~~ရင်ထဲကငလျင်~~~
မိဘဆိုတာဖဝါးလက်နှစ်လုံးပုခုံးလက်နှစ်
သစ်အရွယ်ကနေစပြီးကျွန်တော်တို့တွေခုလိုလူလားမြောက်တဲ့အရွယ်အထိအခက်အခဲပေါင်းမြောက်များစွာကိုရင်ဆိုင်ကျော်လွှား
ရင်းကျွန်တော်တို့တွေလူလူသူသူရပ်တည်
နိုင်အောင်ပုခုံးနဲ့ထမ်းတင်ပေးခဲ့ကြတဲ့သူတွေ
ပါ။
စိတ်ကသိပေမယ့်လည်းအမှုမဲ့အမှတ်မဲ့သတိမပြုမိတဲ့အရာလေးတွေဟာကျွန်တော်တို့ရဲ့အနီးအနားမှာဖြစ်ပျက်နေမှာအမှန်ပါပဲ။
ဘယ်အရာနဲ့မှအစားပြန်ထိုးလို့မရနိုင်တော့
မယ့်အရာတွေထဲမှာမိဘဆိုတာအရေးအ
ကြီးဆုံးမို့သတိပြုမိလိုက်ချိန်ဟာနောက်မကျဖို့ဘဝမှာအလွန်အရေးကြီးမယ်လို့ထင်ပါ
တယ်။
အလုပ်အကိုင်၊မိတ်ဆွေအပေါင်းအသင်း၊ဘဝအခက်အခဲ၊ရပ်တည်ရုန်းကန်မှု၊အချစ်ရေးကိစ္စ၊အိမ်ထောင်ရေးကိစ္စတွေနဲ့ ကျွန်တော်တို့တစ်တွေလုံးချာလည်လိုက်လာချိန်ဟာကိုယ်တွေမိဘတွေအသက်
အရွယ်လေးထောက်လာချိန်နဲ့သိပ်ကွာမယ်မထင်လှပါဘူး။
သူတို့တွေအင်အားနည်းလာချိန်မှာကျွန်တော်တို့တွေသတိမထားမိလိုက်တတ်တဲ့အကြောင်းအရာလေးတွေက တဖြည်းဖြည်း ဖြစ်လို့လာနေတာပါ။
အရင်တလောမှာသတိမပြုမိပေမယ့် အမေ ထူးထူးဆန်းဆန်းမေးခွန်းလေးတွေအမေး
များလာတာတော့အနည်းငယ်ရိပ်မိခဲ့ပါ
တယ်။
"သား remote ထဲ ထည့်တာဘာ ဓာတ်ခဲလဲ"
"အိမ်မှာသုံးတာ colgate လား close up လား"
စသည်ဖြင့် မေးလို့လာတတ်ပါတယ်။
ဘာလေးပဲဖြစ်ဖြစ်လာလာမေးနေပေမယ့်အရမ်းတော့သတိမထားခဲ့မိတာအမှန်ပါပဲ။ဒီနေ့ညအပြင်ကပြန်လာတော့အမေအိမ်ရှေ့စားပွဲမှာထိုင်ရင်းစာရွက်လေးတွေကြည့်နေ
ပါတယ်။
"သားကြည့်စမ်းသန်းခေါင်စာရင်းဘယ်ဟာက မူရင်း ဘယ်ဟာက မိတ္တူလဲ "
လို့မေးလာပါတယ်။
"အဖြူလေးကမိတ္တူဝါကျင့်ကျင့်လေးက
မူရင်းမေမေ"လို့ဖြေရင်းအခန်းထဲကိုဝင်လာခဲ့ပါတယ်။အမေမေးလိုက်တဲ့မေးခွန်းက
အချက်ပေးခေါင်းလောင်းသံဒါမှမဟုတ်ရင်ထဲကိုလှုပ်သွားတဲ့ငလျင် အပြင်းစားပါ။
အမေဟာ၁၉နှစ်သမီးကတည်းကလုပ်သားကောလိပ်တက်ရင်းအစိုးရနေ့စားရုံးဝန်ထမ်းစလုပ်ခဲ့သူပါ။ စာရွက်စာတမ်းတွေနဲ့
အလွန်ရင်းနှီးသူပါ။အခုတော့ကျွန်တော်တောင် ၃၁နှစ်ကို ချဉ်းကပ်လာချိန်မှာ အမေဟာ မေ့လျော့ခြင်း ဆိုတဲ့ ဇရာရဲ့
လက္ခဏာတွေပြင်းပြင်းပြပြပေါ်ပေါက်လာခဲ့
ပါပြီ။
သေချာတွေးကြည့်လိုက်တော့မှ
"သော့လေး ဘယ်ချခဲ့လဲ မသိဘူး "
မျက်မှန် ပျောက်နေလို့ "အစရှိတဲ့
အမေ့မေးခွန်းပေါင်းမြောက်များစွာရဲ့အရင်းအမြစ်ကိုခံစားမိပါတော့တယ်။အမေအသက်တော်တော်ကြီးပြီပဲဆိုတဲ့အချက်ပေးခေါင်း
လောင်းသံကရင်ထဲကိုလှုပ်ခါစေပါတယ်။ တွေးရင်းနဲ့လည်းရင်ထဲမှာပိုဝမ်းနည်းလာပါတယ်။
အမေဟာငယ်ငယ်ကတည်းကမိသားစုမှာအကြီးဆုံးမို့ အရာရာဦးဆောင်ခဲ့ရသူပါ။
အိမ်ထောင်ကျတော့လည်းအမြဲတမ်းအ
သက်အန္တရာယ်တွေကြား နေရတဲ့ အဖေ့ အတွက်ပူရ ၊နောက် ၁၀တန်းအောင်
ကတည်းကသေတ္တာတစ်လုံးနဲ့ရထားပေါ်တက်သွားကတည်းက၁နှစ်တစ်ခေါက်ပဲပြန်မြင်ရတော့တဲ့တစ်ဦးတည်းသောသားအတွက်ပူရနဲ့ ဘဝကိုဖြတ်သန်းခဲ့ရတာပါ။
ဒီကြားထဲမှာ "မင်းမှုထမ်း ကမ်းပါးသစ်ပင် "ဆိုသလို အန္တရာယ်များတဲ့ ကျွန်တော်တို့
သားအဖ၂ယောက်လုံးအတွက်အမြဲစိုးရိမ်နေခဲ့ရတာပါ။ ဘဝမှာ ကြုံလာသမျှ အခက်အခဲပေါင်းမြောက်မြားစွာကိုအဝေးကနေပြန်လာလို့ မရတဲ့ အဖေ့ထက်
အမေကပဲ ဒိုင်ခံရှင်းပေးရတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ မမြဲခြင်းတရား တွေထဲမှာ အမေလည်း
သံသရာခရီးသွားပေမို့ တစ်နေ့မှာမလွဲမသွေ ကြုံတွေ့ ရမယ့် ခရီးဆုံးနေ့တစ်နေ့ဟာ
ရောက်ရှိလာဦးမှာပါ။အဲဒီလိုနေ့မရောက်ခင်မှာဘယ်လောက်အချိန်ရနိုင်သေးလဲအမေ့အတွက်ဘာတွေပြင်ဆင်ပေးနိုင်မလဲ ......
ဘာတွေများအစွမ်းကုန်လုပ်ပေးလိုက်နိုင်မလဲလို့တွေးမိတိုင်းစိတ်မကောင်းခြင်းများစွာနဲ့ ဝမ်းနည်းလာမိပါတယ်။
ဘာပဲပြောပြောစောစောစီးစီးသတိပြုမိလိုက်တဲ့ အတွက် အများကြီး မဟုတ်တောင်
ရှေ့လျောက်အရာရာကိုဂရုတစိုက်နဲဖြတ်သန်းသွားနိုင်ဖို့ကြိုးစားရတော့မှာပါ။
ကျွန်တော်တို့ကိုမွေးထုတ်ပေးခဲ့တယ်လူလားမြောက်ရှင်သန်ကြီးပြင်းစေခဲ့တယ် ...
ကျွန်တော်တို့ရဲ့အိပ်မက်တွေအတွက်အဝေးထွက်ခဲ့ကြရတယ်ကူးခတ်ပျံသန်းရင်းမဆုံးမဲ့မျှော်လင့်ချက်တွေနောက်ကိုလိုက်နေဆဲမှာ .....သူတို့တွေအိုမင်းလာတယ်အားအင်တွေနည်းပါးမှတ်ဥာဏ်လေးတွေချို့ယွင်းလာကြတယ်။ကျွန်တော်တို့လေးဘက်သွားချိန်စပြီးမတ်တပ်ရပ်ချိန်ကနေကိုယ့်ခြေထောက်ပေါ်ရပ်ချိန်အထိအမေဟာအနားရှိခဲ့တယ်။
ငယ်ငယ်ကဘာမှနကန်းတစ်လုံးတောင် မသိတဲ့အရွယ်ကနေစပြီးမေးသမျှမေးခွန်းတွေကိုဖြေပြီးအသိတရားနဲ့ဥာဏ်ပညာတွေကိုပေးခဲ့တယ်။အခုသူတို့မှာရပ်တည်နိုင်စွမ်းတွေတစ်စတစ်စနည်းပါးလာပြီ ...
အရာရာမှာကိုယ့်အားကိုယ်မကိုးနိုင်တာတွေတဖြည်းဖြည်းများလာချိန်မှာအိပ်မက်တွေနောက်ကိုလိုက်ပျံသန်းရင်းနဲ့ ....
ဘယ်အချိန်မှာကျွန်တော်တို့ သူတို့ အနားကိုပြန်ကြမှာလဲ?
သူတို့ဘဝနေဝင်ချိန်မှာကျွန်တော်
တို့တွေရဲ့ဖေးမမှုမပါဘဲနဲ့ခြောက်သွေ့အထီးကျန်နေသင့်ပါသလား?
ချီပိုးခဲ့သောကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သောသူတို့ရဲ့လက်တွေကိုနွေးထွေးစွာ ပြန်လည် တွဲထူဖို့ ကျွန်တော်တို့ရနိုင်သေးတဲ့ အချိန်မှာ အနန္တော အနန္တငါးပါးမှာ ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားဖို့မြတ်စွာဘုရားမှာ
ကြားခဲ့တဲ့ ကျွန်တော်တို့ မိဘ တွေအတွက်
အကောင်းဆုံးဘာတွေလုပ်ပေးနိုင်ကြမလဲ.....
မေးခွန်းပေါင်းများစွာဟာကျွန်တော်တို့ကိုစောင့်ကြိုနေပါတယ်။မိမိ၏မိဘနှင့်တကွအိုမင်းလာသောသက်ကြီးရွယ်အိုတွေကို
သူတို့ရဲ့နေဝင်ချိန်မှာအကောင်းဆုံးပြုစုစောင့်ရှောက်ဖို့ကျွန်တော်တို့အားလုံးကိုယ်စီကိုယ်ငှမေးခွန်လေးတွေထုတ်ရင်းပြန်မေး
ကြည့်သင့်ပါပြီ။
ကျွန်တော်လည်းရင်ထဲမှာလှုပ်ခါနေတဲ့
ငလျင်အတွက်ဒီကနေ့ကစပြီးအကောင်းဆုံးပေးဆပ်ကြိုးစားသွားတော့မှာပါ။
ကြွေးသစ်တွေချရင်းကြွေးဟောင်းဆပ်ဖို့မမေ့လျော့စေချင်ပါ။
ချစ်သောမိတ်ဆွေအားလုံးလည်းကိုယ်စီ
ကိုယ်ငှမိဘနှစ်ပါးအတွက်နွေးထွေးကြင်နာမှုတွေပေးနိုင်ကြပါစေလို့ရင်ထဲကလှိုက်လှိုက်
လှဲလှဲ ဆုတောင်းပါတယ်။
(ကျွန်တော့်မိဘအတွက်အားလုံးသောမိဘတွေအတွက် )
မျိုးအိမ်ဇန်
၁၅.၁.၂၀၁၄
၁၃၇၅ခု၊ ပြာသိုလပြည့်နေ့
မြန်မာနိုင်ငံ အမေများနေ့အမှတ်တရ
( အက်ဆေးအဟောင်းလေးပြန်တင်လိုက်ပါတယ်။ အမှတ်တရပါ )
— with Maung Paing and 33 others.မိဘဆိုတာဖဝါးလက်နှစ်လုံးပုခုံးလက်နှစ်