Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

တစ်ခါတုန်းက တက္ကသိုလ်မှာ(၁၇)

$
0
0

Photo: တစ်ခါတုန်းက တက္ကသိုလ်မှာ(၁၇)               ဒီနေ့က ရိုစီ့မွေးနေ့ပါ။ ရိုစီက  ကျွန်မတို့ကို မုန့်ကျွေးချင်လို့ မိတ္ထီလာ မြို့ထဲ သွားဖို့ ခေါ်ပါတယ်။ ကျွန်မတို့ကလည်း ငြင်းကြပါတယ်။ ခဏ ခဏခေါ်တော့ "နင်ပိုက်ဆံကုန်လိမ့်မယ် .... ငါတို့လည်း ဘာမှမစားချင်ပါဘူးးး" ဆိုပြီး ငြင်းကြ ပြန်ပါတယ်။ ညနေရောက်တော့လည်း ထပ်ခေါ်ရှာပါတယ်။ ခေါ်မရတော့ မျက်နှာလေးက သိသိသာသာ ပျက်ပြီး ငယ်လာပါတယ်။ ကျွန်မတို့ကလည်း မသိကျိုးကျွန် ပြုနေလိုက်ကြပါတယ်။     ရို့စ်ခမျာ သူ့မွေးနေ့ကို ဘယ်သူကမှ ဟက်ပီဘတ်ဒေး မပြောသလို အရေးလည်း မလုပ်တော့ အားငယ်နေရှာပါပြီ။             ခဏနေတော့ ရို့စ် မသိအောင် မြို့ထဲ ခိုးထွက်ပြီး ချန်ပီယံမုန့်တိုက်မှာ ကြိုမှာထားတဲ့ မွေးနေ့ကိတ်ကြီးကို သွားယူကြပါတယ်။ အဆောင်တစ်ခုလုံး ကိုလည်း ရို့စ် မွေးနေ့ကို တိတ်တိတ်လေး ကျင်းပပေးဖို့ တပ်လှန့်ထားတော့ သူမသိအောင် အားလုံးက ကြိတ်စီစဉ်ကြ၊ လက်ဆောင်တွေဝယ်ကြ လုပ်နေကြပါပြီ။ကျွန်မကလည်း ကျောင်းပိတ်ရက်ကို အိမ်မပြန်ဘဲ မွေးနေ့ပွဲ ဆင်နွှဲချင်လို့ စောင့်နေတာပါ။         ကျွန်မတို့မှာလည်း လူမနေတဲ့ အခန်းကျယ်တစ်ခုကို သန့်ရှင်းရေး လုပ်ရ၊ ကြက်ခိုးလှည်းရ၊ သူမရိပ်မိအောင် သတိထားရ၊ ဒင်နာအတွက် ဝယ်ရခြမ်းရနဲ့ မအားလပ်အောင်ပါပဲ။ ညနေခင်း နေဝင်စမှာ မွေးနေ့ကျင်းပမယ့် အခန်းကို အကျအန ပြင်ဆင်ပြီးသွားပါပြီ။ အဆောင်သူ အားလုံးကလည်း ကိုယ်စီကိုယ်င ဝယ်ထားတဲ့ လက်ဆောင်တွေကို အခန်းထဲမှာ လာထည့်ထားကြပါတယ်။အခမ်းအနား တက်ရောက်တဲ့ လူတိုင်းက ကိုယ့်မတ်ခွက် နဲ့ ပန်းကန်တစ်ချပ်စီပါ ယူလာကြဖို့ မှာထားတော့ အခန်းထဲက စားပွဲခုံတန်းပေါ်မှာ အစီအရီ ရောက်နေကြ ပါတယ်။                ည၈နာရီထိုးလို့ အဆောင်တံခါး လည်းပိတ်လိုက်ရော မွေးနေ့ပွဲ ကျင်းပမယ့် အခန်းထဲမှာ အားလုံးက မွေးနေ့ရှင်ကို တန်းစီစောင့်နေကြပါတယ်။ ကျွန်မတို့က ရို့စ်ကို ခဏလာပါအုံးးးးဆိုပြီး ညာခေါ်ခဲ့ကြပါတယ်။ အခန်းပေါက်ဝ ရောက်တော့ ဖယောင်းတိုင်တွေ ထွန်းညှိထားတဲ့ မွေးနေ့ကိတ်ကြီးနှင့်အတူ ဟက်ပီဘတ်ဒေး သီချင်းကို သံပြိုင်ဆိုလိုက်တဲ့ သူငယ်ချင်းတွေကို တွေ့ပြီးးး ရို့စ်တစ်ယောက် ပျော်ရွှင်ကြည်နူး မှုတွေနဲ့ မျက်နှာတစ်ခုလုံး ဝင်းထိန် သွားပါတယ်။ ရောင်စုံ စပရေးဗူးတွေလည်း သူမအပေါ်ကို ဖောက်ချကြပါတယ်။လုံးဝထင်မှတ်မထားခဲ့တဲ့ ပျှော်ရွှင်မှုတွေနဲ့ ရိှု့စ်ကိုမြင်ရတာ ကျွန်မတို့ပါ ရောပြီးပျှော်ကုန်ပါတယ်။        မွေးနေ့ပွဲတက်ရောက်လာ သူတွေ ကလည်း အဆောင်နေရင်း သာမန်အဝတ်အစားတွေနဲ့ပါ။ မွေးနေ့ရှင်ကလည်း စိတ်ညစ်ညစ်နဲ့ အဝတ်အစား မလဲရသေးတဲ့ သာမန်ဂျီးအိုးကွဲ စတိုင်နဲ့ပါ။ မွေးနေ့ပွဲကလည်း ဘာအဆင်အပြင်မှ မပါပါဘူး။ အခန်းထဲက မီးချောင်းကျွမ်းနေလို့ လျှပ်စစ်မီးရောင် ကလည်း မရှိတော့ ဖယောင်းတိုင်ရဲ့ အလင်းအားကိုသာ အသုံးပြုရပါတယ်။ ပကာသန မဖက်တဲ့ သဘာဝသက်သက်နဲ့ မွေးနေ့ပွဲလေးဟာ အရမ်းကို ချစ်စရာ ကောင်းလှပါတယ်။                မွေးနေ့ကိတ် စားပြီးတော့ ခရင်မ်တွေနဲ့ လိုက်သုတ်ကြ ပြေးကြလွှားကြနဲ့ တအုန်းအုန်း ဖြစ်ကြပြန်ပါတယ်။အဆောင်မှူးက Spyဝိုင်ပုလင်းတွေ ထုတ်ပေး ပါတယ်။ ကော်ဖီမတ်ခွက်နဲ့  အပြည့်နီးပါးးး ခွဲတမ်းရပါတယ်။ စားကြသောက်ကြရင်း စကားပြောကြတော့ M com က Akari Khaing ၊ မို့မို့ နှင့် ကျွန်မတို့  သုံးယောက်ဝိုင်းက အစည်ကားဆုံးနှင့် အဆူညံဆုံး ဝိုင်း ဖြစ်နေပါတယ်။ တခြားသူတွေကပါ သတိထားမိ လာပြီးတော့ "အပျိုဂျီးတွေများ ဝိုင်လေးနည်းနည်း ဝင်တာနဲ့ ရေချိန်ကိုက်နေလိုက်ကြတာ" လို့ ပြောကြပါတယ်။             "ဘာကိစ္စ ရေချိန်ကိုက်ရမှာလဲ???" "တို့က ဘာဖစ် နေလို့လည်းးး တို့ဘာသာ စကားပြောပြီး ရယ်နေကြတာကိုများးး" "အေးလေဟယ်.... စွပ်စွပ်စွဲစွဲ..." "မသောက်ဖူးပေမယ့် ဒီလောက်လေးနဲ့ မူးစရာလားးးဟားးဟားးး" "ဟုတ်ပ ဟုတ်ပ ခိခိ ခ်ခ် ဟိဟိ။" ရေချိန်ကိုက်တယ်၊ မူးတယ် ဆိုတာ ဘာမှန်းမသိပေမယ့် ကျွန်မတို့သုံးယောက် ကတော့ စကားတွေ အများကြီးကို အလုအယက်ပြောရင်း ဆူညံစွာ ရယ်မောနေကြပါတယ်။ပါမောက္ခတွေရဲ့ မျက်နှာအမူအရာ၊လေယူလေသိမ်းတွေနဲ့ ဆူပုံဆဲပုံတွေပါ ပြောပြောပြီး ရယ်ကြတာပါ။ အလိုလိုနေရင်းကို ပျော်နေကြတာပါ။ ခဏနေတော့ နိုနို့ဂစ်တာလေးနဲ့ သီချင်းတွေ အော်ဆိုပြီး မွေးနေ့ပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါတယ်။                             စာမေးပွဲကာလဆိုရင် တစ်ယောက်နဲ့တစ်ယောက်က စကားကို မပြောနိုင်အောင် ရုန်းကန်ကြရပြီး ပရက်ရှာလည်း အရမ်းများပါတယ်။ မဟာတန်းကျောင်းသူတွေက နေ့တိုင်းလည်း စာကျက်နေ လုပ်နေကြပေမယ့် စာမေးပွဲနားနီးရင် ရေစပ်စပ်နဲ့ မြောင်းထဲ ဆင်းပြီး မြွေမကြောက် ကဏ္ဏန်းမကြောက် စာကျက်တဲ့သူနဲ့၊ ဘယ်သူ့ကိုမှ စကားမပြောတော့သလို လာပြောတဲ့ သူကိုလည်း ဘာမှ ပြန်မဖြေတော့တဲ့သူနဲ့၊နံရံပေါ်ခြေနှစ်ခြောင်းထောင်ပြီး ဇောက်ထိုးစာကျက်တဲ့ သူနဲ့၊ ယောင်တောင်တောင်နဲ့ နေ့တိုင်း အလှပြင် ဆိုင်သွား ခေါင်းလျှော်ပြီး ခေါင်းတွေပဲ နှိပ်ခိုင်းနေတဲ့သူနဲ့.... ကြောင်တောင်တောင် ဂေါက်တောက်တောက်တွေ ဖြစ်ကုန်ပြီးတော့ စာမေးပွဲ ဖြေပြီးချိန်ဟာ ဘာနဲ့မှ မတူအောင် လွတ်လပ်ပေါ့ပါးလှ ပါတယ်။              ကျွန်မထက် နေ့တဝက်စောပြီး စာမေးပွဲပြီးတဲ့ MBA က ချိုချိုဟာ ညနေမှ စာမေးပွဲပြီးတဲ့ ကျွန်မနဲ့အတူတူ ဖောင်တော်ဦးဘုရားပွဲကို သွားလည်ဖို့ စောင့်နေရှာပါတယ်။ကျွန်မမှာ စာမေးပွဲပြီးပြီးချင်း ယူနီဖောင်း မလဲဘဲ ချို့အဆောင်ကို ပြေးရပါတယ်။ နောက်ကျရင် မိုးချုပ်မှာ စိုးလို့ပါ။ သူငယ်ချင်းနှစ်ယောက် စူပါကပ်လေးကို စကား တပြောပြောနဲ့ ရန်ကုန် မန်းလေး  ဟိုက်ဝေး လမ်းမကြီးအတိုင်း မောင်းလာ ကြပါတယ်။ ဖောင်တော်ဦး ဘုရား၊ ရေလည်ဘုရား၊ နဂါးရုံဘုရားးး တွေကို ဖူးမြော်ပြီး ဈေးတန်းထဲ ခြေလျင် လျှောက်ကြည့်ကြ ပါတယ်။ "နေနေ....နင်ရဟတ်စီး ရဲလားးး" "ဟင့်အင်းးး မီးမီးကြောက်ကြောက်။" "စီးပါဟ နင်ကလည်း။" "နင်စီးချင် လို့လားဟင်!! အာ့ဆိုလည်း မျက်စိမှိတ်ပြီး အဖော်လုပ် စီးပေးမယ်လေ။" "ချိုက မစီးရဲပါဘူးးး အာ့ကြောင့် နင့်ကိုစီးပါလားလို့ ပြောတာ။" "အမ်!!!!"             မောပြီးဆာလာတော့ ဘယ်ဆိုင်ဝင်စားမလဲလို့ တိုင်ပင်ပြီး Pink နာမည်ပါတဲ့ စားသောက်ဆိုင်လေးကို ရွေးလိုက်ပါတယ်။ အဲ့ဒီဆိုင်မှာ ရေခဲမုန့်နဲ့ ပူတင်းမုန့် စားဖူးတော့ သဘောကျလို့ပါ။ ခုတော့ ဆာဆာနဲ့ မီနူးကြည့်ပြီး စပါဂတ်တီ တစ်ပွဲ မှာလိုက်ပါတယ်။ချို ကတော့ ကိုရီးယား ပဲခေါက်ဆွဲ မှာပါတယ်။ ရောက်လာတော့ ကျွန်မရဲ့ စပါဂတ်တီ ဆိုတာဟာ မန္တလေး နန်းကြီးမုန့်ဖတ်တွေကို ပဲမှုန့်မပါဘဲ အရသာရှိအောင် သုပ်ပေး ထားတာဂျီး ဖြစ်နေပါတယ်။                ကျွန်မလည်း စိတ်မသက်မသာ  ဖြစ်သွားပေမယ့် ဟိုက်ကာ တစ်ယောက်ဖြစ်ခဲ့စဉ် ကတည်းက စားလို့ဖြစ်တဲ့ အရာမှန်သမျှကို တန်ဖိုးထားပြီး စားတတ်အောင် လေ့ကျင့်ယူထားတာ ကြာပြီဆိုတော့ ဘာမှမငြီးညူဘဲ တစ်ဖတ်ချင်း တူနဲ့ညှပ်ယူ စားရင်း ချိုနဲ့ စကားပြော နေပါတယ်။ ချိုကတော့ မစားတော့ဘဲ မွှေပြီးရင်း မွှေနေပါတယ်။ ခဏနေတော့ စပါဂတ်တီနဲ့ သူ့ပဲခေါက်ဆွဲကို လဲစားဖို့ တောင်းဆိုပါတယ်။ "မစားချင်ပါနဲ့ဟာ။ ဒါက စပါဂတ်တီ မဟုတ်ပါဘူးးးငါ့လိုမန်းလေးသူ က မန်းလေးနန်းကြီးသုပ်တွေကို စပါဂတ်တီ အမှတ်နဲ့ စားနေရတာပါဟ။" "ဟင့်အင်း ဟင့်အင်းးး ရဘူးးး နင့်နန်းဂျီးသုပ်ပဲ စားမယ်။ ရော့...ပဲခေါက်ဆွဲ။"                "အိုးးးးမိုင် ဗုဒ္ဓ...ကယ်တော်မူပါ..." လို့ အော်မိမလို ဖြစ်သွားပေမယ့် ပါးစပ်ထဲက ပဲခေါက်ဆွဲတွေကြောင့် အသံကထွက်မလာ ပါဘူးးး ကြာညို့တွေနဲ့ ပျစ်ခဲချိုရဲနေတဲ့ ရှမ်းခေါက်ဆွဲဖတ်တွေ ပါလားးးး ဘုရား ဘုရားးး လူကြားသူကြားထဲ ထွေးဟယ် အန်ဟယ်ကလည်း မလုပ်ချင်တော့ ကျွန်မလည်း အိနြေ္ဒမပျက်အောင် ကြိတ်မှိတ်ပြီး မြိုချလိုက်ပါတယ်။ အဲ့နောက်တော့ အစာစားချင်စိတ် ပျောက်သွားပြီး ပဲခေါက်ဆွဲကို တူနဲ့မွှေလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ရင်း စကားပဲ ပြောနေမိပါ တော့တယ်။တကယ့်ကို ဖောင်တော်ဦး ပွဲတော် အမှတ်တရပါပဲ။                 ကျွန်မက အင်တာနက်သုံးရင်လည်း မိတ္ထီလာမြို့ထဲပဲ သွားသုံးရတာပါ။ ရန်ကုန် မန္တလေး ဟိုက်ဝေးလမ်းအတိုင်း သွားရတာပါ။ အပြန်ဆိုရင် ညဘက်ဖြစ်လို့ မိုးချုပ်ပါတယ်။ လမ်းမှာ လမ်းမီးက တစ်ပွင့်မှ မရှိပါဘူးးးး ဆိုင်ကယ်မီး ပိတ်လိုက်ရင် အရာအားလုံးဟာ မှောင်အတိ ကျသွားပါတယ်။ ဒီလိုမှ မသွားချင်လို့လည်း မရပါဘူးးးး။ကျွန်မရဲ့ ပင်ကိုဝါသနာ အခံအရ ပေးတဲ့အလုပ်ကို ကျေပွန်ချင်သလို အချောင်ခိုတဲ့ အပြုအမူတွေ၊ သူများဦးနှောက် ဖောက်စားတဲ့ အကျင့်စရိုက်တွေ ကိုလည်း မကြိုက်ပါဘူး။ ဒီတော့လည်း ဒီလိုပဲ အပင်ပန်းခံရ ပါတော့တယ်။               တစ်ရက်မှာ ကျွန်မနဲ့ ဖြိုး မြို့ထဲက ပြန်လာပါတယ်။ည၇နာရီလောက် ရှိပါပြီ။ မိုးတွေက မှောင်ပြီး အိကျနေပါတယ်။ မြို့အထွက်အရောက်မှာပဲ မိုးက တဝေါဝေါနဲ့ ရွာချလိုက် ပါတယ်။ လျှပ်စီးတွေ တဝင်းဝင်းနဲ့ မိုးခြိမ်း သံတွေ တညံညံနဲ့ အညာမိုးက ရန်ကုန်မိုးလို မသိမ်မွေ့ပါဘူး။ ကျွန်မတို့လည်း ကြောက်တော့ ဆက်မမောင်းရဲကြတော့ ပါဘူး။နားကြမလားးး ခဏမိုးခိုမလားးး လို့ တိုင်ပင်ကြပါတယ်။ လမ်းဘေးက တဲအမိုးတွေအောက်မှာလည်း ဆိုင်ကယ်တွေ ရပ်ပြီး မိုးခိုနေတဲ့ လူတွေရှိပါတယ်။ ဖြည်းဖြည်းမောင်းရင်း အကဲခတ်တော့ ယောက်ျားတွေချည်းပါပဲ။ အိမ်တွေအများစုကလည်း အရပ်ပုန်းရောင်း ကြတယ်ဆိုတာ သိထားတော့ ကျွန်မအနေနဲ့ မနားချင်တော့ပါဘူးးး။              တဝေါဝေါရွာပြီး တအုန်းအုန်း ခြိမ်းနေတဲ့ မိုးကိုကြောက်ပေမယ့် တကယ့်ကြောက်ရမယ့်အရာက ဘာလဲလို့ ဆင်ခြင်လိုက်တော့ အဖြေကရှင်းပါတယ်။ သတိထားပြီး မောင်းရင်းးး ရွာချနေတဲ့မိုး ကိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်လိုက်ပါ တော့တယ်။ တလောဆီက မိန်းမငယ်လေး တစ်ယောက်ခမျာ မိုးခိုဖို့ ရထားတွဲထဲ ခေါ်သွားပြီး အုပ်စုဖွဲ့ မတရားကျင့် ခံရတယ်လို့ သတင်းဖတ်ရတော့ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရပါတယ်။             အမျိုးသမီးတွေဟာ သွားရာလာရာမှာ မပေါ့ဆသင့်ပါဘူးးး ခုဟာက လမ်းကူးရင်တောင်  ဘယ်မှမကြည့်ဘဲ ကူးလေ့ရှိတာတွေ တွေ့နေရပါတယ်။ "ကြောက်လို့" "မသိလို့" "မမြင်လို့" ဆိုတဲ့ ဆင်ခြေတွေကို လျှော့ပြီး တကယ်ကြောက်ရမယ့် အရာက ဘာလဲ??? လုပ်သင့်လုပ်ထိုက်တာက ဘာလဲ???? ရှောင်ရမယ့်အရာတွေက ဘာလဲ???? ဆိုတာလောက်ကို စဉ်းစားလိုက်ရင် အန္တရာယ် ကင်းစေမယ့် အဖြေတစ်ခုကို ရလာပါလိမ့်မယ်။              တစ်ရက်မှာ ကျောင်းထဲကနေ ၂လမ်း အတိုင်း ပြန်ထွက်လာပြီး ရန်ကုန်-မန္တလေး ဟိုက်ဝေးလမ်းမပေါ်တက်ပြီး ၃လမ်းမှာ ရှိတဲ့ အဆောင်ကို ပြန်ပါတယ်။ မျက်နှာခြင်းဆိုင် ကနေ ဆိုင်ကယ်တစ်စီးက မတ်တပ်ရပ်ပြီး စတန့်ထွင်မောင်း လာပါတယ်။ အပေါ်ဝတ်အင်္ကျီ အဖြူခါးရှည်ကလည်း လေထဲမှာတလွင့်လွင့်နဲ့ပေါ့။နေကာမျက်မှန် အမည်းကြီးလည်း တပ်ထားပါတယ်။ ကျွန်မကို မြင်တော့  ပြုံးဖြီးဖြီးနဲ့ ကျွန်မဆီကို စောင်းပြီး တည့်တည့်ကြီးမောင်းချ လာပါတယ်။             မြင်တွေ့ဖူးတဲ့ အတွေ့အကြုံတွေအရ ကျွန်မက တွေဝေမနေတော့ပဲ လမ်းဘေးက လှည်းလမ်းကြောင်း သဲပြင်ချိုင့်ထဲ ဆိုင်ကယ်ကို ထိုးဆင်းပြီး ရှောင်လိုက် ပါတယ်။ မောင်မင်းကြီးသားက အသံထွက်အောင်ရယ်ပြီး ဆက်မောင်း သွားပါတယ်။ ကျွန်မက မကျေမနပ်နဲ့ လှည့်ပြီး ဂြိုဟ်ကြည့်ကြည့်လိုက်တော့ စကားတပြောပြောနဲ့ မောင်းနေတဲ့ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်ကို စတန့်သမားက ဝင်တိုက်မိပြီး နှစ်စင်းလုံး လွင့်ထွက်သွားပါတယ်။            ကျွန်မက ဆိုင်ကယ်ရပ်ပြီး ကူညီဖို့ သွားပါတယ်။ ဆိုင်ကယ်နောက်က ထိုင်တဲ့ ဦးလေးကြီးက ဆိုင်ကယ်ပေါ်မှာပဲ မှောက်ရက် အနေအထားနဲ့ အသားတွေ တဆတ်ဆတ် တုန်နေပါတယ်။ မြင်ဖူး၊တွေ့ဖူးတဲ့ အတွေ့အကြုံမရှိပေမယ့် ဒါဟာ သေခါနီး အကြောဆွဲနေတယ် ဆိုတာကို အလိုလို နားလည်လိုက်ပါတယ်။ သူ့အနားရောက်ဖို့ ငါးပေကျော် အကွာလောက်မှာ ကျွန်မရပ်ပြီး  တွေဝေနေပါတယ်။ ရှေ့လည်းဆက်မတိုးရဲ တော့ပါဘူး။ ဒါနဲ့အသားကုန် အော်နေတဲ့ မောင်းတဲ့သူဆီ သွားဖို့ကြည့်လိုက်တော့ သွေးတွေရွှဲနစ်နေပါတယ်။ ကျွန်မလည်း သွေးပျက်မတတ် ခြောက်ခြားသွားပြီး ရပ်နေရာကနေ ခြေထောက်တွေ မရွေ့နိုင်တော့ပါဘူး။ စတန့်သမားကို လှမ်းကြည့်လိုက်တော့ ပေါင်ကလား ဒူးကလားမသိဘူး အရိုးတစ်ချောင်းထွက်ပြီး အော်နေပါတယ်။သူ့အော်သံက အပြင်ကို ထွက်မလာဘဲ ပျောက်နေပါတယ်။            ဟိုင်းလတ်လိုင်းကား တစ်စီးက ရပ်ပြီးတော့ ကူညီဖို့ လူ၃ယောက် ဆင်းလာတာ တွေ့ပါတယ်။ ဒီတော့မှ ကျွန်မလည်း စိတ်ကိုငြိမ်အောင် ထိန်းပြီး အဆောင်ပြန်ရောက် လာပါတယ်။ ဒီမြင်ကွင်းကြီးက ကျွန်မကို အကြီးအကျယ် စိုးမိုးထားပါတယ်။၅ရက်လောက် မျက်လုံးထဲမှာ ရုပ်ရှင်ပြကွက်တွေလို မြင်နေရပါတယ်။ ကျောင်းသွားရင် ၂လမ်းဘက်က မသွားရဲလို့  ၃လမ်းနဲ့ နီးတဲ့ လှည်းလမ်းကြောင်းကနေ ခက်ခက်ခဲခဲ သွားလာမှု ပြုရပါတော့တယ်။                    ကျွန်မက ဆိုင်ကယ်စီးရင်လည်း ဘက်မှန်ကို အမြဲတမ်း အသုံးပြုပါတယ်။ နေ့ခင်းဘက် ပါမောက္ခတစ်ဦးရဲ့ စာရွက်စာတမ်းတွေကို မြို့ထဲသွားယူပေးပြီး ပြန်အလာ လူပြတ်တဲ့ တစ်နေရာမှာ ဆိုင်ကယ်ဘက်မှန်ကို ကြည့်လိုက်တော့ လမ်းညာဘက်ဘေးကို ကပ်ပြီးမောင်းနေတဲ့ ကျွန်မရဲ့ ဆိုင်ကယ်ကို ညာကနေကျော်ဖို့ ကြိုးစားရင်း လမ်းဘေးမြေသားထဲ ချော်ချော်ကျပြီး နောက်ကျန် နေလိုက် အသဲအသန် မောင်းလိုက်လာလိုက် လုပ်နေတဲ့ ဆိုင်ကယ်တစ်စီးကို သတိထားမိ နေပါတယ်။             အဲ့ဒီလမ်းပေါ်မှာက ယောက်ျားချင်းတောင်  ဆိုင်ကယ်ခြင်း ယှဉ်ပြီး လုပြေးတာတွေ တအားပေါပါတယ်။ဆိုင်ကယ် ရှေ့ခြင်းတောင်းထဲက စာရွက်စာတမ်း အထုတ်ကို တန်ဖိုးရှိမယ်ထင်ပြီး ဆွဲချင်ဟန်တူပါတယ်။ ဒါနဲ့အရှိန်ကို တော်တော်မြှင့်ပြီး မောင်းလိုက်ပါတယ်။ သူကလည်း အရှိန်မြှင့်ပြီး လိုက်လာပါတယ်။ မှီလုမှီခင် ဖြစ်လာတော့မှ ကျွန်မက လီဗာအကုန်ပြန်လျှော့၊ဂီယာချိန်း၊ဘရိတ်ဖမ်းအုပ်လိုက်ပြီး ရပ်နေခဲ့ လိုက်ပါတယ်။ အရှိန်လွန်ထွက်သွားတဲ့ မောင်မင်းကြီးသားကလည်း ပြန်လှည့်မောင်းလာပါသေးတယ်။ ဒီကလည်း ခပ်တည်တည်နဲ့ ဖိန့်ပြီးစိုက်ကြည့်နေလိုက်မှ ဆက်မလိုက်ရဲတော့တာပါ။             ကျွန်မတို့ အဆောင်ထဲကို လူရမ်းကားတစ်ယောက်က ဒုတိယနှစ် ကျောင်းသူ တစ်ယောက်ရဲ့ အခန်းပြတင်းမှန်တွေကို ရိုက်ခွဲပြီး ဝင်လာဖူးပါတယ်။ ပြတင်းမှန်ကို ရိုက်ခွဲကတည်းက ကျောင်းသူက နိုးနေပါပြီ။ ဒါပေမယ့် မအော်ရဲတော့ ငြိမ်နေတာပါ။အဲ့ဒီမှာ ခြင်ထောင်လည်း မအကြည့်ခံရတော့မှ အော်တော့တာပါပဲ။ ဒီကတည်းက ကျွန်မလည်း အဆောင်မှူးဆီက မီးကင်ထားတဲ့ ဝါးရင်းတုတ်ကြီး တစ်ချောင်းကို ယူပြီး ကုတင်ခေါင်းရင်းမှာ အမြဲဆောင်ထား ခဲ့ပြန်ပါတယ်။               ကျွန်မက အဲ့ဒီဝါးရင်းဒုတ်ကြီးနဲ့ ခွေးတစ်ကောင်ကို လိုက်ရိုက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တစ်ချက်မှတော့ မရိုက်မိခဲ့ပါဘူး။ စန်စန်က နိုနို့ကို လက်ဆောင်ပေးထားတဲ့ ပူးလေးဇုဇု ဆိုတာရှိပါတယ်။ ဇုဇုက ကျွန်မတို့ အားလုံးရဲ့ အချစ်တော်ပါ။ ဇုဇုအတွက် မနက်တိုင်း ဈေးဝယ် ထွက်ရတာကိုက ပျှော်စရာ ကောင်းပါတယ်။ အဲ့ဒီဇုဇုကို အခန်းထဲ တံခါးစေ့ထားခဲ့တဲ့ ကြားက တံခါးကို လက်နဲ့ ခြစ်ကုတ်ဖွင့်ပြီး ခွေးကဝင်ဆွဲတာပါ။ ကျောင်းဝင်းထဲက ခွေးပါ။ အဆောင်ခွေး မဟုတ်ပါဘူး။ အားလုံး အော်ကြဟစ်ကြနဲ့ ပြာကုန်ပါတယ်။ ကျွန်မနဲ့ စန်စန်က အူယားဖားယား ရှေ့ဆုံးက ပြေးလိုက်ကြတာပါ။           ကျွန်မက ဝါးရင်းဒုတ်ကြီးနဲ့ ဖိနပ်က စကောစီးထားပါတယ်။ တာတို ပြေးနည်းတွေလည်း လေ့ကျင့်ခဲ့ဖူးတော့ တအားကျုံးပြီး ပြေးတဲ့အခါမှာ ပြဿနာသိပ်မရှိပါဘူး။ဒီတော့ ပြေးလို့ကောင်းပါတယ်။ စန်စန်က ရိုးရိုးဖိနပ်စီးပြီး အရှိန်မြှင့်ပြေးတော့ မှောက်ရက်ကြီး ဗိုင်းခနဲလဲပါတယ်။ လဲရင်းနဲ့ မျက်ရည်တွေနဲ့ အော်ပါတယ်"ငါဘာမှ မဖြစ်ဘူး ဇုဇုနောက် မြန်မြန်လိုက်" တဲ့။ တကယ်တော့ သူ့ခမျာ ဒူးတွေရော တံတောင်တွေပါ ပြဲကွဲ ကုန်ရှာတာပါ။ လမ်းတစ်လျှောက်လုံး ပြေးလိုက်ရာကနေ ခွေးက ရန်ကုန် မန်းလေး ဟိုက်ဝေးလမ်းမကြီးကို ဖြတ်ကူး ပြေးပါတယ်။ခွေးက လှည့်ကြည့်တော့ ကျွန်မပြေးလိုက်လာဆဲဆိုတာ သိသွားပြီး လယ်ကွင်းတွေဘက် ပြေးပါတယ်။              ရေမရှိတဲ့ ချောင်းခြောက်တွေ ရေသွင်းမြောင်းတွေ ကျော်ခွပြေးးးး ခြုံတွေထဲ တိုးပြေးပြီးးး လှည့်ကြည့်တော့ ကျွန်မက လိုက်လာနေဆဲပါပဲ။။ ခွေးခမျာလည်း ဘယ်ပြေးပြေး အဆုံးထိ ကျွန်မက လိုက်တော့မယ်ဆိုတာ သိသွားလို့ ထင်ပါတယ် ဇုဇုကို ချပြီးပြေးပါတော့တယ်။ လယ်ကွင်း အစပ်က ခြုံတောထဲမှာ  ဇုဇုကို ပြန်ရပါတယ်။ ဒဏ်ရာလည်း သိပ်မရှိပါဘူး။ အစွယ်ရာလည်းမနက်ပါဘူး။ ဒါပေမယ့် အသဲငယ်တဲ့ အမျိုးဆိုတော့ အကြောက်လွန်ပြီး သေသွားရှာပါတယ်။            ကျွန်မလည်း တအားကို မောနေတော့ နောက်ကနေ လိုက်လာတဲ့ နိုနို့ဆိုင်ကယ်နောက်ကနေ ပြန်လိုက်ခဲ့ရပါတယ်။ဝါးရင်းဒုတ်ကြီးကိုင်ပြီး ဇုဇုကို ပြန်ယူလာတဲ့ ကျွန်မကို တစ်ဆောင်လုံးက တအားကို လေးစားရိုသေ ကုန်ပါတယ် ခ်ခ်။ဒီကတည်းက တစ်ဆောင်လုံးက ဘာကိစ္စဖြစ်ဖြစ် ညရေးညတာ ကိစ္စပေါ်လာရင် ကျွန်မကိုပဲ ဝိုင်းနှိုးကြ၊ ခေါ်ကြပါတော့တယ်။ လူကမှ စာကျက်ပြီး အိပ်ခါစ ရှိသေးတယ် အရေမရ အဖတ်မရ ပုစုခရု ကိစ္စတွေကို အကြောက်လွန်ပြီး လာလာနှိုးခံရတာ တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။                       ကျွန်မကတော့ အဲ့ဒီဝန်းကျင်မှာ နေထိုင်စဉ်ကာလ တစ်လျောက်  ဆိုင်ကယ်ပေါ်မှာ အလွယ်တကူ ထုတ်သုံးလို့ရတဲ့ လက်နက်တွေ အမြဲဆောင်ခဲ့ပါတယ်။ ဥပမာ ....အပ်တို၊အပ်ရှည်၊သွားကြားထိုးတံ၊ အပ်ချိတ်၊နဖါကလော်၊...စသဖြင့်ပေါ့။           ငြိမ်ကုပ်ကုပ် ကျွန်မဟာ ဂြိုဟ်ကြည့် ကောင်းကောင်း ကြည့်တတ်လာပါတယ်။ အားနာတတ်တဲ့ ကျွန်မက ခပ်တင်းတင်းနဲ့ အားမနာတတ်သလို နေတတ်လာပါတယ်။ စကားကျယ်ကျယ် ပြောလေ့မရှိရာက ငြင်းခုန်စရာရှိရင် အလျှော့မပေးစတမ်း အနိုင်လု ပြောလေ့ ရှိတတ်လာပါတယ်။ မန္တလေးကို ကျောင်းပိတ်ရက်တိုင်း ပြန်ရတာကို ပင်ပမ်းတယ် ထင်ရာကနေ သူနဲ့တွေ့ဖို့ တက်ကြွစွာ ပြန်တတ်လာပါတယ်။ သောကြာနေ့ကိုလည်း လက်ချိုးရေပြီး မျှော်တတ်လာခဲ့ပါတယ်။ အိမ်တွင်းပုန်း ကျွန်မဟာ မိတ္ထီလာမြေကို ခြေချမိ ကတည်းက တဖြည်းဖြည်းခြင်း စရိုက်တွေ ပြောင်းလဲလာခဲ့ပါတော့ တယ်။                             ဆက်လက်ဖော်ပြပါမည်                                 နေထက်ထက်အောင်
ဒီနေ့က ရိုစီ့မွေးနေ့ပါ။ ရိုစီက
ကျွန်မတို့ကို မုန့်ကျွေးချင်လို့ မိတ္ထီလာ မြို့ထဲ သွားဖို့ ခေါ်ပါတယ်။ ကျွန်မတို့ကလည်း ငြင်းကြပါတယ်။ ခဏ ခဏခေါ်တော့ "နင်ပိုက်ဆံကုန်လိမ့်မယ် .... ငါတို့လည်း ဘာမှမစားချင်ပါဘူးးး"ဆိုပြီး ငြင်းကြ ပြန်ပါတယ်။ ညနေရောက်တော့လည်း ထပ်ခေါ်ရှာပါတယ်။ ခေါ်မရတော့ မျက်နှာလေးက သိသိသာသာ ပျက်ပြီး ငယ်လာပါတယ်။ ကျွန်မတို့ကလည်း မသိကျိုးကျွန် ပြုနေလိုက်ကြပါတယ်။ ရို့စ်ခမျာ သူ့မွေးနေ့ကို ဘယ်သူကမှ ဟက်ပီဘတ်ဒေး မပြောသလို အရေးလည်း မလုပ်တော့ အားငယ်နေရှာပါပြီ။

ခဏနေတော့ ရို့စ် မသိအောင် မြို့ထဲ ခိုးထွက်ပြီး ချန်ပီယံမုန့်တိုက်မှာ ကြိုမှာထားတဲ့ မွေးနေ့ကိတ်ကြီးကို သွားယူကြပါတယ်။ အဆောင်တစ်ခုလုံး ကိုလည်း ရို့စ် မွေးနေ့ကို တိတ်တိတ်လေး ကျင်းပပေးဖို့ တပ်လှန့်ထားတော့ သူမသိအောင် အားလုံးက ကြိတ်စီစဉ်ကြ၊ လက်ဆောင်တွေဝယ်ကြ လုပ်နေကြပါပြီ။ကျွန်မကလည်း ကျောင်းပိတ်ရက်ကို အိမ်မပြန်ဘဲ မွေးနေ့ပွဲ ဆင်နွှဲချင်လို့ စောင့်နေတာပါ။

ကျွန်မတို့မှာလည်း လူမနေတဲ့ အခန်းကျယ်တစ်ခုကို သန့်ရှင်းရေး လုပ်ရ၊ ကြက်ခိုးလှည်းရ၊ သူမရိပ်မိအောင် သတိထားရ၊ ဒင်နာအတွက် ဝယ်ရခြမ်းရနဲ့ မအားလပ်အောင်ပါပဲ။ ညနေခင်း နေဝင်စမှာ မွေးနေ့ကျင်းပမယ့် အခန်းကို အကျအန ပြင်ဆင်ပြီးသွားပါပြီ။ အဆောင်သူ အားလုံးကလည်း ကိုယ်စီကိုယ်င ဝယ်ထားတဲ့ လက်ဆောင်တွေကို အခန်းထဲမှာ လာထည့်ထားကြပါတယ်။အခမ်းအနား တက်ရောက်တဲ့ လူတိုင်းက ကိုယ့်မတ်ခွက် နဲ့ ပန်းကန်တစ်ချပ်စီပါ ယူလာကြဖို့ မှာထားတော့ အခန်းထဲက စားပွဲခုံတန်းပေါ်မှာ အစီအရီ ရောက်နေကြ ပါတယ်။

ည၈နာရီထိုးလို့ အဆောင်တံခါး လည်းပိတ်လိုက်ရော မွေးနေ့ပွဲ ကျင်းပမယ့် အခန်းထဲမှာ အားလုံးက မွေးနေ့ရှင်ကို တန်းစီစောင့်နေကြပါတယ်။ ကျွန်မတို့က ရို့စ်ကို ခဏလာပါအုံးးးးဆိုပြီး ညာခေါ်ခဲ့ကြပါတယ်။ အခန်းပေါက်ဝ ရောက်တော့ ဖယောင်းတိုင်တွေ ထွန်းညှိထားတဲ့ မွေးနေ့ကိတ်ကြီးနှင့်အတူ ဟက်ပီဘတ်ဒေး သီချင်းကို သံပြိုင်ဆိုလိုက်တဲ့ သူငယ်ချင်းတွေကို တွေ့ပြီးးး ရို့စ်တစ်ယောက် ပျော်ရွှင်ကြည်နူး မှုတွေနဲ့ မျက်နှာတစ်ခုလုံး ဝင်းထိန် သွားပါတယ်။ ရောင်စုံ စပရေးဗူးတွေလည်း သူမအပေါ်ကို ဖောက်ချကြပါတယ်။လုံးဝထင်မှတ်မထားခဲ့တဲ့ ပျှော်ရွှင်မှုတွေနဲ့ ရိှု့စ်ကိုမြင်ရတာ ကျွန်မတို့ပါ ရောပြီးပျှော်ကုန်ပါတယ်။

မွေးနေ့ပွဲတက်ရောက်လာ သူတွေ ကလည်း အဆောင်နေရင်း သာမန်အဝတ်အစားတွေနဲ့ပါ။ မွေးနေ့ရှင်ကလည်း စိတ်ညစ်ညစ်နဲ့ အဝတ်အစား မလဲရသေးတဲ့ သာမန်ဂျီးအိုးကွဲ စတိုင်နဲ့ပါ။ မွေးနေ့ပွဲကလည်း ဘာအဆင်အပြင်မှ မပါပါဘူး။ အခန်းထဲက မီးချောင်းကျွမ်းနေလို့ လျှပ်စစ်မီးရောင် ကလည်း မရှိတော့ ဖယောင်းတိုင်ရဲ့ အလင်းအားကိုသာ အသုံးပြုရပါတယ်။ ပကာသန မဖက်တဲ့ သဘာဝသက်သက်နဲ့ မွေးနေ့ပွဲလေးဟာ အရမ်းကို ချစ်စရာ ကောင်းလှပါတယ်။

မွေးနေ့ကိတ် စားပြီးတော့ ခရင်မ်တွေနဲ့ လိုက်သုတ်ကြ ပြေးကြလွှားကြနဲ့ တအုန်းအုန်း ဖြစ်ကြပြန်ပါတယ်။အဆောင်မှူးက Spyဝိုင်ပုလင်းတွေ ထုတ်ပေး ပါတယ်။ ကော်ဖီမတ်ခွက်နဲ့ အပြည့်နီးပါးးး ခွဲတမ်းရပါတယ်။ စားကြသောက်ကြရင်း စကားပြောကြတော့ M com က Akari Khaing ၊ မို့မို့ နှင့် ကျွန်မတို့ သုံးယောက်ဝိုင်းက အစည်ကားဆုံးနှင့် အဆူညံဆုံး ဝိုင်း ဖြစ်နေပါတယ်။ တခြားသူတွေကပါ သတိထားမိ လာပြီးတော့ "အပျိုဂျီးတွေများ ဝိုင်လေးနည်းနည်း ဝင်တာနဲ့ ရေချိန်ကိုက်နေလိုက်ကြတာ"လို့ ပြောကြပါတယ်။

"ဘာကိစ္စ ရေချိန်ကိုက်ရမှာလဲ???""တို့က ဘာဖစ် နေလို့လည်းးး တို့ဘာသာ စကားပြောပြီး ရယ်နေကြတာကိုများးး""အေးလေဟယ်.... စွပ်စွပ်စွဲစွဲ...""မသောက်ဖူးပေမယ့် ဒီလောက်လေးနဲ့ မူးစရာလားးးဟားးဟားးး""ဟုတ်ပ ဟုတ်ပ ခိခိ ခ်ခ် ဟိဟိ။"ရေချိန်ကိုက်တယ်၊ မူးတယ် ဆိုတာ ဘာမှန်းမသိပေမယ့် ကျွန်မတို့သုံးယောက် ကတော့ စကားတွေ အများကြီးကို အလုအယက်ပြောရင်း ဆူညံစွာ ရယ်မောနေကြပါတယ်။ပါမောက္ခတွေရဲ့ မျက်နှာအမူအရာ၊လေယူလေသိမ်းတွေနဲ့ ဆူပုံဆဲပုံတွေပါ ပြောပြောပြီး ရယ်ကြတာပါ။ အလိုလိုနေရင်းကို ပျော်နေကြတာပါ။ ခဏနေတော့ နိုနို့ဂစ်တာလေးနဲ့ သီချင်းတွေ အော်ဆိုပြီး မွေးနေ့ပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါတယ်။

စာမေးပွဲကာလဆိုရင် တစ်ယောက်နဲ့တစ်ယောက်က စကားကို မပြောနိုင်အောင် ရုန်းကန်ကြရပြီး ပရက်ရှာလည်း အရမ်းများပါတယ်။ မဟာတန်းကျောင်းသူတွေက နေ့တိုင်းလည်း စာကျက်နေ လုပ်နေကြပေမယ့် စာမေးပွဲနားနီးရင် ရေစပ်စပ်နဲ့ မြောင်းထဲ ဆင်းပြီး မြွေမကြောက် ကဏ္ဏန်းမကြောက် စာကျက်တဲ့သူနဲ့၊ ဘယ်သူ့ကိုမှ စကားမပြောတော့သလို လာပြောတဲ့ သူကိုလည်း ဘာမှ ပြန်မဖြေတော့တဲ့သူနဲ့၊နံရံပေါ်ခြေနှစ်ခြောင်းထောင်ပြီး ဇောက်ထိုးစာကျက်တဲ့ သူနဲ့၊ ယောင်တောင်တောင်နဲ့ နေ့တိုင်း အလှပြင် ဆိုင်သွား ခေါင်းလျှော်ပြီး ခေါင်းတွေပဲ နှိပ်ခိုင်းနေတဲ့သူနဲ့.... ကြောင်တောင်တောင် ဂေါက်တောက်တောက်တွေ ဖြစ်ကုန်ပြီးတော့ စာမေးပွဲ ဖြေပြီးချိန်ဟာ ဘာနဲ့မှ မတူအောင် လွတ်လပ်ပေါ့ပါးလှ ပါတယ်။

ကျွန်မထက် နေ့တဝက်စောပြီး စာမေးပွဲပြီးတဲ့ MBA က ချိုချိုဟာ ညနေမှ စာမေးပွဲပြီးတဲ့ ကျွန်မနဲ့အတူတူ ဖောင်တော်ဦးဘုရားပွဲကို သွားလည်ဖို့ စောင့်နေရှာပါတယ်။ကျွန်မမှာ စာမေးပွဲပြီးပြီးချင်း ယူနီဖောင်း မလဲဘဲ ချို့အဆောင်ကို ပြေးရပါတယ်။ နောက်ကျရင် မိုးချုပ်မှာ စိုးလို့ပါ။ သူငယ်ချင်းနှစ်ယောက် စူပါကပ်လေးကို စကား တပြောပြောနဲ့ ရန်ကုန် မန်းလေး ဟိုက်ဝေး လမ်းမကြီးအတိုင်း မောင်းလာ ကြပါတယ်။ ဖောင်တော်ဦး ဘုရား၊ ရေလည်ဘုရား၊ နဂါးရုံဘုရားးး တွေကို ဖူးမြော်ပြီး ဈေးတန်းထဲ ခြေလျင် လျှောက်ကြည့်ကြ ပါတယ်။ "နေနေ....နင်ရဟတ်စီး ရဲလားးး""ဟင့်အင်းးး မီးမီးကြောက်ကြောက်။""စီးပါဟ နင်ကလည်း။""နင်စီးချင် လို့လားဟင်!! အာ့ဆိုလည်း မျက်စိမှိတ်ပြီး အဖော်လုပ် စီးပေးမယ်လေ။""ချိုက မစီးရဲပါဘူးးး အာ့ကြောင့် နင့်ကိုစီးပါလားလို့ ပြောတာ။""အမ်!!!!"

မောပြီးဆာလာတော့ ဘယ်ဆိုင်ဝင်စားမလဲလို့ တိုင်ပင်ပြီး Pink နာမည်ပါတဲ့ စားသောက်ဆိုင်လေးကို ရွေးလိုက်ပါတယ်။ အဲ့ဒီဆိုင်မှာ ရေခဲမုန့်နဲ့ ပူတင်းမုန့် စားဖူးတော့ သဘောကျလို့ပါ။ ခုတော့ ဆာဆာနဲ့ မီနူးကြည့်ပြီး စပါဂတ်တီ တစ်ပွဲ မှာလိုက်ပါတယ်။ချို ကတော့ ကိုရီးယား ပဲခေါက်ဆွဲ မှာပါတယ်။ ရောက်လာတော့ ကျွန်မရဲ့ စပါဂတ်တီ ဆိုတာဟာ မန္တလေး နန်းကြီးမုန့်ဖတ်တွေကို ပဲမှုန့်မပါဘဲ အရသာရှိအောင် သုပ်ပေး ထားတာဂျီး ဖြစ်နေပါတယ်။

ကျွန်မလည်း စိတ်မသက်မသာ ဖြစ်သွားပေမယ့် ဟိုက်ကာ တစ်ယောက်ဖြစ်ခဲ့စဉ် ကတည်းက စားလို့ဖြစ်တဲ့ အရာမှန်သမျှကို တန်ဖိုးထားပြီး စားတတ်အောင် လေ့ကျင့်ယူထားတာ ကြာပြီဆိုတော့ ဘာမှမငြီးညူဘဲ တစ်ဖတ်ချင်း တူနဲ့ညှပ်ယူ စားရင်း ချိုနဲ့ စကားပြော နေပါတယ်။ ချိုကတော့ မစားတော့ဘဲ မွှေပြီးရင်း မွှေနေပါတယ်။ ခဏနေတော့ စပါဂတ်တီနဲ့ သူ့ပဲခေါက်ဆွဲကို လဲစားဖို့ တောင်းဆိုပါတယ်။ "မစားချင်ပါနဲ့ဟာ။ ဒါက စပါဂတ်တီ မဟုတ်ပါဘူးးးငါ့လိုမန်းလေးသူ က မန်းလေးနန်းကြီးသုပ်တွေကို စပါဂတ်တီ အမှတ်နဲ့ စားနေရတာပါဟ။""ဟင့်အင်း ဟင့်အင်းးး ရဘူးးး နင့်နန်းဂျီးသုပ်ပဲ စားမယ်။ ရော့...ပဲခေါက်ဆွဲ။"

"အိုးးးးမိုင် ဗုဒ္ဓ...ကယ်တော်မူပါ..."လို့ အော်မိမလို ဖြစ်သွားပေမယ့် ပါးစပ်ထဲက ပဲခေါက်ဆွဲတွေကြောင့် အသံကထွက်မလာ ပါဘူးးး ကြာညို့တွေနဲ့ ပျစ်ခဲချိုရဲနေတဲ့ ရှမ်းခေါက်ဆွဲဖတ်တွေ ပါလားးးး ဘုရား ဘုရားးး လူကြားသူကြားထဲ ထွေးဟယ် အန်ဟယ်ကလည်း မလုပ်ချင်တော့ ကျွန်မလည်း အိနြေ္ဒမပျက်အောင် ကြိတ်မှိတ်ပြီး မြိုချလိုက်ပါတယ်။ အဲ့နောက်တော့ အစာစားချင်စိတ် ပျောက်သွားပြီး ပဲခေါက်ဆွဲကို တူနဲ့မွှေလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ရင်း စကားပဲ ပြောနေမိပါ တော့တယ်။တကယ့်ကို ဖောင်တော်ဦး ပွဲတော် အမှတ်တရပါပဲ။

ကျွန်မက အင်တာနက်သုံးရင်လည်း မိတ္ထီလာမြို့ထဲပဲ သွားသုံးရတာပါ။ ရန်ကုန် မန္တလေး ဟိုက်ဝေးလမ်းအတိုင်း သွားရတာပါ။ အပြန်ဆိုရင် ညဘက်ဖြစ်လို့ မိုးချုပ်ပါတယ်။ လမ်းမှာ လမ်းမီးက တစ်ပွင့်မှ မရှိပါဘူးးးး ဆိုင်ကယ်မီး ပိတ်လိုက်ရင် အရာအားလုံးဟာ မှောင်အတိ ကျသွားပါတယ်။ ဒီလိုမှ မသွားချင်လို့လည်း မရပါဘူးးးး။ကျွန်မရဲ့ ပင်ကိုဝါသနာ အခံအရ ပေးတဲ့အလုပ်ကို ကျေပွန်ချင်သလို အချောင်ခိုတဲ့ အပြုအမူတွေ၊ သူများဦးနှောက် ဖောက်စားတဲ့ အကျင့်စရိုက်တွေ ကိုလည်း မကြိုက်ပါဘူး။
ဒီတော့လည်း ဒီလိုပဲ အပင်ပန်းခံရ ပါတော့တယ်။

တစ်ရက်မှာ ကျွန်မနဲ့ ဖြိုး မြို့ထဲက ပြန်လာပါတယ်။ည၇နာရီလောက် ရှိပါပြီ။ မိုးတွေက မှောင်ပြီး အိကျနေပါတယ်။ မြို့အထွက်အရောက်မှာပဲ မိုးက တဝေါဝေါနဲ့ ရွာချလိုက် ပါတယ်။ လျှပ်စီးတွေ တဝင်းဝင်းနဲ့ မိုးခြိမ်း သံတွေ တညံညံနဲ့ အညာမိုးက ရန်ကုန်မိုးလို မသိမ်မွေ့ပါဘူး။ ကျွန်မတို့လည်း ကြောက်တော့ ဆက်မမောင်းရဲကြတော့ ပါဘူး။နားကြမလားးး ခဏမိုးခိုမလားးး လို့ တိုင်ပင်ကြပါတယ်။ လမ်းဘေးက တဲအမိုးတွေအောက်မှာလည်း ဆိုင်ကယ်တွေ ရပ်ပြီး မိုးခိုနေတဲ့ လူတွေရှိပါတယ်။ ဖြည်းဖြည်းမောင်းရင်း အကဲခတ်တော့ ယောက်ျားတွေချည်းပါပဲ။ အိမ်တွေအများစုကလည်း အရပ်ပုန်းရောင်း ကြတယ်ဆိုတာ သိထားတော့ ကျွန်မအနေနဲ့ မနားချင်တော့ပါဘူးးး။

တဝေါဝေါရွာပြီး တအုန်းအုန်း ခြိမ်းနေတဲ့ မိုးကိုကြောက်ပေမယ့် တကယ့်ကြောက်ရမယ့်အရာက ဘာလဲလို့ ဆင်ခြင်လိုက်တော့ အဖြေကရှင်းပါတယ်။ သတိထားပြီး မောင်းရင်းးး ရွာချနေတဲ့မိုး ကိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်လိုက်ပါ တော့တယ်။ တလောဆီက မိန်းမငယ်လေး တစ်ယောက်ခမျာ မိုးခိုဖို့ ရထားတွဲထဲ ခေါ်သွားပြီး အုပ်စုဖွဲ့ မတရားကျင့် ခံရတယ်လို့ သတင်းဖတ်ရတော့ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရပါတယ်။

အမျိုးသမီးတွေဟာ သွားရာလာရာမှာ မပေါ့ဆသင့်ပါဘူးးး ခုဟာက လမ်းကူးရင်တောင်
ဘယ်မှမကြည့်ဘဲ ကူးလေ့ရှိတာတွေ တွေ့နေရပါတယ်။ "ကြောက်လို့""မသိလို့""မမြင်လို့"ဆိုတဲ့ ဆင်ခြေတွေကို လျှော့ပြီး တကယ်ကြောက်ရမယ့် အရာက ဘာလဲ??? လုပ်သင့်လုပ်ထိုက်တာက ဘာလဲ???? ရှောင်ရမယ့်အရာတွေက ဘာလဲ???? ဆိုတာလောက်ကို စဉ်းစားလိုက်ရင် အန္တရာယ် ကင်းစေမယ့် အဖြေတစ်ခုကို ရလာပါလိမ့်မယ်။

တစ်ရက်မှာ ကျောင်းထဲကနေ ၂လမ်း အတိုင်း ပြန်ထွက်လာပြီး ရန်ကုန်-မန္တလေး ဟိုက်ဝေးလမ်းမပေါ်တက်ပြီး ၃လမ်းမှာ ရှိတဲ့ အဆောင်ကို ပြန်ပါတယ်။ မျက်နှာခြင်းဆိုင် ကနေ ဆိုင်ကယ်တစ်စီးက မတ်တပ်ရပ်ပြီး စတန့်ထွင်မောင်း လာပါတယ်။ အပေါ်ဝတ်အင်္ကျီ အဖြူခါးရှည်ကလည်း လေထဲမှာတလွင့်လွင့်နဲ့ပေါ့။နေကာမျက်မှန် အမည်းကြီးလည်း တပ်ထားပါတယ်။ ကျွန်မကို မြင်တော့ ပြုံးဖြီးဖြီးနဲ့ ကျွန်မဆီကို စောင်းပြီး တည့်တည့်ကြီးမောင်းချ လာပါတယ်။

မြင်တွေ့ဖူးတဲ့ အတွေ့အကြုံတွေအရ ကျွန်မက တွေဝေမနေတော့ပဲ လမ်းဘေးက လှည်းလမ်းကြောင်း သဲပြင်ချိုင့်ထဲ ဆိုင်ကယ်ကို ထိုးဆင်းပြီး ရှောင်လိုက် ပါတယ်။ မောင်မင်းကြီးသားက အသံထွက်အောင်ရယ်ပြီး ဆက်မောင်း သွားပါတယ်။ ကျွန်မက မကျေမနပ်နဲ့ လှည့်ပြီး ဂြိုဟ်ကြည့်ကြည့်လိုက်တော့ စကားတပြောပြောနဲ့ မောင်းနေတဲ့ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်ကို စတန့်သမားက ဝင်တိုက်မိပြီး နှစ်စင်းလုံး လွင့်ထွက်သွားပါတယ်။

ကျွန်မက ဆိုင်ကယ်ရပ်ပြီး ကူညီဖို့ သွားပါတယ်။ ဆိုင်ကယ်နောက်က ထိုင်တဲ့ ဦးလေးကြီးက ဆိုင်ကယ်ပေါ်မှာပဲ မှောက်ရက် အနေအထားနဲ့ အသားတွေ တဆတ်ဆတ် တုန်နေပါတယ်။ မြင်ဖူး၊တွေ့ဖူးတဲ့ အတွေ့အကြုံမရှိပေမယ့် ဒါဟာ သေခါနီး အကြောဆွဲနေတယ် ဆိုတာကို အလိုလို နားလည်လိုက်ပါတယ်။ သူ့အနားရောက်ဖို့ ငါးပေကျော် အကွာလောက်မှာ ကျွန်မရပ်ပြီး
တွေဝေနေပါတယ်။ ရှေ့လည်းဆက်မတိုးရဲ တော့ပါဘူး။ ဒါနဲ့အသားကုန် အော်နေတဲ့ မောင်းတဲ့သူဆီ သွားဖို့ကြည့်လိုက်တော့ သွေးတွေရွှဲနစ်နေပါတယ်။ ကျွန်မလည်း သွေးပျက်မတတ် ခြောက်ခြားသွားပြီး ရပ်နေရာကနေ ခြေထောက်တွေ မရွေ့နိုင်တော့ပါဘူး။ စတန့်သမားကို လှမ်းကြည့်လိုက်တော့ ပေါင်ကလား ဒူးကလားမသိဘူး အရိုးတစ်ချောင်းထွက်ပြီး အော်နေပါတယ်။သူ့အော်သံက အပြင်ကို ထွက်မလာဘဲ ပျောက်နေပါတယ်။

ဟိုင်းလတ်လိုင်းကား တစ်စီးက ရပ်ပြီးတော့ ကူညီဖို့ လူ၃ယောက် ဆင်းလာတာ တွေ့ပါတယ်။ ဒီတော့မှ ကျွန်မလည်း စိတ်ကိုငြိမ်အောင် ထိန်းပြီး အဆောင်ပြန်ရောက် လာပါတယ်။ ဒီမြင်ကွင်းကြီးက ကျွန်မကို အကြီးအကျယ် စိုးမိုးထားပါတယ်။၅ရက်လောက် မျက်လုံးထဲမှာ ရုပ်ရှင်ပြကွက်တွေလို မြင်နေရပါတယ်။ ကျောင်းသွားရင် ၂လမ်းဘက်က မသွားရဲလို့
၃လမ်းနဲ့ နီးတဲ့ လှည်းလမ်းကြောင်းကနေ ခက်ခက်ခဲခဲ သွားလာမှု ပြုရပါတော့တယ်။

ကျွန်မက ဆိုင်ကယ်စီးရင်လည်း ဘက်မှန်ကို အမြဲတမ်း အသုံးပြုပါတယ်။ နေ့ခင်းဘက် ပါမောက္ခတစ်ဦးရဲ့ စာရွက်စာတမ်းတွေကို မြို့ထဲသွားယူပေးပြီး ပြန်အလာ လူပြတ်တဲ့ တစ်နေရာမှာ ဆိုင်ကယ်ဘက်မှန်ကို ကြည့်လိုက်တော့ လမ်းညာဘက်ဘေးကို ကပ်ပြီးမောင်းနေတဲ့ ကျွန်မရဲ့ ဆိုင်ကယ်ကို ညာကနေကျော်ဖို့ ကြိုးစားရင်း လမ်းဘေးမြေသားထဲ ချော်ချော်ကျပြီး နောက်ကျန် နေလိုက် အသဲအသန် မောင်းလိုက်လာလိုက် လုပ်နေတဲ့ ဆိုင်ကယ်တစ်စီးကို သတိထားမိ နေပါတယ်။

အဲ့ဒီလမ်းပေါ်မှာက ယောက်ျားချင်းတောင် ဆိုင်ကယ်ခြင်း ယှဉ်ပြီး လုပြေးတာတွေ တအားပေါပါတယ်။ဆိုင်ကယ် ရှေ့ခြင်းတောင်းထဲက စာရွက်စာတမ်း အထုတ်ကို တန်ဖိုးရှိမယ်ထင်ပြီး ဆွဲချင်ဟန်တူပါတယ်။ ဒါနဲ့အရှိန်ကို တော်တော်မြှင့်ပြီး မောင်းလိုက်ပါတယ်။ သူကလည်း အရှိန်မြှင့်ပြီး လိုက်လာပါတယ်။ မှီလုမှီခင် ဖြစ်လာတော့မှ ကျွန်မက လီဗာအကုန်ပြန်လျှော့၊ဂီယာချိန်း၊ဘရိတ်ဖမ်းအုပ်လိုက်ပြီး ရပ်နေခဲ့ လိုက်ပါတယ်။ အရှိန်လွန်ထွက်သွားတဲ့ မောင်မင်းကြီးသားကလည်း ပြန်လှည့်မောင်းလာပါသေးတယ်။ ဒီကလည်း ခပ်တည်တည်နဲ့ ဖိန့်ပြီးစိုက်ကြည့်နေလိုက်မှ ဆက်မလိုက်ရဲတော့တာပါ။

ကျွန်မတို့ အဆောင်ထဲကို လူရမ်းကားတစ်ယောက်က ဒုတိယနှစ် ကျောင်းသူ တစ်ယောက်ရဲ့ အခန်းပြတင်းမှန်တွေကို ရိုက်ခွဲပြီး ဝင်လာဖူးပါတယ်။ ပြတင်းမှန်ကို ရိုက်ခွဲကတည်းက ကျောင်းသူက နိုးနေပါပြီ။ ဒါပေမယ့် မအော်ရဲတော့ ငြိမ်နေတာပါ။အဲ့ဒီမှာ ခြင်ထောင်လည်း မအကြည့်ခံရတော့မှ အော်တော့တာပါပဲ။ ဒီကတည်းက ကျွန်မလည်း အဆောင်မှူးဆီက မီးကင်ထားတဲ့ ဝါးရင်းတုတ်ကြီး တစ်ချောင်းကို ယူပြီး ကုတင်ခေါင်းရင်းမှာ အမြဲဆောင်ထား ခဲ့ပြန်ပါတယ်။

ကျွန်မက အဲ့ဒီဝါးရင်းဒုတ်ကြီးနဲ့ ခွေးတစ်ကောင်ကို လိုက်ရိုက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တစ်ချက်မှတော့ မရိုက်မိခဲ့ပါဘူး။ စန်စန်က နိုနို့ကို လက်ဆောင်ပေးထားတဲ့ ပူးလေးဇုဇု ဆိုတာရှိပါတယ်။ ဇုဇုက ကျွန်မတို့ အားလုံးရဲ့ အချစ်တော်ပါ။ ဇုဇုအတွက် မနက်တိုင်း ဈေးဝယ် ထွက်ရတာကိုက ပျှော်စရာ ကောင်းပါတယ်။ အဲ့ဒီဇုဇုကို အခန်းထဲ တံခါးစေ့ထားခဲ့တဲ့ ကြားက တံခါးကို လက်နဲ့ ခြစ်ကုတ်ဖွင့်ပြီး ခွေးကဝင်ဆွဲတာပါ။ ကျောင်းဝင်းထဲက ခွေးပါ။ အဆောင်ခွေး မဟုတ်ပါဘူး။ အားလုံး အော်ကြဟစ်ကြနဲ့ ပြာကုန်ပါတယ်။ ကျွန်မနဲ့ စန်စန်က အူယားဖားယား ရှေ့ဆုံးက ပြေးလိုက်ကြတာပါ။

ကျွန်မက ဝါးရင်းဒုတ်ကြီးနဲ့ ဖိနပ်က စကောစီးထားပါတယ်။ တာတို ပြေးနည်းတွေလည်း လေ့ကျင့်ခဲ့ဖူးတော့ တအားကျုံးပြီး ပြေးတဲ့အခါမှာ ပြဿနာသိပ်မရှိပါဘူး။ဒီတော့ ပြေးလို့ကောင်းပါတယ်။ စန်စန်က ရိုးရိုးဖိနပ်စီးပြီး အရှိန်မြှင့်ပြေးတော့ မှောက်ရက်ကြီး ဗိုင်းခနဲလဲပါတယ်။ လဲရင်းနဲ့ မျက်ရည်တွေနဲ့ အော်ပါတယ်"ငါဘာမှ မဖြစ်ဘူး ဇုဇုနောက် မြန်မြန်လိုက်"တဲ့။ တကယ်တော့ သူ့ခမျာ ဒူးတွေရော တံတောင်တွေပါ ပြဲကွဲ ကုန်ရှာတာပါ။ လမ်းတစ်လျှောက်လုံး ပြေးလိုက်ရာကနေ ခွေးက ရန်ကုန် မန်းလေး ဟိုက်ဝေးလမ်းမကြီးကို ဖြတ်ကူး ပြေးပါတယ်။ခွေးက လှည့်ကြည့်တော့ ကျွန်မပြေးလိုက်လာဆဲဆိုတာ သိသွားပြီး လယ်ကွင်းတွေဘက် ပြေးပါတယ်။

ရေမရှိတဲ့ ချောင်းခြောက်တွေ ရေသွင်းမြောင်းတွေ ကျော်ခွပြေးးးး ခြုံတွေထဲ တိုးပြေးပြီးးး လှည့်ကြည့်တော့ ကျွန်မက လိုက်လာနေဆဲပါပဲ။။ ခွေးခမျာလည်း ဘယ်ပြေးပြေး အဆုံးထိ ကျွန်မက လိုက်တော့မယ်ဆိုတာ သိသွားလို့ ထင်ပါတယ် ဇုဇုကို ချပြီးပြေးပါတော့တယ်။ လယ်ကွင်း အစပ်က ခြုံတောထဲမှာ ဇုဇုကို ပြန်ရပါတယ်။ ဒဏ်ရာလည်း သိပ်မရှိပါဘူး။ အစွယ်ရာလည်းမနက်ပါဘူး။ ဒါပေမယ့် အသဲငယ်တဲ့ အမျိုးဆိုတော့ အကြောက်လွန်ပြီး သေသွားရှာပါတယ်။

ကျွန်မလည်း တအားကို မောနေတော့ နောက်ကနေ လိုက်လာတဲ့ နိုနို့ဆိုင်ကယ်နောက်ကနေ ပြန်လိုက်ခဲ့ရပါတယ်။ဝါးရင်းဒုတ်ကြီးကိုင်ပြီး ဇုဇုကို ပြန်ယူလာတဲ့ ကျွန်မကို တစ်ဆောင်လုံးက တအားကို လေးစားရိုသေ ကုန်ပါတယ် ခ်ခ်။ဒီကတည်းက တစ်ဆောင်လုံးက ဘာကိစ္စဖြစ်ဖြစ် ညရေးညတာ ကိစ္စပေါ်လာရင် ကျွန်မကိုပဲ ဝိုင်းနှိုးကြ၊ ခေါ်ကြပါတော့တယ်။ လူကမှ စာကျက်ပြီး အိပ်ခါစ ရှိသေးတယ် အရေမရ အဖတ်မရ ပုစုခရု ကိစ္စတွေကို အကြောက်လွန်ပြီး လာလာနှိုးခံရတာ တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။

ကျွန်မကတော့ အဲ့ဒီဝန်းကျင်မှာ နေထိုင်စဉ်ကာလ တစ်လျောက် ဆိုင်ကယ်ပေါ်မှာ အလွယ်တကူ ထုတ်သုံးလို့ရတဲ့ လက်နက်တွေ အမြဲဆောင်ခဲ့ပါတယ်။
ဥပမာ ....အပ်တို၊အပ်ရှည်၊သွားကြားထိုးတံ၊ အပ်ချိတ်၊နဖါကလော်၊...စသဖြင့်ပေါ့။

ငြိမ်ကုပ်ကုပ် ကျွန်မဟာ ဂြိုဟ်ကြည့် ကောင်းကောင်း ကြည့်တတ်လာပါတယ်။ အားနာတတ်တဲ့ ကျွန်မက ခပ်တင်းတင်းနဲ့ အားမနာတတ်သလို နေတတ်လာပါတယ်။ စကားကျယ်ကျယ် ပြောလေ့မရှိရာက ငြင်းခုန်စရာရှိရင် အလျှော့မပေးစတမ်း အနိုင်လု ပြောလေ့ ရှိတတ်လာပါတယ်။ မန္တလေးကို ကျောင်းပိတ်ရက်တိုင်း ပြန်ရတာကို ပင်ပမ်းတယ် ထင်ရာကနေ သူနဲ့တွေ့ဖို့ တက်ကြွစွာ ပြန်တတ်လာပါတယ်။
သောကြာနေ့ကိုလည်း လက်ချိုးရေပြီး မျှော်တတ်လာခဲ့ပါတယ်။ အိမ်တွင်းပုန်း ကျွန်မဟာ မိတ္ထီလာမြေကို ခြေချမိ ကတည်းက တဖြည်းဖြည်းခြင်း စရိုက်တွေ ပြောင်းလဲလာခဲ့ပါတော့ တယ်။
ဆက်လက်ဖော်ပြပါမည်

နေထက်ထက်အောင် — with Nanda Htun Htet and 52 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>