Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ခွဲခြားဆက်ဆံပြောဆိုမှု အမူအကျင့်

$
0
0


Discrimination Act ကို ဒီမိုကရေစီနိုင်ငံတွေမှာ ဘာလို့ ပြဒါန်းထားသလဲ။ ဘာလို့ လူ့အဖွဲ့အစည်းမှာ sensitive issue ဖြစ်နေရတာလဲ။ လူတွေကို ဘာသာ၊ လူမျိုး၊ အထီးအမ ခွဲခြားဆက်ဆံခြင်း မပြုစေချင်တာသည် သာသာမတူတာ၊ လူမျိုးမတူတာကို ချစ်စေချင်လို့၊ မေတ္တာ သက်ဝင်စေချင်လို့လား။ တစ်စိတ်တစ်ပိုင်း ဟုတ်ကောင်း ဟုတ်မှာပါ။ ကျွန်တော့် အမြင်အရ မိမိကိုယ်ကို ချစ်လို့၊ မိမိလူ့အဖွဲ့အစည်းကို ငြိမ်းချမ်းစေချင်လို့၊ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာမှာစိုးလို့ပါပဲ။

ခွဲခြားဆက်ဆံမှုက ဒေါသဖြစ်စေတယ်။ ဘာသာ၊ လူမျိုးတူရာ အုပ်စုတွေ ကွဲသွားစေမယ်။ တစ်ခြားနယ်မြေအသီးသီးက တူရာအုပ်စုတွေချင်း ပေါင်းစည်းသွားမယ်။ အုပ်စုမတူရာတွေချင်း ရန်ပြူတော့မယ်။ ဒါဆို ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း မဖြစ်တော့ဘူး။ မငြိမ်းချမ်းတဲ့ နေရာမှာ ကိုယ့်ဘဝလည် မလုံခြုံတော့ဘူး။ မလုံခြုံတဲ့ ဘဝကိုမှ နှစ်သက်တဲ့လူအချို့ အတွက်တော့ ဒီအယူအဆ မလိုပါဘူး။ တစ်နည်း သေရဲ၊ သတ်ရဲ၊ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင် ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုတဲ့ လူတွေအတွက် ချွင်းချက်ထားနိုင်ပါတယ်။

Little India မှာဖြစ်တဲ့ အဓိကရုဏ်းက တစ်ညပဲ ခံပါတယ်။ ဘာဖြစ်လို့လဲ။ စင်္ကာပူမှာလဲ racist တွေရှိပါတယ်။ မတစ်ထောင်သားတွေပဲ။ ကုလားဘာညာ ပြောချင်ကြပါတယ်။ ဒါပေမယ့် မလိုဘဲ ပါးစပ်ဖွာတာ အကျိုးမရှိဘူး။ ထိရောက်တဲ့ နှိမ်နင်းနည်း တစ်ခုတည်းက အလုပ်မဖြစ်နိုင်ဘူး။ မထိရောက်ဘဲ စော်ကားပြောဆိုတဲ့ စကားတွေကသာ အဓိကရုဏ်းကို ကြီးထွားစေပြီး နှိမ်နင်းဖို့ပိုခက်ပါတယ်။ ကုလားတွေက ထောင်ကျမှာ ကြောက်လို့လား၊ ဥပဒေကို လေးစားလို့လား၊ အလုပ်လက်မဲ့ဖြစ်သွားမှာ စိုးလို့လား။ ဟုတ်ပါတယ်။ အခြေခံအားဖြင့် ကုလားရော၊ ဗမာရော၊ တရုတ်ရော အားလုံးက ဒီအခြေနေကို ကြောက်ကြပါတယ်။

မတရားစော်ကားပြောဆိုလာပြီ၊ ဖိနှိပ်ခွဲခြားမှုပြုလာပြီိဆို အကြောက်တရားတွေက လွန်မြောက်သွားပါပြီ။ ဒီအချက်က အခြေခံကျပါတယ်။ အဓိကရုဏ်းတွေရဲ့ သော့ချက်လဲ ဖြစ်တယ်။ ဒါကြောင့် လီရှယ်လွန်းက အခင်းဖြစ်တဲ့ ညမှာရော၊ နောက်နေ့မှာရော နိုင်ငံခြားသားတွေအပေါ်မှာ သေးသိမ်စေမှာ မဟုတ်ဘူး။ ပြစ်မှုကျူးလွန်သူတွေကိုတော့ ခွင့်မလွှတ်ဘူးလို့ ပြောပါတယ်။ လူမှုကွန်ရက်မှာ လူမျိုးရေးခွဲခြားမှုဆန်တဲ့ စကားတွေ တိုးတီးထွက်ပေါ်လာပေမဲ့ လျင်လျင်မြန်မြန်ပဲ ပျောက်သွားပါတယ်။ စင်္ကာပူနိုင်ငံနေနဲ့ တော်တော် ဒေါသထွက်စရာကောင်းပါတယ်။ နိုင်ငံခြားသားတွေဖြစ်နေတာရယ်၊ အခြေခံအလုပ်သမားတွေများတာရယ်၊ ရဲကား၊ လူနာတင်ယာဉ်ကိုပါ မီးရှို့ဖျက်ဆီးတာရယ်ကို အကြောင်းပြုလို့ မြန်မာပြည်မှာသာ ဒီလိုဖြစ်စဉ်မျိုးဖြစ်ခဲ့ရင် ကုလားဆယ်ယောက်ထက်မနည်း သေနိုင်ပါတယ်။

ပြည်တွင်းစစ်ရှည်ရခြင်း အကျိုးမှာ ခွဲခြားဆက်ဆံမှု၊ ခွဲခြားပြောဆိုတဲ့ အမူအကျင့်တွေကလည်း အကြောင်းတစ်ခု အဖြစ်ပါဝင်ပါတယ်။ အယူဝါဒ၊ တိုင်းရင်းသားလူမျိုးစုအကျိုးဆိုတာထက် ကိုယ်ကျိုးစီးပွားတွေ၊ ဒုစရိုက်မှု၊ ဘိန်း၊ မှောင်ခိုတွေကြောင့် လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဖြစ်နေပေမယ့် ဒုစရိုက်ခေါင်းဆောင်တွေကို သီးခြားမခွဲထုတ်နိုင်ဘဲ လူမျိုးစု အပေါ်မယုံကြည်ခြင်း၊ လူမျိုး၊ ဘာသာအစွဲပြု၍ အခွင့်အရေးတန်းတူ မရရှိခြင်း၊ အဆိုးဆုံးက လူမျိုးနှင့်ချီလို့ ဆဲရေးတိုင်းထွာမှုတွေက ပိုလို့ ပြည်တွင်းစစ်သက်ဆိုးရှည်စေတယ်လို့ ယူဆပါတယ်။

ဝါးလုံးချီးသုတ်ရမ်းတဲ့ အမူအကျင့်က စစ်တပ်ကလုပ်တယ်၊ တိုင်းရင်းသားကလုပ်တယ်၊ ဗမာကလုပ်တယ်၊ ကုလားက လုပ်တယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် လူ့အဖွဲ့အစည်းအတွင်းမှာတော့ အမြစ်တွယ်နေတာ သေခြာပါတယ်။ ဥပမာ တစ်ချိန်လုံးဖိနှိပ်ခံလာရတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ မကောင်းတဲ့ ခေါင်းဆောင်တွေကိုသာ သီးခြားပစ်တင် ပြောဆိုခြင်းမရှိဘဲ စစ်တပ်နဲ့ စစ်သားအားလုံးကို ပုတ်ခတ်တာမျိုး။ နည်းနည်း ပြောရေးဆိုခွင့် လွတ်လပ်သွားတဲ့အခါ မကောင်းတာကို ဇာကနာနဲ့ ညှပ်ရမဲ့နေရာမှာ တင်းပုတ်နဲ့ လိုက်ထုတာမျိုး၊ စိမ်းစိမ်းမြင် အကုန်သူခိုး၊ ပညာမတတ်၊ လူရမ်းကား၊ အာဏာရှင်၊ သူတောင်းစား လို့ သမုတ်တာတွေဟာ အမုန်းတရားပိုဖြစ်စေပါတယ်။ ချွင်းချက်အနေနဲ့ အတိတ်မှာ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ တရားစီရင်မှု၊ ဥပဒေပြဒါန်းမှု၊ အုပ်ချုပ်မှုတွေ စတဲ့ လူမှု့ဘဝတွေကို ချုပ်ကိုင်ခွင့်ရခဲ့တဲ့ အဖွဲ့ဖြစ်လို့ အရာရာမှာ စစ်တပ်က တာဝန်ရှိပါတယ်။ မကောင်းမှု၊ အဆင်မပြေမှုတွေအတွက် စစ်တပ်မှာ တာဝန်ရှိပါတယ်။

စစ်သားအားလုံးမကောင်းပါဘူး။ လူ့အဖွဲ့အစည်းအတွင်းမှာ အထီး၊ အမ၊ ဗမာ၊၊ ကရင်၊ ရှမ်း၊ ဗုဒ္ဓဘာသာကိုးကွယ်သူ၊ ခရစ်ယန်၊ မွန်စလင် ကိုးကွယ်သူ၊ ရဲ၊ ဝန်ထမ်း၊ ရန်ကုန်သား၊ မန္တလေးသား စသဖြင့် စိတ်ကူးနဲ့ ရသမျှ ခေါင်းစဉ်ခွဲပြီး တူရာအုပ်စု ဖွဲ့ကြည့်ပါတယ်။ ဘယ်အုပ်စုက အပစ်ကင်းလဲ၊ ဘယ်အုပ်စုမှာ အနာအဆာမရှိ၊ လုပ်ရည်ကိုင်ရည်က ကောင်း၊ စိတ်ထားက မြင့်မြတ်၊ အကျင့်စာရိတ္တက မယိမ်းမယိုင် အဲ့ဒီအုပ်စုကို ရွေးပြပါ။ ကျွန်တော့်အမြင်အရတော့ ဘယ်အုပ်စုမှာမှ မရှိဘူး။ ကောင်းတာတွေကြီးပဲ ရွေးပြီး ချီးမွှမ်းစရာလဲ မလိုဘူး။ မကောင်းတာတွေကြီးပဲ အပြစ်ထိုင်ပြောနေဖို့လဲ မသင့်ဘူး။ အပြုသဘောပါတဲ့ အပြောအဆိုကသာ အလုပ်ဖြစ်မှာပါ။

နောက် ကုလားကိစ္စ၊ မဲမဲမြင် မူဆလင်၊ မူဆလင်မှန်သမျှ မုဒိန်းကောင် အဲ့လို ပုတ်ခတ်စော်ကားမူတွေများတယ်။ ကုလားမှန်ရင် ကုလားဆိုးပဲ။ ကုလားကောင်းမရှိတော့ဘူးလို့ မြင်လာအောင် လုပ်ဆောင်နေတယ်။ မူဆလင်ဘာသာ ကိုးကွယ်သူအားလုံးကိုပါ ပုတ်ခတ်စော်ကား၊ ဆဲရေးတိုင်းထွာတာတွေများလာတယ်။ ဟိုဘက်ကရော ဒီဘက်ကို မလုပ်ဘူးလားလို့ စောဒက တက်စရာရှိတယ်။ ကျွန်တော့် အယူအဆအရ မလိုလားအပ်ဘဲ အင်းအားကို မဖြုန်းတီးရဘူး၊ မလိုအပ်ဘဲ ရန်သူကို အင်အားကြီးအောင်မလုပ်ရဘူး။ ကိုယ့်နိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးအင်အား၊ စစ်ရေးအင်အား၊ ပညာတတ်မြောက်မှု ဒါတွေကို ချင့်ချိန်ရမယ်။ အမုန်းတရား၊ အကြောက်တရားတွေကို များများမွေးရင် နိုင်ငံရေးအင်အား၊ စီးပွားရေး၊ စစ်အင်အား၊ ပညာရေး အကုန်လုံးတက်လာမှာ မဟုတ်တော့ဘူး။ မွတ်စလင်ကမ္ဘာတစ်ခုလုံးကို စိန်ခေါ်ဖို့မလိုဘူး။ စိန်ခေါ်နိုင်စွမ်းလဲ မရှိသေးဘူး။ ပြည်တွင်းနေ မူစလင်ကုလားအနွယ်တွေလဲ အကုန်မရှင်းနိုင်ဘူး။ ရှင်းဖို့လဲ မလိုသေးဘူး။ ကုလားမှန်သမျှဆဲ၊ မူဆလင်မှန်သမျှဆဲရင် သူဖာသာအေးအေးနေတဲ့သူတွေပါ တူရာအုပ်စုဆီ ပေါင်းသွားမှာပဲ။ မိတ္တီလာ၊ လားရှိုး၊ အုတ်တွင်းဖြစ်စဉ်တွေက သာဓကပဲ။

ကိုယ့်ကိုကိုယ် ပညာတတ်လိုလို၊ သူရဲကောင်းလိုလိုနဲ့ စစ်တပ် ဘာချော့ပေါင်းစရာရှိလဲ ဆိုတဲ့လူတွေ၊ စစ်သားမှန်သမျှ ကော်ဆဲနေတဲ့သူတွေ ကိုယ်တိုင်ပဲ ရဲရဲဝံ့ဝံ့ကြီး တော်လှန်လိုက်ပါ။ ခင်ဗျားတို့ကတော့ လယ်ပါတယ်။ ကိုယ်ဖာသာ အေးအေးလေး မိသားစုနဲ့နေလိုက်၊ သူများကို ထဆဲလိုက်၊ မာန်တွေကြွပြလိုက်နဲ့ အမုန်းတရားတွေပဲ မွေးမွေးပေးနေကြတယ်။ ခင်ဗျားတို့ သိပါတယ်ဆိုတဲ့ ဒီမိုကရေစီ တရားတွေ နာချင်သေးတယ်ဗျာ။
 
by 

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>