တောင်ကုန်းအမှတ် ၆၉၈ မှာ တောင်တန်းတလျောက် ဖြန့်ကြဲ ခံစစ်ယူထားသော တရုတ်ခံစစ်၏ အဓိကနေရာဖြစ် သောကြောင့်သိမ်းယူရရှိမှဖြစ်ပေမည်။ ကဲ .. ခု .. ၁၉၅၀ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ … နေ့လည် ၃း၀၀ နာရီ ရှိဘီ၊
ဒီနာမည်ကြီးခေါင်းမာလှတဲ့ ကုန်း ၆၉၈ ကို မရ .. ရ အောင်ယူဘို့တာဝန်ကလည်း ဒုဗိုလ် ဂျွန်ယန်ဆီ ဦးစီးသော လူအင်အား ၃၂ ယောက်ရှိ အမှတ် (၂) တပ်စု၊ တပ်ခွဲ (၅)၊ တပ်ရင်း(၇) ၏ပုခုံးထက်ကျရောက်လာပါချေဘီ။
ယန်ဆီ သူ့စစ်ဂျာကင် အိတ်ကပ်ထဲမှ မှတ်စုစာအုပ် ကိုဆွဲထုတ်လိုက်ပီး ခဲတံဖြင့် တစုံတရာရေးခြစ် နေသည်၊ ခုနက သူ့ စစ်သုံးမှန်ဘီးလူးဖြင့် ထောက်လှမ်းတွေ့ရှိခဲ့သော ထူးခြားချက်များအား မှတ်တမ်းတင် နေခြင်း ဖြစ်ပေသည်။
ယန်ဆီ သူ့စစ်ဂျာကင် အိတ်ကပ်ထဲမှ မှတ်စုစာအုပ် ကိုဆွဲထုတ်လိုက်ပီး ခဲတံဖြင့် တစုံတရာရေးခြစ် နေသည်၊ ခုနက သူ့ စစ်သုံးမှန်ဘီးလူးဖြင့် ထောက်လှမ်းတွေ့ရှိခဲ့သော ထူးခြားချက်များအား မှတ်တမ်းတင် နေခြင်း ဖြစ်ပေသည်။
သူ့အမိန့်ပေးအဖွဲ့မှ အကြပ်များအား သူရေးဆွဲထားသော ပုံကြမ်းအားခဲတံဖြင့်ထောက်ကာ ထောက်ကာ နှင့် တိုက်ပွဲစီမံချက်အား ရှင်းပြရင်း တိုက်ပွဲနှုတ်မိန့် ပေးနေပေပြီ။ တပ်ကြပ်ကြီး ကာဂူလစ်တီ ဆံပင်အနက်နှင့် လူအေးကြီးက သူ့တပ်စိတ်အား ဆင်ခြေလျောညာဘက်ခြမ်းမှ ရည်မှန်းချက်သို့ရောက်အောင်တက်ရန်၊ တပ်ကြပ်ဖိလစ် ရွှေရောင်ဆံပင် ပိုင်ရှင် ကိုလူချော ၏ တပ်စိတ်ကဘယ်ဘက်ခြမ်း မှတက်ရန် စစ်ရည်စစ်သွေး ပြည့်ဝ လှသော တိုက်ပွဲအတွေ့အကြုံများလှသော တပ်စုတပ်ကြပ်ကြီး မက်ဒင်း က ဖိလစ်၏တပ်စိတ်နှင့်လိုက်ပြီး တပ်စုမှုး ယန်ဆီက ကာဂူလစ်တီ၏ တပ်စိတ်နှင့်လိုက်ရန် စီမံချက်ချမှတ်လိုက်ကြသည်။
“ငါတို့ ရည်မှန်းချက်ကုန်း တ၀က်လောက် ရောက်တာနဲ့ ဗုံးနှစ်ကြိမ်ပစ်မယ် ဒီတရုတ် တွေ တို့ကို အပေါ်စီးက နေဗုံးတွေပစ်မချခင် အရင်ပစ်ရမယ်နော် ရှေ့က တပ်စု (၃) ဘာဖြစ်သွားလည်းသိတယ်မဟုတ်လား၊”
ယန်ဆီ သူ့တပ်စုကို နှုတ်မိန့်ပေးနေစဉ်မှာဘဲ ကော်စီယာ ၄ စင်း ရောက်ချလာပီး တောင်ကုန်းအမှတ် ၆၉၈ ပေါ်ဗုံးတွေကြဲချပါတော့တယ်။ သူတို့အနိမ့်ပျံပီး ကြဲတာဖြစ်ပေမဲ့ သူတို့ရဲ့ ဒုံးပျံတွေကတော့ ပစ်မှတ်နဲ့ လွဲသွားပါတယ်။ နပမ်းမီးလောင်ဗုံးတွေကလဲ သူတို့ခံစစ်စည်းနဲ့ ကိုက် ၅၀ လောက်ကွာပြီး လောင်သွားပါတယ်။ ဒီလို အကျိုးမရှိတဲ့လေယာဉ်နဲ့တိုက်ခိုက်မှုကြောင့် တရုတ်တွေကို တပ်လှန့်လိုက်သလိုဖြစ်သွားပီး တရုတ်တွေဟာ လာမဲ့ တိုက်ပွဲအတွက် အသင့်နေရာယူပီးဖြစ်ကုန်ကြတဲ့အပြင် တပ်ခွဲ (၅) နေရာယူထားတဲ့ဘက်ကို စက်သေနတ် နဲ့ ပစ်နေပါတော့တယ်။
ယန်ဆီ စစ်မြေပြင်တယ်လီဖုန်းရှိရာရောက်သွားပီး တပ်ခွဲ(၅) ခွဲမှုး ဗိုလ်ကြီး ဘောလ် ဆီဆက်သွယ်လိုက် ပါတယ်။ “ အကိုကြီး .. လေယာဉ်တွေဘယ်ပစ်မှတ်မှ ထိမသွားဘူး … ပုရွက်ဆိတ်အုံ .. ဒုတ်နဲ့ထိုးသလိုလုပ် သွားတာ .. နောက်တခေါက်လောက် .. ခေါ်ပေးပါအုံး ..” “ မရတော့ဘူး ညီလေးရေ .. တို့မှာ အချိန်မရှိတော့ ဘူးကွ .. မမှောင်ခင်တိုက်ကြရတော့မှာ..”
အချိန်သည်လျှင်မြန်စွာကုန်ဆုံးနေပါသည်၊ အမှောင်ထုမှာ တဖြေးဖြေးချဉ်းနင်းဝင်ရောက်လာသလို နေ့ အလင်းရောင်မှာလည်း အနောက်ဂေါယာသို့ဆုတ်ခွာနေရပါတော့သည်။ ထို့ကြောင့် အတွေ့အကြုံများမှ သင်ကြားလာခဲ့ရသော သင်ခန်းစာများအရ မကြာမှီ မီးကုန်ယမ်းကုန်တိုက်ပွဲကြီးတစ်ရပ်ဆင်နွှဲရတော့မည်ကို သိနေသော ယန်ဆီ တစ်ယောက် သူ့ကာဘိုင်တွင် ဘက်နက် တပ်ဆင်ခြင်း၊ ကျည်အိမ်အားစစ်ဆေးခြင်း၊ ကျည်ထိုးခြင်းများ တဆက်တည်းလျင်မြန်စွာပြုလုပ်လိုက်သည့်အပြင် သူ့ဆိုက်ဒ်အမ်း ဖြစ်သော ဒသမ ၄၅ ပစ္စတို ကြီးအားလည်း အဆင်သင့်လုပ်ထားလိုက်ပါတော့သည်။ အိတ်ထဲမှ လက်ပစ်ဗုံးများအားလည်း ထုတ်ယူ၍ ခါးပတ်တွင် အသင့်ချိတ်ဆွဲထားလိုက်ပါတော့သည်။ ထို့နောက် သူ၏ စက်သေနတ်သမားများအား ပွိုင့် ၉၆၈ သို့ စတင်ပစ်ခတ်ရန် အချက်ပေးလိုက်ပါတော့သည်။
ထို့နောက်တွင်တော့ တဒက်ဒက်မည်ဟိန်းနေသော ရန်သူ့စက်သေနတ်သံများ နှင့် မိမိစက်သေနတ်သံ များအား ကျော်လွန်ခါ အောင်မြင်သော အသံဝါကြီးဖြင့် တိုက်ပွဲဝင်အမိန့်အားသူ့ရဲဘော်များသို့ ပေးလိုက်ပါ တော့သည်။ “ကာဂူလစ်တီ၊ ဖိလစ် လှံစွပ်တပ် တက် .. ဒီတောင်ကုန်းကို အရသိမ်းတော့ …. ဟေ့ … “
ဆက်ရန်
ttkots73 .