Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

ဝက်ဖြင့် အနာဂတ်ကို လှပပါစေ

0
0


………….

“ ညီမရေ ထမင်းရည်ယူမယ်နှော် ”
“ ဟုတ်ကဲ့ ယူလေအစ်မ ”
ဘေးအိမ်က အမျိုးသမီး ၀က်စာအတွက် ထမင်းရည်လာယူခြင်းဖြစ်သည်။
ကျွန်တော်တို့က မီးသွေးနဲ့ ထမင်း၊ ဟင်းချက်သည်။ ထမင်းရည်ကို ၀က်စာအိုးလေးထားပြီး ထည့်ပေးထားသည်။ ထမင်းကျန်၊ ဟင်းကျန်များကို ထည့်ပေးခြင်းဖြင့် ဘေးအိမ်အတွက် ၀က်စာရရှိ စေပါသည်။
…………
 


တစ်ခါတုန်းက သာလွန်မင်းတရားကြီး တိုင်းခန်းလှည့်လည်စဉ် သူဆင်းရဲမတစ်ဦးက ထမင်းရည် ငှဲ့ပြီးမြေကြီးပေါ်ကို သွန်ချနေတာကို တွေ့သွားပါတယ်။
မင်းတရားကြီးက သူဆင်းရဲမကို ပြောဆိုပါတယ်။ 
“ ဟယ် မိုက်လိုက်တဲ့ သူငယ်မ၊ ထမင်းရည်ကို အလဟဿ သွန်ပစ်ရခေသလော၊ ကလေးငယ် တွေကို တိုက်လျှင် အာဟာရမဖြစ်သလော၊ ခွေးဝက်တို့ကို တိုက်သော် အကျိုးမရှိသလော ”
ဟုဆိုပြီး ကြိမ်လုံးနှင့်ရိုက်၍ ဆုံးမခဲဖူးပါတယ်။
ထမင်းရည်မှာ အင်အားကိုပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ကစီဓာတ်တွေပါဝင်ပါတယ်။ ဒါ့အပြင် အကြောအခြင် ကိုက်ခဲခြင်း၊ မှတ်ဥာဏ်အားနည်းခြင်း တို့ကိုကာကွယ်နိုင်သည့် ဗီတာမင် ဘီဝမ်းဓာတ်တွေ၊ သွားဖုံးရောဂါ၊ ကျီးကန်းပါးစပ်ရောဂါတို့ကို ပျောက်ကင်းစေတဲ့ ရီဗိုဇလေဗင်ဓာတ်တွေလည်း ပါဝင်ပါတယ်။
 


ဒါကြောင် ဆရာဝန်ကြီးတစ်ဦးက “ ကျွန်တော်တို့လူမျိုးတွေက ထမင်းရေငှဲ့ချက်တာ အကျင့်ကြီးပါ နေပြီ။ ဒီတော့ တကယ်အာဟာရဖြစ်တဲ့ အဆီအနှစ်ကို စွန့်ပစ်လိုက်ကြတဲ့သဘောပဲ။ တချို့ကျတော့ ထမင်းရည် ကိုခွေးတွေ၊ ၀က်တွေတိုက်ပြီး လူကတော့ အာဟာရမရှိတဲ့ ထမင်းကိုစားတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ ခွေးတွေ၊ ၀က်တွေက ၀ပြီး လူတွေက ပိန်နေတယ် ” လို့ စေတနာစကားနဲ့ ထောက်ပြ လမ်းညွှန်ခဲ့ပါတယ်။
ကျွန်တော်တို့ကတော့ အဲဒီအတိုင်းပါပဲ ထမင်းရည်ကို လူအတွက်တော့ အသုံးမချဖြစ်ပါဘူး။ ၀က်အတွက်တော့ အသုံးချဖြစ်ပါတယ်။ 
ကျွန်တော်ကြားဖူးတာလေးတစ်ခုရှိသေးတယ်။ အဲဒါကတော့ အဖွဲ့အစည်းတစ်ခုမှာ သက်သာ ချောင်ချိရေးအတွက် ၀က်မွေးမြူရေးလုပ်ဖို့ပြောပါတယ်။ ဒါနဲ့ ၀က်မွေးကြပါတယ်။ အဲ ၆ လလောက်နေ တော့ စစ်ဆေးရေးတွေလာပါတယ်။
စစ်ဆေးရေးတွေက ၀က်ခြံက ၀က်တွေကြည့်ပြီး ၀က်ခြံမှာလုပ်နေတဲ့ ကောင်လေးတွေကိုပြော ပါတယ်။
“ ဟေ့ မင်းတို့ဟာကမှားနေပြီကွ။ မွေးတဲ့ဝက်တွေက ၀ မလာပဲ မင်းတို့က ဘာလို့ ၀လာတာလဲကွ” တဲ့။
ဟုတ်တယ် လူတွေ ၀၀ လာတာတော့ တွေ့နေရတာပါပဲ။
………..
ကျွန်တော်တို့ရွာမှာ ၀က်မွေးမြူခြင်းကမဆန်းလှပါဘူး။ ၀က်မွေးတာကတော့ စုဗူးလိုပါပဲ။ နေ့စဉ် နည်းနည်းစုသွားတာပါ။ ပြီးမှ တစ်လုံးတစ်ခဲတည်း ပြန်ရတဲ့သဘောပါပဲ။
ဝက်မွေးတဲ့သူတွေမှာ ဓလေ့တစ်ခုရှိတယ်။ အဲဒါက ဘေးအိမ်တွေကို ထမင်းရည်၊ ဟင်းကျန်၊ ထမင်းကျန်တွေကို ချန်ထားပေးဖို့၊ ထည့်ထားပေးဖို့ ပြောတာပါ။ အိမ်တော်တော်များများကလည်း ကိုယ့်ရဲ့ ထမင်းကျန်၊ ဟင်းကျန်တွေကို မစွန့်ပစ်ပါဘူး။ ၀က်မွေးသူအတွက် ထည့်ထားပေးကြပါတယ်။
 


သူစီးပွားဖြစ်ဖို့ ကိုယ်က ဘာလုပ်ပေးစရာလိုလည်း ဆိုတဲ့ စိတ်ဓာတ်မျိုးမရှိကြပါဘူး။
ဝက်မွေးတာဟာ တကယ်တော့ သူ့ကိုတစ်ချိန်မှာ သတ်ဖို့ရောင်းမှာဆိုတော့ မကောင်းပါဘူး။ သို့သော်လည်း မွေးမြူချိန်မှာ စေတနာထားပြီး ကျွေးမွေးရင်တော့ကုသိုလ်ရနိုင်မယ်ထင်ပါတယ်။ နင်အသားတိုးအောင်စား အဲဒါမှ ငါပိုက်ဆံပိုရမှာ ဆိုတဲ့ စိတ်နဲ့ကျွေးရင်တော့ အကုသိုလ်ပဲဖြစ်နေမှာပါ။
ဒီလိုပါပဲ လူလောကပတ်ဝန်းကျင်မှာ ကျင်လည်နေရတာတွေက ၀က်မွေးမြူခြင်းနဲ့ ခပ်ဆင်ဆင် တူတာတွေရှိပါတယ်။ ငါ အောက်ကလူကို ငါခိုင်းလို့ရတယ်ကွ၊ ငါကျွေးတာက မင်းတို့ကို ကောင်းကောင်း ခိုင်းနိုင်ဖို့ကွ ဆိုတဲ့စိတ်ဓာတ်တွေနဲ့ အလုပ်တစ်ခုကို တည်ထောင်လုပ်နေရင် သူ့လုပ်ငန်းဟာတိုးတက်ဖို့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။
 


ပြောရရင်တော့ ကျွန်ရဲ့ မိသားစု၊ ၀မ်းရေးလည်းအဆင်ပြေ၊ သခင်ကလည်း အဆင်ပြေစေဆိုတဲ့ စိတ်စေတနာနဲ့ခိုင်းရင်တော့၊ လုပ်ဆောင်ရင်တော့ လုပ်ငန်းခွင်ကပျော်ရွှင်ဖို့ကောင်းပြီး တိုးတက်လာမှာ အမှန်ဖြစ်မယ်ထင်ပါတယ်။
ဝက်စာအတွက် ထမင်းရည်ခံပေးထားတဲ့သူတွေကလည်း ကိုယ်ကမလိုလို့ စွန့်ပစ်တာမှန်ပေမယ့် သူ့စီးပွားတိုးပါစေ၊ သတ္တ၀ါလေးတွေ ၀၀လင်လင် စားပါစေဆိုတဲ့ စိတ်ဖြင့် ၀က်စာပေးရင် ပိုပြီး ကုသိုလ်စိတ် လေးတွေဖြစ်မယ်ထင်ပါတယ်။
ပိုက်ဆံချမ်းသာသူတွေက ဖိနပ်တစ်ရံ ဟောင်းလို့ မစီးဘဲလွှင့်ပစ်တာထက် မရှိတဲ့သူကို ပေးလိုက်ရင် အဲဒီဖိနပ်က ခြေပြောင်သမားအတွက်တော့ အများကြီးအဆင်ပြေမှာပါ။ ဟောင်းတာတွေ၊ သစ်တာတွေကို ခဏထားပြီး ပေးကမ်းချင်စိတ်လေးထားလိုက်ရင် မလိုအပ်လို့စွန့်ပစ်သူလည်း အဆင်ပြေ၊ ဖိနပ်မရှိလို့ ခြေပြောင်သွားရသူလည်း အဆင်ပြေမှာ အမှန်ပါ။
…………
ဝက်မွေးသူနဲ့ ၀က်စာပေးသူတွေမှာ ဓလေ့နောက်တစ်ခုရှိပါသေးတယ်။
အဲဒါက ဘာလဲဆိုရင် ၀က်မွေးတဲ့သူတွေက ၀က်တစ်ကောင်ရောင်းလိုက်ရပြီဆိုရင် ရလိုက်တဲ့ငွေ လေးနဲ့ စားစရာလေးတွေဖြစ်စေ၊ အ၀တ်အစားလေးတွေဖြစ်စေ၀ယ်ပါတယ်။ ၀ယ်လိုက်တဲ့ စားစရာလေး တွေ၊ အ၀တ်အစားလေးတွေကို ၀က်စာခံပေးတဲ့အိမ်တွေကို လက်ဆောင်အဖြစ်ပြန်ပေးလေ့ရှိပါတယ်။
ဒါကိုကျွန်တော်ကတော့ “ ကတညုတာ” “ ပြုခဲ့ဖူးသည့် ကျေးဇူးကိုသိခြင်း” ဆိုတဲ့ မင်္ဂလာတရားနဲ့ ပြည့်စုံတယ်လို့ ပြောချင်ပါတယ်။ ဒါကတော့ ၀က်မွေးမြူခြင်းနဲ့ ဆက်စပ်ပြီး ချစ်စရာကောင်းတဲ့ လူမှုဆက်ဆံ ရေးတစ်မျိုးပါပဲ။
ပြီးတော့ အနုပညာရှင်တွေ၊ နိုင်ငံဝန်ထမ်းတွေ၊ နိုင်ငံခေါင်းဆောင်တွေက ၀က်မွေးသူနဲ့ တူတယ်လို့ ကျွန်တော်ထင်တယ်။ ပြည်သူကတော့ ၀က်စာပေးသူပေါ့။ တစ်နေ့တစ်နေ့ ပြည်သူကပေးတဲ့ ၀က်စာလေး တွေနဲ့ ၀က်လေးတွေ ၀လာအောင်၊ အသားတိုးလာအောင်စောင့်ရှောက်ပါတယ်။ ၀ဖြိုးလာတဲ့ ၀က်လေး တွေကြောင့် ရတဲ့ငွေ၊ စုမိတဲ့ငွေတွေထဲက ပြည်သူအတွက်၊ ပြည်သူ့အကျိုးအတွက် စေတနာနဲ့ဖြစ်ဖြစ်၊ သူ့ ကျေးဇူးကိုသိလို့ ပြန်ဆပ်တာပဲဖြစ်ဖြစ် ပြန်လည်ပေးဆပ်သင့်တယ်လို့ထင်ပါတယ်။
………….
ဟုတ်ကဲ့ ဒါတွေက ၀က်စာလာယူတဲ့ အမျိုးသမီးအသံကိုကြားလိုက်လို့ တွေးလိုက်မိတာတွေပါ။
သြော်ပြီးတော့ ကမ္ဘာနဲ့ချီပြီးပြောရရင် ကျွန်တော်တို့က ၀က်မွေးသူဖြစ်သွားပြီ။ ကမ္ဘာကြီးကတော့ ၀က်စာပေးသူပေါ့။ တစ်နေ့တစ်နေ့ ကမ္ဘာကြီးစီက ရတဲ့ အစာလေးတွေနဲ့ ကျွန်တော်တို့ ၀က်ကလေးတွေ ကြီးထွားလာလိုက်တာ။ သူ့ကျေးဇူးသိတဲ့ စိတ်ကလေးရှိရင်တော့ ကမ္ဘာကြီး အဆင်ပြေစိုပြေစေဖို့ ကျွန်တော် တို့ကလည်း ပြန်ပြီးကျေးဇူးဆပ်ကြရမှာပါ
ဒါကြောင့် ၀က်မွေးသူ၊ ၀က်စာပေးသူတွေနဲ့ ကမ္ဘာကြီးရဲ့ အနာဂတ်တွေ လှပပါစေလို့သာ …ဆုမွန်ချွေလိုက်ရပါကြောင်း

 


မောင်ပိုင်


၂၁-၇-၂၀၁၃။
 

ဒုံပျံတင်အမြန်သွား ရေယာဉ်ငယ်များ

0
0

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ကြည်းရေလေ တပ်များအနက်ရေတပ်၏ အဓိကရည်မှန်းချက်သည် ပင်လယ်ပြင်စိုးမိုးနိုင်ရေးပင်ဖြစ်သည်။ အဆိုပါရည်မှန်းချက် ပြီးမြောက်စေရန်ကြိုးပမ်းရာတွင် နိုင်ငံတိုင်းအလိုက် မိမိတို့၏ ကာကွယ်ရေးအသုံးစာရိတ် ဘောင်အတွင်းမှ အကောင်းဆုံးနည်းလမ်းများဖြင့် တတ်စွမ်းသမျှဆောင်ရွက်ကြရသည်ဖြစ်ပေသည်။ အင်အားကြီး နိုင်ငံများကဲ့သို့ ခေတ်မှီစစ်ရေယာဉ်ကြီးများ နှင့် ခေတ်မှီရေတပ်သုံးတိုက်ခိုက်ရေးလေယာဉ်များ မပိုင်ဆိုင်နိုင်သောရေတပ်ငယ်များအဖို့ မဟာဗျူဟာကျသောထွက်ပေါက်မှာ ဒုံးပျံတင် အမြန်သွား စစ်ရေယာဉ် များပင်ဖြစ်ပါသည်။မိမိတို့မြန်မာနိုင်ငံသည်လည်းအနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှု ဆိပ်ကမ်းကြီးများ ကမ်းလွန်သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲခြင်းများ ရှိလာမည်ဖြစ်ရာ မိမိတို့နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ဓနအင်အားနှင့်လိုက်ဖက်သော ရေတပ်အမျိုးအစားကို တည်ဆောက်ပြီး နိုင်ငံ၏ရေပြင်ပိုင်နက်နှင့် ပင်လယ်ပြင်စိုးမိုးရေးကိုကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ထို့ကြောင့် မိမိတို့ နိုင်ငံ၏ပင်လယ်ပြင်စိုးမိုးရေးမဟာဗျူဟာ၏အစိတ်အပိုင်းတွင်ပါဝင်သော ဒုံပျံတင်အမြန်သွားစစ်ရေယာဉ်များ ၏အသုံးဝင်ပုံကိုတင်ပြလိုက်ရပါသည်။
ဒုံးပျံတင် FACs များကို ရုရှသည် ၁၉၅၀ ပြည့်လွန်နှစ်များတွင် Koma (ခိုမာ)နှင့် Osar (အိုဆာ) အမျိုးအစား စစ်ရေယာဉ်ငယ်များတွင် ရေပြင်မှရေပြင်ပစ် ဒုံးပျံများတင်ဆောင်၍ ရေကြောင်းစစ်ဆင်ရေးများ တွင်စတင်အသုံးပြုခဲ့ကြသည်။ဒုံးပျံတင် အမြန်သွား စစ်ရေယာဉ်ငယ်များကို ရေကြောင်းစစ်ဆင်ရေးများတွင် အသုံးပြုလာခဲ့ရသည့် အကြောင်းအရင်းများကို ဆန်းစစ်ကြည့်မည်ဆိုပါက အဓိကအားဖြင့် အောက်ပါအချက် သုံးချက်ကို တွေ့ရှိရမည်ဖြစ်ပါသည်။၎င်းတို့ကိုခေါင်းစဉ်အလိုက်ရှင်းလင်းပြပါမည်။

 
(၁)ဒုံးပျံဆိုင်ရာနည်းပညာတိုးတက်လာမှုကြောင့် ရေယာဉ်ငယ်များပေါ်တွင်တင်ဆောင်အသုံးပြုလာနိုင်ခြင်း။။
စစ်ရေယာဉ်များပေါ်တွင် တပ်ဆင်အသုံးပြုသော အမြောက်များကို တစ်နေ့ထက်တစ်နေ့ တိုးတက်ကောင်းမွန်အောင်တီထွင်ကြံဆခဲ့ကြရာ ထိရောက်စွာပစ်ခတ်နိုင်သော အကွာအဝေးသည် လည်းကောင်း၊ဖျက်စီးနိုင်သောစွမ်းအားသည်လည်းကောင်း၊ထိချက်တိကျမှန်ကန်ခြင်းသည်လည်းကောင်း၊ ပို၍ပို၍မြင့်မားလာကြပါသည်။ယင်းနောက် လေယာဉ်များသည် အမြောက်များထက် ပိုမိုခရီးရောက်ပြီး ဖျက်ဆီးချေမှုန်းနိုင်စွမ်းသည်လည်း ပိုမိုသာလွန်ကြောင်းတွေ့ရှိလာသောအခါ လေယာဉ်များနှင့် လေယာဉ်တင်သင်္ဘောများသည်ရေတပ်၏အဓိက လက်နက်တစ်ခုဖြစ်လာလေသည်။တစ်ဖန် ပဲ့ထိန်းဒုံးပျံနည်းပညာများ တီထွင်အသုံးပြုနိုင်လာသောအခါ ဒုံးပျံများသည် လေယာဉ်တင်သင်္ဘောမှ လေယာဉ်များနှင့်တန်းတူ အကွာအဝေးသို့ ရောက်ရှိနိုင်စွမ်း ရှိကြောင်းတွေ့ရှိရပြန်ပါသည်။ဤသို့ဖြင့် ကမ္ဘာပေါ်ရှိရေတပ်များသည် ဒုံးပျံများကို စစ်ရေယာဉ်များတွင် တပ်ဆင်အသုံးပြုလာခဲ့ကြရာတွင် ရေယာဉ်အရွယ်အစားပေါ်မူတည်၍ တန်၅၀မှ၅၀၀ကြားရှိရေယာဉ်များရေယာဉ်အသွားနှုန်း ၃၅မိုင်မှ မိုင်၅၀ ထိရှိသောရေယာဉ်များတွင်အကွာအဝေးမိုင် ၂၅မိုင်မှ မိုင်၆၀ ထိပစ်ခတ်နိုင်သော ဒုံးပျံများအား တပ်ဆင် အသုံးပြုလာနိုင်ကြပါသည်။

(၂)ရေယာဉ်ကြီးများ၏ လေကြောင်းအန္တရယ် ပိုမိုစိုးရိမ်လာရမှု။။
လေတပ်၏ တိုက်စွမ်းရည်များ တိုးတက်လာမှုများ ဝေဟင်မှရေပြစ်ပစ် ဒုံးပျံများပေါ် ထွန်းလာမှုများ လေးလံနှေးကွေးပြီး ပစ်မှတ်အရွယ်အစားကြီးမားသဖြင့် ရန်သူ၏ပစ်ခတ်မှုခံရရန် လွယ်ကူသည့်အပြင် ထိခိုက်ခဲ့ပါက ပျက်ဆီးဆုံးရှုံးမှုပမာဏကြီးမားခြင်းတို့ကြောင့်ဖြစ်ပါသည်။

(၃)ရေယာဉ်ဆိုင်ရာကုန်ကျစရိတ်အလွန်သက်သာခြင်း။။
တည်ဆောက်မှုကုန်ကျစရိတ်သည် ခေတ်မှီ လေကြောင်းရန်ကာကွယ်ရေးစနစ်အပြည့် အစုံတပ်ဆင်၍ရသော ပဲ့ထိန်းဒုံးပျံတင်ရေယာဉ်ကြီးများထက် များထက်များစွာ သက်သာခြင်း။ ကိုင်တွယ်အသုံးပြုမည့်အရာရှိစစ်သည် အင်အားအများအပြားမလိုအပ်ခြင်း။အရွယ်အစားငယ်သော်လည်း ရေယာဉ်ကြီးများတွင်တပ်ဆင်နိုင်သည့်ဒုံးပျံများသည် ရေယာဉ်ငယ်များတွင်တပ်ဆင်နိုင်သည့် ဒုံပျံများနှင့် များစွာ ကွာခြားခြင်းမရှိခြင်း။ပြုပြင်ထိန်းသိမ်းစရိတ် သက်သာခြင်း။

အထက်ပါအချက်များကြောင့်ရေကြောင်းစစ်ဆင်ရေးများတွင် နိုင်ငံများစွာတို့မှရေတပ်မတော်များသည် စရိတ် ကုန်သက်သာပြီး စစ်ရေယာဉ်ကြီးများနည်းတူ တိုက်စစ်စွမ်းရည်ရှိသော ဒုံးပျံတင်အမြန်သွား စစ်ရေယာဉ်များ အားအသုံးပြုသည့်စစ်နည်းဗျူဟာကိုပြောင်းလဲကျင့်သုံးလာခဲ့ကြပါသည်။ဤသို့ဖြင့် မိမိတို့ မြန်မာနိုင်ငံကဲ့သို့ ကာကွယ်ရေးအသုံးစရိတ် ဖောသီစွာအသုံးမပြုနိုင်သော နိုင်ငံငယ်များအဖို့ မိမိတို့၏ရှည် လျှားလှသော ကမ်းရိုးတမ်းကိုကာကွယ်ရန် အတွက် ခေတ်မှီ ဒုံးပျံတင်အမြန်သွားစစ်ရေယာဉ်များကို ပိုမို တိုးတက်အောင် တီထွင်တည်ဆောက်ရင် ရေတပ်၏ရည်မှန်းချက်ဖြစ်သော ပင်လယ်ပြင် စိုးမိုးရေးကို မဟာဗျူဟာမြောက်စွာ အကောင်အထည်ဖော်သင့်ကြောင်းတင်ပြအပ်ပါသည်။ဆက်လက်တင်ပြပါဦးမည်။

(ဆန်းသစ်)
(မှီငြမ်းပြုစာစောင်)
စစ်ပညာဂျာနယ်
Google

RETURN TO BASE

0
0

                          

                                                 (၁)

           တိမ်ထူသောနေ့တစ်နေ့ဖြစ်သည်။ မိုးတိမ်များ အနည်းငယ်အုပ်ဆိုင်း၍နေသည်မှာ သင်္ကြန်ကာလမတိုင်မှီ ရွာချင်သော သင်္ကြန်မိုးကြောင့်လေလား….။ တိုက်ခတ်နေသော လေရူးကို အံတု၍ T-33 တိုက်လေယာဉ်များ ဆင်းချည်တက်ချည် ပျံသန်းနေကြ၏။               
           ပျံသန်းရေးအုပ်များအတွက် နေ့စဉ်တာဝန်နှင့် ပျံသန်းချိန်ဇယားများရှုပ်ယှက်ခတ်လျှက်ရှိကြသည်။  လေယာဉ်မှူးဖြစ်နေပြီး မပျံသန်းရသော မိမိကိုယ်ကို ဗိုလ်မှူးမြင့်ဇော် မကျေမနပ်ဖြစ်လျက်ရှိသည်။


           အုပ်မှူးမရှိချိန်မို့ ရုံးခန်းအတွင်း ကြောင်မရှိကြွက်မြူးသည့်အလား ပျံရင်း၊ ပြောရင်း ဆူညံလျှက်ရှိသော အခြားသူများကို မကျေနပ်ကြည့်ဖြင့်ကြည့်ကာ ချောင်တစ်ချောင်မှခုံတန်းတစ်လုံးပေါ်တွင် ထိုင်လျက်ရှိ၏။ ၎င်းတို့အထဲတွင် အရပ်မြင့်သဖြင့် `ဒေါင်ကြီး´ဟု သူတို့ခေါ်သော ဗိုလ်ကြီးမြင့်သိန်းသည် အဆိုးဆုံး။ အကိုကြီးဖြစ်၍ မိမိကိုချစ်သလို လေ့ကျင့်ပျံသန်းရေး၌ မပါဝင်ရသဖြင့် ညစ်နေသော သူ့ကို စနောက်လိုသည်ကြောင့် သူ၏ယနေ့အဖို့ ပျံသန်းရသည်မှာ အလွန်အရသာရှိကြောင်းများကို သာသာထိုးထိုး ပြောဟော၍ နေလေ၏။ လေပူတို့သည် ရုံးအတွင်း၌ပင် ၀င်၍တိုက်လေစွတကား . . .။

                       - - - - - - - - - -  - - - - - - - - - - - - - - - - - - - -  -- - - - - - - - - - - -

                                                                             (၂)

           ဒီနေ့လည်းရုံးသာတက်နေရသည်။ မနေ့ကကဲ့သို့ပင် ရုံးလုပ်ငန်းအနည်းငယ်ကလွဲ၍ ဘာမှမရှိ၊ လေယာဉ်လည်းမတက်ရ။   ဒေါင်ကြီး မလာပါစေနဲ့လို့သာ ဆုတောင်းရမည့်ပုံ။ သူ့ရုံးခန်းပြတင်းပေါက်မှ လှမ်းမြင်ရသော ဒါကိုတာလေယာဉ်ကြီးကို မြေပြင် စက်မှုလက်မှုစစ်သည်များ `သ´နေကြသည်ကိုသာ ငေးကြည့်နေမိသည်။
` ရဲခေါင်-၁´
           ဤလေယာဉ်ကို မိမိမမောင်းရသည်မှာ ၆ ရက်ခန့်ပင်ရှိတော့မည်။ ဘာအကြောင်းကြောင့်မှန်းတော့မသိ။ ပုံမှန် Routing ကိုပယ်ဖျက်၍ အနားပေးထိုင်ခိုင်းထားသော မိမိအုပ်မှူးကိုသာ မကျေမနပ်ဖြစ်ရမလိုလို။ အနားတွင်ကုပ်နေသော မိမိ၏ အကူ   လေယာဉ်မှူး ဗိုလ်ကြီးဝင်းမြင့်ကို ကြည့်မိပြန်၏။ ဧရာဝတီ၊ ညောင်တုန်းသားဖြစ်၍ အသားညိုညို အရပ်ခပ်ပြတ်ပြတ်နှင့် ရိုးသားလှ၏။ လူပုစိတ်တိုဖြစ်၍ သူလည်း ဒေါင်ကြီးတို့ အစအနောက်မခံလို၍ထင့်။ ရုံးခန်းတွင်း၌သာ ကုပ်၍ ရောင်ပေပေနှင့်ရှိ၏။ မိမိမျက်နှာကိုကြည့်၍ အခြေအနေမဟန်ကြောင်း သူလည်းရိပ်စားမိဟန်တူ၏။

       `သင်္ကြန်တွင်းအတွက် Standy Pilot စာရင်းတွေထွက်ပြီဗိုလ်မှူး´

          ရဲဘော်လေးတစ်ဦး သတင်းပို့ရင်း ဖိုင်တစ်ခု ပို့၏။ အုပ်မှူးလက်မှတ်ဖြင့် ထုတ်ပြန်သော စာရင်းကို လှန်လှောကြည့်သော် မိမိတို့ အတွဲ Standby လူစာရင်းတွင် မပါဝင်။ ဒါတော့ ကောင်း၏။ ရုံးပိတ်ရက်ရှည်ကလေးရတုန်း မရောက်တာ ကြာပြီဖြစ်သော အမေ့ဆီ မိသားစုလိုက်သွားလည်ဖို့ သူစိတ်ကူးထားသည်မှာကြာပြီ။ ရုံးမှာနေလည်း ပျံသန်းရေးတွင် မပါဝင်ရသည့်အတူတူ အိမ်ပြန်ရသည်က ပို၍ ကောင်းမည်ထင်၏။ အခါတွင်း Standby ကျသော ဒေါင်ကြီး တို့ မျက်နှာကို တွေးရင်း မိမိဘာသာပြုံးမိပြန်သည်။ အတွေးတို့ မဆုံးခင် . . . .

          အုပ်မှူး ရုံးခန်းမှခေါ်သည်တဲ့။

            မိမိနှင့် တွဲဖက်လေယာဉ်မောင်းအပါအ၀င် နှစ်ဦးလုံး အမှတ်(၄၅)သယ်ယူပို့ဆောင်ရေးအုပ်၊ အုပ်မှူးဆီသို့ အမြန် သတင်းပို့ရန်ဖြစ်သည်။ ဘာများအရေးပေါ်သည်မသိ၊ တခြားလုပ်ဖေါ်ကိုင်ဖက်များကလည်း သို့လော၊ သို့လောဖြင့် စပ်စုကြ၏။ ဘယ်သူမှ ဘာမှန်းတော့မသိသေး။ ပျံသန်းရေးနားထားကတည်းက အသံမျိုးစုံထွက်နေတာကြာပြီ။ နိုင်ငံခြားသင်တန်းလည်းပြော၏။ တပ်ပြောင်း-အရပ်ဖက်ပြောင်းလည်းကြား၏။ ဘာမှမရေရာ။
            အုပ်မှူးရုံးခန်းသို့ရောက်သော် - အုပ်မှူးစားပွဲရှေ့တွေ မိမိတို့အုပ်မှ မိမိထက်အပတ်စဉ်ငယ်သော  လေယာဉ်မှူးနှင့် တွဲဖက် နှစ်ဦးတို့လည်း ရောက်ရှိနေသည်ကို တွေ့ရ၏။ အုပ်မှူး၏ မျက်နှာတွင် ယခင်နေ့များကလို သွက်လက်ရွှင်ပြသော အမူအရာတို့ကို မတွေ့ရ၊ အခါတိုင်းထက်ထူးခြားစွာ တည်ကြည်လေးနက်လျှက်ရှိသည်ကို အကဲခတ်မိသည်။ အုပ်မှူးကလည်း မိမိတို့အလာကို စောင့်မျှော်နေဟန်ဖြင့် ရုံးခန်းအ၀င်ဝကို ကြည့်လျှက်သား။ မိမိတို့နှစ်ဦးလည်း အလေးပြု၍ သတင်းပို့၏။ အခါတိုင်းကဲ့သို့ ထိုင်ရန်ပြောကြားခြင်းမရှိသည်ကို ဗိုလ်မှူးမြင့်ဇော် သတိပြုမိသည်။

             `အေး-ရောက်ပလား၊ အခန်းဝက ရဲဘော်-တံခါးပိတ်ထားပြီး အပြင်မှာစောင့်´

             အကူရဲဘော်ကလေးက ရုံးခန်းတံခါးကို အပြင်မှပိတ်သံကို ကြားရသည်။ တစ်ခုခုတော့ထူးပြီ။ တံခါးပိတ်ပြီးသည်နှင့် မိမိတို့ကိုကြည့်၍ တစ်ဆက်တည်းပြော၏။

             `ကိုမြင့်ဇော်၊ ခင်ဗျားနဲ့တွဲဖက်ကို အရေးကြီးတာဝန်တစ်ခုပေးစရာရှိတယ်။ ကိုမောင်မောင်နဲ့ တွဲဖက်အတွဲက ခင်ဗျားတို့ရဲ့ အရံ။ ခင်ဗျားတို့ တစ်စုံတစ်ခုကြောင့် တာဝန်မထမ်းနိုင်တာမျိုးဖြစ်ရင် တာဝန်ယူနိုင်ဖို့ပဲ။ တာဝန်ကတော့ နိုင်ငံခြားက ဆရာနဲ့အတူတူ အထူးစစ်ဆင်ရေး သင်တန်းတစ်ခု တက်ဖို့ပဲ။ အချိန်တိုအတွင်း တတ်အောင်သင်ကြ။ ခင်ဗျားတို့ လေးယောက် ရဲခေါင်-၁ နဲ့ မနက်ဖြန်မနက်စောစော မိတ္တှီလာ ကိုထွက်ရမယ်။ ဟိုရောက်တော့ စခန်းမှူးကို သတင်းပို့ရင် အသေးစိတ်ကို ညွှန်ကြားပါလိမ့်မယ်။´

                              - - - - - - - - - - - - - - - - - - - - - -  - - - - - - - - - -

                                                                       (၃)

         `` မိတ္ထီလာ လေကြောင်းအတတ်သင်လေတပ်စခန်း ဌာနချုပ်´´
             ၁၅၊ ဧပြီ။

             ယနေ့ ဝေဟင်စတင်ပျံသန်းလေ့ကျင့်ကြရန်ဖြစ်သည်။အမေရိကန်နည်းပြဖြစ်သူမှ လေယာဉ်ဦးခန်းအနောက်ကပ်လျက်
လေကြောင်း လမ်းပြထိုင်ခုံတွင်ထိုင်လျှက် တိတ်ဆိတ်စွာလိုက်ပါလာ၏။ လေယာဉ်ကို ပြေးလမ်းမှ အရှေ့မြောက်ဘက်သို့ ဦးတည်ပျံသန်းလာခဲ့သည်။
             ဗိုလ်မှူးမြင့်ဇော်တို့ လူသိုက် ဒီရောက်ကတည်းက နိုင်ငံခြားသားဆရာနှင့်အတူ မိမိတို့ကိုင်တွယ်ရမည့် စက်ပစ္စည်းများ၊ အခြေခံသဘောတရားများကို စတင်သင်ကြားကြရသည်။ လွယ်လွယ်ကူကူပဲဖြစ်သည်။ သိပ်ခက်ခက်ခဲခဲတော့ မရှိလှ။ ဆရာဖြစ်သူမှာ အသက်ခပ်ရွယ်ရွယ် အမေရိကန် နိုင်ငံသားဖြစ်သည်။ သိပ်စိတ်ရှည်လက်ရှည်မရှိ၊ တိုတိုပြတ်ပြတ်နှင့် လိုရင်း၊ အမြန်အလုပ်ဖြစ်ရန်သာ သင်ကြားသွားသည်။ အဓိက သင်ခန်းစာမှာ ဝေဟင်ပစ်မှတ်ရှာ ပျံသန်းခြင်းဖြစ်သည်။ Signal Transmitter ခေါ် အသံလွှင့်ထုတ်စက်ငယ်ကလေးကို မြေပြင် မိမိသူလျှိုများ၊ အတွင်းလူများမှနေ၍ အရေးကြီးပစ်မှတ်များတွင် ကြိုတင် ထည့်သွင်းပေးထားမည်ဖြစ်သည်။ ၎င်းကိရိယာလေး၏ အရွယ်အစားမှာ သေးငယ်ပြီး အဆောက်အဦးများ၊ ယာဉ်များ၊ လက်နက်ကြီးများ၊ လားကုန်းနှီး၊ မြင်းကုန်းနှီး စသည်တို့တွင် ထည့်သွင်းထားနိုင်သော ဘောပင်အရွယ်အစား ပစ္စည်းကလေးဖြစ်သည်။ မိမိတို့တာဝန်က ကြိမ်နှုန်းမြင့် Signal Receiver ကိုအသုံးပြုဖမ်းယူပြီး တည်နေရာရှာဖွေပေးရန်သာဖြစ်သည်။

          ပေ ၆၀၀၀ အထက်ရောက်ပြီ။

           စက်ဖွင့်၍ အသံနားထောင်ကြ၏။ တီ - တီ- တီ အသံသဲ့သဲ့ကလေး ကြားတစ်ချက် ပျောက်တစ်ချက် ဖြစ်နေသည်။ ညွှန်းရပ်ပြ ဒိုင်ခွက်တွင် အသံလာရာဖက်ကို လေယာဉ်၏ အနောက်ဘယ်ဖက် ၅၀ံ ခန့်ကိုညွှန်ပြနေ၏။ လေယာဉ်ဦးတည်ကို စက်မှညွှန်ပြရာဖက်သို့ ဦးတည်လိုက်သည်။ မြှားတံကလေးထောင်လျှက် တည်ငြိမ်သွားပြီး အသံသည်လည်းတိုးရာမှ ကျယ်ကျယ်လာသည်။ မိတ္ထီလာ လေယာဉ်ပြေးလမ်းဖက်ဆီသို့ဦးတည်ညွှန်ပြနေခြင်းဖြစ်သည်။ လေယာဉ်ပျံသန်းရာဦးတည်ရပ်ကို   မြေပုံပေါ်တွင် ဗိုလ်ကြီးဝင်းမြင့်က  မှတ်၏။ ဗိုလ်မှူးမြင့်ဇော် မိမိလုပ်နေသည်မှာ မှန်သလားမှားသလား အကဲခတ်သည့်အနေဖြင့် နည်းပြဆရာ၏ မျက်နှာကို လှမ်းကြည့်သည်။ သူ့မျက်နှာမှာ မချိုမချဉ်နှင့် တစ်ခုခုဖြစ်နေသလိုလိုဟု ဗိုလ်မှူးမြင့်ဇော်ခံစားရသည်။ တစ်နေရာအရောက်တွင် မြည်နေသော အသံမှာ အလွန်ဆူညံလာပြီး ဦးတည်ပြ မြှားကလေးမှာလည်း ဒိုင်ခွက်ထဲတွင် ပတ်ချာလည် လှည့်နေသည်ကိုတွေ့ကြရသည်။ လေယာဉ်အောက်ဖက်လောက်မှာ ရောက်နေပြီ။ ထိုနေရာမှ တဖန် ၇၀ံ ခန့်ခြား၍ တခြားလမ်းကြောင်းပြောင်းပြီး ပြန်လည်ချဉ်းကပ်သည်။ ဦးတည်မြှားကလေး အပေါ်တည့်တည့်ထောင်သော အနေအထားရောက်အောင် လေယာဉ်ဦးကို ချိန်ညှိ၍ ပျံသန်းပြီး တည့်သောအချိန်တွင် ပစ်မှတ်သို့အ၀င် ဦးတည်လမ်းကြောင်းကို မှတ်သားကြသည်။ ၎င်းမျဉ်းဖြောင့်နှစ်ချောင်း တစ်ခုနှင့် တစ်ခု ဖြတ်သောနေရာသည်  ပစ်မှတ်တည်ရှိရာ နေရာပင်ဖြစ်သည်။ တွေ့ပါပြီ။ လေယာဉ်ပြေးလမ်းအမှတ်(၃၄)၏  ညာဖက် ကိုက် ၅၀၀ ခန့်အကွာ ကိုင်းတောထဲလောက်တွင် ဖြစ်၏။ လေယာဉ်၎င်းအပေါ်ရောက်သောအခါ တီတီတီ မြည်သံ အဆက်မပြတ်ပေါ်ထွက်လာပြီး မြှားကလေးလည်း ပတ်ချာလည်ရမ်းလျှက် ရှိနေပြီ။ ပစ်မှတ်တည်နေရာကို စာရွက်တွင်ရေးသား၍ နည်းပြလက်သို့အပ်လိုက်၏။ နည်းပြက သူ့အင်္ကျီ အတွင်းတွင် ထည့်ထားသော စာရွက်အပိုင်းကလေးတစ်ခုကိုထုတ်ပြီး သူတို့ကို ပြသည်။ သူတို့တည်နေရာနှင့် အတူတူပင်ဖြစ်နေပြီး အမေရိကန်နည်းပြ မျက်နှာတွင် ကျေနပ်ရိပ်ကို တွေ့ရမှ ကိုမြင့်ဇော် သက်ပြင်းချနိုင်တော့သည်။

         `ရပြီ- မင်းတို့တွေ တတ်ပြီ။ ပြီးပြီ။ ငါလည်းပြန်ရုံပဲ။ ဘာဆက်နေဖို့ လိုသေးသလဲ´

           နည်းပြ အပြောကြောင့် သူတို့တွေလည်း မှိုရသည့်မျက်နှာများဖြင့် လေယာဉ်ဆင်းလမ်းဆီသို့ ဦးတည်လိုက်ကြတော့သည်။ မိတ္ထီလာ၏ နေ့လည်ခင်း ကောင်းကင်ယံသည် ယနေ့ကျမှ ပိုလှနေသယောင်ယောင်ဟု ကိုမြင့်ဇော်တွေးနေမိ၏။

                                          - - - - - - - - - - - - - - - - - - - - - -  - - - - - - - - - -

                                                                               (၄)

             သူတို့ ရှမ်းမြောက်ခွင်ပေါ်တွင် ပစ်မှတ်ရှာ ပျံသန်းလာခဲ့သည်မှာ တစ်ပတ်ခန့်ပင်ရှိပြီ။ အသံတစ်စိုးတစ်စိပင် မကြားရ၊ ဟုတ်ကောဟုတ်ပါ့မလားဟုပင် ထင်လာမိအောင် စိတ်ပျက်စပြုပြီ။ ဗိုလ်ကြီးဝင်းမြင့်လည်း နားကြပ်ကို နားတွင်ကပ်လျှက် အသံကို စွင့်နေမိသည်။ အခု ၁၆၀၀ နာရီခန့်ရှိနေပြီ။ မကြာခင် ရှမ်းတောင်တန်းများပေါ်တွင် အမှောင်ရိပ်တို့ ကြီးစိုးပေတော့မည်။ လေကြောင်းလမ်းပြအဖြစ် လိုက်ပါသော ဆရာကြီး မောင်စိုးလည်း နောက်ခန်းတွင် အိပ်ငိုက်နေပြီထင့်။ အသံပင်မကြားရ။ ဗိုလ်မှးမြင့်ဇော် လေယာဉ်ဆီလက်ကျန်ကို တွက်ချက်ကြည့်သည်။ လေထဲတွင် တစ်နာရီခန့်နေနိုင်သေးသည်။ အချိန်တို့ တစ်ရွေ့ရွေ့ကုန်ပြန်၏။ သို့နှင့် ထုံးစံအတိုင်း ပြန်ရန် ကျိုင်းတုံလေယာဉ်ကွင်းသို့ ဦးတည်ပြောင်းလိုက်သည်။ အရှေ့ဖက်တွင် အနည်းငယ်မှောင်စပျိုးလာပြီ။

             `နေဦး-နေဦး အကိုကြီး။ အဲဒီဦးတည်အတိုင်း ဆက်ပျံပေးပါ။ ကျနော်အသံတစ်ခု သဲ့သဲ့ကလေးကြားတယ်။´

           ဗိုလ်ကြီးဝင်းမြင့် လက်ကို ဆန့်ကာ ကမန်းကတမ်းပြော၏။ ဟုတ်ရဲ့လားဟု သူသံသယ၀င်သော်လည်း လေယာဉ်ဦးတည်ကို အနည်းငယ်စီပြောင်းကာ ပျံသန်းပေးရင်း နားစွင့်နေမိသည်။

             `ဟုတ်တယ်။ ပိုကျယ်လာပြီ - အဲဒီဦးတည်အတိုင်းပဲသွားပါ´

            ဆရာကြီးမောင်စိုးပင် ခါးကြီးကိုင်းလျှက် ငုံကြည့်နေသည်ကိုတွေ့ရသည်။ ဗိုလ်ကြီးဝင်းမြင့်မျက်နှာသည် ချွေးစေးတို့ဖြင့် ၀င်းလက်နေသည်ကို သူမြင်တွေ့ရသည်။ မောခဲ့ရသမျှ ပြေပြီ။ သူတို့နောက်ထပ်လမ်းကြောင်းပြောင်းပြီး တည်နေရာကို   သေချာအောင်လုပ်သည်။ အောက်ဖက်ကို မှန်ပြောင်းဖြင့်ကြည့်ကြသော်လည်း ဘာကိုမှတော့မမြင်ရ။ တောတောင်ထူထပ်သော ကုန်းမြင့်ကြောပေါ်တွင် ဖြစ်လောက်မည်။ ထိုနေ့အဖို့ ပြန်ခဲ့ကြပြီး-နောက်တစ်နေ့အတွက် အားတက်ရပြီဖြစ်သည်။
              နောက်တနေ့နေ့လည်တွင် ၎င်းပစ်မှတ်အပြင် အခြားပစ်မှတ်တစ်ခုကိုပါ ရှာတွေ့သည်။ ဒုတိယတွေ့သော ပစ်မှတ်သည် ပစ်မှတ်သေ ဖြစ်ပြီး အရင်တွေ့သော ပစ်မှတ်သည်လှုပ်ရှားပစ်မှတ်ဖြစ်သည်။ တောင်ကြောပေါ်မှ အဆင်းလောက်တွင်တွေ့သည်။ မနေ့က တည်နေရာထက် မိုင် ၂၀ ခန့် ခရီးပေါက်ကြသည်ကို တွေ့ရသည်။ သို့နှင့် မျက်မြင်ကင်းထောက်ရန် လုံခြုံသော အမြင့်ပေသို့တက်ပြီး ပစ်မှတ်ပေါ်ဝဲကြည့်သည်။ ဟုတ်ပြီ - လားအကောင်နှစ်ရာခန့်နှင့် လူ ၁၅၀ ခန့် လက်နက်ပစ္စည်းအစုံအလင်ဖြင့် တစ်ရွေ့ရွေ့သွားနေကြသည်ကို သစ်ပင်များကြားမှ မြင်ရသည်။ မနည်းမနောပါလား။ လားတန်းသည် တောင်ကြောအတိုင်း   ကွေ့ကာဝိုက်ကာ သွားနေသည်။ ဒါ တစ်ဖက်နိုင်ငံကိုသွားနေတဲ့ မူးယစ်ဆေးဝါးများ၊ ဘိန်းများသယ်ဆောင်လာသော လားတန်းကြီးပင်ဖြစ်သည်။ ဤနှုန်းအတိုင်းဆိုပါမူ မနက်ဖြန် မြေပြန့်ခွင်အတွင်းရောက်မည်။ သူတို့တွင် လုပ်စရာအများကြီးရှိသေး၏။

          အပြန်လမ်းသည် ပျော်စရာအတိဖြင့် စရင်း-နောက်ရင်း ပြန်ခဲ့ကြသည်။

           စခန်းသို့ရောက်လျှင် အထက်အဆင့်ဆင့်သို့တင်ပြပြီး လိုအပ်သည်များပြင်ဆင်ကြရသည်။ ၁၈၀၀ နာရီခန့်တွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ T-33 ဂျက်တိုက်လေယာဉ်လေးစီးနှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးသည် လက်နက်များ၊ မြေပြင်စစ်သည်များကို တင်ဆောင်လျှက် ရှေ့တန်းလေတပ်ဆွယ်-ကျိုင်းတုံသို့ ရှေ့ဆင့်နောက်ဆင့် ဆင်းသက်လာကြသည်။ တပ်ဆွယ်မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ စစ်ဆင်ရေးအသင့်အနေအထားဖြစ်နေအောင် ပြင်ဆင်နေကြပြီဖြစ်၏။

                                        - - - - - - - - - - - - - - - - - - - - - -  - - - - - - - - - -

                                                                             (၅)
          ၂၄ ရက်၊ ဧပြီ။

          ဗိုလ်မှူးမြင့်ဇော်တို့လည်း ပစ်မှတ်အနီးသို့ ရောက်ရှိ ကင်းထောက်နေပြီဖြစ်သည်။ ခက်ခက်ခဲခဲတော့ ရှာစရာမလို။ မနေ့ကနေရာနှင့် မိုင်နှစ်ဆယ်အတွင်းတွင်သာဖြစ်သည်။ သို့သော် ပစ်မှတ်သည် ရွာကြီးတစ်ရွာ အတွင်းသို့ရောက်ရှိနေသည်ကို   တွေ့ရသည်။ ရန်သူ သတိထားမိမည်စိုး၍ နောက်တစ်ကြိမ်ဖြတ်မပြန်ပဲ ၃ မိုင် ပတ်လည်ခန့်မှ စက်ဝိုင်းသဏ္ဍာန် ပတ်ပျံကြသည်။ လမ်းညွှန်မြှားကလေးသည် ရွာကြီးဆီသို့သာ ညွှန်ပြလျှက်ရှိ၏။ သေချာပြီ။ ဒီကောင်တွေ ရွာထဲဝင်နားနေတာ။ လေယာဉ်ကို တွဲဖက်လေယာဉ်မှူးသို့ လွှဲပေးလိုက်ပြီး ဗိုလ်မှူးမြင့်ဇော် မြေပုံကို သေချာစွာ ကြည့်သည်။ ပတ်ဝန်းကျင် ၀င်လမ်းထွက်လမ်းကို လေ့လာသည်။ ယနေ့ညနေတွင် လားတန်းသည် ရွာနှင့်ဝေးရာ မြေပြန့်ခွင်အတွင်းရောက်မည်။

          `ကိုဝင်းမြင့်-ပြန်မယ်၊ ထမင်းစားပြီး ထပ်ထွက်မယ်။ T-Bird တွေကို ပန်းပွင့်တင်ထားနိုင်ကြောင်း အကြောင်းကြားလိုက်တော့´

          မကြာမတင်သော အချိန်ကာလအတွင်း၌ပင် စိမ်းစိုသာယာနေသော ဤတောင်တန်းများသည် ၀ိသမလောဘသမား၊ တိုင်းပြည်၏ အဖျက်ရန်စွယ် တို့၏ သွေးတို့ဖြင့် ညစ်နွမ်းပေတော့မည်ဟု ကိုမြင့်ဇော် တွေးနေမိသည်။

                                 - - - - - - - - - - - - - - - - - - - - - -  - - - - - - - - - -

                                                                       (၆)

          ဘိမ်းစိမ်းများ၊ မူးယစ်ဆေးဝါးများ တင်ဆောင်လာသော လားတန်းသည် သူတို့၏ ကျရောက်လာတော့မည့် အန္တရာယ်ကို မတွေးမမြင်ဘိအလား အရှေ့ဘက်သို့ နှေးကွေးလေးလံစွာ ရှေးရှုခရီးနှင်လျှက်ရှိ၏။ ဘိန်းဓမြသောင်းကျန်းသူတို့လည်း ထမင်းစားပြီးကာစ ဖြစ်သဖြင့် ပို၍နှေးနေဟန်တူသည်။ လားများ လူများကို သဲကွဲစွာမြင်နေရသည်။ ပစ်မှတ်၏ အနောက်ဖက်ဝေးဝေး တောင်တန်းပေါ်တွင်ဝဲနေရင်း T-Bird များအလာကို စောင့်ကြ၏။ မကြာပါချေ။ ခပ်ဝေးဝေးတိမ်တိုက်များကြားမှ အမဲစက်လေးစက်ကို ကျင့်သားရနေကြပြီဖြစ်သော သူတို့မျက်စိက လှမ်းမြင်နေရပြီ။

          `စွန်ရဲ-၁ မှ ရဲခေါင်၊ ရဲခေါင်အသံကြားလား´
          `ရဲခေါင်မှ စွန်ရဲ ၊ စွန်ရဲအသံကောင်းကောင်းကြားတယ်။´
           `ရဲခေါင်ကိုတွေ့ပြီ။ ပစ်မှတ်ညွှန်ပြပါ´

          T-33 ဂျက်တိုက်လေယာဉ် အုပ်ဖွဲ့ခေါင်းဆောင်ထံမှ ဆက်သွယ်ခြင်းဖြစ်သည်။ ပစ်မှတ်ကို တွေ့လျှင် လက်သံပြောင်   မောင်စိန်ဗေဒါတို့အဖွဲ့ ဆက်လုပ်ရန်သာရှိတော့သည်။

           ` ရဲခေါင်ရဲ့ ညာဖက် တောင်တန်းအလွန် ပြန့်ထဲမှာ ပစ်မှတ်ရှိနေတယ်။ တွေ့ရင် အကြောင်းပြန်ပါ။´
            `တွေ့ပြီ၊ အရှေ့ဖက်က ပတ်ဝင်မယ်။ Impact ကြည့်ပြီး ဆက်ပြောပါ၊ ဒါပဲ´

            တိုက်လေယာဉ်အုပ်ဖွဲ့ခေါင်းဆောင်မှ အခြားလေယာဉ်များသို့ မှာနေသည်များကို စက်ထဲမှ နားထောင်ရင်း သူတို့သုံးယောက်သားတိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

          `စွန်ရဲ-၁၊ အနီအုပ်ဖွဲ့ ၀င်ပြီ´

         ပထမဦးဆုံးအုပ်ဖွဲ့ခေါင်းဆောင်  စွန်ရဲ-၁ သည် လားတန်း၏ ရှေ့တည့်တည့်မှ အလွန်ပြင်းထန်သော ဂျက်အင်ဂျင်   ပေါက်ကွဲသံဖြင့် အစာကို ထိုးသုတ်သော သိန်းစွန်ငှက်တစ်ကောင်အလား ထိုးစိုက်ဆင်းသွားသည်ကိုတွေ့ရသည်။

          ရွှီး -ရွှီး - အုန်း - ဒုန်း-ဒုန်း-ဒုန်း
          ဒက်-ဒက်-ဒက် - အုန်း-ဒုန်း-ဒုန်း

          စွန်ရဲ-၁ မှ ပစ်ခတ်သွားသော ပထမဦးစွာ ပစ်ဝင်လာသော ဒုံးကျည်တို့သည် မြွေ၏ဦးခေါင်းအလား ကွေ့ဝိုက်ကာ သွားနေသော လားတန်း၏ ဦးခေါင်းပိုင်းတစ်လျှောက်ကို ပွင့်လန်ဖွာကြဲသွားစေ၏။ ပြင်းထန်သော ပေါက်ကွဲမှုများနှင့် မီးပွင့်များကို တွေ့မြင်နေရသည်။ သောင်းကျန်းသူတို့ ဘာမှန်းမသိခင်ပင် လူများ၊ လားများ၊ ကုန်ပစ္စည်းများ ပွင့်သပ် ပြတ်ရပ် ထွက်ကုန်ကြသည်။ စွန်ရဲ-၁ သည် နောက်ပိုင်းမှ လားတန်းကြီးတစ်လျှောက်လည်း ဒုံးများ စက်သေနတ်များဖြင့် တရစပ်ဆွဲ၍ ပင့်တင်သွား၏။ သွေးများ၊ အသားများ တစစီပွင့်ထွက်ကုန်သည်။ လားတန်းကြီး ရုတ်တရက် မပြန့်ကြဲသေး။ ဒုတိယအစီး တိုက်လေယာဉ် ဆက်တိုက် ၀င်ဆွဲသွားသည်။ ကျောက်တောင် ကျောက်သားများ ပဲ့ထွက်ကုန်၏။ တောင်ခါးပန်းတို့ ကြေမွကုန်၏။ မီးခိုးလုံးများကြားမှ အသားစများ၊ သစ်ကိုင်းအကျိုးအပြတ်များ မြင်မကောင်းအောင် လွင့်ပျံထွက်စင်ကုန်ကြသည်။ လူများလည်း ဦးတည်ရာမဲ့ အရပ်လေးမျက်နှာသို့ ပြေးကြ ၀ပ်ကြဖြင့် ကမ္ဘာပျက်ကြလေပြီ။ ပထမအသုတ်တိုက်လေယာဉ်နှစ်စီး တစ်ပတ်ကြော့၍ လက်ကျန်လက်နက်များဖြင့် လမ်းကြောကလေးပေါ်ရှိနေသေးသော လားများလူများကို ၀င်သုတ်ကြပြန်၏။ သေကြ၊ ပြတ်ကြသည်မှာ   မြင်မကောင်းအောင်ပင်ရှိတော့သည်။

           စွန်ရဲ-၁ နှင့် ၂ တို့ စွန်ရဲအပြာအုပ်ဖွဲ့နှင့် သွားရောက်ပူးပေါင်းကြသည်။

          `ရဲခေါင် မှ စွန်ရဲ ၊ Impact ကောင်းတယ်။ ရန်သူ လမ်းရဲ့ ညာစောင်းက ကျောက်တောင်ကုန်းပေါ်မှာ ပြန်စုဖွဲ့တယ်။ ပန်းပေါက်ကျဲပေးပါ´

          မသေ၍ လွတ်သော လူများ၊ လားများ သွေးရှုးသွေးတန်းဖြင့် ညာဖက် ကိုက်၅၀ အကွာလောက်ရှိ ကျောက်တောင်ကုန်း ကလေးပေါ်သို့ ကျည်ကွယ်မျက်ကွယ်ရလိုရငြား ပြေးတက်နေကြသည်။ ကျန်သူများလည်း ထိုကျောက်တောင်ကုန်းကို ခံ၍ ကြိုကြားကြိုကြား ပစ်ခတ်ကြ၏။ အကဲကြည့်ပေးနေသော သူတို့လေယာဉ်ကိုတော့ မထိမှန်နိုင်ပါ။ ဒုတိယအသုတ် တိုက်လေယာဉ်နှစ်စီးတွဲ စွန်ရဲ - ၂-၃ ၀င်သွားပါပြီ။ စက်သေနတ်များဖြင့် အရင်ပစ်ခွင်းသွားကြ၏။ ကျောက်ဆောင်ကျောက်မှုန်တို့ လွင့်ပျံ ကျိုးကြေကုန်၏။ အသားများ လူများ သစ်ပင်ကိုင်းခက်များတွင် သွေးရဲရဲ ချိတ်တွဲကုန်၏။ ဒုံးပျံများကျရောက်လာချိန်တွင် ကြိုးတိုးကျဲတဲပေါက်နေသော သစ်ပင်တို့ ပြိုလဲကုန်၏။ အမြစ်တွေပါ လေထဲလွင့်ထွက်ကုန်ကြသည်။ နောက်ဆုံးအစီး စွန်ရဲ-၄ သည် မီးလောင်ဗုံး ၂ လုံးကို ကျောက်တောင်ကုန်းပေါ်သို့ ကြဲချသွား၏။ ထိုးတက်လာသော မီးလုံးကြီးများအောက်ဝယ်   ကျောက်တောင်ကုန်းကလေး မြင်ကွင်းမှ ပျောက်ကွယ်သွားပေပြီ။ မြေပြင်တပ်များ လက်လှမ်းမမှီရာ အရပ်ဒေသတွင်   ကြောင့်ကြမဲ့စွာ မင်းမူနေကြသူများအား တပ်မတော်လေမှ တာဝန်ကျေပွန်စွာ ဆုံးမလိုက်ပြီဖြစ်လေသည်။

         မြန်မာ့တပ်မတော်လေ၏ ဂျက်တိုက်လေယာဉ်လေသူရဲများသည် လူသားအားလုံးတို့အတွက် အဆိပ်အတောက်ဖြစ်သော မူးယစ်ဆေးဝါးများနှင့် လောဘသားသောင်းကျန်းသူတစ်သိုက်ကို အပြီးတိုင် အမြစ်ပြတ်ချေမှုန်း၍ မာန်ဟုန်ပြင်းပြင်းဖြင့် လေထဲသို့ ထိုးခွဲပျံတက်သွားပြီဖြစ်လေ၏။ ရဲခေါင် အကဲကြည့်လေယာဉ်သို့ နှုတ်ဆက်သွားကြပြီး ရှေ့တန်းစခန်းဖြစ်ရာ ကျိုင်းတုံလေယာဉ်ကွင်းဆီသို့ ပျံသန်းသွားနေကြသည့် တိုက်လေယာဉ်များ၏ နောက်ပိုင်းကို တစ်လှည့်၊ အနောက်အရပ်ဆီမှ ၀င်လုဆဲ ပုဇွန်ဆီရောင်သွေးနေမင်းနှင့်အပြိုင် အရှေ့ဘက်တောင်ပြာတန်းကြားမှ လူအတုံးအရုန်းနှင့် သွေးအိုင်တို့ကိုတစ်လှည့်   ငေးကြည့်နေမိရင်း တစ်ဦးနှင့်တစ်ဦး စကားပင် မပြောမိနိုင်ကြချေ။ေ၀၀ါးပျောက်ကွယ်လု ယမ်းငွေ့များကြားမှ အသက်မဲ့ခန္ဓာကိုယ်တို့ဖြင့် ငြိမ်သက်တိတ်ဆိတ်သွားပြီဖြစ်သော တောင်ကြားပြန့်ကလေးကို ကျောခိုင်းလိုက်၏။ လှုပ်ရှားနေသော စိတ်အစဉ်ကို တည်ငြိမ်အောင်ထိမ်းရင်း လေယာဉ်ဦးကို မိခင်လေတပ်စခန်းဆီသို့ ဦးတည်ကာ ရေဒီယိုဖြင့် ဂုဏ်ယူဝံ့ကြွားစွာ သတင်းပို့လိုက်ပါတော့သည်။

                   `Ye Khaung to Tower, Ye Khaung to Tower´
                   ` Mission Accomplished, Return To Base. ´


                                x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

Written By:Nanda Htun Htet


(အထက်ဖေါ်ပြပါ အကြောင်းအရာသည် တစ်ချိန်က မြန်မာ့တပ်မတော်နှင့် အမေရိကန်နိုင်ငံတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးနှိမ်နှင်းရေး ပြုလုပ်စဉ်က အမှန်တစ်ကယ် ဆင်နွှဲခဲ့သော စစ်ဆင်ရေးတစ်ခုဖြစ်ပါသည်။ ထိုစဉ်က ထိပ်တန်းလျှို့ဝှက် စစ်ဆင်ရေးတစ်ခုဖြစ်ခဲ့သော်လည်း နောင်တွင် ထိပ်တန်းလျှို့ဝှက် အဆင့် မသတ်မှတ်တော့ကြောင်းသိရပါသည်။
ယခုအခါ မြန်မာ့တပ်မတော်၏ စစ်ရေးစွမ်းရည်အပေါ် စိတ်ပါဝင်စားကြသော ညီအစ်ကိုများအနေဖြင့် ဝေဟင်ကွပ်ကဲမှုဖြင့် ပိုင်းဖြတ်တိုက်ခိုက်သော စစ်ဆင်ရေးဟူသည် တခြားနိုင်ငံများ၏တပ်မတော်များမှာမှ ရှိသည်မဟုတ်ပဲ  မိမိတို့တပ်မတော်သည်လည်း ဝေဟင်ကင်းထောက်၊ ပိုင်းဖြတ်တိုက်ခိုက်သော စစ်ဆင်ရေးမျိုးကို ဟိုးအရင်ကာလများဆီကပင် တိကျမြန်ဆန်စွာ ဆောင်ရွက်နိုင်စွမ်းရှိကြောင်း သိရှိစေလိုခြင်းဖြစ်ပါသည်။
၎င်းဖြစ်ရပ်မှန် စစ်ဆင်ရေးကို နောက်ခံပြုသော ၀တ္တုရှည်တစ်ပုဒ်ကို တပ်မတော် နှစ် ၅၀ ပြည့် ရွှေရတု မဂ္ဂဇင်း (သို့) တပ်မတော်(လေ)နှစ်လည် မဂ္ဂဇင်း တစ်ခုတွင် ငယ်ငယ်က ဖတ်ရဖူးပါသည်။ လက်လှမ်းမမှီ၍ ပြန်လည် မတင်ပြနိုင်သည်ကို နားလည်ခွင့်လွှတ်စေလိုပါသည်။ ဖတ်မိ၍ မှတ်မိနေသည့် ဇာတ်လမ်းကြောရိုးအတိုင်း လူအမည်၊ တပ်အမည် သင့်ရာထည့်၍ အသစ်ရေးသားရခြင်းကိုလည်း မည်သူမှန်းမမှတ်မိတော့သော မူရင်းစားရေးသူသို့ ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။ လွန်ခဲ့သော ၁၅ နှစ်ခန့်က ဖတ်ဖူးခဲ့သော အကြောင်းအရာကို ရင်ထဲစွဲခဲ့ဖူးသဖြင့် ရေးတတ်သလောက် ပြန်လည်ရေးသားခြင်းကြောင့် မူရင်းအရသာ ပျက်ယွင်းခဲ့သည်ကိုလည်း အနူးအညွတ်တောင်းပန်အပ်ပါသည်။ ကူညီနိုင်သူများရှိပါက ပြန်လည်ရှာတွေ့၍ဖတ်ရှုခွင့် ရနိုင်ကောင်းမည် မျှော်လင့်မိပါသည်။

ကျနော် စနေသားနန္ဒ ပါ။)

တော်လောက်သင့်ပါပြီ။ များစွာ ကျေးဇူးတင်ပါတယ်။ ဟီဟိ-

သင့်ကြောင့် သံဃာ ဂိုဏ်းမကွဲပါစေနဲ့

0
0

Voice of James Mint
၉၆၉ ကြောင့် သံဃာ နှစ်ခြမ်းကွဲမယ်ဆိုတာ လက်ခံနိုင်ဖွယ်မရှိပါဘူး...... အထူးသဖြင့် လစ်ဘရယ်တွေ သုံးတဲ့ ဆင်ခြေဖြစ်တဲ့ တရားသဘောနဲ့ပဲ ပြန်သုံးသပ်ပြရရင် ၉၆၉ ဆိုတာဟာလည်း ပညတ်တစ်ခုပဲ...... ဒီ ပညတ်တစ်ခုပေါ် အခြေခံပီး သံဃာခြင်း မသင့်မမြတ် ဖြစ်စရာ အကြောင်းမရှိဘူး....... လမ်းကြောင်းမတူလို့ လက်မခံနိုင်ရင် ဘုရားသားတော်တွေ ဖြစ်တဲ့အတွက် ဘုရားဟောထားတဲ့ ဥပက္ခာ နည်းလမ်းနဲ့ သွားကြမှာပဲ...... ဒါကိုလူတွေက ကိုယ်တွေးသလို၊ ကိုယ်စဉ်းစားသလို ဆန္ဒဂတိတွေနဲ့ စဉ်းစားလို့ မရဘူး........


နောက် ဒီလိုဖြစ်ရခြင်းရဲ့ အဓိကက ၉၆၉ ကို အကြမ်းဖက်အဖွဲ့လို့ ပုံဖော်ခြင်းရဲ့ ရလာဘ်တွေပဲ..... အခုလက်ရှိ ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ ၉၆၉ ရဲ့ လက်ချက်လို့ တပ်အပ် ပြောစရာ စွတ်စွဲစရာ မရှိခဲ့ဘူး..... ဒါပေမယ့် ၉၆၉ ကို တရားခံ စွတ်စွဲသလို စွတ်စွဲခဲ့ကြတယ်....... ၉၆၉ မတိုင်ခင်ကတည်းက ကုလားမုန်းတီးရေးတွေ အများကြီး ဖြစ်ခဲ့ပေမယ့် ၉၆၉ ပေါ်လာတော့မှ ထိုးကြွေးစရာ နံပါတ်တစ်ခု ရသလို၊ ကုလားတွေကလည်း အဲ့ဒါကို ထောက်ပြပီး ဘာမဆိုင် ညာမဆိုင် တရားပွဲတွေကိုပါ ကလော်တုတ်နေကြတယ်......

ဖြစ်ခဲ့တဲ့ ပဠိပက္ခတွေမှာ ပြည်တွင်း၊ ပြည်ပ အချိတ်အဆက် မိမိနဲ့ ပဠိပက္ခတွေ ဖြစ်အောင် စ လုပ်ပီး အချိန်ကိုက် ဘေးတီးပေးနေတဲ့၊ သတင်းဖြန့်ချီရေး လုပ်နေတဲ့၊ စနစ်တကျ စီမံနေတဲ့လူတွေဟာ အများမြင်ကွင်းမှာ အပြစ်မဲ့သလို ဖြစ်နေတယ်...... ပြဿနာဖြစ်လိုက်တိုင်း၊ မဖြစ်ဖြစ်အောင် ဆွလိုက်တဲ့လူတွေဟာ လုံးဝ လက်ညှိုးက ကင်းလွတ်ခွင့် ရှိနေကြတယ်....... ဘလိုင်းကြီး တစ်ခြား ဗုဒ္ဓဘာသာ ဘုန်းကြီးပုံတွေ တင်ပီး ကလော်တုတ်နေလည်း မျက်စိမှိတ်နေကြတဲ့အပြင် အားပေးအားမြှောက် ပြုနေကြတာတွေကမှ အင်မတန် ရွံ့စရာ ကောင်းတဲ့ ကိစ္စတွေပဲ......

ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို သေခြာပြန်သုံးသပ်ရင်တော့ ခေတ်သစ် မီဒီယာလက်နက်ကို ကောင်းကောင်း အသုံးချသွားတာပါပဲ...... အဲ့ဒိမှာ လစ်ဘရယ်နာမည်ခံတဲ့ ကြေးစားတွေကနေ ဗုဒ္ဓဘာသာကို ကောင်းကောင်းထိုးနှက်ရင်း တစ်ဘက်က အပြစ်လုပ်နေတာတွေကို ပညာသားပါပါ ဖုန်းကွယ်သွားခဲ့ကြတယ်........ ၉၆၉ ကို မကြိုက်ဘူး ဝေဖန်နေတဲ့လူတွေကိုယ်တိုင် ၉၆၉ ရဲ့ တကယ့် သဘောတရား အနှစ်သာရ စစ်စစ်ကို မသိကြတာလည်း ဝါဒဖြန့်သူတွေ အကြိုက်ဖြစ်နေတယ်...... 

ဘေးက သွေးထိုးတာတွေ၊ လှန့်လုံး၊ ခြောက်လုံးတွေကို ဖယ်ထုတ်ပီး ကိုယ့်အသိဥာဏ်နဲ့ သေသေခြာခြာ စဉ်းစား ဆင်ခြင် ပိုင်းခြားနိုင်မှ သံဃာဂိုဏ်းမကွဲပဲနေမယ်....... နောက်မို့ဆိုရင်တော့ ပညတ်ချက် တစ်ခုကြောင့်ထက် ဒကာတွေကြောင့် သံဃာတွေ ဂိုဏ်းကွဲဖို့ မြင်တယ်......

လာရာ နဲ့ လားရာ ဘယ်ဟာပိုအရေးကြီးမလဲ ?

0
0


 Voice of James Mint

အော် ဦးဝိရသူဟာ ဘင်္ဂါလီ ဝှိုက်ကဒ်ကိုင်တွေ ၂၀၁၀ မှာ မဲပေးခဲ့တာကို မဝေဖန်ပဲ NLD ကို ဝေဖန်လို့ဆိုပိး ဆက်ဆက်ခါ နာသလိုလိုနဲ့ ဦးဝိရသူကို တိုက်ခိုက်နေတဲ့ စတေးတပ်ကို အွန်လိုင်း ကြေးစားတွေစီက တွေ့နေရတာတော့ ကြာပီ...... အကျိုးသင့် အကြောင်းသင့် ရှင်းပြခဲ့ပေမယ့် သူတို့လို ချီးခြောက်ရေမနူးလို့ မကျေနပ်နိုင် ဖြစ်နေတာဟာ ဘာတွေကြောင့်လဲ စဉ်းစားမိလာတယ်...... တဖြည်းဖြည်းနဲ့လဲ ဝှိုက်ကဒ်ကိုင်တွေ မဲပေးပိုင်ခွင့်ကနေ ဝှိုက်ကဒ်ပေးတာကိုပဲ အပြစ်လို ပြောလာတယ်........


အမှန်တကယ်က ဘင်္ဂါလီတွေကို ဝှိုက်ကဒ်မပေးရင်တော့ မြန်မာပြည်တွင်းက ဘင်္ဂါလီနဲ့ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီကို ခွဲခြားဖို့ ID တစ်ခုခု သတ်မှတ်ပေးမှကိုရမယ်..... ဘာမှ မသတ်မှတ်ပဲ ထားလိုက်ရင် ဟိုဘက်က စီးဝင်လာမယ့် ဝင်လာမဆဲ တသဲသဲတွေကို ဘယ်လိုမှ စိစစ်နိုင်မှာ မဟုတ်တော့ဘူး..... တကယ့် ပြဿနာက ဝှိုက်ကဒ်ကိုင်တွေရဲ့ မဲ ပေးပိုင်ခွင့်ပဲ.....

၂၀၁၀ မှာ ကြံ့ဖွံ့ဟာ အဲ့ဒါကို အသုံးချပီး ရွေးကောက်ပွဲ ကော်မရှင်ကနေ ဥပဒေထုတ်လို့ မဲ အများဆုံးရအောင် ယူခဲ့တယ်...... အဲ့ဒိ ဥပဒေဟာ အခုထိ တည်ဆဲဥပဒေ ဖြစ်နေတဲ့အတွက် ဝှိုက်ကဒ်ကိုင်တွေဟာ မဲ ပေးပိုင်ခွင့်တင် မဟုတ်ဘူး၊ ပါတီထောင်ပိုင်ခွင့်ပါ ရှိနေတယ်...... အဲ့ဒိတော့ ဒီဝှိုက်ကဒ်တွေကို သိမ်းသွင်းနိုင်ရင် ၂၀၁၅ အတွက် ဘူးသီးတောင်၊ မောင်းတော မဲဆန္ဒနယ်ဟာ အပိုင်လို့ကို သတ်မှတ်လို့ရမယ့် အနေအထားမှာ ရှိနေတယ်..... 

မပြေးသော်လည်း ကံ ရာရှိ ဆိုသလို အတိုက်အခံပါတီဖြစ်တဲ့ NLD ကလည်း သွယ်ဝိုက်သော မဲဆွယ်မှုမျိုးဖြစ်တဲ့ ၈၂ ဥပဒေကို ပြင်ပီး ဘင်္ဂါလီတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရင် လက်ခံမယ်ဆိုတာကို ကမ္ဘာသိ မီဒီယာကနေ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဦးဥာဏ်ဝင်းက ပြောခဲ့တယ်..... ၈၂ ဥပဒေကို ပြင်စေချင်တာဟာ ဘင်္ဂါလီလော်ဘီတွေရဲ့ ဆန္ဒလည်း ဖြစ်တယ်..... 

မြန်မာပြည်မှာ လူဦးရေ သန်း ၆၀ ရှိတယ်ဆိုပေမယ့် လူမျိုးစုအလိုက် အချိုးချကြည့်ရင် သိန်းဂဏန်း စွန်းစွန်းသာရှိတဲ့ တိုင်းရင်းသားတွေ အများကြီးပဲ..... ဒီအချိန်မှာ ဘူးသီးတောင် မောင်းတောက နိုင်ငံသားဖြစ်သွားမယ့် သန်းနဲ့ချီနေတယ်လို့ ခန့်မှန်းရတဲ့ ဝှိုက်ကဒ်ကိုင်တွေနဲ့ ပြည်တွင်းက ရှိရင်းစွဲ မွတ်စလင် အင်အားစုတွေနဲ့ ဘရားသားဟုဒ်သွားရင် အဲ့ဒိ လူဦးရေ ပမာဏဟာ ဘယ်လောက်များမလဲ အထူးတလည် ပြောစရာ မလိုဘူး......

ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်သွားရင် လက်ရှိ နိုင်ငံသားဖြစ်နေတဲ့ မွတ်စလင်တွေနဲ့ ပေါင်းပီး မွတ်စလင် ဘရားသားဟုဒ်အနေနဲ့ စတုတ္ထအင်အားစုအဖြစ် သူတို့ကို သူတို့ကြွေးကျော်ထားပီး နိုင်ငံရေးကို ဘယ်ခြေကို ဆက်လှမ်းမယ်ဆိုတာ သိပ်ပီး မပြောချင်ဘူး.... သူ့ဟာသူနေတဲ့ ပြည်တွင်းနေ စစ်စစ်တွေကို အားနာပေမယ့် နိုင်ငံကို လိုချင်သလို ပုံဖော်ချင်တဲ့ လူယုတ်မာတွေကြောင့် သူတို့ အကြံအစည်ကို အရိပ်အမြွက် မြင်အောင်လို့ ရှင်းပြတာ...... ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွေမှာ နိုင်ငံတစ်နိုင်ငံမယ် သူတို့ အားကောင်းလာရယ် ဘယ်လိုတွေ လုပ်လာတယ် ဆိုတာကို လိုက်လေ့လာကြည့်ရင်တွေ့လိမ့်မယ်..... 

ဒါတွေကြောင့် ၂၀၁၅ မှာ ဘင်္ဂါလီ ဝှိုက်ကဒ်ကိုင်တွေ မဲပေးပိုင်ခွင့်၊ ပါတီထောင်ပိုင်ခွင့်ဟာ တရားဥပဒေနဲ့ မညီဘူးဆိုတာကို ဘယ်အတိုက်အခံ၊ ဘယ်လွှတ်တော်အမတ်မှ လေသံတောင် ရဲရဲ မဟ ရဲကြတာက အဓိက ပြဿနာပဲ...... ၂၀၁၀ မှာ လုပ်ခဲ့တာဟာ ပြန်ပြင်လို့ မရတဲ့ သမိုင်းရဲ့ အမဲစက် အမှားကြီးတစ်ခု....... အခု ဒီလိုအမှားမျိုး ထပ်မကျူးလွန်မိအောင် ထိမ်းသိမ်းဖို့ကို မစဥ်းစားပဲ ၂၀၁၀ ကိုပဲ လက်ညှိုးထိုးနေတဲ့ နောက်ကွယ်မှာ ၂၀၁၅ အတွက် ဝှိုက်ကဒ်ကိုင်တွေနဲ့ လော်ဘီတွေရဲ့ ခြေလှမ်းကို ဖုံးကွယ်ထားသလိုပဲ.......

အရှင်းလင်းဆုံး ဥပမာပေးရမယ်ဆိုရင် မုဒိမ်းကျင့်ခံလိုက်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ပထမ တရားခံကို မမိ မိအောင် ဖမ်းပေးဆိုပီးသာ အော်နေတယ် နောက်ထပ် မုဒိမ်းထပ်ကျင့်မယ့် အန္တရာယ်က လက်တစ်ကမ်းတွင် ရှိနေတာကို မကာကွယ်ပဲ နေသလို အဖြစ်မျိုးနဲက အလားသဏ္ဍန် အတူဆုံးပဲ...... အခုလက်ရှိမှာ မြင်ရတာဟာ ပထမ တရားခံကို မိအောင် မဖမ်းနိုင်မခြင်း နောက်လူတွေ မုဒိမ်းကျင့်တာလည်း မဖမ်းနဲ့ဆိုတဲ့ ပုံစံမျိုး ဖြစ်နေသလိုပဲ.......

အဓိက အရေးကြီးတာဟာ လက်ရှိနဲ့ အနာဂါတ်ပါ.... ၂၀၁၅ မှာ ဝှိုက်ကဒ်ကိုင်တွေ မဲပေးပိုင်ခွင့်ဟာ ဘယ်လောက်အထိ တာသွားသလဲ၊ လက်ရှိ အဓိကရုဏ်းတွေကနေ မြန်မာပြည်မှာ မွတ်စလင်ကို နှိမ်ပါတယ်ဆိုပီး၊ မွတ်စလင်တွေ လူ့အခွင့်အရေး အပြည့်အဝ မရပါဘူးဆိုပီး ပုံဖော်လာခြင်းတွေဟာ အများကြီး ဆက်စပ်နေပါတယ်..... မြင်အောင် ကြည့်နိုင်ဖို့ လိုသလို ၂၀၁၅ မဲ ဝှိုက်ကဒ်ကိုင်တွေ မဲ ပေးပိုင်ခွင့်ဟာ တရားဥပဒေနဲ့ မညီဘူးဆိုတာကို နိုင်ငံသားတိုင်း ကန့်ကွက်ဖို့ လိုပါတယ်........

ကျွန်တော်တို့ ခဲ လုံးလာရာကို ကြည့်မနေသင့်တော့ပါဘူး လို့ပဲ တိုက်တွန်းချင်ပါတယ်..........

နောက်ဆုံးဧကရာဇ်

0
0
နောက်ဆုံးဧကရာဇ်
* * * * * * * * * 

ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်း၏ မျိုးရိုးစဉ်ဆက်နှင့် မိဖုရားများ၊ သားတော် သမီးတော် မြေးတော်များအကြောင်း ဖော်ပြချက်အကျဉ်း ....

မိဘမျိုးရိုးစဉ်လာ
=========

(၁) ဖခင် မင်းတုန်းမင်းသည် တတိယနိုင်ငံတည် အလောင်းမင်းတရားကြီးမှ တိုက်ရိုက်ဆင်းသက်လာသော မင်းမျိုးဖြစ်သည်။ အလောင်းမင်းတရား+ (မိဖုရားခေါင်ကြီး) ခင်ယွန်းစံ (တို့၏သားတော်) - ဗဒုံမင်း + (မြောက်နန်းမိဖုရား-၁) ဒေါ်လွန်းသူ (တို့၏သားတော်) - အိမ်ရှေ့မင်းသား ဦးပေါ် + (ဗဒုံမင်း၏ မိဖုရားခေါင်ကြီး ဒေါ်လွန်းမယ် မှ မွေးဖွားသော) မိဖုရား ဒေါ်ကေ (တို့၏သားတော်) - သာယာဝတီမင်း + (ပုဂံမြို့သူကြီးသမီး) ပဒေသာတိုက်စား မိဖုရား (ကျောက်မော်မြို့စား) တို့မှ ၅-၇-၁၈၁၄ နေ့တွင် မင်းတုန်းမင်းအား မွေးဖွားခဲ့သည်။ ၁-၁၀-၁၈၇၈ နေ့ အသက်(၆၄)နှစ် အရွယ်တွင် နတ်ရွာစံသည်။ မင်းတုန်းမင်း (ဦးလွင်)တွင် မိတူဖတူ မွေးချင်းအရင်းအဖြစ် ညီတော် အိမ်ရှေ့စံ ကနောင်မင်းသား (ဦးကောက်) တစ်ဦးတည်းသာ ရှိသည်။ ကနောင်မင်းသားမှာ ၅-၉-၁၈၁၉ နေ့တွင် မွေးဖွားပြီး ၂-၈-၁၈၆၆ နေ့ မြင်ကွန်းမြင်းခုံတိုင် ပုန်ကန်မှု အရေးတွင် သေဆုံးခဲ့သည်။

(၂) သီပေါမင်း၏ မိခင်မှာ (သီရိမဟာမင်္ဂလာသုပဘာဒေ၀ီဘွဲ့ခံ) လောင်းရှည်မြို့စား မိဖုရားဖြစ်သည်။ လောင်းရှည်မိဖုရား၏ ဖခင် ဦးမှေးမှာ ဗဒုံမင်း၏ သားတော် (အိမ်ရှေ့မင်းသား) ဦးပေါ် + မိဖုရား နန်းမွေးခန်း တို့မှ မွေးဖွားခဲ့သောကြောင့် မင်းမျိုးပင်ဖြစ်သည်။ ဦးမှေးသည် စစ်ကိုင်းမင်းလက်ထက်တွင် သတိုးမင်းရဲ ကျော်စွာဘွဲ့ဖြင့် ရမ္မာဝတီမြို့စားဖြစ်ခဲ့ပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် သီပေါမြို့စား ဖြစ်လာခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင် ချွန်းတောင်မြို့စား မိုးနဲဗိုလ်မှူးအဖြစ် အမှုထမ်းရသည်။ 

လောင်းရှည်မိဖုရား၏ မိခင် မယ်အိ မှာ ဟံသာဝတီဆင်ကြားရှင်၏ အဆက်အနွယ်ဖြစ်သည်။ မြေဒူးမင်း ဇင်းမယ်ကို တိုက်ခိုက်အောင်မြင်သည့်အခါ ဇင်းမယ်သို့ ရောက်ရှိနေသော ဆင်ကြားရှင်သည် နေပြည်တော်သို့ ပြန်လည်လိုက်ပါလာခဲ့သည်။ ဆင်ကြားရှင် ၏သမီး ရှင်အောင်လံ သည် စစ်သူကြီး ဒလပန်း၏ညီ ပုတ္တကျော်နှင့် စုံဖက်ရာမှ ရှင်ပုဇွန် ကိုမွေးဖွားသည်။ ရှင်ပုဇွန်သည် ညောင်ရမ်းမြို့စား စကြာဝန်ကြီး ဦးမြတ်ရာနှင့် လက်ဆက်ရာမှ လောင်းရှည်မိဖုရား၏ မိခင် မယ်အိကို မွေးဖွားသည်။ လောင်းရှည်မိဖုရားကို ဦးမှေး+မယ်အိ တို့မှ ၁၈၁၅ ခုနှစ်တွင် မွေးဖွားပြီး ၁၈၈၁ ခု၊ ဇွန်လတွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။ မွေးချင်းများမှာ ခေါင်းတုံးမြို့စား ဦးဖိုးကြီးနှင့် မင်းဂါမဏိ တို့ဖြစ်ကြသည်။

သီပေါမင်း၏မွေးချင်းမောင်နှမများ
=================

(၁) (သုသီရိပဘာဝတီဘွဲ့ခံ) ချွန်းတောင်းမင်းသမီး (အချို့ဖော်ပြချက်တို့တွင် ချွန်းတောင်းမင်းသမီး မပါဝင်ပဲ သီပေါမင်း၏မွေးချင်းကို ၃-ဦးသာ ရေတွက်ပြသည်။)

(၂) (သုသီရိရတနာဒေ၀ီဘွဲ့ခံ) မိုင်းခိုင်းမင်းသမီး (ပခန်းကြီးစုဖုရား) - ၁၉၅၇ ခုတွင် မွေးဖွားသည်။ သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ်တို့ ခန့်အပ်သော သီပေါစော်ဘွား စောခွန်ဆိုင်နှင့် စုံဖက်ခဲ့သည်။ မန္တလေးမြို့၊ ဆိုင်းတန်းရပ်တွင် နေထိုင်ခဲ့ပြီး ၇-၃-၁၉၁၁ နေ့တွင် ကွယ်လွန်သည်။ (သာသမီး မထွန်းကားဟု ဆိုသည်။)

(၃) (သီရိမဟာဓမ္မရာဇာဘွဲ့ခံ) သီပေါမင်းသား - ၁-၁-၁၈၅၉ နေ့တွင် မွေးဖွားပြီး အမည်ရင်းမှာ ဦးမျိုးဆက် ဖြစ်သည်။ စာပေထူးချွန်၍ အနေအထိုင် အေးဆေးတည်ငြိမ်သည်။ အသက်(၁၆)နှစ်အရွယ်တွင် ရှင်သာမဏေ ၀တ်ခဲ့ပြီး ပထမကျော်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။ ၂-၁၀-၁၈၇၈ နေ့တွင် ရတနာပုံထီးနန်းအား ဆက်ခံခဲ့ပြီး နန်းစံသက် (၇)နှစ်ခန့်တွင် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အပြီးတိုင်သိမ်းယူခဲ့သဖြင့် ၃၀-၁၁-၁၈၈၅ နေ့တွင် ထီးနန်းမှ ဆင်းခဲ့ရသည်။ အင်္ဂလိပ်တို့သည် သီပေါမင်းနှင့် မိသားစုအား အိန္ဒိယနိုင်ငံသို့ ခေါ်ဆောင်ခဲ့ရာ ၁၅-၁၂-၁၈၈၅ နေ့တွင် မဒရပ်မြို့သို့ ရောက်ရှိခဲ့သည်။ မဒရပ်စံအိမ်တော်၌ (၁၅)နှစ်ခန့် နေထိုင်ခဲ့ပြီး ၁၃-၁၁-၁၉၁၀ နေ့တွင် ရတနာဂီရိသို့ ပြောင်းရွှေ့ခဲ့ရသည်။ ၁၂-၁၂-၁၉၁၆ နေ့တွင် ရတနာဂီရိစံအိမ်၌ နတ်ရွာစံခဲ့သည်။

(၄) (သီရိသုရုဇာဝတီဘွဲ့ခံ) ပြောင်းပြာမင်းသမီး (မိတ္ထီလာစုဖုရားလေး) - ၁၉-၅-၁၈၆၀ နေ့တွင် မွေးဖွားပြီး ဦးကျော်လိမ်းမောင်မောင် နှင့်စုံဖက်ကာ သမီးတစ်ဦးမွေးဖွားခဲ့သည်။ ၁-၆-၁၈၉၆ နေ့တွင် ကွယ်လွန်သည်။

သီပေါမင်း၏မိဖုရားများ
============

သီပေါမင်း၏ မိဖုရား(၃)ပါးလုံးမှာ မင်းတုန်းမင်းနှင့် အလယ်နန်းမိဖုရား ဆင်ဖြူမရှင်တို့မှ မွေးဖွားသော သမီးများသာ ဖြစ်ကြသည်။

(၁) (သီရိသုရတနာ မင်္ဂလာဒေ၀ီဘွဲ့ခံ) မိုင်းနောင်စုဖုရားကြီး - ၂၆-၂-၁၈၅၄ နေ့ တွင် မွေးဖွားသည်။ သီပေါမင်းပါတော်မူပြီးနောက် မိခင် ဆင်ဖြူမရှင် နှင့်အတူ ထားဝယ်မြို့သို့ လိုက်ပါနေထိုင်ခဲ့ရသည်။ ထို့နောက် ၁၈၈၈ ခုတွင် မိခင်နှင့်အတူ သီပေါမင်းရှိရာ ရတနာဂီရိသို့ အပို့ခံရပြီး (၁)နှစ်ခန့်အကြာတွင် ရန်ကုန်သို့ ပြန်လည်နေထိုင်ခွင့် ရခဲ့သည်။ ဆင်ဖြူမရှင်သည် ရန်ကုန်မြို့၊ စမ်းချောင်းရပ်၊ ရှင်စောပုလမ်းတွင်ပင် သေသည် အထိ နေထိုင်ခဲ့ပြီး မိုင်းနောင် စုဖုရားကြီးမှာမူ သီလရှင်ဝတ်ကာ မင်းကွန်းချောင်တွင် တရားအားထုတ် နေခဲ့သည်။ ၂၅-၁၁-၁၈၉၈ နေ့ (၁၉၀၀-ပြည့်နှစ်ဟုလည်းဆိုသည်) တွင် သီလရှင်ဝတ်ဖြင့် ကွယ်လွန် ခဲ့သည်။ (သားသမီးမထွန်းကားပေ)

(၂) (သီရိသုပသာရတနာဒေ၀ီဘွဲ့ခံ) မြတောင် စုဖုရားလတ် - ၁၃-၁၂-၁၈၅၉ နေ့ တွင် မွေးဖွားသည်။ ပါတော်မူစဉ် သီပေါမင်းနှင့်အတူ အိန္ဒိယနိုင်ငံ၊ ရတနာဂီရီသို့ လိုက်ပါခဲ့ရပြီး သီပေါမင်း နတ်ရွာစံပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ချာချီလမ်း (ကိုယ့်မင်းကိုယ်ချင်းလမ်း) အမှတ်(၂၃) စံအိမ်တွင် နေထိုင်ခဲ့ရာမှ ၂၄-၁၁-၁၉၂၅ နေ့တွင် ကွယ်လွန်သည်။ (သား ၁ ဦး သမီး ၆ ဦး မွေးဖွားခဲ့ပြီး သား ၁ ဦးနှင့် သမီး ၂ ဦးတို့ ငယ်စဉ်က ကွယ်လွန်သည်။)

(၃) ရမည်းသင်းစုဖုရားလေး - ၁၈၆၂ ခုနှစ်တွင် မွေးဖွားပြီး သီပေါမင်း ပါတော်မူခါနီး၌ မိဖုရားဖြစ်လာ ခဲ့သည်။ အိန္ဒိယနိုင်ငံ ရတနာဂီရိ၌ သီပေါမင်းနှင့်အတူ လိုက်ပါနေထိုင်ရင်း ၂၅-၁-၁၉၁၂ နေ့တွင် ကွယ်လွန်သည်။ (သားသမီး မထွန်းကားပေ။)

သီပေါမင်းသည် ရတနာပုံထီးနန်းကို ဆက်ခံပြီးနောက် မကြာမီပင် ဆင်ဖြူမရှင်မိဖုရားကြီး ကြိုတင်စီစဉ် ထားသည့်အတိုင်း မိုင်းနောင် စုဖုရားကြီးကို မိဖုရားခေါင်ကြီးအရာထားလျက် မဟေသီဘိသေကသဘင် ပြုလုပ် ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ သီပေါမင်း မင်းသား ဘ၀က ချစ်ကြိုက်ခဲ့သော မြတောင်စုဖုရားလတ် သည် မိမိသဘောအလျောက် ကြွချီလာခဲ့ပြီး ဘိသိက်ခံရာ ဘမရာသနပလ္လင် ထက်သို့တက်၍ သီပေါမင်းနှင့် စုဖုရားကြီး တို့အကြား ၀င်ထိုင်ကာ ဘိသိက်ခံယူခဲ့သည်။ ထို့ကြောင့် သီပေါမင်းသည် သမိုင်းတစ်လျောက် မိဖုရား ခေါင်ကြီး (၂)ပါးဖြင့် ဘိသိက်ခံယူခဲ့သော ပထမဆုံးနှင့် နောက်ဆုံးမင်း ဖြစ်လာခဲ့သည်။

မိုင်းနောင် စုဖုရားကြီးသည် မိဖုရားခေါင်ကြီးအဖြစ် ကြိုတင်သတ်မှတ်ထားပြီး ဖြစ် သည့်အတွက် အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးစံရာ နန်းမတော်ဆောင်တွင် နေထိုင်ရသည်။ မိဖုရားခေါင်ကြီး အဖြစ် ဘိသိက် ခံယူပြီးဖြစ်သည့် မြတောင် စုဖုရားလတ် မှာမူ နေစရာ အဆောင် မရှိသဖြင့် သီပေါမင်းစံရာ ဘမရာသန မှန်နန်းဆောင်သို့ တက်ရောက်နေ ထိုင်ခဲ့သည်။ ထို့ကြောင့် စုဖုရားလတ်အတွက် မှန်နန်းဆောင်အနီးတွင် ရွှေဆောင်တော် အသစ်ကို အလျှင်အမြန် ဆောက်လုပ်ပေးခဲ့ရသည်။

ပဒေသရာဇ် မင်းဧကရာဇ်တို့မည်သည် တောင်ညာစံ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး (နန်းမတော်)၊ မြောက်နန်းမိဖုရား၊ အနောက်နန်းမိဖုရား၊ အလယ်နန်းမိဖုရား ဟူသော နန်းရ မိဖုရားကြီး(၄)ပါးနှင့် တောင်ဆောင်တော်၊ မြောက်ဆောင်တော်၊ တောင်ရွှေရေးဆောင်၊ မြောက်ရွှေရေးဆောင် ဟူသော အဆောင်ရ မိဖုရား (၄)ပါး စသည့် မိဖုရားကြီး(၈)ပါးကို ထားမြဲဖြစ်သည်။ ထို့အပြင် မြို့စားနယ်စား၊ စော်ဘွား၊ အခြားသော တိုင်းပြည် မင်းဧကရာဇ်တို့မှ ဆက်သလာသည့် သမီးကညာတို့အားလည်း မိဖုရား ကိုယ်လုပ်မောင်းမမိဿံ အဖြစ်ထားရှိ၍ မြို့စား ရွာစားအဆောင်အယောင်များ သင့်လျော်သလို ပေးကမ်းချီးမြှင့်ခြင်း ပြုမြဲ ဖြစ်သည်။

သို့သော် စုဖုရားလတ် အနေဖြင့် သီပေါမင်းအား မိဖုရားအများအပြား ထားခွင့်မပြုခဲ့သည့်အပြင် အစ်မရင်းဖြစ်သူ မိုင်းနောင်စုဖုရားကြီး ထံသို့ပင် ဆောင်တော်ကူးခွင့် မပြုခဲ့ကြောင်း သိရသည်။ အပယ်ခံ မိဖုရားခေါင်ကြီးသဖွယ် ဖြစ်နေသော စုဖုရားကြီးလည်း နန်းမတော်ဆောင်ကို စွန့်ခွာ၍ မယ်တော် ဆင်ဖြူမရှင်၏ အဆောင်သို့ ပြောင်းရွှေ့နေထိုင်ကာ ရက်ရှည်ဥပုသ်စောင့်နေ ခဲ့ရသည်။ နောက်ပိုင်းတွင် နန်းမတော်ဆောင် အား စုဖုရားလတ် ပြောင်းရွှေ့ နေထိုင် ခဲ့သည်ကို တွေ့ရသည်။ (ဤအချက်ကြောင့် သီပေါမင်းသည် ဖော်ပြပါ မိဖုရား (၃)ပါးမှလွဲ၍ အခြားသော မိဖုရား ကိုယ်လုပ်မောင်းမ မရှိခဲ့ခြင်း ဖြစ်ပေမည်။)

ထိုသို့ အရာရာချုပ်ကိုင်လိုသော မြတောင်စုဖုရားလတ်၏ သဘောကို မနှစ်သက်သော သီပေါမင်း၏ လက်သုံးတော် ငယ်ကျွန်ကြီးများ ဖြစ်ကြသည့် (ဘုရင့်နောင်ဘွဲ့ခံ၊ မင်းသား အဆောင်ရ၊ ရနောင်မြို့စား၊ မြောက်ဒ၀ယ်ဗိုလ်) မောင်မောင်တုတ်၊ (စီးတော်မြင်းဝန်၊ ရွှေ တိုက်စိုး၊ တောင်သမန်လယ်စား၊ ဖိနပ်တော်ခေါင်း၊ ဘုရင့်စာဆိုတော်) မောင်ဖေငယ် (မောင်မောင်ဖေ) တို့သည် သီပေါမင်းအား မိဖုရားများရရှိအောင် ကြိုးပမ်း ပေးခဲ့ကြသည်။

မြတောင်စုဖုရားလတ်၏ ပထမသားတော် ကွယ်လွန်ပြီးနောက် ဒုတိယသမီးတော် ကို မွေးဖွားပြီးစ အချိန်ခန့်တွင် သီပေါမင်းသည် ၎င်းနှစ်သက် သဘောကျနေသော ဒိုင်းအတွင်းဝန် ဦးဘိုးကြီး ၏သမီး (မွေးစား သမီး-တူမ) ဒိုင်းခင်ခင် (ခင်ခင်ကြီး) အား (မြောက်ရွှေရေးဆောင်မိဖုရား) အဖြစ်လည်းကောင်း၊ ပင်းအတွင်းဝန် ဦးစံငြိမ်း ၏သမီး ပင်းခင်ခင်ကြီး အား (တောင်ရွှေရေးဆောင်မိဖုရား) အဖြစ်လည်းကောင်း မြှောက်စားရန် ရည်ရွယ်ခဲ့သည်။ 

ထိုသို့ သီပေါမင်း၏ အကြံအစည်အား အချိန်မီ သိရှိခဲ့သော စုဖုရားလတ်သည် ရနောင်မြို့စား မောင်မောင်တုတ်၊ ၎င်း၏ညီ ပင်းသာမြို့စား မောင်မောင်ဗြောင်း၊ တောင် သမန်လယ်စား မောင်ဖေငယ်၊ ခန်းပတ်မင်းကြီး (ဒိုင်းဝန်၏ဖခင်)၊ ရေနံချောင်း မင်းကြီး၊ ရွှေမြို့တော်ဝန်၊ ပဌနဂိုရ်မြို့စား ၀န်ထောက်၊ မကွေးမြို့စား ၀န်ထောက်၊ ကောင်ဟန် ၀န် ခင်မောင်လတ်၊ ဒိုင်းအတွင်းဝန်နှင့် ၀န်ကတော်၊ သမီး ဒိုင်းခင်ခင်ကြီး စသည့် ပတ်သက်သမျှ လူအားလုံးအပြင် လက်သုံးတော်ကိုင်များ၊ ၀င်းမှူးများ၊ စာရေးစာချီများ၊ သံတော်ဆင့် များပါမကျန် အားလုံးကို ဥပါယ်ဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ထီးနန်းစည်းစိမ်ကို ကြံစည်သည် ဟူသော စွဲချက်ဖြင့် ရာထူးမှထုတ်ပယ်၍ အကျဉ်းစီရင်သည်။ (ခန်းပတ်မင်းကြီးနှင့် ရေနံချောင်းမင်းကြီးတို့ကို ရာထူးချ၍ အကျဉ်းမှ ပြန်လွှတ်သည်။ ကျန်အကျဉ်းသားများမှာ သီပေါမင်း ပါတော်မူပြီး အင်္ဂလိပ်အုပ်ချုပ်သော အချိန်ရောက်မှ လွတ်မြောက်ကြသည်။ )

သို့သော် ဒိုင်းအတွင်းဝန်၊ ၀န်ကတော်၊ သမီး ဒိုင်းခင်ခင်ကြီးတို့နှင့် တောင်သမန် လယ်စား မောင်ဖေငယ် တို့ကို သေဒဏ်စီရင်ခဲ့သည်။ (သေဒဏ်စီရင်ခံရစဉ်က ဒိုင်းခင်ခင်ကြီးတွင် သီပေါမင်းနှင့် ရသော ရင်သွေး ရှိနေကြောင်း သိရသည်။) သီပေါမင်း နန်းတက်စအချိန်က မင်းညီမင်းသားများကို လုပ်ကြံရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ ရနောင်မြို့စား မောင်မောင်တုတ် မှာမူ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံ ရသော်လည်း ထောင်အတွင်းမှာပင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။ (လုပ်ကြံခံရ၍ သေဆုံးသည် ဟုလည်း ဆိုသည်။) 

ပင်းအတွင်းဝန်မှာ ရှေ့ရေးကိုကြိုတွေးမိ၍ ၎င်း၏သမီးဖြစ်သူ ပင်းခင်ခင်ကြီးအား မောင်မောင်ဖြူ ဟူသော အမျိုးကောင်းသားတစ်ဦးနှင့် အလျှင်အမြန် အိမ်ထောင်ချထား ပေးခဲ့သောကြောင့် ဒိုင်းခင်ခင်ကြီး အရေး ပေါ်ပေါက်ချိန်တွင် အပြစ်မဖြစ်တော့ပဲ ကင်းလွတ်ခဲ့ရသည်။

ထိုသို့ ဒိုင်းခင်ခင်ကြီး အရေးပေါ်ပေါက်ပြီးသည့် အချိန်မှစ၍ မိဖုရားခေါင်ကြီး စုဖုရားလတ်သည် ၎င်း၏ ကိုယ်စား သီပေါမင်းအား အချိန်ပြည့် အနီးကပ်ပြုစု နိုင်ရန်အတွက် ညီမငယ် ရမည်းသင်းစုဖုရားလေး အား တာဝန်ပေးအပ်ခဲ့ရာမှ နောက်ပိုင်းတွင် သီပေါမင်း၏ တတိယမြောက် မိဖုရားဖြစ်လာသည်။


သီပေါမင်း၏ သားသမီးမြေးများ
================

သီပေါမင်း၏ မိဖုရား (၃)ပါးမှ မြတောင် စုဖုရားလတ် တစ်ဦးတည်းကသာ သားသမီး မွေးဖွားခဲ့သည်ကို တွေ့ရသည်။ ပထမဆုံး မွေးဖွားသော သားတော် "ရွှေကိုယ်တော်လေး"၊ ဒုတိယနှင့် တတိယ မွေးဖွားသော "သမီတော်" နှစ်ပါး၊ ပေါင်း သားတော် သမီးတော်(၃)ပါးတို့သည် လသားအရွယ်ကတည်းက ကျောက်ရောဂါဖြင့် ကွယ်လွန်ခဲ့သောကြောင့် ထပ်မံမွေးဖွားသည့် သမီးတော်(၄)ပါးသာ ကျန်ရှိခဲ့သည်။

(၁) ထိပ်စုမြတ်ဘုရားကြီး - ၂၇-၁၀-၁၈၈၂ နေ့ မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး၊ ပါတော်မူစဉ်က လေးနှစ် အရွယ်မျှသာရှိသေးသည်။ သီပေါမင်း ရတနာဂီရိ၌ စံနေရစဉ် အင်္ဂလိပ်အစိုးရ ခန့်အပ်ထားသော အိမ်တော် အခိုင်းအစေ များအား အုပ်ချုပ်ရသည့် အိန္ဒိယနိုင်ငံသား အိမ်တော်ခေါင်း ဂိုပယ်ဘာရိုးဆ၀န့် နှင့် စုံဖက်ခဲ့ရာမှ သမီး တုတု ကိုမွေးဖွားခဲ့သည်။ (သီပေါမင်းနှင့် မိဖုရားတို့က မြေးငယ် တုတုအား အလွန်ချစ်မြတ်နိုးသည်ဟု ဆိုသည်။) သီပေါမင်း နတ်ရွာစံပြီးနောက် မယ်တော်နှင့်အတူ ရန်ကုန်သို့ လိုက်ပါခဲ့ရသော်လည်း ခင်ပွန်း ဖြစ်သူရှိရာ ရတနာဂီရိသို့ ပြန်သွားခဲ့ပြီး ၃-၆-၁၉၄၇ နေ့တွင် ရတနာဂီရိ၌ ကွယ်လွန်ခဲ့သည်။ (သမီး တုတု သည် ရတနာဂီရိမှ စက်ပြင်ဆရာ ရှန်ကာပါဝါ ဆိုသူနှင့် အိမ်ထောင်ကျပြီး သားသမီး ၇-ယောက် မွေးဖွား သည်။)

(၂) ထိပ်စုမြတ်ဖုရားလတ် - ၄-၁၀-၁၈၈၃ နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ နောင်တွင် သီပေါမင်းနှင့် မိသားစုအား ချစ်ခင်သောကြောင့် မန္တလေးမှ ရတနာဂီရိအထိ လိုက်ပါပြုစုနေသော အမြောက်ဝန် (တိုင်တား မင်းကြီး၏ သမီး ပတိမ်းသခင်၏သားဖြစ်သူ) ဦးခင်မောင် နှင့် ၀န်ကတော် (မင်းတုန်းမင်း၏ မြောက်နန်းမိဖုရား ခင်သဲ၏ မောင်အရင်း စီးတော်မြင်းဝန်၏သမီးဖြစ်သူ) မံသကြီးရွာစား ခင်ခင်ကြီး တို့၏ သားဖြစ်သူ ဦးခင်မောင်လတ် (လတ်သခင်) နှင့် ၎င်းတို့ဆန္ဒအလျောက် စုံဖက်ခဲ့သည်။ စုဖုရားလတ်မှ သဘောမတူသဖြင့် အင်္ဂလိပ်အစိုးရ အထောက်အပံ့ဖြင့် သီးခြားခွဲနေခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံ (တစ်ချို့-နီပေါနိုင်ငံ) ကလင်ပုံမြို့တွင် ခင်ပွန်းဖြစ်သူနှင့်အတူ နေထိုင်ရင်း ၄-၄-၁၉၅၆ နေ့တွင် ကွယ်လွန်ခဲ့သည်။ (သားသမီး မထွန်းကားပေ။)

(၃) ထိပ်စုမြတ်ဖုရား - သီပေါမင်းပါတော်မူစဉ်က စုဖုရားလတ်တွင် ကိုယ်ဝန်ပါရှိခဲ့ပြီး၊ ၇-၃-၁၈၈၆ နေ့တွင် အိန္ဒိယနိုင်ငံ မဒရပ်မြို့၌ ထိပ်စုမြတ်ဖုရားကို မွေးဖွားခဲ့သောကြောင့် မဒရပ်စုဖုရား ဟုလည်း အမည်တွင်သည်။ သီပေါမင်းနတ်ရွာစံပြီးနောက် မယ်တော်နှင့်အတူ ရန်ကုန်မြို့တွင် လိုက်ပါနေထိုင်ခဲ့သည်။ ၁၉၂၂ ခုတွင် ကနောင်မင်းသားကြီး၏မြေး ထိပ်တင်ကိုယ်တော်ကြီး (တို့ဗမာအစည်းအရုံးဥက္ကဋ္ဌ) နှင့် စုံဖက်ခဲ့ပြီး သမီး ထိပ်စုကြီးဖုရား ကိုမွေးဖွားသည်။ နောက်ပိုင်းတွင် နိုင်ငံရေးပယောဂကြောင့် လင်မယားကွာရှင်းခဲ့ပြီး ၀တ်လုံ ဦးမြဦးနှင့် ထပ်မံလက်ဆက်ခဲ့သည်။ ၂၁-၇-၁၉၆၂ နေ့တွင် ကင်ဆာရောဂါဖြင့် မေမြို့၌ ကွယ်လွန်သည်။ (သမီး ထိပ်စုကြီးဖုရား (ခ) မင်းသမီးရီတာ မှာ ၀မ်းကွဲမောင်တော်သည့် စတုတ္ထသမီးတော်၏ သား တော်ဘုရားနှင့် လက်ဆက်ခဲ့ပြီး သား ၄-ဦး၊ သမီး ၂-ဦး ထွန်းကားခဲ့သည်။)

(၄) ထိပ်စုမြတ်ဖုရားလေး - ၂၅-၃-၁၈၈၇ နေ့တွင် အိန္ဒိယနိုင်ငံ ရတနာဂီရိ၌ မွေးဖွားခဲ့သဖြင့် ရတနာဂီရိ စုဖုရားဟု အမည်တွင်သည်။ (သီပေါမင်းနှင့် စုဖုရားလတ်တို့၏ အချစ်ဆုံးသမီးဟု ဆိုသည်။) သီပေါမင်း နတ်ရွာစံပြီးနောက် ရန်ကုန်သို့ပြန်လည်နေထိုင်စဉ် ၁၉၂၁ ခုနှစ်တွင် ဦးကိုကိုနိုင် နှင့် စုံဖက်ခဲ့ကာ သား ၄- ဦး၊ သမီး ၂-ဦး မွေးဖွားခဲ့သည်။ ၃-၃-၁၉၃၆ နေ့တွင် မော်လမြိုင်မြို့၌ ကွယ်လွန်သည်။ (တော်ဘုရားကလေး ဦးအောင်ဇေ မှာ စတုတ္ထသား ဖြစ်သည်။)

ရေပြာ ဆီ သို့ အဆင့် ငါး ဆင့်

0
0



ဆယ်စုနှစ်ပေါင်းများစွကြာညောင်းတဲ့အထိ တရုတ်နိုင်ငံဟာ ရေပြာတပ်တော်အဆင့်ထိ တက်လှမ်းဖို့ စိတ်ကူး
ကြံရွယ်ချက်တွေ မရှိခဲ့ပါဘူး။ ဥက္ကဌ မော်စီတုန်းက ကိုယ်တိုင်ကလည်း ကမ်းရိုတန်းကာကွယ်ရေးအဆင့်
ထက်ကျော်လွန်တဲ့ စစ်ရေးမစ်ရှင်ကိစ္စတွေ ဆို ပယ်ချ ၊လှောင်ပြောင်သရော်ခဲ့တဲ့သူပါ။ သူယုံကြည်တာက
ပြည်သူ့စစ် ၊လူလှိုင်းစစ်ဆင်ရေး တို့ပဲဖြစ်ခဲ့တယ်ဆိုတော့ အဆိုးတော့ မဆိုသာပါဘူး။ သို့ပေသိ တရုတ်ပြည်
သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ကြည်း၊ရေတပ်ဖခင်ကြီးလို့ ခေါ်နိုင်မယ့် ဗိုလ်ချုပ်ကြီး Liu Huaqing
ကတော့ တစ်နေ့နေ့မှာ တရုတ်ရေတပ်မတော်ဟာ ကမ္ဘာ့တ၀န်း ဖြန့်ကျက်စစ်ကစားနိုင်တဲ့ အဆင့်ထိ
ရောက်စေရမယ်ဆိုတဲ့ စိတ်ကူးမြင်ကွင်းရှိခဲ့ပါတယ်။ ဒီရည်မှန်းချက် ၊တရုတ်ရေတပ် ရေပြာတပ်မတော်အဆင့်
တက်လှမ်းရေးနဲ့ပက်သက်လို့ အရေးတကြီး ၊အလျင်တလို ၊အစောတလျင် မျိုးတော့ မလုပ်ခဲ့ပါဘူး။
ပီကင်း
ရဲ့ အနေအထားပေါ်မူတည်ပြီး တရုတ်ရေတပ် တည်ဆောက်ရေး အရှိန်အဟုန်က အပြောင်းအလဲရှိနိုင်သမို့
သူ့ရဲ့ ကမ္ဘာ့အဆင့်မီ ရေတပ်မတော် တည်ဆောက်ရေးကို ၂၀၅၀ ၀န်းကျင်ထိ ကာလသတ်မှတ် ဒီဇိုင်းဆွဲခဲ့
တာဖြစ်ပါတယ်။ ဒိနေရာမှာ မေးစရာရှိလာပါပြီ။ အခုလက်ရှိ တရုတ်ရေတပ်ရဲ့ အဆင့်အတန်းဟာ ဘယ်နေရာ
ရောက်နေပြီလဲ၊ အကယ်၍ ၊အမှန်တကယ် တရုတ်ရေတပ်ကို ကမ္ဘာ့အဆင့်မီ ရေပြာတပ် အဆင့်ဖြစ်အောင်
တွန်းတင် တည်ဆောက်တော့မယ်ဆိုရင် အကြမ်းဖျင်း ဘာတွေ လိုအပ်မလဲ။  ကျွန်တော့်အထင်တော့ ငါး
ချက်ရှိမယ်ထင်ပါတယ်။ အစဉ်အလာအတိုင်း တစ်ပြီး နှစ်လာမယ်ဆိုတဲ့ပုံစံမျိုးထက် ၊နောက်ဆုံးအချက်က
နေ စပြီး တင်ပြသွားချင်ပါတယ်။


http://navalforce.wordpress.com/2013/05/09/a-terrible-thing-that-waits-mine-warfare-and-the-global-mine-threat/
http://navalforce.wordpress.com/2013/05/09/a-terrible-thing-that-waits-mine-warfare-and-the-global-mine-threat/
၅။ မိုင်းစစ်ဆင်ရေးဗျူဟာ ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်ပါ
ဘယ်လိုပဲ ရေပြာတပ် အဆင့် ကမ္ဘာ့အဆင့်မီ ရေတပ်မတော် တည်ဆောက်ရေးကို ရှေးရှုတဲ့ပြောပြော ၊တရုတ်
ရေတပ်ဟာ ကမ်းရိုးတန်းကာကွယ်ရေး စစ်သဘောတရားကို အမွေအနှစ်တစ်ခုလို့ ထိန်းသိမ်းစောင့်ရှောက်
နေဆဲပါ။ ဒီနေ့ခေတ်မှာ အရေးပါပြီး အဆုံးအဖြတ်ကျတဲ့ တစ်ခုအနေနဲ့ တိုက်စစ် ၊ထိုးစစ် အသွင်ဆောင် မိုင်း
စစ်ဆင်ရေးဗျူဟာကို ဆက်လက်လက်ခံကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ ဒါအပြင် ရန်သူရေတပ်က မြုပ်နှံထား
တဲ့ ရေမြုပ်မိုင်းတွေ ကို ရှင်းလင်း ဖယ်ရှားနိုင်တဲ့ စွမ်းရည်ကလည်း သိပ်အရေးပါပါတယ်။ တရုတ်ရေတပ်
အနေနဲ့ ကမ္ဘာ့တစ်ခွင် ဖြန့်ကျက် စစ်ကစားနိုင်တဲ့ အဆင့်ရောက်ချင်တယ်ဆိုရင် ရန်သူ့ရေတပ် ၊တပ်မတော်
က ကမ်းရိုးတန်းဒေသတွေမှာ မြုပ်နှံဟန့်တား နိုင်တဲ့ မိုင်းစစ်ဆင်ရေးအခင်းအကျင်း တွေကို တန်ပြန်တိုက်
ခိုက် ၊ချေမှုန်းနိုင်တဲ့ စွမ်းရည် ပိုင်ဆိုင်ဖို့ လိုအပ်ပါတယ်။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့အသီးသီးတွေဟာ
သူ့တို့ရဲ ရေပိုင်နက် အသီးသီးမှာ ရေတပ် စစ်လှုပ်ရှားမှု ဘောင်ကို ကန့်သတ် ချုပ်ချယ်နိုင်ဖို့အတွက်
ဦးဆုံးလုပ်ဆောင်မယ့်အရာက မိုင်းတွေမြုပ်နှံထားခြင်းပဲဖြစ်ပါတယ်။ အကယ်၍သာ ပီကင်းအနေနဲ့ တရုတ်
ရေတပ်ကို ကမ္ဘာ့အဆင့်မီ ရေတပ်အဖြစ် တည်ဆောက်ဖို့ စိတ်ကူးကြံရွယ်ချက်ကို မစွန့်လွှတ်ဘူးဆိုတာ သေ
ချာရင် မိုင်းရှင်းလင်းရေးဗျူဟာ ကို ကျွမ်းကျင်မှု ပိုင်း ရော၊ လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို မြင့်တင်
တပ်ဆင်ပေးဖို့ လုံးဝလိုအပ်ပါတယ်။ ဒီအတွက် အချိန်ကာလကကြာမြင့်မယ် ၊ စေ့စပ်သေချာစွာလုပ်ဆောင်ရ
မယ် ၊ အဆင့်မြင့်နည်းပညာလုပ်ငန်းတွေ အတော်ကိုလက်ဝင်အောင်လုပ်ရပါလိမ့်မယ်။

http://www.defensemarket.com/?p=375
http://www.defensemarket.com/?p=375
၎။ရေငုပ်သဘောင်္ တန်ပြန်တိုက်ခိုက်ရေးမှာ တစ်ဖက်ကမ်းခတ် တတ်မြောက်ပါစေ

အခြားနယ်ပယ်တွေထက် ရေငုပ်သဘောင်္ တန်ပြန်ချေမှုန်းရေး အတတ်ပညာရပ်မှာ အတော့်ကို နောက်ကျ
နေပါသေးတယ်။ ကျင်လည်ကျွမ်းကျင်တဲ့ မာလိန်မှူးတစ်ယောက်ဟာ ရေမြုပ်ဗုံးတွေကို ညင်ညင်သာသာ
နဲ့ရှောင်ကွင်းသွားနိုင်ပါလိမ့်မယ်။ သို့ပေသိ ရေငုပ်သဘောင်္ တိုက်ဖျက်ရေး ၊ တန်ပြန်ရေးဆိုတာကတော့
ထိပ်တိုက်ရင်ဆိုင်ရတာမျိုးပါ။ ပင်လယ်ရေအောက်မှာ စစ်ကစားရတဲ့ စစ်ဆင်ရေးဆိုတာက သူ့တပြန်
ကိုယ်တပြန် ၊ဘတပြန်၊ကျားတပြန် လုပ်ရတဲ့ စစ်ဆင်ရေးမျိုးပါ။ The Hunt for Red October ၊ Run Silent
၊ Run Deep ၊ The Enemy Below ဆိုတဲ့ စစ်ရှင်ရှင်ကားတွေ ကြည့်လိုက်မယ်ဆိုရင် အပေါ်ယံအကြမ်းဖျင်း
တော့ နားလည်သွားနိုင်ပါလိမ့်မယ်။ တကယ်တော့ အနောက်ပစိတ်ဖိတ် ဒါမှမဟုတ် တရုတ်နိုင်ငံနဲ့ ဆက်နွယ်
နေတဲ့ ပင်လယ်ရေပိုင်နက်အသီးသီးတွေမှာ ဒီဇယ်အင်ဂျင်သုံး ရေငုပ်သဘောင်္တွေနဲ့ access –denial မဟာဗျူ
ဟာကို စတင်အသုံးပြုကတည်းက ရေငုပ်သဘောင်္ တိုက်ဖျက်ရေး မဟာဗျူဟာကို ASW (Antisubmarine war
fare  ကိုကျွမ်းကျင်ပိုင်နိုင်အောင် လုပ်ဆောင်ထားသင့်ပါတယ်။ အခုထိတော့ ရေငုပ်သဘောင်္တွေကို ပြန်လည်
တန်ပြန်ချေမှုန်းတယ် ပြောပြော ၊ တိုက်ခိုက်တယ်ဆိုဆို ၊အဲဒီ ASW မှာတော့ တရုတ်ရေတပ်ဟာ အတော့်ကို
ပြင်ဆင်ဖို့လိုသေးတယ်လို့ထင်တယ်။ တပ်တော် ခေတ်မီရေး တို့ ၊တပ်တော်တည်ဆောက်ရေးတို့ လုပ်တဲ့အခါ
မှာ ဘယ်ဟာ ထိပ်တန်းဦးစားပေးမှာလဲ ဆိုတာ အသက်တမျှ အရေးကြီးပါတယ်။ အရေးပေး ၊ဦးစားပေးရမယ့်
လမ်းကြောင်း ရွေးချယ်မှုမှားခဲ့မယ်ဆိုရင် အိမ်အပြန်လမ်းကို မသာခေါင်းနဲ့ပြန်ဖို့ များသွားပါလိမ့်မယ်



http://en.wikipedia.org/wiki/The_Enemy_Below
http://en.wikipedia.org/wiki/The_Enemy_Below
၃။ အုပ်ချုပ်ထောက်ပံ့မှု ကောင်းပါ

ဒုတိယကမ္ဘာစစ်ပြိးတော့ စစ်ရှုံးသွားတဲ့ နိပွန်ဂျပနှ်ဗိုလ်ချုပ်ကြီးကို စစ်ဆေးမေးမြန်းခဲ့သူတွေက ပစိဖိတ်သမုဒ္ဒရာ
စစ်ပွဲမှာ အဆုံးအဖြတ်ကျတဲ့ ဖက်တာတွေက ဘာလဲ လို့မေးတဲ့အခါ တစ်ခွန်းတည်းပြောပါတယ်။ အဲဒါက
အုပ်ချုပ်ထောက်ပံ့မှုတဲ့ ။ ဗိုလ်ချုပ်ကြီး တိုကျိုက တိုက်ဒေသကြီးတွေ ကျော်လွန် လှည့်ပတ်ပြီး စဉ်ဆက်
မပြတ် စစ်ကစားနိုင်တဲ့ အမေရိကန် ပစိဖိတ် ရေတပ်မတော်ကြီးရဲ့ အုပ်ချုပ်ထောက်ပံ့မှုစွမ်းရည်ပါပဲ လို့ပြော
ပါတယ်။ မှန်ပါတယ်။ စစ်ပွဲကာလတလျှောက်မှာ ရိက္ခာ ၊လောင်စာ ၊ လက်နက်ခဲယမ်းတွေကို စဉ်ဆက်မပြတ်
စီမံပို့ဆောင် ပို့နိုင်ခြင်းဟာ စစ်အောင်ရာသော အကြောင်းကြီးတစ်ပါးဖြစ်သလို့ ပင်လယ်ပေါင်းများစွာ၊သမုဒ္ဒရာ
အစင်းပေါင်းများစွာ လှည့်လည် စစ်ကစားနိုင်တဲ့ ရေတပ်ဖြစ်ဖို့ ဆိုရင် အုပ်ချုပ်ထောက်ပံ့မှုကို သူမတူအောင်
လုပ်နိုင်ဖို့ လိုအပ်ပါတယ်။

၂။ ချွေးထွက်များဖို့ လိုပါတယ်


စစ်ရေးပြည့်ဝဖို့ဆိုရင် စဉ်ဆက်မပြတ် စစ်ရေးလေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာ့အဆင့်မီ ၊ပဲဖြစ်ဖြစ်၊ ဒေသတွင်း
အဆင့်မီပဲဖြစ်ဖြစ် ၊ပြည်တွင်းအဆင့်မီဖြစ်ဖြစ် ၊ တပ်မတော်တိုင်းမှာ ဒီအချက်ဟာ အရေးကြိးပါတယ်။ ကမ္ဘာ့
အဆင့်မီ ရေတပ်တည်ဆောက်ဖို့ဆိုရင် ပိုပြီးတော့တောင် အရေးကြီးလှပါတယ်။ စစ်ဘုရင် နပိုလီယံကတော့
ဒီအမြင်နဲ့ပက်သက်ပြီး တစ်မျိုးတစ်ဖုံ သူ့အမြင်ကို သမိုင်းတွေမိန့်ဆိုခဲ့တာရှိပါတယ်။ ရှေ့တန်းစစ်မျက်နှာစာ
မှာ အိပ်အတူ ၊စားအတူ အကျင့်ရှိတဲ့စစ်သည်တော်တွေသာ တိုက်ပွဲ ဂုဏ်ရောင်ပြောင်ကြတယ်လို့ဆိုပါတယ်။
ရေတပ်မတော် ခေတ်မီရေးဆိုရင် ပင်လယ်ရေကြောင်း မကြာမဏ ထွက်ဖို့လိုအပ်ပါတယ်။ ရေတပ်သားတွေ
အဖို့တော့ ပင်လယ်ပြင် ကို စစ်ရေး ခဏခဏ ထွက်ဖို့လိုအပ်ပါတယ်။ အခြေစိုက်စခန်းမှာ ကြာရှည်ကြာမော
စခန်းချတာထက် ၊ပင်လယ်ပြင် နယ်မြေစိုးမိုးရေး ၊ဘာရေး စသဖြင့် စစ်ရေးလေ့ကျင့်မှုကို မကြာခဏ ပုံမှန်
ဆိုသလို သွေးသစ်လောင်းပေးသလို လေ့ကျင့်ရည်ပြည့်ဝဖို့ လိုအပ်ပါတယ်။ တရုတ်ရေတပ်မှာ ဒီစစ်ရေး
လေ့ကျင့်မှု အင်မတန် လိုအပ်ပါတယ်။ ဒီမှာ စကားမစပ် ၊ဆယ်နှစ်ကို တစ်ကြိမ်လောက် နိုင်ငံနဲ့ချီပြီး
စစ်တိုက်နေရတဲ့ အမေရိကန်စစ်တပ်ဟာ ဒီကိစ္စမှာတော့ ထိပ်ဆုံးရောက်ပါတယ်။




http://www.americaremembers.com/Products/WWIIPNTP/WWIIPNTP.asp
http://www.americaremembers.com/Products/WWIIPNTP/WWIIPNTP.asp

http://www.nytimes.com/2011/01/18/world/asia/18liu.html တရုတ်ရေတပ်ဖခင်ကြီး
http://www.nytimes.com/2011/01/18/world/asia/18liu.html တရုတ်ရေတပ်ဖခင်ကြီး
၁။ ကြီးကြီးကျယ်ကျယ် တွေးကြံ လုပ်ဆောင်ပါ

နောက်ဆုံးအချက်ကတော့ လူပါပဲ။ ကိုယ့်နိုင်ငံရဲ့ ရေတပ်ကိုကမ္ဘာ့အဆင့်မီဖြစ်ချင်ရင် ကိုယ့်တပ်မတော်သား
တွေရဲ့ ကံသုံးပါးအမူအရာအားလုံးဟာလည်း ကမ္ဘာ့အဆင့်မီဖို့လိုပါတယ်။ တစ်နည်းအားဖြင့်ယဉ်ကျေးမှုပါပဲ၊
လူ့အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် ၊ တပ်မတော် အဖွဲ့အစည်းတိုင်းမှာ စစ်ရေးယဉ်ကျေးမှု မြင့်မားဖို့လိုအပ်ပါတယ်။
တရုတ်ရေတပ်ဟာ မော်စီတုန်းရဲ့စစ်သဘောတရား အမွေအနှစ်တစ်ရပ်ဖြစ်တဲ့ ကမ်းရိုးတန်းကာကွယ်ရေး
ဆိုတဲ့လမ်းကြောင်းကနေ ဖယ်ခွာတွန်းလှန်ပြီး ၊အမေရိကန်ပြည်ထောင်စု ရေတပ်မတော်လို့ ကမ္ဘာလုံးချီ
ရေတပ်မတော် စိတ်သွင်းဖို့ လိုအပ်ပါတယ်။ လက်ရှိ တရုတ်ရေတပ်မှာ ကျင့်သုံးနေတဲ့ Access Denial မဟာ
ဗျူဟာ ကတော့  ဒိတ်ဒိတ်ကျဲကျဲ မဟာဗျူဟာ ဆိုတာ လက်ခံပါတယ်။ တရုတ်ရေတပ်ဟာ တရုတ်ပင်လယ်ပိုင်
နက်မှာ မာန်စွယ်ပြကောင်းပြနိုင်ပါတယ်။ အနောက်ပစိဖိတ် ၊ အိန္ဒိသမုဒ္ဒရာ တစ်စိတ်တစ်ပိုင်းတွေမှာကော
ဒီလို စစ်ရေးကြွက်သားတွေ အပြိုင်းအရိုင်းထုတ်ပြကောင်း ထုတ်ပြနိုင်ပါလိမ့်မယ်။ ဒါပေမယ့် တရုတ်မာလိန်မှူး
တွေရဲ့ အတွေးအခေါ်တွေကို အရင်ဆုံးပြောင်းလဲပစ်ဖို့ လိုပါတယ်။ ဒါကတော့ မဟာဗျူဟာ အတွေးအခေါ်လို့
ပြောလို့ရနိုင်ပါတယ်။ တပ်မတော်တစ်ခုကို အစစရာရာ ချုပ်ကိုင်နေတာ အဲဒီတပ်မတော်ရဲ့ စစ်မဟာဗျူဟာ
အတွေးအခေါ် ၊အခင်းအကျင်းတွေပါ။ လက်ရှိ တရုတ်ရေတပ်မတော်ရဲ့ စစ်မဟာဗျူဟာ က ကာကွယ်ရေး၊
ခုခံရေး အပေါ်မှာသာ စူးစိုက်နေပါတယ်။ ဒီလို ခုခံကာကွယ်ရေး ၊တက်ကြွလှုပ်ရှားသော လို့ပဲပြောပြော၊
နောက်ဆုံးတော့ ဒီဗျူဟာ က မ်းရိုးတန်းကို အခြေစိုက်ပြီး စည်းသုံးစည်း ခံထားပြီး ခုခံကာကွယ်ရေးကို ရေး
ဆွဲထားတာပါ။ အခြေခံကျကျ ပြောင်းလဲပစ်ရမှာက တိုက်စစ်၊ ထိုးစစ် မဟာဗျူဟာ ကို ပြောင်းလဲကျင့်သုံးရဲ့
ဖို့ ၊ ပါ။ ဒါဟာ စစ်ရေးယဉ်ကျေးမှုပါပဲ။ ကိုယ့်တပ်မတော်ရဲ့ စစ်ရေးယဉ်ကျေးမှုဆိုတာ တပ်မတော်ရဲ့ စစ်မဟာု
ဗျူဟာ အတွေးအခေါ်ပါပဲ။ ကိုယ့်တပ်မတော်ကို ကမ္ဘာ့အဆင့်မီ တပ်မတော်ဖြစ်ချင်ရင် ကမ္ဘာ့အဆင့်မီတဲ့
စစ်ရေးယဉ်ကျေးမှု တည်ဆောက်နိုင်ရပါမယ်။


ဒါတွေပဲလား ။ ကမ္ဘာ့အဆင့်မီ ရေတပ်မတော်ဖြစ်ဖို့ ။ဒီငါးချက်ပဲလား လို့မေးရင် လုံးဝမဟုတ်ပါဘူး။ဒီလိုအရေး
ကြီးအချက်တွေ များစွာရှိပါသေးတယ်။ လေယာဉ်တင်သဘောင်္ ၊ နူကလိယာစွမ်းအင်သုံး ရေငုပ်သဘောင်္၊
မြေပြင်ပစ် ဒုံးပျံ စတဲ့ ခေတ်မီဆန်းပြားတဲ့စစ်လက်နက်တွေ၊ စစ်ရေယာဉ်တွေ ပိုင်ဆိုင်ဖို့လည်းလိုအပါတယ်။
ဒါတွေကလည်း တဖြည်းဖြည်းနဲ့ ဖြည့်ဆည်း တည်ဆောက်ရမယ့်ဟာတွေပါ။ သို့ပေသိ ၊ရေပေါ် ရေအောက်
ကမ္ဘာ့တစ်ခွင် ပြဲပြဲစင်အောင် စစ်ရေးလှုပ်ရှားကစားနိုင်ဖို့ဆိုရင် မရှိမဖြစ်တွေကတော ကျွမ်းကျင်မှု၊ စစ်ရေးယဉ်
ကျေးမှု မြင့်မားမှု ၊စတာတွေပါပဲ၊

ရည်ညွန်း ။ ။

ရိုသေစွာဖြင့်
ကိုဇန်

အမေ

0
0


 
 photo credit to original uploader
July 23, 2013 at 12:46pm
အလုပ်ကနေ ခွင့်ရက်ရှည် ရလို့  ပြန်လာတော့ အရင်ဆုံးတွေ့ ချင်တာကတော့ အမေပဲ။
အမေ့ မျက်နှာကို မြင်ချင်တယ်။ အမေ့ရဲ့ အပြုံးကို တွေ့ ချင်တယ်။ ကျွန်တော်ပြန်လာတာ မြင်ရုံနဲ့  မျက်ရည်စို့ ကာ ဝမ်းသာအားရဖြစ်ပြီးအမေရဲ့  အကြင်နာ လက်နဲ့  ဆီးကြို ပွေ့ ဖက်တာ ကို ခံချင်သေးတယ်။
အမေ့  ချက်ကျွေးတဲ့ ထမင်းဟင်း ကို စားချင်တယ်။ အမေ ပြောတဲ့ ဆုံးမစကားတွေကို နားထောင်ချင်တယ်။ မကြီး မငယ်နဲ့  အမေ့ခွံ့ ကျွေးတဲ့ ထမင်းလုတ်ကို ကလေး ငယ်တစ်ယောက်လို အားရပါးရ စားချင်သေးတယ်....


ဟို နေ့ က အမေ့ ဆီ ဖုန်းဆက်ပြီး ခွင့်ရက်ရှည် ရလို့  အိမ်ကိုအလည်ပြန်လာမယ့်အကြောင်း ပြောတော့ အမေ့ခမျာ ဝမ်းသာအားရဖြစ်သွားပြီး
" ဘယ်နှရက် ခွင့်ရလဲ။ "
"၁၀ ရက်ပေါ့ အမေဆိုတော့။ ဟင်..ခွင့်ကလည်း ရက်တိုလိုက်တာ
ပို ယူလို့ မရဘူးလား။"
" မရလို့ ပေါ့အမေရယ်။ အစိုးရ ဝန်ထမ်းဆိုတော့လည်း ဒီလောက်ရတာကို များလှပြီ အမေ။ နယ်မှာက ဆရာဝန်ရှားတယ်အမေ။ ရှိတဲ့ ဆရာဝန် တွေနဲ့  ရုန်းကန်ပြီး တော့ လူနာတွေကို ကုသပေးနေရတာ။
တစ်ယောက်မရှိရင် မရှိသလောက် သိသာတယ် အမေ။"

အမေ့ရဲ့  သက်ပြင်းချသံကို ဖုန်းထဲက နေ ကြားဖြစ်အောင်ကြားလိုက်တယ်။ ပြီးမှ
"အေးပါ ရောက်တုန်းရောက်ခိုက်သားကြိုက်တဲ့ ဟင်းတွေ ချက်ကျွေးမယ်နော်။ ငါ့သားလည်း အိမ်ကို မပြန်ရတာ တစ်နှစ်ကျော်သွားပြီ မို့ လား။"

အခု အမေ့ ရဲ့  နွေးထွေးတဲ့ မေတ္တာဓာတ် အောက်ကို သားအရောက် ပြန်လာပါပြီ အမေ။
လူကသာ ကား ပေါ်မှာ ရှိနေတာ။ စိတ်ကတော့ အမေ့ဆီရောက်နေပြီ။
အမေလည်း ထိုနည်းလည်းကောင်းနေမှာပါပဲ။ သား အိမ် အလာကို လည်တဆန့် ဆန့် နဲ့ မျှော်နေရော့ မယ်။

အခုချိန်ဆို အမေ ဘာလုပ်နေမလဲ။ ရပ်ကွက်ထဲက သူ့ အမျိုးတွေ ဆီလည်ပြီး စကားစမြည်ပြောနေမလား။ ဒါမှမဟုတ် မျက်မှန်ကြီး တပ်ပြီး တရားစာအုပ်တွေ ဖတ်နေမလား။ ဒါမှမဟုတ်
သား အတွက် မီးဖိုချောင်မှာ တကုပ်ကုပ်နဲ့  ထမင်းဟင်းတွေ ချက်ပြုတ်နေရော့ မလား ။ မေးခွန်းပေါင်းများစွာ ကိုယ့်ကိုယ်ကို ပြန်မေးနေမိရင်း စိတ်က အတိတ်ဆီကို ပြန်လည်သွားတယ်။

၁၉၉၃ လောက်မှာ အိမ်ရဲ့ စီးပွားရေး အခြေအနေ ယိုင်နဲ့ သွားတယ်။အဖေ့လုပ်ငန်းတွေလည်း အလိမ်ခံရပြီး အရှုံးပေါ်ကုန်တယ်။ မြွေပူရာ ကင်းမှောင့်ဆိုသလို အဖေလည်း အက်ဆီးဒင့် ဖြစ်ပြီး
ပေါင်ရိုးကျိုးကာ အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေ။ ဒီတော့ အိမ်ရဲ့ စားဝတ်နေရေးတွေဟာ အိမ်ထောင်ရှင်မ တစ်ဦးဖြစ်တဲ့ အမေ့ပေါ်မှာ ပုံကျလာခဲ့တယ်။
ဥမမယ် စာမမြောက် ကလေးနှစ်ယောက်ရဲ့  ကျောင်းစရိတ်တွေ အပြင် ကျန်းမာရေး ချို့ တဲ့ နေတဲ့ အဖေ့ အတွက် အမေ့ ခမျာ ရရာ အလုပ်ကို လုပ်ခဲ့ရတယ်။
ဆယ်တန်းကလည်း မအောင်တော့ ဥာဏအားနဲ့  လုပ်ရတဲ့ အလုပ်တွေထက် ကာယအားနဲ့  လုပ်ရတဲ့ အလုပ်တွေကို အမေ့ခမျာ လုပ်ရရှာတယ်။

ဘုရားတိုက် ကျောက်ချောချော တယ်။ ဆန်ရွေး ဆန်ပြာတယ်။ဈေးရောင်းတယ်။ အဝတ်လျှော်တယ်။ဘဝပေါင်းများစွာက
ျင်လည်ရင်း အမေ့ခမျာ လောကဓံရဲ့  ဖိနှိပ်မှု ဒဏ်တွေကို
အံကြိတ်ခံတယ်။ဒါပေမယ့် အမေ ဘယ်တော့မှ စိတ်ဓာတ်မကျခဲ့ဘူး။ သားနှစ်ယောက်အတွက် ဆိုတဲ့ တွန်းအားဟာ အမေ့အတွက်တော့ အားဆေး ကြီးတစ်ခွက်ပဲ။
အလုပ်ပေါင်းစုံကို မိုးရွာမရှောင် နေပူမရှောင် လုပ်ရတော့ အမေ့ မျက်နှာဟာ အသက်အရွယ် နဲ့ မလိုက်အိုစာသွားတယ်။
ဒါပေမယ့် အမေ့ အပြုံးမပျက်ခဲ့ဘူး။ ဘယ်တော့မှ မညည်းညူ ခဲ့ဘူး။ ဖြစ်သမျှ အကြောင်းကို အကောင်းချည်းပဲ လို့ အမေတွေးခဲ့တယ်။ အဖေ့ အပေါ်မှာလည်း မေတ္တာ မပျက်ခဲ့သလို သားနှစ်ယောက်
အပေါ်မှာလည်း တာဝန်မပျက်ခဲ့ရဘူး မိဘဝတ္တရား ကျေပွန်အောင် အမေကြိုးစားခဲ့ တယ်။

ခြစ်ခြစ်တောက်ပူတဲ့ နွေရာသီထဲ ၊ စွတ်စိုလှတဲ့ မိုးရေတွေထဲ ၊ အေးခဲလွန်းတဲ့ ဆောင်းဥတု အလီလီကို အမေဟာ ဈေးရောင်းရင်း ဘုရားချောရင်း အဝတ်လျှော်ရင်း ရုန်းကန်ခဲ့ရတယ်။
အိမ်မှာ ဆန်မရှိလို့  သူများအိမ်မှာ ဆန်နို့ ဆီဗူး တစ်ဗူးသွားချေးပြီး ချက်ခဲ့ရတဲ့ နေ့ တွေ။ ကျောင်းမုန့် ဖိုး မရဘဲ ကျောင်းတက်ခဲ့ရတဲ့ နေ့ တွေ၊ အဝတ်အစားတောက်တောက်ပြောင်ပြောင်
မရှိ လွတ်အိပ်စုတ်လေး လွယ်ပြီး အတန်းထဲမှာ သူများ အစအနောက်အနှိမ်ခံခဲ့ရတဲ့ နေ့ တွေ ဟာ အမေ့  ဒုက္ခနဲ့ အမေ့ ပင်ပန်းမှုနဲ့ ယှဉ်လိုက်ရင် နှိုင်းဆလို့ မရတာကို သိနေတော့ အမေ့ကို လည်း ဘာမှ မပူဆာခဲ့ဘူး။
ဒါပေမယ့် အမေ့စိတ်ထဲမှာတော့ သားနှစ်ယောက်အတွက် အမြဲ ရှိတယ်ဆိုတာ တွေးမကြည့်တောင် သိနေတယ်။

ဆယ်တန်း မအောင်ခဲ့တဲ့ အမေဟာ သူ ပညာမတတ်ပေမယ့် သူ့ သားသမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်။ သူ ဆင်းဆင်းရဲရဲ ရုန်းကန်နေရပေမယ့် သားနှစ်ယောက်ရဲ့ ပညာရေးကို တော့
အထိခိုက် အပွန်းအပဲ့  မခံခဲ့ဘူး။ ပစ္စည်းဥစ္စာ အမွေ မပေးနိုင်ပေမယ့် ပညာအမွေတော့ ပေးနိုင်ရမယ် ဆိုတဲ့ ခံယူချက်နဲ့  အမေ ကြိုးစားခဲ့တယ်။
အကိုကြီး ဆယ်တန်းအောင်တော့ စစ်တက္ကသိုလ် တက်တယ်။ ဆွေတွေ မျိုးတွေက ဝိုင်းပြောကြတာပေါ့။ ဖြစ်ပါ့မလား အဝေးသင်တက်ပြီး အပြင်မှာ အလုပ်လုပ်ခိုင်း ပေါ့ ဆိုတော့ အမေက
သူ ဝါသနာပါရာ လုပ်ပါစေ။ ကျွန်မ ရအောင်ထားမယ် လို့  ပြန်ပြောခဲ့တယ်။ ကျွန်တော်ဆယ်တန်းအောင်ပြီး ဆေးကျောင်းတက်တော့ လူတွေက မေးငေါ့ကြတယ်။ ကျောင်းမှ ပြီးအောင်တက်နိုင်ပါ့မလား။ ဒီလောက်ဆင်းရဲနေတာကို တန်ရာတန်ရာမလုပ်ဘူး။
မနိုင်ဝန်ထမ်း မနေနဲ့ ။ ဆေးကျောင်းဆိုတာ အကုန်အကျများတယ်။ နင်တတ်နိုင်ပါ့မလား။ ရိုးရိုးတက္ကသိုလ်တက်ခိုင်း ပြီးရင် အလုပ်လုပ်ခိုင်းပေါ့ ဆိုတော့ အမေ က
ပြောခဲ့တယ်။ ကျွန်မ ထမင်းကို လျော့စားရရင် စားရပလေ့စေ။ အကြော်နဲ့ စားရင် စားရပလေ့စေ။ ကျွန်မ မတတ်ခဲ့တဲ့ ပညာ ကျွန်မမရခဲ့တဲ့ ဘွဲ့ တွေကို
သားနှစ်ယောက်လုံး ရရစေမယ်။ ကျွန်မ အမွေ ပေးနိုင်တာ ဆိုလို့  ပညာ အမွေပဲရှိတယ် ။ အဲဒီလောက်ကို သားနှစ်ယောက်အတွက် သတ္တိ ကောင်းခဲ့တဲ့ အမေ ပါ။

ကံကြမ္မာဟာ ဆင်းရဲ တဲ့ အမေ့ကို မျက်နှာသာမပေးခဲ့ဘူး။ စီးပွားရေးအဆင်မပြေတုန်းက အမေငိုခဲ့တယ်။ အဖေ အက်ဆီးဒင့်ဖြစ်ပြီး ကျန်းမာရေးချို့ တဲ့တော့ အမေ ငိုခဲ့တယ်။
အမေ့ရဲ့  အဖေ ဆုံးတယ်။ အမေ ငိုခဲ့တယ်။ ဒါပေမယ့် အဖေ ဆုံးတော့ အမေ မငိုတော့ဘူး။ စကားတစ်ခွန်းပဲ ပြောတယ်
အမေ့မှာ ငိုစရာ မျက်ရည် မရှိတော့ဘူး။ အမေ့ ကျမယ့်  မျက်ရည် ဟာ ငါ့သားနှစ်ယောက်အတွက် ကြိုးစားရင်း ကျမယ့် ချွေးစက် ပဲ အဖြစ်ခံတော့မယ် "
လို့ ပြောခဲ့တယ်။

အမေ ဟာ အကောက်အကွေ့ များတဲ့ ဘဝကို ရင်ကော့ပြီး လျှောက်ခဲ့တယ်။ သားနှစ်ယောက်ကို ပညာတတ်အရာရှိ နိုင့် ငံ ဝန်ထမ်း တွေ ဖြစ်အောင် သင်ပေးခဲ့တဲ့ အမေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နု
ိင်အောင်
လမ်းညွှန်ပေးခဲ့တဲ့ အမေ။ သားတွေ မစွန့် ပဲ စားနိုင်သောက်နိုင်အောင် အမေဟာ မစားပဲ စွန့် ခဲ့တယ်။ မုန် တိုင်းပြီးရင် လေပြည် လာစမြဲ ဆိုသလို အခု လောကဓံ အဆိုးမုန်တိုင်း
တွေ အမေ့ဘဝကို တိုက်ခတ်အပြီး မှာ အခုတော့ အမေ့ဘဝ အေးချမ်းနေပါပြီ။ အရင်ကလို ပင်ပင်ပန်းပန်း လုပ်စရာမလိုတော့ဘူး။
သားနှစ်ယောက်ရဲ့ အထောက် အပံ့နဲ့ အိမ်မှာ ဈေးဆိုင်လေး တည်ပြီး အမေ့ နေညိုချိန်တွေကို တရားဓမ္မ နဲ့  အေးအေးချမ်းချမ်းဖြတ်သန်းနေရပြီ။

အမေ အခု ချိန်ဆို ဘာလုပ်နေမလဲ ။ သူ့ ညီမ အစ်မတွေ အိမ်ကို လျှောက်လည်ရင်း သူ့  သားတွေ အကြောင်း
အားရပါးရ ပြောနေမလား ။ ဒါမှမဟုတ် အိမ်ရှေ့ ဘုရားစင်မှာ ပုဆစ်တုပ်ထိုင်ပြီး ဘုရားစာတွေ ရွတ်နေမလား။ တရားစာအုပ်တွေ ဖတ်နေမလား။ ဈေးရောင်းနေမလား။
ဒါမှမဟုတ် မီးဖို ချောင်မှာ တကုပ်ကုပ်နဲ့  သူ့ သားကြိုက်တဲ့ ဟင်းတွေ ချက်ပြုတ်နေမလား။ကျွန်တော် ပြန်အလာကို လည်တဆန့် ဆန့် နဲ့ မျှော်နေရင်း ခရီးလမ်းမှာ ဘေးအန္တရာယ် ကင်းဖို့  အရေး
ဆုတောင်းမေတ္တာ ပို့ သနေမလား ။

ခရီးသည်တင်ကားကြီးကတော့ အဝေးပြေးလမ်းမကြီးပေါ်မှာ မောင်းနှင်နေဆဲ။
ကျွန်တော့်ရဲ့  အတွေးတွေကလည်း.................
............






တပ်မတော်၏ အလှ (ဒေါ်ခင်နှင်းယု)

0
0

September 12, 2011 at 5:59pm

သစ္စာတရားကို လမ်းကြောင်းတစ်ခုအဖြစ် ချမှတ်ပြီး ချမှတ် တဲ့လမ်းကြောင်းအတိုင်းလဲ ကျင့်သုံးဖို့၊ မင်းဘဘက ပြောဘူး တယ်။

       ““....လောကအသီးသီးရှိတယ်။ စာပေလောက၊ တပ်မတော်လောက၊ အတွင်းဝန်ရုံးလောက၊ ဂီတလောကစသည်ဖြင့် ရှိကြပေတယ်။ သူ့လောကနဲ့သူ မူပိုင်လက္ခဏာတွေရှိကြ တယ်။ တပ်မတော်ဆိုရင် လွတ်လပ်ရေးအတွက် တိုက်ပွဲ ၀င်ခဲ့ကြတဲ့ အပိုင်းတုန်းက နေပုံ၊ ထိုင်ပုံ၊ ဆက်ဆံပုံ၊ တိုက်ပုံ၊ အနစ်နာခံပုံ၊ သဘောထားကြီးပုံ၊ ဖြစ်သလို နေတတ်လုပ် တတ်ပုံ၊ ကွက်ကျော်ကိုယ်ကျိုးမကြည့်ဘဲ လုပ်စရာရှိတာ လုပ်သွားတတ်ပုံ၊ ဘာဖြစ်နေနေ အချင်းချင်း နားလည်ပြီး တစ်ဦးကိုတစ်ဦး ရဲဘော်စိတ်နဲ့ ကူညီပုံ၊ တွဲခေါ်သွားပုံ ကလေးတွေဟာ တပ်မတော်ရဲ့ မူလပဋိသန္ဓေစိတ်ပဲ။ မူလ ဥာဉ်ပဲ။ တစ်လတစ်ခါ လစာကို လက်မှတ်ထိုးယူပြီး စားနေ ပေမင့် အဲဒီမူလဥာဉ်ကျတော့ တခြားအစိုးရဌာနတွေရဲ့ မူလဥာဉ်နဲ့ မတူဘူး။ ဒီမူလဥာဉ် မပျောက်သရွေ့ တပ် မတော်သား ပီသတာပဲ။


       တပ်မတော် မူပိုင်ဖြစ်တဲ့ သစ္စာတရား ရှိနေတယ်လို့ ခေါ်ရမယ်။ ဒီမူလဥာဉ်ပေါ်မှာပဲ ခေတ်အလျောက် အပြင် ပန်းအမြင် ပုံစံအမျိုးမျိုး ဆောက်တည်သွားရမှာပဲ။ အဲဒီ နေရာမှာ ဒီဥာဉ် ဒီသစ္စာကို ဉာဏ်မျက်စိနဲ့ မမြင်ဘဲ အပေါ် ယံပြထားတဲ့ပုံစံလောက်ကိုသာ ကြည့်ပြီး လျှောက်လုပ်ရင် တော့ မူလသစ္စာတရား ပျောက်သွားပြီလို့ ဆိုရမယ်။ မူလ သစ္စာတရား ပျောက်သွားတဲ့အချိန်ရောက်ရင် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ရတဲ့အပိုင်း မှာ အချိတ်အဆက် ပျက်သွားနိုင်တယ်။ ကိုယ်တော့ဖြင့်အဲဒီ မူလဥာဉ်ကို တွယ်ဖက်ထားတယ်။ မူလဥာဉ် ပျောက် ပျက်လောက်အောင် ပေါ်လာတဲ့ ဘေးအန္တရာယ် အသေး အဖွဲကအစ အကြီးအထိကို ကိုယ်တတ်နိုင်သမျှ ကာကွယ် တယ်။ ပျောက်သွားမှာ နှမြောလွန်းလို့ပါ။ အဲဒီဥာဉ်ကို သံယောဇဉ်တွယ်လို့ တစ်ကြောင်း။ အခက်အခဲတွေ့နေ တုန်း ကိုယ်ရေးကြည့်ပြီး ခွဲမသွားနိုင်ဘူး။ ဘယ်ဘ၀က ပါရ ပါရ အဲဒီ အသိုင်းအ၀ိုင်း အဖွဲ့ထဲမှာပါပြီး လုပ်နေရမှ တာဝန်ကျေတယ်လို့ ယုံတယ်။ ပတ်ဝန်းကျင်နဲ့ လူဆိုတဲ့ သဘောတော့လဲ ရှိပေသပေါ့လေ။ ကိုယ့်စေတနာထား တော့ ကိုယ်ကလဲ ပြန်ထားရတာပဲ။

       အဲဒါဟာ မူလဥာဉ်လိုထိန်းပြီး သံယောဇဉ်နဲ့ကို ပေတေ နေပါ့မယ်ဆိုတဲ့ သစ္စာတရား လမ်းကြောင်းကို ချမှတ်လိုက် တာပဲ။ အဲဒီလမ်းကြောင်းထဲက မထွက်မိအောက်လဲ ဘယ် လိုလော်ကဓံနဲ့တွေ့တွေ့ လမ်းကွေ့မသွားအောင် ထိန်း သိမ်းအောင့်အည်းသည်းခံပြီးနေခြင်းဆိုတဲ့ သဘောကို ကျင့်သုံးနေတယ်။ ဒီသစ္စာတရားလမ်းကြောင်းကို ကျင့်သုံး နေတဲ့ လှုပ်ရှားမှုဟာ တပ်မတော်လောကရဲ့ ““အလှ”” ပဲ။

       တစ်ချိန်တုန်းက တပ်မတော်ကို လူချစ်တယ်ဆိုတာ အဲဒီ ““အလှ”” ကို ချစ်ကြတာ။ တခြားလောကတွေထက် ထူးခြားတဲ့ ““အလှ”” ပဲ။ ကိုယ်ကလဲ အဲဒါကို ၀ါသနာပါ တော့ ဒီ ““အလှ”” ကို လုပ်နေရတယ်။ လခရတယ်၊ ငွေ ရတယ်ဆိုပေမဲ့ အဲဒီ ““အလှ”” မပါရင် တယ်စိတ်မပါချင်ဘူး။ ငါ ထမင်းနပ်မှန်မှန် စားရရုံ လုပ်နေပါလားဆိုပြီး ကိုယ့်ဘ၀ကို မြင့်မြတ်တယ်လို့ တယ်မထင်ဘူး။ အလကား အချိန်ကုန်နေရသလိုပဲ။

       အဲဒီလိုပဲ စာပေလောကမှာလဲ သံယောဇဉ်ညီစရာ ““အလှ”” ကွက်တစ်ခုတော့ ရှိပေလိမ့်မယ်။ အဲဒီ ““အလှ”” ကို မပျောက်အောင် တစ်ဦးချင်း စောင့်ထိန်းဖို့ သစ္စာတရား တစ်ခုတော့ ချမှတ်ရလိမ့်မယ်။ ချမှတ်ပြီးရင်လဲ လက်တွေ့ ကျင့်သုံးကြရလိမ့်မယ်။ အဲဒီသစ္စာတရားတွေကို (အိုင်ဒီး) (အမြင်) ကလေးမှ မရှိဘဲနဲ့ ငွေရပြီးရော၊ လခရ ပြီးရော၊ နာမည်ကြီး ပြီးရော၊ အထက်စီးရရင်  ပြီးရော၊ အာဃာတ နဲ့ ပုဂ္ဂလဓိဋ္ဌာန် နှိမ်ရရင်ပြီးရောဆိုတဲ့ အပြင်ပန်းအမြင် ကောင်းတဲ့ ပုံစံကို အနှစ်သာရကြီး သဘောထားပြီး လုပ် နေရင်တော့ လူထုက မေတ္တာပြန်စရာ ““အလှ”” ကွက် ၊ သံယောဇဉ်ညီစရာ ““အလှ”” ကွက်၊ ကြည်ညိုစရာ ““အလှ”” ကွက်၊ တိုင်းပြည်က အားထားလောက်တဲ့ အတွေးအခေါ် ““အလှ”” ကွက် ပျောက်မှာပဲ။ အဲဒီ ““အလှ”” ကွက် မရှိရင် တော့ စာပေလောကမှာ ထမင်းနပ်မှန်မှန် စားနေရရုံ လုပ် နေရသလိုပဲ။ စာပေလောကဟာ ပျက်မှာပဲ။

       ဂီတလောကလဲ ဒီသဘောပဲ။ မြန်မာ့အသိုင်းအ၀ိုင်း အတန်းအစားအစုံရဲ့ စိတ်ကို ဆွဲဆောင်နိုင်တဲ့ လေယူ လေသိမ်း၊ အသံ၊ တီးကွက်နဲ့ ရသဂီတ မပါရင် ဂီတ မဟုတ်တော့ဘူး။ ““ဗမာစိတ်”” ၀င်နေအောင် မလုပ်နိုင်ရင် အားမရှိတော့ဘူး။ ဂီတရဲ့ ““အလှ”” မရှိတော့ဘူး။

အစိုးရဌာနကြီးတွေ လောက ကတော့ မူလဥာဉ်ဟာ ထူးထူးခြားခြား ရှိလာခဲ့တာ မဟုတ်ဘူး။ အဆင့်အတန်းနဲ့ အေးအေးဇိမ်နဲ့ လုပ်နေပြီး လခတိုးရဖို့၊ အထက်ကခိုင်းတာ လုပ်ဖို့၊ အစိုးရအမှုထမ်းဥာဉ်ကို အခြေခံတာပါပဲ။ ““အလှ” ကွက်ကို အခုတော့ ထည့်နေတယ် ထင်တယ်။ ဒါပေမဲ့ မူလဥာဉ်ဆိုတာက ဖျောက်ဖို့မလွယ်ဘူး။

       ကိုယ့်အနေနဲ့တော့ ““အလှ”” ကွက် မရှိဘဲနဲ့ လစဉ် ၀င်ငွေလေးရရုံလောက်နဲ့ လုပ်ရမှာတော့ သိပ်မလွယ်ဘူး။ စွဲစရာ သစ္စာတို့၊ အလှတို့ မရှိဘဲနဲ့တော့ သိပ်စိတ်မ၀င် စားဘူး။

       ဒါကြောင့် တပ်မတော်လောကထဲမှာ နေတာပဲ။ တပ် မတော်ရဲ့ ““အလှ”” ကွက်အပေါ် သံယောဇဉ်လဲ ရှိတယ်။ တပ်မတော် စထောင်ကတည်းက ကိုယ်တိုင်ပါနေတော့  သံယောဇဉ် ပိုရှိတာပေါ့။ ““အလှ”” မပျောက်ဖို့လဲ ကြိုးစား မယ်။ ဒီ ““အလှ”” ကွက်ဟာ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာ ပျောက်မသွားအောင် ထိန်းနိုင်တဲ့အားနဲ့ ပြည့်စုံ တဲ့ အလှလို့လဲ ယုံတယ်။ အဲဒီအလှကို ပူဇော်မယ်၊ ထိန် သိမ်းမယ်ဆိုတဲ့ ““လမ်းပေါ်ကို လျှောက်ပါ့မယ်ဆိုတာဟာ ကိုယ့်ရဲ့ သစ္စာတရားပဲ”” တဲ့။

    သားကြီးရဲ့ ဘဘက စာရေးဆရာ မဟုတ်သော်လဲ သူ ယုံကြည်တဲ့ ““သစ္စာတရား”” နဲ့ အလုပ်လုပ်ရာမှာ တာဝန်ယူရာ မှာ စွဲလမ်းစရာ ““အလှ”” အကြောင်းကို ဘွားဘွားနဲ့ ဆွေးနွေး စဉ်အခါမှာ အခုရေးပြတဲ့အတိုင်း ပြောပြခဲ့တယ်။ အဲဒီ ““အလှ”” ဟာ အလုပ်တိုင်း တာဝန်တိုင်းမှာ မရှိကြဘူး။ တစ်ဦးချင်းကြိုက် တဲ့ ““အလှ”” ချင်းလဲ တူချင်မှတူမယ်။ သူ့အဖို့တော့ လူလား မြောက်ကတည်းက အဲဒီအသိုင်းအ၀ိုင်း၊ အဲဒီ ““အလှ”” နဲ့ တွဲပြီး ကြီးလာတာကိုး။ ကြာတော့လဲ စွဲလမ်းနေပါလိမ့်မယ်။

စစ်နဲ့ ရေးသော သမိုင်းကြောင်း (သို့) ခွေးရူးဆွဲသလို ဖြစ်နေသော နိုင်ငံ (သို့) ဆီးရီးယား......

0
0

Photo Copied from Internet
 
Voice of James Mint
၂၀၁၁ မတ်ခ်ျလက စလိုက်တဲ့ ဆီးရီးယားစစ်ပွဲ ခုထိချကောင်းတုန်း တစ်ဘက်က အယ်အာဆတ်ရဲ့ အမာခံ စစ်သား ၈သောင်းအပါအဝင် စုစုပေါင်း အင်အား တစ်သိန်းခွဲနဲ့ ၂သိန်းကြား၊ နောက်တစ်ဘက်က ဖရီးအာမီဆိုတာနဲ့ တပ်ပေါင်းစုက အင်အား တစ်သိန်း၊
အယ်အာဆတ်စစ်တပ်ဘက်က ဟစ်စပိုလာနဲ့ အီရန်ပျောက်ကြားတွေ တစ်သောင်းခွဲနီးပါး ကူသလို ဖရီးဖိုက်တာ(နိုင်ငံတကာ) ၁၅၀၀ လောက်ဝင်ပါနေသလို ရုရှား၊အီရန်က စစ်အကြံပေးနဲ့ လက်နှက်ထောက်ပံ့တယ်။

ဖရီးအာမီဘက်က မူဂျာဟစ်ဒင် ၄သောင်းကျော်ဝင်တိုက်နေသလိုကမ္ဘာအနှံ့က ဖရီးဖိုက်တာ ၁၅၀၀လောက်ဝင်ပါသလို ဒီမိုကရက်တစ် ယူနီယန်ပါတီရဲ့ အရန်အင်အားနဲ့ ပါတီဝင် တစ်သောင်းနီးပါးက လက်နှက်ကိုင်ဝင်တိုက်နေသလိုအဲပါတီ အမာခံတွေ ထောက်ခံမှုနဲ့ ကမ္ဘာအနှံ့က လှူတန်းမှု မဟာမိတ်တွေရဲ့ လက်နှက် အထောက်ပံ့ အနည်းငယ်ရနေတယ်။

ပွဲစနေ ခုထိ အစိုးရစစ်သား ၃သောင်းနီးပါး၊ ဝန်ထမ်း၁ထောင်နဲ့ ဟစ်စပိုလာ ၂၀၀လောက် အသက်ဆုံးထားသလို၊ တစ်ဘက်က တော်လှန်ရေးစစ်တပ်ဘက်က အမာခံစစ်သား ၄သောင်းကျော် ဆန္ဒပြသူ ၉ရာကျော် သေဆုံးခဲ့တဲ့ အပြင် အရပ်သား တစ်သိန်း၃သောင်းကျော်လဲ အဆစ်ပါသွားပါပြီ။ နှစ်ဘက်ဝင်တိုက်နေတဲ့ နိုင်ငံတကာ ဖရီးဖိုက်တာပေါင်း ၁၀၀၀ ဝန်းကျင်ဟာလဲ သူတို့ လေ့ကျင့်ရေးကွင်းတွေကနေ အိမ်မပြန်ပဲ ကောင်းကင်ဘုံတက်သွားခဲ့ပါပြီ။ တူရကီ၊ လက်ဘနွန်၊ အီရန်၊ အီရတ် စစ်သား ဆယ်ဂဏန်းကျော်လဲ ကျဆုံးသလို တော်လှန်ရေးနဲ့ မူဂျာဟစ်ဒင် တစ်သောင်းကျော်လဲ အဖမ်းခံခဲ့ရပါတယ်။ လူ၃သန်းကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်ကြပါတယ်။

ရေပြင်ပိုင်နက်မှာ ရုရှားသင်္ဘောတွေ ကင်းထောက်လေယာဉ်တွေ နေရာယူထားသလို၊ သူ့အလွန် ပင်လယ်ပြင်မှာ အမေရိကန် ရေတပ် သင်္ဘော အုပ်စု ရှိနေပါတယ်။ အစ္စရေးကလဲ အစိုးရလက်က လွတ်သွားတဲ့ နယ်မြေတွေရဲ့ စစ်လက်နှက်သိုလှောင်ရာတွေကို လျင်လျင်မြန်မြန်ပဲ ဖျက်စီးပစ်ခဲ့တာကြောင့် ဆီးရီယားရဲ့ လေကြောင်းကာကွယ်ရေးတွေဟာ အစ္စရေးဘက်ကို လှည့်ထားပါတယ်။ တစ်ဘက်မှာ အီရန်ကလဲ ရှေ့တိုးလာမယ့် တူရကီဘက်က အနောက်နိုင်ငံတွေ ခြေလှမ်းကို အစွမ်းကုန်နှောက်ယှက်နေသလိုမဟာမိတ်တွေရဲ့ ကူညီမှုဟာလဲ ငွေကြေးနဲ့ လက်နှက်အနည်းငယ်သာ ဖြစ်ပြီး ဘက်တစ်ဘက်ကို သေသေချာချာ မနင်းရဲကြသေးပါဘူး။ အမေရိကန် မပါပဲ နေတိုးသက်သက် ဝင်ကူဖို့ ပြင်ဆင်ကြပေမယ့် ဆီးရီးယားဟာ လျစ်ဖျား မဟုတ်တဲ့ အတွက် အခက်ခဲ ဖြစ်နေတဲ့အပြင် ဆီးရီယား စစ်တပ်ပိုင်ထားတဲ့ ရုရှားလုပ် လေကာ စနစ်တွေရဲ့ ရန်ကိုလဲ ကြောက်နေရပုံရပါတယ်။

ဘတစ်ပြန်ကျားတစ်ပြန် ဖြစ်နေတဲ့ အယ်အာဆတ်တပ်တွေနဲ့ မူဂျာဟစ်ဒင် တပ်တွေဟာ ၂ဘက်စလုံး လက်နှက်တူတွေ အသုံးပြုကြသလို စိတ်ဝင်စားစရာ အကောင်းဆုံးက တရုတ်လုပ် လက်နှက်တွေ ပါဝင်လာတာပါပဲ။ လေကြောင်း အင်အားကို ပိုင်ဆိုင်ထားတဲ့ အယ်အာဆတ်ရဲ့ မြေပြင်ပစ် လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို တရုတ်လုပ် ဝေဟင်ပစ် ဒုံးတွေနဲ့ ပစ်ချကြပါတယ်။ လေယာဉ်ပစ် အမြှောက်တွေ အပါအဝင် အတွဲလိုက် ဒုံပစ်စင်တွေ၊ အမြှောက်တွေကို သာမာန် အိမ်သုံး ထရက်ကားတွေပေါ်မှာ လွယ်လွယ်ကူကူတပ်ဆင် ပြီး တိုက်ပွဲဝင်ကြသလို။ တစ်ဘက်ကလဲ ရုရှားလုပ် တင့်ကားတွေ၊ စနိုက်ပါတွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ တန်ပြန် တိုက်ခိုက်ပါတယ်။ အမြှောက်ပစ်ကူအကြောင်းကို ထိထိရောက်ရောက် မတွေ့ရပေမယ့် စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ RPG29၊ RPG7 လို မြေပြင်ပစ် လက်နှက်တွေ၊ အပေါ့စား တင့်ဖျက်တွေနဲ့ တင့်ကားတွေရဲ့ ရင်ဆိုင် တိုက်ပွဲတွေပါပဲ။

ပခုံးထမ်း ဒုံးပျံတွေနဲ့ ရဟတ်ယာဉ်တွေ ထိပ်တိုက် တိုက်ပွဲတွေ နဲပါးပေမယ့် တင့်နဲ့ ပျောက်ကြား တိုက်ပွဲတွေကတော့ တော်တော်များပါတယ်။ ထူးထူးခြားခြား အနေနဲ့ အယ်အာဆတ် တပ်တွေရဲ့ တင့်ကားတွေဟာ ချေကျင်းညာတုန်းက ရုရှားတပ်တွေရဲ့ တင့်ကားတွေလို တင့်ကားတွေချဉ်း သီးသန့် လှုပ်ရှားကြတာပါပဲ။ နောက်ပိုင်းမှာ မူဂျာဟစ်ဒင်တွေကိုယ်တိုင် တင့်ကားတွေ သံချပ်ကာ လူသယ်ယာဉ်တွေ ပါ သိမ်းစီး ပိုင်ဆိုင်လာပြီး တင့်ကားချင်း တိုက်ပွဲတွေပါ ပါဝင်လာတာပါပဲ။ လမ်းဘေး မိုင်းတွေနဲ့ စနိုက်ပါတွေချင်း တိုက်ပွဲတွေဟာလဲ စိတ်ဝင်စားစရာ ကောင်းလှပြီး ၂ဘက် အသုံးပြုကြတဲ့ တိုက်နည်းတွေ လက်နှက်တွေ စနစ်တွေ အားလုံးဟာ အဖိုးနဲ အိုးကွဲနဲ့ သုံးကြတာဖြစ်ပြီး အိမ်တွင်းဖြစ် ရော့ကတ်တွေ၊ ဗုံးသီးတွေပါ ထုတ်လုပ် တိုက်ပွဲဝင်ကြတာ ဖြစ်ပါတယ်။

အစိုးရတပ်တွေရော တော်လှန်ရေးသမားတွေရောဟာ သူတို့နိုင်ငံ သမိုင်းအတွက် သူတို့ အကြီးကျယ်ဆုံးရေးနေကြတာ ဖြစ်ပြီး ရေးနည်းကတော့ စစ်ဖြစ်ပါတယ်။ ယုံကြည်မှု အပြည့်နဲ့ တစ်နိုင်ငံလုံး ဝင်တိုက်နေကြတာ အပြင် ဘာသာရေး အသိုက်ဝန်းကြောင့် ကမ္ဘာအနှံ့က စိတ်ပါဝင်စားသူတွေရော သယံဇာတ လိုချင်ကြတဲ့ နိုင်ငံကြီးတွေရောပါ ခြေရာလက်ရာ မကင်းပါဝင်နေကြတာဖြစ်ပါတယ်။အကျိုးအမြတ်ရယူသင့်တာကတော့ အစိုးရတပ်က သုံးတဲ့ လက်နှက်တွေဟာ ကိုယ့်တိုင်းပြည်မှာ ဝယ်ယူထားတဲ့ လက်နှက်တွေ ဖြစ်ပြီး မူဂျာဟစ်ဒင်တွေ သုံးတဲ့ လက်နှက်တွေ နည်းစနစ်တွေဟာလဲ အင်မတန် လွယ်ကူ အဆင်ပြေလွန်းတာကြောင့် လေ့လာထားရမယ့် နည်းတွေ ဖြစ်ပါတယ်။

စနစ်တကျ လေ့ကျင့်ထားတဲ့ တပ်တွေ အနည်းငယ်သာ ပါဝင်တာဖြစ်ပြီး အများစုဟာ အရန်နဲ့ ဗော်လန်ထွီရာ ဝင်ပါကြသူတွေပါ သူတို့တွေဟာ အဆင့်မြင့် ရော့ကတ်တွေ အမြှောက်တွေ၊ မဇိုင်းတွေကို သူတို့နည်းနဲ့ သူတို့ ကိုင်တွယ်နိုင်ကြသလို ကင်းထောက်စနစ်တွေကို အလွယ်ဆုံး ဝဘ်ကမ် ကင်မရာတွေ သုံးလို့ တင့်ကားတွေကို မြို့တွင်းတိုက်ပွဲတွေမှာ ရင်ဆိုင်ကြတာပါ။ ကျနော်တို့ဆီက ဆန့်ကျင်ဘက် လက်နှက်ကိုင်တွေဟာလဲ သည်နည်းစနစ်တွေကို သေချာပေါက် သဘောကျမှာမို့ များစွာ လေ့လာသင့်ပါကြောင်း။

ရေးသားသူ ရုရှရောက် ဗိုလ်မှူးကြီး တစ်ဦး

 

"ရိုးရိုးကျင့် မြင့်မြင့်ကြံခဲ့သူ ကိုအောင်ဆန်းရဲ့ဖက်ရှင်စတိုင် "

0
0
"ရိုးရိုးကျင့် မြင့်မြင့်ကြံခဲ့သူ ကိုအောင်ဆန်းရဲ့ဖက်ရှင်စတိုင် " =================================  " လူမှာ အဝတ်တောင်းမှာအကွပ်" ဆိုသော မြန်မာဆိုရိုး စကားတစ်ခုရှိလေသည်။ သို့သော်လည်း  အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကတော့ သူ၏ ငယ်ဘဝမှာပင် ထိုစကားရပ်ကို အမှုမထားခဲ့သူ ဖြစ်ပါ၏။ဝတ်စားပလွှားခြင်းသည် အပိုအလုပ်ဟု သူကမှတ်ယူလေ သည်။  အဝတ်အစားနှင့် ပတ်သက်၍ ဟန်ရေးပြဂုဏ်တု ဂုဏ်ပြိုင်လုပ်ခြင်းများ ကိုလည်း အလွန်စက်ဆုပ်သူ ဖြစ်ပါ၏။  ကျောင်းသား မောင်အောင်ဆန်း   ၁၉၂၂ ခုနှစ်၊ အသက်(၇)နှစ်အရွယ်တွင်မှ နတ်မောက်မြို့ ဒီပင်္ကရာကျောင်းတွင် ကျောင်း နေခဲ့သော မောင်အောင်ဆန်း သည် ၁၉၂၈ခုနှစ်တွင် အထက်တန်း ကျောင်း၌ ပညာသင်ယူရန် အစ်ကိုကြီး ကျောင်းဆရာ ဦးဘဝင်းရှိရာ ရေနံချောင်းမြို့ သို့ အသက် ၁၃ နှစ် အရွယ်တွင် ရောက် ရှိလာခဲ့ပါတော့သည်။ထို ကျောင်းသို့ရောက် သည်နှင့်  ကျောင်းသားကျောင်း သူများသည် ဝတ်စားပလွှားနေ သည်ကို တွေ့ရလေသည်။ ဤ အပြုအမူသည် တစ်ကျောင်း တည်းသားချင်းကိုသော်လည်း ကောင်း၊ အခြားသော ကျောင်း  သား ကျောင်းသူများနှင့်သော် လည်းကောင်း မညီမညွတ်ဖြစ် စေသော၊ စိတ်ဝမ်းကွဲ ပြားစေ သည့်အကြောင်းတစ်ရပ်ဖြစ်သည် ဟု သူကခံယူထားလေသည်။   နောင်အခါ ကျောင်းသားများ သမဂ္ဂတွင်အကြီးအကဲဖြစ် လာသောအခါ school dress  ကို စတင်တီထွင်တော့လေရာ သူတီထွင်သော ကျောင်းဝတ်စုံ မှာရွှေတောင်လုံချည်အနီနှင့် ပင်နီအင်္ကျီ ဖြစ်လေသည်။   ရေနံချောင်းမြို့ အမျိုး သားကျောင်းသို့ ရောက်ရှိစဉ် အစ်ကို ဦးဘဝင်းကညီအငယ်ဆုံး မောင် အောင်ဆန်းအား အစ်ကို ကြီး အဖအရာဆိုသလိုအထူး ဂရုစိုက်လေသည်။ ပညာရေး သာမက ကျန်းမာရေးအတွက် ညီငယ်ကို တင်းနစ်ကစားစေ သည်။ တင်းနစ်ကစားနည်းတွင် အများသိကြသည့်အတိုင်း ဖွေး ဖွေးဖြူသော အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ်တို့ကိုဝတ်ဆင်လေ့ရှိသည်။ မောင်အောင်ဆန်းကမူ ထိုဖြူ ဖွေးသောဝတ်စုံကိုပင်လျှင် ပလွှား သည်ဟုထင်လေရာ နံနက်တိုင်း တင်းနစ်ရက်ကက်ကို ချိုင်းကြား ညှပ်၍ တင်းနစ်ကလပ်ဆီသို့ သွားလေသည်။ တင်းနစ်ကစား ရာတွင်လည်း စတိုင်မများ။ အဝတ်ဖိနပ်ကိုမသုံး။ ဖိနပ်မပါ ခြေထောက်ဗလာနှင့်ပင် ကစား လေသည်။  တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း   ၁၉၃၂ ခုနှစ်တွင် ရေနံ ချောင်း အမျိုးသားကျောင်းမှ အထက်တန်းစာမေးပွဲကို မြန်မာစာနှင့်ပါဠိဂုဏ်ထူးတို့ဖြင့်အောင် မြင်လေရာရန်ကုန်တက္ကသိုလ်သို့  ပြောင်းရွှေ့ပညာသင်ယူလေသည်။ တက္ကသိုလ်ကျောင်းသား ဘဝတွင်လည်း ငယ်မူမပျောက်၊ အဝတ်အစား မမက်မောပုံကို " ခေါင်းဆောင်ဟူသည်" စာအုပ်၌ ယခုလိုရေးသားထားလေသည်။   "ထိုသူကား နေ့စဉ်နှင့်အမျှ မူ မပြောင်း၊ နံနက်မိုးလင်းက စ၍ ညအိပ်သည့်အချိန်ထိ မျက်နှာမှာ မှုန်တေတေထားရာမှ တရွေးသားလျော့သည်ကို မမြင်ရ၊ အမြဲခေါင်းငိုက်စိုက်နှင့်သာ  မြင်၏။ ကျောင်းဝိုင်းထဲတွင်မူ ထိုသူသည် ချည်ကြမ်းပုဆိုးနှင့် ဘလေဇာကွတ်အင်္ကျီအစိမ်း ရောင်ခပ်နွမ်းနွမ်းကို အအေး အချမ်းခံနိုင်ရုံ ဝတ်ဆင်လေ့ရှိ ၏။ တစ်ခါတစ်ရံလည်ပတ်ကြီး  ကို ကပိုကရိုဝတ်လေ့ရှိ၏။   သူသည် ဘလေဇာအစိမ်းကို နံနက်တိုင်း ခါးမှ ချွတ်သည် မရှိချေ။ သူ့ကို ကြည့်ရသည်မှာ အဝတ်အစား သားနားတင့်တယ်ဝင့်ဝါမှုကို ဂရု မထား၊  အရေးစိုက်ပုံ စိုးစဉ်းမျှ မပေါ်ချေ။ ဖြစ်ကတတ်ဆန်း ဝတ်ဆင်တတ်သူတစ်ဦးဟု မှတ် ချက်ချလျှင်မှားမည် မဟုတ်ချေ"  ဟု ဖော်ပြထားလေသည်။   အဝတ်အစားကို မည်မျှ ဂရုမစိုက်တတ်ကြောင်း  မန္တ လေးမြို့တွင် ကျင်းပသော ပထမ ဆုံးဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ညီလာခံသို့ သွား ရောက်ပုံကို ဗိုလ်ချုပ်အောင် ဆန်း အတ္ထုပ္ပတ္တိစာအုပ်တွင် ဤသို့ တွေ့ရလေသည်။" ညီလာခံအသွား ကိုအောင်ဆန်းသည် သူ၏ အစ်ကို မြို့အုပ် ဦးအောင်သန်းထံ ဝင်လာ၏။ လွယ်အိတ်တစ်လုံး ပါလာ၏။   လွယ်အိတ်ထဲ၌မူ ပညာရေးစနစ် အကြောင်း စာအုပ်များနှင့် အတူ တကွရောမအဘိ ဓမ္မာဆရာကြီး (ပလေတို)ရေးသားသော " နိုင်ငံရေးအဘိဓမ္မာကျမ်း" နှင့်၎င်းအပြင် အဝတ်အစားဆို၍ လုံချည် ၂- ထည်သာမြင်ရ၏။ သူပြန်သွား သောအခါ လုံချည်တစ်ထည် ကျန်ခဲ့လေသည်။ အဝတ်အစား ကို ဂရုမစိုက်သိသာ၏။ သူစူး စိုက်သွားသည့်ကိစ္စမှာ မန္တလေး ညီလာခံသာဖြစ်ရာ သင်္ဘော ဆိပ်သို့အသွား မြင်းရထားပေါ် ပါသွားသော ကိုအောင်ဆန်း အား မြင်းရထားနောက်မှ လုံ ချည်ကျန်ခဲ့၍ လိုက်အော်ကာ  တကြော်ကြော်ပေးသူ၏ အသံ ကိုပင် ဂရုမထားချေ။ ကိုအောင် ဆန်းကားမန္တလေးသာရောက် သော်လည်း လုံချည်ကျန်ရစ်ခဲ့ ကြောင်းကို မသိရှာခဲ့ချေ။   သူ၏ အစ်ကိုဖြစ်သူကသာ သူ့ညီအတွက် ခေါင်းတညိတ် ညိတ်နှင့် အံ့သြခြင်းဖြစ်ကာ -  "ဖြစ်မှဖြစ်ရလေ အောင်ဆန်း ရယ်၊လုံချည်ပါတာမှ နှစ်ထည်၊ တစ်ထည်ကျန်သွားရသေး သကိုး၊ တော်တော်နတဲ့အကောင်" ဟု ရေ ရွတ်ရှာ၏။"  ဟုပါရှိလေသည်။  ကိုအောင်ဆန်းသည် အဝတ် အစားကိုသာမမက်မောသူ မဟုတ်။ အပျော်အပါးနှင့်ဟိတ်ဟန်ထုတ် ခြင်းတို့ကိုလည်း စက်ဆုတ်သူ ဖြစ်သည်။၁၉၃၂-၃၃တွင် ရန်ကုန် တက္ကသိုလ်(မကွေး) အသင်း၌ ဥက္ကဋ္ဌဖြစ်လာသော အခါယခင်နှစ်များကအငြိမ့်ခံခြင်း၊မိတ်ဆက်ဧည့်ခံခြင်းများပြုလုပ်လေ့ရှိသော် လည်းထို အစဉ်အလာကိုဖျက် သိမ်းခဲ့လေသည်။  ကိုအောင်ဆန်းကြိုက်တဲ့ကတုံး ဘိုကေ   ၁၉၃၄ ခုနှစ်တွင် ကိုအောင်ဆန်းသည် ဥပစာဝိဇ္ဇာတန်း ဒုတိယနှစ်စာမေးပွဲကို ခုံအမှတ် ၂၃၁ ဖြင့် အောင်မြင်၍ ဝိဇ္ဇာပထမ နှစ်(ဘီအေ-ဂျူနီယာ)တွင် တက်  ရောက်ခဲ့ပြီးတက္ကသိုလ်ကျောင်း သားများသမဂ္ဂ(တကသ)အမှု ဆောင် ရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့လေသည်။ ထိုအချိန်က ကိုအောင်ဆန်း သည်ကတုံးဘိုကေကို နှစ်ခြိုက် သူလည်း ဖြစ်လေသည်။ ထိုအချိန်တွင် ခုံဖိနပ်စီးပြီး ပင်နီတိုက်ပုံနှင့် ကျောင်းတက်ခဲ့ သော ကိုအောင်ကျော်(နောင် ဗိုလ်အောင်ကျော်)မှာလည်း ၁ဝ တန်းအောင်မြင်ကာ ဂျပ်ဆင်ကော လိပ်သို့ ရောက်လာလေသည်။ တစ်နေ့၌ ကိုအောင်ကျော်နှင့် ကိုအောင်ဆန်းတို့ တွေ့ကြပုံကို တကသ ဥက္ကဋ္ဌဟောင်း ကိုသိန်း  အောင်ရေးသားသော " ကျွန်တော် သိခဲ့တဲ့အောင်ကျော်" ဆောင်းပါး၌ ယခုလို ဖော်ပြထားလေသည်။  "ဟေ့ ဖိုးအောင်ဆန်း၊ ခင်ဗျားအားကျပြီး ခေါင်းတုံးဘိုကေထားတဲ့ လူနှစ်ယောက်တော့ရှိပြီ။ ကိုလှရွှေရယ်၊ ခုကိုအောင်ကျော်ရယ်လေ။  အောင်ဆန်း- လွတ်လပ်တဲ့ဗမာ ပြည်ကြီးမှာကျွန်တော်အာဏာ ရှင်ဖြစ်ရင်အကုန်လုံးခေါင်းတုံးဘို ကေထားလို့ အမိန့်ပေးမယ်။  အောင်ကျော်-ခေါင်းတုံးဘိုကေ ချင်းထားတာတူပေမယ့်ရူးတာချင်းတော့ ကိုအောင်ဆန်းက သာပါတယ်။  အောင်ဆန်း- မိုက်တဲ့နေရာကျ တော့ ခင်ဗျားက သာပါတယ်။ ခင်ဗျား ရုပ်ကိုက မှုန်ကုပ်ကုပ် ပုကွကွနဲ့..ဟုဖော်ပြထားသည်။၁၉၃၈ ခုနှစ် အောက်တိုဘာ လ ၁ရက်နေ့တွင် တက္ကသိုလ် ကျောင်းသား ကိုအောင်ဆန်း သည်တက္ကသိုလ်မြေကို စွန့်ခွာ ကာ တို့ဗမာအစည်းအရုံးသို့ဝင် ရောက်လျက်သခင်အောင်ဆန်း ဘဝကိုခံယူခဲ့လေတော့သည်။  ဖိနပ်ပျောက်တဲ့ သခင်အောင် ဆန်း   တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး ဖြစ် လာသော သခင်အောင်ဆန်း သည် မော်လမြိုင် ညီလာခံကို အောင်မြင်စွာကျင်းပပြီးနောက် ဘုရားတက်ဖူးစဉ်ဖိနပ်ပျောက်ခဲ့ ပုံ  ကိုသခင်လှဖေ(ဗိုလ်လက်ျာ)က အောက်ပါအတိုင်းရေးသား ထားလေသည်။   " ညီလာခံကြီး၏ နောက်ဆုံး နေ့နှင့်ညီလာခံကြီးပြီးဆုံးပုံကို ကျွန်တော်မှတ်မိသေးတော့သည်။ အောင်ဆန်းသည်ကျွန်တော့်အရင် ဘုရားပေါ်မှဆင်းသွားကာဘုရား ခြေရင်းလှေကား နားတွင်တစ်ခု ခုအားရှာဖွေနေသည်ကို တွေ့ ရ၏။ကျွန်တော်ကသူ့အား ဖိနပ် ပျောက်၍လားဟုမေးရာဟုတ် ကြောင်းသူက ပြန်ပြောသည်။ဖိနပ်က ဘာအရောင်လဲဟု ကျွန်တော်ကမေးသော အခါ သူကပြုံးလိုက်ကာ "အရောင်တော့မမှတ်မိ ဘူး။တော်တဲ့ဖိနပ်တစ်ရန်ရန်ကို ကောက်စွပ်မလို့" ဟုပြန်ပြောသည်။ " ဟာ- ဒီလိုနဲ့ဘယ်ဖြစ်မလဲ၊ တော်တဲ့တစ်ရံရံကိုကောက်စွပ် မယ်ဆိုတာကတော့မဟုတ် သေး ပါဘူး၊ လာပါဗျာဈေးသွားပြီး ကျွန်တော်တစ်ရန်ဝယ်ပေးပါ့မယ်"  ဟုပြောပြောဆိုဆိုပင်သူ့အားဆွဲ ခေါ်ခဲ့ရသည်။  ကံအားလျော်စွာပင် မြင်းလှည်းတစ်စီးကိုအနီး အနား ၌အလွယ်တကူနှင့်ရသောကြောင့် ဖိနပ် မပါသောအောင်ဆန်းအား မည်သူမျှ ဂရုမပြုမိလိုက်ကြချေ"  ဟု ဆိုလေသည်။  စစ်သားကြီးဗိုလ်အောင်ဆန်း   သခင်အောင်ဆန်းမှသည် ဂျပန်ပြည်၌စစ်ပညာများသင် ကြား ပြီးနောက်ဗိုလ်တေဇ ခေါ် ဗိုလ် အောင်ဆန်းဖြစ်လာသော အခါ ၌လည်းသူသည်စစ်ဝတ်စုံကိုပင် ဂရုတစိုက်မရှိခဲ့ကြောင်း အမွိုင် မြို့သို့အတူထွက်ခွာခဲ့သူ သခင် လှမြိုင်(ဗိုလ်ရန်အောင်) ကအိုးဝေ မဂ္ဂဇင်းတွင်ရေးသားခဲ့ဖူးသည်။   " အင်္ကျီဝတ်၊ ဘောင်းဘီစွပ်၊ ဓားကိုချိတ်၊ ဖိနပ်ကို စီး၍ ဗိုလ် မင်းခေါင်နှင့်တွဲကာအစည်းအဝေးသို့လာသောအခါ လမ်းတစ်လျှောက်တွင် ဗိုလ်အောင်ဆန်း ၏ဓားသည်တစ်လမ်းလုံးတလျှော လျှောနှင့်တရွတ်တိုက်နေလေ သည်။ ဗိုလ်မင်းခေါင်ကငုံ့ကြည့်မှ " ဟာ အစ်ကိုကြီး၊ဓားချိတ်ပုံမဟန်သေးပါ ဘူး၊ပြင်ချိတ်ပါဦး" ဟု  ပြောပြီးပြင်ချိတ်ပေးရ၏။တစ်ဖန် ဗိုလ်မင်းခေါင်ကအင်္ကျီကိုကြည့် လိုက်မိရာအင်္ကျီကြယ်သီးပြောင်း ပြန်တပ်ထားသည်နှင့်ပြင်ဆင်တပ်ပေး ရပြန်၏။သို့နှင့်ခရီးအတန်ရောက် သောအခါဗိုလ်အောင်ဆန်းက-   " ညီလေးရာ ငါ့ဖိနပ်ကျပ်နေတယ်။ ဘာပြုလို့လဲ ဟုမေးလေသည်။ ဗိုလ်မင်းခေါင်က ဖိနပ်ကိုငုံ့ကြည့်သောအခါ ဗိုလ်အောင်ဆန်းစီးထားသော ဖိနပ်သည်ဘယ်နှင့်ညာလွဲနေသည်ကို တွေ့ရသည်နှင့် ပြန်ချွတ်၍ ပြန်ဝတ်ပေးလိုက် ရလေသည် ဟူ၍ ဖြစ်ပါ၏။  သိန်းအေး
Popular Journal's photo.

=================================

" လူမှာ အဝတ်တောင်းမှာအကွပ်" ဆိုသော မြန်မာဆိုရိုး စကားတစ်ခုရှိလေသည်။ သို့သော်လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကတော့ သူ၏ ငယ်ဘဝမှာပင် ထိုစကားရပ်ကို အမှုမထားခဲ့သူ ဖြစ်ပါ၏။ဝတ်စားပလွှားခြင်းသည် အပိုအလုပ်ဟု သူကမှတ်ယူလေ သည်။ အဝတ်အစားနှင့် ပတ်သက်၍ ဟန်ရေးပြဂုဏ်တု ဂုဏ်ပြိုင်လုပ်ခြင်းများ ကိုလည်း အလွန်စက်ဆုပ်သူ ဖြစ်ပါ၏။

ကျောင်းသား မောင်အောင်ဆန်း

၁၉၂၂ ခုနှစ်၊ အသက်(၇)နှစ်အရွယ်တွင်မှ နတ်မောက်မြို့ ဒီပင်္ကရာကျောင်းတွင် ကျောင်း နေခဲ့သော မောင်အောင်ဆန်း သည် ၁၉၂၈ခုနှစ်တွင် အထက်တန်း ကျောင်း၌ ပညာသင်ယူရန် အစ်ကိုကြီး ကျောင်းဆရာ ဦးဘဝင်းရှိရာ ရေနံချောင်းမြို့ သို့ အသက် ၁၃ နှစ် အရွယ်တွင် ရောက် ရှိလာခဲ့ပါတော့သည်။ထို ကျောင်းသို့ရောက် သည်နှင့်
ကျောင်းသားကျောင်း သူများသည် ဝတ်စားပလွှားနေ သည်ကို တွေ့ရလေသည်။ ဤ အပြုအမူသည် တစ်ကျောင်း တည်းသားချင်းကိုသော်လည်း ကောင်း၊ အခြားသော ကျောင်း
သား ကျောင်းသူများနှင့်သော် လည်းကောင်း မညီမညွတ်ဖြစ် စေသော၊ စိတ်ဝမ်းကွဲ ပြားစေ သည့်အကြောင်းတစ်ရပ်ဖြစ်သည် ဟု သူကခံယူထားလေသည်။

နောင်အခါ ကျောင်းသားများ သမဂ္ဂတွင်အကြီးအကဲဖြစ် လာသောအခါ school dress ကို စတင်တီထွင်တော့လေရာ သူတီထွင်သော ကျောင်းဝတ်စုံ မှာရွှေတောင်လုံချည်အနီနှင့် ပင်နီအင်္ကျီ ဖြစ်လေသည်။

ရေနံချောင်းမြို့ အမျိုး သားကျောင်းသို့ ရောက်ရှိစဉ် အစ်ကို ဦးဘဝင်းကညီအငယ်ဆုံး မောင် အောင်ဆန်းအား အစ်ကို ကြီး အဖအရာဆိုသလိုအထူး ဂရုစိုက်လေသည်။ ပညာရေး သာမက ကျန်းမာရေးအတွက် ညီငယ်ကို တင်းနစ်ကစားစေ သည်။ တင်းနစ်ကစားနည်းတွင် အများသိကြသည့်အတိုင်း ဖွေး ဖွေးဖြူသော အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ်တို့ကိုဝတ်ဆင်လေ့ရှိသည်။ မောင်အောင်ဆန်းကမူ ထိုဖြူ ဖွေးသောဝတ်စုံကိုပင်လျှင် ပလွှား သည်ဟုထင်လေရာ နံနက်တိုင်း တင်းနစ်ရက်ကက်ကို ချိုင်းကြား ညှပ်၍ တင်းနစ်ကလပ်ဆီသို့ သွားလေသည်။ တင်းနစ်ကစား ရာတွင်လည်း စတိုင်မများ။ အဝတ်ဖိနပ်ကိုမသုံး။ ဖိနပ်မပါ ခြေထောက်ဗလာနှင့်ပင် ကစား လေသည်။

တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း

၁၉၃၂ ခုနှစ်တွင် ရေနံ ချောင်း အမျိုးသားကျောင်းမှ အထက်တန်းစာမေးပွဲကို မြန်မာစာနှင့်ပါဠိဂုဏ်ထူးတို့ဖြင့်အောင် မြင်လေရာရန်ကုန်တက္ကသိုလ်သို့
ပြောင်းရွှေ့ပညာသင်ယူလေသည်။ တက္ကသိုလ်ကျောင်းသား ဘဝတွင်လည်း ငယ်မူမပျောက်၊ အဝတ်အစား မမက်မောပုံကို " ခေါင်းဆောင်ဟူသည်" စာအုပ်၌ ယခုလိုရေးသားထားလေသည်။

"ထိုသူကား နေ့စဉ်နှင့်အမျှ မူ မပြောင်း၊ နံနက်မိုးလင်းက စ၍ ညအိပ်သည့်အချိန်ထိ မျက်နှာမှာ မှုန်တေတေထားရာမှ တရွေးသားလျော့သည်ကို မမြင်ရ၊ အမြဲခေါင်းငိုက်စိုက်နှင့်သာ
မြင်၏။ ကျောင်းဝိုင်းထဲတွင်မူ ထိုသူသည် ချည်ကြမ်းပုဆိုးနှင့် ဘလေဇာကွတ်အင်္ကျီအစိမ်း ရောင်ခပ်နွမ်းနွမ်းကို အအေး အချမ်းခံနိုင်ရုံ ဝတ်ဆင်လေ့ရှိ ၏။ တစ်ခါတစ်ရံလည်ပတ်ကြီး
ကို ကပိုကရိုဝတ်လေ့ရှိ၏။

သူသည် ဘလေဇာအစိမ်းကို နံနက်တိုင်း ခါးမှ ချွတ်သည် မရှိချေ။ သူ့ကို ကြည့်ရသည်မှာ အဝတ်အစား သားနားတင့်တယ်ဝင့်ဝါမှုကို ဂရု မထား၊
အရေးစိုက်ပုံ စိုးစဉ်းမျှ မပေါ်ချေ။ ဖြစ်ကတတ်ဆန်း ဝတ်ဆင်တတ်သူတစ်ဦးဟု မှတ် ချက်ချလျှင်မှားမည် မဟုတ်ချေ" ဟု ဖော်ပြထားလေသည်။

အဝတ်အစားကို မည်မျှ ဂရုမစိုက်တတ်ကြောင်း မန္တ လေးမြို့တွင် ကျင်းပသော ပထမ ဆုံးဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ညီလာခံသို့ သွား ရောက်ပုံကို ဗိုလ်ချုပ်အောင် ဆန်း အတ္ထုပ္ပတ္တိစာအုပ်တွင် ဤသို့ တွေ့ရလေသည်။" ညီလာခံအသွား ကိုအောင်ဆန်းသည် သူ၏ အစ်ကို မြို့အုပ် ဦးအောင်သန်းထံ ဝင်လာ၏။ လွယ်အိတ်တစ်လုံး ပါလာ၏။

လွယ်အိတ်ထဲ၌မူ ပညာရေးစနစ် အကြောင်း စာအုပ်များနှင့် အတူ တကွရောမအဘိ ဓမ္မာဆရာကြီး (ပလေတို)ရေးသားသော " နိုင်ငံရေးအဘိဓမ္မာကျမ်း" နှင့်၎င်းအပြင် အဝတ်အစားဆို၍ လုံချည် ၂- ထည်သာမြင်ရ၏။ သူပြန်သွား သောအခါ လုံချည်တစ်ထည် ကျန်ခဲ့လေသည်။ အဝတ်အစား ကို ဂရုမစိုက်သိသာ၏။ သူစူး စိုက်သွားသည့်ကိစ္စမှာ မန္တလေး ညီလာခံသာဖြစ်ရာ သင်္ဘော ဆိပ်သို့အသွား မြင်းရထားပေါ် ပါသွားသော ကိုအောင်ဆန်း အား မြင်းရထားနောက်မှ လုံ ချည်ကျန်ခဲ့၍ လိုက်အော်ကာ
တကြော်ကြော်ပေးသူ၏ အသံ ကိုပင် ဂရုမထားချေ။ ကိုအောင် ဆန်းကားမန္တလေးသာရောက် သော်လည်း လုံချည်ကျန်ရစ်ခဲ့ ကြောင်းကို မသိရှာခဲ့ချေ။

သူ၏ အစ်ကိုဖြစ်သူကသာ သူ့ညီအတွက် ခေါင်းတညိတ် ညိတ်နှင့် အံ့သြခြင်းဖြစ်ကာ -

"ဖြစ်မှဖြစ်ရလေ အောင်ဆန်း ရယ်၊လုံချည်ပါတာမှ နှစ်ထည်၊ တစ်ထည်ကျန်သွားရသေး သကိုး၊ တော်တော်နတဲ့အကောင်" ဟု ရေ ရွတ်ရှာ၏။" ဟုပါရှိလေသည်။

ကိုအောင်ဆန်းသည် အဝတ် အစားကိုသာမမက်မောသူ မဟုတ်။ အပျော်အပါးနှင့်ဟိတ်ဟန်ထုတ် ခြင်းတို့ကိုလည်း စက်ဆုတ်သူ ဖြစ်သည်။၁၉၃၂-၃၃တွင် ရန်ကုန် တက္ကသိုလ်(မကွေး) အသင်း၌ ဥက္ကဋ္ဌဖြစ်လာသော အခါယခင်နှစ်များကအငြိမ့်ခံခြင်း၊မိတ်ဆက်ဧည့်ခံခြင်းများပြုလုပ်လေ့ရှိသော် လည်းထို အစဉ်အလာကိုဖျက် သိမ်းခဲ့လေသည်။

ကိုအောင်ဆန်းကြိုက်တဲ့ကတုံး ဘိုကေ

၁၉၃၄ ခုနှစ်တွင် ကိုအောင်ဆန်းသည် ဥပစာဝိဇ္ဇာတန်း ဒုတိယနှစ်စာမေးပွဲကို ခုံအမှတ် ၂၃၁ ဖြင့် အောင်မြင်၍ ဝိဇ္ဇာပထမ နှစ်(ဘီအေ-ဂျူနီယာ)တွင် တက်
ရောက်ခဲ့ပြီးတက္ကသိုလ်ကျောင်း သားများသမဂ္ဂ(တကသ)အမှု ဆောင် ရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့လေသည်။ ထိုအချိန်က ကိုအောင်ဆန်း သည်ကတုံးဘိုကေကို နှစ်ခြိုက် သူလည်း ဖြစ်လေသည်။ ထိုအချိန်တွင် ခုံဖိနပ်စီးပြီး ပင်နီတိုက်ပုံနှင့် ကျောင်းတက်ခဲ့ သော ကိုအောင်ကျော်(နောင် ဗိုလ်အောင်ကျော်)မှာလည်း ၁ဝ တန်းအောင်မြင်ကာ ဂျပ်ဆင်ကော လိပ်သို့ ရောက်လာလေသည်။ တစ်နေ့၌ ကိုအောင်ကျော်နှင့် ကိုအောင်ဆန်းတို့ တွေ့ကြပုံကို တကသ ဥက္ကဋ္ဌဟောင်း ကိုသိန်း
အောင်ရေးသားသော " ကျွန်တော် သိခဲ့တဲ့အောင်ကျော်" ဆောင်းပါး၌ ယခုလို ဖော်ပြထားလေသည်။

"ဟေ့ ဖိုးအောင်ဆန်း၊ ခင်ဗျားအားကျပြီး ခေါင်းတုံးဘိုကေထားတဲ့ လူနှစ်ယောက်တော့ရှိပြီ။ ကိုလှရွှေရယ်၊ ခုကိုအောင်ကျော်ရယ်လေ။

အောင်ဆန်း- လွတ်လပ်တဲ့ဗမာ ပြည်ကြီးမှာကျွန်တော်အာဏာ ရှင်ဖြစ်ရင်အကုန်လုံးခေါင်းတုံးဘို ကေထားလို့ အမိန့်ပေးမယ်။

အောင်ကျော်-ခေါင်းတုံးဘိုကေ ချင်းထားတာတူပေမယ့်ရူးတာချင်းတော့ ကိုအောင်ဆန်းက သာပါတယ်။

အောင်ဆန်း- မိုက်တဲ့နေရာကျ တော့ ခင်ဗျားက သာပါတယ်။ ခင်ဗျား ရုပ်ကိုက မှုန်ကုပ်ကုပ် ပုကွကွနဲ့..ဟုဖော်ပြထားသည်။၁၉၃၈ခုနှစ် အောက်တိုဘာ လ ၁ရက်နေ့တွင် တက္ကသိုလ် ကျောင်းသား ကိုအောင်ဆန်း သည်တက္ကသိုလ်မြေကို စွန့်ခွာ ကာ တို့ဗမာအစည်းအရုံးသို့ဝင် ရောက်လျက်သခင်အောင်ဆန်း ဘဝကိုခံယူခဲ့လေတော့သည်။

ဖိနပ်ပျောက်တဲ့ သခင်အောင် ဆန်း

တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး ဖြစ် လာသော သခင်အောင်ဆန်း သည် မော်လမြိုင် ညီလာခံကို အောင်မြင်စွာကျင်းပပြီးနောက် ဘုရားတက်ဖူးစဉ်ဖိနပ်ပျောက်ခဲ့ ပုံ
ကိုသခင်လှဖေ(ဗိုလ်လက်ျာ)က အောက်ပါအတိုင်းရေးသား ထားလေသည်။

" ညီလာခံကြီး၏ နောက်ဆုံး နေ့နှင့်ညီလာခံကြီးပြီးဆုံးပုံကို ကျွန်တော်မှတ်မိသေးတော့သည်။ အောင်ဆန်းသည်ကျွန်တော့်အရင် ဘုရားပေါ်မှဆင်းသွားကာဘုရား ခြေရင်းလှေကား နားတွင်တစ်ခု ခုအားရှာဖွေနေသည်ကို တွေ့ ရ၏။ကျွန်တော်ကသူ့အား ဖိနပ် ပျောက်၍လားဟုမေးရာဟုတ် ကြောင်းသူက ပြန်ပြောသည်။ဖိနပ်က ဘာအရောင်လဲဟု ကျွန်တော်ကမေးသော အခါ သူကပြုံးလိုက်ကာ "အရောင်တော့မမှတ်မိ ဘူး။တော်တဲ့ဖိနပ်တစ်ရန်ရန်ကို ကောက်စွပ်မလို့" ဟုပြန်ပြောသည်။ " ဟာ- ဒီလိုနဲ့ဘယ်ဖြစ်မလဲ၊ တော်တဲ့တစ်ရံရံကိုကောက်စွပ် မယ်ဆိုတာကတော့မဟုတ် သေး ပါဘူး၊ လာပါဗျာဈေးသွားပြီး ကျွန်တော်တစ်ရန်ဝယ်ပေးပါ့မယ်" ဟုပြောပြောဆိုဆိုပင်သူ့အားဆွဲ ခေါ်ခဲ့ရသည်။

ကံအားလျော်စွာပင် မြင်းလှည်းတစ်စီးကိုအနီး အနား ၌အလွယ်တကူနှင့်ရသောကြောင့် ဖိနပ် မပါသောအောင်ဆန်းအား မည်သူမျှ ဂရုမပြုမိလိုက်ကြချေ" ဟု ဆိုလေသည်။

စစ်သားကြီးဗိုလ်အောင်ဆန်း

သခင်အောင်ဆန်းမှသည် ဂျပန်ပြည်၌စစ်ပညာများသင် ကြား ပြီးနောက်ဗိုလ်တေဇ ခေါ် ဗိုလ် အောင်ဆန်းဖြစ်လာသော အခါ ၌လည်းသူသည်စစ်ဝတ်စုံကိုပင် ဂရုတစိုက်မရှိခဲ့ကြောင်း အမွိုင် မြို့သို့အတူထွက်ခွာခဲ့သူ သခင် လှမြိုင်(ဗိုလ်ရန်အောင်) ကအိုးဝေ မဂ္ဂဇင်းတွင်ရေးသားခဲ့ဖူးသည်။

" အင်္ကျီဝတ်၊ ဘောင်းဘီစွပ်၊ ဓားကိုချိတ်၊ ဖိနပ်ကို စီး၍ ဗိုလ် မင်းခေါင်နှင့်တွဲကာအစည်းအဝေးသို့လာသောအခါ လမ်းတစ်လျှောက်တွင် ဗိုလ်အောင်ဆန်း ၏ဓားသည်တစ်လမ်းလုံးတလျှော လျှောနှင့်တရွတ်တိုက်နေလေ သည်။ ဗိုလ်မင်းခေါင်ကငုံ့ကြည့်မှ " ဟာ အစ်ကိုကြီး၊ဓားချိတ်ပုံမဟန်သေးပါ ဘူး၊ပြင်ချိတ်ပါဦး" ဟု
ပြောပြီးပြင်ချိတ်ပေးရ၏။တစ်ဖန် ဗိုလ်မင်းခေါင်ကအင်္ကျီကိုကြည့် လိုက်မိရာအင်္ကျီကြယ်သီးပြောင်း ပြန်တပ်ထားသည်နှင့်ပြင်ဆင်တပ်ပေ
ရပြန်၏။သို့နှင့်ခရီးအတန်ရောက် သောအခါဗိုလ်အောင်ဆန်းက-

" ညီလေးရာ ငါ့ဖိနပ်ကျပ်နေတယ်။ ဘာပြုလို့လဲ ဟုမေးလေသည်။ ဗိုလ်မင်းခေါင်က ဖိနပ်ကိုငုံ့ကြည့်သောအခါ ဗိုလ်အောင်ဆန်းစီးထားသော ဖိနပ်သည်ဘယ်နှင့်ညာလွဲနေသည်ကို တွေ့ရသည်နှင့် ပြန်ချွတ်၍ ပြန်ဝတ်ပေးလိုက် ရလေသည် ဟူ၍ ဖြစ်ပါ၏။

သိန်းအေး

ဆက်နွယ်မှု

0
0

Photo: ဆက်နွယ်မှု  ကိုယ့် ခံနိုင်ရည်နဲ့ကိုယ်ပေါ့လေ ပထမအကြိမ် သစ္စာဖောက်တာကို မဖြစ်နိုင်ဘူးထင်လို့ ခွင့်လွှတ်ခဲ့တယ် ဒုတိယအကြိမ် သစ္စာဖောက်တာကို မှားတတ်တာပဲလေလို့ ခွင့်လွှတ်ခဲ့တယ် တတိယအကြိမ် သစ္စာဖောက်တာကို ကိုယ်က ချစ်လွန်းလို့ ခွင့်လွှတ်ခဲ့တယ် စတုတ္ထအကြိမ် ……….. နင့်အမေ#$@^%$ ……ငါက စောက်ရူးလား။  အများအမြင်မှာ စောက်ရူးဖြစ်ဖို့ တဲတဲလေးလိုတော့ပေမယ့် မင်းအမြင်မှာက ငါစောက်ရူးဖြစ်နေခဲ့တာကြာပြီထင်ပါရဲ့ အရူးကို ဟားတိုက်သူနဲ့ ရူးမိသူ ဘယ်သူက ရှက်ဖွယ်လဲ။  ခရာဆူးခြုံထဲ လွင့်ပါသွားတဲ့ ဆပ်ပြာပူပေါင်းလေးရဲ့ ကံကြမ္မာမျိုးမှာ အသနားခံစာ တင်နေရဦးမှာလား သွားစမ်းပါ မယ်မင်းကြီးမရယ် မင်းကို ခွင့်လွှတ်မယ့်အစား ဒီအရှုံးမှာ ပြုံးပြုံးကြီးနေလိုက်မယ်….မှတ်ထား။  ဒီမှာ ရက်စက်တိုင်း ခံခဲ့သူနဲ့ ခံတိုင်း ရက်စက်ခဲ့သူကြား နောက်ဆုံး အမုန်းမှတပါး အခြားသော ပတ်သက်မှုမရှိ။
ကိုယ့် ခံနိုင်ရည်နဲ့ကိုယ်ပေါ့လေ
ပထမအကြိမ် သစ္စာဖောက်တာကို
မဖြစ်နိုင်ဘူးထင်လို့ ခွင့်လွှတ်ခဲ့တယ်
ဒုတိယအကြိမ် သစ္စာဖောက်တာကို
မှားတတ်တာပဲလေလို့ ခွင့်လွှတ်ခဲ့တယ်
တတိယအကြိမ် သစ္စာဖောက်တာကို
ကိုယ်က ချစ်လွန်းလို့ ခွင့်လွှတ်ခဲ့တယ်
စတုတ္ထအကြိမ် ………..
နင့်အမေ#$@^%$ ……ငါက စောက်ရူးလား။

အများအမြင်မှာ
စောက်ရူးဖြစ်ဖို့ တဲတဲလေးလိုတော့ပေမယ့်
မင်းအမြင်မှာက
ငါစောက်ရူးဖြစ်နေခဲ့တာကြာပြီထင်ပါရဲ့
အရူးကို ဟားတိုက်သူနဲ့ ရူးမိသူ
ဘယ်သူက ရှက်ဖွယ်လဲ။

ခရာဆူးခြုံထဲ လွင့်ပါသွားတဲ့
ဆပ်ပြာပူပေါင်းလေးရဲ့ ကံကြမ္မာမျိုးမှာ
အသနားခံစာ တင်နေရဦးမှာလား
သွားစမ်းပါ မယ်မင်းကြီးမရယ်
မင်းကို ခွင့်လွှတ်မယ့်အစား
ဒီအရှုံးမှာ ပြုံးပြုံးကြီးနေလိုက်မယ်….မှတ်ထား။

ဒီမှာ
ရက်စက်တိုင်း ခံခဲ့သူနဲ့
ခံတိုင်း ရက်စက်ခဲ့သူကြား
နောက်ဆုံး အမုန်းမှတပါး
အခြားသော ပတ်သက်မှုမရှိ။

ရဲဘော်ရဲဘက်စိတ် ဆိုတာ အဲဒါပါဘဲ

0
0




Like This Page· 11 hours ago

မင်းရဲ့  ရဲဘော်ရဲဘက်စိတ်ကို ငါနားလည်ပါတယ် ဒါပေမယ့် ငါ့စကားကိုဘာလို့ နားမထောင်တာလဲ မင်းသူငယ်ချင်းကသေနေပြီ ကို ဘာလို့ တက်ဆွဲ ရတာလဲ အခက်မသင့်ရင် မင်းအသက်ပါပေးလိုက်ရမယ်...

ကျွန်တော်သိပါတယ်ဆရာကြီး ကျွန်တော်သေရင်တောင် သူ့ ဆီက စကားတစ်ခွန်းကြောင့် သေပျော်ပါပြီ ကျွန်တော်သူ့ ဆီရောက်သွားတော့ ကျွန်တော့်ကို ပြုံးပြီး စကားတစ်ခွန်းပြောသွားတယ်


"မင်းလာမယ် ဆိုတာ ငါသိနေတယ်သူငယ်ချင်း" တဲ့ 

ရဲဘော်ရဲဘက်စိတ် ဆိုတာ အဲဒါပါဘဲ ..............

ငါ့သူငယ်ချင်းတွေ နောက်ထပ် ဘယ်လောက်ဆုံးရှုံးရဦးမှာလဲ
ငါ့ ရဲဘော်ရဲဘက်တွေ နောက်ထပ် ဘယ်လောက်ပေးဆပ်ရဦးမှာလဲ

ငါ့လက်မှာ ရန်သူ့ သွေးတွေနဲ့ 
ရန်သူ့ လက်မှာ ငါ့သူငယ်ချင်းသွေးတွေနဲ့ 

ငါတို့ တွေ ဘယ်သူမှ မသိအောင် ရှိုက်ငိုခဲ့ကြတယ်

တကယ်တော့ ငါတို့ စစ်သားတွေ အမုန်းဆုံးက စစ်ပွဲတွေဘဲလေ
စစ်ပွဲတွေက စစ်သားတွေကိုသတ်တယ်
ဘယ်နတ်ဘုရားတွေက စစ်ပွဲတွေကို အဆုံးသတ်အောင်ပြုလုပ်ပေးနိုင်မလဲ

ဆုတောင်းခွင့်ရှိရင် ဆုတောင်းပါတယ်
နောက်ထပ် ငါ့သူငယ်ချင်းတွေ ငါ့ရဲဘော် တွေ ထပ်မဆုံးရှံး ပါရစေနဲ့ 
ုမင်းတို့ သူငယ်ချင်းတွေရဲ့ အသက်တွေကိုလည်းထပ် မယူပါရစေနဲ့ ....

ဒါပေမယ့်
ှဒို့ တာဝန်အရေး(၃) ပါးကိုထိပါးနှောက်ယှက် လာရင်တာ့ ဘယ်သူမျက်နှာမှမထောက် နိုင်တာ နားလည်ပေးကြပါ.....................

Waihin Thu Ye
Bottom of Form
 ဒီနေ့ ကျနော့် Facebook  Cover Photo ပြောင်းတဲ့နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် အခု စတေးတပ်ကလေးကို ဖတ်လိုက်ရလို့ အရမ်းကို အံ့သြသွားမိပါတယ်

Myanmar Navy Modernization Plan

0
0





Pakistan Defence Forum တွင် ဆွေးနွေးဖော်ပြထားသော Myanmar Navy Modernization Plan ဖြစ်ပါသည်။ လေ့လာသိရှိနိုင်ရန် မျှဝေပါသည်။
( Photo: စစ်ရေယာဉ် အောင်ဇေယျ F-11 )

Myanmar Navy Modernization Plan

Frigates

Myanmar Navy has started its modernization program in 2001 in an attempt to replace older ships and equipments. In 2012, Myanmar Navy has taken delivery of 2 Type 053H1 class frigates from PR China. These 2 ships were upgraded extensively by Myanmar Navy. Upgrades to frigates include the replacing of HY 2 anti ship missiles by more lethal C 802 missiles and installing of new sensors. First indigenous frigate,
F11 Aung Zeya has entered service in 2011 and took part in joint exercise with Indian Navy ships off Visakhapatnam in early 2013. Second ship of Aung Zeya class, F 12 Kyan Sit Thar, enters service in 2012 and which is the Myanmar Navy’s first stealth frigate. Third ship is under construction at Myanmar Navy Dockyard (Thilawar) and expected to enter service in 2014. Myanmar Navy plans to build 6 frigates. Myanmar Navy frigates combine Russia, India, China and western weapon system. These ships are equipped with Kh-35E anti-ship missiles, Oto Melara 76 mm Super Rapid Cannons, AK-630 6-barrel 30 mm CIWS guns and Chinese ASW rockets and torpedoes. Radars and electronic systems are mainly from Bharat of India.
Light Frigates and FAC(Stealth)

In early 2011, two corvettes, 771 and 772, are upgraded to Light Frigates by installing C 802 SSM, SAMs, sonar, RBU 1200 ASW rockets and new surface and air search radars. The most significant development for Myanmar Navy is the launching of new FAC(Stealth)(pennant number P 491) which is 49 meter long and armed with 4 x C 802 SSMs and a single AK 630 CIWS. Second ship of this class is already under construction and expected to be completed by early 2014. Myanmar Navy plan to build 10 ships of this class. Twenty 45-meter class FACs(Guns and Missiles) are backbone of Myanmar navy but Myanmar Navy experienced these ships are too small for new weapons and electronic systems. This is the main reason for initiating of 49 meter class FAC(Stealth). Older Hainan class FAC (Submarine Chaser) will be degraded to Category B reserve by 2016.

Submarines

Myanmar Navy intended to establish a submarine fleet by 2015. Some Myanmar naval officers are undergoing submarine training in Pakistan. Although Pakistan is willing to sell its aging Agosta 70 submarines, Myanmar Navy shows very little interest in these submarines and instead, seeking to buy more modern ones. Myanmar Navy is in the process of negotiating to buy 2 Kilo class submarines from Russia. In June 2013, during his visit to Russia, Myanmar Army chief Senior General Min Aung Hlaing and Russian officials discussed to buy Kilo submarines and Kamov ASW helicopters for new frigates.


Future Plan
---------------
Ships / 2013 / 2015 / 2020 / Remarks
--------------------------------------------
Submarine / 2*/ 4*/ - / *in the process of negotiating to buy Kilo Submarines from Russia
Frigate / 4/ 6/ 8*/ -/ * 6 indigenous frigates and 2 Type 053H1 frigates
Light Frigate / 2 / 2/ 2
FAC(Stealth) / 1 / 4/ 10/ 49 meter FAC(Stealth)(C 802 SSMs)
FAC (Missile) / 17/ 17/ 17 / 6 Houxin class with C 801,5 45-meter class with C 801, 6 45-meter class with C 802
FAC (Gun) /9 / 11/ 15/ 45 meter FAC(Gun)
FAC (Submarine Chaser) / 9/ 9/ - / will be degraded to Category B reserve by 2016
Patrol Craft /34/ 34 / 24
LCM / 4* / 6 / 9**/ *1 old LCM and 3 Type 1611 LCMs. **5 Type 1611 LCMs are to built.

Credit: Andy Aung

ကြီးလေးကြီး ဓာတ်ပုံများ ချိတ်ဆွဲထားရှိရေး

0
0




တပ်မတော်(ကြည်း/ရေ/လေ) ကာကွယ်ရးဦးချုပ်ရုံး၊ တိုင်း၊ တပ်မ၊ ဌာနချုပ်၊ တပ်စခန်းများ နှင့် စစ်ကျောင်းကြီးများရှိ သတ်မှတ်ထားသော ရုံးခန်း နှင့် ခန်းမများ တွင် တပ်မတော် အကြီးအကဲ များ၏ ဓာတ်ပုံများအား စနစ်တကျ ချိတ်ဆွဲထားရှိရေးနှင့် ပတ်သက်ပြီး စစ်ရေးချုပ်ရုံး၏ ၁၁-၇-၂၀၁၃ ရက်စွဲပါ စာအမှတ် ၊ ၁ / ၄၂၇ / ရေး၂ (ခ) ဖြင့် ထုတ်ပြန် ညွှန်ကြားထားကြောင်း သိရပါသည်။



ထိုသို့ထားရှိရာတွင် ဗဟိုကင်းများတွင် သတ်မှတ်ထားသော (၂၀×၂၄) လက်မ (သို့)  (၁၄×၁၇) လက်မ အရွယ်အစားရှိ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဓာတ်ပုံအား ချိတ်ဆွဲထားရှိရန် နှင့်  ရုံးခန်း နှင့်ခန်းမများတွင် သတ်မှတ်အရွယ်အစားအလိုက် ဗိုလ်ချုပ် အောင်ဆန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ ဓာတ်ပုံများကို ချိတ်ဆွဲထားရှိရန် ညွှန်ကြားထားသည်။

ကျွန်တော်နဲ့ ပါရဂူဘွဲ့

0
0
  • ကျွန်တော်နဲ့ ပါရဂူဘွဲ့  ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်  တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားမှုတွေ မတူညီကြပါဘူး။ တချို့တွေက ပစ္စည်း ဥစ္စာကြွယ်ဝ ချမ်းသာမှုကို တန်ဖိုးထားတတ်ကြတယ်။ တချို့ကတော့ ကျော်ကြားမှုကို မြတ်နိုးကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဦးစားပေး မှုတွေ ကွဲပြားကြတာပေါ့။ ကျွန်တော့်အတွက်တော့ ပညာရေးကို ဦးစားပေးမိခဲ့တယ်။ မိဘတွေကျေးဇူးကြောင့် ငယ်ငယ်က ကျောင်း ကောင်းကောင်း တက်ခွင့်ရခဲ့တယ်။ ကျွန်တော်တက်ခဲ့တဲ့ကျောင်းက အမှန်တော့ တစ်ချိန်က ရန်ကုန်မြို့မှာသာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ အကောင်းဆုံးကျောင်း ဖြစ်တယ်လို့ အများက လက်ခံကြတယ်။  အင်္ဂလိပ်မက်သဒစ် အထက်တန်းကျောင်းဖြစ်ပြီး ဆူးလေဘုရား လမ်းပေါ်မှာရှိတယ်။ အခုတော့ အထက (၁) ဒဂုံလို့ လူသိများတဲ့ကျောင်း၊ ဒီကျောင်းကပဲ ကျွန်တော် တက္ကသိုလ်ဝင်တန်း အောင်ခဲ့တယ်။ ဘွဲ့ရပြီး အလုပ်ရွေးတဲ့အခါ တက္ကသိုလ်ကျောင်းဆရာ အလုပ်ကို လုပ်ခွင့်ရတယ်။ အဲဒီတုန်းက ရာထူးဝန်အဖွဲ့က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။  စီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာန နည်းပြဆရာအဖြစ် တာဝန်ယူခဲ့ ရတယ်။ ဘွဲ့လွန် အရည်အချင်းစစ် သင်တန်းတက်ခွင့်ရတယ်။ ကျောင်းဆရာ တစ်ယောက်ဖြစ်လာတော့ ကျွန်တော်ဟာ ပညာရေးလောကထဲမှာ ဘဝကိုမြှုပ်နှံခဲ့တယ်။ စာသင်ကြားမှုကို နှစ်သက်တယ်။ ဦးစားပေးခဲ့တယ်။ ဟိုတုန်းက နည်းပြမို့ နည်းပြသင်တန်းတွေပဲ ကိုင်ခွင့် ရခဲ့တယ်။ ကျွန်တော့်ရဲ့ အတန်းက ကျောင်းသား ကျောင်းသူ ၃ဝ လောက်ပဲ ရှိတာပါ။  ကိုယ့်ရဲ့ ကိုယ်ပိုင်အတန်းဖြစ်တာမို့ တတ်နိုင်သမျှ အိတ်သွန်ဖာမှောက် ကြိုးစားအားထုတ် ခဲ့တယ်။ အတန်းကြီးတက်နေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အသက်က သိပ်မကွာ လှဘူး။ နှစ်နှစ်ကျော် လုပ်သက် ရပြီးတော့ နည်းပြသင်တန်းကတစ်ဆင့် Lecture  ပေးခွင့် ရခဲ့တယ်။ ဒါပေမယ့် ပထမနှစ်နဲ့ ဒုတိယနှစ်တွေကိုသာ သင်ခွင့်ရခဲ့တာပါ။ စာရင်းကိုင် အခြေခံနဲ့ ကုန်ကျစရိတ်တွက်ချက်နည်း ဘာသာရပ်တွေကို သင်ခွင့်ရတာ။ ကျွန်တော့်ရဲ့ ကြိုးစား အားထုတ်မှုကြောင့် ထင်ပါရဲ့၊ အတန်းထဲမှာ ကျောင်းသား ကျောင်းသူတွေ အပြည့်။ တစ်ခါတလေ အခန်းမဆံ့လို့ အပြင်ကနေတက်ကြရတယ်။ တခြားအတန်းက ကျောင်းသား ကျောင်းသူတွေလည်း လာတက်ကြတယ်။ Attendance ကို ခိုးထိုးပြီး တက်ကြတဲ့သူတွေက အများကြီး၊ မှန်တာပြောရရင် အခုလိုအောင်မြင်မှု ရတာကို ကျွန်တော် ကျေနပ်မိတာ အမှန်ပါ။  တခြားဆရာ ဆရာမတွေ ကျွန်တော့်အပေါ် ဘယ်လို သဘောထားကြမလဲ ဆိုတာ သိပ်မစဉ်းစားမိဘူး။ အခုလိုဖြစ်နေတာကို လုပ်ဖော်ကိုင်ဖက် တစ်ဦးမှတ်ချက်ပြုတာကို အခုထိမှတ်မိသေးတယ်။ သူက စေတနာနဲ့ပြော တာပါ။ ''ခင်ဗျားကို ဒီကျောင်းသားတွေက သဘောကျတာ အရေးမကြီးဘူး။ ကိုယ့်ရဲ့ အထက်လူကြီး ဆရာတစ်ယောက်ရဲ့ ထောက်ခံ အားပေးတာပိုပြီး အရေးကြီးတယ်''တဲ့။ သူပြောတာ မမှားပါဘူး။ မိမိရဲ့ ရှေ့ရေးအလုပ်မှာ တိုးတက်ဖို့ အထက်လူကြီး၊ ဆရာလုပ်တဲ့သူရဲ့ အားပေးမှုက အဓိကကျတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်က သူပြောတာကို လက်မခံဘူး။ ကျောင်းသားချစ်တဲ့ ဆရာပဲဖြစ်ချင်တယ်။  ကိုယ့်ကို သူတို့ဘာမှ လုပ်မပေးနိုင်ဘူးဆိုတာ သဘောပေါက်တယ်။ သူတို့က ကိုယ့်ကို ဘယ်လိုမှ အလုပ်အကျွေးပြုနိုင်မှာ မဟုတ်ဘူးလေ။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ မိမိကိုဘယ်လိုမှ အလုပ်အကျွေး မပြုနိုင်တဲ့သူတွေကို ဂရုစိုက်သင့်တယ်လို့ ယူဆမိတယ်။ ကျွန်တော်ကံကောင်းတာက ဆရာဖြစ်တဲ့ ဆရာဝီလျံပေါက တည်ကြည်ရင့်ကျက်တဲ့သူ၊ ဆရာပီသသူ၊ အမြဲတမ်း တပည့်တွေရှေ့က မားမားမတ်မတ် ရပ်တည်ခဲ့သူဖြစ်တယ်။   တက္ကသိုလ်လောကမှာ ထွက်ရပ်ပေါက်က နိုင်ငံခြားပညာတော်သင် ဆုရဖို့ဖြစ်တယ်။ ရဖို့ ကလည်း သိပ်မလွယ်လှဘူး။ ကျွန်တော်ဆရာဖြစ်ပြီး တစ်နှစ်လောက်စပြီး ပြင်ဆင်ခဲ့ရတာ။ ဒီလိုဖြစ်အောင် အားပေးတဲ့ ဆရာ ဆရာကြီးတွေ မှတ်မိသေးတယ်။ မနက်အစောကြီး စီးပွားရေးတက္ကသိုလ်ကို လာရင် အဓိပတိလမ်းမှာ လမ်းလျှောက်နေတဲ့ ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်ခ၊ သမီးလေးကို လက်တွဲပြီး ဝိဇ္ဇာခန်းမအနားက ဖြတ်လျှောက် သွားတဲ့ ဒေါက်တာကျော်သက်၊ ဒီတုန်းက ပါရဂူဘွဲ့ယူပြီး ပြန်လာခဲ့တဲ့ ဒေါက်တာ ဦးအေးလှိုင်၊ စာရင်းအင်းပညာဌာနက ဒေါက်တာခင်မောင်ညွန့်တို့ ဖြစ်ပါတယ်။ သူတို့တစ်တွေဟာ ကျွန်တော့်ရဲ့ နမူနာပြပုဂ္ဂိုလ်တွေပါ။  သူတို့ကိုကြည့်ပြီး သိပ်အားကျမိတာ။   ကျွန်တော် မမီလိုက်ပေမယ့် လေးစားရတဲ့ ဆရာကြီး ဒေါက်တာ ဦးလှမြင့်၊ ထူးခြားတာ တစ်ခုက မြန်မာနိုင်ငံမှာ စီးပွားရေးပညာ ထူးချွန်တဲ့သူတွေ အများကြီးမွေးထုတ် နိုင်ခဲ့တဲ့ ကမ္ဘာ့ဘဏ်မှာ တာဝန်ယူခဲ့တဲ့ ဒေါက်တာ ထွန်းသင်၊ စီးပွားရေးမှာ ကျွန်တော့်ရဲ့ ဆရာဖြစ်တဲ့ ဒေါက်တာ Ronald Findlay။ ဝါဏိဇ္ဇဗေဒဌာနမှာ ဆရာကြီးဒေါက်တာ ခင်မောင်ကြည်၊ နောက်ပိုင်းပြန်ရောက်လာခဲ့တဲ့ ဒေါက်တာမြင့်၊ ဒေါက်တာ မျိုးညွန့်၊ ဒေါက်တာ ခင်အုန်းသန့်၊ ဆရာအရင်း ဒေါက်တာ ခင်မောင်ြွကယ်။ သူတို့တစ်တွေဟာ ကျွန်တော်စံထားခဲ့ရတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။သူတို့ကို ကြည့်ပြီး သူတို့လို ဖြစ်ချင်တဲ့ဆန္ဒပြင်းပြခဲ့တယ်။  နိုင်ငံခြားပညာတော်သင်ကို ပထမအကြိမ်လျှောက်ခဲ့ပေမယ့် နှုတ်ဖြေစာမေးပွဲ မှာ တခြားသူ တစ်ဦး ရသွားပါတယ်။ အခုလိုဖြစ်ခဲ့လို့ စိတ်ထဲမှာမကျေမနပ် ဖြစ်ခဲ့ရတယ်။ ဝမ်းနည်းခဲ့ရတယ်။ မိမိရဲ့ ကိုယ်ပိုင်အရည်အချင်းအပေါ် အခြေခံပြီး ဆုံးဖြတ်တာမဟုတ်ဘဲ ကျွန်တော်ဘာမှ မတတ်နိုင်တဲ့ မမွေးခင် ကတည်းကဖြစ်ခဲ့တဲ့ အကြောင်းအချက် တစ်ခုကြောင့် အပယ်ခံခဲ့ ရတယ်။ မရတာက ကောင်းတယ်လို့ နောက်မှစဉ်းစားမိတယ်။ မရလိုက်တဲ့ ပညာသင်ဆု ဟာ ပိုလန်နိုင်ငံက ပညာသင်ဆုလေ။  ဒုတိယအကြိမ်ကျတော့ ချောချောမောမောပါပဲ။ အဖေလုပ်သူရဲ့ကျေးဇူးနဲ့ ဖြစ်ခဲ့တဲ့ အကြောင်း ကိစ္စကို ဖြေရှင်းနိုင်ခဲ့တယ်။ ဒုတိယအကြိမ်မှာ ပညာသင်ဆုရရုံမက တစ်ကျော့ပြန် အနောက်နိုင်ငံတစ်ခုဖြစ်တဲ့ အင်္ဂလန်နိုင်ငံကို သွားခွင့်ရပါတယ်။ တစ်ဖက်ကလည်း ကျွန်တော် အင်္ဂလန်သွားတဲ့အချိန်မှာပဲ မိခင်လုပ်တဲ့သူဟာ ကျွန်တော်နဲ့အတူ အင်္ဂလန်မှာ ဆေးကုသခွင့်ရ ခဲ့ပါတယ်။ နိုင်ငံခြားပညာသင်ရတဲ့အချိန်မှာ နည်းပြဆရာသက်တမ်း ငါးနှစ်ပြည့်ခဲ့ပြီမို့ အတော်အတန်ရင့်ကျက်ပြီး လုပ်သက်လည်းရှိနေပြီ။ နိုင်ငံခြားပညာသင်ဆုက ကိုလံဘို စီမံချက်နဲ့ သွားရတာ။ တက်ရမယ့်တက္ကသိုလ်ကို လျှောက်တဲ့အခါ လိုချင်တဲ့ မဟာသိပ္ပံ သင်တန်းတက်ခွင့်မရဘဲ စမ်းသပ်အနေနဲ့ ဘွဲ့လွန်စီမံခန့်ခွဲမှုပညာ ဒီပလိုမာ သင်တန်းကို တက်ခွင့်ရခဲ့တယ်။ ဒီပလိုမာသင်တန်းက စာတွေက ကျွန်တော့်အဖို့ အခက်အခဲ မရှိလှဘူး။ ရန်ကုန်မှာကတည်းက သင်ကြားခဲ့ပြီးတဲ့ ဘာသာတွေကအများစု။ ဒါနဲ့ ပထမနှစ်တက်ပြီး ဘွဲ့လွန်ဒီပလိုမာဘွဲ့ကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်ခဲ့တယ်။  ဟိုတုန်းက နိုင်ငံခြားပညာသင်သွားရတာက ဖောင်ဖျက်ပြီးသွားရတာ။ ဘွဲ့မရမချင်း အိမ်ပြန်ခွင့် မရှိဘူး။ ပညာကိုမလိုက်နိုင်ရင်လည်း ချက်ချင်းပြန်လွှတ်တာ။ ဒုတိယနှစ်မှာတော့ မဟာ သိပ္ပံဘွဲ့ သင်တန်းကို University of Warwick မှာ တက်ခွင့်ရခဲ့တယ်။ ကျွန်တော်တို့ဌာနက Operations Research လို့ခေါ်တဲ့ အသုံးချသုတေသနဘာသာနဲ့ မဟာသိပ္ပံဘွဲ့ကိုယူခိုင်းတာ။ ဒီဘာသာ ကခက်တယ်။ စီမံခန့်ခွဲမှုပညာကို သင်္ချာပညာ ရှုထောင့်က လေ့လာရတာ။ သင်္ချာအတွက်အချက်တွေ သိပ်များတာမို့ အတန်းထဲမှာ အတန်းသား ၂ဝ လောက်ပဲရှိတယ်။ နိုင်ငံအမျိုးမျိုးကလာကြတာ။ အဆောင်မှာနေရတယ်။ ကျွန်တော်နဲ့အတူ ဆူဒန်နိုင်ငံက သင်တန်းသားတစ်ဦးပါဝင်ပါတယ်။ အဆောင်မှာလည်း အတူတူနေရတော့ ရင်းနှီးခဲ့ကြတယ်။  ရယ်စရာတစ်ခုကို သူနဲ့အတူ ကြုံရတယ်။ စာမေးပွဲဖြေတဲ့အချိန်မှာ စာမေးပွဲစနစ်က Open bookဖြစ်လို့ ကြိုက်တဲ့စာအုပ်၊ စာရွက်စာတမ်းတွေ စာမေးပွဲ အခန်းထဲ ယူခွင့်ရှိတယ်။ ဒါကိုလည်းသိရော ဟန်ကျပြီဆိုပြီး လိုမယ်လို့ထင်တဲ့ စာအုပ်တွေကို သေတ္တာထဲထည့်ပြီး ကျွန်တော်ရယ်၊ သူငယ်ချင်းရယ် နှစ်ယောက် သား အပင်ပန်းခံပြီး သယ်ဆောင်သွားကြတယ်။ စာမေးပွဲအခန်းထဲရောက်ပြီး မေးခွန်းတွေ ဖတ်ပြီး အဖြေပါမယ်ထင်တဲ့ စာအုပ်တွေ၊ စာရွက်တွေကို ရှာလိုက် ရတာ အမောသာအဖတ်တင်တယ်။ အဖြေတွေက စာအုပ်ထဲမှာ မရှိဘူးလေ။ သူငယ်ချင်းနှစ်ယောက် ရှက်ရှက်နဲ့ပဲ စာအုပ်တွေကို စာမေးပွဲပြီးတော့ အခန်းထဲ ပြန်သယ်လာခဲ့ရတယ်။  မဟာသိပ္ပံသင်တန်းမပြီးမီ ပါရဂူသင်တန်းတက်ဖို့ သင့်တော်မယ့် တက္ကသိုလ်တွေကို စုံစမ်းရတယ်။ ကျွန်တော်အထူးပြုတဲ့ ဘာသာရပ်က စီမံခန့်ခွဲမှုသိပ္ပံ (Management Sciences) ဘာသာဖြစ်တယ်။ ဒီဘာသာနဲ့ ပတ်သက်ပြီး ပါရဂူအဆင့် သုတေသန လုပ်ငန်းလုပ်ဖို့ တက္ကသိုလ် သုံးလေးခုကိုသွားပြီး စုံစမ်းခဲ့တယ်။ မိမိကိုကြီးကြပ်ပေးမယ့် ပါမောက္ခနဲ့လည်း တွေ့ခွင့်ရခဲ့တယ်။ နောက်ဆုံး ပါရဂူသုတေသနသို့  University of Manchester Institute of Sciences and Technology (UMIST) မှာ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ UMIST က နာမည်ကြီးတက္ကသိုလ်၊ အင်္ဂလန်နိုင်ငံမှာ စက်မှုသိပ္ပံ ဘာသာရပ်နဲ့ ပတ်သက်ပြီး နာမည်ရတာ၊ တချို့က အင်္ဂလန်နိုင်ငံရဲ့ MIT လို့ သတ်မှတ်ကြတယ်။ အမေရိကန်နိုင်ငံမှာ နာမည်ကြီးတဲ့ စက်မှုသိပ္ပံတက္ကသိုလ်က MIT ဖြစ်တယ်။  ကျွန်တော်ရဲ့ ကြီးကြပ်သူက ပါမောက္ခ ဒေါက်တာ Brian Moores၊ သူက အင်္ဂလန်နိုင်ငံသား၊ သူ့ရဲ့ပါရဂူဘွဲ့ကို အမေရိကန်နိုင်ငံက ရထားတာ။ သူ့ရဲ့ ကြီးကြပ်မှု အောက်မှာ ပါရဂူ ကျောင်းသား ငါးယောက်ရှိတယ်။ ပါမောက္ခလုပ်သူက ကျောင်းသား ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သုတေသနလုပ်နေတဲ့သူ၊ သူ့ရဲ့ကြီးကြပ်မှုအောက်မှာ တာဝန် ယူရတာမို့ ကျွန်တော်လည်း ကျန်းမာရေးလောကနဲ့ နီးစပ်ခဲ့တယ်။ ဟိုတုန်းက ကွန်ပျုတာ တွေက အခုလို အရွယ်အစားမရှိဘူး။ အကြီးကြီးတွေ၊ ခန်းလုံးပြည့်ပြီးတော့ ကတ်ပြား (Punch card) တွေသုံးပြီးမှ ကွန်ပျူတာကို တာဝန်ပေးရတယ်။ ကွန်ပျူတာနားလည်တဲ့ Program တွေရေးပြီး စာရင်းတွေသွင်း၊ လိုအပ်တဲ့ တွက်ချက်မှုတွေလုပ်ခဲ့ရတာ။   ဒီတုန်းက ကျွန်တော်နဲ့အတူ ပါရဂူသုတေသနလုပ်နေတဲ့သူ မြန်မာ ကျောင်းသား တစ်ဦးလည်း ရှိတယ်။ သူကကိုစိန်ခိုင်၊ အာဇာနည် မန်းဘခိုင်ရဲ့ သား၊ သိပ်သဘော ကောင်းတယ်၊ သိမ်မွေ့တယ်၊ ထမင်းချက် ဟင်းချက် သိပ်ကောင်းတယ်။ စနေ၊ တနင်္ဂနွေ အလုပ်အားတဲ့ အချိန် သူနဲ့ပဲ အချိန်ဖြုန်းခဲ့တယ်။ ညီအစ်ကိုလို နေခဲ့ကြတဲ့သူ ဖြစ်ပါတယ်။  ပါရဂူတက်နေစဉ် တစ်နှစ် တစ်ခေါက် လန်ဒန်မြို့သွားပြီး သံရုံးကကျင်းပတဲ့ တွေ့ဆုံပွဲတွေ တက်ရတယ်။ ဒီတုန်းက နိုင်ငံခြားပညာသင် အများစုက ဆရာဝန်တွေ၊ ကျွန်တော်တို့လို စီးပွားရေးပညာ တက်နေသူတွေက လူနည်းစု၊ ဆရာကြီး ဦးဇော်သန်း၊ ဆရာဦးဥာဏ်လင်းတို့ ရှိတယ်၊ ကျွန်တော် တက်နေတဲ့ တက္ကသိုလ်ရဲ့ မလှမ်းမကမ်း တက္ကသိုလ်မှာ ဓာတုဗေဒဘာသာနဲ့ ပါရဂူတက်နေကြတဲ့ မြန်မာကျောင်းသားတစ်ယောက် ရှိတယ်။ Manchester တက္ကသိုလ်မှာ တက်နေတဲ့ ဆရာဝန်တွေလည်း ရှိတယ်။  Liverpool  တက္ကသိုလ်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ကိုခိုင်ဇော်၊ အခုတော့ သူရော ကိုစိန်ခိုင်ရော ကွယ်လွန်သွားကြပြီ။ ကျွန်တော်က ပညာရေး လောဘကြီးတယ်။ တ်ာရုံတန်ရုံနဲ့ မကျေနပ်ဘူး။ သုံးနှစ်လောက် သုတေသနတွေ ဆောင်ရွက်ပြီး ကြီးကြပ်သူဆရာက ကျမ်းကြီးကို စရေးဖို့ ခွင့်ပြုလိုက်တယ်။ ပါရဂူဘွဲ့ယူတဲ့ ကျောင်းသားအဖို့ ဒီအခြေအနေ ရောက်ဖို့က အလွန်အရေးကြီးတဲ့ မှတ်တိုင်၊ မိမိဆောင်ရွက်ခဲ့တဲ့ သုတေသနအလုပ်တွေ ပြည့်စုံမှ ဆရာလုပ်သူက ကျမ်းကြီးကိုရေးခွင့်ပြုတာ။ ကျမ်းကြီးပြုစု ရတာက စာအုပ်တစ်အုပ် ရေးရသလိုပါပဲ။ စုစည်းထားတဲ့ အချက်အလက်တွေကို စနစ်တကျ ဖော်ပြမှုဖြစ်တယ်။ ခေါ်တာကိုက Ph.D.Thesis  လို့ ခေါ်တာ။  Thesis ဆိုတာ မိမိရဲ့ တွေ့ရှိချက်တွေကို စနစ်တကျ ဖော်ထုတ်မှုဖြစ်ပါတယ်။ ကျွန်တော်က ကျမ်းကြီးကို အကောင်းဆုံးဖြစ်ချင်လို့ ပြီးပြည့်စုံအောင် ကြိုးစားရေးရင်း ရေးရင်းနဲ့ လက်လွန်ပြီး ကျမ်းကြီးက စာအုပ်တစ်အုပ်နဲ့ မလုံလောက်ဘဲ စာမျက်နှာ ၆ဝဝ ကျော်ခဲ့လို့ ၃၆ အုပ်ခွဲပြီး ထုတ်ခဲ့ရတယ်။  ကျမ်းကြီးရေးသားပြုစုပြီးချိန်မှာ ကျမ်းကိုစစ်ဖို့ နှုတ်ဖြေစာမေးပွဲ Oral Examination  ကို ကျင်းပရပါတယ်။ နှုတ်ဖြေစာမေးပွဲကျင်းပမယ့် အကြောင်း ကို သတင်းစာမှာ ကြော်ငြာပါတယ်၊ အဓိပ္ပာယ်က ကြိုက်နှစ်သက်သူတွေ တက်ရောက်ခွင့်ရှိပါတယ်။ ကျွန်တော် နှုတ်ဖြေစာမေးပွဲ ကျင်းပတဲ့ အကြောင်း ကို မနေ့တစ်နေ့ကလိုပဲ မှတ်မိနေမိတယ်။ ပါမောက္ခရဲ့ ရုံးခန်းမှာ ကျင်းပလို့ ကျွန်တော်နဲ့ သုတေသနအတူလုပ်တဲ့သူတွေက အခန်းထဲမှာရှိကြတယ်။ ကြီးကြပ်တဲ့ ပါမောက္ခအပြင် နှုတ်ဖြေစာမေးပွဲကိုစစ်မယ့် ပါမောက္ခ၊ ဒီပါမောက္ခက ကမ္ဘာကျော် စီးပွားရေးပညာရှင်၊ သူကိုယ်တိုင်စစ်မှာမို့ နည်းနည်းတော့ စိတ်ပူမိပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ဆရာ မိတ်ဆက် စကားပြောပြီး စာစစ်ဆရာရဲ့ စကားကို ကြားလိုက်ရတော့ ပါရဂူဘွဲ့ရပြီဆိုတာ ကို သိလိုက်ရတယ်။ သူက ကျွန်တော်ပြုစုတင်သွင်းခဲ့တဲ့ ကျမ်းကြီးကို သဘောကျကြောင်း၊ အခုလို ပြည့်ပြည့်စုံစုံပြုစုထားတဲ့ ကျမ်းကြီးတစ်စောင် မဖတ်ခဲ့ရဖူးဘူးလို့ ပြောတာမို့ ပထမ ငါးမိနစ်လောက်မှာပဲ ကိစ္စပြီးသွားခဲ့ ပါတယ်။ ပါမောက္ခဆရာက အားနာလို့ထင်ပါရဲ့။ ငါးမိနစ်နဲ့ နှုတ်ဖြေစာမေးပွဲပြီး ရင် ကြည့်မကောင်းမှာ စိုးလို့ထင်ပါရဲ့။ ကျွန်တော့်ကို ဟိုမေးဒီမေး လုပ်ပြီးနောက် မိနစ် ၂ဝ လောက် ကုန်ဆုံးခဲ့တယ်။ နှုတ်ဖြေ စာမေးပွဲတစ်ခုကို အချိန်တိုအတွင်း ပြီးခဲ့တာကို အားလုံးက အံ့သြနေကြတယ်။  ကျွန်တော် အခန်းအပြင်ထွက်ပြီး စာစစ်သူနှစ်ဦးရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်း ခဲ့ပါတယ်။ စောင့်နေရင်း သူငယ်ချင်းတွေက ဝိုင်းအားပေးကြ ပါတယ်။ ငါးမိနစ်အကြာမှာ ပါမောက္ခက အခန်းအပြင်ထွက် ကျွန်တော့်ကို အခန်းထဲကို ခေါ်ပါတယ်။ အခန်းထဲ ရောက်တော့ ဆရာနှစ်ဦးစလုံးက မတ်တတ်ရပ်ပြီး Congratulations Doctor  လို့ နှုတ်ဆက် ပါတယ်။   အဓိပ္ပာယ်က အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ ဖြစ်ချင်လှတဲ့ ဒေါက်တာ တစ်ဦး ဖြစ်ခဲ့ပါတယ်။ အချိန်ကာလက ၁၉၇၇ ခုနှစ်မို့ နှစ်ပေါင်း ၃၆ နှစ် ရှိခဲ့ပါပြီ။ ပါရဂူဘွဲ့ရပြီးချိန်မှာ ဘွဲ့နှင်း သဘင်အခမ်းအနားကို ကျွန်တော် မတက်နိုင်ဘဲ မြန်မာပြည်ပြန်ခဲ့ရပါတယ်။ ဒီတုန်းက ဖခင်ဖြစ်သူက အသည်းအသန် နေမကောင်းဖြစ်နေတာကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကျွန်တော့်ကို မပြောဘဲထားခဲ့တာ။ ဒါကြောင့်လည်း ပြီးပြီးချင်း မြန်မာပြည်ကို ပြန်ခဲ့တာပါ။  ကျွန်တော်ဟာ ကိုယ်မြတ်နိုးလှတဲ့၊ တန်ဖိုးထားလှတဲ့ ပါရဂူဘွဲ့ကို ချွေးနဲ့ မျက်ရည်တွေကျပြီး ရယူခဲ့ပါတယ်။ စုစုပေါင်း လေးနှစ်တိတိ နေ့မနား၊ ညမနား အင်အား ထုတ်ပြီး ရယူခဲ့တာ ဖြစ်ပါတယ်၊ အခုလိုတန်ဖိုးထားတဲ့ အရာကို အလွဲသုံးစားလုပ်နေတာ တွေ့ရလို့ ရင်ထဲမှာ နင့်ရပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံမှာ ပါရဂူဒေါက်တာဘွဲ့ ရထားသူတွေက ရေတွက် လို့တောင် မကုန်နိုင်တော့ဘူး။   တစ်ခါတလေ သတင်းစာထဲမှာ Ph.D(USA)  တို့ Ph.D(UK) ဆိုတဲ့ အသုံးအနှုန်းတွေ သုံးစွဲနေတာ တွေ့ရပါတယ်။ ရုတ်တရက်ကြည့်ရင်  USA ဟာ အမေရိကန်ပြည်ထောင်စုက ရထားသလိုလို UK  ဆိုပြန်တော့ အင်္ဂလန်နိုင်ငံက ရထားတဲ့သဘော၊ အမှန်တော့ ကျွန်တော် မကြာခဏပြောသလို  USA ဆိုတာက U Sa (ဦးစ) ဆိုတဲ့သူက ပေးတာဖြစ်တယ်။ ဘာ့ကြောင့် ဒီလို ပြောရသလဲဆိုရင် ပါရဂူဘွဲ့ကို နိုင်ငံတစ်နိုင်ငံက ပေးနိုင်တဲ့အခွင့် မရှိပါဘူး။ ဘွဲ့ကို တက္ကသိုလ်ကသာ ပေးနိုင်စွမ်းရှိပါတယ်။  ကျွန်တော်က အတုနဲ့အစစ် ခွဲစေချင်တယ်။ ပါရဂူဘွဲ့ကို မိမိရဲ့အလုပ် အတွေ့ အကြုံနဲ့ ယူလို့ ရတယ်လို့ ပြောကြတဲ့သူတွေရှိကြတယ်။ အမှန်တော့ ပါရဂူဘွဲ့ ကို ရယူနိုင်ဖို့ နည်းလမ်းတစ်ခု ပဲရှိတယ်။ ဒါက သုတေသနလုပ်ရ မယ်။ ဒီသုတေသနကို ကျမ်းကြီးအဖြစ် စာတမ်းပြုစုရမယ်။ ဒီစာတမ်းကို ပညာရှင် အချင်းချင်း စိစစ်ပြီးမှ အရည်အချင်းပြည့်မပြည့် ဆုံးဖြတ်နိုင်တယ်။ တစ်ခုတော့ရှိတယ်။ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကတော့ တစ်မျိုးဖြစ်တယ်။ ဒါကတော့ ပုဂ္ဂိုလ် တစ်ဦးရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုပြီးပေး တာ။ ဒါကိုလည်း တက္ကသိုလ်ကသာ ပေးခွင့်ရှိတာ။ တစ်ချိန်က ကျွန်တော်တို့ နိုင်ငံမှာ ထူးဆန်းစွာ ပါရဂူဘွဲ့ပေးခဲ့တာရှိပါတယ်။ ဒါကတော့ ပါရဂူဘွဲ့စာ ကျမ်းကြီးသုံးစောင် စိစစ်တဲ့သူတွေကို ပါရဂူဘွဲ့အပ်နှင်းခြင်းဖြစ်တယ်။ ဝေဖန်စရာမရှိပါဘူး။ ထူးဆန်းတယ်လို့ပဲ ကောက်ချက်ချလို ပါတယ်။   ကျွန်တော်ကတော့ ဒီဆောင်းပါးကို လူငယ်တွေအတွက် ရည်ရွယ်ပြီး ရေးသားနေ တာ ဖြစ်တယ်။ လူငယ်တွေကို ကြိုးစားစေချင်တယ်။ အမှန်တရား ကို မြတ်နိုးစေချင်တယ်။ ဖြတ်လမ်းနည်းနဲ့ယူတာကို အားမပေးချင်ဘူး။ ဘွဲ့တစ်ခုရဲ့တန်ဖိုးဟာ ဘွဲ့ယူခဲ့တဲ့တက္ကသိုလ်နဲ့ ဆိုင်ပါတယ်။ ဒါ့ကြောင့်လည်း နာမည်ရ၊ နာမည်ကြီးတဲ့ တက္ကသိုလ်တွေတက်ပြီး ခက်ခက်ခဲခဲနဲ့ပါရဂူဘွဲ့တွေရယူစေလိုပါတယ်။ လူငယ်တွေပညာရေးကို အလေးထား တန်ဖိုးထားနိုင် ကြပါစေလို့ ဆုတောင်းမိပါတယ်...။  ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်
    ကျွန်တော်နဲ့ ပါရဂူဘွဲ့

    တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားမှုတွေ မတူညီကြပါဘူး။ တချို့တွေက ပစ္စည်း ဥစ္စာကြွယ်ဝ ချမ်းသာမှုကို တန်ဖိုးထားတတ်ကြတယ်။တချို့ကတော့ ကျော်ကြားမှုကို မြတ်နိုးကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဦးစားပေး မှုတွေ ကွဲပြားကြတာပေါ့။ ကျွန်တော့်အတွက်တော့ ပညာရေးကို ဦးစားပေးမိခဲ့တယ်။ မိဘတွေကျေးဇူးကြောင့် ငယ်ငယ်က ကျောင်း ကောင်းကောင်း တက်ခွင့်ရခဲ့တယ်။ ကျွန်တော်တက်ခဲ့တဲ့ကျောင်းက အမှန်တော့ တစ်ချိန်က ရန်ကုန်မြို့မှာသာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာအကောင်းဆုံးကျောင်း ဖြစ်တယ်လို့ အများက လက်ခံကြတယ်။

    အင်္ဂလိပ်မက်သဒစ် အထက်တန်းကျောင်းဖြစ်ပြီး ဆူးလေဘုရား လမ်းပေါ်မှာရှိတယ်။ အခုတော့ အထက (၁) ဒဂုံလို့ လူသိများတဲ့ကျောင်း၊ ဒီကျောင်းကပဲ ကျွန်တော် တက္ကသိုလ်ဝင်တန်း အောင်ခဲ့တယ်။ ဘွဲ့ရပြီး အလုပ်ရွေးတဲ့အခါ တက္ကသိုလ်ကျောင်းဆရာ အလုပ်ကို လုပ်ခွင့်ရတယ်။ အဲဒီတုန်းက ရာထူးဝန်အဖွဲ့က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

    စီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာန နည်းပြဆရာအဖြစ် တာဝန်ယူခဲ့ ရတယ်။ ဘွဲ့လွန် အရည်အချင်းစစ် သင်တန်းတက်ခွင့်ရတယ်။ ကျောင်းဆရာ တစ်ယောက်ဖြစ်လာတော့ ကျွန်တော်ဟာ ပညာရေးလောကထဲမှာ ဘဝကိုမြှုပ်နှံခဲ့တယ်။ စာသင်ကြားမှုကို နှစ်သက်တယ်။ ဦးစားပေးခဲ့တယ်။ ဟိုတုန်းက နည်းပြမို့ နည်းပြသင်တန်းတွေပဲ ကိုင်ခွင့် ရခဲ့တယ်။ ကျွန်တော့်ရဲ့ အတန်းက ကျောင်းသား ကျောင်းသူ ၃ဝ လောက်ပဲ ရှိတာပါ။

    ကိုယ့်ရဲ့ ကိုယ်ပိုင်အတန်းဖြစ်တာမို့ တတ်နိုင်သမျှ အိတ်သွန်ဖာမှောက် ကြိုးစားအားထုတ် ခဲ့တယ်။ အတန်းကြီးတက်နေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အသက်က သိပ်မကွာ လှဘူး။ နှစ်နှစ်ကျော် လုပ်သက် ရပြီးတော့ နည်းပြသင်တန်းကတစ်ဆင့် Lecture ပေးခွင့် ရခဲ့တယ်။ ဒါပေမယ့် ပထမနှစ်နဲ့ ဒုတိယနှစ်တွေကိုသာ သင်ခွင့်ရခဲ့တာပါ။ စာရင်းကိုင် အခြေခံနဲ့ ကုန်ကျစရိတ်တွက်ချက်နည်း ဘာသာရပ်တွေကို သင်ခွင့်ရတာ။ ကျွန်တော့်ရဲ့ ကြိုးစား အားထုတ်မှုကြောင့် ထင်ပါရဲ့၊ အတန်းထဲမှာ ကျောင်းသား ကျောင်းသူတွေ အပြည့်။ တစ်ခါတလေ အခန်းမဆံ့လို့ အပြင်ကနေတက်ကြရတယ်။ တခြားအတန်းက ကျောင်းသား ကျောင်းသူတွေလည်း လာတက်ကြတယ်။ Attendance ကို ခိုးထိုးပြီး တက်ကြတဲ့သူတွေက အများကြီး၊ မှန်တာပြောရရင် အခုလိုအောင်မြင်မှု ရတာကို ကျွန်တော် ကျေနပ်မိတာ အမှန်ပါ။

    တခြားဆရာ ဆရာမတွေ ကျွန်တော့်အပေါ် ဘယ်လို သဘောထားကြမလဲ ဆိုတာ သိပ်မစဉ်းစားမိဘူး။ အခုလိုဖြစ်နေတာကို လုပ်ဖော်ကိုင်ဖက် တစ်ဦးမှတ်ချက်ပြုတာကို အခုထိမှတ်မိသေးတယ်။ သူက စေတနာနဲ့ပြော တာပါ။ ''ခင်ဗျားကို ဒီကျောင်းသားတွေက သဘောကျတာ အရေးမကြီးဘူး။ ကိုယ့်ရဲ့ အထက်လူကြီး ဆရာတစ်ယောက်ရဲ့ ထောက်ခံ အားပေးတာပိုပြီး အရေးကြီးတယ်''တဲ့။ သူပြောတာ မမှားပါဘူး။ မိမိရဲ့ ရှေ့ရေးအလုပ်မှာ တိုးတက်ဖို့ အထက်လူကြီး၊ ဆရာလုပ်တဲ့သူရဲ့ အားပေးမှုက အဓိကကျတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်က သူပြောတာကို လက်မခံဘူး။ ကျောင်းသားချစ်တဲ့ ဆရာပဲဖြစ်ချင်တယ်။

    ကိုယ့်ကို သူတို့ဘာမှ လုပ်မပေးနိုင်ဘူးဆိုတာ သဘောပေါက်တယ်။ သူတို့က ကိုယ့်ကို ဘယ်လိုမှ အလုပ်အကျွေးပြုနိုင်မှာ မဟုတ်ဘူးလေ။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ မိမိကိုဘယ်လိုမှ အလုပ်အကျွေး မပြုနိုင်တဲ့သူတွေကို ဂရုစိုက်သင့်တယ်လို့ ယူဆမိတယ်။ ကျွန်တော်ကံကောင်းတာက ဆရာဖြစ်တဲ့ ဆရာဝီလျံပေါက တည်ကြည်ရင့်ကျက်တဲ့သူ၊ ဆရာပီသသူ၊ အမြဲတမ်း တပည့်တွေရှေ့က မားမားမတ်မတ် ရပ်တည်ခဲ့သူဖြစ်တယ်။

    တက္ကသိုလ်လောကမှာ ထွက်ရပ်ပေါက်က နိုင်ငံခြားပညာတော်သင် ဆုရဖို့ဖြစ်တယ်။ ရဖို့ ကလည်း သိပ်မလွယ်လှဘူး။ ကျွန်တော်ဆရာဖြစ်ပြီး တစ်နှစ်လောက်စပြီး ပြင်ဆင်ခဲ့ရတာ။ ဒီလိုဖြစ်အောင် အားပေးတဲ့ ဆရာ ဆရာကြီးတွေ မှတ်မိသေးတယ်။ မနက်အစောကြီး စီးပွားရေးတက္ကသိုလ်ကို လာရင် အဓိပတိလမ်းမှာ လမ်းလျှောက်နေတဲ့ ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်ခ၊ သမီးလေးကို လက်တွဲပြီး ဝိဇ္ဇာခန်းမအနားက ဖြတ်လျှောက် သွားတဲ့ ဒေါက်တာကျော်သက်၊ ဒီတုန်းက ပါရဂူဘွဲ့ယူပြီး ပြန်လာခဲ့တဲ့ ဒေါက်တာ ဦးအေးလှိုင်၊ စာရင်းအင်းပညာဌာနက ဒေါက်တာခင်မောင်ညွန့်တို့ ဖြစ်ပါတယ်။ သူတို့တစ်တွေဟာ ကျွန်တော့်ရဲ့ နမူနာပြပုဂ္ဂိုလ်တွေပါ။ သူတို့ကိုကြည့်ပြီး သိပ်အားကျမိတာ။

    ကျွန်တော် မမီလိုက်ပေမယ့် လေးစားရတဲ့ ဆရာကြီး ဒေါက်တာ ဦးလှမြင့်၊ ထူးခြားတာ တစ်ခုက မြန်မာနိုင်ငံမှာ စီးပွားရေးပညာ ထူးချွန်တဲ့သူတွေ အများကြီးမွေးထုတ် နိုင်ခဲ့တဲ့ ကမ္ဘာ့ဘဏ်မှာ တာဝန်ယူခဲ့တဲ့ ဒေါက်တာ ထွန်းသင်၊ စီးပွားရေးမှာ ကျွန်တော့်ရဲ့ ဆရာဖြစ်တဲ့ ဒေါက်တာ Ronald Findlay။ ဝါဏိဇ္ဇဗေဒဌာနမှာ ဆရာကြီးဒေါက်တာ ခင်မောင်ကြည်၊ နောက်ပိုင်းပြန်ရောက်လာခဲ့တဲ့ ဒေါက်တာမြင့်၊ ဒေါက်တာ မျိုးညွန့်၊ ဒေါက်တာ ခင်အုန်းသန့်၊ ဆရာအရင်း ဒေါက်တာ ခင်မောင်ြွကယ်။ သူတို့တစ်တွေဟာ ကျွန်တော်စံထားခဲ့ရတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။သူတို့ကိုကြည့်ပြီး သူတို့လို ဖြစ်ချင်တဲ့ဆန္ဒပြင်းပြခဲ့တယ်။

    နိုင်ငံခြားပညာတော်သင်ကို ပထမအကြိမ်လျှောက်ခဲ့ပေမယ့် နှုတ်ဖြေစာမေးပွဲ မှာ တခြားသူ တစ်ဦး ရသွားပါတယ်။ အခုလိုဖြစ်ခဲ့လို့ စိတ်ထဲမှာမကျေမနပ် ဖြစ်ခဲ့ရတယ်။ ဝမ်းနည်းခဲ့ရတယ်။ မိမိရဲ့ ကိုယ်ပိုင်အရည်အချင်းအပေါ် အခြေခံပြီး ဆုံးဖြတ်တာမဟုတ်ဘဲ ကျွန်တော်ဘာမှ မတတ်နိုင်တဲ့ မမွေးခင် ကတည်းကဖြစ်ခဲ့တဲ့ အကြောင်းအချက် တစ်ခုကြောင့် အပယ်ခံခဲ့ ရတယ်။ မရတာက ကောင်းတယ်လို့ နောက်မှစဉ်းစားမိတယ်။ မရလိုက်တဲ့ ပညာသင်ဆု ဟာ ပိုလန်နိုင်ငံက ပညာသင်ဆုလေ။

    ဒုတိယအကြိမ်ကျတော့ ချောချောမောမောပါပဲ။ အဖေလုပ်သူရဲ့ကျေးဇူးနဲ့ ဖြစ်ခဲ့တဲ့ အကြောင်း ကိစ္စကို ဖြေရှင်းနိုင်ခဲ့တယ်။ ဒုတိယအကြိမ်မှာ ပညာသင်ဆုရရုံမက တစ်ကျော့ပြန် အနောက်နိုင်ငံတစ်ခုဖြစ်တဲ့ အင်္ဂလန်နိုင်ငံကို သွားခွင့်ရပါတယ်။ တစ်ဖက်ကလည်း ကျွန်တော် အင်္ဂလန်သွားတဲ့အချိန်မှာပဲ မိခင်လုပ်တဲ့သူဟာ ကျွန်တော်နဲ့အတူ အင်္ဂလန်မှာ ဆေးကုသခွင့်ရ ခဲ့ပါတယ်။ နိုင်ငံခြားပညာသင်ရတဲ့အချိန်မှာနည်းပြဆရာသက်တမ်း ငါးနှစ်ပြည့်ခဲ့ပြီမို့ အတော်အတန်ရင့်ကျက်ပြီး လုပ်သက်လည်းရှိနေပြီ။ နိုင်ငံခြားပညာသင်ဆုက ကိုလံဘို စီမံချက်နဲ့ သွားရတာ။ တက်ရမယ့်တက္ကသိုလ်ကို လျှောက်တဲ့အခါ လိုချင်တဲ့ မဟာသိပ္ပံ သင်တန်းတက်ခွင့်မရဘဲ စမ်းသပ်အနေနဲ့ ဘွဲ့လွန်စီမံခန့်ခွဲမှုပညာ ဒီပလိုမာ သင်တန်းကို တက်ခွင့်ရခဲ့တယ်။ ဒီပလိုမာသင်တန်းက စာတွေက ကျွန်တော့်အဖို့ အခက်အခဲ မရှိလှဘူး။ ရန်ကုန်မှာကတည်းက သင်ကြားခဲ့ပြီးတဲ့ ဘာသာတွေကအများစု။ ဒါနဲ့ ပထမနှစ်တက်ပြီး ဘွဲ့လွန်ဒီပလိုမာဘွဲ့ကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်ခဲ့တယ်။

    ဟိုတုန်းက နိုင်ငံခြားပညာသင်သွားရတာက ဖောင်ဖျက်ပြီးသွားရတာ။ ဘွဲ့မရမချင်း အိမ်ပြန်ခွင့် မရှိဘူး။ ပညာကိုမလိုက်နိုင်ရင်လည်း ချက်ချင်းပြန်လွှတ်တာ။ ဒုတိယနှစ်မှာတော့ မဟာ သိပ္ပံဘွဲ့ သင်တန်းကို University of Warwick မှာ တက်ခွင့်ရခဲ့တယ်။ ကျွန်တော်တို့ဌာနက Operations Research လို့ခေါ်တဲ့ အသုံးချသုတေသနဘာသာနဲ့ မဟာသိပ္ပံဘွဲ့ကိုယူခိုင်းတာ။ ဒီဘာသာ ကခက်တယ်။ စီမံခန့်ခွဲမှုပညာကို သင်္ချာပညာ ရှုထောင့်က လေ့လာရတာ။ သင်္ချာအတွက်အချက်တွေ သိပ်များတာမို့ အတန်းထဲမှာ အတန်းသား ၂ဝ လောက်ပဲရှိတယ်။ နိုင်ငံအမျိုးမျိုးကလာကြတာ။ အဆောင်မှာနေရတယ်။ ကျွန်တော်နဲ့အတူ ဆူဒန်နိုင်ငံက သင်တန်းသားတစ်ဦးပါဝင်ပါတယ်။ အဆောင်မှာလည်း အတူတူနေရတော့ ရင်းနှီးခဲ့ကြတယ်။

    ရယ်စရာတစ်ခုကို သူနဲ့အတူ ကြုံရတယ်။ စာမေးပွဲဖြေတဲ့အချိန်မှာ စာမေးပွဲစနစ်က Open bookဖြစ်လို့ ကြိုက်တဲ့စာအုပ်၊ စာရွက်စာတမ်းတွေ စာမေးပွဲ အခန်းထဲ ယူခွင့်ရှိတယ်။ ဒါကိုလည်းသိရော ဟန်ကျပြီဆိုပြီး လိုမယ်လို့ထင်တဲ့ စာအုပ်တွေကို သေတ္တာထဲထည့်ပြီး ကျွန်တော်ရယ်၊ သူငယ်ချင်းရယ် နှစ်ယောက် သား အပင်ပန်းခံပြီး သယ်ဆောင်သွားကြတယ်။ စာမေးပွဲအခန်းထဲရောက်ပြီး မေးခွန်းတွေ ဖတ်ပြီး အဖြေပါမယ်ထင်တဲ့ စာအုပ်တွေ၊ စာရွက်တွေကို ရှာလိုက် ရတာ အမောသာအဖတ်တင်တယ်။ အဖြေတွေက စာအုပ်ထဲမှာ မရှိဘူးလေ။ သူငယ်ချင်းနှစ်ယောက် ရှက်ရှက်နဲ့ပဲ စာအုပ်တွေကို စာမေးပွဲပြီးတော့ အခန်းထဲ ပြန်သယ်လာခဲ့ရတယ်။

    မဟာသိပ္ပံသင်တန်းမပြီးမီ ပါရဂူသင်တန်းတက်ဖို့ သင့်တော်မယ့် တက္ကသိုလ်တွေကို စုံစမ်းရတယ်။ ကျွန်တော်အထူးပြုတဲ့ ဘာသာရပ်က စီမံခန့်ခွဲမှုသိပ္ပံ (Management Sciences) ဘာသာဖြစ်တယ်။ ဒီဘာသာနဲ့ ပတ်သက်ပြီး ပါရဂူအဆင့် သုတေသန လုပ်ငန်းလုပ်ဖို့ တက္ကသိုလ် သုံးလေးခုကိုသွားပြီး စုံစမ်းခဲ့တယ်။ မိမိကိုကြီးကြပ်ပေးမယ့် ပါမောက္ခနဲ့လည်း တွေ့ခွင့်ရခဲ့တယ်။ နောက်ဆုံး ပါရဂူသုတေသနသို့ University of Manchester Institute of Sciences and Technology (UMIST) မှာ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ UMIST က နာမည်ကြီးတက္ကသိုလ်၊ အင်္ဂလန်နိုင်ငံမှာ စက်မှုသိပ္ပံ ဘာသာရပ်နဲ့ ပတ်သက်ပြီး နာမည်ရတာ၊ တချို့က အင်္ဂလန်နိုင်ငံရဲ့ MIT လို့ သတ်မှတ်ကြတယ်။ အမေရိကန်နိုင်ငံမှာ နာမည်ကြီးတဲ့ စက်မှုသိပ္ပံတက္ကသိုလ်က MIT ဖြစ်တယ်။

    ကျွန်တော်ရဲ့ ကြီးကြပ်သူက ပါမောက္ခ ဒေါက်တာ Brian Moores၊ သူက အင်္ဂလန်နိုင်ငံသား၊ သူ့ရဲ့ပါရဂူဘွဲ့ကို အမေရိကန်နိုင်ငံက ရထားတာ။ သူ့ရဲ့ ကြီးကြပ်မှု အောက်မှာ ပါရဂူ ကျောင်းသား ငါးယောက်ရှိတယ်။ ပါမောက္ခလုပ်သူက ကျောင်းသား ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သုတေသနလုပ်နေတဲ့သူ၊ သူ့ရဲ့ကြီးကြပ်မှုအောက်မှာ တာဝန် ယူရတာမို့ ကျွန်တော်လည်း ကျန်းမာရေးလောကနဲ့ နီးစပ်ခဲ့တယ်။ ဟိုတုန်းက ကွန်ပျုတာ တွေက အခုလို အရွယ်အစားမရှိဘူး။ အကြီးကြီးတွေ၊ ခန်းလုံးပြည့်ပြီးတော့ ကတ်ပြား (Punch card) တွေသုံးပြီးမှ ကွန်ပျူတာကို တာဝန်ပေးရတယ်။ ကွန်ပျူတာနားလည်တဲ့ Program တွေရေးပြီး စာရင်းတွေသွင်း၊ လိုအပ်တဲ့ တွက်ချက်မှုတွေလုပ်ခဲ့ရတာ။

    ဒီတုန်းက ကျွန်တော်နဲ့အတူ ပါရဂူသုတေသနလုပ်နေတဲ့သူ မြန်မာ ကျောင်းသား တစ်ဦးလည်း ရှိတယ်။ သူကကိုစိန်ခိုင်၊ အာဇာနည် မန်းဘခိုင်ရဲ့ သား၊ သိပ်သဘော ကောင်းတယ်၊ သိမ်မွေ့တယ်၊ ထမင်းချက် ဟင်းချက် သိပ်ကောင်းတယ်။ စနေ၊ တနင်္ဂနွေ အလုပ်အားတဲ့ အချိန် သူနဲ့ပဲ အချိန်ဖြုန်းခဲ့တယ်။ ညီအစ်ကိုလို နေခဲ့ကြတဲ့သူ ဖြစ်ပါတယ်။

    ပါရဂူတက်နေစဉ် တစ်နှစ် တစ်ခေါက် လန်ဒန်မြို့သွားပြီး သံရုံးကကျင်းပတဲ့ တွေ့ဆုံပွဲတွေ တက်ရတယ်။ ဒီတုန်းက နိုင်ငံခြားပညာသင် အများစုက ဆရာဝန်တွေ၊ ကျွန်တော်တို့လို စီးပွားရေးပညာ တက်နေသူတွေက လူနည်းစု၊ ဆရာကြီး ဦးဇော်သန်း၊ ဆရာဦးဥာဏ်လင်းတို့ ရှိတယ်၊ ကျွန်တော် တက်နေတဲ့ တက္ကသိုလ်ရဲ့ မလှမ်းမကမ်း တက္ကသိုလ်မှာ ဓာတုဗေဒဘာသာနဲ့ ပါရဂူတက်နေကြတဲ့ မြန်မာကျောင်းသားတစ်ယောက် ရှိတယ်။ Manchester တက္ကသိုလ်မှာ တက်နေတဲ့ ဆရာဝန်တွေလည်း ရှိတယ်။

    Liverpool တက္ကသိုလ်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ကိုခိုင်ဇော်၊ အခုတော့ သူရော ကိုစိန်ခိုင်ရော ကွယ်လွန်သွားကြပြီ။ ကျွန်တော်က ပညာရေး လောဘကြီးတယ်။ တ်ာရုံတန်ရုံနဲ့ မကျေနပ်ဘူး။ သုံးနှစ်လောက် သုတေသနတွေ ဆောင်ရွက်ပြီး ကြီးကြပ်သူဆရာက ကျမ်းကြီးကို စရေးဖို့ ခွင့်ပြုလိုက်တယ်။ ပါရဂူဘွဲ့ယူတဲ့ ကျောင်းသားအဖို့ ဒီအခြေအနေ ရောက်ဖို့က အလွန်အရေးကြီးတဲ့ မှတ်တိုင်၊ မိမိဆောင်ရွက်ခဲ့တဲ့ သုတေသနအလုပ်တွေ ပြည့်စုံမှ ဆရာလုပ်သူက ကျမ်းကြီးကိုရေးခွင့်ပြုတာ။ ကျမ်းကြီးပြုစု ရတာက စာအုပ်တစ်အုပ် ရေးရသလိုပါပဲ။ စုစည်းထားတဲ့ အချက်အလက်တွေကို စနစ်တကျ ဖော်ပြမှုဖြစ်တယ်။ ခေါ်တာကိုက Ph.D.Thesis လို့ ခေါ်တာ။ Thesis ဆိုတာ မိမိရဲ့ တွေ့ရှိချက်တွေကို စနစ်တကျ ဖော်ထုတ်မှုဖြစ်ပါတယ်။ ကျွန်တော်က ကျမ်းကြီးကို အကောင်းဆုံးဖြစ်ချင်လို့ ပြီးပြည့်စုံအောင် ကြိုးစားရေးရင်း ရေးရင်းနဲ့ လက်လွန်ပြီး ကျမ်းကြီးက စာအုပ်တစ်အုပ်နဲ့ မလုံလောက်ဘဲ စာမျက်နှာ ၆ဝဝ ကျော်ခဲ့လို့ ၃၆ အုပ်ခွဲပြီး ထုတ်ခဲ့ရတယ်။

    ကျမ်းကြီးရေးသားပြုစုပြီးချိန်မှာ ကျမ်းကိုစစ်ဖို့ နှုတ်ဖြေစာမေးပွဲ Oral Examination ကို ကျင်းပရပါတယ်။ နှုတ်ဖြေစာမေးပွဲကျင်းပမယ့် အကြောင်း ကို သတင်းစာမှာ ကြော်ငြာပါတယ်၊ အဓိပ္ပာယ်က ကြိုက်နှစ်သက်သူတွေ တက်ရောက်ခွင့်ရှိပါတယ်။ ကျွန်တော် နှုတ်ဖြေစာမေးပွဲ ကျင်းပတဲ့ အကြောင်း ကို မနေ့တစ်နေ့ကလိုပဲ မှတ်မိနေမိတယ်။ ပါမောက္ခရဲ့ ရုံးခန်းမှာ ကျင်းပလို့ ကျွန်တော်နဲ့ သုတေသနအတူလုပ်တဲ့သူတွေက အခန်းထဲမှာရှိကြတယ်။ ကြီးကြပ်တဲ့ ပါမောက္ခအပြင် နှုတ်ဖြေစာမေးပွဲကိုစစ်မယ့် ပါမောက္ခ၊ ဒီပါမောက္ခက ကမ္ဘာကျော် စီးပွားရေးပညာရှင်၊ သူကိုယ်တိုင်စစ်မှာမို့ နည်းနည်းတော့ စိတ်ပူမိပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ဆရာ မိတ်ဆက် စကားပြောပြီး စာစစ်ဆရာရဲ့ စကားကို ကြားလိုက်ရတော့ ပါရဂူဘွဲ့ရပြီဆိုတာ ကို သိလိုက်ရတယ်။ သူက ကျွန်တော်ပြုစုတင်သွင်းခဲ့တဲ့ ကျမ်းကြီးကို သဘောကျကြောင်း၊ အခုလို ပြည့်ပြည့်စုံစုံပြုစုထားတဲ့ ကျမ်းကြီးတစ်စောင် မဖတ်ခဲ့ရဖူးဘူးလို့ ပြောတာမို့ ပထမ ငါးမိနစ်လောက်မှာပဲ ကိစ္စပြီးသွားခဲ့ ပါတယ်။ ပါမောက္ခဆရာက အားနာလို့ထင်ပါရဲ့။ ငါးမိနစ်နဲ့ နှုတ်ဖြေစာမေးပွဲပြီး ရင် ကြည့်မကောင်းမှာ စိုးလို့ထင်ပါရဲ့။ ကျွန်တော့်ကို ဟိုမေးဒီမေး လုပ်ပြီးနောက် မိနစ် ၂ဝ လောက် ကုန်ဆုံးခဲ့တယ်။ နှုတ်ဖြေ စာမေးပွဲတစ်ခုကို အချိန်တိုအတွင်း ပြီးခဲ့တာကို အားလုံးက အံ့သြနေကြတယ်။

    ကျွန်တော် အခန်းအပြင်ထွက်ပြီး စာစစ်သူနှစ်ဦးရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်း ခဲ့ပါတယ်။ စောင့်နေရင်း သူငယ်ချင်းတွေက ဝိုင်းအားပေးကြ ပါတယ်။ ငါးမိနစ်အကြာမှာ ပါမောက္ခက အခန်းအပြင်ထွက် ကျွန်တော့်ကို အခန်းထဲကို ခေါ်ပါတယ်။ အခန်းထဲ ရောက်တော့ ဆရာနှစ်ဦးစလုံးက မတ်တတ်ရပ်ပြီး Congratulations Doctor လို့ နှုတ်ဆက် ပါတယ်။

    အဓိပ္ပာယ်က အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ ဖြစ်ချင်လှတဲ့ ဒေါက်တာ တစ်ဦး ဖြစ်ခဲ့ပါတယ်။ အချိန်ကာလက ၁၉၇၇ ခုနှစ်မို့ နှစ်ပေါင်း ၃၆ နှစ် ရှိခဲ့ပါပြီ။ ပါရဂူဘွဲ့ရပြီးချိန်မှာ ဘွဲ့နှင်း သဘင်အခမ်းအနားကို ကျွန်တော် မတက်နိုင်ဘဲ မြန်မာပြည်ပြန်ခဲ့ရပါတယ်။ ဒီတုန်းက ဖခင်ဖြစ်သူက အသည်းအသန် နေမကောင်းဖြစ်နေတာကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကျွန်တော့်ကို မပြောဘဲထားခဲ့တာ။ ဒါကြောင့်လည်း ပြီးပြီးချင်း မြန်မာပြည်ကို ပြန်ခဲ့တာပါ။

    ကျွန်တော်ဟာ ကိုယ်မြတ်နိုးလှတဲ့၊ တန်ဖိုးထားလှတဲ့ ပါရဂူဘွဲ့ကို ချွေးနဲ့ မျက်ရည်တွေကျပြီး ရယူခဲ့ပါတယ်။ စုစုပေါင်း လေးနှစ်တိတိ နေ့မနား၊ ညမနား အင်အား ထုတ်ပြီး ရယူခဲ့တာ ဖြစ်ပါတယ်၊ အခုလိုတန်ဖိုးထားတဲ့ အရာကို အလွဲသုံးစားလုပ်နေတာ တွေ့ရလို့ ရင်ထဲမှာ နင့်ရပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံမှာ ပါရဂူဒေါက်တာဘွဲ့ ရထားသူတွေက ရေတွက် လို့တောင် မကုန်နိုင်တော့ဘူး။

    တစ်ခါတလေ သတင်းစာထဲမှာ Ph.D(USA) တို့ Ph.D(UK) ဆိုတဲ့ အသုံးအနှုန်းတွေ သုံးစွဲနေတာ တွေ့ရပါတယ်။ ရုတ်တရက်ကြည့်ရင် USA ဟာ အမေရိကန်ပြည်ထောင်စုက ရထားသလိုလို UK ဆိုပြန်တော့ အင်္ဂလန်နိုင်ငံက ရထားတဲ့သဘော၊ အမှန်တော့ ကျွန်တော် မကြာခဏပြောသလို USA ဆိုတာက U Sa (ဦးစ) ဆိုတဲ့သူက ပေးတာဖြစ်တယ်။ ဘာ့ကြောင့် ဒီလို ပြောရသလဲဆိုရင် ပါရဂူဘွဲ့ကို နိုင်ငံတစ်နိုင်ငံက ပေးနိုင်တဲ့အခွင့် မရှိပါဘူး။ ဘွဲ့ကို တက္ကသိုလ်ကသာ ပေးနိုင်စွမ်းရှိပါတယ်။

    ကျွန်တော်က အတုနဲ့အစစ် ခွဲစေချင်တယ်။ ပါရဂူဘွဲ့ကို မိမိရဲ့အလုပ် အတွေ့ အကြုံနဲ့ ယူလို့ ရတယ်လို့ ပြောကြတဲ့သူတွေရှိကြတယ်။ အမှန်တော့ ပါရဂူဘွဲ့ ကို ရယူနိုင်ဖို့ နည်းလမ်းတစ်ခု ပဲရှိတယ်။ ဒါက သုတေသနလုပ်ရ မယ်။ ဒီသုတေသနကို ကျမ်းကြီးအဖြစ် စာတမ်းပြုစုရမယ်။ ဒီစာတမ်းကို ပညာရှင် အချင်းချင်း စိစစ်ပြီးမှ အရည်အချင်းပြည့်မပြည့် ဆုံးဖြတ်နိုင်တယ်။ တစ်ခုတော့ရှိတယ်။ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကတော့ တစ်မျိုးဖြစ်တယ်။ ဒါကတော့ ပုဂ္ဂိုလ် တစ်ဦးရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုပြီးပေး တာ။ ဒါကိုလည်း တက္ကသိုလ်ကသာ ပေးခွင့်ရှိတာ။ တစ်ချိန်က ကျွန်တော်တို့ နိုင်ငံမှာ ထူးဆန်းစွာ ပါရဂူဘွဲ့ပေးခဲ့တာရှိပါတယ်။ ဒါကတော့ ပါရဂူဘွဲ့စာ ကျမ်းကြီးသုံးစောင် စိစစ်တဲ့သူတွေကို ပါရဂူဘွဲ့အပ်နှင်းခြင်းဖြစ်တယ်။ဝေဖန်စရာမရှိပါဘူး။ ထူးဆန်းတယ်လို့ပဲ ကောက်ချက်ချလို ပါတယ်။

    ကျွန်တော်ကတော့ ဒီဆောင်းပါးကို လူငယ်တွေအတွက် ရည်ရွယ်ပြီး ရေးသားနေ တာ ဖြစ်တယ်။ လူငယ်တွေကို ကြိုးစားစေချင်တယ်။ အမှန်တရား ကို မြတ်နိုးစေချင်တယ်။ ဖြတ်လမ်းနည်းနဲ့ယူတာကို အားမပေးချင်ဘူး။ ဘွဲ့တစ်ခုရဲ့တန်ဖိုးဟာ ဘွဲ့ယူခဲ့တဲ့တက္ကသိုလ်နဲ့ ဆိုင်ပါတယ်။ ဒါ့ကြောင့်လည်း နာမည်ရ၊ နာမည်ကြီးတဲ့ တက္ကသိုလ်တွေတက်ပြီး ခက်ခက်ခဲခဲနဲ့ပါရဂူဘွဲ့တွေရယူစေလိုပါတယ်။ လူငယ်တွေပညာရေးကို အလေးထား တန်ဖိုးထားနိုင် ကြပါစေလို့ ဆုတောင်းမိပါတယ်...။

    ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
     ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်

" တပ်မတော် ……ဘာလဲ……ဘယ်လဲ…..အပိုင်း ( ၂၂ ) "

0
0

------------------------------------------------------------

၂၀၀၅ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့ မှာ ….
တပ်မတော်အစိုးရဟာ …..
ရန်ကုန်မြို့ ရဲ့ မြောက်ဘက် မိုင် ၂၀၀ ခန့် အကွာမှာရှိတဲ့ ….
ရှမ်းရိုးမ နဲ့  ပဲခူးရိုးမကြား …..
၂၇၂၃ စတုရန်းမိုင် ခန့် ရှိတဲ့ ဧရိယာတစ်ခုကို ……
အစိုးရရုံးများ အခြေစိုက်ရာ .....
နေပြည်တော်မြို့ အဖြစ် …..
သတ်မှတ် ပြောင်းရွေ့ ခဲ့ ပါတယ်…….။

ဒီမြို့ တော် တည်ဆောက်ရေးစီမံကိန်းဟာ ……
၂၀၀၂ ခုနှစ်က မှ …..
ဆောက်လုပ်ရေး ကုမ္ပဏီကြီး ၃၀ ခန့် နဲ့ …..
လုပ်ငန်းများစတင်ခဲ့ တာဖြစ်ပေမယ့် …..
တကယ့် တကယ်ကတော့ ……
အဲဒီကာလထက် အများကြီး စောပြီး …..
၁၉၉၅- ၉၆ ၀န်းကျင်လောက်ကတည်းက …..
မဟာဗျူဟာမြောက် စီမံချက်အနေနဲ့  …..
ရေးဆွဲထားနှင့်ပြီး ဖြစ်ပုံရပါတယ်….……
ကုန်ကျစားရိတ် ဘီလျံအတော်များများ ကုန်ကျခဲ့ ပြီး ……
တိုင်းပြည်ရဲ့ ဘက်ဂျက် အတော်များများကို ….
သုံးစွဲခဲ့ ရတဲ့  ဒီစီမံကိန်းဟာ…..
တကယ်တော့လဲ ….
အာရှ နိုင်ငံအတော်များများက …..
ကာကွယ်ရေးအဖွဲ့ အစည်းတွေ အလိုချင်ဆုံး…..
စိတ်ကူးယဉ်အိပ်မက်ထဲက မြို့ တော်တစ်ခုလိုပါပဲ…..။

၁၉၈၈ ခုနှစ်မှာ …..
ပြည်ပနိုင်ငံကြီးတစ်ခုရဲ့  …..
ကမ်းတက်တိုက်ခိုက်ဖို့  ခြိမ်းခြောက်ခံရမှု နဲ့  …..
နှစ်စဉ် ယိုးဒယားနိုင်ငံမှာ ကျင်းပပြုလုပ်နေကျ …..
Cobra Gold စစ်ရေးလေ့ကျင့်ခန်းတွေထဲက ……
ပါဝင်နေကျ လေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့  ……
ရန်ကုန်မြို့ နဲ့  အကွာအဝေးတူ နေရာဒေသ တစ်ခုကို …….
လေကြောင်းက ထိုးဖောက် တိုက်ခိုက်လာပြီး ……
အထူးတပ်ဖွဲ့ တွေက ……
အချက်အခြာနေရာတွေကို ၀င်ရောက်စီးနင်းလိုက်တဲ့  .....
စစ်ရေး လေ့ကျင့်မှုတွေဟာ…..
ကိစ္စအတော်များများကို …..
လုံခြုံရေးရှုထောင့်က အလေးပေးစဉ်းစားလေ့ရှိတဲ့  ……
နိုင်ငံရေး မတည်ငြိမ်တဲ့ နိုင်ငံတစ်ခုက…..
တပ်မတော် အစိုးရ အဖို့ တော့ …..
အတော့်ကို စိတ်အနှောင့်အယှက် ဖြစ်ဖွယ် …..
အကြောင်းအရာတစ်ခုလဲဖြစ်ပါတယ်…….။

၁၉၈၈ ခုနှစ်အရေးအခင်းမှာ …..
အစိုးရယန္တရားတစ်ခုလုံး ……
လည်ပတ်မှု ရပ်တန့် သွားတဲ့ အတွေ့ အကြုံဟာ…….
ဘယ်နိုင်ငံက အစိုးရဖြစ်ဖြစ် …..
နောက်တစ်ကြိမ်တော့ ….
ထပ်မံ အဖြစ်ခံကြတော့မယ် မဟုတ်သလို…….
နိုင်ငံရေးမငြိမ်မသက် အကြမ်းဖက်မှုတွေက …..
အစိုးရအဖွဲ့ ရုံးတွေနဲ့  .....
အစိုးရ ၀န်ထမ်းတွေကို မခြိမ်းခြောက်နိုင်ဖို့ ဆိုရင်….
လွှတ်တော် …တရားရုံးချုပ် ….အစိုးရအဖွဲ့ နဲ့ ……
ကာကွယ်ရေး ၀န်ကြီးဌာနတို့ ရုံးစိုက်ရာ မြို့ တော်ဟာ…..
အဲဒီ ခြိမ်းခြောက်မှုတွေ အားလုံးနဲ့ သီးခြားကင်းလွတ်ရာ .....
မဟာဗျူဟာမြောက် နေရာဒေသ တစ်ခုမှာ …..
တည်ရှိနေဖို့  လိုအပ်တယ်လို့ ….
တပ်မတော် အစိုးရက စဉ်းစားဆုံးဖြတ် ခဲ့ ပုံရပါတယ်……။

နေပြည်တော်မြို့ တော် ဟာ …..
လုံခြုံရေးရူထောင့် သက်သက်က စဉ်းစားရင်တော့ ……
မြို့ တော် လုံခြုံရေးအတွက်တင်ကိုပဲ…..
တိုက်ခိုက်ရေးတပ်မ တစ်ခုက သီးသန့် တာဝန်ယူထားပြီး…..
အခိုင်အမာ တည်ဆောက်ထားတဲ့ မြေအောက် ဥမင် စခန်းတွေ ……
ဒေါင့်စေ့အောင်ချထားတဲ့  စွမ်းရည်မြင့် ရေဒါစနစ်တွေ ……
မိုင်တစ်ရာ ပတ်ချာလည် ကောင်းကင်ယံကို .....
လက်ယှက်ထိုး ချိန်ရွယ်ထားတဲ့ …..
လေကြာင်းရန်ကာကွယ်ရေး ဒုံးပျံ စနစ်တွေ ……
ဝင်လမ်းထွက်လမ်း တစ်လျောက်မှာ ပြည့်နှက်နေတဲ့ …..
လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းတွေနဲ့ တိုက်ခိုက်ရေးတပ်မတွေ ….
မလှမ်းမကမ်းမှာရှိတဲ့  မိတ္ထီလာတပ်မြို့ က …..
သံချပ်ကာနဲ့ တင့်ကား တပ်မတွေ ……
မိုင် ၄၀ နီးပါး ပစ်ခတ်နိုင်တဲ့ တာဝေးပစ် အမြောက်တပ်မတွေနဲ့  …..
ရှမ်းတဲ လေတပ်စခန်းက ……
ကြားဖြတ်တိုက်ခိုက်ရေး ခေတ်မီ ဂျက်တိုက်လေယာဉ် အုပ်စုတွေအပြင်…..
ပြည်ပ စစ်ပွဲဖြစ်လာရင်တောင် .....
ဖြတ်တောက်ပြစ်ဖို့  သိပ်ခက်ခဲလွန်းတဲ့ …..
ဘယ် ဂြိုလ်တု ဘယ်လေလှိုင်း ကိုမှ အသုံးမပြုပဲ……
မြေကြီးအောက် ၆ပေအနက်မှာချထားပြီး……
မြန်မာပြည် အနှံ့ အပြားက ……
တပ်ရင်းအားလုံးနဲ့ ဆက်သွယ်ထားတဲ့ …..
တပ်မတော် သီးသန့် ....
ဖိုက်ဘာအော့ပတစ် ဆက်သွယ်ရေးကွန်ယက်ကြီးဟာ….
အာရှဒေသ က ….
အစိုးရ နဲ့  စစ်ရုံးချုပ် အခြေစိုက်တဲ့ ……
မြို့ တော်ကာကွယ်ရေး လုံခြုံရေးစနစ်တွေကြားမှာတော့ …..
အတော့်ကို အထင်ကြီးဖွယ် ကောင်းလှပြီး ……
အင်အားကြီး နိုင်ငံကြီး တစ်ချို့ က လွဲလို့ ……
ကျန်နိုင်ငံများအနေနဲ့ ကတော့ ……
တိုက်ခိုက်ဖို့ မဖြစ်နိုင်သလောက်လို့ ပဲ ဆိုရမှာဖြစ်ပါတယ်…..
ပြည်တွင်းနိုင်ငံရေးမငြိမ်မသက်မှုတွေဟာလဲ ……
နေပြည်တော် အခြေစိုက် ….
အစိုးရ၀န်ကြီးဌာနများရဲ့ တည်ငြိမ်မှုကို မခြိမ်းခြောက်နိုင်တော့သလို…..
ပင်လယ်ဆိပ်ကမ်းနဲ့ အလှမ်းဝေးလှတဲ့ အတွက် …..
ပြည်ပ ကမ်းတက်တိုက်ခိုက်မှုတွေရဲ့ ဘေးရန်ကလဲ …..
လုံးဝ စိုးရိမ်ဖွယ်မရှိလှတော့ပါဘူး …….။

ကျပ်ငွေ ဘီလီယံ အတော်များများ .....
ကုန်ကျခဲ့ တဲ့  ဒီစီမံကိန်းဟာ …..
အရပ်သားအစိုးရလက်ထက်မှာတော့…..
ဘယ်လိုမှ ခွင့်ပြုနိုင်ဖွယ်မရှိသလို ……
တိုင်းပြည်ကို ဆင်းရဲမွဲတေမှု မြင့်တက်စေတယ်လို့ …..
စွပ်စွဲကြမှာ ဖြစ်ပေမယ့် …..
တကယ့်တကယ်ကတော့ …..
တိုင်းပြည်ရဲ့ အနှစ် ၄၀ ကျော် အတွေ့ အကြုံတွေ အရ ……
အခြား လူမှုရေး စီးပွားရေး ကျန်းမာရေး ပညာရေး ကဏ္ဍ တွေထက် …..
ကာကွယ်ရေးနဲ့ လုံခြုံရေးကို ဦးစားပေးခဲ့ တာပဲဖြစ်ပြီး ……
တည်ဆောက်ပြီးကာစ ကာလမှာတော့ ….
တပ်မတော်ကို အမုန်းပွားစေခဲ့ပေမယ့်လည်း…..
နောင် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပဲ…..
တပ်မတော်ရဲ့ လုပ်ဆောင်မှုကို …..
နားလည်သဘောပေါက်သွားစေမယ့်…
Pain & Gain ပေါ်လစီ တစ်ခုလို့ ပဲ …..
တပ်မတော် အစိုးရက ယူဆခဲ့ကြပုံ ရပါတယ်…..
အံသြဖို့ ကောင်းတဲ့ အချက်တစ်ခုကတော့…..
ဒီစီမံကိန်း ကို အပြင်းအထန် အကောင်အထည်ဖော်ခဲ့ တဲ့ 
၂၀၀၄ -၂၀၀၅ ခုနှစ်က စတင်ပြီး…..
အလုပ်အကိုင်ရရှိနူန်း တိုးတက်မြင့်မားလာတဲ့ အတွက်…..
တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နူန်းဟာ ……
၃၆ ရာခိုင်နူန်း ရှိရာကနေ …….
၂၀၀၉-၂၀၁၀ အရောက်မှာတော့ …..
၂၆ ရာခိုင်နူန်းထိ ထိုးဆင်းသွားခဲ့ကြောင်းကို ……
ကုလသမဂ္ဂရဲ့ ဆင်းရဲမွတေမှု စစ်တမ်းမှာ ဖော်ပြခဲ့ တာပါပဲ……..။

တကယ်တော့လဲ ….
၂၂ နှစ် ကြာမြင့်ခဲ့ ပြီး….
ပြည်သူလူထုရဲ့ အထင်လွဲမှားမှုကို ခံခဲ့ ရတဲ့ …..
တပ်မတော်ရဲ့ ……
အင်အားတည်ဆောက်ရေး မဟာဗျူဟာ စီမံချက်ကြီးဟာ….
တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်ဖို့ ဆိုရင်…..
ပြည်တွင်းစစ်ကို အဆုံးသတ်မှ ရမယ်…..
ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ဆိုတာဟာ ….
လွတ်လပ်ရေးမတိုင်မီ ကတည်းက အခြေတည်ခဲ့ တဲ့ …..
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ညှိနိုင်းနိုင်ရမယ်…
ဒါဟာလဲ… ….
ဗဟို အစိုးရ နဲ့ ပြည်နယ်တွေအကြား….
အာဏာနဲ့ သယံဇာတ အရင်းအမြစ်တွေ …..
ဘယ်လို ခွဲခြမ်းရေးလုပ်ကြမလဲ ဆိုတဲ့ အချက်ပေါ်မှာ….
အဓိက မူတည်နေပြီး…..
လက်နက်ကိုင် အဖွဲ့ အများအပြားဟာ ….
သူတို့ နဲ့ ဆွေးနွေးနေတဲ့ အရပ်သား အစိုးရ ရဲ့ နောက်မှာ….
စွမ်းရည်ပြည့်ဝတဲ့  …..
ခေတ်မီ အင်အားကြီး တပ်မတော်ကြီးတစ်ရပ် ရှိမနေဘူးဆိုရင်….
မဖြစ်နိုင်တဲ့ စိတ်ကူးယဉ် တောင်းဆိုချက်တွေ အများအပြားကို…
စားပွဲဝိုင်း ပေါ် သယ်ယူလာလိမ့်မယ်ဆိုတဲ့ အတွေးအခေါ်က….
ပေါ်ပေါက်လာခဲ့ တာပါ……။

ဒီလက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ …..
အနှစ်လေး ငါးဆယ် စစ်တိုက်လာပြီး….
မအောင်မြင်တဲ့  နိုင်ငံရေးဆွေးနွေးပွဲတွေ…
အများအပြား ကြုံတွေ့ ဖူးတဲ့ .....
တပ်မတော်ရဲ့ အတွေ့ အကြုံတွေအရ…
ဒီ ဆွေးနွေးပွဲတွေဟာ .....
အချိန်အတော်ပေးရအုန်းမှာဖြစ်ပြီး….
ဒီမိုကရေစီ အရပ်သား အစိုးရဟာ….
အဖွဲ့ အစည်း အများစုနဲ့ သဘောတူညီချက်ရပြီဆိုရင်တောင်မှ…
ဘယ်လိုမှ ညှိနိုင်းမရတဲ့ …..
အဖွဲ့ အစည်းတစ်ချို့ ကိုတော့…..
သူတို့ ကပဲ တာဝန်ယူဖြေရှင်းရတော့မယ်ဆိုတာ…..
တပ်မတော် အနေနဲ့ ကတော့.....
ကောင်းကောင်း သဘောပေါက်ထားပြီးလဲ ဖြစ်ပုံရပါတယ်….။

၂၀၀၇ ၂၀၀၈ ခုနှစ်လောက်မှာတော့ ….
တပ်မတော်ဟာ….
ဒီ မဟာဗျူဟာ စီမံချက်ကြီးရဲ့ ….
နောက်ဆုံးအဆင့် ကာလတွေကို ….
ရောက်ရှိလို့ နေနိုင်လောက်ပါပြီ…….
ဒီ စီမံချက်ကြီး အရ ....
မကြာခင်မှာပဲ တပ်မတော်ဟာ …..
စစ်တန်းလျားကို ပြန်လည် ထွက်ခွာတော့မှာ ဖြစ်သလို……
စစ်တပ်ရဲ့ ထုံးစံအတိုင်း……
ဆုတ်ခွာသွားတဲ့  မိမိတပ်ဖွဲ့ တွေကို ….
အထင်အမြင်လွဲမှားနေတဲ့ အဖွဲ့ အစည်းတွေက….
ထပ်ချပ်လိုက်ပြီး ထိုးစစ်မဆင်နိုင်ဖို့ အတွက်….
ခွာစစ်ရဲ့ နည်းဥပဒေသတွေ အတိုင်း…
ပင်မ ခံစစ် ….ကြားခံစစ်နေရာတွေ…
အဆင့်ဆင့် ဟန့် စစ် ဆင်မဲ့ တပ်ဖွဲ့ တွေ….
ထပ်ချပ်လိုက်လာမယ့် ရန်သူကို အရှိန်သပ်စေဖို့ ပြုလုပ်တဲ့ ….
တန်ပြန် တိုက်စစ် အသေးစားလေးတွေ….
တစ်ထောက်နားရပ် နေရာတွေ….
ခံစစ် ပစ်ကူပေးမယ့် အဖွဲ့ တွေ….
လှည့်စားမှုနဲ့ ဖုံးကွယ်မှု အစီအစဉ်တွေ စတဲ့ ….
အသေးစိတ်နည်းဗျူဟာတွေ အများအပြားပါဝင်တဲ့ ....
ခွာစစ်ကြီး တစ်ရပ်ကို စတင်တော့မှာဖြစ်ပါတယ်….။

ဒီ ခွာစစ်စီမံချက်ကြီးအရ…..
၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုတာကြီး….
ပေါ်ပေါက်လာတော့မှာ ဖြစ်သလို …..
ဒီ ဥပဒေအရ ….
လွှတ်တော်ထဲမှာ ပါဝင်လာတော့မယ့်…..
တပ်မတော်သား အမတ် ၂၅ ရာခိုင်နူန်းဟာ….
တပ်မတော်ကို အင်အားလျော့ဖို့ …
ဘက်ဂျက်လျော့ဖို့ ….
ဆန့် ကျင်ဘက် အဖွဲ့ အစည်းတွေက .....
ထပ်ချပ် လိုက်စစ် မဆင်နိုင်ဖို့ .....
နည်းအမျိုးမျိုးနဲ့ ချုပ်ခြယ် ကန့် သတ်နိုင်ဖို့  စတဲ့…..
ဥပဒေတွေကို အတည်မပြုနိုင်ရေးအတွက်…..
အခိုင်အမာ နေရာယူ .....
ခံစစ်ဆင်နေခဲ့ ကြတော့မှာလည်း ဖြစ်ပါတယ်….။

( အပိုင်း ၂၃ မကြာမီ ဆက်တင်ပါမည် )

သူကကိုယ့်ကြောက်၊ ကိုယ်ကသူ့ကြောက်

0
0



Zin Minn Htet
(၁)ဆိုဗီယက်လေကြာင်းရန်ကာကွယ်ရေးတပ်ဖွဲ့ (Voyska PVO) ဌာနချုပ်၊ မော်စကို မြို့ပြင်တစ်နေရာ

တိုက်လေယာဉ်မှုးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကူရိုပတ်တင်၏ တာဝန်ချိန်ဖြစ်၏။ အမေရိကန်နိုင်ငံရှိ တိုက်ချင်းပစ်ဒုံးကျည်ဆိုင်လိုများမှ တိုက်ချင်းပစ်ဒုံးကျည်များ တက်လာလေမလား အလာစကာပင်လယ်ကွေ့ရှိ ရေငှပ်သင်္ဘောမှပစ်လွတ်သောဒုံးကျည်များ တက်လာလေမလား စောင့်ကြည့်နေသော Eagle-I နှင့် Eagle-II ဂြိုဟ်တုများ၏ ပုံရိပ်မျက်နှာပြင်တွင် တစ်စုံတစ်ရာပေါ်လာသည်။ တစ်စက္ကန့်ခန့် ကြာပြီးမှ ကူရိုပတ်တင် သတိပြုမိသည်။ အဖြူစက်ကလေး တစ်စက်ပါလား။



" ပုံကြီးချဲ့မယ်"
" အမေရိကန်ပြည် အလယ်ပိုင်းပါ ဗိုလ်ချုပ်ကြီး၊ နှစ်ဆင့်ကွဲ အပူရိပ်ရောင် (double flash thermal signature)ပါ၊ နူကလီးယား ပေါက်ကွဲမှု ဖြစ်နိုင်ပါတယ်" ဗိုလ်မှုးကြီးတစ်ဦး၏ အဖြေမှာ စက်သံဆန်နေသလိုပင်။
" တည်နေရာ"
" ဒန်ဗာမြို့"

ကာကွယ်ရေးဝန်ကြီးဌာနနှင့် သမ္မတအိမ်တော်တို့သို့ တိုက်ရိုက်တယ်လီဖုန်းလိုင်းကို ကောက်ကိုင်လိုက်ချိန်တွင် အပူရိပ်ရောင်မှာ လျင်မြန်စွာ ပျံနှံနေသည်ကို ဖန်သားပြင်တွင် မြင်နေရသည်။

(၂) ဒေးဗစ်စခန်း၊ (Camp David)

အမေရိကန်သမ္မတ ရောဘတ်ဖောင်လာ ဘောလုံးပွဲ ကြည့်နေစဉ် တီဗွီလိုင်းမှာ ရုတ်တရက် ပြတ်တောက်သွားသည်။ " ရုပ်မြင်သံကြား ဆက်သွယ်မှု ပြသနာ ရှိနေပါသည်။ ကျေးဇူးပြုပြီး စောင့်ဆိုင်းပေးပါ" ။ဘယ်မရိန်းအရူးက တီဗွီကြိုးများ နှင်းရှင်းစက်နဲ့ တက်ကြိတ်မိလဲ မသိဘူးကွာ။

ထိုအချိန်တွင် အမေရိကန်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ (NORAD) ဌာနချုပ်နှင့် တိုက်ရိုက်ဆက်သွယ်ထားသော တယ်လီဖုန်းနီမှ ထမြည်လာသည်။

" သမ္မတကြီးခင်ဗျာ။ လေကြောင်းရန်ကာကွယ်ရေး တာဝန်ခံအရာရှိ ဗိုလ်ချုပ် ဂျိုးဘောစတိန်း စကားပြောနေပါတယ်။ အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းမှာ နူကလီးယားပေါက်ကွဲမှုတစ်ခု ဖြစ်သွားပါတယ်။ ဒန်ဗာမြို့ ပတ်ဝန်းကျင်မှာပါ "

(၃) မဟာဗျူဟာလေတပ်ဖွဲ့ (SAC) ဌာနချုပ်၊ အိုမာဟာ၊ နီဘယားစကားပြည်နယ်

" ဌာနချုပ်မှုးကို အကြောင်းကြား။ အားလုံးကို အကြောင်းကြား။ အရေးပေါ်တုံပြန်ရေးအဖွဲ့ကော စစ်ဦးစီးတစ်ဖွဲ့လုံးကိုကော ခေါ်မယ်။ အခုချက်ခြင်းခေါ်မယ်"
လေထောက်စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် ချပ်တင်မွန်စ်၏ အမိန့်များ ဆက်တိုက်ထွက်လာသည်။

" ကြည့်မှန်ကို အခုချက်ခြင်းတက်ခိုင်းမယ်။ အသင့်အနေအထားလေယာဉ်အုပ်တွေ အခုချက်ခြင်း တက်မယ်။ အရေးပေါ်အခြေအနေ အကြောင်းကြားထားပါ"

ထိုအမိန့်နှင့်အတူ နယူးယောက်ပြည်နယ်၊ ဂရစ်ဖစ်လေတပ်စခန်းရှိ အမှတ် ၄၁၆ ဗုံးကြဲလေယာဉ်အုပ်စုမှ B52 လေယာဉ်သားများနှင့် ကန်းဆပ်ပြည်နယ် မက်ကော်နယ်လေတပ်စခန်းရှိ အမှတ် ၃၈၄ ဗုံးကြဲလေယာဉ်အုပ်စုမှ B-1B လေယာဉ်သားများ အရေးပေါ်ပြေးထွက်လာသည်။

အသင့်ခန်းကနေ စောင့်နေတဲ့ ကားဆီကိုပြေး။ လေယာဉ်တွေဆီကို ရောက်တော့ လှေကားကနေ လေးယောက်တစ်ဖွဲ့ လေယာဉ်ထဲသို့ပြေးတက်။

မကြာမှီ အင်ဂျင်စက်သံဆူညံသံများနှင့်အတူအုပ်စုမှူးကိုယ်တိုင် ဦးဆောင်ပြီး လေယာဉ်များ ပြေးလမ်းထိပ်သို့ ထွက်လာကြပြီ ဖြစ်သည်။

(၄) " ဒန်ဗာမှာ ဘာဖြစ်တာလဲ။ ငါတို့ ဘာသိလဲ " ဗိုလ်ချုပ်ကြီးကူရိုပက်တင် မေးသည်။

သူ၏ ထောက်လှမ်းရေး အရာရှိတွင် ဖြေစရာမရှိ။

" စစ်ထောက်လှမ်းရေးဌာန GRU ကလား။ ဒန်ဗာမှာ ဘာဖြစ်တာလဲ။ အဲဒီမှာ အနုမြူလက်နက် သိုလှောင်ရေးစခန်းတွေ ရှိလား။ " သူ ဖုန်းဆက်သည်။
GRU မှ ဗိုလ်မှူးကြီး၏ အသံမှာလည်း အေးစက်နေသည်။ " မရှိပါဘူး ဗိုလ်ချုပ်ကြီး။ အဲဒီနားက Rocky Mountain Arsenal မှာတော့ ဓာတုလက်နက်တွေ ရှိပါတယ်။ မြို့ပြင်ဘက်က Rocky Flats မှာတော့ အနုမြူလက်နက်တွေ ထုတ်လုပ်ခဲ့ ဘူးပါတယ်။ ဒါပေမယ့် … "
" ဒါပေမယ့် ဘာဖြစ်လည်း"
" မြို့ရဲ့ အနောက်မြောက်ဘက်မှာ ရှိတာပါ။ အခု ပေါက်ကွဲမှုက မြို့ရဲ့ တောင်ဘက်ပိုင်းမှာ ဖြစ်တာပါ။ နောက် Rocky Flats ကို ဖျက်သိမ်းနေပါပြီ။ လက်နက်တွေ မရှိတော့ပါဘူး"
" ဒီကောင်တွေ မြို့ထဲကို ဖြတ်ပြီးတော့ကော အနုမြူလက်နက်တွေ သယ်လား"
" ကျွန်တော်တို့ မသိပါဘူး။ ဒါကျွန်တော်တို့ သိသမျှ အကုန်ပါပဲ။"

နိုင်ငံတော်လုံခြုံရေးဌာန KGB သို့ ထပ်ဖုန်းဆက်ရပြန်သည်။
" ဒန်ဗာရဲ့ ဘယ်နားမှာလဲ။ နေရာ အတိအကျလိုတယ်။ " KGB မှ အမေရိကန်ဌာနက ပြန်မေးသည်။
" မြောက်လတ္တီကျူ ၃၈ ဒီဂရီ၊ ၄၀ မိနစ်။ အနောက်လောင်ဂျီကျူ ၁၀၅ ဒီဂရီ ၀၆ မိနစ်"
" ခဏစောင့်ပါ"

(၅) သမ္မတအိမ်တော်၊ မော်စကိုမြို့

အိပ်ခန်းတံခါးကို ရုတ်တရက်ဖွင့်သံနှင့်အတူ ဆိုဗီယက်သမ္မတ အန်ဒရေနာမိုနော့ဗ် လန့်နိုးလာသည်။ ၀င်လာသူမှာ သမ္မတလုံခြုံးရေးတပ်ဖွဲ့မှ KGB ဗိုလ်မှူး ပေဗယ်ကရူးလက် ဖြစ်သည်။

" ဘာဖြစ်တာတုန်းကွ"
" အမေရိကန်မှာ နူကလီးယားပေါက်ကွဲမှု တစ်ခုဖြစ်ပါတယ်။ အခုချက်ခြင်း ကွပ်ကဲရေးဘန်ကာကို ထွက်ရပါလိမ့်မယ်။ ကားစောင့်နေပါတယ် သမ္မတကြီး"

ဘာဖြစ်တာလည်း။ ဘယ်သူလုပ်တာလည်း။ သမ္မတနာမိုနော့ဗ်၏ အမေးများကို ဖြေကြားမည့်သူ မရှိပေ။

(၆) အရေးပေါ်ကွပ်ကဲရေးဘန်ကာ၊ ဒေးဗစ်စခန်း

" ကဲ ဘာတွေ ဖြစ်နေတာတုန်း " သမ္မတဖောင်လာ မေးလိုက်သည်။
" သမ္မတကြီးရဲ့ ရဟတ်ယာဉ်က စက်ချို့ယွင်းမှုကြောင့် ပျံသန်းနိုင်မှာ မဟုတ်ပါဘူး။ သမ္မတကြီးကို လေကြောင်းကွပ်ကဲရေးလေယာဉ် (NEACP) ရှိရာ လေယာဉ်ကွင်းကို ခေါ်သွားဖို့ နောက်ရဟတ်ယာဉ်တစ်စင်း အန်နာကို့စ်တီးယား လေတပ်စခန်းကနေ ထွက်လာနေပါပြီ။ လေကြောင်းရန်ကာကွယ်ရေးတပ်မှူးနဲ့ မဟာဗျူဟာလေတပ်ဖွဲ့မှူး လိုင်းပေါ်မှာ ရှိနေပါတယ်" ကွပ်ကဲရေးဘန်ကာတာဝန်ခံ ဗိုလ်မှူးက အစီရင်ခံလိုက်သည်။

" လေကြောင်းကာကွယ်ရေးတပ်မှူး ပြောပါ"
" သမ္မတကြီးခင်ဗျာ။ ပေါက်ကွဲမှုမတိုင်မှီမှာ ဒုံးပျံပစ်ခတ်မှု မတွေ့ရှိရပါဘူး။ ထပ်ပြောပါမယ်။ ဒုံးပျံပစ်ခတ်မှု မတွေ့ပါဘူး။လေယာဉ်လည်း ရေဒါတွေမှာ မတွေ့ပါဘူး။ နောက် လေကြောင်းရန်ကာကွယ်ရေးတပ်မှူးအနေနဲ့ ကျွန်တော့်ကွပ်ကဲမှုအောက်က တပ်တွေကို စစ်ရေးအဆင့်-၁ DEFCON-ONE အနေနဲ့ တပ်လှန့်ထားပါတယ်။"

" အခုပြောနေတာ မဟာဗျူဟာလေတပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီး ပီတာဖရီးမောင့်ပါ သမ္မတကြီးခင်ဗျာ။ ကျွန်တော့်အနေနဲ့ အကြံပြုချင်တာကတော့ ကျွန်တော်တို့ရဲ့ မဟာဗျူဟာတပ်ဖွဲ့အားလုံးကို စစ်ရေးအဆင့်-၂ အနေနဲ့ တပ်လှန့်ထားသင့်ပါတယ်။ ကျွန်တော်တို့ကို အနုမြူလက်နက်နဲ့ တိုက်ခိုက်ခံနေရပါပြီ။ ကျွန်တော်တို့ရဲ့ တပ်တွေကို အမြင့်ဆုံးတပ်လှန့်ထားမှ တုံပြန်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် သမားရိုးကျတပ်ဖွဲ့တွေကိုလည်း စစ်ရေးအဆင့်-၃ အနေနဲ့ တပ်လှန့်သင့်ပါတယ်။"

" ကောင်းပြီ တပ်လှန့်မိန့် ပေးလိုက်တော့" ကာကွယ်ရေးဦးစီးချုပ်အနေနှင့် သမ္မတဖောင်လာ အမိန့်ပေးလိုက်သည်။

(၇) ဗဟာဗျူဟာတပ်ဖွဲ့များ ဖြစ်သော လေတပ်ဗုံးကြဲလေယာဉ်ကြီးများ ထားရှိရာ လေတပ်စခန်းအားလုံးမှာ အမိန့်နှင့်အတူ တပ်လှန့်နေကြပြီ။ ထို့အတူ တောင်ကာရိုလိုင်းနားပြည်နယ် ကင်းပယ်လယ်အော်၊ ကွန်နက်တီကပ်ပြည်နယ် ဂရိုတန်နှင့် အခြားနေရာသုံးခုရှိ အနုမြူဒုံးတင်ရေငုပ်သင်္ဘောစုများ၏ ရေတပ်အရာရှိ စစ်သည်များ၏ beepers များမှလည်း တတီသံပေးလျက်။ ဆိပ်ခံတံတားများမှ ရေငှပ်သင်္ဘောများထွက်ခွာရန် ဆွဲသင်္ဘောများလည်း လှုပ်ရှားနေလေပြီ။ ဒုံးတင်ရေငှပ်သင်္ဘောများ၏ ဖွဲ့စည်းပုံမှာ လိုအပ်သော သင်္ဘောသားဦးရေ၏ နှစ်ဆထားသော ပုံစံဖြစ်သည်။ ထို့ပြင် သင်္ဘောပေါ်ရှိ တာဝန်မှုးအရာရှိများမှာလည်း ' ကွပ်ကဲရန် အရည်အချင်း ပြည့်မှီသည် ' ဟု သတ်မှတ်ခြင်းခံရသူများသာ။ စစ်ရေးအဆင့်-၂ တွင်တော့ သင်္ဘောသားစစ်သည် တစ်ဝက်ဖြင့် ပင်လယ်ပြင်စစ်ဆင်ရေးထွက်ရန် ပြင်ဆင်နေကြလေပြီ။

သမားရိုးကျတပ်ဖွဲ့များကို တပ်လှန့်ရန်တာဝန်မှာ ပင်တဂွန်စစ်ဌာနချုပ် အမျိုးသားစစ်ရေးကွပ်ကဲမှုစင်တာ NMCC တာဝန်မှူး ဗိုလ်မှူးကြီး ဂျင်ရိုစယ်လီတို့၏ တာဝန်ဖြစ်သည်။ ကြည်းတပ် တပ်မများ၊ လေတပ် လေယာဉ်အုပ်စုများ၊ ရေတပ် ရေယာဉ်စုများ အားလုံးထံသို့ " ဒါ လေ့ကျင့်ခန်း လုပ်နေတာ မဟုတ်ဘူး " ဟူသော ၀ါကျနှင့်အတူ အမိန့်များ ထွက်နေသည်။ ကမ္ဘာတစ်ဝှန်းရှိ အမေရိကန်တပ်ဖွဲ့များ စစ်ပြင်ကြလေပြီ။

(Tom Clancy ၏ The Sum of All Fear ၀တ္ထုမှ Weapons Effect အခန်းကို အနှစ်ချုပ်ဘာသာပြန်သည်)

စာရေးကောင်းတဲ့ သူတွေကို အားကျလို့ ကိုယ်တိုင်ရေးလည်း မဖြစ်လို့ ဘာသာပြန်စမ်းကြည့်တာပါ။ ဇာတ်ရှိန်မြင့်တဲ့ အခန်းကို ရွေးဘာသာပြန်ထားတာပါ။— with Nanda Htun Htet and 23 others.

ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရေး လွှတ်တော်တွင် ဘတ်ဂျက်တောင်းမည်

0
0
  Photo: နိုင်ငံတကာ ရေတပ်များနည်းတူ ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရေး မြန်မာ့ရေတပ်မတော်က လွှတ်တော်တွင် ဘတ်ဂျက်တောင်းမည်  အာဆီယံနိုင်ငံ အများစုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ပိုင်ဆိုင်နေပြီဖြစ်သော Submarine (ရေငုပ်သင်္ဘော) ကို မြန်မာနိုင်ငံကလည်း ပိုင်ဆိုင်နိုင်ရေး စီစဉ်ထားမှုများ ရှိနေကြောင်းနှင့် လွှတ်တော်တွင် ဘက်ဂျက်တင်ပြ တောင်းခံပြီး ဆောင်ရွက်သွားရန် ရှိနေကြောင်း တပ်မတော်(ရေ)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၂.၇.၂၀၁၃ ရက်တွင် ပြောကြားသည်။   ရေငုပ်သင်္ဘောနှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံသည် လာမယ့် စက်တင်ဘာလတွင် ရုရှားနိုင်ငံမှ နှစ်စင်းတိတိ လွှဲပြောင်းရယူသွားတော့မည်ဖြစ်ပြီး တန်ဖိုး ဒေါ်လာသန်း ၅၀၀ တန် ဒီဇယ်ရေငုပ်သင်္ဘော ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသည်လည်း မကြာခင်ကာလအတွင်း အရှေ့တောင်အာရှ၏ အင်အားကြီး 3D ရေတပ်စနစ်ကို ဦးတည်နေပြီဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံအတွက် Submarine ကိစ္စက အရင်တုန်းကတည်းက ရှိခဲ့တာ။ ငွေကြေး လိုအပ်ချက်လေးတွေကြောင့် ခဏရပ်ထားတာ။ ဒီဘက်ခေတ်ရောက်တော့ ဘတ်ဂျက်ရရှိရေးအတွက် လွှတ်တော်ကို စောင့်ရမယ့် သဘောမှာ ရှိတယ်။ လွှတ်တော်ကို တင်ရဦးမှာပါ” ဟု မြန်မာ့တပ်မတော်(ရေ)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၂.၇.၂၀၁၃ ရက်တွင် ပြောကြားသည်။   ဇွန်လအတွင်းက မြန်မာ့တပ်မတော်ရေသည် ရေငုပ်သင်္ဘောကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်နိုင်ငံ၌ မြန်မာစစ်သားများ လေ့လာမှုပြုလုပ်နေကြောင်း၊ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားခရီးစဉ်တွင် ရေငုပ်သင်္ဘောများကို လေ့လာခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ကာ ယင်းသတင်းအပေါ် နိုင်ငံနယ်နမိတ် ကာကွယ်ရေးအတွက် ဝယ်ယူသုံးစွဲသင့်ကြောင်း အားပေးထောက်ခံနေကြသည်ကို သိရသည်။ မြန်မာနိုင်ငံနှင့် ရေပြင်ပိုင်ဆိုင်မှု ပြဿနာ အနည်းငယ် ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ရေငုပ်သင်္ဘောအပြင် တပ်မတော်ရေကို နိုင်ငံတကာအဆင့်မီ ရေတပ်တစ်ခုအဖြစ် တည်ဆောက်နေကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။  Source: http://www.khitlunge.org.mm/news/news_detail.aspx?info_id=30755 Photo: မြန်မာနေ့စဉ်သတင်း
Myanmar NAVY's photo.
နိုင်ငံတကာ ရေတပ်များနည်းတူ ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရေး မြန်မာ့ရေတပ်မတော်က လွှတ်တော်တွင် ဘတ်ဂျက်တောင်းမည်

အာဆီယံနိုင်ငံ အများစုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ပိုင်ဆိုင်နေပြီဖြစ်သော Submarine (ရေငုပ်သင်္ဘော) ကို မြန်မာနိုင်ငံကလည်း ပိုင်ဆိုင်နိုင်ရေး စီစဉ်ထားမှုများ ရှိနေကြောင်းနှင့် လွှတ်တော်တွင် ဘက်ဂျက်တင်ပြ တောင်းခံပြီး ဆောင်ရွက်သွားရန် ရှိနေကြောင်း တပ်မတော်(ရေ)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၂.၇.၂၀၁၃ ရက်တွင် ပြောကြားသည်။

ရေငုပ်သင်္ဘောနှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံသည် လာမယ့် စက်တင်ဘာလတွင် ရုရှားနိုင်ငံမှ နှစ်စင်းတိတိ လွှဲပြောင်းရယူသွားတော့မည်ဖြစ်ပြီး တန်ဖိုး ဒေါ်လာသန်း ၅၀၀ တန် ဒီဇယ်ရေငုပ်သင်္ဘော ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသည်လည်း မကြာခင်ကာလအတွင်း အရှေ့တောင်အာရှ၏ အင်အားကြီး 3D ရေတပ်စနစ်ကို ဦးတည်နေပြီဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံအတွက် Submarine ကိစ္စက အရင်တုန်းကတည်းက ရှိခဲ့တာ။ ငွေကြေး လိုအပ်ချက်လေးတွေကြောင့် ခဏရပ်ထားတာ။ ဒီဘက်ခေတ်ရောက်တော့ ဘတ်ဂျက်ရရှိရေးအတွက် လွှတ်တော်ကို စောင့်ရမယ့် သဘောမှာ ရှိတယ်။ လွှတ်တော်ကို တင်ရဦးမှာပါ” ဟု မြန်မာ့တပ်မတော်(ရေ)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၂.၇.၂၀၁၃ ရက်တွင် ပြောကြားသည်။

ဇွန်လအတွင်းက မြန်မာ့တပ်မတော်ရေသည် ရေငုပ်သင်္ဘောကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်နိုင်ငံ၌ မြန်မာစစ်သားများ လေ့လာမှုပြုလုပ်နေကြောင်း၊ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားခရီးစဉ်တွင် ရေငုပ်သင်္ဘောများကို လေ့လာခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ကာ ယင်းသတင်းအပေါ် နိုင်ငံနယ်နမိတ် ကာကွယ်ရေးအတွက် ဝယ်ယူသုံးစွဲသင့်ကြောင်း အားပေးထောက်ခံနေကြသည်ကို သိရသည်။ မြန်မာနိုင်ငံနှင့် ရေပြင်ပိုင်ဆိုင်မှု ပြဿနာ အနည်းငယ် ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ရေငုပ်သင်္ဘောအပြင် တပ်မတော်ရေကို နိုင်ငံတကာအဆင့်မီ ရေတပ်တစ်ခုအဖြစ် တည်ဆောက်နေကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source: http://www.khitlunge.org.mm/news/news_detail.aspx?info_id=30755
Photo: မြန်မာနေ့စဉ်သတင်း

ဒုံးပျံတင် အမြန်သွားတိုက်ရေယာဉ်ငယ် များအသုံးချပုံ

0
0
ဒုံးပျံတင် အမြန်သွားတိုက်ရေယာဉ်ငယ် များအသုံးချပုံ        ရေကြောင်းတိုက်ပွဲ သမိုင်းများအရ ရေယာဉ်အရွယ်အစား ကြီးမားသည် နှင့် အမျှ ဖျက်ဆီးနိုင်စွမ်း ပိုမိုကြီးမားသည်သာဖြစ်သည်။ရေယာဉ်ကြီးများတွင် အကွာအဝေးပိုမိုပစ်ခတ်နိုင်သော ဖျက်စွမ်းအားပိုမို ကြီးမားသော အမြောက်လက်နက်ကြီးများ တပ်ဆင်ပစ်ခတ်နိုင်ခဲ့သဖြင့် စစ်ရေယာဉ်ငယ်များအနေဖြင့် ထိုစစ်ရေယာဉ်ကြီးများအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိခဲ့ချေ။သို့သော် ဒုံးပျံနည်းပညာကို ရေယာဉ် ငယ်များတွင်ပါတပ်ဆင်အသုံးပြုလာနိုင်သောအခါ ရေယာဉ်ငယ်တစ်စီးသည် မည်သည့်စစ်ရေယာဉ်ကြီးကို မဆိုရင်ဆိုင် စိန်ခေါ်နိုင်စွမ်းရှိလာခဲ့ပြီဖြစ်သည်။အသွားနှုန်း လျှင်မြန်ခြင်း ရေဒါပစ်မှတ်သေးငယ်ခြင်း (အချို့ ရေဒါဖမ်းမရနိုင်သော နည်းစနစ်များဖြင့်တည်ဆောက်သည်)၊လျှင်မြန်စွာ လှုပ်ရှားစစ်ကစားနိုင်ခြင်း အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များဖြင့် ပေါင်းစပ်လိုက်သောအခါ ရန်သူ၏ဒုံးပျံများကိုပင် ကောင်းစွာရင် ဆိုင်နိုင်စွမ်းရှိလာစေပါသည်။        ရေကြောင်းတိုက်ပွဲတစ်ခုတွင် စစ်ရေယာဉ်တစ်စီးရည်မှန်းချက်သည် ရန်သူရေယာဉ်များအား ဖျက်ဆီး နှစ်မြုတ်ပစ်ရန်ဖြစ်သည်။မိမိအား အန္တရယ်ဖြစ်စေနိုင်သော ရန်သူပစ်မှတ်များအား လက်ဦးမှုယူပြီးထိမှန် အောင်ပစ်ခတ်နိုင်မှသာ ရန်သူ၏ပစ်အားလျှော့နည်းသွားမည်ဖြစ်သည်။ရန်သူရေယာဉ်မှ ကျည်ထွက်လာပါက မိမိတွင် ထိုထွက်လာသောကျည်အား အကာအကွယ်ပြုလုပ်နိုင်ရန် ဖြစ်နိုင်ချေအလွန်နည်းပါးကြောင်းကို သိရှိရမည်ဖြစ်သည်။ဒုံးပျံခေတ်တွင် မူ ဒုံးပျံများ၏တိကျမှန်ကန်မှု ဖျက်စွမ်းအားပြင်းထန်မှုတို့ကြောင့် ရေကြောင်း တိုက်ပွဲများတွင် စစ်ရေယာဉ်တစ်စီး၏ ရည်မှန်းချက်သည် ရန်သူရေယာဉ်အား ဖျက်ဆီးနှစ်မြုတ်ပစ် ရန် အပြင် မိမိအား ရန်သူမှ ပစ်လွှတ်လိုက်သော ဒုံးပျံအားလည်း ဖျက်ဆီးပစ်ဖို့ လိုအပ်လာပေသည်။ ရေကြောင်း တိုက်ပွဲ၏အနိုင်အရှုံးသည် အထက်ပါ ရည်မှန်းချက် နှစ်ခုစလုံးအား ဖျက်ဆီးနိုင်စွမ်းပေါ် တည်မှီနေ ကြောင်းတွေ့ရှိရပါသည်။           ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်ငယ်များ သည်ရေယာဉ်ကြီးများလောက် အရွယ်အစားကြီးမားခြင်း မရှိသည့်အပြင် တပ်ဆင်ထားသောအဓိက လက်နက်မှာလဲ မိမိရေယာဉ်အား လုံလောက်သော ကာကွယ်မှုကို ပြုလုပ်နိုင်ရန် ခဲယဉ်းပါသည်။FACs များကို နိုင်ငံများစွာက အသုံးပြုရာတွင် ရေကြောင်းတိုက်စစ်အတွက် ရည်ရယ်၍ လေကြောင်းမှ ကင်းထောက်လေယာဉ်များ ရေကြောင်းမှ ဖရီးဂိတ် ကဲ့သို့သော အီလက်ထရောနစ် စစ်ဆင်ရေး ဆင်နွဲနိုင်စွမ်းရှိသော ရေယာဉ်ကြီးများနှင့်တွဲဖက်၍ ကန့်သတ်ဧရိယာအတွင်းအသုံးပြုကြပါသည်။ ယေဘူယျ အားဖြင့် မိမိတစ်စီးတည်းအနေနှင့် ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်များသည် ကမ်းခြေမှ မိုင်၂၀ မိုင်၃၀ အတွင်းသာ လှုပ်ရှား စစ်ကစားနိုင်ပါသည်။သို့ရာတွင်ရေကြောင်းစစ်ရေယာဉ်အစုအနေနှင့် လည်းကောင်း ပင်လယ်ပြင်ထောက်လှန်းရေးအထောက်အကူပြု လေယာဉ်များဖြင့် ပူးပေါင်းစစ်ဆင်ခြင်းဖြင့် လည်းကောင်း အသုံးပြုလျှင် ကန့်သတ်ထားသော ဧရိယာအတွင်း ပိုမိုကွာဝေးသော အကွာအဝေးထိ စစ်ဆင်နိုင်စွမ်းရှိပါသည်။ထို့ပြင်ရေပြင်လေပြင် ပေါင်းစပ်၍ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ဆင်ရေး ကိုလဲ ဆင်နွဲနိုင်ပါတယ်။ ဒုံးပျံတင်အမြန်ရေယာဉ်ငယ်များကို တာဝန်ပေးအပ်နိုင်သောစစ်ဆင်ရေးအမျိုးအစားများမှာ           ၁။သတင်းထောက်လှမ်းရေး ဒုံးပျံတင်အမြန်သွားရေယာဉ်ငယ်များ၏ လျှင်မြန်မှု ရေဒါတွင်မြင်ကွင်းသေးငယ်မှု များသည် ရန်သူရေယာဉ်သို့မဟုတ် ရေယာဉ်စု၏ ရေဒါဖမ်းမိနိုင်စွမ်းကိုအထိုက်အလျှောက်လျှော့ချပေးနိုင်ပြီး မိမိမှ လက်ဦးမှုယူ ထောက်လှမ်းသိရှိနိုင်ပါသည်။ထို့ကြောင့် ဒုံပျံတင်ရေယာဉ်ငယ်များကို မိမိစစ်ရေယာဉ်စု၏ ရှေ့ဆုံးမှထား၍ ထောက်လှမ်းသိရှိသော ရန်သူသတင်းအချက်အလက်များအား နောက်သို့လက်ဆင့်ကမ်းပေး ပို့ခြင်းဖြင့် ရန်သူရေယာဉ်သို့မဟုတ် ရေယာဉ်စုအား မိမိရေယာဉ်များ အနေဖြင့် လက်ဦးမှု့ယူစစ်ဆင်နိုင်စွမ်း  ရရှိစေပါသည်။         ၂။ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး  ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်ငယ်တစ်စီး၏ လျှင်မြန်မှု သည် သတ်မှတ်ရေပိုင်နက် ပင်လယ်ပြင်အတွင်း တွင်အရေးပေါ်အခြေအနေကြုံတွေ့နေရသော သို့မဟုတ် ကြုံတွေ့ခဲ့ပြီးသော အခြေအနေတစ်နေရာ ထံသိုလျှင်မြန်စွာ သွားရောက်နိုင်ပြီး ရှေးဦးရှာဖွေကယ်ဆယ်ရေးများကို ပြုလုပ်နိုင်ပါသည်။ထို့ပြင်မိမိ ရေငုပ်ဖောက်ခွဲဖျက်စီးရေးသမားများအား ပြန်လည်ဆယ်တင်ခြင်း များကိုလဲ ပြုလုပ်ပေးနိုင်ပါသည်။         ၃။ကြားဖြတ်တိုက်ခိုက်ရေး ရန်သူ၏အရွယ်အစား၊အင်အား၊ဦးတည်အရပ်နှင့်မိုင်နှုန်းတို့အားကြိုတင်၍သတင်းတိကျစွာရရှိပါက ဒုံးပျံတင် အမြန်သွားတိုက်ရေယာဉ်ငယ်များအားစေလွတ်၍လျှင်မြန်စွာ ကြားဖြတ်တိုက်ခိုက်ခြင်းကို ဆောင်ရွက်နိုင်ပါသည်။          ၄။အလစ်အငိုက်တိုက်ခိုက်ခြင်း ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်ငယ်များသည် ရေတိမ်ပိုင်းတွင်ပါသွားလာလှုပ်ရှားစစ်ကစားနိုင်သည်ဖြစ်ပြီး ညအမှောင်ထုကို အကာကွယ်ယူ၍တစ်စီးချင်းစစ်ကစားနိုင်သောရေယာဉ်များဖြစ်ပါသည်။ ရေယာဉ်အရွယ်အစား သေးငယ်မှုကြောင့် ကျဉ်းမြောင်းသော ရေလက်ကြားနေရာများ ကျွန်းစုများအကြား ပုန်းအောင်းနေရာမှ ညအချိန် ထွက်ခွာပြီး ရန်သူအားအလစ်အငိုက်လျှင်မြန်စာ တိုက်ခိုက်ပြီး ပြန်လည် ပုန်းအောင်းနိုင်ခြင်းများရရှိစေပါသည်။         ၅။တိုက်ကင်းလှည့်ခြင်းအစောင့်လိုက်ပေးခြင်း သာမန်အခြေအနေတစ်ခုတွင် မိမိရေပိုင်နက်အတွင်း ခိုးဝင်သော မြန်နှုန်းမြင့်ရေယာဉ်များကို ဖမ်းဆီးစစ်ဆေးခြင်း ကင်းလှည့်ဆောင်ရွက်ခြင်း ရန်သူသတင်းထောက်လှမ်းခြင်း မိမိရေပိုင်နက်အတွင်း ကုန်သွယ်ရေကြောင်းရေယာဉ်များကို အစောင့်လိုက်ပေးခြင်းများကို ရေယာဉ်တစ်စီးချင်းအနေဖြင့် ဆောင်ရွက်နိုင်ပါသည်။          ၆။တရားဥပဒေစိုးမိုးရေး ရေယာဉ်၏ရေစူးတိမ်သောကြောင့် မြစ်ဝကျွန်းပေါ်ဒေသများ နှင့်မြစ်ချောင်းများအတွင်းထိ ၀င်ရောက်စစ်ဆင်နိုင် စွမ်းရှိသောကြောင့် မြေပြင်တပ်ဖွဲ့များနှင့်ပေါင်းစပ်၍ မတည်ငြိမ်သောဒေသများတွင် ရေတပ်၏အကူအညီလိုအပ်လာပါက လျှင်မြန်စွာ သွားရောက်၍ ရေတပ်မတော်အနေဖြင့် တရားဥပဒေစိုးမိုးရေး သောင်းကျန်းမှုဆန့်ကျင်ရေး စစ်ဆင်ရေးများကို ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိပါသည်။   အထက်ပါအချက်များမှာ ဒုံပျံတင်အမြန်သွားရေယာဉ်ငယ်များအား ပေးအပ်နိုင်သော တာဝန်များဖြစ်ပါသည်။ (ဆက်လက်၍ရေးသားပါဦးမည်) ဆန်းသစ်  ကိုးကား စစ်ပညာဂျာနယ် ဂိုဂဲလ်
ဒုံးပျံတင် အမြန်သွားတိုက်ရေယာဉ်ငယ် များအသုံးချပုံ 
 ရေကြောင်းတိုက်ပွဲ သမိုင်းများအရ ရေယာဉ်အရွယ်အစား ကြီးမားသည် နှင့် အမျှ ဖျက်ဆီးနိုင်စွမ်း ပိုမိုကြီးမားသည်သာဖြစ်သည်။ရေယာဉ်ကြီးများတွင် အကွာအဝေးပိုမိုပစ်ခတ်နိုင်သော ဖျက်စွမ်းအားပိုမို ကြီးမားသော အမြောက်လက်နက်ကြီးများ တပ်ဆင်ပစ်ခတ်နိုင်ခဲ့သဖြင့် စစ်ရေယာဉ်ငယ်များအနေဖြင့် ထိုစစ်ရေယာဉ်ကြီးများအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းလုံးဝမရှိခဲ့ချေ။သို့သော် ဒုံးပျံနည်းပညာကို ရေယာဉ် ငယ်များတွင်ပါတပ်ဆင်အသုံးပြုလာနိုင်သောအခါ ရေယာဉ်ငယ်တစ်စီးသည် မည်သည့်စစ်ရေယာဉ်ကြီးကို မဆိုရင်ဆိုင် စိန်ခေါ်နိုင်စွမ်းရှိလာခဲ့ပြီဖြစ်သည်။အသွားနှုန်း လျှင်မြန်ခြင်း ရေဒါပစ်မှတ်သေးငယ်ခြင်း (အချို့ ရေဒါဖမ်းမရနိုင်သော နည်းစနစ်များဖြင့်တည်ဆောက်သည်)၊လျှင်မြန်စွာ လှုပ်ရှားစစ်ကစားနိုင်ခြင်း အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များဖြင့် ပေါင်းစပ်လိုက်သောအခါ ရန်သူ၏ဒုံးပျံများကိုပင် ကောင်းစွာရင် ဆိုင်နိုင်စွမ်းရှိလာစေပါသည်။

ရေကြောင်းတိုက်ပွဲတစ်ခုတွင် စစ်ရေယာဉ်တစ်စီးရည်မှန်းချက်သည်ရန်သူရေယာဉ်များအား ဖျက်ဆီး နှစ်မြုတ်ပစ်ရန်ဖြစ်သည်။မိမိအားအန္တရယ်ဖြစ်စေနိုင်သော ရန်သူပစ်မှတ်များအား လက်ဦးမှုယူပြီးထိမှန် အောင်ပစ်ခတ်နိုင်မှသာ ရန်သူ၏ပစ်အားလျှော့နည်းသွားမည်ဖြစ်သည်။ရန်သူရေယာဉ်မှ ကျည်ထွက်လာပါက မိမိတွင် ထိုထွက်လာသောကျည်အား အကာအကွယ်ပြုလုပ်နိုင်ရန် ဖြစ်နိုင်ချေအလွန်နည်းပါးကြောင်းကို သိရှိရမည်ဖြစ်သည်။ဒုံးပျံခေတ်တွင် မူ ဒုံးပျံများ၏တိကျမှန်ကန်မှု ဖျက်စွမ်းအားပြင်းထန်မှုတို့ကြောင့် ရေကြောင်း တိုက်ပွဲများတွင် စစ်ရေယာဉ်တစ်စီး၏ ရည်မှန်းချက်သည် ရန်သူရေယာဉ်အား ဖျက်ဆီးနှစ်မြုတ်ပစ် ရန် အပြင် မိမိအား ရန်သူမှ ပစ်လွှတ်လိုက်သော ဒုံးပျံအားလည်း ဖျက်ဆီးပစ်ဖို့ လိုအပ်လာပေသည်။ ရေကြောင်း တိုက်ပွဲ၏အနိုင်အရှုံးသည် အထက်ပါ ရည်မှန်းချက် နှစ်ခုစလုံးအား ဖျက်ဆီးနိုင်စွမ်းပေါ် တည်မှီနေ ကြောင်းတွေ့ရှိရပါသည်။
 
ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်ငယ်များ သည်ရေယာဉ်ကြီးများလောက် အရွယ်အစားကြီးမားခြင်း မရှိသည့်အပြင် တပ်ဆင်ထားသောအဓိက လက်နက်မှာလဲ မိမိရေယာဉ်အား လုံလောက်သော ကာကွယ်မှုကို ပြုလုပ်နိုင်ရန် ခဲယဉ်းပါသည်။FACs များကို နိုင်ငံများစွာက အသုံးပြုရာတွင် ရေကြောင်းတိုက်စစ်အတွက် ရည်ရယ်၍ လေကြောင်းမှ ကင်းထောက်လေယာဉ်များ ရေကြောင်းမှ ဖရီးဂိတ် ကဲ့သို့သော အီလက်ထရောနစ် စစ်ဆင်ရေး ဆင်နွဲနိုင်စွမ်းရှိသော ရေယာဉ်ကြီးများနှင့်တွဲဖက်၍ ကန့်သတ်ဧရိယာအတွင်းအသုံးပြုကြပါသည်။
ယေဘူယျ အားဖြင့် မိမိတစ်စီးတည်းအနေနှင့် ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်များသည် ကမ်းခြေမှ မိုင်၂၀ မိုင်၃၀ အတွင်းသာ လှုပ်ရှား စစ်ကစားနိုင်ပါသည်။သို့ရာတွင်ရေကြောင်းစစ်ရေယာဉ်အစုအနေနှင့် လည်းကောင်း ပင်လယ်ပြင်ထောက်လှန်းရေးအထောက်အကူပြု လေယာဉ်များဖြင့် ပူးပေါင်းစစ်ဆင်ခြင်းဖြင့် လည်းကောင်း အသုံးပြုလျှင် ကန့်သတ်ထားသော ဧရိယာအတွင်း ပိုမိုကွာဝေးသော အကွာအဝေးထိ စစ်ဆင်နိုင်စွမ်းရှိပါသည်။ထို့ပြင်ရေပြင်လေပြင် ပေါင်းစပ်၍ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ဆင်ရေး ကိုလဲ ဆင်နွဲနိုင်ပါတယ်။
ဒုံးပျံတင်အမြန်ရေယာဉ်ငယ်များကို တာဝန်ပေးအပ်နိုင်သောစစ်ဆင်ရေးအမျိုးအစားများမှာ
 
၁။သတင်းထောက်လှမ်းရေး
 
ဒုံးပျံတင်အမြန်သွားရေယာဉ်ငယ်များ၏ လျှင်မြန်မှု ရေဒါတွင်မြင်ကွင်းသေးငယ်မှု များသည် ရန်သူရေယာဉ်သို့မဟုတ် ရေယာဉ်စု၏ ရေဒါဖမ်းမိနိုင်စွမ်းကိုအထိုက်အလျှောက်လျှော့ချပေးနိုင်ပြီး မိမိမှ လက်ဦးမှုယူ ထောက်လှမ်းသိရှိနိုင်ပါသည်။ထို့ကြောင့် ဒုံပျံတင်ရေယာဉ်ငယ်များကို မိမိစစ်ရေယာဉ်စု၏ ရှေ့ဆုံးမှထား၍ ထောက်လှမ်းသိရှိသော ရန်သူသတင်းအချက်အလက်များအား နောက်သို့လက်ဆင့်ကမ်းပေး ပို့ခြင်းဖြင့် ရန်သူရေယာဉ်သို့မဟုတ် ရေယာဉ်စုအား မိမိရေယာဉ်များ အနေဖြင့် လက်ဦးမှု့ယူစစ်ဆင်နိုင်စွမ်း
ရရှိစေပါသည်။
 
၂။ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး
 
ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်ငယ်တစ်စီး၏ လျှင်မြန်မှု သည် သတ်မှတ်ရေပိုင်နက် ပင်လယ်ပြင်အတွင်း တွင်အရေးပေါ်အခြေအနေကြုံတွေ့နေရသော သို့မဟုတ် ကြုံတွေ့ခဲ့ပြီးသော အခြေအနေတစ်နေရာ ထံသိုလျှင်မြန်စွာ သွားရောက်နိုင်ပြီး ရှေးဦးရှာဖွေကယ်ဆယ်ရေးများကို ပြုလုပ်နိုင်ပါသည်။ထို့ပြင်မိမိရေငုပ်ဖောက်ခွဲဖျက်စီးရေးသမားများအား ပြန်လည်ဆယ်တင်ခြင်း များကိုလဲ ပြုလုပ်ပေးနိုင်ပါသည်။
 
၃။ကြားဖြတ်တိုက်ခိုက်ရေး
 
ရန်သူ၏အရွယ်အစား၊အင်အား၊ဦးတည်အရပ်နှင့်မိုင်နှုန်းတို့အားကြိုတင်၍သတင်းတိကျစွာရရှိပါက ဒုံးပျံတင် အမြန်သွားတိုက်ရေယာဉ်ငယ်များအားစေလွတ်၍လျှင်မြန်စွာ ကြားဖြတ်တိုက်ခိုက်ခြင်းကို ဆောင်ရွက်နိုင်ပါသည်။
 
၎။အလစ်အငိုက်တိုက်ခိုက်ခြင်း
 
ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်ငယ်များသည် ရေတိမ်ပိုင်းတွင်ပါသွားလာလှုပ်ရှားစစ်ကစားနိုင်သည်ဖြစ်ပြီး ညအမှောင်ထုကို အကာကွယ်ယူ၍တစ်စီးချင်းစစ်ကစားနိုင်သောရေယာဉ်များဖြစ်ပါသည်။ ရေယာဉ်အရွယ်အစား သေးငယ်မှုကြောင့် ကျဉ်းမြောင်းသော ရေလက်ကြားနေရာများ ကျွန်းစုများအကြား ပုန်းအောင်းနေရာမှ ညအချိန် ထွက်ခွာပြီး ရန်သူအားအလစ်အငိုက်လျှင်မြန်စာ တိုက်ခိုက်ပြီး ပြန်လည် ပုန်းအောင်းနိုင်ခြင်းများရရှိစေပါသည်။
 
၅။တိုက်ကင်းလှည့်ခြင်းအစောင့်လိုက်ပေးခြင်း
 
သာမန်အခြေအနေတစ်ခုတွင် မိမိရေပိုင်နက်အတွင်း ခိုးဝင်သော မြန်နှုန်းမြင့်ရေယာဉ်များကို ဖမ်းဆီးစစ်ဆေးခြင်း ကင်းလှည့်ဆောင်ရွက်ခြင်း ရန်သူသတင်းထောက်လှမ်းခြင်း မိမိရေပိုင်နက်အတွင်း ကုန်သွယ်ရေကြောင်းရေယာဉ်များကိုအစောင့်လိုက်ပေးခြင်းများကို ရေယာဉ်တစ်စီးချင်းအနေဖြင့် ဆောင်ရွက်နိုင်ပါသည်။
 
၆။တရားဥပဒေစိုးမိုးရေး
 
ရေယာဉ်၏ရေစူးတိမ်သောကြောင့် မြစ်ဝကျွန်းပေါ်ဒေသများ နှင့်မြစ်ချောင်းများအတွင်းထိ ၀င်ရောက်စစ်ဆင်နိုင် စွမ်းရှိသောကြောင့် မြေပြင်တပ်ဖွဲ့များနှင့်ပေါင်းစပ်၍ မတည်ငြိမ်သောဒေသများတွင် ရေတပ်၏အကူအညီလိုအပ်လာပါက လျှင်မြန်စွာ သွားရောက်၍ ရေတပ်မတော်အနေဖြင့် တရားဥပဒေစိုးမိုးရေး သောင်းကျန်းမှုဆန့်ကျင်ရေး စစ်ဆင်ရေးများကို ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိပါသည်။

အထက်ပါအချက်များမှာ ဒုံပျံတင်အမြန်သွားရေယာဉ်ငယ်များအား ပေးအပ်နိုင်သော တာဝန်များဖြစ်ပါသည်။
(ဆက်လက်၍ရေးသားပါဦးမည်)
ဆန်းသစ်

ကိုးကား
စစ်ပညာဂျာနယ်
ဂိုဂဲလ်


Viewing all 1811 articles
Browse latest View live