Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

သေချာဖတ် ပြီးရင်မျှဝေပါ။

0
0

အခုလက်ရှိ ၉၆၉ နဲ့ ပါတ်သက်လို့ ထောက်ခံသူတွေ၊ မထောက်ခံသူတွေ၊ ဆန့်ကျင်သူတွေရဲ့ စာတွေကို လိုက်ဖတ်ကြည့်တာ အကောင့်အတုတွေ၊ အစစ်တွေ ခဏဘေးဖယ်ထားဦး အားလုံးဟာ အစွန်းရောက်နေကြတာကို တွေ့ရတယ်..... ဘယ်သူမှန်တယ် မှားတယ်ဆိုတာထက် ဥပမာလေးတွေနဲ့ပဲ ရှင်းပြချင်တယ်.....


ဥပမာပေးရရင် ဂျပန်တွေဟာ သူတို့ရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့အတွက် ဂျပန်နိုင်ငံရဲ့ ထွက်ကုန်တွေကိုပဲ အဓိက ဦးစားပေး သုံးစွဲကြတယ်.... နောက်ဆုံး တိုင်းတစ်ပါး ရောက်နေဦးတော့ ဂျပန်တွေဟာ ဂျပန်ထုတ်ကုန်၊ ဂျပန်ကုမ္ပဏီတွေစီကနေပဲ ဆားဗစ်ကို တတ်နိုင်သလောက် အသုံးပြုကြတယ်.... ဘယ်နိုင်ငံမှာမဆို ကြည့်လိုက်ရင်လည်း ဂျပန်ကုမ္ပဏီတွေ အများစုဟာ စုစုစည်းစည်းနဲ့ နေတတ်ကြတာကိုလည်း တွေ့ရနိုင်တယ်...... အဲ့ဒိလိုပဲ တိုင်းတပါးကို ရောက်နေတဲ့ ဂျပန်တွေအတွက်၊ အစားအသောက်၊ အသုံးအဆောင်မှသည် လုပ်ငန်းသုံးပစ္စည်းများအထိ လိုက်လံရောင်းချနိုင်အောင်လည်း ဂျပန်ကုမ္ပဏီကြီးတွေက စီစဉ်လုပ်ကိုင်လေ့ ရှိတာကို တွေ့ရတယ်....... အခုလက်ရှိကို မြန်မာနိုင်ငံမှာ တွင်ကျယ်လာတော့မယ့် ဂျပန်စီးပွားရေးတွေအတွက် ရည်ရွယ်ပြီး ကမ္ဘာအနှံ့မှာ ဆိုင်ခွဲပေါင်း များစွာရှိတဲ့ Daiso လည်းမြန်မာပြည်မှာ လာရောက်ဖွင့်လှစ်နေတာကို ကြည့်ရင် သိနိုင်ပါတယ်.....

ဂျပန်တင်မဟုတ်ဘူး ကိုရီးယားဆိုရင်လည်း သူ့နိုင်ငံရဲ့ ထုတ်ကုန်တွေကိုပဲ သေးသေးမွှားမွှားကအစ ကြီးကြီးမားမားအထိ သူ့နိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းကိုပဲ သုံးစွဲကြတာကို တွေ့ရတယ်.... အထူးသဖြင့် ကုမ္ပဏီကြီးလေ Enterprise လယ်ဗယ်ဖြစ်လေ ကိုယ့်ရဲ့ မူရင်းနိုင်ငံရဲ့ ထုတ်ကုန်တွေကိုပဲ ဦးစားပေးပြီး ၀ယ်ချမ်းအသုံးပြုစေတယ်.... ကိုယ့်မူရင်းနိုင်ငံက ပစ္စည်းကို ၀ယ်မရရင်တောင် အနောက်နိုင်ငံထုတ် ပစ္စည်းထက် ဒေသစွဲထားတဲ့အနေနဲ့ အာရှတိုက်က ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို ဦးစားပေး ၀ယ်ယူပြီးလုပ်ကိုင်စေတ့အထိ မျိုးချစ်စိတ် ပြင်းထန်ကြတာကို တွေ့ရတယ်....

ဒီလိုပါပဲ ၉၆၉ ရဲ့ အဓိက ရည်ရွယ်ချက်ကိုယ်က တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်တွေကို အားပေးဖို့လို့ ဆိုထားတာပါ...... ဘယ်အရာမဆို ကိုယ့်ပြည်တွင်းက လုပ်ငန်းရှင်တွေကို အားပေးဖို့ပဲ...... မင်းကွန်းဆရာတော်ဘုရားကြီး ဟောသွားတယ်ဆိုတဲ့ ကိုယ့်လူမျိုး ၁ ကျပ်မြတ်ရင် မြတ်တဲ့ ၁ ကျပ်ဟာ ကိုယ့်လူမျိုးတွေနဲ့ ဘာသာ၊ သာသနာကို လှူဖို့ပဲဆိုတဲ့စကားလေးကို ပြန်သတိရစေချင်ပါတယ်..... တကယ်တန်းက ကိုယ့်ပြည်တွင်းဖြစ်ကို အားပေးသလို၊ ကိုယ့်ပြည်တွင်းဖြစ်ကိုလည်း အရည်အသွေး ကောင်းမွန်အောင် အားပေးသင့်တယ်.......

ကိုယ့်လူမျိုးတွေကလည်း ကိုယ့်ထုတ်ကုန်ကို ကောင်းအောင်လုပ်သလို၊ အားပေးသူတွေကလည်း ကိုယ့်လူမျိုးတွေကို အားပေးနေပါမှ အပြန်အလှန်စီးပွား ဖြစ်ထွန်းပြီး အကျိုးရှိပါလိမ့်မယ်..... ဒါကို ၉၆၉ လုပ်ရင် ဆော်ဒီက ရေနံသွင်းတာတွေလည်း လုပ်မနေနဲ့၊ ကုလားနိုင်ငံတွေနဲ့လည်း မဆက်ဆံနဲ့ဆိုတာ အင်မတန်မှ အမြင်ကျဉ်းသွားတယ်ပဲ ဆိုရမယ်..... ပြည်ပနိုင်ငံတွေရဲ့ ကြွယ်ဝချမ်းသာမှုဟာ ကိုယ့်နိုင်ငံနဲ့ တိုက်ရိုက်အချိုးမကျပေမယ့်၊ ကိုယ့်နိုင်ငံသားတွေ၊ တိုင်းရင်းသား ဗုဒ္ဓဘာသာတွေ ကြွယ်ဝ ချမ်းသာလာတာဟာ ကိုယ့်နိုင်ငံနဲ့ တိုက်ရိုက်အချိုးကျနေတယ်ဆိုတာ မြင်အောင်ကြည့်တတ်ဖို့လိုတယ်....

အခုလက်ရှိ မိတ္ထီလာ ဒုက္ခသည်စခန်းတွေမှာ ဗုဒ္ဓဘာသာဝင်တွေက ထောက်ပံ့မှုတွေဟာ ဟိုဘက်၊ ဒီဘက် လူမျိုး ဘာသာမရွေးပဲ လှူဒါန်းနေကြပေမယ့်၊ အစ္စလာမ်ထောက်ပံ့ရေးအဖွဲ့တွေက လာရောက်လှူဒါန်းမှုတွေဟာ ဗုဒ္ဓဘာသာ ဒုက္ခသည်တွေစီ မလှူဘူးဆိုတာကို တွေ့လာရတယ်...... ဗုဒ္ဓဘာသာ ဒုက္ခသည်တွေရဲ့ စခန်းတွေမှာ မလောက်ငှမှုတွေ ဖြစ်နေချိန်မျာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဒုက္ခသည်စခန်းမှာ ပစ္စည်းတွေ လုံလောက်တဲ့အပြင် ပိုလျှံနေတာပါ တွေ့ရတယ်.... ဒါတွေကြောင့် ကိုယ့်လူမျိုးကို ကိုယ်အားပေးဖို့၊ ကိုယ့်လူမျိုး အခက်အခဲဖြစ်လာရင် ကူညီဖို့ဆိုတာဟာ မှားယွင်းတဲ့ လုပ်ဆောင်ချက်တစ်ခု မဟုတ်ဘူးဆိုတာကို သိစေချင်ပါတယ်.....

အဲ့ဒိလိုပါပဲ ၉၆၉ သမားတွေကို ပြောချင်တာကတော့ ဗုဒ္ဓဘာသာဟာ မဇ္ဇိမပဋိပဒါလို့ခေါ်တဲ့ အလယ်အလတ် လမ်းစဉ်ဖြစ်ပါတယ်..... မည်သူ့ကိုမှ အတင်းအကြပ် လုပ်ကိုင်စေခြင်းမဟုတ်ပါ..... ဗုဒ္ဓဘာသာဟာ တရားသဘော မြင့်တက်စေဖိုကအတွက် ကျင့်စဉ်များရှိသလို၊ နှလုံးသွင်း ပွားများရတဲ့ အလုပ်တွေ လုပ်ရပါတယ်..... ဥပမာပေးရရင် စွန်းလွန်းဆရာတော်ကြီးလို့ လူသိများကြတဲ့ ထွန်ထောင် ဆရာတော်ကြီးဟာ ရဟန်းပြုဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်လည်း အိမ်သူသက်ထားကြောင့် နောက်ဆံတင်းခဲ့ရတယ်..... တစ်နေ့မှာ လယ်ထွန်နေရင်းနဲ့ ထွန်တုံးက နွားနှစ်ကောင်ကိုကြည့်ရင်း တရားသဘောကို ဆင်ခြင်မိပီး နွားနှစ်ကောင်ကိုလည်း လွှတ်ပေး၊ လယ်ထွန်နေတဲ့ ထွန်တုံးကိုလည်း ထောင်ထားခဲ့ပီး ရဟန်းပြုသွားလို့ ထွန်ထောင်ဆရာတော်လို့ သတ်မှတ်ခဲ့ကြတယ်.....

ပါရမီပါတဲ့ ဆရာတော်ကြီးရဲ့ တရားအားထုတ်မှုနဲ့ ဘာဝနာ ပွားများမှုတွေကြောင့် ရဟန္တာအဆင့်ကို ရောက်ခဲ့တာ လူအများသိပါလိမ့်မယ်.... အဓိက ဆရာတော်ကြီးကို ရဟန်းဘ၀ရောက်စေတာ တရားသဘောကို ဆင်ခြင်မှု၊ ပွားများမှုပဲ ဖြစ်ပါတယ်.... အခုလဲ ဒီသဘောပါပဲ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာ့ဂုဏ်တော် ၉ ပါးကို ကိုယ်စားပြုတယ်ဆိုပေမယ့်လည်း အရာရာကို အတင်းပဲ ၉၆၉ လို့ လိုက်ပီး သတ်မှတ်နေလို့ မဖြစ်ပါဘူး..... ၉၆၉ ဟာ သင်္ကေတသာဖြစ်ပြီး မိမိစိတ်ထဲက တကယ့်အဓိပ္ပါယ်ကို မြင်အောင်ကြည့်နိုင် ပွားများနိုင်ဖို့ လိုပါတယ်.....

ဒီလိုမှမဟုတ်ပဲ အရာရာကို အတင်းပဲ ၉၆၉ ဆိုတဲ့တံဆိပ်ပဲ လိုက်ကပ်နေမယ်ဆိုရင် မူလရည်ရွယ်ချက် ပျောက်သွားပါလိမ့်မယ်..... ဘာသာရေးအရလည်း ကောင်းမွန်တဲ့ လုပ်ဆောင်ချက်မဟုတ်သလို သေရင်လည်း အထက်မရောက်၊ အောက်မရောက်နဲ့ အစွဲကြီးပြီး လူပြန်မဖြစ်မှာကိုလည်း မြင်အောင်ကြည့်ဖို့ လိုတယ်ဆိုတာလေး ပြောပါရစေ......
 James Mtint


အုပ်စုဖိအား (သို့မဟုတ်) အများယောင်၍ လိုက်ယောင်ခြင်း

0
0
by Thanda Win (Notes) on Tuesday, December 4, 2012 at 2:18pm


မေးခွန်း ( ၁) ကိုယ်မြင်တာကို ယုံသလား၊ သူများပြောတာယုံသလား

  • အလွတ်လပ်ဆုံး တွေးခေါ်စဉ်းစားလေ့ရှိသူများပင်လျှင် အုပ်စုတခုထဲပါဝင်လာပါက ၎င်းအုပ်စုအတိုင်း လိုက်လုပ်လေ့ရှိကြောင်း စိတ်ပညာရှင်များက တွေ့ရှိထားကြသည်။ ဂန္တ၀င် စမ်းသပ်မှုတခုတွင် ထောင်လိုက်မျဉ်းကြောင်း ၃ ကြောင်းအနက်မှ ပေးထားသောမျဉ်းနှင့်တူညီသော မျဉ်းတကြောင်းကို ရွေးချယ်ခိုင်းခြင်းဖြစ်သည်။

  • တဦးချင်း ရွေးချယ်ခိုင်းသည့်အခါ လွယ်ကူလွန်းသည်ဟုထင်ရပါသည်။ သို့သော် အုပ်စုလိုက် ရွေးချယ်ခိုင်းသည့်အခါ ကျွန်ုပ်တို့သည် အခြားသူများဧ။် ထင်မြင်ချက်၊ ယူဆချက်များကြောင့် အလွယ်တကူတိမ်းစောင်းသွားနိုင်ကြောင်း စိတ်ပညာရှင်များက ဖော်ထုတ်ခဲ့ကြသည်။ စမ်းသပ်မှုတခုမှာ လူသုံးဦးပါဝင်သော အုပ်စုတွင် အဖြေမှားကို ပြောကြားရန်သင်ပေးထားသော လူနှစ်ယောက်ထည့်သွင်းထားသည်။ ထိုအခါ တတိယလူသည်လည်း အဖြေမှားကိုပင် ရွေးချယ်လေတော့သည်။ ၇၅%သော လူတို့သည် အုပ်စုတွင်းဖိအားများကို ခံရသည့်အခါ အနည်းဆုံးတကြိမ်တော့ အဖြေမှားကို ပေးတတ်သည်။


မေးခွန်း (၂) လူသားတို့သည် အဘယ်ကြောင့် အုပ်စုဖိအားကို မလွန်ဆန်နိုင်ပါသနည်း။
  • ဤမျှလွယ်ကူသော ရွေးချယ်မှုတွင်ပင် လူတို့သည် အခြားသူများနှင့် မတူသောထင်မြင်ချက်ကို ပေးရန်ဝန်လေးကြသည်။ ပို၍ခက်ခဲသော အလုပ်များတွင် လူများစုသည် ပို၍ပင် အများနောက်လိုက်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရန် သတ္တိမရှိခြင်းနှင့် အများစုထင်မြင်ချက်ကို ယုံစားရန် လွယ်ကူခြင်းတို့ကြောင့်ဖြစ်သည်။



တာဝန်ခံမည့်သူ မကွဲပြားခြင်း

 မေးခွန်း (၃) ဒုက္ခရောက်နေသော လူတယောက်ကို ကူညီလိုပါသလား။

  • ဒုက္ခတွေ့နေသောလူများနှင့် ကြုံတွေ့ရသောအခါ ဤကဲ့သို့ တာဝန်ယူမှု မကွဲပြားသော နမူနာကို ထင်ထင်ရှားရှား တွေ့ရပါသည်။ လမ်းပေါ်တွင် တိုက်ခိုက်ခံရသော အမျိုးသမီးတဦးကို ကူညီနိုင်ပါမည်လား။ အကယ်၍ သင်တဦးတည်းသာရှိပါက သူမကို သွားရောက်ကူညီမည်မှာ သေချာသလောက်ရှိသည်။ သို့သော် အခြားသူများလည်း အနီးနားတွင်ရှိနေပါက တာဝန်ယူတတ်ခြင်းသည် လျော့ကျသွားသည်။ လူအများသည် အခြားတယောက်ယောက် ကူညီလိမ့်မည်အမှတ်ဖြင့် မကူညီပဲနေတတ်ကြသည်။

" အမျိုးသားရေးဝါဒရင်းမြစ်များနှင့် လူမျိုးစုပဋိ ပက္ခ "

0
0
ယခုဧပြီလထုတ် ရနံ့ သစ်မဂ္ဂဇင်းပါ ဆရာကျော်
ဝင်း ( ရန်ကုန်တက္ကသိုလ် ) ရဲ့ အမျိုးသားရေးဝါဒ ( Nationalism ) အပိုင်း ( ၉ ) ပါ

" အမျိုးသားရေးဝါဒရင်းမြစ်များနှင့် လူမျိုးစုပဋိ
ပက္ခ "

အာဏာလုပွဲ များ
အာဏာလုပွဲ များပြင်းထန်လာသောအခါနိုင်ငံရေး
သမားများသည် အခြားသောလူမျိုးစုများအားခြိမ်း
ခြောက်ပြောဆို၍ ၎င်း ခြိမ်းခြောက်မှုများကိုချဲ့ကား
၍ ၎င်းအုပ်စုများ၏ သွေးစည်းခိုင်မာမှုကိုလုပ်ကိုင်
ဆောင်ရွက်လေ့ ရှိသည်။ မိမိတို့ အနေအထားကို
လည်းခိုင်မာအောင်လုပ်ဆောင်ကြသည်။
ခြိမ်းခြောက်မှု များသည်လွန်စွာအားကောင်းသော
စည်းရုံးရေးနည်းလမ်းပင်ဖြစ်သည်။ ခေါင်း ဆောင်
များအနေနှင့် အမျိုးသားမီဒီယာကို ချုပ်ကိုင်နိုင်ခဲ့
လျှင်စည်းရုံးလှုပ်ရှားမှု များသည် အထူးသဖြင့် ထိ
ရောက်ပေသည်။ မရပ်မနားသောလူမျိုးစုဆိုင် ရာ
ဝါဒဖြန့် မှု များကြောင့် နိုင်ငံရေးဆိုင်ရာအရေး အ
သားများကို လျှင်မြန်စွာလမ်းကြောင်းပြောင်း စေ
သည်။ နိုင်ငံရေးဆိုင်ရာလှုံ့ ဆော်မှု များကြောင့်
တည်ငြိမ်မှု ကိုအားနည်းစေသည်သာမက အုပ်စု
များကိုကွဲ ပြားစေခြင်း အစွန်းရောက်စေခြင်းတို့
ဖြင့် အကြမ်းဖက်လမ်းသို့ ပို့ ပေးသည်။ သာဓက
အားဖြင့် ယခင် ယူဂိုဆလားဘီးယားနိုင်ငံ တွင်
ဆာဘီးယန်းခေါင်းဆောင် ဆလိုဗိုဒန်မီလိုဆိုဗစ်
( Solobodan Milosevic ) နှင့် ခရိုအေးရှန်းခေါင်း
ဆောင် ဖရန်ဂျိုတပ်ဂ်ျမန် (Franjo Tudjman )
တို့ သည် ဆာဗ် နှင်း ခရိုရှန်း လူ့ အဖွဲ့ အစည်းနှစ်
ခုဆက်ဆံရေးကို တင်းမာအောင် ပြုလုပ်ခြင်းဖြင့်
အာဏာရ လာခြင်းဖြစ်သည်။ယင်းလူမျိုးစု နှစ်စု
တို့ သည်ဆယ်စုနှစ်ပေါင်း များစွာ အတူတကွငြိမ်း
ချမ်းစွာ နေထိုင်ခဲ့ ကြသည်။

"နောက်လိုက်များခေါင်းဆောင်နောက်သို့ လိုက်
ရခြင်းအကြောင်း အရင်း "

ထင်ရာဆိုင်းပြီး အခွင့် အရေးသမား နိုင်ငံရေးသ
မားတို့ သည် အာဏာလုပွဲ များတွင် အမျိုး သား
ရေးနှင့် လူမျိုးစုရေးရာ ဆွဲဆောင် မှုများ အားကိုး
လေ့ ရှိသည်။ မိမိတို့ အာဏာတည်မြဲရေးအတွက်
နိုင်ငံရေးသမားတို့ သည် မိမိတို့ ၏ နိုင်ငံ များ ကို
တစ်စစီ ပြိုကွဲ စေသည်။ ပြည်သူထောင်ပေါင်းများ
စွာကို သေတွင်းသို့ ပို့ဆောင်လေ့ ရှိသည်။ထိုဖြစ်
စဉ်များရှိပါလျှက် နောက်လိုက်များသည်အဘယ့်
ကြောင့် ခေါင်းဆောင်နောက်ကို လိုက်ကြသနည်း
ဟူသောမေးခွန်းမှာ စိတ်ဝင်စားစရာမေးခွန်းဖြစ်နေ
ပေသည်။ ပထမအချက်မှာ ရန်မူလိုသော အုပ်စု
များ သမိုင်းကြောင်းရှိခြင်းနှင့် ဒုတိယအချက်မှာစီး
ပွားရေးပြသနာများ မြင့် တက်လာခြင်းဖြစ်သည်။
လူမျိုး တစ်စုနှင့် တစ်စုကြား သမိုင်းကြောင်းရှိ ခဲ့
သော် အထူးသဖြင့် ယင်းအုပ်စုများကိုယ်တိုင်က
အခြားရန်လိုသောအုပ်စုများ ၏ သားကောင် ဖြစ်
ရသည်ဟု ခံယူလျှင် လူမျိုးရေးထိုးနှက်ချက်နှင့်
ခြိမ်းခြောက်မှု များ ဖြစ်လာနိုင်သည်။ အလားတူ
ပင်စီးပွားရေး ပြသနာများဖြစ်သောအလုပ်လက်မဲ့
ပြသနာ ငွေကြေးဖောင်းပွ မှု မြင့် မားခြင်း ရင်းမြစ်
များပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ သော် လူမျိုးစုဆိုင်
ရာဓားစာခံ ဖြစ်ရ ခြင်းသည်ပို၍ ဖြစ်နိုင် ချေ များ
သည်။ ထို့ အပြင်ပြည်သူများသည် လက်နက်ကိုင်
ပဋိပက္ခ အပါအဝင် ပြင်းထန်သောအပြောင်းအလဲ
ကို နိုင်ငံရေး လမ်းစဉ်အနေဖြင့် လက်ခံနိုင် စရာ
ဖြစ်လာသည်။ အချုပ်ဆိုသော် အထက်အလွှာ၏
ပြိုင်ဆိုင်မှု သည်ပဋိပက္ခ ဖြစ်ပွားရသော အနီးကပ်
အကြောင်းအရင်းများဖြစ်လာသည်။ အထူးသဖြင့်
ယခင် ယူဂိုဆလားဘီးယားနိုင်ငံ နှင့် ရဝမ်ဒါနိုင်ငံ
တို့ တွင်ဖြစ်ပွားခဲ့ ခြင်းများဖြစ်သည်။ သို့ ရာတွင်
ပဋိပက္ခ မြင့် မားလာလာခြင်းမှာ အခြားသောအ
ခြေခံ အကြောင်းတရားများကြောင့် လည်းဖြစ်နိုင်
သည်။ ယင်းတို့ မှာ လူမျိုးစုများ၏သမိုင်းကြောင်း
နှင့် စီးပွားရေးပြသနာများဖြစ်သည်။
သာဓက အားဖြင့် ရုရှားနှင့် ယူကရိန်းတို့ သည်စီး
ပွားရေးကျဆင်း လာခြင်းလူနေမှုအဆင့် အတန်း
နိမ့် ကျခြင်းတို့ နှင့် ရင်ဆိုင်နေရသည်။ ယူကရိန်း
နိုင်ငံ သားအများစုသည် ရုရှားလူမျိုးတို့ ၏ သမိုင်း
ကြောင်းပုံ ရိပ်လည်းမရှိချေ ။ သို့ ရာတွင်ယူကရိန်း
နိုင်ငံ ရေးသမားတို့ သည် အများအားဖြင့် အမျိုး
သားရေးကိုအကြောင်းပြ၍ ပြသနာဖန်တီးမှု ကို
ရှောင်ကြဉ်ကြသည်။ သူတို့ အနေဖြင့် ရုရှား - ယူ
ကရိန်း ပဋိပက္ခ ဖန်တီးခြင်းသည် သူတို့ အတွက်
ကောင်းကျိုးမ ဖြစ်သည်ကို ကောင်းစွာ သဘော
ပေါက်သည်။ လွတ်လပ်သည့် နိုင်ငံတစ်ခု၏ခေါင်း
ဆောင်များအတွက် အကျိုးမဖြစ်သည်ကိုလည်း
သဘောပေါက်သည်။ အချို့ သောရုရှားနိုင်ငံရေး
သမားတို့ သည်လည်းယူကရိန်းနှင့် သဘောထား
အတူတူပင် ဖြစ်သည်။
ကမ္ဘာ့ ဒေသအနည်းငယ်သည်စီးပွားရေးကမောက်
ကမဖြစ်မှု နှင့် အာဏာလုပွဲ များနှင့် ရင်ဆိုင်နေရ
သည်။ သို့ ရာတွင် မျိုးတူဖြစ်သောလူဦးရေရှိခြင်း
နှင့် ပြည်တွင်းလူမျိုးစု ပြသနာအနည်းငယ်သာ ရှိ
ခြင်းစသောကောင်းကျိုး များ ရှိနေသည်။ သာဓက
အားဖြင့် ဖင်လန် (Finland ) နိုင်ငံသည် ၁၉၈၀
ကတဲ က စီးပွားရေးကျဆင်းမှု နှင့် ကြုံတွေ့ နေရ
သည်။ သို့ရာတွင် လူမျိုးစု အခြင်းခြင်း ပဋိပက္ခ
ဖြစ်ပွား မှု မရှိပေ ။ အဘယ့် ကြောင့် ဆိုသော် လူ
နည်းစု အနည်းငယ်သာရှိသည့် အပြင် အုပ်စုအ
ချင်းချင်း လည်းညီ ညွတ်မှု ရှိသောကြောင့် ဖြစ်
သည်။ အလားတူပင် ပိုလန်နိုင်ငံ သည် ၁၉၈၉ ခု
နှစ်ကတဲက နိုင်ငံ ရေးနှင့် စီးပွားရေးလုံးဝ ပြောင်း
လဲသွားသည်။ သို့ ရာတွင် ပိုလန်နိုင်ငံ၌ လူနည်းစု
အနည်းငယ်သာရှိသည်။ အုပ်စုများကြားပြသနာ
အနည်းငယ်သာရှိသည်။ အမျိုးသားရေး တောင်း
ဆိုမှု ကိုလက်ခံသည့် ပရိသတ်လည်း မရှိပေ။ ပို
လန်နိုင်ငံ တွင် ၁၉၉၅ ခုနှစ်ကကျင်းပသောသမ္မတ
ရွေးကောက်ပွဲ တွင် အပြင်းအထန် ယှဉ် ပြိုင် ကြ
သော်လည်း သဘောတရားရေးရာပေါ် တွင်သာ
အခြေခံ ပြီး တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်ခြင်း
သာရှိခဲ့ သည်။
ကမ္ဘာ့ အခြားသော အစိတ်အပိုင်းများတွင် လူမျိုး
စုသမိုင်းကြောင်းများ ရှိနေပြီး ခေါင်းဆောင်များက
လည်း မိမိတို့ အာဏာရှိရေးနှင့် အာဏာတည်မြဲ
ရေးအတွက် လိုအပ်သမျှ ကိုလုပ်ဆောင်ရန်လက်
မနှေးတတ်ပေ ။ သို့ ရာတွင် စီးပွားရေး အနေအ
ထားအသင့် အတင့် ကောင်းမွန်သဖြင့် ကြီးမား
သောသွေးထွက် သံယိုမှု များမရှခဲ့ ပေ သာဓက
အားဖြင့် မလေးရှားနှင့် ထိုင်းနိုင်ငံတို့ သည် စစ်
အေး ( Cold war ) အတွင်းက မတည်ငြိမ်မှု နှင့်
ရင်ဆိုင်ခဲ့ ရသည်။ သို့ ရာတွင်ယနေ့ကာလ၌ယင်း
နိုင်ငံ များသည်အတော်အသင့် တည်ငြိမ်လာခဲ့
သည်။ အဘယ့် ကြောင့် ဆိုသော် စီးပွားရေးဖွံ့ ဖြိုး
မှု ကြောင့် ဖြစ်သည်။ အလားတူပင်အင်ဒိုနီးရှားနိုင်
ငံ တွင် Aerh, Ambon နှင့် Irian Jaya တို့ တွင်
ပဋိပက္ခ များရှိခဲ့ သည်။ သို့ ရာတွင်းယင်းပဋိပက္ခ
များ သည်မြင့် မားလာခြင်း မရှိသလိုအုပ်စုငယ်
များအဖြစ် ကွဲပြားသွားခြင်းမျိုးလည်း မရှိပေ။ အ
ကြောင်းအရင်းမှာ စီးပွားရေးတိုးတက်မှု ကိုထိမ်း
နိုင်ခြင်းသည် ချို့ ငဲ့ သောအုပ်စုများအား ပဋိပက္ခ
ရှောင်လွှဲ နိုင်ရန် အတွက်တွန်းအားပေးခဲ့ ခြင်းဖြစ်
သည်။ ဤသို့ ဖြင့် လူအများအားစီးပွားရေးအကျိုး
အမြတ်များကို ပိုမို ရစေခဲ့ သည်။
ဥရောပအရှေ့ အလယ်ပိုင်းတွင်လည်းအထက်ပါ
ဖြသ်စဉ်မျိုးရှိသည်။ ထိုဒေသတွင်အတိတ်က စီး
ပွားရေးကမောက်ကမ ဖြစ်မှု နှင့် ကြုံရသည့် အပြင်
ဂျက်ဖာဆင် ၏ ဒီမိုကရေစီ သဘောတရား
( Jeffersonian democracy ) ကိုလေ့ လာဆည်း
ပူးသော ခေါင်းဆောင်မျိုးလည်း မရှိခဲ့ ပေ ။ သို့ ရာ
တွင် ထိုဒေသ၏တောင်ဘက် မိုင် ၁၀၀ ကျော် အ
ကွားအဝေးတွင်ရှိသော ယခင်ယူဂိုဆလားဗီးယား
နိုင်ငံ တွင်ပေါ်ပေါက်ခဲ့ သော အစုလိုက်အပြုံလိုက်
သတ်ဖြတ်ခြင်းမျိုး ကိုမူရှောင်ရှားနိုင်ခဲ့ သည်။
ဥရောပအရှေ့ အလယ်ပိုင်းဒေသသည်နိုင်ငံရေးအ
ပြောင်းအလဲနှင့် ကြုံ တွေ့ ခဲ့ ရသည်။ အထက်လွှာ
တို့ ကလည်း ၁၉၈၉ ခုနှစ်ကတဲက အာဏာလုပွဲ
များကိုဆင်နွှဲ ခဲ့ ကြသည်။ သို့ ရာတွင်ဥရောပ အ
ရှေ့ အလယ်ပိုင်းဒေသသည်နိုင်ငံ ရေးတည်ငြိမ်ခဲ့
ရခြင်းအကြောင်း အရင်း မှာ စီးပွားရေးကောင်းမွန်
ခဲ့ ခြင်းကြောင့် ဖြစ်သည်။ ယင်းဒေသရှိနိုင်ငံ များ
သည်မဝေး တော့ သောကာလတွင်ဥရောပသမဂ္ဂ
သို့ ဝင်ရောက်ခွင့် ရှိတော့ မည့် အလားအလာများ
ရှိသဖြင့် ပြည်သူများအတွက် မျှော်လင့် ချက်ကြီး
မားခဲ့ သည်။ သို့ ဖြစ်၍ အမျိုးသားရေးလှုံ့ ဆော်
မှု များကို လျစ်လျူ ရှု နိုင်ခဲ့ ကြသည်။ သာဓက
အားဖြင့် ဟန်ဂေရီ နိုင်ငံ တွင် အမျိုးသားရေးလှုံ့
ဆော်မှု သည်အောင်မြင်ရန် အလားအလာနည်း
သည်။ ဟန်ဂေရီ နိုင်ငံ မှ လူအများနိုင်ငံကိုစွန့် ခွာ
သွားကြသော်လည်း ဒေသတွင်းစီးပွားရေးတောင့်
တင်းခိုင်မာသောနိုင်ငံ ဖြစ်သည်။ ထို့ အပြင်ဥရော
ပသမဂ္ဂ သို့ ဝင်ခွင့် ရရန် အခွင့် အရေးအများဆုံး
ရှိသောနိုင်ငံ ဖြစ်သည်။ ရူမေးနီးယားနိုင်ငံ မှာမူ စီး
ပွားရေး အရုန်းကန်နေရသည်။
စီးပွားရေး တိုးတက်မှု သည် အရှေ့ အလယ်ပိုင်းဒေ
သနှင့် အာဖရိကတို့ တွင် အရေးပါသောအလှည့်
အပြောင်းများဖြစ်စေခဲ့ သည်။ အရှေ့ အလယ်ပိုင်း
ဒေသသည် ၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်များအတွင်း
ပြည်တွင်းမငြိမ်သက်မှု များနှင့် ကြုံတွေ့ ခဲ့ရသည်
ထိုကာလအတွင်း ထိုဒေသရှိ နိုင်ငံ များသည် အင်
အားချိနဲ့ သဖြင့် လူ့ အဖွဲ့ အစည်း၏ လိုအပ်ချက်
များကို မဖြည့် ဆည်းနိုင်ခဲ့ ပါ ။ သို့ ရာတွင် ၁၉၇၀
နှင့် ၁၉၈၀ ခုနှစ်များကြားတွင် မတည်ငြိမ်မှု များ
လျော့ ပါးသွားသည် ။ အဘယ့် ကြောင့် ဆိုသော်
ရေနံ ဈေးနှုန်းများ မြင့် မားလာခြင်း အမေရိကန်
ပြည်ထောင်စုနှင့် ဆိုဗိယက် ပြည်ထောင်စုတို့ မှ
ထောက်ပံ့ ငွေ များ တိုး၍ ရလာခြင်းကြောင့် ဖြစ်
သည် ။

ကျော်ဝင်း ( ရန်ကုန်တက္ကသိုလ် )
ကျမ်းကိုး - Nationalism and Ethnic Conflict,
The MIT Press London
— with Win Aung Theingi and 19 others.

ဝါဒဖြန့်ခြင်း ( Propaganda )

0
0
 
 


================
အခုတလော အင်တာနက်ပေါ်က လူမှုမီဒီယာများမှာ Propaganda ရဲ့ လက်ချက်တော်တော်များများကိုတွေ့ရပါတယ်။ ဒီဘာသာရပ်ဟာ မြန်မာပြည်ရဲ့ သက်ဆိုင်ရာတက္ကသိုလ် သင်ရိုးများထဲမှာ ထည့်သွင်းခဲ့ခြင်းမရှိပဲ အဖွဲ့အစည်းတခုနဲ့ အာဏာပိုင်အစိုးရအဆက်ဆက်ကသာ လက်ဝါးကြီးအုပ်ထားခဲ့တာပါ။ ကျွန်မအနေနဲ့လည်း တခါမှ လေ့လာဖတ်ရှူဖူးခြင်းမရှိပါဘူး။ အင်တာနက်ထဲရှာကြည့်တဲ့အခါ ၁၉၉၁ အင်တာနက်များစပေါ်ကာစက တင်ထားပေးတဲ့ ဆောင်းပါးများကို တွေ့ရပါတယ်။ ရေးသူ Aaron Delwiche ဟာ Trinity University က လူထုဆက်ဆံရေးဌာနမှာ တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ အင်တာနက်ကို အခုမှ စတင်ပြီး ဖောဖောသီသီသုံးစွဲနေကြတဲ့ ကျွန်မတို့အတွက် ရည်ရွယ်ရေးထားသလားတောင် ထင်ရပါတယ်။ စာမျက်နှာ ၃၀ ကျော်ရှိတာမို့ တတ်နိုင်သမျှ အကျဉ်းဘာသာပြန်လိုက်ပါတယ်။ သင်ရိုးညွှန်းတမ်းဝင်ရမယ့် ဘာသာရပ်တခုဖြစ်တာကြောင့် အပြည့်အစုံမဟုတ်ပဲ အမြည်းသဘောမျှသာ ဖြစ်ပါလိမ့်မယ်။

ဒီမိုကရေစီစနစ်တွင်ကျယ်ထွန်းကားလာတဲ့အခါ တွေးခေါ်စဉ်းစားတတ်သော နိုင်ငံသားအားလုံးသည် ၀ါဒဖြန့်ခြင်းကို ဝေဖန်ဆန်းစစ်သူများဖြစ်လာရမယ်လို့ ပါမောက္ခ Aaron က ဆိုပါတယ်။

ဝါဒဖြန့်ခြင်းကို စဉ်းစားခြင်း
----------------------------
ဝါဒဖြန့်ခြင်းအကြောင်းကို လေ့လာဆန်းစစ်ရာမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာ၊ စတာလင်တို့မရှိတော့တာကြောင့် အခုခေတ် လူ့အဖွဲ့အစည်းမှာ ၀ါဒဖြန့်ခြင်းမလိုအပ်ဘူး၊ မရှိဘူးလို့ထင်နေရင် မှားသွားပါလိမ့်မယ်။ ၀ါဒဖြန့်တယ်ဆိုတာဟာ ရှေးခေတ်ကလို အတုံးလိုက်အတစ်လိုက် ဖြစ်နိုင်သလို ဟာသလေးတခုလိုလည်း သိမ်မွေ့ညင်သာနိုင်ပါတယ်။ ဒီနည်းလမ်းတွေကို နိုင်ငံရေးသမားများသာမက ကြော်ငြာသမားများ၊ မီဒီယာသမားများ အပြင် လူအများစုကြီးကို လွှမ်းမိုးချင်သော မည်သူမဆိုအသုံးပြုကြပါတယ်။ မူးရင်မမောင်းနဲ့ ဆိုတဲ့ သီချင်းမျိုးမှာသာမက ရွေးကောက်ပွဲတွေနဲ့ အရက်ကြော်ငြာတွေမှာလည်း တွေ့နိုင်ပါတယ်။
နေ့စဉ်နေ့တိုင်းမှာ ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးပုံစံတွေဟာ တခုပြီးတခုမနားတမ်းဖြစ်နေပါတယ်။ ဒါဟာ တဖက်နဲ့တဖက် အကျေအလည် ဆွေးနွေးငြင်းခုံခြင်းအားဖြင့် နားလည်သဘောပေါက်လာတာမျိုးမဟုတ်ပါဘူး။ လူအများစုရဲ့ အတွင်းခံစားချက်တွေနဲ့ ၀ိသေသတွေကိုအသုံးပြုပြီး လှည့်ဖျားတိုက်တွန်းနေသလိုပါပဲ။ အကောင်းအတွက်ပဲဖြစ်ဖြစ် အဆိုးအတွက်ပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ၀ါဒဖြန့်တဲ့ခေတ်ကြီးထဲမှာ ရောက်နေကြပါတယ်။ ( Pratkanis and Aronson, 1991 )

အင်တာနက်ပေါ်လာပြီးနောက် ကမ္ဘာသားတွေဟာ ပထမဆုံးအကြိမ်အဖြစ် စီစစ်ကန့်သတ်မထားတဲ့ သတင်းမျိုးစုံကိုအခြေခံပြီးသူတို့ရဲ့အနာဂတ်အကြောင်း ပြောဆိုဆွေးနွေးခွင့်ရလာကြပါတယ်။ ဒါဟာအံ့သြစရာကောင်းလှတဲ့ တိုးတက်မှုဖြစ်ပေမယ့် ပေးဆပ်ရတာတွေလည်းရှိနေပါတယ်
သတင်းခေတ်တော်လှန်ရေးဟာ သတင်းမျိုးစုံလွန်းတာကြောင့်ဝန်ထုပ်ဝန်ပိုးဖြစ်လာပါတယ်။ ဒါကြောင့်လည်း အများစုဟာ သတင်းတွေကို တိုတိုတုတ်တုတ်နဲ့ မစဉ်းစားပဲတုန့်ပြန်လာကြပါတယ်။ ဒါကို ၀ါဒဖြန့်သမားများက သိပ်ကြိုက်ပါတယ်။ လက်တွေ့ကျကျ မစဉ်းစားလေကြိုက်လေပါပဲ။ သူတို့ဟာ လူများစုရဲ့ ခံစားချက်တွေကို နှိုးဆွခြင်း၊ မလုံခြုံမှုတွေဖြစ်အောင် လှုံ့ဆော်ခြင်း၊ ဒွိဟဖြစ်ဖွယ်စကားလုံးများကို ခေါင်းစဉ်လုပ်ခြင်း၊ လက်တွေ့ကျကျမသုံးသပ်ခြင်း တို့ကို များစွာအားပေးအားမြှောက်ပြုတတ်ပါတယ်။သမိုင်းကြောင်းတွေအရတော့ ဒါတွေဟာအင်မတန်အောင်မြင်ကြကြောင်းတွေ့ရပါတယ်။
ဝါဒဖြန့်ခြင်းကို လေ့လာဆန်းစစ်ရာမှာ ဒီလိုဝါဒဖြန့်သူတွေသုံးတဲ့ နည်းစနစ်၊ လှည့်ကွက် တွေအပေါ် ဘယ်လိုတုန့်ပြန်သင့်သလဲဆိုတာတွေကို တင်ပြပါမယ်။ ဒါဟာ သတင်းဝန်ပိတဲ့ခေတ်ရဲ့ အဆိပ်ဖြေဆေးပါပဲ။

Institute of Propaganda Analysis (IPA ) ရဲ့အဆိုအရ ဒီမိုကရေစီ အသိုင်းအ၀ိုင်းအတွင်းမှာ လူငယ်များနှင့် လူကြီးများအားလုံးဟာ ဘယ်လိုတွေးခေါ်ရမယ်၊ ဘယ်လိုဆုံးဖြတ်ချက်ချမှတ်သင့်တယ်ဆိုတာတွေကို မဖြစ်မနေလေ့လာသင်ယူကြရပါမယ်။ တဦးချင်းသီးခြားဘယ်လိုတွေးမယ်၊ အစုလိုက် ဘယ်လိုတွေးမယ်ဆိုတာတွေလဲပါသင့်ပါတယ်။ အဆုံးသတ်အဖြေကိုရှာတွေ့တဲ့အထိ စဉ်းစားတတ်ရပါမယ်။ တပြိုင်နက်ထဲမှာပဲ ဆန့်ကျင်ဘက် အဆုံးသတ်အဖြေကို လိုလားသူတွေရှိတာကိုလည်း အသိအမှတ်ပြုရပါမယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရကတော့ စဉ်းစားခြင်း၊ ဆွေးနွေးခြင်းတို့ကို တဦးချင်းစီတိုင်းက စုပေါင်းလုပ်ဆောင်နိုင်တာဖြစ်ပါတယ်။

အများဆုံးအသုံးပြုသော ၀ါဒဖြန့်နည်းများ
====================
(၁) စကားလုံးပြိုင်ပွဲ
----------------------
(က) နာမည်ဆိုးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်း (သို့) ဒေါသကို နှိုးဆွခြင်း
---------------------------------------------------------------------
ဥပမာ - သစ္စာဖောက်၊ လူကြောက်၊ အကြမ်းဖက်သမား၊ အာဏာရူး၊ ငတုံး၊ အစွန်းရောက်၊ အခွင့်အရေးသမား
နာမည်ဆိုးတခုတွင်သွားတာဟာ ကမ္ဘာ့သမိုင်းမှာကော လူတယောက်ရဲ့တိုးတက်မှုမှာပါအကြီးအကျယ်ထိခိုက်စေပါတယ်။ ဂုဏ်သိက္ခာကျစေတယ်။ အကျဉ်းကျခံရသလိုဖြစ်စေတယ်။ ရဲဘော်ရဲဘက်တွေကိုလည်း အချင်းချင်း သတ်ဖြတ်နိုင်လောက်အောင် ရူးသွပ်စေပါတယ်။ ဒီနာမည်ဆိုးတွေကို ကိုယ်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အဖွဲ့အစည်း၊ လူအုပ်စု၊ လူမျိုးစု၊ နိုင်ငံရေးပါတီ၊ တိုင်းပြည်တွေကို ပေးလေ့ရှိကြပါတယ်။ ( IPA 1938 )

မြန်မာပြည်ဥပမာများ - ဗုဒ္ဓဘာသာအကြမ်းဖက်သမားများ၊မွတ်ဒေါင်း၊ ကုလား

IPA အကြံပြုသော တန်ပြန်မေးခွန်းများ

(၁) ဒီနာမည်က ဘာကိုဆိုလိုတာလဲ၊
(၂) နာမည်နဲ့ အဓိပ္ပါယ်နဲ့ ဘယ်လိုဆက်စပ်တာလဲ၊
(၃) ဒီလိုနာမည်ဆိုးပေးလိုက်ပြီးမဆက်ဆံပဲနေလိုက်တာ အကောင်းဆုံးနည်းလား၊
(၄) နာမည်ကို ဖယ်လိုက်ပြီး နောက်ကွယ်က အကြံအစည်စိတ်ကူးက ဘာလဲဆိုတာ အဖြေရှာကြည့်ပါ။

(ခ) ရဲရဲတောက် စကားလုံးများ ၊ သူရဲကောင်းဘွဲ့ပေးခြင်း (သို့) လောဘကို လှုံ့ဆော်ခြင်း
-----------------------------------------------------------------------------
ဥပမာ - အမှန်တရား၊ ဒီမိုကရေစီ၊ မျိုးချစ်စိတ်ဓါတ်၊ သူရဲကောင်း၊

ဟာဒယကို တိုက်ရိုက်ထိသွားတာမို့ ဒီစကားလုံးတွေအတွက် အသက်တောင်စွန့်မယ်ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ၀ါဒဖြန့်သူတွေဟာ ဒီလိုစကားလုံးလှလှတွေပြောပြီး သိမ်းသွင်းတတ်ပါတယ်။ တစုံတယောက်က ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့က ကျွန်တော်တို့ သင်ထားပြီးသား၊ သိထားပြီးသား ဒီမိုကရေစီစနစ်ရဲ့ အဓိပ္ပါယ်၊ အတွေးအခေါ်တွေကို စပြီးစဉ်းစားပါတယ်။ လူသားတွေရဲ့ သဘာဝအလျှောက် ပထမဆုံးတုန့်ပြန်မှုကတော့ အရေးကြီးအကြောင်းအရာကို ပြောနေတဲ့လူဟာ ကျွန်တော်တို့ယုံကြည်သလို၊ တွေးခေါ်သလို ထပ်တူတွေးခေါ်ယုံကြည်တယ်လို့ယူဆလိုက်တာပါပဲ။ ဒါဟာ သံသယစိတ်ကို လျော့ကျစေပြီး ပြောသမျှလက်ခံဖို့ အဆင်သင့်ဖြစ်ကုန်ပါတယ်။
တိုတိုပြောရရင် နာမည်ဆိုးတပ်လိုက်တာရဲ့ ဆန့်ကျင်ဘက် သူရဲကောင်းဘွဲ့ပေးလိုက်တာပါပဲ။ နာမည်ဆိုးပေးလိုက်တဲ့အခါ ဆန့်ကျင်လိုစိတ်၊ ရှူံ့ချအပြစ်တင်လိုစိတ်တွေကို ဖြစ်ပေါ်စေပြီး သူရဲကောင်းတံဆိပ်တပ်လိုက်တဲ့အခါ အလွယ်တကူလက်ခံလိုစိတ်တွေကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်မို့ အထက်မှာ ပြောခဲ့ပြီးတဲ့ မေးခွန်းတွေနေရာမှာ နာမည်ဆိုးအစား နာမည်ကောင်းကို အစားထိုးပြီး မိမိကိုယ်ကို ပြန်မေးကြည့်စေလိုပါတယ်။

မြန်မာပြည် ဥပမာများ - ရခိုင်အရေးအခင်းမှာ သေသမျှလူ အာဇာနည်ခေါ်လိုက်တာပါပဲ။ ကြေးနီတောင်စီမံကိန်းမှာလည်း သူရဲကောင်းမလေး နာမည်တပ်ပြီး ခိုင်းစားပြန်ပါရော။

(ဂ) နားဝင်ချိုသော စကားလုံးများကို အစားထိုးအသုံးပြုခြင်း
---------------------------------------------------------------
စစ်ပွဲဆိုတဲ့စကားလုံးက ဘယ်လိုမှ နားဝင်မချိုပါဘူး။ ဒါကြောင့် ကာကွယ်ရေးဝန်ကြီးဌာနလို့ အမည်ပေးထားတာပါ။ အမေရိကန်သမ္မတ ရေဂင်လက်ထက်မှာ Missile ဒုံးကျည်များကို Peacekeeper ငြိမ်းချမ်းရေးထိန်းသိမ်းသူလို့ နာမည်ပေးခဲ့ပါတယ်။ စစ်ပွဲအတွင်းမှာ အရပ်သားများထိခိုက်သေဆုံးရတာကို ဘေးထွက်ပျက်စီးမှုများလို့ ခေါ်ခဲ့ပါတယ်။ လူသတ်ခြင်းကို အရည်ဖျော်ပစ်လိုက်ခြင်း ဆိုတဲ့စကားလုံးနဲ့ အစားထိုးခဲ့ပါတယ်။

မြန်မာပြည်ဥပမာ- အာဏာသိမ်းတယ်ဆိုတဲ့ စကားလုံးကို တိုင်းပြည်ပြိုကွဲပျက်စီးမည့်အရေးကို အချိန်မီတားဆီးခဲ့ရပါသည် လို့ ပြောင်းလဲအသုံးပြုခဲ့ပါတယ်။

(၂) အချိတ်အဆက်များ လွဲမှားအောင်လုပ်ခြင်း
-------------------------------------------------
(က) လွှဲပြောင်းခြင်း (ရင်ဘတ်ငှားခြင်း၊ ခုတုံးလုပ်ခြင်း )
---------------------------------------------------------
သံလွင်ခက်သရဖူကြောင့် ခေါင်းမလေးသင့်ပါ။ လူသားမျိုးနွယ်ကို ရွှေကြက်ခြေခတ်တချောင်းကြောင့် မနှိပ်စက်သင့်ပါ။ ( William Jennings Bryan, 1896 )
ဝါဒဖြန့်သူများဟာ ပုံမှန်အခြေအနေမှာ ကျွန်တော်တို့လက်မခံနိုင်လောက်တဲ့အရာတွေအတွက် ကျွန်တော်တို့ အလေးအမြတ်ပြုရတဲ့အရာတွေကို အသုံးချတတ်ပါတယ်။ နိုင်ငံရေးသမားတယောက်ဟာ မိန့်ခွန်းအဆုံးမှာ ယေရှူထံဆုတောင်းတာကို ထည့်ပြောခြင်းအားဖြင့် ဘာသာရေးတံဆိပ်ကို သူ့ရဲ့အတွေးအမြင်တွေအတွက် သုံးသွားတာပါ။ ဒါတွေကို နိုင်ငံရေးလောကတခုထဲမှာ တွေ့ရတာမဟုတ်ပါဘူး။ ဘာသာမဲ့တွေရဲ့ မိန့်ခွန်းတွေထဲမှာကော ဘာသာရေးကိုင်းရှိုင်းသူတွေရဲ့ ဆုတောင်းပွဲတွေမှာပါ တွေ့ရလေ့ရှိပါတယ်။
ဒီလိုပုံစံမျိုးနဲ့ပဲ သိပ္ပံ၊ ဆေးပညာ စတာတွေကိုလည်း အသုံးပြုကြပါတယ်။

TV ကြော်ငြာမှာ မင်းသားမင်းသမီးတွေက ဂျုတီကုတ်အဖြူဝတ်ပြီး ဒီအကိုက်အခဲပျောက်ဆေးကတော့ အကောင်းဆုံးပါလို့ ကြော်ငြာတာမျိုးပါ။
နာဇီခေတ်က လူမျိုးခွဲခြားမှုများအတွက်ဝါဒဖြန့်ရာမှာ သိပ္ပံနဲ့ဘာသာရေးများကို အသုံးချခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီလိုစကားလုံးတွေကို မြင်ရုံနဲ့ အလွယ်တကူ ငြင်းပယ်တာ၊ အလွယ်တကူလက်ခံတာတွေကို မလုပ်သင့်ပါဘူး။

မြန်မာပြည် ဥပမာ - မိတ္ထီလာအကြမ်းဖက်မှုကို ၉၆၉ နာမည်တပ်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် ဗုဒ္ဓဘာသာဝင်အများစုဟာ လူသတ်၊ အကြမ်းဖက်မှုကို ဆန့်ကျင်ပေမယ့် ၉၆၉ တံဆိပ်ကြောင့် မသိစိတ်က လက်ခံသလိုလို ဖြစ်ကုန်ပါတယ်။

တန်ပြန်မေးခွန်းများ

(၁)အသုံးချထားတဲ့ စကားလုံး၊ တံဆိပ်က ဘာလဲ။
(၂) တကယ့်အဖြစ်အပျက်ကဘာလဲ။
(၃) နောက်ကွယ်က ရည်ရွယ်ချက် ဆက်စပ်မှုရှိ၊ မရှိကို ဆန်းစစ်ပါ။

(ခ) ရည်ညွှန်းချက်များ အသုံးပြုခြင်း ( နာမည်ကြီးများကို ကိုးကားခြင်း )
-------------------------------------------------------------------------
ဂေါက်ရိုက်ချန်ပီယံ တိုင်းဂါးဝုဒ် ဟာ မနက်စာထဲမှာ ကွေကာအုပ်ထည့်စားဖို့ ကြော်ငြာပါတယ်။ မင်းသမီး ချာ ကတော့ မိတ်ကပ်အသစ်တွေကို သုံးပြပြီး လာတိုရာဂျက်ဆန်ကတော့ စိတ်ကျဝေဒနာသည်များကွန်ယက်ကသူ့ဘ၀ကိုပြောင်းစေသတဲ့။
ကျွန်တော်တို့ စကားစပြောလိုက်တာနဲ့ တိုင်းမ်မဂ္ဂဇင်းကပြောတယ်၊ သမ္မတကြီးကပြောတယ်၊ ဆရာဝန်ကပြောတယ် စသဖြင့် အစချီလေ့ရှိကြပါတယ်။ ဒီလိုရည်ညွှန်းတာတွေဟာ တိကျမှု၊လက်တွေ့ကျမှုတွေအတွက် ပိုကောင်းတဲ့ဆန်းစစ်ချက်တွေဖြစ်နိုင်ပါတယ်။ တဖက်ကလည်း အပေါ်ယံသကာရည်လောင်းသလိုမျိုး အမှားကိုဖုံးကွယ်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ( IPA 1938 )
ယုံကြည်ရတဲ့သတင်းအရင်းအမြစ်ကို ရည်ညွှန်းတာ ဘာမှပြသနာမရှိပါဘူး။ ဒါကို မျှတတဲ့ နှစ်ဖက်မြင်တတ်တဲ့ ဆွေးနွေးပွဲတွေမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းစနစ်ကိုပဲ မမျှတတဲ့၊ လမ်းလွဲအောင်လုပ်တဲ့နေရာတွေမှာလည်း မကြာခဏသုံးတတ်ကြပါတယ်။ အများအားဖြင့် ဒီလို အလွဲသုံးစားမှုကို ဖြစ်နေတဲ့ကိစ္စအတွက် လိုအပ်တဲ့အရည်အချင်းမရှိတဲ့သူက ၀င်ဆုံးဖြတ်ပေးနေတဲ့အခါမျိုးမှာတွေ့ရပါတယ်။ ၁၉၉၂ ခုနှစ်မှာ မင်းသမီး ဘာဘရာက သမ္မတ ဘီကလင်တန်ကို ထောက်ခံပြီး မင်းသားအာနိုးကတော့ ဂျော့ဘုရှ်ကို ထောက်ခံခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံး နာမည်ကျော်တွေပါ။ ဒါပေမယ့် သူတို့ဟာ ဒီတိုင်းပြည်အတွက် ဘာအကောင်းဆုံးလဲဆိုတာကို သိတယ်လို့တော့ မထင်ပါဘူး။
မြန်မာပြည်ဥပမာ - နာမည်ကျော်ပုဂ္ဂိုလ်များကို အထင်တကြီးနဲ့ ပြောသမျှ လက်ခံတတ်တဲ့နေရာမှာ မြန်မာပြည်သူများက သိပ်ကိုကျင့်သားရနေတာမို့ ခေါင်းမညိတ်မိခင် အောက်ပါမေးခွန်းများကို အပြန်ပြန် အလှန်လှန် မိမိဘာသာ မေးကြည့်ကြဖို့ လိုပါတယ်။

တန်ပြန်မေးခွန်းများ

ဘယ်သူ့ကို ရည်ညွှန်းကိုးကားနေတာလဲ။
ဒီလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းဟာ ဒီကိစ္စမှာ တကယ်ဗဟုသုတပြည့်ဝပြီး ယုံကြည်ထိုက်ရဲ့လား။
( နာမည်ကြီးပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ဖယ်ထားပြီး ) ဒီကိစ္စရဲ့ လိုရင်းကဘာလဲ။

( ၃ ) အထူးပြုလုပ်ဖန်တီးချက်များ
-------------------------------------
(က) သာမာန်ပြည်သူများနှင့် ထပ်တူဟုဆိုခြင်း
--------------------------------------------------
အမေရိကန်သမ္မတများဟာ သန်းကြွယ်သူဌေးကြီးများဖြစ်ကြပေမယ့် သူတို့ကိုယ်သူတို့ သာမာန်လူတန်းစားလို ပုံဖော်တတ်ပါတယ်။ ဘီကလင်တန်ဟာ မက်ဒေါ်နယ်မှာ ဘာဂါစားရင်း သူလျှိုဝတ္တုတွေကိုကြိုက်တဲ့အကြောင်း ပြောပါတယ်။ ဂျော့ဘုရှ် ကတော့ ပန်းဂေါ်ဖီစိမ်းကို မကြိုက်တဲ့အကြောင်းနဲ့ ငါးကိုကြိုက်တယ်တဲ့။ ရော်နယ်ရေဂင်ကတော့ လွှတိုက်နေတုန်း ဓါတ်ပုံအရိုက်ခံပြီး ဂျင်မီကာတာကတော့ ဂျော်ဂျီယာက မြေပဲစိုက်တဲ့လယ်သမားကြီးအဖြစ် သူ့ကိုယ်သူပုံဖော်ပါတယ်။
ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့အမတ်လောင်းတွေဟာ ကျွန်တော်တို့အစိုးရကို သန့်ရှင်းစေမယ်၊ ရေပေါ်ဆီတွေကို စိန်ခေါ်မယ်၊ စသည်ဖြင့် သာမာန်အမေရိကန်တွေနဲ့တတန်းတစားထဲဖြစ်ကြောင်း ပြောတတ်ကြပါတယ်။
ဒီဝါဒဖြန့်နည်းကလည်း အလုပ်ဖြစ်ပါတယ်။

မြန်မာပြည်ဥပမာများ --- လူ့အခွင့်အရေးလို့ ခေါင်းစဉ်တပ်ပြီး အိတ်ထဲထည့်သွားတဲ့ ပြည်ပမီဒီယာများအကြောင်း အားလုံးသိပါတယ်။ ပြည်သူ့အတွက်လို့ ပြောပြောပြီး အိတ်ထဲထည့်သွားသူများအကြောင်းလဲ အားလုံးသိပါတယ်။

တန်ပြန်မေးခွန်းများ

ဒီဝါဒဖြန့်နေတဲ့လူရဲ့ အတွေးအခေါ်တွေကဘာလဲ။( သူ့ရဲ့ ရုပ်ရည်ပိုင်းဆိုင်ရာတွေကိုထည့်မတွက်ပါနဲ့။)
ပြည်သူအတွက်လို့ပြောပြီး ဖုံးကွယ်ဖို့ကြိုးစားနေတာက ဘာတွေလဲ။
တကယ့်အချက်အလက်တွေက ဘာလဲ။

(ခ) ဘင်ခရာတီးဝိုင်းကြီးနှင့်ချီတက်ခြင်း
----------------------------------------
ဝါဒဖြန့်သူများဟာ ခန်းမကြီးကိုငှား၊ ရေဒီယိုအသံလွှင့်အစီအစဉ်ကိုသုံး၊ အားကစားကွင်းကြီးတခုလုံးကိုလူအပြည့်ဖြစ်သွားအောင်ဖြည့်တာမျိုးတွေလုပ်လေ့ရှိပါတယ်။သူတို့ဟာ အမှတ်တံဆိပ်တွေ၊ သီချင်းတွေ၊ လူထုလှုပ်ရှားမှုတွေနဲ့ အနုပညာဖန်တီးမှုတွေကို သုံးကြပါတယ်။ သူတို့ဟာ လူများစုကြီးရဲ့ ဆန္ဒကို ပုံဖော်တတ်ပါတယ်။ သူတို့နောက်ကို လူများစုကြီးက လိုက်ပါထောက်ခံစေချင်တဲ့အတွက် အမျိုးသားရေး၊ ဘာသာရေး၊ လူမျိုးရေး၊ အလုပ်အကိုင်ရရှိရေး၊ အမျိုးသမီးများအခွင့်အရေး စတဲ့စကားလုံးတွေနဲ့ ချည်နှောင်တတ်ပါတယ်။ ဒါကြောင့်လည်း ၀ါဒဖြန့်သမား လိုချင်တဲ့ (သို့မဟုတ်) ဆန့်ကျင်ချင်တဲ့အတိုင်း ကက်သလစ်များ၊ ပရိုတက်စ်တင့်များ၊ ဂျူးများ၊ လယ်သမားများ၊ ကျောင်းဆရာများ၊ အိမ်ရှင်မများ က ဆန့်ကျင်တယ် (သို့မဟုတ်) တောင်းဆိုတယ်ဆိုတာမျိုး ပုံပေါ်ကုန်ပါတယ်။

ဒီလိုနည်းမျိုးစုံသုံးပြီး မြှောက်ပင့်ပေးခြင်းအားဖြင့် လူထုရဲ့ အကြောက်တရားတွေ၊ အမုန်းတရားတွေ၊ မတရားမှုနဲ့ဘက်လိုက်မှုတွေ၊ယုံကြည်ချက်တွေ၊ စံပြသတ်မှတ်ချက်တွေကို ချုပ်ကိုင်ထားတတ်ပါတယ်။ ဒါနဲ့ပဲ စိတ်ခံစားမှုတွေကြောင့် ကျွန်တော်တို့ဟာ သူတို့အလိုရှိတိုင်း တွန်းခံရ ဆွဲခံရ ဖြစ်ကုန်ပါတယ်။( IPA 1938)

ဒီနည်းလမ်းရဲ့အဓိကအချက်ကတော့ သူများတွေလုပ်နေကြလို့ မင်းလဲလိုက်လုပ်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာမှာ နောက်ချန်နေရစ်ချင်တဲ့ လူနည်းစုကိုပါ ဆွဲဆောင်နိုင်ပါတယ်။

မြန်မာပြည် ဥပမာ - လူစုကြဟေ့ဆိုတာနဲ့ အဖြူအစိမ်းဝတ်ပြီး စုခဲ့ကြရတာ အနှစ်နှစ်ဆယ်ဆိုတော့ အထူးပြောဖို့လိုမယ်မထင်ပါဘူး။ ၉၆၉ မကပ်ရင်ပဲ ဗုဒ္ဓဘာသာမဟုတ်သလိုလိုတွေလဲ ပြောကြရဲ့။ အခုနောက်ပိုင်းလည်း နေ့စဉ်လိုလို သံစုံတီးဝိုင်းနဲ့ ဆန္ဒပြပွဲတွေများလွန်းလို့ သူများခေါ်တဲ့နောက်ကို မလိုက်ခင် အောက်ပါမေးခွန်းများကို ဖြေကြည့်ကြဖို့ပါ။

တန်ပြန်မေးခွန်းများ

ဒီအစီအစဉ်ကဘာလဲ။
ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကဘာလဲ။
သူများထောက်ခံတိုင်း ကိုယ်ထောက်ခံဖို့ လိုသလား။
ဒီအစီအစဉ်ကို ကိုယ်တိုင်ကကော စိတ်ဝင်စားမှုရှိရဲ့လား။ ကိုယ့်ကိုတကယ်အကျိုးပြုနိုင်ရဲ့လား။

(ဂ) အကြောက်တရား
-----------------------
တိုင်းပြည်ရဲ့လမ်းမတွေ ပျက်စီးနေပါတယ်။ တက္ကသိုလ်တွေမှာ တော်လှန်နေတဲ့ တိုက်ခိုက်ဖျက်ဆီးနေတဲ့ ကျောင်းသားတွေနဲ့ပြည့်နေပါတယ်။ ကွန်မြူနစ်တွေက ကျွန်တော်တို့တိုင်းပြည်ကိုဖျက်ဆီးဖို့ကြံစည်နေပါတယ်။ ရုရှားနိုင်ငံဟာ ခြိမ်းခြောက်နေပြီး တရုတ်နိုင်ငံကတော့ ကျွန်တော်တို့အတွက် အန္ထရာယ်ပါပဲ။ အန္တရာယ်တွေက အတွင်းမှာကော အပြင်မှာရှိနေပါတယ်။ ဒါကြောင့်ဥပဒေစိုးမိုးဖို့လိုအပ်ပါတယ်။ ဥပဒေမစိုးမိုးရင် တိုင်းပြည်ပျက်ပါလိမ့်မယ်။ ( ဟစ်တလာ ၁၉၃၂ )

ဝါဒဖြန့်သူဟာ ပရိသတ်ကို သူပြောသလိုမလုပ်ရင် ဘေးအန္တရာယ်တွေကျရောက်တော့မယ်လို့ ပြောပြီးခြောက်လန့်တတ်ပါတယ်။ ဒီနည်းနဲ့ ပရိသတ်ကို တကယ်ဖြစ်နေတဲ့ပြသနာကိုမေ့ပြီး ကာကွယ်ရေးတွေ လုပ်ကြဖို့ဆော်သြတတ်ပါတယ်။ ဒီနည်းဟာ အာဏာရှင်တွေသုံးတဲ့အခါ သိပ်ထိရောက်နိုင်ပါတယ်။ ဒါ့အပြင် ဒီထက်သိမ်မွေ့တဲ့နည်းနဲ့လည်း ဖြစ်နိုင်ပါသေးတယ်။

(၁) ရုပ်မြင်မှာ ကားတိုက်မှုတခုကို ပြပြီး ကြည့်ရှူသူတွေကို ခါးပတ်တွေ ပတ်ဖို့ သတိပေးပါတယ်။
(၂) အာမခံ ကုမ္ပဏီရဲ့ လက်ကမ်းစာစောင်မှာ ရေကြီးလို့ပျက်စီးရတဲ့အိမ်တွေကို ပြပြီး အာမခံထားခဲ့တဲ့ အိမ်ရှင်တွေက လျော်ကြေးရတာတွေကို ဖော်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးကတည်းက လူမှုစိတ်ပညာရှင်များနှင့် ဆက်သွယ်ရေးပညာရှင်များဟာ အကြောက်တရားကိုလှုံ့ဆော်မှုဟာ ဘယ်လောက်ထိရောက်အောင်မြင်တယ်ဆိုတာကို လေ့လာခဲ့ကြပါတယ်။

• လူတယောက်ဟာ ပိုကြောက်လေ ကာကွယ်ရေးတွေကို ပိုလုပ်လေပါပဲတဲ့။

• ပရိသတ်ဟာ အခြေအနေကိုပြောင်းလဲဖို့ မတတ်နိုင်ဘူးလို့ထင်နေတဲ့ အကြောက်တရားကြောင့် အမူအကျင့်တွေကို ပြောင်းပစ်ဖို့ မလွယ်တော့ပါဘူး။

• ခြိမ်းခြောက်မှုတွေကို လျော့သွားအောင်လုပ်နိုင်မယ့်နည်းလမ်းတွေကို တိတိကျကျညွှန်ပြခြင်းဖြင့် လူတွေရဲ့ အမူအကျင့်တွေကို ပြောင်းပစ်ဖို့တော့ ပိုလွယ်ပါတယ်။

• ဒီလိုအကြောက်တရားကို လှုံ့ဆော်ရာမှာ အပိုင်းလေးပိုင်းပါဝင်ပါတယ်။ (၁) ခြိမ်းခြောက်မှု (၂) ကာကွယ်နိုင်အောင် နေထိုင်နည်းကို အတိအကျညွှန်ကြားမှု (၃) ပရိသတ်က ဒီနည်းတွေက ကာကွယ်နိုင်မယ်လို့ ထင်မြင်မှု (၄) ပရိသတ်က ဒီနည်းတွေကို လိုက်နာနိုင်မယ်လို့ ထင်မြင်မှု။ ဒီ ၄ ပိုင်းလုံး မပြည့်စုံရင်တော့ ဒီဝါဒဖြန့်နည်းက မအောင်မြင်နိုင်ပါဘူး။

မြန်မာပြည်ဥပမာ - အကြောက်တရားလောက်ရင်းနှီးကျွမ်းဝင်ပြီးသား ၀ါဒဖြန့်နည်း မြန်မာပြည်မှာ အခုထက်ထိမပေါ်သေးပါဘူး။ (၁) မူဆလင်အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှု၊ နယ်မြေတောင်းဆိုမှု၊ ဘာသာရေးသိမ်းသွင်းမှုတွေကိုပြပြီး ခြိမ်းခြောက်ပါတယ်။ (၂) မူဆလင်ဆိုင် ဈေးမ၀ယ်ပါနဲ့လို့ အတိအကျညွှန်ကြားပါတယ်။ (၃) ဗုဒ္ဓဘာသာဝင်တွေက ဒီနည်းဟာ အလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ (၄) လိုက်နာဖို့လဲ ကြိုးစားနေကြတာ အရပ်ထဲမှာ တွေ့နိုင်ပါတယ်။

စိုးရိမ်စိတ်၊ ကြောက်စိတ်တွေကြောင့် လုပ်မယ် ဒါမှမဟုတ် မလုပ်ဖူးလို့ မဆုံးဖြတ်ခင်မှာ အောက်ပါမေးခွန်းများကို မေးကြည့်ကြဖို့လိုပါတယ်။

တန်ပြန်မေးခွန်းများ

ပြောနေတဲ့လူဟာ ကျွန်တော်တို့ ထောက်ခံတာကိုလိုချင်လို့ မကြောက်ကြောက်အောင် ခြောက်နေတာလား။
သူခြိမ်းခြောက်နေတဲ့ဟာက တကယ်အဓိပ္ပါယ်ရှိရဲ့လား။
သူပြောတဲ့နည်းတွေနဲ့ ခြိမ်းခြောက်မှုလျော့အောင် လုပ်နိုင်သလား။
သူတကယ်လုပ်ချင်နေတဲ့ ကိစ္စကဘာလဲ။

ကောက်ချက်ချမှားအောင်လုပ်ခြင်း၊ လမ်းလွှဲခြင်း
-------------------------------------------------
( က ) ကိုယ်တိုင်မှားတာလား၊ ၀ါဒဖြန့်တာလား
-------------------------------------------------
အချက်အလက်တွေပေါ်အခြေခံပြီး သိပ္ပံနည်းကျကောက်ချက်ဆွဲတဲ့နည်းလမ်းမှာ အချက်အလက်တွေကိုယ်တိုင်က အချက်အလက်သာဖြစ်ပါတယ်။ (အမှန်၊ အမှားရှိနိုင်ပါတယ်။)

ဥပမာ (၁)
(က) ဟီလာရီကလင်တန်ဟာ လက်နက်ရောင်းဝယ်ခြင်းကို ထိန်းချုပ်တဲ့ဥပဒေ ( Sanction ) ကို ထောက်ခံခဲ့ပါတယ်။
(ခ) နှစ်ဆယ်ရာစု အာဏာရှင်များအားလုံးဟာ ဒီဥပဒေအတားအဆီးကို ကျော်လွန်နိုင်ခဲ့ပါတယ်။
(ဂ) ဒါကြောင့် ဟီလာရီကလင်တန်ဟာ အာဏာရှင်ဖြစ်ပါတယ်။

ဥပမာ (၂)
(က) ခရစ်ယာန်ဘာသာဝင်အားလုံးဟာ ဘုရားသခင်ကို ယုံကြည်ကြပါတယ်။
(ခ) အစ္စလမ်ဘာသာဝင်အားလုံးဟာ တမန်တော် မိုဟာမက်ကို ယုံကြည်ကြပါတယ်။
(ဂ) ခရစ်ယာန်အားလုံးဟာ မူဆလင်များဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံးတခါတရံကောက်ချက်ချမှားတတ်ပါတယ်။ ၀ါဒဖြန့်သူများကတော့ ကောက်ချက်မှားသွားအောင် တမင်သက်သက် ရည်ရွယ်လုပ်ဆောင်တတ်ပါတယ်။

မြန်မာပြည် ဥပမာ - (၁) ဗုဒ္ဓဘာသာ ၉၆၉ လှုပ်ရှားမှုတွေ ကျယ်ပြန့်လာပါတယ်။
(၂) မိတ္တီလာမှာ ဗုဒ္ဓဘာသာဝင်များမှ မူဆလင်များကို အကြမ်းဖက်ပါတယ်။
(၃) အကြမ်းဖက်မှုဟာ ၉၆၉ ကြောင့်ဖြစ်ပါတယ်။

( ခ ) အနာဂတ်ဟောကိန်းကြီးများ
------------------------------------
လက်ရှိအချက်အလက်အနည်းငယ်ပေါ်တွင် အခြေခံလျက် အနာဂတ်အတွက် အကြီးအကျယ်ဟောကိန်းထုတ်ခြင်းသည် ကောက်ချက်အမှားများကို ဖြစ်ပေါ်စေသည်။

ဥပမာ (၁)
အမေရိကန်နိုင်ငံလွှတ်တော်တွင် အော်တိုမစ်တစ်လက်နက်များကို ပိတ်ပင်သည့်ဥပဒေထွက်ပေါ်လာပါက နောင်အခါ လက်နက်အားလုံးကို ပိတ်ပင်နိုင်သည်၊ အခြေခံဥပဒေပျက်စီးနိုင်သည်၊ရဲတပ်ဖွဲ့ကသာ အာဏာပိုင်လာနိုင်သည်။

ဥပမာ(၂) အင်တာနက်ကဲ့သို့ လူထုဆက်သွယ်ရေးမီဒီယာများပေါ်ပေါက်လာခြင်းကြောင့် အစိုးရဧ။်ဗဟိုချုပ်ကိုင်မှုကို ပြင်းပြင်းထန်ထန်လျော့ကျစေနိုင်သည်၊လူထုဧ။် နိုင်ငံရေးတွင် ပါဝင်နှုန်းမြင့်လာနိုင်သည်၊ လူ့အဖွဲ့အစည်းအသစ်တခုမွေးဖွားလာနိုင်သည်။

မြန်မာပြည် ဥပမာ -
(၁) မူဆလင်များဧ။် ကလေးမွေးဖွားနှုန်းမြင့်သည်။ ၂၀၅၀ တွင် မြန်မာပြည်ဦးရေဧ။် ၅၀% ဖြစ်လာမည်။ ထိုအခါ ခွဲထွက်ခွင့်ပြည်နယ်တောင်းလိမ့်မည်။ ဗုဒ္ဓဘာသာ ပျောက်ကွယ်မည်။

(၂) မြန်မာပြည်တွင် တိုးတက်ဖွံ့ဖြိုးရန် စွမ်းအင်များစွာလိုအပ်သည်။ မြစ်ဆုံရေကာတာ ဆောက်လုပ်ခြင်းဖြင့် လိုအပ်သောစွမ်းအင်ကို ရရှိနိုင်သည်။ ထိုအခါ နိုင်ငံတိုးတက်လာမည်။

တန်ပြန်မေးခွန်းများ

အနာဂတ်ဟောကိန်းအတွက် အခြေခံထားတဲ့အချက်အလက်တွေက လုံလောက်မှုရှိရဲ့လား။
အခြားဖြစ်နိုင်ချေများ ရှိနေသေးလား။
တခြားဖြစ်နိုင်ချေတွေ အများကြီးရှိနေတယ်ဆိုရင် ဒီတစ်ခုတည်းကိုမှ အလွန်အကျုးပြောနေတာ ဘာကြောင့်လဲ။

( ဂ ) ကတ်ပြားများကို စီခြင်း ( သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း)
-------------------------------------------------------------
ဒီနည်းကတော့ ဖော်ထုတ်ထောက်လှမ်းဖို့ အခက်ဆုံးပါပဲတဲ့။ ၀ါဒဖြန့်သူဟာ သူ့ဘက်က အကောင်းဆုံးအချက်များကို ရှေ့တန်းတင်ပြီး တဖက်က အဆိုးဆုံးအချက်အလက်များကိုသာ ထုတ်ပြတတ်ကြပါတယ်။ ပရိသတ်ရဲ့ အမြင်မှာ နောက်ဆုံးသူ့ဘက်ကိုသာ ထောက်ခံစေဖို့ပါ။ ပရိသတ်အနေဖြင့် ဘယ်အချက်တွေကို မြှပ်ထားသလဲဆိုတာ ရှာဖွေရမှာ ဖြစ်ပါတယ်။

တန်ပြန်မေးခွန်းများ

• မြုပ်ထားတဲ့၊ ပုံဖျက်ထားတဲ့ အချက်အလက်တွေ ရှိသလား။
• ဒီအချက်တွေကို ငြင်းပယ်နိုင်တဲ့ အချက်အလက်တွေကော ရှိသလား။
• ရနိုင်သမျှသော အချက်အလက် သတင်းစုံကို စုဆောင်းပါ။

အနှစ်ချုပ်ကတော့ ၀ါဒဖြန့်ခြင်းဟာ ရည်ရွယ်ချက်ကောင်းနဲ့ ဖြစ်စေ၊ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ဖြစ်စေ နှစ်မျိုးလုံးမှာ အသုံးချတတ်လျှင်ချတတ်သလို ထိရောက်မှုရှိလှတာမို့ ပရိတ်သတ်များ အနေဖြင့် မိမိဧ။် စိတ်ခံစားချက်များကို ဦးစားမပေးပဲ ကျိုးကြောင်းဆင်ခြင်လေ့လာပြီးမှ ဆုံးဖြတ်ချက်၊ တုန့်ပြန်ချက်များ လုပ်ဆောင်သင့်လှပါကြောင်း။

http://www.propagandacritic.com/
http://www.youtube.com/watch?v=Rq2aCuYSB_c
http://www.youtube.com/watch?v=ohoXZ6EcneA&feature=related
http://www.youtube.com/watch?v=Pw8mQFCfGxE&feature=related

အပစ်အခတ်ရပ်စဲရေး အတွေးစများ

0
0

by ဂါ မဏိ (Notes) on Monday, April 1, 2013 at 9:04pm
စစ်နား - စစ်ရပ် - တပ်ခွာ - တပ်လျှော့

စစ်ရပ်နားမှု ceasefire သို့မဟုတ် truce ဆိုတာ ကာလတခု၊ နေရာဒေသတခုအတွက် အတိုက်အခိုက်တွေ ယာယီ ရပ်နားတာကို ဆိုလိုပါတယ်။ စစ်ရပ်စဲမှု armistice ဆိုတာက စစ်ပြိုင်နေသူတွေက အတိုက်အခိုက်တွေရပ်စဲဖို့ တရား ဝင်ဥပဒေကြောင်းအရ သဘောတူကြတာ ဖြစ်ပါတယ်။ စစ်ပွဲပြီးဆုံးတာ မဟုတ်သေးဘဲ ရေရှည်ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေးရမှာ ဖြစ်ပါတယ်။


မြန်မာပြည်မှာ ၁၉၈၉ ခုကစခဲ့တဲ့ဖြစ်စဉ်တွေဟာ စစ်ရပ်နားမှုအဆင့်တွေဘဲ ဖြစ်ခဲ့ပါတယ်။ ဥပဒေကြောင်းညီတဲ့ စစ်ရပ်စဲမှုအဆင့်တောင် မရှိခဲ့ပါဘူး။ ငြိမ်းချမ်းရေးဆိုတာကတော့ ပိုလို့တောင်ဝေးပါသေးတယ်။ ဒါကြောင့်လဲ ၂၀၀၉ ခုမှာ တင်းမာမှုတွေ ပြန်ဖြစ်လာ၊ အတိုက်အခိုက်တွေ ပြန်စလာတာ ဖြစ်ပါတယ်။

စစ်ရပ်နားမှုကနေ စစ်ရပ်စဲမှုကို ကူးရတာ ဖြစ်ပြီး စစ်ရပ်စဲမှုကမှတဆင့် ငြိမ်းချမ်းရေးစာချုပ် peace treaty ကို တက် လှမ်းရတာ ဖြစ်ပါတယ်။ စစ်ရပ်စဲရေးစာချုပ်ရဲ့ အနှစ်သာရက စစ်မတိုက်ဘဲ သဘောကွဲလွဲစွာ တည်ရှိနေထိုင်ဖို့ သဘောတူခြင်း ဖြစ်ပါတယ်။ ဥပဒေပိုင်းအရ modus vivendi ဆိုတဲ့ ယာယီလက္ခဏာ၊ ကြားဖြတ်လက္ခဏာဆောင် တရားဝင်စာချုပ်စာတမ်း ဖြစ်ပါတယ်။ ဒါကြောင့် သဘောကွဲလွဲမှုတွေ ထာဝရပပျောက်ဖို့ ငြိမ်းချမ်းရေးစာချုပ် ဆက်လုပ်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။

စစ်ရပ်စဲရေးသဘောတူညီချက်မှာ သော့ချက်က လက်နက်မချရေးဖြစ်ပါတယ်။ ဒါကြောင့် လက်နက်နဲ့ငြိမ်းချမ်းရေး လဲတာ၊ ဥပဒေဘောင်တွင်း ဝင်ရောက်တာ၊ လက်နက်နဲ့နိုင်ငံရေးလဲတာ၊ လက်နက်နဲ့ဒီမိုကရေစီလဲတာ၊ နယ်ခြား စောင့်တပ်အသွင်ပြောင်းတာတို့ဟာ စစ်ရပ်စဲရေးမဟုတ်ပါဘူး။ မလိမ့်တပတ်နဲ့ အမြတ်ထုတ်တာ ဖြစ်ပါတယ်။
စစ်ရပ်စဲရေးသဘောတူညီချက် ချမှတ်ပြီး ပြန်တိုက်မယ်ဆိုရင် တရားဝင်စစ်ကြေညာ သို့မဟုတ် တရားဝင်အကြောင်း ကြားပြီး တိုက်ရမှာဖြစ်တယ်လို့ ၁၈၉၉ ခု သဟိဂ်ငြိမ်းချမ်းရေးကွန်ဗင်းရှင်းစာချုပ်ကဆိုပါတယ်။

ရူးသလိုပေါသလိုနဲ့ အောက်ခြေကဘဲမရှင်းလင်းသလိုလို၊ ရိက္ခာပို့သလိုလို၊ နယ်မြေသေချာမသတ်မှတ်ရသေးသလိုလို အကြောင်းပြပြီး တိုက်တာဟာ သဟိဂ်ကွန်ဗင်းရှင်းကိုချိုးဖောက်တဲ့ စစ်ရာဇဝတ်မှု ဖြစ်ပါတယ်။ ဒါမှမဟုတ် စစ်ရပ်စဲရေးမဟုတ်ဘဲ စစ်ရပ်နားမှုဖြစ်လို့ တိုက်ချင်လို့တိုက်တယ် ဆိုတဲ့သဘော သက်ရောက်ပါလိမ့်မယ်။

အပစ်အခတ်ရပ်နားမှု၊ အပစ်အခတ်ရပ်စဲမှုတွေဟာ စစ်ဘက်နဲ့ အဓိကသက်ဆိုင်ပေမဲ့ ငြိမ်းချမ်းရေးစာချုပ်ကျတော့ နိုင်ငံရေးနဲ့ အဓိကသက်ဆိုင်လာပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တိုင်းရင်းသားအနေအထားအရပြောရရင် ပင်လုံမူတွေနဲ့ ဆိုင်တယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးစာချုပ် အဆင့်မရောက်ခင် စစ်နား စစ်ရပ်အဆင့်တွေမှာတင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ပုံစံတွေ မှန်မှန်ကန်ကန်ဖြစ်မှ ငြိမ်းချမ်းရေးစာချုပ်ကို ကောင်းကောင်းမွန်မွန်ချုပ်နိုင်မှာ ဖြစ်ပါတယ်။

တပ်ခွာရေး disengagement ဟာ တင်းမာမှုလျော့ပါးရေးအတွက် ပြဿနာဖြစ်နိုင်စရာနေရာတွေက ရုပ်ပေးတာ ဖြစ်ပါတယ်။ အမေရိကန်သမတ နစ်ဆင်က ဗီယက်နမ်က အမေရိကန်တပ်တွေ ရုပ်ပေးတာ၊ အိုဘားမားက အီရတ် နဲ့ အာဖဂန်က တပ်တွေ ရုပ်ပေးတာ၊ တရုတ်က မြောက်ကိုးရီးယားက အပျော်ထမ်းတပ်တွေ ရုပ်ပေးတာ၊ ဆိုဗီယက် ခေါင်းဆောင် စတာလင်က ဂရိနိုင်ငံက ကွန်မြူနစ်သူပုန်တွေကို ထောက်ပံ့မှုရပ်စဲပေးတာ၊ အမေရိကန်က ကက်စထရို ဆန့်ကျင်ရေးကျူးဘားသူပုန်တွေကို ထောက်ပံ့မှုရပ်စဲပေးတာ၊ ကက်စထရိုက နီကရာဂွာအစိုးရကို ထောက်ပံ့မှု ရပ်စဲ ပေးတာတွေဟာ တပ်နှစ်တပ် အတိုက်အခိုက်တွေ မဖြစ်ရအောင် ခတ်ဝေးဝေးတွေကို နောက်ဆုတ်ခိုင်းတာ ဖြစ်ပါ တယ်။ မြန်မာပြည်က ကချင်၊ ကရင်၊ ရှမ်းဒေသတွေမှာဆိုရင် တိုင်းရင်းသားတပ်တွေအဖို့ ထပ်ဆုတ်စရာ မကျန်တော့ ဘဲ အဝေးကဝင်လာတဲ့ အစိုးရတပ်တွေကသာ တိုင်းရင်းသားလူထုတွေ နှလုံးစိတ်ဝမ်းအေးလောက်တဲ့ အကွာအဝေး အထိ ခွာပေးဖို့လိုပါတယ်။

တပ်ခွာပြီးနောက် တပ်နှစ်တပ်အကြားမှာ လိုအပ်ရင် demilitarization ဘယ်စစ်တပ်မှ ဝင်ခွင့်မရှိတဲ့ စစ်မဲ့ဇုံထားဖို့ တတိယပါတီတွေကြီးကြပ်မှုနဲ့ သတ်မှတ်ရပါလိမ့်မယ်။ အထူးသဖြင့် အပစ်အခတ်ရပ်စဲတယ် ဆိုပြီး ခဏခဏ တိုက်ပွဲ ပြန်ဖြစ်နေတဲ့နေရာတွေမှာ သတ်မှတ်ဖို့လိုပါတယ်။ ဒီနေရာမှာလဲ အထက်က တပ်ခွာရေးမှာလို တိုင်းရင်းသားဌာနချုပ်၊ တိုင်းရင်းသားစခန်း၊ တိုင်းရင်းသားရွာရဲ့ ခြံစည်းရိုးဘေးနားကပ်ပြီး စစ်မဲ့ဇုံ လုပ်လို့မဖြစ်နိုင်ပါဘူး။

နယ်စပ်ဒေသကို စောင့်ရှောက်ဖို့ အစိုးရတပ်စခန်းတွေ ရှိဖို့လိုတယ်ဆိုတဲ့ ဆင်ခြေမပေးပါနဲ့။ ဝ ဒေသ၊ အထူး-၄ ဒေသ တွေမှာ မိုင်ရာနဲ့ချီပြီး အစိုးရတပ် စခန်းမချနိုင်ဘဲ တိုင်းရင်းသားတပ်တွေသက်သက်နဲ့ နယ်စပ်လုံခြုံရေးလုပ်နေတာ အနှစ် ၂၀ ရှိပါပြီ။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ပန်ဆန်းတနေရာမှာဘဲ အစိုးရတပ် တပ်ခွဲတခွဲလောက် စတိသဘော ချထားပါတယ်။ (နဝတ-နအဖ အစိုးရတွေကိုယ်၌က ဝ ဒေသ ကိုးကန့်ဒေသ အခါဒေသတွေ ဘယ်ခေတ်ဘယ်အခါနဲ့မှ မတူအောင် ငြိမ်းချမ်းသာယာနေကြောင်း ရေလဲနဲ့ပြောနေခဲ့တယ် မဟုတ်ပါလား။) ဒါကြောင့် ကျန်တဲ့ ကချင် ကရင် မွန် ကရင်နီ ရှမ်းဒေသတွေမှာလည်း အကြောင်းအမျိုးမျိုးပြပြီး တပ်စခန်းတွေ တပြုံကြီးချဖို့ မလိုအပ်ပါဘူး။ တိုင်းရင်းသား တပ်တွေ တိုင်းရင်းသားလူထုတွေရဲ့ ယုံကြည်မှု ရချင်ရင် ဒီလိုလူထုတွေကို အနှောင့်အယှက်အမျိုးမျိုးဖြစ်စေတဲ့ အစိုးရ တပ်စခန်းတွေ ဖယ်ပေးဖို့လိုပါတယ်။

အဲဒါပြီးရင်တော့ တပ်မတော်တခုတည်းရှိရေး၊ နှစ်ဖက်တပ်ဖျက်သိမ်းရေး၊ နှစ်ဖက်တပ်အင်အားလျှော့ချရေး ဆိုတဲ့ decommissioning ပိုင်းတွေဟာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဖို့ နိုင်ငံရေးအရဆွေးနွေးပွဲမှာ ထည့်သွင်းရမှာတွေ ဖြစ်သွားပါ ပြီ။ ၁၉၄၇ ပင်လုံစာချုပ်ကို အခြေခံဥပဒေထဲ ခိုင်ခိုင်မာမာနဲ့ ထည့်သွင်းနိုင်ရင် ဒီကိစ္စ ဖြစ်မြောက်လာပါလိမ့်မယ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ထွန်းလာပါလိမ့်မယ်။ ငြိမ်းချမ်းရေးစာချုပ်ထဲမှာ ပင်လုံ သဘောတူစာချုပ် agreement ကို ပင်လုံ ဥပဒေ law/constitution အသွင်ပြောင်းရေးနဲ့အတူ တပ်လျှော့ရေး တပ်ပေါင်းရေးကိစ္စတွေကို အချိန်ဇယား အတိအကျနဲ့ ထည့်သွင်းရပါလိမ့်မယ်။ ဒါတွေဟာ တိုင်းရင်းသားတဖွဲ့တည်းနဲ့လည်း လုပ်လို့မရနိုင်သလို၊ (နှစ် ၆၀ ကျော် ယုံကြည်မှုပျက်ယွင်းထားတာဖြစ်လို့) တတိယပါတီအာမခံချက်လည်း မဖြစ်မနေလိုအပ်ပါလိမ့်မယ်။

ကိုးရီးယားစစ်ပွဲမှာ ၁၉၅၃ ခုက စစ်ရပ်စဲရေးသဘောတူညီချက်ရခဲ့ပေမဲ့ အခုထိ ငြိမ်းချမ်းရေးစာချုပ် မချုပ်နိုင်သေးဘဲ တင်းမာမှုတွေ မကြာခဏဖြစ်နေပါတယ်။ ပါလက်စတိုင်းပြဿနာမှာ ငြိမ်းချမ်းရေးစာချုပ်ဟာ အခြေခံအကြောင်းတရား တွေကို မကိုင်တွယ်နိုင်လို့ သွေးချောင်းစီးတိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်နေပါတယ်။

၂၀ ရာစုအကုန်-၂၁ ရာစုအကူးမှာ တိုင်းရင်းသားပြဿနာဖြေရှင်းရေး လမ်းနှစ်သွယ်ရှိနေပါတယ်။ တခုက (ဆိုဗီယက် ပြည်ထောင်စုထဲက ပြည်နယ်တွေကို သဘောထားကြီးကြီးနဲ့ခွဲထုတ်ပေးလိုက်တဲ့ ရုရှားလူမျိုးကြီးခေါင်းဆောင်) ဘော ရစ်ယဲ့လ်ဆင် လမ်း၊ နောက်တခုက (ယူဂိုစလားဗီးယားနိုင်ငံထဲက ပြည်နယ်တွေခွဲမထွက်အောင် ရက်ရက်စက်စက် စစ်ဆင်တိုက်ခိုက်တဲ့ ဆားဘီးယားလူမျိုးကြီးခေါင်းဆောင်) မီလိုဆီဗစ် လမ်းဖြစ်ပါတယ်။ အမြော်အမြင်ကြီးတဲ့ ဘော ရစ်ယဲ့လ်ဆင်လမ်းက အနာအကြင်သက်သာပြီး သွေးမြေမကျ ငြိမ်းချမ်းတဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ခေါင်းမာမိုက်ရိုင်းတဲ့ မဟာလူမျိုးကြီးဝါဒီ မီလိုဆီဗစ်လမ်းကတော့ ဗမာပြည်မှာလျှောက်ခဲ့ဖူးတဲ့ သွေးချောင်းစီး သေ ကြေပျက်စီးတဲ့လမ်း ဖြစ်ပြီး နိုင်ငံခြားစွက်ဖက်မှု ချုပ်ကိုင်မှု ဝင်လာအောင် ဖိတ်ခေါ်တဲ့လမ်းလည်း ဖြစ်ပါတယ်။

ဘောရစ်ယဲ့လ်ဆင်လမ်းအထိ မရောက်ပေမဲ့ မြန်မာနိုင်ငံအဖို့ ပင်လုံစိတ်ဓာတ်နဲ့နီးစပ်တဲ့ အဆင်အပြေဆုံးရွေးလမ်း ဖြစ်နိုင်တာကတော့ တရုတ်ပြည်ရဲ့ ဟောင်ကောင်-မကာအိုပုံစံ ကိုယ်ပိုင်အုပ်ချုပ်ရေးဖြစ်ပါလိမ့်မယ်။ ဟောင်ကောင် အထူးဒေသအုပ်ချုပ်ရေးဥပဒေအရ ဟောင်ကောင်ဟာ အမည်ခံအားဖြင့် တရုတ်နိုင်ငံလက်အောက် ရောက်၊ ဟောင် ကောင်မှာ မြို့စောင့်တပ်အဖြစ် (နိုင်ငံရေး-အုပ်ချုပ်ရေးနဲ့ ကင်းကင်းနေပြီး နယ်မြေခံဘဏ္ဍာရေး-စီးပွားရေးက မထောက်ပံ့ရတဲ့) ပြည်မကြီးကတပ်မဟာတခု ချထားတာကလွဲလို့ လက်တွေ့မှာ လွတ်လပ်တဲ့နိုင်ငံတခုနဲ့မခြား ကိုယ် ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရထားတာဟာ  နောင် မြန်မာပြည်ရဲ့ တိုင်းရင်းသားပြည်နယ်များ လေ့လာ အတုယူစရာ ဖြစ်နေပါတယ်။

တရုတ်ပြည်က တိဘက်၊ စင်ကျန်းပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးတဲ့ ဥပဒေဟောင်းကတော့ တိုင်းရင်းသား အခွင့်အရေးကိုဖိနှိပ်လွန်းလို့ တိဘက်၊ စင်ကျန်း၊ အတွင်းမွန်ဂိုလီးယားတို့မှာ ဆန့်ကျင်အုံကြွမှုတွေ မဖုံးနိုင်မဖိနိုင် ပေါ်နေတာ အားလုံးအသိပါဘဲ။ ဒါပေမဲ့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသဥပဒေမှာတော့ တရုတ်လူမျိုးစစ်စစ်တွေ ဘဲဖြစ်တဲ့ ဟောင်ကောင်သားတွေကို ဖက်ဒရယ်နိုင်ငံမဟုတ်တဲ့တရုတ်ပြည်ထဲမှာ အမေရိကန်၊ ဆွစ်ဇာလန်၊ ဂျာမဏီတို့က ဖက်ဒရယ်ပြည်နယ်တွေလောက်နီးနီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ နိုင်ငံခြား ကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ လူမှုရေး၊ လုံခြုံရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်တွေ (နိုင်ငံခြားရေးနဲ့ကာကွယ်ရေး ကလွဲလို့) အံ့သြလောက်အောင်ပေးထားပါတယ်။ ဟောင်ကောင်မှာ တရုတ် ကွန်မြူနစ်အစိုးရကို လွတ်လွတ်လပ်လပ် ဆန္ဒပြလို့ရပြီး တရုတ်တပြည်လုံးကို ပိတ်ဆို့ကာဆီးထားတဲ့ မဟာအင်တာ နက်ဆင်ဆာတံတိုင်းကြီး ကင်းလွတ်နယ်မြေလည်း ဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆန့်ကျင်တဲ့ အမေရိကန်ရဲ့ လွတ် လပ်သောအာရှအသံ RFA ရုံးဖွင့်ခွင့် ထပ်ဆင့်လွှင့်စခန်းထားခွင့် ရထားတဲ့နယ်မြေ၊ တရုတ်ပြည်မမှာ အလွန်အမင်း ဖိနှိပ်ခံရတဲ့ ဖာလုံဂေါင်းဘာသာရေးဂိုဏ်း လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရတဲ့ နယ်မြေ၊ ဗဟိုအစိုးရ လုံးဝနီးနီးစွက် ဖက်ခွင့် မရှိတဲ့နယ်မြေဖြစ်နေပါတယ်။

ဒါကြောင့်လဲ KIO ကိုယ်၌က ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးကို စိတ်ဝင်စား လိုလားတဲ့အကြောင်း ပြောနေသ လို UWSA ဝ အဖွဲ့ကလဲ စိတ်ဝင်စားအားကျနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်ပါတယ်။ ဒီလိုကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးသာ ပေးနိုင်ရင် တိုင်းရင်းသားတွေကို ခွဲမထွက်စေဘဲ ပြည်ထောင်စုထဲမှာ အမြဲပေါင်းစည်းနေအောင် ယုံကြည်မှုပေးနိုင်မှာ ဖြစ်ပါတယ်။ ပင်လုံစာချုပ်မှာပါတဲ့ full autonomy အပြည့်အဝကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့လည်း ကိုက်ညီမှာဖြစ်လို့ တိုင်းရင်းသားတွေလည်း ကျေနပ်၊ ပြည်ထောင်စုကြီး အစိတ်စိတ်အပိုင်းပိုင်းဖြစ်မှာကိုရိုးရိုးသားသား မလိုလားသူတွေလည်း ကျေနပ်မယ့် ရှဥ့်လည်းရှောက်သာ ပျားလည်းစွဲသာ အဖြေ ဖြစ်ပါလိမ့်မယ်။

ဂါမဏိ

(ရန်ကုန်ထုတ်ဂျာနယ်တခုမှာ မတ်လဆန်းက ဖော်ပြခဲ့သောဆောင်းပါး)

ခေါင်းမရှိတဲ့ ငါတို့ စစ်သား

0
0
Photo: ခေါင်းမရှိတဲ့  ငါတို့ စစ်သား  ဟုတ်တယ် .... ငါတို့ ကခေါင်းမရှိဘူး ... တစ်ရက် မှာ ၂၄ နာရီ  တစ်လမှာ ၃၁ ရက် တစ်နှစ်မှာ ၁၂ လ တာဝန်ထမ်းဆောင်ဖို့  အတွက် .... ငါတို့ က ခေါင်းမရှိဘူး ...  ဟုတ်တယ် ....ငါတို့ က ခေါင်းမရှိဘူး .... ပေါင်၃၀ ကျောပိုးအိတ်ကိုလွယ်  ပေါင် ၃၀ လက်နက်ကိရိယာတွေထမ်း   တစ်တောဝင် တစ်တောင်တက်  တစ်နှစ်မှာ စစ်ဆင်ရေးကိုးလထွက်ဖို့ အတွက်... ငါတို့ က ခေါင်းမရှိဘူး    ဟုတ်တယ် .... ငါတို့ က ခေါင်းမရှိဘူး ... အမြောက် ဗုံးဆံ  စက်သေနတ်သံ ကြားက .. " တက် " ဆိုတဲ့  အမိန့် သံကြားတိုင်း  လှံစွပ် တဗြောင်းဗြောင်းတပ်  မိန်းမနဲ့ ကလေးကို စိတ်ထဲက နူတ်ဆက်  ကွင်းပြောင်ပြောင်ကို ရင်ဘောင်တန်းဖြန့် တက်ဖို့  ငါတို့ က ခေါင်းမရှိဘူး ...  ဟုတ်တယ်....ငါတို့ က ခေါင်းမရှိဘူး .... ဆူပူ မငြိမ်မသက်  သဘာဝ ဘေးကပ်တွေတိုင်း  ကိုယ့်မိသားစု ကိုယ်ပြစ်  တစ်ခြားမိသားစုတွေကို ချစ်ဖို့   ငါတို့ က ခေါင်းမရှိဘူး...  ဟုတ်တယ် ငါတို့ က ခေါင်းမရှိဘူး .... လူမုန်းခံရမယ့်အလုပ်ဆို ရှေ့ဆုံးက ....  နာမည်ယူရမယ့်အလုပ်ဆို နောက်ဆုံးက.... ချစ်ချစ် မုန်းမုန်း  ကျောပိုးအိတ်တစ်လုံးနဲ့  လမ်းဘေးမှာတာဝန်ယူဖို့   ငါတို့ က ခေါင်းမရှိဘူး ....  ဟုတ်တယ် ငါတို့ က ခေါင်းမရှိဘူး .... လူစုံ အဖွဲ့ စုံ  အတွေးစုံ အကျင့်စုံ  ဝါဒစုံ အာဃာတစုံ  ကြားမှာ.. ဘယ်ဘက်မှမပါ  တိုင်းပြည် အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အတွက်သာ ငါတို့ က ခေါင်းမရှိဘူး ....  ဟုတ်တယ် ငါတို့ က ခေါင်းမရှိဘူး .... တိုင်းပြည်နဲ့ လူမျိုး အတွက်...မင်းတို့ က ဆန္ဒပြ စစ်တိုက်... ငါတို့ က ရှေ့တန်းမှာ စစ်တိုက်  သူရဲကောင်းအမည်ခံတော့ မင်းတို့ .... လူဆိုး အမည်ခံတော့ ငါတို့ .. ဒါပေမယ့် ငါတို့ စိတ်ထဲ  ဘယ်တော့မှ နေရာချိန်းဖို့  အစီအစဉ် မရှိတဲ့ အတွက် ... ငါတို့ က ခေါင်းမရှိဘူး ...  (ခေါင်း မရှိတဲ့ ရဲမိုး )

ဟုတ်တယ် ....
ငါတို့ ကခေါင်းမရှိဘူး ...
တစ်ရက် မှာ ၂၄ နာရီ
တစ်လမှာ ၃၁ ရက်
တစ်နှစ်မှာ ၁၂ လ တာဝန်ထမ်းဆောင်ဖို့  အတွက် ....
ငါတို့ က ခေါင်းမရှိဘူး ...

ဟုတ်တယ် ....ငါတို့ က ခေါင်းမရှိဘူး ....
ပေါင်၃၀ ကျောပိုးအိတ်ကိုလွယ်
ပေါင် ၃၀ လက်နက်ကိရိယာတွေထမ်း
တစ်တောဝင် တစ်တောင်တက်
တစ်နှစ်မှာ စစ်ဆင်ရေးကိုးလထွက်ဖို့ အတွက်...
ငါတို့ က ခေါင်းမရှိဘူး

ဟုတ်တယ် ....
ငါတို့ က ခေါင်းမရှိဘူး ...
အမြောက် ဗုံးဆံ စက်သေနတ်သံ ကြားက ..
" တက် " ဆိုတဲ့ အမိန့် သံကြားတိုင်း
လှံစွပ် တဗြောင်းဗြောင်းတပ်
မိန်းမနဲ့ ကလေးကို စိတ်ထဲက နူတ်ဆက်
ကွင်းပြောင်ပြောင်ကို ရင်ဘောင်တန်းဖြန့် တက်ဖို့  ငါတို့ က ခေါင်းမရှိဘူး ...

ဟုတ်တယ်....ငါတို့ က ခေါင်းမရှိဘူး ....
ဆူပူ မငြိမ်မသက်
သဘာဝ ဘေးကပ်တွေတိုင်း
ကိုယ့်မိသားစု ကိုယ်ပြစ်
တစ်ခြားမိသားစုတွေကို ချစ်ဖို့ 
ငါတို့ က ခေါင်းမရှိဘူး...

ဟုတ်တယ် ငါတို့ က ခေါင်းမရှိဘူး ....
လူမုန်းခံရမယ့်အလုပ်ဆို ရှေ့ဆုံးက ....
နာမည်ယူရမယ့်အလုပ်ဆို နောက်ဆုံးက....
ချစ်ချစ် မုန်းမုန်း
ကျောပိုးအိတ်တစ်လုံးနဲ့ လမ်းဘေးမှာတာဝန်ယူဖို့ 
ငါတို့ က ခေါင်းမရှိဘူး ....

ဟုတ်တယ် ငါတို့ က ခေါင်းမရှိဘူး ....
လူစုံ အဖွဲ့ စုံ
အတွေးစုံ အကျင့်စုံ
ဝါဒစုံ အာဃာတစုံ ကြားမှာ..
ဘယ်ဘက်မှမပါ
တိုင်းပြည် အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အတွက်သာ ငါတို့ က ခေါင်းမရှိဘူး ....

ဟုတ်တယ် ငါတို့ က ခေါင်းမရှိဘူး ....
တိုင်းပြည်နဲ့ လူမျိုး အတွက်...မင်းတို့ က ဆန္ဒပြ စစ်တိုက်...
ငါတို့ က ရှေ့တန်းမှာ စစ်တိုက်
သူရဲကောင်းအမည်ခံတော့ မင်းတို့ ....
လူဆိုး အမည်ခံတော့ ငါတို့ ..
ဒါပေမယ့် ငါတို့ စိတ်ထဲ
ဘယ်တော့မှ နေရာချိန်းဖို့  အစီအစဉ် မရှိတဲ့ အတွက် ...
ငါတို့ က ခေါင်းမရှိဘူး ...

(ခေါင်း မရှိတဲ့ ရဲမိုး )
— with Win Aung Theingi and 37 others.

ညွှန်ချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦး အငြိမ်းစားပေးခံရ

0
0
ညွှန်ချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦး အငြိမ်းစားပေးခံရ  ဧရာဝတီ ၊ သာလွန်ဇောင်းထက်| April 1, 2013  သမ္မတ ဦးသိန်းစိန်က  ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက်  ညွှန်ကြား ရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦးကို မယူမနေရ အငြိမ်းစားပေးလိုက်ပြီး အစိုးရအရာရှိ ၄၀ ကို ဌာနပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။  ယင်းသို့ အငြိမ်းစားပေးခြင်းနှင့် ဌာနပြောင်း အရေးယူမှုများကို ပြုလုပ်ခံရသော အစိုးရ အရာရှိများသည် လာဘ်ပေး လာဘ်ယူမှုဖြင့် အတိုင်ကြားခံရခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းစဉ် များတွင် ပြုပြင်ပြောင်းလဲရေး မလုပ်လိုဘဲ နောက်ကြောင်း ပြန်ဆွဲသော အလေ့အထများ ရှိနေခြင်းကြောင့် ထိုသို့ အရေးယူခံရခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သော သတင်းရပ်ကွက် ထံမှ သိရှိရသည်။  အငြိမ်းစား ပေးခံလိုက်ရသော အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ၅ ဦးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကုန်သွယ်မှု ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့်သိပ္ပံဦးစီးဌာန လက်အောက်ရှိ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်ကြောင်း သိရှိရသည်။  “ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ တက္ကသိုလ် ပါမောက္ခချုပ်ရာထူး တာဝန်က ညွှန်ကြားရေးမှူးချုပ်နဲ့ အဆင့်တူညီတယ်။ အခု အငြိမ်းစား ပေးခံလိုက်ရတဲ့ ညွှန်ကြားရေးမှူးချုပ်တွေမှာ ဦးစံသောင်း၊ ဦးမြတ်မော်၊ ဦးကျော်ထူးနဲ့ ဦးအောင်မင်းတို့က အရင် တပ်က လာတဲ့ အငြိမ်းစား ဗိုလ်မှူးကြီးတွေ။ သူတို့ကို အဓိက အရေးယူတာကတော့ တိုင်စာတွေကို စိစစ်ရာက တကယ် လာဘ်ပေးလာဘ်ယူမှု တွေရှိတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း ကလည်း တိုင်စာကြောင့်ပဲလို့ သိရပါတယ်။ ခြုံငုံပြောရရင်တော့ တိုင်စာတွေ စိစစ်တဲ့အခါမှာ တကယ်ကျူးလွန်ကြောင်းတွေ့ရတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ နောက်ကြောင်း ပြန်လှည့်ချင်တာ” ဟု သမ္မတရုံးနှင့် နီးစပ်သူ တဦးက အတည်ပြုပြောသည်။  အစိုးရထိပ်တန်း အရာရှိကြီး ၆ ဦး ကို မတ်လ ၂၉ ရက်နေ့တွင် မယူမနေရ အငြိမ်းစား ပေးလိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။  ထို့ပြင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ အပါအ၀င် အစိုးရအရာရှိများ ၄၀ ကိုလည်း ဌာနပြောင်း အရေးယူမှုများ ပြုလုပ်ကြောင်း သိရှိရသည်။  ပြည်ထဲရေး ၀န်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲမြင့်ကို ယဉ်ကျေးမှု ၀န်ကြီးဌာန၊ မန္တလေးယဉ်ကျေးမှု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် အဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို ပညာရေးဝန်ကြီးဌာန၊ ပညာရေးစီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဖြစ် လည်းကောင်း၊ ညွှန်ကြားရေးမှူးအဆင့် အရာရှိ အများအပြား ကိုလည်း ဌာနပြောင်းရွှေ့ခြင်း များလုပ်ဆောင် ကြောင်း သိရှိရသည်။  “စီးပွားကူးသန်း ၀န်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ခြောက်ဦးဆိုရင် သမ၀ါယမ ၀န်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမား နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန တွေကို ပို့ပစ်တယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ညွှန်ကြားရေးမှူးတွေလည်း ဌာနပြောင်းခံရတယ်။ တော်တော် များတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမ တွေလည်းပါတယ်။ အားလုံးပေါင်း ၄၀ ရှိတယ်” ဟု နိုင်ငံတော်သမ္မတရုံး အရာရှိတဦးက ပြောသည်။  သမ္မတ ဦးသိန်းစိန်၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီမှ အဖွဲ့ဝင်တဦးကမူ “ကျနော် သိထား သလောက်တော့ သမ္မတက Reform Process ရဲ့ အစိတ်အပိုင်းတခုအဖြစ် ဒါကို လုပ်တယ်။ နောက်ပြီး သမ္မတရုံး ၂ ကလည်း ပြည်သူတွေဆီကလာတဲ့ တိုင်စာတွေအပေါ်မှာ စိစစ်အရေးယူမှု တွေလုပ်တယ်။ ဒီအရေးယူမှုက သမ္မတ လက်ထက်မှာ ကြီးမားတဲ့အရေးယူမှုတခုပါပဲ” ဟု သုံးသပ်သည်။  အမျိုးသားလွှတ်တော်  ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အစိုးရအနေဖြင့် အစိုးရအရာရှိကြီးများကို ဖယ်ရှား ရှင်းလင်း ရာတွင် ပွင့်လင်းမြင်သာမှု အလွန်အရေးကြီး ကြောင်း ဆိုသည်။  “ဆက်သွယ်ရေးအရာရှိတွေ ဖမ်းတယ်၊ စစ်ဆေးတယ်။ ပြန်လွှတ်တယ်။ ၀န်ကြီးကို ဖြုတ်ပစ်တယ်။ ဘာကြောင့် ဘယ်လို အရေးယူမလဲ ဘာမှ သေသေချာချာ ရေရေရာရာ မရှိဘူး။ အခုလည်း ညွှန်ချုပ်တွေ ဖြုတ်တယ်၊ အငြိမ်းစား ပေးခံရတယ် ဆိုတာ သတင်းသမားတွေက လိုက်စုံစမ်းလို့သာ သိရတာ။ တကယ်တမ်းက အစိုးရက ဒါမျိုးတွေ ထုတ်ပြန်ပေးရမှာ။ ဒါမှ နောက်ဖြစ်လာမယ့် အစိုးရအရာရှိတွေ မလုပ်ရဲဖြစ်မှာ။ ပွင့်လင်းမြင်သာမှုမရှိဘူး” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။  ၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းကလည်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းအပါအ၀င် ဆက်သွယ်ရေး အရာရှိအချို့ကို လာဘ်ပေးလာဘ်ယူဖြင့် ရာထူးမှ ဖယ်ရှားခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်ခဲ့သည်။
ညွှန်ချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦး အငြိမ်းစားပေးခံရ

ဧရာဝတီ ၊ သာလွန်ဇောင်းထက်| April 1, 2013

သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် ညွှန်ကြား ရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦးကို မယူမနေရ အငြိမ်းစားပေးလိုက်ပြီး အစိုးရအရာရှိ ၄၀ ကို ဌာနပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။

ယင်းသို့ အငြိမ်းစားပေးခြင်းနှင့် ဌာနပြောင်း အရေးယူမှုများကို ပြုလုပ်ခံရသော အစိုးရ အရာရှိများသည် လာဘ်ပေး လာဘ်ယူမှုဖြင့် အတိုင်ကြားခံရခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းစဉ် များတွင် ပြုပြင်ပြောင်းလဲရေး မလုပ်လိုဘဲ နောက်ကြောင်း ပြန်ဆွဲသော အလေ့အထများ ရှိနေခြင်းကြောင့် ထိုသို့ အရေးယူခံရခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သော သတင်းရပ်ကွက် ထံမှ သိရှိရသည်။

အငြိမ်းစား ပေးခံလိုက်ရသော အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ၅ ဦးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကုန်သွယ်မှု ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့်သိပ္ပံဦးစီးဌာန လက်အောက်ရှိ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်ကြောင်း သိရှိရသည်။

“ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ တက္ကသိုလ် ပါမောက္ခချုပ်ရာထူး တာဝန်က ညွှန်ကြားရေးမှူးချုပ်နဲ့ အဆင့်တူညီတယ်။ အခု အငြိမ်းစား ပေးခံလိုက်ရတဲ့ ညွှန်ကြားရေးမှူးချုပ်တွေမှာ ဦးစံသောင်း၊ ဦးမြတ်မော်၊ ဦးကျော်ထူးနဲ့ ဦးအောင်မင်းတို့က အရင် တပ်က လာတဲ့ အငြိမ်းစား ဗိုလ်မှူးကြီးတွေ။ သူတို့ကို အဓိက အရေးယူတာကတော့ တိုင်စာတွေကို စိစစ်ရာက တကယ် လာဘ်ပေးလာဘ်ယူမှု တွေရှိတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း ကလည်း တိုင်စာကြောင့်ပဲလို့ သိရပါတယ်။ ခြုံငုံပြောရရင်တော့ တိုင်စာတွေ စိစစ်တဲ့အခါမှာ တကယ်ကျူးလွန်ကြောင်းတွေ့ရတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ နောက်ကြောင်း ပြန်လှည့်ချင်တာ” ဟု သမ္မတရုံးနှင့် နီးစပ်သူ တဦးက အတည်ပြုပြောသည်။

အစိုးရထိပ်တန်း အရာရှိကြီး ၆ ဦး ကို မတ်လ ၂၉ ရက်နေ့တွင် မယူမနေရ အငြိမ်းစား ပေးလိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ထို့ပြင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ အပါအ၀င် အစိုးရအရာရှိများ ၄၀ ကိုလည်း ဌာနပြောင်း အရေးယူမှုများ ပြုလုပ်ကြောင်း သိရှိရသည်။

ပြည်ထဲရေး ၀န်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲမြင့်ကို ယဉ်ကျေးမှု ၀န်ကြီးဌာန၊ မန္တလေးယဉ်ကျေးမှု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် အဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို ပညာရေးဝန်ကြီးဌာန၊ ပညာရေးစီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဖြစ် လည်းကောင်း၊ ညွှန်ကြားရေးမှူးအဆင့် အရာရှိ အများအပြား ကိုလည်း ဌာနပြောင်းရွှေ့ခြင်း များလုပ်ဆောင် ကြောင်း သိရှိရသည်။

“စီးပွားကူးသန်း ၀န်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ခြောက်ဦးဆိုရင် သမ၀ါယမ ၀န်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမား နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန တွေကို ပို့ပစ်တယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ညွှန်ကြားရေးမှူးတွေလည်း ဌာနပြောင်းခံရတယ်။ တော်တော် များတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမ တွေလည်းပါတယ်။ အားလုံးပေါင်း ၄၀ ရှိတယ်” ဟု နိုင်ငံတော်သမ္မတရုံး အရာရှိတဦးက ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီမှ အဖွဲ့ဝင်တဦးကမူ “ကျနော် သိထား သလောက်တော့ သမ္မတက Reform Process ရဲ့ အစိတ်အပိုင်းတခုအဖြစ် ဒါကို လုပ်တယ်။ နောက်ပြီး သမ္မတရုံး ၂ ကလည်း ပြည်သူတွေဆီကလာတဲ့ တိုင်စာတွေအပေါ်မှာ စိစစ်အရေးယူမှု တွေလုပ်တယ်။ ဒီအရေးယူမှုက သမ္မတ လက်ထက်မှာ ကြီးမားတဲ့အရေးယူမှုတခုပါပဲ” ဟု သုံးသပ်သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အစိုးရအနေဖြင့် အစိုးရအရာရှိကြီးများကို ဖယ်ရှား ရှင်းလင်း ရာတွင် ပွင့်လင်းမြင်သာမှု အလွန်အရေးကြီး ကြောင်း ဆိုသည်။

“ဆက်သွယ်ရေးအရာရှိတွေ ဖမ်းတယ်၊ စစ်ဆေးတယ်။ ပြန်လွှတ်တယ်။ ၀န်ကြီးကို ဖြုတ်ပစ်တယ်။ ဘာကြောင့် ဘယ်လို အရေးယူမလဲ ဘာမှ သေသေချာချာ ရေရေရာရာ မရှိဘူး။ အခုလည်း ညွှန်ချုပ်တွေ ဖြုတ်တယ်၊ အငြိမ်းစား ပေးခံရတယ် ဆိုတာ သတင်းသမားတွေက လိုက်စုံစမ်းလို့သာ သိရတာ။ တကယ်တမ်းက အစိုးရက ဒါမျိုးတွေ ထုတ်ပြန်ပေးရမှာ။ ဒါမှ နောက်ဖြစ်လာမယ့် အစိုးရအရာရှိတွေ မလုပ်ရဲဖြစ်မှာ။ ပွင့်လင်းမြင်သာမှုမရှိဘူး” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းကလည်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းအပါအ၀င် ဆက်သွယ်ရေး အရာရှိအချို့ကို လာဘ်ပေးလာဘ်ယူဖြင့် ရာထူးမှ ဖယ်ရှားခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်ခဲ့သည်။

ယိုယွင်းနိုင်ငံ ပြန်လည်တည်ဆောက်ရေး (၁)

0
0

by Ye Myint Kyaw (Notes) on Tuesday, April 2, 2013 at 2:32pm
 ‘နိုင်ငံတည်ဆောက်ရေး’ ဆိုတဲ့ စကားကို အခု ဆယ်စုနှစ်တွေအတွင်း နိုင်ငံရေးပညာရှင်တွေကြား ကျယ်ကျယ်လောင်လောင် ပြန်ပြောလာကြပါတယ်။ ဖရန်စစ် ဖူကူယားမားကတော့ “နိုင်ငံတည်ဆောက်ရေးဆိုသည်မှာ အစိုးရ အဖွဲ့အစည်းသစ်များ ဖန်တီးတည်ဆောက်ရခြင်းနှင့် ရှိပြီးအဖွဲ့အစည်းများကို တောင့်တင်းခိုင်မာစေခြင်း” (State-building is the creation of new government institutions and the strengthening of existing ones.) လို့ သူရဲ့ State-Building စာအုပ်မှာ ဖွင့်ဆိုထားပါတယ်။


အခု ဒီမှာ ပြောချင်တာက ယိုယွင်းချွတ်ချော်တဲ့ နိုင်ငံများ (failed states) အကြောင်း ဖြစ်ပါတယ်။ အဲဒီ ယိုယွင်းနိုင်ငံတွေ ကြောင့်လည်း နိုင်ငံတည်ဆောက်ရေး စကားလုံးတွေ ပြန်တာစားလာတာ ဖြစ်ပါတယ်။ ၂၀၀၁ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှု ဖြစ်ရပ်ကစပြီး ယိုယွင်းနိုင်ငံတွေရဲ့ ပြဿနာကို နိုင်ငံတကာအသိုင်းဝိုင်းက ပိုအာရုံစိုက်လာခဲ့ကြတာပါ။

ယိုယွင်းနိုင်ငံတွေကို ကွန်းခိုလှုပ်ရှားရာနေရာအဖြစ် အကြမ်းဖက်သမားတွေက အသုံးချလာတာကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေအဖို့ စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေရပါတယ်။ ၂၁ ရာစုမှာ အကြမ်းဖက်ပြဿနာဟာ နိုင်ငံတကာမှာ အပြန့်ကျယ်လာပြီး နေ့စဉ် မီဒီယာ သတင်းတွေမှာ မပါမပြီး ဖြစ်လာပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးဌာနက ၂၀၀၂ ခုနှစ်တုန်းက ပြောင်ပြောင်တင်းတင်း ကြေငြာခဲ့ပါတယ်။ “အမေရိကန်ဟာ ဆိုဗီယက်နဲ့ အခြားသော အင်အားကြီးနိုင်ငံများရဲ့ ခြိမ်းခြောက်မှုထက် ယိုယွင်းချွတ်ချော်နေတဲ့ နိုင်ငံများရဲ့ ခြောက်လှန့်မှုကို ပိုရင်ဆိုင်နေရတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။ ယိုယွင်းနိုင်ငံတွေဟာ အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်နေပြီဆိုတဲ့ ၀န်ခံပြောဆိုမှုပါပဲ။

အကြမ်းဖက်သမားတွေဟာ ယိုယွင်းကျဆင်းနေတဲ့ နိုင်ငံတွေမှာ ပုန်းလျှိုးကွယ်လျှိုးခြေကုပ်ယူပြီး ကမ္ဘာအနှံကို ခြေဆန့်လာတယ်။ အင်ဂိုလာ၊ ဆိုမာလီးယား၊ လိုက်ဘေးရီးယား၊ ကွန်ဂို၊ ဆီအယ်ရာလီအုန်း၊ လက်ဘနွန်၊ အာဖဂန်နစ္စတန်၊ တာဂျစ်ကစ္စတန် စတဲ့ နိုင်ငံတွေဟာ ယိုယွင်းဆုန်ယုတ်တဲ့ လက္ခဏာတွေရှိပြီး၊ လူ့အခွင့်အရေး၊ ပြည်တွင်းစစ်၊ ဒုက္ခသည် စီးဆင်းမှု၊ ပြည်တွင်း ရွှေ့ပြောင်းခံရမှု၊ မူးယစ်ဆေးဝါး ကမ္ဘာဖြန့် ရောင်းချမှု၊ တရားမ၀င် လက်နက်ကုန်သွယ်မှု စတာတွေက ဗွက်ပေါက်နေပါတယ်။

ဒေသ အိမ်နီးချင်းနိုင်ငံတွေ ဦးနှောက်စားအောင် အမြဲဒုက္ခပေးနေတတ်သလို၊ ကုလသမဂကိုယ်တိုင်လည်း အဲဒီနိုင်ငံတွေက အကြမ်းဖက်ပြဿနာတွေကို မကိုင်တတ်မတွယ်တတ်နဲ့ အမြဲ အကျပ်ရိုက်နေရပါတယ်။


နိုင်ငံ ဆိုတာ

‘ယိုယွင်းချွတ်ချော်တဲ့ နိုင်ငံ’ ဆိုတဲ့ အဓိပါယ်ကို မဖွင့်ဆိုခင် ‘နိုင်ငံ’ ဆိုတာဘာလဲ ဆိုတာကို အရင်ဆုံး ချည်းကပ်စဉ်းစား ကြည့်ရပါမယ်။ နိုင်ငံ ဆိုတဲ့ အဓိပါယ်နဲ့ ပတ်သက်ပြီး အဓိကလွှမ်းမိုးထားတဲ့ အယူအဆ သုံးခုရှိပါတယ်။

ပထမကနိုင်ငံကို လူမှုပဋိညာဉ်တစ်ခု (a social contract) လို့ မြင်တဲ့ ရူးဆိုး၊ ဟော့ဘ် နဲ့ လော့ခ် တို့ရဲ့ အယူအဆ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဥပဒေစနစ်တွေ၊ နိုင်ငံရေးအုပ်ချုပ်မှုပုံစံတွေ ရှိမယ်။ အဲဒီ ဥပဒေစနစ်နဲ့ အုပ်ချုပ်မှုပုံစံတွေအတွက် အာဏာရှိသူနဲ့ နိုင်ငံသားတွေကြားမှာ သဘောတူညီမှု ရှိထားရမယ်။ အာဏာပိုင်ကလည်း လူ့အဖွဲ့အစည်းဝင်တွေရဲ့ သဘောတူညီမှုအပေါ်မှာသာ တည်မှီနေရမယ်လို့ ဆိုပါတယ်။

ဒီအယူအဆက နိုင်ငံနဲ့ လူ့အဖွဲ့အစည်းဝင်တွေကြား ဆက်ဆံရေး ကြောင်းကျိုးညီညွတ်မှုကို  အလေးပေးပါတယ်။ လူ့အဖွဲ့အစည်းဝင် အားလုံးက နိုင်ငံတော်ဆီ တင်ပြခွင့်၊ ခေါင်းဆောင်ရွေးချယ်ပိုင်ခွင့် ရှိသလို၊ နိုင်ငံတော်ကလည်း လူထုကို အကျိုးဆောင်မှုတွေ ပေးဖို့ တာဝန်ရှိပါတယ်။ ၂၀ ရာစုမှာ ခေတ်စားတဲ့ ဂျွန်ရောစ် (John Raws) ရဲ့ လူမှုတရားမျှတမှု (Social Justice) အယူအဆဟာ လူမှုပဋိညာဉ်အယူအဆကို ခေတ်သစ်နဲ့အညီ ပြန်လည်ဖွင့်ဆိုခြင်းပါပဲ။

နိုင်ငံ ဆိုတာကို ဒုတိယချဉ်းကပ်ဖွင့်ဆိုမှုကဂျာမန်လူမှုဒဿနပညာရှင် မက် ဗေဘာ (Max Weber) ရဲ့ အမြင်ဖြစ်ပါတယ်။ သူက နိုင်ငံဆိုတာ သတ်မှတ်ထားတဲ့ နယ်နမိတ်ဘောင်တစ်ခုအတွင်းမှာ တရားဝင်အခွင့်အာဏာ (legitimacy) သုံးခွင့်ရအောင် ပေါင်းစည်းထားတဲ့ အုပ်စု (corporate group) လို့ ဆိုပါတယ်။

၁၉၄၆ ခုနှစ်မှာ ဗေဘာ ဖွင့်ဆိုခဲ့တဲ့မူရင်းက “နိုင်ငံ သို့မဟုတ် လူသားအဖွဲ့အစည်း ဆိုသည်မှာ နယ်ပယ်ပိုင်နက် တစ်ခုအတွင်း ရုပ်ပိုင်းအင်အားကို တရားဝင် အသုံးပြုနိုင်စေရန် လွှဲအပ်ထားသော အဖွဲ့အစည်း” (Human community is the monopoly of the legitimate of physical force within a given territory.) ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ရဲဌာန၊ တရားရေး၊ အုပ်ချုပ်ရေးကစလို့ ကူးသန်းရောင်းဝယ်မှု၊ ယာဉ်ဥပဒေတို့အထိ အစိုးရ အင်စတီကျူးရှင်းအားလုံး ‘အမိန့်အာဏာတည်စေခြင်း’ (enforcement) ဖြစ်စေဖို့ပါ။ သူ့ရဲ့ အဲဒီနာမည်ကြီး အယူအဆက နိုင်ငံရဲ့ ပန်းတိုင် (end) ထက် နိုင်ငံရဲ့ နည်းလမ်း (means) ကိုသာ အလေးကဲတယ်လို့ အခြားပညာရှင်များက သုံးသပ်ကြပါတယ်။

တတိယ ချည်းကပ်နည်းကတော့ အချုပ်အခြာနိုင်ငံဖြစ်မှု အယူအဆပါ။ အစိုးရက တရားဝင်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ၊ လက်ရှိအုပ်ချုပ်မှု (de facto) ရဲ့ ကောင်းကျိုးဆိုးပြစ်ကို အဓိကမထားဘဲ၊ နယ်နမိတ်ရှိမယ်၊ လူထုရှိမယ်၊ အစိုးရရှိမယ် ဆိုရင်ပဲ နိုင်ငံအဖြစ် လက်ခံအသိအမှတ်ပြုမှု ဖြစ်ပါတယ်။

သို့သော် ၁၉၃၃ ခုနှစ် မွန်တဗီဒီယို ညီလာခံအရ နိုင်ငံဆိုတာ အောက်ပါ  ကြန်အင်လေးရပ်နဲ့ ပြည့်စုံရမယ်လို့ ဆိုထားပါတယ်။

(၁) နယ်နမိတ် သတ်သတ်မှတ်မှတ်ရှိမှု
(၂) ပုံမှန်နေထိုင်တဲ့ လူဦးရေ ရှိမှု
(၃) ထိရောက်စွာ ကွပ်ကဲအုပ်ချုပ်တဲ့ အစိုးရ
(၄) အခြားနိုင်ငံတွေနဲ့ တရားဝင် ဆက်ဆံလုပ်ကိုင်နိုင်မှု တို့ပါပဲ။


ယိုယွင်းနိုင်ငံ  ဆိုတာ

ယိုယွင်းချွတ်ချော်တဲ့ နိုင်ငံ (failed state) နဲ့ ပတ်သက်လို့တော့ ပညာရှင်အားလုံး သဘောတူလက်ခံတဲ့ ဖွင့်ဆိုချက်မျိုး မရရှိသေးပါဘူး။ သို့သော် ခုနက နိုင်ငံနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုမှုတွေနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုကြတာတွေ ရှိပါတယ်။

နိုင်ငံရေးသိပံပညာရှင် ၀ီလျံ ဇတ်မန် ဆိုတဲ့ပုဂိုလ်က နိုင်ငံနဲ့ ပတ်သက်တဲ့ ပထမဖွင့်ဆိုချက် လူမှုပဋိညာဉ် အယူအဆကနေ ယိုယွင်းနိုင်ငံကို ဖွင့်ဆိုပါတယ်။ ယိုယွင်းချွတ်ချော်နိုင်ငံဆိုတာ“နိုင်ငံတစ်နိုင်ငံမှာ အခြေခံလည်ပတ်ရမယ့် လုပ်ငန်းဆောင်တာတွေ (functions) တွေကို ဆက်လက် မဆောင်ရွက်နိုင်တော့ခြင်း” လို့ ဆိုပါတယ်။

ဒါကြောင့် ယိုယွင်းပျက်စီးနေတဲ့ နိုင်ငံမှာ အင်စတီကျူးရှင်းတွေ မလည်ပတ်နိုင်ဘူး။ ရှိထားတဲ့ အင်စတီကျူးရှင်းတွေကိုလည်း ပုံပျက်ပန်းပျက်ဖြစ်ပြီး ဆက်ထိန်းမထားနိုင်ဘူး။ အမျိုးသား ၀ိသေသလက္ခဏာ (national identity) ဆိုတာကလည်း အသံကောင်းဟစ်ရုံသာ ရှိပြီး၊ လက်တွေ့မှာ လူမျိုးအားလုံးကိုယ်စားပြုတဲ့ အဓိပါယ်ကို မဖွင့်ဆိုနိုင်ဘဲ ပျောက်ဆုံးနေပါတယ်။  နိုင်ငံသားတို့အတွက် လုံခြုံရေး အကာအကွယ်မဲ့ပြီး အစိုးရကလည်း တရားဝင်မှု ပျောက်ဆုံးနေပါတယ်။

နောက် ကနေဒါနိုင်ငံသား နိုင်ငံရေးပညာရှင် မိုက်ကယ် အစ်ခ်နတစ်ဖ် ကတော့ မက်စ် ဗေဘာရဲ့ နိုင်ငံ ချည်းကပ်နည်းကနေ ယိုယွင်းနိုင်ငံကို ဖွင့်ဆိုပါတယ်။ “ယိုယွင်းနိုင်ငံ ဆိုတာ ပြည်တွင်း အကြမ်းဖက် မငြိမ်သက်မှုများကို တည်ငြိမ်စွာ ထိန်းသိမ်းရန် မစွမ်းဆောင်နိုင်ခြင်း” လို့ ဖွင့်ဆိုပါတယ်။ သူ ဥပမာပေးတဲ့ ယိုယွင်းချည့်နဲ့ နိုင်ငံစာရင်းမှာ သီရိလင်္ကာနဲ့ ကိုလံဘီယာလို နိုင်ငံတွေတောင် ပါပါတယ်။ ဒီနှစ်နိုင်ငံဟာ စွမ်းဆောင်ရည်ရှိ နိုင်ငံတွေ (capable states) ဖြစ်ပေမဲ့လည်း ပြည်တွင်း သောင်းကျန်းသူတွေကို နှီမ်နင်းရာမှာ ပွဲတိုင်းရှုံး ဖြစ်နေလို့ပါတဲ့ (တမီးလ်ကျားတွေ မနှီမ်နင်းမီ သုံးသပ်ချက်)။

ယိုယွင်းနိုင်ငံများကို ပြည်တွင်းစစ်နဲ့ ခိုင်းနှိုင်းယှဉ်ထိုးကြည့်ပါတယ်။ ပြည့်ဝတဲ့ အဓိပါယ်တော့ မခြုံငုံမိကြပါဘူး။ အကြောင်းကတော့ ‘ပြည်တွင်းစစ်မရှိဘဲနဲ့လည်း နိုင်ငံယိုယွင်းကျဆင်းမှု (state failure) ဖြစ်နိုင်လို့ပါပဲ။ အလားတူ နိုင်ငံမယိုယွင်းဘဲနဲ့လည်း ပြည်တွင်းစစ် ရှိနေတတ်လို့ပါပဲ”။ ၁၉၉၇ ခုနှစ် အယ်လ်ဘေးနီးယား ပြဿနာကပထမ အဆိုအတွက် ဥပမာဖြစ်ပြီး၊ ကိုလံဘီယာ ရင်ဆိုင်နေရတဲ့ ပြ၁သနာက ဒုတိယအဆိုအတွက် ဥပမာကောင်း ဖြစ်ပါတယ်။


နိုင်ငံယိုယွင်းမှုကြောင့် လူမျိုးရေး သတ်ဖြတ်မှုတွေဖြစ်

သို့သော် သံသယဖြစ်စရာမရှိတဲ့အချက်က နိုင်ငံယိုယွင်းကျဆင်းမှုက ပြည်တွင်းစစ်ဖြစ်ဖို့ တာဆူပေးလေ့ရှိတယ်ဆိုတာ ပါပဲ။ ဒီဖြစ်ရပ်နှစ်ခုဟာ အပြန်အလှန်ဆက်သွယ်နေတာမို့ အသေချာ လေ့လာကြည့်သင့်ပါတယ်။ နိုင်ငံ အင်စတီကျူးရှင်းတွေ အားနည်း ချည့်နဲ့လာခြင်းက အကြမ်းဖက် ပဋိပက္ခတွေဖြစ်စေဖို့ နည်းမျိုးစုံနဲ့ မီးရှိန်မြှင့်ပေးလိုက်ခြင်းပါပဲ။ ဒါကို အဓိက အချက် သုံးချက်နဲ့ ထောက်ပြကြပါတယ်။

ပထမအချက်ကနိုင်ငံ အစိုးရအာဏာပိုင်အဖွဲ့ တောင့်တင်းမာချာမှုမရှိဘဲ လုံးပါးပါးသွားပြီဆိုတာနဲ့ နိုင်ငံ နယ်နမိတ်အတွင်းရှိ မျိုးနွယ်စုနွယ်တွေရဲ့ လုံခြုံရေးက စိုးရိမ်စရာ ဖြစ်လာပါတယ်။ အရင် တင်းမာနေတဲ့ လူမျိုးရေး ရန်ငြိုးတွေက နိုင်ငံအာဏာ ကျဆင်းလျော့ကျသွားတာနဲ့ လူမျိုးစုငယ်တွေအပေါ် သတ်ပွဲတွေ ဖြစ်လာပါတယ်။

ဒုတိယအချက်ကနိုင်ငံရေးပညာရှင် ဂျက်ဆင်းဒါးရဲ့ အမြင်ပါ။ ချည့်နဲ့နေတဲ့ နိုင်ငံတွေမှာ ဘာသာရေး အခြေခံဝါဒလိုမျိုး အစွန်းရောက် အမျိုးသားရေးဝါဒီတွေ ပေါ်ထွက်လာတတ်ပါတယ်။ သာမန်နိုင်ငံသားတွေမှာ ရှိရမယ့် အမျိုးသားရေါ်ဝါဒ အယူအဆ (civic concepts of nationalism) ထက်ကို ကျော်လွန်ပြီး၊ အကန်းချစ် အရမ်းဒေသချစ်၊ ဘာသာရေးမှိုင်းတွေက လူမျိုးရေးပဋိပက္ခမီးကို လောင်ရှိန်မြင့်စေပါတယ်။ ယဉ်ကျေးတဲ့ နိုင်ငံချစ်စိတ်ထက် ကျော်လွန်ပြီး အဆိပ်သင့် ဇာတိပုညတွေ ဖြစ်လာပါတယ်။ ဘောလကန်ဒေသ၊ ဥရောပ အရှေ့အလယ်ပိုင်းနဲ့ ယခင် ဆိုဗီယက်ယူနီယံဟောင်းရဲ့ ဥပမာတွေက အဲဒီအချက်ကို သက်သေခံနေပါတယ်။

တတိယအချက် ကတော့ နိုင်ငံ ဖရိုဖရဲဖြစ်လေလေ ဒေသတွင်း အိမ်နီးချင်းတွေက ပါဝါဟာကွက်ကနေ အကျိုးအမြတ် ထုတ်နိုင်တဲ့ အခွင့်အလမ်းတွေ များလေလေပါပဲ။ တစ်ချို့နိုင်ငံတွေက ပြောင်ပြောင်တင်းတင်း စစ်ရေးဖိအားနဲ့ ၀င်ချယ်လှယ်တာတွေ ရှိပါတယ်။ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ ထင်တိုင်းကြဲတာနဲ့ ဆိုမာလီးယားမှာ အိမ်နီးချင်းတွေ ၀င်စွက်တာကို သင်ခန်းစာ ယူနိုင်ပါတယ်။


စီးပွားရေး ရှုထောင့်မှ ဖွင့်ဆိုချက်

ယိုယွင်းနိုင်ငံတွေအပေါ် စီးပွားရေး ပညာရှင်တွေရဲ့ ဖွင့်ဆိုချက်ကတော့ နိုင်ငံရေးပညာရှင်တွေ ယူဆပုံနဲ့ ကွာခြားပါတယ်။ နိုဘယ်ဆုရ စီးပွားရေးပညာရှင်တစ်ဦးက “နာတာရှည် စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုက နိုင်ငံ ယိုယွင်းမှုနဲ့ ကံဆိုးမိုးမှောင်ကျမှုကို ဖြစ်စေတယ်” လို့ ဆိုပါတယ်။ စီးပွားရေးပညာရှင်တွေက ယိုယွင်းနိုင်ငံစာရင်းမှာ အာဂျင်တီးနား လို နိုင်ငံတွေကိုတောင် ထည့်သွင်းပစ်ပါတယ်။ ၂၀၀၁ နဲ့ ၂၀၀၂ စီးပွားရေး ကျဆင်းမှုအပြီး အာဂျင်တီးနား အခြေအနေကြောင့် ဖြစ်ပါတယ်။

သို့သော် ကံအကြောင်းမလှသေးတာက နိုင်ငံရေးပညာရှင်တွေနဲ့ စီးပွားရေးပညာရှင်တွေကြား ယိုယွင်းချည့်နဲ့နိုင်ငံများအပေါ် ပေါင်းစပ်ဖွင့်ဆိုမှု ပျောက်ဆုံးနေပါတယ်။ ဒီဆောင်းပါးမှာတော့ ယိုယွင်းနိုင်ငံတွေကို အတိအကျ အနက် ဖွင့်ဆိုနေမှာ မဟုတ်ပါဘူး။ နိုင်ငံ ယိုယွင်းကျဆင်းမှုဟာ နိုင်ငံတစ်နိုင်ငံမှာ ရှိသင့်ရှိအပ် လည်ပတ်ဆောင်ရွက်နေရမယ့် အင်စတီကျူးရှင်းတွေ ဆုတ်ယုတ်အားနည်းနေလို့ ဖြစ်တယ်ဆိုတဲ့ အချက်ကိုပဲ အဓိက အလေးထား တင်ပြချင်တာ ဖြစ်ပါတယ်။

အခြေခံ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို လျစ်လျူရှုထားမှု၊ စီမံအုပ်ချုပ်မှု ညံ့ဖျင်းမှု၊ ပွင့်လင်းမြင်သာမှုမရှိမှု၊ ဗဟိုဦးစီးစနစ် အမြစ်စွဲနေမှု၊ အဂတိလိုက်စားမှု၊ ဘတ်ဂျက်ခွဲဝေပုံ စနစ်မကျမှု၊ အခွန်စနစ် မရှိမှု၊ လူမျိုးရေးပြဿနာနဲ့ ပြည်တွင်းစစ် ရှည်ကြာမှု၊ လုံခြုံမှုမရှိမှု စတဲ့ အင်စတီကျူးရှင်းဆိုင်ရာ အားနည်းမှုတွေကို ထောက်ပြလိုရင်း ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ (enforcement)  မသက်ရောက်တဲ့အခါ ဆိုမာလီးယားပုံစံ အခြေအနေမျိုး ဆိုက်ရောက်ရပုံကို သုံးသပ်တင်ပြခြင်း ဖြစ်ပါတယ်။

(ဆက်ပါဦးမယ်)

ရဲမြင့်ကျော်

ရည်ညွှန်း
Making States Work : State Failure and the Crisis of Governance by Simon Chesterman, Michael Ignatieff and Ramesh Thakur, eds., Tokyo: United Nations University Press, 2005
State-Building by Francis Fukuyama

စပယ်ဖြူမဂဇင်း၊ အမှတ် ၁၊ ဖေဖော်ဝါရီ၊ ၂၀၀၇ တွင် ဖော်ပြထားသည်။



မိတ္ထီလာအကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များချမှတ်မည်

0
0
မိတ္ထီလာအကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များချမှတ်မည်  Tuesday, April 2, 2013 မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပြုလုပ်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။  “နောက်လာမယ့်အပတ်မှာ အကြမ်းဖက်မှုမှာ ပါတဲ့သူတွေကို ဖမ်းဆီးပြီးစစ်ဆေးမှုတွေပြုလုပ်တော့မယ်။ လူသေအောင်လုပ်တဲ့လူတွေကို သေဒဏ်ပေးမယ်။ မီးရှို့ တဲ့သူတွေကို တစ်သက်တစ်ကျွန်း။ အနာတရဖြစ်အောင် ရိုက်နှက်တဲ့သူတွေကိုလည်း တစ်သက်တစ်ကျွန်းပေးမယ်။ အဲ့ဒီ တော့ ထိထိရောက်ရောက်အရေးယူနိုင်အောင် ပြည်သူတွေဘက်ကလည်းပူးပေါင်းဖို့လိုအပ်ပါတယ်။” ဟု မန္တလေးတိုင်းဒေသကြီး ဥပဒေရေး ရာချုပ် ဦးရဲအောင်မြင့်က မိတ္ထီလာမြို့ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များကို ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်ပြောကြားသည်။  “ဥပဒေအတိုင်း အရေးယူမယ်ဆိုရင်ကောင်းပါတယ်။ ဒါမှ မြို့က အရင်လိုပုံမှန်ပြန်ဖြစ်မှာပါ။ အခုကတော့ နှစ်ဖက်စလုံးက ကြောက်နေကြတာ ဆိုတော့။ ဒီလိုဖော်ထုတ်မှလည်း အသက်ဆုံးရှုံးရတဲ့သူတွေရော ဒုက္ခသည် ဖြစ်သွားရတဲ့သူတွေအားလုံးအတွက်လည်း တရားမျှတမှာပါ” ဟု အစ္စလာမ်ဘာသာဝင်ဒုက္ခသည် ဒေါ်မြင့်ကြည်ကပြောကြားသည်။  “ပုဒ်မ ၁၄၄ ထုတ်ထားတယ်ဆိုတာကလည်း လိုအပ်လို့ထုတ်တာပါ။ အပြစ်မဲ့တဲ့ အသက်အိုးအိမ်စည်းစိမ်တွေထက်ပြီး မပျက်ဆီးရအောင် ထုတ်ထားတာပါ။ လူတွေထုတ်ပြန်တဲ့ ဥပဒေပဲ ဒီနေ့ ဒေသဒေသ အေးချမ်း သွားတာနဲ့ ဒီနေ့ပုဒ်မ ၁၄၄ကို ရုတ်သိမ်းပေးမှာပါ” ဟု မန္တလေးတိုင်း ဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ရှင်းလင်းပြောကြားသည်။  ယခုအခါ မိတ္ထီလာ အကြမ်းဖက်မှုနှင့်စပ်လျဉ်ပြီး ပြည်ထဲရေးဒုတိယ၀န်ကြိး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုး နှင့် အခြားဌာနဆိုင်ရာများမှ သက်ဆိုင်ရာ အရရှိများဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ပြစ်မှုကျူးလွန်သူများကိုဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းသိရသည်။  ဆုဝေ မြန်မာ့ခေတ်


Tuesday, April 2, 2013
မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပြုလုပ်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

“နောက်လာမယ့်အပတ်မှာ အကြမ်းဖက်မှုမှာ ပါတဲ့သူတွေကို ဖမ်းဆီးပြီးစစ်ဆေးမှုတွေပြုလုပ်တော့မယ်။ လူသေအောင်လုပ်တဲ့လူတွေကို သေဒဏ်ပေးမယ်။ မီးရှို့ တဲ့သူတွေကို တစ်သက်တစ်ကျွန်း။ အနာတရဖြစ်အောင် ရိုက်နှက်တဲ့သူတွေကိုလည်း တစ်သက်တစ်ကျွန်းပေးမယ်။ အဲ့ဒီ တော့ ထိထိရောက်ရောက်အရေးယူနိုင်အောင်ပြည်သူတွေဘက်ကလည်းပူးပေါင်းဖို့လိုအပ်ပါတယ်။” ဟု မန္တလေးတိုင်းဒေသကြီး ဥပဒေရေး ရာချုပ် ဦးရဲအောင်မြင့်က မိတ္ထီလာမြို့ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များကို ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်ပြောကြားသည်။

“ဥပဒေအတိုင်း အရေးယူမယ်ဆိုရင်ကောင်းပါတယ်။ ဒါမှ မြို့က အရင်လိုပုံမှန်ပြန်ဖြစ်မှာပါ။ အခုကတော့ နှစ်ဖက်စလုံးက ကြောက်နေကြတာ ဆိုတော့။ ဒီလိုဖော်ထုတ်မှလည်း အသက်ဆုံးရှုံးရတဲ့သူတွေရော ဒုက္ခသည် ဖြစ်သွားရတဲ့သူတွေအားလုံးအတွက်လည်း တရားမျှတမှာပါ” ဟု အစ္စလာမ်ဘာသာဝင်ဒုက္ခသည် ဒေါ်မြင့်ကြည်ကပြောကြားသည်။

“ပုဒ်မ ၁၄၄ ထုတ်ထားတယ်ဆိုတာကလည်း လိုအပ်လို့ထုတ်တာပါ။ အပြစ်မဲ့တဲ့ အသက်အိုးအိမ်စည်းစိမ်တွေထက်ပြီးမပျက်ဆီးရအောင် ထုတ်ထားတာပါ။ လူတွေထုတ်ပြန်တဲ့ ဥပဒေပဲ ဒီနေ့ ဒေသဒေသ အေးချမ်း သွားတာနဲ့ ဒီနေ့ပုဒ်မ ၁၄၄ကို ရုတ်သိမ်းပေးမှာပါ” ဟု မန္တလေးတိုင်း ဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ရှင်းလင်းပြောကြားသည်။

ယခုအခါ မိတ္ထီလာ အကြမ်းဖက်မှုနှင့်စပ်လျဉ်ပြီး ပြည်ထဲရေးဒုတိယ၀န်ကြိး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုး နှင့် အခြားဌာနဆိုင်ရာများမှ သက်ဆိုင်ရာ အရရှိများဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ပြစ်မှုကျူးလွန်သူများကိုဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းသိရသည်။

ဆုဝေ
မြန်မာ့ခေတ်

သမ္မတကိုတရားစွဲ၊ ဒီမိုကရေစီအားစမ်းပွဲ

0
0
သမ္မတကိုတရားစွဲ၊ ဒီမိုကရေစီအားစမ်းပွဲ .............................................. (တင်ညွန့်)  မတ်လ ၁၀ ရက်နေ့  The Voice သတင်းတွင် “နိုင်ငံတော်သမ္မတကို တရားစွဲမှု၊ ဆားလင်းကြီးတရားရုံး ပလပ်” ဆိုသည့် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေများ သိမ်းယူမှု၊ သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းမှုများနှင့် ပတ်သက်၍ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် တရားရုံးတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်ကို တရားစွဲဆိုထားရာ ယင်းအမှုကို အဆိုပါတရားရုံးက မတ်လ ၁၀ ရက်နေ့တွင် ပလပ်လိုက်ကြောင်း သတင်း ဖြစ်ပါသည်။ နိုင်ငံတော် သမ္မတဦးသိန်းစိန်ကို တရားစွဲမည်ဆိုသဖြင့် တရားစွဲနိုင်သလား ပြန်လည်သုံးသပ်ရန် လိုပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ သမ္မတစနစ်ဖြင့် အုပ်ချုပ်နေသော ပြည်ထောင်စုသမ္မတ နိုင်ငံတော်တွင် သမ္မတကို တရားစွဲမည်ဆိုပါက အောက်ပါအချက်များကို သတိပြုရန်ဖြစ်သည်။  ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၁၆) အရ- "နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်" ဟု သတ်မှတ်ပြဋ္ဌာန်း ထားပါသည်။ ပုဒ်မ (၅၇) အရလည်း "နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်" ဟု ဆိုထားပြီး ပုဒ်မ (၅၈) အရ "နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိထားသူ" လည်း ဖြစ်နေပါသည်။  နိုင်ငံတော်သမ္မတ ဖြစ်လာသူတစ်ဦးသည် ပုဒ်မ (၆၅) အရ အောက်ပါ အချက်များကို ကတိသစ္စာ ပြုထားရသူများလည်း ဖြစ်ပါသည်။ - နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိပါမည် - ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန် ဆောင်ရွက်ပါမည် - နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေပြီး နိုင်ငံတော် ဥပဒေများကို လိုက်နာကျင့်သုံး ဆောင်ရွက်ပါမည် - နိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး အတွက် ဆောင်ရွက်ပါမည် ထိုကတိများကို အသက်နှင့်ကိုယ်ကို အပ်နှင်းပြီး ထမ်းဆောင်ရန်လည်း သစ္စာပြုထားရသူများ ဖြစ်သည်။  ထိုသို့သောပုဂ္ဂိုလ်မျိုးကို တရားစွဲရန်ဆိုသည်မှာ ချင့်ချိန်စဉ်းစား သင့်သောကိစ္စတစ်ခု ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၄) တွင်လည်း ကွန်ဂရက်လွှတ်တော် အမတ်များအား တာဝန်မှဖယ်ရှားခြင်း သို့မဟုတ် မလျော်ကန်သောအပြုအမူများ လုပ်ဆောင်သည့် အတွက် မည်သည့်အခါမျိုးတွင် အပြစ်ပေးနိုင်ကြောင်းကို အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်။  အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဋ္ဌာန်းထားသည့် ရာထူး အလျောက် ပြစ်တင်စွပ်စွဲမှုများ ပြုလုပ်နိုင်သည့် နေရာများမှာ အောက်လွှတ်တော်နှင့် ဆီးနိတ်လွှတ်တော် ပါဝင်သော ကွန်ဂရက် လွှတ်တော်ဖြစ်သည်။လွှတ်တော်နှစ်ရပ်ပေါင်းပြီး သမ္မတ၊ ဒုတိယသမ္မတ၊ တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ပြည်နယ်တရားသူကြီးများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အရာရှိများကို အရေးယူနိုင်ခွင့် ရှိသည်။ အရေးယူပိုင်ခွင့် ရှိသော်လည်း ကွန်ဂရက် လွှတ်တော်အမတ်များကို ရာထူးမှ ဖယ်ရှားပိုင်ခွင့်မပါပေ။  အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားချက်များကို  သုံးသပ်ကြည့်လျှင် လွှတ်တော်အသီးသီးသည် မိမိတို့လွှတ်တော်ကိုယ်စားလှယ် အသီးသီးကို အရည်အချင်းပြည့်မီမှုရှိ မရှိ ကိုယ်တိုင် စစ်ဆေးစီရင် ရမည်သာဖြစ်သည်။ မိမိလွှတ်တော် ကိုယ်စားလှယ်က စည်းကမ်းဖောက် ဖျက်လျှင် အရေးယူအပြစ်ပေးပိုင်ခွင့် ရှိသည်။ သို့သော် လွှတ်တော်နှစ်ရပ် ပေါင်း၏ သုံးပုံနှစ်ပုံ ဆန္ဒမဲဖြင့်သာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ထုတ်ပယ်နိုင်သည်ဟု ဖော်ပြထားသည်။ ထိုအချက်ကိုကြည့်လျှင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးကို စည်းကမ်းဖောက်ဖျက်မှုအတွက် အရေးယူ ဆောင်ရွက်ရန်မှာ သက်ဆိုင်ရာ လွှတ်တော်ကိစ္စသာဖြစ်ကြောင်း တွေ့ရသည်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသည် စွပ်စွဲခံရပြီဆိုလျှင်၊ ထိုစွပ်စွဲ ချက်ကို စိစစ်သုံးသပ်ရန် ဖွဲ့စည်းပေးထားသည့် ကော်မတီတစ်ရပ်ရပ်က ဆောင်ရွက်ရသည်။ အောက်လွှတ်တော်တွင် တရားဝင်ပြုမူဆောင်ရွက်မှု ကော်မတီနှင့် ဆီးနိတ်လွှတ်တော်တွင် ကိုယ်ကျင့်သိက္ခာဆိုင်ရာ ကော်မတီ ဟူ၍ရှိသည်။ အောက်လွှတ်တော်နှင့် ဆီးနိတ်လွှတ်တော် နည်းဥပဒေများ ထဲတွင်လည်း တရားဝင်ပြုမူ ဆောင်ရွက်ခြင်းဆိုင်ရာ ကိုဓဥပဒေများ ပါဝင်သည်။  အခြားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦး ကဖြစ်စေ၊ နိုင်ငံသား တစ်ဦးဦးကဖြစ်စေ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကို စွပ်စွဲလာပြီ ဆိုလျှင် ကိုယ်ကျင့်သိက္ခာနှင့် ညီ မညီ၊ စွပ်စွဲချက်များမှန် မမှန် စစ်ဆေးရေး ကော်မတီများက စိစစ်သုံးသပ်ကြရသည်။ အောက်လွှတ်တော်ကဖြစ်စေ၊ ဆီးနိတ်လွှတ်တော်က ဖြစ်စေ အပြစ်ကျူးလွန်သော လွှတ်တော်ကိုယ်စားလှယ်ကို အမြင့်ဆုံးချမှတ်နိုင်သည့် ပြစ်ဒဏ်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ထုတ်ပစ်ခြင်းသာ ဖြစ်သည်။ ထုတ်ပစ်သည် ဆိုသော်လည်း တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း သုံးပုံနှစ်ပုံက ထောက်ခံမှသာ ထုတ်ပစ်နိုင်သည်။  နောက်ထပ် ပြစ်ဒဏ်ချမှတ်သည့် နည်းတစ်ခုမှာ ပြင်းထန်စွာ ပြစ်တင် ဝေဖန်ခြင်းဖြစ်သည်။ ထိုပြစ်ဒဏ်ပေးရန်မှာလည်း မဲအများစုရရန် လိုသည်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသည် မလျော်ကန်သော အပြုအမူတစ်ခုကို ကျူးလွန်သည်ဆိုလျှင် ထိုပြစ်ဒဏ်ကိုလည်း ပေးနိုင်သည်။ ပြစ်ဒဏ် ပေးခြင်းခံရသည့် သူသည် ပါတီနည်းဥပဒေများအရ ကော်မတီ သို့မဟုတ် ပါတီခေါင်းဆောင် ရာထူးမှ ဖယ်ရှားခြင်းခံရမည်ဖြစ်သည်။ ကွန်ဂရက် သက်တမ်းကာလအတွင်းမှာပင် ဖယ်ရှားနိုင်ခွင့် ရှိသည်။ ဆီးနိတ်လွှတ်တော်တွင် ထိုသို့သောအမှုကို ကျူးလွန်သူအား ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခြင်း (Censure) နှင့်စွပ်စွဲရှုတ်ချခြင်း (Denunciation) ဆိုသည့် စကားရပ်များ သုံးစွဲကာ အပြစ်ပေးလေ့ရှိသည်။  အောက်လွှတ်တော်နှင့် ဆီးနိတ်လွှတ်တော်တွင် စည်းကမ်းထိန်းသိမ်း သည့်အနေဖြင့် ကျင့်သုံးသည့် အထက်ပါပြစ်ဒဏ်လောက် မပြင်းထန်သော ပြစ်ဒဏ်တစ်မျိုးမှာ ပြစ်တင်သတိပေးခြင်း (Reprimand) ဖြစ်သည်။ ထိုပြစ်ဒဏ်ကိုလည်း သက်ဆိုင်ရာလွှတ်တော်မှ မဲအများစုဖြင့်ပင် ချမှတ်ရသည်။ ကျင့်ဝတ်သိက္ခာ ချိုးဖောက်သူအတွက် ရည်ရွယ်အပြစ်ပေးခြင်းဖြစ် သည်။  အမှတ်မဲ့စွာ ကျူးလွန်သည့်အတွက် ပေးသည့်အသေးအဖွဲ ပြစ်ဒဏ်ဟု လည်း ဆိုနိုင်သည်။ ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးသည် နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှု၊ ကြီးလေးသောပြစ်မှုများ သို့မဟုတ် ငြိမ်ဝပ်ပိပြားရေး တို့ကို ဖောက်ဖျက်ကျူးလွန်လျှင် တရားစွဲခံရမည် ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးသည် ကြီးလေးသောပြစ်ဒဏ်ဖြင့် စွဲချက်တင်အစစ်ခံရ လျှင် စွပ်စွဲခံရချိန်၌ ပါတီ သို့မဟုတ် ကော်မတီ ခေါင်းဆောင်နေရာမှ ဖယ်ရှားခံရမည်ဖြစ်သည်။ များသောအားဖြင့် ထိုလွှတ်တော် ကိုယ်စားလှယ်အား ပြစ်မှုကြောင်းအရ စစ်ဆေးမှုမပြီးဆုံးမချင်း လွှတ်တော်အတွင်း စည်းကမ်းထိန်းသိမ်းရေး အပိုင်းအရ အရေးယူခြင်းမျိုး ပြုလုပ်လေ့မရှိပေ။  အမေရိကန် ဖွဲ့စည်းပုံ ဥပဒေတွင် ကွန်ဂရက်လွှတ်တော်သို့ (Impeachment) ခေါ်  နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအရာရှိကြီးများအား စွပ်စွဲပြစ်တင်ခွင့် အာဏာကို ပေးအပ်ထားသည်။ ထိုအခွင့်အာဏာအရ သမ္မတ၊ ဒုတိယသမ္မတနှင့် အခြားအုပ်ချုပ်ရေးဆိုင်ရာအရာရှိများကို စွပ်စွဲ ပြစ်တင်နိုင်သည်။ ထိုအခွင့်အာဏာအရ "နိုင်ငံတော်သစ္စာဖောက်မှု၊ လာဘ်ပေး လာဘ်ယူမှုနှင့် အခြားမြင့်မားသည့် ရာဇဝတ်မှုများ၊ အသေးအဖွဲပြစ်မှုများကို" ကျူးလွန်သည့်သူအား ကွန်ဂရက်ရှေ့မှောက် အရောက်ပို့ပြီး ထိုသူကျူးလွန် သည့်ပြစ်မှုအတွက် အစစ်ဆေးအဆုံးဖြတ် ခံရမည်ဟု ဖော်ပြထားသည်။  အမေရိကန်သမိုင်းတွင် ထင်ရှားသည့် စွပ်စွဲပြစ်တင်မှုကြီးနှစ်ခုကို စီရင်ခဲ့ကြောင်းတွေ့ရသည်။ ပထမအမှုမှာ ၁၈၇၆ ခုနှစ် သမ္မတ အင်ဒရူးဂျွန်ဆင် လက်ထက်တွင် ဖြစ်ပွားခဲ့သည်။ တောင်ပိုင်း ဒီမိုကရက်တစ်ဦးဖြစ်သည့် အင်ဒရူးဂျွန်ဆင်ကို ပြန်လည်ပြုပြင်ရေးနှင့် ပတ်သက်ပြီး ရီပတ်ဘလီကန် အများစုက ဝိုင်းဝန်းတိုက်ခိုက်ကြသည်။ ရီပတ်ဘလီကန်များ၏ စွပ်စွဲ တိုက်ခိုက်ချက်များကို အောက်လွှတ်တော်က အရေးယူစစ်ဆေးပေးခဲ့သည်။ ထိုအမှုသည် ဆီးနိတ်လွှတ်တော်သို့ ရောက်သည့်အခါတွင် မဲတစ်မဲတည်း ကပ်ရှုံးသွားခဲ့ပြီး အင်ဒရူးဂျွန်ဆင်ကို အရေးမယူနိုင်ခဲ့ပေ။ ၁၉၉၈ ခုနှစ်တွင် အောက်လွှတ်တော်က သမ္မတဘီလ်ကလင်တန်ကို စွပ်စွဲပြစ်တစ်မှုတစ်ခု ပြုလုပ်ခဲ့သေးသည်။ ကလင်တန်အား ကျမ်းသစ္စာ ကျိန်ဆိုထားမှုကို လိမ်လည်ဖောက်ဖျက်မှုနှင့် တရားမျှတမှုကို တားဆီး ပိတ်ဆို့မှုတို့ဖြင့် စွဲဆိုခြင်းဖြစ်သည်။ ထိုစဉ်က သမ္မတကလင်တန်ကို လိင်ဖောက်ပြန်မှုဖြင့် စွပ်စွဲထားသည်။ အိမ်ဖြူတော်တွင် အလုပ်သင်အဖြစ် တာဝန်ထမ်းဆောင် နေသော မော်နီကာလူဝင်းစကီးနှင့် အတူ လိင်ဖောက် ပြန်သည်ဆိုကာ သမ္မတအားအရေးယူရန် စွပ်စွဲပြစ်တင်ခဲ့သည်။  ကလင်တန်အမှုကို စစ်ဆေးရာတွင် ဘက်လိုက်မှုများစွာ ရှိကြောင်း တွေ့ရသည်။ ငါးဦးကသာ သမ္မတကို စွပ်စွဲပြစ်တင်စစ်ဆေးရန် မဲပေးခဲ့ကြ သည်။ ဆီးနိတ်လွှတ်တော်တွင် မဲအများစု သုံးပုံနှစ်ပုံရမှသာ သမ္မတကို အရေးယူ စစ်ဆေးနိုင်မည်ဖြစ်သည်။ ဆီးနိတ်လွှတ်တော်အမတ် ၄၅ ဦးက သမ္မတကို ကျမ်းသစ္စာကျိန်ဆိုထားမှုအား လိမ်လည်မှုလောက်ဖြင့်သာ အရေးယူရန် ဆုံးဖြတ်ကြသည်။ အသေးအဖွဲပြစ်မှုတစ်ခု အနေဖြင့်သာ သတ်မှတ်စစ်ဆေး ရန်ဖြစ်သည်။ ဒုတိယစွဲချက်ဖြစ်သည့် တရားမျှတမှုကို တားဆီးပိတ်ဆို့မှု ဆိုသည့် ကြီးလေးသောပြစ်မှုကို ကျူးလွန်ကြောင်း စစ်ဆေးရန် ၄၅ ဦးက မထောက်ခံသဖြင့် မဲမရသောကြောင့် ပျက်ပြယ် သွားခဲ့ရသည်။ အောက်လွှတ် တော်တွင် ဒီမိုကရက်အားလုံးက သမ္မတကို အရေးယူရန် မထောက်ခံသည့် အပြင်၊ ရီပတ်ဘလီကန် ငါးဦးမဲကိုပါရလိုက်သောကြောင့် သမ္မတသည်  လွှတ်တော်တွင်လည်း အစစ်ဆေးမခံရသည့်အပြင် ရာထူးမှလည်း ထုတ်ပယ် ခြင်းမခံခဲ့ရပေ။  လွှတ်တော်တစ်ရပ်တွင် အများစုဆိုသည့် လွှမ်းမိုးမှုကို မည်သူမျှ မကျော်လွန်နိုင်သည့် သာဓကများဖြစ်သည်။ သမ္မတကို အရေးယူ စစ်ဆေး၊ အပြစ် ပေးချင်သော်လည်း မိမိကိုထောက်ခံထားသည့် အများစုပါတီ နှင့်၊ နှစ်သက်သူများရှိနေသရွေ့  သမ္မတကို မဖြုတ်နိုင်ကြောင်း ကလင်တန်က နောက်ထပ်တစ်ကြိမ် သမ္မတအဖြစ် ထပ်မံအရွေးခံရခြင်းဖြင့် သက်သေပြသွားခဲ့သည်။  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)၊ ပုဒ်မ ၇၁၊ အပိုဒ် (က) မှ (ဆ) အထိပြဋ္ဌာန်းချက် များတွင်လည်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို စွပ်စွဲပြစ်တင်နိုင်မှု များကို ဖော်ပြ ထားပါသည်။  နိုင်ငံတော်သမ္မတ ကိုဖြစ်စေ ဒုတိယသမ္မတ တစ်ဦးဦးသည် ၁။ နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း ၂။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း ၃။ အကျင့်သိက္ခာပျက်ပြားခြင်း ၄။ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသော နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတ၏ အရည်အချင်းပျက်ယွင်းခြင်း ၅။ ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက် ခြင်းတို့ကြောင့်သာ စွပ်စွဲပြစ်တင်နိုင်သည်ဟု ဆိုထားသည်။  နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတစ်ဦးဦးကို စွပ်စွဲပြစ်တင် နိုင်ရန် အောက်ပါအချက်များ လိုအပ်ပါသည်။ - လွှတ်တော်နှစ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး လေးပုံ တစ်ပုံ လက်မှတ်ရေးထိုးပြီးမှ သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးထံ တင်ပြရမည် - သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံ က ထောက်ခံမှသာ ဆက်လက်အရေးယူဆောင်ရွက်မည် - လွှတ်တော်တစ်ရပ်က စွပ်စွဲချက်ကိုထောက်ခံလျှင် အခြား လွှတ်တော်တစ်ရပ်က စွပ်စွဲချက်ကို အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးရမည် - နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတသည် စွပ်စွဲချက်အပေါ် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ချေပခွင့်ပေးရမည် - စွပ်စွဲချက်မှန်ကန်ကြောင်း တွေ့ရပြီး စုံစမ်းစစ်ဆေးသော လွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့အား ဆက်လက်တာဝန် ထမ်းဆောင်ရန် မသင့်ဟု ဆုံးဖြတ်လျှင် ရာထူးမှရပ်စဲနိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်အကြီးအမှူးထံ တင်ပြရမည် - ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည် တင်ပြချက်ရရှိသည်နှင့် စွပ်စွဲခံရသော သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှ ရပ်စဲကြောင်း ကြေညာရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၇၁) တွင် ပြဋ္ဌာန်းထားပါ သည်။  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း၅၊ အုပ်ချုပ်ရေး၊ ပုဒ်မ (၂၁၅) သည် နိုင်ငံတော်သမ္မတအတွက် ရပိုင်ခွင့်ရှိသည့် အခွင့်အရေး တစ်ခုဖြစ်သောကြောင့် သမ္မတကို တရားစွဲမည်ဆိုလျှင် ထိုအချက်ကို သတိပြုရန်လိုအပ်ပါသည်။ ပုဒ်မ (၂၁၅) တွင် "နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံအခြေခံ အရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ် အရသော်လည်းကောင်း မိမိအားအပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့် အနေဖြင့် ပြုခဲ့သောပြုလုပ်မှုအတွက် မည်သည့် လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ၊ သို့ရာတွင် ဤကဲ့သို့ တာဝန်မရှိစေခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့်ပြဋ္ဌာန်းချက် များနှင့် သက်ဆိုင်ခြင်း မရှိစေရ"ဟု ဆိုထားသည့်အချက်အား အလေးထား စဉ်းစားရပေလိမ့်မည်။  အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား တရားစွဲမည် ဆိုလျှင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂၃၃)၊ ပုဒ်မ (၂၆၃)၊ ပုဒ်မ (၃၀၂)၊ ပုဒ်မ (၃၁၁)၊ ပုဒ်မ (၃၃၄)တို့အား ပြန်လည်လေ့လာရန် တိုက်တွန်းပါသည်။  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း ၁၁၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ပုဒ်မ (၄၃၂) တွင် "အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားစဉ် ကာလအတွင်းတွင် နိုင်ငံတော်သမ္မတ ကိုယ်စားဖြစ်စေ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က နိုင်ငံတော်အာဏာကို ကျင့်သုံးနေသည့် ကာလအတွင်းဖြစ်စေ၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်အာဏာကို ကျင့်သုံးနေသည့် ကာလအတွင်းဖြစ်စေ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက်မှု ပြုနိုင်ရန် လုပ်ပိုင်ခွင့်နှင့် တာဝန်များ ပေးအပ်ခြင်းခံရသည့် အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင် တစ်ဦးဦး၊ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင် တစ်ဦးဦး၏ တရားဝင် ဆောင်ရွက်ချက်များသည် အတည်ဖြစ်စေရမည်၊ ယင်းတရားဝင် ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် တရားစွဲဆိုခွင့်မရှိစေရ" ဟူသည့်အချက်  ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)၊ အခန်း၁၄၊ ကူးပြောင်းရေး ကာလပြဋ္ဌာန်းချက်များ၊ ပုဒ်မ (၄၄၅) တွင်လည်း  "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိ ပြားမှုတည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကိုလည်းကောင်း၊       နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များ နှင့် ရပိုင်ခွင့်များကို လည်းကောင်း ဆက်ခံသည့် ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ" ဆိုသည့်အချက်များကို လေ့လာသုံးသပ်ပြီးမှ မည်သူ့ကို၊ မည်သို့တရားစွဲမည်ဟု ဆုံးဖြတ်သင့်ပါကြောင်း စေတနာကောင်းဖြင့် အကြံပြုလိုက်ပါသည်။   Ref: We The People, An Introduction to American Politics, by Benjamin Ginsberg ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)  (http://www.thevoicemyanmar.com/index.php/perspective/item/3748-tmd.html)
..............................................
(တင်ညွန့်)

မတ်လ ၁၀ ရက်နေ့ The Voice သတင်းတွင် “နိုင်ငံတော်သမ္မတကို တရားစွဲမှု၊ ဆားလင်းကြီးတရားရုံး ပလပ်” ဆိုသည့် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေများ သိမ်းယူမှု၊ သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းမှုများနှင့် ပတ်သက်၍ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် တရားရုံးတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်ကို တရားစွဲဆိုထားရာ ယင်းအမှုကို အဆိုပါတရားရုံးက မတ်လ ၁၀ ရက်နေ့တွင် ပလပ်လိုက်ကြောင်း သတင်း ဖြစ်ပါသည်။ နိုင်ငံတော် သမ္မတဦးသိန်းစိန်ကို တရားစွဲမည်ဆိုသဖြင့် တရားစွဲနိုင်သလား ပြန်လည်သုံးသပ်ရန် လိုပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ သမ္မတစနစ်ဖြင့် အုပ်ချုပ်နေသော ပြည်ထောင်စုသမ္မတ နိုင်ငံတော်တွင် သမ္မတကို တရားစွဲမည်ဆိုပါက အောက်ပါအချက်များကို သတိပြုရန်ဖြစ်သည်။

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၁၆) အရ-
"နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်" ဟု သတ်မှတ်ပြဋ္ဌာန်း ထားပါသည်။ ပုဒ်မ (၅၇) အရလည်း "နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်" ဟု ဆိုထားပြီး ပုဒ်မ (၅၈) အရ "နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိထားသူ" လည်း ဖြစ်နေပါသည်။

နိုင်ငံတော်သမ္မတ ဖြစ်လာသူတစ်ဦးသည် ပုဒ်မ (၆၅) အရ အောက်ပါ အချက်များကို ကတိသစ္စာ ပြုထားရသူများလည်း ဖြစ်ပါသည်။
- နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိပါမည်
- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန် ဆောင်ရွက်ပါမည်
- နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေပြီး နိုင်ငံတော် ဥပဒေများကို လိုက်နာကျင့်သုံး ဆောင်ရွက်ပါမည်
- နိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး အတွက် ဆောင်ရွက်ပါမည်
ထိုကတိများကို အသက်နှင့်ကိုယ်ကို အပ်နှင်းပြီး ထမ်းဆောင်ရန်လည်း သစ္စာပြုထားရသူများ ဖြစ်သည်။

ထိုသို့သောပုဂ္ဂိုလ်မျိုးကို တရားစွဲရန်ဆိုသည်မှာ ချင့်ချိန်စဉ်းစား သင့်သောကိစ္စတစ်ခု ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၄) တွင်လည်း ကွန်ဂရက်လွှတ်တော် အမတ်များအား တာဝန်မှဖယ်ရှားခြင်း သို့မဟုတ် မလျော်ကန်သောအပြုအမူများ လုပ်ဆောင်သည့် အတွက် မည်သည့်အခါမျိုးတွင် အပြစ်ပေးနိုင်ကြောင်းကို အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်။

အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဋ္ဌာန်းထားသည့် ရာထူး အလျောက် ပြစ်တင်စွပ်စွဲမှုများ ပြုလုပ်နိုင်သည့် နေရာများမှာ အောက်လွှတ်တော်နှင့် ဆီးနိတ်လွှတ်တော် ပါဝင်သော ကွန်ဂရက် လွှတ်တော်ဖြစ်သည်။လွှတ်တော်နှစ်ရပ်ပေါင်းပြီး သမ္မတ၊ ဒုတိယသမ္မတ၊ တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ပြည်နယ်တရားသူကြီးများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အရာရှိများကို အရေးယူနိုင်ခွင့် ရှိသည်။ အရေးယူပိုင်ခွင့် ရှိသော်လည်း ကွန်ဂရက် လွှတ်တော်အမတ်များကို ရာထူးမှ ဖယ်ရှားပိုင်ခွင့်မပါပေ။

အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားချက်များကို သုံးသပ်ကြည့်လျှင် လွှတ်တော်အသီးသီးသည် မိမိတို့လွှတ်တော်ကိုယ်စားလှယ် အသီးသီးကို အရည်အချင်းပြည့်မီမှုရှိ မရှိ ကိုယ်တိုင် စစ်ဆေးစီရင် ရမည်သာဖြစ်သည်။ မိမိလွှတ်တော် ကိုယ်စားလှယ်က စည်းကမ်းဖောက် ဖျက်လျှင် အရေးယူအပြစ်ပေးပိုင်ခွင့် ရှိသည်။ သို့သော် လွှတ်တော်နှစ်ရပ် ပေါင်း၏ သုံးပုံနှစ်ပုံ ဆန္ဒမဲဖြင့်သာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ထုတ်ပယ်နိုင်သည်ဟု ဖော်ပြထားသည်။ ထိုအချက်ကိုကြည့်လျှင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးကို စည်းကမ်းဖောက်ဖျက်မှုအတွက် အရေးယူ ဆောင်ရွက်ရန်မှာ သက်ဆိုင်ရာ လွှတ်တော်ကိစ္စသာဖြစ်ကြောင်း တွေ့ရသည်။
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသည် စွပ်စွဲခံရပြီဆိုလျှင်၊ ထိုစွပ်စွဲ ချက်ကို စိစစ်သုံးသပ်ရန် ဖွဲ့စည်းပေးထားသည့် ကော်မတီတစ်ရပ်ရပ်က ဆောင်ရွက်ရသည်။ အောက်လွှတ်တော်တွင် တရားဝင်ပြုမူဆောင်ရွက်မှု ကော်မတီနှင့် ဆီးနိတ်လွှတ်တော်တွင် ကိုယ်ကျင့်သိက္ခာဆိုင်ရာ ကော်မတီ ဟူ၍ရှိသည်။ အောက်လွှတ်တော်နှင့် ဆီးနိတ်လွှတ်တော် နည်းဥပဒေများ ထဲတွင်လည်း တရားဝင်ပြုမူ ဆောင်ရွက်ခြင်းဆိုင်ရာ ကိုဓဥပဒေများ ပါဝင်သည်။
အခြားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦး ကဖြစ်စေ၊ နိုင်ငံသား တစ်ဦးဦးကဖြစ်စေ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကို စွပ်စွဲလာပြီ ဆိုလျှင် ကိုယ်ကျင့်သိက္ခာနှင့် ညီ မညီ၊ စွပ်စွဲချက်များမှန် မမှန် စစ်ဆေးရေး ကော်မတီများက စိစစ်သုံးသပ်ကြရသည်။
အောက်လွှတ်တော်ကဖြစ်စေ၊ ဆီးနိတ်လွှတ်တော်က ဖြစ်စေ အပြစ်ကျူးလွန်သော လွှတ်တော်ကိုယ်စားလှယ်ကို အမြင့်ဆုံးချမှတ်နိုင်သည့် ပြစ်ဒဏ်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ထုတ်ပစ်ခြင်းသာ ဖြစ်သည်။ ထုတ်ပစ်သည် ဆိုသော်လည်း တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း သုံးပုံနှစ်ပုံက ထောက်ခံမှသာ ထုတ်ပစ်နိုင်သည်။

နောက်ထပ် ပြစ်ဒဏ်ချမှတ်သည့် နည်းတစ်ခုမှာ ပြင်းထန်စွာ ပြစ်တင် ဝေဖန်ခြင်းဖြစ်သည်။ ထိုပြစ်ဒဏ်ပေးရန်မှာလည်း မဲအများစုရရန် လိုသည်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသည် မလျော်ကန်သော အပြုအမူတစ်ခုကို ကျူးလွန်သည်ဆိုလျှင် ထိုပြစ်ဒဏ်ကိုလည်း ပေးနိုင်သည်။ ပြစ်ဒဏ် ပေးခြင်းခံရသည့် သူသည် ပါတီနည်းဥပဒေများအရ ကော်မတီ သို့မဟုတ် ပါတီခေါင်းဆောင် ရာထူးမှ ဖယ်ရှားခြင်းခံရမည်ဖြစ်သည်။ ကွန်ဂရက် သက်တမ်းကာလအတွင်းမှာပင် ဖယ်ရှားနိုင်ခွင့် ရှိသည်။ ဆီးနိတ်လွှတ်တော်တွင် ထိုသို့သောအမှုကို ကျူးလွန်သူအား ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခြင်း (Censure) နှင့်စွပ်စွဲရှုတ်ချခြင်း (Denunciation) ဆိုသည့် စကားရပ်များ သုံးစွဲကာ အပြစ်ပေးလေ့ရှိသည်။

အောက်လွှတ်တော်နှင့် ဆီးနိတ်လွှတ်တော်တွင် စည်းကမ်းထိန်းသိမ်း သည့်အနေဖြင့် ကျင့်သုံးသည့် အထက်ပါပြစ်ဒဏ်လောက် မပြင်းထန်သော ပြစ်ဒဏ်တစ်မျိုးမှာ ပြစ်တင်သတိပေးခြင်း (Reprimand) ဖြစ်သည်။ ထိုပြစ်ဒဏ်ကိုလည်း သက်ဆိုင်ရာလွှတ်တော်မှ မဲအများစုဖြင့်ပင် ချမှတ်ရသည်။ ကျင့်ဝတ်သိက္ခာ ချိုးဖောက်သူအတွက် ရည်ရွယ်အပြစ်ပေးခြင်းဖြစ် သည်။
အမှတ်မဲ့စွာ ကျူးလွန်သည့်အတွက် ပေးသည့်အသေးအဖွဲ ပြစ်ဒဏ်ဟု လည်း ဆိုနိုင်သည်။
ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးသည် နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှု၊ ကြီးလေးသောပြစ်မှုများ သို့မဟုတ် ငြိမ်ဝပ်ပိပြားရေး တို့ကို ဖောက်ဖျက်ကျူးလွန်လျှင် တရားစွဲခံရမည် ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးသည် ကြီးလေးသောပြစ်ဒဏ်ဖြင့် စွဲချက်တင်အစစ်ခံရ လျှင် စွပ်စွဲခံရချိန်၌ ပါတီ သို့မဟုတ် ကော်မတီ ခေါင်းဆောင်နေရာမှ ဖယ်ရှားခံရမည်ဖြစ်သည်။ များသောအားဖြင့် ထိုလွှတ်တော် ကိုယ်စားလှယ်အား ပြစ်မှုကြောင်းအရ စစ်ဆေးမှုမပြီးဆုံးမချင်း လွှတ်တော်အတွင်း စည်းကမ်းထိန်းသိမ်းရေး အပိုင်းအရ အရေးယူခြင်းမျိုး ပြုလုပ်လေ့မရှိပေ။

အမေရိကန် ဖွဲ့စည်းပုံ ဥပဒေတွင် ကွန်ဂရက်လွှတ်တော်သို့ (Impeachment) ခေါ် နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအရာရှိကြီးများအား စွပ်စွဲပြစ်တင်ခွင့် အာဏာကို ပေးအပ်ထားသည်။ ထိုအခွင့်အာဏာအရ သမ္မတ၊ ဒုတိယသမ္မတနှင့် အခြားအုပ်ချုပ်ရေးဆိုင်ရာအရာရှိများကို စွပ်စွဲ ပြစ်တင်နိုင်သည်။ ထိုအခွင့်အာဏာအရ "နိုင်ငံတော်သစ္စာဖောက်မှု၊ လာဘ်ပေး လာဘ်ယူမှုနှင့် အခြားမြင့်မားသည့် ရာဇဝတ်မှုများ၊ အသေးအဖွဲပြစ်မှုများကို" ကျူးလွန်သည့်သူအား ကွန်ဂရက်ရှေ့မှောက် အရောက်ပို့ပြီး ထိုသူကျူးလွန် သည့်ပြစ်မှုအတွက် အစစ်ဆေးအဆုံးဖြတ် ခံရမည်ဟု ဖော်ပြထားသည်။

အမေရိကန်သမိုင်းတွင် ထင်ရှားသည့် စွပ်စွဲပြစ်တင်မှုကြီးနှစ်ခုကို စီရင်ခဲ့ကြောင်းတွေ့ရသည်။ ပထမအမှုမှာ ၁၈၇၆ ခုနှစ် သမ္မတ အင်ဒရူးဂျွန်ဆင် လက်ထက်တွင် ဖြစ်ပွားခဲ့သည်။ တောင်ပိုင်း ဒီမိုကရက်တစ်ဦးဖြစ်သည့် အင်ဒရူးဂျွန်ဆင်ကို ပြန်လည်ပြုပြင်ရေးနှင့် ပတ်သက်ပြီး ရီပတ်ဘလီကန် အများစုက ဝိုင်းဝန်းတိုက်ခိုက်ကြသည်။ ရီပတ်ဘလီကန်များ၏ စွပ်စွဲ တိုက်ခိုက်ချက်များကို အောက်လွှတ်တော်က အရေးယူစစ်ဆေးပေးခဲ့သည်။ ထိုအမှုသည် ဆီးနိတ်လွှတ်တော်သို့ ရောက်သည့်အခါတွင် မဲတစ်မဲတည်း ကပ်ရှုံးသွားခဲ့ပြီး အင်ဒရူးဂျွန်ဆင်ကို အရေးမယူနိုင်ခဲ့ပေ။
၁၉၉၈ ခုနှစ်တွင် အောက်လွှတ်တော်က သမ္မတဘီလ်ကလင်တန်ကို စွပ်စွဲပြစ်တစ်မှုတစ်ခု ပြုလုပ်ခဲ့သေးသည်။ ကလင်တန်အား ကျမ်းသစ္စာ ကျိန်ဆိုထားမှုကို လိမ်လည်ဖောက်ဖျက်မှုနှင့် တရားမျှတမှုကို တားဆီး ပိတ်ဆို့မှုတို့ဖြင့် စွဲဆိုခြင်းဖြစ်သည်။ ထိုစဉ်က သမ္မတကလင်တန်ကို လိင်ဖောက်ပြန်မှုဖြင့် စွပ်စွဲထားသည်။ အိမ်ဖြူတော်တွင် အလုပ်သင်အဖြစ် တာဝန်ထမ်းဆောင် နေသော မော်နီကာလူဝင်းစကီးနှင့် အတူ လိင်ဖောက် ပြန်သည်ဆိုကာ သမ္မတအားအရေးယူရန် စွပ်စွဲပြစ်တင်ခဲ့သည်။

ကလင်တန်အမှုကို စစ်ဆေးရာတွင် ဘက်လိုက်မှုများစွာ ရှိကြောင်း တွေ့ရသည်။ ငါးဦးကသာ သမ္မတကို စွပ်စွဲပြစ်တင်စစ်ဆေးရန် မဲပေးခဲ့ကြ သည်။ ဆီးနိတ်လွှတ်တော်တွင် မဲအများစု သုံးပုံနှစ်ပုံရမှသာ သမ္မတကို အရေးယူ စစ်ဆေးနိုင်မည်ဖြစ်သည်။ ဆီးနိတ်လွှတ်တော်အမတ် ၄၅ ဦးက သမ္မတကို ကျမ်းသစ္စာကျိန်ဆိုထားမှုအား လိမ်လည်မှုလောက်ဖြင့်သာ အရေးယူရန် ဆုံးဖြတ်ကြသည်။ အသေးအဖွဲပြစ်မှုတစ်ခု အနေဖြင့်သာ သတ်မှတ်စစ်ဆေး ရန်ဖြစ်သည်။ ဒုတိယစွဲချက်ဖြစ်သည့် တရားမျှတမှုကို တားဆီးပိတ်ဆို့မှု ဆိုသည့် ကြီးလေးသောပြစ်မှုကို ကျူးလွန်ကြောင်း စစ်ဆေးရန် ၄၅ ဦးက မထောက်ခံသဖြင့် မဲမရသောကြောင့် ပျက်ပြယ် သွားခဲ့ရသည်။ အောက်လွှတ် တော်တွင် ဒီမိုကရက်အားလုံးက သမ္မတကို အရေးယူရန် မထောက်ခံသည့် အပြင်၊ ရီပတ်ဘလီကန် ငါးဦးမဲကိုပါရလိုက်သောကြောင့် သမ္မတသည် လွှတ်တော်တွင်လည်း အစစ်ဆေးမခံရသည့်အပြင် ရာထူးမှလည်း ထုတ်ပယ် ခြင်းမခံခဲ့ရပေ။
လွှတ်တော်တစ်ရပ်တွင် အများစုဆိုသည့် လွှမ်းမိုးမှုကို မည်သူမျှ မကျော်လွန်နိုင်သည့် သာဓကများဖြစ်သည်။ သမ္မတကို အရေးယူ စစ်ဆေး၊ အပြစ် ပေးချင်သော်လည်း မိမိကိုထောက်ခံထားသည့် အများစုပါတီ နှင့်၊ နှစ်သက်သူများရှိနေသရွေ့ သမ္မတကို မဖြုတ်နိုင်ကြောင်း ကလင်တန်က နောက်ထပ်တစ်ကြိမ် သမ္မတအဖြစ် ထပ်မံအရွေးခံရခြင်းဖြင့် သက်သေပြသွားခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)၊ ပုဒ်မ ၇၁၊ အပိုဒ် (က) မှ (ဆ) အထိပြဋ္ဌာန်းချက် များတွင်လည်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို စွပ်စွဲပြစ်တင်နိုင်မှု များကို ဖော်ပြ ထားပါသည်။

နိုင်ငံတော်သမ္မတ ကိုဖြစ်စေ ဒုတိယသမ္မတ တစ်ဦးဦးသည်
၁။ နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း
၂။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း
၃။ အကျင့်သိက္ခာပျက်ပြားခြင်း
၎။ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသော နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတ၏ အရည်အချင်းပျက်ယွင်းခြင်း
၅။ ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက် ခြင်းတို့ကြောင့်သာ စွပ်စွဲပြစ်တင်နိုင်သည်ဟု ဆိုထားသည်။

နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတစ်ဦးဦးကို စွပ်စွဲပြစ်တင် နိုင်ရန် အောက်ပါအချက်များ လိုအပ်ပါသည်။
- လွှတ်တော်နှစ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး လေးပုံ တစ်ပုံ လက်မှတ်ရေးထိုးပြီးမှ သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးထံ တင်ပြရမည်
- သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံ က ထောက်ခံမှသာ ဆက်လက်အရေးယူဆောင်ရွက်မည်
- လွှတ်တော်တစ်ရပ်က စွပ်စွဲချက်ကိုထောက်ခံလျှင် အခြား လွှတ်တော်တစ်ရပ်က စွပ်စွဲချက်ကို အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးရမည်
- နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတသည် စွပ်စွဲချက်အပေါ် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ချေပခွင့်ပေးရမည်
- စွပ်စွဲချက်မှန်ကန်ကြောင်း တွေ့ရပြီး စုံစမ်းစစ်ဆေးသော လွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့အား ဆက်လက်တာဝန် ထမ်းဆောင်ရန် မသင့်ဟု ဆုံးဖြတ်လျှင် ရာထူးမှရပ်စဲနိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်အကြီးအမှူးထံ တင်ပြရမည်
- ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည် တင်ပြချက်ရရှိသည်နှင့် စွပ်စွဲခံရသော သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှ ရပ်စဲကြောင်း ကြေညာရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၇၁) တွင် ပြဋ္ဌာန်းထားပါ သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း၅၊ အုပ်ချုပ်ရေး၊ ပုဒ်မ (၂၁၅) သည် နိုင်ငံတော်သမ္မတအတွက် ရပိုင်ခွင့်ရှိသည့် အခွင့်အရေး တစ်ခုဖြစ်သောကြောင့် သမ္မတကို တရားစွဲမည်ဆိုလျှင် ထိုအချက်ကို သတိပြုရန်လိုအပ်ပါသည်။ ပုဒ်မ (၂၁၅) တွင်
"နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံအခြေခံ အရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ် အရသော်လည်းကောင်း မိမိအားအပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့် အနေဖြင့် ပြုခဲ့သောပြုလုပ်မှုအတွက် မည်သည့် လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ၊ သို့ရာတွင် ဤကဲ့သို့ တာဝန်မရှိစေခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့်ပြဋ္ဌာန်းချက် များနှင့် သက်ဆိုင်ခြင်း မရှိစေရ"ဟု ဆိုထားသည့်အချက်အား အလေးထား စဉ်းစားရပေလိမ့်မည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား တရားစွဲမည် ဆိုလျှင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂၃၃)၊ ပုဒ်မ (၂၆၃)၊ ပုဒ်မ (၃၀၂)၊ ပုဒ်မ (၃၁၁)၊ ပုဒ်မ (၃၃၄)တို့အား ပြန်လည်လေ့လာရန် တိုက်တွန်းပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း ၁၁၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ပုဒ်မ (၄၃၂) တွင်
"အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားစဉ် ကာလအတွင်းတွင် နိုင်ငံတော်သမ္မတ ကိုယ်စားဖြစ်စေ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က နိုင်ငံတော်အာဏာကို ကျင့်သုံးနေသည့် ကာလအတွင်းဖြစ်စေ၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်အာဏာကို ကျင့်သုံးနေသည့် ကာလအတွင်းဖြစ်စေ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို မူလအခြေအနေသို့ အမြန်ပြန်လည်
ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက်မှု ပြုနိုင်ရန် လုပ်ပိုင်ခွင့်နှင့် တာဝန်များ ပေးအပ်ခြင်းခံရသည့် အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင် တစ်ဦးဦး၊ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင် တစ်ဦးဦး၏ တရားဝင် ဆောင်ရွက်ချက်များသည် အတည်ဖြစ်စေရမည်၊ ယင်းတရားဝင် ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် တရားစွဲဆိုခွင့်မရှိစေရ" ဟူသည့်အချက်

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)၊ အခန်း၁၄၊ ကူးပြောင်းရေး ကာလပြဋ္ဌာန်းချက်များ၊ ပုဒ်မ (၄၄၅) တွင်လည်း

"ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိ ပြားမှုတည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကိုလည်းကောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များ နှင့် ရပိုင်ခွင့်များကို လည်းကောင်း ဆက်ခံသည့် ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ" ဆိုသည့်အချက်များကို လေ့လာသုံးသပ်ပြီးမှ မည်သူ့ကို၊ မည်သို့တရားစွဲမည်ဟု ဆုံးဖြတ်သင့်ပါကြောင်း စေတနာကောင်းဖြင့် အကြံပြုလိုက်ပါသည်။


Ref: We The People, An Introduction to American Politics, by Benjamin Ginsberg
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)

(http://www.thevoicemyanmar.com/index.php/perspective/item/3748-tmd.html)

ကိုယ်ရေးတဲ့စာ ကိုယ့်လုပ်ရပ်နဲ့ ကိုယ့်သိက္ခာအနိမ့်အမြင့်

0
0




(ဖေ့စ်ဘွတ်ပေါ်က မိတ်ဆွေ နှစ်ဦးရဲ့ စတေးတပ်လေးတွေကို သဘောကျလို့ ရှယ်လိုက်ပါတယ်)

ဖေ့ဘုတ်သုံးတော့ ခဏခဏ အမေးခံရတာက ဘာလို့ စာတွေ ဒီလောက်ရေးနိုင်လဲ ဆိုတဲ့ မေးခွန်း.... တစ်ချို့တွေကလည်း ပြောကြတယ် အချိန်တွေ သူတို့မှာသာ ရှားနေတာ တစ်ချို့တွေများ စာတွေ စက်နဲ့ လှိမ့်ထုတ်သလို တစ်ခုပီးတစ်ခု တင်နေကြတယ်ဆိုတဲ့ မေးခွန်း ခဏခဏ အမေးခံခဲ့ရတယ်....... တစ်ချို့ကတော့ ဖေ့ဘွတ်ကိုပဲ အသက်မွေးဝမ်းကြောင်း လုပ်နေလို့ ဒီလိုထိုင်ရေးနိုင်တာလို့လည်း သတ်မှတ်ကြတယ်......


တကယ်တန်းက စာတစ်ပုဒ်ရေးဖို့ဆိုတာ ဦးနှောက်ကို တော်တော်လေး အလုပ်ပေးပီးမှ ရေးရပါတယ်.... အထူးသဖြင့် ကျွန်တော် စာရေးခဲ့သမျှ အခုအချိန်ထိ ရှေ့စကား နောက်စကားညီအောင် ရေးရတဲ့အတွက် ကိုယ်ပြောချင်တဲ့ Messages အတွက် နမူနာ တွေအပြင်မှာမှ အရင်က ပြောခဲ့တဲ့ စကားတွေနဲ့ပါ ရစ်သမ်မိပီး ကီးချော်ထွက်မသွားဖို့ စဉ်းစားရေးရတာ အတော်ပဲ လက်ဝင်ပါတယ်..... ဒါပေမယ့် စာတစ်ပုဒ်ရဲ့ကို ဖြစ်ပေါ်စေတာ အတွေးလေး တစ်စ နှစ်စကပဲ ဖြစ်ပါတယ်......

တစ်ခါတစ်လေမှာ စာတစ်ပုဒ်ကို ထိုင်ရေးဖို့ အတွေးစ ကောင်းကောင်းလေး လိုချင်ပေမယ့် မထွက်လာတတ်ပါဘူး..... တစ်ခါတစ်လေမှာ သွားရင်းလာရင်းကနေပဲ ခေါင်းထဲမှာ ဖြတ်ခနဲပေါ်လာတတ်သလို၊ မထင်မှတ်ပဲ တွေ့လာတဲ့ ကိစ္စလေးတွေကနေ ဆက်စပ်ရေးလို့ရတဲ့ အတွေးစလေးတွေ ထွက်လာတတ်ပါတယ်..... အဲ့ဒိအတွက် ပေါ်လာတဲ့ အတွေးစလေးတွေကို ကျွန်တော်သွားလေရာမှာ အမြဲပါတဲ့ ဖုန်းထဲက Evernote ထဲ သိမ်းထားလိုက်ပါတယ်...... ရုံးမှာ အားတဲ့အချိန် အဲ့ဒိအတွေးစလေးနဲ့ ဆက်စပ်လို့ရတဲ့ စာပိုဒ်လေးတွေ ရသလောက် ရေးပါတယ်...... အိမ်ပြန်ရောက်ရင်တော့ အချောသပ်ပီး တင်ပါတယ်..... များသောအားဖြင့် ကျွန်တော် လက်တန်းရေးတာ များပါတယ်.......

အဲ့ဒိ အိုင်ဒီယာကို ရစေတာကတော့ တစ်ချိန်က သီချင်းရေးဆရာ ကိုရွှေကြီး (ရွှေဂျော်ဂျော်) နဲ့ အတူတူရှိခဲ့ဘူးတုန်းက သူက သွားလေရာ စာအုပ်လေးတစ်အုပ်၊ ရီကော်ဒါလေးတစ်ခု အမြဲပါတော့ ကိုရွှေဘာလုပ်ပါလိမ့်လို့ လိုက်ကြည့်နေတာ..... သံစဉ်လေး နည်းနည်းရရင် သူက ရီကော်ဒါလေးဖွင့်ပီး ညီးတယ်..... စာသားလေးရရင် ကောက်ပီး နုတ်စ်ကလေးမှာ ချမှတ်တယ်..... အဲ့ဒိအကျင့်လေးကို ကူးယူတာပါ......

နောက် ဖေ့ဘွတ်မှာ သတင်းတွေကို ဘယ်လိုဖတ်သလဲ၊ ဒီလောက် သတင်းအများကြီးမှာ ဘယ်လိုမမှားအောင် သုံးသပ်သလဲ၊ ဒီလောက် သတင်းတွေ အများကြီးကို စုံအောင် ဘယ်လိုကြည့်သလဲ မေးကြတယ်..... ကွက်စိတ်ဟောနိုင်အောင် ဘယ်လိုမြင်လည်း စပ်စုကြတယ်..... ကျွန်တော့်ဖေ့ဘွတ် Timeline မှာ ပေါ်ရမယ့်လူစာရင်းကို ကိုယ့်ဟာကိုယ်ရအောင် ပြင်ယူပါတယ်..... အဓိကပေါ်နေတာ သတင်းဌာနတွေ၊ ဂျာနယ်လစ်တစ်ချို့ပါ..... ကျန်တာတွေကတော့ ကိုယ့်စိတ်ထဲမှာ သမာသမတ် ရှိတယ်လို့ ယူဆတဲ့လူတွေ၊ အတွေးအမြင် ကောင်းတယ်လို့ မြင်တဲ့လူတွေ၊ သတင်းစုံစုံလင်လင် ရှာရှာဖွေဖွေ တင်လေ့ရှိတဲ့လူတွေကို News Feed မှာ ထည့်ထားပါတယ်.......

နောက်ပိတ်ဆုံး ဖတ်တာကတော့ ဟိုဘက် ဒီဘက် နှစ်ဘက်ဒေါင့်ကို ကပ်နေတဲ့ အကောင့်တွေ၊ ပေ့ခ်ျတွေကိုပဲ ဖြစ်ပါတယ်...... အဲ့ဒိအတွက် ရလာဘ်ကတော့ သတင်းတစ်ပုဒ်ထဲကိုပဲ အတွေးအမြင်ပေါင်းစုံကို ရပါတယ်..... Possibilities တွေများစွာကို ချိန်ထိုးပီးတော့မှ သုံးသပ်ချက်လုပ်ပါတယ်...... သတင်းဌာန မမြင်တဲ့အမြင်၊ ဒေါင့်ကပ်နေတဲ့ လူတွေရဲ့ သူတို့ဘက် ကာဗာယူတဲ့အတွေးအမြင်တွေ အစရှိတာတွေနဲ့ ချိန်ထိုးလိုက်ချိန်မှာ ပြဿနာရဲ့ အဖြေကို ရေးရေးလေး မှန်းလို့ရပါတယ်.....

အဲ့ဒိအခါမှ ကျွန်တော်က ရေးလေ့ရှိတဲ့အတွက် အမှားနည်းခဲ့ပါတယ်...... သို့ပေမယ့် စ စ ခြင်းမှာတော့ အများစုက သူတို့လိုချင်တဲ့ဘက်ကို မပါတဲ့အတွက် ၀ိုင်းဝန်းတိုက်ခိုက်တဲ့ဒဏ်ကိုတော့ တော်တော်ခံရပါတယ်..... အချိန်နည်းနည်းကြာလို့ သတင်းမှန် ထွက်လာတိုင်းမှာ ကိုယ်ရေးတာ မှန်နေပေမယ့်လည်း အစပိုင်းက ကိုယ့်ကို တိုက်ခိုက်ခဲ့တဲ့လူတွေက သတင်းမှန်ထွက်ချိန်အထိ အမြင်စောင်းသွားတာလည်း ခံရနေတာတော့ ခုထိပါပဲ......

နောက် ဖေ့ဘုတ်မှာ ဖြစ်လေ့ဖြစ်ထရှိတာက တစ်ခုခုပြောလိုက်ရင် ငါ့ကို စောင်းရေးတာပဲဆိုတဲ့ ဆိုက်ကို..... အဲ့ပြဿနာက ခဏခဏ ကျွန်တော်ကြုံရတတ်ပါတယ်...... အမြဲလိုလို အကြောင်းအရာတစ်ခုကို တိုက်ရိုက်ပြောဖို့ အခွင့်မသာတဲ့အခါ ဥပမာ ဥပမေးယျနဲ့ မြင်ခဲ့တဲ့ဟာတွေကို ပေါင်းစပ်ပီး ရေးတဲ့အခါမှာ ပြဿနာဖြစ်တိုင်း ဆွမ်းကြီးလောင်းခဲ့ကြတဲ့ (ဟိုဘက်၊ ဒီဘက်၊ ကြားနေ လိုလိုနဲ့ ဆော်သူတွေ အားလုံးပါ) လူတွေအားလုံးဟာ သူ့ကိုစောင်းရေးတယ်၊ ငါ့ကို စောင်းရေးတယ်လို့ ထင်တဲ့ပြဿနာပါပဲ....... အတော်ဖြေရှင်းရ ခက်ပါတယ်.....

နောက်တစ်ခုကတော့ သတင်းတစ်ချို့ကို မက်ဆေ့ခ်ျကနေ လာပေးကြတယ်..... တစ်ချို့သတင်းတွေက လုံးဝကို မသိတဲ့ သတင်းမျိုးပါ...... လာပေးကြတဲ့ သတင်းတွေရဲ့ ၇၅ ရာနှုန်းလောက်က ကျွန်တော်သိပီးသား များပါတယ်..... ဒါပေမယ့်လည်း လာပေးတဲ့လူကို လေးစားသောအားဖြင့် ကျွန်တော်အမြဲလိုလို ကောင်းကောင်းမွန်မွန် ပြန်ပြောလေ့ ရှိပါတယ်...... ဒါပေမယ့် သတင်းလာပေးတိုင်းလည်း ချက်ခြင်းကျွန်တော် ရေးလေ့မရှိပဲ စောင့်ကြည့် သုံးသပ်ပီးမှ တင်တော့ ကလော်ခံရတတ်ပါတယ်.....

တစ်ချို့ကကြတော့လည်း သူတို့လာပေးမှသိပီး သူတို့မပြောတာတွေ ရေးတယ်ဆိုတဲ့ စွတ်စွဲမှု ခဏခဏ ကြုံရပါတယ်...... ကိစ္စတစ်ခု အရမ်းဟော့နေချိန်မှာ အဲ့ဒိ ကိစ္စနဲ့ ပါတ်သက်တဲ့ သတင်းကို သေးသေးမွှားမွှားကနေ ကြီးကြီးမားမားအထိ လာပေးကြတဲ့လူတွေ ကျွန်တော့်အမှာ အများကြီးရှိတာကို အခွင့်ကြုံတိုင်းမှာ ရှင်းရှင်းပြရပါတယ်.... တစ်ခါတစ်လေမှာပဲ အဲ့ဒိလို လာပေးသူတွေကို ပြန်ရှင်းပြရင်း ရလာတဲ့ အတွေးစလေးတွေကနေပဲ စာလေးတွေ ရေးဖြစ်လာပြန်တာပါ.....

ဒါတွေကတော့ ဖေ့ဘွတ်မှာ ဟိုရေးဒီရေး ရေးနေတဲ့ ကျွန်တော့်ရဲ့ ပုံစံလေးတစ်ခုပေါ့..... တစ်ချို့ကတော့ ကျွန်တော်က တစ်ခုခုကို ပြတ်ပြတ်သားသား မရေးပဲ Safe Side ယူလွန်းတယ်လို့ ဆိုတယ်..... ကျွန်တော့်အနေနဲ့ကတော့ ဒီပေ့ခ်ျလေးက ကိုယ့်အတွက် အသက်ကြီးလာတဲ့အထိ သမိုင်းမှတ်တိုင်လေးတွေ ကျန်ခဲ့မှာပဲဆိုတော့ ကိုယ်ရေးတဲ့စာ တတ်နိုင်သလောက် မမှားဘို့၊ ရှေ့နောက်မညီ မဖြစ်စေဖို့အတွက် အများကြီး သတိထားရတော့ Safe Side ယူလွန်းတယ်ပြောလည်း မငြင်းသာဘူးပေါ့...... ကိုယ့်သိက္ခာအနိမ့်အမြင့်က ကိုယ်နဲ့ပဲ တိုက်ရိုက်သက်ဆိုင်နေတာ မဟုတ်ပါလား......


…………………………………………………………………………


နောင်တစ်ချိန် မြေးမြစ်များက သူတို့၏ ဘိုးအေ ဘွားအေတို့၏ ဖေ့ဘွတ်ကိုဝင်ကြည့်သောအခါ

" ဟေ့ကောင် မင်းအဖိုးကလဲ တော်တော်ကဲချက် လိုက်လုပ်ထားသမျှပေ့ခ်ျတွေက မောင်စေတန်တို့ နိုင်ငံခြား porn ပေ့ခ်ျတွေကြီးပဲ "

" အောင်မာ နင့်အဖိုးလဲ ဘာထူးလဲ အပ်ထားသမျှ ကြည့်လိုက်ရင် ကောင်မလေးတွေ ကြီးဘဲ တွေ့သမျှကောင်မလေး အပျိုအအိုတောင် မခွဲဘဲ ဖွန်ကြောင်တာ ငါ့အဖွားတောင် အတင်းအကျူခံရလို့ နင့် အဖိုးကို ဘလော့ခဲ့တာတဲ့ "

" နင့် အဖွားက ပြောလဲ မပြောချင်ဘူး.... အဲ့ခေတ်တုန်းက နာမည်ကြီးခဲ့တဲ့ ဖိုတိုရှော့ဆိုတဲ့ဆော့ဝဲနဲ့ပြင်ထားတာ ငါတို့တောင်သိတယ် ဒီကြားထဲ အဲ့တုန်းက လက်ကြီးထောင် နှုတ်ခမ်းကြီးထော်တဲ့ အကျင့်က ခုသူငယ်ပြန်ပြီး အိမ်လာသမျှလူတွေ အဲ့လိုလုပ်ပြနေလို့ ဆေးကြိတ်ကုနေရတယ်လို့ မင်းပဲပြောတာလေ "

" ဟဲ့ ငါ့အဖွားက အဲ့တုန်းက လူကြိုက်များတယ် တစ်ပုံတင်ရင် လိုက်ဆိုတာလား ၁ဝဝဝ လောက် အနည်းလေးရယ် နင့်အဖိုးသာ အရည်မရ အဖတ်မရ ဆရာကြီးလိုလို နိုင်ငံရေးပို့စ်တွေ ရှောက်တင်ပြီး လူတကာနဲ့ ရန်ပတ်ဖြစ်နေတာ ချောင်းရိုက်တာတောင်ခံခဲ့ရတယ်ဆို နည်းတောင် နည်းသေးတယ် "

" ငါ့အဖိုးကတော့ အဲ့ခေတ်တုန်းက လူတွေသိပ်သဘောကျခဲ့တဲ့ စိတ်ဓာတ် မြောက်ကြွရေး "

" စိတ်ဓာတ်တက်ကြွရေးပါဟဲ့ "

" အေး... အဲ့လိုဆိုလား စာတစ်ပုဒ်ဘာသာပြန်ရေးလိုက်ရင် လိုက် ၁ဝဝဝဝ ကျော် အသာလေးရယ် အပြင်မှာတောင် စာအုပ် ထုတ်ခဲ့သေးတယ် ရောင်းမကုန်လို့ အခုထိ အိမ်အထပ်ခိုးမှာ အများကြီးရှိသေးတယ် "

" ဟားဟား..... ငါ့အဖိုးထောင်ခဲ့တဲ့ပေ့ခ်ျဆို အဲ့ခေတ်က မသိသူမရှိတဲ့ သတင်းပေ့ခ်ျကြီးကွ ပုလင်းကြမ်းကျွံပေ့ခ်ျဆို အဲ့ခေတ်က လူတွေ လက်ဖျားခါခဲ့တာ သတင်းဆိုက်မှန်သမျှဆီက ကူးပြီး အောက်က ပုလင်းကြမ်းကျွံမှ မူရင်းသတင်းအတိုင်း မျှဝေသည်ဆို ရိုက်ပေးလိုက်ရုံပဲတဲ့ "

" ပေ့ခ်ျများကွာ ငါ့အဖိုးထောင်ခဲ့တဲ့ မရယ်ရင် ရိုက်သတ်မယ်တို့ မရှယ်ရင် အိမ်လာခဲနဲ့ထုမယ်ဆိုတဲ့ ဟာသပေ့ခ်ျတွေထောင်ခဲ့တာ လူတွေ ဝက်ဝက်ကွဲ အားပေးခဲ့တာ သောက်ချဉ်တော့ မဟုတ်ဘူး "

" ငါ့အဖိုးတည်ထောင်ခဲ့တဲ့ နေ့လည်မင်းသားတို့ ဒေါက်တာ ကြွက်ကြီးတို့ဆိုတာလဲ အဲ့ဖေ့ဘွတ်မှာ သတင်းမွှေးခဲ့တာ မင်းတို့ အသိ ဟို သူတို့ ခေတ်က နာမည်ကြီးခဲ့တဲ့ အိုးရည်ကျိုတို့ သမင်တို့ဆိုတဲ့ မင်းသမီးတွေရဲ့ အတွင်းဇာတ်လမ်းတွေ ဖြန့်ပေးခဲ့တာ မင်းတို့တောင် ဟိုနေ့က ကြည့်ကြသေးတယ်လေ "

" ငါ့အဖိုးလဲ မခေပါဘူး အဲ့ခေတ်က ရဲရဲတောက် စိတ်တွေနဲ့ ရေးခဲ့တဲ့ လူမျိုးရေးပို့စ်တွေဆို အဲ့ခေတ်က လူတွေ အပြင်မှာတောင် ထသတ်ရလောက်အောင် ကောင်းခဲ့သတဲ့ ခုစိတ်ရောဂါ ဆေးရုံမှာတောင် တခါတလေ ညဘက်ကြီး ဖွဘုတ်တွင် မီးဟုန်းဟုန်းတောက်စေရမည် ထထအော်လို့ ညတိုင်း ဆေးထိုးပြီး သိပ်ရတယ်ဆိုပဲ "

" ဟိုကောင် ငြိမ်နေပါလား မင်းအဖိုးအကြောင်းလဲ ပြောလေကွာ "

" ငါ့အဖိုးက ကံဆိုးပါတယ်ကွာ.....သူ့ခမျာ အဲ့ဖေ့ဘွတ်ဆိုတာ သုံးချင်လွန်းလို့ ၂ဝဝဝ တန်ဖုန်းမထွက်ခင်ညမှာ ဖုန်းဆိုင်ရှေ့ညလုံးပေါက် သွားထိုင်စောင့်တာ လေဖြတ်ပြီး ဆုံးသွားရှာပေါ့ကွာ အဟီးဟီး.... "

:-P:-D:-D ;-) :-)

( မရေးတတ် ရေးတတ်ဖြင့် ရေးထားသောကြောင့် ခွင့်လွှတ်တော်မူကြကုန် )



လောကကို လှပစေချင်သူ

0
0

သစ်တပင်ဘဝ
ရွက်ကြွေမြေခ…
ရိုးပြာကျတိုင်…
လောကအလှ ဆောင်နေမြဲ။
………………………………………………………..

မိတ်ဆွေတယောက်နဲ့စကားစပ်မိရင်း ညီအစ်ကိုသဖွယ် ချစ်ခင်ရတဲ့ သူငယ်ချင်းတဦး ဆုံးပါးသွားကြောင်း သိလိုက်ရချိန်မှာကျနော့်ရင်ထဲ စူးစူးနစ်နစ် ခံစားလိုက်ရပါတယ်။


ကျနော် မြန်မာပြည်မှထွက်မလာမီ တပတ်လောက်အလို.. သူနဲ့နောက်ဆုံးတွေ့ခဲ့စဉ်က သူ့ကျန်းမာရေး အကောင်းပကတိ ဝလို့ဖြိုးလို့။သူဆုံးတဲ့ အကြောင်းပြောပြသူက ကျနော့်သူငယ်ချင်းနဲ့ လက်ပွန်းတတီး ရှိသူမဟုတ်မို့  ဘာရောဂါ နဲ့ ဆုံးသလဲဆိုတာ ပြောမပြနိုင် ဖြစ်နေတော့ကျနော့်စိတ်ထဲ ဇဝေဇဝါ အတွေးများ နဲ့သာ မတင်မကျ ဖြစ်နေမိပါတယ်။

သူ တပ်ကနေဆေးဘုတ်နဲ့ ထွက်ခဲ့တုန်းက ခေါင်းစဉ်တပ်ဖော်ပြခဲ့သော ရောဂါနဲ့ ဆုံးပါးတာလား။ အဲဒီလိုတထစ်ကျ ပြောဖို့ကလည်း မသေချာလှ။ ဘာလို့ဆို ဆေးဘုတ်နဲ့ အငြိမ်စားယူသူအများစုဟာ ကျန်းမာရေးအကောင်းပကတိရှိသူတွေ ဖြစ်ကြပြီး တပ်မှာဆက်လက် အမှုမထမ်းလိုတော့လို့ ဖြစ်နိုင်ခြေရှိတဲ့ရောဂါတခု ခေါင်းစဉ်တပ်ကြသူတွေ များပါတယ်။ အဲလိုလုပ်ဖို့ ငွေကြေးကုန်ကျမှုကတော့ သောင်းဂဏာန်းကနေတရွေ့ရွေ့တိုး မြင့်တက်လာလိုက်တာ အခုချိန်မှာ သိန်း ၂၀ နီးပါးကပ်နေပြီလို့ သိရပါတယ်။

တပ်ကထွက်ခွင့်ရပြီးတဲ့အခါခံစားခွင့်ရှိတဲ့ ဆေးလျော်ကြေး (သို့) လုပ်သက်ဆုကြေးနဲ့ မစွမ်းမသန် အငြိမ်းစား လစာအားလုံးပေါင်းမှ ၁၀ သိန်း ပြန်ရဖို့ ခက်ခက်။ ငွေ သိန်း ၂၀ ဆိုတာ ချမ်းသာတဲ့လူအတွက်မပြောပ လောက်ပေမဲ့ အောက်ခြေဝန်ထမ်းတဦးအဖို့တော့ နိုင်ငံခြား အိပ်မက် မက်လို့ရတဲ့ ပမာဏ။ဒီလောက်များတဲ့ ငွေကို ဘယ်က ရနိုင်ပါ့မလဲ.. မိဘဆီ လက်ဖြန့်တောင်းဖို့က တတ်နိုင်ဦးမှ…ပေးချင်စိတ်လည်း ရှိဦးမှ။ ဒီတော့ အိုနာကျိုးကန်း အကြောင်းပြပြီး ထွက်ဖို့ဆိုရာမှာစိတ်ကူးယဉ်အိပ်မက်အဆင့်ကို မကျော်နိုင်သူတွေ ဒုနဲ့ဒေး။

ဒီကြားထဲသူများလုပ်တဲ့အချိန်မှာ အေးဆေးလုံခြုံစွာ ပန်းတိုင်ဝင်နိုင်ပေမဲ့ ကိုယ့်အလှည့်ကျမှပြဿနာပေါင်း သောင်းခြောက်ထောင်တက်လို့ ထောင်နန်းစံခဲ့ရတဲ့ အဖြစ်တွေလည်း ရှိထားဖူးပါတယ်။ဒါကြောင့် ဒီနည်းနဲ့ တပ်ကထွက်ဖို့ ကြိုးစားကြသူတွေဟာ ငွေကုန်ကြေးကျရှိတဲ့အပြင် ကြိုမမြင်နိုင်တဲ့အန္တရာယ်တွေ၊ အခက်အခဲ အတားအဆီးတွေရှိနေနိုင်တာမို့ စွန့်စားလုပ်ရတာမျိုးပါ။ သမရိုးကျ လုပ်ငန်းစဉ်မဟုတ်လေတော့ အစတခုပေါ်တာနဲ့ စစ်စည်းကမ်း ပုဒ်မတွေကို ရှောင်မရ တိမ်းမရ ငြိတော့တာပဲ။ 

မိတ္ထီလာ စစ်ဆေးရုံမှာ တီဘီရောဂါနဲ့ဆေးရုံတက်ဖို့ ရေတပ်ဆေးရုံက လွှဲစာယူ … ဟိုမှာ ဆေးရုံအတက်ပြ၊ အချိန်တန်တော့ဆေးရုံဆင်းလက်မှတ်၊ ဆေး-၃၁ ပုံစံမှာ ဆေးအဆင့်(ဂ) ယာယီ (၃)လ  သတ်မှတ်ချက်နဲ့ အတူ တပ်ကိုလာသတင်းပို့၊ (၃)လပြည့်ခါနီးမှာ နောက်တကြိမ် ဆေးရုံတက်၊ နောက်ထပ် TC (၃)လ ထပ်ရ၊ နောက်ဆုံးအကြိမ်မှာအမြဲတမ်း ဆေးအဆင့်(ဂ) PC ချ။ တချို့ဆို  TC(၃) လ တကြိမ်ချပြီးတာနဲ့ PC ရသွားသူ တွေလည်း ရှိတယ်ဗျ။

ဒီနည်းနဲ့ ရှေ့လူတွေ အထွက်ချောင်တာကြည့်ပြီး လိုက်လုပ်တဲ့ ရေယာဉ်စုက စစ်သည်တစု အလှည့်မှာ သူတို့ ရေယာဉ်စုမှူးက ရေတပ်ဆေးရုံနဲ့မိတ္ထီလာ ဆေးရုံတွေဆီ တရားဝင်မေးမြန်း အတည်ပြုချက် ယူတဲ့အခါ… ဟနေတဲ့ ကွင်းဆက်တွေတောက်လျှောက် ပေါ်လာ… ရေတပ်ဆေးရုံ တပ်မှူး နဲ့   မိတ္ထီလာ စစ်ဆေးရုံက ပါရဂူ အဲဒီကေ့စ်တွေ ဘာမှမသိ…တဲ့။  ပြုတ်လိုက်ကြတာ တသီကြီး။ထောင်ကျတာချင်း အတူတူတောင်မှ စစ်ဆေးရုံ အမှုထမ်းတွေက လာဘ်စားလို့၊ တပ်ကထွက်ဖို့ကြိုးစားတဲ့ ကာယကံရှင်စစ်သည်တွေမှာတော့ ငွေကုန်လူပမ်း ထောင်နှုတ်ခမ်းနင်း ဖြစ်သွားကြရတာ။ 

အဲဒီကာလထဲမှာ ကျနော့်သူငယ်ချင်းလည်းဆေးဘုတ်နဲ့ ထွက်ခွင့်ရသွားခဲ့တာပါ။ အများသူငါလို ငွေကြေး တတ်နိုင်လို့ မဟုတ်။ ဒါပေမဲ့ သူကလူဝင်ဆန့်တယ်ပြောရမယ်။ သူနဲ့ လက်ပွန်းတတီးနေဖူးတဲ့ လူကြီးကတော် တွေကသူ့ကိုချစ်ကြတယ်။ ဆရာကြီး ဦးသုခ လို ပုဂ္ဂိုလ်ကြီးနဲ့လည်း အကျွမ်းတဝင်ဆိုတော့အဲဒီအချိတ် အဆက်တွေနဲ့ အိုကေသွားတာ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အနှောင်အဖွဲ့တွေထဲကလွတ်အောင်ရုန်းထွက်သွား နိုင်တဲ့ သူငယ်ချင်းအပေါ်မှာ ကျနော်တို့ မုဒိတာပွားခဲ့ကြပါတယ်။
သူငယ်ချင်းအကြောင်းပြောနေရင်း ဆက်စပ်အကြောင်းအရာတွေ အမျှင်တန်းလာတော့ စာက ရှည်သွားပြီ။ လိုရင်းလေးပဲပြန်စကြအုံးစို့..။
………………………………………………………………………………

ကျနော့်သူငယ်ချင်း ကိုစိုးဟာ ယဉ်ကျေးဖော်ရွေ သဘောမနောဖြူစင်သူဖြစ်ပြီး သူတပါးအပေါ်ကူညီဖို့ရာ အမြဲ အသင့်ဖြစ်နေတတ်သူ။ သူ့အိတ်ထဲပါလာတဲ့ငွေကို သူငယ်ချင်းတွေ လိုသလိုနှိုတ်သုံးလို့ရတဲ့ ဘုံပိုင်ငွေကြေးလို သဘောထားနိုင်သူ။

သံလျှက်စွန်းရေတပ်ဘောလုံးကွင်းဘေးနားက တပ်သားသစ် စုဆောင်းရေးဌာနမှာ သူနဲ့ကျနော် စတင်တွေ့ဆုံသိကျွမ်းခဲ့တာပါ။ အဲဒီနေ့က ၄၇ လိုင်းကားပေါ်က အဆင်းမှာပဲ မိုးသဲသဲမဲမဲ ရွာချလို့ထီးပါမလာတဲ့ ကျနော် ကားမှတ်တိုင် ခေါင်မိုးလေးအောက်မှာ ဝင်ခိုနေရတယ်။စုဆောင်းရေးဌာနကို ရောက်ဖို့ ၃ မိနစ်လောက် လမ်း လျှောက်ရအုံးမှာ။ ဒီလိုနဲ့နောက်ကားတစီး ဆိုက်လာချိန်မှာ ကားပေါ်က ဆင်းလာသူတွေထဲ ကျနော် မျက်မှန်း တမ်းမိနေတဲ့တပ်သားသစ်လောင်း ၃-၄ ဦးလောက်ဆင်းလာတယ်။ ထီးတွေကိုယ်စီဖွင့်ပြီး စုဆောင်းရေးဌာနဆီဦးတည်သွားနေကြတာ တွေ့ရပါတယ်။

အဲဒီအထဲမှာတယောက်က ထီးဖွင့်အပြီး ဘေးဘယ်ညာ ဝေ့ကြည့်ရင်း မိုးခိုနေတဲ့ ကျနော့်ကိုတွေ့တော့ပြုံးပြကာ ခပ်သွက်သွက် လျှောက်လာတယ်။ ပြီးတော့ သူနဲ့အတူ လိုက်ခဲ့ဖို့ ခေါ်တယ်။မိုးကလည်း သဲထန် နေတာမို့ ထီးတလက် ၂ ယောက်ဆောင်းရင် မိုးမလုံမှာစိုးပြီးကျနော်လိုက်ဖို့ ငြင်းဆန်လိုက်တဲ့အခါ သူက အတင်းလက်ဆွဲ ခေါ်ပါတယ်။

‘လာပါဗျာ… ထီးတလက်က လူ ၂ ယောက်ကိုတဝက်စီတော့ လုံခြုံမှုပေးနိုင်ပါတယ်။ နောက်ဆို ခင်ဗျားနဲ့ ကျနော် ဒုက္ခတွေကိုအတူရင်ဆိုင် ဖြတ်ကျော်ကြရတော့မှာ.. တွေးပူမနေနဲ့ဟေ့လူ.. လာစမ်းပါ’

ပြောပြောဆိုဆိုကျနော့် ပုခုံးကို အတင်းဆွဲဖက်ခေါ်တာမို့ အလိုက်သင့်လေးပဲ ပါသွားခဲ့ရတယ်။ မိုးရေထဲ လမ်းလျှောက်ရင်းဘယ်မှာနေလဲ အပြန်အလှန် မေးဖြစ်ကြတော့ ကျနော်က မြောက်ဥက္ကကလာပ… သူနေတာက သင်္ကန်းကျွန်း၊ စံပြ။ဒီလိုနဲ့ ကျနော်တို့ ၂ ဦး တစထက်တစ ရင်းနှီးကျွမ်းဝင်လာကြတယ်။

သူ့မှာ ညီမလေးတဦးရှိပြီး အမေ မုဆိုးမကြီးနဲ့ အတူနေကြကြောင်း သိရပါတယ်။ သူက ဆယ်တန်းကို (ခ) အဆင့်နဲ့အောင်ထားတယ်။ ကျူရှင်မယူနိုင်တဲ့ အိမ်နီးချင်း ကျောင်းသားလေးတွေကို အခမဲ့ စာသင်ပေးတဲ့အလွတ်သင် ဆရာတဦးပေါ့။
………………………………………………………………………………………………

ကိုစိုးဟာဆယ်တန်းကို (ခ) အဆင့်နဲ့ အောင်မြင်တယ် ဆိုပေမဲ့ ပညာပါရမီ နည်းသူတဦးတော့ မဟုတ်ပါ။ လေ့လာမှုအားကောင်းသူလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်စာ အတော်ကောင်းတယ်။ နိုင်ငံခြားသားတဦးနဲ့ အဆင်ပြေအောင်စကားပြောနိုင်တဲ့ စွမ်းရည် ရှိသူပါ။ မြန်မာစာပေဘက်မှာလည်း ဘယ်အကြောင်းအရာကို ဆွေးနွေးဆွေးနွေးထိုက်သင့် အားလျော်စွာ ထောက်ပြဝေဖန်နိုင်သူ။ အထူးသဖြင့် ဟာသဥာဏ် နဲ့ ဇဝနဥာဏ် ရွှင်သူတဦးဖြစ်ပါတယ်။
ကျနော်တို့မော်လမြိုင် သင်တန်းကျောင်းကို ထွက်ခွာလာတဲ့ အခါ မုတ္တမ-မော်လမြိုင်သံလွင်မြစ်ကူး ကူးတို့ သင်္ဘောပေါ်မှာတင် ကဗျာရှည်တပုဒ် သူ စပ်ဆိုနိုင်ခဲ့လို့အံ့အားသင့်ကြရပါတယ်။

သင်တန်းကာလ တလျှောက်လုံးလည်း သူဟာသင်တန်းသားတွေနဲ့ ဆရာများအကြား ချစ်ကြည်ရေး အောင်သွယ်တော် တဦးပါပဲ။ သင်တန်းသားဆိုအသေနှိပ်ကွပ်ထားမှ ကျင့်သုံးတဲ့ ဆရာတချို့နဲ့ အကြောမာတဲ့ သင်တန်းသား တချို့ဟာမကြာခဏဆိုသလို ပြဿနာ တက်တတ်ကြတယ်။သင်တန်းကာလ ဆိုတော့လည်း မှားမှားမှန်မှန် သင်တန်းသားဟာ ခံဘက်က ရှိစမြဲပါ။

သူငယ်ချင်းတွေအပြစ်ကျပြီဆိုတာနဲ့ ကိုစိုးတယောက် အငြိမ်မနေရတော့ပါဘူး။ ကိုစိုး နဲ့ သင်တန်းဆရာတွေဆက်ဆံရေးအဆင်ပြေတာမို့ သူပြောပေးရင် ရနိုင်တယ်ဆိုပြီး ဝိုင်းအကူညီတောင်းကြတယ်။ တကယ်လည်းကိုစိုး ကြားဝင်အကြောလျှော့လိုက်တဲ့အခါ ပြေငြိမ်းသွားတာပါပဲ။ ဒါပေမဲ့ နွဲ့ဆိုးဆိုးတတ်တဲ့ညီငယ်တချို့ သူ့စေတနာကို မထောက်ထား စော်ကားသလို အပြောအဆို အပြုအမူမျိုးကြုံတွေ့ရတဲ့အခါသူဒေါပွ နေပြန်တယ်။ အဲလို ဖြစ်လာရင် သူနဲ့သက်တူရွယ်တူ ကျနော်တို့ဆီရောက်လာပြီး..  ‘ဒီကောင်တွေစေတနာနဲ့ မတန်ဘူး.. နောက်တခါ သူတို့ ဒုက္ခရောက်လို့များ ကူညီဖို့ ဝေးပါ့…ကျနော်ပြောသလိုမလုပ်ရင် ခင်ဗျားတို့ စီးထားနဲ့ ဖိနပ်နဲ့သာ ကျနော့်ပါးကိုအသားကုန်ရိုက်ထည့်လိုက်’  လို့ ပြောပြီး ၃-၄ ရက်လောက် စိတ်ဆိုးမပြေ နိုင်တော့ဘူး။

မကြာပါဘူးကိုမီးခွက်တို့ ပြဿနာတက်ကြပြန်ရော။ ဒဏ်ပေးခံရသူ ခံရ၊ အချုပ်ထဲရောက်သူရောက်။ဖြစ်လာပြန်တော့လည်း ကိုစိုးခမျာ မနေသာ။ မျောက်မီးခဲခုထိုင်မိသလို အိပ်ဆောင်ထဲ ခေါက်တုန့်ခေါက်ပြန် လျှောက်လိုက်၊ ကျနော်တို့အနားလာရပ်လိုက်နဲ့ ဂဏှာမငြိမ် ဖြစ်နေတာကို သတိပြုမိတဲ့ ကျနော်သူငယ်ချင်း တဦးက ‘ကိုစိုးခင်ဗျား ဘာဖြစ်နေတာလဲ.. ထိုင်မှာဖြင့်ထိုင်… သွားမှာဖြင့်သွား ခုတော့.. ဟိုမဟုတ်ဒီမဟုတ်နဲ့ ဘာလဲ ခင်ဗျား ပေးထားတဲ့ ကတိစကား မေ့သွားနေပြီလား’ ဆိုပြီး အကဲစမ်းသလို မေးရင်း ဖိနပ်ဦးကိုသူမြင်သာအောင် မြှောက်ပြလိုက်တဲ့အခါ…

‘ခင်ဗျားတို့ကလည်းဗျာ ကိုယ်ချင်းမစာကြဘူး…ကျနော်မသိယောင်ဆောင်နေလိုက်ရင် ဒီကောင်လေးတွေ ဒုက္ခကောင်းကောင်းရောက်တော့မှာ။ ကဲဗျာရိုက်ချင်လည်းရိုက်လိုက် ကျနော်သွားပြောမှကို ဖြစ်မှာပါ….’လို့ ကျနော်တို့ကိုပါ ဖျောင်းဖျနေတတ်သေးတယ်။ ပြီးတော့အမှတ်မရှိ ထပ်ကူညီပြန်တာပဲ။
သင်တန်းသားတဦးဦး ဖျားနာပြီဆိုလည်း သူပဲ ဒိုင်ခံပြုစု နေတော့တာ။ မိဝေးဘဝေး တနယ်တကျေးရောက်နေသူအဖို့ နွေးထွေးတဲ့ ပြုစုယုယမှုဟာ ရောဂါတဝက် သက်သာစေပါတယ်။

သင်တန်းကာလတွေဖြတ်သန်းပြီးတဲ့နောက် သူနဲ့ကျနော် အလှမ်းဝေးသွားပါတယ်။ သူက တနင်္သာရီဘက်မှာတာဝန်ကျပြီး ကျနော်က ဟိုင်းကြီးကျွန်းကို ရောက်သွားခဲ့တာပါ။ တာဝန်ကျရာနယ်မြေတွေမှာ သတ်မှတ် ကာလ ပြည့်မြောက်လို့ တိုင်းပြောင်းတင်ကြတဲ့အခါ ရန်ကုန်ကိုပြန်ရောက်လာကြပေမဲ့ တပ်/ဌာနချင်းတော့ မတူပါ။ သီးခြားတပ်ဖွဲ့တခုမှာ တာဝန်ကျတဲ့ကျနော်ဟာ သူရှိရာ တပ်မတော်မှတ်တမ်းရုံး (ရေတပ်မှတ်တမ်း ဌာန) ကို မှတ်တမ်းစစ်တာဝန်နဲ့ (၆) လတကြိမ်လောက် ပုံမှန်ရောက်ပါတယ်။ ဒီကြားထဲ တခြားကိစ္စတွေ ရှိတဲ့ အခါမှာလည်း မကြာမကြာ ရောက်တတ်ပါသေးတယ်။

သူနဲ့တွေ့တဲ့အခါတိုင်း ရောက်တတ်ရာရာအကြောင်းလေးတွေ ပြောဖြစ်ကြတယ်။ အဲဒီအချိန်မှာ သူဟာ စာပေရေးသားနေပါပြီ။ ‘မင်းဓမ္မ’ကလောင်အမည်နဲ့ ဘာသာရေးပိုင်းကို ရေးပြီး၊ ‘မောင်တည်တံ့(ဥဿာ)’ အမည်နဲ့ ကဗျာတွေ ရေးနေချိန်။ သူရေးတဲ့စာတွေမဂ္ဂဇင်းစာမျက်နှာတွေပေါ် စတင်တွေ့မြင်နေရချိန်ပါ။

သူနဲ့ကျနော် စာပေအကြောင်းဆွေးနွေးဖြစ်ခဲ့တဲ့ နေ့တနေ့ကိုတော့ ခုချိန်ထိ ကျနော် အမှတ်ရနေဆဲ။ အဲဒီနေ့က ထမင်းစားချိန်၊မှတ်တမ်းရုံးဈေးထဲက လက်ဖက်ရည်ဆိုင်တဆိုင်မှာ ကျနော်တို့ထိုင်ကြတယ်။ စာရေးဆရာတဦးအနေနဲ့ သူရေးတဲ့ စာအပေါ် တာဝန်ခံမှု ဘယ်လောက်ရှိဖို့ လိုတယ်/မလိုဘူး အပြန်အလှန်ဆွေးနွေး ငြင်းခုံ လိုက်ကြတာ… လေသံနဲ့ ဟန်အမူအယာတွေ ဘယ်လောက် ပြင်းထန်ပြီးပုံပျက်ပန်းပျက်ဖြစ်သွားတယ် မသိ… ဆိုင်ရှင် အဒေါ်ကြီး ကျနော်တို့နား ရောက်လာပြီး….  ‘သားတို့ရယ်…ရန်တော့ မဖြစ်ကြပါနဲ့ အဒေါ်တောင်းပန် ပါတယ်.. စိတ်ထိန်းကြပါ’… လို့လေပြေလေးနဲ့ ပြောမှ နှစ်ယောက်လုံး သတိထားမိတယ်။ ဒါနဲ့ ကျနော်တို့ နှစ်ယောက်ကြား ဘာပြဿနာမှ မရှိကြောင်း စိတ်မပူဖို့ ပြောပြပြီးလက်ဖက်ရည်ဖိုးရှင်း၊ ပုခုံးချင်းဖက်… ဆိုင်ထဲက ထွက်လာတဲ့အခါ အဒေါ်ကြီး ပါးစပ်အဟောင်းသားနဲ့ကျန်ခဲ့ရှာတယ်။
……………………………………………………………………

ကိုစိုး ရန်ကုန်တပ်ကိုပြန်ရောက်လာချိန်ကစပြီး သာသနာရေးနဲ့ လူမှုအဖွဲ့အစည်းတချို့မှာ အချိန်ပိုင်း ပူးပေါင်းပါဝင်လှုပ်ရှားနေတာ တွေ့ရပါတယ်။ ကျနော် ရုံးကိစ္စတခုနဲ့ မှတ်တမ်းရုံးကို ရောက်သွားချိန် ကိုစိုးရဲ့စားပွဲပေါ်မှာအလှူခံနှိုးဆော်စာတွေ တထပ်ကြီးတင်ထားတာ တွေ့မိလို့ ဖတ်ကြည့်လိုက်တဲ့အခါ မင်္ဂလာဒုံ ရွှေပေါ်ကျွန်းသာသနာ့ မြေမှာ ခင်ပွန်းကြီး(၁၀)ပါး အမျက်ပြေစေတီတော် တည်ထားကိုးကွယ်ဖို့ ဆော်သြထားတာတွေ့ရလို့ ကျနော့်မိခင် ဆုံးပါးစဉ်က ကျန်ခဲ့တဲ့ ဇာရံ(၁၈)လုံးပါ ရွှေနားကပ်တရံ လှူဒါန်းချင်တဲ့ သဒ္ဓါစိတ်ဖြစ်မိတယ်။ ဒါနဲ့ သင့်တော်မယ့် ရက်တရက်ချိန်းဆိုပြီး ရေတပ်အငြိမ်းစား အရာခံဗိုလ်၊ မှတ်တမ်းရုံးက ဆရာကြီးတချို့နဲ့ ကိုစိုးအပါအဝင် စေတီတော်ဖြစ်မြောက်ရေး ဂေါပကအဖွဲ့ထံ စေတနာသုံးတန် ပြဋ္ဌာန်းကာ လှူဒါန်း လိုက်ပါတယ်။အခြားသော လူမှုရေး၊ ပညာရေးလုပ်ငန်းတွေမှာလည်း ကိုစိုးပါဝင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တပ်က အနားယူပြီးတဲ့နောက်သူနဲ့ကျနော် မတွေ့ဖြစ်တော့ပါဘူး။ ‘အောင်မြေ ပရဟိတစာသင်ဝိုင်း’ ကို ဦးစီးလုပ်ဆောင်နေတယ်လို့သူငယ်ချင်းတဦးပြောပြချက်အရ သိရပါတယ်။ သူတို့နှစ်ဦးက တရပ်ကွက်တည်း အတူနေကြသူတွေဖြစ်ပြီးနှစ်ယောက်လုံး တာဝန်ချိန်ပြင်ပမှာ ကျူရှင်ပြသူတွေလည်း ဖြစ်ပါတယ်။ ရပ်ကွက်ထဲနေ လူအများစုကသူတို့ကို စစ်သားတဦးထက် ကျူရှင်ဆရာတဦးအနေနဲ့သာ သိထားကြတယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့၂၀၀၅ ဇူလိုင်လထဲ ရုံးအားရက်တနေ့မှာ အဲဒီသူငယ်ချင်းနဲ့ ကျနော်ချိန်းဆိုပြီး ကိုစိုးရှိနိုင်မယ့်သင်္ကန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်ထဲက ‘အောင်မြေစာသင်ဝိုင်း’ ရှိရာကို စက်ဘီးလေးနဲ့သွားခဲ့ ကြတယ်။ ဟိုရောက်တဲ့ အခါ ကျူရှင်နေရာပြောင်းသွားကြောင်း သိရလို့ ထပ်ရှာရပြန်ပါတယ်။စာသင်ဝိုင်း နေရာအသစ်ကို ရောက်ချိန်မှာ ကိုစိုး ကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရပါတယ်။

ဆောက်လက်စအဆောက်အဦလေးထဲမှာ ကိုစိုးနဲ့ သူတပည့်တချို့ စာအုပ်တွေ စားပွဲကုလားထိုင်တွေကို နေရာတကျစီစဉ်ချထားနေကြတယ်။ ကျနော်တို့ကို ကျောပေးပြီး အလုပ်ရှုပ်နေတဲ့ ရှန်သားဂျာစီလက်တို အဖြူနဲ့ယောပုဆိုး ဝတ်ဆင်ထားပြီး ဆံပင်တိုတို၊ ဝဖိုင့်ဖိုင့် လူတယောက်ကို တွေ့ရတော့ ရုတ်တရက်ကျနော် မမှတ်မိနိုင်ပါ။ ၄ နှစ်လောက်အတွင်း သူ့ပုံအတော်ပြောင်းလဲသွားပါလား… တကယ့်ကိုတည်ငြိမ်ရင့်ကျက်တဲ့ လူကြီးလူကောင်း ပုံစံကြီး ပေါက်လို့။

တွေ့ကြပြီးစကားစမြည်ပြောတော့လည်း ဖော်ရွေမှု အသုံးအနှုန်းတွေက အရင်အတိုင်းပါပဲ။ ခွဲခွာနေကြရတဲ့ကာလတွေအတွင်း သိချင်ပြောချင်တဲ့စကားတွေက ရင်ထဲမှာ မကုန်နိုင်။ လိုက်ပို့ပေးတဲ့ သူငယ်ချင်းကကျောင်းသားတွေ စာပြပေးစရာရှိလို့ဆိုကာ ကျနော့်ကို ထားခဲ့ပြီး ပြန်သွားပါတယ်။

အောင်မြေစာသင်ဝိုင်းကတကယ့် ပရဟိတ ပညာရေးဝန်ဆောင်မှုပါ။ သူတို့ စာသင်ဝိုင်းမှာ ကျူရှင်မထားနိုင်တဲ့ (၁၀) တန်းကျောင်းသားလေးတွေ ကျောင်းအိပ်ကျောင်းစား နေတာ တွေ့မိတယ်။ တက္ကသိုလ်ကျူတာတချို့ အချိန်ပိုင်း အခမဲ့ စာလာပြပေးတယ်လို့လည်း သိရပါတယ်။ ကိုစိုးရဲ့ စေတနာဝါသနာနဲ့တော့ အဲဒီအလုပ်ဟာ ကွက်တိ အံကိုက်ဖြစ်နေပါတယ်။

ကျနော်တို့ နှစ်ဦး တနေ့ခင်းလုံးစကားတွေပြောဖြစ်ကြတယ်။ သူက ခုနောက်ပိုင်း အလုပ်တွေများလို့ စာသိပ်မရေးဖြစ်တဲ့အကြောင်း ပြောရင်း သူရေးလက်စ စာမူတွေ ကျနော့်ကို ပေးဖတ်ပါတယ်။ ကျောင်းသားလေးတချို့ကျနော်တို့ အနား ရောက်ရောက်လာတတ်ပြီး သူတို့ဆရာ ဘာခိုင်းဦးမလဲ စောင့်ဆိုင်းနေတာသတိထား မိတယ်။ ကျောင်းသားတွေ သူတို့ဆရာကို အမြတ်တနိုး ခေါ်ဆိုတဲ့ နာမည်လေးက‘ရှိဖော်’ တဲ့။ ကျောင်းသားနဲ့ ဆရာ လူမြင်သာတဲ့ ဂုဏ်အလွှာတွေမခြားဘဲ လေးစားချစ်ကြည်စိတ်အပြည့်ဆက်ဆံရေးကို မြင်တွေ့ရတာ ကြည်နူးပီတိ ဖြစ်စရာ ကောင်းလှပါတယ်။

ညနေအတော်စောင်းတော့မှ ကိုစိုးနဲ့ကျောင်းသားလေးတွေကို နှုတ်ဆက်ပြီး ကျနော် အိမ်ပြန်လာခဲ့တယ်။ လမ်းထိပ်ဆိုက္ကားဂိတ်မှာ ကျနော့် ပုခုံးကိုဖက် လက်ကိုတင်းတင်းဆုပ်ကိုင်ရင်း ‘နေရာသိပြီဆိုတော့ နောက်လည်းအားတဲ့အချိန် လာလည်ဦးဗျာ’ …. လို့ ပြောခဲ့တဲ့.. သူ့ရဲ့ ဖိတ်ခေါ်စကားသံဟာ ကျနော်တို့နှစ်ဦးအကြား နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်လာမှာကို သူရောကျနော်ပါ မသိနိုင်ခဲ့။

အခုတော့ အခါအခွင့်သင့်လို့အဲဒီနေရာလေးကို နောက်တခေါက် ကျနော်ရောက်ဖြစ်ခဲ့ရင်တောင် သူနဲ့ဆုံတွေ့ နိုင်ခွင့် မရှိတော့။

ကိုစိုးရဲ့ဘဝက တိုသလောက် လှပါတယ်။ မိမိရဲ့ဘဝဖြစ်တည်မှုကို အတ္တဥခွံကျဉ်းကျဉ်းလေးထဲမှာပိတ်လှောင် မထားဘဲ ဘဝတလျှောက် အများကောင်းကျိုးအတွက် အားသွန်ခွန်စိုက် အကျိုးပြု ဆောင်ရွက်သွားခဲ့တဲ့ကျနော့်သူငယ်ချင်း ကိုစိုး ဘဝကူးကောင်းမှာ အသေအချာပဲလို့ တွေးတော ယုံကြည် နေမိပါတယ်။

လောကကိုအလှဆင် ကောင်းကျိုးဆောင်နိုင်သူတွေ အများကြီး ပေါ်ထွန်းလာနိုင်ပါစေ။

နေမင်းသူ
၃-၀၄-၂၀၁၃


ဗိုလ်ချုပ်အောင်ဆန်းနဲ့သက္ကလပ်အကျီင်္အကြောင်း

0
0
 ဗိုလ်ချုပ်အောင်ဆန်းနဲ့သက္ကလပ်အကျီင်္အကြောင်း ***********************************  ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် 1947ခုနှစ်၊ဇန်န၀ါရီလ 2ရက်နေ့တွင်လွတ်လပ်ရေးအတွက်ဆွေးနွေးရန် လန်ဒန်သို့ ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်စတင်ထွက်ခွာလာခဲ့ရာ  လန်ဒန်ထိအောင်တိုက်ရိုက်မသွားဘဲ အိန္ဒိယပြည် နယူးဒေလီမြို့တော်သို့ ၀င်နားခဲ့သေး၏။ရည်ရွယ်ချက်ကား ဗြိတိသျှအစိုးရနှင့် စကားမပြောမီ အိမ်နီးချင်းနိုင်ငံ အိန္ဒိယပြည်မှ ခေါင်းဆောင်ကြီးဂျဝါဟလာဟ်နေရူးနှင့် ရင်းရင်းနှီးနှီး ကြိုတင်တိုင်ပင်ဆွေးနွေးလိုသောကြောင့်ပင်ဖြစ်သည်။  ထိုနေ့ညနေဘက်တွင် နယူးဒေလီမြို့သို့ရောက်ပြီး အိန္ဒိယခေါင်းဆောင်ကြီး မစ္စတာနေရူး၏အိမ်မှာပင် တည်းခိုခဲ့သည်။သို့နှင့်ပင် ဗိုလ်ချုပ်အောင်ဆန်းသည် 1947ခုနှစ် ဇန်န၀ါရီ 2ရက်နေ့ညမှစ၍ 6ရက်နေ့အထိ နယူးဒေလီတွင် လေးရက်ကြာနေထိုင်ကာ အိန္ဒယခေါင်းဆောင်ကြီး မစ္စတာနေရူးနှင့် နိုင်ငံရေးပြဿနာများကိုကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတိုင်ပင်ခဲ့သည်။  ဇန်န၀ါရီ 4ရက်နေ့ညဘက် ဗိုလ်ချုပ်ညဘက် ဗိုလ်ချုပ်သည် မစ္စတာနေရူးနှင့် ဆက်လက်၍ပြောဆိုဆွေးနွေးကြပါသည်။ နေရူးသည် သူမှာ  ကြားလိုသော အချက်များကို ပြောဆိုပြီးနောက် ဗိုလ်ချုပ်အား မေးခွန်းတစ်ခုမေးပါသည်။ “ ဒါထက် အောင်ဆန်း၊မင်းအင်္ဂလန်ပြည်ရောက်ရင် ဘာအ၀တ်အစားဝတ်မှာလဲ” ဤတွင် ဗိုလ်ချုပ်သည် မည်သို့မျှ ပြန်မပြောဘဲ သူဝတ်ထားသော ကာကီဇင်ယူနီဖောင်း တစ်ပတ်နွမ်းကိုပြန်ငုံ့ကြည့်ရင်း ပြုံးနေလိုက်သည်။  သည်တော့ နေရူးသဘောပေါက်သွားပြီးအံ့သြနေပုံရပါသည်။ “ ဟာ...မင်းရဲ့ဒီအ၀တ်အစားမျိုးနဲ့ အလွန်အေးတဲံ့ လန်ဒန်မြို့ဆောင်းရာသီမှာ ဘယ်ဝတ်လို့ ဖြစ်မလဲကွယ့်၊ပြီးတော့ ဟိုကျရင်မင်းကို ဂျော့ဘုရင်မင်းမြတ်က ဘတ်ကင်ဟမ် နန်းတော်မှာ ပွဲတော်တည်ဖို့ ဖိတ်ချင်ဖိတ်နေမှာ၊အဆောင်အယောင်ပကာသန အလွန်ကြိုက်ကြတာ၊ဗြိတိသျှလူမျိုးပရိသတ်အလဘယ်မှာ မင်းက အ၀တ်အစား ပြည့်ပြည့်စုံစုံမပါရင် ခက်နေပါအုံးမယ် မဖြစ်ပါဘူး ကြည့်လုပ်ပေးလိုက်အုံးမှပဲ” ပြောပြောဆိုဆို မစ္စတာနေရူးသည် သူ၏အတွင်းဝန်တစ်ဦးအား ချက်ချင်းခေါ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွတပည့်ဖြစ်သူ ကျွန်တော့်အတွက်ပါ သင့်လျော်မည့်ဝတ်စုံများချုပ်ပေးရန် ညွှန်ကြားလိုက်ပါသည်။  ညတွင်းချင်းပင် အပ်ချုပ်ပညာသည်များ ရောက်လာပြီး စနစ်တကျ ကိုယ်တိုင်းများယူသွားကြပြီးနောက် 24နာရီအတွင်း(နောက်နေ့ညနေဘက်) ကျွန်တော်တို့ဆရာတပည့်နှစ်ယောက် အတွက် အနွေးထည် သိုးမွှေးသက္ကလပ်ဖြင့်ပြီးသော စစ်ဝတ်စုံ၊ရှပ်အကျီင်္၊နက်တိုင်လည်စီး၊ကက်ဦးထုတ်မှစ၍ အပြည့်အစုံရရှိခဲံ့ပါတော့သည်။ ဤနည်းဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် နယူးဒေလီမှ ခရီးဆက်သောအခါတွင်ပုံပမ်းကျနသပ်ရပ်စွာသော သက္ကလပ်  စစ်ဝတ်စုံယူနီဖောင်းဝတ်ပြီးထွက်နိုင်ခဲ့ပါသည်။  ယနေ့ ပြည်သူများသိနေသော ဗိုလ်ချုပ်၏လန်ဒန်သွား ဓါတ်ပုံထဲမှ သက္ကလပ် စစ်ဝတ်စုံယူနီဖောင်းမှာ သူကိုယ်တိုင်မြန်မာပြည်မှချုပ်ယူသွားခြင်းမဟုတ်၊အိန္ဒိယခေါင်းဆောင်ကြီး  မစ္စတာနေရူးက ဗိုလ်ချုပ်လန်ဒန်အသွားလမ်းခုလပ်တွင် အမြင်မတော်၍ ဆင်ပေးလိုက်သော လက်ဆောင်ပင်ဖြစ်တော့သတည်း...။ ။     ကိုးကား၊တက္ကသိုလ်နေ၀င်း(ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေး  ကြိုးပမ်းမှုမှတ်တမ်း)   ____________________________________ Reference and Credit to -Moekyashweco  Re-Post By ACM 4-4-2013 အေးချမ်းမွန် Credit & Copy From > News of Myanmar << Thank
 
ဗိုလ်ချုပ်အောင်ဆန်းနဲ့သက္ကလပ်အကျီင်္အကြောင်း
***********************************

ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်
1947ခုနှစ်၊ဇန်န၀ါရီလ 2ရက်နေ့တွင်လွတ်လပ်ရေးအတွက်ဆွေးနွေးရန် လန်ဒန်သို့ ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်စတင်ထွက်ခွာလာခဲ့ရာ
လန်ဒန်ထိအောင်တိုက်ရိုက်မသွားဘဲအိန္ဒိယပြည် နယူးဒေလီမြို့တော်သို့ ၀င်နားခဲ့သေး၏။ရည်ရွယ်ချက်ကား ဗြိတိသျှအစိုးရနှင့် စကားမပြောမီ အိမ်နီးချင်းနိုင်ငံ အိန္ဒိယပြည်မှ ခေါင်းဆောင်ကြီးဂျဝါဟလာဟ်နေရူးနှင့် ရင်းရင်းနှီးနှီး ကြိုတင်တိုင်ပင်ဆွေးနွေးလိုသောကြောင့်ပင်ဖြစ်သည်။
ထိုနေ့ညနေဘက်တွင် နယူးဒေလီမြို့သို့ရောက်ပြီး အိန္ဒိယခေါင်းဆောင်ကြီး မစ္စတာနေရူး၏အိမ်မှာပင် တည်းခိုခဲ့သည်။သို့နှင့်ပင် ဗိုလ်ချုပ်အောင်ဆန်းသည် 1947ခုနှစ် ဇန်န၀ါရီ 2ရက်နေ့ညမှစ၍ 6ရက်နေ့အထိ နယူးဒေလီတွင် လေးရက်ကြာနေထိုင်ကာ အိန္ဒယခေါင်းဆောင်ကြီး မစ္စတာနေရူးနှင့် နိုင်ငံရေးပြဿနာများကိုကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတိုင်ပင်ခဲ့သည်။
ဇန်န၀ါရီ 4ရက်နေ့ညဘက် ဗိုလ်ချုပ်ညဘက် ဗိုလ်ချုပ်သည် မစ္စတာနေရူးနှင့် ဆက်လက်၍ပြောဆိုဆွေးနွေးကြပါသည်။နေရူးသည် သူမှာ
ကြားလိုသော အချက်များကို ပြောဆိုပြီးနောက် ဗိုလ်ချုပ်အား မေးခွန်းတစ်ခုမေးပါသည်။
“ ဒါထက် အောင်ဆန်း၊မင်းအင်္ဂလန်ပြည်ရောက်ရင် ဘာအ၀တ်အစားဝတ်မှာလဲ”
ဤတွင် ဗိုလ်ချုပ်သည် မည်သို့မျှ ပြန်မပြောဘဲ သူဝတ်ထားသော ကာကီဇင်ယူနီဖောင်း တစ်ပတ်နွမ်းကိုပြန်ငုံ့ကြည့်ရင်း ပြုံးနေလိုက်သည်။
သည်တော့ နေရူးသဘောပေါက်သွားပြီးအံ့သြနေပုံရပါသည်။
“ ဟာ...မင်းရဲ့ဒီအ၀တ်အစားမျိုးနဲ့အလွန်အေးတဲံ့ လန်ဒန်မြို့ဆောင်းရာသီမှာ ဘယ်ဝတ်လို့ ဖြစ်မလဲကွယ့်၊ပြီးတော့ ဟိုကျရင်မင်းကို ဂျော့ဘုရင်မင်းမြတ်က ဘတ်ကင်ဟမ် နန်းတော်မှာ ပွဲတော်တည်ဖို့ ဖိတ်ချင်ဖိတ်နေမှာ၊အဆောင်အယောင်ပကာသန အလွန်ကြိုက်ကြတာ၊ဗြိတိသျှလူမျိုးပရိသတ်အလဘယ်မှာ မင်းက အ၀တ်အစား ပြည့်ပြည့်စုံစုံမပါရင် ခက်နေပါအုံးမယ် မဖြစ်ပါဘူး ကြည့်လုပ်ပေးလိုက်အုံးမှပဲ”
ပြောပြောဆိုဆို မစ္စတာနေရူးသည် သူ၏အတွင်းဝန်တစ်ဦးအား ချက်ချင်းခေါ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွတပည့်ဖြစ်သူ ကျွန်တော့်အတွက်ပါ သင့်လျော်မည့်ဝတ်စုံများချုပ်ပေးရန် ညွှန်ကြားလိုက်ပါသည်။
ညတွင်းချင်းပင် အပ်ချုပ်ပညာသည်များ ရောက်လာပြီး စနစ်တကျ ကိုယ်တိုင်းများယူသွားကြပြီးနောက် 24နာရီအတွင်း(နောက်နေ့ညနေဘက်)
ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်အတွက် အနွေးထည် သိုးမွှေးသက္ကလပ်ဖြင့်ပြီးသော စစ်ဝတ်စုံ၊ရှပ်အကျီင်္၊နက်တိုင်လည်စီး၊ကက်ဦးထုတ်မှစ၍ အပြည့်အစုံရရှိခဲံ့ပါတော့သည်။ ဤနည်းဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် နယူးဒေလီမှ ခရီးဆက်သောအခါတွင်ပုံပမ်းကျနသပ်ရပ်စွာသော သက္ကလပ်
စစ်ဝတ်စုံယူနီဖောင်းဝတ်ပြီးထွက်နိုင်ခဲ့ပါသည်။
ယနေ့ ပြည်သူများသိနေသော ဗိုလ်ချုပ်၏လန်ဒန်သွား ဓါတ်ပုံထဲမှ သက္ကလပ် စစ်ဝတ်စုံယူနီဖောင်းမှာ သူကိုယ်တိုင်မြန်မာပြည်မှချုပ်ယူသွားခြင်းမဟုတ်၊အိန္ဒိယခေါင်းဆောင်ကြီး
မစ္စတာနေရူးက ဗိုလ်ချုပ်လန်ဒန်အသွားလမ်းခုလပ်တွင် အမြင်မတော်၍ ဆင်ပေးလိုက်သော လက်ဆောင်ပင်ဖြစ်တော့သတည်း...။ ။



ကိုးကား၊တက္ကသိုလ်နေ၀င်း(ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေး
ကြိုးပမ်းမှုမှတ်တမ်း)

____________________________________
Reference and Credit to -Moekyashweco

Re-Post By ACM 4-4-2013
အေးချမ်းမွန် Credit & Copy From > News of Myanmar << Thank

နိုင်ငံတော်သမ္မတ၊ လူထုခေါင်းဆောင်နှင့် ကျွန်တော်တို့၏ အနာဂတ်

0
0




..................................................................................
(ပိုက်တင်)

သတိထားမိကြမလားတော့ မသိဘူး။ မြန်မာနိုင်ငံမှာ ထူးခြားတဲ့ သမိုင်းဝင် ဖြစ်ရပ်နှစ်ခု တိုက်တိုက်ဆိုင်ဆိုင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေ ပါတယ်။


မြန်မာနိုင်ငံတော်သမ္မတ ဖြစ်သူက နိုင်ငံတကာကိုလှည့်လည် သွားရောက်ပြီး အာဏာရှင်ခေတ်တစ် လျှောက်လုံး မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ ပျက်ယွင်းပြီး ခပ်စိမ်းစိမ်းဖြစ်နေခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ် တာ ကာလအတွင်းမှာမှ ပြန်လည် အဆင်ပြေလာတဲ့ နိုင်ငံများနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်နိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးကို ကောင်းမွန်အောင် ပြန်လည်ထူထောင်တဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာမှာ ပိုမိုမြန်ဆန်ကောင်းမွန်စေဖို့ မိတ်ဘက်နိုင်ငံများ တိုးပွားလာပြီး လိုအပ်တဲ့ အကူအညီ အထောက် အပံ့များ ပိုမိုရရှိနိုင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် နေပါတယ်။ သမ္မတဟာ ဥရောပနိုင်ငံများရဲ့ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်ပြီး ပြန်လည် ရောက်ရှိလာတဲ့အခါ လုံးဝအနား မယူဘဲ နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံဆီ ချက်ချင်း ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

အသက်အားဖြင့် ၆၀ ကျော် ၇၀ တန်းကို ရောက်ရှိနေပြီဖြစ်တဲ့ သမ္မတဟာ ပင်ပန်း နွမ်းနယ်နေတယ်ဆိုတာ အထူးပြောစရာ လိုမယ် မထင်ပါဘူး။ တိုင်းပြည်နဲ့လူထု အကျိုးစီးပွားအတွက် ကြိုးပမ်း အားထုတ်နေရခြင်း အတွက် သမ္မတဟာ ပင်ပန်းပေမယ့် လန်းဆန်း တက်ကြွနေပါတယ်။ ပင်ပန်းနေတဲ့ကြားက ပြုံးရွှင်နေတဲ့ သူရဲ့ပုံရိပ်မှာ သူ့ရဲ့စေတနာက ထင်ဟပ် ပေါ်လွင်နေပါတယ်။

အာဏာရှင်ခေတ် စနစ်ဆိုးအောက်မှာ နှစ်ပေါင်းများစွာ ပြားပြားဝပ်နေခဲ့ရတဲ့ မြန်မာလူထုရဲ့ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းခွင့် တိုးတက်ကြီးပွားခွင့် အတွက် ဘဝတစ်ခုလုံးကို မြှုပ်နှံပေးဆပ်ထားတဲ့ လူထုခေါင်းဆောင် ကတော့ သမ္မတရဲ့ နိုင်ငံခြားခရီးစဉ်များ သွားရောက်နေတဲ့ အချိန်နဲ့ တစ်ပြိုင်တည်းမှာ ပြည်တွင်းက ခက်ခဲကြီးမားတဲ့ အကျပ်အတည်းတစ်ခုကို ကြိုးစားဖြေရှင်းနေပါတယ်။

တခြားသူတစ်ယောက်သာဆိုရင် ပြေလည်အောင်ဖြေရှင်းဖို့ ခက်ခဲလှတဲ့ ပြဿနာတစ်ခုကို လူထုခေါင်းဆောင်ပီသစွာနဲ့ ရဲရဲဝံ့ဝံ့ တာဝန်ယူဖြေရှင်းနေတာ ဖြစ်ပြီး နိုင်ငံရေးလောကဓံရဲ့ အပြင်းထန်ဆုံး ရိုက်ခတ်မှုကိုလည်း ကြံ့ကြံ့ခံနေတာ အထင်အရှားမြင်တွေ့ နိုင်ပါတယ်။ နွေနေပူအောက်မှာ စိတ်ရောလူရော ပူလောင်နေပေမယ့် တိုင်းပြည်နဲ့ လူထုအတွက် အရေးကြုံနေတဲ့အတွက် ဘာကိုမှ ဂရုမထားနိုင်ဘဲ ရုန်းကန်လှုပ်ရှားနေတာ ဖြစ်ပါတယ်။ အညာဘက်ကနေ ပင်ပင်ပန်းပန်း ပြန်ရောက်လာတာနဲ့ အနားမယူဘဲ ချက်ချင်း မြန်မာ နိုင်ငံတောင်ဘက်စွန်းကို ချက်ချင်းခရီးဆက်ခဲ့တယ် ဆိုတာ ကြည့်ရုံနဲ့ လူထုခေါင်းဆောင်ရဲ့ စေတနာမေတ္တာကို အငြင်းပွားလို့ ရနိုင်မယ် မထင်ပါဘူး။ ဒီကြားထဲ ကိုယ်တိုင်က ဘာမှဝင်မကူဘဲနဲ့ စေတနာကိုတောင် မနာလိုဖြစ်ကြတဲ့ ဝေဖန်ကဲ့ရဲ့မှုတွေ၊ အတိတ်က အနစ်နာခံမှု တွေကို ချက်ချင်း မေ့လျော့ကုန်ကြပြီး စော်ကားမော်ကားပြုမူမှု တွေကိုပါ ဂရုမမူဘဲ သည်းခံခွင့်လွှတ်နေတာ တွေ့ရပါတယ်။

မျက်စိတစ်ဆုံးမကြည့်ဘဲ မျက်တောင်တစ်ဆုံးသာ ကြည့်တတ်သူတွေရဲ့ ဒေါသမာန်တွေကိုလည်း ရင်ဆိုင်နေရတာ တွေ့ရပါတယ်။

ဘာကိုမှဂရုမထားနိုင်ဘဲ ဇောနဲ့ကြိုးပမ်းနေတာ ဖြစ်ပေမယ့် သူ့ပုံရိပ်တွေကိုကြည့်ရင် အကြီးအကျယ် ပင်ပန်းနွမ်းနယ်နေတာ သိသာပါတယ်။

သမ္မတနဲ့ သက်တူရွယ်တူလောက် ရှိပြီး အသက်အရွယ်အားဖြင့် ကောင်းကောင်းအနားယူသင့်တဲ့ အရွယ်မှာ အညာနွေပူပူထဲ တောင်ကုန်းတွေပေါ် တစ်ကုန်းဆင်းတစ်ကုန်းတက် တစ်ရွာဝင်တစ်ရွာထွက် နဖူးက ချွေးစက်တွေ အဝီစိအထိကျအောင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေတဲ့ အဘွားအိုတစ်ယောက်ကို သနားစာနာညှာတာဖို့ အားလုံး သတိရနေကြမယ်လို့ မျှော်လင့်မိပါတယ်။ တခြားသူတွေကို တာဝန်ပေးရင် သူကိုယ်တိုင်ကိုယ်ကျ မဟုတ်တဲ့အတွက် အခုလောက် လွယ်လွယ်ကူကူ ပြေလည်အေးချမ်းဖို့ မဖြစ်နိုင်တာကို အမြော်အမြင် ရှိရှိ သိနားလည်တဲ့အလျောက် အသက်အရွယ်အားဖြင့်လည်း အိုမင်း နေရုံမက မိန်းမသားလည်းဖြစ်၊ လူတစ်ယောက်အတွက် တန်ဖိုးဖြတ်လို့ ဘယ်လိုမှမရနိုင်တဲ့ မိသားစုဘဝကို လုံးဝ စွန့်လွှတ်ထားခဲ့ပြီး တိုင်းပြည်နဲ့ လူထုအကျိုးစီးပွား အတွက် အသက်ကိုပါ ပေးအပ်ထားတဲ့ လူထုခေါင်းဆောင်ဟာ အခုရက်ပိုင်းအတွင်း စိတ်ရောလူပါ အကြီး အကျယ် ပင်ပန်းနွမ်းနယ်နေပြီ ဆိုတာ ကျွန်တော်တို့အားလုံး သတိ ထားမိကြမယ် ကရုဏာထားမိကြမယ်၊ စာနာမိကြမယ်လို့လည်း မျှော်လင့်မိပါတယ်။

တကယ်တော့ နိုင်ငံတော်သမ္မတနဲ့ လူထုခေါင်းဆောင်တို့ဟာ တိုင်ပင်ညှိနှိုင်း မထားဘဲ အခုလောလောဆယ် ဦးထမ်းပဲ့ထမ်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ တိုင်းရေးပြည်ရာများဟာ သမိုင်းမှာ မော်ကွန်းတွင်ရစ်မယ့် ကိစ္စများဖြစ်ပါတယ်။ ဒီထက်ပိုပြီး ထူးခြားတာက မြန်မာနိုင်ငံမှာ ဝါးအစည်းပြေသလို ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်မှုကို ပြန်လည်ရရှိနိုင်ဖို့ လမ်းစပေါ်လာခြင်း ဟာလည်း အဲဒီ ခေါင်းဆောင်နှစ်ယောက် ပေါ်ထွက်လာခြင်း ကြောင့်သာ ပိုမိုအဆင်ပြေ လွယ်ကူသွားရခြင်း ဖြစ်ပါတယ်။ တပ်မတော်နဲ့ လူထုကြား ခိုင်မာနွေးထွေးတဲ့ စည်းလုံး ညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့ စစ်ဗိုလ်ချုပ်ကြီး တစ်ဖြစ်လဲ သမ္မတဟာ လူထုယုံကြည် ကိုးစားလောက်တဲ့ နိုင်ငံတည်ဆောက်သူ ခေါင်းဆောင်တစ်ယောက် ဖြစ်ကြောင်း ၂ နှစ်တာ ကာလအတွင်းမှာ အထင်အရှား ပြသနိုင်ခဲ့ပါတယ်။ အခုအခါမှာ တပ်မတော်သားများ အပါအဝင် လူထုတစ်ရပ်လုံးရဲ့ လေးစားကြည်ညိုမှုကို ရရှိခဲ့ပြီး တိုင်းပြည်ရဲ့ ဆိုးရွားခဲ့တဲ့ကံကြမ္မာကို တစ်ဆစ်ချိုး ပြောင်းလဲပစ်နိုင်ဖို့ တပ်မတော်ကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပါတယ်။

နိုင်ငံရေးအင်အားစုများအားလုံးနဲ့ လူထုတစ်ရပ်လုံးကို ဦးဆောင်ဦးရွက်ပြုကာ အာဏာရှင်စနစ် အဆုံးသတ်ပြီး ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့ ကမ္ဘာ့သမိုင်းမှာ အထင်ရှားဆုံး လူထုခေါင်းဆောင် ကိုလည်း မြန်မာနိုင်ငံနဲ့ မြန်မာလူထုက ရရှိပိုင်ဆိုင်ထားပါတယ်။ အမှန်တရားကို လုပ်ကိုင်ဖို့၊ ပြောဆိုဖို့အတွက်ဆိုရင် လူထုအကျိုးစီးပွား အတွက် ဆိုရင် အမုန်းခံ၊ အစော်ကားခံရတာကို မက ဘာကိုမှ ဂရုမထားဘဲ ရဲစွမ်းသတ္တိရှိရှိ၊ အမြော်အမြင်ရှိရှိ၊ စေတနာအပြည့်နဲ့ လက်တွေ့ ကျကျ ဆောင်ရွက်နေတဲ့ လူထုခေါင်းဆောင်ရဲ့ အခုလတ်တလော စွမ်းဆောင်ချက်တွေကနေ စစ်အုပ်ချုပ်ရေးက ဒီမိုကရေစီ အုပ်ချုပ်ရေး အသွင်ပြောင်းလဲ ပေါ်ပေါက်လာတဲ့ အစိုးရနဲ့ အတိုက်အခံ တို့အကြား နားလည်မှု၊ ယုံကြည်မှုများ တိုးပွားလာစေခဲ့ခြင်းက တိုင်းပြည်နဲ့ လူထုအတွက် အရှုံးထဲက အမြတ်လို့ ဆိုရမယ်ဖြစ်ပါတယ်။

လူထုခေါင်းဆောင်ဟာ အာဏာရှင်ခေတ်တုန်းက အစိုးရအပေါ် ဆန့်ကျင်မှုပြုခဲ့သမျှဟာ အမုန်းကြောင့် မကျေနပ်ချက်ကြောင့် မဟုတ်ဘဲ အမှန်တရားအတွက် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း လက်တွေ့ပြသ လိုက်သလို ဖြစ်ခဲ့ရပါတယ်။

လတ်တလော အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရာမှာ နိုင်ငံရေးသမားအတွက် လိုအပ်တဲ့ လူထုထောက်ခံမှု ကျဆင်း သို့မဟုတ် ဆုံးရှုံးမှာကိုပင် မငဲ့ကွက်ဘဲ မှန်ရာကို ရဲရဲဆောင်ရွက် ခဲ့တာ အထင်အရှား မြင်တွေ့ရပါတယ်။ အစိုးရက အတိုက်အခံ ခေါင်းဆောင်အပေါ် နားလည်မှု ပိုမိုလာခြင်းက ဒီမိုကရေစီစနစ် ပေါ်ထွန်းဖို့ အခြေခံအကျဆုံးဖြစ်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးအတွက် ကြီးမားတဲ့ ရလဒ်တစ်ခု ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။ သမ္မတနဲ့ လူထုခေါင်းဆောင်လို အားလုံးက လေးစားယုံကြည်တဲ့ ခေါင်းဆောင်တွေက ဦးဆောင်ပြီး ရင်ကြားစေ့မပေးဘဲ ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုကို လုံးဝမရရှိနိုင်ဘူးဆိုတာ သတိပြုကြစေ ချင်ပါတယ်။ မညီညွတ်ဘဲ ဒီမိုကရေစီ မခိုင်မာနိုင်ပါဘူး။

လူထုဟာ ခါးသီးစက်ဆုတ်ဖွယ်ရာ ခေတ်ဆိုးစနစ်ဆိုးကြီး တွေကို ငရဲခန်းလို ဖြတ်သန်းခဲ့ကြရတာပါ။ အခုအခါ တပ်မတော်ထဲက ပေါ်ထွက်လာတဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ လူထုရှေ့က မားမား မတ်မတ်ရပ်တည်ပြီး အာဏာရှင်များကို တွန်းလှန်ခဲ့တဲ့ လူထုခေါင်းဆောင် တစ်ယောက် ရရှိပိုင်ဆိုင်နေခြင်းကို လူထုတစ်ရပ်လုံးက အထူးတလည် တန်ဖိုးထားသင့်တယ်လို့ ယူဆပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ အချိန်မှာ တိုင်းပြည်အတွက် ရှားပါးလှတဲ့ တန်ဖိုးရှိလှတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဆုံးရှုံးခဲ့ရတဲ့ အတွက် နောက်ထပ် ခေါင်းဆောင်ကောင်းတွေ ပေါ်ပေါက်လာဖို့ အခြေအနေ မရှိခဲ့တဲ့အတွက် ဘယ်လောက်တောင် ဒုက္ခသုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ် ဆိုတာ မေ့မပစ်သင့်ဘူးလို့ ယူဆမိပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်ဖို့ လက်ရှိအခြေအနေ အချိန်အခါမှာ ဒီခေါင်းဆောင်နှစ်ဦးမရှိရင် မဖြစ်တဲ့အနေအထားမှာ ရှိပါတယ်။ တိုင်းပြည်ကို ကောင်းမွန်အောင် တည်ဆောက်ခွင့်ကို ကျွန်တော်တို့ ဒီတစ်ကြိမ် ပြန်ဆုံးရှုံးရင် နာလံ ထူနိုင်တော့မှာ မဟုတ်ပါဘူး။

နောက်တစ်ခါ အခုလို အခြေအနေပေးဖို့ဆိုတာ လုံးဝမျှော်လင့်လို့ မရနိုင်တော့ပါဘူး။
အာဏာရှင်ခေတ်များမှာ ကျွန်တော်တို့ဟာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးပျက်စီး ခဲ့ကြရပါတယ်။ လွတ်လပ်ခွင့် တွေလည်း ဆိတ်သုဉ်းပျောက်ကွယ် ခဲ့ကြရပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာ ဘယ်ဒေသမှာပဲနေနေ၊ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ်၊ ဘာအသက်မွေးဝမ်းကျောင်း အလုပ်ကိုပဲလုပ်လုပ် အားလုံး ဆုံးရှုံး နစ်နာခဲ့ကြရတာပါ။ အခုအခါမှာ ခေါင်းဆောင်ကောင်းတွေလည်း ရရှိပိုင်ဆိုင်ထားပြီး မျှော်လင့်ချက်တွေလည်း ရောင်နီသန်း လာခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ၊ ကျွန်တော်တို့ လွတ်လပ်ခွင့်တွေ ပြန်လည်ရရှိပြီလို့ ပြောလို့မရသေးပါဘူး။အလွယ် တကူနဲ့ ကာလတိုကလေးအတွင်း လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်၊တိုးတက်ကြီးပွားခွင့်တွေ အပြည့်အဝ ပြန်လည်ရရှိဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ကိစ္စပါ။ ရုန်းကန်ရင်ဆိုင်ကြရပါဦးမယ်။ လက်ရှိ ရှိနေတဲ့ မျိုးဆက်များဟာ မိမိတို့အခွင့်အရေးများကို ရရှိဖို့ဦးစားမပေးဘဲ သေချာတဲ့ ခိုင်မာတဲ့ အနာဂတ်တစ်ခုကို နောင်တစ်ချိန်လူလုပ်မယ့် မျိုးဆက်များအတွက် တည်ဆောက်ပေးခဲ့ဖို့ ဦးစားပေး စဉ်းစား ဆောင်ရွက်မှသာ အဓိပ္ပာယ်ရှိတဲ့ လက်တွေ့ကျတဲ့အလုပ် ဖြစ်နိုင်ပါလိမ့်မယ်။ လွတ်လပ်ခွင့်၊ တိုးတက်ကြီးပွားခွင့်နဲ့ ငြိမ်းချမ်းရေးတို့ အတွက် အာမခံချက်ရှိတဲ့ စနစ်ကောင်းကောင်းတစ်ခုကို နောက်လူ တွေအတွက် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ဖို့ အနစ်နာခံကြရပါ လိမ့်မယ်။ လတ်တလော အကျိုးစီးပွားတွေကို လုပ်သင့်သလောက် လုပ်ပြီး မျက်ကွယ်ပြုသင့်သလောက် မျက်ကွယ်ပြုကြရ ပါလိမ့်မယ်။

ကျွန်တော်တို့ရှေ့က လူလုပ်သွားတဲ့ မျိုးဆက်တွေ တာဝန် မကျေခဲ့လို့၊ အမြော်အမြင်နည်းခဲ့လို့၊ နေသာသလိုနေခဲ့ကြလို့၊ ကိုယ်ကျိုးကြည့်ခဲ့ကြလို့ အခု ကျွန်တော်တို့ခေတ်မှာ ဆုတ်ယုတ် ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။ ဆုံးရှုံးနစ်နာခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့က အမြော်အမြင်နည်းမယ်၊ အမှားတွေ ကျူးလွန်မယ်၊ ကိုယ့်အတ္တအတွက်ပဲ ကြည့်ကြမယ်ဆိုရင် အနာဂတ်မှာ လူလုပ်ကြမယ့် နောက်မျိုးဆက်သစ် တွေက ပြစ်တင်ရှုတ်ချတာ၊ ကဲ့ရဲ့အထင်သေးတာကို ကျွန်တော်တို့ အကြီးအကျယ်ခံကြရပါ လိမ့်မယ်။ လတ်တလောရရှိမယ့် အကျိုးစီးပွားကို ဦးစားပေးပြီး အမြော်အမြင်မဲ့ အဆင်ခြင်မဲ့ လုပ်ကြရင် ဒီမိုကရေစီ ဆိုတာလည်း အိပ်မက်အဖြစ်မှာပဲ ပျောက်ကွယ်သွားမှာ အသေအချာ ဖြစ်ပါတယ်။

ကံကောင်းထောက်မလို့ အကြောင်းတရားတွေ တိုက်ဆိုင်လို့ တပ်မတော်ထဲကနေ ပေါ်ပေါက်ရရှိလာတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်နဲ့ လူထုရှေ့မှာ ဘဝတစ်ခုလုံးပေးပြီး ရပ်တည်နေတဲ့ ခေါင်းဆောင် တစ်ယောက် တစ်ပြိုင်နက်ရရှိနေတဲ့ အချိန်အခါမှာ အဲဒီ ခေါင်းဆောင်တွေရဲ့တန်ဖိုးကိုသိပြီး အခြေအနေ ကိုလည်း ကောင်းကောင်းသုံးသပ်မိမယ်၊ အဲဒီခေါင်းဆောင်တွေနဲ့ အတူ လူထု တစ်ရပ်လုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးစားရုန်းကန် မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ဟာ မကြာခင်အချိန် အတွင်းမှာ အာရှတိုက်တစ်ခုလုံးရဲ့ ရှေ့ဆုံးနေရာကို သေချာပေါက်ပြန်လည် ရောက်ရှိလာတော့မယ်ဆိုတာ ကျွန်တော်အခိုင်အမာ ပြောဝံ့ပါတယ်။

အာရှရဲ့ ထိပ်တန်းနိုင်ငံဘဝ ပြန်ရဖို့ အကြောင်းတရားတွေက များစွာရှိနေပါတယ်။ မြင်အောင်ကြည့်၊ သိအောင်လုပ်ပြီး ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ကြ စေချင်ပါတယ်။ တိုင်းပြည်ရဲ့ အခြေခံကောင်း တွေကိုလည်း တန်ဖိုးထားမယ်။ ခေါင်းဆောင်ကောင်း တွေကိုလည်း ဝန်တိုစိတ်မထားဘဲ လေးလေးစားစား တန်ဖိုးထား မယ်။ တစ်ဦးကိုတစ်ဦး၊ တစ်ဖွဲ့ကိုတစ်ဖွဲ့ သည်းခံခွင့်လွှတ် လေးစား ချစ်ခင်ကြမယ်။ အတိတ်က အမှားတွေကို ရိုးမယ်ဖွဲ့မနေဘဲ လက်ရှိ အချိန်ကို အနာဂါတ်အတွက် အထိရောက်ဆုံး အသုံးပြုပြီး ကိုယ်စွမ်း သလောက်လည်း စည်းစည်းလုံးလုံးနဲ့ တိုင်းကျိုးပြည်ကျိုး သယ်ပိုး ကြမယ်ဆိုရင် ဒီမိုကရေစီခရီးဟာ နီးသထက်နီးလာ ပါလိမ့်မယ်လို့ ပြောပါရစေ။

(http://www.thevoicemyanmar.com/index.php/perspective/item/3747-nnd.html)

ဒေါ်အောင်ဆန်းစုကြည်ဟာ အရှေ့တောင်အာရှဒေသအတွက်ပါ ဒီမိုကရေစီသင်္ကေတ

0
0


===================================
အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ မစ္စတာက၀ီချောင်ကစ်ဒါဗွန်နှင့် တွေ့ဆုံမေးမြန်းခြင်း

ဉာဏ်လင်းမေးမြန်းသည် (Photo: Hnin Ko Oo)

MAWKUN: တချို့ ဝေဖန်နေကြတာတစ်ခုရှိတယ်။ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ ထက်ပဲ အနောက်နိုင်ငံတွေနဲ့ ပိုပြီး နီးနီးကပ်ကပ်ရှိတယ်ဆိုပြီး ဝေဖန်နေကြတာရှိတယ်။ ခင်ဗျားအမြင်က...။


KAVI: အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ (အရှေ့တောင်အာရှ)ဒေသအတွက် တော်တော် အခရာကျပါတယ်။ ကျွန်တော်ပြောနေကျတစ်ခုရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက်ပဲ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးရဲ့ သင်္ကေတမဟုတ်ဘူး။ အရှေ့တောင်အာရှ ဒေသအတွက်ပါ ဒီမိုကရေစီသင်္ကေတဖြစ်တယ်ဆိုတာ။ ဘာလို့ လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွက် အင်မတန်တန်ဖိုးရှိတဲ့ ဥပမာ ကောင်းတစ်ခုပဲ။

ကျွန်တော်ထင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ ခရီးစဉ်ပြီးတဲ့နောက်မှာ အာဆီယံနိုင်ငံတွေရဲ့ အရေးကိစ္စတွေ အပေါ် ပိုပြီး အာရုံစိုက်လာလိမ့်မယ်ဆိုတာ။ သူ အဲဒီလိုလုပ်လိမ့် မယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှုရှိတယ်။ ဘာလို့ အဲဒီလိုယုံကြည်ထားသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ပြီးသွားပါပြီ။ ကျွန်တော်တို့ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်ဟောင်း အဗီဆစ်နဲ့လည်း တွေ့ပြီးသွားပြီ။ သူတို့ဟာ ဒီမိုကရေစီတန်ဖိုးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆို တာတွေလည်း လုပ်ခဲ့ကြတယ်။

နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသတွင်း နိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေးကိစ္စတွေအပေါ်ကို ပိုပြီး အာရုံစိုက်လာလိမ့် မယ်လို့ ကျွန်တော်မျှော်လင့်ထားတယ်။ ထိုင်းမှာရှိတဲ့ ဗမာရွှေ့ ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီးတော့လည်း အပြုသဘော ဆောင်တဲ့ မှတ်ချက်တွေ ပြုသွားခဲ့ပါတယ်။

အာဆီယံနိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့၊ ပိုမိုကောင်းမွန်စေဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အသုံး ချလိမ့်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ သူဟာ အာဆီယံ ဒေသတွင်းမှာ က္ဘာက အသိအမှတ်ပြုရတဲ့ တစ်ဦးတည်းသော အတိုက်အခံခေါင်းဆောင်တစ်ယောက်ဖြစ်သလို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကိုလည်း ရရှိထားသူဖြစ်တယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ အာဆီယံအတွက် တစ်ခုခုပြောမယ်ဆိုရင် တော်တော် ကောင်းမှာပဲ။ (ဒါပေမဲ့) အာဆီယံနဲ့ပတ်သက်ပြီး အကျဉ်းချုပ် သဘောလောက်ပဲ သူပြောခဲ့တယ်ဆိုတာကို ကျွန်တော်မှတ်မိ သေးတယ်။

သူဟာ ဗမာပြည်ကို အာဆီယံတစ်ခုလုံးရဲ့ ရှေ့ကို ရောက် စေချင်တယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်။ တကယ်ဆိုရင် မြန်မာနိုင်ငံ အနေနဲ့ အာဆီယံကို ဦးဆောင်နိုင်ဖို့ဆိုတာဟာ ခက်ခက်ခဲခဲနိုင် လှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်တော် ပြောပြမယ်။ မြန်မာ ပြည်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေး နယ် ပယ်နှစ်ခုစလုံးမှာ အာဆီယံတစ်ဖွဲ့လုံးကို ကျော်ပြီး ရှေ့ကို ရောက် နေပါပြီ။ အားနည်းချက်တွေ အများကြီးရှိနေသေးတယ်ဆိုတာ လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးလုပ်လိုက်တဲ့ ဟာတွေကို ကြည့်မယ်ဆိုရင် ထိထိရောက်ရောက်ရှိခဲ့တာကို တွေ့ ရတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဆီယံကို စိတ်ဝင် တစားရှိမယ်ဆိုရင် ဒေသတွင်းမှာ အာဆီယံရဲ့ ပုံရိပ် ပိုမိုကောင်း မွန်လာနိုင်သလို နိုင်ငံတကာမှာလည်း ပိုပြီး ကောင်းလာနိုင်ပါ တယ်။ တစ်ချိန်တည်းမှာပဲ သူဟာ တော်တော်သတိထားရမယ့် ဟာတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီ၊ လူ့အခွင့် အ ရေးတို့နဲ့ ပတ်သက်လာရင် သူ့ရဲ့ စံနှုန်းက တော်တော်မြင့်တယ်။

ကျွန်တော် စောစောက ပြောခဲ့သလိုပဲ။ အာဆီယံရဲ့ ဒီမို ကရေစီစံနှုန်းနဲ့ လူ့အခွင့်အရေးစံနှုန်းဆိုတာတွေဟာ အနောက် နိုင်ငံတွေနဲ့ နည်းနည်းကွာခြားတယ်။ ဆိုတော့ (အာဆီယံခေါင်း ဆောင်တွေနဲ့) ဆက်ဆံဖို့ သူ့ရဲ့အတွေးအခေါ်ကို နည်းနည်း ချိန် ညှိဖို့ လိုလိမ့်မယ်။ ဆိုလိုတာက သူ့ရဲ့ စံနှုန်းတွေကို ပြောင်းပစ်လိုက် ဖို့ ပြောတာမဟုတ်ဘူး။ ချဉ်းကပ်နည်းအမျိုးမျိုးရှိတယ်ဆိုတာ ကိုပြောတာ။

MAWKUN: မြန်မာပြည်အနောက်ဘက်ခြမ်းက ပဋိပက္ခမှာ သူ့ အနေနဲ့ ဘာမှမပြောဘဲ ခပ်မဆိတ်နေနေတယ်ဆိုပြီး နိုင်ငံ တကာက ဝေဖန်နေတာတွေကြားရတယ်။ ဒီအပေါ်မှာ ဘာများ ပြောချင်တာရှိလဲ။

KAVI: (အဲဒီပဋိပက္ခ) အခြေအနေက တော်တော် ဆုံးဖြတ်ရ ခက်တဲ့ အနေအထားတစ်ခုပဲ။ သူ့ခံစားချက်ကို ကျွန်တော် နား လည်လို့ရတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူမှတ်ချက်မပေးဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ပြောစကားဟာ ဘာမှ ထိရောက်မှာ မဟုတ်ဘူးဆိုတာ သူသိနေလို့။

လူ့အခွင့်အရေးနဲ့ပတ်သက်လာရင် ဒေါ်အောင်ဆန်းစု ကြည်ဟာ တော်တော် တက်တက်ကြွကြွ ပြောဆိုတာတွေ ရှိခဲ့ပါ တယ်။ ဒီကိစ္စမှာကျတော့ ရှုပ်ထွေးမှုတွေ ရှိနေတာရယ်၊ အင် မတန် ထိလွယ်ရှလွယ်အနေအထားဖြစ်နေတာရယ်ကြောင့် ၀င် မပြောဘဲနေခဲ့တာလို့ပဲထင်တယ်။ ကျွန်တော်ကတော့ သူနဲ့ သဘောထားချင်းတိုက်ဆိုင်တယ်လို့ပဲ ပြောရမယ်။ အခု အနေ အထားမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပေးဖို့ကိုတော့ သူ့အနေနဲ့ ပြောလာတာတွေ့ရတယ်။

MAWKUN: အာဆီယံ-မြန်မာ အနာဂတ်ဆက်ဆံရေးနဲ့ ပတ် သက်ပြီးတော့ ဘယ်လိုမြင်လဲ။

KAVI: အရေးကြီးဆုံးကတော့ မြန်မာဟာ အာဆီယံရဲ့ အခန်း ကဏ္ဍကို အသိအမှတ်ပြုရပါလိမ့်မယ်။ တိုင်းပြည်တွင်း ဖြစ်ထွန်း တိုးတက်မှုတွေကို ပြောတဲ့အခါမှာ အာဆီယံရဲ့ အကြောင်းကို မြန်မာအစိုးရက သိပ်ပြီး ထည့်ပြောလေ့မရှိဘူး။ နားလည်ပေးလို့ တော့ရပါတယ်။ အာဆီယံဟာ အဖွဲ့အစည်းတစ်ခု၊ ၀င်ရောက်စွက် ဖက်ခွင့်မရှိတဲ့ အဖွဲ့အစည်းပါ။

ဒါပေမဲ့ အာဆီယံဟာ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စမှာ တော်တော်အပြုသဘောဆောင်ခဲ့ပါတယ်။ အဲဒါကြောင့် ကိုယ့် နိုင်ငံဖွံ့ဖြိုးဖို့ကို အကူအညီပေးခဲ့တဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့လိုတယ်လို့ ပြောရတာပါ။ နာဂစ်ဆိုင်ကလုန်း တုန်းကလည်း အကူအညီတွေပေးခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကို ပြန်ကြည့်မယ်ဆိုရင် အာဆီယံဟာ မြန်မာပြည်ဘက်က နေ အမြဲတမ်း ရပ်တည်ပေးခဲ့တာကို တွေ့ရပါလိမ့်မယ်။

လူဇင်ဘတ်မှာ အာဆီယံ- EU (ဥရောပသမဂ္ဂ) အစည်း အဝေးလုပ်တုန်းက ဗမာပြည်နဲ့ပတ်သက်ပြီး EU က အာဆီယံကို ထိုးနှက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကို ကျွန်တော်မှတ်မိနေပါသေး တယ်။ အာဆီယံကပြောတယ်။ ကျွန်တော်တို့ ပြဿနာကို ကျွန် တော်တို့ဘာသာ ရှင်းမယ်။ လာမရှုပ်နဲ့ဆိုပြီးတော့။ အာဆီယံဟာ သူ့နောက်ကနေ အမြဲတမ်း ကျားကန်ပေးထားလို့သာ မြန်မာက အာဆီယံရဲ့ အခန်းကဏ္ဍကို အနည်းငယ် အသိအမှတ်ပြုတဲ့အနေ အထားလို့ ကျွန်တော်ထင်တယ်။

နောက်ပြီး ဆူရင်ပစ်ဆာဝင် (အာဆီယံအထွေထွေအတွင်း ရေးမှူးချုပ်)ရဲ့ အခန်းကဏ္ဍကလည်း (နာဂစ်လေဘေးသင့်သူတွေ ကို ကူညီဖို့) သုံးပွင့်ဆိုင်အဖွဲ့ဖွဲ့တဲ့နေရာမှာ တော်တော် အခရာကျ ပါတယ်။ ကျွန်တော်မှတ်မိသေးတယ်။ အဲဒီတုန်းက အဲဒီသတင်း ကို ရေးဖို့ ကျွန်တော် စောင့်နေတာ။

ဆူရင်ဟာ တွန်းအားပေးပြီးရင်း ပေးတယ်။ နောက်ဆုံး တော့ မြန်မာအစိုးရဟာ (သုံးပွင့်ဆိုင်ဖွဲ့ဖို့) သဘောတူလိုက်တယ်။ ပြန်လည်တည်ဆောက်ရေးကိစ္စတွေမှာ ပြင်ပက အကူအညီပေး ချင်တဲ့လူတွေအတွက် ဆူရင်က စနစ်တစ်ခုကို တည်ဆောက်ပေး နိုင်ခဲ့တယ်။

အဲဒီဖြစ်ရပ်က ယုံကြည်မှုတစ်ခုကို တည်ဆောက်ပေးလိုက် ရာကျတယ်။ အဲဒါဘာလဲဆိုတော့ နိုင်ငံတကာက မြန်မာနိုင်ငံကို ထိခိုက်နာကျင်အောင်လုပ်ဖို့မဟုတ်ဘူး၊ ကူညီချင်ကြတယ်ဆို တာ မြန်မာအစိုးရအနေနဲ့ ယုံကြည်မှုရှိလာခဲ့တယ်။

နောက် အာဆီယံခေါင်းဆောင်တွေဟာ ဘာသိလာကြလဲ ဆိုတော့ မြန်မာခေါင်းဆောင်တွေနဲ့ မြန်မာပြည်သူတွေဟာ သူတို့ ကိုယ်သူတို့ တအားဂုဏ်ယူကြတယ်ဆိုတာ။ ကျွန်တော် သတိ ထားမိတဲ့ နောက်တစ်ချက် ဗမာခေါင်းဆောင်တွေက ပြောလေ့ ပြောထရှိတယ်၊ ငါတို့ ပြုပြင်ပြောင်းလဲရေးလုပ်တယ်ဆိုတာ လုပ် ဖို့ လိုအပ်လို့ လုပ်တာ၊ ငါတို့ ပြုပြင်ပြောင်းလဲတယ်ဆိုတာက အဲဒါ ငါတို့တစ်တွေကိုယ်တိုင် အပြောင်းအလဲလုပ်ချင်လို့၊ ငါတို့ ပြုပြင် ပြောင်းလဲရေးလုပ်တယ်၊ ဘာလို့လဲဆိုတော့ ငါတို့ ပြည်သူလူထု က ပြောင်းလဲစေချင်လို့။

ဒီအပြောင်းအလဲတွေဟာ ပြည်ပနိုင်ငံတစ်ခုခုနဲ့ ပတ်သက် တယ်၊ ပြည်ပက တွန်းအားတစ်စုံတစ်ရာနဲ့ ပတ်သက်တယ်လို့ တော့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ပြည်ပမီဒီယာတွေမှာ ပြော နေကြတဲ့ ဟာတွေကို ဖတ်ကြည့်ရင် အဲဒီမီဒီယာတွေက ဆန့်ကျင် ဘက်တွေကို ပြောနေတာတွေ့ရမယ်။
အဲဒီမီဒီယာတွေပြောတဲ့ထဲမှာ နိုင်ငံတကာ သတင်းအခင်း အကျင်းတွေကြောင့်၊ အမေရိကန်နဲ့တရုတ်ရဲ့ အခန်းကဏ္ဍကြောင့် (အပြောင်းအလဲတွေ) ဖြစ်ရပါ တယ်လို့ ပြောနေကြတယ်။

MAWKUN: မြန်မာဟာ အင်အားကြီးနိုင်ငံတွေနဲ့ ကစားနေ တယ်လို့ ခင်ဗျားမမြင်ဘူးလား။ ဘေးနားမှာ တရုတ်ရှိတယ်၊ အိန္ဒိယရှိတယ်။ တစ်ချိန်တည်းမှာပဲ အနောက်နိုင်ငံတွေ၊ ဥရောပ နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် တည် ဆောက်ယူနေတယ်။

KAVI: မြန်မာဟာ အရှေ့တောင်အာရှမှာ တည်နေရာအရ နံပါတ်တစ်နေရာ၊ မဟာဗျူဟာကျတဲ့နေရာမှာ ရှိနေတယ်ဆို တာကို မမေ့ပါနဲ့။ ဘာလို့လဲဆိုတော့ မြန်မာဟာ အိန္ဒိယ၊ တရုတ် တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတယ်။ နောက်တစ်ခုက တစ်က္ဘာ လုံးက မြန်မာပြည်ကို အာရုံကျနေကြတယ်။ ကျွန်တော်တို့ အရင် တုန်းက မြင်ခဲ့တဲ့ပုံစံက တရုတ်နိုင်ငံပဲ မြန်မာနိုင်ငံကို ၀င်ရောက် နိုင်တယ်၊ လက်လှမ်းမီတယ်လို့ပဲ ထင်ခဲ့ကြတာလေ။ ဒီကနေ့ကျ တော့ မြန်မာဟာ လွတ်လပ်တဲ့ အာရှနိုင်ငံ၊ ဘယ်နိုင်ငံကမဆို၊ ဘယ်အင်အားကြီး နိုင်ငံကမဆို ၀င်ထွက်နိုင်တဲ့ နိုင်ငံတစ်ခုဖြစ် သွားပြီ။ ဒီကနေ့ သူ့ရဲ့တန်ဖိုးဟာ မြင့်လာပြီ။

မြန်မာပြည်ဟာ ဘာနဲ့တူလာသလဲဆိုတော့ ကျွန်တော်တို့ ဘယ်လိုခေါ်ရမလဲ၊ လှပတဲ့ သတို့သမီးတစ်ယောက်ဖြစ်နေပြီ။ အမေရိကရုပ်သံအစီအစဉ်တစ်ခုလိုပေါ့၊ လူတိုင်းက ကမ်းလှမ်း လာကြပြီ။ အဲဒီတော့ သတို့သမီးအနေနဲ့ မှန်ကန်တော်တည့်တဲ့ သူကို သူ့စိတ်ကြိုက် ခေါင်းခေါက်ရွေးလို့ရသွားပြီ။ အင်အားကြီး နိုင်ငံတွေက တန်းစီစောင့်နေကြတယ်။ မှန်မှန်ကန်ကန် ရွေးချယ် နိုင်ရမယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အနေနဲ့ မြန်မာနိုင်ငံဟာ ရွေးချယ်ခွင့်အာဏာ ရသွားပြီ။ ဗမာ ပြည်ဟာ ဂရုတစိုက် ရွေးချယ်လိမ့်မယ်ဆိုတာ ကျွန်တော်သိနေ တယ်။ ဗမာပြည်ဟာ ဂရုတစိုက်ရွေးချယ်မယ်ဆိုရင် ရွေးချယ်စရာ တွေ ရှိနေပါတယ်။ ဒါဟာ တော်တော်လိမ္မာပါးနပ်တဲ့ မဟာဗျူဟာ ပါပဲ။

ထိုင်းနိုင်ငံဟာ အဲလိုအနေအထားမျိုးကို ဗမာပြည်အရင် ရခဲ့တာ။ လွန်ခဲ့တဲ့ ၆၅ နှစ်လုံးလုံး အရှေ့တောင်အာရှ ကုန်းမြေ ဒေသမှာ ထိုင်းနိုင်ငံဟာ ပထ၀ီအရ မဟာဗျူဟာကျတဲ့ နေရာမှာ ရှိနေခဲ့တာ။ အခု အဲဒါက ကြီးကြီးမားမားကို ပြောင်းလဲသွားပြီ။ (ပထ၀ီအရ မဟာဗျူဟာကျတဲ့ အားသာချက်ဟာ) ထိုင်းနိုင်ငံက နေ မြန်မာပြည်ဆီကို ပြောင်းသွားပြီ။
ဘာလို့လဲဆိုတော့ မြန်မာခေါင်းဆောင်တွေဟာ ထိုင်း ခေါင်းဆောင်တွေထက် အချိန်အခါသင့်၊ လိမ္မာပါးနပ်တဲ့ ဆုံးဖြတ် ချက်တွေ ချနိုင်ကြလို့ပဲ။

(မှတ်ချက်။ ။ အချို့နေရာများတွင် “မြန်မာ”ဟူသော အသုံးအနှုန်းကို တွေ့ရပြီး အချို့ နေရာများတွင် “ဗမာ”ဟူသော အသုံးအနှုန်းတို့ကို တွေ့ရခြင်းမှာ အင်တာဗျူးပြောဆို သူ၏ စကားလုံးရွေးချယ်မှုအတိုင်း ပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။)
======================================
2-4-2013- လင်္ကာ Blog-post
Ref: http://8888linker.blogspot.co.uk/2013/04/blog-post_1142.html


သွေးနားထင်ရောက်ခဲ့ရသည့် ဖက်ဒရယ်သံတညံညံဆွေးနွေးပွဲ

0
0





ဒေါက်တာစိန်စိန်သိန်း
by Myit Makha Mediagroup on 4 Apr, 2013

ဗေဒါနိုင်ငံသင်တန်းကျောင်းမှ ဖိတ်ကြားသည့်အတွက် YMCA ခန်းမသို့ သွားခဲ့ရာမှ ဧပြီ(၂)ရက်နေ့နဲ့ (၃)ရက်နေ့ တွေမှာ လေ့လာခွင့် ရခဲ့ပါသည်။ ရှမ်း၊ ကယား၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့ရှိ မတူညီသော နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းခေါင်းဆောင်များ စုံစုံညီညီတက်ရောက်သည်ကို မြင်ခဲ့ရသည်။
လုပ်ဆောင်သည့်ရည်ရွယ်ချက်က ကောင်းပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရွေ့မှာ သိသင့်သိထိုက်သော အရာများနာကြားခဲ့ရသဖြင့် အလွတ်သဘောဆွေးနွေးမှုပင်ဖြစ်သော်လည်း မှတ်သားစရာဖြစ်ခဲ့ရပါသည်။



သို့ပေသိ ကျွန်မမှာ ကျေနပ်ခဲ့ရခြင်း၊ မကျေနပ်ခဲ့ရခြင်းတို့ ဆတူခံစားခဲ့ရပါသည်။ ၂ ရက်စလုံးမှာ ခေါင်းကိုက်ခဲ့ ရပါသည်။ အလွတ်သဘောဆွေးနွေးမှုနှင့် ဒေသဆိုင်ရာပြဿနာများကို ၀ိုင်းဝန်းစဉ်းစားအဖြေရှာကြသည့် အစီအစဉ်ကို မျိုးရန်နောင်သိန်းတို့က ကြိုးစားပန်းစားစီစဉ်ခဲ့သော်လည်း တိုင်းရင်းသားများ၏ နှုတ်ထွက်စကား ဖက်ဒရယ်သံများ ညံနေခြင်းကိုတော့ မသက်မသာကြားခဲ့ရပါ၏။



ဗမာတွေ ဖက်ဒရယ်၏ အဓိပ္ပာယ်နားလည်အောင်ဖတ်ကြပါဟု တိုက်တွန်းနိုးဆော်သွားသံလည်း ကြားရပါ၏။ ဒုက္ခ၊ ဒုက္ခဟု ကျွန်မသက်မ ချမိပါသည်။



တစ်နိုင်ငံလုံးမှာ တိုင်းရင်းသား ဘာသာများသင်ကြားပေးရန်လည်း ပြောကြဆိုကြ၏။ အင်္ဂလိပ်စာပင် အနိုင်နိုင် သင်ကြနေရ ရှာသော ကလေးများကိစ္စမှာ တိုင်းရင်းသာ ၁၃၅ မျိုး၏ စာစကားတွေ ထပ်သင်ပေးဦး မည်ဆိုလျှင် ကလေးများ ရှုးသွားကြပေလိမ့်မည်ထင်သည်။



တပ်ပေါင်းစုမှ ရဲဘော်တစ်ဦးကလည်း ၀င်ရောက် ဆွေးနွေးပါ၏။ ရှမ်းအမျိုးသားဖြစ်သည် တိုင်းရင်းသား ပါတီ များ၏ နောက်တွင် ၎င်းတို့တပ်ပေါင်းစု၏ တပ်သားတစ်သိန်းကျော်ရှိကြောင်း ဧပြီ(၂)တွင်ပြောကြား သွားပါသည်။



အသံပါဖမ်းထားသဖြင့် ပြန်ဖွင့်ကြည့်မိသော ကျွန်မမှာ မျက်ရည်တို့က ကျလုလု။ ဓါး ၂ လက်မိုးထားသော ကျွန်မတို့ပြည်နယ်များမှာ နေရထိုင်ရခက်ခဲလှသည်ကို လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၇ နှစ်ကထဲက ခံစားခဲ့ကြရပြီး ဖြစ်ရာ ယခု တပ်ပေါင်းစု၏ ခြိမ်းခြောက်မှုက တဖန်ညံလာသည်ကိုကြားရသောအခါ ငယ်စိတ်နှင့်ဆိုလျှင် မီးမီး ကြောက်ကြောက်ဟု ပင် အော်ဟစ်ပြေးရမလိုဖြစ်ခဲ့ရသည်။ အသက်ကြီးလာပြီဖြစ်၍ အကြောက်တရားက နားထင်သွေးကို တွန်းအားပေးကာ ခေါင်းကိုက်ကာ ပြန်လာခဲ့ရခြင်းသာ ဖြစ်ပါသည်။



ရှမ်းပြည်နယ်မှာ ရှမ်းတွေချည်းနေကြသည်မဟုတ်ပါ။ မြန်မာပြည်မှာ ဗမာတွေချည်းနေသည် မဟုတ်ပါ။ ထို့ကြောင့် ဖက်ဒရယ်ကိုလိုသလို အဓိပ္ပာယ်ဖွင့်ဆိုကြသော သူတွေကြောင့် စိတ်အတော်ပျက်ခဲ့ရပါသည်။

http://www.myitmakhamediagroup.com/detail.php?newid=4358


အပယ်ခံ ကျောင်းများ

0
0

ဒုက္ခသည် စခန်းတွင်ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်းသို့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများမှ ကျန်းမာရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည့် အိမ်သာ ထားရှိမှုနှင့် ကလေးများ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် မည်ကဲ့သို့ ဆေးရမည်ကို လာရောက်သင်ကြားပေးသည့် ဝန်ထမ်းများကို မကြာခဏ တွေ့ရတတ်သည်။

ဤသို့တွေ့ရတိုင်း ကျွန်တော် ငယ်ငယ်က ပညာသင်ကြားခဲ့သည် ကျောက်ဖြူမြို့နယ်က မူလတန်းကျောင်း ကလေးနှင့် အထက်တန်းကျောင်းကို သတိရနေတတ်သည်။ ကျွန်တော်တို့ရွာသည် မြို့နဲ့ ၂၆ မိုင်အကွာ အိမ်ခြေ ၂၀၀ နီးပါးရှိသည့် သာမန်ရွာကြီးတစ်ရွာဟုပင်ဆိုရပေမည်။ ဤကျောင်းကလေးကို ဆောက်ခဲ့ သည်မှာ နှစ်ပေါင်းခြောက်ဆယ်နီးပါးရှိခဲ့လေပြီ။
ကျွန်တော်တို့မူလတန်းကျောင်းကလေးတွင် အိမ်သာမရှိ၊ ရေတွင်းမရှိ။ အိမ်သာတက်ပြီးတိုင်း လက်ကို မည်ကဲ့သို့ ဆေးရမည်ကို သင်ကြားပေးမည့်သူမရှိ။ ကလေးဘဝတုန်းက နေ့လည်ပိုင်း ကျောင်းလွတ်ချိန်နှင့် ဆရာများစုံစုံလင်လင် မရောက်သည့်ရက်များသည် ကျွန်တော်တို့အကြိုက်တွေ့သော ရက်များပင်ဖြစ်သည်။
အိမ်သာတက်မည်ဆိုပါက ကျောင်းနောက်ဘက်သို့ ၁ဝ မိနစ်ခန့် လမ်းလျှောက်ပြီး ချုံပုတ်လေးများတွင် ခိုကာ အခင်းကြီး အခင်းငယ် သွားကြရသည်။ ကိစ္စပြီးပါက တုတ်ချောင်း (သို့)  လယ်ကသင်းပေါ် ပေါက်နေ သည့် မြက်ပင်များပေါ်ခွထိုက်ကာ ကိုယ်ကိုရှေ့သို့တွန်းကာ သန့်စင်သောနည်းသည်  ကျွန်တော်တို့ သုံးသော ခေတ်သစ် အိမ်သာသုံးနည်းနှင့် ပစ္စည်းကရိယာများပင်ဖြစ်သည်။
ကျောင်းသူလေးများဆိုပါက သုံးလေးဦးခန့် စုလျက် နောက်ဖေးသွားကြရသည်။ ရှေ့နောက်ဝဲယာ လူရိပ် လူကဲ အခြေအနေကို ကြည့်ပြီးမှ ချုံခိုကာ ကိစ္စကြီးငယ်တို့ကို လုပ်ကြရသည်။
နောက်ပိုင်း အထက်တန်းပညာ သင်ကြားရန် ရွာမှ သုံးနာရီခန့် သွားရသည့် အထက်တန်းကျောင်းသို့ ပြောင်းရွေ့ရသည်။ စနဲရွာသည် အိမ်ခြေ ၇ဝဝ-၈ဝဝ နီးပါးရှိသည့် ရွာကြီးတရွာ ဖြစ်သည်။ အိမ်တိုင်းတွင် လေးပင်စိုက် အိမ်သာလေးများ ရှိတတ်သည်။ အိမ်သာ တက်ရန်သွားပါက မျက်စိကိုမှိတ်၊ နှာခေါင်းကို ပိတ်ကာသွားကြရသည်။ ရောက်စက အတော်ပင်ကသိကအောက် ဖြစ်မိသည်။ အနံ့အသက်များကို ခံနိုင်ရည်မရှိ။ အောက်ကိုကြည့်ပါကလည်း ကန်ထဲတွင် လောက်များကအပြည့်။ သည်လောက်တောင် ခေတ်မီသည့် နိုင်ငံတော်။
စနဲရွာတွင် ဆရာဝန်မရှိသည့် ဆေးရုံတစ်ရုံရှိသည်။ ဆရာဝန်မရှိဟု ပြောလျင်လွန်ရာ ကျပေအုံးမည်။ ဆယ်နှစ်၊ ဆယ့်ငါးနှစ်ခန့်ကြာပါက မျက်စိလည် လမ်းမှားပြီး ဆရာဝန်တစ်ဦးတစ်လေ ရောက်လာတတ် သည်။ ထိုဆရာဝန်များမှာလည်း ခြောက်လ တစ်နှစ်ခန့်ကြာပြီး ပျောက်သွားတတ်သည်။ ဆရာဝန်မရှိသည့် ဆေးရုံကို မြင်ရတိုင်း ရင်နာရသည်။
အဆိုပါ ဆေးရုံနှင့် ကပ်လျက် အစိုးရအထက်တန်းကျောင်းသည် ကျောင်းသား ၅ဝဝ ရာကျော် ၆ဝဝ နီးပါးကို သင်ကြားပေးနေသည့် အထက်တန်း ကျောင်းပင်ဖြစ်သည်။ အဆိုပါ အထက်တန်းကျောင်းတွင် ကျွန်တော် နှနှစ် ပညာသင်ယူခဲ့သည်။ ထိုနှနှစ်အတွင်း ကျောင်းမှ ဆောက်လုပ်ထားသည့် အိမ်သာတွင် တခါမျှ နောက်ဖေးမသွားဖူးခဲ့။ အထက်တန်းကျောင်းသား အများစုသည် ကျောင်းနောက်ဖက်က တောင်ပေါ်သို့ပြေးတက်ကာ အခင်းကြီးအခင်းငယ် သွားလေ့ရှိသည်။
နွေရာသီရောက်လို့ ဇီးသီးပေါ်ချိန်ရောက်လျင် အခင်းကြီး အခင်းငယ်သွားပါက ဇီးသီးခူးစားရင်း တောင်ပေါ်တွင် တစ်ရက်လုံးလျောက်သွားနေတတ်ကြသည်။ ဤသည်မှာ ရွာမှ မူလတန်းကျောင်း ကလေးနှင့် အထက်တန်းကျောင်းတကျောင်း၏ နှစ်ဆယ်ရာစု ကုန်ခါနီး လူနေမှုဘဝ အဆင့်အတန်းဟုပင် ပြောရပေမည်။
ဆယ်တန်းအောင်ပြီးနောက် စစ်တွေဒီဂရီ ကောလိပ်ကို ရောက်ခဲ့ပြန်သည်။ ဝေသာလီဆောင်တွင် နယ်ဝေးကျောင်းသားများ နေခွင့်ရကြသည်။ ကောလိပ်ကျောင်းဆောင်တွင်လည်း ရေလောင်း၊ ယင်လုံ အိမ်သာမရှိ ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ နည်းနည်းတော့ အဆင့်မြင့်လာသည်ဟု ပြောရပင်မည်။ တုတ်ချောင်းနဲ့ မြက်ပင်အစား စာရေးပြီး မသုံးတော့သည့် စက္ကူများကို သုံးတတ်လာသည်။
စစ်တွေဒီဂရီ ကောလိပ်တွင် နှနှစ်နေပြီး ရန်ကုန်တက္ကသိုလ်ကို ရောက်ခဲ့ပြန်သည်။ သမိုင်းဌာနနှင့် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနဖွင့်လှစ်ထားသည့် ကျောင်းဆောင်ကြီး၏ အောက်ထပ်တွင် အတန်းတက်ရသည်။ ကျွန်တော်တို့အတန်းနဲ့ ကပ်လျက် အိမ်သာရှိသည်။ ကျောင်းခန်းထဲသို့ အစောဆုံး ရောက်သည့် ကျောင်းသားသည် အိမ်သာတံခါးကို လုံခြုံစွာပိတ်ထားပါမှ စာသင်၍ရသည်။ အနံ့ အသက်များက မခံနိုင်လောက်အောင်ပင် နံစော်လှသည်။ ခေတ်မှီနိုင်ငံတော် တည်ဆောက်နေသည့် အစိုးရ၏ ပြယုတ်တခုပင် ဖြစ်သည်။
တက္ကသိုလ်ကျောင်းတော်ကို ခွဲခွာကာ နယ်စပ်ကိုရောက်သည်။ တောတွင်းသူပုန် စခန်းများတွင် ရေလောင်း အိမ်သာ၊ အိမ်သာတက်ပြီးတိုင်း လက်ဆေးရန် ဆပ်ပြာက အဆင့်သင့် ရှိသည်။ ဒုက္ခသည်စခန်းကို ရောက်ဖြစ်သည်။ ဝါးတဲအိမ်တွင် ရေလောင်း အိမ်သာကိုယ်စီကိုယ်ငှ။ အခါအားလျော်စွာ ရက်ကွက်အတွင်း လောက်စပီကာဖြင့် ကျန်းမာရေး အသိပညာပေးမှုကလည်း ရှိတတ်သည်။ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် ဆေးရန်သတိပေး ကြော်ငြာသည့် စာရွက်များ ဝေငှလေ့ရှိသည်။
နှနှစ်ကျော်ရှိသည့် ကျွန်တော်၏ သားလေးသည်ပင် မကြာခဏ လက်ဆေးတတ်နေလေပြီ။
နှစ်ပေါင်းတစ်ဆယ်ကျော် ကြာခဲ့ပြီးနောက် ရန်ကုန် တက္ကသိုလ်ဝင်း အတွင်းကို နှနှစ်ကျော်သားလေးနဲ့အတူ ပြန်လည်ရောက်ခဲ့သည်။ သားလေးမှ အီးအီးပါမည်ဟု ပြောသောအခါ အဆင်ပြေနိုင်မည်ဟုထင်သည့် အနီးဆုံး ကျောင်းဆောင်တခုကို သွားခဲ့ကြသည်။ ကလေးကို အိမ်သာခွက်ပေါ်ထိုင်ရန် နေရာချပေးသည်ကို ကလေးက အိမ်သာခွက်ပေါ်ကို မထိုင်လို။ ခြေထောက်ကို ကွေးကာ ကော့ထားပေတော့သည်။ ဟုတ်လည်း ဟုတ်ပေသည်။ ဒုက္ခသည်စခန်းက အိမ်ရှိ အိမ်သာခွက်သည် ပြောင်လက်နေသည်။ မည်သည့် အနံ့ အသက်မှမရ။ ယခုရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက ရွေဘိုဆောင်၏ အိမ်သာခွက်သည် မည်းနက် နေလေပြီ။ အနံ့အသက်ကလည်း လူကြီးပင် ခံနိုင်ရည်မရှိလောက်အောင်ပင် ဆိုးရွားလှသည်။
ကျွန်တော်တို့ပညာသင်ခဲ့သော ရန်ကုန်တက္ကသိုလ်သည် ယခင်ထက်ပင် ဆိုးနေလေပြီ။ ကျားကိုက်ရန်ပင် ကြောက်ရမည့် အနေအထားသို့ရောက်နေသည်။ စစ်ကိုင်းဆောင်နဲ့ သမိုင်းဌာနရှိ အိမ်သာများကို ခေတ္တဝင်ရောက် လေ့လာဖြစ်ခဲ့သည်။ ထိုနည်းလည်းကောင်းပင်။ မည်သည့်အရာမှ ပြောင်းလဲသည်မရှိ။ ပို၍ပင်ဆိုးရွားလာသည်ဟု ပြောချင်ပါသည်။
လွှတ်တော်မှ အတည်ပြုပေးလိုက်သည့် ပညာရေးဘတ်ဂျက်သည် ရော့ကတ်ဒုံးပမာ တဟုန်ထိုး တိုးမြှင့် လိုက်သည့် ပညာရေး အသုံးစရိတ်ပင် ဖြစ်သည်။ ထိုပညာရေးအသုံးစရိတ်သည် နိုင်ငံတဝှမ်း ကျောင်းရှိ အိမ်သာများကို စနစ်တကျ တည်ဆောက်ရန် လုံလောက်မှု ရှိမရှိကို အမျိုးသားလွတ်တော် (သို့) ပြည့်သူ့ လွတ်တော်မှ အမတ်မင်းများ မေးခွန်းမေးရန် ရှိမရှိ သိချင်လှပေသည်။ အချိန်မီ မေးခွန်းမေးပေးရန် လွှတ်တော်အမတ်မင်းများ ကြိုးစားသင့်သည်။
မြန်မာနိုင်ငံ၏ အထင်ကရ ရန်ကုန်တက္ကသိုလ်ကြီးတွင် ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်ကလေးငယ်တစ်ဦး အိမ်သာမတက်လိုသည့် အခြေအနေတွင် ကျွန်တော်နေခဲ့သော ရွာက တောကျောင်းလေးသည် ရှိမှရှိပေဦး မည်လောဟု တွေးတောရင်း ရင်မောနေခဲ့ပါသည်။ ရွာရှိကလေးများ၏ ပညာရေးအတွက်လည်း စိတ်မော နေမိပါတော့သည်။ 

လှရွှေ

ဝါယာကို ရှော့တိုက် ကစားခြင်း(၂)

0
0
Photo: ဝါယာကို ရှော့တိုက် ကစားခြင်း(၂)  အန္တရယ်များတဲ့ မီးအားမြှင့်စက်  မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးအသုံးပြုတဲ့ နေရာအတော်များများမှာ မီးအားမြှင့်စက်တွေကို အသုံးပြုကြရပါတယ်။ ဝန်နဲ့အားမမျှတဲ့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး စနစ်မှာဆိုရင် ဓါတ်အားဆုံးရှုံးမှုလို့ခေါ်တဲ့ ဓါတ်အားလေလွင့်မှု များတဲ့ Line Loss ဖြစ်တဲ့ ဓါတ်ကြိုးတွေအပေါ်မှာ ဖြစ်နေတဲ့ Voltage Drop တွေကြောင့် မီးအားတွေကျတာ ဖြစ်ပါတယ်။ မီးအားကျလို့ ဘယ်လိုဓါတ်အား ဆုံးရှုံးတယ် ဆိုတာတော့ အရင်နုတ်ရေးဖူးပါတယ်။  https://www.facebook.com/notes/ကို-သာ-ပို/ထုတ်တဲ့-လျှပ်စစ်-ဆည်တဲ့-ဇော်မင်း/317496598271306  ဒီလိုမီးအားကျတာတွေကြောင့် အတော်များများသော အိမ်တွေဟာ လျှပ်စစ်ပစ္စည်းတွေ မီးအားကျလို့ ပျက်စီးမှု မရှိရအောင် မီးအားမြှင့်စက်တွေ တပ်ဆင် အသုံးပြုကြပါတယ်။ များသောအားဖြင့် မီးအားမြှင့်စက်တွေကို အော်တို့ (Automatic Voltage Regulator) နဲ့ လက်လှည့် (Manual Voltage Regulator) ဆိုပြီးတော့ ခွဲနိုင်ပါတယ်။ များသောအားဖြင့် သူ့ဆီမယ် အဝင်ဗို့အား၊ အထွက်ဗို့အားတွေ ကြည့်နိုင်တဲ့ ဒိုင်ခွက်ရယ် မီးမြင့်အချက်ပေးရယ်၊ လက်လှည့်မီးတင်တဲ့ ခလုပ်ရယ် ပါလေ့ရှိပါတယ်။ ဘာလို့ မီးမြှင့်စက်တွေက အန္တရယ်များသလဲလို့ ဆိုရရင်တော့  (၁) အရည်အသွေး ညံဖျင်းမှု များသောအားဖြင့် ဈေးပေါပေါ ခပ်လွယ်လွယ် ဝယ်ယူရရှိတဲ့ မီးအားမြှင့်စက်တွေက အရည်အသွေး ညံဖျင်းကြတာ များပါတယ်။ သတ်မှတ်ထားတဲ့ စံစနစ်မရှိတာကြောင့် ဝေးသက်သာဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ မီးအားမြှင့်စက်တွေက အန္တရယ် အလွန်ကို များပါတယ်။ အထဲက ကြေးကြိုးတွေက လောင်ထားပြီးသား ကွိုင်ထုတ်ထဲက ပြန်ထုတ်ပြီးတော့ ချည်နဲ့ပြန်ပတ်ထားတဲ့ Cotton Coated Wire တွေသုံးထားတာ၊ အထဲက Iron Core ဆိုတာကို ဝေးပေါတဲ့ အရည်အသွေးမမီတဲ့ သံပြားတွေနဲ့ လုပ်ထားတာ။ ပြီးတော့ ဒီသံပြားတွေကို ပြန်တုပ်နှောင်ဖို့ သစ်သားတွေနဲ့ အသုံးပြုတာတွေပါ။ ကုန်ကျစားရိတ် လျှော့ချဖို့အတွက်  အသုံးပြုမယ့် ဝန်ကိုခံနိုင်မယ့် ဝါယာဆိုဒ်ထက် သေးတဲ့ဝါယာတွေကို သုံးတာလဲ ပါပါတယ်။ ဒီတော့ အသုံးပြုတာ ကြာလာလေလေ မီးအားမြှင့်စက်က အပူချိန်က တဖြည်းဖြည်းတိုးလာသလို အထဲက သစ်သားနဲ့ ချည်ကြီုးတွေက လောင်စာတွေဖြစ်ပြီးတော့ မီးလောင်နိုင်ပါတယ်။   (၂) မီးအားတက်တာကို ဂရုမပြုမိခြင်း အော်တို မီးစက်တွေမှာ ပြဿနာ သိပ်မရှိလှပေမယ့် လက်လှည့် မီးစက်တွေမှာ ဗို့အားက ၂၃၀ထက်ကျော်တဲ့အခါ အချက်ပေးသံ တပ်ထားလေ့ ရှိပါတယ်။ အကြောင်းကြောင်းကြောင့် အချက်ပေးတဲ့ ကိရိယာ ပျက်နေတာ၊ ပုံမှန်အလုပ်မလုပ်တာနဲ့ မကြားမိတာ (အိမ်မှာ လူမရှိချိန် မီးအားတင်ထားခဲ့ခြင်း)၊ မီးပျက်သွားချိန် မီးအားပြန်မချမိတာ စတာတွေကြောင့် ပုံမှန်သုံးနေကြ မီးအားထက် ပိုတဲ့မီးအားတွေ ဖြစ်လာတတ်ပါတယ်။   ဒီအခါမှာ လျှပ်စစ်အသုံးအဆောင်တွေ ပျက်စီးပြီးတော့ ဝန်ပိုဆွဲတာမျိုး၊ မီးကြိုးအဆက်တွေကနေ မီးပန်းထကူးတာမျိုးတွေ ဖြစ်ပြီးတော့ မီးလောင်တတ်ပါတယ်။ အထဲက အရည်အသွေးမမီတဲ့ ချည်ပတ် ဝါယာတွေဖြစ်ပါကလဲ အထဲကနေ မီးစလောင်တတ်ပါတယ်။ များသောအားဖြင့် အိမ်သုံးဝါယာတွေက ဗို့အား ၆၀၀ လောက်ကို ခံနိုင်ရည်ရှိတဲ့ မီးကြိုးတွေဖြစ်ပေမယ့် သက်တမ်းလွန် ကြွပ်ဆတ်နေ (ဝါယာအကြောင်းမှာ အသေးစိတ် ရေးပါ့မယ်) တတ်တာကြောင့် မြင့်လာတဲ့ ဗို့အားကို ခံနိုင်ရည် မရှိပဲနဲ့ မီးထလောင်တာ၊ ဝါယာရှော့ဖြစ်တာတွေ ကြုံရတတ်ပါတယ်။  (၃) မီးအားမြှင့်ခြင်းကြောင့် ဝါယာတွင် ဝန်ပိုဆွဲခြင်း ဒါကတော့ ဖြစ်နေကြ အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ ဒီအပိုင်းကို အထောက်အကူဖြစ်အောင် ပုံကြမ်းလေး ခြစ်ထားပါတယ်။ ပထမဆုံး သိရမှာက မီးအားမြှင့်စက်ရဲ့ အဝင်ဖက်က ဗို့တွေ၊ အမ်ပီယာတွေနဲ့ အထွက်ဘက်က ဗို့နဲ့ အမ်ပီယာပါ။ မီးအားမြှင့်စက်ဆိုတဲ့ ထရန်စဖော်မာရဲ့ ပါဝါအဝင်ဟာ အထွက်ပါဝါနဲ့ မီးအားမြှင့်စက်ကနေ ဆုံးရှုံးသွားတဲ့ (အပူ) ဆုံးရှုံးမှု ပေါင်းခြင်းနဲ့ မူတည်ပါတယ်။ ဆုံးရှုံးတာကို ခဏဖယ်စဉ်းစားမှ လွယ်မှမို့ ခပ်လွယ်လွယ် တွက်ကြည့်ရအောင်။  ပထမဆုံး သိထားရမှာကတော့ လျှပ်စစ်ရဲ့ ပါဝါ (Watt) တွက်တဲ့ ပုံသေနည်းပါ။  " Power (P) = Voltage (V) x Ampere (A) " ဖြစ်ပါတယ်။ အဝင်နဲ့ အထွက်နဲ့ ပါဝါတူတယ်လို့ ယူဆတဲ့အတွက် အဝင် Power (P1) ဟာ အထွက် Power (P2) နဲ့ ညီတယ်လို့ ယူဆပါတယ်။ ဒီကနေမှ  " P1 = P2  V1 x I1 = V2 x I2 (P = V x I) I1 = (V2 x I2) ÷ V1 "  ဒီနေရာမှာ အိမ်သုံး လျှပ်စစ်ပစ္စည်းတွေရဲ့ အသုံးပြုတဲ့ အမ်ပီယာက ပုံသေဖြစ်ပါတယ်။ ဒါပေမယ့် မီးအားကျလို့ ဗို့အားမြှင့်တဲ့အခါ မီးအားမြှင့်စက်ရဲ့ အဝင်ပိုင်းရဲ့ ဆွဲတဲ့ အမ်ပီယာက တက်လာမှာပါ။ ဥပမာ ၃၀ အမ်ပီယာ ဆွဲတဲ့ ဝန်ရှိတဲ့ အိမ်တစ်အိမ်မှာ အဝင် ၁၄၀ ဗို့ကို မီးအားမြှင့်စက်နဲ့ မြှင့်သုံးတယ် ဆိုကြပါစို့။ ဒီတော့ ဒီနေရာမှာ V1 = ၁၄၀ ဗို့၊ V2 = ၂၂၀ ဗို့ ( ၂၂၀ ဗို့ရအောင် မြှင့်မှာကိုး)၊ I2 = ၃၀ အမ်ပီယာ (ဒါတွေက မီးအားမြှင့်စက် အထွက်ကနေ ဆွဲမှာဆိုတော့ I2 ပေါ့)။ ဒီကနေမှ မီးအားမြှင့်စက် အဝင်ကနေ ဆွဲမယ့် အမိပီယာကို တွက်ကြည့်ရအောင်။   " I1 = (V2 x I2) ÷ V1 >> I1 = (၂၂၀ x ၃၀) ÷ ၁၄၀ = ၄၇ အမ်ပီယာ " ဖြစ်ပါတယ်။   မီးအားသာ ၁၂၀ဗို့ပဲ ရှိခဲ့ရင် ၅၀အမ်ပီယာကျော် ဆွဲမှာပါ။ ဒါတွေဟာ မီးအားမြှင့်စက် အဝင်ပိုင်းက မီးကြိုးတွေမှာ ဖြတ်စီးနေမှာ ဖြစ်ပါတယ်။ အိမ်တစ်လုံးကို မိးဆင်ဖို့ ဒီဇိုင်လုပ်တဲ့နေရာမှာ ၃၀ အမ်ပီယာ ဆွဲမယ့်နေရာမှာ ဘယ်လောက်ပိုပြီးတော့ တွက်ချက်သွယ်တန်းမယ် ယူဆပါသလဲ။ စံစနစ်မရှိတဲ့ တိုင်းပြည်မှာ လိုအပ်တာလောက်တောင် မသွယ်တန်းကြတာ အများစုပါ။ ဒီတော့အခါ ၃၀ အမ်ပီယာလောက်သာ ဒီဇိုင်လုပ်ထားတဲ့ မီးကြိုးဟာ ၅၀ အမ်ပီယာလောက်မှာ အတော်ကို ပူချစ်နေပါပြီ။ မယုံရင် စမ်းသပ်နိုင်ပါတယ်။ မီးအားကျလေလေ ကြိုးက ပိုပူပူလေပါပဲ။ (မီးကြိုး ခံနိုင်ရည်အားကို တစ်ပိုင်းရေးပါ့မယ်) ဒီလိုမျိုး အသုံးပြုတဲ့အတွက် သက်တမ်းမပြည့်မီ မီးကြိုးတွေ ပျက်စီးပါတယ်။ ဒါကို လဲလှယ်ခြင်းမပြုပဲ ဆက်သုံးနေကြရင် အကြောင်းတိုက်ဆိုင်တဲ့ ပုံသေတွက်ဆလို့ မရနိုင်တဲ့ တစ်ချိန်ချိန်မှာ ဝါယာကနေ မီးထလောင်နိုင်ပါတယ်။   မီးအားမြှင့်စက်အကြောင်း နိဂုံးချုပ်ရရင် အရည်အသွေးပြည့်မီတဲ့ မီးအားမြှင့်စက်ကို ရွေးချယ်အသုံးပြုပါ။ အော်တိုမီးအားမြှင့်စက်ကို အသုံးပြုနိုင်က ပိုကောင်းပါတယ်။ မီးပျက်လျင်၊ အပြင်သွားလျင် မီးမြှင့်စက်ကို ဂိတ်ဆုံးချရန် သတိပြုပါ။ ဖြစ်နိုင်ပါက မိန်းပိတ်သွားပါ။ မီးအားမြှင့်စက်မှ အချက်ပေးသံထွက်မထွက်ကို အမြဲစစ်ဆေးနေပါ။ မီးအားမြှင့်စက်ဆိုတာက အမြဲပူနေတဲ့ ပစ္စည်းဖြစ်တာကြောင့် လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ တပ်ဆင်ပါ။ လေဝင်လေထွက်ကောင်းအောင် ပန်ကာတပ်ထားသော စက်များကို ရွေးချယ်အသုံးပြုပါ။  ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီးတော့ ဓါတ်တိုင်မှ မီတာသို့ အဝင်ကြိုး၊ မီတာမှ မိန်းသို့ အဝင်ကြိုးနှင့် မိန်းမှ မီးအားမြှင့်စက်သို့ ဆက်ထားသော ကြိုးများ၏ ခံနိုင်ရည်နှင့် အမှန်တကယ် မီးအားကျပါက ဆွဲနိုင်သည့် အမ်ပီယာတို့ကို တွက်ချက်ပြီး ကြိုးဆိုဒ်မမှန် (သေးနေပါက) ဆိုဒ်အမှန်ဖြင့် လဲလှယ်သင့်ကြောင်း အကြံပြုလိုပါတယ်။    လျှပ်စစ်အကြောင်း တိတိပပ မသိသေးသူများအတွက် ဦးတည်းရေးပါသည်။  Don't Monkey with Electricity...!!! (ဆက်ရန်)

အန္တရယ်များတဲ့ မီးအားမြှင့်စက်

မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးအသုံးပြုတဲ့ နေရာအတော်များများမှာ မီးအားမြှင့်စက်တွေကို အသုံးပြုကြရပါတယ်။ ဝန်နဲ့အားမမျှတဲ့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး စနစ်မှာဆိုရင် ဓါတ်အားဆုံးရှုံးမှုလို့ခေါ်တဲ့ ဓါတ်အားလေလွင့်မှု များတဲ့ Line Loss ဖြစ်တဲ့ ဓါတ်ကြိုးတွေအပေါ်မှာ ဖြစ်နေတဲ့ Voltage Drop တွေကြောင့် မီးအားတွေကျတာ ဖြစ်ပါတယ်။ မီးအားကျလို့ ဘယ်လိုဓါတ်အား ဆုံးရှုံးတယ် ဆိုတာတော့ အရင်နုတ်ရေးဖူးပါတယ်။
https://www.facebook.com/notes/ကို-သာ-ပို/ထုတ်တဲ့-လျှပ်စစ်-ဆည်တဲ့-ဇော်မင်း/317496598271306

ဒီလိုမီးအားကျတာတွေကြောင့် အတော်များများသော အိမ်တွေဟာ လျှပ်စစ်ပစ္စည်းတွေ မီးအားကျလို့ ပျက်စီးမှု မရှိရအောင် မီးအားမြှင့်စက်တွေ တပ်ဆင် အသုံးပြုကြပါတယ်။ များသောအားဖြင့် မီးအားမြှင့်စက်တွေကို အော်တို့ (Automatic Voltage Regulator) နဲ့ လက်လှည့် (Manual Voltage Regulator) ဆိုပြီးတော့ ခွဲနိုင်ပါတယ်။ များသောအားဖြင့် သူ့ဆီမယ် အဝင်ဗို့အား၊ အထွက်ဗို့အားတွေ ကြည့်နိုင်တဲ့ ဒိုင်ခွက်ရယ် မီးမြင့်အချက်ပေးရယ်၊ လက်လှည့်မီးတင်တဲ့ ခလုပ်ရယ် ပါလေ့ရှိပါတယ်။ ဘာလို့ မီးမြှင့်စက်တွေက အန္တရယ်များသလဲလို့ ဆိုရရင်တော့

(၁) အရည်အသွေး ညံဖျင်းမှု
များသောအားဖြင့် ဈေးပေါပေါ ခပ်လွယ်လွယ် ဝယ်ယူရရှိတဲ့ မီးအားမြှင့်စက်တွေက အရည်အသွေး ညံဖျင်းကြတာ များပါတယ်။ သတ်မှတ်ထားတဲ့ စံစနစ်မရှိတာကြောင့် ဝေးသက်သာဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ မီးအားမြှင့်စက်တွေက အန္တရယ် အလွန်ကို များပါတယ်။ အထဲက ကြေးကြိုးတွေက လောင်ထားပြီးသား ကွိုင်ထုတ်ထဲက ပြန်ထုတ်ပြီးတော့ ချည်နဲ့ပြန်ပတ်ထားတဲ့ Cotton Coated Wire တွေသုံးထားတာ၊ အထဲက Iron Core ဆိုတာကို ဝေးပေါတဲ့ အရည်အသွေးမမီတဲ့ သံပြားတွေနဲ့ လုပ်ထားတာ။ ပြီးတော့ ဒီသံပြားတွေကို ပြန်တုပ်နှောင်ဖို့ သစ်သားတွေနဲ့ အသုံးပြုတာတွေပါ။ ကုန်ကျစားရိတ် လျှော့ချဖို့အတွက် အသုံးပြုမယ့် ဝန်ကိုခံနိုင်မယ့် ဝါယာဆိုဒ်ထက် သေးတဲ့ဝါယာတွေကို သုံးတာလဲ ပါပါတယ်။ ဒီတော့ အသုံးပြုတာ ကြာလာလေလေ မီးအားမြှင့်စက်က အပူချိန်က တဖြည်းဖြည်းတိုးလာသလို အထဲက သစ်သားနဲ့ ချည်ကြီုးတွေက လောင်စာတွေဖြစ်ပြီးတော့ မီးလောင်နိုင်ပါတယ်။

(၂) မီးအားတက်တာကို ဂရုမပြုမိခြင်း
အော်တို မီးစက်တွေမှာ ပြဿနာ သိပ်မရှိလှပေမယ့် လက်လှည့် မီးစက်တွေမှာ ဗို့အားက ၂၃၀ထက်ကျော်တဲ့အခါ အချက်ပေးသံ တပ်ထားလေ့ ရှိပါတယ်။ အကြောင်းကြောင်းကြောင့် အချက်ပေးတဲ့ ကိရိယာ ပျက်နေတာ၊ ပုံမှန်အလုပ်မလုပ်တာနဲ့ မကြားမိတာ (အိမ်မှာ လူမရှိချိန် မီးအားတင်ထားခဲ့ခြင်း)၊ မီးပျက်သွားချိန် မီးအားပြန်မချမိတာ စတာတွေကြောင့် ပုံမှန်သုံးနေကြ မီးအားထက် ပိုတဲ့မီးအားတွေ ဖြစ်လာတတ်ပါတယ်။

ဒီအခါမှာ လျှပ်စစ်အသုံးအဆောင်တွေ ပျက်စီးပြီးတော့ ဝန်ပိုဆွဲတာမျိုး၊ မီးကြိုးအဆက်တွေကနေ မီးပန်းထကူးတာမျိုးတွေ ဖြစ်ပြီးတော့ မီးလောင်တတ်ပါတယ်။ အထဲက အရည်အသွေးမမီတဲ့ ချည်ပတ် ဝါယာတွေဖြစ်ပါကလဲ အထဲကနေ မီးစလောင်တတ်ပါတယ်။ များသောအားဖြင့် အိမ်သုံးဝါယာတွေက ဗို့အား ၆၀၀ လောက်ကို ခံနိုင်ရည်ရှိတဲ့ မီးကြိုးတွေဖြစ်ပေမယ့် သက်တမ်းလွန် ကြွပ်ဆတ်နေ (ဝါယာအကြောင်းမှာ အသေးစိတ် ရေးပါ့မယ်) တတ်တာကြောင့် မြင့်လာတဲ့ ဗို့အားကို ခံနိုင်ရည် မရှိပဲနဲ့ မီးထလောင်တာ၊ ဝါယာရှော့ဖြစ်တာတွေ ကြုံရတတ်ပါတယ်။

(၃) မီးအားမြှင့်ခြင်းကြောင့် ဝါယာတွင် ဝန်ပိုဆွဲခြင်း
ဒါကတော့ ဖြစ်နေကြ အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ ဒီအပိုင်းကို အထောက်အကူဖြစ်အောင် ပုံကြမ်းလေး ခြစ်ထားပါတယ်။ ပထမဆုံး သိရမှာက မီးအားမြှင့်စက်ရဲ့ အဝင်ဖက်က ဗို့တွေ၊ အမ်ပီယာတွေနဲ့ အထွက်ဘက်က ဗို့နဲ့ အမ်ပီယာပါ။ မီးအားမြှင့်စက်ဆိုတဲ့ ထရန်စဖော်မာရဲ့ ပါဝါအဝင်ဟာ အထွက်ပါဝါနဲ့ မီးအားမြှင့်စက်ကနေ ဆုံးရှုံးသွားတဲ့ (အပူ) ဆုံးရှုံးမှု ပေါင်းခြင်းနဲ့ မူတည်ပါတယ်။ ဆုံးရှုံးတာကို ခဏဖယ်စဉ်းစားမှ လွယ်မှမို့ ခပ်လွယ်လွယ် တွက်ကြည့်ရအောင်။

ပထမဆုံး သိထားရမှာကတော့ လျှပ်စစ်ရဲ့ ပါဝါ (Watt) တွက်တဲ့ ပုံသေနည်းပါ။
" Power (P) = Voltage (V) x Ampere (A) " ဖြစ်ပါတယ်။
အဝင်နဲ့ အထွက်နဲ့ ပါဝါတူတယ်လို့ ယူဆတဲ့အတွက် အဝင် Power (P1) ဟာ အထွက် Power (P2) နဲ့ ညီတယ်လို့ ယူဆပါတယ်။ ဒီကနေမှ

" P1 = P2
V1 x I1 = V2 x I2 (P = V x I)
I1 = (V2 x I2) ÷ V1 "

ဒီနေရာမှာ အိမ်သုံး လျှပ်စစ်ပစ္စည်းတွေရဲ့ အသုံးပြုတဲ့ အမ်ပီယာက ပုံသေဖြစ်ပါတယ်။ ဒါပေမယ့် မီးအားကျလို့ ဗို့အားမြှင့်တဲ့အခါ မီးအားမြှင့်စက်ရဲ့ အဝင်ပိုင်းရဲ့ ဆွဲတဲ့ အမ်ပီယာက တက်လာမှာပါ။ ဥပမာ ၃၀ အမ်ပီယာ ဆွဲတဲ့ ဝန်ရှိတဲ့ အိမ်တစ်အိမ်မှာ အဝင် ၁၄၀ ဗို့ကို မီးအားမြှင့်စက်နဲ့ မြှင့်သုံးတယ် ဆိုကြပါစို့။
ဒီတော့ ဒီနေရာမှာ V1 = ၁၄၀ ဗို့၊ V2 = ၂၂၀ ဗို့ ( ၂၂၀ ဗို့ရအောင် မြှင့်မှာကိုး)၊ I2 = ၃၀ အမ်ပီယာ (ဒါတွေက မီးအားမြှင့်စက် အထွက်ကနေ ဆွဲမှာဆိုတော့ I2 ပေါ့)။ ဒီကနေမှ မီးအားမြှင့်စက် အဝင်ကနေ ဆွဲမယ့် အမိပီယာကို တွက်ကြည့်ရအောင်။

" I1 = (V2 x I2) ÷ V1 >> I1 = (၂၂၀ x ၃၀) ÷ ၁၄၀ = ၄၇ အမ်ပီယာ " ဖြစ်ပါတယ်။

မီးအားသာ ၁၂၀ဗို့ပဲ ရှိခဲ့ရင် ၅၀အမ်ပီယာကျော် ဆွဲမှာပါ။ ဒါတွေဟာ မီးအားမြှင့်စက် အဝင်ပိုင်းက မီးကြိုးတွေမှာ ဖြတ်စီးနေမှာ ဖြစ်ပါတယ်။ အိမ်တစ်လုံးကို မိးဆင်ဖို့ ဒီဇိုင်လုပ်တဲ့နေရာမှာ ၃၀ အမ်ပီယာ ဆွဲမယ့်နေရာမှာ ဘယ်လောက်ပိုပြီးတော့ တွက်ချက်သွယ်တန်းမယ် ယူဆပါသလဲ။ စံစနစ်မရှိတဲ့ တိုင်းပြည်မှာ လိုအပ်တာလောက်တောင် မသွယ်တန်းကြတာ အများစုပါ။ ဒီတော့အခါ ၃၀ အမ်ပီယာလောက်သာ ဒီဇိုင်လုပ်ထားတဲ့ မီးကြိုးဟာ ၅၀ အမ်ပီယာလောက်မှာ အတော်ကို ပူချစ်နေပါပြီ။ မယုံရင် စမ်းသပ်နိုင်ပါတယ်။ မီးအားကျလေလေ ကြိုးက ပိုပူပူလေပါပဲ။ (မီးကြိုး ခံနိုင်ရည်အားကို တစ်ပိုင်းရေးပါ့မယ်) ဒီလိုမျိုး အသုံးပြုတဲ့အတွက် သက်တမ်းမပြည့်မီ မီးကြိုးတွေ ပျက်စီးပါတယ်။ ဒါကို လဲလှယ်ခြင်းမပြုပဲ ဆက်သုံးနေကြရင် အကြောင်းတိုက်ဆိုင်တဲ့ ပုံသေတွက်ဆလို့ မရနိုင်တဲ့ တစ်ချိန်ချိန်မှာ ဝါယာကနေ မီးထလောင်နိုင်ပါတယ်။

မီးအားမြှင့်စက်အကြောင်း နိဂုံးချုပ်ရရင် အရည်အသွေးပြည့်မီတဲ့ မီးအားမြှင့်စက်ကို ရွေးချယ်အသုံးပြုပါ။ အော်တိုမီးအားမြှင့်စက်ကို အသုံးပြုနိုင်က ပိုကောင်းပါတယ်။ မီးပျက်လျင်၊ အပြင်သွားလျင် မီးမြှင့်စက်ကို ဂိတ်ဆုံးချရန် သတိပြုပါ။ ဖြစ်နိုင်ပါက မိန်းပိတ်သွားပါ။ မီးအားမြှင့်စက်မှ အချက်ပေးသံထွက်မထွက်ကို အမြဲစစ်ဆေးနေပါ။ မီးအားမြှင့်စက်ဆိုတာက အမြဲပူနေတဲ့ ပစ္စည်းဖြစ်တာကြောင့် လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ တပ်ဆင်ပါ။ လေဝင်လေထွက်ကောင်းအောင် ပန်ကာတပ်ထားသော စက်များကို ရွေးချယ်အသုံးပြုပါ။

ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီးတော့ ဓါတ်တိုင်မှ မီတာသို့ အဝင်ကြိုး၊ မီတာမှ မိန်းသို့ အဝင်ကြိုးနှင့် မိန်းမှ မီးအားမြှင့်စက်သို့ ဆက်ထားသော ကြိုးများ၏ ခံနိုင်ရည်နှင့် အမှန်တကယ် မီးအားကျပါက ဆွဲနိုင်သည့် အမ်ပီယာတို့ကို တွက်ချက်ပြီး ကြိုးဆိုဒ်မမှန် (သေးနေပါက) ဆိုဒ်အမှန်ဖြင့် လဲလှယ်သင့်ကြောင်း အကြံပြုလိုပါတယ်။

လျှပ်စစ်အကြောင်း တိတိပပ မသိသေးသူများအတွက် ဦးတည်းရေးပါသည်။

Don't Monkey with Electricity...!!!
(ဆက်ရန်)

ထိုးကျွေးလိုက်ရသော နွမ်းကြေဘဝများ....(ဆောင်းပါး)

0
0
Photo: ထိုးကျွေးလိုက်ရသော နွမ်းကြေဘဝများ....(ဆောင်းပါး)  ( မြန်မာပြည်မှ ဖြစ်စဉ်များဖြစ်ပါတယ် )  မီးရောင်မှိန်ပျပျ ထွန်းထားတဲ့ ၁၀ ပေ ပတ်လည် အခန်းကျဉ်းလေးထဲမှာ   ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး မွေ့ရာတခုစီပေါ်မှာ လဲလျောင်း နေကြပါတယ်။  လေအေးပေးစက်က ထုတ်လွှတ်နေတဲ့ အအေးငွေ့တွေကြောင့် အခန်းတွင်းမှာ အေးစိမ့်နေပေမယ့်   မိန်းကလေး နှစ်ဦးစလုံး စွပ်ကျယ်ပုံစံ အင်္ကျီ လက်ပြတ်တွေနဲ့ ဂျင်းဘောင်းဘီရှည် ၀တ်ဆင်ထားကြတယ်။  မှိန်ပျပျအလင်းရောင်ကြောင့် သူတို့ရဲ့ မျက်နှာကို ကောင်းကောင်းမမြင်ရပေမယ့်   သူတို့ဆီက စူးစူးရှရှ ပြင်းလွန်းတဲ့ ရေမွှေးအနံ့တွေက လေအေးစက် တပ်( အမှန်က ပန်ကာပါ...၂ခန်းစာအတွက် rotate လည်၏ )  အခန်းတခုလုံးကို ဖုံးလွှမ်းနေတယ်။   အသက် ၅၀ ကျော်အရွယ် အမျိုးသားနှစ်ဦး အခန်းထဲကို လှမ်းဝင်လာတဲ့အချိန်မှာ မိန်းမငယ် နှစ်ဦးစလုံး   လဲလျောင်းနေရာကထလို့ “မင်္ဂလာပါ” ဆိုတဲ့ မြန်မာလို မပီမသ နှုတ်ဆက်သံနဲ့ ခရီးဦးကြို ပြုလိုက်ကြတယ်။  မိန်းကလေးနှစ်ဦးက အမျိုးသားနှစ်ဦးကို သူတို့ရဲ့ မွေ့ရာနှစ်ခုပေါ်မှာ လဲလျောင်းခိုင်းပြီး အမျိုးသားနှစ်ဦးရဲ့ ခြေဖ၀ါးတွေကို   တစ်ရှုးနဲ့ သုတ်ပေးကာ စတင်နှိပ်နယ်ပေးပါတယ်။   ၁၅ မိနစ်လောက်အကြာမှာ အမျိုးသားနှစ်ဦးရဲ့ဘေးမှာ မိန်းမငယ်နှစ်ဦးပါ လဲလျောင်းလုံးထွေးသွားပြီး   မွေ့ရာနှစ်ခုကြားမှာ အနက်ရောင် လိုက်ကာစ တခုက ကာဆီးသွားပါတယ်။   အဲဒီအချိန် အခန်းတွင်းမှာရှိနေတဲ့ မှိန်ပျပျအလင်းရောင်က လူလုံး သဲသဲကွဲကွဲမမြင်ရတဲ့အထိ အရမ်းမှောင် မိုက်သွားခဲ့ပါပြီ။  မိန်းကလေးနှစ်ဦးက ရန်ကုန်မြို့မှာ အနှိပ်ခန်းအမည်ခံ ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမလေးတွေဖြစ်ပါတယ်။  ရန်ကုန်မြို့တော်မှာ ကာရာအိုကေ၊ တည်းခိုခန်း၊ အနှိပ်ခန်း အမည်ခံပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ဖွင့်လှစ်မှုက   တနေ့ထက်တနေ့ ပိုမိုတိုးပွားလာနေပါတယ်။  လမ်းမတွေ၊ ရပ်ကွက်တွေ၊ ဈေးတွေ၊ ကားဂိတ်တွေ၊ ရုပ်ရှင်ရုံတွေအောက်မှာ ပုံစံ အသွင် အမျိုးမျိုးယူ လုပ်ကိုင်ကြတဲ့ ပြည့်တန်ဆာတွေရှိနေသလို   ကြီးမားလှတဲ့ တိုက်တာအဆောက်အဦးတွေပေါ်မှာ အမည်အမျိုးမျိုးခံ ဖွင့်လှစ်ထားတဲ့   တရားမ၀င်၊ တရားဝင် စီးပွားရေးအမည်တပ် လုပ်ငန်းကြီးတွေမှာ လုပ်ကိုင်ကြတဲ့ ပြည့်တန်ဆာတွေလည်း မနည်းလှပါဘူး။  အထူးသဖြင့် တရားမ၀င် အနှိပ်ခန်းတွေက ပြည့်တန်ဆာလုပ်ငန်းကို ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေတဲ့   အမည်ခံ လုပ်ငန်းတွေဆိုရင် မမှားနိုင်ပါဘူး။  ရန်ကုန်မြို့လယ်ခေါင်နဲ့ ဆင်ခြေဖုံးနေရာတွေအထိ ဖွင့်လှစ်နေကြတဲ့ အနှိပ်ခန်းဆိုတဲ့ လုပ်ငန်းတွေက   တကယ်တော့ ကျန်းမာရေးအတွက် ညောင်းညာလို့ နှိပ်တဲ့အနှိပ်ခန်းမျိုးတွေ မဟုတ်သလို ............  အဲဒီ အနှိပ်ခန်းတွေကို လာကြတဲ့သူတွေကလည်း အနင်းအနှိပ် ခံချင်လို့လာကြတဲ့ သူတွေမဟုတ်ပါဘူး။   အခကြေးငွေပေး လိင်ပျော်ပါးနိုင်တဲ့ အဲဒီလို အမည်ခံ အနှိပ်ခန်းတွေ ဖွင့်နိုင်ဖို့ကိုလည်း ဒေသခံအာဏာပိုင်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို  အနှိပ်ခန်းပိုင်ရှင်တွေက လာဘ်ငွေအရင်းအနှီး ကြီးကြီးမားမားပေး ဖွင့်လှစ်ရတာဖြစ်ပါတယ်။  “ဆိုဖီ” လို့ သူ့ကိုယ်သူ မိတ်ဆက်တဲ့ အသက် ၂၅ နှစ်အရွယ် မိန်းမငယ်က..................   တာမွေမြို့နယ်၊ သမိန်ဘရမ်းလမ်းမပေါ်...အထပ်မြင့် တခုမှာ ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတခုက အလုပ်သမ ဖြစ်ပါတယ်။   မြန်မာစကား ဝဲဝဲနဲ့ သူရဲ့အသံကို ကြားတာနဲ့ ဆိုဖီက တိုင်းရင်းသူတယောက်မှန်း သိသာစေပါတယ်။  “ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာ ၃ နှစ်ကျော်သွားပြီ။   ၂၀၁၀ ခုနှစ် ရန်ကုန် စရောက်တုန်းက သူနာပြု အကူသင်တန်း တက်တယ်။   သင်တန်းဆင်းပြီးတော့ ဆေးခန်းတခုမှာ အကူသူနာပြုအဖြစ် အလုပ်ဝင်တယ်။  လစာ ၃ သောင်းခွဲရတယ်။ ဒါပေမယ့် အိမ်ကိုပြန်ပို့ဖို့ ဘယ်လိုမှ မလုံလောက်ဘူး။  အဆောင်နေ သူငယ်ချင်းက လစာကောင်းတဲ့အလုပ် လုပ်မလားဆိုပြီး ခေါ်လာရာက ဒီလုပ်ငန်းခွင်ထဲ ရောက်လာခဲ့တယ်။   ပထမတော့ နှိပ်ပေးရတယ်လို့ပဲ မှတ်ခဲ့တာ။ သူငယ်ချင်းက မေးတယ်၊ နှိပ်တာတခုတည်းနဲ့တော့ တလကို ၅ သောင်းအပြင် ပိုမရဘူး။   ငွေရွှင်တဲ့သူ ဘောစိ (သူဌေး) တွေလာရင် ဘာမစဉ်းစားနဲ့ ကိုယ်လိုချင်သလောက် တောင်း၊။  အဲ ..သာမန်ဆို......တဆက်ရှင် ( ၄၅ မိနစ်ကတော့ = ၅၀၀၀ကျပ်ပါ)  လိင်ပျော်ပါးဖို့ .....ကွန်ဒုံး ပါပီး .......ထပ်ပေးရမှာ က ၈၀၀၀ ကျပ်ပါ...   ပြီးတော့ တနာရီလောက် ခန့် အတူတူအိပ်ပေးလိုက်ဆိုတာနဲ့ အဲဒီကစပြီး ဒီအလုပ် လုပ်ဖြစ်သွားတာ” လို့   ဆိုဖီက သူ့ရဲ့ အနှိပ်သမဘ၀ အစကို ပြောပြပါတယ်။(မှတ်ချက်။ ။ ခုအချိန်ဟာ ၁၈၈ ထုတ်ထားတာပါ။)  ဆိုဖီက ကချင်ပြည်နယ် မြစ်ကြီးနားက လာရောက်တာဖြစ်ပြီး သူ့မှာ မိသားစု ခြောက်ဦးရှိတယ်လို့ဆိုပါတယ်။   သူ့မိဘနှစ်ဦး အပါအ၀င် မောင်နှမလေးဦးရှိတဲ့ သူ့မိသားစုမှာ သူက အကြီးဆုံးသမီးပါတဲ့။   ၁၀ တန်းမအောင်တဲ့အချိန် မိသားစု စားဝတ်နေရေး မပြေလည်လို့ ရန်ကုန်တက် အလုပ်လုပ်ရာကနေ ဒီအလုပ်ကို လုပ်ဖြစ်သွားခဲ့တာပါ။  အကူသူနာပြုဘ၀က တလ ၃ သောင်းခွဲနဲ့ အိမ်ကို ငွေပြန်ပို့ဖို့ နေနေသာ ကိုယ့်ဝမ်းဝအောင်တောင် မစားနိုင်ခဲ့ရာက   အနှိပ်ခန်း အလုပ်သမဘ၀မှာတော့ သူ့ဘ၀ အများကြီးအဆင်ပြေလာပြီလို့ ဆိုဖီက ဆိုပါတယ်။  “တလကို နှစ်သိန်း အိမ်ပြန်ပို့နိုင်တယ်။ မိဘတွေလည်း ဘာအလုပ်လုပ်မှန်း မသိဘူး၊ မေးလည်း မမေးဘူး။   ဒီအလုပ်က ကိုယ့်အတွက်ရော အိမ်အတွက်ရော အရမ်း အဆင်ပြေတယ်..  ခုတော့ ကုလား-ဗမာ  လှုံ့ဆော်လိုသူတွေကြောင့် ဧည့်သည်နဲပါတယ်..” လို့ သူက ပြောပါတယ်။  ဆိုဖီက အနှိပ်ခန်းလာတဲ့လူတိုင်းနဲ့ အတူညအိပ်ရတာမျိုးမဟုတ်ဘဲ   အနှိပ်ခန်းကို ပုံမှန်လာ ငွေဖြုန်းနိုင်တဲ့၊ သောက်စားမူးယစ်နိုင်တဲ့ ငွေကြေးတတ်နိုင်သူတွေကိုသာ အဓိကထား လိင်ဖျော်ဖြေမှုပေးရတာလို့ ဆိုပါတယ်။  သူ့အနေနဲ့ ရွေးချယ်ပိုင်ခွင့်ဆိုတဲ့ လွတ်လပ်မှုတခုရှိတယ်လို့ ဆိုဖီက ဆိုတယ်။   ဒါက လမ်းမတွေပေါ်က ပြည့်တန်ဆာ ညဥ့်ငှက်လေးတွေထက်သာတဲ့ အခွင့်အလမ်းတခုပါလို့ သူက ပြောပါတယ်။  “အနှိပ်ခန်းဆိုတာက လူမျိုးစုံပဲ။ ကိုယ်က လူတိုင်းနဲ့ အိပ်တာမျိုးမဟုတ်ဘူး။   တချို့လူတွေက လာအနှိပ်ခံ၊ ဟိုကိုင်၊ ဒီကိုင်လုပ်၊ မုန့်ဖိုးပေး၊ ပြန်သွားကြတယ်။   အဓိက ပုံမှန်ဖောက်သည်ကိုပဲ အဓိက အားထားရတာ။   ဖား (သူဌေး) တကောင် ရထားပြီဆိုရင်လည်း ကိုယ့်အတွက်ရော၊ အနှိပ်ခန်းအတွက်ရော အများကြီးအဆင် ပြေတယ်။  အနှိပ်ခန်းမှာ ဖား သုံး၊ လေးကောင် ချိတ်ထားနိုင်တဲ့ သူဆိုရင် သိပ်မပင်ပန်းတော့ဘူး” လို့ ဆိုဖီက ဆိုတယ်။  “ဆိုဖီ” လို တိုင်းရင်းသူ မိန်းကလေးမျိုးတွေ ရန်ကုန်မြို့ရဲ့ အနှိပ်ခန်း တော်တော်များများမှာ ရှိနေပါတယ်။   မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံအနီးမှာ ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတခုမှာဆိုလည်း အနှိပ်သမ စုစုပေါင်း ၄၇ ဦး ရှိပါတယ်။   ဘုရင့်နောင်၊ အောင်မင်္ဂလာကားဂိတ်၊ ရာဇာမင်း။ဒဂုံဧရာအဝေးပြေးလို လူစည်ကားတဲ့ကားဂိတ်တွေ၊   ရန်ကုန်မြို့လယ်ခေါင်၊ မြို့စွန်စတဲ့ မြို့နယ်ပေါင်းစုံမှာ အနှိပ်ခန်း ထောင်ချီရှိနိုင်တယ်လို့ ကားပွဲစားတွေက ဆိုပါတယ်။  “ဘုရင့်နောင် လမ်းဆုံနားမှာတင် မရှိဘူးဆိုရင် အနှိပ်ခန်းရော၊ တည်းခိုခန်းရော၊ ကာရာအိုကေရော တရာလောက်ရှိမယ်။   အဲဒါတွေအကုန်လုံးကလည်း ဇယားရွှေ့ (လိင်ပျော်ပါး) လို့ ရတဲ့နေရာတွေချည်းပဲ” လို့ ကားပွဲစားတဦး( ဘ၀ပျက်သွားသူ)က ပြောတယ်။  ဒါပေမယ့် အနှိပ်ခန်းတွေကတော့ အဓိက ပြည့်တန်ဆာလုပ်ငန်းရဲ့ အချက်အချာလို့ ဆိုပါတယ်။   အနှိပ်သမလေးတွေ၊ KTV ဆိုင်တွေက အလုပ်လုပ်နေတဲ့ မိန်းကလေးတွေထဲမှာ   ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ပအို့ဝ် စတဲ့ တိုင်းရင်းသူတွေ အများကြီးရှိနေတယ်လို့   ပုံမှန်သွားရောက်လေ့ရှိတဲ့ ဘုရင့်နောင်က ကားပစ္စည်းရောင်းဝယ်ရေး စီးပွားရေးသမားတဦးက ဆိုတယ်။  “တချို့ဆိုရင် မြန်မာစကား နားမလည်ဘူး။ ကိုယ်လုပ်ခိုင်းချင်တဲ့အရာကို အမူအရာနဲ့ လုပ်ပြခိုင်းရတယ်” လို့ အဲဒီ စီးပွားရေးသမားက ဆိုပါတယ်။  ရန်ကုန်မြို့မှာရှိတဲ့ အနှိပ်ခန်းတွေ တော်တော်များများမှာ ပုံမှန်.....၁ နာရီအနှိပ်ခံရင် ၀န်ဆောင်မှုကို လိုက်လို့   ၂၅၀၀ နဲ့ ၃၅၀၀ အကြား ဈေးနှုန်းသတ်မှတ်ထားပါတယ်။   ဒါပေမယ့် ဒီဈေးနှုန်းက သာမန်နှိပ်ပေးတဲ့ ၀န်ဆောင်မှုပဲရမှာဖြစ်ပြီး လိင်ပျော်ပါးချင်လို့ရှိရင်တော့   အနည်းဆုံး ၁၅၀၀၀ ( ၁၇ - ၂၂ နှစ်အရွယ်ခန့် ......များသောအားဖြင့် အင်းကျီိအနက် ၀တ်တတ်)လောက်ပေးရတယ်လို့ သိရပါတယ်။  အနှိပ်ခန်းမှာ လာရောက်အလုပ်လုပ်တဲ့ မိန်းကလေးတွေမှာ   မအူပင်၊ လပွတ္တာ၊ ဒေးဒရဲ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံ၊လှိုင်သာယာ၊ရွှေပြည်သာ၊ ဧရာဝတီတိုင်း၊ အိမ်မဲ၊စတဲ့  နယ်ဘက် ကျေးရွာတွေက   မိန်းကလေးတွေပါသလို တည်ငြိမ်အေးချမ်းမှုမရှိတဲ့ ရခိုင်၊ ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်ဘက်တွေကမိန်းကလေးတွေပါတယ်လို့ ဆိုပါတယ်။   ဖွံ့ဖြိုးမှု နှေးကွေးတဲ့ ချင်း၊ ရခိုင်လို ဒေသက မိန်းကလေးတွေလည်း ရှိပေမယ့် အရေအတွက်အားဖြင့် နည်းတယ်လို့ သိရပါတယ်။  အနှိပ်ခန်းအများစုက နယ်ဒေသတွေက လာရောက်တဲ့ မိန်းကလေးတွေကိုပဲ လိုလိုလားလား အလုပ်ခန့်ချင်ကြပြီး ။  နယ်ဒေသက မိန်းကလေးတွေက အလုပ်ပြောင်းရွှေ့မှု အလွန်နည်းတာကြောင့် အလုပ်ခန့်ချင်ကြတာလို့ သိရပါတယ်။  “အနှိပ်ခန်းတွေမှာ နယ်က မိန်းကလေးတွေ ဘာလို့ ပိုပိုများလာလဲဆိုတော့ နယ်က မိန်းကလေးတွေက   ရန်ကုန်ရောက် အထည်ချုပ်တို့ ဘာတို့ ၀င်လုပ်၊ ရတဲ့လစာနဲ့ ဘယ်လိုမှ မလောက်ဘူး။   မလောက်တော့ ထွက်ပေါက်ရှာရင်း တချို့လည်းအနှိပ်ခန်းရောက်၊ တချို့လည်း KTV ရောက်၊   တချို့တွေကတော့ လမ်းပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာဘ၀တွေဆီ ရောက်ကုန်ကြတာ။အဓိက စားဝတ်နေရေးပဲ” လို့    အနှိပ်ခန်းတခုက မန်နေဂျာတဦးက ဆိုပါတယ်။  အနှိပ်ခန်းရောက်လာတဲ့ မိန်းကလေးတွေရဲ့ဘ၀က လမ်းမတွေပေါ်က ဘ၀တွေထက်စာရင် အများကြီး လုံခြုံတယ်လို့ အဲဒီမန်နေဂျာက ဆိုပါတယ်။  “လမ်းမပေါ်မှာဆိုရင် စောင့်ရှောက်ပေးမယ့်လူ မရှိဘူး။ အနှိပ်ခန်းမှာ အလိုမတူရင်၊ ပြဿနာရှိရင် အနှိပ်ခန်းဘက်က တာဝန်ယူရှင်းပေးရတာ။   ဖောက်သည်က မူးပြီး ရမ်းလို့ရှိရင်လည်း Waiter တွေက ဆွဲထုတ်သွားတာပဲ။   လမ်းပေါ်က ဘ၀ထက်တော့ အများကြီးသာပါတယ်။ တခုတော့ရှိတယ်။ အလုပ်က ၂၄ နာရီမှာ ၁၈ နာရီလောက်လုပ်ရတယ်။  အိပ်ချိန်နည်းတယ်။ သူလုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးအမြတ် ကျန်မယ်။   လစာက တသောင်း၊ လူတယောက် တဆက်ရှင် (တနာရီ) ၂၅၀၀ နဲ့ နှိပ်ရင် နှိပ်တဲ့မိန်းကလေး အတွက်က အနည်းဆုံး ငါးရာရတယ်၊   ဧည့်သည်က ပေးတဲ့ မုန့်ဖိုးရှိတယ်။   တကယ်လို့ ဧည့်သည်နဲ့ မိန်းကလေးနဲ့ အဆင်ပြေလို့ ကိစ္စ (လိင်ပျော်ပါး) ဖြစ်ရင်လည်း အနှိပ်ခန်းဘက်က ရသလို မိန်းကလေး ဘက်ကလည်း ရတယ်။ ဘယ်လိုပြောပြော မိန်းကလေးတယောက်ကို တလနှစ်သိန်းခွဲ အနည်းဆုံး ပြေးမလွတ်ဘူး။ ဒါ နေစရိတ်၊ စားစရိတ်ငြိမ်း” လို့ အဲဒီမန်နေဂျာက ပြောပါတယ်။  အနှိပ်ခန်း မန်နေဂျာရဲ့အဆိုအရ အနှိပ်ခန်းတွေနဲ့ အနှိပ်သမ ပြည့်တန်ဆာလေးတွေရဲ့ ဘ၀က အဆင်ပြေလှတယ်လို့ ထင်စရာရှိပါတယ်။   တကယ်တော့ အမြဲတမ်း အဆင်ပြေနေတာတော့ မဟုတ်ပါဘူး။  ၂၀၁၀ ရွေးကောက်ပွဲအကြို အောက်တိုဘာလနဲ့ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလမှာ နဲ့ မင်္ဂလာတောင်ညွန့် မင်္ဂလာဈေး..ကောလာဟာလ အပီးမှာ...   ရန်ကုန်တိုင်းတတိုင်းလုံးက အနှိပ်ခန်းတွေကို ပိတ်ထားဖို့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေက အကြောင်းကြားခဲ့တဲ့အပြင် ၂၀၁၀....   အစိုးရသစ်တက်ပြီး ဧပြီလနဲ့ မေလမှာလည်း အနှိပ်ခန်းတွေကို ဖမ်းဖို့ ရန်ကုန်တိုင်းအစိုးရက စီမံချက်ချတာကြောင့် အနှိပ်ခန်းတွေ လနဲ့ချီ ပိတ်ခဲ့ရပါတယ်။  အဲဒီလို ပိတ်သွားတဲ့အချိန်မှာ အနှိပ်သမတွေ ဘယ်လို ၀င်ငွေနဲ့ နေထိုင်စားသောက်ကြပါသလဲ။ အဖြေကတော့ ရှင်းပါတယ်။   လမ်းမတွေပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာ၊ ညဥ့်ငှက်လေးတွေအဖြစ် အသွင်းပြောင်း ရုန်းကန်ရတာတွေ ရှိတယ်လို့ အနှိပ်သမလေးတွေက ဆိုပါတယ်။  ဆိုဖီက စီမံချက်ရှိလို့ အနှိပ်ခန်းတွေ လနဲ့ချီပိတ်ရရင် သူ့ရဲ့ပုံမှန်ဖောက်သည်တွေကို ဆက်သွယ်ပြီး အပြင်မှာ အော်ဒါ (ပြည့်တန်ဆာ) လိုက်ဖြစ်ခဲ့တယ်တဲ့။   ဒါပေမယ့် သူရဲ့မိတ်ဆွေ အနှိပ်သမ တချို့ကတော့ လမ်းမပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာအလုပ်ကို မဖြစ်မနေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။  “စီမံချက်ဆိုရင် အလုပ်က လနဲ့ချီနားရတယ်။ ကိုယ်က ပုံမှန်ဖောက်သည်တွေကို ဖုန်းဆက်ပြီး အကူအညီတောင်း။   သူတို့နဲ့ ပြန်ဆက်သွယ်ရတယ်။ ဒါပေမယ့် ဖောက်သည်နဲ့ ပြန်ဆက်လို့ မရတဲ့သူတွေက လမ်းပေါ်ပဲ ထွက်ရတာပဲ။   အဲဒီအချိန်မျိုးမှာ ရွေးချယ်စရာမရှိဘူး။ တချို့ဆိုရင် ထမင်းစားရရင်တော်ပြီ ဆိုပြီး ခေါ်ရာလိုက်တာပဲ။   စီမံချက်မကြောက်လို့ဖွင့်တဲ့ အနှိပ်ခန်းတွေဆီမှာ သွားလုပ်တဲ့သူတွေလည်း လုပ်ကြတယ်။  အဲဒီအနှိပ်ခန်းတွေက ရဲဖမ်းခံရတာများတယ်။ အဖမ်းခံရရင် ပြည့်တန်ဆာမှုနဲ့ ထောင်ချခံရမှာ။     မှုခင်းဂျာနယ်ထဲမှာ အနှိပ်ခန်းမှာ အတူလုပ်ဖူးတဲ့ သူငယ်ချင်းသုံးယောက် အဖမ်းခံရတဲ့သတင်းတောင် ဖတ်လိုက်ရတယ်” လို့ ဆိုဖီက ဆိုပါတယ်။  တရားမ၀င် အနှိပ်ခန်းဆိုတဲ့နေရာမှာလည်း နှစ်မျိုးရှိပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ကို လိုင်းကြေး သိန်းချီပေးဖွင့်တဲ့ အနှိပ်ခန်းနဲ့   လိုင်းကြေးမပေးဘဲ ခိုးဖွင့်တဲ့ အနှိပ်ခန်းရယ်လို့ နှစ်မျိုးရှိတယ်လို့ သိရပါတယ်။  အနှိပ်သမလေးတွေအနေနဲ့ အလုပ်ရွေးချယ်တဲ့နေရာမှာ   လိုင်းကြေးပေး၊ မပေးကိုလည်း အမြဲစုံစမ်းပြီး လိုင်းကြေးပေးတဲ့ အနှိပ်ခန်းမှာသာ ကြာကြာ အလုပ်လုပ်လေ့ရှိတယ်လို့ သိရပါတယ်။  ( ၁၈၈ ထုတ်ထားတာ မသိဖူးလားဆိုပီး။ရဲက ခေါ်ပီး ညလုံးပေါက်ပျော်ပါးနေတာတွေကို လဲ တွေ့နေရပါတယ်တဲ့ မပြောရဲဖူးလေတဲ့)  သန်းခေါင်ယံ ရန်ကုန်မြို့ရဲ့ နီယွန်ရောင်ထိန်ထိန်ညီးနေတဲ့ ကားလမ်းမကြီးတွေပေါ်မှာ လူသူကင်းရှင်း နေပြီဖြစ်ပေမယ့်  မှိန်ပျပျ မီးအလင်းရောင် အနှိပ်ခန်းတွေမှာတော့ သက်ဝင်လှုပ်ရှားမှု တွေရှိနေဆဲ ဖြစ်ပါတယ်။  ဒါတွေဟာ...အနှိပ်ခန်းကဘ၀တွေပါ....  ..ကျန်သည့်... CLUB..များ...ကတော့..............  ( ၉လွှာ၊ဂျေဂျေ။အာရှ...။တောင်ညွန့်ဒေသ မဟုတ်သည့်ကလပ် များ မှ ၁၈၈ ထုတ်ထားဆဲကာလ မှာတောင်..စားဝတ်နေရေးအတွက်)   မိန်းကလေးများရဲ့ဘ၀အမောတွေကတော့...ရန်ကုန်ညများနဲ့အတူ.....ဆက်လက်ဖြတ်သန်းနေရဆဲပါ။   Lon Ely ( ၄-၄ -၁၃)

( မြန်မာပြည်မှ ဖြစ်စဉ်များဖြစ်ပါတယ် )

မီးရောင်မှိန်ပျပျ ထွန်းထားတဲ့ ၁၀ ပေ ပတ်လည် အခန်းကျဉ်းလေးထဲမှာ

ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး မွေ့ရာတခုစီပေါ်မှာ လဲလျောင်း နေကြပါတယ်။

လေအေးပေးစက်က ထုတ်လွှတ်နေတဲ့ အအေးငွေ့တွေကြောင့် အခန်းတွင်းမှာ အေးစိမ့်နေပေမယ့်

မိန်းကလေး နှစ်ဦးစလုံး စွပ်ကျယ်ပုံစံ အင်္ကျီ လက်ပြတ်တွေနဲ့ ဂျင်းဘောင်းဘီရှည် ၀တ်ဆင်ထားကြတယ်။

မှိန်ပျပျအလင်းရောင်ကြောင့် သူတို့ရဲ့ မျက်နှာကို ကောင်းကောင်းမမြင်ရပေမယ့်

သူတို့ဆီက စူးစူးရှရှ ပြင်းလွန်းတဲ့ ရေမွှေးအနံ့တွေက လေအေးစက် တပ်( အမှန်က ပန်ကာပါ...၂ခန်းစာအတွက် rotate လည်၏ )

အခန်းတခုလုံးကို ဖုံးလွှမ်းနေတယ်။

အသက် ၅၀ ကျော်အရွယ် အမျိုးသားနှစ်ဦး အခန်းထဲကို လှမ်းဝင်လာတဲ့အချိန်မှာ မိန်းမငယ် နှစ်ဦးစလုံး

လဲလျောင်းနေရာကထလို့ “မင်္ဂလာပါ” ဆိုတဲ့ မြန်မာလို မပီမသ နှုတ်ဆက်သံနဲ့ ခရီးဦးကြို ပြုလိုက်ကြတယ်။

မိန်းကလေးနှစ်ဦးက အမျိုးသားနှစ်ဦးကို သူတို့ရဲ့ မွေ့ရာနှစ်ခုပေါ်မှာ လဲလျောင်းခိုင်းပြီး အမျိုးသားနှစ်ဦးရဲ့ ခြေဖ၀ါးတွေကို

တစ်ရှုးနဲ့ သုတ်ပေးကာ စတင်နှိပ်နယ်ပေးပါတယ်။

၁၅ မိနစ်လောက်အကြာမှာ အမျိုးသားနှစ်ဦးရဲ့ဘေးမှာ မိန်းမငယ်နှစ်ဦးပါ လဲလျောင်းလုံးထွေးသွားပြီး

မွေ့ရာနှစ်ခုကြားမှာ အနက်ရောင် လိုက်ကာစ တခုက ကာဆီးသွားပါတယ်။

အဲဒီအချိန် အခန်းတွင်းမှာရှိနေတဲ့ မှိန်ပျပျအလင်းရောင်က လူလုံး သဲသဲကွဲကွဲမမြင်ရတဲ့အထိ အရမ်းမှောင် မိုက်သွားခဲ့ပါပြီ။

မိန်းကလေးနှစ်ဦးက ရန်ကုန်မြို့မှာ အနှိပ်ခန်းအမည်ခံ ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမလေးတွေဖြစ်ပါတယ်။

ရန်ကုန်မြို့တော်မှာ ကာရာအိုကေ၊ တည်းခိုခန်း၊ အနှိပ်ခန်း အမည်ခံပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ဖွင့်လှစ်မှုက

တနေ့ထက်တနေ့ ပိုမိုတိုးပွားလာနေပါတယ်။

လမ်းမတွေ၊ ရပ်ကွက်တွေ၊ ဈေးတွေ၊ ကားဂိတ်တွေ၊ ရုပ်ရှင်ရုံတွေအောက်မှာ ပုံစံ အသွင် အမျိုးမျိုးယူ လုပ်ကိုင်ကြတဲ့ ပြည့်တန်ဆာတွေရှိနေသလို

ကြီးမားလှတဲ့ တိုက်တာအဆောက်အဦးတွေပေါ်မှာ အမည်အမျိုးမျိုးခံ ဖွင့်လှစ်ထားတဲ့

တရားမ၀င်၊ တရားဝင် စီးပွားရေးအမည်တပ် လုပ်ငန်းကြီးတွေမှာ လုပ်ကိုင်ကြတဲ့ ပြည့်တန်ဆာတွေလည်း မနည်းလှပါဘူး။

အထူးသဖြင့် တရားမ၀င် အနှိပ်ခန်းတွေက ပြည့်တန်ဆာလုပ်ငန်းကို ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေတဲ့

အမည်ခံ လုပ်ငန်းတွေဆိုရင် မမှားနိုင်ပါဘူး။

ရန်ကုန်မြို့လယ်ခေါင်နဲ့ ဆင်ခြေဖုံးနေရာတွေအထိ ဖွင့်လှစ်နေကြတဲ့ အနှိပ်ခန်းဆိုတဲ့ လုပ်ငန်းတွေက

တကယ်တော့ ကျန်းမာရေးအတွက် ညောင်းညာလို့ နှိပ်တဲ့အနှိပ်ခန်းမျိုးတွေ မဟုတ်သလို ............

အဲဒီ အနှိပ်ခန်းတွေကို လာကြတဲ့သူတွေကလည်း အနင်းအနှိပ် ခံချင်လို့လာကြတဲ့ သူတွေမဟုတ်ပါဘူး။

အခကြေးငွေပေး လိင်ပျော်ပါးနိုင်တဲ့ အဲဒီလို အမည်ခံ အနှိပ်ခန်းတွေ ဖွင့်နိုင်ဖို့ကိုလည်း ဒေသခံအာဏာပိုင်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို

အနှိပ်ခန်းပိုင်ရှင်တွေက လာဘ်ငွေအရင်းအနှီး ကြီးကြီးမားမားပေး ဖွင့်လှစ်ရတာဖြစ်ပါတယ်။

“ဆိုဖီ” လို့ သူ့ကိုယ်သူ မိတ်ဆက်တဲ့ အသက် ၂၅ နှစ်အရွယ် မိန်းမငယ်က..................

တာမွေမြို့နယ်၊ သမိန်ဘရမ်းလမ်းမပေါ်...အထပ်မြင့် တခုမှာ ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတခုက အလုပ်သမ ဖြစ်ပါတယ်။

မြန်မာစကား ဝဲဝဲနဲ့ သူရဲ့အသံကို ကြားတာနဲ့ ဆိုဖီက တိုင်းရင်းသူတယောက်မှန်း သိသာစေပါတယ်။

“ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာ ၃ နှစ်ကျော်သွားပြီ။

၂၀၁၀ ခုနှစ် ရန်ကုန် စရောက်တုန်းက သူနာပြု အကူသင်တန်း တက်တယ်။

သင်တန်းဆင်းပြီးတော့ ဆေးခန်းတခုမှာ အကူသူနာပြုအဖြစ် အလုပ်ဝင်တယ်။

လစာ ၃ သောင်းခွဲရတယ်။ ဒါပေမယ့် အိမ်ကိုပြန်ပို့ဖို့ ဘယ်လိုမှ မလုံလောက်ဘူး။

အဆောင်နေ သူငယ်ချင်းက လစာကောင်းတဲ့အလုပ် လုပ်မလားဆိုပြီး ခေါ်လာရာက ဒီလုပ်ငန်းခွင်ထဲ ရောက်လာခဲ့တယ်။

ပထမတော့ နှိပ်ပေးရတယ်လို့ပဲ မှတ်ခဲ့တာ။ သူငယ်ချင်းက မေးတယ်၊ နှိပ်တာတခုတည်းနဲ့တော့ တလကို ၅ သောင်းအပြင် ပိုမရဘူး။

ငွေရွှင်တဲ့သူ ဘောစိ (သူဌေး) တွေလာရင် ဘာမစဉ်းစားနဲ့ ကိုယ်လိုချင်သလောက် တောင်း၊။

အဲ ..သာမန်ဆို......တဆက်ရှင် ( ၄၅ မိနစ်ကတော့ = ၅၀၀၀ကျပ်ပါ)

လိင်ပျော်ပါးဖို့ .....ကွန်ဒုံး ပါပီး .......ထပ်ပေးရမှာ က ၈၀၀၀ ကျပ်ပါ...

ပြီးတော့ တနာရီလောက် ခန့် အတူတူအိပ်ပေးလိုက်ဆိုတာနဲ့ အဲဒီကစပြီး ဒီအလုပ် လုပ်ဖြစ်သွားတာ” လို့

ဆိုဖီက သူ့ရဲ့ အနှိပ်သမဘ၀ အစကို ပြောပြပါတယ်။(မှတ်ချက်။ ။ ခုအချိန်ဟာ ၁၈၈ ထုတ်ထားတာပါ။)

ဆိုဖီက ကချင်ပြည်နယ် မြစ်ကြီးနားက လာရောက်တာဖြစ်ပြီး သူ့မှာ မိသားစု ခြောက်ဦးရှိတယ်လို့ဆိုပါတယ်။

သူ့မိဘနှစ်ဦး အပါအ၀င် မောင်နှမလေးဦးရှိတဲ့ သူ့မိသားစုမှာ သူက အကြီးဆုံးသမီးပါတဲ့။

၁၀ တန်းမအောင်တဲ့အချိန် မိသားစု စားဝတ်နေရေး မပြေလည်လို့ ရန်ကုန်တက် အလုပ်လုပ်ရာကနေ ဒီအလုပ်ကို လုပ်ဖြစ်သွားခဲ့တာပါ။

အကူသူနာပြုဘ၀က တလ ၃ သောင်းခွဲနဲ့ အိမ်ကို ငွေပြန်ပို့ဖို့ နေနေသာ ကိုယ့်ဝမ်းဝအောင်တောင် မစားနိုင်ခဲ့ရာက

အနှိပ်ခန်း အလုပ်သမဘ၀မှာတော့ သူ့ဘ၀ အများကြီးအဆင်ပြေလာပြီလို့ ဆိုဖီက ဆိုပါတယ်။

“တလကို နှစ်သိန်း အိမ်ပြန်ပို့နိုင်တယ်။ မိဘတွေလည်း ဘာအလုပ်လုပ်မှန်း မသိဘူး၊ မေးလည်း မမေးဘူး။

ဒီအလုပ်က ကိုယ့်အတွက်ရော အိမ်အတွက်ရော အရမ်း အဆင်ပြေတယ်..

ခုတော့ ကုလား-ဗမာ လှုံ့ဆော်လိုသူတွေကြောင့် ဧည့်သည်နဲပါတယ်..” လို့ သူက ပြောပါတယ်။

ဆိုဖီက အနှိပ်ခန်းလာတဲ့လူတိုင်းနဲ့ အတူညအိပ်ရတာမျိုးမဟုတ်ဘဲ

အနှိပ်ခန်းကို ပုံမှန်လာ ငွေဖြုန်းနိုင်တဲ့၊ သောက်စားမူးယစ်နိုင်တဲ့ ငွေကြေးတတ်နိုင်သူတွေကိုသာ အဓိကထား လိင်ဖျော်ဖြေမှုပေးရတာလို့ ဆိုပါတယ်။

သူ့အနေနဲ့ ရွေးချယ်ပိုင်ခွင့်ဆိုတဲ့ လွတ်လပ်မှုတခုရှိတယ်လို့ ဆိုဖီက ဆိုတယ်။

ဒါက လမ်းမတွေပေါ်က ပြည့်တန်ဆာ ညဥ့်ငှက်လေးတွေထက်သာတဲ့ အခွင့်အလမ်းတခုပါလို့ သူက ပြောပါတယ်။

“အနှိပ်ခန်းဆိုတာက လူမျိုးစုံပဲ။ ကိုယ်က လူတိုင်းနဲ့ အိပ်တာမျိုးမဟုတ်ဘူး။

တချို့လူတွေက လာအနှိပ်ခံ၊ ဟိုကိုင်၊ ဒီကိုင်လုပ်၊ မုန့်ဖိုးပေး၊ ပြန်သွားကြတယ်။

အဓိက ပုံမှန်ဖောက်သည်ကိုပဲ အဓိက အားထားရတာ။

ဖား (သူဌေး) တကောင် ရထားပြီဆိုရင်လည်း ကိုယ့်အတွက်ရော၊ အနှိပ်ခန်းအတွက်ရော အများကြီးအဆင် ပြေတယ်။

အနှိပ်ခန်းမှာ ဖား သုံး၊ လေးကောင် ချိတ်ထားနိုင်တဲ့ သူဆိုရင် သိပ်မပင်ပန်းတော့ဘူး” လို့ ဆိုဖီက ဆိုတယ်။

“ဆိုဖီ” လို တိုင်းရင်းသူ မိန်းကလေးမျိုးတွေ ရန်ကုန်မြို့ရဲ့ အနှိပ်ခန်း တော်တော်များများမှာ ရှိနေပါတယ်။

မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံအနီးမှာ ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတခုမှာဆိုလည်း အနှိပ်သမ စုစုပေါင်း ၄၇ ဦး ရှိပါတယ်။

ဘုရင့်နောင်၊ အောင်မင်္ဂလာကားဂိတ်၊ ရာဇာမင်း။ဒဂုံဧရာအဝေးပြေးလို လူစည်ကားတဲ့ကားဂိတ်တွေ၊

ရန်ကုန်မြို့လယ်ခေါင်၊ မြို့စွန်စတဲ့ မြို့နယ်ပေါင်းစုံမှာ အနှိပ်ခန်း ထောင်ချီရှိနိုင်တယ်လို့ ကားပွဲစားတွေက ဆိုပါတယ်။

“ဘုရင့်နောင် လမ်းဆုံနားမှာတင် မရှိဘူးဆိုရင် အနှိပ်ခန်းရော၊ တည်းခိုခန်းရော၊ ကာရာအိုကေရော တရာလောက်ရှိမယ်။

အဲဒါတွေအကုန်လုံးကလည်း ဇယားရွှေ့ (လိင်ပျော်ပါး) လို့ ရတဲ့နေရာတွေချည်းပဲ” လို့ ကားပွဲစားတဦး( ဘ၀ပျက်သွားသူ)က ပြောတယ်။

ဒါပေမယ့် အနှိပ်ခန်းတွေကတော့ အဓိက ပြည့်တန်ဆာလုပ်ငန်းရဲ့ အချက်အချာလို့ ဆိုပါတယ်။

အနှိပ်သမလေးတွေ၊ KTV ဆိုင်တွေက အလုပ်လုပ်နေတဲ့ မိန်းကလေးတွေထဲမှာ

ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ပအို့ဝ် စတဲ့ တိုင်းရင်းသူတွေ အများကြီးရှိနေတယ်လို့

ပုံမှန်သွားရောက်လေ့ရှိတဲ့ ဘုရင့်နောင်က ကားပစ္စည်းရောင်းဝယ်ရေး စီးပွားရေးသမားတဦးက ဆိုတယ်။

“တချို့ဆိုရင် မြန်မာစကား နားမလည်ဘူး။ ကိုယ်လုပ်ခိုင်းချင်တဲ့အရာကို အမူအရာနဲ့ လုပ်ပြခိုင်းရတယ်” လို့ အဲဒီ စီးပွားရေးသမားက ဆိုပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ အနှိပ်ခန်းတွေ တော်တော်များများမှာ ပုံမှန်.....၁ နာရီအနှိပ်ခံရင် ၀န်ဆောင်မှုကို လိုက်လို့

၂၅၀၀ နဲ့ ၃၅၀၀ အကြား ဈေးနှုန်းသတ်မှတ်ထားပါတယ်။

ဒါပေမယ့် ဒီဈေးနှုန်းက သာမန်နှိပ်ပေးတဲ့ ၀န်ဆောင်မှုပဲရမှာဖြစ်ပြီး လိင်ပျော်ပါးချင်လို့ရှိရင်တော့

အနည်းဆုံး ၁၅၀၀၀ ( ၁၇ - ၂၂ နှစ်အရွယ်ခန့် ......များသောအားဖြင့် အင်းကျီိအနက် ၀တ်တတ်)လောက်ပေးရတယ်လို့ သိရပါတယ်။

အနှိပ်ခန်းမှာ လာရောက်အလုပ်လုပ်တဲ့ မိန်းကလေးတွေမှာ

မအူပင်၊ လပွတ္တာ၊ ဒေးဒရဲ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံ၊လှိုင်သာယာ၊ရွှေပြည်သာ၊ ဧရာဝတီတိုင်း၊ အိမ်မဲ၊စတဲ့ နယ်ဘက် ကျေးရွာတွေက

မိန်းကလေးတွေပါသလို တည်ငြိမ်အေးချမ်းမှုမရှိတဲ့ ရခိုင်၊ ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်ဘက်တွေကမိန်းကလေးတွေပါတယ်လို့ ဆိုပါတယ်။

ဖွံ့ဖြိုးမှု နှေးကွေးတဲ့ ချင်း၊ ရခိုင်လို ဒေသက မိန်းကလေးတွေလည်း ရှိပေမယ့် အရေအတွက်အားဖြင့် နည်းတယ်လို့ သိရပါတယ်။

အနှိပ်ခန်းအများစုက နယ်ဒေသတွေက လာရောက်တဲ့ မိန်းကလေးတွေကိုပဲ လိုလိုလားလား အလုပ်ခန့်ချင်ကြပြီး ။

နယ်ဒေသက မိန်းကလေးတွေက အလုပ်ပြောင်းရွှေ့မှု အလွန်နည်းတာကြောင့် အလုပ်ခန့်ချင်ကြတာလို့ သိရပါတယ်။

“အနှိပ်ခန်းတွေမှာ နယ်က မိန်းကလေးတွေ ဘာလို့ ပိုပိုများလာလဲဆိုတော့ နယ်က မိန်းကလေးတွေက

ရန်ကုန်ရောက် အထည်ချုပ်တို့ ဘာတို့ ၀င်လုပ်၊ ရတဲ့လစာနဲ့ ဘယ်လိုမှ မလောက်ဘူး။

မလောက်တော့ ထွက်ပေါက်ရှာရင်း တချို့လည်းအနှိပ်ခန်းရောက်၊ တချို့လည်း KTV ရောက်၊

တချို့တွေကတော့ လမ်းပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာဘ၀တွေဆီ ရောက်ကုန်ကြတာ။အဓိက စားဝတ်နေရေးပဲ” လို့

အနှိပ်ခန်းတခုက မန်နေဂျာတဦးက ဆိုပါတယ်။

အနှိပ်ခန်းရောက်လာတဲ့ မိန်းကလေးတွေရဲ့ဘ၀က လမ်းမတွေပေါ်က ဘ၀တွေထက်စာရင် အများကြီး လုံခြုံတယ်လို့ အဲဒီမန်နေဂျာက ဆိုပါတယ်။

“လမ်းမပေါ်မှာဆိုရင် စောင့်ရှောက်ပေးမယ့်လူ မရှိဘူး။ အနှိပ်ခန်းမှာ အလိုမတူရင်၊ ပြဿနာရှိရင် အနှိပ်ခန်းဘက်က တာဝန်ယူရှင်းပေးရတာ။

ဖောက်သည်က မူးပြီး ရမ်းလို့ရှိရင်လည်း Waiter တွေက ဆွဲထုတ်သွားတာပဲ။

လမ်းပေါ်က ဘ၀ထက်တော့ အများကြီးသာပါတယ်။ တခုတော့ရှိတယ်။ အလုပ်က ၂၄ နာရီမှာ ၁၈ နာရီလောက်လုပ်ရတယ်။

အိပ်ချိန်နည်းတယ်။ သူလုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးအမြတ် ကျန်မယ်။

လစာက တသောင်း၊ လူတယောက် တဆက်ရှင် (တနာရီ) ၂၅၀၀ နဲ့ နှိပ်ရင် နှိပ်တဲ့မိန်းကလေး အတွက်က အနည်းဆုံး ငါးရာရတယ်၊

ဧည့်သည်က ပေးတဲ့ မုန့်ဖိုးရှိတယ်။

တကယ်လို့ ဧည့်သည်နဲ့ မိန်းကလေးနဲ့ အဆင်ပြေလို့ ကိစ္စ (လိင်ပျော်ပါး) ဖြစ်ရင်လည်း အနှိပ်ခန်းဘက်က ရသလို မိန်းကလေး ဘက်ကလည်း ရတယ်။ ဘယ်လိုပြောပြော မိန်းကလေးတယောက်ကို တလနှစ်သိန်းခွဲ အနည်းဆုံး ပြေးမလွတ်ဘူး။ ဒါ နေစရိတ်၊ စားစရိတ်ငြိမ်း” လို့ အဲဒီမန်နေဂျာက ပြောပါတယ်။

အနှိပ်ခန်း မန်နေဂျာရဲ့အဆိုအရ အနှိပ်ခန်းတွေနဲ့ အနှိပ်သမ ပြည့်တန်ဆာလေးတွေရဲ့ ဘ၀က အဆင်ပြေလှတယ်လို့ ထင်စရာရှိပါတယ်။

တကယ်တော့ အမြဲတမ်း အဆင်ပြေနေတာတော့ မဟုတ်ပါဘူး။

၂၀၁၀ ရွေးကောက်ပွဲအကြို အောက်တိုဘာလနဲ့ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလမှာ နဲ့ မင်္ဂလာတောင်ညွန့် မင်္ဂလာဈေး..ကောလာဟာလ အပီးမှာ...

ရန်ကုန်တိုင်းတတိုင်းလုံးက အနှိပ်ခန်းတွေကို ပိတ်ထားဖို့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေက အကြောင်းကြားခဲ့တဲ့အပြင် ၂၀၁၀....

အစိုးရသစ်တက်ပြီး ဧပြီလနဲ့ မေလမှာလည်း အနှိပ်ခန်းတွေကို ဖမ်းဖို့ ရန်ကုန်တိုင်းအစိုးရက စီမံချက်ချတာကြောင့် အနှိပ်ခန်းတွေ လနဲ့ချီ ပိတ်ခဲ့ရပါတယ်။

အဲဒီလို ပိတ်သွားတဲ့အချိန်မှာ အနှိပ်သမတွေ ဘယ်လို ၀င်ငွေနဲ့ နေထိုင်စားသောက်ကြပါသလဲ။ အဖြေကတော့ ရှင်းပါတယ်။

လမ်းမတွေပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာ၊ ညဥ့်ငှက်လေးတွေအဖြစ် အသွင်းပြောင်း ရုန်းကန်ရတာတွေ ရှိတယ်လို့ အနှိပ်သမလေးတွေက ဆိုပါတယ်။

ဆိုဖီက စီမံချက်ရှိလို့ အနှိပ်ခန်းတွေ လနဲ့ချီပိတ်ရရင် သူ့ရဲ့ပုံမှန်ဖောက်သည်တွေကို ဆက်သွယ်ပြီး အပြင်မှာ အော်ဒါ (ပြည့်တန်ဆာ) လိုက်ဖြစ်ခဲ့တယ်တဲ့။

ဒါပေမယ့် သူရဲ့မိတ်ဆွေ အနှိပ်သမ တချို့ကတော့ လမ်းမပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာအလုပ်ကို မဖြစ်မနေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“စီမံချက်ဆိုရင် အလုပ်က လနဲ့ချီနားရတယ်။ ကိုယ်က ပုံမှန်ဖောက်သည်တွေကို ဖုန်းဆက်ပြီး အကူအညီတောင်း။

သူတို့နဲ့ ပြန်ဆက်သွယ်ရတယ်။ ဒါပေမယ့် ဖောက်သည်နဲ့ ပြန်ဆက်လို့ မရတဲ့သူတွေက လမ်းပေါ်ပဲ ထွက်ရတာပဲ။

အဲဒီအချိန်မျိုးမှာ ရွေးချယ်စရာမရှိဘူး။ တချို့ဆိုရင် ထမင်းစားရရင်တော်ပြီ ဆိုပြီး ခေါ်ရာလိုက်တာပဲ။

စီမံချက်မကြောက်လို့ဖွင့်တဲ့ အနှိပ်ခန်းတွေဆီမှာ သွားလုပ်တဲ့သူတွေလည်း လုပ်ကြတယ်။

အဲဒီအနှိပ်ခန်းတွေက ရဲဖမ်းခံရတာများတယ်။ အဖမ်းခံရရင် ပြည့်တန်ဆာမှုနဲ့ ထောင်ချခံရမှာ။



မှုခင်းဂျာနယ်ထဲမှာ အနှိပ်ခန်းမှာ အတူလုပ်ဖူးတဲ့ သူငယ်ချင်းသုံးယောက် အဖမ်းခံရတဲ့သတင်းတောင် ဖတ်လိုက်ရတယ်” လို့ ဆိုဖီက ဆိုပါတယ်။

တရားမ၀င် အနှိပ်ခန်းဆိုတဲ့နေရာမှာလည်း နှစ်မျိုးရှိပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ကို လိုင်းကြေး သိန်းချီပေးဖွင့်တဲ့ အနှိပ်ခန်းနဲ့

လိုင်းကြေးမပေးဘဲ ခိုးဖွင့်တဲ့ အနှိပ်ခန်းရယ်လို့ နှစ်မျိုးရှိတယ်လို့ သိရပါတယ်။

အနှိပ်သမလေးတွေအနေနဲ့ အလုပ်ရွေးချယ်တဲ့နေရာမှာ

လိုင်းကြေးပေး၊ မပေးကိုလည်း အမြဲစုံစမ်းပြီး လိုင်းကြေးပေးတဲ့ အနှိပ်ခန်းမှာသာ ကြာကြာ အလုပ်လုပ်လေ့ရှိတယ်လို့ သိရပါတယ်။

( ၁၈၈ ထုတ်ထားတာ မသိဖူးလားဆိုပီး။ရဲက ခေါ်ပီး ညလုံးပေါက်ပျော်ပါးနေတာတွေကို လဲ တွေ့နေရပါတယ်တဲ့ မပြောရဲဖူးလေတဲ့)

သန်းခေါင်ယံ ရန်ကုန်မြို့ရဲ့ နီယွန်ရောင်ထိန်ထိန်ညီးနေတဲ့ ကားလမ်းမကြီးတွေပေါ်မှာ လူသူကင်းရှင်း နေပြီဖြစ်ပေမယ့်

မှိန်ပျပျ မီးအလင်းရောင် အနှိပ်ခန်းတွေမှာတော့ သက်ဝင်လှုပ်ရှားမှု တွေရှိနေဆဲ ဖြစ်ပါတယ်။

ဒါတွေဟာ...အနှိပ်ခန်းကဘ၀တွေပါ....

..ကျန်သည့်... CLUB..များ...ကတော့..............

( ၉လွှာ၊ဂျေဂျေ။အာရှ...။တောင်ညွန့်ဒေသ မဟုတ်သည့်ကလပ် များ မှ ၁၈၈ ထုတ်ထားဆဲကာလ မှာတောင်..စားဝတ်နေရေးအတွက်)

မိန်းကလေးများရဲ့ဘ၀အမောတွေကတော့...ရန်ကုန်ညများနဲ့အတူ.....ဆက်လက်ဖြတ်သန်းနေရဆဲပါ။

Lon Ely ( ၄-၄ -၁၃)

ပယင်းရောင် ဦးနှောက်များ နဲ့ အနာဂါတ်မြန်မာပြည်

0
0





`၁၉၉၆ ခုနှစ် `

ကျောင်းပြီးစ.. သူငယ်ချင်းတတွေ ကျောက်မြောင်းဖက်မှာ တိုက်ခန်းငှားပြီး စုပေါင်းနေကြတယ်..။ အလုပ်ရှာသူက ရှာ၊ နိုင်ငံခြားထွက်ဖို့ ကြိုးစားသူကကြိုးစား၊ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်တဲ့ကောင်က လုပ်ပေါ့..။


ဝင်ငွေက မရှိ၊ ကျောင်းသားဘ၀ အရှိန်မကုန်ကြသေးတော့.. ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့ ရှိတဲ့ကောင်ထုတ်..။ မရှိ ချေးငှား၊ အရပ်ကူပါ လူဝိုင်းပါပဲ..။

အလှည့်ကျ မနွဲ့စတမ်း.. ကျွန်တော်လည်း တစ်ရက်သား.. အောင်ဆန်းကွင်း ကို ချီတက်.. ပိုက်ဆံချေးဖို့ တာဝန်ယူရတယ်..။ ကျွန်တော်နဲ့ တစ်ရွာတည်းသား၊ ငယ် သူငယ်ချင်း က အဲဒီအချိန်.. မြန်မာ့လက်ရွေးစင် ဘော်လီဘောသမား ..အောင်ဆန်းကွင်းမှာ နေတယ်...။

အောင်ဆန်းကွင်း ရောက်ရောက်ချင်း ပိုက်ဆံက.. ချက်ချင်းမရ..။ ခမျာ့များ.. training လုပ်နေလို့ ခဏစောင့်ရသေးတယ်..။

training ပြီးမှ မောင်မင်းကြီးသား ကြွချီတော် မူလာတယ်..။

အရပ်က ခြောက်ပေ..။ အထက်ပိုင်း ကိုယ်ဗလာကျင်း။ ကြွက်သားတွေက အမြှောင်းအမြှောင်းထ..။ အဆီပိုရယ်လို့ မရှိ..။ စစ်သားကြီးလုံးလုံး ဗိုလ်မှုးကြီးရှုံးလောက်ကဲ့ ဟန်ပန်နဲ့.. အင်မတန် ကျားကျားလျားလျား၊ ကျွန်တော့် ငယ်သူငယ်ချင်းကြီး အဲဒီတုံးက အတော်ကြည့်ကောင်းသကိုး..။

`၂၀၁၂ ခုနှစ် `

ကျွန်တော့်မိဘများက ရွာမရောက်တာ ဆယ့်ငါးနှစ်လောက်ရှိပြီ၊ ပြန်ချင်တယ်ငါ့သားရယ် ဆိုလို့ သူတို့လိုက်ပို့ရင်း ရွာပြန်ဖြစ်ပါတယ်..။

ရွာရောက် တော့.. ကျွန်တော်လည်း ငယ်သူငယ်ချင်းတွေ ပြန်တွေ့၊ ငယ်ကျိုးငယ်နာတွေဖော်၊ ရှေးဟောင်းနှောင်းဖြစ်တွေပြော.. အတော်ပျော်
နေကြတုံး..

`မောင်ဦးရော..` လို့ တခုတ်တရ ကျွန်တော်မေးမိတယ်..။

အားလုံးရဲ့  မျက်နှာတွေမှာ အပျော်တွေပျောက်ဆုံး ချက်ခြင်းပဲ စိတ်မကောင်း
ခြင်းတွေနဲ့ အုပ်ဆိုင်းမှုန်မှိုင်းလို့..

` မောင်ဦး ရွာပြင်မှာ ` တဲ့..။ ` မင့်ကောင် နေ့မီးညမီး ဆက်သောက်နေတာ.. လူရုပ်တောင် မပေါ်တော့ဘူး `..။

သူတို့အဖြေမှာ.. ကြေကွဲဝမ်းနည်းယူကြုံးမရမှုတွေနဲ့ ပြည့်နှက်နေတာ.. ကျွန်တော်သတိထားမိတယ်..။ ကျွန်တော်လည်း အတော့်ကို စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်..။

လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်လောက်က.. ကျားကျားလျားလျား နိုင်ငံဂုဏ်ဆောင် အားကစားသမား- အခုတော့ ပိန်လှီခြောက်ကပ်၊ ဖောသွပ်သွပ် ပွတတ၊ အရက်သမား ဥပဓိက တကိုယ်လုံး ဖုံးလွှမ်းလို့..။ ရွာပြင်မှာ တဲထိုးနေရတဲ့ ဘ၀ရောက်သွားခဲ့ပြီ..။

တချိန်က ဖျတ်လတ်သန်မာတက်ကြွခဲ့တဲ့ သူ့ခန္ဓာကိုယ်ဟာ.. အခုတော့ ယိုင်တိုင်တိုင်၊ နဲ့တဲ့တဲ့ ..။ တချိန်က.. မောင်ဦးပြန်လာပြီတဲ့ဆိုရင်.. တစ်ရွာလုံး အုံးအုံးကြွက်ကြွက်နဲ့.. အခုတော့ မောင်ဦးမူးလာတာမြင်ရင် လမ်းဘေးအိပ်နေတဲ့ခွေးကတောင် အိပ်ရေးပျက်ခံပြီး ထမဟောင်တော့ဘူး..။

ကိုယ့်တိုင်းပြည်က ပညာတတ်တွေ- ရေကြည်ရာမြက်နုရာ ပြည်ပနိုင်ငံများဆီ သွားရောက်အခြေချ အလုပ်လုပ်တော့.. brain drain- ဦးနှောက်ယိုစီးတာ..တဲ့။

ကိုယ့်တိုင်းပြည်ထဲမှာပဲ.. အရက်စိမ်ထားတဲ့ ပယင်းရောင် ဦးနှောက်တွေ အဆမတန်တိုးပွားလာတာကိုကြတော့.. brain damage- ဦးနှောက်များ ပျက်စီးခြင်းလို့ ပြောရမယ်ထင်တယ်..။

ယိုစီးသွားတဲ့ ဦးနှောက်တွေဆိုတာ.. အခါအခွင့်သင့်ရင် အလိုလိုပြန်ဆန်တက်လာမှာဖြစ်ပေမယ့်.. အရက်ကြောင့် ပျက်စီးသွားတဲ့ ဦးနှောက်များကတော့ မပြန်လမ်းကို ကြွမြန်းသွားခဲ့ကြပြီ..။

သူတို့အတွေး၊ သူတို့အမြင်ထဲမှာ.. အရက်ပဲ ရှိတော့တယ်..။ မနက်အရက်၊ ညနေအရက်၊ ညအရက်.. ကာလသုံးပါးမရွေး အရက်ပဲ..။ တိုင်းရေးပြည်ရာ၊ အမျိုးသားရေး ဝေးလို့.. မိသားစုအရေး ဆိုတာတောင် ထည့်မတွက်တော့ပြီမို့ လူစွမ်းလူစဆိုတာလည်း zero setting- ပလာနတ္ထိပြန်ဖြစ်သွားခဲ့ပြီ..။

မောင်ဦးလို ဖြစ်ရပ်ဟာ.. ဖြစ်တောင့်ဖြစ်ခဲ၊ တစ်သိန်းတစ်ယောက် ဖြစ်ရပ်မျိုးဆိုလည်း ထားတော့..။ အခုဟာက.. အဲသလိုမဟုတ်ဘူး..။ မတွေ့တာကြာတဲ့ ငယ်သူငယ်ချင်း၊ ရွာပြန်လို့ တွေ့တာနဲ့ အရက်ဖိုး တန်းတောင်းခံထိတာပဲ..။ အရက်ဖိုးရတာနဲ့.. ခမျာ့များ၊ နှုတ်တောင်မဆက်နိုင်ဘူး..။ အရက်ဆိုင်ဆီ သုတ်ခြေတင်တော့တာပဲ..။ အဲဒါက.. တစ်ယောက်လည်းမဟုတ်၊ နှစ်ယောက်လည်းမက ရွာပြန်တိုင်း
ကြုံရပါတယ်..။

ကျွန်တော်တို့ ရွာတင်ပဲလား ဆိုပြန်တော့လည်း.. မဟုတ်ပြန်ဘူး..။ မြန်ပြည်တ၀ှမ်း၊ အညာအကြေမရွေး၊ တောင်ပေါ်မြေပြန့်မကျန် အဲသလိုတွေ ဖြစ်နေတာပဲ..။

အဆိုးဆုံးကတော့ အရက်သမားမျိုးဆက် ပြတ်မသွားပဲ.. မျိုးဆက်သစ်တွေ အင်နဲ့အားနဲ့ ဆက်လက်ပေါ်ထွန်းနေတာပဲ..။ ဒီပုံအတိုင်းသာ ဆက်သွားရင် ဦးနှောက်ယိုစီးတာထက် အဆမတန်ပိုမိုပြင်းထန်တဲ့ ဦးနှောက်ပျက်စီးမှု- လူစွမ်းလူစညံ့ဖျင်းမှုတွေကျွန်တော်တို့တိုင်းပြည် မကြာခင်မှာ ရင်ဆိုင်ရဖို့ ရှိပါတယ်..။

သမ္မတကြီးက ပြည်ပရောက်မြန်မာများ ပြန်လာခဲ့ကြပါလို့ ဖိတ်ခေါ်တယ်..။ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့.. သူတို့တတွေ ကိုယ့်နိုင်ငံရှိရာ ပြန်ကို ပြန်လာပါလိမ့်မယ်..။ ခမျာ့များ နိုင်ငံရပ်ခြားမှာ တ၀မ်းတခါး လုပ်ကိုင်စားသောက်နေကြတာဟာ နိုင်ငံကို မချစ်လို့မှ မဟုတ်ဘဲ..။ စံနစ်က.. နှင်လွှတ်လိုက်လို့ ဇာတိမြေကို သူတို့စွန့်ခွါခဲ့ကြရတာ..။ စံနစ်က လက်ကမ်းကြိုဆိုတဲ့တစ်နေ့ သူတို့ သေချာ ပြန်လာမှာပါ..။ အဲဒါ မတိုင်ခင်တော့.. သိကြားမင်း ဆင်းလာတောင်းပန်တောင် သူတို့ပြန်လာမယ် မထင်ပါ..။

ဆိုတော့..

လတ်တလော.. အရေးတကြီးလုပ်ဆောင်ရမှာက.. ယိုစီးသွားတဲ့ ဦးနှောက်တွေ.. ပြန်ဆယ်ယူဖို့ထက်၊ ပြည်တွင်းကလက်ကျန် ဦးနှောက်တွေ.. အပြစ်အနာအဆာ နည်းနည်းနဲ့ ကောင်းမွန်စွာ ဖွံ့ဖြိုးရေး ဘက်ပေါင်းစုံက ကြိုးစားကြဖို့ပါပဲ..။

စံနစ်ကြောင့် ညံ့သွားခဲ့ရတဲ့ ပညာရေး- အခုအစက ပြန်စနေရတယ်..။ နလန်ထဖို့ အတော်ကြာအုံးမယ်..။ စံနစ်ကြောင့် ယုတ်လျော့သွားခဲ့ရတဲ့ ကိုယ့်ကျင့်တရားတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ- ပပျောက်အောင် နောင်နှစ်ချီကြာအုံးမယ်..။ အရက်ကြောင့် ပျက်စီးသွားတဲ့ ဦးနှောက်တွေ၊ ပျက်စီးနေဆဲ ဦးနှောက်တွေ၊ ပျက်စီး လတ္တံသော ဦးနှောက်တွေကိုရော ဘယ်လိုအစီအမံချ ကာကွယ်ကြမလဲ..။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အရက်ဘီယာကြော်ငြာတွေ တီဗွီ-အင်တာနက်ကနေ မလွှင့်နဲ့တော့လို့ မကြာခင်က အမိန့်ထုတ်တယ်..။ လမ်းဘေးက ကြော်ငြာဆိုင်းဘုတ်တွေတောင် လက်ရှိသက်တမ်းကုန်
သည်အထိပဲ ခွင့်ပြုမယ်လို့ ဆိုတယ်..။ အမေရိကားမှာ ဘယ်ပြည်နယ်မဆို.. အသက်နှစ်ဆယ်မကျော်ရင် အရက်ရောင်းခွင့်မရှိဘူး..။

ကျွန်တော်တို့ဆီမှာရော.. ဘယ်လိုလဲ..။ တီဗွီကနေ မကြော်ငြာရပေမယ့်.. ဒီကုန်အမှတ်တံဆိပ်ကိုပဲ.. အင်္ကျီ တံဆိပ်အဖြစ်နဲ့ မီဒီယာမှာ နားလှည့်ပါးရိုက်လုပ်-ကြော်ငြာတယ်..။ လမ်းဘေးဆိုင်းဘုတ်လည်း
ထိုနည်းလည်းကောင်းပဲ..။ တမျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး ပြယုဂ်ဖြစ်တဲ့ ဘောလုံးအားကစားကို sponsor ပေးတာက.. အရက်ကုမ္ပဏီဖြစ်နေတယ်..။ Myanmar Beer က.. Myanmar Casual Wear ဆိုတဲ့ မျက်နှာဖုံးနဲ့ မီဒီယာတွေမှာ အခန့်သားနေရာယူထားတယ်..။ Myanmar National League (MNL) ဘောလုံးပြိုင်ပွဲက.. Grand Royal MNL တဲ့..။ အရက်မျိုးစုံက ပေးလိုက်တဲ့ ကံစမ်းမဲတွေ ဆိုတာကလည်း.. အုတ်အော်သောင်းနင်း တိုင်းပြည်တုန်မတတ်ပဲ..။

အရက်ဆိုင်တွေကလဲ.. လာသမျှလူ- သူစိမ်းသူကျက်မရွေး၊ အသက်အရွယ်မရွေး ရောင်းတာပဲ..။ ရောင်းသမျှ အရက်ကလဲ.. အရည်အသွေးကညံ့၊ ချင်ချင်တူးတူးမူးပြီးရောတွေက ခပ်များများ..။

ဆိုတော့.. ဒီမိုး-ဒီလေ-ဒီအရွေ့  နဲ့ကတော့.. ကျွန်တော်တို့ချစ်တဲ့ မျိုးဆက်သစ်တွေကို.. ပယင်းရောင်ရန်စွယ်က ကာကွယ်နိုင်ဖို့ဆိုတာ.. ရွှေငုံးမင်းအမြီးမျှော်သလို ဖြစ်နေမလားလို့ စိုးရိမ်နေမိပါကြောင်း..။

(စာကြွင်း.. မောင်စမ၊ စာပတီး၊ ထွန်းခိုင်၊ ဂျေအယ် တို့ လို အရက်ဝံသာနုများ.. ကျွန်ုပ်ရေးတာဖတ်ပြီး.. ခင်ဗျားကြီးကများ ရာရာစစလို့ ပြောချင်ရင်တော့.. အရက်တိုက်ပြီး ပြောနိုင်ပါကြောင်း )


Viewing all 1811 articles
Browse latest View live