(တောင်ယာခင်း ဓာတ်ပုံအလွယ်တကူ မရှိပါသဖြင့် လယ်ကွင်းပုံကို သုံးလိုက်ရပါတယ်)
ငါ့ယာခင်းနဲ့
နှင်းစက်မြက်ဖျား ၊ ပေါင်းပင်ကြားမှာ
ထွန်သွားလေးနဲ့ ထွန်ချင်တယ်
မြေသားရဲရဲ ၊ ပန်းနှမ်းကြဲချင်တယ်
ကန်မြဲဇဂျန်းမှာ ပျော်ချင်တယ်
ချိုးကူသံကြား ၊ ငှက်ခါးတွန်သံ
စာတွေပျံတဲ့
သာလာယံမှာ အိပ်ချင်တယ်.....
နေ့လည်နေ့ခင်း ၊ ကျောလျားခင်းကာ
ထမင်းလုံးစီ ၊တစ်ရေးမှီပြီး
လက်ဘက်ရည်ဝိုင်း ၊သင်္ဂြီုဟ်ဝိုင်းမှာ
မိုင်းခိုင်းပိဋိကတ် ၊ စာတတ်လယ်တီ
တောမှီသစ်ချ ၊ပဏ္ဍိတတို့
ကျမ်းစတိုထွာ ၊ ငြင်းစရာကို
ရွက်ကာရွက်ကာ ၊ ဟန်ပါပါနှင့်
အဘိဓမ္မာပွဲ နွှဲချင်တယ်။
ညနေညိုတော့
ဆရာအိုရဲ့ ဘင်ဂျိုအတော
တယောဗုံသံ ညဉ့်ဥိးယံအထိ
နားခံကြည်နူး စိတ်ရွှင်မြူးပြီး
ဘုရားဖူးချိန် စိတ်ကိုငြိမ်တော့
ပိန်ဖောင်းမှတ်လို့ အိပ်ချင်တယ် ။
မနက်ခင်းတော့
ထမင်းကြမ်းခဲ လွေးမြဲအစာ
လွေးပြီးခါမှ
နွားပြာတစ်ရှဉ်း ထွန်တစ်စင်းနှင့်
ယာခင်းယာထွန် သွားချင်တယ် ။
ယခုအခါ ငါ့ရွာနှင့်ဝေး
ပြည်ပြေးတိုင်းခြား ငါရောက်သွားပေါ့
ငါ့ယာခင်းနဲ့
နှင်းစက်မြက်ဖျား ၊ ပေါင်းပင်ကြားမှာ
ထွန်သွားလေးနဲ့ ထွန်ချင်တယ်
မြေသားရဲရဲ ၊ ပန်းနှမ်းကြဲချင်တယ်
ကန်မြဲဇဂျန်းမှာ ပျော်ချင်တယ်
ချိုးကူသံကြား ၊ ငှက်ခါးတွန်သံ
စာတွေပျံတဲ့
သာလာယံမှာ အိပ်ချင်တယ်.....
နေ့လည်နေ့ခင်း ၊ ကျောလျားခင်းကာ
ထမင်းလုံးစီ ၊တစ်ရေးမှီပြီး
လက်ဘက်ရည်ဝိုင်း ၊သင်္ဂြီုဟ်ဝိုင်းမှာ
မိုင်းခိုင်းပိဋိကတ် ၊ စာတတ်လယ်တီ
တောမှီသစ်ချ ၊ပဏ္ဍိတတို့
ကျမ်းစတိုထွာ ၊ ငြင်းစရာကို
ရွက်ကာရွက်ကာ ၊ ဟန်ပါပါနှင့်
အဘိဓမ္မာပွဲ နွှဲချင်တယ်။
ညနေညိုတော့
ဆရာအိုရဲ့ ဘင်ဂျိုအတော
တယောဗုံသံ ညဉ့်ဥိးယံအထိ
နားခံကြည်နူး စိတ်ရွှင်မြူးပြီး
ဘုရားဖူးချိန် စိတ်ကိုငြိမ်တော့
ပိန်ဖောင်းမှတ်လို့ အိပ်ချင်တယ် ။
မနက်ခင်းတော့
ထမင်းကြမ်းခဲ လွေးမြဲအစာ
လွေးပြီးခါမှ
နွားပြာတစ်ရှဉ်း ထွန်တစ်စင်းနှင့်
ယာခင်းယာထွန် သွားချင်တယ် ။
ယခုအခါ ငါ့ရွာနှင့်ဝေး
ပြည်ပြေးတိုင်းခြား ငါရောက်သွားပေါ့
ဘာများတတ်နိုင်ပါမလဲ ကွယ်....
—တင်မိုး