Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

စစ်အခြေခံသဘောတရား နှင့် ပတ်သက်၍

0
0
 
Maung Aung Myoe's status.
စစ်အခြေခံသဘောတရား (doctrine) ဆိုတာကို အမေရိကန်တပ်မတော်နဲ့ နေတိုးက “လက်နက်ကိုင် တပ်ဖွဲ့များအား မိမိတို့၏ ရည်မှန်းချက်များ ပေါက်ရောက် အောင်မြင်စေရေးအတွက် အထောက်အကူ ဖြစ်စေရန် ပြဋ္ဌန်းထားသည့် အခြေခံစည်းမျဉ်းများဖြစ်သည်။ ၄င်းသည် သြဇာကိတ္တိမရှိသော်လည်း လက်တွေ့ အကောင်အထည် ဖေါ်ရာတွင် ခြင့်ခြိမ်သုံးသပ်ပိုင်းဖြတ်ရန်လိုသည်။”
လို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ စစ်အခြေခံသဘောတရားတွင် (က) ဖြစ်စဉ်ကိုရှင်းပြနိုင်သည့် “သီအိုရီ သဘောတရား (theory)” အပိုင်း၊ (ခ) စိတ်ဓါတ်နှင့်လုပ်ခြင်ကိုင်ခြင်စိတ်ကို နှိုးဆွပေးနိုင်သည့် “ဓလေ့ (culture)” ဆိုင်ရာအပိုင်း နှင့် (ဂ) အမှန်တကယ်လိုက်နာအောင်ရွက်စေရန်ဖိအားပေးသည့် “အမိန့်အာဏာ (authority)” တို့ပါဝင်ကြသည်။ စစ်အခြေခံသဘောတရားကို (က) ကွပ်ကဲမှုအတွက်လက်နက် (tool of command) အဖြစ်လည်းကောင်း၊ (ခ) ပညာပေးရေးအတွက်လက်နက် (tool of education) အဖြစ်လည်းကောင်း၊ (ဂ) ပြင်ဆင်ပြောင်းလဲရေးအတွက်လက်နက် (tool of change) အဖြစ်လည်ကောင်း အသုံးပြုနိုင်သည်။

စစ်အခြေခံသဘောတရားကို ဂျာမန်တပ်မတော်က ဗိုလ်ချုပ်ကြီးမောလခဲ (အကြီး) လက်ထက် ၁၈၆၉ လောက်မှာ စတင်ပေါ်ထွက်လာတယ်လို့ ဆိုနိုင်ပေမဲ့ doctrine ဆိုတဲ့အသုံးအနှုန်းမရှိခဲ့ပါ။ ဗိုလ်ချုပ်ကြီးမောလခဲ ပြုစုခဲ့တဲ့ စစ်မြေပြင်လမ်းညွှန်ချက် (Instruction) တွင် စစ်အခြေခံသဘောတရားဟု သတ်မှတ်နိုင်သည့် အချက်များ ပါဝင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ Doctrine ဆိုတာကို တရားဝင် စတင်သုံးစွဲခဲ့သူမှာ ပြင်သစ်တပ်မတော်က ဗိုလ်ချုပ်ကြီး ဖာဒီနန်ဖောခ်ျ ဖြစ်ပြီး ၁၉၀၃ ခုနှစ်မှာဖြစ်ပါတယ်။ ဒါကလည်း ၁၈၇၀ပြည့်နှစ်မှာ ပြင်သစ်တို့ ပရပ်ရှားကို အကြီးအကျယ်စစ်ရှုံးပြီးတဲ့နောက် ပြင်သစ်တပ်မတော်ရဲ့ အားနည်းချက်တွေကိုကုစားဖို့ဖြစ်လာတာပါ။ ဒီနေရာမှာ doctrine ရေးသားရတဲ့ ရည်ရွယ်ချက်ကတော့ (က) နောင်ဖြစ်လာမည့်စစ်ပွဲမှာ အောင်နိုင်ရေးအတွက် လမ်းညွှန်ဖြစ်စေဖို့ နှင့် (ခ) လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ခြင်ခိုက်ခြင်စိတ်လှုံ့ဆော်စေဖို့ ဖြစ်တယ်။

မျက်မှောက်ခေတ်တွင် စစ်အခြေခံသဘောတရား ရေးသားထုတ်ဝေမှု စတုတ္ထမျိုးဆက် ရောက်လာပြီလားလို့ မေးခွန်း ထုတ်လာကြသည်။ စစ်အခြေခံသဘောတရား ပထမမျိုးဆက်ကို ရေးသားထုတ်ဝေတာဟာ “စစ်မြေပြင် (battlefield) မှာ စစ်သေနာပတိနှင့် စစ်သည်တို့အတွက်’’ လိုက်နာရန်ဖြစ်တယ်။ ပထမမျိုးဆက်မှာ စစ်သေနာပတိဟာ စစ်မြေပြင်မှာ တိုက်ပွဲဝင်စစ်သည်တွေနဲ့ အတူရှိနေကြတယ်။ ဒုတိယမျိုးဆက်ကတော့ “စစ်မြေပြင်မှာရောက်နေတဲ့ လက်အောက်ခံ တပ်မှုးကြီးတွေနဲ့ စစ်သည်တွေ” လိုက်နာရန်အတွက်ဖြစ်တယ်။ ဒီကာလမှာ စစ်သေနာပတိတွေဟာ စစ်မြေပြင်မှာ ရှိမနေတော့ဘူး။ စစ်အခြေသဘောတရားကတော့ စစ်မြေပြင် (battlefield) မှာကျန်ခဲ့သေးတယ်။

တတိယမျိုးဆက် စစ်အခြေခံသဘောတရား [ရေးသားခြင်း]ကတော့ စစ်မြေပြင် (battlefield) ကဆုတ်ခွာလာပြီး တပ်မှုးကြီးတွေရဲ့နောက်ကိုလိုက်လာကာ စစ်မက်ရေးရာ (warfare) အတွက် စစ်ပွဲ၏ကဏ္ဍ(၃)ရပ် - three dimensions of war - နှင့် တိုက်စွမ်းအားရဲ့အခြေခံ အကြောင်းတရားတွေဖြစ်တဲ့ ရုပ်ဝတ္ထု၊ စိတ်ဓါတ်၊ ဥာဏစွမ်းရည် တွေကို ပေါင်းစည်းညွှိနှိုင်း ပေးဖို့ဖြစ်လာတယ်။ ဒါကြောင့် စစ်အခြေခံသဘောတရား တတိယမျိုးဆက် [ရေးသားထုတ်ဝေခြင်း]ဟာ စစ်မြေပြင်မှ ဆုတ်ခွာလာကာ ဦးစီးတာဝန်တွေလုပ်ဆောင်ရတဲ့ နောက်တန်းဋ္ဌာနချုပ်ကို ရောက်လာခဲ့တယ်။ အခု စတုတ္ထမျိုးဆက်ရောက်လာပြီလားလို့မေးနေကြတယ်။ လတ်တလောကာလအတွင်းမှာ ထုတ်ဝေလာတဲ့ စစ်မြေပြင်လက်စွဲကျမ်းတွေမှာ new spirit of war လို့ ဆိုနိုင်တဲ့ network တို့ culture တို့အယူအဆတွေ တင်သွင်းလာပြီး ရေးသားတင်ပြနေကြတာဟာ စစ်အခြေခံ သဘောတရားတွေ “စစ် (war) သို့မဟုတ် စစ်မက်ရေးရာ (warfare)” ကနေတောင် ဆုတ်ခွာသွားတော့မှာလား ဆိုတာမေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

လွမ်းလောက်လို့လား (၃)

0
0


လွမ်းလောက်လို့လား .............. အပိုင်း ၃ ပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၃။ ဒီလိုနဲ့ ကျောင်းမှာ ကျမရယ်၊ မောင်ရယ်ဟာ သူငယ်ချင်းဆိုတဲ့ ရင်းနှီးမှုတွေနဲ့ ဖြူစင်စွာ သံယောဇဉ် တွယ်လာခဲ့ကြပါတယ် ။ ကျမတို့ တွဲတဲ့ အုပ်စုထဲမှာ မိန်းကလေးက လေးယောက် ၊ ယောက်ျားလေးက သုံးယောက် လို့ ဖြစ်လာခဲ့တယ်လေ ။ မောင့်ရဲ့ အနွံအတာကို ခံရရှာတဲ့ သက်နိုင်ဆိုတဲ့ ကိုသက်ရယ် ၊ မြင့်ခိုင် ဆိုတဲ့ ကိုကြီးခိုင်ရယ်ဟာ ကျမတို့ ဘ၀အတွက် အရေးပါတဲ့ မိတ်ဆွေတွေပေါ့ ။



ပြီးတော့ ဒီအုပ်စု ခုနှစ်ယောက်မှာ အမြဲတမ်း တက်တက်ကြွကြွ ဦးဆောင် လှုပ်ရှားတတ်သူက ကျမ ဖြစ်နေပြီး အရာရာကို နောက်ဆုံး အဆုံးအဖြတ်ပေးသူက ကျမရဲ့ မင်းခန့်ဇော်ပါ ။ အဲဒီလို ကျမတို့ ကြားက ဖြူစင်ရိုးသားတဲ့ သံယောဇဉ်တွေကို စပြီး လှုပ်အနှိုးခံလိုက်ရတာ ကိုးတန်းနှစ်ကို ရောက်တဲ့ အချိန်မှာပါပဲ ။

အဲဒီနေ့က မနက်ပိုင်းမှာ ကျမ ကျောင်းကို အလာ , ကျောင်းရဲ့ အ၀င် အရှေ့ ပေါက်ကို မရောက်ခင်မှာ….။
“ ဒီနေ့ ကျောင်းကို လာတာ စောတယ်နော် ” ဆိုတဲ့ စကားသံက ကျမရဲ့ ဘေးက ရုတ်တရက် ထွက်လာလို့ လှည့်ကြည့်လိုက်မိတော့ ကျမတို့ ကျောင်းကနေ ဆယ်တန်း အောင်သွားပြီး တက္ကသိုလ် တက်နေတဲ့ အကိုကြီးတစ်ယောက် ဖြစ်နေလေရဲ့ ။

ကျမက ကိုယ့်ကျောင်းမှာ နေသွားတဲ့ စီနီယာတစ်ယောက် ဖြစ်နေလို့ ရိုးသားစွာ ၊ လေးစားစွာနဲ့ “ ဟုတ် ” လို့ ပြန်ဖြေမိပါတယ် ။ သူက ကျမကို ပြုံးကြည့်ပြီး “ ကိုယ့် နံမည်က သန့်ဇင် ။ မှတ်ထားနော် ” လို့ ပြောတော့ လည်း “ ဟုတ် ” လို့ပဲ ထပ်ဖြေလိုက်ပါတယ် ။ ကျောင်းရှေ့ မရောက်ခင်မှာ “ ကိုယ် သွားပြီ ” လို့ ပြောပြီး နှုတ်ဆက် ထွက်သွားတဲ့ အဲဒီ တစ်ယောက်ကို ဒီတိုင်းပဲ ခေါင်းညှိမ့်ပြရင်း ကျမကတော့ ကျောင်းထဲကို ဆက် ၀င်လာလိုက်တယ် ။

စိတ်ထဲမှာတော့ ဒီအကြောင်းကို သူငယ်ချင်းတွေကို ပြန်ပြောပြရမယ်လို့ တွေးမိတယ် ။ အထူးသဖြင့် မင်းခန့်ဇော်က အတန်းဖေါ်မဟုတ်တဲ့ ယောက်ျားလေးတွေနဲ့ ကျမတို့ ရင်းရင်းနှီးနှီး ဆက်ဆံရင်တောင် မကြိုက်တတ်ဘူးလေ ။ ဒါကြောင့် သူ့ကို ဒီအကြောင်း ပြောရင် ဘာကိစ္စနဲ့ စကားပြန်ပြောရတာလဲ ဆိုပြီး စိတ်တိုနေမှာကို တွေးပြီး သဘောကျလာမိတယ် ။ ဘယ်လိုများ တုန့်ပြန်လေမလဲ ဆိုတာကိုလည်း သိချင်နေမိတယ် ။ စိတ်အထင်တော့ ကျမကို ပိုပြီး စိတ်ပူတတ်စေချင်တယ် , စိတ်မချစေချင်တာ ထင်ပါရဲ့ မောင်ရယ် ။

ကျမတို့ အတန်းဘက်ကို ခပ်သွက်သွက် လျှောက်လာခဲ့တာ အတန်းထဲမှာ ကျမတို့ သူငယ်ချင်းတွေထဲက မိန်းကလေး သုံးယောက်ပဲ ရောက်နေပြီး မင်းခန့်ဇော်တို့ ယောက်ျားလေး သုံးယောက်ကိုတော့ မတွေ့ ရပါဘူး ။ ဒါကြောင့် ……..။

“ ဟဲ့…မင်းခန့်ဇော်တို့ သုံးယောက်ရော ” လို့ မေးလိုက်တော့ မိသင်းက ရီ ပြီး ………….။
“ နင် မသိသေးဘူးနော် ။ သူတို့ သုံးယောက် ဒီနေ့ ရီးစားစာ လိုက်ပေးစရာ ရှိတယ် ဆိုပြီး မနေ့ထဲက တိုးတိုး၊ တိုးတိုးနဲ့ တိုင်ပင်နေတာ ကြားတယ် ။ အဲဒါကြောင့် ရောက်မလာသေးတာ ဖြစ်မှာပေါ့ ” လို့ ခပ်တိုးတိုးလေး ဖြေပါတယ် ။

ဘာ……… ဆိုတဲ့ စကားကို မျက်လုံးပြူးပြီး မေးလိုက်တဲ့ ကျမကို သူတို့ သုံးယောက်က တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးဝိုင်းပြီး အလန့်တကြား ကြည့် နေကြလေရဲ့ ။
“ နင်တို့ အားလုံးကတော့ သိနေပြီး ငါ တစ်ယောက်ထဲ ဘာလို့ မသိရတာလဲ ” ဆိုတဲ့ မေးခွန်းကို ကျမ အသံအက်အက်နဲ့ မေးလိုက်မိပါတယ် ။ ပြီးတော့ ကျမကို စိတ်မချစေချင်ပါမှ မောင်က ကျမ စိတ်မချတာကို လုပ်လိုက်တာပါလား ။

“ မင်းခန့်ဇော်က နင့်ကို မပြောနဲ့အုံး ဆိုလို့ပါဟယ် ။ နင်သိရင် သူတို့ သွားရမှာ မဟုတ်ဘူး ဆိုပြီး ငါတို့ကို အတင်း တားထားလို့ပါ ။ အဲဒီ မိသင်းကလဲလေ ။ ပြဿနာ တက်တော့မှာပဲ ” လို့ နီလာက မျက်နှာပျက်ပျက်နဲ့ ၀င် ပြောရှာတယ် ။

နီလာ့ဆီက ဒီစကားကို ကြားလိုက်ရတဲ့ အခါ ကျမရဲ့ စိတ်ထဲမှာ ၀မ်းနည်းမှုနဲ့ နာကျင်မှုကို တပြိုင်ထဲ ခံစားခဲ့ရတာကိုမှ ……သိခဲ့ရဲ့လား မောင် ။

ပြီးတော့ သူငယ်ချင်း ခုနှစ်ယောက် ပေါင်းနေတဲ့ အထဲမှာ ခြောက်ယောက်က သိနေတဲ့ ကိစ္စကို ကျမ တစ်ယောက်ထဲ မသိလိုက်ရဘူးဆိုတာ ဖြစ်သင့်ရဲ့လား ။ ဒီကိစ္စ ကျမကို အသိမပေးရဘူးလို့ ဆုံးဖြတ်တာကလည်း မင်းခန့်ဇော် ဆိုပါ့လား ။ ဒီအုပ်စုထဲမှာ ဘာကိစ္စပဲ ဖြစ်ဖြစ် တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် အမြဲတမ်း အရင်ဆုံး အသိပေးတတ်တဲ့သူက ကျမ တစ်ယောက်ထဲကို အသိမပေးဖို့ စီစဉ်တယ်တဲ့လား ဆိုတဲ့ အတွေးတွေက ဆက်တိုက် ၀င်လာတဲ့အခါ ဒေါသစိတ်ရယ် ၊ ၀မ်းနည်းစိတ်ရယ်ဟာ ကျမကို ကိုင်လှုပ်နေသလိုပါပဲ ။

သူတို့သုံးယောက်ကို ဘာမှ ဆက်မပြောတော့ပဲ ကျမလွယ်အိတ်ထဲက စာအုပ် တစ်အုပ်ကို ဆွဲထုတ်ပြီး ဖွင့်ဖတ်နေလိုက်ပါတယ် ။ စိတ်ထဲမှာ တရိပ်ရိပ် တက်လာတဲ့ ဒေါသစိတ်တွေ ၀မ်းနည်းစိတ်တွေကြော့င် စာအုပ်ကို ကိုင်ထားတဲ့ ကျမရဲ့ လက်တွေ တဆတ်ဆတ် တုန်လာတာကို ဟန်ဆောင် ထိန်းချုပ်ရင်း မောင်တို့ကို မသိမသာ စောင့်ကြည့်နေမိတယ် ။

ကျောင်းတက်ခေါင်းလောင်း မထိုးခင်မှာ ရီပွဲဖွဲ့ ပြီး ၀င်လာတဲ့ မောင်တို့ သုံးယောက်ကို ရိပ်ကနဲ တွေ့ လိုက်ရတဲ့ အချိန်မှာတော့ ကျမရဲ့ မျက်ဝန်းထဲမှာ ဘာကြောင့်မှန်း မသိပဲ ပြည့်လျှံတက်လာတဲ့ မျက်ရည်တွေကို မျက်တောင် တဖျတ်ဖျတ် ခတ်ပြီး မရပ်မနား ခါထုတ်နေရတယ်လေ ။

ကျမကို ၀မ်းနည်းအောင် ၊ စိတ်ဆင်းရဲအောင် ထားပြီး ရီနေလို့ ၊ ပျော်နေလို့ ရသတဲ့လား မောင် ။ ကျမက အဲဒါမျိုးကို ငြိမ်ပြီး မမျှမတ ခံစားမဲ့ မိန်းကလေးမျိုးလား ။

အဲဒီအချိန်မှာ ဖတ်နေတဲ့ စာအုပ်ကို လက်နဲ့ဆွဲပြီး လာပိတ်လို့ မော့ကြည့်တော့ ကျမကို ရီပြီး ငုံ့ကြည့်နေတဲ့ မောင့်ရဲ့ မျက်နှာကို တွေ့ လိုက်ရတဲ့အခါမှာ စိတ်ကို ထိန်းချုပ်မရတော့ပဲ လက်ထဲက စာအုပ်နဲ့ အားကုန် ပစ်ပေါက်လိုက်မိတယ် ။ အမှန်တော့ ပစ်ပေါက်လိုက်မိတာ စာအုပ် မဟုတ်ပဲ ကျမ ခံစားနေရတဲ့ ဒေါသတွေ ၊ ၀မ်းနည်းမှုတွေပါ မောင်ရယ် ။ ကျမ သည်းမခံနိုင်တော့လို့ပါ ။

ဘယ်လိုမှ မျှော်လင့်မထားတော့ မရှောင်လိုက်နိုင်ပဲ မောင့်မျက်နှာကို စာအုပ်က အရှိန်ပြင်းပြင်းနဲ့ ထိသွားခဲ့ပါတယ် ။ မောင့်ရဲ့ နှာခေါင်းထဲက သွေးတွေ ဖြာကနဲ ထွက်ကျလာပြီး ဘေးက သူငယ်ချင်းတွေရဲ့ အလန့်တကြား အော်သံတွေကလည်း စူးကနဲ ထွက်လာခဲ့ပါတယ် ။ ကျမကိုယ်တိုင်လဲ ရုတ်တရက်မို့လို့ ကြောင်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ မောင့်ဘေးကို ကိုသက်နဲ့ ကိုကြီးခိုင်တို့ အပြေးအလွှား ရောက်လာကြတယ်လေ ။

ကိုကြီးခိုင်က ပါလာတဲ့ လက်ကိုင်ပုဝါနဲ့ မောင့်ရဲ့ မျက်နှာပေါ်ကို ကမန်းကတန်း အုပ်ပေးရင်း
“ လာ…လာ ။ မင်းမျက်နှာကို လောလောဆယ် ရေနဲ့ အရင် ဆေးလိုက်ရအောင် ” ဆိုပြီး ဆွဲခေါ်သွားလေရဲ့ ။
ကြောင်ပြီး ကြည့်နေတဲ့ ကျမကိုတော့ နီလာက ကိုင်လှုပ်ရင်း ….။
“ နင်ဟယ် ။ ဘယ်လို လုပ်လိုက်တာလဲ ။ မင်းခန့်က နင့်ကို ဘာလုပ်သေးလို့ ဒီလောက် ဒေါသတွေ ကြီးရတာလဲ ” လို့ မေးတဲ့အခါ

“ ငါ့ကိုယ်ငါတောင် မသိလိုက်ပဲ ဖြစ်သွားတာပါဟယ် ” ဆိုတာကို ငိုသံနဲ့ ဖြေလိုက်မိပါတယ် ။ မောင့်ကို ဒီလောက်အထိ နာကျင်သွားစေဖို့ တကယ် မရည်ရွယ်ခဲ့မိတာပါ ။
ခဏအကြာမှာတော့ အတန်းထဲကို မောင်နဲ့ ကိုကြီးခိုင်တို့ ပြန်ဝင်လာပါတယ် ။ မောင်က ကျမကို နားမလည်နိုင်တဲ့ မျက်နှာနဲ့ လှမ်းကြည့်ရင်း

“ နင် ဘယ်လို ဖြစ်တာလဲ ယုမီချို ။ ငါလဲ နင် စိတ်တိုအောင် ဘာမှ မလုပ်ရပဲနဲ့ ” လို့ လှမ်းမေးခဲ့တယ်လေ ။ မေးတဲ့ မောင့်မျက်နှာမှာ တကယ် မသိတဲ့ အမူအရာကို တွေ့ ရပေမဲ့ ကျမကတော့ ဒေါသတွေ မပြေနိုင်သေးဘူး , ခွင့်မလွှတ်နိုင်သေးပါဘူး ။ ဒါကြောင့် …..။
“ နင် ဘာလုပ်ထားတယ် ဆိုတာ မသိစရာလား မင်းခန့်ဇော် ” လို့ ချက်ချင်းပဲ ပြန်မေးတော့ ။

“ အေး ။ မသိဘူး ။ နင်ပြော…..” လို့ မောင်က မျက်နှာကို လက်ကိုင်ပုဝါနဲ့ အုပ်ထားရင်း ပြန်မေးချိန်မှာ ကျောင်းတက်ခေါင်းလောင်း ထိုးလို့ ကျမတို့ စကားရပ်လိုက်ကြပါတယ် ။ ခုနက ဖြစ်သွားတဲ့ အဖြစ်အပျက်ကို ဆရာမဆီ ဘယ်သူမှ အသိမပေးကြဖို့အတွက် မောင်က တတန်းလုံးကို လှမ်းပြောလိုက်တာကို ကျမ ကြားလိုက်ပေမဲ့ လှည့်မကြည့်တော့ပါဘူး ။

တကယ်တော့ ကျမကိုယ်တိုင်လဲ ဘာကြောင့် ဒီလောက် ဒေါသထွက်ရတယ် ဆိုတာကို ကိုယ့်ကိုကိုယ် နားမလည်နိုင်လောက်အောင်ပါပဲ ။ ဒါကြောင့် ဘာစကားမှ ဆက်မပြောတော့ပဲ တစ်နေ့လုံး စာတွေကိုပဲ သဲသဲမဲမဲ လုပ်နေမိတော့တယ် ။

အရင်နေ့တွေကဆိုရင် ဆရာမတွေ စာရှင်းတဲ့အချိန်မှာပဲ ငြိမ်နေတတ်ပြီး ကျန်တဲ့အချိန်တွေမှာ အမြဲတမ်း ရီမောတက်ကြွစွာ စကားပြောရင်း လှုပ်လှုပ်ရှားရှား နေတတ်တဲ့ ကျမဟာ ငြိမ်ပြီး ထိုင်နေမိတယ် ။ မနက်က ကျောင်းကို အလာမှာ တွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကနေ စပြီး အခုအထိ ဖြစ်ပြီးသမျှတွေကို အစကနေအဆုံးလည်း ပြန်တွေးနေမိတယ် ။ ဒီအခါမှာတော့ မောင် တခြား မိန်းကလေး တစ်ယောက်ကို ချစ်သွားပြီလား ဆိုတဲ့ အတွေးက ကျမရဲ့ စိတ်ကို နှိပ်စက်လို့ လာပါတယ် ။

နေ့လည် ထမင်းစား ဆင်းချိန်မှာတော့ ဘယ်သူ့ကိုမှ မစောင့်ပဲ ထမင်းဘူးကိုင်ပြီး အတန်းထဲကနေ တစ်ယောက်ထဲ ထွက်လာခဲ့မိတယ် ။ ကျမတို့ ကျောင်းရဲ့ ဘေးမှာ ဘုရားကျောင်းတစ်ခု ရှိတယ်လေ ။ ကြားမှာ ကာထားတဲ့ သွပ်ဆူးကြိုးတွေကို ခေါင်ငုံ့ထွက်လိုက်ရင် ဘုရားကျောင်းဝင်းထဲကို ရောက်သွားတာပါ ။

အဲဒီ နေရာလေးကို အရင်ထဲက လှမ်းကြည့်မိပေမဲ့ တခါမှ ကျမ မလာခဲ့ဖူးပါဘူး ။ အခုတော့ ဘုရားကျောင်းထဲကို ၀င်လိုက်ပြီး ဘေးနားက ကုက္ကိုပင်ကြီး အောက်မှာ ကျမ တစ်ယောက်ထဲ သွားထိုင်နေမိတယ် ။ ပါလာတဲ့ ထမင်းဘူးကိုလဲ စားချင်စိတ် မရှိတာနဲ့ မစားဖြစ်ခဲ့ပါဘူး ။

ကျောင်းတက်ခေါင်းလောင်း ထိုးသံကြားမှ ကျောင်းဝင်းထဲကို ပြန်ကူးပြီး အတန်းထဲ ၀င်ထိုင်မိတဲ့ အခါ
“ ယုမီချို…. ။ နင် တစ်ယောက်ထဲ ဘယ်တွေ လျှောက်သွားနေတာလဲ ။ ငါတို့မှာ နင်ပျောက်နေလို့ လိုက်ရှာရတာ, တစ်ကျောင်းလုံးကို နှံ့နေတာပဲ ” လို့ ကိုသက်နဲ့ ကိုကြီးခိုင်က စိုးရိမ်နေတဲ့ မျက်နှာတွေနဲ့ လှမ်းမေးကြတယ် ။ သူတို့ အမေးကို ဘာမှ ပြန်မဖြေပဲ ခပ်ယဲ့ယဲ့သာ ပြန်ပြုံးပြနိုင်မိတယ် ။ မင်းခန့်ဇော်ကတော့ စိတ်တိုနေတဲ့ မျက်နှာနဲ့ ကျမကို လှမ်းကြည့်ပြီး
“ နင် တော်တော် မလွယ်ဘူးနော် ။ သိလား ယုမီချို ။ စိတ်ဆိုးရမဲ့ ငါက နင့်ကို ပြန်ပြီး စိတ်ပူနေရတယ် ။ ငါတို့အပေါ် နင် သိပ် လွန်နေပြီ ဆိုတာများ တွေးမိရဲ့ လား ” လို့ ထပ် မေးပါတယ် ။

ကျမကတော့ သူ့ကို လှည့်တောင်မကြည့်ပဲ မကြားချင်ယောင်ပဲ ဆောင်နေလိုက်တယ် ။ ကျမမှာ ပြန်ဖြေစရာ စကားတွေ ၊ မေးချင်တဲ့ စကားတွေဆိုတာ ဘာမှ မရှိတော့ပဲ လူက အားအင်မဲ့ နေမိတယ် ။ ညနေ ကျောင်းဆင်းချိန် အထိ ဘာစကားမှလည်း ထပ်မပြောဖြစ်တော့ဘူး ။ မင်းခန့်ဇော်က သူ့ကို တောင်းပန်စေချင်ပုံ ရှိပြီး ကျမကလည်း တောင်းပန်သင့်တယ်လို့ သိပေမဲ့ မတောင်းပန်ဖြစ်ခဲ့ဘူးလေ ။

နောက်နေ့ ကျောင်းတက်ချိန်မှာတော့ ကျမ နေရာ ရွှေ့ ပြီး ထိုင်ပါတယ် ။ သူနဲ့ ကျမက စာသင်ခုံရဲ့ အစွန်မှာ ထိုင်ကြလို့ ဘေးချင်းကပ်ရက်ဖြစ်ပြီး ကျမတို့ ကြားမှာ လျှောက်လမ်းလေးပဲ ခြားတာ ။ အခုတော့ ကေသီထိုင်တဲ့ နံရံနဲ့ ကပ်နေတဲ့ ထောင့်အစွန်ကို ကျမက နေရာရွှေ့ လိုက်တော့ ကျမတို့ နှစ်ယောက်ကြားမှာ ကေသီတို့ သုံးယောက်က ခြားသွားတာပေါ့ ။

မင်းခန့်ဇော်က ကျမ နေရာရွှေ့ ထိုင်တာကို ဘာတစ်ခွန်းမှ မပြောပေမဲ့ မျက်နှာကတော့ သုန်မှုန်နေတာပဲ ။ ကျန်တဲ့ သူငယ်ချင်းတွေကလည်း ကျမတို့ ဦးဆောင်သူနှစ်ယောက်ရဲ့ ကြားက တင်းမာမှုကို ဘယ်လို ဖြေရှင်းပေးရမလဲ ဆိုပြီး စောင့်ကြည့်နေကြပုံပါ ။ ဒီလိုနဲ့ တခြား သူငယ်ချင်းတွေနဲ့သာ ပုံမှန် ပြောဆိုဆက်ဆံဖြစ်နေပြီး သူနဲ့ ကျမကတော့ စကားမပြောဖြစ်သလောက် ဖြစ်သွားပါတယ် ။ ကျမတို့ အုပ်စုအတွင်းက ရီမော ပျော်ရွှင်မှုတွေဟာလည်း ပျောက်ကွယ်လို့ သွားပါတော့တယ် ။

အရင်ကဆိုရင် ကျမတို့ နှစ်ယောက် စိတ်ဆိုးတဲ့အခါ အကြောင်းပြချက် မျိုးစုံနဲ့ ချော့တတ်တဲ့ မောင်က ဒီတစ်ခါတော့ ကျမနဲ့ အပြိုင် ဥပေက္ခာပြုနေတာက ကျမကို အားငယ်ပြီး ၀မ်းနည်းစေတယ် ။ မောင် ကျေနပ်အောင် ကျမက အရင် တစ်ခုခု စပြီး ပြောရမလားလို့ စဉ်းစားမိပေမဲ့ ကျမရဲ့ မာနက ခွင့်မပြုပြန်တော့ တစ်ယောက်ထဲ ကြိတ်မှိတ် ခံစားနေရတာ……….. ငရဲကျနေသလိုပါပဲ မောင်ရယ် ။

မောင်လည်း အရင်ကထက် ပိုပြီး ငြိမ်သက်သွားပါတယ် ။ တစ်ခါတစ်လေမှာတော့ ကျမ မသိအောင် ခိုးကြည့်နေတတ်ပြီး မတော်တဆ မျက်လုံးချင်းဆုံမိရင်လည်း ပြိုင်တူ အကြည့်လွှဲမိကြပါ ။ အစက မသိခဲ့ပေမဲ့ ဒီပြဿနာ ဖြစ်လိုက်တော့မှ ရှင်းရှင်းလင်းလင်း သိလိုက်ရတာက ကျမနဲ့ မောင်ဟာ သူငယ်ချင်းတွေထက် ပိုတဲ့ သံယောဇဉ်တစ်ခုတော့ ရှိနေပြီ ဆိုတာပဲ ။

ဘာလို့လည်း ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် မြင်နေတာတောင် လွမ်းနေခဲ့ကြတာလေ ။ တကယ်ပါ…….။ အဲဒီ အချိန်တွေမှာ မောင့်ကို နေ့တိုင်း တွေ့ မြင်နေရပေမဲ့ မမြင်ရအောင် ဝေးကွာနေတဲ့ နေရာမှာ ရောက်နေသလို ခံစားရတာကို…….သိလား …. မောင်။

ကျမ လွမ်းနေမိတာလေ ။ သူငယ်ချင်းလေး သုံးယောက်ပဲ ခြားနေခဲ့တာတောင် ကမ္ဘာကြီး ခြားသလိုမျိုး မခံစားနိုင်အောင် လွမ်းခဲ့ရတာ မောင်ရဲ့ ။

------------------------------------------------------------------------------------။
By  
Khin Chowar Win

လွမ်းလောက်လို့လား .. အပိုင်း (၄)

0
0



၎။ တစ်ပါတ်လောက် အကြာမှာတော့ အခုလို တင်းမာအေးစက်နေတဲ့ အခြေအနေကို သည်းမခံနိုင်ပဲ စတင် ပေါက်ကွဲလာတာက မင်းခန့်ဇော်ပါ ။ ကျမတို့ မိန်းကလေးတွေမှာ စောင့်ဆိုင်းရခြင်းဆိုတာကို အသားကျနေတတ်တဲ့ ဘ၀ပေးစရိုက်က အလိုလို ပါလာတယ် ထင်ပါရဲ့ ။ ဘာလို့လဲဆိုတော့ ကျမလည်း ဒီအခြေအနေကို မခံစားနိုင်လှပေမဲ့ စိတ်ရှည်ရှည်နဲ့ ကျော်ဖြတ်နေနိုင်လို့ပါပဲ ။


အဲဒီနေ့ မနက်က ကျမ ကျောင်းကိုလာတဲ့ လမ်းမှာ အရင်နေ့တွေက တွေ့ ရလေ့ရှိတဲ့ ကိုသန့်ဇင်နဲ့ တွေ့ ရပါတယ် ။ ပြီးတော့ မကြာခဏ ဆုံမိတဲ့အခါတွေမှာ အထူးအထွေ နှုတ်ဆက်လေ့ မရှိပေမဲ့ ပြုံးပြတာမျိုး ၊ တစ်ချို့ ရက်တွေဆိုရင် လက်လှမ်းပြပြီး နှုတ်ဆက်တာမျိုးတွေ အမြဲ တွေ့ နေရတဲ့ အတွက် ရင်းနှီးလာတဲ့ သဘောလည်း ရှိနေပြီလေ ။ ဒါကြောင့် ကျမက ကိုသန့်ဇင်ကို တွေ့ တော့ ပြုံးပြ နှုတ်ဆက်မိချိန်မှာ သူကလည်း ပြန်ပြုံးနှုတ်ဆက်ရင်း ကျမနဲ့ ဘေးချင်းယှဉ် လျှောက်ရာက စကားပြောဖြစ် သွားကြပါတယ် ။

ကျမကို ကျောင်းမှာ စာတွေ လိုက်နိုင်ရဲ့ လား ဆိုတာ မေးရင်း သူ ငယ်ငယ်က အင်္ဂလိပ်စာကို တော်တော် မရခဲ့တဲ့ အကြောင်းကို
“ ကိုယ် ငယ်ငယ်က အင်္ဂလိပ်စာကို စာလုံးပေါင်းတွေ တော်တော် မရခဲ့တာ ညီမရဲ့ ။ မရဆို မှန်မှန်လည်း မကျက်ခဲ့၊ သေသေချာချာလည်း မကျက်ခဲ့ဘူးလေ ” လို့ ပြောပါတယ် ။
ကျမက နားထောင်ရင်းက “ စာလုံးပေါင်း မရတာကတော့ ပြဿနာ ရှိတယ်နော် ” လို့ အလိုက်အထိုက် ပြန်ပြောမိတော့ သူက
“ သေချာတာပေါ့ကွာ ။ window က ပြတင်းပေါက် လို့ အဓိပ္ပါယ် ရပေမဲ့ n တစ်လုံးပဲ မပါတဲ့ widow ကတော့ မုဆိုးမ နော် ။ တခြားစီ ” လို့ ပြောရင်း ကျမတို့ သဘောကျပြီး ပြိုင်တူ ရီလိုက်မိပါတယ် ။ ကျောင်းရှေ့ လည်း ရောက်နေတာနဲ့ ကိုသန့်ဇင်က ကျမကို နှုတ်ဆက်ပြီး ရှေ့ ဆက် သွားပါတယ် ။

ကျောင်းဝင်ပေါက်ရှေ့ ကို ရောက်လို့ ၀င်မိတယ် ဆိုရင်ပဲ ကျမလွယ်ထားတဲ့ လွယ်အိတ်ကြိုးကို ဆတ်ကနဲ လှမ်းဆွဲခံလိုက်ရပြီး
“ လာစမ်းပါ , လာစမ်းပါ ။ နင် ဘာ အချိုးတွေ ချိုးနေတယ် ဆိုတာ ငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်းပါ ယုမီချို ” လို့ လှမ်းမေးတဲ့ မင်းခန့်ဇော်ကို မျက်နှာချင်းဆိုင် တွေ့ ရပါလေရော ။
သူ့မျက်နှာပေါ်က ဒေါသထွက်နေတဲ့ အမူအရာကို ကြည့်ပြီး ကျမ တော်တော် အံ့သြသွားမိတာပါ ။ မောင့်ကို စပြီး တွေ့ ခဲ့တဲ့နေ့ကနေ ခုချိန်အထိ အဲဒီလို ဒေါသထွက်နေတဲ့ ပုံစံကို တစ်ခါမှ ကျမ မမြင်ခဲ့ဖူးပါဘူး ။ ပြီးတော့ ကျောင်းတက်ကာနီး အချိန်မို့လို့ ကျောင်းအ၀မှာ တခြား ကျောင်းသူ ၊ ကျောင်းသားတွေကလည်း အများကြီးပဲ ရှိနေကြတာ ။

အားလုံးကလည်း ၀ိုင်းကြည့်နေကြတာ ဆိုတော့ ကျမလည်း ရှက်ရှက်နဲ့
“ နင့်ကို ငါ ဘာမှ ပြောစရာ မရှိဘူး မင်းခန့်ဇော် ” လို့ ခပ် ဆတ်ဆတ် အသံနဲ့ တိုးတိုးပဲ ပြန်ဖြေမိပါတယ် ။
“ ဘာလို့ မရှိရမှာလဲ ။ အေး…… နင့်မှာ ပြောစရာ မရှိဘူးဆိုရင် ငါ့မှာ ပြောစရာ ရှိတယ် ယုမီချို ” လို့ မောင်က ထပ် ပြောပေမဲ့ ကျမကတော့ မောင် ကိုင်ထားတဲ့ လွယ်အိတ်ကြိုးကို ပြန်ဆွဲယူရင်း
“ နင် ပြောစရာရှိတယ် ဆိုတိုင်း ငါက နားထောင်ပေးစရာလား ။ ဖယ် ”
ဆိုပြီး ကျမတို့အတန်း ရှိရာကို ဆက်လျှောက်လာခဲ့ပါတယ် ။

အမှန်တော့ ကျမ သိလိုက်ပြီ ။ မောင် ကျမကို ချော့တော့မယ် ဆိုတာ ။ မောင့်လို လူတွေ ကြည့်တာ မကြိုက်တဲ့ သူက အခုလို ကျောင်းရှေ့ က လူတွေ အများကြီးရှေ့ မှာ ဟန်မဆောင်နိုင်လောက်အောင် ပေါက်ကွဲတာက မထူးဆန်းဘူးလား ။ သေချာတာတော့ ကျမထက် ပို လွမ်းနေပြီ ။ ကျမရဲ့ နောက်ကနေ သူ လိုက်လာတာ သိပေမဲ့ လှည့် မကြည့်တော့ပါဘူး ။
အတန်းထဲ ရောက်တော့ ကျမထိုင်မဲ့ နေရာမှာ ကေသီ့ကို အနွေးထည်လေး ၀တ်ပြီး ထိုင်နေတာ တွေ့ လိုက်ရတယ် ။

ကေသီက ကျမကို
“ ငါ နေမကောင်းလို့ ယုမီရယ် ။ လူက တအားနုံးနေတာ ။ နံရံကို မှီထိုင်ရတာ နဲနဲ သက်သာမလားလို့ ဒီဘက်ကို ငါ ပြန်ရွှေ့ ထိုင်တာ ။ နင် နီလာနဲ့ မိသင်းကြားမှာ ထိုင်လိုက်နော် ” လို့ ပြောပါတယ် ။
နီလာနဲ့ ကေသီတို့က ဘယ်သန်ဖြစ်တဲ့အတွက် ကျမက သူတို့ နှစ်ယောက်ကြားမှာ ထိုင်လိုက်ရင် ကျမတို့ ထိုင်ရတာ အရမ်းကျပ်သွားနိုင်လို့ အဆင်မပြေပါဘူး ။ ဒါကြောင့် ကျမလည်း
“ နေပါစေတော့ဟာ ။ ငါ့ နေရာပဲ ငါ ပြန်ထိုင်တော့မယ် ” လို့ ပြောရင်း အရင် ထိုင်နေကျ မင်းခန့်ဇော်နဲ့ ကပ်ရက်က ထောင့်အစွန်မှာ ၀င်ထိုင်လိုက်တော့တယ် ။

သူ့ဘေးမှာ ပြန်ထိုင်တဲ့ ကျမကို မောင်က မျက်တောင်စင်းပြီး မသိမသာ ကြည့်ရင်း မျက်လုံးမှိတ်ပြပါတယ် ။ ကျမက ဆတ်ကနဲ မျက်စောင်းပြန်ထိုးတော့ မောင်က သဘောကျပြီး ရီနေတယ်လေ ။ ဒီရက်တွေထဲမှာ မောင် အခုလိုမျိုး ရီတာကို ပထမဆုံး တွေ့ ရတာပဲနော် ။ ကျမကိုယ်တိုင်လည်း ရင်ထဲက တင်းကျပ်မှုတွေ လျော့သွားသလို ခံစားလိုက်ရတယ် ။ ပြီးတော့ မောင့်ဘေးနားကို ပြန်ရောက်လာတာ နွေးထွေးသွားသလိုပဲ မောင် ။

သင်္ချာ(နှစ်)သင်တဲ့ အချိန်မှာ ဆရာက စက်ဝိုင်းပုစ္ဆာတွေကို သင်လို့ စက်ဝိုင်းဆွဲရမဲ့ အခါမှာတော့ ကျမအမြဲ ရင်ဆိုင်ရတတ်တဲ့ ပြဿနာက စတာပါပဲ ။ ကျမက ထောက်ချွန်သုံးပြီးမှ စက်ဝိုင်းဆွဲတတ်တာလေ ။ ကွန်ပါဘူးထဲမှာ ထောက်ချွန်ကို ရှာတာ မတွေ့ တော့လို့ ကျမ တော်တော်လေး စိတ်ရှုပ်သွားမိတယ် ။
အရင်ကဆိုရင် ထောက်ချွန်မပါတဲ့နေ့တွေမှာ စက်ဝိုင်းဆွဲရတော့မယ် ဆိုရင် မင်းခန့်ဇော်ကို စာအုပ်လှမ်းပေးလိုက်ပြီး သူကပဲ ဆွဲပေးနေကျပါ ။ အခုတော့ သူနဲ့ ကျမကလည်း မခေါ်တဲ့အတွက် ဆွဲခိုင်းဖို့ ခက်နေပြီး ဘေးက နီလာနဲ့ ကေသီကို လှမ်းကြည့်တော့လည်း သူတို့နှစ်ယောက်မှာ ထောက်ချွန်တစ်ခုထဲကို အတူတူ သုံးနေတာ တွေ့ ရလို့ ငှားရမှာ ခက်နေပါတယ် ။

ဒီအချိန်မှာ ကျမစာအုပ်ကို မင်းခန့်ဇော်က ဆွဲယူပြီး အရင်လိုပဲ စက်ဝိုင်းပုံတွေ ဖြည့်ပြီး ဆွဲပေးပါတယ် ။
သူ, ကျမစာအုပ်ထဲမှာ စက်ဝိုင်းတွေကို ကျွမ်းကျင်လှပစွာ ဆွဲပေးနေချိန်မှာ ပုံဆွဲနေတဲ့ သူ့ လက်ချောင်း ဖြူဖြူရှည်ရှည်လေးတွေကို ငေးကြည့်နေရင်း ကျမ သိလိုက်တာကတော့ သူ့ကို တကယ် လွမ်းနေမိတယ် ဆိုတာကိုပါ ။

ပုံတွေ ဆွဲပေးပြီးတော့ ကျမစာအုပ်ကို ပြန်ပြီး လှမ်းပေးပါတယ် ။ စာသင်ချိန်ပြီးလို့ ဆရာ ထွက်သွားတဲ့ အချိန်မှာတော့
“ ယုမီချို ။ နင့်အတွက် ငါ ငါးဖယ်သုတ် ထည့်လာတယ် ” လို့ မင်းခန့်ဇော်က လှမ်းပြောတယ်လေ ။
“ နင့်အတွက် တမင်တကာ လုပ်လာပေးတာနော် ” လို့ သီးသန့်အစီအစဉ် ဆိုတာကို ခပ်တိုးတိုး ထပ်ပြောတဲ့ အခါမှာတော့ ကျမ နဲနဲ ပြုံးချင်လာမိတယ် ။ အခုနက ပုံတွေ ယူပြီး ဆွဲပေးကထဲက ကျမက စိတ်ပြေနေခဲ့ပြီပဲ ။ အခက်အခဲ တစ်ခုခု ရှိလာရင် မောင်က အမြဲ ဖြေရှင်းပေးနေကျ ဖြစ်လို့ စိတ်ဆိုးနေတဲ့ အချိန်တွေမှာ အထီးကျန်သလို ခံစားရတာ ကျမလည်း စိတ်ပင်ပန်းလှပါတယ် မောင်ရယ် ။

ပြီးတော့ မင်းခန့်ဇော်ရဲ့ အမေ ထည့်ပေးတတ်တဲ့ အဲဒီ ငါးဖယ်သုတ်ကို ကျမတို့ တစ်အုပ်စုလုံး ကြိုက်ကြပါတယ် ။ အဲဒီ အသုတ် ထည့်လာတဲ့နေ့ဆိုရင် အလုအယက် နှိုက်စားနေကြပါပဲ ။ အဲဒီဟင်း ထည့်လာပေးဖို့ ကျမက ခဏခဏ မှာလေ့ ရှိပေမဲ့ သူ့အမေက ရုံးတစ်ဖက်နဲ့မို့ အလုပ်ရှုပ်တဲ့ အဲဒီဟင်းကို လုပ်ခိုင်းရတာ အားနာတယ်လို့ မင်းခန့်ဇော်က အမြဲ ပြောခဲ့တာ ။ ကျမကြိုက်မှန်းသိလို့ တမင် ထည့်လာပေးတယ် ဆိုတာဟာ မင်းခန့်ဇော်လို အမေကို အရမ်း ချစ်တဲ့သားတစ်ယောက်ရဲ့ အထူး စွမ်းဆောင်ချက်လို့ သတ်မှတ်ရပါလိမ့်မယ် ။

နေ့လည် ထမင်းစားချိန်ကို ရောက်တော့ မင်းခန့်ဇော်က ကျမရဲ့ စာသင်ခုံအံဆွဲထဲက ထမင်းဘူးကို ဆွဲယူပြီး ဖွင့်လိုက်ပါတယ် ။ သူ့ ထမင်းဘူးကိုလည်း ဖွင့်လိုက်ရင်း ပါလာတဲ့ ငါးဖယ်သုတ်တွေကို ကျမ ထမင်းဘူးထဲ ဇွန်းနဲ့ ခပ်ထည့်ပေးပါတယ် ။ အဲဒီလို ဂရုတစိုက် လုပ်ပေးတတ်ပြီး သည်းခံ နားလည်ပေးတတ်တဲ့ မောင့်ကို ကျမက ဘာကြောင့်များ စိတ်လိုက်မာန်ပါတွေ လုပ်ခဲ့မိပါလိမ့်လို့ တွေးရင်း နောင်တတွေ ရလာမိတယ် ။

ကျွန်မတို့ အနားကို ရောက်လာတဲ့ ကိုသက်နဲ့ ကိုကြီးခိုင်က
“ အေး……အေး။ ဖားထားနော် ။ သိလား ။ မင်းခန့်ဇော် ။ အိမ်က အမေကို အလုပ်ရှုပ်ခံခိုင်းပြီး ကျောင်းက စိန်ဗေဒါမကို ဖားထား ။ အဲဒါမှ အထုအထောင်း ၊ အနင်းအနှိပ်ခံရတာ သက်သာမှာ ” လို့ ရီရီမောမော ပြောပါတယ် ။
“ ဒီတခါ သုပ်လာတာ မေမေ့ကို လုပ်ခိုင်းလာတာ မဟုတ်ဘူး ကိုကြီးခိုင် ။ ကျနော့်ဘာသာ သုပ်လာတာ ” လို့ ပြန်ဖြေတဲ့ စကားကြားလိုက်ရတော့ ကျမ အံ့သြသွားတယ် ။

ပြီးတော့ ရင်ထဲမှာလည်း တစ်ခါမှ မဖြစ်ဘူးတဲ့ လှိုက်ကနဲ ခုန်သွားတဲ့ စိတ်က ထူးဆန်းစွာ ဖြစ်သွားမိတယ်လေ ။
သူ……..ကျမအတွက်ဆိုပြီးတော့ ။

ဒါပေမဲ့ အဲဒီ စိတ်ကို မယုံမရဲ ဖုံးကွယ်ရင်း
“ ဟယ်..။ နင် လုပ်တတ်လို့လား ။ စားလို့ရော ကောင်းပါ့မလားဟယ် ”
လို့ လွှတ်ကနဲ ပြောလိုက်မိပါတယ် ။ တစ်ပတ်ကျော်ကျော် အချိန်အတွင်း ကျမဆီက သူ့ကို ပထမဆုံး ပြောဖြစ်တဲ့ စကားကောင်းပါ ။
သူ့ဆီက ရီသံသဲ့သဲ့နဲ့အတူ သူ့နဖူးကို လက်ဖ၀ါးနဲ့ ဖျတ်ကနဲ ရိုက်ရင်း
“ သေလိုက်ပါတော့…..ယုမီချိုရယ်။ စေတနာနဲ့ အပင်ပန်းခံပြီး လုပ်ပေးလာတာတော့ ကျေးဇူးတင် စကား တစ်ခွန်း မပြောဘူး ။ စားကောင်းပါ့မလား ဆိုတာပဲ စိတ်ပူတယ်ပေါ့ ”
လို့ မင်းခန့်ဇော်ဆီက ညည်းသံ ထွက်လာပါတယ် ။

“ မှန်းစမ်း…။ မြည်းကြည့်ဦးမယ် ”
ဆိုပြီး ကေသီတို့ ၊ နီလာတို့ဆီက အသံထွက်လာတဲ့အခါ မင်းခန့်ဇော်က ကျမ ထမင်းဘူးကို ကမန်းကတန်း အဖုံးလှမ်းပိတ်ပြီးတော့
“ ယုမီချိုဆီကတော့ မယူပါနဲ့ဟာ ။ ငါ့ဘူးထဲက စားကြ ” ဆိုပြီး သူ့ ထမင်းဘူးကို အတင်း ထုတ်ပေးတယ်လေ ။
“ အင်း…။ အရိုးကွဲအောင် ရိုက်ရင် အသဲစွဲအောင် ချစ်တယ် ဆိုတဲ့ စကားက တယ်မှန်တာပဲ ”
လို့ ကိုသက်က ကျမနဲ့ မင်းခန့်ဇော်ကို ကြည့်ပြီး ပြောချိန်မှာတော့ ကျမက
“ ဟာ…။ ကိုသက် , နင် ဘာတွေပြောနေတာလဲ ” လို့ ပြောမိပြောရာ ပြောမိပါတယ် ။ မင်းခန့်ဇော်ကို မလုံမလဲ လှမ်းကြည့်မိတော့ ရီဟဟ မျက်နှာနဲ့ ကျမကို လှမ်းကြည့်နေတာ တွေ့ ရလို့ မျက်စောင်း ထိုးလိုက်မိတယ် ။ ဆက်လည်း မကြည့်ရဲတော့ပဲ မသိမသာ မျက်နှာ လွှဲခဲ့ရတယ်လေ ။

သူကိုယ်တိုင် သုတ်လာတယ် ဆိုတဲ့ ငါးဖယ်သုတ်ကို ကျမ စားကြည့်မိတော့ အရသာ ကောင်းလှပါတယ် ။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် စိတ်ထဲမှာ လစ်ဟာ ပျောက်ဆုံးနေတဲ့ တစ်စုံတရာကို ပြန်ပြီး ရှာတွေ့ လိုက်သလို ခံစားနေရတာက ကျမအတွက် ပိုပြီး ကျေနပ်စရာ ကောင်းနေမိတာပါ ။

“ မင်းခန့်ဇော်…..။ တကယ်ပဲ နင် စီမံလာတာ ဟုတ်ရဲ့လားဟယ် ။ အသုတ်က စားကောင်းတယ်။ နင် တော်တယ် သိလား ။ ငါက နင့်ကို အခင်ဆုံး ဖြစ်နေရတာ အဲဒီ အချက်တွေကြောင့် ၊ ငါ မလုပ်တတ်တဲ့ ရှားရှားပါးပါး အချက်တွေကို နင်က သိပ်ကျွမ်းကျင်နေလို့ ”
ကျမက ခပ်တိုးတိုးပြောတော့ မောင်က မျက်ခုန်းတစ်ဖက်ကို တွန့်ပြီး
ကျမကို ပြုံး ကြည့်ပါတယ် ။

နောက်…… ထောက်ချွန်လေးတစ်ခုကို လှမ်းပေးရင်း ရီနေပါတယ် ။
ကြည့်စမ်း ။ သင်္ချာ အချိန်က ရှာမတွေ့ ခဲ့တဲ့ ကျမရဲ့ ထောက်ချွန်လေး ။
အော……။ ဒီနေ့အတွက်တော့ မောင်က အမှတ်အပြည့်ကိုတောင် ကျော်ပြီး
ရသွားတယ်လေ ။ ကျမအတွက် အရမ်းကို ကြိုးစားပြီး ဖန်တီးပေးထားတဲ့ အထူး ပြုလုပ်ချက်တွေနဲ့ ဆိုပါတော့ ။

ထမင်းစားနေကြရင်း ကေသီက သူ့အနွေးထည်ကို ချွတ်လိုက်တော့ ကျမက ပြန်ဖျားမှာ စိတ်ပူပြီး “ ကေသီ ။ နင် အနွေးထည် ပြန်ဝတ်ထားပါအုံးဟယ် ။ နေမကောင်းဘူး ဆိုပြီး ထမင်းတွေလဲ အများကြီးပဲ စားနေတယ်။ တော်ကြာ အဖျား ပြန်တက်လာအုံးမယ် ” လို့ ပြောတော့ ကျန်တဲ့ ငါးယောက်စလုံး အားရပါးရ ရီကြပါတော့တယ် ။
ကျမက သူတို့ကို နားမလည်စွာ ကြည့်တော့ ကိုကြီးခိုင်က ပြောပါတယ် ။
“ အေးဟေ့ ။ ကေသီက တကယ် မဖျားဘူးဟ ။ နင့်ကို အရင်နေရာမှာ ပြန်ထိုင်အောင် တမင် ဟန်ဆောင်ခိုင်းရတာ ။ ဒီလိုမှ မဟုတ်ရင် မင်းခန့်ဇော်က နင့်ရဲ့ စိန်ဗေဒါလက်သံနဲ့ ဝေးနေလို့ သေတော့မယ် ဆိုလို့ ”

အိုး….. ကိုကြီးခိုင်ရဲ့ စကားကြောင့် ကျမ မောင့်ကို ကျေးဇူးတင်စွာ လှမ်းကြည့်လိုက်တဲ့ အခိုက် မျက်လုံးချင်းဆုံမိတဲ့အခါ မောင့်မျက်လုံးတွေထဲမှာ လွမ်းနေခဲ့တဲ့ အရိပ်တွေနဲ့ပါလား ။ ကျမ ကိုယ်တိုင်လည်း မောင့်ကို ကြည့်မိတဲ့ အကြည့်တွေထဲမှာ လွမ်းနေခဲ့တဲ့ အရိပ်တွေ ပါနေမယ် ထင်တယ် ။
အဲဒီ အချိန်က တစ်ယောက်နဲ့ တစ်ယောက် ကြည့်မိတဲ့ အချိန်ဟာ မျက်လုံးချင်း မလွှဲရက်နိုင်အောင်ပါပဲ ။ နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာ နားလည်မှုတွေ အများကြီး ရလိုက်တဲ့ နေ့ ဆိုရင်လည်း မမှားပါဘူး ။
ဒါပေမဲ့ ချက်ချင်းပဲ ပြန်ထိန်းချုပ်လိုက်ပြီး သက်ပြင်းတစ်ခုစီ ခိုး ရှိုက်လိုက်ပါတယ် ။ ကျမတို့နှစ်ယောက်စလုံး ဒီအရွယ် ၊ ဒီအတန်းမှာ စိတ်အလိုလိုက်တဲ့ ခံစားချက်တွေ မခံစားသင့်သေးဘူးလို့ သိနေတယ်လေ ။

ညနေ ကျောင်းဆင်းတော့ မင်းခန့်ဇော်က
“ ယုမီချို နဲ့ မိသင်း။ နင်တို့ နှစ်ယောက် ဒီနေ့ ညနေက စပြီး ငါတို့နဲ့ အတူတူ ပြန်တော့ ။ ကေသီနဲ့ နီလာက ကျောင်းကားစီးလို့ စိတ်ပူစရာ မရှိဘူး ။ နင်တို့နှစ်ယောက်က လမ်းလျှောက်ပြန်တာ ဆိုတော့ ငါတို့ အဖေါ်လုပ်ပေးမယ် ” လို့ ပြောပါတယ်။ ကျမနဲ့ မိသင်းလဲ ဘာမှ ပြန်မပြောပဲ ကျောင်းဆင်းချိန်မှာ အတူတူ ပြန်လာခဲ့ကြပါတယ် ။

လမ်းလျှောက်လာကြရင်း မင်းခန့်ဇော်က ကျမကို
“ ယုမီချို….။ ငါ တခါတခါ တွေးတယ် သိလား။ တကယ်တော့ နင့်ကို ငါ အရာရာ လိုက်ပြီး စိတ်ပူနေ၊ စောင့်လျှောက်နေတာ လိုရော…လိုအပ်ရဲ့ လားလို့ ”
“ အံမယ်….။ ငါက နင့်ရဲ့ စောင့်ရှောက်မှုကို လိုနေတာလား ။ နင်တို့က ငါ့ရဲ့ ထိန်းသိမ်း ကွပ်ကဲမှု လိုနေတာလား ။ စဉ်းစားပြောပါ မင်းခန့်ဇော်ရာ ”
“ ငါတို့က နင့်ရဲ့ ထိန်းသိမ်း ကွပ်ကဲမှုကို……လိုတယ် ။ ဟုတ်လား ။ မဖုရား….ခင်ဗျား နဲနဲလောက် ပြန်ပြီး မိန့်တော်မူစမ်းပါအုံး…”.ဆိုပြီး သဘောကျစွာနဲ့ အားရပါးရ အော်ရီပါတယ် ။

မောင်က ကျမကို မဖုရား လို့ အမည် တပ်ခေါ်လေ့ရှိတာ အဲဒီနေ့က စတင်ခဲ့ပြီး နောက်ပိုင်းမှာ မကြာခဏ ခေါ်လေ့ ရှိတဲ့ အမည်သစ်ပါ ။ အဲဒီ အသုံးအနှုန်းကို မောင်က ကျမကို သိပ် သဘောမကျတဲ့ အခါတွေ ၊ စချင်,နောက်ချင်လာတဲ့ အချိန်တွေမှာ သုံးလေ့ရှိတာ ကျမ သတိထားမိလာတယ် ။

ကျမကတော့ မောင့်ဆီက မဖုရားလို့ ခေါ်သံ ကြားရရင် သိပ် သဘောကျတာပဲ ။ ဘာလို့လဲဆိုတော့ မောင်က ကျမရဲ့ ရင်ထဲက အရှင်သခင်လေ ။
ကျမလဲ သူနဲ့ အတူတူ လျှောက်လာရာက ရပ်လိုက်ပြီး
“ မဟုတ်လို့လား မင်းခန့်ဇော် ။ နင့်ကို ငါ စာအုပ်နဲ့ ပေါက်လိုက်တဲ့ နေ့က နင်တို့ ရီးစားစာ သွားပေးကြတာဆို ။ နင်က အခုအရွယ်နဲ့တောင် ရီးစား ထားချင်နေလို့ ငါ မသိအောင် ခိုးပြီး သွားကြတာမို့လား ။ နင့် လုပ်ရပ်က မှားနေတဲ့အတွက် ငါ သိမှာ ကြောက်တာပေါ့ ။ ဒါကို ကြည့်ခြင်းအားဖြင့် ငါ့ရှေ့ မှာဆို နင်တို့ အမှား မလုပ်ရဲတာဟာ ငါက နင်တို့ကို ထိန်းသိမ်းနိုင်လို့ပေါ့ဟဲ့ ……. မင်းခန့်ဇော်ရဲ့ ”
“ ဘာ…ဘယ်သူက ပြောလဲ ။ ငါက ရီးစားစာ သွားပေးတာလို့ ”
“ မဟုတ်လို့လား ။ ငါ သိရင် မသွားရပဲ နေလိမ့်မယ် ။ ငါ့ကို မပြောနဲ့လို့ နင် မိသင်းတို့ကို ပြောတာလေ ”
“ သေလိုက်ပါတော့ ယုမီချိုရာ……။ အဲဒီနေ့က ရီးစားစာ သွားပေးတာ ငါ့ အတွက် မဟုတ်ဘူးဟဲ့ ။ ငါက အဖေါ်လိုက်သွားတာ ”
အဲဒီစကားကို ကြားလိုက်ရတာ ရင်ထဲက ဆူးတစ်ချောင်းကို ဆတ်ကနဲ ဆွဲဖယ် ထုတ်လိုက်သလို ခံစားလိုက်ရပြီး ကျမကို ပေါ့ပါး ပျော်ရွှင်စေခဲ့ပါတယ်။ ။

မင်းခန့်ဇော်ကလည်း တစ်ခုခုကို ရှာတွေ့ သွားသလို မျက်နှာထားနဲ့
“ ယုမီချို…။ နင် အဲဒီနေ့က စိတ်ဆိုးတာ ငါက တခြား ကောင်မလေး တစ်ယောက်ကို ကြိုက်ပြီး ရီးစားစာ သွားပေးတယ် ထင်လို့လား ” လို့ ကျမမျက်နှာကို စိုက်ကြည့်ပြီး မေးပါတယ် ။
ကျမက သူ့ကို ရင်ဆိုင်မကြည့်ပဲ မျက်နှာလွှဲရင်းက
“ မဆိုင်လိုက်တာ မင်းခန့်ဇော်ရယ် ။ ငါ တစ်ယောက်ထဲကို ချန်ပြီး အသိမပေးလို့ စိတ်ဆိုးတာ ” လို့ ခပ် မှန်မှန်အသံနဲ့ပဲ ဖြေပေးလိုက်တဲ့ အခါမှာတော့ မောင်က ကျမကို ကြည့်ပြီး ရီနေခဲ့တယ်လေ ။ ဘာမှတော့ ဆက်မမေးပါဘူး။

ကျမကိုယ်တိုင်တောင် ဘာကြောင့် စိတ်ဆိုးတယ်ဆိုတာ မသေချာပေမဲ့ အဲဒီ စကားကိုတော့ အကောင်းဆုံး ဆင်ခြေအဖြစ် သုံးမိသွားပါတယ် ။ အခုအရွယ်မှာ ပြန်တွေးကြည့်တော့ တစ်ခုခုသော အခြေအနေတွေကို ချက်ခြင်း မပြောင်းလဲသွားအောင် ဟန်ဆောင်တတ် ၊ ထိန်းသိမ်းတတ်တာဟာ ကျမတို့ မိန်းမတွေရဲ့ မွေးရာပါ ဗီဇ ဖြစ်ပါလိမ့်မယ် ။

သူက သက်ပြင်းတစ်ခုကို ရှိုက်ပြီး ချရင်း ခပ်သဲ့သဲ့ ရီလိုက်ပါတယ် ။ နောက်…..။
“ နင် မနက် ကျောင်းကိုလာရင် နင့်ဘေးမှာ ပါလာတဲ့ ကိုသန့်ဇင်နဲ့ ကြိုက်နေတာလား ” လို့ မေးတော့ ကျမ အံ့သြသွားတယ် ။ ကိုသန့်ဇင်အကြောင်း ဘယ်သူငယ်ချင်းကိုမှ အခုထိ ကျမ မပြောရသေးဘူးလေ ။
ကျမက သူ့ကို အလန့်တကြား ပြန်ကြည့်ရင်း
“ မဟုတ်ပါဘူး ။ အဓိပ္ပါယ် မရှိတာ ။ နင်တို့ကိုတော့ ရီးစား မထားခိုင်းပဲ ငါက ရီးစား ထားပါ့မလား ။ အဲဒါတွေကို ငါ လုံးဝ စိတ်မ၀င်စားပါဘူး ။ သူက ကောင်းကောင်းမွန်မွန် နှုတ်ဆက်လို့ ငါက ပြန်ပြီး နှုတ်ဆက်တာပဲ ရှိတယ် ” လို့ ပြန်ဖြေရှင်းမိတယ် ။ ဒီနေ့မှ ပြန်ရတဲ့ ကျမတို့ရဲ့ ငြိမ်းချမ်းရေးကို ဘာကြောင့်မှ အပျက်မခံနိုင်ဘူးလေ ။

နောက် ကျမက မပြောရသေးတဲ့ ကိစ္စကို မောင် ဘယ်လိုများ သိနေခဲ့ပါလိမ့် ။
“ နင်က ငါနဲ့ ကိုသန့်ဇင်ကို ဘယ်တုံးက တွေ့ တာလဲ ” လို့ ပြန် မေးတော့
“ မနက်တိုင်း နင် ကျောင်းလာတဲ့ လမ်းမှာ ငါ ရှိတယ် ယုမီချို ။ နင်နဲ့ သူ စသိတာ ငါတို့ ရန်ဖြစ်တဲ့နေ့က ဆိုတာလည်း ငါ မှတ်မိတယ်။ ဒီတလျှောက်လုံး ငါ စောင့်ကြည့်နေခဲ့တာ ” လို့ မျက်နှာ မကြည်မလင်နဲ့ ပြောပါတယ် ။ မောင့်ဆီက အဲဒီ စကားကို ကြားရတာ သိပ် ပျော်တာပဲ မောင်ရယ် ။ ကျမလိုပဲ မောင်လည်း စိတ်ပူနေခဲ့တာပဲပေါ့ ။ ကျမထင်သလောက် မောင်က မစိမ်းကားပါပဲ ။

“ ယုမီချို…မဖုရား ။ နင့်ကို ငါ သိပ်တော်တယ်လို့ ထင်ထားတာ ။ မ အနဲ့နော် ။ သူ ဘာလို့ နင်နဲ့ ရင်းနှီးအောင် လုပ်နေတာလဲ ဆိုတာကို နင် တကယ် မသိတာလား ။ ဒါမှမဟုတ် ငါ့ကို စိတ်ဆိုးတာနဲ့ ငါ မကြိုက်တာကို ရွေးပြီး လုပ်နေတာလား ။ ဘာပဲဖြစ်ဖြစ် ငါနဲ့ စိတ်ဆိုးနေတာကြောင့်တော့ နင် တစ်ခုခု မှားသွားမှာကို ငါ အစိုးရိမ်ဆုံးပဲ ။ နင် ငါ့ကို ကတိ တစ်ခုပေး ။ နောက်ကို ငါနဲ့ ပတ်သက်ပြီး မရှင်းတာ ရှိရင် ချက်ချင်းမေး ။ ငါနဲ့ ဆိုင်တာဆို နင့်ကို တစ်ခုမှ မချန်ပဲ ငါ ပြောပြမယ် ။ နင်လဲ ငါ့ကို အဲဒီလိုပဲ ပြောပြရမယ် ။ ဘယ်လိုလဲ..”
“ အေး..။ ရတယ် ။ အဲဒါ နင့် ကတိနဲ့ နင့် စကားနော် မင်းခန့်ဇော် ။ ငါနဲ့ ကိုသန့်ဇင်က ဘာမှ မရိုးသားတာ မရှိဘူး ။ နင်ကရော…… ရီးစားစာ သွားပေးတယ် ဆိုတာ နင့်အတွက် မဟုတ်ဘူး ဆိုတာ သေချာလား ။ ”
“ တကယ်ပေါ့ ။ ငါက နင့်ကို ညာစရာလား ။ သူများအတွက် အဖေါ်လိုက်တာပါ ” ဆိုတဲ့ စကားကို ပြန်ပြောရင်းက ကျမတို့ နှစ်ယောက်ကြားမှာ ဘယ်သူမှ မသိတဲ့ ကတိစကားတစ်ခုကို ချည်နှောင်လိုက်ကြပါတယ် ။ ပြီးတော့ ပေါ့ပေါ့ပါးပါး အတူတူ ရီမောမိကြပါတယ် ။

ကြည့်စမ်း ။ ဒီ အကြောင်းတွေကို စောစောစီးစီးကသာ ပြောဖြစ်ခဲ့ကြရင် ကျမတို့ နှစ်ယောက် ဒီလောက် လွမ်းခဲ့ကြဖို့ ဘယ်လိုလိမ့်မလဲ မောင်ရယ် ။ အင်း….။ တစ်မျိုးတော့လည်း ကောင်းနေတာက နှစ်ယောက်စလုံးရဲ့ ရင်ထဲကို နဲနဲတော့ လှမ်းမြင်ခဲ့ကြတာပေါ့…နော် ။
------------------------------------------------------------------------။

By  

Khin Chowar Win


လွမ်းလောက်လို့လား .. အပိုင်း (၅)

0
0



၅။ အဲဒီအချိန်က စလို့ ကျမတို့ နှစ်ယောက်ကြားမှာ နောက်ထပ် ဘာပြဿနာမှ ထပ်ဖြစ်မလာအောင် တစ်ယောက်နဲ့ တစ်ယောက် နားလည်ဂရုစိုက်မှု ၊ ထိန်းသိမ်းမှုတွေလည်း ပိုလာတယ်လို့ ပြောရမှာပါ ။


ဒီကြားထဲမှာ ကိုသန့်ဇင်နဲ့ ကျမတို့ရဲ့ ရင်းနှီးမှုကို မင်းခန့်ဇော်က သိပ်ကျေနပ်ပုံ မရပေမဲ့ ကျမဖက်က ထူးခြားဟန်မရှိတဲ့ အတွက် ဘာမှ မပြောရှာပါဘူး ။ ကျမကလည်း သူက သိပ် မကြိုက်တာကို သိနေတဲ့အတွက် အတတ်နိုင်ဆုံး ရှင်းလင်းတဲ့ ဆက်ဆံရေး ပုံသဏ္ဍာန်ဖြစ်အောင် ဂရုစိုက်နေခဲ့ပါတယ် ။ ကျမတို့ နှစ်ယောက်ကြားမှာ ချစ်တယ်ဆိုတဲ့ ဆက်စပ်မှုနဲ့ တိတိကျကျ ပါတ်သတ်တာ မဟုတ်ပေမဲ့ ဝေးနေဖို့တော့ မဖြစ်နိုင်ဘူး ဆိုတာကို ပြီးခဲ့တဲ့ ကိစ္စကြောင့် သိခဲ့ကြပြီးပြီလေ ။

ဆယ်တန်းဖြေရမဲ့နှစ်ကို ရောက်လာတဲ့အခါ စာတွေကို အရင်နှစ်တွေထက် ပိုပြီး အားထည့်လာရလို့ တခြားခံစားချက်တွေကိုလည်း မေ့ပျောက်ထားကြပါတယ် ။ ကျမတို့ အုပ်စုထဲမှာ မင်းခန့်ဇော်က စာတော်တဲ့အတွက် ဂုဏ်ထူးများများ ထွက်ဖို့ အားထည့် ကြိုးစားနေသလို ကျမရယ် ၊ ကိုကြီးခိုင်ရယ် ၊ နီလာရယ် ၊ ကေသီရယ်ကလည်း စာမေးပွဲ အောင်နိုင်တဲ့ အခြေအနေကို ကျော်ဖြတ်နိုင်လို့ ရမှတ်ကောင်းအောင် ဦးတည် ကြိုးစားနေကြတဲ့ အချိန်ပါ ။

ဒါပေမဲ့ မိသင်းနဲ့ ကိုသက်ကတော့ အခြေအနေ သိပ် မကောင်းလှပါဘူး ။ သူတို့ နှစ်ယောက်က ကြိုးစားအားထုတ်မှု နည်းသလို နဂိုထဲကလည်း စာနည်းနည်း ညံ့ပါတယ် ။ ကျမတို့ ကျန်တဲ့သူတွေက သူတို့နှစ်ယောက်ကို စိတ်ပူလို့ ဘယ်လိုပဲ ဆွဲခေါ်၊ ဆွဲခေါ် ။ သူတို့နှစ်ယောက်က ငါတို့ အောင်ဖို့ မလွယ်ဘူးဟ ။ ငါတို့ကြောင့် နင်တို့ အချိန်မကုန်စေနဲ့ ဆိုပြီး ခပ်အေးအေးပါပဲ ။ ပိုဆိုးတာက သူတို့နှစ်ယောက် ချစ်သူဖြစ်သွားကြတာပဲ ဖြစ်ပါတယ် ။

သူတို့နှစ်ယောက်အကြောင်း ကျမစ, ပြီး သိတဲ့နေ့က စာမေးပွဲဖြေဖို့ သုံးလလောက်ပဲ လိုပါတော့တဲ့ ကာလပါ ။ ကျမက မင်းခန့်ဇော်ကို သင်္ချာတွေ ရှင်းပြခိုင်းဖို့ ရှိသလို မင်းခန့်ဇော်ကလည်း ကျမနဲ့ အင်္ဂလိပ်စာတွေ အတူတူလုပ်ချင်တဲ့ အတွက် စောစောလာဖို့ ချိန်းထားလို့ ကျောင်းကို ခါတိုင်းထက် စောပြီး ရောက်လာခဲ့ပါတယ် ။

ကျမ ထိုင်နေကျ နေရာကို ရောက်တော့ အံဆွဲထဲ လွယ်အိတ်ကို ထည့်လိုက်တဲ့ အချိန်မှာ ဖတ်စာအုပ် တစ်အုပ်ကို တွေ့ လိုက်ရပါတယ် ။ ဆွဲယူ ကြည့်လိုက်တော့ မိသင်းနံမည် ထိုးထားတဲ့ စာအုပ်ဖြစ်နေလို့ မေ့ကျန်ခဲ့တာပဲ ဆိုပြီး ပြန်ထည့်မယ် အလုပ်မှာ စာရွက်ခေါက်လေးတစ်ခု ထွက်ကျလာပါရော ။

အဲဒီ စာရွက်ခေါက်ကို ဖွင့်လိုက်တော့ ချစ်တဲ့မိသင်းလို့ အစချီရေးထားပြီး မိသင်းရဲ့ ကိုသက်လို့ အဆုံးသတ်ထားတဲ့ ရီးစားစာ ဖြစ်နေပါတယ် ။ ကျမက အဲဒီစာကို ကိုင်ပြီး ကိုယ်တစ်ယောက်ထဲ မီးကို စ တွေ့လိုက်ရတဲ့ ကမ္ဘာဦးလူသားလို အံ့သြကြီးစွာ ခံစားမိချိန်မှာ မင်းခန့်ဇော်က ရောက်လာတာပါ ။

“ မင်းခန့်ဇော်ရေ…။ ဒီမှာ ကြည့်စမ်းပါအုံး ။ မိသင်းနဲ့ ကိုသက်က ကြိုက်နေကြတာကိုး ။ သူတို့နှစ်ယောက် ကြိုက်နေတာကို နင်တို့ ၊ ကိုကြီးခိုင်တို့ မသိဘူးမို့လား ”
လို့ ပြောတော့ မင်းခန့်ဇော်က ရီပြီး လေသံ ခပ်အေးအေးနဲ့

“ သိပါတယ်ဟာ ။ အစထဲက ငါတို့ သိပါတယ် ” တဲ့။
“ ဟင်….အဲဒါဆို နင်တို့ ၀ိုင်းပြီး တားရမှာလေ ။ ဘာလို့ မတားတာလဲ။ အခု အရွယ် ၊ အခုအချိန်က ရီးစား ထားရမဲ့ အချိန်မှ မဟုတ်သေးပဲ မင်းခန့်ဇော်ရဲ့ ”
“ ယုမီချို ။ အဲဒါက ငါတို့ ၀င်ပြီး တားလို့ ရတဲ့ ကိစ္စလား။ မဖြစ်သင့်သေးဘူး ဆိုတာ ငါတို့ သိသလို သူတို့လဲ သိတယ် ။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ကမှ မထိန်းချုပ်နိုင်ကြတာ ငါတို့ ၀ိုင်းပြီး တားတော့ ဘာထူးမှာလဲ ”

သူက ခုံမှာ ၀င်ထိုင်ရင်းက
“ အရာရာကို ကိုယ့်ရဲ့ ပုံစံ ၊ ကိုယ့်ရဲ့ စိတ်နဲ့ မတွက်ပါနဲ့ ယုမီချိုရယ် ။ ငါတို့ နေတဲ့ ကမ္ဘာကြီးတောင် ခပ်စောင်းစောင်းပဲ လည်နေတာပါ ” လို့ ခပ်တိုးတိုး ပြောပါတယ် ။

ကျမကတော့ သူ့ဆီက ကြားလိုက်ရတဲ့ စကားဆန်းဆန်းကြောင့် ရီချင်သွားမိသလို သူ့ကိုလည်း မခံချင်အောင် စ,ချင်လာလို့
“ ဒါတော့ ဒါပေါ့ဟယ် ။ ဒါပေမဲ့ အဲဒီ နဲနဲ စောင်းနေတဲ့ ကမ္ဘာကြီးပေါ်မှာ ငါတို့က မတ်မတ်ရပ်နေကြတာလေ ” လို့ ရီပြီး ပြန်ပြောတော့ မောင်က
“ မသိတော့ဘူး ယုမီချိုရာ ။ ဘာလို့လဲ ဆိုတော့ တစ်ခါတစ်ခါ ငါလဲ ကမ္ဘာကြီးရယ် ၊ မိသင်းနဲ့ ကိုသက်ရယ် လိုပဲ စောင်းစောင်းလေးတွေးပြီး နေချင်တယ် ” လို့ ပြောရင်း ကျမမျက်နှာကို စိုက်ကြည့်ပါတယ် ။

မောင့်ရဲ့ အကြည့်ရယ် ၊ အပြောရယ်က ကျမကို အသက်ရှု မှားစေခဲ့တယ်လေ ။ ကျမ တမင် ထိန်းချုပ်ထားရတဲ့ ခံစားချက်တွေကိုလည်း လှုပ်ရှားစေခဲ့တယ် ။ မောင့်ရဲ့ မျက်ဝန်းတွေမှာ ဘာတွေ ရှိနေတယ် ဆိုတာ ကျမက ကောင်းကောင်း ဖတ်နိုင်နေပြီ မောင်ရဲ့ ။ ဒါပေမဲ့ ကျမတို့ဘ၀အတွက် အလှည့်အပြောင်းဖြစ်တဲ့ ဒီလို အရေးကြီးတဲ့ အချိန်မှာ ကျမတို့ တည်ငြိမ်မှ ဖြစ်မယ်လေ ။

ဒါကြောင့် ကျမက ဆုံနေမိတဲ့ အကြည့်တွေကို မလွှဲတော့ပဲ ရီချလိုက်ရင်း
“ လူလေး….မင်းခန့်ဇော် ။ စိတ်ထိန်းပါ ။ စာမေးပွဲ အရေးကြီးတယ် လူလေး ” လို့ ခပ်သောသော ပြောလိုက်တဲ့အခါမှာ မောင်က လိုက် မရီပဲ မျက်နှာ လွှဲသွားပါတယ် ။

နောက် ကျမတို့ နှစ်ယောက် စာတွေကိုပဲ စိတ်ဝင်တစား လုပ်ဖြစ်သွားခဲ့တယ် ။ ကျမတို့ နှစ်ယောက်စလုံးက စိတ် အနှောင့်အယှက်တွေ ကြုံလာတဲ့အခါမှာ စာတွေ မရပ်မနား ဖတ်လေ့ ရှိတာရယ် ၊ သီချင်းတွေ နားထောင်လေ့ရှိတာရယ်က ထူးဆန်းစွာ တူညီနေတဲ့ အကျင့်စရိုက်တွေပါ ။

အဲဒီနှစ်က ထင်ထားတဲ့ အတိုင်းပဲ ဆယ်တန်းစာမေးပွဲကို မိသင်းနဲ့ ကိုသက်က ကျ,နေခဲ့ပါတယ် ။ မောင်က ဂုဏ်ထူး သုံးဘာသာနဲ့ပဲ အောင်လို့ စိတ်မကျေနပ်စရာ ဖြစ်ရပေမဲ့ ကျမရယ် ၊ ကေသီရယ်၊ နီလာရယ်၊ ကိုကြီးခိုင်ရယ်လည်း အောင်ခဲ့ကြလို့ ၀မ်းသာရပါတယ်။ စာမေးပွဲအောင်တဲ့ ငါးယောက်က မိသင်းနဲ့ ကိုသက်အတွက် စိတ်မကောင်း ဖြစ်ရပေမဲ့ သူတို့ နှစ်ယောက်ကတော့ ခပ်ပြုံးပြုံးပါပဲ ။ ဒီနှစ် မအောင်တော့လည်း နောက်တစ်နှစ်ပေါ့ လို့ ပြောတဲ့ သူတို့နှစ်ယောက်ကို ဒီတစ်နှစ်တော့ အောင်,အောင် ဖြေနော်လို့ ၀ိုင်းပြီး အားပေးရပါတယ် ။

-------------------------------------------------------------------------။

By 

Khin Chowar Win

လွမ်းလောက်လို့လား ... အပိုင်း (၆)

0
0
 
၆ ။ ၁၉၈၄-ခု……..။ ကျမတို့ တက္ကသိုလ်တက်ကြတဲ့ အချိန်မှာ မင်းခန့်ဇော်က ရန်ကုန်စက်မှု တက္ကသိုလ် ( Rangoon Institute of Technology -အဲဒီ ခေတ်က RIT လို့ ခေါ်ပါတယ် ) မှာ တက်ခွင့်ရခဲ့ပါတယ် ။ ကျမတို့ မိန်းကလေး သုံးယောက်နဲ့ ကိုကြီးခိုင်ကတော့ ရိုးရိုးမေဂျာဖြစ်တဲ့ ရူပဗေဒ ဘာသာရပ်ကို တက်ခွင့်ရခဲ့တယ်လေ ။


အဲဒီ အချိန်မှာ ကျမရဲ့ အိမ်က လှိုင်မြို့ နယ်ကို ပြောင်းတဲ့ အတွက် ကျမ တစ်ယောက်ထဲ ရန်ကုန်တက္ကသိုလ် ( လှိုင်နယ်မြေ - RC 2 ) မှာ သွားတက်ခဲ့ရတယ် ။ ကိုကြီးခိုင်ရယ် ၊ ကေသီရယ် ၊ နီလာရယ်က ကြည့်မြင်တိုင် နယ်မြေ ( အဲဒီ ခေတ်က RC ( 3 ) ) မှာ တစ်စုထဲ တက်နေခဲ့ ကြပါတယ် ။

ကျမတက်ရတဲ့ RC-2 က သိပ်ချစ်စရာကောင်းတဲ့ တက္ကသိုလ်မြေပါ ။ ပန်း နီနီရဲရဲလေးတွေ ပွင့်ဝေနေတဲ့ စိန်ပန်းပင်လေးတွေက အ၀ါရောင် စာသင်ဆောင် သီရေတာတွေရှေ့ မှာ ခပ်စိပ်စိပ်လေးတွေ ပေါက်နေလေရဲ့ ။ ဒီကျောင်းလေးမှာ နှစ်နှစ်တာ တက်ရမယ် ဆိုတဲ့ အသိက ကျမကို ပျော်ရွှင်ကြည်နူးစေပါတယ် ။

ကျမ ပထမနှစ်ကို စပြီး တက်ရတော့ တူး / ဆဲဗင်း ( အဆောင် ၇ ၊ အခန်း ၂ )လို့ ခေါ်တဲ့ တစ်ထပ် အုတ်အဆောင်လေးမှာပါ ။ RC-2 ထဲကို စ, ၀င်လာတော့ ပထမဆုံး တွေ့ ရတဲ့ ကျောင်းသားရေးရာ အဆောင်ရဲ့ ဘေးကနေ ဆက်ပြီး လျှောက်လာရင် ညာဖက်ခြမ်းမှာ ကျမတို့ရဲ့ စာသင်ဆောင်လေးတွေက စီပြီး ရှိနေပါတယ်။ အဆောင် တစ်ခုမှာ စာသင်ခန်းနှစ်ခု ခွဲပေးထားတယ် ။

ကျမတို့ ဘေးက အဆောင်မှာ အင်္ဂလိပ်စာ မေဂျာ ( E-major ) သမားတွေ တက်ရပါတယ် ။ အဲဒီအချိန်က ပထမနှစ်ဝက်ကို စတက်ရတာ ဒီဇင်ဘာလ ။ ရာသီဥတုက အေးမြနေသလို ကျောင်း စ တက်ရတဲ့ ကျမတို့ ကျောင်းသူ၊ ကျောင်းသား အသစ်တွေကလည်း ရင်ခုန် တက်ကြွစွာနဲ့ပါ ။

ကျမ ပထမဆုံး ကျောင်းသွားတဲ့ နေ့က တက်ရမဲ့ စာသင်ဆောင်ကို ရှာတွေ့ ချိန်မှာတော့ မျက်လုံး ၀ိုင်းရပါတော့တယ် ။ ကျောင်းသူသစ်တွေ တက်မဲ့ အဆောင်မို့လို့ စီနီယာ ကျောင်းသားကြီးတွေက ကော်ရစ်တာမှာ ဘယ်ညာ စီပြီး ရပ်နေကြလေရဲ့ ။ ဘုရား…။ ကျမတော့ ဘယ်နည်းနဲ့မှ အဲဒီကြားထဲက ဖြတ်မလျှောက်ရဲတာ အသေအချာ ။ အဲဒီ လူအုပ်ကြားက ဘယ်လိုအင်အားနဲ့ ဖြတ်လျှောက်ပြီး သွားရပါ့မလဲလို့ တွေးနေရင်း ကျမ လက်ဖျားတွေတောင် အေးလာတယ်။

တစ်ယောက်ထဲ စိတ်ပျက်လက်ပျက် ရပ်နေမိချိန်မှာ ယုမီချို လို့ ကျမနံမည်ကို ခေါ်သံကြားလို့ ၀မ်းသာအားရ လှည့်ကြည့်မိတော့ ကိုသန့်ဇင်ကို တွေ့ လိုက်ရပါတယ် ။ သူ့ ကို မမျှော်လင့်ပဲ တွေ့ လိုက်ရတာ ကျမအတွက်တော့ ဧရာမ ကယ်တင်ရှင်ကြီး မိုးပေါ်က ဆင်းလာသလိုပဲ ။

တက်ရမဲ့ အဆောင်ကို ရှာ တွေ့ ပြီလား လို့ မေးတော့
ဟိုမှာ လို့ လက်ညှိုးထိုးပြမိတယ် ။ အဲဒီ အဆောင်ဖက်ကို လှမ်းကြည့်ရင်း ကိုသန့််ဇင်က ကျမရဲ့ အခြေအနေကို သဘောပေါက်သွားပုံ ရပါတယ် ။ ကျမကို ကြည့်ရင်း သူ့ မျက်နှာက ရီချင်သလို တော်တော်လည်း သနားသွားတဲ့ပုံပဲ ။

“ ကျနော် လိုက်ပို့ပေးရမလား ” လို့ မေးတော့ စိတ်လိုလက်ရနဲ့ သဘောတူလိုက်မိတာပေါ့နော် ။ နောက်တော့ ကျမတို့ အတန်းရှိတဲ့ အဆောင်ဖက်ကို တည့်တည့် လျှောက်လာခဲ့ကြပါတယ် ။ ၀ိုင်းပြီး ကြည့်နေတဲ့ မျက်လုံးပေါင်းများစွာက ကျမကို တုန်ခိုက်စေတာကို သဘောပေါက်ပုံရတဲ့ ကိုသန့်ဇင်က ဟန်မပျက်အောင် စကားတွေ အများကြီး ပြောနေပေမဲ့ ကျမကတော့ အလိုက်သင့်သာ ခေါင်းငြှိမ့်နေခဲ့တာ ။ ဘာတွေပြောနေမှန်းကို မသိခဲ့ဘူး ။

အတန်းရှေ့က ကော်ရစ်တာကို ခြေချမိတယ် ဆိုရင်ပဲ တဖြောင်းဖြောင်းနဲ့ ၀ိုင်း တီးလိုက်ကြတဲ့ အားပေးမှု လက်ခုတ်သံတွေကြောင့် လန့်ဖျတ်သွားပြီး ကျမရဲ့ လှမ်းလက်စ ခြေလှမ်းတွေ ရုတ်ကနဲ တန့်သွားမိပါတယ် ။ အခြေအနေကို ချက်ခြင်းသဘောပေါက်လိုက်တဲ့ ကိုသန့်ဇင်က ရီမောရင်း ကျမကို စောင်းကြည့်တယ်လေ ။ နောက်တော့ အတန်းထဲကို ရောက်တဲ့အထိ ပို့ပေးပြီး သုံးတန်းမြောက် ခုံတန်းရှည်တစ်ခုမှာ ကျမနဲ့ အတူတူ ၀င်ထိုင်ပေးပါတယ် ။ ကျမကတော့ အတူ လိုက်လာပေးတဲ့ ကိုသန့်ဇင်ကို ကျေးဇူးတင်ပေမဲ့ လူအများရဲ့ မြင်ကွင်းမှာ သူနဲ့အတူ ရှိနေရတာကို စိတ် ရှုပ်နေတာ အမှန်ပါပဲ ။

ထိုင်ဖို့ နေရာရသွားပြီးချိန်မှာတော့ ကိုသန့်ဇင်ကို ကျေးဇူးတင်ပါတယ်နော်။ ထားခဲ့လို့ ရပါပြီ လို့ ဟန်မဆောင်နိုင်ပဲ ပြောလိုက်တော့ သူ ရီပါတယ် ။ ပြီးတော့ ကိုယ် ပြန်မှာပါ ။ အားငယ်နေမှာစိုးလို့ ……..ဆိုပြီး အတန်းထဲက ပြန်ထွက်သွားပါတယ် ။

ကျမရဲ့ ဘေးကို ကြည့်မိတော့ ရှပ်အင်္ကျီ စစ်ရောင်လက်ရှည်ကို တံတောင်ဆစ်ရောက်အောင် ခေါက်တင်ပြီး ၀တ်ထားတဲ့ ၊ မျက်လုံးပြူးပြူး နှာတံပေါ်ပေါ် ဘာမှ မချယ်သထားတဲ့ မျက်နှာချိုချိုပိုင်ရှင် ကောင်မလေးနဲ့ မျက်လုံးချင်းဆုံမိပါတယ်။ သူက ကျမရဲ့ စိတ်လှုပ်ရှားနေပုံကို ကြည့်ပြီး ပြုံးပြပါတယ် ။ ကျမလဲ အားပေးမှုပါတဲ့ သူ့အပြုံးကြောင့် စိတ်ကြည်လင်စွာ ပြန်ပြုံးပြမိရင်း နှုတ်ဆက်ကြရာက သူငယ်ချင်းတစ်ယောက် စတင်ရရှိခဲ့ပါတယ် ။ ကျမဘ၀မှာ နောက်ထပ်ရရှိလာတဲ့ သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်တဲ့ ချိုနွယ်ဦးပေါ့ ။

နေ့လည်ဖက်မှာတော့ ကျမအတန်းကို မင်းခန့်ဇော် ရောက်လာတယ် ။ သူက ကျမကို တအံ့တသြ ကြည့်ြ့ပီး ရီနေတယ်လေ ။ စိတ်တိုလာတဲ့ ကျမက
“ ဘာကိစ္စနဲ့ ငါ့ကိုကြည့်ပြီး ရီနေတာလဲ” လို့ မေးတော့
“ ခါတိုင်း အဖြူအစိမ်း ကျောင်းဝတ်စုံနဲ့ပဲ တွေ့နေကျဆိုတော့ နင် အခုလို အပြင်အ၀တ် ၀တ်ထားတာ ငါ့စိတ်ထဲမှာ တမျိုးဖြစ်နေတာ ။ တစိမ်း မိန်းကလေး တစ်ယောက်ဖြစ်သွားသလိုပဲ ။ အဲဒါကြောင့် ”……. လို့ ဖြေပါတယ် ။

ဟုတ်တော့လဲ ဟုတ်ပါတယ်။ ကျမတို့ ရင်းနှီးလာခဲ့တဲ့ လေးနှစ်ကျော်ကာလအတွင်းမှာ နေ့စဉ် ကျောင်းဝတ်စုံ အဖြူအစိမ်းနဲ့ပဲ တွေ့မြင်နေကြရာက အခုလို အပြင်ဝတ်နဲ့ တွေ့ကြရတဲ့အခါ စိတ်ထဲမှာ ပြောင်းလဲမှုတစ်ခုကို ခံစားရတာတော့ အမှန်ပါပဲ ။ မနက်က ကိုသန့်ဇင် ကျမဘေးမှာ ရှိနေစဉ်ကလို စိတ် ရှုပ်ထွေးမှုတွေ မခံစားရပဲ လွတ်လပ်ပေါ့ပါးတဲ့ ၊ နှစ်သက်လိုလားတဲ့ ခံစားချက် ဖြစ်နေတာကို ကျမ သိလိုက်ရတယ်။ ပြီးတော့ မောင်က ကျမဘေးမှာ ထယ်ဝါတဲ့ တံတိုင်းကြီး တစ်ခု ဖြစ်လာသလိုလဲ ခံစားလိုက်မိပါတယ် ။

ဘေးမှာ ပါလာတဲ့ ကျမကို စောင်းငဲ့ကြည့်လိုက်တဲ့ မောင့်မျက်ဝန်းအစုံမှာလဲ ရွှင်မြူးရိပ်တွေကို တွေ့ရပြီး နှစ်ယောက်သား ပြိုင်တူ ရီမိပါတယ် ။

ကျမတို့ နှစ်ယောက်တော့ လေပေါ်ကို အတူတူ ပျံဖြစ်တော့မယ် ထင်ပါရဲ့ ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


Khin Chowar Win

ပြည်သူ့တပ်မတော်

0
0
Ye Kyaw Thura's photo.
၁၉၈၈ အရေးအခင်းကြီးအပြီးမှာ တပ်မတော်က နိုင်ငံတော်အာဏာကိုရယူပြီး တိုင်းပြည်ပြန်လည်တည်ဆောက်ခဲ့တဲ့အပိုင်းမှာ ပြောစရာတွေအများကြီးရှိပေမဲ့ ယျေဘူယျခြုံပြောရရင် ကျွန်တော်လက်ခံပါတယ်။

အရေးအခင်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သွေးထွက်သံယိုမှုတွေ ရှိတဲ့အပြင် စစ်အုပ်ချုပ်ရေးကို အကြောင်းပြုပြီး ကျိကျိ တက် ချမ်းသာသွားကြတဲ့ စစ်ဗိုလ်ချုပ်ကြီးများလည်းရှိသပေါ့။

ဒီတော့ ပြည်သူနဲ့ အတိုက်အခံအဖွဲ့က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခိုင်းနှိုင်းဝေဖန်ကြတဲ့ အခါ ဗိုလ်ချုပ်ကို ဂျေဝင်ပြီး ဗိုလ်ချုပ်ပုံ အိတ်ကပ်ထဲပါရင် ဆွဲအစိခံရတဲ့ အထိဖြစ်ခဲ့ဖူး တာလည်း အမှန်ပဲ။

ကျွန်တော်ဆိုတဲ့ကောင်ကလည်း တော်တန်ရုံ မယုံတတ်တော့ သူငယ်ချင်း တစ်ယောက်က အဲဒီတုန်းက ကမ်းနားလမ်းမှာရှိတဲ့ အမျိုးသား စာကြည့်တိုက် ကို ခေါ်သွားတယ်။ ဟိုရောက်တော့ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ စာအုပ်မှန်သမျှ ကတ်တလောက်ထဲက စာရင်းတွေမှာပဲရှိတော့တယ်။ အပြင်မှာ နတ္ထိ။

အနှစ်နှစ်ဆယ်ကျော်အာဏာသိမ်းခဲ့ပေမဲ့ စစ်ဗိုလ်ချုပ်တွေအားလုံး ရိုးရိုး သားသားနေပြီး စက်ဘီးလေးနဲ့များ ရုံးတက်ကြမယ်ဆိုရင် ကျွန်တော်လောင်း ရဲပါတယ်၊ အတိုက်အခံတချို့ကလွဲလို့ ပြည်သူက ဒီလောက်မုန်းမှာ မဟုတ်ပါဘူး။

Ye Kyaw Thura's photo. 
 စစ်အုပ်ချုပ်ရေးအနှစ်နှစ်ဆယ်ကျော်ကာလအတွင်း စီးပွားရေးပိတ်ဆို့ မှုတွေေ ကြာင့် ပြည်သူတွေဆင်းရဲတွင်းက ရုန်းမထွက်နိုင်ကြ ပေမဲ့ စစ်ဗိုလ်ချုပ် အများစုကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ အခြေအနေမှာ သူငယ်ချင်း ကျီးက လာပြီးထိုးဆိတ်မှာ စိုးလို့ မစင်တွင်းထဲ တိုးတိုးဝင်တဲ့ အိမ်သာတွင်း ထဲကလောက်လို အဖြစ်မျိုးနဲ့ ပျော်မွေ့ခဲ့ကြတယ်။ ဘာတွေပဲပြောပြော ဒါဟာ မငြင်းနိုင်တဲ့အချက်တွေ၊ လိမ်လို့မရတဲ့သမိုင်းတွေပါပဲ။

ကျွန်တော်တစ်ခါကပြောခဲ့သလို အနှစ်နှစ်ဆယ်လုံးရေသောက် ဗိုက်မှောက်ပြီး စုရင်တောင် လွန်ရော ကျွံရော သိန်း ၅၀၀၊ ၁၀၀၀ မကျော်နိုင်တဲ့ အခြေအနေ သာရှိတဲ့သူတွေ လက်ရှိအချိန်မှာ သိန်းပေါင်း သိန်းသောင်းချီ ချမ်းသာနေကြတာက သက်သေပါပဲ။ သမ္မတကြီး ဦးသိန်းစိန်ကပိုင်ဆိုင်မှုတွေ ကြေညာကြရအောင် လို့ ဆော်သြတာတောင်မှ ကန့်ကွက်မဲနဲ့ ပယ်ချလိုက်ကြတာ အားလုံးအသိ။

ကိုင်း…ပြီးခဲ့တာတွေပြီးပလေ့စေတော့…၊ ရှေ့ဆက် ဒုက္ခမပေးဖို့ဘဲလိုတော့တယ်။ တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်ရှိရင်လည်း အရင်လို ချောက်ထဲကျခါနီး ကယ်တင်ရပါ တယ်တွေလုပ်မနေနဲ့၊ လွှတ်တော်ရှိနေရဲ့သားနဲ့ လွှတ်တော် လမ်းကြောင်းအတိုင်း မသွားဘဲ ပုန်ကန်လို့ကတော့ ဆော်သာဆော်။

Ye Kyaw Thura's photo.
ဆော်နိုင်လောက်အောင်လည်း အနှစ်နှစ်ဆယ်ကျော်အတွင်း ထူထောင်ခဲ့တာ လူ၊ လက်နက်၊ ခဲယမ်း၊ နည်းပညာ အားလုံး အဆင်သင့်။ ဒီတော့ကာ တိုင်းပြည်ဆူပူရင် ရဲနဲ့ထိန်းပါ။ သူပုန်ထရင် ထတဲ့သူကို စစ်ရေးအရ အရေးယူဆောင်ရွက်ပါ။ အဲဒီလို ဆူပူမှုတွေ၊ ပုန်ကန်မှုတွေ မဖြစ်အောင်လည်း ခေတ်နဲ့ ဘယ်လိုမှ မလျော်ညီတော့တဲ့ ဥပဒေတွေကိုပြင်ပါ။

တစ်နေ့က မိတ်ဆွေ တစ်ယောက်နဲ့ စကားစပ်ရင်းတွေးကြည့်ကြတာ ပြင်စရာတွေမှ အနမတဂ္ဂ။

ဂျာနယ်ထဲတွေ့ရတဲ့ ပုဒ်မ ၁၈နဲ့ အရေးယူခံရတဲ့သူကို ခြေကျင်းကြီးခတ်ထားတာ အတော့်ကိုဆိုးပါတယ်။ ရာဇဝတ်သားလည်း မဟုတ်၊ ဘာမဟုတ်နဲ့ဗျာ။ အဖမ်းမခံဘဲ ထွက်ပြေးလို့ ခြေကျင်းခတ်ရတာပါဆိုရင် ကြားလို့ကောင်းသေးတယ်။

ဘာပဲဖြစ်ဖြစ် ပြည်သူချစ်အောင် မနည်းပြန်အဖတ်ဆယ်ရဦးမှာပါ။ ဘယ့်နှယ် စစ်လည်းတိုက်ရသေးတယ်ဗျာ။ မသေလို့ ပြန်လာ တော့ ပြည်သူကမုန်းသေး တယ်ဆိုရင် တစ်ခုခုတော့လွဲနေတာ အမှန်ပဲ။

အမေရိကားမှာ စစ်သားတွေကို ချစ်လို့ ဈေးဝယ်ရင် Discount ချပေးတဲ့ ဆိုင်တွေရှိသတဲ့။ စစ်သားပဲရတာနော်၊ ဒီ့ပြင်လူမရဘူး။ ကျွန်တော်တို့ဆီမှာကော…။ “မ” သွားတာက ကျိကျိတက်အဘတွေ၊ ငါးတကာယိုတဲ့ချေး ပုစွန်ဆိတ်ခေါင်းပုံ ဆိုသလို ခံရတာက အောက်ခြေက အခြား အဆင့်နဲ့ အရာရှိငယ်တွေ။

တစ်ခါက သူများနိုင်ငံမှာ လမ်းဘေးက ပလတ်စတစ်ကောက်တဲ့ ကလေးတွေ ကိုင်တဲ့ဖုန်းကို မြန်မာပြည်မှာ ကျွန်တော်တို့ပြည်သူ တွေ ငေးကြည့်ရလောက်အောင် ချမ်းသာတဲ့သူတွေသာ ခါးကြားမှာချိတ်ထားနိုင်တယ်။ တခြားနိုင်ငံမှာ မြန်မာငွေ ၂၅ သိန်း လောက်ပေးရင် ဝယ်လို့ရတဲ့ကားကို မြန်မာပြည်မှာ သိန်း ၈၀၀၊ ၁၀၀၀ လောက်ပေးမှ စီးရတယ်။ ဒီတော့ အခုခေတ်လို သိန်း ၁၀၀ လောက်နဲ့ ကားဝယ်စီးဖို့ဆိုတာ အိပ်မက်တောင်မမက်ရဲတဲ့ အခြေအနေ ကျွန်တော်တို့တိုင်းပြည်မှာ တကယ်ရှိခဲ့ဖူးတယ်။

ဘယ်သူတွေ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ကာယကံရှင်တွေအသိဆုံးဖြစ်မှာပါ။ အကုသိုလ်လုပ်တဲ့သူရဲ့နောက်ကို အကုသိုလ် အရိပ်က လိုက်နေမှာပါပဲ။ ဒါကတော့ ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရိတ်ရမှာပဲပေါ့။

ကျွန်တော်ပြောချင်တာက အခုလက်ရှိ လူငယ်အရာရှိတွေကိုပါ။ မဟုတ်တမ်း တရားနည်းလမ်းနဲ့ရလာမယ့် ဥစ္စာဓနတွေကို မခင် တွယ်ပါနဲ့။ အပင်းတွေပါ….။ ခင်ဗျားတို့ တစ်သက် ဘယ်တော့မှလည်း စိတ်ချမ်းသာရမှာ မဟုတ်ပါဘူး။

ခင်ဗျားတို့အရွယ်တွေကြီးမြင့်လာတဲ့အချိန်မှာ အခုလူငယ်တွေထဲက စစ်ဗိုလ်တွေပဲ ကာကွယ်ရေးဦးစီးချုပ်တွေ၊ စစ်တိုင်းမှူးတွေ ဖြစ်ကြမှာပါ။ ခင်ဗျားတို့ ခေတ်ရောက် ရင် တိုင်းပြည်ကို ရိုးရိုးသားသား ကာကွယ်စောင့်ရှောက်ပါ။ အခုလက်ရှိအချိန် အထိတော့ အရင်လောက်မဆိုးတော့ပေမဲ့ အရင် အရိပ်အငွေ့ဟောင်းတွေ ကျန်ပါသေးတယ်။

မိမိရာထူးနဲ့လျော်ညီတဲ့ နိုင်ငံတော်က ချီးမြင့်ထားတဲ့ လစာ၊ ရိက္ခာနဲ့ တရားဝင် အထောက်အပံ့တွေ ကိုသာ ခံစားပါ။ အိမ်ကဟာမကြီး ဂဂျီကဂျောင် လုပ်ရင်လည်း နားကြောက်သာ ပိတ်ရိုက်ပစ်လိုက်ပါ။

တိုင်းပြည် ဒီမိုကရေစီနဲ့အသားကျ ရင့်ကျက်သွားပြီး စီးပွားရေးကောင်းလာမှ အခုလိုခြင်းကြီးတွေရက်ပြီး ဝန်စည်စလည် အလေး အပင်ကြီးတွေနဲ့ သွားနေရတဲ့ စစ်သည်တွေကို အမေရိကန်တွေလို ရဟတ်ယာဉ်နဲ့ပို့နိုင်မှာပါ။

Power Separation နဲ့ Resources Separation မျှတလာရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆိုတာလည်း မရှိသလောက်ဖြစ် သွားမှာပါ။ အဲဒီအချိန်မှာ ရှိနေသေးတယ်ဆိုရင်လည်း အဲဒီလိုတစောက်ကန်းအဖွဲ့တွေကို တိုက်ထုတ် ပစ်ဖို့ ပြည်သူကိုယ်တိုင်က တောင်းဆိုပါလိမ့်မယ်။

အချုပ်ပြောရရင် ပြည်သူတွေမုန်းနေတယ်ဆိုတာ သူတို့မှာလုံလောက်တဲ့ အကြောင်း ရှိနေပါတယ်။ တပ်မတော်သားတွေအနေနဲ့ နားလည်ပေးပါ။ ဒီလိုပြောလိုက် လို့ ပြည်သူ နာမည်ခံပြီး တိုင်းပြည်ကိုဆူပူဖျက်ဆီးမယ့် သူတွေ စိတ်တိုင်းကျ လက်ပိုက်ကြည့်နေဖို့ ဆိုလိုတာ မဟုတ်ပါ။

Ye Kyaw Thura's photo.
ပြည်သူတွေဘက်ကလည်း တပ်မတော်သားတွေရဲ့ ဘဝကို စာနာပါ။ အဘတချို့ ကျိကျိတက်ချမ်းသာနေတဲ့အချိန်မှာ ကျောင်း မနေနိုင်တဲ့ တပ်ထဲက ဒုအရာခံ ဗိုလ်ရဲ့ကလေးတွေရှိပါတယ်။ ကော့သောင်း-ဘုတ်ပြင်းလမ်းဘေးက ဆီအုန်းခင်းတွေ မှာ ရရာ အလုပ်ကြမ်း ဝင်လုပ်နေရတဲ့ စစ်သားသားသမီး ကလေးတွေအများကြီးပါ။

ဆင်းရဲတွင်းနက်လွန်းလို့ KTV တွေ Brothel တွေ ရောက်သွားရတဲ့ စစ်သား သား သမီးတွေရှိပါတယ်။ ပုံပြင်မဟုတ်ပါ။ ဇာတ်နာ အောင်ပြောနေတာ မဟုတ်ပါ။ ကျွန်တော် INGO မှာလုပ်ခဲ့စဉ်က ကိုယ်တိုင်တွေ့ကြုံခဲ့ရတာပါ။ စစ်သား လူထွက် တစ်ယောက် အနေနဲ့ အင်မတန်စိတ်ဆင်းရဲခဲ့ရပါတယ်။

သူတို့ကိုယ်သူတို့ တိုင်းပြည်ကာကွယ်ရေးလုပ်ရတာ ကို ရေးကြီးခွင်ကျယ်လုပ်နေစရာ မလိုပါဘူးလို့ စစ်သားတွေကို မစာမနာ မပြောလိုက်ပါနဲ့။

သူတို့ရင်းရတာ အသက်ပါ။ လူတိုင်းမြတ်နိုးပြီး ရှင်သန်အောင်စနစ်တကျ မွေးမြူ ထားကြတဲ့ အသက်ပါ။ အဲဒီအသက်ကလေး တစ်ချောင်းရဲ့နောက်မှာ ဒီအသက်ကို မှီခိုနေတဲ့ ဘဝတွေရှိပါတယ်။ သူတို့ကြွေသွားတယ်ဆိုတာ သူတို့ အသက်တစ်ချောင်း တင် မကပါဘူး။ အဲဒီအသက်ကို မှီနေရတဲ့ မိသားစုဘဝတွေပါ ကြွေသွားတာပါ။

ခင်ဗျားတို့ သားသမီးတွေ အဖျား ၁၀၃၊ ၁၀၄ ဒီဂရီလောက်ရှိရင်ကိုပဲ ပျာပျာ သလဲ ဖြစ်နေကြပြီး အထူးကုဆေးခန်းသွား၊ သင့် လျော်တဲ့ အဟာရတွေ ပြင် ဆင်ကျွေးမွေးနေတဲ့ အချိန်မှာ ခင်ဗျားတို့သားအရွယ်လောက်ပဲရှိတဲ့ စစ်သားလေးတွေဟာ တောထဲ တောင်ထဲမှာ အပူချိန် ၁၀၃၊ ၁၀၄ လောက်နဲ့ တဟီးဟီး အဖျားတွေတက်ရင်း ကိုယ့်သေနတ်ကိုယ်ထမ်းပြီး လှုပ်ရှား စစ်ကြောင်း ထွက်နေရတာပါ။

ဒါ့ကြောင့် တပ်မတော်သားတွေက ပြည်သူကိုစာနာဖို့လိုသလို ပြည်သူကလည်း တပ်မတော်သားလေးတွေရဲ့ ဘဝကို စာနာ စေချင်ပါတယ်။ 


Ye Kyaw Thura's photo. 
 ဘာတွေကောင်းပြီး ဘာတွေမကောင်းဘူးဆိုတာ စစ်သားဖြစ်ခဲ့ဖူးတဲ့ အပြင် ပြည်သူတစ်ယောက်အနေနဲ့ စစ်အုပ်ချုပ်ရေးဒါဏ်ကို အနှစ်နှစ် ဆယ်ကျော် ကောင်းကောင်းခံစားခဲ့ရလို့ နားလည်ပါတယ်။

ထပ်ပြောပါရစေ….။ အရာရှိငယ်များ ခင်ဗျားတို့ကို မျှော်လင့်ပါရစေ။ အမေရိကန် မှာလို စစ်သားမှန်ရင် တွေ့တဲ့ဆိုင်တိုင်းက Discount ချပေး တဲ့ ခေတ်တစ်ခေတ် ကို ရောက်ချင်စမ်းပါဘိ။

စစ်ရေးလိုအပ်ချက်အရ တချို့အရာတွေကို မလုပ်ချင်ပေမဲ့လည်း လုပ်ရတယ်ဆိုတာ နားလည်ပါတယ်။ ကျွန်တော်အခုပြော နေတာ စစ်ရေးနဲ့မပတ်သက်ပါ။

ဘယ်လောက်ရိုးသားတဲ့သူပဲဖြစ်ဖြစ် လူတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုခုရဲ့ လက်မှာ အာဏာကို အချိန်ကြာမြင့်စွာ ဆုပ်ကိုင်ထားရင် အာဏာရှင်ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

ကျွန်တော် တပ်မတော်ကို ချစ်ပါတယ်၊ ဒါပေမဲ့ တပ်မတော်ကိုခုတုံးလုပ်ပြီး အာဏာအလွဲသုံးစားလုပ်တဲ့ စစ်ဗိုလ်ချုပ်တွေကို တော့မုန်းတယ်။

ဒီလိုပဲ ဒီမိုကရေစီကိုလည်းချစ်တယ်၊ ဒါပေမဲ့ ဒီမိုကရေစီကို ခုတုံးလုပ်ပြီး ကြီးပွားသွားတဲ့ ဖေါက်ပြန်ရေးသမား တွေကိုမုန်းတယ်။

ကျွန်တော် တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မတွေအားလုံးကို ချစ်ပါတယ်၊ ဒါပေမဲ့ လူမျိုးရေး ဗန်းပြ ဗမာ မုန်းတီးရေးဝါဒ အတင်းသွပ်သွင်းပြီး ကိုယ့်လူမျိုး ကိုယ်သေတွင်းပို့ စီးပွားရှာနေတဲ့ အမည်ခံတော်လှန်ရေးသမားဆိုသူတွေကို မုန်းတယ်။

တပ်မတော်ဆိုတာ ပြည်သူက အားကိုးရမယ့် သားကောင်းယောက်ကျားတွေဖြစ်သလို ပြည်သူဆိုတာလည်း တပ်မတော်က စောင့်ရှောက်ရမယ့် မိဘတွေမဟုတ်လားဗျာ…။

ရဲကျော်သူရ
(5 photos)






အကောင်းဆုံး

0
0
 
(၁)
ဆရာတော် အရှင်ဆန္ဒာဓိက က အမေးအဖြေကဏ္ဍတစ်ခုမှာ ဖြေထားတယ်
ဘုန်းကြီးက ကိုးတန်းကတည်းက သာသနာ့ဘောင် အပြီးဝင်ဖို့ ဆုံးဖြတ်ပြီးသား တဲ့။

ကျွန်တော် အံ့သြသွားတယ်၊ ဆရာတော့်အကြောင်းကိုတော့ တရားစာအုပ်တွေမှာ ဖတ်ဖူးပြီးသားပါ၊ ဒါပေမဲ့ ဒီလို ကိုးတန်းကတည်းက စိတ်ပိုင်းဖြတ်ပြီးသား ဆိုတာကိုတော့ သိမထားခဲ့ဘူး။
ဒါတောင် ဆယ်တန်းမှာ ဘာသာစုံဂုဏ်ထူးထွက်အောင် ဖြေသေးတယ်နော်၊ ကျွန်တော်သာဆို အဖြစ်သဘောဖြေတဲ့ ဒီစာမေးပွဲမှာ အောင်ရုံလောက်ပဲ ဖြေလိုက်မှာ။



ဆရာတော်က ဆက်ပြောတယ်
ဆယ်တန်းကို မိဘတွေအလိုကျ ဖြေရတာပါ။ ဒါပေမဲ့ လုပ်ရမဲ့အလုပ်ကို အကျိုးတစ်စုံတစ်ရာ မမျှော်လင့်ဘဲ အကောင်းဆုံး ဖြစ်အောင် လုပ်တတ်တာဟာ ဘုန်းကြီးရဲ့အကျင့်ပဲ တဲ့။
ဆယ်တန်းအောင်ရင်လည်း အဲဒီရလဒ်ဟာ ကိုယ့်အတွက် ဘာမှ သုံးမရမှန်း သိနေခဲ့ပြီးတာတောင် မြန်မာတစ်နိုင်ငံလုံး ဒုတိယရတဲ့အထိ အကောင်းဆုံးကြိုးစားသွားခဲ့တဲ့ ဆရာတော်ရဲ့ စိတ်ဓါတ်ကို ကြက်သီးဖြန်းဖြန်းထလောက်အောင် လေးစားအားကျမိပါတယ်။

(၂)
စတိဗ်ဂျော့ရဲ့အကြောင်းကလည်း မှတ်သားစရာ အပြည့်ပဲ။ သူက ကမ္ဘာသာကျော်တာ၊ ကျောင်းမပြီးဘူး။ သူတက္ကသိုလ်ရောက်လို့မှ သိပ်မကြာဘူး၊ ဆက်မတက်ချင်တော့ဘူးဆိုပြီး ထွက်ပစ်လိုက်တယ်၊ နောက် သူစိတ်ပါဝင်စားလို့ ဘာရယ်မဟုတ်ဘဲ လက်ရေးအလှသင်တန်းလေးတစ်ခု တက်တယ်။ အဲဒီလို ဘာရယ်မဟုတ် သင်ယူခဲ့တဲ့ ပညာရပ်တစ်ခုက သူနောင်တစ်ချိန် မက္ကင်းတော့ရှ် ကွန်ပျူတာအတွက် ဒီဇိုင်းလုပ်တော့အခါ အဓိက အခရာဖြစ်လာခဲ့တော့တယ်။ အဲ့ဒီလိုနဲ့ လှပတဲ့ စာလုံးတွေ ရေးနိုင်တဲ့ ပထမဆုံးကွန်ပျူတာရယ်လို့ ပေါ်ထွက်လာခဲ့တယ်။ ပြောရရင် ဒါဟာ စတိဗ်ဂျော့ရဲ့ အောင်မြင်မှုတွေထဲက မှတ်တိုင်တစ်ခုပေါ့။

(၃)
ဘယ်အချိန်မှာ ဗုဒ္ဓဘာသာဖြစ်လဲ လို့ မေးရင် ရတနာသုံးပါးကို သက်ဝင်ယုံကြည်တဲ့နေ့ ဗုဒ္ဓဘာသာဖြစ်ပါတယ်။ နောက်တစ်မျိုးဆိုရင်တော့ ဗုဒ္ဓရဲ့ အဆုံးအမတွေကို လက်ခံကျင့်သုံးတယ်ဆိုရင် ဗုဒ္ဓဘာသာဖြစ်ပါတယ်။ ဒါဆို ဗုဒ္ဓက ဘာဆုံးမခဲ့လဲ။ အနှစ်ချုပ်ကတော့ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုတဲ့ တရားပါပဲ။ အယူအဆအနေနဲ့ဆိုရင် ကံ ကံ၏ အကျိုးတရားကို သက်ဝင်ယုံကြည်ခြင်း ပေါ့။

ဒါဖြင့် ကံဆိုတာ ဘာလဲ။ ဇာတ်ဆရာလား၊ ကြိုတင်ပြဌာန်းထားတဲ့ စာအုပ်တစ်အုပ်လား၊ ဒါမှမဟုတ် လွန်ဆန်လို့မရတဲ့ သတ်မှတ်ချက်လား။ တစ်ခုမှမဟုတ်ပါဘူး၊ ကံဆိုတာ အလုပ်ပါ။ အလုပ်တောင်မှ ရိုးရိုးမဟုတ်ဘူး၊ စေတနာနဲ့ယှဉ်တဲ့ အလုပ်တိုင်းကို ကံလို့ခေါ်ပါတယ်။

ဒါဆို ကံကောင်းချင်ရင် ဘာလုပ်မလဲ၊ လုပ်စရာတစ်ခုတည်းပါ၊ ကောင်းတာတွေ လုပ်မယ်၊ အဲဒီလို လုပ်တဲ့အခါမှာလည်း စိတ်စေတနာအပြည့်နဲ့၊ စိတ်ပါဝင်စားမှုအပြည့်နဲ့ အစွမ်းကုန်အလုပ်လုပ်ကြရပါမယ်။

(၄)
မဟာဇနကမင်းသား ကမ်းမမြင် လမ်းမမြင် သမုဒ္ဒရာထဲမှာ အစွမ်းကုန် လက်ပစ်ကူးနေတာဟာ မေခလာနတ်သမီး လာကယ်တင်ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဟန်ပြကူးနေတာ မဟုတ်ပါဘူး။ လုပ်စရာရှိတဲ့ တစ်ခုတည်းသော အလုပ်ကို အင်တိုက်အားတိုက် လုပ်နေခြင်းပဲ ဖြစ်ပါတယ်။

ဒီလိုပဲ မေခလာနတ်သမီးကလည်း အဲလိုလူမျိုးကိုမှ ကယ်တင်တာပါ။ သူ့ကို အော်ဟစ်အကူအညီတောင်းနေရုံ၊ ဂါထာမန္တာန်တွေ ရွတ်နေရုံနဲ့တော့ ကယ်တင်ဖို့ မပြောနဲ့၊ ပေါ်လာလေ့တောင် မရှိတာဟာ မေခလာနတ်သမီးပဲ ဖြစ်ပါတယ်။

(၅)
ဒီနေ့ခေတ် ကျွန်တော်တို့အပါအ၀င် လူငယ်တွေမှာ ဖြစ်နေတဲ့ အဓိကပြဿနာဟာ ဘာလဲဆိုရင်တော့ ကိုယ့်ဘ၀ တိုးတက်ရာတိုးတက်ကြောင်းအတွက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာပါပဲ။ ကိုယ့်ကိုကိုယ် ဘာဝါသနာပါမှန်း မသိ၊ သိပြန်တော့လည်း လုပ်ဖို့အခွင့်အရေးက မပေး နဲ့၊ ဆူလွယ်နပ်လွယ် ရရာအလုပ်တွေလုပ်ရင်း နေနေကြရတယ်။ ကြာတော့ စိတ်ဓါတ်ကျလာတယ်။ အလုပ်မှာ မပျော်တော့ဘူး၊ အဲဒီတော့ သူလည်း မတိုးတက်တော့ဘူး၊ သူ့အဖွဲ့လည်း မတိုးတက်တော့ဘူး၊ အဲဒီလိုအဖွဲ့သေးသေးလေးတွေ ပေါင်းထားတဲ့ မြန်မာပြည်ကြီးလည်း မတိုးတက်တော့ဘူး။

အဆိုးဆုံးကတော့ အလုပ်တစ်ခုလုပ်ပြီဆိုရင် ငါ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာထက် အဲဒီကနေ ငါဘာရမလဲ ဆိုတာကို အရင်ကြည့်တတ်ကြတာပါပဲ။ ဘာရမလဲ သာ ကြည့်တတ်တဲ့သူဆီကို ဘာဆိုဘာမှ ရောက်မလာတတ်ဘဲ၊ ဘာကိုမှ မမျှော်လင့်ဘဲ အကောင်းဆုံးဖြစ်အောင် အမြဲတမ်းကြိုးစားနေတတ်တဲ့ သူဆီကိုသာ အရာအားလုံး ပုံအောကျရောက်လာတတ်တာဟာ လောကကြီးရဲ့ အင်မတန်ဆန်းကြယ်တဲ့ သဘာဝတစ်ခုလို့တောင် ဆိုရမလိုပါပဲ။

(၆)
မဖွံဖြိုးတဲ့ တိုင်းပြည်၊ မတိုးတက်တဲ့ ပတ်ဝန်းကျင်မှာ မပီပြင်ေ၀၀ါးနေတဲ့ အနာဂတ်ကို လျှောက်လှမ်းနေကြရတာဟာ ကမ်းမမြင်လမ်းမမြင် ပင်လယ်ထဲမှာ ကူးခတ်နေရတာနဲ့ ဘာမှမခြားပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ကယ်တင်ဖို့အတွက် မေခလာနတ်သမီးကတော့ စောင့်ကြည့်နေပါတယ်။ သူ လာကယ်မှာသေချာမှ သဘောင်္ပျက်ပေါ်က ခုန်ချမယ်ဆိုတဲ့ လူတွေဆီကိုတော့ မေခလာနတ်သမီးက ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။ ကယ်တာ မကယ်တာ မေခလာ့အလုပ်၊ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော တာဝန်ကတော့ လုပ်စရာရှိတဲ့အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်သွားကြဖို့ပါပဲ။


Phio Thiha

မေမြို့ သို့မဟုတ် ပြင်ဦးလွင်

0
0
 Photo: မေမြို့ သို့မဟုတ် ပြင်ဦးလွင်            မန်းလေးသူဆိုတော့ ပြင်ဦးလွင် ဆိုတာ ခဏခဏရောက်တာပေါ့။ ကျောင်းတွေ၊သင်တန်းတွေနဲ့ အိတ်စ်ကားရှင်းထွက်လည်း ဒီမြို့ပဲ … မိသားစုနဲ့ လည်လည်း ဒီမြို့ပဲ…။ ဒါပေမယ့် ပြင်ဦးလွင်မှာ ညအိပ်ပြီး စိမ်ပြေနပြေ လည်ချင်ပေမယ့် တနေကုန် မြန်မြန်လည်ပတ်ပြီး ညနေကြ အမောတကော အိမ်ပြန် ဆင်းရတာက ထုံးစံကို ဖြစ်လို့။              ဒါနဲ့ မေမြို့မှာ ညအိပ်နေပြီး လည်ချင်လို့ မကြာခဏ ဂျီကျခဲ့ပေမယ့် ခွင့်ပြုမိန့်က မရဘူးလေ။ ခုတော့ မတ်လကုန်ကတည်းက ပြင်ဦးလွင်ကို ရောက်သွားတာ ဧပြီ ၁၄ရက်နေ့မှ မန်းလေးပြန် ရောက်တယ်။ ဒါပေမယ့် ဆေးရုံပေါ်မှာပဲ ငုတ်တုတ်။ ဘယ်မှမသွားနိုင်ခဲ့ဘူး။ လမ်းကို ကောင်းကောင်းမလျှောက် နိုင်အောင် နာနေတာဆိုတော့ အဟင့်ဟင့်...။           ဧပြီ၂၁ရက်ပြင်ဦးလွင် ပြန်သွားရပြီး ဆေးရုံပြန်ပြတော့ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းထဲ ပိုက်ထဲ့ထားတဲ့ ညာဘက်က တအားနာနေရော။ ထိုင်ရင်တောင် မျက်ရည်လည်တယ်။ ၂၃ရက်နေ့ ပိုက်ထုတ်ပြီး ခွဲခန်းကထွက်လာတော့ နာကျင်မှုဆိုတာ လုံးဝမရှိတော့ဘူးးး ဒါနဲ့ ဝမ်းတွေသာပြီး ဆေးရုံထိ လိုက်စောင့်ပေးတဲ့ တူနယ်ဂျင်းး San Dar ကို မေမေမကြားအောင် ကပ်ပြောလိုက်တယ် "ဟေ့ကောင် ညနေ မေမေပြန်ရင် မင်းနဲ့ငါ ဆိုင်ကယ်နဲ့ထွက်မယ်။ ကျော်ခိုင့်ဆီက ဆိုင်ကယ် ယူထားလိုက်။ ပြည်ချစ်ဘုရား သွားဖူးမယ်။ သံလွင်ဦးမှာ ရှမ်းစာ သွားစားမယ်။ လက်ဖက်မွှေးလှော် ဝယ်မယ်။ ခိခိ ပျော်စရာကြီးနေမှာ။ ညဘက် ဆေးရုံပြန်ခါနီး ညဈေးတန်းသွားပြီး တိုဟူးနွေးထပ်စားရအောင် အဟိ။ "               ပြောရင်းဆိုရင်းးး ညာဘက်ခြမ်းက ခါးတွေရော ဗိုက်တွေရော နာ နာလာတာ။ မိနစ်ပိုင်းအတွင်းမှာ မထိုင်နိုင်တော့ဘူးးး။ ဒါနဲ့ မတ်တပ်ရပ်နေရရော။ ခဏနေတော့ မတ်တပ်လည်း မရပ်နိုင်တော့ဘူးးးး ပြတင်းပေါက်ဘောင်ကို မှီပြီး ကိုယ်ကိုယ် ကိုင်းထားရတယ်။ ချွေးသီးချွေးပေါက်တွေ ကျလာလိုက်တာ... မောင်လေးက ဆေးရုံကား ခေါ်ပြီး ခွဲစိတ်ဆောင်ကနေ လူနာဆောင်ကို ပြန်ပို့တော့ကို အံကြိတ်ပြီး မအော်မိအောင်နေရင်း လိုက်လာရတယ်။             လူနာကုတင်ပေါ်မှာ နာလွန်းလို့ လူးနေတာပဲ။ ဘယ်လိုနေရမှန်းက မသိတော့ဘူးးး။ မောင်လေးက စိတ်ပြောင်းအောင် ဟာသတွေ ပြောပြီးစရော။ စန္ဒာကလည်း ဝင်နောက်ရော။ ဒီကလည်း မရယ်ဘဲက မနေနိုင်ဘူးးးး။ အဲ့တော့ တဝါးဝါး တဟားဟားနဲ့ ပိုနာရော။ "ဒေါ်နေထက်ထက်အောင်.... တော်တော်နာ နေတယ်ဆို။ ဆေးထိုးရအောင်" "ရှန်!!!!" ဘုရားဘုရားးး ဆေးရုံရောက်ကတည်းက ထိုးလိုက်ရတဲ့ဆေးတွေ။ လက်မှာလည်း အပ်ပေါက်ရာနဲ့ အမာရွတ်ချည်းဘဲ။ အနာပျောက်အောင် ထိုးပေးတဲ့ ဆေးတွေက နောင်ရေရှည်မှာ မှတ်ဥာဏ်တွေကို ထိခိုက်တယ်ဆိုလားးးး ကြားဖူးတာပဲ။               ခုလို ဆေးထိုးမယ်ဆိုတဲ့ အသံကြားလိုက်တော့ နာတာက တဝက်လျော့သွား သလိုပဲ။ ဒါနဲ့……  "ဟင့်အင်းးး နာတော့ဘူးးး မထိုးပါနဲ့တော့နော်။" အခန်းထဲမှာ ရယ်သံတွေ ဆူညံကုန်ပါတယ်။ မေမေက "အပ်ကြီးကြီးနဲ့ နာအောင်ထိုးသွားပေးပါ။" မောင်လေးက "အပ်မြင်လို့ လျှောက်ပြောနေတာ။ဘယ်ညာ နှစ်ချောင်း" ထိုးပေးမှဖြစ်မှာ။"  စန္ဒာက "ဟေ့ကောင်... ကလေးလည်းမဟုတ်ဘူးးးး ဆေးထိုးတာကို ကြောက်မနေနဲ့။ အာ့မှ မနာတော့ဘဲ လျှောက်လည်လို့ ရမှာ ဟီးဟီးးး။" ဒါနဲ့ ပဲ ဆေးအရှိန်နဲ့ ငြိမ်ကျသွားတော့တာ ညနေမှနိုးလာတော့တယ်။ဘယ်မှလည်း မသွားနိုင်လိုက်ဘူးးးး။                ၂၄ရက်နေ့ ဆေးရုံက ဆင်းတော့လည်း မေမေက အိမ်ကို ချက်ခြင်းပြန်ခေါ်ရော။ အာ့နဲ့ တရုတ်ဘုံကျောင်းက သားသတ်လွတ် ပဲပြားပေါင်းကြော် ဝယ်မကြွေးရင် မပြန်ဘူးလို့ ဂျီကျလိုက်တယ်။  ဘယ်မှမသွားရလည်း ဘုံကျောင်းသွားလည်ပြီး ကွမ်းရင်မယ်တော်ဆီ အမွှေးတိုင်ကပ်ရင်း စာချဗေဒင်လေး မေးမလားးး စိတ်ကူးမိပြီးးး ဂွင်ဖန်တာလေ ဟိဟိ ။  "သွားဝယ်ပေးမယ်... ဒါပေမယ့် သမီးမလိုက်ရဘူးးးး မောင်လေးလွှတ်လိုက်မယ်" တဲ့။ဟင့်ဟင့်ရွှတ်။                         နေထက်ထက်အောင်

မန်းလေးသူဆိုတော့ ပြင်ဦးလွင် ဆိုတာ ခဏခဏရောက်တာပေါ့။ ကျောင်းတွေ၊သင်တန်းတွေနဲ့ အိတ်စ်ကားရှင်းထွက်လည်း ဒီမြို့ပဲ … မိသားစုနဲ့ လည်လည်း ဒီမြို့ပဲ…။ ဒါပေမယ့် ပြင်ဦးလွင်မှာ ညအိပ်ပြီး စိမ်ပြေနပြေ လည်ချင်ပေမယ့် တနေကုန် မြန်မြန်လည်ပတ်ပြီး ညနေကြ အမောတကော အိမ်ပြန် ဆင်းရတာက ထုံးစံကို ဖြစ်လို့။

ဒါနဲ့ မေမြို့မှာ ညအိပ်နေပြီး လည်ချင်လို့ မကြာခဏ ဂျီကျခဲ့ပေမယ့် ခွင့်ပြုမိန့်က မရဘူးလေ။ ခုတော့ မတ်လကုန်ကတည်းက ပြင်ဦးလွင်ကို ရောက်သွားတာ ဧပြီ ၁၄ရက်နေ့မှ မန်းလေးပြန် ရောက်တယ်။ ဒါပေမယ့် ဆေးရုံပေါ်မှာပဲ ငုတ်တုတ်။ ဘယ်မှမသွားနိုင်ခဲ့ဘူး။ လမ်းကို ကောင်းကောင်းမလျှောက် နိုင်အောင် နာနေတာဆိုတော့ အဟင့်ဟင့်...။

ဧပြီ၂၁ရက်ပြင်ဦးလွင် ပြန်သွားရပြီး ဆေးရုံပြန်ပြတော့ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းထဲ ပိုက်ထဲ့ထားတဲ့ ညာဘက်က တအားနာနေရော။ ထိုင်ရင်တောင် မျက်ရည်လည်တယ်။ ၂၃ရက်နေ့ ပိုက်ထုတ်ပြီး ခွဲခန်းကထွက်လာတော့ နာကျင်မှုဆိုတာ လုံးဝမရှိတော့ဘူးးး ဒါနဲ့ ဝမ်းတွေသာပြီး ဆေးရုံထိ လိုက်စောင့်ပေးတဲ့ တူနယ်ဂျင်းး San Dar ကို မေမေမကြားအောင် ကပ်ပြောလိုက်တယ် "ဟေ့ကောင် ညနေ မေမေပြန်ရင် မင်းနဲ့ငါ ဆိုင်ကယ်နဲ့ထွက်မယ်။ ကျော်ခိုင့်ဆီက ဆိုင်ကယ် ယူထားလိုက်။ ပြည်ချစ်ဘုရား သွားဖူးမယ်။ သံလွင်ဦးမှာ ရှမ်းစာ သွားစားမယ်။ လက်ဖက်မွှေးလှော် ဝယ်မယ်။ ခိခိ ပျော်စရာကြီးနေမှာ။ ညဘက် ဆေးရုံပြန်ခါနီး ညဈေးတန်းသွားပြီး တိုဟူးနွေးထပ်စားရအောင် အဟိ။ "

ပြောရင်းဆိုရင်းးး ညာဘက်ခြမ်းက ခါးတွေရော ဗိုက်တွေရော နာ နာလာတာ။ မိနစ်ပိုင်းအတွင်းမှာ မထိုင်နိုင်တော့ဘူးးး။ ဒါနဲ့ မတ်တပ်ရပ်နေရရော။ ခဏနေတော့ မတ်တပ်လည်း မရပ်နိုင်တော့ဘူးးးး ပြတင်းပေါက်ဘောင်ကို မှီပြီး ကိုယ်ကိုယ် ကိုင်းထားရတယ်။ ချွေးသီးချွေးပေါက်တွေ ကျလာလိုက်တာ... မောင်လေးက ဆေးရုံကား ခေါ်ပြီး ခွဲစိတ်ဆောင်ကနေ လူနာဆောင်ကို ပြန်ပို့တော့ကို အံကြိတ်ပြီး မအော်မိအောင်နေရင်း လိုက်လာရတယ်။

လူနာကုတင်ပေါ်မှာ နာလွန်းလို့ လူးနေတာပဲ။ ဘယ်လိုနေရမှန်းက မသိတော့ဘူးးး။ မောင်လေးက စိတ်ပြောင်းအောင် ဟာသတွေ ပြောပြီးစရော။ စန္ဒာကလည်း ဝင်နောက်ရော။ ဒီကလည်း မရယ်ဘဲက မနေနိုင်ဘူးးးး။ အဲ့တော့ တဝါးဝါး တဟားဟားနဲ့ ပိုနာရော။ "ဒေါ်နေထက်ထက်အောင်.... တော်တော်နာ နေတယ်ဆို။ ဆေးထိုးရအောင်""ရှန်!!!!"ဘုရားဘုရားးး ဆေးရုံရောက်ကတည်းက ထိုးလိုက်ရတဲ့ဆေးတွေ။ လက်မှာလည်း အပ်ပေါက်ရာနဲ့ အမာရွတ်ချည်းဘဲ။ အနာပျောက်အောင် ထိုးပေးတဲ့ ဆေးတွေက နောင်ရေရှည်မှာ မှတ်ဥာဏ်တွေကို ထိခိုက်တယ်ဆိုလားးးး ကြားဖူးတာပဲ။

ခုလို ဆေးထိုးမယ်ဆိုတဲ့ အသံကြားလိုက်တော့ နာတာက တဝက်လျော့သွား သလိုပဲ။ ဒါနဲ့…… "ဟင့်အင်းးး နာတော့ဘူးးး မထိုးပါနဲ့တော့နော်။"အခန်းထဲမှာ ရယ်သံတွေ ဆူညံကုန်ပါတယ်။ မေမေက "အပ်ကြီးကြီးနဲ့ နာအောင်ထိုးသွားပေးပါ။"မောင်လေးက "အပ်မြင်လို့ လျှောက်ပြောနေတာ။ဘယ်ညာ နှစ်ချောင်း"ထိုးပေးမှဖြစ်မှာ။"စန္ဒာက "ဟေ့ကောင်... ကလေးလည်းမဟုတ်ဘူးးးး ဆေးထိုးတာကို ကြောက်မနေနဲ့။ အာ့မှ မနာတော့ဘဲ လျှောက်လည်လို့ ရမှာ ဟီးဟီးးး။"ဒါနဲ့ ပဲ ဆေးအရှိန်နဲ့ ငြိမ်ကျသွားတော့တာ ညနေမှနိုးလာတော့တယ်။ဘယ်မှလည်း မသွားနိုင်လိုက်ဘူးးးး။

၂၄ရက်နေ့ ဆေးရုံက ဆင်းတော့လည်း မေမေက အိမ်ကို ချက်ခြင်းပြန်ခေါ်ရော။ အာ့နဲ့ တရုတ်ဘုံကျောင်းက သားသတ်လွတ် ပဲပြားပေါင်းကြော် ဝယ်မကြွေးရင် မပြန်ဘူးလို့ ဂျီကျလိုက်တယ်။ ဘယ်မှမသွားရလည်း ဘုံကျောင်းသွားလည်ပြီး ကွမ်းရင်မယ်တော်ဆီ အမွှေးတိုင်ကပ်ရင်း စာချဗေဒင်လေး မေးမလားးး စိတ်ကူးမိပြီးးး ဂွင်ဖန်တာလေ ဟိဟိ ။
"သွားဝယ်ပေးမယ်... ဒါပေမယ့် သမီးမလိုက်ရဘူးးးး မောင်လေးလွှတ်လိုက်မယ်"
တဲ့။ဟင့်ဟင့်ရွှတ်။

နေထက်ထက်အောင်
— with Khin Soe Lwin and 12 others.

`၀ါးခသစ်´ ထံမှသည် အနာဂတ်ဆီသို့ . . .

0
0
 
"၀ါးခသစ် ခေါ် ကော့မှုးရာစခန်း"
သို့မဟုတ် . . ."အိုမီဂါသေတွင်း"

အဲ့ဒီစခန်းကိုအဲလောက်အကျအရှုံးမများတဲ့ နည်းဗျူဟာနဲ့စခန်းသိမ်းလို့မရနိုင်ဘူးလား?ဆိုတဲ့ မေးခွန်းတစ်ခုကို - ကို RedStar ForPatriot ရဲ့ Status မှာကျနော်တွေ့မိလို့ စိတ်ထဲရှိတဲ့အတိုင်းရေးလိုက်ပါတယ် -

အမှားပါရင် နားလည်ပေးနိုင်ကြပါစေ. . .။



**** အဲ့ဒီစခန်းကို အဲ့ဒီထက် အကျအဆုံးနည်းအောင်တိုက်လို့ရပါတယ်။
**** ဒီ့ထက် တော့ပိုက်ဆံ၊ စစ်သုံးစရိတ်၊ ကျည်၊ ယာဉ်၊ ဆီ စသည်ဖြင့် ကုန်ပါလိမ့်မယ်။
**** ဒါပေမယ့် အဲ့ဒီလိုလုပ်ဖို့ စဉ်းစားဖို့ စိတ်မကောင်းစွာပဲ သူတို့မရွေးချယ်ခဲ့ပါဘူး(သို့မဟုတ်) ရွေးချယ်ခွင့် မရှိခဲ့ပါဘူး။
**** အဓိက အခက်အခဲကတော့ တိုက်ပွဲစဉ်တစ်ခုလုံးရဲ့ အရှိန်အဟုန်၊ အချိန်နဲ့ အလျဉ်းမသင့်မှု၊ ဆိုးဝါးလှတဲ့ သတ်ကွင်းမြေအနေအထား၊  ဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့ အဲ့ဒီအချိန်က အခြေအနေကြောင့် ဖြစ်ပါလိမ့်မယ်။ ဒါကျနော့်အမြင်ပါ။

         ဒါကြောင့် ကျနော်တို့အတွက် ဂုဏ်ယူစရာကောင်းလှပါတယ်ဆိုတဲ့ . . . ထပ်တွန့်မတက်ပဲ တက်တိုက်ကြရတဲ့ တပ်မှူးတပ်သားတွေအတွက် နောင်စဉ်နောင်ဆက် အတုယူစရာ စံနမူနာ ကောင်းလှပါတယ်ဆိုတဲ့ . . .
တိုက်ပွဲကြီးတစ်ခုဟာ အရုပ်ဆိုးအကျည်းတန်လှစွာ ပြီးဆုံးအောင်မြင်ခဲ့ပါတယ်။

         ၅၀၀ ကျော်အသက်စွန့်ခဲ့ရပြီး ၁၈၀၀ ကျော်ထိခိုက်ဒဏ်ရာတွေနဲ့ ပေးဆပ်ခဲ့ရတဲ့  သွေးတွေ၊ ချွေးတွေ၊ မိသားစုဘ၀တွေ၊ အသက်တွေထဲကြောင့် ကျန်နေသူတွေအတွက်၊ တပ်မတော်ကြီးအတွက် ဂုဏ်တွေ-စံနမူနာတွေ-သမိုင်းဖြစ်ရပ်ကောင်းကောင်းတွေအပြင် -နေရာကောင်းတွေ-ရာထူးကောင်းတွေ-ဖြစ်တည်လာခဲ့ပေမဲ့ ကျဆုံးသွားကြသူတွေ၊ ခြေလက်အင်္ဂါဆုံးရှုံးရသူတွေအတွက် အကျိုးသက်ရောက်မှု မရှိနိုင်တော့ပါဘူး။

         ဒါကြောင့် တိုက်ပွဲကွပ်ကဲသူ တပ်မှူးကြီးတွေ အနေနဲ့ကတော့ ခြောက်ပြစ်ကင်းသဲလဲစင် အောင်ပွဲကြီးတစ်ရပ်လို့ ဆိုလို့မရပါဘူး။ ပြင်မရတော့တဲ့ သမိုင်းအတွက် နားလည်ဂုဏ်ယူပေးလို့ရပေမဲ့ ဒါမျိုး ကျနော်တို့ နိုင်ငံရဲ့ တပ်မတော်မှာ နောက်ထပ်အဖြစ်ခံလို့ မဖြစ်တော့ပါဘူး။ နောက်ထပ်-ဒါမျိုးတိုက်ပွဲတွေကို စီမံတဲ့သူတွေ ထပ်လုပ်ကြဖို့ မဖြစ်သင့်တော့သလို ပေးဆပ်မှုတွေကို အရင်းတည်တဲ့ အောင်ပွဲမျိုးကို ကျနော်တို့အလိုမရှိသင့်တော့ပါဘူး။  Risk နဲ့ Gain၊ Cost နဲ့ Effective နှိုင်းယှဉ်ရင် မြတ်တယ်လို့-နိုင်တယ်လို့ မပြောနိုင်တဲ့ အခြေအနေတစ်ရပ်အဖြစ်ပဲ ကျနော်ရှုမြင်တယ်။

ဒါကြောင့် ဒါမျိုး နောက်ထပ်-နောက်ထပ်-ဘယ်တော့မှ-ကျနော်တို့တပ်မတော်မှာ မတိုက်သင့်၊ မဖြစ်သင့်တော့ပါဘူး။


အဲ့ဒီအစား . . .အနာဂတ်တပ်မတော်မှာ . . .

* ရှိရင်းစွဲဖြစ်ပြီးဖြစ်တဲ့ အသက်ကိုဖက်ရွက်ပမာ (တစ်ကယ့်ဖက်ရွက်ပမာ သူတို့ပေးဆပ်ခဲ့ကြတဲ့)စွန့်လွှတ်မှုတွေ . . . .

* မှားမှားမှန်မှန် အမိန့်ကို နာခံတိုက်ပွဲဝင်ခဲ့ကြတဲ့ ကမ္ဘာ့တပ်မတော်တိုင်းမှာ မရှိနိုင်တဲ့ စိတ်ဓါတ်ကောင်းတွေ . . . .

* အငတ်အပြတ်ခံ၊ အပြစ်ပယ်ခံရရင်တောင် ဇွဲနပဲအပြည့်နဲ့ တိုက်ပွဲဝင်နိုင်ကြတဲ့ ရဲဘော်ရဲဖက်တွေ . . . .

* ဂုဏ်ယူရသလောက် ၀မ်းနည်းမှု၊ မိသားစုအတွက် လင်သား-မောင်ဖွား-သား မရှိပဲ ဒုက္ခသုက္ခတွေနဲ့ လောကဓံကို ရင်ဆိုင်ရပ်တည်ကြရမယ့် တပ်မတော်ကို အပြစ်ရယ်လို့ ကျယ်ကျယ်မပြောခဲ့ကြတဲ့ နိုင်ငံ့သားကောင်း မိသားစုဝင်တွေ . . . .

* မိမိမွေးဖွားလာစဉ်မှသည် ကြီးပြင်းသည်အထိ အကောင်းပကတိရှိပါလျှက် အမိန့်နှင့် ရဲဘော်ရဲဖက်စိတ်၊ စစ်သားစိတ်ကြောင့် ခြေလက်အင်္ဂါဆုံးရှုံး-ခပ်ပြင်းပြင်းပြောရလျှင် `ဒုက္ခိတ´ အဖြစ် လူဖြစ်ရှုံးလျှင်တောင်မှ စစ်တပ်ကိုအပြစ်မမြင်ခဲ့နိုင်ကြတဲ့ စစ်သားကောင်းတွေကို ပိုင်ဆိုင်ထားလှပါတယ်ဆိုတဲ့ . . .
`မြန်မာ့တပ်မတော်´ ကြီးဟာ . . . အဲ့ဒါတွေကို ဂုဏ်ယူဝင့်ကြွားနေရုံနဲ့ရပ်မနေပဲ . . .

အဲ့ဒီဖြစ်စဉ်ထဲက . . .
     စစ်လက်နက်ပစ္စည်း နိမ့်ပါးမှုတွေ၊
     အုပ်ချုပ်စီမံမှု အမှားတွေ၊
     ထောက်ပံ့ပို့ဆောင်မှု ဟာကွက်တွေ၊
     နည်းပညာဆိုင်ရာ လိုအပ်ချက်တွေ၊
     ကြိုတင်ပြင်ဆင်မှု အားနည်းချက်တွေ၊
     ပြတ်သားမှု မပီပြင်တဲ့ စစ်မြေပြင်အခြေအနေတွေ၊
     ထမင်းတောင် ၀၀ မစားရပဲ စစ်တိုက်နေရတဲ့ ကျနော်တို့ရဲ့ စစ်သည်တွေ၊
     စစ်ဝတ်စစ်စား ထောက်ပံ့မှုမပြည့်စုံ လို့ ပေရေစုတ်ပြတ်နေတဲ့ စစ်သည်တွေ၊
     Cost နဲ့ Effect မမျှတတဲ့ ဆုံးဖြတ်ချက်တွေကို
     မြင်နိုင်တွေ့နိုင် ပြင်ဆင်နိုင်တဲ့ ခေတ်မီတပ်မတော်တစ်ရပ် ဖြစ်လာပြီး . . . .

            နိုင်ငံသားပြည်သူတစ်ယောက်၊ တိုက်ပွဲဝင် ရဲဘော်လေးတစ်ယောက်ရဲ့ အသက်အတွက်တောင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အင်အား၊ လက်နက်၊ နည်းပညာ၊ ယာဉ်၊ ငွေကြေးကုန်ကျမှာကို မတွက်ပဲ တန်ဖိုးထား ကာကွယ်စောင့်ရှောက်မှုမျိုးဖြင့်တာဝန်ယူမှုအပြည့်ရှိတဲ့ တပ်မတော်တစ်ရပ်အဖြစ်အပြင် . . .

            အနာဂတ်မြန်မာနိုင်ငံအတွက် ဖြစ်လာနိုင်ခြေရှိသည့် မည်သည့်အဖွဲ့အစည်း မည်သည့်အခြေအနေကိုမဆို နည်းပညာ၊ အတတ်ပညာ၊ အဆင့်အတန်းမီ စစ်လက်နက်ပစ္စည်းများ၊  ပြည့်စုံသောအုပ်ချုပ်ထောက်ပံ့မှုများဖြင့် လုံခြုံ ပြတ်သားစွာ ကာကွယ်စောင့်ရှောက်နိုင်သော တပ်မတော်ဖြစ်စေရန် မနှေးအမြန် အားထုတ်သင့်ပြီဖြစ်ပါကြောင်း ဆန္ဒပြုလိုက်ပါတယ်။

လေးစားမှုဖြင့်
(စနေသား)
30-4-2014

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး (သို့)အရပ်ဘက် စစ်ဘက်ဆက်ဆံရေး

0
0

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး (သို့)အရပ်ဘက် စစ်ဘက်ဆက်ဆံရေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက်တို့ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး အတွက်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမူ့ရဲ့ နောက်ဆက်တွဲအဖြစ် မေလရဲ့ ဒုတိယအပတ် မန္တလေးမြို့မှာ လူထုဟောပြောပွဲ တစ်ပွဲကို နိုင်ငံရေးအင်အားစုကြီး နှစ်ရပ်က ပူးပေါင်း စီစဉ်နေကြတာကို မီဒီယာတွေမှာ ဖတ်လိုက်ရပါတယ်။


တစ်ချိန် တည်းမှာ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကလည်း လွှတ်တော်ကိုယ်စားလှယ် အားလုံးလိုလိုကလည်း အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆန္ဒရှိကြပါတယ်လို့ ကျောက်ဖြူ ညီလာခံပိတ်ပွဲမှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။

ရှေ့ဆက်ပြီးလည်း မြန်မာ့နိုင်ငံရေး ဇာတ်ခုံ စင်မြင့်မှာ အခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုသံတွေ ခပ်စိတ်စိတ် တွေ့လာရဖွယ် ရှိနေပါတယ်။ဒီမိုကရေစီ စံချိန်စံညွှန်း နဲ့ ယှဉ်ရင် ပေမှီဒေါက်မှီ မရှိတဲ့ အခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုရင် နိုင်ငံရေးအင်အားစုတွေ လူထုရဲ့ အသံတွေနည်းတူ တစ်ခြား အရေးကြီးတဲ့ မျက်နှာစာတစ်ဘက် ကျန်ရှိပါသေးတယ်။

အဲဒီစာမျက်နှာကို မကျော်နိုင်ရင် တောင်းဆိုမူ့တွေ အသံတွေ ဘယ်လောက်ကျယ်နေပါစေ အခြေခံဥပဒေပြင်ဆင်ရေး ပန်းတိုင်ကို ရောက်ရှိအောင်မြင်ဖို့ အခက်အခဲ အကြပ်အတည်းတွေ တွေ့လာရနိုင်ပါတယ်။

အဲဒီကျော်ဖြတ်ရမယ့် စာမျက်နှာ တစ်ရပ်ကတော့ သမိုင်းနဲ့ချီ ယိုယွင်းလာခဲ့တဲ့ စစ်ဘက် အရပ်ဘက်ဆက်ဆံရေး အားကောင်းခိုင်မာရေး ဖြစ်ပါတယ်။အဲဒီအရပ်ဘက်စစ်ဘက် ဆက်ဆံရေးသာ ပြေလည်အားကောင်း ခိုင်မာလာခဲ့ရင် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အထိအခိုက် အပွန်းအပဲ့ မရှိဘဲ သက်တောင့်သက်သာ ပန်းတိုင်ကို ရောက်ရှိသွားနိုင်တယ်လို့ ယူဆမိပါတယ်။

စစ်ဘက်အရပ်ဘက် ဆက်ဆံရေး အကြောင်း စဉ်းစားမိရင်ငွေတစ်မတ် နဲ့ ငါးကြောင်းခေါင်း တက်ကိုင်နေသလိုများ ဖြစ်နေမလား တွေးမိပါတယ်။ဖြတ်သန်းမူ့ အတွေ့အကြုံ ဗလာနတ္တိ လေ့လာအားထုတ်မူ့က သုညသာသာ နဲ့ သိပ်ခက်ခဲနက်နဲ ဘာသာရပ်ကို အရပ်ဘက်စစ်ဘက် ဆက်ဆံရေးကို တီးခေါက်ကြည့်တဲ့အခါ လွဲမှားမူ့တွေ မှားယွင်းမူ့တွေ လိုအပ်မူ့တွေနဲ့ တင်းကြမ်းပြည့်နှက် နေနိုင်ပါတယ်။

အဲဒီလိုအဘက်ဘက်က အစစအရာရာ ချွတ်ခြုံကျနေပေမယ့် ပြည့်စုံကုံလုံနေတဲ့အရာကတော့ စစ်ဘက် အရပ်ဘက်ဆက်ဆံရေး ကောင်းမွန်တိုးတက်စေလိုတဲ့ စေတနာပဲ ဖြစ်ပါတယ်။အဆိုပါ စေတနာက ဦးဆောင်ပြီး အခုစာစုလေးကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

ပထမဆုံး စစ်ဘက် အရပ်ဘက်ဆက်ဆံရေး ကျွမ်းကျင် ပညာရှင်တွေရဲ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ဘယ်လိုအချိန်မှာ အထူးကောင်းမွန်သလဲ ဆိုတဲ့သုံးသပ်ချက်နဲ့ စဖွင့်ချင်ပါတယ်။
တိုင်းပြည်တစ်ခု နိုင်ငံတစ်နိုင်ဟာ ပြည်ပခြိမ်းခြောက်မူ့တစ်ရပ် နဲ့ ထင်ထင်ရှားရှား ရင်ဆိုင်ကြုံတွေ့နေရချိန်မှာ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးသိပ်ကို ကောင်းမွန်တယ်လို့ ဆိုကြပါတယ်။

 ဥပမာ အဖြစ် စစ်ရေးကာလကအမေရိကနဲ့ ဆိုဗီယက် နိုင်ငံအသီးသီးရဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို ညွှန်းဆိုပါတယ်။မြောက်ကိုရီးယား ခြိမ်းခြောက်မူ့ကို ရင်ဆိုင်နေရတဲ့ တောင်ကိုရီးယား တရုတ်ပြည်မကြီးရဲ့ မျက်စောင်းထိုးခံနေရတဲ့ တရုတ်တိုင်ပေတို့မှာ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကောင်းမွန်ဟန်ချက်ညီတာကို တွေ့ရပါတယ်။


ဒီအဆိုပြုချက်ကို မြန်မာ့နိုင်ငံ အပေါ်တင်ပြီး စဉ်းစားကြည့်ရင် တိုင်းတပါးကျွန်ဘဝက လွတ်မြောက်ဖို့ ကြိုးစားစဉ်မှာ စစ်ဘက် အရပ်ဘက်ဆက်ဆံရေး ကောင်းမွန်တယ်ဆိုတာ တွေ့ရပါတယ်။
ပြည်ပခြိမ်းခြောက်မူ့နဲ့ ဆန့်ကျင်ဘက် ပြည်တွင်းခြိမ်းခြောက်မူ့ ရင်ဆိုင်နေရတဲ့ တိုင်းပြည်တွေမှာတော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး အလွန်ဆိုးဝါးတယ်လို့ ပညာရှင်တွေက ပုံစံပြုထားပါတယ်။
အဲဒီပုံစံဟာ လွတ်လပ်ရေးရပြီး မြန်မာတို့နဲ့ လွန်စွာတူပြီး စစ်ဘက် အရပ်ဘက်ဆက်ဆံရေးလည်း ဆိုးဝါးနိမ့်ကျ လှပါတယ်။

ဒီပုံစုံနှစ်ခုကို အနှစ်ချုပ်ကြည့်ရင် တိုင်းပြည်တစ်ပြည်ရဲ့ စစ်တပ်ရဲ့ မစ်ရှင်နဲ့ အခန်းကဏ္ဌဟာ ပြည်ပလော ပြည်တွင်းမှာလား ခွဲခြားပြီး အဆိုပါတိုင်းပြည်ရဲ့ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးကို စောကြော ဝေဖန်နိုင်တာကို တွေ့ရပါတယ်။

မြန်မာ့ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ပျက်စီးရခြင်း အဓိကအကြောင်းအရင်းကတော့ နိုင်ငံရေးမှာ စစ်ဘက်ဆိုင်ရာ အုပ်စုတွေ နက်နက်ရိုင်းရိုင်းပါဝင်နေခြင်းကြောင့်လို့ အနှစ်ချုပ်ဆိုနိုင်ပါတယ်။ဒါပေမယ့် နိုင်ငံရေးမှာစစ်ဘက်ပါဝင်နေရခြင်းမှာ အရပ်ဘက် နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အရည်အချင်းညံ့ဖျင်းမူ့နဲ့ သူတိုတတွေရဲ့ ပယောဂကြောင့် ဖြစ်တယ်ဆိုတာကိုလည်း လေ့လာတွေ့ရှိနိုင်ပါတယ်။အထူးသဖြင့် လွတ်လပ်ရေးရပြီး အရပ်ဘက်နိုင်ငံရေးအီလစ်တွေရဲ့ နိုင်ငံတည်ဆောက်ရေး ညံ့ဖျင်းမူ့ သူတို့အာဏာ သူတို့နိုင်ငံရေးစနစ်အတွက် စစ်ဘက်ကို အသုံးချခဲ့မူ့တွေက အကဲဆတ်လှတဲ့ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ပျက်စီးစေခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ စစ်ဘက်ပါဝင်လာရခြင်း အကြောင်းကို တန်းစီးရည်တွက်ကြည့်ရင် အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။

၁။ အိုင်ဒီအိုလိုဂျီ ပြဿနာ
၂။လူမျိုးစုဆိုင်ရာ ပြဿနာကို အခြေခံထားတဲ့ ပြည်တွင်းစစ်
၃။ပြည်တွင်းမငြိမ်မသက်မူ့
တို့ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ မြန်မာစစ်ဘက်ရဲ့ မစ်ရှင်နဲ့ အခန်းကဏ္ဌကပါဝင်ပတ်သက်နေရတဲ့ အတိုင်းအတာတွေ ဖြစ်ပါတယ်။စစ်အေးကာလ လွန်မြောက်ပြီးချိန်မှာတော့ ပြည်ပခြိမ်းခြောက်မူ့က ထင်ထင်ရှားရှား မရှိဘဲ ခပ်ပါးပါးလေးသာ ရှိလာပါတော့တယ်။

မြန်မာ့နိုင်ငံရေးမှာ စစ်ဘက်ပါဝင်မူ့ဟာ အထက်ပါအရေးသုံးပါးနဲ့ ဆက်စပ်နေတဲ့ အတွက် နိုင်ငံရေးမှာစစ်ဘက် ပါဝင်ပတ်သက်မူ့ကို လျှော့ချ ဖယ်ထုတ်ဖို့ဆိုရင် အဲဒီအကြောင်းတရားတွေကို ရှင်းလင်းနိုင်ရပါ့မယ်။

ကံကောင်းထောက်မစွာပဲ ပထမအကြောင်းတရား အိုင်ဒီအိုလိုဂျီပြဿနာကတော့ ဘာလင်တံတိုင်ပြို ဆိုဗီယက်ယူနီယံအရေးနိမ့် စစ်အေးကာလပြီးဆုံးပြီး ကမ္ဘာ့ရေစီးထဲမှာမျောပါပျောက်ကွယ် သွားပြီ ဖြစ်ပါတယ်။ဒုတိယ အကြောင်းတရားနဲ့ တတိယအကြောင်းတရားကိုပဲ ဝိုင်းဝန်း အဖြေရှာကြရုံ ကျန်ပါတော့တယ်။

ဆိုခဲ့ပြီးတဲ့အတိုင်း စစ်ဘက်ရဲ့ မစ်ရှင်အရ နိုင်ငံရေးအာဏာကို တာဝန်ယူခဲ့တဲ့အချိန်တွင်းမှာလည်း စီးပွားရေးဖွံ့ဖြိုးမူ့ အကျင့်ပျက်ခြစားမူ့ အဂတိလှိုက်စားမူ့ စတဲ့ လူမူ့ရေးပြဿနာများ တောထလာခဲ့တဲ့အပြင် တရားဥပဒေစိုးမိုးရေးကိုလည်း ထိထိရောက်ရောက်ကိုင်တွယ်နိုင်ခြင်း တို့အပေါ် အခြေခံပြီး အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ဆိုးဆိုးဝါးဝါး ပျက်စီး သွားခဲ့ပါတော့တယ်။

စစ်ဘက်အုပ်ချုပ်ရေးနဲ့လည်း နိုင်ငံတည်ဆောက်ရေးကို မစွမ်းနိုင်ဘူးလို့ သိလာတဲ့
ဒီနေ့ ဒီအချိန်မှာ ပျက်စီးသွားခဲ့တဲ့ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကို ပြန်လည်ပြုပြင်ဖို့ အရေးကြီးလာပြီ ဖြစ်ပါတယ်။ဒီအတွက် ပညာရှင်တွေက အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ပြုပြင်ပြောင်းလဲရေး အောင်မြင်မူ့အတွက် ဆက်စပ် အခြေအနေ သုံးရပ်လိုတယ်လို့ ဟောကိန်းထုတ်ကြပါတယ်။

၁။စစ်ဘက်ပရော်ဖက်ရှင်နယ်ဝါဒ အားကောင်းလာရေး ဖြစ်ပါတယ်။ဒီအချက်အတွက် စစ်တက္ကသိုလ် စစ်ကျောင်းများက ပရော်ဖက်ရှင်နယ် ဝါဒကိုစွဲမှတ်သွားအောင် သင်ပေးဖို့ လိုပါတယ်။ပညာရေး ခါးရိုးကျိုးခဲ့တဲ့နိုင်ငံတွေအတွက် စစ်ဘက် အရပ်ဘက်ဆက်ဆံရေးကောင်းမွန်လှတဲ့ အမေရိကလိုနိုင်ငံက စစ်ကျောင်းတွေက အကူအညီတွေလိုပါတယ်။နိုင်ငံတကာမှာသြဇာကြီးတဲ့ အရပ်ဘက်ခေါင်းဆောင်တွေကသာ ဒီအချက်ကိုဝိုင်းဝန်းပေးရင် တပ်နဲ့ ယုံကြည်မူ့တိုးလာနိုင်ပြီး တစ်ချက်ခုပ် နှစ်ချက်ပြတ် ဖြစ်သွားနိုင်ပါတယ်။

၂။နိုင်ငံရေးနဲ့စစ်ရေးအီလစ်များ အမြော်အမြင်ရှိမူ့
စစ်ဘက်အရာရှိများအနေနှင့် သူတို့အာဏာရယူစဉ် အတွေ့အကြုံအရ စီးပွားရေး နိုင်ငံရေး လူမူ့ရေးပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် အာဏာနိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့အတွက် တပ်မတော်စည်းလုံးမူ့ စစ်ရေးစွမ်းဆောင်ရည်နဲ့ စစ်ရေးစည်းကမ်းတွေ ကျဆင်းလျော့နည်း ခဲ့တာကို နားလည်သဘောပေါက်ဖို့ လိုသလို နိုင်ငံရေးခေါင်းဆောင်တွေဘက်ကလည်း နိုင်ငံရေးတိုက်ပွဲတွေမှာ တပ်မတော်ကို ဆွဲသွင်းခဲ့တဲ့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးကြီးကြီးတွေကို သဘောပေါက်ဖို့ လိုပါတယ်။

၃။အရပ်ဘက် စစ်ဘက်ဆက်ဆံရေးပြောင်းလဲမူ့မှ ပေါ်ထွက်လာတဲ့ အကျိုးကျေးဇူးများ
နိုင်ငံရေးမှာ စစ်ဘက်ပါဝင်မူ့ကိုလျော့ချလိုက်တာနဲ့ တစ်ပြိုင်နက် လူအခွင့်အရေးချိုးဖောက်မူ့တွေကို ရှောင်ရှားနိုင်ခြင်း စစ်ဘက်ကလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းများကို အရပ်ဘက်လွှဲပြောင်းပေးခြင်းတို့ ပေါ်လာပါလိမ့မယ်။ဒီအချက်တွေဟာ လူအဖွဲ့အစည်းအတွင်းမှာ တပ်မတော်ကို လူချစ်လူခင်များစေတဲ့ အကြောင်းတွေလည်း ဖြစ်ပါတယ်။
စစ်ဘက် နိုင်ငံရေးမှာ ပါဝင်မူ့လျှေလာတာနဲ့ ချက်ခြင်းဆိုသလို အရပ်ဘက်နိုင်ငံရေးသမားတွေအနေနဲ့ နိုင်ငံတည်ဆောက်ရေး စီးပွားရေးဖွံ့ဖြိုးမူ့ တရားဥပဒေစိုးမိုးရေး စတာတွေကို အားသွန်ခွန်စိုက် လုပ်ဆောင်ရပါ့မယ်။

ဒါ့အပြင် စစ်ဘက် အဆင့်ရှိရှိ နေထိုင်နိုင်ရေးအတွက်လည်း အာရုံထားရပါ့မယ်။အရေးကြီးဆုံက စစ်ဘက်ရဲ့ ပျောက်ဆုံးသွားတဲ့ မစ်ရှင် အခန်းကဏ္ဌကိုလည်း ပူးပေါင်းရှာဖွေပေးဖို့လိုပါတယ်။
နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့တွေမှာ တက်ကြွစွာပါဝင်ရေး ဒါမှသာ စစ်ရေးစွမ်းရည်လည်းတိုးလာပြီး ပရော်ဖက်ရှင်နယ် စစ်တပ်အကြောင်းကို နားလည်လာမှာ ဖြစ်ပါတယ်။
နောက် ကပ်ဘေးကြီးများ မူးယစ်မှောင်ခိုမူ့တွေကို ရဲတပ်ဖွဲ့ပူးပေါင်း လုပ်ဆောင်ရေးတို့ ဖြစ်ပါတယ်။ဒီလို အဘက်ဘက်က ထောင့်စေ့မှသာ နောက်တစ်ကြိမ် စစ်ဘက်ပါဝင်ပတ်သက်မူ့ နိုင်ငံရေးမှာ ကင်းရှင်းမှာ ဖြစ်ပါတယ်။

အခုစာစုကို အရပ်ဘက် စစ်ဘက် ရေးရာ ကျွမ်းကျင်သူ ဟယ်တင်တန်ရဲ့စကားနဲ့ နိဂုံးချုပ်ချင်ပါတယ်။
အရပ်ဘက် စစ်ဘက် ဆက်ဆံရေးနဲ့ပတ်သက်သော အနာဂတ်ဖြစ်ပေါ်တိုးတက်မူ့များမှာ ဒီမိုကရေစီ နိုင်ငံများရှိ အရပ်ဘက်ခေါင်းဆောင်မူ့ရဲ့ လုပ်ရပ်များအပေါ် အဓိကတည်မှီလိမ့်မည်ဟု ကောက်ချက်ချခဲ့ပါတယ် ခင်ဗျား။


Naing Soe

တစ်ခါတုန်းကတက္ကသိုလ်မှာ (၁၉)

0
0
Photo: တစ်ခါတုန်းကတက္ကသိုလ်မှာ (၁၉)                   ဒီအပိုင်း၁၉ဟာ သိပ်ပြီးအစပ်ဆက် မရှိတဲ့ အကြောင်းအရာတွေကို ရေးထားတာပါ။တက္ကသိုလ်တက်မယ့် ညီမငယ်၊မောင်ငယ်တွေနဲ့ သမီးမိန်းကလေး မွေးထားတဲ့ မိဘတွေကို သားသမီးယုံ စုံလုံးကန်းရာကနေ အသေးအမွှားမို့ သတိမပြုလိုက်တဲ့ အမှိုက်ကနေ ပြဿသ်မီးလောင်တတ်တာကို သတိပြုမိစေဖို့ပါ။ဒါ့ကြောင့် ပညာရေးအသိုင်းအဝိုင်းနဲ့ တက္ကသိုလ်ဝန်းကျင်က မချိုမြိန်တဲ့ အမှန်တရားတချို့ ကို ရေးထားပါတယ်။              "သမီးမိန်းကလေး မွေးထားတဲ့ မိဘတွေဟာ တာဝန်အလွန်ကြီးပါတယ်။ ကိုယ့်သမီးလေးကို သူများတကာ အကဲ့ရဲ့ မခံရအောင် သွန်သင်ဆုံးမရသလို အဖက်ဖက်ကနေ နစ်နာမှုမရှိအောင်လည်း ကာကွယ်ထိန်းသိမ်းဖို့ လိုပါတယ်။ မိဘလက်လှမ်းမမှီရာ ရောက်နေတဲ့ ကာလတွေအတွက် သူ့ကိုယ်သူ စောင့်ရှောက်ကာကွယ်တတ်အောင် သင်ကြားမှု၊လေ့ကျင့်ပေးမှုတွေ လုပ်ဖို့လည်း လိုအပ်ပါတယ်..... " ဆိုတဲ့..မိဘတွေရဲ့ ဒီလိုတွေးခေါ်ယူဆမှုတွေ အောက်မှာကျွန်မ ဟာ ငယ်ငယ်ကတည်းက ခုထိ စည်းကမ်း တင်းကျပ်မှုတွေနဲ့ နေထိုင်ခဲ့ရပါတယ်။ ကျွန်မကလည်း ဒီလိုနေထိုင်ခဲ့ရမှုတွေ အတွက် ဘယ်တုန်းကမှ မကျေနပ်ခဲ့သလို အနုနည်းနဲ့ ဘယ်လိုအာခံရမလဲလို့ အမြဲစဉ်းစားနေခဲ့သူပါ။               ကျွန်မအထက်တန်းကျောင်းသူ ဖြစ်လာတော့ အဒေါ်ဆရာမ ရှာလာပေးတဲ့ Study Guide ဆေးကျောင်းသားကို ပြန်လွှတ်ပြီးးး အမျိုးသမီးGuide ပဲ ရှာခေါ်ခဲ့ရမယ်ဆိုတဲ့ ဖေဖေ့ရဲ့ တစ်ချက်လွှတ် အမိန့်တွေ……၊ အင်္ဂလိပ်စာကျူရှင် ဆရာက မမှီလိုက်တဲ့ စာတွေကို တစ်ယောက်ထဲ သီးသန့် သင်ပေးမယ် ဆိုတော့ ဖေဖေမအားတော့ လိုက်စောင့်မပေးနိုင်လို့ မသင်ရဘူးးးဆိုတဲ့ တားမြစ်ချက်တွေ.... စသဖြင့် ...။ဒါတွေကို ကျွန်မအရမ်းစိတ်ညစ်ခဲ့ရပါတယ်။               သိပ္ပံဘာသာရပ်ထဲက မန္တလေးမြို့ရဲ့ နာမည်ကြီး ကျူရှင်ဆရာ(ယခုလည်း ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်ပြီး အကြီးအကျယ်အောင်မြင်နေသူ ) ကျွန်မကို စာသင်တိုင်း စတိတ်ပေါ်ကနေ မျက်လုံးကြီး ပြူးပြူးပြပြီး စိုက်ကြည့်လိုက်၊ "ငါ့ကိုဘာလို့ ကြည့်နေတာလဲ?.??? စာက ငါ့မျက်နှာမှာ မရှိဘူးးး ဘလက်ဘုတ်ပေါ်မှာပဲ ရှိတယ်" လို့ အော်ဆူလိုက်၊ သူ့မျက်နှာမကြည့်ရဲတော့လို့ ဘလက်ဘုတ်ပဲကြည့်တော့ စာကိုစိတ်မဝင်စားဘူးးးဆိုပြီး အော်လိုက်နဲ့ နေ့တိုင်းလိုလို လုပ်ပါတယ်။ဆယ်ကျော်သက်အရွယ် ကျွန်မအတွက် သူ့ရဲ့ လုပ်ရပ်ဟာ စိတ်အနှောင့်အယှက် အကြီးအကျယ် ဖြစ်ရပါတယ်။ ဝမ်းပန်းတနည်းလည်း ခံစားရပါတယ်။                 မကြာခဏ ကျွန်မဘေးကို လာပြီး လက်မောင်းလေးဖက် စကားပြောလိုက် လက်ဖမိုးလေးကို ဖွဖွလေး ဆွဲစိတ်ရင်း စာမေးလိုက် ပါးလေးဆွဲလိမ်လိုက် တွေလည်း လုပ်ပါတယ်။ ဖေဖေ့သမီး ကျွန်မကလည်း နည်းနည်းမှမခံဘဲ ဆရာ့လက်တွေကို ရိုက်ချပြီး ရှုတင်းတင်း ပြန်ကြည့် တတ်ပါတယ်။အဲ့ကြတော့ သူကလည်း ကျွန်မလက်မောင်းတွေ ပါးတွေကို လက်ရာတွေထင်တဲ့ထိ နာအောင် ဆွဲဖဲ့သွားပါတယ်။ ကျွန်မသူငယ်ချင်းက "နေနေ... နင်တော့ငရဲကြီးတော့မှာပဲ ကိုယ့်ဆရာက ချစ်လို့စတာကို အဲ့လိုကြီးပြန်လုပ်နေတာ အံ့ရော။" ကျွန်မလည်း စာမေးပွဲပဲ အကျခံမယ် နှာဘူးတော့ မခံနိုင်တော့ဘူးးးးလို့ ပြောပြီး ကျူရှင်ထွက်ခဲ့ပါတယ်။ အဲ့ဒီဆရာကလည်း သူ့ကျောင်းအကူ တပည့်မတွေ လွှတ်ပြီး အတင်းပြန်ခေါ်တာ နှစ်ခါတောင်ပါပဲ။               အကြောင်းမသိတဲ့ မိဘတွေက အတင်းပြန်တက်ခိုင်းတော့ ကျွန်မလည်း အဲ့ဒီဆရာက အဲ့လိုလုပ်လို့ မတက်တော့တာပါလို့ ပြောပြလိုက်ပါတယ်။ ဒုတိယအကြိမ်လာခေါ်တော့ မေမေက ဆရာရဲ့ သမီးအပေါ် ပြုမူပြောဆို ဆက်ဆံပုံတွေကို မကြိုက်လို့ မတက်ခိုင်းတော့တာပါ၊နောက်ထပ်လည်း လာမခေါ်ပါနဲ့ဆိုပြီးးးး ဒဲ့ရှင်းလွှတ်လိုက် ပါတယ်။ ကျွန်မရဲ့ သူငယ်ချင်းအချို့ကရော နီးစပ်ရာတွေ ကရော ကျွန်မနှင့် မိဘတွေကို အကဲပိုတဲ့ စန်းစန်းတင့်တွေလို့ သတ်မှတ်ကြပါတယ်။ ဝန်မခံချင်ပေမယ့် ဟုတ်တော့လည်း ဟုတ်နေပါတယ်။               တက္ကသိုလ်ရောက်တော့ ကျွန်မနဲ့ ခင်တဲ့ သူငယ်ချင်းတစ်ယောက်က ရင်ဖွင့်ပါတယ်။ သူမကို သူမရဲ့ ကျူရှင်ဆရာ အိမ်ထောင်သည်က စာသင်ပြီးတိုင်း တစ်ယောက်ထဲ ခေါ်ထားခဲ့ပြီးးးး မဖွယ်မရာတွေ လုပ်တာနေ့တိုင်းခံခဲ့ရလို့ စာမေးပွဲကို အောင်ရုံလေး အောင်ခဲ့ရတယ်လို့ ရင်ဖွင့်ပါတယ်။ ဘုရားဘုရားးးး သူပြောခါမှ ကျွန်မမှာ ဆံပင်တွေထောင်ပြီးးးး ကြက်သီးတွေ ထလိုက်တာ.... " ဖြစ်မှဖြစ်ရလေဟယ်... နင်က အိမ်ကိုပြန် မတိုင်ဘူးလားးးး" ဆိုတော့ သိတဲ့အတိုင်းပဲ မိန်ကလေးငယ်ငယ် ထုံးစံအတိုင်း ဆရာကိုကြောက်တာရော ရှက်လွန်းလို့ ဘယ်သူ့မှ မပြောရဲတာရော စုံနေတာပါပဲ။အပျိုရည်ပျက်တဲ့ထိ လုပ်တာလားးးး ဆိုတဲ့မေးခွန်းကိုတော့ အားနာလို့ မမေးဖြစ်ခဲ့ပါဘူး။ဒီတော့မှ ကျွန်မလည်း စဉ်းစားမိပါတယ်.... ဘယ်သူတွေဘယ်လို ပြောပြော ငါဆုံးဖြတ်ခဲ့တာတွေနဲ့ ငါ့မိဘတွေ ဆတ်ဆတ်ထိ မခံခဲ့တာတွေအတွက် နောင်တမရတော့ဘူးးးး ဆိုတာပါပဲ။               မဟာတန်းပြန်တက်တော့မှ အဆောင်ဆိုတာကို စပြီးနေဖူးပါတယ်။ပတ်ဝန်းကျင်ဟာ အတော်လေး လွတ်လပ်လာသလို သမီးရည်းစား ပြဿနာတွေလည်း အတော် တွေ့လာရပါတယ်။ ကျောင်းဝန်းကျင်မှာ ကျောင်းသူ ကျောင်းသားချင်း ရည်းစားဖြစ်တာ ရှိသလို အရပ်သားတွေ၊ စစ်သားတွေနဲ့ ဖြစ်ကြတာ တွေလည်း ရှိပါတယ်။ ကျောင်းသားတွေက အင်အားကောင်းရင် လူပျိုလှည့်လာတဲ့ ဗိုလ်တွေကို ဝိုင်းရိုက်ပါတယ်။ ဗိုလ်တွေက တတ်နိုင်သမျှသည်းခံပါတယ်....အကောင်းသည်းခံတာတော့ ဟုတ်ပါဘူးးးးး(ပြဿနာတက်ရင် အပွင့်ပြုတ်မှာ စိုးလို့ :-)  )။ သည်းမခံလို့ ပြန်တီးရင်လည်း ပွဲကြီးပွဲကောင်းတွေ ချည်းပါပဲ။               အဲ့ဒီမှာ သတိပေးချင်တာက အရပ်သားထဲကလည်း မနူးမနပ်အရွယ် ကျောင်းသူလေးတွေကို ရည်းစားထားပြီး အတူတူနေဖို့ စည်းရုံးကြတာတွေ ရှိပါတယ်။ မိန်းကလေးအများစုကလည်း မြန်မာဗွီဒီယို ဇာတ်လမ်းတွေ ကြည့်ပြီးးး တက္ကသိုလ်ရောက်ရင် ကျောင်းလစ်ပြီး ရည်းစားနဲ့ ချိန်းတွေ့ရမယ်.... စသဖြင့် ထင်မှတ်စိတ်ကူးယဉ်နေကြပါတယ်။ ညနေ ကျောင်းဆင်းချိန်တိုင်း စာအုပ်ဆိုင်မှာ ကျောင်းသူ ကျောင်းသားတွေ တရုန်းရုန်းနဲ့ အလုအယက် ငှားဖတ်ကြတာက လစဉ်ထုတ် အချစ်ဝတ္ထုတွေပါ။               စကားမစပ် ပြောရအုံးမယ် နာမည်ကြီး စာရေးဆြာမကြီးးးး ဗုဒ္ဓဟူးနံ+စနေနံ နှစ်ထပ်ကွမ်း (ဆေးတက္ကသိုလ်) ရေးတဲ့ စာအုပ်တစ်အုပ်ကို ကျွန်မ ဖတ်လိုက်တော့.... ဘုရားဘုရားးး လို့ပဲ တမိပါတော့တယ်။ ဇာတ်လမ်းထဲက ထစ်ချုန်းဆိုတဲ့ မင်းသားက မြနှင်းဘုံ ဆိုတဲ့ မင်းသမီးအိမ်ဘက်ကို ပိုင်နက်ကျူးလွန်၊မင်းမဲ့တိုင်းပြည်မှာ သူတလူငါတမင်း ထင်သလိုနေထိုင်ကြတဲ့ သောက်ချိုးနဲ့ ကျူးကျော်ရန်စ ပြဿနာတွေရှာ နောက်ဆုံးးး မင်းသမီး အခန်းထဲ ညဘက်ကြီး ခိုးဝင်သွားပြီးးးး မင်းသမီးကို အရယူ။ ပြီးတော့ မင်းသမီးကို တန်ဖိုးမထားးး မင်းသမီးကလည်း မင်းသားကို တစ်စက်ကလေးမှ မချစ် မနှစ်သက်.... သုံးစားလို့မရတဲ့ မာနတွေ ခေါင်ခိုက်ပြ.... ဘုရားဘုရားးး သူ့သမီးကို သူရေးထားတဲ့ ဝတ္ထုတွေဖတ်ပြီး ကြီးလာစေချင် လိုက်တာလို့ တွေးမိလိုက်သလို ဒီလိုဇာတ်လမ်းတွေ ရေးပြီးလည်း ဒီနိုင်ငံမှာ ဂုဏ်သရေရှိ လူရိုသေ ရှင်ရိုသေ အောင်မြင်တဲ့ စာရေးဆြာမကြီး ဖြစ်တယ်တော့ လို့ တွေးတုန်းရှိသေးတယ်.... "အမ ဖတ်နေတဲ့ အဲ့ဝတ္ထုက အဟောင်းကြီးးး ဗွီဒီယိုတောင် ဒွေးနဲ့ ရိုက်ပြီးပြီ။ တအားအောင်မြင်လို့ ဒုတိယပိုင်းပါ ဆက်ရိုက်ရတယ်သိလားးး ခုဆို ဒွေးသေတာတောင် ကြာပေါ့ ခ်ခ်။" "တိန်.... ဒို့နိုင်ငံကြီးတော့ ကမ္ဘ္ဘာ့အဆင့် မှီအုံးမှာပဲ မဟုတ်တဲ့ နေရာတွေမှာ...."            ရှေ့အပိုဒ်ကို ဆက်ရေးပါအုံးမယ်။ မိန်းကလေးတွေက ကျောင်းပြီးရင် လက်ထပ်ပါ့မယ်ဆိုတဲ့ ချစ်သူရဲ့ ကတိကဝတ်ကို ယုံစားပြီး ပုံအပ်ပါတယ်။ ပြီးတော့ အရပ်သားယောက်ျားလေး ဘက်က ငွေနဲ့ပေါက်ပြီး ရှင်းသွားကြပါတယ်။  စစ်ဘက်အရာရှိတွေ ထဲကလည်း သူတို့ ရာထူးအရှိန်အဝါ ငယ်ဂုဏ်တွေနဲ့ ကျောင်းသူတွေကို အတည်မဟုတ်ဘဲ အတူနေပြီး အပျော်ကြံသွားကြ သူတွေ မနည်းမနောရှိပါတယ်။ ဒီတော့ ကျောင်းပတ်ဝန်းကျင်မှာ စစ်ဘက်နဲ့ ရည်းစားဖြစ်နေတဲ့ မိန်းကလေးကို ဗိုလ်ကတော်လို့ ရွဲ့ပြီးခေါ်ကြပါတယ်။ အရပ်သားနဲ့ ကျောင်းသားကလည်း စစ်ဗိုလ်တွေကို အကောင်းမမြင်သလို သူတို့ကိုယ်တိုင်ကရော ကောင်းလားဆိုတော့ လည်း မကောင်းကြတာ များပါတယ်(ခြွင်းချက်။ ။ လူကောင်းသူကောင်း ယောက်ျားကောင်းများ မပါပါ။:-)  )။              ဒီတော့ လိုရင်းကို ပြောချင်တာကတော့ စစ်ဘက်ရော အရပ်ဘက်မှာပါ နှမသားချင်း စာနာတတ်တဲ့ ယောက်ျားတွေ နည်းပါးတယ် ဆိုတာပါပဲ။ အဲ့ဒီမြှီးကောင်ပေါက်အရွယ် မိန်းကလေး အများစုက အရည်အသွေးမရှိ အဆင့်မရှိ၊အတွေးအခေါ်မပါတဲ့ ဝတ္ထုတွေဖတ် ဗွီဒီယိုတွေကြည့်ပြီးးးး ယောက်ျားတွေအပေါ် အလွယ်တကူယုံစားပြီး  ရည်းစားထား နေကြတာတွေ။ အဲ့ဒီဗွီဒီယိုတွေ၊ဝတ္ထုတွေဖတ်ပြီးးး ယောက်ျားလေး အများစုကလည်း မိန်းကလေးတွေအပေါ် တာဝန်ယူလိုစိတ်မရှိဘဲ "အတဲ့သူခံပေါ့" ဆိုတဲ့ အချိုးတွေ၊ ရုပ်ရှင်ထဲကဇာတ်လိုက်လို အဆံမပါတဲ့ လေကြီးလေကျယ်တွေကို ပြောပြီးးး ကွမ်းတပစ်ပစ် အရက်နံ့တသင်းသင်းနဲ့ အချိုးတွေ... ။ မြန်မာမိဘ အများစုကလည်း "ယောက်ျားလေးပဲ ဒေါင်ကျကျ ပြားကျကျ" ဆိုတဲ့ အပြောနဲ့အညီ အနှစ်ပါတဲ့ ဆိုဆုံးမမှု မပေးဘဲ သားယောက်ျားလေးတွေကို ပျော်သလိုနေခိုင်းကြတာတွေ များနေပါတယ်။            ငါတို့သားက ဘယ်လိုထူးချွန်ရမယ်၊ ဘယ်လို အားကိုးနိုင်ရမယ်၊ သူ့ကိုဘယ်လို ပြုစုပျိုးထောင်ပြီး မြေတောင်မြှောက် ပေးရမယ် ဆိုတဲ့ မိဘမျိုးတွေ တော်တော်နည်းနေပါတယ်။ကျွန်မဒီနေ့အချိန်ထိ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေတတ်ခဲ့တယ်လို့ ထင်မိပေမယ့် တကယ်တော့ မိဘက အထိန်းကောင်း လို့သာဆိုတာ ငြင်းမရတဲ့ အမှန်တရားပါပဲ။ မိဘတွေက သားသမီးကို မဟုတ်တဲ့ပြိုင်ဆိုင်မှုတွေမှာ မြှောက်မပေးဘဲ ဆုံးမသွန်သင်မှု လမ်းညွှန်မှုကောင်းတွေ ပေးဖို့လိုအပ်သလို ကိုယ်တိုင်လည်း သားသမီးက အထင်ကြီး လေးစားခံရတဲ့ အရည်အချင်းနဲ့ ကိုယ်ကျင့်သီလ အတန်အသင့် ဖြည့်ဆည်းထားကြဖို့လည်း မမေ့သင့်ဘူး ထင်ပါတယ်။               ပြီးတော့ ကျောင်းသူတွေ... အိမ်မှာဝိုင်းကူလုပ်ဖူးရဲ့လား မသိပါဘူးးးထမင်းဟင်းလည်းမချက်တတ်၊ အမှိုက်လည်း စနစ်တကျ မစွန့်တတ်၊ အဝတ်လည်းဒိုဘီအပ်ကြတယ်။ စာကြိုးစားနေရလို့လားဆိုတော့လည်း ဝေးပါသေးတယ်။ အိမ်အလုပ် ဝါသနာ မပါလို့ စီးပွားရေး ရောင်းရေးဝယ်တာဘက် အာရုံရှိသလားဆိုတော့လဲ မရှိ။အိမ်မှာနေရင်း ဘာတွေလုပ်ပြီးအချိန်တွေ ကုန်သလဲဆိုတာ မစဉ်းစားတတ်အောင်ပါပဲ။               တက္ကသိုလ်ကျောင်းသူ အသိုင်းအဝိုင်းမှာ သမီးရည်းစားချင်း လွန်ကျူးပြီးမှ မယူကြတာတွေ၊ ကိုယ်ဝန်ဖျက်ချကြတာတွေ စတဲ့ပြဿနာတွေဟာ သိပ်ပြီးမများ လှပေမယ့် နည်းတဲ့ပြဿနာတော့ မဟုတ်ပါဘူးးး။ ကျွန်မအဆောင်နေတဲ့ သုံနှစ်နီးပါး သက်တမ်းမှာ ကျွန်မအဆောင် တစ်ခုတည်းမှာတင် ကိုယ်ဝန်ရှိတဲ့ ကျောင်းသူသုံးယောက် တွေ့ဖူးပါတယ်။တစ်ယောက်ကို သူ့ရည်းစား ကျောင်းနေဖက် ကောင်လေးက တာဝန်ယူပြီး ကောင်းကောင်းမွန်မွန် လက်ထပ်သွားပါတယ်။ နောက်နှစ်ယောက်ကိုတော့ ကောင်လေးတွေက လုံးဝငြင်းဆန်ပြီး ရှောင်သွားပါတယ်။ ရှောင်သွားတဲ့ နှစ်ယောက်မှာ တစ်ယောက်က လေတပ်က အရာရှိပေါက်စပါ။ တစ်ယောက်က အရပ်သား အင်ဂျင်နီယာပါ။               တစ်ရက်မှာတော့ ကျွန်မရဲ့ အကိုဝမ်းကွဲက ကယားပြည်နယ် တက္ကသိုလ်ကနေ မိတ္ထီလာတက္ကသိုလ်မိန်း ကို ရွှေ့လာပါတယ်။ ဒီတော့ကျွန်မကလည်း ညီမတို့ ဝတ္တရားရှိတဲ့အတိုင်း မုန့်ကျွေးခိုင်း ရပါတယ်။အကိုက ကျွန်မရှိရာ မြို့ပြင်က စက်မှုဇုံကို လာမယ်ပြောပါတယ်။ ကျွန်မကလည်း မလာနဲ့လို့ တားရပါတယ်။ စားစရာ ဘာဆိုင်မှ ကောင်းကောင်း မရှိလို့ပါ။ မြို့ထဲက Mr.Linn မှာပဲစားမယ်လို့ တောင်းဆိုလိုက်ပါတယ်။ ကျွန်မကိုမြင်တော့ အကိုက တဟားဟားးနဲ့ ရယ်ပါတော့တယ်။ ဆိုင်ကယ်စီးရ လွန်းတော့ လက်ဖဝါးမှာ အသားမာ သေးသေးလေးတွေ ဖြစ်လာလို့ ကျွန်မက ဆိုင်ကယ်စီးတိုင်း လက်အိတ်တွေ ဝတ်ဆင်ထားပါတယ်။ နေပူလေပူဒဏ်ကြောင့် မျက်နှာမှာ အမည်းစက် နည်းနည်း တွေ့လာရတော့ ဆိုင်ကယ်စီးတိုင်း မျက်နှာဖုံးစည်းထား ပါတယ်။ နေကာမျက်မှန်တပ်ပြီး ဆိုင်ကယ်စီးဦးထုပ်ကိုလည်း အမြဲဆောင်း ထားပါတယ်။ ကျွန်မရဲ့ ဖက်ရှင်ကိုမြင်ပြီး အကိုကရယ်တာပါ။ ဒါနဲ့ ကျွန်မကလည်း မခံနိုင်ဖြစ်ပြီးးး အကို့ကို ရှင်းမပြတော့ဘဲ လက်တွေ့ပြဖို့ ဆုံးဖြတ်ပြီး အပြန်ကြ ကျွန်မကို အဆောင်ထိ လိုက်ပို့ပေးပါလို့ တောင်းဆိုလိုက်ပါတယ်။               Mr.Linn မှာ အားရပါးရ အများကြီး စားသောက်ပစ်မယ်လို့ ကြိမ်းထားပေမယ့် အကိုနဲ့ စကားတွေ အများကြီး ပြောပြီး အစားက သိပ်မဝင်တော့ပါဘူး။ အကိုက ကျွန်မကို အားကစားသမားအသွင် မရှိတော့ဘဲ ခပ်ပျော့ပျော့ပုံ ပေါက်လာပြီး ဘော်ဒီဝိတ်လည်း တက်လာလို့ အားကစားပြန်လုပ်ပါလို့ ဝေဖန်ပါတယ်။ သူရော ဘယ်လိုနေလဲလို့ ပြန်မေးပါတယ်။အကို့ဗိုက်မှာ မာဆယ်နည်းပြီး  နည်းနည်းဗိုက်ထွက်ချင်သလို ဖြစ်နေတာက လွဲရင် အရမ်းကို အရွယ်တင်နုပျိုပြီး စမတ်ကျတဲ့အကြောင်းပြောပြီး ကျွန်မက ချီးမွှမ်းခန်း ဖွင့်ပါတယ်(မုန့်ကြွေးထားလို့ပါ... ခ်ခ် )။ သူကလည်း ခုထိအားကစားကို ပုံမှန် လုပ်နေကြောင်းနဲ့ ဗိုက်ထွက်တာကတော့ အစားများနေလို့ ဖြစ်ကြောင်းပြောပါတယ်။ အရွယ်တင် နုပျိုနေတဲ့ လျို့ဝှက်ချက် ကတော့ အရက်နဲ့ ဆေးလိပ်ကို သတိထား ရှောင်ကျဉ်လို့ပါတဲ့။                ပြီးတော့ ကိုယ့်အကြောင်း၊ သူ့အကြောင်းးး မိဘတွေအကြောင်းးး ဆွေရေးမျိုးရေးတွေ အကြောင်းးး သူလုပ်ခဲ့တဲ့ စီးပွားရေး အကြောင်းးး စီးပွားရေးတွေကို ရပ်နားပြီး ပညာရေး အသိုင်းအဝိုင်းထဲ ခြေစုံပစ်ဝင်ခဲ့တဲ့ အကြောင်းးး စတာတွေကို စုံစုံလင်လင် ပြောဖြစ်ကြပါတယ်။  အဲ့ဒီနောက်တော့ အခုပူပူနွေးနွေး သမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လိုမြင်သလဲ လို့ အကိုက စပြီးအဖွင့်မေးခွန်းမေးပါတယ်။အဲ့ကစပြီး မြန်မာ့အရေး ကမ္ဘာ့အရေးတွေကို ကျွန်မတို့ မောင်နှမ အကြီးအကျယ် ဆွေးနွေး ငြင်းခုန်ကြပါတော့တယ်။ သဘောထားတိုက်ဆိုင်တာတွေ များပေမယ့် ကွဲလွဲတာတွေလည်း မနည်းလှ ပါဘူးးးး။ ဒါပေမယ့် နှစ်ယောက်လုံးက ကိုယ့်ထင်မြင်ချက် သပ်သပ်ကိုပဲ ပြောကြတာဖြစ်ပြီး တစ်ယောက်အမြင်ကို တစ်ယောက်က မပုတ်ခတ်ပါဘူးးးး။               ဘာပဲဖြစ်ဖြစ်ပါ.... ကိုယ့်စိတ်နဲ့၊အကျင့်စရိုက်နဲ့ မတူညီတဲ့ လူရိုင်းတွေကို အတန်းဖော်လုပ်... မချစ်သော်လည်း အောင့်ကာနမ်းနေရပြီးးး  စိတ်ရော လူရော မွမ်းကျပ်၊ ပင်ပန်းဆင်းရဲကာ အထီးကျန်နေတဲ့ ကျွန်မအတွက် ဘက်ညီတဲ့ စကားပြောဖော် တစ်ယောက်နဲ့ စကားပြောလိုက်ရတာ တကယ်ကို ဝမ်းသာပျှော်ရွှင်မိပါတယ်။ စိတ်ရော လူရော ဦးနှောက်တွေပါ လန်းဆန်းတက်ကြွ လာခဲ့ပါတယ်။                အကိုက ကျွန်မအဆောင်ကို ပြန်လိုက်ပို့ပါတယ်။ အီကိုကျောင်း ပေါက် ၂လမ်းထိပ်က Good Morning လက်ဘက်ရည်ဆိုင် မှာ  လက်ဘက်ရည် ပြန်တိုက်မယ်လို့ ပြောပြီး အကို့ကို ခေါ်လာပါတယ်။ ကျွန်မအကိုပီပီ သူကလည်း ရှိုးအပြည့်နဲ့ပါ။ အကိုက အရပ်မြင့်မြင့် ထောင်ထောင် မောင်းမောင်းနဲ့ ဖြူဖြူချောချောပါ။ ကာယဗလနဲ့ ကစ်ဘောက်ဆင် လိုက်စားတဲ့ အားကစားသမား ကျောင်းဆရာပါ။ လက်ဘက်ရည်ဆိုင် ထိုင်တော့ သူ့တစ်ကိုယ်လုံး ဖုံတပေပေနဲ့ မျက်လုံးတွေလည်း နီရဲနေပါပြီ။ ကျွန်မကလည်း "ညီမလေးရဲ့ ဖက်ရှင်မျိုး ဝတ်ပြီးမှ ဒီလိုခရီးမျိုးကို အသွားအပြန် ပြုပါလို့ "အနိုင်ပိုင်းပြီး ပြောထည့်လိုက် ပါတယ်။               ဆိုင်ထိုင်ရင်းနဲ့ အကိုက မေးပါတယ်။ သဲချောင်းကို သိလားတဲ့??? "ဟုတ်အကို။ တမြန်မနေ့ကပဲ သွားခဲ့သေးတယ်။" "ဘာာာ!!!!နင်က ဘာသွားလုပ်တာတုန်းးးအဲ့ဒီကို။" "မရောက်ဘူးလို့ သွားကြည့်တာပါအကိုရဲ့။ အဆောင်က သူငယ်ချင်းတွေ စုံတုန်းသွားကြည့်တာပါ။ ဘာလို့လဲ အကို။" " အဲ့မှာ ဘာတွေရှိလဲ???" "သဲသောင်တွေနဲ့ ရေစပ်စပ်လက်ကျန်လေးပဲရှိတာပဲ။ အဲ့ပတ်ဝန်းကျင်က ထန်းတောတွေကနေ ထန်းရေချို၊ အခါး ၊ အသုပ်မျိုးစုံ၊ ထမင်းဆီဆမ်းတွေရတယ်လေ။" "အတွဲတွေသွားကြတာမလားးးး??? " "အတွဲတွေလည်းရှိတာပေါ့။မိသားစုလိုက် လာကြတာတွေရော၊ ညီမလေးတို့လို သူငယ်ချင်းတွေနဲ့ လာတာတွေရော..... "             " ဘာတွေလုပ်ကြလဲ??? ထိုင်ပြီး မုန့်စားး ပြန်ကြရောလားးး " "အကိုကလည်းးးး ပြင်ဦးလွင် ကန်တော်ကြီးထဲ ညီမလေးတို့တွေ ပစ်ကနစ် ထွက်ကြသလိုပေါ့။ ကစားတဲ့သူတွေကစားး ကက်ဆက်ဖွင့်တဲ့ သူတွေဖွင့် ကိုယ့်အုပ်စုနဲ့ ကိုယ်ပေါ့။ နေပါအုံးးးး ဘာဖြစ်လို့ မေးနေတာလဲ???? " "အေးးဟာ.. ငါ့ညီမကို ပြောသင့်မသင့် စဉ်းစားနေတာ။ညီမလေး အသက် ဘယ်လောက် ရှိပြီလဲ??? ငါပြောသင့်မသင့် တွက်နေတာပါ။" "အသက်ဘယ်လောက် ဆိုတာထက် ညီမလေးက အပျိုစစ်စစ်မို့ ဆိုးဆိုးဝါးဝါးးးးကိစ္စတွေဆို မပြောဘဲနေတာ ကောင်းလိမ့်မယ်အကို။ အဟီးးးး "             "ဟဲ့.... ဘာကိစ္စပဲဖြစ်ဖြစ် ငါက နင့်ကို ထိန်းထိန်း သိမ်းသိမ်းပြောမှာပါဟ။ လက်လွှတ်စပယ် မပြောပါဘူးဟာ။ဒါနဲ့နေပါအုံးးးး ညီမလေးကို ၂၆လမ်း မီးပွိုင့်မှာ ကောင်လေးတစ်ယောက် နောက်က ဆိုင်ကယ်ပေါ်မှာ တွေ့လိုက်ပါတယ်။ အဲ့ကိစ္စအခု ရှင်းစမ်းပါအုံးးးး" အမငီးးးး လွန်ခဲ့တဲ့ နှစ်အတန်ကြာက တွေ့ခဲ့တာကို မနေ့တစ်နေ့က တွေ့ခဲ့သလို မှတ်ဥာဏ်ဂျီးနဲ့ ကျွန်မကို စတင် စစ်မေးပါတော့တယ်။                "ဟမ်... အဲ့ဒါတကယ်အကိုပေါ့။ ပြီးတော့ မြင်လိုက်တယ်ပေါ့။ ညလေးကလေ.... အကိုလို့ ထင်လိုက်လို့ မကြည့်ရဲလို့ သူ့နောက်ကွယ်နေလိုက်တာ အကိုမြင်မှန်း လည်းမသိဘူးးးး တကယ်အကိုပေါ့နော် ဟီးဟီးးးး" "ငါ့ညီမလေးလည်း ကျောင်းပြီးဘွဲ့ရနေပြီ။ မိုက်မယ့်သူလည်း မဟုတ်ပါဘူး ဆိုပြီးးး သနားလို့ လွှတ်ပေးလိုက်တာ နင်က ငါ့ကိုများ မမြင်ဘူးထင်နေတယ် ဟုတ်လားးးး???" "အာ့က သူငယ်ချင်းပါအကို။ အဝေးက လာလည်တဲ့သူမို့ ညီမ ဆိုင်ကယ်ပေး မောင်းခိုင်းရတာပါ။ လုံးဝရိုးရိုးသားသားပါ အကို။ ရည်းစားက ခုမှ ထားတာပါ..ခိခိ။ "              အကို့ပြဿနာကတော့....  ကျောင်းကိုစရောက်ရောက်ခြင်း ပါချုပ်က အကို့ကို ကိုင်တွယ်ဖြေရှင်းဖို့ ပြဿနာတစ်ရပ်ကို အပ်နှံပါတယ်တဲ့။ လည်လည်ဝယ်ဝယ်ရှိပြီး စစ်ဘက် ရဲဘက် အရပ်ဘက်တွေနဲ့ ပတ်သတ်နိုင်စွမ်းရှိတဲ့ အသိုင်းအဝိုင်းကလာတဲ့အပြင် ရှားရှားပါးပါး ယောက်ျားလေး ဆရာမို့လို့ပါတဲ့။ ပြဿနာက ဘာလဲဆိုတော့ သဲချောင်းမှာ ဖြစ်ချင်တိုင်းဖြစ် သောင်းကျန်းချင်သလို သောင်းကျန်းနေတဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသား အတွဲတွေရဲ့ ပြဿနာပါ။ ဗွီဒီယို အကျအန ရိုက်ထားပြီးးး တက္ကသိုလ်ကျောင်းသူကျောင်းသားများရဲ့ မဆင်မခြင် နေထိုင်မှုကို ဆုံးမအရေးယူ ပေးပါရန် ပါချုပ်ဆီ တရားဝင်တိုင်ကြား ထားခြင်းပါ။ အဲ့ပြဿနာကို ဖြေရှင်းကိုင်တွယ်ဖို့ အကို့လက်ကို လွှဲအပ်တာပါတဲ့။               "အဲ့ပြဿနာတွေက အကိုတို့ မိန်းမှာတင်မကဘူးးးး ညီမလေးတို့ အီကိုကျောင်း အပါအဝင် တစ်နိုင်ငံလုံးမှာ ဖြစ်နေတာပါ အကို။ ဖြေရှင်းသင့်တဲ့ ပြဿနာဆိုပေမယ့် ဖြေရှင်းစရာ စည်းကမ်းဥပဒေ တိတိကျကျ မရှိဘူးးးး သူတို့ချင်း ကျေနပ်လို့ ဖြစ်ကြတာ ဆိုတော့လေ..။ မိန်းကလေးက မကျေနပ်လို့ တိုင်တော့မှသာ အရေးယူလို့ ရတာကိုးးး။ ကိုရီးယားတက္ကသိုလ်တွေမှာတော့ ပထမနှစ် စတက်တဲ့ ဖရက်ရှာတွေကို နှုတ်ဆက်စကားပြောပုံ၊ ခါးညွှတ်အလေး ပြုပုံ၊ပညာတတ်ဆန်တဲ့ စကားပြောပုံ ပြောနည်းတွေ၊ စားသောက်နေထိုင်ပုံတွေ၊ စင်ပေါ်တက်ပြီး ကိုယ့်အကြောင်း မိတ်ဆက်ရင်းနဲ့ ကိုယ့်အရည်အချင်းတွေပါ ထုတ်ဖော် ပြောကြားပြီး အတန်းခေါင်းဆောင် အရွေးခံရဖို့ မဲဆွယ်ဟောပြောရတာတွေထိ အသေးစိတ်သင်ကြားပေးပြီး သေချာလေ့ကျင့်ပေးတယ်လို့ ကြားဖူးတာပဲ။"                           "ဒီတော့ ဒီကတက္ကသိုလ်တွေ မှာလည်း ကျောင်းသူကျောင်းသားတွေရဲ့ အပြုအမူ၊အတွေးအခေါ်၊အနေအထိုင်တွေ၊ ကိုယ်ကျင့်တရားတွေကို တိုးတက်စေမယ့် ဟောပြောပွဲတွေ၊ တရားပွဲဆန်ဆန်တွေကို နာမည်ကြီး ဆရာတော်တွေ၊ စာရေးဆရာတွေ ဖိတ်ပြီး ပျင်းစရာ မကောင်းအောင် အချိန်များများ မယူဘဲ လိုရင်းလေးတွေကို  ဟောပြော ဆွေးနွေး ဆုံးမခိုင်းသင့်တယ် ထင်ပါတယ်အကို။ အထူးသဖြင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာအောင်၊ စိတ်နေစရိုက် မြင့်လာအောင်နဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသား တစ်ယောက်ဟာ ဘယ်လို အရည်အသွေးတွေ အခြေခံအားဖြင့် ရှိသင့်သလဲ??? ဘယ်လို ပြောဆိုပြုမူ နေထိုင်သင့် သလဲ??? ဆိုတာတွေကို မကြာခဏ သတိပေး ဆုံးမဖို့ လိုတယ်အကို။ ဒီလိုပြောရရင် တက္ကသိုလ် ဆရာမတွေ ထဲမှာကို ပြန်ပြီးထရိန်နင်ပေးသင့်တဲ့ လူတွေက အများသားပဲ။ အမယ်ဘုတ်ရဲ့ သူ့ချည်ခင်ပါပဲ အကိုရယ် ဟားဟားးးး"                           " အင်းးးဘာပြောရမလဲ.....ဆိုတော့။ ငါ့ညီမရယ်...နားနဲ့မနာ ဖဝါးနဲ့သာ နာလိုက်ပါတော့... အဲ့ဗွီဒီယိုခွေက ရိုးရိုးမဟုတ်ဘူးးးးး သဲချောင်းဘေး ထန်းတောထဲက တဲတစ်တဲမှာ အတွဲ၂တွဲက အခန်းတစ်ခန်းထဲမှာ အတူတူ ထင်တိုင်းကြဲပြီး ဖြစ်ကြတယ်။ ပြီးတော့ လူချင်းလဲပြီး တစ်ခါထပ်ဖြစ် ကြပြန်တယ်။ ကလေးတွေက ငယ်ငယ် လေးတွေ ရှိသေးတာဟ။ အဲ့ဒီတိုင်ကြားချက် ပြဿနာဂျီးကို ဘယ်လိုရှင်းရမှန်း မသိတဲ့အပြင် ဘယ်လိုပြောရမှန်းကို မသိဘူးးးး ပက်စက်ချက်ကတော့ ငါတို့က မိဘတွေကိုတောင် ခေါ်မပြောရက်၊ မတိုင်ရက် လောက်အောင်ပါပဲကွာ။"  "ရှင်!!!!!!"                ကျွန်မနေတဲ့ အဆောင်ခြံဝန်းက ပေ၃၀၀ ပတ်လည်ပါ။ ညဘက် မှောင်မှောင်မှာ လူတစ်ယောက်က အဆောင်တံခါးကနေ ကျော်တက်ဖို့ လုပ်ပါတယ်။ အဆောင်သူတွေလည်း ပြေးကြ အော်ကြပေါ့။ အဆောင်မှူး လင်မယားနဲ့ ကျောင်းသူတစ်ချို့ ဓါတ်မီးကြီးတွေနဲ့ ခြံပြင်လိုက်ရှာကြပေမယ့် မတွေ့ပါဘူး။ ခဏနေပြန်တော့ ဒီလိုပဲ ရုတ်ရုတ်သဲသဲ ထပ်ဖြစ်ပြန်ပါတယ်။ အခန်းတံခါးလော့ချပြီး စာကျက်နေရာက မထတဲ့ ကျွန်မလည်း တော်တော် စိတ်အနှောင့်ယှက် ဖြစ်လာပါတယ်။              "ဒီကောင်က သူခိုးလည်း မဟုတ်ဘူးးးး မိန်းကလေးဆောင်ကို သက်သက်မဲ့ လက်ရဲဇက်ရဲ နှာဘူးလာလုပ်တာပဲ။ ဒီလိုလုပ်လို့ ရမှန်းသိရင် နောက်နောင်ပိုပိုပြီး အတင့်ရဲ လာတော့မှာ။ ငါအပါအဝင် အဆောင်သူ အားလုံးရဲ့ လုံခြုံရေး ပျက်လိမ့်မယ်……ဒီတော့ ကိုယ်တော်တိုင် ထွက်နှိမ်နင်းမှ ဖြစ်တော့မယ်" လို့တွေးမိခဲ့ပါတယ်။ ဒါနဲ့ အဆောင်မှူး ဦးဇော်ကြီးဆီ သွားပြီး ဘတ်ဂွတစ်လက်တောင်းပါတယ်။ သူကလည်း ဝမ်းသာအားရနဲ့ လောက်စာလုံးတွေပါ အများကြီး ပေးလွှတ်လိုက်ပါတယ်။             ကျွန်မလည်း ခြံဝက ဧည့်ဆောင်မီး တွေကို ပိတ်ပစ်ပြီး အမှောင်ချလိုက်ပါတယ်။ ခြံဝက သံပန်းတံခါးအောက်ခြေကို ပြေးကပ် လိုက်ပါတယ်။ စက္ကန့်အနည်းငယ်လောက် မျက်စိမှိတ် နေပြီးမှ ခြံပြင်ကို ချောင်းကြည့်ရင်း မျက်စိကစားတော့ ခြံဝနဲ့ ခပ်လှမ်းလှမ်းက ကျောက်လမ်းမ အစပ်မှာ ဆိုင်ကယ်တစ်စီး ရပ်ထားတာ တွေ့ရပါတယ်။ " ဒီဆိုင်ကယ်က ဟိုသကောင့်သားရဲ့ ဆိုင်ကယ်ပဲ ဖြစ်ရမယ်။ ဒါဆိုရင် ဒီကောင်ရှိနေသေးတယ်။ ဘယ်မှာ ပုန်းနေလဲလို့ " စဉ်းစားရင်း စောင့်နေလိုက် ပါတယ်။ ၅မိနစ်လောက် ခြင်ကိုက်ခံပြီးတဲ့ အချိန်မှာပဲ အဆောင်ရှေ့ ချောင်းချောက် ထဲကနေ သကောင့်သား ထွက်လာပြီး ဟိုဟိုဒီဒီ ကြည့်ပါတယ်။ ပြီးတော့ အဆောင်သံပန်းတံခါးပေါ် တွယ်တက်ပြီးးး ရွှတ်ရွှတ်ရှက်ရှက် အသံတွေပေးပြီး အဆောင်သူတွေကို ခေါ်ပါတယ်။ သံပန်းတံခါးအောက်ခြေမှာ ကပ်နေတဲ့ ကျွန်မကို မမြင်ပါဘူး။တစ်ယောက်မှလည်း မရှိကြတော့သလို မီးတွေပါပိတ်ထားတော့ မီးလင်းနေသေးတဲ့ အရှေ့ဘက်ပေါက်ကို ထွက်သွားပါတယ်။             ကျွန်မလည်း ဆယ်စက္ကန့့် ပြည့်အောင် ကိုယ့်ဘာသာ တိုင်ပင်ရေတွက် နေလိုက်ပါတယ်။ တိုင်ပင်ပြည့်တော့ ထပြီး သံပန်းတံခါးအပြင်ကို လက်နှစ်ဘက် ထုတ်ပြီးးးး ဆိုင်ကယ်ရှေ့မီးခွက်ဆီ သေချာချိန်ပြီး လောက်စာလုံး ပစ်လွှတ်လိုက်ပါတယ်။ ခွမ်းခနဲအသံတစ်ခုက တိတ်ဆိတ်တဲ့ ညအမှောင်ကို ဖောက်ပြီးထွက်လာပါတယ်။ နောက်တစ်လုံး ဘယ်နားထိထိ ဆိုပြီး ခပ်မြန်မြန် ထပ်လွှတ်လိုက်တော့ ဗျောင်

ဒီအပိုင်း၁၉ဟာ သိပ်ပြီးအစပ်ဆက် မရှိတဲ့ အကြောင်းအရာတွေကို ရေးထားတာပါ။တက္ကသိုလ်တက်မယ့် ညီမငယ်၊မောင်ငယ်တွေနဲ့ သမီးမိန်းကလေး မွေးထားတဲ့ မိဘတွေကို သားသမီးယုံ စုံလုံးကန်းရာကနေ အသေးအမွှားမို့ သတိမပြုလိုက်တဲ့ အမှိုက်ကနေ ပြဿသ်မီးလောင်တတ်တာကို သတိပြုမိစေဖို့ပါ။ဒါ့ကြောင့် ပညာရေးအသိုင်းအဝိုင်းနဲ့ တက္ကသိုလ်ဝန်းကျင်က မချိုမြိန်တဲ့ အမှန်တရားတချို့ ကို ရေးထားပါတယ်။

"သမီးမိန်းကလေး မွေးထားတဲ့ မိဘတွေဟာ တာဝန်အလွန်ကြီးပါတယ်။ ကိုယ့်သမီးလေးကို သူများတကာ အကဲ့ရဲ့ မခံရအောင် သွန်သင်ဆုံးမရသလို အဖက်ဖက်ကနေ နစ်နာမှုမရှိအောင်လည်း ကာကွယ်ထိန်းသိမ်းဖို့ လိုပါတယ်။ မိဘလက်လှမ်းမမှီရာ ရောက်နေတဲ့ ကာလတွေအတွက် သူ့ကိုယ်သူ စောင့်ရှောက်ကာကွယ်တတ်အောင် သင်ကြားမှု၊လေ့ကျင့်ပေးမှုတွေ လုပ်ဖို့လည်း လိုအပ်ပါတယ်..... "ဆိုတဲ့..မိဘတွေရဲ့ ဒီလိုတွေးခေါ်ယူဆမှုတွေ အောက်မှာကျွန်မ ဟာ ငယ်ငယ်ကတည်းက ခုထိ စည်းကမ်း တင်းကျပ်မှုတွေနဲ့ နေထိုင်ခဲ့ရပါတယ်။ ကျွန်မကလည်း ဒီလိုနေထိုင်ခဲ့ရမှုတွေ အတွက် ဘယ်တုန်းကမှ မကျေနပ်ခဲ့သလို အနုနည်းနဲ့ ဘယ်လိုအာခံရမလဲလို့ အမြဲစဉ်းစားနေခဲ့သူပါ။

ကျွန်မအထက်တန်းကျောင်းသူ ဖြစ်လာတော့ အဒေါ်ဆရာမ ရှာလာပေးတဲ့ Study Guide ဆေးကျောင်းသားကို ပြန်လွှတ်ပြီးးး အမျိုးသမီးGuide ပဲ ရှာခေါ်ခဲ့ရမယ်ဆိုတဲ့ ဖေဖေ့ရဲ့ တစ်ချက်လွှတ် အမိန့်တွေ……၊ အင်္ဂလိပ်စာကျူရှင် ဆရာက မမှီလိုက်တဲ့ စာတွေကို တစ်ယောက်ထဲ သီးသန့် သင်ပေးမယ် ဆိုတော့ ဖေဖေမအားတော့ လိုက်စောင့်မပေးနိုင်လို့ မသင်ရဘူးးးဆိုတဲ့ တားမြစ်ချက်တွေ.... စသဖြင့် ...။ဒါတွေကို ကျွန်မအရမ်းစိတ်ညစ်ခဲ့ရပါတယ်။

သိပ္ပံဘာသာရပ်ထဲက မန္တလေးမြို့ရဲ့ နာမည်ကြီး ကျူရှင်ဆရာ(ယခုလည်း ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်ပြီး အကြီးအကျယ်အောင်မြင်နေသူ ) ကျွန်မကို စာသင်တိုင်း စတိတ်ပေါ်ကနေ မျက်လုံးကြီး ပြူးပြူးပြပြီး စိုက်ကြည့်လိုက်၊ "ငါ့ကိုဘာလို့ ကြည့်နေတာလဲ?.??? စာက ငါ့မျက်နှာမှာ မရှိဘူးးး ဘလက်ဘုတ်ပေါ်မှာပဲ ရှိတယ်"လို့ အော်ဆူလိုက်၊ သူ့မျက်နှာမကြည့်ရဲတော့လို့ ဘလက်ဘုတ်ပဲကြည့်တော့ စာကိုစိတ်မဝင်စားဘူးးးဆိုပြီး အော်လိုက်နဲ့ နေ့တိုင်းလိုလို လုပ်ပါတယ်။ဆယ်ကျော်သက်အရွယ် ကျွန်မအတွက် သူ့ရဲ့ လုပ်ရပ်ဟာ စိတ်အနှောင့်အယှက် အကြီးအကျယ် ဖြစ်ရပါတယ်။ ဝမ်းပန်းတနည်းလည်း ခံစားရပါတယ်။

မကြာခဏ ကျွန်မဘေးကို လာပြီး လက်မောင်းလေးဖက် စကားပြောလိုက် လက်ဖမိုးလေးကို ဖွဖွလေး ဆွဲစိတ်ရင်း စာမေးလိုက် ပါးလေးဆွဲလိမ်လိုက် တွေလည်း လုပ်ပါတယ်။ ဖေဖေ့သမီး ကျွန်မကလည်း နည်းနည်းမှမခံဘဲ ဆရာ့လက်တွေကို ရိုက်ချပြီး ရှုတင်းတင်း ပြန်ကြည့် တတ်ပါတယ်။အဲ့ကြတော့ သူကလည်း ကျွန်မလက်မောင်းတွေ ပါးတွေကို လက်ရာတွေထင်တဲ့ထိ နာအောင် ဆွဲဖဲ့သွားပါတယ်။ ကျွန်မသူငယ်ချင်းက "နေနေ... နင်တော့ငရဲကြီးတော့မှာပဲ ကိုယ့်ဆရာက ချစ်လို့စတာကို အဲ့လိုကြီးပြန်လုပ်နေတာ အံ့ရော။"ကျွန်မလည်း စာမေးပွဲပဲ အကျခံမယ် နှာဘူးတော့ မခံနိုင်တော့ဘူးးးးလို့ ပြောပြီး ကျူရှင်ထွက်ခဲ့ပါတယ်။ အဲ့ဒီဆရာကလည်း သူ့ကျောင်းအကူ တပည့်မတွေ လွှတ်ပြီး အတင်းပြန်ခေါ်တာ နှစ်ခါတောင်ပါပဲ။

အကြောင်းမသိတဲ့ မိဘတွေက အတင်းပြန်တက်ခိုင်းတော့ ကျွန်မလည်း အဲ့ဒီဆရာက အဲ့လိုလုပ်လို့ မတက်တော့တာပါလို့ ပြောပြလိုက်ပါတယ်။ ဒုတိယအကြိမ်လာခေါ်တော့ မေမေက ဆရာရဲ့ သမီးအပေါ် ပြုမူပြောဆို ဆက်ဆံပုံတွေကို မကြိုက်လို့ မတက်ခိုင်းတော့တာပါ၊နောက်ထပ်လည်း လာမခေါ်ပါနဲ့ဆိုပြီးးးး ဒဲ့ရှင်းလွှတ်လိုက် ပါတယ်။ ကျွန်မရဲ့ သူငယ်ချင်းအချို့ကရော နီးစပ်ရာတွေ ကရော ကျွန်မနှင့် မိဘတွေကို အကဲပိုတဲ့ စန်းစန်းတင့်တွေလို့ သတ်မှတ်ကြပါတယ်။ ဝန်မခံချင်ပေမယ့် ဟုတ်တော့လည်း ဟုတ်နေပါတယ်။

တက္ကသိုလ်ရောက်တော့ ကျွန်မနဲ့ ခင်တဲ့ သူငယ်ချင်းတစ်ယောက်က ရင်ဖွင့်ပါတယ်။ သူမကို သူမရဲ့ ကျူရှင်ဆရာ အိမ်ထောင်သည်က စာသင်ပြီးတိုင်း တစ်ယောက်ထဲ ခေါ်ထားခဲ့ပြီးးးး မဖွယ်မရာတွေ လုပ်တာနေ့တိုင်းခံခဲ့ရလို့ စာမေးပွဲကို အောင်ရုံလေး အောင်ခဲ့ရတယ်လို့ ရင်ဖွင့်ပါတယ်။ ဘုရားဘုရားးးး သူပြောခါမှ ကျွန်မမှာ ဆံပင်တွေထောင်ပြီးးးး ကြက်သီးတွေ ထလိုက်တာ.... "ဖြစ်မှဖြစ်ရလေဟယ်... နင်က အိမ်ကိုပြန် မတိုင်ဘူးလားးးး"ဆိုတော့ သိတဲ့အတိုင်းပဲ မိန်ကလေးငယ်ငယ် ထုံးစံအတိုင်း ဆရာကိုကြောက်တာရော ရှက်လွန်းလို့ ဘယ်သူ့မှ မပြောရဲတာရော စုံနေတာပါပဲ။အပျိုရည်ပျက်တဲ့ထိ လုပ်တာလားးးး ဆိုတဲ့မေးခွန်းကိုတော့ အားနာလို့ မမေးဖြစ်ခဲ့ပါဘူး။ဒီတော့မှ ကျွန်မလည်း စဉ်းစားမိပါတယ်.... ဘယ်သူတွေဘယ်လို ပြောပြော ငါဆုံးဖြတ်ခဲ့တာတွေနဲ့ ငါ့မိဘတွေ ဆတ်ဆတ်ထိ မခံခဲ့တာတွေအတွက် နောင်တမရတော့ဘူးးးး ဆိုတာပါပဲ။

မဟာတန်းပြန်တက်တော့မှ အဆောင်ဆိုတာကို စပြီးနေဖူးပါတယ်။ပတ်ဝန်းကျင်ဟာ အတော်လေး လွတ်လပ်လာသလို သမီးရည်းစား ပြဿနာတွေလည်း အတော် တွေ့လာရပါတယ်။ ကျောင်းဝန်းကျင်မှာ ကျောင်းသူ ကျောင်းသားချင်း ရည်းစားဖြစ်တာ ရှိသလို အရပ်သားတွေ၊ စစ်သားတွေနဲ့ ဖြစ်ကြတာ တွေလည်း ရှိပါတယ်။ ကျောင်းသားတွေက အင်အားကောင်းရင် လူပျိုလှည့်လာတဲ့ ဗိုလ်တွေကို ဝိုင်းရိုက်ပါတယ်။ ဗိုလ်တွေက တတ်နိုင်သမျှသည်းခံပါတယ်....အကောင်းသည်းခံတာတော့ ဟုတ်ပါဘူးးးးး(ပြဿနာတက်ရင် အပွင့်ပြုတ်မှာ စိုးလို့ )။ သည်းမခံလို့ ပြန်တီးရင်လည်း ပွဲကြီးပွဲကောင်းတွေ ချည်းပါပဲ။

အဲ့ဒီမှာ သတိပေးချင်တာက အရပ်သားထဲကလည်း မနူးမနပ်အရွယ် ကျောင်းသူလေးတွေကို ရည်းစားထားပြီး အတူတူနေဖို့ စည်းရုံးကြတာတွေ ရှိပါတယ်။ မိန်းကလေးအများစုကလည်း မြန်မာဗွီဒီယို ဇာတ်လမ်းတွေ ကြည့်ပြီးးး တက္ကသိုလ်ရောက်ရင် ကျောင်းလစ်ပြီး ရည်းစားနဲ့ ချိန်းတွေ့ရမယ်.... စသဖြင့် ထင်မှတ်စိတ်ကူးယဉ်နေကြပါတယ်။ ညနေ ကျောင်းဆင်းချိန်တိုင်း စာအုပ်ဆိုင်မှာ ကျောင်းသူ ကျောင်းသားတွေ တရုန်းရုန်းနဲ့ အလုအယက် ငှားဖတ်ကြတာက လစဉ်ထုတ် အချစ်ဝတ္ထုတွေပါ။

စကားမစပ် ပြောရအုံးမယ် နာမည်ကြီး စာရေးဆြာမကြီးးးး ဗုဒ္ဓဟူးနံ+စနေနံ နှစ်ထပ်ကွမ်း (ဆေးတက္ကသိုလ်) ရေးတဲ့ စာအုပ်တစ်အုပ်ကို ကျွန်မ ဖတ်လိုက်တော့.... ဘုရားဘုရားးး လို့ပဲ တမိပါတော့တယ်။ ဇာတ်လမ်းထဲက ထစ်ချုန်းဆိုတဲ့ မင်းသားက မြနှင်းဘုံ ဆိုတဲ့ မင်းသမီးအိမ်ဘက်ကို ပိုင်နက်ကျူးလွန်၊မင်းမဲ့တိုင်းပြည်မှာ သူတလူငါတမင်း ထင်သလိုနေထိုင်ကြတဲ့ သောက်ချိုးနဲ့ ကျူးကျော်ရန်စ ပြဿနာတွေရှာ နောက်ဆုံးးး မင်းသမီး အခန်းထဲ ညဘက်ကြီး ခိုးဝင်သွားပြီးးးး မင်းသမီးကို အရယူ။ ပြီးတော့ မင်းသမီးကို တန်ဖိုးမထားးး မင်းသမီးကလည်း မင်းသားကို တစ်စက်ကလေးမှ မချစ် မနှစ်သက်.... သုံးစားလို့မရတဲ့ မာနတွေ ခေါင်ခိုက်ပြ.... ဘုရားဘုရားးး သူ့သမီးကို သူရေးထားတဲ့ ဝတ္ထုတွေဖတ်ပြီး ကြီးလာစေချင် လိုက်တာလို့ တွေးမိလိုက်သလို ဒီလိုဇာတ်လမ်းတွေ ရေးပြီးလည်း ဒီနိုင်ငံမှာ ဂုဏ်သရေရှိ လူရိုသေ ရှင်ရိုသေ အောင်မြင်တဲ့ စာရေးဆြာမကြီး ဖြစ်တယ်တော့ လို့ တွေးတုန်းရှိသေးတယ်.... "အမ ဖတ်နေတဲ့ အဲ့ဝတ္ထုက အဟောင်းကြီးးး ဗွီဒီယိုတောင် ဒွေးနဲ့ ရိုက်ပြီးပြီ။ တအားအောင်မြင်လို့ ဒုတိယပိုင်းပါ ဆက်ရိုက်ရတယ်သိလားးး ခုဆို ဒွေးသေတာတောင် ကြာပေါ့ ခ်ခ်။""တိန်.... ဒို့နိုင်ငံကြီးတော့ ကမ္ဘ္ဘာ့အဆင့် မှီအုံးမှာပဲ မဟုတ်တဲ့ နေရာတွေမှာ...."

ရှေ့အပိုဒ်ကို ဆက်ရေးပါအုံးမယ်။ မိန်းကလေးတွေက ကျောင်းပြီးရင် လက်ထပ်ပါ့မယ်ဆိုတဲ့ ချစ်သူရဲ့ ကတိကဝတ်ကို ယုံစားပြီး ပုံအပ်ပါတယ်။ ပြီးတော့ အရပ်သားယောက်ျားလေး ဘက်က ငွေနဲ့ပေါက်ပြီး ရှင်းသွားကြပါတယ်။ စစ်ဘက်အရာရှိတွေ ထဲကလည်း သူတို့ ရာထူးအရှိန်အဝါ ငယ်ဂုဏ်တွေနဲ့ ကျောင်းသူတွေကို အတည်မဟုတ်ဘဲ အတူနေပြီး အပျော်ကြံသွားကြ သူတွေ မနည်းမနောရှိပါတယ်။ ဒီတော့ ကျောင်းပတ်ဝန်းကျင်မှာ စစ်ဘက်နဲ့ ရည်းစားဖြစ်နေတဲ့ မိန်းကလေးကို ဗိုလ်ကတော်လို့ ရွဲ့ပြီးခေါ်ကြပါတယ်။ အရပ်သားနဲ့ ကျောင်းသားကလည်း စစ်ဗိုလ်တွေကို အကောင်းမမြင်သလို သူတို့ကိုယ်တိုင်ကရော ကောင်းလားဆိုတော့ လည်း မကောင်းကြတာ များပါတယ်(ခြွင်းချက်။ ။ လူကောင်းသူကောင်း ယောက်ျားကောင်းများ မပါပါ။:-) )။

ဒီတော့ လိုရင်းကို ပြောချင်တာကတော့ စစ်ဘက်ရော အရပ်ဘက်မှာပါ နှမသားချင်း စာနာတတ်တဲ့ ယောက်ျားတွေ နည်းပါးတယ် ဆိုတာပါပဲ။ အဲ့ဒီမြှီးကောင်ပေါက်အရွယ် မိန်းကလေး အများစုက အရည်အသွေးမရှိ အဆင့်မရှိ၊အတွေးအခေါ်မပါတဲ့ ဝတ္ထုတွေဖတ် ဗွီဒီယိုတွေကြည့်ပြီးးးး ယောက်ျားတွေအပေါ် အလွယ်တကူယုံစားပြီး ရည်းစားထား နေကြတာတွေ။ အဲ့ဒီဗွီဒီယိုတွေ၊ဝတ္ထုတွေဖတ်ပြီးးး ယောက်ျားလေး အများစုကလည်း မိန်းကလေးတွေအပေါ် တာဝန်ယူလိုစိတ်မရှိဘဲ "အတဲ့သူခံပေါ့"ဆိုတဲ့ အချိုးတွေ၊ ရုပ်ရှင်ထဲကဇာတ်လိုက်လို အဆံမပါတဲ့ လေကြီးလေကျယ်တွေကို ပြောပြီးးး ကွမ်းတပစ်ပစ် အရက်နံ့တသင်းသင်းနဲ့ အချိုးတွေ... ။ မြန်မာမိဘ အများစုကလည်း "ယောက်ျားလေးပဲ ဒေါင်ကျကျ ပြားကျကျ"ဆိုတဲ့ အပြောနဲ့အညီ အနှစ်ပါတဲ့ ဆိုဆုံးမမှု မပေးဘဲ သားယောက်ျားလေးတွေကို ပျော်သလိုနေခိုင်းကြတာတွေ များနေပါတယ်။

ငါတို့သားက ဘယ်လိုထူးချွန်ရမယ်၊ ဘယ်လို အားကိုးနိုင်ရမယ်၊ သူ့ကိုဘယ်လို ပြုစုပျိုးထောင်ပြီး မြေတောင်မြှောက် ပေးရမယ် ဆိုတဲ့ မိဘမျိုးတွေ တော်တော်နည်းနေပါတယ်။ကျွန်မဒီနေ့အချိန်ထိ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေတတ်ခဲ့တယ်လို့ ထင်မိပေမယ့် တကယ်တော့ မိဘက အထိန်းကောင်း လို့သာဆိုတာ ငြင်းမရတဲ့ အမှန်တရားပါပဲ။ မိဘတွေက သားသမီးကို မဟုတ်တဲ့ပြိုင်ဆိုင်မှုတွေမှာ မြှောက်မပေးဘဲ ဆုံးမသွန်သင်မှု လမ်းညွှန်မှုကောင်းတွေ ပေးဖို့လိုအပ်သလို ကိုယ်တိုင်လည်း သားသမီးက အထင်ကြီး လေးစားခံရတဲ့ အရည်အချင်းနဲ့ ကိုယ်ကျင့်သီလ အတန်အသင့် ဖြည့်ဆည်းထားကြဖို့လည်း မမေ့သင့်ဘူး ထင်ပါတယ်။

ပြီးတော့ ကျောင်းသူတွေ... အိမ်မှာဝိုင်းကူလုပ်ဖူးရဲ့လား မသိပါဘူးးးထမင်းဟင်းလည်းမချက်တတ်၊ အမှိုက်လည်း စနစ်တကျ မစွန့်တတ်၊ အဝတ်လည်းဒိုဘီအပ်ကြတယ်။ စာကြိုးစားနေရလို့လားဆိုတော့လည်း ဝေးပါသေးတယ်။ အိမ်အလုပ် ဝါသနာ မပါလို့ စီးပွားရေး ရောင်းရေးဝယ်တာဘက် အာရုံရှိသလားဆိုတော့လဲ မရှိ။အိမ်မှာနေရင်း ဘာတွေလုပ်ပြီးအချိန်တွေ ကုန်သလဲဆိုတာ မစဉ်းစားတတ်အောင်ပါပဲ။

တက္ကသိုလ်ကျောင်းသူ အသိုင်းအဝိုင်းမှာ သမီးရည်းစားချင်း လွန်ကျူးပြီးမှ မယူကြတာတွေ၊ ကိုယ်ဝန်ဖျက်ချကြတာတွေ စတဲ့ပြဿနာတွေဟာ သိပ်ပြီးမများ လှပေမယ့် နည်းတဲ့ပြဿနာတော့ မဟုတ်ပါဘူးးး။ ကျွန်မအဆောင်နေတဲ့ သုံနှစ်နီးပါး သက်တမ်းမှာ ကျွန်မအဆောင် တစ်ခုတည်းမှာတင် ကိုယ်ဝန်ရှိတဲ့ ကျောင်းသူသုံးယောက် တွေ့ဖူးပါတယ်။တစ်ယောက်ကို သူ့ရည်းစား ကျောင်းနေဖက် ကောင်လေးက တာဝန်ယူပြီး ကောင်းကောင်းမွန်မွန် လက်ထပ်သွားပါတယ်။ နောက်နှစ်ယောက်ကိုတော့ ကောင်လေးတွေက လုံးဝငြင်းဆန်ပြီး ရှောင်သွားပါတယ်။ ရှောင်သွားတဲ့ နှစ်ယောက်မှာ တစ်ယောက်က လေတပ်က အရာရှိပေါက်စပါ။ တစ်ယောက်က အရပ်သား အင်ဂျင်နီယာပါ။

တစ်ရက်မှာတော့ ကျွန်မရဲ့ အကိုဝမ်းကွဲက ကယားပြည်နယ် တက္ကသိုလ်ကနေ မိတ္ထီလာတက္ကသိုလ်မိန်း ကို ရွှေ့လာပါတယ်။ ဒီတော့ကျွန်မကလည်း ညီမတို့ ဝတ္တရားရှိတဲ့အတိုင်း မုန့်ကျွေးခိုင်း ရပါတယ်။အကိုက ကျွန်မရှိရာ မြို့ပြင်က စက်မှုဇုံကို လာမယ်ပြောပါတယ်။ ကျွန်မကလည်း မလာနဲ့လို့ တားရပါတယ်။ စားစရာ ဘာဆိုင်မှ ကောင်းကောင်း မရှိလို့ပါ။ မြို့ထဲက Mr.Linn မှာပဲစားမယ်လို့ တောင်းဆိုလိုက်ပါတယ်။ ကျွန်မကိုမြင်တော့ အကိုက တဟားဟားးနဲ့ ရယ်ပါတော့တယ်။ ဆိုင်ကယ်စီးရ လွန်းတော့ လက်ဖဝါးမှာ အသားမာ သေးသေးလေးတွေ ဖြစ်လာလို့ ကျွန်မက ဆိုင်ကယ်စီးတိုင်း လက်အိတ်တွေ ဝတ်ဆင်ထားပါတယ်။ နေပူလေပူဒဏ်ကြောင့် မျက်နှာမှာ အမည်းစက် နည်းနည်း တွေ့လာရတော့ ဆိုင်ကယ်စီးတိုင်း မျက်နှာဖုံးစည်းထား ပါတယ်။ နေကာမျက်မှန်တပ်ပြီး ဆိုင်ကယ်စီးဦးထုပ်ကိုလည်း အမြဲဆောင်း ထားပါတယ်။ ကျွန်မရဲ့ ဖက်ရှင်ကိုမြင်ပြီး အကိုကရယ်တာပါ။ ဒါနဲ့ ကျွန်မကလည်း မခံနိုင်ဖြစ်ပြီးးး အကို့ကို ရှင်းမပြတော့ဘဲ လက်တွေ့ပြဖို့ ဆုံးဖြတ်ပြီး အပြန်ကြ ကျွန်မကို အဆောင်ထိ လိုက်ပို့ပေးပါလို့ တောင်းဆိုလိုက်ပါတယ်။

Mr.Linn မှာ အားရပါးရ အများကြီး စားသောက်ပစ်မယ်လို့ ကြိမ်းထားပေမယ့် အကိုနဲ့ စကားတွေ အများကြီး ပြောပြီး အစားက သိပ်မဝင်တော့ပါဘူး။ အကိုက ကျွန်မကို အားကစားသမားအသွင် မရှိတော့ဘဲ ခပ်ပျော့ပျော့ပုံ ပေါက်လာပြီး ဘော်ဒီဝိတ်လည်း တက်လာလို့ အားကစားပြန်လုပ်ပါလို့ ဝေဖန်ပါတယ်။ သူရော ဘယ်လိုနေလဲလို့ ပြန်မေးပါတယ်။အကို့ဗိုက်မှာ မာဆယ်နည်းပြီး နည်းနည်းဗိုက်ထွက်ချင်သလို ဖြစ်နေတာက လွဲရင် အရမ်းကို အရွယ်တင်နုပျိုပြီး စမတ်ကျတဲ့အကြောင်းပြောပြီး ကျွန်မက ချီးမွှမ်းခန်း ဖွင့်ပါတယ်(မုန့်ကြွေးထားလို့ပါ... ခ်ခ် )။ သူကလည်း ခုထိအားကစားကို ပုံမှန် လုပ်နေကြောင်းနဲ့ ဗိုက်ထွက်တာကတော့ အစားများနေလို့ ဖြစ်ကြောင်းပြောပါတယ်။ အရွယ်တင် နုပျိုနေတဲ့ လျို့ဝှက်ချက် ကတော့ အရက်နဲ့ ဆေးလိပ်ကို သတိထား ရှောင်ကျဉ်လို့ပါတဲ့။

ပြီးတော့ ကိုယ့်အကြောင်း၊ သူ့အကြောင်းးး မိဘတွေအကြောင်းးး ဆွေရေးမျိုးရေးတွေ အကြောင်းးး သူလုပ်ခဲ့တဲ့ စီးပွားရေး အကြောင်းးး စီးပွားရေးတွေကို ရပ်နားပြီး ပညာရေး အသိုင်းအဝိုင်းထဲ ခြေစုံပစ်ဝင်ခဲ့တဲ့ အကြောင်းးး စတာတွေကို စုံစုံလင်လင် ပြောဖြစ်ကြပါတယ်။ အဲ့ဒီနောက်တော့ အခုပူပူနွေးနွေး သမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လိုမြင်သလဲ လို့ အကိုက စပြီးအဖွင့်မေးခွန်းမေးပါတယ်။အဲ့ကစပြီး မြန်မာ့အရေး ကမ္ဘာ့အရေးတွေကို ကျွန်မတို့ မောင်နှမ အကြီးအကျယ် ဆွေးနွေး ငြင်းခုန်ကြပါတော့တယ်။ သဘောထားတိုက်ဆိုင်တာတွေ များပေမယ့် ကွဲလွဲတာတွေလည်း မနည်းလှ ပါဘူးးးး။ ဒါပေမယ့် နှစ်ယောက်လုံးက ကိုယ့်ထင်မြင်ချက် သပ်သပ်ကိုပဲ ပြောကြတာဖြစ်ပြီး တစ်ယောက်အမြင်ကို တစ်ယောက်က မပုတ်ခတ်ပါဘူးးးး။

ဘာပဲဖြစ်ဖြစ်ပါ.... ကိုယ့်စိတ်နဲ့၊အကျင့်စရိုက်နဲ့ မတူညီတဲ့ လူရိုင်းတွေကို အတန်းဖော်လုပ်... မချစ်သော်လည်း အောင့်ကာနမ်းနေရပြီးးး စိတ်ရော လူရော မွမ်းကျပ်၊ ပင်ပန်းဆင်းရဲကာ အထီးကျန်နေတဲ့ ကျွန်မအတွက် ဘက်ညီတဲ့ စကားပြောဖော် တစ်ယောက်နဲ့ စကားပြောလိုက်ရတာ တကယ်ကို ဝမ်းသာပျှော်ရွှင်မိပါတယ်။ စိတ်ရော လူရော ဦးနှောက်တွေပါ လန်းဆန်းတက်ကြွ လာခဲ့ပါတယ်။

အကိုက ကျွန်မအဆောင်ကို ပြန်လိုက်ပို့ပါတယ်။ အီကိုကျောင်း ပေါက် ၂လမ်းထိပ်က Good Morning လက်ဘက်ရည်ဆိုင် မှာ လက်ဘက်ရည် ပြန်တိုက်မယ်လို့ ပြောပြီး အကို့ကို ခေါ်လာပါတယ်။ ကျွန်မအကိုပီပီ သူကလည်း ရှိုးအပြည့်နဲ့ပါ။ အကိုက အရပ်မြင့်မြင့် ထောင်ထောင် မောင်းမောင်းနဲ့ ဖြူဖြူချောချောပါ။ ကာယဗလနဲ့ ကစ်ဘောက်ဆင် လိုက်စားတဲ့ အားကစားသမား ကျောင်းဆရာပါ။ လက်ဘက်ရည်ဆိုင် ထိုင်တော့ သူ့တစ်ကိုယ်လုံး ဖုံတပေပေနဲ့ မျက်လုံးတွေလည်း နီရဲနေပါပြီ။ ကျွန်မကလည်း "ညီမလေးရဲ့ ဖက်ရှင်မျိုး ဝတ်ပြီးမှ ဒီလိုခရီးမျိုးကို အသွားအပြန် ပြုပါလို့ "အနိုင်ပိုင်းပြီး ပြောထည့်လိုက် ပါတယ်။

ဆိုင်ထိုင်ရင်းနဲ့ အကိုက မေးပါတယ်။ သဲချောင်းကို သိလားတဲ့??? "ဟုတ်အကို။ တမြန်မနေ့ကပဲ သွားခဲ့သေးတယ်။""ဘာာာ!!!!နင်က ဘာသွားလုပ်တာတုန်းးးအဲ့ဒီကို။""မရောက်ဘူးလို့ သွားကြည့်တာပါအကိုရဲ့။ အဆောင်က သူငယ်ချင်းတွေ စုံတုန်းသွားကြည့်တာပါ။ ဘာလို့လဲ အကို။""အဲ့မှာ ဘာတွေရှိလဲ???""သဲသောင်တွေနဲ့ ရေစပ်စပ်လက်ကျန်လေးပဲရှိတာပဲ။ အဲ့ပတ်ဝန်းကျင်က ထန်းတောတွေကနေ ထန်းရေချို၊ အခါး ၊ အသုပ်မျိုးစုံ၊ ထမင်းဆီဆမ်းတွေရတယ်လေ။""အတွဲတွေသွားကြတာမလားးးး??? ""အတွဲတွေလည်းရှိတာပေါ့။မိသားစုလိုက် လာကြတာတွေရော၊ ညီမလေးတို့လို သူငယ်ချင်းတွေနဲ့ လာတာတွေရော..... "

"ဘာတွေလုပ်ကြလဲ??? ထိုင်ပြီး မုန့်စားး ပြန်ကြရောလားးး ""အကိုကလည်းးးး ပြင်ဦးလွင် ကန်တော်ကြီးထဲ ညီမလေးတို့တွေ ပစ်ကနစ် ထွက်ကြသလိုပေါ့။ ကစားတဲ့သူတွေကစားး ကက်ဆက်ဖွင့်တဲ့ သူတွေဖွင့် ကိုယ့်အုပ်စုနဲ့ ကိုယ်ပေါ့။ နေပါအုံးးးး ဘာဖြစ်လို့ မေးနေတာလဲ???? ""အေးးဟာ.. ငါ့ညီမကို ပြောသင့်မသင့် စဉ်းစားနေတာ။ညီမလေး အသက် ဘယ်လောက် ရှိပြီလဲ??? ငါပြောသင့်မသင့် တွက်နေတာပါ။""အသက်ဘယ်လောက် ဆိုတာထက် ညီမလေးက အပျိုစစ်စစ်မို့ ဆိုးဆိုးဝါးဝါးးးးကိစ္စတွေဆို မပြောဘဲနေတာ ကောင်းလိမ့်မယ်အကို။ အဟီးးးး "

"ဟဲ့.... ဘာကိစ္စပဲဖြစ်ဖြစ် ငါက နင့်ကို ထိန်းထိန်း သိမ်းသိမ်းပြောမှာပါဟ။ လက်လွှတ်စပယ် မပြောပါဘူးဟာ။ဒါနဲ့နေပါအုံးးးး ညီမလေးကို ၂၆လမ်း မီးပွိုင့်မှာ ကောင်လေးတစ်ယောက် နောက်က ဆိုင်ကယ်ပေါ်မှာ တွေ့လိုက်ပါတယ်။ အဲ့ကိစ္စအခု ရှင်းစမ်းပါအုံးးးး"အမငီးးးး လွန်ခဲ့တဲ့ နှစ်အတန်ကြာက တွေ့ခဲ့တာကို မနေ့တစ်နေ့က တွေ့ခဲ့သလို မှတ်ဥာဏ်ဂျီးနဲ့ ကျွန်မကို စတင် စစ်မေးပါတော့တယ်။

"ဟမ်... အဲ့ဒါတကယ်အကိုပေါ့။ ပြီးတော့ မြင်လိုက်တယ်ပေါ့။ ညလေးကလေ.... အကိုလို့ ထင်လိုက်လို့ မကြည့်ရဲလို့ သူ့နောက်ကွယ်နေလိုက်တာ အကိုမြင်မှန်း လည်းမသိဘူးးးး တကယ်အကိုပေါ့နော် ဟီးဟီးးးး""ငါ့ညီမလေးလည်း ကျောင်းပြီးဘွဲ့ရနေပြီ။ မိုက်မယ့်သူလည်း မဟုတ်ပါဘူး ဆိုပြီးးး သနားလို့ လွှတ်ပေးလိုက်တာ နင်က ငါ့ကိုများ မမြင်ဘူးထင်နေတယ် ဟုတ်လားးးး???""အာ့က သူငယ်ချင်းပါအကို။ အဝေးက လာလည်တဲ့သူမို့ ညီမ ဆိုင်ကယ်ပေး မောင်းခိုင်းရတာပါ။ လုံးဝရိုးရိုးသားသားပါ အကို။ ရည်းစားက ခုမှ ထားတာပါ..ခိခိ။ "

အကို့ပြဿနာကတော့.... ကျောင်းကိုစရောက်ရောက်ခြင်း ပါချုပ်က အကို့ကို ကိုင်တွယ်ဖြေရှင်းဖို့ ပြဿနာတစ်ရပ်ကို အပ်နှံပါတယ်တဲ့။ လည်လည်ဝယ်ဝယ်ရှိပြီး စစ်ဘက် ရဲဘက် အရပ်ဘက်တွေနဲ့ ပတ်သတ်နိုင်စွမ်းရှိတဲ့ အသိုင်းအဝိုင်းကလာတဲ့အပြင် ရှားရှားပါးပါး ယောက်ျားလေး ဆရာမို့လို့ပါတဲ့။ ပြဿနာက ဘာလဲဆိုတော့ သဲချောင်းမှာ ဖြစ်ချင်တိုင်းဖြစ် သောင်းကျန်းချင်သလို သောင်းကျန်းနေတဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသား အတွဲတွေရဲ့ ပြဿနာပါ။ ဗွီဒီယို အကျအန ရိုက်ထားပြီးးး တက္ကသိုလ်ကျောင်းသူကျောင်းသားများရဲ့ မဆင်မခြင် နေထိုင်မှုကို ဆုံးမအရေးယူ ပေးပါရန် ပါချုပ်ဆီ တရားဝင်တိုင်ကြား ထားခြင်းပါ။ အဲ့ပြဿနာကို ဖြေရှင်းကိုင်တွယ်ဖို့ အကို့လက်ကို လွှဲအပ်တာပါတဲ့။

"အဲ့ပြဿနာတွေက အကိုတို့ မိန်းမှာတင်မကဘူးးးး ညီမလေးတို့ အီကိုကျောင်း အပါအဝင် တစ်နိုင်ငံလုံးမှာ ဖြစ်နေတာပါ အကို။ ဖြေရှင်းသင့်တဲ့ ပြဿနာဆိုပေမယ့် ဖြေရှင်းစရာ စည်းကမ်းဥပဒေ တိတိကျကျ မရှိဘူးးးး သူတို့ချင်း ကျေနပ်လို့ ဖြစ်ကြတာ ဆိုတော့လေ..။ မိန်းကလေးက မကျေနပ်လို့ တိုင်တော့မှသာ အရေးယူလို့ ရတာကိုးးး။
ကိုရီးယားတက္ကသိုလ်တွေမှာတော့ ပထမနှစ် စတက်တဲ့ ဖရက်ရှာတွေကို နှုတ်ဆက်စကားပြောပုံ၊ ခါးညွှတ်အလေး ပြုပုံ၊ပညာတတ်ဆန်တဲ့ စကားပြောပုံ ပြောနည်းတွေ၊ စားသောက်နေထိုင်ပုံတွေ၊ စင်ပေါ်တက်ပြီး ကိုယ့်အကြောင်း မိတ်ဆက်ရင်းနဲ့ ကိုယ့်အရည်အချင်းတွေပါ ထုတ်ဖော် ပြောကြားပြီး အတန်းခေါင်းဆောင် အရွေးခံရဖို့ မဲဆွယ်ဟောပြောရတာတွေထိ အသေးစိတ်သင်ကြားပေးပြီး သေချာလေ့ကျင့်ပေးတယ်လို့ ကြားဖူးတာပဲ။"

"ဒီတော့ ဒီကတက္ကသိုလ်တွေ မှာလည်း ကျောင်းသူကျောင်းသားတွေရဲ့ အပြုအမူ၊အတွေးအခေါ်၊အနေအထိုင်တွေ၊ ကိုယ်ကျင့်တရားတွေကို တိုးတက်စေမယ့် ဟောပြောပွဲတွေ၊ တရားပွဲဆန်ဆန်တွေကို နာမည်ကြီး ဆရာတော်တွေ၊ စာရေးဆရာတွေ ဖိတ်ပြီး ပျင်းစရာ မကောင်းအောင် အချိန်များများ မယူဘဲ လိုရင်းလေးတွေကို ဟောပြော ဆွေးနွေး ဆုံးမခိုင်းသင့်တယ် ထင်ပါတယ်အကို။ အထူးသဖြင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာအောင်၊ စိတ်နေစရိုက် မြင့်လာအောင်နဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသား တစ်ယောက်ဟာ ဘယ်လို အရည်အသွေးတွေ အခြေခံအားဖြင့် ရှိသင့်သလဲ??? ဘယ်လို ပြောဆိုပြုမူ နေထိုင်သင့် သလဲ??? ဆိုတာတွေကို မကြာခဏ သတိပေး ဆုံးမဖို့ လိုတယ်အကို။ ဒီလိုပြောရရင် တက္ကသိုလ် ဆရာမတွေ ထဲမှာကို ပြန်ပြီးထရိန်နင်ပေးသင့်တဲ့ လူတွေက အများသားပဲ။ အမယ်ဘုတ်ရဲ့ သူ့ချည်ခင်ပါပဲ အကိုရယ် ဟားဟားးးး"

"အင်းးးဘာပြောရမလဲ.....ဆိုတော့။ ငါ့ညီမရယ်...နားနဲ့မနာ ဖဝါးနဲ့သာ နာလိုက်ပါတော့... အဲ့ဗွီဒီယိုခွေက ရိုးရိုးမဟုတ်ဘူးးးးး သဲချောင်းဘေး ထန်းတောထဲက တဲတစ်တဲမှာ အတွဲ၂တွဲက အခန်းတစ်ခန်းထဲမှာ အတူတူ ထင်တိုင်းကြဲပြီး ဖြစ်ကြတယ်။ ပြီးတော့ လူချင်းလဲပြီး တစ်ခါထပ်ဖြစ် ကြပြန်တယ်။ ကလေးတွေက ငယ်ငယ် လေးတွေ ရှိသေးတာဟ။ အဲ့ဒီတိုင်ကြားချက် ပြဿနာဂျီးကို ဘယ်လိုရှင်းရမှန်း မသိတဲ့အပြင် ဘယ်လိုပြောရမှန်းကို မသိဘူးးးး ပက်စက်ချက်ကတော့ ငါတို့က မိဘတွေကိုတောင် ခေါ်မပြောရက်၊ မတိုင်ရက် လောက်အောင်ပါပဲကွာ။""ရှင်!!!!!!"

ကျွန်မနေတဲ့ အဆောင်ခြံဝန်းက ပေ၃၀၀ ပတ်လည်ပါ။ ညဘက် မှောင်မှောင်မှာ လူတစ်ယောက်က အဆောင်တံခါးကနေ ကျော်တက်ဖို့ လုပ်ပါတယ်။ အဆောင်သူတွေလည်း ပြေးကြ အော်ကြပေါ့။ အဆောင်မှူး လင်မယားနဲ့ ကျောင်းသူတစ်ချို့ ဓါတ်မီးကြီးတွေနဲ့ ခြံပြင်လိုက်ရှာကြပေမယ့် မတွေ့ပါဘူး။ ခဏနေပြန်တော့ ဒီလိုပဲ ရုတ်ရုတ်သဲသဲ ထပ်ဖြစ်ပြန်ပါတယ်။ အခန်းတံခါးလော့ချပြီး စာကျက်နေရာက မထတဲ့ ကျွန်မလည်း တော်တော် စိတ်အနှောင့်ယှက် ဖြစ်လာပါတယ်။

"ဒီကောင်က သူခိုးလည်း မဟုတ်ဘူးးးး မိန်းကလေးဆောင်ကို သက်သက်မဲ့ လက်ရဲဇက်ရဲ နှာဘူးလာလုပ်တာပဲ။ ဒီလိုလုပ်လို့ ရမှန်းသိရင် နောက်နောင်ပိုပိုပြီး အတင့်ရဲ လာတော့မှာ။ ငါအပါအဝင် အဆောင်သူ အားလုံးရဲ့ လုံခြုံရေး ပျက်လိမ့်မယ်……ဒီတော့ ကိုယ်တော်တိုင် ထွက်နှိမ်နင်းမှ ဖြစ်တော့မယ်"လို့တွေးမိခဲ့ပါတယ်။ ဒါနဲ့ အဆောင်မှူး ဦးဇော်ကြီးဆီ သွားပြီး ဘတ်ဂွတစ်လက်တောင်းပါတယ်။ သူကလည်း ဝမ်းသာအားရနဲ့ လောက်စာလုံးတွေပါ အများကြီး ပေးလွှတ်လိုက်ပါတယ်။

ကျွန်မလည်း ခြံဝက ဧည့်ဆောင်မီး တွေကို ပိတ်ပစ်ပြီး အမှောင်ချလိုက်ပါတယ်။ ခြံဝက သံပန်းတံခါးအောက်ခြေကို ပြေးကပ် လိုက်ပါတယ်။ စက္ကန့်အနည်းငယ်လောက် မျက်စိမှိတ် နေပြီးမှ ခြံပြင်ကို ချောင်းကြည့်ရင်း မျက်စိကစားတော့ ခြံဝနဲ့ ခပ်လှမ်းလှမ်းက ကျောက်လမ်းမ အစပ်မှာ ဆိုင်ကယ်တစ်စီး ရပ်ထားတာ တွေ့ရပါတယ်။ "ဒီဆိုင်ကယ်က ဟိုသကောင့်သားရဲ့ ဆိုင်ကယ်ပဲ ဖြစ်ရမယ်။ ဒါဆိုရင် ဒီကောင်ရှိနေသေးတယ်။ ဘယ်မှာ ပုန်းနေလဲလို့ "စဉ်းစားရင်း စောင့်နေလိုက် ပါတယ်။ ၅မိနစ်လောက် ခြင်ကိုက်ခံပြီးတဲ့ အချိန်မှာပဲ အဆောင်ရှေ့ ချောင်းချောက် ထဲကနေ သကောင့်သား ထွက်လာပြီး ဟိုဟိုဒီဒီ ကြည့်ပါတယ်။ ပြီးတော့ အဆောင်သံပန်းတံခါးပေါ် တွယ်တက်ပြီးးး ရွှတ်ရွှတ်ရှက်ရှက် အသံတွေပေးပြီး အဆောင်သူတွေကို ခေါ်ပါတယ်။
သံပန်းတံခါးအောက်ခြေမှာ ကပ်နေတဲ့ ကျွန်မကို မမြင်ပါဘူး။တစ်ယောက်မှလည်း မရှိကြတော့သလို မီးတွေပါပိတ်ထားတော့ မီးလင်းနေသေးတဲ့ အရှေ့ဘက်ပေါက်ကို ထွက်သွားပါတယ်။

ကျွန်မလည်း ဆယ်စက္ကန့့် ပြည့်အောင် ကိုယ့်ဘာသာ တိုင်ပင်ရေတွက် နေလိုက်ပါတယ်။ တိုင်ပင်ပြည့်တော့ ထပြီး သံပန်းတံခါးအပြင်ကို လက်နှစ်ဘက် ထုတ်ပြီးးးး ဆိုင်ကယ်ရှေ့မီးခွက်ဆီ သေချာချိန်ပြီး လောက်စာလုံး ပစ်လွှတ်လိုက်ပါတယ်။ ခွမ်းခနဲအသံတစ်ခုက တိတ်ဆိတ်တဲ့ ညအမှောင်ကို ဖောက်ပြီးထွက်လာပါတယ်။ နောက်တစ်လုံး ဘယ်နားထိထိ ဆိုပြီး ခပ်မြန်မြန် ထပ်လွှတ်လိုက်တော့ ဗျောင်
 
နေထက်ထက်အောင် 

နာကျင်ကြေကွဲ

0
0



ကိုယ်တွေများ ငယ်ငယ်တုန်းက အားကစားအတွက် လေ့ကျင့်လိုက်ရတာ။ အချိန်တွေရော ပိုက်ဆံတွေရော အကုန်ခံပြီးးးး မိုက်ခဲ့တာ။ သူများသားသမီး တွေများးးး အားကစားကွင်းထဲလာ သွေးပူလေ့ကျင့်ခန်းလေးလုပ်၊ စကားလေးဘာလေးပြော၊ ကောင်လေးတွေက ကောင်မလေးတွေကိုငမ်းးး၊ကောင်မလေးတွေက မျက်စပြန်ပစ်။ ပြီးရင်ပြိုင်ပွဲကြတော့ အေးအေးသက်သာပဲ နိုင်သွားကြရော… တော်ထှာ။


ကိုယ်တွေများ အသေအကြေ လေ့ကျင့်ပြီးးး ကွင်းထဲမှာ ဥာဏ်နီဥာဏ်နက် အကုန်ထုတ်သုံးရင်း အမောစို့အောင် ကစားတာကို နိုင်ဖို့ရာက မကျိန်းသေဘူးးးး အသုံးမကျချက်။ သူများသားသမီးတွေများ ဘာမှများများစားစား ထရိန်နင်မလုပ်ဘူးးး ကစားသွားလိုက်တာများးးး လေထဲလွင့်နေတဲ့ ရှေးခေတ်ရောမ၊ဂရိဒေသက အားကစားသမား နတ်သမီး နတ်သားလေးတွေကြလို့....ပါရမီကြီးပြီး တော်ချက်များးး လိုက်မမီဘူးးး။

အဲ့လိုတော်တဲ့လူတွေ နိုင်ဂျားပွဲတွေ သွားပြိုင်တော့ နိုင်ပွဲမရှိဘဲ ပြန်ပြန်လာကြတယ်။ နိုင်ဂျားက အားကစားသမားတွေက လူတွေမှ ဟုတ်ကြရဲ့လားးး ဘာတွေစားပြီး ဘယ်လိုနည်းပြတွေနဲ့ ထရိန်နင်တွေ ယူထားကြတာပါလိမ့်???? စူပါမန်းတွေ စူပါဂဲလ်တွေများလားးးးလို့ တွေးတွေးပြီးးးး အထင်တွေကြီးခဲ့မိတာ……။

စာကျက်တော့လည်း ကျက်လိုက်ရတာ၊ မှတ်ဥာဏ်ကမကောင်းးးး ကျက်ပြီးရင် မေ့မေ့သွားလို့ ငိုတောင် ငိုခဲ့ဖူးတယ်။ ဟိုတလောက ဘာသာစုံ ဂုဏ်ထူးရှင် ဆေးကျောင်းသူ ပေါက်စမလေး တစ်ယောက်နဲ့ ပွဲတစ်ပွဲမှာ စကားပြောဖြစ်တော့ "တော်လိုက်တာ ညီမလေးရယ်။ စာတွေဘယ်လိုကျက်လဲ။ တစ်နေ့စာကျက်ချိန် ဘယ်နှစ်နာရီယူလဲ။""ပုံမှန်ပါပဲအမ။ စာမေးပွဲနီးမှပဲ တကယ်ကျက်ဖြစ်တာပါ။နေ့တိုင်းကတော့ သိပ်မလုပ်ပါဘူး။""ဟယ်.... ဥာဏ်ကောင်းလိုက်တာ။ မမဖြင့် ဘယ်အတန်းရောက်ရောက် နေ့တိုင်းစာတွေကျက်လိုက်ဖတ်လိုက်ရတာ ဒါတောင် စာကလူကိုနိုင်တယ်တော့။ စာမေးပွဲနီးမှသာ ကျက်လို့ကတော့ တစ်တန်းမှ အောင်မှာ မဟုတ်ဘူးးး။"

"ဟင်!!! မမကလည်း ဟိုဆေးမသောက်ဖူးလား???? သမီးတို့တွေအများစု သောက်ကြ တယ်လေ။ စာလည်းညလုံးပေါက် ကျက်နိုင်တယ်။ ကျက်သမျှလည်း မှတ်မိတယ်။ အာ့ဆေးမသောက်ဖူးလားးးး""ဘရင်းကြက်ပေါင်းတို့ အန်နာဘွန်စီ တို့လားးး သောက်တာပဲ။ ညီမလေးပြောသလောက် မထူးခြားပါဘူးဟယ်။""အာ!!မမကလည်းးး ဟိုဆေးလေ။ တကယ်မသိဘူးလား????""မသိဘူးးးး အင်းးးးး တားမြစ်ဆေးလို ဟာမျိုးတွေလားးးး""အင်!!! အင်းပေါ့။တရားဝင် သုံးလို့မရပေမယ့် ဒီလိုပဲ လူတိုင်းသုံးနေကြတာကို။ ဝယ်ရလည်း လွယ်နေတာပဲလေ။ အဲ့ဆေးသုံးမှ ခံနိုင်တာလေ။ ကျောင်းမှာလည်း အများစုကသုံးကြတယ်။ သမီးတို့ ဆယ်တန်း အဆောင်တွေမှာလည်း တအားသုံးတာပဲ။ မမတကယ် မသိဘူးလား????"

ဘုရားဘုရားးးးး ဒါဖြင့်ရင်.... ဆရာဝန်ဆေးသမား၊ဆေးကျောင်းသား ဆေးသမား၊အားကစားသမား ဆေးသမားတွေ ပေါချင်တိုင်းပေါနေတဲ့ တိုင်းပြည်ကြီးပါလားးးးဆိုတာ သဘောပေါက်လာပါတယ်။ ဒါနဲ့ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ပြီးးး လူကြီးပိုင်းတွေ ခရိုနီတွေနဲ့ ကျွမ်းဝင်ရင်းနှီးတဲ့ အကိုတစ်ယောက်ကို ဒီအကြောင်းပြန်ပြောရင်းးးး "မြန်မာနိုင်ငံက အားကစားပွဲတိုင်းမှာ တားမြစ်ဆေး သုံးစွဲမှုကို တင်းတင်းကျပ်ကျပ် စစ်ဆေးပေးသင့်သလို စာမေးပွဲခန်းတွေမှာပါ စစ်ဆေးပေးသင့်နေပြီ အကိုရေ။ပြီးရင် တင်းတင်းကျပ်ကျပ် အရေးယူသင့်ပြီ။"ကိုယ်"အ"လို့ ရှုံးခဲ့ရတာလားးး သူတို့ "လည်"လို့ ကိုယ့်ထက်သာသွားကြတာလားးးးး ဘာပဲဖြစ်ဖြစ် ကိုယ့်တစ်ကိုယ်စာအတွက် မကျေနပ်စိတ်နဲ့ ပြောမိတာပါ။

"ဘယ် အဲ့လောက်ကြီးထိ အရေးယူလို့ ဖြစ်မလဲဟ။ အခုဆိုရင် နယ်တွေကို အကောင်ကြီးကြီးးး လူကြီးတွေသွားရင် အရင်လို ပုလင်းထောင်ပြီး ဧည့်မခံတော့ဘူးးး ဆေးပြားတွေနဲ့ ချပြီး ဧည့်ခံတာ နင်တို့မသိဘူးလားးးး ငါတို့နိုင်ငံက ကိုယ်ရှို့တဲ့မီး ကိုယ့်ပြန်လောင်တော့မှာ မကြာတော့ဘူးးး ငါဒါတွေသိပ်မပြောချင် တော့ဘူးဟာ။ နုနယ်တဲ့ ငါ့သားလေးမျက်နှာနဲ့ သူ့ဘဝရှေ့ရေးကို တွေးလိုက်တိုင်း ငါက လိမ်လိမ်မာမာနဲ့ ကိုယ့်စီးပွားကိုယ်ပဲ ရှာချင်တော့တယ်။"

အော်....!!! ကျွန်မတစ်ယောက်စာ နောက်ကောက်ချခံရတယ်လို့ ထင်မိတဲ့ အကြောင်းတရားတစ်ခုက နိုင်ငံတစ်ခုလုံး ကိုပါ လှဲသိပ်ပြီး အလဲထိုး ပစ်တော့မယ့် အကြောင်းအရာကြီး ဖြစ်လာတော့ မှာလားးး???? ရင်ထဲမှာ စို့စို့နင့်နင့်ပါပဲ။

နေထက်ထက်အောင်

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ တပ်မတော်က ပြန်လည်ဖြေကြားခြင်း

0
0
 Photo: ပဋိပက္ခများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ဒီမိုကရေစီတူဒေး၏ မေးမြန်းချက်များကို တပ်မတော်က ပြန်လည်ဖြေကြားခြင်း  ပြီးခဲ့တဲ့ ဧပြီလအတွင်းက တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့မှု၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲများ ခပ်စိပ်စပ်ဖြစ်ပေါ်လာမှုတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်ခဲ့ရ ပါတယ်။ တိုက်ပွဲတွေ ဘာကြောင့် ပြန်လည် ဖြစ်ပွား ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားရပ်တည်ချက် ၂၀၁၅ အလွန်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အနေအထား တွေနဲ့ ပတ်သက်လို့ ဒီမိုကရေစီတူဒေးက ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးကို ဧပြီလ နောက်ဆုံးပတ်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ မေလတွင် အောက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။     သို့   ဦးကိုကို (ကိုကို စက်မှုတက္ကသိုလ်)   ၁။ ဦးကိုကို၏စာကို လက်ခံရရှိပါတယ်။ စာပါ အကြောင်းအရာများကို ကြည့်လိုက်တော့ အောက်ပါအတိုင်း တွေ့ရပါတယ်-            (က) တပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ်စဉ်အခြေအနေ   (ခ) အခြားတိုင်းရင်းသား အဖွဲ့အစည်းများဖြစ်တဲ့ SSA၊ RCSS၊ “ဝ” တို့နှင့် အခြေအနေ   (ဂ)    အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အခြေအနေ   (ဃ) အပစ်အခတ်ရပ်စဲရေး အပေါ် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ရပ်တည်ချက်   (င)    တပ်မတော်၏ ရပ်တည်ချက်     ၂။ ဦးကိုကိုရဲ့ စာအရ မေးခွန်းတွေကို ကြည့်ရင် ဦးကိုကိုတို့အပါအဝင် စာနယ်ဇင်း သမားတွေအနေနဲ့ တစ်ဘက်မှ KIAနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများရဲ့ လေထဲက စကား တွေကို ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ အမှန်လို့ ထင်မြင်နေတဲ့အပြင် တပ်မတော် အပေါ် မှာလည်း နဂိုကတည်းက အမြင်မရှင်းချင်တာကြောင့် တပ်မတော်အပေါ် အကောင်း မမြင်တာ သဘာဝကျပါတယ်။ တပ်မတော်အနေနဲ့ကလည်း အထက်မှ ပေးတဲ့အမိန့်နှင့် တာဝန်အတိုင်း စည်းကမ်းနှင့်အညီ လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့၊ တာဝန်မရှိရင်၊ တာဝန်ပေးမခံရရင် ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်လမ်းကိုယ် လျှောက်တာပဲဆိုတဲ့အသိနဲ့ Media မှာပါတာတွေ၊ ရေးတာတွေ အပေါ်မှာလည်း သိပ်ပြီး မတုံပြန်ခဲ့ပါဘူး။ ဒါကြောင့်လည်း တချို့ဖြစ်စဉ်၊ ဖြစ်ရပ်တွေဟာ အရင်ပြောတဲ့သူက အမှန်လိုဖြစ်နေပြီး တပ်မတော်ဘက်က ရေးမယ့်၊ ပြောမယ့်သူလည်း မရှိပါဘူး။ အခုလည်း ဦးကိုကိုအနေနဲ့ တပ်မတော်ဘက်က အခြေအနေမှန် သိချင်တာကြောင့် မေးတယ်လို့ပဲ ယူဆပြီး ရှင်းပြရတာဖြစ်ပါတယ်။     ၃။ ဧပြီလအတွင်း တပ်မတော်နဲ့ KIA တို့အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး (၂၀-၄-၂၀၁၄)ရက်နေ့ထုတ် သတင်းစာမှာ ပါတာတွေဟာ အမှန်တရားတွေပါပဲ။ လုံးဝ လိမ်ညာရေးထားတာ မပါဘူး။ ကွဲလွဲချက်ဘာကြောင့် ရှိရလဲဆိုရင် KIA အနေနဲ့ အစကတည်းက တိုက်ပွဲဖြစ်စဉ်တွေအပေါ်မှာ အမှန်မပြောခဲ့၊ မရေးခဲ့တာကြောင့် ဖြစ်ပါ တယ်။ KIA ဘက်က ရေးတဲ့ Media တွေ အနေနဲ့လည်း ထင်ရာမြင်ရာ ရေးတဲ့အပြင် တပ်မတော်ကလည်း သတင်းမထုတ်တဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး တစ်ဆိတ်ကို တစ်အိတ် လုပ်ရေးတော့တာပါပဲ။ ပြီးခဲ့တဲ့တိုက်ပွဲတွေမှာ တပ်မတော်ဘက်မှ ၅၀၀၀၀ လောက်ကျတယ်လို့ ရေးတဲ့သူက ရေးသလို ယုံချင်တဲ့သူကလည်း ယုံတတ်ကြပါတယ်။ KIA နဲ့ ဖြစ်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ရခဲ့တဲ့ အလောင်းလက်နက်တွေနဲ့ ပတ်သက်ပြီး မှတ်တမ်းဓာတ်ပုံတွေ အများကြီးရှိပါတယ်။ သူတို့ဆီက ထုတ်ပြန်ရေးသလို ရေးလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်အနေနဲ့ စည်းကမ်းရှိပါတယ်။ တပ်မတော် က တိုက်တယ်ဆိုတာ လူမျိုးကို တိုက်တာ မဟုတ်ပါဘူး။ လူမျိုးရေးအသွင်သဏ္ဍာန် ဆောင်သွားမယ့် ဖြစ်စဉ်ဖြစ်ရပ်မျိုး မဖြစ်အောင် နာကြည်းချက် မဖြစ်သွားအောင် ထိန်းရ ပါတယ်။ သူတို့ဘက်က ကျတော့ ဘာမှ မထိန်းပါဘူး။ ပူတာအိုဘက်မှာ ဖြစ်ခဲ့တဲ့ အရာရှိ ခေါင်းဖြတ် အသတ်ခံရတဲ့ဖြစ်စဉ်မျိုးကို သူတို့ဘက်ကကျတော့ ဝန်မခံတဲ့အပြင် ထမင်းရည်ပူ လျှာလွဲ လုပ်တာ အားလုံးအသိပါပဲ။     ၄။ မန်ဝိန်းကြီးဘက်မှာ ဖြစ်တဲ့ ဖြစ်စဉ်တွေ သတင်းစာမှာ ပါပြီးပါပြီ။ ဒါပေမဲ့ ထပ်ရှင်းပြ ချင်တယ်။ မန်ဝိန်းဒေသဟာ တကယ်တော့ ရှမ်းလူမျိုးစုတွေ အများစုနေထိုင်တဲ့နေရာ ဖြစ်တယ်။ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားခဲ့တော့ ရဲစခန်းရော၊ တပ်မတော် စခန်းရော၊ အကောက်ခွန်စခန်းတွေရော ရှိတယ်။ ၂၀၁၁ခုနှစ် ဇွန်လမှာ KIA က လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ပိတ်ပစ်ခဲ့ရတယ်။ အဲဒီနောက်တော့ KIA တွေဝင်ပြီးနေတယ်။ ဒေသခံတွေကို နှိပ်စက် တယ်။ လူတွေကို အဓမ္မ ဖမ်းဆီးပြီး KIA စစ်သားလုပ်ခိုင်းတယ်။ ဆက်ကြေးတွေ ကောက်တယ်။ ဥပဒေမဲ့ သတ်ဖြတ်တယ်။ နိုင်ငံရဲ့ သယံဇာတတွေကို ခိုးထုတ်တယ်။ ဒါကြောင့် ဒေသခံတွေက သူတို့နယ်မြေကို ကာကွယ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ တယ်။          ၅။ တစ်ခါ ဧပြီ ၃ရက်မှာ မန်ဝိန်းကြီးနဲ့ ကောင်းမုယန်လမ်းပေါ်မှာ ပုံမှန်တပ်လဲလှယ်ဖို့ တာဝန်နဲ့ သွားနေတဲ့ကားကို KIAက ပစ်ခတ်တိုက်ခိုက်လို့ တပ်မတော်က ဗိုလ်မှူး တစ်ယောက် ကျဆုံးခဲ့ရတယ်။ ဧပြီ ၁၁ရက်မှာ မိုးမောက်မြို့နယ် ကျောက်စခန်းအနီး ပုံမှန်စစ်ဆင်ရေး တာဝန်လဲလှယ်ဖို့ သွားနေတဲ့ ယာဉ်တန်းကို မိုင်းဆွဲပြီး ပစ်ခတ်ခဲ့လို့ စစ်သည်နှစ်ဦး ကျဆုံးပြီး စစ်သည်ကိုးဦး ဒဏ်ရာရခဲ့သလို ယာဉ်ပေါ်ပါတဲ့ လက်နက်မျိုးစုံ ၁၃ လက်နဲ့ ဆက်သွယ်ရေးစက်တွေ၊ ခဲယမ်းတွေ မီးလောင်ပျက်စီးခဲ့ရတယ်။ ဒါတွေဟာ ငြိမ်းချမ်းရေးကို ဗန်းပြပြီး ဥပဒေမဲ့လုပ်ရပ်မျိုးနဲ့ လုပ်နေတဲ့ KIAရဲ့ လုပ်ရပ်တွေထဲက တချို့ ဖြစ်တယ်။ ဒီတော့ ဒေသခံပြည်သူလူထုရဲ့ တောင်းဆိုမှုတွေ တပ်မတော်က လျစ်လျူရှု ထားလို့ မရသလို တရားဥပဒေစိုးမိုးရေး၊ နယ်မြေ လုံခြုံရေးတာဝန်တွေအရ တပ်မတော်က အကန့်အသတ်နဲ့ ရှင်းလင်း ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီလို ရှင်းလင်းတဲ့ အခါမှာ လည်း KIA ဘက်က စတင်ပစ်ခတ် တိုက်ခိုက်မှ မိမိဘက်က အတတ်နိုင်ဆုံး ထိန်းသိမ်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။  ဒါကြောင့် နယ်မြေဒေသအတွင်းမှာ ပြည်သူလူထုတွေ တစ်စုံ တစ်ရာ ထိခိုက်နစ်နာမှုမရှိခဲ့ဘူး ဆိုတာ သက်သေအဖြစ်နဲ့ တည်ရှိနေပါတယ်လို့ ပြောချင် ပါတယ်။ KIA ဘက်က ထုတ်ပြန်တာကို ယုံတယ် ဆိုရင်တော့ မတတ်နိုင်ပါ။ အကယ်၍ ငြိမ်းချမ်းသွားရင် ဖြစ်ရပ်မှန်ဟာ ဖုံးကွယ်ထားလို့မရဘဲ ဘူးပေါ်သလို ပေါ်လာမှာပါ။ ဒါကြောင့် အချိန်ကိုပဲ စောင့်ပါလို့ ပြောချင်ပါတယ်။     ၆။ တစ်ဆက်တည်း ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပလောင်ဒေသ အပါအဝင် ရှမ်း(မြောက်) မှာဖြစ်တဲ့ တိုက်ပွဲဖြစ်စဉ်တွေကို တပ်မတော်က စစ်အင်အား တိုးချဲ့လို့လား၊ KIA ကမြှောက်ပေးလို့ လုပ်ရတဲ့ TNLA အပါအဝင် SSA နဲ့ TNLA တပ်ဖွဲ့တွေရဲ့ နယ်မြေ ချဲ့ထွင်မှုကြောင့် ဖြစ်တာလား စဉ်းစားသုံးသပ်နိုင်ပါတယ်။ ဥပမာ-မိုးကုတ်၊ မိုးမိတ်နယ်မြေ ဆိုတာ KIA လည်း မရှိသလို ရှမ်းအဖွဲ့အစည်းလည်း မရှိပါ။ သို့သော်လည်း မိမိနယ်မြေ မဟုတ်တဲ့ နယ်မြေမှာ ဝင်လာတဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို၊ နေရာ သတ်မှတ်ချက်မရှိဘဲ ဝင်လာတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို နယ်မြေ ထိန်းသိမ်း ရေး နယ်မြေစိုးမိုးရေးဆောင်ရွက်နေတဲ့ တပ်မတော်တပ်ရင်း/ တပ်ဖွဲ့တွေ အနေနဲ့ တားမရရင် ပစ်ခတ်ထိန်းသိမ်းရတာ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်တဲ့ အပေါ်မှာ တပ်မတော်ဟာ နယ်မြေချဲ့ထွင်လို့ မဟုတ်ပါ။ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ ကတိမတည်လို့ ဖြစ်ပါတယ်။ နယ်မြေချဲ့ထွင် လို့ဖြစ်ပါတယ်။ အထူးသဖြင့် KIA နဲ့ TNLA နှစ်ဖွဲ့စလုံးဟာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုး ထားတဲ့အပြင် စည်းကမ်းလည်းမရှိ၊ ကတိလည်း မတည်။ နယ်မြေလည်း ချဲ့ဆိုတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ မလွှဲမရှောင်သာ ဖြစ်ရတာ ဖြစ်ပါတယ်။     ၇။ ဒီနေရာမှာ TNLA နဲ့ ပတ်သက်ပြီးတော့ ရှင်းပြချင်ပါတယ်။ ဦးကိုကိုတို့ သိပြီးသားပါ။ TNLA ဆိုတာ ဦးအိုက်မုန်းတို့ ငြိမ်းချမ်းရေးယူပြီးကတည်းက လုံးဝမရှိတော့ပါဘူး။ တချို့ ခွဲထွက်ပြီး ကျန်ရစ်တဲ့ အနည်းစုက မထင်မရှား ဆက်ကြေးကောက်၊ ဓားပြတိုက်တဲ့ အဆင့် ပဲ ရှိပါတယ်။ ဒါပေမယ့် NCCT က UNFC ထဲမှာ အဖွဲ့ဝင်အနေနဲ့ပါလို့ဆိုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကို ဆွဲသွင်းလာခဲ့တဲ့အတွက် လူသိသူသိဖြစ်လာတဲ့ သောင်းကျန်းသူ အဖွဲ့အစည်းအနေနဲ့ ပေါ်လာတာဖြစ်ပါတယ်။ ပလောင်နယ်မြေအတွင်းမှာ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၊ နှိပ်စက်မှုတွေကြောင့် နယ်မြေခံတပ်များနဲ့ ထိန်းချုပ် ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ရှမ်းလက်နက်ကိုင်အဖွဲ့တွေကျတော့ အပစ် အခတ် ရပ်စဲမှု လက်မှတ် ထိုးထားပါလျက် ဘာကြောင့်ဖြစ်ရလဲဆိုတော့ သူတို့လည်း အလားတူပါပဲ။ သူတို့ကို သတ်မှတ်ပေးထားတဲ့ နယ်မြေမှာမဖြစ်ဘဲ၊ ဝမ်ဟိုင်းလိုနေရာမျိုးမှာ မဖြစ်ဘဲ၊ သူတို့မရှိမယ့်နေရာ၊ သတ်မှတ်မထားတဲ့နေရာမှာ ဖြစ်တာကို သိသာထင်ရှားလှ ပါတယ်။     ၈။ အပစ်ရပ်အဖွဲ့တွေနဲ့ အပစ်ရပ်စဉ်က နေရာသတ်မှတ်ချက် မဆွေးနွေးခဲ့လို့ တိုက်ပွဲ ဖြစ်ရတာ မဟုတ်ပါ။ အပစ်ရပ်စဉ်မှာ သတ်မှတ်ထားတဲ့နေရာကို သဘောတူပြီးလည်း ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးရသေးတဲ့ KIA အဖွဲ့သာ နယ်မြေ သတ်မှတ်ချက် မဆွေးနွေးတာ ဖြစ်ပါတယ်။ အစိုးရသစ် လက်ထက်မှာ တိုက်ပွဲဖြစ်ပွားမှုကို ကြည့်ရင် ကချင်နဲ့ ရှမ်းလို မြန်မာနိုင်ငံအထက်ပိုင်းက အဖွဲ့တွေနဲ့ပဲ ပြန်ဖြစ်နေပြီး ကေအင်န်ယူအပါအဝင် တောင်ပိုင်းဒေသတွေမှာ မဖြစ်တာ၊ တပ်မတော်က ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ရှိတာဟာ ခွဲခြားဆက်ဆံတာမျိုးလည်း မဟုတ်ပါ။ တောင်ပိုင်းကို နည်းလည် မှုရအောင် ယူပြီး အထက်ဘက်ကို ဖိတိုက်၊ ထိုးစစ်ဆင်တယ်ဆိုတဲ့ နည်းဗျူဟာမျိုးလည်း မဟုတ်ပါ။ တပ်မတော်ဟာ လွတ်လပ်ရေးရပြီးစအချိန်ကလို ရှိတဲ့ တပ်ရင်း (၄/၅) ရင်းနဲ့ တိုက်နေရတဲ့ခေတ်မဟုတ်တော့ပါ။ ခြေလျင်၊ အကူလက်ရုံးတပ်ဖွဲ့၊ ဝန်ထမ်းတပ်ဖွဲ့တွေ အပြင် တပ်မတော်(လေ)၊ တပ်မတော်(ရေ) နဲ့ ခေတ်မီတဲ့ အင်အားရှိတဲ့ စွမ်းရည်ရှိတဲ့ မျိုးချစ်တပ်မတော်၊ အရှေ့တောင်အာရှနိုင်ငံတွေက လေးစားရတဲ့ တပ်မတော်၊ Modernized Army၊ Standard Army၊ Mechanized Army အဖြစ်ကို တည်ဆောက်နေတဲ့ တပ်မတော်ဖြစ်ပါတယ်။     ၉။ တစ်နိုင်ငံလုံးကို အကာအကွယ်ပေးနိုင်သလို ဘယ်ရန်သူကိုမဆိုလည်း ချေမှုန်းနိုင် ပါတယ်။ အင်အားရှိလို့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ အပေါ်မှာ အနိုင်ကျင့် ပြီး တိုက်နေတာမျိုးလည်း မဟုတ်ပါ။ KNU နဲ့ ဘာကြောင့်မဖြစ်လဲ၊ KNU က ကတိတည်ပြီး စည်းကမ်းနဲ့အညီ နေထိုင်လို့ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ မဖြစ်လို့ တပ်တွေမထားတာ၊ မရှိတာလည်း မဟုတ်ပါ။ ယခင်အတိုင်း သတ်မှတ်တဲ့ နေရာမှာ တပ်မတပ်တွေ၊ တိုင်းတပ်တွေ၊ နယ်မြေထိန်း၊ နယ်မြေလှုပ်ရှားတပ်တွေဟာ အရင်အတိုင်း ပါပဲ။ အောက်ပိုင်းမှာ တိုက်ပွဲတွေမရှိလို့ ထုတ်ပြီးအပေါ်ပိုင်းကို ပို့တာလည်း မဟုတ်ပါ။ အပေါ်ပိုင်းမှာရှိတဲ့တပ်တွေက သူ့တာဝန်နဲ့ သူထမ်းဆောင်ရင်း သူ့လုံခြုံရေး တာဝန်ယူရင်း စည်းကမ်း မလိုက်နာတဲ့ ကတိမတည်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ရတာပါ။ ဒေသခံ ပြည်သူလူထုအတွက် အကာအကွယ်ပြုရင်း ဖြစ်ရတာပါ။ လက်နက်ကိုင်ပြီး ဆက်ကြေးကောက်တာ၊ အတင်းအဓမ္မလူသစ်စုတာ၊ လူသစ် ခေါ်တာတွေကို ဒေသခံ ပြည်သူလူထုက လက်မခံသလို တပ်မတော်ကလည်း လက်မခံပါ။ လက်နက်အားကိုးနဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့်တာ၊ နှိပ်စက်တာကတော့ ပြည်သူကို အလုပ်အကျွေး ပြုရတဲ့ ကာကွယ်စောင့်ရှောက်ရတဲ့ တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေလို့ မရပါ။ မျက်နှာလွှဲနေလို့ မဖြစ်ပါ။ ငြိမ်းချမ်းရေးရအောင်ဆိုပြီး မြွေမသေ၊ တုတ်မကျိုးနဲ့ အလိုက် သင့်ပြီးပြီးရော နေလို့မရပါ။ အခုရှုပ်မှနောင်ရှင်း၊ ရှင်းလင်းရင်းနဲ့ တိုက်ပွဲဖြစ်ရတာ ဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးရယူပြီး လက်မှတ်ရေးထိုးပြီး ကတိမတည်ရင်တော့ တိုက်ပွဲထပ်ဖြစ် ဦးမှာ ဖြစ်ပါတယ်။ တပ်မတော်က ကတိမတည်တာ မဟုတ်ပါ။ လက်နက်ကိုင်အဖွဲ့တချို့က ကတိမတည်တာ၊ စည်းမစောင့်တာ ဖြစ်ပါတယ်။ ဒါကို တာဝန်ရှိသူတစ်ဦး အနေနဲ့ ဘယ်လိုမှတ်ချက်ပြုရမလဲ။ ကတိတည်ပါလို့ပဲ ပြောချင်ပါတယ်။     ၁၀။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းရေးဆွဲရာမှာ ပြည်ထောင်စု တပ်မတော်ကိစ္စကို အကြိတ်အနယ် ဆွေးနွေးမယ်ဆိုတာ ဘာကို ဆွေးနွေးမှာလဲ၊ လက်ရှိ တပ်မတော်ဟာ ပြည်ထောင်စု တပ်မတော် ဖြစ်ပါတယ်။ လက်ရှိ တပ်မတော်ကို ဖျက်ပြီး တိုင်းရင်းသားအသီးသီးက အင်အားတွေ ပေါင်းထည့်ပြီး ပြည်ထောင်စုတပ်မတော် ဖြစ်ချင် လို့မရပါ။ ကမ္ဘာမှာ ဘယ်တပ်မတော်မဆို စစ်မှုထမ်း စည်းမျဉ်းဆိုတာ ရှိပါတယ်။ စစ်မှုထမ်း စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ မတည်ဆောက်၍ မရပါ။ ဖြစ်ချင်တာကို ဦးစားပေးမလား။ ဖြစ်သင့်တာကို လက်ခံမလား၊ လက်ရှိအစိုးရဟာ အစိုးရပါပဲ။ လက်ရှိအစိုးရကိုကျော်ပြီး အစိုးရလုပ်ချင်၍ မရသလို လက်ရှိတပ်မတော်ကို ကျော်ပြီး တပ်မတော် တည်ဆောက်ချင် ၍တော့ မရပါ။ ဥပဒေနဲ့အညီ၊ စည်းမျဉ်း၊ စည်းကမ်နဲ့အညီပဲ ပြောနိုင်၊ လက်ခံနိုင်မှာပဲ ဖြစ်ပါတယ်။     ၁၁။ မေလဆွေးနွေးပွဲ အခြေအနေဘယ်လို ရှိနိုင်မလဲဆိုတာတော့ ကြိုတင် ခန့်မှန်း ပြောဆိုရခက်ပါတယ်။ ဖြစ်နိုင်တာကတော့ ပြီးခဲ့တဲ့ မတ်လဆွေးနွေးပွဲက သဘောတူ ထားတဲ့ Single Text မူကြမ်းကို ဆက်ပြီး ဆွေးနွေးညှိနှိုင်းရမှာ ဖြစ်ပါတယ်။ မတ်လ ဆွေးနွေးပွဲမှာ ရခဲ့တဲ့ သဘောတူညီချက်တွေအပြင် နိုင်ငံတော်ဘက်က အဆိုပြုတဲ့ အချက်တွေ တိုင်းရင်းသားတွေဘက်က အဆိုပြုတဲ့အချက်တွေ ဒါတွေကို အကျေအလည် ဆွေးနွေးပြီး နှစ်ဖက်သဘောတူညီမှုတွေရအောင် ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ အခန်း (၇) ခန်းစလုံး နှစ်ဘက်သဘောတူညီပြီ ဆိုလျှင်တော့ လက်မှတ်ရေးထိုးကြရမှာ ဖြစ်ပြီး မေလ ဆွေးနွေးတဲ့အခါ သဘောတူညီမှု အကုန်မရသေးရင် အကုန်လုံး သဘောတူညီမှုရသည် အထိ ဆွေးနွေးရဦးမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့အတိုင်း သြဂုတ်လ ၁ ရက်မတိုင်မီတော့ သဘောတူညီမှုရမယ် ထင်ပါတယ်။ အရေးအကြီးဆုံးကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး လက်ခံ ယုံကြည် လိုက်နာ ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ဒို့တာဝန်အရေးသုံးပါးအပေါ်မှာ အခြေခံပြီး ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။     ၁၂။ ဒီနေရာမှာ တစ်ဆက်တည်းပြောလိုတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့မူဝါဒခြောက်ရပ်ဖြစ်တဲ့-   (က) ထာဝရငြိမ်းချမ်းရေးရယူရန်၊ အမှန်တကယ်ဆန္ဒရှိရန်၊   (ခ) သဘောတူစာချုပ်အတိုင်း ကတိတည်ရန်၊   (ဂ) ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် အမြတ်မထုတ်ရန်၊   (ဃ) ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်၊   (င) နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်၊   (စ) ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါ ဆောင်ရွက်ရန်။     ၁၃။   ဒီအချက်ခြောက်ချက်ဟာ မူကြမ်းရေးဆွဲရာမှာ ပါဖို့၊ မပါဖို့ထက် လိုက်နာဆောင်ရွက် ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ထာဝရငြိမ်းချမ်းရေးရမှာ ဖြစ်ပါတယ်။ အထက်ပါ အချက်တွေကို လိုက်နာတဲ့အဖွဲ့တွေ အနေနဲ့ ၎င်းတို့အကျိုးစီးပွား ဆုတ်ယုတ်မသွားသလို လက်မခံနိုင်စရာမရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေကလည်း သူတို့ကို အကျပ်ကိုင်တာ မဟုတ်သလို တပ်မတော်က လက်တွေ့ကိုယ်တိုင် လိုက်နာ ဆောင်ရွက် နေတဲ့ အချက်တွေ ဖြစ်ပါတယ်။ စိတ်သဘောထား မှန်ကန်ပြီး တည်ကြည် ဖြောင့်မတ် တဲ့ KNU လို အဖွဲ့မျိုးဆိုရင်တော့ အားလုံးလက်ခံဆောင်ရွက်နေတဲ့ အချက်တွေ ဖြစ်ပါတယ်။ စောဒက တက်စရာမရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။     ၁၄။            အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးရာမှာ နိုင်ငံတကာ အစိုးရက ပါဝင်ရလောက်အောင် တိုင်းရင်းသားတွေဘက် တောင်းဆိုနေတယ်ဆိုတာ KIA  တစ်ဖွဲ့ တည်းကိုကြည့်ပြီး ပြောတာလား။ ကျန်တဲ့ အဖွဲ့အစည်းတွေကိုရော ထည့်မစဉ်းစား တော့ဘူးလား။ အရေးကြီးဆုံးက သဘောတူညီမှုပါ။ ကိုယ့်ပြည်တွင်းရေးကိစ္စကို ကိုယ့် ဘာသာ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့်ဘယ်သူတွေ ဘယ်လို စိုးရိမ် တယ် ဆိုတာထက် လက်မှတ်ရေးထိုးချင်သလား။ မထိုးချင်ဘူးလားက ပိုအရေးကြီး ပါတယ်။ နိုင်ငံတော်တစ်ခုလုံးရဲ့ နိုင်ငံသားအားလုံး တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွား နဲ့ယှဉ်ပြီး စဉ်းစားဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ အမျိုးသားရေးတာဝန်ကို ဘယ်တော့မှ သစ္စာမဖောက် ဆိုသလိုပါပဲ၊ အမျိုးသားရေး ပြည်ထောင်စုသား အားလုံးရဲ့ အရေး၊ တိုင်းရင်းသား အားလုံးရဲ့ အရေးဟာ ဒို့တာဝန်အရေးသုံးပါးပါပဲ။ ကိုယ့်အရေးကို သူများအားကိုးလို့ မရသလို ကိုယ့်ဘာသာယုံကြည်မှုရှိရှိနဲ့ ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။ ယုံကြည်မှုရှိရင် စိုးရိမ်ပူပန်မှုလည်း ပျောက်သွားမှာပါ။     ၁၅။ တိုင်းရင်းသားတွေက နိုင်ငံရေးအရ အာမခံချက်ရှိမှာ  အပစ်ရပ်ရေး လက်မှတ်ရေးထိုး လိုကြတယ်ဆိုတာ လက်တွေ့ကျ၊ မကျဆိုတာထက် ဖြစ်သင့်တဲ့ အခြေအနေတစ်ရပ်ဖြစ်လို့ လက်ခံပါတယ်။ နိုင်ငံရေးအာမခံချက် ရှိ၊ မရှိဆိုတာလည်း နိုင်ငံရေးအရ ဆွေးနွေးဖို့ Political Dialogue  သွားဖို့၊ Frame work တည်ဆောက်ဖို့ လက်ခံထားပြီးလည်း ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေးပြီးတာနဲ့  ဆက်သွားမယ့် လမ်းကြောင်းနဲ့ Time Frame ကို ချပြီးလည်း ဖြစ်ပါတယ်။ လက်ခံဆောင်ရွက်မယ့် အဖွဲ့အစည်းတွေဟာ အများစုဖြစ်ပြီး ကျန်တဲ့ KIA နဲ့ TNLA ကလည်း ဒါကို လက်ခံမယ်ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လက်မှတ်မရေးထိုးနိုင်စရာ မရှိပါ။ နိုင်ငံတော်အနေဖြင့်လည်း အတင်း အကျပ် လက်မှတ်ရေးထိုးဖို့လည်း ခိုင်းစရာ အကြောင်းမရှိပါ။ ဖြစ်နေတဲ့ ပကတိ အခြေအနေ ပေါ်မှာ မှန်ကန်စွာ ရှုမြင်သုံးသပ်ပြီး နားလည်မှု ပေးဖို့ပဲ လိုပါတယ်။     ၁၆။ တစ်ဖက်မှာလည်း တိုက်ပွဲတွေကြောင့် အပစ်အခတ်ရပ်စဲရေးစာချုပ် မချုပ်ဆိုနိုင်မှာ ပူပန်နေတယ်။ သူတို့ ပူပန်နေသလို ပျက်သွားနိုင်လားဆိုတာ ခွဲခြားပြီး ပြောဆိုလိုပါတယ်။ ယခု ဖြစ်နေတဲ့ အခြေအနေကို ကြည့်ပါ၊ အဓိက ဘယ်သူနဲ့ ဖြစ်နေတာလဲ၊ ဘယ်သူတွေက မလိုက်နာတာလဲ၊ ဘယ်သူတွေက လက်မှတ်မထိုးချင်တာလဲ၊ ဘယ်သူတွေက စိတ်ပူ နေတာလဲ၊ ဘက်နှစ်ဘက်ရှိပါတယ်။ တစ်ဘက်တည်းမဟုတ်တာတော့ နားလည်ဖို့ လိုပါတယ်။ တပ်မတော်ကတော့ အမှန်တရားပေါ် ရပ်တည်ပါတယ်။ သစ္စာ တရားနဲ့ အလုပ်လုပ်ပါတယ်။ ပြောတဲ့အတိုင်းလုပ်သလို လုပ်တဲ့အတိုင်းလည်း ပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် တပ်မတော်က တံခါးဖွင့်ထားသလို လက်ကမ်းပြီး ကြိုနေပါတယ်။ မလာချင်တဲ့သူက ဘယ်သူလဲ။ ရွှေလက်နဲ့ ခေါ်ပေမယ့် ကမ်းသောလက်ကိုမကြိုဘဲ လက်တွဲ ဖြုတ်ချင်ရင်တော့ ဘယ်သူ့ အပြစ်လဲ။ တွဲချင်တဲ့သူကို လက်တွဲခေါ်ပြီး လက်မတွဲ ချင်တဲ့သူကိုတော့ ထားခဲ့ရမှာပါပဲ။          ၁၇။   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတတို့ရဲ့ နိုင်ငံရေးအရ ရပ်တည်မှုတွေက နီးစပ်တယ်ဆိုတာထက် တစ်ထပ်တည်း ကျတယ်ဆိုရင် ပိုမှန်ပါတယ်။ နိုင်ငံတော် သမ္မတ ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားအားလုံး၏ အထွတ်အထိပ် နေရာ ရရှိသည် လို့ ဆိုထားပါတယ်။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နိုင်ငံရေးအရ ရပ်တည်မှုဟာ နိုင်ငံတော်သမ္မတရဲ့ သဘောအတိုင်း ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ နိုင်ငံရေးရပ်တည်ချက် သဘောထားတွေကို (၆၉) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းမှာ ကြည့်ရင် သိနိုင်ပါတယ်။ ၂၀၁၅ အလွန် တပ်မတော်ရဲ့ နိုင်ငံရေးဦးတည်ချက် ကလည်း ပြောင်းလဲစရာ မရှိပါဘူး။     ၁၈။ ယခုရှင်းလင်း တင်ပြတာတွေဟာ အမှန်တရားတွေပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်အတွက် တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်ဖြစ်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အပေါ်မှာ တစ်ပြေးညီ၊ တစ်သဘောတည်း ဆက်ဆံပါတယ်။ ဒို့တာဝန် အရေးသုံးပါးဟာ တပ်မတော်ရဲ့ တာဝန်၊ တပ်မတော်ရဲ့ နိုင်ငံရေးလမ်းစဉ်လည်း ဖြစ်ပါ တယ်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကာကွယ်စောင့်ရှောက်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိတဲ့ တပ်မတော် အနေဖြင့် နိုင်ငံတော်အကျိုး၊ နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အကျိုးစီးပွားကို အမြဲ ဦးထိပ်ပန်ဆင်ပြီး  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပါတယ်ဆိုတာ ခြွင်းချက် မရှိ အပြည့်အဝ လက်ခံယုံကြည်ပါလို့  ပြောကြားလိုပါတယ်။   ချစ်ကြည်စွာဖြင့်   မောင်မွှေး     မေလ ၅ ရက်ထုတ် ဒီမိုကရေစီတူဒေး သတင်းစာ အတွဲ(၁) အမှတ်(၅၇) မှ ကူးယူ ဖော်ပြသည်
ပဋိပက္ခများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ဒီမိုကရေစီတူဒေး၏ မေးမြန်းချက်များကို တပ်မတော်က ပြန်လည်ဖြေကြားခြင်း

ပြီးခဲ့တဲ့ ဧပြီလအတွင်းက တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့မှု၊ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲများ ခပ်စိပ်စပ်ဖြစ်ပေါ်လာမှုတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်ခဲ့ရ ပါတယ်။တိုက်ပွဲတွေ ဘာကြောင့် ပြန်လည် ဖြစ်ပွား ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားရပ်တည်ချက် ၂၀၁၅ အလွန်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အနေအထား တွေနဲ့ ပတ်သက်လို့ ဒီမိုကရေစီတူဒေးက ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးကို ဧပြီလ နောက်ဆုံးပတ်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ မေလတွင် အောက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။


သို့

ဦးကိုကို (ကိုကို စက်မှုတက္ကသိုလ်)

၁။ ဦးကိုကို၏စာကို လက်ခံရရှိပါတယ်။ စာပါ အကြောင်းအရာများကို ကြည့်လိုက်တော့ အောက်ပါအတိုင်း တွေ့ရပါတယ်-

(က) တပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ်စဉ်အခြေအနေ

(ခ) အခြားတိုင်းရင်းသား အဖွဲ့အစည်းများဖြစ်တဲ့ SSA၊ RCSS၊ “ဝ” တို့နှင့် အခြေအနေ

(ဂ) အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အခြေအနေ

(ဃ) အပစ်အခတ်ရပ်စဲရေး အပေါ် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ရပ်တည်ချက်

(င) တပ်မတော်၏ ရပ်တည်ချက်


၂။ ဦးကိုကိုရဲ့ စာအရ မေးခွန်းတွေကို ကြည့်ရင် ဦးကိုကိုတို့အပါအဝင် စာနယ်ဇင်း သမားတွေအနေနဲ့ တစ်ဘက်မှ KIAနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများရဲ့ လေထဲက စကား တွေကို ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ အမှန်လို့ ထင်မြင်နေတဲ့အပြင် တပ်မတော် အပေါ် မှာလည်း နဂိုကတည်းက အမြင်မရှင်းချင်တာကြောင့် တပ်မတော်အပေါ် အကောင်း မမြင်တာ သဘာဝကျပါတယ်။ တပ်မတော်အနေနဲ့ကလည်း အထက်မှ ပေးတဲ့အမိန့်နှင့် တာဝန်အတိုင်း စည်းကမ်းနှင့်အညီ လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့၊ တာဝန်မရှိရင်၊ တာဝန်ပေးမခံရရင် ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်လမ်းကိုယ် လျှောက်တာပဲဆိုတဲ့အသိနဲ့ Media မှာပါတာတွေ၊ ရေးတာတွေ အပေါ်မှာလည်း သိပ်ပြီး မတုံပြန်ခဲ့ပါဘူး။ ဒါကြောင့်လည်း တချို့ဖြစ်စဉ်၊ ဖြစ်ရပ်တွေဟာ အရင်ပြောတဲ့သူက အမှန်လိုဖြစ်နေပြီး တပ်မတော်ဘက်က ရေးမယ့်၊ ပြောမယ့်သူလည်း မရှိပါဘူး။ အခုလည်း ဦးကိုကိုအနေနဲ့ တပ်မတော်ဘက်က အခြေအနေမှန် သိချင်တာကြောင့် မေးတယ်လို့ပဲ ယူဆပြီး ရှင်းပြရတာဖြစ်ပါတယ်။


၃။ ဧပြီလအတွင်း တပ်မတော်နဲ့ KIA တို့အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး (၂၀-၄-၂၀၁၄)ရက်နေ့ထုတ် သတင်းစာမှာ ပါတာတွေဟာ အမှန်တရားတွေပါပဲ။ လုံးဝ လိမ်ညာရေးထားတာ မပါဘူး။ ကွဲလွဲချက်ဘာကြောင့် ရှိရလဲဆိုရင် KIA အနေနဲ့ အစကတည်းက တိုက်ပွဲဖြစ်စဉ်တွေအပေါ်မှာ အမှန်မပြောခဲ့၊ မရေးခဲ့တာကြောင့် ဖြစ်ပါ တယ်။ KIA ဘက်က ရေးတဲ့ Media တွေ အနေနဲ့လည်း ထင်ရာမြင်ရာ ရေးတဲ့အပြင် တပ်မတော်ကလည်း သတင်းမထုတ်တဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး တစ်ဆိတ်ကို တစ်အိတ် လုပ်ရေးတော့တာပါပဲ။ ပြီးခဲ့တဲ့တိုက်ပွဲတွေမှာ တပ်မတော်ဘက်မှ ၅၀၀၀၀ လောက်ကျတယ်လို့ ရေးတဲ့သူက ရေးသလို ယုံချင်တဲ့သူကလည်း ယုံတတ်ကြပါတယ်။ KIA နဲ့ ဖြစ်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ရခဲ့တဲ့ အလောင်းလက်နက်တွေနဲ့ ပတ်သက်ပြီး မှတ်တမ်းဓာတ်ပုံတွေ အများကြီးရှိပါတယ်။ သူတို့ဆီက ထုတ်ပြန်ရေးသလို ရေးလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်အနေနဲ့ စည်းကမ်းရှိပါတယ်။ တပ်မတော် က တိုက်တယ်ဆိုတာ လူမျိုးကို တိုက်တာ မဟုတ်ပါဘူး။ လူမျိုးရေးအသွင်သဏ္ဍာန် ဆောင်သွားမယ့် ဖြစ်စဉ်ဖြစ်ရပ်မျိုး မဖြစ်အောင် နာကြည်းချက် မဖြစ်သွားအောင် ထိန်းရ ပါတယ်။ သူတို့ဘက်က ကျတော့ ဘာမှ မထိန်းပါဘူး။ ပူတာအိုဘက်မှာ ဖြစ်ခဲ့တဲ့ အရာရှိ ခေါင်းဖြတ် အသတ်ခံရတဲ့ဖြစ်စဉ်မျိုးကို သူတို့ဘက်ကကျတော့ ဝန်မခံတဲ့အပြင် ထမင်းရည်ပူ လျှာလွဲ လုပ်တာ အားလုံးအသိပါပဲ။


၎။ မန်ဝိန်းကြီးဘက်မှာ ဖြစ်တဲ့ ဖြစ်စဉ်တွေ သတင်းစာမှာ ပါပြီးပါပြီ။ ဒါပေမဲ့ ထပ်ရှင်းပြ ချင်တယ်။ မန်ဝိန်းဒေသဟာ တကယ်တော့ ရှမ်းလူမျိုးစုတွေ အများစုနေထိုင်တဲ့နေရာ ဖြစ်တယ်။ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားခဲ့တော့ ရဲစခန်းရော၊ တပ်မတော် စခန်းရော၊ အကောက်ခွန်စခန်းတွေရော ရှိတယ်။ ၂၀၁၁ခုနှစ် ဇွန်လမှာ KIA က လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ပိတ်ပစ်ခဲ့ရတယ်။ အဲဒီနောက်တော့ KIA တွေဝင်ပြီးနေတယ်။ ဒေသခံတွေကို နှိပ်စက် တယ်။ လူတွေကို အဓမ္မ ဖမ်းဆီးပြီး KIA စစ်သားလုပ်ခိုင်းတယ်။ ဆက်ကြေးတွေ ကောက်တယ်။ ဥပဒေမဲ့ သတ်ဖြတ်တယ်။ နိုင်ငံရဲ့ သယံဇာတတွေကို ခိုးထုတ်တယ်။ ဒါကြောင့် ဒေသခံတွေက သူတို့နယ်မြေကို ကာကွယ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ တယ်။





၅။ တစ်ခါ ဧပြီ ၃ရက်မှာ မန်ဝိန်းကြီးနဲ့ ကောင်းမုယန်လမ်းပေါ်မှာ ပုံမှန်တပ်လဲလှယ်ဖို့ တာဝန်နဲ့ သွားနေတဲ့ကားကို KIAက ပစ်ခတ်တိုက်ခိုက်လို့ တပ်မတော်က ဗိုလ်မှူး တစ်ယောက် ကျဆုံးခဲ့ရတယ်။ ဧပြီ ၁၁ရက်မှာ မိုးမောက်မြို့နယ် ကျောက်စခန်းအနီး ပုံမှန်စစ်ဆင်ရေး တာဝန်လဲလှယ်ဖို့ သွားနေတဲ့ ယာဉ်တန်းကို မိုင်းဆွဲပြီး ပစ်ခတ်ခဲ့လို့ စစ်သည်နှစ်ဦး ကျဆုံးပြီး စစ်သည်ကိုးဦး ဒဏ်ရာရခဲ့သလို ယာဉ်ပေါ်ပါတဲ့ လက်နက်မျိုးစုံ ၁၃ လက်နဲ့ ဆက်သွယ်ရေးစက်တွေ၊ ခဲယမ်းတွေ မီးလောင်ပျက်စီးခဲ့ရတယ်။ ဒါတွေဟာ ငြိမ်းချမ်းရေးကို ဗန်းပြပြီး ဥပဒေမဲ့လုပ်ရပ်မျိုးနဲ့ လုပ်နေတဲ့ KIAရဲ့ လုပ်ရပ်တွေထဲက တချို့ ဖြစ်တယ်။ ဒီတော့ ဒေသခံပြည်သူလူထုရဲ့ တောင်းဆိုမှုတွေ တပ်မတော်က လျစ်လျူရှု ထားလို့ မရသလို တရားဥပဒေစိုးမိုးရေး၊ နယ်မြေ လုံခြုံရေးတာဝန်တွေအရ တပ်မတော်က အကန့်အသတ်နဲ့ ရှင်းလင်း ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီလို ရှင်းလင်းတဲ့ အခါမှာ လည်း KIA ဘက်က စတင်ပစ်ခတ် တိုက်ခိုက်မှ မိမိဘက်က အတတ်နိုင်ဆုံး ထိန်းသိမ်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နယ်မြေဒေသအတွင်းမှာ ပြည်သူလူထုတွေ တစ်စုံ တစ်ရာ ထိခိုက်နစ်နာမှုမရှိခဲ့ဘူး ဆိုတာ သက်သေအဖြစ်နဲ့ တည်ရှိနေပါတယ်လို့ ပြောချင် ပါတယ်။ KIA ဘက်က ထုတ်ပြန်တာကို ယုံတယ် ဆိုရင်တော့ မတတ်နိုင်ပါ။ အကယ်၍ ငြိမ်းချမ်းသွားရင် ဖြစ်ရပ်မှန်ဟာ ဖုံးကွယ်ထားလို့မရဘဲ ဘူးပေါ်သလို ပေါ်လာမှာပါ။ ဒါကြောင့် အချိန်ကိုပဲ စောင့်ပါလို့ ပြောချင်ပါတယ်။


၆။ တစ်ဆက်တည်း ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပလောင်ဒေသ အပါအဝင် ရှမ်း(မြောက်) မှာဖြစ်တဲ့ တိုက်ပွဲဖြစ်စဉ်တွေကို တပ်မတော်က စစ်အင်အား တိုးချဲ့လို့လား၊ KIA ကမြှောက်ပေးလို့ လုပ်ရတဲ့ TNLA အပါအဝင် SSA နဲ့ TNLA တပ်ဖွဲ့တွေရဲ့ နယ်မြေ ချဲ့ထွင်မှုကြောင့် ဖြစ်တာလား စဉ်းစားသုံးသပ်နိုင်ပါတယ်။ ဥပမာ-မိုးကုတ်၊ မိုးမိတ်နယ်မြေ ဆိုတာ KIA လည်း မရှိသလို ရှမ်းအဖွဲ့အစည်းလည်း မရှိပါ။ သို့သော်လည်း မိမိနယ်မြေ မဟုတ်တဲ့ နယ်မြေမှာ ဝင်လာတဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို၊ နေရာ သတ်မှတ်ချက်မရှိဘဲ ဝင်လာတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို နယ်မြေ ထိန်းသိမ်း ရေး နယ်မြေစိုးမိုးရေးဆောင်ရွက်နေတဲ့ တပ်မတော်တပ်ရင်း/ တပ်ဖွဲ့တွေ အနေနဲ့ တားမရရင် ပစ်ခတ်ထိန်းသိမ်းရတာ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်တဲ့ အပေါ်မှာ တပ်မတော်ဟာ နယ်မြေချဲ့ထွင်လို့ မဟုတ်ပါ။ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ ကတိမတည်လို့ ဖြစ်ပါတယ်။ နယ်မြေချဲ့ထွင် လို့ဖြစ်ပါတယ်။ အထူးသဖြင့် KIA နဲ့ TNLA နှစ်ဖွဲ့စလုံးဟာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုး ထားတဲ့အပြင် စည်းကမ်းလည်းမရှိ၊ ကတိလည်း မတည်။ နယ်မြေလည်း ချဲ့ဆိုတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ မလွှဲမရှောင်သာ ဖြစ်ရတာ ဖြစ်ပါတယ်။


၇။ ဒီနေရာမှာ TNLA နဲ့ ပတ်သက်ပြီးတော့ ရှင်းပြချင်ပါတယ်။ ဦးကိုကိုတို့ သိပြီးသားပါ။ TNLA ဆိုတာ ဦးအိုက်မုန်းတို့ ငြိမ်းချမ်းရေးယူပြီးကတည်းက လုံးဝမရှိတော့ပါဘူး။ တချို့ ခွဲထွက်ပြီး ကျန်ရစ်တဲ့ အနည်းစုက မထင်မရှား ဆက်ကြေးကောက်၊ ဓားပြတိုက်တဲ့ အဆင့် ပဲ ရှိပါတယ်။ ဒါပေမယ့် NCCT က UNFC ထဲမှာ အဖွဲ့ဝင်အနေနဲ့ပါလို့ဆိုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကို ဆွဲသွင်းလာခဲ့တဲ့အတွက် လူသိသူသိဖြစ်လာတဲ့ သောင်းကျန်းသူ အဖွဲ့အစည်းအနေနဲ့ ပေါ်လာတာဖြစ်ပါတယ်။ ပလောင်နယ်မြေအတွင်းမှာ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၊ နှိပ်စက်မှုတွေကြောင့် နယ်မြေခံတပ်များနဲ့ ထိန်းချုပ် ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ရှမ်းလက်နက်ကိုင်အဖွဲ့တွေကျတော့ အပစ် အခတ် ရပ်စဲမှု လက်မှတ် ထိုးထားပါလျက် ဘာကြောင့်ဖြစ်ရလဲဆိုတော့ သူတို့လည်း အလားတူပါပဲ။ သူတို့ကို သတ်မှတ်ပေးထားတဲ့ နယ်မြေမှာမဖြစ်ဘဲ၊ ဝမ်ဟိုင်းလိုနေရာမျိုးမှာ မဖြစ်ဘဲ၊ သူတို့မရှိမယ့်နေရာ၊ သတ်မှတ်မထားတဲ့နေရာမှာ ဖြစ်တာကို သိသာထင်ရှားလှ ပါတယ်။


၈။ အပစ်ရပ်အဖွဲ့တွေနဲ့ အပစ်ရပ်စဉ်က နေရာသတ်မှတ်ချက် မဆွေးနွေးခဲ့လို့ တိုက်ပွဲ ဖြစ်ရတာ မဟုတ်ပါ။ အပစ်ရပ်စဉ်မှာ သတ်မှတ်ထားတဲ့နေရာကို သဘောတူပြီးလည်း ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးရသေးတဲ့ KIA အဖွဲ့သာ နယ်မြေ သတ်မှတ်ချက် မဆွေးနွေးတာ ဖြစ်ပါတယ်။ အစိုးရသစ် လက်ထက်မှာ တိုက်ပွဲဖြစ်ပွားမှုကို ကြည့်ရင် ကချင်နဲ့ ရှမ်းလို မြန်မာနိုင်ငံအထက်ပိုင်းက အဖွဲ့တွေနဲ့ပဲ ပြန်ဖြစ်နေပြီး ကေအင်န်ယူအပါအဝင် တောင်ပိုင်းဒေသတွေမှာ မဖြစ်တာ၊ တပ်မတော်က ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ရှိတာဟာ ခွဲခြားဆက်ဆံတာမျိုးလည်း မဟုတ်ပါ။ တောင်ပိုင်းကို နည်းလည် မှုရအောင် ယူပြီး အထက်ဘက်ကို ဖိတိုက်၊ ထိုးစစ်ဆင်တယ်ဆိုတဲ့ နည်းဗျူဟာမျိုးလည်း မဟုတ်ပါ။ တပ်မတော်ဟာ လွတ်လပ်ရေးရပြီးစအချိန်ကလို ရှိတဲ့ တပ်ရင်း (၄/၅) ရင်းနဲ့ တိုက်နေရတဲ့ခေတ်မဟုတ်တော့ပါ။ ခြေလျင်၊ အကူလက်ရုံးတပ်ဖွဲ့၊ ဝန်ထမ်းတပ်ဖွဲ့တွေ အပြင် တပ်မတော်(လေ)၊ တပ်မတော်(ရေ) နဲ့ ခေတ်မီတဲ့ အင်အားရှိတဲ့ စွမ်းရည်ရှိတဲ့ မျိုးချစ်တပ်မတော်၊ အရှေ့တောင်အာရှနိုင်ငံတွေက လေးစားရတဲ့ တပ်မတော်၊ Modernized Army၊ Standard Army၊ Mechanized Army အဖြစ်ကို တည်ဆောက်နေတဲ့ တပ်မတော်ဖြစ်ပါတယ်။


၉။ တစ်နိုင်ငံလုံးကို အကာအကွယ်ပေးနိုင်သလို ဘယ်ရန်သူကိုမဆိုလည်း ချေမှုန်းနိုင် ပါတယ်။ အင်အားရှိလို့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ အပေါ်မှာ အနိုင်ကျင့် ပြီး တိုက်နေတာမျိုးလည်း မဟုတ်ပါ။ KNU နဲ့ ဘာကြောင့်မဖြစ်လဲ၊ KNU က ကတိတည်ပြီး စည်းကမ်းနဲ့အညီ နေထိုင်လို့ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ မဖြစ်လို့ တပ်တွေမထားတာ၊ မရှိတာလည်း မဟုတ်ပါ။ ယခင်အတိုင်း သတ်မှတ်တဲ့ နေရာမှာ တပ်မတပ်တွေ၊ တိုင်းတပ်တွေ၊ နယ်မြေထိန်း၊ နယ်မြေလှုပ်ရှားတပ်တွေဟာ အရင်အတိုင်း ပါပဲ။ အောက်ပိုင်းမှာ တိုက်ပွဲတွေမရှိလို့ ထုတ်ပြီးအပေါ်ပိုင်းကို ပို့တာလည်း မဟုတ်ပါ။ အပေါ်ပိုင်းမှာရှိတဲ့တပ်တွေက သူ့တာဝန်နဲ့ သူထမ်းဆောင်ရင်း သူ့လုံခြုံရေး တာဝန်ယူရင်း စည်းကမ်း မလိုက်နာတဲ့ ကတိမတည်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ရတာပါ။ ဒေသခံ ပြည်သူလူထုအတွက် အကာအကွယ်ပြုရင်း ဖြစ်ရတာပါ။ လက်နက်ကိုင်ပြီး ဆက်ကြေးကောက်တာ၊ အတင်းအဓမ္မလူသစ်စုတာ၊ လူသစ် ခေါ်တာတွေကို ဒေသခံ ပြည်သူလူထုက လက်မခံသလို တပ်မတော်ကလည်း လက်မခံပါ။ လက်နက်အားကိုးနဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့်တာ၊ နှိပ်စက်တာကတော့ ပြည်သူကို အလုပ်အကျွေး ပြုရတဲ့ ကာကွယ်စောင့်ရှောက်ရတဲ့ တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေလို့ မရပါ။ မျက်နှာလွှဲနေလို့ မဖြစ်ပါ။ ငြိမ်းချမ်းရေးရအောင်ဆိုပြီး မြွေမသေ၊ တုတ်မကျိုးနဲ့ အလိုက် သင့်ပြီးပြီးရော နေလို့မရပါ။ အခုရှုပ်မှနောင်ရှင်း၊ ရှင်းလင်းရင်းနဲ့ တိုက်ပွဲဖြစ်ရတာ ဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးရယူပြီး လက်မှတ်ရေးထိုးပြီး ကတိမတည်ရင်တော့ တိုက်ပွဲထပ်ဖြစ် ဦးမှာ ဖြစ်ပါတယ်။ တပ်မတော်က ကတိမတည်တာ မဟုတ်ပါ။ လက်နက်ကိုင်အဖွဲ့တချို့က ကတိမတည်တာ၊ စည်းမစောင့်တာ ဖြစ်ပါတယ်။ ဒါကို တာဝန်ရှိသူတစ်ဦး အနေနဲ့ ဘယ်လိုမှတ်ချက်ပြုရမလဲ။ ကတိတည်ပါလို့ပဲ ပြောချင်ပါတယ်။


၁၀။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းရေးဆွဲရာမှာ ပြည်ထောင်စု တပ်မတော်ကိစ္စကို အကြိတ်အနယ် ဆွေးနွေးမယ်ဆိုတာ ဘာကို ဆွေးနွေးမှာလဲ၊ လက်ရှိ တပ်မတော်ဟာ ပြည်ထောင်စု တပ်မတော် ဖြစ်ပါတယ်။ လက်ရှိ တပ်မတော်ကို ဖျက်ပြီး တိုင်းရင်းသားအသီးသီးက အင်အားတွေ ပေါင်းထည့်ပြီး ပြည်ထောင်စုတပ်မတော် ဖြစ်ချင် လို့မရပါ။ ကမ္ဘာမှာ ဘယ်တပ်မတော်မဆို စစ်မှုထမ်း စည်းမျဉ်းဆိုတာ ရှိပါတယ်။ စစ်မှုထမ်း စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ မတည်ဆောက်၍ မရပါ။ ဖြစ်ချင်တာကို ဦးစားပေးမလား။ ဖြစ်သင့်တာကို လက်ခံမလား၊ လက်ရှိအစိုးရဟာ အစိုးရပါပဲ။ လက်ရှိအစိုးရကိုကျော်ပြီး အစိုးရလုပ်ချင်၍ မရသလို လက်ရှိတပ်မတော်ကို ကျော်ပြီး တပ်မတော် တည်ဆောက်ချင် ၍တော့ မရပါ။ ဥပဒေနဲ့အညီ၊ စည်းမျဉ်း၊ စည်းကမ်နဲ့အညီပဲ ပြောနိုင်၊ လက်ခံနိုင်မှာပဲ ဖြစ်ပါတယ်။


၁၁။ မေလဆွေးနွေးပွဲ အခြေအနေဘယ်လို ရှိနိုင်မလဲဆိုတာတော့ ကြိုတင် ခန့်မှန်း ပြောဆိုရခက်ပါတယ်။ ဖြစ်နိုင်တာကတော့ ပြီးခဲ့တဲ့ မတ်လဆွေးနွေးပွဲက သဘောတူ ထားတဲ့ Single Text မူကြမ်းကို ဆက်ပြီး ဆွေးနွေးညှိနှိုင်းရမှာ ဖြစ်ပါတယ်။ မတ်လ ဆွေးနွေးပွဲမှာ ရခဲ့တဲ့ သဘောတူညီချက်တွေအပြင် နိုင်ငံတော်ဘက်က အဆိုပြုတဲ့ အချက်တွေ တိုင်းရင်းသားတွေဘက်က အဆိုပြုတဲ့အချက်တွေ ဒါတွေကို အကျေအလည် ဆွေးနွေးပြီး နှစ်ဖက်သဘောတူညီမှုတွေရအောင် ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ အခန်း (၇) ခန်းစလုံး နှစ်ဘက်သဘောတူညီပြီ ဆိုလျှင်တော့ လက်မှတ်ရေးထိုးကြရမှာ ဖြစ်ပြီး မေလ ဆွေးနွေးတဲ့အခါ သဘောတူညီမှု အကုန်မရသေးရင် အကုန်လုံး သဘောတူညီမှုရသည် အထိ ဆွေးနွေးရဦးမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့အတိုင်း သြဂုတ်လ ၁ ရက်မတိုင်မီတော့ သဘောတူညီမှုရမယ် ထင်ပါတယ်။ အရေးအကြီးဆုံးကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး လက်ခံ ယုံကြည် လိုက်နာ ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ဒို့တာဝန်အရေးသုံးပါးအပေါ်မှာ အခြေခံပြီး ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။


၁၂။ ဒီနေရာမှာ တစ်ဆက်တည်းပြောလိုတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့မူဝါဒခြောက်ရပ်ဖြစ်တဲ့-

(က) ထာဝရငြိမ်းချမ်းရေးရယူရန်၊ အမှန်တကယ်ဆန္ဒရှိရန်၊

(ခ) သဘောတူစာချုပ်အတိုင်း ကတိတည်ရန်၊

(ဂ) ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် အမြတ်မထုတ်ရန်၊

(ဃ) ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်၊

(င) နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်၊

(စ) ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါ ဆောင်ရွက်ရန်။


၁၃။ ဒီအချက်ခြောက်ချက်ဟာ မူကြမ်းရေးဆွဲရာမှာ ပါဖို့၊ မပါဖို့ထက် လိုက်နာဆောင်ရွက် ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ထာဝရငြိမ်းချမ်းရေးရမှာ ဖြစ်ပါတယ်။ အထက်ပါ အချက်တွေကို လိုက်နာတဲ့အဖွဲ့တွေ အနေနဲ့ ၎င်းတို့အကျိုးစီးပွား ဆုတ်ယုတ်မသွားသလို လက်မခံနိုင်စရာမရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေကလည်း သူတို့ကို အကျပ်ကိုင်တာ မဟုတ်သလို တပ်မတော်က လက်တွေ့ကိုယ်တိုင် လိုက်နာ ဆောင်ရွက် နေတဲ့ အချက်တွေ ဖြစ်ပါတယ်။ စိတ်သဘောထား မှန်ကန်ပြီး တည်ကြည် ဖြောင့်မတ် တဲ့ KNU လို အဖွဲ့မျိုးဆိုရင်တော့ အားလုံးလက်ခံဆောင်ရွက်နေတဲ့ အချက်တွေ ဖြစ်ပါတယ်။ စောဒက တက်စရာမရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။


၁၄။ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးရာမှာ နိုင်ငံတကာ အစိုးရက ပါဝင်ရလောက်အောင် တိုင်းရင်းသားတွေဘက် တောင်းဆိုနေတယ်ဆိုတာ KIA တစ်ဖွဲ့ တည်းကိုကြည့်ပြီး ပြောတာလား။ ကျန်တဲ့ အဖွဲ့အစည်းတွေကိုရော ထည့်မစဉ်းစား တော့ဘူးလား။ အရေးကြီးဆုံးက သဘောတူညီမှုပါ။ ကိုယ့်ပြည်တွင်းရေးကိစ္စကို ကိုယ့် ဘာသာ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့်ဘယ်သူတွေ ဘယ်လို စိုးရိမ် တယ် ဆိုတာထက် လက်မှတ်ရေးထိုးချင်သလား။ မထိုးချင်ဘူးလားက ပိုအရေးကြီး ပါတယ်။ နိုင်ငံတော်တစ်ခုလုံးရဲ့ နိုင်ငံသားအားလုံး တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွား နဲ့ယှဉ်ပြီး စဉ်းစားဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ အမျိုးသားရေးတာဝန်ကို ဘယ်တော့မှ သစ္စာမဖောက် ဆိုသလိုပါပဲ၊ အမျိုးသားရေး ပြည်ထောင်စုသား အားလုံးရဲ့ အရေး၊ တိုင်းရင်းသား အားလုံးရဲ့ အရေးဟာ ဒို့တာဝန်အရေးသုံးပါးပါပဲ။ ကိုယ့်အရေးကို သူများအားကိုးလို့ မရသလို ကိုယ့်ဘာသာယုံကြည်မှုရှိရှိနဲ့ ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။ ယုံကြည်မှုရှိရင် စိုးရိမ်ပူပန်မှုလည်း ပျောက်သွားမှာပါ။


၁၅။ တိုင်းရင်းသားတွေက နိုင်ငံရေးအရ အာမခံချက်ရှိမှာ အပစ်ရပ်ရေး လက်မှတ်ရေးထိုး လိုကြတယ်ဆိုတာ လက်တွေ့ကျ၊ မကျဆိုတာထက် ဖြစ်သင့်တဲ့ အခြေအနေတစ်ရပ်ဖြစ်လို့ လက်ခံပါတယ်။ နိုင်ငံရေးအာမခံချက် ရှိ၊ မရှိဆိုတာလည်း နိုင်ငံရေးအရ ဆွေးနွေးဖို့ Political Dialogue သွားဖို့၊ Frame work တည်ဆောက်ဖို့ လက်ခံထားပြီးလည်း ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေးပြီးတာနဲ့ ဆက်သွားမယ့် လမ်းကြောင်းနဲ့ Time Frame ကို ချပြီးလည်း ဖြစ်ပါတယ်။ လက်ခံဆောင်ရွက်မယ့် အဖွဲ့အစည်းတွေဟာ အများစုဖြစ်ပြီး ကျန်တဲ့ KIA နဲ့ TNLA ကလည်း ဒါကို လက်ခံမယ်ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လက်မှတ်မရေးထိုးနိုင်စရာ မရှိပါ။ နိုင်ငံတော်အနေဖြင့်လည်း အတင်း အကျပ် လက်မှတ်ရေးထိုးဖို့လည်း ခိုင်းစရာ အကြောင်းမရှိပါ။ ဖြစ်နေတဲ့ ပကတိ အခြေအနေ ပေါ်မှာ မှန်ကန်စွာ ရှုမြင်သုံးသပ်ပြီး နားလည်မှု ပေးဖို့ပဲ လိုပါတယ်။


၁၆။ တစ်ဖက်မှာလည်း တိုက်ပွဲတွေကြောင့် အပစ်အခတ်ရပ်စဲရေးစာချုပ် မချုပ်ဆိုနိုင်မှာ ပူပန်နေတယ်။ သူတို့ ပူပန်နေသလို ပျက်သွားနိုင်လားဆိုတာ ခွဲခြားပြီး ပြောဆိုလိုပါတယ်။ ယခု ဖြစ်နေတဲ့ အခြေအနေကို ကြည့်ပါ၊ အဓိက ဘယ်သူနဲ့ ဖြစ်နေတာလဲ၊ ဘယ်သူတွေက မလိုက်နာတာလဲ၊ ဘယ်သူတွေက လက်မှတ်မထိုးချင်တာလဲ၊ ဘယ်သူတွေက စိတ်ပူ နေတာလဲ၊ ဘက်နှစ်ဘက်ရှိပါတယ်။ တစ်ဘက်တည်းမဟုတ်တာတော့ နားလည်ဖို့ လိုပါတယ်။ တပ်မတော်ကတော့ အမှန်တရားပေါ် ရပ်တည်ပါတယ်။ သစ္စာ တရားနဲ့ အလုပ်လုပ်ပါတယ်။ ပြောတဲ့အတိုင်းလုပ်သလို လုပ်တဲ့အတိုင်းလည်း ပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် တပ်မတော်က တံခါးဖွင့်ထားသလို လက်ကမ်းပြီး ကြိုနေပါတယ်။ မလာချင်တဲ့သူက ဘယ်သူလဲ။ ရွှေလက်နဲ့ ခေါ်ပေမယ့် ကမ်းသောလက်ကိုမကြိုဘဲ လက်တွဲ ဖြုတ်ချင်ရင်တော့ ဘယ်သူ့ အပြစ်လဲ။ တွဲချင်တဲ့သူကို လက်တွဲခေါ်ပြီး လက်မတွဲ ချင်တဲ့သူကိုတော့ ထားခဲ့ရမှာပါပဲ။





၁၇။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတတို့ရဲ့ နိုင်ငံရေးအရ ရပ်တည်မှုတွေက နီးစပ်တယ်ဆိုတာထက် တစ်ထပ်တည်း ကျတယ်ဆိုရင် ပိုမှန်ပါတယ်။ နိုင်ငံတော် သမ္မတ ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားအားလုံး၏ အထွတ်အထိပ် နေရာ ရရှိသည် လို့ ဆိုထားပါတယ်။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နိုင်ငံရေးအရ ရပ်တည်မှုဟာ နိုင်ငံတော်သမ္မတရဲ့ သဘောအတိုင်း ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ နိုင်ငံရေးရပ်တည်ချက် သဘောထားတွေကို (၆၉) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းမှာ ကြည့်ရင် သိနိုင်ပါတယ်။ ၂၀၁၅ အလွန် တပ်မတော်ရဲ့ နိုင်ငံရေးဦးတည်ချက် ကလည်း ပြောင်းလဲစရာ မရှိပါဘူး။


၁၈။ ယခုရှင်းလင်း တင်ပြတာတွေဟာ အမှန်တရားတွေပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်အတွက် တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်ဖြစ်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အပေါ်မှာ တစ်ပြေးညီ၊ တစ်သဘောတည်း ဆက်ဆံပါတယ်။ ဒို့တာဝန် အရေးသုံးပါးဟာ တပ်မတော်ရဲ့ တာဝန်၊ တပ်မတော်ရဲ့ နိုင်ငံရေးလမ်းစဉ်လည်း ဖြစ်ပါ တယ်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကာကွယ်စောင့်ရှောက်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိတဲ့ တပ်မတော် အနေဖြင့် နိုင်ငံတော်အကျိုး၊ နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အကျိုးစီးပွားကို အမြဲ ဦးထိပ်ပန်ဆင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပါတယ်ဆိုတာ ခြွင်းချက် မရှိ အပြည့်အဝ လက်ခံယုံကြည်ပါလို့ ပြောကြားလိုပါတယ်။

ချစ်ကြည်စွာဖြင့်

မောင်မွှေး



မလ ၅ ရက်ထုတ် ဒီမိုကရေစီတူဒေး သတင်းစာ အတွဲ(၁) အမှတ်(၅၇) မှ ကူးယူ ဖော်ပြသည်

နှလုံးသားမှ အပြုံးများထပ်တူ

0
0
ပန်းပေးနေသောကလေး
ပန်းပေးနေသောကလေး
♦   ဒီနေ့ မနက်မိုးလင်းတော့ အဆောင်ဘေး ကားလမ်းမပေါ် ကနေ သြဥဆွဲ သံတွေ ၊ လူသံတွေ ၊ အူးရား ..အူးရား  (အောင်ပြီ ..အောင်ပြီ) ဆိုတဲ့ ကြွေးကြော်သံတွေ ကြားနေရတယ်။ ဒီနေ့ ကရုရှားတွေရဲ့ Victory Day  ဆိုတော့ လိုက်ကြည့်ဦးမယ်ဆိုပြီး အဝတ်လေး ကပျာကယာ လဲပြီး အဆောင်က ဆင်းလာတယ် ။ အဆောင် စောင့် တဲ့ Security အဖွားကြီး က "အောင်ပွဲနေ့ကိုကြိုဆိုပါတယ်"ဆိုတဲ့ စာရွက်လေးတွေကို အဆောင်တံခါးမှာ ကပ်နေတယ် ။  Поздравляю с днём победы ( Congratulation for Victory Day) လို့ နှုတ်ဆက်လိုက်တော့ ကျေးဇူးအများကြီးတင်ပါတယ်တဲ့ ။


♦   လမ်းပေါ်ဆင်းလာတော့ လမ်းတစ်လျှောက် ယာဉ်ထဲရဲတွေ ကနေ "ကာလုဂါမြိုသားများအားလုံး ခင်ဗျာ ။ အောင်ပွဲနေ့အတွက် ဂုဏ်ပြုပါတယ် ။ ဆိုက်ကော့စကီး ရင်ပြင်ကနေ ၊ အောင်မြေ ရင်ပြင်ထိ လမ်းလျှောက်ကြမှာဖြစ်ပါတယ်ခင်ဗျာ "ဆိုပြီး လမ်းတစ်လျှောက်ကား တွေ နဲ့ လိုက်အော်နေတယ် ။ လူတွေ က လည်း အုန်းအုန်းကြွက်ကြွက် ပေါ့ ။ ဆိုက်ကော့စကီး ရင်ပြင်ရောက်တော့ လူတွေက တော်တော်များနေပြီ ။ လူကြီး ကလေးအားလုံး လက်ထဲမှာ အနီရောင် ပန်းကလေးတွေ ၊ပန်းပွင့် ကလေးတွေ ကိုင်လို့ ။ တချို့ လည်း အောင်ပွဲနေ့အထိမ်းအမှတ်အလံတွေ ၊ စစ်ပြန်ကြီးများကို ဂုဏ်ပြုပါသည်ဆိုတဲ့ စာတမ်းအလံသေးသေးလေးတွေ ကိုကိုင်လို့ ။ အောင်ပြီ အောင်ပြီ ဆိုတဲ့ အသံတွေ ၊ ရာ့စီရာ မာ့ရာ (ငါတို့ရုရှား) ဆိုတဲ့ သီချင်းသံတွေကလည်းသောသော ညံလို့ ပေါ့ ။

   ♦   အဲဒီနောက်တော့ အုပ်စုလိုက်အုပ်စုလိုက် အောင်မြေရင်ပြင် ဆီကို ချီတက်ကြတယ် ။ ဘင်ခရာအဖွဲ့ ၊ အလံကိုင်အဖွဲ့ ၊ အလံစောင့် အဖွဲ့ စတဲ့ တပ်ဖွဲ့ တွေက ရှေ့ဆုံးကပေါ့ ။ ပြီးတော့ စစ်သားတွေ ၊ ရဲတွေ ၊ စစ်ပြန်တွေ ဟာ ရောပြီးတော့ လမ်းလျှောက် ချီတက်ကြတယ် ။ တချို့ စစ်သားတွေကလည်း သူတို့ သားသမီးလေးတွေကို ပုခုံးပေါ် ထမ်းလို့ ။ တချို့ မိသားစုတွေ ကလည်း သူတို့ ရဲ့ စစ်မှုထမ်း အဘိုး ၊ အဘွားပုံတွေ ဆိုင်းဘုတ် လို ထောင်လို့ ။ တချို့ စစ်ပြန်ကြီးတွေကလည်း သူတို့ ရဲ့ တပ်ဖွဲ့ နံပါတ်တွေ ၊ သူတို့ရဲ့ သူငယ်ချင်း ဓာတ်ပုံတွေ ထောင်လို့ ။ သီချင်းတွေ ဆိုပြီး လမ်းလျှောက်ကြတယ် ။ လမ်းတစ်လျှောက် က ရှော့ပင်းမောတွေ ၊ ဈေးဆိုင်တွေ က လည်း ရှေ့မှာ ဝန်ထမ်းဝတ်စုံလေးတွေ နဲ့ Sound Box တွေချ "အောင်ပွဲ နေ့ အတွက် စစ်ပြန်များ ကို ဂုဏ်ပြုပါတယ် ""ကျွန်တော်တို့ရဲ့ သူရဲကောင်ကြီးများအားလုံး ကျန်းမာကြပါစေ ၊ ပျော်ရွှင်ကြပါစေ "စသဖြင့် ဆုတောင်းပေးကြတယ် ။ ပန်းစည်းတွေ ကမ်းပေးကြတယ် ။  စစ်ရေးပြ Parade ဟာ စစ်သားတွေချည်းပဲ မဟုတ်လို့ ညီညီ ညာညာ မရှိပေ မဲ့  စိတ်ထဲမှာ ကြည်နူးနွေးထွေး စေတာတော့ အမှန်ပဲ ။ စစ်သား နဲ့ ပြည်သူဟာ တန်းတူ ရည်တူဖြစ်နေတယ် ။ စစ်သားတွေ ကြားထဲမှာ ပြည်သူတွေရှိသလို ၊ ပြည်သူတွေကြားထဲမှာလည်း စစ်သားတွေရှိနေခဲ့တယ် ။


   ♦  ၆ လမ်းသွားလမ်းမကြီးတစ်လျှောက် လူပေါင်း သောင်းနဲ့ ချီပီး ပြည့်နှက်နေတယ် ။ လမ်းလျှောက်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ မနည်းတိုးဝှေ့ပြီးလျှောက်နေရတယ် ။ တချို့ လမ်းသိပ်မရှောက်နိုင်တော့တဲ့ စစ်ပြန် အဖိုးကြီး ၊ အဖွားကြီးတွေ ကတော့ တောင်ဝှေးလေးတွေ ထောက်လို့ ရင်ဘက်မှာ သူတို့ရခဲ့တဲ့ အဆင့် တံဆိပ်လေးတွေ တပ်လို့ ဘေးမှာရပ်ပီးအားပေးနေကြတယ် ။ ဓာတ်ပုံ ရိုက်မလို့ လုပ်နေတုန်း  ၇ နှစ် ၈ နှစ်ကောင်လေး ၂ ယောက်လောက်က ကျွန်တော့် ကိုအတင်းတိုးပြီး ရှေ့တက်သွားတယ် ။ ကိုယ်ကလည်းသတိမထားမိတော့ လူတောင်နည်းနည်း ယိုင်သွားတယ် ။ ပီးတော့ ဟိုဘက်လှည့်နေတဲ့ အဘိုးကြီး ကို  "ပ့ါရှလူ့စတာ့ ၊ ပါ့ရှလူ့စတာ့ "(Please..please) ဆိုပြီး အော်ပြောတယ် ။ စစ်ပြန်အဘိုးကြီး က နောက်ပြန်လှည့်ကြည့်တော့ ... တစ်ယောက်ကနေ ပြီးတော့ စစ်ပြန် အဘိုးကြီး လက်ထဲ ကို သူတို့ ကိုင်လာတဲ့ ပန်းလေးတွေ ထည့်ပေးလိုက်တယ် ။ ပြီးတော့ ပါးစပ်ကနေ လည်း ပြေးလိုက်သေးတယ် "Мне Повезло ! Герой наши .. Я поздравляю с днем победы , Вам счастье и здорове. Мы очень рады и потому вы наши"တဲ့ ။  ဒီ ၇ နှစ် လောက်ရှိတဲ့ ကလေးလေး ပြောတဲ့ စကား ကြားရတဲ့  စိတ်ထဲ မှာ ကြက်သီး တောင် ထသွားတယ် ။ သူ ပြောတဲ့ စကားသံ က ပြန်လာတဲ့ ထိ ကျွန်တော်နားထဲ စွဲ နေတယ် ။ အဓိပ္ပါယ် က ..."ခင်ဗျား ကို ပန်းပေးခွင့် ရတာ ကျွန်တော်အရမ်းကံကောင်းတာပဲ ..သူရဲကောင်းကြီး ။ အောင်ပွဲ နေ့အတွက် ကျွန်တော် ဂုဏ်ပြုပါတယ် ။ ခင်ဗျား ပျော်ရွှင်ပါစေ ၊ ကျန်းမာပါစေ "တဲ့ ။ ပီးတော့ "ခင်ဗျားတို့ မျိုး ဆက်တွေ ဖြစ်နေရတာ ကျွန်တော်တို့ အရမ်းပျော်ပါတယ် "  တဲ့ ။ ကြား ရ ချင်း ကျွန်တော် အံ သြ သွားတယ် ။  နိုင်ငံ တစ်နိုင်ငံ လူမျိုးတစ်ခု မှာ မျိုး ဆက် တစ်ဆက်ပြီး တစ်ဆက် ၊ တိုးတက်နေဖို့ အောင်မြင်နေဖို့ ဆိုရင် ... သူတို့ ဟာ အဲဒီလူမျိုးဖြစ်ရတာ ဂုဏ်ယူနေဖို့လိုတယ် ။ အဲဒီ နိုင်ငံ ရဲ့ မျိုးဆက်တွေ ဖြစ်ရတာ လှိုက်လှိုက်လှဲ လှဲ ကျေနပ်ဖို့လိုတယ် ထင်တယ်။

♦    အဲဒီနောက် အောင်မြေရင်ပြင်ဆီ ကို ဆက် လျှောက်လာတယ် ။ အောင်မြေရင် ပြင်ဆိုတာ က ဒုတိယကမ္ဘာ စစ်အတွင်း မှာ နာဇီတပ်တွေက ရုရှားကို ဝင်တိုက်တော့ ကာလုဂါမြို့ကိုဖြတ်ကြတယ် ။  အဲဒီ မှာ မြို့ ခံ တွေ ဝိုင်းတိုက် ပြီး မြို့ကို ကာကွယ်နိုင်ခဲ့တယ် ။ ဒါပေမဲ့ စစ်သည် အရပ်သား ၃၂၀၀ ကျော် ကျဆုံးခဲ့တယ် ။ အဲဒီထဲမှာ အမျိုးသမီး စစ်မှု ထမ်းခွင့် မရ လို့ ယောကျာင်္းယောင် ဆောင်ပြီး စစ်ဝင်တိုက်ခဲ့ တယ် ကာလုဂါမြို သူ အမျိုးသမီး စစ်သည်တစ်ဦး ပါခဲ့တယ် ။ သူကို ဂုဏ်ပြု သော အားဖြင့်  "ပလို့ယှက် ပါဗျဲဒီး"အောင်မြေရင်ပြင် ဆိုပြီး သူရုပ်တု ထုလုပ်ပေး ခဲ့တယ် ။  လက်တစ်ဖက်မှာ ကာလုဂါမြို့ က တီထွင်ခဲ့ တဲ့  စပုနစ် အာကာသယာဉ်ကို ကိုင်ထားပြီးတော့ တစ်ဖက်ကတော့ ငြိမ်းချမ်းရေး အဖြစ် ပုဝါ ကိုင်ထားတယ် ။ အထိမ်းအမှတ်နေ့ တွေ မှာ မြိုခံ လူထု က အဲဒီ နေရာမှာ လွမ်းသူပန်းခွေ ချပြီး အလေးပြုလေ့ရှိတယ် ။

♦    အောင်မြေရင်ပြင် ရောက်တော့ ကာလုဂါမြို့ရဲ့ မြိုတော်ဝန် ကနေ ဖွင့် ပွဲ အမှားစကား ပြောတယ် ။ ပြီးတော့ သက်ရှိထင်ရှားရှိနေသေးတယ် စစ်ပြန်အဘိုးကြီးတစ်ယောက်ကနေ အားလုံး ကိုယ်စား ဂုဏ်ပြုစကားပြောတယ် ။ အသက်ကြီး ပြီး စကားတွေ မပီတော့ သူပြောတဲ့ စကားတွေ မနည်းနားစိုက်ထောင်ရတယ် ။ ရုရှားလူမျိုးတို့ အတွက် ဒီအောင်ပွဲ ဟာ ခက်ခက်ခဲခဲ ရခဲ့ရတာ ဖြစ်ကြောင်း ၊ လူပေါင်း သန်းနဲ့ ချီသေဆုံး ခဲ့ ရကြောင်း ၊ ကျဆုံး သွားတဲ့ ရဲဘော်ရဲဘက်တွေကို အလေးအမြတ်ပြု ကြောင်း အားယူပြီးပြောသွားတယ် ။ နောက်တော့  ဘောင်းမန်းကျောင်း က ကျောင်းသားတစ်ယောက်ကနေ ဂုဏ်ပြုစကားတက်ပြောတယ် ။ "ဒီနေ့ အောင်ပွဲ ဟာ ရုရှားလူမျိုးတွေ အတွက်တင်မဟုတ်ခဲ့ပါဘူး ။ ဒုတိယကမ္ဘာစစ်ကို တစ်နည်းတစ်ဖုံးအဆုံး သတ်စေခဲ့တဲ့ နေ့တစ်နေ့လည်းဖြစ် ပါတယ် ။ စစ်ပြန်ကြီးတို့ ဟာ ရက်စက်ကြမ်းကြုတ်လှတဲ့ ကမ္ဘာစစ်ကြီးကို ခတ်မှီနည်းပညာတွေ ၊ လက်နက်တွေ နဲ့ အောင်နိုင်ခဲ့ ကြတာမဟုတ်ပါဘူး ။  နှလုံးသားတွေ မြတ်နိုးစိတ်တွေနဲ့ အောင်နိုင်ခဲ့ကြတာဖြစ်ပါတယ် ။ ကျွန်တော်တို့ အပါအဝင် နောက်မျိုး ဆက်တွေ ခင်ဗျားတို့ ကို အမှတ်ရနေမှာပါ ။ ကျွန်တော် ၊ ဒါမှမဟုတ် ကျွန်တော့် သားသမီး မြေးမြစ် ... ဘယ်သူပဲ ဖြစ်ဖြစ် ...ငြင်းမရတဲ့ အမှန်တရားတစ်ခု ရှိပါတယ် .... ခင်ဗျားတို့ဟာ သူရဲကောင်းတွေ ဆိုတာပါပဲ "တဲ့ ။  ပြီးတော့  သက်ဆိုင်ရာ မျိုးဆက်တွေ ၊ မိးသားစုတွေ လိုက် လွမ်းသူပန်းခွေ ချကြတယ် ။ အလေး ပြုကြတယ် ။ ပြီးတော့ အခမ်း အနားကို ပိတ်သိမ်းလိုက်ကြတယ် ။

    ♦   ပွဲပြီးလို့ ပြန်လာတော့ ...လမ်းတစ်လျှောက်မှာ အားကစားပြိုင်ပွဲလုပ်နေကြတဲ့ လူငယ်လူရွယ်လေးတွေ ၊ စတိတ်စင်လေးတွေ နဲ့ ဖျော်ဖြေနေကြတဲ့ မြို့သူမြို့သားတွေ ။ ပျော် ရွှင် နေတဲ့ မိသားစုတွေ ။ သမီး လေး က ကင်မရာလေး ချိန်လို့ ..... ပြုံး ပြ ... ပြုံးပြ ဆိုပြီး အတင်း ခိုင်းနေတဲ့  အဖေ စစ်သားတွေ ။ စစ်မှုထမ်းဝတ်စုံနဲ့ အဘိုးအဘွားကြီးတွေ ၊ ဓာတ်ပုံလေးတွေ ကိုင်ထားကြတဲ့ သားသမီး မြေးမြစ်တွေ .... စသဖြင့် အတန်းအစား ၊ ပုံပန်းသဏ္ဍန် ၊ အပြု အမူ ၊ အနေထိုင် ကွဲ နေ ကြတဲ့ လူ အမျိုးမျိုး မှာ ... နှလုံးသား က လာတဲ့ အပြုံးများစွာတော့  ... ဒီကနေ့ ထပ်တူ ကျနေကြလေရဲ့ ။                       (ရုပ်ဆိုး)

လမ်းလျှောက်လာကြစဉ်
လမ်းလျှောက်လာကြစဉ်
လမ်းလျှောက်လာကြစဉ်
လမ်းလျှောက်လာကြစဉ်


အောင်မြေရင်ပြင်က အမျိုးသမီးသူရဲကောင်းရုပ်တု
အောင်မြေရင်ပြင်က အမျိုးသမီးသူရဲကောင်းရုပ်တု
စစ်ပြန်ကြီးကို ပန်းပေးခိုင်းနေသော ကလေးအဖေ
စစ်ပြန်ကြီးကို ပန်းပေးခိုင်းနေသော ကလေးအဖေ
တစ်ယောက်တည်းပေမဲ့ ပျော်ပါတယ်
တစ်ယောက်တည်းပေမဲ့ ပျော်ပါတယ်
ဖွားဖွားလည်းစစ်မှုထမ်းဟောင်းတစ်ယောက်ပဲ
ဖွားဖွားလည်းစစ်မှုထမ်းဟောင်းတစ်ယောက်ပဲ
ပန်းပေးချင်လို့
ပန်းပေးချင်လို့
ဓာတ်ပုံတွေလည်းထောင်းထားကြ ၊ ပန်းစည်းတွေလည်းဝိုင်းပေးကြ
ဓာတ်ပုံတွေလည်းထောင်းထားကြ ၊ ပန်းစည်းတွေလည်းဝိုင်းပေးကြ

တစ်ခါတုန်းကတက္ကသိုလ်မှာ အပိုင်း၂၀

0
0
 Photo: တစ်ခါတုန်းကတက္ကသိုလ်မှာ အပိုင်း၂၀               စာမေးပွဲနားနီးရင် ကျွန်မအခန်းက လူစည်ကားပါတယ်။ အငယ်တန်းတွေက စာလာဖြတ်ခိုင်းကြလို့ပါ...။ eg..ဆိုရင်ဖြုတ်၊ Case studyတွေဖြုတ်။ ထပ်မံ ရှင်းပြချက်တွေ ဖြုတ်နဲ့.... လိုရင်း မပျောက်ဘဲ အဓိပ္ပါယ်ရှိနေသေးရင် ပြီးရော ဆိုပြီး ကျွန်မက လက်ရဲဇက်ရဲနဲ့ စာတွေကို ဖြတ်တောက်ပေးပါတယ်။ ဒီတော့ ချာတိတ်တွေက သိပ်အားကိုးကြ တာပေါ့.... အဟဲ။ ခက်တာက သူတို့စာတွေကို မဖတ်ဘဲ ဖြတ်တောက်လို့မရတဲ့ အတွက် သေချာဖတ်ပြီးမှ လုပ်ပေးရတာပါ။ ကျွန်မရဲ့ စာကျက်ချိန်တွေ တော်တော်ဖဲ့ ပေးရပါတယ်။           အငယ်တန်းတွေက သူတို့ရဲ့ စာတမ်းငယ် 10paper အတွက်လည်း လာလာမေးကြပါတယ်။ ကျွန်မလည်း စူးစမ်း စပ်စုလိုတဲ့ ဝါသနာအခံအရ သူတို့လို Paper လေးတစ်စောင်လောက် ရေးကြည့် လိုစိတ်တွေ ဖြစ်လာပါတယ်။ ဘာအကြောင်းရေးရမလဲ ဆိုပြီးးး ခေါင်းစဉ်ကို စဉ်းစားတော့ အဲ့အချိန်က ကိုယ်တိုင်ကိုယ်ကျ ရည်းစားထားလာခဲ့ပြီ။ ပြီးတော့ အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းတွေရဲ့ အဆင်မပြေတဲ့ အိမ်ထောင်ရေး ရင်ဖွင့်သံတွေလည်း ကြားလာရပါတယ်။ ဒီတော့ ကျွန်မအာရုံတွေဟာ အိမ်ထောင်ရေးကံ ကောင်းခြင်း၊ဆိုးခြင်းဆိုတဲ့ ကိစ္စတွေအပေါ် အာရုံရောက်နေပြန် ပါတယ်။ ဒီတော့ အိမ်ထောင်ရေးကံ ကောင်းခြင်း/ဆိုးခြင်းကို အပျော်တမ်း စာတမ်းငယ်လေး လုပ်ကြည့်ချင်စိတ်က ပေါက်လာပါတယ်။ အိမ်ထောင်ဖက်ကို ဘယ်လိုအချက် အလက်တွေ၊ ဘယ်လိုစဉ်းစား တွေးခေါ်မှုတွေနဲ့ ရွေးချယ်ခဲ့ကြသလဲပေါ့။ လက်မထပ်ခင်က သတိပြုမိတဲ့ ကိုယ့်အိမ်ထောင်ဖက်တွေရဲ့ ထူးခြားတဲ့ အပြုအမူ သို့မဟုတ် အတွေးအခေါ်ပေါ့။            အားတဲ့အချိန်မှာ အဲ့ဒီကိစ္စအတွက် မေးခွန်းလေးတွေ စဉ်းစားပြင်ဆင်ပါတယ်။ မေးခွန်းဆယ့်ငါးခုလောက် စဉ်းစားလို့ ရလာတော့ မေးရမယ့် လူတွေကို ဘယ်လိုအလွှာခွဲမလဲ??? စဉ်းစားပါတယ်။ ဒီစာတမ်းငယ်လေးက အိမ်ထောင်ပြုမယ့် လူငယ်တွေအတွက် တစ်စုံတစ်ရာသော စဉ်းစားစရာတွေကို ပေးနိုင်မလားပေါ့????? အနည်းဆုံးတော့ ကျွန်မက လက်ရှိရည်းစားကို အကဲဖြတ်သုံးသပ်နိုင်ဖို့နဲ့ တကယ် အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်မသင့် ဆုံးဖြတ်ရာမှာ အကူအညီတစ်ခုတော့ ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။တကယ်တမ်းမှာတော့ ကျွန်မက မဆုံးဖြတ်လိုက်ရဘဲ သူကသာ ဆုံးဖြတ်သွားခဲ့တာပါ။           ကျွန်မရဲ့ မေးခွန်းတွေကို အစမ်းသဘောနဲ့ ပထမဆုံး လက်တန်းမေးခံခဲ့ရတဲ့ ပုဂ္ဂိုလ်က မေမေပါ။ မေမေဖြေသွားပုံကို သဘောကျလို့ ကျွန်မမှာ အခန်းထဲပြန်ဝင်ပြီး တဟားဟား ရယ်နေခဲ့ရပါသေးတယ်။ "မေမေနဲ့ ဖေဖေက ဘယ်မှာဘယ်လို စတွေ့ကြတာလဲဟင်!!!!!" "ဘာဖြစ်လို့ မေးတာလဲ သမီးရဲ့ ????" "သိချင်လို့ပေါ့ မေမေရဲ့။" "ဘာလို့သိချင် ရတာလဲ????"  "အော်....ဒီလိုပါ။ မေမေက ဒီလောက် ကောင်းတဲ့ အိမ်ထောင်ဖက်ကို ဘယ်လိုရွေးချယ် ရှာဖွေခဲ့တာလဲ ဆိုတာလေးးး သိချင်လို့ ပါမေမေရယ်" "မသိပါဘူးအေ..." "ဘာလို့မသိတာလဲ မေမေရဲ့။" "သမီးအမေကြီးတို့ကဆို သဘောတောင်မတူဘူးးးး မှုန်ကုပ်ကုပ် ခပ်တင်းတင်းရုပ်နဲ့ လမ်းသရဲလိုလူကို မယူပါနဲ့ဆိုပြီးတောင် ငိုရှာသေးတယ်။" "အဲ့လိုလူကြီးသူမတွေရဲ့ အမြင်ကို ဆန့်ကျင်ပြီး ဖေဖေ့ကို ရွေးချယ်ရဲခဲ့တာ ဖေဖေ့ရဲ့ ဘယ်အချက်အလက်နဲ့ ဘယ်လိုစိတ်ဓါတ်တွေကို သဘောကျ လက်ခံနိုင်ခဲ့လို့လဲ မေမေ???? " "အဲ့လိုလည်း ဘာမှမသိပါဘူး သမီးရယ်... သူ့ဘာသာကောင်းချင်တဲ့လူမို့ ကောင်းနေတာပဲ။သူကောင်းတာ ဆိုးတာလည်း ယူပြီးမှ သိရတာပဲ။မေမေ့မှာ ကံကောင်းလို့တော်တော့တာပဲ။" "အွမ်!!!!! "             မကြာမီမှာ ကျွန်မက ပါမောက္ဓ တစ်ဦးနဲ့ ရင်ဆိုင်တွေ့ကြပါတယ်။ သူမကBanking System တွေကို သင်ကြားပို့ချပါတယ်။ ဘဏ်ဆိုတာ ငွေစု ငွေချေးနှင့် ငွေလွှဲအလုပ်လုပ်တဲ့ အပေါင်ဆိုင် အကြီးစား အဆင့်လောက်သာလို့ သိထားတဲ့ ကျွန်မရဲ့ အထင်အမြင်တွေဟာ ဒီဘာသာရပ်ကို သင်လိုက်ရတော့မှ အောင်မငီးးးး လို့ အော်မိတဲ့အထိ ဘဏ်ဆိုတာတွေကို ကြောက်သွား၊ဖြုံသွားပါတော့တယ်။ ဘဏ်ဆိုတာဟာ... မဝေးတော့တဲ့ အနာဂတ်မှာ ဒီနိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေးရာ၊ဘောဂဗေဒ ရေးရာတွေကို စီမံဖော်ဆောင် လမ်းပြမယ့် အရာတွေ ဖြစ်သလို ၊ငါတို့အိတ်ထောင်ထဲက ရှိသမျှကို နှိုက်ယူမယ့်အရာတွေလည်း ဖြစ်နေပြန်ပါလားးးးလို့ ဆင်ခြင်မိလာသလို နိုင်ငံတကာ စီးပွားပျက်ကပ်တွေဟာ ဘဏ်တွေပြိုလဲမှုတွေကနေ စတင်ကြတာပါလားးးး ဆိုတာတွေ သိလာပါတယ်။ကိုယ်တိုင်လည်း ဘဏ်တစ်ခုလောက် ပိုင်ဆိုင်ချင်စိတ်တွေ ဖြစ်လာပါတယ်။                 97အာရှစီးပွားပျက်ကပ်ကို လေ့လာရတော့ ကိုရီးယား၊မလေးရှားနဲ့ ထိုင်းနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်တွေ၊စီးပွားပျက်ကပ် ကာလအတွင်းမှာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ကိုင်တွယ်လုပ်ဆောင်မှုတွေကို ကောင်းကောင်းလေ့လာလိုက်ရပါတယ်။ မလေးရှား အစိုးရရဲ့ ကိုင်တွယ် ဆောင်ရွက်မှုကို နိုင်ငံတကာက "ဒီမိုကရေစီ မဆန်ဘူးးး အာဏာရှင်အလား သဏ္ဍန်တူတယ်" ဆိုပြီး ဝေဖန်ရှုံ့ချကြပေမယ့် သူ့နိုင်ငံကို စီးပွားပျက်ကပ်ဘေးကနေ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေးနိုင်ခဲ့ ပါတယ်။ ထိုင်းအစိုးရရဲ့ ဆောင်ရွက်ချက်တွေကတော့ တော်တော်ရယ်ရပါတယ်။ နိုင်ငံတကာရဲ့ ဝေဖန်မှုမခံရအောင် ဒီမိုကရေစီ စီးပွားရေး စံနှုန်းတွေနဲ့အညီ လုပ်ဆောင်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံတော်ရဲ့ စီးပွားရေးကတော့ ဗုန်းဗုန်းလဲသွားပြီး ထိုင်းလူမျိုး သူဌေးပေါက်စတွေ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း တအားမြင့် သွားခဲ့ပါတယ်။               ကိုရီးယားအကြောင်း ပြောရရင်တော့ နိုင်ငံခြားဘာသာ တက္ကသိုလ်တက်နေတုန်းက ဆုန်းချန်းစု ဆိုတဲ့ ဆရာမက 97 စီးပွားပျက်ကပ် အကြောင်းကို မျက်ရည်လည်ရင်း ပြောပြခဲ့တာတွေကိုပဲ ပြန်ပြောချင်ပါတယ်။ ကိုရီးယားက စတင်ခဲ့တဲ့ ဒီအကျပ်အတည်းက ဘဏ်တွေက စတင်တယ်၊ ဘဏ်တွေနှင့် နိုင်ငံရေးအာဏာပိုင် အဖွဲ့အစည်းတွေရဲ့ စည်းကမ်းမဲ့ လက်လွတ်စပါယ် လုပ်ခဲ့ကြတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ရတယ်လို့ သူမထင်ပါတယ်တဲ့။ ဒါပေမယ့် ဒီအကြောင်းတွေကို သူမသိပ် နားမလည်ပါဘူးတဲ့။အဲ့အချိန်မှာ သူမက တက္ကသိုလ်ကျောင်းသူပါ။ တက္ကသိုလ် ကျောင်းသား အများစုဟာ မိဘဆီက ထောက်ပံ့ကျေး၊မုန့်ဖိုး ဘာမှမရတော့သလို မိဘတွေကလည်း စားသောက်ဖို့အတွက်ကို မနည်းရုန်းကန်ရတဲ့ အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြပါတယ်။                ဒီတော့ တက္ကသိုလ် ကျောင်းသားတိုင်းဟာ ရရာအလုပ်ကို ပေးတဲ့ပိုက်ဆံယူပြီး ဝင်လုပ်ကြပါတယ်တဲ့။ မနက်အစော ကျောင်းချိန်ထက်စောပြီး မြေအောက်ဘူတာရုံတွေမှာ ဖိနပ်တိုက်ဆေးဘူးနဲ့ ဘရက်ကို ရှေ့မှာချပြီး ဒူးထောက်ထိုင်ကာ ကြေးမတောင်းဘဲ ပေးတဲ့ပိုက်ဆံကိုယူပြီး ဖိနပ်တိုက်ရင်း ဝင်ငွေရှာနေတဲ့ တက္ကသိုလ် ကျောင်းသားတွေ၊ကျောင်းသူတွေ လက်ညှိုးထိုးမလွဲအများကြီးပါဘဲတဲ့။ အဲ့ဒီလိုလူတွေထဲမှာ သူမလည်း ပါခဲ့ပါတယ်တဲ့။ ကိုရီးယားတွေဟာ ကိုယ့်မိသားစုမှာ၊ ကိုယ့်နိုင်ငံမှာ ပြဿနာတက်ရင် ဒီလိုပဲ ကြံ့ခိုင်တဲ့ စိတ်ဓါတ်နဲ့ လက်တွဲရက်ဆိုင်ဖြေရှင်းကြ ပါတယ်တဲ့။ ကျွန်မတို့ဆီက တက္ကသိုလ် ကျောင်းတော်တွေမှာရော အဲ့လိုအတွေး အခေါ်မျိုး အဲ့လိုစိတ်ဓါတ်ကြံ့ခိုင်မှုမျိုး ဖြစ်လာစေမယ့် ရေခံမြေခံတွေ ရှိကြပြီလားးး???                  စကားမစပ် သတိပေးချင်တာက ရှေ့အနာဂတ်မှာ ပြည်တွင်းပြည်ပ ဘဏ်တွေက ပေါပေါလောလော ပေးအပ်လာမယ့် ခရက်ဒစ်ကဒ် ဆိုတာတွေကို ခေတ်မီပစ္စည်းတစ်ခုလို သဘောထားပြီး ချောင်ချောင်ရတိုင်း အဟုတ်မှတ်မသုံး စေချင်ပါဘူး။ မြန်မာတွေက အကြွေးရရင် ဆင်တောင်ဝယ်စီးတယ် ဆိုတဲ့ ဆိုရိုးစကားကလည်း ရှိတယ်လေ။ မလွှဲသာတဲ့ အရေးပေါ် အခြေအနေအရ ခရက်ဒစ်ကဒ် သုံးလိုက်ရတဲ့ လူကလွဲရင်... ခရက်ဒစ်ကဒ်ကိုင်သုံးနိုင်တာကို အဟုတ်ကြီးမှတ်နေတဲ့သူတွေကို ကျွန်မကတော့ "လူအတွေ၊ အချဉ်တွေ" လို့ပဲ စိတ်ထဲကနေ တိတ်တိတ်လေး ကြိတ်ပြီး သတ်မှတ်မယ်နော် (ဤကားးး စကားချပ်) ။           ဘဏ်ကိစ္စ မစခင်မှာ အရင်ဆုံး ဖြစ်ခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်မှု ကတော့ Banking ပါမောက္ခအပျိုဂျီးက အလှပြင်တဲ့ ကျောင်းသူတွေကို မျက်မုန်းကျိုးခြင်းနဲ့ သူကိုယ်တိုင်လည်း ပြင်ဆင်ခြယ်သမှု မရှိ မျက်နှာဗြောင်နဲ့... အဲ့ မှားလို့ နတ်ထရယ်ဗူးသီး ပုံစံနဲ့ နေထိုင်ခြင်းပါပဲ။ "နေထက်ထက်အောင်... စာလုပ်ရတာ နည်းသေးတယ်ထင်တယ်.... ညည်းတစ်ယောက်ထဲကို ထပ်ပေးအုံးမှပဲ။" "မလုပ်ပါနဲ့ တီချယ်ရယ်... ဒီ့ထက်ပို လုပ်ရရင်လည်းးးး သာမီးအသက်ထွက်ဖို့ပဲ ရှိပါတော့တယ်။"           "သြော... အလှပြင်ဖို့ အချိန်ကြ ရှိတယ်ပေါ့။" "အာ့က ၅မိနစ်ဆို ပြီးပြီလေ တီချယ်ကလည်းးးး ငါးမိနစ်လေး အချိန်ပေးလိုက်တာနဲ့ တနေကုန်လှနေတာ တန်တာပေါ့...ဟုတ်ဖူးလားးးးးခ်ခ်" "ဘာာာာ၅မိနစ်တုန်းးးး ဒီမျက်နှာလားးး၅မိနစ်နဲ့ ပြင်ပြီးမှာ။" "တကယ်ပါတီချယ်ရယ်.... မယုံရင် တီချယ့်ကို သမီးပြင်ပေးပါ့မယ်။ ၅မိနစ်ထက် ကြာရင် သမီးနောက်ကို မျက်နှာဗြောင်နဲ့ ကျောင်းတက်ပါ့မယ်။" "တော်စမ်းပါအေ... မပြောချင်လို့ ကြည့်နေတာ အတော်လှချင် နေတယ်ပေါ့ ဟုတ်လားးးးး ©±~×÷•>¢_®_+_>®__|\\£©••&*--@" "တီချယ်နော်... ထပ်ဆူနေရင် သမီးတီချယ့်ကို ဖက်နမ်းပစ်တော့မှာဂျ ခိခိ။" "ဘာပြောဒယ်။" "တကယ်ပြောတာ... သမီးအသည်းယားလာပြီ။ တီချယ့်ပါးကို နှုတ်ခမ်းနီရာလေး ထင်သွားအောင် နမ်းပစ်လိုက်တော့မယ်..... မယုံရင် ထပ်ဆူကြည့် ဟိဟိ။" "ဟေ့ ဟေ့ ကောင်မလေးးးး ငြိမ်ငြိမ်နေစမ်းးး ရှေ့တိုးမလာခဲ့နဲ့။ညည်းဟာညည်း ပြင်ချင်သပဆိုလည်းးး ပြင်ပေါ့အေ။လှမယ်ထင်လုပ်ပေါ့။"               တရားဝင်ခွင့်ပြုချက် ရရှိပြီး နောက်မှာတော့ ကျွန်မဟာ စိတ်ချလက်ချ အလှပြင်ပြီးးးး သူမအချိန်ကို အတန်းတက်ရဲသွားပါတော့တယ်။ "တီချယ်က ပင်ကိုယ်အခံ မျက်လုံး မျက်ခုံးတွေက ထင်းပြီးလှနေတော့ အလှပြင်စရာ မလိုတော့တာပေါ့။ တီချယ့်လို မလှတဲ့သာမီးကတော့ လူရုပ် သူရုပ်ပေါက်အောင် ဒီလိုမှ မပြင်လို့ မရဘူးလေ။တီချယ့်အသားက ညိုပေမယ့် ညက်နေတာပဲ။မိတ်ကပ်ပါးပါးသုံးရင် တော်တော် စွဲဆောင်မှုရှိမှာ။ တီချယ့်လို အသားအရေလှအောင် ဘယ်လို လုပ်ရမလဲငင်!!!!" ဒီလိုတွေလည်း ချွဲပစ်လိုက်တာပဲ ဟီးဟီးးးး။ ပြောလို့ပြောတာမဟုတ်ဘူးးး စိတ်ညစ်နေတဲ့ အချိန်မျိုးမှာဆိုရင် ကျွန်မရဲ့ စိတ်ထွက်ပေါက်က အလှပြင်တာပဲ။ လက်သည်း ခြေသည်းလေးတွေကို အရောင်ပြောင်းပြီးးး အသစ်ဆိုး လိုက်ရရင်ကို သဘောတွေကျနေရော။ ရေ မိုးချိုး အလှပြင်ပြီးရင် စိတ်သောကတွေ တစ်ဝက်လောက်လျော့ သွားတာပဲ။ အပြင်ထွက် ကော်ဖီခါးခါးလေး တစ်ခွက်လောက် သောက်လိုက်ရရင် ညစ်နေတာတွေ အားလုံး ပြေသွားရော။              မေတ္တာဆိုတာ တကယ်ကို အသွားအပြန်ရှိပါတယ်... တနင်္လာနဲ့ သောကြာနေ့တိုင်း ယူနီဖောင်းလုံချည်နဲ့ တွဲဖက်ဝတ်တဲ့ ကျွန်မရဲ့ ဖက်ရှင်တွေကို တီချယ်ကြီးကလည်း မကြာခဏ လှတယ်ဟဲ့ လို့ ချီးကျူးတတ်လာပါတယ်။ သူငယ်တန်းကတည်းက ဝတ်လာရတဲ့ ယူနီဖောင်းးး တက္ကသိုလ်တက်တော့လည်း မလွတ်ဘူးးးး မဟာတက်တော့လည်း တစ်ပါတ်နှစ်ရက် ဝတ်ရသေးတယ်…မုန်းထှာ။ တော်သေးတာက လုံချည်ကိုပဲ ကန့်သတ်ထားပြီး အင်္ကျီကိုတော့ မကန့်သတ်ထားဘူးလေ။ ဒါနဲ့ အဖြူရောင်အင်္ကျီနဲ့တော့ လုံးဝတွဲမဝတ်ဘူးလို့ သံဒိဌာန်ချပြီးးး လုံချည်ရောင်နဲ့ နီးစပ်လိုက်ဖက်တဲ့ အပြာရောင် အနုအရင့်တွေ အနက်တွေပဲ ဒီဇိုင်းမျိုးစုံဝတ်ခဲ့ပါတယ်။ တီချယ်ကြီးက ကျွန်မရဲ့ အာဖျံရွှီးအစွမ်းအစတွေကိုပါ သိသွားတဲ့ အခါမှာတော့ ကမ္ဘေ္ဘာဇဘဏ်ရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို အင်တာဗျူး ခိုင်းပါတော့တယ်။ ကျွန်မလည်း မိတ္ထီလာ ကမ္ဘောဇဘဏ်ကို အခေါက်ပေါင်းများစွာ သွားပြီး မေးခွန်းပေါင်း သောင်းခြောက်ထောင်ကို မရိုးရအောင် မေးမြန်းပြီး မန်နေဂျာကြီးကို နှိပ်စက်ခဲ့ရပါတယ်။               စာတမ်းကြီးအတွက် ကြိုတင် ပြင်ဆင် အားထုတ်တဲ့ အနေနဲ့ ကျွန်မက အားလပ်ချိန်တိုင်းမှာ ဘောဂဗေဒ သီအိုရီတွေရဲ့နောက်ကို မြန်နှုန်းလိပ် အင်တာနက်ကလေးနဲ့ အသဲအသန် လိုက်ပါတယ်။ ရတာလေးတွေ ပရင့်ထုတ်၊ စီးတော်မြင်းကို ဆီဖြည့်၊ လိုင်းမရတဲ့ အင်တာနက်ဆိုင်မှာ ဆိုင်ထိုင်ခကို နာရီနဲ့ ရှင်းပြီးရင် ပိုက်ပိုက်အိတ်ထဲက ညည်းသံသဲ့သဲ့ ထွက်လာသလိုပါပဲ။ ကျွန်မကတော့ မညည်းပါဘူးးးးဟဟ။ တကယ်တော့...ဒီအသုံးစားရိတ်တွေဟာ ပညာရေးအတွက်ရရှိထားတဲ့  အသုံးစားရိတ်ကို ကျော်လွန်လာပြီးးး ကျွန်မရဲ့ အဝတ်အထည် နှင့် အလှအပအတွက် ဖယ်ထုတ်ထားတဲ့ ရံပုံငွေတွေကိုပါ တတိတိနဲ့ ထိပါးလာနေတော့ တခါတလေလည်း စိတ်ညစ်မိတာပေါ့လေ။             ကျွန်မက အဲ့အချိန်ကာလတွေမှာ မှော်ပေါက်သလိုလို စိတ်ဖောက် သလိုလိုဖြစ်ပြီးးးး သီအိုရီငယ်လေးတွေ လိုလို၊သီအိုရီအစိတ်အပိုင်းလေးတွေလိုလို အိုင်ဒီယာအပိုင်းအစလေးတွေက သူ့အလိုလို ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်ပေါ်လာနေပါတယ်။ ဘယ်အချိန်တွေမှာ ပေါ်ပေါက်သလဲ ဆိုရင်.... ဘောဂဗေဒ သီအိုရီတွေကို ကျက်မှတ်နေရာက ဆိုလိုရင်းးး အဓိပ္ပါယ်တွေနှင့် ပြင်ပက လက်တွေ့ဖြစ်ရပ်တွေကို တိုက်ဆိုင်ဆင်ခြင် သုံးသပ်မိတဲ့ အချိန်တွေနှင့် ဆိုင်ကယ်မောင်းနေတဲ့ အချိန်တွေမှာ အဲ့သီအိုရီတွေနဲ့ ဘာမှမဆိုင်တဲ့ အိုင်ဒီယာတွေ ပေါ်ပေါ်လာနေတာပါ။ ရုပ်ရှင်ဖန်သားပြင်မှာ စာတမ်းထိုးလိုက်သလို ချက်ခြင်း ပေါ်လာလိုက် ဘာပါလိမ့်လို့ ဆင်ခြင်တွေးဆချိန်မရဘဲ ပျောက်သွားလိုက်၊အမြန်ချချရေးမှတ်ထား နေရပါတယ်။ မရေးမှတ်လိုက်ရင် ပြန်ပျောက်သွားပြီး စဉ်းစားယူလို့လည်း မရတော့ပါဘူးးးး။                ဒါတွေကို အကြမ်းထည်အတိုင်း ခပ်တည်တည်နဲ့ သွားချပြလို့လည်း မရပါဘူးးး နောက်တစ်ချက်က ကိုယ်မသိပေမယ့် ရှိနှင့်ပြီးသား သီအိုရီတွေ ဖြစ်နေမလားးးး ဆင်တူရိုးမှားတွေ ဖြစ်နေမလားးးး သီအိုရီကြီးတွေရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေမလားးးး အရှက်တကွဲနဲ့ မဟာကဝိတို့ အလည်မှာ ဟားစရာတွေ ဖြစ်ကုန်မှာလားးး ဒါတွေဟာ ဒီပညာရပ်လောကမှာ အသစ်လား အဟောင်းလားးးး ဆိုတာ ဘယ်လိုလုပ်ပြီး တိုက်ဆိုင်စစ်ဆေး ရမှာလဲ???စတာတွေလည်း ဘာမှ မသိနားမလည်ဘူး ဖြစ်နေပါတယ်။               အာရုံတွေဟာ အမြင့်ပေ တစ်သောင်းကျော်မှာ နှင်းမုန်တိုင်း ကျနေသလို ရှုပ်ထွေးဝေဝါး သွားလိုက်၊ရုတ်တရက် ကြည်လင်ပြတ်သားလာပြီးးး ကျွန်မသွားချင်တဲ့ ပန်းတိုင်ဆိုတာကို မြင်လိုက်... ဖျတ်ဆိုပြန်ပျောက် သွားလိုက်နဲ့..... အကဲဆတ်တဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။ အဓိက ကတော့ မြူမှုန်တွေလို ပိတ်ဆို့တားဆီး ထားတဲ့ ကန့်လန့်ကာလိုအရာတွေကို ဥာဏ်ပညာအလင်းတန်းနဲ့ ဖောက်ထွင်းကြည့်မြင်နိုင်စွမ်းမှာ အားနည်းနေတာပါ။ ဘာ့ကြောင့်ဒီလိုတွေ ဖြစ်နေရတာလဲလို့ စဉ်းစားလိုက်တော့ ကျွန်မရဲ့ ပညာမပြည့်ဝမှုနဲ့ အခြေခံမရှိမှုကြောင့် ဆိုတာကို ထင်ထင်ရှားရှား သိမြင် လိုက်ရပါတယ်။ ကျွန်မရဲ့ ပညာမပြည့်ဝမှုက ကျွန်မအတွက် အတားအဆီး တစ်ခု ဖြစ်နေပြီး ကြီးမားတဲ့ ပေါက်ကွဲ ပွင့်ထွက်နိုင်စွမ်း မရှိဖြစ်နေတာပါ။               ဘယ်သူ့ကိုမှ စကားမပြောချင်တော့ သလို လာသမျှဖုန်းတွေလည်း မကိုင်သလောက်ဖြစ်ကုန်ပါတယ်။ အချိန်အားတာနဲ့ ကျွန်မချရေးထားခဲ့တဲ့ အပိုင်းအစတွေဟာ ဘာတွေလဲ???ဘာကိုဆိုလိုတာလဲ????ဘယ်လိုကွင်းဆက်ယူရမလဲ??? တွေးပြီးရင်းတွေးးး စဉ်းစားပြီးရင်းးး စဉ်းစားနေမိပါတော့တယ်။ ကျွန်မသိနေပါပြီ....ဒါဟာ သိပ်ကြီးမားတဲ့ အဖိုးတန်အရာကြီး တစ်ခုဆိုတာ....။ ခက်တာက ဘယ်လိုကော်ထုတ်ရမလဲ???? လှိုဏ်ဖောက်တူးရမှာလား???? ဘူဒိုဇာနဲ့ ဖြိုယူရမှာလား??? ကျွန်မနဲ့အတူ ဘယ်သူကူဆယ်ပေးမလဲ??? တစ်ယောက်ထဲနဲ့ နိုင်မယ့်ပုံ မပေါ်ပါဘူးးး။နည်းပညာအကူအညီတွေ လိုအပ်နေပါပြီ။ ကျောင်းသားတွေ ထဲက မပြောနဲ့ ပါမောက္ခတွေ ထဲကတောင် ကမ္ဘာမှာမရှိသေးတဲ့ သီအိုရီအသစ်တစ်ခု ဖော်ထုတ်နိုင်တဲ့ ပညာရေးဆိုင်ရာ ရေခံမြေခံ ကျွန်မတို့နိုင်ငံမှာ မရှိတာ ကမ္ဘာက သိပါတယ်။ ဒါဆို...ကျွန်မမှာရော ရှိနိုင်ပါ့မလားးး ရှိသလိုလိုဖြစ်နေပေမယ့် ရှိတဲ့အရာက ဘာကြီးလဲ ဆိုတာရော... အဲ့မျိုးစေ့ကြီး အပင်ပေါက်အောင် ဘယ်လိုဖောက်ရမှန်း ရော ကျွန်မတကယ်မသိပါဘူးးးး။              ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေနဲ့ တက်ကြွလာလိုက်....ဟုတ်မှ ဟုတ်ရဲ့လား??? ငါရူးများနေတာလား???စိတ်ရောဂါအထူးကု တစ်ယောက်လောက်နဲ့ တိုင်ပင်ကြည့်ရင် ကောင်းမလား???သူကဘယ်လိုထရိမန့် ပေးမှာလဲ??? ငါ့ရဲ့ စဉ်းစားစိတ်ကူး မျှော်မြင်တတ်တဲ့ မွေးရာပါ ဝါသနာလေးကို ဆေးတွေနဲ့ ဖျောက်ပစ်လိုက်မှာလား??? အိမ်ကလူတွေကို ပြန်မပြောပါနဲ့လို့ မှာပြီး ဖွားလေးဆရာဝန်မကြီးနဲ့ သွားတွေ့ပြီး ဆွေးနွေးလိုက် ရမလား??? ဒီကိုယ်ပိုင်သီအိုရီ ဆိုတာကြီး တကယ်ပေါ်လာအောင် ရှေ့ဆက်လိုက်ရမှာလားးးး???အိပ်မက်တစ်ခုလို မေ့လိုက်ရမှာလားးး??? ဒါနဲ့... ပတ်ဝန်းကျင်ကို တိုင်ပင်ရင်း အကူအညီတောင်းဖို့  လေ့လာလိုက်တော့လည်း ဦးနှောက်ဖောက်စားဖို့ စောင့်နေတဲ့ ဠင်းတတွေချည်းပါပဲ။         ဆက်လက်ဖော်ပြပါမည်                                    နေထက်ထက်အောင်

စာမေးပွဲနားနီးရင် ကျွန်မအခန်းက လူစည်ကားပါတယ်။ အငယ်တန်းတွေက စာလာဖြတ်ခိုင်းကြလို့ပါ...။ eg..ဆိုရင်ဖြုတ်၊ Case studyတွေဖြုတ်။ ထပ်မံ ရှင်းပြချက်တွေ ဖြုတ်နဲ့.... လိုရင်း မပျောက်ဘဲ အဓိပ္ပါယ်ရှိနေသေးရင် ပြီးရော ဆိုပြီး ကျွန်မက လက်ရဲဇက်ရဲနဲ့ စာတွေကို ဖြတ်တောက်ပေးပါတယ်။ ဒီတော့ ချာတိတ်တွေက သိပ်အားကိုးကြ တာပေါ့.... အဟဲ။ ခက်တာက သူတို့စာတွေကို မဖတ်ဘဲ ဖြတ်တောက်လို့မရတဲ့ အတွက် သေချာဖတ်ပြီးမှ လုပ်ပေးရတာပါ။ ကျွန်မရဲ့ စာကျက်ချိန်တွေ တော်တော်ဖဲ့ ပေးရပါတယ်။

အငယ်တန်းတွေက သူတို့ရဲ့ စာတမ်းငယ် 10paper အတွက်လည်း လာလာမေးကြပါတယ်။ ကျွန်မလည်း စူးစမ်း စပ်စုလိုတဲ့ ဝါသနာအခံအရ သူတို့လို Paper လေးတစ်စောင်လောက် ရေးကြည့် လိုစိတ်တွေ ဖြစ်လာပါတယ်။ ဘာအကြောင်းရေးရမလဲ ဆိုပြီးးး ခေါင်းစဉ်ကို စဉ်းစားတော့ အဲ့အချိန်က ကိုယ်တိုင်ကိုယ်ကျ ရည်းစားထားလာခဲ့ပြီ။ ပြီးတော့ အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းတွေရဲ့ အဆင်မပြေတဲ့ အိမ်ထောင်ရေး ရင်ဖွင့်သံတွေလည်း ကြားလာရပါတယ်။ ဒီတော့ ကျွန်မအာရုံတွေဟာ အိမ်ထောင်ရေးကံ ကောင်းခြင်း၊ဆိုးခြင်းဆိုတဲ့ ကိစ္စတွေအပေါ် အာရုံရောက်နေပြန် ပါတယ်။ ဒီတော့ အိမ်ထောင်ရေးကံ ကောင်းခြင်း/ဆိုးခြင်းကို အပျော်တမ်း စာတမ်းငယ်လေး လုပ်ကြည့်ချင်စိတ်က ပေါက်လာပါတယ်။ အိမ်ထောင်ဖက်ကို ဘယ်လိုအချက် အလက်တွေ၊ ဘယ်လိုစဉ်းစား တွေးခေါ်မှုတွေနဲ့ ရွေးချယ်ခဲ့ကြသလဲပေါ့။ လက်မထပ်ခင်က သတိပြုမိတဲ့ ကိုယ့်အိမ်ထောင်ဖက်တွေရဲ့ ထူးခြားတဲ့ အပြုအမူ သို့မဟုတ် အတွေးအခေါ်ပေါ့။

အားတဲ့အချိန်မှာ အဲ့ဒီကိစ္စအတွက် မေးခွန်းလေးတွေ စဉ်းစားပြင်ဆင်ပါတယ်။ မေးခွန်းဆယ့်ငါးခုလောက် စဉ်းစားလို့ ရလာတော့ မေးရမယ့် လူတွေကို ဘယ်လိုအလွှာခွဲမလဲ??? စဉ်းစားပါတယ်။ ဒီစာတမ်းငယ်လေးက အိမ်ထောင်ပြုမယ့် လူငယ်တွေအတွက် တစ်စုံတစ်ရာသော စဉ်းစားစရာတွေကို ပေးနိုင်မလားပေါ့????? အနည်းဆုံးတော့ ကျွန်မက လက်ရှိရည်းစားကို အကဲဖြတ်သုံးသပ်နိုင်ဖို့နဲ့ တကယ် အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်မသင့် ဆုံးဖြတ်ရာမှာ အကူအညီတစ်ခုတော့ ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။တကယ်တမ်းမှာတော့ ကျွန်မက မဆုံးဖြတ်လိုက်ရဘဲ သူကသာ ဆုံးဖြတ်သွားခဲ့တာပါ။

ကျွန်မရဲ့ မေးခွန်းတွေကို အစမ်းသဘောနဲ့ ပထမဆုံး လက်တန်းမေးခံခဲ့ရတဲ့ ပုဂ္ဂိုလ်က မေမေပါ။ မေမေဖြေသွားပုံကို သဘောကျလို့ ကျွန်မမှာ အခန်းထဲပြန်ဝင်ပြီး တဟားဟား ရယ်နေခဲ့ရပါသေးတယ်။ "မေမေနဲ့ ဖေဖေက ဘယ်မှာဘယ်လို စတွေ့ကြတာလဲဟင်!!!!!""ဘာဖြစ်လို့ မေးတာလဲ သမီးရဲ့ ????""သိချင်လို့ပေါ့ မေမေရဲ့။""ဘာလို့သိချင် ရတာလဲ????""အော်....ဒီလိုပါ။ မေမေက ဒီလောက် ကောင်းတဲ့ အိမ်ထောင်ဖက်ကို ဘယ်လိုရွေးချယ် ရှာဖွေခဲ့တာလဲ ဆိုတာလေးးး သိချင်လို့ ပါမေမေရယ်""မသိပါဘူးအေ...""ဘာလို့မသိတာလဲ မေမေရဲ့။""သမီးအမေကြီးတို့ကဆို သဘောတောင်မတူဘူးးးး မှုန်ကုပ်ကုပ် ခပ်တင်းတင်းရုပ်နဲ့ လမ်းသရဲလိုလူကို မယူပါနဲ့ဆိုပြီးတောင် ငိုရှာသေးတယ်။""အဲ့လိုလူကြီးသူမတွေရဲ့ အမြင်ကို ဆန့်ကျင်ပြီး ဖေဖေ့ကို ရွေးချယ်ရဲခဲ့တာ ဖေဖေ့ရဲ့ ဘယ်အချက်အလက်နဲ့ ဘယ်လိုစိတ်ဓါတ်တွေကို သဘောကျ လက်ခံနိုင်ခဲ့လို့လဲ မေမေ???? ""အဲ့လိုလည်း ဘာမှမသိပါဘူး သမီးရယ်... သူ့ဘာသာကောင်းချင်တဲ့လူမို့ ကောင်းနေတာပဲ။သူကောင်းတာ ဆိုးတာလည်း ယူပြီးမှ သိရတာပဲ။မေမေ့မှာ ကံကောင်းလို့တော်တော့တာပဲ။""အွမ်!!!!! "

မကြာမီမှာ ကျွန်မက ပါမောက္ဓ တစ်ဦးနဲ့ ရင်ဆိုင်တွေ့ကြပါတယ်။ သူမကBanking System တွေကို သင်ကြားပို့ချပါတယ်။ ဘဏ်ဆိုတာ ငွေစု ငွေချေးနှင့် ငွေလွှဲအလုပ်လုပ်တဲ့ အပေါင်ဆိုင် အကြီးစား အဆင့်လောက်သာလို့ သိထားတဲ့ ကျွန်မရဲ့ အထင်အမြင်တွေဟာ ဒီဘာသာရပ်ကို သင်လိုက်ရတော့မှ အောင်မငီးးးး လို့ အော်မိတဲ့အထိ ဘဏ်ဆိုတာတွေကို ကြောက်သွား၊ဖြုံသွားပါတော့တယ်။ ဘဏ်ဆိုတာဟာ... မဝေးတော့တဲ့ အနာဂတ်မှာ ဒီနိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေးရာ၊ဘောဂဗေဒ ရေးရာတွေကို စီမံဖော်ဆောင် လမ်းပြမယ့် အရာတွေ ဖြစ်သလို ၊ငါတို့အိတ်ထောင်ထဲက ရှိသမျှကို နှိုက်ယူမယ့်အရာတွေလည်း ဖြစ်နေပြန်ပါလားးးးလို့ ဆင်ခြင်မိလာသလို နိုင်ငံတကာ စီးပွားပျက်ကပ်တွေဟာ ဘဏ်တွေပြိုလဲမှုတွေကနေ စတင်ကြတာပါလားးးး ဆိုတာတွေ သိလာပါတယ်။ကိုယ်တိုင်လည်း ဘဏ်တစ်ခုလောက် ပိုင်ဆိုင်ချင်စိတ်တွေ ဖြစ်လာပါတယ်။

97အာရှစီးပွားပျက်ကပ်ကို လေ့လာရတော့ ကိုရီးယား၊မလေးရှားနဲ့ ထိုင်းနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်တွေ၊စီးပွားပျက်ကပ် ကာလအတွင်းမှာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ကိုင်တွယ်လုပ်ဆောင်မှုတွေကို ကောင်းကောင်းလေ့လာလိုက်ရပါတယ်။ မလေးရှား အစိုးရရဲ့ ကိုင်တွယ် ဆောင်ရွက်မှုကို နိုင်ငံတကာက "ဒီမိုကရေစီ မဆန်ဘူးးး အာဏာရှင်အလား သဏ္ဍန်တူတယ်"ဆိုပြီး ဝေဖန်ရှုံ့ချကြပေမယ့် သူ့နိုင်ငံကို စီးပွားပျက်ကပ်ဘေးကနေ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေးနိုင်ခဲ့ ပါတယ်။ ထိုင်းအစိုးရရဲ့ ဆောင်ရွက်ချက်တွေကတော့ တော်တော်ရယ်ရပါတယ်။ နိုင်ငံတကာရဲ့ ဝေဖန်မှုမခံရအောင် ဒီမိုကရေစီ စီးပွားရေး စံနှုန်းတွေနဲ့အညီ လုပ်ဆောင်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံတော်ရဲ့ စီးပွားရေးကတော့ ဗုန်းဗုန်းလဲသွားပြီး ထိုင်းလူမျိုး သူဌေးပေါက်စတွေ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း တအားမြင့် သွားခဲ့ပါတယ်။

ကိုရီးယားအကြောင်း ပြောရရင်တော့ နိုင်ငံခြားဘာသာ တက္ကသိုလ်တက်နေတုန်းက ဆုန်းချန်းစု ဆိုတဲ့ ဆရာမက 97 စီးပွားပျက်ကပ် အကြောင်းကို မျက်ရည်လည်ရင်း ပြောပြခဲ့တာတွေကိုပဲ ပြန်ပြောချင်ပါတယ်။ ကိုရီးယားက စတင်ခဲ့တဲ့ ဒီအကျပ်အတည်းက ဘဏ်တွေက စတင်တယ်၊ ဘဏ်တွေနှင့် နိုင်ငံရေးအာဏာပိုင် အဖွဲ့အစည်းတွေရဲ့ စည်းကမ်းမဲ့ လက်လွတ်စပါယ် လုပ်ခဲ့ကြတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ရတယ်လို့ သူမထင်ပါတယ်တဲ့။ ဒါပေမယ့် ဒီအကြောင်းတွေကို သူမသိပ် နားမလည်ပါဘူးတဲ့။အဲ့အချိန်မှာ သူမက တက္ကသိုလ်ကျောင်းသူပါ။ တက္ကသိုလ် ကျောင်းသား အများစုဟာ မိဘဆီက ထောက်ပံ့ကျေး၊မုန့်ဖိုး ဘာမှမရတော့သလို မိဘတွေကလည်း စားသောက်ဖို့အတွက်ကို မနည်းရုန်းကန်ရတဲ့ အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြပါတယ်။

ဒီတော့ တက္ကသိုလ် ကျောင်းသားတိုင်းဟာ ရရာအလုပ်ကို ပေးတဲ့ပိုက်ဆံယူပြီး ဝင်လုပ်ကြပါတယ်တဲ့။ မနက်အစော ကျောင်းချိန်ထက်စောပြီး မြေအောက်ဘူတာရုံတွေမှာ ဖိနပ်တိုက်ဆေးဘူးနဲ့ ဘရက်ကို ရှေ့မှာချပြီး ဒူးထောက်ထိုင်ကာ ကြေးမတောင်းဘဲ ပေးတဲ့ပိုက်ဆံကိုယူပြီး ဖိနပ်တိုက်ရင်း ဝင်ငွေရှာနေတဲ့ တက္ကသိုလ် ကျောင်းသားတွေ၊ကျောင်းသူတွေ လက်ညှိုးထိုးမလွဲအများကြီးပါဘဲတဲ့။ အဲ့ဒီလိုလူတွေထဲမှာ သူမလည်း ပါခဲ့ပါတယ်တဲ့။ ကိုရီးယားတွေဟာ ကိုယ့်မိသားစုမှာ၊ ကိုယ့်နိုင်ငံမှာ ပြဿနာတက်ရင် ဒီလိုပဲ ကြံ့ခိုင်တဲ့ စိတ်ဓါတ်နဲ့ လက်တွဲရက်ဆိုင်ဖြေရှင်းကြ ပါတယ်တဲ့။ ကျွန်မတို့ဆီက တက္ကသိုလ် ကျောင်းတော်တွေမှာရော အဲ့လိုအတွေး အခေါ်မျိုး အဲ့လိုစိတ်ဓါတ်ကြံ့ခိုင်မှုမျိုး ဖြစ်လာစေမယ့် ရေခံမြေခံတွေ ရှိကြပြီလားးး???

စကားမစပ် သတိပေးချင်တာက ရှေ့အနာဂတ်မှာ ပြည်တွင်းပြည်ပ ဘဏ်တွေက ပေါပေါလောလော ပေးအပ်လာမယ့် ခရက်ဒစ်ကဒ် ဆိုတာတွေကို ခေတ်မီပစ္စည်းတစ်ခုလို သဘောထားပြီး ချောင်ချောင်ရတိုင်း အဟုတ်မှတ်မသုံး စေချင်ပါဘူး။ မြန်မာတွေက အကြွေးရရင် ဆင်တောင်ဝယ်စီးတယ် ဆိုတဲ့ ဆိုရိုးစကားကလည်း ရှိတယ်လေ။ မလွှဲသာတဲ့ အရေးပေါ် အခြေအနေအရ ခရက်ဒစ်ကဒ် သုံးလိုက်ရတဲ့ လူကလွဲရင်... ခရက်ဒစ်ကဒ်ကိုင်သုံးနိုင်တာကို အဟုတ်ကြီးမှတ်နေတဲ့သူတွေကို ကျွန်မကတော့ "လူအတွေ၊ အချဉ်တွေ"လို့ပဲ စိတ်ထဲကနေ တိတ်တိတ်လေး ကြိတ်ပြီး သတ်မှတ်မယ်နော် (ဤကားးး စကားချပ်) ။

ဘဏ်ကိစ္စ မစခင်မှာ အရင်ဆုံး ဖြစ်ခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်မှု ကတော့ Banking ပါမောက္ခအပျိုဂျီးက အလှပြင်တဲ့ ကျောင်းသူတွေကို မျက်မုန်းကျိုးခြင်းနဲ့ သူကိုယ်တိုင်လည်း ပြင်ဆင်ခြယ်သမှု မရှိ မျက်နှာဗြောင်နဲ့... အဲ့ မှားလို့ နတ်ထရယ်ဗူးသီး ပုံစံနဲ့ နေထိုင်ခြင်းပါပဲ။ "နေထက်ထက်အောင်... စာလုပ်ရတာ နည်းသေးတယ်ထင်တယ်.... ညည်းတစ်ယောက်ထဲကို ထပ်ပေးအုံးမှပဲ။""မလုပ်ပါနဲ့ တီချယ်ရယ်... ဒီ့ထက်ပို လုပ်ရရင်လည်းးးး သာမီးအသက်ထွက်ဖို့ပဲ ရှိပါတော့တယ်။"

"သြော... အလှပြင်ဖို့ အချိန်ကြ ရှိတယ်ပေါ့။""အာ့က ၅မိနစ်ဆို ပြီးပြီလေ တီချယ်ကလည်းးးး ငါးမိနစ်လေး အချိန်ပေးလိုက်တာနဲ့ တနေကုန်လှနေတာ တန်တာပေါ့...ဟုတ်ဖူးလားးးးးခ်ခ်""ဘာာာာ၅မိနစ်တုန်းးးး ဒီမျက်နှာလားးး၅မိနစ်နဲ့ ပြင်ပြီးမှာ။""တကယ်ပါတီချယ်ရယ်.... မယုံရင် တီချယ့်ကို သမီးပြင်ပေးပါ့မယ်။ ၅မိနစ်ထက် ကြာရင် သမီးနောက်ကို မျက်နှာဗြောင်နဲ့ ကျောင်းတက်ပါ့မယ်။""တော်စမ်းပါအေ... မပြောချင်လို့ ကြည့်နေတာ အတော်လှချင် နေတယ်ပေါ့ ဟုတ်လားးးးး ©±~×÷•>¢_®_+_>®__|\\£©••&*--@""တီချယ်နော်... ထပ်ဆူနေရင် သမီးတီချယ့်ကို ဖက်နမ်းပစ်တော့မှာဂျ ခိခိ။""ဘာပြောဒယ်။""တကယ်ပြောတာ... သမီးအသည်းယားလာပြီ။ တီချယ့်ပါးကို နှုတ်ခမ်းနီရာလေး ထင်သွားအောင် နမ်းပစ်လိုက်တော့မယ်..... မယုံရင် ထပ်ဆူကြည့် ဟိဟိ။""ဟေ့ ဟေ့ ကောင်မလေးးးး ငြိမ်ငြိမ်နေစမ်းးး ရှေ့တိုးမလာခဲ့နဲ့။ညည်းဟာညည်း ပြင်ချင်သပဆိုလည်းးး ပြင်ပေါ့အေ။လှမယ်ထင်လုပ်ပေါ့။"

တရားဝင်ခွင့်ပြုချက် ရရှိပြီး နောက်မှာတော့ ကျွန်မဟာ စိတ်ချလက်ချ အလှပြင်ပြီးးးး သူမအချိန်ကို အတန်းတက်ရဲသွားပါတော့တယ်။ "တီချယ်က ပင်ကိုယ်အခံ မျက်လုံး မျက်ခုံးတွေက ထင်းပြီးလှနေတော့ အလှပြင်စရာ မလိုတော့တာပေါ့။ တီချယ့်လို မလှတဲ့သာမီးကတော့ လူရုပ် သူရုပ်ပေါက်အောင် ဒီလိုမှ မပြင်လို့ မရဘူးလေ။တီချယ့်အသားက ညိုပေမယ့် ညက်နေတာပဲ။မိတ်ကပ်ပါးပါးသုံးရင် တော်တော် စွဲဆောင်မှုရှိမှာ။ တီချယ့်လို အသားအရေလှအောင် ဘယ်လို လုပ်ရမလဲငင်!!!!"ဒီလိုတွေလည်း ချွဲပစ်လိုက်တာပဲ ဟီးဟီးးးး။
ပြောလို့ပြောတာမဟုတ်ဘူးးး စိတ်ညစ်နေတဲ့ အချိန်မျိုးမှာဆိုရင် ကျွန်မရဲ့ စိတ်ထွက်ပေါက်က အလှပြင်တာပဲ။ လက်သည်း ခြေသည်းလေးတွေကို အရောင်ပြောင်းပြီးးး အသစ်ဆိုး လိုက်ရရင်ကို သဘောတွေကျနေရော။ ရေ မိုးချိုး အလှပြင်ပြီးရင် စိတ်သောကတွေ တစ်ဝက်လောက်လျော့ သွားတာပဲ။ အပြင်ထွက် ကော်ဖီခါးခါးလေး တစ်ခွက်လောက် သောက်လိုက်ရရင် ညစ်နေတာတွေ အားလုံး ပြေသွားရော။

မေတ္တာဆိုတာ တကယ်ကို အသွားအပြန်ရှိပါတယ်... တနင်္လာနဲ့ သောကြာနေ့တိုင်း ယူနီဖောင်းလုံချည်နဲ့ တွဲဖက်ဝတ်တဲ့ ကျွန်မရဲ့ ဖက်ရှင်တွေကို တီချယ်ကြီးကလည်း မကြာခဏ လှတယ်ဟဲ့ လို့ ချီးကျူးတတ်လာပါတယ်။ သူငယ်တန်းကတည်းက ဝတ်လာရတဲ့ ယူနီဖောင်းးး တက္ကသိုလ်တက်တော့လည်း မလွတ်ဘူးးးး မဟာတက်တော့လည်း တစ်ပါတ်နှစ်ရက် ဝတ်ရသေးတယ်…မုန်းထှာ။ တော်သေးတာက လုံချည်ကိုပဲ ကန့်သတ်ထားပြီး အင်္ကျီကိုတော့ မကန့်သတ်ထားဘူးလေ။ ဒါနဲ့ အဖြူရောင်အင်္ကျီနဲ့တော့ လုံးဝတွဲမဝတ်ဘူးလို့ သံဒိဌာန်ချပြီးးး လုံချည်ရောင်နဲ့ နီးစပ်လိုက်ဖက်တဲ့ အပြာရောင် အနုအရင့်တွေ အနက်တွေပဲ ဒီဇိုင်းမျိုးစုံဝတ်ခဲ့ပါတယ်။ တီချယ်ကြီးက ကျွန်မရဲ့ အာဖျံရွှီးအစွမ်းအစတွေကိုပါ သိသွားတဲ့ အခါမှာတော့ ကမ္ဘေ္ဘာဇဘဏ်ရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို အင်တာဗျူး ခိုင်းပါတော့တယ်။ ကျွန်မလည်း မိတ္ထီလာ ကမ္ဘောဇဘဏ်ကို အခေါက်ပေါင်းများစွာ သွားပြီး မေးခွန်းပေါင်း သောင်းခြောက်ထောင်ကို မရိုးရအောင် မေးမြန်းပြီး မန်နေဂျာကြီးကို နှိပ်စက်ခဲ့ရပါတယ်။

စာတမ်းကြီးအတွက် ကြိုတင် ပြင်ဆင် အားထုတ်တဲ့ အနေနဲ့ ကျွန်မက အားလပ်ချိန်တိုင်းမှာ ဘောဂဗေဒ သီအိုရီတွေရဲ့နောက်ကို မြန်နှုန်းလိပ် အင်တာနက်ကလေးနဲ့ အသဲအသန် လိုက်ပါတယ်။ ရတာလေးတွေ ပရင့်ထုတ်၊ စီးတော်မြင်းကို ဆီဖြည့်၊ လိုင်းမရတဲ့ အင်တာနက်ဆိုင်မှာ ဆိုင်ထိုင်ခကို နာရီနဲ့ ရှင်းပြီးရင် ပိုက်ပိုက်အိတ်ထဲက ညည်းသံသဲ့သဲ့ ထွက်လာသလိုပါပဲ။ ကျွန်မကတော့ မညည်းပါဘူးးးးဟဟ။ တကယ်တော့...ဒီအသုံးစားရိတ်တွေဟာ ပညာရေးအတွက်ရရှိထားတဲ့ အသုံးစားရိတ်ကို ကျော်လွန်လာပြီးးး ကျွန်မရဲ့ အဝတ်အထည် နှင့် အလှအပအတွက် ဖယ်ထုတ်ထားတဲ့ ရံပုံငွေတွေကိုပါ တတိတိနဲ့ ထိပါးလာနေတော့ တခါတလေလည်း စိတ်ညစ်မိတာပေါ့လေ။

ကျွန်မက အဲ့အချိန်ကာလတွေမှာ မှော်ပေါက်သလိုလို စိတ်ဖောက် သလိုလိုဖြစ်ပြီးးးး သီအိုရီငယ်လေးတွေ လိုလို၊သီအိုရီအစိတ်အပိုင်းလေးတွေလိုလို အိုင်ဒီယာအပိုင်းအစလေးတွေက သူ့အလိုလို ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်ပေါ်လာနေပါတယ်။ ဘယ်အချိန်တွေမှာ ပေါ်ပေါက်သလဲ ဆိုရင်.... ဘောဂဗေဒ သီအိုရီတွေကို ကျက်မှတ်နေရာက ဆိုလိုရင်းးး အဓိပ္ပါယ်တွေနှင့် ပြင်ပက လက်တွေ့ဖြစ်ရပ်တွေကို တိုက်ဆိုင်ဆင်ခြင် သုံးသပ်မိတဲ့ အချိန်တွေနှင့် ဆိုင်ကယ်မောင်းနေတဲ့ အချိန်တွေမှာ အဲ့သီအိုရီတွေနဲ့ ဘာမှမဆိုင်တဲ့ အိုင်ဒီယာတွေ ပေါ်ပေါ်လာနေတာပါ။ ရုပ်ရှင်ဖန်သားပြင်မှာ စာတမ်းထိုးလိုက်သလို ချက်ခြင်း ပေါ်လာလိုက် ဘာပါလိမ့်လို့ ဆင်ခြင်တွေးဆချိန်မရဘဲ ပျောက်သွားလိုက်၊အမြန်ချချရေးမှတ်ထား နေရပါတယ်။ မရေးမှတ်လိုက်ရင် ပြန်ပျောက်သွားပြီး စဉ်းစားယူလို့လည်း မရတော့ပါဘူးးးး။

ဒါတွေကို အကြမ်းထည်အတိုင်း ခပ်တည်တည်နဲ့ သွားချပြလို့လည်း မရပါဘူးးး နောက်တစ်ချက်က ကိုယ်မသိပေမယ့် ရှိနှင့်ပြီးသား သီအိုရီတွေ ဖြစ်နေမလားးးး ဆင်တူရိုးမှားတွေ ဖြစ်နေမလားးးး သီအိုရီကြီးတွေရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေမလားးးး အရှက်တကွဲနဲ့ မဟာကဝိတို့ အလည်မှာ ဟားစရာတွေ ဖြစ်ကုန်မှာလားးး ဒါတွေဟာ ဒီပညာရပ်လောကမှာ အသစ်လား အဟောင်းလားးးး ဆိုတာ ဘယ်လိုလုပ်ပြီး တိုက်ဆိုင်စစ်ဆေး ရမှာလဲ???စတာတွေလည်း ဘာမှ မသိနားမလည်ဘူး ဖြစ်နေပါတယ်။

အာရုံတွေဟာ အမြင့်ပေ တစ်သောင်းကျော်မှာ နှင်းမုန်တိုင်း ကျနေသလို ရှုပ်ထွေးဝေဝါး သွားလိုက်၊ရုတ်တရက် ကြည်လင်ပြတ်သားလာပြီးးး ကျွန်မသွားချင်တဲ့ ပန်းတိုင်ဆိုတာကို မြင်လိုက်... ဖျတ်ဆိုပြန်ပျောက် သွားလိုက်နဲ့..... အကဲဆတ်တဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။ အဓိက ကတော့ မြူမှုန်တွေလို ပိတ်ဆို့တားဆီး ထားတဲ့ ကန့်လန့်ကာလိုအရာတွေကို ဥာဏ်ပညာအလင်းတန်းနဲ့ ဖောက်ထွင်းကြည့်မြင်နိုင်စွမ်းမှာ အားနည်းနေတာပါ။ ဘာ့ကြောင့်ဒီလိုတွေ ဖြစ်နေရတာလဲလို့ စဉ်းစားလိုက်တော့ ကျွန်မရဲ့ ပညာမပြည့်ဝမှုနဲ့ အခြေခံမရှိမှုကြောင့် ဆိုတာကို ထင်ထင်ရှားရှား သိမြင် လိုက်ရပါတယ်။ ကျွန်မရဲ့ ပညာမပြည့်ဝမှုက ကျွန်မအတွက် အတားအဆီး တစ်ခု ဖြစ်နေပြီး ကြီးမားတဲ့ ပေါက်ကွဲ ပွင့်ထွက်နိုင်စွမ်း မရှိဖြစ်နေတာပါ။

ဘယ်သူ့ကိုမှ စကားမပြောချင်တော့ သလို လာသမျှဖုန်းတွေလည်း မကိုင်သလောက်ဖြစ်ကုန်ပါတယ်။ အချိန်အားတာနဲ့ ကျွန်မချရေးထားခဲ့တဲ့ အပိုင်းအစတွေဟာ ဘာတွေလဲ???ဘာကိုဆိုလိုတာလဲ????ဘယ်လိုကွင်းဆက်ယူရမလဲ??? တွေးပြီးရင်းတွေးးး စဉ်းစားပြီးရင်းးး စဉ်းစားနေမိပါတော့တယ်။ ကျွန်မသိနေပါပြီ....ဒါဟာ သိပ်ကြီးမားတဲ့ အဖိုးတန်အရာကြီး တစ်ခုဆိုတာ....။ ခက်တာက ဘယ်လိုကော်ထုတ်ရမလဲ???? လှိုဏ်ဖောက်တူးရမှာလား???? ဘူဒိုဇာနဲ့ ဖြိုယူရမှာလား??? ကျွန်မနဲ့အတူ ဘယ်သူကူဆယ်ပေးမလဲ??? တစ်ယောက်ထဲနဲ့ နိုင်မယ့်ပုံ မပေါ်ပါဘူးးး။နည်းပညာအကူအညီတွေ လိုအပ်နေပါပြီ။ ကျောင်းသားတွေ ထဲက မပြောနဲ့ ပါမောက္ခတွေ ထဲကတောင် ကမ္ဘာမှာမရှိသေးတဲ့ သီအိုရီအသစ်တစ်ခု ဖော်ထုတ်နိုင်တဲ့ ပညာရေးဆိုင်ရာ ရေခံမြေခံ ကျွန်မတို့နိုင်ငံမှာ မရှိတာ ကမ္ဘာက သိပါတယ်။ ဒါဆို...ကျွန်မမှာရော ရှိနိုင်ပါ့မလားးး ရှိသလိုလိုဖြစ်နေပေမယ့် ရှိတဲ့အရာက ဘာကြီးလဲ ဆိုတာရော... အဲ့မျိုးစေ့ကြီး အပင်ပေါက်အောင် ဘယ်လိုဖောက်ရမှန်း ရော ကျွန်မတကယ်မသိပါဘူးးးး။

ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေနဲ့ တက်ကြွလာလိုက်....ဟုတ်မှ ဟုတ်ရဲ့လား??? ငါရူးများနေတာလား???စိတ်ရောဂါအထူးကု တစ်ယောက်လောက်နဲ့ တိုင်ပင်ကြည့်ရင် ကောင်းမလား???သူကဘယ်လိုထရိမန့် ပေးမှာလဲ??? ငါ့ရဲ့ စဉ်းစားစိတ်ကူး မျှော်မြင်တတ်တဲ့ မွေးရာပါ ဝါသနာလေးကို ဆေးတွေနဲ့ ဖျောက်ပစ်လိုက်မှာလား??? အိမ်ကလူတွေကို ပြန်မပြောပါနဲ့လို့ မှာပြီး ဖွားလေးဆရာဝန်မကြီးနဲ့ သွားတွေ့ပြီး ဆွေးနွေးလိုက် ရမလား??? ဒီကိုယ်ပိုင်သီအိုရီ ဆိုတာကြီး တကယ်ပေါ်လာအောင် ရှေ့ဆက်လိုက်ရမှာလားးးး???အိပ်မက်တစ်ခုလို မေ့လိုက်ရမှာလားးး??? ဒါနဲ့... ပတ်ဝန်းကျင်ကို တိုင်ပင်ရင်း အကူအညီတောင်းဖို့ လေ့လာလိုက်တော့လည်း ဦးနှောက်ဖောက်စားဖို့ စောင့်နေတဲ့ ဠင်းတတွေချည်းပါပဲ။

ဆက်လက်ဖော်ပြပါမည်
နေထက်ထက်အောင်
— with Maung Paing and 45 others.


ရွှေမန်းသူသို့ မောင်းနှင်သော အဟောင်းကား

0
0
Photo: " ရွှေမန်းသူသို့ မောင်းနှင်သော အဟောင်းကား " ………………….  (၁)  " မန္တလေးမှာ အမျိုးသားတွေ ကားမမောင်းရလို့ ဥပဒေထုတ်ထားသလားမသိဘူးနော် "  မိတ်ဆွေဖြစ်သူ၏ စကားကြောင့် ကျွန်တော်တို့တစ်ဖွဲ့လုံး ရယ်မိကြသည်။ ထို့အတူ အကြည့်များက ကားပေါ်မှ ဆင်းလာသည့် အမျိုးသမီးငယ်ဆီသို့  ပြိုင်တူရောက်ရှိသွားကြပါသည်။   သူငယ်ချင်းတစ်ဦး၏ မင်္ဂလာဆောင်ရှိသဖြင့် မန္တလေးမြို့သို့ ရောက်ရှိနေခြင်းပါ။  မင်္ဂလာအခမ်းအနားပြု လုပ်မည့်နံနက်တွင် သတို့သားနှင့် သတို့သမီးတို့က အိမ်မှထွက်ကြမည်။  ထိုထွက်ရှိပုံကို မှတ်တမ်းတင် ရိုက်ကူး ကြသည်။  ထိုရိုက်ကူးနေစဉ် မင်္ဂလာကားနောက်သို့  ကားများ တစ်စီးပြီးတစ်စီး ထိုးစိုက်လာသည်။  ကားလေးတွေက အရောင်အသွေးစုံလင်သလို ခေတ်မီလှပလို့နေသည်။  ကားတံခါးကို ဖွင့်၍ ခြေချလိုက်ပြီဆိုလျှင်ဖြင့် နုငယ်ပျိုမြစ်သည့် ခြေတစ်စုံကို အရင်တွေ့မြင်ရသည်။  ထို့နောက် နုငယ်သွေးတို့၏ ဂုဏ်၊  ခေတ်နှင့်အညီ ဆင်ယင်ထုံးဖွဲ့မှုနှင့် ပြင်ဆင်ချယ်သထားမှုတို့ကို တစ်ခါတည်းမြင်တွေ့လိုက်ရသည်။    အရောင်အသွေးစုံကားပေါ်မှ ဆင်းသက်လာသည့် သူများမှာ အမျိုးသမီးငယ်များသာဖြစ်ကြသည်။  ကိုယ်တိုင်မောင်း၍ လာခဲ့ကြသော အမျိုးသမီးငယ်လေးများ။  ထို့ကြောင့်လည်း မိတ်ဆွေဖြစ်သူက " အမျိုးသား တွေကားမမောင်းရ ဥပဒေများ ထုတ်ထားသလား " ပြောခဲ့ခြင်းပါပင်။   ရုပ်အဆင်း၏ တင့်တယ်မှုနှင့် ရုပ်ဝတ္ထုတို့၏ တင့်တယ်မှုတို့ကို ယှဉ်တွဲ၍ မြင်လိုက်ရသည်က တကယ့်ကို စိတ်ချမ်းမြေ့စရင်ပင် ဖြစ်တော့သည်။  (၂)  " ရွှေမန်းသူလေး… ဘီးကလေးစီး .. စီးလို့နင်းကာသွား… မြင်မြင်သူ အသည်းမှာ စွဲလို့မူး "  မန္တလေးကို ဟိုးယခင်ကာလတုန်းဆီက ဖြတ်သွားဖြတ်လာအားဖြင့်သာ ရောက်ရှိခဲ့ဘူးသည်။  မန္တလေး ကျုံးကြီးကို အဝေးမှသာ ငေးမောခဲ့ရသည်။  နောက်ပိုင်းကာလများတွင်တော့ မန္တလေးမြို့ကို လည်ပတ်ရောက်ရှိ ခဲ့သည့် အကြိမ်ရေများလာသည်။  ထိုသို့ ရောက်ရှိသည့်အခါတိုင်း စိတ်ထဲပေါ်လာသော သီချင်းတစ်ပုဒ်ကို ရေရွတ်မိဆဲဖြစ်သည်။   ရှေးမြန်မာမင်းတို့ နန်းစိုက်ရာမြို့၊ မြန်မာတို့၏ ထီးဆောင်းဘုရင်တစ်ပါးကို တိုင်းတစ်ပါးသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသောမြို့၊  မြန်မာ့သမိုင်းရာဇ၀င်ထဲက အထင်ကရမြို့ ဒီမန္တလေးနန်းမြို့ရိုး၊ ကျုံးကြီးနှင့် မန္တလေးတောင်ကြီးကို မြင်တွေ့ရတိုင်း စိတ်ထဲတွင် တစ်မျိုးတစ်မည်ကို အမြဲခံစားရသည်။     ထို့အတူ ကျွန်တော် မန္တလေးသို့ ပထမဆုံးရောက်ရှိခဲ့သည့်အချိန်ကာလတွင် မန္တလေးမြို့ လမ်းမထက်၊ ကျုံးလမ်း ဘေးပတ်လည်တွင် စက်ဘီးစီး၍ သွားလာနေသော မန္တလေး၏ လုံမပျိုတို့ကို ငေး၍ကြည့်ခဲ့ဘူးသည်။  နောက်ပိုင်းအချိန်တွင်တော့ ဆိုင်ကယ်ကိုယ်စီဖြင့် သွားလာနေကြသော မန္တလေးသူတို့၏ ဟန်ပန်ကို မြင်တွေ့ ခဲ့ရပါသည်။  ငေးမောကြည့်ခဲ့ရပါသည်။   ဟော ယခု မန္တလေးသူတို့ ကားမောင်း၍ သွားလာနေကြပါလေပြီ။ အင်း..ဒီတော့လည်း ငေး၍ ကြည့် နေရသည်ပေါ့။  (၃)     မြတ်စွာဘုရားရှင်လက်ထက်တော်အခါက (၇)နှစ်သမီးကတည်းက သောတပန်တည်ခဲ့ အမျိုးကောင်း သမီးတစ်ဦးရှိခဲ့သည်။  ထိုအမျိုးသမီးသည်ကား ၀ိသာခါပင် ဖြစ်၏။  အရွယ်ရောက်သည့်အခါ ပုဏ္ဏ၀ဎုနှင့် လက်ဆက်ရာတွင် ၀တ်ဆင်ရန်အတွက် ၀ိသာခါ၏ ဖခင်ဖြစ်သူ ဓနဉ္စယသူဌေးက မဟာလတာတန်ဆာကို ရွှေပန်းထိမ်သည် ငါးရာထံအပ်နှံ၍ ချုပ်လုပ်စေသည်။   မဟာလတာတန်ဆာအတွက် ရွှေစင်နိက္ခတစ်ထောင်၊ ငွေ၊ ပတ္တမြား၊ ပုလဲ၊ သန္တာ၊ ၀ရဇိန် ကျောက်တို့ကို ထုတ်ပေးသည်။  ရွှေတစ်နိက္ခသည် ကျပ်တစ်ဆယ်ရှိရာ ရွှေချိန်ပိဿာ တစ်ရာရှိ၏။  ပန်းထိမ်သည်၏ လက်ခပင် အဖိုးတစ်သိန်းပေးရသည်။  ဤတန်ဆာကို လေးလတိုင်တိုင် စီမံချုပ်လုပ်ရလေ၏။   ကျောင်းအမကြီးဝိသာခါ၏ ဇာတ်ကြောင်းကို ဖတ်ရှုရသည့်အခါ ကြက်သီးမွေးညှင်းများပင် ထမိသည်။ အဖိုးအခကြီးမြင့်သော မဟာလတာတန်ဆာကို ၀တ်ဆင်ခွင့်ရသော အမျိုးသမီးကြီးပင်။  ထိုသို့ဝတ်ဆင်ခွင့်ရရှိ ခဲ့ခြင်းသည်လည်း ထိုအမျိုးသမီးကြီး၏ ရှေးရှေးဘ၀များက ပြုခဲ့သော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာ ကုသိုလ်များကြောင့်ပင်ဖြစ်သည်။   အတုယူအားကျဖွယ် ကောင်းလှပါသည်။  (၄)   " ဦးလေး ရေသန့်ယူပါဦးလား "  " အေး ရေခဲစိမ် တစ်ဗူးပေး၊ တစ်ရူးပါ တစ်ထုပ်ပေး "  ရှေ့သို့ရောက်လာသော ဈေးသည်အမျိုးသမီးကိုကြည့်မိသည်။  အ၀တ်အစားကတော့ ခပ်လတ်လတ်။ အသက်အားဖြင့် ၃၀ ၀န်းကျင်ရှိလိမ့်မည်။ ဈေးဗန်းကို လက်ကပိုက်၊ ခြင်းတစ်ခြင်းကိုလွယ်ထားသည်။ ရေသန့်ဗူး၊ ပီကေ၊ အချဉ်ထုပ်စသည့် စားသောက်စရာများထည့်ထားသည်ကို တွေ့ရသည်။   သူတင်မဟုတ် ဈေးသည်တွေက ပေါများလှသည်။  ကားဂိတ်ဖြစ်သဖြင့် စည်ကားသည်။  ကားပေါ် တက်ရောင်းသည့် ဈေးသည်၊ နေပူပူတွင် လိုက်လံရောင်းချနေသည့် ဈေးသည် စုံလင်အောင် တွေ့မြင်ရသည်။ သူတို့တွေကတော့ သာမန် လက်လုပ်လက်စားဘ၀တွေ။   သူတို့၏ သက်ဆိုင်ဘ၀တွေ၊ မိသားစုတွေတွင် မည်သည့်အရာများ ပိုင်ဆိုင်နေကြပါသနည်း။  မန္တလေး၏ လမ်းမထက်တွင် မည်သို့သွားလာနေကြပါသနည်း။  သွားလာလှုပ်ရှားရုန်းကန်နေကြပါသနည်း။    ခြေလျင်လော၊ စက်ဘီးနှင့်လော၊ ဆိုင်ကယ်နှင့်လော၊ ကားကိုယ်စီဖြင့်လော။   တည်းခိုရာအဆောင်မှ ကားဝန်းကြီးရှိရာသို့လာခိုက် မန္တလေးမြို့ ရှေ့၊ နောက်၊ တောင်၊ မြောက် လမ်းမ ထက်တို့တွင် ဥဒဟို သွားလာနေသော လူများကို မြင်တွေ့ရသည်။  ခြေလျင်၊ စက်ဘီး၊ ဆိုင်ကယ်၊ ကားတို့ဖြင့် သွားလာမှုအစုံကို မြင်တွေ့ရသည်။  ထို့အတူ ဘ၀အရောင်မျိုးစုံကို မြင်တွေ့ရသည်။   အဘယ့်ကြောင့် လူခြင်း တူပါလျက်ကယ်နှင့် ဘ၀မျိုးစုံအောင် ကွဲပြားခြားနားနေကြပါသနည်း။  မိမိတို့ ပြုမူဆောင်ရွက်ခဲ့သော ကုသိုလ်၊ အကုသိုလ် အကြောင်းတို့ကြောင့် လက်ရှိဘ၀အခြေအနေတွင် မျိုးစုံသောအကျိုးတို့ ရရှိနေကြခြင်းဖြစ်သည်။   ထို့ကြောင့် ခြေလျင်ဖြင့် ခရီးနှင်နေရသော ဘ၀တွေက ကားကိုယ်စီဖြင့် သွားလာနေသော ဘ၀တွေကို မနာလိုဖြစ်နေစရာမလိုပါ။  သူတို့၏ ကုသိုလ်အရှိန်၊ အကျိုးကို အတုယူအားကျရမည်ဖြစ်သည်။  ကားပေါ်က ဘ၀တို့သည်လည်း မိမိဘ၀အပေါ်တွင် မာန်၊ မာန တက်နေစရာမလိုပါ။  မိမိ၏ အကျိုးဆက်ကို တိုးသည်ထက် တိုးပွားအောင် ဆောင်ရွက်ရမည်ဖြစ်သည်။   အဘယ့်ကြောင့်ဆိုသော် " ယခင်ကောင်းလို့ ယခုကောင်းသည်။ ယခုကောင်း နောင်ကောင်းပါလိမ့်မည်"  ပင်ဖြစ်ပါသည်။  (၅)   ၀ိသာခါ၏ ယောက္ခမဖြစ်သူ မိဂါရသူဌေးသည် မိစ္ဆာဒိဋ္ဌိအယူရှိသူဖြစ်သည်။  တစ်နေ့ မိဂါရသူဌေးနှင့် သူကိုးကွယ်သည့် အစေလကတက္ကတွန်းတို့ စားသုံးနေခိုက် မထေရ်တစ်ပါးသည် အိမ်ရှေ့သို့ ဆွမ်းခံရပ်၏။  မိဂရ သူဌေးက မမြင်ဟန်ပြု၍ မျက်နှာအောက်ငုံ့လျက် စားမြဲတိုင်း စား၏။   ၀ိသာခါလည်း မနေသာတော့သဖြင့် ထလျက် " ကန်တော့ဆွမ်းပါ ဘုရား၊ တပည့်တော်မ၏ ယောက္ခမ သည်အဟောင်းသာ စားပါသည် " ဟုလျှောက်လေသည်။  ဤတွင် မိဂါရသူဌေးသည် ဒေါပွ၍ ၀ိသာခါကို အိမ်မှ ဆွဲထုတ်ခိုင်းသည်။  ၀ိသာခါက လက်မခံပဲ သူကြွယ်ရှစ်ယောက်ကို အမှုစီရင်စေသည်။   " ချစ်သမီး သင်သည် မိဂါရသူဌေး နို့ဃဏာကိုရွှေခွက်၌ ထည့်စားနေစဉ် အညစ်အကြေးစားသူဟု ဆိုမိ ချေသလော"  " ဖခင်တို့ ကျွန်မ ဤသဘောဖြင့် မပြောပါ။ မထေရ်တစ်ပါး အိမ်ရှေ့၌ ဆွမ်းလာရပ်စဉ် ကျွန်မ၏ ယောက္ခမသည် ချိုမြိန်သော ဃဏာနို့သုံးဆောင်နေပါသည်။ မထေရ်ကို မမြင်ဟန်ပြုနေပါသည်။  ကျွန်မ၏ ယောက္ခမသည် ရှေးကပြုဖူးသော ကောင်းမှု၏ အကျိုးသာ ခံစားပြီး၊ တမလွန်အကျိုးအတွက် ကုသိုလ်မျိုးစေ့ မစိုက်ပျိုးပါ။  ဤသို့ တွေးမိ၍ ဆွမ်းရပ်လာသော ရဟန်းအား ကန်တော့ ဆွမ်းလောင်းပြီး တပည့်တော် ယောက္ခမ သည် အဟောင်းသာ စားပါသည်ဟု လျှောက်ထားလိုက်ပါသည်။  ဤစကား အပြစ်ရှိပါသလား "  (၆)  လူတိုင်း ကိုယ်ပိုင်ကားမစီးနိုင်သည်မှာ ကျိန်းသေသည်။  ဘ၀အဖုံဖုံတွင် ကိုယ်ပိုင်ကား ကိုယ်စီဖြင့် သွားလာနေသည့် ဘ၀တွေကို မြင်တွေ့ရသည်မှာ စိတ်ချမ်းသာလှပါသည်။  ထို့ကြောင့် လူတိုင်းကို ကိုယ်ပိုင် ကားစီးစေချင်မိပါသည်။   ကုသိုလ်ကံအကျိုးအားကြောင့် ဆင်ယင်ခွင့်ရသော အသုံးအဆောင်ပစ္စည်းတို့သည် ရှေးကပြုဖူးသော ကောင်းမှု၏ အကျိုးဖြစ်သလို လက်ရှိဘဝကြိုးစားမှု၏ အကျိုးဆက်လည်းဖြစ်သည်။  အဟောင်းသာဖြစ်ပါသည်။     မည်သို့ပင်ဆိုစေ ထို ကောင်းမှုတို့၏ အကျိုးဆက်ကို ခံစားခွင့်ရသော၊ မန္တလေးမြို့၏ လမ်းမထက်တွင် ကားကို ကိုယ်တိုင်မောင်းနှင်နေသော မိန်းမပျိုတို့ကို မြင်တွေ့ရသည်မှာ စိတ်ချမ်းမြေ့လှပါသည်။   ထို့ကြောင့် ကောင်းမှုတို့၏ အကျိုးရလဒ်ကို ခံစားနိုင်ကြပါစေ။  ထို့ထက် ကောင်းမှုအကျိုးဆက်ကို ဆက်လက် တည်တံ့၊ တိုးပွားနိုင်ကြပါစေလို့ စိတ်ကတွေးရင်း ကားမောင်းနေသော မန္တလေးသူတို့ကို ငေး၍ ငေး၍ ကြည့်နေမိပါတော့ သည်။  *************** မောင်ပိုင် ၉-၅-၂၀၁၄။
(၁)
"မန္တလေးမှာ အမျိုးသားတွေ ကားမမောင်းရလို့ ဥပဒေထုတ်ထားသလားမသိဘူးနော် "
မိတ်ဆွေဖြစ်သူ၏ စကားကြောင့် ကျွန်တော်တို့တစ်ဖွဲ့လုံး ရယ်မိကြသည်။ ထို့အတူ အကြည့်များက ကားပေါ်မှ ဆင်းလာသည့် အမျိုးသမီးငယ်ဆီသို့ ပြိုင်တူရောက်ရှိသွားကြပါသည်။

သူငယ်ချင်းတစ်ဦး၏ မင်္ဂလာဆောင်ရှိသဖြင့် မန္တလေးမြို့သို့ ရောက်ရှိနေခြင်းပါ။ မင်္ဂလာအခမ်းအနားပြု လုပ်မည့်နံနက်တွင် သတို့သားနှင့် သတို့သမီးတို့က အိမ်မှထွက်ကြမည်။ ထိုထွက်ရှိပုံကို မှတ်တမ်းတင် ရိုက်ကူး ကြသည်။ ထိုရိုက်ကူးနေစဉ် မင်္ဂလာကားနောက်သို့ ကားများ တစ်စီးပြီးတစ်စီး ထိုးစိုက်လာသည်။
ကားလေးတွေက အရောင်အသွေးစုံလင်သလို ခေတ်မီလှပလို့နေသည်။ ကားတံခါးကို ဖွင့်၍ ခြေချလိုက်ပြီဆိုလျှင်ဖြင့် နုငယ်ပျိုမြစ်သည့် ခြေတစ်စုံကို အရင်တွေ့မြင်ရသည်။ ထို့နောက် နုငယ်သွေးတို့၏ ဂုဏ်၊ ခေတ်နှင့်အညီ ဆင်ယင်ထုံးဖွဲ့မှုနှင့် ပြင်ဆင်ချယ်သထားမှုတို့ကို တစ်ခါတည်းမြင်တွေ့လိုက်ရသည်။
အရောင်အသွေးစုံကားပေါ်မှ ဆင်းသက်လာသည့် သူများမှာ အမျိုးသမီးငယ်များသာဖြစ်ကြသည်။ ကိုယ်တိုင်မောင်း၍ လာခဲ့ကြသော အမျိုးသမီးငယ်လေးများ။ ထို့ကြောင့်လည်း မိတ်ဆွေဖြစ်သူက "အမျိုးသား တွေကားမမောင်းရ ဥပဒေများ ထုတ်ထားသလား "ပြောခဲ့ခြင်းပါပင်။

ရုပ်အဆင်း၏ တင့်တယ်မှုနှင့် ရုပ်ဝတ္ထုတို့၏ တင့်တယ်မှုတို့ကို ယှဉ်တွဲ၍ မြင်လိုက်ရသည်က တကယ့်ကို စိတ်ချမ်းမြေ့စရင်ပင် ဖြစ်တော့သည်။

(၂)
"ရွှေမန်းသူလေး… ဘီးကလေးစီး .. စီးလို့နင်းကာသွား… မြင်မြင်သူ အသည်းမှာ စွဲလို့မူး "
မန္တလေးကို ဟိုးယခင်ကာလတုန်းဆီက ဖြတ်သွားဖြတ်လာအားဖြင့်သာ ရောက်ရှိခဲ့ဘူးသည်။ မန္တလေး ကျုံးကြီးကို အဝေးမှသာ ငေးမောခဲ့ရသည်။ နောက်ပိုင်းကာလများတွင်တော့ မန္တလေးမြို့ကို လည်ပတ်ရောက်ရှိ ခဲ့သည့် အကြိမ်ရေများလာသည်။ ထိုသို့ ရောက်ရှိသည့်အခါတိုင်း စိတ်ထဲပေါ်လာသော သီချင်းတစ်ပုဒ်ကို ရေရွတ်မိဆဲဖြစ်သည်။

ရှေးမြန်မာမင်းတို့ နန်းစိုက်ရာမြို့၊ မြန်မာတို့၏ ထီးဆောင်းဘုရင်တစ်ပါးကို တိုင်းတစ်ပါးသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသောမြို့၊ မြန်မာ့သမိုင်းရာဇ၀င်ထဲက အထင်ကရမြို့ ဒီမန္တလေးနန်းမြို့ရိုး၊ ကျုံးကြီးနှင့် မန္တလေးတောင်ကြီးကို မြင်တွေ့ရတိုင်း စိတ်ထဲတွင် တစ်မျိုးတစ်မည်ကို အမြဲခံစားရသည်။

ထို့အတူ ကျွန်တော် မန္တလေးသို့ ပထမဆုံးရောက်ရှိခဲ့သည့်အချိန်ကာလတွင် မန္တလေးမြို့ လမ်းမထက်၊ ကျုံးလမ်း ဘေးပတ်လည်တွင် စက်ဘီးစီး၍ သွားလာနေသော မန္တလေး၏ လုံမပျိုတို့ကို ငေး၍ကြည့်ခဲ့ဘူးသည်။ နောက်ပိုင်းအချိန်တွင်တော့ ဆိုင်ကယ်ကိုယ်စီဖြင့် သွားလာနေကြသော မန္တလေးသူတို့၏ ဟန်ပန်ကို မြင်တွေ့ ခဲ့ရပါသည်။ ငေးမောကြည့်ခဲ့ရပါသည်။

ဟော ယခု မန္တလေးသူတို့ ကားမောင်း၍ သွားလာနေကြပါလေပြီ။ အင်း..ဒီတော့လည်း ငေး၍ ကြည့် နေရသည်ပေါ့။

(၃)
မြတ်စွာဘုရားရှင်လက်ထက်တော်အခါက (၇)နှစ်သမီးကတည်းက သောတပန်တည်ခဲ့ အမျိုးကောင်း သမီးတစ်ဦးရှိခဲ့သည်။ ထိုအမျိုးသမီးသည်ကား ၀ိသာခါပင် ဖြစ်၏။ အရွယ်ရောက်သည့်အခါ ပုဏ္ဏ၀ဎုနှင့် လက်ဆက်ရာတွင် ၀တ်ဆင်ရန်အတွက် ၀ိသာခါ၏ ဖခင်ဖြစ်သူ ဓနဉ္စယသူဌေးက မဟာလတာတန်ဆာကို ရွှေပန်းထိမ်သည် ငါးရာထံအပ်နှံ၍ ချုပ်လုပ်စေသည်။

မဟာလတာတန်ဆာအတွက် ရွှေစင်နိက္ခတစ်ထောင်၊ ငွေ၊ ပတ္တမြား၊ ပုလဲ၊ သန္တာ၊ ၀ရဇိန် ကျောက်တို့ကို ထုတ်ပေးသည်။ ရွှေတစ်နိက္ခသည် ကျပ်တစ်ဆယ်ရှိရာ ရွှေချိန်ပိဿာ တစ်ရာရှိ၏။ ပန်းထိမ်သည်၏ လက်ခပင် အဖိုးတစ်သိန်းပေးရသည်။ ဤတန်ဆာကို လေးလတိုင်တိုင် စီမံချုပ်လုပ်ရလေ၏။

ကျောင်းအမကြီးဝိသာခါ၏ ဇာတ်ကြောင်းကို ဖတ်ရှုရသည့်အခါ ကြက်သီးမွေးညှင်းများပင် ထမိသည်။ အဖိုးအခကြီးမြင့်သော မဟာလတာတန်ဆာကို ၀တ်ဆင်ခွင့်ရသော အမျိုးသမီးကြီးပင်။ ထိုသို့ဝတ်ဆင်ခွင့်ရရှိ ခဲ့ခြင်းသည်လည်း ထိုအမျိုးသမီးကြီး၏ ရှေးရှေးဘ၀များက ပြုခဲ့သော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာ ကုသိုလ်များကြောင့်ပင်ဖြစ်သည်။

အတုယူအားကျဖွယ် ကောင်းလှပါသည်။

(၄)

"ဦးလေး ရေသန့်ယူပါဦးလား "
"အေး ရေခဲစိမ် တစ်ဗူးပေး၊ တစ်ရူးပါ တစ်ထုပ်ပေး "
ရှေ့သို့ရောက်လာသော ဈေးသည်အမျိုးသမီးကိုကြည့်မိသည်။ အ၀တ်အစားကတော့ ခပ်လတ်လတ်။ အသက်အားဖြင့် ၃၀ ၀န်းကျင်ရှိလိမ့်မည်။ ဈေးဗန်းကို လက်ကပိုက်၊ ခြင်းတစ်ခြင်းကိုလွယ်ထားသည်။ ရေသန့်ဗူး၊ ပီကေ၊ အချဉ်ထုပ်စသည့် စားသောက်စရာများထည့်ထားသည်ကို တွေ့ရသည်။

သူတင်မဟုတ် ဈေးသည်တွေက ပေါများလှသည်။ ကားဂိတ်ဖြစ်သဖြင့် စည်ကားသည်။ ကားပေါ် တက်ရောင်းသည့် ဈေးသည်၊ နေပူပူတွင် လိုက်လံရောင်းချနေသည့် ဈေးသည် စုံလင်အောင် တွေ့မြင်ရသည်။ သူတို့တွေကတော့ သာမန် လက်လုပ်လက်စားဘ၀တွေ။

သူတို့၏ သက်ဆိုင်ဘ၀တွေ၊ မိသားစုတွေတွင် မည်သည့်အရာများ ပိုင်ဆိုင်နေကြပါသနည်း။ မန္တလေး၏ လမ်းမထက်တွင် မည်သို့သွားလာနေကြပါသနည်း။ သွားလာလှုပ်ရှားရုန်းကန်နေကြပါသနည်း။

ခြေလျင်လော၊ စက်ဘီးနှင့်လော၊ ဆိုင်ကယ်နှင့်လော၊ ကားကိုယ်စီဖြင့်လော။

တည်းခိုရာအဆောင်မှ ကားဝန်းကြီးရှိရာသို့လာခိုက် မန္တလေးမြို့ ရှေ့၊ နောက်၊ တောင်၊ မြောက် လမ်းမ ထက်တို့တွင် ဥဒဟို သွားလာနေသော လူများကို မြင်တွေ့ရသည်။ ခြေလျင်၊ စက်ဘီး၊ ဆိုင်ကယ်၊ ကားတို့ဖြင့် သွားလာမှုအစုံကို မြင်တွေ့ရသည်။ ထို့အတူ ဘ၀အရောင်မျိုးစုံကို မြင်တွေ့ရသည်။

အဘယ့်ကြောင့် လူခြင်း တူပါလျက်ကယ်နှင့် ဘ၀မျိုးစုံအောင် ကွဲပြားခြားနားနေကြပါသနည်း။ မိမိတို့ ပြုမူဆောင်ရွက်ခဲ့သော ကုသိုလ်၊ အကုသိုလ် အကြောင်းတို့ကြောင့် လက်ရှိဘ၀အခြေအနေတွင် မျိုးစုံသောအကျိုးတို့ ရရှိနေကြခြင်းဖြစ်သည်။

ထို့ကြောင့် ခြေလျင်ဖြင့် ခရီးနှင်နေရသော ဘ၀တွေက ကားကိုယ်စီဖြင့် သွားလာနေသော ဘ၀တွေကို မနာလိုဖြစ်နေစရာမလိုပါ။ သူတို့၏ ကုသိုလ်အရှိန်၊ အကျိုးကို အတုယူအားကျရမည်ဖြစ်သည်။ ကားပေါ်က ဘ၀တို့သည်လည်း မိမိဘ၀အပေါ်တွင် မာန်၊ မာန တက်နေစရာမလိုပါ။ မိမိ၏ အကျိုးဆက်ကို တိုးသည်ထက် တိုးပွားအောင် ဆောင်ရွက်ရမည်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် "ယခင်ကောင်းလို့ ယခုကောင်းသည်။ ယခုကောင်း နောင်ကောင်းပါလိမ့်မည်"ပင်ဖြစ်ပါသည်။

(၅)

ဝိသာခါ၏ ယောက္ခမဖြစ်သူ မိဂါရသူဌေးသည် မိစ္ဆာဒိဋ္ဌိအယူရှိသူဖြစ်သည်။ တစ်နေ့ မိဂါရသူဌေးနှင့် သူကိုးကွယ်သည့် အစေလကတက္ကတွန်းတို့ စားသုံးနေခိုက် မထေရ်တစ်ပါးသည် အိမ်ရှေ့သို့ ဆွမ်းခံရပ်၏။ မိဂရ သူဌေးက မမြင်ဟန်ပြု၍ မျက်နှာအောက်ငုံ့လျက် စားမြဲတိုင်း စား၏။

ဝိသာခါလည်း မနေသာတော့သဖြင့် ထလျက် "ကန်တော့ဆွမ်းပါ ဘုရား၊ တပည့်တော်မ၏ ယောက္ခမ သည်အဟောင်းသာ စားပါသည် "ဟုလျှောက်လေသည်။ ဤတွင် မိဂါရသူဌေးသည် ဒေါပွ၍ ၀ိသာခါကို အိမ်မှ ဆွဲထုတ်ခိုင်းသည်။ ၀ိသာခါက လက်မခံပဲ သူကြွယ်ရှစ်ယောက်ကို အမှုစီရင်စေသည်။

"ချစ်သမီး သင်သည် မိဂါရသူဌေး နို့ဃဏာကိုရွှေခွက်၌ ထည့်စားနေစဉ် အညစ်အကြေးစားသူဟု ဆိုမိ ချေသလော"
"ဖခင်တို့ ကျွန်မ ဤသဘောဖြင့် မပြောပါ။ မထေရ်တစ်ပါး အိမ်ရှေ့၌ ဆွမ်းလာရပ်စဉ် ကျွန်မ၏ ယောက္ခမသည် ချိုမြိန်သော ဃဏာနို့သုံးဆောင်နေပါသည်။ မထေရ်ကို မမြင်ဟန်ပြုနေပါသည်။ ကျွန်မ၏ ယောက္ခမသည် ရှေးကပြုဖူးသော ကောင်းမှု၏ အကျိုးသာ ခံစားပြီး၊ တမလွန်အကျိုးအတွက် ကုသိုလ်မျိုးစေ့ မစိုက်ပျိုးပါ။ ဤသို့ တွေးမိ၍ ဆွမ်းရပ်လာသော ရဟန်းအား ကန်တော့ ဆွမ်းလောင်းပြီး တပည့်တော် ယောက္ခမ သည် အဟောင်းသာ စားပါသည်ဟု လျှောက်ထားလိုက်ပါသည်။ ဤစကား အပြစ်ရှိပါသလား "

(၆)
လူတိုင်း ကိုယ်ပိုင်ကားမစီးနိုင်သည်မှာ ကျိန်းသေသည်။ ဘ၀အဖုံဖုံတွင် ကိုယ်ပိုင်ကား ကိုယ်စီဖြင့် သွားလာနေသည့် ဘ၀တွေကို မြင်တွေ့ရသည်မှာ စိတ်ချမ်းသာလှပါသည်။ ထို့ကြောင့် လူတိုင်းကို ကိုယ်ပိုင် ကားစီးစေချင်မိပါသည်။

ကုသိုလ်ကံအကျိုးအားကြောင့် ဆင်ယင်ခွင့်ရသော အသုံးအဆောင်ပစ္စည်းတို့သည် ရှေးကပြုဖူးသော ကောင်းမှု၏ အကျိုးဖြစ်သလို လက်ရှိဘဝကြိုးစားမှု၏ အကျိုးဆက်လည်းဖြစ်သည်။ အဟောင်းသာဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ ထို ကောင်းမှုတို့၏ အကျိုးဆက်ကို ခံစားခွင့်ရသော၊ မန္တလေးမြို့၏ လမ်းမထက်တွင် ကားကို ကိုယ်တိုင်မောင်းနှင်နေသော မိန်းမပျိုတို့ကို မြင်တွေ့ရသည်မှာ စိတ်ချမ်းမြေ့လှပါသည်။

ထို့ကြောင့် ကောင်းမှုတို့၏ အကျိုးရလဒ်ကို ခံစားနိုင်ကြပါစေ။ ထို့ထက် ကောင်းမှုအကျိုးဆက်ကို ဆက်လက် တည်တံ့၊ တိုးပွားနိုင်ကြပါစေလို့ စိတ်ကတွေးရင်း ကားမောင်းနေသော မန္တလေးသူတို့ကို ငေး၍ ငေး၍ ကြည့်နေမိပါတော့ သည်။

***************
မောင်ပိုင်
၉-၅-၂၀၁၄။
 

လူ(၅)မျိုး အတွေး(၅)သွယ် ညှိကြမယ်

0
0
 
Photo: လူဟူသည်မှာ ဆက်ဆံရေးသတ္တဝါများဖြစ်တယ်လို့ပညာရှင်များက ဖွင့်ဆိုကြပါတယ်။ အသက်ရှင်ရပ်တည်နေရသည့်ကာလတလျှောက် ကျွန်နုပ်တို့အနေဖြင့်လူလူခြင်းမလွဲမသွေထိတွေ့ဆက်ဆံနေကြရမှာဖြစ်ပါတယ်။  ထိုသို့ထိတွေ့ဆက်ဆံကြရာဝယ် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်လေးစားကိုယ်ခြင်းစာစိတ်များထား၍ ရေရှည်တည်တံ့ခိုင်မြဲစေမည့် လူမှုဆက်ဆံရေးနည်းလမ်းကောင်းများဖြင့် အေးချမ်းသာယာပြီးခေတ်မှီဖွံ့ဖြိုးတိုးတက်သော လူ့အသိုက်အဝန်းများတည်ဆောက်နိုင်ကြစေရေးအတွက် တစ်ပါးသူ သို့မဟုပ် တစ်ဘက်အဖွဲ့အစည်းများ၏ အခြေခံစိတ်နေသဘောထားများကို အနီးစပ်ဆုံးမှန်မှန်ကန်ခန့်မှန်းအကဲဖြက်သုံးသပ်နိုင်ရေးသည်လွန်စွာအရေးကြီးသည့် အကြောင်းအချက်တစ်ရပ်ပင်ဖြစ်ပါတယ်။  သို့မှသာလူတစ်ဦးခြင်းဆီမှသည်သက်ဆိုင်ရာလူ့အသိုက်အဝန်းတစ်ခုလုံးအနေဖြင့် လူမှုအဆင့်အတန်းမြင့်မား၍ တိုးတက်မြင့်မားသောအတွေးအခေါ်အယူအဆများထုံမွှမ်းနေသည့်အသိုက်အဝန်းတစ်ခုတည်ဆောက်နိုင်ပြီး အေးချမ်းသာယာသည့်လူတစ်ဦးခြင်းကောင်းကျိုးချမ်းသာများကိုရရှိခံစားနိုင်မှာဖြစ်ပါတယ်။  သိုဖြစ်ပါ၍ မိတ်ဆွေများအနေဖြင့်တစ်စုံတစ်ရာသော လူမှုဆက်ဆံရေးအကျိုးတရားများရရှိစေနိုင်မည်ဟုယုံကြည်မျှော်လင့်လျှက် လူတို့၏ အခြေခံစဉ်းစားပုံနည်းလမ်း( ၅)ခုအား စေတနာအရင်းခံ၍လေးစားစွာဖြင့်တင်ပြအပ်ပါတယ်----  ၁။ စုရုံးဆက်စပ်စဉ်းစားတတ်သူ (The Synthesist) ၂။ စိတ်ကူးစံသမား (The Idealist) ၃။ လက်ငင်းအကျိုးကိုကြည့်ရှုသူ (The Pragmatist) ၄။ ခွဲခြမ်းစိစစ်တ်သူ (The Analyst) ၅။ ပကတိအရှိကိုအာရုံပြုတတ်သူ (The Realist) ဟူ၍ ယေဘူယျခြွဲခားသတ်မှတ်နိုင်ကြောင်းပညာရှင်များကလေ့လာဖေါ်ထုတ်တင်ပြခဲ့ကြပါတယ်။  စုရုံးဆက်စပ်စဉ်းစားတတ်သူ (The Synthesist) ------------------------------------------------------ တီထွင်ဖန်တီးနိုင်စွမ်းအားပြည့်ဝသူ တစ်ပါးသူတို့အားလှုံ့ဆော်နှိုးဆွပေးနိုင်သူဖြစ်သကဲ့သို့ ၎င်းနှင့်ဆက်စပ်ပါတ်သတ်နေသူတိုင်းအား အနည်းနှင့်အများဦးနှောက်ခြောက်အောင်လုပ်နိုင်သည့်သူများလည်းဖြစ်၏ ။ တွေးတောဆင်ခြင်မှုများတွင်စွဲလမ်းအားသန်သူဖြစ်သည့်အားလျော်စွာအခြားသူများအတွက်အရေးကြီးနေသည့်ပကတိအရှိအခြေအနေများနှင့်ရံခါ ကင်းကွာနေတတ် ပါသည်။ အကြောင်းကိစ္စတစ်ခုသို့မဟုပ်အချက်အလက်တစ်ခုအပေါ်၌ ရှုထောင့်ပေါင်းစုံမှရှုမြင်သုံးသပ်မိတတ်သဖြင့်၎င်းသည်အားကောင်းသောငြင်းခုံဝေဖန်သူ တစ်ဦးဖြစ်လာသည်။လူအများစုသည်အတွေးလမ်းကြောင်းတစ်ခုတည်းမှတစ်ဖြောင့်တည်းကျိုးကြောင်းဆက်စပ်တွေးခေါ်တတ်သူများဖြစ်သော်လည်းစုရုံးဆက်စပ်စဉ်းစားတတ်သူ တို့မှာအတွေးရှုထောင့်တစ်ခုမှတစ်ခုသို့ကူးပြောင်းသုံးသပ်တတ်ကြရာ ၎င်းတို့၏စကားကိုနားထောင်သူအများအပြားမှာ ထိုသူများ၏အတွေးစဉ်ကိုလိုက်၍မမီနိုင်ဖြစ်ကြရသည်။ သင်၏ဇနီးခင်ပွန်းသို့မဟုပ်အရင်းနှီးဆုံးမိတ်ဆွေသည်ယင်းသို့စဉ်းစားတတ်သြူဖစ်၍သင်နှင့်ကွဲပြားနေပါက၎င်းတိုကိုအနိုင့်အထက်ငြင်းခုံဝေဖန်ရန် မကြိုးစားပါနှင့်။၎င်းတို့သည်ငြင်းခုံဝေဖန်ရခြင်းကိုနှစ်သတ်သူများသာဖြစ်၍ ငါနိုင်ရမည်ငါသာအမှန်ဟူသောစိတ်မျိုးရှိသူများမဟုပ်သည်ကိုသတိပြု စေလိုပါတယ်။ ၎င်းတို့၏စကားများသည်ပြဿနာနှင့်တိုက်ရိုက်မသက်ဆိုင်သည့်ကိစ္စများဘက်သို့ချော်ထွက်သွားသည်ဆိုပါစို့၊သွားပါစေ။ လွှတ်တန်သရွေ့လွှတ်ပေးထားလိုက်ပါ။ထိုလွင့်သွားသောအတွေးလမ်းကြောင်းမှအကြံဥာဏ်သစ်တစ်ခုကိုရလာနိုင်ပါတယ်။ ၎င်းရရှိလာမည့အကြံဥာဏ်သစ်ကိုသင်ကမိမိရရလက်တွေ့အသုံးချဖြစ်ရန်ကိုသာ သတိပြုသင့်ပါတယ်။  စိတ်ကူးစံသမား(The Idealist) ----------------------------------- ဆက်လက်တင်ပြပါမည်-

လူဟူသည်မှာ ဆက်ဆံရေးသတ္တဝါများဖြစ်တယ်လို့ပညာရှင်များက ဖွင့်ဆိုကြပါတယ်။
အသက်ရှင်ရပ်တည်နေရသည့်ကာလတလျှောက် ကျွန်နုပ်တို့အနေဖြင့် လူလူခြင်း မလွဲမသွေထိတွေ့ဆက်ဆံနေကြရမှာဖြစ်ပါတယ်။

ထိုသို့ထိတွေ့ဆက်ဆံကြရာဝယ် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်လေးစား ကိုယ်ခြင်းစာစိတ်များထား၍
ရရှည်တည်တံ့ခိုင်မြဲစေမည့် လူမှုဆက်ဆံရေးနည်းလမ်းကောင်း များဖြင့် အေးချမ်းသာယာပြီးခေတ်မှီဖွံ့ဖြိုးတိုးတက်သော
လူ့အသိုက်အဝန်းများတည်ဆောက်နိုင်ကြစေရေးအတွက် တစ်ပါးသူ သို့မဟုပ် တစ်ဘက်အဖွဲ့အစည်းများ၏


အခြေခံစိတ်နေသဘောထားများကို အနီးစပ်ဆုံးမှန်မှန်ကန်ခန့်မှန်းအကဲဖြက်သုံးသပ်နိုင်ရေးသည်လွန်စွာအရေးကြီးသည့်
အကြောင်းအချက်တစ်ရပ်ပင်ဖြစ်ပါတယ်။

သို့မှသာလူတစ်ဦးခြင်းဆီမှသည်သက်ဆိုင်ရာလူ့အသိုက်အဝန်းတစ်ခုလုံးအနေဖြင့်
လူမှုအဆင့်အတန်းမြင့်မား၍ တိုးတက်မြင့်မားသောအတွေးအခေါ်အယူအဆများထုံမွှမ်းနေသည့်အသိုက်အဝန်းတစ်ခုတည်ဆောက်နိုင်ပြီး
အေးချမ်းသာယာသည့်လူတစ်ဦးခြင်းကောင်းကျိုးချမ်းသာများကိုရရှိခံစားနိုင်မှာဖြစ်ပါတယ်။

သိုဖြစ်ပါ၍ မိတ်ဆွေများအနေဖြင့်တစ်စုံတစ်ရာသော လူမှုဆက်ဆံရေးအကျိုးတရားများရရှိစေနိုင်မည်ဟုယုံကြည်မျှော်လင့်လျှက်
လူတို့၏ အခြေခံစဉ်းစားပုံနည်းလမ်း( ၅)ခုအား စေတနာအရင်းခံ၍လေးစားစွာဖြင့်တင်ပြအပ်ပါတယ်----

၁။ စုရုံးဆက်စပ်စဉ်းစားတတ်သူ (The Synthesist)
၂။ စိတ်ကူးစံသမား (The Idealist)
၃။ လက်ငင်းအကျိုးကိုကြည့်ရှုသူ (The Pragmatist)
၎။ ခွဲခြမ်းစိစစ်တ်သူ (The Analyst)
၅။ ပကတိအရှိကိုအာရုံပြုတတ်သူ (The Realist) ဟူ၍ ယေဘူယျခြွဲခားသတ်မှတ်နိုင်ကြောင်းပညာရှင်များကလေ့လာဖေါ်ထုတ်တင်ပြခဲ့ကြပါတယ်။

စုရုံးဆက်စပ်စဉ်းစားတတ်သူ (The Synthesist)
------------------------------------------------------
တီထွင်ဖန်တီးနိုင်စွမ်းအားပြည့်ဝသူ တစ်ပါးသူတို့အားလှုံ့ဆော်နှိုးဆွပေးနိုင်သူဖြစ်သကဲ့သို့ ၎င်းနှင့်ဆက်စပ်ပါတ်သတ်နေသူတိုင်းအား
အနည်းနှင့်အများဦးနှောက်ခြောက်အောင်လုပ်နိုင်သည့်သူများလည်းဖြစ်၏ ။
တွေးတောဆင်ခြင်မှုများတွင်စွဲလမ်းအားသန်သူဖြစ်သည့်အားလျော်စွာအခြားသူများအတွက်အရေးကြီးနေသည့်ပကတိအရှိအခြေအနေများနှင့်ရံခါ ကင်းကွာနေတတ်
ပါသည်။
အကြောင်းကိစ္စတစ်ခုသို့မဟုပ်အချက်အလက်တစ်ခုအပေါ်၌ ရှုထောင့်ပေါင်းစုံမှရှုမြင်သုံးသပ်မိတတ်သဖြင့်၎င်းသည်အားကောင်းသောငြင်းခုံဝေဖန်သူ
တစ်ဦးဖြစ်လာသည်။လူအများစုသည်အတွေးလမ်းကြောင်းတစ်ခုတည်းမှတစ်ဖြောင့်တည်းကျိုးကြောင်းဆက်စပ်တွေးခေါ်တတ်သူများဖြစ်သော်လည်းစုရုံးဆက်စပ်စဉ်းစားတတ်သူ
တို့မှာအတွေးရှုထောင့်တစ်ခုမှတစ်ခုသို့ကူးပြောင်းသုံးသပ်တတ်ကြရာ ၎င်းတို့၏စကားကိုနားထောင်သူအများအပြားမှာ
ထိုသူများ၏အတွေးစဉ်ကိုလိုက်၍မမီနိုင်ဖြစ်ကြရသည်။
သင်၏ဇနီးခင်ပွန်းသို့မဟုပ်အရင်းနှီးဆုံးမိတ်ဆွေသည်ယင်းသို့စဉ်းစားတတ်သြူဖစ်၍သင်နှင့်ကွဲပြားနေပါက၎င်းတိုကိုအနိုင့်အထက်ငြင်းခုံဝေဖန်ရန်
မကြိုးစားပါနှင့်။၎င်းတို့သည်ငြင်းခုံဝေဖန်ရခြင်းကိုနှစ်သတ်သူများသာဖြစ်၍ ငါနိုင်ရမည်ငါသာအမှန်ဟူသောစိတ်မျိုးရှိသူများမဟုပ်သည်ကိုသတိပြု
စေလိုပါတယ်။
၎င်းတို့၏စကားများသည်ပြဿနာနှင့်တိုက်ရိုက်မသက်ဆိုင်သည့်ကိစ္စများဘက်သို့ချော်ထွက်သွားသည်ဆိုပါစို့၊သွားပါစေ။
လွှတ်တန်သရွေ့လွှတ်ပေးထားလိုက်ပါ။ထိုလွင့်သွားသောအတွေးလမ်းကြောင်းမှအကြံဥာဏ်သစ်တစ်ခုကိုရလာနိုင်ပါတယ်။
၎င်းရရှိလာမည့အကြံဥာဏ်သစ်ကိုသင်ကမိမိရရလက်တွေ့အသုံးချဖြစ်ရန်ကိုသာ သတိပြုသင့်ပါတယ်။

စိတ်ကူးစံသမား(The Idealist)
-----------------------------------
ဆက်လက်တင်ပြပါမည်-
By  
Nay LaMin
 


နှမ်းတစ်စေ့မဟုတ်တဲ့ ခဲတစ်လုံး

0
0
ဘာတွေဖြစ်ကုန်ပြီလဲ လုံးဝန်းတဲ့ကမ္ဘာကြီး၊ အရောင်တွေညစ်ကုန်ပြီလား အားလုံးရဲ့ကမ္ဘာကြီး
ခုတလောတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အို ကမ္ဘာမြေ သီချင်းကို ခဏခဏပဲ ညည်းနေမိပါတယ်။ ညည်းဆို ရာသီဥတုကလည်း တော်တော်ပူတယ်လေ။ ဒါတောင် အလယ်ပိုင်းဒေသ မဟုတ်သေးလို့၊ အဲဒီဘက်တွေမှာဆို အပူချိန်က မြင်မကောင်းဘူး။ အပူလွန်ပြီး ဆုံးကုန်ကြတဲ့ နာရေးသတင်းတွေကိုလည်း မကြာမကြာ ဖတ်နေ ကြားနေရတယ်။ ခရမ်းလွန်ရောင်ခြည်အန္တရာယ်က ခုထိမပြီးသေးတဲ့အချိန်မှာ အပူဒဏ်ကပါ နှိပ်စက်နေတော့ လူတွေကျန်းမာရေးထိခိုက်ကြမှာ အမှန်ပဲ။ အလုပ်မှာလည်း အတော်ကြိုးစားပြီး စိတ်နှစ်ထားရတယ်။ လူတွေကလည်း နွမ်းလို့ဖတ်လို့ ၊ မလှုပ်ချင်မကိုင်ချင်နဲ့။


ညညဆိုလည်း အိပ်မရဘူး၊ ဒီလို ကျွန်တော်တို့ လူငယ်တွေ၊ ဘာရောဂါမှ အခံမရှိသေးတဲ့သူတွေတောင် ဒီလောက်ဆို၊ လူကြီးတွေ ရောဂါသည်တွေဆို ပိုဆိုးမယ်။ ကျွန်တော်တို့တွေက နောင်အနာဂတ်မှာ ဘာဖြစ်အောင် လုပ်မယ်၊ ညာဖြစ်အောင် လုပ်မယ်နဲ့ ရည်မှန်းချက်တွေသာ ထားနေကြတာ၊ ဒီအတိုင်းဆို အသက်တောင်ရှည်ပါ့မလားပဲ။ ကံ စိတ် ဥတု အာဟာရမှာ ဥတုက ဒီလောက်ဖောက်ပြန်နေတာကိုး။

တစ်ညတော့ နွေပူပူမှာ ဘယ်လိုမှ အိပ်မရတဲ့အဆုံး၊ လက်ဖက်ရည်ဆိုင် ထွက်ထိုင်၊ အအေးလေးတစ်ဗူးသောက်၊ ယပ်လေးတခပ်ခပ်နဲ့ တောင်တောင်အီအီတွေ လျှောက်စဉ်းစားနေမိတယ်။ အဲဒါလည်း ဇိမ်တစ်မျိုးပဲနော့။ နယ်တွေချဲ့ချင်တိုင်းချဲ့နေတဲ့ ကျွန်တော့်အတွေးတွေထဲက ခေါင်းစဉ်တစ်ခုကတော့ ဘာလို့ ရာသီဥတုက ဒီလိုတွေ ဖြစ်နေရသလဲ တဲ့။ ဒါတော့ အားလုံးလည်း သိပါတယ်၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးလို့ပေါ့။ ကဗျာဆန်ဆန်ပြောရရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးလည်း နေမကောင်းတော့ဘူးဗျ။ အင်းလေ၊ သစ်တွေခုတ်ကြ၊ မြစ်တွေချောင်းတွေ တိမ်ကော၊ တောတွေပြုန်းနဲ့ဆိုတော့လည်း ဒီလောက်တော့ ရှိမပေါ့။ ကာတွန်းလေးတစ်ပုဒ်ကိုလည်း သွားသတိရမိတယ်၊ ဒီဘက်မှာက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အနေနဲ့ သစ်ပင်လေးတစ်ပင် စိုက်နေတယ်၊ ဟိုဘက်မှာကတော့ သစ်တွေအလုံးလိုက် ခုတ်လှဲပြီး ကားပေါ်တင်သွားတာကို ယှဉ်ပြီး ဆွဲပြထားတယ်။ ဟုတ်တယ်၊ သဘာဝပတ်ဝန်းကျင်သမားတွေ ဘယ်လောက်လုပ်လုပ်၊ မထူးတော့ဘူးဗျ၊ ကိုယ်တစ်ယောက်တည်းနဲ့ ဘာသွားဖြစ်မှာလဲ။ ဒါက အစိုးရကိုယ်တိုင် လုပ်မှရမဲ့ကိစ္စကြီးပဲကိုး။ ဟူး.. လို့ စိတ်ပျက်လက်ပျက် သက်ပြင်းချ၊ အိမ်ကသယ်လာတဲ့ မုန့်လေးကို ထုတ်စား၊ ကျန်တဲ့ ကြွပ်ကြွပ်အိတ်ကိုတော့ ဘာလုပ်ရမှန်းမသိတာနဲ့ မထူးပါဘူးဆိုပြီး မြောင်းထဲပစ်ချလိုက်တယ်။

ကျွန်တော့်ဘ၀အပေါ် အလွှမ်းမိုးဆုံးစာအုပ်တစ်အုပ်ကို ပြောပါလို့များ Celebrity တွေကို အင်တာဗျူးသလို မေးလာခဲ့ရင် လူနာဆောင်အမှတ် ၆ ဆိုတဲ့ စာအုပ်ကို ခဏတောင် မဆိုင်းဘဲ ရွေးထုတ်ပေးမိမှာပါ။ အဲဒီဝတ္ထုကို ဘာသာပြန်ဆိုခဲ့သူကလည်း ကျွန်တော့အပေါ် လွှမ်းမိုးမှုအရှိဆုံးစာရေးဆရာ ဆရာဖေမြင့်ပါ။ ဒီစာအုပ်က ဆရာဝန်တွေကြားထဲမှာတော့ အတော်လေး လူသိများပါတယ်၊ အတော်များများလည်း ဖတ်ဖူးကြတယ်။ အယူအဆ ဆွေးနွေးတာတွေ များတော့ ဖတ်ရတာ ငြီးငွေ့စရာ နည်းနည်းကောင်းပေမဲ့ ရည်ရွယ်ချက်အရမ်းကောင်းတဲ့ စာအုပ်လေးပါ။

ဒီဝတ္ထုကို ရုရှားပြည် ခေတ်ပျက်ကာလကို နောက်ခံထားပြီး၊ ဆေးရုံတစ်ရုံရဲ့ လူနာဆောင်တစ်ခုထဲမှာ ဇာတ်အိမ်တည်ထားတယ်။ အဲဒီအဆောင်က စိတ်ရောဂါဝေဒနာသည်တွေကို ထားတဲ့ အဆောင်၊ အဆောင်နံပါတ်က အမှတ် ၆။ လူနာဆောင်ဆိုပေမဲ့လည်း လူနာတွေကို လူနာလို မဆက်ဆံဘူး၊ ထောင်သားတွေကို ဆက်ဆံသလို ဆက်ဆံကြတယ်၊ လိုအပ်တဲ့ ပြုစုကုသမှုတွေ ဘာဆိုဘာမှမပေး၊ လုံခြုံဘေးကင်းတဲ့ စောင့်ရှောက်မှုဆိုတာလည်း မျှော်လင့်လို့ကို မရနိုင်ဘူး။ ဒီကြားထဲမှာ ဆေးရုံက အစောင့်ဆိုတဲ့လူကြမ်းကြီးက သူ့စကား နားမထောင်တဲ့သူဆို ဗလအားကိုးနဲ့ ထိုးလားကြိတ်လား လုပ်သေးတာ။ အဲဒီလိုလူနာတွေထဲမှာ ကံမကောင်း အကြောင်းမလှလို့ ဒီနေရာကို ရောက်နေရတဲ့ ပညာတတ်ပုဂ္ဂိုလ်တစ်ယောက် ရှိတယ်၊ လောကဓံကို မခံနိုင်၊ စိတ်တွေညစ်လွန်းလို့ လုပ်မိလုပ်ရာတွေ လျှောက်လုပ်ရာကနေ ရူးနေပြီလို့ အားလုံးက သတ်မှတ်လိုက်ကြပြီး အဲဒီအဆောင်ထဲ ထည့်ခံလိုက်ရသူ။ ကျန်လူတွေလို အရူးစစ်စစ် မဟုတ်တော့ ဒီအဆောင်ရဲ့ မူမမှန်မှုတွေကို အားလုံး အစအဆုံး သိနေ မြင်နေ စိတ်ပျက်နေတော့တာပေါ့။ ဒါပေမဲ့ ဘယ်လိုမှလွန်ဆန်လို့မရတော့လည်း ဒီအတိုင်းပဲ အရှုံးပေးနေရတယ်။

တစ်နေ့တော့ အဲဒီဆေးရုံကို စာပေ၀ါသနာပါတဲ့ တာဝန်ခံဆရာဝန်တစ်ယောက် ပြောင်းလာတယ်။ ဒါပေမဲ့ သူ့ပတ်ဝန်းကျင်က ၀န်ထမ်းတွေအားလုံးကတော့ စာပေကို စိတ်ဝင်စားမှု လုံးဝမရှိဘူး။ ဘယ်လိုအကြောင်းအရာကိုပဲ ဆွေးနွေး ဆွေးနွေး၊ သူကပဲ ပြောနေရတယ်၊ တစ်ဖက်လူကို ကြည့်လိုက်ရင် အမြဲအိပ်ငိုက်နေတာချည်းဘဲ။ ဒီတော့ တခြားလူတွေလို ဆေးတွေခိုးရောင်း ခိုးထုတ်ဖို့ထက် သူတကယ်ပိုလိုချင်နေတာက သူနဲ့ စာပေဆွေးနွေးဖော် ဆွေးနွေးဖက်၊ စာပေမိတ်ဆွေတစ်ယောက်ကိုပါပဲ။

တစ်ရက်တော့ အဲဒီအဆောင် ၆ ထဲကို အကြောင်းကိစ္စတစ်ခုနဲ့ မထင်မှတ်ဘဲ သူရောက်သွားတယ်။ အဲဒီမှာတင် ခုနက ပညာတတ်လူနာနှင့် တွေ့ပြီး စာပေအကြောင်းတွေ ဆွေးနွေးဖြစ်ကြတော့တာပါပဲ။ အစစအရာရာ ပြည့်စုံနေတဲ့ ဆရာဝန်လူတန်းစားနှင့် လူနာဆောင်တစ်ခုထဲ မတရားထည့်ပိတ်ထားခြင်းခံနေရတဲ့ အကူအညီမဲ့လူတန်းစား၊ ဒီလိုတွေကွာခြားနေတော့လည်း အကြောင်းအရာ တော်တော်များများမှာ သူတို့အမြင်မတူကြဘူး။ အကွဲလွဲဆုံးကတော့.. လူနာက သူတို့တွေကို ဘာပြုစုကုသမှုမှ မပေးဘဲ ၀င်ပြီးရင်ပြန်ထွက်မရတော့တဲ့ နေရာတစ်ခုလို ဒီလူနာဆောင်က ဖြစ်နေတာကို ဝေဖန်တယ်၊ အဲဒီအခါ ဆရာဝန်က ပြန်ချေပတယ်၊ ဒိုင်အိုဂျီးနိစ်က ရေစည်ထဲမှာ ၀င်နေပေမဲ့၊ အဲဒီလို နေနေတဲ့သူဟာ ရှင်ဘုရင်ထက်တောင်မှ စိတ်ချမ်းသာရသေးကြောင်း ပြောကြားခဲ့တယ်၊ ဒါ့ကြောင့် အဓိကက ဘယ်နေရာမှာ ဘယ်လိုနေရတယ်ဆိုတာ မဟုတ်ဘူး၊ မိမိစိတ်ကသာ အရေးကြီးဆုံးပဲ ဆိုပြီး သူ့အမြင်ကို ပြန်ပြောတယ်။ အဲဒီလို အမြင်မတူမှုတွေ ရှိနေပေမဲ့လည်း ဆရာဝန်ဟာ အဲဒီလူနာကို အထင်ကြီးသွားတာတော့ အမှန်ပဲ။ ဆွေးနွေးဖော်တစ်ယောက် ရလိုက်တဲ့အတွက်လည်း သူအရမ်းပျော်သွားတယ်။ နောက်နေ့တွေမှာလည်း မကြာမကြာဆိုသလို သွားသွားပြီး ဆွေးနွေးဖြစ်တယ်။ အဲဒီလို ဘယ်ဆရာဝန်ကမှ အရေးတယူ သွားမကြည့်ခဲ့ဖူးတဲ့၊ ဆရာဝန်အရောက်အပေါက်နည်းလှတဲ့ အဆောင် ၆ ကို ဒီဆရာဝန်က နေ့စဉ်ရက်ဆက် သွားနေတဲ့အခါကျတော့ ဆေးရုံဝန်ထမ်းတွေက မသင်္ကာဖြစ်လာတယ်၊ နဂိုတည်းကမှလည်း သူတို့နားမလည်တဲ့ စကားကြီးစကားကျယ်တွေ ပြောနေကျလူ မဟုတ်လား။ အဲဒါနဲ့ပဲ ဆေးရုံမှာရှိတဲ့ အခြားဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ပြီး အဲဒီဆရာဝန်ကို စိတ်ရောဂါရှိနေတယ်လို့ သတ်မှတ်လိုက်ကာ လူနာဆောင်အမှတ် ၆ ထဲကို လူနာအဖြစ် အပြီးအပိုင် ပို့လိုက်ကြပါတော့တယ်။ အရာရာ ပြည့်စုံနေတုန်းကတော့ ဒိုင်အိုဂျီးနိစ်အကြောင်း အားပါးတရ ဆွေးနွေးခဲ့တဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် မိမိစိတ်ကသာ အဓိက လို့ငြင်းခဲ့ ခံယူခဲ့တဲ့ ဆရာဝန်ဟာ လူနာဆောင်အမှတ် ၆ ရဲ့ မတရားနှိပ်စက်မှုတွေ၊ ဆင်းရဲဒုက္ခတွေကို ကိုယ်တိုင်လက်တွေ့ကြုံရတဲ့အခါလည်းကျရော ဘယ်လိုမှ ခံနိုင်စွမ်းမရှိတော့ဘဲ စိတ်ဓါတ်တွေ အကြီးအကျယ်ကျပြီး ရက်ပိုင်းအတွင်းမှာပဲ သေပွဲဝင်ခဲ့ရပါတယ်။

ဒီစာအုပ်ကို ဖတ်ပြီး စိတ်ထဲမှာ ပြင်းပြင်းရှရှ ရလိုက်တာနှစ်ခု ရှိတယ်၊ ပထမတစ်ခုက ကိုယ်ချင်းစာတရား။ အရင်ကလည်း သူများဒုက္ခရောက်နေတာတွေ့ရင် ကိုယ်ချင်းစာပါတယ် ဘာညာနဲ့ ခဏခဏပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒါ အမှန်တကယ်ကိုယ်ချင်းစာလို့တော့ မဟုတ်ဘူး၊ ဒီအတိုင်း ၀တ်ကျေတန်းကျေ ပြောလိုက်တာပါပဲ။ တကယ်တော့ ကိုယ်ချင်းစာတယ် ဆိုတဲ့စကားမှာကိုက သူ့နေရာ ကိုယ်တိုင်အစားဝင်ပြီး ခံစားကြည့်ခြင်းဆိုတဲ့ အဓိပ္ပါယ်က ရှင်းပြစရာမလိုတော့အောင် ပေါ်လွင်နေပြီးသားပဲ။ ဘာမှမခက်ဘူး၊ တကယ်ခက်နေတာက လက်တွေ့နှလုံးသွင်းရတဲ့အပိုင်း၊ ဘာလို့ဆိုတော့ လူဆိုတဲ့အမျိုးက ကိုယ့်ကိုကိုယ်သာ ဗဟိုပြုပြီး စဉ်းစားတတ်ကြတာမဟုတ်လား။

နောက်တစ်ခုကတော့ ကိုယ်ချင်းစာတရားထက်တောင် ပိုအရေးကြီးပါသေးတယ်၊ အဲဒါ ဘာလဲဆိုတော့ မကောင်းမှုတွေ၊ မတရားမှုတွေကို ရဲရဲဝံ့ဝံ့ တွန်းလှန်ပစ်ရမယ်ဆိုတဲ့ စိတ်ဓါတ်ပါပဲ။ မတရားမှုဆိုတာရဲ့ သဘောက အစပထမမှာတော့ တိုက်ဖျက်ရလွယ်ကူပေမဲ့ စောစောစီးစီး မတိုက်လို့ သူအင်အားကောင်းလာပြီဟေ့ ဆိုရင်တော့ ရှိသမျှအရာအားလုံးကို သိမ်းကြုံးဖျက်ဆီးသွားတတ်တယ်။ ၀တ္ထုထဲက ဆရာဝန်ကိုပဲကြည့်၊ ဒီလူနာဆောင်ထဲက မတရားမှုတွေကို သူသိနေတယ်။ ဒါပေမဲ့ သူနဲ့ တိုက်ရိုက်ဆိုင်မလာသေးတော့ အမျိုးမျိုးအကြောင်းပြပြီး ရှောင်လွှဲနေတယ်။ အချိန်ကြာလာတဲ့အခါမှာတော့ အဲဒီမကောင်းမှုကြီးက လက်ပိုက်ကြည့်နေတဲ့ သူ့ကိုပါ ၀ါးမျိုသွားတော့တယ်။

ခုလို ရာသီဥတုတွေ ဖောက်ပြန်နေတာလည်း ဒီအတိုင်းပဲ။ ဟိုဖောင်ဒေးရှင်းက ဟိုလူကြီး သစ်တွေခုတ်တယ်၊ ဘာဖြစ်လဲ အဲဒီတော့။ ကျွန်တော်တို့နဲ့ ဘာဆိုင်လဲ၊ အနေသာကြီးနော်။ ကိုယ်တောင် ခရိုမနီလို့ နီရင် ၀င်ခုတ်ချင်သေးတာ။ ဟိုစီမံကိန်းက သဘာဝပတ်ဝန်းကျင် ထိခိုက်သတဲ့၊ ဒေသခံတွေအတွက် အန္တရာယ်ရှိတယ် တဲ့။ အော် ဟုတ်လားဗျာ၊ ကျွတ် ကျွတ် ကျွတ်။ ဒီလိုတွေ ခပ်အေးအေးနေလာခဲ့ကြတဲ့ ကျွန်တော်တို့တွေဟာ ခုချိန်မှာတော့ သဘာဝပတ်ဝန်းကျင် ပျက်ဆီးတာ၊ ကမ္ဘာကြီး ပူနွေးလာတာ၊ ရာသီဥတုတွေ ဖောက်ပြန်လာတာ၊ ဒီဒဏ်တွေကို ခံနေကြရပါပြီ။

နိုင်ငံရေးမှာဆိုလည်း ဒီလိုပါပဲ။ အာဏာရှင်စနစ်ဆိုးကြီး မကောင်းမှန်း လူတိုင်းသိပါတယ်၊ လူတိုင်းလည်း တိုးတိုးတစ်မျိုး စိတ်ထဲကတစ်သွယ် ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ နေသာသေးသမျှ လက်တွေ့မတိုက်ဖျက်ခဲ့ကြတဲ့အခါကျတော့၊ အဲဒါကြီးက နှစ်ပေါင်းများစွာ တည်တံ့သွားပြီး တိုင်းပြည်လည်း ချွတ်ချုံကျသွားတယ်၊ တိုင်းပြည်တွင်းမှာ နေကြတဲ့ ကျွန်တော်တို့ဘ၀တွေလည်း စုတ်ပြတ်သတ်သွားရတယ်။

ခုဆိုရင် ဆရာကြီး ဟံသာဝတီဦးဝင်းတင်လည်း ဆုံးသွားပြီ။ အသက်အရွယ်ချင်း၊ အတွေ့အကြုံချင်း၊ ပညာ ခံယူချက် အတွေးအခေါ်ချင်း ဘယ်လိုမှ နှိုင်းမရတဲ့သူမို့ အဘတာဝန်ကျေသလို ကျွန်တော်လည်း တာဝန်ကျေရစေမယ် လို့တော့ ကြီးကြီးကျယ်ကျယ်တွေ မပြောချင်ဘူး။ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုက်ပွဲကို ဆက်တိုက်မယ်လို့လည်း စကားလုံးလှလှ မသုံးချင်ဘူး။ ဟုတ်တယ် ဒီမိုကရေစီက တကယ့်အစစ်ကြီး မရသေးဘူး၊ ဟန်ပြသာသာပဲ ရှိသေးတယ်။ ဒါပေမဲ့ အဘဦးဝင်းတင်တို့ တာဝန်မကျေခဲ့ဘူးလို့တော့ ပြောလို့မရဘူး၊ တာဝန်ကျေခဲ့တယ်၊ တာဝန်ကျေခဲ့လို့လည်း ကျွန်တော် ခုလိုစာတွေကို ဘာအဖမ်းအဆီးမှ စိတ်ပူစရာမလိုဘဲ စိတ်အေးလက်အေး ရေးနေနိုင်တာပေါ့။

ဆရာကြီးဗန်းမော်တင်အောင်က ပြောခဲ့ပါတယ်။ လူတစ်ယောက်ရဲ့တန်ဖိုးကို သူဖြတ်သန်းသွားတဲ့ခေတ်ကြီးက ပခုံးပေါ်တင်ပေးလိုက်တဲ့တာဝန်ကို ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်သွားလဲ ဆိုတဲ့အချက်နဲ့ပဲ တိုင်းတာရမှာပါပဲ တဲ့။ ဟုတ်တယ်၊ ရှေ့လူတွေ တာဝန်ကျေခဲ့တဲ့အတွက် ကျွန်တော်တို့လူငယ်တွေ ဒီမိုကရေစီကို အသက်ပေးပြီး တောင်းဆိုစရာ မလိုတော့ဘူး၊ စစ်ကြောရေးစခန်းမှာ ဒုက္ခဆင်းရဲခံ အနှိပ်စက်ခံပြီး အတိုက်အခံလုပ်စရာ မလိုတော့ဘူး။ အပြည့်အ၀မဟုတ်တောင် တိုးတက်မှုတွေတော့ ရှိလာခဲ့ပြီ။ ဒါဖြင့် ကျွန်တော်တို့ ဖြတ်ကြတော့မဲ့ခေတ်ကရော ကျွန်တော်တို့ရဲ့ ပခုံးပေါ် ဘာတာဝန်တွေ တင်ပေးလိုက်မှာလဲ။ နည်းနည်းရလာတဲ့ဒီမိုကရေစီကို ခုထက်ပိုခိုင်မြဲအောင် လုပ်ကြရမဲ့တာဝန် ဖြစ်သွားပြီ။ ဒီတာဝန်ကို ကျေဖို့လိုတယ်။ ဒီတာဝန်ကျေမှ နောက်မျိုးဆက်က ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံကြီး အာရှမှာနံပါတ်တစ်၊ ကမ္ဘာ့စူပါပါဝါ၊ ဒီလိုနေရာတွေရလာဖို့ ဆိုတဲ့တာဝန်မျိုးကို ဆက်ထမ်းဆောင်နိုင်ကြမှာဖြစ်ပါတယ်။ ဒီမိုကရေစ်ီမှာ ပြည်သူက အုပ်ချုပ်တာဖြစ်တယ်၊ အဲဒီအတွက် အုပ်ချုပ်မဲ့ပြည်သူဟာ အသိပညာအားနည်းနေလို့ မရဘူး။ ဒါဟာ စလုံးရေစကြမဲ့ ကျွန်တော်တို့အတွက် တကယ့်မဟာအတားအဆီးပဲ။ လွှတ်တော်ထဲဝင် အဆိုတင်သွင်းမှ၊ ဆန္ဒပြတတ်မှ နိုင်ငံရေုးလုပ်တာ မဟုတ်ပါဘူး၊ ကိုယ့်နိုင်ငံရဲ့အရေးကို လုပ်နေတာမှန်သမျှသည် နိုင်ငံရေးပါပဲ။ နည်းလမ်းပေါင်းစုံ နယ်ပယ်ပေါင်းစုံကနေ အားလုံး ၀ိုင်းလုပ်ကြဖို့လိုပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့အတွက် တကယ့်ကို အတားအဆီးဖြစ်လာတာက ဘာလဲဆိုတော့ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူး ဆိုတဲ့အတွေးအမြင်ပါပဲ။ အဲဒီလိုတွေးလိုက်တဲ့အခါ လုပ်ချင်စိတ်တွေ အားအင်တွေ လျော့ကျသွားတတ်ပါတယ်။ ဒါနဲ့တစ်ဆက်တည်းမှာ အများမိုးခါးရေသောက်သလို လိုက်သောက်ချင်စိတ်တွေပါ တဖွါးဖွါးပေါ်လာပါတော့တယ်။ ကိုယ်တစ်ယောက် မဟုတ်တာ လုပ်ရုံနဲ့တော့ ဘာမှမဖြစ်လောက်ပါဘူး လို့လည်း ဆင်ခြေဆင်လက် ပေးတတ်လာကြတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ သစ်ခုတ်တာတော့ ကိုယ်တတ်နိုင်တဲ့အပိုင်းမဟုတ်လို့ ထားတော့၊ ကိုယ့်ဟာကိုယ် တစ်ပိုင်တစ်နိုင်လေးအနေနဲ့ ကြွပ်ကြွပ်အိတ်လေး လျှော့သုံးမယ်၊ စက္ကူသုံးတာ လျှော့မယ်၊ ဒီနေရာမှာတင် အဖျက်စိတ်က ၀င်လာပြီ။ လုပ်မနေနဲ့ ဟိုမှာ သစ်တွေခုတ်နေတာမှ အများကြီးပဲ မင်း ဒါလေးလုပ်နေရုံနဲ့ ဘာမှထူးမလာဘူး။ ဟုတ်ပါတယ်လေ၊ မထူးပါဘူး၊ ငါ့ဟာငါပဲ နေသာသလိုနေတော့မယ်။ အဲဒီလို တွေးမိတယ်၊ နောက်ပြီး မိုးခါးရေတွေလည်း မက်မက်စက်စက် သောက်မိတယ်။

ပုံပြင်လေးတစ်ပုဒ် ကြားဖူးပါတယ်၊ တစ်ခါက ရွာတစ်ရွာမှာ အံ့ဖွယ်အဖြစ် နွားနို့ရေတံခွန်လုပ်ကြဖို့ စီစဉ်ကြသတဲ့၊ ဒါကြောင့် ရွာသူရွာသားအားလုံး ညကျရင် ရွာထိပ်က ကန်ကြီးထဲကို နွားနို့ တစ်အိမ်ကို တစ်ပိဿာကျ လာထည့်ကြဖို့ ဆော်သြထားတယ်။ ညလည်းကျရော၊ ရွာသားတွေက စဉ်းစားတယ်၊ တစ်ပိဿာတောင် နှမြောစရာကြီး၊ ဒီလောက် တစ်ရွာလုံးက နွားနို့တွေ ၀ိုင်းထည့်ထားကြမဲ့ဟာဘဲ၊ နည်းတာမဟုတ်ဘူး၊ ငါတို့တစ်အိမ်က ရေတွေသွားထည့်ထားလို့တော့ ဘယ်သူမှ မသိလောက်ပါဘူး တဲ့။ အဲဒီလို အားလုံးက ငါတို့တစ်အိမ်တည်းနဲ့တော့ ဘာမှမဖြစ်လောက်ပါဘူး လို့တွေးပြီး ရေတွေထည့်လိုက်ကြရာကနေ မနက်မိုးလင်းလို့ ကြည့်လည်းကြည့်လိုက်ရော ကန်ကြီးတစ်ခုလုံးမှာ နွားနို့ရယ်လို့ တစ်စက်မှမရှိဘဲ ရေတွေချည်း ဖြစ်နေသတဲ့လေ။

ဒီမိုကရေစီဆိုတာ လူစွမ်းကောင်းဝါဒ မဟုတ်ပါဘူး၊ ဆိုလိုတာက တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့ မရှင်သန်နိုင်ပါဘူး။ လူကောင်းတွေ လူတော်တွေ အများကြီးလိုပါတယ်။ အားလုံးဝိုင်းလုပ်ကြရမှာပါ။ အရင်ဆုံး ကိုယ့်ကိုကိုယ် ပြင်ကြရမယ်၊ နောက် ကိုယ့်မိသားစု၊ ကိုယ်လုပ်နေတဲ့အဖွဲ့၊ ကိုယ့်ရပ်ကွက် ကိုယ့်ဒေသ ဒီလိုတစ်ဆင့်ချင်း ဦးတည်ချက်ထားပြီး ကြိုးစားသွားကြရပါမယ်။ ကျွန်တော်က မော်လမြိုင်ရဲ့ ရပ်ကွက်လေးတွေ တစ်ခုပြီးတစ်ခုကို တာဝန်ယူမယ်၊ ယူတာတောင် ကဏ္ဍပေါင်းစုံမဟုတ်ဘူး၊ ကျန်းမာရေးကဏ္ဍရဲ့ ကဏ္ဍခွဲသေးသေးလေးပဲ၊ အဲဒီလိုပဲ နောက်ထပ်လူတွေအများကြီးကလည်း သူတို့ကျွမ်းကျင်ရာ ယုံကြည်ရာနယ်ပယ်တွေမှာ ကိုယ်စီကိုယ်စီ တာဝန်ယူကြမယ်၊ အဲဒီအခါ မော်လမြိုင် တိုးတက်လာတယ်။ ဒီလိုပဲ မကွေးမှာ လုပ်ကြတယ်။ မကွေး တိုးတက်လာတယ်။ အဲဒီလိုနဲ့ ရန်ကုန် မန္တလေး မော်လမြိုင် ဘားအံ ဒေသပေါင်းစုံ တိုးတက်လာတော့ မြန်မာပြည်ကြီး တိုးတက်လာမယ် ဆိုတဲ့စိတ်မျိုး ခံယူချက်မျိုးနဲ့ အလုပ်လုပ်ကြဖို့ လိုပါတယ်။ နိုင်ငံရေးစကားနဲ့ ပြောရရင်တော့ micropolitics ပေါ့။ မနိုင်တဲ့ဝန်တွေအကြောင်းကို ထည့်စဉ်းစားပြီး စိတ်ပျက်နေစရာ မလိုတော့ဘူး၊ ကိုယ်နိုင်တဲ့ကဏ္ဍတစ်ခုချင်းစီအလိုက် တာဝန်ယူသွားတာပါပဲ။

နှမ်းတွေအများကြီးပေါင်းစပ်လိုက်တဲ့အခါကျမှ ဆီဆိုတာ ဖြစ်လာတာပါ။ နှမ်းတစ်စေ့တည်းနဲ့တော့ ဆီမဖြစ်ပါဘူး၊ ဒါသေချာပါတယ်၊ ဒီထက် ပိုသေချာတာက ကိုယ့်ကိုကိုယ် နှမ်းလေးတစ်စေ့ပါပဲ လို့သတ်မှတ်ထားတဲ့ နှမ်းတွေနဲ့တော့ ပိုလို့တောင် ဆီမဖြစ်ပါဘူး။

ရေကန်ထဲကို ကျောက်ခဲလေးတစ်လုံး ကျသွားတဲ့အခါ ၀ဲဂယက်လေးတွေ ထသွားပါတယ်။ ကျောက်ခဲက ကြီးလေလေ ၀ဲဂယက်ကလည်း ကျယ်ပြန့်လေလေပါပဲ။ ရေကန်ရဲ့ ဒီနေရာမှာ ကျောက်ခဲတစ်လုံး ဟိုနေရာမှာ ကျောက်ခဲတစ်လုံး ဒီလိုနဲ့သာ ကျောက်ခဲတွေအများကြီး တစ်ပြိုင်နက်တည်း ရေကန်ထဲရောက်သွားကြမယ်ဆိုရင် အဲဒီခဲလေးတွေကြောင့် ထွက်ပေါ်လာတဲ့ ၀ဲဂယက်လေးတွေကလည်း တခုနဲ့တခု ဆက်မိပြီး ရေကန်ုကြီးတစ်ခုလုံး ၀ဲဂယက်တွေ ထကုန်မှာပါ။ ဒီဥပမာအတိုင်းပါပဲ။ တစ်ဦးတစ်ယောက်ရဲ့ စစ်မှန်တဲ့ခံယူချက်၊ စေတနာ၊ တက်ကြွမှုနဲ့ အသိပညာတွေဟာ သူရဲ့ကိုယ်ပိုင်ဥစ္စာဆိုပေမဲ့ တစ်ယောက်ကိုတစ်ယောက် လက်ဆင့်ကမ်း ပြန့်ပွါးတတ်၊ ကူးစက်သွားတတ်တဲ့သဘော ရှိပါတယ်။

ခုချိန်ဟာ အားလုံးပါဝင်ကြိုးစားမှ ရမဲ့အချိန်ပါ။ ကမ္ဘာကြီးအတွက်ရော မြန်မာပြည်အတွက်ရောပေါ့။ နှမ်းတစ်စေ့နဲ့တော့ ဆီမဖြစ်ဘူးလို့ မတွေးကြတော့ဘဲနဲ့ ကျယ်ပြောလှတဲ့ရေကန်ကြီးမှာ ၀ဲဂယက်တွေ အများကြီးပဲ ထသွားစေနိုင်တဲ့ ခဲလုံးတစ်လုံးအဖြစ် ကိုယ့်ကိုကိုယ်သတ်မှတ်ပြီး ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ရေလှိုင်းတွေနဲ့ မပြတ်လှုပ်ရှားနေအောင် အားလုံးဝိုင်းကြိုးပမ်းကြဖို့ လိုနေပါပြီ။

ထောင်ဝင်စာ

0
0


 “ဟဲ့ ဆု  နင်က ဒီမှာ မန်ကျည်းရွက်လာခူးနေတာကိုး ရှာလိုက်ရတာ။ ငါတို့ သဘက်ခါ  အဖေ့ကို သွားတွေ့ကြမယ်တဲ့”
အမောတကောနှင့် အပြေးလာပြောသော ဆု၏ညီမ သဲသဲ ကိုကြည့်၍ ဆုအံ့သြရသည်။


“ ဟုတ်လို့လားဟယ် ဟိုတလောက အမေကြီးပြောတုန်းက အဖေ့ဆီကို သွားဖို့ ပိုက်ဆံ စုရဦးမယ်တဲ့။ အခုတလော နင်မြင်တဲ့အတိုင်း ပန်းခင်းကလည်း ကျနေပြီ တကယ်သွားရမှာသေချာလို့လား သွားရမယ်ဆိုရင်တော့ ပျော်စရာကြီး ဟယ် အဖေ့ကို မတွေ့ရတာလည်း သုံးလတောင် ပြည့်တော့မယ်” ဟု ဆု ၏ ညီမအား ပြန်မေးနေမိပါသည်။

“ နင်မယုံရင် သွားမေးကြည့်၊ ငါ အမေကြီးတို့ ပန်းစီးရင်းပြောနေတာ ကြားတာ၊ ငါပျော်လွန်းလို့ နင့်ကို လာပြောတာ” ဟု သဲသဲက ပြန်ပြောလေသည်။
“ အေး အဲ့ဒါဆို ငါအခုပဲသွားမေးကြည့်လိုက်မယ်” ဆုသည် ခူးလက်စ မကျည်းရွက်ထုတ်အား ယူ၍ အမေကြီးထံသို့ ပြေး မိပါတော့သည်။

အမှန်မှာ ဆုတို့ ညီမ လေးယောက်ဖြစ်ပါသည်။ အမေကြီးဆိုသည်မှာ အဖေ့၏ အမေ ဆုတို့၏ အဖွားဖြစ်သည်။ ရွာတွင် အဖွားအား အမေကြီးဟု ခေါ်ကြပါသည်။ ဆုတို့နွေကျောင်းပိတ်၍ အမေကြီးထံသို့ အလည်လာကြခြင်းဖြစ်ပါသည်။ အမေကြီးသည် သူ၏ တူမနှင့်အတူတူ ရွာတွင်နေပါသည်။ စိန်ခြယ်ပန်း၊ သရက်သီးပေါ်ချိန်ဆိုလျှင် ခြံထဲမှသရက်သီး၊ ဇီးသီး စသည်များကို ရောင်း၍ ရသည့်ပိုက်ဆံလေးအား ချွေတာစားကာ ရသမျှကို စုဆောင်းတတ်ပါသည်။
ပိုက်ဆံကလေး အစဉ်ပြေလျှင် ပြေသလို အဖေ့အား ထောင်ဝင်စာသွားတွေ့လေ့ရှိပါသည်။ ဆုတို့ညီအမများမှာ အမေ့အမေ ဆုတို့အဖွားနှင့် အဒေါ်အပျိုကြီးသုံးယောက်ထံတွင် နေကြပါသည်။ ဆု သူငယ်တန်းတက်သည့်အချိန်တွင် အဖေ နိုင်ငံရေးမှုဖြင့် ထောင် ၁၃နှစ် ကျခဲ့ပါသည်။ ထိုအချိန်တွင် ဆုညီမအငယ်ဆုံးမှာ လသားလေးသာ ရှိပါသေးသည်။

သဲသဲမှာ ထိုအချိန်က မူကြိုတက်နေဆဲသာ ဖြစ်ပါသည်။ အဖေ့အား စီရင်ချက်ချသည့်နေ့တွင် ထောင် ၁၃နှစ်ဟု ကြား ကြားချင်း အမေကြီးမှာ ဆယ်ဘီးကားအောက်ပြေးဝင်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့ပါသည်။ ထို့ နောက် လူများဝိုင်းဆွဲ၍ အသက်မသေခဲ့ပေ။ နောက်ပိုင်း သူ့သားအား ထောင်ဝင်စာပို့ရန် ကြိုးစားခဲ့ရပါတော့သည်။

ဆု၏ အဒေါ်များနှင့် အဖွားများမှာ ဆုတို့ကို အမြဲအားပေးသောစကား ရှိပါ၏။ ထိုသည်မှာ “ အေး နင်တို့အဖေ ထောင်ကျတာ မသမ္မာမှုမဟုတ်ဘူး၊ ဒါကြောင့် ရှက်စရာအကြောင်းမရှိဘူး မှန်ကန်မှုအတွက် ထောင်ကျရလို့ ဒါကိုဂုဏ်တောင်ယူလိုက် ဦး” စသဖြင့် အမြဲအားပေးတတ်ပါသည်။
အစိုးရမှာ ဆုတို့နေသည့်အိမ်ကို သိမ်းသွားသဖြင့် ဆုတို့တွင် နေစရာအိမ်မရှိပါ။ ရွာမှ အဖေ့အမေ အမေကြီးထံတွင် နေမည်ဆိုလျှင်လည်း ကျောင်းတက်ရဝေးသည့်အတွက် အစဉ်မပြေခဲ့ပါ။ ဆုတို့ အိမ်ဌါးရန်မှာလည်း အလွန်ခက်ခဲခဲ့ပါ သည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးမိသားစုဖြစ်သည့်အတွက် ဆုတို့အား အိမ်မဌါးချင်ကြပါ။

ဆု၏ဦးလေး အမေ့မောင်မှာလည်း ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်ကာ ၈၈ အပြီးတွင် တောခိုသွားပါသည်။ ဘယ်အရပ် ဘယ်ဒေသ ရောက်နေမှန်းပင်မသိ။ အစိုးရဖမ်းမိ၍ နှိပ်စက်ကာ သတ်လိုက်သည်ဟုလည်း ကြားပါသည်။ ထိုသို့သော မိသားစုအား အိမ်မဌါးရဲကြသည်မှာ လူတွေ၏ အပြစ်ဟုလည်း မဆိုသာ။ လူတိုင်းသူတို့အား အမှုပတ်မည်ကို ကြောက်ကြမည်သာ။
ယခုနွေကျောင်းပိတ်၍ အမေကြီးထံသို့ ဆုနှင့် သဲသဲလာလည်ကြပါသည်။ ဆုတို့ညီအမလေးယောက်လုံး လာနေလျှင် အမေကြီးတွင် ဝန်ပိမည်စိုး၍ ဆု၏ အဒေါ်များမှာ တစ်နှစ် နှစ်ယောက်သာ လည်ခွင့်ပေးထားပါ၏။ ယခုနှစ်မှာ ဆုနှင့်သဲသဲ အလှည့်ဖြစ်ပါသည်။
ဆုရွာသို့ လာလည်လျှင် မန်ကျည်းရွက်သော်လည်းကောင်း သရက်သီးကင်းသော်လည်းကောင်း ခူး၍ ဈေးတွင်အမေ ကြီးနှင့် အတူ လိုက်ရောင်းပါသည်။ ကျောင်းဖွင့်လျှင် စာရေးကိရိယာများ ဝယ်နိုင်ရန်အတွက် ဖြစ်ပါသည်။ ဆုတို့ညီမ လေးယောက်အား ကျောင်းထားရသည်ဆိုသည်မှာ လွယ်သည်မဟုတ်။ သူများအိမ်အောက်ထပ် အခန်းလေး တခန်းထဲတွင် ဌါးနေ၍ အိမ်လခပေးဖို့ရန်ပင် အနိုင်နိုင်ကြိုးစားရပါသည်။

သို့ပါ၍ ဆုတို့အတွက် စာအုပ်ဖိုးလေး ဖာမိလည်း မနည်းဟု တွေးကာ ဆုတို့ ယခုကဲ့သို့ပိုက်ဆံစုကြချင်းဖြစ်ပါသည်။ အိမ်၏ စာဝတ်နေရေး၊ ကျောင်းစရိတ်၊ အိမ်လခ၊ ထိုအရာများနှင့် လုံးလည်လိုက်နေချိန်တွင် အဖေ့အားထောင်ဝင်စာ တွေ့ရန်မှာလည်း အလွန်ပင် ကြိုးစား၍ စုရသောကိစ္စဖြစ်သည်။

ဆုတို့အမြဲတမ်း မသွားနိုင်ပါ။ အဖေ့အတွက် အကြော်အလှော်၊ ကွမ်း၊ နောက်အဖေ့လက်ထဲတွင် ပိုက်ဆံနည်းနည်း လည်း ထည့်ပေးချင်သည်။ အဖေ ထောင်ထဲတွင်လိုအပ်သည့်အခါ သုံးရန်ဖြစ်သည်။ ထိုသို့ ပိုက်ဆံထည့် ပေးရန်မှာ လည်းဆုတို့က ၁၀၀ ပေးချင်လျှင် ပေးပေးမည့် ထောင်ဝန်ထမ်းအားလည်း ၁၀၀ ပေးကာ လဒ်ထိုးရပါသေးသည်။ ထို့အပြင် ထောင်ဝင်စာတွေ့ရန် စာရင်းပေးလျှင်လည်း မြန်မြန်တွေ့ရဖို့အရေး လဒ်ထိုးရပါသေးသည်။
ထိုသို့သော အကြောင်းများကြောင့် အဖေ့အား လွမ်းသောလည်း ဆုတို့ တစ်နှစ် နှစ်ခါ သုံးခါလောက်သာ တွေ့ခွင့်ရပါ သည်။ ယခု သဲသဲပြော၍ ဆုတို့ အဖေတို့ သဘက်ခါသွားတွေ့ခွင့် ရမည်ဆိုတော့ ဆုမပျော်လျှင် မည်သူပျော်မည်နည်း။

“ အမေကြီး၊ အမေကြီး၊ အမေကြီးရေ…………………………” အမောတကော ပြေးလာသော ဆုကိုကြည့်၍ ပန်းစီးနေ သော အမေကြီးမှာ လန့်၍
“ ဟဲ့ ဆု ဘာဖြစ်လာတာလည်း လန့်လိုက်တာဟယ်၊ ထီပေါက်လို့လား၊”
“ မဟုတ်ပါဘူး အမေကြီးရယ်၊ သဲသဲပြောတာ သမီးတို့ သဘက်ခါ ထောင်ဝင်စာသွားတွေ့လို့ရပြီဆို ဟုတ်လား အမေကြီး သမီးက အဖေ့ကိုလွမ်းနေတာ အမေကြီးရဲ့၊ အမေကြီးကို မေးရင် စိတ်မကောင်းမှာစိုးလို့ မမေးတာ” ဆုအမေကြီးအား မောမောနှင့် မေးလိုက်ပါသည်။
“ အေး သွားလို့ရမယ်ထင်တယ်။ အမေကြီးမနက်ဖြန် ပန်းရောင်းတဲ့ပိုက်ဆံလေးနဲ့ ဈေးဝယ်ခဲ့မလား စဉ်းစားနေတယ်။ ထောင်ဝင်စာတခါပို့ရတာလည်းအေ ငါ့သားပေးရတာထက် ဒင်းတို့ကို ပေးနေရတာ။ ငါ့သားမျက်နှာလေး ငါးမိနစ် လောက်မြင်ရဖို့အရေး ဒီမှာလုပ်လိုက်ကိုင်လိုက်ရတာ” စိတ်ပျက်လက်ပျက်နှင့် ပြောနေသော အမေကြီးအား ကြည့်၍ ဆုစိတ်မကောင်းဖြစ်မိပါသည်။ မည်သူ့ကို အပြစ်တင်ရမည်နည်း။

“ အမေကြီးရယ် စိတ်မညစ်ပါနဲ့ အဖေ ထောင်ကထွက်တော့ သမီးတို့ပျော်ရမှာပါ လောလောဆယ် သမီးစုထားတဲ့ပိုက် ဆံလေးလည်း နည်းနည်းရှိပါတယ်။ အမေကြီးလိုရင် ယူသုံးလို့ရတာပဲ” ထိုကဲ့သို့ အမေကြီးအား သနားဂရုဏာသက်စွာ မေးမိပါ၏။
“ အေးပါဆုရယ် မလိုပါဘူး လိုတော့ပြောပါ့မယ် နင်တို့ကျောင်းမှာ လိုတာလေးလည်း သုံးရတာပေါ့။ ငါမလောက်ရင် ပန်းကန်လေး နည်းနည်းလောက် သွားပေါင်လိုက်မယ်။” ဟု အမေကြီး ပြန်ပြောလေသည်။
အိမ်တွင်လည်း အဖေ့ဆီသွားခါနီး ရှိသည့်ပန်းကန်လေးများအား ပေါင်လိုက်၊ နောက်စု၍ ပြန်ရွေးလိုက်နှင့် လုံးလည် လိုက်နေပါတော့သည်။ အမေကြီးကိုလည်း သနားလှပါသည်။ ဖြစ်သမျှအကြောင်းအကောင်းချည်းပေါ့။ ဘယ်တတ်နိုင်ပါ့ မည်နည်း။

“ ဟဲ့ ဆု ဘယ်ရောက်နေလည်း သဲသဲရော ရေစောစောချိုးကြ နေမပူခင်သွားမှဖြစ်မယ်။ စောစောသွားမှ စောစောတန်းစီ လို့ရမှာ ငါဒီမှာအထုတ်တွေ စစ်ထည့်ပြီးရင် ရေလာချိုးမယ် ငါမချိုးခင် နင်တို့ ရေချိုးထားကြ” အမေကြီးမှာ မီးဖိုထဲတွင် ကြော်လှော် ချက်ပြုတ်ရင်း အော်နေပါသည်။
“ အမေကြီး ကြက်ကြော်က မွှေးနေတာပဲနော်။ ငါးကြော်လည်း မိုက်တယ်။ အဖေတော့ ဒီအပတ် သေချာစားရတော့မယ် နော်။ တကယ်တော့ အဖေကမှ သုံးလတခါ လေးလတခါပို့ရင် စားရပါသေးတယ် သမီးတို့မှာတော့ အရွက်ကြော်လေး နဲ့ ငပိရည်နဲ့၊ အသားဆိုတာ တခါ့တလေ ဆိုမှ တခါ့တလေမှ စားရတာပါ။ သမီးတို့ ဘယ်တော့များမှ ပိုက်ဆံရှိမလည်း မသိဘူးနော် အမေကြီး” ထိုကဲ့သို့ ရေရွတ်ရင်း ဆုမေးလိုက်မိသည်။
“ အေး လေရှည်မနေနဲ့ဆု ရေချိုးမယ်ဆို သွားချိုး နင့်အဖေ့ကို သွားပို့တယ်သာဆိုရတာ အကုန်လည်း ရမရ ငါတို့က သိတာမဟုတ်ဘူး။ နင်တို့အဖေ စားရော စားရရဲ့လားတောင် သိတာမဟုတ်ဘူး။ လောလောဆယ် ရေချိုးမယ်ဆို သွားချိုး ချေ။ သဲသဲကိုပါ တခါတည်းချိုးခိုင်း။ ပြီးရင် အဝတ်အစားတခါတည်းလည်း။ သနပ်ခါးလည်း ဖွေးဖွေးလေး လိမ်းဦး နင့်အဖေမြင်တော့ စိတ်ချမ်းသာအောင်” အမေကြီးမှာ အကြော်အလှော်များကို ဘူးများနှင့် သေချာထည့်ကာ ထုတ်ရင်း ပြောနေလေသည်။
“ ဟုတ်ကဲ့၊ အခုပဲ သွားပါပြီ အမေကြီးရဲ့ အဖေ့ကို တွေ့ရမယ်ဆိုတော့ သမီးက ပျော်လွန်းလို့ပါ။ သဲသဲရေ အမေကြီးက ရေချိုးတော့တဲ့ဟေ့” အမေကြီးကို ပြန်ပြောရင်း သဲသဲကိုပါ တဆက်တည်း အော်ခေါ်လိုက်လေသည်။
“ အေး အော်မနေနဲ့ ငါက အဖေနဲ့တွေ့ရမယ်ဆိုလို့ ရေစောစောချိုးထားပြီးပြီ ဒီမှာ သနပ်ခါးလိမ်းနေတယ်။ ကိုယ့်ဟာကိုပဲ ပြီးအောင်လုပ်” သနပ်ခါးလိမ်းရင်း သဲသဲ ပြန်အော်လေသည်။
ဒါနဲ့ ဆုလည်း ရေမြန်မြန်ချိုး သနပ်ခါးလိမ်း အဝတ်အစားလည်းကာ အမေကြီးအတွက်ပါ သနပ်ခါးသွေးထားပေးလိုက် သည်။ ထို့နောက် ဆုတို့မြေးအဖွားသုံးယောက် မနက် ၉နာရီတွင် အိမ်မှစထွက်ခဲ့ကြသည်။ ဆယ်နာရီတွင် ထောင်ဝင်  စာတွေ့ဖို့ စာရင်းစကောက်၍ ဖြစ်သည်။ အမေကြီးမှာ ထီးနှင့် ဆုတို့ညီမနှစ်ယောက်မှာ ဦးထုတ်ကိုယ်စီနှင့်။ နေမှာ အလွန်ပူလှသည်။
ထောင်သို့ နာရီဝက်ကျော်ကျော်လမ်းလျှောက်ရသည်။ မြေးအဖွားများ ဆိုက္ကားမစီးနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ဆုတို့ဆိုက္ကားစီးမည့်အစား အဖေ့အား ပိုက်ဆံလေး ပိုပေးနိုင်လျှင်လည်း မနည်းဟု တွက်မိသောကြောင့်ဖြစ်သည်။ ထောင်သို့ရောက်သောအခါ ထောင်ဝန်ထမ်းတဦးဦး ပုံစံတဆယ် စာရွက် လာယူရန်စောင့်ရပါသည်။


ဆယ်နာရီတွင် စယူသည်ဟု ဆိုသော်လည်း တခါတရံ  ဆယ့်နှစ်နာရီထိုးသွားတတ်ပါသည်။ ဆုတို့မှာ ထောင်ထိပ်ဝတွင် အရိပ်မရှိ ဘာမရှိနှင့် နေပူထဲတွင် ရပ်စောင့်ရပါသည်။ ထိုထောင်ထဲမှ စာရွက်လာမယူမချင်း စာရင်းလာမကောက်မချင်း ဆုတို့စောင့်ကြရပါသည်။ ယနေ့ ကံကောင်းထောက်မစွာပင် ဆယ့်တစ်နာရီကျော်တွင် ထောင်ဝန်ထမ်းထွက်လာ ပါ သည်။
ထိုသူကိုမြင်သည်နှင့် အားလုံးတိုးဝှေ့၍ သူ့ထက်ငါ ဦးအောင် စာရွက်တင်ကြရပါသည်။ ထိုပုံစံတဆယ်နှင့် အတူ မှတ်ပုံတင်ပါပေးလိုက်ရပါသည်။ သူတို့ပေးသည့်ဖောင်တရွက်အားလည်း ဖြည့်ရပါသေးသည်။ ထို့အပြင် ဖောင် ဖြည့်ခပိုက်ဆံ ၁၅၀ ပေးရပါသည်။ ထိုဝန်ထမ်းအားလည်း ကိုယ့်ကိစ္စမြန်မြန်ဆောင်ရွက်ပေးရန် ရရချင်း ပြန်လာပေးရန် လက်ဖက်ရည်ဖိုးဟု လှလှပပသုံးကာ ၁၀၀ သော်၎င်း၊ ၁၅၀ သော်၎င်း ပေးရပါသေးသည်။

ထိုပိုက်ဆံ ၁၅၀ ရရန် အမေကြီး မည်မျှ အလုပ်လုပ်ရသည်ကို သူတို့သိကြမည်မဟုတ်ပေ။ အမေကြီးရောင်းသည့် စိန်ခြယ်ပန်းတစီးမှ ၁၀ကျပ်သာ ရပါသည်။ ထိုစိန်ခြယ်ပန်းမှာ မစိုက်ခင် ပျိုးရပါသည်။ ထို့နောက် မြေပေါက်ကာ အခင်းလုပ်၍ စိုက်ရပါသည်။ နေ့တိုင်းရေလောင်းရပါသည်။ ပန်းတခါခူးရောင်းရရန် နှစ်လခွဲ သုံးလတိတိ စောင့်ရပါသည်။ ထိုသည်များ ကို သူတို့မသိ။ လက်ဖက်ရည်ဖိုးဟူး၍ ပေးရသည်မှာ နင့်ကနဲပင် မစားရက်မသောက်ရက်။
ထိုထောင်ဝန်ထမ်း ထွက်သွားပြီးသည်နှင့် အဖေ့အား ဆုတို့တွေ့ရသည်မဟုတ် ထပ်စောင့်ရပါသည်။ ခြေထောက်များမှာ ကျင်၍ တောင့်ပင်တောင့်လှပါသည်။ ညနေ သုံးနာရီခွဲခန့်တွင် ထိုဝန်ထမ်းပြန်လာပါသည်။ ထိုသို့ ပြန်လာသည်နှင့် မပြီးသေး ကိုယ့်နာမည် ပါမပါ တွေ့ခွင့်ရမရ ရင်တထိတ်ထိတ်နှင့် စောင့်ရပါသေးသည်။ တခါတခါ အမြဲဖြည့်နေကျဖောင် ကိုပင် ဟိုဟာလိုသည် ဒီဟာလိုသည်ဆိုကာ ရစ်တတ်ပါသေးသည်။

ထို့နောက် လေးနာရီဝန်းကျင်တွင် အဖေ့အား ဆုတို့တွေ့ခွင့်ရခဲ့ပါသည်။ ထောင်တွင်းသို့ဝင်ရန် ဆယ်မိနစ်ခန့် လမ်းလျှောက်ရပါသည်။ ထို့နောက် ထောင်ထဲတွင် အဖေတို့ မလာမချင်း စောင့်ရပါသည်။ ထောင်ဝင်စာတွေ့သည် ဆိုသည်မှာ တမိသားစုတည်း မဟုတ်ပေ။ မိသားစုအများကြီးဖြစ်သည်။

ရုပ်ရှင်ထဲမှ ပါသကဲ့သို့ သံတိုင်ကြားမှ လက်ကိုင်ဖို့ မဆိုထားနှင့် လက်ချောင်းလေးများ ထည့်ရန်ပင်မလွယ်လှပေ။ ဆုတို့ ထောင်ဝင်စာတွေ့သည့် မိသားစုများမှာတခြမ်း၊ ထောင်သားများမှာ တခြမ်း ကြားထဲတွင် အရမ်းကိုစိတ်သော သံဇကာ နှစ်ချပ်ခြားထားပါသည်။ ထိုတချပ်နှင့်တချပ်ကြားတွင် သုံးတောင်ခန့်ကျယ်ပါသည်။ အဖေနှင့် ဆုတို့မှာ အလွန်အလှမ်း ဝေး လွန်းလှပါသည်။  အော်မပြောလျှင် မကြားရသဖြင့် အော်ပြောကြရပါသည်။ အမေကြီးမှာ စကားပင် မပြောနိုင် သူ့သားကြီးအား ကြည့်၍ မျက်ရည် ဖြိုင်ဖြိုင်ကျနေပါသည်။

ဆုတို့မှာလည်း မလာခင်သာ အားခဲရသည် ရောက်လျှင် စကားပြောရန်ရှာမရပေ။ ခံစားချက်များ ပြင်းထန်လာသည့်အခါ စကားလုံးများနှင့် ပြောင်းပြန်အချိုးကျသည်ဆိုသကဲ့သို့ ဆုတို့ရင်ထဲတွင် စကားလုံးများပြည့်နေသော်လည်း စကားရှာရ ခက်လှပါသည်။ သူများ အဖေ၊ အဖေ နှင့် ခေါ်နေချိန်တွင် ဆုတို့မှာ အဖေခေါ်ဖို့နေနေသာသာ မျက်နှာလေးကြည့်ရန်ပင် ခက်ခဲလှပါသည်။
ထိုကဲ့သို့ တနေ့လုံး စောင့်စိုင်းခဲ့သောထောင်ဝင်စာမှာ “အဖေ နေကောင်းလား။ အဖေ ပိန်သွားတယ်နော်။ သမီးတို့ အမေကြီးဆီ လာလည်တာ။ သမီးတို့အားလုံး စာမေးပွဲအောင်တယ်။ အဖေ့အတွက် ပစ္စည်းတွေက ဟိုမှာပေးခဲ့တယ်။ ပိုက်ဆံတရာလည်း ပေးခဲ့တယ်နော်အဖေ့။ အဖေ့သူငယ်ချင်းတွေအတွက် ဆေးလိပ်လည်း ပါတယ်နော်အဖေ့”
အဖေဆေးလိပ်မသောက်သော်လည်း အဖေနှင့်အတူ ထောင်ထဲတွင် အတူကျနေသည့်သူများ အတွက်အဖေ မှာပေး တတ်သည်။ တချို့မှာ ထောင်ဝင်စာဘယ်တော့မှ လာမတွေ့နိုင်သော အရပ်မှဖြစ်သည်။ ထို့ကြောင့် အမေကြီးမှာ သူ့တွင်မရှိသော်လည်း သားသမီးချင်းကိုယ်ချင်းစာကာ သူတတ်နိုင်သည်များကို ထည့်ပေးတတ်သည်။ သူများအတွက် ပါထည့်ကြော် ပေးလေ့ ရှိသည်။
ထိုကဲ့သို့ အဖေနဲ့ စကားဆယ်ကြောင်းမပြည့်ခင် ငါးမိနစ်ခန့်တွင် အချိန်စေ့သွားပါပြီဟု မကြားချင်ဆုံးသောအသံကို ကြားလိုက်ရသည်နှင့် ဆုတို့မှာ ချက်ချင်းဆိုသလို ပြန်ထွက်ခဲ့ကြရပါသည်။ “ အမေကြီးရယ် တနေ့လုံးမောကြီးပန်းကြီး နေပူထဲမှာ စောင့်လိုက်ရတာ အဖေ့ကိုတွေ့ရတော့ ခဏလေးရယ် စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ အေးလေ ဘာဖြစ်ဖြစ် မျက်နှာလေးတော့ မြင်လိုက်ရတာပဲလေ နှော့” စသဖြင့် ကျိတ်မနိုင်ခဲမရ ပြောနေမိသည်။

“အေးလေ နောက်တခေါက်သွားဖို့ မနက်ဖြန်ကစပြီး ပြန်စုရဦးမှာပေါ့ ဆုရယ်” ဟု ပြောသော အမေကြီးအား သနားမိပါ သည်။ ဒါပေမယ့် ဆုဘာများ တတ်နိုင်မည်နည်း။ ဒါဆုတို့မိသားစုသာမဟုတ် အခြားအားလုံးသော ထောင်ဝင်စာတွေ့ ကြရမည့် မိသားစုတိုင်း၏ ကြိုးစားအားထုတ်မှုပင် မဟုတ်ပါလား။
ယခုတော့ အဖေလည်း ထောင်မှလွတ်ပြီ။ အမေကြီးလည်း ဆုံးသွားရှာပြီ။

ယခု နိုင်ငံရေးအတွက် ထောင်ကျသည် ကြား လျှင်  အရင်ဆုံး ပြေးမြင်မိသည်မှာ ကျန်ခဲ့သည့်မိသားစုပင် ဖြစ်သည်။ သောကတွေတသီကြီးနှင့်အတူ ထောင်ဝင်စာတွေ့ ရန်မည်မျှ ခက်ခဲနေမည်နည်း စသဖြင့်တွေးရင်း မျက်ရည်လည်မိသည်။ အမေကြီးကိုလည်း လွမ်းမိသည်။
ကြိုးစားပါဦးမည်။

ချစ်ခင်လေးစားလျှက်

ချစ်ပါးလုံး (Chitpalone)
 https://www.facebook.com/notes/myat-soe/%E1%80%B1%E1%80%91%E1%80%AC%E1%80%84%E1%80%B9%E1%81%80%E1%80%84%E1%80%B9%E1%80%85%E1%80%AC/674576249274842 မှ ကူးယူဖော်ပြပါသည်။

လူ (၅)မျိုး အတွေး (၅)သွယ် ညှိကြမယ် (၂)

0
0
 Photo: စိတ်ကူးစံသမား(The Idealist) ---------------------------------- စိတ်ကူးယဉ်မှုနှင့်အကောင်းဆုံးစံမူနာပြအနေအထားကို ရည်ရွယ်မှန်းဆမှုတို့ပေါင်းစပ်ထားသည့် စိတ်ကူးစံသမားတို့သည် ပြဿနာသို့မဟုပ်အခြေအနေတစ်ခုနှင့်တစ်ခုဆင်တူသည့်အချက်များ ပေါ်တွင်အာရုံပြုကာ သဘောတူညီမှုရအောင်ညှိုနှိုင်းယူတတ်ကြသည်။  ၎င်းတို့သည်နားထောင်သမားကောင်းများဖြစ်ကြ၍ရည်မှန်းချက်များရှိသည်။မည်သည့်အရာတို့ကို ၎င်းတို့လေးစားတန်ဖိုးထားကြောင်းတိကျသောသတ်မှတ်ချက်များရှိသည်။အခြားသူများ၏ကောင်းကျိုးကိုလိုလားသည်။ ၎င်းတို့သည်ကိုယ်ကျင့်တရားကောင်းကောင်းမှု၊ဖြောင့်မတ်တည်ကြည်မှုတို့ကိုအလေးထားသည်၊မိမိဘာသာထားရှိသည့် မြင့်မားသောရည်မှန်းချက်နှင့်လက်တွေ့ကျင့်ကြံမှုဆိုင်ရာစံသတ်မှတ်ချက်များကိုမိမိလိုက်မမီနိုင်ခြင်းအတွက်မိမိကိုယ်ကို မိမိမကျေမနပ်ဖြစ်နေတတ်သည်။  သူတစ်ပါးတို့ကလက်ငင်းအကျိုးတစ်ခုတည်းကိုသာကြည့်၍လုပ်ကိုင်ကြသည့်အခါမျိုး၊ကျင့်ဝတ်စည်းကမ်းများကိုမသိကျေးကျွန် ပြုသွားကြသည့်အခါမျိုးတွင်လည်း၎င်းတို့သည်စိတ်ပျက်ခြင်း မကျေနပ်ခြင်းများဖြစ်တတ်သည်။  ပို၍အရေးကြီးသောအချက်မှာစိတ်ကူးစံသမားတို့သည်အနာဂတ်ကာလကိုအာရုံပြုလွန်းခြင်းဖြစ်သည်။ ထို့အပြင် အကူအညီလိုအပ်မနေသူ၊ကူညီမှုကိုမခံယူလိုသူတို့အားကူညီမိခြင်းဖြင့်မိမိ၏စွမ်းအားများပြုန်းတီးရသကဲ့သို့ နေရာတကာဝင်ပါသူ၊သူတစ်ပါးကိစ္စတွင်ဝင်ရောက်စွက်ဖကသူအဖြစ်လည်းအထင်မြင်ခံအပြောအဆိုခံရတတ်သည်။  အကယ်၍ သင်သည် စိတ်ကူးစံသမားတစ်ယောက်နှင့်အတူတကွနေရသူဖြစ်ပါက ၎င်း၌၎င်းကိုယ်တိုင်နှင့်၎င်းနှင့်နီးစပ်သည့် အခြားသူများနှင့်ပါတ်သတ်သည့် လက်တွေ့အားဖြင့်ဖြစ်နိုင်ခြေမရှိသည့်မျှော်လင့်မှန်းဆမှုများရှိနေတတ်ကြောင်းသတိပြု ရမည်ဖြစ်ပါသည်။  ၎င်းတို့အား၎င်းးတို့ကိုယ်တိုင်မျှော်မှန်းထားသည့်အရာ၊သူတစ်ပါးနှင့်ပါတ်သတ်၍မျှော်လင့်ထားသောအရာများကို ပွင့်ပွင့်လင်းလင်းထုတ်ဖေါ်ပြောဆိုလာအောင်မကြာခဏတဲ့တိုးမေးမြန်းပေးသင့်သည်။၎င်းးတို့၏ရေရှည်ရည်မှန်းချက် များနှင့်ရေရှည်လုပ်ငန်းအစီအစဉ်များကိုစိတ်ပါလက်ပါဆွေးနွေးကာလက်တွေ့အကောင်အထည်ဖေါ်ဖြစ်အောင်သတိပေး နှိုးဆော်မှုများကို သင့်အနေဖြင့်ပြုလုပ်ပေးသင့်သည်။  ၎င်းတို့ထံမှ ပွင့်ပွင့်လင်းလင်းပြောဆိုဝေဖန်မှုများထွက်ပေါ်လာအောင်လမ်းဖွင့်ပေးသင့်သည်။၎င်းးတို့သည်သင့်အား နစ်နာစေလိုသောသဘောဖြင့်ပြောကြားမည့်သူများမဟုပ်ကြောင်းနှင့်၎င်းတို့သည်မကျေနပ်ချက်များကိုမျိုသိတ်သည်းခံကာ အကျိတ်အခဲတွေသိတ်ကြီးမားလာသည့်အခါမှထ၍ပေါက်ကွဲတတ်သူမျိုးဖြစ်ကြောင်းသတိပြုရန်လိုပါသည်။  လက်ငင်းအကျိုးကိုကြည့်ရှုသူ (The Pragmatist) ------------------------------------------------------ ၎င်းတို့၌ဘဝနှင့်ပတ်သတ်၍အပြုဘက် အကောင်းဘက်မှကြည့်တတ်သောအမြင်မျိုး၊တက်ကြွရွှင်လန်းသော စိတ်ထားမျိုးရှိသည်။၎င်းတို့သည်ပစ္စုပ္ပန်ကိုယုံကြည်သူ၊ယနေ့ဘာတွေဖြစ်နိုင်သလဲဆိုသည်ကိုစဉ်းစားလုပ်ကိုင် တတ်သူမျိုးများဖြစ်ကြရာ၎င်းတို့၌ဖြေရှင်းမရနိုင်သြောဿနာများဖိစီးနေလေ့မရှိပေ။  ၎င်းးတို့သည်ယနေ့မဖြစ်မြောင်သေးသည့်အလုပ်အတွက်နောက်တစ်နေ့၌ကြိုးပမ်းခွင့်ရလိမ့်အုံးည်ဟုနားလည် ကြည်နေသောသူများဖြစ်သည်။  ၎င်းတို့သည်အနာဂတ်နှင့်ပတ်သတ်၍မြင်ယောင်မှန်းဆမှုနှင့်အရှိပကတိအနေအထားများကိုသဘောပေါက် နားလည်ကြသော်လည်း၊ အနာဂတ်အတွက်ရေရှည်စီမံကိန်းများချမှတ်လုပ်ကိုင်နိုင်သည့်ဘက်တွင်မူအားနည်း လှပေသည်။  ၎င်းတို့သည်လက်ငင်းဖြစ်နိုင်သည့်အရာကိုရနိုင်သမျှအခြေအနေအထောက်အပံ့များဖြင့်ပြီးမြောက်အောင် ဆောင်ရွက်ရန်အာရုံပြုသူများဖြစ်သည်။၎င်းသူများ၌တီထွင်စိတ်ရှိသည်။ကြံရည်ဖန်ရည်ရှိသည်။အကောင်းဆုံး နည်းလမ်းအားဖြင့်လုပ်ကိုင်နိုင်ရန်ကြိုးပမ်းကြံဆရင်းရှေ့မတိုးနိုင်နောက်မဆုတ်နိုင်ဖြစ်နေသည်ဟူသောအနေအထားမျိုး ၎င်းတို့၌ကြုံရလေ့မရှိပေ။  ၎င်းးတို့သည်တစ်ဘဝလုံး၊တစ်လောကလုံးကို တစ်စုတစ်လုံးတည်းပေါင်းရုံးစဉ်းစားလေ့မရှိသောကြောင့် ၎င်းတို့ရင်ဆိုင်ရမည့်အခတ်အခဲများဆန့်ကျင်မှုများကိုအလုံးစုံအားဖြင့်မစဉ်းစားကြပေ၊လတ်တလောရင်ဆိုင်ရမည့် အနေအထားအားဖြင့်သာစဉ်းစားပြီးအပေးအယူအလျှော့အတင်းလုပ်နိုင်သူများဖြစ်၍ပြုပြင်ပြောင်းလဲနိုင်သူများ ဖြစ်ကြသည်။  ၎င်းတို့သည်ပြဿနာကိုလတ်တလောအတွက်ဖြေရှင်းနိုင်သည့်ဘက်တွင်သူတစ်ပါးတို့ထက်ထူးချွန်သူများဖြစ်ပြီး ဆန့်ကျင်ဘက်များနှင့်စေ့စပ်ညှိုနှိုင်းခြင်းကိစ္စများတွင်လည်းကွမ်းကျင်လိမ္မာသူများဖြစ်ကြသည်။ထိုအရည်အခြင်းများကြောင့် ၎င်းးတို့သည်ပတ်ဝန်းကျင်လူအများ၏အထင်ကြီးအားကိုးမှုကိုခံရတတ်သည်။  ၎င်းးတို့သည်ရေတိုလက်ငင်းကိစ္စများတွင်ကျွမ်းကျင်လိမ္မာသလောက်ရေရှည်စီမံကိန်းများချမှတ်ဆောင်ရွက်ရသည့်ကိစ္စရပ်များတွင် ချိုတဲ့အားနည်းလှသည်ကိုကားအထူးသတိပြုသင့်ပေသည်။(ဆက်လက်တင်ပြပါမည်)  "မှက်ချက်" မူရင်းစာရေးသူRobert and Susan Barmsonတို့ ၏ What Kind of Thinker Are You?စာအုပ်ကို ဆရာဖေမြင့်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်
 စိတ်ကူးစံသမား(The Idealist)
----------------------------------
စိတ်ကူးယဉ်မှုနှင့်အကောင်းဆုံးစံမူနာပြအနေအထားကို ရည်ရွယ်မှန်းဆမှုတို့ပေါင်းစပ်ထားသည့်
စိတ်ကူးစံသမားတို့သည် ပြဿနာသို့မဟုပ်အခြေအနေတစ်ခုနှင့်တစ်ခုဆင်တူသည့်အချက်များ
ပေါ်တွင်အာရုံပြုကာ သဘောတူညီမှုရအောင်ညှိုနှိုင်းယူတတ်ကြသည်။

၎င်းတို့သည်နားထောင်သမားကောင်းများဖြစ်ကြ၍ရည်မှန်းချက်များရှိသည်။မည်သည့်အရာတို့ကို
၎င်းတို့လေးစားတန်ဖိုးထားကြောင်းတိကျသောသတ်မှတ်ချက်များရှိသည်။အခြားသူများ၏ကောင်းကျိုးကိုလိုလားသည်။
၎င်းတို့သည်ကိုယ်ကျင့်တရားကောင်းကောင်းမှု၊ဖြောင့်မတ်တည်ကြည်မှုတို့ကိုအလေးထားသည်၊မိမိဘာသာထားရှိသည့်
မြင့်မားသောရည်မှန်းချက်နှင့်လက်တွေ့ကျင့်ကြံမှုဆိုင်ရာစံသတ်မှတ်ချက်များကိုမိမိလိုက်မမီနိုင်ခြင်းအတွက်မိမိကိုယ်ကို
မိမိမကျေမနပ်ဖြစ်နေတတ်သည်။

သူတစ်ပါးတို့ကလက်ငင်းအကျိုးတစ်ခုတည်းကိုသာကြည့်၍လုပ်ကိုင်ကြသည့်အခါမျိုး၊ကျင့်ဝတ်စည်းကမ်းများကိုမသိကျေးကျွန်
ပြုသွားကြသည့်အခါမျိုးတွင်လည်း၎င်းတို့သည်စိတ်ပျက်ခြင်း မကျေနပ်ခြင်းများဖြစ်တတ်သည်။

ပို၍အရေးကြီးသောအချက်မှာစိတ်ကူးစံသမားတို့သည်အနာဂတ်ကာလကိုအာရုံပြုလွန်းခြင်းဖြစ်သည်။
ထို့အပြင် အကူအညီလိုအပ်မနေသူ၊ကူညီမှုကိုမခံယူလိုသူတို့အားကူညီမိခြင်းဖြင့်မိမိ၏စွမ်းအားများပြုန်းတီးရသကဲ့သို့
နေရာတကာဝင်ပါသူ၊သူတစ်ပါးကိစ္စတွင်ဝင်ရောက်စွက်ဖကသူအဖြစ်လည်းအထင်မြင်ခံအပြောအဆိုခံရတတ်သည်။

အကယ်၍ သင်သည် စိတ်ကူးစံသမားတစ်ယောက်နှင့်အတူတကွနေရသူဖြစ်ပါက ၎င်း၌၎င်းကိုယ်တိုင်နှင့်၎င်းနှင့်နီးစပ်သည့်
အခြားသူများနှင့်ပါတ်သတ်သည့် လက်တွေ့အားဖြင့်ဖြစ်နိုင်ခြေမရှိသည့်မျှော်လင့်မှန်းဆမှုများရှိနေတတ်ကြောင်းသတိပြု
ရမည်ဖြစ်ပါသည်။

၎င်းတို့အား၎င်းးတို့ကိုယ်တိုင်မျှော်မှန်းထားသည့်အရာ၊သူတစ်ပါးနှင့်ပါတ်သတ်၍မျှော်လင့်ထားသောအရာများကို
ပွင့်ပွင့်လင်းလင်းထုတ်ဖေါ်ပြောဆိုလာအောင်မကြာခဏတဲ့တိုးမေးမြန်းပေးသင့်သည်။၎င်းးတို့၏ရေရှည်ရည်မှန်းချက်
များနှင့်ရေရှည်လုပ်ငန်းအစီအစဉ်များကိုစိတ်ပါလက်ပါဆွေးနွေးကာလက်တွေ့အကောင်အထည်ဖေါ်ဖြစ်အောင်သတိပေး
နှိုးဆော်မှုများကို သင့်အနေဖြင့်ပြုလုပ်ပေးသင့်သည်။

၎င်းတို့ထံမှ ပွင့်ပွင့်လင်းလင်းပြောဆိုဝေဖန်မှုများထွက်ပေါ်လာအောင်လမ်းဖွင့်ပေးသင့်သည်။၎င်းးတို့သည်သင့်အား
နစ်နာစေလိုသောသဘောဖြင့်ပြောကြားမည့်သူများမဟုပ်ကြောင်းနှင့်၎င်းတို့သည်မကျေနပ်ချက်များကိုမျိုသိတ်သည်းခံကာ
အကျိတ်အခဲတွေသိတ်ကြီးမားလာသည့်အခါမှထ၍ပေါက်ကွဲတတ်သူမျိုးဖြစ်ကြောင်းသတိပြုရန်လိုပါသည်။

လက်ငင်းအကျိုးကိုကြည့်ရှုသူ (The Pragmatist)
------------------------------------------------------
၎င်းတို့၌ဘဝနှင့်ပတ်သတ်၍အပြုဘက် အကောင်းဘက်မှကြည့်တတ်သောအမြင်မျိုး၊တက်ကြွရွှင်လန်းသော
စိတ်ထားမျိုးရှိသည်။၎င်းတို့သည်ပစ္စုပ္ပန်ကိုယုံကြည်သူ၊ယနေ့ဘာတွေဖြစ်နိုင်သလဲဆိုသည်ကိုစဉ်းစားလုပ်ကိုင်
တတ်သူမျိုးများဖြစ်ကြရာ၎င်းတို့၌ဖြေရှင်းမရနိုင်သြောဿနာများဖိစီးနေလေ့မရှိပေ။

၎င်းးတို့သည်ယနေ့မဖြစ်မြောင်သေးသည့်အလုပ်အတွက်နောက်တစ်နေ့၌ကြိုးပမ်းခွင့်ရလိမ့်အုံးည်ဟုနားလည်
ကြည်နေသောသူများဖြစ်သည်။

၎င်းတို့သည်အနာဂတ်နှင့်ပတ်သတ်၍မြင်ယောင်မှန်းဆမှုနှင့်အရှိပကတိအနေအထားများကိုသဘောပေါက်
နားလည်ကြသော်လည်း၊ အနာဂတ်အတွက်ရေရှည်စီမံကိန်းများချမှတ်လုပ်ကိုင်နိုင်သည့်ဘက်တွင်မူအားနည်း
လှပေသည်။

၎င်းတို့သည်လက်ငင်းဖြစ်နိုင်သည့်အရာကိုရနိုင်သမျှအခြေအနေအထောက်အပံ့များဖြင့်ပြီးမြောက်အောင်
ဆောင်ရွက်ရန်အာရုံပြုသူများဖြစ်သည်။၎င်းသူများ၌တီထွင်စိတ်ရှိသည်။ကြံရည်ဖန်ရည်ရှိသည်။အကောင်းဆုံး
နည်းလမ်းအားဖြင့်လုပ်ကိုင်နိုင်ရန်ကြိုးပမ်းကြံဆရင်းရှေ့မတိုးနိုင်နောက်မဆုတ်နိုင်ဖြစ်နေသည်ဟူသောအနေအထားမျိုး
၎င်းတို့၌ကြုံရလေ့မရှိပေ။

၎င်းးတို့သည်တစ်ဘဝလုံး၊တစ်လောကလုံးကို တစ်စုတစ်လုံးတည်းပေါင်းရုံးစဉ်းစားလေ့မရှိသောကြောင့်
၎င်းတို့ရင်ဆိုင်ရမည့်အခတ်အခဲများဆန့်ကျင်မှုများကိုအလုံးစုံအားဖြင့်မစဉ်းစားကြပေ၊လတ်တလောရင်ဆိုင်ရမည့်
အနေအထားအားဖြင့်သာစဉ်းစားပြီးအပေးအယူအလျှော့အတင်းလုပ်နိုင်သူများဖြစ်၍ပြုပြင်ပြောင်းလဲနိုင်သူများ
ဖြစ်ကြသည်။

၎င်းတို့သည်ပြဿနာကိုလတ်တလောအတွက်ဖြေရှင်းနိုင်သည့်ဘက်တွင်သူတစ်ပါးတို့ထက်ထူးချွန်သူများဖြစ်ပြီး
ဆန့်ကျင်ဘက်များနှင့်စေ့စပ်ညှိုနှိုင်းခြင်းကိစ္စများတွင်လည်းကွမ်းကျင်လိမ္မာသူများဖြစ်ကြသည်။ထိုအရည်အခြင်းများကြောင့်
၎င်းးတို့သည်ပတ်ဝန်းကျင်လူအများ၏အထင်ကြီးအားကိုးမှုကိုခံရတတ်သည်။

၎င်းးတို့သည်ရေတိုလက်ငင်းကိစ္စများတွင်ကျွမ်းကျင်လိမ္မာသလောက်ရေရှည်စီမံကိန်းများချမှတ်ဆောင်ရွက်ရသည့်ကိစ္စရပ်များတွင်
ချိုတဲ့အားနည်းလှသည်ကိုကားအထူးသတိပြုသင့်ပေသည်။(ဆက်လက်တင်ပြပါမည်)

"မှက်ချက်"မူရင်းစာရေးသူRobert and Susan Barmsonတို့ ၏
What Kind of Thinker Are You?စာအုပ်ကို ဆရာဖေမြင့်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်
Viewing all 1811 articles
Browse latest View live