Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

အနီရောင်အဆင့်မြန်မာပြည်နှင့် မြောက်ဖျားပိုင်းက ပထ၀ီနိုင်ငံရေး စပေးဘော

$
0
0


Counterinsurgency Warfare ချဉ်းကပ်မှုနှစ်ခု၊
အနီရောင်အဆင့်မြန်မာပြည်နှင့်
မြောက်ဖျားပိုင်းက ပထ၀ီနိုင်ငံရေး စပေးဘော
နိုဝင်ဘာ ၂၂၊ ရန်ကုန်။
Counterinsurgency Warfare ချဉ်းကပ်မှုနှစ်ခု
-------------------------------------------------------

Counterinsurgency Warfare နဲ့( ဒီစကားလုံးတွေရဲ့ အနက်ကို မြန်မာလို့ မပြန်ရဲပါ)ပတ်သက်ရင် ဆရာကြီတစ်ဆူ၊ ဂုရုကြီးဖြစ်တဲ့ Martin Van Creveld က counterinsurgency အကြောင်းကို ရေးသားတင်ပြတဲ့သူတွေသည် counterinsurgency မှာ ရှုံးနိမ့်ခဲ့သူတွေဖြစ်ကြတယ်။ သူတို့တွေရဲ့ ရေးသားတင်ပြမှုတွေက သင်ခန်းစာဖော်ထုတ်ရေး ထက် တရားခံလက်သည်ရှာဖွေရေးဘက်ကို သာ ဇောင်းပေးတင်ပြသွားကြတာချည်းပဲ ဆိုပြီးသူ့ရဲ့ The Changing Face of War စာအုပ်မှာ အပြတ်ဆော်ထားတယ်။ အောင်မြင်တဲ့ case studies နှစ်ခုကို သူက ထုတ်ပြတယ်။
၁။ မြောက်ပိုင်းအိုင်ယာလန်ပြဿနာကို ဗြိတိသျှတပ်တို့ အောင်မြင်ရသည့်အကြောင်းရင်းများ
၁၊ ၁။ မြောက်ပိုင်းအိုင်ယာလန် ပြဿနာစဖြစ်သည့် ၁၉၆၉ခုနှစ်မှ စစ်ပွဲပြီးဆုံးသည့်အထိ မှုခင်းဖြစ်ရပ် criminal act လို့ သတ်မှတ်ထားခြင်း
၁၊၂။ လုံခြုံရေးကိစ္စတွေကို ဒေသခံရဲတပ်သားတွေကို တာဝန်ပေးတယ်။
၁၊၃။ အဓိကရုဏ်းနှိမ်နင်းတဲ့အခါ အင်အားအနည်းဆုံးကိုသာ အသုံးပြုတယ်
၁၊၄။ တကယ်လို့ စစ်တပ်ကို လိုလျှင် သုံးခဲ့ရင်လည်း လက်နက်ကြီး၊ တင့်ကား၊ သံချပ်ကား၊ အမြောက်၊ လေကြောင်းပစ်ကူတွေ ရှောင်တယ်။ ခြေလျင်လက်နက်ငယ်ကိုပဲသုံးတယ်။
၁၊၅။ ရဲတပ်ဖွဲ့ကော၊ စစ်တပ်ကပါ တရားဥပဒေနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်တယ်။
အဓိကအောင်မြင်ရတာက စည်းကမ်းလိုက်နာမှုအားကောင်းပြီး စွမ်းရည်ပြည့်ဝတဲ့ တပ်ဖွဲ့ဝင်တွေကြောင့်ပဲ။
ထင်မြင်ချက်-၁
စစ်ပွဲကို criminal act သတ်မှတ်တာ၊ ရှုမြင်လက်ခံတာက နောင်မျိုးဆက်တွေ truma တွေ၊ တကျော့ပြန် insurgency ပေါ်ပေါက်လာမှာကို စိုးရိမ်တာကြောင့်ဖြစ်နိုင်တယ်။ လုံခြုံရေး security ကိစ္စရပ်တွေကို ဒေသခံတွေ appoint လုပ်တာ၊ ဒေသခံတွေကို recruit လုပ်တာက ဒီမှာ ပြည်သူ့စစ်ဖွဲ့ပေးတာနဲ့ဆင်တယ်။ ဒါပေမယ့်၊ မတူဘူး။ ဒေသခံတွေကိုပဲ
ရဲတပ်သားတာဝန်ခန့်အပ်တာက rule and regulation တို့။ code of conduct တို့။ discipline တို့ အရမ်းအားကောင်း
တယ်။ဒီမှာက အဲဒါတွေ လုပ်လို့အဆင်ပြေနိုင်ပါ့မလား။ အဓိကရုဏ်းဖြစ်ရင် အင်အားအနည်းဆုံးဖြစ်အောင် သုံးတာက အိုင်ယာလန်ပြဿနာက သိမ်မွေ့လွန်းတဲ့အတွက် သုံးလို့ရတာ။ စစ်တပ်ကို လိုရင် ခြေလျင်လက်နက်ငယ်ကိုပဲ သုံးတယ် ဆိုတာက တိုက်ပွဲ၊ စစ်ပွဲသဘောတရားက struggle ရုန်းကန်မှု၊ ရုန်းထမှုရှိတယ်။ တစ်ဘက် ဒါးကိုသုံးနေသမျှ တစ်ဘက် ကလည်း ဒါးကိုသုံးတယ်။. တစ်ဘက်က သေနတ်သုံးလာရင် တစ်ဘက် ထိုနည်းတူ အရှိန်မြှင့်လာတယ်။ ဒီတော့ နဂိုက တည်းက စစ်ပွဲရဲ့ tempo ကို လျှော့ချပစ်နိုင်အောင် သုံးစွဲတဲ့ လက်နက်၊ အင်အားသုံးစွဲမှု၊ တိုက်ပွဲအဟုန်တွေကို ကန့်သတ် ပစ်လိုက်တာမျိုးပဲ။ ဒါမျိုးက ဒီမှာ သုံးလို့ရနိုင်လား၊ ဒါမှမဟုတ် ပေါင်းစပ်သုံးနိုင်သလား စဉ်းစားဖို့ကောင်းတယ်။
အိုင်ယာလန်ပြဿနာကို ဗြိတိသျှစစ်တပ်ရဲ့ ချဉ်းကပ်မှုက သိမ်မွေ့တယ်။ ဦးတည်ရန်သူကလည်း တစ်ခုတည်းပဲ။
၂။ မွတ်စလင်ညီနောင်များကို အောင်မြင်ခဲ့သည့် အကြောင်းရင်းများ
၁၉၈၀ပြည့်နှစ်အစပိုင်းကာလတွေမှာ မွတ်စလင်ညီအစ်ကိုများအဖွဲ့က ဆီးရီးယားသမ္မတ အာဆတ်အစိုးရကို ပြောက်ကျားစစ် ဆင်နွဲတယ်။ ၁၉၈၂ခုနှစ်၊ ဖေဖော်ဝါရီ ၂ရက်မှာ မွတ်စလင်ဘရားသားဟုဒ်တွေရဲ့ အမာခံမြို့ကို
အပြင်းထန်ဆုံး စစ်ဆင်ရေးဆင်နွဲပြီး ချေမှုန်းတိုက်ခိုက်ခဲ့တယ်။ အဲဒီစစ်ဆင်ရေးကို Martin Van Creveld က အောင်မြင်တဲ့ counterinsurgency လို့သတ်မှတ်ပြီး သင်ခန်းစာဖော်ထုတ်ခဲ့တယ်။ အဲဒီသင်ခန်းစာ ဖော်ထုတ် ချက်တွေက အင်မတန် ရက်စက်လွန်းလှပါတယ်။
၂၊၁။ ရက်ရက်စက်စက် လုပ်ဖို့ လိုလာရင် ရက်ရက်စက်စက်လုပ်၊ ကောင်းကင်ကနေ မိုးကြိုးပစ်ချလိုက်သလိုမျိုး မမျှော်လင့်တဲ့ အခြေအနေမှာ ပြင်းပြင်းထန်ထန်လုပ်၊ ဘယ်တော့မှ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် မပြောနဲ့။ မိမိဘက်က ကြံစည်မှု၊ ပြင်ဆင်မှုကို သိုသိပ်ထား။
၂၊၂။ ရက်ရက်စက်စက်ပညာပေးတော့မယ်လို့ ဆုံးဖြတ်ပြီးရင် ပြတ်ပြတ်သားသား၊ ပြင်းပြင်းထန်ထန်လုပ်၊ သေကြေပျက်စီးမှုများလေ ကောင်းလေပဲ။
၂၊၃။ အချိန်အခါရွေးချယ်တတ်ဖို့လိုတယ်။ စောနိုင်လေ ကောင်းလေ။ insurgents နဲ့ learder တွေကို အဓိကထား ချေမှုန်းတိုက်ခိုက်ပစ်ရမှာ မှန်ပေမယ့်၊ တကယ်ချေမှုန်းပစ်ရမှာက ရန်သူတွေကို အားပေးထောက်ခံနေတဲ့ လူထုရဲ့စိတ်ဓာတ်တွေကို ရိုက်ချိုးပစ်နိုင်ဖို့ပဲ။ ထောက်ခံတဲ့သူတွေကို ပစ်သတ်၊ နှိပ်စက်ခိုင်းနေတာမျိုးမဟုတ်။ ဆိုလိုတာက အားပေးထောက်ခံသူတွေရဲ့ Head and Heart ကို သိမ်းပိုက်ချေမှုန်းဖို့ပဲ။ မိမိကိုယ် ဆန့်ကျင်ရင် ရေဆုံးရေဖျားအထိ လိုက်ပြီး ရက်စက်ပြရဲတယ်ဆိုတာကို အရိုးစွဲသွားတဲ့အထိ သိမှတ်သွားအောင် လုပ်ပြရမယ်။ဒါမှ လူထုက ရန်သူဘက်ကို မပါသွားမှာ။ ဒါကလည်း နောက်ထပ်စစ်ပွဲတစ်ပွဲကိုတောင် တားဆီးပစ်နိုင်တယ်။
လေကြောင်းပစ်ကူသုံးပါ။ ဒုံးကျည်တွေသုံးပါ။ လက်နက်ကြီးတွေ နာရီပေါင်း၊ ရက်ပေါင်းများစွာ ပစ်ခတ်ချေမှုန်းပြ ပါ။ ဒါမှသာ ရန်သူနဲ့ ရန်သူကို ထောက်ခံတဲ့သူတွေ စိတ်ဓာတ်ရေးရာ ပျက်ပြားသွားနိုင်တယ်။ ဆောက်တည်ရာမရဖြစ်သွား
နိုင်ပါတယ်။
၂၊၄။ ဆုံးဖြတ်ပြီးသားကိစ္စကို အကောင်အထည်ဖော်တော့မယ်ဆိုရင် ဗြောင်လုပ်ပါ။ သတင်းဌာနတွေကို ထိန်းချုပ်ပါ။ သတင်းထောက်တွေကို ခြေရှုပ်တွေကို လက်မခံပါနဲ့။ ( စစ်ဆင်ရေးအကောင်အထည်ဖော်နေချိန်မှာ)
စစ်ဆင်ရေးပြီးဆုံးသွားရင် လုပ်ဆောင်ချက်တွေအားလုံးကို မဖုံးကွယ်ပါနဲ့ ။ ဖြေရှင်းချက်လည်း မပေးပါနဲ့။ တောင်းပန်တာတွေ လည်း မလုပ်ပါနဲ့။ ပြတ်ပြတ်သားသားလုပ်တတ်ကြောင်း အများသိအောင် ပြသဖို့လိုပါတယ်။ စစ်ပွဲရဲ့ ဆိုးကျိုးတွေကို လူထုသိအောင်၊ မီဒီယာတွေ သိအောင် ပြပါ။
၂၊၅။ စစ်ဆင်ရေးအမိန့်တွေကို စာနဲ့ပေနဲ့ မထုတ်ပါနဲ့။ တာဝန်ပေးထားတဲ့ တပ်မှူးကို အောင်ပွဲခံရင် ပွဲထုတ်ပါ။ ရှုံးနိမ့်ရင် ဖြစ်သမျှအကြောင်းရင်း၊ အပြစ်တွေကို ပုံချပါ။
အဲဒီတော့ counterinsurgency ရဲ့အနှစ်သာရက ပြတ်သားရက်စက်ခြင်း လို့ပဲ ပြောရမလိုပဲ။ အုပ်ချုပ်သူအစိုးရ မင်းများက ကျောင်းမှန်း ကန်မှန်းသိအောင် ရက်စက်ပြတတ်ရပါတယ်။ ဒါက statecraft ပါပဲ။
အနီရောင်အဆင့်မြန်မာပြည်နှင့် ပထ၀ီနိုင်ငံရေး စပေးဘော
------------------------------
နိုဝင်ဘာလဆန်းပိုင်းကတည်းက တစ်နိုင်ငံလုံးကို အနီရောင်အဆင့် တပ်လှန့်ထားခဲ့တယ်။ တပ်လှန့်ထားရတဲ့ အရင်းခံတွေက ရွေးကောက်ပွဲလုံခြုံရေးတစ်ခုတည်းမဟုတ်နိုင်။ ကိုယ်တွေမသိနိုင်တဲ့၊ သိခွင့်တောင်မရှိတဲ့ very highly classified information တွေလည်းဖြစ်နိုင်တယ်။ ယေဘုယျကျလွန်းတဲ့ ခန့်မှန်းချက်ကိုပြောရရင်တောင် ဒါက ပထ၀ီနိုင်ငံရေးနဲ့ အမျိုးသားလုံခြုံရေးကြောင့်ပဲဖြစ်မယ်လို့သာ ပြောနိုင်တယ်။
ပထ၀ီနိုင်ငံရေးတွေ ခပ်ကြမ်းကြမ်းကစားလာရင် အရင်ဆုံး ရင်ဆိုင်ရမှာက insurgency and terrorism ပဲ။ ဒီတော့ ဒီနေရာမှာ counterinsurgency နဲ့ counter terrorism က သိပ်အရေးပါလှတယ်။ တာဝန်ရှိသူတွေ ဘယ်လို တုံပြန်ဆောင်ရွက်မှာလဲ။ လက်ရှိအစိုးရပဲဖြစ်ဖြစ်၊ နောင်အစိုးရပဲဖြစ်ဖြစ် ဒီအရေးတွေကို ဖြေရှင်းတဲ့နေရာမှာ ပြတ်သား ဖို့နဲ့ ရက်စက်ဖို့ လိုအပ်တယ်ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။
နိုင်ငံရေးဆွေးနွေးပွဲကာလအတောအတွင်းမှာ မဖြစ်မနေ conventional warfare တွေ ဆင်နွဲပြီး အချို့သော armed group တွေကို လက်စွမ်းပြဖို့၊ သင်ခန်းစာပေးဖို့ အကြောင်းတရားကြီးတွေလည်း ဖန်လာနိုင်ပါတယ်။
ဒီနိုင်ငံမှာရှိနေတဲ့ armed groups တွေ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ရပ်တည်မှု၊ နောက်ခံ၊ ဇစ်မြစ်တွေ ကွဲခြားပါတယ်။ အားလုံးက ဖက်ဒရယ်လို့ပြောကြ ပေမယ့်၊ တကယ်လက်တွေ့မှာ အဲဒီလောက် မရိုးရှင်းပါဘူး။ ထပ်ပြောပါမယ့်၊ တကယ့်မြေပြင်အခြေအနေမှာလည် အဲဒီ ဖက်ဒရယ်ဆိုတဲ့ စကားလုံးလောက်ကို မရိုးရှင်းပါဘူး။
ငြိမ်းချမ်းရေးကို ချဉ်းကပ်တဲ့ မဟာဗျူဟာက ပျော့ညံတယ်။ မဟာဗျူဟာတန်ဖိုးကျလွန်းတယ်။ နည်းဗျူဟာပိုင်းကို သိပ်ပြီး ဦစားပေးလွန်းတဲ့ ဆိုတဲ့ ထောက်ပြချက်တွေရှိနေပါတယ်။ ဒီထောက်ပြချက်တွက ကလည်း အပေါစားဝေဖန်ချက်၊ ဘေးထိုင်ဘုပြောတဲ့ စကားတွေ သတ်မှတ်လို့မရပါဘူး။ တစ်ချို့တွေက data အဆင့်လောက်နဲ့ အကဲဖြတ်ကြတယ်။ တစ်ချို့တွေက information အဆင့်လောက်ပဲသိပါတယ်။ တစ်ချို့တွေကတော့ intelligence ဒါမှမဟုတ် very higly classified အဆင့်ရှိတဲ့ information တွေကြည့်ပြီး ပြောကြတာတွေရှိပါတယ်။ ဒီတော့၊ ဒီလူက ဘယ်အဆင့်လောက်နဲ့ ပြောနေတယ်ဆိုတာကို သတိချပ်ဖို့လိုပါတယ်။ ( very highly classified information ကိုကြည့်ပြီး ပြောနေ၊ သတိပေးနေတဲ့သူတွေရဲ့စကားတွေကို ကျွန်တော်တို့တတွေ လေးလေးနက်နက်သတိမူသင့်တယ်လို့ ထင်ပါတယ်။ )
နောင် အစိုးရလက်ထက်မှာ စစ်ပွဲ၊ တိုက်ပွဲ၊ စစ်ဆင်ရေးတွေ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ တစ်ချို့စစ်ပွဲတွေက မဟာဗျူဟာ အဆုံးအဖြတ်ပေးနိုင်မယ့် အဆင့်၊ မဟာဗျူဟာ အလှည့်အပြောင်းဖြစ်သွားနိုင်တဲ့အဆင့်အထိ ရောက်သွားနိုင်ပါတယ်။
ဖြည့်စွက်ချက်။
(က) နိုဝင်ဘာလဆန်းပိုင်းမှာ တစ်နိုင်ငံလုံးကို အနီရောင်အဆင့်တပ်လှန့်ခဲ့တယ်
(ခ) ရွေးကောက်ပွဲအပြီး တိုက်ပွဲတွေ ပြန်စလာတယ်။
(ဂ) ထိုင်းမှာလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းက တရုတ်လေတပ်နဲ့ ထိုင်းလေတပ်တို့
ပူးပေါင်းလေ့ကျင့်တယ်။ ထိုင်းလေတပ်က မြန်မာလေတပ်အဖြစ် သရုပ်ဆောင်ရတယ်။
(ဃ) လောက်ကိုင်စစ်ပွဲကာလ လယ်လောက်မှာ တရုတ်က တပ်မ နှစ်ခု ကျည်ဆန်
အစစ်နဲ့ စစ်ရေးလေ့ကျင့်ခဲ့တယ်။
(င) နိုင်ငံတကာဆက်ဆံရေးမှာ တရုတ်နဲ့ ရုရှားတို့က အရမ်းကို နီးကပ်သွားတယ်။
(စ) မြန်မာ့နိုင်ငံရေးအခြေအနေတွေကို ကမ္ဘာ့Key Player တွေရဲ့ ထောက်လှမ်းရေး
အဖွဲ့အစည်းတိုင်းက analysis လုပ်နေကြတယ်။
(ဆ) counterinsurgency သည် ဓားတစ်ချောင်းနဲ့ စွပ်ပြုတ်သောက်ရသလိုပဲ လို့တင်စား
ကြတယ်။ တိုက်ခိုက်ရေးချေမှုန်းရေး အသစ်တွေ ကျင့်သုံးတိုင်း ၊ ခုခံရေး နည်းဗျူဟာ
အသစ်တွေ ပေါ်ပေါက်လာစမြဲလို့လည်း asymetric warfare မှာရှိပြန်တယ်။
ဒါပဲ။
ရည်ညွန်း။ ။ မောင်အောင်မျိုး။ ။ မျက်မှောက်ခေတ် စစ်မက်ရေးရာ အယူအဆများ၊ စာ၊ ၁၈၆-၁၉၁။
ရိုသေစွာဖြင့်
ကိုဇန်

ကေအန်ယူ ဥက္ကဌ ဖထီးစောမူတူးစေးဖိုး နှင့် တွေ့ ဆုံခြင်း

$
0
0


ကေအန်ယူ ဥက္ကဌ ဖထီးစောမူတူးစေးဖိုး နှင့် တွေ့ ဆုံခြင်း
===============================
တွေ့ ဆုံမေးမြန်းသူ - နေရီ ( ရဲမိုး )
The Myanmar Review Journal
အတွဲ ၂ ၊ အမှတ် ၂၁
===========================
မေး။ တပ်မတော်က အာဏာသိမ်းပြီးတဲ့ နောက်
၁၉၈၉ ၊၉၀ ၀န်းကျင်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ
တော်တော်များများ အပစ်အခတ်ရပ် ငြိမ်းချမ်းရေးယူသွားကြတယ် ။
ဖထီးတို့  KNU အဖွဲ့ တစ်ခုလောက်ပဲ ကြီးကြီးမားမား ကျန်ခဲ့တယ် ။
အဲဒီတုန်းက KNU အဖွဲ့ ကြီးအနေနဲ့  ဘယ်လို စဉ်းစားတွေးခေါ်ခဲ့တာလဲ ...
ဘာကြောင့်အစိုးရ နဲ့ အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေး မယူခဲ့တာလဲ ?

ဖြေ။ အင်း .... ပြောရရင် အခြေအနေပေါ့လေ ။ အဲဒီတုန်းက အခြေအနေတွေက အခုလိုမဟုတ်ဘူး ။ အခြေအနေတွေ မတူကြဘူး ။
မတူတော့ အပစ်ရပ်တဲ့ အဆင့်အထိ ဖြစ်မလာတော့ဘူး ။
ဒီကြားထဲမှာလဲ ကျွန်တော်တို့  နှစ်ဘက်လုံးက
အကြိမ်ကြိမ်ဆွေးနွေးကြ ကြိုးစားကြတာပဲ ။
၁၉၉၆ လောက်က ဗိုလ်ချုပ်ခင်ညွှန့် လာတယ် ။ အပစ်ရပ်ကိစ္စပြောတယ် ။
ဗိုလ်ချုပ်ကျော်ဝင်းတို့  ဗိုလ်ချုပ် ကျော်သိန်းတို့ လဲ ပါတယ် ။
ဒါနဲ့  ဆွေးနွေးကြတယ် အပစ်ရပ်ဖို့  ။
အဲဒီမှာ ဘာဖြစ်လဲဆိုတော့ အပစ်ရပ်ပြီး ဘာဆက်လုပ်မလဲ ဆိုပြီး ဖြစ်တယ် ။
ဗိုလ်ချုပ်ခင်ညွှန့် တို့ က လက်နက်ကိုင်လမ်းစဉ်ကို စွန့် ပါ ။
ဥပဒေဘောင်ထဲဝင်ပါလို့  ပြန်ပြောတယ် ။
အဲဒီမှာ ကျွန်တော်တို့ ဘက်က ဟာ... ဒါအဖြေမဟုတ်ဘူး ။
ဒါဆို ကျွန်တော်တို့  ဘာလို့ ဆက်စကားပြောနေတော့မလဲ ဆိုပြီး ပွဲက ရပ်သွားတယ် ။
ဆွေးနွေးတာတွေက ခဏခဏ ပဲ ။ ၂၀၀၄ တုန်းကဆို ဗိုလ်ချုပ်မြ ကိုယ်တိုင်လာတယ် ။
အဆင်ပြေတယ် ။ အပစ်ရပ်ဖို့  ဆက်ဆွေးနွေးကြတယ် ။
အောက်ပိုင်းမှာ အားလုံးအိုကေတယ် ။ အကြမ်းဖျဉ်း သဘောတူညီမှုရတယ် ။
ဒါနဲ့  သူတို့ အပေါ်ကို ဆက်တင်ပြတယ် ။အဲဒီမှာ အဆင်မပြေတော့ဘူး ။
သူတို့ အပေါ်ပိုင်းက သဘောမတူဘူး ။ သူတို့ လာပြန်ပြောတယ် ။
ဖထီး ကျွန်တော်တို့ စိတ်မကောင်းဘူးတဲ့  ။ အထက်ကို တင်ပြတာ အဆင်မပြေဘူးတဲ့ ။
ဒါနဲ့  ကျွန်တော်တို့ ဆက်ကြိုးစားကြတယ် ။
၂၀၀၄ အောက်တိုဘာမှာ ကျွန်တော်တို့  ရန်ကုန်လာကြတယ် ။
ကျွန်တော် ပထမဆုံးပါလာတဲ့  အခေါက် ။
အရင်အခေါက်တွေက ဖထီးဒေးဗစ်ထောတို့  ၊ စောထူးထူးလေးတို့ ပဲ လာကြတာ ။
ကျွန်တော်က အခုတစ်ခေါက်မှ ပထမဆုံးပါလာတာ ....
ဖြစ်ချင်တော့ ...အဲဒီနေ့ က ထောက်လှမ်းရေးအဖွဲ့ ထိန်းသိမ်း ခံရတဲ့ နေ့  ....
ပဲခူးရောက်တော့ ခဏနားကြချိန် ဒေးဗစ်ထောက ချက်ချင်းသိတယ် ။
တစ်ခုခုတော့ မှားနေပြီတဲ့  ။
ပဲခူးမှာ လာကြိုတဲ့  ထောက်လှမ်းရေးတွေက မျက်နှာသိပ်မကောင်းကြဘူး ။
ဗိုလ်မှူးကြီး စန်းပွင့်ဟာ အင်မတန် ပြုံးပြုံးရွှင်ရွှင် နေတတ်တဲ့ သူ ။
အခုကျတော့ သူပါ တစ်မျိုးဖြစ်နေတယ် ။
ကျွန်တော်တို့ လဲ စိတ်တော်တော်ပူကုန်တယ် ။ဘာဖြစ်မှန်းမှ မသိတာ ။
ရန်ကုန်ရောက်တော့ အရင်လိုပဲ ထောက်လှမ်းရေး ( ၆ ) က ရိပ်သာမှာ ထားတယ် ။
ထောက်လှမ်းရေးတွေက ကျန်တာတွေ အကုန်အဆင်ပြေတယ် ပုံမှန်ပဲ ။
အမူအယာတွေပဲ နည်းနည်းပြောင်းနေတာ ။ သတင်းလေးတွေလဲ နည်းနည်းကြားနေရပြီ ။
ဒါနဲ့  ညနေ ဗိုလ်ချုပ်ကျော်သိန်းတို့  လာတွေ့ တော့
ကျွန်တော်တို့  ဗြောင်ပဲ ဖွင့်မေးလိုက်တယ် ။
သူတို့ က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ကျွန်တော်တို့ မပြောလဲ အခြေအနေတွေကို ခင်ဗျားတို့ သိပြီး ဖြစ်မှာပါတဲ့  ။
ဘာမှ စိတ်မပူပါနဲ့  ။ ကျွန်တော်တို့  အဆင်ပြေအောင် အားလုံးဆောင်ရွက်ပေးပါမယ်တဲ့  ။
နောက်တစ်ရက်ကျတော့ သူတို့  ကျွန်တော်တို့ ကို ပြန်ပို့ ပေးတယ် ။
ထောက်လှမ်းရေးက ဗိုလ်မှူးတင်စောနိုင် ....
သူကပဲ တစ်လမ်းလုံး လိုက်လာပြီး ပြန်ပို့ ပေးတာ ။
ဖထီးဒေးဗစ်ထောက ပြန်ရောက်မှ ထုတ်ပြောတယ် ။
ကျွန်တော်တို့ ပြန်မရောက်တော့ဘူး ထင်တာတဲ့  ။
ပြောရရင် ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့  နှစ်ဘက်လုံးက ကြိုးစားခဲ့တာပဲ ။
အခြေအနေ အချိန်အခါကြောင့် အဲဒီတုန်းက အဆင်မပြေဖြစ်ခဲ့တာပါ။
=====================================
မေး ။ အခု NCA ကို KNU နဲ့ အဖွဲ့ တစ်ချို့ က လက်မှတ်ရေးထိုးထားတယ် ။
တစ်ချို့ လဲ မထိုးဘူး ။ လက်မှတ်မထိုးကြတဲ့  အဖွဲ့ တွေ အနေနဲ့ 
လက်မှတ်မထိုးရတဲ့  အကြောင်းအရင်းဟာ လက်ရှိ အစိုးရအဖွဲ့ ကြောင့်လား ? ။ ဒါမှမဟုတ် NCA မှာပါတဲ့  အခြေခံ မူဘောင်တွေ အချက်အလက်တွေကြောင့်လား ?
ဖြေ။ NCA ကိုဆွေးနွေးတဲ့ အချိန်မှာ NCCT က တစ်လျောက်လုံးပါခဲ့တာပဲ ။
သူတို့ လဲ ၀င်ဆွေးနွေးကြတာပဲ ။ သဘောတူခဲ့တဲ့ အထဲ သူတို့ လဲ ပါတာပဲ ။
အပြီးသတ် လက်မှတ်ရေးထိုးချိန်ကျမှ တစ်ချို့ အဖွဲ့ တွေက မထိုးကြတာ ။
ဘာလို့ မထိုးသလဲဆိုတော့ All inclusive အဖွဲ့ အားလုံးပါဝင်ရေးဆိုတဲ့ 
ကိစ္စနဲ့  ပတ်သက်ပြီး သဘောထားကွဲကြတာ ။ NCA ရဲ့ မူဘောင်တွေနဲ့  မဆိုင်ဘူး ။ မူဘောင်တွေက အားလုံးသဘောတူထားပြီးသား ။ လက်မှတ်ထိုးဖို့ အတွက် အစိုးရဘက်က လက်မခံနိုင်တဲ့  အဖွဲ့ တွေရှိတယ် ။အဲဒီ အဖွဲ့ တွေ ပါဝင်ရေး ကိစ္စနဲ့ ပတ်သက်ပြီး သဘောထားကွဲပြီး လက်မှတ်မထိုးကြတာ ။
တစ်ချို့ အဖွဲ့ တွေဟာ နောက်မှပေါ်လာတယ် ။ ဥပမာ AA ရခိုင်တပ်မတော်လိုမျိုးပေါ့ ။ သူက ပထမ ကျွန်တော်တို့  Biliteral တစ်ဖွဲ့ ချင်း ဆွေးနွေး လက်မှတ်ထိုးတုန်းက မရှိသေးဘူး ။နောက်မှ ကချင်ပြည်မှာ ပေါ်လာတာ ။ ကျွန်တော်ထင်တယ် အစိုးရဘက်က တပ်ဘက်ကလဲ ဒီလိုစဉ်းစားတယ်ထင်တယ် ။ ငြိမ်းချမ်းရေးဆွေးနွေးကြတယ် ။ လက်မှတ်ထိုးတယ် ။ အဲဒီအချိန်အတွင်း ဒီဘက်က အဖွဲ့ အသစ်ထပ်ဖွဲ့ တယ် ။ လက်နက်ကိုင်တယ်ပေါ့ ။ ဒီလိုစဉ်းစားတယ် ထင်တယ် ။ ဒါနဲ့  အစိုးရဘက်က သူတို့ ကိုတော့ လောလောဆယ် လက်ခံလို့ မရဘူး ။ သူတို့ နဲ့  Biliteral နှစ်ဖွဲ့ ချင်းထပ်ဆွေးနွေးမယ်ပေါ့ ။ ဒီလိုပြောတယ် ။ အဲဒါကျတော့လဲ ဒီဘက်က အဖွဲ့ တစ်ချို့ က လက်မခံပြန်ဘူး ။ အဲဒီလို ဖြစ်ကြတာ ။
=================================
မေး ။ တစ်နေ့ ကတော့ ဦးခွန်ဥက္ကာက လက်မှတ်မထိုးရသေးတဲ့  အဖွဲ့ တွေ ကို ထပ်ဖိတ်ခေါ်ပေးဖို့ ပြောပါတယ် ။ ဒီစကားနဲ့ ပတ်သက်လို့  ဘယ်လို မြင်ပါသလဲ ?
ဖြေ ။ သူတို့ ကို ထပ်ဖိတ်ခေါ်တာကတော့ တစ်ပိုင်းပေါ့လေ ။ ကျွန်တော်တို့ အခု လက်မှတ်ထိုးထားတဲ့ အဖွဲ့ ရှစ်ဖွဲ့ ရှိတယ် ။ ကျွန်တော်တို့ ကတော့ လက်ရှိ NCA လက်မှတ်ထိုးထားတဲ့  မူဘောင်အတိုင်း ဆက်သွားမှာပဲ ။ စာချုပ်အတိုင်း ဆက်လုပ်သွားမယ် ။ ဘယ်နှစ်ရက်အတွင်း ကော်မတီဖွဲ့ မယ် ။ ဘယ်နှစ်ရက်မှာ နိုင်ငံရေးမူဘောင်တွေ ချမယ် ။ ဘယ်နှစ်ရက်အကြာမှာ Political Dialogue ကို စဆွေးနွေးမယ် စသဖြင့် စာချုပ်မှာ သဘောတူထားတာတွေရှိတယ် ။ ကျွန်တော်တို့ ကတော့ ဒီအတိုင်းဆက်သွားမယ် ။ ကျွန်တော်ထင်တယ် ။ အဖွဲ့ အားလုံးပါဝင်လာဖို့  ဆိုတာကတော့ ဒီကမ္ဘာမှာ မဖြစ်နိုင်ဘူးထင်တယ် ။
==================================
မေး ။ NCA ကို လက်မှတ်ရေးထိုးပြီးတဲ့ နောက် NCA မှာ သဘောတူထားတဲ့ အတိုင်း စစ်ရေးဆိုင်ရာ ကော်မတီတစ်ခု ရက်ပေါင်းသုံးဆယ်အတွင်း ၊ နိုင်ငံရေးဆိုင်ရာကော်မတီတစ်ခုကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့ စည်းရေးဆွဲသွားမယ်လို့  သိရပါတယ် ။ စစ်ရေးကော်မတီကတော့ အပစ်အခတ်ရပ်စဲရေးတည်မြဲအောင် ဆက်လက်လုပ်ဆောင်မယ် ။ နိုင်ငံရေးဆိုင်ရာကော်မတီကတော့ နိုင်ငံရေး ဆွေးနွေးပွဲ ( Political Dialogue ) ကို ဆက်သွားမယ် စသဖြင့်ပေါ့လေ ။ စစ်ရေးဆိုင်ရာ ကော်မတီကို နိုင်ငံအဆင့် ၊ ပြည်နယ်အဆင့် ၊ ဒေသဆိုင်ရာအဆင့် ဖွဲ့ စည်းပြီး အပစ်အခတ်ရပ်စဲရေးမကျိုးပေါက်ဖို့  စောင့်ကြည့်လုပ်ဆောင်တဲ့  အချိန်
KNU ရဲ့  တစ်ချို့  တပ်မဟာနယ်မြေတွေမှာ
အပစ်အခတ်ရပ်စဲရေးတည်မြဲဖို့ အတွက် ပြသနာ ရှိနိုင်ပါသလား ?
ဖြေ။ ကျွန်တော်တို့ အနေနဲ့  Front လေးခုခွဲခြားထားတယ် ။ Military Front , Political Front , Economy Front နဲ့  Social Front ဆိုပြီးခွဲထားတာ ။ အဲဒီမှာ Military မှာ တစ်ဘက်ကို ဗိုလ်ချုပ်သုံးယောက်ပါတဲ့  အဖွဲ့ ဖွဲ့ ထားတယ် ။ အောက်ခြေမှာတပ်တွေ တစ်ခုခုဖြစ်လာခဲ့ရင် ချက်ချင်း ဖြေရှင်းလို့ ရအောင် ဖွဲ့ ထားတာ ။ အဲဒီ သုံးယောက်အဖွဲ့ ထဲက ဗိုလ်ချုပ်ခင်ဇော်ဦးတို့ နှစ်ယောက် က အခု အရပ်ဝတ်လဲပြီး အငြိမ်းစားယူသွားတော့ သူတို့ နေရာမှာ ဗိုလ်ချုပ်အသစ်နှစ်ယောက်ထပ်ရောက်လာတယ် ။ အဲဒီတော့ ဗိုလ်ချုပ်သုံးယောက်ရယ် အငြိမ်းစား ဗိုလ်ချုပ် နှစ်ယောက်ရယ် ပေါင်းလိုက်ရင် ငါးယောက် ဖြစ်သွားတယ် ။ တစ်ခါ အခု လက်မှတ်ထိုးတဲ့ အထဲ ကရင်အဖွဲ့ နှစ်ဖွဲ့ တိုးလာတော့ သူတို့ ဆီက တစ်ယောက်စီ ထပ်ထည့်တယ် ။ အဲဒီတော့ နောက်ပိုင်းမှာ တစ်ဘက်ကို ဗိုလ်ချုပ် ၇ယောက်ပါတဲ့  အဖွဲ့ ဖြစ်လာမယ် ။ ၇ + ၇ အဖွဲ့ ပေါ့ ...
ဒီအဖွဲ့ က တပ်ပိုင်းဆိုင်ရာ စစ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဖြစ်လာခဲ့ရင် ဖြေရှင်းဖို့  နောက်မဖြစ်အောင် ဆောင်ရွက်ဖို့  ဒါမျိုးတွေလုပ်မယ် ။ သူက အပေါ်မှာ လက်မှတ်ထိုးလိုက်ပေမယ့်  အောက်ခြေမှာကျတော့ ဟိုအကြောင်း ဒီအကြောင်းလေးတွေကြောင့် Skimishs လေးတွေ ရှိနိုင်တာကိုး ။ ဒါပေမယ့်  တကယ့်  ရည်ရွယ်ချက်နဲ့  စခန်းတွေကို တက်တိုက်တာမျိုးကတော့ ဘယ်ဘက်မှာမှ မရှိဘူး ။ ကျွန်တော်တို့ ဘက်လဲ မရှိဘူး ။ တပ်မတော်ဘက်မှာလဲ မရှိဘူး ။ သို့ သော် ပုံမှန်တပ်လှုပ်ရှားမှုတွေကတော့ နှစ်လတစ်ခါ သုံးလတစ်ခါရှိတတ်တယ် ။ တပ်ချင်းချိန်းတာတို့ ရိက္ခာပို့ တာတို့  စသဖြင့်ပေါ့ ။ အဲဒိမှာ တစ်ချို့ က သံသယ၀င်တယ် ။ ဟာ ... စစ်တပ်က စစ်ဆင်ရေးလုပ်ဖို့ ပြင်ဆင်နေတာလား ? ငါတို့ ကို လာတိုက်တော့မှာလား စသဖြင့်ပေါ့ .... ။ ဒါတွေကို ခုနက ပြောတဲ့  ၇ + ၇ အဖွဲ့ က ဖြေရှင်းသွားမယ် ။ ကျွန်တော်တို့ အခု တပ်ချုပ်ကို တောင်းဆိုထားတာ ဆွေးနွေးထားတာရှိတယ် ။တစ်ချို့ တပ်တွေက ရွာလယ်ခေါင်မှာ စခန်းချတယ် ။ တစ်ချို့ က ဘုန်းကြီးကျောင်းထဲ စခန်းချတယ် ။ ဒါလေးတွေကို ရုပ်ပေးဖို့  ညွှန်ကြားပေးပါလို့ တင်ပြတယ် ။ ဒါဆို ပြည်သူုကလဲ ကျေနပ်သွားမယ် အဆင်ပြေသွားမယ်ပေါ့ ။ ပြောရရင်တော့ ပြည်သူတွေက သူတို့ ခံစားခဲ့ရတဲ့  အပေါ်မှာ ဘယ်လက်နက်ကိုင်ကိုမှ တွေ့ ချင်မှာ မဟုတ်တော့ဘူး ။ ကျွန်တော်တို့ ကို လဲ မတွေ့ ချင်တော့ဘူး ။
================================
မေး ။ အခု ၂၀၁၅ ရွေးကောက်ပွဲ ကရင်ပြည်နယ်မှာ ကရင်တိုင်းရင်းသားပါတီတွေထက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကပဲ နေရာအတော်များများမှာ နိုင်သွားတယ် ။ ဒါနဲ့ ပတ်သက်လို့  အဖိုးအနေနဲ့  ဘယ်လိုမြင်ပါသလဲ ? ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲ ?
ဖြေ ။ ဒါကတော့ ကျွန်တော်တို့ အနေနဲ့ လဲ ဒါကို သဘောပေါက်ဖို့ လိုမယ် ။ဖွဲ့ လိုက်တဲ့ ပါတီတွေကလဲ ငါတို့ ကရင်အမျိုးသားအချင်းချင်း ငါတို့ ကို ထောက်ခံမှာပဲဆိုတဲ့  ယုံကြည်ချက်နဲ့ လုပ်ခဲ့ကြတယ် ။တွေ့ လာတဲ့ ဟာက ကရင်သည်ပင်လျှင် သူ့ အမျိုးသားပါတီကို မထောက်ခံဘူးဆိုတဲ့  သဘောဖြစ်နေတယ် ။ ဒါဟာ ဒီပါတီတွေအနေနဲ့  တစ်ချိန်က ဘာမှမလုပ်ခဲ့ကြတဲ့ အတွက် မယုံကြည်ကြတော့တာလဲ ဖြစ်နိုင်တယ် ။ ဒီပါတီတွေဟာ ကရင်တစ်ခုလုံးကို ကိုယ်စားမပြုဘဲ ဒေသတစ်ခု လူပုဂ္ဂိုလ်တစ်ဦးကို ကိုယ်စားပြုထားသလို ဖြစ်နေတဲ့  ကိစ္စတွေကြောင့်လဲ ဖြစ်နိုင်တယ် ။
===========================
မေး ။ KNU အဖွဲ့ အနေနဲ့  နိုင်ငံရေးပါတီတစ်ခု သီးခြားထူထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့  ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ထဲမှာ ပါဝင်ပြီး ကရင်ပြည်နယ်ဖွံ့ ဖြိုးတိုးတက်ရေး လုပ်ဆောင်ဖို့ အတွက် စဉ်းစားထားတာများ ရှိပါသလား ?
ဖြေ။ ကျွန်တော်တို့ ကေအန်ယူအဖွဲ့ အနေနဲ့ ကတော့ ပါတီထောင်ဖို့  မရှိဘူး ။ ကျွန်တော်တို့ စဉ်းစားတာက ပြည်ထောင်စု မပြိုကွဲရေး ၊တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး ၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဆိုတဲ့ အချက်တွေ တကယ် ဖြစ်လာဖို့  ၊ စစ်မှန်သော စနစ် အင်္ဂလိပ်လိုဆို ဖက်ဒရယ်ပေါ့ အဲဒီစနစ်ကို ကွန်စတီကျူးရှင်းတစ်ခုကို ဖော်ဆောင်သွားဖို့ ဆိုတဲ့  အချက်ကိုပဲ အဓိကထားတယ် ။ ပြည်ထောင်စု စနစ်ကြီးတစ်ခု ပေါ်ပေါက်လာရေးက အဓိကပဲ ။
ပါတီထောင်ပြီး အာဏာရရေးကို လုပ်ဖို့ အစီအစဉ်မရှိဘူး ။
======================
မေး ။ တကယ်လို့  နောက်ပိုင်းမှာ ကရင်ပြည်သူလူထုက တခဲနက် တောင်းဆိုလာမယ်ဆိုရင်ရော ?
ဖြေ။ အခုလက်ရှိတော့ စဉ်းစားဖို့ အစီအစဉ်မရှိဘူး ။
ကျွန်တော်ခုနကပြောသလိုပဲ စနစ်တစ်ခု
ပြည်ထောင်စု စနစ်ကြီးတစ်ခု ပေါ်ပေါက်လာရေးကိုပဲ ကျွန်တော်တို့  လုပ်မယ် ။
===========================
မေး ။ Political Dialogue ကို ဆွေးနွေးကြချိန်ဟာ အချိန်ကာလ အတိုင်းအတာတစ်ခုအထိ ကြာမြင့်မယ်လို့  ယူဆရပါတယ် ။ ဒီကြားကာလအတွင်း KNU အဖွဲ့ ကြီးအနေနဲ့  ကရင်ပြည်နယ် ဖွံ့ ဖြိုးရေးအတွက် ဘာတွေများ လုပ်ဆောင်သွားဖို့  အစီအစဉ်ရှိပါသလဲ ? ။ အဖိုးအနေနဲ့  နေပြည်တော်ကို သွားတုန်းက ရေအားလျှပ်စစ်စက်ရုံ တွေ ဘာတွေသွားကြည့်တာကို ကျွန်တော်တို့  တွေ့ ရတယ်လေ ။
ဖြေ ။ ကျွန်တော်တို့  အခု NCA အတိုင်းတစ်ဆင့်ပြီးတစ်ဆင့် သွားရင် Political Dialogue ကိုရောက်သွားမယ် ။အဲဒီမှာ အများကြီး ကျွန်တော်တို့  ညှိရမယ် ။ ပြောရမယ် အချိန်ကတော့ ဘယ်လောက်ကြာမလဲ မသိနိုင်ဘူး ။ အဲဒီကြားကာလမှာ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ စဉ်းစားရမှာပေါ့ ။ ဖက်ဒရယ်တည်ဆောက်ပြီးမှ ဖွံ့ ဖြိုးရေးတွေ လုပ်ရင်တော့ အချိန်သိပ်ကြာသွားမယ် ။ ကျွန်တော်တို့ ညှိနိုင်းပြီး ဖွံ့ ဖြိုးတိုးတက်အောင် လုပ်ရမယ် ။ကျွန်တော်တို့  အစိုးရ နဲ့ Biliteral လက်မှတ်ထိုးပြီးချိန်မှာ ကရင်ပြည်နယ်ထဲမှာ ကျွန်တော်တို့ အုပ်ချုပ်နေတဲ့ နယ်မြေရှိတယ် အစိုးရ အုပ်ချုပ်နေတဲ့ နယ်မြေရှိတယ် ။ အပစ်ရပ်စဲရေးလုပ်ပြီးချိန်မှာ ကရင်ပြည်နယ် အစိုးရကနေ ကျွန်တော်တို့ နယ်မြေတွေထဲဝင်ပြီး ပညာရေးကျန်းမာရေး လုပ်ငန်းတွေလုပ်တာရှိတယ် ။
ဒါကို တစ်ချို့ ကလဲ ငါတို့ နယ်မြေထဲဝင်ပြီး အာဏာလာတည်ဆောက်တယ်ပေါ့ ဒီလို အထင်လွဲတာလေးတွေ ရှိတယ် ။
တစ်ချို့ ကျောင်းတွေ ဆေးခန်းတွေက ကျွန်တော်တို့ ဖွင့်ထားတာ ။ ဆရာဆရာမ တွေက စေတနာ့ဝန်ထမ်းတွေ ၊ လခလဲ မရဘူး ။ စားဖို့ အတွက် စပါး ၂၅တင်း လောက်ရတာပဲ ရှိတယ် ။ အဲဒီကျောင်းတွေကို အစိုးရက ကျောင်းအုပ်တို့ ဆရာတို့  ထပ်လွှတ်တာတွေ ရှိတယ် ။ ကျန်းမာရေးဝန်ထမ်းတွေ လွှတ်တာရှိတယ် ။ သူတို့ အနေနဲ့ ကတော့ တရားဝင်ကျောင်းမဟုတ်ဘူး ဆေးခန်းမဟုတ်ဘူး ဒါကြောင့် တရားဝင်ဖြစ်အောင်လုပ်ပေးတယ်ပေါ့ ။ အဲဒီမှာ ဒီဘက်က တစ်ချို့ စဉ်းစားတာက ငါတို့ က ဒါကို တစ်သက်လုံး စေတနာ့ဝန်ထမ်းလုပ်လာတယ် ။ အခုအပစ်ရပ် လက်မှတ်ထိုးတာကို အခွင့်ကောင်းယူပြီး ဒီကောင်တွေလာဗိုလ်ကျတယ်ပေါ့ ။ ဒီလို စဉ်းစားတာတွေရှိတယ် ။ ဒီလိုနားလည်မှု လွဲကြတာတွေရှိတယ် ။ အဲဒါကို ကျွန်တော်တို့ ညှိပေးရတာတွေ ရှိတယ် ။အတူ နှစ်ဘက်ညှိပြီး ပေါင်းပြီး ပညာရေးကျန်းမာရေး စိုက်ပျိုးရေးဒါတွေကို ပူးပေါင်းပြီး လုပ်ရမှာတွေ ရှိတယ် ။
သူတို့  ကူညီတာတွေလဲ အများကြီးရှိပါတယ် ။ နိုင်ငံတကာအကူအညီတွေ ပရဟိတတွေ ဖောင်ဒေးရှင်းတွေ လာကူတာလဲ ရှိတယ် ။ ဝေဠုကျော်တို့ နိပွန်ဖောင်ဒေးရှင်းတို့ ကလဲ အများကြီးကူပါတယ် ။ဒါလဲ အစိုးရက ခွင့်ပြုပေးလို့ ပေါ့လေ ။ ဒါကြောင့် ကျွန်တော်တို့ ဒီကြားကာလအတွင်းမှာ အစိုးရနဲ့ ပူးပေါင်းပြီး လုပ်ရမယ့် ဖွံ့ ဖြိုးရေးလုပ်ငန်းတွေ အများကြီးပါ ။ ညှိနိုင်းပြီး လုပ်ရမှာပေါ့ ။
===========================
မေး။ KNU အဖွဲ့ အနေနဲ့  အခု အပစ်အခတ်ရပ်စဲလိုက်တဲ့ အနေအထား NCA ကို လက်မှတ်ထိုးပြီးတဲ့ အနေအထားမှာ KNU တပ်ဖွဲ့ ဝင်တွေ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးအတွက် အဖိုးတို့  ဘယ်လိုဆောင်ရွက်ဖို့  စဉ်းစားထားပါသလဲ ?
ဖြေ ။ဒါတွေကတော့ ကျွန်တော်တို့ လဲ အများကြီးစဉ်းစားရမှာပေါ့ ။
ဥပမာ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်လိုမျိုးမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလို လုပ်ငန်းမျိုး ဖြစ်ဖြစ် ဒါမှမဟုတ်လဲ စက်မှုဇုန်လိုမျိုးပေါ့ ဒါတွေထောင်မလားပေါ့ ။ ဒါတွေထောင်နေတုန်း ဗီယက်နမ်တို့  ယိုးဒယားစက်မှုဇုန်တို့ ကျွန်တော်တို့ ကရင်လက်နက်ကိုင်အဖွဲ့ တွေ မိသားစုဝင်တွေကို training လွှတ် လေ့ကျင့် ၊ အဲဒီအချိန်ကစပြီး လစာစပေး ၊ ပြီးရင် ဒီကိုပြန်လာ ဒီကစက်မှုဇုန်တွေမှာ ခုနက ကျွန်တော်တို့ မိသားစုတွေ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို အလုပ်အကိုင်နေရာပေးမလားပေါ့ ။ ဒါမျိုးတွေ စဉ်းစားရမှာပေါ့ လုပ်ရမှာတော့ အများကြီးပါ ။
======================
မေး ။ အပစ်အခတ် စရပ်လိုက်တဲ့  အချိန် နဲ့  အခုလက်ရှိအချိန်ကြား ကရင်ပြည်နယ်မှာ ဘာတွေပြောင်းလဲသွားလဲ ။
ဖြေ ။  ပြောင်းတာပေါ့ ။ အနည်းဆုံးတော့ ပြည်သူတွေ စိတ်လုံခြုံမှုရှိသွားပြီ ။ အရင်တုန်းက ဘယ်သူမှ ညဆို အပြင်မထွက်ရဲဘူး ။ နေ့ တောင် သိပ်မလုံခြုံဘူး ။ ကိုယ့် စိုက်ခင်းက အသီးအနှံလေး ကော့ကရိတ်တို့ ကြာအင်းဆိပ်ကြီးတို့  သွားရောင်းဖို့ ကိုတောင် အဆင်မပြေဘူး ။ အခု နေ့ တောင် သိပ်မသွားဘူး ။ ပူလို့ တဲ့  ။ညပိုင်းမှ အေးအေးဆေးဆေး ဆိုင်ကယ်နဲ့  ထွေလာနောက်တွဲလေးနဲ့  ပစ္စည်းလေးတွေတင်ပြီး သွားနေကြတာ ။ပြောင်းတာတွေကတော့ အများကြီးပြောင်းပါတယ် ။ တပ်တွေလဲ အေးအေးဆေးဆေး ပြုံးပြုံးရွှင်ရွှင် ဖြစ်ကုန်တယ် ။ အရင်လို မဟုတ်တော့ဘူး ။ ပြည်သူတွေလဲ ထိုနည်းလည်းကောင်းပဲ ။
================================
မေး ။ အခု အဖိုးအသက် ဘယ်လောက်ရှိပြီလဲ ။
ဖြေ ။ ကျွန်တော် ၈၃ နှစ်ရှိပြီ ။
အသက်၁၉ နှစ်ကျော်ကျော်မှာ ကေအန်ယူအဖွဲ့ ထဲစရောက်ခဲ့တယ် ။
===================================
မေး ။ အခုဆောင်ရွက်နေတဲ့  လုပ်ငန်းစဉ်တွေ အားလုံးအောင်မြင်သွားပြီ ။ အားလုံးငြိမ်းချမ်းသွားပြီဆို ဘာဆက်လုပ်မလဲ ဖထီး ?
ဖြေ ။ ကျွန်တော် ရွာပြန်မယ် ။
======================


"မောင်ဖိုးချိုနှင့် ထမင်းတစ်အိုး"

$
0
0
Yekkha Ye Jee's photo.
. . . ကြီးဒေါ်မြတစ်ယောက် မောင်ဖိုးချိုတို့ အိမ်သို့ရောက်နေသည်မှာ တစ်ပတ်မျှကြာပြီ။ ဆေးခန်းပြအပြီး ဆရာဝန်က မပြန်ရဆိုသဖြင့် ကွမ်းခြံကုန်းသို့ မပြန်နိုင်ရှာ။ . . မဟာရန်ကုန်၏ ကားကျပ်မှုဒဏ်ကို မခံဝံ့သည်နှင့် ဘုရားစုံလည်း မဖူးနိုင် ၊ အိမ်တွင်သာ မှိုင်နေရရှာ၏။ ရုပ်သံလိုင်းများဖွင့်ကာ နေ့ည ပြရလေသည်။

. . . နှစ်ရက်မျှကြာသော် ကြီးဒေါ်လည်း မြန်မာကားပုံပေါက်လာလေတော့၏။ "ဟော ငါ့တူကြီးတောင် အပြင်ကပြန်လာပြီ"ဟုဆိုရာ မောင်ဖိုးချိုလည်း ဘေးဘယ်ညာ လိုက်၍ရှာရ၏။ ပြီးမှ မိမိကိုဆိုမှန်းရိပ်မိပြီး သက်ပြင်းကိုချတော့သည်။ ထမင်းစားသော် စားနေကျ ဇလုံကို မတွေ့ရသည်နှင့် ရှာရ၏။
"ဇလုံမရှိတော့ဘူး ၊ ခွေးစာခွက်လုပ်လိုက်ပြီ ၊ ထမင်းစားတာ ဇွန်း ခက်ရင်းနဲ့ အဆင့်အတန်းရှိရှိစားစမ်းပါ။ နင့်မိဘတွေ တတ်နိုင်သားနဲ့" .. ဟု ဆို၏။
. . . မောင်ဖိုးချိုလည်း ဦးခေါင်းကို ကုတ်ရ၏။ အာနိုး စားနေသော မိမိ၏ ဇလုံကလေးကို နှမြောစွာကြည့်၏။ အိမ်ထမင်း အိမ်ဟင်းကို ဇလုံကလေးနှင့်သာ နယ်ဖတ်စားကျင့်ရှိနေသဖြင့် စားရ အားမရလှပေ။ ခွေးထံမှ ပြန်လုရန်လည်း မကောင်းချေ။
"ဟိုမှာတွေ့လား မင်းသားနဲ့ သူ့အမေနဲ့ စားနေတဲ့ ထမင်းဝိုင်း ၊ ကြည့်စမ်း ၊ ဘယ်လောက်အဆင့်မြင့်သလဲ ၊ မင်းသားဆိုတာ ဘယ်တော့မှ လက်နဲ့မစားရဘူး .. တွေ့လား" .. တီဗွီစက်ကို လက်ညှိုးထိုးကာ ဆိုလေ၏။
"အာ .. ကြီးမေ ကလည်း ၊ ကျွန်တော်က မင်းသားမှ မဟုတ်တာ ၊ ကိုယ့်အိမ်မှာကိုယ် ဇလုံကလေးနဲ့ပဲစားချင်တယ်ဗျာ"
"တော် .. လူဆိုတာ ကိုယ့်အဆင့် ကိုယ်မြှင့်ရတယ် ၊ ဒီလိုဟာတွေကို အတုယူရမယ်"
. . . ကြီးဒေါ်၏ 'မြန်မာကားဆန်ခြင်း'ကိစ္စ ရပ်တန်းမှရပ်စေရန် တီဗွီလိုင်းများကို ပြောင်းရတော့သည်။ နိုင်ငံခြား ရုပ်သံလိုင်းများကို ဖွင့်သည်။ သိုးဆောင်းလုံမငယ်က ရေကူးဝတ်စုံဝတ်ပြီး အပေါ်အောက် အသားဆိုင်များကို လှုပ်ခါကာ ဒိုးဒိုးဒွန့်ဒွန့်လုပ်ပြလေသည်။ ကြွက်သားအမြှောင်းမြှောင်းထနေသော အဝတ်ဗလာနှင့် နီဂရိုးလုလင်အား တကိုယ်လုံးပွတ်သပ်ပြ၏။ အားမရသေး ၊ လျှာနှင့်လျက်ပြန်၏။
"အဲဒါ ဘာတုန်း"
"သီချင်းဆိုတာ"
"ဘာရယ် ... ဒါ ... ဒီဥစ္စာ က ... သီချင်းဆိုတာ"
"အင်း" .. အခြေမဟန်ကြောင်း ရိပ်မိသည်နှင့် လိုင်းကို ပြောင်းပြန်၏။ ကိုရီးယား တေးသံသာလိုင်းကလေးကိုတွေ့ရ၏။
"ဒါကိုကြည့် .. ကိုရီးယား ဆိုတော့ ကျွန်တော်တို့လိုပဲ ၊ အရှေ့တိုင်း ဆိုတော့ .. တော့ .. "
မျက်ပေါက်မှေးမှေးနှင့် အထီးအမ လိင်မကွဲပြားလှသော သူကောင်းသားက တီဗွီထဲမှနေ၍ သူ့ဘောကို သူကိုင်ရင်း ခါးကိုကော့ကော့ပြတော့သည်။
"ဟယ် .. ဘယ့်နဲ့ အကတွေတုန်း"
ကြီးဒေါ်မှာ ရင်သပ်ရှုမောဖြစ်တော့သည်။ မျက်တောင်မခတ်ပေ။ သူကောင့်သားက ကော့ပြပြန်သည်။ မှေးသောမျက်လုံးနှင့် မျက်စပစ်၏။ လက်နှင့်ယပ်ကာ ခေါ်၏။
"အလိုလေးလေး ..."
မဖြစ်ချေ။ ကြီးဒေါ်ပါ တီဗွီထဲရောက်မသွားမီ လိုင်းကိုချိန်းရပြန်၏။
"ဘယ့်နှယ် မင်းသားတွေပါလိမ့်အေ . . ငတို့ခေတ်မင်းသားတွေနဲ့များ ဆီနဲ့ရေပါပဲ"
"ဘယ်သူနဲ့လဲ . . ဝင်းဦးလား . . "
"ဝင်းဦးမှ မဟုတ်ဘူး အားလုံးပဲ ၊ တို့ခေတ်က မင်းသားဆိုတာ ကျားကျားလျားလျား ယောက်ျားဘသား ဆိုတဲ့အထဲကချည်းပဲ"
"မှောင်တို့ မှောင် တို့ ချယ် ရီ မြေ . . အင်းအင် အင်အင့်အင် . . ဒါမျိုးလား . . နှုတ်ခမ်းမပွင့်တပွင့်ကလေးလေ"
"အောင်မယ် . . အဲဒီ မပွင့်တဲ့နှုတ်ခမ်းနဲ့ ဆိုသွားတာ ဘယ်လောက်ပီ သလဲ ၊ ဘယ်လောက်ကြည်သလဲ ၊ အသံအနိမ့်အမြင့် ဘယ်လောက်မှန်သလဲ . . နင်တို့ ဒီခေတ်အကောင်တွေလို နှာသံနဲ့ အောက်သံကြီးနဲ့ အော်နေတာ တစ်ခါမပါဖူးဘူး"
"အဲ့ ဟုတ်ပါပြီ တဲ့ . . တိုက်ပုံလေးကို ပုခုံးပေါ်တင်ပြီးတော့ ဒါမျိုးလေးလား . . လို့ ထွေးညိုရယ်တဲ့ အဲ့"
"လာမအဲ့နဲ့ . . အဲ့ တော့ ဘာဖြစ်သတုန်း ငတို့တွံတေးကြီးက နင်တို့လို မတော်တာကိုင်ပြီးကော့ပြဘူးသလား . .။ ဘယ့်နှယ်ခေတ်များပါလိမ့် . . မိန်းမတွေက ရည်းစားစကားပြောရသတဲ့ . . မယားကြီးငုတ်တုတ်ရှိတဲ့ လူမှကြိုက်ရသတဲ့ . . ဘုရားသွား ကျောင်းတက်ဝတ်တဲ့ အဝတ်က ပေါင်ရင်းပေါ်တဲ့ ဘောင်းဘီတိုတဲ့ . . ရုပ်ရှင်ကားနာမည်က 'ကြီးရှည်ကြာ'တဲ့ . . ဘယ်လိုအဆင့်တွေများ အနုပညာသမားဖြစ်နေကြသလဲ မဆိုနိုင်ပေါင်"
"'မာကြီးရှည်'ပါ . .။ ကြီးမေက အဲဒါတွေပြောပြီး . . မြန်မာမင်းသားက ဇွန်းခက်ရင်းနဲ့စားတာကျ ကြိုက်သလား ၊ ပုဆိုးတစ်ခါမှ မဝတ်တတ်တာမျိုးကျ ကြိုက်သလား"
"အဲဒါတွေက အဆင့်အတန်းမြင့်တာလေ . . ဒါမျိုးကျ အတုယူရမှာပေါ့"
"မဟုတ်သေးပါဘူး . . ပုဆိုးဝတ်တာ ၊ လက်နဲ့ထမင်းစားတာ အဆင့်အတန်းနိမ့်သတဲ့လား"
"အဆင့်အတန်းနိမ့်လာတာက နင်တို့မျိုးဆက်တစ်ခုလုံး . . လူကြီး လေးစားရကောင်းမှန်းမသိ ၊ ဘုရား ရိုသေရကောင်းမှန်းမသိ ၊ အပြောအဆို အပြုအမူတွေများ ရိုင်းလိုက်ကြစမ်း ဆိုတာ ၊ 'စောက်'ဆိုတဲ့ စကားကို ထမင်းစားရေသောက် ပြောကြတာ .. ပြောကြတာ ၊ ဖအေ မအေ ရှေ့တောင်ပြောကြတယ်"
"ဒါက ခေတ်ကာလအရ အချိန်တွေပြောင်းသွားလို့ပါ ကြီးမေရ . . 'စောက်မြင်ကတ်တယ်'၊ 'စောက်ရမ်းလန်းတယ်'ဆိုတာ ရိုင်းတဲ့သဘောနဲ့ ကျွန်တော်တို့ပြောတာ မဟုတ်ပါဘူး"
"အောင်မလေးဟဲ့ . . မြန်မာစကားမှာ 'စောက်'နဲ့ ကိုင်တုပ်တာမှ မရိုင်းရင် ဘယ်ဟာရိုင်းမတုန်း . . ဘာမှလည်း သေချာမသိ ၊ ပညာဗဟုသုတကလည်း နုံပြီးရင်းနုံ"
"လျှောက်ပြောနေတယ် . . ပညာဗဟုသုတ မနုံပါဘူး . . ကဲ . . အခု တီဗွီလိုင်း ကြီးမေပြောင်းတတ်လို့လား ၊ ကျွန်တော့်ဖုန်း ကြီးမေသုံးတတ်လား ၊ အင်္ဂလိပ်ကားတွေ ကြီးမေဖြင့်နားမလည်ပဲနဲ့ . . ကဲ ကွန်ပြူတာ ဆိုတာဘာလဲ သိလား"
"ဟေ့ . . ဒါတွေက ကာလပေါ်တွေမို့ ငါတို့မသိတာ . . အလကား အပေါ်ယံတွေ . . တကယ့် လူ့ဘဝရဲ့လိုအပ်တဲ့ ပညာဗဟုသုတဆိုတာ ဒါတွေကို ခေါ်တာမဟုတ်ဘူး"
"ဖြောက်"
"အာ . . မီးပြတ်ပြီ . . အေးတာပဲကြီးမေ . . ဘာမှမကြည့်နဲ့တော့ . . ပုတီးသွားစိပ်ချည်"
"ဟဲ့ . . မအေးဘူး . . ငါ ထမင်းမချက်ရသေးဘူး . . ငါစားဖို့မရှိဘူးဟဲ့ . . ဒုက္ခပဲ"
. . . ကြီးဒေါ်မြမှာ ဆီးချိုရောဂါရှိသဖြင့် မောင်ဖိုးချိုတို့စားသော ထမင်းကို စား၍မရရှာ။ သူ့ထမင်းကို သူ့ဘာသာ ရေငှဲ့ပြီးချက်စားရရှာ၏။
"ဆိုင်က ဝယ်လို့မရဘူးလား"
"ဘယ်ရမလဲ . . သူတို့ကလည်း လျှပ်စစ်ပေါင်းအိုးနဲ့ ရေခန်းချက်ကြတာပဲများတယ် . . မီးကလည်း ခုတလော ခဏခဏပြတ်နေတာပဲ . . "
"ဒန်အိုးကြီးနဲ့ ချက်မလို့လား"
"အေးပေါ့ . . မီးသွေးဖိုနဲ့ ချက်ရမှာပေါ့ . ."
"မီးလာတော့ ကြီးမေက ဘယ့်နှယ်ချက်သလဲ"
"ကိုယ့်ဘာသာ ဆန်အနူးကိုချိန်ပြီး ရေငှဲ့ပေးလိုက်ရတာပေါ့ . . ဒါတွေကို ပြောတာလေ . . နင်တို့ဘာမှ မတတ်ပါဘူးလို့ . . ပညာဗဟုသုတဆိုတာ ဒါပေါ့ . . ကိုယ်စားမယ့်ထမင်း ကိုယ်မချက်တတ်ပဲနဲ့ ဖုန်းကိုင်တတ်လို့ဘာလုပ်ရမှာတုန်း . . ကွန်ပြူတာကြည့်တတ်လို့ဘာလုပ်ရမှာတုန်း"
"အာ . . ကျွန်တော် ထမင်းချက်တတ်ပါတယ် ကြီးမေရ"
"ကဲ ဒါဖြင့် ချက်စမ်း . . ငါ့ဖို့ ရေငှဲ့လေး တစ်ဘူးချက် . . လုပ်"
. . . မောင်ဖိုးချို ခေါင်းကုပ်၏။ ကိုယ့်စကားနှင့်ကိုယ်မို့ မငြင်းသာပြီ။ အောက်ကျနောက်ကျလည်း မခံလိုလှသည်နှင့် ထမင်းတစ်အိုးကို ချက်ပြရန်ဆုံးဖြတ်လေသည်။
. . . မီးဖိုချောင်သို့ ဝင်၏။ မီးသွေးမီးဖိုကြီးကို ရှာရ၏။ တွေ့ပြီ . . အလွန်လေးသော မီးဖိုကြီးဖြစ်လေသည်။ မီးဖိုကြီးကိုရွှေ့ပြီးသော် ချွေးထွက်သည်နှင့် ရေသောက်ကာ ခဏနားရရှာ၏။ . . . မီးသွေးကား ဘယ်ဆီမှာမသိရချေ။
"ကြီးမေရေ . . မီးသွေးအိတ်က ဘယ်နား . ."
"ထောင့်မှာ . . ဆန်ပုံးနားက ထောင့်လေးထဲမှာ ရှာကြည့်"
မီးသွေးခဲများက ကြီးလှသည်၊ မီးဖိုနှင့် မဆန့်ပေ။ မီးသွေးခဲကြီးများကိုခွဲရန် ဓားမကိုရှာရပြန်ချေပြီ။
. . . မီးသွေးများ နေရာကျသော် လူလည်းချွေးပျံလှပြီ။ ရပြီ . . မီးမွှေးတော့မည်။ မီးမွှေးရန် လောင်စာကား အဘယ်နည်း . . ခက်ချေပြီ။
"ကြီးမေရေ . . မီးမွှေးတာ ဘာနဲ့မွှေးတာလဲ"
"အောင်မယ်လေးဟဲ့ . . ငါ့ဘာသာပဲ လာချက်လိုက်တော့မယ် . . တကတည်း"
"တော်တော့ တော်တော့ ရပြီ နေ နေ"
. . . နှယ်နှယ်ဖိုးချို ဟု အထင်မခံနိုင်။ ရအောင်သာ ကြံတော့မည်။ ကားထဲမှ ဓာတ်ဆီကို စုပ်ယူကာ မီးသွေးများပေါ်သို့ ဖြန်းချ၏။ စက္ကူစုတ်ကို ဓာတ်ဆီဆွတ်ပြီး မီးရှို့ကာ မီးဖိုထဲသို့ ပစ်ထည့်၏။ ဟုန်းခနဲတောက်သော မီးတောက်က မျက်နှာသို့ဟပ်လေသည်။ မျက်တောင်မွှေး ၊ မျက်ခုံမွှေးတချို့ ပါသွား၏။ မည်သို့ဖြစ်စေ မီးသွေးမီးဖိုကြီးကို အောင်မြင်စွာ မီးမွှေးနိုင်ပြီဖြစ်၍ မျက်တောင်မွှေးများကို မောင်ဖိုးချို မနှမြောချေ။
. . . ဆန်ကို ရေဆေး၏။ လွယ်လှပေသည်။ ရေမည်မျှထည့်တည်ရမည်မှာကား မလွယ်တော့ပေ။ မောင်ဖိုးချို စဉ်းစား၏။ အမေ ထမင်းချက်လျှင် လက်ညှိုးလေး ရေထဲထိုးထိုးကြည့်တာ တွေ့ဘူးသည်။ ထိုးကြည့်၏။ ရေထဲမြုပ်သွားသော ကိုယ့်လက်ညှိုးကိုသာ တွေ့ရလေသည်။ ခက်ပြန်ပြီ။
. . . ဟုတ်ပြီ .. ယခု ရေငှဲ့ချက်ရမည့်ထမင်း မဟုတ်လော။ ရေမည်မျှထည့်ထည့် ပြန်သွန်ပစ်ရမည်သာ မဟုတ်လော။ အများကြီးထည့်လျှင် အကြာကြီးသွန်ရမည် ၊ လက်ညောင်းမည် မဟုတ်လော။ ရေကို နည်းနည်းသာထည့်ကာ မီးဖိုပေါ်သို့တင်လိုက်၏။ မိမိကိုယ်ကို ဖြတ်ထိုးဥာဏ် ဤမျှကောင်းကြောင်း စောစောက မသိခဲ့သည်မှာ နာပေစွ။
. . . ပေပွသော ကိုယ်ကိုကြည့်မိ၏။ ညဏ်ကောင်းလှသော ဖိုးချိုနှင့် လားလားမျှမလျော် ၊ ရေချိုးမှတော်တော့မည်။ ရေချိုးခန်းသို့ ဝင်လေသတည်း။
. . . ရေချိုးခန်းမှထွက်သော် တူးခြစ်ခြစ်အနံ့ကို ရလေသည်။ ထမင်းအိုးသို့ ပြေးရပြန်၏။ လက်နှီးမပါပဲ မေ့ကာ ကိုင်သဖြင့် တကျွတ်ကျွတ်စုပ်သတ်ရင်း လက်ကိုပါးစပ်တွင် ငုံရရှာသည်။ ဘယ်ကညှော်နံပါလိမ့်မလဲဟု ရှာ၏။ မတွေ့သော် ရေထပ်ထည့်လိုက်လေသည်။
. . . ရေငှဲ့ရန် ပြင်ပြီ။ ငှဲ့သင့် မငှဲ့သင့် ချင့်ချိန်ရ၏။ မျက်မှောင်ကိုကုတ် ၊ မျက်လုံးကိုမှေးကာ စိန်ပွဲစားစိန်ကြည့်သကဲ့သို့ ထမင်းစေ့များကို တစ်စေ့စီ ကြည့်ရှုလေ့လာ စိတ်ဖြာလေသည်။ အချို့က နူးပြီး ၊ အချို့က မနူး ၊ အချို့က ပြဲချင်ချင် ဖြစ်နေကြောင်းကောင်းစွာ ရှာဖွေတွေ့ရှိလေတော့သည်။ စိတ်ပျက်စွာနှင့် ရေကိုငှဲ့၏။ မိမိ၏ ထမင်းကား စားကောင်းမည့်ထမင်းမဟုတ်နိုင်ကြောင်း သေချာလေပြီ။ စား၍သာမကောင်းရမည် ၊ လှောင်၍မူ အင်မတန်ကောင်းမည့် ထမင်းဖြစ်လေသည်။
. . . ဥာဏ်ကောင်းသော ဖိုးချိုကား ကြီးဒေါ်၏ အလှောင်ခံရရန် ထိုက်တန်ပါမည်လား။ လားလားမျှမထိုက်တန်ချေ။
ထမင်းအိုးကိုချကာ ၅၀၀တန်တစ်ရွက်ယူလျက် နောက်ဖေးပေါက်မှ တိတ်တိတ်ထွက်ပြီး လမ်းထိပ် ဒေါ်ပုမ ထမင်းဆိုင်သို့ ပြေးလေသတည်း။
"ထမင်းရည်ငှဲ့ချက်တဲ့ ထမင်းလိုချင်တယ်ဗျာ . . ချက်ပေးမလား . . ဘယ်လောက်စောင့်ရမလဲ"
"ဒီထမင်းတွေက ရေငှဲ့ချက်တာပဲလေ . . ရေခန်းမဟုတ်ဘူး"
"ဟုတ်လို့လား . . ပေါင်းအိုးနဲ့ချက်တာမှုတ်ဘူးလား"
"ပေါင်းအိုးနဲ့ချက်လည်း ရေငှဲ့တာပဲ . . ရေခန်းချက်ရင် ထမင်းမလှဘူးလေ"
"အတော်ပဲ အတော်ပဲ .. ၅၀၀ဖိုးပေး"
. . . နောက်ဖေးပေါက်မှ တိတ်တိတ်ပြန်ဝင်ကာ ထမင်းအိုးကိုမပြီး မောင်ဖိုးချိုထမင်းများကို သွန်၍ ဒေါ်ပုမထမင်းများနှင့် အစားထိုးလေသည်။
. . . လေကလေးချွန်၍ အိမ်ရှေ့ထွက်သော် ကြီးဒေါ်က ပုတီးကိုင်ရင်း တီဗွီထဲမှ ကိုရီးယားစုံတွဲကိုငေးနေ၏။
"ဟင် မီးလာနေပြီလား"
"အေး . . မင်းချက်နေပြီမို့လို့ မပြောတော့တာ . . ကျက်ပြီလား"
"ရပြီ . . စားချင်တဲ့ အချိန်စားလို့ရပြီ"
"ခုပဲစားတော့မယ်"
ကြီးဒေါ်မှာ ပြောရင်းပင် မီးဖိုချောင်သို့ဝင်လေ၏။ မောင်ဖိုးချိုလည်း တီဗွီရှေ့ထိုင်ရင်း နားစွင့်၏။
"အောင်မယ် . . ငါ့တူချက်တဲ့ ဆန်တစ်ဘူးက တယ်နည်းပါကလားဟဲ့" . . မောင်ဖိုးချိုမျက်လုံးပြူးရလေသည်။
"အဟမ်း . . မကုန်လောက်ဘူးထင်လို့ လျှော့ချက်ထားတာ"
"ဟုတ်ပအေ . . ခေတ်ကာလသားသမီးတွေများ တော်ချက်တော့ . . ။ ထမင်းကို အိုးတောင်မကပ်အောင်ချက်နိုင်သဟဲ့ . . ပွလို့ ရောင်းလို့ . . တစ်သက်တစ်ကိုယ် ထမင်းကို အိုးမကပ်ပဲ ပွနေအောင်ချက်နိုင်တာ ဒီတစ်ခါပဲတွေ့ဖူးသအေ"
. . . မောင်ဖိုးချိုလည်း မကြားယောင်ပြုကာ တီဗွီကို အသံချဲ့လေ၏။ တီဗွီထဲမှ ကိုရီးယားသူကောင်းသားက အလေးပြုကာ ကော့ပြလေသတည်း။

(ယက္ခ)ရဲကြီး။
၂၀_၂၈.၁၁.၁၅။


ကျွန်တော်တို့ စစ်သားဘ၀ဆိုတာ

$
0
0
Seaman Nayminthu's photo.

ကျွန်တော်တို့စစ်သားဘ၀ဆိုတာ.....။

_______________

ကရင်ပြည်နယ် ဒေါနတောင်တန်းကြီးဆိုတာ ဟိုတုန်းက (1985) သစ်ကြီးဝါးကြီး စိမ့်စမ်းရေတံခွန်တွေ အလွန်ပေါပြီး တောအင်မတန်ထူထပ်လှပါတယ်၊ ဒေါနတောင်အရှေ့ခြမ်းနဲ့ သောင်မြစ်ကြား ပေ ၃၀၀၀ အောက် တောင်ကုန်းများနဲ့ မြေပြန့်လွင်ပြင်တလျှောက် သဘာဝကျွန်းတောကြီးတွေဆိုတာ ဒီနေ့ ရင်ပြင်တော်ပေါ်မှာ ဆီမီး ၉၀၀၀ ပူဇော်ထားတဲ့ ဖရောင်းတိုင်တွေလောက်ကို သနားတယ်၊ တကယ့်ကို စီစီရီရီနဲ့ ရင်သပ်ရှု့မောဖွယ် မော်ဖိုးကေနဲ့ မဲလကြား သောင်းရင်းတစ်လျှောက် ရောက်ဖူးသူတိုင်းသိကြမှာပါ၊


အဲဒီလို တော၇ိပ်တာင်၇ိပ်တွေကြား အေးခိုက်ခိုက်တုံနေတဲ့ ဒီဇင်္ဘာလဆန်းမှာ မိုင်းထိဝေဒနာ ဘယ်လိုခံစားရတယ် ဆိုတာလေး ရင်ဖွင့်ပါရစေ၊ ကျွန်တော်ဟာ မိုင်းမထိခင် လက်နက်ငယ်ပေါင်မှန်တဲ့ ဒါဏ်ရာရဖူးပါတယ်၊ နာတယ်ဆိုတာထက် မပိုပါဘူး။ ကြိတ်မှိတ်ခံလို့ရပါတယ်၊ မိုင်းထိဒါဏ်ရာက မခံမရပ်နိုင်စရာ ဝေဒနာလို့ပဲ ဆိုပါရစေ၊ ထိထိချင်း သိပ်မနာပေမဲ့ ပတ္တီးစည်းပြီး နာရီဝက်လောက်မှာတော့ မီးစကြီးနဲ့ထိုးထားသလို ပူပူအောင့်အောင့်နဲ့ ကိုက်ခဲတာကြီးက အတော်ခံရခက်ပါတယ်၊

အေးလွန်းတာမှ ရေခဲမတတ်၊ ဆီးနှင်းပေါက်တွေကလည်း တဖျောက်ဖျောက်၊ ခြုံစရာစောင်ကြားလေးနဲ့ ရာသီဥတုဒါဏ်ကို ဘယ်လိုမှ မတွန်းလှန်နိုင်တဲ့ကြားက မိတ်ဆွေဟောင်းငှက်ဖျားက နှိပ်စက်၊ ဒါဏ်ရာက ကိုက်ခဲ ဖြစ်လိုက်တဲ့ တိုက်ပွဲတွေကလည်း နေ့စဉ် ၊ စောင်ကြားပုခက်ထဲ ပစ္စတိုကျည်ထိုးပြီး စစ်ကြောင်းချီရာ လိုက်ပါနေရတဲ့ စစ်သားဘ၀။

နေ့ဖက်တိုက်ပွဲဖြစ်တုန်း အထမ်းသမားဝန်ထမ်း ၂ ယောက်က ဒေသခံတိုင်းရင်းသားဘာသာစကားနဲ့ ၁.၂.၃ တိုင်ပင်ခေါ် ပစ်ချသွားတော့လည်း ဒလိမ့်ခေါက်ကွေးပြုတ်ကျရင်း ဒါဏ်ရာရခြေထောက် မိုးပေါ်မြှောက်လို့ ကျည်ကွယ်ရာ နီးစပ်တဲ့သစ်ပင် ခိုဝင်ခဲ့ရတယ်၊ ဆေးရုံဆေးခန်းရှိတဲ့ မြို့ရွာတွေနဲ့ ဆန့်ကျင်ဖက် အထက်စစ်ဆင်ရေးအမိန့်အရ ရည်မှန်းချက် (တာဒိုးခီးထ) ဘက် နေ့စဉ်ညစဉ် အထမ်းကြီးနဲ့ လိုက်နေရတဲ့ဘ၀ မိဘအိမ်မှာသာဆို အော်ငိုကြမှာပါ၊

မိမိအတ္တတစ်ခုထဲ ကြည့်လို့မရတဲ့ စစ်မြေပြင်မှာ ( ၇) ရက်မြောက်မှ ရှေ့တန်းစစ်မြေပြင်ဆေးရုံ မြ၀တီ၊ ယာဉ်တန်းစောင့်ရတာ ၅ ရက်၊ မှောင်ခိုပစ္စည်းတွေ ခေါင်မိုးထိ ပြည့်ကြပ်နေတဲ့ GMC ကားကြီးရဲ့ အမိုးကိုင်းကို ဒါဏ်ရာရ ခြေထောက်တင်ရင်း မြ၀တီကနေ နာမည်ကျော် ဒေါနကိုကျော်ပြီး ကော့ကရိတ်၊ နောက်တစ်နေ့ ကျုံဒိုးသဘောင်္ကြီးနဲ့ ခရီးဆက် မမတို့မော်ရွှေမြိုင်ေ၇ာက်တော့ ၂၀.၁၂.၁၉၈၅။ 

ခြေထောက်က ထွက်တဲ့ သွေးညှီနံ့ကို လိုက်ပါစားသုံးလာတဲ့ ယင်မမဲရိုင်းတွေ အမွေပေးတဲ့ လောက်ဆိုတဲ့ သတ္တ၀ါတွေကလည်း အဖြူရောင်မပီတော့တဲ့ နီစွေးစွေး ပတ္တီးပေါ်မှာ တဖွားဖွား၊ ကိုက်ခဲနာကျင်နေတဲ့ ဝေဒနာကို ခံစား၊ မပီပြင်တော့မဲ့ အနာဂါတ်ကို စဉ်စားရင်း လောက်ရှင်းလင်းရေးလုပ်၊ အနာကအပုတ်နံ့ထွက်နေပြီ။

မော်လမြိုင်စစ်ဆေးရုံမှာ ညတွင်းချင်း ခွဲစိတ်ခန်းဝင်၊ ကံကောင်းခြင်တော့ ခြေထောက်မပြတ်သေး၊ ဒီလိုနဲ့ စစ်မြေပြင်နဲ့ဝေးရာ မုတ္တမဘူတာကနေ ၂၄.၁၂.၁၉၈၅ မှာ မင်္ဂလာဒုံဆေးရုံကြီးဆီ မီးရထားကြီး ပျော်ပျော်စီးရတယ်လို့တော့ မထင်လိုက်ပါနဲ့ ။

လူနာစစ်သည်တွေကို ကျော်ခွ၊ ပိတ်စတွေကို မံမီလို ခန္ဓာကိုယ်မှာ အထပ်ထပ်ပတ်ရင်း မှောင်ခိုသမားတို့ဘာဝ ဆူညံဟစ်ကြွေးသံတွေ ခံစားရင်း၊ ငှက်ဖျားကြောင့် သတိလစ်မေးခိုင်နေတဲ့ စစ်သည်ရဲ့ ပါးစပ်အဟောင်းသားထဲက လောက်ကောင်တွေကို ဖယ်ရှားပေးရင်း မင်္ဂလာဒုံစစ်ဆေးရုံကြီး (D.S.G.H) Defence Service General Hospital ကိုရောက်ခဲ့ပါတော့တယ်၊

ဒီထက်မကတဲ့ ပြင်းထန်ဒါဏ်ရာတွေနဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုဒါဏ် ခက်ခဲတဲ့လမ်းပန်းဆက်သွယ်ရေး၊ စစ်ရေးအခြေအနေကြောင့် ဆေးရုံဆေးခန်းတွေဆီ အချိန်မီမရောက်လို့ ကြွေလွင့်သွားရတဲ့ စစ်မြေပြင်ကစစ်သားတွေလည်း မရေမတွက်နိုင်အောင် ရှိခဲ့ပါတယ်၊ ဒီလိုအကြောင်းတွေ သူတို့မသိဘူး၊ ဒီလိုအကြောင်းတွေသိတာ၊ ဒီလိုဘ၀မျိုးရောက်ဖူးတဲ့ ကျွန်တော်တို့ချင်းပဲ သိတယ်၊ ကျွန်တော်တို့ချင်းပဲ နားလည်တယ်၊

ဒါကြောင့် ကျွန်တော့်ထက် ပေးဆပ်နိုင်တဲ့ သူတွေရှိရာ ရွှေတိဂုံစေတီတော်ကြီးရဲ့ ခြေတော်ရင်း တနေရာက သူရဲကောင်းများထံ ၆.၁၂.၂၀၁၅ ရက်နေ့ နံက် ၀၉း၀၀ မှာ သွားရောက် အလေးပြုမယ်ဗျာ။


မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးမင်းဇင်နှင့်တွေ့ဆုံခြင်း

$
0
0



(ဓာတ်ပုံ− စိုင်းဇော်)
On  
Wed, 2015-12-16 09:30
Issue No.

ဦးမင်းဇင်သည် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဘာကလေတက္ကသိုလ်တွင်
နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေသူဖြစ်သည်။ ၎င်းသည် Foreign Policy, New York Times အစရှိသည့် အစဉ်အလာကြီးသော နိုင်ငံတကာသတင်းဌာနကြီးများ၏ မြန်မာ့အရေးဆောင်းပါးရှင်တစ်ဦးဖြစ်ပြီး Freedom House အပါအဝင် နိုင်ငံတကာသုတေသနအဖွဲ့များအတွက် မြန်မာ့အရေးသုတေသီအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်သည်။
မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမင်းဇင်ကို ၎င်းရန်ကုန်မြို့သို့ ရောက်ရှိနေစဉ်  7Day News က တွေ့ဆုံမေးမြန်းမှု
ပြုလုပ်ခဲ့သည့်အနက် အချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါသည်။

အခုအကူးအပြောင်းမှာ ချောချောမွေ့မွေ့ဖြစ်သွားဖို့ ပြည်သူလူထုက လိုလားနေကြပါတယ်။ ဒီအတွက် ပြည်သူတစ်ဦးချင်းစီအနေနဲ့ ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကိုလည်း သိချင်နေကြတယ်။ လူတစ်ဦးချင်းအနေနဲ့ ကိုယ်တိုင် ဘယ်လိုပါဝင်နိုင်ပါမလဲ။
နိုင်ငံသားတစ်ဦးချင်းအနေနဲ့ လုပ်နိုင်တာကတော့ ရွေးကောက်ပွဲမှာ နိုင်ငံသားတာဝန်နဲ့ ရပိုင်ခွင့်ကို အသုံးချပြီးတော့ ကိုယ်နှစ်သက်တဲ့ နိုင်ငံရေးပါတီနဲ့ ကိုယ်စားလှယ်ကို ရွေးချယ်မဲပေးတာပေါ့။ အဲဒီနောက်ပိုင်းမှာတော့ နိုင်ငံသားတစ်ဦးချင်း
အနေနဲ့ ဘာလုပ်နိုင်မလဲဆိုတော့ ဒီမိုကရေစီမှာ တကယ်တော့ လူတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်ဆိုတာ ရွေးကောက်ပွဲက အဆုံးအဖြတ်ပဲ။ အဲဒီထက်ကျော်သွားရင်တော့ အားရှိဖို့ဆိုရင် စုဖွဲ့ပြီးတော့လုပ်ရတာပဲ။ နိုင်ငံသားတွေ တစ်ဦးချင်းတစ်ဦးချင်းဟာ တူရာတူရာစုဖွဲ့ပြီးတော့ သူနှစ်သက်ယုံကြည်တဲ့အရေးကိစ္စကိုပဲဖြစ်စေ၊ သူတို့ရဲ့ ပကတိဘဝအကျိုးစီးပွားကိုပဲဖြစ်စေ အဲဒါတွေကို မြှင့်တင်ဖို့အတွက် စုဖွဲ့လုပ်ကိုင်မှပဲ အလုပ်ဖြစ်တာပဲ။ စုဖွဲ့ပြီးအရေးဆိုတဲ့
နေရာမှာ အသင်းအပင်းအနေနဲ့ စုဖွဲ့တာလည်းဖြစ်နိုင်တယ်။ လူထုလှုပ်ရှားမှုနဲ့ စုဖွဲ့တာလည်း ဖြစ်နိုင်ပါတယ်။
နိုင်ငံသားတစ်ဦးချင်းဘာလုပ်နိုင်လဲဆိုရင် စုဖွဲ့မှုအားဘယ်လောက်ကောင်းလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်မှပဲရမှာပဲ။ ဆိုတော့ ဒီနိုင်ငံမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ သာရေးနာရေးအသင်းတွေ အဲဒါ တွေအစစအရာရာ အားကောင်းမကောင်းပေါ်မှာ မူတည်ပြီးတော့ ဒီနိုင်ငံသားတွေ နိုင်ငံ့ရေးရာမှာ နေ့စဉ်ဘဝမှာ ဘယ်လောက်သြဇာ ရှိ၊ မရှိ၊ သြဇာလွှမ်းနိုင်မလွှမ်းနိုင်ဆိုတာကို ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။
အခုကြားကာလလေးလကျော်ရှိတဲ့နေရာမှာ တစ်လကျော် ကျော်ဖြတ်လာခဲ့ပြီးပြီ။ ဒီအတောအတွင်း အနေအထားကိုကော ဦးမင်းဇင်ဘယ်လိုများသုံးသပ်မိပါသလဲ။
ဒီကြားကာလအနေအထားက အားရစရာကောင်းပါတယ်။ ထူးခြားတဲ့လက္ခဏာတွေလည်း တွေ့ရတယ်။
ပြောရမယ်ဆိုရင်တော့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးမှာ တင်းမာမှုတွေဖြစ်လာနိုင်တယ်လို့၊ ထိပ်တိုက်တွေ့မှုတွေ
ဖြစ်လာနိုင်တယ်လို့ စိုးရိမ်ထားမှုတွေဟာ တစ်စုံတစ်ရာတော့ဖြင့် စိတ်အေးစရာကောင်းလောက်တဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ဥပမာဆိုပါတာ့ အရင်စစ်အစိုးရလက်ထက်မှာ ခေါင်းဆောင်လုပ်ခဲ့ပြီးတော့ အခုလက်ရှိခေါင်းဆောင်တွေအပေါ်မှာ တစ်စုံတစ်ရာသြဇာကြီးမားတဲ့ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေနဲ့
ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှုဖြစ်လာခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတနဲ့ရော လက်ရှိကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ
တွေ့ဆုံမှုတွေဖြစ်လာခဲ့တယ်။ ခြုံကြည့်မယ်ဆိုရင် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးဟာ တစ်စုံတစ်ရာတင်းမာမှုတွေ
လျော့နည်းသွားတာ တွေ့ရတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တောက်လျှောက် ထိပ်တိုက်တွေ့ဆုံမှုအတွက် အရင်းခံပြဿနာတွေဖြစ်ခဲ့ရတဲ့ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကိစ္စတွေ အထူးသဖြင့် ၅၉(စ)တို့၊ ၄၃၆ တို့ ဒီကစ္စတော်တော်များများဟာ အခုအချိန်မှာ စားပွဲပေါ်မှာတင်ပြီးတော့ ဆွေးနွေးလို့ရနိုင်တဲ့ အနေအထားမျိုးဖြစ်လာတာ
တွေ့ရတယ်။ ဒါတွေဟာပြောင်းမယ်ဆိုရင်တောင်မှ ပြောင်းလို့ရလောက်တဲ့ပြဿနာ၊ လုပ်ထုံးလုပ်နည်းအရ သိပ်ပြဿနာမရှိတော့တဲ့ ပြဿနာပေါ့။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် နိုင်ငံရေးအာသီသအရ
ပြောင်း၊ မပြောင်းဘဲ ဆုံးဖြတ်ရတော့မယ့် ပြဿနာဖြစ်လာတယ်။
သဘောက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိအခြေအနေ နဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးတော့ တွန်းတွန်းတိုက်တိုက်၊ သိပ်ပြီးတော့ ဖိအားပေးတာမျိုးမဟုတ်ဘူးဆိုလို့ရှိရင်၊ တပ်မတော်နဲ့ တပ်မတော် အကျိုးစီးပွားကို အခြေခံကျကျ ခြိမ်းခြောက်တာမျိုးမဟုတ်ဘူး ဆိုလို့ရှိရင် ၅၉(စ)ဖြစ်ဖြစ်၊ ၄၃၆ ဖြစ်ဖြစ်ဒီကိစ္စတွေဟာ လုပ်ထုံးလုပ်နည်းအရပဲ ရှိတော့မယ့်အနေအထားမျိုး တွေ့နေရတယ်။ ဒါကတော့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးရှုထောင့်ကကြည့်ရင်
ကောင်းတဲ့လက္ခဏာလို့ ကျွန်တော် မြင်ပါတယ်။
ဒါပေမဲ့လည်း မြန်မာပြည်မှာက ပြဿနာကြီးလေးရပ်ရှိတယ်လို့ ကျွန်တော်သုံးသပ်တယ်။ တစ်ခုက ဒီမိုကရေစီအသွင်ကူးပြောင်းရေး။ နောက်တစ်ခုက အရပ်ဘက် -စစ်ဘက်ဆက်ဆံရေးကောင်းမွန်မှု။ တတိယတစ်ခုကတော့ တိုင်းရင်းသားအရေး ဖက်ဒရယ်ပြည် ထောင်စုအရေး။ နောက်ဆုံးတစ်ခုကတော့ နင်းပြားတွေ ဆင်းရဲမွဲတေစုတ်ပြတ်ပြီးတော့ ဒုက္ခရောက်နေတဲ့ နင်းပြားတွေရဲ့ဘဝတိုးတက်ကောင်းမွန်မှုအတွက် လုပ်ရမယ့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ။ ဒီလေးခုဟာ ဆက်စပ်မှုရှိတယ်။
ဒါပေမဲ့လည်း တစ်ခုပြေလည်တိုင်း ကျန်တဲ့ကိစ္စတွေ အလိုလိုပြေလည်မယ်လို့ ကျွန်တော်တို့မယူဆသင့်ဘူး။ ယူဆလို့မရလောက်ဘူး။ မြန်မာပြည်မှာက သုဝဏ္ဏသာမဇာတ်နဲ့ ကြီးလာတာဆိုပေမယ့် သားရွှေအိုးထမ်းတယ်
ဆိုတဲ့အမြင်မျိုးရှိတတ်တယ်။ တစ်ခုကောင်းရင် ကျန်တာတွေလည်း အကုန်ကောင်းမှာပဲ။ ရုပ်ချောရင်သဘောလည်း
ကောင်းမယ်။ ဓနဥစ္စာလည်းကြွယ်ဝမယ်။ ကိုယ်ကျင့်တရားလည်းကောင်းမယ်လို့ အလိုလိုထင်တာမျိုးပေါ့။ အမှန်တကယ်ကတော့ ဒီလေးခုဟာ ဆက်စပ်မှုရှိသော်ငြားလည်း တစ်ခုမှာ တိုးတက်မှုရှိရင်၊ ကျန်တဲ့ကိစ္စတွေမှာ အကိုင်အတွယ်မတတ်လို့ရှိရင် အဲဒီတိုးတက်မှုဟာ ကျန်တဲ့ကိစ္စတွေအတွက် မတည်ငြိမ်မှု၊ ခြိမ်းခြောက်မှုတောင် ဖြစ်နိုင်ပါတယ်။
ဥပမာဆိုပါတော့ အခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၀ ရာခိုင် နှုန်းနီးနီး၊ ၇၉ ရာခိုင်နှုန်းကျော် အနိုင်ရရှိတယ်။ တိုက်ရိုက်ပြောမယ် ဆိုရင် Super Majority လို့ခေါ်တဲ့ တကယ့်ကိုကြီးမားတဲ့ လွှတ်တော်ထဲ အသာစီးရမှုဖြစ်တယ်။ အစိုးရဖွဲ့နိုင်မယ်။ နိုင်ငံတော်အတွက် အရေးပါတဲ့ ကော်မရှင်တွေ၊ ကော်မတီတွေ တော်တော်များများကို ပြန်ဖွဲ့စည်းနိုင်မယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရှုထောင့်က ကြည့်မယ်ဆိုရင် လူထုရဲ့ဆန္ဒ၊ လူထုရဲ့ရွေးချယ်မှုဟာ တိုးတက်မှုရှိတာပဲ။ ဒါပေမဲ့ အကိုင်အတွယ်မတတ်လို့ရှိရင် အဲဒီတိုးတက်မှုဟာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကိုလည်း မတည်မငြိမ်ဖြစ်
စေနိုင်တယ်။ အကိုင်အတွယ် မတတ်ရင် အဲဒီရတဲ့ Mandate ကို၊ အဲ့ဒီရတဲ့ ကိုယ်စားပြုမှုကို တိုင်းရင်းသားတွေနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့၊ တိုင်းရင်းသားတွေနဲ့ နားထောင်ဆွေးနွေးပြီးတော့ နားလည်မှုရှိရှိနဲ့ မဖြေရှင်းဘူးဆိုရင် တိုင်းရင်းသားဆက်ဆံရေးကိစ္စမှာလည်း တင်းမာမှုတွေနဲ့ မပြေလည်မှုတွေကြုံနိုင်တယ်။
တစ်ခါ ငါက အပြတ်နိုင်ထားတာပဲဆိုပြီး မူဝါဒတွေချမှတ်တဲ့နေရာမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေရဲ့ ဝေဖန်ထောက်ပြ ဆွေးနွေးတာကို ထည့်သွင်းမစဉ်းစားဘူး ဆိုလို့ရှိရင် စီးပွားရေးသမားတွေ လုပ်ငန်းရှင်တွေရဲ့ သဘောနဲ့ပဲ လုပ်မယ်ဆိုရင်လည်း နင်းပြားတွေရဲ့ဘဝတိုးတက်မှုတွေက အငြင်းပွားစရာ ဖြစ်နိုင်တယ်။ တစ်နေရာမှာ ပြေလည်တိုင်း၊ တစ်ခုမှာ ပြေလည်တိုင်း ကျန်တဲ့ဟာတွေ အလိုအလျောက် လိုက်ပြေလည်ရမယ်လို့ ယူဆစရာသိပ်မမြင်ဘူး။ အကိုင်အတွယ်မတတ်ရင် ကျန်တဲ့နေရာတွေမှာ တင်းမာမှုတွေနဲ့ ရှုပ်ထွေး မှုတွေတောင် ပိုဖြစ်နိုင်တယ်။ ဒါတွေကို ခေါင်းဆောင်တွေလည်း မြင်မယ်လို့ ကျွန်တော်ထင်ပါတယ်။
ချုပ်ပြောရမယ်ဆိုရင်တော့ အခုပြဿနာက ပြီးခဲ့တဲ့လအတွင်းမှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးမှာ တိုးတက်မှုတွေအများကြီးရှိခဲ့တာတွေ့ရတယ်။ ဒါပေမဲ့ မျှော်လင့်ထားတာထက်ပိုပြီးတော့ အားရစရာကောင်းပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စမှာပဲINFORMAL Politics လို့ခေါ်တာပေါ့။ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေ ပြန်ပါလာတာဆိုရင် သူဟာ တရားဝင် အာဏာရှုထောင့်အရ အရေးပါတဲ့ပုဂ္ဂိုလ်မဟုတ်ဘူး။ သူဟာ In-formal Politics လို့ခေါ်တဲ့ အလွတ်သဘောနိုင်ငံရေးမှာ ဝင်ပါတာကိုး။ သူ့ရဲ့ဝင်ပါမှုဟာ လိုတာထက် ပိုသွားမယ်ဆိုရင်လည်း တရားဝင်နိုင်ငံရေးမှာ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် လက်ခံနိုင်ဖို့ ခက်တဲ့ဟာမျိုးတွေ ဖြစ်နိုင်တယ်။
တချို့ကိစ္စတွေဟာ ချိန်ခွင်လျှာမျှဖို့လိုတယ်။ Player တစ်ခုခုကနေပြီး နိုင်ငံရေးသြဇာရှိတဲ့ အင်အားတစ်ခုခုပုဂ္ဂိုလ်
တစ်ဦးဦးကနေပြီး လိုတာထက်ပိုပြီး လှုပ်ရှားလာမယ်ဆိုရင် ကျန်တဲ့ပုဂ္ဂိုလ်တွေအတွက် ခြိမ်းခြောက်မှုသဖွယ်၊ အန္တရာယ်သဖွယ်ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ ခေါင်းဆောင်မှုတွေနဲ့ ကျွမ်းကျင်မှုတွေရဲ့ အချိန်အဆက အင်မတန်
အရေးကြီးတယ်။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဟာ အခုအချိန်မှာ ပြေလည်တယ်လို့ဆိုရပေမယ့်
ခေါင်းဆောင်မှုအချိန် အဆမှားသွားရင်လည်း ပြန်ပျက်သွားနိုင်တယ်။ ဒါပေမဲ့ အခုထိ ကြည့်မယ်ဆိုရင်တော့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဟာ အဆင်ပြေနေတယ်။ ရှေ့လျှောက်ရင်ဆိုင်ရမယ့် ပြဿနာကတော့ သီးသန့်ထပ်ဆွေးနွေးရမယ့် ပြဿနာဖြစ်ပါတယ်။
ဒီတော့ အာဏာမလွှဲခင် လက်ကျန်သုံးလအတွက် စိုးရိမ်မိတာမျိုးကော ရှိလား။ လက်ရှိအာဏာကိုင်ထားဆဲ ဘက်ကရော၊ အနိုင်ရထားတဲ့ အတိုက်အခံဘက်ကပါ နှစ်ဖက်စလုံးက ဘယ်လိုပုံစံနဲ့ သွားသင့်သလဲ။
လုပ်ထုံးလုပ်နည်းသဘောအရတော့ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်တဲ့ ပူးတွဲအဖွဲ့တွေ ဘာတွေ ဖွဲ့တာပေါ့။ ဒါတွေက ကောင်းတဲ့လက္ခဏာလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့INFORMAL Politics လို့ခေါ်တဲ့ တရားဝင်မဟုတ်သော်လည်း အရေးပါတဲ့ နိုင်ငံရေးက ပစ်ပယ်လို့လည်း မရပေမယ့် လိုတာထက်ပိုပြီးတော့ overplay လုပ်မိမယ်၊ ကစားမိမယ်ဆိုရင် Formal ခေါ်တဲ့ တရားဝင်တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ အကြီးအကျယ်ဖြစ်လာမယ်။
၂၀၁၀-၁၁ အသွင်ကူး ပြောင်းရေးတုန်းက အုပ်စိုးသူလူတန်းစားထဲမှာ အကုန်လုံးက သူ့ထက်ငါ အပြိုင်အဆိုင်
ပြုပြင်ပြောင်းလဲရေးသမား ဖြစ်ချင်ခဲ့တယ်။ အဲဒီပြုပြင်ပြောင်းလဲရေးသမား ဖြစ်ရခြင်းပေါ်မှာလည်း ဂုဏ်ယူချင်တယ်။
နိုင်ငံတကာက အသိအမှတ်ပြုမှု၊ လူထုအသိအမှတ်ပြုမှုကိုလည်း လိုချင်တယ်။ Competitive Reformists အားလုံးက ဖြစ်ချင်ကြတယ်။ သူ့ထက်ငါဦးအောင် Reformist ဖြစ်ပါတယ်ဆိုတာကို ပြောချင်တဲ့အတွက်ကြောင့်မို့လို့ အုပ်စိုးသူလူတန်းစားထဲမှာ ပြဿနာတွေတက်ပြီးတော့ ကျွန်တော်တို့သိတဲ့အတိုင်း သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ အငြင်းပွားတာတွေ ဖြစ်ကုန်ကြတာပေါ့။ သူကတော့ ပိုပြီး Icon ပါ၊ ကိုယ်ကတော့ ပိုပြီး Icon ပါဆိုတဲ့ ပြဿနာတွေ တက်ခဲ့တာ၊ အားပြိုင်မှုတွေဖြစ်ခဲ့တာရှိတယ်။
အခုကျတဲ့အခါကျတော့ ဖြစ်နေကြတာက Spoiler ခေါ်တာပေါ့။ ငါကတော့ ဒီအသွင်ကူးပြောင်းရေးကို ဖျက်မယ့်ကောင်မဟုတ်ဘူး။ ငါကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲလုပ်မှာပါဆိုတဲ့ဟာကို ပြချင်တဲ့ ဇောတွေများနေတဲ့ အင်အားစုတွေ သူ့ထက်ငါ အပြိုင်းအရိုင်းပေါ်လာတာကို တွေ့ရတယ်။ အဲဒါကလည်း လိုတာထက်ပိုသွားရင် ငါ Spoiler မဟုတ်ဘူးဆိုတာကို ပြရင်းပြရင်းနဲ့ Spoiler ဖြစ်မှန်းမသိ ဖြစ်သွားတာတွေ ဖြစ်နိုင်တယ်။ အခုထင်ရှားတာကတော့ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေဟာ ငါ Spoiler မဟုတ်ဘူး။ ငါ ဖျက်မြင်းမဟုတ်ဘူးဆိုတာကို ပြဖို့ ကြိုးစားတာပဲ။ မူအားဖြင့် ဒါဟာ ကောင်းတဲ့လက္ခဏာပဲ။ ဒါပေမဲ့ လိုတာထက် ပိုသွားရင်တော့ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်နိုင်တယ်။ အနာနဲ့ ဆေးမတည့်တာ ဖြစ်နိုင်တယ်။ လိုတာထက်ပိုရင် ဆေးကြောင့်သေတာ ဖြစ်နိုင်တယ်။ အဲဒါဆိုရင်တော့ အခုကစပြီး နောက်လာမယ့် သက်တမ်းအတွက် အခုသုံးလလောက်အတွင်း စိတ်ပူစရာဖြစ်နိုင်တယ်။ ဒါကလွဲပြီး ကျန်တဲ့ကိစ္စတော့ စိတ်ပူစရာ ကျွန်တော်သိပ်မမြင်ဘူး။ ရေရှည်ကိစ္စတွေတော့ ရှိတာပေါ့။ စီးပွားရေးပြဿနာတို့၊ တိုင်းရင်းသားအရေးတို့ ဒါတွေကတော့ တစ်ပိုင်းပေါ့။ ဒါပေမဲ့ လတ်တလော စိတ်ပူရတဲ့ကိစ္စကတော့ ငါတို့က Spoiler မဟုတ်ဘူးဆိုတာကို သူ့ထက်ငါ ဦးဆောင်ပြချင်ဇောတွေနဲ့ အချိန်အဆမတတ်လို့ရှိရင် မလိုလားအပ်တဲ့၊ မမျှော်လင့်နိုင်တဲ့ ပြဿနာတွေ ကြုံရနိုင်တယ်။
အာဏာရပြီးရင် အစိုးရသစ်အနေနဲ့ ဦးစားပေးလုပ်သင့်တာတွေက ဘာတွေဖြစ်မလဲ။ ပထမဦးဆုံး ဘာလုပ်သင့်လဲ။
အဓိက ကျွန်တော်မြင်တာက ဒေါ်အောင်ဆန်းစုကြည်လည်း ပြောပါတယ်။ အမျိုးသားရင်ကြားစေ့ရေးအစိုးရဖြစ်စေချင်တယ်
ဆိုတာကို ရင်ကြားစေ့ရေး၊ တစ်ယောက်ကို တစ်ယောက် နာကျင်တာတွေဖြစ်နေတာတွေကို ကုစားရေးက အရေးကြီးမယ်ထင်တယ်။ တပ်မတော်နဲ့ နာကျင်မှုတွေ ကုစားဖို့အတွက် အခု ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေတာ ကောင်းတဲ့သဘောပါ။ အဲဒီလိုပဲ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားတွေနဲ့ ကြားထဲမှာလည်း အနာတရတွေဖြစ်ခဲ့တာရှိတာကိုး။ ၈၈ မျိုးဆက်တွေကစလို့ ကျန်တဲ့လုပ်နေတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ဒီချုပ်ကြားထဲမှာပဲဖြစ်ဖြစ် အောင့်အည်းသည်းခံနေခဲ့ရတာမျိုး ရှိနိုင်တာပေါ့။ ဒါတွေကိုလည်း ပြန်ကုစားပေးဖို့လိုမယ် ထင်တယ်။ ဒါကတော့ ဗမာ့သမိုင်းမှာလည်း ကျန်စစ်သားမင်းလက်ထက်ကတည်းက ရှိခဲ့တာပဲ။ တစ်ဖက်က အစာရေစာ၊ အဝတ်အထည်ပေးသလို၊ တစ်ဖက်ကလည်း လူတွေရဲ့ မျက်ရည်တွေ၊ ကြေကွဲပူဆွေးမှုတွေကို သက်သာအောင် လုပ်ပေးရတယ်ဆိုတာ ရှိတာပဲ။
သဘောပြောရမယ်ဆိုရင် အရင်ဆုံးနယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၊ အလွှာပေါင်းစုံမှာ ဖြစ်ခဲ့တဲ့ အနာတရဒဏ်ရာတွေကို ပြန်လည်ကုစားပေးဖို့လိုမယ်။ အဲဒါကတော့ သူနံပါတ်(၁)လုပ်ရမယ့် ကိစ္စပဲ။ အဲ့ဒီထဲမှာ အရေးကြီးဆုံးကိစ္စက တိုင်းရင်းသားရေးပဲ။ တိုင်းရင်းသားအရေးလို့ပြောရင် အခုဖြစ်နေတဲ့ NCA ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ် အ ခြေခံပြီးတော့ နောက်ဆက်ဘာလုပ်ကြမလဲဆိုတာ စဉ်းစားကြရမယ်ထင်တယ်။ တစ်ချိန်တည်း ဆက်စဉ်းစားရမှာတွေကတော့ လူတွေရဲ့ စားဝတ်နေရေးဘဝတွေ ဖူလုံရေးပါပဲ။ နောက်တစ်ခုကတော့ တရားဥပဒေစိုးမိုးရေးကိစ္စ။ ဒါတွေကပဲ အရေးကြီးမယ်ထင်ပါတယ်။ ဒါတွေပဲ သူဦးစားပေးစဉ်းစားမယ် ထင်ပါတယ်။ အဲဒါတွေအားလုံးပြီးမှာပဲ အခြေခံဥပဒေကိစ္စတွေ ကိုင်တွယ်မယ်ထင်တယ်။ နံပါတ်(၁) အရေးကြီးဆုံးကတော့ အာဏာကို ချောမွေ့စွာ လွှဲပြောင်းရေး။ အဲဒါပြီးရင်တော့ တိုင်းရင်းသားအရေး။ ပြီးရင် တရားဥပဒေစိုးမိုးရေးနဲ့ လူမှုဘဝဖူလုံရေး။ ဒါတွေ စဉ်းစားရမယ်။ NLD အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း လူထုရဲ့မျှော်လင့်ချက်တွေကို ဘယ်လိုသက်သာအောင်၊ ဘယ်လိုလက်တွေ့ကျအောင် စီမံခန့်ခွဲမလဲဆိုတာလည်း အဓိကကျတဲ့ စိန်ခေါ်မှုပဲဖြစ်တယ်။
NLD အနေနဲ့ အဓိကလုပ်ရမယ့် အလုပ်တစ်ခုကလည်း သူ့ကိုယ်သူ Movement Party လူထုလှုပ်ရှားမှုကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီဆိုတဲ့ အသွင်ကနေပြီးတော့ Governing Party လို့ခေါ်တဲ့ အစိုးရလုပ်မယ့်၊ ပါတီအုပ် ချုပ်ရမယ့် ပါတီဖြစ်အောင် သူကိုယ်တိုင်က Transition မှာ အသွင်ကူးပြောင်းဖို့ လိုအပ်တယ်။ NLD ပါတီဟာ တကယ်တော့ လူထုလှုပ်ရှားမှုကို ကိုယ်စားပြုပါတယ်ဆိုတဲ့ နိုင်ငံရေးပါတီအသွင်ကနေပြီးတော့ အစိုးရလုပ်ရမယ့် အုပ်စိုးတဲ့ပါတီတစ်ခုဖြစ်လာတဲ့ အသွင်ကူးပြောင်းရေးကို သူကိုယ်တိုင်ဖြတ်သန်းရမယ်။ အဲဒီလိုဖြတ်သန်းဖို့အတွက် ကျွမ်းကျင်မှုတွေ၊ သဘောထားကြီးမှုတွေ၊ လွတ်လပ်တဲ့ အသင်းအပင်းအဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေအပေါ်မှာ နားထောင်တတ်မှုတွေ အများကြီးလိုတယ်လို့ ထင်တယ်။ ကျွမ်းကျင်မှုတွေ မကသေးဘူး။ လွတ်လပ်တဲ့ မီဒီယာတွေနဲ့ လွတ်လပ်တဲ့အသင်းအဖွဲ့တွေပေါ်မှာ နားထောင်တတ်တဲ့ ဓလေ့၊ မဟာမိတ်တွေအပေါ်မှာ တန်ဖိုးထားလေးစားပြီး နားထောင်တတ်တဲ့ ဓလေ့ထွန်းကားမယ်ဆိုရင်တော့ NLD ရဲ့ အစိုးရဟာ အများကြီး ကောင်းမွန်မှာပါ။
ဒီဇင်ဘာ ၉ ရက်ကပဲ Internatio-nal Crisis Group က ထုတ်တဲ့ အစီရင်ခံစာမှာ NLD က အုပ်ချုပ်ရေးအတွေ့အကြုံ နည်းတာကလည်း စိန်ခေါ်မှုထဲမှာပါတယ်လို့ ဖော်ပြထားပါတယ်။ တစ်ဖက်မှာလည်း NLD က သူတို့မှာ အငြိမ်းစားအကြီးတန်းအရာရှိတွေ အများကြီးရှိပါတယ်လို့ ပြောထားတယ်။ အဲဒီတော့ အတိုက်အခံဘဝနဲ့ နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းလာတဲ့ ဒီချုပ်ရဲ့ အုပ်ချုပ်ရေးအတွေ့အကြုံအပေါ်မှာ စိုးရိမ်မိတာမျိုးရှိလား။ အစိုးရသစ်အပေါ် အကြံပေးချင်တာများ ရှိပါသလား။
ဒေါ်အောင်ဆန်းစုကြည် အခုထိပြောတာတွေကို နားထောင်ကြည့်မယ်ဆိုရင်တော့ သူ့ကြည့်ရတာ ဒီချုပ်အမတ်တွေအပေါ် အခြေခံပြီးတော့ အစိုးရဖွဲ့မယ့်ပုံတော့ မပေါ်ဘူး။ သူ့ကြည့်ရတာ Technocrats လို့ခေါ်တဲ့ ကျွမ်းကျင်တဲ့သူတွေရယ်၊ အုပ်ချုပ်ရေး အတွေ့အကြုံရှိတဲ့ အရင်အစိုးရအဆက်ဆက်တုန်းကတည်းက သူနှစ်သက်တဲ့ ပုဂ္ဂိုလ်တွေရယ်၊ တပ်မတော်ထဲ တချို့တဝက်ရယ် အဲဒီပုဂ္ဂိုလ်တွေနဲ့ သူတွဲပြီးတော့များ အစိုးရဖွဲ့နိုင်သလားလို့ ကျွန်တော် ခန့်မှန်းမိပါတယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ဒီချုပ်အနေနဲ့ကတော့ သူ့ပါတီမှာရော သူ့အမတ်တွေကြားထဲမှာပါ ကျွမ်းကျင်မှုနဲ့အတွေ့အကြုံတွေပိုရမှလည်းဖြစ်မယ်။ အဲဒီလိုလုပ်ဖို့ဆိုတာက အတိတ်ကလုပ်ခဲ့သမျှ အကုန်လုံးကို ပစ်ပယ်မယ်ဆိုတဲ့ အစွန်းကိုလည်း ရှောင်ဖို့လိုတာပေါ့။ အတိတ်လူတွေအကုန်လုံးက ဘာပဲပြောပြော တော်တယ်၊
ကောင်းတယ်ဆိုပြီး အတိတ်ကလူတွေအကုန်လုံးကို အထင်ကြီးတဲ့ အစွန်းကိုလည်း ပစ်ပယ်ဖို့လိုတယ်။ အဲဒီအစွန်းနှစ်ပါးကို ပစ်ပယ်ပြီးတော့ အတိတ်က ကောင်းတာကိုလည်း ဘာယူမလဲ၊ အဲဒီအပေါ်မှာ ချဲ့ပြီးရှေ့ဆက်တိုးသွားရမှာပဲ။ အထူးသဖြင့် လူငယ်တွေကို ဘယ်လိုမြေတောင်မြှောက်ပေးမလဲ၊ ဒါတွေကို စဉ်းစားရမယ်။ သူစဉ်းစားမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတိတ်က ဆိုးမွေတွေကို ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာပယ်သင့်တယ် ဆိုတာကလည်း နိုင်ငံရေးအရ ဆုံးဖြတ်မှုတစ်ခုတည်းနဲ့မရဘူး။ ဒါမှ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ၊ ဒီကိစ္စကို နားလည်တဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ အခြေပြုပြီးတော့ လွတ်လပ်တဲ့ မူဝါဒဆိုင်ရာ သုံးသပ်ချက်တွေ၊ အကဲဖြတ်ချက်တွေ လုပ်ရမယ်။
ထင်ရှားတဲ့နမူနာတစ်ခု ပြောရမယ်ဆိုရင် MPC လို့ခေါ်တဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာကို ကြိုက်တယ်၊ မကြိုက်ဘူး၊ ဖျက်မယ်၊ မဖျက်ဘူးဆိုပြီး အလွတ်ပြောတာမျိုးထက်စာရင် ဒါနဲ့ပတ်သက်လို့ မူဝါဒအရ ပြန်သုံးသပ်တာမျိုး၊ လွတ်လွတ်လပ်လပ်
ပြန်သုံးသပ်တာမျိုး ကောင်းတာ၊ မကောင်းတာ ဘယ်ဟာဆက်ခံမယ်၊ ဘယ်ဟာ မဆက်ခံဘူးဆိုတာကို လွတ်လပ်တဲ့ သမာသမတ်ကျတဲ့ နည်းပညာအပေါ်မှာ အခြေခံတဲ့ သုံးသပ်ချက်မျိုးတွေနဲ့ သွားမှသာ ဖြစ်မှာပါ။ နိုင်ငံရေးအရ အစွဲအလမ်းနဲ့ အာဃာတနဲ့ မျက်မှန်စိမ်းတပ်ပြီးတော့ ဘယ်သူ့ကိုတော့ ကြိုက်တယ်၊ ဘယ်သူ့ကိုတော့ မကြိုက်ဘူး၊ ဘယ်သူ့ကိုလက်မခံဘူး ပြောတာမျိုးကတော့ မူဝါဒ ချမှတ်တဲ့သူတွေအတွက် ကောင်းတဲ့ဓလေ့မဖြစ်နိုင်ဘူး။ အလားတူပဲ အုပ်ချုပ်ရေးနဲ့ပတ်သက်ရင်လည်း အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ အလျောက်၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင်လည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့အလျောက် နယ်ပယ်တိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မူဝါဒတွေ ချမှတ်တဲ့နေရာမှာတတ်နိုင်သမျှ နိုင်ငံရေးအရ အစွဲအလမ်း နည်းနည်းလျှော့ပြီးတော့ တိုင်းပြည်အတွက် အလားအလာ ကောင်းနိုင်တဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို ရွေးသင့်တယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲအနိုင်ရပြီးနောက် အခုထက်ထိ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံမှုမရှိသေးဘူး။ အစိုးရအဖြစ် တက်ပြီးတော့မှ တွေ့မယ်ဆိုရင် သင့်တော်မလား၊ စောစောစီးစီး တွေ့ထားသင့်သလား။
သူ့မှာလည်း သူ့အချိန်ဇယား နဲ့သူရှိပါလမ့်မယ်။ ဒါပေမဲ့ အနုပညာရှင်တွေနဲ့တွေ့တာ၊ အနှေးယာဉ်လုပ်သားတွေနဲ့တွေ့တာ အရေးပါသလို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့တဲ့ ကိစ္စကလည်း အင်မတန်မှ အရေးပါတယ်လို့ ကျွန်တော်က ထင်ပါတယ်။ တိုင်းရင်းသားနဲ့ ပတ်သက်လို့ရှိရင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားဒေသမှာ  တကယ်လုပ်နေတဲ့လူတွေက ပိုပြီးသိနိုင်တယ်။ လူတွေရဲ့ အကျိုးစီးပွားကို တကယ်လုပ်နေတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လူတွေရဲ့အကျိုး စီးပွားကိုတင်ပြနေတဲ့ သတင်းမီဒီယာတွေရဲ့ Imputပြောဆိုရေးသားတင်ပြချက်တွေအပေါ်မှာ အခြေခံပြီးတော့မှ ပြည့်စုံတဲ့ပုံကားချပ်ရနိုင်တယ်။ ကျွန်တော်မြင်တာကတော့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့ရမယ်၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ရမယ်။ နားထောင်အချိန်ပေးပြီး မီဒီယာတွေနဲ့တွေ့ရမယ်။
အရင်စစ်အစိုးရလက်ထက်မှာ စစ်တပ်နဲ့ ခရိုနီတွေကပဲစီးပွားရေးကို လက်ဝါးကြီးအုပ်ခဲ့ပြီး လူထုအများစုက ချွတ်ခြုံကျခဲ့တယ်။ လာမယ့် အစိုးရသစ်လက်ထက်မှာကော ခရိုနီတွေနဲ့ ဘယ်လိုလက်တွဲမလဲ။
စီးပွားရေးသမားကတော့ လိုတာပဲ။ စီးပွားရေးလုပ်ငန်းရှင် အရင်းအနှီးမရှိဘူးဆိုရင် နိုင်ငံတကာက ဝင်လာတဲ့အခါLocal Partner မရှိရင် ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့လည်း ဒီစီးပွားရေးသမားတွေအနေနဲ့ ဟိုးအတိတ်က မကင်းရာမကင်းကြောင်း ရှိခဲ့တယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လိုမျှတတဲ့ စီးပွားရေးအခင်းအကျင်းတစ်ခုမှာ  မှန်မှန်ကန်ကန် ဘယ်လိုပါဝင်မလဲ။ အဲဒီလိုပြန်ပါဖို့ဆိုရင် မတရားတချို့ရထားတဲ့ကိစ္စတွေကို ပြန်လည်ပေးဆပ်တာ၊ သို့မဟုတ် အဲဒီစာချုပ်တွေကို
ပြန်လည်ညှိနှိုင်းတာမျိုး လုပ်သင့်တယ်။ အထူးသဖြင့် လယ်တွေသိမ်းထားတာ၊ ယာတွေသိမ်းထားတာ၊
ပြန်ပေးတာသော်လည်းကောင်း၊ ပုံစံတစ်ခုခုနဲ့ တရားမျှတမှုဖြစ်အောင် ပြန်ဖြေရှင်းတာမျိုးရှိဖို့လိုတယ်။
ဒါသူတို့ ဘဝပျက်သွားနိုင်လောက်တဲ့ ကိစ္စလည်းမဟုတ်ဘူး။ ဘယ်လိုရှင်းမလဲဆိုတာ နည်းတွေအများကြီးရှိတယ်၊ ရှင်းသင့်တယ်။ နံပါတ်နှစ်က တတ်နိုင်သမျှ အခွန်နဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့ အဲဒီနှစ်ခု ပြေလည်တယ်ဆိုရင်တော့
နိုင်ငံတကာအရေးယူ ဒဏ်ခတ်မှုတွေလည်း လျော့သွားသင့်တယ်။ ရုပ်သိမ်းပေးသင့်တယ်။ အဲဒီနည်းနဲ့ပဲ သူတို့အနေနဲ့ နိုင်ငံတကာအရင်းအနှီးနဲ့ နိုင်ငံတကာကုမ္ပဏီတွေနဲ့ တွဲဖက်ပြီးတော့ တိုင်းပြည်ကောင်းရာကောင်းကြောင်း လုပ်သင့်တယ်။ ကျွန်တော်တို့က စီးပွားရေးလုပ်ငန်းရှင်ကို ဆန့်ကျင်တဲ့အမြင်မျိုး မရှိသင့်ဘူး။ စီးပွားရေးလုပ်ငန်းရှင်နဲ့ နိုင်ငံတော်နဲ့ကြားမှာမလျော်မကန် ပေါင်းစပ်ပြီးတော့ လူတွေကို အနိုင်ကျင့်တာ၊ လူတွေကို သားကောင်တွေလိုလိုက်ပြီး နောက်က တောက်လျှောက်လိုက်တဲ့ဆက်ဆံရေးကို မရှိသင့်တာ။ ဘယ်လောက်ပဲ ဈေးကွက်စီးပွားရေးစနစ် ပြောနေပြောနေ နိုင်ငံတော်ဟာ ကိုယ့်နိုင်ငံသား စီးပွားရေးသမားတွေ လုပ်ခင်းလုပ်ကွက် အဆင်ပြေအောင် လုပ်ပေးရတာ ကူညီရတာ အများကြီးရှိပါတယ်။
ဘာများ ဖြည့်စွက်ပြောချင်ပါလဲ။
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာ တစ်စုံတစ်ရာအကယ်၍ လက်လွန်ခြေလွန်လုပ်တာမျိုးတွေ မဟုတ်တော့ဘူးဆိုရင်တော့ ကာလတစ်ခုအထိကတော့ မဖြေရှင်းနိုင်သော်ငြားလည်း တစ်စုံတစ်ရာ တည်ငြိမ်ပြီးတော့ ထိန်းထားနိုင်တဲ့ လက္ခဏာ
တွေ့ရတယ်။ ဒါပြီးရင် စိတ်ပူစရာရှိတာက တိုင်းရင်းသားအရေး။ တိုင်းရင်းသားအရေးဟာ  သိပ်အရေးကြီးပါတယ်။ တိုင်းရင်းသားအရေးဟာ နိုင်ငံတော်တည်ဆောက်ရေး State Building နဲ့ ပတ်သက်ပြီး အရေးကြီးတာပါ။ တိုင်းရင်းသားအရေးမပြေလည်ရင် နိုင်ငံတော်ဟာ Complete State Foundation မဖြစ်ဘဲ In-complete Foundation
ဖြစ်သွားနိုင်တယ်။ အဲဒါဟာ ဗုံမဟုတ်၊ ပတ်မဟုတ် နိုင်ငံတော်၊ ဟိုမရောက် ဒီမရောက်နိုင်ငံတော်ဖြစ်သွားနိုင်တယ်။
နိုင်ငံတော်ရဲ့ အချုပ်အခြာနယ်မြေ၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကိုယ်တိုင်ကိုက သူ့နယ်မြေမှာ မကြီးစိုးတာဖြစ်နိုင်တယ်။ သယံဇာတဖော်ထုတ်မှုကအစ အကုန်ပျက်ကွက်နေခဲ့တာ။
နိုင်ငံတော်တည်ဆောက်ရေးက ဟိုမရောက်ဒီမရောက်ဖြစ်နေမယ်ဆိုရင် နိုင်ငံသားဖြစ်မှုကလည်း ဟိုမရောက် ဒီမရောက်ဖြစ်နေမှာပဲ။ ဘာလဲဆိုတော့ တချို့လူတွေက တင်းပြည့်ကျပ်ပြည့်နိုင်ငံသား။ တချို့က ဒုတိယနိုင်ငံသား၊ တချို့က တတိယနိုင်ငံသားဖြစ်မယ်။  တိုင်းရင်းသားအရေးသည် နိုင်ငံတော်တည်ဆောက်ရေးနဲ့ ပတ်သက်တယ်။
နိုင်ငံတော်တည်ဆောက်ရေးသည် နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တယ်။ နိုင်ငံသားဖြစ်မှုက တင်းပြည့်ကျပ်ပြည့်မဖြစ်ရင် ဒီမိုကရေစီဟာ ဘယ်တော့မှ တင်းပြည့်ကျပ်ပြည့်မဖြစ်ဘူး။ ဒါက ငြင်းလို့မရတဲ့ အမှန်တရားပဲ။ တိုင်းရင်းသားအရေးပြေလည်ရေးဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ ဒီမိုကရေစီပေါ်ထွန်းဖို့အတွက်တင် ကြိုလိုအပ်ချက်ဖြစ်နေတယ်။ ဒါကို ကျွန်တော်တို့ လျှော့တွက်နေမယ်ဆိုရင်တော့ ဒီနိုင်ငံမှာ ဘယ်တော့မှ တရားမျှတမှု၊ တန်းတူညီမျှမှုဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို တစ်စုံတစ်ရာထိန်းနိုင်မယ်ဆိုရင် မြန်မာပြည်ရဲ့ ပြဿနာဟာ တိုင်းရင်းသားအရေးဖြစ်တယ်။
ဒုတိယတစ်ခုကတော့ နိုင်ငံတော်နဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆက်စပ်မှုဖြစ်တယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်ဆိုရင် တပ်မတော်အနေနဲ့ သူနဲ့တွဲပြီး အုပ်ချုပ်မယ့် အရပ်သားပါတနာရပြီဆိုရင် နိုင်ငံတကာမှာရော၊ ပြည်တွင်းမှာရော စီး ပွားရေးတွဲဖက်လုပ်ကိုင်နိုင်မယ့် စီးပွားရေးပါတနာတွေ ဖြစ်လာမယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ အရင်ခေတ်အဆက်ဆက်က ရှိခဲ့တဲ့ ပြဿနာကဘာလဲဆိုတော့ နိုင်ငံတော်က နိုင်ငံတော်ရဲ့သြဇာ၊ နိုင်ငံရေးအာဏာကို သုံးပြီးတော့ စီးပွားရေးထင်တိုင်းကြဲတာမျိုး။ နိုင်ငံတော်ကလည်း သူလိုချင်တာကို စီးပွားရေးသမားတွေဆီက ရအောင်ယူတယ်။
စီးပွားရေးသမားတွေကလည်း နိုင်ငံတော်အာဏာကို အလွဲသုံးစားလုပ်ပြီးတော့ မြေသိမ်းယာသိမ်းကိစ္စကစပြီး အဆုံးစွန်ဖြစ်ကြတာပေါ့။ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ အင်ပါယာကြီးတွေက သိပ်ကြီးစိုးပြီးတော့ တစ်မိုးလုံးဖျောက်ဆိပ် သူတို့ချည်းပဲ ဖြစ်ခဲ့တာတွေ့ရတယ်။ တပ်မတော်က ချုပ်ကိုင်ထားတဲ့ ဦးပိုင်နဲ့ MEC အပါအဝင် တစ်သီးပုဂ္ဂလလုပ်ငန်းရှင်တွေကလည်း အဲဒီပုံစံလုပ်နေတာတွေ့ရတယ်။ ဒါကြောင့် နိုင်ငံတော်နဲ့ စီး ပွားရေးဆက်စပ်ရေးဟာ အတိတ်ကလိုမျိုး မုဆိုးကသားကောင်ကို လိုက်သလိုမျိုး လူထုကို လုပ်ငန်းရှင်နဲ့ နိုင်ငံတော်ပေါင်းပြီး အနိုင်ကျင့်တဲ့ ဟာမျိုးကနေပြီးတော့ ဘယ်လိုပုံစံသစ်မျိုးကို သွားမလဲဆိုတာ စဉ်းစားဖို့လိုတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ ဒီမိုကရေစီ ဆိုတာ အမည်ခံပဲဖြစ်မယ်။ နင်းပြားတွေရဲ့ ဘဝကလည်း ဒုက္ခရောက်နေဦးမှာပဲ။
အဲဒီတော့ နိုင်ငံတော်နဲ့ စီးပွားရေးဆက်ဆံရေးက အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ ကြည့်ရမယ်။ လူသာပြောင်းသွားတယ်။ နိုင်ငံတော်နဲ့ စီးပွားရေးဆက်ဆံရေးက ထူးမခြားနားဘဲ နားလှည့်ပါးရိုက်ပဲ ဆိုရင်တော့ မီဒီယာတွေ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပညာရှင်တွေကတော့ ထောက်ပြသင့်တာထောက်ပြကြမှာပဲ။ ဒီလိုပြောတဲ့အတွက်ကြောင့်မို့လို့ စီးပွားရေးကို ဆန့်ကျင်ဖို့မဟုတ်ဘူး။ စီးပွားရေးသမားက လိုအပ်တယ်။ စီးပွားရေးသမားကောင်းတွေ များများပေါ်ဖို့ လိုအပ်တယ်။ ခေတ်သစ်မှာ ကျင့်ဝတ်နဲ့ညီပြီး အခွန်တွေလည်း ပေးဆောင်ပြီးတော့ လူထုကိုလည်း ထောက်ထားပြီးတော့ ကိုယ့်စီးပွားရေးဖြစ်အောင်လုပ်ရင်း နိုင်ငံတကာ အရင်းအနှီးတွေကိုလည်း တတ်နိုင်သမျှ ရယူနိုင်မယ့် ဒေသခံတွေ
မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေ များများပေါ်လာဖို့လိုအပ်တယ်။
အဲဒီ စီးပွားရေးလုပ်ငန်းရှင်တွေလုပ်နိုင်ကိုင်နိုင်အောင်လည်း နိုင်ငံတကာက တချို့စီးပွားရေး ဆန်ရှင်တွေ ပယ်ဖို့လျှော့ဖို့လည်း လိုတယ်။ နိုင်ငံတော်နဲ့ စီးပွားရေး၊ ဆက်ဆံ ရေးကလည်း တိုင်းရင်းသားအနေ နဲ့ ဆက်စပ်နေတယ်။ မြန်မာပြည်က သယံဇာတအများစုဟာ တိုင်းရင်းသားဒေသမှာပဲဖြစ်တယ်။ အကယ်၍သာ ဒီဆက်ဆံရေးကို မှန်မှန်ကန်ကန် မလုပ်နိုင်ဘူးဆိုရင် အရင်တုန်းက နေပြည်တော်မှာ ဗဟိုပြုခဲ့တဲ့ ခရိုနီဝါဒ၊ ခရိုနီလမ်းစဉ်၊ နေပြည်တော် Centralized Cronyလမ်းစဉ်ကနေ နောက်ဆိုရင် Decentralized  Crony , Federalized Crony ဖြစ်သွားမယ်။ အဲဒါဆိုရင် တိုင်းရင်းသားတွေ အနာကြီးနာမှာပဲ။
ကျေးဇူးတင်ပါတယ်။ ။

http://www.7daydaily.com/story/53285  မှ ကူးယူဖော်ပြပါသည်။ 

"ကံ ကို စီ မံ ရာ "

$
0
0
Maung Paing's photo.

❀ ❀ (၁)
စာရေးမယ်လို့ စိတ်ကူးနဲ့ Laptop လေးကိုဖွင့်လိုက်တယ်။ စာမရေးခင် စက်ထဲက သီချင်းလေးအရင်ဖွင့်ပြီး သိမ်းထားဖြစ်ခဲ့တဲ့ ဓာတ်ပုံလေးတွေကို ဆက်ကြည့်နေမိတယ်။ ဒါကလည်း ထုံးစံလိုဖြစ်နေပြီ။ စာမရေးခင် ဓာတ်ပုံမှတ်တမ်းလေးတွေကြည့်ရတာက စိတ်ထဲမှာ တစ်မျိုးတစ်မည် ခံစားမိပြီး ရေးစရာလေးတွေ ထွက်ထွက်လာတယ်လို့ ခံစားမိလို့ပါ။ နောက်ထပ် အကြောင်းလေးတွေလည်း ရှိတာပေါ့လေ။
မိသားစုနဲ့ခွဲနေရခြင်းက ကျွန်တော့ဘ၀မှာတော့ မစိမ်းလှတော့ဘူးဆိုရမယ်။ အသားတကျရှိနေပြီ ဆိုစေဦးတော့ မိသားစုတွေ၊ သူငယ်ချင်းတွေကို သတိရမိစိတ်၊ လွမ်းတဲ့စိတ်အပြင် ဟိုး အတိတ်က ဖြတ်သန်းကြီးပြင်းခဲ့တဲ့ ပုံရိပ်လေးတွေကို အမှတ်ရမိစိတ်တွေက Laptop ဖွင့်လိုက်ပြီ၊ ဓာတ်ပုံလေးတွေ ကြည့်မိပြီ ဆိုရင်ဖြင့် ထွက်ပေါ်လာတော့တယ်။

ဖြတ်သန်းခဲ့တဲ့ ဓာတ်ပုံအဟောင်းလေးတွေ၊ မိသားစု သွားခဲ့လာခဲ့တဲ့ ခရီးအမှတ်တရပုံလေးတွေကို ခဏခဏပြန်ကြည့်မိခဲ့တယ်။ အိမ်ဝေးသူတစ်ယောက်အတွက် အလွမ်းပြေဆေးဆိုလည်း မမှားပေဘူးပေါ့လေ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေဆီကတော့ ဓာတ်ပုံလေးတွေရိုက်ပြီးတော့ ဆိုင်မှာ တကူးတကန့် သွားရွေး၊ ဓာတ်ပုံ ဖိုင်ထဲသေချာထည့်သိမ်းထားရတယ်၊ ထားကြတယ်။ အဲဒီဓာတ်ပုံမှတ်တမ်းဖိုင်ကြီးကို ဧည့်စားပွဲပေါ်မှာ၊ စာရေး စားပွဲပေါ်မှာ၊ အလှဆင် ဗီရိုကြီးတွေထဲမှာ ထည့်ထားရင်း မိသားစုတွေ၊ သူငယ်ချင်းတွေ ဆုံတွေ့ကြခိုက် ပြန်ကြည့်လိုက်ကြ၊ ရှေးဖြစ်ဟောင်း နှောင်းဖြစ်တွေ ပြန်ပြောလိုက်ကြနဲ့ ဓာတ်ပုံထဲက အရိပ်တွေက အတိတ်တွေဆီ ပြန်လည်သယ်ဆောင် သွားပေးကြတော့တယ်။
ဒီဘက်ခေတ်အခြေအနေမှာတော့ အလွယ်တကူ မှတ်တမ်းတင်ရိုက်ကူးလို့ ဖြစ်နေပြီဆိုတော့ကား စား၊ သောက်၊ သွားလာ ဘာလုပ်လုပ် ပုံလေးတွေ တဖျတ်ဖျတ်ရိုက် ပြီးတော့ မှတ်ဥာဏ်တို့သိုလှောင်ရာ အခန်းထဲကို ထည့်သွင်းသိမ်းကြတော့တယ်။ ပြီးတော့ ခဏခဏ ဖွင့်ကြည့်မိတော့တယ်။
ခုလည်း စာရေးဖို့ အကြောင်းအရင်းကနေ ဓာတ်ပုံတွေဆီ စိတ်ညွတ်သွားရင်း အဟောင်းတွေကို၊ အတိတ်တွေ ပြီးတော့ မိသားစုကို လွမ်းမိနေလေပြီပေါ့။
❀ ❀ (၂)
မမှတ်မိတဲ့ ငယ်ငယ်က ပုံတွေ၊ ခပ်ရေးရေးသာ မှတ်မိတော့တဲ့ ခပ်ငယ်ငယ်ကပုံတွေ၊ အမြဲအမှတ်ရနေမိတဲ့ ကျောင်းတက်တုန်းကပုံတွေ၊ ပြီးတော့ မိသားစုပုံတွေ။ ကိုယ့်ဘ၀ရဲ့ တစ်ဆစ်ချိုး အချိုးအကွေ့ကို ဖြတ်သန်းချိန်ရောက်တော့ ရောက်ရှိခဲ့ရာ၊ တာဝန်ကျခဲ့ရာ ဒေသတွေဆီမှာ ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ ပုံတွေ၊ နေရာဒေသနဲ့ ရိုက်ကူးဖြစ်ခဲ့တဲ့ ပုံတွေကို တစ်ပုံချင်းစီ ကြည့်နေမိတယ်။
နောက် ထပ်ပြီး တစ်ဆစ်ချိုးကွေ့လို့ ဆိုရမဲ့ ကိုယ်ပိုင်မိသားစုဘ၀လေးပေါ့။ သမီးလေး ခပ်ငယ်ငယ်က ပုံတွေ၊ ဗွီဒီယိုဖိုင်လေးတွေကို ဆက်ပြီးကြည့်နေမိတယ်။
အချိန်ရပြီဆိုတာနဲ့ မိသားစုသုံးယောက် တစ်နေရာရာကို ခရီးသွားတတ်ကြတယ်။ မြစ်ကြီးနား၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ မန္တလေး၊ ပုဂံ၊ စစ်ကိုင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်းစတဲ့ နေရာတွေကို ရောက်ခဲ့စဉ်က မှတ်တမ်းတင်ဖြစ်တဲ့ မိသားစုပုံလေးတွေကို တစ်ပုံချင်းစီ တစ်ခုချင်းစီ ငေး ငေး ကြည့်နေမိတယ်။
ဘာပဲပြောပြော နေရာစုံမဟုတ်တောင် နေရာအတော်အသင့်ကို ကျွန်တော်တို့ ရောက်ဖြစ်ခဲ့ပါလား ဆိုတာတွေးမိတယ်။ ဒါ့အပြင် ကျွန်တော့သမီးလေး ခုဆို အသက်က ငါးနှစ်ကျော် ခြောက်နှစ်အတွင်းသာ ရှိသေးတယ်ဆိုပေမဲ့ ကျွန်တော်တို့နဲ့အတူ သွားလေရာနေရာတို့ကို သူလိုက်ပါ ရောက်ရှိခဲ့ပြီ။
အသက်အရွယ်ရလာလို့ သူပြန်မှတ်မိချင်မှ မှတ်မိနိုင်ပေမင့် ဒီဓာတ်ပုံတွေကတော့ သူ့ဘ၀အတွက် အမှတ်တရတွေ ဖြစ်နေမှာပါပဲလေ။
❀ ❀ (၃)
ကျွန်တော်ငယ်ငယ်က ရောက်ဖူးခဲ့တဲ့နေရာတွေက နည်းနည်းရယ်ပါ။ ရောက်ဖူးခဲ့တဲ့နေရာ နည်းနည်းကို အဖေအမေက ပြောပေမယ့် မမှတ်မိတော့။
နည်းနည်းလေးအရွယ်ရလာပြီး ကိုယ့်ဘ၀ကို ကိုယ်တိုင်ထိန်းကျောင်းချိန်ကြမှ နေရာဒေသတွေကို ရောက်ခဲ့တော့တယ်။
ကျွန်တော့သမီးလေးကတော့ ခပ်ငယ်ငယ်အရွယ်ကတည်းက မြန်မာပြည်အထင်ကရနေရာ တော်တော်များများကို ရောက်ဖူးနေပြီ။ ဒါကလည်း သူ့ကုသိုလ်ကံကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။ သူ့ရဲ့ ကံတရားတွေကြောင့် ဖြစ်မယ်။
တချို့ကလေးတွေကြတော့ နိုင်ငံခြားမှာ ပညာသင်ကြရ၊ မိဘနဲ့အတူ ဈေးဝယ်ထွက်ကြရ၊ မြန်မာပြည် အနှံ့အပြားကို အလည်အပတ်ထွက်ကြရတဲ့ ဘ၀တွေရှိကြသလို တချို့ဘ၀တွေကတော့ မွေးဖွားပြီး ဘ၀တစ်ခု သေဆုံးသွားသည့်တိုင် ကိုယ့်မွေးဖွားရာအရပ်တွေကနေ ဘယ်ဆီကိုမျှ မရောက်ခဲ့တဲ့ ဘ၀ပိုင်ရှင်တွေလည်း အများကြီး ရှိနေကြမှာ မဟုတ်ပါလား။
နေရာဒေသတွေကို ရောက်ဖူးခြင်း၊ မရောက်ဖူးခြင်းက ဘ၀တွေအတွက် သိပ်တော့ထူးခြားလှတယ် မဆိုနိုင်ပေမဲ့ ရောက်ဖူးခြင်း၊ မရောက်ဖူးခြင်းရဲ့ နောက်ကွယ်က ကံတရားတွေကတော့ နည်းနည်းထူးခြားနေတယ်လို့ ထင်မိတယ်။ တစ်ခုတော့ရှိတော့ပေါ့လေ သတ္တ၀ါမှန်သမျှ သံသရာက မကျွတ်သ၍ ဘ၀မျိုးစုံ၊ အရပ်မျိုးစုံမှာ ကျင်လည်ကြရမှာ အမှန်ပါပဲ။
❀ ❀ (၄)
"ကံ ပစ်ချရာ ဘ၀ "၊ "ကံ ဖန်တီးရာ ဘ၀ပေးအခြေအနေ "၊ "ကံ စီမံရာ အဖြစ်သနစ်တွေ "တဲ့။ ထင်ပေါ်ကျော်ကြားတယ်၊ အောင်မြင်တယ်၊ ကြီးပွားချမ်းသာတယ်၊ အာဏာကြီးတယ် ပြီးတော့ နိမ့်ကျတယ်၊ နွမ်းပါးတယ်၊ နွမ်းနယ်တယ် စတဲ့ စတဲ့ ကံကနေ ပေးစေလိုက်တဲ့ လူ့ဘ၀ကြီးထဲက ဘ၀ကိုယ်စီ။ ကံက ပိုင်းခြား ပေးလိုက်တဲ့ ဘ၀ကိုယ်စီ။ "ကံ သာလျှင် ကိုယ်ပိုင်ဥစ္စာရှိပေ၏ "တဲ့။ ကိုယ်ပိုင်တဲ့ ကိုယ့်ကံလေးတွေအတိုင်း ဘ၀အသက်ထက်ဆုံး သွားနေကြရတော့တာလား။
တိရစ္ဆာန်တွေမှာလည်း ချမ်းသာတဲ့ အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်နဲ့ လမ်းပေါ်မှာ ပိုင်ရှင် မဲ့ လွင့်နေရတဲ့ တိရစ္ဆာန် အခြေအနေခြင်း မတူနိုင်။
"ကံကောင်းလိုက်တာ "၊ "ကံဆိုးလိုက်တာ "စတဲ့ ကံကောင်းခြင်း၊ မကောင်းခြင်းတွေကရော ကိုယ့်ဘ၀ကို ဇာတ်ညွန်းပေးတဲ့ ကံပဲလေလား။ "ကံ ထမ်းလာတာ မမြင်ရ၊ လှံထမ်းလာတာ မြင်ရ"၊ "ကံမဲ့သူ ရှာမှီး၊ ကံကြီးသူ ခံစား"၊ "ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ"၊ "ကံငင်ရာ ကုတင်ရွေ့"တဲ့။ ကံ တွေ ၊ ကံတွေ ဘ၀တွေကို အမျိုးမျိုး အဖုံဖုံ ဖန်တီးချယ်လှယ်နေတဲ့ ကံတွေ။
ဒီတော့ ကျွန်တော်တို့ ကံစီမံရာ ခံကြရပြီလား။ ကံ ကို မပြုပြင်တော့ပဲ ကံကို ပုံချကြတော့မှာလား။
❀ ❀ (၅)
"ကံ = ကိုယ်၊ နှုတ်၊ စိတ် တစ်ခုခုဖြင့် ပြုလုပ်သော အမှု။ ကောင်းကျိုး၊ မကောင်းကျိုးကို ဖြစ်စေသော အကြောင်း "လို့ မြန်မာအဘိဓာန်မှာ ဖွင့်ဆိုပြထားပါတယ်။
"ကမ္မ(ပါဠိ)-ကံ- ပြုခြင်း၊ အမှု၊ အမှုသစ်၊ ကြိယာ၊ ကုသိုလ်အကုသိုလ်ကံ "လို့ ပါဠိ-မြန်မာအဘိဓာန်မှာ ဖွင့်ဆိုပြထားပါတယ်။
ဒီတော့ ကံဆိုတာ ကျွန်တော်တို့ပြုမူလိုက်တဲ့ အမှုတွေ၊ ကျွန်တော်တို့ လုပ်ဆောင်ထားတဲ့ အကျိုးဆက်တွေမဟုတ်ပါလား။ ကျွန်တော်တို့ ကိုယ်တိုင် စီရင်လိုက်တဲ့ အသီးအပွင့်တွေဟာ အဲဒီကံဆိုတာပဲ မဟုတ်ပါလား။
ဒါ့အပြင် စေတနာဟာ ကံဖြစ်တယ်တဲ့။ ပြုလုပ်ဆောင်ရွက်ချက်တိုင်းမှာ ကျွန်တော်တို့ ထားရှိတဲ့ စိတ်စေတနာတွေဟာ ကျွန်တော်ဘ၀တွေကို ဖြစ်စေအပ်တဲ့ ကံတွေပါ။ ကောင်းမွန်မြင့်မြတ်တဲ့ စိတ်စေတနာတွေနဲ့ ကောင်းမွန်တဲ့ အလုပ်(ကုသိုလ်)တွေ လုပ်မယ်ဆိုရင် ကျွန်တော်တို့ဘ၀တွေက အေးချမ်း ကောင်းမွန်နေမှာပါ။ ထို့အတူ ယုတ်နိမ့်တဲ့ စိတ်စေတနာတွေနဲ့ ယုတ်ညံ့တဲ့ အမှု(အကုသိုလ်)တွေကို ကျူးလွန်ပြီဆိုရင်တော့ ဘ၀တွေက ပူလောင်နိမ့်ပါးနေမှာပါ။
ကျွန်တော်တို့ကို ဖန်တီးတဲ့ ကံ ကို ကျွန်တော်တို့ ပြန်စီရင်ကြရမယ်။ ကံကို ပြန်လည် စီမံကြရမယ်လေ။
လက်ရှိဖြစ်နေရတဲ့ ဘ၀တစ်ခုရယ်၊ နောင်မပြီးပြတ်နိုင်သေးတဲ့ ဘ၀တွေရယ်အတွက် လူမှုဝန်းကျင်အရ၊ လူတစ်ယောက်ရဲ့လူ့ကျင့်ဝတ်တန်ဖိုးအရ၊ ဘာသာတရားအရ ဆောက်တည်အပ်တဲ့ ကိုယ်ကျင့် တရား(သီလ)၊ အများအကျိုးပြုလိုစိတ်၊ တစ်ဦးစီ တစ်ဦးစီတိုင်းရဲ့ ကြီးပွားမှု၊ အောင်မြင်မှု၊ ချမ်းသာမှု တွေအပေါ် ချီးမြောက်ဝမ်းမြောက်လိုစိတ်၊ သတ္တ၀ါတွေအပေါ် အေးချမ်းသာယာနေစေလိုတဲ့စိတ်၊ ကိုယ့် စိတ်နှလုံး ကိုယ်ဖြူစင်ရှင်းသန့်လိုတဲ့စိတ်စတဲ့ မြင့်မြတ်သန့်စင်ကောင်းမွန်တဲ့စိတ်တွေဟာ အမြဲတည်ငြိမ်/ တည်ကြည်ကိန်းအောင်းနေခြင်း(သမာဓိ)၊ ပြုလုပ်အပ်တဲ့အရာ၊ မပြုလုပ်အပ်တဲ့အရာ၊ ထားရှိသင့်တဲ့ စိတ်အနေ အထား၊ မထားရှိသင့်တယ်စိတ်အနေအထား၊ ဖက်တွယ်ထားသင့်တဲ့အရာ၊ မဖက်တွယ်ထားသင့်အရာ စသဖြင့် ပြုအပ်၊ မပြုအပ်ကို ပိုင်းခြားသိခြင်း(ပညာ)တို့ဟာ ကျွန်တော်တို့ ပစ္စက္ခဘ၀အခြေအနေရယ်၊ နောင်ဆက်လက် ဖြစ်တည်နေဦးမဲ့ ဘ၀တွေအတွက် အထူးအရေးကြီးတဲ့ အရာတွေပါ။
ဆောက်တည်ခြင်း၊ တည်ကြည်ခြင်း၊ ပိုင်းခြားခြင်းတွေနဲ့ ကျွန်တော်တို့ရဲ့ ရှာဖွေမှုတွေ၊ ပြုမူမှုတွေ၊ ပြောဆိုမှု၊ တွေးကြံမှုတွေကို ထိန်းမတ်သွားရမှာပါ။ အဲဒီအခါ ကျွန်တော်တို့ဟာ "ကံ "ကို လှပစွာ ဖန်တီးစီမံ နိုင်တော့မှာပါ။
ဒါမှသာ ကျွန်တော်တို့ စီမံသလို ကံက ကျွန်တော်တို့ကို ပြန်လည် ချပေးရတော့မှာ မဟုတ်ပါလား။
(၆)
ငယ်စဉ်ကတည်းက နေရာစုံတော်တော်များများ ရောက်ခဲ့တဲ့ သမီးလေးက သူ သူ့ကံကို ကောင်းမွန်စွာ စီမံခဲ့လေသလား။ ဘယ်လို ဘယ်ပုံတွေ တည်ဆောက်ခဲ့ပါလိမ့်။
ကျွန်တော့် သမီးလေးက သူ့ကံကို သူဘယ်လို စီမံခဲ့သလဲ ကျွန်တော်မသိနိုင်။ ကိုယ့်ကံကို ကိုယ် ဘယ်လိုစီမံခဲ့သလဲဆိုတာတောင် သိမှမသိနိုင်ပဲလေ။ တစ်ခုပဲ ရှေ့ဆက် ဘယ်လို စီမံသွားမလဲဆိုတာတော့ ကိုယ်သိနေဖို့ ပြုပြင် စီမံဖို့လိုမှာ အမှန်ပါပဲလေ။
**************
မောင်ပိုင် (လေးမျက်နှာ)
၁၈-၁၂-၂၀၁၅
(၂၂၁၆)သောကြာ၊ ရန်ကုန်။
❀ ❀ (ကျွန်တော်ရဲ့ အသိဥာဏ်ရှိသလောက်သာ ခံစားမှု၊ တွေးမိသမျှ ရေးမိခြင်းဖြစ်ပါတယ်။ မှားယွင်းနေ၊
တိမ်းစောင်းနေပါက တည့်မတ်ပေးဖို့ တောင်းဆိုအပ်ပါတယ်ခင်ဗျား)

ဆရာကျော်ဝင်း အင်တာဗျူး

$
0
0


မက်ဆင်ဂျာ ဂျာနယ်။
မြန်မာနိုင်ငံရေး မိုးလေ၀သ အပြောင်းအလဲ မြန်နေသလို ဇာတ်ရှိန်လည်း အလွန်ပဲ တက်နေပါတယ်။ မထင်မှတ်ထားချိန် ဗိုလ်ချုပ်မူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး တွေ့ဆုံမှုကလည်း နိုင်ငံရေးကို စိတ်ဝင်စားမှု မြင့်တက်စေခဲ့သလို လက်ရှိအစိုးရ တာဝန်ရှိသူတွေရဲ့တုံ့ပြန် စကားလုံးတွေကလည်း နိုင်ငံရေး မိုးလေ၀သ အပြောင်းအလဲကို ခန့်မှန်းရခက်စေတာပါပဲ။

သို့ဖြစ်ပါ၍ လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်ပြီး နိုင်ငံရေး လေ့လာ သုံးသပ်သူ စာရေးဆရာ ဦးကျော်ဝင်းနှင့် The Messenger Media တို့ တွေ့ဆုံမေးမြန်း ဖော်ပြထားခြင်း ဖြစ်သည်။
လက်ရှိနိုင်ငံရေး အခြေအနေအပေါ်မှာ ဆရာရဲ့သုံးသပ်ချက်ကို အရင်ပြောပြပေးပါ။
ရွေးကောက်ပွဲ အပြီးမှာ NLD ရဲ့ သဘောထားကတော့ ၉၀ တုန်းကလည်း ရွေးကောက်ပွဲနိုင်ပြီး အာဏာ မလွှဲပြောင်းတဲ့ ပြဿနာ ကြုံခဲ့ရတော့၊ အဲဒါကို သင်ခန်းစာယူပြီး တတ်နိုင်သမျှ အာဏာ လွှဲပြောင်းမှုကို အဆင်ပြေ ချောမွေ့အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိဟန်တူပါတယ်။ နောက်တစ်ချက်က ကော့မူး မဲဆန္ဒနယ်မှာ စည်းရုံးရေး ကာလက တကယ်လို့ NLD အစိုးရဖွဲ့နိုင်ရင် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အခြေခံပြီး အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောခဲ့တယ်။ တကယ် လက်တွေ့မှာလည်း ရွေးကောက်ပွဲ နိုင်ပြီဆိုတာ သိတာနဲ့ သူတွေ့သင့် တွေ့ထိုက်တဲ့ လူတွေအားလုံးကို ဖိတ်ခေါ်တာ ရှိတယ်။ ဒါတင်မကဘူး။ ခုနောက်ပိုင်း ဦးသန်းရွှေနဲ့ပါ တွေ့တယ်ဆိုတာ ကြားရတော့ ကျွန်တော်တို့ ဘေးကကြည့်ရတဲ့ လူအနေနဲ့ တွေ့ရတာတော့ သူ့မူလ ရည်မှန်းချက်ပေါ့။
အေးအေးဆေးဆေး အာဏာ လွှဲပြောင်းရေးကို အထောက်ကူပြုမယ့် တွေ့ဆုံမှု အားလုံးကို သူတွေ့နေတယ်လို့ ယူဆတယ်။ ချုပ်လိုက်မယ်ဆိုရင် NLD ဘက်က ခုထိ ခြေလှမ်းမှားတာ ကျွန်တော်တော့ တစ်ခုမှ မတွေ့ဘူး။ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်သွားတာ တွေ့တယ်။ အခြေအနေတွေက အေးအေးဆေးဆေး ပြီးသွားမယ်လို့ ထင်စရာရှိတယ်။ သို့သော်လည်း ခုဘာဖြစ်လာလဲဆို ကိုရဲမိုးပေါ့။
ဒါက ဖေ့စ်ဘွခ်က သိရတာ။ နောက်မူးဇော်တို့ ၊ ဦးရဲထွဋ်တို့ ပြောလာတာ ရှိတယ်။ အဲဒီပြဿနာတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော်တော့ မပြောတတ်ဘူးဗျ။ ဒါက တစ်ဖက် တပ်မတော် ဘက်ခြမ်းက ပြဿနာ ဖြစ်နေတယ်။ ဘာပြဿနာပဲ ဖြစ်ဖြစ်ပါ။ အားလုံးက တပ်မတော်သားတွေပဲ။ အေးအေးဆေးဆေး ညှိညှိနှိုင်းနှိုင်းနဲ့ သွားကြရင် အားလုံးက တစ်သံတည်း ထွက်မှာပေါ့။ နှစ်ဘက်စလုံးက တစ်သံတည်း ထွက်ကြရင် ပြေလည်သွားမှာပါ။
ဒေါ်အောင်ဆန်းစု ကြည်ဘက်ကလည်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို လုပ်ချင်တဲ့ ဆန္ဒကို တရားဝင် ဖော်ထုတ်ပြီးပြီ။ တပ်မတော် ဘက်ကလည်း တစ်သံတည်း ထွက်ကြမယ်ဆိုရင် စေ့စပ် ဆွေးနွေးမှုတွေက ဘာမှ အဖြေမထွက်စရာ မရှိပါဘူး။ အနည်းဆုံး ပထမအဆင့် အေးအေးဆေးဆေး အာဏာလွှဲပြောင်းရေး အဆင့်ကတော့ အဆင်ပြေ ချောမွေ့သွားမယ် ထင်ပါတယ်။
သမ္မတနဲ့ တပ်ချုပ်ဘက်က အာဏာကို အေးအေးချမ်းချမ်း လွှဲပြောင်းပေးမယ်လို့ ကတိပြုထားတဲ့ အပေါ် တချို့တွေက ယုံကြည်သလို၊ မယုံကြည်တဲ့ လူတွေလည်း ရှိကြတယ်။ ဆရာကရော ဘယ်လိုမြင်လဲ။
အရင်တုန်း ကလည်း ပြဿနာတချို့က ရှိဖူးတာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကတိဖောက်ဖျက်တဲ့ ကိစ္စတွေ ရှိခဲ့ဖူးတယ်။ လူတော်တော်များများ အနေနဲ့ မယုံရဲတဲ့ သံသယတွေလည်း ရှိတယ်။ ကျွန်တော် တစ်ဦးချင်း အနေနဲ့ ဒီပြဿနာ သိပ်မရှိပါဘူး။ ကျွန်တော် ကတော့ ယုံတယ်။ ဘာဖြစ်လို့လဲဆို ဒီနေ့ ဦးသိန်းစိန် အစိုးရကိုလည်း သူပြောတဲ့ စကားကို သူတတ်နိုင်သလောက် တာဝန်ယူလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ အထူးအထွေ ပြောစရာမရှိဘူး။ ကျွန်တော်တော့ အကောင်းဘက်ကနေ မျှော်လင့်တယ်။
ဗိုလ်ချုပ်မူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုက ဘာကြောင့် ဖြစ်ပေါ်လာတယ်လို့ ထင်လဲ။
ဗိုလ်ချုပ်မူးကြီး သန်းရွှေ အနေနဲ့ အစိုးရရဲ့ နိစ္စဓူဝ ကိစ္စတွေမှာ အသေးစိတ် ညွှန်ကြားတာမျိုးတော့ ရှိမယ်မထင်ပါဘူး။ သို့သော် တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စမျိုးတွေဆို သူလည်း နေနိုင်မယ် မထင်ပါဘူး။ သူ့သြဇာကလည်း ရှိသင့်သလောက် ရှိဦးမယ်ထင်တယ်။ အဲဒီလို အနေအထားမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ ဟိုကတွေ့ချင်တယ်ဆို သူက Welcome ပေါ့ဗျာ။
သြဇာရှိတဲ့ လူတစ်ယောက်က တစ်ဖက်ကို Pressure ပေးတာပဲ ပြောပြော၊ တွန်းအား ပေးတာပဲ ပြောပြော၊ တစ်ခုခု လုပ်ပေးလို့ ရတယ်။ အဲဒီလို မျှော်လင့်ချက်လေးနဲ့ ဖြစ်ဖြစ် သူကတော့ တွေ့မှာပဲ။ အဲဒီတော့ တွေ့တာကတော့ မှားတယ်လို့ မထင်ဘူး။ သို့သော် ဦးသန်းရွှေရဲ့ သြဇာပေါ့။ ဘယ်လောက် အတိုင်းအတာထိ ရှိမလဲ ဆိုတာတော့ ကျွန်တော်တို့ မမှန်းဆတတ်ဘူး။ သေချာတာ တစ်ခုကတော့ သူ့သြဇာက တစ်စုံတစ်ရာ ရှိမယ် ထင်ပါတယ်။ အကုန်လုံး မဟုတ်တောင် အတိုင်းအတာ တစ်ခုအထိတော့ သြဇာရှိမယ်လို့ ထင်ပါတယ်။ အဲဒီလို လူမျိုးနဲ့ ဆွေးနွေးရတာ တိုင်းပြည်အတွက် ကောင်းမှာပါ။ အကျိုးရှိမှာပါ။
၂၀၁၁ အစိုးရဖွဲ့တုန်း ကတော့ သူ့ရဲ့ အစီအမံအတိုင်း လုပ်ဆောင်ခဲ့တယ်။ ခုဆို အစိုးရက သက်တမ်းကုန်ခါနီးပြီ ဆိုတော့ သူ့အနေနဲ့ နောက်ထပ်များ အစီအမံတွေ ထပ်လုပ်နိုင်ခြေရှိလား။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက Posting တွေ၊ ဘယ်သူ ဘယ်တာဝန်ချထားတယ် ဆိုတာ ကျွန်တော်တို့လည်း ကြားတော့ ကြားတာပဲ။ ဒါပေမဲ့ Confirmed လုပ်လို့မရဘူး။ ပြောသာ ပြောနေကြတာ။ အဲဒီအတွက် ကျွန်တော်အနေနဲ့ ခေါင်းထဲမှာ ရေရေရာရာ ဘာမှမရှိဘူး။ အဲဒီလိုပဲ ဒုတိယအကြိမ် ထပ်လုပ်ဦးမယ်လို့ ကျွန်တော်တော့ သံသယမရှိပါဘူး။ ဘာပဲပြောပြော ဒီတွေ့ဆုံမှုဟာ တိုင်းပြည် အတွက် ကောင်းတာပဲ ဖြစ်မယ်လို့ ထင်ပါတယ်။
တိုင်းပြည် အတွက် ကောင်းမယ်လို့ တော်တော်များများက ယုံကြည်နေချိန်မှာ သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က အာဏာ လွှဲပြောင်းရေးမှာ ဦးသန်းရွှေ ၀င်ရောက် စွက်ဖက်လာရင် လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒီအပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။
အလွန် စိတ်ဝင်စားစရာ ကောင်းတဲ့ ပြောဆိုချက်လို့ပဲ ယူဆရမှာပေါ့ဗျာ။
ဗိုလ်ချုပ်မူးကြီးဟောင်း အပေါ်မှာ လက်ရှိ တာဝန်ယူထားသူတွေ အနေနဲ့ ခုလို ပြောဆိုချက်က နည်းနည်းများ ဂါရ၀တရားကို သွေဖည်ပြောဆိုရာ ရောက်နေလား။ ဒီအတွက် အကျိုးဆက်က ဘာများ ဖြစ်လာနိုင်မလဲ။
အဲဒါကတော့ ခင်ဗျားတို့ ကြိုက်သလို ယူဆလို့ ရတာပေါ့။ ကျွန်တော့် စိတ်ထဲလည်း ကြိုက်သလို ယူဆတာရှိမှာပဲ။ သို့သော်ဒါက အကူးအပြောင်းကို ဘယ်လောက် ဆိုးဆိုးဝါးဝါး၊ ဒါမှမဟုတ် ဘယ်လောက် ကောင်းကောင်း မွန်မွန် သြဇာသက်ရောက်မှု ရှိလဲဆိုတာ စဉ်းစားရမယ်။ အဲဒါတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ စဉ်းစားနေဆဲပဲ။
တွေ့ဆုံမှုမှာ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ပြောဆိုမှုများ ရှိနိုင်သလား။
ကျွန်တော် ဖြစ်စေချင်တဲ့ ဆန္ဒက တစ်ဆင့်ပြီး တစ်ဆင့် သွားတာကောင်းတယ်။ မြန်မာပြည်မှာ ပြဿနာတွေက အများကြီး။ တော်တော်များများ ထင်နေတဲ့ ပြဿနာတွေထက်ကို ပိုပြီးနက်ရှိုင်းတဲ့ ပြဿနာတွေ ရှိတယ်။ ပထမဦးဆုံး လောလောဆယ် အရေးတကြီး လိုအပ်တာက အေးအေးဆေးဆေး အာဏာ လွှဲပြောင်းပေးဖို့ ၊ အဲဒါကိုပဲ Target ထားပြီး ဆွေးနွေးသင့်တယ်။
ဒါဆို အဆင်ပြေနိုင်တယ်။ ကိုယ့်လက်ထဲ အာဏာရောက်ပြီဆိုမှ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာ ဖြည်းဖြည်း တစ်ဆင့်ချင်း သွားတာကောင်းတယ်။ ကျွန်တော်က ဒီအတိုင်း ဖြစ်စေချင်တယ်။ ခုတော်တော်များများ စဉ်းစားနေတာက တစ်ခါတည်းနဲ့ အကုန်ဆွေးနွေးဖို့ ၊ ကျွန်တော်တော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ အခုတွေ့ဆုံပွဲမှာ အခြေခံဥပေဒ ပြင်ဆင်ရေး၊ ၅၉(စ) ၊၄၃၆ ပြင်ဆင်ရေး အဲဒီလောက်ထိ Hot Issue တွေ ပါလာခဲ့ရင် ပါမပါ ကျွန်တော်မသိဘူး။ ပါလာခဲ့ရင် ပြဿနာ ရှိတယ်။
ဒီဟာတွေက နည်းနည်း အရေးကြီးတယ်။ တပ်မတော်ရဲ့ လက်ရှိရပ်တည်ချက်နဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်။ ဒါဆိုရင် တပ်မတော်ဘက်က စဉ်းစားစရာ ဖြစ်လာမယ်။ ဦးရဲထွဋ် ပြောတဲ့စကားက အဲဒါနဲ့ ဆက်စပ်ကောင်း ဆက်စပ်နိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က အေးအေးဆေးဆေး အာဏာ လွှဲပြောင်းရေးကို ဦးတည် ပြောသင့်တယ်။ ဒါဆိုရင် ပြေလည်မယ်။ အဲဒီလို မဟုတ်ဘဲ လိုချင်တာတွေ တစ်ထိုင်တည်း ပြောမယ်ဆို ရှုပ်ကုန်မယ်။
ကျွန်တော် ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒါတွေ သိပြီးသားပါ။ အောင်အောင်မြင်မြင်နဲ့ ပြေပြေလည်လည် လုပ်သွားနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။
အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်တဲ့ အစိုးရဖွဲ့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတယ်။ ဘယ်လို အစိုးရ ပုံစံဖြစ်စေချင်လဲ။
အဲဒါက ရွေးကောက်ပွဲ အကြို DVB Debate လုပ်တော့ ကျွန်တော့်ကို မေးခွန်းမေးတဲ့ အထဲထည့်တော့ ကျွန်တော် ဦးဝင်းမြင့်ကို အဲဒီမေးခွန်းမေးတယ်။ ကော့မူးမှာ မဲဆွယ်တုန်းက ဒေါ်အောင်ဆန်းစုကြည်က NLD နိုင်ခဲ့ရင် အမျိုးသား ရင်ကြားစေ့ရေး ဦးတည်တဲ့ အစိုးရ ဖွဲ့မယ်လို့ ပြောတယ်။ အဲဒီပြောဆိုချက်ဟာ Power Sharing ကို အခြေခံတဲ့အထိ ရောက်မလားမေးတော့ တကယ် လုပ်မှာပါလို့ ဦးဝင်းမြင့်က ပြန်ဖြေသွားတယ်။
အဲဒီစကားနဲ့ ဆက်စပ်ပြီး စဉ်းစားကြည့်တော့ ဒါက အလွန်ကောင်းတဲ့ ဟာပါ။ ပြောရရင် NLD က ဘယ်သူ့မှ ဂရုမစိုက်ဘဲ အစိုးရဖွဲ့နိုင်တဲ့ အနေအထား ရှိတယ်။ ဒါပေမဲ့ မဖွဲ့ဘူး။ ၀မ်းသာစရာ တစ်ချက်က အရင်အပတ်က ရွေးကောက်ပွဲမှာ တော်တော်များများ အနိုင်မရခဲ့တဲ့၊ လွှတ်တော်မှာရှိတဲ့ ပါတီတွေနဲ့ တွေ့တယ်လို့ ကြားတယ်။
အဲဒါတော်တော် ကောင်းတယ်။ ဘာကြောင့်လဲဆို လူမျိုးစုတွေရဲ့ ခံစားမှုက သိပ်မကောင်းဘူး။ ဒီပွဲမှာ NLD အောင်ပွဲဖြစ်ပေမယ့် လူမျိုးစုတွေ တော်တော် အခြေအနေ မကောင်းဘူး။ ဒီအတွက် စိတ်မကောင်း ဖြစ်တယ်။ အဲဒီအနေအထားကို ပြန်အဖတ်ဆယ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားဟန် တူတယ်။ လူမျိုးစုတွေနဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားဟန်တူတယ်။
ဖွဲ့တော့မယ့် အစိုးရထဲမှာ လူမျိုးစုတွေကို နေရာပေးဖို့ ရှိလိမ့်မယ် ထင်တယ်။ ဒါအလွန် ဖြစ်သင့် ဖြစ်ထိုက်တယ်။ တပ်မတော်နဲ့လည်း အကြေအလည် ညှိကြမယ် ထင်တယ်။ ကျွန်တော်တို့ မျှော်လင့်ထားတာ NLD တစ်ခုတည်း အစိုးရဖွဲ့တာမျိုးထက် လုပ်နိုင်ကိုင်နိုင်တဲ့ လူတွေနဲ့ အစိုးရဖွဲ့တာ ကောင်းတယ်။ ဒါတွေက ကောင်းတဲ့ ဘက်က မြင်ရတဲ့ အလားအလာ အချို့ပါ။
ခုဆိုရွေးကောက်ပွဲမှာ ရှုံးသွားပေမယ့် အကောင်းဆုံး အရှုံးသမားလို့ ဆိုကြတဲ့ သူရဦးရွှေမန်းနဲ့ သူရဦးအောင်ကိုပါ။ သူတို့ကိုရော ရှေ့ဆက် နိုင်ငံရေး အခြေနေမှာ ဘယ်လိုနေရာမျိုးက မြင်ချင်ပါသလဲ။
ကျွန်တော် ပါစေချင်တာ မပါစေချင်တာက အဆုံးအဖြတ် နေရာမှာ ရှိမှာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိရမယ့်ကိစ္စ။ ညှိနှိုင်းပြီး ဖြစ်လိမ့်မယ် ထင်ပါတယ်။ ပြီးတော့ အရှုံးတို့ ၊ အနိုင်တို့ကို သိပ်မပြောစေချင်ဘူး။ ရွေးကောက်ပွဲက တကယ်တမ်းကျ အရှုံးအနိုင် ပြဿနာ မဟုတ်ဘူး။ အရှုံး၊ အနိုင်က အလွန်ဆုံး ငါးနှစ်ပဲ။ ဒီနေ့လူကြိုက်များတဲ့ ပါတီက နောင်ငါးနှစ်ကြာရင် တစ်မျိုးတစ်မည် ဖြစ်ချင်ဖြစ်သွားမှာပဲ။ ဒါ NLD ရယ်လို့ ကျွန်တော်မဆိုလိုဘူး။ ဘယ်ပါတီဖြစ်ဖြစ်ပါ။
သန်းခေါင်ယံ အာဏာသိမ်းပွဲ အပြီးမှာ သူရဦးရွှေမန်းရဲ့ နိုင်ငံရေး သေသွားပြီလို့ ထင်ပေမယ့် ခုဆို မသေဘဲနဲ့ ပိုတောင်ရှေ့ထွက်လာတာ တွေ့ရတယ်။ သူရဲ့အခန်းကဏ္ဍကိုရော ဘယ်လိုမြင်လဲ။
If တွေနဲ့ စဉ်းစားရမှာပေါ့။ ခုရွေးကောက်ပွဲမှာ သူရဦးရွှေမန်းလည်း မနိုင်ဘူး။ နောက်ပြီး ခုလို NLD တောင်ပြိုကမ်းပြို မနိုင်ဘူး ဆိုရင်တော့ ဦးရွှေမန်းရဲ့ နိုင်ငံရေးအခန်းက ရှေ့ဆက်ဖို့ အခက်အခဲ ရှိကောင်းရှိမယ်။ အခုကတော့ မရှိနိုင်ပါဘူး။
ဘာဖြစ်လို့လဲဆို သူဟာ USDP ပါတီထဲမှာ ရှိနေပေမယ့် NLD ရဲ့ ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရင်းနှီးဆုံး မဟာမိတ်လို့ ပြောလို့ရနိုင်တဲ့ အနေအထားပါ။ ဘေးက မြင်ရတာ၊ ဒီအနေအထားမျိုးမှာ သူ့ရဲ့နိုင်ငံရေး အခန်းကဏ္ဍက ရှိနေဦးမှာပါ။ ဘယ် အနေအထားက ပါမယ် ဆိုတာတော့ ကျွန်တော်တို့ မသိဘူး။
ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးတဲ့နောက်မှာ အစိုးရဘက်ကရော၊ တပ်မတော်သားဟောင်းတွေ ဘက်ကရော အသံတွေ ထွက်လာတယ်။ သံသယ စိတ်နည်းနည်းများ ပါနေသလား။ အဲဒါက သတင်းထုတ်ပြန်မှု အားနည်းချက်ကြောင့်လား။
သတင်းထုတ်ပြန်မှုနဲ့ မဆိုင်ဘူး ထင်တယ်။ ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ပဲ ထားလိုက်ကြပါတော့။ တစ်ခုရှိတာပေါ့ဗျာ။ သတင်းတစ်ခု ဖြစ်ပြီဆိုရင် တရားဝင် သတင်းကို ကိုယ်စားပြုတဲ့ ရင်းမြစ်က ထုတ်ပြန်ပေးရင်တော့ ပြဿနာ ရှင်းတာပေါ့။
အခြားကြားလူ တစ်ယောက်၊ သတင်းနဲ့ ပတ်သက်နေတဲ့ ကြားလူ တစ်ယောက်က ထုတ်ပြန် ကြေညာတဲ့အခါမှာ ရှုပ်ထွေးမှုတွေ ရှိတတ်တယ်။ အဲဒီရှုပ်ထွေးမှုတွေမှာ သူ့အပေါ် ပုဂ္ဂိုလ်ရေး မကျေနပ်တာတွေကြောင့်လည်း ပါချင်ပါမှာပေါ့။ တစ်ခုလုံး ခြုံပြောရင် သတင်း ထုတ်ပြန်ပုံ မဟုတ်လို့ ဖြစ်တာတော့ မဟုတ်ဘူး ထင်တယ်။
လာမယ့် အစိုးရ လက်ထက်မှာ ကြံ့ခိုင်ရေး ပါတီအနေနဲ့ အတိုက်အခံကောင်း အဖြစ် ရပ်တည်နိုင်ပါ့မလား။
ဒါကတော့ စောင့်ကြည့်ရမှာပေါ့။ ဒီမိုကရေစီမှာ အရှုံးအနိုင်ဆိုတာ သိပ်မရှိဘူး။ နိုင်သွားတဲ့ လူကတော့ အစိုးရဖွဲ့တာပေါ့ဗျာ။ အဲဒါကို အောင်ပွဲလို့ ယူဆရင်တော့ ဒါယူဆသူရဲ့ ပြဿနာပဲ။ ရှုံးသွားတဲ့ လူကလည်း အရှုံးကြီးတော့ မဟုတ်ဘူး။ သူ့မှာ သိပ်အရေးကြီးတဲ့ လုပ်ဆောင်ချက် တစ်ခုရှိတယ်။ တည်ဆဲ အစိုးရကို Check and Balance လုပ်နိုင်တဲ့ အခွင့်အရေးရှိတယ်။
အဲဒါက သိပ်အရေးကြီးတယ်။ ပြီးတော့ ဗမာလူမျိုးက အစိုးရဆိုရင် ရန်သူမျိုးငါးပါးထဲ ထည့်ထားတာ။ အတိုက်အခံဆိုရင် သိပ်ဖိအားမကြီးဘူး။ USDP က ပါတီဖွဲ့ကတည်းက အစိုးရ တောက်လျှောက်ဖွဲ့ပြီး လုပ်နေလို့ ဘယ်ရမလဲ။ အတိုက်အခံ ဖြစ်သွားတာ သူ့ပါတီရေရှည် အတွက် ကောင်းပါတယ်။ အတိုက်အခံဘ၀နဲ့ အစိုးရကို Check and Balance တိုင်းပြည်အတွက် အကောင်းဆုံး လုပ်နိုင်တယ်ဆိုရင် အနာဂတ်က အများကြီး ကျန်နေသေးတယ်။ တစ်ခါရှုံးတာနဲ့ ပြီးသွားပြီလို့ ပြောလို့မရဘူး။
NLD မှာ လူမျိုးစုတွေနဲ့ ပြဿနာရှိတယ်လို့ ပြောတယ်။ အခု လူမျိုးစု ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ စေ့စပ်ညှိနှိုင်းတာ တွေ့ရတယ်။ အဲဒီကိစ္စကရော။
ဒီကိစ္စကပြောရင် တော်တော် ကျယ်ကျယ် ပြန့်ပြန့် ပြောရမယ်ဗျ။ ဦးထွေးမြင့် ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြံပေး ပုဂ္ဂိုလ်ပါ။ သူမသေခင်မှာ အင်တာဗျူး တစ်ခုလုပ်တယ်။ အဲဒီမှာ သူဘာပြောလဲ ဆိုတော့ ကျွန်တော်တို့ မူလရည်ရွယ်တာက NLD ကို တပ်ပေါင်းစုဖြစ်ဖို့ပါ။ အခုဒီအတိုင်း ဖြစ်မလာခဲ့ဘူး။
အဲဒီတော့ ဘာကွာသွားသလဲလို့ မေးခွန်းမေးတဲ့သူက ထပ်မေးတယ်။ အခုလူမျိုးစုတွေနဲ့ ပတ်သက်ရင် တပ်ပေါင်းစု မဖွဲ့နိုင်တဲ့ အားနည်းချက်ပေါ့လို့ သူကဖြေပါတယ်။ ဥပမာ-ဖ.ဆ. ပ.လ ဆိုရင် လူမျိုးစု အဖွဲ့အစည်းတွေ အားလုံး ဖ.ဆ. ပ.လ အလံအောက်မှာ ရှိတယ်။ တိုင်းပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ လုပ်တော့ ဖ.ဆ.ပ.လ အလံအောက်မှာ ပဲ ရွေးကောက်ပွဲ ၀င်ကြတယ်။ လူမျိုးစု အားလုံးကလည်း ဖ.ဆ.ပ.လ ကို သူတို့ပါတီလို့ သဘောထားကြတယ်။
အခု NLD က တပ်ပေါင်းစု မဟုတ်ဘဲ ပါတီဖြစ်နေတော့ ဒီအနေအထားမျိုးထိ ရောက်မလာဘူး။ အချို့ကတော့ ပြောကြတာ ရှိတာပေါ့ဗျာ။ NLD တင်လိုက်တဲ့ ကိုယ်စားလှယ်တွေလည်း လူမျိုးစုတွေပဲ ဖြစ်တာမို့ NLD ဒီဟာ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတယ်ပေါ့။ ခက်တာက သမိုင်းမှာ ဒီလိုအဖြစ်မျိုးတွေ ကြုံခဲ့တာများပြီ။
ဥပမာ-မ.ဆ.လ ဆိုရင် သက်ဆိုင်ရာ ပြည်နယ်တွေမှာ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်ကို တင်ပြီး လုပ်သွားတာပဲ။ ဗ.က.ပ ဆိုရင်လည်း ဒီအတိုင်းပဲပြီးတော့ ပူပူနွေးနွေးပြောရရင် ၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာ လူမျိုးစု ကိုယ်စားလှယ် တစ်ယောက်ကို ဒုသမ္မတပေးဖို့ လူမျိုးစုပါတီတွေက တောင်းတော့USDP က စိုင်းမောက်ခမ်းကို ပေးခဲ့တယ်။ အဲဒီတော့ လူမျိုးစုတွေ အမြင်မှာ ဗမာပါတီလို့ ထင်သွားမှာ ကျွန်တော်ဆိုးတယ်။ ဖြစ်နိုင်ရင်တော့ ဒီကိစ္စတွေ အခုချိန်မှာ မပြောချင်ပါဘူး။ အခုပြောရတာကလည်း လူမျိုးစုတွေနဲ့ NLD ကြားမှာ အဟ ကွာမသွားစေချင်လို့ပါ။
NLD က လူဟောင်း လက်ရှိ NNDP က ဦးသိန်းညွန့်က တပ်ပေါင်းစု လုပ်မယ်ပြောတယ်။ အဲဒီအပေါ်ကိုရော။
နံပါတ်တစ် မြန်မာပြည်မှာ ပါတီတွေများတယ် ဆိုတာ မှန်ပါတယ်။ တကယ်လည်း များတယ်။ မတတ်နိုင်ဘူး။ များမှာပဲ။ အခုဘယ်လို ပုံစံမျိုးနဲ့ သွားကြမလဲ။ တူရာတူရာစုပြီး တပ်ပေါင်းစု ပုံစံမျိုးသွားတာ အဖြစ်သင့်ဆုံး လမ်းကြောင်းပဲ။ အဲဒီရှုထောင့်က ပြောရင် ကျွန်တော် လက်ခံတယ်။ ဒါပေမဲ့ အပြည့်အ၀ လက်ခံလို့ မရတာ ဘာလဲ။
လက်တွေ့ကျကျ စဉ်းစားရင် ဗမာပြည် တပ်ပေါင်းစုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တပ်ပေါင်းစုပဲ ဖြစ်သင့်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ပြိုင်အထိတော့ မဖြစ်သင့်ဘူး။ လက်ရှိနိုင်ငံရေး အခြေအနေအရ ပြောတာ။ သို့သော် ဒေါ်အောင်ဆန်းစုကြည် က လက်ခံမယ်၊ မခံဘူးတော့ မသိဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည် ဖြစ်စေ၊ ဦးမဆောင်သည် ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တပ်ပေါင်းစုကို တည်ပြီးတော့ ကိုယ့်ဘက်က စခေါ်ရမယ်။
အဲဒါကိုမှ တစ်ဖက်က ငြင်းရင်တော့ တစ်မျိုးပေါ့။ ဦးသိန်းညွန့် ပြောတဲ့ တပ်ပေါင်းစုကို မူအရ ထောက်ခံတယ်။ သို့သော် ဒီမိုကရေတစ် အင်အားစုတွေထဲမှာ သွေးကွဲစေတဲ့ တပ်ပေါင်းစုကို မကြိုက်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တပ်ပေါင်းစု လမ်းကြောင်းမှာ ညီညီညွတ်ညွတ် ဖြစ်ကြရင် ပိုကောင်းမယ်။ အဲဒီအတွက် တစ်ဖက်တည်းတော့ မပြောလိုဘူး။ နှစ်ဖက်လုံးကို ပြောရမှာ။
NDF ခွဲထွက်တော့လည်း ပြန်စုကြဖို့ တောက်လျှောက် ရေးတာ။ အခုမှ ပြောတာ မဟုတ်ဘူး။ အခုကတော့ ကျွန်တော်တို့ ပြောလည်း အလကားပဲ။ ကွဲသွားကြပြီ။ ဒါပေမဲ့ ပြောရဦးမှာဘဲ။ ပြန်ဆက်ကြပါ။ ဘာကြောင့် ဆိုတော့ ဒီမိုကရက်တစ် အင်အားစုတွေကြားမှာ ကွဲလို့မကောင်းဘူး။ နံပါတ်တစ် ဒီမိုကရက်တစ် အင်အားစုတွေ ညီညွတ်ရေး လုပ်ရမယ်။ နံပါတ်နှစ် ဆန့်ကျင်ဘက် ပါတီတွေ အာဏာရှင် အစိုးရဟောင်းက လာတဲ့ ပါတီတွေနဲ့ နားလည်မှု ရှိအောင် ကြိုးစားရမယ်။ ဒီနှစ်ခု အဆင်ပြေမှ ပွဲကပြီးမှာ။ ခုတော့ ကိုယ်ချင်းလည်း တပ်ပေါင်းစု မဖွဲ့နိုင်သေးဘူး။ အဲဒါကို အားပြုလုပ်သင့်တယ်လို့ ထင်တယ်။
၈၈ မျိုးဆက်က ပါတီ တစ်ခုထောင်မယ်လို့ ထုတ်ပြောထားပြီးပြီ။ သူတို့ ပါတီထောင်ရင် နိုင်ငံရေး အခြေအနေ ဘယ်လိုပုံစံ ဖြစ်လာမလဲ။
နိုင်ငံရေးပါတီ ထောင်မယ်ဆိုတာ ကျွန်တော် လက်ခံတယ်။ မင်းကိုနိုင်တို့ ၊ ကိုကိုကြီးတို့ လွတ်လွတ်ချင်း ဆောင်းပါး တစ်ပုဒ်ရေးတယ်။ သူတို့တွေ အိမ်အပြန်ဆိုတဲ့ ဆောင်းပါး။ အဲဒီမှာလည်း နိုင်ငံရေးပါတီ ထောင်သင့်တယ်လို့ သဘောထားပေးတယ်။ မမှားဘူး ထောင်တာ။ သို့သော်လည်း တပ်ပေါင်းစု လမ်းကြောင်း မပျောက်စေနဲ့ ။ အဲဒီတပ်ပေါင်းစု ကလည်း လက်ရှိအခြေအနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တပ်ပေါင်းစုပဲ ဖြစ်ရမယ်။
အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ပါ၊ မပါ ကိုယ့်ဘက်က ကမ်းလှမ်းကြည့်ဖို့ လိုပါတယ်။ အဆင့်ဆင့်တော့ လုပ်ရမှာပေါ့။ ရနိုင်တဲ့ အင်အားစုနဲ့ တပ်ပေါင်းစု ရအောင်တော့ ကြိုးစားရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ရမယ်။ ၂၀၂၀ ရွေးကောက်ပွဲ နီးလာရင် အရေးကြီးဆုံး ကတော့ တစ်ပါတီစီ ကွဲပြီး မဲမကွဲဖို့ အရေးကြီးတယ်။ အဲဒီအကွဲ မကောင်းဘူး၊ တတ်နိုင်သမျှ စည်းရုံးကြပါ။ ၏
ဘယ်လိုမှ မစည်းရုံးနိုင်ဘူး ဆိုရင်တော့ တစ်မျိုးပေါ့။ ကြိုးစားတော့ ကြိုးစား ကြည့်စေချင်တယ်။ ဒီမိုကရက်တစ် အင်အားစုတွေ အလံအမျိုးမျိုးထောင်ပြီး ကွဲမသွားဖို့ အရေးကြီးတယ်။
ကွဲသွားရင် ဘာဖြစ်မလဲ။
အကျိုးဆက်ကတော့ တစ်ဖက်က စားသွားမှာပေါ့။
တစ်ဖက် ပါတီကရော နလန် ပြန်ထူနိုင်ပါဦးမလား။
ခင်ဗျားတို့က အခုအခြေအနေကိုပဲ ကြည့်တာကို။ နောက်ထပ် ငါးနှစ်လောက် စောင့်ကြည့်ပါဦး။ စောင့်ကြည့် ဆိုတဲ့နေရာမှာ သူတို့ဘယ်လောက် လုပ်နိုင်မှာလဲ ဆိုတာ စောင့်ကြည့်ရမယ်။ ကိုယ့်လူတွေ ဘက်ကလည်း ဘာတွေ မှားမလဲ စောင့်ကြည့်ရမယ်။ နိုင်ငံရေး ဆိုတာ ပြောလို့မရဘူး။ ဥပမာ-ဒေါ်အောင်ဆန်းစုကြည် သိပ်စန်းကောင်းတယ်။ ဒါတောင် လက်ပံတန်းမှာ ဖြစ်တဲ့ကိစ္စ ဘယ်လောက်တောင် ပြဿနာ ဖြစ်လဲ။ တော်တော်ကြောက်ဖို့ ကောင်းတယ်။ ဒီနေ့ဟီးရိုးက မနက်ဖြန် ဇီးရိုး ဖြစ်ချင်ဖြစ်တာ။
ကျောင်းသား ခေါင်းဆောင် အချို့က ပညာရေး ဥပဒေ ပြင်ဆင်ပေးဖို့ NLD ဦးဆောင်တဲ့ အစိုးရ လက်ထက် ရောက်ရင်လည်း တောင်းဆိုမှာပဲလို့ ပြောကြတယ်။ အဲဒီအခြေအနေကရော။
အဲဒီအခြေအနေက အရှည်ကြီး ပြောရမှာ။ ပြောစရာတွေလည်း အများကြီးပဲ။ ဒီအင်တာဗျူးလောက်နဲ့ မလုံလောက်ဘူး။ ရေးနေတယ်။ အကြမ်းပြောမယ်ဗျာ။ NLD အစိုးရဖြစ်ရင် နံပါတ်တစ် စိန်ခေါ်မှုက ကျောင်းသားကိစ္စ အမျိုးသား ပညာရေး ဥပဒေကိစ္စ၊ လူမျိုးစု ပြဿနာကတော့ တစ်စုံတစ်ရာ ကျော်လွှားနိုင်ဖွယ် ရှိတယ်။ နံပါတ်သုံး ပြဿနာ ကတော့ တရုတ်နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေ ရှိတယ်။
ဒီသုံးခုကတော့ လတ်တလော ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေပဲ။ အသေးစိတ် ကိုတော့ မပြောချင်ဘူး။ ဒီအချိန်မှာ အရေးကြီးဆုံး ကတော့ အေးအေးဆေးဆေး အာဏာ လွှဲပြောင်းဖို့ပဲ။ ရှုပ်ကုန်မှာစိုးလို့ သိပ်မပြောချင်ဘူး။
အစိုးရကို ဦးဆောင်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားအရ ဖွဲ့စည်းပုံက တားမြစ်ထားမှုကို ဘယ်လို ကျော်မယ်လို့ ထင်လဲ။
သူက ပါတီခေါင်းဆောင်၊ ပါတီတွေရဲ့ အဓိက Function က ပေါ်လစီ Guide Line ချတာပဲ။ ပါတီဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ ပေါ်လစီ Guide Line ချကို ချပေးမှာပဲ။ ဒါဘယ်ဥပဒေနဲ့မှ တားမြစ်လို့ မရဘူး။ သမ္မတဆိုတာ ပြောရရင် အလုပ်အမှုဆောင် အဖွဲ့ရဲ့ ဥက္ကဋ္ဌပဲ။ ပေါ်လစီကို ကြည့်ပြီး အလုပ် လုပ်ရတာ။ အဲဒီဆက်သွယ်မှုကို ကြည့်ပြီး အရေးယူလို့ မရပါဘူး။ ကျွန်တော်ကတော့ ပြဿနာလို့ကို မထင်ဘူး ။ တစ်ခုပဲ။ သူပိုင်ပိုင်နိုင်နိုင် ကိုင်နိုင်ဖို့ပဲလိုတယ်။
ဘာများ ဖြည့်စွက် ပြောချင်ပါသလဲ။
ကျွန်တော် အပါအ၀င် မဲဆန္ဒရှင် လူထုအားလုံး စိတ်ရှည် လက်ရှည်ရှိဖို့ လိုတယ်။ စိတ်ရှည်ကြပါလို့ပဲ ပြောချင်တယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ယုံကြည်ချက်ရှိရှိနဲ့ သည်းခံစောင့်ကြည့်ဖို့ပဲ။ ဒီအချိန်မှာ စိတ်လိုက်မာန်ပါတွေ ဘာမှမလုပ်မိဖို့ အရေးကြီးတယ်။
သတင်းတွေမျိုးစုံ ထွက်နေမယ်။ မတူတဲ့ အင်အားစုတွေက မတူတဲ့ သတင်းတွေကို မျိုးစုံထုတ်နေကြမှာပဲ။ ကျွန်တော်တို့ သိပ်သံသယများလို့ မရဘူး။ ဆင်ဆင်ခြင်ခြင် သွားမှရမယ်။ အဲဒါကတော့ အရေးကြီးတယ်။ အားလုံးတူညီတဲ့ ဆန္ဒနဲ့ NLD ကို မဲပေးကြတယ်။ ဒါကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ရွေးတာ။ အဲဒီတော့ သူ့ရဲ့ဦးဆောင်မှုကို ယုံယုံကြည်ကြည်နဲ့ စိတ်ရှည်လက်ရှည် စောင့်ကြည့်ဖို့ လိုတယ်။
အခုလို အပြောင်းအလဲ ကာလမှာ အစွန်းရောက် အလွန်အကျွံ သမားတွေက နှစ်ဘက်စလုံးမှာ ပေါ်လာတတ်တယ်။ ဒါကိုသတိထားဖို့ လိုမယ်ထင်ပါတယ်။

တရုတ်-မြန်မာဆက်ဆံရေး သမိုင်းသစ်ဖွင့်လှစ်နိုင်မည်လော

$
0
0

ကို ဇန်'s photo.
ကို ဇန်
13 hrs
တရုတ်-မြန်မာဆက်ဆံရေးသမိုင်းသစ်ဖွင့်လှစ်နိုင်မည်လော
---------------------------------------------------------------------
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
၂၀၁၅ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏တောင်ပြိုကမ်းပြိုအနိုင်ရလဒ်ကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံအပေါ်ချဉ်းကပ်ဆောင်ရွက်နေသည့် သံတမန်နည်းလမ်းများကိုပြောင်းလဲရန် လို၊မလိုကိုချိန်ဆနေကြပြီဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ၂၀၁၆ခုနှစ်၊မတ်လကုန်တွင် ရုံးတက်နိုင်ဖွယ်ရှိသည့် မြန်မာ့အစိုးရသစ်လက်ထက် တွင် မြန်မာ့ပြည်တွင်းနိုင်ငံရေးနှင့် နိုင်ငံရေးမူဝါဒအခင်းအကျင်းသစ်များ ပေါ်ပေါက်လာဖွယ်ရှိနိုင်သည်ဟုတရုတ်တို့ကမျှော်လင့်တွက်ဆထားကြသည်။ တရုတ်တို့အတွက် (အထူးသဖြင့် မူဝါဒရေးရာ အသိုင်းအ၀န်း) အစိုးရသစ် သို့မဟုတ် အနိုင်ရပါတီ၏ မူဝါဒအခင်းအကျင်းတို့လားရာသည် မသေချာမရေရာမှုများစွာရှိနေသည် ဟုသတ်မှတ်နေရသည့်အတွက် မြန်မာနိုင်ငံရေးရာ တရုတ်မူဝါဒသည် အသစ်တဖန် ပြန်လည်မွေးဖွားရန် လို၊မလိုဆိုသည်မှာ အထူးစိတ်ဝင်စားဖွယ်ကောင်းလှသည်။ မြန်မာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံနှင့်လည်းကောင်း ကြီးကြီးမားမားပြောင်းလဲစရာမရှိသည့်တိုင်အောင်၊ တရုတ်တို့သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအခင်းအကျင်းသစ်ကိုရင်ဆိုင်နိုင်ဖို့ မျှော်လင့်ထားပုံရသည်။ အနာဂတ်တွင် ကြည့်မြင်ရသလောက်ကိုပြောရလျှင် တရုတ်၏ မြန်မာ့ရေးရာနိုင်ငံရေးမူဝါဒ၊ ချဉ်းကပ်မှုအလုံးစုံနီးပါးသည် အနိုင်ရပါတီ၏ နိုင်ငံရေးနေရာရမှု၊ မူဝါဒအခင်းအကျင်းအပေါ် လုံးဝမှီတည်နေပါသည်။
ရှုပ်ထွေးလှသည့် တရုတ်နိုင်ငံ၏ဆက်ဆံရေးနှင့် ဒေါ်အောင်ဆန်းစုကြည်
-------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ၏ဆက်ဆံရေးသည် မြန်မာအုပ်ချုပ်ရေးအာဏာပိုင်တို့အပေါ် စိတ်မသက်မသာဖြစ်ခဲ့သည်မှာအမှန်ဖြစ်သည်။ ၁၉၉၀ပြည့်နှစ် ၂၀၁၁ခုနှစ်အကြားတွင် ဒေါ်အောင်ဆန်းစု ကြည်ကို နိုင်ငံရေးမျှော်လင့်ချက်ရှိသည်မှာမငြင်းကွယ်နိုင်သောအရှိတရားနှင့်လိုအပ်ချက်ကြောင့်ဖြစ်သည်။
၁၉၉၀ရွေးကောက်ပွဲရလဒ်ထုတ်ပြန်ပြီးနောက်ပိုင်းဗွေဆော်ဦးဂုဏ်ပြုသ၀ဏ်လွှာပေးပို့သည့်နိုင်ငံကြီးတွင် တရုတ်သည် ပါဝင်ခဲ့သည်။ သို့နှင့်တိုင်၊ စစ်အစိုးရကရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်လိုက်သည့်အခါ တရုတ်- မြန်မာဆက်ဆံရေးသက်ရောက်မှုရှိသွားစေခဲ့သည်။ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးကို ပြန်လည် ခေါ်ယူခဲ့သည့်အပြင် ၁၉၉၀နှစ်လယ်ပိုင်းမှ ၁၉၉၁ခုနှစ် ဇူလိုင်လအထိ မြန်မာနိုင်ငံသို့ ရုံးထိုင်မည့် တရုတ်သံအမတ်ကြီးကိုမစေလွှတ်ခဲ့ပေ။ ၂၀၁၀ရွေးကောက်ပွဲတွင်လည်း ထိုသို့အဖြစ်မျိုးမကြုံတွေ့စေရန် တရုတ်နိုင်ငံသည် ၂၀၁၀ပြည့်နှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိတရုတ်သံအမတ်ကြီးကို မြန်မာပြည်သို့ စေလွှတ်တာဝန်ပေးခြင်းကို ခေတ္တဆိုင်းငံထားရသည်။
စစ်အစိုးရအုပ်ချုပ်မှုနှစ်နှစ်ဆယ်အတွင်းပီကျင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့နှင့် ထိတွေ့ ဆက်ဆံမှုကိုလျှော့ချခဲ့သည်။ စစ်အစိုးရ၏ရာဇမာန်ကိုစိုးရွံ့၍ဖြစ်သည်။ ရလဒ်အနေဖြင့် တရုတ်သံတမန်များ၊ အရာရှိများ၊ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်တို့သည် ဒီမိုကရက်တစ်အတိုက်အခံတို့နှင့် လုံးဝအဆက် အဆံမရှိသလောက်ဖြစ်သွားရသည်။ ထိုမူဝါဒက စစ်အစိုးရလက်ထက်တွင် အလုပ်ဖြစ်ပြီး၊ နိုင်ငံရေးနှင့် စီးပွားရေးကိစ္စရပ်တို့တွင် တရုတ်သည် အစိုးရနှင့်သာချဉ်းကပ်ဆောင်ရွက်ခဲ့သည်။
. အတိတ်ကာလကဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့နှင့် အဆက်အသွယ်ကင်းမဲ့ခဲ့ခြင်းကြောင့် တရုတ်တို့သည် မည်သို့မျှထိခိုက်နစ်နာခဲ့ရခြင်းမရှိခဲ့ပေ။ သို့သော်၊ ၂၀၁၁ခုနှစ်တွင် တက်လာသည့် ဦးသိန်းစိန်အစိုးရကစတင်လိုက်သည့် မြန်မာ့နိုင်ငံရေးပြောင်းလဲမှုရေစီးကြောင်း၊ ပြည်တွင်းနိုင်ငံရေးတွင် ဒေါ်အောင် ဆန်းစုကြည် ပြန်လည်အားကောင်းလာသည့်အခါ တရုတ်တို့တွင် NLD နှင့်ဆက်ဆံရမည့်၊ ဆောင်ရွက်ရမည့် လက်တွေ့ကျသည့် မဟာဗျူဟာသည် အဆင်သင့်မရှိနိုင်ခဲ့ပေ။
၂၀၁၁နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ကိုတရုတ်သံအမတ်ကြီးသုံးဦးကသွားရောက်တွေ့ဆုံခဲ့သည့်အထိနီးနီးကပ်ကပ် ဆက်ဆံလာသည်။ တရုတ် အာဏာပိုင်တို့ကလည်း NLD ပါတီဝင်များ ၊ ကိုယ်စားလှယ်များကိုဖိတ်ခေါ်ခဲ့သည်။ မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်တို့သဘောထားတို့ကို ပြသနိုင်သမျှ ပြသခဲ့သည်။
ပုံမှန်ဆက်ဆံရေးနှင့် ဒေါ်အောင်ဆန်းစုကြည်
----------------------------------------------
ဒေါ်အောင်ဆန်းစုကြည်နှင့်NLD
၏အရေးပါမှုအခန်းကဏ္ဍကိုအသိအမှတ်ပြုလာရပြီးနောက်ပိုင်းတရုတ်သည် ၄င်းတို့နှင့်ဆီလျော်သည့် မူဝါဒများကို ကြံဆောင်ခဲ့ရသည့်တိုင်၊ စိုးရိမ်ပူပန်မှုတစ်ခုကဒေါ်အောင်ဆန်းစုကြည်၏ တိမ်းညွတ်ချက်များပင်ဖြစ်သည်။ ၁၅နှစ်ကြာအိမ်အကျယ်ချုပ်နှင့် နေထိုင်ခဲ့ရသည့် သူ့အဖို့ စစ်အစိုးရကိုသက်ဆိုးရှည်အောင် ဒေါက်တိုင်ဖြစ်စေခဲ့သည့် တရုတ်နိုင်ငံအပေါ် ခွင့်သာခိုက်တွင် မည်သို့ သင်ခန်းစာပေးမည်နည်းဟူသောအချက်ကိုစိုးရိမ်ကြသည်။ တဖန်၊ အနောက်နိုင်ငံကြီးများနှင့် နီးကပ်မှု၊ ဒီမိုကရက်တစ်နှုန်းစံများနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၏စိတ်ထဲတွင် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် အမြင်၊ သဘောထားများသည် လွန်စွာသတိထားဖွယ်ရာဖြစ်နေပြန်သည်။ တရုတ်ပြည်တွင်းရှိဒီမိုကရက်တစ် လှုပ်ရှားမှုများကိုတိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်တစ်မျိုးအားပေးထောက်ခံလာမည်ကိုစိုးရိမ်နေကြသည်။ ယုတ်စွအဆုံး၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လည်းဖြစ်သည့် ဒလိုင်းလားမားနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူလူရှီဘောင်တို့ကိုဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စာနာထောက်ထားကြောင်း ပြသမည်ကိုလည်းစိုးရိမ်ကြ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အနောက်နိုင်ငံကြီးများနှင့် လွန်စွာနီးကပ်သူဖြစ်သည့်အတွက် ၄င်း၏မူဝါဒ အခင်းအကျင်းတွင် တရုတ်နိုင်ငံကိုဆန့်ကျင်၊ ထိပ်တိုက်တွေ့မည့် အရာများ ရောယှက်ပါဝင်လာမည်ကို စိုးရိမ်ကြသည်။
လွန်ခဲ့သည့်လေးနှစ်အတောအတွင်းကာလကဒေါ်အောင်ဆန်းစုကြည်သည် တရုတ်တို့၏စိုးရိမ်ပူပန်မှုကိုနားလည်သဘောပေါက်ဟန်ရှိပြီး၊ တရုတ်နှင့်ပတ်သက်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် ခြေလှမ်းတစ်လှမ်းမျှ အမှားအယွင်းမရှိခဲ့ပေ။ တရုတ်အာဏာပိုင်များကလည်းဒေါ်အောင်ဆန်းစု ကြည်ကိုလေးစားမှုအပြည့်အ၀ဖြင့် ဆက်ဆံခဲ့ကြသည်သာဖြစ်သည်။ နှစ်နိုင်ငံဆွေးနွေးပွဲတွင်လည်းကောင်း၊ လူထုတွေ့ဆုံဆွေးနွေးပွဲတွင်လည်းကောင်း ၄င်းနှင့်၎င်းပါတီတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပေါ် ဆက်ဆံရေးကောင်းမွန်အောင် လိုလားကြောင်းထုတ်ဖော်လေ့ရှိသည်။ ဒေသခံများ၊ လူထုအဖွဲ့အစည်းများကကန့်ကွက်နေသည့်တိုင်အောင်၊ ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းစုံစမ်းစစ် ဆေးရေးကော်မရှင်ဥက္ကဋ္ဌအနေဖြင့် ၄င်းကြေးနီစီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် အတည်ပြုပေးခဲ့သည်။
နယ်စပ်ဒေသရှိတိုင်းရင်းသားရေးရာပဋိပက္ခများ၊ တရုတ်တို့၏ ဧရာမစီမံကိန်းကြီးများသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အတွက် ထိပ်တန်းဦးစားပေးဖြစ်သည်။ အဆိုပါကိစ္စရပ်များနှင့်ပတ်သက်လျှင် တရုတ်တို့အဖို့
အားကိုးရသော၊ အသိအမှတ်ပြုရသောပုဂ္ဂိုလ်မှာလည်းဒေါ်အောင်ဆန်းစုကြည်သာဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သည့် အရင်းခံများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည် အကြားပုံမှန်ဆက်ဆံရေးကိုထိခိုက်သွားနိုင်ပါသည်။ သို့သော်၊ ၂၀၁၅ခုနှစ် ဇွန်လတွင် ဒေါ်အောင်ဆန်းစုကြည်
၏ တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ်-မြန်မာအကြားဆက်ဆံရေး (တစ်နည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပေါ်ထားရှိလိုသည့် နိုင်ငံခြားမူဝါဒအခင်းအကျင်းနှင့် မြန်မာနိုင်ငံအပေါ်ထားရှိမည့် တရုတ်တို့၏နိုင်ငံခြားရေမူဝါဒအခင်းအကျင်းအကြား အကွာအဟ၊ ကွက်လပ်များကို ဖြည့်ဆည်းနိုင်ခဲ့သည်ဟုယူဆရပါသည် ) ဘက်နှစ်ဘက်စလုံးကလည်း ခြားနားလှသည့် သဘောတရားများကိုကျော်လွန်ကာဘုံအကျိုးစီးပွားကိစ္စရပ်များကိုဦးတည်ဆွေးနွေးနိုင်ခဲ့သည် ထင်သည်။ ပုံမှန်ဆက်ဆံရေးထိန်းထားနိုင်ဖို့သည် တရုတ်တို့၏မူဝါဒအမြော်အမြင်ကြီးမားမှုအပေါ်တွင်မူတည်နေသလို၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်တွေ့ဝါဒီ ဖြစ်မှုအပေါ်တွင်မူတည်နေပါသည်။ သို့သော်၊ အဆိုပါခရီးစဉ်တွင် တရုတ်၏အမြော်အမြင်ရှိမှု၊ ဒေါ်အောင်ဆန်းစုကြည်၏လက်တွေ့ကျမှုတို့ကိုအထင်းသာမြင်တွေ့ရမည်ဖြစ်သည်။
ဦးသိန်းစိန်အစိုးရလက်ထက် တရုတ်-မြန်မာဆက်ဆံရေး
----------------------------------------------------------
မထောက်မညှာစတမ်းပြောရလျှင်၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာ့နိုင်ငံ၏နိုင်ငံတကာဆက်ဆံရေးသည် တိုးတက်ဖြစ်ထွန်းမှုများစွာရှိခဲ့ပါသည်။ နိုင်ငံရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ နိုင်ငံတကာဆက်
ဆံရေးနယ်ပယ်တွင် အောင်မြင်မှုရှိပါသည်။ သို့နှင့်တိုင်၊ ပြဿနာများကရှိနေဆဲ။ ဥပမာ၊ မြစ်ဆုံစီမံကိန်းသည် အပြီးအပြတ်မဖြစ်နိုင်သေး။ ထို့အပြင်၊ တရုတ်-မြန်မာနယ်စပ်ဒေသရှိလက်နက်ကိုင်ပဋိပက္ခမျိုးသည် နှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်စေသည်မှာအမှန်ပင်ဖြစ်သည်။
မြန်မာ့အရေးနှင့်ပတ်သက်လျှင် မရေရာမှုတစ်ခုကအမေရိကန်-တရုတ်ဆက်ဆံရေးချိန်ခွင်လျှာညှိမှု အတိမ်းအစောင်းအပေါ်တွင် မူတည်နေပြန်ပါသည်။ မြန်မာနိုင်ငံသည် ဘက်မလိုက်၊ ကြားနေရေးဝါဒကို ဆက်လက်ကျင့်သုံးမည်ဟုတရုတ်တို့ဘက်မှ ယုံကြည်သည့်တိုင်အောင် သို့မဟုတ် ယုံကြည်ချင်သည်တိုင် အောင် မြန်မာပြည်တွင်းရေးတွင် အမေရိကန်ပြည်ထောင်စုအပါအ၀င် အနောက်နိုင်ငံကြီးများ၏ နက်နက်ရှိုင်း ရှိုင်းပါဝင်လာမှု၊ စီးပွားရေးတွင်လည်းအမေရိကန်၏မဟာမိတ်နိုင်ငံများ၏ ၀င်လာမစဲတသဲသဲဖြစ်မှုတို့က တရုတ်တို့ကိုရတက်မအေးစရာကအမှန်ပင်ဖြစ်ပြန်သည်။
ထိုသို့သောရတက်မအေးစရာအကြောင်းများက ၂၀၁၁ခုနှစ်နောက်ပိုင်းတွင် သိသိသာသာဖြစ်ထွန်းလာခဲ့သည်။ ၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံတွင် တရုတ်တို့၏ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈ ဒသမ ၂ ဘီလျံရှိခဲ့ရာမှ၊ ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင်မူ ဒေါ်လာ ၅၈ သန်းအထိထိုးဆင်းခဲ့သည်။ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင်မူဒေါ်လာ ၅၁၆ သန်းခန့်တိုးတက်လာခဲ့သော်လည်းတပ်မတော်အစိုးရလက်ထက်ကာလတရုတ်တို့၏ရင်းနှီးမြှုပ်
နှံမှုတို့နှိုင်းယှဉ်လျှင် ပြောပလောက်သောပမာဏအထိမဟုတ်သေးပေ။ တရုတ်သည် မြန်မာ၏အကြီးမားဆုံးကုန်သွယ်ဘက်နိုင်ငံအဖြစ်ရှိနေဆဲ။ ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုကဒေါ်လာ ၁၀ဘီလျံမှ ၂၅ ဘီလျံအထိရှိခဲ့သည်။ ထိုကုန်သွယ်မှုတွင် တရုတ်-မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်ခုတည်းပင် ဒေါ်လာ ၃ ဘီလျံခန့်ရှိသည်။ မသေချာမရေရာလှသည့် နိုင်ငံရေးဝန်းကျင်တွင် တရုတ်သည် မြန်မာ့နိုင်ငံရေးကိစ္စရပ်အမျိုးမျိုးတွင် အားသာမှုရရန် နည်းဗျူဟာပေါင်းစုံဖြင့် ချဉ်းကပ်ဆောင်ရွက်ခဲ့ကြသည်။ ပြီးခဲ့သည့် အောက်တိုဘာလကတစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲမှုစာချုပ်အားလက်နက်ကိုင်အဖွဲ့အစည်းအချို့ကိုလက်မှတ်မထိုးရန် တရုတ်နိုင်ငံမှဖိအားပေးခဲ့သည့် မြန်မာငြိမ်းချမ်းရေးဌာန မှတာဝန်ရှိသူတစ်ဦးက စွပ်စွဲပြောကြားခဲ့ခြင်းရှိခဲ့သည်။
NLD ၏ အနာဂတ် တရုတ်အပေါ်ထားရှိမည့် နိုင်ငံခြားရေးမူဝါဒ
-----------------------------------------------------------------
၂၀၁၆ခုနှစ်၊ မတ်လတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အစိုးရသစ်အနေဖြင့် နိုင်ငံတော်အုပ်ချုပ်ရေးတာဝန်ကို စတင်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကျန်ရစ်ခဲ့သည့် ပြဿနာပေါင်းသောင်းခြောက်ထောင်ကို NLD အစိုးရသည် ဆက်ခံဖြေရှင်းရမည်ဖြစ်သည်။ NLD အစိုးရသည် တရုတ်-မြန်မာဆက်ဆံရေးအခန်းကဏ္ဍအသစ်တစ်ရပ်ကိုဖွင့်လှစ်ရမည့် အခွင့်အရေးကိုစတင်နိုင်မည်ဖြစ်သည်။ မြန်မာလူထုကြားတရုတ်ဆန့်ကျင်ရေးလှိုင်းသည်ရှိသည်။ စစ်တပ်နှင့် ခရိုနီအပေါင်းပါတို့သည် တရုတ်စီးပွားရေးလုပ်ငန်းစုနှင့် အလွမ်းသင့်ခဲ့သည်။
NLD သည် တရုတ်နှင့်ဆက်ဆံရေးကို ပြည်တွင်းနိုင်ငံရေးရေစီးကြောင်းပေါ်မူတည်ပြီးခင်းကျင်းကစားမည်ဟုထင်သည်။ NLD အစိုးရလက်ထက် တရုတ်-မြန်မာဆက်ဆံရေးနှင့်ပတ်သက်လျှင် မူဝါဒဆိုင်ရာဆုံးဖြတ်ချက် ချမှတ်မှုလုပ်ငန်းစဉ်သည် နိုင်ငံ၏အကျိုးအမြတ်ပေါ်မူတည်ပါလိမ့်မည်။ NLD အစိုးရသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏မေတ္တာရပ်ခံချက်တိုင်းကိုလိုက်လျောမည်မထင်ပါ။ ပွင့်လင်းမြင်သာမှုရှိစွာ မြန်မာနိုင်ငံ၏အမျိုးသားအကျိုးစီးပွားကိုသာအခြေခံ၍ ဆုံးဖြတ်သွားပါလိမ့်မည်။
မကြာသေးခင်ကတရုတ်နိုင်ငံနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုလမ်းကြောင်းအတိုင်းဆက်လက်သွားမည်ကိုဖော်ပြခဲ့သည်။ ၂၀၁၅ရွေးကောက်ပွဲအပြီး၊ တရုတ် ဆင်ဟွာသတင်းဌာနနှင့်တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် တရုတ်နိုင်ငံနှင့် မိတ်ဆွေပီသစွာနေထိုင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုနှင်ပတ်သက်လျှင်မူလူထု၏ယုံကြည်စိတ်ချမှု၊ လိုလားမှုအပေါ်တွင် အဓိကဆုံးဖြတ်သွားမည်ဖြစ်ကြောင်းဖြေကြားသွားခဲ့သည်။ ထို့အပြင်၊ တရုတ်နိုင်ငံ၏ One Belt One Road ကိုလည်း ကြိုဆိုပါကြောင်းပြောကြားခဲ့သည်။ ထိုပြောကြားချက်ကတရုတ်ပြည်မအတွက် ကြိုဆိုစရာပင်ဖြစ်သည်။ သို့သော်၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံထံမှ ပစားပေးခြင်း၊ ပိုပိုသာသာဆက်ဆံခံရခြင်းထက် တန်းတူရည်တူဆက်ဆံမှုကိုမျှော်လင့်ရပါတော့မည်။
NLD အစိုးရပေါ်ထားရှိမည့် တရုတ်တို့၏မူဝါဒတိမ်းညွတ်ချက်
---------------------------------------------------------------
မြန်မာအပေါ် သြဇာလွှမ်းမိုးနေရခြင်းသည် တရုတ်တို့အတွက် စိတ်ကျေနပ်စရာတစ်ခုဖြစ်သည်မှာမငြင်းကွယ်နိုင်ပေ။ မြန်မာနိုင်ငံတွင် အစိုးရအပြောင်းအလဲဖြစ်တည်မှုကတရုတ်တို့၏မဟာဗျူဟာရည်ရွယ်ချက် ကိုပြောင်းလဲစေမည်လည်းမဟုတ်ပြန်ပေ။ တရုတ်သည် ၄င်းတို့၏ပင်လယ်ထွက်ပေါက်ဖြစ်သည့် ဘင်္ဂလားပင်လယ်အော်ဘက်ခြမ်းတွင် အခြေခံအဆောက်အဦးများနှင့် ဖွံ့ဖြိုးတိုးတက်မှုများစွာကိုလိုအပ်နေသေးသည်။
တည်ငြိမ်သော၊ အေးချမ်းသောနယ်စပ်ဒေသသည် တရုတ်အတွက် မရှိမဖြစ်လိုအပ်သည်။ ထိုပြင်၊ မြန်မာပြည် တွင်းတွင် အမေရိကန်ပြည်ထောင်စုနှင့် ယှဉ်ပြိုင်နေရဦးမည်ဖြစ်သည်။
ထိုသို့သောနောက်ခံအခြေအနေများကြောင့် NLD အစိုးရတက်လာပြီးနောက်ပိုင်းတွင် တရုတ်သည် မိတ်ဆွေပီသမှု၊ ရင်းနှီးဖော်ရွေမှုတို့ကိုစတင်ပြသပါလိမ့်မည်။ အစိုးရသစ်ကိုဘဏ္ဍာရေးအရင်းအနှီးများ၊ စီမံကိန်းအကူအညီများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အကူအညီများပေးအပ်ခြင်းတို့ထက် ပိုမိုပါလိမ့်မည်။ အစိုးရသစ်လက်ထက် ခြောက်လမှ တစ်နှစ်အတွင်းတရုတ်နိုင်ငံအတွက် ပဓာနကျလှသည့် တောင်းဆိုမှုတို့ကို မြန်မာအစိုးရသစ်ထံတောင်းဆိုပါလိမ့်မည်။ ထိုတောင်းဆိုမှုတို့တွင် မြစ်ဆုံစီမံကိန်းအရေး၊ ကျောက်ဖြူဆိပ်ကမ်းအထူးစီးပွားရေးဇုန်အတွက် တိကျပြတ်သားရှင်းလင်းသောအဖြေ၊ တရုတ်-မြန်မာအမြန်မီးရထားလမ်းဖောက် လုပ်ခြင်း၊ ဧရာဝတီမြစ်တစ်လျှောက် ပို့ဆောင်ရေးအစီအစဉ်များတို့ ပါဝင်လာပါလိမ့်မည်။
တရုတ်နိုင်ငံသည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတို့နှင့် ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းဖြစ်စဉ် တိုးတက်မှုကိုနီးနီးကပ်ကပ် စောင့်ကြည့်လေ့လာသွားမည်ဖြစ်သည်။ အထူးသဖြင့် တရုတ်နယ်စပ်ဒေသတစ်လျှေုာက် နေရာယူထားသည့် တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့အစည်းတို့အရေးတွင်ဖြစ်သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဦးဆောင်သွားမည်ဟုကြေညာခဲ့သည်။ စောင့်ကြည့်လေ့လာသူများကဒေါ်အောင်ဆန်းစုကြည်၏နောက်ခံ၊ လူထုအားနှင့် တိုင်းရင်းသားလူနည်းစုတို့၏
ယုံကြည်မှုတို့ကအကျပ်အတည်းလမ်းကြောင်းကိုကျော်လွန်သွားနိုင်မည်ဟုခန့်မှန်းကြသည်။ တရုတ်တို့၏ မဟာဗျူဟာမြောက်အကျိုးစီးပွားကို ခြိမ်းခြောက်နိုင်သည်မှာ မြန်မာပြည်မြောက်ပိုင်းရှိလက်နက်ကိုင်ပဋိပက္ခ အရေးပင်ဖြစ်သည်။
တည်ငြိမ်သော၊ အေးချမ်းသော မြန်မာပြည်သည်သာတရုတ်နယ်စပ်ဒေသလုံခြုံရေးနှင့် အကျိုးစီးပွားကိုကောင်းစွာဖော်ဆောင်ပေးနိုင်မည်ဟုနားလည်ထားကြသည်။ အကယ်၍သာဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းရင်းသားရေးရာပြဿနာများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နိုင်နိုင်နင်းနင်းဦးဆောင်မှုပြုနိုင်ပါကတရုတ်သည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကိုကဖျက်ကယက်လုပ်လိမ့်မည် မထင်ပါ။
တရုတ်သည် အချို့သောအခြေအနေများအတွက် မြန်မာ့နိုင်ငံရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီပေးကမ်းမှုများဖြင့်ချဉ်းကပ်ဆောင်ရွက်ပါလိမ့်မည်။ စီးပွားရေးစီမံကိန်းများနှင့်ပတ်သက်၍ ပူးပေါင်းဆောင် ရွက်မှုများကိုတောင်းဆိုပါလိမ့်မည်။ အနောက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သည့်နည်းတူ၊ တရုတ်တို့၏အကျိုးစီးပွားကိုလည်းလေးစားမှုရှိဖို့ တောင်းဆိုပါလိမ့်မည်။ ဘက်မလိုက်သည့် သံတမန်ရေးရာသည် အပြောလွယ်သလောက် အလုပ်ခက်လှပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနောက်နိုင်ငံကြီးများနှင့် နီးစပ်၊ နီးကပ်သည်ဟုဆိုသည့်တိုင် အခါခမ်သိမ်းထိုနိုင်ငံများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြားချောမွေ့ ပြေပြစ်ခဲ့သည်တော့မဟုတ်ပါ။ အဖုအထစ်များ၊ လွဲချော်မှု ရှိခဲ့ပါသည်။ ထိုသို့ဆိုရလျှင်၊ ဒေါ်အောင်ဆန်းစုကြည် ၏ ဒီမိုကရက်တစ်နှုန်းစံ၊ အနောက်နိုင်ငံကြီးများနှင့်ဆက်ဆံရေးတို့ကဦးသိန်းစိန်အစိုးရလက်ထက် တရုတ်-မြန်မာဆက်ဆံရေးအခြေအနေထက် ပိုမိုဆိုးရွားသွားနိုင်လားဟုတွေးပူးစရာတစ်ခုရှိပါလိမ့်မည်။ NLD အစိုးရသည် ထိုသို့သောတွေးပူချက်ကိုအထူးအလေးအနက်ထားစဉ်းစားရပါလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့အနေဖြင့် တရုတ်သည် အခြားနိုင်ငံရေးအင်အားစုကို လုံးဝမျက်ကွယ်ပြုပြီး၊ NLD ကိုသာအထူးအရေးပေးဆက်ဆံမည်ဟူသောတွေးဆချက်ကိုပယ်ဖျောက်သင့်သည်။တရုတ်သည် ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်နှင့် ခရိုနီတို့ကိုလည်းတတ်နိုင်သမျှ ထိတွေ့ဆက်ဆံဦးမည်ဖြစ်သည်။ ခြုံငုံပြောရလျှင်၊ တကယ်တမ်း မြန်မာ့နိုင်ငံရေးအနာဂတ်ကိုမည်သည့် အဖွဲ့အစည်း၊ပါတီတစ်ခုကမျှအဆုံးအဖြတ်မပေးနိုင်ပါ။ထို့ကြောင့်၊အသုံးဝင်မှုအနည်းနှင့်အများကွာခြားသော်လည်း အလားအလာရှိသည့် နိုင်ငံရေးအင်အားစုအားလုံးနှင့် အဆက်အသွယ်၊ အဆက်အဆံကမူရှိနေဦးမည်ဖြစ်သည်။ ဘက်တစ်ဘက်ပေါ် အသေရပ်တည်ခြင်းသည် အလျော်အစားကြီးမားလှကြောင်းကိုတရုတ်တို့သည် ကောင်းစွာသဘောပေါက်ထားသည်။ 

နိဂုံးသုံးသပ်ချက်
---------------
စစ်အစိုးရလက်ထက်တွင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာတစ်ဘက်စောင်းနင်းဖြစ်ခဲ့ရသည့် ဆက်ဆံရေး၊ ဦးသိန်းစိန်အစိုးရလက်ထက် ငါးနှစ်တာကာလပတ်လုံးတွင် တရုတ်-မြန်မာဆက်ဆံရေးတည်ငြိမ်မှုကိုဘက်နှစ် ဘက်စလုံးကတတ်နိုင်သမျှ ထိန်းသိမ်းနိုင်ခဲ့သည်။ ပုံမှန်ဆက်ဆံရေး၊ မျှခြေတစ်ခုကိုထိန်းထားနိုင်ရန်သည် နိုင်ငံရေးဥာဏ်စဉ်ကြီးမားမှု၊ ရဲရင့်ပြတ်သားမှု၊ ခေါင်းဆောင်မှုကောင်းမွန်ခြင်းတို့လိုအပ်ပါလိမ့်မည်။ ဘက်နှစ်ဘက်စလုံးသည် မိမိတို့အလိုရှိသလောက် ရရှိနိုင်မည်မဟုတ်ပေ။ တရုတ်အနေဖြင့် သဘောပေါက် နားလည်ထားသင့်သည်မှာ NLD အစိုးရသစ်သည် ယခင်အစိုးရများထက် လူထု၏အသံ၊ လူထု၏လိုအပ်ချက် ကိုလျင်လျင်မြန်မြန် အရေးတယူဆောင်ရွက်နိုင်လိမ့်မည်ဟူသောအချက်ပင်ဖြစ်သည်။ ထို့အပြင်၊ NLD အစိုးရသည် လူထု၏ထောက်ခံမှုအားကိုအစွမ်းကုန်ဆွဲတင်ပြီးတရုတ်၏ဖိအား၊ ဆွဲအားတို့ကိုလိမ္မာပါးနပ်စွာကစားသွားပါလိမ့်မည်။
ရည်ညွန်း။ ။ Yun Sun is a Senior Associate at the Henry L. Stimson Center and a nonresident fellow at the Brookings Institution.ကိုဆီလျော်အောင်ပြန်ဆိုပါသည်။

ရိုသေစွာဖြင့်


ကိုဇန်

"မောင်ဖိုးချိုနှင့် ကြိုးဝိုင်း"

$
0
0
Yekkha Ye Jee's photo.
------------------------
"ဂျက်""ဂျက်"
"ဖု""ဖု"
"ဂျက် ဂျက် ဖု"
"ဂျက် ဂျက် ဖု"
. . . မောင်ဖိုးချိုတို့အိမ်ရှေ့မြေကွက်လပ်မှအသံများဖြစ်၏။ မောင်ဖိုးချိုတစ်ယောက် သူ၏တူတော်မောင် 'စမုံ'အား နွေရာသီကျောင်းအားရက်အတွင်း မြန်မာ့ရိုးရာ လက်ဝှေ့ထိုးသင်ပေးနေသောအသံများ ဖြစ်လေသည်။
"ခေါင်းကို ဘယ်ဘက်စောင်းထား .. စောင်း .. စောင်းဦး ၊ ဘယ်ပုခုံးကိုမြှင့်ထား .. မြှင့်ဦး မြှင့်ဦး .. ဟုတ်ပြီ ၊ ကိုယ့်ဘယ်ဘက်နားအုံကို ဘယ်ဘက်ပုခုံးနဲ့ ကာထားတဲ့သဘောပဲ .. ၊ ညာဘက်နားအုံကိုကျ ညာလက်သီးနဲ့ကာထားရတယ် .. ၊ သဘောပေါက်လား"

"ဒီလိုစောင်းငန်းကြီးနဲ့ လက်သီးထိုးရမှာလား"
"အေးပေါ့ . . နောက်တော့ အကျင့်ရလာရင် သိပ်စောင်းစရာမလိုတော့ဘူး . . လုပ်"
"ဂျက် ဂျက်"
"ဂျက် ဂျက်"
"ဖု"
"ဖု ဆိုတာကြီးက ဘာလဲဦးချိုရာ . . ထိုးလိုက်လို့ ဖုသွားမယ်လို့ပြောချင်တာလား"
"ဖု ဆိုတာ ဝိုက်လက်သီးပါဆိုကွာ . . ဂျက်က ဖြောင့်လက်သီး . . ပြီးရောမဟုတ်လား လုပ် လုပ်"
"ဟင့်အင်း . . အဲဒါကြီး သားမဆိုချင်ဘူး . . ဘာမှန်းလဲမသိဘူး ဖု ဖု နဲ့ . . "
"ခက်တဲ့ကောင်ပဲ . . ငါတို့တုန်းကလည်း ဒီလိုပဲ . . အော်ခဲ့ရတာပဲကွ"
"ဘာမှန်းမသိပဲ ဦးချိုက အော်တာပဲလား . . အဲဒါ မြန်မာလိုလား ၊ အင်္ဂလိပ်လိုလား"
"ငါမသိဘူးကွ . . ဆရာက ဂျက်ဆို ဂျက်ပေါ့ ၊ ဖုဆို ဖုပေါ့ကွာ . . မင်းတို့လို လျှာမရှည်ရပေါင်"
"သားတော့ မအော်ချင်ဘူးဗျာ . . မြန်မာလိုဖြင့်လည်း မြန်မာလို ၊ အင်္ဂလိပ်လိုဖြင့်လည်း အင်္ဂလိပ်လို ပီပီသသပဲ အော်ချင်တယ် . . ခုဟာကြီးက မြန်မာလားမသိ အင်္ဂလိပ်လားမသိ . . တဖုဖု နဲ့"
"ဟ . . မအော်ပဲ လက်သီးထိုးလို့ရမလားကွ . . ဒီလိုပဲ လေ့ကျင့်တုန်းအော်ရတာပေါ့ . . နောက် မင်းထိုးတတ်သွားတော့လည်း တဖုဖု နဲ့ အော်နေစရာမလိုပါဘူး"
"ဘာလဲ စမုံ . . ပြော ဖိုးဖိုးကိုပြော" . . မောင်ဖိုးချို၏ အဖေရောက်လာပြီ။
"လက်သီးထိုးရင်အော်ရမယ်တဲ့ ဖိုးဖိုးရဲ့ . . ဂျက် တဲ့ ၊ ဖု တဲ့ . . ဘာမှန်းလည်း မသိဘူး . . ဖု ဆိုတာကြီးကို မအော်ချင်ဘူး"
"ဟုခ် ပါကွ ဟုခ် . ဟုခ် . . H o o k ဟုခ် . . ဟွတ်ခ် လို့လည်းအသံထွက်တယ် . . ဝိုက်လက်သီးလေ"
"တွေ့လား . . သားပြောသားပဲ . . ဦးချို အသံမပီတာနေမှာလို့ . . ဂျက် ကရော"
"ဂျက်ဘ် လေ . . J a b ဂျက်ဘ် ထောက်လက်သီး ပေါ့"
"တွေ့လား ဖိုးဖိုးကမှ သိသေးတယ် . . ဂျက်ဘ် ၊ ဟုခ် ၊ ဂျက်ဘ် ၊ ဟုခ် . . နော် ဖိုးဖိုး"
"အင်း"
"အဲဒါဆိုလည်း မင်းဖိုးဖိုးကို သင်ခိုင်းလိုက်ပေါ့ကွာ . . အဖေ့မြေးကို အဖေပဲ သင်ပေးလိုက်တော့"
. . . မောင်ဖိုးချိုရေသောက်ရင်း ထိုင်၏။ လက်အိတ်ကိုချွတ်၏။ ခေတ်ကာလ ချာတိတ်များကား မလွယ်။ ကျိုးနွံဝပ်တွားမှုအလွန်နည်းပါးကြသည်။ အထွန့်ကလေးတက်လိုက်ရမှ သူတို့နေသာပြီး စားဝင်အိပ်ပျော်ကြပုံပေါ်သည်။ မိမိတို့ ချာတိတ်ဘဝကနှင့် ကွာချင်တိုင်းကွာတော့သည်။ မိမိတို့ကား လူကြီးက ဖု ဆို ဖု လိုက်ရုံသာ။ ဖု လိုက်မည်သာ။ ပါးစပ်က မဖုလျှင်လည်း ခေါင်းတွင်ဖုရန်ရှိသည်မဟုတ်လော။ အထွန့်တက်ရန် မစဉ်းစားဘူးပေ။ ဝိစိကိစ္စာနည်းပါးလှ၏။ . . သင်းတို့ကို ပြောလျှင် သူတို့မှာ မဟာဒီမိုကရေစီခေတ်ကြီးအတွင်း လူဖြစ်လာသူများဖြစ်ကြောင်း ၊ မိမိတို့လို အာဏာရှင်လက်ကိုင်တုတ် အသိုးကြီးများနှင့် လားလားမျှမဆိုင်ကြောင်း . . ကလေးပါးစပ်နှင့် လူကြီးစကားပြောပြလိမ့်ဦးမည်။
. . . အေဘီစီဒီ တစ်လုံးမျှမတတ်ရှာသော မိမိတို့ဆရာ ကရင်အဘိုးကြီးကို သတိရမိ၏။ ပိတ်ထူစနှင့်ချုပ်ထားသော သဲအိတ်ကြီးများကို သတိရ၏။ သင်တန်းစတက်သောနေ့က သဲအိတ်ကြီးကို တဘုန်းဘုန်းထိုးခဲ့လေသည်။ ဆရာကြီးက ကွမ်းဝါးရင်း ပြုံးစိစိနှင့်ကြည့်နေ၏။ "တယ် လက်သီးပြင်းတဲ့အကောင်ပါကလားဟေ့"ဆို၏။ မောင်ဖိုးချို အလွန်မြောက်လေသည်။ "လုပ်စမ်းပါဦး ခပ်ပြင်းပြင်းကလေးတစ်ချက်"ဆိုသော် သဲအိတ်ကို ကွဲမတတ် တဘုန်းဘုန်းထိုးခဲ့လေသည်။ . . . နောက်တနေ့ မိုးလင်းသော် လက်များယောင်ကိုင်းနေ၏။ လက်သီးပင်ကောင်းကောင်းမဆုပ်နိုင်။ သဲအိတ်ရှေ့ရောက်သော် ဖွဖွကလေးထိုးကြည့်၏။ 'အားလားလား'ဟု အော်ရလေသည်။ ဆရာကြီးတွေ့သော် "လက်သီး တယ်ပြင်းတဲ့ ဖိုးချို . . ခပ်ပြင်းပြင်းကလေးဆော်ပြပါဦး"ဟု ပြုံး၍ဆိုလေသည်။
. . . တူတော်မောင်၏ သဲအိတ်ကား သားရေစနှင့်ချုပ်သော အကောင်းစားသဲအိတ်ဖြစ်လေသည်။ ထိုးလိုက်လျှင် အိခနဲနေ၏။ သည့်အပြင် လက်ဝှေ့လက်အိတ်ကိုစွပ်ထားသေးသည်။ အဘယ်မှာ လက်နာချိမ့်မည်နည်း။ အဘယ်မှာ လက်သီးပြင်းမည်နည်း။ သင်းတို့ကား အစစလွယ်ကူသောခေတ်တွင်ကြီးပြင်းရသဖြင့် အောက်သက်ကမကျေ ၊ အောက်ခြေကလွတ်သေး၏။ မိမိတို့မှာကား လက်အိတ်ကိုဝတ်ခွင့်မရခဲ့လေ။ ဗလာလက်သီးကိုသာ မာသထက်မာအောင်ကျင့်ခဲ့ရ၏။
"လက်သီးပြောင်ကြီးထိုးတာဟာ အားကစားနဲ့ မတူဘူးတဲ့ ဦးချိုရဲ့"
"ဟ . . မြန်မာ့ရိုးရာလက်ဝှေ့က အားကစားမဟုတ်လို့ဘာတုန်း . . ရိုးရာမှာ ဗလာလက်သီးပဲထိုးတယ်ကွ . . လက်အိတ်နဲ့ထိုးချင်ရင် အင်္ဂလိပ်ဘောက်ဆင်သွားထိုးချည်"
"မှုတ်ဘူးလေ . . မွေထိုင်းမှာလည်း လက်အိတ်နဲ့ပဲထိုးတာပါ . . မြန်မာ့လက်ဝှေ့ကို ကမ္ဘာပေါ်မှာအရက်စက်ဆုံး ရိုးရာအားကစားနည်းလို့ ပြောတယ်တဲ့ ဦးချိုရဲ့ . . "
"ဘယ်သူကပြောတာလဲ . . ဘာရက်စက်လို့လဲ"
"ဦးချိုကလဲ . . မလဲမချင်း အတင်းထခိုင်း ထိုးခိုင်းနေတဲ့ ဥစ္စာ"
"အေးလေ . . အဲဒါ သတ္တိပေါ့ ၊ ဇွဲပေါ့ ဟ . . ငါတို့လူမျိုးပဲ ဒါမျိုးထိုးနိုင်တာ ၊ ထိုးရဲတာ . . ဂုဏ်ယူစရာကွ မှတ်ထား"
. . . သင်းသည် အသက် ၁၀နှစ်ကျော်ဖြစ်၍သာ တော်တော့သည်။ အသက်၂၀ကျော်လာလျှင် ဝေးဝေးနေမှဖြစ်လိမ့်မည်။ လက်အိတ်စွပ်နေသောတူတောင်မောင်ကို ကြည့်ရင်းတွေးမိသည်။ မိမိတို့ငယ်စဉ်က လက်အိတ်စွပ်၍ အလွန်ကစားချင်ခဲ့သည်။ လက်သီးလည်းမနာ ၊ လက်အိတ်ကြီးက ကြီးသဖြင့်အကာအကွယ်လည်း ကောင်းကောင်းရသည်။ ဆရာကြီးက မကြိုက်သဖြင့် သူတို့လက်အိတ်ဝတ်ခွင့် မရကြပေ။ ဗလာလက်သီးပြင်းစေရန်ဖြစ်၏။ သူတို့အားလုံး ဗလာလက်သီးပြင်းကြသည်။ လက်ဖျံရိုးကို ခြေနှင့်တဖြောင်းဖြောင်းအခတ်ခံနိုင်ခဲ့ကြသည်။ ဤသို့ မာလှသဖြင့် မိမိ၏လက်ပြန်ရိုက်ချက်တွင် 'ညိုကြီး'တစ်ယောက် မေ့လဲခဲ့ရခြင်းကို အမှတ်ရလေသည်။
. . . 'ညိုကြီး'မှာ မောင်ဖိုးချိုတို့၏ စီနီယာဖြစ်သည်။ လူကောင်ခပ်ပျပ်ပျပ်နှင့် လက်ထွက်အလွန်မြန်သူဖြစ်၏။ မောင်ဖိုးချိုထက်အရင်ရောက်သူဖြစ်၍ ပညာလည်းပိုတတ်နေပြီ။ လေ့ကျင့်ရင်းအစမ်းကစားခိုင်းသောတစ်နေ့တွင် ညိုကြီးနှင့် မောင်ဖိုးချိုထိုးကြ၏။ လူကောင်ထွားသောမောင်ဖိုးချိုကို ပညာသာသော ညိုကြီးနှင့် ဘက်တွဲပေးခြင်းဖြစ်သည်။ . . စသည်နှင့် ညိုကြီးက အစွမ်းပြချင်ဇောဖြင့် တရစပ်ဖိထိုးခဲ့သည်။ လက်သီးငါးလုံးလောက်ထိပြီး အသားနာလာသောအခါ မောင်ဖိုးချိုလည်း ညှစ်ကာရုန်းကာ ထိုးတော့သည်။ ပညာနှင့် လူကောင် ၊ ပါဝါနှင့် ခံနိုင်ရည် ပြန်မျှနေသဖြင့် လေ့ကျင့်ပွဲနှင့်မတူတော့ပဲ ပွဲဆူလာသည်။ ညိုကြီးကွ ၊ ဖိုးချိုကွ အော်ကြသည်။ အောက်ပိုင်းကန်ချက်နှင့် လက်သီးတွဲလုံးမိပြီး မောင်ဖိုးချိုမူးချိန်တွင် ညိုကြီးက အလဲထိုးရန်ကြိုးစားကာ ဖွင့်ထိုး ဖိထိုးသည်။ ခံရင်း ဆုတ်ရင်း ဟန်ချက်ပျက်ကာ ရမ်းသမ်းထွက်လာသော မောင်ဖိုးချို၏ လက်ပြန်ရိုက်ချက်က ညိုကြီးနားထင်ကို မိမိရရထိပြီး ညိုကြီးလဲလေသည်။ ဆရာက ရပ်ခိုင်းသော် ညိုကြီး ရှက်၍မဆုံးပဲ အမျက်သိုတော့သည်။
"ဘာတွေ ပြုံးစိပြုံးစိလုပ်နေတာလဲ ဦးချို . . 'ဖိုးကေ'ကို 'ပါဝိ'ကန်သလို ဘောဖြတ်ကန်လိုက်လို့ တခါတည်း ပွဲသိမ်းသွားမယ်" . . စမုံ့စကားကြောင့် မောင်ဖိုးချိုလည်း ရောင်ရမ်းပြီး ပေါင်ကိုကျုံ့ရသည်။
"အဲဒါ အားကစားစိတ်ဓာတ်မရှိတာပေါ့ကွ"
"မှုတ်ပါဘူး . . ပါဝိ က တမင်ကန်ပြတာပါ . . သားတို့ မြန်မာ့လက်ဝှေ့က စနစ်တကျမရှိဘူးဆိုတာပြချင်လို့"
"ပြောတာပါကွာ . . အလကား ၊ ငါတော့ 'ပါဝိ'မကြိုက်ပါဘူး"
"'တွေ့မရှောင်'ကြိုက်တာမို့လား"
"လုံးချော"
"သူ့နာမည်က ဘာလို့ လုံးချောဖြစ်ရတာလဲ"
"လုံးပြီးချောနေလို့ဖြစ်မှာပေါ့ကွ"
"ဘာကြီးလဲဗျ . . သားတော့ 'စိုးလင်းဦး'ပဲကြိုက်တယ်"
"စိုးလင်းဦး ခု အသက်ကြီးလာတော့ ငါ မကြိုက်တော့ဘူး . . ဒီကောင်က သူများကို ရိတာတွေ ၊ လှောင်တာတွေ အရမ်းလုပ်လာတယ်"
"အဲဒါ မိုက်တာပေါ့ . . ဒီလိုမျိုးလျှာထုတ်ပြပြီး ထိုးတာလေ . . ဘလွတ် ဘလွတ်"
"မဟုတ်ဘူး စမုံရဲ့၊ မှားတယ် . . ပြိုင်ဘက်ကို မလှောင်ရဘူး . . လေးစားမှုထားရတယ် ၊ ဒါတွေက အခြေခံ ကစားသမားကျင့်ဝတ်ကွ . . ငါတော့ အဲဒါမျိုး ကစားသမားတွေကို အရမ်းရှုတ်ချတယ် ၊ ပညာဘယ်လောက်တော်တော် အထင်မကြီးဘူး။ . . စစချင်းမထိုးခင် လက်ဆွဲနှုတ်ဆက်တာ ကနေ၊ ပြီးတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ကျောပုတ်ပေးတာထိ . . တကယ့်ရိုးရာက ထိုးပြီးရင် အသက်ကြီးသူကို ပြန်ကန်တော့တောင်းပန်ရသေးတယ်"
. . . ပြောသာပြောရသည် ၊ ညိုကြီးနှင့်မိမိ ကြိုးဝိုင်းပေါ်တွေ့စဉ်က လက်ဆွဲနှုတ်မဆက်ခဲ့ပေ။ ဒိုင်လူကြီးက လက်ကမ်းခိုင်းသည်ကိုပင် ရှောင်ခဲ့ကြကြောင်းပြန်သတိရသည်။
. . . ညိုကြီး၏ လိုလားမှုကြောင့် သူတို့နှစ်ဦး ကြိုးဝိုင်းထဲရောက်ခဲ့ကြသည်။ ဆရာက တပည့်ချင်း မထိုးစေလိုသော်လည်း ကာယကံရှင်နှစ်ဦးလုံးက ဆန္ဒရှိနေသဖြင့် ၃ချီ အပျော်တမ်းတွဲဆိုင်းတွင် တင်ပေးလိုက်လေ၏။ . . သူတို့နှစ်ဦးကား မျက်လုံးချင်းမဆိုင် ၊ လက်ချင်းမကမ်းပဲ ရန်သူများအလား အငြိုးနှင့်ထိုးကြသည်။ သူလည်းထိ ကိုယ်လည်းထိ ၊ ဇွဲချင်းထောက်ပြီး အသည်းပေါက်အောင်ထိုးသည်။ မောင်ဖိုးချိုမျက်လုံးတစ်ဘက် ပိတ်သွား၏။ ညိုကြီးမျက်ခုံးမှ သွေးစိမ်းရှင်ရှင်စီးကျ၏။ ပွဲကောင်းကိုဆက်ကြည့်ချင်ပုံရသော ဆရာဝန်က 'ဆက်ထိုး ဆက်ထိုး'ဟု ဆိုသဖြင့် ၃ချီစေ့သည်အထိ ထိုးခဲ့ကြလေသည်။
. . အနိုင်အရှုံးမပေါ်။ အချို့က ညိုကြီး၏ တွဲလုံးများအလွန်လှသည် ဆို၏။ အချို့က မောင်ဖိုးချို၏ကောင်တာ အလုံးများကို လွန်စွာအားရကြ၏။ ပညာများစွာမကောင်းကြသေးသော်လည်း ပွဲက ပွဲကောင်းဖြစ်ခဲ့လေသည်။ ပွဲပြီးချိန် ဒိုင်လူကြီးက နှစ်ဦးလုံး၏ လက်များကို ကိုင်မြှောက်ပြီးသော် တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်နှစ်သိမ့်စေ၏။ မောင်ဖိုးချိုနှင့် ညိုကြီးက မလှုပ်ချေ။
. . . ဆရာကြီး ကြိုးဝိုင်းပေါ်သို့ တက်လာလေသည်။ ဒိုင်လူကြီးက အနောက်ဆုတ်ပေး၏။
"တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်စမ်း" . . ဆရာ့စကားကို မငြင်းဝံ့သဖြင့် လက်ချင်းကမ်းကြရသည်။
"မလွှတ်နဲ့ ကိုင်ထား . . မင်းတို့နှစ်ယောက်က ရန်သူလား ၊ ဟင် . . ငါ့ပြောစမ်းပါ ၊ ရန်သူတွေလား" . . နှစ်ယောက်စလုံး ခေါင်းခါကြသည်။
"အေး . . အားကစားစိတ်ရှိရမယ် ၊ ပြီးတော့ အချင်းချင်းဆိုတဲ့စိတ်ရှိရမယ် . . ၊ ဟိုမှာကြည့်စမ်း တခြားတွဲဆိုင်းတွေ . . ဘယ်သူမှ ကိုယ့်လူချင်းမထိုးဘူး ၊ တစ်ကျောင်းတည်းသားချင်း မထိုးဘူး . . ၊ မင်းတို့သာ ထိုးချင်လွန်းလို့ တင်ပေးရတာ . . ခုထိုးပြီးပြီ .. တော်ပြီ ပြီးပြီ ဒါပဲ . . ။ ရှေ့လျှောက် တခြားကျောင်းက တခြားအဖွဲ့ကလူတွေနဲ့ ပြိုင်ရမယ် . . ၊ ကိုယ့်ချင်းချင်း ရန်ဖြစ်နေလို့ရမလား။ မကျေနပ်သေးရင် မင်းတို့နှစ်ယောက် ဒီနေ့အပြီးထိုး . . နောက် မထိုးရတော့ဘူး . . ။ ပြောစမ်း . . ထိုးချင်သေးသလား မင်းတို့နှစ်ယောက် . . ထိုးချင်ရင် ခု ရေကုန် ဆက်ထိုးခိုင်းမယ်"
"ဟင့်အင်း . . မထိုးတော့ပါဘူး" . . ညိုကြီးဆိုသည်။
"ကျေနပ်တယ်နော် . . မင်းရော ဖိုးချို . . ထိုးချင်သေးလား"
"ဟင့်အင် . . အား ကျွတ်ကျွတ် . . မထိုး ကျွတ်ကျွတ် မထိုးဘူး . . အား နောက်လည်း မထိုးတော့ဘူး . . ကျွန်တော့်အတွက် ကျွတ်ကျွတ်ကျွတ် ဒါနောက်ဆုံးကြိုးဝိုင်းပဲ . . အား ရှီး ညကျ ထမင်းဝါးနိုင်မယ် မထင်ဘူး"
"တခြားကြိုးဝိုင်းအသစ်တွေလာမှာပေါ့ကွာ" . . ဆရာကြီးက ပြုံး၍ဆိုပြီး ပြန်ဆင်းသွားသည်။
. . . မောင်ဖိုးချိုနှင့် ညိုကြီး တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြ၏။ တိုက်တွန်းသူမရှိပဲ တစ်ယောက်နှင့်တစ်ယောက် ဖက်ကာကျောကို ပုတ်ကြသည်။ အပေါင်းအသင်းများက လက်ခုပ်ဝိုင်းတီးကြရာ ကစားနေစဉ်က တီးသောလက်ခုပ်သံထက်ပိုကျယ်သယောင် ထင်မိကြလေသည်။
"ပြုံးစိစိ လုပ်နေပြန်ပြီလား . . ကန်လိုက်မယ်"
"အာ ကွာ . . ထိုးပါဆို အချက်ရေ ပြည့်ပြီလား"
"မပြည့်သေးဘူး . . သားမထိုးချင်တော့ဘူး ၊ လက်ညောင်းပြီ . . ခြေကန်သင်ပေး ဦးချို . . ဒီလိုမျိုးလေ ယိ ဒရှိ"
"အောင်မာ ၊ အမြင့်ကန်က နောက်ဆုံးမှသင်ရမှာ . . မရဘူး ဂျက်ဖုပဲ ဆက်ထိုးဦး"
"တွီတွီတွီ . . တွီတွီ"
. . . မောင်ဖိုးချို၏ လက်ကိုင်ဖုန်း မြည်သည်။ စမုံက ပြေးကိုင်၏။
"အင့် . . ဦးချိုကို ဘောပိတ်ကန်မယ့်သူ လာပြီ"
"ဘယ်သူတုန်း"
"ဦးချို စော်ကြီးပေါ့"
. . . တမြန်နေ့က ဈေးဝယ်ကုန်တိုက်ကြီးအတွင်းနွှဲခဲ့ရသော ရန်ပွဲကို မောင်ဖိုးချို ချက်ချင်းသတိရ၏။ သက်ပြင်းချရင်းက ဖုန်းကိုလှမ်းယူလေသည်။
. . . အပေါ်စီးမှ ဆက်တိုက်ဖိထိုးရကောင်းမလားတွေး၏။ ကောင်တာပေါက်သွားက မလွယ် ၊ သူ့ ဒူးချက် အလွန်ပြင်းကြောင်း ကောင်းကောင်းသိ၏။ အရှိုက်ကို တည့်တည့် ထိမြဲချည်းဖြစ်၏။ စကတည်းက ခပ်ခွာခွာလေးနှင့် ၊ ထောက်လက်သီးကလေးများနှင့် ခံစစ်ကစားလျှင် ပိုကောင်းလိမ့်မည်မှတ်သည်။ ဒါကလည်း အလွန်သတိရှိမှဖြစ်မည်။ သူကား အပူးအသတ် အလွန်ကျင်လည်သူဖြစ်၏။ ပူးမိကပ်မိသည်နှင့် ကိုယ်ပဲအမြဲနာကြောင်း ကောင်းကောင်းသိသည်။ ခေါင်းတိုက်ချက်တွင် မျက်ခုံးကွဲခဲ့ပေါင်းများပြီ။ . . လှဲချရန်လည်း မဖြစ်၊ သိက္ခာက ရှိသေးသည်။
"ဟ လို "
မောင်ဖိုးချို မျက်လုံးထဲတွင် ကြိုးဝိုင်းများကို မြင်လာသည်။ အနီထောင့်နေရမလား ၊ အပြာထောင့်နေရမလား မဝေခွဲနိုင်သေးချေ။


(ယက္ခ)ရဲကြီး။

၅_၆.၁၂.၁၅။



မူဝါဒများပုံဖော်ထုဆစ်ခြင်းနှင့် ထောက်လှမ်းရေးအဖွဲ့အစည်း ၏အခန်းကဏ္ဍ

$
0
0

ကို ဇန်'s photo.

ရန်ကုန်၊ ဒီဇင်ဘာ ၂၈
နိဒါန်း
-----------
---------
အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးမူဝါဒနယ်ပယ်ရှိ မူဝါဒများကို ပုံဖော်ထုဆစ်ပုံသွန်းမည့်အခန်းကဏ္ဍတွင် အဓိကနှင့်အခြေခံအကျဆုံးဖြစ်သည့် နိုင်ငံရေးသမားများ၊ မူဝါဒချမှတ်ရေးဆွဲသူများ၊ အဆုံးအဖြတ်ပေးမည့်သူများသည် ထောက်လှမ်းရေးအဖွဲ့အစည်းတို့၏အခန်းကဏ္ဍ၊ လုပ်ငန်းစဉ်။ သဘော၊သဘာဝတို့ကို အတိုင်းအတာတစ်ခုအထိ ဆ၀ါး မိဖို့လိုအပ်သည်။ ထိုလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်လျှင် မူဝါဒရေးရာအခင်းအကျင်းကောင်းများ ပေါ်ထွက်လာရေးတွင်
တစ်စုံတရာအားနည်းချက်များပေါ်ပေါက်လာနိုင်သကဲ့သို့၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာနယ်ပယ်တွင် ပျော့ကွက်၊ ဟာကွက်လည်း ဖြစ်ပေါ်လာနိုင်သည်။ သို့အတွက်၊ ထောက်လှမ်းရေးအဖွဲ့အစည်းနှင့် မူဝါဒချမှတ်ရေးဆွဲသူတို့အကြား ရှင်းလင်း ပြတ်သားသော ဆက်ဆံရေးမူဘောင်တစ်ခုသည် လိုအပ်သည်။


၁။ အပြန်အလှန် အမှီသဟဲပြုခြင်း
---------------------------------------
အမျိုးသားလုံခြုံရေးမူဝါဒအခင်းအကျင်း၊ မဟာဗျူဟာပိုင်းတို့သည် ထောက်လှမ်းရေးအဖွဲ့အစည်းအသီးသီးတို့မှ တင်ပြလာသည့် ထောက်လှမ်းရေးသတင်းအချက်အလက်တို့အပေါ် မူတည်ပြီးမှ အစပြုရခြင်းဖြစ်သည်။ မူဝါဒချမှတ်သူများ သည် ထောက်လှမ်းရေးသတင်းအချက်အလက်များကို အားကိုးအားထားပြုပြီး မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်များ ချ မှတ်ရသည်။ အခြားတစ်ဘက်ကလည်း၊ မူဝါဒချမှတ်သူများ၊ နိုင်ငံရေးခေါင်းဆောင်များ၏ ရှေ့ဆက်သွားမည့် နိုင်ငံတော် မူဝါဒအခင်းအကျင်း၏ ရာသီဥတု၊ လိုအပ်ချက်တို့အပေါ်မူတည်၍ ထောက်လှမ်းရေးအဖွဲ့အစည်းတို့သည် လုပ်ငန်းတာဝန် များကို ပြောင်းလဲထမ်းဆောင်ရသည်။ ထို့ကြောင့်၊ ထောက်လှမ်းရေးအဖွဲ့အစည်းနှင့် နိုင်ငံခေါင်းဆောင်များတွင် ရှိသည့် ဆက်ဆံရေးသည် အပြန်အလှန်အမှီသဟဲပြုနေရသည်။

၂။ စိန်ခေါ်မှုသုံးရပ်
------------------------
ခေတ်ပြိုင် ထောက်လှမ်းရေးကျမ်းအသီးသီးတို့၏ဝေဖန်ထောက်ပြချက်များအရ၊ မျက်မှောက်ခေတ် ထောက်လှမ်း ရေးလောကတွင် စိန်ခေါ်မှုသုံးရပ်ကို နိုင်ငံတိုင်း ရင်ဆိုင်နေရသည်ဟု ညွန်းဆိုသည်။ ဗွေဆော်ဦးစိန်ခေါ်မှုက သတင်း အချက်အလက်နည်းပညာများ အလွန်တရာ တိုးတက်ဖွံ့ဖြိုးထွန်းကားလာခြင်းဖြစ်သည်။ ဒုတိယစိန်ခေါ်မှုက စိတ်အခံဖြစ် သည်။ ထောက်လှမ်းရေးအဖွဲ့အစည်းရှိ ၀န်ထမ်းများ၊ အရာရှိများ၊ ပညာရှင်များသည် လူထဲကလူတွေဖြစ်ကြသည်။ သို့ အတွက် ၄င်းတို့အပေါ်တွင် ဖြတ်သန်းလာခဲ့သော သမိုင်းနောက်ခံ၊ အတွေ့အကြုံ၊ အသိပညာတို့က လွှမ်းမိုးသက်ရောက်မှု ရှိပါသည်။
ထိုလွှမ်းမိုးသက်ရောက်မှုက ထောက်လှမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် သွယ်ဝိုက်သက်ရောက်လေ့ရှိပါသည်။ ထိုသို့သော၊ လွှမ်းမိုးသက်ရောက်မှုသည် ထောက်လှမ်းရေးအေဂျင်စီတွင်သာမက နိုင်ငံခေါင်းဆောင်များ၊ စစ်ရေးခေါင်း ဆောင်များ၊ မူဝါဒပုံဖော်ထုဆစ်သွန်းလုပ်သူများအပေါ်တွင်လည်း လွှမ်းမိုးသက်ရောက်ပါသည်။ နောက်ဆုံးစိန်ခေါ်မှုက ထောက်လှမ်းရေးအဖွဲ့အစည်းကို နိုင်ငံရေးဇာတ်သွင်းခြင်းဖြစ်သည်။ ထောက်လှမ်းရေးအဖွဲ့အစည်းသည် တစ်ခါတရံ အာဏာရနိုင်ငံရေးသမားတို့ အလိုကျ အသုံးတော်ခံရသည်လည်း ရှိပါသည်။ ထိုနည်းတူ၊ ထောက်လှမ်းရေးအဖွဲ့အစည်းက မသိမသာနှပ်ကြောင်းပေးထားသည့် ထောက်လှမ်းရေးသုံးသပ်ချက်၊ အစီရင်ခံစာအပေါ် အခြေပြုပြီး မူဝါဒချမှတ်သူများ သည် ဆုံးဖြတ်ချက်များ ချမှတ်သွားတတ်သည်များရှိပါသည်။
မည်သို့ပင်ဆိုစေ၊ ထောက်လှမ်းရေးအဖွဲ့အစည်းကို နိုင်ငံရေး သမားများကိုယ်တိုင်ကလည်းကောင်း၊ ထောက်လှမ်းရေးခေါင်းဆောင်များကိုယ်တိုင်ကလည်းကောင်း နိုင်ငံရေးဇာတ် သွပ်သွင်းခြင်းသည် အကြီးမားဆုံးစိန်ခေါ်မှုလည်းဖြစ်ပါသည်။

၃။ ထောက်လှမ်းရေးအဖွဲ့အစည်း၏အခန်းကဏ္ဍ
-------------------------------------------------
ထောက်လှမ်းရေးအဖွဲ့အစည်း၏တာဝန်သည် မူဝါဒချမှတ်ရေးဆွဲသူများကို ထောက်ပံ့ကူညီ၊ ၀န်းရံပေးရန် ဖြစ်သည်။ အထူးသဖြင့်၊ အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်ဖြစ်သည်။ ထောက်လှမ်းရေးအဖွဲ့အစည်းဟူ သည် ဆိုင်ရာဆိုင်ရာ ခေါင်းဆောင်များအတွက် အတိုင်ပင်ခံဆိုလည်းဟုတ်သည်။ အခါတော်ပေးဆိုလည်း ဟုတ်ပါသည်။ ထောက်လှမ်းရေးအဖွဲ့အစည်းနှင်ပတ်သက်ပြီး အများအမြင်တွင်လွဲမှားနေသည့် အယူအဆဖြစ်သည်။ ထောက်လှမ်းရေး ဟူသည် ဘယ်နေရာတွင် ဘယ်အချိန်မှာ ဘာဖြစ်တော့မည်ကို ဟောကိန်းထုတ်ရခြင်းဖြစ်သည်ဟူသောသတ်မှတ်ချက် ပင်ဖြစ်သည်။ မဟုတ်ပါ။ လုံးဝမဟုတ်ပါ။ ထောက်လှမ်းရေးအဖွဲ့အစည်းသည် ရနိုင်သမျှသော သတင်းအချက်အလက် များပေါ်မူတည်ပြီး ဖြစ်တန်ရာ၊ ဖြစ်နိုင်ခြေ၊ အလားအလာများကို တွက်ထုတ်ယူရခြင်း၊ ကောက်ချက်ဆွဲရခြင်း ဖြစ်ပါ သည်။ ဟောကိန်းထုတ်ရခြင်းမဟုတ်ပါ။ ဟောကိန်းထုတ်ရခြင်းသည် ဗေဒင်၊ နက္ခတ်၊ အကြားအမြင်ဆရာတို့၏လုပ်ရပ်သာဖြစ် သည်။ ထောက်လှမ်းရေးအဖွဲ့အစည်းသည် ဗေဒင်၊ ဝေဒအဖွဲ့အစည်းမဟုတ်ပါ။

၎။ ထောက်လှမ်းရေးလုပ်ငန်းစဉ်ရှိ မူဝါဒရေးဆွဲသူများ၏အခန်းကဏ္ဍ
-------------------------------------------------------------------------
ထောက်လှမ်းရေးအဖွဲ့အစည်းကို တည်ထောင်ရခြင်း၊ ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်သည် နိုင်ငံခေါင်းဆောင် များ၊ စစ်ရေးခေါင်းဆောင်များ၊ အမျိုးသားလုံခြုံရေးကောင်စီ၊ ဥပဒေစိုးမိုးရေးအေဂျင်စီများကို ထောက်ကူနိုင်ရန်ဖြစ်သည်။ ဥပဒေ စိုးမိုးရေးအေဂျင်စီ၊ စစ်တိုင်းမှူးများသည် မူဝါဒချမှတ်သူများမဟုတ်ပေ။ မူဝါဒများကို အကောင်အထည်ဖော်ရသူများဖြစ် သည်။ စင်စစ်၊ မူဝါဒချမှတ်သူ၊ ပြုလုပ်သူများအတွက်လည်း ထောက်လှမ်းရေးအဖွဲ့အစည်းသည် လိုအပ်သကဲ့သို့၊ မူဝါဒများ ကို အကောင်အထည်ဖော်သူများအတွက်လည်း ထောက်လှမ်းရေးအဖွဲ့အစည်းသည် လိုအပ်သည်။ မူဝါဒကိုရေးဆွဲသူ policy maker များသည် ထောက်လှမ်းရေးအစီရင်ခံစာများ၊ အချက်အလက်များကို စတင်ဖတ်ရှုရပါသည်။ ပုံမှန်အားဖြင့် ထောက်လှမ်းရေးညွန်ကြားရေးမှူးက အစီရင်ခံစာတင်ပြ၊ လိုအပ်သလို ဆက်လက်ညွန်ကြားဆောင်ရွက် ဟူသည့် လုပ်ငန်း စဉ်ဖြင့် မူဝါဒဆိုင်ရာလုပ်ငန်းစဉ်များကို လည်ပတ်သွားအောင် ဆောင်ရွက်၍ရသော်လည်း ထိုသို့ ဆောင်ရွက်ခြင်းက ထက်မြက်သော ထောက်လှမ်းရေးလုပ်ငန်းစဉ်ကို ဖြစ်ထွန်းအောင် တွန်းအားမပေးနိုင်ပေ။ တိုက်ပွဲအဆင့်၊ စစ်ဆင်ရေး အဆင့်တွင် ထောက်လှမ်းရေးအဖွဲ့အစည်းက ပေးပို့သော၊ တင်ပြသော ထောက်လှမ်းရေးသတင်းအချက်အလက်များဖြင့် တိုက်ပွဲဆင်နိုင်သည်။ စစ်ဆင်ရေးပြုလုပ်နိုင်သည်။ ဥပမာ၊ အိုစမာဘင်လာဒင်ကို သုတ်သင်ရေးအတွက် အိုစမာဘင်လာ ဒင်နေထိုင်သည့် တည်နေရာနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များကို သိရုံဖြင့်၊ ပေးပို့ရုံဖြင့် အလုပ်ကိစ္စသည် ပြီး မြောက်သွားသည်။ သို့သော်၊ မူဝါဒအဆင့်၊ အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့်တွင်ပင် ထိုသို့ထောက်လှမ်းရေးသတင်း အချက်အလက်များကို တင်ပြခြင်းကို နားထောင်၊ ဖတ်ရှုရုံနှင့်မပြီး။ ပြီးလည်းမပြီးသင့်။ မူဝါဒချမှတ်သူများအနေဖြင့် မူဝါဒ အခင်းအကျင်းတစ်ခုလုံးအတွက် လိုအပ်သည့် ထောက်လှမ်းရေးဆန်းစစ်ချက်များ၊ လိုအပ်ချက်များကို မူဝါဒချမှတ်ရေးဆွဲ သူများက ရှင်းပြဖို့လိုသည်။ ညွန်ကြားဖို့လိုသည်။ လမ်းညွန်ဖို့လိုသည်။
ထိုသို့မဟုတ်ဘဲ၊ ထောက်လှမ်းရေးအဖွဲ့အစည်းက ၄င်းတို့သိသမျှ အိတ်သွန်ဖာမှောက် တင်ပြသမျှသည် မူဝါဒရေးဆွဲသူတို့အဖို့ အသုံးဝင်ချင်မှဝင်ပါလိမ့်မည်။ မူဝါဒချမှတ် ရေးဆွဲသူများအဖို့ အသုံးမ၀င်သည့် သတင်းအချက်အလက်များ သို့မဟုတ် မူဝါဒတစ်ရပ်အတွက် အဓိကလိုအပ်သည့် ထောက်လှမ်းရေးဆန်းစစ်ချက်၊ အချက်အလက်များကို မူဝါဒချမှတ်ရေးဆွဲသူများထံ မရောက်မချင်း ထိရောက်သက်ဝင် သည့် မူဝါဒများကို ပုံဖော်နိုင်မည်မဟုတ်ပါ။ ထို့အခါ၊ မူဝါဒချမှတ်ရေးဆွဲသူများတွင် လုပ်ငန်းတာဝန်တစ်ခုလိုအပ်လာသည်။
ထိုလုပ်ငန်းသည် ထောက်လှမ်းရေးအဖွဲ့အစည်း၏လုပ်ငန်းစဉ်၊ အစီရင်ခံစာ၊ ဆန်းစစ်ချက်များကို လိုအပ်လျှင် လိုအပ်သလို၊ ညွန်ကြားချက်ပေးခြင်း၊ ထိန်းညှိခြင်း၊ တောင်းဆိုခြင်း ( Planing and Direction ) တို့လုပ်ဆောင်ရန်ဖြစ်သည်။ မူဝါဒချမှတ် ရေးဆွဲသူများသည် ထောက်လှမ်းရေးစက်ဝန်းတွင် လိုအပ်သည့်အတိုင်းအတာတစ်ခုအထိ ပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ် ပါဝင်စွက်ဖက်ရန် လိုအပ် သည်။

၅။ စိန်ခေါ်မှု (၁) အချက်အလက်နည်းပညာထွန်းကားလာခြင်း
-------------------------------------------------------------------
သတင်းအချက်အလက်နည်းပညာတိုးတက်လာခြင်းကြောင့် အချက်အလက်ပေါင်းစုံကို အချိန်နှင့်တပြေးညီ ရရှိလာနိုင်သည်။ မူဝါဒချမှတ်ရေးဆွဲသူများသည် ယခင်က ထောက်လှမ်းရေးအချက်အလက်များနှင့်ပတ်သက်လျှင် ထောက်လှမ်းရေးအဖွဲ့အစည်းတို့ကို လုံးဝပုံအပ်လာခဲ့ရသည်။ သို့သော်၊ သတင်းအချက်အလက်နည်းပညာ ထွန်းကား လာမှုကြောင့် အချက်အလက်များ၊ ဆန်းစစ်မှုများသည် ပြည်တွင်းပြည်ပမီဒီယာများ၊ လူမှုကွန်ရက်များ၊ စာအုပ်စာတမ်း များမှတဆင့် ရရှိလာနိုင်သည်။ မည်မျှအထိ သက်ရောက်သွားသည်ကို ပြောရလျှင်၊ မူဝါဒချမှတ်ရေးဆွဲသူများကိုယ်တိုင်၊ ထောက်လှမ်းရေးအဖွဲ့အစည်းများကို သိပ်အားမကိုးတော့၊ ထောက်လှမ်းရေးဆန်းစစ်ချက်များကိုမူ သိပ်အမှုမထားတော့။ ၄င်းတို့ကိုယ်တိုင် ရရှိထားသော အချက်အလက်များကို ကိုယ်တိုင် ဆန်းစစ်မှုများပင်ပြုလုပ်ပြီး မူဝါဒများကို ပုံဖော်ရာတွင် အားသန်လာခဲ့ကြသည်။ သို့သော်၊ ထောက်လှမ်းရေးအဖွဲ့အစည်းတို့မှ တင်ပြလာသော အချက်အလက်များကို လျစ်လျူရှု ခြင်းက မူဝါဒတစ်ရပ်၏ အားကောင်းမှုကိုပင် ဖျက်ဆီးပစ်နိုင်ပါသည်။ အခြားတစ်ဘက်ကလည်း စဉ်းစားရန်တစ်ခုမှာ မူဝါဒချမှတ်ရေးဆွဲသူများသည် ထောက်လှမ်းရေးအဖွဲ့အစည်းမှတက်လာသည့် ထောက်လှမ်းရေးစက်ဝန်းထက် အခြား ပြင်ပမှလာသည့် အချက်အလက်စက်ဝန်းကို ပိုမိုအားကိုးနေပြီဆိုလျှင် မိမိတို့၏ထောက်လှမ်းရေးစက်ဝန်းကို အပြန်ပြန် အလှန်လှန်သုံးသပ်ရန် တာဝန်ရှိပါသည်။
သတင်းအချက်အလက်နည်းပညာထွန်းကားမှုသည် မည်မျှပင် မြင့်မားပါစေ၊ အမျိုးသားလုံခြုံရေးအတွက် အထူးဖွဲ့စည်းထားသည့် ထောက်လှမ်းရေးအဖွဲ့အစည်း၏ ထောက်လှမ်းရေးသုံးသပ်ချက်တို့ သည် အံဝင်ခွင်ကျအဖြစ်ဆုံးဖြစ်ပါသည်။

၆။စိန်ခေါ်မှု (၂) စိတ်အခံများ
----------------------------
ထောက်လှမ်းရေးအဖွဲ့အစည်းသည် အချက်အလက်များကို ထုတ်လုပ်သူဖြစ်ပြီး၊ မူဝါဒရေးရာတာဝန်ခံများသည် အချက်အလက်များကို သုံးစွဲသူများဖြစ်ကြသည်။ ထုတ်လုပ်သူနှင့် သုံးစွဲသူများသည်လူသားများဖြစ်သည့်အလျောက်၊ ဘက်လိုက်မှု၊ စိတ်အခံ၊ တင်ကြိုသတ်မှတ်တတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာပုံစံများတို့သည် ရှိကြသည်သာဖြစ်သည်။ ထိုအချက်သည် ထောက်လှမ်းရေးသတင်းအချက်အလက်ကို ထုတ်လုပ်ရာတွင်လည်းကောင်း၊ ထောက်လှမ်းရေး အချက် အလက်များကို ရယူသုံးစွဲရာတွင်လည်းကောင်း ထိုသို့စိတ်အခံသည် လွှမ်းမိုးစိမ့်ဝင်နေတတ်ပါသည်။ သတင်းအချက် အလက်များကို ရယူစုဆောင်း၊ တည်ဆောက်၊ သုံးသပ်၊ ကောက်ချက်ဆွဲရသည့် ထောက်လှမ်းရေးအဖွဲ့အစည်းရှိ အရာရှိ များတွင် ကိုယ်စီကိုယ်စီ စိတ်အခံများရှိပါသည်။ ထိုနည်းတူ၊ မူဝါဒချမှတ်ရေးဆွဲရာတွင် တာဝန်ရှိသည့်တာဝန်ခံများတွင် ကိုယ်စီကိုယ်စီ စိတ်အခံများရှိကြပါသည်။ တဖန်၊ ထောက်လှမ်းရေးအဖွဲ့အစည်းရှိတာဝန်ရှိသူများ၏စိတ်အခံသည် အရာရာကို သတိတရားလက်ကိုင်ထားပြီး ရှုမြင်လေ့ရှိသည်။
မူဝါဒရေးရာတာဝန်ရှိသူများ၏စိတ်အခံသည် အကောင်းမြင် လွန်းရန် တိမ်းညွတ်လွယ်ခြင်းဖြစ်သည်။ တစ်ဦးက အဆိုးမြင်စိတ်အခံ၊ တစ်ဦးက အကောင်းမြင်စိတ်အခံ ဟူ၍ဖြစ်သည်။

၇။ စိန်ခေါ်မှု (၃) ထောက်လှမ်းရေးကို နိုင်ငံရေးဇာတ်သွင်းခြင်း
--------------------------------------------------------------------
ထောက်လှမ်းရေးကိုနိုင်ငံရေးဇာတ်သွင်းခြင်းကို နိုင်ငံတကာထောက်လှမ်းရေးလောကတွင် act of intellectual corruption ဟုသတ်မှတ်ပါသည်။ မလုပ်သင့်၊ မလုပ်အပ်၊ မလုပ်ကောင်းသောအရာဖြစ်သည်။ နိုင်ငံရေးသမားများ၊ မူဝါဒ ချမှတ်ရေးဆွဲသူများက မိမိလိုလားသည့် မူဝါဒ၊ ဆောင်ရွက်ချက်များအတွက် ခိုင်လုံသည့်အကြောင်းပြချက်ပေးနိုင်ရန် ထောက်လှမ်းရေးသတင်းအချက်အလက်များကို လိုအပ်သလို ပုံဖော်ခိုင်းလေ့ရှိသည်။ ဥပမာ၊ အီရတ်တွင် လူအစုလိုက်၊ အပြုံလိုက်သေကျေပျက်စီးစေသည့် လက်နက်များရှိသည် ဟူသော ထောက်လှမ်းရေးအချက်အလက်ကို လိုအပ်သည် ထက်ပိုကြီးချဲ့ခဲ့ခြင်းမျိုးဖြစ်သည်။ ထောက်လှမ်းရေးကို နိုင်ငံရေးဇာတ်သွပ်သွင်းခြင်း၏လက်သည်တရားခံတို့တွင် နိုင်ငံရေး သမား၊ နိုင်ငံရေးခေါင်းဆောင်များတင်မက၊ ထောက်လှမ်းရေးအရာရှိများကိုယ်တိုင်သည်လည်း နိုင်ငံရေးဇာတ်သွင်းတတ်ပါ သည်။ ထောက်လှမ်းရေးသုံးသပ်ချက်၊ ကောက်ချက်များတွင် ထောက်လှမ်းရေးအရာရှိ၏ ကိုယ်ပိုင်အယူအဆများ၊ ထင်မြင် ချက်များ ပါဝင်လေ့ရှိပါသည်။ ဓမ္မဒိဌာန်ထက် ပုဂ္ဂလိဒိဌာန်ဖြစ်သွားတတ်ခြင်းဖြစ်သည်။

၈။ နိဂုံး
------------
အကြင်နိုင်ငံတစ်ခုတွင် အမြင့်မားဆုံးတာဝန်ဖြစ်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်တွင် ထောက်လှမ်းရေး အဖွဲ့အစည်းတို့၏အခန်းကဏ္ဍသည် အခြေခံအကျဆုံးဖြစ်သည့်အလျောက်၊ ၄င်းအဖွဲ့အစည်းနှင့် မဖြစ် မနေပူးပေါင်းဆောင်ရွက်ရမည့် မူဝါဒချမှတ်ရေးဆွဲသူများသည် ၄င်းတို့ထံမှ ပေးပို့လာသည့် တင်ပြချက်များကို နည်းဗျူဟာအဆင့်၊ စစ်ဆင်ရေးအဆင့်တွင် အလွယ်တကူ နားထောင်၊ ဖတ်ရှုရုံမျှနှင့်ပြီးနိုင်သော်လည်း မဟာဗျူဟာအဆင့်၊ မူဝါဒအဆင့်တွင် ထိုသို့မဟုတ်တော့ပါ။ ပြန်လည်ညွန်ကြားနိုင်ရမည်။ ကွပ်ကဲနိုင်ရမည်။ လမ်းညွန်နိုင် ရပါမည်။ မျက်မှောက်ခေတ် ထောက်လှမ်းရေးနယ်ပယ်တွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုသုံးရပ်ကို နားလည်သဘောပေါက် ခြင်းဖြင့် မူဝါဒရေးရာ ပုံဖော်ထုဆစ်ပုံသွန်းရေးတွင် ထောက်လှမ်းရေးအဖွဲ့အစည်းကို မည်ကဲ့သို့ ထိထိရောက်ရောက် အသုံးချရမည်နည်းဟူသော အချက်ကို မဖြစ်မနေ သဘောပေါက်နားလည်ရန် လိုအပ်လှပါသည်။ ဤစာတမ်းငယ်၏အနှစ် ချုပ်သည် ထောက်လှမ်းရေးအဖွဲ့အစည်းနှင့် မူဝါဒရေးရာအဖွဲ့ကြားရှိ ဆက်ဆံရေးမူဘောင်သည် အမျိုးသားလုံခြုံရေးမူဝါဒ အခင်းအကျင်းအတွက် မည်မျှအရေးပါသည်ကို တင်ပြလိုရင်းဖြစ်သည်။

ရည်ညွန်း။`။ Amanda J.Gookins , The Role of Intelligence in Policy Making, 2008 by The Johns Hopkins University Press.


ရိုသေစွာဖြင့်


ကိုဇန်
၀၉ ၅၀၃ ၁၇၁၄

ရင်ထဲက သူရဲကောင်း‬

$
0
0


မြန်မာ့တပ်မတော်ဗိုလ်ချုပ်ဟောင်းဖြစ်သူ
ဝန်ကြီးတစ်ယောက်သည် KNU တပ်ကြပ်ကြီးဟောင်းထံမှ
သင်ယူခဲ့တာတွေရှိခဲ့တယ်လို့ ကျနော်ပြောပြရင်
ယုံနှိုင်ဘွယ် လုံးဝမရှိပါ ။

အန်ကယ်ဒေးဗစ်ထောဟာ KNU - CEC
နိုင်ငံခြားရေးနဲ့တရားရေးဋ္ဌာနများတွင်တာဝန်ယူခဲ့သူပါ…
RASU မှဘွဲ့ရခဲ့ပြီး အသက်အငယ်ဆုံး အင်းစိန်မြို့နယ်
ပြည်သူ့ကောင်စီဝင်ဘဝကနေ…
ယုံကြည်ချက်ပြောင်းကာ …ကရင့်တော်လှန်ရေးကို
ရောက်ရှိသွားခဲ့သူပါဘဲ ။
KNU/KNLA၌တပ်သားအဖြစ်စတင်ပြီးတပ်ကြပ်ကြီးအဆင့်ထိ
စစ်ဘက်တာဝန်ထမ်းဆောင်ဘူးသူလည်းဖြစ်ပါတယ် ။
ကျနော်သူ့နဲ့စတွေ့ချိန်မှနောက်ဆုံးအချိန်ထိ
သတိရမှတ်မိနေတာတွေ အများကြီးရှိတဲ့ထဲမှာ
အဆုတ်ရောဂါကြောင့် အသက်ရှူဗူးလေး ရှူရှူနေတာ
မြန်မာကတ္တီပါဘိနပ်ကိုဘဲကြိုက်တာ
ချင်းမိုင်ကို ဇင်းမယ်လို့ဘဲခေါ်ဝေါ်တာ (ဒါကိုအလေးထားပြီး
ဆက်တွေးရင် မြန်မာ့ဇာတိပုည ဂုဏ်မာန်နကိုပေါ်လွင်စေတယ်ထင်လို့)
သဘောကျ မှတ်မိလွယ်စေခဲ့သူပေါ့ဗျာ ။
ထိုစဉ်ကာလ…
KNU- CECတွေထဲမှာ တွေ့ဆုံဆွေးနွေးရေးအတွေ့အကြုံလဲရှိ
မဟာဗျူဟာကိုလဲကျွမ်းကျင် …နိုင်ငံရေးအပါးဝပြီး
သဘောထားပျော့ပြောင်းသော အုပ်စုကို…
အဓိကမောင်းနှင်သူဟာလဲ… အန်ကယ်ဒေးဗစ်ထောဘဲလို့
ကျနော်လေ့လာမိပါတယ် ။
အစိုးရဘက်က UNFC ကိုဆွေးနွေးမယ်လို့သိရချိန်မှာ
အဖိုးမူတူးနဲ့အတူ ဘန်ကောက်ကိုဆင်းလာပြီး

တပ်ပေါင်းစုကို KNU ဘယ်လောက်ထိသိကြောင်း
အစိုးရအဆက်ဆက်ကို ဆန့်ကျင်တာမှာသာတူကြောင်း
ပြန်လည်ရင်ကြားစေ့ရေး ငြိမ်းချမ်းရေးမှာ အလုပ်မဖြစ်နှိုင်ကြောင်း
ကျားသေကိုအသက်မသွင်းစေလိုကြောင်း အတိအကျပြောပြခဲ့သူပါ…
အန်ကယ်ဒေးဗစ်ထောရဲ့ အမြှော်အမြင်နဲ့စေတနာမှန် /မမှန်ကို
အခုချိန်ခါမှာတော့…
မိတ်ဆွေများကို အထူးရှင်းပြဘို့ မလိုတော့ဘူးလို့
ကျနော်ယုံကြည်ပါတယ် ။
အန်ကယ်ပြည်တွင်းလာတဲ့အခါ
သူ့ကိုယ်သူလူကောင်းလို ဟန်ဆောင်ပေမဲ့လဲ
သူ့ကျမ္မာရေးအတွက် လိုအပ်တာတွေကို
သီးခြားစဉ်းစားစီစဉ်ပေးခဲ့ပါတယ်
ယုံကြည်မှုတည်ဆောက်ဆဲကာလဖြစ်လို့
ဘာကိုမျှပြောစရာ အပြစ်မဖြစ်အောင်
စကားတူတဲ့ ကရင် Volunteer ဆရာဝန်ရှာပြီး အနားထားတာမျိုးကအစပေါ့လေ ။
KNUနဲ့ဦးသိန်းစိန်အစိုးရတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲ
မယုံမရဲ… တိုင်းရင်းသားပွဲကြည့်ပရိတ်သတ်တွေနဲ့ပြည်နှက်နေတဲ့
မိုးထဲရေထဲ အဖွင့်ပွဲမှာတော့ အန်ကယ်ဒေးဗစ်ထောဟာ
ပရီးမီးယားပွဲစဉ်မှာဆို…
မန်ယူရဲ့ဒေးဗစ်ဘက်ခမ်းလို နေရာမှာရှိတယ်လို့ တင်စားပါရစေလား ။


၁၉%လောက်သာကောင်းတဲ့ သူ့အဆုတ်အတွက်
အောက်စီဂျင်ပိုက်တန်းလန်းတပ်လျှက်
သူ့လူတွေကိုအားမရတဲ့အခါ
မျက်လုံးပြူးထွက်သည်အထိ အမောခံပြီး
လမ်းညွှန်တတ်ပါသေးတဲ့ အာဂလူပါ ။
ဘာအံမြို့မှာ KNUနဲ့အစိုးရတို့လက်မှတ်ရေးထိုးခဲ့တဲ့
Biletrial အပစ်ရပ်စာချုပ်အောင်မြင်တာဟာ…
အန်ကယ်ဒေးဗစ်ထောရဲ့ စွမ်းဆောင်မှုတွေ… အများကြီးပါတယ်လို့
ကျနော်ကတော့… ယုံကြည်တယ် ။
နောက်တစ်ဆင့်အဖြစ်… စာချုပ်ခိုင်မာအသက်ဝင်ဖို့
ကြိုးစားနေဆဲကာလမှာဘဲ သူ့ရောဂါပြင်းထန်လာပါတယ်
သူ့ကို Care လုပ်ဖို့ တပ်မတော်စစ်ဆေးရုံတင်သင့်တယ်လို့
ဒေါက်တာဆိုင်မွန်သာက request လုပ်တဲ့အခါ…
တပ်မတော်အကြီးအကဲက မိနစ်မဆိုင်း ခွင့်ပြုပေးခဲ့ပြီး
အထူးဂရုစိုက်ပေးခဲ့ကြသော်လည်း
အန်ကယ်ဒေးဗစ်ထော …ကွယ်လွန်သွားခဲ့ပါတယ် ။
KNUနဲ့တရားမဝင်… တရားဝင်တွေ့ဆုံဆွေးနွေးပွဲတွေမှာ
စားပွဲတစ်ဘက်ခြမ်းကနေ ကရင့်အရေးကိုတောင်းဆိုနေတဲ့
အန်ကယ်ဒေးဗစ်ထောဆီက …ဦးအောင်မင်းဟာ
အတွေ့အကြုံနဲ့ လုပ်နည်းလုပ်ဟန်တွေ ရရှိသွားခဲ့တာသေချာတယ်ဗျာ…
ဒါကို…
အန်ကယ့်ရဲ့ရုပ်ကလာပ် မဲဆောက်ကိုပြန်ပို့မဲ့ညမှာ
ဦးအောင်မင်းအနေနဲ့ KNLA တပ်ကြပ်ကြီးဟောင်းဖြစ်သူ
အန်ကယ်ဒေးဗစ်ထောကို စစ်ဓလေ့ထုံးစံအတိုင်း
လေးလေးစားစား လက်တင်အလေးပြုတာနဲ့ အတည်ပြုနှိုင်ပါတယ် ။
အန်ကယ်နဲ့ကျနော်က ဝေးနေရင် E.mailနဲ့သတင်းဖလှယ်ကြပါတယ်
တစ်ကြိမ်မှာတော့…
ထိုစဉ်က KNU အတွင်းရေးမှူးချုပ် ဆရာမ နော်စီဖိုးရာစိန်ရဲ့
အတင်းလေးကို ပေါ့ပေါ့ပါးပါးနဲ့စရေးပြီး
အရေးကြီးတာတွေကိုနောက်မှ ဆက်ရေးထားပါတယ်
English လိုရေးတာမို့သေချာ့ဂရုစိုက်ပြီး သူ့ဆီပို့လိုက်ပါတယ်
အန်ကယ့်ခင်ဗျာ ကျနော့်ကိုချက်ချင်း ဖုန်းခေါ်လာပြီး

ကိုငွေစိုးရေ ခင်ဗျားmail address မှားပြီး ဆရာမကြီးဆီရောက်သွားတယ်ဗျ
သူက forward လုပ်ပေးလာတယ်တဲ့လေ…
နှစ်ယောက်သားအတင်းပြောတာလူမိလို့ ရယ်ကောင်းနေတုန်း
ကိုငွေစိုးmail လိပ်စာမှားရောက်လာလို့ သက်ဆိုင်သူဆီ
သူ forward လုပ်ပေးလိုက်ပါတယ်ဆိုတဲ့ …
ဆရာမ နော်စီဖိုးရာထံမှ mail ကလဲချက်ချင်းရောက်လာပါတော့တယ်
လွဲတဲ့အခါလဲရှိခဲ့တော့ အမှတ်တရပိုဖြစ်တယ်ထားလိုက်ပါတယ် ။


နောက်ထပ်အမှတ်တရလေးတစ်ခုကတော့
သူ့ကျမ္မာရေးအခြေအနေနဲ့ မြဝတီအရင်လမ်းဟောင်းမှာ
သွားရတဲ့အခါ သူပင်ပန်းတာကြည့်ပြီး သနားလို့
အခက်အခဲတွေကြားကနေ passport ရအောင်လုပ်ပေးခဲ့တာပါ…
ဇင်းမယ်ကိုလေယာဉ်စီးပြီး မြန်မာနိုင်ငံသားအဖြစ်ပြန်တာပေါ့
ပြနေကျဆေးရုံမှာဘဲ ပြနေကျဆရာဝန်က…
လူနာမှန်ပြီး passport ကနာမည်မတူလို့ရစ်ပါလေရောတဲ့
ဟိုတုန်းက passport အတုကိုင်ထားပြီး အခြားနာမည် ဖြစ်နေတာကိုးဗျ…
အန်ကယ်ဒေးဗစ်ထောရဲ့ ဈာပနကို သူတို့ရဲ့တော်လှန်ရေးနယ်မြေ
သေ့ဘေ့ထစခန်းမှာ စစ်အခန်းအနားနဲ့ပြုလုပ်တော့
ကျနော်အရောက်သွားပြီး ဂါရဝပြုခဲ့ပါတယ် ။
ဦးအောင်မင်းဟာ အန်ကယ်ဒေးဗစ်ထောကို လေးစားလို့
ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဧည့်ရိပ်သာဝင်းထဲက အစည်းဝေးခန်းမကြီးကို
ဒေးဗစ်ထောခန်းမ ရယ်လို့ အမည်ပေးထားပါတယ် ဖွင့်လှစ်ပွဲကိုလည်း
မကြာခင်ရက်အတွင်းပြုလုပ်ပါတော့မယ်
အဲ့ဒီရက်တွေမှာ
ကျနော်က မိသားစုနဲ့ပြည်ပကိုရောက်နေမှာဖြစ်လို့
ဖွင့်ပွဲနဲ့လွဲချော်တော့မှာမို့
ဒီလိုအမှတ်တရစာလေးတစ်ပုဒ်ရေးပြီး ဂုဏ်ပြုလိုက်ပါတယ် ။
အန်ကယ်ဒေးဗစ်ထော…
ကောင်းကင်ဘုံမှနေ၍ … ငြိမ်းချမ်းရေးတိုးတက်မှုဖြစ်စဉ်တွေကို…
သိရှိခံစားနှိုင်ပါစေသား ။


Ngwe Soe

မယုံကြည်မှုက နိုင်းပလပ်စ်‬

$
0
0

ဦးသိန်းစိန်အစိုးရနဲ့KNUတို့အကြား…
အပစ်ခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးမှုမစတင်မီ
KNU-CEC ရဲ့Top (5) စာရင်းကို ဦးစွာသိရှိခြင်းဖြင့်…
ဒီစာကိုဖတ်ပြီးချိန်မှာ… မိတ်ဆွေအတွက် ပိုမိုအကျိုးဖြစ်စေမယ်ထင်လို့
ဖေါ်ပြပေးလိုက်ပါတယ်…

ဒီနေရာမှာကြိုတင်ဝန်ခံပါရစေ…
လူပုဂ္ဂိုလ်တွေအပေါ်… ဝေဖန်မယ်ဆိုတဲ့ ကြံရွယ်ချက်မရှိပါ
ကျနော်ထိတွေ့ဆက်ဆံရမယ့်သူတွေအကြောင်း
သိဖို့လိုအပ်တာရယ်…
ထိတွေ့ဆက်ဆံပြီးနောက်ပိုင်း အတွေ့အကြုံတွေက
ထင်မြင်ချက်ကိုဘဲ ရေးသားတာဖြစ်ပါတယ်…
တစ်ဦးချင်းအပေါ်နစ်နာစေရန် ချဉ်းကပ်ထားတာမရှိပါဘူး ။
KNU ကရင်အမျိုးသားအစည်းအရုံး
ဗိုလ်ချုပ်ကြီး တာမလာဘော ဥက္ကဌ
ဖဒိုဒေးဗစ်တာကပေါ ဒုဥက္ကဋ္ဌ
ဖဒိုနော်စီဖိုးရာစိန် အတွင်းရေးမှူးချုပ်
ဖဒိုစောလှငွေ အတွင်းရေးမှူး (၁)
ဖဒိုစောတော်လေးမူ အတွင်းရေးမှူး(၂)
KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး စစ်ဦးစီးချုပ်
ဗိုလ်ချုပ်စောအော်လီဗာ ဒုစစ်ဦးစီးချုပ်
ဗိုလ်ချုပ်မန်းမဲ့အေးစိန်@အားစီ စစ်ဦးစီးဗိုလ်ချုပ်
ဗိုလ်ချုပ်မန်းဘီလားစိန် စစ်ရေးချုပ်
ဗိုလ်ချုပ်စောအိုက်ဇက် စစ်ထောက်ချုပ် တို့ဖြစ်ကြပါတယ်…
အထက်ပါ KNU ဗဟိုထိပ်သီး၅ဦးအပေါ် မြင်သာအောင်ရှင်းပြပေးပါမည်
မည်သည့်အချက်များကိုမှကိုးကားမထားပါ…
ကိုယ်ပိုင်ထင်မြင်ချက်ဖြစ်လို့ …ကျနော်မဟုတ်သော အခြားအရင်းအမြစ်
များမှသိရှိရသည်များကိုလဲ ထည့်သွင်းစဉ်းစာပြီးမှ အဖြေထုတ်စေလိုပါတယ် ။


ဗိုလ်ချုပ်ကြီးတာမလာဘော
ကျနော်နှင့်တစ်ကြိမ်မျှမဆုံဖူးပါ
ကျမ္မာရေးမကောင်းလို့ အစည်းအဝေးသို့ပင်မလာနှိုင်၍
ဆက်ဆံရေးမှတဆင့်အကဲခတ်ခွင့်မရခဲ့ပါ
ယုံကြည်ရသော သတင်းများအရကတော့
ဗမာနှင့်အစိုးရကို မယုံကြည်သူဖြစ်တာကတော့
များစွာသေချာလောက်ပါတယ် ။
ဖဒိုဒေးဗစ်တာကပေါ
အစည်းဝေးအတွင်း ၃ကြိမ်ဆုံဖူးပါတယ်
ဗမာမှန်ရင် ကရင်ကိုသတ်မဲ့သူချည်းလို့ ယူဆနေသူဖြစ်ကြောင်း
သတင်းအားဖြင့်ကျော်စောသူပါ…
တွေ့ဆုံဆွေးနွေးရန်သွားသူတွေဟာပြန်လာမဲ့သူတွေမဟုတ်
အဆိပ်မိသေမဲ့သူတွေလို့ ဗြောင်ဘဲထောပနာပြုသူဖြစ်ပါတယ်…
တွေ့ဆုံစဉ်အခါကလည်း
Coffee break ချိန်မှာ ကျနော်ကိုယ်တိုင် coffee နဲ့ မုန့် ၂ကြိမ်ယူပြီး
လက်ရောက်ပေးဘူးပါတယ်…
လုံးဝလက်မခံသလို… ကိုယ်တိုင်လဲယူမသောက်ပါ…
ကျနော်တို့ငွေနဲ့ပေးချေမှာမို့ …ရေတောင်မသောက်ပါ…
အိပ်ထဲကစီးကရက်သာထုတ်သောက်သောက်ပြီး… ပြန်သွားခဲ့သူဖြစ်ပါတယ် ။
ဖဒိုနော်စီဖိုးရာစိန်
မိတ်ဆွေတို့နှင့်မစိမ်းသောအမည်ဖြစ်နေပါလိမ့်မယ်
KNU မှနှုတ်ထွက်ထားသော UNFC အဖွဲ့အစည်းဝေးများကို
လက်ရှိ ဒုဥက္ကဋ္ဌဖြစ်သူ ဆရာမကြီးက NCA နောက်ပိုင်းမှာလဲ
သွားတက်နေသူဆိုတော့…
ဖခင်ဖြစ်သူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတာမလာဘောရဲ့ တော်လှန်ရေးသွေး
အပြည့်ပါသူလို့ဘဲ… တင်စားရေးသားလိုက်ပါတယ်ဗျာ ။
ဖဒိုစောလှငွေ
အစွန်းရောက်လုလု သူ့သဘောထားအတွက်ကတော့
ရှင်းရှင်းကြီးမြင်အောင်ပြသခဲ့သူဖြစ်ပါတယ်…
အစိုးရနှင့် အပစ်ရပ်စာချုပ်ရေးထိုးနှိုင်အောင်ကျိုးစားခဲ့သော
ကရင်ခေါင်းဆောင်များကို တစ်လွဲစွပ်စွဲချက်နဲ့ ရာထူးဖြုတ်သည့်အမိန့်ကို
လုပ်ထုံးလုပ်နည်းကိုမလိုက်နာ မအောင့်နှိုင်မအီးနှိုင်နဲ့
ကိုယ့်သဘောနဲ့ကိုယ်လက်မှတ်ထိုးခဲ့သူဖြစ်လို့ အထူးပြောရန်လိုပါသေးလားဗျာ ။
ဖဒိုစောတော်လေးမူ
ခရီးတစ်ခေါက်အတူသွားဖူးပါသည်
ရာဇဝင်အရ မယ်မယ်ရရ ဘာမျှမရှိခဲ့ပါ
ဆရာမကြီးကဖြူရင် မဲရန်ဝေးစွ
ထုံးအိပ် မပြီး နောက်ကလိုက်မဲ့သူဆိုတာသေချာသူပါဘဲ ။
အပေါ်မှာဖေါ်ပြခဲ့တဲ့ KNLA စစ်ဘက်တာဝန် ၅ဦး ထဲမှာကလဲ
ဥက္ကဌ၏သား အတွင်းရေးမှူးချုပ်၏အစ်ကိုရင်း ၂ ဦးပါဝင်နေပါသေးတော့
ဘာလိုသေးလဲ မေးဖို့တောင်ခပ်ခက်ခက်ပေါ့
ထိုထိုသို့သောပုဂ္ဂိုလ်များ ကြီးစိုးအားကောင်းနေလေတဲ့
KNU လက်နက်ကိုင်အဖွဲ့ကြီးနှင့် အပစ်ခတ်ရပ်စဲရေးကို
မည်သို့မည်ပုံရှေ့ဆက်ရမလဲဆိုတာ…
ကျနော့်အတွက် မဟာ့မဟာ စိန်ခေါ်မှုကြီးဖြစ်ကြောင်း
ကျနော်သာအသိဆုံးဖြစ်ပါတယ် …
အဲဒီအချိန်မှာကျနော်ဟာ KNUနဲ့ အစိုးရအကြား Negiotiator အလုပ်အပြင်
ဦးအောင်မင်းကို အခါတော်ပေးအလုပ် … သတင်းပေးအလုပ် …
ဆက်သားအလုပ် …ထောက်ပံ့ပို့ဆောင်ရေးအလုပ်နဲ့ …အဆင်ပြေပါစေကြောင်း
ဗေဒင်ဆရာပြောတဲ့ …ယတြာချေတဲ့အလုပ်ပါ တစ်ပြိုင်နက်ထဲလုပ်နေရလို့
ဒေါင်ချာကိုစိုင်းနေခဲ့ပါတယ်…

သို့သော်လည်း ဒီအရေးတော်ပုံအောင်မြင်ရေးအတွက်
ဘယ်အချက်က… အောင်မြင်မဲ့လမ်းစလဲ
ဘယ်သူတွေက… အား ဖြစ်လာပြီး
ဘယ်သူတွေက… ခါး သွားမယ်
ဘယ်သူတွေက ကြား ဖြစ်သွားမယ်ဆိုတာ
သိပ်မကြာခင်မှာဘဲ… သိမြင်သွားပါတော့တယ် ။
ဒါ့အတွက်နဲ့တော့ ကျနော့်ကိုပါရမီရှင်လို လူစွမ်းကောင်းလို
မထင်လိုက်ကြစေလိုပါ…
ကရင်ပြည်နယ်မှာအလုပ်သင်ဗိုလ်ဘဝကနေဗိုလ်မှူးအဆင့်ရသည်အထိ
စစ်ဆင်ရေးတာဝန်ထမ်းဆောင်ဘူးသူမို့…
အခြားသူတစ်ယောက် အတော်လေ့လာမှသိမဲ့ KNU့ /KNLAစစ်အင်္ဂါစဉ်လို
ဆောင်ရန် ရှောင်ရန်တွေကို အသွေးသားထဲက သိပြီးဖြစ်နေလို့ပါ…

ကျနော်ဟာ …တွေ့သမျှပြဿနာနဲ့ အခက်အခဲတွေကို
တပ်မတော်ကလေ့ကျင့်သင်ကြားပေးလိုက်တာတွေနဲ့
အစားထိုးပြီး ချဉ်းကပ်ဖြေရှင်းလိုက်တာချည်းပါဘဲခင်ဗျား ။
(မီးပျက်နေတယ်ဗျာ ဒါမျိုးကိုတော့မီးစက်နဲ့မှရှင်းလို့ရတယ်ဗျ
တပ်ထဲကဟာတွေနဲ့လုပ်မရလို့ပါ)


Ngwe Soe

‎တကယ်ဆိုယုံဘို့ဘဲလိုတယ်‬

$
0
0

မူလစိတ်ကူးထားတာကတော့…
KNU နှင့်တွေ့ဆုံဆွေးနွေးခြင်းရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်လေးတွေ
ဆက်ရေးမယ်လို့ ကျနော်ရည်ရွယ်ခဲ့ပါတယ်…

ရှေ့နားမှာ မယုံကြည်ကြသူများနဲ့ပါတ်သက်တာရေးထားမိလေတော့
ဒါဆို…
ယုံကြည်ရင်ဘာတွေဖြစ်နှိုင်သလဲ ဆိုတာကိုဆက်ရေးပြလိုစိတ်ဖြစ်လာလို့ပါ…


NCA သည်အလုံးစုံပါဝင်ရေးကိစ္စ၌ …ထစ်ငေါ့နေဆဲရှိပြီး
ပြီးပြည့်စုံခြင်းကို မရောက်သေးတာမှာ
အကျုံးဝင်သည့်အချက်များ များစွာရှိနေတာသေချာပါတယ်
ပညာရပ်ဆန်ဆန်… သီအိုရီတွေရှိသလို… ရှုထောင့်ပြောင်း
တွေးမြင်ခြင်းကလဲ …အသစ်သစ်သော …တွေ့ရှိချက်တွေကို
ရနှိုင်သေးတယ် …မဟုတ်ပါလားခင်ဗျ…
ကျနော့်ကိုယ်တွေ့ကရတဲ့ ရလာဒ်တွေကိုထုတ်ပြလိုက်ပါ့မယ် ။

အနှီအလုပ်တစ်ခုရဲ…့ ရလာဒ်ဟာ စစ်မက်ကိုအားမပေး…
နိုင်ငံသားအများစိတ်ချမ်းသာပြီး …အနာဂတ်အတွက်ကောင်းမွန်ဆီကို
တွန်းပိုခြင်း… မည်တယ်ဆိုရင် …လုပ်နည်းလုပ်ဟန်ကောင်းတယ်ဆိုတဲ့
့ရှုထောင့်ကနေ အမြင်ကျယ်ကျယ်နဲ့ … ကြည့်စေလိုပါခင်ဗျား
ကျနော့အနေဖြင့် အစိုးရ၏ အုပ်ချုပ်ရေး ယန္တယားကိုသော်၎င်း
ဝန်ကြီးဋ္ဌာနများရဲ့ လုပ်ထုံးလုပ်နည်းများကိုသော်၎င်း
ပျက်ရယ်ပြုလိုခြင်း လုံးဝ (လုံးဝ)မဟုတ်ရပါကြောင်း
ကြိုတင်တင်ပြထားပါရစေခင်ဗျား ။

KNU နှင့် လက်ရှိအစိုးရတို့ ပြည်နယ်အဆင့် အပစ်ရပ်စာချုပ်
ဘားအံမြို့၌ …လက်မှတ်ရေးထိုးပြီး ၆လခန့်ရဲ့ တစ်ခုသောနံက်ခင်းမှာ
ဖဒိုစောကွယ်ထူးဝင်း …နယ်စပ်မှဖုန်းဆက်လာပါတယ်…
ကိုငွေစိုးရေ…
ကျနော်တို့ဒုက္ခသည်စခန်းများတို့ရဲ…့ကျောင်းအုပ်ကြီး
ဖထီးစောဂျက်ကော့ …တရုပ်ပြည်သွားတာ
pass port အတုမှန်း… ဟိုဘက်ကသိသွားလို့ လေယာဉ်ပေါ်
ပြန်တင်လွှတ်လိုက်ြပီ…
မန်းငြိမ်းပြီးတော့ …ဂျက်ကော့မဖြစ်ပါရစေနဲ့
ကူညီပါဦး …တဲ့ ။

အဲ့နေ့ကလဲ… မှတ်မှတ်ရရ
ဦးအောင်မင်းသမီး မအေးမြအောင်နဲ့ကိုရဲလေးတို့ရဲ့
မင်္ဂလာဆွမ်းကျွေးပြုလုပ်တဲ့နေ့ဖြစ်နေတယ်…
ကျနော်တို့ဇနီးမောင်နှံကလဲ… မဟာစည်ကိုချီတက်တော့မလို့
ဝတ်ကောင်းစားလှတွေလဲပြီးနေပြီ…

ဗိုလ်ချုပ်ခင်ဗျား…
ဖဒိုကွယ်… ခုလေးတင်ဖုန်းဆက်လာပါတယ်
အဲ့လို …အဲ့လိုတော့…ဖြစ်နေပြန်ပြီ…
ကူပါဦး …ကယ်ပါဦးပေါ့…
မန်းငြိမ်းမောင်ကိစ္စ… ပြီးကာစရှိသေးတယ်…
နောက်တစ်မှုက …လေထဲရောက်နေပြန်ပြီခင်ဗျာ …ဆိုတော့
မင်းလုပ်ချင်တာကို… မင်းကိုယ်တိုင်သာသွားလုပ်…
မင်းကိုငါတာဝန်ပေးတယ်တဲ့ …

ဒါဆိုလဲ …ကျနော်လုပ်ပါမယ်
ဗိုလ်ချုပ်နာမည်တော့ …လိုအပ်သလောက်သုံးမယ်နော်
မင်္ဂလာဆောင်ထဲ …ဖုန်းထပ်ဆက်ရမှာ အရမ်းအားနာလို့ပါ …ဆိုတော့
စက္ကန့်မဆိုင်းပါဘဲ…

မောင်ငွေစိုးလေး…
မင်းကိုငါယုံတယ် …ဆက်လုပ်လိုက်…
သိပ်ခက်နေရင်တော့လည်း… ဖုန်းဆက် …ဆိုတာလေးရလိုက်ပါတယ်
မဟေသီက… ကျနော်ဖုန်းပြောတာလဲဆုံးရော
ဒို့ ဘာလုပ်ရလဲတဲ့…
သူဘာလုပ်လို့တော့မပြောတော့ပါဘူးကျနော်ကတော့
အဝတ်စားပြန်လဲပြီး… လေယာဉ်ကွင်းကိုဦးတည်လိုက်ပါတယ်။

ကြေငြာဝင်တယ်မထင်ပါနဲ့…
ကျနော်ဟာ… နဝတအစိုးရအဖွဲ့ဝင် …ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့
အပါးတော်မြဲလုပ်ခဲ့သူတစ်ယောက်… ခေသူမဟုတ်လို့ …
ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်ရှိသူပါ…
ကားမောင်းနေရင်းနဲ့ …သက်ဆိုင်တဲ့နေရာတွေကို… ဖုန်းဆက်သွားပါတယ်
ဒါမျိုးတွေ… စီမံခန့်ခွဲရတာ…
ကျနော့်အတွက် …အခက်ကြီးမဟုတ်လှပါဘူး
တကယ်ပါ…ယုံပါ …

ကျနော်လေယာဉ်ကွင်းကိုရောက်တော့…
ဖထီးစောဂျက်ကော့ကို …ထောင်ထဲပို့မဲ့လေယာဉ်ဟာ
Landing လုပ်ဖို့ မိနစ် ၂၀ ဘဲလိုပါတော့တယ်…
ဦးငွေစိုး ဆိုတဲ့လူ…
ပြည်ပဆိုက်ရောက်ဆောင်အတွင်းဘက်…
မှန်နားကခုံ အဝါတန်းမှာ …အင်းဂျီ အပြာကွက်နဲ့ထိုင်နေတယ်ဆိုတဲ့
ညွှန်ကြားချက်ကို …ရရှိထားတဲ့…
တာဝန်ရှိသူအသီသီးဟာ …ကျနော့်ကို …လာနှုတ်ဆက်ပြီး
သူတို့ဘာလုပ်မယ်ဆိုတာ… ပြောပြီးတာနဲ့
ချက်ချင်းဘဲပြန်ထွက်သွားကြပါတယ် ။

ကျနော်တော့ဘာဖြစ်ပြီလို့ …ဖဒိုကွယ်ဆီဖုန်းပြောပြီးတာနဲ့
တရုပ်ရဲကဖုန်းသိမ်းသွားလို့ …ဖထီးစောဂျက်ကော့မှာ
ဘာinformation မှမရှိ…
သူစဉ်စားလာ …မျှော်လင့်လာသည်က…
မန်းငြိမ်းမောင်ပြီးတော့… စောဂျက်ကော့အလှည့်ရောက်ပြီ
နှစ်၄၀ကျော်ဝေးကွာခဲ့တဲ့ …ရန်ကုန်မြို့ကြီးရဲ့တစ်နေရာ
အင်းစိန်နားမှာ… ကရင်တွေရှိဦးမှာပါလို့ … အားတင်းလာပါသတဲ့ ။

လေယာဉ်အပေါက်ဝထိလာကြိုသူများဟာ …သူ့ကိုထောင်ထဲပို့မဲ့သူတွေ
သူတို့ရှေ့မှာ အညံ့ခံတဲ့ပုံမဖြစ်အောင်…
နက်ကတိုင်နဲ့ကုတ်အင်းဂျီကို… ထုတ်ဝတ်လာပါသတဲ့…
ဖထီးကို ဦးငွေစိုးလာစောင့်နေတယ်လို့ …ရယ်ရယ်မောမော
နှုတ်ဆက်စကားဆိုတာကိုလဲ…
မြန်မာပြည်ကရဲတွေ …ယဉ်ကျေးဖော်ရွေလှပါလားလို့
သူကတွေးပြီး သူတို့ခေါ်တဲ့နောက်ကလိုက်လာရာကနေ
ကျနော်နဲ့တွေ့ပါတယ်တဲ့ဗျာ ။

အေးဆေးဖြစ်သွားပြီ…
ဘာလုပ်ချင်ပါလဲဆိုတော့…
တစ်ခုခုကျွေးပါ… ပြီးရင် မဲဆောက်ကို… ချက်ချင်းပြန်ချင်ပါသတဲ့
RASU ကနေသိပ္ပံဘွဲ့ရခဲ့တဲ့ …သူ့အတွက်ရန်ကုန်မြို့ကြီးဟာ
အေးစက်ခြောက်သွေ့နေပြီး… ဒုက္ခသည်စခမ်းဟာသူ့အတွက်
နွေးထွေးလုံခြုံတယ်လို့ …ယုံထားနေဆဲ ဖထီးစောဂျက်ကော့ရဲ့
ခံစားချက်ကို နားလည်စွာနဲ့ ပါရမီဖြည့်ပေးလိုက်ပါတယ် ။

တကယ်ပါ… မယုံဘူးမပြောပါနဲ့…
ကျနော်တကယ်လုပ်ခဲ့တာပါ… စိတ်ကူးရှိတာ
ဂယောင်ဂရမ်းပြောနေတာမဟုတ်ပါဘူး…
အခုရေးသားဖေါ်ပြခဲ့တာက …အစိုးရအဖွဲ့ဝင်… ဝန်ကြီးတစ်ဦးက
KNU နဲ့ပါတ်သက်ပြီး …ကျနော့်အပေါ်ယုံကြည်လို့တာဝန်ပေးတာတွေ
အများကြီးထဲတစ်ခုသောကိစ္စ…

ထို့အတူပါဘဲ…
KNU ဥက္ကဋ္ဌ အဘိုးမူတူးစေးဖိုးက… ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့
ပါတ်သက်ပြီးကျနော့်ကို …ယုံကြည်ခဲ့တာတွေကိုလဲ …နောင်ရေးပါဦးမယ်။
ဒီနေရာမှာ ယုံကြည်တယ်ဆိုတာကို ပြောပြောနေတာဟာ
ကိုယ်ရည်သွေးချင်လို့မဟုတ်ပါဘူး… မြင်အောင်ကြည့်ပြီး
နားလည်သည်ထိတွေးစေချင်ပါတယ်…
အခြားလိုအပ်နေသောနေရာဒေသများသို့လည်း
အမြန်ပျံ့ကူးစက်စေချင်တဲ့စေတနာနဲ့ဆိုတာ… ယုံကြည်ပေးပါ။

လူသိချင်သိမယ်… နောက်ကွယ်နဲ့အကျိုးဆက်ကို…
မသိမမြင်သေးဘူးဆိုရင် …တန်ဖိုးထားတတ်ဘို့အတွက်
အကျဉ်းချုံး …နောက်ဆုံးထားပြီးပြောပြပါ့မယ်…

ယုံလာပြီဟေ့ဆိုတာသေချာရင်…
Passport အတုနဲ့လေယာဉ်စီးပြန်လာရင်လဲ…
ထောင်မကျဘူး ……စိတ်ချ
ရှေ့ဆက်သွားလို့ရယ်…

ယုံလာပြီဟေ့ဆိုတာသေချာရင်…
မြို့လယ်ကောင် Five star Hotel ကြီးပေါ်
ဗုံးတက်ခွဲလဲ …ကိစ္စမရှိဘူး… စိတ်ချ
ရှေ့ဆက်သွားလို့ရတယ်…

ယုံလာပြီဟေ့ဆိုတာသေချာရင်…
တပ်ချုပ်စီးလာတဲ့လေယာဉ်ကို သေနတ်နဲ့ပစ်လို့ …ထိမှန်ခဲ့ရင်လဲ
ခွင့်လွှတ်တယ်…
ရှေ့ဆက်သွားလို့ရတယ်…

ဒိထက်ပိုပြီး …ကျနော် ထပ်ရေးပြစရာ… လိုပါသေးလားဗျာ
ဒါ့ကြောင့်ကျနော်ပြောချင်ပါတယ်…
ကျေးဇူးပြုပြီး ဒီ Status ရဲ့ ခေါင်းစဉ်လေးကိုပြန်ဖတ်ကြည့်ပေးပါ ။


Ngwe Soe 

အဘိုးမူတူးနှင့်ကျနော်‬

$
0
0

အဘိုးမူတူးစေးဖိုးသည် လက်ရှိ KNU အဖွဲ့အစည်းကြီး၏ ဥက္ကဌ
KNLA လက်နက်ကိုင်တပ်ဖွဲ့ကြီး၏ စစ်ဦးစီးချုပ်ဟောင်းလည်းဖြစ်လို့
ကရင်ပြည်နယ်အပါအဝင် KNU ထိမ်းချုပ်နယ်မြေအားလုံးထဲသို့
စစ်ဆင်ရေးဝင်ခဲ့သော တပ်မတော်တပ်ဖွဲ့အရွယ်အစားများစွာနှင့်
ရင်ဆိုင်ဘူးသူလည်းဖြစ်ပါတယ်…

ကျနော်ကတော့ အလုပ်သင်ဗိုလ်မှဗိုလ်မှူးအဆင့်ထိ တပ်မကြီး(၄၄)၌ပင်
သုံးကြိမ်တိုင်တိုင်…
တာဝန်ထမ်းဆောင်ခဲ့ဘူးသူဖြစ်ပြီး ထိုက်သင့်သည့်စစ်ရေးအတွေ့အကြုံကို
ကရင်ပြည်နယ်စစ်ဆင်ရေးတစ်ခုတည်းမှာဘဲ ရရှိခဲ့သူ…
အငြိမ်းစားဘဝနှင့်ပြင်ပစီးပွားရေးလောကထဲ၌ကြိုးစားရပ်တည်နေရသူ
ကျနော်နှင့်အဘိုးမူတူးတို့ ဘယ်လိုရေစက်ဆုံခဲ့ကြသည်ကို…
တင်ပြလိုက်ပါတယ်…
ကျနော်က ထားဝယ်ခရိုင် မေတ္တာမြို့နယ်ရဲ့အရှေ့ဖက်တောထဲကို စီးပွားရေး
ကိစ္စနဲ့ရောက်သွားတဲ့အခါမှာ ရှောင်လွှဲလို့မရလို့
KNLA တပ်မဟာ(၄)က တပ်ရင်း(၁၀)ဒုတပ်ရင်းမှူး
ဗိုလ်မှူးဖိုးလေး@ခြင်္သေ့နဲ့ …စတင်ခင်မင်သွားပါတယ်
သူကတဆင့် သူ၏အကို ဒုတပ်မဟာမှူး ဗိုလ်မှူးကြီးစောမူကယ်@ဆန်နီနှင့်သာမက
တပ်မဟာ(၄)မှအားလုံးနီးပါနဲ့ခင်မင်သွားခဲ့ပါတော့တယ် ။

ဖခင်ဖြစ်သူက KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်အော်လီဗာဖြစ်ပြီး
မိဘကိုအလွန်ရိုသေလေးစားကာ
ညီအကို… ယောက်ဖအားလုံးတော်လှန်ရေးသမားတွေချည်းဖြစ်ပေမဲ့လဲ
ဗမာကိုမုန်းတီးလို့တော်လှန်ရေးလုပ်တာမဟုတ်ဘူး
ကရင်လူမျိုးတွေအတွက်တိုက်ပွဲဝင်တာဖြစ်တယ်
သွေးတစ်စက်မြေမကျစေဘဲ… အောင်ပွဲရယူနှိုင်ရမယ်
တွေ့ဆုံဆွေးနွေးရာမှအပစ်ရပ်နှိုင်ရမယ်… တစ်ဆင့်တက်ပြီး
နိုင်ငံရေးတွေ့ဆုံဆွေးနွေးကြမယ် …့အများလက်ခံသော
ဖက်ဒရယ်စနစ်ကိုရရင် …တော်လှန်ရေးပြီးဆုံးမယ်ဆိုတဲ့ …အမျှော်အမြင်ရှိသော
ကရင့်ခေါင်းဆောင်များရဲ့မူဝါဒကို သက်ဝင်ယုံကြည်
အကောင်ထည်ဖေါ်ချင်ကြသူများဖြစ်ကြပါတယ် ။
အခွင့်အခါကောင်းကိုစောင့်နေတဲ့ …သူတို့တွေဟာ
တနသာင်္ရီတိုင်းအတွင်း စီးပွားလာရှာသော… ရန်ကုန်အခြေစိုက်
ကုမ္ပဏီကြီးငယ်မှန်သမျှတို့ကို …
အစဉ်တစ်စိုက်သွေးထိုးစမ်းကမ်းလှမ်းကြည့်သည်ကတော့
အစိုးရနှင့်တွေ့ဆုံဆွေးနွေးခွင့်အတွက်
ကူညီပေးပါရန်… ဖြစ်ပါသတဲ့
သို့ပါသော်လည်း…
မည်သည့်ကုမ္ပဏီကြီးကြီးငယ်ငယ်ကမှ …
ပြန်ကြားချက်ပြန်မလာခဲ့ကြပါတဲ့
ကျနော့်လိုလူမိုက်တစ်ယောက်နဲ့တွေ့တာဟာ…
သူတို့အတွက်ကံကောင်းတာပါဘဲလို…့ နောက်ပိုင်းမှာပြန်ပြောပြခဲ့ပါတယ် ။
KNU နဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့မယ်ဆိုရင်…
ဘယ်လောက်အထိအကျိုးကျေးဇူးဖြစ်လာမယ်ဆိုတာ…
လက်ရှိအချိန် …ကိုယ်တိုင်ကုမ္ပဏီပိုင်ရှင်ဖြစ်နေပေမဲ့လဲ
ကရင်တွေနဲ့တကယ်ရင်ဆိုင်စစ်တိုက်ခဲ့ဘူးတဲ့…
့ကျနော့်ရဲ့အသွေးအသားထဲကဆန္ဒတွေကို ကျော်လွှား
မေ့ပစ်လောက်အောင်လဲ… ကျနော်က မမိုက်မဲသေးဘူးလေ ။

တပ်မဟာ(၄)တစ်ခုထည်းအတွက်လား KNU အားလုံးအတွက်လားဆိုတော့
အားလုံးအတွက်ပါ… ဗဟိုနဲ့ချိတ်ဆက်ပေးပါမယ်ဆိုတော့မှ…
ကျနော်က KNU ဗဟိုနဲ့မဲဆောက်မြို့မှာ… စတင်ဆုံဘူးတာဖြစ်ပါတယ်
အမှန်တော့…
ထိုစဉ်က KNU အတွင်းရေးမှူးချုပ်ဖြစ်သူ…
ဆရာမကြီးနော်စီဖိုးရာစိန်နဲ့၃ကြိမ်မြောက်တွေ့ဆုံချိန်ကျမှ
KNLA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့
့ စတင်ဆုံဘူးတာပါ…
အဲ့အချိန်ထိ ကျနော့်မှာ… ဘယ်ကမှ Mandate မရှိပါဘူး
အသက်(၈၀)အရွယ် ပြည်တွင်းစစ်အတွေ့အကြုံနှစ်(၆၀)ကျော်ရှိတဲ့
အဘိုးရဲ့ …
ကျနော်က မူတူးပါ … ဆိုတဲ့ နှုတ်ဆက်စကားနဲ့အတူ
လက်ဆွဲနှုတ်ဆက်ချိန်မှာဘဲ…
ကျနော်ကတော့ ငွေစိုးပါဗိုလ်ချုပ်ကြီး ဆိုတဲ့ …စကားနဲ့အတူ
စကားလုံးအချို့ကို တိုတိုလေးပြောလိုက်တဲ့အခါမှာတော့…
ဒီဗမာ… မလွယ်ပါလားကွ… လို့ရယ်မောရင်း…
ကျေနပ်စွာနဲ့ ကျနော့်လက်ကို ပိုပြီးတင်းတင်းဆုတ်ကိုင်တာ
ကျနော်ခံစားလိုက်ရပါတော့တယ် ။

Ngwe Soe 

ထူးဆန်းသည့်ဖြစ်ရပ်‬

$
0
0
‪‎

ထိုင်းနိုင်ငံ …သုဝဏ္ဏဘူမိလေဆိပ်
အရေးကြီးပုဂ္ဂိုလ်များနားနေဆောင်ရဲ့
တစ်ခုသော ဧည့်ခန်းအတွင်း၌ဖြစ်ပါသည် …
ဝန်ကြီးဦးအောင်မင်းဦးဆောင်သောအဖွဲ့
မြန်မာပြည်ပြန်ရန်အတွက်စောင့်ဆိုင်းနေကြပါတယ် …


ပြီးခဲ့သောရက်အတွင်း မဲဆောက်မြို့၌ KNU နှင့်တွေ့ဆုံပြီး
သမ္မတကြီး၏ …ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို…
KNU ဘက်မှ နွေးထွေးစွာ… ကြိုဆိုလက်ကမ်းသဖြင့်
အောင်မြင်သောခရီးစဉ်ဖြစ်ခဲလေ့ရာ အခြားသူများ
ရောက်တတ်ရာရာ… ကြည်နူးစွာပြန်လည်စမြုံ့ပြန်နေကြစဉ်
ကျနော် …သံအမတ်ကြီး နဲ့ ဦးအောင်မင်းတို့မှာ
တစ်စုံတစ်ယောက်ကိုမျှော်ရင်း…
နာရီတကြည့်ကြည့်ဖြစ်နေကြရပါတယ်…

အဆိုပါအောင်မြင်သောရီးစဉ်အတွက် ကျနော် ကိုမောင်နဲ့မစုတို့
အတော့်ကို လူပန်းစိတ်ပန်းဖြစ်ခဲ့သော်လည်း
အမှားအယွင်းမရှိ ဆောင်ရွက်ပေးနှိုင်ခဲ့လို့ …ပျော်နေကြပါတယ်
လွန်ခဲ့သောရက်…
မိုးကြီးလေကြီး လမ်းတစ်လျောက်လုံးရေကြီးနေသဖြင့်
ဘန်ကောက် - မဲဆောက် ၁၃ နာရီခရီးကြမ်းထဲတွင်
ကိုယ်တိုင်ကားမောင်းရင်း …ကား၎စီးကိုဦးဆောင်ကာ
ထိုင်းစကားကိုကျင်လည်နှံ့စပ်စွာပြောနှိုင်သော
မစုသာမပါလျင်… ထိုခရီးမရောက်
ထမင်းပင်ငတ်လောက်ပါသည် ။

လေယာဉ်ပေါ်မတက်မီတွင်…
ဦးအောင်မင်းအနေဖြင့် ကျနော့်ကိုငြိမ်းချမ်းရေးပိုးသွင်းပေးသူ
KNLA တပ်မဟာ(၄)၏ ဒုတပ်မဟာမှူးဖြစ်သော…
ဗိုလ်မှူးကြီးစောမူကယ်@ဆန်နီ့ကို …အလွန်တွေ့ချင်နေပါသည်
အမှန်မှာ…
ကျနော်တို့ ဦးအောင်မင်းတို့ KNU ဗဟိုနှင့်စတွေ့နေချိန်တွင်
ကျနော်တို့ကို… မြင်သာသောနေရာ၌ …သူရှိနေပါသည်
သူစီစဉ်ထားသည်ကို …အကောင်အထည်ဖေါ်နေသာကျနော်
တစ်ခုခုလိုအပ်ပါက… ချက်ချင်းသူဝင်ပါနှိုင်ဘို့ဖြစ်ပြီး
ချောမွေ့နေပါက… ဗဟို၏တာဝန်ကို …ဝင်ရှုတ်သလိုမဖြစ်စေဖို့
ကျနော်မှ… အချက်ပြတာကိုစောင့်ရင်း…
တပ်ဖျောက်ထားခြင်းသာဖြစ်ပါသည် ။

နောက်နေ့ကျနော်တို့ ဘန်ကောက်ရောက်ချိန်တွင်မှ …
ဗိုလ်မှူးကြီးစောမူကယ်အား ဦးအောင်မင်းက တွေ့ဆုံလိုသဖြင့်
ကျနော်မှဘန်ကောက်သို့ … လိုက်လာရန်ခေါ်ရခြင်းဖြစ်ပါသည်…
ကျနော်တို့မြန်မာပြည်ပြန်မည့်အချိန်နှင့်တွက်ပါက
အချိန်ကမလုံမလောက်ဖြစ်နေ…
ရေကြီးနေချိန်ဖြစ်လို့ကားလမ်းကိုရွေးချယ်ခွင့်မရှိပါ
ကရင်စစ်သားတွေမှာရော … ရေဗူးပေါက်တာမလိုချင်
ရေပါတာဘဲလိုချင်တယ်မရှိဘူးလားဗျ… ဆိုတော့
ရှိတာပေါ့ ဖထီးငွေစိုးရယ်တဲ့
ဗဟိုကိုတွေ့ခွင့်တောင်းမယ် …ရတာနဲ့ …မဲဆောက် - ချင်းမိုင်
ချင်းမိုင် - ဘန်ကောက်ရတာစီးပြီး …ရောက်အောင်လာမှာပေါ့တဲ့…

သူချင်းမိုင်မှာ …လေယာဉ်ပေါ်တက်ပြီ
လာနေတာတော့သေချာပြီ…
ကျနော်တို့ကလည်း လေဆိပ် အထူးဧည့်ခန်းထဲရောက်နေပြီ
အကျိုးရှိတဲ့တွေ့ဆုံမှုလေး …မလွဲချော်စေချင်တာကတော့
ထိုအချိန်ထိ KNU နိုင်ငံရေးဦးဆောင်အဖွဲ့နဲ့သာတွေ့ဘူးသေးသော
ဦးအောင်မင်း ကိုယ်တိုင်ကိုယ်ကျ…
KNLA တိုက်ခိုက်ရေးတပ်မှူးကြီးတစ်ဦးရဲ့…
ငြိမ်းချမ်းရေးအပေါ်မျော်လင့်ချက်နဲ့သဘောထားကို
နားနဲ့ကြားစေချင်တာက …အဓိကဖြစ်ပါတယ်…

ဒီဘက်ကအချိန်နဲလာလေလေ…
ပိတ်ထားတဲ့ …လေယာဉ်ပေါ်ကသူ့ဖုန်းကိုခေါ်လေလေနဲ့
စိတ်မောနေမိတာပေါ့…
ရောက်ဘူးသူများခန့်မှန်းနှိုင်ပါလိမ့်မည်ထင်ပါတယ်
သုဝဏ္ဏဘူမိလေဆိပ်ကလည်း …အကျယ်ကြီး…

ပိုဆိုးသည်က သူက Domestic Arrival ကလာမည်
ကျနော်တို့က International Departure ( VIP) ခန်းမ
အကွာအဝေးက မိုင်ဝက်ခန့်လောက်ဖြစ်နေတယ်…
အပြေးလာလေဦးတော့…
အချိန်မလုံလောက်တဲ့ ပြဿနာထဲကို …စရောက်လာပြီလို့
တွက်မိချိန်မှာဘဲ …သူ့ကိုသွားကြိုနေတဲ့
့ကိုမောင့်ထံမှဖုန်းဝင်လာပါတယ်…

ကိုဆန်နီဖုန်းမဖွင့်သေးဘူး …
သူတော့ထွက်လာမဲ့ဂိတ်အဝရောက်ပြီတဲ့…
မြန်အောင်လို့ လေယာဉ်ကွင်းအဆောက်အဦးအတွင်းသုံး
ကားငယ်တစ်စီး request လုပ်ကြည့်ပါလဲဆိုရော…
ကျနော့်မှာ … အီး …အားနဲ့ …ခေါင်းကုတ်မိတာကို
သံအမတ်ကြီး ဦးအောင်သိန်းက မြင်သွားလေတော့
ကျနော့်အနားကိုထလာပြီး…
ခင်ဗျားတစ်ခုခုတော့ဖြစ်နေပြီ …ဘာဖြစ်နေတာလဲတဲ့လေ
ကျနော်က …အချိန်နဲနေပြီမို့ …သယ်ယူပို့ဆောင်ရေး
အထောက်အကူ …အရေးကြီးလာလို့ပါဆိုတော့…

သူ့ကား driverကို Domestic ဘက်ကိုသွား…
ကားပေါ်တက်လာတဲ့သူကို… ဒီကိုအမြန်ခေါ်ခဲ့လို့
ပြောနေချိန်မှာဘဲ…
ကျနော်ကလည်း …ကိုမောင့်ဖုန်းကိုခေါ်ပြီး
သံအမတ်ကြီးကားလွှတ်လိုက်ပြီလို့ …သတင်းပေးလိုက်ပါတယ်…

ကျနော်ကနာရီကြည့်ပြီး ၁၀ မိနစ်ထက်မပိုတော့ဘူး…
လေယာဉ်ပေါ်တက်ရတော့မယ်လို့ …တွက်မိချိန်မှာဘဲ
ပေါ်တီကိုအောက်ကိုထိုးဆိုက်လာတဲ့
မြန်မာနိုင်ငံတော်အလံလွှင့်ထူထားသော
မာစီးဒီစ်ကားကြီးပေါ်မှ KNLA တပ်မှူးကြီးတစ်ဦးဖြစ်သူ
ဗိုလ်မှူးကြီးစောမူကယ် ဆင်းလာပြီးဦးအောင်မင်းကို
စစ်ဘက်နှုတ်ဆက်ခြင်းနဲ့ နှုတ်ဆတ်လိုက်ပါတော့တယ် ။

( ရေဗူးတွေ …ရေတွေ …ပေါက်တာတွေက …အရေးအကြောင်းဆို
အလုပ်ဖြစ်ပါတယ် …ကိုယ်တွေ့ပါခင်ဗျ )



‪ဒီကိစ္စမျိုးလဲရှိခဲ့ပါတယ်‬

$
0
0

ဦးအောင်မင်းအနေဖြင့် မဲဆောက်မြို့၌
KNU နှင့်ချောမောစွာတွေ့ဆုံပြီး စာမျက်နှာသစ်
ဖွင့်လှစ်နှိုင်ခဲ့ကြောင်း… ကျနော်တင်ပြခဲ့ပြီးဖြစ်ပါတယ် ။


မကြာခင်အချိန်အတွင်းမှာဘဲ…
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို…
ပြည်တွင်း၌ ပိုမိုလုပ်ကြဘို့ နှစ်ဘက်စလုံးက
လိုလားမှုရှိလာခဲ့ကြပါတယ်…

ထိုသို့ စပ်ကူးမတ်ကူးကြားကာလတွင်…
တွေ့ဆုံဆွေးနွေးရေးကို ယုံကြည်ပြီး အတွေ့ကြုံရှိသော
အဘိုးမူတူးနှင့်အန်ကယ်ဒေးဗစ်တောတို့အတွက်
နှစ်ခြိုက်စရာ …အခင်းအကျင်းတစ်ခုဖြစ်ပေမဲ့လဲ
မယုံကြည်မှုက(9+)ဆိုသည့်အထဲက …ပုဂ္ဂိုလ်များထဲမှာ
အရေးပါသည့် ထိပ်သီး ၅ ဦးထဲက ၃ ဦးပါနေပြီး
ထိုသူများအတွက်ကတော့ … ယခုအခြေနေမျိုးဟာ
မြန်လွန်းတယ် …Risk များနေတယ်လို…့ ယူဆနေ ဖြစ်နေတာဟာလဲ
သဘာဝကျတဲ…့ အခြေအနေတစ်ခုဆိုတာ…
ကျနော်ကတော့ သိနားလည်နေပါတယ်…

ဒါ့ကြောင့်လည်း…
(9+) အများစုပါဝင်တဲ့အဖွဲ့ကို ဦးအောင်မင်းနှင့်ထပ်မံတွေ့ဆုံပြီး
သမ္မတကြီး ဦးသိန်းစိန်ရဲ့သဘောထားကို…
တိုက်ရိုက်ချဉ်းကပ်လေ့လာနှိုင်ဘို့လဲ… ပြုလုပ်ပေးခဲ့ဖြစ်ပါတယ် ။

ယခုတစ်ကြိမ်တွေ့ဆုံမဲ့သူများဟာ…
တွေ့ဆုံဆွေးနွေးရေးနဲ့အပစ်ခတ်ရပ်စဲရေးကို
လွန်စွာသတိကြီးကြီးနဲ့ …ချဉ်ကပ်ကြသူများဖြစ်သလို
စစ်ရေးဘက်တွင် အရေးပါသော ဥက္ကဌ၏သားဖြစ်သူ
ပါဝင်တဲ့အတွက် စိတ်ပိုရှည်ဖို့လိုကြောင်းနဲ့
ရလာဒ်ကိုလဲ အများကြီးမျော်လင့်လို့မရကြောင်း
ဦးအောင်မင်းထံကြိုတင်သတင်းပေးထားပါတယ် ။

အစည်းအဝေးကိုမဲဆောက်ဘက်မှာဘဲ ပြုလုပ်ခဲ့ပြီး
KNU ဘက်မှ တက်ရောက်သူ လူစေ့တက်စေ့ ပါဝင်ဆွေးနွေးခဲ့ကြပြီး
အားလုံးအပေါ်ခြုံကြည့်ပါက…
တွေ့ဆုံဆွေးနွေးရေးကိုကြိုဆိုလိုလားကြောင်း…
အစိုးရဘက်မှ တာဝန်ပိုရှိသည်ကိုသိစေလိုကြောင်း…
ပြည်တွင်းသို့သွားရောက်ဆွေးနွေးရေးအတွက်…
အချိန်ယူပြင်ဆင်ရမည်ဖြစ်လို့ …အရမ်းမတွန်းစေလိုကြောင်း…
စသည်တို့ဘဲဖြစ်ကြပါတယ် ။

ထိုနေ့တွေ့ဆုံဆွေးနွေးမှုမှာ အများနှင့်မတူသည့်အမြင်ကို…
ထူးထူးခြားခြား တင်ပြလာသူကတော့ KNLA စစ်ဦးစီးတာဝန်ယူထားသော
ဗိုလ်ချုပ်မန်းမဲ့အေးစိန်@အားစီ ဖြစ်ပါတယ်ခင်ဗျ …

ဦးအောင်မင်းသည် ဗိုလ်ချုပ်တစ်ဦးဖြစ်သလို တောင်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်
တိုင်းမှူးဖြစ်ခဲ့သည်ကို KNLA တပ်မဟာ ၂ မှူးဖြစ်ခဲ့သော…
ဗိုလ်ချုပ်အားစီမှလည်း ကောင်းစွာသိသူဖြစ်ပါသည်…

အစည်းအဝေး၌ ဗိုလ်ချုပ်အားစီမှ အဆိုတစ်ခုကိုတင်ပြပါတယ်
အဲ့ဒါကတော့…
တပခ ဧရိယာထဲမှာ ဘူဇာခီး ဆိုတဲ့တပ်မတော်စခန်းတစ်ခုရှိပါတယ်
မိုးထိလုမတတ်တောင်ထိပ်တစ်ခုမှာဖြစ်လို့ ဘာအလုပ်မှမရှိပါဘူး
အရာရှိတစ်ယောက်နဲ့စုစုပေါင်းမှ ၁၅ယောက်ဘဲရှိတာလဲ သိပါသတဲ့
အလုပ်မရှိဘဲ ဖျားနာနေတာဘဲရှိတာမို့…
ဘူဇာခီးစခန်းကို ဆုတ်ပေးစေချင်ပါတယ်…
ယုံကြည်မှုတည်ဆောက်ချင်လို့ တောင်းဆိုတာဖြစ်ပါသတဲ့… ခင်ဗျာ

ဦးအောင်မင်းအနေဖြင့် အခြားသူများရဲ့ဆွေးနွေးချက်များအပေါ်
အဖြေပေး ဆွေးနွေး မှတ်သားဖြေကြားပေးခဲ့သော်လည်း…
coffee break ချိန်အထိ ဗိုလ်ချုပ်အားစီ၏ …အမေးကိုမဖြေသေးပါ
ထို့ကြောင့်ကျနော်မှဘဲစတင်ပြီး…
ဗိုလ်ချုပ်ခင်ဗျာ…
ဖထီးအားစီကတော့ သူ့မေးခွန်းမဖြေသေးတာအတွက်
ငြိမ်ပြီးပြန်မဲ့ပုံတော့မရှိဘူး…
ဗိုလ်ချုပ်မှာ အဖြေမရှိဘူးဆိုတာလဲ… ကျနော်သိပါတယ်
ခွင့်ပြုမယ်ဆို ကျနော်ကြည့်လုပ်ပါ့မယ်
သူကျေနပ်သွားစေချင်လို့ပါဆိုတော့…
ဦးအောင်မင်းက…
မင်းဘယ်လိုလုပ်မှာလဲ …ဘာလဲ …ညာလဲ …တစ်ခွန်းမှမမေးပါဘဲနဲ့
မင်းလုပ်လိုက်ကွာ …တဲ့ဗျာ …

မျှော်လင့်ထားသလိုပါဘဲ…
အစည်းအဝေးဒုတိယပိုင်းပြန်စတဲ့အခါမှာ
ဗိုလ်ချုပ်အားစီမှ…
သူ့မေးခွန်းအတွက် … နေပြည်တော်က ဘယ်လိုများပြန်ကြားပါသလဲ …လို့
လုပ်လာပါလေတော့တယ်…
အလှည့်ကျပြီဆိုတော့လည်း ကျနော်မှမတ်တတ်ထရပ်ပြီး
လေးလေးစားစားနဲ့ စကားစလိုက်ပါတယ်…

နေပြည်တော်ကတော့ …ဘာမှပြန်မလာသေးပါဘူးခင်ဗျာ
ကျနော် ဦးငွေစိုးကတော့… ဗိုလ်ချုပ်အလိုအတိုင်း…
ဘူဇာခီးစခန်းကို နောက်ဆုတ်ပေးလိုက်ဘို့ …သဘောတူပါတယ်…
ဆိုလိုက်တော့…
ပြုံးရွှင်ပြီး သဘောကျသွားတာမြင်မှ …
တစ်ဆက်ထဲမှာဘဲ…
ကျနော်က… ဆုတ်ခွာပေးလိုက်ပါပြီ…
ဗိုလ်ချုပ်က …ဘာလုပ်မှာပါလဲလို…့ မေးလိုက်တဲ့အခါ
ကျနော်တို့တက်နေမှာပေါ့ ……တဲ့ဗျာ…

ဘာဖြစ်လို့တက်နေမှာလဲ…
တောင်ထိပ်မှာ …ဘာအလုပ်မှမရှိပါဘူး…
ဗိုလ်ချုပ်ရဲဘော်တွေဖျားနေမှာပေါ့ …လို့ပြန်ထည့်လိုက်ပါတယ်…
ဖြစ်ချင်တော့ …သူနဲ့ကျနော်ကလည်းမျက်နှာချင်းဆိုင်ထိုင်မိနေတာမို့
မျက်လုံးကြီးပြူးပြီး …ကျနော့်ကိုမော့ကြည့်နေတာကို
အနီးကပ်တွေ့နေရတာပေါ့…

စစ်ရောင်ခပ်နွမ်းနွမ်း …သူ့ခေါင်းစွပ်ကြီးကို
နေသားကျအောင်လုပ်ရင်း …သူဥာဏ်ထုတ်နေတယ်ဆိုတာ
ကျနော်ကသိနေပြီမို့…
တစ်လက်စထဲ …ဆက်ပြောလိုက်တာက…
ဗိုလ်ချုပ်… တပ်မတော်နဲ့ယုံကြည်မှုတည်ဆောက်ချင်ရင်တော့
ဘူဇာခီးစခန်းဟာသင့်တော်ပါတယ်ခင်ဗျာ…
တစ်ဘက် ၁၅ ယောက်စီပေါင်းပြီးစမ်းသပ်နေကြည့်နှိုင်ပါတယ်…
စမ်းကြည့်မလားခင်ဗျာ…… လို့ပါ…
ဒါတော့မဖြစ်နှိုင်ဘူး… ဦးငွေစိုးရေ…
နောက်မှစဉ်းစားကြတာပေါ့ဆိုပြီး …တစ်ခန်းရပ်သွားပါတယ်


အကယ်၍များ …
ဗိုလ်ချုပ်အားစီသည် … နောက်မဆုတ်ဘဲရှေ့တိုးလာခဲ့သော်…
ကျနော်မျိုး … ဘာမျှမတတ်နှိုင်တော့ပါ…
နောက်ထပ်ပစ်စရာ ……ကျည်မရှိတော့ပါဘူးခင်ဗျား )-:)-:)
( တစ်ခါတစ်ရံမှာ… ခလေးကွက်တွေကလည်း …အလုပ်ဖြစ်ပါတယ် )


Ngwe Soe

‪သတိရပါတယ်‬

$
0
0

ဦးအောင်မင်းနဲ့အတူ…
ပြည်တွင်းငြိမ်းချမ်းရေးအတွက်…
သွားလာကျိုးစာခဲ့ရတဲ့ ၂၀၁၁ နှောင်းပိုင်း
အချိန်ကာလများတုန်းက… လူမသိသော
နောက်ကွယ်က အဖြစ်မှန်လေးတွေကို…
ခုတလော …ကျနော်ရေးဖြစ်နေပါတယ် ။


ရက်စွဲတွေ… ကိန်းဂဏာန်းတွေ… အပေါ်မှာ
ကျနော်အားမပြုထားတာဟာ ကျနော့်ဟာကျနော်တော့
ခိုင်လုံတဲ့ …အကြောင်းရှိလို့ဖြစ်ပါတယ်…
အကျိုးကြောင်းလျော်ညီတဲ့ …ဆက်စပ်မှုလေးတွေကို
ပေါ့ပေါ့ပါးပါးနဲ့ …သိမြင်စေချင်တာ …အဓိကပါ
ကျနော်ပေးသော …သတင်းဟာ…
တကယ့်အဖြစ်တွေကိုဘဲ… အပိုင်းပိုင်းပြီး…
မိတ်ဆွေများကို… ပေးနေတာဖြစ်လို့…
ဘယ်တော့ပြန်မေးမေး မထိခိုက်ဘူး
မမှားဘူးဆိုတဲ့ နေရာလေးကိုဘဲရွေးချယ်ဖြည့်ပေးတာမို့ပါ ။

ဒီကနေ့အများသိမြင်နေသော… တိုင်းရင်းသားများနဲ့
တိုးတက်ရရှိနေသော… ရရှိထားသော …အဆင့်သည်
ဦးအောင်မင်းစတင်ဦးဆောင်သည့် …လှုပ်ယှားကြိုးစားမှုကို
အခြေခံထား ဆောင်ရွက်ကြရာမှ …နောက်ပိုင်းပါဝင်သူများအားလုံးရဲ့
စေတနာ အသီးအပွင့်ကို …တွေ့မြင်နေရခြင်းဖြစ်တယ်လို့
ကျနော့်တစ်ဦးထဲအမြင်မှာ… မှတ်သားထားပါတယ် ။

ဦးအောင်မင်းကို… ဒီလိုပိုး …ဒီလိုမျိုးဖြစ်အောင်
လုပ်ခဲ့ကြသူများထဲမှာ… ဒေါက်တာနေဝင်းမောင်ဟာ
တစ်ယောက်အပါအဝင်ဖြစ်ပါတယ်…
သူဟာထင်ရှားသူဖြစ်သလို… သူ့ကိုလေးစားသူလဲ
အများကြီးမို…့ အထူးပြောပြရန်မလိုဟုထင်ပါတယ်ဗျ …

အမှန်တကယ်တော့…
သူ့အစ်ကို… ကိုဇာနည်မောင်ဟာ …အထက်တန်းကျောင်းသား
လူရည်ချွန်စခမ်းမှာထဲက ကျနော်နဲ့ ခင်မင်ခဲ့သူတွေမို့
ကိုနေဝင်းမောင်နဲ့ကျနော်…
လွယ်လွယ်လေးနဲ့ရင်နှီးခင်မင်သွားကြတာပါ
အတူခရီးသွားကြတဲ့အခါ ကျနော့်ဆီက…
အထူးအဆန်တွေကြားရတယ်ဆိုပြီး တိုးတိုးဖော်လဲဖြစ်ခဲ့တာပေါ့…
ဦးအောင်မင်းနဲ့ကျနော်တို့…
KNU နဲ့မဲဆောက်မှာတွေ့ပြီးပြန်လာရင်း…
မွန်ပြည်သစ်ပါတီနဲ့လဲတွေ့ဘို့… ဘုရားသုံးဆူဘက်ကို
ဝင်ခဲ့ကြပါတယ်… စီစဉ်သူကတော့ ဦးမောင်ပါ…
ချိန်းဆိုထားတဲ့ စန်ခရေကန်ကြီးဘေးက… ဆိုင်တစ်ဆိုင်ကို
သတ်မှတ်ချိန်မှာရောက်ရှိစောင့်ဆိုင်းနေကြပါတယ်
အချိန်၃ နာရီလောက်နောက်ကျပြီးတော့မှ…
ဦးနိုင်ဟံသာနဲ့မွန်ပြည်သစ်အဖွဲ့၅ဦးရောက်လာပါတယ်
သူတို့ချည်တော့မဟုတ်…
ဘုန်းဘုန်း ၂ပါးလဲ …ပါလာပါတယ်
ဒါ့ကြောင့်… ရောက်ရောက်ခြင်း… အစည်းအဝေးမဖြစ်ဘဲ
အရေးပေါ်ဘုန်းကြီးဆွမ်းကပ်ခြင်းကို… လုပ်ရပါတော့တယ် ။

မှတ်မှတ်သားသားရှိနေဆဲကတော့
ထိုနေ့တွေ့ဆုံမှုမှာ ဦးနိုင်ဟံသာ ဦးဆောင်ပြီးတင်ပြဆွေးနွေးတာ
တွေထဲက အချက်၎ချက်ကိုပါဘဲ…
1) မွန်ပြည်နယ်အတွင်း စာသင်ကျောင်းများတွင်
မွန်စာပေသင်ကြားခွင့် ရရှိရေး
2) မွန်ပြည်နယ်၌မွန်စာကို တရားဝင်ရုံးသုံးစာအဖြစ်
သတ်မှတ်ြ့ပဋ္ဌာန်းပေးရေး
3) ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေး
4) သမ္မတကြီးရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်သည်ကို
သွားရောက်ရန် သင့်/ မသင့် ပါတီဗဟိုကော်မတီအစည်ဝေး
၎ရက်ကြာကျင်းပပြီးမှ အကြောင်းပြန်နှိုင်မည်ဖြစ်လို့
စောင့်ဆိုင်းပေးရေးတို့ဖြစ်ပါတယ်။

ဦးအောင်မင်းအနေဖြင့် ပြန်လည်ဖြေကြားရာမှာ
1) မွန်စာပေသင်ကြားရေးအားပေးကြောင်း
မနက်ဖန်မှစပြီး သင်ကြားနိုင်ပါကြောင်း
2) ယခုအခါ မွန်ပြည်နယ်မှာ… လွှတ်တော်ရှိနေပြီဖြစ်လို့
မွန်စာကိုရုံးသုံးစာဖြစ်ရေး… အဆိုတင်သွင်းပါရန်နဲ့
အောင်မြင်ပါက… လုပ်နှိုင်ပါကြောင်း
3) ပါတီဗဟိုအစည်းဝေးကို… မြန်မြန်ကျင်းပပြီး
ဆွေးနွေးမည့်ရက် …အမြန်သတ်မှတ်လိုပါကြောင်း… ပြောပြပြီး…
အခြေခံဥပဒေပြင်ဆင်ရေးအတွက်ကတော့… ဒေါက်တာနေဝင်းမောင်က
ဖြေပါလိမ့်မယ်လို့ ပြောလိုက်ပါတယ်…
ဒီနေရာဟာကျနော်မျော်လင့်နေသောအချက်ဖြစ်ပါတယ်
ကျနော်ဟာ KNU ဘက်မှလူကြီးများနဲ့သာ… ခင်မင်ရင်နှီးပြီး
မွန်ပြည်သစ်ဘက်ကို မသိသေးသူဖြစ်လို့…
သူတို့ရဲ့ရေချိန်မှန်းရမဲ့အချက်က …ဒါလောက်လေးဘဲ
စရတာမို့ပါ…

ကိုနေဝင်းမောင် စလိုက်ပုံက…
ဦးနိုင်ဟံသာတို့ မွန်ပြည်သစ်ပါတီက…
၂၀၀၈ ဖွဲ့စည်းပုံအပေါ် ပြင်ဆင်ချင်တာတွေပြောပြပေးပါ
ကျနော်ဖြေပါ့မယ် …
ကျနော်ဟာ ၂၀၀၈ အခြေခံဥပဒေကို… သေချာလေ့လာထားပါတယ်
ဆရာတို့ပြင်ချင်တာကိုပြောလိုက်တာနဲ့…
ဘယ်နေရာမှာ… ဘယ်လိုဖွင့်ဆိုထားလို့
ဘာကိုလုပ်နိုင်တယ်… ဘယ်လို ဘယ်မှာ …ချိတ်ဆက်နေလို့…
ပြင်လို့ ရ/မရ …ရှင်းပြချင်ပါတယ်…
ဒါမှမဟုတ်…
ဆရာတို့တင်ပြချက်ဟာ… ပြင်စရာမလိုဘဲ…
ပယ်ဖျက်မှရမှာဆိုရင်လဲ… ဘယ်အပိုဒ်ကို… ဖျက်ပေးပါ
ဘာကြောင့်ပါဆိုတာလေး… ပြောပေးပါ…
ဒါမှမဟုတ်…
ဆရာတို့ တင်ပြချက်ဟာ… ပြင်တာ ဖျက်တာမဟုတ်
ထပ်ဖြည့်ချင်တာဆိုလဲ… ဘာတွေထပ်ထဲ့ချင်ပါသလဲ
သိပါရစေလို့ပြောပြီး…
သူ့လက်သုံးတော် လောကဓါတ်ကျောက်သင်ပုန်းကို
အသင့်ပြင်လိုက်လေသော…… အခါ…
ကျနော်တို့မွန်ပြည်သစ်ပါတီက…
၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်ဘူး … လို့ဘဲ…မှတ်ထားပေးပါ
ခုလောလောဆယ်တော့… မပြောတတ်သေးပါဘူးတဲ့ခင်ဗျာ

ကိုနေဝင်းမောင်ရဲ့ ဂုဏ်သတင်းကြောင့်ဘဲလား
တစ်ဘက်အသင်းကဘဲ ချာတူးလန်နေခြင်းဘဲလားတော့မသိပါ
ကောင်းရင် လက်ခုတ်တီးမယ်…
မကောင်းရင်ဆဲမယ်လို့ အားခဲထားတဲ့…
ကျနော့်လို …နလပိန်းတုန်းပရိတ်သတ်အဖို့ကတော့…
တစ်ချို့သော… ပရီမီးယားပွဲတွေမှာ… ကြည့်ရကျိုး စောင့်ရကျိုးမနပ်ဘဲ
အိပ်ရေးပျက်တာသက်သက်ဖြစ်သွားသလိုကြီးပါဘဲဗျို့ ။

ပြီးတော့မှ စာရင်းသောက်ရင်ကြားတဲ့…
သတင်းတစ်ချို့ …ရလိုက်တာကတော့…
တစ်ချို့ဗဟိုကော်မတီဝင်တွေကိုယ်တိုင်က… မွန်စာမတတ်တာတို့
ရေးချောင်ဖျားမှာ… လူစုထမင်းစားရင်း… စကားပြောဟာ…
၎ရက်အချိန်ယူဘို့လိုလို့လားတို…့ ဘာတို့ကိုတော့…
fbမိတ်ဆွေများ …သိလဲမထူးလို့ မပြောတော့ပါဘူးခင်ဗျား ။

( ကိုဇာနည်ရေ့ ခင်ဗျားညီရဲ့ နှစ်ပါတ်လည်နေ့နီးလာလို့ ဂုဏ်ပြုလိုက်တာပါ)

ဖြစ်လိုက်ပါတော့မြန်မြန်‬

$
0
0

၁၉၈၆ခုနှစ် တပ်မတော်ဆိုင်ရာဂုဏ်ထူးဆောင်
တံဆိပ်များချီးမြှင့်တဲ့အခမ်းအနားမှာ …ဆုတံဆိပ်
တက်ယူခဲ့တဲ့ တေဇ(၉)ကသူငယ်ချင်းနှစ်ယောက်ရဲ့
ဓါတ်ပုံလေးဖြစ်ပါတယ်။


ကျနော့်သူငယ်ချင်းမောင်မောင်အောင်ကတော့…
မြောက်ကိုရီးယား အာဇာနည်ကုန်းဗုံးခွဲတဲ့ဖြစ်စဉ်မှာ…
ဇင်မိုတို့ ကင်မင်ချူးတို့ကို ဖမ်းတဲ့အချိန် … အစွမ်းပြခဲ့လို့…

ကျနော်ကတော့…
KNU ရဲ့နာမည်ကြီး မဲသဝေါစခမ်းကို… သိမ်းပိုက်စဉ်က
ခမရ(၉)နဲ့အတူ ချေမှုန်းရေးတပ်ရဲ့ …ရှေ့တန်းကျကျပါဝင်ခဲ့တဲ့
တပ်စုမှူးတစ်ယောက်ဖြစ်ခဲ့လို့ပါ…

ကြုံကြိုက်လို့ အဲ့တုန်းကစစ်ဗိုလ်ဖြစ်သူကျနော်ရဲ့ကြွယ်ဝမှုကို
ခပ်ကြွားကြွားပြောရမယ်ဆိုလျှင်ဖြင့်…
ကျနော်ဝတ်ထားသော …အခမ်းအနားဝတ်စုံဟာ…
ကိုယ်ပိုင်မဟုတ်…ဝတ်စရာမရှိပါ
ပေးတဲ့ပိတ်စ ရောင်းစားထားမိလို့ပါဘဲ
အဲ့တုန်းက ကျနော့်လိုလူတွေအများကြီးလို့လဲ
မှတ်မိပါတယ် …
ကျနော့်မှာ အခမ်းအနားကိုမှာ မဖြစ်မနေဝတ်ရမှာမို့…
ငှားဝတ်ထားရတာဖြစ်ပါတယ်…
တကယ့်ပိုင်ရှင်ကတော့ …နောင်အခါ … ဗိုလ်မှူးချုပ်ကျော်ဦးလွင်
ဖြစ်လာမဲ့သူပေါ့ခင်ဗျာ ။

အောက်ကဓါတ်ပုံကတော့ KNU စခမ်းကိုတက်သိမ်းလို့
သူရဲကောင်းအဖြစ်မှတ်တမ်းဝင်ဆုတံဆိပ်ချီးမြှင့်တာခံရတဲ့
သမိုင်းသက်သေပါ …
တကယ်ကတော့ ထိုမျှတော့မကသေးပါဘူး
ဖထီးဂျော်နီ ရင်း၁၉ ဒုတပ်ရင်းမှူးတုန်းက
သူရဲ့ မဲပရခီးစခမ်းကို တိုက်ခဲ့သေးတာလဲ
ကျနော်ပါတဲ့… ခမရ (၉)ပါဘဲ…ခင်ဗျ
ဒီလိုရာဇဝင်နဲ့ အဖြစ်ဟောင်းတွေကိုလဲ…
အခုချိန်မှာ ပြန်ပြောကြရင်းနဲ့ အတိတ်ကိုအတိတ်မှာထား
ရှေ့ကိုဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာကို အဓိကလို့
သဘောထားနှိုင်သူတွေနဲ့ ကျနော်လက်တွဲခင့်ရတာကိုလဲ
ကျနော်ဂုဏ်ယူပါတယ် ။

ခုချိန်မှာတော့ ကျနော်ဟာ…
KNU/KNLA ခေါင်းဆောင်တွေနဲ့ ခင်မင်ရင်းနှီးပြီး
ကရင့်အရေးကို ပါဝင်ပေးနေတဲ့ …လုပ်ငန်းရှင်တစ်ဦးပါ
ဘယ်လောက်ခင်မင်သလဲလို့တော့ …မမေးပါနဲ့တော့
KNLA စစ်ဦးစီးချုပ်က NCA အခမ်းအနားတက်ဘို့
ရောက်နေတဲ့ချိန်မှာ ကိုငွေစိုးဒီမှာလာထိုင်လို့…
နေရာပေးခံရယုံလောက်ပါဘဲခင်ဗျာ ။

ဦးကိုကိုမောင်… ဗိုလ်ချုပ်ထင်မော်ထွန်း …အဖိုးမူတူးနဲ့ကျနော်တို့လေးယောက်
ဓါတ်ပုံလေးကို… ကျနော်မကြာမကြာ… ပြန်ဖေါ်ပြမိနေတာ
အကြောင်းရှိပါတယ်…
ပုံလေးကို \အသေအချာကြည့်ကြည့်ပေးပါ…
ကျနော်နဲ့ဦးကိုကိုမောင်တို့နှစ်ယောက်ဟာ…
KNUနဲ့ပါတ်သက်ရင်… လူအား… ငွေအား… အချိန်အားဖြင့်
လက်တစ်ချက်မတွန့်ဘဲ… စိတ်တူကိုယ်တူ …လက်တွဲခဲ့သူနှစ်ယာက်
ကျနော်တို့အကြားမှာ… တပ်မတော်ကိုကိုယ်စားပြုနေတဲ့
ဗိုလ်ချုပ်ထင်မော်ထွန်းနဲ့ KNU ကိုကိုယ်စားပြုနေတဲ့
အဘိုးမူတူးစေးဖိုးတို့ရဲ့ ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်မဲ့ပုံ\
ကျနော့်ကိုအားပြုပြီးအဘိုးက …လက်တွဲထားလိုက်ပါသေးတယ်
အဲ့လိုမျိုး …ကျနော်ခံစားမိတာကိုလဲ… ပိုတယ်မထင်ဘဲ
နားလည်ပေးကြပါခင်ဗျား ။

နှစ်စဉ်နှစ်တိုင်း ဇန္ဒဝါရီလ (၄) ရက်နေ့မှာ…
တပ်မတော်ဆိုင်ရာ… ဂုဏ်ထူးဆောင်တံဆိပ်တွေကို
ချီးမြှင့်လေ့ရှိပါတယ်…
တိုက်ပွဲဝင်စစ်သည်တွေရဲ့…သတ္တိနဲ့ရဲဝံ့စွန့်စားခြင်းကို
ချီးမြှင့်မြှောက်စားအသိအမှတ်ပြုတာမို့
အလေးအနက်ကြိုဆိုပါတယ်…

သို့သော်လည်း…
တစ်နေ့နေ့မှာ… ပြည်တွင်းစစ်မီးများတစ်နိုင်ငံလုံးမှာမရှိတော့လို့
ဒီအခမ်းအနားမျိုးလုပ်ဘို့မလိုတော့ဘူးဆိုရင်လဲ…

အဲဒီတစ်နေ့ကို …
မြန်မြန်ရောက်လိုက်ပါတော့လို့
့ကျနော်ကတော့ဆန္ဒပြုပါတယ်ခင်ဗျား )-:)-:)


ကွင်းလယ်ကစားသမားတွေ အများကြီးလိုပါတယ်‬

$
0
0

KNU အဖွဲ့အစည်းအနေဖြင့်… ဦးသိန်းစိန်အစိုးရနှင့်
အဆင်ပြေပြေ ရှေ့ဆက်နေတာကို… မိတ်ဆွေများ
အဝေးကပင်ယနေ့မြင်နှိုင်နေပြီဖြစ်ပါတယ် …


ထို့အတူပါဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါဝင်
တပ်မတော်နှင့်လည်း…… များစွာနားလည်မှုရရှိနေပြီး
အတူပူးပေါင်းဆောင်ရွက်မှုတွေပင် ရှိနေပြီဖြစ်ပါတယ်…

KNUနှင့်ယခုအစိုးရ၏ ပါတ်သက်မှု ……စလုံးရေစကတည်းက
ပါဝင်ပါတ်သက်ခဲ့သူဖြစ်လို့ နှစ်ဘက်စလုံးရဲ့ …ဘယ်နေရာလေးမှာ
ဘယ်လိုအပေါက်လေးရှိပြီး …ဘယ်သော့နဲ့ဆို…ပွင့်မယ်ကိုလဲ
စစ်ဗိုလ်ဟောင်းဖြစ်တော့… နဲနဲမြင်တတ်တယ်ပေါ့ဗျာ…

တစ်ခါတစ်ရံမှာ …ဘာမှန်းမသိတဲ့ …လိုအပ်ချက်နဲ့
မီးပွားအစအနလေးတွေဟာ ရုတ်တရက်ပေါ်လာတတ်ပါတယ်
KNU အရေးနဲ့ပါတ်သက်လာရင် ……ကျနော်ကတော့
စွတ်လုပ်ခဲ့တာတွေ …အများကြီးမှ … အများကြီးပါဘဲ…

ဒါဟာ… ငါ့ကိုယ်ကျိုးအတွက်မဟုတ်ဘူး…
KNU ဘက်ကလိုအပ်တယ်… မှန်တယ်လို့ခံစားရရင်
နည်းမျိုးစုံ… ကျနော်ကြံစည်လုပ်ကိုင်ခဲ့ပါတယ်
အဲ့လိုစွတ်လုပ်တာတွေ …အားလုံးလိုလိုဟာလဲ
အောင်မြင်ခဲ့တာချည်းဘဲဖြစ်ပါတယ်…

အများကြီးထဲက ပူနွေးနေဆဲတစ်ခုနဲ့ …စလိုက်ပါရစေ…
ဒါကိုဖတ်မိတဲ့ မိတ်ဆွေတို့အနေနဲ့…
ကိုယ်တိုင်ကြုံလာရင်သော်၎င်း ပါတ်သက်သူကို၎င်း
ဒါမျိုးတိုက်ဆိုင်ကြုံတွေ့လာခဲ့ရင်…
ရဲရဲကြီးလုပ်ပစ်လိုက်မိစေဖို…့ ရည်ရွယ်ပြီးရေးသားတင်ပြတာပါ…

ဘယ်သူ့မှမထိခိုက်…
နောက်ဆုံးရတဲ့ …ရလာဒ်အဖြေကောင်းတယ်ဆိုရင်
မှန်တယ်လို့ …အသိအမှတ်ပြု လက်ခံပေးဘို့ကိုဘဲ
ကြိုတင်ခွင့်တောင်းထားပါရစေ…

မြဝတီ- ကော့ကရိတ်အာရှလမ်းသစ်လမ်းပိုင်းဖွင့်ပွဲအတွက်
မြန်မာဘက်မှဒုတိယသမ္မတ ထိုင်နိုင်ငံဘက်မှ ဒုတိယဝန်ကြီးချုပ်တို့
တက်ရောက်ဖွင့်လှစ်မည်ဖြစ်လို့ …ဘိတ်စာများဝေနေချိန်ဖြစ်ပါတယ်…

ကျနော်နှင့်ကျနော့်ကုမ္ပဏီတို့ကို နှစ်ဘက်စလုံးမှ ဘိတ်ကြားခဲ့သော်လည်း
ကျနော်ခရီးသွားမဲ့ရက်နှင့်တိုက်နေလို့… ပုံမှန်အေးဆေးဆိုပြီး
Dawei Princess ရဲ့Director… ဖြစ်သူဦးကိုကိုမောင်နဲ့ဇနီးတို့က
အခမ်းအနားတက်မယ်လောက်နဲ့ …သာသာယာယာပေါ့လေ…

တကယ်ဖွင့်ဖို့ ၄ရက်အလိုကို ရောက်ချိန်မှာတော့…
ထူးခြားတဲ့ကိစ္စတစ်ခုက… ပေါ်လာပါတော့တယ်…
KNU အဖွဲ့အစည်းကြီးကို… ဧည့်သည်အဖြစ်လိုဘဲ…ဘိတ်ကြားတာအတွက်
ခံစားမှုမကောင်းကြောင်း…
ဒီလမ်းဖေါက်လုပ်ခြင်းအတွက် KNU ဟာ ဟိုးတုန်းထဲကအစဉ်တစ်စိုက်
ငြင်းဆိုလာခဲ့ပြီး …ဒီနေ့ရောက်ရှိလာတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို
အားပေးယုံကြည်လို့ KNU ဥက္ကဌကြီးမှ ခွင့်ပြုခဲ့တာကို…
အလေးအနက်မထားကြောင်း …အသိအမှတ်ပြုဘို့လိုကြောင်း …စိတ်မကောင်းကြောင်း
လမ်ပန်းဆက်သွယ်ရေးတာဝန်ရှိသူ တစ်ချိန်က KNU ဘက်မှနာမည်ကျော်
ထောက်လှမ်းရေးလူကြီးဟောင်း… ဖထီးစိုးစိုးထံမှပြောလာခဲ့ပါတယ်…

ကျနော်ဖထီးစိုးစိုးနှင့်ဆုံဘူးပါသည်…
သူပြောသည့်ဗမာစကားကို ရေလည်အောင်နားလည်ဘို့မလွယ်ပါ
ကရင်လိုပြောတော့ ဘယ်လိုလဲဆိုတာကိုလဲ …
အခြားသူများနဲ့အတည်ပြုကြည့်ရာမှာ… ကျနော့်လိုဘဲဖြစ်နေကြပါတယ်
အခုလို အရေးကြီးတဲ့ နားလည်မှုကိုတော့… ဗိုလ်မှူးကြီးစောမူကယ်ကတဆင့်
ပြောတာဖြစ်လို့ …အလုံးစုံနားလည်လိုက်ပါတယ် …

ဒါဆို KNU ဘက်ကဘာဖြစ်ချင်တာလဲလို့မေးလိုက်တော့
အိမ်ရှင်လိုသဘောထားတဲ့အနေနဲ့…
အဘိုးစောမူတူးစေးဖိုးကို …အခမ်းအနားမှာ မိန့်ခွန်းပြောခွင်ြ့ပုပါတဲ့
ဖထီးစိုးစိုးတောင်းဆိုတာဟာ… မမှားဘူး …KNUရဲ့ ဂုဏ်သိက္ခာအတွက်လိုအပ်တယ်…
ဖြစ်သင့်တာပေါ့လို့ ……ကျနော်လဲသူပြောမှသတိထားမိပါတော့တယ်…

ကြိုးစားကြည့်ပါမယ်လို့……့ပြောမိတော့လဲ…
စတင်လှုပ်ယှားရတော့တာပေါ့ဗျာ…
ပထမဆုံးဆက်သွယ်ရသူကတော့ ကရင်ပြည်နယ် လုံ/နယ်ဝန်ကြီး
ဗိုလ်မှူးကြီးအောင်လွင်ကိုဖြစ်ပါတယ်…

ဖိတ်စာတွေပေးပို့တာကို …သူလုပ်ပါတယ်
စန်းအောင် ကျော်သက်တို့ စခမ်းထနေတာ …အကိုကြီးလဲအသိပါ
လုံခြုံရေးအရအများကြီးကိုလဲ… စိစစ်ဘိတ်ကြားထားရပါတယ်
အခမ်းအနားစီစဉ်တာကတော့…
မြန်မာ -ထိုင်း ဆောက်လုပ်ရေးနဲ့နိုင်ငံခြားရေးတို့က .လုပ်တာပါတဲ့
အဘိုးမူတူးမိန့်ခွန်းပြောမှာအတွက်သူကတော့…
လှိုက်လှဲစွာ… ကြိုဆိုကျေနပ်ပါကြောင်း… သိလိုက်ရပါတယ်…
ကျေးဇူးတင်ပါတယ်…
ကျနော်ကြိုးစာပါဦးမယ်ပေါ့ဗျာ…

ထိုင်းနဲ့မြန်မာဆောက်လုပ်ရေးတွေ… အစည်းဝေးလုပ်ရင်…
ကျနော်တို့ Dawei Princess Company ရဲ့Directorဖြစ်သူ
ဦးကိုကိုမောင်ရဲ့ဇနီးက ဘာသာပြန်လုပ်ပေးရလေ့ရှိပါတယ်
အစပိုင်းမှာတော့ အလုပ်ကိစ္စလွယ်အောင်လို…့ ကူညီပေးရာကနေ
သူက international ဆိုပြီးနှစ်ဘက်စလုံးကလက်မလွှတ်တော့သူပါ…
ဒါနဲ့ဘဲ…
ဒုတိယမြောက်အဖြစ်… ကိုမောင့်ထိုင်းဖုန်းကိုဆက်တိုင်ပင်လိုက်ရာ…
အဲဒီ့ကိစ္စအတွက်… နှစ်နိုင်ငံစလုံးကလူတွေနဲ့ …
ဘန်ကောက်ကနေ …မဲဆောက်ကို သွားနေတယ်တဲ့လေ
ဒါဆို A Nit(မစုကိုကျနော့်ရဲ့အခေါ်)… နဲ့ပြောပါရစေပေါ့…

ဟုတ်ကဲ့အစ်ကိုကြီး…
ဆိုတဲ့သူ့အသံကြားတာနဲ့…
ကားပေါ်မှာ မြန်မာဘက်က…လူတွေပါလား …… ဆိုတော့
ပါတယ်အစ်ကိုကြီး…… တဲ့
ဒါဆိုရင် A Nit ပြန်မပြောနဲ့… ကိုယ်ပြောတာဘဲနားထောင်လိုက်ပါ
လမ်းသစ်ဖွင့်ပွဲဘိတ်စာရပြီးတဲ့နောက်…
KNU ဘက်မှာတော့… ဒီလို …ဒီလိုခံစားနေရတယ်…

ဒါ့ကြောင့် ဖွင့်ပွဲနေ့မှာ …အဘိုးမူတူး မိန့်ခွန်းပြောတဲ့အစီစဉ်ထဲ့ချင်တယ်
အဲ့တာအတွက် …ဒီလိုလုပ်ပေးပါ…
မနက်ဖန်အစည်းဝေးထဲမှာ… ဆွေးနွေးတဲ့အခါ…
အချိန်ကျပြီလို့ထင်တဲ့အခါကျရင် …
မြန်မာဘက်ကတော့ အဘိုးမူတူး …မိန့်ခွန်းပြောဘို့တင်ပြပါတယ်လို့
ထိုင်းဘက်ကိုထည့်လိုက်ပါ…
မြန်မာဘက်ကိုတော့… ထိုင်းဘက်က… အဘိုးမူတူးကိုလဲ…
ဒေသအကြီးအကဲအနေနဲ့ ပြောစေချင်တယ်လို့… ပြန်ထည့်ပေးလိုက်ပါ
ဖြစ်တယ်မဟုတ်လားလို့… သူ့ကိုပြောလိုက်တဲ့အခါ …
စိတ်ချ အစ်ကိုကြီး…
A Nit ပါတဲ့လေ…

ကျနော်ကလဲ သူ့ကိုယုံကြည်စွာနဲ့…
ချင်းမိုင် တိုင်းရင်းသားထိပ်သီးအစည်းဝေးထဲရောက်နေတဲ့…
KNU အတွင်းရေးမှူးချုပ် ဖဒိုကွယ်ထံကို …
ချက်ချင်း mail တစ်စောင်ပို့လိုက်ပါတယ်…
လမ်းသစ်ဖွင့်ပွဲမှာ KNU ဥက္ကဌကြီးမိန့်ခွန်းပြောရန် စီစဉ်ထားလို့
၅ မိနစ်စာလောက်မိန့်ခွန်းရေးပေးပါလို့
mail ထဲမှာရေးပေးလိုက်တဲ့အခါ…
ဖဒိုကွယ်ကလဲ…
noted
I'll do it
thanks လို့ချက်ချင့်းပြန်လာပါတယ်…

နောက်တနေ့…
မဲဆောက်မြို့၌ပြုလုပ်တဲ့ မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီး
ဖွင့်ပွဲအခမ်းအနားအတွက် … နှစ်နိုင်ငံအပြီးသပ်ရေးဆွဲရေး
ပူးတွဲအစည်းဝေးပြီးချိန်မှာတော့…
ကျနော့်ရဲ့လုပ်ကြံမှုဟာ …အဖြူပေါ်အမဲတင်တဲ့…
သေချာသောအစီစဉ်ဖြစ်သွားပါတော့တယ် …

သတ်မှတ်ရက်ဖွင့်ပွဲကျင်းပပုံကိုတော့…
နှစ်နိုင်ငံစလုံးမှာ သတင်းတွေဝေဝေဆာဆာ …ဖေါ်ပြပြီးသားမို့
မိတ်ဆွေတို့သိပြီးသားတွေဖြစ်ပါလိမ့်မယ်…


ကျနော်နဲ့အပေါင်းအပါများက … အဲ့လိုတော့ရှိတယ်…
မှန်တယ်ထင်ရင်… Do ပစ်လိုက်တာဘဲခင်ဗျ ။

(ကျနော့်စိတ်ကူးကို… ကျနော့်ကိုယုံကြည်လို့ ရဲရဲကြီးအကောင်အထည်
ဖော်ပေးခဲ့တဲ့ မစု@ A Nit @ ဒေါ်သက်သန့်ဇင်သိန်းကိုဂုဏ်ပြုပါတယ်)


ခံစားရကျော်ဖြတ်ခဲ့ရတာတွေကများမှများ‬

$
0
0

KNU နှင့်အပစ်အခတ်ရပ်ဆဲရေး…
တွေ့ဆုံဆွေးနွေးရေးအတွက်…
အစိုးရကိုယ်စား ဦးအောင်မင်းမှ…
ကြိုးစားဆောင်ရွက်ခဲ့ရာ…
ဖိတ်ကြားခြင်းအဆင့်ကိုလွန်ပြီး
အဆင့်ဆင့်သောဆွေးနွေးပွဲများအတွက်
မူဘောင်နဲ့အစီအစဉ်တစ်ချို့ …သတ်မှတ်နိုင်လာလို့…
တွေ့ဆုံဆွေးနွေးပွဲများကို ပြည်တွင်း၌သာပြုလုပ်တော့မယ်ဆြိုပီး…
နားလည်မှုတည်ဆောက်နှိုင်တဲ့ … အချိန်ကို
ရောက်လာပြီဖြစ်ပါတယ်…


ကျနော့်အနေဖြင့်လည်း…
KNUနှင့် အစိုးရအကြား … ရှိလာသော ယုံကြည်မှု
လျော့ကျမသွားရေး ပိုမိုခိုင်မာစေရေးအတွက်…
ရှိရှိသမျှသော…… ဥာဏ် …ဝီရိယနဲ့ …အသပြာတို့ကို
ထုတ်သုံးမယ်လို့ ဆုံးဖြတ်ပြီး ရှေ့ခရီးကို
စတင်တိုးဝင်နေရချိန်လည်းဖြစ်ပါတယ်…

ထိုအချိန်အခါက …ကျနော့်ရဲ့ခံစားချက်နဲ့…
လုပ်ဆောင်ချက်တွေကို အခုပြန်လည် ရေးသားတာဟာ
အားကျစေချင် အတုယူစေချင်တာထက် …နဲနဲပိုပါတယ်
ဒါလေးကိုတော့မြင်အောင်ကျော်ကြည့်ပေးပါ…
နို့မဟုတ် …ကျနော့်ရဲ့တင်ပြမှုအပေါ် တစ်လွဲမြင်သွားနှိုင်လို့ပါ…

ထပ်မံပြီး… အသိပေးအတည်ပြုပါရစေ…
ဒါတွေဟာ …တစ်ကယ်ကြုံခဲ့တာမှန်ပေမဲ့ ခံစားချက်ကတော့
ကျနော့်တစ်ယောက်ထဲရဲ့ခံစားချက်ပါ…
ပါဝင်သူတွေအားလုံးကို… ကိုယ်စားမပြုပါဘူး
သူတို့နဲ့ …အမြင်တူနှိုင်… လွဲနှိုင်ပါတယ်…
အဖြစ်အပျက်တွေကတော့ …မလွဲတာသေချာပါတယ်

ကျနော်သိတယ်… ဥာဏ်မမီတာဖြစ်မယ်ဆိုတာလေးကစပါ့မယ်
KNUနဲ့အပစ်ရပ်နှိုင်ရမယ် …ကျန်တဲ့တိုင်းရင်းသားတွေနဲ့
အလုပ်လုပ်တဲ့အခါ KNU ကိုစံနမူနာပြပုံစံတစ်ခုရအောင်ပုံဖော်မယ်ဆိုပြီး
အစိုးရရဲ့နိုင်ငံရေးပုံရိပ်ကို မြှင့်တင်ခြင့်း လုပ်နေရတဲ့ ဦးအောင်မင်းဟာ…
မြွေမကြောက် …ကင်းမကြောက် ရဲရဲကြီးရှေ့သို့ချီနေပေမဲ့…
အတူသွားလာနေတဲ့ ကျနော်ငပိန်းတောင်ရိပ်မိလောက်တာတွေရှိပါတယ်…

ဦးအောင်မင်းအနေနဲ့ရရှိထားတဲ့ Mandate ထက်ကျော်ပြီး…
အချို့ကိစ္စတွေမှာ စွန့်စားခန်း risk တွေလုပ်နေရမှန်းကျနော်သိတယ်
(အသေးစိတ်တွေကတော့ ဒီအချိန်မှာသိရင်အကျိုးမဖြစ်တော့ဘူး
တွက်ချက်စွန်စားတာတွေအတွက် အထင်မလွဲစေချင်လို့ပါ)
ဒီ risk တွေအတွက်သူ့ကို …ကျနော်ကြိုက်တယ် …ကျေနပ်တယ်
အတုယူတယ်… လေးစားပါတယ်…

ဒါပေမဲ့ …
တစ်နေ့နေ့မှာ ဒါတွေကြောင့်ဘဲ အဖုအထစ်တွေဖြစ်သွားနှိုင်တယ်လို့
စိုးရိမ်စိတ်လဲဖြစ်မိတာကြောင့်…
အပါးတော်မြဲ …ကိုစိုးမိုးအောင်ကို ရင်ဖွင့်ပြဘူးတယ်…

သူကလဲတာဝန်ကျေတယ်ဗျို့ … ချက်ချင်းကို အလုပ်လုပ်လိုက်တာ
ငွေစိုးရေ…
မင်းပြောတာတွေ… ငါသိတယ်
အလုပ်တစ်ခုဖြစ်ဘို့အရေး ၄နေရာလောက်ပတ်ပြေးနေ…
နာခံနေရတော့ …ငါလဲဒီနည်းကိုထုတ်သုံးကြည့်နေတာ …လို့
ဦးအောင်မင်းက …ကျနော့်ကိုခေါ်ပြောပါတယ်
နောက်မကြာခင်မှာဘဲ…
ကျနော်စိုးရိမ်နေတာတွေ …ကိုစိုးမိုးအောင်နဲ့ တွတ်ထိုးခဲ့သမျှတွေဟာ
ရှောင်လို့မလွတ် …တည့်တည့်တိုးပါတော့တယ်…
(နောင်မှ သီးသန့်လေး ရေးပြပါရစေ)…

ကျနော်တို့ရဲ့……စိတ်ကူးတွေ… အစီအစဉ်တွေထဲမှာ
မဲဆောက် …ဘန်ကောက် … ချင်းမိုင်အစား
ရန်ကုန်တို့ … နေပြည်တော်တို့…
ကျနော်တို့ အပြင်ထွက်မဲ့အစား KNU အတွင်းလာဘို့တို့…
ပြောင်းလဲတော့မယ့်စပ်ကူးမတ်ကူးအချိန်အခါထိအောင်
ဒီကိစ္စမှာ ………တပ်မတော်ဘက်ကအေးစက်နေဆဲဘဲလို့
ကျနော်ခံစားနေရပါတယ်…

အမိန့်ပေးညွှန်ကြားလာရင်…
အသက်ပင်စွန့်နေတဲ့ …တပ်မတော်ရဲ့
ဒေသအဆင့်တာဝန်ရှိသူ …တပ်မှူးကြီးတွေအနေနဲ့ကလဲ
ဒီဖြစ်စဉ်ထဲမှာ…
ဘယ်နေရာက …ဘယ်လိုပါဝင်ရမယ်ဆိုတာ…
သေချာတိကျစွာ … သိနားလည်ထားဟန်လည်း
မရှိသေးသလိုဖြစ်နေပါတယ်…

KNU ဘက်ကသိချင်တာတွေအတွက် …အဆက်မပြတ်
ကျနော့်ထံမှ …သတင်းရယူနေပေမဲ့လဲ…
ကျနော့်အတွက်လိုတဲ့ …နှုတ်၏ဆောင်မခြင်းမျိုးကိုကျတော့
သူတို့မှာခက်နေကြပြန်ပါတယ်…
အဲ့ဒီတော့လဲ…
မင်းဆီက… သိချင်တာသိရလို့ ဆက်သွယ်ပေမဲ့လည်း…
မတရားအသင်းပုဒ်မနဲ့ …မင်းငြိသွားခဲ့ရင်တော့
ငါမပါဘူးနော် ……လို့…
ထုတ်မပြောပေမဲ့လည်း …အဲဒိအတိုင်း ခံစားရမိပါတယ်…

စွပ်စွဲပြစ်တင်နေတာမဟုတ်ပါဘူးခင်ဗျား…
ပြီးခဲ့တာအပေါ် သိစေချင်တာလေးသက်သက်ပါ…
ဤသည်ကား ငွေရောင်ပိတ်ကား၏ ဤမှာဘက်ခြမ်းပါ ။

ထိုမှာဘက်ခြမ်းကိုဆက်ပါရစေ…
ခြေလှမ်းမှားလို့မရဘူး …လမ်းချော်လို့မရဘူးဆိုတဲ့အသိနဲ့
လူမသိသောကြိုးစားမှုတွေကိုလဲ …တရားမဝင်လုပ်ပါတယ်…

ကျနော့်ဟာ… လုပ်သင့်တာ… အများအကျိုးရှိမှာတွေကို
စွတ်လုပ်နေတာမှန်ပေမဲ့…
ကျနော့်လုပ်ရပ် …မမှားချင်ဘူး…မှန်ချင်တယ်
ဒါဆို အရင်အတွေ့အကြုံရှိသူတွေဆီက… သင်ယူမယ်
ဘယ်ကွေ့ဘယ်တက်နဲ့လှော်မယ်ဆိုတာ… ရလိမ့်မယ်လို့
စဉ်းစားကြံစည်ရတာပေါ့ဗျာ…

တကယ်အတွေ့ကြုံရှိသူတွေဆိုရာမှာကလည်း…
နှစ်ဖွဲ့ရှိနေပြန်တယ်…
ရင်းနှီးလွယ်ပြီး …ဆွေမျိုးစပ်ရလွယ်မဲ့ ထောက်လှမ်းရေးတွေကလဲ
အများသိသည့်အတိုင်း…
သီးခြားကမ္ဘာမှာသွားပြီး တောရဆောက်တည်နေကြတယ်
အကျိုးတော်ဆောင်ကြီးများကိုကြတော့လည်း…
ကိုယ့်နဲ့အဝေးကြီးဖြစ်နေတော့…
နောက်ဆုံးမှာ…

ကိုဆန်နီရေ့(KNU KNLA တပ်မဟာ၎ကဗိုလ်မှူးကြီးစောမူကယ်)
ခင်ဗျားကျနော့်ကိုသွင်ထားတဲ့ပိုးကို …ဆက်ရှင်သန်စေချင်ရင်
ခင်ဗျားလာပြီး …အကျိုးတော်ဆောင်တွေကိုအပ်ပေးပါ
လိုတဲ့ contact numberတွေနဲ့ကြွခဲ့ပါ
လုပ်ရပါတော့တယ်…

တစ်ကယ်တော့ အဲ့ဒီကာလမျိုးမှာ… သူ့လိုလူတစ်ယောက်…
သူ့ဗဟိုနဲ့အထက်ဋ္ဌာနမသိဘဲ …ရန်ကုန်လာဘို့ risk တွေအများကြီး
ရှိနေပေမဲ့လည်း…
စိတ်ကူးယဉ်ဆန်ဆန်ဘဲ …နာမည်အတုနဲ့လေယာဉ်စီးခိုင်းပြီး
ရန်ကုန်ကိုခေါ်လိုက်ပါတယ်…
သူကလဲ …ခပ်တည်တည်နဲ့ရောက်လာပြီး …
ဒေါက်တာစောမာဂေကြီး
ဦးအေစိုးမြင့်
ဦးခွန်မြတ်တို့နဲ့ ကျနော့်ကိုကူညီကြဘို့အပ်ပေးပြီး
ပြန်လစ်သွားပါတယ်…

ထိုပုဂ္ဂိုလ်ကြီးများနဲ့တွေ့ဆုံသင်ကြားနာယူခွင့်ရလို့…
ကျနော့်အတွက်… ယုံကြည်မှုနဲ့ခွန်အားတွေ အများကြီးရခဲ့ပါတယ်…
ရမ်းဖွင့်လိုက်တဲ့သော့ဆိုတဲ့ status လေးကျနော်ရေးဖူးပါတယ်
တစ်ကယ်ကတော့ တင်စားတာပါ…
ဒေါက်တာစောမာဂေကြီးပြောစကားတွေထဲကနေ…
ကျနော်နားထောင်ရှာဖွေပြီး …ကိုင်ထားတဲ့သော့ပေါ့ဗျာ…

ကျေးဇူးရှိတာ …အသေအချာပါဘဲ…
အဲဒီသော့ကို သူ့ဆီက …ကျနော်ဖြုတ်ယူပြီးတံခါးသစ်ဆွဲဖွင့်လိုက်တာ
ငြင်သာလွန်းလို့…
သိက္ခာတော်ရ ဆရာတော် …ဒေါက်တာစောမာဂေကြီးကိုယ်တိုင်တောင်
မသိလိုက်ပါ …… ဒီစာဖတ်မိမှသိပါလိမ့်မယ်…
ဖတ်မိသူများ… သူနဲ့ရင်းနှီးရင်လဲပြောပြပေးကြပါဦးခင်ဗျား။

ကျေးဇူးတော်အကြောင်းပြီးတဲ့အခါ…
အဲဒီချိန်တုန်းက …ကျနော်အတော့်ကိုခံစားရပြီး
တောင့်ခံခဲ့ရတာကိုလဲ …ဆက်ပါရစေ
ဒါမျိုးတွေရှိလာရင်… ခံစားလာခဲ့ရရင်… စိတ်မပျက်စေဘို့ရေးတာပါ…

ကျနော့်ကို …ကျေးဇူးရှိခဲ့သူများမှာ …ကျနော့်ကို …ဒီလိုဖြစ်စေတော့
ရည်ရွယ်မှာမဟုတ်မှန်းယုံကြည်ပါတယ်…
သူတို့အားလုံးဟာ… ရိုသေအားကိုးထိုက်တဲ့
နာယကဂုဏ်နဲ့ပြည့်စုံကြသူများဖြစ်ပါတယ်…
ယုံကြည်တာနဲ့ကျနော်ခံစားတာကို
မရောပစ်လိုက်ကြပါနဲ့ …ဒီကိစ္စအတွက်နဲ့ကျ့န်ာငရဲမကျချင်လို့ပါခင်ဗျာ\
အမှန်တော့ …အထက်ပါပုဂ္ဂိုလ်ကြီးများဟာ…
ဗိုလ်ချုပ်ကြီးစောဘိုမြနဲ့ခင်မင်ရင်းနှီးပြီး …တွေ့ဆုံဆွေးနွေးရေးအပါအဝင်
ညှိနှိုင်းမှုမျိုးစုံအတွက် … မာနယ်ပလောဗဟိုကို…
ဝင်ထွက်သွားလာပြီး KNU ထိပ်တန်းခေါင်းဆောင်များနဲ့…
သိကျွမ်းကြသူတွေပါ…

ထို့အတူပါဘဲ…
တစ်ဘက်မှာလဲ… လိုတာအကုန်ဖြစ်အောင်စွမ်းတဲ့…
ထောက်လှမ်းရေးတပ်ဖွဲ့ကြီးနဲ့ …တိုက်ရိုက်ဆက်သွယ်ပြီး
အားရှိလောက်တဲ့ကျောထောက်နောက်ခံနဲ့ …တစ်ကယ်လုပ်ခဲ့သူတွေ
ဖြစ်နေကြလေတော့…
ကိုဆန်နီလာပြောလို့သာယုံရမယ်…
ကျနော့်ကိုကြည့်ပြီး …သူတို့အတွက် သနားစရာ …အထူးအဆန်း
သတ္တဝါလေးလိုကို… ဖြစ်နေတယ်လို့ကျနော်ခံစားနေခဲ့ရတယ်…

ကိုဆန်နီလာပြောလို့သာတော်တော့တယ်…
ကျနော့်ဟာကျနော် …မိတ်ဆက်ပြီးလာခဲ့ပါရစေ …ဆိုရင်
ရဲခေါ်ပြီးစောင့်နေလိမ့်မယ်လို့… ကျနော်ခံစားခဲ့ရတယ်
တစ်ကယ်တော့လည်း…
ကျနော်ကသာ… ကိုယ့်ကိုကိုယ်ခေသူမဟုတ်ထင်နေတာလေ
ကျနော့်နောက်မှာကလဲ ကျော ဘဲရှိတာတွေ့ရမဲ့ …
ဗမာ တစ်ယောက်ဆိုတာထက်ပိုတဲ့ …အသွင်အပြင်ကလည်း
ရှိမှမရှိတာကိုး ဗျာ ။

ဦးခွန်မြတ်ကဆိုပါရင်…
ဗိုလ်မှူးကြီးမူကယ်က … ဖုန်းဆက်သတင်းပို့ပြီး…
တွေ့ဆုံခွင့်တောင်းတဲ့အချိန်မှာ…
ထောက်လှမ်းရေးများနဲ့များစွာ …အတွေ့ကြုံရှိသူပီပီ
ဆန်နီရေ…
သက်ဆိုင်ရာတွေကိုခွင့်တောင်းပါဦး…
ခွင့်ပြုမှလာပါတဲ့လေ…
နောက်ဆက်တွဲ ဖြစ်လာနှိုင်တာတွေကို …မလိုချင်တာဖြစ်မှာပေါ့…
ကိုဆန်နီကလဲ…ဘယ်လောက် ရိုးသားတဲ့ကရင်ကြီးလဲဆို…
ကိုယ်တိုင် နာမည်အတုနဲ့ရောက်လာရတဲ့သူကြီးကလေ
ဖထီးငွေစိုး … ဘယ်ကိုခွင့်တောင်းရမလဲ … တဲ့…
ခဏနေရင် …ခွင့်တောင်းပြီးပြီလို့ပြန်ဆက်လိုက်ဗျာ… ဆိုတော့…
ဖြစ်ပါ့မလားဖထီးတဲ့…

ကိုဆန်နီရေ…
လောလောဆယ်သူပြောတဲ့ သက်ဆိုင်ရာဆိုတာ
ကျနော်တို့ဘဲလေဗျာ …
ဘယ်သူနဲ့မှ သွားသက်ဆိုင်လို့မှမရသေးတာ
သူကလဲအမေးရှိလာရင် … ဖြေစရာရှိချင်လို့ဖြစ်မှာပါဗျာ…
ကျနော်တို့ …ကိုယ့်ဟာကိုယ်ခွင့်ပြုတယ်…
လုပ်လိုက်စမ်းပါဗျာ ဆိုပြီး… ဆက်လိုက်တော့လဲ…
ကျနော့်မှာ …နောက်ထပ်သော့တစ်ချောင်းရသွားပါတော့တယ် ။

(ဒီဗမာကြီးမလွယ်ပါလားကွလို့ … အဘိုးမူတူး ချီးမြှာက်တယ်ဆိုတာ…
အလကားတော့ဘယ်ဟုတ်ပါ့မလဲဗျာ…နော… ကရင်တွေအတွက်ပါဗျ )

Viewing all 1811 articles
Browse latest View live