Quantcast
Viewing all articles
Browse latest Browse all 1811

ငါ့အဖိုး၊ ငါ့အဖေ၊ ငါ နဲ့ ငါ့သား အပိုင်း ၂ (၈)


(အပိုင်း ၂) ငါ့အဖေ။ (အဆက် ၈)

“ဆရာ သတိုး အဖွဲ့က အဖွဲ့(၁)ဘယ် … ဆရာအောင်ထွန်း အဖွဲ့က အဖွဲ(၂) ညာ … ငါနဲ့ စိုးမင်း အလယ်ကလိုက်မယ် … ဘုန်းကြီးကျောင်းက ရွာရဲ့ အနောက်တောင်မှာရှိတယ် အဲ့ကနေ သူကြီးအိမ် ကို ၀င်း ၃ ခုခြား
 ကိုက် ၁၅၀ လောက်ရှိမယ် … အဲဒါ စမျဉ်းဘဲ … ဘုန်းကြီးကျောင်းကို တို့ တိတ်တဆိတ် ချဉ်းကပ်မယ် … သူတို့အနေနဲ့ အနောက်ကရောက်လာမယ့် ဒို့ ကို မျှော်လင့်မှာမဟုတ်ဘူး … စခန်းကို မဲပြီး တိုက်နေကြလိမ့်မယ် … ကင်းတိုကင်းရှည် တွေကိုလဲ .. ၀ိုင်းဘက်က ၀င်နိုင်တဲ့ အရှေ့မြောက်ဘက်မှာဘဲ ထားလိမ့်မယ် … ရည်မှန်းချက်က ..သူကြီးအိမ်ဘဲ … ကဲ … ဘာမရှင်းတာရှိလဲ” “ မရှိပါဘူး” “ဆက်လုပ်” 
ဆရာကို နှင့် ရဲဘော်များ ဇကလေးသို့ ချဉ်းကပ်လာစဉ် လမ်းတလျောက် ဘာ အနှောင့်အယှက်မျှ မရှိပါ … သို့သော် ဘုန်းကြီးကျောင်း အ၀င်တွင်မူ … စခန်းကုန်းဘက်ဆီမှ … လက်နက်ငယ်သံများနှင့်အတူ ၂ လက်မ စိန်ပြောင်း ဗုံးသီး ကွဲသံ ၂ ချက်ကိုပါကြားလိုက်ရပီး ဇကလေး တရွာလုံး သိမ့်သိမ့် တုန်သွားသလို ခံစားလိုက်ရသည်။ ကိုကန့်နီတော့ မီးကုန်ယမ်းကုန် ခံစစ်ဆင်နေပြီဘဲ၊ အောင်ဘု အား ကျောင်း မှ ကိုရင်လေးများထံအသာအပ်ထားခဲ့သည်။ ဆရာတော့် ကိုတော့ မတွေ့ရပေ။ ရဲနီဆိုသူများ၏ အယုတ္တ အနတ္တ ဆဲဆိုကြိမ်းဝါးနေသံများ အား အထီးသံကော အမ သံများပါ ဆူညံစွာကြားနေရသည်။ ကောင်းပါ့ဗျား ဒါမှ ငါ့ကောင်တွေ ဘယ်နေရာမှာ ရန်သူအင်အား ကောင်းပီး ဘယ်နေရာမှာ ရန်သူအင်အား နဲလဲ ခန့်မှန်းလိုရမှာ …..
ကျောင်း ပုရ၀ုဏ် ဆတ်သွားဖူးရုံများအားကျော်၍ ရွာ ဧရိယာအတွင်း ချဉ်းနင်းလာသည်နှင့် ... “ ဖြန့်တော့ ဟေ့ကောင်တွေ ... ရည်မှန်းချက် ကို ပြိုင်ရောက်အောင်နော် ....” ပစ် တက် ......... တက် ဒက်ဒက် ဒက်ဒက်ဒက် ဖန်း ဖန်းဖန်း ဖြောင်း ... ဒက်ဒက် ... ဘီလူး ကွ ... ဟေ့ တပ်မ (၇၇) ကွ .... ကွန်မြူနစ်တွေကို အသေသတ်ကြစမ်းကွာ တက်ကြဟေ့ ... တပ်ခွဲ(၂) ဟိုဘက်က၀ိုင်းစမ်း တပ်ခွဲ (၃) အဲ့ဒီဘက်ကပိတ် ကွ .... တက် တက် တပ်မ တပ်ကွ ..ဟင်း ...
ထိရောက်ပါသည် .. မထင်မှတ်တဲ့ ဗျူဟာ ကောင်းကောင်း အလုပ်လုပ်ပေ၏ .. ဇကကြီး တွင် ကြိုတင် သင်ကြား ခဲ့သည့်အတိုင်း ဇကလေး ရောက်၍ ရည်မှန်းချက်အား ၀င်စီးသည့်အခါ .. တပ်မ (၇၇) မှ တပ်များ တပ်ကူ ရောက်လာသည့်ပမာ ..အော်ဟစ် ညာသံပေးရန် အမိန့်ပေးထားခဲ့ရာ .. ဆရာ အောင်ထွန်း … ဘီလူး နှင့် ဆရာ မောင်စိုး တို့ ၏ အောင်မြင်သော အသံဝါကြီးများဖြင့် ဖင်ပြဲအောင် အော်ဟစ် ညာသံပေးလိုက်ကြသော အသံများမှာ လက်နက်ငယ် လက်နက်ကြီး သံများ အားဖုံးလွှမ်း၍ မိုးလုံးပဲ့တင်ထပ်ကုန်တော့သည်။ ဗကပ များမှာ သာလွန်အင်အားဖြင့် စိတ်တိုင်းကျ တိုက်ပွဲဝင်နေရာမှ … မမျှော်လင့်သော အရပ်မှ မမျှော်လင့်သောအင်အားဖြင့် ၀င်အတိုက်ခံရသည် ဟု စိတ်ခံစားရသောအခါ တကယ်ပင် ခွေးပြေးဝက်ပြေး ပြေးတော့သည် အချို့ ရဲနီမ များ လက်နက် ပစ်ချကာ ကိုယ်လွတ်ရုံးပြေးသည်အထိ ဖြစ်ကုန်တော့ သည်။ သူတို့မပြောနှင့် ဗိုလ်အောင်နိုင် ကိုယ်တိုင်ပင်လျှင် …. လှည်းအိမ်စု ကမ်းပါးရောက်ရန် အားကုန်သွန်ရှာသည်။ ဆရာကိုတို့ အတော်မြတ်ပါ၏ လက်နက်မျိုးစုံ ၆ လက် နှင့် အလောင်း ၂ လောင်း ထပ်ရသည်။ ဆရာ အောင်ထွန်းတပ်စိတ်အား အောင်မြေချဲ့ လက်နက်ကောက် ခိုင်းပြီး ဆရာကန့်နီ အား တပ်စု ပတ်လည်ခံစစ် ပြန်လည် နေရာစုဖွဲ့ ခိုင်းရသည်။ ဗိုလ်အောင်နိုင်တို့ အခြေအနေမှန်ကို သိသွားသည်နှင့် အမှုန့်ချေရန်ပြန်လာကြလိမ့်မည်။
ကံကောင်းချက်ကတော့ လက်ကုန်ဘဲဝေး ….. ဆရာကို့ တပ်စု အောင်ပွဲ ရရှိခဲ့ချိန်မှာ ညနေ ၃း ၀၀ ကျော် အောင်မြေချဲ့ ၊ ပြန်လည်စုဖွဲ့၍နောက်တပွဲ အတွက် အသင့်ဖြစ်နေကြချိန်မှာ ညနေ ၅း၀၀ ကျော် ….ကဲ .. ဘယ်လိုကံကောင်း သလဲ ပြောပြမယ် .. အဲဒီညနေ ကပေါ့ .. အားလုံးရင်ထဲ မှာ … မမျှော်လင့်ဘဲ ရလိုက်တဲ့ အောင်ပွဲ ကြောင့် စိတ်ချလက်ချ မပျော် နိုင်ခဲ့ရပါဘူး … ပြန်လာကြမဲ့ မလိုလားတဲ့ ဧည့်သည်တွေကို မျှော်နေကြရတာပေါ့ … လာပါချေဘီ ….. လှည်းအိမ်စု … ချောင်းခြောက် … ဘက်က .. စစ်ကြောင်းတကြောင်း … ဆည်းဆာ နေ မညို့တညို မှာ .. ဇကလေး စခန်း ကို ဦးတည် ချီတက် လာကြပါဘီ … ဒီတခါတော့ ..စနစ်တကျ ဘဲခင်ဗျ .. စခန်းကုန်းအောက်နား တောင်ဘက် ပင်မဂိတ် မှာ စနစ်တကျ နေရာယူ …. လို့ .. အလံဖြူ နှင့် စစ်သည် ၂ ဦး တက်လာသည် …. အောင်ထွန်းကြီး နှင့် ဘီလူးကို ဆရာ ကန့်နီ နှင့် ဆရာသတိုး မနဲ ထိန်းထားကြရသည်။ သို့သော် ………. အောက်ကတက်လာသော … စစ်သည် ၂ ဦး စခန်းပေါ် ရောက်လာချိန်မှာတော့ ……. ဒချိ ဒချိ …. ခလရ (၁) မှ တပ်ခွဲ မှုး ဗိုလ် ကြီး မောင်ပိုင် ဦးစီး တပ်ခွဲ ၄ ပါတဲ့ ခညား ……………. အလွယ်မယုံရဲပါ … ၁၉၆၈ ခုနှစ် ဗိုလ်ကြီးမောင်ပိုင် ကျောင်းဆင်းစ .. နမ့်ဖတ်ကာပွဲမှာ … ဆရာကို့ ဟမ်းဘားကြီး နှင့် ပွဲတွေ့ ခဲ့ပြီးနောက် နှစ်ဦးသားခင်မင်မိခဲ့ ကြရာမှ တဥိး နှင့် တဦး ကိုယ် ပိုင်နံပါတ်တွေပါ သိပြီး ဖြစ်ခဲ့ကြပါသည်။ ဖြစ်ခြင်တော့ ဆရာကို က ကပ/ ၁၁၄၀၀၆ ဗိုလ်မောင်ပိုင် က ကြည်း/ ၁၁၀၀၇ လေ။ ….. အခု အောက် က ခလရ (၁) တပ်ခွဲမှုးပါ ဆိုပြီး လက်မှတ်ထိုးပေးလိုက်တာ ဗိုလ်ကြီး မောင်ပိုင် က/ ၁၁၀၀၇ ဆရာကို ယုံတာပေါ့ ….. ဂိတ်ကြီး ဖွင့်ဘီ … အောင်နိုင်တပ် အတွက် စိတ်မပူရတော့ ဘူး …. ဘီလူးတို့ ဆရာအောင်ထွန်းတို့ ဆရာမောင်စိုး တို့ အဖွဲ့တွေ ပျော် ကြ၇ဘီ ပေါ့ဗျာ ……
( မှတ်ချက် - ကျုပ် ..ငါ့အဖိုး ငါ့အဖေ ငါ နဲ့ ငါသား ရေးတာ ဒီလောက်နဲ့ ရပ်မှဘဲ .. ငါ နဲ့ ငါ့သား ကကြောင်း နောက်ကြုံ ရင်တော့ ချ ရသေးတာပေါ့)


ttkots73— 



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>