Quantcast
Viewing all articles
Browse latest Browse all 1811

ငါ့အဖိုး၊ ငါ့အဖေ၊ ငါ နဲ့ ငါ့သား


Image may be NSFW.
Clik here to view.
ငါ့အဖိုး၊ ငါ့အဖေ၊ ငါ နဲ့ ငါ့သား   (အပိုင်း ၁) ငါ့အဖိုး  “ ဗိုလ်ရဲဒင် .. ဟိုငပုတွေ ဒီဘက်ရောက်တော့မယ်”  “ အေး .. ပြောထားသလိုဖြစ်စေနော် ရဲဘော်တို့”  အချိန်သည်ကား… ၁၉၄၃ ခုနှစ် ဒီဇင်ဘာလ… နေရာကတော့ သံဖြူဇရပ်မြို့ အရှေ့စူးစူး တောနက်တနေရာ… ဗိုလ်ရဲဒင်တို့ ချွေးတပ်သားများနှင့် မဟာမိတ်စစ်အကျဉ်းသား တစု အသက်ပေါင်းများစွာ ရင်းလျက် ဖက်ဆစ် ဂျပန်တို့၏ စစ်ယန္တရားကြီး အတွက် မီးရထားလမ်းကြီးတခုဖောက်လုပ်ပေးနေရသော ကာလ …. နာမည်ကိုက သေမင်းတမာန်ရထားလမ်းတဲ့လေ….  ထောင်ဂဏန်းစွန်းစွန်းလောက်ဘဲ ရှိမဲ့ မဟာမိတ်စစ်အကျဉ်းသားတွေ စစ်အနိဋ္ဌာရုံ ခံစားရပုံ ဖက်စစ်တွေရဲ့ မိုက်ရိုင်း ယုတ်မာ မှု တွေကိုကမ္ဘာကျော်ဇတ်လမ်းတွေ နဲ့ အသက်သွင်းခဲ့တဲ့နေရာပေါ့လေ … ဒါပေမဲ့ မြန်မာ နိုင်ငံသားသိန်းဂဏန်းကျော် လူလုံးမလှ ခွေးသေ ၀က်သေ သေကြေခဲ့ရတာကိုတော့ လူမသိလှပါဘူး … ကမ္ဘာမပြောနဲ့မြန်မာတောင် သိကြတော့ မထင် ပါဘူးဗျာ… ထားပါတော့လေ … ဒီလို လူသိပြီးသားအကြောင်းတွေကို ပြောလိုရင်းမဟုတ်ပါဘူးလေ … ကျုပ် အဖိုး အကြောင်း ကိုပြောမလို့ဗျ… သူ့နာမည်က စောဘသန်းတဲ့  ညောင်လေးပင်မြို့က ဆန်စက်တခုမှာ ဆန်စက်မန်နေဂျာပေါ့ ဒီလိုနဲ့ ဂျပန်တွေဝင်လာတော့ အာရှလူငယ်တို့ ဘာတို့ဝင်မှာပေါ့လေ ကျုပ်လဲ လွန်ခဲ့တဲ့ နှစ် ၇၀ လောက်က ကိစ္စဆိုတော့ တိတိကျကျတော့ မသိ။ ပြောရရင် ကျုပ်အဖိုး ဟိုစပ်စပ် ဒီစပ်စပ် နဲ့ ချွေးတပ်ဗိုလ်ဆိုလားဖြစ်ပြီး ဗိုလ်ရဲဒင်ဆိုတဲ့နာမည်နဲ့ သံဖြူဇရပ်ဘက် ပါသွားသတဲ့ဗျာ… အဲ့မှာ ဇတ်လမ်းစတာဗျ.. ဟိုရောက်တော့ ဖက်ဆစ်ခွေးတွေရဲ့ မင်းသားခေါင်းဆောင်းတဲ့ ဘီလူးရုပ် ပေါ်လာ တော့တာကိုး (ကျုပ်တို့ဘီလူးလေး ဟုတ်ဘူးနော်) လအတန်ကြာလာတော့ အကြောင်းလဲသိလာ ဂျပန်စကား လဲတတ်လာ ဇကလဲရှိဆိုတော့ ဒီကောင်တွေလက်ကဘယ်လိုလွတ်အောင်လုပ်ရမလဲ ကြံတော့တာကိုးဗျ၊ အဲ ကျုပ်အဖိုးက ကရင်ဗျ ကရင်ဆိုတော့ ဂျပန်နဲ့ရုပ်ဆင်တာကိုး ဒီမှာကျုပ်အဖိုးကရွှေဥာဏ်တော်စူးရောက်ပီး ဂျပန်ယောင် ဆောင် ထွက်ပြေးဖို့ကြံတာဗျ။ဒါနဲ့ အထက်မှာပါတဲ့ အတိုင်း သူ့တပည့် ၂ ယောက်နဲ့ဂွင်ဆင်တာဗျ၊ ခိုးထားတဲ့ သရီးလိုင်းဝမ်းစတား ဂျပန်ဗိုလ် ယူနီဖောင်းကို ၀တ် ချုံကွယ်မှာ ခပ်ကွယ်ကွယ်လုပ်ပီး သူ့တပည့် ၂ ယောက်ကို သူတို့ကိုစောင့်တဲ့ စန္ဒရီ ဂျပန်နှစ်ကောင် ကိုခေါ်လာခိုင်းသတဲ့ .. အနားရောက်မှ ဟိုလိုဒီလိုနဲ့ ၀င်လုံးပီးသတ်ပစ်လိုက်သတဲ့ဗျာ .. ခင်ဗျားတို့မေးစရာရှိလိမ့်မယ် .. ဟာ ငတ်နေတဲ့ ချွေးတပ်သားတွေက ဂျပန်စစ်သားတွေကို ကြက်ကလေးငှက်ကလေးလို သတ်လို့ရပါ့မလားပေါ့၊ အဲဒါတော့ကျုပ်လဲ သိဘူးဗျာ .. ဒါဘဲ၊ ဒါနဲ့ သူ့တပည့် ၂ ယောက်က ဂျပန်စစ်သားယူနီဖောင်း တွေဝတ် သူကတော့ ဗိုလ်ယူနီဖောင်းနဲ့ တဲ့ အဲဒါ သံဖြူဇရပ်ကနေ ညောင်လေးပင်ထိ ပြန်ပြေးလာကြသတဲ့။ ညောင်လေးပင် ရောက်တော့ တို့ဗမာအစည်းအရုံးတို့ အာရှလူငယ်တို့ အဖွဲ့အစည်းတွေရဲ့ အဆက်အသွယ်နဲ့ BDA ထဲရောက်ဆိုဘဲ၊ ဒါနဲ့ အဲ့ခေတ်တုန်းက ကရင်စစ်သားဆိုတာ ဗြိတိသျှ စစ်တပ်ထဲဘဲဝင်တာတဲ့ ကျုပ်အဖိုးကသာ ရှာရှည်ပီး ဗမာတပ်ထဲရောက်လာ တာတဲ့။ဂျပန်တွေစစ်ရှုံးပီး အထက်ဗမာပြည်ကနေတပ်တွေဆုတ်လာတဲ့အချိန်မှာ တပ်မတော်က ညောင်လေးပင် မဒေါက် တ၀ိုက် ပြောက်ကျားတပ်တွေဖွဲ့စည်းပီး အင်္ဂလိပ်တွေလေကြောင်းကချပေးတဲ့ လက်နက်တွေနဲ့ ဂျပန်ကို နောက်ကျော ဓါးနဲ့ ထိုးတာပေါ့တဲ့။ သေလိုက်ကြတဲ့ ဂျပန်တွေ စစ်တောင်းမြစ်ကိုပြည့်ရောဆိုဘဲ၊ မြန်မာပြည်စစ်မြေပြင်မှာ သုံ့ပန်းအမိဆုံးနေရာ ကလဲ စစ်တောင်း တိုက်ပွဲတွေဘဲလို့ပြောတာဘဲဗျ။ အဲဒီကနေမြန်မာ့တပ်မတော်ဖွဲ့တော့ ကျုပ်အဖိုးက ကရင်တပ်ရင်း တွေဘက် ပါမသွားဘဲ သန်လျင်က သနက (၃) ဆိုလား ပါသွားဆိုကိုးဗျ။ ဒါပေမဲ့ဗျာ လွတ်လပ်ရေး ရကာစမှာ သနက(၃) က ကွန်မြူနစ် မှော်တွေဝင်ပီး တောလဲခိုရော ကျုပ်အဖိုးက တောထဲလိုက်မသွားဘဲ ရွာပြန်လာတာ ရွာမှာ ဓါးပြ သတ် လို့သေရောတဲ့ဗျာ အဲ့အချိန်က ၁၉၄၉ ခုတဲ့ ကျုပ်အဖေ က ၁၂ နှစ်သားလောက်ရှီဘီဆိုဘဲ။ အော်ဒါနဲ့ ပြောရအုံးမယ် အဖိုးကိုသတ်သွားတဲ့ ဓါးပြဆိုတဲ့ သူတွေက တော်လှန်ရေးတုန်းက အင်္ဂလိပ်လေ့ကျင့်ပေးခဲ့တဲ့ ကရင်ပျောက်ကျားတွေတဲ့။ အဖိုးကို ကရင်ဖြစ်ပီး ဗမာတပ်ထဲ ၀င်လို့ သစ္စာဖောက်ဆိုပီး အညှိုးနဲ့သတ်တယ်ပြောကြတာဘဲ။ အဲ အဖိုးသေပီး နှစ် ၂၀ လောက်ကြာတော့ ၁၉၆၉ လောက်ထင်တယ် ကျုပ် ၅နှစ် ၆နှစ်လောက်မှာ အဖိုး လွတ်လပ်ရေးမော်ကွန်းဝင်ရတယ်ဗျ။ ဒုတိယ လား တတိယလားတော့ သိဘူးရတာတော့ရတယ်။ ဒါနဲ့ အဖိုးလဲသေရော အဖွားနဲ့ ကျုပ်အဖေ ရန်ကုန်ရောက်သွား ဆိုဘဲဗျ။ ခု အင်းလျားမြိုင်ထဲတဲ့ဗျာ စစ်မဖြစ်ခင်က ကုလားသူဋ္ဌေးတွေ ကျွဲတွေ၊ နွားတွေ၊ ဘဲတွေ မွေးတဲ့နေရာဆိုဘဲ ကန်ကြီး တွေနဲ့ရေစပ်စပ် တောကြီးတဲ့ဗျာ ၊ အဲတုန်းက ကျုပ်သာပါသွားလို့ကတော့ အဲ့မှာနေလိုက်ပီး ခုခေတ်မှ ပြန်ရောင်းစားလိုက် လို့ ကတော့ ဟား ထောဘီပေါ့။ ဒါနဲ့ ဆက်ရရင် ကျုပ်အဖေ ကို မြို့မကျောင်းမှာ ကျောင်းထား ကျုပ်အဖွားနဲ့ သူ့သမီးအကြီး ကျုပ်ကြီးတော်ပေါ့ က ကုက္ကိုင်းဘက်မှာဈေးရောင်း ဒီလိုနေခဲ့ကြတယ်ဆိုသကိုး၊ ၁၉၅၄ ခုမှာ ကျုပ်အဖေလဲ ၁၀တန်း ရောက် စာမေးပွဲမအောင် တာနဲ့ တပ်ထဲလိုက်သွားသတဲ့ဗျာ … သူသာ တနှစ်လောက်အောင့်လိုက်ရင် DSA first Intake မှိသတဲ့ဗျ။ အဲ့တုန်းက SLC လို့ခေါ်တဲ့ ကျောင်းထွက်လက်မှတ်ရစာမေးပွဲအောင်ရင် DSA တက်လို့ရဆိုသကိုး၊ ကဲကဲ နောက်အပိုင်းကြမှ ကျုပ်အဖေ တိုက်ပွဲတွေနဲ့ သူနှင့်မြန်မာ့တပ်မတော် အကြောင်းဆက်မဗျာ။  ttk.ots73 အပိုင်း (၂) မျှော်

(အပိုင်း ၁) ငါ့အဖိုး

“ ဗိုလ်ရဲဒင် .. ဟိုငပုတွေ ဒီဘက်ရောက်တော့မယ်”
“ အေး .. ပြောထားသလိုဖြစ်စေနော် ရဲဘော်တို့”
အချိန်သည်ကား… ၁၉၄၃ ခုနှစ် ဒီဇင်ဘာလ… နေရာကတော့ သံဖြူဇရပ်မြို့ အရှေ့စူးစူး တောနက်တနေရာ… ဗိုလ်ရဲဒင်တို့ ချွေးတပ်သားများနှင့် မဟာမိတ်စစ်အကျဉ်းသား တစု အသက်ပေါင်းများစွာ ရင်းလျက် ဖက်ဆစ် ဂျပန်တို့၏ စစ်ယန္တရားကြီး အတွက် မီးရထားလမ်းကြီးတခုဖောက်လုပ်ပေးနေရသော ကာလ …. နာမည်ကိုက သေမင်းတမာန်ရထားလမ်းတဲ့လေ…. ထောင်ဂဏန်းစွန်းစွန်းလောက်ဘဲ ရှိမဲ့ မဟာမိတ်စစ်အကျဉ်းသားတွေ စစ်အနိဋ္ဌာရုံ ခံစားရပုံ ဖက်စစ်တွေရဲ့ မိုက်ရိုင်း ယုတ်မာ မှု တွေကိုကမ္ဘာကျော်ဇတ်လမ်းတွေ နဲ့ အသက်သွင်းခဲ့တဲ့နေရာပေါ့လေ …ဒါပေမဲ့ မြန်မာ နိုင်ငံသားသိန်းဂဏန်းကျော် လူလုံးမလှ ခွေးသေ ၀က်သေ သေကြေခဲ့ရတာကိုတော့ လူမသိလှပါဘူး … ကမ္ဘာမပြောနဲ့မြန်မာတောင် သိကြတော့ မထင် ပါဘူးဗျာ… ထားပါတော့လေ … ဒီလို လူသိပြီးသားအကြောင်းတွေကို ပြောလိုရင်းမဟုတ်ပါဘူးလေ … ကျုပ် အဖိုး အကြောင်း ကိုပြောမလို့ဗျ…
သူ့နာမည်က စောဘသန်းတဲ့ ညောင်လေးပင်မြို့က ဆန်စက်တခုမှာ ဆန်စက်မန်နေဂျာပေါ့ ဒီလိုနဲ့ ဂျပန်တွေဝင်လာတော့ အာရှလူငယ်တို့ ဘာတို့ဝင်မှာပေါ့လေ ကျုပ်လဲ လွန်ခဲ့တဲ့ နှစ် ၇၀ လောက်က ကိစ္စဆိုတော့ တိတိကျကျတော့ မသိ။ ပြောရရင် ကျုပ်အဖိုး ဟိုစပ်စပ် ဒီစပ်စပ် နဲ့ ချွေးတပ်ဗိုလ်ဆိုလားဖြစ်ပြီး ဗိုလ်ရဲဒင်ဆိုတဲ့နာမည်နဲ့ သံဖြူဇရပ်ဘက် ပါသွားသတဲ့ဗျာ… အဲ့မှာ ဇတ်လမ်းစတာဗျ.. ဟိုရောက်တော့ ဖက်ဆစ်ခွေးတွေရဲ့ မင်းသားခေါင်းဆောင်းတဲ့ ဘီလူးရုပ် ပေါ်လာ တော့တာကိုး (ကျုပ်တို့ဘီလူးလေး ဟုတ်ဘူးနော်) လအတန်ကြာလာတော့ အကြောင်းလဲသိလာ ဂျပန်စကား လဲတတ်လာ ဇကလဲရှိဆိုတော့ ဒီကောင်တွေလက်ကဘယ်လိုလွတ်အောင်လုပ်ရမလဲ ကြံတော့တာကိုးဗျ၊ အဲ ကျုပ်အဖိုးက ကရင်ဗျ ကရင်ဆိုတော့ ဂျပန်နဲ့ရုပ်ဆင်တာကိုး ဒီမှာကျုပ်အဖိုးကရွှေဥာဏ်တော်စူးရောက်ပီး ဂျပန်ယောင် ဆောင် ထွက်ပြေးဖို့ကြံတာဗျ။ဒါနဲ့ အထက်မှာပါတဲ့ အတိုင်း သူ့တပည့် ၂ ယောက်နဲ့ဂွင်ဆင်တာဗျ၊ ခိုးထားတဲ့ သရီးလိုင်းဝမ်းစတား ဂျပန်ဗိုလ် ယူနီဖောင်းကို ၀တ် ချုံကွယ်မှာ ခပ်ကွယ်ကွယ်လုပ်ပီး သူ့တပည့် ၂ ယောက်ကို သူတို့ကိုစောင့်တဲ့ စန္ဒရီ ဂျပန်နှစ်ကောင် ကိုခေါ်လာခိုင်းသတဲ့ .. အနားရောက်မှ ဟိုလိုဒီလိုနဲ့ ၀င်လုံးပီးသတ်ပစ်လိုက်သတဲ့ဗျာ .. ခင်ဗျားတို့မေးစရာရှိလိမ့်မယ် .. ဟာ ငတ်နေတဲ့ ချွေးတပ်သားတွေက ဂျပန်စစ်သားတွေကို ကြက်ကလေးငှက်ကလေးလို သတ်လို့ရပါ့မလားပေါ့၊ အဲဒါတော့ကျုပ်လဲ သိဘူးဗျာ .. ဒါဘဲ၊ ဒါနဲ့ သူ့တပည့် ၂ ယောက်က ဂျပန်စစ်သားယူနီဖောင်း တွေဝတ် သူကတော့ ဗိုလ်ယူနီဖောင်းနဲ့ တဲ့ အဲဒါ သံဖြူဇရပ်ကနေ ညောင်လေးပင်ထိ ပြန်ပြေးလာကြသတဲ့။ ညောင်လေးပင်
ရောက်တော့ တို့ဗမာအစည်းအရုံးတို့ အာရှလူငယ်တို့ အဖွဲ့အစည်းတွေရဲ့ အဆက်အသွယ်နဲ့ BDA ထဲရောက်ဆိုဘဲ၊ ဒါနဲ့ အဲ့ခေတ်တုန်းက ကရင်စစ်သားဆိုတာ ဗြိတိသျှ စစ်တပ်ထဲဘဲဝင်တာတဲ့ ကျုပ်အဖိုးကသာ ရှာရှည်ပီး ဗမာတပ်ထဲရောက်လာ တာတဲ့။ဂျပန်တွေစစ်ရှုံးပီး အထက်ဗမာပြည်ကနေတပ်တွေဆုတ်လာတဲ့အချိန်မှာ တပ်မတော်က ညောင်လေးပင် မဒေါက် တ၀ိုက် ပြောက်ကျားတပ်တွေဖွဲ့စည်းပီး အင်္ဂလိပ်တွေလေကြောင်းကချပေးတဲ့ လက်နက်တွေနဲ့ ဂျပန်ကို နောက်ကျော ဓါးနဲ့ ထိုးတာပေါ့တဲ့။ သေလိုက်ကြတဲ့ ဂျပန်တွေ စစ်တောင်းမြစ်ကိုပြည့်ရောဆိုဘဲ၊ မြန်မာပြည်စစ်မြေပြင်မှာ သုံ့ပန်းအမိဆုံးနေရာ ကလဲ စစ်တောင်း တိုက်ပွဲတွေဘဲလို့ပြောတာဘဲဗျ။ အဲဒီကနေမြန်မာ့တပ်မတော်ဖွဲ့တော့ ကျုပ်အဖိုးက ကရင်တပ်ရင်း တွေဘက် ပါမသွားဘဲ သန်လျင်က သနက (၃) ဆိုလား ပါသွားဆိုကိုးဗျ။ ဒါပေမဲ့ဗျာ လွတ်လပ်ရေး ရကာစမှာ သနက(၃) က ကွန်မြူနစ် မှော်တွေဝင်ပီး တောလဲခိုရော ကျုပ်အဖိုးက တောထဲလိုက်မသွားဘဲ ရွာပြန်လာတာ ရွာမှာ ဓါးပြ သတ် လို့သေရောတဲ့ဗျာ အဲ့အချိန်က ၁၉၄၉ ခုတဲ့ ကျုပ်အဖေ က ၁၂ နှစ်သားလောက်ရှီဘီဆိုဘဲ။ အော်ဒါနဲ့ ပြောရအုံးမယ် အဖိုးကိုသတ်သွားတဲ့ ဓါးပြဆိုတဲ့ သူတွေက တော်လှန်ရေးတုန်းက အင်္ဂလိပ်လေ့ကျင့်ပေးခဲ့တဲ့ ကရင်ပျောက်ကျားတွေတဲ့။ အဖိုးကို ကရင်ဖြစ်ပီး ဗမာတပ်ထဲ ၀င်လို့ သစ္စာဖောက်ဆိုပီး အညှိုးနဲ့သတ်တယ်ပြောကြတာဘဲ။ အဲ အဖိုးသေပီး နှစ် ၂၀ လောက်ကြာတော့ ၁၉၆၉ လောက်ထင်တယ် ကျုပ် ၅နှစ် ၆နှစ်လောက်မှာ အဖိုး လွတ်လပ်ရေးမော်ကွန်းဝင်ရတယ်ဗျ။ ဒုတိယ လား တတိယလားတော့ သိဘူးရတာတော့ရတယ်။ ဒါနဲ့ အဖိုးလဲသေရော အဖွားနဲ့ ကျုပ်အဖေ ရန်ကုန်ရောက်သွား ဆိုဘဲဗျ။ ခု အင်းလျားမြိုင်ထဲတဲ့ဗျာ စစ်မဖြစ်ခင်က ကုလားသူဋ္ဌေးတွေ ကျွဲတွေ၊ နွားတွေ၊ ဘဲတွေ မွေးတဲ့နေရာဆိုဘဲ ကန်ကြီး တွေနဲ့ရေစပ်စပ် တောကြီးတဲ့ဗျာ ၊ အဲတုန်းက ကျုပ်သာပါသွားလို့ကတော့ အဲ့မှာနေလိုက်ပီး ခုခေတ်မှ ပြန်ရောင်းစားလိုက် လို့ ကတော့ ဟား ထောဘီပေါ့။ ဒါနဲ့ ဆက်ရရင် ကျုပ်အဖေ ကို မြို့မကျောင်းမှာ ကျောင်းထား ကျုပ်အဖွားနဲ့ သူ့သမီးအကြီး ကျုပ်ကြီးတော်ပေါ့ က ကုက္ကိုင်းဘက်မှာဈေးရောင်း ဒီလိုနေခဲ့ကြတယ်ဆိုသကိုး၊ ၁၉၅၄ ခုမှာ ကျုပ်အဖေလဲ ၁၀တန်း ရောက် စာမေးပွဲမအောင် တာနဲ့ တပ်ထဲလိုက်သွားသတဲ့ဗျာ … သူသာ တနှစ်လောက်အောင့်လိုက်ရင် DSA first Intake မှိသတဲ့ဗျ။ အဲ့တုန်းက SLC လို့ခေါ်တဲ့ ကျောင်းထွက်လက်မှတ်ရစာမေးပွဲအောင်ရင် DSA တက်လို့ရဆိုသကိုး၊ ကဲကဲ နောက်အပိုင်းကြမှ ကျုပ်အဖေ တိုက်ပွဲတွေနဲ့ သူနှင့်မြန်မာ့တပ်မတော် အကြောင်းဆက်မဗျာ။

 
ttk.ots73
အပိုင်း (၂) မျှော်
— with Maung Paing and 18 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...