Quantcast
Viewing all articles
Browse latest Browse all 1811

Brainwashing (သို့) ဦးနှောက်ကျင်းခြင်း ( ပထမပိုင်း )

by U U Mhaw Sayar (Notes) on Wednesday, November 7, 2012 at 7:41pm
… “ ဂျစ်ပဆီတွေဟာ ရာဇ၀တ်ကောင်တွေပဲလို့ ကောက်ချက်ချလိုက်တာနဲ့ ဂျစ်ပဆီမှန်ရင် ရာဇ၀တ်မှုကျူးလွန်မဲ့သူများလို့ ထင်သွားကြတာ …. ” 

Image may be NSFW.
Clik here to view.


Brainwashing ကို အင်္ဂလိပ်-မြန်မာ အဘိဓါန်မှာ ဦးနှောက်ကျင်းခြင်း ၊ ရှိရင်းစွဲ အတွေးအခေါ် အယူအဆတွေကို စွန့်လွတ်ဖယ်ရှားပြီး အခြားအယူအဆကို လက်ခံရန် အဓမ္မပြုကျင့်ခြင်း လို့ ဘာသာပြန်ထားတာ တွေ့ရပါတယ် ။ သဘောက လူတစ်ဦးရဲ့ ခေါင်းထဲက အတွေးဟောင်းတွေကို ဖယ်ထုတ်ပစ်ပြီး အယူသစ်တွေ ရိုက်သွင်းပေးလိုက်ခြင်းပဲ ဖြစ်ပါတယ် ။



လူတစ်ယောက်ရဲ့ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး အတွေးအခေါ်အယူအဆတွေကို ကပြောင်းကပြန် တနည်းအားဖြင့် ဆန့်ကျင်ဘက်ဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး ။ အဲဒီလိုဖြစ်သွားဖို့ အဲဒီလူရဲ့ နှလုံးသား နဲ့ ၀ိဥာဉ်အားအင်ကုန်ခမ်းပြီး သိမြင်နားလည်နိုင်တဲ့ စွမ်းအား နဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းအားတွေကို သုညဖြစ်သွားအောင် အရင်လုပ်ရမှာပါ ။

‘မင်း ဒီကိစ္စနဲ့ပက်သက်ပြီး ဘယ်လိုယုံကြည်နေသေးသလဲ’ လို့မေးရင် “ ကျွန်တော့်ခေါင်းထဲမှာ ဘာမှမရှိတော့ဘူး၊ ဘာမှ မယုံကြည်တော့ဘူး” လို့ပြောရတဲ့အဆင့်ထိရောက်အောင် အရင်အလုပ်ခံရပါတယ် ။ အဲဒီအခါကျမှ ‘ ကဲ ..ဒါဆို မင်းဒီလိုယုံကြည်ပေတော့ ’ လို့ ဆက်အပြောခံရပြီး နောက်ပြောတာတွေကို လိုက်မှတ်ရင်း မှတ်ရင်းနဲ့ သူတို့ပြောတာတွေကို တကယ်ယုံသွားရတဲ့ဘ၀ကို ရောက်သွားရခြင်းပဲ ဖြစ်ပါတယ် ။

Brainwash ဆိုတဲ့ ဦးနှောက်ကျင်းတဲ့အလုပ်ကို ရှေးပဝေသဏီကတည်းက လူတွေလုပ်ခဲ့ကြတာပါ ။ ရှေးအီဂျစ်နိုင်ငံ ဖာရိုဘုရင်တွေလက်ထက်ကတည်းက လုပ်ခဲ့ကြပါတယ် ။ လူတွေကို သွေးဆောင်ဖြားယောင်းပြီး ထုထည်ကြီးမားတဲ့ ပိရမစ်ကြီးတွေကို ဆောက်ခိုင်းခဲ့တာကို သမိုင်းသုတေသီတွေက  ထောက်ပြခဲ့ကြတာဖြစ်ပါတယ် ။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနိုင်ငံမှာလည်း လုပ်ခဲ့ကြတာပါပဲ ။ စစ်အေးခေတ်မှာလည်း အရှေ့အုပ်စု နဲ့ အနောက်အုပ်စု နှစ်စုလုံးက ဒီလိုလုပ်ခဲ့ကြပါတယ် ။ ကိုရီးယားစစ်ပွဲ (၁၉၅၀- ၅၃ ) အတွင်းမှာ တရုတ်အကျဉ်းထောင်များထဲမှာ ဖမ်းဆီးခံရတဲ့ အမေရိကန်စစ်သားတွေလည်း ဦးနှောက်အကျင်းခံခဲ့ရပါတယ်။  ဒီအကြောင်းနဲ့ပက်သက်ပြီး အမေရိကန်ဂျာနယ်လစ် “အက်ဒွပ် ဟန်တား” ရေးတဲ့ “ New Leader” ဆိုတဲ့ စာအုပ် ၁၉၅၀ ခုနှစ်မှာ ထွက်လာပြီးတဲ့နောက်ပိုင်းမှာမှ Brainwashing ဆိုတဲ့ ဝေါဟာရက ခေတ်စားလာခဲ့တာပါ ။ ဦးနှောက်အကျင်းခံရတာထက်စာရင် သေလိုက်တာကမှ သက်သာဦးမယ်လို့ ဒီစာအုပ်မှာ ဖေါ်ပြထားပါတယ် ။

ဒီနေရာမှာ ပြောစရာရှိတာက လူတစ်ယောက်ရဲ့ အတွေးအခေါ်အယူအဆတွေကို ကပြောင်းကပြန် ဆန့်ကျင်ဘက်ဖြစ်သွားအောင် ပြောင်းလဲပစ်လိုက်တာမျိုးကိုသာ ဦးနှောက်ကျင်းတယ်လို့ ခေါ်တာမဟုတ်ဘဲ  လူတစ်ယောက်ကို တစ်စုံတစ်ခုကို ယုံကြည်သွားအောင် ဆွဲဆောင်တိုက်တွန်းတာမျိုးကလည်း “brainwash” လုပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါ ပါတယ် ။ ဥပမာ အသစ်ပေါ်လာတဲ့ ပစ္စည်းတစ်ခုကို ၀ယ်သုံးချင်လာအောင် အတင်းတိုက်တွန်းပြီး ကြော်ငြာလွန်းမက ကြော်ငြာကြတော့ လူအများက ဟုတ်မှာပဲလို့ ယုံကြည်ပြီးဝယ်လိုက်မိတဲ့အခါမျိုးကို “brainwash” အလုပ်ခံလိုက်ရတယ်လို့ ပြောလေ့ရှိကြပါတယ် ။ အမှန်တကယ်လည်း ဒီနေ့ခေတ်မှာ ကြော်ငြာတွေ၊ မီဒီယာတွေ အလွန်အားကောင်းလာတဲ့အတွက် လူတွေလည်း အလွယ်တကူ ဦးနှောက်အကျင်းခံကြရလေ့ ရှိပါတယ် ။ လိုအပ်ချက်တွေအရ ၊ လုပ်ဆောင်ချက်တွေအရ ဦးနှောက်ကျင်းခြင်း ဒီဂရီကွာခြားတယ်လို့ ဆိုပါတော့ဗျာ ။

ဒီခေါင်းစဉ်က အလွန်ကျယ်ပြန့်တဲ့အတွက် အသေးစိတ်ဖေါ်ပြရင် စာရှည်ပြီး စာဖတ်သူများစိတ်ဝင်စားမှု လျော့နည်းနိုင်တာကြောင့် အတိုချုံးပြီး နားလည်ရလွယ်ကူအောင် ကျနော့်ရဲ့ အမြင်များကိုပါပေါင်းစပ်ပြီး အတတ်နိုင်ဆုံး ဖေါ်ပြပေးပါ့မယ် ။ ယေဘုယျအားဖြင့် ဦးနှောက်ကျင်းနည်း ၆ မျိုးရှိပါတယ် ။ ဒီနည်းတွေကတော့ စာသင်ကျောင်းတွေ ၊ စစ်တပ်တွေ ၊ ဘာသာရေးအစွန်းရောက်အဖွဲ့အစည်းတွေ ၊ တစ်ပါတီအာဏာရှင်စနစ် ၊ စစ်အာဏာရှင်စနစ်နဲ့ အုပ်စိုးတဲ့တိုင်းပြည်တွေ ၊ နိုင်ငံရေးခံယူချက်ကြောင့် အကျဉ်းကျနေသူတွေ၊ စစ်သုံ့ပန်းတွေကို ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းများဖြစ်ပါတယ် ။


ပထမဆုံးနည်းလမ်းကတော့ လိမ်ညာခြင်း ဖြစ်ပါတယ်။ ၁၄ ရာစုနှစ်က ဥရောပမှာ Black Death ဆိုတဲ့ ပလိပ်ရောဂါဆိုးကြီး ကျရောက်ခဲ့တယ် ။ ဥရောပမှာရှိတဲ့ လူဦးရေရဲ့တစ်ဝက်ကျော်ဟာ ဒီရောဂါကြောင့် သေခဲ့ရပါတယ် ။ အဲဒီအချိန်မှာ ဂျူးတွေက ရေတွင်းထဲကို အဆိပ်ခပ်လို့ ခုလိုဖြစ်ရတာဆိုတဲ့ ကောလဟာလသတင်း ထွက်ပေါ်လာပါတယ် ။ လူတွေဟာ အဲဒီအချိန်တုန်းက တစ်ရွာ နဲ့ တစ်ရွာ ကူးလူးဆက်ဆံမှု သိပ်မရှိကြသေးပါဘူး ။ ဒါကြောင့် ဒီသတင်း မှန် မမှန်မဆုံးဖြတ်နိုင်ဘဲ ယုံကြည်သွားကြတဲ့အတွက် လက်ရှိဘေးဒုက္ခကြီးထဲက ထွက်ပေါက်ရှာတဲ့အနေနဲ့ အကြမ်းဖက်ကြရာမှာ ဂျူးတွေ လူးလိမ့်ခံခဲ့ကြရပါတယ် ။

၈၈၈၈ အရေးအခင်းအတွင်း ဗကပတွေ မြို့ထဲဝင်ရောက်လာပြီဆိုတဲ့ ၀ါဒဖြန့်မှုနဲ့ လက်နက်မပါဘဲ ဆန္ဒပြနေသော ကျောင်းသားပြည်သူများကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းဖို့ ဒီနည်းလမ်းကိုအသုံးချပြီး စစ်တပ်ကိုခိုင်းခဲ့တာပါ ။

ဒီမှာသိသာတဲ့အချက်က ပတ်ဝန်းကျင်ဒေသများနှင့် ကူးလူးဆက်ဆံခွင့်မပြုဘဲ အဆက်အသွယ်ဖြတ်ပြီး သီးခြားခွဲထုတ်ခံထားတဲ့ဒေသတွေ၊ လူအုပ်စုတွေ (isolated area/community)မှာ အဓိကရုန်းဖန်တီးဖို့၊ ဦးနှောက်ကျင်းခံရဖို့ ပိုမိုလွယ်ကူတယ်ဆိုတာပါပဲ ။


ဒုတိယနည်းလမ်းက တိတိကျကျမဟုတ်ဘဲ ခြုံငုံကောက်ချက်ချခြင်း ဖြစ်ပါတယ် ။ ဥရောပမှာ ဂျစ်ပဆီတွေဟာ ရာဇ၀တ်ကောင်တွေပဲလို့ ကောက်ချက်ချလိုက်တာနဲ့ ဂျစ်ပဆီမှန်ရင် ရာဇ၀တ်မှုကျူးလွန်မဲ့သူများလို့ ထင်သွားကြတာမျိုးပါ ။ ဒါပေမဲ့ ဂရိနိုင်ငံမှာ စစ်တမ်းကောက်ယူလိုက်တဲ့အခါ ရာဇ၀တ်မှုကျူးလွန်သူတွေရဲ့ ၉၆ ရာခိုင်နှုန်းဟာ ဂရိတွေပဲဖြစ်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ အစွဲမချွတ်ဘဲ ထင်မြဲဆက်ထင်နေကြတော့ နေရာအတည်တကျမရှိ ရွှေ့ပြောင်းနေထိုင်လေ့ရှိပေမဲ့ အပြစ်မရှိတဲ့ ဂျစ်ပဆီတွေအတွက်ကတော့ နစ်နာကြရတာပေါ့ ။

ထို့အတူ ကမ္ဘာ့မီဒီယာစာမျက်နှာများပေါ်တွင် တွင်တွင်ကျယ်ကျယ်သုံးစွဲလာတဲ့ ၀ါဒဖြန့်စကားတစ်ခွန်းမှာ “မွတ်ဆလင်တိုင်းသည် အကြမ်းဖက်သမားများ မဟုတ်သော်လည်း အကြမ်းဖက်သမားတိုင်းသည် မွတ်ဆလင်များ ဖြစ်ကြသည်” ဆိုသော စကားဖြစ်ပါတယ် ။ အမှန်တကယ်တော့ ထိုအယူအဆအတွက် တိကျခိုင်လုံတဲ့ အထောက်အထားများ၊ စစ်တမ်းများ မရှိပါဘူး ။ အမေရိကန် အက်ဖ်ဘီအိုင်မှ တရားဝင်ထုတ်ပြန်သောစစ်တမ်းတစ်ခုတွင် ၁၉၈၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် ကျူးလွန်ခဲ့သော အကြမ်းဖက်မှုများအနက်  ၆% ကသာ အစ္စလာမ္မစ်အစွန်းရောက်များဖြစ်ပြီး ၊ ကျန်တဲ့ ၉၄%အနက် ၄၂%မှာ အမေရိကန်ဖွားလက်တင်လူမျိုးများ ၊ ၂၄% မှာ လက်ဝဲစွန်းေ၇ာက်များ ၊ ၇% မှာ ဂျူးအစွန်းရောက်များ ၊ ၅% မှာ ကွန်မြူနစ်များနှင့် ၁၆% မှာ ကျန်အစုအဖွဲ့များရဲ့ အကြမ်းဖက်မှုများသာ ဖြစ်ပါတယ် ။

ထို့အတူ ၂၀၀၈ ခုနှစ်ထိ ဥရောပတိုက်တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများနှင့်ပက်သက်သော စစ်တမ်းများကို ထုတ်ပြန်ရာ ၉၉.၆%က မွတ်ဆလင်မဟုတ်သော အခြားအစွန်းရောက်အဖွဲ့များရဲ့ လက်ချက်ဖြစ်နေပါတယ် ။ ထိုထဲတွင် ၈၄.၈% မှာ အစ္စလာမ်ဘာသာဝင်များနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသော ခွဲထွက်ရေးသမား များကြောင့်ဖြစ်ရတဲ့ အကြမ်းဖက်မှုများဖြစ်ပါတယ် ။ လက်ဝဲစွန်းရောက်ဝါဒီများ၏ အကြမ်းဖက်မှုများကလည်း အစ္စလာမ္မစ်အစွန်းရောက်သမားများထက် ၁၆ ဆ ပိုမိုဖြစ်ပွားခဲ့ပြီး ၊ မွတ်ဆလင်အစွန်းရောက်အကြမ်းဖက်မှုမှာ ဖြစ်စဉ်အားလုံး၏ ၀.၄%သာရှိတယ်လို့ သိရပါတယ် ။ သို့သော်လည်း ဒီလိုတိကျခိုင်လုံတဲ့ တရားဝင်စစ်တမ်းများရှိနေသော်လည်း မိမိဦးနှောက်ထဲဝင်ရောက်ပြီးသား အစွဲတစ်ခုကို ဆက်လက်ကိုင်စွဲ ထားခြင်းကြောင့် အကြမ်းဖက်မှုများနဲ့ မည်သို့မျှမသက်ဆိုင်သော ကမ္ဘာအနှံ့မှ အစ္စလာမ်ဘာသာဝင်များ နစ်နာကြရပါတယ်။   


တတိယနည်းလမ်းက လွှဲချခြင်း (သို့) ထိုးကျွေးခြင်းပါ။ ကိုယ်ပြစ်မှုကျူးလွန်တာကို လူတွေ သံသယမရှိအောင် အများသံသယရှိလောက်တဲ့ အခြေအနေမျိုးရှိသူတစ်ဦးဦးကို တရားခံအဖြစ် ကင်ပွန်းတပ်ပေးလိုက်ခြင်းကို ဆိုလိုပါတယ် ။ ဒါကို လူတွေ ယုံကြည်သွားတဲ့အတွက် အမှန်တကယ်ပြစ်မှုမကျူးလွန်ပဲနဲ့ ထောင်ထဲရောက်သွားရတဲ့ လူတွေလည်း အတော်များများ ရှိခဲ့ပါတယ် ။ ထိုနည်းလမ်းကို အဓိကရုန်းများဖန်တီးရာတွင်လည်း မရိုးတမ်း အသုံးပြုလေ့ရှိပါတယ် ။ လူအများစုရဲ့စိတ်ထဲမှာဖြစ်လေ့ရှိတဲ့ တဖက်သားအပေါ်  အထင်အမြင်သေးတဲ့စိတ်၊ သံသယစိတ် ကို အသုံးချတာလို့ပဲ မြင်ပါတယ်။ တော်တော်လေး ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ ။

၂၀၁၁ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ အစိုးရရုံးများ တည်ရှိရာအနီးတွင် ကားဗုံးဖောက်ခွဲခဲ့ရာ လူ ၈ ဦးသေဆုံးခဲ့သည်။ ထို့နောက် ယူတိုရာ (Utoya) ကျွန်းသို့သွားရောက်ကာ လူငယ်အများအပြား ပါဝင်သော လူအုပ်စုအား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ၆၉ ဦးသေဆုံးခဲ့သည်။ လက်ယာစွန်းရောက်အမျိုးသားရေးဝါဒီ အန်းဒရက်စ် ဘရီဗစ်ခ် ဆိုသူ တစ်ဦးတည်းက ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီပြဿနာစဖြစ်ဖြစ်ခြင်း သတင်းကြေငြာခဲ့ရာမှာ “အယ်လ်ကေဒါရဲ့ လက်ချက်နဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားတယ်” လို့ ကြေငြာခဲ့တာကို ပြန်အမှတ်ရမိပါသေးတယ်။

မြန်မာပြည်တစ်နေရာရာမှာ ဗုံးကွဲမှုဖြစ်ပြီဆိုတာနဲ့ ဘာစုံစမ်းစစ်ဆေးမှုမှ မလုပ်သေးခင် သတင်းစာထဲမှာ KNU ၊ KIA ၊ ABFDS ကွန်မြူနစ် ဗကပ စတဲ့အဖွဲ့အစည်း တစ်ခုခုရဲ့လက်ချက်အဖြစ် ကြေငြာခဲ့တာတွေဟာလည်း ဒီအချက်ထဲမှာ အကြုံးဝင်ပါတယ် ။


ဒုတိယပိုင်း ဆက်လက်ဖတ်ရှုရန် …

https://www.facebook.com/notes/u-u-mhaw-sayar/brainwashing-%E1%80%9E%E1%80%AD%E1%80%AF%E1%82%94-%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%82%8F%E1%80%BD%E1%80%AC%E1%80%80%E1%80%B9%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-/410729098998290


ဦးဦး မှော်ဆရာ 

(၁၁-၉-၂၀၁၂)



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>