Quantcast
Viewing all articles
Browse latest Browse all 1811

နှုတ်မိန့်ဖြင့် ညွှန်ကြားမှုများသည် တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပြောကြား

ဧပြီ ၁၀ ရက်က UMFCCI တွင် ပြုလုပ်သော တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေ ထွက်ပေါ်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် စီးပွားရေး လုပ်ငန်းရှင်များက ကြိုဆိုနေကြစဉ်
ယနေ့ခေတ်ကာလနှင့် လျော်ညီမှု မရှိတော့သည့် ဆိုရှယ်လစ်ခေတ်၊ န၀တခေတ်နှင့် နအဖခေတ်များတွင် ပြ ဋ္ဌာန်းခဲ့ပြီး အဆိုပါ ခေတ်များ၏ အကျိုးစီးပွား ကာကွယ်နိုင်ရေး ရေးဆွဲခဲ့သည့် ဥပဒေများ၊ အမိန့်ညွှန် ကြား ချက် များကို ပယ်ဖျက်ရန် လိုအပ်နေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဧပြီ ၁၀ ရက် က ပြောသည်။
တင်းကျပ်လွန်းသည့် ဥပဒေများ ရှိနေသည့်အတွက် ပြည်သူများ လိုက်နာနိုင်စေရန် ဖြေလျှော့ ခိုင်းသော် လည်း ပိုမိုတင်းကျပ်သွားစေသည့် ပြင်ဆင်မှုများလည်း ရှိနေကြောင်း သူရဦးရွှေမန်းက ဆိုသည် . . .
အဆိုပါ ဥပဒေများ၊ အမိန့်ကြော်ငြာစာများအပြင် လက်ရှိခေတ်တွင် ကျင့်သုံးနေသည့် ဥပဒေများ အမိန့်ေ ကြာ်ငြာ စာများမှာ အမှန်တကယ် အသုံးဝင်မှု ရှိနေသော်လည်း ချောင်ထိုးထားပြီး နှုတ်မိန့်ဖြင့် ညွှန်ကြားေ နမှု များမှာလည်း တရားဥပဒေ စိုးမိုးရေးအား ပျက်ပြားစေနိုင်သည့် ကိစ္စရပ်များသာဖြစ်ကြောင်း သူရ ဦးရွှေမန်း က ဆက်လက်ပြောသည်။
"ဆိုရှယ်လစ်ခေတ်၊ န၀တ၊ နအဖခေတ်တွေမှာ အဲ့ဒီခေတ်တွေရဲ့ အကျိုးစီးပွား ကာကွယ်နိုင်ဖို့ ပြဋ္ဌာန်းခဲ့တဲ့ ဥ ပဒေတွေ ရှိတယ်။ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ကြော်ငြာစာတွေ ရှိတယ်။ ဒါတွေကို ပယ်ဖျက် သင့် တာတွေကို ပယ်ဖျက်ဖို့ စီစဉ်ရမယ်။ မပယ်ဖျက်သင့်ဘဲ ပယ်ဖျက်မိတာမျိုး မဖြစ်အောင်လည်း တတ် သိနား လည်တဲ့ ဥပဒေပညာရှင်တွေ ပါဝင်ဆွေးနွေးဖို့ လိုပါတယ်" ဟု ဆိုသည်။
"၁၈၀၅ ခုနှစ်လောက်က ပြဋ္ဌာန်းခဲ့တဲ့ ကျေးရွာမြို့ပြ ဥပဒေဆိုရင် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကမှ ဖျက်သိမ်းနိုင် တယ်။ ဒီလိုမျိုး ဥပဒေတွေက အများကြီး ရှိနေပါတယ်။ တချို့ ဥပဒေတွေဆိုရင် အင်္ဂလိပ်လို ပြဋ္ဌာန်းထား တယ်။ မြန်မာနိုင်ငံရဲ့ ရုံးသုံးဘာသာစကားက မြန်မာစာလေ။ ပြီးတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို မသိ လို့ပါ ငြင်းခွင့် မရှိဘူး။ ဒီလိုမျိုးဖြစ်နေတဲ့ ဥပဒေတွေလည်း အများကြီး ရှိနေပါတယ်" ဟု သူရဦးရွှေမန်းက ဆို သည်။
ယင်းအပြင် တင်းကျပ်လွန်းသည့် ဥပဒေများ ရှိနေသည့်အတွက် ပြည်သူများ လိုက်နာနိုင်စေရန် ဖြေလျှော့ ခိုင်းသော် လည်း ပိုမိုတင်းကျပ်သွားစေသည့် ပြင်ဆင်မှုများလည်း ရှိနေကြောင်း သူရဦးရွှေမန်းက ဆိုသည်။
"တင်းကျပ်လွန်းလို့ ဖြေလျှော့ခိုင်းကာမှ ပိုတင်းကျပ်သွားတာတွေလည်း ရှိတယ်" ဟု သူရဦးရွှေမန်းက ပြော သည်။
မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေများအား ပယ်ဖျက်သင့် မသင့် သုံးသပ်မည် ဆိုပါက အခါ အားလျော် စွာ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာများကိုပါ ထည့်သွင်းသုံးသပ်ရန် လိုအပ်ကြောင်း တောင်သူလယ် သမား အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ကာလကြာရှည်စွာ ပျောက်ကွယ်နေခဲ့သော တရားဥပဒေ စိုးမိုးရေး ပြန်လည်ပေါ်ပေါက် လာရန် အတွက် လက်ရှိ တရားဥပဒေများသည် အများပြည်သူနှင့် လိုက်လျောညီထွေဖြစ်ရန် လို အပ်ကြောင်း လည်း အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင် ဦးတင်မောင်သန်းက တရား ဥပဒေ စိုးမိုးရေးဆိုင်ရာ ပညာပေး ဆွေးနွေးပွဲတွင် တရားဝင် ပြောကြားခဲ့သည်။
လွတ်လပ်ရေးခေတ်မှ စတင်၍ ယနေ့ ပြည်ထောင်စုလွှတ်တော်ခေတ်တွင် ၂၀၁၂ ခုနှစ် ဧပြီလအထိ မြန် မာနိုင် ငံ တွင် ပြဋ္ဌာန်းခဲ့ဖူးသော ဥပဒေ ၁၃၈၂ ခုရှိပြီး လက်ရှိလည်ပတ်နေသည့် ဥပဒေ ၈၃၄ ခု ရှိနေကြောင်း ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော် မရှင် အဖွဲ့ဝင် ဦးသန်းမောင် (စစ်တွေ)၏ ၂၀၁၂ ခုနှစ် ဧပြီလအထိ ပြုစုထားသည့် မြန်မာနိုင်ငံ၏ ခေတ်အ လိုက် ဥပဒေများ စာရင်းချုပ်အရ သိရသည်။
မြန်မာနိုင်ငံ၏ ခေတ်အလိုက် ဥပဒေများ စာရင်းချုပ် (၂၀၁၂ ဧပြီလအထိ)ကာလ ပြဋ္ဌာန်းဥပဒေ ရုပ်သိမ်း ဥပဒေ လက်ကျန်ဥပဒေ မူရင်းဥပဒေ ပြင်ဆင်ချက်ဥပဒေ
၁။ လွတ်လပ်ရေးအကြိုနှင့်ပါလီမန်ခေတ် 
Myanmar Codes ၁၃ တွဲ ၄၃၅ ၂၃၂ ၂၀၃ ၂၀၃* -
၁.၁.၁၉၅၅ မှ ၁.၃.၁၉၆၂ အထိ ၃၃၄ ၁၇၁ ၁၆၃ ၅၄ ၁၀၉
၂။ တော်လှန်ရေးကောင်စီခေတ် 
၂.၃.၁၉၆၂ မှ၁.၃.၁၉၇၄ အထိ ၁၈၂ ၇၉ ၁၀၃ ၇၃ ၃၀
၃။ ပြည်သူ့လွှတ်တော်ခေတ် 
၂.၃.၁၉၇၄ မှ ၁၇.၉.၁၉၈၈ အထိ ၁၂၅ ၄၂ ၈၃ ၅၉ ၂၄
၎။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေး အစိုးရခေတ် 
၁၈.၉.၁၉၈၈ မှ ၁၄.၁၁.၁၉၉၇ အထိ ၁၃၉ ၁၈ ၁၂၁ ၈၂ ၃၉
၅။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးအစိုးရခေတ် 
၁၅.၁၁.၁၉၉၇ မှ ၃၀.၃.၂၀၁၁အထိ ၁၄၁ ၆ ၁၃၅ ၉၂ ၄၃
၆။ ပြည်ထောင်စုလွှတ်တော်ခေတ် 
၃၁.၃.၂၀၁၁ မှ ၂၆ - ၂၆ ၁၅ ၁၁
စုစုပေါင်း ၁၃၈၂ ၅၄၈ ၈၃၄ ၅၇၈ ၂၅၆
* မှတ်ချက်။ ။ အိန္ဒိယ အက်ဥပဒေ ၁၁၇ ခု တည်ဆဲဥပဒေ စာရင်းတွင် ပါဆဲဖြစ်သည်။
Eleven Media Group

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>