်သွယ်မှုမှန်သမျှ အားလုံး ဖြတ်ပစ်လိုက်ပြီး တောထဲ တိတ်တဆိတ် ၀င်ခဲ့တယ်။

ကိုယ့်ကို အကူညီပေးလိုတဲ့ လယ်သမား သို့မဟုတ် မှောင်ခိုသမားဆီမှာ တည်းနိုင်တယ်။ ဈေးစကားညှိပြီးရင်၊ သာမန်လူတွေနဲ့ တစ္ဆေသရဲတွေတောင် မသိနိုင်တဲ့ လျှို့ဝှက် တောလမ်းကြားကနေ တရုတ်ပြည်ကို နှုတ်ဆက် ကျောခိုင်းသွားနိုင်ပါတယ်။

တကယ်တော့ ဒီနှစ် အစောပိုင်းထိ၊ ပြင်ပထွက်ပြေး လွတ်မြောက်လိုတဲ့ ဆန္ဒကို ကျနော် ငြင်းဆန်ထားပါတယ်။ အပြင်ထွက်သွားမယ့်အစား၊ ပြည်တွင်းမှာပဲနေပြီး လူ့အဖွဲ့အစည်းရဲ့ အောက်ဆုံးဆင့်က လူတွေရဲ့ ဘ၀တွေကို ဆက်မှတ်တမ်းတင်နေတာ ကောင်းမယ်လို့ပဲ တွေးပါတယ်။

ဒါပေမဲ့ မဖြစ်မနေ ပြင်ပထွက်ဖို့ အကြောင်းဖန်လာတာက အာရပ်ကမ္ဘာရဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေကြောင့်ပါပဲ။ အာရပ် တော်လှန်ရေး သတင်းတွေ အင်တာနက်ပေါ် ရောက်လာပြီး၊ တရုတ် လမ်းကြိုလမ်းကြားတိုင်းမှာ အလားတူ ဆန္ဒပြပွဲမျိုးတွေ ဖြစ်အောင် လှုံဆော်မှုတွေ ဖြစ်လာပါတယ်။

ဖေဖော်ဝါရီနဲ့ မတ်လထဲမှာ မြို့ကြီး တစ်ဒါဇင်ကျော်က ရှု့ပ်ရှက်ခပ်နေတဲ့ ကုန်သွယ်ရေး စင်တာတွေနဲ့ တိုးရစ်ဇုံတွေမှာ တနင်္ဂနွေ နေ့လည်တိုင်း ငြိမ်းချမ်းတဲ့ စုဝေးမှုတွေ ပုံမှန် ထွက်ပေါ်လာတယ်။ အစိုးရက ထိတ်ထိတ်ပြာပြာ ဖြစ်ပြီး၊ အသင့် ဇာတ်တိုက်ထားတဲ့ လုံခြုံရေးတွေကို တစ်နိုင်ငံလုံး ချထားလိုက်တယ်။ စစ်သားတွေက အရပ်ဝတ်လဲပြီး သေနတ်တွေဖွက် စောင့်ကြည့်နေပါတယ်။ သံသယရှိတယ်လို့ ယူဆသူတိုင်းကို ဆွဲဖမ်းပါတယ်။

အဲဒီကာလအတွင်း တူနီးရှားရဲ့ စပယ်တော်လှန်ရေးနဲ့ ပတ်သက်သမျှ စကားလုံးတိုင်း၊ ၀ါကျတိုင်း၊ မက်ဆေ့ခ်ျ တိုင်းကို အင်တာနက် search engine မှာ ရှာမရအောင် ဆင်စာတွေပိတ်ထားတယ်။ လူ့အခွင့်အရေး ရှေ့နေတွေ၊ စာရေးဆရာတွေနဲ့ အနုပညာရှင်တွေကို ရဲတွေက ၀ိုင်းပတ်ထားပါတယ်။ တရုတ် ဒီမိုကရက်တစ် ပါတီကို ဖွဲ့ဖို့ ကြိုးစားလို့ ထောင် ၉ နှစ် ကျခဲ့တဲ့ လျူရှန်ဘင်း ကို ထောင် ၁၀ နှစ် ထပ်ချလိုက်ပါတယ်။ နာမည်ကြီး အနုပညာရှင် အိုင်ဝေေ၀ ဟာ ဧပြီလကနေ ဇွန်လလယ် အထိ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ နေနေရပါတယ်။

ခေတ်မမှီတဲ့ စာရေးဆရာ ကျနော်ဟာ '၀ဘ်' လှိုင်းကို စီးခဲလှပါတယ်။ ဒါကြောင့်မို့ အာရပ်တော်လှန်ရေးက ကျနော်နဲ့ မဆိုင်သလို ဖြတ်သွားပါတယ်။ ဒီလို ဘေးထွက်ထိုင်နေပေမဲ့လည်း ကျနော့်ကို ရဲတွေက ချမ်းသာမပေးပါဘူး။ ရဲတွေက ကျနော့် စာအုပ်တွေဟာ ဂျာမဏီ၊ ထိုင်ဝမ်နဲ့ အမေရိကတို့မှာ ထုတ်ဝေတာကို သိထားပါတယ်။ မကြာခဏ ကျနော့်ဆီ ဖုန်းတဂွမ်ဂွမ် ဆက်လိုက်၊ လာကြည့်လိုက် မေးလိုက် လုပ်ပါတယ်။

မတ်လထဲမှာ ကျနော့်ကို မျက်ခြေပြတ်မခံတဲ့ လုံခြံရေးတွေက ကျနော့် တိုက်ခန်းအပြင်ဖက်မှာ အထိုင်ချပြီး၊ ကျနော့်ရဲ့ နေ့စဉ် အလုပ်တွေ စောင့်ကြည့်ပါတော့တယ်။ သူတို့က ကျနော့်ကို "အနောက်မှာ ပုံနှိပ်တာဟာ တရုတ်ဥပဒေကို ချိုးဖောက်တာပဲ" လို့ ပြောပါတယ်။

'အကျဉ်းထောင်မှတ်တမ်းစာအုပ်' ဟာ တရုတ် အကျဉ်းထောင် စနစ်ကို စော်ကားတာဖြစ်တယ်၊ 'ဂေါ့ဒ် သည် အနီ' ဆိုတဲ့ စာအုပ်ဟာ ဘာသာရေးအပေါ်ထားတဲ့ ပါတီရဲ့မူဝါဒကို သက်သက် အမြင်လွဲအောင်လုပ်တာဖြစ်ပြီး၊ မြေအောက်လုပ်နေတဲ့ ခရစ်ယာန်ကျောင်းတွေကို မြှောက်ပေးထားတာလို့ ပြောပါတယ်။ အနောက်က ထုတ်ဝေသူတွေနဲ့ စာချုပ်ချုပ်ထားတာတွေ ကျနော် မဖျက်ဘူးဆိုရင်၊ ဥပဒေအရ အရေးယူ ခံရမယ်လို့ သူတို့ ပြောလာပါတယ်။

အဲဒီအချိန်မှာ နယူးယော့ခ် ကမ္ဘာ့ကလောင်ရှင်များ ပွဲတော် (PEN World Voices Festival) ကို တက်ရောက်ဖို့ အိန္ဒိယ-ဗြိတိသျှ စာရေးဆရာကြီး 'ဆလ်မန် ရုရှဒီ' ဆီက ဖိတ်စာ ရောက်လာပါတယ်။ ချက်ချင်းပဲ ဒေသ အာဏာပိုင်တွေဆီ ပြည်ပသွားခွင့် လျှောက်လွှာ တင်လိုက်တယ်။ လေယာဉ်လက်မှတ်လည်း စီစဉ်ပြီးပြီ။

မထွက်ခင် တစ်ရက်အလိုမှာ ရဲအရာရှိတစ်ယောက် ကျနော့်ကို လက်ဖက်ရည်သောက်ဖို့ ခေါ်ပြီး၊ ကျနော် တင်တဲ့ သွားခွင့်ကို ငြင်းပယ်ကြောင်း ပြောပါတယ်။ တကယ်လို့ ပြည်ပကို သွားခဲ့ရင်၊ အိုင်ဝေေ၀ လိုပဲ လေဆိပ်မှာ အဆွဲခံရမယ်လို့ ကျနော့်ကို သတိပေးပါတယ်။

စာရေးဆရာတစ်ယောက်အတွက်၊ အထူးသဖြင့် တရုတ်ပြည်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ဖော်ပြလိုသူတစ်ယောက် အတွက် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပုံနှိပ်ထုတ်ဝေခွင့်ဟာ ကိုယ့်ဘ၀ထက်တောင် ပိုတန်ဖိုးကြီးပါတယ်။

ကျနော့်ရဲ့ မိတ်ဆွေရင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရ လျူရှောင်ဘို ဟာ သူ့ရဲ့ ရေးသားမှုတွေနဲ့ နိုင်ငံရေး လှုပ်ရှားမှု အတွက် မြင့်မြတ်တဲ့ တန်ဖိုးတွေ ပေးခဲ့ရပါတယ်။ သူ့လမ်းကြောင်းကို ကျနော် မလိုက်လိုပါဘူး။ ထောင်ထဲ ပြန်သွားလိုတဲ့ ရည်ရွယ်ချက် ကျနော့်မှာ မရှိပါဘူး။ အကျဉ်းထောင်နံရံတံတိုင်း ပြင်ပမှ လူတွေက 'လွတ်လပ်မှု သင်္ကေတ' အဖြစ် အမွှမ်းတင်ဂုဏ်ပြုတာတွေ ခံယူချင်စိတ်လည်း ကျနော့်မှာ မရှိပါဘူး။

တရုတ်ပြည်ဆိုတဲ့ ဧရာမ အကျဉ်းထောင်ကြီးထဲကနေ လွတ်မြောက်နိုင်တဲ့ ကျနော့်အတွက် တစ်ခုထဲသော နည်းလမ်းက လွတ်လွတ်လပ်လပ် စာရေးသားနိုင်၊ ထုတ်ဝေနိုင်ခြင်းပါပဲ။ စီးပွားရေး တိုးတက်မှုဆိုတဲ့ လှည့်စားမှု နောက်မှာ ဖုံးကွယ်ထားတဲ့ တရုတ်ပြည်ရဲ့ အစစ်အမှန်ဘ၀တွေအကြောင်း ကမ္ဘာကြီးကို ပြောပြဖို့ ကျနော့်မှာ တာဝန် ရှိတယ်။ သာမန် တရုတ်ပြည်သူ တစ်ဦးအတွက်ကတော့ မကျေနပ်မှုတွေ တငွေ့ငွေ့ လောင်နေဆဲမို့ အခြေအနေက ဟိုးအရင်အတိုင်း မထူးမခြားနားပါပဲ။

ကျနော့် အစီအစဉ်ကို ခဏမြိုသိပ်ထားလိုက်တယ်။ ပုံမှန်အတိုင်း လေကြောင်းနဲ့ သွားဖို့ ရဲတွေဆီက ခွင့်ပြုချက် တောင်းမနေတော့ဘူး။ ကျနော့် အင်္ကျီ အနည်းငယ်ကို ထုတ်ပိုးလိုက်တယ်။ တရုတ်ပုလွေ၊ တိဘက် အမှတ်အသားပါတဲ့ ပန်းကန်လုံးလေးနဲ့ ကျနော့်ရဲ့ ဆုရ စာအုပ်နှစ်အုပ် 'The Records of the Grand Historian' နဲ့ 'I Ching' တို့ကိုလည်း ထည့်လိုက်တယ်။ ရဲတွေ လစ်တဲ့အချိန်မှာ ယူနန်ဘက်ကို ခရီးနှင်ခဲ့ပါတယ်။

ပူလောင်အိုက်စပ်နေပေမဲ့၊ ဆောင်းတွင်းမှာ ပြေးနေတဲ့ ကြွက်တစ်ကောင်လို ခံစားမိပါတယ်။ မကြာခဏဆိုသလို အနားယူ လဲလျောင်းရင်း ကျနော့်စွမ်းအင်တွေ ချွေတာရပါတယ်။ လမ်းပေါ်က လူတွေနဲ့ ကျနော့် အချိန်အများစုကို ကုန်ခဲ့ရတယ်။ ဒီလူအုပ်တွေထဲ နက်နက်တူးမိရင် ကျနော့်အတွက် နောက်ဆုံး ထွက်ပေါက် တွေ့မယ်ဆိုတာ သိနေပါတယ်။

ကျနော့် ပတ်စပို့ရယ်၊ ဂျာမဏီ၊ အမေရိက၊ ဗီယက်နမ် သံရုံးတွေက ခွင့်ပြုထားတဲ့ တရားဝင်ဗီဇာတွေရယ်ကို ဖွက်ပြီး ကျနော့် စတင်ရွေ့ပါတယ်။ ဒီလို ထွက်ခွာဖို့ အစီအစဉ်ကို ပူးပေါင်းကူညီတဲ့ အနောက်က ကျနော့် မိတ်ဆွေတွေနဲ့ ဆက်သွယ်နိုင်တဲ့ ဆဲလ်ဖုန်းကို ပိတ်ထားပါတယ်။

ရက်အတော်ကြာလာတော့ နယ်စပ်မြို့လေးတစ်မြို့ကို ကျနော် ရောက်လာတယ်။ အဲဒီမှာ ရေသွက်သွက် စီးနေတဲ့ မြစ်ကနေ ဟိုဘက်ကမ်းက ဗီယက်နမ်ကို လှမ်းမြင်နေရတယ်။ ကျနော့်ကို ကူညီတဲ့ ဒေသခံလူက တစ်ယောက်ယောက်ကို ပိုက်ဆံပေးလိုက်ရင် ဟိုဘက်ကို ကူးတို့လှေနဲ့ ခိုးကူးသွားလို့ရတယ်လို့ ပြောပါတယ်။ ကျနော် ငြင်းလိုက်ပါတယ်။ ကျနော်မှာ တရားဝင် ပတ်စပို့ ရှိနေတယ်။ တံတားပေါ် နယ်စပ်ဂိတ်ကပဲ ဖြတ်ဖို့ ကျနော် ရွေးချယ်လိုက်ပါတယ်။

လွတ်မြောက်ဖို့ ချိန်စနေချိန်မှာ၊ ကျနော့်ကို ကူညီတဲ့သူက နယ်စပ်အနီးက ဟိုတယ်မှာ ထားပေးသွားတယ်။ ရေချိုးခန်းထဲမှာ ရေပန်းကိုဖွင့် ဇိမ်ကျနေတုန်း တံခါးခေါက်သံကြားတော့ အိပ်မက်တွေ လွင့်စင်ပြီး ကတုန်ကရီနဲ့ လန့်နိုးသလို ဖြစ်သွားတယ်။ မိုးရွာထဲကနေ ခိုက်ခိုက်တုန်လာတဲ့ ပြည့်တန်ဆာမလေးပါ။ ၀င်ခိုပါရစေရှင်တဲ့။ စာနာစိတ်အပြည့်ရှိပေမဲ့၊ ကျနော့်မှာ သူ့ကို ကူညီနိုင်တဲ့ အနေအထား မရှိပါဘူး။

ဇူလိုင် ၂ ရက်နေ့ ၁၀ နာရီမှာ ကိုက် ၁၀၀ လောက်ဝေးတဲ့ နယ်စပ်ဂိတ်ကို ဟိုတယ်ကနေ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ဖို့လည်း ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ဘ၀ရဲ့ အပြောင်းအလဲက အံ့ဖွယ်တဒင်္ဂ ပါပဲ။

အရာရှိက ကျနော့် စာရွက်တွေ စစ်ဆေးတယ်။ ကျနော့်မျက်စိကို စူးစိုက်ကြည့်ပြီး ပတ်စပို့ကို တုံးထုပေးလိုက်ပါတယ်။ နောက်လှည့်မကြည့်တော့ဘဲ ဟနွိုင်းကို အမြန်ဆုံး သုတ်ချေတင်ခဲ့တယ်။ နောက် ပိုလန်သွားတဲ့ လေယာဉ်စီးပြီး၊ ဂျာမဏီ ဆက်ကူးလာခဲ့တယ်။

ဇူလိုင် ၆ ရက် ဘာလင်မြို့ တီးဂဲလ် လေဆိပ်ထဲက လမ်းလျှောက်အထွက်၊ ကျနော့်ရဲ့ မိတ်ဆွေ ဂျာမန် အယ်ဒီတာ 'ပီတာ ဆီလ်လမ်း' က ဘုရား ဘုရားတပြီး ၀မ်းသာအားရ ပြေးကြိုပါတယ်။ ကျနော် ဂျာမဏီရောက်နိုင်တယ်လို့ သူ လုံးဝ မယုံကြည်ပါဘူး။ လေဆိပ်အပြင်ဖက်မှာတော့ သန့်ရှင်းလတ်ဆတ်တဲ့ လေကို တ၀ရှုရင်း လွတ်လပ်မှု အရသာကို စပြီး ခံစားမိပါတယ်။

ကျနော် နေရတကျဖြစ်ပြီဆိုတာနဲ့ ကျနော့် မိသားစုနဲ့ ချစ်သူကို ခေါ်လိုက်ပါတယ်။ သူတို့လည်း အာဏာပိုင်တွေရဲ့ မေးမြန်းတာတွေ ခံရပါတယ်။ ကျနော် လွတ်မြောက်သွားပြီဆိုတဲ့ သတင်းက ချက်ချင်းပြန့်သွားပါတယ်။

ကျနော့် မိတ်ဆွေ ပန်းချီဆရာတစ်ယောက်နဲ့ ဖုန်းရတော့ သူက တရုတ်ရဲတွေ စောင့်ကြည့်ခံထားရတဲ့ အိုင်ဝေေ၀ ဆီ အလည်သွားတဲ့အကြောင်း ပြောပါတယ်။ သူက အိုင်ဝေေ၀ ကို ကျနော် ဂျာမဏီကို မျက်လှည့်ဆန်ဆန် ရောက်သွားပြီ ဆိုတာ ပြောလိုက်တော့ အိုင်ကြီးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်တဲ့။

အိုင်ကြီးက မယုံနိုင်အောင်ဖြစ်ပြီး 'ဟေ.. တကယ်လား.. တကယ်လား.. တကယ်ရောက်သွားတာလား...' ဆိုပြီး အော်နေပါလေရောတဲ့...။

Liao Yiwu မှာ နာမည်ကျော် "God is Red" နဲ့ 'The Corpse Walker' စာအုပ်တို့ကို ရေးသူဖြစ်သည်။

ရဲမြင့်ကျော်


လူ သန်း ၇ ထောင်နှင့် ဆင်းရဲ ချမ်းသာ ကွာဟမှု ပြဿနာ

$
0
0

by Ye Myint Kyaw (Notes) on Wednesday, March 13, 2013 at 12:32pm
လူဦးရေ ပညာရှင် ခရစ်ယာန်ဘုန်းတော်ကြီး တောမတ်စ် မေးလ်သပ်စ်  က "ကမ္ဘာမြေကြီးက လူအားလုံး ၀မ်းရေးဖူလုံအောင် ထုပ်လုပ်ပေးနိုင်စွမ်းထက်ကို လူဦးရေက ပိုများပြားနေပြီ" ဟု ပြောဆိုခဲ့သည်။ မေးလ်သတ်စ် အဲဒီလိုပြောတဲ့ ၁၈၁၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေက ၁ ဘီလီယံ (သန်းတစ်ထောင်) သာရှိသေးသည်။


ကုလသမဂ္ဂက ၂၀၁၁ အောက်တိုဘာ ၃၁ ရက်နေ့မှာ ကမ္ဘာ့လူဦးရေ ၇ ဘီလီယံ (သန်း ၇ ထောင်) ပြည့်သွားပြီဟု ကြေငြာခဲ့ပြီး၊ ၂၀၅၀ ခုနှစ်မှာ ၉ ဘီလီယံ (သန်း ၉ ထောင်) အထိ ရှိလာလိမ့်မည်ဟု တွက်ချက်ထားသည်။ အခု လက်ရှိ အခြေအနေက မလ်သပ်စ် ပြောခဲ့တဲ့ လူဦးရေထက်ကို ပိုများလွန်းနေပြီး၊ အဲဒီလူတွေကို ကမ္ဘာဂြိုဟ်က ပုံမှန်ကျွေးမွေးဖို့ တောင့်ခံထားနိုင့်ပါ့မလားဆိုတာ လူဦးရေဆိုင်ရာ စီးပွားရေးပညာရှင်တို့ကြား ငြင်းခုံဆွေးနွေးစရာ ဖြစ်လာသည်။

San Diego State University မှ နိုင်ငံတကာ လူဦးရေဌာန ဒါရိုက်တာ ဂျွန်ဝိခ်စ် ကတော့ "လူ ၇ ဘီလီယံကို လုံလောက်အောင် ဘယ်လို ကျွေးနိုင်မလဲဆိုတာ ကျနော်တို့ မသိပါဘူး။ အခုပဲ ကမ္ဘာပေါ်မှာ ဆာလောင် မွတ်သိပ်နဲ့တဲ့လူ ၁ ဘီလီယံ ရှိနေတယ်။ နောက်ထပ် ၉ ဘီလီယံ၊ ၁၀ ဘီလီယံ ဖြစ်လာရင် ဘယ်လို ကျွေးကြမလဲ ဆိုတာတော့ မတွေးတတ်အောင်ပဲ" အယ်လ်ဂျားဇီးယား ရုပ်သံကို ၂၀၁၁ ခုနှစ်က ပြောခဲ့သည်။

"ကျနော့်အမြင်တော့ အခု ၇ ဘီလီယံကို ထိန်းထားနိုင်ဖို့တောင် အရင်းအမြစ် လုံလောက်အောင် မရှိဘူး။ အခု အနောက် နိုင်ငံတွေမှာရထားတဲ့ လူနေမှုအဆင့်အတိုင်းကို လူ ၉ ဘီလီယံ နေနိုင် စားနိုင်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ တိုးတက်လာတဲ့ လူဦးရေအတွက် ရင်းမြစ်တွေ ဘယ်လို ထိန်းသိမ်း ဖြည့်ဆည်းပေးကြမလဲ ဆိုတာ အခုထိ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာပါ" ဟု ဂျွန်ဝိခ်စ် က ပြောသည်။

ဘုန်းတော်ကြီး မေးလ်သပ်စ် က လူဦးရေ ထိန်းချုပ်ဖို့ အစောကြီးကတည်းက ပြောခဲ့ပေမဲ့၊ သူနဲ့ အမြင်မတူသူတွေလည်း ရှိသည်။ ၁၇၂၃ ခု နှစ်မှာ မိုက်ခရိုစကုတ်တွေ တီထွင်ခဲ့တဲ့ ဒတ်ခ်ျလူမျိုး Antoni van Leeuwenhoek က ကမ္ဘာဂြိုဟ်က လူ ၁၃.၃၈၅ ဘီလီယံအထိ ကျွေးမွေးထားနိုင်မည်ဟု ခန့်မှန်းတွက်ချက်ခဲ့ဖူးသည်။

ဘုန်းတော်ကြီး မေးလ်သပ်စ် တို့လို လူဦးရေ ထိန်းချုပ်ရေးသမားတွေကို ဝေဖန်သူများက လူဦးရေတိုးပွားခြင်းက ပြဿနာမဟုတ်၊ အလွန်အကြူး စားသုံးနေတဲ့သူတွေ၊ လူတန်းစားမညီမျှမှုကို မောင်းပို့နေတဲ့သူတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးအောင် ဖျက်ဆီးနေတဲ့ လူ့မလိုင်အုပ်စုတွေကသာ ပြဿနာပါဟု ဆိုကြသည်။

ကာရိုလို်င်းနားပြည်နယ် လူဦးရေထိန်းချုပ်ရေးဌာနက Ricahard E Bilsborrow ကလည်း "ချမ်းသာတဲ့သူ တစ်ဦးချင်းရဲ့ စားသုံးမှုကြောင့်သာ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးစေတာပါ။ ၀င်ငွေနည်းသူ၊ ရင်းမြစ်ပါးရှားသူ လူများစုကြီးထက် ချမ်းသာဗိုက်ရွှဲတို့ကသာ ကမ္ဘာကြီးကို ပိုအန္တရာယ်ပေးနိုင်တယ်။ ဒီလူတွေ အလွန်အကျွံ စားသုံးစည်းဇိမ်ခံမှုကြောင့် ဆင်းရဲတဲ့နိုင်ငံတွေရဲ့ သဘာဝအရင်းမြစ်တွေ ပျက်စီးယိုယွင်းနေရတယ်" လို့ အယ်ဂျာဇီးယားကို ပြောခဲ့ပါသည်။


ဝမ်းဗိုက်ရှိသူတိုင်း လက်နှစ်ဖက်ပါ

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သူ မော်စီတုံးကတော့ "၀မ်းဗိုက်ရှိတဲ့ လူတိုင်းမှာ ရှာစားဖို့ လက်နှစ်ဖက် ပါတာချည်းပဲ" ဆိုပြီး လူဦးရေနဲ့ပတ်သက်လို့ မစိုးရိမ်ကြောင်း ပြောခဲ့ဖူးသည်။ သူ့အမြင်က စားသုံးမှုရဲ့ လိုအပ်ချက်ကို ထုတ်လုပ်နိုင်စွမ်းနဲ့ ဖြည့်ဆည်းပေးဖို့ ဖြစ်သည်။ ဥက္ကဌမော်ရဲ့ အယူအဆက လူဦးရေတိုးပွားမှုကို ကျိန်စာဟု မယူဆဘဲ၊ ကောင်းချီးမင်္ဂလာဟု လက်ခံခြင်းဖြစ်သည်။ သို့သော် လူတိုးပွားတာ မင်္ဂလာဟုပြောပြီး နောက်ကျမှ သူက ကျိတ်သတ်ပစ်သူမျိုး ဖြစ်သည်။

၁၉၉၈ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဈေးကွက်စီးပွားရေးပညာရှင် Julian Simon ကလည်း "ရင်းမြစ်တွေက ထင်သလောက် မရှားပါးဘူး၊ လူဦးရေတိုးတက်မှုကို ကြိုဆိုရမယ်။ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုတွေက တစ်ဆင့် ကမ္ဘာ့လူဦးရေပြဿနာကို ဖြေရှင်းနိုင်မယ့် ပါရမီရှင်တွေ လူထုထဲမှာ အများကြီးပါလာဦးမှာပဲ" ဟု ပြောခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ မော်နဲ့ ဆိုင်မွန်ရဲ့ အယူအဆက ခေတ်အောက်သွားခဲ့သည်။ နိုင်ငံတိုင်းမှာ ပညာရှင်တိုင်းက လူဦးရေ ထိန်းချုပ်ဖို့ပဲ ဖိပြောလာကြသည်။

တရုတ်မှာ ၁၉၅၀ ပြည့်လွန်နှစ်တွေက သန်း ၆၀၀ ရှိရာက ၁၉၇၈ ခုနှစ်ကျတော့ ၁ ဘီလီယံ နီးပါးထိ တိုးပွားလာတဲ့နောက်၊ တရုတ်ခေါင်းဆောင်သစ်တွေက လူတွေထပ်မပွားဖို့ မိသားစုတစ်စုကို ကလေးတစ်ယောက် ပေါ်လစီကို ချမှတ်ခဲ့ရသည်။ ဗိုက်ဟောင်းလောင်း အလုပ်လက်မဲ့ လက်နှစ်ဖက်တရုတ်တွေ ထပ်တိုးမလာဖို့ ဖြစ်သည်။

ကမ္ဘာ့ လူငယ်ဦးရေကို ကြည့်ရင်လည်း ၂၀၀၀ ခုနှစ်မှာ ၃.၆ ဘီလီယံရှိရာက၊ ၂၀၁၀ ခုနှစ်မှာ ၄.၄ ဘီလီယံအထိ တိုးလာခဲ့သည်။


လူဦးရေနှင့် မညီမျှမှု

၂၀၁၁ အစောပိုင်းမှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က လူတန်းစားမညီမျှမှုကို မဖြေရှင်းရင် အကျိုးဆက်အဖြစ် ကြောက်မက်ဖွယ် ကပ်ဘေးဆိုးကို ရင်ဆိုင်ကြရမယ့်အကြောင်း စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။
ဇန်န၀ါရီလမှာ The Economist မဂ္ဂဇင်း ကလည်း "ကမ္ဘာ့ဓနကြွယ်ဝမှု သုံးထောင့်တြိဂံပုံမှာ ချမ်းသာတဲ့ လူတွေက ထိပ်ဆုံးပိုင်းမှာ အရမ်းချွန်မျှနေပြီး၊ ဆင်းရဲတဲ့လူအများကတော့ အောက်ခြေပိုင်းမှာ အရမ်းကျယ်ပြန့်လာနေတယ်" ဟု သတိပေးခဲ့သည်။

ကမ္ဘာပေါ်မှာ ချမ်းသာတဲ့သူ ၁ ရာခိုင်နှုန်းက ကမ္ဘာ့ရင်းမြစ် ၄၃ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး၊ အချမ်းသာဆုံး ၁၀ ရာခိုင်နှုန်းက ကမ္ဘာ့ရင်းမြစ် ၈၃ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။ အောက်ခြေဆင်းရဲသား ၅၀ ရာခိုင်နှုန်းက ကမ္ဘာ့ရင်းမြစ် ၂ ရာခိုင်နှုန်းပဲ ရရှိထားသည်ဟု တွက်ပြထားသည်မှာ အံဩထိတ်လန့်ဖွယ် ဖြစ်သည်။

ငွေကို ရေလိုသုံးနေသူတွေ၊ ကိုယ်ပိုင်ဂျက်လေယာဉ် ထည်လဲစီးနေသူတွေ၊ အိမ်ခြံမြေဧကများစွာ ပိုင်ဆိုင်ထားသူတွေ၊ ငွေကြေးဈေးကွက်မှာ ကစားနေသူတွေမှာ အမှန်တကယ် ကြောက်စရာကောင်းသော လူ့ဘီလူးများဖြစ်သည်။ စားစရာ မရှိသူနဲ့ ထားစရာမရှိသူ (ဇိမ်ခံရွက်လှေ စီးနေသူတွေ) အကြား ကွာဟချက်က ထိတ်လန့်စရာပင်။

အဲဒီလို မိုးနဲ့မြေလို့ဖြစ်နေတဲ့ ဆင်းရဲချမ်းသာကွာဟချက်ကို ကျဉ်းအောင် လုပ်ပေးနိုင်မယ်ဆိုရင်၊ ကမ္ဘာ့ရင်းမြစ်တွေက လူအားလုံးကို ၀၀လင်လင် ကျွေးထားနိုင်မှာပဲဟု ပညာရှင်တွေက သုံးသပ်ကြသည်။ ပြဿနာက လူဦးရေတိုးပွားမှုမဟုတ်၊ လူတန်းစားမညီမျှမှုဟု ဆိုသည်။

လက်ရှိ ကမ္ဘာ့ပေါ်မှာ ရှိတဲ့ ဓနငွေကို လက်ရှိလူဦးရေနဲ့ စားကြည့်ရင် တစ်ဦးကို ဒေါ်လာ ၃၀, ၇၀၀ ကနေ ၄၃, ၈၀၀ အထိ ရကြမည်ဟု The Economist က သုံးသပ်သည်။ နည်းနည်းနောနော ပမာဏမဟုတ်၊ လူတစ်ယောက်မှာ ဒေါ်လာ ၄ သောင်း ဆီ ရှိထားကြသည်။ သို့သော် တကယ့်လက်တွေ့မှာ အဲဒီဓန အများစုကို ကိုင်ထားတာက ကမ္ဘာ့အချမ်းသာဆုံး ၁ ရာခိုင်နှုန်း လူ့ဘီလူးကောင်တွေ ဖြစ်သည်။ ကျန် ၉၉ ရာခိုင်နှုန်းသော ကမ္ဘာ့လူထုမှာ နေ့စဉ်စားဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်။


ကမ္ဘာဂြိုဟ်ရဲ့ အဖျက်ကောင်များ

သဘာဝပတ်ဝန်းကျင် ဆရာသမားတွေက လူသားတွေဟာ သဘာဝကနေ ထုတ်ယူသုံးနေစွဲတာ တရားလွန်လွန်းနေပြီဟု ပြောကြသည်။ အနောက်တိုင်း လူ့အဖွဲ့အစည်းတွေလို နေချင်စားချင်တဲ့ လူသားတွေ တစ်နေ့ထက်တစ်န့ များလာတာနဲ့အမျှ ကမ္ဘာဂြိုဟ်ကို ဆက်ထိန်းထားနိုင်ဖို့ ခက်လာမည်ဟု ဆိုသည်။

ကမ္ဘာကနေ အစားအစာ၊ စွမ်းအင်၊ ရုပ်ဝတ္ထုပစ္စည်း၊ ရေ စတာတွေကို လူသားတွေ ထုတ်ယူသုံးစွဲနေတာဟာ ကမ္ဘာရဲ့ ပုံမှန်ပေးနိုင်စွမ်းထက် ၃၅ ရာခိုင်နှုန်း ပိုနေပြီဟု ဂေဟဗေဒပညာရှင် Mathis Wackernagell ကလည်း တွက်ချက်ပြသည်။ လူအများစုကြီးက ကမ္ဘာကနေ စားစရာ နေစရာ ရှာမရဖြစ်နေချိန်မှာ၊ လူအချို့က မိုက်မိုက်မဲမဲ သုံးဖြုန်းပြနေကြသည်။ မဟားတရားစားသုံးရင်း ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးပစ်နေတဲ့ လူနည်းစုပင်။ ရိုက်သတ်ဖို့ပင် ကောင်းတော့သည်။

ကနေဒါ၊ အမေရိကနဲ့ အနောက်ဥရောပတိုင်းပြည်တွေက လူတွေထက်ပင် ပိုမို စားသုံးနေတဲ့ လူတွေ ရှိသေးသည်။ ယူအေအီး၊ ကာတာနဲ့ ဘာရိန်း တို့လို အာရပ်နိုင်ငံက လူတွေဟာ ရေနံကို အလွန်အကျွံထုတ်၊ လေအေးပေးစက် မနားတမ်းဖွင့်၊ နောက်ဆုံးပေါ် ဇိမ်ခံကားတွေ အပြိုင်စီး ထင်တိုင်းကြဲပြပြီး ကမ္ဘာမြေကို ဒုက္ခအများဆုံးပေးနေတဲ့ လူ့အဖျက်ကောင်တွေ ဖြစ်သည်။

ဒီတော့ အသုံးအဖြုံးကြီးသူတွေရဲ့ လူနေမှုအဆင့်အတန်းကို ၀ိုင်းလျှော့ချကြမလား၊ ဒါမှမဟုတ် အများစုက ဆင်းရဲဒုက္ခပေါင်းစုံ နဲ့ သေနှုန်းမြင့်မားမှုကိုပဲ ရွေးကြမလား၊ နောက်ဆုံး ဒီနှစ်လမ်းပဲ ရှိသည်ဟု သဘာဝပတ်ဝန်းကျင်သမားတွေက သုံးသပ်သည်။


ပဋိပက္ခနဲ့ လူဦးရေ

ကမ္ဘာ့လူဦးရေ တိုးတက်လာတယ်ဆိုသော်လည်း၊ ချမ်းသာတဲ့ နိုင်ငံတွေမှာ လူဦးရေ တိုးတက်မှုနှုန်း ကျဆင်းလာတာကို ပညာရှင်တွေက ၀မ်းသာအဲလဲ ဖြစ်ကြသည်။ အထူးသဖြင့် လူနေမှုအဆင့်အတန်းမြင့်မားမှု၊ မိသားစုစီမံကိန်းထားမှုနဲ့ အမျိုးသမီးအခွင့်အရေး တက်လာမှုတို့ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကလေးမွေးဖွားနှုန်း လျှော့ကျလာခဲ့သည်။

သို့သော် လူဦးရေ အတိုးပွားဆုံးက ပဋိပက္ခအများဆုံးဒေသဖြစ်တဲ့ ဆဘ်ဆာဟာရအာဖရိကမှာ ဖြစ်သည်။ ဘာသာရေး၊ လူမျိုးရေး ပြဿနာများပြီး သံယံဇာတပေါများလေလေ ကလေးမွေးဖွားနှုန်းများလေလေ ဖြစ်နေသည်။ ပဋိပက္ခနဲ့ လူဦးရေ တိုးပွားမှုက ဆက်စပ်နေသလားပင်။ ရန်ဖြစ်လေလေ မွေးကြလေလေ။

ဒါကြောင့် တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေတဲ့ ပဋိပက္ခဒေသက လူတွေကို ၀၀လင်လင်ကျွေးနိုင်ဖို့ လက်ရှိ အရေးကြီးဆုံး စိန်ခေါ်မှု ဖြစ်သည်။ အဲဒီဒေသတွေက စိုက်ပျိုးရေးလုပ်ငန်းတွေကို ခေတ်မီနည်းပညာနဲ့ ပေါင်းစပ်ပေးဖို့ အမြန်လိုအပ်နေသည်။ လယ်သမားတွေက အခြေခံနည်းပညာကို လက်လှမ်းမမှီ ဖြစ်နေရသည်။ ထုတ်လုပ်မှု နည်းစနစ်တွေ တိုးတက်အောင် အမြန်ဆုံး ပညာပေးဖို့ လိုနေသည်။

ဒါပေမဲ့ စိတ်မကောင်းစရာက လောလောဆယ်မှာ ချမ်းသာတဲ့နိုင်ငံတွေက အဲဒီဒေသကို လက်နက်တွေ ချရောင်းဖို့၊ သဘာဝ ရင်းမြစ်တွေ အလုအယက် ဆွဲထုတ်ဖို့၊ အမွဲဇာတ်လမ်းတွေကို ပြစားဖို့၊ အလှူခံပွဲစားလုပ်စားဖို့သာ စိတ်ဝင်စားနေသည်ဟု San Diego State University မှ နိုင်ငံတကာလူဦးရေဌာန ဒါရိုက်တာ ဂျွန်ဝိခ်စ် က ပြောပါသည်။

ရဲမြင့်ကျော်

Source: Aljazeera & The Economist
မောက္ခပညာရေးမဂဇင်း ၂၀၁၁၊ အောက်တိုဘာ

မပြီးဆုံးနိုင်တဲ့ မြန်မာ့လူမျိုးရေး ပြဿနာ

$
0
0

by Ye Myint Kyaw (Notes) on Wednesday, March 13, 2013 at 1:57pm
စာအုပ်ညွှန်းရေးသူ- ဘာတေးလ် လင်း(တ်)နာ

၁၉၈၁ခုနှစ် မတ်လမှာ မြန်မာနိုင်ငံက ရှမ်းပုန်ကန်လှုပ်ရှားသူများနဲ့ ပထမဆုံး စပြီး အဆက်အသွယ်ရခဲ့ပါတယ်။ ရှမ်း ပြည်တပ်မတော် (SSA)က အရာရှိ တစ်ယောက်နဲ့တွေ့ဖို့၊ ပစ်ကပ်ကားလေးနောက်ဖက်က ရွက်ဖျင်အမိုးအောက် ခေါင်းငုံဝင် လိုက်ရင်း ချင်းမိုင်မြို့ မြောက်ဖက်ဆီ လိုက်ခဲ့ပါတယ်။

ယဉ်မောင်းသူက ကျနော် ပထမဆုံး စရင်းနှီးခွင့်ရတဲ့ ရှမ်းပညာတတ်တစ်ယောက်ပါ။ သူပုန်ပုံစံမပေါက်ဘဲ အရပ်ပြတ်ပြတ် အသားလတ်လတ်၊ ဟန်ပန်ဖျော့ဖျော့နဲ့ မျက်မှန်ထူထူတပ်ထားပါတယ်။ သူ့အင်္ဂလိပ်စကားသံက မင်းပေါက်စိုးပေါက် လေယူလေသိမ်းမျိုးပါ။

တစ်ပတ်လောက်ကြာတော့ ချင်းမိုင်ကနေ ထိုင်းမြောက်ဖက် ထောင့်အကျဆုံးမြိုကလေး မဲဟောင်ဆောင် ရှိရာကို ဘတ်စ်ကား တစ်နေ့လုံး ဆက်စီးသွားပါတယ်။ အဲဒီကနေ နယ်စပ်ဖြတ်ပြီး SSA ပြောက်ကျားများရှိရာ ရောက်သွားပါတယ်။ နောက် နှစ်ရက်လောက် နယ်စပ်တောင်ပေါ်တွေကို ခရီးကြမ်းတက်ခဲ့ရပါတယ်။


ကျနော့် ကျောပိုးအိပ်ထဲမှာ အဲဒီအချိန် ရှမ်းလူမျိုးတွေအကြောင်း ဖတ်ထိုက်တယ်လို့ထင်တဲ့ စာအုပ်နှစ်အုပ် ပါပါတယ်။ တစ်အုပ်က Scott Hardimann ရေးတဲ့ Gazetter of Upper Burma and the Shan States ဖြစ်ပါတယ်။ မြန်မာပြည် အရှေ့မြောက်ပိုင်းက ရှမ်းလူမျိုးတွေရဲ့ စကားနဲ့ ယဉ်ကျေးမှုဟာ ဗမာတွေနဲ့ထက် ထိုင်းလူမျိုးတွေနဲ့ လုံးဝဆင်တူနီးပါး ရှိပြီး ဆွေမျိုးဝမ်းကွဲတော်စပ်ပုံကို ရေးထားပါတယ်။ နောက်တစ်အုပ်ကတော့ မြန်မာ့အရေး ကျွမ်းကျင်တဲ့ အမေရိကန်ပညာရှင် Josef Silverstein ရေးတဲ့ Politics in Shan State ဖြစ်ပါတယ်။ အဲဒီစာအုပ်က ၁၉၅၉ ခုနှစ် စက်တင်ဘာထုတ် The Associations for Asian Studies မှာ ဆောင်းပါးအဖြစ် ဖော်ပြခဲ့ပြီးတဲ့နောက် စာအုပ်ထွက်လာတာပါ။

အဲဒီနောက်ပိုင်း ရှမ်းနဲ့ပတ်သက်တဲ့ စာအုပ်တွေ အများကြီးထွက်လာတာ တွေ့ရပါတယ်။ လူအများသိဆုံး စာအုပ်ကတော့ စိုင်းအောင်ထွန်းရဲ့ History of the Shan State From Its Origins to 1962 စာအုပ်ပါပဲ။ နောက်တစ်အုပ် ကတော့ ၁၉၉၄ ခုနှစ်မှာ ဩ(စ)ထရီးယားသူ Inge Sargent က သူ့အမျိုးသား သီဟိုစော်ဘွား စောကြာစိုင်နဲ့ သူ့ရှမ်းမင်းသမီးဘ၀ အတွေ့အကြုံအကြောင်းရေးတဲ့ Twilight Over Burma: My Life as a Shan Princess စာအုပ် ဖြစ်ပါတယ်။

ဒါပေမဲ့ အခု ကျနော် ညွှန်းတဲ့ The Shan of Burma စာအုပ်ကတော့ ရှမ်းပြည်နဲ့ ရှမ်းလူမျိုးတွေအကြောင်း အချက်အလက် ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ရေသားတင်ပြထားတဲ့ စာအုပ်လို့ ဆိုချင်ပါတယ်။ ရှမ်းပြည်နဲ့ ကမ္ဘာမှာ တရားမ၀င် မူးယစ်ဆေးဝါး အထွက်ဆုံးဖြစ်တဲ့ ရွှေတြိဂံနယ်မြေမှာ၊ ဘိန်းပြဿနာနဲ့ ပုန်ကန်ထကြွမှုတွေ အပြန်အလှန် ဆက်နွယ်နေတဲ့ အကြောင်းကို အသေးစိတ် ရေးထားပါတယ်။

ဒီစာအုပ်ကို ၁၉၈၇ ခုနှစ်မှာ Singapore’s Institute of Southeast Asia Studies က ပထမဆုံး ပုံနှိပ်ဖြန့်ချီခဲ့ပါတယ်။ အတော့်ကို တိုက်ဆိုင်တယ် ဆိုရမလားပဲ။ စာရေးသူ စ၀်ဇန့် ဟာ ၁၉၈၁ ခုနှစ် မတ်လမှာ ချင်းမိုင်ကနေ နယ်စပ်အထိ ကျနော့်ကို ကားမောင်းပို့ပေးခဲ့သူ ဖြစ်နေပါရောလား။

၂၀၀၄ ဇူလိုင်မှာ စ၀်ဇန့် ဟာ အသက် ၆၅ နှစ်နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အခုရဲ့ သူ့ရဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို တည်းဖြတ်ပြီး အသစ်ပုံနှိပ်ဖြန့်ချီပါတယ်။ စာရေးသူ ဆုံးပါးပြီး ခြောက်နှစ်ကြာမှ ထပ်မံပုံနှိပ်တော့ စာသားတွေကို မပြင်နိုင်တော့ဘူးပေါ့။ အကြောင်းကတော့ မူရင်းစာမူရဲ့ နိဂုံးပိုင်းကို တစ်စုံတစ်ယောက်က တာဝန်ယူရေးဖို့ လိုနေလို့ပါပဲ။ စာအုပ်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ရေးထားခဲ့တာပါ။ ၀မ်းနည်းစရာက မြန်မာပြည် နိုင်ငံရေး မြင်ကွင်းကြီး တစ်ခုလုံးကို ပြောင်းလဲခဲ့တဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်း မပါတော့ဘူးပေါ့။ ထပ်ဖြည့်စွက်ပေးမယ့်သူရှိရင် သိပ်တန်ဖိုးရှိပါမယ်။

ဒါပေမဲ့လည်း စ၀်ဇန့်ရဲ့စာအုပ် ပြန်လည်ထုတ်ဝေမှုဟာ ယနေ့အချိန်နဲ့ ကိုက်ညီမှုအများကြီး ရှိနေတယ်လို့ ဆိုချင်ပါတယ်။ ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး၊ နောက် ခြောက်ရက်အကြာမှာ  ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တဲ့ အချိန်တို့နဲ့လည်း တိုက်ဆိုင်နေပါတယ်။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကနေ တစ်တိုင်းပြည်လုံးအာဏာကို ဆက်လက်ထိန်းချူပ်သွားဖို့ မျှော်လင့်ထားသလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကိုဝိုင်းရံတဲ့သူများကလည်း ခါးသီးတဲ့ အတိတ်ကာလတွေ ပြီးဆုံးဖို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်နှစ်ခုစလုံး နောက်မှာ ပြင်းထန်ဆိုးရွားတဲ့ အကျိုးဆက်တွေအများကြီး ရှိနေပါတယ်။

ထိုင်းနယ်စပ်မှာ ကရင်သူပုန်များက အစိုးရရဲ့ တင်းကျပ်မှုများအပေါ် မကျေနပ်ကြောင်း ပြသတဲ့အနေနဲ့ တိုက်ပွဲအချို့ ဆင်နွှဲလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ထံ ပြေးလာတဲ့ လူအုပ်ကြီးကလည်း ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်တွင်း စိတ်ဝမ်း အစိတ်စိတ်အမွှာမွှာ ကွဲနေတဲ့ လူမျိုးရေးပဋိပက္ခတွေ ဖြေရှင်းဖို့ လူမျိုးစုအားလုံးပါဝင်နိုင်မယ့် ညီလာခံခေါ်ရေး သူမကို တိုက်တွန်းနေပါတယ်။ ဒီလိုနဲ့ မမျှော်လင့်ဘဲ စစ်အစိုးရအတွက်ရော အားလုံးအတွက်ပါ၊ မမျှတတဲ့ ရွေးကောက်ပွဲ ပြဿနာတွေကြားမှာ တိုင်းရင်းသား ပြဿနာက အာရုံစိုက် ဖြေရှင်းဖို့ လိုအပ်လာပါတယ်။

ရှမ်းပုန်ကန်မှုဟာ မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံးနဲ့ အပြင်းထန်ဆုံး ပြဿနာတစ်ခုပါ။ စ၀်ဇန့်ရဲ့ စာအုပ် ပထမအကြိမ် ထုတ်ဝေပြီးကထဲကဆိုရင် ရှမ်းပြည်ဒေသတော်တော်များများမှာ ဘာအပြောင်းအလဲမှ မရှိသေးသလောက်ပါပဲ။ နှစ် ၃၀ နီးပါး ကြာခဲ့ပြီဖြစ်တဲ့ စာမူလက်ရာဟောင်းတစ်ခုကို ပြန်ဖတ်ရင်း၊ ယနေ့ မြန်မာနိုင်ငံအခြေအနေ နှိုင်းယှဉ်မိတော့ အခုထိ အဲဒီဒေသမှာ ဇာတ်ကောင်အသစ် ပလေရာအသစ်တွေဟာ ဇာတ်လမ်းဟောင်းမှာ ဆက်ပါဝင်နေကြရတုန်းဆိုတာ မြင်တွေ့ရပါတယ်။  ရှမ်းပြည်မှာ ပုန်ကန်ထကြွနေသူတွေရဲ့ ပြဿနာကို ဗဟိုအစိုးရအာဏာပိုင်များက ပြေလည်အောင် ဖြေရှင်းပေးနိုင်စွမ်း မရှိသေးပါဘူး။

စ၀်ဇန့်ဟာ ကနေဒါမှာ ပြည်ပြေးဘ၀နဲ့ ကွယ်လွန်ခဲ့ပါတယ်။ ကနေဒါမှာ သူ့ဘ၀ နောက်ဆုံး ၁၉ နှစ်တာကို ကုန်လွန်သွားရှာပါတယ်။ ၁၉၈၅ ခုနှစ်မှာ ချင်းမိုင်ကနေ သူ့မိသားစုလည်း အမြန်ဆုံးစွန့်ခွာခဲ့ပါတယ်။ အကြောင်းကတော့ ရွှေတြိဂံဒေသမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဘိန်းဘုရင်ခွန်ဆာက စ၀်ဇန့်ကို စည်းရုံးနေလို့ဖြစ်ပါတယ်။

ခွန်ဆာက သူ့အဖွဲ့နဲ့ သူ့နိုင်ငံရေးကို ကျားကန်ဖို့အတွက် စ၀်ဇန့်ကို သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် အလိုရှိနေပါတယ်။ ခွန်ဇာလိုလူက တစ်စုံတစ်ဦးကို ကမ်းလှမ်းရင် ငြင်းဆန်ဖို့ ခက်ခဲပါတယ်။ စ၀်ဇန့်အတွက် အကောင်းဆုံး ရှင်သန်ဖို့ နည်းလမ်းကတော့ အမြန်ဆုံးရှောင်ပြီး ထွက်ပြေးဖို့ပါပဲ။

ကံကောင်းတာကတော့ စ၀်ဇန့် မိခင် စ၀်နန်းဟိန်းခမ်း က အစောကြီးကတည်းက ကနေဒါနိုင်ငံသား ခံယူပြီး၊ အလ်ဘာတာပြည်နယ် အဒ်မွန်တန်မြို့မှာ အခြေချနေထိုင်နေပါတယ်။ စ၀်ဇန်က ဗန်ကူးဗားမြို့မှာ နေထိုင်ပြီး ဗြိတိသျှ ကိုလံဘီယာ တက္ကသိုလ်နဲ့ ဆက်သွယ်ပါတယ်။ အဲဒီမှာ ပညာဆက်လက် လေ့လာပြီး၊ ၁၉၆၀ အစောပိုင်းနှစ်များ မြန်မာနိုင်ငံ စစ်တပ် အာဏာသိမ်းမှုနဲ့ပတ်သက်တာတွေ ရေးသားနေခဲ့ပါတယ်။ ဗန်ကူးဗားမှာ နိုင်ငံရေးသိပ္ပံနဲ့ PhD ရပြီး၊ သူ့စာတမ်းခေါင်းစဉ်က ‘အာဏာရှင်စနစ်၏ နိုင်ငံရေး’ (The Politics of Authoritarianism: The State and Political Soldiers of Burma, Indonesia and Thailand) ဖြစ်ပါတယ်။


စ၀်ဇန့်ရဲ့ အဖေ စ၀်ရွှေသိုက်ဟာ ရှမ်းပြည် ညောင်ရွှေစော်ဘွားကြီး ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတော့ စ၀်ရွှေသိုက်က မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ ဖြစ်လာပါတယ်။ နောက် လူမျိုးစုလွှတ်တော်နဲ့ အောက်လွှတ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် နှစ်ကြိမ်ခန့်အပ်ခံရပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂ရက် ဗိုလ်ချုပ်နေ၀င်း စစ်အာဏာသိမ်းတဲ့ ညမှာ သူတို့မိသားစုနေအိမ်ကို ၀င်ရောက်စီးနင်းခံရပါတယ်။ စစ်သားတွေရဲ့ သေနတ်ဒဏ်ရာနဲ့ စ၀်ဇန်ရဲ့ အစ်ကို အသက် ၁၆ နှစ်ရှိသူ စိုင်းမီ အသက်ဆုံးခဲ့ပါတယ်။ စ၀်ဇန့်တို့ အဖေ သမ္မတဟောင်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မကြာခင် စစ်ထောက်လှမ်းရေးတွေရဲ့ လက်ထဲမှာပဲ ကွယ်လွန်ခဲ့ပါတယ်။

စ၀်ဇန့်ဟာ ၁၉၅၉ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပြီး၊ ၁၉၆၃ ခုနှစ် ရှမ်းတော်လှန်ရေး လှုပ်ရှားမှုနဲ့ မဆက်သွယ်သေးမီအထိ ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာကျူတာ လုပ်ခဲ့ပါတယ်။ အဲဒီနှစ်မှာ စ၀်ရွှေသိုက်ဇနီး မုဆိုးမ စ၀်နန်းဟိန်းခမ်း က ထိုင်းနိုင်ငံကို လွတ်မြောက်လာပြီး ရှမ်းပြည်တပ်မတော် စစ်ကောင်စီရဲ့ ဉက္ကဌ ဖြစ်လာပါတယ်။

၁၉၇၁ ခုနှစ် ရှမ်းပြည် တောင်ကုန်းတောင်တန်းများပေါ်မှာ စ၀်ဇန့် က SSA ရဲ့ နိုင်ငံရေး အဓိကအင်အားဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှာ အဓိက အရေးပါသူ ဖြစ်လာပါတယ်။ ၁၉၇၆ ခုနှစ် ရှမ်းပြည်တပ်မတော်(SSA) နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီအကြား သဘောထားကွဲလွဲမှုတွေ ပေါ်ထွက်လာပြီး၊ အထွေထွေအတွင်းရေးမှုးတာဝန်ကနေ အနားယူပြီး ထိုင်းနိုင်ငံမှာ သူနေထိုင်ခဲ့ပါတယ်။ စ၀်ဇန့်နဲ့ သူ့မိတ်ဆွေ ၀ါရင့်အများစုက ကွန်မြူနစ်ပါတီနဲ့ မဟာမိတ်ပြုတာ လက်မခံကြပါဘူး။ ကွန်မြူပါတီက ထရိန်နင်တွေ စစ်ရေးအကူညီတွေ ပေးဦးတော့ မဟာမိတ်မပြုချင် ကြပါဘူး။

စ၀်ဇန့် စာအုပ်မှာ သူ့လူငယ်ဘ၀ ကိုယ်ရေးကိုယ်တာများနဲ့ ရှမ်းတော်လှန်ရေးအကြောင်းတွေ အများကြီးပါပါတယ်။ သမိုင်းတလျှောက် ရှမ်း-မြန်မာဆက်ဆံရေးအပေါ် သူ့အမြင်တွေ၊ အငြင်းပွားဖွယ် ဘိန်းပြဿနာတွေအပေါ် ရှုမြင်ပုံတွေက  အခု ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှာ မြန်မာ့အရေးကျွမ်းကျင်သူဆိုပြီး အမည်တွင်နေတဲ့ ဂပေးကြီးများရဲ့ ရေးသားချက်နဲ့ ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။ သို့သော် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ မည်သူမဆို မဖြစ်မနေဖတ်ကိုဖတ်ရမယ့် ဖတ်သင့်တဲ့ စာအုပ်ပါပဲ။


မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒများ အဟောသိကံဖြစ်နေပုံကို စ၀်ဇန့်က စိတ်ပျက်လက်ပျက် ကောက်ချက်ချထားပုံက-

“တစ်ခါတလေ ကျနော် စဉ်းစားကြည့်တာက ဘိန်းပြဿနာကို တစ်ခါထဲ အမြစ်ဖြတ်မပစ်ကြဘဲ ငန်းကို ရွှေဥ ဥခိုင်းတဲ့ပုံပြင်နဲ့ ပြောင်းပြန်လုပ်နေကြတာ အံအားသင့်စရာဖြစ်နေတယ်။ တစ်ဖက်မှာ မူးယစ်ကုန်ကူးသူတွေ၊ မူးယစ်ဂိုဏ်းကြီးတွေ ရှိတယ်။ တခြားတစ်ဖက်မှာ နိုင်ငံစုံ ဗျူရိုကရေစီအဖွဲ့အစည်းတွေက အဲဒီဂိုဏ်းတွေ ငွေကြေးတွေအောပြီး နည်းမျိုစုံနဲ့ အကူညီပေးနေတယ်” (စာမျက်နှာ ၂၅၂)။

စာအုပ်မှာ အပိုင်းသုံးပိုင်းပါပါတယ်။ ပထမပိုင်းမှာ စ၀်ဇန့်က သူ့ဘ၀နဲ့ သူ့အတွေ့အကြုံတွေကို ရေးထားပါတယ်။ ဒုတိယပိုင်းမှာက ကိုလိုနီမတိုင်မီနေ့များကနေ မျက်မှောက်ခေတ်အထိ  ရှမ်း-မြန်မာ ဆက်ဆံရေးကို ခြုံငုံသုံးသပ်ထား ပါတယ်။ တတိယပိုင်းမှာတော့ ရှမ်းနဲ့ မြန်မာ နိုင်ငံရေးမှာ အဓိကအခန်းက ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးပုဂ္ဂိုလ်များနဲ့ သမိုင်းဆိုင်ရာ ဖြစ်ရပ်များကို အကျယ်တ၀င့် တင်ပြထားပါတယ်။

ယခုအသစ် ပုံနှိပ်ထုတ်ဝေမှုမှာတော့ ပထမစာအုပ်မှာ မပါဝင်ခဲ့တဲ့ အသုံးဝင်တဲ့ ‘အက္ခရာစဉ်ညွှန်း’ ပါလာခဲ့ပါတယ်။ ‘အောက်မေ့လွမ်းတစာ’ ကို သူ့ညီငယ်ဖြစ်တဲ့ ပြည်ပရောက် လူမျိုးစုအားလုံး သတင်းပြန်ကြားရေးဌာန အီးယူ-မြန်မာရုံး တာဝန်ခံ ဟန်ယောင်ဟွေ့ က ရေးထားပါတယ်။ အမှာစာကို Burma; Insurgency and the Politics of Ethnicity စာအုပ်ရေးသူ မာတင် စမစ်သ် က ရေးထားပါတယ်။ ပထမစာအုပ်မှာ သုံးနှုန်းခဲ့တဲ့ Burma အစား၊ ၁၉၈၉ ခုနှစ်မှာ တိုင်းပြည်နာမည် တရားဝင်ပြောင်းလဲခဲ့တာကြောင့် Myanmar လို့ပြောင်းလဲပစ်တာ တွေ့ရတာပဲ မူလစာမူနဲ့ ကွာခြားချက်လို့ မြင်မိပါတယ်။

အချို့စာဖတ်သူများကတော့ စ၀်ဇန့်က ဘိန်းဘုရင်ခွန်ဆာအကြောင်း ဖော့ရေးထားလို့ အားမလိုအားမရ ဖြစ်တာလည်း ရှိပါတယ်။ သို့သော် စ၀်ဇန့်ကိုယ်တိုင်က ခွန်ဆာ ရန်ကနေ လွတ်အောင်ရုန်းပြေးနေရချိန်မို့ သူ့အကြောင်း တတ်နိုင်သမျှ မဖော်ပြချင်တာ နားလည်မှုပေးနိုင်ရလိမ့်မယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရေး ဒရမ်မာကို ကြားနေလေ့လာသူ စာဖတ်ပရိတ်သတ်များ အတွက်တော့ စာရေးသူ စ၀်ဇန့်ရဲ့ လေ့လာအားထုတ်မှု၊ ဖြတ်သန်းမှု၊ ကောက်ချက်ဆွဲမှုတွေအပေါ် သဘောထားကွဲလွဲနိုင်ဖို့ ခက်မယ်လို့ ထင်ပါတယ်။

အခု  ရန်ကုန်ရှိမြန်မာခေါင်းဆောင်များနဲ့ တောတွင်းဌာနချုပ်အသီးသီးရှိ ခေါင်းဆောင်များအလုံးအဖို့ မိမိရည်မှန်းချက်တွေနဲ့ အစွဲတွေကို ပြန်လည်စဉ်းစားဖို့ အချိန်ကျပြီ ဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံရှိ လူထုတွေဟာ အကြမ်းဖက် နိုင်ငံရေး ထောင်ချောက်တွေအောက်မှာ ကာလရှည်ကြာစွာ ထောင်ချောက်ပိတ်မိနေခဲ့ကြပါတယ်။ ဗမာ၊ ရှမ်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ကချင်၊ ရခိုင်၊ ချင်း အစရှိတဲ့ လူမျိုးများဟာ စစ်ပွဲများနဲ့ အကြမ်းဖက်မှုများအောက်မှာ သားကောင်များ ဖြစ်နေရပြီး၊ အဲဒီအဆိုးသံသရာကို ဖောက်ထွက်ဖို့ ခေါင်းဆောင်များအားလုံး ကြိုးစားဖို့ အချိန်ကျနေပြီ ဖြစ်ပါတယ်။   စ၀်ဇန့်ရဲ့ စာအုပ်က အဲဒီအတွက် တစ်စုံတစ်ရာ ကူညီပေးနိုင်ကောင်းပါတယ်။      ။

ရဲမြင့်ကျော်
မောက္ခ ပညာရေး မဂဇင်း ဒီဇင်ဘာ ၄၊ ၂၀၁၀

ရည်ညွှန်းစာအုပ်။ The Shan of Burma: Memoirs of a Shan Exile by Chai Tzang Yawnghwe;   Institute of Southeast Asian Studies Publishing, Singapore (2010), ISBN-10: 9971988623. Price US$35.93,276pages.

ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ မင်္ဂလာပါ ကော်မရှင်

$
0
0

 
- ကျော်ဝင်း

by Kyaw Win (Notes) on Thursday, March 14, 2013 at 1:08am
ရှဥ့်လည်းလျှောက်သာ
ပျားလည်းစွဲသာ
မင်္ဂလာပါ - ကော်မရှင်
 ကျော်ဝင်း

ဂိမ်းသီအိုရီ


အများမျှော်လင့်စောင့်စားနေကြသော လက်ပံတောင်းအရေး စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ၊ ယနေ့ပင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ကော်မရှင်က ၎င်း၏ ရည်ရွယ်ချက်၊ တာဝန်၊ အခြေခံမူများနှင့် လုပ်ဆောင်ချက်များကို ပဏာမ နိဒါန်းပျိုးပြသည်။ ပြီးမှ၊ ကော်မရှင်တွေ့ရှိချက်များနှင့်အတူ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်အသီးသီး၏ သုံးသပ်အဆိုပြုချက်များကို၊ ဘက်စုံထောင့်စုံ စုစည်းတင်ပြသည်။ နောက်ဆုံး၊ ကော်မရှင်၏ ခြုံငုံသုံးသပ်ချက်များနှင့် အကြံပြုချက်များကို ဖော်ပြလိုက်ပါသည်။

အစီရင်ခံစာတစ်ခုလုံး၏ အရေးကြီးဆုံးဖြစ်ဖွယ်ရှိသော အကြံပြုချက်အပိုင်းတွင် ကော်မရှင်က ရွေးချယ်စရာနည်းလမ်းသုံးသွယ်ကို ပထမခင်းပြသည်။ အဆိုပါနည်းလမ်းသုံးသွယ်ကို စဉ်းစားဆုံးဖြတ်ရာတွင်၊ 'တစ်ခုလုံး စီးပွားရေးအတွက် အကျိုးရှိမရှိ'၊ 'နိုင်ငံတကာဆက်ဆံရေး' နှင့် 'လူမှုရေးပတ်ဝန်းကျင် ထိန်းသိမ်းရေး' တို့ကို၊ အားလုံးခြုံငုံပြီး (Holistically) စဉ်းစားရန် လိုအပ်ပါကြောင်း၊ အကြံပြုသည်။ ကော်မရှင်ခင်းပြလိုက်သော ဆိုခဲ့ပါ နည်းလမ်းသုံးသွယ်မှာ …၊

(က) လက်ရှိအတိုင်းပင်၊ ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ကိုင်စေမည့်နည်းလမ်း …။ ဆိုရလျှင်၊ လက်ရှိကြေးနီစီမံကိန်းကို တာဝန်ယူ ဆောင်ရွက်နေသော၊ ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီများဘက်မှ ခံတွင်းအတွေ့ဆုံးနည်းလမ်း၊ သို့မဟုတ်၊ ၎င်းတို့၏ 'မျှော်လင့်တန်ဖိုး' (expected value) ဖြစ်ပါလိမ့်မည်။ သို့နှင့်တိုင်၊ ဤနည်းလမ်းကို ကော်မရှင်က ရွေးချယ်ရန်မသင့်ဟု မှတ်ချက်ပြုပါသည်။

(ခ) ကြေးနီစီမံကိုန်းကို၊ ဆက်လက်လုပ်ဆောင်ခွင့်မပြုဘဲ ရပ်ဆိုင်းစေမည့်နည်းလမ်း …။ ဆိုရလျှင်၊ လက်ရှိစီမံကိန်းကို လုံးဝရပ်ဆိုင်းပစ်ရန်၊ ဆန္ဒဖော်ထုတ်တောင်းဆိုနေကြသူများ ဘ၀င်အကျဆုံးဖြစ်ဖွယ်ရှိသည့် နည်းလမ်းဖြစ်ပါသည်။ သူတို့ လိုလားသော 'မျှော်လင့်တန်ဖိုး' လည်းဖြစ်ပါသည်။ သို့တစေ ဤနည်းလမ်းကိုလည်း ကော်မရှင်က ထောက်ခံချက်မပေးပါ။

(ဂ) ကြေးနီစီမံကိန်းနှင့် ပတ်သတ်၍၊ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ၊ နိုင်ငံတော် အကျိုးစီးပွား၊ ဒေသခံလူထု၏ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို၊ ပြည့်ဝစွာရရှိရန် အစီအမံများ ချမှတ်ပြီး၊ စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်း …။ ဤနည်းလမ်းအနေနှင့်၊ နှစ်ဘက်မျှော်လင့်တန်ဖိုးများကို အပြည့်အ၀ပေးနိုင်လိမ့်မည်တော့မဟုတ်။ သို့တိုင်အောင်၊ နှစ်ဘက်လုံးအတွက်၊ လက်ရှိ လိပ်ခဲတည်းလည်း အခြေအနေထက် ပိုကောင်း (better off) လာနိုင်စရာရှိပါသည်။ ကော်မရှင်က၊ ဤနည်းလမ်းကိုသာ ထောက်ခံအကြံပြုလိုက်ပါသည်။ ဤနည်းလမ်းကို အကောင်အထည်ဖော်ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် (၆) ရပ်ကိုလည်း သုံးသပ်အကြုံပြုပါသည်။ (စာရှည်မည်စိုး၍ အသေးစိတ် မဖော်ပြတော့ပါ။ ကော်မရှင် အစီရင်ခံစာကိုသာ ကြည့်ပါရန် …၊)

ကော်မရှင်၏ ဆိုခဲ့ပါ၊ အကြံပြုချက်သည်ပင်၊ "ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ" မည့် အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့်မည်ဟု စာရေးသူ ယူဆပါသည်။ ဆရာကြီးသ္ခင်ကိုယ်တော်မှိုင်း၊ တစ်လျှောက်လုံး လိုလားတောင့်တခဲ့သော "သူမနာ၊ ကိုယ်မနာ" သဘောထားမျိုးဖြစ်လိမ့်မည်ဟု သဘောရပါသည်။ ဆရာကြီး ဒဂုန်တာရာ မကြာခဏ ဆိုသလို ရေးသားပြောဆိုနေသော "မုန်းသူမရှိ၊ ချစ်သူသာရှိစေမည့်" သင့်မြတ်ရေးလမ်းကြောင်းဟု နားလည်ရပါသည်။ အထူးသဖြင့် ကမ္ဘာနှင့်အ၀န်း ဒီမိုကရက်တစ်နည်းနာတစ်ရပ်အဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသော၊ ခေတ်သစ်ဂိမ်းသီအိုရီလာ ချဉ်းကပ်အဖြေရှာနည်းအဖြစ် ဆင်ခြင်မိပါသည်။

မင်္ဂလာပါ - ကော်မရှင် ..။


စာရေးသူ၏ အတွေ့အကြုံ

ဤနေရာတွင် ခေတ်သစ်ဂိမ်းသီအိုရီ နှင့်ပတ်သတ်သော စာရေးသူ၏ နားလည်ချက်ကို ပြန်လည်ဖော်ပြခွင့် ပြုစေလိုပါသည်။ (ဤအကြောင်း မကြာခဏ ရေးခဲ့ပြီးဖြစ်၍ 'ပြန်လည်' ဆိုသော ရှေ့ဆက်ခံထားခြင်းဖြစ်သည်။) ယခုလို …။

"အကျိုးစီးပွားချင်း မတူကြသည့် အင်အားစုများကြားတွင်၊ မတူသော မျှော်လင့်တန်ဖိုးများ သာဘာဝကျစွာရှိကြမည်သာ ဖြစ်ပါသည်။ သို့တစေ အဆိုပါ အင်အားစုများကြား ညှိနှိုင်းဆွေးနွေးကြတော့မည်ဆိုလျှင်မူ၊ ဆိုခဲ့ပါ မျှော်လင့်တန်ဖိုးများကို၊ နှစ်ဘက်လုံးမှ အသေဆုပ်ကိုင်ထားသရွေ့၊ ဘယ်တော့မှ အဖြေရလိမ့်မည် မဟုတ်ပါ။ နှစ်ဘက်လုံးမှ ၎င်းတို့လက်ရှိ အခြေအနေထက်ပိုကောင်း (better off) လျှင်ပင် ကျေနပ်ဖွယ်ရာအဖြေဟု သဘောထားကြဖို့ လိုပါလိမ့်မည်။ ဤသဘောထားနှင့်ပင် မိမိတို့သက်ဆိုင်ရာ မျှော်လင့်တန်ဖိုးများကို 'အပေးအယူလုပ်ညှိနှိုင်းကြပြီး' (bargain) နှစ်ဘက်သဘောတူညီနိုင်မည့် 'ကြားအဖြေ' (compromise) ရှာရပါလိမ့်မည်။ ဤနည်းဖြင့် better off ချင်း ချိန်ခွင်လျှာမျှနိုင်မည့် အခြေအနေရောက်လာမှသာ နှစ်ဘက်လက်ခံနိုင်မည့် အဖြေတွေ့ပါလိမ့်မည်။ ဤသို့သော ချိန်ခွင်လျှာမျှအခြေအနေကို သီအိုရီဖော်ထုတ်သူပညာရှင် အမည်အစွဲပြုပြီး 'နက်(ချ)မျှခြေ' (Nesh's Equilibrium) ဟုခေါ်ပါသည် …" စသဖြင့် …။

ဝန်ခံရလျှင် "ဆန့်ကျင်ဘက်အချင်းချင်း အပြန်အလှန် ဖယ်ထုတ်ရေး" စဉ်းစားနည်းတစ်ခုတည်းနှင့်သာ၊ တစ်လျှောက်လုံး အာရုံကျယဉ်ပါးခဲ့သော၊ စာရေးသူအနေနှင့် ဆိုခဲ့ပါဂိမ်းသီအိုရီကို ချက်ခြင်းမြိုမကျခဲ့ပါ။ နောက်ဆုံး၊ နိုင်ငံရေးဝင်္ကပါတောတွင်၊ နဖူးကွဲဒူးပြဲများစွာ ကြုံခဲ့ပြီးမှ 'ဂိမ်းသီအိုရီသည်သာ၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ တစ်ခုတည်းသော ထွက်ရပ်လမ်း' အဖြစ် သဘောယူလာနိုင်ခဲ့ခြင်းဖြစ်ပါသည်။ သို့နှင့်အမျှ၊ စာရေးဖြစ်ကတည်းက၊ 'ဂိမ်းသီအိုရီ' နှင့် ဆက်နွယ်သမျှကို၊ မကြာခဏဆိုသလို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ဤတွင် စာဖတ်ပရိတ်သတ်တော်တော်များများ (အထူးသဖြင့် လူငယ်စာဖတ်သူများ) က၊ စိတ်ဝင်တစားရှိသည်ကို တွေ့ရတော့ အမှန်ပင် အားတက်မိပါသည်။

သို့နှင့်တိုင် အဆိုပါ ဂိမ်းသီအိုရီကိုပင် မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်ပြတော့ ဘ၀င်မကျသံအချို့ကြားလာရပါသည်။ "သီအိုရီကိုတော့ လက်ခံပါတယ် …၊ ဒါပေမဲ့ လက်တွေ့မဖြစ်နိုင် …" စသဖြင့်။ နောက်ဆုံး၊ "၂၀၁၀ ရွေးကောက်ပွဲမှာ၊ နှစ်ဘက်လုံးအတွက် better off ဖြစ်နိုင်တယ်" ဟုရေးလိုက်ရာ ဝေဖန်ရုံသာမကတော့ဘဲ၊ အစိုးရနှင့် ပေးစားခံရပါလေတော့သည်။ ဤသို့ ဆဲကြဆိုကြ အရေခွံခွါကြသူများထဲတွင် စာရေးသူ၏ လက်ဝဲမိတ်ဆွေများမှာ ရှေ့ဆုံးက …။ သူတို့တတွေ၏ ရဲရဲတောက်လေထုတွင် ရိုးရိုးသားသား စာဖတ်သူအများပင် စာရေးသူနှင့် အကွာအဝေးတစ်ခုသို့ ရောက်ကုန်သည်။

ဤအကြောင်းတွေ ပြန်ရေးနေမိသည်မှာ ဒေါသတွေ၊ အာဃာတတွေကြောင့် မဟုတ်ပါ။ မိတ်ဆွေများ၏ 'အောက်လမ်းနည်းများ' ကို စိတ်ပျက်မိသည့်တိုင်၊ စာဖတ်သူအများစု ခံတွင်းမတွေ့နိုင်မှုကို နားလည်ပေးနိုင်ခဲ့ပါသည်။ မြန်မာလူမျိုးတို့၏ 'နိုင်ငံရေးဓလေ့' (political culture) ကို ဆင်ခြင်မိသောကြောင့် ဖြစ်သည်။ မြန်မာတွေက 'မင်း' သို့မဟုတ် 'အစိုးရ' ဆိုလျှင် မယုံချင်၊ မယုံရဲ။ မုန်းသည်။ ကြောက်သည်။ 'ရန်သူမျိုးငါးပါး' ထဲတွင် 'မင်း' ကို ထည့်ထားသည်မှာ ရှားရှားပါးပါး ယဉ်ကျေးမှုဓလေ့ဟု ဆိုရမည်ထင်သည်။ အမှန်စင်စစ်၊ ဤသည်မှာလည်း သဘာဝကျသည်သာဖြစ်သည်။ နိုင်ငံရေးဓလေ့ကို အဓိကပုံသွင်းလိုက်သည်မှာ သက်ဆိုင်ရာလူထု၏ ခါးသီးသော နိုင်ငံရေးအတွေ့အကြုံများ ဖြစ်လေသည်ကိုး …။

သို့ဖြစ်လင့်စကား၊ ဤဓလေ့မှာ ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် အခါခပ်သိမ်း အဟပ်ညီချင်မှ ညီပါလိမ့်မည်။ အထူးသဖြင့်၊ အင်အားစုမျိုးစုံ ၀ိုင်းဝန်းတွန်းပါမှ ရွေ့နိုင်စရာရှိသော လက်ရှိ ဒီမိုကရေစီအပြောင်းအလဲနှင့် စရွေးမကိုက်လှဟု ထင်သည်။ အကယ်၍များ၊ ဤအစွဲ ဤဓလေ့ကို မကျော်နိုင်ခဲ့လျှင် ဖြစ်သင့်ဖြစ်ထိုက်သော လမ်းကြောင်းမှန် ဖြစ်စေဦး၊ အညွှတ်အနူးလက်ခံဖို့ အခုအခံ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသို့တွေးမိလိုက်တော့ ကော်မရှင်အစီရင်ခံစာ၏ နောက်ဆက်တွဲ အလားအလာများအတွက် အမှန်ပင် စိုးရိမ်မကင်းဖြစ်မိသည်။ လက်ရှိအစိုးရနှင့် ကော်မရှင် ဥက္ကဌတို့ကို ဦးတည်လာနိုင်စရာရှိသော နိုင်ငံရေးတိုက်ကွက်များနှင့် ရိုးသားသောလူထု၏ အကင်းမသေတတ်သေးသော စိတ်းဒဏ်ရာဓလေ့များ ဆုံမိလျှင် ဘာတွေဖြစ်ဦးမည်နည်း …။

အဆိုပါ စိုးရိမ်ကြောင့်ကြစိတ်နှင့်ပင် ယခုစာစုကို ဆက်ပါမည်။


စိုးရိမ်စိတ်အခံဖြင့်
အကြံပြု၊ မေတ္တာရပ်ခံ၊ ပန်ကြားလိုသည်များ


(က) အကြံပြု

ပထမဆုံး အကြံပြုလိုသည်မှာ နိုင်ငံတော်အစိုးရသို့ ဖြစ်ပါသည်။ ဆိုခဲ့ပါ၊ စုံးစမ်းစစ်ဆေးရေးအစီရင်ခံစာနှင့် အတူ၊ ၎င်းကို အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဖွဲ့စည်းသည့် သတင်းကိုလည်း ဖတ်ရသည်။ အဆိုပါ ကော်မတီကို အစိုးရတာဝန်ရှိသူ အများစုဖြင့် ဖွဲ့စည်းထားသည်ကို သတိပြုမိသည်။ ဖြစ်သင့်ဖြစ်ထိုက်သော ဖွဲ့စည်းပုံဟု သဘောရပါသည်။ စုံစမ်းရေးကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ဆိုလျှင် သက်ဆိုင်ရာ 'အကျိုးရှင်များ' (stakeholders) ၏ သဘောတူကြည်ဖြူမှု ရဖို့လိုလိမ့်မည်ဟု တွေးမိသောကြောင့်ဖြစ်သည်။ အဆိုပါ အကျိုးရှင်များအနက် ၀မ်ပေါင်နှင့် ဦးပိုင်ကုမ္ပဏီတို့နှင့် အဆင်ပြေပြေညှိနှိုင်း အကောင်အထည်ဖော်နိုင်ဖို့ဆိုလျှင် လုပ်ပိုင်ခွင့်လည်းရှိ တာဝန်လည်းခံနိုင်သော အစိုးရအရာရှိများမှာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။

သို့တစေ နောက်ထပ်အရေးကြီးသော အကျိုးရှင်တစ်ဦးဖြစ်သည့် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုရဖို့ဆိုလျှင်မူ အစိုးရတာဝန်ရှိသူသက်သက်ဖြင့် အဆင်ပြေလွယ်ကူနိုင်ပါ့မလား စိုးရိမ်မိသည်။ ကာလတာရှည်ပျောက်ဆုံးနေခဲ့သော ယုံကြည်မှုကြောင့် သံသယအစိုင်အခဲအချို့ ရှိကောင်းရှိနိုင်သည်ဟု ထင်သည်။ သို့အတွက် ဒေသခံလူထု၏ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ရေး ရယူရာတွင် အခက်အခဲအချို့ရှိလေမည်လား စဉ်းစားမိသည်။ သက်ဆိုင်ရာဒေသခံများကို နားလည်သဘောပေါက်လာစေရန် ရှင်းပြ၊ ဖြောင့်ဖျနိုင်မည့် သီလသိက္ခာသြဇာတိက္ကမကြီးသော ဆရာတော်ကြီးများ သို့မဟုတ် မြို့မိမြို့ဖများ ကော်မတီတွင်ပါလျှင် ပို၍ အဆင်ပြေလွယ်ကူလေမည်လား တွေးမိသည်။

နောက်တစ်ချက် ဥာဏ်မီသလောက် တွေးမိသည်မှာ လက်ပံတောင်းအရေးလို ဖြစ်တန်ရာ အကျပ်အတည်းများနှင့် ပတ်သက်လို့ဖြစ်သည်။ သဘာဝဘေးအန္တရယ်ကြောင့်ဖြစ်စေ၊ လူမှုပဋိပက္ခများကြောင့်ဖြစ်စေ၊ လက်ရှိ ဒီမိုကရေစီအပြောင်းအလဲအတွက် စိန်ခေါ်ချက် ဖြစ်လာနိုင်သော အကျပ်အတည်းမျိုး ရှေ့တွင်လည်း ကြုံရနိုင်ဖွယ်ရှိသေးသည်ဟု ထင်ပါသည်။ ကြုံခဲ့ပြီးသော ဖြစ်စဉ်ဖြစ်ရပ်များမှ သင်ခန်းစာယူပြီး နောင်လာမည့် ပြဿနာများကို ကာကွယ်ရှောင်ရှားနိုင်ရန်အတွက် သော်လည်းကောင်း၊ အကယ်၍ မလွှဲမရှောင်သာ ရင်ဆိုင်ရလျှင်လည်း လက်ဦးမှုရှိရှိ၊ အေးအေးညောင်းညောင်း ဖြေရှင်းနိုင်ရန်အတွက်သော်လည်းကောင်း၊ အစီအစဉ်ရှိရှိ ကြိုတင်ပြင်ဆင်ထားဖို့ လိုမည်လား စဉ်းစားမိသည်။ ဥပမာအားဖြင့် "အကျပ်အတည်း စီမံခန့်ခွဲရေး ကော်မတီ" လိုအဖွဲ့အစည်းမျိုး ဖွဲ့စည်းပြီး တာဝန်ယူဖြေရှင်းကြသည်မျိုး ဖြစ်ပါသည်။

(ခ) မေတ္တာရပ်ခံ

ဒုတိယအနေနှင့် မေတ္တာရပ်ခံလိုသည်မှာ၊ ယခုလောလောဆယ် ထိခိုက်နစ်နာမှု တစ်စုံတစ်ရာ ကြုံခဲ့ရပြီးဖြစ်သသော၊ ဒေသခံလူထုသို့ဖြစ်ပါသည်။ မိမိရပ်ရွာကို ချစ်ခင်မြတ်နိုးစိတ်၊ ဒါးမဦးချမြေကို တပ်မက်တွယ်တာစိတ်များဖြင့် ဆန္ဒဖော်ထုတ်အရေးဆိုခဲ့ကြသည့် မိတ်ဆွေများ၏ အရေးတော်ကို အပြည့်အ၀ စာနာနိုင်ပါသည်။ ယခု ထွက်ပေါ်လာသော ကော်မရှင်၏ အကြံပြုချက်များမှာ၊ မိတ်ဆွေများ၏ ဆန္ဒနှင့် ရာနှုန်းပြည့် တစ်ထပ်တည်းမကျသည့်တိုင်၊ တစ်ခုလုံး အကျိုးစီးပွား ရေရှည်အကျိုးစီးပွားအတွက် အကောင်းဆုံးအဖြေဖြစ်သည်ကို နှလုံးသွင်းစေချင်ပါသည်။ ထို့ထက် တော်ရုံနိုင်ငံရေးသမား လုပ်နိုင်ခဲသော အများကြိုက် လက်ခုပ်သံနိုင်ငံရေးကို မလိုက်ဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့် လမ်းကြောင်းမှန်ကို ရဲရဲဝံ့ဝံ့ ထောက်ပြအကြံပြုခဲ့သော ကော်မတီဥက္ကဌ၏ ရပ်တည်ချက်ကို တန်ဖိုးထား လေးစားစေချင်သည်။ သူမ၏ မေတ္တာစေတနာကို ယုံကြည်ကိုးစားစိတ်ဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးကြပါဟု မေတ္တာရပ်ခံအပ်ပါသည်။

ဒီမိုကရေစီ အကူးအပြောင်း ကာလ၏ မလွတ်မကျွတ်တတ်သေးသော အကျင့်ဆိုးများကြောင့် ဆရာတော်သံဃာတော်များအပါအ၀င် မိတ်ဆွေများ၊ အနာတရ ဖြစ်ခဲ့ရသည်မှာ ကမ္ဘာသိပင်ဖြစ်ပါသည်။ သို့တစေ မိတ်ဆွေများ၏ ပေးဆပ်မှုများအချည်းနှီးတော့ကား မဖြစ်ပါ။ နောင်တွင် ဤအဖြစ်ဆိုးများ မကြုံရစေရေး (ထို့ထက် လေးနက်စွာဆိုရလျှင်၊ ဒီမိုကရေစီရှေ့ခရီးအဆင်ချောစေရေး) အတွက် အရေးကြီးသော ဥပဒေတစ်ရပ်ဖြစ်သည့် "ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ" ၏ အားနည်းချက်များကို ပြင်ဆင်နိုင်ရန် တိုင်းသိပြည်သိ၊ ကမ္ဘာသိ အဆိုပြုနိုင်ပြီ ဖြစ်ပါသည်။ (ကော်မရှင် အစီရင်ခံစာ အပိုဒ် (၉၃)၊ အပိုဒ်ခွဲ (ခ) ပါ အကြံပြုချက်များကို ကြည့်ပါရန်) ဤသည်မှာ မိတ်ဆွေများ၏ 'အောင်ပွဲ' ဟု သဘောယူစေလိုပါသည်။


(ဂ) ပန်ကြား

နောက်ဆုံးအနေနှင့် လက်ရှိ လုံခြုံရေးကို တာဝန်ယူထားသော ရဲတပ်ဖွဲ့နှင့်၊ လက်ရှိ အပြောင်းအလဲ အပေါ် အပြည့်အ၀ သဘောမတူနိုင်ကြသေးသည့် မိတ်ဆွေများသို့ ပန်ကြားအပ်ပါသည်။

မည်သို့သော အကြောင်းကြောင့်ဖြစ်စေ လက်ပံတောင်းအရေးကိုင်တွယ်ပုံမှာ ရဲတပ်ဖွဲ့အပါအ၀င်၊ အစိုးရ၏ ဂုဏ်သိက္ခာအတွက်ရော၊ ဒီမိုကရေစီ အစဉ်အလာအတွက်ပါ၊ ကောင်းသောလက္ခဏာမဟုတ်ပါ။ ဤအတွေ့အကြုံကို အလေးအနက်ဆင်ခြင်၍ ကော်မရှင် အကြံပြုချက်အတိုင်း ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲကြပါရန် သက်ဆိုင်ရာသူများသို့ ပန်ကြားလိုပါသည်။

ခေတ်တစ်ခေတ်ကို အတူဖြတ်သန်းခဲ့ကြသည့် မိတ်ဆွေများကိုလည်း ပန်ကြားလိုပါသေးသည်။ ကျွန်တော်တို့တတွေ ငယ်ငယ်က အစွဲကြီးစွဲခဲ့ကြသည့် ကဗျာတစ်ပုဒ်ရှိသည်။ "အကုန်ရရင်ရ၊ မရရင် ဘာမှမလိုချင်ဘူး" ဆိုသော 'ဘားတော့ဘရက်' ၏ ကဗျာစာသား။ ဒါကို ခိုင်ထူးကြီးက သီချင်းလုပ်ဆိုတော့လည်း ကျွန်တော်တို့အားလုံး နှစ်နှစ်ခြိုက်ခြိုက်လိုက်ဆိုခဲ့ကြသည်။ အမှန်စင်စစ် ဘ၀သည် ကဗျာမဟုတ်။ နိုင်ငံရေးဆိုသည်မှာ လသာသာသီချင်းဆိုရသည်မျိုးမဟုတ် …။ ဒါလေးကို နှလုံးသွင်းကြစေချင်သည်။



ကျော်ဝင်း
၁၂၊ မတ် ၂၀၁၃

ရည်ညွှန်း - စုံးစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ

ကျေးဇူးတင်တယ်….. ဟန်ဝင်းအောင်

$
0
0



ကျေးဇူးတင်တယ်….. ဟန်ဝင်းအောင်
မြန်မာတနိုင်ငံလုံးသာမက ကမ္ဘာကပါ လေးစားကြည်ညိုတန်ဖိုးထားနေရတဲ့ လူထုခေါင်းဆောင်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို လက်ပံတောင်းဒေသခံတွေ ကက်ကက်လန် ရန်တွေ့ရဲတဲ့အထိ အချိန်ယူလှုံ့ဆောင်တွန်းပို့ပေးလိုက်တဲ့ ဟန်ဝင်းအောင်နဲ့ အပေါင်းပါတွေရဲ့ လုပ်ရပ်တွေ ကြောင့် စိတ်မချမ်းမြေ့စရာ ပုံရိပ်တွေ လူတွေကြားထဲ ပျံ့နှံ့သွားခဲ့ရပြီ။


အထင်ကြီးလေးစားလောက်စရာမရှိတဲ့ အောက်လမ်းနည်းလုပ်ရပ်ဟာ ဘယ်တော့မှ အောင်မြင်နိုင်ဖို့ရာ မရှိဘူး ဆိုတာ မြန်မာပြည်သူ အများစုက ဘဝတွေနဲ့ရင်းပြီး သိပြီးသား။

ဘာပဲဖြစ်ဖြစ် ဟန်ဝင်းအောင်ကို ကျေးဇူးတင်နေမိတယ်။ သူ့လုပ်ရပ်ကို မဟုတ်ဘူးနော်…. နောက်ဆက်တွဲ အကျိုးဆက်ကို တွေ့မြင်ရပြီးတဲ့နောက် အဲဒီအကျိုးဆက်အတွက် ကျေးဇူးတင်တာ။

အဆိုးထဲက အကောင်း လို့ပဲ ပြောရတော့မလား…
ဟန်ဝင်းအောင်ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး အားထုတ်လှုပ်ရှားမှုကြီးကြောင့် မြန်မာပြည်သူ လူထုကြီးရဲ့ လူထုခေါင်းဆောင်အပေါ် ချစ်ခင်ကြည်ညိုရင်းစွဲ စိတ်ထားတွေ ဘယ်လိုမှပြောင်းလဲ မသွားခဲ့ပါဘူး။

ဒါပေမဲ့ ဟန်ဝင်းအောင် ခေါင်းဆောင်မှုပေးနေတဲ့ လက်ပံတောင်းက ဒေသခံ လူတစုရဲ့ အဆင်ခြင်မဲ့ တရားလက်လွတ် ပြောဆိုပြုမူမှုတွေ ကြားမှာ စိတ်ရှည်ရှည်ထားပြီး ရဲရဲဝံ့ဝံ့ တုန့်ပြန် ရင်ဆိုင်ဖြေရှင်းမှုတွေ လုပ်နေတဲ့ လူထုခေါင်းဆောင်ရဲ့ ပုံရိပ်ဟာ တပ်မတော်သားတွေရဲ့ နှလုံးသားကို လှုပ်ခတ်နှိုးဆွနိုင်တာကို တွေ့မြင်လိုက်ရပါတယ်။

အရင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင် ခံစားမှု အေးတိအေးစက်နဲ့ အားမရစရာ တုန့်ပြန်လေ့ရှိတဲ့ တပ်မတော်သားတွေတောင်မှ အခုဆို လူထုခေါင်းဆောင်ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာ ၊ လုပ်ရပ်အပေါ် တာဝန်ခံမှုနဲ့ သည်းခံခွင့်လွှတ်နိုင်မှုစွမ်းရည်တွေကို ဖော်ထုတ်မချီးမွမ်းဘဲ မနေနိုင်လောက်ကို ခံစားမှုတွေ ဆူပွက်လာကြတာ တွေ့လိုက်ရတယ်။

လူထုခေါင်းဆောင်ရဲ့ လုံခြုံရေးအတွက် သူတို့ ဘယ်လိုအကာအကွယ်ပေးရင် ကောင်းမလဲ စဉ်းစားလာတဲ့ အဆင့်ဖြစ်လာပြီ။ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြပြီ။ လူထုခေါင်းဆောင်ကို ဝန်းရံဖို့ တပ်မတော်သားတွေ အသင့်ဖြစ်နေကြပြီ။

အဲဒီအတွက်ကိုပဲ ဟန်ဝင်းအောင်ဆိုတဲ့ ငနဲကို ကြံဖန်ကျေးဇူးတင်နေမိတာ…
ခုလို အနေအထားတွေဖြစ်လာအောင် ဟန်ဝင်းအောင် ရည်ရွယ်ခဲ့မှာ ဟုတ်ပါဘူး။  သူထင်မှတ်မထားတဲ့ ပြောင်းပြန်အကျိုးသက်ရောက်မှုအားကို သူကိုယ်တိုင်မြင်တွေ့ရဲပါ့မလား…။  

ဘယ်လိုပဲဖြစ်ဖြစ်  လူထုခေါင်းဆောင်နဲ့ တပ်မတော်သားတွေ အညီအညွှတ် လက်တွဲနိုင်မှ မြန်မာပြည်က ပြောင်းလဲမှုတွေ အောင်မြင်မယ်လို့ ကျနော်ယုံကြည်ထားပြီးသား။ 

ခုတော့ ဖြစ်ရပ်တခုရဲ့ မမျှော်လင့်တဲ့ အကျိုးဆက်အဖြစ် လူထုခေါင်းဆောင်းရဲ့ နှစ်လိုဖွယ်ပုံရိပ်ဟာ တပ်မတော်သားတွေရဲ့ နှလုံးသားထဲ စွဲစွဲမြဲမြဲ ကပ်ငြိသွားပြီ…..

အဲဒီအတွက် ဟန်ဝင်းအောင်နဲ့ အပေါင်းပါတွေကို ကျေးဇူးတင်တယ်….

ကျေးဇူးတင်တယ် ….
မထောက်ခံဘူး….

နေမင်းသူ
၁၅-၀၃-၂၀၁၃

လက်ပံတောင်းမှ ပဲ့တင်သံများ...။

$
0
0

by ငရဲ သား (Notes) on Friday, March 15, 2013 at 6:13pm
အစီရင်ခံစာကိုဖတ်ပြီး လက်ပံတောင်းတောင်အကြောင်း ဆောင်းပါးရေးဖို့ မလိုတော့ဘူးလို့ စိတ်ကူးမိပေမယ့်မနေ့က ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သွားရောက်ချိန် ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တွေကိုမြင်ကြားသိရတဲ့နောက်
ဒီဆောင်းပါးကို ရေးသားဖို့ စိတ်ကူးမိပါတယ်..။


ပထမဆောင်းပါးနှစ်ပုဒ်မှာ ..။

အပိုင်း(၁) လက်ပံတောင်းတောင်ဟာ .. မြစ်ဆုံလို မဟုတ်ကြောင်း .... အပေးအယူတွေ မဟာဗျူဟာတွေ ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထားပြီးသားပါ...။ ဆန္ဒပြရုံနဲ့ မဖြစ်နိုင်ကြောင်း ဘက်စုံထောင့်စုံက အချိန်ယူရမှာဖြစ်ကြောင်းလည်း ရှင်းပြထားပါတယ်..။

အပိုင်း(၂) မှာ  ဒေါ်စုအနေနဲ့  ပြည်သူကိုချပြလို့မရတဲ့ ကိစ္စတချို့ကို တိတိကျကျ သိခွင့်ရှိခဲ့လို့ ဒီစီမံကိန်းကြီးဟာ ဆက်လက်လုပ်ကိုင်သင့်တယ်ဆိုရင်လည်း ... ပြည်သူ့ရဲ့အငြိုအငြင်ကို ခံရမှာဖြစ်သလို ဒီစီမံကိန်းကြီးကို ရပ်ဆိုင်းသင့်တယ်လို့ ပွင့်လင်းစွာစုံစမ်းဖော်ထုတ်နိုင်ပြန်ရင်လည်း undertable ကိစ္စများ၊ နောက်ပြန်လှည့်ချင်သူများရဲ့ ကြီးမားတဲ့ဖိအား/တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်..။ သေချာတာကတော့ အဲဒီသူတွေရဲ့နောက်ကွယ်မှာ အခြေခံဥပဒေဆိုတာကြီးက ရှိနေသလို မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်အဖွဲ့အစည်းကြီးကလည်း အခြေခံဥပဒေကို ကာကွယ်ထားတယ်ဆိုတာ.............။
 အားလုံးသဘောပေါက်ကြရင်ဖြင့် .......
ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြပြီး အခြေအနေကို ..စောင့်ကြည့်ကြပါစို့..........။

ဆိုပြီး ကျွန်တော် ရေးထားခဲ့ပါတယ်...။

======================================================================================================================
ဖြစ်စဉ်

အခုအချိန်မှာတော့ မကြာခင်ကဖြစ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအသိုင်းအ၀ိုင်းတွေနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေ အနေအထားတွေကို  ပြန်သုံးသပ်ကြည့်မှာဖြစ်ပါတယ်..။

၂၀၁၂ စက်တင်ဘာလဆန်းမှာ လက်ပံတောင်းတောင်ဆန္ဒပြပွဲတွေမှာ နာမည်ရလာတဲ့ ဦးဆောင်အမျိုးသမီးသုံးယောက် ဖြစ်တဲ့ မအေးနက်၊ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းတို့ အပါအ၀င် ၁၂ ဦးဟာ ဖမ်းဆီးခံရပါတယ်..။ စက်တင်ဘာ ၁၂ ရက်နေ့မှာ ပုလဲမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ ကိုဂျင်မီဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဟာ မိမိ အစီအစဉ်နဲ့ ရောက်ရှိလာကြပြီး  ဒေသအာဏာပိုင်တွေနဲ့ သွားရောက်ညှိနှိုင်းခဲ့ပါတယ်..။  ၄င်းတို့ရဲ့  ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် ပထမ ရွာသူကိုးယောက် ပြန်လွတ်လာပြီး စက်တင်ဘာ ၁၄ မှာ မသွဲ့သွဲ့ဝင်းတို့ သုံးယောက် ပြန်လွတ်လာပါတယ်..။


လွတ်မြောက်လာသည့် မသွဲ့သွဲ့ဝင်းတို့အား ကိုဂျင်မီ သွားရောက်ကြိုဆိုစဉ်

လွတ်မြောက်လာသည့် မသွဲ့သွဲ့ဝင်းတို့အား ကိုဂျင်မီ သွားရောက်ကြိုဆိုစဉ်


အဲဒီည ရွာသားတွေနဲ့ တွေ့ဆုံပွဲမှာ  ကိုဂျင်မီက က ဒေသခံများကို  ထိပ်တိုက်ရင်မဆိုင်ရန် နဲ့ ဒီစီမံကိန်းဟာ နိုင်ငံခြင်းပတ်သက်နေတဲ့ စီမံကိန်းဖြစ်တဲ့အတွက် ချက်ချင်း ရပ်တန့်လို့မရကြောင်းလည်း ဖျောင်းဖျပါတယ်...။
ဝက်မှေးရွာကို ဒုတိယအကြိမ် ရောက်ခဲ့ရပြီပါပြီ ။ လက်ပန်းတောင်းတောင်အ
ရေးကို ဆက်လက်တိုက်ပွဲဝင်ဘို့ ရွာသူ/သားတွေနဲ့ လက်တွဲပြီးအတူတူရှိနေ မှာပါလို့ ကိုဂျင်မီ ကဆိုခဲ့ပါသေးတယ်..။



ဒေါ်ခင်စန်းလိုင် လက်ပံတောင်းအရေးအတွက် မုံရွာသို့ လာရောက်စဉ်

NLD လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကလည်း လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း အရေးကိစ္စကို လွှတ်တော် ထဲမှာ ဆွေးနွေးဖို့နဲ့ ဆွေးနွေးနေစဉ် စီမံကိန်း ရပ်ဆိုင်းထားဖို့၊ ဖမ်းဆီးထားသူ အမျိုးသမီး သုံးဦးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေ သူတွေကို နောက်ဆက်တွဲ အရေးယူမှုတွေ မလုပ်ဖို့ စတာတွေကို ဒေသခံတွေကိုယ်စား အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပါသေးတယ်၊



အဲဒီလို ဆောင်ရွက်ခဲ့ကြတာကြောင့် လက်ပံတောင်းတောင်ကို နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးအင်အားစုတွေက ပစ်မထားကြဘူးဆိုတာ လေ့လာလို့ရပါတယ်..။

ဒါပေမယ့်  
နောက်တစ်နေ့ စက်တင်ဘာ (၁၅) မှာ .. ၈၈ မျိုးဆက်အဖွဲ့ဟာ ဦးပိုင်လူ အသက် (၈၈) နှစ်၊ ဦးနှမ်းဖြူး(စေ့စပ်ညှိနှိုင်းရေးမှူးကြီး) အသက် (၈၈) နှစ်ဆိုတဲ့  အခေါင်းတွေနဲ့ အသုဘချတဲ့ပုံစံ သရုပ်ပြတာ ခံခဲ့ရပါတယ်..။ အကြောင်းပြချက်က ဒီစီမံကိန်းကို ချက်ချင်းမရပ်ဆိုင်းနိုင်၊ ထိပ်တိုက် ရင်ဆိုင်ဖို့ တားမြစ်တဲ့ အတွက် အစိုးရက ခိုင်းသဖြင့်လာခြင်းဟု ဆိုတာ အခေါင်းဖြင့် ဆန္ဒပြခြင်းပါ..။  
ူထူးခြားတာက မြန်မာလိုဖော်ပြတဲ့ ပြည်ပမီဒီယာအချို့က ၈၈ ရဲ့ ဆောင်ရွက်ချက်တွေကို မီးမောင်းထိုးမပြခဲ့သလို အခေါင်းနဲ့ သရုပ်ပြခဲ့တာကိုလည်း အကျယ်တ၀င့် မဖော်ပြခဲ့ပါဘူး...။







လာရောက်ညှိနှိုင်းပြီး ဒီ ဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့အတွက် ကြိုးစားပေးခဲ့သူ..၊ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြိုဆိုခေါ်ယူပေးသူတွေဖြစ်တဲ့ ၈၈ မျိုးဆက်တွေကို တစ်ရက်အတွင်း.. ဒီလို အခေါင်းရိုက်ပြီး အမည်တပ် တုန့်ပြန်ခဲ့တဲ့အတွက် အဲဒီကတည်း သွေးရိုးသားရိုးမဟုတ်သော ထူးခြားချက်အဖြစ် သတိထားမိပါတယ်..။

အဲဒီဖြစ်စဉ်တွေနောက်ပိုင်းမှာ သပိတ်စခန်းတွေ တိုးချဲ့ဖွင့်ပါတယ်..။ သံဃာတွေ ရှေ့တန်းက ၀င်လာပါတယ်..။ တောင်ကြည့်ပွဲတွေ လုပ်လာပါတယ်...။ ရန်ကုန်က ဆန္ဒပြနေကျ အင်အားစုတွေ၊ အထက် ဗကသတွေ ပါဝင်လာပါတယ်..။ ဒေသခံတွေအတွက်တော့ ၀မ်းသာစရာပါ..။ ၀မ်းနည်းစရာကောင်းတာက ၈၈ ဟာ အဲဒီကတည်းက လက်ပံတောင်းတောင်ကိစ္စကို တိုက်ရိုက်စွက်ဖက်မှု မရှိတော့တာပဲဖြစ်ပါတယ်..။

နောက်ပိုင်းတော့ အားလုံးသိကြတဲ့အတိုင်းပဲ .. ဒေါ်အောင်ဆန်းစုကြည် မုံရွာမရောက်ခင် တစ်ရက်အလိုမှာ အစိုးရက သပိတ်စခန်းကို မီးလောင်တိုက်သွင်းခဲ့တဲ့အတွက် သံဃာအများပြား ဒဏ်ရာရ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင် အကြမ်းဖက်မှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်..။

ရက်စွဲအရ ဆိုရင်..။

၂၀၁၂ ခုနှစ် သြဂုတ်လ
အသိမ်းခံမြေများပေါ်တွင် မကျူးကျော်ရ ဆိုင်းဘုတ်များစိုက်ထူ

စက်တင်ဘာ ၅ ရက်
ဒေသခံရွာသားများ ညောင်ပင်ကြီး-ယင်းမာပင်-ပုလဲလမ်းဆုံအနီးတွင် ဆနထုတ်ဖော်

စက်တင်ဘာ ၁၀ ရက်  
စီမံကိန်းများ ရပ်တန့်ရန်အတွက် ဒေသခံများ မုံရွာမြို့သို့ သွားရောက်ဝတ်ပြုဆုတောင်းစဉ် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက်တို့ အပါအ၀င် ၁၂ ဦး ဖမ်းဆီးခံရပြီးနောက် ပြန်လွှတ်ပေးခဲ့

စက်တင်ဘာ ၃၀ ရက်  
မသွဲ့သွဲ့ဝင်း ဦးဆောင်သော ဒေသခံအချို့ ရန်ကုန်မြို့တွင် လာရောက်၍ လက်ပံတောင်းတောင် ကာကွယ်ထိန်းသိမ်းရေးနှင့် နှီးနှောဖလှယ်ပွဲ လာရောက်ကျင်းပ

နိုဝင်ဘာ ၁၇ ရက်
သပိတ်စခန်းများစတင်ဖွင့်

နိုဝင်ဘာ ၁၉ ရက်
အထွေထွေသပိတ်ကြီးစတင်ဖွင့်

နိုဝင်ဘာ ၂၃ ရက်
လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန် လွှတ်တော်မှ အတည်ပြု

နိုဝင်ဘာ ၂၅ ရက်
ကော်မရှင်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆနထုတ်ဖော်သူအားလုံး သပိတ်စခန်းများမှ ဖယ်ရှားရန်ကြေညာ

နိုဝင်ဘာ ၂၉ ရက်
လုံခြုံရေးတပ်ဖွဲ့ဝင်များက သပိတ်စခန်းများကို ၀င်ရောက်ဖြိုခွဲ၊ သံဃာတော်များ မီးလောင်ဒဏ်ရာရ..။

နိုဝင်ဘာ ၂၉ ရက်
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ

ဒီဇင်ဘာ ၁ ရက်
စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အဖွဲ့ဝင် ၃၀ ဖြင့် ဖွဲ့စည်း

ဒီဇင်ဘာ ၃ ရက်
အဖွဲ့ဝင် ၁၆ ဦးဖြင့် ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်း

--------------------------------------------------------------------------------------------------------------------------------------------------
NLD ၏ လက်ပံတောင်းတောင်အရေး ပါဝင်ပတ်သက်မှု

 နိုဝင်ဘာ (၂၃) ရက်နေ့မှာ  NLD ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် (မုံရွာသို့သွားရောက်ပြီး မသွဲ့သွဲ့ဝင်းတို့အား လွတ်မြောက်ရန် ကြိုးစားခဲ့သူ) က လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းခဲ့ပါတယ်..။

လက်ရှိလုပ်ဆောင်နေသော  လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အကျိုးသက်ရောက်မှုအပေါ် လွတ်လပ်သော နိုင်ငံတော်အဆင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းစစ်ဆေးရန် အရေးကြီးအဆို ..။

စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင် သတ္တုသိုက်များတွင် ၁၉၇၂-၇၄ ခုနှစ်အတွင်း ဂျပန်အစိုးရ၏ အကူအညီဖြင့် တိုင်းတာချက်အရ ကြေးနီ ၀ ဒသမ ၈၄ ရာခိုင်နှုန်းပါဝင်သော ကြေးနီသတ္တုရိုင်း တန်ချိန် ၉၄ သန်းခန့်ရှိကြောင်း၊ လက်ပံတောင် ကြေးနီသတ္တုသိုက်တွင် ၂၀၀၇ ခုနှစ်က မြန်မာ-အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ ကြေးနီလီမိတက်က ထုတ်ပြန်သော တိုင်းတာခန့်မှန်း တွက်ချက်မှုများအရ ကြေးနီ ၀ ဒသမ ၃၈ ရာခိုင်နှုန်းပါဝင်သော ကြေးနီသတ္တုရိုင်း တန်ချိန်စုစုပေါင်း ၁၄၇၈ သန်းခန့် ရှိနိုင်ကြောင်းနှင့် သေချာသော ကြေးနီပမာဏ ၀ ဒသမ ၄၄ ရာခိုင်နှုန်းပါဝင်သော ကြေးနီသတ္တုရိုင်း တန်ချိန်စုစုပေါင်း ၅၇၇ သန်းခန့်ရှိကြောင်း၊
စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင်တို့တွင် စီးပွားဖြစ်ကြေးနီထုတ်လုပ်မှုကို ၁၉၉၆ ခုနှစ်တွင် အိုင်ဗင်ဟို သတ္တုတွင်းကုမ္မဏီနှင့် သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁) သတ္တုတွင်းလုပ်ငန်းတို့ ဆတူ (၅၀/၅၀) ပိုင်ဆိုင်သော မြန်မာအိုင်ဗင်ဟို ကော့ပါးကုမ္ပဏီလီမိတက်ကို ထူထောင်ပြီး စတင်ခဲ့ကြောင်း။
၂၀၁၀ ပြည့်နှစ် အစပိုင်းတွင် တရုတ်နိုင်ငံမှ China North Industries Corp (NORINCO) (စစ်လက်နက်ကုမဏီ) က မုံရွာကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာပြီး သဘောတူလက်မှတ် ထိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနက ပိုင်ဆိုင်သော အစုရှယ်ရာ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်သို့ လည်းကောင်း၊ အိုင်ဗင်ဟိုက ပိုင်ဆိုင်သော အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို (NORINCO) လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော ၀မ်ဘိုကုမ္ပဏီသို့ လည်းကောင်း လွှဲပြောင်းခဲ့ကြောင်း။
ထို့နောက် လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ရာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေးနီသတ္တုစင်များ စတင်ထွက်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လအထိ ၁၉၁၂၉ ဒသမ ၈၆၉ တန် (အမေရိကန်ဒေါ်လာ ၁၅၃ သန်းဖိုး ခန့်) ထုတ်လုပ်ပြီးဖြစ်ကြောင်း။

လက်ပံတောင်းတောင် စီမံကိန်းတွင် စမ်းသပ်တိုင်းတာမှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီး တည်ဆောက်ရေး လုပ်ငန်းများ၊ အပေါ်ယံမြေသား ဖယ်ရှားခြင်း၊ စွန့်ပစ်မြေ စုပုံခြင်းနှင့် တောင်ပတ်လမ်းများ ဖောက်လုပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း ။
Myanmar Yang TSE Copper Ltd (MYTCL) က စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၉၆ ဒသမ ၃၃၇ သန်းနှင့် Myanmar wanbao Mining Copper Ltd (MWMCL) က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၉၇ သန်းကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံသွားဟု ကုမ္ပဏီများက ပြောကြားကြောင်း၊ မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်က အဆိုပါကုမ္ပဏီများနှင့် ထုတ်လုပ်မှုခွဲဝေခြင်း စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်ဟု သိရကြောင်း ။
သတ္တုတွင်းဝန်ကြီးဌာနက မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်သို့ စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင် ကြေးနီသတ္တုတွင်းလုပ်ငန်းအတွက် ထုတ်လုပ်ခွင့်ပြုကာလ ၂၅ နှစ်၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းလုပ်ငန်းအတွက် သတ္တုတွင်းထူထောင်မှုကာလ သုံးနှစ်နှစ်နှင့် ထုတ်လုပ်ခွင့်ပြုကာလ ၂၅ နှစ် စုစုပေါင်း ၂၈ နှစ် ထုတ်လုပ်ခွင့် ပြုထားကြောင်းလည်း ပြောကြားခဲ့ပါသည်။

အဆိုပါ သတ္တုတွင်းလုပ်ငန်းများအတွက် ယခင်က စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)၊ ကြေးစင်တောင် ကြေးနီသတ္တုတွင်းအတွက် စုစုပေါင်း မြေဧရိယာ ၆၂၅၃ ဒသမ ၀၄ ဧက (၂၅ ဒသမ ၃၀၆ စတုရန်းကီလိုမီတာ- သုံးမိုင်ပတ်လည် စွန်းစွန်း) ကို သိမ်းယူထားခဲ့ကြောင်း၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းအတွက် ထပ်မံသိမ်းယူသော စုစုပေါင်းမြေဧရိယာမှာ ၇၈၆၇ ဧက (၃၂ ဒသမ ၁၆ စတုရန်းကီလိုမီတာ -သုံးမိုင်ခွဲ ပတ်လည်) ရှိကြောင်းနှင့် ၎င်းမြေများပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စွန့်ပစ်မြေ စုပုံမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း။
ယင်းဧရိယာအတွင်းရှိ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများမှာ ရွှေ့ပြောင်းခံရပြီး ဒေသခံ တောင်သူလယ်သမားများ၏ နှစ်ရှည်ပင်များကို ခုတ်လှဲဈေးဖြင့်လည်းကောင်း၊ လယ်ယာမြေများကို တစ်ဧကအပေါ် ပျမ်းမျှသီးနှံအထွက်နှုန်း၏ သုံးဆလျော်ကြေးသာပေး၍ သိမ်းယူခဲ့ကြောင်း။
“သိမ်းယူမြေများပေါ်တွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသော ဒေသခံ တောင်သူလယ်သမားတို့မှာ မိမိတို့နားလည်သည့် သုံးနှစ်စာသီးနှံ လျော်ကြေးဟူသော ငွေကြေးနှင့် မိမိတို့ရပ်ရွာကို စွန့်ခွာရမည့် အန္တရာယ်၊ မိမိတို့နှစ်လများစွာ ဖက်တွယ်လုပ်ကိုင် စားသောက်လာခဲ့သော လယ်ယာမြေများကို စွန့်လွှတ်၍ အသက်မွေးဝမ်းကျောင်းဘ၀ နှစ်ရှည်လများ ဖက်တွယ်လုပ်ကိုင် စားသောက်လာခဲ့သော လယ်ယာမြေများကို စွန့်လွှတ်၍  အသက်မွေးဝမ်းကျောင်းဘ၀ ပျက်စီးရမည့် အန္တရာယ်၊ ရိုးရာဓလေ့ နေထိုင်မှု၊ ကိုး ကွယ်မှုများထိခိုက်ရမည့် အန္တရာယ်၊ သတ္တုသန့်စင်လုပ်ငန်းကြောင့် ကြုံ တွေ့နိုင်သည့် ကျန်းမာရေးအန္တရာယ် တို့ကို လဲလှယ်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရပါကြောင်း၊ လိုအပ်ချက် များကို ဖြည့်ဆည်းမပေး ခြင်းအပြင် တာဝန်မဲ့စွာဆောင်ရွက်ထားသည်ဟု ကန့်ကွက်မှုများရှိနေခြင်းဖြစ်ကြောင်း။

လက်ပံတောင်းတောင် ၀န်းကျင်ဒေသခံ ပြည်သူများမှာ ယခင်စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းမှ အတွေ့အကြုံများနှင့် လက်ရှိကြုံတွေ့နေရမှုများအပေါ် မူတည်၍ ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေကြခြင်း ဖြစ်ကြောင်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပါအ၀င် ယင်းစီမံကိန်းများ၏ လူမှုပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု၊ နိုင်ငံတော်၏ အကျိုးစီးပွားတို့နှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးနိုင်ရေးအတွက် အဆိုကိုတင်သွင်းရခြင်း ဖြစ်ကြောင်းလို့ ပြောခဲ့ပါတယ်..။

အဲဒီဆိုဟာ  NLD ရဲ့ လက်ပတောင်းကိစ္စကို လွှတ်တော်ထဲမှာ ရဲရဲဝံ့ဝံ့ ချပြခဲ့တဲ့ အဆိုဖြစ်ခဲ့သလို..လက်ပံတောင်းတောင်ကိစ္စကို ထဲထဲဝင်ဝင် လေ့လာမှုပြုထားတယ်ဆိုတာ ခိုင်မာစေတဲ့ အဆိုဖြစ်ပါတယ်..။ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင်ကိုယ်တိုင် လာရောက် ရှင်းလင်းဆွေးနွေးခဲ့ရတဲ့အထိ အကျိုးသက်ရောက်မှုရှိလှပါတယ်..။

ထူးခြားတာက ကာကွယ်ရေးဝန်ကြီးဟာ အရေးကြီးအဆို (ချက်ချင်း ရုတ်တရက်တင်လိုက်တဲ့အဆို) ကို Powerpoint persentations နဲ့ Projector အကိုးအကားများဖြင့် (လွှတ်တော်ထဲ တချိန်မှာ ရောက်လာမည်မှန်းသိသဖြင့် ကြိုတင်ပြင်ဆင်ထားသကဲ့သို့) စနစ်တကျ ပြန်လည်ဆွေးနွေးသွားတာပဲဖြစ်ပါတယ်. ..။

ဒါပေမယ့် ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုက ထောင့်စေ့လှတဲ့အတွက် ကာကွယ်ရေးဝန်ကြီးက မကန့်ကွက်ခဲ့ပါဘူး..။ အဲဒါကြောင့် အဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်..။

စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးရင် စစ်ဆေးဖို့အတွက် စီမံကိန်းကို ခဏရပ်နားထားရမှာဖြစ်သလို သပိတ်စခန်းတွေကိုလည်း ရုတ်သိမ်းရမှာဖြစ်ပါတယ်..။ အဲဒီမှာ ပြဿနာရှိလာပါတယ်..။ သပိတ်တိုက်ပွဲက ပိုမို ကြီးထွားလာပါတယ်..။ နိုဝင်ဘာ ၂၇ ရက်နေ့မှာ သပိတ်စခန်းတွေ နောက်ဆုံးထာဖယ်ရှားဖို့ အစိုးရက ကြေညာပါတယ်..။

နိုဝင်ဘာ ၂၈ ရက်နေ့မှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း လာရောက်ပါတယ်..။ မသွဲ့သွှဲု့ဝင်းအပါအ၀င် ဒေသခံများနဲ့ စကား အခြေအတင်ဖြစ်ပါတယ်..။ ပြန်သွားပါတယ်...။ နောက်နေ့ နေမထွက်ခင် သံဃာတော်အများစုသာ သီတင်းသုံးတဲ့ သပိတ်စခန်းများကို မီးလောင်တိုက်သွင်းပါတယ်..။

အဲဒီမှာ လေ့လာမိတာက .. ဦးအောင်မင်းနဲ့ စကားပြောဖို့အတွက် ... အတွေ့အကြုံရင့်ကျက်သော အခြား ခေါင်းဆောင် တစ်ယောက်မှ မရှိဘူးလား ဆိုသော မေးခွန်းဖြစ်ပါတယ်..။ performance ပြပေးသူတွေ၊ ခေါင်းစဉ်တပ် ကဗျာဖွဲ့ပေးသူတွေ ဘယ်ရောက်နေကြပါသလဲ..။ ဒေသခံများဖြစ်ချင်သော ဆန္ဒများကို အထောက်အထားတိတိကျကျဖြင့် သမ္မတနားပေါက်မည့်သူအား ပြောကြားရန်အတွက် အကြံပေးသူ၊ ဦးဆောင်သူတွေ ဘာ့ကြောင့် ရှေ့တန်းထွက်မလာကြသနည်း...။ လူကြားထဲ  စကားဖြင့် အဆော်ခံ အတီးခံရသဖြင့် မျက်နှာအီးမှန်သွားသော ထိုဘိုးတော်မှ မတုန့်ပြန်ဟု .. မည်သူအာမခံမည်နည်း....။

လက်ပံတောင်းတောင် အရေးအခင်းအပြီးမှာ စုံစမ်းရေးကော်မရှင်ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်လိုက်ပါတယ်..။ ကျွန်တော် ယခင် note မှာ ရေးခဲ့သလိုပါပဲ .. တနည်းအားဖြင့် ခေါင်းတည် ပေးခြင်းလို့ ပြောလို့ရပါတယ်..။ ဒေါ်စုအတွက် အကြီးမားဆုံးစိန်ခေါ်မှုပါပဲ.။

နောက်တစ်နေ့ မီးလောင်လူနာကိုသွားကြည့်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မုံရွာ ဇက်ဆိပ်သောင်ပြင်မှာ ပြောခဲ့တဲ့စကားရှိပါတယ်..။


မုံရွာကို ယခင်က ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

အာဏာရှင်လက်ထက်က ပြည်သူ့ဆန္ဒမပါဘဲပေးထားတဲ့ ကတိတွေကို တည်ဖို့လိုသလားမေးမယ်ဆိုရင် နိုင်ငံတကာမှာ ပြန်ကြည့်ပါမယ် နှစ်နိုင်ငံသဘောတူညီချက်တွေကို လေးစားရပါမယ် ပြည်သူ့ဆန္ဒမပါပဲ လုပ်ထားတဲ့ဟာတွေဆိုရင်လဲ တချို့ဟာတွေကို လိုက်နာရပါမယ် ငါတို့ဆန္ဒမပါလို့ ငါမလေးစားဘူး မရပါဘူး ဟိုဖက် ဒီဘက်ကိုကြည့်ရပါမယ်။ ကျမတို့ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့အဆင်ပြေအောင် နေတတ်ရပါမယ် အားလုံးနဲ့အဆင်ပြေအောင်နေတတ်ရပါမယ် အဆင်မပြေရင်ညှိုနှိုင်းရမယ် ဒါမှ နိုင်ငံကြီးပီသပါမယ် အိမ်နီးချင်းနိုင်ငံနဲ့မတည့်လို့နိုင်ငံရွေ့သွားလို့မရပါဘူး ကမ္ဘာတည်သရွေ့ ဒီလူတွေနဲ့နေရမှာဖြစ်တဲ့အတွက် လက်တွေ့ကျကျကြည့်ဖို့လိုပါတယ်။

ဒီပြသနာဖြေရှင်းဖို့ ဘယ်လိုသဘောတူညီချက်တွေနဲ့လုပ်ခဲ့တယ်ဆိုတာကျမတို့ပြည်သူတွေသိရပါမယ်။ ဒါပေါ်မှာအခြေခံပြီးမှမျှတအောင် အပေးအယူလုပ်ဖို့စဉ်းစားရပါမယ် ခုချိန်မှာကုမ္မဏိဘက်ကလည်း ဆွေးနွေးညှိုနှိုင်းချင်တဲ့စိတ်ရှိလာပါတယ် သူများလက်ကမ်းလာရင်ကျမတို့ဘက်ကလည်းလက်ပြန်ကမ်းရပါမယ် စိတ်ကောက်နေလို့မရပါဘူး ရေရှည်ကိုကြည့်ရပါမယ် ကျမကိုတချို့ကဒီစီမံကိန်းလုံးဝရပ်အောင်လုပ်ပေးဖို့ တောင်းဆိုပါတယ် ကျမမှာဒါကိုလုပ်ပေးနိုင်တဲ့အခြေမရှိပါဘူး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ စုံစမ်းထားတဲ့ အဖြေပေါ်မှာ အခြေခံပြီးအကောင်းဆုံး ဆုံးဖြတ်ချက်ချသင့်တယ်လို့ထင်ပါတယ် အပေးးအးယူလုပ်တဲ့နည်းသာလျင် ယဉ်ကျေးတဲ့နည်းနဲ့ ဖြေရှင်းခြင်းဖြစ်ပါတယ် ကိုယ်နဲ့မတည့်တဲ့သူကို မီးဗုံးနဲ့ပစ်တာ သေနတ်နဲ့ပစ်တာမျိုးတော့ မရပါဘူး။

မနေ့မနက်က သံဃာတော်တွေကို ကြမ်းကြမ်းတမ်းတမ်း နိုမ်နင်းတယ်လို့သိရပါတယ် ကျမ သက်ဆိုင်ရာနဲ့ တွေ့ပါတယ် ဘာကြောင့် ဒီလောက်ကြမ်းကြမ်းတမ်းတမ်းဖြေရှင်းရတာလဲလို့ ပြည်သူအနေနဲ့မေးပိုင်ခွင့်ရှိပါတယ် ဒီလောက်ကြမ်းကြမ်းတမ်းတမ်းရှင်းဖို့လုံးဝမလိုအပ်ပါဘူး မနေ့ကဆေးရုံမှာ သွားကြည့်ပါတယ် ကျမနဲ့တွေ့တဲ့ ရွာသူရဲ့ကိုယ်ပေါ်မှာလည်း မီးလောင်ဒဏ်ရာတွေတွေ့ခဲ့ပါတယ်....။

အဲဒီလိုပြောခဲ့ပြီးနောက်ပိုင်း ၂၀၁၃  မတ်လမှာ  ဒေါ်အောင်ဆန်းစုကြည်ဟာ ယခုလို စနစ်ကျ ပြည့်စုံလှတဲ့ အစီရင်ခံစာကို ကော်မရှင်အဖွဲ့ဝင်များနဲ့အတူ ပြုစုခဲ့ပါတယ်..။ ရုတ်တရက်ကြည့်ရင် ဝေ့နေတယ်ထင်ရပေမယ့် တကယ်တမ်းတော့ ဒီအစီရင်ခံစာဟာ စီမံကိန်းကို ပြင်ဆင်ပြီး ဆက်လုပ်ဖို့ အကြံပြုထားပါတယ်..။ တကယ်တမ်း ပြင်ဆင်မယ်ဆိုရင် ဦးပိုင်နဲ့ ၀မ်ပေါင်ဘက်က ပေးဆပ်မှုတွေ များပြားပြီး ရွာသားတွေအတွက် အကျိုးခံစားခွင့်တွေရလာမှာဖြစ်ပါတယ်..။ ၄င်းတို့ဘက်မှ ကော်မရှင်အကြံပြုချက်များကို တိကျစွာ မဆောင်ရွက်နိုင်လျှင် ပြဿနာ ပိုမိုကြီးထွားလာမှာဖြစ်ပါတယ်..။



=====================================================================================

နိုင်ငံရေးလုပ်ကြံမှု

အခု ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းဒေသက ရွာတွေကို စည်းရုံးရေး ဆင်းနေချိန်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေဟာ နိုင်ငံရေးလုပ်ကြံမှုလောဟု သုံးသပ်ကြည့်ပါ့မယ်... ။

ပထမဆုံး စဉ်းစားမိတာက ...
၈၈ မျိုးဆက်တွေကို မနှစ်က စက်တင်ဘာလက ဦးနှမ်းဖြူး လို့ လက်ပံတောင်ဒဒေသမှာ အခေါင်းသွင်း သရုပ်ပြ သဂြိုဟ်ခဲ့တဲ့ ကိစ္စဟာ ပေါ့သေးသေးမဟုတ်ပါဘူး..။

နောက်တစ်ချက်က စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အဆို လွှတ်တော်မှာ နိုဝင်ဘာ (၂၃) မှာ တင်တယ်..။ နိုဝင်ဘာ ၂၆ ရက်နေ့မှာ  ဒေါ်နော်အုန်းလှတို့ လက်ပံတောင်းတောင်အရေး ဆန္ဒပြလို့ အဖမ်းခံရတယ်..။ ဟန်ဝင်းအောင်အပါအ၀င် လူအချို့ မပါပါဘူး..။ ဒေါ်နော်အုန်းလှတို့ကိုဖမ်းစဉ်က သတင်းတွေထွက်ခဲ့တာက ဖမ်းတုန်းက ပုဒ်မ(၁၈) ၊ ရုံးတင် တရားစွဲတော့ ပုဒ်မ (၅၀၅-ခ)-အာမခံပေးလို့မရတဲ့ပုဒ်မ၊ ဒီဇင်ဘာ (၁၁) မှာ ၄င်းတို့ ပြန်လွတ်လာတော့ ကိုယ်တိုင်ခံဝန်ချက် (အာမခံ) နဲ့လို့ သိရပါတယ်...။ အဲဒီလို လွတ်လာပြီး နောက်တစ်ရက် နှစ်ရက်အတွင်းမှာ ပဲ ပြန် ဆန္ဒပြပါတယ်..။

 
ဒေါ်နော်အုန်းလှတို့ အပေါင်းပါများ..။


၎င်းတို့လွတ်လာပြီးနောက်ပိုင်းမှာ ကော်မရှင်ကို မယုံဘူးဆိုတဲ့အသံတွေ ကြားလာရပါတယ်..။ သပိတ်စခန်းတွေ ပြန်ဖွင့်တယ်ဆိုတာတွေကြားလာရပါတယ်..။ ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ချိန် တောင်ကြည့်ပွဲတွေ.. တောင်သိမ်းပွဲတွေ အင်အားသုံးဆန္ဒပြတာတွေ များလာပါတယ်.. ။ အဲဒီတော့ .. ဆိုလိုချင်တာက ဒေသခံတွေကို Guide လုပ်နေသူတွေအနေနဲ့ အစီရင်ခံစာကို အစကတည်းက အရေးစိုက်မှု မရှိဘူးဆိုတာ ပေါ်လွင်လာပါတယ်..။ ၄င်းတို့တွေ အစီရင်ခံစာ ထွက်မလာခင်မှာ ရန်ကုန်မှာ အစီရင်ခံစာကို ဆန္ဒပြဖို့ ခွင့်ပြုမိန့် ကြိုတင်ယူထားတာလည်း ပေါ့သေးသေးမဟုတ်သလို အဲဒီခွင့်ပြုမိန့်ကို သက်ဆိုင်ရာက ခွင့်ပြုပေးလိုက်ဟာလည်း ပေါ့သေးသေးမဟုတ်ဘူး..။

အစီရင်ခံစာ ထွက်လာချိန် ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းကိုလာပြီး အစီရင်ခံစာပါအချက်တွေကို ရှင်းပြဖို့ ကြိုးစားတယ်..။ အဲဒီအချိန်မှာ ဖြစ်သင့်တာက ၄င်းတို့ ဆန္ဒပြခေါင်းဆောင်တွေက နေရာတစ်ခုမှာ အတိအကျ ချိန်းပြီး  ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်း၊ လိုအပ်ချက်ကို ရှင်းပြ၊ အားနည်းချက် အားသာချက်တွေ ထောက်ပြ၊ မကျေနပ်ရင် မကျေနပ်ကြောင်း ဆွေးနွေးရမယ့် ကိစ္စမလုပ်ပဲ ရွာလူထုနဲ့ ထိပ်တိုက်တွေ့ပေးလိုက်တယ်..။ အဲဒီတော့ ရွာလူထုက မိမိတို့ ခံစားချက်တွေ ပေါက်ကွဲလိုက်တယ်..။

အမှန်ဆို ၄င်းတို့က ခေါင်းဆောင်ပီပီ ရှေ့မှာ တာဝန်မယူပဲ ရည်ရွယ်ချက်ရှိရှိ ရွာနဲ့ လွှတ်ပေးလိုက်တာဖြစ်တယ်လို့ ယူဆပါတယ်..။  တနည်းအားဖြင့်ပြောရရင် ကမ္ဘာ့မီဒီယာအလယ်မှာ ဒေါ်စုကို ဒေါသတကြီး တုန့်ပြန်နေကြတဲ့ပုံတွေကို ပါချင်ပုံရပါတယ်..။

နောက်တစ်ချက်က အစီရင်ခံစာကိစ္စ..။ အစီရင်ခံစာကို ၄င်းတို့လည်း သေချာစွာဖတ်မည်မဟုတ်သလို ရွာသားများကိုလည်း ရှင်းပြမည်မဟုတ်ပါ..။ ထူးခြားတာက ဘယ်ပြည်ပ မီဒီယာကမှ ရွာသားတွေ အစီရင်ခံစာ မဖတ်ကြကြောင်း အထူးပြုဖော်ပြခြင်းများ မပြုလုပ်ကြပါ..။
ဗီဒီယိုဖိုင်များတွင် အစီရင်ခံစာ ဖတ်ပြီလားဟု ဒေါ်စု မေးသည်ကို ဖြေသော လူငယ်မှာ ရန်ကုန်မှဖြစ်ကြောင်းသိရသဖြင့် အံ့သြမိပါတယ်..။
အဲဒီတော့ မေးစရာ ရှိလာပါတယ်...။

ဒေါ်အောင်ဆန်းစုကြည့်နှင့်အတူ ရွာတွင်းသို့ လိုက်ပါသွားသော .. အဆိုတော် လင်းလင်းရဲ့ အတွေ့အကြုံကိုလည်း လေ့လာစေချင်ပါတယ်..။
ဆည်တည်း ရွာတွင် အမေနဲ့  လုံခြုံရေး ၅ ယောက်ဘဲ ခွင့်ပြု မယ်ဟုပြောသောကြောင့် ကျွန်တော်ရယ် လုံခြုံရေးအဖွဲ့ မှ ကိုဆန်နီ၊ကိုဘန်နီ၊ကိုမောင်
မောင်ဦး၊ ကိုစိုးဝင်း တို့ အမေ နဲ့  အတူဝင်ရောက်သွားရာတွင် ရွာသူတဦးရုတ်တရက် သေဆုံး ပြီဟု ဆိုကာ အမေနှင့် လုံခြုံရေး အဖွဲ့ အား လွယ်အိတ်ထဲမှ ဓားတိုများကိုင်ပြီး လူစု၍ ခင်များတို့ အကုန်လုံးကို သွေးစွန်း တော့မယ်၊ အပြတ်ရှင်းတော့မယ် ဟုကျွန်တော့်အနား ကပ်လာ ပြီးခြိမ်းခြောက်သူ၊ Internet ပေါ်တွင်ပျံ့ နှံ့ နေသည့်
သွေးထိုးလှုံ့ ဆော်သူ သံသယဖြစ်ဖွယ် လူစာရင်းထဲမှ နာမည်ကြီး ခေါင်းဆောင် တဦး၏ အစွယ်အပွားတဦးပါ၊

https://www.facebook.com/photo.php?fbid=175874562561539&set=a.100837463398583.1422.100004169881362&type=1&relevant_count=1





အထဲကို လူငါးယောက်သာ အ၀င်ခံပြီး နေပူထဲလမ်းလျှောက်ခိုင်းသော ဆန္ဒပြ ခေါင်းဆောင်များ၏ အမျှော်အမြင်ကိုလည်း သတိထားမိပါတယ်..။ တကယ်လို့ မတော်တဆ တစ်ခုခု ဖြစ်ခဲ့သော်.... အစားထိုးမရသော ဆုံးရှုံးမှုအဖြစ် တစ်နိုင်ငံလုံး၏အနာဂတ်နှင့် မိုင်သုံးဆယ်ဝန်းကျင်က လူဦးရေ/ သယံဇာတ များနှင့် အစားထိုးမရပေ..။


အဲဒီတော့ ယခု ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင်..။

(၁) ခေါင်းရောင်းခဲ့တာဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ..။

(၂) ဒေါ်အောင်ဆန်းစုကြည်မလာခင် သံဃာတွေကို မီးလောင်အောင်လုပ်ခဲ့သူက လုပ်ခဲ့တယ်..။ လာမယ်ဆိုတာ သိရက်နဲ့ သပိတ်စခန်းမီးရှို့ပြီး တက်သိမ်းတာဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ..။

(၃) ချက်ချင်း စုံစမ်းရေးကော်မရှင် ဥက္ကဌ ခန့်တာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ..။

(၄) ဆန္ဒပြသူတွေကို  ထောင်ထဲက ထုတ်ပေးခဲ့တဲ့ သူတွေကို ၂၄ နာရီအတွင်း (အခေါင်းသွင်း နာမည်တပ်) ခါထုတ်လိုက်ခြင်း၊ နေပူထဲ လမ်းလျှောက်ခိုင်းခြင်းဟာလည်း နိုင်ငံရေးလုပ်ကြံမှုပဲ..။ (သက်ဆိုင်သူအမျိုးသမီးများ ရှက်တတ်ပါစ။ NLD ကျေးဇူး ၄င်းတို့ အပေါ်တွင်ရှိပါသည်..။)

(၅) ဒေါ်အောင်ဆန်းစုကြည်ကို ဒေါသထွက်နေတဲ့ ရွာလူ ထုနဲ့ ထိပ်တိုက်တွေ့ပေးတာဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ.။

(၆) ဒီဖြစ်စဉ်တွေကို ကမ္ဘာ့အလယ်မှာ ထင်ပေါ်စေအောင် ရည်ရွယ်ချက်ဖြင့် နှပ်ကျောင်းပေးနေခြင်းဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ ..
ဟု သုံးသပ်ပါသည်..။

အဲဒီတော့က  NLD ၏ လက်ပံတောင်းတောင် စီမံကိန်းကို ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိသည်ကို ဖော်ပြခဲ့ပြီးသလို ယခုဖြစ်စဉ်တွင် မည်သူတွေ ပါဝင်နေသည်ကို ရေးရေးလေး တွေးတတ်ရင် ဒီ Note ကို ဖတ်ရကျိုးနပ်ကြမည်ထင်ပါသည်..။

ဘာပဲပြောပြော

လက်ရှိအချိန်တွင်
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြဖို့ လိုပါသည်..။

မည်သူမဆို share နိုင်ပါသည်..။

ငရဲသား..။


ကိုးကား
internet photos
7 days news journal
mizzima news
irrawaddy

ပထမ ကျွန်တော်ရေးထားတဲ့ဆောင်းပါးတွေကို အောက်ပါ link တွေမှာ ဖတ်ရှု နိုင်ပါတယ်...

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ နောက်ကွယ် အပိုင်း (၁)
https://www.facebook.com/notes/%E1%80%84%E1%80%9B%E1%80%B2-%E1%80%9E%E1%80%AC%E1%80%B8/%E1%80%9C%E1%80%80%E1%80%B9%E1%80%95%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9-%E1%80%B1%E1%81%BE%E1%80%80%E1%80%B8%E1%80%94%E1%80%AE%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%80%E1%80%AD%E1%80%94%E1%80%B9%E1%80%B8-%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9%E1%80%80%E1%80%BC%E1%80%9A%E1%80%B9/360931797316413




လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၏နောက်ကွယ်..(အပိုင်း ၂)။
https://www.facebook.com/notes/%E1%80%84%E1%80%9B%E1%80%B2-%E1%80%9E%E1%80%AC%E1%80%B8/%E1%80%9C%E1%80%80%E1%80%B9%E1%80%95%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%B8%E1%80%94%E1%80%AE%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%80%E1%80%AD%E1%80%94%E1%80%B9%E1%80%B8-%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9%E1%80%80%E1%80%BC%E1%80%9A%E1%80%B9-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%82/390318674377725

လက်ပံတောင်း အစီရင်ခံစာက ပြောသော စကား

$
0
0


by Zeya Thu (Notes) on Friday, March 15, 2013 at 5:00pm
ဒီတစ်ပတ်တော့ သမိုင်းဝင် လက်ပံတောင်းတောင် အစီရင်ခံစာထွက်တာနဲ့လည်း တိုက်ဆိုင်နေတာကြောင့် အစီရင်ခံစာအကြောင်းလည်း ရေးဖြစ်သွားတယ်။ အခုအချိန်မှာ လူစိတ်အ၀င်စားဆုံး ကိစ္စရပ် ဖြစ်နေတဲ့အပြင် မြန်မာနိုင်ငံ အနာဂတ်အတွက်လည်း အရေးကြီးပါတယ်။ အမြင်တွေကတော့ အမျိုးမျိုး ရှိကြမှာပဲ။ ဒီလိုရှိကြတာလည်း ကောင်းပါတယ်။ ကျွန်တော်လည်း ကျွန်တော် မြင်တာလေး ရေးထားပါတယ်။ 



လက်ပံတောင်း အစီရင်ခံစာက ပြောသော စကား

မြန်မာ့ ခေတ်သစ်သမိုင်းတွင် မှတ်တိုင် ဖြစ်သော လက်ပံတောင်း အစီရင်ခံစာတွင်  မြင်မိသော အချက်အလက်အချို့ကို ဆွဲထုတ်ကြည့်မိသည်။

စာချုပ်ပြန်ပြင်ချုပ်

စီမံကိန်းကို ရပ်၊ ယခု ပုံစံအတိုင်းဆက်လုပ်နှင့် ပုံစံပြောင်းလဲလုပ်ဟု ရွေးချယ်စရာ နည်းလမ်းသုံးလမ်း ရှိသည့်အနက် တတိယနည်းလမ်းကို ရွေးချယ်လိုက်သည်။ စီမံကိန်းသည် စီးပွားရေး အရ တွက်ချေကိုက်သည်၊သို့သော် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးတို့အရ နစ်နာသည်များကို တွက်ချက်မှု အားနည်းသည်။ ထို့ကြောင့် ဒေသခံတို့ နစ်နာဆုံးရှုံးရသည်ကို ဖြည့်ဆည်းပေးရန် အစီရင်ခံစာက ဆုံးဖြတ်သည်။ တိုတိုပြောရလျင် စာချုပ်ကို စိတ်ကြိုက် ပြန်ပြင်ချုပ်။

စည်းမျဉ်းစည်းကမ်း ဘောင်သွင်းခြင်း

မြန်မာနိုင်ငံသည် သဘာဝသယံဇာတကြွယ်ဝသော နိုင်ငံဖြစ်သလို အခြားသော စီးပွားရေး ကဏများ မဖွံ့ဖြိုးသေးသည့် အဆင်းရဲဆုံး တစ်နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် သဘာဝအရင်းအမြစ်ကို အခြေခံ စီးပွားရှာကြလိမ့်ဦးမည်။ ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ မဆောင်ရွက်နိုင်လျင် အငြင်းအခုန်များ ပေါ်ပေါက်လာနိုင်သည်။ ထိုအငြင်းအခုန်များကို ဖြစ်သောအခါမှ တစ်ခုချင်းစီ ကော်မရှင်ဖွဲ့နေလျင် အချိန်ကုန် လူပန်းလှသည်။ ထို့ကြောင့် စည်းမျဉ်းစည်းကမ်းဘောင်သွင်းခြင်း institutionalization လုပ်ထားနိုင်မှ အရင်းအမြစ်ပတိပက္ခကို မရှောင်ရှားနိုင်သည့်တိုင် ဖြေလျှော့နိုင်သည်။ ယခုအစီရင်ခံစာ၏ စဉ်းစားပုံမျိုးကို institutionalization ပြုလုပ်လိုက်လျင် သဘာဝရင်းမြစ်နှင့် ပတ်သက်သည်များကို စဉ်းစားရန် ယခင်ထက် ပိုမိုလွယ်ကူမြန်ဆန်သွားမည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု

မြန်မာနိုင်ငံဖွံ့ဖြိုးအောင် လုပ်ရန် ပြည်တွင်း အားနှင့် မဖြစ်နိုင်ကြောင်း အားလုံးသိပြီး ဖြစ်သဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်နေရသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများသည် ညွန်ထဲသို့ မဆင်းမီ ခြေတစ်လှမ်း အရင်ဆင်းရသည် ဆိုသည့်အတိုင်း မြန်မာနိုင်ငံတွင်း ခြေစုံပစ်မ၀င်မီ လေ့လာအကဲခတ်နေကြဆဲ။ အထူးသဖြင့် ပြည်သူပိုင်သိမ်းသည့် ဓလေ့ရှိခဲ့သည့်၊ ဆုံးဖြတ်ချက်များကို ဘွာခတ်လေ့ရှိသည့် နိုင်ငံတွင် ယင်းတို့၏ လုပ်ငန်းများကို လာရောက် တိုးချဲ့သင့်မသင့် စဉ်းစားရာတွင် စီးပွားရေးအကျိုးအမြတ်ရှိမရှိ ( profit) ရော နိုင်ငံရေးအရ ရပ်သွားနိုင်ခြင်းရှိမရှိ (political risk) ကိုပါ အလေးပေး စဉ်းစားနေကြသည်။ လက်ပန်တောင်းတောင် ကိစ္စကို နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ မျက်စိဒေါက်ထောက် ကြည့်နေကြချိန်တွင် အစီရင်ခံစာက “ဆိုခဲစေ၊ မြဲစေ” ဟု သက်သေပြလိုက်သည်။

ကြိုတင်စည်းမျဉ်း

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ စိတ်ချလက်ချလာပါဟု အစီရင်ခံစာက အချက်ပြလိုက်သော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သောကြောင့် မသိနားမလည်ဘဲ လာသမျှ ခွင့်ပြု၊ သဘာဝပတ်ဝန်းကျင် အထိခိုက်ခံမည်၊ လူမှုပတ်ဝန်းကျင် အထိခိုက်ခံမည် မဟုတ် (အရပ်စကားဖြင့် အချဉ်မဟုတ်) ဟု ကြေညာလိုက်ရာ ရောက်သည်။ ၀င်လာသမျှသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတို့သည်  Environmental Impact Assessment ( သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ချေ လေ့လာဆန်းစစ်ချက်) Social Impact Assessment ( လူမှုရေး ထိခိုက်နိုင်ချေ လေ့လာဆန်းစစ်ချက်)၊ Corporate Social Responsibility ( စီးပွားရေးလုပ်ငန်းများ၏ လူမှုရေး တာဝန်ရှိမှု) စသည်တို့အတိုင်း ဆောင်ရွက်နိုင်ရမည်။

အသွင်ကူးပြောင်း

ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်ဆန္ဒပြသည်မှာ ပထမဆုံးအကြိမ်ဟု ဆိုကြသည့် ဆန္ဒပြပွဲကြောင့် လူအများ အံ့အားသင့်ခဲ့ကြပြီး ယူကြုံးမရ ဖြစ်သူများလည်း အများအပြားရှိသည်။ အမှန်မှာ မည်မျှ ထင်ရှားကျော်ကြား လူချစ်လူခင်များသောသူဖြစ်စေ မူဝါဒချမှတ်သူနေရာသို့ ရောက်လာပါက အားလုံး၏ အချစ်ခံရသောသူ မည်သို့မျှ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် သူချမှတ်သော မူဝါဒသည် အကောင်းဆုံး မူဝါဒဖြစ်သည့်တိုင် မကျေနပ်သူများ ရှိစမြဲ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သာမန်လူသားသာဖြစ်ရာ လွှတ်တော်တွင်းဝင်ပြီး မူဝါဒချမှတ်သူအဖြစ် သို့ ကူးပြောင်းသည်နှင့် တစ်ကွေ့မဟုတ် တစ်ကွေ့တွင် သူ့အား ပေါ်ပေါ်ထင်ထင် ဆန့်ကျင်မှုများ တွေ့ရမည်မှာ မလွဲဧကန်။ ထိုတစ်ကွေ့သည် လက်ပံတောင်းတောင် အစီရင်ခံစာ ဖြစ်လာခဲ့ခြင်းသာ။

‘If you cannot stand the heat, don’t go into the kitchen’ “အပူမခံချင်ရင် မီးဖိုဆောင်ထဲ မသွားနဲ့”ဟူသော စကားတစ်ရပ်ရှိသည်။ နိုင်ငံ့အရေးလုပ်မှတော့ လူမုန်းခံရ အတိုက်ခိုက်ခံရမှာပဲဟု ဆိုလိုရင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ပန်းတောင်တောင် ခရီးစဉ်တွင်း ဓာတ်ပုံများကို မြင်ရသည်မှာ အထက်ပါ သဘောတရားကို ကောင်းစွာနှလုံးသွင်းထားပုံရပြီး မိမိအား ခါးခါးသီးသီး ဆန္ဒပြသူများကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခဲ့သည်။



တိုင်းပြုပြည်ပြုပုဂ္ဂိုလ်နှင့် နိုင်ငံရေးသမား

‘A politician thinks of the next election. A statesman thinks of the next generation’

“နိုင်ငံရေးသမားသည် လာမည့် ရွေးကောက်ပွဲကို စဉ်းစားသည်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်သည် လာမည့် မျိုးဆက်ကို စဉ်းစားသည်။” ဟူသော နာမည်ကျော် စကားတစ်ခွန်း ရှိသည်။ နိုင်ငံရေးသမားသည် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် မဲပေးမည့်သူ မကြိုက်မည့် ကိစ္စများကို ရှောင်သည်။ မဲပေးမည့်သူ ကြိုက်မည့်အရာများကိုသာ ထောက်ခံသည်။ မဲပေးမည့်သူ အကြိုက်သည် သူ့အကြိုက်နှင့် မတူ၊ တိုင်းပြည်အကျိုးနှင့် မတူလျင်လည်း ထုတ်မပြော၊ မဆောင်ရွက်။ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်မှာမူ လာမည့်ရွေးကောက်ပွဲထက် တိုင်းပြည်၏ ရေရှည်အကျိုး သို့မဟုတ် လာမည့်မျိုးဆက်ကို အလေးထားသည်ဟု ဆိုလိုရင်း ဖြစ်သည်။   

လက်ပံတောင်းတောင် ကိစ္စတွင်လည်း ၂၀၁၅ ရွေးကောက်ပွဲ အတွက် ထိခိုက်နိုင်သည်ဟု မြင်ကြသည်များ ရှိသည်။ အမှန်မှာ လက်ပံတောင်းကိစ္စသာ မရှင်းနိုင်လျင် ၂၀၁၅ပင် ရောက်ချင်မှ ရောက်မည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် တာဝန်ဝင်ယူလိုက်ခြင်း ဖြစ်ပုံရသည်။ ၂၀၁၅သည် သူ့အတွက် အရေးကြီးသော်လည်း လက်ပံတောင်းကိစ္စသည် တိုင်းပြည်အတွက် အရေးကြီးသောကြောင့် ၀င်ထမ်းလိုက်ခြင်း ဖြစ်ပုံရသည်။

 လက်ပံတောင်းတောင် ကော်မရှင်တွင် ဥက္ကဌအဖြစ် ထီးလိုမင်းလို ဖြစ်နိုင်သူ ဒေါ်အောင်ဆန်းစုကြည်မှတစ်ပါး အခြားသူ မမြင်မိပါ။ လက်ပံတောင်းတောင် ကော်မရှင်သည် ဗြဟ္မာ့ဦးခေါင်းနှင့် တူသောကြောင့် တိုင်းပြည်၏ အခြားအရေးများတွင် ပါဝင်သည့် အခြားသော နိုင်ငံရေးသမားများက ခပ်ဝေးဝေးမှ နေကြသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်သည် ရဲရဲဝံ့ဝံ့ ၀င်ပါခဲ့သည်မှာ သူ၏ မိမိကိုယ်ကိုယုံကြည်မှုနှင့် တိုင်းပြည်အရေး ဦးထိပ်ထားမှုတို့ကို ပြသနေသည်။

မုန်းတီးသူကို ဆန့်ကျင်ရသည်မှာ လွယ်သော်လည်း ချစ်သူကို ဆန့်ကျင်ရသည်မှာ ခက်ခဲသည်။ လူထုအားဖြင့် တက်လာသူအဖို့ လူထုထဲမှ အချို့ မကြိုက်သည်ကို ပြောရန်၊ လုပ်ရန်မှာ သာမန်သတ္တိဖြင့် မဖြစ်နိုင်။

 ကော်မရှင်တွင် ပါဝင်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် အသုံးချခံရသည်ဟု ထင်မြင်သူများလည်းရှိသည်။ သို့သော် ကော်မရှင်၏ အစီရင်ခံစာအတိုင်း နာခံပါမည်ဟု မည်သည့်ရလာဒ်မျှ မထွက်သေးမီကတည်းက အာမခံခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တကယ်တွင် blank check ခေါ် လက်မှတ်ထိုးထားပြီး မည်သည့်ကိန်းဂဏန်းမျှ ရေးမထားသော ဘဏ်မှ ငွေထုတ်ချက်လက်မှတ် ရလိုက်သလို ဖြစ်သွားသည်။ ကြိုက်ရာ ငွေပမာဏ ရေးပြီး သွားထုတ်လျင် ရသည့်သဘော။ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ရာ နာခံရတော့မည့် သဘောဖြစ်ရာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပုံအပ်လိုက်ခြင်း (trust) ကို မြင်နိုင်သည်။

စကားသုံးလုံး

လက်ပံတောင်း ကိစ္စသည် သိမ်မွေ့သလို နက်နဲသည်။ ယနေ့မြန်မာနိုင်ငံ၏အခြေအနေကို စကားလုံးသုံးလုံးတည်းနှင့် အနှစ်ချုပ်ပြောပါဆိုလျင် “လက်ပံတောင်း” ဟု ပြောနိုင်သည်။ လက်ပံတောင်း အစီရင်ခံစာသည်လည်း မြန်မာနိုင်ငံ့အရေး အစီရင်ခံစာပင် ဖြစ်သည်။


ဇေယျသူ


လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ် ကျွန်တော့်သဘောထား

$
0
0

by Nay Thiha (Notes) on Saturday, March 16, 2013 at 9:20pm
လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာထွက်ရှိလာပြီးနောက် ထိုအစီရင်ခံစာကို ကန့်ကွက်သူ၊ ထောက်ခံသူများရှိသလို ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သူ၊ ဆန္ဒပြသူများရှိသလို သနားကရုဏာသက်သူများလည်းရှိခဲ့သည်။


မတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းစောစောတွင် ထိုင်းနိုင်ငံဘန်ကောက်သို့ ရောက်ရှိနေသော ကျွန်တော့်ညီ ဒေါက်တာနေသူရိန်က ဖုန်းဆက်လာပါတယ်။ ဦးဇင်းကြီး ဦးတိက္ခဥာဏက အစီရင်ခံစာနဲ့ ပတ်သက်တာကို မိန့်ချင်တယ်ဟုပြောသဖြင့် ဦးဇင်းကြီး နှင့် ဖုန်းပြောရပါတယ်။ (ထိုအချိန်က ကျွန်တော်သည်အစီရင်ခံစာ အစအဆုံးကိုမဖတ်ရသေးသလို ဦးဇင်းကြီး ဦးတိက္ခဥာဏနှင့် ကျွန်တော့်ညီသည်လည်း အင်တာနက်တွင် 7Days News က အစီရင်ခံစာမှထုတ်နှုတ်တင်ပြထားသောအချက်ကိုသာ ဖတ်ထားခြင်းဖြစ်သည်။)

ဦးဇင်းကြီးက လယ်တီဆရာတော်ကြီးရဲ့ စေတီ၊ သိမ်၊ ကျောင်းရွှေ့တာကိုတော့ လုံးဝလက်မခံနိုင်ဘူးဆိုတာကို အင်တာနက်ပေါ်တင်လိုက်စမ်းကွာလို့ပြောပါတယ်။ ကျန်တဲ့အချက်တွေကိုတော့ ဘာမှမှတ်ချက်မပေးချင်ဘူးလို့ လိုတိုရှင်းစွာနဲ့ ကျွန်တော့်ကိုမိန့်ခဲ့ပါတယ်။ ဦးဇင်းကြီးမိန့်ကြားသည့်အတိုင်း မတ်လ(၁၂)မှာပဲ ဦးဇင်းကြီးရဲ့သဘောထားကို ဦးဇင်းကြီးကန့်ကွက်သောအချက်နှင့်ယှဉ်တွဲ၍ ကျွန်တော့် Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

 ဦးဇင်းကြီးနှင့်ဖုန်းဆက်ပြီးကတည်းက သတင်းစာရောက်မလာခင်အထိ လက်ပံတောင်းတောင်အစီရင်ခံစာအပြည့်အစုံကို အင်တာနက်မှာ လိုက်ရှာပါတော့တယ်။ မြန်မြန်တွေ့ချင်သဖြင့် သူငယ်ချင်းများကိုလည်း သူတို့ထိုအစီရင်ခံစာကို တွေ့ရှိပြီးဖြစ်ပါက Link ပေးရန် အကူအညီတောင်းပါတယ်။ အင်တာနက်မှ ရရှိသောအစီရင်ခံစာကို မျက်စိအားကိုအထူးစိုက်ကာဖတ်နေရတဲ့ဒုက္ခသည် သတင်းစာရောက်လာမှ သက်သာရပါတော့သည်။

(ပထမ) အစအဆုံး အကြမ်းမျဉ်းတစ်ခေါက် အရင်ဖတ်လိုက်သည်။ (ဒုတိယ) ဆက်စပ်မှုရှိနိုင်သည့် စကားလုံး၊ ဝါကျ၊ အပိုဒ်တွေကို လိုက်လံမှတ်သားသည်။(တတိယ) အပိုဒ်တစ်ပိုဒ်စီ၊ အပိုဒ်ခွဲ တစ်ပိုဒ်စီရဲ့ စကားလုံး၊ ဝါကျအဓိပ္ပါယ်များကို သေချာနားလည်အောင်ဖတ်သည်။ (စတုတ)္ထ မှတ်သားထားသည့် စကားလုံး၊ ဝါကျ၊ အပိုဒ်တို့ကို ချိန်ထိုးသုံးသပ်ကြည့်ခဲ့ပါသည်။

ကျွန်တော်ကြားဖြတ်၍ပြောလိုသည်မှာ ကျွန်တော့်ကို သိသူများရှိသလို မသိသူများစွာရှိသည်ဟု နားလည်လက်ခံထားသဖြင့် ကိုယ်တိုင်မိတ်ဆက်လိုပါသည်။ လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲခံရတုန်းက မီးလောင်ဒဏ်ရာရရှိမှု အပြင်းထန်ဆုံးဖြစ်ပြီး ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှုခံနေရသော ဦးတိက္ခဥာဏသည် ကျွန်တော်၏ ခမည်းတော်ဖြစ်ပါသည်။ (မှတ်ချက်။     ။ခမည်းတော် ဦးဇင်းကြီး ဒဏ်ရာရသည့်အချိန်မှစ၍ မတ်လ (၁၁)ရက်နေ့အထိ ဦးဇင်းကြီး၏ဒဏ်ရာကို မီးလောင်ဗုံးဒဏ်ရာဟုသာ သုံးစွဲခဲ့သည်။)

စတင်ဖြိုခွဲခံရသည့် တန်ဆောင်တိုင်မနက်(၃း၀၀)နာရီကျော်ခါစတွင် ခမည်းတော်ဦးဇင်းကြီးက ကျွန်တော့်ဆီဖုန်းဆက်ပါသည်။ မီးလောင်ဗုံးနဲ့ပစ်တယ်၊ အခြေအနေမကောင်းဘူး၊ လာခေါ်ရန်ပြောသဖြင့် သူငယ်ချင်းနှစ်ယောက်ကိုခေါ်ကာ မုံရွာအနောက်ဖက်ကမ်းသို့ ကားဖြင့်သွားခဲ့ကြပါသည်။ ထိုနေ့ညက ကျွန်တော်တို့သည် အမေစုဟောပြောမည့် ချင်းတွင်းမြစ်သောင်ပြင်ပေါ်ဆောက်ထားသည့် ဟောပြောစင်ကို လုံခြုံရေးတာဝန်ကျနေခဲ့ကြပါသည်။ ဦးဇင်းကြီးဖုန်းဆက်စဉ်ကလည်း အသံဖမ်းထားပါသည်။

မုံရွာအနောက်ဖက်ကမ်း တောင်ကြားကျောင်းသစ်သို့ရောက်သောအခါ ဦးဇင်းကြီး၏အခြေအနေကို မမြင်ဝံ့စရာ၊ မကြည့်ရက်စရာ တွေ့ရပါတော့သည်။ ကျွန်တော်တို့ရောက်ချိန်၌ မတ်တပ် မရပ်နိုင်တော့ပါ။ ထိုင်နိုင်နေပါသေးသည်။ ထိုအချိန်တွင် ကျန်းမာရေးမှူးတစ်ဦးရောက်လာကာ (အမည်မသိပါ) မေးခိုင်ကာကွယ်ဆေးနှင့် Antibiotic ထိုးပေးပြီးနောက် ဦးဇင်းကြီးကို ကားပေါ်ပွေ့တင်၍ မုံရွာသို့ချက်ခြင်းပြန်မောင်းခဲ့ကြပါသည်။ ပထမတွင် ထိုင်လျက်လိုက်ပါနိုင်သော်လည်း မိနစ်(၂၀)ခန့်ကြာသောအခါ မထိုင်နိုင်တော့ပါ။ သူငယ်ချင်း မြတ်နိုးဝင်းအပေါ်လှဲမှီကာ မုံရွာရောက်သည်အထိ လိုက်ပါခဲ့ပါသည်။ နံနက် (၄း၃၀)ခန့်တွင် မုံရွာသို့ပြန်ရောက်ခဲ့ပြီး ကားပေါ်၌ မီးခိုးညှော်နံ့များ၊ သွေးညှီနံ့များ ဖုံးလွှမ်းနေခဲ့သည်။ မုံရွာမှာ ခဏရပ်ကာ လိုအပ်သောဆေးဝါးပစ္စည်းများကိုယူပြီး ကျွန်တော့်ညီမက ကားမောင်းပြီး ဦးဇင်းကြီး ဦးတိက္ခဥာဏကို မန္တလေးဆေးရုံးကြီးသို့ တိုက်ရိုက်ပို့ဆောင်ခဲ့ကြရပါတယ်။

ဦးဇင်းကြီး ဦးတိက္ခဥာဏနှင့်ပတ်သက်၍ ခံစားရမှုများ၊ လုပ်ကိုင်ရမှုများကို အချုပ်ဆိုရလျှင် မိမိခမည်းတော်ဖြစ်ခြင်းကြောင့် ဦးဇင်းကြီး၏ အသက်အန္တရာယ်ကိုစိုးရိမ်ပူပန်ရခြင်း၊ ခံစားနေရသော ဝေဒနာဆိုးများကို ကြိတ်မှိန်သည်းခံ၍နေသည်ကို အနီးကပ်သိရှိ၍ စိတ်မကောင်းရခြင်း၊ လုပ်ရက်ကြလေခြင်းဟု ဒေါသထွက်ရခြင်း၊ မိခင်ကြီးလွန်စွာအလုပ်ရှုပ်၊ စိတ်ပင်ပန်းရသည်ကိုမြင်ရ၍ စိတ်မကောင်းရခြင်း၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေများ၏ သောကအပူ၊ ဒေါသအပူတို့ ထပ်မံကူးစက်ခံရခြင်း၊ လိုအပ်သောကုသမှုများအတွက် ညီအစ်ကိုမောင်နှမများ စိတ်ပင်ပန်း၊ လူပင်ပန်း၊ ငွေပင်ပန်းဖြစ်ရခြင်းစသော အဖြစ်အပျက်များကို ယခင်က စိတ်ကူးနဲ့တောင် မတွေးဖူးပါ။

ယခုအခါ ဦးတိက္ခဥာဏ၏ မီးလောင်ဒဏ်ရာများ သက်သာပျောက်ကင်းလာပြီဖြစ်သော်လည်း ခွဲစိတ်ခန်းခဏခဏဝင်ရ၍ မေ့ဆေးဒဏ်၊ မော်ဖင်းဒဏ်တို့ကြောင့် ဒဏ်ရာများ၏နာကျင်မှုကို ခံနိုင်ရည်လျော့ပါးနေပါသည်။ ခြေထောက် အကွေးအဆန့်လေ့ကျင့်ခန်းကို (၁၅)စက္ကန့်မျှပြုလုပ်လျှင်တောင် မျက်ရည်များဝေ့လာသည်အထိ နာကျင်မှုကိုခံစားနေရရှာသည်။ ယခင်က ခန္ဓာနှင့် စိတ်ရဲ့ နာကျင်မှုဒဏ်၊ ပင်ပန်းမှုဒဏ်များကို ခံနိုင်ရည်အလွန်ရှိခဲ့သော ဦးတိက္ခဥာဏသည် ခွဲခန်းဝင်ရသောဒုက္ခ၊ Dressing Change သောဒုက္ခများကို တညည်းညည်း၊ တငြူငြူနှင့် ခံစားချက်များကို ပြောပြတတ်နေရှာပြီ။

ကျွန်တော့်အနေဖြင့် လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မတီ၏အပြီးသတ်အစီခံစာကို အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သေချာစေ့ငုအောင် လေ့လာခဲ့ပြီး မျှတသောအစီခံစာတစ်စောင်ဟုတ် မဟုတ် ဥာဏ်စွမ်းရှိသမျှသုံးသပ်မိသောအခါ ထိုအစီရင်ခံစာ၌ပါသော အကြံပြုချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ၏၊ သည်မလွဲ လုပ်ဆောင်ပါက အလွန်ကောင်းမွန်ကာ နိုင်ငံအတွက် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေမည်ဖြစ်သလို ထိုသို့လုပ်ဆောင်ချက်များကို အပြည့်အဝလုပ်ဆောင်စေရန် ပြည်သူများအနေနှင့် စောင့်ကြည့်ထိန်းမတ်ပေးသင့်သည်ဟု ညွှန်းထားကြောင်း ယုံကြည်မိပါသည်။ ထို့ကြောင့် လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မတီ၏ အပြီးသတ်အစီရင်ခံစာကို သဘောကျပါသည်။

တဖက်တွင်မူ မိမိခမည်းတော်ကြီး ဦးတိက္ခဥာဏ ခံစားနေရသောဒုက္ခဝေဒနာများကလည်း မျက်ဝါးထင်ထင်ရှိနေဆဲပင်ဖြစ်သည်။ ထိုခံစားချက်များ၊ ဒေါသများ၊ မကျေနပ်မှုများကိုမွေးမြူ၍ ပေါက်ကွဲနေပါကလည်း အကျိုးရှိမည်မဟုတ်နိုင်သဖြင့် ခမည်းတော်ကြီး ဦးတိက္ခဥာဏ၏ ကျန်းမာရေးလုံးဝပျောက်ကင်းသွားသည်အထိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိမိတို့မိသားစု ညှိနှိုင်းဆွေးနွေးအဖြေရှာရန်လိုအပ်ကြောင်း သဘောပေါက်မိပါသည်။

ထို့ကြောင့်ကျွန်တော့်သဘောဆန္ဒသည် ခမည်းတော် ဦးတိက္ခဥာဏအပါအဝင် မီးလောင်ဒဏ်ရာရသူများ၏ကျန်းမာရေးကို သက်ဆိုင်ရာကော်မတီက လုံးဝပျောက်ကင်း၊ သက်သာသည်အထိ အပြည့်အဝတာဝန်ယူစေရန် ညှိနှိုင်း၊ စောင့်ကြည့်နေမည်ဖြစ်သလို စီမံကိန်းနှင့်ပတ်သက်သော ကော်မတီ၏လုပ်ကိုင်ဆောင်ရွက်မှုအချက်အလက်များကိုလည်း တတ်အားသရွေ့၊ လက်လှမ်းမီသရွေ့ လေ့လာနေမည်ဖြစ်ပါသည်။

နိဂုံးချုပ်ဆိုရသော် လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို လုံးဝထောက်ခံပါသည်။

နေသီဟ
မတ်လ၊ (၁၆)ရက်၊ ၂၀၁၃
စနေနေ့။


မြန်မာပြည်က ခေတ်သစ် ကျေးညီနောင်ပုံပြင်

$
0
0

ငယ်ငယ်တုန်းက ကျေးညီနောင်ဆိုသော ပုံပြင်ကို (ဒုတိယတန်း ဖတ်စာအုပ်မှာ လို့ထင်တယ်)  ပြဌာန်းခဲ့ပါတယ်။ ဘုရားဟော ဇာတ်တော်တွေလာ နိပါတ်တော် ထဲက ၀တ္ထု တစ်ပုဒ် ဖြစ်သည်ဟု ထင်မြင်မိသည်။ လေပြင်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ထိုကျေးညီနောင် နှစ်ကောင် လွင့်ပါ သွားခဲ့ပြီး လမ်းခွဲခဲ့ရသည်။ တစ်ကောင်သော ကျေးညီနောင်က ရှင်ရသေ့ထံကို ရောက်ပြီး လိမ္မာ ယဉ်ကျေးဖြစ်လာသကဲ့သို့၊ အခြားသော တစ်ကောင်က လူဆိုး သူခိုး၊ ဓါးပြတွေများထံ ရောက်ပြီး သူတို့ဆီက အကျင့်တွေ ကူးလာကာ အကျင့်ဆိုး၊
စရိုက်ကြမ်းသော ကျေးတစ်ကောင် ဖြစ်လာပုံကို ရေးသားဖေါ်ကျူးထားသော ပုံပြင်တစ်ပုဒ် ဖြစ်ပါသည်။ ကလေးငယ်များကို လူလိမ္မာနှင့် ပေါင်းခြင်း ကြောင့် လူလိမ္မာ ဖြစ်လာနိုင်သကဲ့သို့၊ လူဆိုးများနဲ့ ပေါင်းမိလျှင် လူဆိုး သူခိုး ဖြစ်လာနိုင်ပုံကို ဥပမာ သာဓက ပေးထားသော ပုံပြင်လေး တစ်ပုဒ်ဖြစ်သည်။

မိခင်တစ်ဦးက မွေးသော ကျေးညီနောင်သည် အသွင်မတူသော ပတ်ဝန်းကျင်ကြောင့် အရောင် ပြောင်းသွားပုံကို တင်ပြထားသော ဇာတ်လမ်းကောင်း ၀တ္တုကောင်း တစ်ပုဒ်ဟုပင် ပြောရပါမည်။
ကျေးညီနောင်နဲ့ တူသော လက်တွေ့ဘ၀ထဲက ဖြစ်ရပ်လေးတခုကို တင်ပြချင်ပါသည်။ ၁၉၈၈ နောက်ပိုင်း တက္ကသိုလ် ကျောင်းတော်ကို ရောက်ခဲ့သော သူငယ်ချင်း နှစ်ဦးအကြောင်းဖြစ်သည်။ သဘာဝ မုန်တိုင်းကြောင့် လွင့်ပါသွားခဲ့ခြင်း မဟုတ်ဘဲ၊ မြန်မာ့နိုင်ငံရေး မုန်တိုင်းကြောင့် လမ်းကြောင်းကွဲခဲ့ရသော သူငယ်ချင်း နှစ်ဦးပင် ဖြစ်သည်။
 ၁၉၉၆ ခုနှစ် ရန်ကုန် တက္ကသိုလ်တွင် ဘွဲ့လွန်တက်နေသော သူငယ်ချင်း နှစ်ဦးသည် ဒီဇင်္ဘာ (၆) ရက်နေ့ အရေးအခင်းအပြီး လမ်းကွဲသွားခဲ့ရသည်။ တစ်ဦးသော သူငယ်ချင်းက သူယုံကြည်သော နိုင်ငံရေးပန်းတိုင်ကို ရောက်ဖို့၊ လူထုတစ်ရပ်လုံးကောင်းစားမည့် နိုင်ငံရေး စနစ်မျိုးကို ဖေါ်ဆောင်ဖို့ အေးချမ်းသော တက္ကသိုလ်ရိပ်မြုံမှ ရောဂါဘယ ထူပြောသော နယ်စပ် ဒေသကို ရွေးချယ်ခဲ့သည်။
တစ်ဦးသော သူငယ်ချင်းက နိုင်ငံရေးစနစ် ဘာဖြစ်ဖြစ် သူနဲ့မဆိုင်။ သူမှန်းထားသော ပါရဂူဘွဲ့ရဖို့၊ သူ့မိသားစုကောင်းစားဖို့ကသာ ပဓါနဟု ဆုံးဖြတ်ရင်း တက္ကသိုလ်နယ်မြေမှာ ပညာသင်ကာ အစိုးရ ပညာဆုနှင့် နိုင်ငံရပ်ခြားတက္ကသိုလ်တစ်ခုမှ ပါရဂူဘွဲ့ ရရှိခဲ့ပြန်သည်။ အစိုး၏ သတ်မှတ်ချက်ဖြစ် သော နိုင်ငံရေးနဲ့ ကင်းရှင်းကြောင်း ထောက်ခံမည့်လူ၊ ပါမောက္ခများ၏ ထောက်ခံချက်နှင့် အစိုးရ ပညာသင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့သူ ဖြစ်သည်။
ထူးဆန်း တိုက်ဆိုင်စွာပင် အဆိုပါ သူငယ်ချင်းနှစ်ဦးသည် ရန်ကုန် တက္ကသိုလ် ပရ၀ုဏ်ထဲ၌ ပြန်လည် ဆုံဆည်းခဲ့ကြသည်။ ထူးဆန်းသည်မှာကား တစ်ဦးက ငြိမ်းချမ်းရေး ကိစ္စနှင့် မြန်မာပြည်ထဲ ရောက်နေခိုက် အမေရိကန် သမ္မတ အိုဘာမား မိန့်ခွန်းပြောမည်ကို တက်ရောက် နားထောင်ရန် သံရုံး၏ ဖိတ်ကြားချက်ကြောင့် ဘွဲ့နှင်းသဘင် ခမ်းမကို ရောက်လာစဉ်၊ သူငယ်ချင်း ကထိကလည်း အိုဘားမား မိန့်ခွန်း နားထောင်ဖို့ လာရောက်ခိုက် တွေ့ဆုံကြခြင်း ဖြစ်သည်။  အရောင်မတူသော  မိတ်ဆွေ နှစ်ဦး ဆုံတွေ့မှုက စိတ်ဝင်စားစရာ ကောင်းလှသည်။ တစ်ဦးက ယုံကြည်ချက်နှင့် တောခိုကျောင်းသား၊ သူပုန် ဖြစ်ခဲ့သူ၊ တစ်ဦးက အစိုးရ ပညာသင်ဆုနှင့် ဒေါက်တာဘွဲ့ရပြီး တက္ကသိုလ်ထဲမှာ ကထိက ဖြစ်နေသူ။ ကိုယ်ပိုင်ကား၊ ကိုယ်ပိုင်တိုက်ခန်းကို ပိုင်ဆိုင်သူ ဖြစ်နေသည်။ သူပုန်ကျောင်းသားဟောင်းမှာကား တည်းခိုစရာ အိမ်မရှိ၊ တက္ကစီကိုပင် အနိုင်နိုင်ငှားစီးရသူ။
မတွေ့တာ ကြာပြီ ဖြစ်သော သူငယ်ချင်းနှစ်ဦးသည် ဦးချစ် လက်ဘက်ရည်ဆိုင်ဖက်ကို ခြေဦး လှည့်ရင်း ရှေးဟောင်း နှောင်းဖြစ်တွေကို ပြောဖြစ်ကြသည်။ အိမ်ထောင်ရေး၊ စီးပွားရေး အကြောင်း ပြောဖြစ်ကြသည်။ ဒေါက်တာကြီးက သူလုပ်နေသော ကျူရှင်အကြောင်း ဘော်ဒါ ဆောင်အကြောင်း ပြောပြသည်။ သူ၏ တစ်နှစ်ဝင်ငွေမှာ သိန်းရာကျော် ဖြစ်ကြောင်း ပြောသည်။ ဤသို့ လုပ်နိုင်သည့်အချိန် လုပ်ထားမှ ကြီးလာလျှင် ထမင်းနပ်မှန်မှာ ဖြစ်ကြောင်း ပြောပြသည်။ ဘယ်ပညာရပ် စာတမ်းကိုမှ မရေးဖြစ်ကြောင်းကို ပွင့်လင်းစွာ ပြောပြသွားပြီး နောက်နောင် စာတမ်းတွေ ရေးဖြစ်အောင် ကြိုးစားမည်ဟုလည်း ပြောသေးသည်။
သူပုန် ကျောင်းသားဟောင်းကတော့ သူနေတာ ဒုက္ခသည် စခန်း၊ ဒုက္ခသည်စခန်းက ရသည့် ရိက္ခာကို မှီခိုနေသူဖြစ်ကြောင်း၊ မိသားစုရပ်တည်ရေးအတွက် စာပေ၊ ဆောင်းပါးတွေရေးရင်း၊ ဘာသာတွေ ပြန်ရင်း ရတဲ့ပိုက်ဆံနဲ့ ရပ်တည်နေရကြောင်း ပြောပြသည်။ သူမတောက်တခေါက် တတ်ထားသောပညာ ၊ လက်တွေ့ လူ့ဘ၀ထဲက ရလာသော အသိတွေနဲ့ ပေါင်းစပ်ပြီး ဆောင်းပါး ပေါင်း  နှစ်ရာကျော်ရေးပြီးပြီ ဖြစ်ကြောင်းပြောပြရှာသည်။ မိတ်ဆွေနှစ်ဦး တွေ့ဆုံမှုက မျှော်မှန်း ထားသည်ထက် အချိန်တွေ ကြာခဲ့သည်။ ကျောင်းသားဘ၀ အကြောင်းကို လွမ်းလွမ်းဆွတ်ဆွတ် ပြောဖြစ်ကြ၊ ကျောင်းဆောင်နေခဲ့စဉ်က ဘ၀တွေကို လွမ်းလွမ်းဆွတ်ဆွတ် ပြောဖြစ်ကြသည်။ သို့သော် အရပ်ထဲမှာ သူတို့နှစ်ဦးအား သတ်မှတ်ပုံက ကွာခြားလှသည်။
တောတွင်းပြန် သူပုန်ကျောင်းသားကိုတော့ အရပ်ထဲက လူရာသိပ် မသွင်းချင်ကြ။ သူဘာပဲ လုပ်ခဲ့လုပ်ခဲ့ လက်ရှိဘ၀မှာ သူပိုင်ဆိုင်တာ ဘာမှမရှိ။ သူပိုင်ဆိုင်ထားတဲ့ စွန့်လွတ်မှု၊ အနစ်နာခံမှု ၊ ရိုးသားမှုဆိုသည်မှာ သာမန်အရပ်သူတွေအတွက် နားမလည်နိုင်။ သူ့မှာ ကားမရှိ၊ အိမ်မရှိ၊ ပိုက်ဆံမရှိ။ အာဏာရှိသူ အပေါင်းအသင်းမရှိ။ သူ့ကို ဆရာခေါ်မည်သူမရှိ။ လက်ဘက်ရည်ဆိုင်မှာ အတူမထိုင်လိုသော မိတ်ဆွေတွေက တပုံတပင်။ ပိုက်ဆံရှင်းခိုင်းမှာ စိုးလို့ပင်ဟု ပြောရမည် ထင်သည်။
ကထိက ဒေါက်တာကို တွေ့တဲ့သူတိုင်းက ဆရာကြီးတမျိုး၊ ဒေါက်တာတဖုံ ခေါ်မည့်သူက တပုံတပင်။ သူ့မှာ ပိုက်ဆံရှိသည်၊ ကားရှိသည်၊ အာဏာရှိသူ မိတ်ဆွေရှိသည်။ ဂုဏ်ရှိသည်၊ အရပ်တကာတို့၏ သာရေးနာရေး အလှူငွေတွင် ရှေ့တန်းမှ ဦးဆောင်နေသူ။ တက္ကသိုလ် ပရ၀ုဏ် ကျောင်းသားစာရင်းဌာနမှ လုပ်ဖေါ်ကိုင်ဖက် စာရေးမကလည်း သူ့ကို တလေးတစားပင် ဆရာကြီးဟုပင် ခေါ်သည်။ အဝေးသင် တက်ရောက်မည့် ကျောင်းသားများ၏ လိပ်စာနဲ့ ဖုန်းနံပါတ်ကို ရှာပေးသော စာရေးမလေးသည်လည်း ထိုကထိကကြီးနဲ့ ဝေစုတည့်နေကြသည်။ ထိုစာရေးမ ရှာပေးသော အဝေးသင်တက်မည့် ကျောင်းသား ထောင်ဂဏန်း၏ လိပ်စာနဲ့ ဖုန်းနံပါတ်သည် သူ၏ရတနာသိုက်ပင် ဖြစ်သည်။ ထိုကထိကကြီးသည် ပါမောက္ခ ဌာနမှူးနှင့် လည်း တည့်သည်။ အခါအားလျော်စွာ သီတင်းကျွတ်၊ နှစ်ဆန်းရက်များတွင် လက်ဆောင် အထုပ်သေး၊ အထုပ်ကြီးများဖြင့် ဦးခိုက်တတ်သည့် အတွက် သဘောကျခံရသူ ဖြစ်ပြန်သည်။ အဆင့်မြင့်ပညာ ဦးစီးဌာနတွင်လည်း သူ့၏နာမည်က မွှေးသည်။ နိုင်ငံရပ်ခြားမှ ပြန်လာ ကတည်းက မည့်သည့်အခါမျှ နယ်ဝေးကို ပြောင်းခြင်းမခံရသောသူ ဖြစ်နေပြန်သည်။
မြန်မာ့လူ့အဖွဲ့အစည်း၏ ပစ္စခတ် စံသတ်မှတ်မှုတွင် ရှေးဟောင်း ကျေးညီနောင်ပုံပြင်သည် ပြောင်းပြန် ဖြစ်ကုန်ပြီဟု ယူဆရသည်။ မိဘတိုင်းသည်လည်း သားသမီးများ၏ အလုပ်အကိုင်တွင် ၀င်ငွေကောင်းသော၊ အောက်ဆိုက်ကောင်းသော ဌာနများကိုသာ သဘောကျတတ်ကြသည်။ လာတ်စားသည်၊ စိတ်ပိုင်းဆိုင်ရာ ပျက်စီးသည်ကိုပင် ပျက်စီးသည်ဟု မမြင်တော့။ အများ မိုးခါးရေသောက်လျင် မိုးခါးရေ သောက်တတ်ရမည်။ မိုးခါးရေ၏ ချိုမြိန်သည့် အရသာကို ခံစားတတ်ရမည်။
ထိုမိတ်ဆွေနှစ်ဦးသည် အသက်ငယ်ရွယ်စဉ် အခါက ပြဌာန်းစာအုပ်ပါ ကျေးညီနောင် ပုံပြင်ကို အတူတူသင်ယူခဲ့သော မိတ်ဟာင်း၊ ဆွေဟောင်း၊ သူငယ်ချင်းဟောင်းများပင် ဖြစ်သည်။ လောက သမုတ္တိ သစ္စာတရားသည် ကာလနဲ့ အချိန်တို့ကို လိုက်ကာ ပြောင်းလဲနေသည်။ မည်သူသည် ကျေးမိုက်နဲ့တူသော၊ မည်သူက ကျေးလိမ္မာ ဖြစ်သည်ကို ပစ္စုပ္ပန် မြန်မာ့လူ့ဘောင်၏ ဆုံဖြတ်မှုသည် လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်း ဖြစ်ပျက်နေသော အမှန်တရား၊ အရှိတရားများပင် ဖြစ်နေပါသလောဟု တွေးချင့်စရာပင်။

http://maukkha.org/index.php/interview-maukkha/opinion-maukkha/3078-2013-03-15-11-24-52?fb_action_ids=434906769927551&fb_action_types=og.likes&fb_source=other_multiline&action_object_map={%22434906769927551%22%3A391889127585308}&action_type_map={%22434906769927551%22%3A%22og.likes%22}&action_ref_map=[] မှကူးယူဖော်ပြပါသည်။

စာရေးဆရာမကြီး (ဒေါ်) ရွှေကူမေနှင်း သို့ တုန့်ပြန်ချက်

$
0
0



 အဖြေပေးထားသော သင်္ချာတပုဒ်
-ရွှေကူမေနှင်း
-၂၄.၃.၂၀၁၃


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၊ သတင်း ထုတ်ပြန်ချက် အမှတ် (၄/၂၀၁၃)၊ (၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်)


အထက်ပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို ၁၂- ၃- ၂၀၁၃ နေ့ထုတ် သတင်းစာတွင် ဖော်ပြခဲ့ခြင်းကို ဖတ်ရှုရသည်။ “အပြည့်အစုံ” သည် ရှည်လျားလှ၏။ အချို့နေရာများတွင် အကြောင်းအရာများ “ပွရောင်း”ပြီး ထပ်နေသည်။ လိုလည်း တွေ့ရ၏။ ခြုံ၍ကြည့်သောအခါ “အဖြေပေးထားသော သင်္ချာတပုဒ်ကို အဖြေမှန် မရ ရအောင် တွက်ထားသောနည်း” ဟု မြင်ပါသည်။

မဏ္ဍိုင် ၃ ရပ်အား တည့်မတ်ပေးရမည် ဆိုသော စတုတ္ထမဏ္ဍိုင်၏ တာဝန်အရ အထက်ပါ အစီရင်ခံစာကို ထောက်ပြရပါမည်။


(၁) ဒေသခံ လူထုသည် မြေယာသိမ်းမှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် လျော်ကြေးငွေ မရရှိသဖြင့် လည်းကောင်း၊ ထိုက်သင့်သော အလုပ်အကိုင် အခွင့်အလမ်း မရရှိခြင်းကြေင့် လည်းကောင်း မကျေ မနပ်ဖြစ်ကာ ဆန္ဒပြမှုများ စတင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

မြေယာသိမ်းဆည်းရာတွင် သက်ဆိုင်ရာ ၀န်ထမ်းများက ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြခြင်း မရှိခဲ့ပါ။ ထို့ကြောင့် ဒေသခံများက သီးနှံအတွက် လျော်ကြေးသာ ပေးသည် ထင်မြင်ယူဆခဲ့ ပါသည်။ ထိုသို့ လျော်ကြေးပေးရာတွင်လည်း ၀န်ထမ်းအချို့က ပြေပြေလည်လည် ပြောဆိုဆက်ဆံမှု မရှိခြင်းကြောင့် ပြဿနာ ပိုမိုကြီးထွားလာပါသည်။ ထိုအခြေအနေ တွင် ဒေသပြင်ပက အဖွဲ့အစည်းများကလည်း ရောက်ရှိလာကာ ဆန္ဒပြမှုများ အရှိန်မြင့်
(၆) လက်ပံတောင်း တောင်ကြား တောရစင်္ကြန်ကျောင်း ဟုခေါ်သော မြေနေရာနှင့် ၎င်းအပေါ်ရှိ စေတီ၊ သိမ်၊ ကျောင်း စသော ဗုဒ္ဓ သာဿနိက အဆောက်အအုံ များသည် လက်ပတောင်းတောင် ကြေးနီစီမံကိန်းတွင် အလယ်ဗဟို၌ တည်ရှိပြီး သတ္တုသိုက် တည်ရှိရာ အဓိကနေရာ ဖြစ်ကြောင်း …. လက်ရှိ အနေအထားအတိုင်း အခြားသင့်တော်မည့် နေရာတခုခု သို့ ပြောင်းရွှေ့ပေးသင့်ကြောင်း။ (အပိုဒ် ၊ ၈၃ (ဂ) )

သည်လိုဆိုလျှင် အကယ်၍ ရွှေတိဂုံစေတီကြီး တည်ရှိရာ သိဂုတ္တရတောင်အောက်၌ စိန်တွင်းကြီးရှိသည်ဟု နိုင်ငံခြား ကုမ္ပဏီများက လာရောက် တူးဖေါ်ချင်လျှင် ရွှေတိဂုံစေတီကြီးကို ရွှေ့ပစ်ကြမှာလား။
……………………………………………………………………………………………….

အထက်ပါ စာစုလေးကို ဖတ်ရှုပြီးသောအခါ ကျနော် မင်တက်မိ ငေးငိုင်သွားရသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ရင်တွင်း  အဇ္ဖျတ္တ သန္တာန် ၌ လယ်တီ ဆရာတော်ဘုရားကြီး နှင့်  မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး  ထပ်တူပြု နှိုင်းယှဉ်၍ ရနိုင်မည်ဆိုလျှင်…. သိဂုတ္တရတောင် နှင့် လက်ပံတောင်းတောင် နှိုင်းယှဉ်သုံးသပ်ခြင်းအား အငြင်းပွားဖို့ လိုမည် မဟုတ်ဟုသာ ဆိုချင်ပါတော့သည်။ စဉ်းစား ကြည့်ကြပါကုန်…။
ဆရာမကြီး တွေးတောဆင်ခြင်နိုင်ဖို့ သာဓက အနည်းငယ် ဖော်ပြလိုပါသည်။

သာသနာ့ အမွေ အမှန်တကယ် ကိန်းဝပ်စံပါယ်တော်မူသော သာသနာ့ အောင်မြေ အစစ်အမှန်ဖြစ်ပါက မည်သို့သော ပုထုဇဉ်ကမှ ဖျက်ဆီးပျောက်ကွယ်စေခြင်း မပြုနိုင်ပါ။ မြန်မာနိုင်ငံမှာ ငလျင် နှစ်ကြိမ် ရှေ့ဆင့် နောက်ဆင့် လှုပ်ခတ်ခဲ့မှုကြောင့် ပထမ အကြိမ်မှာ ရွှေတိဂုံစေတီတော်၏ ထီးတော်မြတ် တိမ်းစောင်း သွားခဲ့ပြီး နောက်တကြိမ် အလှုပ်တွင် အလိုအလျောက် ပြန်လည်တည့်မတ်သွားရသည့် ဖြစ်ရပ်မှာ ဒဏ္ဍာရီလာ ယုံတမ်း စကားမဟုတ်ပါ။ လွတ်လေပ်ရေးရပြီး ခေတ်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါသည်။ သွားလေသူ အာဏာရှင်ကြီး ဦးနေဝင်း လက်ထက်ဟု မှတ်သားဖူးပါသည်။
သာသနာ မကွယ်ပျောက်အောင်နှင့် တည့်တံ့ခိုင်မြဲ ပျံ့ပွားအောင် အဓိက ထိန်းသိမ်းကာကွယ် စောင့်ရှောက်သည်မှာလည်း သာသနာ့အာဇာနည် အရိယာ အရှင် သူတော်စင်မြတ်များသာ ဖြစ်ကြောင်း အငြင်းပွားဖွယ် မရှိပါ။


တဖန် ကမ္ဘာသိ အထင်အရှား ဖြစ်သော အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တည်ရှိရာအရပ်ကို ပျောက်ပျက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါကလည်း မြန်မာတမျိုးသားလုံး ခေါင်းငုံ့ခံနေမည် မဟုတ်ပါ။ သိဂုတ္တရတောင် မပြောနှင့် မန္တလေးတောင်ကိုပင် ဖျောက်ဖျက်ပစ်ဖို့ စဉ်းစားကြည့်ပါအုံး။ မြစ်ဆုံ ကိစ္စ အောင်ပွဲခံတာ ထိုအချက်ကြောင့် ဟု ယူဆပါသည်။

လက်ပံတောင်းအရေးနှင့် ပတ်သက်၍ ဆုံးရှုံးနစ်မှုနှင့် ရင်ဆိုင်နေရသော ဒေသခံ ပြည်သူလူထု တောင်းဆို ဆန္ဒပြကြတာကို စာနာမှု အပြည့်ဖြင့် ထောက်ခံပါသည်။ ထိုကိစ္စအတွက် အစိုးရနှင့် သက်ဆိုင်ရာ ကုမ္ပဏီများက ဒေသခံ လူထု စိတ်ကျေနပ်မှု ရှိသည်အထိ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးရမည်သာ ဖြစ်ပါသည်။


သို့သော် ထိုအရေးတွင် လူထုအပေါ် အတော်အတန် သြဇာ ရှိသော ပုဂ္ဂိုလ်တဦးက မလျော်မကန် ဥပမာပြု အသုံးများဖြင့် ရေးသားဖော်ပြနေခြင်းမှာ အလွန်တရာ ရုပ်ဆိုးလွန်းလှသည်ဟု ထင်မြင်မိပါသည်။


နေမင်းသူ
၂၅-၀၃-၂၀၁၃

Shakers လား၊ Movers လား၊ Doers လား

$
0
0



by Thanda Win (Notes) on Monday, September 10, 2012 at 5:58pm


နိုင်ငံတခု ပြန်လည်ထူထောင်ရာတွင် လိုအပ်သော လူ ၃ မျိုးရှိသည်။
Shakers --- ခရာမှုတ်ကြသူများ။ အိပ်ပျော်နေသူ၊ အိပ်မက်မက်နေသူ၊ အိပ်ချင်ယောင်ဆောင်နေသူများကို လှုပ်နှိုးကြသူများ။
Movers --- တွန်းတင်ကြသူများ။ အိပ်ချင်မူးတူးမျက်လုံးဖွင့်လာသူများကို ဆွဲထူဖို့ကြိုးစားကြသူများ။
Doers --- ပြန်လည်တည်ဆောက်ကြသူများ။ အိပ်ရာမှနိုးလာသူများကို မတ်တတ်ရပ်အောင် စွမ်းဆောင်နိုင်သူများ။

ကျွန်မတို့ ဘယ်အထဲမှာ ပါ ပါ သလဲ။
          2011 နောက်ပိုင်းမှာသတင်းတွေဖတ်ရတာ နေ့စဉ်လိုလို အဆန်းတကြယ်။ အသစ်အသစ်သို့ ပြောင်းကြမည်ဆိုတော့ စနစ်ဟောင်းမှာကပ်တွယ်နေတဲ့ အဖွဲ့အစည်းမျိုးစုံ အစမ်းသပ်ခံကြရတာ သင်ခန်းစာယူစရာကောင်းသလို သံဝေဂ ရစရာလည်း ကောင်းမှကောင်း။
                    ပထမဆုံး ပစ်ကွင်းကတော့ လူတွေအားလုံးလက်တည့်စမ်းချင်လို့ သွေးကြွနေတုန်းမှာ ကားကားကြီးပေါ်လာတဲ့ ဆရာဝန်၊ဆေးလောကအဖွဲ့ပါပဲ။ ပထမဆုံး ဘာလို့ ဖြစ်ရသလဲဆိုတော့ အများပြည်သူကြားထဲမှာ ထိုးထိုးထောင်ထောင်ထွက်နေလို့ပေါ့။ ခေတ်ဟောင်းစနစ်ဟောင်း ပညာရေးရဲ့ အကောင်းဆုံးအသီးအပွင့်များကို ရယူခံစားခဲ့တဲ့ အုပ်စုဟာ အာဏာရှင်စနစ်ကားလိပ်အဟောင်းကြီးချပြီး ဒီမိုကရေစီကားလိပ်အသစ်တင်ချိန်မှာ စင်ပေါ်မှာ အကာအကွယ်မဲ့ ဘွားဘွားကြီးပေါ်လာပါတယ်။ ဒါကြောင့်လဲ ခဲနဲ့အပေါက်ခံရပေတာပ။ ဟိုဆရာဝန်ကိုအရေးယူလိုက်ပြန်ပြီ၊ ဒီဆေးခန်းကို ဒဏ်ခတ်လိုက်ပြန်ပြီနဲ့ မကြားချင်အဆုံးပါပဲ။ လူနာများနဲ့ ဂျာနယ်များက Shake လုပ်လို့ အိပ်ချင်မူးတူးဖြစ်နေတဲ့ ဆရာဝန်အုပ်စု ဘက်ကလဲ အသံပြန်ကြားရပါတယ်။ အလုပ်ပင်ပန်းတယ်၊ လခ မလောက်ဘူး၊ အထူးကုဖြစ်ချင်တယ်။ အလုပ်မရဘူး၊ ဆေးကျောင်းစရိတ်ကြီးသတဲ့။ ဒါနဲ့ ၀န်ကြီးခေါင်းတက်ဆောင့်ပါရော။ ဘတ်ဂျက် ၄%သာရတယ်ဆိုပဲ။ လွှတ်တော်ထဲက အမတ်မင်းများကလဲ အံ့ဖွယ်သုတပါပဲ။ ဟိုနားမှာ ဆေးရုံကလေးဆောက်ပေးမလား၊ ဒီနားကဆေးရုံမှာ ဆရာဝန်မှန်မှန်မလာလို့ ပြောပေးမလားနဲ့၊ ဖေဖေ မုန့်ဝယ်ပေးပါလို့ ပူဆာနေကျထင်ပါရဲ့။ ဖေဖေကြီး မုန့်ဝယ်ကျွေးစရာ ပိုက်ဆံကိုတော့ တောင်းမပေးတတ်ကြရှာပေဘူး။ ကျန်းမာရေးက ၄%သာရပြီး ကာကွယ်ရေးက ဘာကြောင့် ၅၀%ဖြစ်ရသလဲလို့ မမေးချင်တာလား၊ မမေးတတ်တာလား၊ မမေးရဲတာလား၊ အဖြေသိပြီးသားမို့လား၊ အဖြေမရှိလို့လား၊ လားပေါင်းများစွာရဲ့အဆုံးမှာ ဆေးလောကအကြောင်း အသံတွေတိတ်သွားပါလေရော။ ပြသနာတွေငြိမ်းသွားလို့တော့ မဟုတ်ပါဘူး။ စိတ်ဝင်စားစရာအာရုံတွေက တခြားဖက်လှည့်သွားလို့သာပါပဲ။
                   ရထားတဲ့ ၅၀% နဲ့ လိုက်ဖက်ညီအောင် မြန်မာ့တပ်မတော်ကြီး တိုးတက်ထွန်းကားနေသလား ဆိုတော့လဲ ----------။ သမ္မတကြီးကတော့ပြောပါတယ်။ ကျပ် သန်းပေါင်း ၆၀၀၀ အကုန်အကျခံပြုပြင် ပေမယ့်လည်း လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုကတော့ အရင်အတိုင်းပဲ တဲ့။ ဥပမာပေးပြီး အလိမ္မာနဲ့ ဆိုတာလားတော့ မသိ။ Shake လုပ်ဖို့အတွက် စတေးခဲ့ရတဲ့လူနာတွေ၊ အထောင်းခံခဲ့ရတဲ့ဆရာဝန်တွေ၊ ဆေးကုသရေးမှာ လုံးဝပျက်စီးသွားတဲ့ ယုံကြည်အားကိုးမှု။ ရင်းလိုက်ရတဲ့ တန်ဖိုးတွေပေါ်မှာ အရှူံးပေါ်သွားလိုက်တာ။ ပြီးခဲ့တဲ့နှစ်အတွင်းက လွှတ်တော်တွင်းဆွေးနွေးပွဲများမှာတောင် ကျန်းမာရေးကဏ္ဍ Move အဆင့်ကို ရောက်မလာ။ အခုအထိ ဘယ်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အတုခိုးရမှန်း မသိရှာပေဘူး။ စု တု ပြု ဆိုတော့ကာ အကောင်အထည်ဖော်ဖို့ကတော့ အိပ်မက်သာဆက်မက်ကြဦးစို့ရဲ့။
          ဒုတိယအုပ်စုကတော့ စွမ်းအင်အဖွဲ့ပါ။ ပိုလွန်းလို့ ရောင်းသူကြီးကိုတော့ လတ်လတ်ဆတ်ဆတ် အနားပေးလိုက်ပါပြီ။ သူ့ခမျာလည်း ခိုင်းလို့သာလူကြမ်းလုပ်ရရှာတာနေမှာပါ။ ရွေးခွင့်သာရှိရင်တော့ လူတိုင်းကျော်ဟိန်းလုပ်ချင်ကြမှာပါပဲ။ မျက်နှာမရ ခြေထောက်ရသွားတာ သနားစရာ။ မြစ်ဆုံစီမံကိန်း ခုချက်ချင်းရပ် လို့ ၀ိုင်းအော်တာနဲ့ ရပ်သွားလိုက်တာ။ လူတွေလဲ ပျော်မှပျော်။ တခါမှ မစားဖူးတဲ့ ဖွဲနုမုန့်ကလေးဆိုတော့ ချိုမှ ချိုပဲ။ တကယ်တမ်း တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်နေတဲ့ စွမ်းအင်ကိစ္စပြေလည်ပြီလားဆိုတော့ -----------။ ဖယောင်းတိုင်နဲ့ နေကြပါလို့ အကြံပေးသူကြီးလဲ အခုတော့ တိတ်တိတ်နေ ထောင်တန်ဆိုတာ သိသွားပြီ။ ပြောပြီးပြီလေ။ သန်း ၆၀၀၀ သုံးပေမယ့် ထူးပါဘူးဆို။ ဘာလို့မထူးလဲဆိုတာ ယဉ်ကျေးအောင်ပြောရင်တော့ သိန်း ၆၀ တန်လောက်ကို သန်း ၆၀၀၀ ပေးဝယ်ထားမိလို့ပါ။ ပိုက်ဆံတွေကို ခြကိုက်သွားတာလေ။ အိန္ဒိယ ၀န်ကြီးချုပ်က ပြောဖူးသတဲ့။ ကျွန်တော်ဖြင့် ရှက်လွန်းလို့ မျက်နှာကို ဖွက်ထားရပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ခြအစားဆုံးနိုင်ငံများစာရင်းမှာ ပါနေလို့တဲ့။ (မသိလို့ မေးကြည့်ဦးမယ်။ ဖွတ်တွေဟာ ဦးခေါင်းကို အမြီးအောက်မှာဝှက်ထားတတ်တယ်လို့ ကြားဖူးတာ ဟုတ်လားဟင်။)
                  လေသူရဲကောင်းတဦးကတော့ အကြံပေးတယ်။ အိုဘားမား အဖိုးတို့ဇာတိ ကင်ညာနိုင်ငံကို အတုယူပြီး အမေရိကန် GE ကုမ္ပဏီကို ခေါ်လိုက်ပါတဲ့။ တနိုင်ငံလုံး မီးလင်းသွားမယ်ဆိုပဲ။ ကြားရတာနဲ့တင် အားရှိစရာ။ သမ္မတကြီးရယ် ဒီလထဲမှာ အမေရိကားသွားလည်ရင်းနဲ့ GE ရဲ့ CEO ကို ခေါ်ခဲ့ပါလားဟင်။ လေယာဉ်ပျံခ တယောက် တကျပ်ထည့်ဆို ထည့်ပါ့မယ်။ ရွာငယ်ဇနပုဒ် မီးကလေးမှိတ်တုတ် ဆိုတာကြီးကို သမ္မတကြီးလက်ထက်မှာ Correction pen အကြီးကြီးနဲ့ ဖျက်ခဲ့ပေးပါ။ တသက်လုံးကျေးဇူးမမေ့ပါဘူး။
          တတိယအုပ်စုကတော့ အကောက်ခွန်အဖွဲ့ပါ။ Supercustom ကားတွေ တရားမ၀င်ခိုးသွင်းတဲ့ကိစ္စ။ မြန်မာနိုင်ငံစက်မှုဇုန်က Supercustom ကားတွေထုတ်လုပ်နိုင်သတဲ့။ ဂုဏ်ယူစရာကြီး။ ရင်းနှီးမြှပ်နှံချင်လွန်းလို့ ရောက်လာမယ့် ဂျပန်တွေကိုခေါ်ပြကြည့်ရင် အံ့သြလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားမှာပဲ။ မယုံဘဲနဲ့ ယုံချင်ယောင်ဆောင်ပြီး ယာယီမှတ်ပုံတင်ထုတ်ပေးတဲ့ ကညန ကလဲတနွယ်ငင် တစင်ပါ။ ငထွားခါးနာရသူတွေကတော့ လက်ဝယ်ပိုက်မိသွားတဲ့ ပိုင်ရှင်များပါပဲ။ ဒဏ်ကြေးတနင့်တပိုးဆောင်ရ။ အကောက်ခွန်ဝန်ထမ်းတွေကတော့ နာမည်ပျက်နဲ့ အလုပ်ပြောင်းကြရ။ စက်မှုဇုန်ကားထုတ်လုပ်ရေးတွေ ကတော့ ခပ်တည်တည်ပဲ။ နောက်ကွယ်က အကောင်ကြီးကြီးများကတော့ ဘယ်နေရာခွေနေမှန်း မသိရပြန်ပါဘူး။ ထိပ်ဆုံးက တာဝန်ယူခဲ့တဲ့ ၀န်ကြီးဟောင်းများကလည်း တခြားတနေရာမှာ တခြားဝန်ကြီးပြန်ဖြစ်လို့။ အချိန်တန်လို့ စိတ်ဝင်စားမှုတွေ နေရာရွှေ့သွားပြန်တော့ Shake လုပ်ခဲ့ရတဲ့ အရင်းအနှီးတွေ မြောင်းထဲရောက်ပြန်ရော။ ကားပွဲစားအကိုကြီးတယောက်ကတော့ ပြောပါတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့ နောက် ၂ နှစ်စောင့်ပါ တဲ့။ ၂၀၁၅ ကို မျှော်တာ သူတယောက်ထဲမဟုတ်ရှာဘူးပဲ။ နောက် ၂ နှစ်ဆိုတာသေချာရင် နှစ် ၂၀ စောင့်ခဲ့ရတာကို မေ့ပစ်နိုင်ပါတယ်လို့ ပြောလိုက်တယ်။ ဘ၀တူတွေပဲလေ။
          နောက်တစုကတော့ လူဝင်မှုကြီးကြပ်ရေး ( လ၀က)ပဲ။ လ၀က ဟာ လာဘ်စားလို့ ရတဲ့အဖွဲ့အစည်းမဟုတ်ပါဘူး တဲ့။ ပြောတဲ့ဝန်ကြီး ဦးခင်ရီကို အိမ်က ကလေးမရဲ့ မှတ်ပုံတင်သွားပြရမယ်။ ကလေးမလေးက ၀ လူမျိုး၊ လားရှိုးက။ ရန်ကုန်ကို ၈ နှစ်သမီးထဲက ရောက်နေတာမို့ နိုင်ငံသားကဒ်လုပ်ဖို့ လွန်ခဲ့တဲ့ ၅ နှစ်က ငွေ ၃ သောင်းပေးရတယ်။ သူ့ နာမည်နဲ့ ဓါတ်ပုံကလွဲရင် အားလုံးအတု။ ပြည်သူ့ခေတ်ဂျာနယ်ထဲမှာလည်း မြန်မာပြည်မှာ ၇ နှစ်နေသွားတဲ့ စင်္ကာပူနိုင်ငံသားက မြန်မာမှတ်ပုံတင်ရှိနေသတဲ့။ ဦးခင်ရီ တယောက် တိတ်တိတ်နေတာ ထောင်တန်တယ်ဆိုတာ မသိရှာသေးဘူး။ လှေကလေးထဲကနေ လှေကြီးထဲကိုကူးတဲ့ အမတ်မင်းက နိုင်ငံသားကဒ် စီစစ်ရေးတွေလုပ်ဖို့ အဆိုတင်ပြန်တော့ ပုလင်းတူဗူးဆို့များက ကန့်ကွက်မဲပေးကြပြန်ရော။ မငြိမ်မသက်ဖြစ်နေတုန်းမို့ မလုပ်သင့်ပါဘူးတဲ့။ ငြိမ်သက်ပြန်တော့လည်း အဖြူကဒ်တွေ စက်နဲ့လှည့်ထုတ်ဦးမှာလားဟင်။၂၀၁၀ ရွေးကောက်ပွဲ မဲလိမ်၊မဲခိုး၊ မဲညစ်များနဲ့ ဆက်စပ်နေပြန်တယ်ဆိုတော့လည်း ရာဇပလ္လင်မြဲဖို့အရေး တို့အရေးလို့ဆိုရမှာပေါ့။
                   နောက်ဆုံးတော့ ရခိုင်တိုင်းရင်းသားများကို ကျေနပ်လောက်အောင် မနှစ်သိမ့်နိုင၊် လုံခြုံရေးကို တာဝန်မခံနိုင်တဲ့အမှုနဲ့ ဆုပ်လည်းစူး၊ စားလည်းရူး။ ဘင်္ဂါလီများကို ဒုက္ခသည်စခန်းကြီးနဲ့ လူမြင်သူမြင်ဆိုတော့ ရက်ရှည်လာတာနဲ့အမျှ နိုင်ငံတကာက မုတ်ဆိတ်ခေါင်းဆောင်များကို ခေါ်ပြရတာအလုပ်ကြီးတလုပ်။ လူ့အခွင့်အရေးလို့ပြောနေကြသူကြီးတွေကို ခေါ်သွားပါဆိုတော့လဲ ဟင့်အင်းတဲ့။ တိုင်းရင်းသားမို့ နယ်မြေရသင့်တယ်ဆိုသူများကိုတော့ OIC လူကြီးမင်းနဲ့သာ ထည့်ပေးလိုက်ပါ။ သူတို့မှာ သဲကန္တာရမြေပိုတွေ အများကြီးရှိတယ်။ ရာဇ၀င်သမိုင်းကြောင်းနဲ့ နှစ်ပေါင်းရာချီတင်နေတဲ့ အမုန်းကြွေးကို ဘယ်လိုရှင်းမလဲ၊ ဘယ်တော့ရှင်းမလဲ ဘယ်သူမှမသိ။ အခုအထိ အဖြေမရှိ။ Shake လုပ်တုန်းမှာ ပေးလိုက်ရတဲ့ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ဘယ်သူသုတ်ပေးမလဲ၊ အနာဂတ်ဘ၀များအတွက် အာမခံချက် ဘယ်မှာလဲ။
                      ရခိုင်မျိုးချစ် ဆရာဝန်တယောက်ကတော့ အကြံပေးတယ်။ ရခိုင်ပြည်နယ်မှာ စက်ရုံ အလုပ်ရုံများနဲ့ ဖွံ့ဖြိုးတိုးတက်ပြီး မြန်မာများပြောင်းရွှေ့နေထိုင်ကြရင် လုံခြုံရေးလဲကောင်းလာမယ်။ တိုင်းပြည်ရဲ့ မြို့ပြစီမံကိန်းများမှာလည်း ဟန်ချက်ညီသွားမယ်။ ဘင်္ဂါလီများရဲ့ လူဦးရေတိုးနှုန်းကို ကာကွယ်ပြီးသားလဲဖြစ်၊ နယ်မြေတောင်းဆိုမှုကို ငြင်းဆန်ပြီးသားလဲ ဖြစ်သွားမယ်တဲ့။ ကဲ -- အနောက်ဘက်တံခါး ကျိုးပျက်ခြင်းလို့ အကျယ်ကြီးအော်နေကြတဲ့ ဆရာကြီးများ - မိသားစုလိုက်ပြောင်းနေပေးကြမလား။ သဘောင်္စီးလုံးငှားပေး မယ်လေ။ နောက်တမျိုးကို ဇောက်ထိုးတွေ ပြောကြည့်ဦးမယ်။ ရခိုင်မှာ ဘင်္ဂါလီမှန်သမျှ ကလေးမမွေးရလို့ ပေါက်ဖော်ကြီးတို့ထုံး နှလုံးမူလိုက်ရင်ကော။ တားဆေးတွေ ရောင်းကောင်းလို့ NGO မတုတ်တုတ်တို့ကတော့ ကျေးဇူးတင်မှာပဲ။ ဒါဆိုလဲ ဘင်္ဂါလီတွေ ရန်ကုန်ဆင်းပြေးတော့ ရခိုင်မှာ လူလျော့သွားမှာပဲ။ ဟုတ်ဘူးလား။ ( ခေါင်းကွဲခါတော့ နီးနေပြီ။)
          ညောင်မြစ်တွေကို ဘယ်နေရာတူးတူး ပုတ်သင်ဥတွေက ဘာလို့ပေါ်ပေါ်လာပါလိမ့်။ သိပြီ။ ပုတ်သင်က နေရာတကာ လျှောက်ဥနေတာကိုး။ ဒါတွေအားလုံးဘာလို့ဖြစ်၊ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်တာလို့ ဒေါ်အောင်ဆန်းစုကြည် ပြောပြီးပြီလေ။ စည်းမျဉ်း စည်းကမ်း နည်းဥပဒေတွေက စာအုပ်ထဲမှာအပြည့်အစုံ ရှိပြီးသား။ လူတွေခေါင်းထဲမှာ စိတ်ထဲမှာ ရင်ထဲမှာ မရှိတာ။ ပြောပြီးလို့ သိပ်မကြာပါဘူး။ တရားဥပဒေဆိုတဲ့ ဟာကြီး စမ်းသပ်ခံရပါရောလား။ လွှတ်တော်ကော်မတီများကို ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း မာရေကျောရေ ပြောမိလို့တဲ့။ အခြေခံဥပဒေ ခုံရုံးအဖွဲ့ကို နေရစ်တော့ကွယ် သွားတော့မယ် တီးလုံးကလေးတောင် မတီးပေးလိုက်ရဘူး။ တရားစီရင်ရေးအာဏာကို ၀င်ရောက်စွက်ဖက်တာ နိုင်ငံဧ။်အနာဂတ်အတွက် အန္တရာယ်တဲ့။ လွှတ်တော်ဟာ အခြေခံဥပဒေကို ချိုးဖောက်ပါတယ်ဆိုပဲ။ ကောင်းသားပဲ။ ၂၄ နှစ်လုံးလုံး ခါတော်မှီရောက်လာတဲ့ စာအိတ်ဖွင့်ဖတ်ပြပေးတဲ့ အမိန့်ဖတ်တရားသူကြီးများနှင့် ၉၂% ထောက်ခံထားတဲ့ ဥပဒေကြီးကို ခြေနဲ့ကန်လိုက်တဲ့ ခြေကန်ဥပဒေပြုအာဏာရ လွှတ်တော်အမတ်မင်းများ။ ဘဲစား ဘဲကြေပဲ။ သူသေ ငါရှင် အပြိုင်တိုက်ကြတာ အကျင့်ပါနေကြသူကြီးများ။ ( ဦးတင်ထွတ်ကတော့ စစ်အလေ့အထ သူငယ်နာတဲ့။ ဒီတယောက်ပဲ အဂတိကင်းကင်းမြင်တတ်သေးတယ်။) Agree to disagree ဆိုတာကို ပြည်သူလူထုကို စံနမူနာပြဖို့နေနေသာသာ၊ ညှိနှိုင်းလိုက်ကြပါလို့ အတိုက်အခံများကတောင် ၀င်ရောက်ဖြန်ဖြေနေတဲ့ကြားက feel good လား၊ make good လား မကွဲပြားကြသူများ။ ဒီမိုကရေစီဘက်တော်သားပါလို့ ပြောတဲ့ ဥက္ကဌကြီးနှင့် အဖွဲ့သားများကို ဒီမိုကရေစီဆိုတာ များတဲ့သူက နည်းတဲ့သူကို အင်အားသုံးတာ မဟုတ်တဲ့အကြောင်း ဘယ့်နှယ့်ရှင်းရပါ့။ ဦးသိန်းညွှန့်ကတော့ ရှေ့နေကြီးပီပီ လှလှကလေးပြောသွားပါတယ်။ ဒီမိုကရေစီ အနိုင်ကျင့်ခြင်းမှ ကင်းဝေးအောင် တဲ့။ ဟဟ။ နောက်ဆို ဒီမိုကရေစီ အာဏာရှင်ဆိုပြီး ပေါ်လာခါနီးပြီလားမသိ။
                         လွှတ်တော်ထဲထိုင်ပြီး အိပ်မက်မက်နေတာ မနိုးသေးတဲ့ အမတ်မင်းများကလည်း အားကျမခံပြောပါတယ်။ ငါ တို့က ပြည်သူထောက်ခံလို့ ပြည်သူ့ကိုယ်စားလှယ်၊ ပြည်ထောင်စုအဆင့် အစစ်တဲ့။ မကျေနပ်ဖူးအချစ်ရယ် တစ်ကပြန်စပြီး ပြည်လုံးကျွတ်အထွေအထွေ ရွေးကောက်ပွဲကြီးလုပ်ကြည့်ပါလားကွယ်။ မှန်ထဲကြည့်ပြောတာ ကိုယ်တိုင်ယုံကြည်တယ်ဆိုရင်ပေါ့လေ။  ပြည်သူများဖြစ်တဲ့ ပဉ္စမ မဏ္ဍိုင်ရဲ့ အမြင်မှာတော့ ဒုတိယ မဏ္ဍိုင်နဲ့ တတိယမဏ္ဍိုင် ရှူံးထွက်ပွဲစဉ်ကြီးမှာ ခေါင်းချင်းပြိုင်ဆောင့်ကြတာ နှစ်ဖက်စလုံး ဟက်တက်ကွဲပြီးသွေးစက်လက်နဲ့ ကျန်ခဲ့တယ်လို့ပဲ နားလည်ပါတယ်။ Shake လုပ်လိုက်တာ လက်လွန်သွားလို့ Move တော့ လုပ်သွားတယ်။ ရှေ့ကိုတော့မဟုတ်ဘူး၊ တွင်းထဲကို။
ဆက်ပြီးတော့သာ တူးကြပါ။ ဂေါ်ပြားကလေးလိုရင် ငှားပါ့မယ်။
          နောက်ဆုံးအဖွဲ့ကတော့ အတိုက်အခံများလို့ အမည်တပ်ထားတဲ့ အတိုင်းတိုင်းအပြည်ပြည် အမျိုးမျိုးအပြားပြားသော အဖွဲ့အစည်းပါပဲ။ ထိုင်းနိုင်ငံတခုထဲမှာတောင် အဖွဲ့ကွဲပေါင်း ၂၀၀ ကျော်ရှိပါသတဲ့။ ၃ ယောက်ရှိရင် ၄ ဖွဲ့ကွဲတာ တို့မြန်မာပါ။ သူတို့ရဲ့ ခံနိုင်ရည်စွမ်းအားနဲ့ အပြောင်းအလဲများပေါ်မှာ အလိုက်သင့်အလျားသင့် လိုက်ပါနိုင်ခြင်းရှိ မရှိ စမ်းသပ်ခံရမယ့်အချိန်ပါပဲ။ တချိန်က သူတို့မရှိအောင် ပျောက်သွားအောင် နည်းမျိုးစုံဖုံးကွယ်ထားခဲ့ပေမယ့် အခုတော့ အစိုးရသစ်ကိုယ်တိုင်က အားလုံးကို စင်ပေါ်တင် တေ့ပေးလိုက်ပါပြီ။ ဒါဟာ အစိုးရရဲ့ အင်မတန်လှပတဲ့ နိုင်ငံရေးကျားကွက်ဖြစ်ကြောင်း အတိအကျပြောသူတွေလည်း ရှိပါတယ်။ ဒါသာအမှန်ဆိုရင် ကန့်လန့်ကာနောက်ကွယ်က Master Brain ကို ချီးကျုးပါတယ်။ ( ၂၀၁၀ မှာ မြန်မာသံတော်ဆင့် ဦးမြင့်ရွှေက စစ်အစိုးရသည် Level game တခု မဖန်တီးနိုင်သဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအရ တလျှောက်လုံးအမြတ်ထွက်နေသည် လို့ ရေးထားပါတယ်။ ဦးတင်ထွတ်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရှူံးရခြင်း သုံးသပ်ချက်မှာလည်း နှစ် ၂၀ အကျဉ်းခံရမှုအပေါ် ပြည်သူလူထုမှ ဂရုဏာသက်ခြင်းလို့ ဖော်ပြထားပါတယ်။ နောက်ကြောင်းအမဲစက်မကင်းတဲ့ ပြည်တော်ပြန်များအနေနဲ့လည်း အစိုးရရဲ့ လက်ဝါးရိုက် အာမခံချက်တခုမရှိပဲ ၀င်လာစရာအကြောင်းမရှိပါ။)
                       အခုတော့ Level Game တခုအဖြစ် တိုက်ကွက်ပြောင်းလိုက်ပြီမို့ အတိုက်အခံအားလုံး စင်ပေါ်မှာ လုံးဝ အကာအကွယ်မဲ့ ဟင်းလင်းကြီးပါပဲ။ အစိုးရက ပွဲစီစဉ်သူ၊ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌ၊ ၈၈ မျိုးဆက် ဦးကိုကိုကြီးက ကချင်ပြည်နယ်မြောက်ပိုင်းဒေသ လူမဆန်မှုများနဲ့ပတ်သက်လို့ ဘယ်သူ့ဘက်ကပဲဖြစ်ဖြစ် မှန်မှန်ကန်ကန် ဖော်ထုတ်ဖို့လိုတယ်လို့ ၂၀၁၂ မတ်လ အင်တာဗျုးမှာ ပြောထားတယ်။ မြောက်ပိုင်းအရိုးတွန်သံတွေကလည်း online ပေါ်မှာရောက်နေတာ လပေါင်းများစွာရှိနေပြီ။ သမ္မတကြီးခေါ်တယ်ဆိုလို့ အပြေးကလေးပြန်လာသူများ မရောက်ခင်အမှီ အမှုဖွင့်တရားစွဲသူကလည်း စွဲထားပါပြီ။ ပြည်တွင်းအတိုက်အခံများအနေနဲ့ ကိုယ့်အသားကို လှီးကြရပါတော့မယ်။ ပြည်သူများရှေ့မှာ တရားမှု မတရားမှုဆိုတာကို ခွဲပြဖို့အတွက် ဆန်ရင်းနာနာ ဖွတ်ကောင်းဖွတ်ရပါတော့မယ်။ ဦးကိုကိုကြီးပြောတဲ့ သိမ်မွေ့လှတဲ့ နိုင်ငံရေးအနုပညာကို နဖူးတွေ့ ဒူးတွေ့စတွေ့ ပါပြီ။ ရွေးစရာလမ်းမရှိပါ။ ရာဇ၀တ်မှုဖြစ်တာကြောင့် Diversity Unity လဲလုပ်လို့မရ။ ငွေအလွဲသုံးမှုတွေ၊ ဘင်္ဂါလီအရှူပ်တော်ပုံတွေကလဲ တွဲလျက်ပါနေပါသေးတယ်။ ပြည်ပမှာကျန်ရစ်သူများကလည်း နောက်တခါ သူတို့အလှည့်လားလို့ တုန်လှုပ်စပြုနေပါပြီ။ ဘယ်တုန်းက ဘယ်လိုအနစ်နာခံခဲ့တာ ဘာညာ ပြောနေချင်သေးသူများကိုတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စကားတခွန်း လက်ဆောင်ပါးချင်ပါတယ်။ "This is not sacrifice. This is a choice." နိုင်ငံခြားအထောက်အပံ့များကလည်း လုံးဝဖြတ်ချတော့မှာမို့ သိပ်မကြာခင်အတွင်းမှာ အမှန်စင်စစ် ကိုယ်ခံအားကောင်းသူများသာ ကျန်ရစ်တော့မယ့် ၈၈ တော်လှန်ရေးသမားအင်အားစုလို့ မြင်ပါတယ်။ ကံကောင်းကြပါစေ။
          ၂၀၁၂ မှာ အကောင်းဆုံး Shakers ဆုကို ပူးတွဲချန်ပီယံအဖြစ် ဆွတ်ခူးသွားကြသူများကတော့ ပုဂ္ဂလိက ပြည်တွင်းမီဒီယာသမားများ နှင့် သမ္မတကြီးဦးသိန်းစိန်အစိုးရ ဖြစ်ပါတယ်။ မီဒီယာသမားများအနေဖြင့် သူတို့ရဲ့ ညီညွတ်မှု၊ စွမ်းဆောင်မှု၊ ရဲရင့်မှုများအပြင် ၀ါရင့်များက လူသစ်များကို ကောင်းစွာတွဲခေါ်နိုင်စွမ်း ကြောင့် မီဒီယာလွတ်လပ်ခွင့်ဆိုတဲ့ လမ်းစကို နှစ် ၅၀ အတွင်းမှာ ပထမဆုံး ပြန်လည်မြင်တွေ့ကြရခြင်း ဖြစ်ပါတယ်။ Congratulation ပါ။ Movers အဆင့်မှာလည်း ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
                     သမ္မတကြီးတို့အဖွဲ့ကတော့ အထူးပြောဖို့မလိုပါဘူး။ အများကြိုက်ထင်ရှားတဲ့ပြုပြင်မှုများနဲ့  အကန့်လိုက်လွတ်လပ်ခွင့်များကို ဖဲတွေတချပ်ချင်းချခင်းသလို အကျိုးရှိအောင်သုံးသွားတာမို့ အမှတ်တွေ တရှိန်ထိုးတက်နေတာက သက်သေပါ။ တကမ္ဘာလုံးကတောင် မြန်မာ့နွေဦးကို စောင့်ကြည့်ပြီး သီအိုရီအသစ် ရေးရလောက်အောင် ဆွဲဆောင်မှုရှိပါပေတယ်။ ဗျုရိုကရေစီ ယန္တရားကို အောက်ခြေအထိ Shake လုပ်နိုင်ပြီး နောက် ၃ နှစ်ဆက်ထိန်းနိုင်ရင်တော့ ၂၀၁၅ ဟာ ရင်ခုန်စရာအကောင်းဆုံးပွဲတပွဲ ဖြစ်လာပါလိမ့်မယ်။(အစိုးရရဲ့ မဟာဗျုဟာအသစ်ထက်သာအောင် ကွက်ကျော်နင်းနိုင်မယ့် ကစားသမားများ၊ ဗျုဟာမှူးများ၊ နောက်ခံလူများ NLD မှာ မရှိနေသေးပါ။ NLD မှာလည်း ခေတ်နောက်ပြန်ဆွဲသူများ အိမ်ပြန်သင့်တဲ့အချိန်၊ အမေ့ထမီစ ဆွဲလိုက်သူများ ရင့်ကျက်ချိန် ရောက်နေပါပြီ။)
                      တဆက်တည်းမှာပဲ ပြောင်းလဲမှုများဟာ အောက်ခြေကိုမရောက်သေးဘူး၊ ဘာမှလဲ ထူးခြားမလာဘူးလို့ အပြစ်တင်ကြသူများလည်းရှိကြပါတယ်။ စကာင်္ပူဖြစ်လာဖို့ တရုတ်ဖြစ်လာဖို့ ဘယ်နှစ်နှစ်အချိန်ယူရသလဲလို့ သိရဲ့သားနဲ့ အခုမှ Shaking လုပ်တုန်းရှိသေးတာ ဘယ်လိုလုပ် Moving ဖြစ်နိုင်ပါ့မလဲ။ ဒီလူတွေအနေနဲ့လည်း ကစားကွက်အဟောင်းကြီးဖြစ်တဲ့ Blame Game ကို ရပ်ပြီး အောက်ခြေအထိရောက်အောင် ဘယ်လိုပြောင်းမလဲဆိုတာ အဖြေ၀ိုင်းရှာပေးတဲ့ ကစားနည်းအသစ်ကို ပြောင်းသင့်ပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားမှုကိုပဲ ရှေ့တန်းတင်နေတတ်တဲ့ အကျင့်ကိုသာ တလလောက် အချိန်ယူပြီး အရင်ပြောင်းကြည့်ကြပါဦး။ ငါ သာ လုပ်ပေးရမယ်ဆိုရင် ဘာတွေလုပ်မလဲဆိုတဲ့ အမြင်မျိုးကို မပြောင်းနိုင်ရင် ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့ရမှာပါပဲ။

နောက်ဆုံးမေးခွန်း တခုကျန်ပါတယ်။ နောက်တခါ ဘယ်သူ့အလှည့် ဖြစ်မလဲ။

သန္တာဝင်း

မြန်မာအက္ခရာ ဗျည်း (၃၃) လုံးအားအထီးအမ ခွဲခြားခြင်း

$
0
0

by ရုပ် ဆိုး (Notes) on Tuesday, March 26, 2013 at 2:28am
မြန်မာအက္ခရာ ဗျည်း (၃၃) လုံးအားအထီးအမ ခွဲခြားခြင်း

    ခုခေတ်ကျွန်တော်တို့ လူငယ်လူရွယ်များ က နိုင်ငံခြားဘာသာစကားများစွာတက်ကျွမ်းကြ ပါတယ် ၊ အလေးပေးပီးတော့လည်း လေ့လာလိုက်စားကြပါတယ်။ဒါပေမဲ့ကိုယ့်မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာစာကိုတော့
လေ့လာလိုက်စားမှုအားနည်းတာစိတ်မကောင်းစွာတွေ့ရပါတယ် ။ ဘာလို့လဲဆိုတော့ အင်တာနက်စာမျက်နှာတော်တော်များများမှာသတိမထားမိလို့မှားတဲ့အမှားမျိုးမဟုတ်တဲ့သတ်ပုံအမှားတွေ ပြီးတော့ စာလုံးဆင့်များရေးသာရာမှာ မှားယွင်းစွာရေးသားကြတာတွေတွေ့ မိပါတယ် ။

      ဒါကြောင့်မို့လို့ကိုယ့်မိခင်ဘာသာစကားဟာလေးနက်ကြွယ်ဝသလို၊ပညာသားလည်းပါတယ်ဆိုတာသိစေချင်တဲ့
ရည်ရွယ်ချက်နဲ့ကျွန်တော်သိတာလေးတွေပြန်လည်မျှဝေပေးတာပါ ။ မြန်မာစာဟာလေးနက်မှုရှိမရှိ ပညာသားပါမပါဆိုတာ အောက်က ပုံလေးကိုတစ်ချက်ကြည့်ပါ ။

ဒီလိုရေးထားတဲ့ပုံလေးကိုကျွန်တော်တို့သူငယ်တန်းကတည်းက တွေ့ခဲ့ဖူးပါတယ် ။ အောက်ဆုံးမှာရှိတဲ့ ဟ ၊ ဠ ၊အတို့ဟာအလယ်မှာရှိနေတာဟာငယ်ငယ်ကတော့ကြည့်လို့ကောင်းအောင်၊လှအောင်လို့အလယ်မှာထားထား
တယ်လို့ထင်မိပါတယ် ။ ဒါပေမဲ့ တကယ်တော့အလှထားထားတာမဟုတ်ပါဘူး ။ တကယ်လို့ ဟ ၊ ဠ ၊အ တို့ကို အပြာနဲ့  ဘောင်ခတ်ထားတဲ့ နေရာမှာဖြစ်ဖြစ် ၊ အနီနဲ့ဘောင်ခတ်ထားတဲ့နေရာမှာဖြစ်ဖြစ်ထားခဲ့မယ်ဆိုရင် အဲဒါဟာမှားပါတယ် ။ ဘာကြောင့် မှားလဲဆိုတော့  မြန်မာအက္ခရာ တစ်လုံးချင်းစီကိုရှေးပညာရှိများက အထီး ၊ အမ  နဲ့ ဗိုလ် ၊ တပည့် ဆိုပီး ခွဲခြားထားခဲ့လို့ပါပဲ ။ အောက်ကပုံလေးကြည့်ကြည့်ရင်ရှင်းသွားမှာပါ။



    ဖို ဆိုတဲ့ အတိုင်ရဲ့အောက် က အက္ခရာ များဟာ အထီးအက္ခရာ များဖြစ်ပါတယ် ။ မ ဆိုတဲ့ အတိုင် အောက်က အက္ခရာ များကတော့ အမ အက္ခရာ များဖြစ်ပါတယ် ။ ဘေးအစွန်ဆုံး ပန်းရောင်နဲ့ ဘောင်ခတ်ထားတဲ့ အက္ခရာ များကတော့ ဗိုလ် အက္ခရာ များဖြစ်ပါတယ် ။ ရှေ့က က ဝဂ် ၊ စဝဂ် ၊ ဋဝဂ် ၊ တဝဂ် ၊ ပဝဂ် ဆိုတာတွေကတော့ ဌာန် (အသံလာရာနေရာ) တူရာကို ဝဂ်ဗျည်းများအဖြစ် စုထားတာဖြစ်ပါတယ် ။ အဝဂ် ဆိုတာကတော့ ဌာန်မတူတဲ့ အက္ခရာတွေအစုဖြစ်ပါတယ် ။
      အပေါ်မှာပြောထားခဲ့တိုင်းပါပဲ  ဟ ၊ ဠ ၊ အ တို့ကို အပြာလေးထောင့်ကွက်နေရာသွားထားလိုက်မယ်ဆိုရင် ဟ = အထီး ၊ ဠ = အမ ၊ အ =အထီး အက္ခရာ ဆိုပီးပြောင်းပြန်တွေဖြစ်ကုန် ပါတယ် ။ တကယ်လို့ အနီကွက်နေရာပြောင်းထားလိုက်မယ်ဆိုရင် လည်း အ အက္ခရာ ဟာ ဗိုလ် အက္ခရာ ဖြစ်သွားပါမယ် ။ အဲဒါကြောင့် အလည်မှာထားမှသာလျှင်အမှန်ဖြစ်ပါတယ် ။
     ဒီအက္ခရာတစ်လုံးချင်းဆီကိုဘာကြောင့်အထီး၊အမနှင့်ဗိုလ်တပည့်ရယ်လို့ခွဲခြားထားတာ လဲ ၊ အဲဒါ တွေကိုဘယ်မှသုံး လဲဆိုတော့လုံးဆင့်စာလုံးများ ရေးသားရာမှာသုံးပါတယ်။ဘယ်လိုမျိုးဥပဒေသလဲဆိုတော့

၁ ။ လုံးဆင့်ရေးသားရာတွင် အမြဲတမ်း အထီးအက္ခရာ များသည် အမ အက္ခရာ    များအပေါ်မှာထားပီးဆင့်ပါတယ် ။
၂ ။ အမ အက္ခရာ ဘယ်တော့မှ အပေါ်ကထားပီးမဆင့်ပါ ။
၃ ။ အထီးအက္ခရာ အချင်းချင်း ဆင့်နိုင်ပါတယ် ။၎ ။ အမ ၊ အမ ချင်းဆင့်နိုင်ပါတယ် ။
၅ ။ ဌာန်တူ ဝဂ်တွေရဲ့ တတိယကော်လံ မှာရှိနေတဲ့ ဖို အက္ခရာတွေဟာ ဒုတိယနှင့် ပထမ ကော်လံမှာရှိနေတဲ့ အက္ခရာတွေပေါ်ဆင့်နိုင်ပါတယ် ။
၆ ။ ဌာန်တူရာတွေစုထားတဲ့ ဝဂ်တွေရဲ့ နောက်ဆုံး (ပန်းရောင်နဲ့ဘောင်ခတ်ထားတဲ့အက္ခရာ) ဗိုလ် အက္ခရာ များဟာ သူ့ရှေ့မှာရှိတဲ့  တပည့်အက္ခရာအားလုံးပေါ်မှာဆင့်နိုင်ပါတယ် ။


    သူငယ်ချင်းတို့မြန်မာစာအုပ်စာပေတွေထဲမှာတွေ့ခဲ့ဖူးတဲ့လုံးဆင့်စကားလုံးတွေကိုစဉ်းစားပီးချရေးကြည့်ပါ အပေါ်ကပြောခဲ့တဲ့  ဥပဒေသတွေနဲ့ကိုက်ညီနေတာတွေ့ရပါလိမ့်မယ် ။ တကယ်လို့ ကိုယ် တိုင်ထွင်ရေးကြည့်ချင်သပါ့ဆိုရင်လည်းရေးကြည့်ပါ ၊ အပေါ်က အချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ အဲဒီ လုံးဆင့်စကားလုံးဟာ ရေးထုံးအမှန်ပဲဖြစ်ပါတယ် ။အပေါ် မှာ ပြော ခဲ့ တဲ့ အချက် လေး ၆ ချက်ကိုကောင်းကောင်းသိပြီ ၊  မြန်မာဗျည်းအက္ခရာတွေ  အထီး အမ ခွဲ ခြားတက်ပီဆိုရင်တော့ ၊ သေချာပါတယ် သူငယ်ချင်း တို့ အားလုံး ဘယ် လုံးဆင့်စကားလုံးကိုပဲရေးရေး မှားတော့ မှာမဟုတ်ပါဘူး ။

   အထီး၊အမ၊ဗိုလ်၊တပည့်ဆိုတဲ့စကားလုံးတွေကကျွန်တော်တို့ငယ်ငယ်ကလေးတုန်းကဆရာတစ်ယောက်က
မှတ်မိလွယ်အောင်သင်ပေးတဲ့အသုံးနှုန်းတွေကိုကျွန်တော်ပြန်လည်သုံးထားခြင်းပါ ။ တကယ်တမ်းစာအုပ်ထဲကတိုင်းဆိုရင်တော့  အထီး = သိထိလ ၊  အမ = ဓနိတ နဲ့  ဗိုလ် = ဝဂ္ဂန္တ  ဖြစ်ပါတယ် ။ ကျွန်တော် ခုဆွေးနွေး ခဲ့ တဲ့ အချက်တွေဟာအကျဉ်း ပဲဖြစ်ပါတယ်။ဒီထက်ပိုပီးကျယ်ကျယ်ပြန့်ပြန့်သိချင်ရင်တော့  ဒဿမတန်းမြန်မာသဒ္ဒါ နဲ့ ဗုဒ္ဓဘာသာ(အခြေခံအဆင့် ၊ အလယ်တန်းအဆင့် ၊ အထက်တန်းအဆင့် ) ပါဠိပါဌ်ဆင့် ရေးသားနည်း မှာ ဖတ်နိုင်ပါတယ် ။

(ရုပ်ဆိုး)
Viewing all 1811 articles
Browse latest View live