Quantcast
Viewing all articles
Browse latest Browse all 1811

ကျွန်တော်ရေးသည့် မောင်ပိုင့်အကြောင်း အပိုင်း(၅)


Image may be NSFW.
Clik here to view.
ကျွန်တော်ရေးသည့် မောင်ပိုင့်အကြောင်း အပိုင်း(၅) ……………………….. (၁)  " ကသ ၃၀၊ မောင်ပြည့်ဖြိုးလှိုင် "  " ရှိ "  " အေး ရှိဆိုရင် ကျွမ်းနှစ်ပတ်လောက်ထိုးပြီး ဒီမှာ စာလာယူ "  " ဟုတ် "  ကျွမ်းနှစ်ပတ်လောက် လိမ့်ပြီး ကျွန်တော်စာသွားယူခဲ့သည်။  စစ်ကြောင်းဆရာတစ်ဦးက နောက်တစ် ခါဆိုလျှင် ဦးတွေ၊ မောင်တွေ၊ ကိုတွေ မတတ်ပဲ စာထည့်ခိုင်းဖို့ပြောသည်။  ရှေ့က တသသ ထည့်၍ လည်းကောင်း၊ ကျောင်းသားအမှတ်(ကသ)ထည့်၍ ရေးခိုင်းပါ ဟုဆိုပါသည်။  ကျွန်တော်က ကသ-၃၀၊ တစ်ခွဲ (၁)။  ကျွန်တော့်အဖို့ ထိုကသ အမှတ်သည် ထူးခြားမှုရှိသည်ဟု ဆိုရမည်ပင်။  အဘယ့်ကြောင့်ဆိုသော် ကျွန်တော်၏ တစ်ခုတည်းသော၊ ပိုင်ဆိုင်သော ကိုယ်ပိုင်အမှတ်ကို ပေါင်းလိုက်သည့်အခါ ၃၀ ရနေခြင်းကြောင့် ဖြစ်သည်။ (ဒီနေရာမှ ကိုယ်ပိုင်အမှတ်ကို မဖော်ပြတော့ပါဘူး။  ဘာလို့လဲဆိုရင် ကျွန်တော့်ကိုယ်ပိုင်အမှတ်ကို အလွဲသုံးစားလုပ်ပြီး ဘဏ်ထဲထည့်ထားတဲ့ ငွေတွေထုတ်သွားမှာဆိုးလို့။ ပြောရတာ အရသာရှိပါဘိ။)  တသသ ဆိုသည်က တပ်သားသစ်ဖြစ်သည်။  သို့သော် ကျွန်တော်တို့အဖို့ တသသသည် တသ သ နှင့်အောက်မေ့စရာ ဘ၀အခြေအနေ တစ်စိတ်တစ်ပိုင်းပင်ဖြစ်ခဲ့ပါသည်။  ထိုအချိန်တွင် မိမိထံသို့ ရပ်ဝေးမှ ရောက်ရှိလာသည့် စာတစ်စောင်သည်၊ စာအိတ်အနီလေးတစ်လုံး သည် ကျွန်တော်တို့အတွက် ခွန်အားဖြစ်စေသလို၊ စာအိတ်လေးထဲတွင် မိဘတို့၏ မေတ္တာဓာတ်၊ သူငယ်ချင်း တို့၏ သံယောဇဉ်ခင်မင်မှုဓာတ်တို့ ထုံမွှမ်းနေသည်ဟု ကျွန်တော်ဆိုချင်ပါသည်။  ဒါ့အပြင် လွမ်းဆွေးသတိရ တတ်သူ၏ နှလုံးသားကို ပြန်လည်နုပျိုလန်းဆန်းစေသည့် ဆေးတစ်မျိုးဟုလည်း ပိုချင်ပိုစေ ဆိုချင်မိပါသည်။  လွန်ခဲ့သော နှစ်အနည်းငယ်အထိ ထိုစာလေးများသည် ကျွန်တော်ထံတွင်ရှိနေဆဲဖြစ်သည်။  စာလေး တွေကို ကျွန်တော်တန်ဖိုးထားသည်။ ကျောင်းသားဘ၀ သူငယ်ချင်းအချင်းချင်း အမှတ်တရ ရေးသားပေးမှုတွေ၊ ရည်း စားထားစဉ်က တစ်ယောက်နှင့် တစ်ယောက်အပြန်အလှန် ရင်ဖွင့်သံစာတွေကို ကျွန်တော် တယုတယ သိမ်း ထားသည်။  ထိုစဉ်က သေတ္တာတစ်လုံးတွင် စာက သုံးပုံတစ်ပုံမျှ နေရာယူခဲ့သည်။  " သူငယ်ချင်း မထင်မှတ်ပဲ တပ်ထဲဝင်သွားတဲ့အတွက် အံသြမိသလို၊ မင်းရဲ့ စွန့်စားမှုအတွက် ဂုဏ်ယူ မိပါတယ်၊ မင်းကိုလည်း တို့တတွေ သတိရနေပါတယ်ကွာ "  ထိုအချိန်က စာလေးကို ခဏခဏထုတ်ဖတ်၊ ခဏခဏ မျက်ရည်ဝဲခဲ့ရသည်ပင်။  တကယ်တော့ ကျွန်တော်က ကျောင်းဆရာလုပ်ချင်သူ။ တပ်ထဲတွင် ဗိုလ်လုပ်မည့်သူက ရုံးစာရေးဖြစ်၊ ဒုရဲအုပ်လုပ်မည့်သူက လယ်အလုပ်ပဲ ဆက်လုပ်(ခုတော့ ဌာနတွေမှာ အလုပ်ကိုယ်စီလုပ်နေကြပါပြီ)။  ကျွန်တော်တို့ သူငယ်ချင်း တစ်စုတွင် ကျွန်တော်က အကောင်အသေးဆုံး။  အပျော့ဆုံး။ ပြီးတော့ အပျင်းအကြီးဆုံး။  ဒီလိုလူတစ်ယောက် တပ်ထဲရောက်သွားသည့်အတွက် ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကတော့ တအံ့တသြဖြစ်သွားကြရသည်။  ထို့အတွက် အားပေးစကားတွေ၊ ဂုဏ်ပြုစကားတွေ၊ ဆုံးမစကားတွေ၊ သတိရမှုစကားသံတွေကို စာရွက်လေးထဲကတစ်ဆင့် ကျွန်တော်ကြားသိခဲ့ရပါသည်။  သို့အတွက်လည်း ကျွမ်းခုနှစ်ပတ်လောက်ထိုးပြီး တောင်နောင်အခါ သွားယူချင်စိတ်ဖြစ်ခဲ့မိပါသည်။ (၂)  " ကဲ ဒီတစ်ပတ် တပ်ပြင်ထွက်ခွင့်ပေးမယ်။ ထွက်မဲ့သူတွေ စာရင်းလာပေး။  ပြီးတော့ တပ်ပြင်ရောက် သွားတာနဲ့ စည်းကမ်းမဲ့ မလုပ်ကြနဲ့။  စစ်သားဆိုတဲ့ စိတ်ကို ပျက်မသွားစေနဲ့။  ဘာပြဿနာမှ မဖြစ်စေနဲ့။ မင်းတို့ကို ယုံကြည်လို့ တို့တွေ ပေးလွတ်တာ။  တို့ယုံကြည်မှုကိုလဲ အလွှဲသုံးစားမလုပ်ပါနဲ့ "  စိတ်ထဲမှာ ပျော်လိုက်သည့်ဖြစ်ခြင်း။  မိတ္ထီလာရောက်ပြီးကတည်းက မိတ္ထီလာမြို့အတွင်းသို့ တစ်ခေါက်မျှ မရောက်ခဲ့ဘူးချေ။  ခုမတော့ အတိုးချလည်ပတ်ရတော့မည်။  တပ်ပြင်ထွက်မည်ဆိုကတည်းက ကျွန်တော်တို့ ကောင်းပေ့ဆိုသည့်အ၀တ်အစားကောင်းကို ရွေးဝတ် ကြသည်။  အမွှေးအကြိုင်လေးတွေ တို့ကြသည်။  အိပ်ထဲ ခပ်ဖောင်းဖောင်းလေးဖြစ်အောင် ရှိသည့် ငွေကြေး လေးကို ခပ်ဖွဖွထည့်ကြသည်။  တကယ်တော့ ကျွန်တော်တို့ မည်သို့ပင် ပြင်ဆင်စေကာမူ မိတ္ထီလာသူ၊ မိတ္ထီလာသားတွေက ကျွန်တော်တို့ဘာတွေ ဆိုတာသိကြသည်။  အကဲခတ်နိုင်ကြသည်။  အဘယ်ကြောင့် ဆိုသော် ကျွန်တော်တို့၏ ဆံပင်ပုံစံကား ပဲကေဟုခေါ်သော စစ်သားပုံ ဆံပင်ပုံစံများဖြစ်နေကြခြင်းကြောင့် ဖြစ်သည်။    သို့သော် ကျွန်တော်တို့အတွက် ထိုပဲကေသည်ကား ဂုဏ်ရှိလှသည်ဟု ထင်အမှတ်ဖြင့် အုန်းဆီကို ခေါင်းပြောင်အောင်လိမ်းကြံပြီး ထွက်တော်မူနန်းကခွာကြသည်။  နာမည်ကြီးလှသည့် မိတ္ထီလာကန် တော်ကြီးကိုသွားသည်၊ မိတ္ထီလာတက္ကသိုလ်အတွင်းသို့ သွားသည်။  အပြန်ဈေးကြီးထဲဝင်သည်။  လည်ပတ်၍ ၀သည့်အခါမှ မြင်းလှည်းလေးစီးပြီး တပ်သို့ပြန်လာခဲ့ကြသည်။  တပ်ထဲတွင် သင်တန်းတွင် မောပန်းသမျှ ပြေပျောက်လုနီးနီးဖြစ်သွားကြရသည်။  နံနက် ၄ နာရီထ။ ကိုယ်လက်သန့်စင်။  ကိုယ်လက်ကြံ့ခိုင်ရေးလုပ်။  စစ်ပညာ စာတွေ့သင်၊ နေ့လည် စာစား၊ လက်တွေ့သင်၊ ညနေကိုယ်လက်ကြံ့ခိုင်ရေးလုပ်၊ ရေချိုးထမင်းစား၊ ညစာကြည့်ချိန်ဝင်၊ တန်းစီ၊ အိပ် ဆိုသည့် နေ့စဉ်လုပ်ဆောင်ဖွယ်ရာများကို ခဏမျှ ရပ်ဆိုင်းပြီး စိတ်လက်ကိုယ်လွတ်လပ်စွာ အနားပေးလိုက် ရခြင်းသည် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတွေအတွက် ခွန်အားလည်းဖြစ်စေပါသည်။ (၃)  သင်တန်းတက်ရစဉ်က ကျွန်တော်နာဖျားမှုမရှိ။  ၀ဖြိုးလို့ပင်နေသည်။ တချို့ကတော့ ပဲဖော ဖော သည်ဟုပြောကြသည်။  တကယ်တော့ ပဲဖောဖောနေကြခြင်းမဟုတ်။  လူငယ်ဖြစ်သည့်အားလျော်စွာ အစားကို ကောင်းကောင်းစားနိုင်သည်။  ထို့အပြင် သင်တန်းတွင် ပုံမှန်လေ့ကျင့်ခန်းလုပ်နေရသည့်အတွက် ပို၍ စား သောက်လို့ကောင်းနေသည်။  ပို၍လည်း စားနိုင်နေသည်။  သို့အတွက်ကြောင့်လည်း ကျန်းမာ၍ ၀နေကြခြင်း ဖြစ်သည်။  တပ်မတော်အတွင်း ရောက်ရှိလာသည့်အခါ ထူးခြားသည့် အဖြစ်အပျက်၊ ထူးခြားသည့် စကားများကို လည်းခဲ့ကြုံခဲ့ကြရပါသည်။ " ကြက်မစား ငါးခြောက် " တဲ့။  ကျွန်တော်တို့က တွေးတာပေါ့ ကြက်မစား ငါးခြောက်ဆိုတော့ ငါးခြောက်တော့ဘယ်စားမလဲ ကြက်သားပဲစားမပေါ့ ဆိုပြီး ထမင်းဝေရာနေရာကိုသွားပြီး စားသုံးကြသည့်အခါ တကယ့်ကို ကြက်တောင်မစားသည့် ငါးခြောက်များ ဖြစ်နေပေသည်။ တချို့ကတော့       " ကြက်ဘဲ ငို ငါးခြောက်" ဟုဆိုကြသည်။  ထို့အတူ " ခွေးမစား အမဲရွတ်"၊ တစ်ခါတခါ အမြောက်တပ်က အမြောက်ဖြင့် ထု၍ ချေခွဲရသည့် ထမင်း၊ တစ်ခါတခါကြပြန်တော့လည်း ဆန်ပြုတ်နှင့် ထမင်း မှားရသည့် အစားအသောက်အမျိုးမျိုးကို တွေ့ကြုံခဲ့ကြရပါသည်။  မနက်အာရုံတက်၍ ထမင်းအိုးကြီး သယ်ဆောင်လာသည့် တွန်းလှည်းသံကြားရသည်နှင့် ထမင်းဖြူကို ပုံစံခွက်တစ်ခွက်မျှရအောင် ယူသည်။  ခိုးသည်။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်အပြီး ပြန်လာချိန်တွင် ထမင်းကြော် (ကြော်ချင်လည်း ကြော်မယ်၊ နှယ်ချင်လည်း နှယ်မယ်ပေါ့လေ)နှင့် လက်ဖက်ရည်တိုက်သည်။  ထိုအခါ ယူငင်ထားသည့် ထမင်းနှင့် သူတို့ဝေသည့် ထမင်းကြော်ကိုပေါင်းသည်။ ထိုထမင်းထဲကို လက်ဖက်ရည် ထပ်ပေါင်းသည်။ ဤသို့ဖြင့် ထမင်းကြော်နှင့် လက်ဖက်ရည်သည် ၀မ်းအတွင်းသို့ ချစ်ကြည်စွာ ၀င်ရောက်သွားခဲ့ကြရသည်။  နေ့လည်စာစားသောက်ချိန်တွင်တော့ ဟင်းရောင်းချသည့် ဆိုင်တို့က ရောက်ရှိဖွင့်လှစ်နေကြပြီ။  ထိုအချိန်က မှတ်မှတ်ရရ ချဉ်ပေါင်ရွက်ကြော် ၁၀ ဖိုး ၀ယ်ဝယ်စားသည်။  ချဉ်ပေါင်ကြော် ၁၀ ဖိုးက များသည့် အပြင် မြစ်နှင့် ငရုတ်သီးစိမ်းများပေါင်းစပ်ထားခြင်းကြောင့် သင်တန်းမှကျွေးသည့် ပဲဟင်းနှင့် အလွန်ရသာထူး လှသော စားပွဲတစ်ခုဖြစ်တော့သည်။    အမှတ်ရစရာနောက်တစ်ခုသည်ကား ကျွန်တော်တို့ သင်တန်းကာလ ထက်ဝက်ခန့်ရောက်ရှိချိန်တွင် ကုလားပဲဟင်းမစားရတော့။  ငါးခေါင်းဟင်းချို၊ ကြက်စွပ်များဖြစ်မသွားပဲ ပဲစင်းငုံ ဟင်းရည်ကိုသာ လွှေးကြရ တော့သည်။  ယနေ့အချိန်မတွင်တော့ ပဲစင်းငုံဟင်းမစားရတော့ပါ။ ကုလားပဲလည်း မရတော့ပါ။  မစားရတော့ ပါ။  သို့အတွက် စစ်သား ပဲ စားပြီး အသဲစကားဆိုသည်ဟူသော စကားသည်ပင်လျှင် ပျောက်ကွယ်လုနီးနီး ဖြစ်တော့မည်ဖြစ်သဖြင့် ကျွန်တော်မှ ပြန်လည်ဖော်ထုတ်လိုက်ရခြင်း ဖြစ်ပါတော့သည်။  မောင်ပိုင် ၂၇-၁၂-၂၀၁၃။ (မိတ်ဆွေများခင်ဗျား အပိုင်းကို ရှည်ရှည်ရေး၍ တင်ချင်မိသော်လည်း ကျွန်တော့်အတွေးနှင့် လက်က မဆက်မိ ခြင်း၊ တန်ဖိုးရှိသည့် မိတ်ဆွေတို့၏ အချိန်ကို ကြာကြာမဖြုန်းလိုခြင်း၊ ခပ်ရှည်ရှည်ဖြစ်သည့်အခါ ငြီးငွေ့သွား မည်ကို မလိုလားခြင်းတို့ကြောင့် ဤသို့ အပိုင်းတိုတိုဖြင့် ရပ်၍ ရပ်၍ ရေးသားရခြင်းဖြစ်ပါကြောင်း အကြောင်းပြ ဆင်ခြေပေးလိုက်ရပါကြောင်း)
………………………..
(၁)
 
"ကသ ၃၀၊ မောင်ပြည့်ဖြိုးလှိုင် "
 
"ရှိ "
 
"အေး ရှိဆိုရင် ကျွမ်းနှစ်ပတ်လောက်ထိုးပြီး ဒီမှာ စာလာယူ "
 
"ဟုတ် "
 
ကျွမ်းနှစ်ပတ်လောက် လိမ့်ပြီး ကျွန်တော်စာသွားယူခဲ့သည်။ စစ်ကြောင်းဆရာတစ်ဦးက နောက်တစ် ခါဆိုလျှင် ဦးတွေ၊ မောင်တွေ၊ ကိုတွေ မတတ်ပဲ စာထည့်ခိုင်းဖို့ပြောသည်။ ရှေ့က တသသ ထည့်၍ လည်းကောင်း၊ ကျောင်းသားအမှတ်(ကသ)ထည့်၍ ရေးခိုင်းပါ ဟုဆိုပါသည်။ ကျွန်တော်က ကသ-၃၀၊ တစ်ခွဲ (၁)။ ကျွန်တော့်အဖို့ ထိုကသ အမှတ်သည် ထူးခြားမှုရှိသည်ဟု ဆိုရမည်ပင်။ 
 
အဘယ့်ကြောင့်ဆိုသော် ကျွန်တော်၏ တစ်ခုတည်းသော၊ ပိုင်ဆိုင်သော ကိုယ်ပိုင်အမှတ်ကို ပေါင်းလိုက်သည့်အခါ ၃၀ ရနေခြင်းကြောင့် ဖြစ်သည်။ (ဒီနေရာမှ ကိုယ်ပိုင်အမှတ်ကို မဖော်ပြတော့ပါဘူး။ ဘာလို့လဲဆိုရင် ကျွန်တော့်ကိုယ်ပိုင်အမှတ်ကို အလွဲသုံးစားလုပ်ပြီး ဘဏ်ထဲထည့်ထားတဲ့ ငွေတွေထုတ်သွားမှာဆိုးလို့။ ပြောရတာ အရသာရှိပါဘိ။)
 
တသသ ဆိုသည်က တပ်သားသစ်ဖြစ်သည်။ သို့သော် ကျွန်တော်တို့အဖို့ တသသသည် တသ သ နှင့်အောက်မေ့စရာ ဘ၀အခြေအနေ တစ်စိတ်တစ်ပိုင်းပင်ဖြစ်ခဲ့ပါသည်။
ထိုအချိန်တွင် မိမိထံသို့ ရပ်ဝေးမှ ရောက်ရှိလာသည့် စာတစ်စောင်သည်၊ စာအိတ်အနီလေးတစ်လုံး သည် ကျွန်တော်တို့အတွက် ခွန်အားဖြစ်စေသလို၊ စာအိတ်လေးထဲတွင် မိဘတို့၏ မေတ္တာဓာတ်၊ သူငယ်ချင်း တို့၏ သံယောဇဉ်ခင်မင်မှုဓာတ်တို့ ထုံမွှမ်းနေသည်ဟု ကျွန်တော်ဆိုချင်ပါသည်။ ဒါ့အပြင် လွမ်းဆွေးသတိရ တတ်သူ၏ နှလုံးသားကို ပြန်လည်နုပျိုလန်းဆန်းစေသည့် ဆေးတစ်မျိုးဟုလည်း ပိုချင်ပိုစေ ဆိုချင်မိပါသည်။
 
လွန်ခဲ့သော နှစ်အနည်းငယ်အထိ ထိုစာလေးများသည် ကျွန်တော်ထံတွင်ရှိနေဆဲဖြစ်သည်။ စာလေး တွေကို ကျွန်တော်တန်ဖိုးထားသည်။ ကျောင်းသားဘ၀ သူငယ်ချင်းအချင်းချင်း အမှတ်တရ ရေးသားပေးမှုတွေ၊ ရည်း စားထားစဉ်က တစ်ယောက်နှင့် တစ်ယောက်အပြန်အလှန် ရင်ဖွင့်သံစာတွေကို ကျွန်တော် တယုတယ သိမ်း ထားသည်။ ထိုစဉ်က သေတ္တာတစ်လုံးတွင် စာက သုံးပုံတစ်ပုံမျှ နေရာယူခဲ့သည်။
 
"သူငယ်ချင်း မထင်မှတ်ပဲ တပ်ထဲဝင်သွားတဲ့အတွက် အံသြမိသလို၊ မင်းရဲ့ စွန့်စားမှုအတွက် ဂုဏ်ယူ မိပါတယ်၊ မင်းကိုလည်း တို့တတွေ သတိရနေပါတယ်ကွာ "
 
ထိုအချိန်က စာလေးကို ခဏခဏထုတ်ဖတ်၊ ခဏခဏ မျက်ရည်ဝဲခဲ့ရသည်ပင်။ တကယ်တော့ ကျွန်တော်က ကျောင်းဆရာလုပ်ချင်သူ။ တပ်ထဲတွင် ဗိုလ်လုပ်မည့်သူက ရုံးစာရေးဖြစ်၊ ဒုရဲအုပ်လုပ်မည့်သူက လယ်အလုပ်ပဲ ဆက်လုပ်(ခုတော့ ဌာနတွေမှာ အလုပ်ကိုယ်စီလုပ်နေကြပါပြီ)။ ကျွန်တော်တို့ သူငယ်ချင်း တစ်စုတွင် ကျွန်တော်က အကောင်အသေးဆုံး။ အပျော့ဆုံး။ ပြီးတော့ အပျင်းအကြီးဆုံး။ ဒီလိုလူတစ်ယောက် တပ်ထဲရောက်သွားသည့်အတွက် ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကတော့ တအံ့တသြဖြစ်သွားကြရသည်။
 
ထို့အတွက် အားပေးစကားတွေ၊ ဂုဏ်ပြုစကားတွေ၊ ဆုံးမစကားတွေ၊ သတိရမှုစကားသံတွေကို စာရွက်လေးထဲကတစ်ဆင့် ကျွန်တော်ကြားသိခဲ့ရပါသည်။ သို့အတွက်လည်း ကျွမ်းခုနှစ်ပတ်လောက်ထိုးပြီး တောင်နောင်အခါ သွားယူချင်စိတ်ဖြစ်ခဲ့မိပါသည်။
 
(၂)
 
"ကဲ ဒီတစ်ပတ် တပ်ပြင်ထွက်ခွင့်ပေးမယ်။ ထွက်မဲ့သူတွေ စာရင်းလာပေး။ ပြီးတော့ တပ်ပြင်ရောက် သွားတာနဲ့ စည်းကမ်းမဲ့ မလုပ်ကြနဲ့။ စစ်သားဆိုတဲ့ စိတ်ကို ပျက်မသွားစေနဲ့။ ဘာပြဿနာမှ မဖြစ်စေနဲ့။ မင်းတို့ကို ယုံကြည်လို့ တို့တွေ ပေးလွတ်တာ။ တို့ယုံကြည်မှုကိုလဲ အလွှဲသုံးစားမလုပ်ပါနဲ့ "
 
စိတ်ထဲမှာ ပျော်လိုက်သည့်ဖြစ်ခြင်း။ မိတ္ထီလာရောက်ပြီးကတည်းက မိတ္ထီလာမြို့အတွင်းသို့ တစ်ခေါက်မျှ မရောက်ခဲ့ဘူးချေ။ ခုမတော့ အတိုးချလည်ပတ်ရတော့မည်။ တပ်ပြင်ထွက်မည်ဆိုကတည်းက ကျွန်တော်တို့ ကောင်းပေ့ဆိုသည့်အ၀တ်အစားကောင်းကို ရွေးဝတ် ကြသည်။ အမွှေးအကြိုင်လေးတွေ တို့ကြသည်။ အိပ်ထဲ ခပ်ဖောင်းဖောင်းလေးဖြစ်အောင် ရှိသည့် ငွေကြေး လေးကို ခပ်ဖွဖွထည့်ကြသည်။ တကယ်တော့ ကျွန်တော်တို့ မည်သို့ပင် ပြင်ဆင်စေကာမူ မိတ္ထီလာသူ၊ မိတ္ထီလာသားတွေက ကျွန်တော်တို့ဘာတွေ ဆိုတာသိကြသည်။ အကဲခတ်နိုင်ကြသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်တို့၏ ဆံပင်ပုံစံကား ပဲကေဟုခေါ်သော စစ်သားပုံ ဆံပင်ပုံစံများဖြစ်နေကြခြင်းကြောင့် ဖြစ်သည်။
 
သို့သော် ကျွန်တော်တို့အတွက် ထိုပဲကေသည်ကား ဂုဏ်ရှိလှသည်ဟု ထင်အမှတ်ဖြင့် အုန်းဆီကို ခေါင်းပြောင်အောင်လိမ်းကြံပြီး ထွက်တော်မူနန်းကခွာကြသည်။
နာမည်ကြီးလှသည့် မိတ္ထီလာကန် တော်ကြီးကိုသွားသည်၊ မိတ္ထီလာတက္ကသိုလ်အတွင်းသို့ သွားသည်။ အပြန်ဈေးကြီးထဲဝင်သည်။ လည်ပတ်၍ ၀သည့်အခါမှ မြင်းလှည်းလေးစီးပြီး တပ်သို့ပြန်လာခဲ့ကြသည်။ တပ်ထဲတွင် သင်တန်းတွင် မောပန်းသမျှ ပြေပျောက်လုနီးနီးဖြစ်သွားကြရသည်။
 
နံနက် ၄ နာရီထ။ ကိုယ်လက်သန့်စင်။ ကိုယ်လက်ကြံ့ခိုင်ရေးလုပ်။ စစ်ပညာ စာတွေ့သင်၊ နေ့လည် စာစား၊ လက်တွေ့သင်၊ ညနေကိုယ်လက်ကြံ့ခိုင်ရေးလုပ်၊ ရေချိုးထမင်းစား၊ ညစာကြည့်ချိန်ဝင်၊ တန်းစီ၊ အိပ် ဆိုသည့် နေ့စဉ်လုပ်ဆောင်ဖွယ်ရာများကို ခဏမျှ ရပ်ဆိုင်းပြီး စိတ်လက်ကိုယ်လွတ်လပ်စွာ အနားပေးလိုက် ရခြင်းသည် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတွေအတွက် ခွန်အားလည်းဖြစ်စေပါသည်။
 
(၃)
 
သင်တန်းတက်ရစဉ်က ကျွန်တော်နာဖျားမှုမရှိ။ ၀ဖြိုးလို့ပင်နေသည်။ တချို့ကတော့ ပဲဖော ဖော သည်ဟုပြောကြသည်။ တကယ်တော့ ပဲဖောဖောနေကြခြင်းမဟုတ်။ လူငယ်ဖြစ်သည့်အားလျော်စွာ အစားကို ကောင်းကောင်းစားနိုင်သည်။ ထို့အပြင် သင်တန်းတွင် ပုံမှန်လေ့ကျင့်ခန်းလုပ်နေရသည့်အတွက် ပို၍ စား သောက်လို့ကောင်းနေသည်။ ပို၍လည်း စားနိုင်နေသည်။ သို့အတွက်ကြောင့်လည်း ကျန်းမာ၍ ၀နေကြခြင်း ဖြစ်သည်။
 
တပ်မတော်အတွင်း ရောက်ရှိလာသည့်အခါ ထူးခြားသည့် အဖြစ်အပျက်၊ ထူးခြားသည့် စကားများကို လည်းခဲ့ကြုံခဲ့ကြရပါသည်။"ကြက်မစား ငါးခြောက် "တဲ့။ ကျွန်တော်တို့က တွေးတာပေါ့ ကြက်မစား ငါးခြောက်ဆိုတော့ ငါးခြောက်တော့ဘယ်စားမလဲ ကြက်သားပဲစားမပေါ့ ဆိုပြီး ထမင်းဝေရာနေရာကိုသွားပြီး စားသုံးကြသည့်အခါ တကယ့်ကို ကြက်တောင်မစားသည့် ငါးခြောက်များ ဖြစ်နေပေသည်။ တချို့ကတော့ "ကြက်ဘဲ ငို ငါးခြောက်"ဟုဆိုကြသည်။ ထို့အတူ 
 
"ခွေးမစား အမဲရွတ်"၊ တစ်ခါတခါ အမြောက်တပ်က အမြောက်ဖြင့် ထု၍ ချေခွဲရသည့် ထမင်း၊ တစ်ခါတခါကြပြန်တော့လည်း ဆန်ပြုတ်နှင့် ထမင်း မှားရသည့် အစားအသောက်အမျိုးမျိုးကို တွေ့ကြုံခဲ့ကြရပါသည်။
 
မနက်အာရုံတက်၍ ထမင်းအိုးကြီး သယ်ဆောင်လာသည့် တွန်းလှည်းသံကြားရသည်နှင့် ထမင်းဖြူကို ပုံစံခွက်တစ်ခွက်မျှရအောင် ယူသည်။ ခိုးသည်။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်အပြီး ပြန်လာချိန်တွင် ထမင်းကြော် (ကြော်ချင်လည်း ကြော်မယ်၊ နှယ်ချင်လည်း နှယ်မယ်ပေါ့လေ)နှင့် လက်ဖက်ရည်တိုက်သည်။ ထိုအခါ ယူငင်ထားသည့် ထမင်းနှင့် သူတို့ဝေသည့် ထမင်းကြော်ကိုပေါင်းသည်။ ထိုထမင်းထဲကို လက်ဖက်ရည် ထပ်ပေါင်းသည်။ ဤသို့ဖြင့် ထမင်းကြော်နှင့် လက်ဖက်ရည်သည် ၀မ်းအတွင်းသို့ ချစ်ကြည်စွာ ၀င်ရောက်သွားခဲ့ကြရသည်။
 
နေ့လည်စာစားသောက်ချိန်တွင်တော့ ဟင်းရောင်းချသည့် ဆိုင်တို့က ရောက်ရှိဖွင့်လှစ်နေကြပြီ။ ထိုအချိန်က မှတ်မှတ်ရရ ချဉ်ပေါင်ရွက်ကြော် ၁၀ ဖိုး ၀ယ်ဝယ်စားသည်။ ချဉ်ပေါင်ကြော် ၁၀ ဖိုးက များသည့် အပြင် မြစ်နှင့် ငရုတ်သီးစိမ်းများပေါင်းစပ်ထားခြင်းကြောင့် သင်တန်းမှကျွေးသည့် ပဲဟင်းနှင့် အလွန်ရသာထူး လှသော စားပွဲတစ်ခုဖြစ်တော့သည်။
 
အမှတ်ရစရာနောက်တစ်ခုသည်ကား ကျွန်တော်တို့ သင်တန်းကာလ ထက်ဝက်ခန့်ရောက်ရှိချိန်တွင် ကုလားပဲဟင်းမစားရတော့။ ငါးခေါင်းဟင်းချို၊ ကြက်စွပ်များဖြစ်မသွားပဲ ပဲစင်းငုံ ဟင်းရည်ကိုသာ လွှေးကြရ တော့သည်။ ယနေ့အချိန်မတွင်တော့ ပဲစင်းငုံဟင်းမစားရတော့ပါ။ ကုလားပဲလည်း မရတော့ပါ။ မစားရတော့ ပါ။
 
သို့အတွက် စစ်သား ပဲ စားပြီး အသဲစကားဆိုသည်ဟူသော စကားသည်ပင်လျှင် ပျောက်ကွယ်လုနီးနီး ဖြစ်တော့မည်ဖြစ်သဖြင့် ကျွန်တော်မှ ပြန်လည်ဖော်ထုတ်လိုက်ရခြင်း ဖြစ်ပါတော့သည်။

မောင်ပိုင်
၂၇-၁၂-၂၀၁၃။
 
(မိတ်ဆွေများခင်ဗျား အပိုင်းကို ရှည်ရှည်ရေး၍ တင်ချင်မိသော်လည်း ကျွန်တော့်အတွေးနှင့် လက်က မဆက်မိ ခြင်း၊ တန်ဖိုးရှိသည့် မိတ်ဆွေတို့၏ အချိန်ကို ကြာကြာမဖြုန်းလိုခြင်း၊ ခပ်ရှည်ရှည်ဖြစ်သည့်အခါ ငြီးငွေ့သွား မည်ကို မလိုလားခြင်းတို့ကြောင့် ဤသို့ အပိုင်းတိုတိုဖြင့် ရပ်၍ ရပ်၍ ရေးသားရခြင်းဖြစ်ပါကြောင်း အကြောင်းပြ ဆင်ခြေပေးလိုက်ရပါကြောင်း)— with Khin Soe Lwin and 24 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...