Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

နိုင်ငံရေးအနာကို ကုစားနိုင်ဖို့ နိုင်ငံရေးအထူးကုတွေ လိုတယ်

$
0
0


ဆလိုင်းဝုမ်ဇပြောင်
ဆလိုင်းဝုမ်ဇပြောင်
■ ဆလိုင်းဝုမ်ဇပြောင်အနေနဲ့ ပြည် သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကို ဝင်မပြိုင်ဘဲနဲ့ ဘာလို့ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ် စေခဲ့တဲ့ ရည်ရွယ်ချက်ကို သိပါရစေ။
ကျွန်တော် လေ့လာဆည်းပူးခဲ့ တဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပညာရပ်တွေကို အသက်အရွယ်ကောင်းတုန်းမှာ ချင်း ပြည်နယ်အတွက် စွမ်းစွမ်းတမံ လုပ် ပေးချင်လို့ ပြည်နယ်လွှတ်တော်ကို ဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အား ကောင်းမောင်းသန်ဖြစ်နေတဲ့ ဒီလို အချိန်၊ ဒီလိုအသက်အရွယ်မှာ ချင်း ပြည်နယ်အတွက် အများကြီးလုပ် ဆောင်နိုင်မယ်လို့ ယုံကြည်တယ်။
နောက် ကျွန်တော်တို့ နိုင်ငံရေး လုပ်တယ်ဆိုတာ ရေတိုအတွက် မဟုတ်ဘူး။ ရေရှည်ကို မျှော်မှန်းပြီး လုပ်တာ။ ပထမငါးနှစ် ဘာလုပ် မယ်၊ ဒုတိယငါးနှစ်မှာ ဘာလုပ် မယ်၊ တတိယငါးနှစ်မှာ ဘာလုပ် မယ်၊ ဘာမှ မလုပ်နိုင်တော့မယ့် စတုတ္ထငါးနှစ်မှာ နိုင်ငံရေးမျိုးဆက် သစ်တွေကို ဘယ်လို ပျိုးထောင် လက်ဆင့်ကမ်းမလဲဆိုတဲ့အထိကို မျှော်မှန်းပြီး သွားမှာဖြစ်တယ်။

တကယ်လို့ ချင်းပြည်နယ်လွှတ် တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားရင် ချင်းပြည်နယ်ရဲ့ အုပ်ချုပ် ရေးယန္တရား၊ ဥပဒေပြုရေးယန္တရား တွေနဲ့ပတ်သက်လို့ အတွင်းကျကျ၊ ခရေစေ့တွင်းကျ သိလာမယ်။ အဲဒီ ငါးနှစ်အတွေ့အကြုံတွေကို အဆီ အနှစ်ထုတ်ယူပြီး ဒုတိယသက်တမ်း မှာ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် ကျွန်တော့ရဲ့ နိုင်ငံရေးခရီးရှည် ချီတက်ပွဲကို ဆက်လက်လျှောက်လှမ်း ဖို့ ရေရှည်အစီအမံ ရှိတယ်။
အခု ချင်းပြည်နယ်လွှတ်တော် ကို ဦးတည်ပြီး ဝင်တာက ပြည်ထောင် စုလွှတ်တော်ကို သွားဖို့အတွက် ပထမခြေလှမ်းပါ။ အားကောင်း မောင်းသန်ဖြစ်နေတဲ့အချိန်မှာ ချင်း ပြည်နယ်အတွက် စွမ်းစွမ်းတမံ လုပ် ပြီး ဒုတိယမြောက်သက်တမ်းမှာ ပြည်ထောင်စုလွှတ်တော်မှာ မူဝါဒ ချမှတ်တာ၊ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ အတွက် အခုလို ချင်းပြည်နယ်လွှတ် တော်အဖြစ် ဝင်ရောက် အရွေးခံ ယှဉ်ပြိုင်တာပါ။
■ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဖြစ်သွားရင် ချင်းပြည်နယ်အစိုးရ ကို ဘယ်လိုထိန်းကျောင်းမလဲ။
စဉ်းစားရမယ့်အချက် နှစ်ချက်ရှိ တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ က ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်တွေကို တိုက်ရိုက် တာဝန်ပေး ထားတာ မရှိသော်လည်းပဲ တာဝန် ပေးတာရှိတယ်။ အဲဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား (၂) မှာ အတိ အလင်း ဖော်ပြထားတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား (၂) မှာ ပါတဲ့ အချက်တွေအားလုံးဟာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ လုပ် ရမယ့်အရာတွေ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့ Main Responsiblity က Law Making နဲ့ Policy Making ပဲဖြစ် တယ်။ ကျွန်တော့အနေနဲ့ ချင်းပြည် နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်သွားပြီးဆိုရင် ဖွဲ့စည်း ပုံအခြေခံဥပဒေက ပေးထားချက် ဇယား (၂)ပါ အချက်အလက်တွေနဲ့ ကိုယ်တာဝန်ယူရတဲ့ တာဝန်ခံရတဲ့ ပြည်နယ်ရဲ့ ရေခံမြေခံ၊ ကာလအခြေ အနေအပေါ်မူတည်ပြီး Policy  တွေ၊Law တွေကို ချိန်ဆခင်းကျင်း ပုံဖော် ထုဆစ်သွားပါမယ်။
■ အဲဒီလို ပုံဖော်ထုဆစ်သွားမယ့် မူဝါဒတွေမှာ ထိပ်တန်းဦးစားပေးတွေ က ဘာတွေပါလဲခင်ဗျာ။
ထိပ်တန်းဦးစားပေးလို့ မေးတဲ့ အခါမှာ ဇယား(၂)ကို ပြန်ပြောရမယ်။ ဇယား(၂)က ဖွံ့ဖြိုးရေးနဲ့ပတ်သက် တာတွေပဲ။ ဒါနဲ့ဆက်စပ်ပြီး ပြောရ မှာက ဇယား(၅)။ ဇယား(၅)မှာက အခွန်အခနဲ့ပတ်သက်တာ၊ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်များက ဆောင်ရွက်ရမယ့်အရာတွေ ဖြစ်တယ်။
ကျွန်တော်က ဇယား(၂) ကို သေသေချာချာ study လုပ်ထား တယ်။ ချင်းပြည်နယ်ရဲ့ ၄ ရာခိုင် နှုန်းက စိုက်ပျိုးမြေ ဖြစ်နေသေး တယ်။ တစ်ဖက်မှာ စိုက်ပျိုးလို့ လုံးဝမဖြစ်နိုင်တဲ့ ဧရိယာက ချင်းပြည် နယ်ရဲ့ ၃၂ ရာခိုင်နှုန်း။ ဒီတော့ ချင်းပြည်နယ်ဟာ စိုက်ပျိုးရေးကို အခြေခံပြီး အသက်မွေးဝမ်းကျောင်း ပြုနေရသော်လည်း စိုက်ပျိုးရေးကို အခြေခံပြီးတော့ လင်းလက်တဲ့ အနာဂတ်ကို ဘယ်လိုမှ ပုံမဖော်နိုင် ဘူး ဖြစ်နေပြန်တယ်။ စိုက်ပျိုးရေးကို လျစ်လျူရှုရမယ်လို့ မဆိုလိုဘူး။
ချင်းပြည်နယ်က Land Lock  ဆိုတဲ့ ကုန်းတွင်းပိတ်၊ ပလက်ဝဘက်၊ ကုလားတန်မြစ်တို့က လွဲလို့ပေါ့။ ကုန်းတွင်းပိတ် ပြည်နယ်တစ်ခု ဖြစ်နေတယ်။ ရခိုင်တို့၊ တနင်္သာရီ တို့လည်း ရေကြောင်းထွက်ပေါက်လည်း မရှိဘူး။ မြေအောက်သယံဇာတ ကလည်း ကောင်းကောင်းမရှိဘူး။ ကုန်းတွင်းပိတ်ဒေသတစ်ခု ဖွံ့ဖြိုးတိုး တက်ဖို့ဆိုတာ ပေါ်လစီ တော်တော် ကောင်းမှဖြစ်မှာ။ ပေါ်လစီကို အကောင် အထည်ဖော်တဲ့ နေရာမှာလည်း နောက်ပိုင်းမှာ MNE လို့ ခေါ်တဲ့ Monitoring and Evaluation လည်း ကောင်းကောင်း လိုအပ်တယ်။ ဖွံ့ဖြိုးတိုးတက်ရေးတော့ လုပ်တယ်။
ဒါပေမယ့် အရည်အသွေး မပြည့်ဝတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဖြစ်နေတယ်။ ဒါက MNE ကို ကောင်းကောင်းမလုပ်လို့။ ကျွန်တော် လွှတ်တော်ထဲ ရောက်သွားရင် ဒါကို ကောင်းကောင်းလုပ်မယ်။ ကားလမ်း တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ အဆောက်အအုံတွေကို ကြည့်လိုက် ရင် MNE က တော်တော် လိုအပ် တယ်။ အဲဒီအပိုင်းနဲ့ပတ်သက်လို့ ကျွန်တော်သာ လွှတ်တော်ထဲရောက် ရင် ညင်ညင်သာသာ၊ ထိထိရောက် ရောက်နဲ့ Check and Balance လုပ်မယ်။ ပြီးတော့ ပြန်လည်ကုစား ခြင်းတွေ လုပ်မယ်။ ပေါ်လစီပိုင်း၊ ဥပဒေပိုင်းမှာပေါ့။
ချင်းပြည်နယ်ရဲ့ စီးပွားရေးအခြေ အနေကို ပြန်သုံးသပ်ရရင် အလား အလာကောင်းတာက Border Trade  နယ်စပ်ကုန်သွယ်ရေးပဲ။ ကျွန်တော့ ရဲ့  Research Paper အရဆိုရင် Border Trade က ချင်းပြည်နယ် မှာ ဂျီဒီပီ ၂၅ ရာခိုင်နှုန်းလောက်ရှိ တယ်။ အရမ်းအံ့သြဖို့ ကောင်းတယ်။ ရိဒ်ရှိတယ်။ ထန်တလန်ရှိတယ်။ ကျွန်တော်က ဖွင့်စေချင်တာက တွန်းဇံ ဘက်၊ ပလက်ဝတို့ဘက်ကိုပေါ့။
ပြည်တွင်း BorderTrade လည်း ရှိတယ်။ ဥပမာ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီးတို့ပေါ့။ ပြည်တွင်း Border Trade တွေပေါ့။ ဒီ Trade  တွေ လည်း အားကောင်းအောင် ကျွန်တော် အားပေးမယ်။
ချင်းပြည်နယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တင် မကဘူး။ သုံးမယ့်သူနဲ့ ထိန်း သိမ်းမယ့်လူက ပိုအရေးကြီးတယ်။ Human Capital၊ Human Resource တွေ၊ ပညာရေး အားကောင်းအောင် လုပ်မယ်။
ဖွံ့ဖြိုးရေးက ၁ဝ နှစ်အတွင်း အများကြီးလုပ်လို့ရတယ်။ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် နှစ် ၂ဝ လောက် တောက်လျှောက် တွန်းတွန်းတိုက်တိုက် လုပ်ဖို့လိုတယ်။
■ လွှတ်တော်ထဲ ရောက်သွားလို့ တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်တွေအပေါ်ကို ဘယ်လို ချဉ်းကပ် ဆောင်ရွက်မလဲ။
ဘယ်လိုအခြေအနေပဲ ရောက် ရောက် တပ်မတော်သားဆိုတဲ့အပေါ် မှာ တစ်ပြားမှ အမုန်းမရှိခဲ့ဘူး။ ဟိုတုန်းကလည်း မရှိခဲ့ဘူး။ ဒီကနေ့ လည်း မမုန်းဘူး။ တပ်မတော်ဆိုတဲ့ အင်စတီကျူးရှင်းကိုလည်း မမုန်းဘူး။ တပ်မတော်သားဆိုတဲ့လူကိုလည်း ကျွန်တော်မမုန်းဘူး။ တပ်မတော် ဆိုတဲ့ အင်စတီကျူးရှင်းက မြန်မာ နိုင်ငံအတွက် မရှိမဖြစ် လိုအပ်တယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးတဲ့အတွက် မရှိမဖြစ် လိုအပ်တယ်။
သို့သော် တကယ် လိုအပ်လား၊ မလိုအပ်ဘူးလားဆိုတာကတော့ နိုင်ငံတော်လုံခြုံရေး၊ အချုပ်အချာ အာဏာ တည်တံ့ခိုင်မြဲရေးတွေမှာ တပ်မတော်က အဓိကပေါ့။ အခု လာမယ့် ဒုတိယသက်တမ်းမှာ တပ် မတော်က အဓိကလည်း ဖြစ်ချင်ဖြစ် မယ်။ သာမညလည်း ဖြစ်ချင်ဖြစ် မယ်။ လွှတ်တော်မှာ နိုင်ငံရေးအခန်း ကဏ္ဍမှာ တပ်မတော်ကို လိုအပ်တယ် လို့ ကျွန်တော်မမြင်ပေမယ့် ရှိပြီး သားအခြေအနေအပေါ်မှာ မူတည် ပြီး ကျွန်တော် အကောင်းဆုံးအပြု သဘော ချဉ်းကပ် ဆောင်ရွက်သွား မှာပါ။
သူတို့လည်း နိုင်ငံအတွက် အများကြီး အလုပ်လုပ်ချင်တဲ့သူ တွေ ဖြစ်တယ်။ တကယ်လို့များ ဘုံသဘောတူညီချက်၊ ဘုံပန်းတိုင် ကနေ အစလုပ်လိုက်ရင် မဖြစ်နိုင် ဘူးလား။
ကျွန်တော်တို့ ချဉ်းကပ်မှုက မှား နေတာလား။ Common Goal ကို မတည်ဆောက်နိုင်ဘဲနဲ့ ငါတို့လိုချင် တာသည် ဒီဘက်၊ တပ်မတော်က လိုချင်တာသည် ဟိုဘက်ဆိုပြီး တော့ နှစ်ပိုင်းကွဲနေတဲ့အခါမှာ ခြေလှမ်း က အစ မတူတော့ဘူး။ ပြီးတော့ လမ်းခရီးက မတူညီတော့ဘူး။ အဲဒီ တော့ ကမောက်ကမ ဖြစ်တာပေါ့။
ကျွန်တော်တို့နဲ့ သူတို့နဲ့ ပြည်သူ့ အတွက် အရင်ဆုံး ရှာရမှာကCommon Goal ပဲ။ တပ်မတော်ရဲ့ အခန်းကဏ္ဍက External Actor ၊ ကျွန်တော်တို့ Internal Actor တွေ။ ဒီ Actor နှစ်ခုက ဆန့်ကျင်ဘက် မဟုတ်ဘဲနဲ့ ပူးပေါင်းဖို့သာလျှင်ဖြစ် တယ်။ ပူးပေါင်းမယ်ဆိုရင် common goal တွေ အရင်ရှာဖို့ ကြိုးစား ရမယ်။
■ ပြိုင်ဘက်တွေကိုရော ဘာတွေ အကြံပေးချင်သလဲ။ ကိုယ့်ရဲ့ မဲဆန္ဒရှင် ပြည်သူလူထုတွေကိုရော ဘာပြော ချင်ပါသလဲ။
ပြည်သူတွေကို ပြောချင်တာက ခရစ်ယာန်ရှုထောင့်ကနေပဲ ကြည့် ပေးပါ။ အသင်းတော်တစ်ပါးအတွက် သင်းအုပ်ဆရာအဖြစ် အမှုတော် ထမ်းရွက်နိုင်ဖို့ အနည်းဆုံး ဓမ္မ ပညာကို လေးနှစ်လေးမိုး ပညာသင် ယူရတယ်။ ဒီလို အသင်းတော်လေး တစ်ပါးကို အုပ်ချုပ်ဖို့အတွက်တောင် ဒီလိုလေးနှစ်လေးမိုး သင်ယူရတယ် ဆိုတော့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံ ရေးသမားလို့ ကိုယ့်ကို ယူဆသော သူများ နိုင်ငံရေးပညာကို အနည်းဆုံး ဒီပလိုမာအဆင့်လောက် သင်ယူပြီး မှ ပြိုင်စေချင်ပါတယ်။
နိုင်ငံရေးပညာကို (ပညာ၊ လက်တွေ့) တစိုက်မတ်မတ် လေ့လာ ဆည်းပူးနေတဲ့သူတွေကို မဲပေးကြ ပါ။ ဒါဟာ ချင်းပြည်နယ် တိုးတက် ရေး၊ ချင်းပြည်နယ် ကောင်းစားရေး၊ ချင်းပြည်နယ်ကို ပြန်လည်ကုစားရေး မှာ အရေးကြီးဆုံးသော ရွေးချယ် ဆုံးဖြတ်မှု ဖြစ်ပါတယ်။
နယ်တွေမှာ ဆေးပညာ မသင် ဘဲနဲ့ လူနာတွေကို ကုသနေတဲ့ ရမ်းကု တွေကြောင့် ရောဂါတွေက ခေတ္တ ခဏပျောက်ပေမယ့် လူတိုင်းက သူတို့ကို ခေါ်တာ ရမ်းကုလို့ ခေါ်ကြ တယ်။ ရေရှည်တော့ ရောဂါမပျောက် ဘူး။ သူတို့လည်း မကုသပေးနိုင် ဘူး။ အဲဒီလိုလူတွေကို အပြစ်ပြော နေတာ မဟုတ်ဘူး။ လိုအပ်လို့၊ လိုအပ်နေလို့သာ သုံးနေကြတယ် ဆိုတာကို လက်ခံတယ်။ နားလည် ပေးပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံ ရေးမှာလည်း မြန်မာ့နိုင်ငံရေး ရောဂါဝေဒနာတွေကို ပြန်လည် ကုစားနိုင်ဖို့က ရမ်းကုတွေ မဟုတ် တော့ဘဲနဲ့ နိုင်ငံရေးအထူးကုတွေ လိုအပ်ပါတယ်။ နိုင်ငံရေးပြဿနာ တွေကို တကယ်ကုသ၊ ကုစားနိုင် မယ့် နိုင်ငံရေးအထူးကုတွေကို ပြည် သူတွေ ရွေးချယ်ပေးကြပါလို့ ပြော ချင်ပါတယ်။

 ကိုဇန်

http://www.thetradetimesmedia.com/?p=17439  မှ ကူးယူဖော်ပြပါသည်။ 

"ငါးဆယ်အရွယ် အနာဂတ် "

$
0
0
Paing Kha's photo.

(၁)

လူရယ်လို့ဖြစ်လာရင် ကိုယ့်သက်ဆိုင်ရာ ဘ၀တွေအတွက် ရည်ရွယ်ချက်တွေ ရှိမယ်၊ ယုံကြည်ချက်တယ် ရှိမယ် ထို့အတူ မျှော်လင့်ချက်တွေ ရှိနေမှာပါ။


ဒါကြောင့်လည်း ရည်ရွက်ချက်တွေ၊ ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေ ဖြစ်မြောက်ပြည့်စုံနိုင်အောင် ကြိုးစားရုန်းကန်နေကြရတာမဟုတ်ပါလား။ ဘ၀က ကိုယ်ဖန်တီးသလို ဖြစ်လာတတ်ပေမယ့် တစ်ခါတလေ ဘ၀ဖန်တီးပေးသလို လိုက်ပြီးလျှောက်ရတဲ့အခါလည်း ရှိတယ်။ ဘယ်လိုအခြေအနေပဲ ဖြစ်ပါစေ အကောင်းဆုံး မျှော်လင့်ချက်နဲ့ အကောင်းဆုံးဖြစ်နိုင်ဖို့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ ဆောင်ရွက်လုပ်ကိုင်ကြရတာပေါ့။

ကျွန်တော့်မှာလည်း မျှော်လင့်ချက်ရှိတယ်။ ရည်ရွယ်ချက်ရှိတယ်။ အဲဒါကတော့ အသက်ငါးဆယ်ရွယ် ရောက်ခဲ့ရင် ကိုယ်စိတ်ကူးသလို ဖြစ်အောင်ဆောင်ရွက်လိုတဲ့အချက်ပါပဲ။ အသက်ငါးဆယ်ရောက်ရင် ကျွန်တော် ဆောင်ရွက်စရာတွေ ရှိပါတယ်။ အသက်ငါးဆယ်မှာ ပြန်စတင်ရမယ့် ဘ၀တစ်ခု ဆိုပါတော့။

(၂)

"လူ့ဘ၀ထဲ ဘာလုပ်ဖို့ ရောက်လာသလဲ၊ ဘာအတွက် ရောက်လာသလဲ "လို့ ကိုယ့်ကိုယ်ကို ခဏခဏ ပြန်မေးကြည့်ဖူးတယ်။ အဲဒီအခါ ဘ၀ဆိုတာဘာလဲ၊ ဘ၀ထဲ ဘာကြောင့်ရောက်လာသလဲ တွေးကြည့်ဖူးတယ်။ တွေးရင်းနဲ့လည်း ချာလည်လည်ခဲ့တာ မနည်းလှတော့ဘူးပေါ့။

ဘ၀ဆိုတာရောဘာလဲ။ မွေးဖွားခြင်းကနေ သေဆုံးခြင်းအထိ ဘ၀တစ်ခု။ သေပြီဆိုရင်ဖြင့် ဘ၀တစ်ခု ပြည့်စုံပြီလို့ ဆိုရမယ်ပေါ့။ ဒီတော့ မသေသေးရင် ဘ၀တစ်ခုမပြီးမြောက်သေးဘူး။ အသက်ရှင်သန်ခြင်းမှာရော ဘယ်လိုနည်းနဲ့ အသက်ရှင်နေထိုင်မှာပါလဲ။

ပုရွတ်ဆိတ်ကလေးလည်း ဘ၀တစ်ခု၊ ဆင်ကြီးဆိုတာလည်း ဘ၀တစ်ခု၊ မဟာလူသားဆိုတဲ့ လူသားတစ်ယောက်ကလည်း ဘ၀တစ်ခုစီပါပဲ။ ကိုယ်စီမံရာ ကံကလိုက်ပြီး သတ္တ၀ါဘ၀အစုံစုံမှာ တစ်မျိုးတစ်ဖုံစီ ပတ်လည်ရိုက် ကျင်လည်ကြရတယ်။ ဒီလိုကျင်လည်ရတဲ့ ဘ၀မှာ တိရစ္ဆာန်ဆိုတဲ့ အသိဥာဏ်နိမ့်ပါးတဲ့ အခြေအနေမျိုးမှာဆိုရင်တော့ ဘ၀ထဲ ဘာအတွက်ရောက်လဲသလဲဆိုတာတော့ ပျမ်းမျှအားဖြင့် အိပ်၊ စား၊ ကာမ အတွက်ပဲ ဖြစ်နိုင်ပါလိမ့်မယ်။

အသိဥာဏ်ထက်မြက်ပါတယ်ဆိုတဲ့ ကျွန်တော်တို့ မဟာလူသားများကရော ရခဲလှတဲ့ ဒီလူ့ဘ၀ထဲ ဘာလုပ်ဖို့ ရောက်လာကြပါသလဲ။ ဘာအတွက် ရောက်လာကြပါသလဲ။

ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သလို သံသရာ၊ နောက်ဘ၀ဆိုတာကို ယုံကြည်တယ်။ ဒီတော့ ဒီသံသရာကနေ ကျွတ်လွတ်ကြောင်း မရှာဖွေ၊ မကျင့်ကြံသေးသမျှ နောင်ဘ၀၊ နောက်ဘ၀တွေဆိုတာ အထပ်ထပ်အခါခါ ဖြစ်နေဦးမှာ အမှန်ပါပဲလေ။ ဒီလိုဘ၀တွေကို ကျင်လည်ရာမှာ ဘ၀တိုင်း စိတ်ရော၊ ကိုယ်ပါ ပြည့်စုံချမ်းသာချင်တယ်။ ဒါက လောကီအတွက် ဆိုပါတော့။ နောက်ဆုံးရည်မှန်းချက်ကတော့ သံသရာက လွတ်ကြောင်းပေါ့။

ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ ကြုံရခဲတဲ့ သာသနာနဲ့လည်း ကြုံပြီ၊ လမ်းညွှန်ပြပေးနိုင်တဲ့ ဆရာသမားကောင်းတွေ ကလည်းရှိနေပြီ၊ ကျင့်ကြံနိုင်တဲ့ အနေအထားလည်းရှိနေပြီ၊ ကာလဒေသအားဖြင့်လည်း မဆိတ်သုဉ်းသေး ဒီတော့ ဒီလူ့ဘ၀ကြီးမှာ တကယ့်အနှစ်သာရအစစ်ရဖို့ ဘာလုပ်ရမလဲ၊ ဘာတွေလုပ်သွားမှာလဲ။

(၃)

"မင်းက တပ်ထဲက ထွက်ပြီး ဘာလုပ်မှာလဲ "

"အပြင်မှာ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ ရှာဖွေချင်တယ်၊ လုပ်ကိုင်ချင်တယ်။ ဘ၀ကို ပုံသေကားချပ်ကြီး မသွားချင်ဘူး၊ ပြီးတော့ ထိုက်သင့်တဲ့အနေအထားတစ်ခုရပြီဆိုရင် ကျွန်တော်က ဘုန်းကြီးဝတ်မှာ "
အဲဒီလို ကျွန်တော်ပြောတော့ အထက်အရာရှိက ပြုံးတယ်။ ဘုန်းကြီးဝတ်မှာဆိုတဲ့ စကားက ရယ်စရာလည်း ဖြစ်ချင်ဖြစ်နေမှာကိုး။ တကယ်လည်း ၀တ်ချင်ခဲ့မိသလို၊ ၀တ်ဖို့လည်း ကျွန်တော် ရည်မှန်းထားခဲ့ပါ တယ်။ အဲဒါကတော့ အသက် ငါးဆယ်အရွယ်ရောက်ရင်ပေါ့။ ငါးဆယ်အရွယ်အထိ မသေသေးလို့ နေရသေးရင်ပေါ့။

ခုဝတ်ပါလားလို့တော့ ပြောကောင်းပြောနိုင်ပါတယ်။ ခု မ၀တ်ချင်သေးတာ မဟုတ်ပါဘူး။ ခင်ပွန်းဆိုတဲ့ နေရာ၊ မိဘဆိုတဲ့ နေရာကို ပိုင်ဆိုင်ထားနှင့်ရပြီ။ ခင်ပွန်းတာဝန်၊ မိဘတာဝန်ကို အကောင်းဆုံးထမ်းဆောင်ချင် သေးတယ်။ ပြောရရင်တော့ ငါးဆယ်အရွယ် မရောက်မီကာလမှာ ဇနီးနဲ့ သမီးအတွက် ပြီးပြည့်စုံတဲ့ ဘ၀အခြေအနေ မဟုတ်တောင် ထိုက်သင့်တဲ့အခြေအနေမျိုးရောက်အောင် ရှာဖွေပေးခဲ့ချင်သေးတယ်။

ဒီလိုရှာဖွေတဲ့ကာလမှာလည်း ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်ဆိုတဲ့ ကောင်းမှုကုသိုလ်တွေကို တတ်နိုင်သမျှ ဖြည့်စွမ်းသွားရမယ်။ ငါးဆယ်အရွယ် မရောက်ခင် သေဆုံးခဲ့ရင် ထပ်ပြီး လည်ရမယ့် သံသရာခရီးမှာ လောကီချမ်းသာမှုလေးပြည့်စုံအောင်ပေါ့။ 

အသက်ငါးဆယ်မှ ၀တ်တော့ ဘာတွေလုပ်နိုင်ဦးမှာလဲ။ ဘယ်လာက်အထိ ကျင့်ကြံနိုင်ဦးမှာလဲ။

(၄)

ကုသိုလ်စိတ်၊ အကုသိုလ်စိတ်တွေဆိုတာ အာရုံပေါ်တည်မှီပြီး ဖြစ်လေ့ရှိပါတယ်။ တချို့ကတော့ ကိုယ့်စိတ် သာလျှင် ပဓာနလို့ ဆိုတယ်။ သို့ပေမယ့် အနိဋ္ဌာရုံတစ်ခုအပေါ်မှာ၊ တပ်မက်စရာအာရုံတစ်မှာ ကုသိုလ်စိတ်ဝင်ဖို့က တော့ခက်ခဲမယ်ထင်ပါတယ်။

တပ်မက်စရာ၊ တွယ်တာစရာ အာရုံတွေထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီ။ ဒီတော့ ဒီအာရုံတွေကို စွန့်ပြီး၊ ကောင်းမွန်ရာစိတ်အာရုံတွေကို ပြောင်းလဲနိုင်ဖို့ အဲဒီအသက်ငါးဆယ်မှ စတင်မလို့ပါပဲ။ ငါးဆယ်အရွယ်ဆိုတာ လူ့သက်တမ်းအားဖြင့် မငယ်လှတော့ဘူးလို့လဲ ပြောလို့ရသလို အရွယ်ကောင်းအနေဖြင့်လဲ ရှိသေးတယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။

ကျန်းမာနေမယ်၊ အသက်ဆက်လက်ရှင်သန်နေဦးမယ်ဆိုရင် အသက်ငါးဆယ်အရွယ်မှာ ရဟန်းဝတ်ခြင်းဖြင့် ကိုယ့်ဘ၀အတွက်၊ လူဖြစ်လာရတဲ့ဘ၀အတွက် အဓိပ္ပါယ်ကောင်း ရရှိမယ်၊ ရှာဖွေနိုင်မယ်လို့ ယုံကြည်လို့ပါ။ ဒါကျွန်တော်ယုံကြည်ရာပါ။ 

ဇနီးရယ်၊ သမီးရယ်နဲ့ လောကီအာရုံတွေဆိုတာ ဒီဘ၀တင်မကပါဘူး ဘ၀တိုင်းမှာ ခံစားခဲ့ကြရတာပါ။ နောက်ထပ်လည်း ဘယ်မျှထိခံစားနေကြဦးမလဲဆိုတာ မသိနိုင်ပါဘူး။ ဒီတော့ ဖြစ်ဖြစ်မြောက်မြောက် လူရယ်လို့ ခြေကောင်း၊ လက်ကောင်း၊ စိတ်ကောင်း၊ ဒေသကောင်း၊ သာသနာကောင်းနဲ့ ကြုံရခိုက်မှာတော့ အမြတ်အစွန်းဖြစ်ဖြစ်ကျန်အောင် ကြိုးစားသွားရမှာပါ။

မတ်တတ်စာ၊ တုံးလုံးစာ တဲ့။ တုံးလုံးစာအသာထားလို့ မတ်တတ်စာအတွက် မနည်းရုန်းကန်နေကြ ရတာပါ။ ဒီလိုရုန်းကန်နေကြရတော့လဲ တုံးလုံးအတွက် မပြင်နိုင်၊ သေဆုံးအခြင်းအတွက် မပြင်နိုင်ဖြစ်ပြီး အသက်ငင်ကမှ မျက်ရည်ကြီးငယ်ကျရမဲ့ အဖြစ်မျိုးကို တွေးမိတိုင်းကြောက်လှပါတယ်။ 

ဒါကြောင့်လဲ မတ်တတ်ကနေ တုံးလုံးမလဲခင်စပ်ကြားလို့ တွေးထင်ထားတဲ့ ဒီငါးဆယ်အရွယ်မှာ ဘ၀ပြန်စဖို့၊ လောကီရဲ့ဟိုဘက်ဘ၀ပြန်စဖို့ ဆုံးဖြတ်ရခြင်းပါ။ 

ငါးဆယ်မှာ ဇနီးနဲ့ သမီးကိုစွန့်မယ်၊ လောကီအလုပ်တွေကို စွန့်မယ်၊ ရှုပ်ထွေးပွေလီနေတဲ့ အမြင်အာရုံ၊ အကြားအာရုံတို့ကိုစွန့်မယ်။ ဒါဟာ ကျွန်တော့်ရဲ့ ငါးဆယ်အရွယ်အတွက် မျှော်လင့်ချက်၊ အနာဂတ်၊ ယုံကြည်ချက် တွေပါပဲ။

ဒါတွေကို ပြည့်စုံဖို့ ယုံကြည်ချက်တွေပြည့်စုံဖို့ ကျွန်တော် စိတ်ရော၊ ကိုယ်ပါ ခွန်စိုက်အားစိုက် ကြိုးစားသွားရမှာတော့အမှန်တကယ်ပါပဲဗျာ။

ငါးဆယ်အထိ ရှင်နေမယ်၊ မသေသေးဘူးဆိုရင်ပေါ့။
----------------

မေတ္တာဖြင့်

မောင်ပိုင်(လေးမျက်နှာ)
၅-၁၀-၂၀၁၅

NCA ဘာလဲ ဘယ်လဲ ?

$
0
0
Ye Moe's photo.
NCA ရဲ့ အရှည်ဟာ Nationwide Ceasefire Agreement ဖြစ်တယ် ။ မြန်မာလိုတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်တယ် ။ အစိုးရနဲ့  အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့  အဖွဲ့ တွေကြား ငြိမ်းချမ်းရေးရယူဖို့ အတွက် ကနဦး အပစ်အခတ်ရပ်စဲရန် စတင်ချုပ်ဆိုတဲ့  စာချုပ်ဖြစ်တယ် ။


NCA ကို ဘာကြောင့် ပြုလုပ်ကြသလဲ ?
--------------------------------------------
လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ၁၉၄၈ ခုနှစ်က စတင်တယ် ။ သက်တမ်းအားဖြင့် ၆၈ ကြာမြင့်နေပြီဖြစ်တဲ့  ကမ္ဘာအရှည်ဆုံး ပြည်တွင်းစစ်ကြီးတစ်ခုဖြစ်တယ် ။ ပါလီမန် အစိုးရ ၊ တော်လှန်ရေးကောင်စီ ၊ ဆိုရှယ်လစ်အစိုးရ ၊ စစ်အစိုးရ ၊ ဦးသိန်းစိန် အစိုးရ စသဖြင့် အစိုးရအဆက်ဆက်ပြောင်းလဲသွားပေမယ့်  ဒီစစ်ကို ဒီနေ့ အထိ အပြီးမသတ်နိုင်သေးဘူး ။ ၁၉၄၈ ခုနှစ်ကနေ စလို့  ၂၀၁၅ ခုနှစ်အထိ တိုင်းပြည်ရဲ့ တစ်နေရာရာမှာ တိုက်ပွဲတစ်ခုတော့ နေ့ တိုင်းဖြစ်နေတဲ့ အနေအထားဖြစ်တယ် ။ ဒီ အနှစ် ၇၀ နီးပါး စစ်ဒဏ်ကြောင့် တိုင်းပြည် မတည်မငြိမ်ဖြစ် ၊ သယံဇာတတွေဆုံးရှုံး ၊ စစ်အသုံးစားရိတ်တွေ မြင့်တက် ၊ နှစ်ဘက်စစ်သားတွေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုတွေဟာ ကြောက်ခမန်းလိလိ ဖြစ်တယ် ။ ဒီစစ်ပွဲကြီးကို အပြီးရပ်စဲချင်တဲ့ အတွက် ကနဦး အနေနဲ့  အစိုးရ နဲ့  တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအကြား အပစ်အခတ်ရပ်စဲဖို့  ညှိနိုင်းကြပြီး ဒီ NCA စာချုပ်ကို လက်မှတ်ရေးထိုးဖို့ ကြိုးစားလာကြတာဖြစ်တယ် ။

NCA မထိုးခင်က အခြေအနေ ဘယ်လိုရှိလဲ ?
-------------------------------------------------
၁၉၈၈ ခုနှစ် မတိုင်မီပြုလုပ်ခဲ့တဲ့  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ အကန့် အသတ်ရှိတယ် ။ အပစ်အခတ်ရပ်စဲရေးတွေဟာလည်း ကာလတိုတစ်ခုအတွင်းမှာပဲ ပြန်လည်ပျက်ပြယ်သွားတာကို တွေ့ ရတယ် ။ ၁၉၈၈ မှာတော့ စစ်အစိုးရ တက်လာခဲ့တယ် ။ စစ်အစိုးရဟာ ၁၉၈၉ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ခေါင်းဆောင်တဲ့  တပ်မတော် ထောက်လှမ်းရေးအဖွဲ့ ကို ဦးဆောင်စေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့် စေ့စပ်ညှိနိုင်းခဲ့တယ် ။ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း အဖွဲ့ ပေါင်း ၄၀ နဲ့  အပစ်အခတ်ရပ်စဲခဲ့တာကို တွေ့ ရတယ် ။ ဒါပေမယ့် ၁၉၉၄ မှာ ကေအိုင်အို နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့  အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်က လွဲလို့  ဘယ်အဖွဲ့ အစည်းနဲ့ မှ တရားဝင် လက်မှတ်ရေးထိုးတာကို မပြုလုပ်ခဲ့ဘူး ။ ကေအိုင်အို နဲ့  ပြုလုပ်ခဲ့တဲ့  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစိုးရဘက်ကရော ကေအိုင်အိုဘက်ကပါ လျှို့ ဝှက်ထားဖို့  နှစ်ဘက်သဘောတူညီခဲ့ကြတယ် ။ ဒီ အဖွဲ့ ပေါင်း ၄၀ ထဲမှာ တစ်ချို့ ဟာ စကတည်းက လက်နက်စွန့် ဖို့ သဘောတူခဲ့ကြပြီး တစ်ချို့ ကတော့ အပစ်အခတ်ရပ်စဲထားတဲ့  လက်နက်ကိုင်အဖွဲ့ အဖြစ်ပဲ ဆက်လက်ရပ်တည်ခဲ့ကြတယ် ။

စစ်အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ ချင်းနဲ့ သာ သဘောတူညီချက်ရယူပြီး တပ်ပေါင်းစု အနေနဲ့  ညွှန့် ပေါင်းအဖွဲ့ အနေနဲ့  ဆွေးနွေးဖို့ ကိုတော့ ငြင်းဆန်ခဲ့တယ် ။ ဒီစာနဲ့ ရေးမထားတဲ့  အပစ်အခတ်ရပ်စဲရေး သဘောတူချက်မှာ ယေဘုယျအားဖြင့် ၁။ကိုယ့်ဒေသကို ဖွံ့ ဖြိုးအောင်လုပ် ၂။ မူးယစ်ဆေးဝါး မလုပ်နဲ့  ၃။ နိုင်ငံရေးဆွေးနွေးတာကို နောက်တက်လာမယ့် အရပ်သားအစိုးရနဲ့  ဆွေးနွေး ၊ သူတို့ က စစ်အစိုးရ ဖြစ်လို့  နိုင်ငံရေးဆွေးနွေးလို့ မရဘူး ဆိုတဲ့  အချက်သုံးချက် ပါဝင်တယ်လို့ ဆိုတယ် ။

ဒီအပစ်အခတ်ရပ်စဲရေးဟာ အံသြစရာကောင်းလောက်အောင် အချိန်ရှည်ကြာပြီး မကျိုးပေါက်ခဲ့ဘူး ။ အသေးအဖွဲ ပစ်ခတ်မှုလေးတွေ အနည်းငယ်ရှိခဲ့ပေမယ့်  KNPP ၊ MNDAA အဖွဲ့  နှစ်ခုနဲ့ ပဲ အပစ်အခတ်ရပ်စဲရေးပျက်ခဲ့တယ် ။ကျန်တဲ့ အဖွဲ့ အားလုံးနဲ့  အနှစ်နှစ်ဆယ်နီးပါး အပစ်အခတ်ရပ်စဲရေးတည်မြဲခဲ့ပြီး ကမ္ဘာ့ သမိုင်းတစ်လျောက် အကြာဆုံး အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့  နိုင်ငံဖြစ်လာခဲ့တယ် ။

၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်  ဦးစီးတဲ့  တပ်မတော်ထောက်လှမ်းရေး အဖွဲ့ ဖျက်သိမ်းခံရတယ် ။ဒီထောက်လှမ်းရေးတပ်ဖွဲ့ ကို ဖျက်သိမ်းခဲ့မှုဟာ စစ်အစိုးရ နဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကြား ဆက်ဆံရေးကို အနည်းနဲ့ အများထိခိုက်သွားခဲ့တယ် ။ အသစ်ဖွဲ့ စည်းလိုက်တဲ့  စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ က အရာရှိတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့  ဖျက်သိမ်းလိုက်တဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ အဟောင်းကြား ယခင်ကရှိခဲ့တဲ့  ဆက်ဆံရေးမျိုးကို ချက်ချင်းမတည်ဆောက်နိုင်ခဲ့ဘူး။ စစ်အစိုးရဟာ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးဖို့ လုပ်နေပြီ ဖြစ်တဲ့ အတွက် ၂၀၀၈ ခုနှစ်မှာ ဖွဲ့ စည်းပုံအခြေခံဥပဒေ အသစ်တစ်ခု ပေါ်ထွက်လာတယ် ။ ဒီ အခြေခံဥပဒေအရ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေဟာ တရားမ၀င်နိုင်ဘူးလို့  တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေက ယူဆခဲ့ကြတယ် ။

စစ်အစိုးရဘက်က ဒီပြသနာကို ဖြေရှင်းဖို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကို Border Guard Force ( BGF ) ဆိုတဲ့ နယ်ခြားစောင့်တပ်တွေ အဖြစ် ပြောင်းလဲ ဖွဲ့ စည်းဖို့ အကြံပြုခဲ့တယ် ။ BGF တပ်ဖွဲ့ တွေဟာ လက်နက်စွန့် စရာမလို ။ လက်ရှိတိုင်းရင်းသားတပ်မှူးတွေနဲ့ ပဲ ဖွဲ့ စည်းမယ် ။ တပ်မတော်ဘက်က အရာရှိငယ်သုံးဦးနဲ့  အခြားအဆင့် ၂၇ ဦးသာ ပါဝင်မယ် ဆိုတဲ့ ဖွဲ့ စည်းပုံ ဖြစ်တယ် ။ စစ်အစိုးရအနေနဲ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့  မဆန့် ကျင်တဲ့ တပ်မတော်မဟုတ်သော လက်နက်ကိုင်တပ်များအဖြစ်ရပ်တည်နိုင်ဖို့  ဒီ BGF တပ်ဖွဲ့ တွေကို ဥပဒေကြောင်းရာနည်းလမ်းအရ အဆိုပြုခဲ့ဟန်ရှိတယ် ။ ဒါပေမယ့် တစ်ချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေအနေနဲ့ ကတော့ သင့်တော်တဲ့ နိုင်ငံရေးအဖြေတစ်ခုမရရှိသေးဘဲ တပ်မတော်နဲ့  သွားရောက်ပေါင်းစည်းလိုခြင်း မရှိခဲ့ကြဘူး ။

၁၉၈၉ ခုနှစ်ကနေ ၂၀၀၉ခုနှစ်အထိ စစ်အစိုးရ နဲ့  ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကြတဲ့  အဖွဲ့ ပေါင်း ၄၀ အနက် လက်နက်စွန့်  / ပြည်သူ့ စစ်အဖြစ် အသွင်ပြောင်းပြီး အစိုးရနဲ့  အပြည့်အ၀ပူးပေါင်းသွားတဲ့  အဖွဲ့ ၁၅ဖွဲ့ ရှိတယ် ။ ၂၀၀၈ အခြေခံဥပဒေအသစ် ပေါ်လာတဲ့  အချိန်မှာ လက်နက်ကိုင် အဖွဲ့  ၂၅ဖွဲ့ ကျန်တယ် ။ ဒီ ၂၅ ဖွဲ့ ထဲမှာ ၅ဖွဲ့ ဟာ BGF နယ်ခြားစောင့်တပ်တွေ အဖြစ်ပြောင်းလဲဖွဲ့ စည်းဖို့ သဘောတူခဲ့တယ် ။ ၁၅ဖွဲ့ ကတော့ ပြည်သူ့ စစ်တွေအဖြစ် အသွင်ပြောင်းခဲ့တယ် ။ ၅ဖွဲ့ ကတော့ စစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပြီး ဒီအတိုင်းရှိနေခဲ့တယ် ။၂၀၁၁ ဦးသိန်းစိန် အစိုးရအဖွဲ့  တက်လာချိန်မှာတော့ အဲဒီ လက်ကျန် အဖွဲ့ ငါးဖွဲ့ အပြင် အဖွဲ့ ၁၁ဖွဲ့ ဟာ တပ်မတော်နဲ့  စစ်ဖြစ်နေကြတုန်းဖြစ်တယ် ။အခြားအဖွဲ့  အသေးလေးတွေလဲ အနည်းငယ် ကျန်ရှိနေတယ် ။ ဒါဟာ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် NCA မစတင်မီ ရှိနေခဲ့တဲ့  နောက်ခံအခြေအနေဖြစ်တယ် ။

NCA ကို ဘယ်လို အစပျိုးခဲ့သလဲ ?
------------------------------------------
၂၀၁၁ ခုနှစ် မတ်လမှာ သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့  အစိုးရသစ် တက်လာခဲ့တယ် ။ ဒီအစိုးရဟာ ၂၀၁၁သြဂုတ်လ တစ်ရက်နေ့ မှာ တစ်ပြည်လုံးမှာ ရှိတဲ့  တိုင်းရင်းသားလက်နက်ကိုင်များကို ဖိတ်ခေါ်တဲ့  ငြိမ်းချမ်းရေးကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့တယ် ။ ဒီထုတ်ပြန်ချက်ဟာ ဗိုလ်ချုပ်ကြီးနေ၀င်းဦးစီးတဲ့  တော်လှန်ရေးကောင်စီက ၁၉၆၃ ဧပြီ ၁ရက်နေ့ မှာထုတ်ပြန်ခဲ့တဲ့  တောတွင်းလက်နက်ကိုင်အဖွဲ့ အားလုံးကို ငြိမ်းချမ်းရေးလုပ်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းချက် ရဲ့ နောက်ပိုင်းမှာ ပထမဆုံးပေါ်ထွက်လာတဲ့  တရားဝင်ငြိမ်းချမ်းရေး ကမ်းလှမ်းချက်လည်း ဖြစ်တယ် ။

ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရွက်ဖို့  အတွက် သမ္မတဦးသိန်းစိန်ဟာ အဖွဲ့ ၂ဖွဲ့ ဖွဲ့ စည်းခဲ့တယ် ။ အဖွဲ့ တစ်ဖွဲ့  ကို ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင် ဦးသိန်းဇော် ၊ ပြည်ခိုင်ဖြိုး နာယက ဦးအောင်သောင်းတို့ နဲ့  ဖွဲ့ စည်းခဲ့တယ် ။ကျန်အဖွဲ့ တစ်ဖွဲ့ ကိုတော့ ၀န်ကြီး ဦးအောင်မင်းဦးဆောင်ပြီး ဖွဲ့ စည်းစေခဲ့တယ် ။ ယေဘုယျအားဖြင့် ဦးသိန်းဇော်တို့ အဖွဲ့ ဟာ စစ်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရပြီး အဖွဲ့ တွေဖြစ်တဲ့  UWSA ၊ NDAA ၊ NSCKK ၊ SSPP ၊ DKBA ၊ KNU/KNLA ( Peace Council ) ၊ KIO ၊ ABSDF စတဲ့ အဖွဲ့ တွေနဲ့  ဆွေးနွေးပြီး ဦးအောင်မင်းတို့ အဖွဲ့ ကတော့ စစ်အစိုးရလက်ထက်မှာကတည်းက အပစ်အခတ်ရပ်လို့ မရဘဲ တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့တဲ့  KNU ၊ NMSP ၊ RCSS ၊ KNPP ၊ PNLO ၊ CNF ၊ ALP တို့ နဲ့  တွေ့ ဆုံဆွေးနွေးကြရမှာဖြစ်တယ် ။

ဒီအဖွဲ့ နှစ်ဖွဲ့ ရဲ့  ကနဦးတွေ့ ဆုံညှိနိုင်းမှုတွေအရ ယခင်စစ်အစိုးရ လက်ကျန် အဖွဲ့ ငါးဖွဲ့ ထဲက UWSA နဲ့  NDAA တို့ ဟာ ၂၀၁၁ စက်တင်ဘာမှာ ပြုလုပ်တဲ့  ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ စတင်ပါဝင်လာကြသလို ယခင်ကတည်းက အပစ်ရပ်မရဘဲ တိုက်ပွဲဖြစ်နေတဲ့  RCSS ၊ KNU လို အဖွဲ့ တွေနဲ့ လဲ ၂၀၁၁ ဒီဇင်ဘာနဲ့  ၂၀၁၂ ဇန်န၀ါရီလတွေမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို စတင်လက်မှတ်ရေးထိုးနိုင်ခဲ့တယ် ။

၂၀၁၂ မေလ၃ရက်နေ့ မှာ နိုင်ငံတော် သမ္မတဟာ သူကိုယ်တိုင်ပါဝင်တဲ့  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ( UPCC ) ကို ဖွဲ့ စည်းတယ် ။ UPCC မှာ အဖွဲ့ ဝင် ၁၁ ဦး ရှိတဲ့ အနက် ၉ဦးဟာ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ( ကာလုံ ) အဖွဲ့ ဝင်တွေ ဖြစ်လို့  လုံခြုံရေးနှင့် ပတ်သက်သော မူဝါဒပိုင်းဆိုင်ရာတွေကို အဆုံးအဖြတ်ပေးနိုင်တဲ့  အာဏာအရှိဆုံး ကော်မတီတစ်ခု ဖြစ်လာတယ် ။ UPCC ကနေ ဒုတိယ သမ္မတ ဦးဆောင်တဲ့  ပြည်ထောင်စု ငြိမ်းချမ်းရေး အလုပ်ကော်မတီ ( UPWC ) ကို ဆက်လက်ဖွဲ့ စည်းတယ် ။ UPWC မှာ ဒုဥက္ကဌ သုံးဦးပါဝင်ပြီး တစ်ဦးဟာ သမ္မတရုံး အမှတ် ၄ ၀န်ကြီး ဦးအောင်မင်း ဖြစ်လာတယ် ။

၂၀၁၂ အောက်တိုဘာမှာတော့ သမ္မတရဲ့  အမိန့် နဲ့  မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန ( MPC ) ကို ဖွဲ့ စည်းတယ် ။ MPC ဟာ အစိုးရတစ်ပိုင်း NGO တစ်ပိုင်းအဖွဲ့ အစည်းဖြစ်ပြီး ဥရောပသမဂ္ဂရဲ့ ရံပုံငွေနဲ့  NGO အဖြစ် လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်တယ် ။ MPC ရဲ့  အမှုဆောင်တွေထဲမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအပါအ၀င် အဆင့်မြင့် အရာရှိ ၁၃ ဦးပါဝင်ပြီး ကျန်သူတွေကတော့ ပြည်ပနိုင်ငံများမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြတဲ့ ပညာရှင်တွေ ၊ အစိုးရကို တော်လှန်ခဲ့ကြတဲ့  သူပုန်ဟောင်းတွေ ဖြစ်တယ် ။ UPWC ရဲ့ ဒုဥက္ကဌတစ်ဦးဖြစ်တဲ့ ဦးအောင်မင်းဟာ MPC ရဲ့  ထောက်ခံမှုနဲ့  အစိုးရအဖွဲ့ ရဲ့ စေ့စပ်ညှိနိုင်းရေး အကြီးအကဲ ဖြစ်လာခဲ့တယ် ။UPCC နဲ့  UPWC တို့ ဖွဲ့ စည်းပြီးနောက်ပိုင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အလွှာသုံးရပ်ကို အစိုးရက ကြေငြာတယ် ။ အဲဒီအလွှာသုံးရပ်ဟာ ၁။ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ၂။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ၃။ လွှတ်တော်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတို့ ဖြစ်တယ် ။

NCA ကို ဘယ်လိုကြိုးပမ်းခဲ့ကြသလဲ ?
--------------------------------------------
ကနဦးဆွေးနွေးမှုတွေဟာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက စတယ် ။ပြည်နယ်အဆင့် ငြိမ်းချမ်းရေးကော်မတီတွေမှာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ပြည်နယ်ရှေ့ နေချုပ် ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ရုံးအကြီးအကဲတို့ ပါဝင်တယ် ။ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်တန့် ဖို့ ရည်ရွယ်တာဖြစ်တယ် ။ဒီအဆင့်မှာ ရိုးရှင်းပြီး အရေးကြီးတဲ့  နိုင်ငံရေးကိစ္စတွေ မပါဝင်ဘူး ။ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သဘောတူဆွေးနွေးတဲ့  အချက် ၅ချက်ရှိတယ် ။ အဲဒီအချက်တွေကတော့ ၁။အပစ်အခတ်ရပ်စဲထားရန် ၂။ သတ်မှတ်ဧရိယာအပြင်ဘက်တွင် လက်နက်ကိုင်ဆောင်ခြင်း မပြုရန် ၃။နှစ်ဘက်စလုံးက သတ်မှတ်ထားသည့်ဧရိယာများအတိုင်း ဆက်လက်ထားရှိရန် ၄။ နှစ်ဘက်သတ်မှတ်ထားသည့်နေရာဒေသများတွင် ဆက်ဆံရေးရုံးများဖွင့်လှစ်ရန်နှင့် ၅။ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲရက်ကို သတ်မှတ်ရန်တို့ ဖြစ်တယ် ။ ပြည်နယ်အဆင့်သဘောတူညီချက်ကို အစိုးရဘက်က ကာကွယ်ရေးဝန်ကြီးနဲ့  ပြည်နယ် နယ်/လုံ ၀န်ကြီးက လက်မှတ်ရေးထိုးတယ်။ တိုင်းရင်းသား လက်နက်ကိုင်ဘက်ကလည်း အလားတူအဆင့်ရှိတဲ့  ခေါင်းဆောင်က လတ်မှတ်ရေးထိုးတယ် ။

ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို ဆက်ဆွေးနွေးကြတယ် ။ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အပစ်အခတ်ရပ်စဲရေးခေါင်းစဉ်ထက် ပိုပြီး ကြီးမားကျယ်ပြန့် စွာ ဆွေးနွေးကြတယ် ။ ပြည်နယ်အဆင့် ဆွေးနွေးပွဲတွေမှာ ဆွေးနွေးမှုတွေဟာ လက်နက်ကိုင်တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ သိပ်မကွဲပြားပေမယ့်  ပြည်ထောင်စုအဆင့် ဆွေးနွေးမှုတွေမှာ တစ်ဖွဲ့ နဲ့  တစ်ဖွဲ့ အလေးထားဆွေးနွေးတဲ့  ခေါင်းစဉ်တွေ ကွဲပြားလာတယ် ။ အကြမ်းဖျဉ်းအားဖြင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေမှာ စစ်ရေးကိစ္စ ၊ စစ်မဲ့ ဇုန် ၊ စစ်ဇုန် ၊ ကြားခံနယ်မြေ ၊ လက်နက်ကိုင်ဆောင်သွားလာခြင်း ၊ လူသစ်စုဆောင်းမှု ၊ကလေးစစ်သား ၊ အဓမ္မလုပ်အားပေးခိုင်းစေမှု ၊လူ့ အခွင့်အရေး ၊ စီးပွားရေးကိစ္စများ ၊မူးယစ်ဆေးဝါး ၊ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှု ၊ ဒုက္ခသည်များ ၊ အကျဉ်းသားများ ၊ ဥပဒေကြောင်းရာကိစ္စများ ၊ စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ စတဲ့ အချက်တွေ ပါဝင်ကြတယ် ။

၂၀၁၃ အောက်တိုဘာလ မြစ်ကြီးနားမှာ ပြုလုပ်ခဲ့တဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကေအိုင်အိုက ဗိုလ်ချုပ်ဂွမ်မော်က တိုင်းရင်းသား လက်နက်ကိုင်အားလုံးပါဝင်တဲ့  အစည်းအဝေးတစ်ခု ကျင်းပဖို့ အဆိုပြုရာက အစိုးရ စေ့စပ်ညှိနိုင်းရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းက သဘောတူခဲ့ ပြီး ၃၀.၁၀.၂၀၁၃ ရက်ကနေ ၂.၁၁.၂၀၁၃ ရက်နေ့ အထိ လိုင်ဇာမြို့ မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့ ပါဝင်တဲ့ ညီလာခံကိုကျင်းပခဲ့တယ် ။ ဒီညီလာခံကနေ အဖွဲ့ ပေါင်း (၁၆) ဖွဲ့ ပါဝင်တဲ့  Nationwide Ceasefire Coordination Team (NCCT) ကို တိုင်းရင်းသားတွေဘက်က ဖွဲ့ စည်းပြီး တိုင်းရင်းသား တပ်ပေါင်းစုရဲ့  ကိုယ်စားလှယ်အဖွဲ့ အနေနဲ့  အစိုးရဘက်က UPWC နဲ့  စတင်ဆွေးနွေးခဲ့ကြတယ် ။

UPWC နဲ့ NCCT တို့ အကြား NCA ညှိနိုင်းမှုဆိုင်ရာ အစည်းအဝေးဟာ ၈.၃.၂၀၁၄ ရက်နေ့ မှာစတင်တယ် ။၃၁.၃.၂၀၁၄ မှာ NCA မူကြမ်းရရှိခဲ့တယ် ။ ၈.၄.၂၀၁၄မှာ နှစ်ဘက်လုံးကတင်ပြလာတဲ့  NCA စာချုပ်များကို ပေါင်းစည်းပြီး စာချုပ်တစ်ခုတည်းဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တယ် ။ NCA ပထမမူကြမ်းမှာ အချက်၁၀၄ချက် ဆွေးနွေးကြပြီး ၄၉ ချက်သဘောတူညီမှုရခဲ့တယ် ။ ဒုတိယမူကြမ်းမှာ ၅၅ ချက်ဆွေးနွေးပြီး ၂၄ ချက် သဘောတူညီမှု ရခဲ့တယ် ။ တတိယမူကြမ်းမှာ ၃၁ချက်ဆွေးနွေးပြီး ၂၆ ချက် သဘောတူညီမှု ရခဲ့တယ် ။
စတုတ္ထမူကြမ်းမှာ ၅ချက်ဆွေးနွေးပြီး သဘောတူညီမှု မရခဲ့ဘူး ။ ပဉ္စမမူကြမ်းမှာ ၈ချက်ဆွေးနွေးပြီး ၈ချက်လုံးသဘောတူညီမူ ရခဲ့ရာက ၇.၈.၂၀၁၅ မှာ NCA စာချုပ် မူချောကို အတည်ပြုနိုင်ခဲ့တယ် ။

၉.၉.၂၀၁၅ ရက်နေ့ မှာ နိုင်ငံတော် သမ္မတက NCA ကို အဖွဲ့ အားလုံး ပါဝင် လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်တယ် ။ ၄.၁၀.၂၀၁၅ ရက်နေ့  မှာ NCA လက်မှတ်ရေးထိုးဖို့ ဆွေးနွေးကြတဲ့  အဖွဲ့  ၁၆ဖွဲ့  အနက် အဖွဲ့ ၈ဖွဲ့ က လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ကြတယ် ။ လက်မှတ်ရေးထိုးမယ့် အဖွဲ့ တွေက KNU ၊ KNLA - PC ၊PNLO ၊ ABSDF ၊ CNF ၊ RCSS\SSA ၊ ALP ၊ DKBA တို့  ဖြစ်ကြပြီး ကျန်ခဲ့မယ့် အဖွဲ့ တွေဟာ KIO ၊ UWSA ၊NDAA ၊ KNPP ၊ SSPP ၊ NMSP ၊ NSCN-K ၊ PSLF တို့ ဖြစ်ကြတယ် ။ ငြိမ်းချမ်းရေး စတင်ဆွေးနွေးစဉ်ကနေ NCA အတည်ဖြစ်တဲ့ အထိ တွေ့ ဆုံဆွေးနွေးမှု စုစုပေါင်း အကြိမ် ၅၀၀၀ (ငါးထောင်) လောက်လုပ်ခဲ့ရတယ်လို့  ဆိုတယ် ။

NCA ထဲမှာ ဘာတွေပါသလဲ ?
-----------------------------------
NCA စာချုပ်ဟာ အခန်းပေါင်း (၇)ခန်း ၊ အပိုဒ်ပေါင်း (၃၃)ပိုဒ် ပါဝင်တယ် ။ စစ်ဘက်ဆိုင်ရာအချက်အလက် (၅၅) ချက်ပါဝင်တယ် ။ နိုင်ငံရေးဆိုင်ရာ အချက်အလက် (၃၅ ) ချက်ပါဝင်တယ် ။ လူမှုစီးပွားဘ၀နဲ့ သက်ဆိုင်တဲ့  အချက်အလက် (၂၃ ) ချက်ပါဝင်တယ် ။ အခန်းလိုက် ပါဝင်မှုတွေကတော့ အခန်း(၁) အခြေခံမူများ ၊ အခန်း(၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ ၊ အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ ၊ အခန်း(၄) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ခြင်း ၊ အခန်း(၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ ၊ အခန်း(၆) ရှေ့ ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ၊ အခန်း(၇) အထွေထွေတို့ ဖြစ်ကြတယ် ။

NCA သဘောတူညီချက်တွေအရ NCA လက်မှတ်ရေးထိုးပြီး ၂၄နာရီအတွင်းမှာ NCA ကို လက်မှတ်ရေးထိုးပြီးပြီ ဖြစ်ကြောင်း အောက်ခြေအဆင့်ဆင့်ကို အသိပေးရမှာဖြစ်တယ် ။ ၅ရက်အတွင်း စာချုပ်ပါ အချက်အလက်တွေကို အောက်ခြေအထိ ရှင်းပြရမယ် ။ ၁၄ ရက်အတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနိုင်းအစည်းအဝေးခေါ်ရမယ် ။ ဒီအစည်းအဝေးကနေ ကော်မတီ နှစ်ခု ဖွဲ့ စည်းမယ် ။ ပထမတစ်ခုက JMC ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ၊ ဒုတိယ တစ်ခုက UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ တို့ ဖြစ်တယ် ။

JMC မှာ နှစ်ဘက်အဖွဲ့ အစည်းက ကိုယ်စားလှယ်တွေ ၊ အများယုံကြည်လေးစားတဲ့ ပုဂ္ဂိုလ်တွေပါဝင်မှာဖြစ်တယ် ။ နိုင်ငံခြားအစိုးရ ကိုယ်စားလှယ်တွေနဲ့  အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းကိုယ်စားလှယ်တွေဟာ လေ့လာသူ ၊ အကြံပေး ၊ နည်းပညာအထောက်အကူပြု စသဖြင့် သင့်တော်သလို ပါဝင်လာမှာ ဖြစ်တယ် ။ JMC တွေကို နိုင်ငံအဆင့် ၊ ပြည်နယ်အဆင့် ၊ ဒေသဆိုင်ရာအဆင့် ကော်မတီတွေဆိုပြီး ဖွဲ့ စည်းသွားမှာ ဖြစ်တယ် ။ JMC တွေဟာ ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်ပွားဖို့ စောင့်ကြည့် ထိန်းချုပ်သွားမှာ ဖြစ်တယ် ။

UPDJC ဟာ NCA လက်မှတ်ရေးထိုးတဲ့ အချိန်ကနေ ရက်ပေါင်း၆၀ အတွင်း ပါဝင်သင့်ပါဝင်ထိုက်သူများနှင့်အတူ ပူးတွဲပြီး နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ရေးဆွဲရမှာဖြစ်တယ် ။ NCA လက်မှတ်ရေးထိုးချိန်ကနေ ရက်ပေါင်း ၉၀ အတွင်း ပထမဆုံးနိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲကို စတင်ကျင်းပရမှာဖြစ်တယ် ။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အစိုးရ ၊လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းကိုယ်စားလှယ် ၊ တရားဝင်နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်၊တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့  အခြားပါဝင်သင့်သူများ အားလုံးပါဝင်မှာ ဖြစ်တယ် ။ဆွေးနွေးပွဲ ရလာဒ်တွေအရ ပြည်ထောင်စုညီလာခံကျင်းပပြီး ပြည်ထောင်စု သဘောတူစာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ် ။

NCA က ဘာတွေကို အာမခံလဲ ?
----------------------------------------
NCA စာချုပ် အခန်း(၆) ပုဒ်ခွဲ ၂၄ (က) အရ NCA ကို လက်မှတ်ရေးထိုးတဲ့  အဖွဲ့ တွေဟာ NCA ကိုဆောင်ရွက်မှုကြောင့် အရေးမယူဘူးလို့  အစိုးရက အာမခံတယ် ။ပုဒ်ခွဲ (ခ) အရ လက်မှတ်ရေးထိုးတဲ့ အဖွဲ့ တွေကို မတရားသင်းအဖြစ် ကြေငြာထားခြင်းက ပယ်ဖျက်ပေးမယ် ။ လက်မှတ်ထိုးတဲ့ အဖွဲ့ (သို့ ) လူတွေနဲ့  ပတ်သက်တဲ့  ဘယ်သူကိုမှ ဘယ်အဖွဲ့ အစည်းကိုမှ မတရားသင်း ဥပဒေနဲ့ သော်လည်းကောင်း ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရသော်လည်းကောင်း အရေးမယူဖို့ အာမခံတယ် ။ ပုဒ်ခွဲ(ဂ) အရ လက်မှတ်ရေးထိုးတဲ့  အဖွဲ့ တွေထဲက မတရားသင်း အက်ဥပဒေနဲ့  ယခင်တုန်းက အရေးယူခံထားရတဲ့  သူတွေရှိရင် လွတ်မြောက်ဖို့ အတွက် ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့ အာမခံထားတယ် ။

NCA ကို ဘယ်တော့ လက်မှတ်ရေးထိုးမလဲ ?
-----------------------------------------------------
NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ၁၅ရက်နေ့  နေပြည်တော် MICC2 မှာ လက်မှတ်ရေးထိုးမယ် ။ သက်သေတွေအနေနဲ့  ပြည်တွင်းကရော ပြည်ပကပါ တက်ရောက်ကြမယ် ။ အစိုးရဘက်က ဖိတ်ကြားမယ့်သူတွေလဲ ရှိတယ် ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေဘက်က ဖိတ်ကြားမယ့်သူတွေလဲ ရှိတယ် ။ ကေအန်ယူက ဖိတ်ကြားမယ့်အထဲက ဒေါ်အောင်ဆန်းစုကြည် နဲ့  ဦးခွန်ထွန်ဦးတို့ ကတော့ မတက်နိုင်ဘူးလို့  ငြင်းဆန်ထားတယ် ။ ၈၈ မျိုးဆက် ကျောင်းသားဟောင်းများ အဖွဲ့ ကတော့ အကြောင်းပြန်ကြားခြင်း မရှိသေးဘူး ။

===========================================

ရေးသားသူ - ရဲမိုး (နေရီ )

အာရပ်+အစ္စရေး တတိယစစ်ပွဲ

$
0
0

(၁၉၆၇-ခုနှစ်၊ ဇွန်လ-၅ ရက်မှ ၁၁-ရက်ထိ)
၆ ရက်ကြာစစ်ပွဲ
►►►►►►►►►►►►►►►►
၁၉၆၇ မေလ(၁၈)တွင် အီဂျစ်သမ္မတ (Nasser)နတ်ဆာက (၁၁၇)မိုင်ရှည်လျားသော အစ္စရေး+အီဂျစ် နယ်ခြားဖြစ်သည့် (Gaza)ဂါဇာကမ်းမြောင်ဒေသနှင့် (Sinai)ဆိုင်းနိုင်းသဲကန္တာရ၌ တပ်စွဲထားသော ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့များကို ရုပ်သိမ်းပေးပါဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ထံ တောင်းဆိုလိုက်သည်။ ဦးသန့်က ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့များကို ရုပ်သိမ်းပေးလိုက်သည်။ ထိုတပ်ရုပ်သိမ်းမှုကြောင့် ကနေဒါနိုင်ငံက ဦးသန့်ကို အပြင်းထန် ကန့်ကွက်ခဲ့လေသည်။ ဦးသန့် ကလည်း တပ်ရုပ်သိမ်းပေးရုံမှတပါး ဘာမှ မတတ်နိုင်။ ကုလသမဂ္ဂတပ်များ ရုပ်သိမ်းပေးရေး/မပေးရေးသည် အီဂျစ်သမ္မတ နတ်ဆာပေါ်မှာ မူတည်သည်။ နတ်ဆာက ရုပ်သိမ်းပေးပါဟု တောင်းဆိုလာပါက ရုပ်သိမ်းပေးရရုံသာ ရှိသည်။

ကုလသမဂ္ဂတပ်များ ဆိုင်းနိုင်းသဲကန္တာရနှင့် ဂါဇာကမ်းမြောင်ဒေသတို့မှ ရုပ်သိမ်းသွားကြပြီး (၄၈)နာရီအတွင်း အီဂျစ်နှင့် ဆီးရီးယားတပ်များ ဝင်ရောက် နေရာယူလိုက်ကြတော့သည်။ ထို့အပြင် ဆိုင်းနိုင်းသဲကန္တာရသို့ အစ္စရေးတိုက်လေယာဉ်များ ဝင်ရောက်လာပါက ပစ်ချရန် ဆိုဗီယက်လုပ် မြေပြင်မှဝေဟင်ပစ် (SAM)ဆမ်ဒုံးကျည်များ၊ ရေဒါများ ချထားလိုက်သေးသည်။

တပ်ဖွဲ့ဝင်များမှာ မနည်းပေ။ အီဂျစ်စစ်သားက ရှစ်သောင်း၊ ဂျော်ဒန်နှင့် ဆီးရီးယားတပ်ဖွဲ့များပါ ပေါင်းထည့်လိုက်လျှင် အင်အား တစ်သိန်းကျော် ရှိသည်။ အစ္စရေးကို အပြီးတိုင် ချေမှုန်းပစ်ဖို့ပင် ဖြစ်သည်။ ထိုစဉ်က အစ္စရေးနိုင်ငံ၏ လူဦးရေသည် (၂)သန်း(၇)သိန်းသာ ရှိသည်။ အစ္စရေးကို ဝိုင်းရံထားသော အာရပ်နိုင်ငံများ၏ လူဦးရေသည် သန်း(၁ဝဝ)ကျော်သည်။

အစ္စရေးတပ်များလည်း အီဂျစ်နယ်စပ်ထိ ချီတက် တပ်စွဲရလေတော့သည်။ အာရပ်တပ်နှင့် အစ္စရေးတပ်များကြားတွင် လူသူမရှိ (No Man's Land) ဗလာနယ်မြေသာလျှင် ကြားခံလျက် ရှိနေလေတော့သည်။ စစ်ပွဲကို မရှောင်သာတော့ပြီ။ နေ့လား ညလား နီးကပ်လာချေပြီ။

မေလ(၂ဝ)တွင် အစ္စရေးထောက်လှမ်းရေး မော့ဆက်သည် အစ္စရေးဝန်ကြီးချုပ် လီဗီအက်(ရှ်)က တိုက်ရိုက်ရေးသားသော စာတစ်စောင်ကို အရေးပေါ် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုမှ အီဂျစ်သမ္မတ နတ်ဆာထံ ပေးပို့လိုက်သည်။

အစ္စရေးဝန်ကြီးချုပ်။…..။"ကျုပ်တို့ဘက်မှ စ၍ မတိုက်လိုပါ၊ ခင်ဗျားတို့တပ်တွေ ဆိုင်းနိုင်သဲကန္တာရမှ မူလနေရာသို့ ပြန်ဆုတ်ပေးရင် ကျုပ်တို့တပ်တွေကို နယ်စပ်ကနေ ပြန်ဆုတ်ပေးပါမယ်။"

အီဂျစ်သမ္မတ နတ်ဆာ။…..။"ကျုပ်တို့ရဲ့ အဖြေကို ခင်ဗျားတို့ မကြာမီ သိရမယ်"ဟု တိုတိုနှင့်ပြတ်ပြတ် စာပြန်လိုက်လေသည်။

မေလ(၂၂)တွင် အီဂျစ်သမ္မတ နတ်ဆာက (Aqaba)အက္ကဘာပင်လယ်ကွေ့ရှိ (Tiran)တိုင်ရန် ရေလက်ကြားကို ပိတ်လိုက်သည်။ (Red Sea)ပင်လယ်နီကို ဖြတ်၍ အဖရိကနှင့် အာရှသို့ သွားရသော အစ္စရေးသင်္ဘောများ၏ ရေလမ်းကြောင်း ပိတ်သွားရလေသည်။ အစ္စရေးသင်္ဘောများကို ပစ်ခတ်ရန် လက်နက်ကြီးများ တပ်ဆင်ထားလိုက်သည်။ ဆည်ဝကနေ ဗျိုင်းစောင့်နေသည့်ပုံစံ အီဂျစ်က အစ္စရေးအပေါ် ကျင့်သုံးနေသည်။


အီဂျစ်သမ္မတ နတ်ဆာက အစ္စရေးကို စိန်ခေါ်ခြင်း
---------------------------------------------------
"တိုင်ရန် ရေလက်ကြားရှိ ပင်လယ်ရေပြင်ဟာ ကျုပ်တို့ အီဂျစ်နိုင်ငံရဲ့ ရေပြင်ပိုင်နက် ဖြစ်တယ်။ တကယ်လို့ အစ္စရေးတို့က ကျုပ် ဒီလိုပြောဆိုတာကို မကျေနပ်လို့ စစ်ရေးဖြင့် တုံ့ပြန်ချင်သပဆိုလည်း ရတယ်။ ကျုပ်တို့အီဂျစ်ကတော့ 'အာဟာလန် ဝါ-ဆာဟာလန်'ပဲ (လာခဲ့ပါ…နှုတ်ဆက်ကြိုဆိုပါတယ်) ahalan wa-sahalan (hello and welcome) ကျုပ်တို့ရဲ့ တပ်တွေက အစ္စရေးတပ်တွေကို အသင့်စောင့်နေတယ်၊ လာခဲ့ကြ။"

ဦးသန့်သည် အခြေနေကို ဝင်ထိန်းရန် အီဂျစ်သို့ အရေးတကြီး သွား၍ အီဂျစ်သမ္မတ နတ်ဆာနှင့် တွေ့ဆုံ ဖျောင်းဖျ ဆွေးနွေးသည်။ သို့ရာတွင် နတ်ဆာက သန္နဋ္ဌာန်ချပြီး ဖြစ်သည်။ ဒီတစ်ချီတွင် အစ္စရေးကို အပြတ်တိုက်နိုင်မည်ဟု ယုံကြည်ထားသည်။

အစ္စရေးနိုင်ငံသမိုင်းတွင် တစ်ခါမှ မကြုံဖူးသော နိုင်ငံတော် အရေးပေါ်အခြေနေ ဆိုက်ရောက်ကာ အကြီးမားဆုံး ခြိမ်းခြောက်ခံရမှုကြီး ရင်ဆိုင်နေရသည်။ တိုင်းပြည်ကို ရန်သူတွေက ဝိုင်းဝိုင်းလည်နေသည်။ သေရေး ရှင်ရေးတမျှ အရေးကြီးနေပြီ။ သို့သည်တိုင် အစ္စရေးနိုင်ငံရေးပါတီခေါင်းဆောင်များသည် သွေးမစည်းနိုင်ကြသေး။ တစ်ပါတီနှင့် တစ်ပါတီ အပြန်အလှန် စကားနာ ထိုးကြ၊ အမနာပ အပုပ်ချကြ၊ အပြစ်ရှာကြ၊ နိုင်ငံရေးဈေးဆစ်ကြနှင့် အချိန်ကုန်နေလေသည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် မည်သူကမျှ မပူပန်ကြ၊ အလေးမထားကြ။ မိမိကုလားထိုင် မပျောက်ရေးကိုသာ အဓိကထားနေသည်။

အစ္စရေး ကာကွယ်ရေးဦးစီးချုပ် ရာဘင်သည် စိုးရိမ်မှုလွန်ကဲပြီး စိတ်ပန်း ကိုယ်ပန်းဖြစ်ကာ မူးလဲသည်ထိ ဖြစ်သွားသည်။ အစ္စရေးတပ်မတော်ထဲမှာလည်း အစ္စရေးတပ်ဖွဲ့အားလုံးကို ပြတ်ပြတ်သားသား အမိန့်ပေး ညွှန်ကြားမည့် ခေါင်းဆောင်ကောင်း မရှိ ဖြစ်နေသည်။ သူရဲကောင်းကြီး မိုရှေဒါယန်သည်လည်း တပ်မတော်မှ အငြိမ်းစားယူပြီး ဖြစ်နေသည်။ သည်အတိုင်းဆိုလျှင် အာရပ်စစ်တပ်ကြီးကို အစ္စရေးက ရင်ဆိုင်ချေမှုန်းနိုင်ပါ့လားဟု ကမ္ဘာ့နိုင်ငံများ၏ ရင်ထဲမှာ သံသယဖြစ်နေသည်။

အစ္စရေး၏ အားနည်းချက်ကို သိနေသဖြင့် အာရပ်တပ်ပေါင်းစုများက တစ်နေ့တခြား ပို၍ အတင့်ရဲလာက ဆိုင်းနိုင်းသဲကန္တရတွင် အာရပ်တပ်များ များသထက် များလာလေသည်။

ထိုအချိန်တွင်…
အစ္စရေးပြည်သူတစ်ရပ်လုံး၏ အသံထွက်ပေါ်လာလေသည်။
"မိုရှေဒါယန်ကို ကာကွယ်ရေးဝန်ကြီး ခန့်အပ်ပေး"
"မိုရှေဒါယန် ကာကွယ်ရေးဝန်ကြီး"
"ကာကွယ်ရေးဝန်ကြီး မိုရှေဒါယန်"

ရှေ့တန်းရောက် အစ္စရေးစစ်သားများကလည်း မိုရှေဒါယန်ကို ကာကွယ်ရေးဝန်ကြီး ခန့်အပ်ဖို့ တောင်းဆိုနေကြသည်။ "မိုရှေဒါယန်ကိုပဲ အလိုရှိတယ်"။

ထို့ကြောင့် အစ္စရေးပြည်သူ့ဆန္ဒအရ မိုရှေဒါယန်သည် ကာကွယ်ရေးဝန်ကြီး ဖြစ်လာရလေသည်။
အီဂျစ်တို့ကလည်း မိုရှေဒါယန် ကာကွယ်ရေးဝန်ကြီး ဖြစ်လာပြီ ဆိုကတည်းက စစ်ဖြစ်ဖို့ သေချာပြီဟု ယူဆထားပြီ ဖြစ်သည်။ အီဂျစ်စစ်တပ်က "မိုရှေဒါယန်၏ ကျန်ရှိနေသေးသည့် ညာဘက်မျက်လုံးကိုလည်း ဖောက်ပစ်မယ်"ဟု ကြုံးဝါးလိုက်သေး၏။


မိုရှေဒါယန်၏ စစ်ရေးအစီအမံ
-------------------------------
အစ္စရေး ရေဒီယိုမှ စကားဝှက်များဖြစ်သည့်
Love of Zion
Close Shave
Man of Work
Alternating Current
Open Window
Good Friend တို့ကို
ထုတ်ပြန်ကြေညာလိုက်သည်နှင့် အရန်တပ်ဖွဲ့များကို ဆင့်ခေါ်ပြီးသား ဖြစ်သွားသည်။ အရန်တပ်များသည် ရောက်ရာနေရာမှ နေ၍ သတ်မှတ်ထားသော စုရပ်များသို့ အမြန်ဆုံး သွားရောက် သတင်းပို့ရသည်။ စုရပ်များမှတစ်ဆင့် ကားကြီးများဖြင့် ရှေ့တန်းစစ်မျက်နှာသို့ ပို့ပေးလေသည်။ အရန်တပ်များသည် ယူနီဖောင်း ဝတ်စရာမလို၊ ကြုံရာဝတ်စုံဖြင့် လိုက်ပါရသည်။ ပို့ဆောင်ရေးကားများကိုလည်း စုဆောင်းစရာ မလို၊ ပုဂ္ဂလိက ကားပိုင်ရှင်များစွာတို့က လိုသည်ထက် ပိုနေအောင်ပင် လာရောက် ပေးအပ်ထားကြလေသည်။

အစ္စရေး အမျိုးသား၊ အမျိုးသမီး အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ စစ်ထဲဆွဲသွင်းသည်။ အလုပ်သမား၊ လယ်သမား၊ စာရေးဆရာ၊ အနုပညာသမား၊ ယာဉ်မောင်းပါမကျန် အရန်တပ်ထဲ စုစည်းသိမ်းသွင်းသည်။

တကယ်တမ်းမှာ အစ္စရေးတပ်မတော် စစ်သည်အင်အားသည် (၅)သောင်းမှ (၆)သောင်းခန့်သာ ရှိသည်။ သို့သော် အရန်တပ်များ စုစည်းပြီး စစ်မြေပြင်သို့ တပ်ဖြန့်လိုက်သည်အခါတွင်မူ စစ်သည်အင်အား (၂)သိန်း(၆)သောင်းကျော် အင်အားကြီးသော တပ်မတော်ကြီး ဖြစ်လာခဲ့တော့သည်။

အစ္စရေးတပ်မတော်သည် ကမ္ဘာမှာ ထူးခြားသည်။ (၂၄)နာရီအတွင်း စစ်ပြင်နိုင်သည်။ တပ်များကို အလွယ်တကူ ပြောင်းနိုင် ရွှေ့နိုင်သည်။ တက်နိုင် ဆုတ်နိုင်သည်။ ဖွဲ့နိုင် ဖျောက်နိုင်သည်။ ဆန့်နိုင် ကွေးနိုင်သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် လုံခြုံရေးသတိ အမြဲရှိနေသော တပ်မတော်ဖြစ်သည်။

သံချပ်ကာကားများ၊ တင့်ကားတပ်များ၊ အမြောက်တပ်များလည်း အားလုံး ခေတ်အမှီဆုံး အဆင့်သို့ ရောက်နေသည်။
နောက်ထပ် အားအထားရဆုံးသော တပ်မှာ လေတပ်ဖြစ်သည်။ အစ္စရေးလေတပ်တွင် ဗုံးကြဲလေယာဉ်ကြီးများ သိပ်မရှိ။ ဗုံးကြဲတိုက်လေယာဉ်ငယ်တွေကိုသာ ပဓာနထားပြီး ဖွဲ့စည်းထားသည်။ တစ်နာရီလျှင် (၁၄ဝဝ)မိုင်နှုန်းဖြင့် လှစ်ခနဲနေအောင် ပျံသန်းနိုင်သည့် တံလှပ်ဟု အမည်ပေးထားသော် ပြင်သစ်လုပ် (Mirages)မီရတ်ခ်ျ တိုက်လေယာဉ်များကို ဝယ်ယူ အားဖြည့်ထားသည်။

ပြင်သစ်လုပ် (Mirages) မီရတ်ခ်ျနှင့် (Mysteres)မစ္စတေးရီ တိုက်လေယာဉ်များကို ဆီဖြည့်ခြင်း၊ အောက်ဆီဂျင်ဖြည့်ခြင်း၊ စက်သေနတ်ကျည်ကပ်များတပ်ခြင်း၊ တောင်ပံအောက်မှာ ဗုံး(၁ဝ)လုံးချိတ်ခြင်း စသည်များကို (၇)မိနစ်အတွင်း အပြီးအစီး ဆောင်ရွက်ကာ လေထဲသို့ ပျံတက်သွားသည်ထိ လျင်မြန်မှုရှိအောင် အထပ်ထပ်ခါခါ လေ့ကျင့်ထားသည်။


မိုရှေဒါယန်၏ လှည့်ကွက်များ
-----------------------------
ရန်သူဘက်က အစဉ်အမြဲ အသင့်ဖြစ်နေချိန်တွင် စစ်ဆင်ပါက မိမိဘက်က တပန်းရှုံးတတ်သည်။ ရန်သူကို အငိုက်ဖမ်းနိုင်မှသာ စစ်ပွဲတစ်ဝက် အောင်မြင်ဖို့ သေချာမည်။ ဤပရိယာယ်ကို မိုရှေဒါယန်က အတွေ့အကြုံရင့်ကျက်ခဲ့ပြီ ဖြစ်သည်။

ဇွန်လ(၃)နေ့တွင် မိုရှေဒါယန်က နိုင်ငံခြားသတင်းထောက်များကို ဤသို့ ပြောကြားလိုက်သည်။ "တိုင်ရန်ရေလက်ကြားကို ပိတ်ဆို့လိုက်တာဟာ အီဂျစ်တို့ လက်ဦးသွားတာပဲ။ ဒီတော့ ကျုပ်တို့အစ္စရေးအဖို့ ချက်ချင်း စစ်ရေးအရ လက်တုံ့ပြန်ဖို့ သိပ်နောက်ကျသွားပြီ။ ဒီကိစ္စကို သံတမန်နည်းနဲ့ ဆောင်ရွက်နေပါတယ်။ ဘယ်လို ပြေလည်မလဲဆိုတာကိုတော့ ပြောဖို့ စောပါသေးတယ်။ ကျွန်တော် ကာကွယ်ဝန်ကြီး ဖြစ်မလာမီ အစ္စရေးအစိုးရနဲ့ သံခင်းတမန်ခင်းအရ ဖြေရှင်းလက်စ ရှိနေပါသေးတယ်။ အဲဒီ ကြိုးစားမှုအဖြေကို စောင့်ကြည့်ရဦးမှာပါ။"အီဂျစ်တို့ စစ်အင်အား ကြီးမားလွန်းသဖြင့် မိုရှေဒါယန်သည် စစ်တိုက်ဖို့ တုံ့ဆိုင်းနေဟန် တွေဝေနေဟန် ပြလိုက်သည်။

မိုရှေဒါယန်က နောက်ထပ် ဒုတိယလှည့်ကွက်တစ်ခု ဖန်တီးပြန်သည်။ ဤကား တခြားမဟုတ်၊ အစ္စရေးတပ်မတော်မှ အရာရှိနှင့် စစ်သားများစွာတို့ကို ခွင့်ရက်ရှည်များ ပေးလိုက်ကြောင်း သတင်းလွှင့်သည်။ ကမ္ဘာ့သတင်းစာများတွင် စိတ်လွတ်ကိုယ်လွတ် အပန်းဖြေနေသော အစ္စရေးစစ်သားများ၏ ဓာတ်ပုံများကို အထင်အရှား တွေ့မြင်ရသည်။ အီဂျစ်စစ်ခေါင်းဆောင်များက အစ္စရေးအနေဖြင့် လောလောဆယ် စစ်တိုက်ရန် အဆင်သင့် မရှိသေးကြောင်း ယုံကြည်လျက်ရှိသည်။

အစ္စရေး၏ ဆွေးနွေးသုံးသပ်ပုံ
------------------------------
အစ္စရေးက စတိုက်လျှင် အစ္စရေးလူထု မည်မျှ သေမည်နည်း။
အီဂျစ်က စတိုက်လျှင် အစ္စရေးလူထု မည်မျှ သေမည်နည်း။
အစ္စရေးက စတိုက်လျှင် အစ္စရေးဘက်က လူအသေအပျောက် နည်းမည်။ ရာဂဏန်းပဲ ရှိမယ်။ အီဂျစ်က လာတိုက်သည့်ထိ စောင့်နေမယ်ဆိုရင်တော့ အစ္စရေးက နိုင်တယ်ပဲထား၊ လူအသေအပျောက်(၁ဝဝဝဝ)တစ်သောင်းနီးပါး ရှိသွားမှာ သေချာတယ်။ လူဦးရေ အလွန်နည်းတဲ့ အစ္စရေးနိုင်ငံအဖို့ လူတစ်သောင်း အသေခံရလျှင် ကြီးစွာသော ဆုံးရှုံးမှု ဖြစ်တယ်။

အစ္စရေးတပ်မတော်ကို အရံတပ်တွေ စုစည်းပြီး အသင့်အနေထား ဖြစ်နေပြီ။ ဒါပေမယ့် ဒီအတိုင်းကြီး အကြာကြီး မနေနိုင်ဘူး။ စစ်တပ်ထဲမှာ အရပ်သား အလုပ်သမားတွေ ပါတယ်။ အခုလောလောဆယ် ကောက်ပဲသီးနှံတွေ ရိတ်သိမ်းဖို့ လူမရှိဘူး ဖြစ်နေတယ်။ သကြားထွက်တဲ့ မုံလာဥနီတွေဟာ မြေကြီးထဲမှာပဲ ပုပ်ကုန်ပြီ။ နိုင်ငံစီးပွားရေးဟာ ရပ်တန့်နေပြီ။

အီဂျစ်တွေက အစ္စရေး ရန်ကာကွယ်ဖို့ ခံစစ်ပါလို့ ပြောတယ်။ ဒီလိုဆိုရင် ဘာ့ကြောင့် ဆိုင်းနိုင်ကန္တာရသို့ ရုတ်တရက် အလုံးအရင်းနဲ့ ရောက်လာကြတာလဲ။ ခံစစ်အနေထားကနေ ထိုးစစ်အနေထားကို မိနစ်ပိုင်းအတွင်း ချက်ချင်း ပြောင်းသွားနိုင်ပါတယ်။ အီဂျစ်တို့ သဘောထားက အစ္စရေးကို အနိုင်တိုက်နိုင်မယ်လို့ တွက်ပြီးသားပါ။

ဇွန်လ(၄)ရက်နေ့တွင် အစ္စရေး အစိုးရအဖွဲ့ တံခါးပိတ် ဆွေးနွေးကြသည်။ ထိုဆွေးနွေးပွဲသို့ မိုရှေဒါယန် ပါဝင်လာပြီ ဖြစ်သည်။ မိုရှေဒါယန်သည် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ယူထားသည်မှာ (၄)ရက်သာ ရှိသေးသည်။ ထိုဆွေးနွေးပွဲ၏ ရလာဒ်ကို မည်သူကမျှ မသိ၊ ဘာသတင်းမှလည်း မထုတ်ပြန်။ နောက်တစ်နေ့ မနက်ဖြန်….

1967 ဇွန်လ 5 ရက်နေ့ နံနက်စောစော...
အစ္စရေး လေတပ်စခန်းမှ ပြင်သစ်လုပ် (Mirages) မီရတ်ခ်ျနှင့် (Mysteres)မစ္စတေးရီ တိုက်လေယာဉ်များ တစ်သုတ်ပြီး တစ်သုတ် မြေထဲပင်လယ်ပေါ်သို့ ပျံတက်သွားကြလေသည်။ မြေထဲပင်လယ်ပေါ်သို့ ရောက်ချိန်တွင် အရှေ့ဘက် ကောင်းကင် မိုးကုတ်စက်ဝိုင်းမှ နေဝန်းနီက ပေါ်ထွက်စပြုနေပြီ။ အစ္စရေးတိုက်လေယာဉ် (၁၉၆)စီးတို့ ဦးတည်ပျံသန်းနေသည့် အရပ်မှာ အနောက်ဘက်ရှိ အီဂျစ်နိုင်ငံသို့။ ပျံသန်းရာ လမ်းကြောင်းမှာ မြေထဲပင်လယ် ရေပြင်ပေါ်ကနေ ဖြစ်သည်။ အစ္စရေးတိုက်လေယာဉ်များသည် ဆိုင်းနိုင်းသဲကန္တာရပေါ်မှ ပျံသန်း၍ မသွား။ ထိုပျံသန်းမှုကို အီဂျစ်တို့ မသိစေချင်၍ မြေထဲပင်လယ်ပေါ်ကနေ တမင် ပျံသန်းသွားကြခြင်း ဖြစ်သည်။ အစ္စရေးတိုက်လေယာဉ်အုပ်စုများသည် ရည်ရွယ်ချက် ပစ်မှတ်များပေါ်သို့ ချောချောမောမော ရောက်နိုင်ရန်အတွက် ပင်လယ်ရေမျက်နှာပြင်ပေါ်မှ ပေ(၃ဝ)ထက် ပိုမမြင့်စေဘဲ ခပ်နိမ့်နိမ့် ပျံသန်းသွားကြသည်။ အကြောင်းမှာ အီဂျစ်ရေဒါများက ၄င်းတို့ ချဉ်းကပ်လာမှုကို ကြိုတင်ဖမ်းယူ မသိရှိစေလိုသောကြောင့် ဖြစ်သည်။ အစ္စရေးတိုက်လေယာဉ်အုပ်စုများသည် နိုင်းမြစ်ဝကျွန်းပေါ်ဒေသကို ရောက်သောခါ အင်္ဂလိပ်အက္ခရာ(U)ပုံစံ ချိုးကွေ့လိုက်ပြီး အီဂျစ်နိုင်ငံ မြို့တော် (Cairo)ကိုင်ရိုမြို့အနီးသို့ ဦးတည်သွားကြသည်။ ထိုအချိန်မှာ အီဂျစ်စံတော်ချိန်(7:45) (အစ္စရေးစံတော်ချိန် 8:45) ရှိနေပြီ။ ထိုအချိန်တွင် အီဂျစ်လေယာဉ်မှူးတို့မှာ နံနက်စာစား၊ ကော်ဖီသောက် ကောင်းနေကြဆဲ။


အစ္စရေးတိုက်လေယာဉ်များ ကိုင်ရိုမြို့ ကောင်းကင်ပေါ် ဝေါခနဲ့ ရောက်လာတော့မှ ကိုင်ရိုလေဆိပ် လေကြောင်းမျှော်စင်ပေါ်က တပ်လှန့်ဥသြဆွဲသံများ အဆက်မပြတ် ပေါ်ထွက်လောတော့သည်။ အစ္စရေးတိုက်လေယာဉ်များ အီဂျစ်လေကြောင်းပိုင်နက်ထဲသို့ ရောက်လာပြီဟူသော အန္တရာယ်အချက်ပေးသံ ဖြစ်သည်။ အီဂျစ်တိုက်လေယာဉ်မှူးများသည် မိမိလေယာဉ်များဆီးသို့ အပြေးအလွှား သွားကြလေသည်။ အချို့မှာ ယူနီဖောင်းဝတ်စုံကိုပင် မဝတ်ရသေး။ အီဂျစ်တို့ သိပ်နောက်ကျသွားလေပြီ။ အီဂျစ်တိုက်လေယာဉ်များ ကွင်းပေါ်မှ စက်မနှိုးလိုက်ရခင် အစ္စရေးတိုက်လေယာဉ်များက အီဂျစ်လေယာဉ်ကွင်းရှိ အစီအရီ ရပ်နားနေသည့် အီဂျစ်တို့၏ ဆိုဗီယက်လုပ် MIG တိုက်လေယာဉ်များပေါ်သို့ ဗုံးကြဲချလေသည်။ အီဂျစ်လေယာဉ်များ မီးလောင်ပေါက်ကွဲ ပျက်စီးလေသည်။ လေယာဉ်ပြေးလမ်း၊ သိုလှောင်ရုံတွေကိုပါ ဗုံးကြဲချသည်။ အစ္စရေးလေယာဉ်များက ပစ်မှတ်များပေါ်သို့ သုံးကြိမ်သုံးခါ တစ်ကျော့ပြီးတစ်ကျော့ ၊ တစ်သုတ်ပြီး တစ်သုတ် တိုက်ခိုက်ကြသည်။ တစ်သုတ်လျှင် တိုက်လေယာဉ်(၄)စီး ပါဝင်သည်။ (၂)စီးက ဗုံးကြဲသည်။ ကျန်(၂)စီးက စက်သေနတ်ဖြင့် မွှေသည်။ လေယာဉ်ပြေးလမ်း ပျက်စီးသွားသည့်အတွက် မပျက်စီးဘဲ ကျန်ရှိသည် လေယာဉ်များမှာလည်း မပျံတက်နိုင်တော့ပေ။ အီဂျစ်တိုက်လေယာဉ် အစီး(၂ဝ)ကလည်း ခက်ခက်ခဲခဲကြားက ပျံတက်လာနိုင်သေးသည်။ ထိုပျံတက်လာတဲ့ အီဂျစ်တိုက်လေယာဉ်များကိုလည်း အစ္စရေးတိုက်လေယာဉ်များက စက်သေနတ်ဖြင့် ပစ်ခတ်ရာ မီးလောင်ပြီး မြေပြင်သို့ ထိုးကျ ပျက်စီးသွားလေသည်။

အီဂျစ်တိုကလည်း လေယာဉ်ပစ်အမြောက်များနဲ့ အစ္စရေးလေယာဉ်များကို ထိထိရောက်ရောက် မပစ်နိုင်။ ဆိုဗီယက်လုပ် SAM(ဆမ်)ဒုံးကျည်များဖြင့် ပစ်သော်လည်း ထိရောက်မှုမရှိ။

အစ္စရေးတိုက်လေယာဉ်တို့သည် မိနစ်(၈ဝ)ကြာ စိတ်တိုင်းကျ မွှေနှောက် တိုက်ခိုက်ပြီးသောအခါ အခြေစိုက်စခန်း(၁၉)ခုနှင့် ဖွဲ့စည်းထားသည့် အီဂျစ်လေတပ်ကြီးတစ်ခုလုံး တုတ်တုတ်မျှမလှုပ် မြေပြင်ပေါ်တွင် ပြားပြားဝပ် ဇီဝိန်ချုပ်သွားလေတော့သည်။

အီဂျစ်ကို သွားရောက် တိုက်ခိုက်စဉ်(၂၅)မိနစ်ကာလအတွင်း အီဂျစ်တို့ မရှုမလှ ခံနေရချိန်တွင် အခြားသော အစ္စရေးတိုက်လေယာဉ်စုများက ဂျော်ဒန်၊ ဆီးရီးယား၊ အီရတ်နိုင်ငံများရှိ လေယာဉ်ကွင်းများကို တပြိုင်တည်း ဗုံးကြဲပြန်သည်။ အီဂျစ်လေယာဉ်ကွင်း(၁၉)ခု အပါဝင် အာရပ်တို့၏ လေယာဉ်ကွင်း(၂၅)ခုကို ဖျက်ဆီးနိုင်ခဲ့သည်။

ပျက်စီးသွားသော အာရပ်တို့၏ လေယာဉ်များမှာ-
အီဂျစ်လေယာဉ်=400 စီး
ဂျော်ဒန်လေယာဉ်=35 စီး
ဆီးရီးယားလေယာဉ်=60 စီး
အီရတ်လေယာဉ်=15 စီး
လက်ဘနွန်လေယာဉ်=1 စီး


အစ္စရေးတိုက်လေယာဉ်များ အီဂျစ်ကောင်းကင်ယံကို စိုးမိုးပြီ
--------------------------------------------------------------
အစ္စရေးတိုက်လေယာဉ်များသည် စနစ်တကျ ကြိုတင်တွက်ချက် အကွက်ချထားပြီးမှ သွားရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။ လေယာဉ် တစ်အုပ်စုနှင့် တစ်အုပ်စုသည် ကွင်းမှ ပျံတက်သွားသည့် အချိန်ချင်း မတူညီကြ။ သို့ရာတွင် ပစ်မှတ်အသီးသီး ပေါ်သို့ တစ်ပြိုင်တည်း ရောက်ရှိသည့်အချိန် တူညီလေသည်။ အီဂျစ်တို့ အလစ်ငိုက်မိကာ ချေမှုန်းခံရလေသည်။ ဇွန်လ(၅)ရက်နေ့ တစ်နေ့တည်းမှာပင် အစ္စရေးတိုက်လေယာဉ်မှူး တစ်ဦးလျှင် (၈)ကြိမ်တိုင်တိုင် ရန်သူ့စခန်းသို့ သွားရောက် ဗုံးကြဲတိုက်ခိုက်သည်။ အစ္စရေးဘက်မှ တိုက်လေယာဉ်(၁၉)စီး ဆုံးရှုံးသည်။ မြေပြင်မှ တုံပြန်ပစ်ခတ်မှုကြောင့် ဖြစ်သည်။ အီဂျစ်ကောင်းကင်တစ်ခုလုံး စိုးမိုးထားလိုက်နိုင်သည်။

မြေပြင်မှာလည်း အီဂျစ်တပ်တွေ ထောင်းလမောင်းကြေ
-----------------------------------------------------
ဤသို့ အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အာရပ်တို့၏ လေတပ်ကြီး လက်တံရှည် ရိုက်ချိုးခံရကာ ပြားပြားဝပ်သွားအောင် ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း သတင်းရရချင်း အစ္စရေးမြေပြင်တပ်များအနေဖြင့် အီဂျစ်လေတပ်၏ အန္တရာယ်ကို လုံးဝ စိုးရိမ်းစရာမလိုကြောင်း မိုရှေဒါယန်က သိလိုက်ပြီ။ မိုရှေဒါယန်က စစ်ကြောင်းကြီး (၃)ကြောင်းခွဲ၍ ဆိုင်းနိုင်းသဲကန္တာရရှိ အီဂျစ်စစ်တပ်ကြီးကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ပထမစစ်ကြောင်းကို ဗိုလ်ချုပ်ကြီး တာလ် ဦးစီးသည်။ ဒုတိယစစ်ကြောင်းကို ဗိုလ်ချုပ် ယိုဖီ ဦးစီးသည်။ တတိယစစ်ကြောင်းကို ဗိုလ်ချုပ် အေရီယယ် ရှရွန် ဦးစီးသည်။ စစ်ကြောင်းတစ်ကြောင်းစီတွင် အင်အား(၁၅ဝဝ)စီ ဖွဲ့ထား၍ ရှေ့တန်းရောက် စစ်သည်အင်အားမှာ (၄၅ဝဝဝ)လေးသောင်းခွဲ ဖြစ်သည်။ အီဂျစ်တို့ အင်အားက စစ်သည်ပေါင်း(၈ဝဝဝဝ)ရှစ်သောင်းရှိသည့် ရှစ်ခေါဘဏီ တပ်ကြီးဖြစ်သည်။ (ခေါဘဏီ=တစ်သောင်း) (ရှစ်ခေါဘဏီ=ရှစ်သောင်း)

အစ္စရေးကြည်းတပ်များ စတင်ချီတက်ချိန်မှာ နံနက်(၈)နာရီ(၁၅)မိနစ်။ ပထမစစ်ကြောင်းက ဂါဇာကမ်းမြောင်ဒေသရှိ အီဂျစ်တို၏ ခံစစ်ကြောင်းကြီးကို ထိုးဖောက်နိုင်ခဲ့သည်။ အီဂျစ်တပ်များ အစ္စရေးတို့၏ ထိုးစစ်ကို ကြံ့ကြံ့မခံနိုင်တော့။ အစ္စရေးတို၏ တာဝေးပစ် အမြောက်များ ထိမှန်ခံထားရရုံဖြင့် အတော် အင်အားပျော့နေခဲ့ပြီ။ ဂါဇာကမ်းမြောင်ဒေသမှ မြေထဲပင်လယ်ကမ်းခြေအတိုင်း စူးအက်တူးမြောင်းသို့ ထိုးဖောက်သွားနိုင်ခဲ့သည်။ အီဂျစ်တို့၏ ဆိုဗီယက်လုပ် SAM ဒုံးကျည် စခန်းကြီးများကိုလည်း မြေလှန်ဖျက်ဆီးလေသည်။ နတ်ဆာ၏ အားအထားရဆုံး အီဂျစ် တင့်ကားတပ်နှင့် သံချပ်ကာကားတပ်များ ကိုယ်လွတ်ရုန်း ထွက်ပြေးကြရလေသည်။ ကျန်စစ်ကြောင်းကြီး နှစ်ကြောင်းကလည်း နီဂျစ်ဒေသမှ ဆိုင်းနိုင်းသဲကန္တာရကို ဖြတ်၍ စူးအက်ပလယ်ကွေ့ကမ်းခြေအရောက် ထိုးဖောက်ဝင်ရောက်သွားလေသည်။

အစ္စရေးတို့၏ မုန်တိုင်းစစ်ကြီး တရကြမ်းတိုက်ခိုက်ပြီး ဆိုင်းနိုင်းသဲကန္တာရတွင် အီဂျစ်တို့၏ စစ်ယန္တရားကြီး တစ်ခုလုံးမှာ အပျက်အစီး အကျအဆုံးများစွာ ဖရုံဖရဲ ဖြစ်သွားခဲ့လေပြီ။ မီးလောင်ပျက်စီးနေသော အီဂျစ်တို့၏ ဂျစ်ကားများ၊ စစ်ကားများ၊ ထရပ်ကားများ၊ သံချပ်ကာကားများ၊ တင့်ကားများကို မြင်မကောင်းအောင် တွေ့မြင်ရသည်။ ကျဆုံးကျန်ရစ်သော ထောင်ချီသော အီဂျစ်စစ်သားများ၏ အလောင်းများသည် နေရာတိုင်းမှာ ထောင်ပုံရာပုံ ဖြစ်နေလေသည်။ အဖမ်းခံရသော အီဂျစ်စစ်သားများသည်လည်း နည်းနည်းပါးပါး မဟုတ်။ ထောင်နှင့်ချီ၍ ရှိသည်။ တစ်ချို့ အီဂျစ်စစ်သားများသည် လက်နက်မချ၊ အဖမ်းမခံဘဲ ပူပြင်းခြောက်သွေ့လှသည် ဆိုင်းနိုင်းသဲကန္တာရထဲ ခြေဦးတည့်ရာ ထွက်ပြေးနေကြရင်း အစာပြတ် ရေပြတ်ဖြစ်ကာ ပူပြင်းလှသည့် နေရောင်အောက်တွက် အသက်ပျောက်ကုန်ကြရသည်။ စူးအက်တူးမြောင်းသို့ အရောက်ပြန်ပြေးနိုင်သော စစ်သားများသာ အသက်ရှင်ခွင့် ရသွားကြသည်။

ဇွန်လ(၇)ရက်နေ့တွင် တိုင်ရန်ရေလက်ကြားသည် လမ်းပွင့်သွားလေသည်။ ရေလက်ကြားသို့ ပထမဦးဆုံး ခုတ်မောင်း ဝင်ရောက်သည့် သင်္ဘောကား အစ္စရေး ရေတပ်တိုက်သင်္ဘောများ ဖြစ်လေသည်။


ဂျေရုဆလင်ကို သိမ်းပိုက်ခြင်း
------------------------------
ဇွန်လ(၇)ရက်နေ့တွင် (Jerusalem) ဂျေရူဆလင်မြို့ အရှေ့ဘက်ခြမ်း ဂျော်ဒန်တပ်များကို တိုက်ခိုက်သည်။ ဂျေရုဆလင်မြို့ကို သိမ်းပိုက်ရာတွင် ဘာသာရေးအရာ အလွန်မွတ်မြတ်ထားသော အဆောက်အဦးများ ပျက်စီးမည်စိုးသဖြင့် အစ္စရေးက လက်နက်ကြီးများ မသုံးဘဲ တိုက်ခိုက်ရသည်။ ဘာသာရေးအရ မြင့်မြတ်သော နေရာများကို ကျည်တစ်ချက်မျှ မထိစေဘဲ ခက်ခက်ခဲခဲ တိုက်ခိုက်ရသည်။ အစ္စရေးတို့၏ တိုက်ခိုက်မှုကို ကြာရှည်မခံနိုင်တော့ဘဲ ထိုနေ့နံနက်ပိုင်းတွင် ဂျော်ဒန်တပ်များ အခြေအနေမလှသဖြင့် ဆုတ်ခွာသွားရလေသည်။ နေ့လည်(၂)နာရီတွင် မိုရှေဒါယန်သည် စစ်ဦးစီးချုပ် ရာဘင်နှင့်အတူ ဂျေရုဆလင်မြို့ဟောင်းသို့ အမိုးဖွင့်ဂျစ်ကားဖြင့် ရောက်လာသည်။ ဂျူးလူမျိုးတို့၏ ရှေးဟောင်းသမိုင်းဝင်ကြီးဖြစ်သော Wailing Wall (မြည်တမ်းငိုညဉ်း)တံတိုင်းကြီးသို့ ရှေးဦးစွာ သွားရောက်သည်။ မိုရှေဒါယန်က စာရွက်တစ်ရွက်ပေါ်တွင် ဘောလ်ပင်ဖြင့် "အစ္စရေးနိုင်ငံတော်၌ ယခုချိန်မှစ၍ စစ်မှန်သည့် ငြိမ်းချမ်းရေး အစဉ်ထာဝရ လွှမ်းမိုးပါစေသော်"ဟူ၍ စာတစ်ကြောင်း ရေးလိုက်ပြီး တံတိုင်းကြီး၏ ကျောက်တုံးကြီးများကြားသို့ ထိုးညှပ်လိုက်သည်။ ထို့နောက် ဂျူးလူမျိုးတို့ ထုံးတမ်းစဉ်လာအရ အောက်ပါအတိုင်း ဆုတောင်းလိုက်လေသည်။

"We have returned to the holiest of our holy places, never again to part from it."

"အမြင့်မြတ်တက အမြင့်မြတ်ဆုံး ဘုရားရှင်မြေသို့ ကျွန်ုပ်တို့ ပြန်ရောက်လာပါပြီ။ ဤနေရာမှ နောက်တစ်ဖန် ဘယ်တော့မှ မခွဲခွာတော့ပါ။ ထာဝရဘုရားသခင်ကို ကတိသစ္စာစကား ဆိုပါ၏"

မိုရှေဒါယန်က ကတိသစ္စာဆိုလိုက်ပြီးနောက် အစ္စရေးစစ်သားများသည် အစုံပါသော လက်ဖဝါးဖြင့် တံတိုင်းကြီးကို ထိကိုင်ရင်း နဖူးဦးတိုက်ကြသည်။ ပြီးမှ တံတိုင်းကြီးကို နမ်းရှုပ်လိုက်ကြသည်။ ဤသို့ဖြင့် ဂျူးလူမျိုးတို့ နှစ်ပေါင်းများစွာက အလွန်လိုလား တောင့်တခဲ့ရသော ဂျေရုဆလင်မြို့သည် အစ္စရေးတို့လက်ထဲ လုံးလုံးကျရောက်သွားလေသည်။

ဂျော်ဒန်ဘုရင် ဟူစိန်၏ မဟာအမှား
------------------------------------
ဂျေရုဆလင်မြို့ အသိမ်းခံရသော ဇွန်လ(၇)ရက်နေ့တွင် ဂျော်ဒန်ဘုရင် ဟူစိန်က ကုလသမဂ္ဂဖျန်ဖြေမှုကို လက်ခံရလေသည်။ ဂျောဒန်ဘုရင်သည် အီဂျစ်သမ္မတ နတ်ဆာ သွေးဆောင်မှုကြောင့် စစ်ပွဲတွင် ပါဝင်လာရခြင်း ဖြစ်သည်။ သို့ရာတွင် အစ္စရေးတို့နှင့် တိုက်ခိုက်ရသောအခါ ဂျော်ဒန်စစ်တပ်များမှာ စနစ်တကျ ပြင်ဆင်မှုမရှိသည်ဖြစ်၍ အလူးအလဲ ရှုံးနိမ့်ခဲ့ရသည်။ ဂျောဒန်ဘုရင် ဟူစိန်ကိုယ်တိုင်က "ဒီတစ်ချီလည်း ကွဲခဲ့ရပြန်ပြီ၊ ဂျော်ဒန်စစ်သား(၁၅ဝဝဝ) ကျဆုံးခဲ့ရပါသည်၊ စစ်လက်နက်များလည်း ဆုံးရှုံးခဲ့ရသည်"ဟု စိတ်ပျက်စွာ ဆိုလေသည်။

အနောက်ကမ်းဒေသနေ ပါလက်စတိုင်းလူမျိုးများသည် အစ္စရေး၏ သိမ်းပိုက်ခံအောက်မှာ မနေလို့တော့သဖြင့် ဂျော်ဒန်နိုင်ငံထဲသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခိုလှုံလာကြာတော့သည်။ ယာယီတဲများထိုးတာ ဖြစ်သလိုနေ ဖြစ်သလို စားကြရသည်။ နဂိုကတည်းက စစ်ရှုံး၍ ချွတ်ခြုံကျနေရသည့် ဂျော်ဒန်နိုင်ငံသည် ပါလက်စတိုင်း ဒုက္ခသည်များကြောင့် တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နေတော့သည်။ ထိုသိန်းချီသော ပါလက်စတိုင်းလူမျိုးများ၏ စားဝတ်နေရေး ပြန်လည်နေရာချထားရေးကို ဂျော်ဒန်တစ်နိုင်ငံတည်းကလည်း ဖြေရှင်းမပေးနိုင်။ ထိုအချိန်မှစ၍ ပါလက်စတိုင်းနိုင်ငံ ပျောက်သွားလေသည်။


အီဂျစ်သမ္မတ နတ်ဆာ စစ်ရပ်စဲရေး လက်ခံလိုက်ရခြင်း
---------------------------------------------------------
ဇွန်လ(၈)ရက်နေ့တွင် အီဂျစ်သမ္မတ နတ်ဆာက ကုလသမဂ္ဂ၏ အတိုက်ခိုက်ရပ်စဲရေး ဖျန်ဖြေမှုကို လက်ခံလိုက်ရတော့သည်။ လက်မခံလို့လည်း မရ။ ဆိုင်းနိုင်းသဲကန္တာရ စစ်မျက်နှာပြင်တွင် အီဂျစ်တပ်များ အရှုံးနှင့်သာ ရင်ဆိုင်နေရပြီး ထောင်းလမောင်းကြေနေသည်။

ဂိုလန်ကုန်းမြင့်ကို သိမ်းယူခြင်း
-------------------------------
အစ္စရေးက အီဂျစ်နှင့် ဂျော်ဒန်တို့ကို အားခဲပြီး တိုက်ခိုက်နေရသဖြင့် ဆီးရီးယားကို မတိုက်နိုင်သေးဘဲ ရှိနေသည်။ ယင်းကို "အစ္စရေးက မတိုက်ရဲဘူး"လို့ ဆီးရီးယားက ထင်နေပုံရသည်။ ဇွန်လ(၆)ရက်နေ့မှ စ၍ ဆီးရီးယားတို့က (Golan Height) ဂိုလန်ကုန်းမြင့်ပေါ်မှ အပေါ်စီးယူကာ အမြောက်ကြီးများဖြင့် အစ္စရေးဘက်သို့ ပစ်ခတ်နေသည်။ သို့သော်လည်း ပထမ(၃)ရက်လုံးလုံး အစ္စရေးက ပြန်လည်ပစ်ခတ်ခြင်း မပြုဘဲ ဆီးရီးယား စစ်ခန်းများ၏ နေရာမှန်ကို သိရှိရန် စောင့်ကြည့် အကဲခတ်နေခဲ့သည်။

ဇွန်လ(၈)ရက်နေ့တွင် ဂိုလန်ကုန်းမြင့်ရှိ ဆီးရီးယားတို့၏ အမြောက်ကြီးများပေါ်သို့ အစ္စရေးတိုက်လေယာဉ်များက ဗုံးကြဲချသည်။ အမြောက်ခံတပ်များ ပျက်စီးသွားလေသည်။ ထိုအချိန်မှ စ၍ အစ္စရေးဘက်သို့ ကျလာသော အမြောက်ဆံများလည်း သိသိသာသာ လျော့နည်းသွားသည်။ ဇွန်လ(၉)ရက်၊ (၁ဝ)ရက်နေ့တွင် အစ္စရေးတိုက်လေယာဉ်များက ဂိုလန်ကုန်းမြင့်ရှိ ခံတပ်ကြီးကို ဆက်လက်ဗုံးကြဲချပြန်သည်။ အင်္ဂတေများဖြင့် အလွန်ထူထဲ ခိုင်ခံ့စွာ ဆောက်လုပ်ထားသော ဘန်ကာကြီးဖြစ်၍ အလုံးစုံ ပျက်စီးအောင် မဗုံးကြဲနိုင်ခဲ့ပေ။ အစ္စရေးလေတပ်နှင့် ကြည်းတပ် ပေါင်းပြီး ညှပ်တိုက်သည်။ တောင်ကမ်းပါးယံများ ခက်ခဲစွာ တက်ရသည်။ မိုင်းများကိုလည်း ရှင်းလင်းရသည်။ အနီးကပ် လှံစွပ်ထိုး တိုက်ခိုက်ရသေးသည်။ အစ္စရေးတို့ကို အချက်အချာကျကျ ပိတ်ဆို့ဝန်းရံ တိုက်ခိုက်သည်။ ဆီးရီးယားတို့ အစ္စရေးတို့ ထိုးစစ်ကို ကြာရှည်မခံနိုင်တော့ဘဲ ဆင်းပြေးရတော့သည်။ ထိုတိုက်ပွဲတွင် ဆီးရီးယား စစ်သည်(၁ဝဝဝ)ကျော် ကျဆုံးပြီး (၆ဝဝ)ခန့် အဖမ်းခံရသည်။ အစ္စရေးစစ်သည်(၁၁၅)ယောက် ကျဆုံးသည်။ ဆီးရီးယားတို့၏ လက်နက်ကြီး (၅ဝ%) ဖျက်ဆီးခံရပြီး ကျန်(၅ဝ%)မှာ အကောင်းပကတိအတိုင်း အစ္စရေးတို့ သိမ်းယူခံရသည်။


ဂိုလန်ကုန်းမြင့်ကြီး အစ္စရေးတို့ သိမ်းယူလိုက်ပြီ။ ဂိုလန်ကုန်းမြင့်ပေါ်မှ (၂၅)မိုင်ခန့် ဝေးသော ဆီရီးယားနိုင်ငံ (Damascus) ဒမတ်စကတ် မြို့ကို လက်နက်ကြီးများနှင့် ချိန်ထားလိုက်သည်။ ဂိုလန်ကုန်းမြင့်ကြီး သိမ်းပိုက်ရလိုက်သဖြင့် အစ္စရေး ဆီးရီးယားနယ်စပ် ဂါလီလီရေအိုင်ကြီးအနီးရှိ အစ္စရေး ကျေးရွာများ လုံခြုံမှု ရှိသွားလေသည်။ ထို့ပြင် ဂိုလန်ကုန်းမြင့်မှ ရေအရင်းမြစ်များ အစ္စရေးတို့အတွက် များစွာ အကျိုးရှိလေသည်။

၁၉၆၇ ဇွန်လ(၅)ရက်မှ (၁၁)ရက်ထိ (၆)ရက်ကြာ ဖြစ်ပွားခဲ့သော အာရပ်-အစ္စရေး တတိယစစ်ပွဲကြီးသည် ပြီးသွားလေသည်။ အစ္စရေးစစ်သား လေးသောင်းကျော်က အီဂျစ်စစ်သား ရှစ်သောင်းကျော် အပါအဝင် အာရပ်စစ်သား တစ်သိန်းကျော်ကို ချေမှုန်းလိုက်နိုင်သော စစ်ပွဲပေတည်း။

စစ်ပွဲစာရင်းချုပ်လိုက်သောအခါ အစ္စရေးတို့ သိမ်းပိုက်ထားသော နယ်မြေများမျာ ဂါဇာကမ်းမြောင်ဒေသ၊ ဆိုင်းနိုင်းသဲကန္တရကြီး တစ်ခုလုံး၊ ဂျေရုဆလင်မြို့ဟောင်း၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ၊ ဆီးရီးယာပိုင် ဂိုလန်ကုန်းမြင့်ဒေသများကို သိမ်းပိုက်ရရှိသည်။ ထိုသိမ်းပိုက်ရရှိသော နယ်မြေများသည် အစ္စရေးနိုင်ငံထက် (၄)ဆ ကျယ်ဝန်းသည်။



ထိုစစ်ပွဲတွင် အစ္စရေးစစ်သား (၇၇၉)ဦး ကျဆုံးခဲ့ရသည်။ အာရပ်စစ်သားများ သောင်းဂဏန်းချီပြီး ကျဆုံးသည်။ အာရပ်တို့နှင့် နှိုင်းယှဉ်လိုက်လျှင် အလွန်ပင် နည်းပါးလှသည်ဟု ဆိုရပေမည်။ သို့ပေမယ့် အလွန်တရာ လူဦးရေ နည်းပါးသည် အစ္စရေးနိုင်ငံအဖို့ ထိုကျဆုံးစစ်သား(၇၉၉)ဦးသည် နည်းတယ်လို့ မဆိုနိုင်ပေ။ စစ်သားတစ်ယောက်ကိုပင် အဆုံးရှုံးမခံနိုင်ပါဟု မိုရှေဒါယန်က ဆိုသည်။


https://www.facebook.com/shwe.soe.148/posts/1661187110794919  မှ ကူးယူဖော်ပြပါသည်။ 

လူငယ်နှင့်ကိုယ်ပိုင်လုပ်ငန်း

$
0
0
Nwe Ni Oo's photo.
အခန်း (၁)

ကိုယ်ပိုင်လုပ်ငန်းရွေးချယ်ခြင်း

စီးပွားရေးဆိုင်ရာ စာအုပ်စာပေတွေနဲ့ တက်ကျမ်းတွေကို ကြိုးစားဖတ်ရှု့ခဲ့ပေမယ့် ဗဟုသုတ ရတာကလွဲလို့ ဘယ်လိုအထောက်အကူမျိုးမှ မယ်မယ်ရရ မရှိခဲ့ပါဘူး။ စီးပွားရေးနဲ့ စီမံခန့်ခွဲမှု့ဆိုင်ရာ စာအုပ်တွေကလည်း ကုမ္ပဏီကြီးတွေ၊ စက်ရုံအလုပ်ရုံကြီးတွေနဲ့ အုပ်ချုပ်သူလူတန်းစားတွေအတွက်ပဲ ရည်ညွှန်းရေးသားထားတယ်လို့ ခံစားမိပါတယ်။ Small Business လုပ်ငန်းလေးတွေ လုပ်ချင်ကြတဲ့ Entrepreneur လေးတွေအတွက်တော့ အားကိုးလောက်တဲ့ စာအုပ်စာပေတွေ နည်းနေသလိုပါပဲ။ ဒီစာစုဟာ လိုအပ်ချက်တွေရှိပြီး မပြည့်စုံမှန်း သိပေမယ့်လည်း ကိုယ်ပိုင်ဘဝအတွေ့အကြုံတွေနဲ့ သင်ယူ လေ့လာခဲ့မှု့တွေကို ပေါင်းစပ်ပြီး ပန်းတိုင်ကို အနီးကပ်ဆုံး လမ်းညွှန်ပေးမယ့် Guide Map လေးတစ်ခုကို အကြမ်းဖျဉ်း ရေးဆွဲကြည့်တဲ့ သဘောပါ။ ပန်းတိုင်ဆီရောက်အောင် မညွှန်နိုင်တောင် ဖြတ်သန်းရ မယ့် တောရဲ့သဘာဝ၊ အကျယ်အဝန်းနဲ့ အန္တရာယ်တွေကို ညွှန်ပြထားပြီး တောထဲမှာ ရှင်သန်ရပ်တည် နိုင်အောင် အကြံဥာဏ်လေးတွေ ပေးထားနိုင်တယ်လို့ ယူဆ မိပါတယ်။


(၁) မိသားစုလုပ်ငန်းဆိုတာ

လူငယ်တော်တော်များများဟာ မိဘလက်ငုတ်လုပ်ငန်းတွေကို အထင်ကြီးခြင်း၊ တန်ဖိုးထား ခြင်း၊ သင်ယူလိုခြင်း မရှိကြတာ များပါတယ်။ မိဘတွေကလည်း သားသမီးကို ဒီလုပ်ငန်းကရတဲ့ ဝင်ငွေ၊ အရင်းအနှီးနှင့် အမြတ်အစွန်းတွေကို ပြောပြရှင်းပြလေ့မရှိသလို၊ ဒီလုပ်ငန်းလေးကနေ မိသားစု စားဝတ်နေရေးနှင့် သားသမီးတွေရဲ့ ပညာရေးစားရိတ်တွေ ထုတ်ပေးနေနိုင်တာတွေ၊ သူ့အထွာလေးနှင့်သူ လှူနိုင်တန်းနိုင်နေတာတွေကိုလည်း ရှင်းပြပေးကြတာ နည်းပါတယ်။ ဒီတော့ ဒီလုပ်ငန်းကို သားသမီးကလည်း တန်ဖိုးထားရမှန်း မသိ၊ လေးစားရမှန်း မသိတော့ပါဘူး။ မိဘတွေက သားသမီးကို ဒီအလုပ်နဲ့ လုပ်မစားချင်နေပါ။ တတ်အောင်သေချာသင်ရမယ်ဆိုတဲ့ ဆုံးမကြပ်မတ်မှုမျိုးနှင့် အလုပ်တန်ဖိုး နား လည်အောင် သွန်သင်ပြသမှု့မျိုးလည်း မလုပ်ကြတာ များပါတယ်။
Nwe Ni Oo's photo.
(၂) မိဘနှင့်သားသမီးတို့၏ မိသားစုလုပ်ငန်းအပေါ်ထင်မြင်ချက်

လယ်သမားကြီးကလည်း သားသမီးကို တောင်သူလုပ်မစားစေချင်ပါဘူး။ ပင်ပန်းလို့တဲ့။ ပင်ပန်းရကျိုးနပ်အောင် ဘယ်လိုလုပ်မလဲ။ မပင်ပန်းအောင် ဘယ်လိုပြောင်းလဲ ဆန်းသစ်လုပ်ကြမလဲလို့ မတွေးတောသလို၊ တွေးတတ်အောင်လည်း သင်မပေးနိုင်ကြပါဘူး။

လယ်သမားသား တက္ကသိုလ်တက် ခွင့်ရရင် စိုက်ပျိုးရေးတက္ကသိုလ်သွားဖို့လည်း စိတ်ကူးမရှိသလို၊ စိုက်ပျိုးရေးတက္ကသိုလ်ကလည်း လယ် သမား၊ ယာသမား သားသမီးတွေကို ဦးစားပေးခေါ်ယူဖို့ စီမံချက်မျိုးမရှိခဲ့ပါဘူး။ စိုက်ပျိုးရေးသိပ္ပံတက်ဖို့ နှင့် ခေတ်မီစိုက်ပျိုးရေးစနစ်တွေ၊ နိုင်ငံခြားက ခေတ်မီပညာတတ် လယ်သမားတွေ ဘယ်လိုစိုက်ပျိုး ကြ သလဲ၊ ဘယ်လို Living standard နဲ့ နေကြသလဲဆိုတာလည်း မသိသလို သိအောင်လည်း အားမထုတ်ကြပါဘူး။

မိုးကုတ်က ကျောက်သူဌေး၊ တွင်းပိုင်၊ ပွဲစား၊ တွင်းသမား သားသမီးတွေကလည်း တက္ကသိုလ်ရောက်ရင် ဘူမိဗေဒဘာသာ ယူဖို့ စိတ်မဝင်စားကြပါဘူး။ ကျွန်မကိုယ်တိုင်လည်း မိဘလုပ်ငန်းကို ငယ်စဉ်ကတည်းက ကူညီလုပ်ကိုင်မှု၊ မိဘက သင်ပေးမှု့တွေကြောင့်သာ တတ်သိနားလည်ပေမယ့် အထင်ကြီးခြင်း၊ စိတ်ဝင်စားခြင်းမရှိခဲ့လို့ ဥပဒေဘာသာ (သို့မဟုတ်) ဓါတုဗေဒဘာသာရပ်တွေကို မယူဖြစ်ခဲ့တာပါ။

ကိုယ်တိုင်တခြားလုပ်ငန်းခွင် တစ်ခုထဲကို ထဲထဲဝင်ဝင်ရောက်သွားတော့မှ ကိုယ်မိဘလုပ်ငန်းကို နားလည်လာပြီး အထင်ကြီးရမှန်း သိလာခဲ့ရတာပါ။ မသိတဲ့လူတွေကို အပြစ်တင်ချင်လို့ ရေးနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင်မသိခဲ့လို့ ကိုယ့်လိုမဖြစ်ကြစေချင်လို့နဲ့ ဖြစ်နေခဲ့ရင်လည်း အချိန်မီ သတိပြုမိစေချင်လို့ ရေးမိတာပါ။

(၃) မိသားစုလုပ်ငန်း၏တန်ဖိုး

မိဘလုပ်ငန်းကို မိဘသိသလို၊ တတ်သလို သိခြင်း၊ တတ်ခြင်းဟာ မိဘတွေ ဆည်းပူးလေ့လာ ကျော်ဖြတ်ခဲ့ရတဲ့ အနှစ် ၂၀ (သို့မဟုတ်) နှစ် ၃၀ စာကို အလကားနီးပါးရလိုက်ခြင်းပါပဲ။ ကိုယ်က ထပ် ပြီး သိအောင်၊ နားလည်အောင် ကြိုးစားပြီး တိုးတက်အောင် လုပ်ပေးနိုင်ရန် အဲဒီလိုလုပ်ပေးနိုင်တဲ့ ၅ နှစ် ၆ နှစ် အတွင်းက လုပ်ရပ်ဟာ ၂၆ နှစ် (သို့မဟုတ်) ၃၆ နှစ်စာ လုပ်ခဲ့တာနဲ့အတူတူပါပဲ။ သားသမီး ဘက်ကချည်းပဲ လိုချင်သိချင်နေလို့ မရပါဘူး။ လက်ခုပ်ဆိုတာ နှစ်ဘက် တီးမှ မြည်တာပါ။ မိဘတွေက လည်း သေချာသင်ကြား၊ ပြသ၊ လမ်းညွှန်ပေးဖို့ လိုပါတယ်။

နေထက်ထက်အောင်
Sep;2013
Living Color Magazine


လူငယ်နှင့်ကိုယ်ပိုင်လုပ်ငန်း (၂)

$
0
0
Nwe Ni Oo's photo.
(အခန်း၂)


ကိုယ်ပိုင်လုပ်ငန်းစတင်ခြင်း။

၁။ ဘာလုပ်ငန်းကို စလုပ်မှာလဲ။

ဘယ်လိုပစ္စည်းအမျိုးအစားကို ထုတ်လုပ်ချင်သလဲ။ ရောင်းချချင်သလဲ ဆိုတာကို အရင်ရွေး ထုတ်ကြည့်ပါ။ - ကျွန်မ တို့ရဲ့ မိဘတွေက ဆရာဝန်တွေ (သို့မဟုတ်)ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်နေကြရင်... ဆေးပစ္စည်းမျိုးစုံ လက်လီ လက်ကား ရောင်းဝယ်ဖို့ စဉ်းစားကြတာပေါ့။ ရောင်းတဲ့အခါမှာ အပြင်ဆေးဆိုင်တွေနဲ့ ဈေးအတူတူရောင်းပါ။ အပြင်ဆိုင် တွေလည်း အမြတ်တင်ပြီးမှ ရောင်းကြတာပါ။ ဆေးခန်းနဲ့တွဲဖွင့်ထားတဲ့ ဆိုင်တွေက ပိုပြီး အမြတ်ကြီးစားတယ်လို့ ပြောခံရရင် သိက္ခာ ကျပါတယ်။ ပိုက်ဆံပိုပြီး တတ်နိုင်ရင် ဓါတ်မှန်၊ ဆီး၊ ဝမ်း၊ သလိပ်နှင့် ရောဂါမျိုးစုံ စစ်ဆေးရှာဖွေရေး လုပ်ငန်းမျိုးလုပ်ရင် ပိုကောင်းပါတယ်။


- အမရပူရ၊ သဲတော၊ ဝမ်းတွင်း၊ ဆိပ်ခွန်လိုနေရာမျိုးမှာနေတယ်ဆိုရင်တော့ ချည် ထုပ်တွေ၊ ဆိုးဆေးတွေ၊ ချည်ပေါင်းဆေးတွေ၊ ရွှေချည်၊ ငွေချည်၊ ပိုးချည်တွေ၊ ချည်ချွတ်ဆေးတွေနှင့် ယက္ကန်းသုံးပစ္စည်းမျိုးစုံကို လက်လီ/လက်ကား ရောင်းဝယ်သင့်ပါတယ်။ ကိုယ်တိုင် ယက္ကန်းစင် ထောင် တာမျိုး၊ ဒီဇိုင်းထွင်နိုင်၊ ရေးနိုင်၊ ခတ်နိုင်တာမျိုးထိ လုပ်ကိုင်နိုင်ရင် ပိုပြီးကောင်းပါတယ်။

- မိဘတွေက ကျောင်းဆရာ/ဆရာမ (သို့မဟုတ်) ပညာရေးဝန်ထမ်းတွေဖြစ်နေကြရင် မုန့်မျိုးစုံ၊ ကစားစရာနှင့် စာရေးကိရိယာတွေ ရောင်းဝယ်ဖို့ စဉ်းစားကြတာပေါ့။ မုန့်တွေကို ကိုယ်တိုင်ထုတ်လုပ် ရောင်းမှာလား၊ အသင့်လုပ်ပြီးသား တွေ ဝယ်ရောင်းကြမှာလား၊ စဉ်းစားကြည့်ပေါ့။ ကိုယ်တိုင်က စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်နှင့် နွေပိတ်ရက်တွေမှာ ကလေးတွေကို အင်္ဂလိပ်စာ စကားပြောနှင့် သဒ္ဒါတွေ သင်ပေးနိုင်တဲ့ သင်တန်းမျိုးလေး မိဘတွေနှင့်တွဲဖွင့်တာ၊ မှီဖွင့်တာမျိုး လုပ်နိုင်ရင်လည်း ကောင်းပါတယ်။ ကလေးတွေကို အင်္ဂလိပ်စာသင်ပုံသင်နည်းကောင်းတွေပါတဲ့ သင်ရိုးစာအုပ်တွေ ရှိပါ တယ်။ ကိုယ်တိုင်ရှာဖွေ လေ့လာပြီးသင်ပေးပါ။ ခေတ်နောက်ကျနေတဲ့ စာအုပ်တွေနဲ့ သင်ပုံသင်နည်းတွေကို မသုံးဘဲ နေနိုင်ရင် မသုံးပါနဲ့။

- မိဘတွေက ရိုးရိုးရုံးဝန်ထမ်းတွေ/ တက္ကသိုလ် အဝန်းအဝိုင်းက ဝန်ထမ်းတွေဖြစ်နေကြရင် မိတ္တူ ကူးစက်၊ စာစီစာရိုက်၊ စာအုပ်ချုပ်လုပ်ငန်း၊ စာအုပ်အငှားဆိုင်ကောင်းကောင်းများဖွင့်ရင် အဆင်ပြေပါ တယ်။ စက်ချုပ်လုပ်ငန်းမျိုးဆို ဖောက်သည် တောင် မျှော်စရာမလိုအောင် အစဉ်ပြေပါတယ်။

မိဘတွေက လုပ်သားပေါများပြီး အလုပ်အကိုင်ရှားပါးနေတဲ့ ရပ်ကွက်မျိုးမှာ နေတယ်၊ အလုပ်လုပ် တယ်ဆိုရင်တော့ ပိုက်ဆံမတတ်နိုင်ရင် စက်ဆိုင်၊ ရွှေချည်ထိုး၊ စီးကွင့်ထိုးလုပ်ငန်းတွေမှာ ဝင်ကူရင်း အလုပ်သင်ပါ။
အလှပြင်ဆိုင်မှာ ဝင်ကူရင်း ပညာသင်တာမျိုးတွေကို လုပ်ပါ။ လုပ်သားအင်အား များ များသုံးရတဲ့ လက်လီ/လက်ကား အလုပ်မျိုးတွေ လုပ်သင့်ပါတယ်။ ဆေးလိပ်လိပ်ဖို့ အိမ်တွေကို လိုက် ပေးထားပြီး ညနေကြလိုက်သိမ်းရတာမျိုးတို့၊ ပစ္စည်းအထုပ်သေးသေးတွေ ပက်ကင် ထုပ်ပိုးခြင်း၊ ထုတ် လုပ်ပေးခြင်းတွေ၊ ဂျပ်ဘူးချိုးတဲ့ အလုပ်မျိုး၊ ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်းမျိုး၊ မုန့်ဖုတ်လုပ်ငန်းမျိုး၊ အကြော် အလှော်လုပ်ငန်းမျိုး၊ ပွဲရုံလုပ်ငန်းမျိုး၊ ရေခဲစက်၊ ရေသန့်ထုတ်လုပ်ပို့ဆောင်ရေးလုပ်ငန်းတွေ... စသဖြင့် ကိုယ့်ရှိတဲ့ငွေနှင့် ချိန်ပြီးလုပ်လို့ရတဲ့ အလုပ်တွေရှိပါတယ်။

ဘာအလုပ်ပဲလုပ်လုပ်... စေတနာထားပြီး ရိုးရိုးသားသားလုပ်ပါ။ စကားကို ချိုချိုသာသာပြောပြီး ယဉ်ကျေးစွာပြုမူဖို့ မှာချင်တာပါပဲ။
Nwe Ni Oo's photo.
၂။ အရင်းအနှီးဘယ်လောက်နှင့် စတင်သင့်သလဲ?

ကျွန်မတို့တတ်နိုင်တဲ့ ပမာဏလောက်နဲ့ပဲစရမှာပါ။ ကိုယ့်ထဲ့ဝင်ရင်းနှီးထားတဲ့ပမာဏထက်ပိုပြီး မဝယ်ယူ၊ မရင်းနှီး မိဖို့ရာ သတိထားရပါမယ် (လုပ်ငန်းစခါစ အချိန်အတွက်)။ လုပ်ငန်းလည်ပတ်မှု့ လည်းရှိလာပြီ၊ အရှိန်လေးလည်း ရလာပြီ၊ ဝင်ငွေ၊ ထွက်ငွေ၊ ကြွေးချပေးငွေနှင့်တကွ လုပ်ငန်းထဲမှာရှိတဲ့ ဝင်ငွေလှည့်ပတ်စီးဆင်းမှု့ကို ချိန်ဆတတ်လာပြီး ဈေးဝယ် တွေကရော ပစ္စည်းထုတ်ပေးမယ့် Supplier တွေကပါ ယုံကြည်မှု့ရှိလာပြီဆိုရင်တော့ ရှိတာထက်ပိုပြီး ဝယ်ယူရင်းနှီး လို့ရပါပြီ။ အကြွေးယူရင်း လုပ်ငန်းကိုချဲ့ထွင် လည်ပတ်လို့ရပါတယ်။ ကိုယ့်အပေါ် ယုံကြည်မှုရှိလာအောင်ဆိုတာ ကိုယ် တိုင် လုပ်ယူရမယ့်အရာပါ။ ပစ္စည်းကို အကြွေးနဲ့ လိုချင်တုန်းက အချိုးတစ်မျိုး၊ ပိုက်ဆံရှင်းရတော့မယ်ဆိုတော့ အချိုးတစ်မျိုး မလုပ်မိဖို့ လိုပါတယ်။

၃။ လုပ်ငန်းစတင်ဖို့ရာ နေရာအနေအထားရွေးချယ်ခြင်း။

လုပ်ငန်းအတွက် နေရာအနေအထား ရွေးချယ်ခြင်းဟာလည်း စီးပွားရေးလုပ်ရာမှာ အလွန်အရေးပါတဲ့ ကိစ္စ တစ်ခုဖြစ်ပါတယ်။ ရွှေဆိုင်၊ ဆေးဆိုင်၊ ဖက်ရှင်ဆိုင်နဲ့ လက်လီလက်ကားရောင်းချဖို့ အတွက်ဆိုရင် လူသွားလူလာများပြီး အချက်အချာကျတဲ့နေရာတွေနဲ့ ဈေးလိုစည်ကားတဲ့နေရာမျိုးတွေကို ရွေးချယ်ရပါမယ်။ ကိုယ်ရောင်းမယ့်ကုန်စည်ကို ဝယ်ယူ မယ့် လူဦးရေထူထပ်တဲ့နေရာမျိုးဖြစ်ဖို့ လိုပါတယ်။

ပစ္စည်းထုတ်လုပ်ခြင်း၊ Packing ထုတ်လုပ်ပေးခြင်းနှင့် ကုန်ကြမ်းအမယ် ပစ္စည်းများထုတ်လုပ်ပေးခြင်း၊ ရုံးခန်းသီးသန့်ဖွင့်ခြင်းတို့အတွက်နှင့် စက်ရုံအလုပ်ရုံမျိုးတွေအတွက်ကတော့ ကုန်ကြမ်းရရှိနိုင် မှု့၊ လုပ်သားအင်အားပေါများမှု၊ မြေနေရာကျယ်ဝန်းမှု့နှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု့တို့အတွက် အဓိကထားပြီး Location ကိုရွေးရပါမယ်။ အချက်အခြာကျဖို့နှင့် စည်ကားတဲ့နေရာတွေ မလိုပါဘူး။ လူစည်ကားပြီး အချက်အချာကျမှ ရောင်းရမည့်ပစ္စည်းတွေအတွက်ဆိုရင် Location အနေအထားအတွက် သင့်ရဲ့ပိုက်ဆံကို မနှမြောပါနဲ့။ တတ်နိုင်သမျှလည်း နှုတ်ချိုသာစွာပြောဆိုညှိနှိုင်းပြီး ဈေးဆစ်ကြည့်ပေါ့။


နေထက်ထက်အောင်
Sep;2013
Living Color Magazine


လူငယ်နှင့်ကိုယ်ပိုင်လုပ်ငန်း (၃)

$
0
0
Nwe Ni Oo's photo.
အခန်း(၃)

ကိုယ်ပိုင်လုပ်ငန်းငယ်ကို ရေရှည်တည်တံ့ပြီး ကြီးထွားလာစေခြင်း။

ဒီလိုမျိုးလုပ်ငန်းလေးတစ်ခုကို ရေရှည်တည်တံ့အောင်မြင်စေဖို့ လုပ်ဆောင်ရတာဟာ တကယ့်တော့မခက်ခဲလှ ပါ ဘူး။ လွယ်ပါတယ်လို့ ပြောပြန်ရင်လည်း မှားအုံးမှာပါပဲ။ ဈေးကြီးတွေ၊ ပလာဇာကြီးတွေမှာပဲ ဆိုင်အကြီးကြီး ဖွင့်ဖွင့်၊ ရပ်ကွက်ထဲ၊ လမ်းထဲနဲ့ ဈေးသေးသေးလေးတွေမှာ ဆိုင်သေးသေးလေးဖွင့်ဖွင့်... ဆင်ခြေများစွာ၊ အကြောင်းပြချက် များစွာနဲ့ ဆိုင်ပြုတ်သွားကြတဲ့လူတွေ အများကြီးပါပဲ။ ဈေးရောင်းတယ်ဆိုတာ လွယ်တယ်ပြောလို့ လုံးဝမရပါဘူး။ ဒီတော့အောင်မြင် စေဖို့ မဖြစ်မနေ လုပ်ဆောင်ရမှာတွေနဲ့ ရှောင်ကြဉ်ရမှာလေးတွေတော့ ရှိပါတယ်။ ဒီအခန်းမှာ လုပ်ဆောင်ရမယ့် အချက် အလက်လေးတွေကို လွယ်ကူရိုးရှင်းစွာ ရေးထားပါတယ်။


(၁) ဖောက်သည်များများ ရအောင် ရှာဖွေခြင်း။

အရိုးရှင်းဆုံးနဲ့ အပ်ကြောင်းထပ်အောင် ပြောနေကြတဲ့ကိစ္စတစ်ခုပါပဲ။ ဒါပေမယ့် အကောင်အထည်ဖော်ဖို့ရာ အရမ်းခက်ခဲသလိုကြီးလည်း ဖြစ်နေပါတယ်။ ကျွန်မတို့ရဲ့ဖောက်သည်တွေဟာ ကျွန်မတို့ကို ငွေတွေ၊ အမြတ်အစွန်းတွေ ပေးဖို့ လာတာပါ။ သူတို့ပေးမယ့် ပိုက်ဆံတွေကြောင့် ကျွန်မ တို့ရဲ့လုပ်ငန်းလေးတွေ အောင်မြင်ကြရတယ်ဆိုတာကို ရိုးသား စွာ လက်ခံနိုင်အောင် ကြိုးစားကြည့်ပါ။ သူတို့ကို ဘယ်လိုစွဲဆောင်ရှာဖွေမလဲ?

(က) အဓိက အရေးကြီးတာကတော့ ကျွန်မတို့ဘက်က အမြတ်များများရအောင် မလုပ်မိဖို့ပါပဲ။ အမြတ်နည်းနည်းနဲ့ ပစ္စည်း များများရောင်းရဖို့ကို ကြိုးစားကြည့်ပါ။

(ခ) ပြီးတော့ တချို့သော ပစ္စည်းတွေကို တခြားပြိုင်ဘက်ဆိုင်တွေထက် ဈေးလျှော့ရောင်းကြည့်ကြရအောင်။

(ဂ) ပစ္စည်းအများစုကို ဈေးတူထားပြီးရောင်းပါ။

(ဃ) ကိုယ့်ထက်အင်အားကြီးတဲ့ လုပ်ငန်းတူတွေနဲ့ ထိပ်တိုက်မတွေ့ရအောင် ပစ္စည်းတိုင်းကို ဈေးလျော့ရောင်းလို့ မဖြစ်နိုင် ပါဘူး။ ဦးနာအောက်လို ဒုက္ခရောက်သွားနိုင်ပါတယ်။

(င) နှစ်သစ်ကူးအပါအဝင် အခါကြီး၊ ရက်ကြီးနဲ့ ပွဲလမ်းသဘင်တွေမှာ တန်ဖိုးနည်းပြီး အမှန်တကယ် အသုံးဝင်မည့် လက်ဆောင်ပစ္စည်းလေးတွေ ပေးကြရအောင်။

(စ) ချိုသာတဲ့အပြုံးနဲ့ မှန်မှန်ကန်ကန် ပြောဆိုဆက်ဆံကြရအောင်။ ကိုယ်တိုင်ဈေးဝယ်အဖြစ်နဲ့ ဈေးဝယ်ထွက်တဲ့အခါမှာ ကိုယ့်ကိုဘယ်လိုမျိုး ပြောဆိုပြုမူဆက်ဆံတာကို ကြိုက်သလဲဆိုတာ တွေးကြည့်ပါ။ ကိုယ်ချင်းစာမှု့မျိုးထားပြီး ကိုယ့်ဆီလာတဲ့ ဈေးဝယ်တွေကို ကောင်းမွန်ချိုသာစွာ ဝန်ဆောင်မှုပေးပါ။

(၂) ဖောက်သည်များထဲက ဖောက်သည်ကောင်းများစွာ ရွေးထုတ်ခြင်း။

ကျွန်မတို့ဆီကိုပဲ ပုံမှန်အားပေးတဲ့ ဖောက်သည်တွေရှိမယ်။ တခြားဆိုင်တွေမှာ ပစ္စည်းမရှိမှ လာပြီး အားပေးတဲ့ ဖောက်သည်တွေရှိမယ်။ ဈေးနှုန်းတွေ အကုန်ပါတ်စုံစမ်းပြီးမှ ဈေးသက်သာတဲ့ ပစ္စည်းတွေကို တစ်ဆိုင်ခြင်း လိုက်အားပေးတဲ့ ဖောက်သည်တွေ ရှိမယ်။ ဒီလိုဖောက်သည်အမျိုးမျိုးထဲမှ ဈေးမှန်ပြီး ဆက်ဆံရေးကောင်းတဲ့ ဆိုင်မျိုးကိုပဲ တစ်ဆိုင်တည်း ထားပြီး ဆက်ဆံရတာကြိုက်တယ်ဆို တဲ့ ဖောက်သည်ကောင်းတွေ ရှိပါတယ်။

(က) ဒီလိုဖောက်သည်တွေကို ဈေးသည်နှင့် ဈေးဝယ်ဆက်ဆံရေးထက် ပိုမိုဖော်ရွေမှု့မျိုးနဲ့ဆက်ဆံပါ။ မိတ်ဆွေ၊ သူငယ်ချင်းအဆင့်မျိုးလည်း မဟုတ်ဘူးပေါ့။ ကဏ္ဍတွေသိပ်ရောထွေးရင်လည်း မကောင်းပါဘူး။

(ခ) ပစ္စည်းက ဈေးကွက်ထဲမှာ ပြတ်လပ်နေပြီ။ ကိုယ့်ရဲ့ဖောက်သည်ကောင်းက ပစ္စည်းမှာယူဖို့ ရက်အနည်းငယ် လိုသေး တယ်ဆိုရင်... ကိုယ့်ဆိုင်မှာရှိတဲ့ ပစ္စည်းကို ထိန်းထားပေးလိုက်ပါ။ ဖောက်သည်မဟုတ်တဲ့ ဈေးဝယ်တွေက လာဝယ် တိုင်း ပိုက်ဆံရပြီးရောဆိုပြီး မရောင်းလိုက်ပါနဲ့။ ဖောက်သည်ကောင်းအတွက် ဈေးသည်ကောင်းပြန်ပီသပေးဖို့ လိုအပ်ပါတယ်။

(ဂ) ဖောက်သည်များက မှာယူတဲ့အချိန်မှာ၊ နဂိုဈေးက ပစ္စည်းတစ်ခု ငွေတစ်ထောင်ဆိုပါတော့။ လက်ရှိဈေးကွက်ထဲမှာ ပစ္စည်းပြတ်လို့ တစ်ခုကိုငွေနှစ်ထောင့်ငါးရာ ပေါက်ဈေးဖြစ်နေပါလျှင် တစ်ခုကို ငွေနှစ်ထောင့်သုံးရာလောက်ပဲယူပြီး ပေါက်ဈေးထက် နည်းနည်းလျှော့ယူပေးလိုက်ပါ။ 

(ဃ) စားကောင်းပြီး အရသာရှိမယ့် မုန့်တွေကို ရံဖန်ရံခါမှာ ခင်မင်မှု့လက်ဆောင်အဖြစ် ပေးဖို့လည်း မမေ့ပါနဲ့။
Nwe Ni Oo's photo.
(၃) မိမိ၏ စိတ်သဘောထားကောင်းမွန်ခြင်း။

(က) ကိုယ့်ဆီလာဝယ်တဲ့ ဈေးဝယ်တိုင်းကို (အယုတ်၊ အလတ်၊ အမြတ်မရွေးဘဲ) ဖော်ဖော်ရွေရွေနဲ့ စိတ်ရှည်ရှည် ဆက်ဆံ ပေးပါ။

(ခ) အမြတ်များများ ကျန်အောင် ပစ္စည်းတုတွေ တင်ပြီး မရောင်းပါနဲ့။

(ဂ) အလေးချိန်ပြည့်ပြည့်ပေးပါ။ အလေးနည်းနည်းခိုပြီး ငွေလျှော့ယူတာကို ဖောက်သည်တွေက သိ ကြပါတယ်။ 

(ဃ) ကိုယ့်ဆီက ဝယ်သွားတဲ့ ပစ္စည်းကို အသစ်အတိုင်း (သို့မဟုတ်) အလေအလွင့်မရှိဘဲ၊ အပျက် အစီးမရှိဘဲ ပုံစံနဲ့ သူတို့နဲ့ ပိုအသုံးတည့်အဆင်ပြေမယ့် တခြားပစ္စည်းတစ်ခုခုနဲ့ လဲလှယ်ချင်ရင် လဲပေးလိုက်ပါ။ ပိုက်ဆံလိုချင်လည်း အမ်းပေးလိုက်ပါ။

(င) "ဝယ်ပြီး ပစ္စည်းပြန်မလဲပါ"ဆိုတာဟာ ကိုယ်ရောင်းတဲ့ပစ္စည်းကို ကိုယ်ပြန်တာဝန်မယူရဲ၊ အာမခံ ချက်မပေးရဲတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။

(စ) ကျွန်မတို့ပြန်ရောင်းဖို့ရာ ပစ္စည်းဝယ်ယူရတဲ့ စက်ရုံ၊ အလုပ်ရုံတွေနှင့် ကုမ္ပဏီတွေရှိပါတယ်။ သူတို့ဆီကနေ ပစ္စည်း ယူတဲ့အခါမှာ ငွေလက်ငင်းရှင်းပေးရတာတွေ ရှိသလို အကြွေးစနစ်နဲ့ ငွေ ခဏဆိုင်းပေးထားတာတွေလည်း ရှိပါတယ်။ စာအုပ်(သို့မဟုတ်)ဘောက်ချာနဲ့ အရစ်ကျငွေသွင်းရတဲ့ အခါမှာ ငွေပေးသွင်းဖို့ လက်မတွန့်ပါနဲ့။ ပစ္စည်းယူပြီး ငွေပေး ဖို့ရာ တွန့်တိုတတ်တဲ့ ဆိုင်ရှင်တွေ ဈေးလောကမှာ အများကြီးရှိပါတယ်။ ကိုယ်က လက်ငင်းငွေမချေရဘဲ အရစ်ကျ ငွေသွင်းရတာဟာ ကိုယ့်အတွက် အကျိုးရှိစေပါတယ်။ ဒီလို အကျိုးရှိမှု့မျိုးကို ကျွန်မတို့ဘက်က မဖျက်ဆီးမိစေဖို့ အတွက် ငွေမှန်မှန်သွင်းပေးဖို့ရာ ကြိုးစားပေးရပါမယ်။

(၄) ပြိုင်ဖက်ဆိုင်များကိုနိုင်အောင် ယှဉ်ပြိုင်ခြင်း။

ကျွန်မတို့လို ပစ္စည်းတူရောင်းချတဲ့ ဈေးဆိုင်တွေ (သို့မဟုတ်) ပစ္စည်းတူထုတ်လုပ်တဲ့လုပ်ငန်း တွေဟာ ဈေးကွက်မှာ အများအပြားရှိကြမှာပါပဲ။ ပင်လယ်ရေဟာသောက်လို့မကုန်သလိုဘဲ ဈေးကွက်ထဲကအမြတ်အစွန်းတွေဟာ ကိုယ်တစ် ယောက်ထဲ သဲ့ယူလို့မရနိုင်ဘူးဆိုတာကို နှလုံးသွင်းပါ။ ဒါကြောင့်မို့-

(က) ပြိုင်ဖက်ဆိုင်တွေအပေါ် မုန်းတီးတာ၊ မနာလိုတာ၊ တိုက်ခိုက်တာတွေ၊ ပျက်စီးရာ ပျက်စီး ကြောင်းတွေ မလုပ်မိ၊ မကြံမိပါစေနဲ့။ ဒီလိုလုပ်ရပ်တွေဟာ ကျွန်မတို့ရဲ့အဖိုးတန်အချိန်တွေနှင့် ကြံရည်ဖန်ရည်တွေကို ဆုံးရှုံးစေပါတယ်။

(ခ) ပြိုင်ဖက်လုပ်ငန်းတူတွေက ကျွန်မတို့အပေါ်အကောက်ကြံခြင်း၊ တိုက်ခိုက်ခြင်းတွေ၊ ပြိုင်ဆိုင်ခြင်းတွေ အပေါ်မှာ လည်း သတိရှိရှိနဲ့ ရင်ဆိုင်ဖို့ အမြဲအသင့်ပြင်ထားကြရအောင်ပါ။

(ဂ) သူတို့တွေနှင့် ယှဉ်လိုက်ရင် ကိုယ့်ရဲ့အပြုအမူတွေ၊ စိတ်သဘောထားတွေနှင့် လုပ်ပုံကိုင်ပုံတွေဟာ ရိုးရှင်းပြီး ဈေးဝယ် တွေကရော၊ ပစ္စည်းသွင်းတဲ့ လူတွေကပါ ယုံကြည်စိတ်ချရတဲ့ပုံမျိုး ပေါ် လွင်ထင်ရှားပါစေ။

(ဃ) ပြိုင်ဘက်တွေနှင့် ကျွန်မတို့အဓိကယှဉ်ပြိုင်ရောင်းချနေရတဲ့ ပစ္စည်းမျိုးမှာ လက်ရှိထက် ဈေးနှုန်း ချိုသာပြီး အရည် အသွေးတူသော တခြားတံဆိပ်သစ်၊ အမယ်သစ်တွေကို မျက်စိဖွင့်၊ နားစွင့်ပြီး ရှာဖွေနေဖို့လိုပါတယ်။

(င) ကျွန်မတို့လုပ်ငန်းနှင့်လည်း ဆက်စပ်မယ်၊ တအားကြီးလည်း အရောင်းမသွက်၊ လူသိမများလို့ တခြားဆိုင်တွေမှာ မတင်တဲ့ ပစ္စည်းမျိုး (ဂွင်ပျောက်ပစ္စည်း)တွေကို ဂရုစိုက်စိစစ်ပြီး၊ ရောင်းချလို့ ရအောင် ကြိုးစားပါ။ အဲလိုပစ္စည်းမျိုး တွေက အမြတ်ရာခိုင်နှုန်းများများ တင်ယူလို့ရပါတယ်။

(စ) ကျွန်မတို့က ဘာတွေလုပ်နေတယ်။ ဘယ်လိုပစ္စည်းတွေ ရောင်းနေတယ် (သို့မဟုတ်) ထုတ်လုပ် နေတယ်။ အဲဒါ တွေကြောင့် စီးပွားဖြစ်နေတယ်။ ဘာတွေဆက်ပြီးလုပ်အုံးမယ်ဆိုတာတွေကို အလုပ်နဲ့ဆိုင်တဲ့ လူတွေကိုရော၊ ဆိုင်နား နီးခြင်းတွေကိုပါ မကြွားဝါမိဖို့သတိထားရပါမယ်။ ကြွားဝါခြင်းဟာမနာလိုခံရစေပြီး ကိုယ့်ပြိုင်ဘက်တွေဆီကို ကိုယ်တိုင် သတင်းပေးသလို ဖြစ်စေပါတယ်။ ကိုယ်အလုပ်ဖြစ်တာ၊ စီးပွားဖြစ်တာကို ကိုယ်တိုင်သိရင် လုံလောက် ပါတယ်။ ရေငုပ် သင်္ဘောတစ်စီးလို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ရည်မှန်းချက်ကို ရောက်အောင်သွားပါ။

(၅) စာရင်းတိကျစွာ ပြုစုခြင်း။

(က) ကျွန်မတို့ရဲ့ပိုင်ဆိုင်မှုတွေ၊ လည်ပတ်မှုတွေ၊အရင်းဘယ်လောက်၊အမြတ်ဘယ်လောက်၊ ကုန်ကျစရိတ်က ဘယ်လောက် ဆိုတာတွေကိုသိရှိဖို့ရာ စာရင်းမှန်မှန်လုပ်ရပါမယ်။ ဒါမှသာ ဘယ်နေရာတွေက ယိုပေါက်တွေဖြစ်နေတယ်၊ဘယ်နေရာ တွေကဟာကွက်တွေများနေတယ်၊ ဘယ်ပစ္စည်းကအမြတ်များများရပြီးဘယ်ပစ္စည်းကအမြတ်နည်းပေမယ့် ရောင်းအား တက်နေ တယ်ဆိုတာတွေကို သိနိုင်ပါမယ်။

(ခ) အလုပ်အကိုင်မှန်မှန် လည်ပတ်ပြီး ငွေဝင်လာပြီဆိုလျှင် ဆက်လက်ကြီးပွားအောင်မြင်သွားတဲ့ လူနဲ့ ပြန်ပြီး ကျရှုံးသွား တဲ့ လူဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒုတိယအမျိုးအစားဖြစ်သွားရတဲ့အကြောင်း အရင်းထဲမှာ- စာရင်းနားမလည်ခြင်း၊ နားမလည်တော့ အရင်းဘယ်လောက်ရှိမှန်းမသိ၊ အမြတ်ဘယ်လောက်ရမှန်းမသိတွေဖြစ်ခြင်း၊ ကိုယ့်ရဲ့အသုံး စားရိတ် က ဘယ်လောက်ရှိမှန်းမသိ၊ စားရင်းပျောက်၊ အင်းပျောက်တွေဖြစ်ခြင်း၊ ကိုယ်သုံးစွဲမိတဲ့ ပိုက်ဆံဟာ ရတဲ့အမြတ်ထဲက ထက် ပိုပြိးအရင်းထိအောင် သုံးမိပြီလား ဆိုတာတွေကို မသိတော့ပါဘူး။ အဲဒါကြောင့် စားရင်းမှန်မှန်လုပ်ဖို့ လိုကို လိုအပ်ပါတယ်။

နေထက်ထက်အောင်
Sep;2013
Living Color Magazine


လူငယ်နှင့်ကိုယ်ပိုင်လုပ်ငန်း (၄)

$
0
0


အခန်း(၄)

ကိုယ်ပိုင်လုပ်ငန်းငယ်ကိုထိခိုက် ပျက်စီးစေသည့် အကြောင်းအချက်များ ပြုလုပ်ခြင်း။

(၁) မိမိ၏စိတ်နေသဘောထား နိမ့်ကျခြင်း။

(က) ကိုယ့်ဆီကို လာပြီးဝယ်ယူ၊ စုံးစမ်းတဲ့ဖောက်သည်တွေကို အမှန်အတိုင်း ပြောဆိုလမ်းညွှန်မှု့မပြု တော့ဘဲ အမြတ် များများကျန်မယ့် ပစ္စည်းတွေနဲ့ ဝန်ဆောင်မှု့တွေ ထိုးရောင်းခြင်း။ ပစ္စည်းအစစ်နှင့် အတုရော၍ ရောင်းချခြင်းတွေ လုပ်ဆောင်ခြင်းဟာ စိတ်သဘောထား နိမ့်ကျခြင်းဖြစ်ပြီး အနှေးနှင့်အမြန် အလုပ်ကို ထိခိုက်နစ်နာလာစေပါတယ်။

(ခ) မဝယ်ဘဲ မနေအောင် အတင်းအကျပ်တိုက်တွန်းခြင်းတွေ၊ ဖောက်သည်ကို ဒီပစ္စည်းမျိုး မသုံးဖူး ဘူးလား၊ ဒီလောက်မှ မဝယ်နိုင်ဘူးလား ဆိုတဲ့ အချိုးတွေ၊ စကားတွေနှင့် ကိုယ်တိုင် ရိုင်းပြတာ တွေ၊ အရောင်းစာရေးမများ ရိုင်းပြတာကို မဆုံးမဘဲ အားပေးအားမြှောက်ပြုတာတွေဟာ မိမိရဲ့ လုပ်ငန်းကို အမှန်တကယ် ထိခိုက်ပျက်စီးစေပါတယ်။

(ဂ) မစားရ ဝခမန်း ဝန်ဆောင်မှုတွေပေးမယ်လို့ ကတိအထပ်ထပ်နဲ့ ကြော်ငြာထားပေမယ့် အစဉ်မ ပြေတာတွေကြုံလာရင် ဘာမှဖြေရှင်းမပေးဘဲ မျက်နှာပြောင်တိုက်တာမျိုးတွေ လုပ်ခြင်း၊ ဘော်ဒါနေတာ စာမေးပွဲမအောင်ရင် ငွေပြန်အမ်းမယ် ဆိုပြီး အောင်နိုင်ခြေမရှိတဲ့ ကလေးတွေကို စာမေး ပွဲမတိုင်မီ မပြစ်ရှာ၍ ထုတ်ပစ်ခြင်းမျိုး၊ စာမလိုက်နိုင်တဲ့ ကလေး တွေ၊ စာညံ့တဲ့ကလေးတွေ၊ စာမလုပ်ချင်သောကလေးတွေနှင့် ဆိုးသွမ်းသော ကလေးတွေကို တစ်ခန်းထဲမှာရောထည့် ထားပြီး ဂရုတစိုက်သင်ပြအုပ်ချုပ်မှုမပေးခြင်းတွေ...စတဲ့ စိတ်သဘောထား နိမ့်ကျတဲ့အပြုအမူ အပြော အဆိုများ ကလည်း လုပ်ငန်းပျက်စီးရာ၊ ပျက်စီးကြောင်းတရားတွေပါပဲ။

(၂) ပြိုင်ဘက်ဆိုင်များနှင့် လုပ်ငန်းတူများကို မယှဉ်ပြိုင်နိုင်တော့ခြင်း။

(က) ကျွန်မတို့ရဲ့ပြိုင်ဖက်တွေဟာ ကျွန်မတို့ထက် ပိုပြီးနေရာအကွက်အကွင်းကောင်းမှာ နေရာယူထားခြင်း။

(ခ) ကျွန်မတို့ထက် ပိုပြီး ပစ္စည်းအစစ်အမှန်များကို သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချခြင်း။

(ဂ) ကျွန်မတို့ထက် ပိုမိုကောင်းမွန်စွာ ကတိပေးထားချက် (သို့မဟုတ်) အာမခံထားချက်များအတိုင်း တာဝန်ယူဆောင်ရွက် ပေးခြင်း။

(ဃ) ဖောက်သည်များအပေါ် ချိုသာစွာ၊ မှန်ကန်စွာ ဆက်ဆံခြင်းနှင့် ပစ္စည်းသွင်းပေးသည့် Supplier တွေအပေါ် ငွေပေး ငွေယူ မှန်ကန်စနစ်ကျခြင်းတွေမှာ ကျွန်မတို့ထက် သာလွန်နေခြင်း။

(င) ထို့ကြောင့် Supplier များက ပစ္စည်းမှာတိုင်း ချက်ခြင်းပို့ပေးခြင်းနှင့် ဈေးနှုန်းပိုမိုသက်သာအောင် ဆောင်ရွက်ပေး ခံရခြင်းတွေ။

(စ) ဖောက်သည်တွေကြားတွင် "အဲဒီဆိုင်က (သို့မဟုတ်) အဲဒီလုပ်ငန်းကဆိုရင် စိတ်ချရတယ်၊ ဝယ် သာဝယ်"ဆိုပြီး ဖောက်သည်လောကတွင် ကျွန်မတို့ထက်ပိုပြီး ရေပန်းစား၍ ပါးစပ်သတင်းပျံနှံ့ ခြင်း။

(ဆ) ပြိုင်ဘက်တွေမှာ ကျွန်မတို့ထက် သာလွန်တဲ့စိတ်နေသဘောထား၊ ပညာရေး၊ အသိပညာတွေ ရှိ နေခြင်း။

အထက်ပါ အချက်အလက်တွေထဲက အချက် ၄ ချက်လောက်သာ ကျွန်မတို့ရဲ့ ပြိုင်ဘက်တွေ မှာ ရှိနေမယ်ဆိုလျှင် ကျွန်မတို့တော့ သေချာပေါက် မယှဉ်နိုင်တော့ပါဘူး။ အချက်အားလုံးသာ ရှိနေမယ်ဆိုလျှင်တော့ မယှဉ်သာယုံတင်မက လုံးပါးပါးပြီး မသိမသာရှုံးမလား၊ သိသိသာသာ အလဲထိုးခံရ မလား တစ်ခုခုတော့ ဖြစ်တော့မှာပါပဲ။

(၃) ဖောက်သည်များ၏ဒုက္ခပေးခံရခြင်း။

(က) သုံးတတ်ရင်မိတ်ဆွေ၊ မသုံးတတ်ရင်ရန်သူဆိုတဲ့ မီးရဲ့သဘောတရားနှင့် ဆင်တူတဲ့ အနေအထားမျိုးပါပဲ။ ဖောက်သည် ဆိုတာဟာ ကျေးဇူးရှင်ဖြစ်သလို ခိုးသား၊ ဓါးပြအသွင်လည်း ရှိနေတတ်ပါတယ်။ သူတို့က ကျွန်မတို့ကို ဘယ်လို အသွင်မျိုးနဲ့ ဒုက္ခပေးကြသလဲဆိုတာ အကြမ်းဖျဉ်း ပြောကြည့်ကြရအောင်။

(ခ) အကြွေးစနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ကျွန်မတို့ဆီက ဝယ်ပြီးပြန်မဆပ်တော့ခြင်းမျိုး ပေါ့။ ဖောက်သည်ကို ကြွေးချတာ၊ ကြွေးပေးတာဟာလည်း ပညာတစ်ရပ်ပါပဲ။ အကြွေးစနစ်မသုံး ရင်လည်း အလုပ်မဖြစ်သလို အကြွေးဆုံး ရတာတွေ များရင်လည်း လုပ်ငန်းပျက်စီးပါတယ်။

(ဂ) ကျွန်မ ဖေဖေက ပြောဖူးတယ်- "လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိကြတယ်၊ အဲဒါကြောင့် လူတွေကို တန်ရာတန်ဖိုးပေး ဝယ်လို့ရတယ်၊ လူတစ်ယောက် ဘယ်လောက်တန်သလဲဆိုတာ အနီးစပ်ဆုံး ခန့်မှန်းတတ်ဖို့လိုတယ်။ တစ်သောင်းပဲ တန်တဲ့လူက အကြွေးတစ်သောင်းဖိုးလောက် ပေးလိုက်မိရင် နောက်လာမဝယ်တော့ဘူး။ ဆုံးပြီသာမှတ်ပေတော့၊ အကြွေးဆုံးရုံသာမကဘဲ အမြတ်မှန်မှန် ပေးမယ့်ဖောက်သည်ပါ ဆုံးသွားတာပဲ"တဲ့။ ဒါ့ကြောင့် ဖောက်သည်တွေကို ဘယ်သူ့ကို ဘယ် ပမာဏလောက်ပေးသင့်လဲ၊ ဘယ်ပမာဏထက်ပိုရင် ကြွေးဆုံးနိုင်သလဲဆိုတာမျိုးကို ဂရုစိုက်ရပါ မယ်။

(ဃ) ဖောက်သည်တွေက ကျွန်မတို့နှင့် ပြိုင်ဘက်တွေကို ဈေးတိုက်ပြီးဆစ်ခြင်း(သို့မဟုတ်)ဝန်ဆောင်မှု့အရည်အသွေးနှင့် ဈေးနှုန်းကို နှိုင်းယှဉ်ပြီး အမြတ်မကျန်အောင် လက်ကုန်နှိုက်ယူခြင်းမျိုးတွေကလည်း ရေရှည်မှာ လုပ်ငန်းကို ၃ထိခိုက် စေပါတယ်။ ဖောက်သည်တွေကြောင့် အကြွေးတွေဆုံးပြီး အရင်းပြုတ်သွားတဲ့ ကိုယ်ပိုင်စီးပွားရေးသမားနှင့် လုပ်ငန်း ငယ်လေး တွေ အများကြီးရှိပါတယ်။

(၄) သူခိုးသူဝှက်များ၏ အန္တရာယ်များပေးခံရခြင်း။

(က) ဈေးနှင့် လူစည်ကားရာ နေရာများတွင် သူခိုး၊ သူဝှက်၊ ခါးပိုက်နှိုက်တွေသာမကဘဲ လူလိမ်ဂိုဏ်းတွေပါ ကျက်စားကြ ပါတယ်။ ခိုးနည်း၊လိမ်နည်းမျိုးစုံ ရှိပါတယ်။ပေါ့ပေါ့ဆဆနေရင်တော့ သေချာပေါက် တစ်နေ့မဟုတ် တစ်နေ့ခိုးခံရမှာပါ။

(ခ) ဖြစ်ရပ်မှန်တစ်ခုကို ဥပမာအဖြစ် ပြောပြပါမယ်။ မနက် ဈေးဖွင့်ခါစမှာ ပုဆိုးနဲ့ လုံချည်တွေ ဝယ်နေကြ ဖောက်သည်က တစ်ပါတ်တစ်ခါ၊ နှစ်ပါတ်တစ်ခါလောက် လာဝယ်လေ့ရှိပါတယ်။ ဈေးဖွင့် ကာစဆိုတော့ ဆိုင်က ခင်းရင်းတန်းလမ်း၊ လူကမစုံသေး၊ အလုပ်က ရှုပ်နဲ့ပေါ့။ ဈေးဝယ်က ဟို ပေါ်ကပစ္စည်းပြပါအုံး၊ ဒီပေါ်က ပစ္စည်းပြပါအုံးဆိုလို့ နောက်လှည့် လှည့်ယူပေးတဲ့အချိန် ပုဆိုးနဲ့ လုံချည်တွေ အထုပ်လိုက်တောင်းထဲထည့်ပြီး ပုဆိုးစုတ်နဲ့အုပ်၊ အဖော်ပါလာတဲ့ မိန်းမ တစ်ယောက်ကို "ဘာသွားဝယ်နှင့်အုံး၊ ငါပြီးတော့ လိုက်ခဲ့မယ်"ဆိုပြီး တောင်းနဲ့လွှတ်လိုက်ရော။ ပြီးတော့ အများကြီး ဝယ်ယူအားပေးပါတယ်။ဒီတော့ဆိုင်ရှင်က ဖောက်သည်ကောင်းကြီးထင်ပြီး အမြဲမျှော်နေတာပေါ့။ ကိုယ့်ပစ္စည်းပျောက် လို့ ပျောက်မှန်းမသိဘဲ လုံးပါးပါးပြီး နှစ်နှစ်လောက်နေလို့ အရင်းပြုတ်ခါနီးမှ ဈေးဝယ်ယောင်ဆောင်တဲ့ သူခိုးကို မိပါတော့တယ်။ ကျွန်မတို့ရဲ့လုပ်ငန်း ပေါက်စလေးတွေ ပျက်စီးပြုန်းတီးစေမှု့မှာ ဒီအချက်ကလည်း အဓိက ပါဝင်နေ ပါတယ်။

(၅) အသုံးအဖြုန်းများ၍ လက်ဖွာခြင်း။

(က) မိန်းကလေးတွေက အဝတ်အထည်၊ ဖက်ရှင်အလှကုန်ပစ္စည်းတွေကြောင့် စိတ်မထိန်းနိုင်ဘဲ အသုံးအဖြုန်းတွေ များ လေ့ရှိကြပါတယ်။ လုပ်ငန်းဝင်ငွေရှိတဲ့ မိန်းကလေးကို ကပ်ချူတတ်တဲ့ ယောက်ျားမျိုးကို စွဲလမ်းမိလို့လည်း ငွေတွေ သောက်သောက်လည်း ဖြုန်းမိတတ်ကြပါတယ်။ ယောက်ျားလေးတွေကလည်း အပေါင်းအသင်းတွေနှင့် ဘီယာဆိုင် သွားဖြုန်း၊ KTV သွားဖြုန်း၊ အဝတ်အထည်တွေမှာ သွားဖြုန်း၊ မလိုအပ်ဘဲ ပြိုင်ဆိုင်လိုစိတ်ကြောင့် သွားဖြုန်းရင်းနဲ့ ရှိတဲ့ အရင်းအနှီးတွေပြုတ်ကုန်ပြီး ပုံမှန်ဝင်ငွေရတဲ့ လုပ်ငန်းလေးပျက်စီးသွားတတ်ပါတယ်။

(ခ) တစ်လကို အမြတ်တစ်သိန်းရမယ်။ တစ်သိန်းလုံးသုံးပစ်မယ်ဆိုလျှင် ဘယ်လိုမှ တိုးတက်မလာ တော့ပါဘူး။ တစ်လကို အမြတ်တစ်သိန်းရတယ်။ ၅သောင်းသုံးတယ်၊ပိုတာကိုအရင်းထဲ ပြန်ပြန်ထည့်တယ်ဆိုရင် တဖြည်းဖြည်းနဲ့ မိမိလုပ်ငန်း ရဲ့ ထုထည်တိုးတက်လာမှာပါ။ ထုထည်တိုးလာရင်း အမြတ်တွေလည်း ပိုပိုများလာတာပါပဲ။ တစ်လကို အမြတ်က တစ်သိန်းရတယ်၊ အသုံးစရိတ်က ကျန်းမာရေးကြောင့် ဆိုပြီး တစ်သိန်းနှစ်သောင်း လောက်ဖြစ်သွားလိုက်၊ နောက်လ တွေကြတော့လည်း ဘာလေးပိုဝယ်လိုက်ရလို့ဆိုတဲ့ ဆင်ခြေတစ်ခုပြီး တစ်ခုနဲ့ အမြတ် ဝင်ငွေထက် ပိုပိုသုံးဖြစ်နေပြီ ဆိုရင်တော့ သေချာပါတယ်။ မကြာခင် အရင်းပြုတ်ပြီး လုပ်ငန်းပျက် တော့မှာပါပဲ။

(၆) လောင်းကစားလုပ်ခြင်း။

(က) "လောင်းကစားလုပ်တာ မကောင်းဘူး၊ စီးပွားပျက်ကြောင်းတရားဖြစ်တယ်"ဆိုတာတွေကို ဘယ် လိုပဲ ပြောနေကြပါစေ လုပ်တဲ့လူကတော့ မလုပ်ဘဲ မနေနိုင်ပါဘူး။ ဟိုတုန်းက လောင်းကစား ကြောင့် ဘဝပျက်တဲ့လူဆိုတာ ရှားပါတယ်။ ခုတော့ နှစ်လုံးထီနဲ့ ဘဝပျက်တဲ့လူတွေ ဈေးထဲမှာ ရော၊ အရပ်ထဲမှာပါ လက်ညှိုးထိုးမလွဲတွေ ဖြစ်နေပါပြီ။ အံ့သြ စရာက အဲဒီထဲမှာ အမျိုးသမီးတွေ တော်တော်များလာတာပါပဲ။ ဟိုတုန်းက ရန်ကုန်မြို့တော်မှာ တိုက်ကြီးနှစ်လုံး၊ သုံးလုံးနဲ့ Surf တွေ Parado တွေ တဝီဝီမောင်းပြီး လုပ်ငန်းကြီးလုပ်ခဲ့ကြတဲ့ မိသားစုဟာ နှစ်လုံးထီနဲ့ဘဝပျက်ပြီး တဲအိမ်လောက်လေးကို ငှားနေရပါတယ်။ ဘာလုပ်စားရမှန်းမသိဖြစ်နေတဲ့ အဲဒီလိုစီးပွားရေးသမားမိသားစု အထည် ကြီးပျက်တွေကို ရန်ကုန်ရော၊ မန္တလေးမှာပါ မြင်တွေ့နေရတာ စိတ်မကောင်းပါဘူး။

(ခ) ကိုယ့်နားဝန်းကျင်ကတရင်းတနှီးရှိတဲ့ မိတ်ဆွေတွေတောင်လောင်းကစားနဲ့ဘဝပျက်တဲ့ မိသားစုတွေခြောက်စုလောက် ရှိပါတယ်။ မိသားစုနှစ်ခုဆိုရင် နာမည်ကြီးလုပ်ငန်းရှင်စာရင်းမှာ ပါခဲ့ဖူးပါတယ်။ ကျန်တဲ့လူတွေလည်း သူဌေးစာရင်းဝင် မိသားစုတွေပါ။

အထက်တန်းတုန်းက တွဲခဲ့တဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိပါတယ်။ သူမနဲ့ သူ့အစ်မနှစ် ယောက်စလုံး တော်တော် လေး လှကြပါတယ်။ မာနကြီးသလို စကားပြောလည်း တင်စီးပါတယ်။ စကားတွေကိုလည်း အထအနကောက် လွန်းတော့ တော်တော်သတိထားပြီး စကားပြောရပါ တယ်။ ကြာတော့ ခင်မင်ရင်းနှီးမှု့မရှိတော့ပါဘူး။ သူမရဲ့အမေနှင့် အစ်မက ဦးဆောင်ပြီး နှစ်လုံးထီကို ဆပွားကစားကြပါတယ်။ RC တိုက်နှစ်လုံး၊ ကား၊ ဆိုင်ကယ်၊ ဖုံးတွေအပြင် စီးပွားရေးလုပ်ငန်းတွေပါ ဆုံးရှုံးကုန်ပါတယ်။ ခုတော့ စတိုးဆိုင်လေးတစ်ခုမှာ အရောင်းစာရေးမလုပ်နေတယ် လို့ သတင်းကြားရပါတယ်။စိတ်မကောင်းဖြစ်ရုံအပြင်ဘာမှမတတ်နိုင်ပါဘူး။ကျွန်မတို့ရဲ့ချွေးနည်းစာလေးကို လောင်းကစား ဒိုင်တွေဆီ အလွယ်တကူပေးပစ်လိုက်ရတာဟာ တော်တော်နှမြောဖို့ကောင်းပါတယ်။ သုံးလုံးထီထွက်မယ့်နေ့မသိ၊ နှစ်လုံးဂဏန်းဘာထွက်မှန်းမသိ၊ လောင်း ကစား ဝေါဟာရတွေ ပြောသမျှနားမလည်ရင်ကို လူကို လူအ လို့ မြင်တဲ့လူ တွေ အများကြီး ရှိကြ ပါတယ်။ ကျွန်မကတော့ လူအ တွေကမှ လောင်းကစား လုပ်တာလို့ပဲ ယုံကြည်ပါတယ်။

နေထက်ထက်အောင်
Sep;2013
Living Color




လူငယ်နှင့်ကိုယ်ပိုင်လုပ်ငန်း (၅)

$
0
0
Nwe Ni Oo's photo.
အခန်း (၅)

ရုတ်တရက် ကြုံတွေ့ရင်ဆိုင်ရမည့် အကဲစမ်းမှုများ။

ဒီအခန်းမှာ အကဲစမ်းမှုများ လို့ သုံးနှုန်းထားတဲ့ အသုံးအနှုန်းရဲ့ အမှန်တကယ် အနက်အဓိပ္ပါယ် ကတော့ ရုတ်တရက် တောင်းဆိုလာကြမည့် ဝန်ဆောင်မှုများနှင့် ဈေးနှုန်းခြင်းတိုက်ဆိုင်ပြီး ဈေးဆစ်မှုများပစ္စည်းခြင်း ယှဉ်လာမှုများနှင့် မထင် မှတ်စွာ ကြုံတွေ့ရမည့် ပြဿနာ အခက်အခဲများကို ဆိုလိုခြင်းဖြစ်ပါသည်။ ဒီလို ရုတ်တရက် ကြုံတွေ့ရမည့် တောင်းဆိုမှု များ အကျပ်အတည်းများနှင့် ပြဿနာများကို ဖြတ်ထိုးဥာဏ်သုံးပြီး အလျင်စလိုဖြေရှင်းနိုင်စွမ်း ဘယ်လောက်ရှိသလဲ၊ မရှိဘူးလဲဆိုတာတွေပေါ် မူတည်ပြီးတော့လည်း ကျွန်မတို့ရဲ့လုပ်ငန်းငယ်လေး အောင်မြင်မယ်၊ မအောင်မြင်ဘူး၊ ရေရှည် ရပ်တည်နိုင်မယ်၊မရပ်တည်နိုင်ဘူးဆိုတာကိုအဆုံးအဖြတ်ပေးနိုင်ပါတယ်။ သေးငယ်ပေမယ့် အရေးကြီးတဲ့ဂရုပြုရမည့်အချက် တစ်ခုဖြစ်လို့ အခန်း ၁ ခန်းအနေနဲ့ ထည့်သွင်းဆွေးနွေးရေးသားရခြင်း လည်းဖြစ်ပါတယ်။


(၁) ဝယ်နေကြဖောက်သည်များ၏အကဲစမ်းမှုများ။

(က) ဖောက်သည်ကောင်းတစ်ယောက်ကို ကျွန်မရဲ့ဆိုင်ဝန်ထမ်းက ပစ္စည်းမှားပြီး ရောင်းလိုက်ပါ တယ်။ ပစ္စည်းအမှားကို သုံးလိုက်မိလို့ ဖောက်သည်ရဲ့ကုန်ကြမ်းပစ္စည်းတွေ ဆုံးရှုံးပျက်စီးကုန်တဲ့ အပြင် မှားပေးလိုက်တဲ့ ပစ္စဉ်းက ပစ္စည်းအမှန် ထက်တန်ဖိုးလေးဆလောက်ကြီးတဲ့ပစ္စည်းဖြစ်လို့ ကျွန်မမှာလည်း ထိခိုက်နစ်နာရပါတယ်။ ဖောက်သည်ကိုကောင်း ကောင်းမွန်မွန် အနူးအညွှတ် တောင်းပန်ပြီး သူသုံးနေကြပစ္စည်းအမှန်ကို တစ်ပြားမှမယူဘဲ အလကားပေးပြီး ဖြေရှင်း လိုက်ရပါ တယ်။ မှားပေးမိလိုက်တဲ့ တန်ဖိုးကြီးပစ္စည်းအပြင် နောက်ထပ်ပစ္စည်းပါ အလကားထပ်ပေးလိုက် ရပြီး ကျေနပ်အောင် တောင်းပန်လိုက်ရတာ တန်ရဲ့လားလို့ မေးရင် သိပ်ကိုတန်တယ်လို့ပဲ ဖြေရ ပါလိမ့်မယ်။ ကျွန်မဆိုင်က ဘယ်သူပဲအမှားလုပ်လုပ် ကျွန်မမှာ တာဝန်ရှိပါတယ်။ တာဝန်သိ တတ်စွာနဲ့ နစ်နာဆုံးရှုံးရတဲ့ တစ်ဖက်သား ဘက်ကို ပြန်ပြီး ဖြည့်ဆည်းပေးမှသာလျှင် တရားမျှတ တဲ့လုပ်ဆောင်ချက်ဖြစ်မှာပါ။ ပြီးတော့ ကိုယ့်ရဲ့ဖောက်သည်ကောင်း တစ်ယောက်ကို ပြိုင်ဘက် တွေဆီရောက်သွားမယ့် ရန်ကနေလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။

(ခ) ဈေးဝယ်ရာကို မလွဲသာဘဲ ကလေးငယ်တွေ ခေါ်လာရတဲ့ မိဘတွေရှိကြပါတယ်။ စားပွဲပေါ်က ပစ္စည်းတွေကို ဟိုဆွဲ၊ ဒီဆွဲလုပ်ကြပြီး မလုပ်ရလျှင် ငိုကြ၊ အော်ကြလေ့ရှိပါတယ်။ နွေနေပူပူမှာ ဈေးရောင်းရ၊ တွက်ရချက်ရတာ ခေါင်းရှုပ် ရတဲ့ကြားထဲမှာ ဒီလိုကလေးတွေပါလာတာကလည်း ခေါင်းမူးစေပါတယ်။ ဖောက်သည်တွေရဲ့ ရင်နှစ်သည်းချာလေး တွေဆိုတော့ ငေါက်မရ၊ ဆူမရနှင့် မို့ မျက်နှာမပျက်အောင် မနည်းထိန်းရလေ့ရှိပါတယ်။ အဲဒါကြောင့် ကလေးကြိုက်တဲ့ မုန့်လေးတွေဆောင်ထားပြီး အလွန်ဆော့တဲ့ကလေးတွေကို မုန့်ကျွေးပြီး ဆွဲဆောင်ထိန်းသိမ်းရပါတယ်။ ဒီတော့ သူတို့ သားသမီးအပေါ် မေတ္တာထားပြီး စိတ်ရှည်တဲ့အတွက် ကျွန်မတို့ဆိုင်ကို ပိုပြီးစွဲစွဲမြဲမြဲ အားပေးလာကြပါတယ်။

(ဂ) ဝယ်နေကြဖောက်သည်တစ်ယောက်က ကျွန်မဆိုင်မှာ မရှိတဲ့ပစ္စည်းတစ်မျိုးကို မကြာခဏ မေးလေ့ရှိပါတယ်။ သူက အဲဒီပစ္စည်းကို ဘယ်လိုဖြုန်းအားရှိပြီး ဘယ်လောက်များများဝယ်ကြောင်းတွေ ပြောလေ့ရှိလို့ ကျွန်မဆိုင်ပေါ်တင် ရောင်းပေးလိုက်ပါတယ်။ တကယ်တော့ သူ့မှာသူကြွားသလောက် ဖြုန်းအားမရှိသလို၊ ဝယ်အားလည်း မကောင်းတာ ကို တွေ့ရပါတယ်။ ဆိုင်ပေါ်မှာ အဲဒီပစ္စည်းတွေပုံပြီး ငွေအောင်းသွားတာပဲ အဖတ်တင်လိုက်ပါတယ်။ ဒါကြောင့် ဖောက်သည် ရဲ့ဝယ် အားအခြေအနေကို သိရအောင် လက်လီနည်းနည်းချင်း စမ်းတင်ပြီး အမြတ်မယူဘဲ ရောင်းပေး နိုင်အောင် ကြိုးစားရပါမယ်။ သူရဲ့ဝယ်အားတကယ်ကောင်းတယ်ဆိုတာ သေချာမှ လက်ကား ဝယ်တင်ပြီး အမြတ်ယူ ရောင်းချပေးရမှာဖြစ်ပါတယ်။

(၂) ပြိုင်ဘက်ဆိုင်များ၏ဖောက်သည်များမှ မိမိဆိုင်အပေါ်အကဲစမ်းမှုများ။

ပြိုင်ဘက်ဆိုင်တွေရဲ့ ဖောက်သည်များဟာ လုပ်ငန်းသဘောအရဖြစ်ဖြစ်၊ အိမ်နီးနားခြင်းမျိုးပဲ ဖြစ်ဖြစ် ကိုယ့်ဖောက် သည်ရဲ့မိတ်ဆွေတွေ ဖြစ်နေကြပြီး ကျွန်မတို့ဆိုင်တွေ၊ လုပ်ငန်းတွေဆီကို လမ်းကြုံသဘောပါလာတတ်ကြပါတယ်။ ဈေးခြင်း တူနေရင်တောင် "ဟိုဘက်ဆိုင်က ပိုပြီးဈေးသက်သာ တယ်"လို့ပြောပြီး ဖောက်သည်က ဈေးမဆစ်ဘဲ သူတို့က ကြားဝင် ဆစ်လေ့ရှိပါတယ်။

တစ်ခါက ပြိုင် ဘက်ဆိုင်မှာ ပစ္စည်းအမျိုးအစား (A)ကို လက်လီဝယ်တဲ့ဖောက်သည်နဲ့ အဲဒီပစ္စည်း (A)ကို ကျွန်မဆိုင်မှာ လက်ကားဝယ်တဲ့ဖောက်သည်တို့ဟာ တစ်ရွာတည်းနေ အသိအကျွမ်းများဖြစ်နေကြပါတယ်။ အဲဒီတော့ ကျွန်မရဲ့ဖောက်သည်က ပစ္စည်းကို လူကြုံဝယ်ခိုင်းခဲ့ပါတယ်။ ဝယ်ပေးတဲ့လူက ပြိုင်ဘက်ဆိုင်က နေပြီး လက်လီဝယ်ရင်းနဲ့ လက်ကားဈေးကို စုံစမ်းတော့ ဟိုဘက်ဆိုင်ရှင်ကလည်း ပြန်စပ်စုပြီးမှ လက်ကားဈေးကို တစ်ပြားမှမတင်ဘဲ အရင်းဈေး အတိုင်း ပြောလိုက်ပါတယ်။ အဲဒီဈေးဝယ်က ကျွန်မဆိုင် လာပြီး ဈေးဝယ်ပေးတော့ "ဈေးများပါတယ်"ဆိုပြီး အတင်းဈေးဆစ် ပါတယ်။ အခြေအနေသိလိုက်တော့ ကျွန်မအနေနဲ့ သူများနဲ့ ပြိုင်မရောင်းနိုင်ရင်လည်း ဖောက်သည်ဆုံးရှုံးရပါတော့မယ်။ ဒီတစ်ကြိမ် လျှော့လိုက်ရရင် နောက်အကြိမ်ကြိမ်လျှော့ရတော့မှာပါ။ တစ်ပြားမှ မမြတ်ဘဲလည်း ဈေးရောင်းစားလို့ မရပါဘူး။ ကျွန်မ စဉ်းစားရင်း idea ပေါ်လာပါတယ်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ လက်လီပစ္စည်းတွေ ရော ဘယ်ဈေးနဲ့ရခဲ့လဲလို့ မေးလိုက်ပါတယ်။ တစ်ပေါင်ကို ၆၀၀ ကျပ်ပါတဲ့။ "ကျွန်မဆိုင်မှာ တစ်ပေါင် ကို ၄၀၀ ကျပ်ပါ။ လက်လီနဲ့ လက်ကား ဈေးသိပ် မခွာပါဘူး။ ဟိုဘက်ဆိုင်က သူများဖောက်သည်လုချင် လို့ ဈေးဖြုတ်ပြီး တမင်ပြောတာပါ"လို့ ဖွဲ့ဖွဲ့နွဲ့နွဲ့ ချော့မော့ပြောပြီး တန်ပြန်စစ်ဆင်ရေးလုပ်ရပါတယ်။ တစ်လကိုပေါင် ၁၁၀ ဝယ်နေကြဖောက်သည်တစ်ယောက် မဆုံးလိုက်တဲ့အပြင် ဈေးလျှော့ စရာလည်း မလိုတော့သလို၊ တစ်လမှ ပေါင် ၂၀ ပဲဝယ်တဲ့ ဖောက်သည် လက်လီသမားတစ်ယောက်ပါ ရလိုက်ပါတယ်။ ဒါပေမယ့် လက်လီသမားကို တစ်ပေါင် ၅၀ အရှုံးခံပြီး ရောင်းပေးရခြင်းပါ။ ပေါင် ၂၀ ဆိုတော့ ငွေ ၁၀၀၀ ရှုံးပါတယ်။ တစ်လ ငွေ ၁၀၀၀ပေးပြီး လက်လီသမားတစ်ယောက်ကို ဝယ်ယူလိုက်တဲ့ သဘောပါ။ ပြီးတော့ အမြတ်များများပေးမယ့် ဖောက်သည် တစ်ယောက်ကိုပါ ဆက်ပြီး ထိန်းသိမ်းထား နိုင်တာလည်း တန်ပါတယ်။ နောက်ပိုင်းအခြေအနေကြည့်ပြီး ဖြည်းဖြည်းချင်း ဈေးပြန်မြှင့်ပြီး လက်လီ သမားဆီပေးနေရတဲ့ဝင်ငွေကို ပြန်သဲ့ရမှာပါ။
Nwe Ni Oo's photo.
(၃) ဆိုင်နီးနားခြင်းနှင့် ပတ်ဝန်းကျင်၏အကဲစမ်းမှုများ။

(က) ကျွန်မဆိုင်နှင့် မလှမ်းမကမ်းမှာ ခင်မင်ရင်းနှီးသော အပျိုကြီးညီအစ်မနှစ်ယောက်၏ဆိုင်ရှိပါတယ်။ သူတို့ဆေးဖော် စပ်ရာတွင် ပစ္စည်းအမယ်များစွာ စုဆောင်းဝယ်ယူကြသည့်ထဲက ကုန်တစ် မျိုးမှာ ကျွန်မဆိုင်တွင်ရှိပါသည်။ သူတို့က ကျွန်မဆိုင်ကို ဝယ်ယူအားပေးခြင်းမရှိပါ။ တစ်ခါတွင် ဆိုင်ဖွင့်ခါစ မနက်စောစောကြီး ကျွန်မဆိုင်လာပြီး အများအပြား ဝယ်ယူအားပေးသွားပါသည်။ ဈေးနှုန်းများ တစ်ထုပ်လျှင် ၂၅၀၀ ခန့်တက်သွားသည်ကို နေ့ခင်းပိုင်းဈေး စုံစမ်းမှာ ယူတော့မှ သိလိုက်ရရာ ကိုယ်ညံ့လို့ခံလိုက်ရသည်ဟုပဲ နှလုံးသွင်းပြီး မသိချင်ယောင်ဆောင်နေလိုက်ပါသည်။ နောက်နှစ်လ ခန့်ကြာသောအခါမှာလည်း ထိုအတိုင်း တစ်ခါထပ်ဖြစ်ပါသည်။ ကျွန်မကဈေးမပြောဘဲ ဘယ်နှထုပ် အားပေးမှာလည်း၊ ဘာညာနဲ့ ရင်းရင်းနှီးနှီးချည်ပြီးတုပ်ပြီး အပိုင်လုပ်ပစ်ပြီးမှ နောက်ဆုံးပြောင်းလဲနေတဲ့ တက်ဈေး အတိုင်း ရောင်းပေးလိုက်ရာ မကျေမနပ်နဲ့ မခေါ်နိုင်၊ မပြော နိုင်တွေ ဖြစ်ကုန်ကြပါတယ်။ ဒါလည်း မသိချင်ယောင် ဆောင်ပြီးနေလိုက်ရပါတယ်။ သူတို့က ရေ ရှည်ဖောက်သည်မဖြစ်နိုင်သလို၊ အနားကပ်ပြီး မနာလို တိုက်ခိုက်တတ်သူ တွေပါ။ Long term ကြည့်ပြီး အားမနာတော့ပဲ short term တစ်ခုစာအတွက် ပြန်ပြီးပညာပေးနိုင်အောင် လုပ်ဆောင် ခြင်းနဲ့ ခံခဲ့ရတဲ့ ဆုံးရှုံးမှု့ကို ရအောင် ပြန်ယူလိုက်ရတာပါ။

(ခ) ပညာတတ်၊ ဥစ္စာပေါ၊ ရုပ်ချောသောမိန်းမများဖြစ်စေ၊ ထိုအချက်ထဲက တစ်ချက်ရှိလျှင်ဖြစ်စေလိုချင်လှချည်ရဲ့၊ မှီခိုချင် လှချည်ရဲ့ဆိုတဲ့ ကြာကူလီယောက်ျားများနှင့် ကြာကူလီကဲ့သို့သော ယောက်ျားများစွာ ရှိကြပါသည်။ "အလကားရ နည်းလား၊ မရတော့ အရင်းပေါ့"ဆိုပြီး အနားရှိ သမျှ မိန်းခလေးတိုင်းကို မထိခလုတ်၊ ထိခလုတ်၊ ရိသဲ့သဲ့လုပ်သူများစွာ ရှိကြပါတယ်။ ဒီတော့ မိန်းကလေးများအနေနဲ့ ကိုယ့်စိတ်ကို သတိနဲ့ချွန်းအုပ်ပါ။ ကိုရီးယားအချစ်စိတ်ကူးယဉ် ဇာတ် လမ်းတွဲထဲက မင်းသားမျိုးဆိုတာ အပြင်မှာ တစ်ထောင်တစ်ယောက်တွေ့ဖို့ မလွယ်ပါဘူး။ ဒီယောက်ျားတွေကို လွယ်လွယ်မကြွေပါနဲ့။ လွယ်လွယ်မယုံပါနဲ့။

ယောက်ျားလေးဆိုရင်လည်း မိမိ ဘဝတက်လမ်းကို အညွှန့်ချိုးမယ့် မိန်းမ မျိုးကို ရှောင်ပါ။ ယောက်ျားတွေ တစ်ယောက်ပြီးတစ် ယောက်ယူပြီး ပိုင်းလုံးအလုပ်နဲ့ စီးပွားရှာနေတဲ့ မိန်းမတွေ မနည်း မနောကြီးရှိပါတယ်။ ပိုင်ရှင်ရှိ မိန်းမမျိုးကို လုံးဝရှောင်ပါ။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ အရည်အချင်းနဲ့ တက် လမ်း ရှိနေပြီဆိုရင် ဒုက္ခပေးချင်၊ တာဝန်ပေးချင်၊ အကဲစမ်းချင်တဲ့ လူတွေကအလုပ်ရဲ့ပတ်ဝန်း ကျင်မှာ ပိုပြီး ရှိနေတယ်ဆိုတာပါပဲ။ ဈေးထဲ၊ စီးပွားရေးအသိုင်းအဝိုင်းထဲမှာ ဝတ္ထုမဟုတ်တဲ့ ဇာတ်လမ်း စစ် စစ်တွေ အများကြီး ရှိပါတယ်။ ဒီလိုကိစ္စမျိုးဆိုတာ ကိုယ်တွေ့ကြုံပြီးမှ သင်ခန်းစာယူရမယ်ဆိုရင် ဘဝဟာ တော်တော်ကြီး ကံဆိုးသွားပါ လိမ့်မယ်။ သူများအတွေ့ အကြုံတွေကိုပဲ အကြားသိ၊အမြင်သိနဲ့ ဆင်ခြင်နှလုံးသွင်းပြီး သင်ခန်းစာယူတတ်ဖို့ လိုပါ တယ်။ ဘဝလက်တွဲဖော် ဆိုတဲ့ အဓိပ္ပါယ်ကို ကိုယ်တိုင်သေချာနားလည်ဖို့လိုသလို သင့်တော်တဲ့ လက်တွဲဖော်ကို သေချာ စိစစ်ရှာဖွေနိုင်ဖို့ လိုပါတယ်။

(၄) လူလိမ်၊ သူခိုး၊ ခါးပိုက်နှိုက်အပေါင်းတို့၏ အကဲစမ်းမှုများ။

မိန်းကလေးများ ဆိုင်ထိုင်လျှင် အသက်အရွယ်အမျိုးမျိုးသော ယောက်ျား၊ မိန်းမလူလိမ် အပေါင်းတို့က နည်းမျိုးစုံဖြင့် အကဲစမ်းပြီး လူပါးဝလေ့ရှိကြပါတယ်။ သင်္ကန်းခြုံထားတဲ့ ပုဂ္ဂိုလ်တစ်ဦးက ခပ်တည်တည်နဲ့ ဆိုင်ထဲလာထိုင်ပြီး ကောင်တာ စားပွဲပေါ်ကို အလှူခံလို့ရလာသမျှ ပိုက်ဆံမျိုးစုံကို ပုံချ ပစ်ပြီး စိမ်ပြေနပြေ တစ်ရွက်ခြင်းထိုင်ရေတွက်နေပါတယ်။ သီလရှင် ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတွေ ကလည်း ဘောက်ချာတွေနဲ့ အလှူခံပါတယ်။ ကန်တော့ဆွမ်းလောင်းရင် နှစ်ပြားမတန် အောင် ပြောဆို သွားတာတွေ ခံရလေ့ရှိပါတယ်။ "ခုမှထောင်ကထွက်လာတာမို့ လမ်းစားရိတ်ပေးပါ "ဆိုပြီးအလှူခံတာ လိုလို မိုက်ကြေးခွဲချင်တာလိုလို အရက်သမားတွေလည်း မရှားပါဘူး။

ရူးချင်ယောင်ဆောင်ပြီး ဆိုင်ပေါက်ဝလာပိတ်ပြီး အိပ်နေတဲ့ တဏှာရူးများကိုလည်း ကြုံဖူးပါတယ်။ ပစ္စည်းလေးနည်းနည်း ဝယ်ပြီး ၅၀၀၀ တန်ပေးပြီး အအမ်းတောင်းပါတယ်။ အမ်းတဲ့ပိုက်ဆံထဲက တစ်ရွက်ကို ခေါက်ရိုးအတိုင်း အသာဖြဲချပြီး ပြဲနေလို့ ပြန်လဲပေးပါဆိုပြီး လဲရာကနေ ပိုက်ဆံ သုံး၊ လေးထောင်ကို မျက်လှည့်ပြသလို ခိုးသွားတဲ့ လက်လှည့်ပညာရှင်များလည်း ရှိပါတယ်။ ပိုင်ရှင်ဆီက ပစ္စည်းတွေကို နည်းနည်းချင်း ပြန်ကဲ့ခိုးပြီး စုမိတော့မှ ကိုယ့်ဆိုင်ပြန်လာသွင်းတဲ့ လူတွေက ဘယ်လောက်တန်မှန်းမသိဘဲ ဈေးတွေပို တောင်းပြီး လဲလှယ်လေ့ရှိပါတယ်။ ရိပ်မိလို့ ပိုက်ဆံပြန်လဲမပေးရင် "ခင်ဗျားတို့ပဲ ဝယ်ပြီး ပစ္စည်းပြန် လဲပေးတယ် ဆို"လို့ ပြောလေ့ရှိပါတယ်။ ဆိုင်ရှေ့ပလက်ဖောင်းပေါ်ထိကားကို ခေါင်းတင်ထိုးပြီး ဆိုင်ဝကိုပိတ်ရပ် ထားတဲ့ လိုင်းကားမောင်း သမားများလည်း ရှိပါတယ်။ မျက်စောင်းထိုးကြည့်တာကို အရသာခံချင်လို့ဆိုတဲ့ စပ်ဖြဲဖြဲမျက်နှာပေးများနှင့် မိုက်မိုက်ရိုင်းရိုင်း အကဲစမ်းကြပါတယ်။ ဒီလို အရိုင်းအစိုင်းအကဲစမ်းမှုမျိုးကို ရှက်လို့ပဲဖြစ်ဖြစ်၊ ကြောက်လို့ပဲဖြစ်ဖြစ် ငုံ့ခံနေစရာမလိုပါဘူး။ ကိုယ့်ဆိုင် ရှိတဲ့ ဝန်ထမ်း ၂ ယောက်လောက်ကိုခေါ်ပြီး ကိုယ်ကရှေ့ဆုံးကနေ မားမားရပ်ပြီး မောင်းထုတ်ပစ်ရပါတယ်။

ပမာမခန့်ဆက်လုပ်နေရင် အနီးဆုံးနေရာမှာရှိတဲ့ ရဲ (သို့မဟုတ်) စည်ပင်ဝန်ထမ်း (သို့မဟုတ်) ရ.ယ.က လူကြီး တစ်ယောက် လောက်ကို သွားခေါ်ခိုင်းလိုက်ပါ။ ကိုယ်တိုင်ကတော့ ဆိုင်မှာ ပဲ ရှိနေပါစေ၊ ဆိုင်ပစ်ပြီး ဘယ်မှမသွားပါနဲ့။ ကျွန်မရဲ့အတွေ့ အကြုံအရတော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်ရုံနဲ့ ပြီးသွားခဲ့တာချည်းပါပဲ။ ဘယ်ဝန်ထမ်းမှ ခေါ်ပြီး အကူအညီ မတောင်းဘူး သေးပါဘူး။ အဓိကကတော့ "ကြောက်တတ်ရင်၊ ဖြဲခြောက်တယ်"ဆိုတဲ့ စကားကို မမေ့ဖို့ပါပဲ။ ကိုယ်က မကြောက်မှန်းသိရင်၊ သွေးအေးအေးနဲ့ ဒေါသမထွက်ဘဲ မာကျောခက်ထန်စွာ ရင်ဆိုင်နိုင်မှန်းသိရင် လူ့သတင်း လူချင်း ဆောင်ပြီး လာအကဲစမ်းမယ့်လူ၊ အနိုင်ကျင့်မယ်သူတွေ မရှိတော့ပါဘူး။

နေထက်ထက်အောင်
Sep;2013
Living Color Magazine


အမေရိကန်ပြည်ထောင်စုသည် အနာဂတ်တွင်စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးရန်လိုအပ်နေပြီလော

$
0
0

အမေရိကန်ကြည်းတပ်နှင့် ကမ်းတက်တပ်ဖွဲ့များသည် နိုင်ငံတော်၏တောင်းဆို
ချက်များနှင့် လိုလားချက်များ အားလုံးကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လုံလောက်မှုမရှိပါ။ သို့သော်လည်း အမေရိကန်ပြည်သူလူထုမှာ မုသား များဖြင့် နေသားတကျဖြစ်နေပြီ ဖြစ်ပါသည်။ ထိုမုသားမှာ အမေရိကန်တပ်မတော်တွင် အရည်အသွေးပြည့်ဝသော စစ်သားများနှင့် စစ်သမီးများတာဝန်ထမ်းဆောင်နေပြီး ၄င်းတို့၏စိတ်ဓာတ်မှာလည်းမြင့်မားကာ ထမ်းဆောင်နေရသော တာဝန်များနှင့် နာကျင်ခံစားရမှုများမှာ မပြောပလောက်ဟူသောမုသားဖြစ်ပါသည်။

အမေရိကန်ပြည်သူများမှာ စစ်မြေပြင်သို့သွားရောက်တာဝန်
ထမ်းဆောင်ရန် ပျက်ကွက်လျက်ရှိပြီး အမေရိကန်စစ်သည်များမှာလည်း စိတ်ပျက် ဒေါသထွက်လျက်ရှိပါသည်။ စစ်သည်များသည် အီရတ်စစ်မြေပြင်တွင်သတ်မှတ်ချိန်ထက်ပိုမို၍ ကြာမြင့်စွာတာဝန် ထမ်းဆောင်ရခြင်း၊ ဆုံးရှုံးမှုလျော့နည်းရေးနည်းဗျူဟာများ အလုပ်မဖြစ်ခြင်း၊ သောင်းကျန်းမှုနှိမ်နင်းရေးနည်းဗျူဟာများ ကိုအောင်မြင်စွာလုပ်ဆောင်နိုင်သူအလွန်နည်းပါးခြင်း၊ စစ်မြေပြင်တွင် အကြိမ်ကြိမ်တာဝန်ထမ်းဆောင်ရခြင်း၊ ၎င်းင်းတို့၏ မိသားစုများနှင့် ကြာမြင့်စွာခွဲခွာရခြင်း စသည်တို့အတွက် ဒေါသထွက်နေကြပါသည်။

စစ်သည်အများအပြားမှာ အီရတ် (သို့) အာဖဂန်နစ္စတန်တွင် နှစ်ကြိမ်ထက်မနည်းတာဝန်ထမ်းဆောင်ခဲ့ရပြီး ၄င်းတို့နှင့်သက်တူရွယ်တူ အမေရိကန် လူငယ် အမြောက်အများမှာ စစ်ပွဲအတွက် တစ်စုံတစ်ရာဆောင်ရွက်ရခြင်းမရှိပဲ
အေးအေးလူလူနေနေရပါသည်။ ထိုသို့ ဖြစ်လာရခြင်း၏ တစ်ခုတည်းသောအကြောင်းရင်းမှာ နိုင်ငံရေးခေါင်းဆောင်များသည် အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ပွဲ ၀န်ထုပ်ဝန်ပိုးတစ်ခုလုံးအား အင်အားနည်းပါးသော အမြဲတမ်းတပ်ဖွဲ့များအပေါ်သာ ပုံချထားခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

ထိုအချက်ကြောင့်ပင် စစ်သည်များတွင် ဒေါသ၊ နာကြည်းမှုများနှင့် စက်ဆုပ်ရွံရှာမှုများ တိုးပွားလာပါ သည်။ သို့သော်လည်း တစ်ခြုံကွယ်တမယ်မေ့ဆိုသော စကားအတိုင်း စစ်မြေပြင်တွင်တာဝန်ထမ်းဆောင်နေရ သော စစ်သည်များမှာ အမေရိကန်လူထု၏မျက်စိအောက် တွင် မရှိသည့်အတွက် အမေ့ခံနေရပါသည်။ အမေရိကန် တပ်မတော်နှင့် ပြည်သူလူထုကြား ကွာဟချက်သည် ဗီယက်နမ်စစ်ပွဲကတည်းက များစွာကြီးမားလာခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ စစ်ပွဲများတွင် ပြည်သူလူထုအနေဖြင့် ပွဲကြည့်သူအနေဖြင့်သာပါဝင်ခဲ့ပါသည်။ အမေရိကန်ပြည်သူလူထုအနေဖြင့် စစ်မှုမထမ်းမနေရစနစ် ပြန်လည်ပြဌာန်း ရန် လိုအပ်နေပြီကို အသိအမှတ်ပြုလက်ခံရပါမည်။

အချို့က စစ်မှုမထမ်းမနေရဥပဒေပြန်လည်ပြဌာန်းရန်မဖြစ်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမေရိကန် ပြည်ထောင်စုသည် ရုပ်ဝတ္တုပစ္စည်းသုံးစွဲမှုကိုသာ အလေးထားလွန်းပြီး ယဉ်ကျေးမှုပိုင်းတွင် အကြီးအကျယ်ယိုယွင်း လျက်ရှိကာ ညီညွတ်ခိုင်မာသော နိုင်ငံမဟုတ်တော့သောကြောင့်ဟု စောဒကတက်နိုင်ပါသည်။ အချို့သူများက စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်များသည် ၎င်းင်းတို့၏လုပ်ပိုင်ခွင့်များအပေါ် လူထုကကန့်သတ်လာမည်ကို စိုးရိမ် သောကြောင့် စစ်မှုမထမ်းမနေရစနစ်ကျင့်သုံးရန် မဖြစ်နိုင်ကြောင်း စောဒကတက်ခဲ့ကြသည်။ ထို့အပြင် ၎င်းင်းတို့သည် ဗီယက်နမ်စစ်ပွဲတွင် ရှုံးနိမ့်စဉ်ကကဲ့သို့ ပြည်သူလူထု၏စိတ်ဓါတ် ကျဆင်းသွားမည်ကို စိုးရိမ်လျက်ရှိပါသည်။

အမေရိကန်ကြည်းတပ်နှင့်ကမ်းတက်တပ်ဖွဲ့များသည် ၎င်းင်းတို့၏စွမ်းဆောင်ရည်ထက်ကျော်လွန်၍ တာဝန်ပေး ခံခဲ့ကြရပါသည်။ ရှေ့တန်းစစ်မြေပြင်တွင် အမြဲတမ်းတာဝန်ထမ်းဆောင်ရခြင်းကြောင့် စစ်သည်များနှင့်၎င်းင်းတို့မိသားစု များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာခံစားချက်များ တဖြေးဖြေးထိခိုက်ပျက်စီးခဲ့ပါသည်။ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် အင်အားကြီးမားသောရန်သူကို ရုတ်ခြည်းတုံ့ပြန်နိုင်မည့် မဟာဗျူဟာအရန်တပ်ဖွဲ့ မရှိပါ။ အမျိုးသားလုံခြုံရေးအတွက် ကြည်းတပ်နှင့် ကမ်းတက်တပ်ဖွဲ့ အင်အားကိုများစွာတိုးချဲ့ရန်လိုအပ်ပါသည်။လက်ရှိ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေများတွင် ထိုသို့တပ်အင်အားတိုးချဲ့ရန် တစ်ခုတည်းသောနည်းလမ်း မှာ စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းခြင်းသာရှိပါသည်။

ဗီယက်နမ်စစ်ပွဲအပြီးနှစ်ပေါင်းများစွာအကြာတွင် အမေရိကန်တပ်မတော်သည်သီးခြားစံနှုန်းတန်ဖိုးများ၊ ကျင့်ဝတ်များ၊ ယုံကြည်ချက်များရှိသော]]တပ်အသိုင်းအ၀ိုင်း}}အုပ်စု တစ်ခုဖြစ်လာခဲ့ပါသည်။(တပ်မတော် အိမ်ထောင်စု အရေအတွက်သည် စုစုပေါင်းအမေရိကန်အိမ်ထောင်စု၏ ၀.၅%သာရှိပါသည်) ၎င်းင်းတို့သည် အမေရိကန် ပြည်ထောင်စုအတွက် စစ်ပွဲများကို ၁၉၇၃ ခုနှစ်မှ ယနေ့တိုင်တိုက်ခိုက်ပေးလျက်ရှိပါသည်။ စစ်မှုမထမ်းမနေရဥပဒေ အဆုံးသတ်ခဲ့သည့် ၁၉၇၃ ခုနှစ်မှစ၍ မေရိကန်ပြည်သူများသည် စစ်ပွဲများနှင့် ပတ်သတ်ရန်မလိုအပ်တော့ပါ။

၎င်းတို့ ကလည်း ပတ်သတ်လိုစိတ်မရှိပါ။ ဗီယက်နမ်စစ်ပွဲကြောင့်နိုင်ငံအတွင်းတွင် စစ်ဆန့်ကျင်ရေးစိတ်ဓါတ်များ ရေဂင်အစိုးရ အဖွဲ့ မတိုင်မီကာလထိ ကြီးထွားပေါ်ပေါက်ခဲ့ပါသည်။ ရေဂင်အစိုးရ
သည်လည်း ပြည်သူလူထုအား စစ်ရေးကိစ္စများ နှင့်ပတ်သတ်လာစေရန် မကြိုးစားခဲ့ပါ။ ပြည်သူလူထုအားနိုင်ငံတော်၏ စစ်ပွဲများနှင့်မပတ်သတ်စေရန် ဆက်လက် ဆောင်ရွက်ပြီး ထိုသို့မသိသာဆိုးရွားမှုများကြောင့် စစ်ရေးနှင့်အမျိုးသားလုံခြုံရေးကို များစွာထိခိုက်ခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုတွင် ၉^၁၁ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ဘုရှ်အစိုးရသည် ]]အကြမ်းဖက်မှု နှိမ်နင်းရေးစစ်ပွဲ}}အားကြေငြာခဲ့ပြီး ရန်လိုသောမဟာဗျူဟာအသစ်ဖြစ်သည့် ]]လက်ဦးမှုရယူရေးမဟာဗျူဟာ}} (တကယ် တမ်းတွင် ကြိုတင်ကာကွယ်ရေးစစ်ပွဲ)အား ဖော်ထုတ်ခဲ့ပါသည်။ ထို့နောက် အာဖဂန်နစ္စတန်နှင့် အီရတ်တွင် စစ်ပွဲများ ဆင်နွဲစေခဲ့ပါသည်။ အမေရိကန်တပ်ဖွဲ့များအား အာဖရိကဦးချိုဒေသနှင့် ဖိလစ်ပိုင်တို့ကဲ့သို့ အခြားနေရာများတွင် လည်း တပ်ဖြန့်စေခဲ့ပါသည်။ ဘုရှ်အစိုးရသည် ထိုသို့ကျယ်ပြန့်လှ သောစစ်ပွဲများကိုတိုက်ခိုက်ရန် ယခင်ကတည်းက ရှိပြီးဖြစ်သော တပ်ဖွဲ့ကိုသာသုံးစွဲခဲ့ပြီး ရှည်ကြာခက်ခဲသောစစ်ပွဲ
အတွက် ပြည်သူလူထုအားစည်းရုံးခဲ့ခြင်းမရှိပါ။

ထို့ကြောင့် အကြမ်းဖက်မှုနှိမ်နင်းရေးစစ်ပွဲဟုအမည်ခံထားသောစစ်ပွဲ၏ ၀န်ထုပ်ဝန်ပိုးသည် ကြည်းတပ်၊ ကမ်းတက်တပ်၊ ရေတပ်၊ လေတပ်၊ ပြည်စောင့်တပ်နှင့် အရန်တပ်ဖွဲ့များအပေါ် ဖိစီးလျက်ရှိပါသည်။ စစ်ပွဲဝန်ထုတ် ၀န်ပိုးအား အမေရိကန်ပြည်သူသန်း ၃၀၀ ၏ ၁ % ထက်နည်းသော တပ်မတော်ကသာ ထမ်းထားရခြင်းဖြစ်
ပါသည်။ပိုဆိုးသည်မှာ ပြည်သူလူထုကိုစစ်ဆင်နွှဲရေးပြဿနာမှ ဖယ်ထုတ်ထားသည့်အတွက် ပြည်သူအား ထည့်သွင်းစဉ်းစားရန် မလိုပဲ စစ်ပွဲဆင်နွှဲရန်ပိုမိုလွယ်ကူခြင်းဖြစ်ပါသည်။ ဂျွန်ဆင်နှင့် နစ်ဆင်အစိုးရအဖွဲ့များတွေ့ကြုံခဲ့ရသော စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများပေါ်ပေါက်လာမည်ကိုလည်း စိုးရိမ်စရာမလိုတော့ပါ။

သမ္မတဘုရှ်၏စစ်ပွဲများသည် အမျိုးသားစစ်ပွဲအသွင်အဆောင်ခဲ့ပါ။ တကယ်တမ်းတွင် သမ္မတဘုရှ်ပြောကြား ခဲ့သော ]] အမေရိကန်ပြည်ထောင်စုမှာ စစ်ပွဲနှင့်ရင်ဆိုင်နေရပြီ}} ဟူသော အပြောမှာမှားယွင်းပြီး ထိုအစား ]] အမေရိကန် တပ်မတော်ကသာ စစ်ပွဲနှင့်ရင်ဆိုင်ရပြီး ပြည်သူလူထုကပွဲကြည့်သူ (သို့)စိတ်မ၀င်စားလှသောဘေးမှရပ်ကြည့်သူသာ ဖြစ်သည်}}ဟုဆိုပါမှ ပို၍မှန်ပါလိမ့်မည်။ ပြည်သူလူထုအနေဖြင့် စစ်ပွဲနှင့်ပတ်သက်၍ မည်သည့်တာဝန်ယူမှု၊ မည်သည့်ယုံကြည်မှုမှမရှိခဲ့ပါ။

တကယ်တမ်းတွင် စစ်ကြေငြာပြီးနောက် ဘုရှ်အစိုးရသည် အခွန်ကောက်ခံမှုအား လျှော့ချခဲ့ပြီး အမေရိကန်ပြည်သူ
များအား ဈေးဝယ်ထွက်ပြီးသုံးဖြုန်းကြရန်ပင် အားပေးခဲ့သည်။ ဘုရှ်သည် ပြည်သူလူထု အား တိုင်းပြည်အတွက် အနည်းငယ်မျှပေးဆပ်ရန်ပင် မတောင်းဆိုခဲ့သလို စိတ်ဓါတ်နှင့်အကျင့်စရိုက်များ
ပိုမိုကောင်းမွန် လာစေရန်အတွက်လည်း ပြုပြင်ပေးခဲ့ခြင်းမရှိပါ။ ဘုရှ်အနေဖြင့် ပြည်သူလူထုအား လောဘကြီးရန်နှင့် ကိုယ်ကျိုး ကြည့်ရန်အတွက်သာ အားပေးအားမြှောက်ပြုခဲ့ပါသည်။ ၎င်းင်းအပြုအမူများသည် အမေရိကန်သမ္မတတစ်ဦး အနေဖြင့် စစ်ပွဲကာလတွင် ကျင့်ကြံခဲ့ကြသည့် အစဉ်အလာမဟုတ်သလို ပြည်သူလူထုအနေဖြင့်လည်း စစ်ပွဲကာလတွင် ကျင့်ကြံ ရမည့် အမေရိကန်တို့၏အစဉ်အလာများကို ချိုးဖောက်ခဲ့ကြပါသည်။

အဘယ့်ကြောင့်စစ်မှုမထမ်းမနေရစနစ်ကျင့်သုံးရမည်နည်း

လက်ရှိအချိန်တွင်ကြည်းတပ်နှင့် ကမ်းတက်တပ်များ၌ စစ်သည်အင်အားအလွန်နည်းပါးနေပြီး စစ်သည်များ အနေဖြင့် မနိုင်ဝန်ထမ်းဆောင်နေရသဖြင့် စစ်မှုမထမ်းမနေရစနစ်အား မဖြစ်မနေကျင့်သုံးရန် လိုအပ်ပါသည်။ သို့ရာ တွင် ထိုအချက်သည် စစ်မှုမထမ်းမနေရစနစ်ကျင့်သုံးသင့်သည့် အကြောင်းရင်းများစွာအနက်မှ တစ်ခုဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုသည်တောင့်တင်း၍အင်အားကြီးထွားနေသော ရန်သူအစစ်အမှန်ဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်ပါသည်။ ထိုရန်သူများပေါ်ပေါက်လာရခြင်းတွင် ညံ့ဖျင်းသောနိုင်ငံခြားရေးနှင့် စစ်ရေးပေါ်လစီများ တစ်စိတ်တစ်ပိုင်း ပါဝင်ပါသည်။

လွန်ခဲ့သောနှစ်ပေါင်း ၆၀ အတွင်းက ကမ္ဘာတစ်ဝန်းတွင်ဖြန့်ကျက်ထားသော အမေရိကန်တပ်ဖွဲ့များ သည် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ချမ်းသာ<ကယ်ဝရေးနှင့် ထိုနိုင်ငံမှ ပြည်သူလူထုများသည်အိမ်နီးချင်းနိုင်ငံများ၏ ကျူးကျော်မှုအား စိုးရိမ်စရာမလိုပဲအေးချမ်းစွာ စီးပွားရှာနိုင်ရန်အတွက် အကာအကွယ်ပေးခဲ့ပါသည်။ ကိုရီးယားမှသည် ဥရောပတိုက်အထိတပ်ဖြန့်ထားသော အမေရိကန်တပ်ဖွဲ့များသည် ထိုအခြေအနေအား ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။

အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်စစ်အင်အား ပိုမိုလိုအပ်လာသောအခါ ကာကွယ်ရေးဝန်ကြီးRumsfledလက်ထက်တွင် အမေရိကန်တပ်ဖွဲ့များအား တစ်ဖက်သတ်ရုပ်သိမ်းမှုက ရန်လိုမှုများအတွက် အခွင့်အလမ်းအသစ် ဖြစ်စေခဲ့ပါသည်။ ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် မဟာဗျူဟာအရန်တပ်ဖွဲ့အဖြစ် အဓိကအားဖြင့် လေတပ် နှင့် ရေတပ် အင်အားသာရှိပါသည်။ အမေရိကန်ပြည်ထောင်စုကြည်းတပ်အနေဖြင့်မူ ရန်သူအသစ်နှင့် ရန်သူအဟောင်း များအား ပြည့်ပြည့်၀၀ရင်ဆိုင်နိုင်ခြင်း မရှိပါ။ 

အမေရိကန်တပ်မတော်၏သောင်းကျန်းမှုနှိမ်နင်းရေးစစ်သဘောတရားအရ အီရတ်နိုင်ငံ၏ အရွယ်အစားနှင့် လူဦးရေတွင်သောင်းကျန်းမှုနှိမ်နင်းရေးစစ်ပွဲဆင်နွဲရန် စစ်သည်လေးသိန်းမှ ငါးသိန်းအတွင်းလိုအပ်မည်ဖြစ်သော်
လည်း လက်တွေ့တွင်မူ စစ်သည် နှစ်သိန်းခန့်သာတပ်ဖြန့်ထားနိုင်ပြီး မနိုင်ဝန်ထမ်းနေရပါသည်။ ယခုနှစ်ပိုင်းများအတွင်းတွင် အီရတ်နိုင်ငံ၏ တည်ငြိမ်မှုသည် အချိန်မရွေးပျက်ပြားသွားနိုင်ပြီး နောင်နှစ်
အတန်ကြာထိတိုင်အောင် အမေရိကန်တပ် အင်အားအများအပြား အီရတ်တွင်ရှိနေရန်လိုအပ်နေဦးမည် ဖြစ်ပါသည်။

တာလီဘန်နှင့် အယ်လ်ခိုင်ဒါတပ်ဖွဲ့များသည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တွင် ခြေကုပ်ယူပြီး ပြန်လည် ခေါင်းထောင်လာခြင်းကို တားဆီးရန်အတွက် နေတိုးမဟာမိတ်တပ်ဖွဲ့များအနေဖြင့် အင်အားနှင့်ခေါင်းဆောင်မှု လိုအပ်လျက် ရှိပါသည်။

မြောက်ကိုရီယားအစိုးရ၏ တည်ငြိမ်မှုသည်လည်း မရေရာသောအခြေအနေတွင်ပင် ရှိနေပြီး ခေါင်းဆောင် အပြောင်းအလဲဖြစ်ပေါ်လာနိုင်ပါသည်။ မြောက်ကိုရီယားကဲ့သို့ လူတစ်စုကအာဏာကိုချုပ်ကိုင်ထားပြီး စနစ်တကျ ခေါင်းဆောင်အပြောင်းအလဲအတွက် လိုအပ်သောအဖွဲ့အစည်းစနစ်နှင့် အခြေခံဥပဒေ
မရှိသောနိုင်ငံများတွင် နိုင်ငံရေးအာဏာခိုင်မြဲရေးအတွက် စစ်ပွဲသည်သာရွေးစရာဖြစ်တတ်သဖြင့် အခြေအနေမှာမရေမရာရှိနေပါသည်။ သို့သော်လည်း အမေရိကန်သည် တောင်ကိုရီးယားရှိ အမှတ် (၂) ခြေလျင်တပ်မမှ အင်အားအများစုကို ပြန်လည် ရုပ်သိမ်းခဲ့ပါသည်။

လက်ရှိအနေအထားကို ကျေနပ်နိုင်ခြင်းမရှိသည့်အတွက် လက်တလောတွင်ပင် ရုရှားသည် ဂျော်ဂျီယာအား ကျူးကျော်ခဲ့ပါသည်။ ထို့အပြင်ရုရှားသည်ယူကရိန်းအစိုးရအား မတည်ငြိမ်ဖြစ်စေရန်
သွေးထိုးပေးလျှက်ရှိပြီး အမေရိကန်၏အရှေ့ ဥရောပတွင် ဒုံးပျံကာကွယ်ရေးစနစ်တပ်ဆင်မည့် အစီအစဉ်အားလည်း စိန်ခေါ်လျက်ရှိပါသည်။ရုရှားရေတပ်သည်လည်းအင်အားတောင့်တင်းသောတပ်ဖွဲ့အဖြစ် တဖန်ပြန်လည်ရောက်ရှိ
လာပြီဖြစ်ပါသည်။သို့တိုင်အောင် အမေရိကန်တို့သည်ဥရောပမှ အင်အားတောင့်တင်းသောတပ်မကြီး ၂ ခုအားပြန်လည်ရုပ်သိမ်းခဲ့ပြီး ရေတပ်အင်အားအမြောက်အများသည်လည်း ပါရှန်းပင်လယ်ကွေ့ဒေသတွင် တာဝန်ယူထားရပါသည်။

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကျွန်းလုံခြုံရေးအတွက် ယနေ့ထိတာဝန်ယူထားရဆဲဖြစ်ပါသည်။ တရုတ်ပြည်သူ့
လွတ်မြောက်ရေးတပ်မတော်သည် ရေတပ်အင်အားကိုအလျင်အမြန်တိုးချဲ့လာခဲ့ရာ အထူးသဖြင့် အသံ တိတ်ဆိတ်သော ဒီဇယ်ရေငုပ်သင်္ဘောတပ်ဖွဲ့အား တိုးချဲ့လာနိုင်ပြီး ဆက်သွယ်ရေးဂြိုလ်တုအား ပစ်ခတ်ဖျက်ဆီး
နိုင်စွမ်းရှိသည်အထိ တိုးတက်လာခဲ့ပါသည်။ ကြည်းတပ်ဖွဲ့များကိုလည်း အလားတူခေတ်မှီအဆင့်မြှင့်တင်မှုများ ပြုလုပ် ခဲ့ပါသည်။ 

သို့တိုင် အမေရိကန်ပြည်ထောင်စုအနေနှင့်မူ သမားရိုးကျစစ်ပွဲတစ်ရပ်ဆင်နွဲရန်အတွက် တောင့်တင်းသော မဟာဗျူဟာအရန်တပ် မရှိပါ။

ဆက်လက်ဖော်ပြမည်။

မူရင်းရေးသားသူ-  ထက်ဆွေဦး

https://www.facebook.com/ya.naing.1/posts/981107095245632  မှ ကူးယူဖော်ပြပါသည်။ 

ကျနော်နဲ့တပ်မတော်၊ အပိုင်း(၅)

$
0
0

၁၇။ ဖေဖေတပ်ခွဲမှူး(ဗိုလ်မှူး)တာဝန် ထမ်းဆောင်နေစဉ်မှာ ကျနော်က(၅)နှစ်သားပဲ ရှိပါသေးတယ်။ စစ်ဆင်ရေးကပြန်လာတဲ့ ဖေဖေပြောပြလို့ စစ်ပွဲတွေအကြောင်းကို ပုံပြင်တစ်ပုဒ်နားထောင်သလို စတင်ကြားခဲ့ရတယ်။ ယနေ့အထိမှတ်မိသမျှထဲ တစ်ခုသောစစ်ဆင်ရေးကအပြန် ဖေဖေ့ယူနီဖေါင်းစုတ်ပြဲပြီး ဖိနပ်ချွတ်လိုက်ချိန်မှာ ခြေမကပုပ်ပြီး ရောင်ကိုင်းနေပါတယ်။ ညဘက်ရောက်တော့ ကျနော်တို့မိသားစုကို ဖေဖေက အကြောင်းစုံပြောပြပါတယ်။ 



စစ်တိုက်တိုင်း မိမိချည်းနိုင်နေတယ်ဆိုတာ မရှိပါဘူး။ မိမိကနိုင်လိုက် ရန်သူကနိုင်လိုက်နဲ့ တစ်လှည့်စီတော့ ရှိမှာပါ။ အဲဒီစစ်ဆင်ရေးတစ်ခေါက်မှာ ရန်သူရဲ့ခြုံခိုတိုက်ခိုက်ခံရတာကြောင့် ဖေဖေရဲ့တပ်ခွဲဟာ ကစဥ့်ကလျားဖြစ်ခဲ့ပြီး လူစုကွဲသွားပါတယ်။ ဖေဖေလည်းကျောက်တုံးညှပ်ပြီး လမ်းမလျောက်နိုင်တော့ တပည့်ရဲဘော်က တရွတ်ဆွဲပြီး လျှိုထဲကိုလှိမ့်ဆင်းခဲ့ရပါတယ်။ ဖေဖေရဲ့စစ်ဆင်ရေးသေတ္တာငယ်ကို ရန်သူကရရှိသွားပါတယ်။ အခြားသောစစ်သည်တွေနဲ့ ပြန်တွေ့ခဲ့ပေမယ့် တောထဲမှာ(၃)ရက်လောက် လမ်းပျောက်၊ အစာရေစာပြတ်နေတာကြောင့် အားပြတ်နေကြပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ အာဝေဏိကဂုဏ်တော်တွေကို ပွားများနေတာကြောင့် တောကြီးမျက်မည်းထဲမှာ မုဆိုးတစ်ဦးနဲ့ တွေ့ခဲ့ပါတယ်။ မုဆိုးကသူ့မှာပါတဲ့ ထမင်းထုပ်ကို ဖေဖေနဲ့စစ်သည်(၅)ယောက်လောက်အတွက် ပေးပြီး တပ်စခန်းတစ်ခုကို လမ်းပြပေးခဲ့ပါတယ်။ နောက်တစ်ကြိမ်စစ်ဆင်ရေးမှာ ဖေဖေလိုက်မသွားရဘဲ ခေတ္တဌာနချုပ်တပ်ခွဲမှူးတာဝန်နဲ့ တပ်ရင်းဌာနချုပ်မျာ နေခဲ့ရပါတယ်။ ဖေဖေ့တပ်ခွဲကိုတော့ အခြားအရာရှိတစ်ဦးက တပ်ခွဲမှူးအဖြစ်လိုက်ပါသွားပါတယ်။ 


တစ်ရက်မှာတော့ ဖေဖေအိမ်မှာထမင်းစားနေတုန်း ဆသရရဲဘော်က စာတစ်စောင်လာပေးပါတယ်။ စာကိုဖတ်နေရင်း ဖေဖေဟာမျက်ရည်တွေဝဲလာပြီး ထမင်းတောင်ဆက်မစားတော့ပါဘူး။ ကျနော်တို့မိသားစုလည်း ဖေဖေ့ကိုကြည့်ပြီး အလိုလိုစိတ်မကောင်းဖြစ်သွားကြတယ်။ မိသားစုထမင်းဝိုင်းဟာ ချက်ချင်းပဲတိတ်ဆိတ်သွားပြီး အားလုံးက ဖေဖေ့မျက်နှာကိုပဲကြည့်နေမိတယ်။ ငါ့တပည့်တွေတိုက်ပွဲကျကုန်ပြီ၊ ဘယ်သူဘယ်ဝါတွေပါသွားပြီလို့ တစ်လုံးချင်းစီ ဖေဖေက ပြောပါတယ်။ မှတ်မိသလောက် အရာရှိ၊စစ်သည်(၁၁)ဦး တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ကြပါတယ်။ အဲဒီသတင်းကြောင့် ဖေဖေကရက်အတန်ကြာသည်အထိ ထမင်းကောင်းကောင်းမစားနိုင်တာ တွေ့ခဲ့ပါတယ်။


၁၈။ ခမရ(၁၀၄)မှာ တပ်စုမှူးတာဝန်ထမ်းဆောင်ရင်း ရန်သူပစ်လိုက်တဲ့ လက်နက်ကြီးကျည် အနီးကပ်ကျရောက်ပေါက်ကွဲမှုကြောင့် ဦးခေါင်းနဲ့နောက်ကျောအနှံ့ စပင်နာစတွေဝင်သွားတာကြောင့် သတိလစ်သွားတဲ့ ဖေဖေ့ကို ရဟတ်ယာဉ်နဲ့ ဘားအံဆေးရုံကို တင်ခဲ့ကြတယ်။ ဘားအံဆေးရုံရောက်တဲ့အချိန်မှာ ရက်သတ္တပတ်ကြာမေ့မြောနေတဲ့ ဖေဖေ့ကိုခွဲစိတ်ရာမှာ ဒဏ်ရာမှာပြည်တည်ပြီး လောက်တွယ်နေပြီ ဖြစ်ပါတယ်။ ဘားအံဆေးရုံကမှ မော်လမြိုင်ဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက်မှ သတိပြန်လည်လာခဲ့ပါတယ်။ သခင်သန်းထွန်းဦးစီးတဲ့ ဗကပဗဟိုကို ၀ိုင်းပတ်ပိတ်ဆို့တဲ့ စစ်ဆင်ရေးမှာပါဝင်ခဲ့တယ်။ ကျွဲပွဲနဲ့ညောင်ခြေထောက်ကြားက ဘုရားနှစ်ဆူရွာမှာ စခန်းချနေတုန်း သခင်သန်းထွန်းအလောင်းကို မြေမြုပ်ရာမှာပါဝင်တဲ့ ရဲဘော်မြ(ခေါ်)မြကြီးကို လက်ရဖမ်းမိခဲ့ပါတယ်။ အဲဒီနောက် သခင်သန်းထွန်းအလောင်းကို မြရာပင်ကြောတစ်လျောက်ရှာဖွေပြီး ရဲဘော်မြကြောင့် တူးဖေါ်ပြီး နေရာမှာတင် မီးသင်္ဂြိုလ်ကာ အရိုးပြာအိုးကို အထက်ဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ရတယ်။ ဖေဖေရဲ့သူငယ်ချင်း ဗိုလ်ကြီးဟန်သိန်းလည်း ပဲခူးရိုးမ၊ ရဲနွယ်ချောင်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတယ်။ ဒါတွေက ဖေဖေပြောပြလို့ ကျနော်မှတ်သားမိတာပါ။


၁၉။ စစ်ဆင်ရေးတစ်ခေါက်ပြန်လာတိုင်း ဖေဖေ့အတွေ့အကြုံတွေကို နားထောင်ရတာ ကျနော့်အတွက် မရိုးနိုင်ပါဘူး။ တစ်ကြိမ်နဲ့တစ်ကြိမ်ကလည်း ရန်သူအမျိုးအစားမတူသလို အဖြစ်အပျက်တွေကလည်း မတူပါဘူး။ တိုက်ပွဲတွေအကြောင်း ပြောပြီးတိုင်း ဖေဖေအမြဲတမ်းမှာတာက ရန်သူကို အထင်လည်းမကြီး၊ အထင်လည်း မသေးမိပါစေနဲ့။ ဖေဖေ့ရဲ့တိုက်ပွဲအတွေ့အကြုံတွေကို နားထောင်ရင်း၊ ဆွန်ဇုမှသည် နပိုလီယံ၊ ရွန်းမဲလ်အထိ စာအုပ်တွေဖတ်ပြီး ကျနော် စစ်တက္ကသိုလ်ရောက်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဖေဖေဟာ ဒုတိယတပ်မမှူးဖြစ်နေပါပြီ။


၂၀။ တပ်မတော်သားတစ်ယောက်အဖို့ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်ရတဲ့အပြင် သူ့ရဲ့ဇနီးဟာလည်း နိုင်ငံနဲ့တပ်မတော်အတွက် တစ်ထောင့်တစ်နေရာက တာဝန်ထမ်းဆောင်ရပါတယ်။ ပါရမီဖြည့်ဘက်တို့ရဲ့ လုပ်ငန်းဆောင်တာတွေက တပ်တွင်းစည်းလုံးရေး၊ သာယာလှပရေး၊ မိသားစုသက်သာချောင်ချိရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တပ်မတော်သားတစ်ယောက်ဖြစ်ဖို့၊ တပ်မတော်သားမိသားစုဝင်ဖြစ်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ တပ်မတော်သားမိသားစုဝင်တွေဟာ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀မျိုးစုံကို စစ်သည်နဲ့အတူ ရင်ဆိုင်ဖြတ်သန်းရဲရပါမယ်။ အကယ်၍ စစ်သည်ဟာ တိုက်ပွဲကျ၊ သေဆုံးသွားခဲ့ရင် ရင်ကွဲမတတ်ခံစားရင်း ဘ၀ကိုခက်ခက်ခဲခဲ ဖြတ်သန်းရပါအုံးမယ်။ စစ်သည်ဒုက္ခိတဖြစ်ခဲ့ရင်လည်း ကံတရားကိုသာ ယိုးမယ်ဖွဲ့ရင်း စစ်မှုထမ်းဟောင်းတာဝန်တွေကို ထပ်ပြီးထမ်းဆောင်နေရပါအုံးမယ်။

-----------------------------------

(အပိုင်း-၆ ဆက်ပါအုံးမည်)

Zarni Yan

လူငယ်နှင့် ကိုယ်ပိုင်လုပ်ငန်း (နိဂုံး)

$
0
0
Nwe Ni Oo's photo.
(၁) ဗဟုသုတရှိခြင်း။

စာအုပ်စာပေတွေကနေ ရရှိလာမယ့် ဗဟုသုတတွေ၊ အသိပညာတွေ ရှိမယ်၊ ကိုယ့်တွေ့ကြုံရ၊ သိရတဲ့ ဗဟုသုတ တွေရှိမယ်၊ လုပ်ငန်းခွင်မှာ တွေ့ကြုံရမယ့် ဗဟုသုတတွေ၊ အသိပညာတွေရှိမယ်။ ရရှိတွေ့ကြုံရမယ့် ဗဟုသုတတွေ၊ အသိပညာတွေဟာပျော်စရာ၊ ကြည်နူးစရာတွေချည်းရမှာမဟုတ်ဘဲ စိတ်ညစ်စရာတွေ၊ စိတ်ဆင်းရဲစရာတွေ၊ အတိုက် အခံတွေဆီကနေလည်း ရမှာဖြစ်ပါတယ်။ ကြုံရသ မျှကို သင်္ခန်းစာရအောင် ယူဖို့တော့ လိုပါတယ်။


ကျွန်မတို့က အထည်ဆိုင်ဖွင့်ဖို့ ရည်ရွယ်တယ်ဆိုကြပါစို့။ အနည်းဆုံး တစ်နှစ်လောက်တော့ အောက်သက်ကြေဖို့ ပညာသင်သင့်ပါတယ်။ ဒါမှသာလျှင် အထည်စတွေကို ကိုက်ထိုးဖြတ်တာတွေ၊ ခေါက်ပုံ၊ သိမ်းပုံတွေ၊ သူ့ရာသီအလိုက် ခေတ်စားတာတွေ၊ ဒီဇိုင်းတစ်မျိုးဟာ ဘယ်နှစ်လလောက်ထိ အရောင်းသွက်သလဲဆိုတာတွေ၊ ဘယ်အချိန်မှာအရောင်း အေးပြီး ဘယ်အချိန်ဆို အရောင်းသွက် တယ်ဆိုတာတွေကို သိရမှာဖြစ်ပါတယ်။ အဝယ်လိုက်လို့ ဆိုင်တိုင်းမှာတင်တဲ့ အထည် (သို့မဟုတ်) အဝတ်အစား ဒီဇိုင်းမျိုးကို ဘယ်ဈေးနဲ့ ရောင်းရတယ်၊ အမြတ်ဘယ်လောက်ပဲ တင်တယ်၊ လက်လီနဲ့ လက်ကားဘယ်လိုခွဲခြား ရောင်းဝယ်ကြတယ်ဆိုတာလေးတွေထိအောင် အသေးစိတ်ကို သင်ယူလေ့ လာစူးစမ်းဖို့ လိုအပ်ပါ တယ်။ အကယ်၍တခြားသော စီးပွားရေးလုပ်မယ်ဆိုရင်လည်း အတူတူပါပဲ။ သေသေချာချာ အောက်သက်ကြေအောင် သင်ယူ လေ့လာရပါမယ်။
Nwe Ni Oo's photo.
(၂) အတန်းပညာ၊ ခေတ်ပညာများ တတ်မြောက်ခြင်း။

ဘယ်ဘာသာရပ်နဲ့ပဲ ကျောင်းပြီးထားပါစေ၊ သေချာနေရမယ့် ကိစ္စတစ်ခုကတော့.. တက္ကသိုလ် ပညာသင်ယူခွင့် ရရှိပြီး ဘွဲ့တစ်ခုခုရထားတဲ့ ပုဂ္ဂိုလ်ဟာ တက္ကသိုလ်ပညာသင်ခွင့်မရတဲ့လူတွေနဲ့ ကွဲ ပြားခြားနားနေရမယ်ဆိုတဲ့ အချက်ပါပဲ။ လူလူချင်းအဆင့်အတန်းခွဲခိုင်းတာမျိုး မဟုတ်ဘူးနော်။ ကျွန်မ တို့တစ်တွေ ဘွဲနှင်းသဘင်အခမ်းအနားကြီးမှာ ပါမောက္ခချုပ် ကို ဘယ်လိုကတိမျိုးပေးခဲ့ကြသလဲဆိုတာ လေး ပြန်စဉ်းစားကြည့်ရအောင်ပါ။

ပညာတတ်ဆန်စွာ ပြောဆို၊ နေထိုင်၊ ပြုမူတတ်ဖို့၊ စဉ်းစားတွေးခေါ်တတ်ဖို့ဆိုတာ လိုကို လို အပ်ပါတယ်။ ပြောဖို့ လိုအပ်လာလို့ သူများအကြောင်းပြောရမယ်ဆိုရင် အတင်းပြောတယ်ပဲ စွပ်စွဲစွပ်စွဲ ပြောစရာရှိတာ ပြောရမှာပါပဲ။ ဒါပေမယ့် မလိုအပ်ဘဲ သူများအကြောင်းတွေပဲ စိတ်ဝင်စားတာ၊ သူများ ဘာဝတ်လဲ၊ ဘာစားလဲ၊ ဘယ်လိုနေလဲ လိုက်ကြည့်ပြီး အတင်းပြောတာမျိုးတွေ မလုပ်မိဖို့ကစပြီး နေ့ စဉ်ဘဝရဲ့ပြောဆိုနေထိုင်မှု့လေးတွေ အသေးစိတ်ကိုက Personality ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးလေး တွေရှိရပါမယ်။ ယဉ်ကျေးသိမ်မွေ့ရမယ်၊ ကိုယ်ချင်းစာတရားရှိရမယ်၊ သတ္တိရှိရပါမယ်။

ကျွန်မတို့ဟာ ခေတ်လူငယ်တွေပီပီ ခေတ်မီတဲ့ ဝတ်စားဆင်ယင်မှု့တွေကို သဘောကျဝတ် ဆင်လေ့ ရှိတာဟာ မှားတယ်လို့ ပြောလို့မရသလို သဘာဝပဲလို့ ပြောချင်ပါတယ်။ ဒါပေမယ့် ရံဖန်ရံခါမှသာ ဝတ်ဆင်သင့်ပါတယ်။ ပြီးတော့ လျှပ်ပေါ်လော်လီလွန်းတဲ့၊ အဆင့်အတန်းမရှိတဲ့ အဝတ်အစားမျိုးကိုတော့ လုံးဝရှောင်ကြဉ်ရပါမယ်။ ကိုယ့်ယဉ်ကျေးမှု့နဲ့ ညီညွတ်တဲ့ရိုးရာအဝတ်အစားတွေကို တန်ဖိုးထားဝတ်ဆင်တတ်ရပါမယ်။ တစ်နေ့တာလုပ်ငန်းစဉ်ထဲမှာ ဘုရားသွားဖို့၊ ဘုန်းကြီးကျောင်းသွားဖို့ဆိုတဲ့ ကိစ္စမျိုးတွေ၊ အလှူဝင်ဖို့ ကိစ္စမျိုးတွေရှိတဲ့နေ့ဆိုလျှင် သေချာပေါက် ရိုးရာအဝတ်အထည် တွေကို ဝတ်ဆင်သင့်ပါတယ်။

ရပ်ထဲ၊ ရွာထဲ၊ အလုပ်ထဲမှာလည်း ပညာတတ်ဆန်စွာ တွေးခေါ်ပြုမူပြောဆိုသင့်ပါတယ်။ တံငါ နားနီး တံငါ၊ မုဆိုး နားနီး မုဆိုး အပြုအမူ အပြောအဆိုတွေကို ရှောင်ပါ။ ဂျပန်ဖူကူရှီးမား နျူကလီးယား ဓါတ်ပေါင်းဖို ပြဿနာတက်စဉ်တုန်းက မိုးအုံ့လာရင်ပဲ လူတွေက အက်ဆစ်မိုးရွာမှာ ကြောက်ပြီး တောင်ပြော၊ မြောက်ပြောတွေ ပြောနေကြပါတယ်။ အဲဒီတုန်းက နျူကလီးယားဖစ်ဆစ်နဲ့ မဟာဘွဲ့ယူပြီး ဒေါက်တာဘွဲ့ယူဖို့ ကြိုးစားရင်း အိမ်ထောင်ကျလို့ ဆက်မတက်ဖြစ်တော့တဲ့ အစ်မ တစ်ယောက်က လည်း အရပ်ထဲက လူတွေပြောသလို ပြောပြီး စိုးရိမ်နေပါတယ်။ ဖေဖေက သူမရဲ့နျူကလီးယား သင်္ခန်း စာတွေကိုမေးပြီး ဆွေးနွေးတော့လည်း သူမက ကောင်းကောင်းမွန်မွန်နဲ့ အဆင့်မြင့်မြင့် ပြန်ဖြေနိုင်၊ ဆွေးနွေးနိုင်တာကို ကြားရပါတယ်။

အဲဒါနဲ့ ဖေဖေက ဂျပန်နဲ့ မြန်မာကြားက ပထဝီအနေအထားတွေ၊ ရေ၊ မြေ၊ လေနဲ့ တိုက်ခတ်ရာ လမ်းကြောင်းအနေအထားတွေကို ရှင်းပြပြီး ရပ်ကွက်ထဲက လူတွေပြော သလို လိုက်ပြောပြီး သာမန်လူတွေ စိုးရိမ်သလို စိုးရိမ်မနေသင့်ဘူး။ လူတွေကို ကိုယ်ကသာ ရှင်းပြ ပြောပြပြီး မစိုးရိမ်ဖို့ အကြံပေးသင့်တယ်လို့ ပြောပြရပါတယ်။

လိုရင်းကိုပြောရမယ်ဆိုရင် ဈေးရောင်း၊ ဈေးဝယ်လုပ်လုပ်၊ အိမ်ရှင်မပဲလုပ်လုပ်၊ ကိုယ်သင်ယူခဲ့ တဲ့ ပညာရပ်တွေကို မေ့မပစ်ဖို့နဲ့ လိုအပ်တဲ့နေရာမှာ အံဝင်ခွင်ကျသုံးနိုင်ဖို့ လိုကိုလိုအပ်ပါတယ်။ အဆင့်မြင့်ပညာသင်ထားတဲ့ လူတွေရဲ့ လုပ်ပုံ ကိုင်ပုံ၊ ပြောပုံဆိုပုံတွေဟာ အဆင့်မြင့်ပညာသင်ယူခွင့်မရခဲ့သူ တွေရဲ့လုပ်ပုံကိုင်ပုံ၊ ပြောဆိုပြုမူပုံတွေနဲ့ တူနေတယ်။ ဘာမှမကွာခြားဘူးဆိုရင်တော့ ကျွန်မတို့တွေဟာ ကိုယ့်ကိုယ်ကို "တော်တော်ညံ့နေပါလားလို့"လက်ခံပြီး စိတ်ရော၊ ကိုယ်ပါ ပြုပြင်ပြောင်းလဲမှု့တွေလုပ် ရပါလိမ့်မယ်။

(၃) အတွေ့အကြုံကြွယ်ဝခြင်း။

ဈေးတွေ၊ ပွဲရုံတွေ၊ ကုမ္ပဏီတွေမှာ အလုပ်ဝင်ရင်း အလုပ်သင်တာဟာ အကောင်းဆုံးအတွေ့ အကြုံပါပဲ။ ဘယ်ရုံး တွေ၊ ဘယ်ဌာနတွေကို ဘယ်လိုဝင်ထွက်ရသလဲ ဆိုတာတွေ။ စာရွက်စာတမ်းတွေ နဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ပေါင်းသင်း ဆက်ဆံရေးနဲ့ ပြောပုံဆိုပုံတွေမှာ အတုယူသင့်တာလေးတွေ၊ ဘယ်လိုအခြေအနေနဲ့ ဘယ်လိုအချိန်အခါမျိုးမှာ ဘယ်လို ပြဿနာတွေ တက်ကြသလဲဆိုတာတွေ၊ ဘယ်သူတွေက ပြဿနာတွေကို ဘယ်လိုဖြေရှင်းလို့ အောင်မြင်ပြီးဆုံးသွား တာတွေ၊ အရှုံးနဲ့ပြီးဆုံးသွား တာတွေ... စတဲ့သတင်းတွေကိုလည်း အတွေ့အကြုံအဖြစ် ခံယူအသုံးချတတ်ရပါမယ်။ အစု အဖွဲ့နဲ့ လုပ်ရင် ဘာပြဿနာတွေ ကြုံရတတ်တယ်... ဆိုတာတွေကိုလည်း မှတ်သားထားရပါမယ်။ တိုင်းပြည် ရဲ့စီးပွားရေး နှင့် နိုင်ငံရေးအခြေအနေတွေ ဘယ်လိုပြောင်းလဲသွားတဲ့အခါမှာ ကိုယ့်အလုပ်အကိုင်တွေနဲ့ တခြားသော လုပ်ငန်းတွေရဲ့ အခြေအနေနှင့် ဈေးနှုန်းတွေရော ဘာတွေဖြစ်ကုန်လဲ၊ တက်သွားလား၊ ကျသွားသလား စတာတွေကို ဂရုစိုက်ရပါမယ်။ ကိုယ့်အလုပ်အကိုင်၊ ပစ္စည်းတွေနှင့် ဆက်စပ်နေတဲ့ နိုင်ငံမှာနိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲရင်ရော ဘယ်လို သက်ရောက် မှုတွေ လာတတ်သလဲဆိုတာကို အမြဲနားစွင့်သုံးသပ်ပါ။ ဒါမှ ရှေ့ရေးမှာ ဘာတွေလာမယ်၊ ဘာတွေ ပြင်ဆင် ရမယ်ဆိုတာကို သိလာမှာပါ။

လူလူချင်း မညှာတာတတ်တဲ့လူတွေ၊ ပိုက်ဆံတွေ များများစားစားရရင် ကိုယ့်လူမျိုးချင်း ရောင်းစား တတ်တဲ့ လူတွေ၊ ကိုယ့်နိုင်ငံကို ရောင်းစားတတ်တဲ့ လူတွေကိုလည်း တွေ့လာရမှာပါ။ ပိုက်ဆံလေး နည်း နည်းအတွက်နဲ့ လူလူချင်း ခုတ်၊ ထစ်၊ လှီး၊ ဖြတ်နေတဲ့လူတွေကိုလည်း တွေ့ရမှာပါ။ အဲဒီလို လူစား တွေကိုတွေ့ရင် ခပ်ခွာခွာက ဆက်ဆံပါ။ မကြောက် မရွံ့ရင်ဆိုင်ပါ။ အဲဒီလို အောက်တန်းစားထဲ ကိုယ် ပါမသွားအောင် စိတ်နေစရိုက်ကို မြင့်မြင့်မှာထားပါ။ ငွေပုံပေးဝယ်လို့မရတဲ့ ဘဝပုံရိပ်နဲ့ ဂုဏ်သိက္ခာတွေ ပါ မြင့်မားတိုးတက်လာပါလိမ့်မယ်။

(၄) ဝေဖန်ဆန်းစစ် သုံးသပ်နိုင်စွမ်းရှိခြင်း။

မိမိကိုယ်နှင့် မိမိရဲ့လုပ်ငန်းအပေါ်မှာ အမြဲတမ်းဆင်ခြင်သုံးသပ်နေဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အသုံးစားရိတ်နှင့် အဖြုန်းစရိတ်တွေကို မညာဘဲ မှန်မှန်စစ်ဆေးပါ။ ကိုယ့်ကိုယ်ကို ပြန်ညာတာ အဆိုးဆုံးပါပဲ။ လုပ်ငန်းရဲ့ရင်းနှီးမြုပ်နှံမှု့နှင့် အမြတ်အစွန်းတွေကို လစဉ်စစ်ဆေးတွက်ချက်ပါ။ ဒီလုပ်ငန်းကနေ နောက်လုပ်ငန်းတစ်ခုကို အခွင့်အရေးကောင်းတယ် ထင်ပြီး လွယ်လွယ်မပြောင်းလဲပါနဲ့။ ဒီလုပ်ငန်းကိုပဲ အောင်မြင်အောင်လုပ်ဖို့ နည်းဗျူဟာမျိုးစုံချပါ။ ကြီးကြီးမားမား အခက် အခဲတစ်ခုကို ရင်ဆိုင်ရပြီဆိုရင် ကျွန်မလုပ်နေကြ အလုပ်တစ်ခုကတော့ "Impossible is Nothing"ဆိုတာ နပိုလီယံ တစ်ယောက်ထဲ သုံးတာမဟုတ်ဘူး။ ငါလည်းသုံးတယ်လို့ အကြိမ်ကြိမ်ရေရွတ်ပါတယ်။

ပြီးရင် ဒီပြဿ နာရပ်ကို ဘယ်ကနေ စပြီး ကိုင်တွယ်မလဲ၊ အားနည်းချက်တွေ၊ ပျော့ကွက်တွေက ဘယ်နေရာမှာလဲလို့ လိုက်ရှာ ပါတယ်။ အထူးသဖြင့် အမှား/ အမှန်အားလုံးကို တိုင်ပင်သင့်သူကို ပြောပြပြီးတိုင်ပင်ပါတယ်။ လူတော်တော်များများက တိုင်ပင်ဆွေးနွေးသူတွေ အပေါ်...ကိုယ်မှားတာတွေကို ထိန်ချန်ပြောကြားလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ညာကြပါတယ်။

ကိစ္စရပ်တိုင်းမှာ/ လူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိပါတယ်။ ထွက်ပေါက်တွေ ရှိနေပါတယ်။ ဦးနှောက်ကို အသုံးပြုပြီး ကိုယ့်ရဲ့အတွေ့အကြုံတွေ၊ သူများတွေရဲ့အတွေ့အကြုံတွေနှင့် ဆည်းပူးလေ့လာဖူးတဲ့ ပညာရပ်တွေ ကို ပေါင်းစပ် အသုံးချပြီး ကိုယ်နဲ့ ကိုယ့်လုပ်ငန်းကို ကာကွယ်စောင့်ရှောက်ရပါမယ်။ ကိုယ့်ထက် အင် အားသာလွန်ကြီးမားတဲ့ ပြိုင်ဘက်တွေ၊ ရန်သူတွေနဲ့ တွေ့ရင် အဓိကသုံးတဲ့ဗျူဟာကတော့ ဂျပန်ရိုးရာ ပညာရပ်တစ်ခုကို အခြေခံပါတယ်။ ပျော့ပျောင်းသိမ့်မွေ့တယ်။ အရှိန်အဟုန် ကြီးမားပြင်းထန်ပြီး ထိရောက်မှု့အရှိဆုံး ပညာရပ်ပါပဲ။

နေထက်ထက်အောင်

Sep;2013

Living Color Magazine


တပ်မတော်က ဖိအားပေးတာ မရှိပါဘူး

$
0
0

ဗိုလ်ကြီး မျိုးသိန်းဌေးသည် လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်နေဆဲ တပ်မတော်သား တစ်ဦးဖြစ်သည်။ ဗိုလ်ကြီး မျိုးသိန်းဌေး၏ဖခင် ဒေါက်တာ ခင်မောင်ဌေးသည် လာမည့် ရွေးကောက်ပွဲတွင် NLD ပါတီကို ကိုယ်စားပြုပြီး ပြင်ဦးလွင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံမည် ဖြစ်သည်။ ဖခင်ဖြစ်သူ NLD ပါတီမှ ၀င်ရောက်ရွေးချယ်ခံခြင်းနှင့်ပတ်သက်ပြီး ဗိုလ်ကြီးမျိုးသိန်းဌေးအပေါ် ဖိအား ရှိ၊မရှိ၊ အဆိုပါကိစ်္စအပေါ် သူ၏အမြင် စသည်များကို The Messenger Media က တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။


ဗိုလ်ကြီးမျိုးသိန်းဌေးက လက်ရှိတပ်မတော်မှာလည်း တာဝန်ထမ်းဆောင် နေတယ်။ NLD ဆိုတာက မြန်မာနိုင်ငံရဲ့အင်အား အကောင်းဆုံး အတိုက်အခံပါတီ တစ်ခုဖြစ်တယ်။ အဲဒီအပေါ်မှာ ဖခင်ဖြစ်သူက NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်တဲ့အခါ တပ်မတော်က ဖိအားပေးတာမျိုး ရှိလား။

          အခက်အခဲကတော့ မရှိပါဘူး။ အဖေလုပ်တယ်ဆိုတာ ဒါဆို တော်တော်များများ သိသွားပြီလေ။ အဖေ့ကို သိတဲ့အတွက် ဆက်စပ်ပြီးတော့ ကျွန်တော့်အကြောင်းကိုလည်း သိသွားပြီပေါ့။ ဒါပေမဲ့ တပ်မတော်ကနေ ကျွန်တော့်ကို ဖိအားပေးတာ အခုချိန်ထိ ဘာမှမရှိပါဘူး။ အဖေကျွန်တော့်ကို စလုပ်မယ်လို့ ပြောတဲ့အချိန်ကလည်း အမေကနေတစ်ဆင့် ပြောတာပေါ့။ အဖေက သူ့ကိုလာပြီး ကမ်းလှမ်းတဲ့အပေါ် အမေ့ကိုအဖေက အရင်ပြောပြတယ်။ အစက သူလက်မခံသေးဘူး။ ဘာလို့လဲဆိုတော့ အဖေက နဂိုကတည်းက အေးအေးဆေးဆေးပဲ နေချင်တာဆိုတော့လေ။ လက်မခံသေးဘူး။ နောက်နှစ်ခါ သုံးခါဆိုတော့ သူကလည်း လုပ်မယ် ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ အမေ့ကို သူတိုင်ပင်တယ်။ အမေက အဲဒီအချိန်မှာ ရန်ကုန်မှာ ဆေးသွားကုနေတဲ့အချိန်၊ အမေ့ကို လှမ်းတိုင်ပင်တယ်။ ကျွန်တော်လည်း ရှိတော့ အဖေက ကျွန်တော့်ကို တစ်ခုခု ဖြစ်မှာလည်း စိုးရိမ်တယ်။ ကျွန်တော့်ကို မေးကြည့်ဦး၊ ဘာအခက်အခဲ ဖြစ်နိုင်လဲဆိုတော့ အမေက ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်တယ်။ စစကြားကြားချင်းက တစ်ခုပဲ စိုးရိမ်တာ။ ကျန်တာဘာမှ မစိုးရိမ်ပါဘူး။ တစ်ခုပဲ။ အဖေ့ရဲ့ ကျန်းမာရေးပါ။ ဒီဟာတွေ လုပ်ရမယ်ဆိုရင် အဖေရဲ့ နဂိုကျန်းမာရေးအခံက အဖေက နှလုံးသွေးကြောကျဉ်း ရောဂါရှိလို့ အဲ့ဒါ ခွဲစိတ်ထားတာ။ အဲ့ဒါကိုပဲ စိုးရိမ်တယ်။ ဒီပေါ်မှာ တအား Stress တွေများလာမယ်။ သူ့အပေါ်မှာ ပရက်ရှာတွေ ရှိလာရင် ကျန်းမာရေးအခံနဲ့၊ အဖေကတော့ လုပ်မှာပဲ ကျွန်တော်သိတယ်။ သူ့စိတ်က မဖြစ်မနေလုပ်မှာပဲ၊ လုပ်တဲ့အချိန်မှာ သူရဲ့ကျန်းမာရေးက လိုက်နိုင်ပါ့မလား။ အဲဒါတစ်ခုပဲ စိုးရိမ်တာပါ။ အမေကပြောတဲ့ အချိန်မှာလည်း သားအပေါ်မှာ ဘာတစ်ခုခု ဖြစ်နိုင်လဲပေါ့။ ဘာမှမဖြစ်ဘူး အမေလို့၊ အခုခေတ်က ကျွန်တော်တို့ ငယ်ငယ်တုန်းကလို မဟုတ်ဘူး။ အခုက အားလုံးပွင့်လင်း မြင်သာနေပြီ။ ဘယ်သူ ဘာလုပ်နေတယ် ဆိုတာ ထိန်ချန်ထားလို့ မရဘူး။ အဲဒီအတွက် ဘာမှမစိုး ရိမ်နဲ့၊ ကျွန်တော် တပ်မတော်တာဝန် ထမ်းဆောင်နေတယ် ဆိုပေမယ့် တပ်မတော်နဲ့ ကျွန်တော် အဆင်ပြေတယ်။ ကျွန်တော့် အပေါ်ပေးတဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တယ်။ အဲဒီအတွက် ဘာမှမဖြစ်ဘူး။ အဖေ့ကြောင့်မို့လို့ သားကို တစ်ခုခု လုပ်လိုက်တယ် ဆိုရင် ဒါသူတို့ဘက်က ပိုပြီးတော့ ဖောင်းသွားနိုင်တယ်။ ပြောမယ်ဆိုရင် ကလေး အထာလေး ဖြစ်သွားနိုင်တာပေါ့။ အဖေ့ကိုမကျေနပ်လို့ သားကို လုပ်လိုက်တယ်ဆိုတာ လူကြီးလူကောင်းလည်း မပီသဘူး။ မျှတမှုလည်း မဖြစ်ဘူးပေါ့။ အမေ့ကို အဲဒီလိုပဲ ပြောလိုက်တယ်။ အမေမစိုးရိမ်နဲ့၊ တပ်မတော်မှာ စစ်မှုထမ်းနေတယ် ဆိုပေမယ့် တပ်မတော်မှာ သားဘာမှ မင်နီမရှိဘူး။ ပေးအပ်တဲ့ တာဝန်မှန်သမျှ အကုန်ကျေပွန်ခဲ့တယ်။ အခုထိလည်း လုပ်နေတာ ချောချောမွေ့မွေ့ပဲ။ အဖေ့ကျန်းမာရေး ကိုသာ ဂရုစိုက်လိုက်ပါ ပြောလိုက်တယ်။ အခုချိန် ထိလည်း ကျွန်တော့်ကို ဘာမှ ပရက်ရှာပေးတာ မရှိပါဘူး။ အခုချိန်ဆို ရွေးကောက်ပွဲ တော်တော်နီးနေပြီ။ ဟိုဘက် ဒီဘက်က သတင်းစုတာနဲ့ အကုန်သိနေပြီ။ ဦးခင်မောင်ဌေး ဘိုင်အိုဂရက်ဖီ ကြည့်လိုက်တာနဲ့ကျွန်တော့်ကို သိနေပြီပဲလေ။ ဒါပေမဲ့ အခုချိန်ထိ ဘာအနှောင့်အယှက် ဖိအားမှမရှိပါဘူး။

ဗိုလ်ကြီးမျိုးသိန်းဌေးရဲ့ အဖေ NLD ပါတီကိုယ်စားလှယ် အဖြစ် ၀င်ပြိုင်ဖို့ သဘောတူခဲ့တဲ အပေါ်မှာ သားတစ်ယောက်အနေနဲ့ ဘယ်လို သဘောထား မှတ်ချက်ပေးချင်လဲ။

          ကောင်းပါတယ်။ ကျွန်တော်တို့လည်း တပ်မတော်မှာ လုပ်နေပေမယ့် အမှန်အတိုင်းပြောရင် မျက်စိပိတ်၊ နားပိတ် မဟုတ်ပါဘူး။ သွားလာ လုပ်ကိုင်တဲ့အချိန်မှာ ဒီလိုအဖွဲ့အစည်းတွေနဲ့ တွေ့ပါတယ်။ ပြီးတော့ သူတို့ လုပ်နေတာတွေလည်း ကိုယ်မြင်တာ ရှိတယ်။ ကိုယ်တွေ လုပ်နေတာလည်း သူတို့ မြင်တာတွေ ရှိတယ်။ ဒါပေမဲ့ တချို့ကျတော့လည်း တပ်မတော်နဲ့ NLD ကို အားလုံးအမြင်မှာ မတည့်ဘူးလို့ မြင်ကြတာပေါ့။ ဒါပေမဲ့ ကျွန်တော်က ၂၀၀၀ နောက်ပိုင်းမှ စစ်တပ်ထဲရောက် တာပေါ့။ ကျွန်တော် စစ်တပ်ထဲရောက်တဲ့ အချိန်ကစပြီး ကျွန်တော့်အနေနဲ့ ပြောမယ်ဆိုရင် လိပ်ပြာသန့်တယ်။ NLD ရယ်လို့လည်း မဟုတ်ဘူး။ ပြည်ခိုင်ဖြိုးရယ်လည်း မဟုတ်ဘူး။ ကျန်တဲ့ပါတီတွေ အများကြီး ရှိတယ်။ ဘယ်ပါတီနဲ့မှ ကျွန်တော်ကတော့ ရန်ဖက်မဖြစ်ဘူး။ ကျွန်တော် ကလည်း မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်တယ်၊ ၀န်ထမ်းတစ်ယောက် ဖြစ်တယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် ခံယူတယ်။ ပြီးရင် ပြည်သူထဲက ပြည်သူပြည်သား တစ်ယောက်ပဲ ဖြစ်တဲ့အတွက် ကျွန်တော် ထမ်းဆောင်နေတာ သည်လည်း နိုင်ငံတော် အတွက်ပဲ လုပ်တယ်။ နိုင်ငံ့တာဝန် ထမ်းဆောင်တယ် ဆိုတာလည်း အဲဒီစိတ် တစ်ခုတည်းနဲ့ပါပဲ။ ကျွန်တော် တပ်ထဲဝင်ခဲ့တယ် ဆိုတာလည်း ကျွန်တော့်မှာ တခြားရွေးချယ်စရာတွေ အများကြီးရှိပေမယ့် ငယ်ငယ်ကတည်းက စစ်တပ်ကို ၀ါသနာပါခဲ့တာ။ ဒီဟာ ဖြစ်ချင်ခဲ့တဲ့အတွက် အဖေ့ကိုလည်း ခွင့်တောင်းတယ်။ တခြား ရွေးချယ်ပိုင်ခွင့် ရှိတာတွေ တစ်ခုမှမရွေးချယ်ဘဲ ဒီတစ်ခုတည်း ဦးတည် လျှောက်ခဲ့တယ်။ နိုင်ငံ့တာဝန် ထမ်းဆောင်မယ်ဆိုတဲ့ စိတ်တစ်ခုတည်း ရန်ဖက်ဆိုတာ ကျွန်တော်စိတ်ထဲ မရှိပါဘူး။ နိုင်ငံတော်အတွက် ကောင်းတဲ့ ဘက်က ထမ်းဆောင်မယ်။ ကျွန်တော့်တာဝန်သည် အဲဒီလိုပဲ ခံယူထားတယ်။

အရင်က တပ်မတော်ဆို ပြည်သူတွေ ချစ်ခဲ့ကြတယ်။ ပြည်သူချစ်တဲ့ တပ်မတော်လည်း ဖြစ်ခဲ့တယ်။ အခု နောက်ပိုင်းမှာ တပ်မတော်ဆိုရင် ပြည်သူတချို့က ယူနီဖောင်းကို မြင်လိုက်တာနဲ့ အမြင်မကြည် ဖြစ်နေတဲ့ အပေါ်မှာ တပ်မတော်သား တစ်ယောက်အနေနဲ့ ဘယ်လို ခံစားရလဲ။ လက်ရှိ တပ်မတော်ကိုရော ဘယ်လို တပ်မတော်မျိုး ဖြစ်စေချင်လဲ။

          တပ်မတော် ဆိုတဲ့အဖွဲ့အစည်းကို ပြည်သူတွေအနေ နဲ့ အဲဒီလိုမြင်တယ် ဆိုတာကြားရတော့ စိတ်မကောင်းဘူး။ အမှန်အတိုင်းပြောရင် ကျွန်တော်တို့ရဲ့တာဝန်က နိုင်ငံတော် ကာကွယ်ရေး တာဝန်ပေါ့။ နိုင်ငံတော် ကာကွယ်ရေး ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို နိုင်ငံတော်ထဲမှာရှိတဲ့ နိုင်ငံသားတွေက အမြင်မကြည်တာ၊ ရန်ဘက်လိုမြင်တာ အမှန်အတိုင်းပြောရင် မကောင်းတဲ့ လက္ခဏာပေါ့။ ကျွန်တော့်အနေနဲ့ အဲဒီလို အမြင်ခံရတာ ၀မ်းနည်းပါတယ်။ သွားလာနေတာ ယူနီဖောင်းနဲ့ဆိုရင် မသွားချင်ဘူး ဆိုတာ ကျွန်တော့် စိတ်ထဲမှာဖြစ်တယ်။ ခံစားမိတယ်။ အားလုံးရဲ့အမြင်မှာ တစ်မျိုးပေါ့နော်။ စစ်သား ယူနီဖောင်းနဲ့ဆိုရင် တစ်မျိုးမြင်ကြတယ်။ အဲဒါ ကတော့ အမှန်အတိုင်းပြောရင် မကောင်းတဲ့ လက္ခဏာပေါ့။ ကျွန်တော်တို့ အဖွဲ့အစည်းက အမှန်အတိုင်းပြောရင် စနစ်တကျ ဖွဲ့စည်းထားတဲ့ တပ်မတော် ဖြစ်တဲ့အတွက် တပ်မတော်မှာ ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေ ရှိပါတယ်။ နဂိုကတည်းက တည်မြဲလာတဲ့ စည်းမျည်း စည်းကမ်းတွေ ရှိပါတယ်။ တပ်မတော်ကို ဦးတည်ပြောရရင်တော့ တပ်မတော်မှာ ချမှတ်ထားတဲ့ စည်းမျည်း စည်းကမ်းတွေ အားလုံးကို တပ်မတော်သားတွေ အကုန်လုံးက ဒီစည်းမျည်း စည်းကမ်းအတိုင်း လိုက်နာမယ် ဆိုရင်၊ လှုပ်ရှားမယ် ဆိုရင်၊ သွားလာမယ်ဆိုရင်၊ နေထိုင်ပြုမူ ဆက်ဆံမယ်ဆိုရင် ပြည်သူတွေ အနေနဲ့ Negative Thinking တွေကနေ အကောင်းမြင်ဘက်ကို ပြန်ပြီးတော့ Positive Thinking ဘက်ကိုပြန်ရောက် လာနိုင်တယ်။ အဲဒီလိုလည်း ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်း အဓိက ပြင်စရာကတော့ တစ်ဦးချင်းစီရဲ့ ခံယူချက်နဲ့ စိတ်ဓာတ်တွေပေါ့။ ဒါတော့ အဖွဲ့အစည်း တိုင်းမှာလည်း ရှိပါတယ်။ တပ်မတော် တစ်ခုတည်း မဟုတ်ဘူး။ အဖွဲ့ အစည်းတိုင်းမှာ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်း ရှိတယ်။ အဲဒီမှာ တပ်မတော်က လူအများစုနဲ့ ဖွဲ့စည်းထားတာ ဖြစ်လို့ ကောင်းတဲ့သူလည်း ရှိတယ်၊ မကောင်းတဲ့သူလည်း ရှိတယ်။ ဒီဘက်ခေတ်ကတော့ မကောင်းတဲ့သူ များလာလို့ ဒါသုံးသပ်လို့ ရတာပေါ့။ အကြောင်းတွေ ကတော့ အများကြီးပေါ့။ စီးပွားရေး အကျပ်အတည်းတွေလည်း ရှိတာပေါ့။ နိုင်ငံရေးအရ စည်းမျဉ်းစည်းကမ်း တွေကို တချို့လျစ်လျူရှု နေတာတွေ လည်းရှိတာပေါ့။ ဒါကတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့လည်း သိက္ခာကျတယ်။ ကောင်းတဲ့သူလည်း ရှိပါတယ်။ ကောင်းတဲ့ဘက်ကို ရည်ရွယ်ပြီး လုပ်နေတဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ ပြည်သူဘက်က အဲဒီလို အမြင်ခံရတဲ့အတွက် ဘယ်သူမပြု မိမိမှုပေါ့။ ကျွန်တော်တို့ဘက်က ဒီလိုမျိုးတွေ လုပ်ထားတဲ့အတွက် ပြည်သူတွေကလည်း ဒီလိုမျိုးပဲမြင်တာ။ အဲဒီအတွက် ပထမဆုံး ပြုပြင်ရမှာက မိမိကိုယ်ကိုပါ။ အဖွဲ့အစည်း ထဲမှာရှိတဲ့ တစ်ဦးချင်းစီရဲ့ စည်းကမ်း လိုက်နာမှုတွေ၊ လုပ်ဆောင်မှုတွေ၊ စည်းကမ်း လိုက်နာမှုတွေ၊ ပြည်သူနဲ့ ပတ်သတ်လာရင် ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေကို အထူးသတိထား ပြုပြင်ပြီးတော့မှ ဆက်ဆံပြုမူ ရမယ်လို့ ယူဆတယ်။ အဲဒါဆိုရင် ကျွန်တော်တို့အပေါ် မြင်နေတဲ့အမြင်တွေ ကနေ အကောင်းဘက်ကို ဦးတည်မယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။

http://messengernewsjournal.com/General/Interview/detail.php?id=47928 မှ ကူးယူဖော်ပြပါသည်။ 

တပ်မတော် အရာရှိဟောင်းတစ်ဦး၏ သဘောထားအမြင်

$
0
0

လာမည့်ရွေးကောက်ပွဲအပြီး ဘယ်လိုအစိုးရတက်လာပြီး ဘယ်လိုမူဝါဒလမ်းစဉ်တွေနဲ့ မြန်မာပြည်ကြီးဆက်လက်တိုးတက်အောင် လုပ်ပါ့မလဲလို့ နေ့စဉ်တွေးနေသူတွေထဲမှာ ကျနော်လည်းပါ ပါတယ်။ ကိုယ့်အလုပ်ကိုလုပ်နေတာဆိုပေမယ့် တနိုင်ငံလုံးနဲ့ဆိုင်တဲ့ တသက်မှာပထမဆုံးအကြိမ် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို ကြိုတင်ရင်ခုန်နေရတာ သမီးရည်းစားချိန်းတွေ့တုန်းကလို ရင်ထဲက ဒိန်းတပ်တပ်ဒိန်းပေါ့ဗျာ။


အရပ်သားစကားပြောရရင် အပေါင်းအသင်းတွေက ကျနော့်လိုအငြိမ်းစားစစ်သားတစ်ယောက်ကို တွေ့တာနဲ့ လာမည့်ရွေးကောက်ပွဲမှာ ဘယ်ပါတီနိုင်မယ်ထင်သလဲ၊ ဘယ်သူသမ္မတဖြစ်နိုင်လဲ၊ တပ်မတော်က ဘာတွေပြောင်းလဲနိုင်သလဲ၊ ဒီမေးခွန်း(၃)ခုကို အမြဲ မေးပါတယ်။

ကျနော့်အဖြေက (၃)ခုစလုံး ကျနော်ဘာမှ မသိပါဘူး။ (ဟုတ်တယ်လေ ××× မနက်ဖြန်တောင် ဘာဖြစ်မယ်မှန်း မသိနိုင်တာ၊ အခုရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေတောင် MASTER PLAN အရ မိမိသာအစိုးရဖြစ်ရင် တစ်နှစ်အတွင်းဘာလုပ်မယ်၊ နှစ်နှစ်ကြာရင်ဘယ်လိုဖြစ်မယ်၊ သုံးနှစ်ဆိုဘယ်လောက်တိုးတက်မယ်၊ လေးနှစ်အကြာနောက်အစိုးရကို အခက်အခဲမဖြစ်အောင် ဘယ်လိုလက်ဆင့်ကမ်းခဲ့မယ် ဆိုတာမျိုး မကြားမိသေးဘူး။)
အားလုံးက ပြုပြင်ပြောင်းလဲမယ်ဆိုတာချည်းပဲ ကြွေးကြော်နေကြတာ။ ဘယ်ဟာကို ဘယ်ကစပြုပြင်ပြောင်းလဲမယ်လို့ မကြားမိဘူး။ ကိုယ်စားလှယ်အမတ်လောင်း တစ်ယောက်ကိုမေးကြည့်ဖူးတယ်၊ အဘ ×× ရွေးချယ်ခံရရင် ဘာလုပ်မယ်လို့ ဆုံးဖြတ်ထားသလဲပေါ့။ ဆရာ့သဘော(သမ္မတကို ဆိုလိုပါသည်) တဲ့ဗျာ၊ ဆရာတာဝန်ပေးတာ လုပ်မှာပေါ့တဲ့။

ကျနော်စိတ်ထဲကျိတ်ပြီး CREDIT ပေးမိပါတယ်။ ကျနော်တို့ဟာ အခုထိအထက်ကခိုင်းတာပဲလုပ်မယ်၊ အပိုလုပ်ရင်၊ လျှာရှည်ရင် အရေးယူခံရလိမ့်မယ်ဆိုတဲ့ အစွဲတွေရှိနေသေးတော့ တီထွင်ဖန်တီးမှုဥာဏ်နဲ့စွမ်းပကားတွေ ပျောက်ဆုံးနေခဲ့ကြတာ သင်ခန်းစာမဖေါ်ထုတ်နိုင်ကြသေးဘူးပဲ။ မေးခွန်းမှာ ကျနော်ကြားချင်တဲ့အဖြေက မိမိရွေးချယ်ခံမည့်မြို့က စီးပွားရေးမှာနိမ့်ကျနေရင် ဘယ်လိုဆောင်ရွက်ပေးမယ်၊ ပညာရေးမှာနောက်ကျနေရင် ဘယ်လိုပံ့ပိုးပေးမယ်၊ ဘုရား၊ကျောင်း၊ကန်၊လမ်းတံတားတွေကို ဘယ်လိုအဆင့်မီစေရမယ်လို့ ပြောစေချင်တာပါ။ ပြည်သူတွေဘ၀သာယာလှပရမည်၊ လုံခြုံအေးချမ်းရမည်ဆိုတဲ့ ယေဘုံယျဆန်ဆန်စကားတွေက လက်တွေ့မဆန်ပါဘူး။ လူတိုင်းပြောတတ်ပါတယ်။

ကျနော့်အဖြေကို သဘောမတွေ့တဲ့မိတ်ဆွေတွေက တစ်ခုခုတော့ပြောဗျာလို့ ထပ်ကွန့်တယ်။ အဲဒီတော့ ကျနော့်စိတ်ထဲရှိတာတွေ ပြောလိုက်တယ်ဗျာ။ (စိတ်ထဲရှိတာပြောတာမို့ အမှန်တွေပါ၊ အမှားတွေပါလို့ မယူဆကြပါနဲ့၊ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပါ။ ပညာရှင်၊ ဆောင်းပါးရှင်တွေလည်း ရှုထောင့်အမျိုးမျိုးကနေ ရေးနေတာတွေကို ပြည်သူတွေမှတ်သားမိကြမှာပါ။)

၁။ တစ်အချက်- အစိုးရအသစ်မည်သူဖြစ်လာသည်ဖြစ်စေ တပ်မတော်ကိုပစ်ပယ်ထားလို့ မရသေးပါဘူး။ အစိုးရဖွဲ့နိုင်မည်ဟု မျှော်လင့်ထားသည့်ပါတီတိုင်းသည် တပ်မတော်ကို စိတ်ရောကိုယ်ပါပေါင်းရပါမယ်။ အခုကတည်းက တပ်မတော်အကြောင်းသိပြီး တပ်မတော်နဲ့ GIVE & TAKE လုပ်ထားနိုင်မှသာ အစိုးရလုပ်ငန်းတိုင်းမှာ တပ်မတော်ရဲ့ထောက်ခံမှု(၀ါ) စွက်ဖက်မှုကင်းနိုင်မှာပါ။ တပ်ရဲ့ထောက်ခံမှုမရလည်း လုပ်နိုင်ပါတယ်လို့ မယူဆစေချင်ပါဘူး။ ခြေဥနဲ့ပြီးခဲ့တဲ့လွှတ်တော်တွင်း အခြေအနေတွေကို သင်ခန်းစာယူစေချင်ပါတယ်။ အစိုးရဖွဲ့ပြီးတာနဲ့ ခြေဥပြင်ပြီး တပ်ကိုစစ်တန်းလျားပြန်ပို့နိုင်လိမ့်မယ်လို့လည်း မယူဆစေချင်ပါဘူး။ ဒီအဆင့်တွေဟာ တစ်ခုပြီးတစ်ခု စိတ်ရှည်သည်းခံပြီး လုပ်သွားရမယ့်အပိုင်းတွေ အများကြီးပါပါတယ်။

၂။ နှစ်အချက်- တပ်မတော်လို့ဆိုလိုက်တာနဲ့ တပ်မတော်ရဲ့အခေါင်အထွဋ်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုသာ ပြေးမြင်လိုက်ပါ။ လူသားတစ်ယောက်အုပ်ချုပ်နေတာဖြစ်လို့ လူသားတစ်ဦးပီသစွာ ဂုဏ်သိက္ခာနဲ့အညီ အုပ်ချုပ်နေမှာပါ။ တပ်မတော်ဆိုတာကိုက အထက်အမိန့်အတိုင်း လိုက်နာလုပ်ဆောင်ရတာဖြစ်လို့ ကာချုပ်တစ်ယောက်ရဲ့အရည်အချင်းကိုသိချင်ရင် တပ်ရဲ့အရည်အသွေးကိုကြည့်တာနဲ့ သိနိုင်ပါလိမ့်မယ်။ ယနေ့တပ်မတော်မှာ လက်နက်စွမ်းရည်တွေ တိုးတက်နေပေမယ့် ဒေသတွင်းနိုင်ငံတွေကို မကျော်ဖြတ်နိုင်သေးပါဘူး။ ဒါ့အပြင် အင်အားအရလည်း လိုအပ်နေဆဲပါ။ ဒီတော့ တပ်မတော်ရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မည့် အစိုးရကိုသာ တပ်ကလည်းထောက်ခံမှာ ဖြစ်ပါတယ်။

၃။ သုံးအချက်- ပြည်သူနဲ့တပ်မတော်တစ်စိတ်တစ်ဝမ်းထဲ ဖြစ်ဖို့ရာ နောင်လာမည့် အစိုးရ၏တပ်မတော်အပေါ် ဆက်ဆံရေးမှာ များစွာမူတည်နေပါတယ်။ ဆိုလိုတာက အစိုးရအသစ်သည် တပ်မတော်ကို သိမ်မွေ့စွာကိုင်တွယ် ထိန်းကျောင်းတတ်ဖို့ လိုပါတယ်။ ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်မှုတွေရှိလာခဲ့ရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပြည်သူတွေပဲ ခံစားကြရမှာပါ။ တပ်မတော်သည် အစိုးရအသစ်အပေါ် တော်တည့်မှန်ကန်စွာသစ္စာစောင့်မည်ဟုဆိုသော်လည်း တပ်မတော်ရဲ့မူလတာဝန်လို့ ခံယူထားတဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ အချက်တွေမှာ အန္တရာယ်ရှိတယ်လို့ ကာချုပ်အနေဖြင့်ယူဆလျှင် နိုင်ငံရေးမှာအဖုအထစ်တွေ ပေါ်ပေါက်လာနိုင်စရာရှိပါတယ်။ 

နံပါတ်(၃)အချက်သည် အရေးကြီးဆုံးဖြစ်ပါတယ်။ တပ်မတော်နဲ့ပြည်သူညီညွတ်စွာ ဆောင်ရွက်မှသာ နိုင်ငံ့အရေးကိစ္စတွေ အောင်အောင်မြင်မြင် ပြီးဆုံးနိုင်မှာပါ။ ပြည်သူဆိုတာလည်း တစ်နည်းအားဖြင့် ပြည်သူတွေက ရွေးချယ်ပေးလိုက်တဲ့ အစိုးရပဲဖြစ်ပါတယ်။ ပြည်သူကရွေးချယ်ပေးလိုက်တဲ့အစိုးရနဲ့ တပ်မတော်သည် အရာရာမှာ အတိုက်အခံဖြစ်နေရင် ဒီမိုကရေစီဖြစ်ထွန်းရေးလမ်းစဉ်တွေ နှောင့်နှေးနေအုံးမှာပါ။ တပ်မတော်သည်လည်း ပြည်သူတွေရဲ့နှလုံးသားနဲ့ ဝေးသထက်ဝေးသွားမှာပါ။ ဒါကိုတော့ အစိုးရအသစ်ရော တပ်မတော်ရော အထူးသတိချပ်ရမှာ ဖြစ်ပါတယ်။

၎။ လေးအချက်- ဒါဖြင့် တပ်မတော်ကို အစိုးရအသစ်က လိုက်ပြီးညှိနှိုင်းနေရမှာလားလို့ ဆိုလိုတာမဟုတ်ပါဘူး။ အထက်ကပြောခဲ့သလို အပေးအယူ မဖြစ်မနေလုပ်ရမှာပါ။ တပ်ကိုနိုင်ငံရေးဖြစ်စဉ်တွေ၊ လွှတ်တော်ထဲက တဖြည်းဖြည်းဖယ်ထုတ်ဖို့ဆိုတာ အစိုးရအသစ်ရဲ့ အပေးအယူလုပ်ငန်းစဉ်တွေ ဘယ်လောက်အောင်မြင်မလဲဆိုတာပေါ် မူတည်ပါတယ်။ အပေးအယူလုပ်ဖို့လိုအပ်တာကလည်း လက်ရှိခြေဥကြောင့်ပဲဖြစ်ပါတယ်။ လွှတ်တော်တွင်း မဲခွဲမှုမှာ ခြေဥပြင်ဆင်ရေးအတွက် ထောက်ခံမှုများသည့်တိုင် တပ်ကိုယ်စားလှယ်တွေက တညီတညွတ်တည်း ငြင်းပယ်လိုက်ရင် ကျိုးစားခဲ့သမျှအားလုံး သဲထဲရေသွန်ဖြစ်ဖို့ပဲ ရှိပါတယ်။

၅။ ငါးအချက်- ပြည်သူလို့ဆိုလိုက်တာနဲ့ အရပ်သားအစိုးရ၀န်ထမ်းတွေလည်း ပါဝင်ပါတယ်။ ၀န်ထမ်းဟူသည်ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟုဆိုထားသော်လည်း ဖွဘုတ်ပေါ်မှာ ပြစ်ပြစ်နှစ်နှစ်ရေးသားတိုက်ခိုက်နေကြသူတွေထဲ ပါတီစွဲထားတဲ့ အစိုးရ၀န်ထမ်းတွေ အများကြီးပါနေတယ်။ အချို့ဆို ကွန်မန်ဒါအဆင့်၊ ညွှန်ချုပ်၊ ညွှန်မှူးအဆင့်တွေအထိ ရာထူးကြီးတွေ ထမ်းဆောင်နေသူတွေပါ။ အကယ်၍သင်တို့ မထောက်ခံတဲ့ပါတီ၊ လူပုဂ္ဂိုလ်က အစိုးရဖြစ်မယ်၊ သမ္မတဖြစ်လာခဲ့မယ်ဆိုရင် ငါမထောက်ခံလို့၊ ငါမကြိုက်လို့ ငါ့ရာထူး၊ ငါ့တာဝန်ကိုစွန့်ပြီး ဆန္ဒပြမယ်လို့ ဆုံးဖြတ်ထားကြပါသလားခင်ဗျာ။ ဒါမှမဟုတ် အားလုံးကို ထော်လော်ကန့်လန့်လုပ်မယ်လို့ ရည်ရွယ်ထားတာလား ခင်ဗျာ။ 

အမှန်က ကျနော်တို့အားလုံး PROFESSIONAL (ပရို)ပီသကြဖို့လိုပါတယ်။ မိမိကိုပေးအပ်ထားသောတာဝန်သည် ပြည်သူလူထုက ပေးအပ်ထားတာဖြစ်လို့ မိမိတာဝန်ကိုအကောင်းဆုံးလုပ်မယ်ဆိုတဲ့ စိတ်ဓါတ်လေးမွေးဖို့ လိုနေပါသေးတယ်။ တာဝန်သည် အဘ(အထက်)ကပေးတာလို့ မှတ်ယူထားရင် အဘကိုသာ ကိုးကွယ်နေကြအုံးမှာပါ။ အဘကိုသာ မနေတာဆိုတော့ ပြည်သူအတွက် မလုပ်ပေးနိုင်ပဲရှိမှာပေါ့။ ၀န်ထမ်းတွေရဲ့ကိုယ်ရေးရာဇ၀င် ဖြည့်ရတာကိုက ပါတီနိုင်ငံရေးကင်းရှင်းမှုမရှိရင် ရာထူးတက်ဖို့မမြင်ဘူးဆိုတဲ့သူတွေက ဘာဖြစ်လို့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေ ထားနေကြတာလဲ။ အမှန်တော့ ဒီခေတ်ကြီးထဲမှာ ၀န်ထမ်းတိုင်းပါတီနိုင်ငံရေးနဲ့ ကင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သို့သော် မည်သည့်ပါတီကိုအားပေးသည်ဖြစ်စေ ၀န်ထမ်းတစ်ယောက်၏တာဝန်၊ ဂုဏ်သိက္ခာ ပျက်ယွင်းဖို့ မသင့်တော်ပါဘူး။ အစိုးရကလည်း ၀န်ထမ်းတွေပါတီနိုင်ငံရေး မလုပ်ရလို့ တားမြစ်ဖို့ မသင့်တော့ပါဘူး။


ဒါတွေအားလုံးကိုသိတယ်၊ လုပ်လည်းလုပ်နိုင်တယ်၊ အချိန်မတန်သေးလို့ မပြောသေးတာဆိုရင်လည်း အခုအခါအချိန်တန်နေပြီဖြစ်ကြောင်း ပြောကြားလိုပါတယ်။ မိမိကိုယ်ကို အစိုးရဖွဲ့ဖို့ရည်ရွယ်ချက်ရှိတဲ့ပါတီတွေအနေဖြင့် တပ်မတော်အပေါ်ချဉ်းကပ်မည့် မိမိတို့ပါတီရဲ့မူဝါဒကို ရှင်းရှင်းလင်းလင်းအသိပေးသင့်ပြီဖြစ်ကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။

Zarni Yan

(၅.၁၁.၁၅)

စစ်သားဘ၀ အမှတ်တရများ (၁)

$
0
0


သံစဉ်များနဲ့ အားခါကြီး(၁)
+++++++++++++
၈-၁၁-၂၀၁၅ မနေ့က ရွေးကောက်ပွဲပြီးတော့ ကျွန်တော်တို့အပတ်စဉ်တေဇ (၁၃)က သူငယ်ချင်းနှစ်ယောက် လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် အရွေးချယ်ခံရကြောင်း သတင်းရခဲ့ပါတယ်၊ သူငယ်ချင်းနှစ်ယောက်စလုံးကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖေ့ဘုတ်ကနေဘဲပြောကြားခဲ့ပါတယ်၊



ထူးခြားတာက သူငယ်ချင်းနှစ်ယောက်စလုံးဟာ တပ်ကအငြိမ်းစားတွေဖြစ်ပေမဲ့ အင်အားကြီးပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ခိုင်ဖြိုးပါတီတွေကနေ အရွေးခြယ်ခံရခြင်းမဟုတ်ဘဲ၊ သူတို့သက်ဆိုင်ရာ လူမျိုးစုပါတီတွေကနေ အရွေးခံရတာဖြစ်ပါတယ်၊ တယောက်က ရခိုင်ပါတီANP ကအနိုင်ရပြီးတော့ တယောက်ကတော့ အားခါအမျိုးသားပါတီ ကအနိုင်ရတာဖြစ်ပါတယ်၊


ရှေးက တပ်မတော်ခေါင်းဆောင် တွေက အမြော်အမြင်ကြီးခဲ့လို့ ကျနော်တို့အပတ်စဉ်မှာ တိုင်းရင်းသားတွေ အတော်များပါတယ်၊ ကချင်၊ ကရင်၊ မွန်၊ မိုးညှင်းရှမ်းနီ၊ ပလောင်၊ တောင်ပိုင်းရှမ်း၊ မြောက်ပိုင်းရှမ်း၊ ချင်း၊ နဲ့တပ်မတော်ထဲမှာ ရှားပါးလှတဲ့ အားခါ (နောင်သော်ခေါ်နေကြအတိုင်း အခါဟုရေးပါမည်) နဲ့ ၀ ကတယောက်စီပါပါသေးတယ်၊


တိုင်းရင်းသားတွေပေမဲ့ တကယ့်ကို တိုင်းပြည်ချစ်စိတ်နဲ့ တပ်မတော်ထဲ ရောက်လာကြတာပါ၊ စွန့်လွှတ်စွန့်စားခဲ့ကြပါတယ်၊ မွန်ကြီး အောင်မျိုးမြင့်ဟာ ၁၉၈၈ မိုင်းယန်းတိုက်ပွဲမှာ သူရဘွဲ့ချီးမြင့်ခံရသလို၊ ရခိုင် အာနီခေါ် ခင်မောင်ရီ (ကွယ်လွန်) ၁၉၈၆  စီစီဝမ်တာပန်တိုက်ပွဲနဲ့ ဒါလားကွ ထွန်းမန် (ခေါ်) ချင်းကြီး ဒါးလ်ထွန်းမန် (ကျဆုံး) ၁၉၈၉ မဲလ စစ်ဆင်ရေးတွေမှာ သူရဲကောင်းမှတ်တမ်းဝင်ဖြစ်ခဲ့ပါတယ်၊




နောက်အခု ရခိုင် ANP က လွှတ်တော်အမတ် ကလည်း၂၀၁၃ ကချင်ပြည်နယ် လဂျားယန်စစ်ဆင်ရေးမှာ တိုင်းမှုးချီးကျုးဂုဏ်ပြုမှတ်တမ်းတင်ခဲ့သူပါ၊ သည်လိုဘဲ ရှမ်းကြီးမောင်မောင်ရှင်၊ ရခိုင် တင်ထွန်ဦး၊ ထွန်းသန်းအုံး၊ ကချင် လှဂေါင် တို့ဆိုလည်း ဂုဏ်ပြုလက်မှတ်တွေ ရထားကြပါတယ်၊ သည်လိုဘဲ စောစောစီးစီးကျဆုံးသွားတဲ့ ပလောင်ကြီး ညီနေ၊ ရခိုင်ကြီးမြစိုး တို့ဟာလည်းစွန့်လွှတ်စွန့်စားခဲ့တဲ့တိုင်းရင်းသား ညီအကိုတွေပါဘဲ၊ သည်ကြားထဲမှာ ထူးထူး ခြားခြားမှတ်မိနေသူ နှစ်ယောက်ကတော့ ၀ လူမျိုး အိုက်စံနဲ့ အားခါ လူမျိုး ဗမာနံမည် မင်းညိုတို့ပါဘဲ၊ သူတို့လူမျိုးနံမည်တော့ ခေါ်ရခက်လို့ မမှတ်မိတော့ပါဘူး၊  


အိုက်စံက တပ်ကထွက်ပြီးဝ ထဲမှာ ၀တွေခန့်တဲ့ ၀ပြည်နယ်ဝန်ကြီး ဖြစ်ခဲ့သေးတယ်ဆိုပါတယ်၊ ကျနော် မေးတော့ သူငယ်ချင်းတယောက်က ပြောတာ လျှပ်စစ်ဝန်ကြီးဆိုဘဲ၊ လျှပ်စစ်ဝန်ကြီးဆိုတော့  ဘာလုပ်ရသလည်းမေးတော့ မီးစက်မောင်းရတာပေါ့ကွတဲ့၊ ကျနော်ကတော့ နောက်ပြောတယ်ထင်တာဘဲ နောက်အမျိုးသားညီလာခံတက်တဲ့ ၀တယောက်နဲ့ စကားစပ်မေးမိတော့ ဟုတ်တယ်၊ မီးပေးတဲ့ဌာနကိုကိုင်ရတယ်ပြောပါတယ်၊


အခုတော့သူလည်း ကျောက်ကပ်ရောဂါနဲ့ ဆုံးတာကြာပါပြီ၊ သူသာမဆုံးခဲ့ရင် တပ်မတော်အတွက် အခုအချိန်မှာ တနည်းတဖုံတော့ သုံးရမယ်ထင်ပါတယ်၊ နောက်တယောက်ကတော့ ကျနော်တို့ အခါကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းညိုပါဘဲ၊ အခုကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်တ၀ိုက်မှာ အင်အားများတဲ့ အားခါလူမျိုးစုတွေရဲ့ ခေါင်းဆောင်ပါ၊ တပ်ကထွက်တာတော့ကြပါပြီ ၊ သူ့ကိုမှတ်မိနေတာကတော့  ၁၉၈၅ အလုပ်သင်ဗိုလ်ဘ၀နဲ့ စစ်မြေပြင်လက်တွေ့ တပ်တွေကိုသွားကြရတဲ့အခါမှာ တဒိန်းဒိန်း ချနေရတဲ့ ကရင်ပြည်နယ်က တပ်မ (၄၄) ကို ကျနော်ရောသူရော ရောက်ခဲ့လို့ပါဘဲ၊ ကျနော်က ခမရ (၈) ပဲခူး၊ သူက ခမရ (၄) အင်းမ .. နှစ်ယောက်စလုံး ဗိန်ဗောင်းသံတွေထဲမှာ ဇတ်ကခဲ့ရပါတယ်၊  စစ်မြေပြင်မှာ အထိအခိုက်မရှိပေမဲ့ နံမည်ကျော် ကရင်ပြည်နယ်ကမဲလဌက်ဖျား ဟာ ကျနော်တို့ကို အတော်ထိခိုက်စေခဲ့ပါတယ်၊


တပ်မ (၄၄) ကို ရောက်တဲ့ ဗိုလ်လေး (၁၅)ယောက်စလုံး ကရင်ပြည်နယ်က နံမည်ကျော်ဌက်ဖျားတွေနဲ့ လွတ်သူမရှိသလောက်ပါဘဲ၊ ကျနော်ဆိုလည်း ကံကောင်းလို့မသေဖြစ်ခဲ့ရတာပါ်၊ ဦးဏှောက်ထဲ ဌက်ဖျားပိုးဝင်ပြီး တပ်ရင်းအရာရှိရိပ်သာမှာ လူမသိသူမသိမေ့နေရာက အလည်လာတဲ့ တပတ်စဉ်ထဲသူငယ်ချင်း မလှိုင်သား အောင်သန်း ၊တေဇ(ရ) က ကိုတင့်ဆွေ အစရှိတဲ့ သူတွေအခန်းထဲဝင်လာရင်း တွေ့လို့ အသက်ရှင်ခဲ့ရတာပါ၊ ကံကောင်းခြင်တာက ရိပ်သာမှာ တပ်ပြောင်းအရာရှိတွေကို  ညစာကျွေးလာတဲ့ တပ်ရင်းမှုးနဲ့တခြားအရာရှိတွေ အရာရှိကတော်တွေ စုံစုံညီညီရောက်နေတာလည်း ကျွန်တော်သေကံမရောက် သက်မပျောက်ရခြင်းအကြောင်း တခုပါဘဲ၊


သိသိချင်း တပ်ရင်းမှုးကားနဲ့ နန်းတွင်းစစ်ဆေးရုံ .. အဲဒီကနေ အသက်ကယ်ဆေးတွေ ဘာတွေသွင်းလို့ မေမြို့စစ်ဆေးရုံကို တန်းပို့လိုက်ပါတယ်၊ တကယ့်ကို လက်မတင်လေးပါဘဲ၊ ကျနော့ပါးစပ်တွေစေ့ ၊သွေးခုန်နှုန်းလည်းကျနေပါပြီ၊ မေမြို့စစ်ဆေးရုံရောက်တော့ အခြေအနေမကောင်းတော့ပါဘူး၊ နောက်ဆုံး အိမ်ကို အသက်မှီခြင်အမြန်လာဆိုတဲ့ ကြေးနန်းကြောင့် အဖေနဲ့ဘကြီးမှာ မေမြို့ကိုလေယာဉ်နဲ့ အမြန်ဆုံး တက်လာကြပါတယ်၊


သူတို့ရောက်တော့ (၃) ရက်မြောက် ကျနော်သတိမရသေးပါဘူး၊ အသက်က ရှုနေပေမဲ့ ဦးဏှောက်က အလုပ်မလုပ်တော့ဘူးဆိုပါတယ်၊ အဖေတို့လည်း သေမဲ့ရက်ကို ထိုင်စောင့်နေခဲ့ရတာပေါ့၊ ဒါပေမဲ့ ဘုရားကယ်တာရယ် မေမြို့စစ်ဆေးရုံ ဆရာဝန်သူနာပြုဗိုလ်ကြီးမမတွေရဲ့ ကုသပြုစုမှုတွေ ကြောင့်ရယ် စုစုပေါင်း (၇) ရက်မြောက်မှာ ကျနော်သတိပြန်ရလာပါတယ်၊ ခရီးရှည်ကြီးတခုကို သွားခဲ့ရသလိုပါဘဲ၊



အဲသည်က ဆရာဆရာမတွေလည်း သေမယ်ထင်ရာက ပြန်သတိရလာလို့ဝမ်းသာကြပါတယ်၊ ကျနော်လည်း ကျေးဇူးအတော်တင်မိပါတယ်၊ ကျေးဇူးရှင် ဆရာဝန်သူနာပြုတွေတော့ သိပ်မမှတ်မိတော့ပါဘူး ၊ ဇွန်းနဲ့ကလန့်ပြီး စေ့နေတဲ့သွားကိုဖြဲ  ချွဲစုပ်ထုတ်လို့ ကျနော့သွားတွေ ယိုင်ရွဲ့ကုန်တာကို ပြန်ပြင်ပေးတဲ့ ဆရာဝန်ဗိုလ်ကြီး မမတယောက်ကိုတော့ သတိရနေမိပါတယ်၊ လှလွန်းလို့ပါ၊ အတော်လေးချောပါတယ်၊ နံမည်ကတော့ မေသွေးကို ဆိုလားဘဲ နံမည်ကလည်းခပ်လှလှပေါ့၊ သိတဲ့အတိုင်း ကျနော်တို့က တိုက်ပွဲပျော် တောပျော်တွေဆိုတော့ ဆေးရုံဆင်းတာနဲ့ရှေ့တန်းပြန်ထွက်ပြီး လှတာတွေလည်းမေ့လို့ ထပ်လို့လည်း မချောဗိုလ်ကြီးနဲ့မတွေ့ဖြစ်တော့ပါဘူး။


မှတ်မှတ်ရရ ဆေးရုံမှာ (၁) လနီးပါး နေရတယ်၊ လက်ကသွေးကြောတွေလည်း ပလပ်စတစ်ချောင်းတွေကိုဖြစ်လို့ ဆေးတွေသွင်းလိုက်ရတာ၊  မှတ်မှတ်ရရ ကျနော့ခုတင်ဘေးက လူနာက တေဇ (၁၂) က နောင်တော်ကြီး ကိုတင်မောင်နီ ပါ၊ သူက ရှမ်းပြည်ဌက်ဖျားနဲ့ တက်နေတာပါ၊ ကျနော်လောက် အဆိုးကြီးမဟုတ်ပါဘူး၊ ဆေးရုံတက်တော့ ကျနော်က ဗိုလ် (၂) ပွင့်နဲ့ပါ၊ ကိုတင်မောင်နီက (၃)ပွင့်ထင်ပါတယ်၊



သည်လို အပွင့်တင်လာနိုင်တာဘဲ  ကိုကိုဌက်ကို ကျေးဇူးတင်ရပါမယ်၊ ကျနော်တို့အပတ်စဉ် ဗထူးတိုက်ခိုက်ရေးကျောင်းမှာ  ခြေလျှင်တပ်စုမှုးသင်တန်း တက်နေတဲ့ကာလမှာ ဌက်ဖျားကြောင့်  RTU ခေါ်တဲ့ တပ်ကို အလုပ်သင်ဗိုလ်ဘ၀နဲ့ ပြန်ပို့ခံရတဲ့သူတွေရှိပါတယ်၊ နောက်အပတ်စဉ်နဲ့ဆင်းပြီး BC နောက်ကျကျန်ခဲ့တဲ့သူ၊ အပွင့်တင် နောက်ကျတဲ့သူရှိပါတယ်၊ ကျနော်လည်း သည်လိုဖြစ်ဖို့ တဲတဲလေးပါဘဲ၊


မဲလစစ်ဆင်ရေးခွင်က ပြန်လာပြီး သင်တန်းတက်ဖို့ တပ်ကိုပြန်လာတဲ့ ကျနော်နဲ့မြစိုး တပတ်စဉ်ထဲ နှစ်ယောက်ကို ပဲခူးဘူတာမှာ ကိုအေးဝင်း (စတသ-၁၈) နဲ့ ကိုခင်မောင်ဆင့် (တေဇ-၁၀) တို့က လာကြိုတယ်၊ မိုးတွေကလည်း သည်းသည်းမဲမဲရွာလို့၊ ကျောက်တိုင်ကန် မြေလမ်း တလျှောက်တပ်က ဒေါ့ ပစ်ကပ်ကြီး မီးရောင်အောက်မှာ ဖားကလေးတွေက အများကြီးပါဘဲ၊ ကားနဲ့တောင်တက်ကြိတ်မိတယ်၊ ကိုအေးဝင်းက ကားကိုရပ်လိုက်ပါတယ်၊ မိုးရေထဲဆင်းပြီး ငါ့ညီတွေကို သေကံမရောက်သက်မပျောက်ပြန်လာနိုင်တာ ဂုဏ်ပြုမလို့ရိပ်သာမှာ အာမီထောင်ထားပြီ၊ အမြှီးကတော့ ထုံးစံအတိုင်း ကြက်ဥဘဲ၊ အခု ငါအကြံရပြီ မင်းတို့ကို ရှယ်အမြီး ဖားသားကျော်နဲ့ဧည့်ခံမယ် ဆိုပြီး ဖားတွေဆင်းရိုက် ဆောင်းထားတဲ့ တောဆောင်းဦးထုပ်ထဲ ထည့်တော့တာပါဘဲ၊



ကိုခင်မောင်ဆင့်ရော ကျနော်တို့ ဗိုလ်လေးနှစ်ယောက်ရော ကားပေါ်မနေနိုင်တော့ပါဘူး၊ မိုးရေထဲက ကားမီးရောင်အောက်မှာ ဖားရိုက်ကြ ဖားကောက်ကြလုပ်ကြတာပါဘဲ၊ ဖားတွေက တယောက်ကို တောဆောင်းဦးထုပ် တလုံးလောက်စီ အများကြီးရကြပါတယ်၊ ရိပ်သာလည်းရောက်တော့ အတော်ချမ်းနေပါပြီ၊ အာမီရမ်တွေ တဂွတ်၈ွတ်ချလို့အကိုကြီး ကိုအေးဝင်းကြော်ကျွေးတဲ့ ဖားကြော်တွေနဲ့လွှေးကြပါတော့တယ်၊ ပုလင်းဘယ်နှစ်လုံးကုန်လည်းတော့ မသိတော့ပါဘူး။ ကျဆုံးကျန်ခဲ့တဲ့ တေဇ (၁၂) က ကိုသိန်းထွန်းအကြောင်း ကိုတင်အေးအကြောင်း၊ ခြေထောက် ၂ ဖက်လုံးပြတ်သွားတဲ့ ရဲဘော်လေးအကြောင်းတွေ ပြောလိုက်၊ ငိုလိုက်၊ မော့လိုက်နဲ့ မိုးကိုလင်းပါလေရော၊


အိပ်ယာကထတော့ နောက်နေ့ နေ့လည်ခင်း ကျနော်တို့နှစ်ယောက်လုံး ဌက်နဲ့စစ်ခင်းနေရပါပြီ၊ အဖျားတက် ချမ်းတုန်နေပါပြီ၊ လွတ်ပြီကျွတ်ပြီထင်ရတဲ့ ကရင်ပြည်နယ် မဲလဌက်က ထကြွတိုက်ခိုက်လာပါပြီ၊ ခေါင်းတွေလည်း ထူပူလို့  ဌက်ခေါင်းဆိတ်မခံနိုင် ဖြစ်ခဲ့ရပါပြီ၊ အဲသည်ညနေမှာဘဲ  ကျနော်ရော မြစိုးပါ အင်းတိုင် က စစ်ဆေးရုံလေးကို ရောက်သွားပါတော့တယ်၊


(နောက်နေ့ဆက်ပါဦးမည်)



စစ်သားဘ၀ အမှတ်တရများ (၂)

$
0
0


သံစဉ်များနဲ့ အားခါကြီး(၂)
+++++++++++++
အင်းတိုင်ဆေးရုံမှာ  ၅ ရက်လောက်နေပြီး ကိုရွှေဌက်ဖျားတိုက်ပွဲခဏနားနေတုံး ကျနော်တို့သူငယ်ချင်းနှစ်ယောက်
ဆေးရုံကပြန်ဆင်းလာခဲ့ကြပါတယ်၊ မဆင်းလို့လည်းမဖြစ်တော့ပါဘူး၊ တပ်စုမှုးသင်တန်းတက်ဖို့က တပတ်ဘဲလိုတော့တယ်လေ၊ သည်လိုနဲ့ ခပ်ယဲ့ယဲ့ခန္ဒာကိုယ်ကို အနိုင်နိုင်သယ်ပိုးလို့ ကာဘိုင်တလက်၊ ပစ္စတိုတလက် ၊ ခဲယမ်းနဲနဲ ၊ အ၀တ်အစားနဲနဲကို သံသေတတ္တာတလုံးထဲ စုပြုံထဲ့လို့ ဗထူးတပ်မြို့စီကို ကျနော်နဲ့မြစိုး တပတ်စဉ်ထဲက  ဌက်ကိုက်ကိုကိုနှစ်ယောက် ကြွခဲ့ရပါတော့တယ်၊



၃၀၊၆၊၁၉၈၆  မှာ ကျနော်တို့ အလုပ်သင်ဗိုလ်တွေအတွက် သီးသန့်အပတ်စဉ်ဖြစ်တဲ့ ခြေလျှင်တပ်စုမှုးသင်တန်း အမှတ်စဉ် (၈၅) ဖွင့်ပါတယ်၊ တောင်ဥက္ကလာသား ၀င်းဇော်မိုး၊  ပဲခူးသား အေးချို၊  ပုသိမ်သား တင်ကိုသီ တို့ကတော့ မလာနိုင်တော့ ပါဘူး ။ အလုပ်သင်ဗိုလ်ဘ၀မှာဘဲ ကြွေလွင့်ခဲ့ပါပြီ၊ အေးချိုဆို ကျနော်အတော်ခံစားရပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ပဲခူးတပ်မှာ အလုပ်သင်ဗိုလ်ဖြစ်ရတဲ့ ကျနော်ကို့ အေးချိုအမေကြီးက သားတယောက်လို ဂရုစိုက်ခဲ့လွန်းလို့ပါဘဲ၊ ကျနော့ရဲ့ စားအိမ် သောက်အိမ် ။ဒုတိယ မိဘအိမ်လို့တောင်ဆိုရအောင် ဂရုစိုက်ခဲ့ပါတယ်၊  သားတို့တပ်စုမှုးသင်တန်း အတူတက်ရမှာနော် အေးချိုကို ထိန်းပေးနော်  သည်ကောင်က စိတ်ဆတ်တယ်၊ အရမ်း ဂမှုးရှုးထိုး လုပ်တတ်တယ်၊ ဆိုတဲ့ အေးချိုအမေကြီးစကားသံကို အခုထိ နားထဲကမထွက်ခဲ့ပါဘုး၊


တိုက်ပွဲကျ ဖခင်ရဲ့သား တိုက်ပွဲကျတဲ့ သတင်းကို အမေအို ဘယ်လိုရင်ဆိုင်မလည်း မသိပေမဲ့ သည်သတင်းကို ကျနော်ကတော့ ရှေ့တန်းမှာဘဲ ကြားသိရင်နာခဲ့ရပါတယ်၊ ပဲခူးကို ပြန်ရောက်တာနဲ့ ဌက်ဖျားဖျားတာရော အေးချိုအမေရဲ့ မျက်ရည်တွေကို ရင်မဆိုင်ရဲတာကြောင့်ရော ကျနော်အေးချိုအိမ်ကို မသွားဖြစ်ခဲ့ပါဘူး၊
သည်လိုနဲ့ ဗထူးသင်တန်း စလို့ မကြာသေးခင်မှာဘဲ  ကျနော့်စီက ကရင်ပြည်နယ်ဌက်ကြီးက ပြန်ထလာပါ တော့တယ်၊ ဒါနဲ့ဘယ်လိုမှမနေနိုင်တော့ဘဲ ကျောင်းဆေးခန်းကနေတဆင့် ဗထူးတပ်နယ် စစ်ဆေးရုံကို ရောက်သွားပါတော့တယ်၊ ဗထူး စစ်ဆေးရုံက သေးသေးလေးပါ၊ လူနာ ကတော့အပြည့်ပါဘဲ ၊ ဒါပေမဲ့ သန့်ရှင်းသပ်ယပ်တယ်၊ ဆရာဝန် ဆရာမ သူနာပြုတွေကအစ အတော်ဂရုစိုက်ကြပါတယ်၊



၅ ရက် လောက်မှာတော့ ကျနော် နဲနဲထူထူထောင်ထောင်ရှိလာပါပြီ၊ အဖျားကတော့ မပျောက်သေးပါဘူး ၊ သူ့အချိန်တန်ရင် ထလာ၊ကြွလာ ၊ တုန်ဆင်းလာဆဲပါ၊ ၆ ရက်မြောက်နေ့မှာတော့ ကျနော် အတော်စိုးရိမ်လာပါပြီ၊ မနက် အခန်းတွေ လှည့်ကြည့်တဲ့ ဆရာဝန်ဗိုလ်ကြီးကို သတင်းပို့မိပါတယ်၊ ဗိုလ်ကြီး ကျနော်ဆေးရုံဆင်းခြင်တယ်ပေါ့၊  ဒါပေမဲ့ အဲသည်ဗိုလ်ကြီးက ဗိုလ်လေး ခင်ဗျားနေမကောင်းသေးဘူး ဆင်းလို့မရသေးဘူးတဲ့၊ မဆင်းရင် မနက်ဖြန်ကျနော်  RTU (Retrun to unit) သင်တန်းကကျပြီး တပ်ပြန်ရတော့မယ်လို့ ဆိုတော့ ဆရာဝန်ဗိုလ်ကြီးက ခေါင်းကုတ်ပါတယ်၊ ကျနော်လည်း သိပါတယ်၊ ဒါပေမဲ့ တပ်မှုး က သူ့ဆေးရုံက ဆင်းရင် ကောင်းမှ ဒေါင်ဒေါင်မြည်မှ ပေးဆင်းတာ၊ အခုလည်း ခင်ဗျားတို့ လူနာတွေကို ဘယ်ဆေးရုံနဲ့မှ မတူအောင် ကျွေးမွေးပြုစုတာ တွေ့တယ်မဟုတ်လား၊ ပျောက်မှ ဆင်းပါဗျာ၊ ဆိုပြီး စကားစကို ဖြတ်ပြီး ထွက်သွားပါတော့တယ်၊  


ဟုတ်တယ်။  ဗထူးစစ်ဆေးရုံတပ်မှုးက ကုသတဲ့နေရာ စေတနာထားတဲ့နေရာမှာ လူနာတိုင်းက ပြောကြပါတယ်၊ ဆေးရုံရိက္ခာ နွားနို့ ဆိုလည်း ပျစ်နှစ်နေပြီး ကြက်ဥ ၊ ပေါင်မုန့်ဆိုတာတွေကလည်း မပြတ်စေရပါဘူး၊ နံမည်တော့ ကျနော် သိပ်မမှတ်မိတော့ပါဘူး၊  ဗိုလ်မှုးအောင်နိုင် ထင်ပါတယ်၊ ပိန်ပိန်ပါးပါးပါဘဲ၊ ကျနော်တို့တပ်မ ၄၄ မှာလည်း ဗျူဟာဆေးမှုး လုပ်သွားဘူးတယ်လို့ သိရပါတယ်၊  မဆင်းရင်မဖြစ်တော့တဲ့ ကျနော်ကလည်း တပ်မှုး ကို
အပူကပ်ဖို့  တပ်မှုးအလာကို ဆေးရုံရှေ့က  ယောင်လည်လည် စောင့်နေမိပါတယ်၊


 နေ့လည် ၁ နာရီလောက်မှာတော့ တပ်မှုးရဲ့ ဂျစ်ကားလေး ဆေးရုံထဲက ပြန်ဝင်လာပါတယ်၊ သူ့အိပ်လေးသူဆွဲလို့ ဒုတိယထပ်က  သူ့ရုံးခန်းထဲဝင်သွားပါတယ်၊  နောက်က လိုက်လာတဲ့ ကျနော်လည်း သူရုံးခန်းထဲဝင်ပြီး ထိုင်လောက်တဲ့  အချိန် (၁၀) မိနစ်လောက် စောင့်ပြီးတော့ ရုံးခန်းဝ ခန်းဆီးအစိမ်းလေးနောက်ကနေ ၀င်ခွင့်ပြုပါတပ်မှုး လို့ သတိဆွဲ သတင်းပို့လိုက်ပါတယ်၊ တပ်မှုးရဲ့ လာလာ ဆိုတဲ့အသံနဲ့အတူ ကျနော် အထဲဝင်လိုက်ပါတယ်၊ အထဲရောက်တာနဲ့ မျက်လုံးပြူးကြည့်နေတဲ့  ဆေးတပ်မှုးကို လိုရင်းဘဲ သတင်းပို့လိုက်ပါတယ်၊ ကျနော်ဆေးရုံဆင်းခြင်လို့ သတင်းပို့ပါတယ်ပေါ့၊ တပ်မှုးကလည်း ကျနော့်ကို ကောင်းကောင်းသိပါတယ်၊ အဲသည်ဆေးရုံမှာ  အဲဒီအချိန် လူနာထဲမှာ  ရာထူးအကြီးဆုံးက ကျနော်ပါဘဲ၊ နောက် တပ်မ ၄၄  တံဆိပ်နဲ့ဆိုတော့ ပိုပြီး မှတ်မိတာလည်း ပါမှာပေါ့၊


ဒါပေမဲ့ ဆေးတပ်မှုးက မတုန့်မဆိုင်းဘဲ ချက်ခြင်း အဖြေပေးပါတယ်၊ မရဘူးဗိုလ်လေး - ဗိုလ်လေး နေမကောင်းသေးဘူး … တဲ့။  ကျနော်ကလည်း မလျှော့ပါဘူး၊ ကျနော် အရှင်းမပျောက်သေးတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ကျနော်သင်ခန်းစာ လိုက်နိုင်ပါပြီ၊ ဒါကြောင့် ဆင်းခွင့်ပေးပါ-တပ်မှုးက ခေါင်းယမ်းပြီး ကျနော့ဆေးရုံက ဆင်းသွားတဲ့ လူနာမှန်သမျှ  မီခြစ်ဆံလေးတွေလိုဘဲ  တချက်ခြစ်တချက်တောက်မှ  ပေးဆင်းတာ အမြစ်မပြတ်ဘဲ ကျနော်ပေးမဆင်းဘူး၊ ကျနော်ကလည်း သည်နေ့မှ မဆင်းရင် တပ်ပြန်ရတော့မယ်၊ ဟိုရောက်ရင် သည်ကရင်ပြည်နယ်ဘဲ စစ်ဆင်ရေးပြန်ထွက်ရမယ်၊ သည်ဌက်ဖျားနဲ့ပြန်တွေ့မယ်။ စစ်တိုက်လို့သေရတာ ကျနော်မကြောက်ဘူး၊ ဌက်ဖျားနဲ့သေမှာ၊ အရာရှိမဖြစ်ခင်သေမှာတော့ ကြောက်တယ်၊ တပ်မှုးလည်း ကရင်ပြည်နယ်နေခဲ့ရတာပါဘဲ၊  ဒါကြောင့် တပ်မှုးကို ကျနော်တောင်းပန်ပါတယ် ဆေးရုံဆင်းခွင့်ပေးပါလို့ ထပ်ပြောမိပါတယ်၊



သည်လိုနဲ့ နောက်ဆုံးကျနော်ကဘဲ  အငိုအပြောကောင်းလို့လားတော့ မသိဘူး ၊တပ်မှုးစီက တထစ်လျှော့ လာပါတယ်၊ ခင်ဗျား အောက်မှာ  ကျနော်လွှတ်တယ်ဆိုပြီး သွေးစစ်ခန်းမှာ သွေးပြန်စစ်ကြည့် သွေးထဲမှာ ဌက်ဖျားပိုးရှိနေသေးရင် မဆင်းရဘူး၊ မရှိရင် ဆင်းရမယ်သွားစစ် ဆိုပြီး လွှတ်လိုက်ပါတယ်၊ အောက်က သွေးဓါတ်ခွဲခန်း တပ်ကြပ်ကြီးကို သတင်းပို့တော့ သူကရီကျဲကျဲနဲ့ဘဲ သွေးစစ်ပေးပါတယ်၊ ကျနော့်ရင်ထဲ တဒိတ်ဒိတ်နဲ့ပေါ့၊ စစ်ပြီး အဖြေလွှာပေါ်ရေးနေတဲ့  ဆရာကြီးကိုကြည့်ပြီး  ကျနော်မေးမိပါတယ်၊ ဆရာကြီးကျနော့မှာ့ ပိုးရှိသေးလားဆိုတော့ ရှိတာပေါ့တဲ့၊ သေပြီဆရာ၊ ဆရာကြီး သေခြာရဲ့လားဆိုတော့ သေခြာတာပေါ့တဲ့။ ကျနော် အတော်စိတ်ဓါတ်ကျသွားပါတယ်၊ စိတ်ထဲမှာလည်း ငိုခြင်သလိုလိုပါ၊ သွားပြီ သူငယ်ချင်းတွေနဲ့ အတူ ကျောင်းမဆင်းရတော့ဘူးဆိုပြီးတော့ ၀မ်းနည်းမိတာပါ၊


သွေးဆရာကြီးက ကျနော့ပုခုံးဖက်ပြီး ပြောပါတယ်၊ ဗိုလ်လေးစိတ်ဓါတ်မကျနဲ့ တပ်မှုးက သိပြီးသား  မနက်ကထည်းက ကျနော်တို့ လူနာတွေရဲ့ သွေးစစ်ဆေးချက်တွေကို တင်ပြထားပြီးသား၊ ဗိုလ်လေးစီက ဌက်ဖျားပိုးကလည်း သည်နာရီပိုင်းနဲ့ မပျောက်နိုင်ဘူးဆိုတာ သိပြီးသား သူကဆရာဝန်လေ၊ အခုက ဗိုလ်လေးကို ဆေးရုံဆင်းပေးမလို့ နောက်ဆုံးအခြေအနေကို စစ်ခိုင်းတာ ၊ အခြေအနေကောင်းပါတယ် သွားသာသွားပါတဲ့၊



တပ်မှုးရုံးခန်းရောက်တော့ တပ်မှုးက ပြုံးကြည့်နေပါတယ်၊ ကျနော်ကမ်းပေးတဲ့ စာရွက်ကိုဖတ်ကြည့်ပြီး အသင့်ရေးထားပုံရတဲ့  ဆေးရုံဆင်းခွင့်အမိန့်စာကို ထုတ်ပေးပါတယ်၊ ပါးစပ်ကလည်း  အရှင်းမပျောက်သေးဘူး၊ ကျန်းမာရေးကိုဂရုစိုက်၊အစားအသောက်အနေအထိုင် ဂရုစိုက်၊ ဆေးနား (၃) ရက်ပေးလိုက်တယ်၊ ဆေးတွေလည်း မှန်မှန်သောက်၊ ဖျားတာနဲ့ ပြန်လာပြကြားလား လို့မှာပါတယ်၊ ကျနော်လည်း ၀မ်းသာလွန်းလို့ ကျေးဇူးတွေ အထပ်ထပ်တင်ပြီး တပ်မှုးကို ထိုင်တောင်ကန်တော့ခဲ့ပါတယ်၊ တကယ်တော့ ထိုင်ကိုကန်တော့သင့်တဲ့ သမားပီသတဲ့ လူတယောက်ပါ၊ နောက်လာမဲ့ အပိုင်းတွေမှာလည်း သူဘယ်လောက် စေတနာထားတယ်ဆိုတာ ဆက်ရေးပြပါဦးမယ်၊



ဗထူးတပ်နယ် ဆေးရုံကို ကျနော်ရောက်ရောက်ခြင်း ဈေးဦးဖေါက်ပြီတဲ့အခါမှာတော့ နောက်ကနေ တပ်မ ၄၄ ၊ တပ်မ ၆၆ ကလာတဲ့ ဗိုလ်ကလေးတွေ  ဌက်ခြင်းပြိုင် အတက်ခြင်းပြိုင်လို့ ဆေးရုံပေါ်မှာ မြိုင်မြိုင်ဆိုင်ဆိုင် ရောက်သွား ပါတော့တယ်၊ ကျနော့လိုဘဲ (၆) ရက်ထက် ကျော်မတက်နိုင်တဲ့  ဗိုလ်ကလေးတွေရဲ့  ငိုသံဥာဉ်းသံ တညံညံကိုလည်း  တပ်မှုးခင်မျာ နားကွဲမတတ် ခံလာရတယ်နဲ့တူပါရဲ့၊ဒုတိယမ္မိ ကျနော် ဆေးရုံပေါ်ရောက်တဲ့ အခါမှာတော့ ဆေးတပ်မှုးက ဆေးရုံမတက်စေတော့ပါဘူး၊ ကျနော့ကို လိုအပ်တဲ့ကုသတာတွေ လုပ်ပေးပြီး သင်တန်းကို ပြန်ပို့လိုက်ပါတယ်၊ မနက်ဖြန် ခင်ဗျားတို့စီ ကျနော်လာခဲ့မယ်ဆိုပါတယ်၊



နောက်နေ့ကျတော့ ဆေးတပ်မှုးနဲ့ စစ်ဆေးရုံက တပြုံကြီး ကျနော်တို့သင်တန်းကို ရောက်လာပါတယ်၊ သင်တန်းသားတွေအားလုံးကို သွေးစစ်ပါတယ်၊ ဌက်ဖျားသမားတွေ ရွေးထုတ်ပါတယ်၊ စုစုပေါင်း ၃၅ ယောက်လောက် ရှိမယ်ထင်ပါတယ်၊ အဲသည်လူတွေကို စုပြီး တပ်မှုးကပြောပါတယ်၊  “ခင်ဗျားတို့ အပတ်စဉ်မှာ ဌက်ဖျားသမား သိပ်များတယ်၊ ဌက်ကလည်း အပြင်းစားဌက်ဖြစ်တယ်၊ ဆေးရုံပေါ်တင်ကုရင်လည်း ခင်ဗျားတို့ဌက်က ချက်ခြင်း ထွက်မသွားနိုင်ဘူး၊ ဆက်ထားပြန်ရင်လည်း ခင်ဗျားတို့အများစု RTUဖြစ်မယ်၊ ဒါကြောင့် ခင်ဗျားတို့ကျောင်းအုပ်ကြီးကို တင်ပြပြီးသင်တန်းမှုးနဲ့ တိုင်ပင်ပြီး ခင်ဗျားတို့ကို သင်တန်းမှာဘဲ ဆေးရုံတင်မယ်၊ ခင်ဗျားတို့ ကျောင်းမှာဘဲကုမယ်၊ စနေတနင်္ဂနွေကျရင် ကျနော့ ဆေးရုံအတက်ပြပြီး ဆေးရုံရိက္ခာ၊ ဆေးဝါး တရားဝင်ထုတ်ပေးမယ်၊ ခင်ဗျားတို့ကလည်း  ကျနော့စေတနာကို အသိအမှတ်ပြုရင်  သင်တန်းမှာနေပေမဲ့ ဆေးရုံစည်းကမ်းအတိုင်း လိုက်နာပါ ၊ ဆေးမှန်မှန်သောက်ပါ၊  အရက် လုံးဝမသောက်ပါနဲ့” စတဲ့ လိုက်နာဖွယ်တွေ ပြောပြီးတဲ့အခါမှာ သင်တန်းက ဘားတိုက်တခုကို အားလုံးရှင်းလင်းပြီး ကျနော်တို့ ဌက်သမားတွေကို နေရာချပေးပါတယ်၊


သည်မှာတော့ သက်တန်းရင့် ဌက်သမားကြီး ကျနော် ကုတင်နံပတ် (၁) နဲ့ဗိုလ်စွဲပြီး အဆောင်ထဲမှာ ပထမဦးဆုံး နေရာချခံရပါတယ်၊ ကျနော်တို့ တပ်မ ၄၄ က မြစိုး၊ သန့်ဇင်၊ မင်းညို၊ ကျော်သက် အစရှိတဲ့ ဌက်သမားတွေကတော့ အဆောင်ထိပ်ပိုင်းနေရာတွေကို သိမ်းပိုက်နိုင်လောက်အောင်ကို  ကရင် Angery Bird တွေက အစွမ်းပြခဲ့ပါတယ်၊
ဆေးရုံတပ်မှုးကတော့  သူပြောတဲ့အတိုင်း မနက်တခေါက်၊ ညနေတခေါက် သင်တန်း ကိုလာ ရောင်းလှည့် စစ်ဆေးပါတယ်၊ ဆေး ထိုးဖို့လိုရင် ထိုး၊ ဆေးသွင်းဖို့လိုရင်သွင်းနဲ့ တကယ့်က ကျနော်တို့ကို ဖခင်တယောက်လို ဂရုစိုက်ခဲ့ပါတယ်၊ ဆေးရုံကနေ  နွားနို့ ကြက်ဥတွေ နေ့တိုင်းကားနဲ့လာပို့ပေးပါတယ်၊



တကယ်ဆို သည်ရိက္ခာတွေ သည်ဆေးတွေနဲ့ သူ့ဆေးရုံက သူနာပြုတွေသူ့အချိန်တွေကို ကျနော်တို့အတွက် မသုံးလည်းရပါတယ်၊ ဒါပေမဲ့ အဲသည်အချိန်က ဆေးတပ်မှုးရဲ့ စေတနာက အံမခန်းပါဘဲ၊ မနက်လေ့ကျင့်ခန်းလည်း နေမကောင်းမခြင်း  ကျနော်တို့ ဘားတိုက်အိပ်ဆောင်က မထွက်ရပါဘူး၊သင်တန်းမှုးက ပြောပါတယ်။ မင်းတို့အပတ်စဉ်ကျမှဘဲ  တိုက်ခိုက်ရေးကျောင်းလည်း ဆေးရုံဖြစ်တော့တယ်တဲ့၊ ဟုတ်ပါတယ် ရာဇ၀င်ထွင်ခဲ့ပါတယ်၊ အဲသည် အချိန်ကကျောင်းမှာ  ကျနော်တို့အဆောင်ကို  ဖျားနာဆောင် ( sick Barrack) လို့ခေါ်ကြပါတယ်၊


အခုပြန်တွေးကြည့်တော့  ဆေးတပ်မှုးသည်လို စေတနာထားခဲ့လို့သာ  ကျနော်တို့အပတ်စဉ်က ကျနော်အပါအ၀င် ဌက်သမားအတော်များများ အချိန်မှီ ဗိုလ်ဖြစ်ခဲ့ရတာပါ၊ အရမ်းကျေးဇူးတင်ဖို့ ကောင်းပါတယ်၊ တချို့ (၃) ယောက်လောက်တော့ ဌက်ကိုက်တာများလို့ နည်းနည်းနောက်ကျတာတော့ ရှိပါတယ်၊ အနီးဆုံး အပတ်စဉ်နဲ့ ပြန်တက်ရပြီး  ဘီစီနဲနဲနောက်ကျသွားတာ ရှိပါတယ်၊ ကံကောင်းတာက  ကြားမှာ ဘယ်ဗိုလ်သင်တန်းကျောင်းမှ မဆင်းတော့ သိပ်အဆက်ပြတ်တယ်လည်း မဟုတ်ပါဘူး၊ ပြန်တမ်းဝင်ဖြစ်ရက် နဲနဲနောက်ကျသွားတဲ့ သဘောပါဘဲ၊


ကျနော် မှတ်မိသလောက်တော့ အောင်ဆန်းဦး၊ မင်းညို နဲ့ သန့်ဇင် တို့ထင်ပါတယ်၊ဘာဘဲဖြစ်ဖြစ် စစ်ဆေးရုံတပ်မှုးကို ကျနော်တို့အားလုံး ကျေးဇူးအထူး တင်ခဲ့ရပါတယ်၊


(အပိုဒ် ၃ တွင် အခါကြီး မင်းညိုသံစဉ်ကမ္ဘာထဲ မမြော့်လင့်ဘဲ ရောက်ရှိသွားပုံကို တင်ဆက်ပါမည်)

ဓါတ်ပုံ- ဆေးတပ်မှ အရာရှိများပုံ အင်တာနက်မှယူပါသည်၊



စစ်သားဘ၀ အမှတ်တရများ (၃)

$
0
0


သံစဉ်များနဲ့ အားခါကြီး (၃)
+++++++++++++
PT မပြေးရ Fatigue မလုပ်ရ တိုက်ခိုက်ရေးကျောင်း sick barrack ဖျားနာဆောင်မှာ ကြက်ဥသောက် နွားနို့သောက်ရင်း အမ်းဂရီးဘတ် ဌက်ဖျားကြီးကို အံတင်းတိုက်ခိုက်နေတုံးမှာဘဲ အခါကြီးခေါ်တဲ့ မင်းညိုကြီးမှာ ငယ်ထိပ်ဌက်ဆိတ်တာ ခံရပါတော့တယ်၊ အခါကြီး ဌက်ဖျားတက်လို့ ဆေးရုံခေါ်သွားပြီဆိုတဲ့အချိန်မှာ ကျနော်လည်း ဌက်ဖျားကြောင့် တုန်တက်လို့နေပါတယ်၊


နောက်နေ့မနက်မှာတော့ အခါကြီးဦးဏှောက်ထဲ ဌက်ဖျားပိုးရောက်သွားပြီ၊ သတိမရတော့ဘူး၊ အခြေအနေမကောင်းတော့ဘူး ဆိုတဲ့ သတင်းဆိုးကိုကြားရပါတော့တယ်၊ တကယ်တော့ အခါကြီးဆိုတာ ကျနော်တို့ထက် တနှစ်နီးပါးအသက်ကြီးပါတယ်၊ ၁၉၆၃မွေးပါ၊ ဗိုလ်သင်တန်းပါလာတော့ တောင်ကြီးတက္ကသိုလ်မှာ ဒုတိယနှစ် စိတ်ပညာ နဲ့တက်နေရင်းပါလာတာပါ၊ ဗလကလည်း ခပ်တောင့်တောင့် ၊ မေးရိုးကားကားနဲ့ မြန်မာရုပ်ရှင်မင်းသား ရွှေဘကြီးတို့ ဒီဇိုင်းပါဘဲ၊ တက်ကြွတယ်၊ ကျနော်တို့လိုမဟုတ်ဘူး။ လူကြီးဆန်ဆန် နေတတ်ပါတယ်၊ တိုင်းရင်သားပေမဲ့  အိုက်စံကြီးတို့လိုလည်း ဟိုလူကစ၊ သည်လူကစနဲ့  ခံနေရတဲ့ ရိုးရိုးကြီးဇေယျ လည်း မဟုတ်ပြန်ပါဘူး၊


အခါကြီး ဆေးရုံတက်ပြီး နောက်နေ့မှာ ကျနော်တို့ ဗိုလ်လေးတစု ညနေပိုင်း လူနာသတင်း သွားမေးကြပါတယ်၊ အခါကြီးက သတိမရသေးပါဘူး၊  သွေးပုလင်း ၊ ဆေးပုလင်းတွေနဲ့ ၀ါယာတွဲထားတဲ့  ခုတင်ပေါ်က အခါကြီး ကိုကြည့်ရတာ မသက်သာလှပါဘူး၊ ကိုဝင်းဦးလို၊ ရွှေဘကြီးလို ခပ်တောင့်တောင့် ဗလကြီးနဲ့ အခါကြီးခင်မျာ အခု ခုတင်ပေါ်မှာတော့ ဌက်ဆိတ်ထားတဲ့ လေထိုးရုပ်ကြီးလို ပျော့ခွေလေလျှော့လို့ ဗြော့ကြီးကြိုးပြတ် ဖြစ်နေရရှာပါပြီ၊ သတိကမရသေးပါဘူး၊


ကျနော်တို့ လူနာလာကြည့်နေချိန်မှာဘဲ  ခရိယာန်ဘုရားရှိခိုးကျောင်း က သင်းအုပ်ဆရာကြီးနဲ့ အဖွဲ့ လာကြည့်တာ တွေ့ရပါတယ်၊  ကျနော်က ဗုဒ္ဒဘာသာဖြစ်ပေမဲ့ သင်တန်း (၃) နှစ်လုံး အနီးကပ်ပေါင်းလာတာက ကချင်ကြီးဇော်မိုင် ဆိုတော့ တနင်္ဂနွေနေ့တိုင်း ဘုရားရှိခိုးကျောင်း လိုက်သွားမိပါတယ်၊ ဘုရားသီချင်းတွေလည်း ဆိုခဲ့ပါတယ်၊ နောက် အလကားနေအလကား ခရိယာန်တရားစာအုပ်တွေဖြစ်တဲ့  ရှင်မာကု ခရစ်ဝင်၊ ရှင်မသဲခရစ်ဝင် စာအုပ်တွေဖတ်မိပါတယ်၊၊

 ဒဿနိက သမားဖြစ်တဲ့အတွက် တချို့စာလေးတွေဆို အခုထိမှတ်မိနေပါသေးတယ်၊ ဥပမာ-
×××× ကိုယ်ခန္ဒာကိုသာ သတ်ရ်ျစိတ်ဝိဥာဉ်ကို  မသတ်နိုင်သော လူတို့ကို မကြောက်ကြနှင့်၊ ကိုယ်ခန္ဒာနှင့် စိတ်ဝိဥာဉ်ကို ငရဲ တွင်ဖျက်ဆီးနိုင်သူကို သာကြောက်ကြလော့××××××
×××××ဖြောင့်မတ်ခြင်းတရားကြောင့် နှောက်ယှက်ခြင်း ဆဲခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြဧ။် ×××××
××××× သင်တို့သည် လောကဧ။်ဆားဖြစ်သည်၊ ဆားမူကား အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ပြန်ရမည်နည်း၊ အပြင်သို့ကျော်နင်းခြင်းမှ တပါးမည်သို့မျှ အသုံးမ၀င်၊ ×××××× သင်တို့သည် လောကဧ။်အလင်းဖြစ်သည်၊ ဆီမီးထွန်းထားပြီး တောင်းဇလားအောက်တွင် ဖုံးထားလေ့မရှိ၊ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းရစေခြင်းဌာ ဆီမီးခုံပေါ်တွင် တင်ထားလေ့ရှိသည်၊ သူတပါးတို့သည် အသင်တို့ဧ။်ကောင်းသောအကျင့်ကိုမြင်ပြီး ကောင်းကင်ဘုံတွင် ရှိတော်မူသော သင်တို့ဧ။် အဘဂုဏ်တော်ကို ချီးမွှမ်းစေခြင်းဌာ သင်တို့အလင်းကို လင်းကြစေလော့၊×××××××စတဲ့ အကျင့်စာရိတ္တ ထိမ်းသိမ်းရေးဆိုင်ရာ လေးတွေကို အမှတ်တရ ကူးယူမှတ်သားထားမိပါတယ်၊


ကျနော့ကို ခရိယာန်သူငယ်ချင်းတွေက ခရစ်ယောင်လို့စခေါ်ကြပါတယ်၊ တကယ်တော့ ကျနော်ဟာ ၀ါသနာအရ အတွေးအခေါ်တွေ ကို စိတ်ဝင်စားတတ်သူပါ၊ ကျနော်က ခရိယာန်ဘုရားရှိခိုးကျောင်း လိုက်တက်မိသလိုဘဲ၊ ကချင်ကြီးဇော်မိုင်ကလည်း  ကျနော်နဲ့အတူ ဘုရားလိုက်တက် ဘုန်းကြီးထိုင်ရှိခိုးနဲ့ ဘာသာတရားဟာ ကျနော်တို့ညီအကိုနှစ်ယောက်ကြားမှာ အဟန့်အတားမဖြစ်ခဲ့ပါဘူး၊



နောက်နေ့ညနေတိုင်းမှာ ကျနော်တို့အခါကြီးစီရောက်သလို ခရိယာန်အဖွဲ့တွေကလည်း ရောက်နေပါတယ်၊ သူတို့က ဆေးတပ်မှုးကို ခွင့်တောင်းလို့  အခါကြီးခုတင်ပတ်လည်မှာ ၀ိုင်းပြီးသူတို့ဘာသာအရ ဆုတောင်းကောင်းချီးခံယူစေပါတယ်၊ သာယာညှင်းပြောင်းစွာ သီဆိုနေတဲ့  ဓမ္မသီချင်းသံတွေကြားထဲမှာဘဲ
အခါကြီး ပြန်သတိရလာပါတယ်၊ ဒါပေမဲ့ အရင်က ဗိုလ်လေးအခါကြီး မဟုတ်တော့ပါဘူး၊ ဌက်ဖျားပိုး ဦးဏှောက်ထဲရောက်သွားတဲ့  တန်ခိုးနဲ့တခါထည်း အခါကြီးကနေ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သွားပါတော့တယ်၊ သူ့အခန်းအ၀င်မှာလည်း သူအတင်းရေးကပ်ခိုင်းထားလို့ ဆေးတပ်သားလေးက နားညီးသက်သာပြီးရောလို့ဆိုပြီး ရေးကပ်ထားတဲ့ ဆိုင်းဘုတ်ရှိပါတယ်၊ စက္ကူဖြူဖြူမှာ ခနော်နီခနော်နဲ့ လက်ရေးနဲ့ရေးထားတာကတော့ “သတိ-ဗိုလ်ချုပ်အောင်ဆန်း အခန်း၊အခန်းထဲဝင်ရင်အလေးပြုပါ” တဲ့၊----



သည်လိုနဲ့ အခါကြီးအခန်းထဲကို ၀င်တဲ့လူတိုင်း အလေးပြုဝင်ရပါတော့တယ်၊ ဆရာဝန်ဆရာမတွေကအစ ကျနော်တို့သူငယ်ချင်းတေG အဆုံးပေါ့၊ ၀င်ခွင့်ပြုပါ ဗိုလ်ချုပ်၊ ဟုတ်ကဲ့ပါဗိုလ်ချုပ်နဲ့ အားလုံးကချုပ် နေရတာပေါ့လေ၊ အခါကြီးကတော့ ခုတင်ထက်မှာ မိန့်မိန့်ကြီးထိုင်လို့ ခေါင်းတငြိမ့်ငြိမ့်နဲ့ ပွဲခံနေတာပေါ့၊
အလေးပြုမ၀င်တဲ့ လူတွေကတော့ အခါကြီးရဲ့ ဆဲဆိုကြိမ်းမောင်းသံတွေနဲ့ နပန်းလုံးရပါတော့တယ်၊


နောက်နေ့ အလေးမပြုဘဲဝင်မိတဲ့ ကံဆိုးသူမောင်ရှင်ကတော့  ကျနော်တို့သင်တန်းမှုးဗိုလ်ကြီးစိုးဝင်း (ဗသက ၄၇ သမညွှန်ချုပ်ကနေအငြိမ်းစား) ဘဲဖြစ်ပါတယ်၊ သူက အခန်းဝက  စာကိုမဖတ်မိဘဲ အခန်းထဲ
တန်းဝင်သွားပြီး ခုတင်ပေါ်က သတိရနေပြီဖြစ်တဲ့ အခါကြီးကို ၀မ်းသာအားရ နုတ်ဆက်ပါတယ်၊ ငါ့တပည့်နေကောင်းသွားပြီလားကွ ဆိုပြီးတော့ပါ၊ အဲသည်မှာ အခါကြီးက သောင်းကျန်းတော့တာပါဘဲ ဟေ့ကောင်မင်းကငါ့ကို တပည့်လို့ခေါ်ရအောင် ဘာကောင်လည်းကွ၊ ငါမင်းတပည့်မဟုတ်ဘူး၊ ဗိုလ်ချုပ်အောင်ဆန်းကွလို့ဆိုပါတယ်၊ ကြောင်အန်းအန်းဖြစ်သွားတဲ့  သင်တန်းမှုးကြီးကို မောင်မင်းကြီးသား (တကယ်တော့ ဦးအာမဲ+ဒေါ်မီချူးတို့ရဲ့သား) အခါကြီးက ဆက်ပြီးအမိန့်ပေးပါတော့တယ်၊ ဟေ့ကောင်သတိဆွဲထားစမ်း၊ အထက်အရာရှိရှေ့မှာ မင်းကခြေကားယားလက်ကားယားနဲ့ ငါလိုဗိုလ်ချုပ်ကို မထီမဲ့မြင်လုပ်တဲ့ကောင် အခုဂျွမ်း ၁၀ ပတ်ထိုးလိုက်စမ်းတဲ့၊ အမယ် ဒါတော့မှတ်မိသားဗျ၊ သင်တန်းမှုးက အပြစ်ပေးရင် ဂျွမ်းထိုးခိုင်းတတ်တာကို၊



သင်တန်းမှုးခင်မျာ အခါကြီးအမိန့်ပေးတဲ့အတိုင်းဘဲ သတိဆွဲရမလို၊ ဂျွမ်းဘဲပတ်ထိုးရမလိုနဲ့ ဂွတီးဂွကျ ဖြစ်နေတာပေါ့လေ၊ ကယ်တင်ရှင် ကတော့  အကင်းပါးတဲ့ လူနာစောင့် ဆေးတပ်သားလေးဘဲဖြစ်ပါတယ်၊ မာန်နဲ့ထန်နဲ့  သတိကိုမတ်အောင်ဖြောင်းကနဲဆွဲ  အလေးပြုပြီး- ဗိုလ်ချုပ် သည်ဗိုလ်ကြီးကမသိလို့ပါ၊ အခုဗိုလ်ချုပ်ပြောတဲ့ အတိုင်း ကျနော်သူ့ကို အပြင်ခေါ်သွားပြီး အပြစ်ပေးလိုက်ပါ့မယ်၊ အခန်းထဲမှာဆို ပန်းကန်ခွက်ယောက်တွေ ကွဲကုန်မှာစိုးလို့ပါဆိုပြီး သင်တန်းမှုးကို လက်ကုတ်လို့ အပြင်ကိုခေါ်ထုတ်ပြီး အခြေအနေရှင်းပြရပါတယ်၊


ဆေးတပ်သားလေး ခေါ်ထုတ်သွားတာတောင် အနောက်ကနေ  အခါကြီးက အမိန့်ပေးလိုက်သေးတယ်၊ အဲသည့်ငမိုက်သားကို ၈ျွမ်း ၁၀ ပတ်ကို မွတ်နေအောင်ထိုးခိုင်း၊ ခိုင်းတဲ့အတိုင်း မလုပ်ရင် ပစ်သတ်လိုက်တဲ့၊ ဘုရားဘုရား ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းက အကြမ်းကြီးပါလားနော်။


သည်လိုနဲ့ တရားသီချင်းသံတွေ ညနေတိုင်း ၀ိုင်းဆိုပေးရင်း ထိမ်းသိမ်းမရဖြစ်နေတဲ့ အခါကြီး စိတ်တွေငြိမ်သက် လာပါတယ်၊ ရူးသွားပြီလို့ သတ်မှတ်ထားကြတဲ့ အခါကြီးဟာ ကုသပေးနေတဲ့ ဆရာဝန်ဆရာမတွေရဲ့ စေတနာ ၊ဆေးဝါးတွေရဲ့ အစွမ်းအပြင် သူယုံကြည်ကိုးကွယ်ရာ ဘာသာတရားရဲ့ အာနုဘော်သံစဉ်များကြားမှာ  သတိပြန်လည်လာခဲ့ပါတယ်၊ အစပထမ သတိရခါစမှာ သူ့ကို သီချင်းဝိုင်းဆိုတာကိုတောင် ခါးခါးသီးသီး ကန့်ကွက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ တဖြေးဖြး ဂီတသံစဉ်တွေကို ခံစားတတ်လာသလိုပါဘဲ မျက်စိံလေးမှိတ်လို့ ငြိမ်နားထောင်နေတတ်သလို၊ လက်ချောင်းလေးတွေနဲ့လည်း စည်းချက်လိုက်လာတာ တွေ့ရပါတယ်၊


နောက်ပိုင်းမှာတော့ ဘုရားသီချင်းဆိုမယ်ဆိုတာနဲ့ လက်ကလေးဆုပ်လို့ ဆုတောင်းတဲ့ပုံစံ လုပ်လာခဲ့သလို၊် နှုတ်ခမ်းတလှုပ်လှုပ်နဲ့  လိုက်ဆိုလာနိုင်တဲ့အထိကို တိုးတက်လာပါတယ်၊ နောက်ဆုံးတော့သံစဉ်များနဲ့ကမ္ဘာထဲမှာ အခါကြီးနိုးထလာခဲ့ပါပြီ၊



စစ်သားဘ၀ အမှတ်တရများ (၄)

$
0
0


သံစဉ်များနဲ့ အားခါကြီး (၄)


အထကကျောင်းသားဘ၀မှာ ၅ တန်းကနေ ၁၀ တန်းအထိ ကျောင်းဘင်ခရာတီးဝိုင်းမှာ ကျနော်ပါဝင်ခဲ့ဘူးပါတယ်၊ ဒိုင်ယာတောနစ်သံစဉ်တို့ ဘာတို့လည်း သင်ခဲ့ဘူးပါတယ်၊ အသံရဲ့စွမ်းအားတွေကိုလည်း လေ့လာခဲ့ဘူးပါတယ်၊ ဒါပေမဲ့ သည်လို သီချင်းဆိုရင်း ရောဂါပျောက်တာတော့ အခါကြီးနဲ့မှမျက်တွေ့လက်တွေ့ပါဘဲ၊



သူတို့ရဲ့ဘုရားတန်ခိုးလို့တော့ ပြောလို့တော့ရပါတယ်၊ ဒါပေမဲ့ တေးဂီတရဲ့ စွမ်းအားကလည်း မသေးပါဘူး၊ ခရိယာန်မှ ခရိယာန်ဘုရားသီချင်းဆိုမှ ရောဂါပျောက်တာလားဆိုတော့ အဲသည်လိုလည်းမဟုတ်ပါဘူး၊ နောက်ပိုင်း ဗုဒ္ဒဘာသာ ပရိတ်တရားတော်တွေ၊ ပဌာန်းတရားတော်တွေ ရွတ်ဖတ်ရင်း ရောဂါပျောက်ကင်းသွားတာတွေလည်း တွေ့မြင်လာရပါတယ်၊


နောက်ပိုင်းလေ့လာကြည်တော့ သည်လိုကုသခြင်းကို music theraphy လို့ခေါ်ကြောင်းသိခဲ့ရပါတယ်၊ မြန်မာနိုင်ငံမှာလည်း ဆေးရုံမှတ်တမ်းတွေအရ ၁၉၅၀ လောက်က အသုံးပြုခဲ့တယ်လို့ စိတ်ပညာဆရာဝန် ဒေါက်တာတင်ညွန့်ပု ပြောခဲ့ပါတယ်၊ နောက် စိတ်ပညာဆရာဝန် ဒေါက်တာဇော်စိန်လွင်ကလည်း စိတ်ဝေဒနာ ခံနေရတဲ့ လူနာတဦးကို ၁၅ နှစ်လောက် ကုတာမထူးခြားလို့သည်လိုဂီတကုထုံးနဲ့ ကုခဲ့တာအချိန်တိုအတွင်း ကောင်းသွားတယ်လို့ မြန်မာတိုင်းဂျာနယ်မှာ ပြောခဲ့ဘူးတာလည်း ဖတ်ခဲ့ရပါတယ်၊


အခုနောက်ပိုင်း ကချင်အဆိုတော် ကေဂျာနှုးတို့ ဦးဆောင်တဲ့ ခရိယာန်ဂီတ အဖွဲ့ဟာ ဆေးရုံမှာလာပြီး လူနာတွေကို သီချင်းဆိုပြတာတွေ လုပ်ခဲ့ကြောင်း၊ လူနာတွေ ဂီတကို နားထောင်ရင်း ဝေဒနာတွေပိုသက်သာလာတာ မှတ်တမ်းတွေတင်ထားကြောင်းကို ဆရာ ဒေါက်တာဇော်စိန်လွင်က ရှင်းပြသွားပါတယ်၊ ၂၀၁၂ ဇွန်လ ၂၈ ရက်ထုတ် ပြည်မြန်မာဂျာနယ်မှာတော့  ဂီတ ကုထုံး အဖွံဖြိုးဆုံးနိုင်ငံဟာ  သြစတြေလျ နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံမှာလည်း ဖွံဖြိုးတိုးတက်အောင် ဆောင်၇ွက်နေတယ်လို့ဖော်ပြထားပါတယ်၊


မြန်မာနိုင်ငံမှာလည်း ဂီတကုထုံးအသုံးပြုနိုင်ဖို့ အစ္စရေးသံရုံး၊ ဥရောပသမဂ္ဂတွေရဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ ဧဒင်စင်တာနဲ့ Traingle Generation Humanitairc ( TGH) အဖွဲ့တွေက အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်၊ ဂီတ ကုထုံးဟာ ဆေးရုံတွေ၊ မသန်မစွမ်းသင်တန်းကျောင်းတွေ၊ ဘိုးဘွားရိပ်သာ၊ ကင်ဆာရောဂါကုဌာနတွေနဲ့ အကျဉ်းထောင်တွေမှာ စိတ်ပိုင်းရုပ်ပိုင်းနလန်ထူစေရေးမှာ အထောက်အကူ အများကြီးပြုပါတယ်လို့လည်း ဧရာဝတီဘလောက်မှာဖတ်လိုက်ရပါသေးတယ်၊


တကယ်တော့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ ထိတွေ့စရာဆိုတာ ၀ိပသနာတရားမှာလည်း အရေးကြီးတဲ့အစိတ်အပိုင်းပါ ၊ ကြားသိစိတ်ကို အသံနဲ့ နားထိခိုက်ပြီးမှ ရလာတာပါ၊ ကျနော့နောင်တော် ကိုယုလွင်အောင် (စတသ၁၈) နဲ့ ကျနော်ရှေ့တန်းမှာ တပ်ခွဲမှုး တပ်စုမှုးနေရင်း သူပြောဘူးတာလေး မှတ်မိနေသေးတယ်၊ သူက မနက်မနက် စခန်းဘေးက ငရုတ်ပင်သေလုလုကလေးနား ရပ်ရပ်ပြီးဓါရဏ ပရိတ်ရွတ်လေံ့ရှိပါတယ်၊ ကျနော်က အကိုကြီး ဘာလုပ်နေတာလည်းဆိုတော့ ငါစမ်းသပ်နေတာတဲ့ စာတအုပ်ထဲမှာဖတ်ဖူးတယ် ၊ ဘယ်နိုင်ငံမှာလည်းမသိဘူး  ယာသမားတယောက်က သူ့ စိုက်ခင်းထဲမှာ မနက်မနက် ကျက်သရေရှိငြိမ့်ညောင်းသာယာတဲ့ သီချင်းလေးတွေ အပင်တွေ နားထောင်ဖို့ဖွင့်ပေးတယ်တဲ့ အဲသည်ယာသမားစိုက်ခင်းက သီးနှံတွေက တခြားအမျိုးတူစိုက်တဲ့ ဘေးကယာတွေထက် ပိုလည်းထွက်တယ်၊ ကြီးလည်းကြီးကြတယ်တဲ့၊ အဲ့ဒါ ဂီတစွမ်းအားကြောင့်လို့ သူယုံကြည်ပါတယ်တဲ့၊ ငါလည်းအခုစမ်းနေတာ သည်သေမလိုဖြစ်နေတဲ့  ငရုတ်ပင်လေးကို သေပြီးသော သစ်ပင်များကိုရှင်စေနိုင်ဧ။်၊ ရှင်ပြီးသော သစ်ပင်များကိုလည်း အကိုင်းအခက်အလက်တို့ဖြင့် ကြီးကျယ်မြင့်မားစေနိုင်ဧ။် လို့ဖွင့်ဆိုထားတဲ့ ဓါရဏပရိတ်ကို ၇ွတ်ကြည့်နေတာ ပြန်များရှင်မလားလို့ ပါတဲ့၊ သည်လိုနဲ့ ငရုတ်ပင်လေးပြန်ရှင်ပြီး စစ်ဆင်ရေးတပတ်လုံး ကျနော်တို့အားလုံး ငရုပ်သီးရှာမစားခဲ့ရပါဘူး၊



ပရိတ်လည်းရွတ် ရေလဲလောင်းရင်း အပင်လေးကြီးထွားလာခဲ့ပါတယ်၊ နောက်အကိုကြီးက ပြောပါသေးတယ်၊ မင်းပရိတ်ရေဆူတာကြားဖူးလားဆိုတော့၊ ဟုတ်ကဲ့အကိုကြီးဆိုတော့  အဲသည်မှာလည်း အသံရဲ့အခန်းကဏ္ဍ ပါတယ်ကွ၊ ဘုရားတန်ခိုး၊ တရားတန်ခိုးလည်းပါမှာပေါ့၊ ဒါပေမဲ့ရွတ်ဖတ်တဲ့သူရဲ့ အသံနဲ့မာန်နဲ့ကလည်း လိုပါတယ်၊ ပရိတ်ကတော့ သီလသမာဓိသိက္ခာလည်းလိုတာပါဘဲ၊နိုင်ငံခြားသတင်းတပုဒ်မှာ နားထောင်လိုက်ရဘူးတာရှိတယ်၊ ရေကမော်လီကျူးလေးတွေနဲ့ ဖွဲ့စည်းထားသတဲ့ရေကို ဖန်ခွက်အကြည်ထဲထည့် အရှေ့ကထိုင်ပြီး စကားပြောကြည့် ဖန်ခွက်ထဲကရေကိုလည်း မော်လီကျူးလေးတွေကြည့်လို့ရတဲ့ အနုကြည့်မှန်ပြောင်းနဲ့ကြည့်ထား ပြီးရင်ဖန်ခွက်ရှေ့ကနေ ကြမ်းကြမ်းတမ်းတမ်းစကားပြောကြည့် ရေမော်လီကျူးတွေ လှုပ်ရှားလာမယ် ပြီးတော့လှုပ်ရှားမှုကြမ်းတမ်းမယ်၊ နောက်တခါကြရင် ဖန်ခွက်ရှေ့မှာထိုင်ပြီး ချိုချိုသာသာ ငြိမ့်ငြိမ့်ညောင်းညောင်း သီချင်းအေးအေးလေး ဆိုကြည့် ရေမော်လီကျူးလေးတွေ လှုပ်ရှားလာတာတွေ့မယ်၊ ဒါပေမဲ့ ဖြေးဖြေးလေးနဲ့ငြိမ့်ငြိမ့်လေးပါ၊ ဒါကြောင့် တယောက်နဲ့တယောက် ပြောကြဆိုကြရင် ချိုချိုသာသာ ပြောကြပါလို့ ရေထားတယ်ညီလေးရတဲ့၊


နိဂုံးချုပ်ဆိုရရင် အသံမှာစွမ်းအင်ရှိပါတယ်သည်စွမ်းအင်ကို အသုံးချကြပ်ါဘ၀အမောတွေပြေဖို့
ရောဂါတွေသက်သာစေဖို့စိတ်ဓါတ်ခွန်အားတွေတိုးပွားစေဖို့၊ချိုသာငြိမ့်ညောင်းသော အသံများနဲ့ ကြိုးစားကြပါ။



အခါကြီးရေ မွေးကထဲက အူဝဲဆိုပြီးအငိုနဲ့စ ၊အငိုနဲ့ဆုံးခဲ့ရမယ်ဆိုပေမဲ့ သီချင်းလေးဆိုရင်း ဆုံးခဲ့ရရင် ဘယ်လောက်ကောင်းလိုက်မလည်းနော်--- ကဲလေ့ကျင့်ရင်းနဲ့ဘဲဆိုလိုက်ဦးစို့သူငယ်ချင်း( Ready ------One Section)
Move-move


(အားခါတိုင်းရင်းသား လူမျိုးစုများဧ။် ခေါင်းဆောင် တပတ်စဉ်ထဲက သူငယ်ချင်းမင်းညိုအား အမှတ်တရရေးဖွဲ့ပါသည်၊ အမှားပါရင်ခွင့်လွတ်ပါသူငယ်ချင်း )


NLD ခေတ် အစကောင်းပြီ

$
0
0
Naing Soe's photo.

The Voice သတင်းစာမှ
****NLD ခေတ် အစကောင်းပြီ
-------------------------
အဆင့်သုံးဆင့်
စာရေးသူက ရွေးကောက်ပွဲကို အဆင့်သုံးဆင့်ခွဲပြီး စောင့်ကြည့်လိုသည်။ ပထမအဆင့်မှာ မဲပေးပုံ မဲပေးနည်း။ ကိုယ်တိုင်ပေးခဲ့ရသော အတွေ့အကြုံအရ ကျေနပ်စရာပင် ဖြစ်သည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲပုံးသုံးပုံးအတွက် လက်မှတ်ခြောက်ခါ ထိုးရသည်။ ပြီးတော့ ဘယ်ဘက်လက်သန်း မင်ဆွတ်၊ လူတစ်ယောက်တည်းက နှစ်ကြိမ်ပြန်ပေးဖို့ ဘယ်လိုမှမလွယ်။ စိတ်ထဲက ဘဝင်ကျသွားသည်။

နောက်တစ်ဆင့် မဲရေတွက်ပုံ။ ၂၀၁၀ အတွေ့အကြုံရှိနေ၍ သတိထား စောင့်ကြည့်မိသည်။ အငြင်းပွားဖွယ် ပြဿနာအချို့ ရှိသလောက် ရှိသော်လည်း ရွေးကောက်ပွဲရလဒ်ကို ထိခိုက်စရာ မရှိလှ၍ လျစ်လျူရှုထားလိုက်သည်ကသာ ပိုကောင်းမည်ထင်သည်။ ခြုံလိုက်လျှင် မဆိုး။ အသိအမှတ်ပြုသင့်သည်၊ အမှတ်ပေးသင့်သည်။ မင်္ဂလာပါ ကော်မရှင်၊ မင်္ဂလာပါ ဦးတင်အေး။ သို့ဖြင့် နောက်ဆုံးအဆင့် အေးအေးညောင်းညောင်း အာဏာလွှဲပြောင်းရေးသာ ကျန်တော့သည်။
ပြောရလျှင် ပြီးခဲ့သော ဧပြီလအတွင်းကပင် International Crisis Group (ICG) က ရွေးကောက်ပွဲနှင့် ပတ်သက်သော အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ (Myanmar's Electoral Landscape) ICG ၏ အလိုအရ ‘နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲမှာ အထိုက်အသင့် Free and Fair ဖြစ်ပါလိမ့်မည်။ အထူးစောင့်ကြည့်ရမည့် ကာလမှာ ရွေးကောက်ပွဲအပြီးမှ အစိုရအဖွဲ့သစ် ထွက်ပေါ်လာမည့် ကြားသုံးလ သို့မဟုတ် လေးလဖြစ်ဖွယ် ရှိသည်’ ဟု အကဲဖြတ်ထားသည်။ ဤအကဲဖြတ်ချက်ကို စာရေးသူက လက်ခံထားရာ ယခုရောက်ရှိလာသော နောက်ဆုံးအဆင့်ကို ရင်တမမ စောင့်ကြည့်နေမိသည်။ ‘၁၉၉၀ ရွေးကောက်ပွဲလိုများ ကြုံရလေမလား..’။
အတိတ်မှ အရိပ်
၁၉၉၀ ရွေးကောက်ပွဲ ကျင်းပစဉ်က စာရေးသူမှာ မန္တလေးထောင်တွင် ရောက်နေသည်။ ထိုစဉ်က နန်းတွင်းတောရတွင် နိုင်ငံရေးအကျဉ်းသား သုံးရာနီးပါးခန့် ရှိသည်။ CPB ယူဂျီက တစ်ရာဝန်းကျင်၊ NLD က တစ်ရာနီးပါး။ ယခု ရွေးကောက်ပွဲအတိုင်းပင်။ ထိုစဉ်က NLD သည်လည်း တောင်ပြိုကမ်းပြို အနိုင်ရလိုက်သည်။ အပြင်မှ အပျော်လှိုင်းမှာ ထောင်ထဲအထိ ကူးစက်လာရာ စာရေးသူတို့အားလုံး အမြူးလွန်ကုန်ကြတော့သည်။ ‘Parker Constitution တစ်ခု အမြန်ရေး၊ အဲဒီယာယီ Constitution နဲ့ အာဏာလွှဲပြောင်းရေးကို အမြန်လုပ်’ စသော အသံတွေကိုလည်း ကျယ်ကျယ်လောင်လောင် ကြားလာရသည်။
ဤတွင် စာရေးသူအနေနှင့် မိမိ စဉ်းစားမိသည်များကို မိတ်ဆွေများသို့ ပြောကြည့်သည်။ “အခုဟာက Popular Vote နဲ့ နိုင်တာနော်။ Popular Revolution မဟုတ်ဘူး။ ဒီတော့ လိုချင်တာ အကုန်မရနိုင်ဘူး။ အာဏာလွှဲပြောင်းရေး ဆိုတာထက် Power Sharing အခြေခံနဲ့ ကိုယ့်ဘက်က Call စခေါ်သင့်တယ်။ ဆွေးနွေးညှိနှိုင်းဖို့ ကမ်းလှမ်းသင့်တယ်” စသဖြင့်။
NLD မိတ်ဆွေများက စာရေးသူ စဉ်းစားချက်ကို တစ်စုံတစ်ရာ လက်ခံကြသော်လည်း UG သူငယ်ချင်းများကမူ အကြီးအကျယ် ထောင်တိုက်ကြသည်။ ‘အညံ့ခံအလျှော့ပေးရေး လမ်းစဉ်’ ဘာညာစွပ်စွဲကြသလို ‘စင်ပြိုင်အစိုးရထောင်၊ တော်လှန်ရေးလုပ်’ စသဖြင့်ပင်။ မီးရှူးမီးပန်း လွှတ်ကြသည်။ နောက်ဆုံး ရဲရဲတောက် လေထုအောက်တွင် လက်တွေ့ဖြစ်နိုင်ခြေများလည်း လေနှင့်အတူ ပျောက်ဆုံးခဲ့ရတော့သည်။ လွန်ခဲ့သော ၂၅ နှစ်က အဖြစ်၊ ကြာခဲ့ပြီကော။
ပြန်လည်သင့်မြတ်ရေး လေထု
၂၅ နှစ်ဆိုသော ခရီးရှည်၊ ခရီးကြမ်းကို ဖြတ်သန်းပြီးသောအခါ မြန်မာ့နိုင်ငံရေး အင်အားစုများလည်း ရင့်ကျက်တန်သလောက် ရင့်ကျက်လာကြပြီ ထင်ပါသည်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က 'မိမိတို့ပါတီ အနိုင်ရလျှင် အမျိုးသားရင်ကြားစေ့ရေးကို အခြေခံသော အစိုးရတစ်ရပ် ဖွဲ့စည်းမည်'ဟု ရွေးကောက်ပွဲမတိုင်မီကပင် အတိအလင်း ကြေညာထားသည်။ တစ်ဖက်မှ သမ္မတကြီး ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကလည်း ‘ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမည်၊ အနိုင်ရပါတီနှင့် လက်တွဲဆောင်ရွက်မည်’ စသဖြင့် ရွေးကောက်ပွဲ မတိုင်မီကရော၊ ရွေးကောက်ပွဲနေ့ကပါ လူသိရှင်ကြား ကတိပေးထားသည်။
အရေးကြီးဆုံးအချက်မှာ NLD ၏ ဦးနှောက်နှင့် အသည်းနှလုံးဟု ဆိုနိုင်သော ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ၁၉၉၀ တုန်းကလို နေအိမ်အကျယ်ချုပ် ကျမနေခြင်းပင်။ သူ့ပါတီကို တိုက်ရိုက်ဦးဆောင်မှု ပေးနိုင်ရုံမျှမက မဟာဗျူဟာကျကျ စဉ်းစားဆုံးဖြတ်နိုင်ခြင်းပင် ဖြစ်သည်။ ရွေးကောက်ပွဲရလဒ် သေချာသလောက် ရှိသည်နှင့် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော် နာယကတို့ထံ သီးခြားစာတစ်စောင်စီ ပို့ပြီး ဆွေးနွေးဖို့ ကမ်းလှမ်းမည်။ (စာတစ်စောင်တည်းနှင့် ဆွေးနွေးဖို့ ဖိတ်ခေါ်သည် မဟုတ်။ စာတစ်စောင်စီရေးပြီး ကမ်းလှမ်းသည်။ ဤအချက်က ဘက်စုံထောင့်စုံ တွေးပြီးမှ တုံ့ပြန်လိုက်သော ခြေလှမ်းဖြစ်ကြောင်း ထင်ရှားသည်။
ပို၍ ဝမ်းသာရသည်မှာ တစ်ဖက်မှလည်း ချက်ချင်းဆိုသလို တုံ့ပြန်သည်။ ရွေးကောက်ပွဲကော်မရှင်မှ ကြေညာပြီးသည်နှင့် တွေ့ဆုံဆွေးနွေးကြမည်ဟု ဆိုသည်။ တော်တော်များများ မျှော်လင့်ထားကြသလို ရှိသမျှ ပြဿနာတွေ တစ်ဘရိတ်တည်း ဆွေးနွေးကြမည်တော့ မထင်။ အေးအေးညောင်းညောင်း အာဏာလွှဲပြောင်းရေးကိုသာ အဓိကဆွေးနွေးကြမည် ထင်ပါသည်။ NLD အာဏာရမှသာ ပြဿနာရပ် အားလုံးကို တဖြည်းဖြည်း ဆွေးနွေးကြရလိမ့်မည် ထင်သည်။ ‘အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ’ အစီရင်ခံစာတွင် NLD ကိုယ်တိုင်က ‘အထွေထွေ သဟဇာတဖြစ်ရေး အတွက် စေ့စပ်ညှိနှိုင်းကာ တဖြည်းဖြည်း ပြင်ဆင်ရန်’ ဟု ဆိုထားသည် မဟုတ်ပါလော။
သမ္မတကြီး ဦးသိန်းစိန်၏ သမိုင်းဆိုင်ရာအခန်း
သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရမှာ ပြုပြင်ပြောင်းလဲမှု၏ ပထမငါးနှစ်ကို ဦးဆောင်ခွင့် ရခဲ့သည့် အစိုးရဖြစ်သည်။ သူ့သက်တမ်းအတွင်း ကြီးမားထင်ရှားသော အောင်မြင်မှုများ မရခဲ့ဟု ဆိုလျှင်သော်မှ နောက်ကြောင်းမပြန်အောင် ထိန်းနိုင်သည်ကိုက အသိအမှတ်ပြုကြရမည့် အောင်မြင်မှုဖြစ်သည်။ ယခုဆိုလျှင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကိုပါ အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပြီလည်း ဖြစ်သည်။ နောက်တစ်ဆင့် အေးအေးညောင်းညောင်းသာ အာဏာလွှဲပြောင်းပေးနိုင်မည် ဆိုလျှင် သမ္မတကြီး ဦးသိန်းစိန်၏ သမိုင်းဆိုင်ရာ အခန်းမှာ အခိုင်အမာ ရှိသွားတော့မည် ဖြစ်ပါသည်။
ကျော်ဝင်း
၁၂-နိုဝင်ဘာ-၂၀၁၅

စစ်ဗိုလ်ချုပ်တွေဟာ …. တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား…

$
0
0

၁၉၈၈ခု စက်တင်ဘာ ၁၈ရက်မှာ
တပ်မတော်က အာဏာသိမ်းပြီး
စစ်အစိုးရတစ်ရပ် တက်လာခဲ့ပါတယ် ။
စစ်အစိုးရ ဖြစ်တဲ့ အတွက်
အာဏာသုံးရပ်ကို တစ်ပေါင်းတည်း ချုပ်ကိုင် ကျင့်သုံးပါတယ် ။
အာဏာရဲ့ အထွတ်အထိပ်ကတော့
ဗိုလ်ချုပ်ကြီးများ အများအပြား ပါဝင်တဲ့  ကောင်စီဖြစ်ပါတယ် ။
ဗိုလ်ချုပ်တွေ အများအပြားပါဝင်တယ်ဆိုပေမယ့်လဲ
တကယ်တန်း အာဏာရှိတဲ့  သူကတော့
ထိပ်တန်းဗိုလ်ချုပ်ကြီး သုံးလေးဦး မျှသာ ဖြစ်တယ်လို့  ဆိုပါတယ် ။


စစ်အစိုးရ လက်ထက်မှာ
တိုင်းပြည်ရဲ့ စီပွားရေး လူမှုရေး စစ်ရေး ကဏ္ဍတွေအတွက်
စီမံကိန်းတွေ အများအပြား
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ် ။
ဒီစီမံကိန်းတွေဟာ အောင်မြင်တာ ရှိသလို
မအောင်မြင်တာတွေလဲ ရှိပါတယ် ။
ဒီစီမံကိန်းတွေ လုပ်ဆောင်တဲ့ နေရာမှာ
နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို
အထက်မှာ ဖော်ပြခဲ့တဲ့  စစ်ကောင်စီကပဲ ထိန်းချုပ်သုံးစွဲခဲ့ပါတယ် ။

စစ်အစိုးရဟာ တိုင်းပြည်ရဲ့ ဘယ်ကဏ္ဍကို
ဘယ်လောက်ငွေပမာဏသုံးစွဲခဲ့တယ်ဆိုတာ
ထုတ်ပြန်ကြေငြာခြင်း မပြုခဲ့ပေမယ့်
ကာကွယ်ရေးကဏ္ဍမှာ
အများဆုံးသုံးစွဲခဲ့တယ်ဆိုတဲ့  အချက်ကိုတော့
အကြမ်းဖျင်း မှန်းဆသုံးသပ်နိုင်ပါတယ် ။
အတည်မပြုနိုင်တဲ့  သတင်းတွေအရ
တစ်ခါတစ်ရံမှာ ဘတ်ဂျက်ရဲ့  ၆၀ရာခိုင်နူန်းအထိ သုံးစွဲပြီး
တပ်မတော်ကို အကြီးအကျယ် အဆင့်မြှင့်တင်ခဲ့တယ်လို့  ဆိုပါတယ် ။
ဒီအခါမှာ စစ်အစိုးရဟာ
တပ်မတော်ကို တကယ် အဆင့်မြှင့်တင်ခဲ့ရဲ့ လား ဆိုတဲ့ 
မေးခွန်းတစ်ခု ပေါ်ပေါက်လာပါတယ် ။

ဒီမေးခွန်းဟာ အင်မတန် ရှုပ်ထွေး အငြင်းပွားရတဲ့  မေးခွန်းပါ ။ စစ်ရေးအဆင့်မြှင့်တင်မှုတွေဟာ
ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် သိပ်ပြီး ပွင့်လင်းမြင်သာ
သတင်းထုတ်ပြန်လေ့ရှိတဲ့  အခန်းကဏ္ဍမဟုတ်ပါဘူး ။
ဒါဆိုရင် မြန်မာနိုင်ငံ စစ်အစိုးရလို အင်မတန် လျို့ ဝှက်ပြီး
တစ်သီးတစ်ခြားနေလေ့ရှိတဲ့  စစ်အစိုးရတစ်ရပ်အဖို့ 
ဒီလိုကိစ္စမျိုးကို သတင်းထုတ်ပြန်ဖို့ ဆိုတာ
အင်မတန်မှ မဖြစ်နိုင်တဲ့ ကိစ္စရပ်တစ်ခုပါပဲ ။

ဒါပေမယ့် သေချာတာတစ်ခုကတော့
စစ်အစိုးရအနေနဲ့  ပြင်ပအကူအညီ မရရှိဘဲ
တပ်မတော်ကို အဆင့်မြှင့်တင်ဖို့ ဆိုတာ
အလွန်ခက်ခဲလွန်းလှပါတယ် ။
ပြင်ပအကူအညီ ရယူရပြီဆိုတာနဲ့ 
သတင်းပေါက်ကြားမှုတွေ ဖြစ်လာခဲ့ပြီဆိုတာလဲ
ဓမ္မတာ တစ်ခုလို ဖြစ်နေပါတယ် ။

ရနိုင်သမျှ ပြင်ပသတင်းအချက်အလက်တွေကို
စုဆောင်းကောက်ချက်ဆွဲကြည့်တဲ့ အချိန်မှာ
စစ်ဗိုလ်ချုပ်တွေဟာ ….
တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား ဆိုတဲ့  မေးခွန်းကို
အကြမ်းဖျဉ်း ပုံဖော်လာနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ဒီမေးခွန်းမှာ ပထမဆုံး စပြီး ချဉ်းကပ်ရမယ့် အချက်ကတော့
၁၉၈၈ ခုနှစ် မတိုင်မီ တပ်မတော် ရဲ့ အခြေအနေ ဖြစ်ပါတယ် ။
ပြည်ပ ကာကွယ်ရေး ၀က်ဆိုဒ်နဲ့ 
သြဇာရှိ ကာကွယ်ရေးဆိုင်ရာ စာစောင်တွေရဲ့ အဆိုအရ
၁၉၈၈ ခုနှစ် မတိုင်မီက မြန်မာ့ တပ်မတော် ရဲ့ အင်အားဟာ
တိုက်ခိုက်ရေး တပ်မ ၈ခု နဲ့ 
တပ်ဖွဲ့ ဝင် ၂သိန်း မပြည့်တပြည့်သာ ရှိခဲ့ပါတယ် ။
အတိအကျ ပြောရမယ်ဆိုရင်
ကြည်းတပ်မှာ ၁၈၄,၀၂၉ ယောက် ၊
ရေတပ်မှာ ၈,၀၆၅ ယောက် နဲ့ 
လေတပ်မှာ ၆, ၅၈၇ ယောက် တို့ ဖြစ်ပါတယ် ။

တပ်ဆင်ထားတဲ့ လက်နက်၊ စစ်ယာဉ်တွေဟာ
ဒုတိယ ကမ္ဘာစစ် က သုံးခဲ့တဲ့  လက်နက်အမျိုးအစား အများစု နဲ့ 
၁၉၆၀ နှစ်ဦးပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ 
လက်နက်အမျိုးအစား တစ်ချို့ သာ ဖြစ်ပါတယ် ။

ဆက်သွယ်ရေး စနစ် နဲ့ ထောက်ပံ့ ပို့ ဆောင်မှု စနစ်တွေဟာ
အရွယ်အစားသေးငယ်တဲ့ 
စစ်ဆင်ရေး မျိုးတွေကိုသာ ထောက်ပံ့ နိုင်စွမ်းရှိပြီး
ရေတပ်ဟာ မြစ်တွင်း နဲ့  ကမ်းခြေစောင့် စစ်ရေယာဉ်
အနည်းငယ်ကိုသာ ပိုင်ဆိုင် ပါတယ် ။
လေတပ်ဟာ လဲ မြေပြင်တပ်ဖွဲ့ များကို သာ
အထောက်အပံ့ ပေးနိုင်စွမ်းရှိပြီး အင်အား အလွန်နည်းပါးလွန်းလှပါတယ် ။

ဒါပေမယ့် ၁၉၉၀ ခုနှစ် နှစ်ဦးမှာတော့
မြန်မာ့တပ်မတော်ဟာ တစ်မျိုးတစ်ဖုံ
စတင်ပြောင်းလဲနေတယ်ဆိုတဲ့ အချက်တွေကို
သိသိသာသာ မြင်တွေ့ စပြုလာရပါတယ် ။

တပ်မတော် အနေနဲ့ 
ပထမဆုံး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာကတော့
ကာကွယ်ရေး သိပံ္ပ နဲ့  ...
နည်းပညာ ဆိုင်ရာ အဆောက်အအုံတွေ ဖြစ်ပါတယ် ။

၁၉၉၀ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသအချို့ က
တပ်မတော် ကာကွယ်ရေးပစ္စည်း စက်ရုံတွေဟာ
တပ်မတော်ရဲ့ လက်ရှိ အသုံးပြုနေတဲ့ 
အနောက်ဂျာမဏီ ဖက်စပ် ၇.၆၂ မီလီမီတာ ကျည်သုံး ..
G3 မောင်းပြန်ရိုင်ဖယ်တွေ ကို အစား ထိုး နိုင်ဖို့ အတွက်
၅.၅၆ မီလီမီတာ ကျည်သုံး မောင်းပြန်ရိုင်ဖယ် အသစ်တစ်မျိုး နဲ့ 
ခြေလျင်တပ်သုံး လက်နက်မျိုးစုံတို့ ကို
အကြီးအကျယ် စတင် စမ်းသပ်နေကြပါတယ် ။

လက်နက်ပုံစံ အသစ်တွေဟာ
၁၉၉၅ နှစ်ဦးမှာ စတင် ထုတ်လုပ်တဲ့ အဆင့်ကို ရောက်ရှိလာပြီး
၁၉၉၈ ခုနှစ် ၀န်းကျင်မှာ
တပ်မတော် တစ်ခုလုံးက တိုက်ခိုက်ရေးတပ်မတွေကို
စတင် လဲလှယ်တပ်ဆင် ပါတယ် ။
အဲဒီ လက်နက်တွေကတော့ မြန်မာ့ တပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ့ 
MA series မောင်းပြန်ရိုင်ဖယ်များ ၊ စက်သေနတ်များ ၊ မော်တာများ ၊
လောင်ချာများ ၊ မိုင်းများ အစရှိတဲ့ လက်နက်တွေပဲ ဖြစ်ပါတယ် ။

အလားတူပဲ ၁၉၉၀ ခုနှစ် နှစ်ဦးပိုင်းမှာ
တပ်မတော် ရဲ့  သံချပ်ကာ တပ်ဖွဲ့ တွေဟာ
ခေတ်မီ တိုက်ခိုက်ရေး သံချပ်ကာယာဉ်တွေကို စတင် လက်ခံရရှိပါတယ် ။

နိုင်ငံတကာ ကာကွယ်ရေးဆိုင်ရာ ၀က်ဘ်ဆိုဒ်တွေရဲ့ အဆိုအရ
ဆယ်စုနှစ် တစ်ခုကျော် အတွင်းမှာ 

T 72 ပင်မ တိုက်ပွဲဝင် တင့် ၁၃၉ စီး ( ယူကရိန်း ၊ ရုရှား ) ၊
Type 59 D ပင်မ တိုက်ပွဲဝင် တင့် ၂၈၀ စီး + ( တရုတ် ) ၊
Type 69 .2 ပင်မ တိုက်ပွဲဝင် တင့် ၁၉၀ စီး + ( တရုတ် ) ၊
Type 80 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် ) ၊
Type 85 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် ) ၊
Type 55 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( အိန္ဒိယ ) ၊
Type 63 အပေါ့စား တင့် ၁၅၀ စီး + ( တရုတ် ) ၊
BTR 3U IFV သံချပ်ကာ တိုက်ယာဉ် ၁၀၀၀ စီး +
( ယူကရိန်း နှင့် ဖက်စပ် ပြည်တွင်းတွင် ထုတ်လုပ်သည် ) ၊
Type 85 APC သံချပ်ကာ လူသယ်ယာဉ် ၂၅၀ စီး ( တရုတ် ) ၊
Type 90 APC သံချပ်ကာ လူသယ်ယာဉ် ၂၄၀ စီး ( တရုတ် ) ၊
EE 9 Cascavel AFV သံချပ်ကာတိုက်ယာဉ် ၁၄၀ စီး ( ဘရာဇီး ) ၊
AML 90 Armoured Cars ( ×× ) စီး ( တောင်အာဖရိက ) ၊
72 MAV -1 IFV သံချပ်ကာ တိုက်ယာဉ် ( ×× ) ( ပြည်တွင်းထုတ် ) တို့ ကို
လက်ခံ ရရှိခဲ့ တယ်လို့  ဆိုပါတယ် ။

သို့ သော် တကယ်တန်း အကြီးမားဆုံး ပြောင်းလဲသွားတာကတော့
အမြောက်တပ်ဖွဲ့  ပဲ ဖြစ်ပါတယ် ။
အမြောက်တပ်ဖွဲ့ ဟာ ၁၉၉၀ နှစ်ဦးပိုင်းက စတင်ပြီး
၁၅၅ မမ နဲ့  ၁၂၂ မမ ဟောင်ဝဇ်ဇာ အမြောက်များ အပါအ၀င်
MLRS အတွဲလိုက် ဒုံးပစ် စနစ်များ ၊
ရာပေါင်းများစွာ ရှိတဲ့  အမြောက် ၊ စိန်ပြောင်းများကို
စတင် တပ်ဆင် အဆင့်မြှင့်တင် လာပါတယ် ။
လက်နက်တွေဟာ အစ္စရေး ၊ တရုတ် ၊ ရုရှား နဲ့ 
မြောက်ကိုရီးယား နိုင်ငံထုတ် လက်နက်တွေ
အဓိက ပါဝင်တယ်လို့ လဲ ဆိုပါတယ် ။

အမြောက်တပ်ဖွဲ့  ရဲ့ အောက်မှာ
ဒုံးတပ်ရင်းများ စတင်ဖွဲ့စည်းလာပြီး
ပြည်ပ စစ်လက်နက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ချို့ ရဲ့ အဆိုအရ
ယိုးဒယား - မြန်မာ နယ်စပ်တင်းမာမှု ပြသနာအပြီး
၂၀၀၃ နဲ့  ၂၀၀၄ ခုနှစ် ၀န်းကျင်လောက်မှာ
ဒီ ဒုံးတပ်ရင်းတွေဟာ တရုတ်နိုင်ငံ လုပ် M11 တာတိုပစ် ဒုံးပျံ တွေနဲ့ 
မြောက်ကိုရီးယားလုပ် Hwasong အမျိုးအစား စကဒ်ဒုံးပျံတွေကို
အများအပြား စတင် လက်ခံရရှိခဲ့တယ်လို့  ဆိုပါတယ် ။

တောင်ကိုရီးယား သတင်းဌာန ရဲ့  ၂၀၀၆ ခုနှစ် သတင်းထုတ်ပြန်ချက်အရ တပ်မတော်အစိုးရဟာ ၂၀၀၂ ခုနှစ် မေလမှာ
Daewoo ကော်ပရေးရှင်း နဲ့  အမေရိကန်ဒေါ်လာ ၁၃၃.၈ သန်းတန်
ဒုံးပျံနည်းပညာဆိုင်ရာ စစ်လက်နက် ကန်ထရိုက်တစ်ခု ကို
လက်မှတ် ရေးထိုးခဲ့တယ်လို့ လဲ သိရပါတယ် ။

၂၀၀၄ခုနှစ် နှောင်းပိုင်းမှာ
တရုတ်နိုင်ငံ ( CPMIEC ) ကနေ အဆင့်မြှင့်တင်ထားတဲ့ 
တာတိုပစ် ဒုံးပျံ M11 ( DF 11 A ) နဲ့ 
M9 ( DF 15 ) ( အရေအတွက် မသိရ ) တို့ ကို လက်ခံရရှိခဲ့ပြီး
DF 11 A ဟာ 500kg ဒုံးထိပ်ဖူးတစ်ခု နဲ့ 
ကီလိုမီတာ ၅၀၀ - ၇၀၀ အကွာအဝေးကို ပစ်ခတ်နိုင်ကာ
DF 15 ဟာ ကီလိုမီတာ ၆၀၀ အကွာကို ပစ်ခတ်နိုင်စွမ်း ရှိပါတယ် ။
ဒီ ဒုံးပျံတွေအားလုံးဟာ ယာဉ်တင် အမျိုးအစားတွေဖြစ်ပြီး
လွယ်ကူစွာ ရွှေ့ ပြောင်း သယ်ယူနိုင်တာမို့ 
အချိန်တို အတွင်း တစ်နိုင်ငံလုံးမှာ
တပ်ဖြန့်  နေရာချထားနိုင်တယ်လို့  ဆိုပါတယ် ။

၁၉၈၈ ခုနှစ် ၀န်းကျင်က မြန်မာ့တပ်မတော် ဟာ
လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ ဆိုလို့ 
မင်္ဂလာဒုံ လေဆိပ် အနီးမှာ ထားရှိတဲ့  တပ်ခွဲတစ်ခွဲ သာ ပိုင်ဆိုင်ပါတယ် ။
ဒီ တပ်ခွဲဟာလဲ ၄၀ မမ ဘိုဖာ အမြောက်
၃.၇ မမ MK3A ယာဉ်ဆွဲ လေယာဉ်ပစ် အမြောက် နဲ့ 
၂၀ မမ M 38 လေယာဉ်ပစ်အမြောက် အနည်းငယ်ကိုသာ ပိုင်ဆိုင်ပြီး
အနိမ့်ပျံလာတဲ့  လေယာဉ်တစ်ချို့ ကိုသာ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ် ။

သို့ သော် လက်ရှိအချိန် နဲ့  ချိန်ထိုးနိုင်းယှဉ်ရင်တော့
၁၉၈၈ခုနှစ်က မြန်မာ့ တပ်မတော်ရဲ့ 
လေကြောင်းရန်ကာကွယ်ရေး တပ်ခွဲလေး ဟာ
စစ်သမိုင်း ပြတိုက်ထဲကို ရောက်ရှိနေခဲ့ပါပြီ ။
လက်ရှိ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ ဟာ
လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်ရုံး ရဲ့ ကွပ်ကဲမှုအောက်မှာ
လေကြောင်းရန် ကာကွယ်ရေးဇုန်ကြီး ၆ခု ၊
လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းပေါင်း ၃၀ ကျော် နဲ့  ဖွဲ့ စည်းထားပါတယ် ။

တပ်မတော် အစိုးရ တက်လာပြီးတဲ့  နောက်ပိုင်း
ပထမဆုံး စတင်ဝယ်ယူခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေး လက်နက်ဟာ
စကာင်္ပူနိုင်ငံလုပ် Blood Hound MK 2 မြေပြင်မှ ဝေဟင်ပစ် ဒုံးတွေဖြစ်ပါတယ် ။
အဲဒီနောက် အမြောက်အများ ထပ်မံဝယ်ယူခဲ့တာကတော့
တရုတ်နိုင်ငံလုပ် HN 5A အနီအောက်ရောင်ခြည်သုံး …
ပုခုံးထမ်း ဒုံးပျံတွေ ဖြစ်ပါတယ် ။

ဒီ ဒုံးပျံတွေဟာ အနီအောက်ရောင်ခြည်သုံး
ပစ်မှတ်ရှာဖွေ စနစ် ပါဝင်ပြီး
အမြင့်မီတာ ၃၀၀၀ ၊ အကွာအဝေး မီတာ ၃၀၀၀ အကွာကို
လူ နှစ်ဦးတည်းနဲ့  ပစ်ခတ်နိုင်စွမ်းရှိပါတယ် ။
၂၀၀၁ ခုနှစ် Janes ကာကွယ်ရေး စာစောင်ရဲ့ ဖော်ပြချက်အရ
မြန်မာ့ တပ်မတော်ဟာ ဘူလ်ဂေးရီးယား နိုင်ငံကနေ
SA-16 Gimlet ( Igla - 1E ) ပုခုံးထမ်း လေယာဉ်ပစ်ဒုံးတွေ
အများအပြား ၀ယ်ယူခဲ့တယ်လို့ ဆိုပါတယ် ။
ဒီ ဒုံးပျံတွေဟာ အမေရိကန် နိုင်ငံလုပ် Stinger ပုခုံးထမ်း ဒုံးပျံတွေ နဲ့ 
အလားသဏ္ဍန်တူပြီး အမြင့်မီတာ ၃၅၀၀ က ပျံသန်းလာတဲ့  လေယာဉ်ကို
မီတာ ၅၂၀၀ အကွာအဝေးကနေ ပစ်ချနိုင်စွမ်း ရှိပါတယ် ။

၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ထပ်မံဖြည့်တင်းလာတာကတော့
ရုရှား နဲ့  အရှေ့ ဥရောပ နိုင်ငံတွေက
လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေပဲ ဖြစ်ပါတယ် ။
ဒီလက်နက်တွေထဲမှာ ရေဒါနဲ့  ပစ်ခတ်နိုင်တဲ့ 
Tunguska ( SA – 19 ) လို လက်နက်တွေပါဝင်လာပြီး
လက်ရှိ ရုရှား နဲ့  အရှေ့ ဥပရောပ နိုင်ငံတွေမှာ ဖြန့် ချထားတဲ့ 
လေကြောင်းရန် ကာကွယ်ရေးလက်နက် အမျိုးအစားတွေ ဖြစ်ပါတယ် ။
၂၀၀၀ ခုနှစ် အတွင်းမှာပဲ ယူကရိန်း နိုင်ငံက
36 D6 လေကြောင်းရန် ကာကွယ်ရေး ရေဒါ စနစ်တွေ ရောက်ရှိလာခဲ့ပြီး
တစ်ချို့ သတင်းရင်းမြစ်တွေ ရဲ့ အဆိုအရတော့
မြန်မာနိုင်ငံမှာ ရုရှားလုပ် P 37 နဲ့ 1L – 117 ရေဒါ အမျိုးအစားတွေကို
တပ်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ် ။

၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ့  ရုရှား ချစ်ကြည်ရေး ခရီးစဉ်အပြီးမှာ
မြန်မာ့ တပ်မတော် ဟာ ရုရှား ရဲ့ လက်ရှိ အသုံးပြုနေတဲ့ 
SA – 15 ( Tor M1 ) နဲ့  SA – 17 ( BUK M1 – 2 ) လို
လက်နက်မျိုးတွေ စတင်ရရှိလာပါတယ် ။
ဒီလက်နက်တွေဟာ ခေတ်မီ တာဝေးပစ် အမြင့်ပျံ
လေကြောင်းရန် ကာကွယ်ရေးလက်နက် တွေ ဖြစ်ပြီး
SA – 17 ဟာ အမြင့်မီတာ ၁၅၀၀၀ ကနေ ပျံသန်းလာတဲ့  ပစ်မှတ်ကို
မီတာ ၃၀၀၀၀ အကွာကနေ ပစ်ချနိုင်စွမ်း ရှိပါတယ် ။

လက်ရှိ အခြေအနေမှာတော့
မြန်မာ့ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ 
ခေတ်မီ SAM ဒုံးပျံ တွေဖြစ်တဲ့ 
SA 2 ,SA 6 ,SA 15 ,SA 17 ,SA 18 , SA 19 , Pechora 2M လို
လက်နက်မျိုးတွေ အများအပြား ပိုင်ဆိုင်ထားပြီလို့ သိရပါတယ် ။
ဒါဟာ အစီရင်ခံစာ တစ်ခုက ဖော်ပြခဲ့တဲ့ 
၁.၁၀.၁၉၆၆ ကနေ ၃၁ ၃.၁၉၆၉ အတွင်း
မြန်မာ့ လေပိုင်နက်ထဲကို
အမျိုးအမည်မသိ လေယာဉ် ၁၀၀ ကျော် ဖြတ်သန်းဝင်ရောက်ခဲ့မှုကို
လက်ပိုက်ကြည့်နေခဲ့ရတယ်ဆိုတဲ့  ဖြစ်ရပ်ရဲ့ 
အကျိုးဆက်တွေကြောင့်လဲ ဖြစ်နိုင်ပါတယ် ။

၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာ့ ရေတပ်ဟာ
မြစ်တွင်း နဲ့  ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်သာ ပိုင်ဆိုင်တဲ့ 
အင်အားသေးငယ်တဲ့ ရေတပ်တစ်ခု ဖြစ်ပါတယ် ။
ဒါပေမယ့် နောက်နှစ်အနည်းငယ် အကြာမှာတော့
အခြေအနေဟာ စတင်ပြီး ပြောင်းလဲပါတယ် ။

၁၉၉၀ ခုနှစ်မှာ တပ်မတော် ရေ ကို ပထမဆုံး ရောက်ရှိလာတာကတော့
ရေမိုင် ၃၀ အထိမောင်းနှင်နိုင်တဲ့ 
PB 90 အမျိုးအစား ကမ်းခြေစောင့် စစ်ရေယာဉ်
( UMS 424 ,UMS 425, UMS 426 ) တွေ ဖြစ်ပါတယ် ။
ဒုတိယ ထပ် ရောက်လာတာကတော့
၅၉ မီတာအရှည် Hainan အမျိုးအစား
Type 037 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ် ဆယ်စီး ဖြစ်ပါတယ် ။
၁၉၉၁ ဇန်န၀ါရီလမှာ ပထမ အသုတ် စစ်ရေယာဉ် ၆ စီးကို လက်ခံရရှိခဲ့ပြီး
၁၉၉၃ မေလ မှာ တော့ ဒုတိယအသုတ် စစ်ရေယာဉ် ၄ စီး
( UMS 441 – UMS 450 ) တို့ ကို လက်ခံ ရရှိခဲ့ပါတယ် ။

၁၉၉၄ ခုနှစ် မတ်လမှာ တပ်မတော် အစိုးရဟာ
၆၃ မီတာအရှည်ရှိတဲ့  Houxin အမျိုးအစား
ဒုံးပျံတင် အမြန်သွား စစ်ရေယာဉ် ၆ စီး
( UMS 471 – UMS 476 ) ကို ၀ယ်ယူဖို့ 
တရုတ်နိုင်ငံ နဲ့  စာချုပ်ချုပ်ဆိုခဲ့ပါတယ် ။
ဒီ သင်္ဘောတွေကို ၁၉၉၅ , ၁၉၉၆ နဲ့  ၁၉၉၇ ခုနှစ်တွေမှာ
တပ်မတော်ရေ က လက်ခံရရှိခဲ့ ပြီး
တပ်မတော်ရေ ရဲ့ ပထမဆုံး
YJ -1 ( C 801 ) သင်္ဘောဖျက် ပဲ့ထိန်း ခရုစ် ဒုံးပျံတပ်ဆင်ထားတဲ့ 
စစ်သင်္ဘောတွေ ဖြစ်လာပါတယ် ။

၁၉၉၅ ခုနှစ်မှာတော့
တပ်မတော် ရေတပ်သဘောင်္ကျင်း နဲ့ မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းတွေဟာ …
တရုတ် နည်းပညာ အထောက်အပံ့ တွေကို
အမြောက်အများ လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ် ။
၁၉၉၀ ကနေ ၂၀၀၆ ခုနှစ် ကာလအတွင်း မှာတော့
တပ်မတော်ရေတပ် သင်္ဘောကျင်း ဟာ
၅၀မီတာ အရှည်ရှိတဲ့ အမြန်ကင်းလှည့်ရေယာဉ် ၆စီး
( UMS 551 – UMS 556 ) ၊
ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး ရေယာဉ် ၄စီး ( UMS 557 – UMS 560 ) ၊
၂၇ ပေ အရှည်ရှိတဲ့  မြစ်တွင်း ကင်းလှည့်ရေယာဉ် ၁၄စီး
( ငမန်း ၁ - ငမန်း ၁၄ ) နဲ့ 
အခြားအထောက်အကူပြု စစ်ရေယာဉ် အများအပြားကို
တည်ဆောက် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ် ။

ရေတပ် သင်္ဘောကျင်း ရဲ့ 
အကြီးစား သင်္ဘောတည်ဆောက်ရေး ပရိုဂရမ်တွေဟာ
၂၀၀၀ ပြည့်နှစ်မှာ ...
အင်ပြည့်အားပြည့် စတင်ပါတယ် ။
၇၇ မီတာ အရှည်ရှိတဲ့  ကော်ဗက် စစ်ရေယာဉ်
( UMS 771 – UMS 773 ) သုံးစီးကို တည်ဆောက်ခဲ့ပြီး
၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့
ဖရီးဂိတ် စစ်သင်္ဘောတွေကို
စတင်ထုတ်လုပ်နိုင်တဲ့  အဆင့်ကို ရောက်ရှိလာပါတယ် ။
လက်ရှိအနေအထားမှာတော့ တပ်မတော် ရေ ဟာ …
ဒုံးပျံတင် ဖရီးဂိတ် နဲ့ ကောဗက် စစ်ရေယာဉ်များ ၊
အမြန်တိုက်ခိုက်ရေး ရေယာဉ်များ ၊
ကမ်းခြေစောင့် ကင်းလှည့် စစ်ရေယာဉ်များ ၊
ကမ်းတက်ရေယာဉ်များ ၊မိုင်းရှင်း ရေယာဉ်များနဲ့ 
သယ်ယူပို့ ဆောင်ရေး ရေယာဉ် အမြောက်အများကို ပိုင်ဆိုင်တဲ့ 
ဒေသတွင်း ခေတ်မီ ရေတပ် တစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ် ။

၁၉၉၀ ခုနှစ် မတိုင်မီ က မြန်မာ့လေတပ်ဟာ
၁၉၆၂ ခုနှစ် နဲ့  ၁၉၇၀ ခုနှစ် ၀န်းကျင်က ၀ယ်ယူခဲ့တဲ့ 
ဟောင်းနွမ်းနေတဲ့  လေယာဉ် နဲ့  ရဟတ်ယာဉ် မျိုးစုံ
၁၃၁ စီးလောက်သာ ပိုင်ဆိုင်ပါတယ် ။
လေတပ် ဟာ အရွယ်အစားသေးငယ် ဆင်းရဲ ပြီး
သယ်ယူပို့ ဆောင်ရေး ၊ ထောက်ပံ့ ရေး နဲ့ 
ကြည်းတပ်ရဲ့ စစ်ဆင်ရေး တစ်ချို့ လောက်ကို သာ
အထောက်အကူပြုနိုင်တဲ့ အနေအထား လဲ ဖြစ်ပါတယ် ။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ
လေတပ်ကို အဆင့်မြှင့်တင်ဖို့ 
ဘယ်လို စာချုပ်တွေ ချုပ်ဆိုခဲ့တယ်ဆိုတာ အတိအကျ မသိရပေမယ့်
၁၉၉၀ ဒီဇင်ဘာလ မှာပဲ တပ်မတော်လေ ဟာ
F7 2k ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ် ၁၀ စီး ၊
GAIC FT – 7 Trainers လေယာဉ် ၂စီး ၊
PT 6 အမောင်းသင်လေယာဉ် အစီး ၃၀ ကို စတင် ရရှိခဲ့ပါတယ် ။

၁၉၉၁ ခုနှစ်မှာ ယူဂိုဆလားဗီးယားနိုင်ငံက
G4 Super Galab တိုက်လေယာဉ် တစ်အုပ် ထပ်မံ ရောက်ရှိလာပြီး
၁၉၉၃ ခုနှစ်မှာ F7 2K လေယာဉ် ၁၂ စီး ထပ်မံရောက်ရှိလာပါတယ် ။
၁၉၉၅ , ၁၉၉၇ နဲ့  ၁၉၉၉ ခုနှစ်တွေမှာ
တပ်မတော်လေ အနေနဲ့  ကြားဖြတ်တိုက်ခိုက်ရေး တိုက်လေယာဉ်အုပ်တွေ
အများအပြား ဖွဲ့ စည်းထားနှင့် ပြီးပါပြီ ။

ပြည်ပ စစ်ဖက် သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ
တပ်မတော်လေ ရဲ့  ပထမဆုံး ဗုံးကြဲ တိုက်လေယာဉ် A5 တွေကို
၁၉၉၂ ခုနှစ်မှာ စတင် လက်ခံရရှိတယ်လို့  ဆိုပါတယ် ။
၈ နှစ်အတွင်းမှာ A5 ဗုံးကြဲ တိုက်လေယာဉ် ၃၆ စီးကို လက်ခံရရှိခဲ့ပြီး
၁၉၉၈ နဲ့  ၁၉၉၉ ခုနှစ်တွေမှာတော့
K8 အမောင်းသင် ဂျက်တိုက်လေယာဉ်တွေ
အများအပြား စတင်ရောက်ရှိလာပါတယ် ။

လေယာဉ်တွေ အများအပြား ရောက်ရှိလာပြီး
ကျွမ်းကျင် လေသူရဲတွေ အများအပြား
ရုတ်တရက်လိုအပ်လာတဲ့  ပြသနာကို ဖြေရှင်းနိုင်ဖို့ 
တပ်မတော် အစိုးရဟာ ...
၁၉၉၅ ခုနှစ် စစ်တက္ကသိုလ် လက်ခံပတ် တစ်ခုတည်းမှာတင်
လေသူရဲ ဗိုလ်လောင်း ၂၅၀ ကို သီးသန့်  စတင်ခေါ်ယူခဲ့ပါတယ် ။
ဒီဗိုလ်လောင်းတွေဟာ စစ်တက္ကသိုလ် ဒုတိယနှစ်မှာတင်
လေယာဉ်မောင်း သင်တန်းကျောင်း အသီးသီးကို သွားရောက် သင်ကြားရပြီး
နောက်ဆုံးနှစ် ကျောင်းဆင်းခါနီး အချိန်မှသာ
စစ်တက္ကသိုလ်ကို လာရောက်ပူးပေါင်း ကျောင်းဆင်းခဲ့ပါတယ် ။
ကျောင်းဆင်းပြီးချိန်မှာတော့ ဒီအရာရှိတွေဟာ
တပ်မတော်လေ ရဲ့  အမာခံ လေသူရဲ အုပ်စုတွေ ဖြစ်နေ ပြီးပါပြီ ။
နောက်ထပ် စစ်တက္ကသိုလ် လက်ခံပတ်အချို့ မှာလဲ
ဒီအစီအစဉ်အတိုင်း လေသူရဲ ဗိုလ်လောင်း အတော်များများကို
သီးသန့် ခေါ်ယူလေ့ကျင့် မွေးထုတ်ခဲ့တယ်လို့ သိရပါတယ် ။

၁၉၉၀ ကနေ ၂၀၀၀ ခုနှစ်အတွင်း
တပ်မတော်လေ ရဲ့  ဟောင်းနွမ်းနေတဲ့ ဖော်ကာလေယာဉ်များ နေရာမှာ
အစားထိုးဖို့ စတင်ရောက်ရှိလာတာကတော့
SAC Y8 အမျိုးအစား သယ်ယူပို့ ဆောင်ရေး လေယာဉ်တွေ ဖြစ်ပါတယ် ။
ပိုလန်နိုင်ငံက ၀ယ်ယူလိုက်တဲ့  PZL W3 Sokol အမျိုးအစား
ဘက်စုံသုံး ရဟတ်ယာဉ် ၁၃ စီး နဲ့ 
Mi 2 ရဟတ်ယာဉ် အစီး ၂၀ ကို လက်ခံရရှိပြီးတဲ့ နောက်
ရုရှားနိုင်ငံလုပ် Mi 17 ရဟတ်ယာဉ် ၁၃ စီးလဲ
ထပ်မံ အားဖြည့် ရောက်ရှိလာပါတော့တယ် ။
၂၀၀၁ ခုနှစ် ယိုးဒယား နယ်စပ်ပြသနာ ဖြစ်ပြီးတဲ့ နောက်
အလျှင်အမြန် ထပ်မံ ရောက်ရှိလာတာကတော့
ခေတ်မီ MiG 29 UB ဂျက်တိုက်လေယာဉ် ၁၂ စီး ပဲ ဖြစ်ပြီး …
၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ့  ရုရှား ခရီးစဉ်အပြီးမှာ
MiG 29 ဂျက်လေယာဉ်တွေ ထပ်မံရောက်ရှိလာခဲ့တယ်လို့ လဲ ဆိုပါတယ် ။

ဆယ်စုနှစ် တစ်စု အတွင်းမှာပဲ
မကွေးလေယာဉ်ကွင်း ၊ ကော့သောင်း ၊ မြိတ် ၊ ထားဝယ် နဲ့ 
မော်လမြိုင်မှာရှိတဲ့  လေယာဉ်ကွင်းတွေကို
အဆင့်မြှင့်တင် တိုးချဲ့ တည်ဆောက်မှု များ
တောက်လျှောက်ပြုလုပ်ခဲ့ကြတာကို တွေ့ ရပြီး
လေယာဉ်တည်ဆောက်ရေး နည်းပညာလဲ
စတင် ဖွံဖြိုးလာတာကို တွေ့ ရှိရပါတယ် ။

ပြည်ပ စစ်ဘက် နည်းပညာ သတင်းအရင်းအမြစ်တွေ ရဲ့ အဆိုအရ
၂၀၀၂ ခုနှစ် နဲ့  ၂၀၀၅ ခုနှစ်တွေမှာ
တပ်မတော် လေ ဟာ
အပေါ့စားလေယာဉ် တစ်စီးစီကို အောင်မြင်စွာ စမ်းသပ်တပ်ဆင်နိုင်ခဲ့ပြီး
၂၀၀၆ ခုနှစ်မှာတော့ STOL CH – 701 အမျိုးအစား
အပေါ့စားလေယာဉ် တစ်စီးကို
အောင်မြင်စွာ တပ်ဆင် …
ပျံသန်းနိုင်ခဲ့တယ်လို့ သိရှိရပါတယ် ။

ခြေလျင်တပ်မများ အနေနဲ့ ကတော့
၁၉၉၀ ခုနှစ်က ၂၀၀၀ ခုနှစ် အတွင်း မှာပဲ
တစ်နိုင်ငံလုံးမှာ ...
တိုက်ခိုက်ရေး ခြေမြန်တပ်မ ၂၅ ခုလောက်
အသစ် တိုးချဲ့ ဖွင့်လှစ်ခဲ့ တာကို တွေ့ ရှိရပါတယ် ။
၁၉၈၈ ခုနှစ် မတိုင်ခင်က
တပ်မတော် ရဲ့  အစွန်အဖျား အကျဆုံး တပ်ရင်းတွေဟာ
၂၀၀၀ ပြည့်နှစ် အရောက်မှာ
သူ့ ထက် အစွန်အဖျားကျတဲ့  တပ်ရင်းပေါင်း ၅၀၀ လောက်
အသစ် တည်ဆောက်ထားတဲ့  အောက်မှာ
ပျောက်ကွယ်လို့ နေ နေ ပါတယ် ။

မဟာဗျူဟာအရ သုံးသပ်ရမယ်ဆိုရင်
ဘယ် အစိုးရ အဆက်ဆက်ကမှ
အခိုင်အမာ ခြေမချနိုင်ခဲ့တဲ့ 
နယ်စပ်ဒေသ အမည်းရောင်နယ်မြေတွေ အားလုံးမှာ
တပ်မတော် ရဲ့  အခိုင်အမာ တပ်ရင်းတွေ ရာနဲ့ ချီပြီး …
တည်ဆောက် တပ်စွဲ နေရာယူခဲ့ပြီး
၂၀၀၀ ပြည့်နှစ် ၀န်းကျင်က စခဲ့တဲ့  ဒီတပ်ရင်းတွေဟာ ..
လက်ရှိ ၂၀၁၅ခုနှစ် ၁၅ နှစ်ကြာပြီးချိန်မှာ
အဲဒီဒေသတွေမှာ အသားကျနေတဲ့ 
တပ်ရင်းအဟောင်းတွေ ဖြစ်ကုန်ပါတယ် ။

တပ်မတော် အနေနဲ့  သိသိသာမြှင့်တင်ခြင်းမရှိသေးတာကတော့
တပ်မတော် က စစ်သည်တွေ ရဲ့  ….
ချပ်ဝတ်တန်ဆာ ရိက္ခာ နဲ့ 
စစ်အသုံးအဆောင်တွေရဲ့ အရည်အသွေး ဖြစ်ပါတယ် ။

ဖြစ်နိုင်စရာ အကြောင်းရှိတာကတော့
တပ်မတော် အစိုးရအနေနဲ့ 
နောက်တက်လာမယ့် အရပ်သားအစိုးရ လက်ထက်မှာ
ခွင့်ပြုနိုင်ဖွယ်မရှိတဲ့  စစ်လက်နက် ပစ္စည်း ၀ယ်ယူဖြည့်တင်း မှုတွေ ၊
စစ်အင်အားတိုးချဲ့ မှုတွေ ၊
တပ်အသစ်တည်ဆောက်မှုတွေကို ဦးစားပေးပြုလုပ်ခဲ့ပြီး
နိုင်ငံခြား နည်းပညာ မလို ၊ပြည်ပ ပိတ်ဆို့ မှု ကို ထဲ့တွက်ဖို့ မလို မလို ၊
ဘတ်ဂျက် အင်အားတောင့်တာ နဲ့ 
ချက်ချင်းထုတ်ပေးလို့ ရတဲ့  ပစ္စည်းတွေ ဖြစ်တဲ့အတွက်ကြောင့်
စစ်သည်တွေ ရဲ့ ချပ်ဝတ် တန်ဆာပလာ ရိက္ခာတွေကို
ဦးစားပေး မဆောင်ရွက်ခဲ့တာ ဖြစ်မယ်လို့  ယူဆရပါတယ် ။

ဒီကောက်ချက်ကို ပံ့ပိုးနေတဲ့ အကြောင်းတစ်ခုကတော့
အရပ်အသားအစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်မှာ
တပ်မတော် တစ်ခုလုံးကို အရည်အသွေးမြှင့် စစ်ဖိနပ်များ
စတင်လဲလှယ် ထုတ်ပေးခဲ့ပြီး
အအေးပိုင်းဒေသ တပ်များအတွက်
အရည်အသွေးမြင့် စစ်ဂျာကင်တွေ
စတင် ပြောင်းလဲ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ် ။

ရိက္ခာယူနစ် မှာလဲ
တီးမစ်များ ၊ ဘီယာဘူးများ ၊အာမီရမ် ပုံစံသစ်များ
စတင် ပါရှိလာခဲ့ပါတယ် ။
လက်ရှိ အခြေအနေမှာတော့
၂၀၁၆ မကုန်မီ တပ်မတော် တစ်ခုလုံး
ကျည်ကာ အကျီ င်္နဲ့  ဟဲလမက်များ …
လူစေ့ တပ်ဆင်သွားမည်ဟု သိရပြီး
လက်ရှိ ထုတ်ပေးထားသော
ကျည်ကာအင်္ကျီတစ်ထည်၏ တန်ဖိုးမှာ …
၂ သိန်းကျပ် ဖြစ်ကြောင်း သိရှိရပါတယ် ။

စစ်သည်များ ၀တ်ဆင်မည့်
ပုံစံသစ် Equiment များ ကိုလဲ စမ်းသပ်လျက်ရှိပြီး
မကြာခင် စတင်ထုတ်လုပ် တပ်ဆင်တော့မည်ဟု သိရကြောင်း
၁၉၈၈-၂၀၁၀ ခုနှစ်အတွင်း
မြန်မာ့တပ်မတော်အား အဆင့်မြှင့်တင်မှုဆိုင်ရာ
အချက်အလက်များကို စုစည်းတင်ပြလိုက်ရပါတယ် ။

ရေးသားသူ - နေရီ ( ရဲမိုး )
==================================
(စင်္ကာပူ နိုင်ငံ
INSTITUTE OF SOUTHEAST ASIAN STUDIES မှ
ပုံနှိပ်ထုတ်ဝေသည့်
Building the Tatmadaw ၊ Myanmar Armed forces Since 1948 ၊
By MAUNG AUNG MYOE ၏ ကျမ်းပြု စာတမ်း နှင့်
ပြည်ပ ကာကွယ်ရေး websites များ၊
ကာကွယ်ရေးဆိုင်ရာ စာစောင်များမှ
အချက်အလက်များအား မှီငြမ်းကိုးကားပါသည် ။
Viewing all 1811 articles
Browse latest View live