“ပုခန်းကြီး” … လို့် ဆိုလိုက်တာနဲ့ ကြက်တစ်ကောင်ကို ရင်မှာပိုက်လို့ ၊ အရက်ခွက်ကို ကိုင်ကာမြှောက်ကာနဲ့ နတ်ဝင်သည် ၊ ဒါမှမဟုတ် ရုပ်ထု နဲ့ အရုပ်ပုံတွေရဲ့  ပုခန်းကိုကြီးကျော် အသွင်သဏ္ဍန်ပြုလုပ်ထားပုံတွေကို ပြေးမြင်ကြမယ်ထင်ပါတယ် ။ ကျတော့ အနေနဲ့ကတော့ နတ်ကိုးကွယ်မှုနဲ့ ပက်သက်ပြီး ကိုယ့် နိုင်ငံ အတွင်းမှာ ရှေးအစဉ်ဆက် ရှိနေခဲ့တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း တစ်ခုအနေနဲ့ သာ သတိပြုမိပါတာဖြစ်လို့ ပခန်းကြီး မြို့ ဟောင်းနဲ့ ပက်သက်ပြီ့း မြို့ ဟောင်းရဲ့ လက်ရှိအနေထား ၊ ရှေးဟောင်းသမိုင်ဝင် အဆောက်အအုံနဲ့ သူနဲ့ပက်သက်တဲ့ သမိုင်းကြောင်းကိုသာ ပိုပြီး စိတ်ဝင်စားပါတယ် ။
ဇန်န၀ါရီလ အကုန်လောက်မှာ ပခုက္ကူမြို့ ကို ရောက်ခဲ့တဲ့ အချိန်မှာ အများ သူငါ နည်းတူ ဖေ့ဘုတ် သုံးနေကြသူတွေရဲ့ ထုံးစံအတိုင်း ကိုယ်ရောက်နေတဲ့ နေရာက နေ Location Status တစ်ခု တင်တော့ ရှေးဟောင်းသုတေသန ကျောင်းသူ သူငယ်ချင်းတစ်ယောက် က … အစ်ကိုရေ ပုခန်းကြီးမြို့ ဟောင်းနဲ့ ရှေးဟောင်းသုတေသန ပြတိုက် တွေဆီကို သွားဖြစ်အောင် သွားလည်လိုက်ပါအုံးနော် ..တဲ့ ။ ဘယ်နှယ်ပြောတာပါလိမ့် ….ဒီ ပခုက္ကူကို လာမယ်ဆိုကတည်းက ပထမဆုံး နံပါတ်တစ်ချက် အနေနဲ့ အဲဒီဒေသနဲ့ အနီးနားပတ်ဝန်းကျင်မှာ ဘာရှေးဟောင်းသုတေသန နယ်မြေရှိသလဲ ဆိုတာကို သက်ဆိုင်ရာ ခရီးသွားလမ်းညွှန်တွေ နဲ့ရော Google Earth က မြေပုံတွေ နဲ့ ပါ အရင်ဦးစားပေးပြီးလေ့လာခဲ့တာ ။ ပခုက္ကူနဲ့ သိပ်မဝေးတဲ့ ပုဂံဆိုတာက ကျွှန်တော်တို့ အသက် ရှင်နေသရွှေ့ ကာလပတ်လုံး သွားပြီးလေ့လာလို့ ကုန်နိုင်တဲ့ နေရာမျိုးမဟုတ်တော့ ချွင်းချက်အနေနဲ့ ထားလိုက်ပါတယ် ။ သိပ်မကြာသေးခင်ကလည်း တစ်ခေါက် ရောက်ပြီးသားမို့လို့ပါ ။ ဒါကြောင့် အနီးအနားမှာရှိတဲ့ ပုခန်းကြီးမြို့ ရှေးဟောင်းနယ်မြေကိုသာ အရောက်သွားဖို့ Target ထားခဲ့တယ် ။ ပြီးတော့ အဲဒီမြို့ ဟောင်းနဲ့ ပက်သက်ပြီး လက်လှန်းမှီသမျှ စာအုပ်တွေကိုလည်းရှာ ဖတ်ထားရသေးတာ ။ ဒီတော့ အဲ ဒီနေရာကို ဘယ်မသွားဘဲ နေလိမ့် မလဲ …. ။
ကျွန်တော် ပခုက္ကူ ရောက်ခဲ့လို့ ယောဒေသ ကနေပြန်ရောက်ပြီး နောက်တစ်နေ့ မှာ ကျတော်တည်းခိုရာ သပြေညို တည်းခိုခန်းက စီစဉ်ပေးတဲ့ ဆိုင်ကယ်တစ်စီးကို နေ့ဖြတ် တစ်သောင်းကျပ်နဲ့ ပေးငှားပြီး နေ့ ချင်းပြန် ပုခန်းကြီးနဲ့ ရေစကြိုဖက်ကို သွားခဲ့ပါတယ် ။ ပုခန်းကြီးက ပခုက္ကူနဲ့ သိပ်မဝေးလှပါဘူး ။ 18 မိုင်အကွာလောက်ပဲ ရှိတယ်လို့ သိထားပါတယ် ။ ပုခန်းကြီးနယ်မြေပါဝင်တဲ့ ပခုက္ကူခရိုင်ဟာ မြန်မာနိုင်ငံအတွင်းက လူသိများတဲ့ ရှေးဟောင်းသမိုင်ဝင် ဒေသတစ်ခု မဟုတ်ခဲ့ ပေမယ့်် သမိုင်းပက်သက်တဲ့ အချက်လက် အထောက်ထားတွေ တော်တော် များများ ရှာဖွေတွေ့ ရှိခဲ့တဲ့ ဒေသဖြစ်ပါတယ် ။ လူ့ယဉ်ကျေးမှု ထွန်းကားပြီး ကာလက အထောက်ထားတွေသာမဟုတ်ပဲ လွန်ခဲ့ တဲ့ နှစ်ပေါင်း သန်း 40 လေက်က အသက်ရှင်သန်နေထိုင်ခဲ့ တဲ့ လူသားမျိုးနွယ် လူတူပရိုင်းမိတ် အရိုးတွေ တွေ့ ရှိရာဒေသ လည်းဖြစ်ပါတယ် ။ ပုခန်းကြီး ဒေသ အနားက ပုံတောင်ဒေသ မှာ တွေ့ ရှိရဲ့ တဲ့ ANTHROPOID PRIMATE တွေကို ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ ပညာရှင်အများစုကနေပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ ပရိုင်းမိတ်တွေထဲမှာ အစောဆုံးဖြစ် သတ်မှတ်ကြတဲ့ အကြောင်းကိုလည်း မှတ်သားရဖူးပါတယ် ။ အဲဒီနောက် ကျောက်ခေတ်ဟောင်း ၊ ကျောက်ခေတ်သစ် ၊ ကြေးခေတ် ၊ သံခေတ် စတဲ့ ခေတ်အဆက်ဆက် တွေ မှာ ရှေးဦးလူတို့ နေထိုင်ကျက်စားခဲ့တဲ့ သဲလွန်စ အများအပြားကို ဒီဒေသမှ တွေ့ ရှိနေရတုန်းပါ ။
ကျွန်တော်တို့ နိုင်ငံ ရဲ့  သမိုင်းမှတ်တမ်းတင်နိုင်တဲ့ ခေတ်တွေမှာ ဖြစ်တဲ့ ပျူခေတ်နဲ့ ဆိုင်ရာ ရှေးဟောင်းပစ္စည်းများ ၊ ပုဂံခေတ်ဦး ဘုရားဆင်းတုတော်များမှ စလို့ ကုန်ဘောခေတ်နှောင်းဆိုင်ရာ စေတီပုထိုးများ နဲ့ သာသနိက အဆောက် အအုံများကိုလည်း အခုအချိန်ထိ မျက်မြင်ထင်ရှားတွေ့ နေခဲ့ ရပါတယ် ။ ပုဂံခေတ်ကောင်းစားစဉ်ကာလကလည်း ဒီပခုက္ကူ လွင်ပြင်ကြီးတစ်ခုလုံးဟာ ပုဂံနိုင်ငံတော်ကြီး တိုးတက်စည်ပင်ဝပြောမှုကို တောင့်ကန်ပေးနိုင်တဲ့ ဒေသကြီးတစ်ခုလည်း ဖြစ်ခဲ့ ပါတယ်တဲ့ ။ ရ န္တပိုစာချုပ် ချုပ်ဆိုခဲ့ သူ ဂျွန်ကရော့ဖို့ ရဲ့ မှတ်တမ်းမှာ 1827 စက်တင်ဘာလ 26 ရက်နေ့ မှာ ပခုက္ကူ သို့ ရောက်ခဲ့ ကြောင်း ၊ လူဦးရေများပြီး အရောင်းအ၀ယ် ကြီးကျယ်ဖြစ်တဲ့ နေရာဖြစ်ကြောင်း ၊ အိမ်ခြေ 500 နဲ့ 600 အကြားရှိနိုင်ကြောင်း ၊ ပခုက္ကူနဲ့ ပုခန်းကြီးဒေသဟာ အောက်မြန်မာပြည်နဲ့ အင်းဝ နေပြည်တော်အကြား နွေရာသီ ဧရာဝတီမြစ်ကြီး အတွင်း သွားလာရခက်ခဲတဲ့ အခါမျိုးမှာ ခရီးတစ်ထောင့် ရပ်နားပြီး ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာ နေရာလည်းဖြစ်ကြောင်း နဲ့ ကမ်းနားတစ်လျှောက်လုံးမှာ ဆိုက်ထားတဲ့ အရွယ် အမျိုးမျိုးနဲ့ လှေစင်းရေ 300 လောက်ရှိကြောင်း ကို သူတို့မှတ်တမ်းမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ် ။
ကျတော်လည်း ဒီဒေသနဲ့ ပက်သက်တဲ့ အကြောင်းလေးတွေကို တွေးရင်း ဆိုင်ကယ် တစ်စီးနဲ့ ကိုယ်တစ်ခါမှ မရောက်ဖူးသေးတဲ့ ပခုက္ကူနဲ့ ပုခန်းကြီး - ရေစကြို အကြား လမ်းလေးကို ဖြတ်မောင်းလာခဲ့ပါတယ် ။ ပတ်ဝန်းကျင်ရှုခင်းကောင်းလေးတွေ ၊ ထနောင်းပင်တန်း အကြားက လမ်းလေးတွေ ၊ နေကြာခင်းလေးတွေနဲ့ အဝေးက မြင်နေရတဲ့ ရှင်မတောင်ရှုခင်းတွေကိုပါမကျန် ဆိုင်ကယ်ကို ခဏရပ်နားပြီး ဓာတ်ပုံဆင်းရိုက်ရင်း ပုခန်းကြီးမြို့ ဟောင်းနယ်မြေထဲကို ရောက်လာမှန်းမသိ ရောက်လာခဲ့ပါတော့တယ် ။
ရွှင်လန်းချမ်းမြေ့ကြပါစေ ...
ရန်နောင်စိုး