Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

ဖောက်ကလန်စစ်ပွဲ (သို့မဟုတ်) ၂၀ရာစုနှောင်းပိုင်း၏ Global Power အား အံတုခြင်း (၁)

$
0
0

၁၉၈၂ ခုနှစ်ခု တွင်ဖြစ်ပွားခဲ့သော ဖောက်ကလန်စစ်ပွဲသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ဗြိတိသျှအင်ပါယာ အနေဖြင့် သီးခြားတိုက်ပွဲဝင်ခဲ့ရသော နိုင်ငံခြင်း ထိပ်တိုက်ရင်ဆိုင်မှုစစ်ပွဲတစ်ပွဲဖြစ်သည်။ အင်ဂျင်တိုင်းသားတို့ ၏ အမျိုးသားရေးစိတ်ကိုနှိုးဆွရန်စတင်ခဲ့သော အဆိုပါစစ်ပွဲတွင် ဗြိတိသျှတို့အနေဖြင့် ၄င်းတို့၏ ကိုလိုနီအား ကာကွယ်ခဲ့ရသောစစ်ပွဲတစ်ခုလည်းဖြစ်သည်။



ဖောက်ကလန်ကျွန်းစုသည် တောင်အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုတစ်ခုဖြစ်ပြီး တောင်ဂျော်ဂျီယာနှင့် တောင်ဆင်းဒ်ဝစ် ကျွန်းများပေါင်းစည်းထားသောကျွန်းစုတစ်ခုဖြစ်သည်။ ၁၉ ရာစုနှစ်အတွင်း ဗြိတိသျှ အခြေချနေထိုင်သူများက အဆိုပါ ကျွန်းစုတွင် စတင်အခြေချ ကာကိုလိုနီထူထောင်ခဲ့ပြီး ဗြိတိသျှ အင်ပါယာ၏လက်အောက်ခံကိုလိုနီတစ်ခုအဖြစ်တည်ရှိခဲ့သော်လည်းအာဂျင်တီးနားတို့အနေဖြင့် ၄င်းတို့ ထံမှ မတရားသိမ်းပိုက်ခံရသော နယ်မြေတစ်ခုအဖြစ်သာမှတ်ယူခဲ့ကြသည်။ 


၁၉၈၁ ခုနှစ်တွင်အာဂျင်တီးနားနိုင်ငံတွင် စစ်အာဏာရှင်ဗိုလ်ချုပ်ကြီး လီယိုပိုလ်ဒိုဂယ်လ်တီရီ ယာယီသမ္မတအဖြစ် အာဏာရလာပြီးနောက် ဖောက်ကလန်ကျွန်းစု အရေးအား ပြန်လည်စိတ်ဝင်စားလာခဲ့သည်။ အာဂျင်တိုင်းရေတပ်ဗိုလ်ချုပ်ကြီး ဂျော့ခ်ျအာနာရာ သည် ဖောက်ကလန် ကျွန်းစု အရေးအားအဆုံးသတ်နိုင်ရန်မှာ စစ်ရေးနည်းလမ်း တစ်ခုတည်း သာရှိကြောင်း ယာယီသမ္မတ ထံတင်ပြခဲ့ရာ ယာယီသမ္မတအနေဖြင့် အာဂျင်တိုင်းတို့၏အမျိုးသားရေးစိတ်ဓာတ် အားနှိုးဆွပေး နိုင်ရန်နှင့် နိုင်ငံ အတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးစီးပွားရေးအကြပ်အတည်းများ မှအာရုံကိုလွှဲပစ်နိုင်ရန်အတွက် စစ်ပွဲစရန် မီးစိမ်းပြခဲ့သည်။
၁၉၈၂ မတ်လ ၁၉ရက်နေ့တွင် သတ္တုကုန်သည်များ ဟန်ဆောင်ထားသော အာဂျင်တိုင်း မရိန်းတပ်သားများသည် တောင်ဂျော်ဂျီယာကျွန်းတွင် အာဂျင်တီးနား နိုင်ငံတော်အလံ ကိုလွှင့်တင်ခဲ့ကာ စစ်ပွဲ အတွက်ခေါ်သံကိုစတင် ခဲ့သည်။ ဗြိတိသျှတို့အနေဖြင့် စတန်လေကျွန်းတွင်အခြေစိုက် ထားသော တော်ဝင်ရေတပ်မတော် ကမ်းလွန်ကင်းလှည့်ရေယာဉ် HMS Endurance အား ဂျော်ဂျီယာကျွန်းသို့ ချက်ချင်း စေလွှတ်ခဲ့ပြီး ကျူးကျော်မှုအခြေအနေအား အတည်ပြုချက်ရယူခဲ့သည်။


၁၉၈၂ အေပြီလ ၂ရက်နေ့တွင် အာဂျင်တိုင်းကမ်းတက်တပ်ဖွဲ့များသည် ဖောက်ကလန်ကျွန်းများသို့တပြိုင်နက် ကမ်းတက်သိမ်းပိုက်ခဲ့သည်။ ဖောက်ကလန်ကျွန်းစု ဘုရင်ခံ ဆာ ရက်စ်ဟန့်ခ် ၏ လက်အောက်ခံ ဗိုလ်မှုး မိုက်နော်မန်၏ တော်ဝင်မရိန်းတပ်သားများမှခုခံခဲ့သော်လည်း အာဂျင်တိုင်းဒုတိယဗိုလ်ချုပ်ကြီး ဂွယ်လာမိုဆန်း ချက် ဆာဘာတို့စ် ၏ ကမ်းတိုက်ချေမှုန်းရေးကွန်မန်ဒိုတပ်ဖွဲ့ကြီးထံအညံ့ခံခဲ့ရကာဖောက်ကတန် ကျွန်းစုကြီး သည် အာဂျင်တိုင်းတို့ လက်အောက် ကျရောက်ခဲ့ရသည်။


အေပြီလ ၃ရက်နေ့တွင် အဆိုပါကျူးကျော်မှုအား ကုလသမ္မဂဆိုင်ရာဗြိတိန်သံအမတ်ကြီး ဆာအန်တော်နှီပါဆန်က လုံခြုံရေးကောင်စီသို့တင်ပြခဲ့ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၅၀၂ အရ ဖောက်ကလန်ကျွန်းစုရှိ အာဂျင်တီးနားတပ်များချက်ချင်းဆုတ်ခွာရန်ဆုံးဖြတ်ခဲ့သည်။ သို့သော်အာဂျင်တီးနား ကလက်မခံသည့်အပြင် ၄င်းကျွန်းစုသည် အာဂျင်တိုင်းတို့၏အမိမြေပင်ဖြစ်ကြောင်းကြေညာခဲ့ရာ စစ်ပွဲသည် စတင်တော့သည်။


အေပြီလ ၄ရက်နေ့တွင် ညူကလီးယားရေငုပ်သဘောင်္ HMS Conqueror ၊နှင့် လေယာဉ်တင်သဘောင်္များ ဖြစ်သော HMS Invisible နှင့် HMS Hermes တို့ဦးဆောင်သော အထူးတာဝန် ရေတပ်ဖွဲ့သည်ပို့စ်မောက်ဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့ပြီး ၇ ရက်နေ့တွင် ကွန်မင်ဒို တပ်မဟာ (၃)ခုအားတင်ဆောင်ထားသော SS Canberra နှင့် အမှတ်(၅) ခြေလျင်တပ်မအား တင်ဆောင်ထားသော SS Queen Elizabeth II တို့သည် ဆောက်သမ်တန်ဆိပ်ကမ်းမှ ဆက်လက်ထွက်ခွာလာခဲ့သည်။ စစ်ဆင်ရေးတွင်ဗြိတိသျှတော်ဝင်ရေတပ် မှစစ်သဘောင်္ ၁၂၇ စီးပါဝင်ခဲ့ပါသည်။
လေယာဉ်တင်သဘောင်္များတွင် Sea Harrier တိုက်လေယာဉ် ၂၈စီးနှင့် Harrier GR 3s တိုက်လေယာဉ် ၁၄စီးစုစုပေါင်း ၄၂စီးသာပါဝင်ခဲ့သည်။ 


ဖောက်ကလန်အနီးရှိ အဆန်းရှင်းကျွန်း အခြေစိုက် လေတပ်စခန်းမှ တော်ဝင်လေတပ်၏ Vulcan B MK II ဗုံးကြလြေယာဉ်များ၊ MCdonal Douglas Phantom FGR တိုက်လေယာဉ်များ၊ Victor K MK II ဝေဟင်ဆီဖြည့်လေယာဉ်များသည်အသင့်အနေအထားတွင်ရှိခဲ့သည်။ သို့သော်ဗြိတိသျှတို့သည် လေကြောင်း သတိပေး AEW လေယာဉ်မရှိသဖြင့် ထောက်လှမ်းရေးပိုင်းနှင့် ထိန်းချုပ်မှုစနစ်များတွင် အားနည်းခဲ့သည်။
ထိုအချိန်တွင် အာဂျင်တိုင်းလေတပ်တွင် တိုက်ခိုက်ရေးလေယာဉ်ပေါင်း ၁၂၂ စီးအထိ အသင့်ရှိနေခဲ့ပြီး၎င်းတို့တွင် လေကြောင်းစိုးမိုးမှုတိုက်လေယာဉ် ၅၀ အထိပါဝင်ခဲ့သည်။ ထို့အပြင် အာဂျင်တီးနားတို့၏ Boeing 707 Recon လေယာဉ်သည်ဗြိတိသျှရေတပ်ဖွဲ့အားတောက်လျှောက်ခြေရာခံနိုင် ခဲ့သည်။


အေပြီလ ၂၀ရက်နေ့တွင် တောင်ဂျော်ဂျီယာကျွန်းထိုးစစ်အဖြစ် Operation Paraquet ကိုစတင်ခဲ့ပြီး ဗိုလ်မှုး ဂိုင်းရှရီဒန်၏ အမှတ် ၄၂ တော်ဝင်မရိန်းကွန်မင်ဒိုတပ်ဖွဲ့ ၊ လေတပ်အထူးတပ်ဖွဲ့ SAS ၊ ရေတပ်အထူးတပ်ဖွဲ့ SBS မှတပ်ဖွဲ့များအားဟတင်စုဖွဲ့ခဲသည်။ ချာချီအတန်းစားရေငုပ်သဘောင်္ HMS Conqueror သည် စစ်ဆင်ရေးနယ်မြေသို့စတင်ရောက်ရှိလာခဲ့ပြီး ၂၁ရက်နေ့တွင် စတင်တိုက်ခိုက်ရန်စီစဉ်ခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် SAS တပ်သားများအားတင်ဆောင်လာသော ရဟတ်ယာဉ် ၂စီးသည် မြူနှင်းများကြား ပျက်ကျခဲ့သဖြင့် စစ်ဆင်ရေးအားရက်ရွှေ့ပြောင်းခဲ့သည်။


၂၄ ရက်နေ့တွင်တပ်များအားပြန်လည်စုဖွဲ့ကာ အသင့်ပြင်ဆင်ခဲ့သည်။ ၂၅ ရက်နေ့တွင် အာဂျင်တိုင်းရေတပ်မှ ရေငုပ်သဘောင်္ ARA San အား HMS Antrim မှ ရေငုပ်သဘောင်္ တိုက်ဖျက်ရေး Westland Wessex HAS ရဟတ်ယာဉ်စတင်ခြေရာခံမိရာ Depth Charge များဖြင့်စတင်တိုက်ခိုက်ခဲ့သည်။ HMS Plymouth နှင့် HMS Brillent သဘောင်္များမှ Lynx ရဟတ်ယာဉ်များထပ်မံစေလွတ်ကာ တော်ပီဒိုများဖြင့်တိုက်ခိုက်ခဲ့သည်။ HMS Endurance လေယာသ်တင်သဘောင်္မှ Wasps ရဟတ်ယာဉ် ၂စီးမှလည်း AS12 ရေငုပ်သဘောင်္ဖျက်ဒုံးများ နှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အာဂျင်တီးနားရေငုပ်သဘောင်္သည်ဆိုးရွားစွာပျက်စီးကာ သဘောင်္သားများသည်သ ဘောင်္အားစွန့်ခွာခဲ့ရသည်။
ထိုအခြေအနေတွင်ဗိုလ်မှုးရှရီဒန်သည် စတင်ကမ်းတက်တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့ပြီး ဖရီးဂိတ် စစ်သဘာင်္များဖြစ်သော Antrim နှင့် Plymount တောင်ဂျော်ဂျီယာကျွန်း၏ အာဂျင်တိုင်းအစောင့်တပ်ဖြွ့ခံစစ်နေရာများအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တစ်နာရီအတွင်း ဗိုလ်မှုး ရှရီဒန်၏ ကွန်မင်ဒို ၇၆ ဦးသည် ကျွန်းအားသိမ်းပိုက်နိုင်ခဲ့ကာ လန်ဒန်သို့အောက်ပါအတိုင်းသတင်းစကား ပါးခဲ့သည်-


ယူနီယံဂျက်အလံ တောင်ဂျော်ဂျီယာတွင်လွင့်ပျံလေပြီ ဘုရင်မအားဘုရားသခင်စောင့်ရှောက်ပါစေ
ဗြိတိန်ဝန်ကြီးချုပ်မာဂရက်သက်ချာ သည် ချက်ချင်းပင်တိုက်ပွဲဝင် မရိန်းတပ်သားများနှင့်တပ်ဖွဲကများ အားလုံးအားဂုဏ်ပြုကြောင်းမီဒီယာများသို့သတင်းထုတ်ပြန်သည်။ သို့သော်အဆိုပါတိုက်ပွဲသည် ၁၀ပတ်ကြာ စစ်ပွဲ၏ ပထမဆုံးထိတွေ့မှုသာဖြစ်တော့သည်။

(ဆက်ရန်)

(ကြယ်နီ)

ဖောက်ကလန်စစ်ပွဲ (သို့) ၂၀ရာစုနှောင်းပိုင်း၏ Global Power အား အံတုခြင်း (၂)

$
0
0


၁၉၈၂ မေလ ၁ရက်

နေမ၀င်အင်ပါယာ၏ ထိုးစစ်ကြီးစတင်ချေပြီ Operation Black Buck စစ်ဆင်ရေး အားအဆင့် ၅ဆင့်ခွဲထား ကာ အဆင့် ၁ သည်မေလ ၁ရက်နေ့တွင်စတင်ခဲ့သည်။ အဆန်းရှင်းကျွန်းလေတပ် စခန်းမှ Vulcan ဗုံးကြဲလေယာဉ် ၈ စီးသည် Phantom တိုက်လေယာဉ်မျာအစောင့်လိုက်ကာ Stanley ရှိ အာဂျင်တီးနား တို့၏ လေတပ်အခြေစိုက်စခန်းအား သမရိုးကျဗုံးများ ဖြင့်စတင်ကြဲချတိုက်ခိုက်ခဲ့သည်။လေယာဉ်များသည် ၈၀၀၀ နောတီကယ်မိုင် အထိပျံသန်းရသဖြင့် Victor လေကြောင်း ဆီဖြည့်လေယာဉ် ၄စီးသည် လက်ဆင့်ကမ်းစနစ် ဖြင့် ဆီဖြည့်ပေးခဲ့ရသည်။ ကနဦးလေကြောင်းတိုက်ခိုက်မှုကြောင့် လေယာဉ်ပြေးလမ်း အနည်း ငယ်သာပျက်စီးခဲ့ပြီး ထိခိုက်သွားသော ရေဒါစနစ်အားလည်း အာဂျင်တီးနားတို့ချက်ချင်းပြုပြင်နိုင်ခဲ့သည်။



ဖောက်ကလန်တွင်လေယာဉ်ကွင်း ၃ကွင်း အနက်အဆိုပါစတန်လေ လေယာဉ်ကွင်းသည် အရှည်ဆုံးနှင့်အကောင်းဆုံးပြေးလမ်း၇ှိသောကွင်းဖြစ်သည်။ သို့သော် အဆိုပါလေယာဉ် ကွင်းတွင် အသံထက်မြန်တိုက်လေယာဉ် များဆင်းသက်နိုင်ခြင်းမရှိသည့် အတွက် အာဂျင်တိုင်းတို့အနေဖြင့် လေကြောင်းစစ်ဆင်ရေး များအားကုန်းမကြီးပေါ်ရှိ လေတပ်စခန်းများမှသာပြုလုပ်နိုင်ခဲ့သည်။
အာဂျင်တိုင်းတို့အနေဖြင့် ၄င်းတို့၏ လက်တုံ့ပြန်စစ်ဆင်ရေးအား မေလ ၁ရက်နေ့တွင်ချက်ချင်း ပြန်လည်ဆောင်ရွက်ခဲ့သည်။ အာဂျင်တိုင်းတို့သည် A-4 Skyhawks,IAI Dagger,Canbarras နှင့် Mirage III တိုက်လေယာဉ်စုစုပေါင်း ၃၆ စီးပါဝင်သောတိုက်ခိုက်ရေးလေတပ်ဖွဲ့အားဖောက်ကလန်သို့စေလွှတ်ခဲ့သည်။ Daggers (Mirage 5)တိုက်လေယာဉ်များသည် ဗြိတိသျှတို့၏ ကော်ဗက် စစ်ရေယာဉ်တစ်စီးအား စတင်တွေ့ရှိကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည် သဘောင်္မှာ ဆိုးရွားစွာပျက်စီးခဲ့ပြီး အာဂျင်တီးနားတိုက်လေယာဉ်များ သည် ဘေးကင်းစွာ အခြေစိုက်စခန်းဆီသို့ပြန်လာနိုင်ခဲ့သည်။ အဆိုပါအောင်မြင်မှုကြောင့် အာဂျင်တိုင်း လေသူရဲများ စိတ်ဓာတ်မှာ မြင့်တက်လာခဲ့သည်။ သို့သော်အခြားလေယာဉ်များ မှာမူ ဗြိတိန် လေယာဉ်တင်သဘောင်္ HMS Invinsible မှ BAE Sea Harrier တိုက်လေယာဉ်များ၏ ကြားဖြတ်တိုက်ခိုက် ခြင်းခံခဲ့ရရာ Dagger တစ်စီးနှင့် Camberra တစ်စီးပစ်ချခံခဲ့၇ကာလေသူရဲများအသက်ဆုံးရှုံးခဲ့သည်။


နေ့လည်ပိုင်းတွင် ဗြိတိသျှ အမှတ် ၈၀၁ အုပ်မှ Seaharrier FRS MK 1 ၄စီးနှင့် အာဂျင်တိုင်း Mirage III ၂စီး ထိတွေ့မှု ထပ်မံဖြစ်ပွားခဲ့ရာ Mirage III တစ်စီးမှာ AIM 9 Siderwinder ဒုံးကျည်ဖြင့် ပစ်ချခြင်းခံခဲ့ရကာ အခြားတစ်စီးမှာလွတ်မြောက်ခဲ့သော်လည်း စတန်လေယာဉ်းရှိ အာဂျင်တီးနားလေကြောင်းရန်ကာကွယ်ရေး မှမှားယွင်းပစ်ခတ်မှုကြောင့်ပျက်ကျခဲ့ရသည်။


ထိုအခြေအနေများကြောင့် အာဂျင်တီးနားတို့သည် တိုက်ခိုက်ရေးအတွက် A 4နှင့် Dagger များ ညစစ်ဆင်ရေးများအတွက် Camberra များနှင့် Mirage 3 များအား ရန်သု့ ဆီးဟာရီယာများအားမျှားခေါ် ချေမှုန်းရန် အတွက်စီမံချက်ပြင်ဆင်ချမှတ်ခဲ့သည်။ ထို့ပြင်အရပ်ဖက်သုံး လေယာဉ်များအား ၂၄ လုံးလုံး ရေပြင်တွင် ပျံဝဲစေကာ ဗြိတိန်ရေဒါများအား လှည့်စားထားခဲ့သည်။ အဆိုပါအရပ်ဖက်လေယာဉ်များ အနက် လီယာဂျက်တစ်စီးပစ်ချခံခဲ့ရကာ အာဂျင်တိုင်းလေတပ် ဒုတိယဗိုလ်မှူးကြီး ဒယ်လာကော်လီနာကျဆုံးခဲ့သည်။ စတန်လေအား လေကြောင်း တိုက်ခိုက်မှုများအဆက်မပြတ်ပြုလုပ်ခဲ့ပြီး ညဖက်များတွင် သဘောင်္များမှ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စတန်လေကျွန်း တွင်အာဂျင်တိုင်းတို့အနေဖြင့်ပေါင်းစပ် လေကြောင်းရန်ကာကွယ်ရေး စနစ်အား စုဖွဲ့ထားကာ အဆိုပါစနစ်တွင် Roland နှင့် Tiger Cat ဒုံးပျံစနစ်များ အော်လီကွန် ၃၅ မမ နှစ်လက်တွဲလေယာဉ်အမြောက် စနစ်များတပ်ဆင်ထားသည်။ စစ်ပွဲစတင်ချိန်မှပြီးဆုံး ချိန်အထိ အာဂျင်တိုင်း C-130 လေယာဉ် ၅စီးသည် ထောက်ပို့ပစ္စည်းများ နှင့် လက်နက်ခဲယမ်းများ အားကုန်းမကြီးမှ စတန်လေသို့ တောက်လျှောက်ပေးပို့ပေးခဲ့သည်။ အဆိုပါလေယာဉ်များအနက် တစ်စီးသည် ဇွန် ၁ရက်နေ့တွင် ဆီးဟာရီယာများ၏ပစ်ချခြင်းခံခဲ့ရသည်။


မေလ ၂ရက်နေ့တွင် ပထမဆုံးရေတပ်ချင်းထိတွေ့မှုအနေဖြင့်အာဂျင်တီးနား တို့၏ ကရူဇာသဘောင်္ ARA General Belgrano နှင့် ဗြိတိန် ညူကလီးယားရေငုပ်သဘောင်္ HMS Conqurer တို့သည် ကျွန်း၏ အနောက်တောင်ဘက် MEZ ဇုန်အတွင်းထိတွေ့မှုဖြစ်ပွားခဲ့ရာ Belgrano သဘောင်္သည် HMS Conquerer မှ ပစ်ခတ်သော ၂၁ လက်မ MK 8 Mod 4 တော်ပီဒို ၃လုံး ထိမှန်ခံရကာနစ်မြုပ်ခဲ့သည်။ အာဂျင်တိုင်း ရေတပ်အတွက်ကြီးမားထိုးနှက်ချက်ဖြစ်ခဲ့ကာ ရေတပ်သား ၃၂၃ ဦးကျဆုံးခဲ့သည် အဆိုပါကျဆုံးမှုသည် စစ်ပွဲတစ်လျှောက်လုံးကျဆုံးသော အာဂျင်တီးနားစစ်သည် စုစုပေါင်း၏ထက်ဝက်ကျော်ဖြစ်သည်။ Belgrano နစ်မြုပ်ပြီးနောက်ပိုင်း အာဂျင်တိုင်းရေတပ်သည် တိုက်ပွဲဝင်ခြင်းမရှိတော့ပဲ လေယာဉ်တင်သဘောင်္ ARA Veinticinco de Mayo ဦးဆောင်သောရေတပ်အုပ်စုသည် တိုက်ပွဲနယ်မြေမှချက်ချင်း ပြန်လည်ဆုတ်ခွာခဲ့ကာ စစ်ပွဲပြီးဆုံးချိန်အထိပါဝင်ခြင်းမရှိတော့ချေ။ ထိုနေ့ ညသန်းခေါင်ယံအချိန်တွင်ပင် မေလ ၁ရက်နေ့တွင် ပစ်ချခံရသော အာဂျင်တိုင်း ကင်ဘာရာဗုံးကြဲလေယာဉ် မှ အဖွဲ့သားများအားရှာဖွေနေသော အာဂျင်တိုင်း အမြောက်တင်ကင်းလှည့်ရေယာဉ် ARA Alferez Sobral အား တော်ဝင်ရေတပ်Lynx ရဟတ် ယာဉ်၂ စီးမှ Sea Skua သဘောင်္ဖျက်ဒုံးများဖြင့်ဝိုင်းဝန်းပစ်ခတ်ရာ ရေတပ်သား ၈ဦးကျဆုံးခဲ့ပြီး သဘောင်္မှာ ဆိုးရွားစွာပျက်စီးခဲ့သည်။


မေလ ၄ရက်နေ့တွင် တော်ဝင်ရေတပ်၏ Type 42 အတန်းစားဖျက်သဘောင်္ HMS Sheffield အားအာဂျင်တီးနား ရေတပ်၏ Super Eterndard တိုက်လေယာဉ်များ ကတွေ့ရှိခဲ့ပြီး Exocet သဘောင်္ဖျက်ဒုံးဖြင့်ပစ်ခတ်ရာ ရေတပ်သား ၂၀ ကျဆုံးခဲ့ပြီးကျန်ရေတပ်သားများသဘောင်္အားစွန့်ခွာခဲ့ရသည်။ Sheffield သည် ၆ရက်လုံးလု့းမီးတောက်လောင် ခဲ့ကာမေလ ၁၀ရက်နေ့တွင်လုံးဝနစ်မြုပ်ခဲ့သည်။


ဆက်ရန်


(ကြယ်နီ)

မောင်ဖိုးချိုနှင့် ဆရာကြီးများ

$
0
0


မောင်ဖိုးချို အသစ်
-------------------
"မောင်ဖိုးချိုနှင့် ဆရာကြီးများ"
"ဘယ်အချိန်တဲ့လဲဟဲ့ ၊ လူလွန်မသားတွေပဲ အိပ်ယာထဲရှိတော့တယ်ဟေ့နော်"
ကြီးဒေါ်လုပ်သူအသံကြောင့် မျက်လုံးများကိုပွတ်ကာ မောင်ဖိုးချိုအိပ်ယာမှ လူးလဲထ၏။
ညက နိုင်ငံခြားမှ ဦးလေးဖြစ်သူ၏ သြ၀ါဒနာယူနေရသဖြင့် အိပ်ယာဝင်နောက်ကျခဲ့ရသည်။ မနက်တော်တော်နှင့်မထနိုင်။

"မင်းတို့ ဗမာပြည်က လူငယ်တွေဟာ အလေနတ္တောလိုက်နေတာကိုးကွ ၊ အလုပ်ကလေး လက်ကြောတင်းအောင် မလုပ်ချင်ဘူး ၊ မိဘလုပ်စာထိုင်စားပြီး လက်ဘက်ရည်ဆိုင်မှာ လပ်လျားလပ်လျားနဲ့ အချိန်ဖြုန်းနေချင်ကြတာ ၊ လက်ဘက်ရည်ဆိုင်ကျ တစ်ယောက်အတင်းတစ်ယောက်တုပ် ၊ မနာလိုတိုရှည်ဖြစ် က္ကသာမစ္ဆိရိယတွေပွား ၊ နွားခြေရာခွက်လေးကနေ ခုန်ထွက်ချင်တဲ့ကောင်ဆို ၀ိုင်းဆွဲချ ၊ နွားခြေရာခွက်လေးထဲမှာပဲ ရွှံ့ရေသောက်ပြီးအတူတူပျော်ကြ ၊ ရွှံ့ရေသာသောက်နေတာ ဖင်ခေါင်းက တစ်တောင်လောက်နဲ့ ၊ သာကီဝင်လေး အမျိုးမြတ်သလေးနဲ့ တခြားလူမျိုးတွေကို ပြောချင်ဆိုချင်သေးတာ ၊ ဒီကလူတွေက .. အဲ ငါတို့က တံတွေးတောင်လှည့်မထွေးဘူးကွ ၊ သိရဲ့လား ၊ အဲ .. ဒီလိုအော်နေလို့ မင်းတို့က ညီညွတ်ပါလား မေး ၊ အံမယ်လေး .. ကွဲလိုက် ပြဲလိုက် မတည့်လိုက်တဲ့ တိုင်းပြည် ၊ ၂ယောက်ရှိရင် ၃ဖွဲ့ကွဲတဲ့လူမျိုး ၊ အားလုံး ဆရာတွေချည်းပဲ ၊ ငါထင်တယ် .. မင်းတို့ ဗမာပြည်လောက် သွေးကွဲပြီး မညီညွတ်တဲ့ တိုင်းပြည်လူမျိုး ရှိမထင်ဘူး ၊ အေးပေါ့လေ မင်းတို့နိုင်ငံကိုကလည်း ဆိုးတာကိုး ၊ ဒီလိုပဲပေါ့ကွာ အားမလျှော့နဲ့ ကြိုးစား သိလား ၊ ကိုယ့်တူကို ချစ်လွန်းလို့ ဒီလိုဆုံးမတာမှတ် ၊ ငါ့မှာ အချိန်မရှိဘူးကွ ၊ ဒီမှာ အချိန်ဆိုတာ ငွေပဲ ၊ မင်းကိုမို့လို့ အချိန်ပေးပြီးပြောနေတာ"
ဦးလေးက မိမိကို ချစ်လွန်းသဖြင့် ငွေနှင့်ဝယ်၍မရသောအချိန်များ အကုန်ခံပြီးပြောခြင်းကို မိမိက နှစ်ခါမျှယောင်ကာ သမ်းမိသဖြင့် စိတ်မကောင်းချေ။ ဘာကိုကြိုးစားခိုင်းမှန်းတော့ မသိ။ နိုင်ငံခြားမရောက်မီ လွန်ခဲ့သောနှစ်နှစ်က ဦးလေးနှင့်သူ အတူတူလက်ဘက်ရည်ဆိုင်ထိုင်ခဲ့ရချိန်များကို သတိရနေမိလေ၏။ ထိုစဉ်က ဦးလေးတွင်လည်း အချိန်များအလွန်ပေါခဲ့သည်။ တခါပြောစရာမရှိလျှင် ညကဘောပွဲအကြောင်းပြောကာ အပျင်းဖြေကြရ၏။ အသက်ကမကွာ ၊ အလုပ်မရှိသည်က အတူတူဖြစ်ပြီး မတူသည်မှာ ဦးလေးတွင် မိန်းမရှိခြင်းဖြစ်လေသည်။ ထို့ကြောင့်လည်း ဦးလေးမိန်းမ အမေရိကန်မဲပေါက်သောအခါ ဦးလေးလည်း အမေရိကားရောက်သွားခြင်းဖြစ်သည်။ သွားခါနီး ငွေကူပါဦး ဆိုသဖြင့် မိမိလက်စွပ်ကလေးရောင်းလိုက်ရခြင်းကိုလည်း သတိရမိပြန်၏။ ထို့ကြေင့် ယခု ငွေနှင့်တူသော သူ၏အချိန်များကို မိမိအတွက်သုံးပြီး ဦးလေးက တပြန်ကျေးဇူးပြုခြင်း ဖြစ်ရပေမည်။
ဦးလေးသည် သူ့လိုပင် မြန်မာလူမျိုးဖြစ်ပြီး သူ့လိုပင် မိဘမုန့်ဖိုးနှင့် လက်ဘက်ရည်ဆိုင်ထိုင်ခဲ့သူဖြစ်၏။ သူ့ထက်သာသည်က မိဘမုန့်ဖိုးနှင့် မယားကိုပါကျွေးခြင်းဖြစ်သည်။ ထို့ကြောင့် မယားကလည်း သူ့အထည်ဆိုင်ဝင်ငွေမှ ဦးလေးဘောပွဲလောင်းရန် ၊ ဘီယာဆိုင်ထိုင်ရန် မုန့်ဘိုးပြန်ပေးသေး၏။ တခါတခါ မုန့်ဘိုးအရများလျှင် မာဆတ်အထိ ရောက်အောင်သွားနိုင်ကြသေးသည်။ ထိုစဉ်က ဦးလေးသည် မြန်မာကို ဗမာဟုခေါ်လျှင် စိတ်ဆိုးတတ်ကြောင်း သွားတိုက်နေရင်းက မောင်ဖိုးချိုအမှတ်ရနေမိသည်။
"တို့ငယ်ငယ်က ယောက်ျားများမဆိုနဲ့ ၊ ငတို့ မိန်းမရွယ်တွေတောင် လင်းကြက်မတွန်ခင် ကိုင်းထဲရောက်နေပြီ ၊ နေပြူပလားဟေ့ဆိုရင် မောလို့ ထမင်းထုပ်ဖြေစားနေပြီ။ ဒီခေတ်လူငယ်ယောက်ျားကလေးတဲ့ အိပ်ယာထတဲ့အချိန်ကြည့်ကြစမ်းပါ အရပ်ကတို့"
"ညက ကြီးမေ့ မောင်ရဲ့ဆုံးမစကားတွေနာယူနေရလို့ပါဗျာ ၊ အမြဲနောက်ကျနေတာဖြင့်မဟုတ်ပဲနဲ့ ၊ ကြီးမေတို့ငယ်ငယ်က စောစောထတာပဲပြောတယ် ၊ အိပ်တာကျဘယ်အချိန်အိပ်လဲ ပြောကြည့်ပါဦး"
"အိပ်ထာ ဘယ်အချိန်အိပ်ရမလဲ ၊ မှောင်ရင် အိပ်ထာပေါ့"
"မှောင်ရင်ဆိုတာ ည၇နာရီဆို အိပ်ပြီလေ ၊ အဲဒီတော့ ထနိုင်တာပေါ့ ၊ ကျွန်တော်တို့က ည၇နာရီ ထမင်းတောင်မစားရသေးဘူး ၊ ခေတ်မှ မတူတာကို"
"ခေတ်မတူလည်း လူချင်းအတူတူပဲ ၊ အပိုတွေ ဆင်ခြေမပေးနဲ့ ၊ ပျင်းရင်ပျင်းတယ်ပေါ့ ၊ ဒါတွေကြောင့် မတိုးတက်ထာ မအောင်မြင်ထာ ၊ ယောက်ျားလေးဖြစ်ပြီး နှမ်းတစ်တင်းဆီတစ်ခွက် လုပ်စာနဲ့ရအောင်မရှာနှိုင်ဘူး"
ချက်ချင်း ခြံထဲဆင်းကာ နှမ်းစိုက်မှတော်တော့မည်။ တမြန်နေ့ညစာစားပွဲတွင် ဆုံဖြစ်သော ငယ်သူငယ်ချင်းဟောင်းကို သတိရ၏။
"အလုပ်မကောင်းရင် ငါ့ဆီလာခဲ့ ၊ လခ ကောင်းကောင်းပေးမယ် ၊ ငါ့ ကိုယ်ရေးလက်ထောက်လုပ် ၊ အလုပ်တော့ကြိုးစားရမယ်နော် ၊ ဒီခေတ်မှာ အလုပ်ကောင်းကောင်းရဖို့လွယ်မှတ်လို့" .. သူဌေးသူငယ်ချင်းက စေတနာနှင့် ပြောခဲ့သေး၏။
မောင်ဖိုးချို အားငယ်မိသည်။ မိမိပတ်ဝန်းကျင်တွင် ဆရာကြီးများ ပြည့်နှက်နေ၏။ တပည့်ဆို၍ ဖိုးချိုတစ်ဦးတည်းသာရှိတော့သည်။ အားလုံးက ဆရာများသာတည်း။ ဆရာတွင်မှ ရိုးရိုးဆရာမဟုတ် ၊ ဆရာကြီးများဖြစ်ကြလေ၏။
ဖုန်းကိုဖွင့်သော် ဖေ့ဘုတ်တွင် ဆရာ့ဆရာကြီးများက သြ၀ါဒပေးနေကြ၏။ ဆဲဆိုကြိမ်းမောင်းကြ၏။ လမ်းညွှန်နည်းပေးကြ၏။ လိုအပ်သည်များကို မှာကြားနေကြလေ၏။ သူတို့ထက် တော်သူတတ်သူများ မြန်မာပြည်တွင် ရှိနိုင်အံ့တော့မည်မထင်ပေ။ ဤမျှ တော်လှတတ်လှသူများနှင့် မိတ်ဆွေဖြစ်ခွင့်ရခြင်းအား ဂုဏ်မယူတတ်လျှင် လောကတွင်ဂုဏ်ယူစရာလည်း ရှိတော့မည်မဟုတ်ပေ။ နွားခြေရာခွက်ပြောသော ဦးလေးအား ဖေ့ဘုတ်တွင်ခေါ်ကာ ပြဦးမှတော်ပေမည်။
ဖေ့ဘုတ်လောကကြီးတွင် လူရာမ၀င်နိုင်ရှာသော မောင်ဖိုးချိုကလေးမှာ ကုပ်ချောင်းချောင်းနှင့် တိတ်တိတ်ပြန်ဆင်းပြေးလာရရှာသည်။ ဖေ့ဘုတ်မှဆင်းပြီး ကားပေါ်တက်ကာ ၀ပ်ရှော့သို့ထွက်လာလေ၏။ ကားပြင်မှဖြစ်တော့မည်။ တကျီကျီနှင့်မြည်နေသည်မှာ တစ်ပတ်ကျော်ပင်ကြာခဲ့ပြီ။ ပူလီကြိုးများကအသံဖြစ်မည်ထင်၏။
"ပွမ် မ် မ် မ် .. ပွမ် မ် မ် မ်"
ဟွန်းရှည်ဆွဲပြီး မီးထိုးကာ လိုင်းကားဘတ်စ်ကြီးတစ်စီး လမ်းပြောင်းပြန် ဘွားခနဲပေါ်လာသည်။ ရှောင်ချိန်မရ ၊ ဘရိတ်ကိုဇွတ်နင်းရသည်။ ကားကြီးကအရှိန်ပြင်းစွာ ၀ီခနဲပွတ်ပြီးဖြတ်သွား၏။ ကားစပယ်ယာက မျက်မှောင်ကြုတ် လက်ညှိုးထိုးပြီး ပွစိပွစိပြောသွားသေးသည်။ မောင်ဖိုးချို သက်ပြင်းကိုချ၏။ ဘေးမှကားက ကျော်တက်ရင်းအော်ပြောသည်။
"ကားကောင်းကောင်းမမောင်းတတ်သေးရင် အိမ်မှာအိပ်နေ သားကြီး"
အိမ်မှာကြီးဒေါ်ကြောင့် အိပ်နေ၍မရကြောင်းပြောရန် အချိန်မမှီလိုက်ပေ။ အညံ့ဆုံးလူမှာ ဖိုးချိုတစ်ယောက်တည်းသာ ဖြစ်တော့သည်။ အားလုံးတော်ကြ၏၊ မှန်ကြ၏။ ခရီးသည်အပြည့်နှင့် လမ်းပြောင်းပြန်ကို အရှိန်မြှင့်မောင်းသော ဘတ်စ်ဒရိုင်ဘာလည်း မှန်၏။ မိမိသာအရှုံးသမားတည်း။
ဝပ်ရှော့ရောက်ပြီ။ မည်သူ့ကိုပြောရမည် မသိ။ အားလုံးက အလုပ်ရှုပ်နေကြသည်။ မောင်ဖိုးချိုကို အဖက်မလုပ်အားကြပေ။
"ညီလေး ညီလေး .. အစ်ကို့ကားလေးပြချင်လို့"
"ဘာဖြစ်တာလဲပြော"
"ဟိုဒင်း ကျွီကျွီမြည်နေတာ"
"ဟေ့ ဒီကားအောက်ပိုင်းစစ်မယ်ဟေ့"
"အာ .. အောက်ပိုင်းမဟုတ်ဘူး ၊ ရှေ့ဘောနပ် ပ် ပ်"
"ကားပြင်တတ်တယ်လား"
"မှုတ်ဘူး မပြင်တတ်ပါဘူး ၊ ဒါပေမယ့် ခုအသံက ဘောနပ်ထဲကလာတာထင်လို့"
"ဒီကား အလိုင်းမင်းပါချိန်မယ်ဟေ့"
"အလိုင်းမင်းချိန်ထားတာ မကြာသေးဘူး ညီလေးရဲ့ .. ဟိုဥစ္စာ ၊ ပူလီကြိုးတွေက မြည်တာထင်လို့"
"ကျွတ် .. ဆရာကြီးဆိုလည်း ကိုယ့်ဘာသာလုပ်လိုက်ပေါ့ ၊ တာမွေဈေးထဲမှာ ပူလီကြိုးဝယ်ပြီး အိမ်မှာလဲလိုက်"
"အာ .. မင်းတို့ ပိုင်ရှင်မရှိဘူးလား"
"မရှိဘူး ၊ ပိုင်ရှင်နိုင်ငံခြားသွားတယ် ၊ အားအားယားယားကိစ္စတွေ မလုပ်ဘူး ၊ ပြောချင်ရင် ဟိုမှာ မန်နေဂျာ"
တပည့်ကြီးဖိုးချိုလည်း မန်နေဂျာဆိုသူထံ မျက်နှာချိုလေးနှင့်ပြေးတွေ့ရ၏။
"ကျွန်တော့်ကားလေး .. ဘောနပ်ထဲက .. ကျွီကျွီမြည် .. ပူလီကြိုး .. "
"ကားထားခဲ့ ၊ သန်ဘက်ခါ ပြန်လာ"
"အင် .. ပူလီကြိုးလေး လဲယုံတင်ကိုဗျာ"
"ပူလီလဲရုံတင်ဆို ဟိုရှေ့နားက လမ်းဘေးဆိုင်သွားလိုက် ၊ ဒီမှာလုပ်ချင်ရင် ကားထားခဲ့ ၊ သန်ဘက်ခါဆိုတာ တခြားပြစ်ချက်မရှိရင်ပြောတာ ၊ ပြစ်ချက်ရှိရင် ရချင်မှရမယ် ၊ ကားပြင်တယ်ဆိုတာ အသံတစ်ခုထွက်ရင် အားလုံးလိုက်စစ်ရတယ် ၊ ဟေ့ ထမင်းစားနားကြမယ်"
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ၊ ဒီမှာ .. ကားသော့"
"စားပွဲပေါ်တင်ခဲ့လိုက်"
တပည့်ကြီးဖိုးချိုတစ်ယောက် ဘတ်စ်ကားမှတ်တိုင်သို့ လမ်းလျှောက်ရပြီ။ ဆရာကြီးများပတ်လည်ဝိုင်းနေသော မိမိဘ၀ကို စိတ်နာ၏။ ဆရာဝန်များသာကောင်းကြသည်။ တခါမျှ မတွေ့ဘူး မသိဘူးလည်း ဆရာ ခေါ်ရ၏။ ပိုက်ဆံလည်းရသေး ၊ ဆရာလည်း အခေါ်ခံရသေး ၊ အလွန်နိပ်သောအလုပ်ဖြစ်သတည်း။
"ဟာ ငါ့တပည့် ဘယ်တုန်း"
ပခုံးပုတ်ခံရသဖြင့် မောင်ဖိုးချိုလှည့်ကြည့်၏။ ရုတ်တရက်တွင် မမှတ်မိချေ။ သေချာစဉ်းစားပါမှ ဆယ်တန်းတက်စဉ်က ဂိုက်ပြဘူးသော မိမိထက်တစ်နှစ်ကြီးသည့် ကိုဖြိုး ကို ပြန်မှတ်မိတော့သည်။
"ဟာ အစ်ကို .. အဲ ဆရာ .. မတွေ့တာကြာလှပြီ ၊ နေကောင်းရဲ့လား"
"အေး ကောင်းတယ် ၊ မင်းရော ဘယ်လဲ ၊ မတွေ့တာကြာပြီ ၊ အချိန်အားရင် ဘီယာလိုက်တိုက်စမ်းကွာ"
"ဟိုဒင်း .. ကျွန်တော် မအားသေးလို့ အစ်ကို .. အဲ ဆရာ"
"အေးအေး ၊ ဆေးလိပ်ပါလား တစ်လိပ်လောက်"
"ကျွန်တော်ဖြတ်ထားတယ် ၊ အဲ ကားလာပြီ ၊ ကျွန်တော် လစ်လိုက်ဦးမယ်နော် ဆရာ ၊ နောက်မှတွေ့မယ်"
"အေးအေး ငါ့တပည့် ကျန်းမာချမ်းသာပါစေ ၊ လိမ်လိမ်မာမာနေနော်"
ဆရာကိုဖြိုးက ဆုတွေပေးရင်း ကျန်ရစ်သည်။ မျက်လုံးများက ရစ်ဝိုင်းဝိုင်းနှင့် နေကောင်းရုံမက လူပါကောင်းနေပုံရ၏။
"မှတ်တိုင်ပါရင် ကြိုပြောနော် ၊ ပြီးမှ ကျော်သွားပြီတွေ ဆင်းမယ်တွေ လာမလုပ်နဲ့ ၊ ကျန်းမာရေးလည်း မရပ်ဘူး"
"ပါတယ် ဆရာရေ့"
မောင်ဖိုးချို မဆိုင်းမတွအော်သည်။ ယနေ့အတွက် မိမိ၏ဆရာတစ်ပါး ထပ်တိုးပြီတည်း။
"ဖြည်းဖြည်းဆရာ ၊ အေးဆေးရပ်မယ် ၊ ပင်နီတစ်ယောက်ပါတယ်"
စပယ်ယာကဆို၏။ မောင်ဖိုးချိုဘေးတွင် ပင်နီအင်္ကျီ ပင်နီလွယ်အိတ်နှင့် အမျိုးသားတစ်ဦးကို တွေ့ရလေသည်။
"ပင်နီဆိုတော့ ဆရာကြီးလား ၊ ဆရာကြီးဆိုလည်း ဂါပြီးလှော်ပေးလိုက်ပါကွာ"
ဒရိုင်ဘာလှမ်းပြောတာ ကြားကြရသည်။
ပင်နီပုဂိုလ်လည်း မျက်မှောင်ကုတ်ကာ မကျေမလည်နှင့်ဆင်းရ၏။ သူ့ကိုဘာပြောမှန်းနားလည်ပုံမပေါ်။ မောင်ဖိုးချိုလည်း နားမလည်ချေ။ စပယ်ယာနှင့် ဒရိုင်ဘာက အချင်းချင်း တဟီးဟီးလုပ်ရင်း မောင်းထွက်သွား၏။ ဗန်းစကားများကား တရံတခါ အလွန်ဟန်ကျလှသည်။ ပင်နီဆရာလည်း နားမလည်သောအခါ ဘာမျှမတတ်နိုင်ချေ။
လမ်းထိပ် လက်ဘက်ရည်ဆိုင်သို့ဝင်၏။
"ကိုဖိုးချို တစ်ခွက်ဟေ့"
စားပွဲထိုးကလေးသည် လူတကာကို ဆရာ၊ ဆရာကြီး နှင့် ခေါ်တတ်သော်လည်း မောင်ဖိုးချိုအားမူ ဆရာ မခေါ်ချေ။ ကိုဖိုးချို သာဆို၏။ လောကကြီးတွင် မောင်ဖိုးချိုအား ဆရာခေါ်သူ တစ်ယောက်မရှိ။ ယုတ်စွအဆုံး ရပ်ကွက်ထဲမှ အရူးပေါ အေးဇံ ကပင် တခြားသူများကို ဆရာခေါ်ပြီး မောင်ဖိုးချိုအား ကိုလေးချိုဟု ခေါ်သည်။ မောင်ဖိုးချိုတစ်ယောက် မိမိဘ၀ကို စိတ်နာစပြုလာလေတော့သည်။ ဤမျှ ဆရာကြီးပေါသောခေတ်တွင် မိမိအား တပည့်ကြီးသီးသန့်ဖြစ်စေရန် ဖန်ထားသောကြမ္မာအား စိတ်နာရန်မသင့်ပါလော။ ဗလာကျင်းသော လက်မောင်းပေါ်တွင် "ယူနီဗာဆယ် တပည့်ကြီးဖိုးချို"ဟု တက်တူးသွားထိုးရန် ဆုံးဖြတ်လေ၏။
"ကိုလေးချို .. လက်ဘက်ရည်လား မုန့်ဖိုးလား လေဒီကြိုက်တာပြော .. အဲလေ ကိုရင် ကြိုက်တာပြော"
"အင် .. အေးဇံ"
အသက်ရှည်ဦးမည့် အေးဇံ တည်း။ ယခုပင် သူ့အကြောင်းတွေးသည် ၊ ယခု ရှေ့ရောက်လာပြီး လက်ဘက်ရည်ဖိုးတောင်းနေပြီ။ အေးဇံမှာ အရူးယဉ် အရူးပါးဖြစ်၏။ ရူးသည်ထက် ပေါခြင်း ဘက်သို့ ပိုရောက်ဟန်ရှိသည်။ စကားထိုင်ပြော၍ရသည်။ အချို့ကလည်း အေးဇံကို ယောက်ျားမစစ်သယောင် ပြောကြသေးသည်။
"လစ်စမ်း အေးဇံရာ ၊ ဒီမှာညစ်နေတာ ၊ မင်းဝဲလိုက်တော့"
"ကိုလေးချိုက ချေလှချည်လား ၊ ဘာတွေ ခွီနေတာလဲ ၊ ပြောကြည့်လိုက်လေ ပေါ့သွားအောင်"
"အင်"
သကောင့်သားကား နှယ်နှယ်မဟုတ်ချေ ၊ ခက်ပြီ။ အေးဇံ ကိုတော့ဖြင့် အညံ့မခံနိုင် ၊ ရအောင် ပြန်ဝုန်းရမည်တည်း။
"ငါ့ဘာသာ ဘာပဲ ခွီခွီကွာ ၊ အာရုံလာမစားနဲ့ ၊ ဝေးဝေးသွားနားစမ်းကွာ ၊ ကိုင်းကြီးကြီးသွားရှာနား"
"ဟား .. ကွီးချိုက ဂေါ်ဒိုင်တွေလွှတ်ချင်တာလား ၊ ကွီးချိုအလုံးတွေက ဒိတ်အောက်ကုန်ပြီ ၊ ပြောပြောကစောပါတော့ ကွီးရယ် ၊ ဇံဇံက အခြူဇယားမဟုတ်တာ သိသားနဲ့ ၊ ကွီးကို အလုံးသစ်လေးတွေ ပေးမှာပေါ့။ လုံးဝ အငုံးလေးတွေ သင်ပေးမှာနော် ၊ အပ်တူဒိတ်တွေ သင်ပေးမှာ။ ဇံက အမ်းတတ်ပါတယ် ကွီးရယ် ၊ တခြားလူတွေကို အပီခုတ်လို့ရမယ့် အဇမ်းရွားတဲ့ အလုံးတွေပေးမယ် .. ဂယ် ဂယ်"
"ဟင်း င်း င်း .. အင်း င်း . ပါ . ဆရာ ဇံ . ရယ်"
မောင်ဖိုးချို သက်ပြင်းကိုချရင်း အင်္ကျီအိတ်ထောင်ကိုနှိုက်၏။ ငါးရာတန်တစ်ရွက်နှင့် နှစ်ရာတန်အနွမ်းကလေးတစ်ရွက် ပါလာလေသည်။
"အခါမလည်သေးတဲ့ ခြင်္သေ့ပေါက်စလောက်နဲ့ တက်မလာနဲ့နော် ၊ တောက်ချလိုက်မှာ သလား"
မောင်ဖိုးချိုလည်း နှစ်ရာတန်အနွမ်းကလေးအား အိတ်ကပ်ထဲသို့ ပြန်ထည့်ရလေတော့သတည်း။

ဖောက်ကလန်စစ်ပွဲ (သို့မဟုတ်) ၂၁ရာစုနှောင်းပိုင်း၏ Global Power အား အံတုခြင်း (၃)

$
0
0


အထူးတပ်ဖွဲ့များ


Super Etendard တိုက်လေယာဉ်များနှင့် Exocet ဒုံးပျံများသည် ဗြိတိန်ရေတပ်အုပ်စု ကြီးအတွက် တစ္တေအိပ်မက် သဖွယ်ဖြစ်လာချိန်တွင် စစ်ဦးစီးချုပ်ရုံးအနေဖြင့် စစ်ဆင်ရေးတစ်ခုကို ရေးဆွဲခဲ့ပါသည်။ 



စစ်ဆင်ရေးမီကာဒို ရည်ရွယ်ချက်ကား ရေတပ်အုပ်စုကြီးအားခြိမ်းခြောက်နေသော အာဂျင်တိုင်းတို့၏ ပြင်သစ်ထုတ် Super Etendard လေယာဉ် ၅စီးအခြေပြုရာ အာဂျင်တီးနားကုန်းတွင်းပိုင်းရှိ ရီယိုဂရန်ဒီ လေတပ်စခန်းအားစီးနင်း တိုက်ခိုက်ရန်ဖြစ်သည်။ ကနဦးစီမံချက်မှာ လေတပ်အထူးတပ်ဖွဲ့ SAS ကွန်မင်ဒိုများအား C-130 လေယာဉ်များ ဖြင့် အတင်းဆင်းသက်တိုက်ခိုက်ရန်ဖြစ်သည်။ အစ္စရေးတို့၏ အင်တက်ဘီစစ်ဆင်ရေးအား အတုယူခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါအစီအစဉ်သည် များစွာစွန့်စားရမည့်အပြင် အောင်မြင်နိုင်ခြေနည်းပါးသဖြင့် အစီအစဉ်ပြောင်းလဲခဲ့သည်။ ထပ်မံရေးဆွဲသော အစီအစဉ်မျာ Oberon အတန်းစား ရေငုပ်သဘောင်္ HMS Onyx တွင် ရေတပ်အထူးတပ်ဖွဲ့ SBS (Special Boat Services) များ ကိုတင်ဆောင်ကာ ရေငုပ်သဘောင်္မှတစ်ဆင့် ရာဘာလှေများဖြင့်ကမ်းတက်တိုက်ခိုက်ရန်ဖြစ်သည်။


စစ်ဆင်ရေးအတွက်ကနဦး ကင်းထောက်တပ်ဖွဲ့အနေဖြင့် SAS (Special Air Servies) ကွန်မင်ဒို များတင်ဆောင်လာသော Westland Seaking ရဟတ်ယာဉ်သည် မေလ ၁၇ရက်နေ့တွင် အာဂျင်တီးနား နယ်မြေအတွင်းဝင်ရောက်စဉ် ဆိုးရွားသောမုန်တိုင်းနှင့်တိုးမိသဖြင့် ပစ်မှတ်နှင့်မိုင် ၅၀ အကွာ ချီလီနိုင်ငံအတွင်း သို့ရောက်ရှိဆင်းသက်ခဲ့ရသည်။ ရဟတ်ယာဉ်အား SAS တပ်ဖွဲ့များဖျက်ဆီးပစ်ခဲ့ပြီး SAS တပ်ဖွဲ့ဝင် ၃ဦးသည် ချီလီရဲတပ်ဖွဲ့ ထံလက်နက်ချခဲ့သည်။ ကျန်တပ်ဖွဲ့ဝင်များသည် ကုန်းလမ်းအတိုင်းအာဂျင်တီးနား နိုင်ငံတွင်းသို့ ထိုးဖောက်ရန်ကြိုးစားခဲ့သော်လည်း သတင်းကြိုတင်ရရှိထားသောအာဂျင်တိုင်းစစ်သည် ၂၀၀၀ ခန့်က ပိုက်စိတ်တိုက် လိုက်လံရှင်းလင်းသဖြင့် စစ်ဆင်ရေးအားဖျက်သိမ်းကာ ချီလီမှတစ်ဆင့် လေကြောင်းဖြင့် ဗြိတိန်သို့ ပြန်ခဲ့ရသည်။
တစ်ချိန်တည်းမှာပင် အာဂျင်တိုင်းရေတပ် မှသိမ်းပိုက်ထားသော Pebble ကျွန်းရှိ လေယာဉ်ကွင်းအား မေလ ၁၄ ရက်နေ့တွင် SAS မှ စီးနင်းတိုက်ခိုက်ခဲ့သည် ။အဆိုပါကျွန်းရှိလေယာဉ်ကွင်း သည် မြက်ခင်းကွင်းသာဖြစ် ပြီးအာဂျင်တီးနားရေတပ်မှ FMA IA 58 Pucara နှင့် Beechcraft T-34 Mentor အပေါ့စားမြေပြင်တိုက်ခိုက် ရေးလေယာဉ်များ အခြေစိုက်ထားသည်။ ညဦးပိုင်းတွင် SAS တပ်ဖွဲ့များသည် Seaking ရဟတ်ယာဉ် ၆စီးဖြင့် စီးဖြင့်လျှပ်တစ်ပြက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လေယာဉ် ၂၂ စီးအားဖျက်ဆီးနိုင်ခဲ့သည်။ သို့သော် အဆိုပါလေယာဉ် များသည် အပေါ့စားတိုက်ခိုက်ရေးနှင့်လေ့ကျင့်ရေးသုံးလေယာဉ်များဖြစ်သဖြင့် အာဂျင်းတိုင်းတို့၏ တိုက်စွမ်းအား ကိုသိသိသာသာ ထိခိုက်စေခြင်းမရှိခဲ့ပါ။


မြေပြင်ထိုးစစ်စတင်ခြင်း- စစ်ဆင်ရေးSutton
မေလ ၂၁ ရက်နေ့အလင်းရောင်ပျောက်ကွယ်ချိန်တွင် တော်ဝင်မရိန်းတပ်ဖွဲ့ ကြီး၏ ပထမဆုံးမြေပြင်ထိုးစစ် စစ်ဆင်ရေး Sutton စတင်ခဲ့သည်။ ဗိုလ်မှုကြီး မိုက်ကယ်ကလပ်ပ် ၏ အထူးတာဝန်တပ်ဖွဲ့ကြီးသည် အရှေ့ဖောက်ကလန်ကျွန်း၏ အနောက်မြောက်ဘက်ကမ်းခြေသို့ကမ်းတက်ကာ အတွင်းပိုင်းသို့ထိုးဖောက် စစ်ဆင်ရန်ဖြစ်သည်။ ဗိုလ်မှုးကြီးကလပ် ၏ကွပ်ကဲမှုအောက်တွင် စစ်သည် ၄၀၀၀ ပါဝင်ပါသည်။ တပ်စုဖွဲ့ မှုမှာအောက်ပါအတိုင်းဖြစ်သည်-

(၁) အမှတ်(၂)လေထီးတပ်ရင်း( Second Para Battalion) ( Norland Amphibious Assault Ship)
(၂) အမှတ်(၃)လေတီးတပ်ရင်း(Third Para Battalion) ( amphibious ship HMS Intrepaid)
(၃) တော်ဝင်မရိန်းကွန်မင်ဒို (၄၀ဦး)
(၄) RFA ကွန်မင်ဒို (၄၅ဦး)

ယရက်ညဦးပိုင်းတွင် အမှတ်(၂) လေထီးတပ် နှင့်တော်ဝင်မရိန်းကွန်မင်ဒိုများ သည် ဟွမ် ကားလို့စ် ကမ်းခြေ(စကားဝှက် ကမ်းခြေပြာ) သို့လည်းကောင်း၊ အမှတ်(၃)လေထီးတပ်သည် ပိုစ့် ဟွမ် ကားလို့(ကမ်းခြေစိမ်း) သို့လည်းကောင်း၊ RFA ကွန်မင်ဒိုများသည် အေဂျက်စ်ဘေး(ကမ်းခြေနီ) သို့လည်းကောင်း အသီးသီး ကမ်းတက်ခြေကုပ်ယူကြသည်။ ကမ်းတက်စစ်ဆင်ရေးပါဝင်သော LCU ၈စီးနှင့် LCVP ၈စီးအားဖောက်ကလန်ကျွန်းတွင်တာဝန်ထမ်းဆောင်ဖူးသူ ရေတပ်ဗိုလ်မှုး အာဝင်ဆောက်ဘေးတေလာ ကဦးဆောင်ခဲ့သည်။ မဟာဗျူဟာအရံတပ်အဖြစ် ကွန်မင်ဒို ၄၂ ဦးအား HMS Canberra တွင်အသင့်အနေအထားရှိနေခဲ့သည်။ ကမ်းဦးခြေကုပ်များအား ခုခံမှုတစ်စုံတရာ မတွေ့ရပဲ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပြီး တော်ဝင်အမြောက်တပ်ရင်းများ တော်ဝင်သံချပ်ကာကင်းထောက်တပ်ရင်း များသည်ဆက်လိုက် တပ်အဖြစ် အောင်မြင်စွာကမ်းတက်နိုင်ခဲ့သည် Rapier လေကြောင်း ရန်ကာကွယ်ရေးစနစ်များ အား ရဟတ်ယာဉ်များ ချိတ်ဆွဲကာ ကမ်းဦးခြေကုပ်နေရာများတွင် ချက်ချင်း တပ်ဖြန့်ချထားနိုင်ခဲ့သည်။
နံနက်အာရူဏ်တက်ချိန်တွင် အာဂျင်တိုင်းလေတပ်မှ ကင်ဘာရာဗုံးကြဲ လေယာဉ်များ လာ ရောက် တိုက်ခိုက်ခဲ့သော်လည်း ရာသီဥတုကြောင့်ကြီးမားသောထိခိုက်မှု မရှိခဲ့ပါ။မြေပြင်တပ်ဖွဲ့မှုးဗိုလ်မှုးချုပ် ဂျူလီယန်သော်မဆင် သည် ကမ်းဦးခြေကုပ်များမှတစ်ဆင့် ဒါဝင်နှင့် ဂူးစ်ဂရင်းမြို့များအား ထိုးစစ်ဆင်ရန်စီမံချက် ရေးဆွဲခဲ့သည်။


ထိုအချိန်တွင် ပင်လယ်ပြင်ရှိ ရေတပ်ဖွဲ့ကြီး၏အခြေအနေမှာစ်ုးရိမ်ဖွယ်အနေအထားဖြစ်လာသည် မေလ ၂၁ ရက်နေ့တွင် တော်ဝင်ရေတပ်၏ ဖရီးဂိတ်စစ်ရေယာဉ် HMS Ardent သည်အာဂျင်တီးနားတို့ ၏နှစ်မြုပ်ခြင်းကိုခံခဲ့ရသည်။ မေ လ ၂၁ ရက် ညနေ ၄နာရီတွင် အာဂျင်တိုင်း A-4 တိုက်လေယာဉ် တစ်စီးသည် အားဒင့်သဘောင်္ပေါ်သို့ သမရိုးကျ ဗုံး ၂ လုံးကြဲချခဲ့သော်လည်း ပေါက်ကွဲခြင်းမရှိခဲ့ချေ။ ညနေ ၅နာရီ ၄၀တွင် A-4 ၅စီးနှင့် Dagger အချို့ထပ်မံရောက်ရှိလာပြီး တိုက်ခိုက်ခဲ့ချိန်တွင် စစ်ရေယာဉ်၏ Sea Cat လေကြောင်းရန်ကာကွယ်ရေးဒုံးပျံစနစ်မှာအလုပ်မလုပ်သဖြင့် ၂၀ မမစက်အမြောက်ဖြင့်သာခုခံ ခဲ့ရသည်။ အာဂျင်တိုင်း Skyhawk တိုက်လေယာဉ်များသည် လေထီးဗုံး ၈ လုံးကြဲချခဲ့ကာ ၄လုံး ပေါက်ကွဲခဲ့ပြီးပေါက်ကွဲမှုကြောင့် ရဟတ်ယာဉ် ဟန်ဂါ ပျက်စီးကာ Lynx ၇ဟတ်တစ်စီး ပျက်စီးခဲ့သည်။သဘောင်္တစ်စီးလုံး မီးတောက်လောင်ကာ စစ်သည် ၂၂ဦးကျဆုံးခဲ့သဖြင့် သဘောင်္ကတ်ပတိန် အလန်ဝတ်သည်၆ နာရီတွင်သဘောင်္အားစွန့်ခွာရန်အမိန့်ပေးခဲ့ရသည်။ သဘောင်္သည် ၆နာရီ ၃၀ တွင်လုံးဝနစ်မြုပ်ခဲ့သည်။ အာဂျင်တီးနားမှတ်တမ်းများအရ မူ လေထီးဗုံးကြဲချခြင်းမဟုတ်ပဲ ပေါင် ၁၀၀၀ သမရိုးကျ ဗုံး ၂လုံး ဖြင့်တိုက်ခိုက်ခဲ့သည်ဟုဖော်ပြထားပါသည်။

ဆက်ရန်


(ကြယ်နီ)

ဖောက်ကလန်စစ်ပွဲ (သို့မဟုတ်) ၂၁ရာစုနှောင်းပိုင်း၏ Global Power အား အံတုခြင်း (၄)

$
0
0

Ardent သဘောင်္တိုက်ခိုက်ခံရပြီးနောက် တပြိုင်နက်ထဲတွင် ဗြိတိန်ဖရီးဂိတ် HMS Antelope သည် ဟွန်ကားလို့စ် ရေပြင်အတွင်း သို့လေကြောင်းရန်ကာကွယ်ရေးတာဝန်ဖြင့်ဝင်ရောက်လာခဲ့သည်။ ၂၄ ရက်နေ့မနက်အစောပိုင်း ချိန်တွင် အာဂျင်တိုင်း A 4B Sky Hawk လေယာဉ် ၄စီးသည် အန်တီလုပ်အား တွေ့မြင်သွားကာစတင်တိုက်ခိုက်တော့သည်။
ပထမဆုံး ၀င်ရောက်ပစ်ခတ်သော ဗိုလ်ကြီး ပတ်ဘလိုကာဘယ်လို ၏ဦးဆောင်လေယာဉ် သည် သဘောင်္မှ ပစ်ခတ်သော Seacat လေယာဉ်ပစ်ဒုံးပေါက်ကွဲ မှုကြောင့် တောင်ပံအနည်းငယ် ထိခိုက်ခဲ့သဖြင့် အခြေစိုက်စခန်းသို့ လှည့်ပြန်ခဲ့ရသည်။ ဒုတိယလေယာဉ်သည် သဘောင်္ကုန်းပတ်အနီးထိ ထိုးစိုက်ဆင်းကာ ပေါင် ၁၀၀၀ ဗုံးကြဲချနိုင်ခဲ့သော်လည်းဗုံးမှာပေါက်ကွဲခဲ့ခြင်း မရှိချေ၊ လေယာဉ်မှာ သဘောင်္မှပစ်ခတ်သည့် ၂၀ မမစက်အမြောက်များထိမှန်ခြင်းခံခဲ့ရသည်။ 


နောက်ထပ်လေယာဉ် ၂စီးတွဲမှ တပြိုက်နက်ဝင်ရောက်လာပြန်ရာ ၂၀မမ စက်အမြောက်များပစ်ခတ်မှုကြောင့် ၂စီးအနက်မှ ဗိုလ် လူစီယာနိုဂွာဒါနီနီ၏ လေယာဉ် သည်မီးလောင်ခဲ့ရာ ပိုင်းလော့သည် လေယာဉ်အား သဘောင်္ကုန်းပတ်ပေါ်သို့ထိုးစိုက်ဆင်းကာအသေခံခဲ့သည်။ လေယာဉ် ပေါ်မှကြဲချခဲ့သည့် မပေါက်ကွဲသေးသော ပေါင် ၁၀၀၀ဗုံး ၂လုံးအား ဖယ်ရှားရန် အရာခံဗိုလ်ဖိလစ်နှင့် တပ်ကြပ်ကြီး ဂျိမ်းစ် ပရိကော့တို့ဦးဆောင်သော တော်ဝင်ရေတပ် အင်ဂျင်နီယာများမှဆောင်ရွက်စဉ် လေယာဉ်တစ်စီး ထပ်မံဝင်ရောက်လာကာ ကလပ်စတာဗုံးများ ကြဲချခဲ့သဖြင့် မဖယ်ရှားရသေးသောဗုံးများ ထပ်မံပေါက်ကွဲသည့်အပြင် ဗုံးရှင်းလင်းရေးအဖွဲ့သားများအားလုံးကျဆုံးခဲ့ကာ သဘောင်္တစ်စီးလုံး မီးလောင်ကျွမ်းကာ လျှပ်စစ်ဓာတ်အားပါပြတ် တောက်သွားသဖြင့် သဘောင်္ကပတိန် နစ်တိုဗင်သည် သဘောင်္အား စွန့်ခွာရန်အမိန့်ပေး ခဲ့ရတော့သည်။ သဘောင်္အားစွန့်ခွာပြီးမကြာမီသဘောင်္လက်နက်တိုက်အားမီးကူးစက် လောင်ကျွမ်းသဖြင့် ပေါက်ကွဲနစ်မြုပ်ခဲ့ရသည်။ ၂၅ရက်နေ့တွင် ကုန်တင်သဘောင်္ MV Atlantic Conveyor သည်လည်း အိပ်ဇိုးဇေးဒုံးပျံ ၂လုံးထိကာနစ်မြုပ်ခဲ့ပြန်သည်။ ၂၅ရက်နေ့တစ်ရက် တည်းမှာပင် အာဂျင်တိုင်းတို့ လေကြောင်းတိုက်ခိုက်မှုပိုမိုပြင်းထန်လာရာ HMS Conventry ထပ်မံနစ်မြုပ်ခဲ့ပြီး HMS Argonaut နှင့် HMS Brilliant တို့မှာဆိုးရွားစွာပျက်စီးခဲ့သည်။


သို့သော်လည်း အခြားဗြိတိန်သဘောင်္ အများစုမှာတိုက်ခိုက်မှုမှသက်သာရာရခဲ့သည်။ အဓိကအကြောင်းအရင်း မှာ အာဂျင်တိုင်းပိုင်းလော့များသည် ဗြိတိန်လေကြောင်းရန်ကာကွယ်ရေးစနစ် အားရှောင်ရှားနိုင်ရန် အနိမ့်ပျံ ရခြင်းကြောင့် ဗုံးများကြဲချချိန်တွင် ပေါက်ကွဲဖြူ့စ်များအတွက် သတ်မှတ်ထားသော အချိန်မတိုင်မီ ပစ်မှတ်ကို ကျရောက်ခဲ့ခြင်းကြောင့်ဗုံးများအများစုမှာ ပစ်မှတ်အား ထိမှတ်သော်လည်းပေါက်ကွဲမှုမရှိပဲဖြစ်ခဲ့သည်။ 



အာဂျင်တိုင်းတို့၏ Retarded Bomb ( အမြင့်ပေအနည်းငယ်မှ အရှိန်နှေးနှေးဖြင့်ပစ်မှတ်အားထိမှန်စေရန်ပုံစံ ထုတ်ထားသောလေတပ်သုံးဗုံး) အများစုသည်ပေါက်ကွဲခဲ့ခြင်းမ၇ှိခဲ့ချေ။ ပိုင်းလော့များအနေဖြင့် ဗုံးကြဲချရန်အမြင့် ပေကန့်သတ်ချက်ကိုနားလည်သော်လည်း လုံခြုံရေးကိုဦးစားပေး ကာ ဗုံးပေါက်ကွဲရန်လိုအပ်သော အမြင့်ပေသို့တက်ရန်ပျက်ကွက်ခဲ့သည်။ နောက်ပိုင်း တွင် အာဂျင်တိုင်းတို့သည် ဗုံးများရှိ Retardin Device များအားပြင်ဆင်ကာတိုက်ပွဲဝင်ခဲ့ကြသည်။ ပြင်သစ်လုပ် အိပ်ဇိုးဇေးသဘောင်္ဖျက် ဒုံးများသည် ထိရောက်ခဲ့သော်လည်း စစ်ပွဲစတင်ကတည်းပြင်သစ်သည် အဆိုပါဒုံးများရောင်းချမှုအားရပ် ဆိုင်းခဲ့သည့်အပြင် အိပ်ဇိုးဇေး ဒုံးပျံတပ်ဆင်ပစ်ခတ်နိုင်သည့် Super Etendard တိုက်လေယာဉ် များ၏ အပိုပစ္စည်းများကိုပါရောင်းချခြင်းမရှိတော့သည့်အတွက် အာဂျင်တိုင်းတို့ အခက်တွေ့ခဲ့ရသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုများအတွင်း အာဂျင်တီးနား လေယာဉ် ၂၂စီးဆုံးရှုံးခဲ့သည်။ 


ဂူးစ်ဂရင်းတိုက်ပွဲ 

မေလ ၂၇ ရက်နေ့တွင် အမှတ် ၈ ကွန်မင်ဒိုအမြောက်တပ်ရင်းမှ ၁၅၅ မီလီတာ အမြောက်ပစ်ကူယူသော အမှတ် (၂)လေထီးတပ်မှလေထီးတပ်သား ၅၀၀သည် အမှတ် ၁၂ အာဂျင်တိုင်းခြေလျင်တပ်ရင်း ကြီးခြေကုပ်ယူ ထားသော ဂူးစ်ဂရင်းနှင့် ဒါဝင်အားစတင်တိုက်ခိုက်တော့သည်။ ၂၇ရက်နေ့တစ်ရက်လုံး အာဂျင်တိုင်း ခံစစ်နေရာများအားအမြောက်များဖြင့် အပြင်းအထန်ပစ်ခတ်ခဲ့ပြီး ၂၈ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ရာ အမှတ် (၂) လေထီးတပ်ရင်းတပ်ရင်းမှုး ဒုဗိုလ်မှုးကြီး အိပ်ခ်ျဂျုံးသည် တပ်ရင်းအားဦးဆောင်ချီတက်ရင်း ကျဆုံးခဲ့သည်။ ၄င်းသည်ဗစ်တိုးရီးယားကြက်ခြေ တံဆိပ်ချီးမြင့် ခြင်းခံခဲ့ရသည်။ ၂၈ရက်နေ့ ညနေပိုင်းတွင် အမြောက်ပစ်ခတ်မှုကြောင့် စိတ်ဓာတ်ကျဆင်းနေသော အာဂျင်တီးနား တပ်ဖွဲ့သည် လက်နက်ချခဲ့သည်။ တိုက်ပွဲတွင်ဗြိတိသျှတပ်သား ၁၇ ဦးနှင့် အာဂျင်တီးနားတပ်သား ၄၇ ဦးကျဆုံးခဲ့ကာ အာဂျင်တိုင်းစစ်သည် ၉၆၁ ဦး သုံ့ပန်းအဖြစ်ဖမ်းဆီးခံခဲ့ရသည်။ဗြိတိသျှတပ်ဖွဲ့ များသည် ဂူးစ်ဂရင်းအားသိမ်းပိုက်ပြီးနောက်ဟွမ်ကားလို့စ် သို့ဆက်လက်ချီတက်တော့သည်။



(ဆက်ရန်)


ကြယ်နီ

စစ်သားဆိုတာလည်း နှလုံးသားနဲ့လူသားတွေပါ ( ၁ )

$
0
0




နေ့ရက်သည်ကား ၁၉၉၉ ခုနှစ် ဝန်းကျင် ( ဝန်းကျင် )
အချိန်သည်ကား ညဦးပိုင်း ၇နာရီခန့်။

"""ဒက်ဒက်ဒက်""""""ဒက်ဒက်ဒက်""""ဒက်ဒက်ဒက်"""

မြည်သံတွေက ဆက်တိုက်ဆိုသလို ထွက်နေတာကို
တမင်းစားခန်းထမင်းစားပွဲမှာ ဇနီးသည်ချက်ပေးထားတဲ့
ဝက်သားနဲ့ မျှစ်ချဉ်ဟင်းစားရင်း စကားပြောနေကြတဲ့
ကျနော်တို့  ဇနီးမောင်နှံ တယောက်မျက်နှာတယောက်
ခပ်တွေတွေလေး ကြည့်လိုက်ကြပါတယ်။


သဘောကတော့ ဘယ်သူ့  အလှဲ့ လဲပေါ့။

တဒက်ဒက် မြည်နေသံကတော့ အိမ်ရှေ့ဧည့်ခန်း
စားပွဲပေါ်က MPT က Issue ထုတ်ပေးထားတဲ့
NEC ဖုန်း စိမ်းပြာရောင်လေးကပါ။

မူရင်း """ဒီဒီဒီဒီ""""မြည်တတ်တဲ့ ဖုန်းလေးက
ပျက်သလို ကြောင်သလိုဖြစ်နေပြီး ""ဒက်ဒက်ဒက်"""သာ
မြည်နေတာပေါ့။

ခေတ်ကိုကလည်း ဖုန်းအိမ်တလုံး လွယ်လွယ်ဝယ်ဖို့ 
မလွယ်သလို Supersaloon ၁၆ သိန်းခေတ်မှာ
လိုင်းဖုန်းတလုံး ၂၅သိန်းခေတ်။

GSM မပေါ်သေး။ တချို့ တလေတော့ ခုံဖိနပ်အရွယ်
ရေဒီယိုဖုန်းတို့  ဆယ်လူလာတို့ ကိုင်ကြပါတယ်။
ဒါတောင် တကဲ့ VIPတွေ သူဌေးတွေမှပါ။

လင်မယား၂ယောက် တယောက်မျက်နှာ တယောက်ကြည့်ရင်း 
နောက်ဆုံးမှာတော့ ဇော်ဝင်းထွဋ်သီချင်း #ကိုယ်ဘဲအရှုံးပေးလိုက်ရတာ 
ဆိုသလို ကျနော်ဘဲ ဖုန်းထကိုင်လိုက်ရတာပေါ့။

ဟယ်လို အမိန့် ရှိပါခဗျာ
====ဗိုလ်ကြီးနိုင်ဇာမြင့်နဲ့ ပြောချင်လို့ ပါခဗျ
ဟုတ်ကဲ့ ကျနော် နိုင်ဇာမြင့်ပါခဗျ
=====ဗိုလ်ကြီးရေ ကျနော် ရေယာဉ်စု( )က----ပါ။

ဟုတ်ကဲ့ပြောပါ ဆရာတဲလ်( ဆက်သွယ်ရေးဆရာ)
======ဗိုလ်ကြီးရေ ရန်သူသတင်းပေါ်လို့ 
စစ်ဆင်ရေးထွက်ရမယ်
ခုချက်ချင်း ရေယာဉ်စုရုံးကို သတင်းပို့ ပါတဲ့။

သိလိုက်ပါပြီ။

မိန်းမကို နည်းနည်းပါးပါး နားလည်အောင်
ခပ်ပါးပါးလေးရှင်းပြပြီး ပစ္စည်းထုပ်ပိုးပေါ့။

အဲ့အချိန် ခလေး မရသေးသလို ဇနီးသည်ကလည်း
ဆေးကျောင်းတက်လက်စ အခြေအနေ။
Final Part 2လား ဘာလားတော့ မမှတ်မိတော့။

ဒါနဲ့ ကျနော်လည်း လိုတာထည့် အိပ်ယာလိပ်ပြင်ပေါ့။
ထို့ အတူပါဘဲ တအိမ်လုံးမှ လင်မယား၂ယောက်ထဲ
ရှိကြတာမို့  ဇနီးသည်လည်း သူ့ အဝတ်အစား စာအုပ်
အသုံးအဆောင်တွေထည့် ကားပေါ်တင် အိမ်တံခါးပိတ်ပြီး
ဇနီးကို ယောက်ခမအိမ်ပို့ လို့  ကျနော်က ရေယာဉ်စုကို
ချီတက်ရပါလေတော့တယ်။

ရေယာဉ်စုရောက်မှ သတင်းစုံကြေးနန်းလက်ခံရရှိတော့
#ရန်သူ့သတင်းက ပင်လယ်ဝ သင်္ဘောဖြူ
Pilot Vessel နားနဲ့  ဖျာပုံမြစ်ဝ တကြော။

ရေတပ်ထုံးစံအရ သာမာန်အနားပေးချိန်မှာ ရေယာဉ်တွေကို 
အင်အားပြည့် လာစရာ/နေစရာမလိုဘဲ Liberty လို့  ခေါ်တဲ့ 
ကမ်းတက်ခွင့်ပေးထားတာမို့  Crew က မစုံ။ လူစုရတာလည်း 
ခုခေတ်လို ဖုန်းမရှိလို့ အချိန်အတော်ပေးရပါတယ်။

ဒါနဲ့ ဘဲ လူစု စက်နှိုး ရေဒါစမ်း Gun Standby လုပ်
ဆီဖြည့် ရေချိုဖြည့် ရိက္ခာကြိုထုတ်( ကုန်ခါနီးမို့ )
စိအို( Commanding Officer) ဖတ်စ်လု(First Lieutenant ) 
ပစ္စတိုထုတ် ရှုပ်ယှက်ခတ်နေတာပေါ့။

မလုပ်လို့လည်းမရ။
ရေတပ်ဆိုပေမဲ့ ကကကြည်း အမိန့်မို့
ဌာနချုပ်မှုးကိုယ်တိုင် ရေယာဉ်အချိန်မီ ထွက်ခွာနိုင်ရေးနဲ့
လိုအပ်တာဖြည့်စီးပေးဖို့  အနီးကပ်စောင့်ကြည့်
တွန်းအားပေးနေတာ။

ပုံမှန်အားဖြင့် ညသန်းခေါင်တလွဲ လမိုက်ရက်ကြီးမှာ
ဘယ်စစ်ရေယာဉ်မှ ရန်ကုန်ဖြစ်ကြောင်းကို
#ရေစုန်ရေစီးကြမ်းနဲ့  ပင်လယ်ဝ မထွက်ချင်။

မှောင်ကမှောင် ရေစုန်ရေစီးကကြမ်း
ငါးဖမ်းလှေ သဲစုပ်လှေတွေက မမြင်ရ
မြစ်ကြောင်းတွင်းသောင်ခုံရှောင် အကွေ့အကောက်
Transit တိုင်ဖမ်းဖို့ ကခက် အတော်မလွယ်တဲ့ကိစ္စပါ။

Radar မရှိဘူးလား GPS မရှိဘူးလား Echo Sounder မရှိဘူးလား မမေးပါနဲ့ ခဗျ။

အဲ့ဒီ ရေဒါ GPS နဲ့  ရေအနက်တိုင်း Echo Sounder တွေက
ပင်လယ်ထဲဆို အရမ်းအသုံးဝင်ပေမဲ့
Yangon Channel ထဲမှာတော့ Transit မျက်မြင်
Look out , Search Light တွေကသာ ပိုပြီး
အသုံးဝင်တဲ့ ခေတ်ပါ။

ဘာဘဲဖြစ်ဖြစ်ပါ စစ်သားဆိုတော့လည်း
No Complaint ဆိုတဲ့အတိုင်း ရည်မှန်းချက်ကို
အချိန်မီ မရောက်ရောက်အောင် ချီတက်ရတာပါဘဲ။

အထူးစစ်ဆင်ရေးမို့  ခါတိုင်း တနာရီတကြိမ်သာ
အဆက်အသွယ်အသွယ်လုပ်တဲ့
ဆက်သွယ်ရေးဆက်က မနားတမ်းကို အလုပ်လုပ်နေရပြီ။

ဒီလိုနဲ့  Pilot Vesselနား ရောက်တော့ အတော်ကြီးပျော်သွားပြီပေါ့။
ရေစီးက မကြမ်းတော့သလို Ship Handling ကလည်း
အရမ်းကြီး ဂရုစိုက်စရာမလိုတော့။

လမ်းတလျှောက် စစ်စရာရှိတာစစ် သတင်းမေးစရာရှိမေးတာပေါ့။
ဘာမှတော့ ထူးခြားဖြစ်စဉ် ထူးခြားသတင်းမရှိ။
ဒါနဲ့ ဘဲ့ ဖျာပုံဖြစ်ဝဖက်ပြေးလိုက် Pilot Vesselဖက်
ပြန်လာလိုက် မျက်မြင်/Radar ထဲတွေ့ တဲ့ သင်္ဘော
ခေါ်စစ်လိုက်ပေါ့။

အမယ် ကြည့်လို့ တော့ အကောင်းသား
စစ်သည်တွေက G3/G4 သေနတ် Standby
ပဲ့ပိုင်းမှာ 12.7mmGun Crew Standby
ဦးပိုင်းမှာက 20mm Oerlikon Gun Standby နဲ့
တွေ့ သမျှ လှေ သင်္ဘောခေါ်စစ်တာ။

စစ်ပါများလာတော့ ကိုယ်တွေစစ်နေတုန်း
ကိုယ့်စစ်သားCrewနဲ့  ဟိုဖက် လှေသားတွေ
ခင်မင်ကုန်ကြပြီး ကွမ်းယာနဲ့  ဆေးလိပ်လဲတဲ့သူ
ငါးခြောက်ဝယ်တဲ့သူတွေဖြစ်ကုန်လို့  ဟန့်ထားရသေးတယ်။

ဒီလိုနဲ့  တနေသာကုန်သွားရော ဘာမှမထူးဘူး ဆိုပါတော့ဗျာ။
အထက်ဌာနကို ဖြစ်စဉ်အားလုံး
လှေဝင်/ထွက် သင်္ဘောဝင်ထွက်အားလုံး
အချိန်မှန်သတင်းပို့  အထက်ဌာနရဲ့ သတင်းလက်ခံယူပေါ့။

အထက်ဌာနရဲ့ ညွှန်ကြားချက်ကလည်း
ပစ်မှတ်သည် သတင်းအရဖျာပုံမြစ်ဝမှ ရန်ကုန်ဖြစ်ဝ ကို
ပိတ်ဆို့ ကာကွယ်ရေးပေါ့။

စိတ်ထဲမှာတော့ ထိတွေ့ မှုကို မတောင့်တပေမဲ့
ပေးထားတဲ့ သတင်းပစ်မှတ်ကို တွေ့ ချင်လှပြီ။

ဒါနဲ့ ဘဲ တမိုးချုပ်ပြီးနောက်တရက်မနက်
၈နာရီကျော်ကျော်လောက်မှာတော့
ရေဒါမှာ ခပ်သေးသေး Target လေး ၂ခုက
ပင်လယ်ဝ ကျောက်ချထားတဲ့ ပင်လယ်ကူးသဘောကြီးတွေဖက် တရွေ့ ရွေ့ 
လှုပ်ရှားချီတက်နေတာကို ကျနော်သတိထားလိုက်မိပါတော့တယ်။

အဲ့ဒါကြောင့် ကျနော်လည်း Breakfast စားနေတဲ့
စီအိုကို သတင်းပို့လိုက်တာပေါ့။

စီအိုလည်း ချက်ချင်းထလာပြီး ကြည့်လိုက်တော့
သူလည်း လက်ခံတယ်။
စီအိုကိုယ်တိုင်ဘဲ Ship Heading ကိုပြောင်း
သူရောကျနော်ပါ ရေဒါကြည့်လိုက် မှန်ပြောင်းထောက်လိုက်ပေါ့။

သေခြာလောက်ပြီဆိုမှ စီအိုက စက်ရှိန်မြှင့်ခိုင်းပြီး
ချည်းကပ်ဖို့ လုပ်ရတာပေါ့။

တဖြေးဖြေးနဲ့ မြင်သာလောက်တဲ့ မနေအထားတခုမှာတော့ စက်ရှိန်လျှော့ ရေမျှောထားပြီး
သူတို့ လှေ နှစ်စီးကို အလံရိုက် မှန်ရိုက်ပြီး
လာအစစ်ခံဖို့  အချက်ပေးလိုက်ပါတယ်။

အဲ့မှာတင် သူတို့  ၂ စီးက မီးခိုးအူအောင်စက်ကုန်ဖွင့်တော့တာပါဘဲ။
ပထမတော့ ကျနော်တို့ ဖက် လာမယ်ထင်တာ
ကြာတော့ ပစ်မှတ်ကသေးသေးသွားလို့  မသင်္ကာဘဲ
Radar မှာ Range ထောက်ကြည့်လိုက်တာ
ဒင်းတို့က ဝေးသထက်ဝေးရာကို ထွက်ပြေးနေတာဖြစ်ပါလေရော။

ဒုတိယပိုင်း ဆက်ရန် ....


Naingzar Myint

"ကတ္တီပါဖိနပ်တစ်ဖက်...သို့...တမ်းချင်း"

$
0
0


အချိန်နဲ့ နေရာက ၁၉၈၇-၈၈ နှောင်းပိုင်းကာလ၊ မြန်မာပြည်အလယ်ပိုင်းနယ်မြို့လေး တစ်ခုရဲ့ ဘူတာလေးမှာလော်ကယ် ရထားကြီးတစ်စီးဆိုက်ရောက်လာချိန်ပေါ့၊


ရိုးရိုးတန်းတွဲလေးထဲမှာ လူတွေက ကျပ်ညှပ်နေလေရဲ့၊ 



အဲ့တွဲထဲမှာမှ အသက် ၃ နှစ်ကျော် ၄ နှစ်အရွယ်ကလေးနဲ့ အသက် ၅ နှစ်အရွယ် သားယောက်ျားကလေးတွေ
သူတို့အမေဖြစ်ဟန်တူတဲ့ အသက် ၄၀ နားကပ်နေတဲ့ အမျိုးသမီးတစ်ဦးက သူ့သား ၂ ယောက်ကိုကြည့်လိုက် ၊ ပါလာတဲ့ ပစ္စည်းတွေ၊ ခြင်းတွေတောင်းတွေကိုကြည့်လိုက်နဲ့ ပင်ပန်းနေလေရှာရဲ့၊ အမျိုးသမီးရဲ့စိတ်ထဲတွေးနေတာက အရှေ့မြောက်ခြမ်းက စစ်ထွက်နေတဲ့ စစ်ထွက်ယောကျာ်း သူ့လင်သား အကောင်းပကတိနဲ့ပဲ တပ်ကို ပြန်ပါလာပါ့မလား၊ ရှေ့တန်းဝင်မဲ့ ရက်ကို မှန်းဆလို့သာ လာခဲ့ရတယ်၊ စာမလာသတင်းမကြား၊ ငါ့အလွမ်းမပေါ်စေရပါဘူး ဒီသားတွေရှေ့လို့ တွေးနေဟန်တူသဗျ။ စစ်သားမိန်းမ တွေရဲ့ အာဝေနိကဒုက္ခတွေကို ခံစားနေရဟန်တူတယ်။


ထားပါတော့ ဒီအမျိုးသမီးထည့်လာတဲ့ ခြင်းတွေထဲမှာ အဆင့် ၃ ဆင့်လောက်နဲ့ ကြွေရည်သုတ် ချိုင့်လည်းပါရဲ့ ၊ ငါးပိတွေကို စက္ကုပတ်ခံသိပ်ထားတဲ့ နို့မှုန်ထည့်တဲ့ ဘူးလည်းပါရဲ့၊ ငါးခြောက်တွေကလည်း ထိုးထိုးထောင်ထောင်ပါလေရဲ့ အောက်ပြည်အောက်ရွာက တက်လာတဲ့သူမှန်းသိသာသကိုး ၊ အနံတော့မထွက်အောင် မနည်းဖုံဖိလို့ ထည့်လာတဲ့ အမျိုးဖြစ်ဟန်တူတယ်၊ သတင်းစာစက္ကူပတ်တွေကို မြင်ရလို့ပေါ့၊ 


ပျဉ်းလို့တောင် မနားရဲ့တဲ့ မြို့ကနေ ကျော်လာတော့ အမျိုးသမီးမှာလည်း သူဆင်းရမဲ့ဘူတာကို ရောက်တော့မယ်လို့စိတ်အေးနိုင်ပေမယ့် နောက်ထပ် အပူတွေက ရှိနေသေးတယ်
ဒီတောင်းတွေ ဒီပလုံးတွေနဲ့ ဒီသား ၂ ယောက်နဲ့ ဘယ်လိုရထားပေါ်ကဆင်းရမလဲ ဆိုတဲ့ အပူ၊ အောက်ပြည်အောက်ရွာက ယူလာတဲ့ စားစရာတွေလက်ဆောင်ပစ္စည်းလေးတွေ (အဖိုးမတန်ပေမယ့် သူ့ရင်ထဲကစေတနာတွေပါတယ်) ကို တကွဲတပြားမဖြစ်အောင်ကြံဆောင်ရမှာလေ
အဲ့ဘူတာလေးကလည်း တွဲလော်ကယ်က ရပ်မပေးဘူး၊ ဘရိတ်လေးခဏတော့ ချိန်မှာ အပြေးအလွှားဆင်းရတဲ့ အမျိုးကိုး ။


သူ့သားငယ်လေးကတော့ သူစီးထားတဲ့ ကတ္တီပါဖိနပ်အသေးလေးကို မကြာမကြာကြည့်လေရဲ့ (ဒီကလေးမြတ်နိုးရှာတယ်ထင်ပါ့) ရထားလည်း ဥသြကို အတော့ဆွဲလို့ ဘူတာမှာ တော့လေရဲ့
မိန်းမသား ခမျာလည်း တောင်းနဲ့ ခြင်းတွေ ပလုံးတွေကို အောက်က အထမ်းသမား ကူလီတစ်ယောက်ကို ပြတင်းပေါက်ကနေ ခေါင်းပြူလို့ အကူအညီတောင်းလို့ ကပြာကယာ ကမ်းပေးလေရဲ့ ၊ 
သားအကြီးလေးကလည်း သူ့အမေလက်ကိုဆွဲလို့ အသာကူရှာလေရဲ့ ။


အဲ့အချိန်မှာပဲ အမေလုပ်သူက သားအငယ်လေးကို စွေ့ကနဲ့ ကောက်ပွေ့လို့ ပြတင်းပေါက်ကနေဖြတ်ကျော်ကမ်း ပြီး ဘူတာစင်္ကြန်က အလုပ်သမားလက် အမြန်သာထိုးအပ်လေတယ် ။

ထိုစဉ်ခဏမှာ သားငယ်ရဲ့ နီတာရဲဖိနပ်က ပြတင်းဘောင်နဲ့ ညှိလို့ ရထားပေါ်ကို တစ်ဖက်ကျွတ်ကျန်ခဲ့ပါလေရော
အမေလုပ်သူက မမြင်ပေမယ့် သားလုပ်သူက မြင်တာပေါ့။

အမေမှာလည်း သားအကြီးလက်ဆွဲလို့ ကျန်တဲ့ ပစ္စည်းတွေ မလို့ ရထားတွဲပေါ်ကနေ ခုန်ဆင်းပါလေရောလား
သားအငယ်ကောင်ရင်ထဲ မြင်ပေမယ့် ထွက်နေတဲ့ ရထားကို လက်ညှိုးထိုးလို့ ငိုရှာတယ် ရှိုက်ကြီးတငင့်ငိုရှာလေတယ်
အမေခဗျာ ကျန်ခဲ့တဲ့ ဖိနပ်လေးတစ်ဖက်ကို မြင်မှ ´ဟင် ငါ့သားဖိနပ် ၊ ရထားပေါ်ကျန်ခဲ့ပါလားဟဲ့ ´ ဆိုပြီး စိတ်ထဲ ၀မ်းနည်းမိရှာသတဲ့ ။

သူ့ခမျာလည်း ထွက်နေတဲ့ ရထားပေါ် ပြန်တက်လိုက်ဖို့လည်း အားမရှိ၊ ရထားတွဲထဲက လူတွေကိုလည်း ကလေးဖိနပ်ပစ်ချပေးဖို့ ပြောရန်အချိန်ကလည်း မရှိ ကလေးကလည်း ငိုနဲ့ နွေနေပူရဲ့ နေဟာ ပူလှသကိုး
လင်သားက စစ်ထွက်၊ ကလေး ၂ ယောက်နဲ့ အမေ တစ်ယောက်က လင်သားရှိရာ တပ်ကိုအလာ ဒီတပ်ရှိရာမြို့နားရောက်မှ ဒီဖိနပ်လေးတစ်ဖက်က ကြံကြံဖန်ဖန် ကျွတ်ကျခဲ့ရတာကိုး၊ 

အမေလုပ်သူလည်း သူ့သားလက် ၂ ဖက်ကို တင်းတင်းဆွဲလို့ ဘူတာစင်္ကြန်မှာ အထမ်းသမားကို ပိုက်ဆံအိတ်ပါးပါးထဲကနေ ငွေစတစ်ချို့ရှင်းပေးလို့ ပေါ့၊ ပါးစပ်ကလည်း ငါ့သားလေး၊ အမေမှားပါတယ် သားရယ်လို့ တဖွဖွရွတ်နေလေရဲ့၊ 

သူ့သားငယ်က လော်ကယ်ရထားပေါ် သူ့ဖိနပ်လေးတစ်ဖက်ကျွတ်ကျလို့ ရထားဆိုတဲ့ အမျိုးကို စိတ်ထဲမှာ မုန်းတော့သကိုး။

ငယ်စဉ်က ကျွတ်ကျန်ခဲ့တဲ့ ဖိနပ်လေးတစ်ဖက်ကိုလည်း စိတ်မှာစွဲနေတာ နောင်နှစ်ပေါင်း ၃၀ လောက်နီးပါးပဲ၊ 
ခုချိန်များ အဲ့ဖိနပ်လေးတစ်ခြမ်းပြန်များရရင် ခုစီးနေတဲ့ ဖိနပ်တွေ နဲ့ အကုန်တောင်လဲ လိုက်ချင်ရဲ့လို့ တစ်ခါတစ်ရံစိတ်ထဲက မြည်တမ်းရှာလေရဲ့။ ။


- ဒီပိုစ့်လေးကို အဆုံးသတ်ရရင် ဖိနပ်ကျန်ခဲ့တဲ့ ကလေးက ဒီပိုစ့်လေးရေးတဲ့ ကျွန်တော်ပေါ့၊ ရံဖန်ရံခါ ကလေးဘ၀ကိုစိတ်ကလည်လည်သွားရင် အဲ့အချိန်တုန်းက ကျွန်တော့်ဖိနပ်လေးတစ်ခြမ်းကို ကျွန်တော်ခုထိ လွမ်းသဗျာ။ ခုအချိန် အိမ်ပြန်တိုင်းလည်း အသက် ၇၀ နီးပါးရှိတဲ့ ကျွန်တော့်အမေကို အသက် ၃၃ နှစ်ရှိတဲ့ သူသားကဒီအကြောင်းလေး ပြောပြောလို့ အမေခဗျာလည်း ငယ်စဉ်တောင်ကျေးတုန်းကဘ၀တွေကို သတိရလို့မျက်ရည်အ၀ဲသားနဲ့ ငါ့သားရယ်၊ အဲ့တုန်းက အမေမှားတာပါကွယ်လို့ တောင်းပန်ရှာဆဲပါပဲ၊ 

-စကားမစပ် ရထားစီးနေရင်းနဲ့ ကျွန်တော့် ဖိနပ်လေးတစ်ဖက်တွေ့ခဲ့ရင် ရထားပေါ်ကနေ ပစ်ချပေးလိုက်ပါလို့ တောင်းပန်ပါတယ်ဗျာ (အမေ့မေတ္တာနဲ့ ကျွန်တော့်ကတ္တီပါ ဖိနပ်လေးတစ်ဖက်အား ခံစားရေးဖွဲ့သည် FG )




Lethal Myint

Article 0


ရိုဟင်ဂျာ ပဋိပက္ခ၊ အမျိုးသားလုံခြုံရေး နှင့် လက်တွေ့မူဝါဒ ဆိုင်ရာစိန်ခေါ်မှုများ (၁)

$
0
0

(Voice Weekly Volume 8, No. 38., page 30-31, June 30, 2012)
×
မင်းဇော်ဦး
×
အခုဖြစ်နေတဲ့ ရခိုင်ပြည်နယ်က ရိုလင်ဂျာပြဿနာ အပေါ်မှာ တိုင်းပြည်ခေါင်းဆောင်တွေ နိုင်ငံရေးပါတီကြီးတွေက သဘောထား ထုတ်ပြန်ချက်တွေပေးကြတယ့်အခါမှာ အဓိကအားဖြင့် တရားဥပဒေစိုးမိုးရေး နဲ့ ဘာသာရေး အဓိကရုဏ်းအဖြစ် တခြားနေရာတွေမှာ ပြန့်မသွားကြဖို့ တိုက်တွန်းထားပါတယ်။ လက်ရှိ အဓိကရုဏ်းကို ရပ်တန့်ဖို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ကလှည့်စားခြေတာတွေရပ်ဖို့ ကလက်ငင်းလိုအပ်ချက်တွေပါ။ ဒါအပြင် ရေရှည်မှာ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ မူဝါဒဆိုင်ရာကိစ္စကို စဆွေးနွေးသင့်ပြီ၊ လူထုကို ချပြသင့်ပြီလို့ထင်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ပြဿနာက အမျိုးသားလုံခြုံရေး နဲ့ ဘယ်လိုဆက်စပ်လဲ? ဒီပြဿနာနဲ့ပတ်သက်ပြီး အမျိုးသား အကျိုးစီးပွားက ဘာဖြစ်သင့်လဲ? ဘယ်လိုပေါ်လစီတွေချပြီး ဆောင်ရွက်သင့်လဲ?

×
အမျိုးသားလုံခြုံရေးပြဿနာ
ရိုဟင်ဂျာပြဿနာကို လူ့အခွင့်အရေး နဲ့ လူ့ကျင့်ဝတ်ဆိုင်ရာတရား သက်သက်လောက်မှာပဲ ကန့်သတ်စဉ်းစားလို့ မရဘူး။ ရိုဟင်ဂျာပြဿနာက အမျိုးသားလုံခြုံရေး နဲ့တိုက်ရိုက်ဆိုင်တယ်။ အမျိုးသားလုံခြုံရေး အမျိုးသား အကျိုးစီးပွား ကိုစဉ်းစားတဲ့အခါမှာ ချစ်ခြင်းမုန်းခြင်းကင်းတဲ့ ကျိုးကြောင်းဆီလျှော်မှုကို အခြေခံတဲ့ ရလဒ်ကိုခြေပြုတဲ့ ဆင်ခြင်တုံတရားကို အခြေခံဖို့ အရေးကြီးပါတယ်။ ဘာကြောင့် အမျိုးသားလုံခြုံရေးပြဿနာ ဖြစ်ရတယ် ဆိုတာ အချက် ၃ ချက်ရှိတယ်။

×
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကြပ်အတည်း
နံပတ်တစ် အဓိကအကြောင်းက ဘေးအိမ်နီးချင်း ဘင်းဂလားဒေ့ရှ် ရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အကြပ်အတည်းပါ။ ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံထက် ၄.၆ ဆလောက် အကျယ်အဝန်းအရ သေးငယ်ပေမယ့် ခန့်မှန်းချေ အရ သူ့လူဦးရေက ၂.၆ ဆပိုများတယ်။ ကမ္ဘာပေါ်မှာ လူဦးရေသိပ်သည်းဆ အများဆုံးနိုင်ငံတွေထဲ မှာပါတယ်။ အင်္ဂလိပ်ခေတ်ကတည်းက လုပ်ကိုင်စားသောက်လို့ ပိုအဆင်ပြေတဲ့ မြန်မာပြည်ကို ဘင်္ဂလားဒေ့ရှ်ဘက်ကသူတွေ အလုံးအရင်းနဲ့ ဝင်လာတာကြောင့် ဗြိတိသျှအစိုးရတောင် နောင်လူမျိုးရေးပြဿနာတွေ ဖြစ်နိုင်တယ်လို့ မှတ်တမ်းပြုခဲ့ဘူးတယ်။
-
ဘင်းဂလားဒေ့ရှ်ဆိုတာ သဘာဝပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို အခံရဆုံးနိုင်ငံတွေထဲ ကတစ်ခု။ UNDPရဲ့အဆိုအရ ပယ်လယ်ရေမျက်နှာပြင်မြင့် တက်လာမှုကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ ၁၇.၅% သောမြေတွေပာာ ရေအောက်ရောက်မယ့် ကိန်းဖြစ်နေပြီ။ ရေဖုံးလာနေတဲ့မြေတွေပာာ ဘင်္ဂလားဒေ့ရှ်ရဲ့ ကန်ရိုးတန်းဒေသတွေဖြစ်ပြီး ဒီပြဿနာကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ လူသန်း ၄၀ လောက်တဖြေးဖြေးနဲ့ “သဘာဝပတ်ဝန်းကျင် ဒုက္ခသည်” ဖြစ်လာမယ်လို့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ပညာရှင်များက ခန့်မှန်းကြတယ်။ ရေမျက်နှာပြင် မြင့်တက်နှုန်းအမြင့်ဆုံးဒေသက မြန်မာပြည်နဲ့နီးတဲ့ စစ်တကောင်း (Cox’s Bazar) ကမ်းရိုးတန်း ဖြစ်တယ်။ တစ်နှစ်ကို အနည်းဆုံး ၇.၈ မီလီမီတာနှုန်းနဲ့ မြင့်တက်လာတယ်။ ရေရှည်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ “သဘာဝပတ်ဝန်းကျင်ဘေးသင့် ဒုက္ခသည်” ပြဿနာက မြန်မာနိုင်ငံတံခါး ကိုလာခေါက်တော့မှာ ဖြစ်တယ်။ အထူးအဖြင့် မြန်မာပြည်မှာ စီးပွားရေး အခွင့်အလမ်း တိုးတက်လာခဲ့ယင်ပေါ့။

-

ဒါပေမယ့် ၁၉၉၁ နောက်ပိုင်းကစလို့ အစိုးရက ရိုဟင်ဂျာတွေကို နိုပ်ကွပ်လာလိုက်တဲ့အခါ ခိုးဝင်တာတွေနည်းသွားတဲ့အပြင် ဘင်းဂလားဒေ့ရှ် အစိုးရနဲ့ သဘောတူညီမှုရပြီး ပြန်ပို့တဲ့သူတွေထဲမှာတောင် မြန်မာပြည်တွင်းက ပြန်ထွက်ပြေးသူတွေ အများကြီးပါ။ မြန်မာပြည်တွင်းမှာ စီးပွားရေး မကောင်းတာက တစ်ကြောင်း နိုင်ငံခြားမှာ သွားအလုပ်လုပ်နိုင်တဲ့ အခွင့်အရေးတွေ ပေါ်လာတာကတစ်ကြောင်း အနောက်နိုင်ငံတွေကို ဒုက္ခသည်အဖြစ် သွားရောက်ဖို့ အခွင့်အလမ်းတွေ ဖန်လာတာတွေ ကြောင့် ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ သူတွေအပြင် မြန်မာပြည်တွင်းက ရိုဟင်ဂျာတွေပါ ပြည်ပကို တစ်နည်းနည်းနဲ့ ရအောင်ထွက်ကြပါတယ်။ ဒါကြောင့် လူကုန်ကူးလုပ်ငန်း ကိုကျယ်ကျယ်ပြန့်ပြန့် လုပ်တဲ့သူတွေထဲမှာ ရိုဟင်ဂျာကွန်ယက်ဟာ စနစ်တကျနဲ့ အချိပ်ဆက်ရှိရှိ တည်ဆောက်ထား တယ်လို့ ဒေသဆိုင်ရာ လုံခြုံရေး အဖွဲ့တွေက ဆိုပါတယ်။ ရိုဟင်ဂျာ လူကုန်ကူးမှုနဲ့ တရားမဝင်ခိုးဝင်တဲ့ ပြဿနာဟာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အော်စတေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္နိယ၊ ပါကစ်စတန်၊ ဆော်ဒီအာရေးဘီးရား၊ UAE စတဲ့နိုင်ငံတွေ အထိပြန့်နှံ့နေပြီး ဒေသဆိုင်ရာ နယ်စပ်ဖြတ်ကျော်မှုခင်း (Transnational Crime) တစ်ခုအဖြစ် အလေးနက်ထား စဉ်းစားလာပြီဖြစ်တယ်။
-
နယ်စပ်ရိုဟင်ဂျာတို့ရဲ့ ဘင်္ဂလီ အဆက်အနွယ်
နံပတ်နှစ် အကြောင်းက ဘင်္ဂလားဒေ့ရှ်ကလူတွေနဲ့ ဘာသာစကား ကိုးကွယ်ယုံကြည်မှု ယဉ်ကျေးမှုအရ နီးစပ်တဲ့ မြန်မာပြည်ထဲက ရိုဟင်ဂျာတွေပာာ ဆွေမျိုးသားချင်းတွေက လာချင်တယ်ဆိုယင် လာခေါက်မယ့် တံခါးဝမှာ ဖွင့်ပေးဖို့ ထိုင်စောင့်နေသူတွေလို ဖြစ်နေတယ်။ မြန်မာပြည်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းက ၁၂၅ မိုင် ပဲရှိပေမယ့် အိန္နိယလို ဘင်္ဂလားဒေ့ရှ် ကခိုးဝင်လာမယ့် သူတွေကိုတားဆီးဖို့ စနစ်တကျပြင်ဆင် ထားတဲ့ အတားအဆီးမျိုး မရှိဘူး။ အိန္နိယမှာ မိုင်၂၅၀၀ ကျော် ဘင်္ဂလားနယ်စပ်ကို မိုင် ၂၀၀၀ လောက်ခြံစည်းရိုးခတ်ပြီး လုံခြုံရေး အစီအမံတွေ လုပ်ထားတာတောင် ဘင်္ဂလီခိုးဝင်တဲ့ ပြဿနာကို မဟန့်တားနိုင်ပါဘူး။ နယ်စပ်ကလည်းပို ရှေလျှားတဲ့ အပြင် အာသံနဲ့ West Bengal ဘက်မှာက ဘင်္ဂလီအနွယ်တွေက ရှိနေတော့ ၂၀၀၁ တရားဝင်နေထိုင်သူ စစ်တမ်းအရ အနည်းဆုံး ဘင်္ဂလားဒေ့ရှ်ဘက်က ဘင်္ဂလီ ၃ သန်းလောက်က အိန္နိယနိုင်ငံနိုင်ငံထဲ ရောက်နေပြီးပြီ။ အိန္နိယ ပြည်ထဲရေး ဝန်ကြီး Shri Indrajit Gupta က တရားမဝင် ၁၀သန်းကျော် ခိုးနေသူတွေထဲမှာ ဘင်္ဂလားနယ်စပ် အာသံနဲ့ West Bengal နှစ်ခုပေါင်းရင်ပဲ ၉သန်းကျော် သူတို့တိုင်းပြည်ထဲမှာ ဝင်နေပြီလို့ ၁၉၉၇ တုန်းက အိန္နိယလွတ်တော်ကို တင်ပြဖူးတယ်။ ဘင်္ဂလီအနွယ် လူမှုရေးကွန်ရက်ရှိပြီးသား နယ်စပ်တွေက တရားမဝင် ခိုးဝင်ဖို့ လွယ်ကူတဲ့နေ ရာတွေဖြစ်လာတယ်။ အထူးသဖြင့် ဒီလိုဝင်လာတဲ့သူ အများစုက ဆင်းရဲပြီး ပညာမတတ်သူတွေ ဖြစ်တာကြောင့် မတိုးတက်သေးတဲ့ တိုင်းပြည်တွေမှာ ဝန်ထုတ်ဝန်ပိုး ပိုကြီးလာတယ်။ မြန်မာပြည်က အကျင့်ပျက်လဝက အရာရှိတွေကြောင့်လည်း တရားမဝင်ခိုးဝင်လာသူတွေ ကိုထိထိရောက်ရောက် မဟန့်တားနိုင်ခဲ့ပါဘူး။

-
တံခါးစောင့်ဆွေမျိုးပေါက်ဖော် ပြဿနာက ရခိုင်ဘက်မှာတင်မဟုတ်ဘူး။ မြန်မာနိုင်ငံမြောက်ပိုင်းက တရုပ်စကားပြောတဲ့ ဥပမာ ‘ဝ’ လူမျိုးစု တွေလိုအုပ်စုတွေမှာလည်း အလားတူ ပြဿနာမျိုးရှိပါတယ်။ ရခိုင်မှာ အခုဖြစ်တဲ့ လူမျိုးရေး အဓိကရုဏ်းမျိုး မန္တလေးလို နေရာမျိုးမှာ တစ်ချိန်ဖြစ်လာနိုင်ပါတယ်။

-
ဘင်္ဂလားဒေ့ရှ် အဆက်အနွယ် တင်မက နိုင်ငံတကာမှာ ရိုဟင်ဂျာဆိုပြီး ရောက်နေတဲ့ သန်းနဲ့ချီတဲ့ လူတွေက မြန်မာပြည်ပြန်ရေး ဆိုပြီးဖြစ်လာနိုင်တဲ့ ပြဿနာကိုလည်း ထည့်စဉ်းစားဖို့လိုပါ လိမ့်မယ်။ နိုင်ငံတကာရောက် ရိုဟင်ဂျာတွေနဲ့ သူတို့နေတဲ့ အိမ်ရှင်နိုင်ငံကြားမှာ ပြဿနာအများကြီးရှိပါတယ်။ ဥပမာ ဆော်ဒီဘုရင် Faisal လက်ထက်မှာ ၁၉၅၀ အစောပိုင်းကစပြီး ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် လက်ခံပြီး အမြဲတန်းနေထိုင်ခွင့် ပေးခဲ့ပါတာ အခုဆို ၂သိန်းခွဲလောက်ရှိနိုင်ပါတယ်။ အဲဒီထဲမှာ မကာဘုရားဖူးဆိုပြီး ဗီဇာနဲ့ဝင် ခိုးဝင်ြပီးနေတဲ့ သူတွေလည်း အများအပြားပါ။ အခုဆိုယင် Faisal လက်ထက်ကပေးဝင်ခဲ့တဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ ကိုတောင် ဆော်ဒီအစိုးရက နေထိုင်ခွင့်တိုးပေး ဖို့ငြင်းဆန်နေပါတယ်။ ၂၀၀၉မှာ ရာဇဝတ်မှုအမျိုးမျိုးနဲ့ ထောင်ထဲမှာထည့်ထားတဲ့ ရိုဟင်ဂျာ မိသားစု ၃ ထောင်လောက်ကို ဆော်ဒီကနှင်ထုတ်ဖို့ အမိန့်ချပေမယ့် ဘယ်ပို့ရမလဲမသိ ဖြစ်နေတယ်။ မြန်မာပြည်မှာ ရိုဟင်ဂျာနေတယ်ဆိုတဲ့ အသိမှတ်ပြုမှုမျိုးဖြစ်လာရင် နိုင်ငံအသီးသီးထောင်တွေထဲက ပြည်နှင်ခွင့်ကျနေတဲ့ ရိုဟင်ဂျာတွေကို လက်ခံဖို့ ဖိအားပေးမှုမျိုးတွေ ရှိလာဦးမှာပါ။
-

နယ်စပ်ပြဿနာ ရှုထောင့်ကကြည့်ယင် ဘင်္ဂလီအနွယ်ခြင်း တူတာတောင်မှ ပြည်မရောက်လာပြီး မြန်မာတိုင်းရင်းသားတွေနဲ့ ဒွေးရောယှက်တင် နေထိုင်နေတဲ့သူတွေက ပြဿနာမဟုတ်ဘူး။ ဒီသူတွေကို အကြောင်းပြုပြီး နောက်ထပ်တရားမဝင် လာရောက်ဖို့ဆိုတာ ဖြစ်ဖို့အလားအလာ နဲတယ်။ နယ်စပ်နဲ့ဆိုင်တဲ့ အဓိကပြဿနာက ရခိုင်ပြည်မှာရှိတဲ့ ဘင်္ဂလီနွယ် ရိုဟင်ဂျာတွေ။ သမိုင်းဆိုင်ရာအရ ၁၅ ရာစုလောက်က မွတ်ဆလင်ဘာသာဝင်တွေ ရခိုင်ကိုကူးလာတာ ရှိခဲ့တယ်လို့ ပြောကြပေမယ့် တကယ့်အများစုကတော့ အင်္ဂလိပ်ရခိုင်ကို စသိမ်းပြီးမှ ရောက်လာကြတာပါ။ သူတို့မြန်မာပြည်ကို စရောက်လာတဲ့ အချိန်ကစပြီး တခြားလူမျိုးစုတွေနဲ့ ရောထွေးမှုမရှိပဲ သီးသီးသန့်သန့် နေခဲ့ကြတယ်။ အစိုးရ အဆက်ဆက်ကမူဝါဒ အမှားတွေကြောင့် သူတို့ကို သီးသန့်နေခိုင်းသလို ဖြစ်သွားတာလဲပါတယ်။
-
သူတို့အနေနဲ့ အများစုက ဘင်္ဂလီဘာသာစကားပဲ ပြောတယ်။ မြန်မာပြည်မြေပေါ်မှာ မွေးလာတဲ့သူတို့ ခလေးတွေကလည်း မြန်မာပြည်က ယဉ်ကျေးမှုထက် တဖက်နိုင်ငံကပါလာတဲ့ ဓလေ့ထုံးတမ်းတွေ အပေါ်မှာကြီးပြင်းလာတယ်။ သူတို့ရဲ့ အမျိုးသားရေး ဆက်စပ်မှုက (national sense of belonging) မြန်မာပြည်ထက် တဖက်နိုင်ငံကို တွယ်ဆက်ထားတယ်။ ဒါကြောင့်မို့ လွတ်လပ်ရေးရတော့မယ့် အချိန်မှာ ဂျပန်တိုက်ဖို့ဆိုပြီး အင်္ဂလိပ်တွေ လက်နက်တပ်ဆင်ပေးထားတဲ့ ရခိုင်နေ ဘင်္ဂလီနွယ် မွတ်ဆလင် အုပ်စုဟာ မြန်မာပြည်က ခွဲထွက်ပြီး East Pakistan (အခုဘင်္ဂလားဒေ့ရှ်) နဲ့ပေါင်းမယ်ဆိုပြီး ကြိုးပမ်းခဲ့ပါတယ်။ အဲဒီအချိန်က ဘင်္ဂလားဒေ့ရှ် ကပါကန်စတန်ရဲ့နယ်ဖြစ်ခဲ့တာမို့ ပါကန်စတန် သမ္မတ Muhammad Ali Jinnah က မြန်မာခေါင်းဆောင်များနဲ့ မျက်နှာမပျက်ရအောင် ရခိုင်မွတ်ဆလင်တွေနဲ့ East Pakistan ပေါင်းဖို့ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။ North Arakan Muslim League ကိုတည်ထောင်ပြီး (အဲဒိအချိန်တွေမှာ ရိုဟင်ဂျာဆိုတာ မပြောကြသေးပါ) East Pakistan နဲ့ပေါင်းမရယင်လဲ ကုလားတန်မြစ်နဲ့ မေယုမြစ်ကြားကဒေသကို လွတ်လပ်တဲ့ မွတ်ဆလင်နိုင်ငံတခု ထူထောင်ဖို့ကြိုးစားခဲ့ပါတယ်။ မြန်မာပြည်ထဲမှာပဲ ကိုယ်ပိုင်အုပ်ချုပ်ရေး ရအောင်လုပ်သင့်တယ်လို့ တိုက်တွန်းခဲ့တဲ့ အစွန်းမရောက်တဲ့ ခေါင်းဆောင်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အသံက အနည်းစုဖြစ်ခဲ့တယ်။

-

မွတ်ဆလင်ချင်း တူယင်တောင်မှ ရခိုင်က ဘင်္ဂလီအနွယ် နဲ့ အိန္နိယအနွယ်တွေကြားမှာ အဲဒီထဲက ကွာခြားမှုရှိခဲ့တယ်။ ရခိုင်ပြည်ပြင်ပ မှာနေကြတဲ့ အိန္နိယအနွယ် မွတ်ဆလင်အများစုကတော့ သူတို့ရဲ့ အိန္နိယ ပါကစ္စတန် အဆက်ကိုဖြတ်ပြီး မြန်မာနိုင်ငံသား အဖြစ်နေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ပြန်ချင်တဲ့သူတွေ ကလည်းအပြီးပြန်သွားတယ်။ ကျန်နေတဲ့ အိန္နိယနွယ်ဖွား မြန်မာမွတ်ဆလင်တွေဟာ ဒီနေ့အထိ ဘာသာတာမတူပေမယ့် သူတို့ကိုသူတို့ မြန်မာနိုင်ငံသားလို့ နှစ်နှစ်ကာကာခံယူပြီး ဒီတိုင်းပြည်ရဲ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ အောက်မှာကြီးပြင်းလာ ကြတယ်။ လူမှုရေး ယဉ်ကျေးမှုအရ ရောရှက်သွားပြီး အမျိုးသားရေး ဆက်စပ်ပေါင်းစည်းမှု (National Integration) ဖြစ်လာခဲ့တယ်။ ဒါကြောင့် ရခိုင် ပဋိပက္ခကို မွတ်ဆလင် နဲ့ ဗုဒ္ဓဘာသာ ပြဿနာသက်သက်လို့ သုံးသတ်လို့ မရပါဘူး။ ဆက်စပ်ပေါင်းစည်းမှု integration မလုပ်နိုင်ခဲ့တဲ့ ပြဿနာဖြစ်တယ်။
-
အကြမ်းဖက်မှုဆိုင်ရာ လုံခြုံရေးပြဿနာ
-
တတိယ ပြဿနာက လုံခြုံရေး ကိစ္စဖြစ်တယ်။ မြန်မာပြည်လွတ်လပ်ရေးရပြီး အယင် ဘင်္ဂလီတွေကြောင့် တဖက်နိုင်ငံကိုပြေးသွားရတဲ့ ရခိုင်ဗုဒ္ဓဘာသာတွေ ပြန်ရောက်လာတော့ အခုလိုပဲ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်ကြပါတယ်။ အဲဒီအချိန်ကတည်းက သူတို့ရဲ့ခေါင်းဆောင်တွေဟာ ဘာသာရေးစစ်ပွဲ ဂျီဟတ်ကိုဆင်နွဲဖို့ နိုးဆော်ခဲ့ပါတယ်။ ဒီလိုနဲ့ မူဂျာဟစ်သူပုန်ဆိုတာဖြစ်လာပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကို ထိမ်းချုပ်ထားနိုင်ခဲ့တယ်။
-
၁၉၅၄ မှာတော့ မူဂျာဟစ်တွေ စစ်ဦးကျိုးသွားခဲ့ပြီး သူ့တပ်တွေလည်း ဆန်မှောင်ခိုဂိုဏ်း သာသာလောက် ဖြစ်သွားခဲ့တယ်။ ၁၉၆၀ ဦးနုရဲ့ ဖဆပလ ရွေးကောက်ပွဲနိုင် သွားပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ် အဆင့်ပေးဖို့လုပ်တဲ့ အချိန်မှာ မူဂျာဟစ်ကနေ ရိုဟင်ဂျာဆိုပြီး နိုင်ငံရေး လှုပ်ရှားမှုတွေပေါ်လာတယ်။ ပြည်တွင်းမှာ Rohingya Youth Organization, Rohingya Student Organization နဲ့ Rohingya Jamiat-al-Ulama Organization စတဲ့အဖွဲ့တွေအပြင် ဘူးသီးတောင် မောင်းတောက ရွေးကောက်ခံရတဲ့ ကိုယ်စားလုယ်တွေက ရခိုင်ပြည်နယ် အတွင်းမှာပဲ သူတို့ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စတဲ့ ရပိုင် ခွင့်တွေပေးဖို့ တောင်းဆိုခဲ့တယ်။
-
ဦးနုအစိုးရက မေယုအုပ်ချုပ်ရေးဒေသဆိုပြီး ရိုဟင်ဂျာတွေအတွက် သီးသန့်သတ်မှတ်ဖို့လုပ်ခဲ့ပေမယ့် ဘင်္ဂလီခိုးဝင်တဲ့ ပြဿနာက မရပ်တဲ့အပြင် ပိုကြီးလာတယ်။ ရခိုင်ဗုဒ္ဓဘာသာတွေက မကျေမနပ်ဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်နေဝင်း တက်လာပြီး နောက်ပိုင်းမှာ ရိုဟင်ဂျာအုပ်စုတွေ မြေအောက်ရောက်သွားပြီး ခွဲထွက်ရေး တောင်းဆိုချက်တွေ ဖြစ်လာပြန်တယ်။ ဒါပေမယ့် ၁၉၇၈ နဂါးမင်း စစ်ဆင်ရေး ဖြစ်လာတဲ့အချိန်မှာရော နောက်ပိုင်းတွေမှာ ရိုဟင်ဂျာ စစ်ရေးလှုပ်ရှား မှုတွေက အရှိန်သေသွားခဲ့ပြီ။ ၁၉၉၀ မှာ စစ်တပ်က ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့ စဉ်မှာလည်း ရိုဟင်ဂျာ စစ်ရေးလှုပ်ရှားမှုတွေ မယ်မယ်ရရ သိပ်မတွေ့ရပါဘူး။ ၁၉၉၄မှာ မောင်းတော်ဒေသအတွင်း Rohingya Solidarity Organization (RSO)က ထိုးဖောက်စစ်ဆင်ရေးလုပ်ခဲ့ပေမယ့် စောစောစီးစီးပဲ ချေမှုန်းခံလိုက်ရတယ်။ အဲဒီနောက်ပိုင်း မြန်မာပြည်တွင်း မှာ ရိုလင်ဂျာ အဖွဲ့တွေရဲ့ အထင်ကရ စစ်ရေးလှုပ်ရှားမှု ဆိုတာ မရှိသလောက်ဖြစ်သွားပြီ။ ဒါဆိုဘာကြောင့် အခုချိန်မှာ ဒီရိုဟင်ဂျာအဖွဲ့က မြန်မာပြည်မှာ လုံခြုံရေးပြဿနာရှိတယ် လို့ပြောရတာလဲ မေးစရာဖြစ်လာတယ်။
-
အချုပ်အားဖြင့် ပြောရယင် RSO ရဲ့ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့တွေနဲ့ဆက်စပ်မှု၊ လက်ရှိ နိုင်ငံတကာကကွန်ယက်၊ ဘင်္ဂလားဒေ့ရှ် အစိုးရ ရဲ့ အခန်းကဏ္ဍ၊ မြန်မာပြည်တွင်းက ရိုဟင်ဂျာတို့ရဲ့ ပေါက်ကွဲထွက်မဲ့အခြေအနေ နဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး တံခါးအဖွင့် အားလုံးဆုံလိုက်တဲ့ အခါ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာနိုင်တဲ့ လုံခြုံရေးအရ စိုးရိမ်စရာတွေ ဖြစ်လာတယ်။
-
၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်မှာ ဘင်္ဂလားဒေ့ရှ်မှာ အခြေစိုက်တဲ့ ရိုဟင်ဂျာ အဖွဲ့တွေထဲမှာ Arakan Rohingya National Organization (ARNO) နဲ့ RSO နှစ်ခုလောက်ပဲ ထင်ထင်ရှားရှား ရှိတော့တယ်။ ARNOမှာ RSO ကအဖွဲ့တစ်ခုအနေနဲ့ ပါခဲ့ပေမယ့် နောက်ပိုင်းမှာ ခွာပြဲသွားတယ်။ ARNO ကတော့ RSOထက်စာယင် အင်အားနည်းပြီး ပိုပျော့ပြောင်းတဲ့မူဝါဒရှိတယ်။ ခွဲထွက်ရေးအတွက် မလုပ်ဖူးလို့ ၂၀၀၁ အင်တာဗျူးလုပ်တုန်းကပြောခဲ့ဖူးတယ်။ ရိုဟင်ဂျာထဲမှာလည်း အကွဲကွဲ အပြဲပြဲနဲ့ မူဝါဒကအမျိုးမျိုးပါ။ လှေနံဓါးထစ် တွက်လို့မရဘူး။
-
RSO ရော ARNO နှစ်ခုလုံး အရှေ့အလယ်ပိုင်း နိုင်ငံများကနေ အကူအညီရဖို့ ကြိုးစားခဲ့ကြတယ်။ ၁၉၈၀ ကျော်နှစ်တွေကထဲက RSO ကအာဖကန်နစ်စတန် ပါကစ္စတန် နိုင်ငံတွေထဲက အကြမ်းဖက်အုပ်စုတွေနဲ့ ဆက်သွယ်ခဲ့တယ်လို့ သတင်းများကဆိုတယ်။ ပါကစ္စတန်ရောက် ရိုဟင်ဂျာ ၃သိန်းခွဲလောက်မှာ အများစုက အဲဒီက ဘာသာရေးကျောင်းတွေမှာ တက်ကြတာ။ ပါကစ္စတန် ဘာသာရေးကျောင်းတွေထဲမှာ ဆော်ဒီအာရေးဗီးယား အခြေစိုက် Al-Haramain Islamic Foundation ကထောက်ပံ့တဲ့ကျောင်းတွေဟာ အစွန်းရောက် အစ္စလမ်ဘာသာကြီးစိုးရေးကို အခြေခံတဲ့ Wahhabi လမ်းစဉ်ကို ရိုက်သွင်းပေးတဲ့ ကျောင်းတွေဖြစ်တယ်။ အဲဒီကျောင်းသားတွေထဲမှာ အချို့ကို အာဖကန်မှာ စစ်တိုက်ဖို့ စစ်သားစုဆောင်းခဲ့ကြတယ်။ ဒီနေ့ အာဖကန်နစ်စတန် မှာ အသေခံဗုံးခွဲသူ အများစုက ပါကစ္စတန် ဘာသာရေးကျောင်းထွက်တွေဖြစ်တယ်။ Al-Haramain အဖွဲ့ဟာ ၁၉၉၀ နှစ်ဆန်းပိုင်းထဲကစပြီး စစ်တကောင်းနယ်ထဲက ရိုဟင်ဂျာတွေကို ထောက်ပံ့ခဲ့တယ်။ ဒါတင်မကဘူး လက်ရှိမြန်မာပြည်ထဲမှာ ရှိနေတဲ့ အထူးသဖြင့် ဘူးသီးတောင် မောင်းတော်က ဘာသာရေးကျောင်းတွေကိုလည်း ထောက်ပံ့နေတယ် လို့ခန့်မှန်းတယ်။ Al-Haramain ကို အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့တွေ ထောက်ပံ့မှုနဲ့ ပိတ်ပင်လိုက်ပြီးနောက်ပိုင်း အခြား အဖွဲ့ နာမည် တွေသုံးပြီး ဘင်္ဂလားဒေ့ရှ်က RSO အပါအဝင် အခြားအစွန်းရောက် အကြမ်းဖက်အဖွဲ့တွေ ကိုဆက်လက်ထောက်ပံ့ခဲ့တယ်။
-
အမေရိကန်က အာဖကန် တာလီဘန်ကို ထိုးစစ်ဆင်တော့ ပါကစ္စတန်ထောက်လှမ်းရေး Inter-service Intelligence (ISI)နဲ့ ဘင်္ဂလားထောက်လှမ်းရေး Directorate General of Force Intelligence (DGFI) တို့လက်ဝါးချင်းရိုက်ပြီး အာဖကန်မှာရောက်နေတဲ့ နိုင်ငံတကာက စစ်သွေးကြွတွေကို ၂၀၀၁ ဒီဇင်ဘာမှာ သဘောင်္စီးလုံးနဲ့တင် ဘင်္ဂလား စစ်တကောင်းကို ပို့လိုက်တယ်။ ဒီစစ်သွေးကြွတွေက RSOစခန်းတွေမှာ ခိုလုံနေပြီး လက်နက်ကိုင် ဖောက်ခွဲရေး သင်တန်းတွေလုပ်ကြတယ်။ အခုအချိန်ထိ ဒီစစ်သွေးကြွတစ်ချို့ RSOနဲ့ ဆက်နွယ်ပြီး စစ်တကောင်းမှာ ရှိနေဆဲလို့ ခန့်မှန်းရတယ်။
နိုင်ငံတကာဖိအားတွေကြောင့် စစ်တကောင်းက အကြမ်းဖက်စခန်းတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၀၅ ကစပြီးဝင်ရောက်စီးနင်းတော့ ထိုင်းနယ်စပ်ဖက်က RSO သွင်းလာတဲ့လက်နက်တွေအပြင် TNT C4 စတဲ့ ဖောက်ခွဲယမ်းတွေမိတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဆာလဖြူရစ်အက်ဆစ် အပါအဝင် ဖောက်ခွဲရေး ပစ္စည်းအဖြစ်ထုတ်လုပ်နိုင်တဲ့ ဓာတုအရည် စည် ၁၃ပုံးကို ၂၀၀၅ စက်တင်ဘာ စစ်ဆင်ရေးတစ်ခုမှာ တွေ့ရတော့ RSO ပာာ ဖောက်ခွဲရေး ပညာ တင်မကဘူး ဖောက်ခွဲရေးပစ္စည်းကိုပါ ဖော်စပ် ထုတ်လုပ် ဖို့နည်းပညာရှိတယ် ဆိုတာ သုံးသတ်လို့ရတယ်။
ဘင်္ဂလားဒေ့ရှ် အစွန်းရောက်အဖွဲ့တွေဖြစ်တဲ့ Harakat-ul-Jihad-ul-Islami (HuJI) ရယ် Jamaat-ul Mujahideen Bangladesh (JMB) တို့နဲ့ RSO ကြားမှာ အပြန်အလှန် အကူအညီပြုခဲ့တယ်။ ၂၀၀၉ မေလမှာ JMB ရဲ့ ဖောက်ခွဲရေး ကျွမ်းကျင်သူ Mizan ဆိုသူကို ဘင်္ဂလားဒေ့ရှ်တပ်က မိတော့ သူ့ရဲ့ထွက်ချက်အရ RSO သင်တန်းဆရာတွေက JMB တပ်သားတွေကို လက်နက်ကိုင်နည်း ပို့ချခဲ့ပြီး အပြန်အလှန်အဖြစ် JMB က RSO အဖွဲ့သားတွေကို လက်လုပ်ဗုံး (Improvised Explosive Devices-IED) လုပ်ဖို့သင်တန်း ပေးခဲ့တယ်လို့ ထွက်ချက်ပေးတယ်။ RSO ဆီလာသင်တန်းယူခဲ့တဲ့ JMB ဆိုတာ ၂၀၀၅ခု သြဂတ်စ် မှာ ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးက မြို့နယ် ၆၄ခု အနက်က ၆၃ခုမှာ ဗုံးအလုံးပေါင်း ၅၀၀ ကိုတစ်နာရီအတွင်း အချိန်ကိုက် ခွဲနိုင်ခဲ့တဲ့ အကြမ်းဖက် အဖွဲ့ပါ။ RSOက နိုင်ငံတကာမှာ လက်လှမ်းကျယ်တော့ လက်နက်ခဲယမ်းကို မှောင်ခိုသွင်းပြီး ဘင်္ဂလားအဖွဲ့တွေ အပြင် အိန္နိယ အာသံပြည်နယ်က အကြမ်းဖက် အဖွဲ့တွေကိုတောင် လက်နက်ရောင်းတာမျိုး လုပ်တယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်တွင်းနိုင်ငံရေး အနေအထားက ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေရဲ့ အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိခဲ့တယ်။ Bangladesh Nationalist Party (BNP) ဦးဆောင်တဲ့ ၄ပါတီ တပ်ပေါင်းစု အစိုးရ ဖြစ်လာတဲ့ ၂၀၀၁ ခုနှစ် အချိန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာ အစ္စလမ်ဘာသာအခြေပြုတဲ့ အမျိုးသားရေး အထွန်းတောက်ဆုံးလို့ ပြောလို့ရမယ်။ အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ Jamaat-e-Islami နဲ့ Islami Oikyo Jote (IOJ) လိုပါတီမျိုးတောင် အစိုးရအဖွဲ့မှာ ပါခဲ့တယ်။ RSO အပါအဝင် တစ်ခြား အကြမ်းဖက် အဖွဲ့တွေအတွက် ဘင်္ဂလားဒေ့ရှ်မှာ ခေတ်ကောင်းချိန်လို့ ပြောလို့ရတယ်။ အမေရိကန်က အာဖကန်နစ်စတန်နဲ့ အီရတ် နိုင်ငံတွေကို စစ်ဆင်တော့ အစ္စလမ်အရေး ကလည်း ဘင်္ဂလားဒေ့ရှ်မှာ အားကောင်းလာတယ်။ အိန္နိယ ထောက်လှမ်းရေးတို့ အဆိုအရ ၂၀၀၄ မှာ အယ်လ်ခိုင်းဒါး နဲ့ တိုက်ရိုက်ဆက်စပ်တဲ့ စစ်စခန်း ၁၃ ခု ဘင်္ဂလားဒေ့ရှ်မှာ ရှိတယ်လို့ဆိုတယ်။ အများစုက မြန်မာပြည်နဲ့ နီးတဲ့စစ်ကောင်းနယ်ထဲမှာ။
အမေရိကန်က လည်းဒီအခြေအနေတွေမြင်တော့ ၂၀၀၁ ထဲမှာပဲ BNP အစိုးရကို အကြမ်းဖက် အဖွဲ့တွေကို ချေမှုန်းဖို့ ဖိအားပေးလာတယ်။ ဗုံးကွဲတဲ့ အခါတွေမှာ FBI နဲ့ပူးပေါင်းဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းတယ်။ စစ်တကောင်းဒေသကိုလည်း အမေရိကန်ထောက်လှမ်းရေးတွေ စောင့်ကြည့်လာတယ်။ နိုင်ငံတကာက ဖွံ့ဖြိုးရေးအကူအညီတွေ အပေါ် အမှီပြုနေတာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရလည်း ဖိအားကို အလွန်ဆန်နိုင်တော့ဘူး။ ဒ့ါအပြင် အဲဒီအချိန်မှာ အိန္နိယ၊မြန်မာ၊ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ဆက်စပ်ပြီး ဓာတ်ငွေ့ပိုင်းလိုင်း လုပ်ဖို့အစီအစဉ်တွေ ဖြစ်နေတော့ မြန်မာအစိုးရ အလိုကျ ရိုဟင်ဂျာ အဖွဲ့တွေကို ချေမှုန်းပြရမယ် ဖြစ်လာတယ်။ ဒါပေမယ့် တကယ်တမ်း ဖိအားပေးတော့ ARNO လိုသဘောထားပျော့တဲ့ စစ်ရေးအရ သိပ်အရေးမပါတဲ့ အဖွဲ့မျိုးကိုသာ နိုမ်နှင်းခဲ့ပြီး RSO ကိုတော့ ဆက်မွေးထားတယ်။ ဒါနဲ့ ARNOက စစ်ဦးစီးမှုးကို ၂၀၀၁ မှာဖမ်းပြတာမျိုး သူ့စခန်းတွေကို ရုပ်ဖို့ ဖိအားပေးတာမျိုးတွေ လုပ်လာတယ်။ ဒီဖိအားကြောင့် ARNO က ထိုင်းအခြေစိုက် ကရင်နီအဖွဲ့ KNPP ကို စခန်းပြောင်းဖို့ ဆွေးနွေးဖူးတယ်လို့ မြန်မာနိုင်ငံထောက်လုမ်းရေးက လာတဲ့သတင်းအဖြစ် အမေရိကန်သံရုံးက အစီရင်ခံစာတစ်စောင်မှာ ဖော်ပြခဲ့တယ်။ ARNO ခေါင်းဆောင် နာရူးအစ္စလမ် အင်္ဂလန်မှာ နိုင်ငံရေး ခိုလုံခွင့် သွားယူလိုက်ပြီးနောက်ပိုင်း ၂၀၀၅ လောက်မှာ ARNO ရဲ့စစ်ရေး စုဖွဲ့မှုက ပျက်သလောက်ဖြစ်သွားခဲ့ပြီ။ ဒါပေမယ့် RSO ကဆက်ရှိနေတယ်။
၂၀၀၅မှာ JMB အဖွဲ့ရဲ့ ဗုံးခွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ် BNP အစိုးရ လည်း မလုပ်မဖြစ် အကြမ်းဖက်အဖွဲ့တွေကို ဖြိုခွင်းလာတယ်။ မြန်မာနယ်စပ်နားက အကြမ်းဖက် စခန်းတွေရှာယင် အမေရိကန်ထောက်လှမ်းရေး ပါလာတယ်လို့ တစ်ချို့သတင်းရပ်ကွပ်တွေကဆိုတယ်။ ၂၀၀၅ နောက်ပိုင်းမှာ JMB နဲ့ HuJI အပါအဝင် ဘင်္ဂလားဒေ့ရှ် အခြေစိုက် အကြမ်းဖက် အဖွဲ့အတော်များများကို ဖမ်းဆီးခဲ့တယ်။ ဘာသာရေး အခြေခံ မဟုတ်တဲ့ Awami League ၂၀၀၉ မှာအစိုးရ ဖြစ်လာတော့ ဘင်္ဂလားဒေ့ရှ် အကြမ်းဖက် အဖွဲ့တွေကို ပိုပြီး နိုမ်နင်းခဲ့တယ်။ ဒါပေမယ့် RSO ကိုတော့ ထိထိရောက်ရောက်နိုမ်နင်းမှုမျိုး မလုပ်ပဲ မြေအောက်မှာ တိတ်တဆိတ် နေခွင့်ပြုခဲ့တယ်။ RSO ခေါင်းဆောင် ဒေါက်တာ မူဟာမက်ယူနပ်စ်က ဘင်္ဂလားဒေ့ရှ်မှာ အခြေစိုက်နေထိုင်လျက်ရှိပြီး နိုင်ငံတကာ ခရီးစဉ်တွေလည်း သွားခွင့်ပြုနေဆဲပါ။
ရိုဟင်ဂျာတွေရဲ့ မွန်းကျပ်တဲ့ လူမှုဘဝကလည်း အကြမ်းဖက် လမ်းကြောင်းပေါ် ရောက်ဖို့တွန်းအားတစ်ခုလို ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ အစိုးရ အဆက်ဆက်က တရားမဝင်နေထိုင်သူတွေကို ပြန်ပို့လို့မရတော့ ကျုံးသွင်းတဲ့နည်းကိုသုံးပြီး ရခိုင်ပြည်ထဲမှာပဲ ပိတ်ထားဖို့ကြိုးစားခဲ့တယ်။ တိုင်းရင်းသား မဟုတ်တဲ့အတွက် ကျောင်းတက်ခွင့်က မရဘူး။ UN ရဲ့စစ်တမ်းအရ ရိုဟင်ဂျာလူငယ်တဝက်လောက်က စာမတတ်ဘူး။ မြန်မာလို ရခိုင်လိုလဲ နားမလည်ဘူး။ ကျောင်းတက်ချင်တဲ့သူုတွေကြပြန်တော့လည်း ခေတ်ပညာရေးထက် ဘာသာရေး သက်သက်ပဲ ပို့ချတဲ့ ကျောင်းတွေပဲ အားကိုးရတယ်။ ၁၉၉၄ ခုစာရင်းတွေ အရ ဘူးသီးတောင်မြို့နယ် တစ်ခုထဲမှာတင် ဘာသာရေးကျောင်းပေါင်း ၂၀၁ ခုဖွင့်ခဲ့တယ်ဆိုတယ်။ အဲဒီထဲမှာ အစွန်းရောက် Wahhabi လမ်းစဉ်ကို ရိုက်သွင်းပေးတဲ့ ကျောင်းတွေကလည်း အများကြီး။ ရိုဟင်ဂျာ အများစုဟာ တစ်ခြား တိုင်းရင်းသားတွေနဲ့ ထိတွေ့ခွင့်မရတဲ့အခါ သူတို့ရဲ့သီးသန့်ကမ္ဘာက ဘင်္ဂလား လူမှုယဉ်ကျေးမှုထဲ မှာပဲကျန်ခဲ့ပြီး မြန်မာ့လူ့အဖွဲ့အစည်းနဲ့ အဆက်ပြတ်သလိုဖြစ်သွားတယ်။ လူငယ်အများစုက အလုပ်အကိုင်မရှိ အနာဂတ်မရှိတဲ့အခါ အစွန်းရောက်အဖွဲ့တွေက စည်းရုံးဖို့လွယ်ကူလာတယ်။ ကျုံးသွင်းဂျောင်ပိတ်တဲ့နည်းနဲ့ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့ကြိုးစား တာဟာ စနက်တန်မီးရှို့ထားတဲ့ဗုံးကို ခါးပိုက်ဆောင်ထား ရသလို ဘယ်အချိန် ထပေါက်မလဲ အမြဲ စိုးရိမ်နေရတယ်။
University of Maryland မှာ ကမာ့္ဘနိုင်ငံအသီးသီးက လူနည်းစု ၃၀၀ကျော်ကို လေ့လာပြီး အကြမ်းဖက်မှုတွေဖြစ်လာနိုင်တဲ့ အုပ်စုတွေကို ကြိုတင် အသိပေးနိုင်တဲ့ စနစ်တစ်ခု လုပ်တဲ့အခါမှာ ရိုဟင်ဂျာ လူမျိုးစုက ပေါက်ကွဲမှု ဖြစ်နိုင်ချေ အရှိဆုံး အုပ်စုမှာ ပါတယ်။ RSO အဖွဲ့အနေနဲ့ အကြမ်းဖက်မှု ဖောက်ခွဲမှုတွေ လုပ်ဖို့ လိုအပ်တဲ့ ငွေကြေးအထောက်ပံ့၊ နည်းပညာ၊ အိမ်ရှင်နိုင်ငံ၊ အယူဝါဒအခြေခံ၊ ကွန်ယက်၊ အနာဂတ်မဲ့တဲ့ လူထု စတဲ့ ရေခံမြေခံတွေ အကုန်ရှိတယ်။ အကြမ်းဖက်မှု ဖောက်ခွဲမှုတွေအတွက် ပြင်ဆင်မှုလုပ်တဲ့ အထောက်ထားတွေလည်း တွေ့ရတယ်။ ဒါဆို RSO အပါဝင် တစ်ခြားရိုဟင်ဂျာအဖွဲ့တွေ ဘာလို့ မြန်မာပြည်တွင်းမှာ ဖောက်ခွဲရေးတွေ မလုပ်လဲလို့ စဉ်းစားစရာဖြစ်လာတယ်။
ဖြစ်နိုင်ချေ တစ်ခုကတော့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ မူဝါဒ အရမြန်မာအစိုးရနဲ့ မလိုအပ်ပဲ ထိပ်တိုက်မတွေ့အောင် ရှောင်ရေးဖြစ်တယ်။ သမိုင်းအစဉ် အဆက်အရ ရိုဟင်ဂျာနဲ့ပတ်သက်လာယင် ဘင်္ဂလားဒေ့ရှ် နယ်ကိုအခြေခံပြီး မြန်မာပြည်ထဲကို ထိုးစစ်ဆင်တာမျိုး လုပ်တာကို သူတို့အစိုးရက သဘောမကျဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာတပ်တွေက သူတို့နိုင်ငံထဲ အထိလိုက်ဝင်တိုက်မှာ ကိုစိုးရိမ်လို့။ ရိုဟင်ဂျာအဖွဲ့တွေက မြန်မာပြည်ထဲ အကြမ်းဖက်မှုတွေ လုပ်ယင် အယင်စနစ်ဟောင်းအောက်မှာ မြန်မာအစိုးရက ပြည်တွင်းကရိုဟင်ဂျာတွေကို မဲပြီး ဖိနိုပ်ခဲ့ရင် ဘင်္ဂလားဒေ့ရှ် ဘက်ကို ဒုက္ခသည် အပြုံကြီး ထပ်ရောက်လာမှာ ကို ဘင်္ဂလားအစိုးရက မလိုလားဘူး။ အဲဒီတော့ RSO ကိုမွေးထားတဲ့ အဆင့်လောက်ပဲရှိပြီး မြန်မာပြည်ထဲ စစ်ဆင်ရေး ဖောက်ခွဲရေးတွေ မလုပ်ဖို့ ဘင်္ဂလားအစိုးရက တားထား တာလဲဖြစ်နိုင်တယ်။ ဒါပေမယ့် ဘင်္ဂလားအစိုးရ အနေနဲ့ မတည်ငြိမ်တာက တစ်ကြောင်း ဘာသာရေး အစွန်းရောက်ပါတီတွေ ထပ်အားကောင်းနိုင်တာတွေက တစ်ကြောင်းတို့ကြောင့် ဘင်္ဂလားအစိုးရ ပေါ်လစီပေါ်မှီခိုပြီး RSO အကြမ်းဖက်မှုကို ဟန့်တားလို့မရပါ။
ဖြစ်နိုင်ချေ နောက်တစ်ခုက RSO အနေနဲ့ ပြည်တွင်းမှာ ဖောက်ခွဲရေးလုပ်ခဲ့ယင်တောင် မသိခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ၂၀၀၅ မေမှာဖြစ်ခဲ့တဲ့ ရန်ကုန်နဲ့ မန္တလေးက လူ၂၇ယောက်သေ ၂၁၅ ဒဏ်ရာရခဲ့တဲ့ ဗုံးကွဲမှု ၂ခုလုံးက အရပ်သားပစ်မှတ်တွေကို ဦးတည်ထားပြီး လူအသေအပြောက်ရှိအောင် စီမံခဲ့တယ်။ ၂၀၀၅ ခုကနေ ၂၀၀၈ အတွင်း မြန်မာပြည်တွင်းမှာ (နယ်စပ်စစ်ပွဲဖြစ်နေရာတွေမပါ) အကြမ်းဖက်ဗုံးခွဲမှု ၆၂ ကြိမ်ရှိခဲ့တယ်။ အများစုက လက်သယ်မပေါ်ခဲ့ဘူး။ ခေတ်သစ်အကြမ်းဖက်အဖွဲ့ အများစုက အရပ်သားတွေကို ပစ်မှတ်ထားရင် ဘယ်သူလုပ်တယ်လို့ ဝန်ခံလေ့ မရှိဘူး။ အရပ်သား သေကျေထိခိုက်လာရင် အစိုးရက အကာအကွယ် မပေးနိုင်ရကောင်းလား ဆိုပြီး လူထုက အစိုးရ အပေါ်မှာ ယုံကြည်မှု နည်းလာမယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာမယ် ဆိုပြီးရည်ရွယ်ချက်နဲ့ အရပ်ဖက်ပစ်မှတ်တွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ သာဓကများလည်း ရှိခဲ့ပါတယ်။ RSO နဲ့ပတ်သက် ပြီးထူုးခြားတာက ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးကလွဲလို့ အနောက်နိုင်ငံကထောက်လှမ်းရေးတင်မက ဒေသတွင်း ထောက်လှမ်းရေးတွေကလည်း သိပ်သိကြပုံ မပေါ်ဘူး။
ဒါပေမယ့် RSOလို အကြမ်းဖက်အဖွဲ့မျိုးကို ရိုဟင်ဂျာတစ်ခုလုံးကို ကိုယ်စားပြုတယ်လို့ မြင်လို့မရဘူး။ အစွန်းရောက် အကြမ်းဖက် အဖွဲ့ဆိုတာ ဘယ်လူ့အဖွဲ့အစည်းမှာ ဖြစ်ဖြစ် လူနည်းစုပါ။ အာဖကန်နစ်စတန်လို နိုင်ငံမျိုးမှာတောင် လူများစုကတော့ အကြမ်းဖက် အဖွဲ့တွေနဲ့ မပတ်သက်ချင်ပါဘူး။ အများစုက သူတို့ဘဝ သာယာချင်တယ်၊ တိုးတက်ချင်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ်။ အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေရဲ့ နည်းနိယျာက လူထုကို အစွန်းရောက်အောင်တွန်းပို့ ဖို့ကြိုးစားတယ်။ အီရတ် နဲ့ ပါကစ္စတန်မှာဆို စွန်နီ ရှီရိုက် ပြဿနာပိုကြီးအောင် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်။ လူထုအစွန်းရောက်လေလေ အစွန်းရောက်ဝါဒီတွေ အတွက်အမြတ်ထွက်လေလေ ဖြစ်တယ်။ ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့တွေရဲ့ အန္တရာယ်ကို ကာကွယ် ဖို့ဆိုယင် ရိုဟင်ဂျာအများစု နဲ့ အကြမ်းဖက်ချင်တဲ့ အုပ်စုတွေ အကြားမှာ မနီးစပ်သွားအောင် စည်းခြားပေးဖို့လိုမယ်။ ဒီအကြမ်းဖက် အဖွဲ့တွေ မြန်မာပြည်တွင်းမှာ တိုက်ခိုက်မှုမျိုးမလုပ်ခင် ကြိုတင်တား ဆီးနိုင်ဖို့လိုလိမ့်မယ်။
ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားလုံခြုံရေး ပြဿနာတွေကိုစဉ်းစားတဲ့အခါ အမျိုးသား အကျိုးစီးပွား ရည်မှန်းချက် ဘာဖြစ်သင့်တယ်၊ ဘယ်လိုမူဝါဒမျိုး ချမှတ်ပြီး အကောင်အထည် ဖော်သင့်တယ် ဆိုတာကို နောက်တစ်ပတ်မှာ ဆက်ဆွေးနွေးပါမယ်။
ရိုဟင်ဂျာ ပဋိပက္ခ၊ အမျိုးသားလုံခြုံရေး နှင့် လက်တွေ့မူဝါဒ ဆိုင်ရာစိန်ခေါ်မှုများ (၂)
9 July 2012 at 11:07
ရိုဟင်ဂျာ ပဋိပက္ခ၊ အမျိုးသားလုံခြုံရေး နှင့် လက်တွေ့မူဝါဒ ဆိုင်ရာစိန်ခေါ်မှုများ (၂)(The Voice Weekly, Volume 8, No. 29, Page 34)
မင်းဇော်ဦး
အယင်တစ်ပတ်က ရိုဟင်ဂျာ ပြဿနာနဲ့ပတ်သက်လို့ အမျိုးသားလုံခြုံရေး စိန်ခေါ်မှုများအဖြစ် ဘင်္ဂလားဒေ့ရှ် ရဲ့လူဦးရေသိပ်သည်းမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးဥပဒ်တွေကြောင့် သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ လူခိုးဝင်မှုပြဿနာ၊ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတို့ရဲ့ မြန်မာပြည်ထက် တဖက်နိုင်ငံကို ယဉ်ကျေးမှုအရ ပိုဆက်နွယ် နေပြီး ပြည်တွင်းဆက်စပ်ပေါင်းစည်းမှု integration မလုပ်နိုင်တဲ့ ပြဿနာ၊ နောက်ပြီး ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေ အထူးသဖြင့် Rohingya Solidarity Organization (RSO) ရဲ့လုံခြုံရေး ဆိုင်ရာခြိမ်းခြောက်မှုတို့ ကိုဆွေးနွေးခဲ့ပါတယ်။
ဒီတစ်ပတ်တော့ အမျိုးသားလုံခြုံရေး စိန်ခေါ်မှုများ အပေါ်အခြေခံပြီး ရိုဟင်ဂျာ ပြဿနာကို အဖြေရှာတဲ့အခါ အမျိုးသား အကျိုးစီးပွား ရည်မှန်းချက်တွေ ဘာတွေဖြစ်သင့်တယ်၊ ဘယ်လို မူဝါဒမျိုးချမှတ် အကောင်အထည်ဖော်သင့်တယ် ဆိုတာကို ဆွေးနွေးပါမယ်။
ပကတိ အခြေနေ
အမျိုးသား အကျိုးစီးပွားကို စဉ်းစားတဲ့ နေရာမှာ ခံစားချက်တွေထက် လက်တွေ့ကျတဲ့ တိုင်းပြည်တစ်ခုလုံး အတွက် အကျိုးရှိနိုင်တဲ့ မူဝါဒအရ အကောင်အထည် ဖော်နိုင်တဲ့ ရည်မှန်းချက်မျိုး ဖြစ်ဖို့လိုပါတယ်။ ရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်ယင် ပြည်တွင်းလိုအပ်ချက်တွေသာမက လက်ရှိကမာ့္ဘအခင်းအကျဉ်း နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ ရည်မှန်းချက်တွေဖြစ်ဖို့လိုပါတယ်။ရိုဟင်ဂျာ ပဲဖြစ်ဖြစ် ဘင်ဂလီ ပဲခေါ်ခေါ် တိုင်းရင်းသား ပဲဖြစ်ဖြစ် ဧည့်သည် ပဲဆိုဆို လက်ရှိပကတိ အခြေအနေ အရ ဒီလူမျိုးစု ၉ သိန်းလောက်ဟာ မြန်မာပြည်ထဲမှာ နေထိုင်သူတွေ ဖြစ်တယ်။ ကမ္ဘာ့ကုလသမဂ္ဂက အဖိနိုပ်အခံရဆုံး လူနည်းစုတစ်ခု လို့သတ်မှတ် ခံထားရတဲ့သူတွေဖြစ်တယ်။ တစ်တိုင်းပြည်လုံးက မင်းတို့ထွက်သွားဆိုပြီး ဝိုင်းနှင်ထုတ်ရင်တောင် လက်ခံမယ့်တိုင်းပြည်မရှိပါဘူး။ ဘင်းဂလားဒေ့ရှ် ကလည်းလက်မခံတဲ့ အပြင် အရင်နှင်ထုတ်ခံထားရတဲ့ သူတွေကိုတောင် မြန်မာပြည်က ပြန်ခေါ်ဖို့ အကြိမ်ကြိမ်တောင်း ဆိုနေတာပါ။ ရိုဟင်ဂျာတွေ ပြဿနာရှာလို့ဆိုပြီး အင်အားသုံးပြီး နှင်ထုတ်ချေမှုန်းမယ်ဆိုတာ မြန်မာပြည်ဒီမိုကရေစီ လမ်းကြောင်းပေါ် စလျှောက်နေတဲ့ အချိန်မှာတော့ လက်တွေ့မဆန်ပါဘူး။ လက်ရှိအစိုးရကို လည်းလူမျိုးဖြုတ်စစ်ပွဲဆင်နွဲ နေတယ်ဆိုပြီးနိုင်ငံတကာက အရေးယူခံရပါလိမ့်မယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်က ဘေးချော်ထွက် မယ့်ကိန်းပါ။ ပကတိအခြေအနေအရ ဘယ်လိုပေါ်လစီမျိုးဖြစ်ဖြစ် အဖြေရှာတဲ့အခါ ရိုဟင်ဂျာတွေ ဒီတိုင်းပြည်မှာ ဆက်ရှိနေမယ်ဆိုတဲ့ အရှိတရားကို အခြေခံပြီး စဉ်းစားတွက်ချက် ကြည့်ဖို့လိုပါလိမ့်မယ်။
အမျိုးသား အကျိုးစီးပွား ရည်မှန်းချက်
ဒါတွေအပေါ်မှာ အခြေခံစဉ်းစားလိုက်ယင် အမျိုးသား အကျိုးစီးပွား ရည်မှန်းချက်အဖြစ် (၁) ရေတိုရေရှည်မှာ ဘင်္ဂလားဒေ့ရှ် ပြဿနာပေါ် အခြေခံပြီး မြန်မာနိုင်ငံ အတွင်းတရားမဝင် ခိုးဝင်မှုများကို တားဆီးနိုင်ရန၊် (၂) ရိုဟင်ဂျာ အရေးပေါ် အခြေခံ၍ လူမျိုးဘာသာရေး အဓိကရုန်းများ မဖြစ်အောင် တားဆီးရန်၊ (၃) ပြည်တွင်းတွင် လက်ခံထားမည့် ရိုဟင်ဂျာများကို တဖြေးဖြေးချင်း ယဉ်ကျေးမှုအရရော အမျိုးသားရေးအရပါ စုစည်းဆက်နွယ်မှု (Integration) တည်ဆောက်သွားရန်၊ (၄) ရိုဟင်ဂျာပြဿနာကို အဖြေရှာရာတွင် ရခိုင်တိုင်းရင်းသားတို့၏ စိုးရိမ်ပူပန်မှုများကို ထည့်သွင်းစဉ်းစားသော ပြဿနာဖြေရှင်းမှုမျိုးဖြစ်လာရန်၊ (၅) နိုင်ငံတကာမှ မြန်မာပြည်အား အရေးယူလာမည့် ချိုးဖောက်မှုများ မဖြစ်စေရန်၊ (၆) မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲနှင့် လိုက်ဖက်ညီသော အခြေခံ လူ့အခွင့်အရေးစံများကို မပစ်ပယ်သော ပြဿနာ ဖြေရှင်းမှုမျိုးဖြစ်ရန် (၇) ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့များမှ မြန်မာပြည်အတွင်း တိုက်ခိုက်မှုများ မလုပ်နိုင်အောင် တားဆီးရန်…. စတဲ့ ရည်မှန်းချက် ၆ခုကို အခြေခံသင့်တယ် လို့ဆွေးနွေးပါရစေ။ ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်အောင် အခန်းကဏ္ဍ အသီးသီးမှာ မူဝါဒချမှတ် အကောင်အထည် ဖော်သင့်တာတွေကတော့ အောက်ပါအတိုင်းပါ။
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒများပြင်ဆင်ခြင်း
၁၉၈၂ ခုမှာပြဌာန်းခဲ့တဲ့ နိုင်ငံသားဥပဒေက မြန်မာပြည်ထဲကို ၁၈၂၃ ခု မတိုင်မှီကတည်း ကလာရောက်အခြေချနေထိုင်ခဲ့တဲ့ လူမျိုးစုက ဆင်းသက်တဲ့သူတွေကိုမှ နိုင်ငံသား အဖြစ်သတ်မှတ်တယ်။ ဒီဥပဒေရဲ့ အဓိက ပစ်မှတ်က အင်္ဂလိပ်မြန်မာပြည် သိမ်းပြီးမှ ရောက်လာတဲ့ သူတွေကို ရည်ရွယ်ခဲ့တယ်။ အဲဒီတော့ ရိုဟင်ဂျာတင်မကဘူး ပြည်တွင်းမှာ မြန်မာ့လူမှုယဉ်ကျေးမှုနဲ့ တသားတည်းကျနေနဲ့ တရုပ် အိန္နိယ အနွယ်ဝင်တွေကိုပါ နိုင်ငံသား ဖြစ်ခွင့်ငြင်းပယ်ခံရတယ်။ အခုနိုင်ငံရေး အပြောင်းအလဲမျိုးမှာ ၁၉၈၂ ခု နိုင်ငံသားဥပဒေက ခေတ်စနစ်နဲ့ မညီလျှော်တော့ဘူး။ ၁၈၂၃ ခု မတိုင်မှီကတည်းက အခြေချရမယ်ဆိုတဲ့ လိုအပ်ချက်ကို ဖြုတ်ပစ်ရတော့မယ်။ ဒါပေမယ့် နိုင်ငံခြားကဝင်ရောက်လာသူတွေ နဲ့ သူတို့ရဲ့သားစဉ်မြေးဆက် တွေ နိုင်ငံသား ဖြစ်ခွင့်အတွက် မြန်မာ့လူမှုစနစ် ယဉ်ကျေးမှုနဲ့ ဘယ်လောက်နီးစပ်လဲ ဆိုတဲ့ လိုအပ်ချက်မျိုး တွေရှိဖို့လိုတယ်။ ဥပမာ သူတို့နေတဲ့ တိုင်း/ပြည်နယ်ထဲက တိုင်းရင်းသားစကား (သို့) ရုံးသုံးစကား ရေး၊ပြော၊ဖတ် တတ်ဖို့လို တယ်၊ နိုင်ငံသားဖြစ် စာမေးပွဲမျိုး စတဲ့ လိုအပ်ချက်မျိုးတွေရှိရပါမယ်။ အမေရိကန်၊ ကနေဒါ၊ အော်စတေးလျ၊ ပြင်သစ် စတဲ့ဒီမိုကရေစီနိုင်ငံများမှာလည်း သက်ဆိုင်ရာ ရုံးသုံးစကားကို ပြောဆိုရေးဖတ်နိုင်မှ နိုင်ငံသားဖြစ်တာပါ။ သဘောကတော့ လူမှုယဉ်ကျေးမှု ပေါင်းစည်းဆက်စပ်နိုင်မှ (integration) နိုင်ငံသားဖြစ်လို့ရတာပါ။ Multiculturalism လို့ပြောပြီး ယဉ်ကျေးမှုပေါင်းစုံ ရှင်သန်နိုင်ရမယ်လို့ ကြွေးကြော်ခဲ့တဲ့ ဥရောပနိုင်ငံတွေတောင် သူတို့ရဲ့ စမ်းသပ်မှုကြီး ကျရှုံးသွားကြောင်း ဝန်ခံပြီး integration လုပ်ဖို့လိုတယ်လို့ မူဝါဒပြောင်းခဲ့ရပါပြီ။
အောက်ခြေလူ့အဖွဲ့အစည်းများထိစပ်ပြီး ဆက်ဆံရေးတည်ဆောက်ခြင်း
နိုင်ငံသားဥပဒေပြောင်းပေးခဲ့လို့ တစ်ချို့ကလည်းနိုင်ငံသား ဖြစ်လာမယ် တစ်ချို့လည်းယာယီနေထိုင်ခွင့်နဲ့ နိုင်ငံသား ဖြစ်ဖို့စောင့်ဆိုင်းနေတာရှိမယ်။ ဒါပေမယ့် ဆယ်စုနှစ်များစွာ ပဋိပက္ခဖြစ်ခဲ့တဲ့ လူမျိုးစုနှစ်ခုပာာ နိုင်ငံသားဥပဒေ ပြောင်းပေးရုံသက်သက်နဲ့တော့ အာဃာတတွေ မပျောက်သွားပါဘူး။ မြန်မာပြည်တွင်းမှာ ရှိတဲ့ ရိုဟင်ဂျာတွေကို လက်ခံထားရတော့မယ်ဆိုယင် နောက်နောင်မှာ အခုလို လူမျိုးရေး အဓိကရုန်းတွေ ထပ်မဖြစ်အောင် ရခိုင်လူမျိုးတွေနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မယ့် အခင်းအကျင်းမျိုး ကိုဖန်တီးပေးဖို့ လိုပါလိမ့်မယ်။ ပဋိပက္ခဖြေရှင်းမှု အခြေခံတဲ့ ရပ်ရွာဆွေးနွေးပွဲ (community dialogue) တွေလုပ်ဖို့လိုလိမ့်မယ်။ လူအဖွဲ့အစည်းနှစ်ခုကို စည်းခြားဆက်ဆံတဲ့ အခြေအနေကနေ ကူးလူးဆက်ဆံနိုင်တဲ့ ပတ်ဝန်းကျင် ဖြစ်အောင်ဖန်တီးရပါမယ်။ နိုင်ငံတစ်ခုမှာ ပေါင်းစီးဆက်စပ်မှု (integration) ဖြစ်ဖို့ဆိုတာ အများစုဖြစ်သူတွေက အနည်းစုက ပေါင်းစီးဆက်စပ်ဖို့ ဆန္ဒရှိယင် လက်ခံနိုင်ဖို့ လိုပါတယ်။ အခုလို အကြမ်းဖက်မှုတွေ ပူပူနွေးနွေး ရှိနေတဲ့ အချိန်မှာတော့ တစ်ဖက်နဲ့တစ်ဖက် ကူးလူးဆက်ဆံဖို့ ခက်ပါဦးမယ်။ အချိန်ယူပြီးတည်ဆောက်ရမယ့် ကိစ္စဖြစ်ပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
စီးပွားရေး အခြေနေဟာလည်း လူမျိုးစု ဘာသာရေး အဓိကရုန်းတွေနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိတယ်။ လူမျိုးစု တစ်ခုကကောင်းစားပြီး အခြားလူမျိုးစုက ဆင်းရဲနေတာမျိုး၊ နှစ်ဖက်လုံးမှာ ဆင်းရဲမှု များတာမျိုး အခြေအနေတွေဟာ ရှိယင်းစွဲ ပဋိပက္ခတွေကို ကြာရှည်စေတယ်။ အလုပ်လက်မဲ့များတဲ့ နေရာမှာ အကြမ်းဖက် အဓိကရုဏ်းတွေဖြစ်ဖို့ပိုလွယ်တယ်။ ရခိုင်ပြည်မှာ ပြဿနာတွေ လျှော့ချနိုင်ဖို့ဆိုယင် စီးပွားရေးအကျပ်အတည်း အလုပ်လက်မဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့လဲ လိုလိမ့်မယ်။
နယ်စပ်ဒေသလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုံခြုံရေး
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံ စီးပွားရေး အခြေအနေတွေအရ လူခိုးဝင်မှုပြဿနာ အလုံးအခဲလိုက် မရှိသေးပေမယ့် အတိတ်ကသင်ခန်းစာကိုယူပြီး ဘယ်လိုကာကွယ် ရမယ်ဆိုတာ ရည်ရှေစီမံချက် အနေနဲ့ ကြိုပြင်ဆင်ထားဖို့လိုပါလိမ့်။ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုနေနဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ နယ်စပ်တစ်ကြောမှာ အလွယ်တကူခိုးဝင်လို့မလွယ်ကူတဲ့ အတားအဆီးမျိုး ဥပမာ ခြံစီးရိုး၊ တံတိုင်း၊ စောင့်ကြည့်စနစ် (surveillance system) စသည်တို့ ထားရှိဖို့လိုပါမယ်။ ရေကြောင်းဖက်က အတားအဆီးဖြစ်နိုင်မယ့် ပုံမှန်ကင်းလှည့်ရေယာဉ် အထူးသဖြင့် အမြန်သွားရေယာဉ်အသေးစားများ နဲ့ ရေထဲကနယ်စပ်မျဉ်းကို အကာအကွယ်ပေးဖို့ လိုပါလိမ့်မယ်။ လူခိုးဝင်မှုတင်မက မှောင်ခိုလုပ်ငန်းတွေ လက်နက်ခဲယမ်း ခိုးသွင်းတာတွေကို နယ်စပ်လုံခြုံရေး ဆိုင်ရာ အတားအဆီးများမှ အထိုက်အလျောက် ကာကွယ်နိုင်ပါလိမ့်မယ်။
ကြိုတင်အသိပေးစနစ်တည်ဆောက်ခြင်း
လူမျိုးရေး ဘာသာရေး ပဋိပက္ခ အများစုဟာ အကြမ်းဖက်မှုတွေ အဖြစ်မပေါက်ကွဲထွက်ခင်မှာ နမိတ်အရိပ်အယောင် ပြလေ့ရှိတယ်။ Accelerator လို့ခေါ်တဲ့ ပြဿနာရေချိန်တက်စေတဲ့ လှုပ်ရှားမှုမျိုးတွေ Trigger ဆိုတဲ့ စနက်တန်မီးရှို့တဲ့ ဖြစ်ရပ်တွေကို သတိထားပြီး သုံးသတ်နိုင်ယင် ပေါက်ကွဲထွက်တဲ့ အဆင့်မရောက်ခင်မှာ ကြိုတင်တားဆီးဖို့ ပြင်ဆင်မှုတွေ လုပ်နိုင်မယ်။ ပဋိပက္ခ ကြိုတင်ကာကွယ်ခြင်း (Conflict Prevention) ဆိုတာကို နိုင်ငံတော်တော် များများမှာ အလေးထား ဆောင်ရွတ်ကြပါတယ်။ ကြိုတင်ကာကွယ် နိုင်ဖို့အတွက် စနစ်တကျ ပြုစုတည်ဆောက်ထားတဲ့ ကြိုတင်အသိပေးစနစ် (Early Warning System)တစ်ခု လိုပါလိမ့်မယ်။
အကြမ်းဖက်မှုကာကွယ်ရေးဥပဒေ (Counter-terrorism Law)
အကြမ်းဖက်မှုတွေ တားဆီးနိုင်ဖို့အတွက် အခြေခံအနေနဲ့ အကြမ်းဖက်မှုကာကွယ်ရေးဥပဒေ ပြဌာန်းပေးဖို့လိုပါလိမ့်မယ်။ တစ်ဆက်ထဲမှာပဲ ဒီဥပဒေက ဝါးလုံးချီးသုတ်ရမ်းသလို မဖြစ်ဖို့လိုပါလိမ့်မယ်။ ဒီဥပဒေက Terrorism လို့သတ်မှတ်လို့ရတဲ့ အကြမ်းဖက်မှုမျိုးကို တိတိကျကျ ကွဲကွဲပြားပြား ပြဌာန်းနိုင်ဖို့ လိုတယ်။ အမေရိကန်မှာ ဝါးလုံးချီးသုတ်ရမ်းတဲ့ ဥပဒေမျိုးဖြစ်လာတော့ သူတို့ရဲ့ဖခင်ကြီး George Washington တောင် အကြမ်းဖက်သမား ဖြစ်မယ့်ကိန်းထွက်သွားတယ်။ လက်ရှိမြန်မာပြည်မှာ လူမျိုးစု လက်နက်ကိုင်အဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေး ရအောင်ကြိုးစားနေချိန်မျာ ဒီဥပဒေ ကြောင့်အဟန့်အတား ဖြစ်မှာမျိုးကိုလည်း ရှောင်ရမယ်။ တဆက်ထဲမှာပဲ ဒီလက်နက်ကိုင် တိုက်နေတဲ့ အဖွဲ့တွေ စစ်မြေပြင်မှာ စစ်သားချင်းတိုက်တာမဟုတ်ပဲ လူထုကိုပစ်မှတ်ထားတာမျိုး လူထုအကြပ်အတည်း ဖြစ်အောင်အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်တာမျိုးလုပ်လာယင်တော့ အကြမ်းဖက်မှု အနေနဲ့ သတ်မှတ်နိုင်တဲ့ ဥပဒေ ရှိရမယ်။ ဒီဥပဒေဖွင့်ဆိုချက်ကို လူထု လူမျိုးစု အုပ်စုတွေနားလည်နိုင်အောင်လည်း ရှင်းပြဖို့လိုမယ်။ ရိုဟင်ဂျာ အများစုနဲ့ အစွန်းရောက် အဖွဲ့တွေကြားမှာ နိုင်ငံရေး အရရော စစ်ရေးအရပါ ခါးဆက်ဖြတ်နိုင်ရမယ်။
နိုင်ငံတကာ လုံခြုံရေးအဖွဲ့များ နှင့်ပူးပေါင်းဆောင်ရွတ်ခြင်း
ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့တွေရဲ့ ပြဿနာက မြန်မာပြည်မှာတင် မကပဲ အိမ်နီးချင်း နိုင်ငံတွေမှာလည်း ခြိမ်းချောက်ခံရတဲ့ ပြဿနာရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးက Rohingya Solidarity Organization (RSO) ကိုမွေးထားတယ်လို့ ယေဘူရ သုံးသတ်လို့ရပေမယ့် ဘင်္ဂလားဒေ့ရှ်ရဲ့ ရေရှည်အမျိုးသား အကျိုးစီးပွားအတွက် မြန်မာပြည်နဲ့ မိတ်ဖက်သဏ္ဏန် ဆက်ဆံဖို့လိုမယ်လို့ လက်ရှိ Awami League ဦးဆောင်တဲ့ အစိုးရက သဘောပေါက်ပုံရတယ်။ အစွန်းရောက် အစ္စလန်အဖွဲ့တွေ စစ်တပ်ထဲက တစ်ချို့နဲ့ချိပ်ဆက်ပြီး ဒီဇင်ဘာ ၂၀၁၁ မှာ အာဏာတက်သိမ်းဖို့ ကြိုးစားခဲ့ဖူးတော့ Awami League ကိုယ်တိုင်က သူ့တိုင်းပြည်ထဲက အစွန်းရောက် အုပ်စုတွေကို ချေမှုန်းဖို့အားထုတ်နေတယ်။ ဘင်္ဂလားဒေ့ရှ် တပ်နဲ့ထောက်လှမ်းရေး ထဲမှာလည်း RSO အပါအဝင် အခြားအစွန်းရောက်အဖွဲ့တွေ အပေါ် သဘောထား ကွဲပြား တာတွေရှိတယ်။ မြန်မာအစိုးရ အနေနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ နဲ့ ပူးပေါင်းပြီး ၎င်းမြေပေါ်ကနေ မြန်မာပြည်တွင်းမှာ အကြမ်းဖက်မှုတွေ မလုပ်နိုင်အောင် တားဆီးဖို့ နဲ့ RSO လို အစွန်းရောက် အဖွဲ့မျိုးကို ချေမှုန်းသွားဖို့ လုပ်ဆောင်သင့်တယ်။
အိန္နိယ အစိုးရကတော့ ဘင်္ဂလားဒေ့ရှ်က အကြမ်းဖက်အဖွဲ့တွေ အပေါ်စောင့်ကြည့်နေတာ ကြာပြီ။ ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့တွေက အာသံခွဲထွက်ရေး အဖွဲ့တွေကို လက်နက်ရောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တားဆီးနိုင်ဖို့ ကြိုးစားနေတယ်။ RSO ရဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်ယင် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး ပြီးယင် အသိဆုံးက အိန္နိယ ထောက်လှမ်းရေး ဖြစ်လိမ့်မယ်။ ဘင်္ဂလားဒေ့ရှ်ဖက်က နယ်စပ်ဖြတ်ကျော် ခိုးဝင်တဲ့ ပြဿနာကို ကိုင်တွယ်ဖို့ မြန်မာအစိုးရ အနေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်။ ဒါ့အပြင် တရားမဝင် လူကုန်ကူးမှုကို အခြေခံပြီး နိုင်ငံတကာမှာ ချိတ်ဆက်ထားတဲ့ အကြမ်းဖက် အဖွဲ့တွေ ဒုစရိုက်ဂိုဏ်း ကွန်ယက်တွေကို ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံများနဲ့ ပူးတွဲဆောင်ရွက်ရပါမယ်။ အကြမ်းဖက်မှု နိုမ်နင်းရေးအတွက် အဓိကဆောင်ရွက်နေတဲ့ အမေရိကန်က သက်ဆိုင်ရာ ဌာနများနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ စနစ်တကျ စတင်ဖို့လိုပါလိမ့်မယ်။
လုံခြုံရေးဆိုင်ရာဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်း
၂၀၀၁ ခု အမေရိကန် နိုင်ငံမှာ အကြမ်းဖက်တိုက်ခံ လိုက်ရတဲ့အခါ လုံခြုံရေးဌာနတွေ အထူးသဖြင့် တန်ပြန်အကြမ်းဖက်နိုမ်နင်းရေးနဲ့ ဆိုင်တဲ့အဖွဲ့တွေမှာ သင်ခန်းစာခု ကောင်းကောင်းရသွားတယ်။ အဲဒါက တန်ပြန်အကြမ်းဖက်နိုမ်နင်းရေး ဆိုတာ ဗုံးကွဲမှ ထလုပ်လို့မရဘူး ဆိုတာပဲ။ အလ်ခိုင်းဒါးကို လုံခြုံရေးအရ အန္တရာယ်ရှိတာကို သိပေမယ့် စောစောစီးစီးမှာ ထိထိရောက်ရောက် မချေမှုန်းခဲ့လို့ ကိုယ့်တိုင်းပြည်ထဲ လာတိုက်တဲ့ အဆင့်ဖြစ်သွားတယ်။ ဒါကိုလက်တုန့်ပြန်ရတဲ့ ကုန်ကျစရိတ် အသက်သွေးချွေး စတဲ့ တိုင်းပြည်ရင်းမြစ်တွေကို ပြန်တွက်ကြည့်ရင် စောစောစီးစီးထဲက ပြတ်ပြတ်သားသား ချေမှုန်းခဲ့ တာထက်စာယင် အဆပေါင်းများစွာ ကုန်ကျခဲ့တယ်။ ထိရောက်တဲ့ တန်ပြန်အကြမ်းဖက် နိုမ်နင်းရေး ဆိုတာ မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်ရေးဖြစ်တယ်။ မြန်မာပြည်ရဲ့ လက်ရှိအနေအထားမျိုးမှာ လူထုကို တိုက်ရိုက် ပစ်မှတ်ထားတာဖြစ်စေ၊ ဘာသာရေးအရ အထွတ်အမြတ်ထားတဲ့ နေရာတစ်ခုခုကို ဖြစ်စေ တိုက်ခိုက်မှု မျိုးဖြစ်ခဲ့ယင့်  လူထုဒေါသကို ဘယ်သူမှ ထိမ်းနိုင်မှာ မဟုတ်ဘူး။ ဘာသာရေး အဓိကရုဏ်း အဖြစ်မျိုး ထိမ်းမနိုင် သိမ်းမရ တစ်နိုင်ငံလုံးမှာ ပြန့်သွားနိုင်တယ်။
အကြမ်းဖက်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့ အခြေခံ အကျဆုံး လုံခြုံရေး ယန္တယားက ထောက်လှမ်းရေး ဌာနတွေ ဖြစ်တယ်။ ၂၀၀၄ ခု ထောက်လှမ်းရေးဌာနတွေမှာ အပြောင်းအလဲဖြစ်ခဲ့ပြီး နောက်ပိုင်း လိုအပ်ချက်အရ အဆောတလျှင် ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ မြန်မာ့ထောက်လှမ်းရေး ဖွဲ့စည်းပုံ ယန္တယားက ခေတ်စနစ်နဲ့ မညီတော့ဘူး။ အပြောင်းအလဲ ကာလမှာ လုံခြုံရေး ခြိမ်းခြောက်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ဒီမိုကရေစီ နည်းကျတဲ့ စုဖွဲ့မှု နဲ့ လုပ်ပိုင်ခွင့်တွေ အပြင် ခြိမ်းခြောက်မှု သဏ္ဏန် မျိုးစုံ ကိုတုန့်ပြန်ဖို့ လိုအပ်တဲ့ နည်းပညာ ဆိုင်ရာ ကျွမ်းကျင်မှုတွေ လိုအပ်ပါတယ်။ ထောက်လှမ်းရေး ဌာနတွေကြားမှာ စနစ်ကျတဲ့ အချိတ်အဆက် ပြုလုပ်နိုင်ဖို့၊ သတင်းချုပ်နိုင်ဖို့၊ မဟာဗျူဟာ အဆင့်ရှိတဲ့ သုံးသတ်ချက်မျိုးတွေလုပ်ပြီး ပြင်ဆင်နိုင်ဖို့ ကြိုးစားရမှာပါ။
ပြည်တွင်း အကြမ်းဖက်မှုကို တားဆီးနှိမ်နင်းနိုင်ဖို့ နဲ့ ရခိုင်မှာ ဖြစ်တဲ့ အဓိကရုန်းမျိုးတွေကို ထိထိမိမိ ထိမ်းသိမ်းနိုင်ဖို့ အထူးသဖြင့် လူမျိုးစု ပဋိပက္ခ ကြီးတဲ့နေရာတွေမှာ ရဲတပ်ဖွဲ့ ကအဓိက ကျပါတယ်။ နံပတ်တစ် အနေနဲ့ ရခိုင်ပြည်နယ် အထူးအဖြင့် ရိုဟင်ဂျာနဲ့ရခိုင် ရောထွေးနေထိုင်တဲ့နေတွေရာမှာ ရဲတပ်ဖွဲ့ အင်အားတိုးမြုင့် ဖို့လိုပါတယ်။ စာရေးသူရဲ့ ခန့်မှန်းချက်အရ ဘူးသီးတောင်၊ မောင်းတော နဲ့ စစ်တွေ ဒေသတွေမှာ အဓိကရုန်းကို ဖြိုခွင်းဖို့ အသုံးပြုတဲ့ စစ်တပ်နဲ့ ရဲ အင်အားပေါင်းရင်တောင် ၁၀၀၀ နဲ့ ၁၅၀၀ ကြားမှာပဲ ရှိနိုင်ပါတယ်။ ခန့်မှန်းချေ အရ အဲဒီဒေသတွေမှာ လူဦးရေ ၂.၅ သန်းလောက်ရှိမယ် ဆိုတောင် စစ်တပ်အပါ လုံခြုံရေးတပ်သား ၁ ယောက်ကို လူ ၁၇၀၀ နီးပါး အချိုးနဲ့ ထိမ်းရသလို ဖြစ်နေတယ်။ အလားတူ ပဋိပက္ခဖြစ်ခဲ့တဲ့ Kosovo (1999) မှာ နိုင်ငံတကာ စစ်တပ်မပါပဲ ရဲတပ်သား ၁ ယောက်ကို လူ ၄၀၀ နှုန်း၊ East Timor (1999)မှာဆို လူ ၈၀၀ နှုန်းနဲ့ ထိမ်းတာကို တွေ့ရတယ်။ တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာ တော့ ယေဘူရအားဖြင့် ရဲ ၁ ယောက်ကို လူ ၅၀၀ နှုန်းနဲ့ထားလေ့ရှိတယ်။ ပဋိပက္ခဖြစ်နိုင်တဲ့ ရခိုင်ဒေသတွေ အတွက် ရဲအင်အားချည်းသက်သက် ၃၀၀၀ မှ ၅၀၀၀ အထိရောက်အောင် တိုးသင့်တယ်။ ဒါ့အပြင် စနစ်ကျတဲ့ အဓိကရုန်း ဖြိုခွဲနည်း စနစ်တွေ နဲ့ မသေစေနိုင်တဲ့ (nonlethal) လက်နက်ကိရိယာတွေကို တပ်ဆင်ပေးခြင်းဖြင့် အကြမ်းဖက်မှုတွေ မဖြစ်ခင် လူအုပ်ကို ထိထိရောက်ရောက် ထိမ်းသိမ်းနိုင်ပါမယ်။ ဒေသခံရဲ အပါအဝင် အမြန်တုန့်ပြန်တပ်ဖွဲ့ (rapid reaction force) မျိုး ထားဖို့လိုမယ်။ တိုင်းပြည်နယ် မြို့တော်တိုင်းမှာ အကြမ်းဖက်မှု ဖြစ်လာယင် နာရီပိုင်းအတွင်း တုံ့ပြန်နိုင်ဖို့ အထူးတပ်ဖွဲ့ (SWAT) တွေ ပြင်ဆင်လေ့ကျင့် ဖွဲ့စည်းဖို့လိုပါမယ်။
အကြမ်းဖက် အဖွဲ့အစည်းတွေကို စစ်ရေးအရဖြေရှင်းဖို့ လိုလာပြီဆိုယင် မြန်မာ့တပ်မတော် မှာလည်း နည်းဗျူဟာ အထူးပြု တပ်စုဖွဲ့မှု မျိုးလုပ်ဖို့ လိုပါမယ်။ အာဖကန်နစ်စတန် နဲ့ အီရတ်အတွေ့ အကြုံအရ အထူးတပ် (Special Force) ဟာ အကြမ်းဖက်နိုမ်နင်းရေးအတွက် ကျောရိုးဖြစ်တယ်။ ယခုလက်ရှိ C4I (Command, Control, Communication, Computer & Intelligence) ဆိုတဲ့ သဘောတရားနဲ့တင် မလုံလောက်တော့ဘူး။ စောင့်ကြည့်ခြင်း (Surveillance) နဲ့ ကင်းထောက်ခြင်း(Reconnaissance) ဆိုတာတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့ သမားရိုးကျ မဟုတ်တဲ့ တပ်မျိုးတွေလိုပါမယ်။ အခုခေတ် စစ်ပွဲတွေမှာ Combat System ဆိုပြီး စစ်တပ်တင်မက အခြားဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွတ်နိုင်တဲ့ Interagency Coordination ကို အလေးပေး ဆောင်ရွက်လာကြတယ်။ အကြမ်းဖက်မှု နိုမ်နင်းကာကွယ်နိုင်ရေး အတွက် စစ်ရေးအရ စဉ်းစားတဲ့ အခါ တပ်မတော်နဲ့ အခြားဌာနတွေကြား ဘယ်လို ပူးပေါင်းဆောင်ရွက် နိုင်မလဲ ဆိုတာ အရေးကြီးပါတယ်။
မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ငြိမ်းချမ်းရေးရဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် အမျိုးသားလုံခြုံရေး ကိုထည့်မစဉ်းစားတဲ့ ငြိမ်းချမ်းရေး ဆိုတာ ဘယ်တိုင်းပြည်မှာ မှရေရှည်မခံ ပါဘူး။ မြန်မာပြည်ရဲ့ အပြောင်းအလဲမှာ ပြဿနာအများကြီးနဲ့ ရင်ဆိုင်ရဦးမှာပါ။ ဒီအတွက် အစိုးရဖက်ကလည်း ပြင်ဆင်မှုတွေ လုပ်ရမှာဖြစ်ပြီး ဒီပြဿနာတွေနဲ့ ဖြေရှင်းမှုမျိုးကို လူထုကိုလည်း အသိပေးထားခြင်းဖြင့် ပွင့်လင်းမြင်သာတဲ့ မူဝါဒလုပ်ဟန် ဖြစ်လာဖို့ လိုပါတယ်။
(မင်းဇော်ဦးသည်လက်ရှိ အာဖကန်နစ်စတန်တွင် သုတေသနညွှန်မှူး အဖြစ် Democracy International အဖွဲ့တွင် တာဝန်ယူလျှက်ရှိသည်။ လုံခြုံရေးဆိုင်ရာ သုံးသတ်ချက်များနှင့် ကြိုတင်အသိပေးစနစ်များ ဆိုင်ရာစီမံချက်တို့တွင် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ George Mason University မှ ပဋိပက္ခဖြေရှင်းရေးဘာသာဖြင့် Ph.D. ရရှိခဲ့ပြီး Georgetown University မှ လုံခြုံရေး ဘာသာရပ်ဖြင့် မဟာဝိဇ္ဖာဘွဲ့များ ရရှိခဲ့သည်။)

အစ္စရေးနယ်စပ်ကို စောင့်ရှောက်ရန် အလိုအလျှောက်စက်ပစ်ကွင်းများ

$
0
0

၁။ အရှေ့အလယ်ပိုင်းတွင်တည်ရှိသော အစ္စရေး နိုင်ငံသည် ဘေးပတ်ဝန်းကျင်တွင် ရန်သူနိုင်ငံများ ၀န်းရံနေသည့် နိုင်ငံတစ်ခုဖြစ်သည်။ အစ္စရေးတို့အနေဖြင့် ဂါဇာကမ်းမြှောင်ဒေသတွင် ပါလက်စတိုင်းစစ်သွေးကြွများ မှ ခိုးဝင်နေသည့် ပြဿနာအား အမြဲလိုလိုပင် ရင်ဆိုင်နေရသည်။ ထိုပြဿနာများကို ဖြေရှင်းရန်အတွက် အစ္စရေးတို့သည် ကီလိုမီတာ ၆၀ ရှိသည့် နယ်စပ်နေရာများတွင် နယ်စပ်ဖြတ်ကျော်သူများအတွက် အလိုအလျှောက်လူသတ်ကွင်းများကို အသုံးပြုခဲ့ကြသည်။ RCWS လက်နက်စနစ်တပ် စက်သေနတ်များ၊ လျှပ်စစ်ခြံစည်းရိုးများ၊ မြေပေါ်အာရုံခံကိရိယာများ၊ မောင်းသူမဲ့လေယာဉ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ထားသော စောင့်ကြည့်လေ့လာရေးကင်းစခန်းများဖြစ် ပါသည်။ 



၂။ ဂါဇာကမ်းမြှောင်နယ်စပ်ဒေသရှိ မြေခွေးကျင်းမြောက်များစွာတွင် ဒဿမ ၅ လက်မစက်သေနတ်များအား ရှေးဦးစွာ တပ်ဆင်ခဲ့ကြသည်။ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နိုင်သော အဆိုပါ စက်သေနတ်ဆုံလည်များအား ထိန်းချုပ်နိုင်ရန်အတွက် ဖိုက်ဘာဆက်ကြောင်းများအား ကွန်ယက်စနစ်ဖြင့် ချိတ်ဆက်စေသည်။ မြေခွေးကျင်းများအား ထိန်းချုပ်ရေးစင်တာများမှာ တစ်ဆင့်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ စက်သေနတ်တပ်ဆင်ထားသော အဝေးထိန်းဆုံလည်စနစ်တွင် လက်ဖြောင့်သေနတ်များလည်း တပ်ဆင်ပေး ထားပြီး မီတာ ၁၅၀၀ အကွာအဝေးကို ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။ Jane’s Defense Weekly စာစောင်၏အဆိုအရ မြေခွေးကျင်းများသည် မီတာရာပေါင်းအနည်းငယ်အကွာတွင် အသီးသီးရှိနေကြ မည်ဖြစ်သည်။



၃။ အသုံးပြုသောလက်နက်စနစ်မှာ Samson Remote Control Weapon Station ဖြစ်ပြီး သံချပ်ကာအကာအကွယ်များ၏ အောက်တွင် တပ်ဆင်ပေးထားခြင်းဖြစ်သည်။ အစ္စရေးတို့တပ်ဆင်ထားသော အာရုံခံကိရိယာမှ အချက်ပေးမှုတစ်စုံတစ်ရာကို လက်ခံရရှိခဲ့ပါက တာဝန်ရှိသူအနေဖြင့် ၎င်းအားတပ်ဆင်ပေး ထားသော Electro Optic Device (Day/Night Sensor package) များအား အသုံးပြု၍ ပစ်မှတ်အား ခွဲခြားအတည်ပြုပေး မည်ဖြစ်သည်။ ထိုပစ်မှတ်ကို အတည်ပြုပစ်ခတ်နိုင်ရန်အတွက် ထိုပတ်ဝန်းကျင်ရှိ မြေခွေးကျင်း ပေါင်း ၁၅ ခုခန့်မှ တာဝန်ထမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။ အပြန်အလှန် အထောက်အကူပြုစေနိုင်ရန် ပြုလုပ်ပေးထားသည်။ အကယ်၍ မြေခွေးကျင်းရှိ အစောင့်စနစ်တစ်ခု အလုပ်မလုပ် ချိန်တွင်လည်း ကျန် မြေခွေးကျင်း ၁၄ ခုမှ ၎င်းတို့၏ မူလတာဝန်အားဆက်လက် ထမ်းဆောင်သွားနိုင်မည် ဖြစ်သည်။ ပတ်လည်ပိတ်ထားသောစနစ် (Close loop) ဖြစ်သည်။ မည်သည့် အသက်အန္တရာယ်အတွက် စွန့်စားစွန့်လွှတ်မှုကိုမျှ ပြုလုပ်ရန်မလိုသော အသက် ၁၉၊ ၂၀ ၀န်းကျင် ခပ်ပျော့ပျော့ စစ်သည်တစ်ဦးက ကွန်ပျူတာနောက်မှ ယခုစောင့်ကြပ်ကြည့်ရှု့များအား ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 



၎။ တပ်ခွဲမှူး (သို့) အမိန့်ပေးနိုင်သော အခွင့်အာဏာရှိသူမှ ပစ်မိန့်ကို ပေးလိုက်သည်နှင့် ကွန်ပျူတာမောက်စ့်ကလစ်တစ်ချက်နှင့် မိမိနိုင်ငံကို ကျူးကျော်ဝင်ရောက်လာသည့် လူ့အောက်တန်းစား များကို ပစ်ခတ်သတ်ဖြတ်သွားနိုင်မည်ဖြစ်သည်။ ခြေလျင်တပ်ဖွဲ့များ အား ခိုးဝင်သူများမှ ချုံခိုတိုက်ခိုက်မည့်ပြဿနာများကို လျော့နည်းသွားစေသည်။ အမေရိကန်ဒေါ်လာ ၄ သန်းခန့် သာ တန်ဖိုးကျသင့်မည့် အဆိုပါ စီမံကိန်းသည် ၂၀၀၇ ခုနှစ် နွေရာသီအကုန်တွင် ပြီးစီးမည်ဖြစ်ပါသည်။ ထိုကင်းစခန်းများအားလုံးသည် အစ္စရေးတပ်မတော်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အုပ်ချုပ်မှုအောက်တွင် ထားရှိမည်ဖြစ်သည်။ 



၅။ အချို့သော ပြဿနာများလည်း ရှိနေပြီး အဓိကမှာ ရန်သူတို့၏ အီလက်ထရောနစ်စစ်ဆင်ရေးကို ကျော်လွှားနိုင်ပါ့မည်လားဟူသော မေးခွန်းတစ်ရပ်ပင်ဖြစ်သည်။ ထိတွေ့မှုစည်းကမ်းများအရ (Law of Engagement) လက်ဘနွန်နယ်စပ်ရှိ အစ္စရေးစစ်သည်များသည် ဟစ်စဘိုလာပြောက်ကျားများနှင့် ထိတွေ့မှု ဖြစ်လျှင်ဖြစ်ခြင်း/ ဖြစ်မှသာ ပစ်ခတ်ပိုင်ခွင့်ရရှိထားသည်။ သို့သော် ဂါဇာဘက်အခြမ်းတွင်မှု ပိုမိုရန်လိုသော အနေအထားကို အစ္စရေးတို့မှ ဖန်တီးထားရပေသည်။ လူ့အခွင့်အရေးသည် အမျိုးသားအကျိုးစီးပွားနှင့် ပတ်သက်လာလျှင် ဒုတိယဦးစားပေးသာဖြစ်ပေတော့သည်။ အစ္စရေးတို့အတွက် လူ့အခွင့်အရေးဆိုသည်မှာ ထိုကဲ့သို့ပြတ်သားသော စီမံချက်များကြောင့် ယနေ့ထက်ထိ ရန်သူ့နိုင်ငံများအလယ်တွင် မာနတလူလူဖြင့်နေထိုင်နိုင်ဖြင်းဖြစ်ပေသည်။ ဂါဇာကမ်းမြှောင်ဒေသရှိ ခြံစည်းရိုးများတွင် ကင်းလှည့်နေစဉ် လိုဏ်ခေါင်းတူး၍၀င်လာသော ပါလက်စတိုင်းပြောက်ကျားတို့၏ ပြန်ပေးဆွဲခြင်းခံရသော အစ္စရေးစစ်သည်များ၏ အသက်ကိုစတေးရခြင်းနှင့် ယှဉ်လျှင် ခိုးဝင်လာသူများအား သတ်ပစ်ခြင်းသာ ပြဿနာကိုဖြေရှင်းခြင်းဖြစ်ပေတော့သည်။ 




၆။ Samson Remote Control Weapon Station တွင် တပ်ဆင်မည့် လက်နက်စနစ်မှာ Samson - RCWS 30 ဖြစ်ပြီး မူလ RCWS မှအမျိုးးအစား ၃ မျိုးထွက်ရှိထားသည်။ အချက်အလက်များမှ အောက်ပါအတိုင်းဖြစ်သည်-


Foldable for air transport (Patent Pending)
Stabilized for firing on the move (LOS - stabilization)
Day and night operation
Optical Auto-Tracker
Full solution fire control
Slaving to any external director
Operation redundancy
(gunner and/or commander)
Built-in Test (BIT)
Multi-purpose SPIKE guided missiles (Optional)
Smoke grenade launcher (Optional)
Embedded Trainer (Optional)


ဆန်စမ်မီနီတွင် တပ်ဆင်နိုင်သော်လက်နက်များမှာ 5.56mm SAW and LMG, 7.62 mm GPMG and Gatling gun, 12.7 mm HMG, 14.5 mm, 40 mm AGL, ATGM launcher, ASM, အခြားသော ကိရိယာများနှင့်စနစ်များမှာလည်း အောက်ပါအတိုင်းဖြစ်သည်-
- a ballistics-protected multi-sensor Sight Pod, with an optional mechanism for super elevation ballistic angle calculations
(မိမိနိုင်ငံရဲ့ အနောက်စည်းရိုးမှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ အလားသဏ္ဍန်တူသော နိုင်ငံမှာ ခိုးဝင်သူများကို ဖြေရှင်းရာမှာ လူ့အခွင့်အရေးမရှိတာကို ထောက်ပြထားတဲ့ ဒီသတင်းကို သဘောကျလို့ ဘာသာပြန်သည် FG)


ကိုးကားသတင်း


Robo-Snipers, “Auto Killing Zones “ to protect Israeli Borders
http://www.rafael.co.il/Marketing/402-994-en/Marketing.aspx


(ကျွန်တော် ဒီပိုစ့်ကို အရင်အကောင့် အဟောင်းတုန်းက တင်ဖူးတယ်၊ ခုပြန်တွေ့လို ကျွန်တော့်သုံးသပ်ချက်ကို ပြန်လည်တင်ပြလိုက်ပါတယ်၊ ကျွန်တော်တို့ တခါတလေ ရင်ထုမနာဖြစ်ကြရတယ်)




Lethal Myint

ကျနော် NavySeal

$
0
0

================
ကျနော့်အကြောင်း မပြောခင်
Navy SEALs ဆိုတာလေး ပြောပြချင်သဗျ။
Navy SEALs ဆိုတာ US Navy ရဲ့ စကားလုံးလေးပါ။


ခပ်လွယ်လွယ် အဓိပ္ပါယ်ဖွင့်ရရင် #စွယ်စုံရစစ်သည်တော် ပေါ့ဗျာ။
သူက ရေငုပ်မလား ဖောက်ခွဲရေးလုပ်မလား
တိုက်ခိုက်ရေးလုပ်မလား
အကြမ်းဖက်သမားတွေ နှိမ်နင်းမလား
လေကြောင်းချီတပ်တွေနဲ့အတူ လှုပ်ရှားမလား
အထူးတပ်ဖွဲ့ အနေနဲ့  သီးခြားလှုပ်ရှားမလား
အကုန်ရ အစုံရတဲ့ #SuperPowerSoldier ဆိုပါတော့ဗျာ။
#SEALs
#SEa #Air and #Land Teams ပါတဲ့။

US မှာဆိုရင်တော့
#အဆင့်အမြင့်ဆုံးစွယ်စုံရစစ်သည်တော် တွေပေါ့။
ဒီအကြောင်း ဘာလို့ ရေးရသလည်းဆိုတော့
မနေ့ က ရခိုင်ဒေသကို Navy SEALs တွေ
ပို့ လိုက်ပြီဆိုလို့  ဝမ်းသာမိသလို
ကျနော့ ဝါသနာ ကျနော့ဘဝအတွေ့ အကြုံလေးတွေ
Conditioned Reflex နဲ့ အတူ ပြန်သတိရလာလို့ ပါ။
ဘွဲ့ ရပြီး OTS ဖြေတော့ ရေတပ်ရောက်ချင်တာက
အရူးအမူးပါဘဲ။
ဖြစ်နိုင်သည် မဖြစ်နိုင်သည်မသိ စိတ်ကူးထဲမှာတော့
ဗိုလ်သင်တန်းဆင်း ရေတပ်ဗိုလ်ဖြစ် သဘောင်္မောင်း
Navy SEALs ဖြစ် ပေါ့။
ကိုယ့်ကိုကိုယ် စတီဗင်စီးဂဲလ်လိုလို တွမ်ခရုစ်လိုလိုပေါ့လေ။
အများအမြင်တော့ အံ့ကျော်လိုလို ဗေလုဝလိုလို
ကြွစောင်းစောင်းပေါ့။
ကျောင်းမပြီးခင်ကထဲက တပ်ထဲဝင်ပြီး ရေတပ်သွားမယ်ပြောလို့ 
ငယ်သူငယ်ချင်း ဒေါ်ကေး K Khaing Soe ဆိုရင်
ကျနော့ကို အတော်အပြောကြီးတဲ့ကောင်ဆိုပြီး
ချီးမွမ်းထောပနာ ပြုလေသတည်းပေါ့ဗျာ။
ထားပါတော့ ဒါနဲ့ ဘဲ #လူမစွမ်းနတ်မ ဆိုသလို
ဗိုလ်သင်တန်းပါပြီး ရေတပ်ဗိုလ်တော့ ဖြစ်သပေါ့။
ဒါပေသိ ရေတပ်သာရောက်တာ ကျနော့အဖေက
Army ကဆိုတော့ ရေတပ်အကြောင်းဘာမှမသိ
Holiday ဆို #အားလပ်ရက်
Sea Dog ဆို #ပင်လယ်ခွေး
Dog Watch ဆို #ခွေးတွေအတွက်နာရီ လို့  ထင်တာကိုးဗျ။
တကယ်တော့ ရေတပ်မှာက အရာရှိငယ်သင်တန်းသာ
အရာရှိငယ်အားလုံး အတူတူတက်ရတာ
နောက်ပိုင်းမှာတော့ ပညာရပ်အလိုက် အုပ်စုတွေခွဲပြီး
သီးခြားသင်တန်းတွေတက်ရတာပေါ့။

အဲ့မှာ ကျနော်တက်ခွင့်ရတာက Long G ခေါ်တဲ့
Long Gunnery Course ခေါ် ရေတပ်လက်နက်သင်တန်း။
အဲ့တော့ ကျားမီးဆွဲမိသလိုပေါ့ နဂိုထဲကိုက
လက်နက်ခဲယမ်းကို စိတ်ဝင်စားပြီးသားဆိုတော့
ဆွဲလက်စနဲ့  လက်နက်ပိုင်းဆိုင်ရာကို
အားသန်သွားရော ဆိုပါတော့လေ။

နောက်ပိုင်းလည်း Missile Coures တက်ဘာညာနဲ့ 
နဂိုရည်မှန်းထားတဲ့ Navy SEALs ဆန်ဆန်
Diver သင်တန်းတို့  ဖောက်ခွဲရေးတို့ ပါ မေ့ရောပေါ့။
ရှင်းရှင်းပြောရရင်တော့ အသက်လေးရလာ
Navy အကြောင်းလည်း ပါးပါလေးရလာတော့
လူပင်ပန်းတဲ့ အလုပ် သိပ်မလုပ်ချင်တော့ဘူးပေါ့။
သောက်ပျင်းတစ်သွားတယ်ဆိုလည်း မမှားသလို
Diver တယောက်လည်း မဖြစ်ခဲ့ပါဘူး။

ကျနော် တခါတလေ ရေငုပ်တယ်ဆိုတာကလည်း
တပ်ကထွက်ပြီးမှ ရေငုပ်သင်ပြီး ငုပ်ခွင့်ရတာပါ။
ဒါတောင်ကျနော် လေဗူးနဲ့ ရေငုပ်တဲ့ အများဆုံးအနက်
ပေ ၂၀ အနက်ဘဲ ရှိပါတယ်။
ဒီထက်ပိုမငုပ်ဖူးသလို ခဲခါးပတ်မပါလို့ လား
အတွေ့ အကြုံနည်းလို့ လားမသိ
လေဗူးနဲ့ အတူ အဲ့လောက် ရောက်အောင် ငုပ်ဖို့ 
အတော်ကို ကြိုးစားယူရပါတယ်။
ဒါဆို ရေတပ်မှာတုန်းက ရေမငုပ်ဖူးဘူးလားဆိုပြန်တော့လည်း
အဲ့လိုမဟုတ်ပြန်ဘူးဗျ။
ရေတပ်သားဘဝနဲ့  ကမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာ
နေ့ ခင်းကြောင်တောင် တုန်လှုပ်ခြောက်ခြားစွာနဲ့ 
#တကြိမ်ကြိမ်တိတိငုပ်ဖူးပါတယ်ဗျ :-) :-) :-)

အဖြစ်က ဒီလိုပါ။
ကျနော်တို့  ရေယာဉ်က ရန်လုံးအောင်(200)ကြီးနဲ့ 
ပင်လယ်ပြင် ရေမြှုပ်မိုင်းစစ်ဆင်ရေး တခုမှာပေါ့။
ရေယာဉ်ရဲ့ မူလ Classက တော်ပီတိုတင်တဲ့
မိခင္သေဘာၤျကီး။
ဒါပေမဲ့ ရေယာဉ်ဖွဲ့ စည်းပုံအရ ပင်လယ်ပြင်
ရေမြှုပ်မိုင်းခင်းမယ်ဆို ဒီရေယာဉ်သည်သာ
အသင့်တော်ဆုံးဖြစ်ကြောင်း ရွေးချယ်လိုက်သမို့ 
စစ်ရေယာဉ်မှူးကြီး ဒုမှူးကြီးလောစောကြိုင်ဦးစီးတဲ့
ကျနော်တို့ အဖွဲ့ တွေ အလုပ်ရပြီပေါ့။
ကျနော်တို့ က ရေယာဉ်ရဲ့ သန္ဓေဝင် Crew တွေပါ။
နောက်ထပ်ပါလာတာက US Navy SEALs ဆင်း
ဗိုလ်မှူးမင်းနိုင်ဦးစီးတဲ့ ရေအောက်ဖောက်ခွဲရေး
Diver အဖွဲ့ ။

တယ်အားကျတာကိုးဗျာ။
ဗိုလ်မှူးမင်းနိုင်ဆိုတာက တကဲ့Navy SEALs စစ်စစ်။
ကိုယ်လုံးကြီးက တောင့်တောင့်တင်းတင်းနဲ့ 
တကဲ့ US ပြန် Fighter ရုပ်။
ကြုံတာနဲ့ Navy SEALs သင်တန်းအကြောင်းမေးတာပေါ့။
ဒီလိုနဲ့  ပင်လယ်ပြင်မှာ TNT ပေါင် ၂၀၀ ရေမြှုပ်မိုင်းကြီးကို တင်လိုက်ချလိုက်လုပ်
Diverတွေက Speed Boatပေါ်ကနေ နောက်ပြန်ဂျွမ်းနဲ့ 
ရေထဲဆင်းလိုက်ငုပ်လိုက် လုပ်နေကြတော့
စိတ်ထဲက မရိုးမရွဖြစ်လာပါလေရော။

ဒါနဲ့  Dirver ကိုမျိုးသန့်ကြီးကို တီးတိုးအကူအညီတောင်းရတာပေါ့။
သူကလည်း ကျနော် Diver မဟုတ်မှန်းသိနေပေမဲ့
ညီအကိုလိုခင်မင်နေတာဆိုတော့
"""""အေးဗျာ ဇာကြီးရာ မနက်ဖြန် ကျနော်ငုပ်ရင်
စီအိုကြီးမသိအောင်လိုက်ငုပ်
ဒါပေမဲ့ Diverမဟုတ်တော့ အောက်တော့မငုပ်ရဘူး
ရေပေါ်ကနေဘဲ မျက်မှန်တပ် Snorkel (စနော်ကယ်)နဲ့
ရေထဲကြည့်ဗျာ"""""""တဲ့
ကျနော်လည်း ဝမ်းသာအားရ """"ဟု ဟု ကျေးဇူး""ပေါ့။

နောက်နေ့ မနက် သူဆင်းတော့ လိုက်ဆင်းပေါ့။
တကယ်တကယ် ရေထဲဆင်းမယ်ဆိုတော့
အရင်က ရေငုပ်ပြစ်မယ် ငါးမန်းဖမ်းမယ် ဆိုတဲ့စိတ်က
အလိုလိုနေရင်း ဘယ်ပျောက်သွားမှားကို မသိတော့။
ပင်လယ်ပြင်စိမ်းပြာပြာကြီးကိုကြည့်ပြီး ရုပ်ရှင်ထဲကလို
ရေဘဝဲကြီးဘဲလှမ်းဆွဲတော့မလိုလို
ငါးမနိးကြီးဘဲ ပြေးကိုက်တော့မလိုလို ကြောက်လာရောဗျ။
ဒါပေမဲ့ တတ်နိုင်ဘူးလေ ကိုယ်က အာချောင်ပြီးပြီ။
တချို့ အရာရှိစစ်သည်တွေက ကြည့်နေပြီ။
နောက်ဆုံးမတော့ မရဲဘဲ ကျွဲပြဲစီးရပြီပေါ့လေ။
ရေထဲကို အသာလေးဆင်း Lifeboat နံရံလေးကိုင်လိုက်
Mineရဲ့ Sinker( ဝိတ်တုံး)ကို ကိုင်လိုက်
ရေအောက်ကို မရဲတရဲနဲ့  မျက်မှန်လေးနဲ့ ကြည့်လိုက်ပေါ့။
ကျနော့အဖြစ်က အပေါ်က TNT ပေါင်၂၀၀ဗုံး
ပစ်ချတာကို မကြောက်အားဘဲ ရေအောက်က
ဘာမှန်းမသိတဲ့ဟာကို ကြောက်နေရော။
ဒါနဲ့ နဲ့ ဘဲ ၁၅မိနစ်လောက် ဖိန့်ဖိန့်နဲ့ ရေထဲနေပြီး
ကျနော့ရဲ့ ရေတပ်သားဘဝ ပင်လယ်ပြင်ရေငုပ်ခြင်း
သင်္ခန်းစာကြီးကို အဆုံးသတ်လိုက်ရတာပေါ့လေ။
ဒါကတပိုင်းပေါ့။

နောက်တပိုင်းက ကျနော် #Navy Seal ဘွဲ့ ရတဲ့အပိုင်း
တခါမှတော့ ရေတပ် ဌာနချုပ်ပေါင်းစုံ
အစည်းအဝေးတခုမစတင်မီ ရုံးခန်းတခုမှာ
စကားစုပြောနေကြချိန်ပေါ့။
စကားဝိုင်းကို ဦးဆောင်နေသူက ဒုဗိုလ်မှူးကြီး တင်အောင်ဆန်းပါ။
ခုတော့ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းပါခဗျ။
အသားကညိုညို ထောင်ထောင်မောင်းမောင်း
စကားပြောရင် ပြုံးပြုံးလေးနဲ့  အင်မတန်လေးစားစရာကောင်းတဲ့
US Navy SEALs သင်တန်းဆင်းကြီးပါ။
ကျနော်လည်း ထုံးစံအတိုင်း ကျနော်ဝါသနာပါရာ
အတွေ့ အကြုံတွေမေးရင်း ကျနော်လည်း စီအိုကြီးလို
Navy SEALs အရမ်းဖြစ်ချင်လို့  အားကျမိပါကြောင်း
ပြောမိတာပေါ့။

အဲ့တော့ စီအိုကြီးက ကျနော့ကို မေးပါတယ်
"""မင်းက ဘာသင်တန်းတွေ တက်ပြီးပြီလဲ??"""""တဲ့
ကျနော်လည်း ကျနော်တက်ပြီးသမျှ သင်တန်းလေးတွေ
တန်းစီရွတ်ပြလိုက်ပါတယ်။
ကျနော့်စကားဆုံးတော့ စီအိုကြီး(ယခုဗိုလ်ချုပ်ကြီး)က
ဟားဟားးဟားနဲ့  ရီပြီး
"""""တော်ပါတော့ကွာ မင်းက Diver Course မတက်ဘဲ
Navy Seal ဖြစ်နေပြီ။
တက်တဲ့သင်တန်းတွေအားလုံးက ရန်ကုန်မှာနဲ့ 
နိုင်ငံခြားမှာ။ မင်းမှတကဲ့ #ရေတပ်ဖျံ"""""တဲ့ဗျို့ ။

ဘာရယ်မဟုတ်ပါ တခါတလေတော့လည်း
အထက်အောက် အရာရှိ/စစ်သည်အချင်းချင်း
ညီရင်းအကိုလို ချစ်တတ် ဆက်ဆံတတ်တဲ့
Royal Navy တဖြစ်လည်း Myanmar Navyရဲ့
ရေတပ်သားဘဝလေးကိုတော့ အမြဲလိုလွမ်းနေမိပါတယ်ဗျာ။

မှတ်ချက်။ ။ အောက်ဆုံးပုံ ရေမြှုပ်ဗုံးချတဲ့ပုံရဲ့
ရေပြင်ထဲက မိုင်းအောက်ခြေက ကျနော်ပါ :-)
-

Naingzar Myint 

ကျွန်မ ရေးသားဖော်ပြလိုစိတ် မရှိခဲ့သော အကြောင်းအရာများ (၁)

$
0
0

2012ခုနှစ် ရခိုင်ပဋိပက္ခမီးတောက်တွေ တောက်လောင်တော့ စုံစမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာမျိုးညွန့်အပါအဝင် ယုဒသန် ခရစ်ယာန်နှစ်ခြင်းအသင်းတော်က ဆရာတော်ဦးကျော်ညွန့် နှင့်အတူ ကျွန်မတို့ လက်ထောက်သုတေသနမှူးများ စစ်တွေကို ကွင်းဆင်းမှတ်တမ်းယူ အင်တာဗျူး ခဲ့ကြပါတယ်။


တွေ့ဆုံ အင်တာဗျူးရာမှာ မရမာကြီးရွာမှလူများ၊ ခရစ်ယာန်အသင်းတော် ဝင်းထဲမှ လူများ၊ ရခိုင်ဒုက္ခသည် စခန်းမှ လူများ၊ အိန္ဒိယနွယ်ဖွား ဟိန္ဒူ ဘာသာဝင်များ၊ သဲချောင်းဘင်္ဂါလီ ဒုက္ခသည်စခန်းမှ လူများ၊ စစ်တွေ တက္ကသိုလ်မှ ဆရာ/ဆရာမများ နှင့် ကျောင်းသူကျောင်းသားများ။စစ်တွေဆေးရုံရှိ ဒဏ်ရာရ လူနာများ။ ဟိုတယ်ဝန်ထမ်းများ အစရှိသည့် အလွှာစုံမှ လူစုံကို တွေ့ဆုံမေးမြန်းခဲ့ကြပါတယ်။

ကျွန်မတို့ဟာ ခရစ်ယာန်ကျောင်းဝင်းထဲအပါအဝင် ဘယ်လူမှုအဖွဲ့အစည်းကိုပဲသွားသွား မေးချင်တဲ့သူကို လက်ညှိုးညွှန် ဖိတ်ခေါ်ပြီး မေးခွင့်ရှိပါတယ်။ အားလုံးကလည်း လိုလိုလားလား ပါဝင်ဖြေဆို ကူညီကြပါတယ်။ ဖြေဆိုသူများကို အကြမ်းအားဖြင့် ၃မျိုးခွဲလို့ ရပါတယ်။

၁။ ပဋိပက္ခဖြစ်စဉ်မှာ ဘာမှမသိလိုက်ဘဲ မီးတောက်တွေ လူအုပ်တွေကြောင့် ထွက်ပြေးလာခဲ့ရတယ်။ ဒါပေမယ့် ဗဟုသုတလည်းစုံတယ် စာဖတ်အားလည်းကောင်းတယ်။ ရေဒီယို(BBC. VOA စသဖြင့် )မပြတ်နားထောင်ပြီး လည်လည်ဝယ်ဝယ် ချက်ကျလက်ကျ ဖြေဆို တတ်ကြသောအုပ်စု

၂။ မေးခွန်းလည်းနားမလည်၊ သူပြောတဲ့စကား ဖြေနေတဲ့အဖြေလည်း ဘာမှန်းမသိ ဘယ်ရောက်လို့ရောက်မှန်းမသိ အူတိအူကြောင်များနှင့် ဘယ်လိုပဲ အာမခံနှစ်သိမ့်ပါစေ ပြောလိုက်ဖြေလိုက်ရင် ညကြ လာဖမ်းမှာလားလို့ တွေးကြောက်ပြီး မဖြေရဲတဲ့အုပ်စု

၃။ မေးသမျှလည်း နားလည်တယ် ဖြစ်စဉ်တွေကိုလည်း တိတိကျကျနီးပါး မြင်ခဲ့ ကြုံ ခဲ့ ကိုယ်တိုင် ရင်ဆိုင်ပါဝင်ခဲ့ပြီး သိသမျှ မြင်သမျှအတိုင်း ရိုးရိုးသားသား ပြန်ပြောပြတတ်တဲ့ အုပ်စု စသဖြင့်ပါ။

ဒီတော့မေးရတာဟာ စိတ်နှစ်သက်ကြည်သာ ဖြစ်ရပါတယ်။ မိတ်ဆွေတွေနဲ့အတူ ဖြစ်ပွားနေတဲ့ ပဋိပက္ခအကြောင်းအရာများကို စကားစမြည် ပြောရသကဲ့သို့ ပါပဲ။ 

× × × × × × × × ×

ဒါပေမယ့် ဘင်္ဂါလီသဲချောင်းဒုက္ခသည်စခန်းမှာတော့ အဲ့လိုလုံးဝမဟုတ်တော့ပါဘူး။ အခြေအနေတွေက အစစ အရာရာ ပြောင်းပြန်တွေသာ ဖြစ်ကြပါတယ်။ 

ကျွန်မတို့ ကားတွေ စခန်းထဲ ဝင်ပြီဆိုတာနဲ့ ကလေး/လူကြီးမကျန် ဝိုင်းလာပြီး ရန်လိုကြပါတယ်။ အဝတ်မပါ ဖင်တုံးလုံး ကလေးလေးတွေကစပြီး ရန်စောင်ကြပါတယ်။ ၅နှစ်ဝန်းကျင် သွက်သွက်လက်လက် ပြေးနိုင်လွှားနိုင်အရွယ် ကလေးတွေကစပြီး မီးချောင်းတွေ ကိုယ်စီ ကိုင်ထားကြပါတယ်။

ပါလာတဲ့ ရဲအစောင့်အရှောက်တွေကို ထီမထင် ဆက်ဆံပါတယ်။ ဘာပြောပြော နားမထောင်ကြပါဘူး။ ညှိလို့လည်း မရပါဘူး။ တပ်ကို ဖုံးဆက်ခေါ်လို့ စစ်ဘက်အစောင့်အရှောက်တွေ လာမှ လူစုကွဲပါတယ်။

မေးခွန်းမေးဖို့ လူခေါ်ရာမှာ ဘယ်သူ့မှ ခေါ်လို့မရပါဘူး။ ဘင်္ဂါလီခေါင်းဆောင်များ စီစဉ်ပေးသူကိုသာ မေးမြန်းခွင့်ရှိပါတယ် …
လူဘယ်နှစ်ယောက် မေးချင်ပါတယ်လို့ တောင်းဆိုလို့ မရပါဘူး။ သူတို့လူချပေးသလောက်လေးကိုပဲ မေးရပါတယ် …
မြန်မာစကား ပီပီသသ ပြောတတ်ပြီး မြန်မာပြည်ပေါက် ဘင်္ဂါလီ လူမျိုးများနှင့်ပဲ မေးမြန်နိုင်အောင် စီစဉ်ပေးပါတယ် …
မေးသမျှမေးခွန်းတွေကိုလည်း ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါးသကဲ့သို့ အလွတ်နီးပါးကျက်မှတ်လာပြီး ဖြေဆိုကြပါတယ် …
အမေးအဖြေပေါင်းများစွာကို ပြုလုပ်အပြီးမှာ ကောက်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချလို့ရပါတယ်။ အဲ့ဒါကတော့ ကော်မရှင်ရဲ့ မေးခွန်းတွေကို ဖြေဆိုမယ့် ဘင်္ဂါလီတွေဟာ ကြို တင်ရရှိမေးခွန်းပေါက်ပြီး ဖြစ်နေတယ် ဆိုတာပါပဲ။
ပြီးတော့ မြန်မာ့မြေပေါ်မှာနေထိုင်ပြီး မြန်မာ့ဥပဒေ၊ ထုံးတမ်းစဉ်လာ များသာမကဘဲ မြန်မာ့အာဏာပိုင်အဖွဲ့များကို မထီလေးစား မရိုမကျိုး ပြု မူနေထိုင်ကြသလို သူတို့ ဘာသာ၊သာသနာ၊ သူတို့လူမျိုး အားဖြင့် တစ်ထီးတစ်နန်း နေထိုင်ကြတယ် ဆိုတဲ့ အဓိပ္ပါယ်တွေကိုလည်း ထင်ထင်ရှားရှား ပြသကြပါတယ်။ 

ဆက်လက်ဖော်ပြပါမည်။ 


နေထက်ထက်အောင်

ကျွန်မ ရေးသားဖော်ပြလိုစိတ် မရှိခဲ့သော အကြောင်းအရာများ (၂)

$
0
0

မီးလောင်ပြင် ရပ်ကွက်ကြီးတစ်ခုမှာ ကျန်ခဲ့တဲ့ မရမာကြီးဘုန်းကြီးကျောင်းမှာ အထိုင်ချပြီး မီးလောင်ပြင်မှ ဒုက္ခသည်များကို မေးမြန်းကြတော့ အစီစဉ်အတိုင်း အစစ အရာရာဟာ အေးချမ်းပါတယ်။ အားလုံးသော မရမာကြီး၊ ဗမာ၊ ရခိုင်နှင့် ဟိန္ဒူ အပါအဝင် လူတွေဟာ နေအိမ်နှင့်တကွ စည်းစိမ်းဥစ္စာတွေ ဆုံးရှုံးထားသော်လည်းပဲ အသက်မသေဘဲ မိသားစုနှင့် အတူတူ ရှိနေကြရသည့်အတွက် တော်ပါသေးရဲ့ ဆိုတဲ့ ဖြေသိမ့်အတွေးတွေနဲ့ ကြည်ကြည်သာသာ ရှိနေကြပါတဟ်။ ကျွန်မတို့ကိုလည်း လိုလိုလားလား လက်ခံတွေ့ဆုံကြပါတယ်။ ကျောင်းပေါ်လာထိုင်နေတဲ့ လူတွေထဲက ကျွန်မက အမျိုးသမီးတစ်ဦးကို ရွေးချယ်မေးမြန်းခဲ့ပါတယ်။


သူမက မထင်မှတ်လောက်အောင်ပဲ ဗဟုသုတ စုံလှသလို သူ့ရခိုင်ပြည်နယ်အကြောင်းကို ခရေစေ့တွင်းကျ သိရှိပြောပြနိုင်သူပါ။ ပြောတဲ့အခါမှာလည်း သူ့နေရပ် သူ့ပြည်နယ်အတွက် ဂုဏ်ယူမှုတွေကို မျက်လုံးမှာ အထင်းသား မြင်တွေ့ရပါတယ်။ သမီးလေးတစ်ယောက်ရှိပြီး သားသမီးထပ်မယူလိုတော့သူလည်း ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့လည်း စီးပွားရေးကြောင့်လို့ ဖြေရှာပါတယ်။

သူမကိုကြည့်ရင်း ကျွန်မကိုယ်ကျွန်မ ပြန်မေးမိပါတယ်။ "ငါဆိုရင်ရော မန္တလေးတိုင်းအကြောင်း ဘယ်လောက်များ သိပါလိမ့်"ဆိုပြီးပေါ့။ သူမက အလေးစားရဆုံးလူက ဆရာတော်ဦးဥတ္တမ ဖြစ်ပြီး နောက်တစ်ယောက် ရွေးချယ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်တဲ့။ စစ်အစိုးရကဖမ်းလည်းဖမ်းပါစေ ဆိုပြီး ကျွန်မတို့ရခိုင်တွေရဲ့ အမြတ်နိုးဆုံးနဲ့ တန်ဖိုးအထားဆုံး သဇင်ပန်းလေးကို အမေစုကို ပေးပြီး ကြိုခဲ့ဖူးပါတယ်။ အခု ကြုံ တွေ့နေရတဲ့ ပြသနာတွေနဲ့ အပူမီးတွေကို နားလည်စာနာ ကူညီပေးမယ်လို့လည်း မျှော်လင့်နေတုန်းပါပဲ။ လို့လည်း ပြောခဲ့ပါတယ်။

နောက်ထပ် မေးမြန်းလိုက်တဲ့ အမျိုးသားတစ်ဦးကတော့ မေးတစ်ခွန်း ဖြေတစ်ခွန်းပါပဲ။ မေးခွန်းကို နားလည်အောင် အတော်ရှင်းပြရသလို သူ့စကားကိုလည်း နားလည်အောင် ကြိုးစားရပါတယ်။ စိုးရိမ်မှုတွေလည်း သူ့မျက်နှာမှာ ရှိနေပါတယ်။ ညဘက် မီးတွေ ဟုန်းဟုန်းတောက်လောင်မှ သိကြ နိုးကြပြီး ဆိုင်ကယ်၂စီးနဲ့ ရောင်းဝယ်ဖေါက်ကားတဲ့ ပစ္စည်းတွေ အကုန်ပါပြီး ဘာမှ မရလိုက်ကြဘဲ လူလွတ်ထွက်ပြေးခဲ့ရကြောင်း တွေလည်း ပြောပြပါတယ်။

ဟိန္ဒူ ကျောင်းမှာ သွားမေးကြတော့လည်း ဒီလိုပါပဲ ။ ကျွန်မမေးရတဲ့သူက ကျွန်မမေးသမျှကို လက်ပိုက်ပြီး အတန်းထဲမှာ စာပြန်သလိုမျိုး ရွတ်ဆိုပြရင်း ဖြေရှာပါတယ်။ ဟိန္ဒူ ဘုရားလူကြီးနဲ့ ဟိန္ဒူ မိတ်ဆွေတွေက စန္ဒီမယ်တော်တန်ခိုးကြီးကြောင်းနှင့် ဆုတောင်းပြည့်ကြောင်း ရှင်းပြကြပါတယ်။ ရံဖန်ရံခါ လပြည့်လကွယ်ညမျိုးမှာလည်း ကိုယ်ထင်ပြတတ်ကြောင်းပြောပြကြပါတယ်။ ကျွန်မတို့တွေ အလုပ်ပြီးတော့ မပြန်ခင်မှာ စန္ဒီမယ်တော်ကို အမွှေးတိုင်များနဲ့ ပူဇော်ပြီး ဆုတောင်းဂါရဝ ပြု ခဲ့ကြပါတယ်။

ခရစ်ယာန်ကျောင်းတော်ကိုသွားတော့ ခြံဝန်းထဲက သစ်ပင်ကြီးအောက်မှာ စားပွဲ ကုလားထိုင်တွေ ပြင်ထားပြီး ကော်ဖီများ မုန့်များနှင့် ကျွန်မတို့ကို မိသားစု ဆန်ဆန် ဧည့်ခံကြပါတယ်။ အဖွဲ့အစည်းအသီးသီးက လူတွေနဲ့တွေ့ဆုံ မေးမြန်းအပြီးမှာ သိလာရတဲ့ စစ်တွေမြို့နဲ့ ကျူးကျော်ခိုးဝင် ဘင်္ဂါလီတွေရဲ့ အကြားက ပြဿ နာတွေဟာ ကျွန်မတို့ သိထားထင်ထားတာထက် နက်ရှိုင်းရှုပ်ထွေးပြီး စိတ်မသက်သာစရာ တကယ်ကောင်းလှပါတယ်။

အစ်မတို့ အခုမြင်ရတဲ့ စစ်တွေမြို့ဟာ တော်တော် စိတိချမ်းသာစရာကောင်းတဲ့ အနေအထားလို့ ပြောရမှာပဲတဲ့။ အရင်က အခုလို ခြံထဲမှာ အေးအေးဆေးဆေး စားပွဲနဲ့ ကုလားထိုင်နဲ့ ထိုင်လို့မရသလို ထိုင်ပြီးရင်လည်း အထဲကို ချက်ခြင်းသွင်းရပါတယ်။ အင်္ကျံဟောင်း အဝတ်စုတ်လေး တစ်ခုတစ်လေတောင် ကျန်ခဲ့လို့ မရပါဘူး။ ဘင်္ဂါလီကလေးလေးတွေဟာ အဝတ်အစားမပါ ကိုယ်တုံးလုံးတွေနဲ့ သူတို့ထက် နည်းနည်းကြီးတဲ့ ကလေးတွေနဲ့အတူ မြို့အနှံ့ လျှောက်သွားနေကြပြီး တွေ့သမျှကို ခိုးပါတယ်။ ကျွန်တော်တို့မှာ သား/သမီးချင်း စာနာပြီး မရိုက်ရက်သလို အလျှော့ပေးပြန်တော့လည်း မကြောက်မရွံ့ အတင့်ရဲလာပြီး ခြံတွေထဲထိ ကျော်ချ ဝင်ရောက် ယူကြပါတယ်။ မိလို့ ခေါ်ပြီး ကြောက်အောင် ဆူငေါက်ကြိမ်းမောင်းပြီး မေးရင် သူတို့မိဘတွေက ပစ္စည်းတစ်ခုခု ပါမလာရင် ထမင်းမကျွေးလို့ ယူရတာပါလို့ ဖြေကြပါတယ်တဲ့။

ကိုယ့်အိမ် ကိုယ့်ခြံထဲမှာတောင် လုံခြုံ မှုကို မရနိုင်တာ အပြင်ထွက်ရင်လည်း သတိနဲ့ ထွက်ရသလို မိုးချူပ်ရင်လည်း မထွက်ရဲကြပါဘူးတဲ့။ စစ်တွေမြို့ဟာ အခုလို ပြသနာမီးတွေဖြစ်ပြီး ဘင်္ဂါလီတွေကို သီးသန့်ဖယ်ထုတ်လိုက်တော့မှ အတော်နေလို့ထိုင်လို့ လုံခြုံ လာတယ်လို့ ခံစားမိပါတယ်တဲ့။ ဒီလို သဘောအဓိပ္ပါယ်တူညီတဲ့ အဖြေတွေကို မြို့ခံ ဘာသာ/လူမျိုး မတူသူတွေက နေရာအသီးသီးကနေ ဖြေကြားခဲ့ကြပါတယ်။

ရခိုင်နှင့်တကွ ဖြေဆိုသူ လူမျိုးပေါင်းစုံဟာ သားသမီးကို ၂ယောက်ထက် ပိုမယူလိုဘူးလို့ ပြောကြပါတယ်။ ဘာလို့လဲဆို မကျွေးနိုင်လို့ လူတန်းစေ့ပညာမသင်ပေးနိုင်လို့ နိုင်သလောက်လေးပဲ ယူပါတယ်လို့ ဖြေကြပါတယ်။

သူတို့ ကြည်ညိုလေးစားသူပုဂ္ဂိုလ် ဆိုရာမှာ ဦးဥတ္တမ ဦးသိန်းစိန် နှင့် ရခိုင်ပြည်တွင် ပရဟိတကုသိုလ်အလှူ အတန်းများ လုပ်နေသော သူဌေး ဦးကျောက်တောင်ကို အဖြေများကြပါတယ်။ လူငယ်အချို့က ပရဟိတ ကုသိုလ်အလွန်လုပ်သော သူဌေးကြီးကို လေးစားရုံမက အားကျကြောင်း သူလိုလူ ဖြစ်အောင် လုပ်လိုကြောင်းတွေ ပြောကြပါတယ်။

ဘင်္ဂါလီတွေအပေါ် ဘယ်လိုမြင်သလဲ သူတို့နဲ့ အတူယှဉ်တွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း နေကြဖို့ ဘာတွေလိုအပ်မလဲ စသည်ဖြင့် မေးမြန်းတော့လည်း အားလုံးကတော့ အတူနေဖို့ဆိုတာ မဖြစ်နိုင်ကြောင်းနှင့် ဘာ့ကြောင့်မဖြစ်နိုင်တုန်း ဆိုတာကို သိလိုလျှင် သူတို့နှင့်အတူ ၂ရက်လောက် နေကြည့်ရုံဖြင့် သိလာမည်ဖြစ်ကြောင်း ဖြေကြပါတယ်။ ဒီလိုဖြေကြားထင်မြင်ချက် ပေးသူတွေထဲမှာ နိုင်ငံတကာတက္ကသိုလ်များမှ ဘွဲ့ရ ခရစ်ယာန်ဘာသာဝင်များနှင့် လူနည်းစု ဟိန္ဒူ များလည်း ပါဝင်ပါတယ်။

ရခိုင်တွေအပေါ်ရော ဘယ်လိုမြင်သလဲ ဆိုရာမှာ ရခိုင်များနှင့် သူတို့ကြားမှာ ဘာသာရေး/လူမျိုးရေး ပြသနာမရှိကြောင်း ဘယ်လူမျိုး ဘယ်ဘာသာအပေါ်မှလည်း ရခိုင်များက ရန်မပြု ကြောင်း ဘင်္ဂါလီများကသာ ဘာသာလူမျိုးမခွဲဘဲ အားလုံးနှင့် ပြဿ နာဖြစ်နေကြောင်း ဖြေဆိုကြပါတယ်။ ဒါပေမယ့် ဟိန္ဒူ အမျိုးသား တစ်ဦးကတော့ အိမ်နီးချင်း ရခိုင်များကို မကျေနပ်တာ ရှိပါတယ်လို့ ဖြေပါတယ်။ သူ့ကို ရခိုင်လူတွေက …… "ဟေ့ကောင်ကုလား ဘယ်သွားမလို့လဲ ဘာညာ"ပြောကြောင်း ဟေ့ကောင်ကုလား လို့ခေါ်တာကို သူအင်မတန်စိတ်ဆိုးကြောင်း သူ့အပေါ် နှိမ်ချိုးသည်ဟု ထင်ကြောင်း။ သူသည် ခိုးဝင်ဘင်္ဂါလီမဟုတ်ကြောင်း ဟိုးးး ရှေးဘိုးဘေးလက်ထက်ကတည်းက စစ်တွေတွင် အခြေချ နေလာသူဖြစ်ကြောင်း ဒါပေမယ့် မကြိုက်ကြောင်းကိုတော့ မပြောမိ မတားမိကြောင်း ။ ဖြစ်နိုင်လျှင် ရခိုင်များက သူ့ကို ကုလားဟု မခေါ်စေချင်ကြောင်းပါ အမှာစကားပါးလိုက်ပါတယ်။

ကြားရ သိရ သမျှတွေသည် ဘင်္ဂါလီလူမျိုးများ မကောင်းကြောင်း အထွေထွေနှင့်တကွ ဘင်္ဂါလီတို့နှင့်အတူယှဉ်တွဲ နေထိုင်လို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်းများသာ စစ်တွေလူ့အဖွဲ့အစည်းထံမှ ပဲ့တင်ထပ် ဖြေကြားခဲ့ကြပါသည်။

ကျွန်မတို့ ဘင်္ဂါလီသဲချောင်းကို သွားကြရာတွင်လည်း ကလေးပေါက်စလေးများကစပြီး အရွယ်စုံ လူအုပ်ကြီးကို တွေ့ရပါသည်။ ရခိုင်ဒုက္ခသည်စခန်းနှင့် အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ ရသော ရခိုင်နှင်တကွ လူမျိုးဘာသာ အပေါင်းတို့သည် အဝတ်အစား သပ်သပ်ရပ်ရပ် သနပ်ခါးဖွေးဖွေးနှင့် တင့်တင့်တယ်တယ် ရှိကြပါသည်။

ဤဘင်္ဂါလီများသည် အဝတ်အစားများ စုတ်ပြတ်ညှိုးနွမ်းလွန်းကာ အသွင်အပြင်များမှာလည်း ညစ်ပတ်လှရှာပါသည်။ အထူးသဖြင့် အဝတ်အစားမပါသော ကိုယ်တုံးလုံးနှင့် မည်းညစ်ညစ် ကလေးငယ် လေးဘက်တွားလေများ မတ်တတ်သွားလေးများမှာ အလွန်သနားစရာ ကောင်းလှပါသည်။ အများစုမှာ ဗိုက်ပူနံကား သံကောင်ဗိုက်လေးများဖြစ်ကြပါသည်။ လူကြီးများမှာလည်း မည်သူ့မျက်နှာကြည့်ကြည့် ရွှင်လန်းမှုမရှိဘဲ အိုစာညှိုးနွမ်းလှပါသည်။ ကျွန်မတို့ကိုလည်း ဂရုမစိုက်ကြပါ။ သူတို့အတွင်းအဇ္ဈတ္တမှာ မည်မျှပူလောင်နေသည် မသိနိုင်ပါ။

သန်သန်စွမ်းစွမ်း ကလေးငယ်များနှင့် လူငယ်များ လူလတ်ကြီးများမှာ ကျွန်မတို့ကို စိတ်ဝင်စားလှသလို မျက်လုံးများ အရောင်တပြောင်ပြောင်နှင့် ရန်လိုသတ်ဖြတ် လိုစိတ်များကို အထင်းသားတွေ့ရပါသည်။ တွေ့ရာ ဒုတ်၊ဓါး၊မီးချောင်း၊ စသဖြင့် စွဲကိုင်ထွက်လာ ကြပါသည်။ ကားနှင့်ခပ်လှမ်းလှမ်းမှ ရန်စောင်လျှက်ရှိကြပါသည်။ လုံခြုံ ရေးလိုက်ပါလာသော ရဲဝန်ထမ်းများကိုလည်း မကြောက်မရွံ့မထီလေးစား အမူအရာအပြည့်နဲ့ တုန့်ပြန်ကြပါတယ်။

သူတို့ဘာလို့ ဒီလိုတွေလုပ်ရဲတာလဲ ဆိုတာကို ကျွန်မ ဥာဏ်မီသမျှ စဉ်းစားမိတော့ ၂ချက်တွေ့ပါတယ်။ ပထမတစ်ချက်က လက်နက်ပါ။ အခုရဲတပ်ဖွဲ့များ ကိုင်ဆောင်လာသော သေနတ်များမှာ ဂျပန်ခေတ် တော်လှန်ရေးကားများထဲက သစ်သားတစ်ပိုင်းနှင့် လုပ်ထားသော ရှေးဟောင်းသေနတ်ကြီးများဖြစ်ပြီး တော်တော်လည်း လေးလံလှပါတယ်။ တစ်ချက်ပစ်တိုင်း ကျည်တစ်တောင့်နှုန်းမှ ထွက်နိုင်ပါရဲ့လားဟုလည်း သေနတ်အိုကြီးများကို ကြည့်ပြီး သံသယဖြစ်မိပါတယ်။

နောက်ဒုတိယအချက်က ပစ်မိန့်ပါ။ ပုံမှန်အားဖြင့် ရဲကို ပစ်မိန့်ပေးဖမ်းခွင့် ပေးထားလေ့မရှိခြင်းကို သိထားသောကြောင့် ဘင်္ဂါလီကုလားများက မထေမဲ့မြင် ပြုရဲကြသည်ဟုလည်း ထင်မိပါတယ်။


ဆက်လက်ဖော်ပြပါမည်


နေထက်ထက်အောင်

ကျွန်မ ရေးသားဖော်ပြလိုစိတ် မရှိခဲ့သော အကြောင်းအရာများ (၃)

$
0
0


ဘင်္ဂါလီတွေကို မြို့ခံဘာသာပေါင်းစုံတွေက ဘယ်လိုပဲ အပြစ်ပြော မကောင်းပြောကြပါစေ ဒီလောက်ဆင်းရဲတွင်း နက်နေရှာသည့် ကလေးငယ်တွေ လူတွေကို မြင်ရတွေ့ရတဲ့ အခါမှာတော့ သူတို့အတွက် လူ့သားအခွင့်အရေး၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့်အတူ စားဝတ်နေရေးဆိုင်ရာ အခက်အခဲများ ဆေးဝါးအခက်ခဲများကို ဖြေရှင်းပေးသော လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးကို ပေးရမည်ဟုသာ ကျွန်မ သဘောပေါက် လိုက်မိပါသည်။


ဘယ်လိုပဲဖြစ်ဖြစ် လူ့အသိုင်းအဝိုင်းတစ်ခုထဲကို ပြန်ဝင်ဆံ့အောင် သွင်းပေးဖို့လိုတယ်လို့လည်း ထင်မြင်ခဲ့မိပါတယ်။ တော်တော်လေးလည်း သနားကရုဏာ သက်မိခဲ့ပါသည်။

ဒီလိုနဲ့ သဲချောင်းဘင်္ဂါလီဒုက္ခသည် စခန်းက ပြည့်ကျပ်သိပ်နေတဲ့ လူတွေထဲက အင်တာဗျူးဖြေဆိုခွင့် ပေးမယ့်သူများကိုလည်း အကြာကြီးစောင့် နေခဲ့ရပါတယ်။ ကျွန်မတို့ ရောက်ကတည်းက ကျွန်မတို့ကို ဧည့်ခံနေရာချထား ၊ဖြေမယ့်လူတွေစီစဉ်နဲ့ အလုပ်အရှုပ်ဆုံးနဲ့ အဖော်ရွေဆုံး ကုလားလေးဟာ ဖုံးနဲ့နား မပြတ်တမ်းနားထောင်နေသလို ဖုံးထဲကိုလည်း အခြေအနေအရပ်ရပ်ကို တရစပ် တစ်ခုမကျန် ပြန်လည်သတင်းပို့ နေပါတယ်။ အဲ့ဒီလို Nokia ဖုံးနဲ့ ပါးစပ်မပြတ်တမ်း သတင်းပေးပို့ ပြောဆိုမှုကို ကျွန်မတို့ရောက်ကတည်းက ပြန်တဲ့အထိ နေ့တစ်ပိုင်းစာ စက္ကန့်မလပ် လုပ်နေခဲ့သလို ကျွန်မတို့ကိုလည်း လုံးဝ အလွတ်မပေးတမ်း အကဲခတ်လျှက်ရှိနေပါတယ်။
ဖြေဆိုသူများမှအပ စခန်းကို ဓါတ်ပုံမရိုက်ရပါဘူး။ ကျွန်မကတော့ အဲ့ဘင်္ဂါလီဖုံးသရဲ ဖုံးပြောနေပုံကို ဖုံးကင်မရာနဲ့ မရိပ်မိ မသိအောင် ၃ပုံရိုက်ယူခဲ့ပါတယ်။ ကျွန်မတို့ အင်တာဗျူးတာဟာ အင်မတန် ပြောင်မြောက်တဲ့ ပြဇာတ်တစ်ခုကို ကြည့်ရသလိုပါပဲ။ လာရောက်ဖြေဆိုသူတွေဟာ ဗမာစကား ရည်ရည်လည်လည် ပြောတတ်သူတွေချည်း ဖြစ်ကြပါတယ်။

ခုနက ကျွန်မတို့ နှင့် ရဲအရာရှိများကို ရန်လိုတိုက်ခိုက်သူများအသွင် မဟုတ်တော့ပါဘူးးးး
အလွန်မှ နူးညံ့ပြီး စကားပြောကောင်းသူများ ဖြစ်ကြပါတယ်။ ကျွန်မမေးမြန်းခွင့် ရသူက အသက်၅၀ကျော် အမျိုးသမီးကြီးတစ်ဦးပါ။ သူက သူမဟာ ရိုဟင်ဂျာလူမျိုးပါလို့ ဖြေပါတယ်။ ရိုးရိုးဖြေတာမဟုတ်ပါဘူး ထပ်ခါထပ်ခါ သေသေချာချာ ဖြေရှာတာပါ။ သူမယောက်ျားက တိုင်းရင်းသား ခရစ်ယာန်တစ်ဦး ဖြစ်ပြီး တပ်မတော်သားဟောင်းတစ်ဦးပါတဲ့။ သူတို့နေခဲ့ရတဲ့ တပ်နံပါတ်တွေ တပ်ထဲက တပ်မိသားစုဘဝတွေ တပ်တွင်းရုပ်ရှင်ရုံတွေအကြောင်း သတိတရပြောပြရှာပါတယ်။

ဒါနဲ့အဲ့တပ်မှာ နေတုန်းက အန်တီ့စာရွက်စာတမ်းတွေ ထဲမှာ လူမျိုးနေရာကို ဘယ်လိုဖြည့်စွက်ခဲ့သလဲ မေးတာ့ အိုးတိုးအမ်းတမ်းနဲ့ မဖြေနိုင်ဘူး ဖြစ်နေပါတယ်။ မဖြေတာကို ကျွန်မတို့က ဇွတ်စစ်ဆေးခွင့် မရှိပါဘူး ဖြေသမျှကိုသာ မှတ်ရတဲ့အခါမှာ သူဖြေလာအောင် စောင့်ကြည့်နေပေးပြီး မဖြေတော့မှသာ နောက်မေးခွန်းတစ်ခုကို ကူးလိုက်ပါတယ်။

သူမရဲ့ အလေးစား အကြည်ညိုဆုံးပုဂ္ဂိုလ်ကတော့ သမ္မတကြီး ဦးသိန်းစိန်ပါတဲ့ ။ ဘာလို့ကြည်ညိုလေးစားတာလဲ ဆိုတော့ တိုင်းပြည်ကို ကောင်းမွန်အောင် အုပ်ချုပ်ပေးတဲ့ အန်တီတို့ရဲ့ အကြီးအမှူး ခေါင်းဆောင်မို့လို့ပါတဲ့။ ဒါဆို သမ္မတကြီးမရှိခင်တုန်းကရော ဘယ်သူ့ကို အလေးစားအကြည်ညိုဆုံးလဲ လို့ မေးတော့ "ဟမ်!!!!! သမ္မတကြီးက ဟိုးးးးကတည်းက ရှိပြီး အုပ်ချုပ်နေတာ မဟုတ်ဘူးလားးး"လို့ တအံ့တသြနဲ့ မေးရှာပါတယ်။ ကျွန်မမှာ သနားလည်းသနား ရယ်လည်း ရယ်ချင်နဲ့ သမ္မတကြီးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်လို့ မကြာသေးသော နှစ်ကမှ သမ္မတဖြစ်လာကြောင်း လိုတိုရှင်း ပြောပြတော့ သူမခမျာ့ အူလည်လည်နဲ့ နားထောင်ရှာပါတယ်။
လက်ရှိပဋိပက္ခတွေအကြောင်းမေးတော့ ရခိုင်တွေဟာ အလွန်ဆိုးကြောင်း ရိုင်းကြောင်း သူတို့ဘင်္ဂါလီတွေအပေါ် အနိုင်ကျင့်ကြောင်း။ ရွာများ အိမ်များကို မီးရှို့ဖျက်ဆီးကာ လူတွေကိုလည်း သတ်ဖြတ်ကြောင်း ဖြေကြားပါတယ်။ ထိုသို့ရခိုင်များ၏တိုက်ခိုက်မှုများအပေါ် ဘယ်လိုတုန့်ပြန် ကြပါသလဲလို့ မေးရာမှာလည်း သူမတို့ ဘင်္ဂါလီများသည် မည်သို့မှ မတုန့်ပြန်ဘဲ ဘေးလွတ်ရာ ဤသဲချောင်းစခန်းသို့ ပြေးခဲ့ကြကြောင်း၊ သူမတို့သည် ငါးပါးသီလကို လုံအောင်ထိန်းကြောင်း မည်သည့်အခါမှ လူမသတ်ကြောင်း၊ ရခိုင်များသည် လွန်စွာ ကြမ်းတမ်းရက်စက်သလို လူတွေကလည်း သာမာန်လူ၂ကိုယ်စာခန့်ရှိကြောင်း ပေါင်လုံးကြီးများသည်ပင် ဤမျှ အကြီးကြီး ဖြစ်ကြောင်းကို လက်ဖြင့် အရွယ်သဏ္ဍန် လုပ်ပြပါတယ်။ သူမတို့သည် ထိုသို့ရက်စက် ကြမ်းကြုတ်သော လူထွားကြီးများကို ရင်မဆိုင်ရဲကြောင်း၊ မေတ္တာသာလျှင်ထားကြောင်း မည်သည့်ပဋိပက္ခများမှ မရှိခဲ့မလုပ်ခဲ့ကြောင်း စသဖြင့် စုံစုံလင်လင် ဖြေးဖြးသက်သာ ကွမ်းလေးမြုံ့ရင်း ရှင်းလင်းပြောပြခဲ့ရှာပါတယ်။

အန်တီတို့ လူမျိုးများသည် လွန်စွာ ဒုက္ခကြီးစွာ ရောက်နေပါကြောင်းနှင့်အတူ မနေ့ညကမှ ပင်လယ်မှလာသော ဒုက္ခသည်ဆိုသူ ဘင်္ဂါလီ စက်လှေများ ၁၀ စီးကျော် ကမ်းကပ်ခွင့်ရခဲ့ကြောင်း။ ရှေ့ရက်တွေက ကမ်းမကပ်ရသဖြင့် ပင်လယ်ပြင်မှာ ဒုက္ခကြီးစွာ ဖြင့် စောင့်ဆိုင်းခဲ့ရကြောင်း များနှင့်တကွ လှေပေါ်မှ ဒုက္ခသည်များအကြောင်းကိုပါ ပြောပြရှာပါတယ်။ လှေတစ်စင်းမှာ လူ ၈၀ - ၁၀၀ ဝန်းကျင် ပါကြောင်းလည်း ပြောပြပါတယ်။ ဘာလို့ ကမ်းမကပ်ရတာလဲ ဆိုတော့ အစိုးရက တားထားလို့ပါတဲ့။ အခုရော ဘာလို့ ကမ်းကပ်ခွင့် ရခဲ့တာလဲ လို့မေးတော့ အန်တီတို့ ဆရာကြီးတွေရဲ့ ကျေးဇူးကြောင့်ပါတဲ့။ ဆရာကြီးတွေက ဘာလုပ်ပေးသလဲ ??? မေးတော့ သိန်း၅၀ စီ ထုတ်ပေးပါတယ်တဲ့။ သိန်း၅၀ပေးလို့ ကမ်းကပ်ခွင့် ရတာပါတဲ့။ သိန်း၅၀ ဆိုတာ လှေတစ်စင်းစီ အတွက်ပေးရတာလား အားလုံးပေါင်းအတွက် ပေးရလား မေးတော့ အဲ့လောက်ထိ အသေးစိတ် မသိပါဘူးတဲ့။ ပိုက်ဆံပေးမှ ကမ်းကပ်ခွင့် ရခဲ့တာပါတဲ့။ အဲ့ဒီဆရာကြီးတွေက အခု ဒီကမ့်ထဲက ဘာသာရေးခေါင်းဆောင်တွေလား လို့ မေးမြန်း ရာမှာ "မဟုတ်ပါဘူး အန်တီတို့ ဆရာကြီးတွေက ရန်ကုန်ကပါ ပိုက်ဆံအရမ်းရှိတဲ့ သူဌေးကြီးတွေ ခေါင်းဆောင်ကြီးတွေပါ။ အန်တီတို့ရဲ့ ဒုက္ခမှန်သမျှကို သူတို့ပဲ အမြဲတမ်း ဖြေရှင်းကယ်တင်ပေးနေကြပါ"လို့လည်း ပြောပြပါတယ်။

အဲ့ဒီ ပင်လယ်ပြင်က ဒုက္ခသည်အမည်ခံဝင်လာတဲ့ စက်လှေတွေကို ကျွန်မတို့နှင့် အတူတူ တစ်သားတည်း လိုက်ပါလာသော ကော်မရှင်ဥက္ကဌ ကိုယ်တိုင်က ကမ်းကပ်ခွင့်မပြု ဖို့နှင့် ကပ်လာပါက ပစ်ဖို့ပါ အမိန့်ပေးပြီး ဖြစ်တယ်လို့ သိထားခဲ့ပါတယ်။ ညဘက် တည်းခိုဆောင်ကနေ ပင်လယ်ဆီ လှမ်းကြည့်ရင်လည်း လှေမှ မီးရောင်ပြပြများကို ကြယ်သေးသေးလေးများသဖွယ် မြင်နေခဲ့ရပါတယ်။ အခု လှေတွေကမ်းကပ်ခွင့်ကို ဥက္ကဌက ခွင့်မပြုသေးကြောင်း သိရပေမယ့် ခွင့်ပြုသူက ပြုလို့ စက်လှေများ သဲချောင်းကမ့်ထဲကို အဲ့ဒီနေ့မနက် အာရုဏ်မတက်ခင် ဝင်ရောက်နိုင်ခဲ့ကြပါတယ်။
အန်တီ့အနေနဲ့ ကိုယ်တိုင်သော်လည်းကောင်း/ သမီးများကိုသော်လည်းကောင်း မယားငယ် သို့မဟုတ် မယားပြိုင် အဖြစ် နေလိုပါသလား/ခွင့်ပြု ပါသလား လို့ မေးရာမှာလည်း လုံးဝလက်မခံကြောင်း/ခွင့်မပြု ကြောင်းတွေ ပြောပြပါတယ်။ ဒါပေမယ့် ဖြေဆိုသူ အမျိုးသားများကတော့ မိန်းမတစ်ယောက်မက ရှိကြသူတွေ ဖြစ်နေကြတာကို သိရပြီး ထိုသို့ မယားများများရှိခြင်းအပေါ်လည်း အလွန်ကျေနပ်ဂုဏ်ယူနေဟန် အပြည့်ရှိပါတယ်။

အလုပ်သိမ်းလို့ ညဘက်မှာ တနေကုန်စာ ရီကော့ဒင်းတွေပြန်ဖွင့်နားထောင် လက်ရေးပြန်ကူးထည့် ကွန်ပျူတာထဲထည့် စတာတွေ လုပ်ကြရတဲ့အခါ အချင်းချင်း မေးမြန်းခဲ့တဲ့ အကြောင်းတွေကို ဖလှယ်ကြပါတယ်။ ဘင်္ဂါလီကမ့်က လူတွေရဲ့ အဖြေတွေဟာ တစ်ထပ်တည်း တူညီကြတာကို တွေ့ရပါတယ်။ သူတို့အကြည်ညိုဆုံး ပုဂ္ဂိုလ် ဆိုတာကလည်း ဆရာတော်ဦးဥတ္တမနဲ့ သမ္မတကြီး ဦးသိန်းစိန်ပဲ ဖြစ်ကြပါတယ်။ ဘာလို့ကြည်ညိုလဲ မေးရင် ဘာလို့မှန်းမသိဘဲကို တအားကြည်ညိုကြတာကို တွေ့ရပါတယ်။ မေးခွန်း အားလုံးအတွက် အဖြေတွေကို ကြိုတင်ပြီး ယိမ်းတိုက်သလိုတိုက်ကာ သင်တန်းပေးထား သကဲ့သို ဖြေဆိုထားကြပါတယ်။

ဖြေဆိုသူတွေထဲက အမျိုးသားတစ်ဦးဟာ မိန်းမ အယောက်၃၀ ရှိပြီး သားသမီး အယောက် ၇၀ ရှိပါတယ်။ အလုပ်က ကြုံ ရာကျဘမ်း အလုပ်သမားပါတဲ့။ ဒီအကြောင်းအရာတွေကို စုံစုံလင်လင် ကိုယ်တွေ့မြင်ခဲ့ ကြားခဲ့ သိခဲ့ အပြီးမှာတော့ ကျွန်မဟာ ဘယ်ဘင်္ဂါလီ ကလေး/လူကြီးတွေကိုမှ ဘာအခွင့်အရေးမှ မပေးသင့်သူတွေလို့ ပြောင်းလဲ ရှု့မြင်လာမိပါတော့တယ်။

ကျွန်မတို့က ဘင်္ဂါလီ ကလေးတွေကို ကလေးသူငယ်အခွင့်အရေး လူအခွင့်အရေး ထောက်ပံ့ကြေး ဘယ်လိုပဲ ပေးကြသည်ဖြစ်စေ ကျွန်မတို့နိုင်ငံ ပိုပိုနစ်နာထိခိုက်တာကလွဲပြီး သူတို့ ကလေးတွေအနေနဲ့လည်း ဘာမှ ရရှိမှာမဟုတ်ဘူးဆိုတာကို သိလာလို့ပဲ ဖြစ်ပါတယ်။
ဘင်္ဂါလီကလေးငယ်တွေအတွက် ကလေးသူငယ်အခွင့်အရေး ၊ သားသမီးအခွင့်အရေး လူ့အခွင့်အရေး ၊ ဆိုတာတွေနဲ့ ပျှော်ရွှင်ငြိမ်းချမ်းစရာ အနာဂတ်ဆိုတာဟာ ကျွန်မတို့က ပေးလို့မရဘဲ သူတို့မိဘတွေဆီကသာ တောင်းဆိုရမှာဖြစ်ပြီး မိဘတွေက ပေးမှသာ ရကြမှာ ဖြစ်တယ်ဆိုတာကိုလည်း သဘောပေါက် လာတာကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် မယားမှတ်မှတ်၊သားမှတ်မှတ် ပေါင်းမယ့် ချစ်မယ့် စောင့်ရှောက်ချစ်ခင်ယုယမယ့် ပညာသင်ပေးမယ့် ဖခင်တွေ ဖြစ်လာဖို့ စိတ်နေစရိုက်နဲ့ ခံယူချက်တွေကို ပြောင်းလဲပေးရမှာသာ ဖြစ်ပါတယ်။

ဖခင်တွေ မိခင်တွေရဲ့ စိတ်နေစရိုက် ပြောင်းလဲလာဖို့ ဆိုတာဟာ မိန်းမများများယူ ကလေးများများမွေးဆိုတဲ့ ခံယူချက်ဆိုးကြီးပါ စွန့်လွှတ်ပြီး ဇနီးမယားတစ်ယောက်ကိုသာ မယားမှတ်မှတ် ချစ်ချစ်ခင်ခင် သစ္စာရှိရှိ စောင့်ရှောက်ဖို့နဲ့ မိမိတို့ ဝင်ငွေအရ ကျွေးမွေး စောင့်ရှောက်နိုင်တဲ့ သားသမီးပမာဏကိုသာ မွေးဖွားရပါမယ်။ ကိုယ်စိတ်နဲ့ကိုယ် ကလေး ဘယ်နှစ်ယောက်ယူယူ ဒါဟာ လူ့အခွင့်အရေးလို့ အော်လို့မရပါဘူး။ လူ့အခွင့်အရေးဆိုတာဟာ တစ်ဖက်သားကို ထိခိုက်နစ်နာအောင် လုပ်ခွင့်ပေးမထားပါဘူး။

အခု ကလေးမွေးနိုင်သလောက် မွေးတယ် ဆိုတာဟာ မွေးဖွားလာတဲ့ ကလေးငယ်တွေရဲ့ လူသားအခွင့်အရေးကို နစ်နာစေရုံမကဘဲ ရိုက်ချိုးစော်ကားခြင်းသာ ဖြစ်ပါတယ်။ ဘင်္ဂါလီကလေးတွေဟာ ဘင်္ဂါလီမိဘများရဲ့ တာဝန်မဲ့မှုကြောင့် လူလိုသူလို မဝတ်ရ မစားရ ဘဝနဲ့ သိမ်ငယ်စိတ်တွေနဲ့ ကြီးပြင်အရွယ်ရောက်လာရ သလို ခေတ်ပညာ အတန်းပညာ သင်ကြားခွင့် တွေပါ အစစ အရာရာ ဆုံးရှုံးစေပါတယ်။ ဘင်္ဂါလီကလေးငယ်တွေရဲ့ လူသားဂုဏ်သိက္ခာ လူသားအခွင့်အရေးအတွက် ဘင်္ဂါလီလူမျိုးတွေရဲ့ အားတိုင်းမွေးတဲ့ အကျင့်ကို မြန်မာနိုင်ငံရဲ့ ဥပဒေများနှင့်အညီရော နိုင်ငံသားမဟုတ်သူ ဒုက္ခသည်များအတွက် သီးသန့်ထပ်မံပြဌာန်းချက်များ ထုတ်ပြန်၍သော်လည်းကောင်း စနစ်တကျ ထိထိရောက်ရောက် တားဆီးအရေးယူ ဆုံးမပေးဖို့ လိုကိုလိုအပ်နေပြီလို့ ကျွန်မယုံကြည်ပါတယ်။


ဆက်လက်ဖော်ပြပါမည်


နေထက်ထက်အောင်

ကျွန်မရေးသားဖော်ပြလိုစိတ် မရှိခဲ့သော အကြောင်းအရာများ (၄)

$
0
0

စစ်တွေတက္ကသိုလ်ကိုရောက်တော့ မေးမြန်းရမယ့် ဆရာ/ဆရာမ များနှင့် ကျောင်းသူ/ကျောင်းသားများကို တွေ့ရပါတယ်။ စစ်တွေတက္ကသိုလ်ဟာ ခမ်းနားထည်ဝါသလို အေးချမ်းမှု အရိပ်တစ်ခုကိုလည်း ခံစားရပါတယ်။ ကျွန်မ မေးမြန်းခဲ့ရတာ ပါမောက္ခတစ်ဦး ကျောင်းသား၂ဦးပါ။


ဆရာက သားတစ်ယောက်ရှိပါတယ်။ ဘာလို့ သားသမီး များများမယူလဲ မေးရာမှာ သူတို့ လင်မယားရဲ့ ဝင်ငွေနဲ့ ကလေးတစ်ယောက်ရဲ့ ကုန်ကျစားရိတ်ကို တွက်ပြသွားပါတယ်။ ပင်စင်ယူပြီးလျှင်လည်း အလုပ်ကလေးတစ်ခု ရန်ကုန်မှာ လုပ်ဖို့ ရည်ရွယ်ပြီး ငွေစုနေရကြောင်းပါ ရင်းရင်းနှီးနှီး ပြောပြပါတယ်။

ကျွန်မမေးမြန်းသမျှကိုလည်း ရိုးရိုးရှင်းရှင်းပဲ ဖြေသွားပါတယ်။ လက်ရှိ ဖြစ်နေတဲ့ပဋိပက္ခတွေ ပြသနာတွေကိုသာအဓိက ပြောသွားပါတယ်။ အထူးသဖြင့် စစ်တွေတက္ကသိုလ်ဟာ လုံခြုံ ရေး အားနည်းနေပြီး ညဆို ရင်တထိတ်ထိတ် နေရကြောင်းနှင့် ဆရာမများ အဆောင်သည် ဘင်္ဂါလီရွာနှင့် နီးသဖြင့် ပိုပြီး စိုးရိမ်ရကြောင်းတွေ ပြောပြပါတယ်။ အစောင့်တွေရှိတဲ့ကြားက အပြင်ကနေ လှမ်းဆဲဆို ရန်စကြောင်း အခန်းထဲမှ မထွက်ဘဲ နေကြရကြောင်းတွေ ပြောပြပါတယ်။

ကျောင်းသူ/သားများကတော့ ကျောင်းလာရတဲ့လမ်းဟာ ဘင်္ဂါလီရွာကို ဖြတ်လာရတော့ ကျောင်းသူ/ကျောင်းသား အားလုံးရဲ့ လုံခြုံ မှုမရှိတာတွေ ရန်စခံရတာတွေကို ပြောပြပါတယ်။ အဆောင်ရှေ့က အင်ဘာလာမှာ အစောင့်အကျပ်တွေရှိတဲ့ကြားက ဘင်္ဂါလီများ၏ လာရောက်ဆဲဆို ရန်စမှုများ တွေ့ကြုံ နေရကြောင်း ဖြေကြားကြပါတယ်။

စစ်တွေတက္ကသိုလ်မှာ အချိန်အတော်ကြာကတည်းက တာဝန်ထမ်းဆောင်နေတဲ့ တိုင်းရင်းသား ပါမောက္ခတစ်ဦးကို ကော်မရှင်အဖွဲ့ဝင် ခေါင်းဆောင်တစ်ဦးကိုယ်တိုင် တွေ့ဆုံမေးမြန်း သတင်းရယူခဲ့ပြီး ကျွန်မက သက်သေအဖြစ် အတူလိုက်ပါခဲ့ပါတယ်။

ပါမောက္ခက ယခု ၂၀၁၂ ပြသနာကြီးတွေ မတိုင်ခင် ဟိုးကတည်းက ဖြစ်ခဲ့ဖူးတဲ့ ပဋိပက္ခငယ်တွေအကြောင်းကို ပြောပြပါတယ်။ ဘုမေရွာထဲက ဘင်္ဂါလီ သက်ကြီးရွယ်အိုများ အမျိုးသမီးများနှင့် ကလေးငယ်များဟာ အထုပ်အပိုးတွေ ခေါင်းပေါ်ရွက်ကြ သယ်ပိုးကြပြီး ဒီတက္ကသိုလ်နောက်ကျောဘက် ခြုံတော လမ်းလေးကနေ ပင်လယ်ကမ်းစပ် တစ်နေရာကို တန်းစီပြီး သွားကြကြောင်း ထိုသို့သွားပြီး မကြာခင်၂/၃ ရက် နေလျှင် ပြဿ နာတစ်ခုခု ဆူဆူပူပူ ဖြစ်ကြလေ့ရှိကြောင်းပြောပြပါတယ်။ ဘုမသိဘမသိ ခံလိုက်ရတဲ့ မြို့ခံတွေက မခံချင်စိတ်တွေ ဒေါသတွေနဲ့ လူစုပြီး ပြန်လည်တိုက်ခိုက်ကြသောအခါ ထိုမြို့ခံများမှာ ဖမ်းခံရလေ့ ရှိကြောင်းလည်း ပြောပြပါတယ်။

ထို့ကြောင့် အဆောင်နောက်ကျောဘက်က လမ်းအတိုင်းလိုက်ပြီး သူတို့ပုန်းခို စခန်းချရာကို ရှာစေချင်ပါတယ်လို့ ပြောပါတယ်။ ခေါင်းဆောင်ကတော့ အဲ့ဒါဟာ အခု သဲချောင်းဒုက္ခသည်စခန်း ဧရိယာထဲမှာပါကြောင်းနှင့် နဂိုကပင် အဆောက်အအုံများ ရှိနေပုံ ရကြောင်း ပြောခဲ့ပါတယ်။ ယခု ရခိုင်ပြသနာနှင့် မဆိုင်သော်လည်း ရန်ကုန်မြို့က (……)မြို့နယ်ရှိ (……)ကုမ္ပဏီ၏ ကန်ထရိုက်တိုက်ခန်းတွဲများတွင် ၁၀ပေ မျက်နှာစာ တိုက်ခန်းကျဉ်းလေးများ ထည့်သွင်းဆောက်လုပ်ပြီး ဘင်္ဂါလီကုလားများကို မိသားစုလိုက် အခမဲ့ နေရာချပေးထားကြောင်းးးး ကော်မရှင်အနေဖြင့် တစုံတရာ ဘာလုပ်ပေးနိုင်မလဲဟု မေးမြန်းကာ အသိပေး ပြောကြားခဲ့ပါတယ်။ စစ်တွေမြို့ မီးတိုက်မခံရခင် အချိန်ပိုင်းလောက် ကြို ရခဲ့တဲ့ အရေးကြီး သတင်းတစ်ခုအကြောင်းလည်း ပြောပြခဲ့ပါတယ်။

စစ်တွေမြို့ခံ အသိုင်းအဝိုင်းမှာ (ရခိုင်+ရခိုင်မဟုတ်သူများ) ကျွန်မမေးခဲ့တဲ့လူတွေဆီက ထူးထူးခြားခြား ဖြေကြားချက်ကတော့ ဟိုးတုန်းက မွတ်ဆလင်တွေနဲ့ အတူယှဉ်တွဲနေရတာ ပြဿ နာသိပ်မရှိခဲ့ပါဘူးတဲ့ ။ ၂၀၀၈ လောက်မှာတော့ ရခိုင်လိုရော ဗမာလိုပါ လုံးဝနားမလည်တဲ့ မပြောတတ်တဲ့ ဘင်္ဂါလီတွေ တအားများလာခဲ့ပြီး ပြသနာငယ်တွေ မကြာခဏဖြစ်ကြရပါတယ်တဲ့။ မိန်းမတွေလည်း ၄/၅ယောက်ယူ ကလေးတွေတအားမွေးပြီး စစ်တွေဟာ အရင်လို မွတ်ဆလင်တွေနဲ့ ယှဉ်တွဲနေရတာ မကောင်းတော့ဘူးလို့ ပြောကြပါတယ်။ အခုလို သူတို့က စတင်ပြီး မီးရှို့တိုက်ခိုက်သတ်ဖြတ်ကြတာကို ရင်ဆိုင်ကြုံ လိုက်ရအပြီးမှာတော့ နောင်ခါဘယ်တော့မှ အတူတွဲနေလိုစိတ်မရှိတော့သလို ယုံကြည်မှုလည်း မပေးနိုင်တော့ပါဘူးလို့ ဖြေကြပါတယ်။ မျိုးရိုးနဲ့အညှိုးဖြစ်သွားပြီး ရင်ထဲက ဒဏ်ရာက ပြန်ကုစားလို့ မရတော့ပါဘူးတဲ့။ 

ဘင်္ဂါလီတွေကတော့ ရခိုင်နှင့်တကွ မြို့ခံအားလုံးနှင့် ငြိမ်းငြိမ်းချမ်းချမ်း အရင်လိုပြန်နေချင်ပါတယ်တဲ့။ လွတ်လွတ်လပ်လပ် သွားလာ ရောင်းဝယ်လုပ်ကိုင် စားလိုပါတယ်လို့ ဖြေဆိုပါတယ်။

စစ်တွေမှာ မွတ်ဆလင် မုန်းတီးရေး လှုံ့ဆော်သူတွေ အဖွဲ့စည်းတွေ ရှိပါသလား မေးရာမှာ ရခိုင် အားလုံးက အခုရော အရင်ကပါ မရှိခဲ့ပါဘူးလို့ ဖြေကြားပါတယ်။ ရခိုင်မဟုတ်တဲ့ တိုင်းရင်းသားအသိုင်းအဝိုင်းကတော့ အရင်တုန်းက မွတ်ဆလင်မုန်းတီးရေး လှုံ့ဆော်မှု ဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီပြသနာကြီး ဖြစ်ပြီး တဲ့နောက်မှာတော့ ရခိုင်ပါတီဝင်တချို့နဲ့ ဘာသာရေးအသင်းအဖွဲ့ကလူတချို့တွေက မွတ်ဆလင်ဆန့်ကျင်ရေး ပြောဆိုမှုတွေ စည်းရုံးမှုတွေ လုပ်နေကြောင်း ကြားသိနေရပါတယ်လို့ ဖြေခဲ့ပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ နာမည်ကိုတော့ စစ်တွေရှိ ရခိုင်သာမက ရခိုင်မဟုတ်သူများ အသိုင်းအဝိုင်းတွေကပါ လက်မခံနိုင်ဘဲ သူတို့ဟာ ဟိုးးးဘင်္ဂလားဘက်က နည်းမျိုးစုံနဲ့ ခိုးဝင်နေတဲ့ ဘင်္ဂါလီတွေသာ ဖြစ်ပါတယ် ရိုဟင်ဂျာဆိုတာ လုံးဝ မဟုတ်ပါဘူး လို့ ဖြေကြားခဲ့ပါတယ်။ နစက တချို့နဲ့ အစိုးရဝန်ထမ်းတချို့ လာဘ်စားပြီး ဘင်္ဂါလီတွေကို ခိုးသွင်းနေတယ်လို့ ယုံကြည်ပါတယ်တဲ့။ သက်သေအထောက်အထားများ ရရှိထားသလားမေးတော့ ဒီလိုတော့လည်း သက်သေမရှိပါဘူးတဲ့။

စစ်တွေရှိ ဝန်ထမ်းပိုင်း အချို့နှင့် စကားလက်ဆုံပြောရင်း မေးကြည့်တော့ ဘင်္ဂါလီတို့၏ ကိုယ့်အိမ်ကိုပြန် မီးရှို့မှုတွေ ပဋိပက္ခစတင်စေတဲ့ လူစုတွေနှင့် ဒီ့အရင်က မူးယစ်ဆေးဝါးပါဝင်ပတ်သတ်မှုတွေနဲ့ ပတ်သတ်ပြီး မှတ်တမ်းမှတ်ရာ သက်သေအထောက်အထားများ အခိုင်အလုံရှိကြောင်း ပြောပါတယ်။ သက်ဆိုင်ရာ အထက်က တောင်းဆိုလာလျှင်တင်ပြ ပေးမှာဖြစ်ပြီး မတောင်းဆိုလျှင် ဘာမှမတတ်နိုင်ကြောင်း ရှင်းပြပါတယ်။ တင်ပြသင့်တဲ့ ကိစ္စတွေကို သူတို့မတောင်းလည်း မိမိတို့ အစီအစဉ်ဖြင့် တင်ပြလျှင် မကောင်းဘူးလားဟုမေးရာ …… ရယ်ရယ်မောမောဖြင့် "ကျွန်တော်တို့လောကမှာ ဆိုရိုးစကားတစ်ခုရှိတယ်ဗျ တင်ပြရင် ဖင်ချခံရတယ်တဲ့"ဘင်္ဂါလီတို့၏ လက်တံနှင့် ကွန်ယက်မှာ ကြီးကြောင်း ဘယ်အဆင့်ထိ ရှိနေမည်မသိကြောင်းပါ အရိပ်အမြွက် ပြောပြပါတယ်။

ရခိုင်နှင့် ရခိုင်မဟုတ်သူ မြို့ခံများကို (……) နိုင်ငံတကာအဖွဲ့ကြီးကို သိပါသလား မေးရာမှာ … သိကြပါတယ်။ဘင်္ဂါလီကိုသာ ကူညီတဲ့အဖွဲ့ပါလို့ ထွက်ဆိုကြပါတယ်။ ရခိုင်မဟုတ်တဲ့ နိုင်ငံတကာတက္ကသိုလ်က မဟာဘွဲ့ရ တစ်ဦးကတော့ (……)အဖွဲ့ကြီး ကို သိပါတယ်။ရခိုင်မှာ သူဘာတွေလုပ်ပေးနေလဲ ဆိုတာတော့ မသိပါဘူး။ ပလက်ဝဘက်မှာတော့ လူမှုကူညီရေးတွေ လုပ်ပါတယ်။ ၂၅% ပဲ ပြည်သူကြားရောက်ပြီး ၇၅% က မရောက်ပါဘူး။ ခေါင်းပုံဖြတ်တာတွေများပါတယ်။ စက်လှေတွေ ကားတွေနဲ့ နေ့ချင်းပြန် ရောက်တဲ့နေရာတွေမှာသာ ကူညီပါတယ်။ တကယ်ဆက်သွယ်ရေးခက်ခဲပြီး အကူညီလိုတဲ့နေရာတွေကို မသွားကြပါဘူး လို့ ဖြေပါတယ်။
အဆိုပါ အသိုင်းအဝိုင်းမှ အမေရိကန်တက္ကသိုလ် တစ်ခုတွင် ဒေါက်တာနေဝင်းမောင်နှင့်အတူ သင်တန်းတစ်ခု တက်ဖူးသူပညာရှင်တစ်ယောက်လည်း ပါဝင်ဖြေကြားပေးခဲ့ပါတယ်။ သူ၏ဖြေကြားချက်နှင့် အကြံပေးချက်များ အလွန်ကောင်းလှပါသည်။ သို့သော်ကျွန်မကိုယ်တိုင် မေးမြန်းခွင့် ရခဲ့ခြင်း မဟုတ်ဘဲ သူငယ်ချင်းဖြစ်သူမှ မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။

ရခိုင်နှင့် ရခိုင်မဟုတ်သော အသိုင်းအဝိုင်းများကပါ နိုင်ငံတကာအဖွဲ့အစည်း NGOsတွေဆီက အကူအညီမရခဲ့ဖူးပါဘူး။ သူတို့က ဘင်္ဂါလီတွေကိုသာ သီးသန့် ကူညီပါတယ်လို့ ဖြေကြားခဲ့ပါတယ်။ ရခိုင်တစ်ဦးကတော့ ပိုက်ဆံမရှိလို့ NGO ဆေးခန်းတစ်ခုကို သွားပြဖူးကြောင်း မကုသပေးဘူးလို့ မငြင်းကြောင်း သို့သော် ဘင်္ဂါလီလူနာများပြီးအောင်စောင့်ရမည်ဆို၍ ထိုင်စောင့်ပေးခဲ့ရကြောင်း သူ့ရှေ့က ရောက်နှင့်သူရော သူ့နောက်ကမှ ရောက်လာသော ဘင်္ဂါလီလူနာတွေပါ အကုန် ကုန်မှ သူတို့ကို ကြည့်ပေးကြောင်း နောက်နောင် လုံးဝမသွားတော့ကြောင်း ဖြေကြားပါတယ်။

ကုလသမဂ္ဂဝန်ထမ်းများ ဖမ်းဆီးထိန်းသိမ်း ခံရမှုအပေါ်လည်း သက်သေအခိုင်အမာ ဖြင့်ဖမ်းကြောင်း ကြားသိထားပြီး ဟုတ်မှန်ပါက ဥပဒေအတိုင်း အရေးယူပေးစေလိုကြောင်း ရခိုင်နှင့် ရခိုင်မဟုတ်သော မြို့ခံ ဖြေကြားခဲ့သူများအားလုံးက ပြောကြပါတယ်။

ကျွန်မတို့ တည်းခိုရာ ဟိုတယ်တွင် တူရကီ ကြက်ခြေနီအသင်းမှ လူတချို့လည်း တည်းခိုနေရာ မျက်မှန်းတန်းမိလာသဖြင့် မနက်စာစားသောက်ခန်းကအထွက်မှာ အဖွဲ့ထဲက တစ်ယောက်က နှုတ်ဆက်လိုက်တော့ စကားခဏ ပြောဖြစ်ခဲ့ပါတယ်။ ဒီနေ့ ဘင်္ဂါလီကမ့်အတွက် ဘာပစ္စည်းတွေသွားလှူ မှာလဲလို့ မေးတော့ ဒီနေ့ ဘင်္ဂလီကမ့်တင်မဟုတ်ဘဲ ရခိုင်ကမ့် ကိုပါ သွားလှူ မှာဖြစ်ပါတယ်။ သူတို့က အသိုင်းအဝိုင်း ၂ဖက်ကို အညီအမျှ လှူ ဒါန်းထောက်ပံ့နေပါတယ်လို့ မကျဉ်းမကျယ် ပြောပြပါတယ်။ ကျွန်မလည်း သူ့ဖြေကြားပုံနဲ့ အမူအရာတွေ သိမ်မွေ့လိမ်မာ ပါးနပ်ပုံကို အတော်လေး သဘောကျမိပါတယ်။ ရုတ်တရက် ရင်ဆိုင်လိုက်ရတဲ့ သာမန်နှုတ်ဆက် မေးခွန်းလေးကိုတောင် သတိကြီးကြီးနဲ့ လေးလေးနက်နက် ကျင်ကျင်လည်လည် စက္ကန့်မဆိုင်းဘဲ ဖြေကြားနိုင်တာဟာ တော်ရုံအရည်အချင်းမှ မဟုတ်တာဘဲကိုး။ သူ့လိပ်စာကဒ်ကို ပေးတော့မှ သာမန်ကြက်ခြေနီဝန်ထမ်းမဟုတ်ဘဲ သံရုံးအရာထမ်း တစ်ယောက်ဖြစ်နေတာ သိလိုက်ရပါတယ်။ အရည်အချင်းပြည့်ဝပြီး ရာထူးနှင့်ထိုက်တန်သူ ဖြစ်ကြောင်း စိတ်ထဲကနေ မှတ်ချက်ချမိခဲ့ပါတယ်။ ပဋိပက္ခများအတွင်းမှာ နိုင်ငံတကာ NGO များကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက်မှာတော့ NGO အဖွဲ့များသည် ရခိုင်ဒုက္ခသည် စခန်းများကိုလည်း သွားရောက်ထောက်ပံ့တဲ့ သတင်းနှင့် ဓါတ်ပုံများ တွေ့လာရပါတယ်။
ကျွန်မတို့သည် ပဋိပက္ခများအတွင်း ဒဏ်ရာရကာ ဆေးရုံတက်ရောက်ရသူများအား မေးမြန်းခဲ့ကြပါတယ်။ ကျွန်မမေးခွင့်ရတဲ့ သူက တကိုယ်လုံးမှာ ဒဏ်ရာဗရပွနဲ့ ဖြစ်နေသူပါ။ ဓါးဒဏ်ရာ များစွာဖြင့် ဆေးရုံတက်နေသူဖြစ်ပါတယ်။ အခြေအနေကတော့ အသက်အန္တရာယ်ကနေ လွန်မြောက်နိုင်ခဲ့ပြီး စကားကောင်းကောင်း ပြောနိုင်နေပါပြီ။ အိပ်ရာကတော့ မထနိုင်သေးပါဘူး။ (……) နေရာက ဘင်္ဂါလီနဲ့ ရခိုင်တိုက်ပွဲမှာ ဒဏ်ရာရခဲ့သူပါ။ ကျွန်မက သူ့ကိုမေးမြန်းတော့ သူ့ဆီက အမှုမပေါ်အောင် ဖုံးကွယ်ဖြေကြားမှုတွေသာ ကြားရမယ်လို့ ထင်ခဲ့တာပါ။ သူက အားလုံးကို ဖြေကြားပေးခဲ့ပါတယ်။

ပညာအရည်အချင်းက မူလတန်းအောင်ပါ။ အလုပ်ကတောင်သူဖြစ်ပြီး ဝင်ငွေက ၃လ စပါးတင်း၁၀၀ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပြီးတဲ့နောက် ပိုက်ဆံမရှိ ဝင်ငွေမရှိတော့ဘဲ ဒုက္ခရောက်နေကြပါတယ်တဲ့။ သူနေတဲ့ မြို့ကိုသာသိပြီး တခြားဘယ်မြို့ရွာမှာမှ မနေလိုပါဘူတဲ့။ သူအလေးစား အကြည်ညိုဆုံးလူကိုပြောပါဆိုတော့ ငါတို့ရခိုင်လူမျိုးပဲ ငါတို့လေးစားကြည်ညိုပါတယ်တဲ့။ ဘာလို့လဲ ဆိုတော့ ငါတို့က သူများလည်း အနိုင်မကျင့်ဘူး ကိုယ့်လာအနိုင်ကျင့်လည်း မခံဘူး အဲ့ဒါကြောင့်လို့ ပြောပါတယ်။

ယခု ဓါးဒဏ်ရာတွေဟာ ဘင်္ဂါလီတွေက ငါတို့ရခိုင်လူနည်းစုကို သတ်ဖြတ်ပြီး ငါတို့မြေကို လုချင်လို့ လုပ်တာလို့ပြောပါတယ်။ 

လယ်လုပ်နေတုန်း တိုက်ခိုက်ခံရတာလား???

ရွာထဲမှာနေတုန်းတိုက်ခိုက်ခံရတာလား???

မေးရာမှာ……
(……) အဲ့က အမျိုးတွေကဖုံးဆက်ခေါ်လို့ အကူအညီသွားပေးတာပါတဲ့။ အဲ့ဒီမှာ ရခိုင်က နည်းပြီး ကုလားက သိပ်များနေလို့ပါ။ ဒီညလာတိုက်ဖို့ ပြင်ဆင်နေတာသိတော့ အဲ့ကလူတွေက သူတို့ ကိုယ်ဆီရဲ့အမျိုးတွေဆီဖုံးဆက်အကူညီတောင်းတော့ ရွာက အမျိုးတွေ လူစုပြီးသွားကူပါတယ်။ သက်ဆိုင်ရာကို အကူအညီတောင်းဖို့ လူလွှတ်ပေမယ့် ဘာမှအကျိုးကြောင်း မပြန် မသိရတော့ အချိန်လည်း မရှိတော့လို့ လှေတွေနဲ့ ထွက်သွားနှင့်ခဲ့ပါတယ်တဲ့။ လှေဆိပ်ရောက်တော့ ရွာကလူတွေကလည်း ရွာအပြင်ထွက်လာစောင့်နေကြပါတယ်။ ဘာပြု လို့လဲဆို ရွာထဲကစောင့်ရင် မီးတင်ရှို့ခံရမှာမို့လို့ အပျက်အစီးအဆုံးရှုံးသက်သာအောင် ရွာအရှေ့က ထွက်ခုခံဖို့ ဆုံးဖြတ်ထားတယ်ပြောပါတယ်။

ဘင်္ဂါလီအင်အားဘယ်လောက်ရှိမယ်ထင်တုန်း မေးတော့ သူ့အပြောက တစ်သောင်းလောက်ရှိမယ်တဲ့။ ဘယ်လိုလုပ် တစ်သောင်းလောက်ရှိမှန်း သိတာလဲ မေးတော့ "ငါတို့အင်အားက တစ်ထောင်ကျော် နှစ်ထောင်နီးပါးလောက်ရှိတယ်လေ။ ငါတို့ထက်ဆယ်ပုံလောက်ရှိလို့ တစ်သောင်းမှန်းတာပေါ့"လို့ ဖြေပါတယ်။ တိုက်ပွဲက လှေဆိပ်နားတင်ဖြစ်ပွားပြီး ညနေ၇နာရီခန့်က စတင်ပြီး ညဆယ်နာရီ စစ်တပ်မှ ရောက်လာတားမြစ်ချိန်မှာ ပြီဆုံးပါတယ်တဲ့။ ဘင်္ဂါလီတွေက ယမ်းထောင်းသေနတ် ၊ဂျင်ကလိ၊ ဒူးလေးနဲ့ ပစ်ပါတယ်။ ဓါးရှည်တွေနဲ့ ခုတ်ပါတယ်တဲ့ ။
ရခိုင်တွေကရော ဘယ်လိုလက်နက် မျိုးတွေသုံးစွဲသလဲမေးတော့ ဓါးရှည်နဲ့ လှံရှည်ကို သုံးပြီး တိုက်ပါတယ်တဲ့။ ရခိုင်ဘက်က သေနတ်ဒဏ်ရာနဲ့ ၃ယောက်သေပြီး သူအပါအဝင် ၄ယောက် ဒဏ်ရာရဆေးရုံတက်ပါတယ်တဲ့။ ဘင်္ဂါလီဘက်က သေဆုံးဒဏ်ရာရစာရင်း မသိရပါဘူး။ သူတို့က ဒီဘက်ဆေးရုံတွေကိုလည်း ဆေးလာမကုဘူးလို့ သိရပါတယ်တဲ့။ ဒါဆိုရင် …

ဒဏ်ရာရ ဘင်္ဂါလီတွေ ဘယ်ရောက်ကုန်သလဲ???

ဘယ်မှာဆေးကုခံသလဲ ????

ဘယ်နေရာတွေက လက်ခံကုသပေးနေတာလဲ ???

ဒီတိုက်ပွဲတွေ ပဋိပက္ခတွေမှာ ဒဏ်ရာရသူတွေကို ဆေးကုသပေးတဲ့နေရာဟာ ဘယ်နေရာမှာ ရှိနိုင်သလဲ???
သူ့ရဲ့ ဘယ်လက်၊ညာလက်၊ခေါင်း၊ရင်ဘတ် ၊ကျော ၊ တင်ပါး၊ ပေါင် စသည်တို့တွင် ဓါးဖြင့်ခုတ်ခံခဲ့ ရပါတယ်တဲ့။ ပြန်လည်တိုက်ခိုက်နိုင်ခဲ့သလားဆိုရာမှာ ကောင်းကောင်း ပြန်လည်တိုက်ခိုက်နိုင်ခဲ့ပြီး နောက်ဆုံးလူဆီမှာ သူ၏ လှံ စိုက်ပါသွားတယ်လို့ ဖြေပါတယ်။

သူက NLD ပါတီ ရခိုင်ပါတီ ကြံ့ခိုင်ရေးပါတီနှင့်တကွ မည်သည့်ပါတီကိုမှ မသိပါဘူးလို့ဖြေဆိုပါတယ်။ နစက ဆိုတာလည်း မသိပါဘူး။ ဘယ်NGO အဖွဲ့ကိုမှလည်း မသိပါဘူးတဲ့။ သာလွန်လက်နက် အင်အား သာလွန်လူအင်အားတွေနဲ့ ရင်ဆိုင်တွေ့ရာမှာ နောက်လှည့်မပြေးဘဲ တိုက်ပွဲပြီးချိန်ထိ ရင်ဆိုင်တိုက်ခိုက်ခဲ့သူ ရခိုင်သားတစ်ဦးကို တွေ့ဆုံမေးမြန်း မှတ်တမ်းယူခွင့် ရခဲ့တာပါ။

ဘင်္ဂါလီအသိုင်းအဝိုင်းဆီကတော့ ပဋိပက္ခတွေ တိုက်ပွဲတွေနဲ့ပါတ်သတ်ပြီး မည်သည့် သတင်းအစအနနှင့် ဖြေကြားချက်မျိုးမှ မရခဲ့ပါဘူး။

××× ××× ×××

ကျွန်မတွေ့ဆုံ မေးမြန်း ခဲ့သမျှကို လိုတိုရှင်း ရေးသားပေးခဲ့ပါပြီ။ ယခင်က ဘာလို့ မရေးတာလဲ လို့ အားမလိုအားမရ မေးသူများ ရှိခဲ့ပါတယ်။

၁။ ကျွန်မအနေနှင့် ကိုယ်လုပ်တဲ့ အလုပ်နဲ့ အဖွဲ့အစည်း အပေါ် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သစ္စာရှိရှိ နှုတ်လုံလုံ နေချင်လို့ပါ ။

၂။ ဒေါက်တာမျိုးမြင့် ဦးဆောင်တဲ့ ကော်မရှင်ဟာ ချောင်ပိတ်ဖမ်းဖို့ စောင့်ကြည့်နေတဲ့ OIC အပါအဝင် ကမ္ဘာ့အဖွဲ့အစည်းပေါင်းစုံရဲ့ ဝေဖန်စရာထောက်ကွက် မရှိခဲ့တဲ့အပြင် ဘက်မလိုက်အဖွဲ့တွေရဲ့ ချီးကျူးမှုကိုရခဲ့တဲ့အထိ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့်ပါ။

၃။ ကော်မရှင်အကြံပြု ချက်အတိုင်း လုပ်ဆောင်လျှငှ်ုတဖြည်းဖြည်းချင်း အဆင်ပြေထူထောင်လာမယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒါတွေကို အကျယ်အကျယ် မပြောသင့်တော့ဘူးလို့ ယူဆလို့ မပြောတော့တာပါ။

အခုရော ဘာလို့ရေးသလဲ ??? 

၁။ ကော်မရှင်အသစ် ထပ်မံဖွဲ့စည်းချင်းဟာ ယခင်ကော်မရှင်ဟောင်းရဲ့ လုပ်ငန်းစဉ် အားလုံးကို ပြည်ဖုံး ကန့်လန့်ကာချလိုက်ပြီလို့ ယူဆတာကြောင့်ပါ။

၂။ယခုတကျော့ပြန်ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုများဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်ရိုက်တိုက်ခိုက်လာနိုင်တဲ့ထိ အင်အားကောင်းလာပြီး လက်နက်မဲ့ တိုင်းရင်းသားများအတွက် လုံခြုံမှု လုံးဝနီးပါး မရှိတော့တာကြောင့်ပါ။

၃။ ယခုအခါ အသစ်တဖန်ပြန်လည် ဖွဲ့စည်းထားသော မစ္စတာကိုဖီအာနန် ကော်မရှင်အတွက် တစုံတရာ အထောက်အကူငယ်လေး ဖြစ်စေရန်အတွက်ကြောင့်ပါ။

စတဲ့ အကြောင်းတရားတွေကြောင့် ရေးဖို့ ဆုံးဖြတ်လိုက်တာပါ။

ကျွန်မသည် ပုဂ္ဂလိက အမြင်အားဖြင့် ယခု ကိုဖီအာနန်ဦးဆောင်သော ကော်မရှင်အသစ်ကို မယုံကြည်ဘဲ စိတ်ပူစွာ စောင့်ကြည့်နေသူ ဖြစ်ပါတယ်။ သို့သော် ပြည်သူက ယုံကြည်စွာ တင်မြောက်ရွေးချယ်ထားတဲ့ အစိုးရနှင့်အတူ ပြည်သူအများစုနှင့် နိုင်ငံတကာကပါ လေးစားယုံကြည်ထောက်ခံသူ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ခေါင်းဆောင်တစ်ယောက်၏ လက်ထက်မှာသာ ဒီဘင်္ဂါလီတို့၏ သမိုင်းလိမ်ကိစ္စကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်း နိုင်မည်ဟုလည်း နားလည်သဘောပေါက်နေပါသည်။ ထိုသို့ဖြေရှင်းနိုင်မှသာ ဘင်္ဂလားဒေ့ရှ်၏ Population အား လက်နက်အသွင် အသုံးချ ကျူးကျော်မှုကို တားဆီးကာကွယ်နိုင်မှာလည်းဖြစ်ပါသည်။

လက်ရှိ အစိုးရနှင့် ကော်မရှင်သစ်သည် ရခိုင်ပါတီခေါင်းဆောင်များနှင့် ပိုမိုရင်းနှီးပွင့်လင်းသော ဆက်ဆံရေး တည်ဆောက်ကာ ကော်မရှင်အဖွဲ့အတွင်း ပါဝင်ပူးပေါင်းဆောင်ရွက်စေခြင်းဖြင့် ရခိုင်ပါတီနှင့် ရခိုင့်ခေါင်းဆောင်တို့၏ စိုးရိမ်ပူပန်မှုများကို ဖြေလျှော့ပေးသင့်သည်ဟု မြင်ပါသည်။

ရခိုင့်ခေါင်းဆောင်ပိုင်းမှလည်း ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်ကို သိုင်းသိုင်းဝိုင်းဝိုင်း ရင်းရင်းနှီးနှီး ဆက်ဆံ၍ ဤ သမိုင်းလိမ်ကိစ္စကို ကော်မရှင်နှင့် ကမ္ဘာ့ခေါင်းဆောင်များ သိမြင် လက်ခံလာအောင် လုပ်ဆောင်ဖို့ရာ အခွင့်အရေးကောင်းတစ်ရပ်အဖြစ် ရှု့မြင် အသုံးချသင့်သည်ဟုလည်း မြင်မိပါသည်။



ပျော်ရွှင်ကံကောင်းပါစေ အမိမြေ


နေထက်ထက်အောင်

"အနောက်တံခါးက အကြမ်းဖက်နှိမ်နှင်းမှု စစ်ဆင်ရေး "

$
0
0



ကျွန်တော်တို့ ကို လာချတဲ့ အထဲမှာ ဒီနားတစ်ဝိုက် ရွာတွေကကောင်တွေ ပါတယ်ဗျဟု အံကြိတ်ကာ ပြောဆိုနေသူမှာ ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဋ္ဌာနချုပ်စခန်းမှ ဒုတပ်ကြပ်အဆင့်ရှိ နယ်ခြားစောင့် ရဲ တပ်ဖွဲ့ ဝင်တစ်ဦးဖြစ်သည် ။


ဒါ ဒုတပ်ကြပ် ဇာနည်ထိုက် ဆိုင်ကယ် ။ သူ က ကျွန်တော့် သူငယ်ချင်း ။ သူ ကျဆုံးတာ အဲဒီနေရာမှာ ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့  ဌာနချုပ် နှင့် ကိုက် ၁၀၀၀ ခန့် အကွာတွင် တည်ရှိသည့် လုံခြုံရေးကင်းစခန်းဝင်းအတွင်းမှ ဆိုင်ကယ်တစ်စီးနှင့် မြေပြင်တစ်နေရာကို လက်ညိုးထိုးပြရင်း ၎င်းက ဆက်ပြောသည် ။

ဒီနေရာမှာ ကျတာ အားလုံးငါးယောက် ။ သူတို့ အားလုံး သေနတ်မဖောက်လိုက်နိုင်ဘဲ အလစ်ခံလိုက်ရတာ ။ တကယ်လို့ သေနတ်ပြန်ပစ်နိုင်ခဲ့လျှင် ကျွန်တော်တို့ ဆီက သေနတ်သံ ကြားရမယ် ။ ဒါဆို ဒီလောက် အငိုက်မိသွားမှာ မဟုတ်ဘူး ဟု အခြားနယ်ခြားစောင့် ရဲတပ်ဖွဲ့ ဝင်တစ်ဦးက မှတ်ချက် ဆက်ပေးသည် ။

၂၀၁၆ အောက်တိုဘာ ၉ရက်နေ့  အစောပိုင်းက မောင်တောခရိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် ( ကျီးကန်းပြင် ) နှင့် အခြား ကင်းစခန်းနှစ်ခုအား ဘင်္ဂါလီ အကြမ်းဖက်သမားများက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးပြီး လက်နက်အများအပြားကို အကြမ်းဖက်သမားများက ယူဆောင်သွားခဲ့သည် ။ ထိုနေ့ မှ စ၍ ဒေသတွင်း မတည်မငြိမ်မှုများ စတင်ပေါ်ပေါက်လာတော့သည် ။

ဘူးသီးတောင် ၊ မောင်တောခရိုင်သည် ဘင်္ဂါလီအများစုနေထိုင်ရာ ဒေသဖြစ်ပြီး ရခိုင်တိုင်းရင်းသားကျေးရွာ ၃၄၉ ရွာနှင့် ဘင်္ဂါလီကျေးရွာ ၅၃၆ ရွာ ရှိသည် ။ လူဦးရေစာရင်းအရ တိုင်းရင်းသား တစ်သိန်းနှစ်သောင်းကျော်နှင့် ဘင်္ဂါလီ ခုနှစ်သိန်း ခြောက်သောင်းကျော်ရှိသည် ။ ဒေသတွင်းရှိ ဘင်္ဂါလီ အချို့ က အကြမ်းဖက်သမားများကို ထောက်ခံအားပေးကာ အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်ခဲ့ကြသည် ။

တိုက်ခိုက်မှုအား RSO အကြမ်းဖက်သမား ၁၂ဦးမှ ပြည်ပငွေကြေးထောက်ပံ့မှုဖြင့် စီစဉ်ပြုလုပ်ခဲ့သည် ။ ဒေသတွင်းမှ ဘင်္ဂါလီအချို့ အား လေ့ကျင့်သင်တန်းပေးကာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းခြောက်ခုကို တစ်ပြိုင်တည်း တိုက်ခိုက်ရန် စီစဉ်ခဲ့သည် ။ တိုက်ခိုက်သည့် နေ့ တွင် နေရာသုံးခုကိုသာ တိုက်ခိုက်ခဲ့သော်လည်း တိုက်ခိုက်မှုမှ လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရသည္ ။ ရဲတပ်ဖွဲ့ ဝင် ၉ ဦး ကျဆုံးခဲ့ပြီး အကြမ်းဖက်သမား ၈ဦးသေဆုံးကာ နှစ်ဦးကို အရှင် ဖမ်းမိခဲ့သည် ။ ထိုနေ့ တွင်ပင် တပ်မတော် ၊ ကက( ကြည်း) မှ နိုင်ငံတော် သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင်နယ်မြေများအား စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်သည် ။ ပြည်ထဲရေးဝန်ကြီးဌာနမှ ပုဒ်မ ၁၄၄ ထုတ်ကာ ညမထွက်ရ အမိန့် ထုတ်ပြန်သည် ။

ဒီဒေသက ရဲစခန်းတွေကို တိုက်ခိုက်တာမျိုး မဖြစ်တာ နှစ် အတော်ကြာခဲ့ပြီလေ ။ လုံခြုံရေး ပေါ့ပေါ့ဆဆ ဖြစ်ကုန်တာပေါ့ ။ အငိုက်မိသွားတာဟု စီးနင်းတိုက်ခိုက်ခံရသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည် ။"ကာကင်းကုန်း က အဖွဲ့တွေက ညကတည်းက သတ်ခံလိုက်ရတာ ဖြစ်မယ် ။ သူတို့  မသိဘဲ ဗဟိုကင်းနားထိ ဝင်လာလို့  မရဘူး ဟု အဆိုပါ တပ်ဖွဲ့ဝင်ကပင် ဆက်လက်ပြောကြားသည် ။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်စခန်း နှင့် ကိုက် ၁၀၀၀ ခန့် အကွာတွင် ထားရှိသော ကင်းစခန်းမှ တပ်ဖွဲ့ဝင်များအားလုံး အသံတိတ် လုပ်ကြံသတ်ဖြတ်ခံရကာ ထိုလမ်းကြောင်းမှ တစ်ဆင့် တပ်တွင်းသို့  ၀င်ရောက်လာခဲ့ပြီး ဗဟိုကင်း အနားထိ ချဉ်းကပ်နေရာယူထားခြင်းဖြစ်ကာ နံနက်အစောပိုင်းတွင်မှ တိုက်ခိုက်မှုအား စတင်ခဲ့ခြင်း ဖြစ်သည် ။

ဝင်ပေါက်ဂိတ်ကြီးက ရောင်ပြတိုက်တာ ။ဂိတ်ကြီးကို စတိုက်ခံရတော့ လုံခြုံရေးအဖွဲ့တွေက ဂိတ်ကြီးဆီ ပြေးကြတယ် ။ အဲဒီအချိန်မှာမှ ဗဟိုကင်းကို စတိုက်တာဟု တိုက်ခိုက်ခံရမှုတွင် ပါဝင်ခဲ့သူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည် ။ "လူ ရာနဲ့ ချီပြီး တက်လုံးလိုက်တော့ ဗဟိုကင်းက ခဏလေးနဲ့ ကျသွားတယ် ။ ဗဟိုကင်း နဲ့ ကိုက် ၁၀၀ လောက်အထိ ဆုတ်ပေးလိုက်ရတယ် ။ အဲဒီမှာမှ လက်နက်တွေကို ထုတ်ယူပြီး ဆုတ်သွားတာဟု ၎င်းက ဆက်လက်ပြောဆိုသည် ။

ဗဟိုကင်း နှင့် မနီးမဝေးတွင် ဌာနချုပ်မှူး၏ နေအိမ်ရှိသော်လည်း အကြမ်းဖက်သမားများမှာ ရှေ့သို့ တိုးလာခြင်း မပြုတော့ဘဲ ဗဟိုကင်း နှင့် ကိုက် ၁၀၀ ခန့်မှ ဆက်လက်ခုခံပစ်ခတ်နေသော ကင်းအဖွဲ့အား ပစ်ခတ်ထိန်းချုပ်ထားပြီး လက်နက်တိုက်အား ဖောက်ကာ လက်နက်များ သယ်ယူခဲ့ကြသည် ။

မောင်တောမြို့ မှ စစ်ကူလိုက်လာသည့် တပ်မတော် စစ်ကြောင်းမှာ လမ်းခုလပ်တွင် မိုင်းဖောက်ခွဲတိုက်ခိုက်ခံရသော်လည်း မော်တော်ယာဉ်သာပျက်စီးသွားခဲ့သည်။ စစ်ကူက ချက်ချင်းလိုက်တယ် ။ တိုက်ခိုက်ခံနေရတာကို ချက်ချင်း ဖုန်းသတင်းရတယ် ။ ချီတက်လာတဲ့  စစ်ကူကို လမ်းက မိုင်းခွဲတယ် ။ ဂေါက်ကွင်းဘက်က ပစ်တယ် ။ ဒါနဲ့ တပ်တွေ အတင်းလိုက်ရှင်းတော့ ဆုတ်သွားတယ် "ဟု တပ်မတော်အရာရှိတစ်ဦးက ဖြစ်စဉ်ကို ရှင်းပြသည် ။ မောင်တောမြို့  နှင့် တိုက်ခိုက်ခံရသည့် ကျီးကန်းပြင် ရဲ ဌာနချုပ်မှာ မိနစ် လေးဆယ်ခန့်  ကားဖြင့်သွားရသည့် ခရီးအကွာအဝေး ဖြစ်သည် ။

အောက်တိုဘာ၉ရက် တိုက်ခိုက်မှု အပြီးတွင် ဒေသတွင်း၌ ကောလဟာလများ လျှင်မြန်စွာ ပြန့် နှံ့လာခဲ့ပြီး ရွာအများအပြားသည် နေအိမ်များ စွန့် ခွာ ထွက်ပြေးတိမ်းရှောင်ကြသည် ။ ရွာတွေကိုပါ ဝင်စီးမယ် သတင်းထွက်နေတော့ မနေရဲဘူး ။ ရခိုင်ရွာ တစ်ရွာရှိရင် ဘင်္ဂါလီက ရွာနှစ်ဆယ်လောက်ရှိတာ သူတို့ က လူသိပ်များတယ် ။ အခု သေနတ်တွေ ပါသွားတယ်ဆိုတော့ ပိုဆိုးတာပေါ့ ဟု ထွက်ပြေးတိမ်းရှောင်လာသူ ရခိုင်တိုင်းရင်းသား တစ်ဦးက ဆိုသည် ။

ထွက်ပြေးသူ ရခိုင်တိုင်းရင်းသားများသည် နီးစပ်ရာ တပ်စခန်းနင့် အနီးဆုံးမြို့ များသို့  အုပ်စုလိုက် ထွက်ပြေးတိမ်းရှောင်ကြသည် ။ ရွာများ တည်ရှိနေပုံအရ ဘင်္ဂါလီရွာ နှစ်ဆယ်ခန့်ကြားတွင်မှ ရခိုင်ရွာ တစ်ရွာခန့်  ရှိနေခြင်း ဖြစ်ရကား နယ်မြေတည်ငြိမ်မှု မရှိတော့သည့်အခါ ရွာအား ဘင်္ဂါလီ များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ရခိုင်တိုင်းရင်းသားရွာများအနေဖြင့် ထွက်ပြေးတိမ်းရှောင်ကြခြင်း ဖြစ်သည် ။

သို့ သော်လည်း အချို့  ရွာများမှာမူ ထွက်ပြေးခြင်း မပြုကြပေ ။ အထူးသဖြင့် လမ်းမနံဘေးတွင် ရှိပြီး တပ်မတော် ၊ ရဲတပ်ဖွဲ့ စခန်းများနှင့် အလှမ်းမဝေးလှသော ရွာများမှာ ပြောင်းရွေ့ ခြင်း မပြုဘဲ ဆက်လက်နေထိုင်ကြသည် ။ "နေ့  ည အဖွဲ့လိုက် ကင်းစောင့်တယ် ။ တစ်ခုခု မသင်္ကာစရာတွေ့ ရင် ရဲကို အကြောင်းကြားမယ် ။ ကျွန်တော်တို့ က တတ်နိုင်သလောက် ခုခံထားမယ်ဟု မပြောင်းရွေ့ဘဲ ကျန်ခဲ့သော ရခိုင်ရွာတစ်ခုမှ ရွာလူကြီးက ဆိုသည် ။ ထိုရွာမှာ အနီးဆုံး ရဲတပ်ဖွဲ့ စခန်းမှ ကားဖြင့်လာလျှင် နာရီဝက်ခန့်  ခရီးအကွာတွင် ရှိသည် ။

ဒေသတွင်းရှိ ဘင်္ဂါလီ ရွာ အများစုမှာ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုသော်လည်း အခင်းဖြစ်ရာ ဒေသနှင့် အနီးတစ်ဝိုက်ရှိ ဘင်္ဂါလီရွာ အချို့ မှာ ထွက်ပြေးတိမ်းရှောင်ကြသည် ။ နီးစပ်ရာ ရွာများတွင် သွားရောက်နေထိုင်ကြသူများ ရှိသလို ရွာနှင့် မနီးမဝေးတောထဲတွင် ထွက်ပြေးတိမ်းရှောင်နေသူများလည်း ရှိသည် ။ များသောအားဖြင့် ဘင်္ဂါလီရွာများတွင် ယောက်ျားသားများ မရှိတော့ပေ ။ မိန်းမနှင့် ကလေးများသာ ရှိပြီး မည်သို့ မှ စစ်ဆေးမေးမြန်း၍ မရသည့်အတွက် ဝင်ရောက် စစ်ဆေးသူ လုံခြုံရေးတပ်ဖွဲ့ဝင်များ အခက်တွေ့ကြရသည် ။

ညပိုင်း ပြန်ဝင်လာတယ် ။ မနက်ပြန်ပျောက်သွားတယ် ။ ညပိုင်း ဘင်္ဂါလီရွာထဲဝင် စစ်ဆေးဖို့ ကြတော့လဲ အခက်အခဲတွေ အများကြီး ရှိတယ်ဟု ရွာများအား ရှာဖွေစစ်ဆေးနေသည့် လုံခြုံရေးစစ်ကြောင်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည် ။

ဘင်္ဂါလီရွာများ၏ ဖွဲ့စည်းပုံမှာ ဝင်းထရံများအား အလုံပိတ်ကာရံထားပြီး အိမ်များမှာလည်း ပြူတင်းပေါက်များ နည်းပါးရာ နေ့ ခင်းအချိန်မှာပင် မှောင်မဲ နေလေ့ရှိသည် ။ အိမ်တစ်အိမ်တွင် အနည်းဆုံး မိသားစုဝင် ၇ဦးမှ ၂၀ဦးခန့် အထိ ရှိကြသည် ။ ရွာတစ်ရွာတွင် ဘင်္ဂါလီရွာသား ရာဂဏန်းမှ ထောင်ဂဏန်းအထိရှိပြီး တိုက်ခိုက်မှု ဖြစ်ပွားရာ ဒေသရှိ ရွာများမှာ တစ်ရွာနှင့် တစ်ရွာ ဆက်စပ်နေသော ရွာတန်းရှည်များ ဖြစ်ကြသည် ။

အောက်တိုဘာလ ၁၁ ရက်နေ့ တွင် နယ်မြေရှင်းလင်းနေသည့် တပ်မတော် နှင့် ရဲတပ်ဖွဲ့ ဝင်များပါဝင်သော စစ်ကြောင်းတစ်ခုကို ဘင်္ဂါလီ အကြမ်းဖက်သမားများ နှင့် ဘင်္ဂါလီ ရွာသား၃၀၀ ခန့် က လက်နက်ငယ်များ ၊ တုတ်ဓားလက်နက်များဖြင့် ၀င်ရောက်တိုက်ခိုက်သည် ။ ထိုတိုက်ခိုက်မှုတွင် စစ်ကြောင်း၏ ရှေ့ ဆုံးပွိုင့်မှ စစ်သည်ငါးဦး လက်နက်ငယ်ထိမှန် ကျဆုံးသည် ။ 

ကားလမ်း၏ ဗယ်ဘက်ခြမ်းတောင်ကုန်းပေါ်မှ လက်နက်ငယ်များဖြင့် စတင်အငိုက်ဖမ်းပစ်ခတ်ပြီး စစ်ကြောင်း ရပ်တန့်  သွားချိန်တွင် လူအုပ်စုနှစ်စုခွဲကာ ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်သည် ။ ထိုဖြစ်စဉ်တွင် ကျဆုံးစစ်သည် နှစ်ဦး၏ လက်နက်များ ထပ်မံဆုံးရှုံးခဲ့ရသည် ။

လမ်းတွေကို သစ်ပင်တွေ ပိတ်ပြီး လှဲထားတယ် ။ လူငါးဆယ်လောက် ရှိတယ် ။ ရွာအပြင်ဘက် အစပ်မှာ ။ ဒါနဲ့  ကျွန်တော် လူလွှတ်ပြီး ပြောခိုင်းတယ် မလုပ်ပါနဲ့  လို့  ။ မရဘူး ။ ဓားနဲ့  ရွယ်တယ် ။ လူတစ်ချို့ ကို သူသိတယ် ။ ကြက်ရိုးပြင်ရွာက လူတွေပါတယ် ။ ဒါနဲ့  ကျွန်တော် ပြောခိုင်းတဲ့  လူလဲ ပြန်ပြေးလာရတယ်ဟု ( - ) ကျေးရွာမှ မြန်မာစကား ကျွမ်းကျင်စွာပြောဆိုနိုင်သော ရွာလူကြီး ကိုမောင်မောင် ( အမည်လွှဲ ) က The Myanmar Review Journal သို့  ပြောသည် ။ ကိုမောင်မောင်သည် ဘင်္ဂါလီ အမျိုးသား တစ်ဦးဖြစ်ကာ အစ္စလာမ်ဘာသာဝင်တစ်ဦးလည်း ဖြစ်သည် ။

ကျွန်တော်က အစိုးရကို အကူအညီပေးတယ်တဲ့ ။ အစိုးရဘက်သားတဲ့ ။ သစ်ပင်လှဲတာ မလုပ်ဖို့  ပြောပြီးတဲ့ နောက်ပိုင်း ကျွန်တော့်ကို ရန်လုပ်ဖို့  ကြိုးစားလာတယ် ။ ခြိမ်းခြောက်တယ် ။ နိုင်ငံခြား နံပါတ်နဲ့ Viber က မက်ဆေ့တွေဝင်လာတယ် ။ ကျွန်တော့်ကို လည်လှီးမယ်တဲ့ ။ အခု ဖုန်းက Viber ပါ ဖြုတ်ထားရတယ် ဟု ကိုမောင်မောင်က ဆက်လက်ပြောသည် ။
အောက်တိုဘာ ၉ ရက်တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်သမားများအနေဖြင့် လူစုခွဲကာ ထွက်ပြေးသည်ဟု ယူဆရသည်။ အချို့ တစ်ဝက်မှာ မေယုတောင်ကြော ပေါ်သို့  တက်ကာ ခိုအောင်းနေသည်ဟု ယူဆရပြီး အချို့ မှာ ကျေးရွာအချို့ တွင် ခိုအောင်းလျက် ရှိကြသည် ။

အောက်တိုဘာကိုးရက် နောက်ပိုင်းတွင် ကျီးကန်းပြင် ဌာနချုပ်သို့  တပ်မတော်ရဟတ်ယာဉ်များ အဆက်မပြတ် စတင်ဆင်းသက်လာကာ တပ်မတော် စစ်ကြောင်းများ ရောက်ရှိလာသည် ။ ရောက်လာသည့် တပ်များသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တံဆိပ် တပ်ဆင်ထားသော တိုက်ခိုက်ရေး တပ်မ တစ်ခုမှ တပ်များ ဖြစ်ကြသည် ။ ရှေ့ တန်း တပ်မဌာနချုပ်ပါ မောင်တောဒေသအတွင်း ရောက်ရှိ အခြေပြုလာသည် ။ ရွာများသို့ အဆက်မပြတ် ၀င်ရောက်ရှင်းလင်းမှုများ ပြုလာသည့် အပြင် မေယုတောင်ကြောပေါ်သို့  တပ်မတော် စစ်ကြောင်းများ အများအပြားတက်သွားလျှက် ရှိကြောင်း ဖားဝပ်ချောင်းကျေးရွာရှိ ရခိုင်အမျိုးသားတစ်ဦးက ပြောပြသည် ။

အောက်တိုဘာ ကိုးရက် တိုက်ခိုက်မှုတွင် အရှင်ဖမ်းဆီးရမိသူ နှစ်ဦး ရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူ အကြမ်းဖက်သမားနှစ်ဦးအား ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်လည်အပ်နှံခဲ့ရာ အရှင်ဖမ်းမိသူ အကြမ်းဖက်သမား လေးဦး ရှိလာသည် ။ ထိုသူများအား စစ်ကြောချက်အရ အကြမ်းဖက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ အမြောက်အများကို ရဲတပ်ဖွဲ့ က လိုက်လံဖမ်းဆီးရာ ၁၇.၁၀.၂၀၁၆ ရက်နေ့ အထိ ၂၉ ဦးအား ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည် ။

အောက်တိုဘာ ၁၂ ရက်နေ့ တွင် ၀ါးဘိတ် ကျေးရွာသို့  ၀င်ရောက်ရှင်းလင်းသော စစ်ကြောင်းနှင့် အကြမ်းဖက်ဘင်္ဂါလီများ ထိတွေ့ မှုဖြစ်ကြသည် ။ ဘင်္ဂါလီများမှ ရွာကို မီးရှို့ ကာ ဆုတ်ခွာထပ်ပြေးသည် ။ အောက်တိုဘာ ၁၃ ရက်နေ့ တွင် ၀ါးဘိတ်ကို အသေးစိတ် ထပ်မံရှင်းလင်းရာ မီးလောင်နေသော အိမ်အတွင်းမှ သေနတ်တစ်လက်နှင့် ကျည်ဆံများ တွေ့ သည် ။ ရွာကို ပိုက်စိတ်တိုက် ထပ်ရှင်းကြရာ အနီးရှိ အိမ်တစ်လုံးမှ ကျည်ဆံများ ၊ RSO ခေါင်းစည်းများ ၊ ကျည်အိမ်များ ထပ်တွေ့ သည် ။ ကျည်ဆံများမှာ ကျီးကန်းပြင် ရဲဌာနချုပ် ဗဟိုကင်းမှ ကျည်ဆံများ ဖြစ်ပြီး ဗဟိုကင်းတွင် သိမ်းဆည်းထားသည့်အတိုင်း အိတ်ရှုံ့ အပြာရောင်များဖြင့်တွေ့ ရသည် ။ ထိုအိမ်မှာ ၀ါးဘိတ်ရွာမှ ဘာသာရေးဆရာ ရွာလူကြီးတစ်ဦး၏ နေအိမ်ဖြစ်သည် ။ စာရွက်စာတမ်းအချို့ ကို သိမ်းဆည်းရမိရာ ထိုအထဲတွင် ကျီးကန်းပြင်ဌာနချုပ် တည်ရှိပုံအား ရေးဆွဲထားသည့် မြေပုံကြမ်း စာရွက်သုံးရွက်ပါဝင်သည် ။

ရွာလူကြီးကိုယ်တိုင်ပါနေမှတော့ ဒီရွာသားတွေ အများကြီးပါတာ သေချာနေပြီဟု ၀င်ရောက်စစ်ဆေးရာတွင် ပါဝင်သူ တပ်မတော်အရာရှိတစ်ဦးက မှတ်ချက်ပြုသည် ။ တစ်ရွာလုံး လူတစ်ယောက်မှ မရှိတော့ဘူး ။ ကျွန်တော်တို့  ရွာထဲစ၀င်ချိန် လူသုံးလေးယောက်ရှိတယ် ။ လှမ်းခေါ်တယ် ။ ထွက်ပြေးတယ် ။ ရွာနောက်ဘက်က ပုဇွန်ကန်တွေကို ဖြတ်ပြီး ဟိုးအနောက်ဘက်က ပျပျလေး မြင်နေရတဲ့  ရွာတန်းတွေကို ပြေးတာ ။ ခဏလဲ နေရော ရွာထောင့်က အိမ်သုံးလုံး မီးတွေ စလောင်လာတယ် ။ ဒီကောင်တွေ မီးလာရှို့ တာ ဖြစ်မယ် ။ သူတို့ ဖွက်ထားတာတွေ တွေ့ မှာစိုးလို့  နေမှာဟု ၎င်းအရာရှိကပင် ထင်မြင်ချက် ဆက်ပေးသည် ။ 

ရှင်းတာတော့ ရွာအကုန် ၀င်ရှင်းရမှာပဲ ။ လက်နက်တွေ ဒီကောင်တွေလက်ထဲ ရောက်နေလို့ မရဘူး ။ ဒီလက်နက်တွေ ပြန်မရမချင်း ဒေသတစ်ခုလုံး ကျီးလန့် စာစား ဖြစ်နေမှာဟု ၎င်းကဆိုသည် ။

ဒို့နိုင်ငံထဲမှာနေရင် ဒို့ အာဏာစက်အောက်မှာပဲ နေနိုင်ရမယ် ။ နေကို နေနိုင်ရမယ် မနေနိုင်ရင် ညောင်း ။ ဒို့ နိုင်ငံထဲမှာနေရင် ဒို့ ရဲ့ တရားဥပဒေစိုးမိုးရေးအောက်မှာပဲ နေနိုင်ရမယ် ။ တည်ဆဲဥပဒေတွေနဲ့  အညီနေရမယ် ။ မနေရင် ထိထိရောက်ရောက်အရေးယူမယ် ။ ဒီတစ်ခါတော့ ငါတို့ က ပြတ်ပြတ်သားသားပဲ ဟု ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည် ။

လက်ရှိအခြေအနေတွင် မောင်တောဒေသ ကျေးရွာလမ်းများပေါ်တွင် လူအသွားအလာမရှိသလောက်ဖြစ်ကာ ကားလမ်းဘေးတစ်ဘက်တစ်ချက်ရှိ ရွာများမှာ တိတ်ဆိတ်ငြိမ်သက်ကာ ခြောက်ချားဖွယ် အသွင်ကိုဆောင်လျက်ရှိသည် ။


ရေးသားသူ - နေရီ


၁၉.၁၀.၂၀၁၆ ရက်နေ့ ထုတ် The Myanmar Review Journal ဆောင်းပါး

"ပန်ဒိုရာဘောက်စ် ပွင့်ပြီး ၀တပ်ဖွဲ့ တို့  ပျံသန်းလာချိန် "

$
0
0

ရေးသားသူ - နေရီ

ဒီ လပိုင်း ရက်ပိုင်းမှာ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့  နိုင်ငံရေး စစ်ရေး လှုပ်ရှားမှုတွေ အများကြီး ပေါ်ထွက်လာပါတယ် ။ အရင်က ဒီလောက် ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့တာ အတော်ကြာပါပြီ ။ အခုမှ ဘာလို့ ဖြစ်လာရသလဲ မေးလျှင်တော့ တစ်ခုပဲ ဖြေစရာရှိပါတယ် ။ နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲကုန်လို့ ပါ ။ စစ်ရေးဟာ နိုင်ငံရေးထဲက နည်းလမ်းတစ်ခု ဖြစ်တဲ့ အတွက် နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာတဲ့ အခါမှာ စစ်ရေးအရလှုပ်ရှားမှုတွေလဲ အများကြီး ဖြစ်လာတာ ဖြစ်ပါတယ် ။


ပထမဆုံး ဖြစ်လာတဲ့  နိုင်ငံရေး အပြောင်းအလဲက အားလုံးသိကြတဲ့ အတိုင်း ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အနိုင်ရသွားတာပဲ ဖြစ်ပါတယ် ။ အစိုးရအချိန်းအပြောင်း ဖြစ်လျှင် ပေါ်လစီပိုင်း အချိန်းအပြောင်းလေးတွေ ဖြစ်ကြတာလဲ ဓမ္မတာပါပဲ ။ သို့ သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရ အချိန်းအပြောင်းဟာ ဒီထက်မက အများကြီးပိုမို လေးနက်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ဒီအစိုးရဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံး ပေါ်ပေါက်လာတဲ့  Legitimacy အားအကောင်းဆုံး အစိုးရတစ်ခု ဖြစ်နေလို့ ပါပဲ ။

နိုင်ငံတကာကလဲ အသိအမှတ်ပြုမယ် ။ ကိုယ့်ပြည်တွင်းမှာလဲ လူထုထောက်ခံမှု အများစုရထားတဲ့  အစိုးရတစ်ရပ်ရဲ့  လုပ်ဆောင်မှုတွေဟာ အပြည့်အ၀ အားကောင်းစွာ တရားဝင်ပါတယ် ။ ဒါဟာ အရင် ဘယ်အစိုးရမှ မရခဲ့တဲ့  အခွင့်အလမ်း ဖြစ်ပါတယ် ။ စစ်အစိုးရဟာ တိုင်းပြည်ကို တည်ငြိမ်သွားအောင် ၊ အပစ်အခတ်ရပ်သွားအောင် လုပ်ဆောင်နိုင်ပေမယ် ပြည်နယ်တွေ တိုင်းရင်းသားတွေအရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ ကြီးကြီးကျယ်ကျယ် အချိန်းအပြောင်းတွေကို တရားဝင်အောင် လုပ်ဖို့ သိပ်ခက်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူက နဂိုကနဦးကတည်းက အာဏာသိမ်းပြီး တက်လာခဲ့တဲ့  အစိုးရကိုး ။ သူ လုပ်ခဲ့လျှင်လဲ ဒါ ပြည်သူ့ ဆန္ဒမဟုတ်ဘူး ၊ အများဆန္ဒ မဟုတ်ဘူး ၊ စစ်အစိုးရက ဇွတ် လုပ်သွားတာလို့  အပြောခံ အစွပ်အစွဲ ခံရမှာပါပဲ ။

ဦးသိန်းစိန် အစိုးရလက်ထက်မှာလဲ ဒီပြသနာက အထိုက်အလျောက် ကျန်ရှိနေပါသေးတယ် ။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အစိုးရ လက်ထက်မှာတော့ ဒီပြသနာ မရှိတော့ပါဘူး ။ ဒါကြောင့် ဒီချုပ်အစိုးရရဲ့  ဆောင်ရွက်ချက်တွေကို သဘောမတူလျှင် ကိုယ့်လိုလားချက် နဲ့  မကိုက်ညီလျှင် အရင်လို မသိကျိုးကျွံ ပြုနေလို့ မရပါဘူး ။ နောက်မှ ထပြီး ပြင်လို့ လဲ မရနိုင်ပါဘူး ။ ဒါဟာ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို လှုပ်ရှားမှုတွေ ဖြစ်လာရတဲ့  အဓိက အကြောင်းအချက်ဖြစ်ပါတယ် ။

ဒီချုပ် အစိုးရအဖွဲ့ မှာ ငြိမ်းချမ်းရေးကဏ္ဍကို ကိုင်တွယ်သူဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ် ။ အထူးအလေးထား အခံရဆုံး ကဏ္ဍဖြစ်သလို အစိုးရသစ် တက်တက်ချင်း ပထမဆုံး စအကောင်အထည်ဖော်ခဲ့တဲ့  ကဏ္ဍလဲ ဖြစ်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြုမူဆောင်ရွက်ချက်တွေထဲမှာ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို တိုက်ရိုက် အကျိုးသက်ရောက်စေတဲ့  အဓိက အချက်နှစ်ချက် ရှိပါတယ် ။ အဲဒီအချက်တွေကတော့ ၁။ ၂၁ရာစု ပင်လုံ ညီလာခံ ၂။ တရုတ် နှင့် ဆက်ဆံရေး စတဲ့ အချက် နှစ်ချက် ဖြစ်ပါတယ် ။

၂၁ ရာစု ပင်လုံ ညီလာခံ
----------------------------
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ်ဆိုပြီး ကြေငြာလိုက်တဲ့ အချိန်မှာ NLD ၀န်းရံသူတွေက တစ်ခဲနက် ထောက်ခံကြပါတယ် ။ လူမှုကွန်ယက်မှာလဲ ပရိုဖိုင်တွေပြောင်းကြ ပင်လုံညီလာခံကို ၀န်းရံကြ စသဖြင့် ကြွေးကြော်ကြတာပေါ့လေ ။ သို့ သော် တပ်မတော် အသိုင်းအ၀ိုင်းကတော့ ၂၁ရာစု ပင်လုံဆိုတဲ့  အသုံးအနူန်းကို အတော်လေး စိတ်မသက်မသာ ဖြစ်တဲ့  အရိပ်အယောင်တွေ လူမှုကွန်ယက်ပေါ်မှာ တွေ့ ကြရပါတယ် ။ သူတို့ ထဲက အတော်များများဟာ ဒီ အပစ်ရပ် အဖွဲ့ အစည်းတွေနဲ့  နှစ်ရှည်လများ ထိတွေ့ ဆက်ဆံခဲ့ကြသူတွေပါ ။

NLD ၀န်းရံသူတွေက ဒေါ်အောင်ဆန်းစုကြည် အပေါ် အားကိုးမှုတွေ ယုံကြည်ချက် မျှော်လင့်ချက်တွေ အပေါ် အခြေခံပေမယ့်  တပ်မတော် အသိုင်းအ၀ိုင်းကတော့ မြေပြင်ရဲ့ ပကတိအခြေအနေပေါ်က အခြေခံစဉ်းစားပြီး စိတ်မသက်မသာ ဖြစ်ကြပုံရပါတယ် ။ စာရေးသူရဲ့  မိတ်ဆွေတစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပန်ဒိုရာဘောက်စ်ကို သွားဖွင့်လိုက်ပြီလို့  စိတ်ပျက်လက်ပျက် မှတ်ချက်ပြုပါတယ် ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အောက်ခြေအဆင့် တွေ့ ဆုံဆွေးနွေးမှု ၊ ပြီးတော့ ပြည် နယ်အဆင့် ဆက်တက် ၊ သဘောတူညီချက်ရလျှင် ပြည်ထောင်စု အဆင့်ကို ဆက်သွား ၊ အဲဒီမှာ အိုကေပြီဆို ညီလာခံလုပ် လက်မှတ်ထိုး ၊ ပြီးလျှင် အဲဒီသဘောတူညီချက်ကို လွှတ်တော်က အသိအမှတ်ပြု ။ ဒီလို အဆင့်မျိုးတွေ နဲ့  အဆင့်ဆင့် တက်သွားတာပါ ။ အဲဒီလို သွားတာမဟုတ်ဘဲ ပြောင်းပြန်လုပ်ပြီး ညီလာခံကို အရင်ကျင်းပလိုက်ချိန်မှာ ဘာမှ မညှိရ မဆွေးနွေးရသေးတဲ့ တိုင်းရင်းသားတွေအဖွဲ့  တွေဟာ စင်ပေါ်တက်ပြီး သူတို့ လိုလားချက် မှန်သမျှ အကုန်သွန်ချ ၊ ကြေငြာချက်တွေ စာတမ်းတွေ တစ်သီကြီး ထုတ်ပါတော့တယ် ။ အဲဒီမှာ ငြိမ်းချမ်းရေးက ဘာဆက်လုပ်ရမှန်း မသိတော့သလို စင်ပေါ်တက် ပေါက်ကွဲကြတဲ့  အဖွဲ့ တွေအချင်းချင်းလဲ မကျေမနပ်တွေ ဖြစ်ကုန်ကြပါတယ် ။ သူ့ လိုလားချက်နဲ့  ကိုယ့်လိုလားချက် ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်နေတာ ၊ ထိပ်တိုက်လာတွေ့ နေတာတွေကလဲ အများကြီး ရှိနေတာကိုး ။

ဝ ဒေသ ရဲ့ ပြသနာ
----------------------
ပြသနာပေါင်း သောင်းခြောက်ထောင် ရှိနေတဲ့  မြန်မာပြည် ပန်ဒိုရာဘောက်စ်ထဲမှာ ၀ဒေသရဲ့  ပြသနာကတော့ ပြည်နယ် လိုချင်တဲ့  ပြသနာပါ ။ စစ်အစိုးရ လက်ထက်မှာ ဒီပြသနာကို အထက်မှာဖော်ပြခဲ့သလို စစ်အစိုးရကိုယ်တိုင်က Legitimacy အားနည်းတဲ့ အခြေအနေကြောင့် ဝတွေအနေနဲ့ အရမ်းမပြောဘဲ အောင့်နေခဲ့ပုံရပေမယ့်  ဒီချုပ်အစိုးရ လက်ထက်မှာတော့ ရေးသမျှ ထုတ်ပြန်ချက်တွေမှာ ၀ပြည်နယ် အစိုးရလို့  တွင်တွင်သုံးလာပါတယ် ။ တောင်ပိုင်း နဲ့  မြောက်ပိုင်း တစ်ဆက်တစ်စပ်တည်း ရှိတဲ့  ၀ပြည်နယ် ရရေးဟာ ၀ အထူးဒေသရဲ့  မဟာလိုလားချက် ဖြစ်ပါတယ် ။

အခု ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့  ၂၁ ပင်လုံအတိုင်းဆိုလျှင် ၀ပြည်နယ် ကိစ္စဟာ အခြေအနေ သိပ်မကောင်းနိုင်ပါဘူး ။ ဒီကြားထဲ ၀ တောင်ပိုင်း နဲ့  မြောက်ပိုင်းကို ကြားကခံနေ တဲ့  မိုင်းလား အထူုးဒေသက ဦးစိုင်းလင်းက ၂၁ ပင်လုံကို အားပါးတရ သွားတက်နေတာဟာ ဒုတိယဆင့် အဖွဲ့ လောက်သာ စေလွှတ်ထားတဲ့  ၀တွေအတွက် အတော်လေး စိတ်မသက်မသာ ဖြစ်နေပုံရပါတယ် ။ ဦးစိုင်းလင်း ကိုယ်တိုင် ၂၁ ပင်လုံကို သွားမတက်ဖို့  ၀တွေက ကြိုညှိနိုင်းထားတာ ရှိ မရှိ မသိရပေမယ့်  ဦးစိုင်းလင်း ကိုယ်တိုင်သွားတက်တာကို သဘောမကျတဲ့ အချက်ကတော့ သိသာ ထင်ရှားပါတယ် ။ဒါဟာ အခု မိုင်းလားမှာ ဖြစ်လာတဲ့ ပြသနာတွေရဲ့  အခြေခံ ပါပဲ ။

မိုင်းလားဒေသဟာ ၀ တောင်ပိုင်း နဲ့  မြောက်ပိုင်းကြားမှာ ရှိပါတယ် ။ ဒီဒေသကို ထိန်းချုပ်နိုင်လျှင် ၀တောင်ပိုင်း နဲ့  မြောက်ပိုင်းက တစ်ဆက်တည်း ဖြစ်ရေးဟာ အတော်နီးစပ်လာပါပြီ ။ ဦးစိုင်းလင်း နဲ့  ၀တွေဟာ ဟိုးတုန်းကတည်းက မဟာမိတ်တွေပါ ။ ဒီအတွက် ၀ပြည်နယ် တစ်ဆက်တည်း ဖြစ်ရေး ကြားကခံနေတဲ့  မိုင်းလားဒေသဟာ ၀ အတွက် ပြသနာ သိပ်မရှိခဲ့ပါဘူး ။

သို့ သော် ဦးစိုင်းလင်း အနေနဲ့  ၂၁ ပင်လုံကို အားပါးတရ သွားတက်ချိန်မှာ ၀တွေအကြား မေးစရာ မေးခွန်းတစ်ခု ပေါ်လာပါတယ် ။ ဦးစိုင်းလင်းဟာ အမြဲတန်း မဟာမိတ် ဖြစ်နိုင်ပါ့မလား ။ အကယ်လို့  မဟာမိတ် မဟုတ်တော့လျှင် ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ မေးခွန်းပါ ။ အဲဒီ မေးခွန်းရဲ့ နောက်မှာ မိုင်းလားထဲကို ၀တပ်ဖွဲ့ ဝင် ထောင်နဲ့ ချီ ၀င်လာပြီး အချက်အခြာကျတဲ့  မိုင်းလား တပ်စခန်း သုံးခုကို သိမ်းပိုက်လိုက်ပါတယ် ။ ၀ တောင်ပိုင်း နဲ့  မြောက်ပိုင်းကို အလွယ်တကူ ဆက်သွယ်နိုင်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းကို စတင်ထိန်းချုပ်ဖို့  ကြိုးစားလာတယ်လို့ လဲ ဆိုနိုင်ပါတယ် ။

တရုတ် နှင့် ဆက်ဆံရေး
----------------------------------
အခု လက်ရှိအချိန်ဟာ အရင် ၁၉၇၀ ပြည့်လွန် ဗကပ ကို တရုတ်က အကြီးအကျယ် အားပေးအားမြှောက်ပြုခဲ့တဲ့ ကာလတွေနဲ့  မတူတဲ့  အချက်တစ်ချက်တွေ ရှိနေပါတယ် ။ အဲဒါကတော့ တရုတ် ရဲ့  အကျိုးစီးပွားတွေ မြန်မာပြည်ထဲမှာ အမြောက်အများ ရှိနေတဲ့  ကိစ္စပါ ။ ဒီကိစ္စဟာ မြန်မာ - တရုတ် နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေအပေါ်ထားတဲ့  တရုတ်ရဲ့  ရှေးဟောင်း ဘာဖာပေါ်လစီကို အကြီးအကျယ် အကျိုးသက်ရောက်စေပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာတာ ခုနှစ်လ ရှိနေပါပြီ ။ တရုတ်နိုင်ငံဆီကိုလဲ ခရီးထွက်ခဲ့ပြီးပါပြီ ။ သို့ သော် မြစ်ဆုံ စီမံကိန်း နဲ့  ပတ်သက်လို့  အစိုးရသစ်ဟာ တစ်ခွန်းတစ်ပါဒမှ မဟဘဲ တုံဏိဘာဝေ လုပ်နေဆဲပါ ။ ဒီကြားထဲမှာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေဆီကို တရုတ်က ကိုယ်စားလှယ်စေလွှတ်တယ်လို့  သတင်းတွေ ထွက်လာတဲ့  အတွက် တရုတ်ရဲ့  ရှေးဟောင်း ဘာဖာ ပေါ်လစီ ပြောင်းလဲချိန် တန်ပြီလားဆိုတဲ့  မေးခွန်းထွက်ပေါ်လာပါတယ် ။

တရုတ် ကပေါ်လစီပြောင်းပြီ ဆိုရင်တော့ ၀တွေ အနေနဲ့  ယိုးဒယားဘက် နယ်စပ်ထွက်ပေါက် ရှိထားဖို့ သေရေးရှင်ရေး အရေးကြီးလာပါတယ် ။ ၀တောင်ပိုင်း နဲ့  မြောက်ပိုင်း တစ်ဆက်တစ်စပ်တည်း ရှိနေမှ ဒီနယ်စပ်ထွက်ပေါက် ကိစ္စ အဆင်ပြေမှာပါ ။ ၀တောင်ပိုင်း နဲ့  မြောက်ပိုင်း တစ်ဆက်တည်း ရှိဖို့  ရည်မှန်းချက်အတွက် ဆိုလျှင် လမ်းကြောင်းပေါ်က အချက်အခြာနေရာတွေမှာ ၀ တပ်တွေ ရှိနေမှ ဖြစ်မှာပါ ။ အဲဒီ အချက်အခြာ နေရာတစ်ချို့ ဟာ ဦးစိုင်းလင်း ရဲ့  မိုင်းလားဒေသထဲမှာ ရှိနေပါတယ် ။

၂၁ ပင်လုံမှာ ဝတွေက ကျိုင်းတုံကို တောင်းတဲ့ကိစ္စဟာ ဒီ ယိုးဒယားထွက်ပေါက် ရည်မှန်းချက်နဲ့ ဆက်စပ်နေနိုင်သလို မိုင်းလားထဲကို ၀ တပ်တွေ ချက်ချင်း ၀င်လာစေတဲ့  အဓိက အချက်တစ်ချက်လဲ ဖြစ်နိုင်ပါတယ် ။

အစိုးရ နဲ့  တပ်က ဘယ်လို တုန့် ပြန်သလဲ
---------------------------------------------
တပ်ကတော့ တပ်ထုံးစံအတိုင်း တစ်ဖက်က တပ်တည် တပ်လှုပ် ဖြစ်ပြီဆိုတာနဲ့  ကြိုတင်ပြင်ဆင်မှုတွေ သူကလဲ ပြန်လုပ်ပါတယ် ။ ဆက်စပ်ဧရိယာတွေ ဖြစ်တဲ့  အရှေ့ မြောက်တိုင်း စစ်ဋ္ဌာနချုပ် ၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဋ္ဌာချုပ် ၊ တြိဂံဒေသတိုင်း စစ်ဋ္ဌာနချုပ်တွေမှာ တပ်တွေ အကြီးအကျယ် လှုပ်ရှားပြင်ဆင်နေပါတယ် ။ သို့ သော် တရားဝင် ဘာမှ ပြောဆိုတာ မရှိသေးပါဘူး ။ ဘယ်တော့မှ စပြောသလဲဆို ဒေါ်အောင်ဆန်းစုကြည် ကာလုံအစည်းအဝေး လုပ်ပြီးချိန်မှာ ၀တပ်တွေ ပြန်ဆုတ်ပေးဖို့  တပ်က တရားဝင် ထုတ်ပြောလာတာ တွေ့ ရပါတယ် ။ ကာလုံရဲ့  အတည်ပြုချက်အရ ထွက်ပေါ်လာတဲ့  အမိန့် ဖြစ်ပုံရပါတယ် ။

တစ်ဖက်ကလဲ ဒေါက်တာတင်မျိုးဝင်းတို့ အဖွဲ့ က စေ့စပ်ဆွေးနွေးဖို့ ကြိုးစားပါတယ် ။ သို့ သော် ၀ဘက်ကတော့ ဦးစိုင်းလင်း နဲ့  သူတို့ ပဲ ရှင်းမယ် ။ ကျန်တဲ့ သူ ပါစရာ မလို ဆိုတဲ့  သဘော ပြန်လည်တုန့် ပြန်ပါတယ် ။ ၀တောင်ပိုင်း နဲ့  မြောက်ပိုင်းကို အလွယ်တကူ ဆက်သွယ်နိုင်တဲ့ လမ်းကြောင်း မိုင်းလားဒေသ အချက်အခြာနေရာတွေက ၀တပ်တွေ ဖယ်မပေးဘူး ဆိုတဲ့  သဘောပါပဲ ။ စစ်ဖြစ်နိုင်သလား မေးခွန်းမေးရတဲ့ အထိ တင်းမာမူ ဖြစ်လာတာပါ ။

စစ်ပွဲ ဖြစ်လာလျှင် ဘယ်လို အခြေအနေရှိလဲ
---------------------------------------------------
စစ်ဖြစ်လာခဲ့လျှင်တော့ စစ်ပွဲရဲ့  အခြေအနေဟာ စစ်ပွဲ ဘယ်လောက်အတိုင်းအတာ နဲ့  ဖြစ်လာမလဲဆိုတဲ့  အချက်ပေါ်မူတည်ပါတယ် ။ တပ် ရဲ့  အနေအထားက ၀တပ်ဖွဲ့  တစ်ခုတည်းကိုတော့ ကောင်းစွာထိန်းချုပ်နိုင်တဲ့  အနေအထားရှိပါတယ် ။ ၀ တပ်ဖွဲ့  နဲ့ ကျန်တဲ့  လက်နက်ကိုင်အဖွဲ့ တွေ မတူတဲ့  အနေအထားက ကျန်တဲ့  အဖွဲ့ တွေက ပြောက်ကျားတပ်ဖွဲ့ အသွင်ဖွဲ့ ထားပြီး ဗကပ လက်ထွက် ၀ တပ်ဖွဲ့ တွေက သမားရိုးကျ စစ်တပ်ပုံစံ ဖွဲ့ စည်းထားတာပါ ။ တပ်မတော် နဲ့  သမားရိုးကျ စစ်ပွဲအသွင် တိုက်နိုင်တဲ့  အခြေအနေရှိ မရှိ စစ်ဖြစ်လာလျှင် အဖြေပေါ်ပါလိမ့်မယ် ။

စာရေးသူရဲ့  အမြင်ကို ပြောရရင်တော့ တပ်မတော် နဲ့ နိုင်းယှဉ်လျှင် အမြောက်တပ် မှာ ၀ဟာ ကလေးသာသာပဲ ရှိပါတယ် ။ လေတပ် လုံးဝ မရှိပါဘူး ။ တင့်ကားတွေ မရှိပါဘူး ။ ဒီအချက်တွေဟာ သမားရိုးကျ စစ်မှာ အင်မတန် အရေးကြီးတဲ့  အချက်တွေပါ ။ တစ်ခါ ၀ တပ်ဖွဲ့ တွေဟာ လူအင်အားများတာ မှန်ပေမယ့်  စစ်မတိုက်ရတာ ကြာလှပါပြီ ။ ၀ တပ်ဖွဲ့ ရဲ့  အင်အား ငါးပုံလေးပုံဟာ တိုက်ပွဲအတွေ့ အကြုံမရှိတဲ့  လူသစ်တွေ ဖြစ်ပါတယ် ။ တပ်မတော်ဘက်က ခြေမြန်တပ်မတွေဟာ ပြီးခဲ့တဲ့  ငါးနှစ်အတွင်း အတော်လေး တိုက်ပွဲအတွေ့ အကြုံ ပြန်ရကုန်ပါပြီ ။ ဒီအချက်တွေ ခြုံငုံစဉ်းစားလျှင် ၀ ဟာ တပ်မတော် နဲ့  သမားရိုးကျပုံစံ ဆိုင်တိုက်လို့ မရနိုင်ပါ ။

သို့ သော် တပ်ဘက်က အခက်အခဲက စစ်မျက်နှာ အများကြီး ရင်ဆိုင်ရနိုင်တဲ့  ပြသနာပါ ။ ကချင်ပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ လောက်ကိုင် ဒေသ ။ တစ်ခါ မြို့ ရွာများ လုံခြုံရေး ၊ သဘာဝဘေးအန္တရာယ် စတဲ့  ကိစ္စတွေမှာ တပ်တွေ အများကြီး သုံးနေရပါတယ် ။ ၀ တပ်ဖွဲ့ တစ်ခုတည်းဆို ပြသနာ မရှိလှပေမယ့်  KIA ၊ TNLA ၊ MNDAA ၊ SSA ၀မ်ဟိုင်း ၊ ကယန်းပြည်သစ် စတဲ့  အဖွဲ့ တွေပါ နေရာအနှံ့  တစ်ပြိုင်နက် တိုက်ကွက်ဖော်လာနိုင်တဲ့  သဘောတော့ ရှိပါတယ် ။ ဒါဆိုလျှင်တော့ တပ်ဘက်ကလဲ ဘေးကျပ်နံကျပ်တော့ ဖြစ်လာနိုင်တဲ့ အနေအထားပါ ။

ဒါပေမယ့် ဒီလောက်အထိ စစ်ဟာ ကျယ်ပြန့် လာလျှင် မြန်မာပြည်တစ်ခြမ်းလဲ မီးဟုန်းဟုန်း တောက်နေပါပြီ ။ အစိုးရ အနေနဲ့  စစ်ပွဲဖြစ်တဲ့  ပြည်နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေငြာ ၊ တစ်နိုင်ငံလုံး စစ်မူမထမ်းမနေရ စနစ်ပြဋ္ဌာန်း ၊ ကာကွယ်ရေး ဘတ်ဂျက်ကို အများကြီး မြှင့် ၊ ခေတ်မီ စစ်လက်နက် ပစ္စည်းတွေ အများကြီး ဖြည့်တင်း ၊ တိုက်တာကတော့ တပ်မတော်က တိုက်ပေါ့ ။ အစိုးရ နဲ့ ပြည်သူလူထုက ၀ိုင်းဝန်း ပံ့ ပိုးရုံပါပဲ ။ ဘယ်တတ်နိုင်ပါ့မလဲ ။ ကျွန်တော်တို့ တိုင်းပြည်ဟာ လွတ်လပ်ရေးရပြီး သုံးလအကြာမှာ စစ် စဖြစ်ခဲ့တဲ့  တိုင်းပြည် မဟုတ်ပါလား ။


( နေရီ )

"ရှောင်ဖယ်နေသည့်သူ့ကို ကျေးဇူးတင်မိသည် "

$
0
0

…………………….
(၁)
ဘ၀တစ်ခုဆို သူပါမှာ ပြည့်စုံမည်ဖြစ်သည်။။ သို့သော်လည်း သူ့ကို မလိုချင်တာအမှန်။ မလိုချင်သော်လည်း ရင်နှင့်ကျောလို ကပ်လျက်ဒွန်တွဲနေသည့်အတွက် ခွဲလို့မရ၊ မခေါ်လို့မရ၊ ချန်ထားလို့လည်း မရပေဘူးလေ။ သူနှင့်ကျွန်တော် ထိပ်တိုက်တွေ့ဆုံနိုင်သည့် အကြောင်းတွေရှိခဲ့သော်လည်း သူကျွန်တော်ကို ဒီအချိန်ထိ ရှောင်ဖယ်နေတုန်း။ မျက်နှာလွှဲ နေတုန်း။ ဒါကြောင့်လည်း သူ့ကို ကျွန်တော် ကျေးဇူးတင်မိနေပါရဲ့။

(၂)
သူနှင့်ကျွန်တော် ခပ်ငယ်ငယ်ကတည်းကပင် စတင်ဆုံတွေ့ခဲ့ကြသည်။ ထိုအချိန်ကိုလည်း ကျွန်တော် အမြဲ အမှတ်ရနေမိမှာပင်။ ခပ်ငယ်ငယ်ကတည်းက ဆုံစည်းခဲ့သည်မှာ ထူးခြားလှသည်တော့ မဟုတ်လှ။ သူက ကျွန်တော်တို့ မွေးဖွားစဉ်အချိန်ကတည်းကပင် ကျွန်တော်တို့ဘ၀နှင့်အတူ ပါဝင်လာပြီးသား။
ကျွန်တော်တို့အိမ်နှင့် မြစ်ဆိပ်ကသိပ်မဝေးလှ။ ကျွန်တော်တို့ ကလေးတစ်သိုက် မြစ်ထဲရေကျချိန်ဆို ရေချိုးဆင်း ကြသည်။ ဆော့ကြသည်။ ရေကူးကြသည်။ ခပ်ငယ်ငယ်ရှိသေးသည်မို့ ရေကူးကောင်းကောင်းတတ်သည်လည်း မဟုတ် ကြပေ။ လူကြီးများက လိုက်ပါပြီး ထိန်းသိမ်းကြရသည်။
တစ်နေ့ ထုံးစံအတိုင်း ရေချိုးကြသည်။ ကျွန်တော်လည်းရေချိုးရင် ပလုံ ဆိုပြီး ခြေချော်က ရေနစ်သွားသည်။ ကြောက်ကြောက်လန့်လန့်နှင့် အတင်းရေပေါ်သို့ပြန်ပေါ်အောင် ကြိုးစားရတော့သည်။ အဘယ်သောအခါမျှ တစ်ကိုယ် တည်းမလာတတ်သော ပြဿနာနှင့် ကြုံရတော့သည်။ ကျွန်တော်ထိုးတက်လိုက်သောအခါ ဒုန်းခနဲမည်အောင် ခေါင်းနှင့် အရာဝတ္ထုတစ်ခု တိုက်မိသည်ကို ခံစားလိုက်ရသည်။ အားရှိသမျှ ထပ်ပြီးကြိုးစားကြည့်သော်လည်း အပေါ်တွင်တိုက်မိ သည့်အရာမှာ ကြီးမားလွန်းလှသည်ဟု တွေးမိသည်။
အားသွန်ခွန်စိုက် ယက်ကန်ယက်ကန် လုပ်သောအခါတွင်မှ ရေပေါ်သို့ ပြန်ပေါ်လာရသည်။ ထိုအခါ လိုက်ပါလာသည့် လူကြီးများက ဆယ်မှ ကျွန်တော် ကမ်းစပ်သို့ ပြန်ရောက်ခဲ့ရသည်။ ကျွန်တော်တိုက်မိသည့်အရာကို ပြန်ကြည့်သောအခါ ကမ်းစပ်တွင်ရပ်ထားသော လှေကြီးဖြစ်နေလေသည်။
ကျွန်တော်နှင့်သူ ပထမဆုံးအကြိမ် တွေ့မိခြင်းဖြစ်မည်ဟု ကျွန်တော်ထင်မိသည်။
(၃)
မြစ်ကြီးနားမြို့တွင် တာဝန်ထမ်းဆောင်စဉ် အချိန်ကာလဖြစ်သည်။
တစ်နေ့ ဆရာသမားတစ်ယောက်မောင်းသည့် ဆိုင်ကယ်နောက်ထိုင်ခုံတွင် ကျွန်တော်ထိုင်ပြီး လိုက်ပါခဲ့သည်။ ကျွန်တော့် ပေါင်ပေါ်တွင် ပြင်ဆင်ပြီးပြန်လည်ယူလာသည့် ကွန်ပျူတာ System ပုံးကြီးပါသည်။ လက်တစ်ဖက်က ကွန်ပျူတာပုံးကို ကိုင်ထားပြီး ကျန်တစ်ဖက်က ဆိုင်ကယ်နောက်တန်းကို ကိုင်ထားရသည်။
လမ်းမကြီးတစ်ခုကို ဖြတ်အပြီး လမ်းကြားတွင်မောင်းနှင်နေစဉ် "၀ှီး "ဆိုသည့်မြည်သံနှင့်အတူ ကျွန်တော်တို့ နှစ်ဦးသား လမ်းဘေးသို့ ပစ်ကျသွားသည်။ ဂျစ်ကားတစ်စီးက နောက်မှကျော်တက်ပြီး ကျွန်တော်တို့ဆိုင်ကယ်ကို ချိတ် မိသွားခြင်းပင်။ ဆိုင်ကယ်ကတော့ဖြင့် အရှိန်ဖြင့် ကတ္တရာလမ်းမထက်တွင် လျှောတိုက်ပြီးပါသွားသည်။ အရှိန်ဖြင့် ကျ သောကျွန်တော်တို့သည်လည်း ကတ္တရာလမ်း၏ ပွတ်တိုက်မှုကို ကောင်းစွာခံစားလိုက်ရသည်။
ဝင်ချိတ်သွားသော ဂျစ်ကားကတော့ မောင်းပြီးထွက်သွားပေပြီ။ ဆရာသမားကတော့ ဆိုင်ကယ်ကို ပြန်ထူရင်း ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲနေသည်။ ကျွန်တော်ကတော့ ကျောပြင်နှင့် တံတောင်များပူနွေးပြီး နာကျင်သည့် ဒဏ်ကိုခံနေရ သောကြောင့် ဘာမှမပြောနိုင်။ ကွန်ပျူတာပုံးမှာလည်း ထိပ်ပိုင်းများ ပိန်သွားသည်။ ကျွန်တော်တို့နှစ်ယောက်သား ဆိုင်ကယ်ကိုပြန်မောင်းနှင်ရင်း ဆေးခန်းသို့သာ အမြန်လာခဲ့လိုက်ရတော့သည်။
ဆေးခန်းသို့ရောက်၍ ဆိုင်ကယ်ဦးထုပ်ကို ချွတ်သောအခါ ကတ္တရာလမ်းပေါ်သို့ ကျသောအရှိန်နှင့် ပွတ်တိုက်မှု ဒဏ်ကြောင့် ဆိုင်ကယ်ဦးထုတ်တွင် အက်ကွဲမှုနှင့် နက်သောခြစ်ရာများကို မြင်တွေ့လိုက်ရသည်။
ထိုနေ့သည် သူနှင့်ကျွန်တော် ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြခြင်းပင် ဖြစ်တော့သည်။
(၄)
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က ဖြစ်သည်။ နံနက်ခင်းအစောထွက်သည့် ရထားဖြင့် ရန်ကုန်ဘူတာကြီးမှ တစ်ဆင့် မန္တလေးသို့ လိုက်ပါရန် ကျွန်တော်နှင့် သူငယ်ချင်းတစ်ယောက်ချိန်းဆိုထားခဲ့ကြသည်။ ရထားထွက်ခါနီး အချိန် ၁၅ မိနစ်ခန့်အထိ သူမလာသေး။ ကျွန်တော်က စိတ်မရှည်ချင်တော့။ ပြန်ချင်နေပြီ။ ရန်ကုန်မြို့တော်ကြီးကလည်း မှောင်မည်းနေသေးသည်။ ညနေကားဖြင့် မန္တလေးသို့ လိုက်လျှင်ကောင်းလေမလား ကျွန်တော်တွေးမိသည်။ စောင့် ရသည့်အချိန်သည် ကြာသည်မဟုတ်လား။ ထို့ကြောင့် ပြန်မည်ဟု ဘူတာကြီးက ထွက်သည့်အချိန်မှ သူငယ်ချင်း ဖြစ်သူ ရောက်လာသည်။ သို့နှင့် ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် ရန်ကုန်ဘူတာကြီးမှ ရထားကြီးစီးလျက်လိုက်ပါခဲ့ကြ တော့သည်။
ကျွန်တော်တို့ မန္တလေးမှတစ်ဆင့် မြစ်ကြီးနားကို ပြန်ကြရမည်ဖြစ်သည်။ မန္တလေးသို့ ဆိုက်ကပ်တော့ ည ၇ နာရီခန့်ဖြစ်နေပြီ။ မန္တလေးသို့ ရောက်နေပြီဖြစ်သည့်အကြောင်း၊ မှီရာရထားဖြင့် လိုက်ပါမည်ဖြစ်ကြောင်း အလုပ်သို့ ဖုန်းဆက်ရသည်။ ထို့နောက် ရန်ကုန်သို့ဆက်သည်။ ထိုအချိန်က PCO ဖုန်းများဖြင့်သာ ဆက်ရခြင်းဖြစ်သည်။ မရ။ ဧရာဝတီတိုင်းရှိ အိမ်သို့ ဖုန်းဆက်သည်မရ။ ဖုန်းလိုင်းတွေ အဘယ်ကြောင့်ပြန်တောက်နေသနည်း။
မန္တလေးဘူတာကြီးတွင် ထိုင်နေကြစဉ် သတင်းက တစ်ဆင့်ပြီး တစ်ဆင့်ကြားသိရပြီ။ ရန်ကုန်နှင့် ဧရာဝတီမှာ နာဂစ်မုန်တိုင်း ၀င်တိုက်နေသတဲ့။ အပင်တွေလဲ၊ အိမ်တွေပြို၊ ဓာတ်တိုင်တွေလဲသတဲ့။ ကျွန်တော့်စိတ်ထဲမှာတော့ သိပ်ပြီး ထူးလှသည်မဟုတ်ဟု ခံစားမိသည်။ ဇာတိ ဧရာဝတီတိုင်းတွင် နေစဉ်ကပင် ခဏခဏ လေပြင်းတိုက်တာ၊ လေ ဆင်နှာမောင်းတိုက်တာတွေကို ကြုံခဲ့ဖူးသဖြင့် အဲသလို ဖြစ်မှာပါဟုသာ ထင်နေမိခြင်းဖြစ်သည်။
မြစ်ကြီးနားသို့ ပြန်ရောက်သည့်အခါမှပင် နာဂစ်၏ ကြီးမားလှသော အဟုန်ကို သိရှိလိုက်ရတော့သည်။
ထိုအချိန်သည် သူနှင့် ကျွန်တော်တွေ့ဆုံခဲ့သည့်အချိန်ဟု ကျွန်တော်ခံစားမိလိုက်ရပါသည်။
(၅)
"ဒုန်း"ဟူသောမြည်သံနှင့်အတူ ဆိုင်ကယ်ကို ထိန်းရင်း မြက်တောထဲသို့ တိုးဝင်သွားသည်။ ဆိုင်ကယ်နောက်တွင်ထိုင်လိုက်လာသည့် ကျွန်တော့်အဖော်တစ်ဦးကတော့ အတိုက်ခံလိုက်ရသည့်အရှိကြောင့် လွင့်ကျ သွားသည်။
လမ်းကြားထဲမှ အရှိန်ဖြင့် မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးက ကျွန်တော်မောင်းနှင်လာသည့် ဆိုင်ကယ်ကို ဖြတ်တိုက်လိုက်ခြင်းဖြစ်သည်။ ၀င်တိုက်သည့် ဆိုင်ကယ်မှာလဲပြိုသွားပြီး စီးနှင်းလာသည့် နှစ်ဦးမှာလည်း လမ်းဘေး မြက်ခင်းထဲသို့ လွင့်ကျသွားသည်။ ကျွန်တော်ကတော့ ဆိုင်ကယ်ကို ထိန်းလျက်မြက်တောထဲသို့ အရှိဖြင့် ၀င်သွားခြင်းပင်။ ဆိုင်ကယ်ကတော့ လဲမသွားချေ။
စုတ်သပ်ကြရင်း ဆိုင်ကယ်ကို ကိုယ်စီပြန်ထူကြရင်း ကိုယ့်လမ်းကို ပြန်ဖို့ပြင်ကြသည်။ ဘာမျှတော့ စကားသိပ် မပြောဖြစ်ကြ။ ၀င်တိုက်သည့်သူများမှာလည်း ကျွန်တော်တို့ မိတ်ဆွေတွေ။ ဆိုင်ကယ်ကို စက်နှိုးပြီး ဂီယာကို နင်းမည် ပြုတော့ နင်းမရတော့။ သို့နှင့် ဆိုင်ကယ်ကိုစစ်လိုက်သည့်အခါ ခြေနင်းတုံးမှာ ကောက်ပြီး ၀င်နေခြင်းကြောင့်ပင်။
ကျွန်တော့် ဘယ်ဘက်ခြေထောက်နင်းထားသည့် ခြေနင်းတုံးကိုမှ တည့်တည့် ၀င်တိုက်မိခြင်းဖြစ်တော့သည်။ အဲဒီတုန်းက သူနှင့် ကျွန်တော် ထပ်မံတွေ့ဆုံခဲ့ကြခြင်းပင် ဖြစ်တော့သည်။
(၆)
တကယ်တော့ သူနှင့်ကျွန်တော် အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြခြင်းဖြစ်သော်လည်း သူကတော့ ယနေ့အထိ ကျွန်တော့်ကို ရှောင်ဖယ်နေဆဲပင်ဖြစ်သည်။ သူရှောင်ဖယ်နေသည့်အတွက်လည်း သူ့ကို ကျွန်တော် ကျေးဇူးအထူး တလည်တင်မိနေခြင်းပင်။
ရှောင်ဖယ်နေသည့်သူမှာ ကျွန်တော်တို့အဖို့ ဘ၀တစ်ခုမွေးဖွားစဉ်ကတည်းက ယှဉ်လျက်၊ စပ်လျက်ပါလာခဲ့သည့် သေခြင်း၊ မရဏမင်းပင်ဖြစ်သည်။ နည်းမျိုးစုံဖြင့် ထိပ်တိုက်တွေ့သော်လည်း ကျွန်တော့်ကို ခေါ်မသွားခဲ့သေး၊ ငါရှိသေးတယ်ကွ ဆိုသည့် မေ့လျော့ခြင်းဖြစ်မနေအောင် သတိပေးရုံမျှသာ ပေးနေခြင်းပင်လော။ သို့တည်းမဟုတ် အသက်ဥာဏ်စောင့်၍ သူ့ကို ရှောင်တိမ်းနေခွင့်ရနေသည်လော။ လက်ဆွဲ၍ မခေါ်သေးသည့် သူ့ကို သို့မဟုတ် တစ်နည်းနည်းဖြင့် ဆွဲမခေါ်သေးသည့် သူ့ကို ကျေးဇူးတင်စရာကောင်းသည်မဟုတ်လား။
ကျွန်တော်တို့ မြို့တွင် ကောင်မလေးတစ်ယောက်ရှိသည်။ သူက ဆရာမတာဝန်ဖြင့် ဧရာဝတီတိုင်း၏ ဟိုးအောက်ဘက်အစွန်ရွာလေး တစ်ရွာတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ကျောင်းပိတ်ရက်မို့ ဇာတိမြို့သို့ ပြန်ရောက်နေခြင်းဖြစ်သည်။ တစ်နေ့ သူတာဝန်ကျရာ ရွာမှ ရွာသား နှစ်ဦးခန့်ရောက်လာပြီး ဆရာမလေးကို လာခေါ် တာဖြစ်ကြောင်း၊ သူတို့ရွာတွင် ဆရာမလေးကို ရှိနေစေချင်ကြောင်း၊ ဆရာမလေးကိုလည်း တစ်ရွာလုံးက အထူးသတိတရလိုလားနေခြင်းကြောင့် လာခေါ်ရခြင်းဖြစ်ကြောင်း ပြောသည်။ သို့နှင့် ဆရာမလေးက ရွာသားနှစ်ဦးဖြင့် လိုက်ပါသွားခဲ့သည်။
သူလိုက်ပါသွားပြီး နှစ်ရက်သုံးရက်အကြာတွင် ရွာလုံးကျွတ်နီးပါး နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျောက်ဆုံး နေကြောင်းဇာတိမြို့သို့ သတင်းရောက်ရှိလာသည်။ မိဘဖြစ်သူတွေမှာ ရင်နာမဆုံးတော့။
သြော် မရဏမင်းတို့များ သူ့အချိန်ကျလာရင် ဘယ်အရပ်ရောက်နေရောက်နေ ခေါ်ဖြစ်အောင်ခေါ်သည်။ ပုန်း၍ မရ၊ ရှောင်၍ မရပါလား။ တစ်နည်းနည်းဖြင့် ခေါ်ငင်သည်။
အချိန်မတန်သေးပဲ ခေါ်၍မရအောင်၊ အတင်းကာရော သူ့နောက်လိုက်ပါသွားအောင် တွန်းပို့နေသည့် ကံတရား များ၊ စီရင်နေခြင်းများကိုလည်း ကျွန်တော်တို့ဥာဏ်လေးဖြင့် စောင့်ရှောက်ရမည်၊ အတတ်နိုင်ဆုံး ဆွဲငင်ထားရမည် ဖြစ်သည်။
(၇)
ဘ၀တစ်ခုဆို သူပါမှာ ပြည့်စုံမည်ဖြစ်သည်။။ သို့သော်လည်း သူ့ကို မလိုချင်တာအမှန်။ မလိုချင်သော်လည်း ရင်နှင့်ကျောလို ကပ်လျက်ဒွန်တွဲနေသည့်အတွက် ခွဲလို့မရ၊ မခေါ်လို့မရ၊ ချန်ထားလို့လည်း မရပေဘူးလေ။ သူနှင့်ကျွန်တော် ထိပ်တိုက်တွေ့ဆုံနိုင်သည့် အကြောင်းတွေရှိခဲ့သော်လည်း သူကျွန်တော်ကို ဒီအချိန်ထိ ရှောင်ဖယ်နေတုန်း။ မျက်နှာလွှဲ နေတုန်း။ ဒါကြောင့်လည်း သူ့ကို ကျွန်တော် ကျေးဇူးတင်မိနေပါရဲ့။
မည်သို့ပင်ဆိုစေ ကျေးဇူးကြီးမားလှပါပေတယ် မောင်မင်ကြီးသားရယ်၊ နောင်များလည်း ခပ်ဝေးဝေးလေး နေပါဦးလို့ တီးတိုး ဆိုနေမိပါရဲ့။
***********
မေတ္တာဖြင့်
မောင်ပိုင် (လေးမျက်နှာ)
၃၁-၁၀-၂၀၁၆ (၂၃၁၀)၊ ရန်ကုန်မြို့

NLD ဘာတွေ မှားခဲ့ပြီလဲ ?

$
0
0


၁။ ရွေးကောက်ပွဲကာလ
"လူကိုမကြည့်ပါနဲ့ ပါတီကိုကြည့်ပြီးမဲ
ထည့်ပါ"ဆိုတဲ့ကြွေးကြော်သံနဲ့ရွေးကောက်ပွဲကတက်လာတဲ့လူတွေရဲ့အရည်အချင်း ကိစ္စဟာ ခုအချိန်မှာပြဿနာ တစ်ခုဖြစ်လာပါပြီ။ပါတီမျက်နှာနဲ့တက်လာပြီးပါတီသိက္ခာကျအောင် လုပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတစ်ယောက်ပြီးတစ်ယောက်ပေါ်လာတာကို ဘယ်လိုနိုင်အောင်ထိန်းမလဲ ဆိုတာ (ကတိပေးခဲ့တဲ့အတိုင်းကိုယ့်လူကိုယ်နိုင်တယ်ဆိုတာဘယ်လိုနိုင်မှာလဲ)
ဆက်ကြည့်ကြရအုံးမှာဖြစ်ပါတယ်။မည်သို့ဆိုစေ အပြင်းထန်ဆုံးပြစ်ဒဏ်အဖြစ် ပါတီက ထုတ်ပယ်ရုံမှတပါး လွှတ်တော်ကိုယ်စားလှယ်ကနေဖြုတ်လို့မရတဲ့အတွက်အခြားပါတီဘက်
တောင်ပါသွားမယ့်မဲတစ်မဲဖြစ်သွားနိုင်ပါသေးတယ်။

ရွေးကောက်ပွဲအကြိုကာလမှာ လူနဲ့ပါတီနှစ်ခုစလုံးကြည့်ဖို့လိုတယ် ဆိုတဲ့အကြံပြုချက်တွေကိုလက်မခံခဲ့ဘဲဗိုလ်ချုပ်အောင်ဆန်းလည်းဒီလိုလုပ်ခဲ့တယ်လို့ပြန်ထောက်ပြကြပါသေး
တယ်။ဗိုလ်ချုပ်အောင်ဆန်းက
ရွေးကောက်ပွဲမှာ အချိန်မရခဲ့ဘူး။အချိန်မရတဲ့အတွက်ဒီလိုရွေးခဲ့ရတယ်လို့်လည်းသူကိုယ်တိုင်ပွင့်ပွင့်လင်းလင်းပဲပြောခဲ့တယ်။ ၁၉၄၇ခုနှစ် ဇန္နဝါရီလ (၂၇)ရက်နေ့မှာအောင်ဆန်းအက်တလီ စာချုပ်လက်မှတ်ရေးထိုးပြီးချိန်ကစလို့ဧပြီလရွေးကောက်ပွဲလုပ်ရမှာဖြစ်လို့ အချိန်နှစ်လကျော်သုံးလနီးပါးပဲရ
တယ်။ဘယ်လိုမှအချိန်ယူရွေးချယ်ဖို့
အချိန်မရခဲ့ဘူး။အခုNLDက၂၀၁၀
ခုနှစ်ကစလို့ အချိန်ငါးနှစ်ရပါတယ်။၂၀၁၂ကြားဖြတ်က စတွက်ရင်တောင် အချိန်သုံးနှစ်ကောင်းကောင်းရပါတယ်။
သုံးလအတွင်းလုပ်ရတဲ့ရွေးကောက်ပွဲနဲ့ သုံးနှစ်အချိန်ရတဲ့ရွေးကောက်ပွဲနှိုင်း
ယှဉ်လို့မရပါဘူး။စိတ်ကြိုက်အမတ်လောင်းတွေခေါင်း
ခေါက်ရွေးဖို့အချိန်အလုံအလောက်ရခဲ့ပါတယ်။ဒီအခြေခံရေသောက်မြစ်အမှားရဲ့ဒဏ်ကိုငါးနှစ်လုံးလုံးခံကြရအုံးမှာဖြစ်ပါ
တယ်။
၂။ အစိုးရအဖွဲ့
ရွေးကောက်ပွဲအနိုင်ရပြီးနောက် အစိုးရအဖွဲ့ဖွဲ့ဖို့အချိန်အလုံအလောက်ရခဲ့ပါတယ်။ လုံလောက်တဲ့အပြင်အချိန်ကြာလွန်းလို့ ကမ္ဘာမှာရွေးကောက်ပွဲပြီးအာဏာလွှဲ
ပြောင်းပေးဖို့အချိန်အကြာဆုံးတိုင်းပြည်လို့တောင်NLDကပြောခဲ့ပါသေး
တယ်။အစိုးရအဖွဲ့အမည်စာရင်းတွေထွက်လာချိန်မှာတော့မှတကယ့်ကိုအိုးနင်းခွက်နင်းလက်တန်းပုံစံတွေဖြစ်နေပါတော့
တယ်။စီဗွီဖောင်အတုအမှားတွေကအစ ဝန်ကြီးဋ္ဌာနလေးခုကိုတစ်ယောက်တည်းကိုင်တဲ့အထိ၊ကမ္ဘာ့အကြာဆုံးအစိုး
ရအဖွဲ့ဖွဲ့ချိန် ၊အချိန်ရခဲ့တဲ့အနိုင်ရပာတီ
ကြီးဟာအစိုးရအဖွဲ့ဖွဲ့စည်းရေးမှာ
လူမှန်နေရာမှန်စနစ်တကျအချိန်ယူ
မရွေးချယ်ခဲ့ဘူးဆိုတာထင်ရှားနေပါ
တယ်။အဓိကအရေးကြီးတဲ့စီးပွားရေးမူဝါဒ
ဆိုင်ရာဝန်ကြီးတွေလူရွေးချယ်မှုအမှားဟာ အဆိုးဝါးဆုံးပါပဲ။ဘွဲ့အတုကိစ္စတွေထောက်ပြဝေဖန်ကြ
တာပလူပျံခဲ့ပေမယ့် ဂရုမစိုက်ခဲ့ပါဘူး။
ဒီအမှားတွေရဲ့ဒဏ်ကိုအခုခြောက်လခုနှစ်လအတွင်းမှာဒီလောက်ခံနေရပြီဖြစ်လို့နောက်ထပ်လေးနှစ်ခွဲဘယ်လိုရင်ဆိုင်ကြမလဲ စဉ်းစားဖို့လိုနေပါပြီ။
၃။ ငြိမ်းချမ်းရေး
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအ
မည်ကိုဒုတိယပင်လုံလိုအမည်တပ်ပြီး
ပင်လုံကတိကဝတ်တွေပါဝင်လာ
အောင်ဆွဲထည့်လိုက်ခြင်း၊All Inclusiveအားလုံးပါဝင်ရေးမူကိုဆွဲကိုင်ခြင်းငြိမ်းချမ်းရေးလောဘကြောင့်ငြိမ်းချမ်းရေးအကြပ်အတည်းပိုကြီးမားလာရပါတယ်။
ပင်လုံဆိုတာနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
အပြည့်အဝရရှိရေးကအဓိကဇာတ်
လိုက်ဖြစ်လာပါတယ်။(ခွဲထွက်ခွင့်ကိုအသာထားလိုက်ပါအုံး)ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝ ရတယ် ဆိုတာနိုင်ငံခြားရေးကာကွယ်ရေးဆိုတဲ့အချုပ်အခြာအာဏာကလွဲလို့ကိုယ့်ပြည်နယ်အတွင်းမှာကိုယ့်စိတ်ကြိုက်ဥပဒေပြဋ္ဌာန်းပြီး အုပ်ချုပ်တာဖြစ်ပါတယ်။ဗဟိုအစိုးရမှာ အင်အားချိနဲ့ပြီး ပြည်နယ်အစိုးရတွေမှာအာဏာအပြည့်အဝရှိတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝတွေပေးလိုက်ရင်ဘာတွေဖြစ်လာမလဲ။ပြည်ထောင်စု ခိုင်မြဲမလား၊ပြိုကွဲမလားရိုးရိုးလေးတွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။
၄၇ပင်လုံကာလကကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိရေးဟာကိုက်ညီကောင်းကိုက်ညီနိုင်မှာဖြစ်ပေမယ့်အခုအခြေအနေတွေမှာပေးလို့ဖြစ်မဖြစ်လက်တွေ့ကျကျစဉ်းစားရပါမယ်။
ပင်လုံဆိုတာနဲ့ကိုယ်ပိုင်ပြဋ္ဌာန်း
ခွင့်အပြည့်အဝရရှိရေးကမဖြစ်မနေပါလာပါပြီ။NLDကိုယ်တိုင်လည်းအတိုက်အခံဘဝကတိုင်းရင်းသားတွေကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိရေးကိုတစိုက်မတ်မတ်
ထောက်ခံခဲ့ပါတယ်။ဒါပေမယ့်အာဏာရလာတဲ့အခါမှာ
တော့ရခိုင်နဲ့ရှမ်းလိုပြည်နယ်တွေမှာကိုဒီလိုပြည်နယ်အာဏာအခွင့်အရေး
လမ်းစတွေပေးနိုင်ခွင့်ရှိရက်နဲ့မပေးခဲ့ပါဘူး။
လက်ရှိအခြေအနေမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝပေးခြင်းဟာဖက်ဒရယ်
ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့်ထက် ခွဲထွက်ရေးဆီဦးတည်နေတယ်ဆိုတာ
သိနေကြပါတယ်။
ပြည်နယ်အလိုက်လူမျိုးအလိုက်ရည်ရွယ်ချက်မတူညီဘဲပေါ်လာကြတဲ့လက်နက်ကိုင်အဖွဲ့အားလုံးတပြိုင်တည်းပါ
ဝင်ရေးဆိုတာကလည်းစိတ်ကူးယဉ်
လွန်းပါတယ်(ဦးသိန်းစိန်လက်ထက်ကလည်းဒီအမှားကိုလုပ်ခဲ့ဖူးပါတယ်)NCAလက်မှတ်မထိုးတဲ့အဖွဲ့တွေရဲ့အမျိုးမျိုးပညာပြလှည့်စားမှုအောက်မှာNCAလက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေပါစိတ်ပျက်လာပြီးပျက်သွားနိုင်တာသတိပြုရပါမယ်။ငြိမ်းချမ်းရေးညီလာခံအပြီးမှာNCA
လက်မှတ်မထိုးတဲ့အဖွဲ့တွေရဲ့ဈေးခေါ်
ကောင်းအောင် ကစားမှုတွေကြောင့် All Inclusive အားလုံးပါဝင်ရေးငြိမ်း
ချမ်းရေးဆိုတာအလွန်ခက်တယ်ဆိုတာထက်ဘယ်လိုမှကိုမဖြစ်နိုင်ဘူးလို့ကို
ပြောရမှာဖြစ်ပါတယ်။ခြောက်လတစ်ကြိမ်ငြိမ်းချမ်းရေးညီလာ
ခံကြီးလုပ်လိုက်တိုက်ပွဲတွေပိုကျယ်ပြန့်လာလိုက်နဲ့သံသရာလည်နေပါတော့
မယ်။ငြိမ်းချမ်းရေးမလိုချင်သူကိုပြတ်ပြတ်သားသားတိုက်၊လိုချင်သူတွေနဲ့ရ
အောင်မြင်အောင်ဆွေးနွေးဆိုတဲ့အယူအဆကိုလက်တွေ့အကောင်အထည်
ဖော်မှသာ အောင်မြင်နိုင်ပါလိမ့်မယ်။
၂၁ရာစုပင်လုံနဲ့All Inclusive ငြိမ်းချမ်းရေးလမ်းစဉ်ဟာမှားသလားမှန်သလားအချိန်ကဆုံးဖြတ်ပေးသွားပါလိမ့်မယ်။
၎။ ရခိုင်ဘင်္ဂလီအရေး
နိုင်ငံတကာပြဿနာအဖြစ်ရဲရဲဝန့်ဝန့် ဆွဲတင်လိုက်ပြီးကိုဖီအာနန်ကော်မရှင်နဲ့အဖြေရှာ လိုက်တဲ့အတွက် မြုံနေတဲ့အနာကို ဆွပေးလိုက်သလို ပြဿနာတွေပိုကြီးလာပါတယ်။နိုင်ငံတကာအမည်ခံ OIC,UNတို့အကြိုက်ကစားကွက်ထဲ
ရောက်သွားပြီးတဖြေးဖြေးဘော့စနီးယားကိုဆိုဗိုပုံစံဖြစ်အောင်ဆွဲသွင်းခံနေရပါပြီ။အချုပ်အခြာအာဏာကာကွယ်ထိန်း
သိမ်းရေးနဲ့နိုင်ငံတကာ လူ့အခွင့်အရေး
ဗန်းပြ လူမျိုးရေးဘာသာရေး တို့လွန်ဆွဲပွဲကိုနိုင်ငံတကာမျက်နှာစာမှာဘယ်လိုဆက်ရှင်းမလဲဆိုတာရင်တမမနဲ့စောင့်ကြည့်ဖို့သာရှိပါတော့တယ်။
အချုပ်အခြာအာဏာအတွက်ဘာဖြစ်ဂရုမစိုက်ဘူးလို့လုပ်ရင်ဘော်လကန်ကသားသတ်သမားသမုတ်ခံရတဲ့မီလိုဆီ
ဗစ်လိုဖြစ်သွားနိုင်သလိုအလျှော့ပေး
လွန်းရင်လည်းဂိုဗာချော့ရဲ့ဆိုဗီယက်လိုပြိုကွဲသွားနိုင်ပါတယ်။အမှားမခံတဲ့ကြိုးတန်းလမ်းလျှောက်အခြေအနေမှာရောက်နေပါတယ်။
နိုင်ငံတကာပြဿနာအဖြစ် ရဲရဲဝန့်ဝန့်
စွန့်စားမှုဟာလောင်းကြေးကြီးတဲ့ကစားဝိုင်းတစ်ခု လို ဖြစ်နေပါတယ်။အမှားအမှန်ကိုသမိုင်းကဆုံးဖြတ်ပေးသွားပါလိမ့်မယ်။
၅။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး
နှစ်သောင်းငါးထောင်ကျပ်တန်ဖိုးထက်မပိုသောလက်ဆောင်ပစ္စည်း ကိုလက်မခံရ ဆိုတဲ့ ညွှန်ကြားချက်နဲ့ အဂတိကင်းစင်သောအစိုးရတစ်ရပ်ထူထောင်ဖို့ကြိုးပမ်းချက်ဟာဘယ်
လောက် ခရီးပေါက်ခဲ့ပါပြီလဲ။ ရွေးကောက်ပွအကြိုကာလမှာရှားရှားပါးပါးကတိပေးခဲ့တဲ့အချက်တစ်ချက်ဖြစ်တဲ့အဂတိကင်းစင်သောအစိုးရဖြစ်စေရမယ်ဆိုတာဘယ်လောက်အောင်မြင်လာပြီလဲ။ဘယ်လိုစီမံချက်တွေနဲ့ အဂတိကင်းတဲ့အစိုးရဖြစ်အောင်လုပ်မှာလဲ၊တကယ်အဂတိကင်းစင်တဲ့
အစိုးတစ်ရပ်ဖြစ်အောင်လုပ်နိုင်မှာလားဆိုတဲ့မေးခွန်းတွေ ကိုဖြေဖို့ ခက် တယ်ဆိုတာထက်အရင်ကထက်ပို ဆိုးမသွားအောင်လုပ်နိုင်ရင်ကို အသိအမှတ်ပြုရပါလိမ့်မယ်။အစိုးရအဖွဲ့ဝင်တွေကိုဖြုတ်ပစ်မယ်ပြောလိုက်ရုံ၊အတွင်းဝန်တွေပညာပြတယ်
်ပြောလိုက်ရုံနဲ့တော့အလုပ်မဖြစ်နိုင်ပါဘူး။
၆။ တရားဥပဒေစိုးမိုးရေး
တရားဥပဒေစိုးမိုးရေးအဓိက ဆိုတဲ့ကြွေးကြော်သံနဲ့အရင်အစိုးရလက်ထက်မှာတရားဥပဒေစိုးမိုးမှုမရှိဘူးလို့ဆီမန်းမန်းသလိုရွတ်ခဲ့တဲ့အတိုက်အခံဘဝကနေမိမိအစိုးရဖြစ်တဲ့အချိန်မှာဘာကြောင့်အရင်ထက်ပိုဆိုးတဲ့တရားဥပဒေစိုးမိုးရေးဖြစ်အောင်ကျဆင်းခဲ့ရပါသလဲ။ဘယ်သူတွေဘာတွေမှားလို့ဒီလို
ဖြစ်နေရတာလဲ။
၇။ စီးပွားရေး
နောက်ဆုံးမှရေးပေမယ့်အရေးကြီးဆုံးကိစ္စပါ။အလွန်အရေးကြီးပါတယ်။ဦးနေဝင်းရဲ့လမ်းစဉ်ပါတီပြုတ်သွားတာတစ်ပါတီအာဏာရှင်စနစ်ကြောင့်မဟုတ်ပါ။စီးပွားရေးကောင်းအောင်မလုပ်
ပေးနိုင်လို့သာဖြစ်ပါတယ်။နဝတ၊ နယက ကိုလူထု မကြိုက်တာ စစ်အာဏာရှင်စနစ်ကြောင့်မဟုတ်ပါ။စီးပွားရေးကောင်းအောင်မလုပ်ပေးနိုင်လို့သာဖြစ်ပါတယ်။
NLDကို လူထုထောက်ခံအားပေးခဲ့တာ ဒီမိုကရေစီကြောင့်မဟုတ်ပါ။စီးပွားရေးကောင်းအောင်လုပ်ပေးနိုင်
မယ်လို့မျှော်လင့်ခဲ့လို့ဖြစ်ပါတယ်။
အခု(၇)လအတွင်းကျဆင်းခဲ့တဲ့စီးပွား
ရေးကိုအမြန်ဆုံးပြန်လည်မြှင့်တင်နိုင်ဖို့အရေးဟာအရေးတကာ့အရေးကြီးဆုံးပါပဲ။All Inclusive ငြိမ်းချမ်းရေး(၅)
နှစ်အတွင်း မရနိုင်သေးပါဘူး။ဖြေးဖြေးလုပ်ပါ။ကုန်ကုန်ပြောရရင် ကျန်တဲ့ကိစ္စတွေဖြေးဖြေးလုပ်ပါ။အစိုးရမပြုတ်နိုင်ပါဘူး။စီးပွားပျက်ကပ်ဆိုက်ရင်တော့ အစိုးရပြုတ်တတ်တယ်ဆိုတာပြီးခဲ့တဲ့အစိုးရတွေရဲ့သင်ခန်းစာမှာတွေ့နိုင်ပါတယ်။ဒီလူဒီမူတွေနဲ့လုပ်နိုင်စွမ်းအားရှိမရှိ သေသေချာချာသုံးသပ်ပြီးလိုအပ်သလိုလူတွေမူတွေကိုပြတ်ပြတ်သားသားပြင်ရမယ့်အချိန်ရောက်နေပါပြီ။
အခြေခံလူထုရဲ့စားဝတ်နေရေးပြဿနာကိုတိုးတက်အောင်လက်တွေ့မဖြေရှင်းနိုင်တဲ့အစိုးရဟာအနှေးနဲ့အမြန်ကျဆုံးသွားပါလိမ့်မယ်။
၈။ အထွေထွေ
အစိုးရသက်တမ်း(၇)လဆိုတာအလွန်နုနယ်ပါသေးတယ်။ဒီနုနယ်တဲ့ကာလအတွင်းမှာဘာတွေမှားခဲ့သလဲဆိုတာမှန်မှန်ကန်ကန်သုံးသပ်ပြီးပြင်လို့မရတာတွေသင်ခန်းစာယူပြင်လို့ရတာတွေအမြန်ဆုံးပြင်ဆင်ပြောင်းလဲဖို့အချိန်ရှိပါသေးတယ်။
အခြေခံရေသောက်မြစ်ဖြစ်တဲ့
"လူကိုမကြည့်နဲ့ပါတီကိုကြည့်"အစား
"လူနဲ့မူနှစ်မျိုးစလုံးကြည့်ရမယ်"ဆိုတဲ့
ကြွေးကြော်သံအသစ်နဲ့"မကောင်းတဲ့လူတွေကိုရဲရဲတင်းတင်းလဲထုတ်၊မကောင်းတဲ့မူတွေကို ရဲရဲတင်းတင်း ဆွဲဖြုတ် "ဆိုတဲ့ လမ်းစဉ် သစ်နဲ့ အချိန်ရှိခိုက် ပြင်လိုက်ကြမှသာ ရွှေပြည်တော် မျှော်တိုင်းဝေး ဘဝက လွတ်မြောက်နိုင်မယ်လို့ထင်မြင်ယူဆမိပါကြောင်း။ ။


Bullet News Journal ပါဆောင်းပါး 


သောင်းလွင်ဟိန်း 

"ကျွန်တော်နှင့် ကြောက်ခြင်း (၁)"

$
0
0

*********
(၁)
"ဘုရား..ဘုရား…ဘုရား…"
"အမလေးတော် အိမ်လေးလှုပ်တာများ ဘုရား တ နေလိုက်တာ "
"တ ရတာပေါ့ မတော်အိမ်ပြိုကျသွားရင် ဘယ့်နှယ်လုပ်မတုန်း "
"ပြိုပါဘူးတော် … ပြိုကျလည်း ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာ။ ရှင်ပဲ တစ်ယောက်တည်း တွေးကြောက်နေတာ။ ခုမှ သေမှာ တော်တော်ကြောက်နေရဲ့ ဟုတ်လား…"
သြော် ကြောက်တာပေါ့ မိန်းမရယ်။ ပုထုဇဉ်လူသား အို ပြောရရင် သတ္တ၀ါမှန်သမျှ ဘယ်သူက သေမှာ မကြောက်ဘဲ နေပါ့လိမ့်မလဲကွယ် ကြောက်တာပေါ့။

(၂)
"သေမှာ မကြောက်လို့
ပေတစ်ရာ လျှောက်တာတဲ့
ကြိုးစင်ပေါ်တက်
မျက်ရည်ထွက်
ခွက်နဲ့တစ်လုံး ပြည့်ရော့ဟဲ့ "
"အစ်မ "
"ဟေ "
"အဲဒီကဗျာကို ကျွန်တော်ငယ်ငယ်ကတည်းက ပါးစပ်ဖျားမှာ စွဲနေတာဗျ။ ကဗျာပြည့်စုံသလား၊ မှန်သလားတော့ မသိဘူးပေါ့လေ၊ အဲဒီကဗျာမှာ မရှင်းတာက ပေတစ်ရာ လျှောက်တာ ဆိုတာ ဘာပြောတာလဲ အစ်မ "
"ကြိုးစင်တက်တယ်ဆိုတာ ပါတယ်မလား "
"ဟုတ် "
"အေး အဲဒီကြိုးစင်ပေါ်သွားတဲ့ လျှောက်လမ်းဟာ ပေတစ်ရာရှိတယ်တဲ့ "
"သြော် "
မကြောက်ဘူးကွ၊ မကြောက်ဘူးကွလို့ သတ္တိတွေမွေး စိတ်ကိုတင်းပြီး ပေတစ်ရာရှိတဲ့ လျှောက်လမ်းကနေ ကြိုးစင်ပေါ်တက်၊ ကြိုးစင်ပေါ်ရောက်လေကာမှ သေမှာကြောက်လို့ ကျတဲ့မျက်ရည် ခွက်နဲ့တစ်လုံး ပြည့်နေကြပြီလားလေ။
(၃)
တကယ်ဆို ကျွန်တော်က သေမှာမကြောက်တဲ့ သူတစ်ယောက်လို့ အရင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားတဲ့ သူပါ။ အင်း သေမှာ မကြောက်ဘူးဆိုတာက မြွေကိုလည်း ကိုင်ရဲတယ်၊ ကျားနဲ့လည်း ဆော့ရဲတယ်၊ ကျည်ဆံ ဗုံးဆံတွေကြား ပြေားလွှားလို့ တိုက်ပွဲတွေလည်းနွှဲရဲတယ်လို့ ပြောတာမဟုတ်ရပါဘူး။
သေမှာ မကြောက်လို့ မိုက်ရူးရဲ လုပ်ချင်ရာလုပ်တဲ့ စိတ်မျိုးကိုလည်း ပြောတာမဟုတ်ပါဘူး။ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်လိုသေရမယ်ဆိုတာ ဘယ်သူကမှ ကြိုပြီးသိလှတာမဟုတ်ဘူးလေ။ ဒီတော့ လမ်းသွားရင်း ဗြုန်းခနဲဆို ကားတိုက်လို့သေချင်သေမယ်၊ အခန့်မသင့် အစားတစ်လုတ်ကြောင့် သွေးတက်ပြီးသေချင်သေမယ် အို ပြောရရင် သတ္တ၀ါမှန်သမျှ သေဖို့ရာ နည်းလမ်းတွေကအများကြီးရယ်ဆိုတော့ တစ်ခုခုနဲ့ သေသွား၊ သေပေါ့၊ သေရဲပါ့ ဆိုတဲ့အတွေးမျိုးကြောင့် ကိုယ့်ကိုယ်ကိုယ် သေမှာမကြောက်ဘူးရယ်လို့ ပြောရခြင်းပါ။
သေခြင်းတရားရဲ့ နောက်ဆက်တွဲဆိုတာကို မတွေးတတ်ခဲ့ဘူး။ သေပြီးရင်လည်း မပြီးသေးတဲ့ သံသရာဆိုတာကို ခပ်ပါးပါး(အလွန့်အလွန်ပါးပါး)လောက်ပဲ တွေးမိတာရယ်ကြောင့် သေတော့ဘာဖြစ်မလဲ အို နောက်ဘ၀တစ်ခုလည်ပေါ့၊ ဒါပဲ အသိက၊ အတွေးက ဒါပဲ။
ဒီတော့ကား သေမှာ မကြောက်ဘူးရယ်။
ခုတော့ နှစ်ကြီးလာလေ ကြောက်စိတ်ကြီးလာတယ်ရယ်လို့ ထင်ရတယ်။ သေရမှာကို ပိုပိုကြောက်လာတယ်။ တစ်ခုခုလေးများဆို "ဘုရား ဘုရား "နဲ့။ အမယ် "ဘုရား ဘုရား"နဲ့ တ တယ်ဆိုတော့ ဘုရားအာရုံပြုတယ်လို့များ မအောင့်မိလေနဲ့။ အာမေဋိတ် နှုတ်က တမိရုံပဲ။ ဒီလောက်ပဲ နှုတ်က ရွတ်လည်းပြီးရော ဘုရား ဘယ်နေမှန်းကို မသိတော့ဘူး။ ကျန်တဲ့အချိန်တွေဆို နှုတ်က တစ်ရာပုံလို့ တစ်ပုံရဲ့ တစ်စိတ်တောင်မထွက်နိုင်ဘဲ၊ ကောင်းမွန်တဲ့ စကားတွေ ဘယ်ရောက်မှန်းမသိဘဲ အရည်မရအဖတ်မရ စကားလုံးတွေနဲ့သာ အာခံတွင်းတစ်ခုလုံး ပြည့်နှက်နေခဲ့တာ။
အင်းလေ ဒါကြောင့်လဲ သေမှာကို ပိုပိုကြောက်လာတာ ဖြစ်မှာပေါ့။
ပြီးတော့ ကြိုးတွေ၊ ကြိုးတွေပေါ့လေ။ သံယောဇဉ်ကြိုး၊ လောဘကြိုး၊ အတ္တကြိုး၊ ရမ္မက်ကြိုး အို ကြိုးကို စုံလို့။ ချည်ထားတာများ။ ကိုယ့်ကိုယ် ချည်တဲ့ကြိုးကို ပြန်ချစ်လိုက်တာလေ။ ပြတ်သွားမှာကိုစိုးရိမ်နေတာ။
လက်ရှိလောကီမှာ ကျင်လည်နေတဲ့ အချိန်အခိုက်အတန့်လေးကိုပဲကြည့်။ ကိုယ်ထိုင်တဲ့ နေရာလေးက နေရာ ကောင်းနေ၊ မြင့်မားနေ၊ ၀င်ငွေစီးဆင်းမှုအလွန်ကောင်းနေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေချောမွေ့နေတယ်ဆိုရင်ပဲ တခြားနေရာတစ်ခုကို သွားဖို့ တွန့်သွားတတ်ကြတာပဲလေ။ ဒီနေရာလေးကို ဖက်တွယ်ထားချင်တဲ့စိတ်ကလေးကလည်း အရင်းခံရှိနှင့်နေသေးတာကိုး။
သားရယ် သမီးရယ်၊ ဇနီးမယားရယ်နဲ့ ဥစ္စာတွေက လက်ရှိကျင်လည်ရာ ဘ၀အသိုက်အ၀န်းလေးကို အကျေနပ် ကြီးကျေနပ်၊ အပျော်ကြီးပျော်နေတာပေါ့။ နောက်တစ်ဘ၀ဆိုတာက ဘယ်ဆီနေမှန်းမသိ၊ ဘယ်ကိုသွားလို့ ဘာဖြစ်မှန်း သိတာမဟုတ်ရယ်။ ဒီလောကီကြီးထဲမှာပဲ သံသရာဆွဲစန့်လို့ ဘယ်လောက်ပင်ရှည်ရှည်ဆိုသကိုး၊ နေချင်သေး၊ ပေချင် သေး၊ ပျော်ချင်သေး၊ မော်ချင်သေးတာကိုး။
သံသရာကြီးမှာ လည်ပတ်နေသ၍ ဘယ်ဘ၀ဘယ်ဘုံမှ မမြဲဘူးဆိုတာအသိလေးက သိချင်ယောင်ဆောင်နေ တယ်ဆိုပေမင့် တကယ်တန်းတော့ မမြဲဘူးဆိုတဲ့ သတိလေးမရှိတော့ မြဲသမှ မြဲ မြဲ မြဲ ထင်လို့။ မြဲတယ်လို့ ထင်မိလို့လဲ သေမှာကို ကြောက်တဲ့ စိတ်တွေက ပိုပိုလို့တိုးလာတာထင်ပါရဲ့။
(၄)
သေခြင်းတရားဆိုတာ အချိန်မရွေးဘူး၊ နေရာမရွေးဘူး၊ အသက်အရွယ်မရွေးဘူး။ လက်တစ်ဖျစ်အတွင်းမှာ သက်တမ်းကုန်ဆုံးသွားတတ်တယ်။ တချို့ အမိဝမ်းအတွင်းမှာတင် သေဆုံးရ၊ တချို့ လူကောင်းပတိကြီးက တစ်နည်းနည်းနဲ့ ဗြုန်းခနဲဆို သေဆုံးရ၊ အဲသလိုနဲ့ အမှတ်မထင်ရောက်လာတတ်တဲ့ တရား။
အာယုက္ခယ၊ အသက်တမ်းကုန်၍ သေဆုံးခြင်း(မီးစာကုန်၍ မီးငြိမ်းခြင်း)၊ ကမ္မက္ခယ၊ အသက်တမ်းရှိသေးသော် လည်း ကံကုန်၍ သေခြင်း(မီးစာရှိသေးသော်လည်း ဆီခမ်း၍မီးငြိမ်းခြင်း)၊ ဥဘယက္ခယ၊ အသက်တမ်းနှင့် ကံကုန်၍ သေခြင်း(မီးစာကုန်ဆီခမ်း၍ မီးငြိမ်းခြင်း)၊ ဥပစ္ဆေဒက၊ အသက်တမ်းမစေ့၊ ကံမကုန်မီ ဥပစ္ဆေဒကံကြောင့် သေရခြင်း (မီးစာနှင့်ဆီရှိသေးသော်လည်း ကြားလေတိုက်၍ မီးငြိမ်းခြင်း) ဆိုတဲ့ သေခြင်း ၄ မျိုးရှိပါတယ်။
အသက်ဥာဏ်စောင့်သတဲ့။ မီးစာကုန်ဆီခမ်းအထိ နေနိုင်အောင်ကြိုးစားကြပေမဲ့ ကံသေကံမ ပြောမရတဲ့ ဘ၀ အခြေအနေတွေဆိုတော့ ဘယ်ပုံဘယ်နည်းနဲ့ သွားကြရမလဲ ကြိုမသိနိုင်။
ကြိုမသိနိုင်ပဲ ဘ၀တစ်ပါးလားရပြီဆိုရင်တော့ အဲဒီဘ၀တစ်ပါးကို ကျွန်တော်တို့ ဘာတွေယူသွားလို့ ရသလဲ၊ ကျွန်တော်တို့နောက်ကို ဘာတွေပါလာသလဲ၊ ကျွန်တော်တို့ ဘ၀တစ်လျှောက်လုံး ပြုခဲ့သမျှ ကုသိုလ်၊ အကုသိုလ်ကံ တွေသာ ပါလာကြရမှာပါ။ ကျွန်တော်တို့ ရှာဖွေသမျှသော ဥစ္စာတွေ ထားခဲ့ကြရမယ်၊ ချစ်လှစွာသော ဇနီးမယား၊ သမီး သားတွေထားခဲ့ရမယ်။
လိုက်ပါမလာနိုင်တဲ့ ဥစ္စာတွေ၊ ချစ်သူခင်သူမုန်းသူတွေကို စွဲငင်နေရင်တော့ မကျွတ်မလွတ်နိုင်တဲ့ ပြိတ္တာတွေ၊ အသူရကယ်တွေ ဖြစ်သွားနိုင်တယ်။ သေခါနီးဇောတွေအကျ၊ လားရာဂတိနိမိတ်တွေကိုမြင်တဲ့အခါ ကိုယ့်ရဲ့လားရာ ဂတိတွေဟာ ကြောက်စရာကောင်းလွန်းနေတဲ့အခါ သေရမှာကိုကြောက်တဲ့ စိတ်တွေ ပိုလို့တိုးလာမယ်ထင်ရဲ့။ အဲဒီအချိန်ကြမှ နောင်တရကြ၊ မျက်ရည်တွေ တွေတွေစီးရမဲ့ အဖြစ်တွေက တွေးကြည့်လေ ကြောက်စရာကောင်းလေ ပါလားလေ။
(၅)
အသက်အရွယ်ကြီးရင့်လာခြင်းနဲ့အတူ အတ္တတွေဟာ ပိုပိုကြီးလာသလား။ လူတွေက အတ္တကြီးလာတာနဲ့အမျှ သေမှာပိုကြောက်လာတတ်ကြတယ်။ သို့သော်လည်းပေါ့လေ သေမှာမကြောက်တဲ့ စိတ်တွေနဲ့ ပေတစ်ရာလျှောက်ကြတဲ့ သူတွေမဟုတ်လား။
နံနက်ခင်းအလင်းမှာ မျက်နှာလေးသစ်၊ ခိုင်ခန့်နေအောင်၊ ဖွေးနေအောင် သွားလေးတွေတိုက်၊ လူမြင်ကောင်း သူမြင်ကောင်းအောင်၊ ကိုယ့်ရုပ်ကလေး မှန်ရှေ့ကမခွာရက်နိုင်အောင် ပြင်ဆင်၊ ဆံနွယ်လေးတွေ ဖြူနေသလား၊ ပါးရေ နားရေတွေတွန့်နေပြီလား တတ်နိုင်သမျှသော ဖန်တီးပြင်ဆင်ချက်တွေနဲ့ သေမင်းကြီးကို မျက်စိမှောက်မှားအောင် လှည့်စားနေကြတာပဲလေ။
ဒါ့အပြင် လောဘဇော၊ ဒေါသဇောတွေနဲ့ အထုပ်တွေထုတ်ကြ၊ သယ်ပိုးကြ၊ ရှာဖွေကြ။
ည အိပ်ရာထဲဝင်၊ နဖူးပေါ် လက်ကလေးတင်၊ စီးပွားရေးကြီးပွားရေး၊ သမီးရည်းစားအရေး၊ သားရေးသမီးရေး၊ ဟိုအရေး ဒီအရေးတွေနဲ့ ကမ္ဘာကုန်ကျယ်သ၍ ရှာပုံတော်ချဲ့လေကြ။ သေရေးဆိုတာထက် တုံးလုံးစာ၊ မတ်တတ်စာအတွက် ပူပင်ရ။ နောင်ဘ၀အရေးထက် နောင်အရေးတွေလို့ ပူပင်ရ။ အဲသလိုနဲ့ပဲ ကိုယ့်ဘ၀ကိုယ် မေ့နေ ကြတဲ့ ကျွန်တော်တို့တတွေ။
"ကိုယ့်ကိုယ်ကို သနားပါ များသတ္တ၀ါ ...
ကိုယ့်ကိုယ်ကို သနားပါ များသတ္တ၀ါ ...
လောဘ ဒေါသ မောဟ လောင်မီး ကိလေသာ ...
လောဘ ဒေါသ မောဟ လောင်မီး ကိလေသာ ...
တဟုန်းဟုန်း တောက်လို့ သာ ... တဖြုန်းဖြုန်း မောက်မို့ စွာ ...
တဟုန်းဟုန်း တောက်လို့ သာ ... တဖြုန်းဖြုန်း မောက်မို့ စွာ ...
အကုသိုလ် စရိုက်ဆိုးတွေဟာ ပြုလွယ်ဖြစ်လွယ် စိတ်အား ထက်သန်စွာ ...
အကုသိုလ် စရိုက်ဆိုးတွေဟာ ပြုလွယ်ဖြစ်လွယ် စိတ်အား ထက်သန်စွာ ...
နတ်ရွာနိဗ္ဗာန်လမ်းကို လှမ်းဖို့ အမှုဟာ ထဲစိတ်ကမပါ ...
နတ်ရွာနိဗ္ဗာန်လမ်းကို လှမ်းဖို့ အမှုဟာ ထဲစိတ်ကမပါ ...
နေရာဟောင်းကို အလွန်အောင်းမေ့တာ ...
လေးဘုံပါယ်ရွာ ... လေးဘုံပါယ်ရွာ ... ထဲမှာ ...
နေမြဲသာ ... များသည်သတ္တ၀ါ ... "
(၆)
"အလို မောင်ပိုင် ခုတလေ သေခြင်းတရားတွေ အကြောင်းတွေကြောင်း တယ်လဲရေးလှပါလား "
"ရေးရတာပေါ့ဗျာ သေခြင်းတရားက ဘယ်အချိန်လာမယ်မှန်းမှမသိတာ "
"ဘာလဲ ခုမှ သေရမှာကြောက်နေပြီလား "
"သေရမှာ ကြောက်တာပေါ့ဗျာ "
"ဟား ဟား ဟား ဟား ဟား ဟား "
"ဘာ ရယ်တာလဲ ဗျ "
"မင်းက ကြောက်သတဲ့လား.. ဟား ဟား ဟား.. ကြောက်ချင်ယောင် ဆောင်တာပါကွာ ဟား ဟား ဟား "
*************
မေတ္တာဖြင့်
မောင်ပိုင် (လေးမျက်နှာ)
၃-၁၁-၂၀၁၆
အယူအဆအမှားများ၊ အမှတ်အမှားများရှိ၊ အရေးအသားမှားယွင်းမှုများရှိနေပါက
သည်းခံ၍ ပြုပြင်ပေးစေလိုပါတယ်ခင်ဗျား။
Viewing all 1811 articles
Browse latest View live