Quantcast
Viewing all articles
Browse latest Browse all 1811
ပုံရိပ်ကောင်းတွေရဲ့  နောက်မှာ.......
by Pyay Chit Thu (Notes) on Wednesday, April 17, 2013 at 2:08pm
သင်္ကြန်ပွဲတော်ကြီး အေးချမ်းအောင်မြင်စွာ စည်စည်ကားကား ပြီးသွားခဲ့ပါပြီ။  Acid Acid ဆိုတဲ့အသံတွေ လွင့်အောင်ပျံ့ အောင်  ကြိုပမ်းသူတို့ က ကြိုးပမ်းကြသော်လည်း  ပြည်သူတွေက ဒီတစ်ခါလည်း ကောလဟာလ ဆိုတာကြီးကို  ရင်ဆိုင် အနိုင်ယူ နိုင်ခဲ့ကြပါတယ်။ သင်္ကြန်ဆိုတာက လူမျိုးရဲ့ ဘာသာရဲ့ အခမ်းအနားဆိုတာထက်  မြန်မာပြည်ဆိုတာရဲ့ အမှတ်သင်္ကေတမျိုးပါ။  လူမျိုးအားလုံး ၊ ဘာသာအားလုံး အတူတူယှဉ်တွဲပြီး ပျော်ရွှင်ကြတဲ့ပွဲပါ။ မည်သည့်ဘာသာဝင်မဆို ပျော်ရွှင်ကြတဲ့ ပွဲပါ။
အမုန်းတရားများတိုးပွားစေတာထက်  အခုလို  အေးချမ်းပျော်ရွှင်စွာ အတူနေထိုင်ရတာကို ဗုဒ္ဓဘာသာဝင်တွေရော ၊ အစ္စလမ်ဘာသာဝင်တွေပါ  တန်ဖိုးထားတတ်စေချင်ပါတယ်။သူများတွေအပြင်က မြှေက်ပေးတိုင်း  လိုက်ပြီးသွေးမကြွပဲ  ဌာနေတွေပီပီ ကိုယ့်တိုင်းပြည် အရေးပဲဆိုပြီး သတိကြီးကြီးထားပြီး  အမြဲစဉ်းစားပေးကြပါ။
ဗုဒ္ဓဘာသာဝင်တို့ ကလည်း  သံသယ မလွန်ကဲပဲ  အရာရာကို တုန့် ပြန်မှုမလွန်ကဲအောင်၊  အတူနေလာကြတဲ့ တစ်ပြည်တည်းသား  လူအဟောင်းများကို  ထပ်မံဝင်ရောက်ဖို့ ကြိုးစားနေကြတဲ့ လူအဟောင်းတွေနဲ့  ကွဲပြားစွာ မြင်တတ်အောင်  ကြည့်ပေးကြပါ။ ဘာသာတူရုံနဲ့  မိတ်ဆွေမဟုတ်နိုင်သလို၊ ဘာသာကွဲရုံနဲ့ လည်း  ရန်သူမဟုတ်နိုင်တာကို သတိပြုပေးကြပါ။
ကမ္ဘာ့သြဇာ အလွှမ်းမိုးဆုံးသူက ဒေါ်စုဖြစ်တော့လည်း ကောင်းတာပါပဲ။ ဖြစ်နိုင်ရင်တော့လည်း ကမ္ဘာကို လွှမ်းနိုင်တာထက် မြန်မာစစ်အာဏာရှင်တွေကိုပါ  သြဇာလွှမ်းမိုးနိုင်ရင် ပိုကောင်းမှာပဲလို့ လည့်း တွေးမိပါတယ်။ သူ့ ရဲ့ ကြီးမားလှတဲ့  သြဇာအရည်အချင်းကို  ကျွန်တော်တို့  နိုင်ငံအတွက် ထိထိရောက်ရောက် အသုံးချပေးနိုင်ပါစေလို့ လည်း ဆုတောင်းရပါတယ်။
ကမ္ဘာအလည်မှာ မျက်နှာငယ်ရလွန်းတော့ ၊ မျက်နှာပန်းမလှလွန်းတော့ ကိုယ့်နိုင်ငံလေး လူသိမယ့်အရေးဆို နန်းခင်ဇေယျာနဲ့ ပဲသိသိ၊ ဘောလုံးသမားနဲ့ ပဲသိသိပါ။ ပြည်သူတွေ မှာ အဲဒီလို ဆန္ဒသေးသေးလေးတွေ ပြည့်ဖို့ အရေးတောင် ဘယ်လောက် ငတ်မွတ်လိုလားစွာ  အားထုတ်ကြိုးပမ်းကြရှာလည်း ဆိုတာကို  အာဏာရှင်ဟောင်း/ သစ်တွေ နည်းနည်းလေးဖြစ်ဖြစ် သိမယ်ဆိုရင်တောင် တိုင်းပြည်ကို ခင်ဗျားတို့  ဒီလောက်ဖျက်ဆီးရက်မယ် မထင်ဘူး။
ဒါပေမယ့်လည်း  ဒေါ်စုတစ်ယောက်တည်းကြောင့် မြန်မာဆိုတာကို သိတာထက် နိုင်ငံကိုသိစေဖို့  မျှော်လင့်ချင်မိတာ၊ တော်တဲ့လူတွေ စုနေစေချင်မိတာ၊ သြဇာအာဏာမရှိရင်တောင်၊ အကြွေးပတ်လည်ဝိုင်းပြီး ၊ ချေးပါ ငှားပါ တစာစာနဲ့  မတောင်းရတဲ့ ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်တဲ့ နိုင်ငံဖြစ်ချင်တာ၊ ကမ္ဘာအလည်မှာ သိက္ခာမရှိနိုင်ရင်တောင်မှ အမြဲတော့ သိက္ခာမဲ့နေရတဲ့ နိုင်ငံ အဖြစ်က  လွတ်မြောက်ချင်တာ၊  ပညာဖြင့် အသက်မွေးနိုင်တဲ့သူတွေ ပေါပေါများများ ပေါ်ထွက်သော တိုင်းပြည် ဖြစ်ချင်တာ၊  အဲဒီလို နိုင်ငံ၊ အဲဒီလိုတိုင်းပြည်အဖြစ်  လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ထက်ပိုပြီးတော့  ကမ္ဘာက သိစေချင်ပါတယ်။
အဲဒီဆန္ဒကတော့ လောဘကြီးရာ ၊ မတန်တရာ တောင့်တတာ ၊ စိတ်ကူးယဉ်ရာ၊ မှားယွင်းရာ ၊ မဖြစ်နိုင်တာကိုမှ လိုချင်ရာတော့ မကျဘူး မဟုတ်လားဗျာ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာတို့  ၊ တန်ဖိုးတို့ ၊ ပုံရိပ်ကောင်းတို့ ကို ကျွန်တော်တို့  ပြည်သူတွေဘယ်လောက်တောင်မှ   ငတ်မွတ်တောင့်တစွာ ကြိုးပမ်းချင်နေကြတာ ၊ လိုချင်မက်မော ကြရှာတာတွေကို  စစ်အာဏာရှင် ဟောင်း/သစ် ကြီးတွေ သိစေချင်လိုက်တာ။ခင်ျေားတို့  ဖျက်ဆီးခဲ့သမျှ ပြည်သူကတော့ တစ်နိုင်တစ်ပိုင် ဆယ်နေကြရပါတယ်။        ။
                                                                                            ပြည်ချစ်သူ
                                                                                            17.4.2013
Viewing all articles
Browse latest Browse all 1811
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...