Image may be NSFW.
Clik here to view.
ယခုအချိန်သည် ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားအားလုံးမိမိတို့နှင့်သက်ဆိုင်ရာ ကဏ္ဍစုံတွင် နိုင်ငံတကာ နှင့်ရင်ဘောင်တန်း၍လိုက်နိုင်ရန်အတွက်အထူး ကြိုးစားလုပ်ဆောင်ရန် လိုအပ်နေသည်ဆိုသည်ကို မည်သူမျှ အငြင်းပွားမည်မဟုတ်ပေ။ ထိုကဲ့သို့ ကြိုးပမ်းကြရာတွင် အမှားသံသရာထဲတွင်အချိန် မကုန်စေရန်သက်ဆိုင်ရာ ကဏ္ဍအလိုက် တတ်ကျွမ်းနားလည်သူများ၏အတွေ့ အကြုံများပေါ်တွင်အခြေခံ၍ အမျှော်အမြင်ရှိစွာဖြင့် ပြုစုထားသောမှန်ကန်သည့် လမ်းညွှန် (Guide Line) တစ်ရပ်အားစွဲကိုင်ထားလျက် ညီညွှတ်စွာ ၀ိုင်းဝန်းအကောင်အထည်ဖော်ကြရမည်ဖြစ်ပါသည်။
ကုလသမဂ္ဂအဖွဲ့ကြီး၏ဦးဆောင်မှုဖြင့် နိုင်ငံတကာအစိုးရများကပူးပေါင်းလိုက်နာရန် သဘောတူထားကြသောလမ်းညွှန်မှု (Guide Line) များသည်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက်ရှိနှင့်ပြီးဖြစ်ရာစားသုံးသူများ၏အကျိုးအတွက် ရည်ရွယ်ရေးဆွဲထား သော ကောင်းမွန်ပြည့်စုံသည့် လမ်းညွှန်မှု
(Guide Line) တစ်ခုလည်းရှိပြီး ဖြစ်ပါသည်။အဆိုပါ ကုလသမဂ္ဂ၏ လမ်းညွှန်မှု (Guide Line) အောက်တွင် ကျွန်ုပ်တို့ ပြည်သူတစ်ဦးချင်းစီသည်မိမိတို့ကျရာအခန်းကဏ္ဍအလိုက် မှန်ကန်စွာ ၀ိုင်းဝန်းတာဝန်ယူ ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံနှင့်လူမျိုးတို့၏ အကျိုးကို သယ်ပိုး နိုင်ကြမည်ဟုယုံကြည်ပါသည်။
ဤသို့သော အခြေအနေ အချိန်အခါမျိုးတွင် ကျွန်ုပ်တို့မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂသည် မိမိတို့သက်ဆိုင်ရာဘာသာရပ်များအလိုက် ကျွမ်းကျင်သူများ၏ပရဟိတစိတ်ထားဖြင့် မိမိတို့စွမ်းအားရှိသလောက် နိုင်ငံနှင့် လူမျိုးအတွက် ၀င်ရောက်ဖြည့်စွက် သယ်ပိုးကြရန် ဖွဲ့စည်းပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။
လက်ရှိကာလသည် ရာစုနှစ်ထက်ဝက်ခန့် လူအများက အရေးယူဂရုစိုက် မလုပ်နိုင်ခဲ့သောစားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းနှင့်၎င်းတို့၏
အခွင့်အရေးများနှင့်သက်ဆိုင်သောအသိပညာကိုတိုးတက်ဖွံ့ဖြိုးစေခြင်းဖြင့် လူတိုင်းကျန်းမာ ပျော်ရွှင်ပြည့်စုံသော လူမှုဘ၀များရရှိခံစားနိုင်ကြရန် အရှိန်အဟုန်မြှင့်လုပ်ဆောင် ကြရမည့် အချိန်အခါပင်ဖြစ်ပါသည်။ စားသုံးသူများ၏အရေးအရာများ ကို အသိပေး ဖော်ဆောင်ရာတွင် နိုင်ငံတကာကိုအမှီလိုက်နိုင်ရန် အင်နှင့်အားနှင့်
လျှင်မြန်စွာ ၀ိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်သည်။
လွန်ခဲ့သော နှစ်များအတွင်း အစားအသောက်နှင့် ဆေးဝါးများတွင် ရှိနေသည့် အန္တရာယ်များအကြောင်းကိုသတင်းစာများ၊ စာစောင်များ၊ ၀န်ကြီးဌာနများ၊သက်ဆိုင်ရာအဖွဲ့ အစည်းများမှ ထုတ်ပြန်ချက်များမှ တစ်ဆင့် လည်းကောင်း၊ လူထုကိုအသိပေးဟောပြောနေသောပညာရှင်များနှင့်ဤအန္တရာယ်များကိုကာကွယ်ရန် လိုအပ်ကြောင်းသဘောပေါက်နေသူအချို့ မှ တတ်စွမ်းသမျှ အင်အားဖြင့် လုပ်ဆောင်လျှက်ရှိသည်ကိုလည်းတွေ့ရှိရပါသည်။ နိုင်ငံသားတိုင်းသည်
အသိပညာရှိရှိဖြင့် မိမိတို့၏ စားသုံးမှုဆိုင်ရာ အခွင့်အရေး များနှင့် တာဝန်ရှိမှုများကို ကောင်းစွာသဘောပေါက်၍ အသုံးချနိုင်မှသာ တရားမျှတ၍အဂတိတရားကင်းသောလူနေမှုစနစ်အောက်တွင် လူ့သက်တမ်းစေ့ နေထိုင်စားသောက်နိုင်သော သာယာဝပြောသည့် လူမှုဘ၀များကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။
ထို့ကြောင့်ပင် ကျွန်ုပ်တို့အနေဖြင့် ရနိုင်သမျှသောနည်းလမ်းများကို ရှာဖွေ၍စားသုံးသူဆိုင်ရာအခွင့်အရေးနှင့် တာဝန်ယူတတ်မှု ကျင့်ဝတ်များကိုဝေမျှ အသိပေး
သွားကြမည်ဖြစ်ပါသည်။ ထိုနည်းတူစားသုံးသူပြည်သူများအနေဖြင့် သတိမူသင့်သော ဘေးအန္တရာယ်များကိုလည်းတစ်ချိန်တည်းတွင် ဖော်ထုတ်တားဆီးနိုင်ရန်
ဆောင်ရွက်သွားမည်ဖြစ်ပါသည်။အများနှင့်သက်ဆိုင်သောလူမှုရေးလုပ်ငန်းများအပေါ်တွင် နားလည်မှု အယူအဆလွဲမှားစွာဖြင့် သံသယလက်ကိုင်ထားသောကိုယ်ကျိုးရှာသူများလည်း ရှိနိုင်သဖြင့် ကျွန်ုပ်တို့ဆောင်ရွက်လျှက်ရှိသည့် ပရဟိတလုပ်ငန်းများပေါ်တွင် မိမိတို့၏လုပ်ပိုင်ခွင့်ကိုအလွဲအသုံးပြု၍ဟန့်တား
လမ်းလွှဲပစ်လိုသူများရှိပါကလည်း ကျွန်ုပ်တို့အနေဖြင့် စားသုံးသူပြည်သူတစ်ရပ်လုံး၏ အကျိုးအတွက် လက်တွဲပြီး ပူပေါင်းပါဝင်လာနိုင်ရေးကို စည်းရုံးဖန်တီးပြင်ဆင်ပေးကာ
အမြင်ကြည်လင်စွာဖြင့် အားပေးကူညီလာနိုင်ရန် လေးစားချစ်ခင်စွာဖြင့် လက်ကမ်းကြိုနေမည်ဖြစ်ပါသည်။
ြ
မန်မာနိုင်ငံစားသုံးသူများသမဂ္ဂသည် (Consequences of poverty) ဆင်းရဲနုံချာခြင်း၏ နောက်ဆက်တွဲရလဒ်များကြောင့်ဖြစ်တတ်သည့် ဆင်းရဲချမ်းသာ ကွာဟမှု၊
ပညာအသိတရားကွာဟမှု၊ တရားမျှတမှုမရှိမှုများကိုအသိပြုမိပြီး ပြုပြင်ပေးလိုသည့် အသိပညာရှင်အတတ်ပညာရှင်များ၊ အတွေ့အကြုံရင့်ကျက် သူများ၊ ကိုယ်ကျိုးမရှာသောစေတနာရှင်အစစ်အမှန်များ၊ အထူးလိုအပ်နေသော နိုင်ငံတော်ကြီး ပြန်လည်တည်ဆောက်ပြုပြင်ရေးခရီးတွင် စေတနာရှင်များစုစည်း၍ စားသုံးသူများဆိုင်ရာအသိပညာပေးရေးလုပ်ငန်းစဉ်များကိုဖော်ဆောင်ကြိုးပမ်းလုပ်ဆောင်ကြခြင်းဖြစ်ပါသည်။
Image may be NSFW.
Clik here to view.
ဤလုပ်ငန်းများသည် လူသားတိုင်းနှင့်ဆိုင်သော လူမှုရေးလုပ်ငန်း ဖြစ်သဖြင့် ၀ိုင်းဝန်းပါဝင်ကြပါရန် ဖိတ်ခေါ်ပါသည်။ ပါဝင်လုပ်ဆောင်လိုသူများ လွယ်ကူစွာစုစည်းဆွေးနွေးအကြံပြုနိုင်ရန် နေရာတစ်ခု၊ စင်မြင့်တစ်ခုကို ကျွန်ုပ်တို့ကဖန်တီးပေးခြင်းမျှသာဖြစ်ပြီးအရည်အချင်းရှိ၍စေတနာမှန်သူများကို နေရာပေးထောက်ခံကူညီပံ့ပိုးရန် အဓိကစုစည်းကြခြင်းဖြစ်ပေသည်။
စားသုံးသူများ၏အရေးကို ဆောင်ရွက်ပေးသည့် လုပ်ငန်းသည် ကြီးမားကျယ်ပြန့်သော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း နားလည်လက်ခံကြသော လူအများစုသည်လည်း ကြီးမားသောဝန်ထုတ်ဝန်ပိုးဖြစ်၍အစပြုပင့်တင်ထမ်းပိုးရန် မ၀ံ့မရဲဖြစ်နေသကဲ့သို့ မိမိတို့ရှိပြီးသား ၀န်ထုတ်ဝန်ပိုးများကြောင့်လည်း အစပြု ပါဝင်နိုင်ခြင်းမရှိကြပါ။ သို့ရာတွင် ခေတ်တစ်ခေတ်၏ပေးအပ်လာသောတာဝန် အဖြစ် ခံယူလျှက် လူအများကမိမိတို့၏ ကိုယ်ပိုင်စားသုံးသူအခွင့်အရေးများကို သိရှိပြီးကာကွယ်နိုင်ရန်အတွက်သာမက အခြားသောစားသုံးသူများ၏
အခက်အခဲ ပြဿနာများ၊ အခွင့်အရေးချိုးဖျက်ခံရမှုများမှ လွတ်ငြိမ်း၊ ကင်းဝေးအောင် ကူညီ ဆောင်ရွက်ပေးသူများပေါ်ပေါက်ပွားများလာစေရန် ရည်ရွယ်၍ဤမြန်မာနိုင်ငံ
စားသုံးသူများသမဂ္ဂကိုဖွဲ့ စည်းကြခြင်းလည်းဖြစ်ပါသည်။
သမာအာဇီဝနှင့် အဂတိတရားဆိုသည့်စကားကို ကြားရုံမျှဖြင့် ရင်ခုန်သံမြန်၍ သွေးခုန်နှုန်းမြင့်သွားသူများ၏လက်တွင်းတွင် လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်စီရင်ပိုင်ခွင့်များရှိနေကြသည်ကိုသတိပြု၍ ပြောင်းလဲပြုပြင်ခြင်းကို လိုလားစွာဆောင်ရွက်နေကြသောနိုင်ငံတော်ခေါင်းဆောင်ကြီးများ၏ လူထုဗဟိုပြုဖွံ့ဖြိုးရေးမူဝါဒကို ကျွန်ုပ်တို့စားသုံးသူပြည်သူတစ်ရပ်လုံးက၀ိုင်းဝန်း၍ အောင်မြင်စွာ အကောင်အထည်ဖော်ရန် ကျွန်ုပ်တို့အဖွဲ့ က ခံယူချက်မှန်ကန်စွာဖြင့် ရပ်တည် လှုပ်ရှား ပါဝင်ကြမည်ဖြစ်ပါသည်။
စားသုံးသူများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကိုတိကျသေချာစွာမြှင့်တင်အကောင်အထည်ဖေါ်နိုင်မှသာ နိုင်ငံသားများ၏ လူနေမှုဘ၀အဆင့်အတန်းဖွံ့ဖြိုးမြှင့်မားစေမည်ဖြစ်ပါသည်။
နိုင်ငံတကာအဆင့်မြင့် ကူးလူးဆက်ဆံကုန်သွယ် ဖောက်ကားသွားလာကြရာတွင် အသိပညာအားနည်းပါက တန်းတူရည်တူ ဆက်ဆံခွင့်များ နည်းပါးဆုံးရှုံး၍မမျှမတဆက်ဆံခံရမှု၊နစ်နာထိုခိုက်မှုများ ခံစားရမည်ဖြစ်ပါသည်။
ကုန်ထုတ်စွမ်းအား (Productivity) တိုးတက်မြင့်မားရေးသည် စားသုံးသူများ၏ အခွင့်အရေးနှင့် အပြန်အလှန်အကျိုးပြုပါသည်။ ကောင်းကောင်းစား၊ ကောင်းကောင်းနေ၊ကောင်းကောင်းသွားနိုင်မှသာ ကောင်းစွာအလုပ်လုပ်နိုင်ကြပြီးကုန်ထုတ်စွမ်းအားတိုးတက်ကောင်းမွန်လာမည်ဖြစ်ပါသည်။ ကုန်ထုတ်စွမ်းအားမကောင်းပါက နိုင်ငံလည်းချွတ်ခြုံကျလာပြီး ဆင်းရဲမွဲတေမှုမှသည် နိုင်ငံသားစားသုံးသူများ၏ အခွင့်အရေးများလည်း ဆုံးပါး သွားမည်ဖြစ်ပါသည်။ လူနေမှုဘ၀အဆင့်အတန်း (Quality of Life) မြင့်မားစွာ ခံစားနေထိုင် ကြသော တိုင်းပြည်နိုင်ငံများတွင် စားသုံးသူတနည်းအားဖြင့် သုံးစွဲသူများ၏ အခွင့်အရေးများကိုနိုင်ငံသားတိုင်းအထူးတန်ဖိုးထား ဂရုစိုက်ကြ၊ တာဝန်သိတတ် ကြရပါသည်။
ကျွန်ုပ်တို့ပြည်ထောင်စုကြီးကို ဒီမိုကရေစီထွန်းကားပြီး ကမ္ဘာ့အလယ်တွင် ထည်ဝါစွာရပ်တည်နိုင်ရန် စားသုံးသူများ၏ အခွင့်အရေးများကို ထင်သာမြင်သာရှိမှု၊တရားဥပဒေစိုးမိုးမှုစသည့် အလေ့အကျင့်ကောင်းများဖြင့် ပြုပြင်တည်ဆောက်ရာတွင် အဓိကမဖြစ်မနေပါဝင်ရမည့်သူများဖြစ်သည့်
(၁) နိုင်ငံတော်အစိုးရနှင့်နိုင်ငံ့ဝန်ထမ်းများ၊
(၂) အစိုးရမပါသောလူထုအခြေပြုအရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ
(၃) စားသုံးသူ၊ သုံးစွဲသူများကိုယ်တိုင်နှင့်
(၄) စီးပွားရေးလုပ်ငန်းရှင်များ... ညီညွှတ်မျှတစွာနားလည်မှုရှိစွာ ပူးပေါင်းပါဝင်ရန် အထူးလိုအပ်ပါသည်။
အထက်ပါအဖွဲ့ အစည်း (၄) ရပ်တွင် ပါဝင်ပတ်သက်နေသူများသည်လည်း တစ်ချိန်မဟုတ်တစ်ချိန်တွင် စားသုံးသူအမှန်ဖြစ်နေသောကြောင့် အားလုံးနှင့်သက်ဆိုင်သောတရားမျှတသောစံချိန်စံညွှန်းများကိုရရှိခံစားနိုင်ရန် မိသားစုစိတ်ဓာတ်ဖြင့် အစွမ်းကုန်ဝိုင်းဝန်းဖော်ဆောင်ကြရန် လိုအပ်ပါသည်။
ကျွန်ုပ်တို့မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂသည် အောက်ပါ အခြေခံအခွင့်အရေး (၄)ရပ်ကို စားသုံးသူများအဓိကထား ခံစားခွင့်ရှိရမည်ဟု ခံယူပါသည်။
(၁) ဘေးအန္တရာယ်ကင်းရှင်းစွာစားသောက်သုံးစွဲနိုင်ခွင့်
(၂) တန်ဖိုး၊ ဈေးနှုန်း၊ အမျိုးအစားရွေးချယ်ပိုင်ခွင့်
(၃) စားသောက်သုံးစွဲရမည့်ပစ္စည်းအကြောင်းအသေးစိတ်ဂဃနဏ ပြည့်စုံစွာသိရှိခွင့်
(၄) စားသုံးသူများ၏ အသံနှင့် မကျေနပ်မှုများကိုသက်ဆိုင်ရာ တာဝန်ရှိသူများထံ လွတ်လပ်စွာအသိပေးထုတ်ဖော်ပြောဆိုခွင့်… တို့ဖြစ်ပါသည်။
ဤခံယူချက်အားဖော်ဆောင်ရန်အတွက် နိုင်ငံတ၀ှမ်းလုံးရှိ ပြည်သူ တစ်ရပ်လုံးအား စားသုံးသူဆိုင်ရာအသိပညာများ ဝေမျှဖလှယ်နိုင်ရန်အတွက် စုစည်းတည်ထောင်ကြခြင်းဖြစ်ပြီး
စေတနာနှင့်ဆန္ဒတူညီသူများအားလုံး မိသားစုစိတ်ဓာတ် ဖြင့် အစွမ်းကုန်ဝိုင်းဝန်းဖေါ်ဆောင်ကြရန်အတွက် ဤအဖွဲ့ နှင့် ဆက်သွယ်လက်တွဲ ကြပါရန် မေတ္တာရပ်ခံဖိတ်ခေါ်အပ်ပါသည်။
https://www.facebook.com/notes/myanmar-consumers-union-mcu/%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%9E%E1%80%AD%E1%80%B1%E1%80%85%E1%80%9E%E1%80%AC%E1%80%B8/551032054915940 မှကူးယူဖော်ပြပါသည်။