ပြီးခဲ့တဲ့တစ်ပတ်လောက်က ကျနော်နေခဲ့တဲ့ အထက်တန်းကျောင်းက ဆရာ/ဆရာမများကန်တော့ပွဲလုပ်ပါတယ်။ ကန်တော့ပွဲမှာ ကျနော်တို့ အလယ်တန်း၊ အထက်တန်းကျောင်းသားဘ၀မှာ အင်မတန်လေးစားကြောက်ရွံ့ရတဲ့ ဆရာရောက်လာပါတယ်။ အဲဒီဆရာဦးမြင့်မောင်ကို ကျနော်တို့ ကျောင်းသားတွေက အင်မတန်ကြောက်ရပါတယ်။ ကျောင်းမှာ ဆရာဦးမြင့်မောင်(သချီာ)နဲ့ (အခုစာရေးနေတဲ့ ကိုမင်းဇင် အဖေ) ဆရာဦးမြသန်း (အင်္ဂလိပ်စာ) တို့ (၂) ယောက်ကို ကျောင်းသားတွေက အကြောက်ဆုံး အလေးစားဆုံးပါ။
ဆရာဦးမြင့်မောင်က အစ္စလာမ်ဘာသာဝင်ပါ။ သူဥပုသ်ယူတဲ့ ကာလများမှာတောင် တံတွေးမမျိုရလို့ အပြင်ထွက်ပြီး တံတွေးထွေးလိုက် စာသင်လိုက်နဲ့ ဘယ်တော့မှ စေတနာမလျော့ ၀တ္တရားမပျက်တဲ့ဆရာမျိုးပါ။ အရိုက်ကလဲ အင်မတန်ကြမ်းပါတယ်။
ကျနော်တို့ ကျောင်းက ယောက်ကျားလေးကျောင်းဆိုတော့ အဲသလောက်မှ တန်ကာကျတဲ့ ကျောင်းမျိုးပေါ့။ ကျောင်းသားတွေစိတ်ထဲမှာ ဆေးလိပ်သောက်နေတာများ အဲဒီဆရာတွေ တွေ့သွားရင် အဆိပ်မျိုချလိုက်တာ အကောင်းဆုံးလို့ ထင်လောက်အောင် ထက်တဲ့ဆရာတွေပါ။ မိဘတွေကလည်း အင်မတန်အားကိုးတဲ့ ဆရာမျိုးတွေပေါ့။
ခုချိန်မှာ ဆရာနဲ့တွေ့ရမယ်ဆိုတာနဲ့ ဆရာက တတွတ်တွတ်ပြောဆို ရိုက်နှက် ကြိမ်းမောင်း ဆုံးမခဲ့တဲ့.
.. ဖောင်တိန်နဲ့ရေးရင် အဖုံးချွတ်တာနဲ့ ဖောင်တိန်ဖင်မှာ ပြန်စွပ်ထားစမ်း၊ ဖိနပ်လျှပ်တိုက်စီးတာလောက် ငါကြည့်မရတာမရှိဘူး၊ လမ်းလျှောက်ရင် အသံမမြည်စေနဲ့၊ပုဆိုးတစ်ကြိမ်ဝတ်ပြီးရင် မြဲပေ့စေ ပုဆိုးခဏခဏပြင်ဝတ်တဲ့ကောင်က ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတဲ့ကောင်၊
ရင်ကော့ပြီးလမ်းလျှောက်၊ ငါ့ရှေ့မှာ ခါးလာမကိုင်းနဲ့၊ ယောက်င်္ကျားလို လမ်းလျှောက်စမ်း၊ မသိရင်မသိဘူးပြော၊ ငါးပါးသီလမှာ ဘာက အရင်ဆုံးလာသတုန်း၊
စာသင်ခန်းထဲမှာ ခေါင်းမော့ထားစမ်း၊ .... စသည်ဖြင့် ဆရာပြောလေ့ရှိတဲ့စကားတွေကို ကြားယောင်မိပါတယ်။
အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့ ပြည်တွင်းနေပုဂ္ဂိုလ်များကို နှိမ့်နှိမ့်ချချ ပြောတာေ၇းတာတွေ ဖတ်ရတိုင်း ဆရာ့ကို သတိရမိတယ်။ အားနာမိတယ်။ မျက်နှာပူမိတယ်။ ကိုယ့်မှာအပြစ်ရှိသလိုခံစားရတယ်။
ကျနော့်ဆရာက ငါးပါးသီလလုံတဲ့ အစ္စလာမ်ဘာသာဝင်ဆရာပါ။
ဆရာကန်တော့ပွဲမှာ တပည့်တွေ ကျွေးတဲ့ ထမင်းနဲ့ဟင်းက ဟာလာ လုပ်မထားမှန်းသိသိနဲ့ မြိန်မြိန်ယှက်ယှက်စားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်ဆရာပါ။
ဆရာကန်တော့ပွဲမှာ ဆရာမကြီးကို ဦးဆောင်ကန်တော့တတ်တဲ့ အစ္စလာမ်ဘာသာဝင်ဆရာပါ။
ကျောင်းမှာ နှစ်စဉ်ကျင်းပတဲ့ ဆရာကန်တော့ပွဲတိုင်းမှာ တပည့်တွေကို ယောက်င်္ကျားကောင်းပီသဖို့၊ တိုင်းပြည်နဲ့လူမျိုးကို ချစ်ဖို့ အမြဲဆုံးမနေတဲ့ အစ္စလာမ်ဘာသာဝင်ဆရာပါ။
အမေ့ကိုတွေ့တာနဲ့ ”ဒေါက်တာ့သား.. ဆေးလိပ်သောက်နေတာတွေ့လို့ ကျနော်တော့ တွယ်ပစ်ခဲ့ပြီ” လို့ ပြောတတ်တာတွေကြောင့် ကျနော်တို့အမေတွေအားကိုးထိုက်တဲ့ အစ္စလာမ်ဘာသာဝင်ဆရာပါ။
စာသင်ခန်းထဲဝင်ပြီဆိုတာနဲ့ ဘယ်လောက်ပူပူ အိုက်အိုက် တိုက်ပုံအင်္ကျီင်္ ကြယ်သီးအစေ့တပ်ပြီး သင်တတ်တဲ့ အစ္စလာမ်ဘာသာဝင် ဆရာပါ။
ဆရာတို့လို ပုဂ္ဂိုလ်မျိုးတွေက မြန်မာ့ယဉ်ကျေးမှုမှာ ပျော်ဝင်ပြီးသားပုဂ္ဂိုလ်တွေပါ။
ဒီလိုနေထိုင်ပြောဆိုကျင့်ကြံခဲ့တဲ့ဆရာတွေရဲ့ကျေးဇူးကို ကျနော်ဘယ်လိုစိတ်ထားမျိုးနဲ့ ကန်း နိုင်ပါ့မလဲ။ ဒီလိုဆရာမျိုးတွေ သွန်သင်မှုအောက်က ကြီးပြင်းလာတဲ့ ကျနော့်အဖို့ ဘယ်လိုစိတ်ထားနဲ့ စော်ကားနိုင်ပါ့မလဲ။ ဆရာက ဘာသာခြားမို့ ကျနော်က မုန်းရမတဲ့လား။ ဆရာက ဘာသာခြားမို့ ကျနော်က ရိုင်းရိုင်းစိုးင်းစိုးင်း ဆက်ဆံရမတဲ့လား။ ဆရာက ဘာသာခြားမို့ တစ်ဘ၀စာရှိနေတဲ့ ဆရာ့ကျေးဇူးကို မေ့လိုက်ရမတဲ့လား။ မဖြစ်နိုင်လိုက်တာဗျာ။
- - - လို့ မရှိတဲ့လူမျိုးအမည်တပ်ခေါ်ပြီး တိုင်းပြည်ကို ဖျက်ဆီးမယ့် ဘင်ဂါလီတွေကို ကျနော်လက်မခံတာနဲ့ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့ ကျနော့် ကျေးဇူးရှင်ဆရာကို ကျနော်လေးစားချစ်ခင်တာ တစ်ခြားစီပါ။ ဘယ်လိုမှ ပတ်သက်လို့ မရပါဘူး။ ကိုးကွယ်ရာ ဘာသာတူတာက တူတာပါဘဲ။ ယဉ်ကျေးမှုဓလေ့စရိုက်ချင်းက တစ်ခြားစီပါ။