Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

မြန်မာအမျိုးသမီးများရဲ့ လွတ်လပ်မှုကို ကာကွယ်ခြင်း

$
0
0

 Photo: မြန်မာအမျိုးသမီးများရဲ့ လွတ်လပ်မှုကို ကာကွယ်ခြင်း ***************************************************  မျိုးစောင့်ဥပဒေ ဆိုပြီး လူများပြောများခဲ့တဲ့ ဥပဒေဟာ တကယ်တမ်းမျိုးစောင့်ဥပဒေဆိုပီး မခေါ်တွင်ပါဘူး။ ဘာသာခြား၊ လူမျိုးခြားနဲ့ မယူရဘူး ဆိုပီး အစ္စလာမ် ရှရီယာ ဥပဒေတွေ တားသလို တားထားတဲ့ ဥပဒေ မဟုတ်ပါဘူး  မြန်မာအမျိုးသမီးများ အခွင့်အရေး အကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့ဥပဒေပါ။  ဒါဖြင့် ဘယ်လိုနေရာတွေမှာ ဘယ်လိုအကာကွယ်ပေးမလဲ ဆိုပီးမေးလာရင်တော့ . . . ကျနော်က ဒီဥပဒေ ရေးဆွဲရေး ကော်မရှင်အဖွဲ့ဝင်မဟုတ်ပေမယ့် ကျနော် သိမြင်လေ့လာမိရသလောက် ရှင်းပြပါ့မယ်။  ဒီလိုပါ။  ကျနော်တို့မြန်မာနိုင်ငံမှာ လူနှစ်ဦး လက်ထပ်ခြင်းကိစ္စတွေအတွက် ဓလေ့ထုံးတမ်း ဥပဒေ တွေနဲ့ပဲ အဓိက ပြုလုပ်ကျင်းပပါတယ်။ ကျနော်တို့ရဲ့ မြန်မာ့လူ့အဖွဲ့စည်းဟာ လက်ထပ်ခြင်းကိစ္စတွေမှာ ချုပ်ချယ်ခြင်း အင်မတန်နည်းပါပြီး လွတ်လပ်စွာ ပြုလုပ်လေ့ရှိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေလဲ များများသားသားမရှိပါဘူး။ ဓလေ့ထုံးတမ်းတွေကို လေ့လာကြည့်လိုက်ရင်လဲ ပုဆိုးတန်းတင် အကြင်လင်မယား၊ အရှေ့ခုနှစ်အိမ်၊ အနောက်ခုနှစ်အိမ် ဖိတ်ကြားပီး အာဝါဟ ၀ိဝါဟ လိုက်ရင် လင်မယား . .စသဖြင့် တွေ့ရမှာပါ။  ဒါဖြင့် ဒါတွေဟာ မကောင်းဘူးလားလို့ မေးရင်ဖြင့် ကောင်းပါတယ် လို့ပဲ ဖြေရမှာပါ။ ကျနော်တို့ရဲ့ ချစ်စရာ မြန်မာ့လူ့အဖွဲ့စည်းဟာ ဒီပုံစံနဲ့ လွတ်လပ်ပေါ့ပါးစွာ အာဝါဟ ခဲ့ကြ၊ လွတ်လပ်ပေါ့ပါးစွာ ပေါင်းဆုံပျော်ရွှင်ခဲ့ကြတာပါပဲ။  ဒါပေမယ့် အခုတော့ လူနေမှု ခေတ်စနစ်တွေ ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။  ကျနော်တို့ဟာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ မြန်မာဆိုတာချည်း သီးသန့် နေထိုင်သူတွေ မဟုတ်ကြတော့ပါဘူး။ မြန်မာနိုင်ငံဟာလည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုဝေးနေထိုင်ကြရာ နိုင်ငံအဖြစ်ကို ရောက်ရှိခဲ့ပါပြီ။   ဒီတော့ ကျနော်တို့ မြန်မာအမျိုးသားများဟာလဲ အခြားလူမှုအသိုင်းဝိုင်းမှ မိန်းကလေးများနှင့် လက်ဆက်လာကြသလို မြန်မာအမျိုးသမီးများဟာလဲ ထို့အတူပါပဲ။  ဒီမှာပဲ တခု ကြုံရတာက . .တခြားလူမှုအသိုင်းဝိုင်းတွေဟာ ကျနော်တို့ကဲ့သို့ လက်ထပ်ခြင်းကိစ္စတွေမှာ လွတ်လပ်မှု မရှိပါဘူး။ တနည်းအားဖြင့် ကျနော်တို့ကဲ့သို့ လျော့ရဲလွယ်ကူမှု မရှိပါဘူး။ သူတို့ရဲ့ လက်ထပ်ခြင်းကိစ္စတွေမှာ လက်ထပ်စဉ်မှာလဲ လိုက်နာရမယ့် ဘာသာရေး စည်းမျဉ်းစည်းကမ်းတွေ ပါတယ်။ လူမှုရေးထုံးတမ်းဓလေ့တွေပါတယ်။ လက်ထပ်ပီး လိုက်နာရမည့် ကျင့်ဝတ်တွေပါတယ်။  ကျနော်တို့မှာတော့ (သိပ်ကိုလွတ်လပ်ခဲ့သူတွေဖြစ်ခဲ့ကြတော့) လက်ထပ်ခြင်းနဲ့ ပတ်သက်ပြီး ဘာမှ စည်းမျဉ်းစည်းကမ်းဥပဒေ မရှိပါဘူး။ လက်ထပ်ပီးနောက်မှာလဲ ဘာမှ ထပ်ချည်နှောင်ထားတာမျိုးမရှိပါဘူး။ ကျနော်တို့ရဲ့ လက်ထပ်ခြင်းထုံးတမ်းဟာ စာချုပ်တောင် (တချို့ ပိုက်ဆံရှိအသိုင်းဝိုင်းကလွဲလို့) သုံးကြတဲ့ အလေ့ထရှိတာ မဟုတ်ပါဘူး။ (၁၉၅၄ ဥပဒေဟာ . အမွေဆက်ခံမှုနဲ့ ကွဲသွားတဲ့အချိန်တွေမှာပဲ သုံးလို့ရတယ်လို့ သိထားပါတယ်။။)  ဒီတော့ ကျနော်တို့မြန်မာ့လူ့အဖွဲ့စည်းရဲ့ မိန်းမပျိုတွေဟာ အခြားသော အသိုင်းဝိုင်းမှ ယောက်ျားတစ်ယောက်နဲ့  လက်ထပ်မယ်ဆိုရင် (ကျနော်တို့ဘက်က ဘာစည်းမျဉ်းမှ ဟုတ်ဟုတ်ငြားငြား မရှိလေတော့) သူတို့ရဲ့ စည်းမျဉ်းကို လိုက်နာကြရပါတယ်။ သူတို့ရဲ့ စာချုပ်ပေါ်မှာ လက်မှတ်ထိုးကြရပါတယ်။ နောက်ဆုံးတော့ ကျနော်တို့မြန်မာ့လူ့အဖွဲ့စည်းရဲ့ မိန်းမပျိုလေးတွေဟာ မြန်မာ့လူ့အဖွဲ့စည်းရဲ့ မွေးရာပါဆုလာဘ် တစ်ခုဖြစ်တဲ့ လွတ်လပ်ခြင်းဟာ သူတို့ရဲ့ စည်းမျည်းတွေကြားမှာပဲ ဆုံးရှုံးသွားရပါတော့တယ်။ ဒီအဖြစ်ပျက်တွေကို ထုတ်ပြစရာ သာဓက အထောက်ထားများစွာ ရှိပါတယ်။  အခု ထုတ်ပြန်မယ့် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေဟာ ဒီလို ဖြစ်ရပ်မျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် ကြိုးစားခဲ့ကြတာပါ။  ဒီဥပဒေဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့ စတင်ခဲ့ကြတာ မဟုတ်ပါဘူး။  ဒီဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အပုပ်ချဖို့ စတင်ခဲ့ကြတာ မဟုတ်ပါဘူး။  ဒီဥပဒေဟာ လူမျိုးရေးခွဲခြားဖို့ လုပ်ခဲ့တာ မဟုတ်ပါဘူး။  ဒီဥပဒေဟာ ဘာသာရေးခွဲခြားဖို့ လုပ်ခဲ့တာ မဟုတ်ပါဘူး။  ဒီဥပဒေဟာ အစ္စလာမ်တို့ရဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးကို ယူလျှင် အစ္စလာမ် ဘာသာဝင် ဖြစ်ရမယ်ဆိုတာကို အတုယူခဲ့တာ မဟုတ်ပါဘူး။  အခြားသောလူမှုအသိုင်းဝိုင်းနဲ့ လက်ထပ်တဲ့မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ သူမရဲ့ မူလအခွင့်ရေးတွေ ဆုံးရှုံးမသွားအောင် ကာကွယ်ပေးဖို့ ကြိုးစားတဲ့ ဥပဒေပါ။  အခြားသောလူမှုအသိုင်းဝိုင်းနဲ့ လက်ထပ်တဲ့မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ဘုရားသွားကျောင်းတက် လွတ်လပ်စွာလုပ်ပိုင်ခွင့်တွေ ဆုံးရှုံးမသွားအောင် ကာကွယ်ပေးဖို့ ကြိုးစားတဲ့ ဥပဒေပါ။  အခြားသောလူမှုအသိုင်းဝိုင်းနဲ့လက်ထပ်တဲ့မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့  မြန်မာဝတ်စုံလေးကို (သူမချစ်မြတ်နိုးနေသေးတယ် ဆိုရင် ) လွတ်လပ်စွာ ၀တ်ပိုင်ခွင့်လေး ဆုံးရှုံးမသွားအောင် ကာကွယ်ပေးဖို့ ကြိုးစားတဲ့ ဥပဒေပါ။  ဒီဥပဒေထုတ်လိုက်လို့ တကယ်အဲဖြစ်ရပ်တွေကို တားဆီးလို့ရနိုင်မှာလားလို့ မေးစရာရှိပါတယ်။  ဟုတ်ပါတယ် မတားဆီးနိုင်ပါဘူး။  လူမသတ်ရ . .လူသတ်ရင် ထောင် ၁၀ နှစ် စသဖြင့် ဥပဒေတွေ ထုတ်ထားပေမယ့် လူသတ်မှုတွေ ဖြစ်မြဲဖြစ်နေသလိုမျိုးပေါ့ . . ဒါပေမယ့် ဒီလို ဥပဒေ ထုတ်ထားခြင်းအားဖြင့် လူသတ်မှုတွေကို လျော့နည်းစေနိုင်ပါတယ်။ လူသတ်မှုကျူးလွန်တဲ့သူတွေကို ထပ်ခါထပ်ခါ မကျူးလွန်အောင် အရေးယူလို့ ရပါတယ်။ ဥပဒေ မထုတ်တားလျှင် ဘာမှ လုပ်လို့ မရပါဘူး။ ငုတ်တုတ်ထိုင်ခံရုံပါပဲ။  တိုင်းပြည်မွဲနေလို့၊ မြန်မာတွေ မွဲနေလို့  ဆိုတာနဲ့ မဆိုင်ပါဘူး။ ချမ်းသာတဲ့ မိန်းမတစ်ချို့လဲ ဒီအဖြစ်မျိုးတွေ ကြုံတွေ့ခဲ့ရပါတယ်။ တိုင်းပြည်ချမ်းသာလဲ ဒီဥပဒေက ရှိထားသင့်တဲ့ ဥပဒေပါ။  ဟုတ်ကဲ့ .  ပြန်လှန်အရေးယူဖို့  ဥပဒေ မရှိလို့ ကျနော်တို့.မြန်မာအမျိုးသမီးတွေ ငုတ်တုပ်ထိုင်ခံ ခဲ့ရတာ များလှပါပြီ။ ကိုယ့်ဥပဒေ စာချုပ်မရှိလို့ သူတို့ဥပဒေ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးခဲ့ရလို့ ဘ၀ဆုံးခဲ့ရတာတွေများလှပါပြီ။ ဒီအတွက် ကျနော်တို့လူ့အဖွဲ့စည်းမှာ တာဝန်ရှိတယ်လို့ ခင်ဗျားတို့ မထင်မိကြဘူးလား။  ကျနော်တို့ နားလည်ကြရအောင် . . .ကျနော်တို့ ပေါင်းစည်းကြရအောင် . .  ***************** ***************** ************** **********   ကွန်းဇော် အညာမြေ

မျိုးစောင့်ဥပဒေ ဆိုပြီး လူများပြောများခဲ့တဲ့ ဥပဒေဟာ တကယ်တမ်းမျိုးစောင့်ဥပဒေဆိုပီး မခေါ်တွင်ပါဘူး။ ဘာသာခြား၊ လူမျိုးခြားနဲ့ မယူရဘူး ဆိုပီး အစ္စလာမ် ရှရီယာ ဥပဒေတွေ တားသလို တားထားတဲ့ ဥပဒေ မဟုတ်ပါဘူး။ မြန်မာအမျိုးသမီးများ အခွင့်အရေး အကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့ဥပဒေပါ။


ဒါဖြင့် ဘယ်လိုနေရာတွေမှာ ဘယ်လိုအကာကွယ်ပေးမလဲ ဆိုပီးမေးလာရင်တော့ . . . ကျနော်က ဒီဥပဒေ ရေးဆွဲရေး ကော်မရှင်အဖွဲ့ဝင်မဟုတ်ပေမယ့် ကျနော် သိမြင်လေ့လာမိရသလောက် ရှင်းပြပါ့မယ်။

ဒီလိုပါ။

ကျနော်တို့မြန်မာနိုင်ငံမှာ လူနှစ်ဦး လက်ထပ်ခြင်းကိစ္စတွေအတွက် ဓလေ့ထုံးတမ်း ဥပဒေ တွေနဲ့ပဲ အဓိက ပြုလုပ်ကျင်းပပါတယ်။ ကျနော်တို့ရဲ့ မြန်မာ့လူ့အဖွဲ့စည်းဟာ လက်ထပ်ခြင်းကိစ္စတွေမှာ ချုပ်ချယ်ခြင်း အင်မတန်နည်းပါပြီး လွတ်လပ်စွာ ပြုလုပ်လေ့ရှိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေလဲ များများသားသားမရှိပါဘူး။ ဓလေ့ထုံးတမ်းတွေကို လေ့လာကြည့်လိုက်ရင်လဲ ပုဆိုးတန်းတင် အကြင်လင်မယား၊ အရှေ့ခုနှစ်အိမ်၊ အနောက်ခုနှစ်အိမ် ဖိတ်ကြားပီး အာဝါဟ ၀ိဝါဟ လိုက်ရင် လင်မယား . .စသဖြင့် တွေ့ရမှာပါ။

ဒါဖြင့် ဒါတွေဟာ မကောင်းဘူးလားလို့ မေးရင်ဖြင့် ကောင်းပါတယ် လို့ပဲ ဖြေရမှာပါ။ ကျနော်တို့ရဲ့ ချစ်စရာ မြန်မာ့လူ့အဖွဲ့စည်းဟာ ဒီပုံစံနဲ့ လွတ်လပ်ပေါ့ပါးစွာ အာဝါဟ ခဲ့ကြ၊ လွတ်လပ်ပေါ့ပါးစွာ ပေါင်းဆုံပျော်ရွှင်ခဲ့ကြတာပါပဲ။

ဒါပေမယ့် အခုတော့ လူနေမှု ခေတ်စနစ်တွေ ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။

ကျနော်တို့ဟာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ မြန်မာဆိုတာချည်း သီးသန့် နေထိုင်သူတွေ မဟုတ်ကြတော့ပါဘူး။ မြန်မာနိုင်ငံဟာလည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုဝေးနေထိုင်ကြရာ နိုင်ငံအဖြစ်ကို ရောက်ရှိခဲ့ပါပြီ။

ဒီတော့ ကျနော်တို့ မြန်မာအမျိုးသားများဟာလဲ အခြားလူမှုအသိုင်းဝိုင်းမှ မိန်းကလေးများနှင့် လက်ဆက်လာကြသလို မြန်မာအမျိုးသမီးများဟာလဲ ထို့အတူပါပဲ။

ဒီမှာပဲ တခု ကြုံရတာက . .တခြားလူမှုအသိုင်းဝိုင်းတွေဟာ ကျနော်တို့ကဲ့သို့ လက်ထပ်ခြင်းကိစ္စတွေမှာ လွတ်လပ်မှု မရှိပါဘူး။ တနည်းအားဖြင့် ကျနော်တို့ကဲ့သို့ လျော့ရဲလွယ်ကူမှု မရှိပါဘူး။ သူတို့ရဲ့ လက်ထပ်ခြင်းကိစ္စတွေမှာ လက်ထပ်စဉ်မှာလဲ လိုက်နာရမယ့် ဘာသာရေး စည်းမျဉ်းစည်းကမ်းတွေ ပါတယ်။ လူမှုရေးထုံးတမ်းဓလေ့တွေပါတယ်။ လက်ထပ်ပီး လိုက်နာရမည့် ကျင့်ဝတ်တွေပါတယ်။

ကျနော်တို့မှာတော့ (သိပ်ကိုလွတ်လပ်ခဲ့သူတွေဖြစ်ခဲ့ကြတော့) လက်ထပ်ခြင်းနဲ့ ပတ်သက်ပြီး ဘာမှ စည်းမျဉ်းစည်းကမ်းဥပဒေ မရှိပါဘူး။ လက်ထပ်ပီးနောက်မှာလဲ ဘာမှ ထပ်ချည်နှောင်ထားတာမျိုးမရှိပါဘူး။ ကျနော်တို့ရဲ့ လက်ထပ်ခြင်းထုံးတမ်းဟာ စာချုပ်တောင် (တချို့ ပိုက်ဆံရှိအသိုင်းဝိုင်းကလွဲလို့) သုံးကြတဲ့ အလေ့ထရှိတာ မဟုတ်ပါဘူး။ (၁၉၅၄ ဥပဒေဟာ . အမွေဆက်ခံမှုနဲ့ ကွဲသွားတဲ့အချိန်တွေမှာပဲ သုံးလို့ရတယ်လို့ သိထားပါတယ်။။)

ဒီတော့ ကျနော်တို့မြန်မာ့လူ့အဖွဲ့စည်းရဲ့ မိန်းမပျိုတွေဟာ အခြားသော အသိုင်းဝိုင်းမှ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်မယ်ဆိုရင် (ကျနော်တို့ဘက်က ဘာစည်းမျဉ်းမှ ဟုတ်ဟုတ်ငြားငြား မရှိလေတော့) သူတို့ရဲ့ စည်းမျဉ်းကို လိုက်နာကြရပါတယ်။ သူတို့ရဲ့ စာချုပ်ပေါ်မှာ လက်မှတ်ထိုးကြရပါတယ်။ နောက်ဆုံးတော့ ကျနော်တို့မြန်မာ့လူ့အဖွဲ့စည်းရဲ့ မိန်းမပျိုလေးတွေဟာ မြန်မာ့လူ့အဖွဲ့စည်းရဲ့ မွေးရာပါဆုလာဘ် တစ်ခုဖြစ်တဲ့ လွတ်လပ်ခြင်းဟာ သူတို့ရဲ့ စည်းမျည်းတွေကြားမှာပဲ ဆုံးရှုံးသွားရပါတော့တယ်။ ဒီအဖြစ်ပျက်တွေကို ထုတ်ပြစရာ သာဓက အထောက်ထားများစွာ ရှိပါတယ်။

အခု ထုတ်ပြန်မယ့် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေဟာ ဒီလို ဖြစ်ရပ်မျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် ကြိုးစားခဲ့ကြတာပါ။

ဒီဥပဒေဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့ စတင်ခဲ့ကြတာ မဟုတ်ပါဘူး။

ဒီဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အပုပ်ချဖို့ စတင်ခဲ့ကြတာ မဟုတ်ပါဘူး။

ဒီဥပဒေဟာ လူမျိုးရေးခွဲခြားဖို့ လုပ်ခဲ့တာ မဟုတ်ပါဘူး။

ဒီဥပဒေဟာ ဘာသာရေးခွဲခြားဖို့ လုပ်ခဲ့တာ မဟုတ်ပါဘူး။

ဒီဥပဒေဟာ အစ္စလာမ်တို့ရဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးကို ယူလျှင် အစ္စလာမ် ဘာသာဝင် ဖြစ်ရမယ်ဆိုတာကို အတုယူခဲ့တာ မဟုတ်ပါဘူး။

အခြားသောလူမှုအသိုင်းဝိုင်းနဲ့ လက်ထပ်တဲ့မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ သူမရဲ့ မူလအခွင့်ရေးတွေ ဆုံးရှုံးမသွားအောင် ကာကွယ်ပေးဖို့ ကြိုးစားတဲ့ ဥပဒေပါ။

အခြားသောလူမှုအသိုင်းဝိုင်းနဲ့ လက်ထပ်တဲ့မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ဘုရားသွားကျောင်းတက် လွတ်လပ်စွာလုပ်ပိုင်ခွင့်တွေ ဆုံးရှုံးမသွားအောင် ကာကွယ်ပေးဖို့ ကြိုးစားတဲ့ ဥပဒေပါ။

အခြားသောလူမှုအသိုင်းဝိုင်းနဲ့လက်ထပ်တဲ့မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့
မြန်မာဝတ်စုံလေးကို (သူမချစ်မြတ်နိုးနေသေးတယ် ဆိုရင် ) လွတ်လပ်စွာ ၀တ်ပိုင်ခွင့်လေး ဆုံးရှုံးမသွားအောင် ကာကွယ်ပေးဖို့ ကြိုးစားတဲ့ ဥပဒေပါ။

ဒီဥပဒေထုတ်လိုက်လို့ တကယ်အဲဖြစ်ရပ်တွေကို တားဆီးလို့ရနိုင်မှာလားလို့ မေးစရာရှိပါတယ်။

ဟုတ်ပါတယ် မတားဆီးနိုင်ပါဘူး။

လူမသတ်ရ . .လူသတ်ရင် ထောင် ၁၀ နှစ် စသဖြင့် ဥပဒေတွေ ထုတ်ထားပေမယ့် လူသတ်မှုတွေ ဖြစ်မြဲဖြစ်နေသလိုမျိုးပေါ့ . .
ဒါပေမယ့် ဒီလို ဥပဒေ ထုတ်ထားခြင်းအားဖြင့် လူသတ်မှုတွေကို လျော့နည်းစေနိုင်ပါတယ်။ လူသတ်မှုကျူးလွန်တဲ့သူတွေကို ထပ်ခါထပ်ခါ မကျူးလွန်အောင် အရေးယူလို့ ရပါတယ်။ ဥပဒေ မထုတ်တားလျှင် ဘာမှ လုပ်လို့ မရပါဘူး။ ငုတ်တုတ်ထိုင်ခံရုံပါပဲ။

တိုင်းပြည်မွဲနေလို့၊ မြန်မာတွေ မွဲနေလို့ ဆိုတာနဲ့ မဆိုင်ပါဘူး။ ချမ်းသာတဲ့ မိန်းမတစ်ချို့လဲ ဒီအဖြစ်မျိုးတွေ ကြုံတွေ့ခဲ့ရပါတယ်။ တိုင်းပြည်ချမ်းသာလဲ ဒီဥပဒေက ရှိထားသင့်တဲ့ ဥပဒေပါ။

ဟုတ်ကဲ့ . ပြန်လှန်အရေးယူဖို့ ဥပဒေ မရှိလို့ ကျနော်တို့.မြန်မာအမျိုးသမီးတွေ ငုတ်တုပ်ထိုင်ခံ ခဲ့ရတာ များလှပါပြီ။ ကိုယ့်ဥပဒေ စာချုပ်မရှိလို့ သူတို့ဥပဒေ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးခဲ့ရလို့ ဘ၀ဆုံးခဲ့ရတာတွေများလှပါပြီ။ ဒီအတွက် ကျနော်တို့လူ့အဖွဲ့စည်းမှာ တာဝန်ရှိတယ်လို့ ခင်ဗျားတို့ မထင်မိကြဘူးလား။

ကျနော်တို့ နားလည်ကြရအောင် . . .ကျနော်တို့ ပေါင်းစည်းကြရအောင် . .

***************** ***************** ************** **********

ကွန်းဇော် အညာမြေ

ကျွန်တော့ဘဝရဲ့ လမ်းညွှန် ဆရာများ ...

$
0
0

ကျွန်တော့်ဘဝမှာ အမြဲသတိရ နေတတ်တဲ့ ဆရာ ၄ ယောက်ရဲ့ စကားရှိတယ် ။

ပထမတစ်ယောက်ကတော့ သူငယ်တန်းကနေ ၄ တန်းထိ သင်ရတဲ့ သချာင်္ဆရာ ။
ကျွန်တော် က ဗရိုက် မဖြစ်ဘူး ။ သူငယ်တန်းကနေ ၃ တန်းထိ ကျွန်တော်သချာင်္ မှားတိုင်း သူခေါ် တဲ့ နာမည်ရှိတယ် ။ "ချာတူး"တဲ့ ။ တစ်ရက်တော့ သချာင်္ တစ်ပုဒ်တွက်တယ် ။ မှတ်မှတ်ရရ ကျွန်တော် ၁၃ ခါ တိတိ မှားတယ် ။ မှားတိုင်း လက်ဝါးဖြန့်ပြီး အရိုက်ခံရတယ် ။ နောက်တော့ ဆရာ က ရိုက်ရတာ အားနာလာတယ်ထင်တယ် ။ တပည့် ... "ဓားတိုရင် ရှေ့တိုးခုတ်ရတယ်ကွ"တဲ့ ။
ဥာဏ်အားနည်းရင် လုံ့လအား ပိုစိုက် တဲ့ ။ အဲဒီပုစ္ဆာ ကို သူများတွေကျောင်းဆင်းတဲ့ ထိ သူထိုင်စောင့်ပြီးတွက်ခိုင်းတာ ညနေ မိုးချုပ်မှ ပြီးတယ် ။ အဲဒီနောက် ကျွန်တော် ဓားတိုတိုင်း ရှေ့တိုးတိုး ပဲ ခုတ်တော့တယ် ။ ခုတ်မရ ခဲ့ တဲ့ အခါတွေလည်းရှိတော့ရှိခဲ့တယ် ။

နောက်တစ်ယောက်ကတော့ အလယ်တန်းတုန်းက ကျောင်းအုပ်ကြီး ။
ကျွန်တော် အထက်တန်းကျောင်း ပြောင်းတော့ ဆရာကြီးက မှာတယ် ။
"ဒီလိုနေချင်ရင်ဒီတိုင်းနေပါ ၊ ဒီတိုင်းမနေချင်ရင်ဒီလို မနေပါနဲ့ "တဲ့ ။
ကိုယ် လုပ်တဲ့ အလုပ်တစ်ခု ရလာဘ်ထွက်လာတိုင်း ကိုယ့်ကိုယ်ကိုပြန်စစ် မိတယ် ။ ဒီ ရလာဘ်ဟာ ကျွန်တော် နေချင်တဲ့ အခြေနေတစ်ခု ဟုတ်လား ၊ မဟုတ်ဘူးလားပေါ့ ။ ဟုတ်တယ်ဆိုရင် အဲဒီတိုင်းပဲ ဆက်သွားတယ် ။ တကယ်လို့ ကျွန်တော်လိုချင်တဲ့ ရလာဒ် မဟုတ်တော့ဘူးဆိုရင်တော့ ဘာတွေလိုနေလဲ ၊ ဘာတွေ ပြောင်းရမလဲ ပြန်သုံးသပ်ပြီး နေထိုင်မှု ပုံစံ က စ ပြောင်းလဲ ပစ် မိတယ် ။

နောက်တစ်ယောက်ကတော့ ဗိုလ်လောင်းတုန်းက တပ်ခွဲမှုး အရာရှိပေါ့ ။
Do as I Do . ဆိုတဲ့ အထက်အရာရှိ ၊ Follow me ဆိုတဲ့ ခေါင်းဆောင်တစ်ယောက်ပါ ။ တချက် မှ ရိုက်မဆုံး မဖူးပေမဲ့ သိပ်ကြောက်ရသလို ၊ သိပ်လည်းလေးစားရပါတယ် ။ အထက်အရာရှိဆိုပေမဲ့ အပြစ်ပေးတာ က အစ ဘယ်တော့မှ စည်းမျဉ်းစည်း ကမ်း မကျော်ပါဘူး ။ သူ အပစ်ပေးတဲ့ ခါ စစ်မြေပြင်မှာ အကျိုးရှိ မဲ့နည်းပဲ ပေးတယ် ။ ခရာတချက်တုပ် တိုင်း ... ပစ် ၊ထောက် ၊ လှိမ့် ၊ မှောက် .. လုပ်ရတယ် ။ တခါတခါ အပြစ်ပေးတိုင်း တံတောင်တွေ ပွန်းတဲ့ထိ ပေးတယ် ။ ကျောင်းဆင်းတော့ ဆရာသမား က မှာတယ် ။
"တပည့် မင်း ကမ်းကိုလွတ်မြောက်အောင်ကူးခတ် နိုင်တဲ့ အခါ ကူးသွားလိုက်ပါ ။ အဲလို မှ မဟုတ်ရင်တော့ ရေစီးကြောင်းမှာ အားမွေးပါ ၊ ယက်ကန် ယက်ကန် တော့ ဆန်မတက်နဲ့ အချိန်ကုန်လူပမ်း တယ် ၊ လိုရာလည်းမရောက်ဘူး ၊ ပတ်ဝန်းကျင်နဲ့လည်းသဟဇာတမဖြစ်ဘူး"တဲ့ ။ အခုလက်ရှိ တပ်မတော် မှာ ဆရာသမား ဟာ ကျွန်တော်နဲ့ အဆင့် အတူပါ ။ ဒါပေမဲ့ ဗိုလ်ချုပ်တွေ ရှေ့ ခေါင်းမော့ ရပ်ရင် ရပ် ရဲ မယ် ။ သူ့ ရှေ့ ရောက်ရင်ကျွန်တော် ဟာ ကလေးလေး တစ်ယောက် ပါပဲ ။

နောက်တစ်ယောက်ကတော့ ကျွန်တော့် တပ်ရင်းမှူးပါ ။ ဗိုလ်လောင်းတုန်းက စာပေက ဆရာပါ ။
နောက်တော့ ကျွန်တော့် တပ်မှာ တပ်ရင်းမှူး ဖြစ်ပါတယ် ။ ရဲဘော်ဖြစ်ဖြစ် ၊ အရာရှိဖြစ်ဖြစ် ဘယ်တော့ မှ မောက်မောက်မာမာ မဆက်ဆံသလို ၊ ရင့်ရင့်သီးသီးလည်းမဆူဖူးပါဘူး ။
တရက်တော့ တပ်ကိစ္စ တွေ ကို အရာရှိတွေ ၊ ရုံးအဖွဲ့ တွေကို တာဝန်ခွဲပေးတယ် ။ ပြီးတော့ သူက ပြောတယ် ။ ငါ လက်နက်ကိုင် တိုင်းရင်းသားတွေ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လူကြီးရဲ့ ကိုယ်ရေး အရာရှိတွေ နဲ့ လိုက်သွားဖူးတယ် တဲ့ ။ အဲဒီမှာ Level တူတွေ အလ္လာပ သလ္လာပ ပြောကြရင်း KNU က ဆက်ဆံရေးအရာရှိတွေ ကို သူကမေးတယ်တဲ့ ။ မင်းတို့လည်း မိုင်းထောင်တာ ၊ ငါတို့လည်း မိုင်းထောင်တာပဲကွာ ။ မင်းတို့ မိုင်း တွေ က ကျတော့ ခဏခဏ ကွဲပြီး ၊ ဘာလို့ ငါတို့ မိုင်းတွေ က မကွဲတာတုန်းကွ ဆိုတော့ ... KNU က အရာရှိက ပြောတယ်တဲ့ ...မင်းတို့ ယုံမယုံတော့ မသိဘူး ... ငါတို့ မိုင်းထောင်တိုင်း မိုင်းနားမှာ ခဲ လုံး တစ်လုံး ချ ၊ ပြီးတာနဲ့ ခဲလုံးကို အလေးပြု ပြီး "'ဒီမိုင်း ကွဲအောင်စွမ်းဆောင်ဖို့ သင့်ကိုတာဝန်ပေးတယ်"ဆိုပြီး ခဲလုံးကို တာဝန်ပေးစေခိုင်းတယ်တဲ့ ။ ဒါက မင်းတို့ ကို ဗဟုသုတ အနေနဲ့ ပြောပြတာ ပါ ။ တာဝန်ပေးရင် ခဲလုံးတောင် ကျေပွန်အောင်ထမ်းဆောင်တယ်ကွ ။ မင်းတို့ လည်း ဘယ်တော့မှ ခဲလုံးထက်အဆင့် နိမ့်သူတွေ မဖြစ်ကြစေနဲ့ တဲ့ ။

အချိန်တွေ ဘယ်လောက်ကြာကြာ ၊ နေရာတွေ ဘယ်လောက်ဝေးဝေး အဲဒီ ပုဂ္ဂိုလ်တွေ ပြောတဲ့ စကားတွေက ရင်ထဲ က ပျောက်မသွားဘူး ။ မနေ့ တနေ့ ကလိုပဲ ။

 ရုပ် ဆိုး

ဒေါက်တာသန်းငြိမ်း နဲ့ အင်တာဗျူး

$
0
0
 Photo: ဒေါက်တာသန်းငြိမ်းရဲ့ မီဒီယာတွေမှာ ဖော်မပြလိုက်ရတဲ့ ပီအာ အင်တာဗျုးကို ဆရာကို့ ဂုဏ်ပြုသောအားဖြင့် တင်ဆက်လိုက်ပါတယ်။  အင်တာဗျူးသူ-သီရီတင် ဒီမိုကရေစီမိတ်ဆွေပါတီများက ရွေးကောက်ပွဲစနစ်ကျင့်သုံးရာမှာ အချိုးကျကိုယ်စားပြုမှုစနစ် (Proportional Representation)  ကို ပြောင်းလဲကျင့်သုံးဖို့ ရွေးကောက်ပွဲကော်မရှင်ကို စာတင်ခဲ့ကြပါတယ်။ ဒီစနစ်ကိုထောက်ခံမှုထက် ဝေဖန်မှုကန့်ကွက်မှုတွေက အများကြီး ရှိခဲ့ပါတယ်။ အခုလာမယ့် ပထမအကြိမ်လွှတ်တော်  သတ္တမအစည်းအဝေးမှာ ဒီပီအာစနစ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးကြပါတော့မယ်။ ၂၀၁၅ရွေးကောက်ပွဲမှာ သုံးဖြစ်မလား၊ မသုံးဖြစ်ဘူးလား။ သုံးသင့်လား၊ မသုံးသင့်ဘူးလား စတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆွေးနွေးချက်တွေ တွေ့ကြရပါတော့မယ်။ ဒါကြောင့် ပီအာကိုစတင်တင်သွင်းခဲ့တဲ့ NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနဲ့ အင်တာဗျူး ပြုလုပ်ဖြစ်ခဲ့ပါတယ်။   မေး။  ပထမဆုံးအနေနဲ့ အန်ကယ်တို့ဘာကြောင့် ပီအာစနစ်ကိုတင်သွင်းရတာလဲဆိုတာလေး သိချင်ပါတယ်။ ရည်ရွယ်ချက်ပေါ့။  ဖြေ။   ပီအာကိုဘာဖြစ်လို့တင်ရသလဲဆိုတာကတော့ အန်ကယ်တို့က အခု ၂၀၁၀ ကာလကနေပြီးတော့ ဖြတ်သန်းလာ ခဲ့တဲ့မြန်မာ နိုင်ငံရဲ့နိုင်ငံရေးဟာ ဒီမိုကရေစီခေတ်ကို သွားတဲ့နိုင်ငံရေးဖြစ်တယ်။ ဒီမိုကရေစီခေတ်ပြောင်းနိုင်ငံရေးပေါ့။ ခေတ်ပြောင်းနိုင်ငံရေးဆို တော့ အန်ကယ်တို့က ဒီမိုကရေစီပေါ်မှာ သေချာသုံးသပ်ဖို့လိုလာပြီ။ အရင်ကစစ်အစိုးရခေတ်မှာကျတော့ ဒီမိုကရေစီဆိုတာ တစ်လုံးတည်းပြောလိုက်ရင် ပြည့်စုံတယ်။ ကျုပ်တို့ ဒီအာဏာရှင်စနစ်ကို လက်မခံဘူး။ ဒီမိုကရေစီအတွက် ကျုပ်တို့လုပ်နေတယ်။ ဒီမိုကရေစီကို တောင်းဆိုမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ အခြေခံအားဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ အခုတော့ မဟုတ်တော့ဘူး။ ဒီမိုကရေစီက တကယ်လုပ်ကြရတော့မယ်ဆိုတော့ ဒီမိုကရေစီရဲ့အသွင်လက္ခဏာတွေဟာ ဘာတွေလဲ။ ဒီမိုကရေစီရဲ့အရေးကြီးတဲ့ အချက်တွေဟာဘာတွေလဲ။ဒီမိုကရေစီမှာ ဘာတွေကိုဖြည့်ဆည်းကြရမလဲ။ အဲဒါတွေကိုပါ အန်ကယ်တို့က စဉ်းစားလာရတယ်။ အဲဒါကြောင့် အန်ကယ်တို့ကြည့်လိုက်တဲ့အခါ ဒီမိုကရေစီရဲ့ရွေးကောက်ပွဲ စနစ်တစ်ခုဟာ ဒီမိုကရေစီရဲ့အနှစ်သာရကို ဖော်ဆောင်တဲ့အခါ အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကို တွေ့ရတယ်။ ဒါက လေ့လာလိုက်တဲ့အခါကြတော့ အန်ကယ်တို့လဲပါရဂူတွေ မဟုတ်ပါဘူး။ နိုင်ငံခြားမှာ ဒီမိုကရေစီနိုင်ငံ တွေမှာ ဘာတွေလုပ်နေကြသလဲ။ အရင်က ကိုယ်ဖြတ်သန်းလာရတဲ့ အတွေ့ကြုံက ဘာတွေရှိသလဲ။ အဲဒါတွေကို ကြည့်ပြီးတော့မှ။ ဒီရွေးကောက်ပွဲစနစ်မှာ အဓိကအားဖြင့် နှစ်ခုဖြစ်တဲ့ များရာကိုအနိုင်ပေးတဲ့ FPTP စနစ်နဲ့ အချိုးကျ PRစနစ် ဒီစနစ် နှစ်ခုရဲ့အားပြိုင်တာကို တွေ့ရတယ်။ တွေ့တဲ့အခါကျတော့ ဘယ်ဟာက တို့နိုင်ငံနဲ့ကိုက်မလဲ။ ဒီမိုကရေစီ ရဲ့နှုန်းစံ တွေနဲ့ ဘယ်ဟာက ပိုပြည့်စုံသလဲ။ စဉ်းစားတဲ့အခါမှာ ပီအာစနစ်ကို အလေးသာတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံ ဒီမိုကရေစီစတဲ့အခါမှာ ရွေးကောက်ပွဲစနစ်ပြင်လိုက်ရင် ပိုပြီးကောင်းမယ်။ အစကောင်းမှအနှောင်းသေချာမယ်ဆိုပြီး တင်လိုက်တာပါ။   မေး။   ပီအာစနစ်ကြောင့်အစွန်းရောက်တွေ၊ လွှတ်တော်ထဲရောက်လာမယ်။ ပါတီအများကြီး လွှတ်တော်ထဲမှာ ရှိနေတဲ့အတွက်ကြောင့် ညွှန့်ပေါင်းတွေဖြစ်လာပြီး ဒီမိုကရေစီခရီးကို နှေးစေနိုင်မလား။  ဖြေ။    အဲဒါကတော့ ညွှန့်ပေါင်းဆိုတာကတော့ လိုအပ်ရင်တော့ဖွဲ့ရမှာပဲ။ ပီအာလုပ်တိုင်းလဲ ညွှန့်ပေါင်း လုပ်မယ်လို့မဟုတ်ပါဘူး။ ပီအာမဟုတ်ဘဲလည်း ညွှန့်ပေါင်းဖွဲ့ချင်ဖွဲ့မှာပဲ။  ဥပမာ….. ဒီပါတီကြီးတစ်ခုက ၅၀%ကျော်တဲ့ ထောက်ခံမှု ကိုရတယ်ဆိုရင် ဘာမှညွန့်ပေါင်းဖွဲ့စရာမလိုဘူး။ အဲလောက်မှ မရဘူးဆိုရင် တခြား ပါတီတွေနဲ့ညှိနှိုင်းရမယ် ဆိုတဲ့အခါကျမှ ညွန့်ပေါင်းဖြစ်လာတယ် မဟုတ်ဘူးလား။ ဒီတော့ ညွန့်ပေါင်းဖွဲ့ပြီဆိုကတည်းက ဒီပါတီဟာ ပြည်သူလူထုရဲ့အများစု ထောက်ခံမှုကြီးကို မရလို့ဖြစ်ရတာပေါ့။ ဒါကြောင့် ဒီညွန့်ပေါင်းဖြစ်လာပြီဆိုက တည်းက ပေါင်းလိုက်တဲ့အခါမှာ  ပေါင်းထားတဲ့ပါတီတွေရဲ့ထောက်ခံမှုတွေက အများစုဖြစ်သွားတာပေါ့။ အများစုမို့ ညွန့်ပေါင်းက အစိုးရလုပ်လို့ရတာပေါ့။ ဒါဆိုအများစုရဲ့သဘောထားကို လိုက်နာရမှာပဲလေ။ အဲဒါမှသာလျှင်ဒါ ဒါဒီမိုကရေစီ ရဲ့အနှစ်သာရပဲလေ။  မေး။  အချိုးကျခွဲရတယ်ဆိုတော့ အစွန်းရောက်တွေ။ ခေတ်နောက်ပြန်ဆွဲလိုသူတွေ လွှတ်တော်ထဲ ရောက်မလာ နိုင်ဘူးလား။  ဖြေ။ ။ လွှတ်တော်ထဲရောက်တယ်ဆိုတာက ဒါက ဒီတိုင်းကြီး လွှတ်တော်ထဲကို သွားလည်ရင်တော့ ရောက်ချင်ရောက်မှပေါ့။ (ရယ်လျှက်) ဒီလိုမှမဟုတ်ရင်တော့ ပြည်သူက မထောက်ခံရင်ရောက်စရာမရှိဘူး။ ပြည်သူက အစွန်းရောက်ကိုထောက်ခံရင်တော့ ရောက်လာမှာပေါ့။ သို့သော်လည်း အများစုကတော့ အစွန်းရောက်တွေကို မထောက်ခံပါဘူး။ အစွန်းရောက်ဆိုကတည်းကိုက  အစွန်းမှာပဲရောက်နေမှတော့ အများစုက ဘယ်ထောက်ခံမလဲ။ ဒါပေမယ့် အနည်းအကျင်းကတော့  ပီအာစနစ်အောက်မှာ ၀င်လာနိုင်သလားဆိုရင် ၀င်ချင်လည်း ၀င်လာနိုင်တာပဲ။ အဲ့ဒီလိုပြောကြကြေးဆိုလို့ရှိရင်တော့  ပီအာစနစ်မှာ အဲ့ဒီလိုမျိုးကို တားဆီးတဲ့ အကာအကွယ် ပေးထားတဲ့ အချက်လည်း ရှိတယ်။ ပီအာစနစ်အောက်မှာ ၀င်ပြိုင်တဲ့ပါတီတိုင်း လွှတ်တော်ထဲမရောက်ဘူး။ ၀င်ပြိုင်တဲ့ပါတီတိုင်း အမတ်နေရာမရဘူး။ သူ့မှာအနိမ့်ဆုံး သတ်မှတ်ချက်တွေ ရှိတယ်။ တချို့နိုင်ငံတွေဆိုလို့ရှိရင် ခုနလို အစွန်းရောက်တွေရဲ့အန္တရာယ်ရှိတယ်ဆိုရင် ဒီအနိမ့်ဆုံးမဲဆိုတဲ့ သတ်မှတ်ချက်ကို ဥပမာအနည်းဆုံး ၁၀% လို့သတ်မှတ်မယ်။ အထူးသဖြင့် ဥပမာ တူရကီလိုနိုင်ငံမျိုးပေါ့။ တူရကီမှာ Kurd လို့ခေါ်တဲ့ အစွန်းရောက်လို့ သတ်မှတ်ထားတာတွေရှိတယ်။ သူတို့မ၀င်နိုင်အောင် ၁၀%အနည်းဆုံး မရရင် လွှတ်တော်အမတ်မဖြစ်နိုင်ဘူးလို့ ကန့်သတ်ထားတော့ ဒီ Kurd တွေကို ၁၀% မထောက်ခံဘူးဆိုရင် မဖြစ်နိုင်တော့ဘူးပေါ့။ တချို့နိုင်ငံတွေလဲ ၅%။ အဲလိုပြဿနာတွေ မရှိဘူးဆိုရင်တော့ အနည်းဆုံး ၂%လောက် သတ်မှတ်ထားကြပါတယ်။ တစ်မဲရတိုင်း လွှတ်တော်ကိုယ်စားလှယ်မဖြစ်ပါဘူး။   မေး။ ဂျာမဏီကဟစ်တလာလို အာဏာရှင်တွေပေါ် မလာ နိုင်ဘူးလား။  ဖြေ။ အဲဒါပြောချင်နေတာကြာပြီ။ ဘာအထောက်အထားနဲ့ ပြောတာလဲမသိဘူး။ အန်ကယ်တို့ပဲလေ့လာအား လိုတာလား မသိဘူးပေါ့နော်။ အန်ကယ်သိသလောက်ဆိုရင်တော့ မဟုတ် ပါဘူး။ အန်ကယ်တို့ဖတ်တဲ့ထဲမှာ ပီအာဆိုတာ တစ်လုံးမှမပါဘူး။ ရွေးကောက်ပွဲလို့ပဲပါတာ။ ပြီးတော့တကယ်ပြောကြကြေးဆိုရင် ဂျာမဏီလိုနိုင်ငံမျိုးမှာ ဟစ်တလာအာဏာရလာတယ်ဆိုတာ အကြောင်းချက်တွေ အများကြီးရှိတယ်။ အများကြီးရှိတယ်နော်။ ဥပမာဆိုပါတော့….. ဂျာမဏီဟာ ပထမ္ဘာစစ်မှာ စစ်ရှုံးတယ်။ စစ်လျော်ကြေးတွေ အများကြီးပေးရတယ်။ တိုင်းပြည်က တစ်ခါတည်း စုတ်ပြတ်သွားတယ်။ မွဲသွားတယ်။ ငွေကြေးဖောင်း ပွမှု တွေဆိုတာ ရာခိုင်နှုန်းတစ်သန်းလောက်ထိ ရှိတယ်။ လူတွေက အလုပ်လက်မဲ့တွေဖြစ်။ ကုန်ဈေးနှုန်းတွေကတက်။ အဲဒီအချိန်မျိုးမှာ မကျေနပ်မှုတွေပေါ့။ စစ်ရှုံးထားလို့ဒေါသဖြစ်နေ ရတဲ့ကြားထဲမှာ အခက်အခဲတွေကြုံရတဲ့အခါကျတော့ ဟစ်တလာတို့က ဟောပြောနေဟာတွေက….အဲဒါတွေက ဒီကောင်တွေကြောင့်ဖြစ်တာ။ အစိုးရကနေ အလျော့ပေးလို့ ဖြစ်ရတာ။ ဒီကောင်တွေက ကိုယ့်နိုင်ငံကိုယ် နောက်ကျောဓါးနဲ့ ထိုးတဲ့ကောင်တွေ။ အဲလို ဆွပေးပြီးတော့ လူထုကိုစည်းရုံးယူတာ။ နောက်တစ်ခါ လူငယ်တွေကိုစည်းရုံးတာ။ လူငယ်ဆိုတော့ သွေးကကြွတယ်။ စည်းရုံးလို့လွယ်တယ်။ အဲဒါကနေ ရှပ်ညိုတို့ဘာတို့ ဖြစ်လာတာ။ နောက်ရွေးကောက် ပွဲဆို တရုန်းရုန်းပေါ့။ လူတွေကို တခါတည်းကြောက်လန့်အောင် လုပ်ဘာညာပေါ့။ အဲလိုနည်းနဲ့ လုပ်သွားတဲ့အခါကျတော့ တိုင်းပြည်ရဲ့အခြေနေနဲ့ လူတွေရဲ့ စိတ်ဓါတ်နဲ့က ဟစ်တလာကို အထင်ကြီးဖြစ်သွားတာ။ ဒါနိုင်ငံရေးအရ ဒီထက်လေ့လာရင် ပြောစရာတွေ အများကြိးရှိတယ်။ အဲဒီအခြေနေကြောင့် သာလျှင်ဖြစ်တာကိုး။ အဲဒါကို ဒီမဲပေးတဲ့စနစ်လေးကြောင့်သာ ဖြစ်တယ်ဆိုရင် အဲဒီပြောတဲ့သူဟာ နိုင်ငံရေးကို ဘာမှသိပ်ပြီးတော့ နားမလည်တဲ့သူလို့ပဲပြောချင်ပါတယ်။   မေး။  ပီအာစနစ်ဟာ ဒီမိုကရေစီမှာအခြေကျပြီးသားနိုင်ငံတွေမှာသာကျင့်သုံး သင့်တာဟုတ်ပါသလား။ ဒီမိုကရေစီ လမ်းကိုစလျှောက်တဲ့ မြန်မာနိုင်ငံအတွက် သင့်တော်ပါ့မလား။  ဖြေ။  ။ ဒါကတော့ ခက်တာက ဒီလိုလေ။  ဒီမိုကရေစီအခြေကျထားမှပဲ လုပ်လို့ရမယ်ဆိုရင် မဟုတ်တော့ဘူး ထင်တယ်။ မဆိုင်ပါဘူး။ ခုပဲ ကိုယ်တို့နိုင်ငံဘေးမှာဆို။ ကိုယ်တို့နဲ့ အဆင့်တန်းဘာမှမကွာတဲ့ နိုင်ငံတွေမှာလုပ်နေတာပဲ။ ဥပမာ နီပေါဆို  တောင်ပေါ်နိုင်ငံလေး။ နောက်သိရိလင်္ကာ၊ အိန္ဒိယ၊အိန္ဒိယဆိုလဲ နိုင်ငံကြီးဆိုပေမယ့် သူတို့လဲပြဿနာတွေအများကြီးနဲ့။ သူတို့အထက်လွှတ်တော်မှာဆို ပီအာနဲ့ရွေးကောက် တင်မြှောက်တာပဲ။ နောက်ထိုင်း၊ ကမ္ဘောဒီးယား။ အင်ဒိုနီးရှားတို့ ။ အဲလိုနိုင်ငံတွေတောင်မှ လုပ်နေတာပဲလေ။ နောက်ဆုံးကုန်ကုန်ပြောရမယ်ဆိုလို့ရှိရင်ကွာ လစ်ဗျားပေါ့။ လစ်ဗျားဆို အာဏာရှင်စနစ်အောက်မှာ အကြာကြီး နေခဲ့ရတယ်။ လွတ်လွတ် ချင်းစသုံးတဲ့ ပထမဆုံးရွေးကောက်ပွဲမှာ ပီအာသုံးသွားတာပဲလေ။ အဲတော့ ဒီပီအာဆိုတာ ဒီမိုကရေစီအခြေကျမှဆိုတာ မဟုတ်ဘူး။ ပီအာဆိုတာ ဒီမိုကရေစီ Trend တစ်ခုပဲ။ အရင်က ဆိုရှယ်လစ်မှဆိုရှယ်လစ်။ နောက် ဒီမိုကရေစီ။ အခုဒီမိုကရေစီမှာမှ ဒီမိုကရေစီအကျဆုံးဖြတ်တဲ့ ပီအာကို ပြောင်းလဲကျင့်သုံးလာကြတယ်။ ဒီမိုကရေစီဆိုတာဘာလဲ။ လူထုကအုပ်ချုပ်တာ။ အနိုင်ရသူအကုန်  ယူသွားတာထက် အချိုးကျခွဲဝေယူတာက ပိုပြီးဒီမိုကရေစီမကျဘူးလားဆိုပြီး ရွေးကောက်တင်မြှောက်ပုံကို ဆန်းသစ်လာကြရင်း ပီအာဖြစ်လာတာပဲ။ ဒါက ဒီမိုကရေစီ အခြေကျတာ မကျတာထက် ဒီမိုကရေစီ Trend တစ်ခုလို့ပဲ ပြောချင်ပါတယ်။ အဲ့ဒီတော့ လုပ်လို့ရပါတယ်။ ဘာလို့မရရမှာလဲ။   မေး။ ။ပီအာစနစ်နဲ့ရွေးကောက်တင်မြှောက်လိုက်ရင် အများစုနိုင်ပါတီအနေနဲ့ အမတ်၇၅%မရတဲ့အတွက်  အခြေခံဥပဒေပြင်ဆင်ဖို့ ခက်သွားမလား။  ဖြေ။   ဟ……အခုရော သူတို့မခက်ဘူးလား။ FPTP သုံးလို့ ၇၅% ရတောင် ပြင်လို့မရသေးဘူးလေ။ အဲဒီတော့  ဒီလောက် အများကြီး လိုချင်တာ အခြေခံဥပဒေပြင်ချင်လို့လား။ အာဏာကို ထူထောင်ချင်လို့လားတောင် မေးစရာဖြစ်နေပြီ။   မေး။  ပီအာစနစ်ကိုကျင့်သုံးဖို့ လူထုဆန္ဒခံယူသင့်ပါသလား။ ဖြေ။   ဒီရွေးကောက်ပွဲစနစ်ဆိုတာ ရှင်းရှင်းပြောရရင် အခြေခံဥပဒေထဲမှာ သတ်မှတ်ထားတာမရှိဘူး။ ဘာစနစ်နဲ့ ရွေးကောက်ပွဲကျင့်သုံးပါ ဆိုတာ ပြောမထားဘူး။ နောက်တစ်ခုက လူထုဆန္ဒခံယူရမယ်တို့ ဘာတို့ဆိုတာ FPTP ကရော လူထုဆန္ဒခံယူခဲ့လို့လား။ ရွေးကောက်ပွဲစနစ် အကုန်လုံး က လူထုဆန္ဒခံယူတာ မရှိပါဘူးနော်…..။ ၄၇လဲမရှိဘူး။ အင်္ဂလိပ်လက်ထက်ကလဲ မရှိပါဘူး။   မေး။ ။ ပီအာစနစ်ကျင့်သုံးခဲ့ရင် လွှတ်တော်အမတ် လောင်း တွေဟာ လူထုထက် ပါတီခေါင်းဆောင်တွေကို ပိုပြီး သစ္စာခံနေရမှာလား။ ဖြေ။   အဲဒါကတော့ အန်ကယ်ထင်တယ်။ အဲဒါက ရွေးကောက်ပွဲစနစ်နဲ့တောင် သိပ်မဆိုင်ဘူးထင်တယ်။ (ရယ်လျှက်) ဒီနေ့ FPTP မှာလည်းဒီလိုပဲလေ။ လွှတ်တော် ကိုယ်စားလှယ်ဆိုပြီးတော့ ချပေးလိုက်တယ်။ ဘယ်သူက ချပေးလိုက်လဲ။.ပါတီကပဲချပေးလိုက်တာပဲ။ ပါတီခေါင်း ဆောင်က နေချပေးလိုက်တာပဲလေ။ သူတို့ကချပေးလိုက် တာ မကျေနပ်ဘူးဆို မပေးယုံပဲရှိတာပဲ။ နောက်ရသွားခဲ့ရင် သူလုပ်တဲ့အလုပ်တွေကြည့်ပြီး နောက်တစ်ကြိမ်အတွက် စဉ်းစားပြီး ချပေးယုံပဲ။ ပီအာမှာလဲ ဒီလိုပဲလေ။ ပါတီကရွေးပြီး ချပေးလိုက်တာပဲ။ ဒါပေမယ့် ပါတီက လူထုမယုံကြည်ရတဲ့သူတွေ ရွေးပြီးချပေးရင် လူထုက ဘယ်မဲထည့်မလဲ။ လူထုက ယုံကြည်ကိုးစားလောက်တဲ့ လူတွေကိုပဲ ရွေးချယ်ရမှာပေါ့။ နောက်ဒီစနစ်က ပါတီတွင်းမှာကို အရင်ပြိုင်ရဦးမယ်။ ပါတီရဲ့စဉ်းမျဥ်းစည်းကမ်းအရ အရင်ရွေးချယ်ရဦးမယ်။ အန်ကယ်တို့ပါတီမှာတော့ အဲလိုပဲလုပ်တယ်။ ခေါင်းဆောင်တစ်ယောက်တည်းကနေ ဒီလူဒီလူတွေ အမတ်လောင်း စာရင်းထဲ ထည့်လိုက်ပါဆိုပြီး လုပ်လို့မရဘူး။ အဲဒါမျိုးကို လက်ခံတဲ့ပါတီမျိုး အန်ကယ်တို့မဟုတ်ဘူး။   မေး။ အန်ကယ်ပြောဖူးတယ်။ ပီအာကိုသုံးမယ်ဆို မဲဆန္ဒနယ်တွေပေါင်းပြီး လုပ်ရမယ်လို့လေ။ အဲခါကျတော့ အမတ်တွေဟာ မြို့နယ်တစ်ခုဆီကို ကိုယ်စားမပြုတဲ့အခါ လူထုနဲ့ဆက်နွှယ်မှု လျော့နည်းသွားနိုင်မလား။  ဖြေ။ ဒါကတော့.နည်းနည်းတော့ဖြစ်နိုင်တာပေါ့နော်။ ဒါပေမယ့် တကယ်တမ်းဒီနေ့ အခြေနေတွေကို ကြည့်တဲ့ အခါကျတော့ …..ပြည်သူလူထုက သူ့အတွက်လုပ်ပေးတဲ့သူဆီ သွားတာပဲ။ ဥပမာဆိုလို့ရှိရင် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဇင်။ သူဆို ပုဇွန်တောင်ကနေ အရွေးခံရတယ်။ သူ့ဆို ပြည်သူတွေအတွက် ကြိုးစားပမ်းစား လုပ်ပေးတယ် လို့မြင်ကြတော့ တစ်နိုင်ငံလုံးက သူ့ဆီရောက်လာကြတာပဲ။ ဟိုး  မြ၀တီကလဲတယ်။ ပဲခူးကလာတယ်။ မြောင်းမြကလာတယ်။ မကွေးကလာတယ်။ ကချင်ကလည်းလာတယ်။ အဲတော့..ခုနပြောသလိုပေါ့။ ဒီမဲဆန္ဒနယ်တစ်ခုမှာ ၁၀ ယောက် ရွေးတယ်။ ဒါဆိုပြည်သူက ရွေးချယ်လို့ရသွားပြီ လေ။ ဘယ်သူက ငါ့အတွက်လုပ်ပေးတာလဲ။ ဘယ်သူကတော့ လှည့်တောင်မကြည့်ဘူးလဲ။ သူ့အတွက် လုပ်ပေးတဲ့လူဆီ သွားမှာပေါ့။ သွားခွင့်လည်းရှိတယ်လေ။ အခုဆိုလို့ရှိရင်တော့ မပြောချင်လို့။ မပြောရဲလို့သာ နေမှာပေါ့။ ကြိုက်ချင်မှ ကြိုက်မှာလေ။ ဟိုဟာဆိုရင်တော့ ပြည်သူက ၁၀ယောက်ထဲက သူသွားချင်တဲ့ အမတ်ဆီ သွားလို့ရတယ်။ သူရွေးချင်တဲ့သူ ရွေးလို့ရတယ်။ ပြည်သူအတွက် ပိုပြီတော့တောင် အခွင့်လမ်းများ သွား သေးတယ်။   မေး။  ပီအာကို ဘာကြောင့်မြန်မာနိုင်ငံမှာ သုံးသင့်တယ်လို့ ထင်ရတာလဲ။  ဖြေ။  ။ဒါကတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို အန်ကယ်တို့လေ့လာပြီးတော့မှ ပီအာတင်တယ်ဆိုတာမှန်ပါတယ်။ ဘယ်လို လေ့လာကြည့်သလဲဆိုတော့ ၂၀၁၀ရွေးကောက်ပွဲတုန်းကတော့ လုံးဝတရားမျှတမှုမရှိဘူး။ ဒါကိုအားလုံးသိကြ တယ်။ ၂၀၁၂ကျတော့ အဲလို မဟုတ်ဘူး။ သူ့ဟာနဲ့သူ လွတ်လပ်မှုတရားမျှတမှု ရှိသင့်သလောက်ရှိတယ်လို့ ပြောလို့ရတယ်။ ရွေးကောက်ပွဲတရားမျှတမှုမရှိရင် ရွေးကောက်ပွဲ စနစ်တွေဘာတွေ အန်ကယ်တို့က ပြင်နေစရာမလိုဘူး။ ဒါပေမယ့် ၂၀၁၅ကျရင် ၂၀၁၂တုန်းကလိုပဲ လွတ်လပ်ပြီးတရားမျှတမှု ရှိလိမ့်မယ်လို့ အန်ကယ်တို့ ထင်တယ်။ ၂၀၁၂ထက် မနိမ့်တဲ့အဆင့်မျိုး ရှိလိမ့်မယ်လို့ ထင်တယ်။  အဲဒါကြောင့် အဲဒီအတွက် သေသေချာချာပြင်ဆင်ရမယ်။ ပြင်ဆင်တယ်ဆိုတာ အန်ကယ်တို့ပါတီကို ပြောနေတာမဟုတ်ဘူး။ တရားမျှတမှုရှိပြီး ကျင်းပတဲ့ရွေးကောက်ပွဲသည် ပြည်သူရဲ့ဆန္ဒကို တကယ် ဖော်ပြနိုင်တဲ့နည်းနဲ့မှ ပိုပြီးပြည့်စုံသင့်တော်လိမ့်မယ်လို့ ထင်တယ။်  လိုက်လျောညီထွေလည်း ရှိမယ်။ ဥပမာပြောရရင် မော်တော်ကားတစ်စီး တက်စီးမယ်။ ဒီကားကပျက်နေမယ်။ မောင်းလို့မရဘူးဆို ဘာကားဖြစ်နေနေ ကိစ္စမရှိဘူး။ ဘယ်ကိုမှမရောက်တာ။ ကားအကောင်းဆိုရင်တော့ ရွေးရတော့မယ်။ ဂျစ်ကားနဲ့သွားမလား။ ဗဲန်နဲ့သွားမလား။ မဟုတ်ရင် မာစီဒီးစ်။ အဲဒီလိုပေါ့။ ရှေ့မှာလာမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှုရှိဖို့ အလားအလာရှိနေမှတော့ အဲဒီရွေးကောက်ပွဲရဲ့အနှစ်သာရကို ပိုပြီးပေါ်လွင်အောင်၊ပိုပြီးပြည့်စုံအောင်၊ ပြည်သူတွေအတွက်ပိုပြီး အကျိုးရှိတဲ့ စနစ်မျိုးဖြစ်အောင် စဉ်းစားရတာပေါ့။ ဟိုပါတီကြီးက သူကအများစုထောက်ခံမှုရလို့ အစိုးရဖွဲ့မယ်ဆို ဖွဲ့ပါစေ။ မဖြစ်အောင် လုပ်လို့လဲမရဘူး။ အန်ကယ်တို့ မနာလိုစရာလည်း မရှိပါဘူး။ ဒါပေမယ့် အနည်းစုရဲ့ဆန္ဒကိုလဲ လျစ်လျူရှုလို့ မရဘူးလေ။ အနည်းစုရဲ့ဆန္ဒတွေကိုလည်း ဖော်ထုတ်ခွင့်တော့ ပေးလိုက်ပါ။ ဒါမှလဲ ဒီမိုကရေစီကျမှာပေါ့။ အဲလောက်တော့ သဘောထားကြီးသင့်ပါတယ်။ အာဏာရှင်စနစ်ကျင့်သုံးနေတာမှ မဟုတ်တာ။ ဒါမှလဲ ပါတီစုံဒီမိုကရေစီဆိုတဲ့ စကားနဲ့ ကိုက်ညီမှာပေါ့။   မေး။ ။နောက်ဆုံးမေးခွန်းအနေနဲ့က ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာကိုကျင့်သုံးသင့်တယ်လို့ယူဆပါလား ဖြေ။  ဒါခုနကဖြေတဲ့ထဲမှာလဲ ပါပါတယ်။ ရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်မှတော့ ဒီမိုကရေစီရဲ့ အနှစ်သာရကိုပိုပြီး ပေါ်လွင်စေတဲ့ စနစ်နဲ့သာ ရွေးချယ်တင်မြှောက်သင့်တယ်လို့ ယူဆလို့ကို တင်တာပေါ့။ အန်ကယ်တို့ အစောကြီးကတည်းက ကော်မရှင်ကို ကြိုပြိးတင်ပြထားတာ။ ကျင့်သုံးမယ်ဆိုရင် လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်နိုင် အောင်လို့။ အန်ကယ်တို့ကြားရတယ် ပီအာကို ကျင့်သုံးချင်တဲ့ ရည်ရွယ်ချက် မမှန်ဘူး။ ဒါဆိုရင် မကျင့်သုံးချင်တဲ့ ရည်ရွယ်ချက် မှန်သလား။ ဘာလို့ မကျင့်သုံးချင်ရတာလဲ။ ပီအာဆိုတာ အခုလက်ရှိ ဒီမိုကရေစီအကျဆုံး ရွေးကောက်တင် မြှောက်တဲ့စနစ်။ ကမ္ဘာ့နိုင်ငံပေါင်း (၉၀) ကျော်မှာလဲကျင့်သုံးနေပြီ။ ဒီနိုင်ငံ (၉၀) ကျော်လုံးက ဒီမိုကရေစီ အခြေကျပြီးသား နိုင်ငံတွေမဟုတ်ပါဘူး။ ဒါကြောင့် ဒီမိုကရေစီအခြေမကျသေးလို့ သုံးဖို့မသင့်ဘူးဆို တဲ့ ကန့်ကွက်ချက်တွေဟာ  ရိုးသားမှုရှိရဲ့လားလို့ မေးခွန်းထုတ်စရာပါ။ အများစုထောက်ခံတဲ့သူကတော့ ဘာစနစ် နဲ့ပဲဖြစ်ဖြစ် မဲအများစုရမှာပါပဲ။ ဒါကို အနည်းစုထောက်ခံတဲ့သူရှိလို့ ရမယ့်မဲအနည်းစုကို ခွဲမပေးချင်ဘူးဆိုတာ ဒီမိုကရေစီမဟုတ်တော့ဘူးလေ။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲဟာမှာ ပီအာစနစ်ကို ကျင့်သုံးသင့်တယ် လို့ပြောတာပါ။    သီရိတင်
ဒေါက်တာသန်းငြိမ်းရဲ့ မီဒီယာတွေမှာ ဖော်မပြလိုက်ရတဲ့ ပီအာ အင်တာဗျုးကို ဆရာကို့ ဂုဏ်ပြုသောအားဖြင့် တင်ဆက်လိုက်ပါတယ်။

အင်တာဗျူးသူ-သီရီတင်
ဒီမိုကရေစီမိတ်ဆွေပါတီများက ရွေးကောက်ပွဲစနစ်ကျင့်သုံးရာမှာ အချိုးကျကိုယ်စားပြုမှုစနစ် (Proportional Representation) ကို ပြောင်းလဲကျင့်သုံးဖို့ ရွေးကောက်ပွဲကော်မရှင်ကို စာတင်ခဲ့ကြပါတယ်။ ဒီစနစ်ကိုထောက်ခံမှုထက် ဝေဖန်မှုကန့်ကွက်မှုတွေက အများကြီး ရှိခဲ့ပါတယ်။ အခုလာမယ့် ပထမအကြိမ်လွှတ်တော် သတ္တမအစည်းအဝေးမှာ ဒီပီအာစနစ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးကြပါတော့မယ်။ ၂၀၁၅ရွေးကောက်ပွဲမှာ သုံးဖြစ်မလား၊ မသုံးဖြစ်ဘူးလား။ သုံးသင့်လား၊ မသုံးသင့်ဘူးလား စတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆွေးနွေးချက်တွေ တွေ့ကြရပါတော့မယ်။ ဒါကြောင့် ပီအာကိုစတင်တင်သွင်းခဲ့တဲ့ NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနဲ့ အင်တာဗျူး ပြုလုပ်ဖြစ်ခဲ့ပါတယ်။

မေး။ ပထမဆုံးအနေနဲ့ အန်ကယ်တို့ဘာကြောင့် ပီအာစနစ်ကိုတင်သွင်းရတာလဲဆိုတာလေး သိချင်ပါတယ်။ ရည်ရွယ်ချက်ပေါ့။
ဖြေ။ ပီအာကိုဘာဖြစ်လို့တင်ရသလဲဆိုတာကတော့ အန်ကယ်တို့က အခု ၂၀၁၀ ကာလကနေပြီးတော့ ဖြတ်သန်းလာ ခဲ့တဲ့မြန်မာ နိုင်ငံရဲ့နိုင်ငံရေးဟာ ဒီမိုကရေစီခေတ်ကို သွားတဲ့နိုင်ငံရေးဖြစ်တယ်။ ဒီမိုကရေစီခေတ်ပြောင်းနိုင်ငံရေးပေါ့။ ခေတ်ပြောင်းနိုင်ငံရေးဆို
တော့ အန်ကယ်တို့က ဒီမိုကရေစီပေါ်မှာ သေချာသုံးသပ်ဖို့လိုလာပြီ။ အရင်ကစစ်အစိုးရခေတ်မှာကျတော့ ဒီမိုကရေစီဆိုတာ တစ်လုံးတည်းပြောလိုက်ရင် ပြည့်စုံတယ်။ ကျုပ်တို့ ဒီအာဏာရှင်စနစ်ကို လက်မခံဘူး။ ဒီမိုကရေစီအတွက် ကျုပ်တို့လုပ်နေတယ်။ ဒီမိုကရေစီကို တောင်းဆိုမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ အခြေခံအားဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ အခုတော့ မဟုတ်တော့ဘူး။ ဒီမိုကရေစီက တကယ်လုပ်ကြရတော့မယ်ဆိုတော့ ဒီမိုကရေစီရဲ့အသွင်လက္ခဏာတွေဟာ ဘာတွေလဲ။ ဒီမိုကရေစီရဲ့အရေးကြီးတဲ့ အချက်တွေဟာဘာတွေလဲ။ဒီမိုကရေစီမှာ ဘာတွေကိုဖြည့်ဆည်းကြရမလဲ။ အဲဒါတွေကိုပါ အန်ကယ်တို့က စဉ်းစားလာရတယ်။ အဲဒါကြောင့် အန်ကယ်တို့ကြည့်လိုက်တဲ့အခါ ဒီမိုကရေစီရဲ့ရွေးကောက်ပွဲ စနစ်တစ်ခုဟာ ဒီမိုကရေစီရဲ့အနှစ်သာရကို ဖော်ဆောင်တဲ့အခါ အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကို တွေ့ရတယ်။ ဒါက လေ့လာလိုက်တဲ့အခါကြတော့ အန်ကယ်တို့လဲပါရဂူတွေ မဟုတ်ပါဘူး။ နိုင်ငံခြားမှာ ဒီမိုကရေစီနိုင်ငံ တွေမှာ ဘာတွေလုပ်နေကြသလဲ။ အရင်က ကိုယ်ဖြတ်သန်းလာရတဲ့ အတွေ့ကြုံက ဘာတွေရှိသလဲ။ အဲဒါတွေကို ကြည့်ပြီးတော့မှ။ ဒီရွေးကောက်ပွဲစနစ်မှာ အဓိကအားဖြင့် နှစ်ခုဖြစ်တဲ့ များရာကိုအနိုင်ပေးတဲ့ FPTP စနစ်နဲ့ အချိုးကျ PRစနစ် ဒီစနစ် နှစ်ခုရဲ့အားပြိုင်တာကို တွေ့ရတယ်။ တွေ့တဲ့အခါကျတော့ ဘယ်ဟာက တို့နိုင်ငံနဲ့ကိုက်မလဲ။ ဒီမိုကရေစီ ရဲ့နှုန်းစံ တွေနဲ့ ဘယ်ဟာက ပိုပြည့်စုံသလဲ။ စဉ်းစားတဲ့အခါမှာ ပီအာစနစ်ကို အလေးသာတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံ ဒီမိုကရေစီစတဲ့အခါမှာ ရွေးကောက်ပွဲစနစ်ပြင်လိုက်ရင် ပိုပြီးကောင်းမယ်။ အစကောင်းမှအနှောင်းသေချာမယ်ဆိုပြီး တင်လိုက်တာပါ။

မေး။ ပီအာစနစ်ကြောင့်အစွန်းရောက်တွေ၊ လွှတ်တော်ထဲရောက်လာမယ်။ ပါတီအများကြီး လွှတ်တော်ထဲမှာ ရှိနေတဲ့အတွက်ကြောင့် ညွှန့်ပေါင်းတွေဖြစ်လာပြီး ဒီမိုကရေစီခရီးကို နှေးစေနိုင်မလား။
ဖြေ။ အဲဒါကတော့ ညွှန့်ပေါင်းဆိုတာကတော့ လိုအပ်ရင်တော့ဖွဲ့ရမှာပဲ။ ပီအာလုပ်တိုင်းလဲ ညွှန့်ပေါင်း လုပ်မယ်လို့မဟုတ်ပါဘူး။ ပီအာမဟုတ်ဘဲလည်း ညွှန့်ပေါင်းဖွဲ့ချင်ဖွဲ့မှာပဲ။ ဥပမာ….. ဒီပါတီကြီးတစ်ခုက ၅၀%ကျော်တဲ့ ထောက်ခံမှု ကိုရတယ်ဆိုရင် ဘာမှညွန့်ပေါင်းဖွဲ့စရာမလိုဘူး။ အဲလောက်မှ မရဘူးဆိုရင် တခြား ပါတီတွေနဲ့ညှိနှိုင်းရမယ် ဆိုတဲ့အခါကျမှ ညွန့်ပေါင်းဖြစ်လာတယ် မဟုတ်ဘူးလား။ ဒီတော့ ညွန့်ပေါင်းဖွဲ့ပြီဆိုကတည်းက ဒီပါတီဟာ ပြည်သူလူထုရဲ့အများစု ထောက်ခံမှုကြီးကို မရလို့ဖြစ်ရတာပေါ့။ ဒါကြောင့် ဒီညွန့်ပေါင်းဖြစ်လာပြီဆိုက တည်းက ပေါင်းလိုက်တဲ့အခါမှာ ပေါင်းထားတဲ့ပါတီတွေရဲ့ထောက်ခံမှုတွေက အများစုဖြစ်သွားတာပေါ့။ အများစုမို့ ညွန့်ပေါင်းက အစိုးရလုပ်လို့ရတာပေါ့။ ဒါဆိုအများစုရဲ့သဘောထားကို လိုက်နာရမှာပဲလေ။ အဲဒါမှသာလျှင်ဒါ ဒါဒီမိုကရေစီ ရဲ့အနှစ်သာရပဲလေ။

မေး။ အချိုးကျခွဲရတယ်ဆိုတော့ အစွန်းရောက်တွေ။ ခေတ်နောက်ပြန်ဆွဲလိုသူတွေ လွှတ်တော်ထဲ ရောက်မလာ နိုင်ဘူးလား။
ဖြေ။ ။ လွှတ်တော်ထဲရောက်တယ်ဆိုတာက ဒါက ဒီတိုင်းကြီး လွှတ်တော်ထဲကို သွားလည်ရင်တော့ ရောက်ချင်ရောက်မှပေါ့။ (ရယ်လျှက်) ဒီလိုမှမဟုတ်ရင်တော့ ပြည်သူက မထောက်ခံရင်ရောက်စရာမရှိဘူး။ ပြည်သူက အစွန်းရောက်ကိုထောက်ခံရင်တော့ ရောက်လာမှာပေါ့။ သို့သော်လည်း အများစုကတော့ အစွန်းရောက်တွေကို မထောက်ခံပါဘူး။ အစွန်းရောက်ဆိုကတည်းကိုက အစွန်းမှာပဲရောက်နေမှတော့ အများစုက ဘယ်ထောက်ခံမလဲ။ ဒါပေမယ့် အနည်းအကျင်းကတော့ ပီအာစနစ်အောက်မှာ ၀င်လာနိုင်သလားဆိုရင် ၀င်ချင်လည်း ၀င်လာနိုင်တာပဲ။ အဲ့ဒီလိုပြောကြကြေးဆိုလို့ရှိရင်တော့ ပီအာစနစ်မှာ အဲ့ဒီလိုမျိုးကို တားဆီးတဲ့ အကာအကွယ် ပေးထားတဲ့ အချက်လည်း ရှိတယ်။ ပီအာစနစ်အောက်မှာ ၀င်ပြိုင်တဲ့ပါတီတိုင်း လွှတ်တော်ထဲမရောက်ဘူး။ ၀င်ပြိုင်တဲ့ပါတီတိုင်း အမတ်နေရာမရဘူး။ သူ့မှာအနိမ့်ဆုံး သတ်မှတ်ချက်တွေ ရှိတယ်။ တချို့နိုင်ငံတွေဆိုလို့ရှိရင် ခုနလို အစွန်းရောက်တွေရဲ့အန္တရာယ်ရှိတယ်ဆိုရင် ဒီအနိမ့်ဆုံးမဲဆိုတဲ့ သတ်မှတ်ချက်ကို ဥပမာအနည်းဆုံး ၁၀% လို့သတ်မှတ်မယ်။ အထူးသဖြင့် ဥပမာ တူရကီလိုနိုင်ငံမျိုးပေါ့။ တူရကီမှာ Kurd လို့ခေါ်တဲ့ အစွန်းရောက်လို့ သတ်မှတ်ထားတာတွေရှိတယ်။ သူတို့မ၀င်နိုင်အောင် ၁၀%အနည်းဆုံး မရရင် လွှတ်တော်အမတ်မဖြစ်နိုင်ဘူးလို့ ကန့်သတ်ထားတော့ ဒီ Kurd တွေကို ၁၀% မထောက်ခံဘူးဆိုရင် မဖြစ်နိုင်တော့ဘူးပေါ့။ တချို့နိုင်ငံတွေလဲ ၅%။ အဲလိုပြဿနာတွေ မရှိဘူးဆိုရင်တော့ အနည်းဆုံး ၂%လောက် သတ်မှတ်ထားကြပါတယ်။ တစ်မဲရတိုင်း လွှတ်တော်ကိုယ်စားလှယ်မဖြစ်ပါဘူး။

မေး။ ဂျာမဏီကဟစ်တလာလို အာဏာရှင်တွေပေါ် မလာ နိုင်ဘူးလား။
ဖြေ။ အဲဒါပြောချင်နေတာကြာပြီ။ ဘာအထောက်အထားနဲ့ ပြောတာလဲမသိဘူး။ အန်ကယ်တို့ပဲလေ့လာအား လိုတာလား မသိဘူးပေါ့နော်။ အန်ကယ်သိသလောက်ဆိုရင်တော့ မဟုတ် ပါဘူး။ အန်ကယ်တို့ဖတ်တဲ့ထဲမှာ ပီအာဆိုတာ တစ်လုံးမှမပါဘူး။ ရွေးကောက်ပွဲလို့ပဲပါတာ။ ပြီးတော့တကယ်ပြောကြကြေးဆိုရင် ဂျာမဏီလိုနိုင်ငံမျိုးမှာ ဟစ်တလာအာဏာရလာတယ်ဆိုတာ အကြောင်းချက်တွေ အများကြီးရှိတယ်။ အများကြီးရှိတယ်နော်။ ဥပမာဆိုပါတော့….. ဂျာမဏီဟာ ပထမ္ဘာစစ်မှာ စစ်ရှုံးတယ်။ စစ်လျော်ကြေးတွေ အများကြီးပေးရတယ်။ တိုင်းပြည်က တစ်ခါတည်း စုတ်ပြတ်သွားတယ်။ မွဲသွားတယ်။ ငွေကြေးဖောင်း ပွမှု တွေဆိုတာ ရာခိုင်နှုန်းတစ်သန်းလောက်ထိ ရှိတယ်။ လူတွေက အလုပ်လက်မဲ့တွေဖြစ်။ ကုန်ဈေးနှုန်းတွေကတက်။ အဲဒီအချိန်မျိုးမှာ မကျေနပ်မှုတွေပေါ့။ စစ်ရှုံးထားလို့ဒေါသဖြစ်နေ ရတဲ့ကြားထဲမှာ အခက်အခဲတွေကြုံရတဲ့အခါကျတော့ ဟစ်တလာတို့က ဟောပြောနေဟာတွေက….အဲဒါတွေက ဒီကောင်တွေကြောင့်ဖြစ်တာ။ အစိုးရကနေ အလျော့ပေးလို့ ဖြစ်ရတာ။ ဒီကောင်တွေက ကိုယ့်နိုင်ငံကိုယ် နောက်ကျောဓါးနဲ့ ထိုးတဲ့ကောင်တွေ။ အဲလို ဆွပေးပြီးတော့ လူထုကိုစည်းရုံးယူတာ။ နောက်တစ်ခါ လူငယ်တွေကိုစည်းရုံးတာ။ လူငယ်ဆိုတော့ သွေးကကြွတယ်။ စည်းရုံးလို့လွယ်တယ်။ အဲဒါကနေ ရှပ်ညိုတို့ဘာတို့ ဖြစ်လာတာ။ နောက်ရွေးကောက် ပွဲဆို တရုန်းရုန်းပေါ့။ လူတွေကို တခါတည်းကြောက်လန့်အောင် လုပ်ဘာညာပေါ့။ အဲလိုနည်းနဲ့ လုပ်သွားတဲ့အခါကျတော့ တိုင်းပြည်ရဲ့အခြေနေနဲ့ လူတွေရဲ့ စိတ်ဓါတ်နဲ့က ဟစ်တလာကို အထင်ကြီးဖြစ်သွားတာ။ ဒါနိုင်ငံရေးအရ ဒီထက်လေ့လာရင် ပြောစရာတွေ အများကြိးရှိတယ်။ အဲဒီအခြေနေကြောင့် သာလျှင်ဖြစ်တာကိုး။ အဲဒါကို ဒီမဲပေးတဲ့စနစ်လေးကြောင့်သာ ဖြစ်တယ်ဆိုရင် အဲဒီပြောတဲ့သူဟာ နိုင်ငံရေးကို ဘာမှသိပ်ပြီးတော့ နားမလည်တဲ့သူလို့ပဲပြောချင်ပါတယ်။

မေး။ ပီအာစနစ်ဟာ ဒီမိုကရေစီမှာအခြေကျပြီးသားနိုင်ငံတွေမှာသာကျင့်သုံး သင့်တာဟုတ်ပါသလား။ ဒီမိုကရေစီ လမ်းကိုစလျှောက်တဲ့ မြန်မာနိုင်ငံအတွက် သင့်တော်ပါ့မလား။
ဖြေ။ ။ ဒါကတော့ ခက်တာက ဒီလိုလေ။ ဒီမိုကရေစီအခြေကျထားမှပဲ လုပ်လို့ရမယ်ဆိုရင် မဟုတ်တော့ဘူး ထင်တယ်။ မဆိုင်ပါဘူး။ ခုပဲ ကိုယ်တို့နိုင်ငံဘေးမှာဆို။ ကိုယ်တို့နဲ့ အဆင့်တန်းဘာမှမကွာတဲ့ နိုင်ငံတွေမှာလုပ်နေတာပဲ။ ဥပမာ နီပေါဆို တောင်ပေါ်နိုင်ငံလေး။ နောက်သိရိလင်္ကာ၊ အိန္ဒိယ၊အိန္ဒိယဆိုလဲ နိုင်ငံကြီးဆိုပေမယ့် သူတို့လဲပြဿနာတွေအများကြီးနဲ့။ သူတို့အထက်လွှတ်တော်မှာဆို ပီအာနဲ့ရွေးကောက် တင်မြှောက်တာပဲ။ နောက်ထိုင်း၊ ကမ္ဘောဒီးယား။ အင်ဒိုနီးရှားတို့ ။ အဲလိုနိုင်ငံတွေတောင်မှ လုပ်နေတာပဲလေ။ နောက်ဆုံးကုန်ကုန်ပြောရမယ်ဆိုလို့ရှိရင်ကွာ လစ်ဗျားပေါ့။ လစ်ဗျားဆို အာဏာရှင်စနစ်အောက်မှာ အကြာကြီး နေခဲ့ရတယ်။ လွတ်လွတ် ချင်းစသုံးတဲ့ ပထမဆုံးရွေးကောက်ပွဲမှာ ပီအာသုံးသွားတာပဲလေ။ အဲတော့ ဒီပီအာဆိုတာ ဒီမိုကရေစီအခြေကျမှဆိုတာ မဟုတ်ဘူး။ ပီအာဆိုတာ ဒီမိုကရေစီ Trend တစ်ခုပဲ။ အရင်က ဆိုရှယ်လစ်မှဆိုရှယ်လစ်။ နောက် ဒီမိုကရေစီ။ အခုဒီမိုကရေစီမှာမှ ဒီမိုကရေစီအကျဆုံးဖြတ်တဲ့ ပီအာကို ပြောင်းလဲကျင့်သုံးလာကြတယ်။ ဒီမိုကရေစီဆိုတာဘာလဲ။ လူထုကအုပ်ချုပ်တာ။ အနိုင်ရသူအကုန် ယူသွားတာထက် အချိုးကျခွဲဝေယူတာက ပိုပြီးဒီမိုကရေစီမကျဘူးလားဆိုပြီး ရွေးကောက်တင်မြှောက်ပုံကို ဆန်းသစ်လာကြရင်း ပီအာဖြစ်လာတာပဲ။ ဒါက ဒီမိုကရေစီ အခြေကျတာ မကျတာထက် ဒီမိုကရေစီ Trend တစ်ခုလို့ပဲ ပြောချင်ပါတယ်။ အဲ့ဒီတော့ လုပ်လို့ရပါတယ်။ ဘာလို့မရရမှာလဲ။

မေး။ ။ပီအာစနစ်နဲ့ရွေးကောက်တင်မြှောက်လိုက်ရင် အများစုနိုင်ပါတီအနေနဲ့ အမတ်၇၅%မရတဲ့အတွက် အခြေခံဥပဒေပြင်ဆင်ဖို့ ခက်သွားမလား။
ဖြေ။ ဟ……အခုရော သူတို့မခက်ဘူးလား။ FPTP သုံးလို့ ၇၅% ရတောင် ပြင်လို့မရသေးဘူးလေ။ အဲဒီတော့ ဒီလောက် အများကြီး လိုချင်တာ အခြေခံဥပဒေပြင်ချင်လို့လား။ အာဏာကို ထူထောင်ချင်လို့လားတောင် မေးစရာဖြစ်နေပြီ။

မေး။ ပီအာစနစ်ကိုကျင့်သုံးဖို့ လူထုဆန္ဒခံယူသင့်ပါသလား။
ဖြေ။ ဒီရွေးကောက်ပွဲစနစ်ဆိုတာ ရှင်းရှင်းပြောရရင် အခြေခံဥပဒေထဲမှာ သတ်မှတ်ထားတာမရှိဘူး။ ဘာစနစ်နဲ့ ရွေးကောက်ပွဲကျင့်သုံးပါ ဆိုတာ ပြောမထားဘူး။ နောက်တစ်ခုက လူထုဆန္ဒခံယူရမယ်တို့ ဘာတို့ဆိုတာ FPTP ကရော လူထုဆန္ဒခံယူခဲ့လို့လား။ ရွေးကောက်ပွဲစနစ် အကုန်လုံး က လူထုဆန္ဒခံယူတာ မရှိပါဘူးနော်…..။ ၄၇လဲမရှိဘူး။ အင်္ဂလိပ်လက်ထက်ကလဲ မရှိပါဘူး။

မေး။ ။ ပီအာစနစ်ကျင့်သုံးခဲ့ရင် လွှတ်တော်အမတ် လောင်း တွေဟာ လူထုထက် ပါတီခေါင်းဆောင်တွေကို ပိုပြီး သစ္စာခံနေရမှာလား။
ဖြေ။ အဲဒါကတော့ အန်ကယ်ထင်တယ်။ အဲဒါက ရွေးကောက်ပွဲစနစ်နဲ့တောင် သိပ်မဆိုင်ဘူးထင်တယ်။ (ရယ်လျှက်) ဒီနေ့ FPTP မှာလည်းဒီလိုပဲလေ။ လွှတ်တော် ကိုယ်စားလှယ်ဆိုပြီးတော့ ချပေးလိုက်တယ်။ ဘယ်သူက ချပေးလိုက်လဲ။.ပါတီကပဲချပေးလိုက်တာပဲ။ ပါတီခေါင်း ဆောင်က နေချပေးလိုက်တာပဲလေ။ သူတို့ကချပေးလိုက် တာ မကျေနပ်ဘူးဆို မပေးယုံပဲရှိတာပဲ။ နောက်ရသွားခဲ့ရင် သူလုပ်တဲ့အလုပ်တွေကြည့်ပြီး နောက်တစ်ကြိမ်အတွက် စဉ်းစားပြီး ချပေးယုံပဲ။ ပီအာမှာလဲ ဒီလိုပဲလေ။ ပါတီကရွေးပြီး ချပေးလိုက်တာပဲ။ ဒါပေမယ့် ပါတီက လူထုမယုံကြည်ရတဲ့သူတွေ ရွေးပြီးချပေးရင် လူထုက ဘယ်မဲထည့်မလဲ။ လူထုက ယုံကြည်ကိုးစားလောက်တဲ့ လူတွေကိုပဲ ရွေးချယ်ရမှာပေါ့။ နောက်ဒီစနစ်က ပါတီတွင်းမှာကို အရင်ပြိုင်ရဦးမယ်။ ပါတီရဲ့စဉ်းမျဥ်းစည်းကမ်းအရ အရင်ရွေးချယ်ရဦးမယ်။ အန်ကယ်တို့ပါတီမှာတော့ အဲလိုပဲလုပ်တယ်။ ခေါင်းဆောင်တစ်ယောက်တည်းကနေ ဒီလူဒီလူတွေ အမတ်လောင်း စာရင်းထဲ ထည့်လိုက်ပါဆိုပြီး လုပ်လို့မရဘူး။ အဲဒါမျိုးကို လက်ခံတဲ့ပါတီမျိုး အန်ကယ်တို့မဟုတ်ဘူး။

မေး။ အန်ကယ်ပြောဖူးတယ်။ ပီအာကိုသုံးမယ်ဆို မဲဆန္ဒနယ်တွေပေါင်းပြီး လုပ်ရမယ်လို့လေ။ အဲခါကျတော့ အမတ်တွေဟာ မြို့နယ်တစ်ခုဆီကို ကိုယ်စားမပြုတဲ့အခါ လူထုနဲ့ဆက်နွှယ်မှု လျော့နည်းသွားနိုင်မလား။
ဖြေ။ ဒါကတော့.နည်းနည်းတော့ဖြစ်နိုင်တာပေါ့နော်။ ဒါပေမယ့် တကယ်တမ်းဒီနေ့ အခြေနေတွေကို ကြည့်တဲ့ အခါကျတော့ …..ပြည်သူလူထုက သူ့အတွက်လုပ်ပေးတဲ့သူဆီ သွားတာပဲ။ ဥပမာဆိုလို့ရှိရင် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဇင်။ သူဆို ပုဇွန်တောင်ကနေ အရွေးခံရတယ်။ သူ့ဆို ပြည်သူတွေအတွက် ကြိုးစားပမ်းစား လုပ်ပေးတယ် လို့မြင်ကြတော့ တစ်နိုင်ငံလုံးက သူ့ဆီရောက်လာကြတာပဲ။ ဟိုး မြ၀တီကလဲတယ်။ ပဲခူးကလာတယ်။ မြောင်းမြကလာတယ်။ မကွေးကလာတယ်။ ကချင်ကလည်းလာတယ်။ အဲတော့..ခုနပြောသလိုပေါ့။ ဒီမဲဆန္ဒနယ်တစ်ခုမှာ ၁၀ ယောက် ရွေးတယ်။ ဒါဆိုပြည်သူက ရွေးချယ်လို့ရသွားပြီ လေ။ ဘယ်သူက ငါ့အတွက်လုပ်ပေးတာလဲ။ ဘယ်သူကတော့ လှည့်တောင်မကြည့်ဘူးလဲ။ သူ့အတွက် လုပ်ပေးတဲ့လူဆီ သွားမှာပေါ့။ သွားခွင့်လည်းရှိတယ်လေ။ အခုဆိုလို့ရှိရင်တော့ မပြောချင်လို့။ မပြောရဲလို့သာ နေမှာပေါ့။ ကြိုက်ချင်မှ ကြိုက်မှာလေ။ ဟိုဟာဆိုရင်တော့ ပြည်သူက ၁၀ယောက်ထဲက သူသွားချင်တဲ့ အမတ်ဆီ သွားလို့ရတယ်။ သူရွေးချင်တဲ့သူ ရွေးလို့ရတယ်။ ပြည်သူအတွက် ပိုပြီတော့တောင် အခွင့်လမ်းများ သွား သေးတယ်။

မေး။ ပီအာကို ဘာကြောင့်မြန်မာနိုင်ငံမှာ သုံးသင့်တယ်လို့ ထင်ရတာလဲ။
ဖြေ။ ။ဒါကတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို အန်ကယ်တို့လေ့လာပြီးတော့မှ ပီအာတင်တယ်ဆိုတာမှန်ပါတယ်။ ဘယ်လို လေ့လာကြည့်သလဲဆိုတော့ ၂၀၁၀ရွေးကောက်ပွဲတုန်းကတော့ လုံးဝတရားမျှတမှုမရှိဘူး။ ဒါကိုအားလုံးသိကြ တယ်။ ၂၀၁၂ကျတော့ အဲလို မဟုတ်ဘူး။ သူ့ဟာနဲ့သူ လွတ်လပ်မှုတရားမျှတမှု ရှိသင့်သလောက်ရှိတယ်လို့ ပြောလို့ရတယ်။ ရွေးကောက်ပွဲတရားမျှတမှုမရှိရင် ရွေးကောက်ပွဲ စနစ်တွေဘာတွေ အန်ကယ်တို့က ပြင်နေစရာမလိုဘူး။ ဒါပေမယ့် ၂၀၁၅ကျရင် ၂၀၁၂တုန်းကလိုပဲ လွတ်လပ်ပြီးတရားမျှတမှု ရှိလိမ့်မယ်လို့ အန်ကယ်တို့ ထင်တယ်။ ၂၀၁၂ထက် မနိမ့်တဲ့အဆင့်မျိုး ရှိလိမ့်မယ်လို့ ထင်တယ်။ အဲဒါကြောင့် အဲဒီအတွက် သေသေချာချာပြင်ဆင်ရမယ်။ ပြင်ဆင်တယ်ဆိုတာ အန်ကယ်တို့ပါတီကို ပြောနေတာမဟုတ်ဘူး။ တရားမျှတမှုရှိပြီး ကျင်းပတဲ့ရွေးကောက်ပွဲသည် ပြည်သူရဲ့ဆန္ဒကို တကယ် ဖော်ပြနိုင်တဲ့နည်းနဲ့မှ ပိုပြီးပြည့်စုံသင့်တော်လိမ့်မယ်လို့ ထင်တယ။် လိုက်လျောညီထွေလည်း ရှိမယ်။ ဥပမာပြောရရင် မော်တော်ကားတစ်စီး တက်စီးမယ်။ ဒီကားကပျက်နေမယ်။ မောင်းလို့မရဘူးဆို ဘာကားဖြစ်နေနေ ကိစ္စမရှိဘူး။ ဘယ်ကိုမှမရောက်တာ။ ကားအကောင်းဆိုရင်တော့ ရွေးရတော့မယ်။ ဂျစ်ကားနဲ့သွားမလား။ ဗဲန်နဲ့သွားမလား။ မဟုတ်ရင် မာစီဒီးစ်။ အဲဒီလိုပေါ့။ ရှေ့မှာလာမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှုရှိဖို့ အလားအလာရှိနေမှတော့ အဲဒီရွေးကောက်ပွဲရဲ့အနှစ်သာရကို ပိုပြီးပေါ်လွင်အောင်၊ပိုပြီးပြည့်စုံအောင်၊ ပြည်သူတွေအတွက်ပိုပြီး အကျိုးရှိတဲ့ စနစ်မျိုးဖြစ်အောင် စဉ်းစားရတာပေါ့။ ဟိုပါတီကြီးက သူကအများစုထောက်ခံမှုရလို့ အစိုးရဖွဲ့မယ်ဆို ဖွဲ့ပါစေ။ မဖြစ်အောင် လုပ်လို့လဲမရဘူး။ အန်ကယ်တို့ မနာလိုစရာလည်း မရှိပါဘူး။ ဒါပေမယ့် အနည်းစုရဲ့ဆန္ဒကိုလဲ လျစ်လျူရှုလို့ မရဘူးလေ။ အနည်းစုရဲ့ဆန္ဒတွေကိုလည်း ဖော်ထုတ်ခွင့်တော့ ပေးလိုက်ပါ။ ဒါမှလဲ ဒီမိုကရေစီကျမှာပေါ့။ အဲလောက်တော့ သဘောထားကြီးသင့်ပါတယ်။ အာဏာရှင်စနစ်ကျင့်သုံးနေတာမှ မဟုတ်တာ။ ဒါမှလဲ ပါတီစုံဒီမိုကရေစီဆိုတဲ့ စကားနဲ့ ကိုက်ညီမှာပေါ့။

မေး။ ။နောက်ဆုံးမေးခွန်းအနေနဲ့က ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာကိုကျင့်သုံးသင့်တယ်လို့ယူဆပါလား
ဖြေ။ ဒါခုနကဖြေတဲ့ထဲမှာလဲ ပါပါတယ်။ ရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်မှတော့ ဒီမိုကရေစီရဲ့ အနှစ်သာရကိုပိုပြီး ပေါ်လွင်စေတဲ့ စနစ်နဲ့သာ ရွေးချယ်တင်မြှောက်သင့်တယ်လို့ ယူဆလို့ကို တင်တာပေါ့။ အန်ကယ်တို့ အစောကြီးကတည်းက ကော်မရှင်ကို ကြိုပြိးတင်ပြထားတာ။ ကျင့်သုံးမယ်ဆိုရင် လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်နိုင် အောင်လို့။ အန်ကယ်တို့ကြားရတယ် ပီအာကို ကျင့်သုံးချင်တဲ့ ရည်ရွယ်ချက် မမှန်ဘူး။ ဒါဆိုရင် မကျင့်သုံးချင်တဲ့ ရည်ရွယ်ချက် မှန်သလား။ ဘာလို့ မကျင့်သုံးချင်ရတာလဲ။ ပီအာဆိုတာ အခုလက်ရှိ ဒီမိုကရေစီအကျဆုံး ရွေးကောက်တင် မြှောက်တဲ့စနစ်။ ကမ္ဘာ့နိုင်ငံပေါင်း (၉၀) ကျော်မှာလဲကျင့်သုံးနေပြီ။ ဒီနိုင်ငံ (၉၀) ကျော်လုံးက ဒီမိုကရေစီ အခြေကျပြီးသား နိုင်ငံတွေမဟုတ်ပါဘူး။ ဒါကြောင့် ဒီမိုကရေစီအခြေမကျသေးလို့ သုံးဖို့မသင့်ဘူးဆို တဲ့ ကန့်ကွက်ချက်တွေဟာ ရိုးသားမှုရှိရဲ့လားလို့ မေးခွန်းထုတ်စရာပါ။ အများစုထောက်ခံတဲ့သူကတော့ ဘာစနစ် နဲ့ပဲဖြစ်ဖြစ် မဲအများစုရမှာပါပဲ။ ဒါကို အနည်းစုထောက်ခံတဲ့သူရှိလို့ ရမယ့်မဲအနည်းစုကို ခွဲမပေးချင်ဘူးဆိုတာ ဒီမိုကရေစီမဟုတ်တော့ဘူးလေ။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲဟာမှာ ပီအာစနစ်ကို ကျင့်သုံးသင့်တယ် လို့ပြောတာပါ။
သီရိတင်

လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၄)

$
0
0



December 26, 2012 at 8:41pm
၁၈၈၀ ပြည့်နှစ်လွန်များတွင် အင်္ဂလိပ်လူမျိုးတွေးခေါ်ပညာရှင်
 သောမတ်စ် ဟေးလ်ဂရင်း (Thomas Hill Green)က ဂန္ထ၀င်လစ်ဘရယ်ဝါဒီများယုံကြည်သော စီးပွားရေးတွင် အစိုးရပါဝင်ပတ်သက်မှုကို ကန့်သတ်ရေးသဘောတရားကို ပြန်လည် ပြင်ဆင် ခဲ့သည်။ မော်ဒန်လစ်ဘရယ်တို့က စီးပွားရေးကဏ္ဍတွင် အစိုးရ၀င်ရောက်ပေးခြင်းဖြင့် လူမှုရေးမျှတမှုကိုတောင်းဆိုသည်။ဤသို့ အတိုင်းအဆမဲ့စီးပွားရေးတိုးတက်မှုကို ကန့်သတ်ခြင်းဖြင့် လွတ်လပ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရာရောက်သည်ဟု ယုံကြည်သည်။ ဆိုလိုသည့်သဘောမှာလူ့အဖွဲ့အစည်း၏လွတ်လပ်မှုကို ထိခိုက်မည်ဆိုပါက လူနည်းစု၏ စီးပွားရေးလွတ်လပ်မှုကို လျှော့ရမည်ဖြစ်သည်။


ဤနေရာတွင် မော်ဒန်လစ်ဘရယ်တို့အနေဖြင့် ဈေးကွက်နှင့်အစိုးရအကြားမျှခြေကို မည်မျှကျယ်ပြန့်အောင်ထားမည်ဆိုသည့်အပေါ် မူတည်၍ စီးပွားရေးလစ်ဘရယ်များ (Economic Liberals)နှင့် လူမူရေးလစ်ဘရယ်များ(Social Liberals)ဟူ၍ ကွဲပြားသွားပြန်ပါသေးသည်။ စီးပွားရေးလစ်ဘရယ် (Economic Liberal)အား ဂန္ထ၀င်
လစ်ဘရယ်(Classic Liberal)နှင့် ထင်မှတ်မှားစရာရှိသော်လည်း၊အမှန်တစ်ကယ်အားဖြင့် တူညီမှုမရှိပါ။ ဂန္ထ၀င်လစ်ဘရယ်တို့ကလွတ်လပ်ဈေးကွက်ကို ရည်ရွယ်သော်လည်း ဈေးကွက်မှရရှိသောအကျိုးအမြတ်ကို လူမှုရေးအလို့ငှာ ၀င်ငွေပြန်လည်စီးဆင်းခြင်းနှင့် အစိုးရပါဝင်ပတ်သက်ခြင်းတို့အား အလျင်းအလိုမရှိပေ။ စီးပွားရေးလစ်ဘရယ်တို့က ထိုသို့ဝင်ငွေပြန်လည်ဖြန့်ဖြူးခြင်းကို လက်ခံပြီး၊ဈေးကွက်ကို အစိုးရ၀င်ရောက်စွက်ဖက်မှုအားချိန်ညှိသည့်သဘောသာဖြစ်ပါသည်။ လူမှုရေးလစ်ဘရယ်တို့မှာ အစိုးရက ဈေးကွက်၏ရလဒ်အား ထိန်းကျောင်းပြီး၊ လူထုသက်သာချောင်ချိရေး များ ပြုလုပ်ခြင်းကို နှစ်သက်ကြသည်။ ဥပမာအားဖြင့်- ချမ်းသာကြွယ်ဝသည့်လုပ်ငန်းရှင်များအား အခွန်ပိုမိုစည်းကြပ်ကာ၊ ဆင်းရဲသူအလုပ်သမားလူတန်းစားတို့အား အခွန်လျှော့ပေါ့ပေးခြင်းဖြင့်လူမှုရေးမျှတမှု၊ လူတန်းစားကွာဟမှုကို လျှော့ချရာရောက်သည့်အပြင်၊ ထိုအခွန်ငွေများအား လူမှုဖူလုံရေးလုပ်ငန်းများတွင် ၀င်ငွေပြန်လည်ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။ ယင်းကို ၀င်ငွေအရအခွန်ခွဲဝေစည်းကြပ်ခြင်း(Redistributive Taxation)ဟု ခေါ်သည်။  ဂန္ထ၀င်လစ်ဘရယ်တို့က ဆိုရှယ်လစ်ဘရယ်ကို လစ်ဘရယ်ဝါဒအဖြစ်အသိအမှတ်မပြုကြ။ တစ်ပါးသူ၏ အားထုတ်မှုဖြင့်ရရှိလာသောအကျိုးအမြတ်အပေါ် အစိုးရက အခွန် စည်းကြပ်ကောက်ခံကာခွဲဝေပေးခြင်းသည် တရားမျှတမှုမရှိဟု ယူဆကြသည်။

ဆိုရှယ်လစ်ဘရယ်ဝါဒ (Social Liberalism)ကို စတင်သယ်ဆောင်လာသူမှာ မော်ဒန်လစ်ဘရယ်များ (Modern Liberal)များ ဖြစ်သည်။ဆိုရှယ်လစ်ဘရယ်၏ အခြားအမည်ကွဲများမှာ လစ်ဘရယ်ဝါဒသစ်(New Liberalism)၊ ထို့နောက်တွင် Radical Liberalismဟူ၍လည်းခေါ်ကြပါသေးသည်။ သို့ရာတွင် အများအား
ဖြင့်လစ်ဘရယ်ဝါဒ(Liberalism)ဟုသာ သုံးနှုန်းလေ့ရှိပါသည်။ ယနေ့သုံးနှုန်းနေသောလစ်ဘရယ်ဝါဒ (Liberalism)ဆိုသည်မှာ မော်ဒန်လစ်ဘရယ်ဝါဒ(Modern Liberalism)ကို ရည်ညွှန်းခြင်းသာဖြစ်ပါသည်။ ဂန္ထ၀င်လစ်ဘရယ်ဝါဒ (Classic Liberalism)နှင့် မသက်ဆိုင်ပါ။

လစ်ဘရယ်တို့ယုံကြည်သောပုဂ္ဂလိကလူသားဖြစ်တည်မှု
(Individualism)ကို ဖွင့်ဆိုရာတွင် မရှင်းမလင်းရှိလှသည်။"ပုဂ္ဂလိကလူသားသည် အခြားတစ်ယောက်အတွက် ရည်မှန်းချက်မဟုတ်၊မိမိအတွက်သာဖြစ်သည်"ဟူသော အီမန်နယူဝယ်ကန့်(Immanuel Kant, 1724-1804)၏ အဆိုမှာ ထင်ရှားသည်။လူသားတစ်ဦးအနေဖြင့်မွေးရာပါသဘာဝအခွင့်အရေး(Natural Right)အရ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ပြဋ္ဌာန်းပိုင်ခွင့်ကိုအလိုလိုရပြီးဖြစ်၍ ထိုအခွင့်အရေးအသုံးပြုမှုကို မည်သူတစ်ဦးတစ်ယောက်ကမျှ တားမြစ်ပိုင်ခွင့်မရှိ ဟု ဂန္ထ၀င်လစ်ဘရယ်တို့ကမှတ်ယူထားကြသည်။ လူသည် စဉ်းစားချင့်ချိန်နိုင်သည့် သတ္တ၀ါဖြစ်သည့်အလျောက် မိမိ၏လွတ်လပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ချက်တို့ကမည်သူကမှ ထိန်းကွပ်လွှမ်းမိုးစရာမလို၊ မိမိကိုယ်ကျင့်တရားနှုန်းစံဖြင့်သာ ထိန်းကျောင်းသွားရန်လိုသည်ဟု ဆိုသည်။ ဤနေရာတွင် လစ်ဘရယ်တို့အပေါ်၌ အင်္ဂလိပ်လူမျိုး ဒဿန
ပညာရှင် ဂျွန်လော့ခ် (John Locke, 1632-1704)၏ အတွေးအခေါ်မှာ များစွာလွှမ်းမိုးမှုရှိနေသည်။ အဓိကအားဖြင့် ဂျွန်
လော့ခ်၏ (Treatises of Government-1690)ကျမ်းသည်
 လစ်ဘရယ်ဝါဒ (Liberalism)တိုးတက်မှုအတွက်များစွာ
အရေးပါခဲ့သည်။ ဂျွန်လော့ခ်သည် ဘုရားသခင်၏ တန်ခိုး
အာဏာ အယူအဆ (Divine Right Theory)ကို ဆန့်ကျင်၍
အာဏာသည် ပြည်သူလူထု၏လက်ထဲတွင်သာရှိကြောင်း
ထောက်ပြခဲ့သည်။ သူသည်အစိုးရနှင့်ပြည်သူတို့အကြား
ထားရှိသော သဘောတူနားလည်မှု (၀ါ) လူမှုရေးပဋိညာဉ်
(Social contract)သဘောတရားကို ထုတ်ဖေါ်ခဲ့၏။ အစိုးရ
များသည် နိုင်ငံသားများ၏ သဘောတူညီမှုဖြင့်သာ တရားဝင်
ဖြစ်နိုင်ပြီး၊ နိုင်ငံသားများ၏ သဘာဝအခွင့်အရေး (Natural
Right)ကို ၀င်ရောက်စွက်ဖက်ပါက၊ သို့တည်းမဟုတ် အစိုးရနှင့်
နိုင်ငံသားများအကြားထားရှိသော Social Contractကို
ချိုးဖေါက်ပါက အုပ်ချုပ်သူအစိုးရအားအစိုးရအား တော်လှန်ခွင့်
 (Right of Revolution) ရှိကြောင်း ဆိုသည်။ တစ်ခုပြောစရာရှိ
သည်မှာ ပုဂ္ဂလိကလူသား (The Individual)ကို ဂန္ထ၀င်လစ်
ဘရယ်ရော၊ မော်ဒန်လစ်ဘရယ်ကပါ ယုံကြည်သက်ဝင်သော်
လည်း၊ ဂန္ထ၀င်လစ်ဘရယ်တို့က ပိုမိုအာရုံစိုက်လွန်းသည်ကို
တွေ့ရသည်။ ၄င်းတို့က စီးပွားရေးနှင့်ပတ်သက်၍ ဈေးကွက်ကို
 လွတ်လပ်ခွင့်ပေးစေလိုပြီး၊ အခွန်ကောက်ခံမှုကို ဆန့်ကျင်ငြင်း
ပယ်ကြ သည်။ မည်သည့် လူမှုဖူလုံရေးပြုလုပ်ခြင်းကိုမှလည်း
နှစ်သက်ခြင်း မရှိကြပေ။ အစိုးရ၏ အခန်းကဏ္ဍကို လုံးဝလျှော့
ချခြင်းကို ဂန္ထလစ်ဘရယ်တို့က လိုလားနှစ်ခြိုက်ကြသည်။ ထိုသို့
တစ်သီးပုဂ္ဂလချင်းအပေါ် ထိန်းချုပ်မှုမှန်သမျှ ငြင်းပယ်ပြီး၊ မိမိ
ဆန္ဒအတိုင်း လွတ်လပ်ခွင့်ဆိုသည်မှာ အပျက်သဘောဆောင်
သော လွတ်လပ်ခွင့် (Negative Liberty)ပင်ဖြစ်ကြောင်း Irish Berlinကဝေဖန်ထောက်ပြခဲ့သည်။ ၄င်းထုတ်ဝေခဲ့သော (Two Concepts of Liberty, 1975)စာအုပ်မှာ ကျော်ကြား၏။
လစ်ဘရယ်များအတွင်း လွတ်လပ်မှုနှင့် ပတ်သက်၍ အယူ
အဆကွဲလွဲလာကြပြီး တစ်ချို့သော ဂန္ထ၀င်လစ်ဘရယ်သမား
များမှာ လွတ်လပ်မှုအခွင့်အရေး ကိုသာ အသာငမ်းငမ်းတောင်း
ဆိုရင်းဖြင့် အစွန်းရောက်မှန်းမသိရောက်လာကာ လွတ်လပ်မှု
သက်သက်ဝါဒီ (Libertarian)များ ဖြစ်သွားကြတော့သည်။
ထိုဝါဒီများ ကျင့်သုံးသောဝါဒကို လွတ်လပ်မှုသက်သက်ဝါဒ
(Libertarianism)ဟု ခေါ်တွင်သည်။ အထိန်းအကွက်မဲ့သော
 လွတ်လပ်မှုဆိုသည်မှာ ရမ်းကားမှု(Licence)သာ ဖြစ်ကြောင်း
လစ်ဘရယ်များက လက်ခံထားကြပါသည်။


 အပိုင်း (၅)အား ဆက်လက်ဖေါ်ပြပါဦးမည်-

(လင်းသက်)


ရည်ညွှန်းကိုးကား-                                           
                      ၁။ ကမ္ဘာ့သမိုင်း (ပထမပိုင်း)

                      ၂။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ဒုတိယပိုင်း)

                       ၃။ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း (ဒုတိယတွဲ)

                       ၄။ ကမ္ဘာ့သမိုင်းအခြေပြ

                       ၅။ ကမ္ဘာ့နိုင်ငံများ၏ အခြေခံဥပဒေ

                       ၆။ နိုင်ငံရေးသဘောတရားများ (၆) - ခင်မမမျိုး

                       ၇။ Political Ideologies: an introduction – Andrew Heywood

                       ၈။ ဒီမိုကရေစီဘာသာရပ် (အခန်း-၄၊ အခန်း-၈)

                       ၉။ ဒီမိုကရေစီလော့လာရေးစာစဉ် (အခန်း-၄၊ အပိုင်း-၂) – ABSDF

                      ၁၀။ လစ်ဘရယ်ဒီမိုကရေစီမိတ်ဆက်  (Ecovision)-  ကျော်သူဟန်၊ ဧမင်းယဉ်

                      ၁၁။ ဆိုရှယ်လစ်ဘရယ်ဝါဒသင်တန်းပို့ချချက် - NDF

                      ၁၂။ The End of History- 1983 – Francis Fukuyama

                      ၁၃။ Liberalism From Wikipedia, the free encyclopedia

                      ၁၄။ http://www.britannica.com/EBchecked/topic/339173/liberalism

                      ၁၅။Classical liberalism From Wikipedia, the free  
                           encyclopedia                                       
                      ၁၆။ Fundamentals of Political Economy by P.Nikitin

လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၅)

$
0
0



December 28, 2012 at 4:22am

မော်ဒန်လစ်ဘရယ်တို့ကမူ လွတ်လပ်မှုဆိုသည်မှာ ပုဂ္ဂလိကဘ၀ကို ဖွံ့ဖြိုးတိုးတက်စေရန် မိမိကိုယ်တိုင်စီမံ
ခန့်ခွဲနိုင်သော စွမ်းအားဖြစ်ကြောင်း နားလည်ထားကြသည်။ ဂျွန်စတူးအော့မီးလ် (John Stuart Mill,1806-1873)က "အကြွင်းမဲ့လွတ်လပ်မှုကို လိုချင်သူသည် မိမိလွတ်လပ်မှုကို အသိအမှတ်ပြုသကဲ့သို့၊ တစ်ပါးသူ၏လွတ်လပ်မှုကိုလည်း အသိအမှတ်ပြုရမည်"ဟု ဆိုသည်။ မီးလ်၏ ထင်ရှားသော ကျမ်းများအနက် On Liberty(1859) ဆိုသော ကျမ်းတွင် အပြုသဘောဆောင်သော လွတ်လပ်မှု (Positive Liberty) အကြောင်း ဖေါ်ပြထားသည်။ ၄င်းကျမ်းအရ လွတ်လပ်မှုအခွင့်အရေးဆိုသည်မှာ မိမိလွတ်လပ်မှုသည် အခြားလူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ကိုဖြစ်စေ၊ ၄င်းတို့၏ အကျိုးစီးပွားကို မထိခိုက်စေပဲ မိမိ၏လွတ်လပ်မှုကို အသုံးပြု
ခြင်းဟု ဆိုသည်။


လစ်ဘရယ်တို့က လွတ်လပ်မှုကို တန်ဖိုးထားသကဲ့သို့ တရားမျှတမှုကိုလည်း အလေးထားသည်။ ၄င်း တရား
မျှတမှုဆိုသည်မှာ တန်းတူညီမျှခြင်းကို ဆိုလိုပါသည်။ (စကားချပ်။  ။ဤတန်းတူညီမျှမှုဆိုသော စကားလုံးကို တစ်ခါတစ်ရံ ထည့်သုံးထားသည်ကို အနည်းငယ်ရှင်းလင်းလိုပါသည်။ ဤနေရာတွင် သုံးစွဲထားသည့် တန်းတူညီမျှမှုဆိုသည်မှာ (Equal)ကို ဆိုလိုခြင်းမဟုတ်ပါ။ Fair ကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။ လူတိုင်းတန်းတူညီမျှမှုရှိရမည်ဆိုသည့်အချက်ကို လစ်ဘရယ်အားလုံးက ငြင်းပယ်ကြသည်။ လူမှုရေးတန်းတူညီမျှမှုဆိုသည်မှာ တောင့်တအပ်သောအရာမဟုတ်ကြောင်း လက်ခံထားကြသည်။ လူတန်းစားတန်းတူညီမျှရေး ဆိုသည်မှာ ကွန်မြစ်နစ်ဝါဒီတို့၏စာရွက်ပေါ်မှ ကြွေးကျော်သံ မျှသာ ဖြစ်ပါသည်။  ။ စာရေးသူ) လစ်ဘရယ်တို့ ယုံကြည်ထားသော တန်းတူညီမျှသော တရားမျှတမှု ဆိုင်ရာ သီအိုရီ (၃)ခုရှိသည်။ ၄င်းတို့မှာ-

၁။ ကိုယ်ကျင့်တရားတန်ဘိုး

လူတိုင်းတန်းတူညီမျှစွာ မွေးဖွားလာခဲ့သည့်အတွက် ပုဂ္ဂလိကလူသားတိုင်းသည် ကိုယ်ကျင့်တရားတန်ဖိုး
ကိုယ်စီရှိသည်။ ကိုယ်ကျင့်တရားသည် ကောင်းမွန်သောလူမှုဆက်ဆံရေးဘ၀ကို တည်ဆောက်နိုင်သည်။
ထိုမှတဆင့် တရားမျှတသောနိုင်ငံဆီသို့ ရည်ရွယ်ပါသည်။

၂။ အခြေခံကျသော တရားမျှတမှု

အခြေခံကျသော ပိုင်ခွင့်အမျိုးမျိုးတို့ကို လူသားတိုင်းခွင့်ရှိသည်။ ပိုင်ခွင့်အမျိုးမျိုးဆိုသည်မှာ လူ့အဖွဲ့အစည်း
အတွင်း ခံစားခွင့်ထိုက်သောရာထူး၊ ဂုဏ်ထူးအဆောင်အယောင်များနှင့် စီးပွားရေးလုပ်ကိုင်ရန်အတွက် ကုန်
ထုတ်စွမ်းအားစုများ (Means of production)များကို လူသားတိုင်း တန်းတူညီမျှစွာရရှိနိုင်ခွင့်ကို ဆိုလိုပါသည်။ လစ်ဘရယ်တို့က လူ့အဖွဲ့အစည်းအတွင်း လူမျိုး၊ ဘာသာ၊ အသားအရောင်ကို အကြောင်းပြု၍  ခွဲခြားဆက်ဆံကာ လူတစ်စုတည်းကသာ အကျိုးထူးခံဖြစ်နေခြင်းကို ပြင်းထန်စွာ ဆန့်ကျင်ကြသည်။

လစ်ဘရယ်အားလုံး အလေးအနက်ထားသည့် အဓိကကျသော တရားမျှတမှုနှစ်ခုမှာ လူမှုရေးတရားမျှတမှု
(Social Justice)နှင့်နိုင်ငံရေးတရားမျှတမှု (Political Justice)တို့ပင် ဖြစ်သည်။ နိုင်ငံရေးညီမျှမှု ဆိုသည်မှာလူတိုင်းမဲပေးနိုင်ခြင်းဖြင့် မိမိတို့၏နိုင်ငံရေးလွတ်လပ်မှုကို ရယူခွင့်ပင်ဖြစ်သည်။

၃။ အခွင့်အရေး တန်းတူရပိုင်ခွင့်

အထက်ဖေါ်ပြပါ တရားမျှမှုနံပါတ် (၁)နှင့် (၂)တွင် ဆိုထားခဲ့သော လူမှုရေးမျှတမှုနှင့် နိုင်ငံရေးမျှတမှုတို့ကို
ရယူသုံးစွဲရာတွင် လူတိုင်းတန်းတူအခွင့်အရေးရှိသည်ဟု ဆိုသည်။ သို့သော် လူတစ်ဦးနှင့် တစ်ဦး မွေးဖွားလာသည့် မွေးရာပါဥာဏ်ရည်ဥာဏ်သွေးနှင့် ရုပ်ပိုင်းဆိုင်ရာ  ကွာဟမှု၊ ၄င်းတို့ အားထုတ်ကြိုးစားမှု၊ စွမ်းဆေင်ရည်များအပေါ်မူတည်ကာ ရရှိလာသည့် ရလဒ်များမှာ တူညီမှုရှိနိုင်မည်မဟုတ်ချေ။

အပိုင်း (၆)အား ဆက်လက်ဖေါ်ပြပါဦးမည်-

(လင်းသက်)


ရည်ညွှန်းကိုးကား-                                           
                      ၁။ ကမ္ဘာ့သမိုင်း (ပထမပိုင်း)

                      ၂။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ဒုတိယပိုင်း)

                       ၃။ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း (ဒုတိယတွဲ)

                       ၄။ ကမ္ဘာ့သမိုင်းအခြေပြ

                       ၅။ ကမ္ဘာ့နိုင်ငံများ၏ အခြေခံဥပဒေ

                       ၆။ နိုင်ငံရေးသဘောတရားများ (၆) - ခင်မမမျိုး

                       ၇။ Political Ideologies: an introduction – Andrew Heywood

                       ၈။ ဒီမိုကရေစီဘာသာရပ် (အခန်း-၄၊ အခန်း-၈)

                       ၉။ ဒီမိုကရေစီလော့လာရေးစာစဉ် (အခန်း-၄၊ အပိုင်း-၂) – ABSDF

                      ၁၀။ လစ်ဘရယ်ဒီမိုကရေစီမိတ်ဆက်  (Ecovision)-  ကျော်သူဟန်၊ ဧမင်းယဉ်

                      ၁၁။ ဆိုရှယ်လစ်ဘရယ်ဝါဒသင်တန်းပို့ချချက် - NDF

                      ၁၂။ The End of History- 1983 – Francis Fukuyama

                      ၁၃။ Liberalism From Wikipedia, the free encyclopedia

                      ၁၄။ http://www.britannica.com/EBchecked/topic/339173/liberalism

                      ၁၅။Classical liberalism From Wikipedia, the free  
                           encyclopedia                                       
                      ၁၆။ Fundamentals of Political Economy by P.Nikitin

စိတ်ဓါတ်သတ္တိ

$
0
0
 
Change Management ဆိုတဲ့ အပြောင်းအလဲတစ်ခုကို အကောင်းဆုံးစီမံခန့်ခွဲတဲ့နေရာမှာ Short term wins ဆိုတာ အရေးကြီးပါတယ်၊ မြန်မာလိုဘာသာပြန်ရရင်တော့ ရေတိုအောင်မြင်မှုများ ပေါ့။ အပြောင်းအလဲတစ်ခု လုပ်တဲ့အခါ ရောက်ချင်တဲ့ပန်းတိုင်ဆိုတာ ရှိတယ်၊ ဒါပေမဲ့ ခုမှ ကိုယ်က စပြောင်းစဆိုတော့ ရောက်ဖို့အဝေးကြီးပဲ၊ အဝေးကြီး ဆိုတာ ခဏထားဦး၊ ရောက်မယ် မရောက်ဘူးတောင် ဘယ်သူမှ ကံသေကံမ မပြောနိုင်ဘူး။ ဒီကြားထဲ အတိုက်အခိုက်တွေ အခက်အခဲတွေက အများကြီးကြုံရဦးမယ်။ အဲ့လိုအနေအထားမှာ စိတ်ဓါတ်ကျမသွားဖို့ နောက်ပြန်လှည့်မသွားဖို့အတွက် အားပေးမှုတွေ၊ အကျိုးကျေးဇူးတွေ၊ အောင်မြင်မှုတွေ အများကြီးလိုတယ်၊ ဆိုပါစို့၊
လာဘ်စားတဲ့သူတစ်ယောက်က အမြင်မှန်တွေရပြီး လာဘ်မစားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်၊ အဲဒီလို ဆုံးဖြတ်လိုက်တော့ လာဘ်လာဘတွေ လျော့နည်းသွားတယ်၊ သူ့ကို မကြည်တော့တဲ့လူတွေက ၀ိုင်းချောက်ချကြတယ်၊ အလုပ်ပြုတ်တယ်၊ လူတွေကလည်း ၀ိုင်းပြောမယ်၊ အမလေး တစ်သက်လုံး စားလာပြီး သေခါနီးမှ အမြင်မှန်လာရနေတယ် တဲ့။ ဒါဆို ဒီလူ့စိတ်ထဲ ဘယ်လိုနေမလဲ။ ငါ့ဟာငါ စားနေတာ အကောင်း၊ အခုမှ တလွဲတွေ လျှောက်လုပ်မိလို့ ဒုက္ခရောက်ရပြီလို့ တွေးပြီး အရင်အတိုင်း သူပြန်လုပ်တော့မှာပေါ့။ ဒီလိုမဟုတ်ဘဲ သူ့ကို အားလုံးက ၀ိုင်းချီးကျူးကြမယ်၊ ထောက်ပံ့ကူညီကြမယ်၊ အလုပ်ပြုတ်သွားလည်း အလုပ်တစ်ခုခုကို ယုံယုံကြည်ကြည်နဲ့ ပေးတဲ့လူက ပေးမယ်ဆိုရင် ဒီလူ စိတ်ဓါတ်ဘယ်ကျမလဲ။ လက်ရှိပုံစံကောင်းကို ဆက်ထိန်းသွားတော့မှာပေါ့။ အဲဒါကို short term wins လို့ ခေါ်တယ်။

မဟာဇနကမင်းသား ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲမှာ လက်ပစ်ကူးနေတာဟာ မေခလာနတ်သမီး လာကယ်ပါစေတော့ ဆိုပြီး ဟန်ပြကူးနေတာ မဟုတ်ပါဘူး။ လုပ်စရာရှိတဲ့ တစ်ခုတည်းသော အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နေတာပါ။ ဒီလိုပါပဲ မေခလာနတ်သမီးကလည်း သူ့ကို ကယ်ပါ ယူပါ အော်နေတဲ့သူတွေကို ကယ်တင်လေ့မရှိပါဘူး။ ကိုယ့်အလုပ်ကို စိတ်စေတနာအပြည့်နဲ့ အစွမ်းကုန်လုပ်နေတဲ့သူတွေကိုသာ ကယ်တင်လေ့ရှိတာ မေခလာနတ်သမီးပါ။ ဘ၀မှာလည်း ဒီလိုပါပဲ၊ အခွင့်အရေးရမလားလို့ ဟန်ပြလုပ်နေတဲ့သူတွေ၊ ဘာလုပ်လုပ် ကိုယ့်ဘက်က ဘာပေးရမလဲဆိုတာထက် ကိုယ်ဘာပြန်ရမှာလဲ ဆိုတဲ့ပေတံနဲ့သာ တိုင်းလေ့ရှိတဲ့သူတွေဆီကို အခွင့်အလမ်းဆိုတာတွေက ရောက်မလာတတ်ပါဘူး၊ သူတို့တွေအောင်မြင်လည်း ခဏပါပဲ။ ကိုယ်ပိုင်အရည်အချင်း၊ မှန်ကန်တဲ့ ခံယူချက်တွေရှိနေတဲ့သူဆီကိုသာ အခွင့်အလမ်းဆိုတာတွေက မလိုချင်အဆုံး ဆိုသလို ရောက်လာတတ်တာပါ။ ဒါပေမဲ့ မေခလာနတ်သမီးရဲ့ အားနည်းချက်တစ်ခုတော့ ရှိပါတယ်။ အဲဒါဟာ ဘာလဲဆိုရင် သူ ဘယ်အချိန်အရောက်လာမယ်ဆိုတာကို ဘယ်သူ့ကိုမှ အတိအကျပြောမထားတာပါပဲ။ အဲဒီတော့ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်မှာ ရေကိုဆန်တက် ကူးရင်း ကူးရင်း ကျွန်တော်တို့တွေ လက်ပန်းကျလာတတ်ပါတယ်။

ဖြတ်သန်းလာခဲ့တဲ့ စစ်အစိုးရခေတ်တွေမှာ အရည်အချင်းအပေါ် အခြေပြုပြီး စဉ်းစားခဲ့ကြတာမျိုး မရှိသလောက် ရှားပါတယ်။ အခွင့်အလမ်းအပေါ် မူတည်တဲ့ ရင်းနှီးသူ ရစတမ်း စနစ်ကပဲ နှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနောက်တော့ ကျွန်တော်တို့စိတ်ဓါတ်တွေလည်း ပျက်ကုန်ကြပါတယ်၊ ကျင့်ဝတ်တွေ စည်းကမ်းတွေ ဂုဏ်သိက္ခာတွေ အများအကျိုးတွေ ဘာမှလာမပြောနဲ့၊ ကိုယ်အကျိုးအမြတ်ရဖို့သာ အဓိက၊ ချမ်းသာဖို့သာ လိုရင်း လို့ ခံယူတတ်လာကြတယ်။ အရည်အချင်းတိုးတက်ဖို့ မကြိုးစားဘူး၊ လူကြီးနဲ့ပိုင်ဖို့ပဲ အားထုတ်နေမိခဲ့ကြတယ်။ နေရာတစ်ခုအတွက် စဉ်းစားတဲ့အခါမှာလည်း ဒီအချက်က အဓိကဘဲကိုး။ ဒီလိုပျက်စီးသွားတဲ့ စိတ်ဓါတ်တွေ အရည်အသွေးတွေကြားထဲမှာ ကိုယ့်ကိုကိုယ် မပျက်အောင် ထိန်းချုပ်ရတာ တော်တော်ခက်ခဲပါတယ်။ ကိုယ်ဒီလိုတွေ စေတနာထက်ထက်သန်သန်နဲ့ လုပ်နေလို့၊ ကျင့်ဝတ်တွေ သိက္ခာတွေ ကိုယ်ပိုင်အရည်အချင်းတွေကို တန်ဖိုးထားနေလို့ရော အဓိပါယ်ရှိရဲ့လား၊ တိုးတက်နိုင်ပါဦးမလား ဆိုတဲ့ သံသယတွေ ၀င်လာတတ်ပါတယ်။ အဲဒီနောက် စိတ်ဓါတ်တွေကျပြီး အများနဲ့ ရောယောင်လိုက်မိသွားတတ်တယ်။ ကိုယ့်ရဲ့ စိတ်စေတနာ၊ အရည်အချင်းနဲ့ ကြိုးစားမှုတွေရဲ့ ရလဒ်က အရာထင်မလာသေးတဲ့အချိန်၊ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အသိအမှတ်ပြုမှုကိုမှ မခံရသေးတဲ့အချိန်၊ short term wins ဆိုလို့ ရှာလို့ကိုမတွေ့နိုင်သေးတဲ့အချိန်မှာ လက်ရှိပုံစံအတိုင်း ဆက်လျှောက်နိုင်ဖို့အတွက် မဖြစ်မနေ လိုအပ်လာတာက ခိုင်မာတဲ့ခံယူချက်တစ်ခုပဲ။ ဘယ်သူတွေ ဘယ်လိုချီးကျူးသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ လောကမှာ ကိုယ်ဘယ်လိုမှ အဆုံးရှုံးခံလို့ မဖြစ်နိုင်တဲ့အရာဟာ ကိုယ့်ကိုကိုယ် လေးစားမှုပဲ မဟုတ်လား။

ဘ၀ဆိုတာကို စာမေးပွဲတစ်ခုလို့ တင်စားရင် အဲဒီစာမေးပွဲမှာ မေးလာတဲ့မေးခွန်းတွေက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး၊ ကိုယ့်ကို ပေးလာတဲ့ပုစ္ဆာကိုသာ ကိုယ်တွက်ပြီး အဖြေထုတ်ပေးကြရမှာပါပဲ။ လူတော်တွေ လူကောင်းတွေကို အရည်အချင်းအရ အခွင့်အရေးပေးတဲ့နေရာ၊ အသိအမှတ်ပြုတဲ့နေရာမှာ အလုပ်လုပ်ခွင့်ရရင်တော့ ပြဿနာမရှိပေမဲ့ အရည်အချင်းပေါ် မစဉ်းစားဘဲ ရင်းနှီးသူ ရစတမ်း ခေတ်ထဲမှာတော့ လူတော်တွေ ချောင်ထိုးခံရပြီး လူကောင်းတွေ လျစ်လျူရှုခံရတတ်ပါတယ်။ ဒီလိုခေတ်မှာမှ လူကောင်းဖြစ်ချင်ပါတယ်၊ လူတော်ဖြစ်ချင်ပါတယ်ဆိုရင်တော့ဒီဒဏ်တွေကိုပါ ခံနိုင်ဖို့ လိုအပ်ပါတယ်။ အားလုံးက စည်းကမ်းတွေ ကျင့်ဝတ်တွေကို ဂရုမစိုက်ဘဲ ကိုယ့်အကျိုးအတွက်ပဲ စဉ်းစားနေကြချိန် အလုပ်လုပ်နေကြချိန်မှာ အများအတွက်ဘဲ ဦးစားပေးလေ့ရှိတဲ့သူ၊ အားလုံးက နေရာရအောင် လူကြီးနဲ့ ၀င်ထွက်နေကြတဲ့အချိန်မှာ ကိုယ့်အရည်အချင်းကိုပဲ တိုးတက်သထက်တိုးတက်အောင် အာရုံစိုက်နေတတ်တဲ့သူဟာ သူများတွေနောက်မှာ ကျန်နေခဲ့တတ်ပါတယ်။ တစ်ခါတစ်လေ ပါးရည်နပ်ရည်မရှိတဲ့ လူညံ့အဖြစ်တောင်မှ အပြစ်တင်ခံရတတ်ပါသေးတယ်။ မေခလာနတ်သမီးရဲ့ မျက်စိမှောက်မှုကြောင့် သူများတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားချိန်မှာ ကိုယ်က အဆင့်တစ်ခုမှာ အကြာကြီးရပ်နေရတတ်တယ်၊ အဲဒီအဆင့်မှာပဲ တစ်သက်လုံးလည်း နေချင်နေသွားရနိုင်တယ်။ အဲဒီလိုအခြေအနေမျိုးတွေ ဖြစ်လာခဲ့ရင်တောင် ကိုယ်ရဲ့ ရပ်တည်ချက်ကို ဘယ်တော့မှမစွန့်လွှတ်ဘူးဆိုတဲ့ စိတ်ဓါတ်သတ္တိကတော့ မိုးကောင်းကင်ကို ဒူးနဲ့တိုက်မဲ့လူတွေရဲ့ ဘ၀လက်တွဲဖော်အဖြစ် အမြဲတမ်း ရှိနေဖို့ လိုအပ်ပါတယ်။

By  
Phio Thiha

"မေယု နှစ်ပတ်လည်"

$
0
0
 
"မေယု "
---------
---------



        အမည်နာမအားဖြင့် ကဗျာဆန်ဆန် လှပသော်လည်း တကယ်တမ်းတော့ မေယု ဟူသည်ကားဒုတိယကမ္ဘာစစ်အတွင်း ရေကြောင်းတိုက်ပွဲများတွင် ပါဝင်ခဲ့သည့် ဗြိတိသျှ တော်ဝင်ရေတပ်မတော်မှ(RIVER CLASS) အမျိုးအစား စစ်ရေယာဉ်တစ်စီးသာဖြစ်ပြီး  မူလအမည်မှာH.M.S FAL ဟူ၍......။ မေယုကို အင်္ဂလန်နိုင်ငံ၊ နယူးကာဆယ်လ် (NEW CASTLE)  မြို့ ရှိ စမစ်(SMITH)သင်္ဘောကျင်းဝယ်  ၁၉၄၁ ခုနှစ် ဇူလိုင်လတွင် ဖွားမြင်သန့်စင်ခဲ့လေသည်။




        မူလတာဝန်အားဖြင့် ရေယာဉ်အုပ်စုများကို အစောင့်လိုက်တာဝန်ထမ်းဆောင်ရသည့် စစ်ရေယာဉ်H.M.S FAL သည်ဒုတိယကမ္ဘာစစ်အတွင်း ဥရောပတိုက်တွင် ဂျာမနီနိုင်ငံ လက်နက်ချပြီးသည့်နောက် အာရှတိုက်တွင် ကျန်ရှိနေသေးသည့်ဖက်ဆစ်ဂျပန်တိုကို ဆက်လက်ချေမှုန်းတိုက်ခိုက်ရန် ဥရောပမှ စေလွှတ်ခဲ့သည့် မဟာမိတ်စစ်ရေယာဉ်များစာရင်းတွင် ပါဝင်ခဲ့လေသဖြင့် အာရှရေပြင်ဆီသို့ အဏ္ဏဝါခရီးကို ချီတက်ခဲ့လေတော့သည်။


     အာရှတိုက်စစ်မြေပြင်တွင် မြန်မာနိုင်ငံကို မဟာမိတ်တပ်များ ပြန်လည်ထိုးစစ်ဆင်နွှဲချိန်နှင့် ပြည်တွင်းမှ မြန်မာမျိုးချစ်များက ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ချိန်တွင် 
H.M.S FAL သည် ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်မတော် (BURMA ROYAL NAVY VOLUNTEER RESERVE) မှ  မြန်မာအမျိုးသား ရေတပ်သားများနှင့်အတူ
ရခိုင်တိုက်ပွဲစဉ် မေယုမြစ်ဝှမ်းတွင် ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့လေသည်။


"မေယု " တဖြစ်လည်း H.M.S FAL
------------------------------
------------------------------

                   ၁၉၄၇ ခုနှစ် မေလ(၂၅)ရက် တနင်္ဂနွေနေ့ (၁၂၁၀) နာရီအချိန်တွင်တော့ H.M.S FALသည်  ဗြိတိသျှ တော်ဝင်ရေတပ်မတော်တွင် တာဝန်ထမ်းဆောင်နေရာမှ ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်မတော် (BURMA ROYAL NAVY VOLUNTEER RESERVE) ထံသို့ အခမ်းအနားဖြင့် လွှဲပြောင်းရောက်ရှိလို့လာခဲ့ပါတော့သည်။ တနည်းအားဖြင့်တော့ ဖွားမြင်ရာအချိန်မှ (၆) နှစ်မျှအကြာတွင် ရောက်ရှိလာခဲ့ခြင်းပင်။ ရခိုင်စစ်မြေပြင် မေယုမြစ်ဝှမ်းတိုက်ပွဲများအတွင်း စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့မှုကို ဂုဏ်ပြုသည့်အားဖြင့် "မေယု "   ဟု ခေါ်တွင် စေခဲ့လေသည်။ ထိုစဉ်က ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်တက်ရောက်ကာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်း၊ ရေယာဉ်ကို မြန်မာနိုင်ငံကိုယ်စား လက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ လွှဲပြောင်းစဉ်က ဗြိတိသျှတော်ဝင် ရေတပ်မတော်မှ စစ်ရေယာဉ်မှူးမှာ 
ဗိုလ်မှူးမစ်ချယ်လ် (LIEUTENANT COMMANDER MITCHELL) ဆိုသူဖြစ်ပြီး ၊ မြန်မာနိုင်ငံမှ ပထမဦးဆုံး စစ်ရေယာဉ်မှူးမှာ ဗိုလ်မှူးခင်မောင်ဘို 
ဖြစ်လေသည်။ 

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေယာဉ်အား လွှဲပြောင်းရယူ လက်ခံနေစဉ်
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေယာဉ်အား လွှဲပြောင်းရယူ လက်ခံနေစဉ်



        ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်း သည် “ တစ်နှစ်အတွင်း လွတ်လပ်ရေး ရလျှင်ရ၊ မရလျှင်ချ ” ကြွေးကြော်လျှက် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအတွက် ကြိုးပမ်းဆောင်ရွက်နေချိန် ဖြစ်ပါသည်။ ထို့ကြောင့် စစ်ရေယာဉ်-မေယု သည် တပ်မတော်ရေတပ်၏ အလံဆောင် အဓိကစစ်ရေယာဉ်(FLAGSHIP) ဖြစ်လာသည့်နည်းတူ မြန်မာ့လွတ်လပ်ရေး၏ ရှေ့ ပြေးနမိတ်နှင့် အဘိတ်ဆောင်အောင်ပန်းတစ်ပွင့်လည်း ဖြစ်လာခဲ့ပါတော့သည်။

ထိုစဉ်က ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်အောင်ဆန်း
ထိုစဉ်က ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်အောင်ဆန်း



"မေယု "  နှင့် ပြည်တွင်းတိုက်ပွဲများ
------------------------------------------
------------------------------------------

မေယု စစ်သင်္ဘောပါဝင်ဆင်နွှဲခဲ့ရသည့် သမိုင်းဝင် တိုက်ပွဲများသည်ကား--

- အင်းစိန်မြို့ သိမ်းတိုက်ပွဲ (၁၉၄၈)ခုနှစ်

- သန်လျင်ကျိုက်ခေါက်တိုက်ပွဲ (၁၉၄၈)ခုနှစ်

- ပုသိမ်မြို့ သိမ်းတိုက်ပွဲ (၁၉၄၈)ခုနှစ်

- ကျောက်ဖြူမြို့ သိမ်းတိုက်ပွဲ (၁၉၄၉)ခုနှစ်

- မော်လမြိုင်မြို့ သိမ်းတိုက်ပွဲ (၁၉၅၀)ခုနှစ်
 

တို့ ဖြစ်ကြလေသည်။ 
           အင်းစိန်မြို့ကို သိမ်းပိုက်ထားပြီး ရန်ကုန်မြို့ကို ဆက်လက်ထိုးစစ်ဆင်သိမ်းယူရန် အင်းအားစုစည်းကြိုးပမ်းလာသော KNDO တပ်များအား ဗမာ့တပ်မတော်မှ အောင်ပွဲခံခဲ့သော တိုက်ပွဲတွင် ရန်သူ၏ ထိုးစစ်အဟုန်ကြောင့် ကြည်းတပ်ခံစစ်ကြောင်းများ အဆင့်ဆင့် ဆုတ်ပေးနေရချိန်တွင် ဗမာ့ရေတပ်မတော်မှ စစ်ရေယာဉ်မေယုသည် မြစ်ကြောင်းမှ (၄)လက်မ အမြောက်ဖြင့်လည်းကောင်း၊ ရေတပ်ပိုင် ဘီးတပ်(၄၀)မမ အမြောက်တပ်ဖွဲ့များသည် ကုန်းပေါ်မှလည်းကောင်း ဆီးကြိုဖြတ်တောက် တိုက်ခိုက်မှုကြောင့် ရန်သူ့ဘက်မှ အကျအဆုံးများစွာဖြင့် အရေးနိမ့်သွားခဲ့ပါသည်။ ၄င်းတိုက်ပွဲတွင် ရေတပ်အနေဖြင့် စစ်ရေယာဉ်များအပြင် ကုန်းပေါ်မှလည်း ဘီးတပ်အမြောက် တံမြက်စည်း၊ ရေဘီလူး ၊ ရေသူရဲ၊ ရေသဘက် စသည်တို့ဖြင့် စွမ်းစွမ်းတမံ ပါဝင်တိုက်ခိုက်ပြီး အောင်ပွဲခံနိုင်ခဲ့ပါသည်။



ထိုကဲ့သို့ သမိုင်းဝင်၊ သမိုင်းတွင်သည့် နာမည်ကျော်တိုက်ပွဲများအပြင် 

(၁၉၅၈) ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သည့် အိမ်စောင့်အစိုးရလက်ထက်နှင့် 
(၁၉၆၂) ခုနှစ် တော်လှန်ရေးကောင်စီ တက်လာချိန်တွင်လည်းကောင်း၊ 
(၁၉၇၄) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းပြီးနောက်တွင်လည်းကောင်း၊
 ပြည်တွင်းသောင်းကျန်းမှုကို အမြစ်ပြတ် ချေမှုန်းခြင်း၊ မြန်မာ့ကမ်းရိုးတန်းနှင့် ပိုင်နက်ပင်လယ်ပြင် 
ကာကွယ်စောင့်ရှောက်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ 



ချစ်ကြည်ရေးသံတမန် 
"မေယု " 
-----------------------------------------
-----------------------------------------


        သမိုင်းကြောင်းက ပေးအပ်လာသည့် တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်လျက်ရှိနေသည့် စစ်ရေယာဉ် "မေယု "  သည်
စစ်ဆင်ရေးတာဝန်များဖြင့် မအားမလပ်သည့်အကြားမှ ပေးအပ်လာသည့်တာဝန်ကို ကျေပွန်စွာဖြင့်
(၁၉၄၉) ခုနှစ်တွင် အရှေ့ ပါကစ္စတန်နိုင်ငံ (ယခုဘင်္ဂလားဒေ့ရှ်)သို့ ချစ်ကြည်ရေးခရီးစဉ် နှစ်ကြိမ်သွားခဲ့ပြီး
 သြစတြေလျနိုင်ငံနှင့် အိန္ဒိနိုင်ငံများသို့ တစ်ကြိမ်စီ သွားရောက်ခဲ့ပြန်ပါသေးသည်။


ထို့ကြောင့် စစ်ရေယာဉ်-မေယု သည် တပ်မတော်ရေတပ်အတွက်သာမက နိုင်ငံအတွက်ပါ သမိုင်းဝင်စစ်ရေယာဉ်တစ်စီးအဖြစ် ထင်ရှားခဲ့ခြင်း ဖြစ်ပါသည်။ 

စစ်ရေယာဉ် "မေယု" တွင် ခေတ်အဆက်ဆက် တာဝန်ယူခဲ့ကြသည့် စစ်ရေယာဉ်မှူးများ
စစ်ရေယာဉ် "မေယု"တွင် ခေတ်အဆက်ဆက် တာဝန်ယူခဲ့ကြသည့် စစ်ရေယာဉ်မှူးများ

"မေယု "  ၏ နေဝင်ချိန်
----------------------------
----------------------------

တပ်တော်ဝင်အဖြစ်မှ ရပ်စဲခြင်း 


                လှိုင်းဒဏ်၊ လေဒဏ်၊ မုန်တိုင်းဒဏ်၊ ရာသီဥတုဒဏ် နှင့် လက်နက်ဒဏ်များကို ကြံ့ကြံ့ခံရင်ဆိုင်အံတုရင်း ပေးအပ်လာသည့် တာဝန်တိုင်းကို
မငြီးမငြူ  ထမ်းဆောင်ခဲ့လေသည့် "မေယု "  ၏ သက်တမ်းကာလမှာ အနှစ်(၄၀)ခန့် ရှိလာသည်နှင့်အမျှ ဇရာ၏ဖိစီးမှုတို့က စွဲကပ်လာတော့သည်။ကိုယ်ထည် ကုန်းပတ်များသာမက အတွင်းပိုင်းရှိ တကူများ၊ ကြွက်လျှောက်များ၊ ရေလုံခန်းများ စသည့်(STRENGTH MEMBERS)များ
ဆွေးမြေ့ ပျက်စီးမှုများ ဖြစ်လာသဖြင့် ရာသီဥတုဆိုးရွားချိန်နှင့် ပင်လယ်ပြင်တွင် စိတ်ချလက်ချအသုံးပြုရန် သင့်လျော်မှုမရှိတော့သည်ကို
တာဝန်ရှိသူများက စစ်ဆေးတွေ့ ရှိလာခဲ့သည်။
 ထိုမျှသာမကသေးပဲ ရေယာဉ်၏ ကိုယ်ထည်သံပြားများကို ရှေးဟောင်းတည်ဆောက်မှုစနစ်ဖြစ်သော
(RIVETTED CONSTRUCTION) နည်းဖြင့် တည်ဆောက်ထားသည့်အလျှောက် ရေလုံမှုအခြေအနေ(WATERTIGHT – INTEGRITY) သည်လည်း ကျဆင်းလျော့နည်းလာသည်ကိုလည်း တွေ့ရှိခဲ့ကြရပြန်တော့သည်။
 တပ်ဆင်အသုံးပြုထားသော စက်အမျိုးအစားမှာလည်း ရေနွေးငွေ့သုံး
စက်အမျိုးအစားဖြစ်သဖြင့် သက်တမ်းကန့်သတ်ချက်၊ စက်ကိရိယာ လျှပ်စစ်အပိုပစ္စည်းများ ရရှိမှုခက်ခဲလာသည့်အတွက် တိုက်စွမ်းရည် ကျဆင်းခဲ့ရပါသည်။

"မေယု " ကား အိုမင်းချေပြီတည့်...........။

          ထိုကြောင့်လည်း  ၁၉၇၉ ခုနှစ် သြဂုတ်လ(၂)ရက်နေ့တွင် ကျင်းပသော (၂၆၂)ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့အစည်းအဝေးမှ
"မေယု " ရေယာဉ်အား တပ်တော်ဝင်အဖြစ်မှ ရပ်စဲရန် သဘောတူဆုံးဖြတ်ခဲ့ပါတော့သည်။ တို့နောက်တွင်တော့ "မေယု "  ရေယာဉ်အား 
အမှတ်(၁)စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေး၍ ဖျက်သိမ်းမှုကိုဆောင်ရွက်ရန် စီမံခဲ့ပါသည်။  "မေယု "  ကား သူပျော်မွေ့ရာ အဏ္ဏဝါရေပြင်နှင့်
သူ့အားချစ်ခင်နေကြသူ ရဲဘော်ရဲဘက်များကို စွန့်ခွာလျက် အမှတ်(၁)စက်မှုဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် သံရည်ကြိုရန် စီစဉ်ခြင်း ခံရပေတော့မည်။
ဤအခြေအနေတွင် 
"မေယု " အတွက် မျှော်လင့်ချက် ရောင်ခြည်တချက် လင်းလက်လို့ လာခဲ့သည်။


       နိုင်ငံတော်ကောင်စီဥက္ကဌက စစ်ရေယာဉ်-မေယု သည် လွတ်လပ်ရေးနှင့်အတူ ပါရှိလာသော သမိုင်းဝင်စစ်ရေယာဉ်ဖြစ်၍ နောင်လာနောက်သားတို့ ကြည့်ရှူလေ့လာနိုင်ရေးအတွက် စီမံဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါသည်။ ယင်းလမ်းညွှန်ချက်အရ (၃၀-၉-၇၉)ရက်နေ့တွင် ကျင်းပခဲ့သော (၂၇၆)ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ မှ သမိုင်းဝင် စစ်ရေယာဉ်တစ်စီးအဖြစ် ဆက်လက်ထိန်းသိမ်းထားရှိရန် ဆုံးဖြတ်ခဲ့ပြီး ၊ တပ်မတော်(ရေ)မှ ပြန်လည်လက်ခံယူလျှက် သမိုင်းဝင်အဖြစ် ပြန်လည်မွမ်းမံပြင်ဆင်ရန်နှင့် အဓွန့်ရှည်စွာ ထိန်းသိမ်းထားရှိနိုင်ရန်အတွက် အောက်ဖော်ပြပါ လုပ်ငန်းကြီး(၂)ရပ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်-
(က)စစ်ရေယာဉ်အား ရေလုံသင်္ဘောကျင်း တည်ဆောက်၍ထားရန်။
(ခ )စစ်ရေယာဉ်အား မူလပုံစံမပျက်အောင် ပြန်လည်ပြုပြင်ရန်တို့ ဖြစ်ပါသည်။
 
အထက်ဖော်ပြပါ လုပ်ငန်းကြီး(၂)ရပ်ကို ကွပ်ကဲဆောင်ရွက်ရန်အတွက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကို ဦးစီးစက်မှုလက်မှုအရာရှိချုပ်(ရေ) ဥက္ကဌအဖြစ် ဆောင်ရွက်စေပြီး ၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
 



 
 "မေယု "  အတွက် ကွန်းခိုရာ
------------------------------
------------------------------

လွန်းကျင်းတည်ဆောက်ပြီ
         "မေယု "စစ်ရေယာဉ်အား သမိုင်းဝင်အဖြစ် ထိန်းသိမ်းထားရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လွန်းကျင်းတည်ဆောက်ရေးနှင့် ရေယာဉ်အား မူလပုံစံမပျက် အနီးစပ်ဆုံးတူညီမှုရှိစေရန် ပြင်ဆင်မွမ်းမံရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကျမည့် ပြည်တွင်း/ပြည်ပငွေများ သုံးစွဲခွင့်ရရှိရန်အတွက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့သို့ တွက်ချက်တင်ပြခဲ့ရာ (၂၅-၉-၈၀)ရက်နေ့တွင် ကျင်းပခဲ့သော (၃၁၁)ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့အစည်းအဝေးမှ သဘောတူခွင့်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါသည်။

          ယင်းခွင့်ပြုချက်အရ စစ်ရေယာဉ်အား ထားရှိမည့် လွန်းကျင်းတည်ဆောက်ရန် မြေနေရာရှာဖွေကြရာ သန်လျင်မြို့ နယ်ရှိ အမှတ်(၁)ရေတပ်လေ့ကျင့်ရေးဌာနချုပ်နယ်မြေတွင် တည်ဆောက်ရန်သင့်တော်ကြောင်း ဆုံးဖြတ်၍ ရွေးချယ်ခဲ့ပါသည်။ ထိုသို့ ရေလုံကျင်းတည်ဆောက်ရာတွင် ပြုလုပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍
(HYDRO CIVIL WORKS) နှင့် (CIVIL WORKS) များ ဖြစ်သဖြင့် ယင်းလုပ်ငန်းများနှင့် တိုက်ရိုက်သက်ဆိုင်ပြီး အတွေ့အကြုံနှင့် 
လုပ်ငန်းကျွမ်းကျင်မှုရှိသော ဆိပ်ကမ်းကော်ပိုရေးရှင်း ဆည်မြောင်းဦးစီးဌာနတို့မှ အကူအညီများရယူ၍ လွန်းကျင်းတည်ဆောက်မှု၊
 မြေဖို့မှု၊ လွန်းကျင်းကြမ်းခင်း တည်ဆောက်မှု၊ လွန်းကျင်းနံရံများ တည်ဆောက်မှု၊ ရေနှုတ်မြောင်းနှင့် ရေနှုတ်ပိုက် တည်ဆောက်မှု
လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

           
စမအ(၉၅၄) ဆောက်လုပ်ရေးတပ်ခွဲ(အင်ဂျင်နီယာ) အနေဖြင့် အဆောက်အဦများ ဖျက်သိမ်းခြင်း၊ ပြောင်းရွှေ့ တည်ဆောက်ခြင်း၊ 
လမ်းဖောက်လုပ်ခြင်း ၊ ရေမီးဆက်သွယ်မှုလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၈၀ ခုနှစ်၊ အောက်တိုဘာလတွင် 
လွန်းကျင်းတည်ဆောက်ခဲ့ရာ ၁၉၈၁ ခုနှစ် ၊ မတ်လတွင် ရေယာဉ်အား လွန်းတင်နိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့ပါသည်။
 ရေယာဉ်လွန်းတင်ပြီးနောက် လက်ကျန်လုပ်ငန်းများနှင့် အချောသတ်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ (၁၉၈၁-၈၂) ဘဏ္ဍာရေးနှစ်ကုန်တွင် လုံးဝပြီးစီးခဲ့ပါသည်။ 

လွန်းကျင်းတည်ဆောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ကုန်ကျစရိတ်များမှာ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်

အောက်ပါအတိုင်း  ဖြစ်လေသည်။
(က)ဆည်မြောင်းဦးစီးဌာန     ၅၉,၉၄၆,၀၀၀
(ခ )ဆိပ်ကမ်းကော်ပိုရေးရှင်း ၁၀၄,၈၆၅,၁၇၅
(ဂ )အမှတ် (၉၅၄)ဆောက်လုပ်ရေး ၄၅,၂၉၈,၆၀၀
============================     
စုစုပေါင်းကုန်ကျငွေ ၂၁၀,၁၀၉,၇၇၅
 



 "မေယု " ကို  မူလပုံစံမပျက် ပြန်လည်မွမ်းမံ ပြင်ဆင်ခြင်း 

        လွန်းကျင်းပေါ်သို့ 
 "မေယု "  ရောက်ရှိပြီးနောက် ၁၉၈၁-၈၂ နှင့် ၁၉၈၂-၈၃ ဘဏ္ဍာရေးနှစ်များတွင်"မေယု "အား မူလပုံစံနှင့် အနီးစပ်ဆုံးဖြစ်အောင် ပြန်လည်မွမ်းမံ ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ သက်ဆိုင်ရာ လုပ်ငန်းရပ်များကို ( ၁၉၈၃) ခုနှစ် ၊ အောက်တိုဘာလတွင်
 အပြီးဆောင်ရွက်နိုင်ခဲ့ပါသည်။ စစ်ရေယာဉ်အား မူလပုံစံမပျက် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စုစုပေါင်းကုန်ကျငွေမှာ 
နိုင်ငံခြားငွေကျပ် (၄၈၆၄၀၀ိ/-) နှင့် ပြည်တွင်းငွေ ကျပ် (၉၇၀၈၂၅ိ - ၇၃ါး) နှစ်ရပ်ပေါင်း ငွေကျပ် (၁၄၅၇၂၂၅.၇၃ါး) ဖြစ်ပါသည်။ သို့ပါ၍
လုပ်ငန်းကြီး (၂)ရပ်ဖြစ်သော ရေလုံသင်္ဘောကျင်းတည်ဆောက်ခြင်းနှင့် စစ်ရေယာဉ်အား မူလပုံစံမပျက်အောင် ပြန်လည်ပြုပြင်ခြင်းတို့ ဆောင်ရွက်ရာတွင် ကုန်ကျငွေစုစုပေါင်းမှာ ကျပ် (၄၅၅၈၃၂ ၃ိ - ၅၆ါး) ဖြစ်ပါသည်။
 


ရေရှည်ဆက်လက်ထိန်းသိမ်းထားရှိရေး
 

         စစ်ရေယာဉ်-မေယုအား သမိုင်းဝင်ရေယာဉ်အဖြစ် ထားရှိရန် လွန်းကျင်းတည်ဆောက်ခြင်းနှင့် ရေယာဉ်အား မူလပုံစံမပျက် မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို 
တပ်မတော်(ရေ)အနေဖြင့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ကာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့လေပြီ။ ထို့ပြင် သမိုင်းဝင် စစ်ရေယာဉ်-မေယုအား ရေရှည် ဆက်လက်ထိန်းသိမ်းထားရှိနိုင်ရေးအတွက်

(၁) လွန်းကျင်းအား ပြုပြင်ထိန်းသိမ်းခြင်း၊
(၂) ရေယာဉ်အား ပြုပြင်ထိန်းသိမ်းခြင်းနှင့်
(၃) မြစ်ကမ်းပါးအား ထိန်းသိမ်းထားရှိခြင်း စသည့်လုပ်ငန်းရပ်ကြီး(၃)ရပ်အား 
တပ်မတော်(ရေ)အစီအစဉ်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိပေသည်။ စစ်ရေယာဉ်
"မေယု "အား သမိုင်းဝင် စစ်ရေယာဉ်ကြီးအဖြစ် ပြင်ဆင်ဖန်တီးထားရှိနိုင်မှုနှင့် လွန်းကျင်းကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်မှုတို့မှာ ပါဝင်ဆောင်ရွက်ကြသော ပညာသည်များ၏ အတတ်ပညာပိုင်းဆိုင်ရာ တတ်ကျွမ်းပြည့်ဝမှုနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပါဝင်ကြသည့် တပ်ဖွဲ့အသီးသီး ၊ ဌာနအသီးသီးနှင့် ပုဂ္ဂိုလ်အားလုံးတို့၏ ညီညွတ်စွာ ပူးပေါင်းကြိုးစားအားထုတ်မှု၏ ရလဒ် ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။ 


သမိုင်းဝင် စစ်ရေယာဉ်
"မေယု " သည် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးချို့ ယွင်းမှုများကြောင့် မြင်ကွင်းမှ ကွယ်ပျောက်သွားရမည့်အခြေအနေ ဖြစ်ပေါ်လာမည်ဖြစ်သော်လည်း ၄င်းစစ်ရေယာဉ်ကြီး၏ ထူးခြားပြောင်မြောက်သည့် စွမ်းဆောင်မှုတို့မှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစဉ်တွင် ထင်ဟပ်လျှက် အစဉ်အမြဲ ရှိနေတော့မည်သာ ဖြစ်ကြောင်း ရေးသားဖော်ပြရင်း သမိုင်းပေးတာဝန် 
ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် စစ်ရေယာဉ် 
"မေယု "၊၊ စစ်ရေယာဉ်မေယုတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရေယာဉ်အဖွဲ့သားများအားလုံးနှင့် 
တပ်မတော်(ရေ) တပ်သားများအား
 ယနေ့ကျရောက်သော 
စစ်ရေယာဉ် 
"မေယု " ၏ နှစ်ပတ်လည်နေ့တွင်   ဤစာစုဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါသည်။


"မေယု "၏ ကိုယ်ရေးအချက်အလက်အကျဉ်းချုပ်


- အလျား- ၃၀၁ ပေ ၇ ၃/၄ လက်မ (အချို့စာစောင်များတွင် 
အလျား ၂၈၃ ပေ ဟု ဖော်ပြသည်။)
- ဗျက်- ၃၇ ပေ ၉ ၁/၄ လက်မ
- တန်ချိန် (၂၂၀၅) တန်

- တနာရီသွားနှုန်း ရေမိုင် (၂၀)မိုင်

- ရေစူး- ၁၄ ပေ ၄ လက်မ (၀န်ပြည့်)
 တစ်နာရီ ရေမိုင် ၂၀ မိုင်နှုန်း သွားနိုင်သည်။ 

- အလေးချိန်- ၁၆၁၄.၉၁ တန် (၀န်ပြည့်)

- လူအင်အား- အရာရှိ (၈) ဦး ၊ အခြားအဆင့် (၁၃၅) ဦး (အချို့စာစောင်များတွင် 

အရာရှိ စစ်သည် ၈၅ဦး ဟု ဖော်ပြပါရှိ)

တပ်ဆင်အသုံးပြုခဲ့သည့် လက်နက်များ

-၁၀၀ မမ အမြောက် ၁လက်၊ 
- ၄၀ မမ ဘော်ဖာ စက်အမြှောက်(၂) လက်၊-၂၀မမ အော်လီဂန်း ၂လက်တွဲ ၄လက်၊
- ၄ လက်မ အမြှောက်(၁) လက် (အချို့စာစောင်များတွင် ၂ လက်ဟု ဖော်ပြသည်။)
- Hedgehog ရေငုပ်သင်းဘောဖျက် မော်တာ
-၊မိုင်းရှင်းကိရိယာ၊ မိုင်းချ စင်များ 

- ရေမြုပ်ဒုံး (HEDGE HOG)
- ရေမြုပ်ဗုံး (DEPTH CHARGE)
 
အထက်ဖော်ပြပါ လက်နက်များသည် ဝေဟင်ပစ်မှတ် ၊ ရေပြင်ပစ်မှတ် နှင့် ကမ်းခြေပစ်မှတ်များကို ထိရောက်စွာ ပစ်ခတ်ချေမှုန်းနိုင်စွမ်းရှိပြီး ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက်ပါ အသုံးဝင်ပါသည်။


ရေတပ်လေ့ကျင့်ရေးဌာနချုပ်အတွင်း အေးချမ်းစွာ အနားယူနေသည့် စစ်ရေယာဉ် " မေယု"
ရေတပ်လေ့ကျင့်ရေးဌာနချုပ်အတွင်း အေးချမ်းစွာ အနားယူနေသည့် စစ်ရေယာဉ် "မေယု"


ကိုးကားသော မှတ်တမ်းမှတ်ရာများ- သမိုင်းဝင် စစ်ရေယာဉ်-မေယု စာစောင်ဆရာဆောင်(Myanmar Navy) 
ဓါတ်ပုံ မှတ်တမ်း                            - ရေတပ်သမိုင်းဓါတ်ပုံများ ၊ လူသစ် ၊ Deparko
by 
Khant Linn Htet

အချက်အလက်နှင့် သမိုင်းအထောက်အထားများ မှားယွင်းမှုရှိခဲ့ပါက ကျွန်ုပ်၏ညံ့ဖျင်းပေါ့လျော့မှုသာလျှင်ဖြစ်ပြီး
ဖြည့်စွက်ရေးသားပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် နဲ့အလုပ်သမားဆန္ဒပြပွဲတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူများ

$
0
0




ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့ က စတင်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ယနေ့အထိ မပြီးဆုံးသေးဘဲ ဇန်နဝါရီ၂၆ ရက်နေ့မှာထပ်မံဆန္ဒပြခဲ့ကြပါတယ်။  ယင်း ဆန္ဒပြပွဲမှာ ဘုန်းတော်ကြီး တွေအပါအဝင် ဆန္ဒပြသူတွေက ၃ရက်နေ့ ဆန္ဒပြပွဲတုန်းက ဖမ်းဆီးထားတဲ့ ဆန္ဒပြသူတွေကို ပြန်လွှတ်ပေး ဖို့နဲ့ အထည်ချုပ် စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက် အခြေခံလစာ တွေကို တိုးမြှင့် ပေးဖို့ ထပ်မံဆန္ဒပြ တောင်းဆို ခဲ့ကြပါ တယ်။
အထည်အလိပ်အလုပ်သမား တွေ ၊ သမ္မဂ အဖွဲ့အဝင်တွေ၊ လယ်မြေသိမ်းမှုအတွက် ဆန္ဒပြသူတွေ နဲ့ ဘုန်းကြီး တွေအပါအဝင် လူပေါင်း ၂၀၀ ကျော်ဟာ  ဖနွမ်းပင် ဥယာဉ်အတွင်း စုဝေးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြသူ တွေ နဲ့ ရဲတွေအကြား ကျောက်ခဲတွေ၊ တုတ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် နှစ်ဖက်စလုံးမှာ ဒဏ်ရာ အနာတရ တွေရရှိခဲ့ပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ အလုပ်သမားတွေက လစဉ်အနိမ့်ဆုံးလခကို ဒေါ်လာ ၁၆၀ အထိ  တိုးမြှင့်ပေးဖို့ တောင်းဆိုရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။သာမန်အားဖြင့် ဒါဟာ အလုပ်ရှင်နဲ့အလုပ်သမားကြား ဖြစ်ပျက်တတ်တဲ့ ပြသနာလို့ ထင်ရပေမယ့် ယခုဆန္ဒပြပွဲတွေရဲ့နောက်ကွယ်မှာ နိုင်ငံရေးပြသနာတွေ ၊အစိုးရနဲ့ အလုပ်ရှင် တွေပေါင်းပြီး အလုပ်သမားတွေပေါ်မှာ မတော်မတရား ခေါင်းပုံဖြတ်မှုတွေ၊ ဖွံ့ဖြိုးပြီး (developed)နိုင်ငံတွေ ရဲ့မတိုးတက်သေး တဲ့(underdeveloped)နိုင်ငံတွေအပေါ် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ လွှမ်းမိုးချယ်လှယ်မှုတွေ ပါဝင်ပက်သက်နေ တယ်ဆိုတာ တွေ့ရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ ပို့ကုန် ၈၀ ရာခိုင်နှုန်းကျော်ဟာ အဝတ်အထည်တွေဖြစ်ပါတယ်။ ဒါကြောင့် အထည်ချုပ် လုပ်ငန်းဟာ ကမ္ဘောဒီး.ယားရဲ့ အဓိက စီးပွားရေးလုပ်ငန်းဖြစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။  လက်ရှိ မှာ အထည်ချုပ် စက်ရုံပေါင်း ၅၅၈ ရုံရှိပြီး ၄င်းစက်ရုံတွေကနေတဆင့်နိုင်ငံခြားငွေတနှစ်ကို ယူရို ၃.၃၈ ဘီလီယံ ရနေပါတယ်။အဲဒီလို နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ကမ္ဘောဒီးယားရဲ့ ပို့ကုန်တွေကို ထုတ်လုပ်ပေး တဲ့ စက်ရုံတွေမှာအလုပ်သမားပေါင်း ၅ သိန်းကျော်ရှိတယ်လို့ The council for the development of Cambodia အဖွဲ့က ဆိုပါတယ်။
တဖက်မှာတော့ အဲဒီလိုနိုင်ငံခြားဝင်ငွေအမြောက်အများကိုနှစ်စဉ်ရှာပေးနေတဲ့အလုပ်သမားတွေ ဟာ   လေ ဝင်လေထွက် မကောင်းတဲ့စက်ရုံတွေထဲမှာအလုပ်လုပ်နေကြရပါတယ်။အဆိုးဆုံးကတော့ နည်းပါးလွန်းတဲ့ အခြေ ခံလစာနဲ့မလုံ လောက်တာကြောင့် အချိန်ပိုတွေကို အလွန်အကျွံဆင်း ပြီးဘဝနေထိုင်မှုအတွက်ပင်ပင်ပန်းပန်းနဲ့ ရုန်းကန် နေရခြင်းဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်တုန်းက အနိမ်ဆုံး လစာ ၆၁ ဒေါ်လာ ကို လက်ခံပေးဖို့  အလုပ်သမားဝန်ကြီး ဌနက တိုက်တွန်းခဲ့ ပါတယ်။ အဲဒီတုန်းကလည်း အလုပ်သမားတွေဘက်က ထပ်မံတောင်းဆိုမှု တွေပြုခဲ့တာကြောင့် အနိမ့်ဆုံးလစာကို ၇၅ ဒေါ်လာအထိ တိုးပေးခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာတော့  အလုပ်သမား တွေက သူတို့ရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် အနည်း ဆုံးဝင်ငွေ ဒေါ်လာ ၁၅၀ ရရှိမှ ဖူလုံမယ်လို့ ဖနွမ်းပင်အခြေစိုက် လူ့အဖွဲ့အစည်းအတွင်းပညာပေးရေးအဖွဲ့က ဆိုပါတယ်။
ပြီးခဲ့တဲ့လတုန်းက ကမ္ဘောဒီးယားနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေ အတွက် အခြေခံလစာ  ကို ဒေါ်လာ ၃၀၀ နီးပါးတိုးမြှင့်ပေးခဲ့ပါတယ်။ဒါပေမယ့်အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံမှာတော့ ဒေါ်လာ ၁၆၀ ရဖို့ တိုက်ပွဲဝင် နေရတုန်းပါ။
အခုလို လုပ်ခလစာတွေ နဲပါးပြီး အလုပ်သမားခ ဈေးပေါလွန်းတာကြောင့် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေဟာ ကမ္ဘောဒီးယားနိုင်ငံကို ပြောင်းရွှေ့လာကြပါတယ်။ အထူးသဖြင့်တရုတ်စက်ရုံ တွေပြောင်းလာတာ များ တယ်လို့ ကမ္ဘောယားလူမျိုး ကုမ္ပဏီပိုင်ရှင်တဦးက ကမ္ဘောဒီးယားနေ့စဉ်သတင်းစာကိုပြောခဲ့ပါတယ်။
The council for the development of Cambodia ရဲ့ မှတ်တမ်းများအရ တရုတ်ဟာ ကမ္ဘေုာဒီးယားနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး တစတစ တိုးပွားလာသော တိုင်းပြည်တွင်းက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုများဟာ ၁၉၉၄ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း ၉.၆ ဘီလီယံ ရှိတယ်လို့ဆိုပါတယ်။သူ့ရဲ့စီမံကိန်းအများစုဟာ အထည်ချုပ်စက်ရ၊ုံ ဖိနပ်စက်ရံ၊ု ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ စွမ်းအင်၊ မိုင်း ၊မြေကွက်၊ သယ်ယူပို့ဆောင်ရေး နဲ့ စက်သွယ်ရေးအပိုင်း တွေဖြစ်ပါတယ်။ 

၂၀၁၀ အထိ Garment Manufacturers’ Association in Cambodia (GMAC) အဖွဲ့ရဲ့  ကမ္ဘောဒီးယား နိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုပိုင်ဆိုင် နှုန်းပြဇယားအရ  ထိုင်ဝမ် ၂၈ ရာခိုင်နှုန်း၊ တရုတ် ၁၉ ၊ ဟောင်ကောင် ၁၇၊ တောင်ကိုးရီးယား ၁၃၊ မလေးရှား ၆၊ ကမ္ဘောဒီးယား ၅ ၊စင်္ကာပူ ၄၊ ယူအက်စ် ၄  ရာခိုင်းနှုန်းအသီးသီး ပိုင်ဆိုင်ကြပါတယ်။ စက်ရုံပိုင်ဆိုင်မှုအနေနဲ့  ထိုင်ဝမ် ၆၆ ရုံ၊ တရုတ် ၄၄ ရုံ၊ ဟောင်ကောင် ၁၇ ၊ တောင်ကိုးရီးယား ၃၁၊  မလေးရှား ၁၄ ၊ကမ္ဘောဒီးယား ၁၃၊  စင်္ကာပူ ၁၀၊နဲ့  ယူအက်စ် ၉ရုံပိုင်ဆိုင်ကြပါတယ်။၎င်းမှတ်တမ်းများအရ ဒေသခံလူမျိုးများ ရဲ့ ရင်းနှီးမြှုပ်နှံမှု ပိုင်ဆိုင်နှုန်းဟာ အလွန်နဲပါးနေတာကိုတွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ပိုင်ဆိုင်မှု နည်းပါးသလို ဒေသခံလူမျိုးအများစု အလုပ်လုပ်ကြရတဲ့ စက်ရုံတွေမှာလည်း အခြေခံ လုပ်ခလစာတွေဟာအခြားနိုင်ငံတွေနဲ့ယှဉ်လျှင် အင်မတန်နဲပါး နေတာကိုတွေ့ရပါတယ်။
ကမ္ဘောဒီးယားအပါအဝင် ဖွံဖြိုးဆဲနိုင်ငံတွေမှာ ထုတ်လုပ်တဲ့ အဝတ် ထည် တွေကို ဖွံဖြိုးတိုးတက်ပြီး ဖြစ်တဲ့ အနောက်နိုင်ငံဈေးကွက်ကို တင်ပို့တဲ့အခါအလုပ်ရှင်တွေဘက်က  အခွန်အခ တွေ အများအပြား ပေးဆောင်ရပေမယ့်  စက်ရုံတွေလာရောက် တည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံထားတဲ့ အာရှနိုင်ငံတွေမှာ တော့ အခွန်အခတွေ မပေးဆောင် ရပါဘူး။ လုပ်အားခတွေဈေးပေါပေါနဲ့ရပြီး သဘာဝအရင်းအမြစ် ပေါများတဲ့ (underdeveloped)မဖွံဖြိုးသေးတဲ့ နိုင်ငံ တွေကနေ အမြတ်စွန်း ကြီးကြီးလည်းရကြပါသေးတယ်။
အလုပ်သမားသမ္မဂညွန့်ပေါင်းအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့၂၀၁၃ခုနှစ် ဒီဇင်ဘာလကုန်မှာ အထည်ချုပ်စက်ရုံပိုင်ရှင်တွေနဲ့ အလုပ်သမားဝန်ကြီးဌနကို ဆန္ဒပြဖို့ကြေညာခဲ့ပါတယ်။ စက်ရုံပေါင်း တရာကျော်က အထည်ချုပ်စက်ရုံအလုပ်သမားတွေ ဆန္ဒပြပြီး  ၁၀ ရက်မြောက်တဲ့နေ့မှာ အခြားအလုပ်သမား၊ လယ်သမား ၊ကျောင်းသား နဲ့ ဘုန်းတော်ကြီးတွေပါ ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ဒါကြောင့် ယင်းဆန္ဒပြပွဲတွေကိုကြောက်ရွံ့လာတဲ့အစိုးရဟာဆန္ဒပြသူတွေကို အကြမ်းဖက်ပြီး ဖြိုခွဲခဲ့ပါတယ်။ ဆန္ဒပြပွဲအတွင်း  ဆန္ဒပြသူ ၅ ယောက်သေဆုံးခဲ့ပြီး  ၁၂ယောက်ကျော်ဒါဏ်ရာရခဲ့တယ်လို့ Cambodia daily news က ဖော်ပြခဲ့ပါတယ်။
အကြမ်းဖက်မှုတွေအပြီး ကမ္ဘောဒီးယားအစိုးရဟာ ယနေ့အချိန်အထိ ဖမ်းဆီးမှုတွေကို ဆက်တိုက်ပြု လုပ်နေခဲ့ပါတယ်။ ဆန္ဒပြသူတွေဘက်ကလည်း အလျှော့မပေးဘဲဆန္ဒပြပွဲအတွင်း ဖမ်းဆီးသွားတဲ့သူတွေကိုပြန်လွှတ် ပေးဖို့ထပ်မံ ဆန္ဒပြခဲ့ကြပါတယ်။
             အလုပ်ရှင်တွေ ဘက်ကလည်းအစိုးရနဲ့ပေါင်းပြီး ဆန္ဒပြသူ အလုပ်သမားတွေကို နည်းအမျိုးမျိုးနဲ့နှိပ်ကွပ် ခဲ့တဲ့အပြင် အလုပ်သမားသမ္မဂကို လည်းပစ်တင်ပြောဆိုခဲ့ကြပါတယ်။  ဆန္ဒပြမှုတွေကြောင့် စီးပွားရေးအရ သူတို့ဆုံးရှုံးနစ်နာသွားတဲ့ အပေါ်မှာလည်း ဝေဖန်ခဲ့ကြ ပါတယ်။
တချိန်ထဲမှာပဲ ကမ္ဘောဒီးယားအရေးလေ့လာသုံးသပ်သူ အန်ဂျီအိုအဖွဲ့တွေနဲ့ ပညာရှင်တွေကလည်း ကမ္ဘောဒီး ယားမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံခြားအစိုးရတွေကို စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။ အထူးသဖြင့် အဓိကရင်း နှီးမြှုပ်နှံတဲ့နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်တဲ့ တောင်ကိုးရီးယား အစိုးရကိုဖြစ်ပါတယ်။
ဇန်နဝါရီ ၃ရက်နေ့ အကြမ်းဖက်မှုတွေမဖြစ်လာခင်အလုပ်သမားတွေဟာ သူတို့ရဲ့ လုပ်ခလစာတွေ တိုးမြှင့်ပေးဖို့ ဖနွမ်းပင်လမ်း မတွေအပြင်ကိုးရီးယားပိုင် (Yakjin)စက်ရုံရှေ့မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကမ္ဘောဒီးယား အခြေစိုက် ကိုးရီးယားသံရုံးက သူတို့စက်ရုံတွေကို ကမ္ဘောဒီးယားအစိုးရအနေနဲ့ဆန္ဒပြသူတွေရဲ့ ရန်က ကာကွယ်ပေးဖို့ ၊ ကိုးရီးယားရဲ့ အကျိုးစီးပွားကို မထိခိုက်မပျက်စီးရအောင်စောင့်ရှောက်ပေးဖို့ အစီရင်ခံစာတစောင် ထုတ်ဝေပြီး တောင်း ဆိုခဲ့ပါတယ်။  ယင်းအစီရင် ခံစာထွက်ပေါ်လာပြီးနောက်ပိုင်း  ကမ္ဘောဒီးယားအစိုးရက စစ်တပ်အင်အားသုံးပြီးကိုး၇ီးယား စက်ရုံရှေ့မှာ ဆန္ဒပြတဲ့သူတွေကို ပြင်းပြင်းထန် ထန်နှိမ်နင်းခဲ့ပါတယ်။ဒါ့အပြင် ကိုးရီးယား စစ်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ စစ်သားတဦးဟာအကြမ်းဖက်သူ ကမ္ဘောဒီးယား စစ်သားတွေအကြား ပါဝင်ပြီး ဆန္ဒပြသူတွေကိုနှိမ်နင်း ခဲ့ပါတယ်။ အဲဒီလိုအကြမ်းဖက်နှိမ်နင်း နေတဲ့  ကိုးရီးယားစစ်ယူနီဖောင်းဝတ်ဆင်ထားတဲ့ စစ်သားတဦးပုံကို  သတင်းမီဒီယာတွေက အမိအရ ရိုက်ယူခဲ့ ပါတယ်။
ကမ္ဘောဒီးယားအရေးလေ့လာသုံးသပ်သူအချို့နဲ့ ဂလိုဘယ်လ်ပို့စ် သတင်းဌာနက ကိုးရီးယားအစိုးရဟာ ကမ္ဘောဒီးယားအစိုးရကို အကြမ်းဖက်မှုတွေပြုလုပ်အောင် နောက်ကွယ်ကနေကြိုးကိုင်ပြီး စေခိုင်းနေတယ် လို့ပြောဆို ရှုံ့ချခဲ့ပါတယ်။ အဲဒီလိုဝေဖန်ပြောဆိုမှုတွေကြောင့် ကမ္ဘောဒီးယားအခြေစိုက် ကိုးရီးယားသံရုံးက ဆန္ဒပြပွဲအတွင်း ထုတ်ပြန်ခဲ့တဲ့၎င်းတို့ရဲ့ ကြေညာချက်ကို အင်တာနက်စာမျက်နှာကနေ ပယ်ဖျက်ခဲ့ပါတယ်။ ဒါ့အပြင်ယင်းကြေညာချက်နဲ့ ဓါတ်ပုံတွေကို ဖော်ထုတ်ခဲ့တဲ့ ဂလိုဘယ်ပို့စ် သတင်းစာကိုလည်းကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌနက စာတစောင်ပေးပို့ခဲ့ပါတယ်။
ယင်းစာထဲမှာ သူတို့အနေနဲ့ ကမ္ဘောဒီးယားအစိုးရကို အကြမ်းဖက်မှုတွေဖြစ်အာင် အားပေးအားမြှောက်မလုပ်ခဲ့ ကြောင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံထဲမှာရှိနေတဲ့သူတို့ရဲ့စက်ရုံတွေကို အကာအကွယ်ပေးဖို့သက်သက်သာ ရည်ရွယ်ကြောင်း ကိုးရီးယားသံရုံးကဲ့သို့ပဲ ကမ္ဘောဒီးယားအခြေစိုက် အခြားသံရုံးတွေဖြစ်တဲ့ ဂျပန်နဲ့ တရုတ်သံရုံးတွေကလည်း အလားတူ ရေးသားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဂလိုဘယ်ပို့စ် အနေနဲ့ ကိုးရီးယားအစိုးရရဲ့နောက်ကွယ်က ပါဝင်ပက်သက်မှုတွေအပေါ် ကိုးရီးယား အစိုးရရဲ့ ဖြေရှင်းချက်ကို အယုံအကြည်မရှိတဲ့အပြင် သံသယဖြစ်စရာ အချက်တွေလည်း အမြောက်အများရှိနေ သေးတယ် လို့ ဇန်နဝါရီလ ၄ ရက်နေ့ က၄င်းတို့ရဲ့သတင်းဝက်ဆိုဒ်မှာရေးသားခဲ့ပါတယ်။
ဇန်နဝါရီလ ၈ရက်နေ့ တနင်္ဂနွေနေ့မှာလည်းတောင်ကိုးရီးယားနိုင်ငံ ဆိုလ်းမြို့တော်ခန်းမရှေ့မှာ ကမ္ဘောဒီးယား လူမျိုးတွေနဲ့ကိုးရီးယားလူမျိုး အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအတွက်လှုပ်ရှားတက်ကြွသူတွေက ကမ္ဘောဒီးယား အစိုးရနဲ့ ကိုး၇ီးယားအစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ကမ္ဘောဒီးယားအကြမ်းဖက်မှုအတွင်း သေဆုံးသွားကြတဲ့ အလုပ်သမား ငါးယောက်အတွက် တ၇ားမျှတမှုကို ကမ္ဘောဒီးယားအစိုးရအနေနဲ့ ဖော်ဆောင်ပေးဖို့၊ ကမ္ဘောဒီးယား ဝန်ကြီး ချုပ်ဟွန်ဆန်ရာထူးက ဖယ်ရှားပေးဖို့ အပြင် ကိုးရီးယားအစိုး၇အနေနဲ့ ဆင်းရဲတဲ့နိုင်ငံ တွေအပေါ် စီးပွားရေးအရ ခေါင်းပုံဖြတ် အမြတ်မထုတ်ဖို့ ၊အခြားနိုင်ငံရဲ့နိုင်ငံရေးပြသနာတွေမှာ ဝင်ရောက်မခြယ်လှယ်ဖို့ ဆန္ဒပြတောင်း ဆိုခဲ့ကြပါ တယ်။
  ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ အာရှလို သဘာဝသယံဇာ ကြွယ်ဝပြီး  မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ အပေါ်ဒေသ ဆိုင်ရာ အစိုးရနဲ့ပူးပေါင်းပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်နေတဲ့အကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးက ပညာရှင်တွေကလည်း ပြောဆိုခဲ့ ပါတယ်။
နိုင်ငံကြီးတွေက ဆာလောင်နေတဲ့ ဖက်ရှင်ဈေးကွက်ကို ဖြည့်တင်းပေးဖို့အတွက် လုပ်အားခဈေးပေါပြီး  ကုန်ကြမ်းအများအပြားရရှိနိုင်တဲ့ကမ္ဘောဒီးယားလိုအာရှနိုင်ငံတွေမှာ စက်ရုံတွေတည်ပြီး ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ အဲဒီ နောက် အဝတ်အထည်တွေနဲ့ အခြားအသုံးဆောင်ပစ္စည်းတွေကို  မဖွံဖြိုးသေးတဲ့ နိုင်ငံတွေမှာ ဈေးပေါပေါနဲ့ထုတ်လုပ်ပြီး ချမ်းသာတဲ့နိုင်ငံကြီးတွေမှာ ကုန်အမှတ်တံဆိပ်တပ်(Brand)ကုမ္ပဏီကြီးတွေကို ဈေးကြီးကြီးနဲ့ေ၇ာင်းကြပါတယ်။ ဒါ့အပြင် ယခုလို အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာတဲ့အခါမှာ ချမ်းသာတဲ့နိုင်ငံကြီးတွေရဲ့ ပေးကမ်းမှုတွေနဲ့ ရပ်တည် နေရတဲ့ ဒေသခံ အစိုးရက ၄င်းနိုင်ငံကြီးတွေဆီက ဝယ်ယူထားတဲ့လက်နက်တွေနဲ့ ဆင်းရဲတဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေက စီးပွားရေးလုပ်ငန်းရှင်တွေဟာ Brandတွေနဲ့ အလုပ်သမားတွေကြား ပွဲစား လို ကစားနေပြီး အကျိုးအမြတ်အမြောက်အများရရှိခံစားကြရပါတယ်။
ယခု ကမ္ဘောဒီးယားနိုင်ငံရဲ့ဆန္ဒပြပွဲအတွင်းမှာ ဆန္ဒပြသူတွေကို အစိုး၇က တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ လက်နက်တွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန် အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ကမ္ဘောဒီးယား အစိုးရကိုစစ်ရေးစီးပွားရေးအရ အများဆုံး အထောက်အပံ့ပေးသူထဲမှာ တရုတ်အစိုးရက နံပါတ်တစ်ဖြစ်ပါတယ်။
The Garment Manufacturer’s Association in Cambodia ( GMAC)ရဲ့ အထွေအထွေမန်နေဂျာ “လ”ူ ကတော့ ကမ္ဘောဒီးယားနိုင်ငံကို တရုတ်နိုင်ငံက စက်ရုံတွေဟာ ၂၀၁၃ ထဲမှာ အတော်များများ ပြောင်းလာတယ် လို့ဆိုပါတယ်။ ထိုင်းနဲ့ဗီယက်နမ်မှာ လုပ်အားခတွေ တိုးမြှင့်ပေးခဲ့တာကြောင့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုကုမ္ပဏီတွေ ဟာလုပ် အားခတွေဈေးပေါတဲ့ ကမ္ဘောဒီး ယားကိုပြောင်းရွှေ့ဖို့ဆိုင်းပြင်းနေကြပါတယ်။ အခုလက်ရှိ တရုတ်ပိုင်စက်ရုံ တွေဟာ ဘင်္ဂလားဒေ့ရှ် ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှား ကိုပြောင်းရွှေ့လာကြတယ်လို့ဆိုပါတယ်။ဒါ့အပြင် လုပ်အားခ ဈေးသက်သာမယ့် နောက်ထပ်နေရာ သစ်အဖြစ် မြန်မာနိုင်ငံကိုလည်းပြောင်းရွှေ့ဖို့ ဆိုင်းပြင်းနေကြတယ်လို့ Cambodia daily news ကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း အင်တာဗျူးတခုမှာပြောကြားခဲ့ပါတယ်။သူတို့အတွက် အကျိုးအမြတ်များများရ မယ့်နိုင်ငံတွေဆီ ပြောင်းရွှေ့ဖို့ရာ အမြဲစဉ်းစားနေကြတာပါလို့ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၂ ခုနှစ်မှတ်တမ်းများအရ တောင်ကိုးရီးယားအစိုးရရဲ့ ရင်းနှီးမြုပ်နှံမှုဟာလည်း သူ့ရဲ့ အိမ်နီးချင်းနိုင်ငံ တရုတ်ထက် အဆပေါင်းများစွာပိုခဲ့ပြီး ကမ္ဘာဒီးယားမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးပိုင်ဆိုင် တဲ့သူဖြစ်လာပါတယ်။
လူ့အခွင့်အေ၇းအဖွဲ့တွေရဲ့ပြောကြားချက်အရ တောင်ကိုးရီးယားဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ကမ္ဘောဒီး ယားရွေး ကောက်ပွဲမှာ မဲလိမ်မှုတွေနဲ့ အနိုင်ရခဲ့တဲ့ဟွန်ဆန်ရဲ့ အာဏာရှင်ပါတီ(CPP) Cambodians People Party ကိုပထမဆုံး ဂုဏ်ပြုလက်ဆွဲနှုတ်ဆက် ခဲ့တဲ့အစိုးရဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဆန္ဒပြပွဲတွေရဲ့ ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့  ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့သက်တော် စောင့်အဖွဲ့ ဖြစ်တဲ့ တပ် မဟာ (၇၀) ကိုတောင်ကိုးရီးယား အစိုးရအနေနဲ့ရင်းနှီးပြီး ဖြစ်တဲ့အပြင် အဲဒီတပ်မဟာ ၇၀ ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်းပုံစံအမျိုးမျိုးနဲ့ ကျူးလွန်ခဲ့ကြတဲ့ သူတွေလို့ဆိုပါတယ်။ ၄င်းအဖွဲ့ ပုံမှန်လည်ပတ်နိုင်ဖို့ လိုအပ်တဲ့အထောက်အပံ့ပစ္စည်းတွေ တင့်ကားတွေ အပါဝင်  ဒေါ်လာ ၂၈  မီလီယံဖိုး ကို တောင်ကိုးရီးယားအစိုးရက ၂၀၁၁ ခုနှစ်တုန်းက  ထောက်ပံ့ခဲ့ဖူးတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲပြောဆို ခဲ့ပါတယ်။ ဒါ့အပြင်တောင်ကိုးရီးယားနိုင်ငံရဲ့ ယခင်သမ္မတ လီမြောင်ဘတ် ဟာ ကမ္ဘာဒီးယားနိုင်ငံရဲ့ စီးပွားရေးအကြံပေး တယောက် ဖြစ်ခဲ့ပါတယ်။
ယခုအချိန်မှာတော့ ဆန္ဒပြသူတွေဟာ ကမ္ဘောဒီးယားရဲ့အတိုက်အခံပါတီဖြစ်တဲ့ (CNRP) Cambodia National Rescue Party နဲ့ ညှိနှိုင်းမှု တွေနီးကပ် လာခဲ့ပါတယ်။၂၀၁၃ ခုနှစ် ဇူလိုင်လက လိမ်လည်ပြီး လူထုသဘောထားစစ်တမ်းကောက်ယူခဲ့တဲ့အပြင်ရုပ်ပျက်ဆင်းပျက်ပြုလုပ်ခဲ့တဲ့ ၄င်းရွေးကောက်ပွဲအသစ်ကို ဖိအားပေးဖို့ အတွက်  အလုပ်သမားဆန္ဒပြပွဲတွေကို အတိုက်အခံပါတီက အစဉ်တစိုက်ထောက်ခံအားပေးပြီး ခြေကုပ်ယူထား ခဲ့ပါတယ်။
ရွေးကောက်ပွဲမဲအေ၇အတွက် ရလာဒ်အရ ဟွန်ဆန်ရဲ့ စီပီပီ ပါတီက လွှတ်တော်အတွင်း အမတ် ၁၂၃နေရာရှိသည့်အနက် ၆၆နေရာရရှိပြီး မဲအများဆုံးနဲ့ အနိုင်ရခဲ့ပြန်ပါတယ်။ အတိုက်အခံပါတီဘက် ကအဲဒီမဲရလာဒ်ကို  ပယ်ချခဲ့ပြီး ရွေးကောက်ပွဲရလာဒ်ဟာ တရားမျှတမှုမရှိကြောင်း ကြေညာခဲ့ပါတယ်။ ဟွန်ဆန် ဦးဆောင်တဲ့ CPPပါတီရဲ့ လွှမ်းမိုးမှုနဲ့ကြိုးကိုင်မှုကို ခံထားရတဲ့ အမျိုးသားရွေးကောက်ပွဲ ကော်မရှင် (NEC) national election committee ဟာ ယခုရွေးကောက်ပွဲ မဲလိမ်မှုတွေမှာတာဝန်အရှိဆုံး ဖြစ်တယ်လို့အတိုက်အခံပါတီ CNRP ကပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲပြီး တဲ့နောက်ပိုင်းမှာလည်း ကမ္ဘောဒီးယားပြည်သူတွေက အတိုက်အခံပါတီကိုထောက်ခံကြပြီး ဟွန်ဆန်ရဲ့နှစ်ရှည်လများ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့အပေါ်  ဆန္ဒပြခဲ့ကြပါသေးတယ်။ အဲဒီဆန္ဒပြပွဲမှာလည်း ဟွန်ဆန် အစိုးရက ဆန္ဒုပြသူတွေကို နည်းအမျိုးမျိုးနဲ့နှိမ်နင်းခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေနဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့အလုပ်သမားဆန္ဒပြပွဲတွေဟာဟွန်ဆန်အစိုး၇အတွက် ဆယ်စုနှစ် ၂ စုကျော်ကြာ အကြီးမား ဆုံး စိန်ခေါ်မှုကြီးဖြစ်ပါတယ်။

ဘာသာပြန်ဆိုသူ 

မိုကို 

နှလုံးသားဒိုင်ယာရီ (၂၄)

$
0
0



၂၀-၅-၂၀၀၃
နေခြည်လှုပ်နှိုးမှုကြောင့် အိပ်ယာထက်မှလူးလဲထလိုက်မိသည့်ကျနော် ညကကောင်းစွာအိပ်မရ။ အတွေးများနှင့်နပမ်းလုံးရင်း ညဥ့်အတော်နက်ခဲ့ရသည်။ ယခုလည်း မဟာမိတ်တပ်မတော်တွင် ဖမ်းဆီးချုပ်နှောင်ထားသော အကျဉ်းသားတစ်ဦးအား သွားရောက်စစ်ဆေးပေးရအုံးမည်။ အကျဉ်းသားကား မည်သူမည်ဝါရယ်မသိရသေးပေ။ မဟာမိတ် တပ်မတော်ဌာနချုပ်နှင့် ကျနော်တို့တပ်မှာ အတော်လေးအလှမ်းဝေးသည်ဟုဆိုရမည်။ စစ်သားခြေ ထောက် ပြင်းပြင်းနှင့်ပင် မိနစ်လေးဆယ်ခန့်ခရီးနှင်ရသည်။


တပ်စခန်းနှစ်ခုအကြားတွင်တော့ မြို့နယ် တပ်တစ်ခုနှင့် လက်နက်ကြီးတပ်ခွဲတစ်ခုကို ဖြတ်သန်းသွားရသည်။ အကျဉ်းသားစစ်ဆေးရန်အတွက် ရဲဘော်(၄)ဦးကို ရွေးချယ်လိုက်သည်။ ထိုရဲဘော်များမှာ လျင် မြန်ဖြတ်လတ်ပြီး အတွေ့အကြုံရှိပြီးသူများလည်းဖြစ်သည်။ လိုအပ်သည့်စာရွက်စာတမ်းအချို့ကို ယူ ဆောင်ပြီးသည်နှင့် လက်နက်အပြည့်အစုံဖြင့် ရဲဘော်(၄)ဦးမှာလည်း ကျနော်ဦးဆောင်၍ အကျဉ်းသား ချုပ်နှောင်ထားရာ မဟာမိတ်တပ်မတော်ဌာနချုပ်အောက်ရှိ အကျဉ်းထောင်သို့ဦးတည်ချီတက်ခဲ့ကြ သည်။

ထိုသို့ချီတက်လာကြစဉ် တောင်ကြောလေးတစ်ခုအရောက် နှာခေါင်းဝသို့ စူးရှပြင်းထန်သော အပုပ်နံ့တို့က ဆီးကြိုနှုတ်ဆက်ခြင်းခံလိုက်ရသည်။ ညာဖက်လျှိုထဲသို့လှမ်းကြည့်လိုက်ရာ ယင်စိမ်း အုပ်ကြီးများ ကူးလူးပျံသန်းနေကြသည်။ ရှေ့မလှမ်းမကမ်းတွင်လည်း ခါချဉ်တပ်မကြီးချီတက်နေသည် မှာ အတွဲလိုက်။ ထိုခါချဉ်တပ်မကြီးမည်သည့်အရပ်ဒေသသို့ဦးတည်ချီတက်နေကြောင်း ကျနော် ကောင်းစွာ သိနေခဲ့သည်။

တပ်စခန်းတွင်ဟင်းစားရရန်အတွက် တောပစ်ထွက်လေ့ရှိသလို တစ်ခါတစ်ရံ ခါချဉ်သိုက်များကို လည်း သွားရောက်ဖေါက်ယူပြီး ဥနှင့်အကောင်ပေါက်ကလေးများကိုသုပ်၍တစ်မျိုး၊ကြော်၍တစ်ဖုံ စား သောက်တတ်ကြသည်။ ထိုခါချဉ်အသိုက်များအတွင်းမှ လူ့သွားနှင့်ဆံပင်များမကြာခဏတွေ့ရ တတ်သည်။ ယခုဦးတည်ချီတက်နေသော ခါချဉ်များမှာလည်း သူတို့အတွက် ရိက္ခာအပြည့် အ၀ရရှိမည့် လူသေကောင်များရှိရာသို့ ညီညီညာညာ ချီတက်နေကြခြင်းပင်ဖြစ်သည်။ လူသေ အလောင်းများမှာ ခါချဉ်ဒဏ်ကြောင့် ငါးများကိုငါးဆားနယ်သိပ်ရန်အတွက် မွှန်းထားသကဲ့သို့ အစင်းကြောင်းများကြား အတွဲ လိုက်ဝင်ရောက်မွှေနှောက်စားသောက်ခြင်း ခံနေကြရပေတော့သည်။ ခါချဉ်တပ်မကြီးက လူသေအလောင်းများကို အနီရောင်လွှမ်းခြုံထားလိုက်တော့သည်။ ညဦးပိုင်း ရောက်လျှင် လူသေကောင်နှင့်မနီးမဝေး၌ သားကောင်လာစောင့်ပစ်လျှင် မုချရမည်မှာသေချာသည်။ အဘယ်ကြောင့်ဆိုသော် ကြွင်းကျန်သော အရိုးများကို ဖြူများကလာရောက်စားသုံးတတ်သလို ပုပ်ပွနေသော ၀မ်းတွင်းကလီစာများကိုတော့ ၀က်ဝံများက စားသောက်လေ့ရှိသောကြောင့်ဖြစ်သည်။

ထိုသို့သေဆုံးနေသောသူများမှာ အပြစ်သားများရှိနိုင်သလို အပြစ်မဲ့သူများလည်းစတေးခံလိုက် ရသည်ကို မည်သူငြင်းဆိုနိုင်မည်နည်း။ ကျနော်တို့ဆက်လက်ထွက်ခွာလာရာ အကျဉ်းထောင်အနီး တောင်စောင်းကလေးသို့ပင်ရောက်ရှိလာခဲ့သည်။ ပျဉ်းကတိုးအပင်တွင် ချိတ်ဆွဲထားသောစာတမ်း လေးကိုလှမ်း၍ တွေ့မြင်လိုက်ရသည်။ “ အကျဉ်းထောင်သို့ တာဝန်မှအပ ဖြတ်သန်းသွားလာခွင့်မပြု” ဟူ၍ ဖြစ်သည်။ တောင်ကြောလေးအောက်သို့ တရွေ့ရွေ့ဆင်းသွားခဲ့ကြသည်။ မလှမ်းမကမ်းတွင် တာဝန်ကျနေသော ရဲဘော်မှ “ ဆရာတို့ပါလား၊ စစ်ဆေးရေးအဖွဲ့က မဟုတ်လား၊ ဒီလမ်းအတိုင်း ညာဖက်လှမ်းလိုက်တာနဲ့ အကျဉ်းထောင်ကိုရောက်ပြီ” ဟု ညွှန်လိုက်သည်။ “ အေးကွ၊ သွားလိုက်အုံး မယ်” ဟုပြန်လည်နှုတ်ဆက်ရင်း အကျဉ်းထောင်ရှိရာသို့ ဆင်းလာခဲ့တော့သည်။ အချုပ်ထောင်ကား ကြီးကြီးမားမားမဟုတ်၊ ၁၅ပေ၊၇ ပေ၊အခန်းကျဉ်းလေးဖြစ်သည်။ သစ်တိုင် များနှင့်အခိုင်အမာတည်ဆောက်ထားသောကြောင့် ထွက်ပြေးရန်မလွယ်ကူသလို အစောင့်များက လည်း မျက်ခြေမပြတ်ကြည့်ရှုနေတတ်သည်။ ထိုအခန်းလေးထဲတွင် အကျဉ်းသားဟူ၍ တစ်ဦးတည်း သာ ရှိနေသည်။

အကျဉ်းသား၏ အရပ်အမောင်းမှာ ၅ပေ၊၇လက္မခန့်ရှိပြီး အသားဖြူဖြူ၊မျက်နှာသွယ်သွယ် ကျစ်လျစ် ခိုင်မာသော ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက်ဖြစ်လေသည်။ ခန္ဓာကိုယ်ချက်အောက်ပိုင်းတွင်တော့ ဆင် များထူးခတ်ရာတွင်အသုံးပြုသော သံကြိုးကြီးဖြင့် ခါးကိုစည်းနှောင်၍ အာမခံသော့ကြီးဖြင့် ထပ်မံခတ် ထားသည်ကို တွေ့လိုက်ရသည်။ တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့ထသွားရန်မလွယ်ကူနိုင်။ အပေါ့အလေးသွားလိုလျှင် အစောင့်ရဲဘော်နှစ်ဦးမှာ ထိုသံကြိုးကြီးကို မ၍ အပြင်သို့ သယ်ထုတ်ပေးရ သည်။ အိပ်လျှင်မည်မျှဒုက္ခရောက်မည်ကို မတွေးတတ်ပေ။ သို့သော်ထိုသူမှာ စည်းစနစ်ရှိကြောင်း မြင်ယုံနှင့်သိခွင့်ရလိုက်သည်။ အိပ်ယာများကို စနစ်တကျ ခေါက်သိမ်းထားတတ်သလို တံတွေးများကို လည်း ပစ္စလက္ခတ်မထွေး၊ ၀ါးဘူးလေးအတွင်းသို့ စနစ်တကျထွေးထည့်ပြီးမှ သွန်ပစ်လေ့ရှိသည်။ ကျနော် ရောက်ရှိချိန်တွင် ဘုရားဝတ်ပြုနေသောကြောင့် အနှောင့်အယှက်မပေးပဲ ထိုင်စောင့်ရင်းလေ့ လာကြည့်မိနေခြင်းဖြစ်သည်။

ဘုရားရှိခိုးအမျှအတန်းဝေပြီးသည်နှင့် ကျနော်သူ့အားမေးမြန်းရန်ရှိကြောင်း အသိပေးလိုက်ရ သည်။ အခန်းကျဉ်းလေးထဲသို့ ၀င်သွားပြီးနောက် ကျနော့ကိုကျနော် စတင်မိတ်ဆက်ပေးလိုက်သည်။ “ ကျနော့်နာမည်က --------- ပါ၊ ခင်ဗျားကိုလာရောက်စစ်ဆေးဖို့တာဝန်ပေးချက်အရ လာစစ်ရတာပါ၊ ခင်ဗျားအနေနဲ့ အမှန်ကိုအမှန်အတိုင်း ၀န်ခံဖို့လိုအပ်သလို လိမ်ညာလှည့်ဖြားနေမယ်ဆိုရင်တော့ ခင်ဗျားပဲဒုက္ခရောက်လိမ့်မယ်ဆိုတာ နားလည်ထားစေချင်တယ်” ဟုဆိုလိုက်ရသည်။ “ ဟုတ်ကဲ့၊ မေး ချင်တာကို မေးပါ၊ အကောင်းဆုံးနဲ့ အမှန်ဆုံးဖြစ်အောင် ကျနော်ဖြေပါ့မယ် ” ဟု ဖြေဆိုရင်း ကျနော့် မျက်နှာကို တစိုက်မတ်မတ်စိုက်ကြည့်နေတော့သည်။

နာမည် အသက် (၂၉)နှစ် မိဘအမည် နေရပ်လိပ်စာ ရန်ကင်း အိမ်ယာ၊ ရန်ကုန်မြို့ ပညာအရည်အချင်း ၀ိဇ္ဇာဘွဲ့( စိတ်ပညာ )….
“ ဘာကြောင့် အခုလိုအဖမ်းခံရတာလဲ၊ မသင်္ကာမှုနဲ့အဖမ်းခံရတာပါ။”
“ လက်ရှိဘာအလုပ် လုပ်လဲ”
 “ ကျောက်အရောင်းအ၀ယ်ပါ”
 “ နယ်စပ်ကိုဘာ့ကြောင့်ရောက်လာရတာလဲ”
“ ကျနော့ ကျောက်တွေလိမ်သွားတဲ့လူကို ရှာရင်းရောက်လာတာပါ”
 “ အခြားအကြောင်းအရာတွေ ရှိသေးလား”
 “ ဘာမှမရှိပါဘူး၊ အခုဖြေဆိုချက်တွေက မှန်တွေပါဘဲ”
 “ ကောင်းပြီ၊ ခင်ဗျားစိတ်အေးအေးထားပြီး ဆက်ဖြေကြည့်ပါအုံး၊လွဲနေတယ်လို့ကျနော်ထင် တယ်၊ ကျနော်တို့ရထားတဲ့ သတင်းအရဆိုရင် ခင်ဗျားဖြေဆိုချက်တွေဟာ အတော့်ကိုကွာခြားနေ တယ်” ဟု ကျနော်ဆိုလိုက်ရာ “ အော်၊ ကျနော်မေ့သွားလို့.. အရင်ကတော့ ဦးနေ၀င်း ရဲ့မြေးတွေဖြစ် တဲ့ အေးနေ၀င်း၊ဇွဲနေ၀င်း တို့ ဦးဆောင်တဲ့ scorpion အဖွဲ့မှာတော့ ပါခဲ့ဖူးပါတယ်။ အခု သူတို့ကို နိုင်ငံတော် ပုံကန်မှုနဲ့ဖမ်းလိုက်တော့ ကျနော်တို့လည်းလွတ်ရာလွတ်ကြောင်းအဖြစ် နယ်စပ်ကိုထွက် ပြေးခိုလှုံလာတာပါ။ တခြား ဘာအမှုမှတော့ မရှိပါဘူးဗျာ” ဟု ဆိုလာပြန်သည်။
“ အေးလေ ခင်ဗျားက ဘာမှမဟုတ်ဘူးလို့ဆိုပေမယ့် သတင်းပေးတဲ့သူတွေက အတိကျဆုံးသတင်းပေးပြီးကြပြီ။ ဘာကြောင့် ရောက်လာတယ်၊ ရည်ရွယ်ချက်ကဘာ၊ လက်ရှိဘယ်မှာနေတယ်၊ မဲ့ဟောင်ဆောင်ကို ဘယ်တုန်းက စရောက်တယ် ကအစ အကုန်သိထားတယ်၊ ခင်ဗျားမဖြေချင်ရင်လည်း မဖြေလို့ရပါတယ်၊နောက် ဆက်တွဲဖြစ်လာမယ့်အကျိုးဆက်ကို ဘယ်သူကမှတာဝန်ယူနိုင်မှာမဟုတ်ဘူး” ဟု ကျနော်ဆိုလိုက် သည်နှင့်တပြိုင်နက် ရဲဘော်လေးများမှာတဖြောင်းဖြောင်းနှင့်သေနတ်များကျည်ထိုး၍ အခန်းတွင်းသို့ ၀င်လာကြတော့သည်။ ကြမ်းကြ ရမ်းကြတော့မည့်ပုံရိပ်ကိုတွေ့လိုက်သည်နှင့် ထိုသူမှာ အတော်လေး တုန်လှုပ်ခြောက်ခြားသွားပုံရသည်။ 

“ ကဲ..ကဲ၊ အားလုံးငြိမ်ငြိမ်နေကြ၊ ဒီကိစ္စကိုငါဆက်ရှင်းမယ်၊ဒီတော့ခင်ဗျားလည်း ဒီနေ့နား လိုက်ပါ၊ သေချာစဉ်းစားပြီး နောက်နေ့အမှန်အတိုင်းထွက်ဆိုပေးပါ၊ခင်ဗျားစဉ်းစားထားရမှာက ဥပဒေ ဆိုတာနေရာတကာမှာမရှိဘူးဆိုတဲ့အချက်ပဲ” ဟုဆိုလိုက်သည်နှင့် သူလည်း ခေါင်းစိုက်ကျသွားတော့ သည်။ တာဝန်အရမေးမြန်းစစ်ဆေးနေရသော်လည်း စိတ်မသက်မသာရှိလှကြောင်း ကျနော်မှတစ်ပါး မည်သူကသိရှိနိုင်မည်နည်း။
ဆက်ပါအုံးမည်။

အုပ်ကြီးဖေ
၂၅-၅-၂၀၁၄။

"တောင်တန်းမြေမှ ကြယ်တပွင့်"

$
0
0


     (၁၉၁၉) ခုနှစ်သည် တိုင်းတပါးကျွန်ဘဝမှ လွတ်မြောက်ရန်ကြိုးပမ်းနေသည့် မြန်မာနိုင်ငံအတွက် ထူးခြားသည့်နှစ်တနှစ်ပင်တည်း။ ထိုနှစ်တွင် မြန်မာအမျိုးသမီးကုမ္မာရီအသင်းကို စတင်ထူထောင်နိုင်ခဲ့သလို၊ (၁၉၁၉)ခုနှစ် မေလ (၁၈) တွင် ဝိုင်အမ်ဘီအေအသင်းချုပ် အထူးအစည်းအဝေးကျင်းပ၍  မြန်မာ ပြည်သူတို့လိုလားသောအုပ်ချုပ်ရေးတောင်းဆိုရန်အတွက် အင်္ဂလန်သို့ ကိုယ်စားလှယ်စေလွှတ်ရန်


ဆုံးဖြတ်ချက်နှင့်အတူ ဖေ၊ ပု၊ ရှိန် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်နိုင်ငံသို့ (၁၉၁၉) ဇူလိုင်လ (၇) တွင် သင်္ဘောဖြင့်သွားရောက်ကာ
အင်္ဂလန်ပြည်၊ လန်ဒန်မြို့တွင် ခုနစ်လကြာမျှနေထိုင်လျက် မြန်မာပြည်လွတ်လပ်ရေးအတွက် ရှေ့ပြေးနိမိတ်တဘောင်ကို အတိတ်ဆောင်ခဲ့သော
နှစ်တနှစ်လည်း ဖြစ်ပေတော့သည်။ မြန်မာ့မြေ၊ မြန်မာ့ရေကို ကျွန်ပြုအုပ်စိုးထားသည့် အင်္ဂလိပ် အစိုးရက ဘုရား၊ ကျောင်းကန်များ တွင်
”မည်သူမျှ ဖိနပ်မစီးရ“ အမိန့်ကို   (၁၉၁၉) ခုနှစ် အောက်တိုဘာ (၂၉) ရက်တွင် ထုတ်ပြန်ပေးစေခဲ့သည်အထိ မြန်မာတို့၏ လွတ်လပ်ရေး
ကြိုးပမ်းမှု အရှိန်အဟုန် မြင့်တက်လို့ လာခဲ့ချေပြီ။


     ထိုကဲ့သို့ အတိတ်ကောင်းနိမိတ်ကောင်းများဖြင့် မင်္ဂလာကျက်သရေရှိသည့် (၁၉၁၉) ခုနှစ်တွင် တောင်ဇလပ်ပန်းများဖူးပွင့်ရာ
ချင်းတောင်တန်းမြေတွင် အနာဂတ်မြန်မာ့တပ်မတော်၏ သားကောင်းရတနာတဦးကို ဖွားမြင်သန့်စင်ခဲ့လေတော့သည်။ သူ၏
အမည်နာမသည်ကား ဟရန်သီယို(Hrang Thio) ဟူ၍........။



      သူ့အား စစ်သွေးစစ်မာန် ပြင်းထန်ထက်မြက်လှသည့် တောင်ပိုင်ကြီး ဘွိုင်ကူလ်၏မျိုးရိုးမှ မီးရှူး သန့်စင်ခဲ့ကာ သမီး(၆) ယောက်အလယ်၌
 တယောက်သာ ထွန်းကားခဲ့သည့် သားရတနာလေးတဦး ဖြစ်လေ၏။ ဖလမ်းမြို့အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး (၁၉၃၉)ခုနှစ်၊ သူ့အသက် (၂၀)ပြည့်ချိန်တွင်မေမြို့ရှိ ဘားမားရိုင်ဖယ်တပ်ရင်း(၂)၌  သာမန်စစ်သည်ဘဝဖြင့် သူ၏ တပ်မတော်သားဘဝကို စတင်ခဲ့လေတော့သည်။

         (၁၉၄၁-၄၂) ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအတွင်းဂျပန်တပ်များ မြန်မာပြည်သို့ဝင်ရောက်လာချိန်တွင် အသက် (၂၂) နှစ်ရှိ တပ်ကြပ်ကလေးဟရန်သီယိုအဖြစ်
ဘားမားရိုင်ဖယ် တပ်သားများနှင့်အတူ အိန္ဒိပြည်သို့ လိုက်ပါသွားခဲ့၏။


          (၁၉၄၃) ခုနှစ်၊ ဖေဖော်ဝါရီလတွင်တော့ တပ်ကြပ်ကြီးဟရန်သီယို အား ၀င်းဂိတ်၏ ခြင်္သေ့တပ်ဖွဲ့ နှင့်အတူ မြန်မာပြည်သို့ခြေလျင်လိုက်ပါလျက်
မြန်မာပြည်အလယ်ပိုင်းဒေသတလွှားတွင် ရဲရဲတောက်သတ္တိဖြင့် ဂျပန်တပ်များကို လိုက်လံတိုက်ခိုက်နေခြင်းကို တွေ့မြင်ကြရပြန်တော့သည်။ ကသာနယ်
ကျောင်းကလေးရွာအနီးဝယ် ဂျပန်တပ်များ၏အဝိုင်းခံရစဉ်အချိန်တွင် အတင်းထိုးဖောက်တိုက်ခိုက်ထွက်ခဲ့ရုံမျှမက ဒဏ်ရာရရှိထားသည့် ရဲဘော်တဦးကိုပင်
စွန့်စွန့်စားစား ထမ်းပိုးယူဆောင်လာခဲ့သည့်  သူ၏စွန့်စားမှုကြောင့် ဘီဂျီအမ် (BGM) တံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရ၏။ (Burma Gallentary Medal (BGM)
(London Gazette 11 May, 1944)

          ရဲဝံ့စွန့်စားမှုကြောင့် ရာထူးအဆင့်ဆင့်တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည့် ဟရန်သီယို မှာ (၁၉၄၅) ခုနှစ်တွင်တော့ ဗိုလ်မှူးရာထူးအထိ ရောက်ရှိခဲ့လေပြီ။
ထိုအချိန်တွင် သူ၏အသက်အရွယ်မှာ (၂၆) နှစ်သာသာမျှပင်ရှိသေးသည်။


          မြန်မာပြည်လွတ်လပ်ရေးရရှိပြီးနောက် ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးကာလတွင်တော့ ဗိုလ်မှူးကြီးရာထူးဖြင့် ပြည်ထောင်စုတည်မြဲရေးအတွက်
စွန့်စွန့်စားစား ဆက်လက်အမှုထမ်းရင်း အင်းစိန်တိုက်ပွဲ၌ အထူးနာမည်ကြီးခဲ့ပြန်တော့သည်။ အောင်ဆန်းသူရိယဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းခြင်းခံရသူ
ဗိုလ်တိုက်ချွန်းတည်းဟူသော သစ္စာရှိချင်းတိုင်းရင်းသားစစ်သည်ရဲမက်များနှင့်အတူတကွ အင်းစိန် ကျမ်းစာသင်ကျောင်းကုန်းတိုက်ပွဲ၌ ကျည်ဆန်များအကြား
စွန့်စားခဲ့ပုံကို ထိုခေတ်ထိုကာလက အတူတကွတိုက်ပွဲဝင်ခဲ့ကြသူများအနေဖြင့် မည်သို့မျှမေ့ပျောက်နိုင်မည် မဟုတ်ပေ။
သူ၏ သတ္တိနှင့် ဇွဲကားကြီးမားလှတော့၏။



        အင်းစိန်တိုက်ပွဲပြီးဆုံး၍ (၁၉၄၉) ခုနှစ်၊ သြဂုတ်လရောက်ချိန်တွင်တော့ ဗိုလ်မှူးကြီးဟရန်သီယို တပ်ရင်းမှူးအဖြစ်ဦးစီးကွပ်ကဲသော အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်းသည် မှော်ဘီစစ်မျက်နှာတွင် သောင်းကျန်းသူများနှင့်အပြင်းအထန်တိုက်ခိုက်ကြရပြန်တော့သည်။သနက(၁) အမှတ်(၁) ချင်း
သေနတ်ကိုင်တပ်ရင်းမှ အမှတ်(၂)တပ်ခွဲ (ခွဲ-၂)နှင့် အမှတ်(၃)တပ်ခွဲ (ခွဲ-၃)တို့သည် လှပဒါးကျေးရွာအနီး၌ အခိုင်အမာခြေကုပ်ရယူထားသော
သောင်းကျန်းသူများနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ နေ့လည်ခင်းမှစတင်ဖြစ်ပွားပြီး နောက်နေ့မနက်မိုးလင်းချိန်အထိ ဖြစ်ပွားသော တိုက်ပွဲအတွင်း
ချင်းသေနတ်ကိုင်တပ်ရင်း(၁)မှ တပ်ကြပ်ကြီး(၁)ဦးနှင့် တပ်သား(၃)ဦးကျဆုံးကာ စစ်သည်(၄)ဦး ဒဏ်ရာရရှိခဲ့လေသည်။


           ဒဏ်ရာရစစ်သည်များကို အားပေးစကားပြောကြားရန်နှင့် စစ်မြေပြင်အခြေအနေကို မျက်မြင်ဒိဌတွေ့လိုလှသည့် တပ်ရင်းမှူးကြီးဟရန်သီယိုသည်
တပ်ရင်းဆေးမှူး ဗိုလ်ကြီးဒွေး၊ ဗိုလ်ကြီးလှမုန်း၊ဒုဗိုလ်တိုက်ချွန်း(နောင်တွင် အောင်ဆန်းသူရိယဗိုလ်ကြီးတိုက်ချွန်း)ဒုတပ်ကြပ်ဟိုခါးတို့နှင့်အတူ စစ်သုံးဂျစ်ကား
ဖြင့် လှပဒါးရွာဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြတော့သည်။

++++++++++++++++++++++++++++++++++++++++
(ဆက်ရန်)
   By

Khant Lin Htet

သီဟသူရ ဒုတိယဗိုလ်မှူးကြီး ထွန်းတင်

$
0
0
Photo: ပြန်တမ်းဝင်အမှတ် - ရေ ၂၀၀၄ ဘွဲ့တံဆိပ်ချီးမြှင့်ခံရစဉ်အဆင့် - ဗိုလ် အမည် - ထွန်းတင် အမြင့်ဆုံးရရှိသည့်ဘွဲ့။နှစ် -  သီဟသူရ (၁၉၅၀) ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - တပ်မတော် (ရေ) ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀။အထူး။၅၀  ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ (၁၉၄၉)ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် ဗိုလ်ထွန်းတင်သည် စစ်ရေယာဉ်ရွှေပုစွန်ကို ကွပ်ကဲပြီး မြစ်ကြောင်းကင်းစောင့်သင်္ဘောစုတွင် တာဝန်ထမ်းဆောင်နေစဉ်  တွံတေးဝအနီးသို့အရောက်  ကမ်းပေါ်မှရန်သူများ၏ ပြင်းထန်စွာတိုက်ခိုက်ခြင်းခံရသည်။   ဝါးဖြူအမည်ရှိ သင်္ဘောပျက်စီးပြီး ကမ်းဘက်သို့မျောပါသွားရာ  ဗိုလ်ထွန်းတင်သည် ၂၀ မမ ကျည်ဆံ မျက်နှာကိုထိမှန်သဖြင့် မေးရိုးကျိုးဒဏ်ရာ ရရှိနေသည့်အကြားမှ  ရန်သူပစ်ခတ်နေသည့် ကျည်ဆန်များအကြားတွင် မိမိသင်္ဘောကိုကွပ်ကဲအုပ်ချုပ်ကာ  မျောနေသော ဝါးဖြူသင်္ဘောကို ပြန်လည်ကယ်တင်နိုင်ခဲ့သည်။   မိမိကွပ်ကဲသောသင်္ဘောကို ရန်သူက အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်သည်ကို ပြင်းထန်သည့်ဒဏ်ရာရရှိထားလျက်နှင့် တိုက်ပွဲဖြစ်ပွားချိန် (၃) နာရီကျော်ကြာသည့်တိုင်အောင် ဆက်လက်ကွပ်ကဲတိုက်ခိုက်ခဲ့သည်။  သူ၏ စွန့်စားမှု၊ တာဝန်ကျေပွန်မှုတို့အတွက်  နိုင်ငံတော်မှသီဟသူရဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းလိုက်ခြင်းဖြစ်ပေတော့သည်။  =========================================  လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှု ကြိုးပမ်းစဉ်ကာလမှစတင်၍ တပ်မတော်(ရေ)သည်  မြန်မာ့ ပင်လယ်ပြင်နှင့်  မြစ်တွင်း စစ်ဆင်ရေး များအား  ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ ကြရာ -----  ယနေ့ကာလ အထိ  တပ်မတော် (ရေ)မှ  စွမ်းရည်ဘွဲ့/ တံဆိပ်လက်ခံ ရရှိသူ အရေ အတွက်မှာ ....  သီဟသူရ ဘွဲ့ရရှိသူ (၁)ဦး သူရဘွဲ့ ရရှိသူ (၁၅)ဦး၊  သူရဲကောင်း မှတ်တမ်းဝင် ရရှိသူ (၆၂)ဦး၊  စစ်သေနာပတိ သူရဲကောင်း လက်မှတ် ရရှိသူ (၁၉)ဦး၊  ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ် ရရှိသူ (၄)ဦးနှင့်  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ် ရရှိသူ (၂၅)ဦး  ရှိခဲ့ချေပြီ။  (ဓါတ်ပုံ။ ဒုတိယဗိုလ်မှူးကြီး ထွန်းတင်(ငြိမ်း) ယခုကွယ်လွန်) ======================================  စာကြွင်း ။ (အေး ....   ခွေးသူခိုး ဘင်္ဂါလီတွေ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ငါတို့ မြေ/ ငါတို့ရေမှာ သောက်လုပ်လာမရှုပ်နဲ့။  နေဗီမျိုးဆက်အသစ်တွေက မောင်ရင်တို့ကို 'rocket နဲ့ missile တွေ တပြုံတခေါင်းကြီး လက်ဆောင် တဝကြီးကျွေးချင်နေတယ်ဆိုတာ သတိထား။ နေဗီသင်္ဘောကျင်းမှာ မကြာခင်ကမှ အသစ်ထုတ်ထားတဲ့ ပြည်တွင်းထုတ် စစ်သင်္ဘောတွေပေါ်မှာ ဘင်္ဂါလီလည်ချောင်းသွေးနဲ့ ခြေဆေးတာခံချင်ရင်တော့ ဂြိုဟ်ဆက်ထကြပေါ့ကွာ။    ရေးလက်စနဲ့တခါတည်း ဆက်ရေးလိုက်ဦးမယ်။ လိုင်ဇာကိုလမ်းလျှောက်တဲ့ ကျေးဇူးရှင်များ ဘူးသီးတောင်၊ မောင်းတောဘက်ကိုလည်း  တဆိတ်လောက် ကြွချီတော်မူခဲ့ကြပါဦးခင်ဗျ။ တောင်ပေါ်လေမှ လတ်ဆတ်တယ် မထင်ကြပါနဲ့။ ပင်လယ်လေလည်း ရှူ ရှိုက်ဖူးတယ် ရှိအောင် တခါတခေါက် ရောက်အောင်တော့ လာခဲ့ကြစမ်းဘာ။) 
 

ပြန်တမ်းဝင်အမှတ် - ရေ ၂၀၀၄
ဘွဲ့တံဆိပ်ချီးမြှင့်ခံရစဉ်အဆင့် - ဗိုလ်
အမည် - ထွန်းတင်
အမြင့်ဆုံးရရှိသည့်ဘွဲ့။နှစ် - သီဟသူရ (၁၉၅၀)
ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - တပ်မတော် (ရေ)
ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀။အထူး။၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ (၁၉၄၉)ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် ဗိုလ်ထွန်းတင်သည် စစ်ရေယာဉ်ရွှေပုစွန်ကို ကွပ်ကဲပြီး မြစ်ကြောင်းကင်းစောင့်သင်္ဘောစုတွင် တာဝန်ထမ်းဆောင်နေစဉ်
တွံတေးဝအနီးသို့အရောက် ကမ်းပေါ်မှရန်သူများ၏ ပြင်းထန်စွာတိုက်ခိုက်ခြင်းခံရသည်။

ဝါးဖြူအမည်ရှိ သင်္ဘောပျက်စီးပြီး ကမ်းဘက်သို့မျောပါသွားရာ
ဗိုလ်ထွန်းတင်သည် ၂၀ မမ ကျည်ဆံ မျက်နှာကိုထိမှန်သဖြင့် မေးရိုးကျိုးဒဏ်ရာ ရရှိနေသည့်အကြားမှ
ရန်သူပစ်ခတ်နေသည့် ကျည်ဆန်များအကြားတွင် မိမိသင်္ဘောကိုကွပ်ကဲအုပ်ချုပ်ကာ
မျောနေသော ဝါးဖြူသင်္ဘောကို ပြန်လည်ကယ်တင်နိုင်ခဲ့သည်။

မိမိကွပ်ကဲသောသင်္ဘောကို ရန်သူက အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်သည်ကို ပြင်းထန်သည့်ဒဏ်ရာရရှိထားလျက်နှင့် တိုက်ပွဲဖြစ်ပွားချိန် (၃) နာရီကျော်ကြာသည့်တိုင်အောင် ဆက်လက်ကွပ်ကဲတိုက်ခိုက်ခဲ့သည်။

သူ၏ စွန့်စားမှု၊ တာဝန်ကျေပွန်မှုတို့အတွက်
နိုင်ငံတော်မှသီဟသူရဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းလိုက်ခြင်းဖြစ်ပေတော့သည်။

=========================================

လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှု ကြိုးပမ်းစဉ်ကာလမှစတင်၍ တပ်မတော်(ရေ)သည် မြန်မာ့ ပင်လယ်ပြင်နှင့် မြစ်တွင်း စစ်ဆင်ရေး များအား
ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ ကြရာ -----

ယနေ့ကာလ အထိ
တပ်မတော် (ရေ)မှ
စွမ်းရည်ဘွဲ့/ တံဆိပ်လက်ခံ ရရှိသူ အရေ အတွက်မှာ ....

သီဟသူရ ဘွဲ့ရရှိသူ (၁)ဦး
သူရဘွဲ့ ရရှိသူ (၁၅)ဦး၊
သူရဲကောင်း မှတ်တမ်းဝင် ရရှိသူ (၆၂)ဦး၊
စစ်သေနာပတိ သူရဲကောင်း လက်မှတ် ရရှိသူ (၁၉)ဦး၊
ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ် ရရှိသူ (၄)ဦးနှင့်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ် ရရှိသူ (၂၅)ဦး
ရှိခဲ့ချေပြီ။

(ဓါတ်ပုံ။ ဒုတိယဗိုလ်မှူးကြီး ထွန်းတင်(ငြိမ်း) ယခုကွယ်လွန်)
======================================

စာကြွင်း ။ (အေး ....
ခွေးသူခိုး ဘင်္ဂါလီတွေ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ငါတို့ မြေ/ ငါတို့ရေမှာ သောက်လုပ်လာမရှုပ်နဲ့။
နေဗီမျိုးဆက်အသစ်တွေက မောင်ရင်တို့ကို 'rocket နဲ့ missile တွေ တပြုံတခေါင်းကြီး လက်ဆောင် တဝကြီးကျွေးချင်နေတယ်ဆိုတာ သတိထား။ နေဗီသင်္ဘောကျင်းမှာ မကြာခင်ကမှ
အသစ်ထုတ်ထားတဲ့ ပြည်တွင်းထုတ် စစ်သင်္ဘောတွေပေါ်မှာ ဘင်္ဂါလီလည်ချောင်းသွေးနဲ့ ခြေဆေးတာခံချင်ရင်တော့
ဂြိုဟ်ဆက်ထကြပေါ့ကွာ။

ရေးလက်စနဲ့တခါတည်း ဆက်ရေးလိုက်ဦးမယ်။
လိုင်ဇာကိုလမ်းလျှောက်တဲ့ ကျေးဇူးရှင်များ ဘူးသီးတောင်၊ မောင်းတောဘက်ကိုလည်း
တဆိတ်လောက် ကြွချီတော်မူခဲ့ကြပါဦးခင်ဗျ။ တောင်ပေါ်လေမှ လတ်ဆတ်တယ် မထင်ကြပါနဲ့။ ပင်လယ်လေလည်း ရှူ ရှိုက်ဖူးတယ် ရှိအောင် တခါတခေါက် ရောက်အောင်တော့ လာခဲ့ကြစမ်းဘာ။)
— feeling proud with Seaman Nayminthu.

"တောင်တန်းမြေမှ ကြယ်တပွင့်" (၂)

$
0
0


အရုဏ်ဦးချုံခိုတိုက်ပွဲ
+++++++++++++

             တပ်ရင်းရုံးမှ စတင်ထွက်ခွာချိန်မှာ မိုးပင် မလင်းတတ်သေး။ သြဂုတ်လ၏ နံနက်ခင်းသည် တဖွဲဖွဲရွာသွန်းနေသည့်မိုးကြောင့် ပို၍ မှောင်နေသယောင်ယောင်။ စစ်သုံးဂျစ်ကားလေးကို ဗိုလ်တိုက်ချွန်းမောင်းနှင်လာခဲ့ပြီး ဗိုလ်မှူးကြီးဟရန်သီယိုက ယာဉ်၏ဦးခန်း ဗိုလ်တိုက်ချွန်း၏ဘေးမှ ထိုင်လျက်လိုက်ပါလာခဲ့သည်။ ယာဉ်နောက်ခန်း ဗိုလ်တိုက်ချွန်း၏နောက်ဘက်တည့်တည့်နေရာတွင်တော့ ဆေးကိရိယာအစုံအလင်ဖြင့် ဆေးမှူးဗိုလ်ကြီးဒွေး၊ သူ၏နံဘေးတွင် ဗိုလ်ကြီးလှမုန်းနှင့် ဒုတပ်ကြပ်ဟိုခါးတို့ နေရာယူလျက် လိုက်ပါလာကြသည်။
အမှောင်ထုအောက်တွင် ဂျစ်ကားကို ဂရုတစိုက်ထိန်းသိမ်းမောင်းနှင်လာရင်းမှ လမ်းအခြေအနေ၊ ရန်သူ့သတင်း၊ ရာသီဥတုနှင့် အချိန်ကာလကို သုံးသပ်ရင်း စိတ်ပူပင်လာသည့် ဗိုလ်တိုက်ချွန်းက သူ၏တပ်ရင်းမှူးအတွက် စိုးရိမ်စိတ်ဖြင့် ........ သူသုံးသပ်မိသော အခြေအနေကို တင်ပြကာ
ပြန်လှည့်ရန် အကြံပြုမိချေရာ.... တပ်ရင်းမှူးကြီး ဟရန်သီယို ကသမိုင်းတွင်ကျန်ရစ်မည့် စကားတခွန်းဖြင့်သာ အဖြေပေးလိုက်လေသည်။  ထိုသည်ကား...

"ဟေ့ ... တိုက်ချွန်း၊ ဘာဖြစ်လို့ ပြန်လှည့်ရမလဲ။လူဆိုတာ တသက်မှာ နှစ်ခါမသေဘူးကွ။မင်း သေရမှာကြောက်သလား။
မင်းကို သတ္တိရှိတယ်ဆိုပြီး ငါ့အနားမှာ ခေါ်ထားတာ "  ဟူ၍......။


             မှော်ဘီမြို့နယ်နိမိတ်၏အပြင်သို့ရောက်လာသည့်တိုင် ဖြိုးဖြိုးဖျောက်ဖျောက်ရွာသွန်းနေသည့်မိုးက မရပ်တန့်သေးသလို အမှောင်ထုကလည်း အားကောင်းလို့နေဆဲ။
မြို့အထွက် ဘုန်းကြီးကျောင်းအနီးသို့ သူတို့ဂျစ်ကားလေးရောက်လာချိန်မှာတော့ လမ်းဘေးဝဲယာတဖက်တချက်ရှိ သစ်ပင်ကြီးများအောက်မှ ရုတ်တရက်ဆိုသလို လက်ခနဲ...
လက်ခနဲ မြင်တွေ့လိုက်ရသည့် မီးပွင့်အနီမြောက်များစွာနှင့်အတူ ဆူညံစွာပေါက်ကွဲထွက်လာသည့် သေနတ်သံများက သြဂုတ်လ (၆) ရက်နေ့၏ နံနက်ခင်းကို စတင်ဖြိုခွင်းလိုက်လေပြီ......။ အင်အား(၃၀)ဝန်းကျင်ခန့်ရှိသည့် သောင်းကျန်းသူများက ဗိုလ်မှူးကြီးဟရန်သီယိုတို့ စီးနင်းလိုက်ပါလာသောဂျစ်ကားကို ဘရင်း၊ ရိုင်ဖယ်၊ စက်သေနတ်များဖြင့် တရစပ်မရပ်မနားခြုံခိုတိုက်ခိုက်ကြခြင်းပင်...။

          
             ဘယ်ညာနှစ်ဖက်ညှပ်ကာ တရစပ်တိုက်ခိုက်လာသည့် ရန်သူ့ကျည်ဆန်များအကြားတွင် ဗိုလ်တိုက်ချွန်း၏ အနောက်ဘက်ထိုင်ခုံ၌လိုက်ပါလာသူ ဆေးမှူး ဗိုလ်ကြီးဒွေးမှာ ကားပေါ်မှဆင်းရန် အချိန်ပင်မရလိုက်တော့ရှာပဲ ဦးခေါင်းတွင်ရရှိသော သေနတ်ဒဏ်ရာဖြင့် နေရာတွင်ပင်လျှင် ပွဲချင်းပြီး ကျဆုံးသွားရရှာသည်။ ရန်သူ့ကျည်သင့်သဖြင့် ဂျစ်ကား စတီယာရင်လက်ကိုင်ချို့ယွင်းသွားလေရာ နောက်ပြန်လှည့်ဖို့လည်း အခွင့်မသာတော့။ ကားရှေ့လေကာမှန်မှာလည်း ရန်သူ့ကျည်ဆံကြောင့် တစစီ ကြေမွလျက်....။ ဗိုလ်မှူးကြီး ဟရန်သီယို နှင့် ဗိုလ်ကြီးလှမုန်းတို့မှာလည်း တဒိန်းဒိန်း၊ တဒိုင်းဒိုင်းဖြင့်ဆူညံစွာ ပစ်ခတ်လျက်ရှိသော သေနတ်များကြားတွင် ကားပေါ်မှအမြန်ခုန်ဆင်း၍ အကာအကွယ်ယူရတော့သည်။ ကားပေါ်လိုက်ပါလာသူစုစုပေါင်း(၅)ယောက်အနက်မှ ဗိုလ်ကြီးဒွေးကျဆုံးသွားပြီဖြစ်သဖြင့် လက်ကျန်လူ (၄)ဦးဖြင့်
ရန်သူ၏ ပစ်ခတ်မှုကို တုံ့ပြန်နေရသော်ငြား လက်နက်အင်အားနှင့် လူအင်အားမှာ အပြတ်အသတ်ကွာခြားလို့နေသည်။ ရန်သူ့ပစ်အားနှင့်ယှဉ်မည်ဆိုပါက ကျည်ပစ်အားအလွန်
ကွာခြားလွန်းနေပေသည်။
          

                 ရန်သူတို့ချုံခိုတိုက်ခိုက်ချိန်နှင့်တပြိုင်တည်း ကားကိုရပ်၊ ကားအောက်ဆင်း၍ နေရာယူ၊ ပြန်လည်ခုခံပစ်ခတ်မှုမှာ အချိန်အားဖြင့် မိနစ်အနည်းငယ်မျှသာ ကြာမြင့်ပေလိမ့်မည်။ ရန်သူ၏ ကြိုတင်နေရာယူပစ်ခတ်မှုကြောင့် ဗိုလ်ကြီးလှမုန်း ရန်သူ့ကျည်သင့်သွားသော်လည်း ဒဏ်ရာမပြင်းထန်ပါချေ။ ဗိုလ်မှူးကြီး ဟရန်သီယို မှာတော့ ပေါင်တွင်ကျည်ဆန်ထိမှန်သွားခြင်းကြောင့် နေရာမှမထနိုင်တော့.......။ဒဏ်ရာရထားပြီးသူ နှစ်ယောက်နှင့်အတူ ရန်သူအားရေရှည်ခုခံတိုက်ခိုက်ရန် ကျည်အင်အား၊ လက်နက်အင်အားလည်း မလုံလောက်ခြင်းကြောင့် ဗိုလ်တိုက်ချွန်းနှင့် တပ်ကြပ်ဟိုခါးတို့နှစ်ဦးမှာ တိုက်ပွဲဖြစ်ပွားရာနေရာမှ အတင်းဖောက်ထွက်လျက် နောက်တန်းတပ်ရင်းသို့
အမြန်ဆုံးသွားရောက် အကြောင်းကြားရတော့သည်။ ရန်သူတို့၏ တရစပ်ပစ်ခတ်နေသည့် ကျည်ဆံများအကြားတွင်  ဒဏ်ရာရရှိထားသည့် တပ်ရင်းမှူးနှင့် ဗိုလ်ကြီးလှမုန်းတို့၏ ကံကြမ္မာအဆုံးအဖြတ်မှာ ဗိုလ်တိုက်ချွန်းတို့နှစ်ဦးအပေါ်တွင် မူတည်၍နေလေပြီလော မပြောတတ်........။


စစ်ကူလိုက်ကြပြီ
+++++++++++++


                      တပ်ရင်းသို့ပြန်ရောက်သည်နှင့်တပြိုင်နက် တပ်ရင်းတွင်ရှိနေသည့် တပ်စုတစုကို အမြန်ဆုံးတန်းစီစေပြီး လက်နက်ခဲယမ်းအပြည့်အစုံယူကာ ဗိုလ်တိုက်ချွန်းဦးဆောင်လျက် တိုက်ပွဲဖြစ်ပွားသည့် အရပ်ဆီသို့ အလျင်အမြန်ချီတက်သွားရတော့သည်။  တန်းစီ၊ လူစစ်ချိန်တွင် သတင်းပို့စဉ် နားထဲမှာ ကြားလိုက်ရသည့် တန်းစီစစ်သည်အင်အား စုစုပေါင်း (၃၀) ယောက် ။


                      တိုက်ပွဲဖြစ်ပွားရာနေရာသို့ပြန်ရောက်သွားချိန်တွင်တော့ သေနတ်သံများတိတ်ဆိတ်လို့နေလေပြီ...... ။ နံနက်အာရုံကျင်းအလင်းမရောက်မီက တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်တွင် ဗိုလ်မှူးကြီး ဟရန်သီယို မှာ မြေပေါ်တွင်လှဲလျောင်းရင်း မှိန်းနေရရှာ၏....။ ပတ်ပတ်လည်တွင်တော့ (၂၇) ဦးမျှ အင်အားရှိသည့် သောင်းကျန်းသူတို့က လက်နက်ကိုယ်စီကိုင်ဆောင်လျက် ဗိုလ်မှူးကြီး ဟရန်သီယို တို့အား ဝိုင်းရံထားလေသည်။



                       တိုက်ပွဲသတင်းကြားသဖြင့် စစ်ကူလိုက်လာသည့် တပ်ခွဲ(၁)နှင့် တပ်ခွဲ(၂) စုစုပေါင်းအင်အား(၃၀၀)ခန့် ရောက်ရှိလာချိန်တွင် အခြေအနေက ပြောင်းပြန်ဖြစ် သွားတော့သည်။ အလယ်ခေါင်တည့်တည့်တွင် ဒဏ်ရာရထားသည့် ဗိုလ်မှူးကြီး ဟရန်သီယို တို့၊ သူ့တို့အား ဝန်းရံထားသည်က လက်နက်ကိုင်သောင်းကျန်းသူ (၂၇) ဦး၊ထိုသောင်းကျန်းသူများအား တဖန်ပြန်လည်ဝိုင်းထားသည်က ချင်းသေနတ်ကိုင်တပ်ရင်းမှ တပ်ခွဲ(၂)ခွဲနှင့် တပ်စု(၁)စု.....။ အင်အားချင်းမမျှတသည်ကို သတိပြုမိသဖြင့်  သောင်းကျန်းသူများမှာ ဗိုလ်မှူးကြီး ဟရန်သီယို တို့အား အန္တရာယ်ပြုရန်မကြိုးစားတော့ပဲ ဆုတ်ခွာရန် ကြံစည်ဆုံးဖြတ်လိုက်တော့သည်။


                       ရန်သူများဆုတ်ခွာသည်နှင့် ချက်ချင်းပင် ဗိုလ်မှူးကြီး ဟရန်သီယို အား စစ်သုံးအမ်းမတ်ကား (Armoured Car) ဖြင့် မင်္ဂလာဒုံစစ်ဆေးရုံသို့အမြန်ဆုံးပို့ဆောင် လိုက်ရသည်။ ဒဏ်ရာရထားပြီးချိန်ကတည်းက သွေးထွက်လည်းလွန်ထားပြီး၊ ဆေးလည်း ထည့်ခွင့်မရရှာသော ဗိုလ်မှူးကြီး ဟရန်သီယို ၏မျက်နှာမှာ ဖြူဖတ်ဖြူလျော်စွာနှင့်.......။ ဆေးရုံရောက်ပြီး သုံးရက်မြောက်နေ့ သြဂုတ်လ (၈)ရက်နေ့တွင် သေနတ်ဒဏ်ရာအခြေအနေမကောင်းသဖြင့် သူ၏ ပေါင်ကို အရင်းမှဖြတ်တောက်လိုက်ရလေသည်။ မင်္ဂလာဒုံစစ်ဆေးရုံကြီးမှ ဆေးမှူးကြီးများသည်လည်း ဗိုလ်မှူးကြီး ဟရန်သီယို ကို အထူးဂရုစိုက် ကုသကြသည်ပင်။ သို့သော်လည်း ပေါင်ဖြတ်တောက်ထားရသည့် ဗိုလ်မှူးကြီး၏ အခြေအနေမှာ အားရစရာတော့ သိပ်မရှိလှ........။ သို့သော်လည်း သတ္တိခဲ၊ ရဲရဲတောက်သည့် သူ့စိတ်ဓာတ်ကား
အံ့သြရလောက်အောင်ပင် မာကြောလွန်းလှပေ၏...။ သူ့အား သတင်းလာမေးသည့် ရဲဘော်ရဲဘက်များကို ပတ်တီးစည်းထားသော သူ့ပေါင်ပြတ်အားပြသကာ ရယ်ရယ်မောမော ဖြင့်............

          "ငါတော့ ခွ(ဂွ)ကျတာပဲ...။ ဆေးရုံကဆင်းရင် ခြေထောက်တဖက်မရှိပဲနဲ့ .. ဘယ်လိုလုပ်ပြီး ဘောလုံးကန်မလဲကွ... " ဟူ၍ပင် ဟာသနှောလိုက်ပြန်လေသေးတော့သည်။


              ထိုကဲ့သို့ သတ္တိဗျတ္တိနှင့် ပြည့်စုံသော ဗိုလ်မှူးကြီးဟရန်သီယို တယောက် ခဲဆိပ်တက်နေသော ပေါင်မှဒဏ်ရာကြောင့် ထိုနေ့ညနေ (၃)နာရီ(၅၀)မိနစ်အချိန်တွင် သူချစ်ခင်သော ရဲဘော်ရဲဘက်များနှင့် သူတွယ်တာခင်မင်ရာ တပ်မတော်ကြီးကို ကြေကွဲဝမ်းနည်းဖွယ် စွန့်ခွာလျက် သူရဲကောင်းစစ်သည်တို့၏ နားခိုရာဘုံဗိမ္မာန်သို့ ထွက်ခွာသွားလေတော့သည်။ သူကျဆုံးချိန်တွင် သူ၏အသက်မှာ (၃၀) ဝန်းကျင်မျှသာ.........။

သူရဲကောင်းတဦး၏ နောက်ဆုံးခရီး
+++++++++++++++++++++++++


                သူရဲကောင်းစစ်သည် ဗိုလ်မှူးကြီးဟရန်သီယို၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကို သြဂုတ်လ (၁၅) ရက်နေ့တွင် မင်္ဂလာဒုံစစ်ဆေးရုံမှ
မင်္ဂလာဒုံ - ပြည်လမ်းမကြီးဘေးရှိ အမှတ် (၁) ချင်းသေနတ်ကိုင်တပ်ရင်းသို့ အခမ်းအနားဖြင့် ပို့ဆောင်ရာ လိုက်ပို့သည့်တပ်ပေါင်းစုံနှင့် လူထုပရိသတ်တို့ မှာ တမိုင်ခန့်ရှည်လျားခဲ့ပေသည်။ လိုက်ပါပို့ဆောင်သူများတွင် ကြည်း-ရေ-လေ တပ်ပေါင်းစုံမှ အရာရှိကြီးများ၊ ၀န်ကြီးများ ပါဝင်ခဲ့ကြ၏။ လမ်းတလျှောက်လုံးတွင် လက်နက်ကိုင်တပ်များ စောင့်ကြပ်လျက်ရှိ၏။ ချင်းတပ်ရင်း (၁) သို့ အရောက်တွင် ရုပ်အလောင်းကို တပ်မတော်အရာရှိများထမ်းဆောင်၍ မဏ္ဍပ်အတွင်းစင်မြင့်၌တင်ထားကာ ဗိုလ်မှူးကြီး၏ဂုဏ်ပုဒ်များကို ချီးကြူး စကားပြောကြားပြီးနောက် ပန်းခွေများတင်၍ (၅) မိနစ်ကြာ အလေးပြုခဲ့ကြလေသည်။ ထိုသို့ ဗိုလ်မှူးကြီး၏ရုပ်ကလပ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက်၊ သြဂုတ်လ (၁၇) ရက်နေ့မှ အစပြု၍ နိုင်ငံတော် ဈာပန အခမ်းအနားအဖြစ် ချင်းတပ်ရင်း (၁) စည်းဝေးခန်းမကြီး၌ ရန်ကုန်အင်းစိန်နယ်လူထု၏ အလေးပြုခြင်းကို ခံယူရန် ထားရှိခဲ့လေသည်။

                 
                   တာဝန်ကိုဦးလည်မသုံထမ်းရွက်သွားသူ ဗိုလ်မှူးကြီး ဟရန်သီယိုသည် မတရားမှုကို အနည်းငယ်မျှပင်လျှင် မနှစ်သက်။ တပ်ထဲတွင် အဆင့်အတန်းမရွေးပဲရင်းနှီးဖော်ရွေစွာ ပေါင်းသင်းဆက်ဆံတတ်သဖြင့် အရာရှိ၊အရာခံ၊အကြပ်၊ တပ်သားအားလုံး၏ ချစ်ခင်လေးစားခြင်းကို ခံခဲ့ရသူတဦးပင်။ သူ၏ ရာထူး၊
ဂုဏ်ရှိန်အတွက် မာနတက်မှုလည်း မရှိ၊ စကားကို ဘွင်းဘွင်းရှင်းရှင်းပြောတတ်ပြီး သတ္တိအရာ၌ ပြောင်မြောက်လှသူတဦးဖြစ်ပေသည်။ မဟုတ်မခံရာ၌လည်း မကြုံစဘူးထူးကဲအောင်ရှိသည်ဟူ၍ သူနဲ့အတူလက်တွဲလျက် တိုက်ပွဲဝင်ခဲ့ကြသည့်နီးစပ်သူများအားလုံးက မှတ်ချက်ချရသူတဦးလည်း ဖြစ်သည်။ သူရဲကောင်းပီသစွာဖြင့်
ကျဆုံးခဲ့ရှာသော ဗိုလ်မှူးကြီး ဟရန်သီယို အတွက် သူ့မွေးရပ်မြေ ချင်းတောင်တန်းမှ ချင်းတိုင်းရင်းသားများအားလုံးနှင့်အတူ ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးက
သတိတရဖြင့် ဂုဏ်ယူနေကြမည်မှာ ဧကန်မလွဲပင်။ သူ့ဇာတိမြေမှ တောင်ဇလပ်ပန်းများ၏ မွှေးရနံ့နှင့်အတူ သူ၏ဂုဏ်သတင်းသည် ချင်းတောင်တန်းထက်တွင် မွှေးပျံ့လျက်ရှိနေပါလိမ့်ဦးမည်။ သူတွယ်တာရာ ချင်းတောင်တန်းများထက်မှ ဖလမ်းမြို့ကလေးတွင် ဟရန်သီယို အမည်ရှိသည့် ဘောလုံးကွင်းကြီးသည် နောင်အနာဂတ်တွင်မွေးဖွားလာကြမည့် ချင်းတိုင်းရင်းသားလူငယ်များအား အတိတ်ကာလများဆီက ဗိုလ်မှူးကြီး ဟရန်သီယို ဟု အမည်တွင်သည့် ချင်းသူရဲကောင်းတပ်မတော်သားတဦး၏ သမိုင်းကြောင်းကို လက်ဆင့်ကမ်းကာ ပြောပြနေပါလိမ့်ဦးမည်။


        နေ့ကို လစား၊ လကို နှစ်စားရင်း အချိန်ကာလ သက္ကရာဇ်မိုင်တိုင်များ မည်၍မည်မျှပင် ရွေ့လျားပြောင်းလဲခဲ့စေကာမူ "တောင်တန်းမြေမှ ကြယ်တပွင့်"သည်
ဤနိုင်ငံ၏သမိုင်းစာမျက်နှာများထက်တွင် အစဉ်လင်းလက်တောက်ပနေမည်မှာ အသေအချာပင် ဖြစ်ပေတော့သည်။
                             


ဖြည့်စွက်ချက်။

Burma Gallentary Medal (BGM)
(London Gazette 11 May, 1944),No. 7920 Havildar Hrang Thio, The Burma Rifles

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ တွင် ဒု-ဗိုလ်ခန့်အပ်
ကြည်း ၅ဝ၆၃ဒုတိယဗိုလ်မှုးကြီး ဟရန်သီယို (Hrang Thio) (ကျဆုံး၊ ၈-၈-၄၉) တပ်ရင်းမှုး၊ အမှတ် (၁) ချင်းသေနတ်ကိုင်တပ်ရင်း

စည်သူ ဘွဲ့
၁၉၅၀ ခုနှစ်


ကိုးကားသော အထောက်အထားများ
၁။(စစ်နှလုံးဂျာနယ် အတွဲ ၂၊ အမှတ် ၆ - ၁၉၄၉ ခုနှစ် စက်တင်ဘာလ)

၂။တက္ကသိုလ်တင်စိန် - အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း


By

Khant Linn Htet

https://www.facebook.com/notes/806350886042213/ မှကူးယူဖော်ပြပါသည်။

ရွှံ့တောထဲက စိတ်ဓာတ်နဲ့ ကမ္ဘာပတ်လို့မရပါ (၂)

$
0
0


Ye Kyaw Thura's photo. 
 ခုနှစ်မမှတ်မိတော့ပေမဲ့ အမေရိကန်မှာ စစ်မှုမထမ်းမနေရ စနစ်ကို ဖျက်သိမ်းလိုက်တာ အတော်ကြာသွားပါပြီ။

ဒီတော့ တပ်မတော်သားစုဆောင်းတဲ့အခါ အခြားအဆင့်တွေအတွက် သတ်မှတ် စစ်မှုထမ်းသက်ကာလပြည့်ရင် တက္ကသိုလ်အခမဲ့တက်ခွင့်ပေးတယ်လို့ သိရပါတယ်။
အမေရိကန်က တက္ကသိုလ်တွေက သူ့နိုင်ငံသားတွေတောင် အဆင်မပြေတဲ့သူဆိုရင် မတက်နိုင်ဘူးလို့သိရပါတယ်။ ကျန်တဲ့အခွင့်အရေးတွေလည်း ထပ်ဆောင်းပေးထား ပါသေးတယ်။ ဖတ်ထားတာ နှစ်အတော်ကြာသွားပြီမို့လို့ အသေးစိတ်မမှတ်မိတော့ တာပါ။

အီရတ်ပထမ စစ်ပွဲကာလက ကျွန်တော်တပ်ထဲမှာပဲရှိပါသေးတယ်။ ၁၉၉၀ လို့ထင်တာပဲ။
အဲဒီမှာ အရှေ့အလယ်ပိုင်းရောက်နေတဲ့ အမေရိကန်တွေကို ကြည့်ပြီး အားကျမိ တာတော့ အမှန်ဗျ။

ကြည့်လေ…ရှေ့တန်းရောက်နေတဲ့ စစ်သားသေနတ်တိုက်နေတာ ဘေးမှာ အကောင်း စား ယမကာပုလင်းနဲ့၊ မုန့်ပုံးကလည်း အရံသင့်၊ လက်နက်ခဲယမ်းဆိုတာကလည်း ဖိတ် ဖိတ်တောက်လို့၊ ဆင်ထားတဲ့ Equipment တွေက အကောင်းစားတွေ၊ အားမကျနေမ လားဗျာ။

မြန်မာ့တပ်မတော်မှာ ကြည်း၊ ရေ၊ လေ သုံးခုရှိတဲ့အနက် ကြည်းတပ်မှာ တိုက်ခိုက်ရေး တပ်တွေနဲ့ အကူလက်ရုံးတပ် တွေရှိပါတယ်။ ဒီအထဲမှာ အဆင်းရဲဆုံး၊ အပင်ပန်းဆုံး တပ်တွေကတော့ Infantry လို့ခေါ်တဲ့ တိုက်ခိုက်ရေးတပ်တွေ ပါပဲ။

ကြည်း အကူလက်ရုံးတပ်တွေဖြစ်တဲ့ အမြောက်တပ်၊ သံချပ်ကာတပ်၊ ကျွန်တော်တို့ ခေတ်တုန်းက မရှိသေးတဲ့ လေကြောင်း ရန် ကာကွယ်ရေး တပ်၊ ထောက်ပံ့ရေးတပ်၊ ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ စစ်မြေပြင် အင်ဂျင်နီယာ တပ်၊ ပင်မ လက်နက်ခဲယမ်းမီးကျောက်တပ် စတဲ့တပ်အကြောင်းတွေတော့ ဂ၊ ဃ၊ န၊ ဏ မသိပါဘူး။


Ye Kyaw Thura's photo. 
 ကျွန်တော်က Infantry မှာမွေးပြီး ကြီးပြင်းခဲ့ရတဲ့ စစ်သားသားသမီး ဖြစ်သလို ကိုယ်တိုင်လည်း Infantry မှာပဲ စစ်သား တစ်ယောက်ဖြစ်ခဲ့သးဆိုတော့ Infantry အကြောင်းကိုပဲ ပိုသိပါတယ်။

ဒီတော့ ခြေလျင်တပ် (ခြေလျင်နဲ့ ခြေမြန်တပ် အတူတူပါပဲ၊ ဖွဲ့စည်းပုံနဲ့ ရည်ရွယ်ချက် အရသာ တိုင်းတပ်နဲ့ တပ်မတပ် တွေခွဲထားတာပါ။) က စစ်သားတွေရဲ့ ဆင်းရဲဒုက္ခ အဝဝကို ကိုယ်တိုင်လည်း ခံစား၊ တခြားသူတွေရဲ့ ဒုက္ခတွေကိုလည်း ကိုယ်တိုင် တွေ့ကြုံလာရတာပေါ့။

ကျွန်တော်တို့ကာလက တပ်သားသစ်လစာ ၁၄၅ ကျပ်နဲ့ တပ်သားကြီးတစ်ယောက် လစာဂိတ်ဆုံးက ၂၁၀ ကျပ်ပါ။ တက်ထရက်ပုဆိုး ၄ ကွင်းစာ ပေါ့ဗျာ။ အခု ၆၀၀၀၀ လို့ထင်ပါတယ်၊ ဒါဆိုလည်း သိပ်မကွာသေးပါဘူး။ ပုဆိုးချော ၇ ကွင်းစာလောက်တော့ ရှိမှာပေါ့။

ကျွန်တော်တို့ခေတ်က တပ်မတော်က စစ်သည်တစ်ဦးကို အာမီရမ် တစ်လ တစ်လုံးနှုန်းပေးတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော့်စစ်သက် တစ်လျှောက်လုံး အာမီရမ်တစ်လုံးပြည့်အောင်တစ်ခါမှ မရဖူးဘူး ခင်ဗျ။

အဲဒီအချိန်က ရန်ကုန်စစ်ရုံးက သူငယ်ချင်းတွေဆီရောက်တဲ့အခါ မေးကြည့်တော့ သူတို့ တစ်လကို အာမီရမ် ၂ လုံး လတိုင်းပုံမှန်ရတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ တပ်မ တပ်တွေ အနေနဲ့ စစ်ဆင်ရေးတစ်ခါထွက်ရင် အနည်းဆုံး ၆ လကြာပါတယ်။ လိုအပ်ရင် လိုအပ်သလို တစ်ခါတစ်လေလည်း ၉ လလောက်အထိ ကြာတတ်ပါတယ် စစ်ဆင်ရေး ထွက်နေတဲ့ကာလမှာ ဘာအာမီရမ်မှ မရပါဘူး။ နောက်တန်းပြန်ရောက်တဲ့အခါ တပ်ပြန်လည်စုဖွဲ့တဲ့ ကာလ တစ်လအတွင်း စစ်သည် ၂ ယောက်တစ်လုံး၊ တစ်ခါတလေ ၄ ယောက်တစ်လုံးနှုန်း ပေးပါတယ်။

တပ်ရင်းမှူးက တစ်ခါတည်းဖြတ်ထားတာလို့ ဆိုပါတယ်။ ဘာလို့ဖြတ်ထားတာလဲ ဟုတ်ကဲ့၊ သူ့မှာလည်း အကြောင်း ရှိပါတယ်။ ခြေလျင်တပ်ရင်းတစ်ရင်းဆိုတော့ ဝင်ငွေမရှိပါဘူး။ ဧည့်ခံကျွေးမွေးစရိတ်နဲ့ အခြား အုပ်ချုပ်မှု ကိစ္စအဝဝ အတွက် တပ်ရင်းမှူးလည်း စိုက်စရာငွေ မရှိပါဘူး၊ ဒီတော့ အောက်ဆုံးက နင်းပြားများ ခံကြစေသတည်း ပေါ့ဗျာ။

Ye Kyaw Thura's photo. 
 တပ်ရိက္ခာဆန်ဆိုတာ တစ်ခါတလေ ဘုရားစူး လူစားတဲ့ဆန်လို့ ပြောရမှာပါ။ ဒါကတော့ ကကထောက်နဲ့ ဆိုင်မလား မသိပါ။ သက်ဆိုင်ရာထောက်ပံ့ရေးတပ်တွေနဲ့လည်း ဆိုင်ပါ လိမ့်မယ်။ ဘယ်လို Quotation ကောက်ပြီး ဘယ်သူ့ ခွင့်ပြုချက်နဲ့ ဘယ်လိုဝယ်တယ် ဆိုတာ ဘယ်သူမှမသိပါ။ တပ်ကိုရောက်လာတာကတော့ ဝက်စာထက်ဆိုးတဲ့ ဆန် တွေများပါတယ်။

တပ်ရင်းလိုင်းခန်းတွေကိုကြည့်ပါ။ ဆောက်ပြီးသိပ်မကြာဘူး အထဲမှာ ဂေါ်လီကစား လို့ရလောက်အောင် ချိုင့်တွေ၊ တွင်းတွေနဲ့ ဖြစ်သွားပါတယ်။

သက်ဆိုင်ရာဆောက်လုပ်ရေးတပ်က အင်ဂျင်နီယာ အရာရှိများ၊ တပ်ကြပ်ကြီးများ ကတော့ အပြင်မှာ တိုက်တစ်လုံးပြီးတစ်လုံးပါပဲ။

ကျွန်တော်တို့တိုင်းပြည်အနေအထားနဲ့ ချမ်းသာတဲ့နိုင်ငံကိုယှဉ်ပြီး အခွင့်ထူးခံလို့ မရဘူးဆိုတာ သိပါတယ်။ အခု ပြောနေတာက အခွင့်ထူးခံဖို့ပြောနေတာ မဟုတ် ပါ။ နိုင်ငံတော်က သတ်မှတ်နှုန်းထားအတိုင်း ချပေးထားပါလျှက်ကနဲ့ ကြားက ဖြတ်စား လာဘ်စားတွေကို ပြောနေတာပါ။

ကောင်းပါပြီ တိုင်းပြည်တကယ်ဆင်းရဲလို့ဆိုရင်လည်း အားလုံးဆင်းရဲတဲ့အတိုင်းနေပေါ့ ဗျာ။ တိုင်းမှူး၊ တပ်မမှူး က အစ တပ်ရင်းတွေလာစစ်တဲ့အချိန်ကျရင် စားကောင်းသောက် ဖွယ်တွေနဲ့ ဧည့်ခံတဲ့အခါ ဟေ့..ငါ့ရိက္ခာငွေ အဲဒီ လောက်ရတာမဟုတ်ဘူး၊ မင်းတို့ မသမာတဲ့နည်းနဲ့ ရှာထားပြီး ငါ့ကို ဧည့်ခံနေကြတာ မဟုတ်လား လာစမ်း ဆိုပြီး တပ်ရင်းမှူးနဲ့ တပ်ရေး ဗိုလ်ကြီးကို ခေါ်ပြီးပါးရိုက်သွားတဲ့ လူကြီးလို့ ကြားဖူးပေါင်။ အားလုံး အော်ဟစ် ငေါက်ငမ်းပြီး ကျွေးတာစား၊ တိုက်တာ သောက်သွားကြတာပါပဲ။
ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့် သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ ဆိုသလိုပါပဲ။

မဆလခေတ်မှာ ဝန်ကြီးတစ်ယောက်ရဲ့လစာဟာ ထောင်ဂဏန်းမျှသာရှိပါတယ်။ စစ်အစိုးရလက်ထက်အထိ သောင်းဂဏန်းကျော်ကျော်လေးပဲ ရှိပါတယ်။ ၂၀၀၃- ၂၀၀၄ လောက်အထိ နိုင်ငံတော်အကြီးအကဲရဲ့ တရားဝင် လစာဟာ ၂၅၀၀၀၀ (ကျပ် နှစ်သိန်းခွဲတိတိ) ပဲရှိပါသေးတယ်။

Ye Kyaw Thura's photo. 
 ဒီတော့ ၁၉၈၈-၁၉၈၉ ကနေ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကာလအထိ ဝန်ကြီး တစ်ယောက် လစာကို တစ်သိန်း ရတယ်ပဲ ထားလိုက်ပါတော့၊ တစ်လ ၁၀၀၀၀၀ x ၁၂ လ = ၁၂၀၀၀၀၀ (တစ်ဆယ့်နှစ်သိန်းတိတိ) နှုန်းနဲ့ ၁၂၀၀၀၀၀ x ၂၁ နှစ် = ၂၅၂၀၀၀၀၀ (စုစုပေါင်း နှစ်ရာငါးဆယ့်နှစ်သိန်း) ပဲရှိပါတယ်။

တကယ်လစာအမှန်က အဲဒီတစ်ဝက်မရှိပါဘူး။ အိုကေ..အဲဒီဝန်ကြီးတွေ တစ်အိမ်သား လုံး အဟာရသိဒ္ဓိပြီးလို့ ဘာမှ မစားမသောက်ဘဲ နေမယ်ဆိုရင်တောင် စုစုပေါင်း အသားတင်ရမယ့်စုဆောင်းငွေက သိန်းနှစ်ရာ့ငါးဆယ် စွန်းစွန်း လေးပဲရှိပါတယ်။

ကဲ..ဘဏ်တိုးတွေ တခြားဘာညာသာရကာတွေနဲ့ နှစ်ဆတိုးလိုက်မယ်ဗျာ။ ဒါဆိုရင် လည်း သိန်း ၅၀၀ ဝန်းကျင်ပဲရှိပါ တယ်။ အခုလက်ရှိကာလမှာ အဆိုပါဝန်ကြီး အဆက်ဆက်ရဲ့ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိတယ်ဆိုတာ အများ အသိပါ။

နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်က ပိုင်ဆိုင်မှုတွေ ထုတ်ဖေါ်ကြေညာကြ ရအောင်လို့ ပြောတာတောင် ကိုရွှေအမတ် မင်းများက တညီတညွတ်တည်း ကန့်ကွက်ကြသတဲ့ဗျား။

ဒါပါပဲ…၊ လူကြီးမင်းတို့ကို ပြည်သူတွေမုန်းတယ်ဆိုတာ ဒါပါပဲ။ အရေးအခင်းမှာ အာဏာ သိမ်းတာ တစ်ခုတည်းနဲ့ ပြည်သူက မုန်းတာမဟုတ်ပါဘူး။ ကျွန်တော် ထင်ပါတယ်၊ အာဏာသိမ်းခဲ့ပေမဲ့ ကျွန်တော်တို့ အဘတွေကိုယ်တိုင် ရိုးရိုးသားသား ဆင်းဆင်းရဲရဲနဲ့ တိုင်းပြည်ကို ဦးဆောင်နေရတယ်ဆိုရင်တော့ အတိုက်အခံတချို့ကလွဲလို့ လူထုက ဒီလောက်မုန်းမှာ မဟုတ်ပါဘူး။

အာဏာလည်းအလွဲသုံးစားလုပ်၊ ခိုးလည်းခိုး၊ လူထုကိုလည်း ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ဆိုတော့ ဘယ်သူက ချစ်မလဲဗျာ။ နောက်ဆုံး တပ်မတော်ဆိုတဲ့ ခေါင်းစဉ်ကိုပဲ တပ်ပြီး ပြောကြမှာပေါ့။

ကိုယ့်ပိုင်ဆိုင်မှုကိုယ် မကြေညာရဲဘူးဆိုမှတော့ ဘယ်လောက်ဘုန်းထားတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာပဲမဟုတ်လား။ အခု ကျိကျိတက် ချမ်းသာနေတဲ့ ဝန်ကြီးတွေကို မေးကြည့်ချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရိုးသားပါတယ်လို့ သဲအဆုပ်ဆုပ်ကိုင်ပြီး သစ္စာဆိုရဲကြရဲ့လားလို့။

ကျွန်တော်ကတော့ ဆိုရဲပါတယ်၊ ရှေ့တန်းမှာ ငတ်လွန်းလို့ ဟင်းသီး ဟင်းရွက်လေး၊ တစ်ခါတလေ ကြက်ကလေး ဘာလေး ခိုးစားဖူးပါရဲ့..။ အဲဒါကလွဲလို့ ပြည်သူဆီက မတော်မတရားဘာမှမယူဖူးဘူးခင်ဗျ။

ဗိုလ်ချုပ်မောင်လှ၊ ဗိုလ်ချုပ်ကက်စိန်တို့လို အင်မတန်ချစ်စရာကောင်းပြီး ရိုးသားတဲ့ စစ်ခေါင်းဆောင်တွေရှိပါတယ်။ တလောကပဲ ဖေ့စ်ဘုတ်မှာတွေ့လိုက်ပါသေးတယ်။ ဗိုလ်ချုပ်မောင်လှ အခန်းထဲကို ကောင်မလေးတွေလာထည့် ပေးလို့ ထည့်ပေးတဲ့သူကို အဲဒီမှာတင် ပါးရိုက်ပစ်သတဲ့ခင်ဗျ။ ဒါပေမဲ့ အများစုကတော့ အားလုံးသိတဲ့အတိုင်းပေါ့ ခင်ဗျာ။

ဒါဆို ဘာဖြစ်လို့ စစ်တပ်ကို ထောက်ခံနေတာလဲလို့ မေးရင် ကျွန်တော်ဖြေပါ့မယ်။ ကျွန်တော်စစ်တပ်ကို ထောက်ခံ နေတာဟာ တိုင်းပြည်ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်တဲ့၊ ရာထူးနဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တဲ့ စစ်ဗိုလ် ချုပ်ကြီးတွေကို ထောက်ခံနေတာ မဟုတ်ပါဘူး။

အမျိုး၊ ဘာသာ၊ သာသနာအတွက် ရည်ရွယ်ပြီးဖွဲ့စည်းခဲ့တဲ့ တပ်မတော်ကြီး ကို ထောက်ခံနေတာပါ။ ထမင်းစားတဲ့ လူတွေပဲ သိတာပေါ့ဗျာ။ ဒါပေမဲ့ မပူပါနဲ့။ ကုသိုလ်က ကုသိုလ်၊ အကုသိုလ်က အကုသိုလ်ပါပဲ။ ခိုးမှုကျူးလွန်ရင် ခိုးမှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံရမှာပါပဲ။

ဒီဘဝမှာ ကုသိုလ်ကံ သိပ်မြင့်နေလို့ ဘာမှမဖြစ်ရင်လည်း သူ့အချိန်တန်ရင် ခံရမှာပါပဲ။
ကျွန်တော်နယ်စပ်မြို့လေးမှာနေတော့ အရေးအခင်းတုန်းက ကုန်သွယ်ရေးရုံးကို လက်နက်တက်သိမ်းတဲ့ အုပ်စုမှာ ပါတဲ့ လေတပ်က ထွက်လာတဲ့ သူတွေနဲ့ ခင်မင်ရင်းနှီးပြီး အတူအိမ်ခန်းငှားနေဖြစ်ကြပါတယ်။ ကျွန်တော်နဲ့နေတဲ့ သူငယ်ချင်းကို ခေတ်ကြီးလို့ သူ့ဘော်ဘော်တွေက ခေါ်ကြတယ်။

ထုံးစံအတိုင်း ကြည်းတပ်ထွက်နဲ့ လေတပ်ထွက်ဆိုတော့ တကျက်ကျက်နဲ့ပေါ့ခင်ဗျာ။ သူကလည်း မင်းတို့ကြည်းက ကောင်တွေဟာ ပုံစံခွက်ထဲက ကောင်တွေဆိုပြီးငေါ့။ ကျွန်တော်ကလည်း မင်းတို့ရေတို့ လေတို့ကကောင်တွေဟာ စစ်သားဖြစ်ပြီး စစ်သားစိတ်၊ ရဲဘော်ရဲဘက်စိတ် မရှိတဲ့ကောင်တွေလို့ ပြန်ပက်လိုပက်ပေါ့။

တစ်ရက်သားမတော့ ကျွန်တော်က "ဟေ့ကောင် ခေတ်ကြီး၊ ငါတို့ကြည်းမှာတော့ အင်မတန် ကံကောင်းတယ် ပြောရမလား ခွင်ကောင်းကောင်းကိုကျတဲ့ တပ်တချို့တလေတော့ ခွင်တည့်တယ်ကြားဖူးတာပဲကွ။ ဒါပေမဲ့ အဲဒါ ကြုံတောင့်ကြုံခဲ ရှားရှားပါးပါး တိုင်းတပ်တချို့ပါကွာ။ ငါတို့တပ်မတပ်ဆိုတာကတော့ ဆယ့်နှစ်ရာသီ စစ်တိုက်ဖို့ပဲ လုံးပမ်းနေရတာ။ အေး..ရေက ကောင်တွေက မိုက်တယ်ဟ။ ဘာတဲ့ ကျဉ်းကျပ်စရိတ်တို့၊ ရိက္ခာတို့ ဆိုတာလည်း ရသတဲ့မောင်၊ ပင်လယ်ထဲမှာ ခွင်ကလည်း အတော်တည့်တယ်ပြောတာပဲ..။ ငါသနားတာက မင်းတို့လေတပ်က Fighter pilots တွေပဲ၊ သူတို့ခမျာ စစ်တိုက်ခါနီးဆို လေယယာဉ်ပေါ်တက်၊ သက်စွန့်ဆံဖျား ဗုံးကျဲစရာရှိကျဲ၊ မသေရင် ပြန်လာ၊ ဘာခွင်မှလည်းမတွေ့ဘူး၊ အမြင့်ဆုံးမှာ နေပေမဲ့ ဘာမှလည်းမစားသာပါဘူးကွာ။ ကံမကောင်းရင် ရန်သူပစ်လို့ ဖြစ်ဖြစ်၊ စက်ချို့ယွင်းလို့ ဖြစ်ဖြစ် ပျက်ကျပြီးသေဦးမယ်။"ပြောလိုက်ပါတယ်။

လေတပ်က မောင်တွေကို သနားစရာလို့ပြောလိုက်တဲ့ ကျွန်တော့်ကို သူက သနားစရာ သတ္တဝါတစ်ကောင်ကို ကြည့်တဲ့ အကြည့်မျိုးနဲ့ပြန်ကြည့်ပြီး.."အေး..လေယာဉ်မှူးတွေရဲ့ Service ကို Flying hours လို့ခေါ်တဲ့ ပျံသန်းချိန် နဲ့တိုင်းတာတယ်ဆိုတာ မင်းကြားဖူးလား။"လို့မေးပါတယ်။

ကျွန်တော်က ကြားဖူး၊ ဖတ်ဖူးကြောင်းပြောတော့ သူ ဘာပြောတယ်ထင်လဲ။ ဟုတ်ကဲ့ သူက "အခု လုပ်သက် (…..) ရှိတဲ့ လေယာဉ်မှူးတစ်ယောက်ဟာ ပျံသန်းချိန် နာရီ ၁၀၀၀၀ ရှိရမယ်ဆိုကြပါစို့၊ အဲဒီလေယာဉ်မှူးမှာ နာရီ ၁၀၀၀၀ တကယ်ရှိမယ်လို့ မင်းထင်လို့လား။"တဲ့။

အဟီး…. သူဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော်သဘောပေါက်သွားပြီ။ ဒါနဲ့ ကျွန်တော် ကလည်း နှိုက်နှိုက်ချွတ်ချွတ် မေး သူကလည်း မေးသမျှအကုန်ပြောရှာပါတယ်။ ပြီးတော့ပြောသေးတယ်၊ အဲဒီလိုမှ မလုပ်ရင် ဘာနဲ့သွားစား မလဲတဲ့။ ဒါလည်း ဟုတ်ပေတာပါပဲ။ သားကျွေးမှု မယားကျွေးမှုက ရှိသေးသကိုး…။

ကျွန်တော်ဆိုတဲ့ကောင်ကလည်း မနေနိုင်လို့ ဟေ့..မင်းတို့က ဟိုဘက်ကမ်း မှာ နေတာဆိုတော့ ထိုင်းရေတပ်က ကောင်တွေ ဆီခိုးရောင်းတာ တစ်ခါမှ မတွေ့ဖူးဘူးလား လို့ စပ်စပ်စုစု တွေ့သမျှလူကို လိုက်မေးတာ ရှိသေးတယ်။

ကျွန်တော်မေးလိုက်တဲ့လူတိုင်းက ကျွန်တော့်ကိုပြန်ကြည့်တဲ့ အကြည့်တွေကို ကျွန်တော်သိတာပေါ့။ နောက်မေးပါ များတော့ ထိုင်းဘက်ကမ်းမှာ အမြဲလိုလိုနေတဲ့ သူငယ်ချင်းတစ်ယောက်က ထိုင်းစစ်သား တစ်ယောက်လစာ၊ ထိုင်း အရာရှိ တစ်ယောက်ရဲ့လစာ ဘယ်လောက်ရတယ်၊ Facilities တွေက ဘာတွေရတယ်ဆိုတာ ကျွန်တော့်ကို ရှင်းပြ ပါရော။ ပြီးတော့ သူကပြောပါတယ်.."တွေ့က ရာ ပေါက်တတ် ကရတွေ လျှောက်မေးမနေနဲ့ မြန်မာစကားတတ်တဲ့ ထိုင်းနဲ့တွေ့ရင် ရယ်စရာဖြစ်နေ လိမ့်မယ်.."တဲ့။

တစ်ရက် ဟိုဘက်ကမ်း အလည်သွားရင်း ထိုင်းဆိပ်ကမ်းအဝင်မှာ ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ထင်ပါရဲ့ ရုပ်တွေက တော့ မည်းမည်းသည်းသည်းတွေပဲ လာသမျှလှေတွေကို မူးယစ်ဆေးဝါးနဲ့ လက်နက်ရှာပါတယ်။ အဲဒီအဖွဲ့မှာ စစ်ခွေးကြီးတစ်ကောင်ပါတယ်။ ပြီးတော့ ဒီခွေးက တပ်ကြပ်ကြီးတဲ့ ခင်ဗျ။

အတူလာတဲ့ သူငယ်ချင်းက ကျွန်တော့်ကို "ဒီခွေး လစာ ဘယ်လောက်ရတယ်ထင်လဲ… ။"တဲ့။ ကျွန်တော်လည်း နည်းနည်းကြောင်သွားတာနဲ့ "ဟေ…ခွေးက လစာရသလား ဟ.."လို့ ပြန်မေးလိုက်ပါတယ်။ "ရတယ်၊ အဲဒီခွေးက တပ်ကြပ်ကြီး၊ လစာ က ဘတ် ၈၀၀၀ (ရှစ်ထောင်)၊ လစာက အသားတင်နော်၊ ရိက္ခာတွေ၊ သူရေချိုးတဲ့ ဆပ်ပြာတွေ တန်ဖိုးကတင် မနည်းဘူး။"တဲ့ ခင်ဗျ။

ကျွန်တော် နည်းနည်းစိတ်လေသွားပါတယ်။ အော် ငါ့နှယ်ခွေး တစ်ကောင်လောက်တောင်မှ ဝင်ငွေရအောင် မရှာနိုင် လေခြင်း ဆိုပြီးတော့ပေါ့။ ဘယ့်နှယ်ဗျာ၊ ခွေးပဲ၊ မသကာ အသားဟင်းလေး၊ တစ်ခါတလေ အရိုးပေါ့၊ ပုံမှန်ကျွေး နေရင် ရပြီပဲ။ ဘာလဲ ဘတ် ၈၀၀၀၊ နေဦးဟ၊ ဘတ် ၈၀၀၀ ဆိုတော့ အဲဒီတုန်းက ငွေဈေးနဲ့တွက်ရင် ဘတ် ၁၀၀၀ ကို မြန်မာငွေ ၃၅၀၀၀၊ ဘတ် ၈၀၀၀ ဆိုတော့ မြန်မာငွေ ၂၈၀၀၀၀၊ ဟိုက်ရှာလပတ်ရည် နှစ်သိန်းရှစ်သောင်းတောင် ပါလား။ ဒီခွေး ဘယ်နားသွားသုံးမှာလဲ မသိဘူး။

ဒီလစာတွေ ဘယ်သူက ဘယ်လိုထိန်းထားပေးပြီး ဘယ်နေရာမှာ သုံးသလဲဆိုတာတော့ ကျွန်တော်လည်း မသိပါ ဘူး။ စိတ်ထဲမသင်္ကာသလိုလိုရှိလို့ တခြားအသိတွေမေးကြည့်တော့လည်း အဖြေကအတူတူပဲ ခင်ဗျ။ ဟုတ်တယ် လစာရတာမှန်တယ်တဲ့။

၂၀၀၂ခုနှစ်မှာ မြန်မာနဲ့ထိုင်းပဋိပက္ခဖြစ်တာ နှစ်နိုင်ငံဆော်ကြတော့မယ့်အနေ အထားတွေရောက်ခဲ့ကြတာ မှတ်မိ မယ် ထင်ပါတယ်။ ချလည်း ချပေါ့ဗျာ။ ကျွန်တော်တို့လည်း အရေး အကြောင်းဆို ဘယ်ကဝင်ပါရမလဲ စောင့်နေ တာပေါ့။

အဲဒီမှာ ကျွန်တော်နဲ့အိမ်နီးချင်း ကုလားမတစ်ယောက်ရှိတယ်ဗျ။ သူက ဘာပြောလဲ ဆိုတော့ "စစ်ဖြစ်တာ မကောင်း ပါဘူး ဦးကျော်ရယ်၊ ကျွန်မတို့လည်း ကုလားဆိုပေမဲ့ ဗမာပါပဲ၊ ဖြစ်ရင်တော့ ကိုယ့်တိုင်းပြည်ပဲ နိုင်စေ့ချင်တာပေါ့။ ဒါပေမဲ့ တကယ်ဖြစ်ရင် ကျွန်မတို့ ပိုဒုက္ခရောက်မယ်ထင်တယ်။"တဲ့လေ။

ဘာပြောကောင်းမလဲ ကျွန်တော်လည်းထောင်းခနဲဒေါသတွေထွက်ပြီး "ခင်ဗျားက ကျုပ်တို့ စစ်တပ်ကို အထင်သေး တာလား.."ဘာညာနဲ့ ချဲတော့တာပေါ့။
သူက "မဟုတ်ဘူး ဦးကျော်၊ ကျွန်မပြောတာက စစ်ပွဲဖြစ်လို့ ကျွန်မတို့ ဗမာတွေ နိုင်ရင်နိုင်လိမ့်မယ်၊ ဒါပေမဲ့ တကယ် ဖြစ်ရင် ကျွန်မတို့ပြည်သူတွေ၊ အရပ်သားတွေက ထိုင်းတွေထက် ပိုပြီး ဒုက္ခရောက်မှာ.."လို့ပြန်ပြောတယ်။

ခင်ဗျား ဘာကိုဆိုလိုတာလဲလို့ ကျွန်တော်မေးတော့ သူက "စစ်ဖြစ်ရင် လေယာဉ်တွေ ဗုံးကျဲ၊ အမြောက်တွေ အပြန်အလှန်ပစ်ကြမှာ မဟုတ်လား"လို့ပြန်မေးတယ်။

ကျွန်တော်က "အင်း..ဟုတ်တယ်လေ၊ အဲဒါ ဘာဖြစ်လဲ။"ဆိုတော့ သူက "အဲဒီလို ပစ်ကြ ခတ်ကြရင် အရပ်သားတွေရော ထိမှာမဟုတ်လား။""အင်း…ထိမှာပေါ့.."
သူက "ကျွန်မပြောတာ အဲဒါပေါ့ ဦးကျော်ရဲ့၊ အဲဒီလို အရပ်သားတွေ သေကြေပျက်စီးပြီး ထိခိုက်ဒါဏ်ရာရရင် ကျွန်မတို့ကော့သောင်းမှာ ဆေးရုံတစ်ပဲရှိတယ်၊ အဲဒီဆေးရုံမှာ လည်း ဓါတ်မှန်ခန်း တစ်ခန်းပဲ ရှိတယ်။ ရနောင်းက ဆေးရုံမှာ ဓါတ်မှန်ခန်းချည်းပဲ အခန်း နှစ်ဆယ်ကျော်ရှိတယ်။ ကလေးတွေကို ရိုက်တာက သတ်သတ်၊ လူကြီးကို ရိုက်တာက သတ်သတ်၊ အရိုးကို ရိုက်တာ သတ်သတ်၊ ကလီစာတွေကို ရိုက်တာ သတ်သတ် ခွဲထားတာတွေ အများကြီးပဲ..ဆေးဝါး ပစ္စည်း အလုံအလောက်ရှိတယ်။ စစ်ဖြစ်မယ် မဖြစ်ဘူး မသေချာသေးတာတောင် သူတို့တွေ ဓါတ်ဆီတွေ၊ ဒီဇယ်တွေ စုနေတာ အလျှံပယ်ပဲ။ ဒါ့ကြောင့် မဖြစ်စေချင်ဘူးလို့ ပြောတာပေါ့။ စစ်တိုက်တာလည်း တိုင်းပြည်ချမ်းသာမှ ကောင်းတာပါ ဦးကျော်ရယ်..။"တဲ့။

ဟုတ်ကဲ့ ကျွန်တော့် အိမ်နီးချင်း ထိုင်းမှာနှစ်ရှည်လများ အလုပ်လုပ်ခဲ့တဲ့ ၆ တန်းလောက် ပဲ ကျောင်းနေဖူးတဲ့ ကလေးနှစ်ယောက်အမေ ကုလားမလေး စကားကို နားထောင်ပြီး ကျွန်တော် ပါးစပ်ပိတ်သွားပါတယ်။

ဟုတ်တာပေါ့၊ သူပြောတာ မှန်နေတာပဲ။ ငါတို့ပြည်သူတွေ အရမ်းဒုက္ခရောက်မှာပေါ့။ ကျွန်တော် သက်ပြင်းတွေ ခိုးချခဲ့ပါတယ်။

ပြောရမယ်ဆိုရင် တိုင်းပြည်မချမ်းသာဘဲ ဘာမှလုပ်လို့မရပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ စစ်အင်အားကို ကျွန်တော် ယုံကြည်ပါတယ်။ နို့ပေတဲ့ စစ်အင်အားတောင့်တင်းတာ တစ်ခုတည်းနဲ့ တိုင်းပြည်တိုးတက်တာမှမဟုတ်ဘဲ။

ကုန်ခဲတဲ့အတိတ်တွေကိုလည်း ပြန်တူးဆွမနေကြပါနဲ့တော့။ ပြည်သူ့ဘဏ္ဍာ မတော်မတရား စားထားတဲ့သူတွေ လည်း တမလွန်မှာ ရှင်းရပါလိမ့်မယ်။ မပူပါနဲ့…။
တိုင်းရင်းသားရေးကို ပြေလည်အောင်ဖြေရှင်းပြီး နိုင်ငံအတွက် စစ်မှန်တဲ့ စီမံကိန်းတွေ ချမှတ်၊ လက်ရှိ လွှတ်တော် အမတ်မင်းများ၊ ဝန်ကြီးများ၊ စစ်ခေါင်းဆောင် များကလည်း ကောင်းသောနမူနာယူပြီး တိုင်းပြည်ကို ထိန်းကျောင်း သွားမယ်ဆို ရင်တော့ ကျွန်တော်တို့ နိုင်ငံ တဖြည်း ဖြည်း တိုးတက်လာမှာမလွဲပါဘူး။

Ye Kyaw Thura's photo. 
 ဒါပေမဲ့ စီမံကိန်းလုပ်တိုင်း အဲဒီစီမံကိန်း မပျက်ပျက်အောင် လိုက်ပြီးတော့ ဆန္ဒပြကန့်ကွက်နေကြမယ်ဆိုရင်လည်း တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုကို အနည်းနဲ့အများ ထိခိုက်မှာ အမှန်ပါပဲ။

အခု ဖြစ်နေကြတာကလည်း ကိုယ့်အိမ်ထဲဖြတ်စီးတဲ့ ရေမြောင်း ဒိုင်နမိုသွယ်ပြီး လျှပ်စစ်ဓါတ်ထုတ်ရင်တောင် ဆန္ဒပြ ချင်တဲ့ အုပ်စုက ရှိဦးမလားမသိဘူး။

ဒီတော့ တပ်မတော်သားတွေ၊ ဝန်ထမ်းတွေ မဟုတ်တာ မလုပ်ရအောင် တစ်ဖက်တစ်လမ်းကလည်း လစာတို့ တခြား ခံစားခွင့်တို့ မြှင့်တင်ပေးဖို့လိုပါတယ်။

ရွှံ့တောထဲက စိတ်ဓာတ်နဲ့ ကမ္ဘာပတ်လို့မရဘူးဆိုတာ စစ်တပ်တစ်ခုတည်းကို ပြောတာ မဟုတ်ပါ။ အရပ်ဘက် ဌာန ဆိုင်ရာ ပုဂ္ဂိုလ်များလည်း ပါပါတယ်။ တချို့ စစ်ဗိုလ်ထက် ဆိုးတဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ညွှန်ကြားရေးမှူး တွေလည်း ဒုနဲ့ဒေးပါပဲ…၊ စာမျက်နှာငဲ့ပြီး မပြောတော့ပါ။

၆ တန်းမအောင်တဲ့ကလေးနှစ်ယောက်အမေ ကုလားမလေးကတောင် စစ်ပွဲတစ်ပွဲဖြစ်ရင် ဘာတွေ ဖြစ်လာနိုင်တယ် ဆိုတာ ပြည်သူ့လုံခြုံရေး ကဏ္ဍကနေ သူ့အစွမ်းရှိသလောက် ခြုံငုံသုံးသပ်တတ်ပါတယ်။

ချုပ်ပြောရရင် အကျင့်ဟောင်းတွေ သယ်မလာကြပါနဲ့တော့၊ ပြည်သူ့ဘဏ္ဍာ မခိုးကြပါနဲ့တော့၊ ကျွန်တော်တို့ အများကြီး နောက်ကျကျန်ရစ်ခဲ့ပါပြီ။ Diplomacy နဲ့ အားကိုးဖြေရှင်းလို့ မရတော့တဲ့ ပြဿနာမျိုးတွေ ပေါ်လာတဲ့ အခါ ကျွန်တော်တို့ တစ်နိုင်ငံလုံး ပညာတတ်ပြီး ချမ်းသာနေဖို့လိုပါတယ်။

ကိုယ့်တိုင်းပြည် လူတိုင်းချစ်တယ်လို့ ကျွန်တော်ယုံပါတယ်။ စစ်မှန်တဲ့နှလုံးသား၊ တည်ကြည်ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရား၊ အမြော်အမြင်ကြီးတဲ့ ဉာဏ်နဲ့ မှန်မှန်ကန်ကန် ချစ်ကြပါစို့လားဗျာ…..။ ။

ရဲကျော်သူရ







ပင်လယ်ပြင် အမှတ်တရလေးတခု

$
0
0
 Photo: ၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်း ညလယ်သန်းခေါင်ယံ …  စစ်ရေယာဉ်- အင်းတော် ….  ကမ်းလွန် ရတနာဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေချိန် ….  တာဝန်ကျ ဆက်သွယ်ရေးတပ်သားက ရေဒါမြင်ကွင်းအား ကြည့်ရှုစစ်ဆေးနေစဉ်  မိမိရေယာဉ်နဲ့ မိုင် ၂၀ လောက်အကွာအဝေး စက်ဝိုင်းအတွင်း ပစ်မှတ်တခု ထူးထူးခြားခြား ပေါ်လာနေတာ တွေ့လိုက်ရပါတယ်။ ပစ်မှတ်က မိမိရေယာဉ်ရှိရာဘက် ဦးတည်ရွေ့လျားနေတယ်။ အနီးအနားမှာ ရှိနေတဲ့ တာဝန်ကျတပ်ဖွဲ့ဝင် အချို့လည်း အခြေအနေကို ဂရုတစိုက် စောင့်ကြည့်နေကြတယ်။   ရေယာဉ်ကို ကျောက်ချရပ်နားစဉ်က  ပင်လယ်ကူးသင်္ဘောတွေ သွားတဲ့ ရေကြောင်းနဲ့လွတ်အောင် ရေပုံတွက်ချက်ပြီး အခြေပြုခဲ့တာမို့ ဒီရေယာဉ်ဟာ ပင်လယ်ကူးသန်းသွားလာရေး ရေယာဉ်ဖြစ်ကြောင်း တထစ်ကျ မှတ်ချက်ချဖို့ ခက်နေကြတယ်။   ခဏအကြာမှာ သူတို့အားလုံး ဆုံးဖြတ်ချက်ချပြီး တာဝန်ကျအရာရှိထံ အခြေအနေသတင်းပို့လိုက်တယ်။ တာဝန်ကျ အရာရှိမှတဆင့် ဒုစစ်ရေယာဉ်မှူး ၊ စစ်ရေယာဉ်မှူးတို့အထိ သတင်းပို့ပြီး ဖြစ်သွားတယ်။ စစ်ရေယာဉ်မှူးက ရေ/၃၄၉၅ ဗိုလ်မှူး သီဟ ပါ။ အရာရာမှာ စိုးရိမ်သောက ကြီးဟန်ရှိတဲ့ စစ်ရေယာဉ်မှူးက ရေယာဉ်ပေါ်ရှိ crews (အဆင့်အတန်းဝင်အားလုံး) တန်းစီဖို့ အမိန့်ပေးလိုက်တယ်။   တာဝန်ကျတပ်ဖွဲ့ဝင်အချို့သာ နိုးနိုးကြားကြားဖြစ်နေပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ စစ်ရေယာဉ်တစီးလုံး တန်းစီခရာမှုတ်သံ .. အချင်းချင်း အော်ဟစ်နှိုးသံ … ကုန်းပတ်ပေါ်ကို ပြေးတက် နင်းလျှောက်လာတဲ့ ခြေသံတွေနဲ့  တခဏချင်းမှာ ဆူညံနိုးကြား အသက်ဝင်လှုပ်ရှားလာတယ်။   ရေယာဉ်နောက်ပိုင်း ဟန်ဂါအတွင်းမှာ တန်းစီနေကြတဲ့ Crews အားလုံးကို စစ်ရေယာဉ်မှူးက ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အကျဉ်းချုပ်ရှင်းလင်းပြောကြားပြီးနောက် ရေယာဉ်အသင့်ပြင်ဖို့ အမိန့်ပေးလိုက် တာပါပဲ။   စစ်သားတို့ထုံးစံအတိုင်း ပေးလာတဲ့အမိန့်ကို တသွေမတိမ်း လိုက်နာဆောင်ရွက်ကြပေမဲ့ အရှိန်မပြေသေးတဲ့ အိပ်ချင်မူးတူးစိတ်ကြောင့် ပါးစပ်က ပွစိပွစာ ဗလုံးဗထွေး ပြောဆိုသံတွေနဲ့အတူ ကိုယ်တာဝန်ကျရာ နေရာဌာန အသီးသီးဆီ ထွက်ခွာသွားကြတယ်။   ၅ မိနစ်လောက် အတွင်းမှာပဲ ရေယာဉ်စက်နှိုးဖို့ အသင့်ပြင်ထားတဲ့ မီးစက်အလင်းရောင်အောက်မှာ ပုရွက်ဆိတ်တွေပမာ လှုပ်ရှားမှုတွေ ဥဒဟိုသွားလာနေကြတယ်။ လက်နက်တိုက် အတွင်းက လက်နက်ငယ်တွေနဲ့ ရေယာဉ်အပိုင်းလိုက် ဖြန့်ကျက်တာဝန်ယူသူတွေကယူ  လက်နက်ကြီး ကျည်ဆံတွေ သယ်ပိုးပြောင်းရွှေ့ပြီး ရေယာဉ်ရှေ့ပိုင်း ဘိုဖာအမြောက်တပ်ဖွဲ့ … ရေယာဉ်နောက်ပိုင်း အော်လီကွန်တပ်ဖွဲ့ နေရာယူ …  ရေယာဉ်တခုလုံး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်သွားပါတယ်။ မကြာမီမှာပဲ ရေယာဉ်စက်မကြီး နှိုးသံထွက်ပေါ်လာတယ်။ ကျယ်လောင်မြည်ဟီးလှတဲ့ စက်မကြီးနိုးသံက အိပ်ငိုက်မြည်းတွဲ ငေါင်းစင်းစင်း ဖြစ်နေတာတွေကို လွင့်စင်သွားစေတယ်။   အဲဒီအချိန်မှာ ရေယာဉ် ရှေ့တည့်တည့်လောက်ဆီက  အမှောင်ထုကြားထဲမှာ မဲမဲအရိပ်သဏ္ဍာန်တခု ထင်ထင်ရှားရှား ပေါ်လာနေတာ အားလုံးတွေ့မြင်နေရပါပြီ။ စောစောက တယောက်တပေါက် အပြစ်တင် ညည်းတွားနေကြတဲ့ စစ်သည်အားလုံး မျက်လုံးအဝိုင်းသားနဲ့ ပစ်မှတ်ရှိရာ အာရုံစိုက် ကြည့်နေကြတယ်။ ရန်သူလား မိတ်ဆွေလား ဝေခွဲရခက်နေတဲ့ သူစိမ်းရေယာဉ်ဆီက ဘယ်လိုတုန့်ပြန်လှုပ်ရှားမှုတွေ ရှိလာနိုင်မလဲ စိတ်လှုပ်ရှားမှုအပြည့်နဲ့ စောင့်ကြည့်နေကြရတာပေါ့။ မဲမဲအရိပ်ကြီး တဖြည်းဖြည်းနီးကပ်လာသလို သူ့ဆီက ရေယာဉ်စက်သံ တဖြည်းဖြည်းကျယ်လောင်လာပါတယ်။   ရေယာဉ်ဦးပိုင်းက ဘိုဖာအမြောက်တပ်ဖွဲ့ခေါင်းဆောင်ရဲ့ အမိန့်ပေးသံနဲ့အတူ မောင်းတင်ကျည်ထိုးသံ ထွက်ပေါ်လာပြီးနောက် အမြောက်ပြောင်းဝကို ပစ်မှတ်ရှိရာ ဦးတည်ချိန်ရွယ်ထားလိုက်ကြတယ်။ ကျောက်ဆူးတပ်ဖွဲ့ ကျောက်စတင်နှုတ်လို့ မကြာမီအချိန်အတွင်း ရေယာဉ်ထွက်ခွာဖို့ အသင့်ဖြစ်နေပါပြီ။ တဖက်ရေယာဉ်မှ ထူးခြားမှုတစုံတရာ မတွေ့မြင်ရသေး။   ကိုယ့်ဘက်က အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေတဲ့ အချိန်အတွင်းမှာပဲ  တဖက်ရေယာဉ်ကြီးဟာ မိမိတို့ရေယာဉ်နဲ့ ခပ်လှမ်းလှမ်းအကွာဆီမှ သူဦးတည်ရာလမ်းကြောင်းအတိုင်း အရှိန်မပျက် ဆက်လက် မောင်းနှင်ထွက်ခွာသွားတာကို အံ့အားသင့်စွာ ငေးစိုက်ကြည့်နေကြရင်း အရပ်ဘက်ရေယာဉ်ဖြစ်ကြောင်း ကိုလည်း သိလိုက်ကြရပါတယ်။   ရေယာဉ်ကြီးက ထားရစ်ခဲ့တဲ့လှိုင်းလုံးကြီးတွေကြားမှာ မိမိတို့ရေယာဉ် ဘယ်ညာလူးခတ်လို့  တသိမ့်သိမ့်လှုပ်ရှား ကျန်ရစ်နေပါတော့တယ်။ အဲဒီအချိန်ကျမှပဲ အားလုံးရဲ့ စိတ်ထဲမှာ ‘ဟင်းးးး’ ခနဲ သက်ပြင်းသက်မကိုယ်စီ ချနိုင်ကြပါတော့တယ်။   ဆိုလိုတာက စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့တခုအဖို့ ရန်သူဆိုတာ အချိန်မရွေး နေရာမရွေး ပေါ်ပေါက်လာနိုင်တဲ့ သဘောကိုပြောချင်တာပါ။ သာရေးနာရေး အလှူခံအဖွဲ့ကြွရောက်လာသလို အဝေးကြီးကတည်းက လောက်စပီကာနဲ့ ကြိုတင်အချက်ပေးနှိုးဆော်ပြီး ရောက်လာနိုင်တာမဟုတ်တဲ့ ရန်သူရဲ့အခြေအနေကို ဖြစ်နိုင်ခြေနဲ့တွက်ဆပြီး ကိုယ့်ဘက်က ပြင်ဆင်ရတာပါ။ သေချာလောက်မှ အသင့်ပြင်မယ်ဆိုရင်တော့ တကယ်ရင်ဆိုင်ရချိန်မှာ ကိုယ်နောက်ကောက်ကျပြီး ဖြစ်သွားမှာသေချာပါတယ်။   နောက်တခုကလည်း ရေပြင်ပေါ်မှာစစ်ဆင်ရတာဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင်များအဖို့ တက်လမ်းဆုတ်လမ်းဟာ ရေယာဉ်နယ်နိမိတ်အတွင်းမှာပဲ ဘောင်ကန့်သတ်ခြင်း ရှိနေတယ်မဟုတ်ပါလား။ ဒီတော့ တကယ်ဖြစ်လာပြီ ဆိုရင် ဒီရေယာဉ်ရဲ့ တည်ရှိမှုသာလျှင် ကိုယ့်ကံကြမ္မာလို့ ပြောလို့ရနိုင်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ အားလုံးကိုယ်စီ စိတ်ဆုံးဖြတ်ချက် အသင့်ဖြစ်နေကြပါတယ်။ နောက်ဆုံး အခြေမလှလို့ သေရတဲ့တိုင် ကိုယ့်အားကိုယ်အင်ရှိသမျှ ရုန်းကန်တိုက်ခိုက်လှုပ်ရှားရင်း အသက်စွန့်ကြဖို့ အထူးတလည် ဆော်သြနေစရာ လိုမယ်မထင်တော့ပါ။   သူရဲကောင်းဆိုတာ  အလိုလျောက်ပေါ်ပေါက်လာတာ မဟုတ်ဘဲ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး ရည်မှန်းချက်တာဝန်တရပ်ကို မမှိတ်မသုန် ထမ်းဆောင်ရင်း ကြွင်းကျန်တဲ့ ရလဒ်အဖြစ်လို့မြင်ပါတယ်။   အဲဒီတုန်းကသာ စစ်မြေပြင်လက်တွေ့အခြေအနေတရပ်ကို ရင်ဆိုင်ခဲ့ရရင်ဖြင့် ခုလောက်ဆို နေမင်းသူ ဆိုတဲ့ ရေတပ်သားတယောက်ဟာလည်း  ဖေ့ဘုတ်ပေါ်က စွာကျယ်စွာကျယ် အကောင့်ပိုင်ရှင်တဦး ဖြစ်ခွင့်ရဖို့ သေချာမှာ မဟုတ်ဘဲ  ‘သူရဲကောင်းမှတ်တမ်းဝင်’ တဦးအဖြစ်လောက်နဲ့ ဘုတ်အုပ်ထဲ ရောက်ချင်လည်း ရောက်နေနိုင်ပါကြောင်း ….။   ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ….
၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်း ညလယ်သန်းခေါင်ယံ …

စစ်ရေယာဉ်- အင်းတော် …. ကမ်းလွန် ရတနာဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေချိန် ….

တာဝန်ကျ ဆက်သွယ်ရေးတပ်သားက ရေဒါမြင်ကွင်းအား ကြည့်ရှုစစ်ဆေးနေစဉ် မိမိရေယာဉ်နဲ့ မိုင် ၂၀ လောက်အကွာအဝေး စက်ဝိုင်းအတွင်း ပစ်မှတ်တခု ထူးထူးခြားခြား ပေါ်လာနေတာ တွေ့လိုက်ရပါတယ်။ ပစ်မှတ်က မိမိရေယာဉ်ရှိရာဘက် ဦးတည်ရွေ့လျားနေတယ်။ အနီးအနားမှာ ရှိနေတဲ့ တာဝန်ကျတပ်ဖွဲ့ဝင် အချို့လည်း အခြေအနေကို ဂရုတစိုက် စောင့်ကြည့်နေကြတယ်။

ရေယာဉ်ကို ကျောက်ချရပ်နားစဉ်က ပင်လယ်ကူးသင်္ဘောတွေ သွားတဲ့ ရေကြောင်းနဲ့လွတ်အောင် ရေပုံတွက်ချက်ပြီး အခြေပြုခဲ့တာမို့ ဒီရေယာဉ်ဟာ ပင်လယ်ကူးသန်းသွားလာရေး ရေယာဉ်ဖြစ်ကြောင်း တထစ်ကျ မှတ်ချက်ချဖို့ ခက်နေကြတယ်။

ခဏအကြာမှာ သူတို့အားလုံး ဆုံးဖြတ်ချက်ချပြီး တာဝန်ကျအရာရှိထံ အခြေအနေသတင်းပို့လိုက်တယ်။ တာဝန်ကျ အရာရှိမှတဆင့် ဒုစစ်ရေယာဉ်မှူး ၊ စစ်ရေယာဉ်မှူးတို့အထိ သတင်းပို့ပြီး ဖြစ်သွားတယ်။ စစ်ရေယာဉ်မှူးက ရေ/၃၄၉၅ ဗိုလ်မှူး သီဟ ပါ။ အရာရာမှာ စိုးရိမ်သောက ကြီးဟန်ရှိတဲ့ စစ်ရေယာဉ်မှူးက ရေယာဉ်ပေါ်ရှိ crews (အဆင့်အတန်းဝင်အားလုံး) တန်းစီဖို့ အမိန့်ပေးလိုက်တယ်။

တာဝန်ကျတပ်ဖွဲ့ဝင်အချို့သာ နိုးနိုးကြားကြားဖြစ်နေပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ စစ်ရေယာဉ်တစီးလုံး တန်းစီခရာမှုတ်သံ .. အချင်းချင်း အော်ဟစ်နှိုးသံ … ကုန်းပတ်ပေါ်ကို ပြေးတက် နင်းလျှောက်လာတဲ့ ခြေသံတွေနဲ့ တခဏချင်းမှာ ဆူညံနိုးကြား အသက်ဝင်လှုပ်ရှားလာတယ်။

ရေယာဉ်နောက်ပိုင်း ဟန်ဂါအတွင်းမှာ တန်းစီနေကြတဲ့ Crews အားလုံးကို စစ်ရေယာဉ်မှူးက ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အကျဉ်းချုပ်ရှင်းလင်းပြောကြားပြီးနောက် ရေယာဉ်အသင့်ပြင်ဖို့ အမိန့်ပေးလိုက် တာပါပဲ။

စစ်သားတို့ထုံးစံအတိုင်း ပေးလာတဲ့အမိန့်ကို တသွေမတိမ်း လိုက်နာဆောင်ရွက်ကြပေမဲ့ အရှိန်မပြေသေးတဲ့ အိပ်ချင်မူးတူးစိတ်ကြောင့် ပါးစပ်က ပွစိပွစာ ဗလုံးဗထွေး ပြောဆိုသံတွေနဲ့အတူ ကိုယ်တာဝန်ကျရာ နေရာဌာန အသီးသီးဆီ ထွက်ခွာသွားကြတယ်။

၅ မိနစ်လောက် အတွင်းမှာပဲ ရေယာဉ်စက်နှိုးဖို့ အသင့်ပြင်ထားတဲ့ မီးစက်အလင်းရောင်အောက်မှာ ပုရွက်ဆိတ်တွေပမာ လှုပ်ရှားမှုတွေ ဥဒဟိုသွားလာနေကြတယ်။ လက်နက်တိုက် အတွင်းက လက်နက်ငယ်တွေနဲ့ ရေယာဉ်အပိုင်းလိုက် ဖြန့်ကျက်တာဝန်ယူသူတွေကယူ လက်နက်ကြီး ကျည်ဆံတွေ သယ်ပိုးပြောင်းရွှေ့ပြီး ရေယာဉ်ရှေ့ပိုင်း ဘိုဖာအမြောက်တပ်ဖွဲ့ … ရေယာဉ်နောက်ပိုင်း အော်လီကွန်တပ်ဖွဲ့ နေရာယူ … ရေယာဉ်တခုလုံး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်သွားပါတယ်။ မကြာမီမှာပဲ ရေယာဉ်စက်မကြီး နှိုးသံထွက်ပေါ်လာတယ်။ ကျယ်လောင်မြည်ဟီးလှတဲ့ စက်မကြီးနိုးသံက အိပ်ငိုက်မြည်းတွဲ ငေါင်းစင်းစင်း ဖြစ်နေတာတွေကို လွင့်စင်သွားစေတယ်။

အဲဒီအချိန်မှာ ရေယာဉ် ရှေ့တည့်တည့်လောက်ဆီက အမှောင်ထုကြားထဲမှာ မဲမဲအရိပ်သဏ္ဍာန်တခု ထင်ထင်ရှားရှား ပေါ်လာနေတာ အားလုံးတွေ့မြင်နေရပါပြီ။ စောစောက တယောက်တပေါက် အပြစ်တင် ညည်းတွားနေကြတဲ့ စစ်သည်အားလုံး မျက်လုံးအဝိုင်းသားနဲ့ ပစ်မှတ်ရှိရာ အာရုံစိုက် ကြည့်နေကြတယ်။ ရန်သူလား မိတ်ဆွေလား ဝေခွဲရခက်နေတဲ့ သူစိမ်းရေယာဉ်ဆီက ဘယ်လိုတုန့်ပြန်လှုပ်ရှားမှုတွေ ရှိလာနိုင်မလဲ စိတ်လှုပ်ရှားမှုအပြည့်နဲ့ စောင့်ကြည့်နေကြရတာပေါ့။ မဲမဲအရိပ်ကြီး တဖြည်းဖြည်းနီးကပ်လာသလို သူ့ဆီက ရေယာဉ်စက်သံ တဖြည်းဖြည်းကျယ်လောင်လာပါတယ်။

ရေယာဉ်ဦးပိုင်းက ဘိုဖာအမြောက်တပ်ဖွဲ့ခေါင်းဆောင်ရဲ့ အမိန့်ပေးသံနဲ့အတူ မောင်းတင်ကျည်ထိုးသံ ထွက်ပေါ်လာပြီးနောက် အမြောက်ပြောင်းဝကို ပစ်မှတ်ရှိရာ ဦးတည်ချိန်ရွယ်ထားလိုက်ကြတယ်။ ကျောက်ဆူးတပ်ဖွဲ့ ကျောက်စတင်နှုတ်လို့ မကြာမီအချိန်အတွင်း ရေယာဉ်ထွက်ခွာဖို့ အသင့်ဖြစ်နေပါပြီ။ တဖက်ရေယာဉ်မှ ထူးခြားမှုတစုံတရာ မတွေ့မြင်ရသေး။

ကိုယ့်ဘက်က အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေတဲ့ အချိန်အတွင်းမှာပဲ တဖက်ရေယာဉ်ကြီးဟာ မိမိတို့ရေယာဉ်နဲ့ ခပ်လှမ်းလှမ်းအကွာဆီမှ သူဦးတည်ရာလမ်းကြောင်းအတိုင်း အရှိန်မပျက် ဆက်လက် မောင်းနှင်ထွက်ခွာသွားတာကို အံ့အားသင့်စွာ ငေးစိုက်ကြည့်နေကြရင်း အရပ်ဘက်ရေယာဉ်ဖြစ်ကြောင်း ကိုလည်း သိလိုက်ကြရပါတယ်။

ရေယာဉ်ကြီးက ထားရစ်ခဲ့တဲ့လှိုင်းလုံးကြီးတွေကြားမှာ မိမိတို့ရေယာဉ် ဘယ်ညာလူးခတ်လို့ တသိမ့်သိမ့်လှုပ်ရှား ကျန်ရစ်နေပါတော့တယ်။ အဲဒီအချိန်ကျမှပဲ အားလုံးရဲ့ စိတ်ထဲမှာ ‘ဟင်းးးး’ ခနဲ သက်ပြင်းသက်မကိုယ်စီ ချနိုင်ကြပါတော့တယ်။

ဆိုလိုတာက စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့တခုအဖို့ ရန်သူဆိုတာ အချိန်မရွေး နေရာမရွေး ပေါ်ပေါက်လာနိုင်တဲ့ သဘောကိုပြောချင်တာပါ။ သာရေးနာရေး အလှူခံအဖွဲ့ကြွရောက်လာသလို အဝေးကြီးကတည်းက လောက်စပီကာနဲ့ ကြိုတင်အချက်ပေးနှိုးဆော်ပြီး ရောက်လာနိုင်တာမဟုတ်တဲ့ ရန်သူရဲ့အခြေအနေကို ဖြစ်နိုင်ခြေနဲ့တွက်ဆပြီး ကိုယ့်ဘက်က ပြင်ဆင်ရတာပါ။ သေချာလောက်မှ အသင့်ပြင်မယ်ဆိုရင်တော့ တကယ်ရင်ဆိုင်ရချိန်မှာ ကိုယ်နောက်ကောက်ကျပြီး ဖြစ်သွားမှာသေချာပါတယ်။

နောက်တခုကလည်း ရေပြင်ပေါ်မှာစစ်ဆင်ရတာဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင်များအဖို့ တက်လမ်းဆုတ်လမ်းဟာ ရေယာဉ်နယ်နိမိတ်အတွင်းမှာပဲ ဘောင်ကန့်သတ်ခြင်း ရှိနေတယ်မဟုတ်ပါလား။ ဒီတော့ တကယ်ဖြစ်လာပြီ ဆိုရင် ဒီရေယာဉ်ရဲ့ တည်ရှိမှုသာလျှင် ကိုယ့်ကံကြမ္မာလို့ ပြောလို့ရနိုင်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ အားလုံးကိုယ်စီ စိတ်ဆုံးဖြတ်ချက် အသင့်ဖြစ်နေကြပါတယ်။ နောက်ဆုံး အခြေမလှလို့ သေရတဲ့တိုင် ကိုယ့်အားကိုယ်အင်ရှိသမျှ ရုန်းကန်တိုက်ခိုက်လှုပ်ရှားရင်း အသက်စွန့်ကြဖို့ အထူးတလည် ဆော်သြနေစရာ လိုမယ်မထင်တော့ပါ။

သူရဲကောင်းဆိုတာ အလိုလျောက်ပေါ်ပေါက်လာတာ မဟုတ်ဘဲ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး ရည်မှန်းချက်တာဝန်တရပ်ကို မမှိတ်မသုန် ထမ်းဆောင်ရင်း ကြွင်းကျန်တဲ့ ရလဒ်အဖြစ်လို့မြင်ပါတယ်။

အဲဒီတုန်းကသာ စစ်မြေပြင်လက်တွေ့အခြေအနေတရပ်ကို ရင်ဆိုင်ခဲ့ရရင်ဖြင့် ခုလောက်ဆို နေမင်းသူ ဆိုတဲ့ ရေတပ်သားတယောက်ဟာလည်း ဖေ့ဘုတ်ပေါ်က စွာကျယ်စွာကျယ် အကောင့်ပိုင်ရှင်တဦး ဖြစ်ခွင့်ရဖို့ သေချာမှာ မဟုတ်ဘဲ ‘သူရဲကောင်းမှတ်တမ်းဝင်’ တဦးအဖြစ်လောက်နဲ့ ဘုတ်အုပ်ထဲ ရောက်ချင်လည်း ရောက်နေနိုင်ပါကြောင်း ….။

ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ….

လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၆)

$
0
0



January 6, 2013 at 2:07am
လစ်ဘရယ်တို့၏ ကိုယ်ကျင့်တရားစံ
<p> </p> ဗဟုဝါဒ (Pluralism)နှင့် ယဉ်ကျေးမှုပေါင်းစုံ (Multiculture)တို့ကို ယုံသော လစ်ဘရယ်တို့၏ ကိုယ်ကျင့်တရား
စံနှုန်းမှာ မတူညီသည့် ဆန့်ကျင်ဘက်အမြင်အယူအဆတို့ကို လက်ခံခြင်းပင်ဖြစ်သည်။ ကွဲပြားခြားနားသည့် အတွေးအခေါ်အယူအဆများသည် လူ့အဖွဲ့အစည်းကို တိုးတက်စေသည့် အပေါင်းလက္ခဏာများဟု လက်ခံထားကြသည်။ လူတိုင်းသည် ယုံကြည်မှု၊ တွေးခေါ်ယူဆပုံနှင့်အမူအကျင့်၊ ဓလေ့စရိုက်များတူညီနိုင်လိမ့်မည်မဟုတ်။

မတူကွဲပြားမှုများကို လက်ခံနိုင်မည့် ခွင့်လွှတ်သည်းခံနားလည်စိတ်တစ်ခုသာ လိုအပ်သည်ဟုဆိုသည်။ အဆိုပါ Agree to disagree သဘောတရားကို Toleration ဟုခေါ်သည်။“ခင်ဗျားပြောတာတွေကို ကျွန်တော်
သဘောမတူပါဘူး…ဒါပေမယ့် ခင်ဗျားရဲ့ အယူအဆအတွက် ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ကိုတော့ သေတဲ့အထိ ကျွန်တော်ကာကွယ်ပေးသွားမယ်” ဆိုသည့် ပြင်သစ်တွေးခေါ်ပညာရှင် ဗော်လ်တဲယား (Voltaire, 1694-1778)၏ Toleration ကို ဖွင့်ဆိုချက်မှာ ထင်ရှားကျော်ကြားသည်။ ထို့ကြောင့် လစ်ဘရယ်တို့က လွတ်လပ်စွာ ကွဲပြားခြားနားခွင့်ကို အထူးအလေးအနက်ထား လေးစားလိုက်နာကြသည်။



Toleration အယူအဆမှာ ဂျွန်မီလ်တန်၊ ဂျွန်လော့ခ်တို့၏(၁၇)ရာစုတွင် ရေးသားဟောပြောခဲ့သော ဘာသာရေး
လွတ်လပ်ခွင့်အယူအဆမှ စတင်ခဲ့သည်ကိုတွေ့ရသည်။ ဂျွန်ခော့ခ်က လူမှု့ဘ၀နှင့် နိုင်ငံရေးကို ပြတ်သားစွာ
စည်းခြားခဲ့ပြီး၊ အစိုးရများသည် နိုင်ငံသားများ၏ သဘာဝပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန်သာ အခွင့်ရှိ
သည်ဟု ယုံကြည်ခဲ့ရာ၊ ၄င်း၏ ကန့်သတ်အစိုးရ (Limited Government)ပုံစံမှာ လစ်ဘရယ်တို့အတွက် အရေး
ပါသည့် သဘောတရားအယူအဆတစ်ခုဖြစ်လာခဲ့သည်။ လော့ခ်က နိုင်ငံသားတို့၏ ဘာသာရေးယုံကြည်မှု ဆို
သည်မှာ ၄င်းတို့ (လူသားတို့)၏ နောင်တမလွန်ဘ၀နှင့် စပ်ဆိုင်သည့်အရေးကိစ္စသာဖြစ်သဖြင့် အစိုးရတို့က  လူ့အဖွဲ့အစည်း၏ ဘာသာရေးယုံကြည်မှု့အပေါ် ထိန်းချုပ်ကန့်သတ်စရာမလိုဟု မြင်သည်။ နိုင်ငံသားများကို
၎င်းတို့နှစ်သက်ရာ ဘာသာတရားအား ကိုးကွယ်ယုံကြည်ခွင့်ပေးရမည်ဖြစ်သည်။ သို့သော် ချွင်းချက်အားဖြင့်
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နိုင်သည့် (တစ်နည်းအားဖြင့်) လူ့အဖွဲ့အစည်း၏ အေး
ချမ်းသာယာမှုကို ထိပါးနှောက်ယှက်စေနိုင်သည့် ဘာသာအယူဝါဒများကိုမှု တားမြစ်ကန့်ကွက်ရမည်ဟု ဆို
သည်။ လော့ခ်၏ “Letter on toleration” ကျမ်းမှာ အထူးကျော်ကြားသည်။

ဘာသာရေးအယူအဆနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆတို့၌ နောက်ထပ်ကျော်ကြားသူ တစ်ဦးမှာ ဟော်လန်နိုင်ငံသား၊ ပေါ်တူဂီဂျူးလူမျိုး ဘင်နေဒစ်စပီနိုဇာ (Spinoza, 1632-1677) ဖြစ်သည်။ စပီနိုဇာက လူဆိုသည်မှာ အတ္တဟိတ (Egoism)ကိုအခြေခံသော သတ္တ၀ါဖြစ်သည့်အတွက် လူတို့၏ လုပ်ဆောင်မှု မှန်သမျှသည် အတ္တဟိတ (ကိုယ်ကျိုး)ကိုသာ အဓိကအခြေခံကြောင်း ဆင်ခြင်သုံးသပ် ခဲ့သည်။ သို့သော် အဆိုပါအတ္တဟိတ သည် ဆင်ခြင်တုံတရားကို အသုံးပြုမှသာလျှင် မှန်ကန်မှုရှိနိုင်လိမ့် မည်ဟု ဆိုပါသည်။ ဤနေရာတွင် ဂျင်းဂျက် ရူးဆိုး (Jean-Jacques Rousseau, 1712-1778)ကမူ ပရဟိတ (အများအတွက် အကျိုးစီးပွား)ကို အကျိုး ထိရောက်စေသောဆန္ဒသည် အတ္တဟိတ (ကိုယ်ကျိုး)ကိုသာ အကျိုးထိရောက်စေ သော ပုဂ္ဂလိကဆန္ဒထက် ပိုမိုမှန်ကန်သည်ဟု ထောက်ပြခဲ့သည်။ ရူးဆိုးပြောခဲ့သည် နောက်ထပ်ကိုယ်ကျင့် တရားစံနှုန်းမှာ လူသား အားလုံးတို့သည် တန်းတူညီမျှစွာမွေးဖွားခြင်း၌ ကိုယ်ကျင့် တရားစံနှုန်းများ တူညီစွာ ပိုင်ဆိုင်ကြသည်ဆိုခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ မည်သူမဆိုမွေးဖွားလာခဲ့စဉ် ကာလများ(ကလေးဘ၀) ၌ အပြစ်ကင်းစင်ကြသည်။ ထို့အတွက် မည်သူက မည်သူ့ထက် ကိုယ်ကျင့်တရား အရာတွင် ယုတ်သည်၊ မြတ် သည်ဟူ၍ မရှိ၊ အဆင့် အတန်းကွဲပြားခြင်း မရှိဟုဆိုသည်။ ထိုကလေးများအား ဆိုးသွမ်းခြင်းသည် ပတ်ဝန်း ကျင်၏ သင်ကြားမှုနှင့်သာ ဆိုင်သည်ဟု ဝေဖန်ထောက်ပြခဲ့သည်။ ရူးဆိုး၏ပညာရေးဆိုင်ရာ အတွေးအခေါ်များကို ဖေါ်ပြထားသော (Emile) ကျမ်းသည်လည်း ၄င်း၏ လူမှုရေး ပဋိညာဉ် (Social Contract)ကျမ်းကဲ့သို့ပင် ထင်ရှားပါသည်။

လစ်ဘရယ်ရင်ခွင်ထဲဝင်ရောက်လာသော ဆူးများ

လစ်ဘရယ်တို့၏ အထက်ဖေါ်ပြပါ မတူညီမှုအပေါ်လက်ခံသည့် Toleration အယူအဆကို အဓိက ထိုးနှက်လာ သည့် အဓိကအချက်မှာ ယဉ်ကျေးမှုပေါင်းစုံ(Multiculture) ၀ါဒ၏ ရလဒ် ပင်ဖြစ်ပါသည်။ လစ်ဘရယ်တို့၏ မတူညီသည့် ဘာသာအယူဝါဒများ၊ သဘောတရားရေးရာများ၊ လူမျိုးများအပေါ် လက်ခံခြင်းက လစ်ဘရယ်၏ဗဟိုချက်မသို့တိုင် ထိုးနှက်လာနိုင်စေခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အဆိုပါမတူညီမှုများ (လစ်ဘရယ်ဝါဒကို ဆန့်ကျင်တော်လှန်သူပင်ဖြစ်ပါစေ) ဇွတ်မှိတ်လက်ခံခိုင်း နေခြင်းက အမျိုးသားရေး အစွန်းရောက်ဝါဒ (Nationalism)နှင့် ဘာသာရေးအစွန်းရောက်ဝါဒ (Fundamentalism)တို့ ကြီးစိုးရာ (၂၁)ရာစုတွင် လစ်ဘရယ် အားလုံးကို စိမ်ခေါ်လာခဲ့သည်။ လစ်ဘရယ်တို့ ယုံကြည်သော Multiculture ၀ါဒ၏ ပျူငှာမှုကပင် အစွန်းရောက် ၀ါဒီတို့ကို အလွယ် တကူစိမ့်ဝင်စေနိုင်ခဲ့ကြောင်း အနောက်လစ်ဘရယ်နိုင်ငံများ (အထူးသဖြင့် အမေရိကန်နိုင်ငံ) ကောင်းစွာ သဘောပေါက်ပြီးဖြစ်ပါလိမ့်မည်။

အပိုင်း (၇)အား ဆက်လက်ဖေါ်ပြပါဦးမည်-

(လင်းသက်)
<p> </p> ရည်ညွှန်းကိုးကား-                                           
                      ၁။ ကမ္ဘာ့သမိုင်း (ပထမပိုင်း)
                      ၂။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ဒုတိယပိုင်း)
                       ၃။ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း (ဒုတိယတွဲ)
                       ၄။ ကမ္ဘာ့သမိုင်းအခြေပြ
                       ၅။ ကမ္ဘာ့နိုင်ငံများ၏ အခြေခံဥပဒေ
                       ၆။ နိုင်ငံရေးသဘောတရားများ (၆) - ခင်မမမျိုး
                       ၇။ Political Ideologies: an introduction – Andrew Heywood 
                       ၈။ ဒီမိုကရေစီဘာသာရပ် (အခန်း-၄၊ အခန်း-၈) 
                       ၉။ ဒီမိုကရေစီလော့လာရေးစာစဉ် (အခန်း-၄၊ အပိုင်း-၂) – ABSDF 
                      ၁၀။ လစ်ဘရယ်ဒီမိုကရေစီမိတ်ဆက်  (Ecovision)-  ကျော်သူဟန်၊ ဧမင်းယဉ်
                      ၁၁။ ဆိုရှယ်လစ်ဘရယ်ဝါဒသင်တန်းပို့ချချက် - NDF
                      ၁၂။ The End of History- 1983 – Francis Fukuyama 
                      ၁၃။ Liberalism From Wikipedia, the free encyclopedia
                      ၁၄။ http://www.britannica.com/EBchecked/topic/339173/liberalism
                      ၁၅။Classical liberalism From Wikipedia, the free  
                           encyclopedia                                       
                      ၁၆။ Fundamentals of Political Economy by P.Nikitin
                      ၁၇။ Willam Boyd; (tr, and ed;) The Emile of jean jacques Rousseau, Teacher  
                             College Press, New York ; 1962.

လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၇)

$
0
0



January 7, 2013 at 5:36am
<p> </p>
<p>လစ်ဘရယ်ဝါဒနှင့် ကန့်သတ်အစိုးရ (Liberalism and Limited Government)</p>
လစ်ဘရယ်တို့သည် လွတ်လပ်မှုကို နှစ်သက်မြတ်နိုးသော်လည်း အထိန်းအကွပ်မဲ့သော လွတ်လပ်မှု
သည် ရမ်းကားမှု (License)အဖြစ်သို့ အချိန်အခါမရွေးကူးပြောင်းသွားနိုင်ကြောင်း ကောင်းစွာသဘော
ပေါက်ထားကြသည်။ ထို့ကြောင့်ပင် လစ်ဘရယ်တို့က လွတ်လပ်မှုကိုမပျက်စီးစေပဲ ထိန်းသိမ်း ကာ
ကွယ်စောင့်ရှောက်နိုင်သော ဥပဒေသတစ်ခုကို တောင်းဆိုလာခဲ့သည်။ ၄င်းဥပဒေသအရ ပုဂ္ဂလိက
တစ်ဦးချင်းစီ၏လွတ်လပ်မှုအခွင့်အရေးကိုလေးစားသည့် လူ့အဖွဲ့အစည်း(သမဂ္ဂ)တစ်ရပ်တည်ဆောက်
ရန်အတွက် (သို့တည်းမဟုတ်) နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန်အတွက်
နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ရှိဖို့ လိုလားခဲ့သည်။ ဆိုလိုသည့်သဘောမှာ ဥပဒေအောက်တွင်လွတ်လပ် စေခြင်းပင်ဖြစ်သည်။
လူများသည် မိမိတို့တစ်ဦးချင်းဖြေရှင်းရန်မစွမ်းသာသည့် အခြေအနေမျိုးကို ရောက်ရှိလာရာမှ ၄င်းတို့ကိုယ်စားဖြေရှင်းနိုင်မည့် နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ကို အများသဘောတူ
ဖွဲ့စည်းရသည်။ ထိုသို့ဖွဲ့စည်းခြင်းအတွက် လူတစ်ဦးချင်းစီ၏ မူလကပိုင်ဆိုင်ထားကြသည့် မိမိကိုယ် မိမိ စီမံခန့်ခွဲဆုံးဖြတ်နိုင်မှုအခွင့်အရေးကို စွန့်လွှတ်ကြရသည်။ ဂျွန်လော့ခ်၏အဆိုတွင် ပုဂ္ဂလိကတစ်ဦးချင်းသည် မိမိတို့၏ သဘာဝအခွင့်အရေးများ (Natural Rights)ကို မိမိတို့၏ဆင်ခြင်တုံတရားဖြင့်ထိန်းကျောင်းကွက်ကဲဆုံးဖြတ်နိုင်ခဲ့သော်လည်း၊ လူ့အဖွဲ့အစည်းတစ်ခုလုံးအနေဖြင့်မူ သဘောတူညီမှုများကွဲလွဲကာ ပဋိပက္ခများဖြစ်ပေါ်လာပါသည်။ ၄င်းအငြင်းပွားမှုများ၊ ပဋိပက္ခများကို အစိုးရများက တရားသူကြီးများသဖွယ် (အဂတိကင်းစွာ) ကြားဝင်ဖြေရှင်းပေးရမည်ဖြစ်သည်။ ထို့အပြင် လူတစ်ဦးချင်း၏ သဘာဝအခွင့်အရေးများ (Natural Rights)ကို ကာကွယ်စောင့်ရှောက်ပေးရန်အတွက် အစိုးရတွင်တာဝန်ရှိသည်။ (သဘာဝအခွင့်အရေးများ(Natural Rights)ဆိုသည်မှာ အသက်ရှင်ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှု (Life, Liberty and Property)တို့ပင် ဖြစ်ပါသည်။) သို့သော် အစိုးရသည် နိုင်ငံသားတို့၏ လွတ်လပ်ခွင့် (စိတ်ဆန္ဒ)ကို ထိပါး၊ နှောက်ယှက်၊ ထိန်းချုပ်ခွင့်မရှိချေ။ နိုင်ငံသားတို့၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် အခွင့်အာဏာကို ပုဂ္ဂလိကတစ်ဦးချင်းစီ ပါဝင်ဖွဲ့စည်း ထားသော လူ့အဖွဲ့အစည်းက အစိုးရဆိုသူများကို ရွေးချယ်ခန့်အပ်ကာ လွှဲပြောင်းပေးအပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်မှာ လူပအဖွဲ့အစည်း (တစ်နည်းအားဖြင့်) ပြည်သူလူထုပင်ဖြစ်သည်။ အစိုးရဆိုသည်မှာ ပြည်သူလူထုသာ အများသဘောတူရွေးချယ်ခန့်အပ်ကာ မိမိတို့ကိုယ်စား မိမိတို့အကျိုးစီးပွားကို စောင့်ရှောက်ရန် အာဏာအပ်နှင်းထားခြင်းသာဖြစ်သောကြောင့်၊ မိမိတိှု့ဆန္ဒနှင့်မကိုက်ညီ၊ သဘောမကျလျှင် ၄င်းအစိုးရကို ဖျက်သိမ်းပိုင်ခွင့်ရှိသည်။ လိုအပ်လျှင် (နိုင်ငံသားတို့၏ လူ့အခွင့်အရေးကိုချိုးဖေါက်ပါက၊ မတရားဖိနှိပ်ပါက)အကြမ်းဖက်တော်လှန်ဖြုတ်ချ နိုင်သည့်အခွင့်အရေး(Right of Revolution)ပြည်သူလူထုထံတွင်ရှိသည်ဟု (Two Treaties of
Government,1688)စာအုပ်တွင် ဂျွန်လော့ခ်က ဖေါ်ပြခဲ့သည်။

ရူးဆိုးက အစိုးရဆိုသည်မှာ အများဆန္ဒကို လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရန် အများ(ပြည်သူလူထု)က ရွေးချယ်ထားသော လူများဖြင့် ဖွဲ့စည်းထားသောအဖွဲ့အစည်းဟု ဆိုသည်။ သောမတ်စ်ဟော့ဗ်စ် (Thomas Hobbes, 1588-1679)၏ ပြည်သူလူထုက အစိုးရဆိုသည်ကို သဘောတူစာချုပ် (တစ်နည်းအားဖြင့်) Social Contract ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်ဆိုသောအယူကို လက်မခံပေ။ တစ်ကယ်တန်းတွင် အစိုးရကို ပြည်သူတို့၏ အချုပ်အခြာအာဏာဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု ရူးဆိုးက ယုံကြည်သည်။ ထို့ကြောင့် ပြည်သူလူထု၏ဆန္ဒအရ အစိုးရကို အချိန်မရွေး အပြောင်းအလဲလုပ်နိုင်သည်ဟု ထုတ်ဖေါ်ခဲ့သည်။ ထိုသဘောတရားများအရဆိုလျှင် အစိုးရဆိုသည်မှာ ပြည်သူ့ဆန္ဒအရဖွဲ့စည်းထားခြင်းသာဖြစ်သဖြင့် ၄င်းတို့ဆန္ဒအရပေါ်ပေါက်လာသော အစိုးရ၏ထုတ်ပြန်ချမှတ်သော အမိန့်အာဏာ၊ ဥပဒေတို့ကို ပြည်သူလူထုအနေဖြင့် အခါခတ်သိမ်းလိုက်နာနေစရာမလိုဟု ကောက်ယူရမည်ဖြစ်သည်။ သို့သော် လစ်ဘရယ်တို့သည် ပုဂ္ဂလိကလွတ်လပ်မှုနှင့် Social Contract အရ နိုင်ငံတော်အပေါ်ထားရှိရမည့် နိုင်ငံသားတို့၏တာဝန်ဝတ္တရားကို ကောင်းစွာခွဲခြားထားပြီးဖြစ်သည်။ ဥပမာအားဖြင့် မော်ဒန်လစ်ဘရယ်တို့က "ဥပဒေစိုးမိုးမှုမရှိလျှင် လွတ်လပ်မှုရှိနိုင်မည်မဟုတ်"ဆိုသည့် ဂျွန်လော့ခ်၏အဆိုကို လက်ခံထားကြသည်။ ဤနေရာတွင် ဂန္ထ၀င်လစ်ဘရယ်တို့ကမူ အစိုးရ၏လုံခြုံရေးအကြောင်းပြကာ ထိန်းချုပ်ကန့်သတ်ခြင်းများကို မနှစ်သက်လှချေ။ ၄င်းတို့အနေဖြင့် "ဥပဒေမရှိလျှင် ချိုးဖေါက်စရာမလို"ဟူသော အပျက်သဘောဆောင်သည့် လွတ်လပ်မှု (Negative Freedom)ကို ပိုတိမ်းညွတ်ကြသည်။

အပိုင်း (၈)အား ဆက်လက်ဖေါ်ပြပါဦးမည်-
 (လင်းသက်) <p> </p>
ရည်ညွှန်းကိုးကား-                                           

                      ၁။ ကမ္ဘာ့သမိုင်း (ပထမပိုင်း)                    
                     ၂။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ဒုတိယပိုင်း)
                      ၃။ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း (ဒုတိယတွဲ)
                      ၄။ ကမ္ဘာ့သမိုင်းအခြေပြ
                      ၅။ ကမ္ဘာ့နိုင်ငံများ၏ အခြေခံဥပဒေ
                      ၆။ နိုင်ငံရေးသဘောတရားများ (၆) - ခင်မမမျိုး
                      ၇။ Political Ideologies: an introduction – Andrew Heywood 
                      ၈။ ဒီမိုကရေစီဘာသာရပ် (အခန်း-၄၊ အခန်း-၈) 
                      ၉။ ဒီမိုကရေစီလော့လာရေးစာစဉ် (အခန်း-၄၊ အပိုင်း-၂) – ABSDF 
                    ၁၀။ လစ်ဘရယ်ဒီမိုကရေစီမိတ်ဆက်  (Ecovision)-  ကျော်သူဟန်၊ ဧမင်းယဉ်
                    ၁၁။ ဆိုရှယ်လစ်ဘရယ်ဝါဒသင်တန်းပို့ချချက် - NDF
                    ၁၂။ The End of History- 1983 – Francis Fukuyama 
                    ၁၃။ Liberalism From Wikipedia, the free encyclopedia
                    ၁၄။ http://www.britannica.com/EBchecked/topic/339173/liberalism
                    ၁၅။Classical liberalism From Wikipedia, the free 
                          encyclopedia                             
                    ၁၆။ Fundamentals of Political Economy by P.Nikitin
                    ၁၇။ Willam Boyd; (tr, and ed;) The Emile of jean jacques Rousseau,
                           Teacher College Press, New York; 1962.

မြန်မာ့စစ်တပ်ကို ဝေဖန်ပြစ်တင်မလား၊ အားပေးမြှင့်တင်မှာလား

$
0
0


မြန်မာနိုင်ငံတွင် အစိုးရဝန်ကြီးဌာနများ၊ အစိုးရဌာနဆိုင်ရာများ၊ အစိုးရစီးပွားရေးဆိုင်ရာအဖွဲ့များက နိုင်ငံဘဏ္ဍငွေ (ပြည်သူလူထုပိုက်ဆံ) ကိုင်တွယ်သုံးစွဲနေကြပါသည်။ ထိုအစိုးရ ဆိုသည့် အာဏာကိုရရှိသောအုပ်စုသည် နိုင်ငံကြီးပွားတိုးတက်ရေးကိုလုပ်ဆောင်မည်ဟု အသံကျယ်လောာင်စွာပြောကြသည်။ လူထုကြီးသည် လက်ရှိ သမ္မတ၊ ဒုသမ္မတများ၊ လွှတ်တော်ဥက္ကဌများကို ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးသကဲ့သို့ ယုံကြည်စွာ အားကိုးကြပါသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများသည် ရုတ်တရက်မမျှော်လင့်ပဲရရှိသော ပင်စင်လစာငွေကြောင့် ရှိခိုးမတတ်ကျေးဇူးတင်ကြပါသည်။ ကောင်းပါသည်။ အစိုးရအဖွဲ့သည် မိုက်ကရို၊ မက်ကရို စီးပွားရေးစီမံကိန်းများဖြင့် ရေရှည်၊ ဥပဒေများ၊ အခြေခံအဆောက်အဦးများကို အုတ်မြစ်ချနေချိန်ဖြစ်သည်။





ထိုအချိန်အခိုက်တံ့အတွင်း မသမာသူ၊ ဝိသမသမားများက ဝန်ကြီးဌာနများနှင့်ပေါင်းပြီး ရသရွေ့၊ ဥပဒေဘောင်တွင်း၊ ဘောင်ပြင်ပ .. ခပ်ပြောင်ပြောင်လုပ်ကိုင်မှုများကြောင့် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများထက် အခြေခံဈေးနှုန်းများ ၂ဆ၊ ၃ဆ ဈေးကြီးသွားရသည်။ ဥပမာ ဘိလပ်မြေ၊ သံ၊ အိမ်ခြံမြေ၊ ပါမစ်လိုင်စင်ကြေးများဖြင့် လက်ဝါးကြီးအုပ်စီးပွားရေးစနစ်ကြောင့်ဖြစ်သည်။ အပြစ်ဒဏ်မပေးသောကြောင့်ဖြစ်သည်။အကောင်းဖက်တွင်ကြည့်ပါက ကားလမ်းကြီးများ ကောင်းလာသည်။ ကုန်ကား၊လူစီးကားများ ဈေးချိုလာသည်။ တယ်လီဖုန်း၊အင်တာနက် အလွယ်တကူရနိုင်သည်။ အံ့သြစရာအကောင်းဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်ဒီပါတီ၊ လွှတ်တော်ထဲရောက်လာပြီး၊ ပွင့်လင်းလွန်းလှသော မီဒီယာပုံနှိပ်စနစ်ဖြင့် အစိုးရအဟောင်း၊အသစ် ခေါင်းဆောင်အားလုံးကို ဝေဖန်ရေးသားခွင့်ပေးလာခြင်းဖြစ်သည်။



လက်ရှိ မြန်မာနိုင်ငံအခြေအနေတွင် အာဏာခွဲဝေမပေးမှုကြောင့် အစိုးရသစ်သည် အကြပ်အတည်းများစွာတွေ့ရသည်။ အထူးသဖြင့် သမ္မတဦးသိန်းစိန်အစိုးရသည် စစ်တပ်နှင့်အစိုးရဌာဆိုင်ရာများကို ပိုင်နိုင်စွာကိုင်တွယ်ထားနိုင်သည်။ လွှတ်တော်၂ရပ်ကိုအုပ်ချုပ်သူ ဦးရွှေမန်းနှင့်အုပ်စုသည် သမ္မတဦးသိန်းစိန်အစိုးရနှင့် ကြံ့ခိုင်ရေးပါတီတွင်း အာဏာယှဉ်ပြိုင်မှု ကြီးထွားနေပါသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်အုပ်စုအတွင်းမှ သမ္မတဦးသိန်းစိန်အစိုးရကို ဖိအားပေးနေပါသည်။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ဖိအားသည် အခြေခံဥပဒေပြင်ဆင်ရေးကို အမြန်ဆုံးလုပ်ဆောင်ရန်ဖြစ်သည်။ အစိုးရအဖွဲ့နှင့်တစ်လုံးတစ်ဝတည်း ရှိသည်ဟု ယူဆရသော တပ်မတော်၊ကိုလည်း ဒေါ်အောင်ဆန်းစုကြည်စည်းရုံးရေးများ လုပ်နေပါသည်။



အခြားဒီမိုကရေစီနိုင်ငံများကဲ့သို့ Institution အင်စတီကျူးရှင်းဟုခေါ်သော အဖွဲ့အစည်းများ မြန်မာပြည်တွင်အင်အားမရှိပါ။ ရှေ့နေအဖွဲ့ချုပ်၊ စစ်မှုထမ်းအဖွဲ့ချုပ်၊ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့၊ လူ့အခွင့်အရေးအဖွဲ့၊ ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ၊..စသည့် အင်စတီကျူးရှင်းများသည် မြန်မာပြည်တွင် အင်အားမရှိပါ။ တစ်ခုတည်းသော အင်စတီကျူးရှင်းမှာ စစ်တပ် (တပ်မတော်) ဖြစ်ပါသည်။ စစ်သား၊စစ်ဗိုလ်များသည်



- နိုင်ငံတော်ကာကွယ်ရေးအတွက် နံပါတ်(၁)ဖြစ်သည်။ ထို့ကြောင့်
- စည်းကမ်းနှင့်နေထိုင်သည်။ အမိန့်နာခံသည်
- မယားငယ်ထားခွင့်မရှိ၊ လောင်းကစားခြင်း၊ လာဘ် ကိစ္စများကင်းရှင်းရသည်။
- စစ်သား၊စစ်ဗိုလ်နှင့်မိသားစု စားဝတ်နေရေးကို စစ်တပ်မှတာဝန်ယူသည်။ အရပ်အဖွဲ့နှင့်ကင်းဝေးစေသည်။



လက်ရှိမြန်မာနိုင်ငံတွင် စစ်တပ်သည်
- လွှတ်တော်တွင်၂၅% ရှိနေသည်။
- လွတ်တော်မှအာဏာပိုင်အဖွဲ့အစည်းများတွင် လက်ရှိစစ်ဗိုလ်များကိုခန့်ထားသည်။



ပြသနာကြီးမှာ
- အစိုးရအဖွဲ့နှင့်လွှတ်တော်တွင် စစ်ဗိုလ်ဟောင်းများနှင့်စစ်ဗိုလ်သစ်များ ၉၀% ကြီးစိုးနေသည်။
- ဌာနဆိုင်ရာနှင့်စီးပွားရေးဆိုင်ရာများတွင် စစ်ဗိုလ်ဟောင်းကြီးများ ၉၀% ကြီးစိုးနေသည်။



စစ်ဗိုလ်ဟောင်းများက စီးပွားရေးလုပ်ငန်းများ၏ ၉၀%ကို ကြီးစိုးနေပြီး၊ စစ်ဗိုလ်သစ်များက နိုင်ငံတော်အာဏာသိမ်းပိုင်ခွင့်အခွင့်ရေးကိုရထားသည်။ စစ်ဗိုလ်ဟောင်းများနှင့် စစ်ဗိုလ်သစ်များက ပူးပေါင်းပြီး အာဏာထိန်းချုပ်သွားမည့် အလားအလာဖြစ်နေပါသည်။



ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော ပြည်သူလူထုသည်၊ ပြည်သူ့ကိုယ်စားလှယ်အများစု ပါဝင်သော လွှတ်တော်အတွင်းနည်း၊ အပြင်နည်းများဖြင့် အာဏာအရှိဆုံး စစ်တပ် (အင်စတီကျူးရှင်း) ကို စည်းရုံးနေရခြင်းဖြစ်သည်။ စစ်တပ်မှ စစ်ဗိုလ်အသစ်များသည် အချုပ်အချာအာဏာ သိမ်းခွင့်ရှိသော်လည်း လက်ရှိအစိုးရ၏ အရိပ်အောက်တွင် ရှိနေဆဲဖြစ်သည်။ ထို လက်ရှိအစိုးရ (စစ်ဗိုလ်ဟောင်းကြီးများ) အရိပ်အောက်မှ လွတ်လမ်းကို ရှာဖွေကြည့်ရာတွင်



၁။ Good Attitude စစ်ဗိုလ်ကောင်းများကို တိုင်းပြည်အတွက် သတ္တိရှိလာရန် မြှင့်တင်ပေးရမည်။ စစ်ဗိုလ်၊စစ်သားများ စားဝတ်နေရေး ပြေလည်ရေးအတွက်၊ ကူညီပေးရမည်။ (အိမ်ခြံမြေ ပေါ်ပင်လုပ်ငန်း၊ ပွဲစားအလုပ်များ ပပျောက်အောင်လုပ်ရန်ဖြစ်သည်)။



၂။ အနောက်နိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံ၊ အာစီယံနိုင်ငံများနှင့် စစ်ရေးပူးပေါင်းလုပ်ဆောင်မှု များစွာလုပ်ပေးရမည်။ အနောက်နိုင်ငံသို့ စစ်ပညာသင်မလွှတ်နိုင်လျှင်ပင် အာစီယံနိုင်ငံများသို့ ရက်ရှည်၊ လေ့ကျင့်ရေးသင်တန်းများ လွှတ်ပေးရပါမည်။ (မြန်မာအစိုးရက နှစ်စဉ်ဒေါ်လာဘီလျှံပေါင်းများစွာဖြင့် စစ်လက်နက်များကို ရုရှား၊ ယူကရိန်းမှ ဝယ်ယူနေသဖြင့်၊ မြန်မာစစ်ဗိုလ် အမြောက်အများသည် ရုရှား၊ ယူကရိန်းသို့ ပညာသင်စေလွှတ်နေရသည်)။



အထက်ပါ၂ချက်ကို တာဝန်သိ၊ ပြည်သူများ မည်သို့ကူညီပေးနိုင်သနည်း။ စစ်တပ်ကို အပြစ်တင်၊ အတင်းကြပ် စည်းရုံးခြင်းနည်းလမ်းမှာ အောင်မြင်ရန်မလွယ်လှပါ။ စည်းရုံးရေးနည်းလမ်းမှာ အာဏာနှင့်ငွေ ကြွယ်ဝနေသော အစိုးရသစ်နှင့် စစ်ဗိုလ်ဟောင်းကြီးများက အားသာလျှက်ရှိသည်။





လက်ရှိအာဏာပိုင်စစ်တပ်

မြန်မာပြည်အစိုးရ၏ အဓိကအာဏာကို စစ်တပ်သဘောတူမှုဖြင့် ထိမ်းချုပ်ထားသည်။ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းတွင် ၉၀%သည် ဗိုလ်များဖြစ်သည်။ လက်ရှိစစ်ဗိုလ်၎ဦးနှင့် စစ်ဗိုလ်ဟောင်ကြီး ၅ဦးတို့က အာဏာ ထိမ်းထားသည်။ စစ်ဗိုလ်ဟောင်းများစွာလည်း မပူပင်ရသည့် အိမ်ခြံမြေ၊ လုပ်ငန်းများ ရရှိပြီးဖြစ်သည်။ တသက်စာ လုံလောက်လှပါသည်။

လက်ရှိစစ်တပ် ကာ/ချုပ်သည် လက်ရှိအစိုးရအဖွဲ့နှင့်တစ်သားတည်းရှိသည်။ လွှတ်တော်ဥက္ကဌအဖွဲ့နှင့်ဝေးဝေးတွင်ရှိသည်။

လွှတ်တော်တွင်လည်း ၂၅% ကို စစ်တပ်ကိုယ်စားလှယ်များက နေရာယူထားသည်။ စစ်တပ်သဘောမတူပဲ မည်သည့်နည်းနှင့်မှ ၇၅% ထောက်ခံမဲမရနိုင်တော့ပါ။

ရွေးချယ်တင်မြောက်ရေး ကော်မရှင်ဥက္ကဌသည် အစိုးရအဖွဲ့နှင့်တစ်သားတည်းဖြစ်ပြီး၊ ရွေးချယ်ကော်မရှင်ညွန်ကြားရေးမှုး၊ လထညွန်မှုးအားလုံးနီးပါး ၁၀၀ကျော်သည် လက်ရှိစစ်ဗိုလ်များဖြစ်သည်။

နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းကြီးများ အားလုံးနီးပါးကို ထိမ်းချုပ်ထားသော ဦးပိုင်အဖွဲ့ကို စစ်ဗိုလ်ဟောင်းကြီးများက စီမံအုပ်ချုပ်နေသည်။ ပြင်ပရှိ စီးပွားရေးလုပ်ပိုင်ခွင့်ကြီးများသည်လည်း စစ်ဗိုလ်ဟောင်းကြီးများ၏ ခရိုနီစီးပွားသမားများက လက်ဝါးအုပ်ထားသည်။

အဆုံးသပ်ပြောရလျှင် စစ်ဗိုလ်ဟောင်းများက နိုင်ငံတော် အာဏာနှင့်စီးပွားရေး အားလုံးနီးပါးကို လက်ဝါးအုပ်ထားဆဲဖြစ်သည်။





နိဂုံး..

သို့သော် စစ်တပ်မှ စစ်သားကောင်းကြီးများသည် အမှန်တရားနှင့် တိုင်းပြည်အနာဂါတ် သာယာသောလူဘောင်သစ်အတွက် တာဝန်ရှိပါသည်။ မြန်မာပြည်အတွက် စိတ်ရင်းစေတနာရှိသော သူများအားလုံးကို မေးမြန်းကြည့်ရာတွင် စစ်တပ်က၊ စစ်တပ်အလုပ်လုပ်လျင် တိုင်းပြည်တိုးတက်မည် ..ဟု ဖြေကြပါသည်။ စစ်တပ်ကို အပြုသဘော အကြံပေးသူများစွာ ရှိရမည်..ဟု မှတ်ချက်ပေးကြသည်။ လက်ရှိ မေ-၂၀၁၄ တွင် ထိုင်းနိုင်ငံစစ်တပ်က ရှုပ်ထွေးနေသောနိုင်ငံရေးပြသနာကို ဖြေရှင်းရန် စစ်အာဏာသိမ်းလိုက်ပြီဖြစ်သည်။ သို့သော် နိုင်ငံစီးပွားရေးမှာ ပြောင်းမည်မဟုတ်ပါ။ ထိုင်းနိုင်ငံရောက်နေသော မြန်မာအလုပ်သမား ၄သန်းခန့်သည်လည်း ပြန်လာစရာမလိုပါ။ မတတ်သာသောကြောင့် စစ်တပ်မှ အာဏာသိမ်းရသည်။ နောက် ရွေးကောက်ပွဲလုပ်ပေးမည်ဖြစ်သည်။မြန်မာနိုင်ငံစစ်အာဏာရှင်ဟောင်းကြီးများလို အာဏာကိုရာသက်ပန် သိမ်းထားမည်မဟုတ်ပါ။

စစ်တပ် အရာရှိများသည် စစ်လုပ်ငန်းကိုသာ မပူပင်မကြောင့်ကျ လုပ်ကိုင်ရန် လမ်းဖွင့်ပေးရပါမည်။ စစ်ပညာဂျာနယ်များကို များများထုတ်ဝေရမည်။ စစ်ဗိုလ်ဟောင်းကြီးများအား လက်ရှိစစ်ဗိုလ်များက သွားရောက်ဂါရဝပြုခြင်းများ အလေ့ကျင့်မလုပ်ဖို့လိုသည်။ စစ်ဗိုလ်ကောင်းနှင့်စစ်ဗိုလ်ဆိုး ခွဲထုတ်၊ စီစစ်နိုင်ရန် မီဒီယာများက ပြည်သူများအား ဖေါ်ထုတ်ရေးသားရမည်။ အရောင်းကောင်း ဂျာနယ်ဖြစ်ရန် စစ်ဗိုလ်ဆိုးချည်း ထုတ်ဖေါ်ရေးသားမှုမှ စစ်ဗိုလ်ကောင်းများကို သူတို့ရာထူးမပြုတ်အောင် ဝိုင်းဝန်းပံ့ပိုးကြဖို့ အထူးလိုအပ်ပါသည်။ လက်ရှိ လွှတ်တော်တွင်ရှိနေသော ဦးရွှေမန်း၊ ဦးခင်မောင်မြင့်၊ ဦးသူရအောင်ကို စသည့် ကြံခိုင်ရေးပါတီဝင်များ နှင့် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့မှ ဝန်ကြီးများဖြစ်သော ဦးဝင်းရှိန်၊ ဦးကံဇော် .စသည်တို့နှင့် အရည်ချင်းရှိသော ဒုဝန်ကြီးများစွာတို့ကို ဝေဖန်စာများထက်၊ အားပေးစာများ ရေးသင့်ပါသည်။ ဝေဖန်လိုက်ကြည့်ပါက ဦးစိုးသိမ်း၊ ဦးအောင်မင်း ...စသည့် ဝန်ကြီးများလည်း အပြစ်တွေချည်းသာ ဖြစ်သည်။ လူဆိုသည်မှာ ကုသိုလ်တပဲ၊ ငရဲတပိသာ မဟုတ်ပါလား...။

အလားတူ အင်စတီကျူးရှင်းကြီး တစ်ခုဖြစ်သော မြန်မာ့တပ်မတော်အရာရှိကြီးများတွင် လက်ရှိ၊ ကာ/ချုပ်၊ ဒု-ကာ/ချုပ်များ၊ တိုင်းမှုးများကို လေးစားစွာ အားပေးစာများ မီဒီယာများက ဖေါ်ပြသင့်ပါသည်။ ကာချုပ်မှ တပ်သိမ်းမြေများစွာ ပြန်ပေးခြင်း အစီအစဉ်ကို ကြိုဆိုရပါမည်။ စစ်တပ်ဘတ်ဂျတ်သည် တမျိုးသားလုံးထုတ်ကုန်၏ ၁၇% ဟုကြေငြာသည်ကိုလဲ လေးစားရပါမည်။ ကလေးစစ်သားပပျောက်ရေးကို အင်ဂျီအိုများအကူညီဖြင့် လုပ်ဆောင်နေခြင်းကို ဂုဏ်ပြုရပါမည်။ ရခိုင်ပြည်နယ်၊ စစ်တိုင်းမှုးက မီဒီယာနှင့်ရဲဝံ့စွာ အင်တာဗျူးခံခြင်းကိုလည်း ချီးကျူးရပေမည်။ မြန်မာနိုင်ငံ ခေတ်စနစ်ပြောင်းနေချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့အင်အယ်ဒီ ကလွဲရင် ဗိုလ်ဟူသမျှ၊ ကြံ့ဖွံ့ဟူသမျှ ကန့်ကွက်နေဆဲ ဆိုပါက ကျန်ုပ် ခေတ်နောက်ကျ ကျန်နေမည်ဖြစ်ပါသည်။ ချီးမွှမ်းသင့်သူကိုတော့ ချီးမွမ်းရပါမည်။ မဲပေးသည့်အခါတော့ စစ်တပ်၊ စစ်သားအမတ်ကိုမဲမပေးလဲ ရသည့် ခေတ်ကာလဖြစ်ပါသည်။ သေချာသည်မှာ စီးပွားကျွန်ဘဝမရောက်အောင်၊ ပြည်ပရန်ကာကွယ်ဖို့ ခေတ်မီစည်းကမ်းရှိသော၊ ညီညွတ်သော၊ အင်အားရှိသော ပြည်ထောင်စုစစ်တပ်ကြီး တခု မြန်မာပြည်မြောက်ပိုင်းနယ်စပ်တွင် အခိုင်အမာရှိနေဖို့ အလွန်လိုအပ်နေချိန်ဖြစ်သည်။

စစ်တပ်ကို ဝေဖန်ပြစ်တင်မလား၊ အားပေးမြှင့်တင်မှာလား....?

ဇာနည်ကြီး

လူပင်လေလား၊ လိပ်ပြာလား

$
0
0


ထိုနေ့က အိပ်ယာထနောက်ကျလေ့ ရှိသော သာမာန် စနေတစ်နေ့သာ ဖြစ်သည်။ အထပ်လိုက်ရှိ မီးသတိပေးစနစ်များ အသစ်လဲလှယ် တပ်ဆင်နေ၍ အချိန်ပိုင်း လျပ်စစ်မီးပျက်နိုင်ကြောင်း ကြေငြာထားသော ကာလဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဖုန်းအသစ်ကလေးတစ်လုံး(ပထမဦးဆုံး ဝယ်နိုင်သော ကင်မရာ အနည်းငယ်ကောင်းသည့် အန်းဒရိုက်ဖုန်းငယ်) ဝယ်ထားပြီးတာ မကြာသေးသောကာလ။ ရှေ့ကင်မရာ ၈မက္ကာပစ်ဇယ် ဆိုသည်ကို မမြင်ဘူးမူးမြစ်ထင်ကာ လှုပ်လှုပ်မြင်သမျှ ဖုန်းဖြင့်ချိန်သောကာလ၊ အသံဖြင့် အမိန့်ပေးလို့ရသဖြင့် ခလုပ်မနှိပ်ပဲ လူထူထူရှိတိုင်း တရွှတ်ရွှတ်(shoot) အမိန့်ပေးခိုင်းကောင်းနေသည့် မျောက်အုန်းသီးရကာလ။


ထိုနေ့က ထုံစံအတိုင်း အိပ်ယာထ နောက်ကျသည်။ ကော်ဖီသောက်ဖို့ ရေနွေးအိုး ခလုပ်ကို နှိပ်လိုက်တော့ မီးပျက်သွားသည်။ လုပ်ငန်းခွင်စပြီ။ ၁နာရီလောက်တော့ ကြာလိမ့်မည်။ သို့သော် မီးဖိုခန်းတွင် မီးလာနေသည်။ ထို့ကြောင့် ကော်ဖီခွက်ထဲတွင် ရေထည့်ကာ မီးဖိုခန်းထဲရှိ မိုက်ခရိုဝေ့ဖ် တွင် ရေနွေးသွားကျိုသည်။ နေ့ခင်းကြောင်တောင်ဖြစ်သော်လည်း ကော်ရစ်တာ တလျောက်သည် မှောင်သည်။ မီးဖိုခန်းထဲမှ ပြင်ပအလင်းရောင်တစ်ခုသာ ရှိသည်။ မီးဖိုခန်းထဲတွင် မိုက်ခရိုဝေ့ဖ်ထဲသို့ ရေခွက်ထည့်သည် ခလုပ်လှည့်သည်၊ နွေဦးပေါက်ဆိုသော်လည်း မိုးကလေးဖွဲဖွဲဖြင့် လေတိုးသောကြောင့် အေးသည်။ စိမ့်ကနဲ။ ဖုန်းမှ ရာသီဥတုကြည့်လို့ရတာ သတိရပြီး ကြည့်တော့ လေထုအပူချိန်၁၃၊ real feel ၉ ဖြစ်သည်။ မီးဖိုခန်းမှ ပြန်လာတော့ တံခါးဖွင့်ထားသည့် ကျနော့် အခန်းထဲမှ အလင်းရောင်သာ ရှိသည်။ ထိုအလင်းနှင့် အမှောင်လေးကို ကျနော်က ဘာလို့မှန်းမသိ သဘောကျသည်။ခါးကြားတွင်ထိုးလာသော ကင်မရာဖြင့် "ရွှတ် ရွှတ်"လုပ်ပြီး ရိုက်သည်။ ထိုအခိုက်တွင် ကျနော့် အခန်းအဝင်တွင် ထိုသူကို တွေ့လိုက်သည်။ ကျနော်နှင့် သိပါသည်။ ကျနော့်ထက် အတန်းငယ်သည်။ မနေ့ညက ဘီယာအတူသောက်ခဲ့သော သူဖြစ်သည်။ ကျနော်သူ့နာမည်ကို လှမ်းခေါ်ကာ "ရွှတ်"လိုက်သည်။ သူက လှည့်သောကြောင့် ထိုပုံကလေး ရလာသည်။ ထို့နောက် သူက ကျနော့် အခန်းထဲ ဝင်သွားသည်။ ကော်ရစ်တာတွေ တောင်ရိုက်မြောက်ရိုက် ရိုက်ပြီး ရေနွေးပွက်လောက်တော့ ကျနော့် အခန်းပြန်လာသည်။ ရိုက်ထားသည့် ပုံတွေ ဖေ့စဘုတ်ပေါ် တင်မလားကြည့်သည်။ တစ်ခုမှ မကောင်း။ ထိုသူကို ရိုက်ထားသည့် ပုံတစ်ပုံသာ အတော် ကောင်းသယောင်ယောင် ရှိသည်။ ထိုသူမရှိ။ ပြဿနာ မရှိပါ။ သူ့ ဗိုက်ဗာကို ကျနော်သိသည်။ ပုံလေး ပို့ထားလိုက်သည်။ ကျန် အချိန်များသည် စနေ၏ ပုံမှန်လည်ပတ်မှု အတိုင်း ကြိတ်ဝါးသွားသည်။


ပြဿနာကည ၈နာရီမှ စသည်။ ထိုသူပြန်လာသည်။ သည်ည ဆက်သောက်ဖို့ ချိန်းထားသည့်အပြင် ကျနော့်အခန်းသည် သူ့အခန်းတစ်ပိုင်းဖြစ်နေရာ ပြန်လာသည်မှာ မဆန်း။ ကျနော်ကလဲ လှည့်မကြည့်၊ သူကလဲ အကိုဘာညာလောက်သာ နုတ်ဆက်ကာ နာကျင်နေတာပဲပြောပြီး ရေချိုးခန်းထဲတွင် ရေနွေးဝင်စိမ်နေသည်။ အတော်ကြာသည်။ ကျနော်ကလဲ ဖေ့စဘုတ်က မခွာ။

ထမင်းစားရအောင်ဟု ခေါ်သဖြင့် ဘီယာဘူးကလေး ဆွဲကာ ထမင်းဝိုင်းဆီထသည်။ သူနဲ့ ကျနော့်အပြင် အခြားသူများလဲ ပါသည်။ “ဟေ့ကောင် ပုံပို့တာ ရလား”ဟု ကျနော် မေးသည်။ သူက “ရတယ်အကို မိုက်တယ်။ အကို ဘယ်လိုပြင်ထားတာလဲ” ဟုမေးသည်။ “မပြင်ဘူးလေ” ဆိုတော့ သူကနောက်သည်ထင်ကာ “ဘာလဲ ဘဲကြီး အသစ်ဝယ်လိုက်တဲ့ ဖုန်းက လိုသလို လုပ်လို့ရတယ် ကြွားဦးမလို့လား အပိုတွေပါဗျာ ဟဲဟဲ” ဟုဆိုသည်။ “မင်းပြန်လာတော့ ငါရိုက်ထားတာလေ”ဟု ဆိုတော့။ “ကျနော်က ခုနကမှ ပြန်လာတာလေ။ ကျနော်ဝင်လာတော့ အကိုကွန်ပြူနာရှေ့မှာဥစ္စာ၊ ပြီးတော့ သည်ဘောင်းဘီတိုနဲ့ ပြန်လာတာမှ မဟုတ်တာ အေးကအေးနဲ့။” ဟုပြောတော့ ကျနော် တွေဝေရသည်။ “ခုမဟုတ်ဘူးကွ မနက်က မင်းမသွားခင်က ဖြစ်မယ်” ဆိုပြန်တော့။ “အာ..ညက ကျနော်မှ သည်ဘက်မအိပ်တာ။ ဘဲကြီး အစောကြီးကျိုးသွားပြီးတော့။ ကျနော်က မနက် အဖွဲ့တွေနဲ့ လွဲမှာစိုးလို့ ကျနော့် အဆောင်ကျနော် ပြန်အိပ်တာဥစ္စာ လျော့သောက်ဦး ကြောင်နေပြီလား မသိဘူး” ဟု ရယ်ရွှမ်းပတ်ရွှမ်း ဆိုသည်။ ဒါဆို ကျနော်ကို ဘယ်လိုပြင်ထားတာလဲ မေးတာကို ကျနော်မေးရမည်။ “ဟေ့ကောင် မင့်ကို ဘောလုံးဝတ်စုံနဲ့ ငါဘယ်တုန်းက ရိုက်ဘူးလို့တုန်း” လို့ပြန်မေးလိုက်တော့။ “ဘောလုံးဝတ်စုံတွေ စရတော့ ရိုက်တယ်လေ...အဲ..ဒါပေမယ့် အဲတာ အကိုနဲ့ မဟုတ်ဘူးဗျနော် အကို( )နဲ့ ၊ အာ...အဲသည်ထဲက တစ်ပုံယူပြီး ပြင်ထားတာ နေမှာပေါ့” ဟုဆိုသည်။

ထိုစဉ် သူပြောသော သူ့ကို ဓါတ်ပုံရိုက်ပေးသည်ဆိုသူ ဝင်လာသည်။ ဟိုပြောသည်ပြော ပြောကြပြီး “ မင်းတို့ ခိုက်မိလို့ဆို ဘယ်လိုတုန်း ကောင်းသွားကြပြီလား အဆင်ပြေလား” ဟု သူကမေးသည်။ ထိုတော့မှ မောင်မင်းကြီးသားက “ အာ ကျနော်ဖြင့် သေမလိုတောင် ဖြစ်သွားတာ။ ပွဲက အရမ်း ပရက်ရှာများတယ်။ မြန်မာနဲ့ မလေးတွေနဲ့ တွေ့တာ ကျနော်တို့ကလဲ မရှုံးချင်တော့ အသေကန်၊ ဟိုဘက်က နီဂရိုးတွေပါပါတယ်။ xxxxxxxxxxxxxxxxxxxxxxxxxxxx အဲသည်မှာ ကျနော်လဲ ပစ်လဲပြီး တက်သွားတာ။ ကျနော်ကထင်လိုက်တာ သေပြီပေါ့။ ဆေးအာမခံကဒ်ကလဲ ကိုမောင်ဟန်ဆီမှာ ကျန်ခဲ့တာလေ။ တော်သေးတယ်။ ကျောင်းက ရုရှားဆေးအဖွဲ့ရှိနေလို့။ ၂ပွဲ ၃ပွဲ ဆက်ကန်လိုက်တော့ ဟိုက်ပိုရသလို (hypoglycemia) ရသွားတာ ထင်ပါတယ်။ ပြန်ကောင်းသွားတယ်။ ဒါပေမယ့် ကျနော်နားလိုက်ရတော့ ညာဝန်းကနေ ဆော့မယ်သူ မရှိဘူးဖြစ်သွားတာ တော်သေးတယ်xxxxxxxxxxxxxxxxxxxxxxxxxxx”
ထိုတော့ ကျနော် ရေးရေး သဘောပေါက်သလို ရှိလာသည်။ ထို့နောက် ဘီယာဆက်သောက်ကြသည်။ သူများများ မသောက်နိုင်ပါ။ ခဏနေတော့ အိပ်ပျော်သွားသည်။ ကျနော်တစ်ယောက်တည်း မေးခွန်းများစွာဖြင့် သာ ကျန်ခဲ့ရသည်။


မနက်က သူတို့ ကျောင်းတွင်း ဘောလုံးပြိုင်ပွဲရှိကြသည်။ ဘောလုံးဆိုလျင် ဝါသနာမသေးသော ထိုသူသည် ညက မူးနေပါလျက် သူ့ဘော်ဒါများရှိရာ အဆောင်ပြန်သွားတော့ ပက်စပို့များ အာမခံကဒ်များ သည် ကျနော့်ဆီ ကျန်နေခဲ့သည်။ ကျောင်းဘောလုံးကွင်းသည် အပြင်မြက်ကွင်းနှင့် မိုးလုံလေလုံ ဖူဆယ်ကွင်းလို ၂ကွင်းရှိရာ။ ထိုစဉ်က နွေဦးအစဆိုသော်လည်း အေးသေးသဖြင့် မိုးလုံလေလုံတွင် ကန်ကြသည်ဆိုသည်။ ထို့ကြောင့် မြန်မာပြည်မှ ချုပ်ကာ ပို့လိုက်သော သူတို့ စိတ်တိုင်းကျ ဝတ်စုံကို ဖက်ရှင်ကျကျ ဝတ်ခွင့်ရကြသည်။ ဝတ်စုံသစ်၊ ကွင်းငယ်လဲဖြစ်သောကြောင့် ဆုတစ်ခုခုရရန် သူတို့ အားကြိုးမာန်တက် ကန်ကြသည်။ မနက် ၈နာရီလောက်က ကန်ကြသည်မှာ နားလိုက် ကန်လိုက်ဖြင့် ညနေတိုင်သည် ဆိုသည်။ ကျနော် သူတို့ ဘောလုံးကန်သည့်ထဲမှ တစ်ယောက်ကို ဆက်သွယ်မေးကြည့်တော့။ ထိုသူ သတိမေ့သည့် ရန်ဖြစ်မလို ဖြစ်ကြသည့် အချိန်နှင့် ကျနော် ဓါတ်ပုံရိုက်သည့် အချိန် အတူလောက်ရှိသည်။ သို့သော် ကျနော် ဓါတ်ပုံထဲတွင် ဖိနပ်မပါ။ ကျနော် ထပ်မေးရသည်။ သည်ကောင်ကို မင်းတို့ ဘာတွေ လုပ်ပေးကြသေးလဲဆိုတော့ ဖိနပ်တွေချွတ် ခြေထောက်ကိုမြောက်၊ ခြေမလဲ ချိုးလိုက်သေးသည် ဆိုသည်။ ထိုတော့ ကျနော် နဲနဲဆက်စပ်လို့ရပြီ။ သူ့အသိ၏ နောက်ဆုံးသည် ဆေးအာမခံကဒ်ဖြစ်သည်။ ထိုကဒ်သည် ကျနော့် အခန်းထဲ ကျန်ခဲ့သည်။ ထိုအချက်သည် ဖြစ်နိုင်စရာ အများကြီးရှိသည်။

ကျနော်စဉ်းစားရသည်
# ကျနော် တို့ ကော်ရစ်တာ မီးပျက်သဖြင့် ဓါတ်လှေကားသည် သုံးမရ၊ မီးဖိုခန်းနှင့် ဓါတ်လှေခါး ကပ်လျက်ဖြစ်ပြီး ကျနော့် အခန်းနှင့် မီးဖိုသည် အဝေးဆုံး ဟိုဘက်အစွန် သည်ဘက် အစွန်ဖြစ်ရာ သူသည် ဓါတ်လှေခါး သို့မဟုတ် ရိုးရိုးလှေခါးမှ တက်လာပါက ကျနော့် ကော်ဖီခွက်ထည့်နေစဉ် အချိန်အတွင်း ကျနော် သိကိုသိရမည်။ သို့မဟုတ် ကျနော် အခန်းပြန်ချိန် သူပြန်ဆင်းလျင် ကျနော်နှင့် တွေ့ကို တွေ့ရမည်။

# အခြားအဆောင်မှနေ၍ လာမည်ဆိုလျင်လဲ အနွေးထည်၊ ဘောင်းဘီရှည် ဝတ်လာရမည်ဖြစ်ပြီး၊ ယခုက ဖိနပ်ပင်မပါ။ အပြင်တွင် မိုးကလဲ ရွာနေသည်။
# ကျနော့် အခန်းအခြားဘက်တွင် ထွက်ပေါက်တစ်ခု ရှိနေသည်။ သို့သော် ထိုအပေါက်သည် အဆင်းအတက်လှေကားကို ပိတ်ထားသည်။ ပြင်နေကြသည်။
# ကျနော့် မျက်နှာချင်းဆိုင်တွင် အခြားအခန်းတွေရှိသည်။ သူလာသွားသည်ဆိုလျင် ကဒ်တွေဘာတွေ ယူသွားမည်သာဖြစ်သည်။ ဘာမှ ယူမသွား၊

ထိုအဖြစ်အပျက်များသည် လအနည်းငယ်ကြာခဲ့ပြီဖြစ်သည်။ ယခင်ကတော့ သူရဲကားကို အင်မတန် ခုံမင်သည့် သူငယ်ချင်းများရှိရာ သူတို့ဆိုလျင် အဆောင်၃၅ဟုဆိုကာ သရဲဆန်ဆန် ဗီဒီယို ကလစ်များ ယူကျူ့ပေါ်တွင် တွေ့ရနိုင်သည်။ မဟုတ်ရင်တောင် ကိုယ့်ဟာကိုယ် သရုပ်ဆောင်ပြီး တင်လေ့ရှိသူ သူတို့လဲ မြန်မာပြည်ပြန်သွားကြသည်မှာကြာပြီ။ ကာယကံရှင်ပင်လျင် မယုံသော ထိုအဖြစ်အပျက်ကို ကျနော့် ရင်ထဲ အောင်းထားရသည်မှာလဲ ကြာပြီ။ ကျနော် အကြောင်းကြောင်းကြောင့် စာမရေးဖြစ်သည်မှာလဲ ကြာပြီ။ ရေးပင်ရေးချလိုက်သော်လည်း အတွေးတို့က ကြည်လင်ပြတ်သားမလာ။ ထိုဓါတ်ပုံထဲမှ အားကစားဝတ်စုံနှင့် ပုံရိပ်သည် လူပင်လေလား၊ လိပ်ပြာလား၊ သို့မဟုတ် အခြားတစ်ခုခုလား၊ ကျနော်၏ လုပ်ကြံ ဇာတ်ထုပ် ဖန်တီးမှုများလား။ ခင်ဗျားတို့ကြိုက်သလိုသာ ဆုံးဖြတ်နိုင်ကြပါကြောင်း။   

ကျန်းမာချမ်းသာကြပါစေ။

ကျနော် မောင်ဟန်ပါ။   ။

မီးချစ်တဲ့ နှစ်

$
0
0

ပူလောင်အိုက်စပ်လွန်းလို့   ယပ်တောင်တဖျပ်ဖျပ်ခပ်ရင်း  အိပ်ပျော်ဖို့ခက်ခဲတဲ့ နွေလယ်ညတွေ ဖြတ်သန်းရတဲ့ အချိန်တိုင်း  မီးချစ်တဲ့နှစ်တနှစ် က ဖြစ်ပျက်ခဲ့ပုံလေးတွေကို မမေ့နိုင် သတိရဆဲပါ။


၁၉၉၈ ခုနှစ် … ဟိုင်းကြီးကျွန်းပေါ်က  ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှာ  ကျနော်တာဝန်ထမ်းဆောင်ချိန်ကာလ ပြည့်မြောက်လို့  ရန်ကုန်တပ်ကို အပြောင်းအရွှေ့ပါပြီးပေမယ့် … အသုတ်လိုက် ဦးစားပေးပြောင်းရွှေ့စနစ်အရ  ပထမ  ဒုတိယ အသုတ်တွေမှာ  သူငယ်ချင်းတွေပြောင်းရွှေ့သွားချိန် ကျနော်က  ပုံမှန်ရုံးအလုပ်တွေထဲမှာ နစ်မျောနေတုန်း …. မိုးဖြိုင်ဖြိုင်ကျခါမှ  ရန်ကုန်ရွှေမြို့တော်ကို ခြေပြန်ချခွင့် ရခဲ့ပါတယ်။

အဲဒီနှစ်နွေရာသီမှာ  ပရခဌာနချုပ် ဧရိယာအတွင်း  မီး ၆ ခါ လောင်ကျွမ်းခဲ့တဲ့ နှစ်ပေါ့ …  အဆောက်အဦ တလုံးတလေမှ ဆုံးရှုံးပျက်စီးခြင်း မရှိတဲ့တိုင်  အသဲတထိတ်ထိတ် ရင်တဖိုဖိုနဲ့  အရာရှိ/စစ်သည်နဲ့ တပ်မိသားစုဝင်တွေ တက်ညီလက်ညီ မီးသတ်လေ့ကျင့်ခန်း လက်တွေ့ဆင်းခဲ့ရတာပါ …. ။

ပထမဆုံးအကြိမ် လောင်တာက  ရအတ(၂၃) အိမ်ထောင်သည် လိုင်းဘေးမှာ။ ချစ်ချစ်တောက် နေအပူရှိန်က သဘာဝအလျောက်ပေါက်တဲ့ မြက်ပင်ငယ်လေးတွေကို ခြောက်သရောင်းကြွပ်ရွနေအောင် သင်းသတ်ထား လိုက်တယ်။ တပ်သစ်ဧရိယာဖြစ်တဲ့အပြင် မြက်တွေအရမ်းထူလွန်းနေလေတော့  တပ်သန့်ရှင်းရေးလုပ်ချိန်မှာ ခုတ်ဖြတ်လိုက်တဲ့မြက်ရမ်းဓားသွားက  မြက်ပင်တွေကို ခါးကျိုးရစ်ခွေသွားရုံလောက်ပဲ စွမ်းနိုင်ပါတယ်။ အဲဒီလို ထူထဲသိပ်သည်းနေတဲ့ မြက်ပင်ခြောက်တွေဟာ ဆေးလိပ်မီးပွားတခုကျတာနဲ့ကို  လောင်ကျွမ်းဖို့အသင့်ဖြစ် နေတယ်။ လမ်းဘေးဝဲယာ ၁၀ ပေ ၁၅ ပေလောက်အထိသာ မြက်အပြောင်ရှင်းနိုင်တာကိုး။

တနေရာမှာ မီးလောင်မှုဖြစ်ပြီဆိုရင်   အသစ်စက်စက်တပ်ဆင်အသုံးပြုထားတဲ့ ဆက်သွယ်ရေး တယ်လီဖုန်းက တဆင့် အသိပေးအကြောင်းကြားရတာပါ။ ဂဒက်ဒက်ဒက် အဆက်အမြတ်မြည်နေတဲ့ တယ်လီဖုန်းသံ ကြားလိုက်ရတိုင်း  ဝမ်းသာစရာမင်္ဂလာသတင်းက ခပ်နဲနဲရယ်။

အဲလိုနဲ့  နေ့လည်ခင်း ပူပြင်းလွန်းတဲ့ နေပူအောက်မှာ လုပ်လက်စအလုပ်တွေ ခဏပစ်ထားခဲ့ပြီး မီးလောင်မှု ဖြစ်ပွားရာကို အမြန်ဆုံးလစ်ခဲ့ရတယ်။ ဟိုရောက်တော့ မီးလောင်ပြင်ဟာ အိမ်ထောင်သည်လိုင်းနဲ့ အတော် နီးကပ်နေပါပြီ။ တောင်ခြေရေတွင်းကနေ လူတန်းကြီးနဲ့ လက်ဆင့်ကမ်း ရေပုံးသယ်ကာ မီးလောင်ရာ နယ်နိမိတ်တလျှောက် ရေဖြန်းနေသူတွေ ၊ သစ်ရွက်စိမ်းအကိုင်းတွေ စုဆုပ်ကိုင်ပြီး မီးစွယ်ကို တအုံးအုံးဝင်ရိုက် ငြိမ်းသတ်နေသူတွေနဲ့ ပျားပန်းခတ် ချွေးဒီးဒီးကျ အလုပ်ရှုပ်နေကြတာပါ။ တနာရီလောက်အကြာမှာ မီးလုံးဝ ငြိမ်းသတ်သွားပါတယ်။ အဲဒီအချိန်က ဌာနချုပ်မော်တော်ယာဉ်ဌာနမှာ ရေဘောက်ဆာကားတစီးနဲ့ ဂျီအီးတပ်မှာ တစီး စုစုပေါင်း နှစ်စီးရှိသော်လည်း  အချိန်မီရေဖြည့်ဖို့ ရေကန်အဆင်သင့်မရှိသေးပါ။

နောက်တကြိမ်က  ရပထ(၂၂) နဲ့ ရစလ(၂၅) တပ်စည်းရိုးတဝိုက်မှာ လောင်တာ။ အဲဒီမှာ ရပထ(၂၂) တပ်ခွဲကင်းအဆောက်အဦက  တပ်စည်းရိုးနဲ့ကပ်နေသလို မီးလောင်ရာနဲ့လည်းနီးတယ်။ အဲဒီအချိန်က ရလန(၂၄) လက်နက်တိုက် ဆောက်လုပ်ဆဲအချိန်ဆိုတော့ ဌာနချုပ်အတွင်း လက်နက်ခဲယမ်း အများစုကို ရပထ(၂၂) ခွဲကင်းက လက်နက်တိုက်ကျဉ်းကျဉ်းလေးထဲမှာ စုပြုံထည့်ထားရတယ်။

မီးလောင်နေတဲ့အချိန်မှာ မီးလောင်ကွင်းက လေညာရပ် တပ်ခွဲကင်းက လေအောက်အရပ်ဖြစ်နေတော့  တပ်ခွဲကင်းရှိရာဘက်ကို မီးစွယ်ဦးတည်နေသလို မီးခိုးလုံးတွေကလည်း အမိုးနိမ့်နိမ့် တပ်ခွဲကင်းရုံထဲ လုံးပိတ်နေတယ်။ ခွဲကင်းဘက်က နေရာယူ မီးသတ်ဖို့ ဝင်လိုက်တိုင်း ကျပ်ပိတ်နေတဲ့ မီးခိုးလုံးကြောင့် အသက်ရှူမွန်းပြီး ပြန်ပြေးထွက်လာကြရတယ်။

အဲ့ဒီအချိန်က ရပထ(၂၂) တပ်မှူး ဗိုလ်မှူးစိုးလှိုင် (မြင်ခိုင်းမင်းသားကြီး)  ရန်ကုန်တာဝန် သွားနေခိုက်မို့  ရဆသ(၂၁) တပ်မှူး ဗိုလ်မှူးကျော်ထွန်း (အော်လီဗာစတုန်း) က တပ်မှူးတာဝန် ပုးတွဲယူထားရချိန်။ ဗိုလ်မှူး ကျော်ထွန်းဟာ နီးစပ်ရာ ရေပုံးတလုံးကို ဆွဲယူပြီး မီးခိုးလုံးကြားထဲ အတင်းတိုးဝင် ပျောက်ကွယ်သွားတယ်။ တမိနစ်လောက်ကြာမှ ရေပုံးခွံအလွတ်နဲ့အတူ ပြန်ပေါ်လာတယ်။ သူအဲ့ဒီလိုလုပ်တာ မြင်တော့မှ ကျန်တဲ့ လူတွေလည်း ရေပုံးကိုယ်စီကိုင်လို့ မီးခိုးတွေကြားထဲ ပြေးပြေးဝင်သွားလိုက်ကြတာ  မီးစွယ်ကျိုး မီးခိုးတွေ လွင့်ပြယ်တဲ့အထိပါပဲ။

နောက်ထပ်တကြိမ်က  ရယစ(၂၆) အိမ်ထောင်သည်လိုင်းခန်းဘေးမှာ လောင်ပြန်တယ်။ အဲ့ဒီနေ့က တိုက်တိုက်ဆိုင်ဆိုင်  ဌာနချုပ်အစည်းအဝေးခန်းမမှာ  တပ်မှူးများမီးဘေးကြိုတင်ကာကွယ်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပနေချိန်လို့ အမှတ်ရမိပါတယ်။ မီးလောင်တဲ့သတင်းရတော့ အစည်းအဝေးကို ချက်ချင်းရပ်နားပြီး ဌာနချုပ်မှူး ဒုဌာနချုပ်မှူး ဦးဆောင်လို့ မီးလောင်ရာဆီ အပြေးချီတက်ပေါ့။

ကျနော်တို့တပ် ရလတ(၂၇) ဧရိယာအတွင်းမှာတော့ မီး ၂ ကြိမ်လောင်တယ်ခင်ဗျ။ ပထမအကြိမ်လောင်တော့ ကျနော်တပ်မှာ မရှိပါဘူး။ တပ်ကတာဝန်နဲ့ စံထူးစံပြကျေးရွာဘက်ကိုရောက်နေတာ။ ညနေစောင်း တပ်ကိုပြန် ရောက်လာမှ အုန်းပင်တွေအောက်က မီးလောင်ပြင်နဲ့ တပ်ကလူတွေ ပြောပြသမျှ သိခဲ့ရပါတယ်။ နောက်တကြိမ် လောင်တဲ့အချိန်မှာ ကျနော် ရုံးခန်းထဲမှာ လက်နှိပ်စက်ရိုက်နေရင်း လမ်းမဆီက ရဲဘော်တချို့ တပ်မှူးအိမ်နဲ့ ရိက္ခာဂိုဒေါင်ရှိရာကို အပြေးအလွှားချီတက်နေတာ မြင်ရလို့  ဝရံတာကနေ ထွက်ကြည့်တော့ တပ်မှူး အိမ်နားဆီက မီးခိုးတွေ မှောင်တက်နေပြီး လူသံရုတ်ရုတ်ကြားနေရလို့  ပြေးထွက်လာခဲ့ရာက မီးဝိုင်းကူ သတ်နေရလို့ တပ်နောက်ပိုင်းက တပ်မှူး ရုံးခန်းထဲမှာ တယောက်တည်းကျန်နေတဲ့ တပ်မှူးကို သတင်းပို့ဖို့ မေ့နေမိတယ်။
ခပ်လှမ်းလှမ်းမှာရှိတဲ့ ဌာနချုပ်ရုံးက အရာရှိ/စစ်သည်တွေလည်း အပြေးအလွှား ရောက်လာပြီး ဝိုင်းကူသတ်ကြတယ်။ ဌာနချုပ် အေတူး ဗိုလ်မှူးစိုးပိုင် (ရလတ-၂၇ တပ်မှူးဟောင်း) ကိုယ်တိုင် သစ်ရွက်စိမ်းကိုင်းနဲ့ မီးတောက်ကို ညာသံပေးရိုက်နေတာ။

လူစုံတက်စုံ ဝိုင်းအုံငြိမ်းသတ်လိုက်လို့ မီးအားပျော့သွားချိန်မှ တပ်မှူးရောက်လာတာကို သတိထားမိ တော့တယ်။ ဒုဌာနချုပ်မှူး ရှေ့မှာ တပ်မှူးမျက်နှာ သိပ်မကောင်း။ ကိုယ့်ပေါ့လျော့မှုကြောင့် တပ်မှူး အချိန်မီရောက်မလာတာကို ကိုယ့်အပြစ်ကိုယ်သိနေပေမဲ့ လူကြီးရှေ့မှာ တခုခုပြောဖို့ ကျနော်ဆွံ့အနေတယ်။ အားလုံးပြီးစီးသွားလို့ တပ်ရုံးခန်းမှာ ပြန်ဆုံတဲ့အချိန်ကျမှ မီးလောင်မြင်ကွင်းကြောင့် စိတ်ပူပန်မှုလွန်ကဲပြီး တပ်မှူး ဗိုလ်မှူး မောင်မောင်သန်း (ကိုဂျိမ်း) ကို သတင်းပို့ဖို့ မေ့လျော့ခဲ့မိကြောင်း သတင်းပို့ရင်း ဝန်ခံတော့ “ရပါတယ်ကွာ …. ငါလည်း တပ်ကလူတွေ ငြိမ်ချက်သားကောင်းလှချည်လား တွေးနေတုန်း  ရဲဘော် တယောက် လာသတင်းပို့မှ သိရတာ … မီးက တော်တော်များတာပဲဟ” တဲ့။

နောက်ဆုံးတကြိမ်ကတော့  တောင်ပေါ်ရိပ်သာကြီးကို သွားတဲ့ ကားလမ်းနံဘေးမှာ ဖြစ်တာ။ မီးလောင်တယ် သိသိချင်း ကျနော်တို့အုပ်စု အခင်းဖြစ်ရာဆီ ပြေးထွက်လာမိတယ်။ ရုံးမှာ ပုံမှန်အလုပ်လုပ်ချိန် ဆိုတော့ စစ်ဘိနပ် မစီးကြဘဲ ခြေညှပ်ဘိနပ်နဲ့သာ ရှိနေချိန်မို့ အဲ့ဒီအတိုင်း ပြေးထွက်လာခဲ့ရတဲ့အထဲ ကားလမ်းပေါ် မရောက်မီ ရေစပ်စပ်မြောင်းတခုကို ဖြတ်ကျော်ရသေးတာ ဆိုတော့ မီးသတ်တဲ့အချိန်မှာ ကျနော်တို့တဖွဲ့ ခြေဗလာဖြစ်နေခဲ့တယ်။ မီးငြိမ်းသတ်ရာမှာ အနီးကပ် ဦးစီးညွှန်ကြားနေတဲ့ ဒုဌာနချုပ်မှူး ဗိုလ်မှူးကြီး အေးဖေ က ကျနော်တို့ ခြေထောက်တွေကိုမြင်တိုင်း “မင်းတို့ကွာ ဘိနပ်လည်း မပါဘူး” စိုးရိမ်တဝက် ဆူတဝက်လေသံ နဲ့ ပြောရှာတယ်။

အဲ့ဒီအချိန်က ဒုဌာနချုပ်မှူးဟာ လုပ်အားပေးအင်ချပ် .. မီးသတ်တပ်ဖွဲ့မှူး ဆိုလည်း မမှားပါဘူး။ တပ်မှာ ရုံးပိတ် မြက်ခုတ်သန့်ရှင်းရေး လုပ်တော့မယ်ဆိုရင် ဒုဌာနချုပ်မှူးကိုယ်တိုင်က မြက်ခုတ်ဓား ကိုင်ပြီး ထွက်လာတာ ဆိုတော့ အေကျူဝမ်း ဂျီတူး အေတူး ကျူးတူး တွေခများ ဘယ်နေသာပါတော့မလဲ။ မြက်ခြောက်ခင်းပြင် မီးငြိမ်းသတ်တဲ့နေရာမှာတော့  အထိရောက်ဆုံး မီးသတ်ကိရိယာဟာ  အနီးအနားအလွယ်ကူဆုံး ရနိုင်တဲ့ မလေးရှား ပိတောက်ကိုင်းတွေပါပဲ။

ချွေးတရွှဲရွှဲ တကိုယ်လုံး ပေကျံနေတဲ့ ခန္ဒာကိုယ်တွေ မီးငြိမ်းမြေကို စွန့်ခွာပြန်ထွက်လာချိန်မှာ  အနေအထိုင် ရိုးအေးပြီး မပွင့်တပွင့်လေသံနဲ့ စကားကို ဘွင်းဘွင်းကြီးပြောတတ်တဲ့  ကျောင်းဆရာတဖြစ်လဲ  ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မြင့်ဆွေရဲ့ လေးလေးတွဲ့တွဲ့ မှတ်ချက်စကားသံကို  ကျနော့်နားထဲမှာ စွဲမြဲကြားယောင်နေမိတယ် “ဒီနှစ် မီးတော်တော်ချစ်တဲ့နှစ်ပဲ”   တဲ့။

ဟိုင်းကြီးမြေကို သတိရလျက် …..

နေမင်းသူ
၎-၆-၂၀၁၄


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ"

$
0
0
မြန်မာ့တပ်မတော်(လေ)တွင် အသုံးပြုခဲ့သည့် ဆီးဖြူရီ (Sea Furies) တိုက်လေယာဉ် တစီး
မြန်မာ့တပ်မတော်(လေ)တွင် အသုံးပြုခဲ့သည့် ဆီးဖြူရီ (Sea Furies) တိုက်လေယာဉ် တစီး

          
             မြန်မာ့တပ်မတော်(လေ)ကို စတင်တည်ထောင်ဖွဲ့စည်းခဲ့ချိန်မှစတင်ရေတွက်သော်.....(၁၄)နှစ်အကြာ၊(၁၉၆၁)ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်၊ ဗုဒ္ဓဟူးနေ့။ တိတိကျကျဆိုရပါလျှင် တပ်မတော်(လေ)၏သက်တမ်း (၁၄)နှစ်နှင့် (၃၀)ရက်ပြည့်မြောက်သည့်နေ့ရက်၏ နံနက်ခင်းအချိန်။သည်လို တပေါင်းလဆန်းကာလတွင် မိခင်လေတပ်စခန်းဌာနချုပ် တည်ရှိရာ မှော်ဘီလေတပ်စခန်းတွင်တော့ ဆောင်းရာသီ၏အရသာ ပျောက်ဆုံးလောက်ပြီဖြစ်သော်လည်း မြန်မာပြည်အရှေ့ပိုင်းမှ ကျိုင်းတုံမြို့လေးတည်ရာ ရှမ်းကုန်းပြင်မြင့်ထက်တွင်တော့ ဆောင်း၏အငွေ့အသက်များက မပျောက်ပျယ်သေးပါချေ...။  ဒယ်အိုးသဖွယ် တောင်ပတ်လည်ဝန်းရံထားသော ကျိုင်းတုံမြို့၏ရာသီဥတုမှာ နေချင့်စဖွယ်နွေးထွေးလျက် နေ့လည်ခင်းနာရီပြန် (၂)ချက်တီးသည့်တိုင် ခါတိုင်းနေ့ရက်များလိုပင် အေးဆေးငြိမ်သက်လို့နေခဲ့သည်။




           ထိုခေတ် ထိုကာလ၌ ကျိုင်းတုံလေတပ်ဆွယ်သို့ရောက်လာကြသည့် လေသူရဲများအတွက် တည်းခိုရာနေရာဖြစ်သည့် ကျိုင်းတုံလေယာဉ်ကွင်းအနီးရှိ ခြေလျင်တပ်ရင်း၏ အရာရှိရိပ်သာအတွင်းတွင် တပ်မတော်(လေ)မှ လေသူရဲနှစ်ဦးဖြစ်ကြသည့် ဗိုလ်ချစ်ခိုင်(လေ/၁၂၁၆)နှင့် ဒုဗိုလ်ပီတာ(လေ/၁၂၉၂)တို့နှစ်ဦးမှာ နေ့လည်စာထမင်းစားပြီးချိန်ကတည်းက စစ်တုရင်ကို သဲကြီးမဲကြီးထိုးနေကြသည်။ သူတို့နှစ်ဦးနှင့် မလှမ်းမကမ်းရှိပက်လက်ကုလားထိုင်ထက်တွင်လည်း မျက်နှာပေါ်တွင် စာအုပ်တအုပ်ကိုတင်လျက် အိပ်မောကျနေသူတဦးကို တွေ့မြင်ရပေသည်။ ထိုသူသည်ကား အမှတ်(၂)အုပ်မှ လေသူရဲ ဗိုလ်ကြီးခင်မောင်မြင့်ပေတည်း။ စစ်တုရင်ကစားနေသည့် လေသူရဲဗိုလ်ချစ်ခိုင်နှင့် ဒုဗိုလ်ပီတာတို့မှာ ဆီးဖြူရီအမျိုးအစား တိုက်လေယာဉ်မောင်းများ ဖြစ်ကြပြီး ဗိုလ်ကြီးခင်မောင်မြင့်မှာ ဒါကိုတာအမျိုးအစား လေယာဉ်ကို မောင်းနှင်သူဖြစ်လေသည်။ တပ်ပိတ်ရက်လည်း မဟုတ်၊ ရုံးဆင်းချိန်လည်း မဟုတ်သည့် သည်လိုအချိန်မျိုးတွင် အေးအေးလူလူရှိနေသည့် သူတို့သုံးဦးအား အပြစ်တင်မည်ဆိုပါက တက်တက်စင်အောင် မှားချေရော့မည်တည်း။ သေချာစွာကြည့်မည်ဆိုပါက သူတို့သုံးဦးစလုံး၏ ခန္ဓာကိုယ်ထက်တွင် လေယာဉ်မောင်းဝတ်စုံပြာများကို အရေးကြီးစစ်ဆင်ရေးတာဝန်ပေါ်ပေါက်လာလျှင် အဆင်သင့်ဖြစ်အောင် ဝတ်ဆင်ထားကြခြင်းကို မလွဲဧကန် မြင်ရပေလိမ့်မည်။



           သူတို့သုံးဦးစလုံးသည် ဤကျိုင်းတုံလေယာဉ်ကွင်းသို့ရောက်ရှိနေသည်မှာ (၉)ရက်မျှသာလျှင် ရှိသေးသည်။ သူတို့တာဝန်ထမ်းဆောင်သည့် အမှတ်(၁) တိုက်လေယာဉ်အုပ်သည် ဇန်နဝါရီလ (၄)ရက်ကတည်းကစတင်၍ ရန်သူတရုတ်ဖြူ စခန်းများသို့ အကြိမ်ပေါင်းမြောက်မြားစွာ လေကြောင်းမှ သွားရောက် တိုက်ခိုက်ခဲ့ကြသည်။ အဓိကအားဖြင့် မြေပြင်ရှိရန်သူအခိုင်အမာတပ်စွဲထားရာ စခန်းများသို့ ဝေဟင်မှပစ်ခတ်တိုက်ခိုက်ခြင်းတာဝန်ကို ယူခဲ့ကြရသည်။ စစ်ဆင်ရေးစတင်ခဲ့ချိန်တွင် အမှတ်(၁) တိုက်လေယာဉ်အုပ်၏ တပ်စွဲထားရာနေရာမှာ နမ့်ဆန်လေယာဉ်ကွင်းတွင် ဖြစ်ပြီး ရန်သူများနယ်စပ်သို့ ဆုတ်ခွာသွားနေပြီဖြစ်သဖြင့် ရန်သူများတည်ရှိရာ နယ်စပ်နှင့်ပိုမိုနီးစပ်
သော ကျိုင်းတုံမြို့သို့ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် လေတပ်ဆွယ်တခုလုံး ပြောင်းရွှေ့ရောက်ရှိလာခဲ့ကြခြင်းပင်.....။


             စစ်တုရင်ကစားနေသည့် လေသူရဲနှစ်ဦးမှာ ရိပ်သာရှေ့သို့ ဂျစ်ကားတစီးဖြင့်ရောက်လာသည့် အမှတ်(၁)အုပ်မှလေသူရဲ ဗိုလ်စံမြင့်ကြောင့် သူတို့၏ကစားပွဲကို ရပ်နားလိုက်ကြကာ ဂျစ်ကားပေါ်သို့ အလျင်အမြန် တက်ရင်း ဗိုလ်စံမြင့်ခေါ်ဆောင်ရာ လေယာဉ်ကွင်းဆီသို့ အတွေးကိုယ်စီဖြင့် လိုက်ပါလာခဲ့ကြလေသည်။  ဗိုလ်စံမြင့်သည်လည်း ဗိုလ်ချစ်ခိုင်၊ ဗိုလ်ပီတာတို့ကဲ့သို့ တိုက်လေယာဉ်မောင်းနှင်ရသူလေသူရဲတဦးဖြစ်သော်လည်း ကျိုင်းတုံတပ်ဆွယ်၌ အပေါ့စားခရီးသည်တင်လေယာဉ်(ဆက်စနာ) လေယာဉ်မောင်းနှင်မည့်သူ မရှိခြင်းကြောင့် အာဂန္တုစက်စနာလေယာဉ်မှူးကလေး ဖြစ်နေရရှာသူပင်တည်း....။ ဆောင်းအကုန်နွေအကူးကာလမို့ ဖုန်အလူးလူးထနေသည့် ရိပ်သာနှင့် လေယာဉ်ကွင်းကို ဆက်သွယ်ဖောက်လုပ်ထားရာ မြေနီလမ်းကလေးထက်တွင် ဂျစ်ကားကလေးသည် ခုန်ပေါက်မောင်းနှင်ရင်း ကျိုင်းတုံလေယာဉ်ကွင်းဆီသို့ သူတို့ရောက်ခဲ့ပြန်လေပြီ.....။


             လေဆိပ်အဆောက်အအုံရှေ့တွင်တော့ ဆီဖြူရီတိုက်လေယာဉ်သုံးစီးက တိုက်ပွဲဝင်ရန်အသင့်အနေအထားဖြင့် လက်နက် အစုံအလင် တပ်ဆင်ကာ သူတို့အား စောင့်ကြိုလျက်နေပေပြီ။ အမှတ်(၅၀၁)လေတပ်စခန်း၏ တပ်မှူးတာဝန်နှင့် အမှတ်(၁)တိုက်လေယာဉ်အုပ်၏ အုပ်မှူးတတာဝန်တို့ကို ပူးတွဲတာဝန်ယူထားသည့် ဗိုလ်မှူးတင်မောင်အေးကိုလည်း  တိုက်လေယာဉ်တစီး၏နံဘေးတွင် ဗိုလ်မောင်သိန်း(လေ/၁၂၀၁)နှင့်အတူ ရပ်နေသည်ကိုတွေ့လိုက်ရသည်။ စစ်ဆင်ရေးဝတ်စုံကို အသင့်ဝတ်ထားသည့် ဗိုလ်မောင်သိန်း၏လက်ထဲတွင်တော့ လေကြောင်းသုံးမြေပုံတချပ်.....။ ယနေ့နံနက် (၀၉း၀၀)နာရီအချိန့်ခန့်ကပင်ဗိုလ်မှူးတင်မောင်အေးနှင့် ဗိုလ်မောင်သိန်းတို့နှစ်ဦးသား ကျိုင်းတုံလေယာဉ်ကွင်းမှနေ၍ တာချီလိတ်သို့ ဆက်စနာလေယာဉ်တစီးဖြင့် ထွက်သွားခဲ့ကြသည်။ တာချီလိတ်လေယာဉ်ကွင်းအတွင်း၌ ခေတ္တ
ဆင်းကာ တာချီလိတ်တွင်တပ်စွဲထားသော ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးကိုခေါ်ဆောင်ပြီး တာချီလိတ်မြို့နှင့်မနီးမဝေးအရပ်မှ ရန်သူ့မြေပြင်စခန်းများကို ကောင်းကင်ယံမှ ကင်းထောက်ပျံသန်းခဲ့ကြသည်။ ယခုနေမွန်းတိမ်းချိန်တွင် ကျိုင်းတုံသို့ပြန်ရောက်လာပြီး သူတို့ကိုခေါ်သည်ဆိုတော့ တခုခုတော့ အကြောင်းထူးရှိပေလိမ့်မည်။ သေချာသည်က
သူတို့ယခု တိုက်ပွဲဝင်ရမည်ဆိုသည်သာတည်း။ ဗိုလ်မောင်သိန်း၊ ဗိုလ်ချစ်ခိုင်၊ ဒုဗိုလ်ပီတာတို့(၃)ဦးကို ဗိုလ်မှူးတင်မောင်အေး က သူတို့ထမ်းဆောင်ရမည့်တာဝန်ကို အကျဉ်းချုပ်ရှင်းပြသည်ကား ဤသို့တည်း...................။


ဖြစ်စဉ်အဖွင့်
xxxxxxxxxx


      မနက်ခင်းက ဗိုလ်မှူးတင်မောင်အေးနှင့် ဗိုလ်မောင်သိန်းတို့နှစ်ဦး ကင်းထောက်ပျံသန်းနေစဉ် ရန်သူတရုတ်ဖြူတပ်များ တပ်စွဲထားရာတာချီလိတ်အနောက်တောင်ဘက်
မလှမ်းမကမ်းတွင်ရှိသော ၀မ်းပန်ဆန်းဒေသကောင်းကင်တွင် ကင်းထောက်ပျံသန်းနေစဉ် မြေပြင်ရှိတရုတ်ဖြူတပ်စခန်းမှ
DZ (DroppingZone= ဝေဟင်ပစ္စည်းချရန်အမှတ်အသား)အချက်ပြနေသည်ကို တွေ့ရှိခဲ့ရသည်။ ယခင် ခါတိုင်းနေ့များကလည်းပစ္စည်းချပေးခဲ့ပြီး ယနေ့တွင်လည်းပစ္စည်းချရန်အစီစဉ်ရှိ၍သာ DZ အမှတ်အသား ခင်းထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးသူရတင်မောင်အေးမှ သုံးသပ်လိုက်ပြီးကျိုင်းတုံသို့အမြန်ပြန်ခဲ့သည်။ ခြေလျင်တပ်များထံမှလည်း မကြာခဏဆိုသလိုပင်
မြန်မာပြည်နယ်နိမိတ်အတွင်းသို့ ဖြတ်ကျော်ပျံသန်းလာသည့်ရန်သူ့လေယာဉ်သတင်းများ ပေးပို့မှုကို လက်ခံရရှိထားသဖြင့် ယခုမြင်တွေ့လိုက်ရသည့် DZ အမှတ်အသား အရ
ရန်သူ့လေယာဉ်အနည်းဆုံးတစီးသည် ယနေ့တွင် မြန်မာ့ဝေဟင်ပိုင်နက်ဆီသို့ ဝင်ရောက်လာမည်မှာ မလွဲဧကန်....။ မကြာသေးခင်ကာလများဆီကလည်းဗိုလ်မောင်သိန်းနှင့် ဗိုလ်ချစ်ခိုင်တို့ နမ့်ဆန်တပ်ဆွယ်မှနေ၍ ကျိုင်းတုံသို့ခေတ္တရောက်စဉ်တွင် မဲခေါင်စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီးထွန်းစိန်က ရန်သူ့လေယာဉ်များဝင်ရောက်နေသည့် သတင်းကို ထပ်မံအတည်ပြုခဲ့သဖြင့် ယနေ့ ဖေဖော်ဝါရီလ (၁၅)ရက်တွင် ရန်သူ့လေယာဉ်ဝင်ရောက်မည်မှာ သေချာနေပေပြီ။


ဖြစ်စဉ်
xxxxxx

            သုံးသပ်ချက်များအရ ရန်သူ့လေယာဉ်ပျံဝင်ရောက်မည်မှာ သေချာနေပြီမို့ ဆီးဖြူရီလေယာဉ်အမှတ် (UB464)မောင်းနှင်သောဗိုလ်မောင်သိန်း ခေါင်းဆောင်ပြီး (UB466) မောင်းနှင်သော ဒုတိယဗိုလ်ပီတာ နှင့် (UB465) မောင်းနှင်သော ဗိုလ်ချစ်ခိုင်တို့ပါဝင်သည့် ဆီးဖြူရီတိုက်လေယာဉ်(၃)စီးပါအုပ်အား DZတွေ့ရှိခဲ့ရသောနယ်မြေသို့ စေလွတ်ခဲ့သည်။ ဗိုလ်မှူးသူရတင်မောင်အေးသည် သူကိုယ်တိုင်လိုက်ပါရန်ဖြစ်သော်လည်း သူဆောင်းနေကျလေသူရဲဦးထုပ် တပ်မဟာရုံးတွင် ကျန်ရစ်ခဲ့သဖြင့် သွားယူနေလျှင်နောက်ကျမည်ဖြစ်သဖြင့် ဗိုလ်မောင်သိန်းအားခေါင်းဆောင်စေကာ စေလွှတ်လိုက်ခြင်းဖြစ်သည်။ ဒါကိုတာလေယာဉ်ကဲ့သို့ ပြန်လည်ရန်ပြုတိုက်
ခိုက်နိုင်ခြင်းမရှိသည့် သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်နေလျှင် ထိုလေယာဉ်အား ဝဲယာတဖက်တချက်မှညှပ်ကာ ခြောက်လှန့်ပျံသန်းပြီး ကျိုင်းတုံလေယာဉ်ကွင်းသို့ ဖမ်းဆီး
ခေါ်ဆောင်လာရန်နှင့် တိုက်ခိုက်ရေးလေယာဉ်နှင့် ဗုံးကြဲလေယာဉ်များဖြစ်နေပါက အပြီးအပိုင်ပစ်ခတ်ချေမှုန်းခဲ့ရန်အတွက် အမိန့်ပေးလိုက်လေသည်။

ဗိုလ်ပီတာမာင်းနှင်ခဲ့သော UB-466 လေယာဉ် (လေကြောင်းတိုက်ပွဲမဖြစ်မီက)
ဗိုလ်ပီတာမာင်းနှင်ခဲ့သော UB-466 လေယာဉ် (လေကြောင်းတိုက်ပွဲမဖြစ်မီက)


          အချိန်အနည်းငယ်အတွင်းမှာပင် ဗိုလ်မောင်သိန်းဦးဆောင်သည့်တိုက်လေယာဉ်သုံးစီးသည် ကျိုင်းတုံမြို့ကောင်းကင်ယံထက်ဆီသို့ ပျံတက်သွားကြလေပြီ။ အချိန်က
ညနေ (၁၅း၁၅)နာရီအတိ။ ကျိုင်းတုံမြို့ပတ်ဝန်းကျင်ကောင်းကင်ထက်တွင် တိမ်ကင်းရှင်းလျက်ရာသီဥတုသာယာနေသော်လည်း ရိတ်သိမ်းပြီးစတောင်ယာများမှ ယာအကြွင်း
အကျန်များ မီးရှို့ပြီးစအချိန်ဖြစ်နေခြင်းကြောင့် လေထုပတ်ဝန်းကျင်မှာ မီးခိုရိပ်များနှင်ပြည့်လျက် Hazy Weather ခေါ် မြင်ကွင်းမကောင်းလှသည့် အခြေအနေဖြစ်နေသည်။
ထို့ကြောင့်လည်း မြင်ကွင်းရှင်းလင်းသည့် ပေခုနစ်ထောင်အထက်ထိရောက်အောင် ပျံသန်းရင်း လွယ်မွေတောင်တန်းကြီးကိုကျော်ဖြတ်ကာ တာချီလိတ်မြို့ပေါ်သို့ တိုက်လေယာဉ်သုံးစီး ရောက်ရှိခဲ့လေပြီ။ ကျိုင်းတုံမှစတင်ထွက်ခွာခဲ့ပြီး ဆယ့်ငါးမိနစ်မျှအကြာတွင် ရန်သူ့စခန်းတည်ရှိရာ ဝမ်ပန်ဆန်းရွာအထက်ဝေဟင်ယံထက်သို့ ရောက်ခဲ့
ကြပြီ....။


           ဝမ်ပန်းဆန်းရွာအထက်ကောင်းကင်ယံတွင် နာရီဝက်ကျော်မျှကြာအောင် ပျံဝဲနေကြရင်း ညနေ(၁၆း၀၅)နာရီတွင်တော့ အရှေ့အရပ်ဆီမှ အင်ဂျင်လေးလုံးတပ် အစိမ်းပုတ်ရောင် လေယာဉ်ပျံကြီးတစီးသည်  ဝမ်ပန်ဆန်းရွာထက်ဆီသို့ ဦးတည်ပျံသန်းလာနေသည်ကို  ဗိုလ်ပီတာ စတင်တွေ့မြင်လိုက်ရပြီး အုပ်ခေါင်းဆောင် ဗိုလ်မောင်သိန်းထံသို့ ရေဒီယိုဆက်သွယ်ရေးစက်မှတဆင့် သတင်းပို့လိုက်တော့သည်။ စောင့်ရကျိုး နပ်လေပြီ.........။ 

   

(ဆက်ရန်xxxx)

By

Khant Linn Htet 
Viewing all 1811 articles
Browse latest View live