မနက်ဖြန်စာမေးပွဲဖြေရမှာပါ။ မဖြေခင်စိတ်ထဲမှာ နင့်နင့်နဲနဲခံစားနေရတဲ့ theme လေးတစ်ခုရေးချင်လာလို့ပါ။
ဘင်္ဂလားဒေ့ရှ်ရဲ့ ရုပ်လုံးကတဖြည်းဖြည်း ကြွလာပါပြီ။ သတင်းမီဒီယာကနေ လှုံ့ဆော်မှု၊ နိုင်ငံရေးအရ တွန်းတိုက်မှုအပြင် အခုဆိုရင် ပြောင်ပြောင်တင်းတင်းပြောတဲ့အဆင့်ရောက်လာပါပြီ။ အဲ့ဒီအဆင့်အကုန်လုံးမှာ သူတို့ဟာ လူမျိုးရေးနဲ့ဘာသာရေးကို အပျော့ထည်ပါဝါ (soft power) အနေနဲ့သုံးစွဲခဲ့တာဖြစ်ပါတယ်။ သတိထားမိဖို့ခဲယဉ်းသလို တစ်ဖက်က လက်ဦးမှုရယူသွားရင် ပြန်တွန်းလှန်ဖို့လည်း မလွယ်တဲ့ ပါဝါဖြစ်ပါတယ်။ နောက်ထပ်လာမဲ့ soft power အနေနဲ့က မဟာမိတ်နိုင်ငံတွေကိုသုံးပြီးဖိအားပေးမှုနဲ့ စီးပွားရေးအရ အသာစီးယူမှုတို့ဖြစ်ပါတယ်။ ပထမနည်းလမ်းကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ ဖိအားပေးမှုများစွာကို အံတင်းခံလာခဲ့တဲ့နိုင်ငံဖြစ်တဲ့
အတွက် မှုစရာသိပ်မရှိပါဘူး။ နောက်တစ်ချက်ဖြစ်တဲ့ စီးပွားရေးနဲ့ပက်သက်လာရင် မြန်မာနိုင်ငံသားပိုင်လုပ်ငန်းတွေအနေနဲ့ သတိကောင်းကောင်းထားဖို့လိုပါတယ်။ အခုသုံးနေတဲ့ နည်းလမ်းနှစ်ခုကိုလည်း ကောင်းကောင်းတန်ပြန်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။
သိကြတဲ့အတိုင်း socio-economic (လူမှုစီးပွားရေး) ဟာမျက်မြင်တစ်ခုတည်းနဲ့ တွက်ချက်မှန်းဆလို့ရတာမဟုတ်ဘဲ လူထုရဲ့ လက်ရှိစီးပွားရေးအခြေအနေ၊ ပညာရေးရေချိန်နဲ့ အမျော်အမြင်တို့အပေါ်များစွာမှီတည်နေတာဖြစ်ပါတယ်။ လက်ရှိ ဘင်္ဂလားဒေ့ရှ်ဟာ သူ့စစ်ရေးအင်အား၊ နိုင်ငံရေးအင်အား နဲ့ မြန်မာကိုအနိုင်မယူနိုင်မှန်းကောင်းကောင်းသိထားပြီးဖြစ်ပါတယ်။ တစ်ဖက်က တောက်လျှောက်ဖိအားပေးနေပြီး တစ်ဖက်ကလည်း ကာလကြာရှည်စောင့်စိုင်းရင်း မြန်မာဘက်ကို ကောင်းကောင်းအသာစီးယူဖို့ကြိုးစားနေမယ် လို့မှန်းဆရပါတယ်။ မြန်မာနိုင်ငံ ပြန်လည်နိုးထပြီး အင်အားတောင့်တင်းသွားမှုက ဘင်္ဂလားအတွက်နောက်ဆုံးစနက်တံကို မီးရှို့လိုက်သလိုဖြစ်သွားစေနိုင်တာကို သူတို့နားလည်ပါတယ်။ မြန်မာအပေါ်အသာစီးရသွားရင် သူတို့အသက်ရှုချောင်သွားမှာဖြစ်ပြီး ဒီလိုမှမဖြစ်ခဲ့ဘူးဆိုရင် သူတို့နိုင်ငံရဲ့ လူဦးရေပေါက်ကွဲမှု၊ နှစ်စဉ်ကြုံနေကျသဘာဝဘေးတွေနဲ့ တစိမ့်စိမ့်ကြီးထွားလာတဲ့ ရှေးရိုးစွဲအစွန်းရောက်ဝါဒက ဘင်္ဂလားဒေ့ရှ်ကို failed state တစ်ခုဆီကို ဆွဲခေါ်သွားပါလိမ့်မယ်။
ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့ လက်ရှိဖြစ်နေတဲ့ပြသနာတွေကို ထဲထဲဝင်ဝင်နဲ့ အမျော်အမြင်ရှိရှိနားလည်မှသာ နောင်ဖြစ်လာမယ့် တိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ဆိုရင် တိုင်းပြည်ထဲက လက်ရှိအသက်ရှင်နေသေးတဲ့မျိုးဆက်တွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်အပြင် ပြည်တွင်းက သူ့ဖက်ယိမ်းတဲ့ လူတစ်စု (ဘာသာတစ်စုရဲ့တစိတ်တပိုင်း ကိုဆိုလိုချင်ပါတယ်) ထက် ပညာရေး၊ စီးပွားရေး မှာသာလွန်အောင်ကြိုးစားနိုင်ဖို့ လိုပါတယ်။) ဒါ့အပြင် အပြိုင်ပြေးရတဲ့ ပြိုင်ပွဲမှာ ကိုယ့်ဖက်ကလူငယ်တွေက သူတို့လူငယ်တွေထက် ပညာရေး၊ စီးပွားရေး၊ မျိုးချစ်စိတ်နဲ့ အသိဥာဏ်ပညာမှာ သာလွန်နေဖို့လိုပါတယ်။ ဒါမှ ရောက်လာတော့မယ့်အနာဂတ်မှာ စိတ်အေးရမှာပါ။ စိတ်မကောင်းစရာပါပဲ။။။။။
လက်ရှိ လူငယ်အများစုကိုဒီအမြင်နဲ့ကြည့်ရင် ရင်ဆို့လောက်ပါတယ်။ သူ့ဖက်ကလား ကိုယ့်ဖက်ကလား မသိနိုင်တော့တဲ့ မှိုင်းတွေကြားမှာ လူငယ်တွေမြုပ်နေခဲ့တာကြာပါပြီ။ ကိုယ့်နိုင်ငံကို အထင်မကြီးတဲ့ စကားလုံးတွေလည်း နားနဲ့မဆံ့အောင်ကြားခဲ့ဖူးပါပြီ။ ရုပ်ရှင်ရုံမှာ နိုင်ငံတော်သီချင်းလာတိုင်းထိုင်နေတတ်တဲ့သူတွေလည်း မမြင်ချင်အဆုံးပါ။ Do or Die ဆိုတဲ့အခြေအနေမှာ အများစုက ကိုယ်နဲ့မဆိုင်သလို အိပ်မောကျတာများပါတယ်။ နောက်ဆုံး သူတို့ကိုမြင်ရင်၊ သူတို့ပြောတာကြားရင်၊ သူတို့ခံယူချက်တွေ ဖျက်ခနဲမြင်လိုက်ရရင် ကျွန်တော်စိတ်ထဲမှာ တစ်ခုပဲနက်နက်နဲနဲ တွေးမိပါတယ်။
သူတို့ ဒီလို ခံယူတွေးခေါ်နေသရွေ့ ကျွန်တော်တို့ နှစ်ဆ (သို့မဟုတ်) သုံးဆ (သို့မဟုတ်)…. ထပ်ပိုးကြိုးစားရမယ်ဆိုတဲ့ ခံယူချက်ပါ။ ညီအကိုတွေရော ဘယ်လိုတွေးမိတုန်း?????
(စကားဝိုင်း အစပျိုးတာဖြစ်လို့ အချိန်ရရင် ၀င်မန့်သွားကြပါဦး။ ကျွန်တော့် နာမည်ကို credit မပေးဘူးဆိုရင် share လို့ရပါတယ်ခင်ည။ နာမည်နဲ့တော့ မ share ပါနဲ့။ စကားကြီး စကားကျယ်ပြောတယ်ထင်မှာစိုးလို့ပါ။