Quantcast
Viewing all articles
Browse latest Browse all 1811

စစ်သားတစ်ဦးရဲ့ ခြေရာများ (၁)


8-8-2011 တိုက်ရေယာဉ် ၁၁၇ ကဒုံကနိ (အစုံရှိတဲ့)
ရန်ကုန်မြို့ကနေ
ပင်လယ်ကမ်းစပ်ကရွာကလေး
စီးပွားရေးတောင့်တင်းသူတစ်ချို့တစ်ဝက် တစ်ချို့ ကတော့ ကုန်းကောက်စရာမရှိ၊
တစ်ဝက်တစ်ပျက် ပျက်စီးနေတဲ့ရွာကလေး။
နာဂစ်ဆိုတဲ့ အဆိပ်ပန်းလေးကြောင့် အနီးအပါးကရွာလေးတွေ
ကြေမွ ငိုချင်းရှည် နာကျင်ခံစားနေရချိန်
ကပ်ဆိုးကြီးကွင်းကျော်ခဲ့တဲ့ ရွာကလေး


ဆိပ်ကမ်းကတက်လိုက်တာနဲ့
မူးရစ်ယိုင်ထိုးနေတဲ့ ငါးဖမ်းစက်လှေမျိုးစုံက လှေသားတွေရယ်
ဆိပ်ကမ်းအနားက အစာရှာနေတဲ့ခွေးတစ်အုပ်ရယ်
အိပ်လွယ်ထားတဲ့အရူးမတစ်ယောက်ရယ်
ကဒုံကနိ ရဲ့ရွာလယ်လမ်းမကနေ ရေချိုးတဲ့အိမ်၊
အညစ်အကြေးတွေခွါချဖို့ လမ်းလျှောက်ခဲ့ကြတယ်။
ရွာလယ်ခေါင် ဆိုင်မျိုးစုံ ဈေးမြို့ကလေးအလားပါဘဲ၊
အပ်ကနေ လေယာဉ်ပျံအထိဝယ်ရမဲ့ပုံ၊
ရွာထဲက ကာရာအိုကေဆိုင်တွေကလဲ
နေ့ခင်းကြောင်တောင် သံစဉ်မပီ စည်းဝါးနရီမကိုက် နားဝင်ပီယံဖြစ်စရာ မကောင်းတဲ့ ကွဲအက်အက် လှေသားတွေရဲ့ ဖိုသံပေး သီချင်းသံတွေနဲ့၊
ရေချိုးပြီး ဘေးတစ်အိမ်ကျော် ဒိုဘီဆိုင်ကလေး အစုံသုပ်နဲ့ ကွမ်းယာဆိုင် ကလေး၊ ကဒုံသူ အပျိုချောသုံးဦး ဆယ်ကျော်သက် နို့နံ့မစင်သေးပေမဲ့
ရမ္မက်ခိုး၊အရက်ခိုးဝေနေတဲ့ အသားစားဥပုတ်မစောင့်တဲ့ ကျားရဲတွေကြား
ရှောင်တိမ်းရင်းနဲ့ ဘ၀ရဲ့ကြမ်းတမ်းခက်ခဲတဲ့ ထမင်းတစ်လုပ်အတွက် သူတို့
ရဲ့သိက္ခာတွေ ပေးဆပ်နေရတာကြည့်ရင်း ဘ၀ဆိုတာ အမြဲမချောမွေ့တာ
မြင်ခဲ့ရတယ်။
မနက်မိုးမလင်းသေးဘူး ဘွန်တောဆိုတဲ့အသံနဲ့အတူ နိဗ္ဗာန်ဆော်ရဲ့ ဆွမ်းလောင်းဖို့ဆော်အော်သံ တရားသံကြည်ကြည်လင်လင်နဲ့ ရွာကလေးရဲ့
ဘာသာတရားကိုင်းရှိုင်းမှုကြောင့်ဘဲ နာဂစ်ဆိုတဲ့နတ်ဆိုး ဒုက္ခပေးလို့မရဘဲ
ခုန်ကျော်သွားရသလေလား၊
နာဂစ်ရဲ့အမွေ ဘေးရွာတွေက မိဘမဲ့ ကလေးတွေ ရွာအပြင်ကမ်းစပ်တစ်လျှောက်မှာ ငါးရှာ၊ ဖါးရှာနဲ့ ကျောင်းမတက်နိုင်၊ ရွှံ့ဘွက်ထဲ မိုးရေထဲက ကလေးတစ်သိုက်၊ မိန်းကလေး အများစု ရှစ်နှစ်နဲ့ဆယ့်နှစ်နှစ်ကြား၊ သူတို့ရဲ့ဘ၀တွေ ဘယ်သူကများ ကယ်တင်နိုင်ပါ့မလဲ။
ကဒုံကနိရွာ ကနေ အနောက်ဖက်ယွန်းယွန်း ပင်လယ်ကမ်းစပ်ဖက်မှာတော့
ညီညီညာညာနဲ့ သွပ်မိုးပျဉ်ကာ လုံးချင်းအိမ်လေးတွေ အလှူရှင်တွေရဲ့
စေတနာတွေ၊ ဒါပေမဲ့ အိမ်တွေရဲ့အရှေ့မှာဆော့ကစားနေတဲ့ ကလေးတွေ ကတော့ ပိန်လှီငတ်မွတ်နေလေရဲ့။
တချိန် နာဂစ်ဒါဏ်ရာသက်သာတဲ့အချိန်မှာတော့ အဲဒီကလေးတွေ ရယ်မောနိုင်ကြမှာပါ။
ဆိုင်ကလုံးရှယ်တာ၊ ခန့်ခန့်ညားညားနဲ့ ရွာက ကျောင်းသူကျောင်းသားတွေ
ပညာသင်ကြားရာကျောင်းတော်ကြီးအဖြစ် လောလောဆယ်ရပ်တည်နေလေရဲ့

ဟေမာန်နှင်း အကြီးဆုံးမဟုတ်ပေမဲ့ အကိုအကြီးဆုံးက အိမ်မှာမနေတော့ အိမ်ရဲ့တာဝန်ကို ဦးဆောင်ရုန်းကန်နေရတယ်၊ ဖခင်ဖြစ်သူက ခြေတစ်ဖက်ပြတ် ဒုက္ခိတ ဒီတော့ အိမ်ထောင်စုတစ်ခုလုံးရဲ့တာဝန်ကို ဆဌမတန်းအရွယ်ကတည်းက ပညာလိုချင်ပေမဲ့ (ဆရာမတွေအတန်တန်တောင်းပန်တဲ့ကြားက၊ အရွယ်နဲ့မလိုက်
ညီမနဲ့မောင်တွေအတွက် ကိုယ့်သဘောနဲ့ကိုယ်ကျောင်းထွက်ပြီး) မိသားစုစားဝတ် နေရေးအတွက် ဈေးရောင်း ကြုံရာကြပန်းအလုပ်မျိုးစုံလုပ်ပြီး တာဝန်ယူခဲ့တယ်၊
ဒီကြားထဲ စိတ်အလိုကိုလိုက် တစ်ခါဆိုသလောက် မိုက်မိလေတော့ ပါတ်ဝန်းကျင်ရဲ့ အတင်းစကားတွေကြား ကြံ့ကြံ့ခံရင်းရုန်းကန်နေတာ
ဘေးပါတ်ဝန်းကျင်က ချီးကျူးယူရတယ်၊ ဒါပေမဲ့ ဘ၀ကံမကောင်းတော့ ဆင်းရဲမှုက ရုန်းမထွက်နိုင်တော့ ကွမ်းယာ၊ ဆေးလိပ်၊ အသုပ်စုံရောင်းတဲ့နေရာကို အများစု လာအားပေးကြတာက ၀ါးလတ်၊ တန်ကေး၊ ငါးဖမ်းစက်လှေက သားမယားဝေးနေတဲ့ အစွယ်တငေါငေါနဲ့ တဏှာရာဂမင်းသား ပဲ့နင်းတို့ စက်ဆရာတို့လေ သူတို့ရဲ့ သားပြောမယားပြော အရက်မူးပြီးသွေးတိုးစမ်းသမျှ
ဖေါက်သည်မပျက်အောင် အလိုက်အထိုက် ဆက်ဆံ ဘေးပါတ်ဝန်းကျင်ရဲ့အတင်းစကားတွေကြား ညှိုးငယ်တဲ့မျက်ဝန်းတစ်စုံကို
ငါရဲ့ အားလပ်ချိန်ကို အချိန်ဖြုန်းရင်း တွေ့ခဲ့ရတယ်
အရွယ်လွန်နေတဲ့ ငါ့ရင်ခွင်ထဲကို တိုးဝင်ဘို့ကြိုးစားလာတဲ့ ဆယ်ကျော်သက် ကလေးမလေးတစ်ဦး သူ့ဘ၀ရဲ့ကြမ်းတမ်းတဲ့ရိုက်ခတ်မှုဒါဏ်ရာတွေက ငါ့ကို အားကိုးတစ်ကြီးနဲ့ သူ့ကိုခေါ်ဘို့ပြောတဲ့အချိန်မှာ ငါ့ရင်ထဲ နာကြင်မှုတွေ အပြင်းထန်ဆုံးခံစားရတယ် အသက်အရ ဘယ်လိုမှမသင့်တော်လေတော့ ငါရင်နာနာ နဲ့ ကလေးမလေးကို ချွေးသိပ်ခဲ့ရတယ် ကျောင်းသူနဲ့ခေါင်းဖြူ ကဲ့ရဲ့သံတွေ မိန်းကလေးရယ် မင်းခံစားနိုင်မှာမဟုတ်ပါဘူး။
ကလေးမလေးကို ဓါတ်ပုံရိုက်ပေးရင်း သူ့ရဲ့မျှော်လင့်ချက် ငါ့ကိုဖိတ်ခေါ်မလား ဆိုတဲ့ ကမ်းလှမ်းမှုတွေကို မသိကြိုးကြွံ ဟန်ဆောင်နေရတယ်။
အဲဒီရွာမှာ ငါ ပညာဒါန အနေနဲ့ ကွန်ပြူတာ(လက်တော့)ယူပြီး ကလေးတွေ သင်ပေးတော့ အားလုံးဟာ ၀မ်းသာအားရနဲ့ လာသင်ကြတယ် အဲဒီမှာတင် ကလေးမလေးက ပင်တိုင်ပေါ့ သူ့စိတ်ကို အာရုံလွှဲချင်တာလဲ ပါတယ်
ကလေးတွေထဲမှာ မိန်းကလေးတွေများတယ်၊ န၀မတန်းအရွယ် သူတို့ရဲ့ စိတ်အားထက်သန်မှုကြောင့် ငါ နွေရာသီပြန်လာပါ့မယ်လို့ ကတိပေးခဲ့ရတယ်။
အချိန်တန်လို့ ဌာနေပြန်ရတော့မယ်ဆိုတော့ အားလုံး မျက်နှာမကောင်းကြဘူး ငါ့ကို ပုဆိုးတစ်ထည်ဝယ်ပြီးကန်တော့ကြတယ် သုံးလနီးပါးဆိုတော့ သံယောဇင်တွယ်တာပေါ့ ငါလဲ ကတိပေးခဲ့ပါတယ် အတတ်နိုင်ဆုံး သူတို့ဆီ ပြန်လာပါ့မယ်လို့ပေါ့။
ရန်ကုန်ကို ၁၄-၁၀-၂၀၁၁ မှပြန်ရောက်တယ် ငါပြန်ရောက်တော့ အအေးမိဖျားနေလို့ ငါ့ကို သင်္ဘောက ကလေးတွေက ရွာသူပြုစားခံရတာလို့ စတာခံရတယ် အသက် ၄၄ နှစ် ကြီးမှဝက်သက်ပေါက်တယ်လို့တော့ အပြောမခံချင်တော့ဘူးလေ။
အခု ၂၀၁၄ အဲဒီပုံပြင်ထဲက ကလေးသုံးယောက် ရန်ကုန်ကိုရောက်လို့ မိဘရင်ခွင်က
ခွဲခွါ အတောင်ပန်ကိုဖြန့်လူ့လောကထဲဝင်ဆန့်ဘို့အရေး အသိပညာသင်ပေးလို့
ကျွန်တော့်အနား တနင်္ဂနွေ အနားရတိုင်း သူတို့လုပ်ခလေးတွေနဲ့ကန်တော့ ကျွန်တော်ခေါင်းမော့နိုင်ခဲ့ပါပြီ (တချိန်ကတင်ဘူးခဲ့သော စတေးတပ်အားဖြည့်စွက်ခြင်း)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...