Image may be NSFW.
Clik here to view.
Clik here to view.

၁၉၅၀ ခုနှစ် ဂျွန်လ ၂၅ ရက်နေ့တွင် မြောက်ကိုရီးယားကွန်မြူနစ်တပ်များမှာ ရုရှားလုပ် တင့်ကားများအား ရှေ့တင်လျက် ၃၈ မျဉ်းပြိုင် အားဖြတ်ကျော် ကာ တောင်ကိုရီးယားနယ်မြေအတွင်းကျူးကျော် ချီတက်လာကြတော့ သည်။ ဒီတကြိမ်မတော့ အမေရိကန်မရင်းများအနေနှင့် ကုလသမဂ္ဂအလံတော်အောက်မှ တိုက်ခိုက်ကြရခြင်းဖြစ် သည်။ တောင်ကိုရီးယားတပ်မတော်မှာ ရုရှားတို့လေ့ကျင့်ပေးထားသော မြောက်ကိုရီးယားတပ်များ အတွက် ပြိုင်ဘက်မဟုတ်ပေ။ ထို့ကြောင့် ဂျပန်အခြေစိုက် ဗိုလ်ချုပ်ကြီး မက်အာသာ ဦးဆောင်သော ကုလသမဂ္ဂတပ်များ အနေဖြင့် အမေရိကန်မရင်းများအား တောင်ကိုရီးယားသို့ အမြန်ပို့ဆောင်ရပေတော့သည်။
သူတို့ အနီကောင် များကိုတဘက်မှ ခုခံတွန်းလှန်နေချိန်တွင် အခြား ကြည်းတပ် တပ်ဖွဲ့များကလည်း တောင်ကိုရီးယား၏အသက် သွေးကြောတစ်ခုဖြစ်သည့် ပူဆန် သဘောင်္ဆိပ်မြို့အားကာကွယ်ထားရသည်။
၃ လ ၄ လ ခန့် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ ကြပြီးနောက် ၁၉၅၀ နိုဝင်ဘာလတွင် မြောက်ကိုရီးယား နယ်မြေအတွင်းသို့ချိမ်းခြောက်နိုင်သော အနေအထား ကုလ တပ်များရရှိလာသည်။ ထိုအခြေအနေတွင် အထက်ဖေါ်ပြပါ ဗိုလ် ဂျွန်ယန်ဆီ တို့၏ Hill 689 တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။
ပွိုင့် ၆၈၉ တိုက်ပွဲတွင် တပ်စု အင်အား ၃၂ ယောက် မှ ၆ ယောက်သာ ကျန်ရစ်သော်လည်း များမကြာမှီ မှာပင် အင်အားပြန်လည်ဖြည့်တင်း ၍ မြောက်ကိုရီးယားနယ်မြေ အတွင်းသို့ အခြားစစ်ကြောင်းများနှင့် အတူ ချီတက်ဝင်ရောက်လာနေကြရပြန်ပါသည်။ နေ့ရက်များစွာ မနားမနေခြေလျင် ချီတက်လာကြရသဖြင့် ယန်ဆီနှင့် ရဲဘော်များ စိတ်ဓါတ်ကျဆင်းလာကြသည်။ ရိက္ခာ နှင့် သောက်ရေများမှာလဲ အေးခဲကုန်သည်။ စစ်သည်များစွာမှာ နှင်းကိုက်ခြင်းဒဏ်ကိုအလူးအလဲ ခံစားကြရသည်။ ညနေတိုင်း စစ်ကြောင်းကြီး ရပ်နားလျှင် အေးခဲမာကြောနေ သော မြေကြီးအား တယာက်ဝပ်ပစ်ကျင်းများတူး၍ ရန်သူတို့၏ ရှောင်တခင် ၀င်ရောက် စီးနင်းခြင်းအန္တရယ်မှ ကာကွယ်ရန် ယာယီခံစစ်ပြင်ဆင်ရခြင်းမှာလဲ ဒုက္ခ တခုပေဘဲ။ .. အရပ်သားများနှင့်တွေ၍ရန်သူသတင်းမေးမြန်းမိ လျှင် “ အများကြီးဘဲ … အများကြီးဘဲ … ၅၀၀၀၀ လောက်ရှိမယ် …” ဟုသာ ဖြေလေ့ရှိကြသည်။
အမှတ်(၇)တပ်ရင်း ရေလှောင်ကန် တခု၏ ကမ်းပါးပေါ်ရှိ ယူဒမ်နိ အမည်ရှိသောရွာတရွာအရောက် တပ်ခွဲ(၅) အား နေရာယူခံစစ်ပြင်ခိုင်းတော့သည်။ လမ်းမတလျှောက်မှာလဲ တင့်ကားများ၊ ကုန်တင်ကားများ၊ အမြှောက်ကြီးများ၊ စစ်သည်များဖြင့် ပြည့်ကြပ်နေပြီး ကျဉ်းမြောင်းသော တောင်ရိုးကုန်းတန်းတလျှောက် မြောက်ဘက်သို့ မျက်နှာပြုလျက်ရှိနေပေသည်။ ယန်ဆီ မြေပုံကိုကြည့်လိုက်တော့ .. အော် .. ပွိုင့် ၁၂၈၂ ဆိုပါလား .. မြေအနေအထားမှာ ရာသီချုံပုတ်ငယ် တို့၏သစ်ကိုင်းအစအန များအား ၆ လက္မခန့် နှင်းထု ဖုံးအုပ် ထားပြီး ကြည့်လေရာတွင် မြေကြီးကိုပင် မမြင်ရတော့ပေ။
ကုန်းထိပ်သို့ ပေါင် ၆၀ မှ ၇၀ ခန့်ထိ အလေးချိန်ရှိ သော ကျောပိုးအိတ် များအားသယ်ဆောင်၍ ရွာတွင်း၌တွေ့ရသော တရုတ် တူရွင်းငန်းပြားများ၊ ပေါက်ချွန်းများ ကိုပါ ယူငင်ကာ ယန်ဆီ၏ တပ်စု တရွေ့ ရွေ့ တက်လာကြပေတော့သည်။ ယန်ဆီ ၏တပ်စုမှာ တောင်ရိုးတန်း ၏ မြောက်ဘက် ကိုမျက်နှာမူ၍ ဆင်ခြေလျော တောင်နှာမောင်းစွယ်များအား တူရူပြု ခံစစ်ယူရပေမည်။ ရန်သူတိုက် စစ်ဆင်ချဉ်းကပ်ရန်အကောင်းဆုံးမြေအနေအထားပေတကား ။ တောင်နှာမောင်းစွယ် တခုမှာ ပွိုင့် ၁၂၈၂ သို့ တိုက်ရိုက် တက်ရောက်ရန် အဆင်သင့်လိုဖြစ်နေပေသည်။
ဤနေရာတွင်မတော့ စက်သေနတ်တလက် အားပုံသေပစ်ကြောင်းဆင် ထားရပေလိမ့်မည်။ ဘယ်သူ့ ကိုထားရကောင်းမလဲ .. မောင်မင်းကြီးသား ဂလောက်ဂေါ် ပေဘဲပေါ့ .. ပွိုင့် ၆၉၈ တွင် တပ်စု(၂) အားကယ်တင် ခဲ့သူလူစွမ်းကောင်းကြီးဘဲပေါ့ ။ ထိုနေရာပတ်ဝန်းကျင်တွင် တိုက်မိုင်း (Trip Flare) များအားလဲ ဆင်ထားလိုက် သည်။ သို့မှ ရန်သူချဉ်းကပ်လာပါက အလွယ်သိနိုင်ပေမည်။ တပ်စု မှ ကျန်အင်အားများအား အခြား ရန်သူ့ ချဉ်းကပ်လမ်းများတွင်တပ်ဖြန့်လျက် နေရာယူခိုင်းထားလိုက်သည်။
ဆက်ရန်
ဆက်ရန်
ttkots73—