Quantcast
Viewing all articles
Browse latest Browse all 1811

မပိရိခဲ့တဲ့ ဝါဒဖြန့်မှုတစ်ခု

Image may be NSFW.
Clik here to view.
ရုပ် ဆိုး's photo.

ကိုယ်ကိုယ်တိုင်က စစ်သား ပါ ။ ဒါကြောင့် ကိုယ့် စစ်သားတွေကို ချစ်ပါတယ် ။ ကိုယ့် အဖွဲ့စည်းကို ချစ်ပါတယ် ။ ကိုယ့် အလုပ်ကိုလည်း တန်ဖိုးထားတယ် ။ အဲဒါတွေ ထက် ပိုတာ က စစ်သားဘဝကို မြတ်နိုးမှု ပါ ။

လူကြီးသူမ စကားတွေ မှတ် ၊ စာအုပ်စာပေတွေ ဖတ် ၊ ကိုယ်တိုင်က ဆင်ခြင်တွေးခေါ် မှုတွေ ကိုမြတ်နိုးတတ်တာကြောင့် မြန်မာ့သမိုင်းကိုပဲ ကြည့်ကြည့် ၊ လက်တွေ့ ဖြစ်နေတဲ့ နိုင်ငံ အခြေနေတွေကိုပဲ ကြည့် ကြည့် ဘယ်သူ့အပြစ် ဘယ်ဝါ့အပြစ် ဆိုတာ ထက် ... ဘယ်လို အဆုံး သတ်နိုင်မလဲ ဆိုတဲ့ အယူအဆ က ပိုအရေးကြီးတယ်လို့ မြင်မိတယ် ။ ဝမ်းသာ စရာကောင်းတာ က ကိုယ့်ခေါင်းဆောင် ကိုယ့် လူကြီး တွေ ကိုယ်တိုင် က ... ပြဿနာကို အဖြစ်နိုင်ဆုံး နည်းလမ်းတွေ နဲ့ အဆုံးသတ်နိုင်ဖို့ ၊ ငြိမ်းချမ်း ဖို့ ၊ တိုးတက်ဖို့ အာသီသ ပြင်းပြနေတာ တွေ့ရလို့ပါပဲ ။

ကိုယ်တိုင်က ယောကျာင်္းအချင်းချင်း ၊ စစ်သားအချင်း ဘယ်သူ့ကို မှ ဘယ်တုန်းက မှ ဂရုမစိုက်ခဲ့ ဖူးသလို ၊ ကြောက်လည်း မကြောက်ခဲ့ဖူးဘူး ။ ကိုယ့်ရဲဘော် ရဲဖက်တွေ ကျဆုံးတာ သိရ ကြားရတဲ့ခါ ၊ ကိုယ့် ညီကို တတွေ ကျဆုံးတာ သိရ ကြားရတဲ့ခါ ဝမ်းနည်းတယ် ၊ ဒေါသထွက်တယ် ။ ဒါပေမဲ့ ... အမျိုးသားရင်ကြားစေ့ရေး ဆိုတာတွေ ၊ ငြိမ်းချမ်းရေး ဆိုတာတွေ ရှေးရှု ပြီး ကိုယ့်စိတ်ကိုထိန်းခဲ့တယ် ။ စစ်ပွဲတွေ ကို စစ်ပွဲလို့ ပဲမြင်နိုင်အောင်ကြိုးစားခဲ့တယ် ။ စစ်ပွဲ နဲ့ စစ်သား ကို ခြားပြီးမြင်နိုင်အောင် ၊ ရန်သူ ၊ မိတ်ဆွေ မဟူ လူကိုလူလို့ မြင်နိုင်အောင် ၊ လက်နက်ကိုင် နဲ့ တိုင်းရင်းသားကိုခြား နားပြီး မြင်နိုင်အောင် ကိုယ့်ကိုယ်ကို လေ့ကျင့် ခဲ့တယ် ။

Image may be NSFW.
Clik here to view.
ရုပ် ဆိုး's photo.

ဒါပေမဲ့ ဒီနေ့ Lachid Kachin ဆိုတဲ့ ဖေ့စ်ဘုတ် ပေ့ခ်ျတစ်ခုကိုဝင်ကြည့်ဖြစ်တယ် ။
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် က မုန်းဒိန်ပါ ဒေသမှာရှိတဲ့ ... စစ်ပြေးဒုက္ခသည်စခန်း နဲ့ စာသင်ကျောင်းတွေ ကို မြန်မာ့တပ်မတော် ကနေ တိုက်ခိုက်ဖျက်ဆီးနေပါတယ်ဆို တဲ့ သတင်းတင်ထားတယ် ။ ဆိုလိုချင်တဲ့ သဘော က မြန်မာ့တပ်မတော်ဟာ ဒုက္ခသည်စခန်းတွေ ၊ စာသင်ကျောင်းတွေ ၊ ဘာသာရေးအဆောက်အဦးတွေ ၊ အရပ်သားရွာတွေ မှာ ပြည်သူတွေရှိမှန်း သိသိ နဲ့ ပစ်ခတ်ဖျက်ဆီး နေပါတယ်လို့ မက်ဆေ့ခ်ျ ပေးလို ဟန်ရှိပါတယ် ။

ဒါပေမဲ့ ကျွန်တော် ဝင်ကြည့်တဲ့ ခါ ဓာတ်ပုံတွေမှာ သွားတွေ့ရတာက ပုံမှာတွေ့တဲ့ တိုင်းပါပဲ ။ မြန်မာ့တပ်မတော် သားတွေ ကစဥ့်ကလျားပြေးရင်း ကျန်ခဲ့ တဲ့ ယူနီဖောင်းတွေ ၊ စာရွက်စာတမ်းတွေ ၊ မှတ်စုစာအုပ်တွေ ကို ပါ တွေ့ရပါတယ် ။

ကောင်းပြီ ။ ကျွန်တော်တို့ reflective tools ကိုသုံးပြီး textual analyze ၊ logical analyze လုပ်ကြည့်ရအောင် ။ အကယ် ၍ သာ အရပ်သားတွေ ရှိတဲ့ ရွာကို မြန်မာ့တ်ာမတော် က လက်နက်ကြီးနဲ့ ထု ၊ ဝင် ရောက် ပစ်ခတ် ဖျက်ဆီး ခဲ့ တာ မှန်ရင် ... အဲဒီယူနီဖောင်းတွေ ၊ စစ်သည်ပစ္စည်းတွေ ၊ စာရွက်စာတမ်းတွေ ဟာ ဘယ် ကရ နိုင်သလဲ ။ ကျည် နဲ့ အတူ ရွာထဲကို ထည့်ပစ်လိုက်တာ လား ။ ဝင်ရောက် ဖျက်ဆီး ပြီး ကိုယ့် ယူနီဖောင်းတွေ ၊ ပစ္စည်းတွေ ထားသွားတာလား ။ စဉ်းစားကြည့်ပါ။

Image may be NSFW.
Clik here to view.
ရုပ် ဆိုး's photo.

တင်ထားတဲ့ ဓာတ်ပုံတွေ မှာ ဝန်းထံရံမှာ ချိတ်ထားတဲ့ ယူနီဖောင်း ၊ ခမောက်တွေ ပါသလို ။ စစ်သည်တစ်ဦးချင်းမှာရှိရမဲ့ အိတ်ဆောင်ကဒ်တွေ ၊ စစ်သည်တွေ ရေးတဲ့ ဒိုင်ယာရီ စာအုပ်တွေပါပါတယ် ။ ဒါဆို ရင် ... ဒီရွာထဲမှာ စစ်သည်တွေရှိနေတယ် ။
နေနေ တယ်လို့ ... ကောက်ယူလို့ရ နိုင်သလား ။ စဉ်းစားကြည့်ပါ ။

တကယ်လို့ ရွာထဲမှာ မြန်မာ့တပ်မတော် က စစ်သည်တွေ အဝတ်အစားလေးတွေ လှန်းထားတယ် ။ ဒိုင်ယာ ရီ ရေးနေမယ် ။ ထုတ်ပိုးမထား တဲ့ ပစ္စည်းတွေ ကိုထား ခဲ့ ပြီး အရေးတကြီး ဖြစ်လာတဲ့ခါ ဖြစ်သလို ကိုယ်လွတ် ရုန်းထွက်ပြေး ရတယ်ဆိုရင် ... ဒီနေရာမှာ မြန်မာ့တပ်မတော် က နေနေ တယ် ၊ စခန်းချနေတယ်လို့ မှတ်ယူနိုင်မလား။
အဲဒါဆိုရင် ... ရွာကို (အဲဒီနေရာကို) လာတိုက်တာ ဘယ်သူတွေလဲ ။ ဝင်ရောက်လာတာ ဘယ်သူတွေလဲ ။ လှမ်းပစ်တာကရောဘယ်သူတွေ ဖြစ်မလဲ ။
ကိုယ်တိုင် ပဲ စဉ်းစားပါ ။

ဓာတ်ပုံတွေ အရ ပဲ ကျွန်တော် ပြောပြပါ့မယ် ။
အဲဒီ ရွာ ၊ အဲဒီဒေ သမှာ မြန်မာ့တပ်မတော် စခန်းချနေလိမ့်မယ် ။ ယာယီဖြစ်စေ ၊ အခြေပြု နေရာဖြစ်ပေါ့ ။ အဲဒီ အချိန် ဝင်တိုက် ခံရလိမ့်မယ် ။ အမှတ်မထင် တိုက်ခံရတဲ့ ချိန်မှာ ဆုတ်ခွါ ကြရမယ် ။ အဲဒီအခါ ပစ္စည်း တွေ ဗရမ်းဗတာ ကျန်ခဲ့လိမ့်မယ် ။ အဲဒီ ပစ္စည်းတွေ ကို အဲဒိရွာထဲ ဝင်လာသူတွေက ရလိမ့်မယ် ။ တွေ့လိမ့်မယ် ။ ဓာတ်ပုံ ရိုက် လိမ့်မယ် ။

ကျွန်တော်တို့ စစ်ပွဲကို စစ်ပွဲလို့မြင်ပါတယ် ။ စစ်ပွဲ မှာ အပြန်အလှန်ပစ်ခတ်မှုရှိမယ် ။
စစ် ကြောင့် ပြည်သူတွေ ဒုက္ခရောက်ရတာလည်းရှိလိမ့်မယ် ။ ဒါပေမဲ့ စစ်သား က ရိုးသားဖို့ လိုတယ် ။

အွန်လိုင်းမှာ မြန်မာ့တပ်မတော် က အရပ်သားတွေပါ မရှောင် ပစ်ခတ် နေပါတယ် ၊
ရွာတွေကိုဝင်ရောက် ဖျက်ဆီးနေပါတယ် ၊ ဘာသာရေးအဆောက်ဦးတွေပါ မကျန် ဖျက်ဆီးနေပါတယ် လို့ ဝါဒဖြန့်ချင်ရင် ဒီထက် အဆင့်မြင့်မြင့် နည်းတွေသုံးပါ ။
အွန်လိုင်းမှာ ရှိနေတာ အရာအားလုံး မျက်စိ မှိတ် ယုံ မဲ့ ငတုံးတွေလို့ မထင်ပါနဲ့ ။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>