Quantcast
Viewing all articles
Browse latest Browse all 1811

ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ...



ပြည်ထောင်စုစိတ်ဓါတ်လို့ဆိုလိုက်တာနဲ့ လူတွေပြေးမြင်တာက ရုပ်မြင်သံကြားတွေမှာ တိုင်းရင်းသားဝတ်စုံတွေဝတ်ပြီးကနေတဲ့ အစိုးရရဲ့ ၀ါဒဖြန့် ပေါ်လစီတစ်ခုပါထင်တတ် ကြတယ။် မြန်မာပြည်မငြိမ်းချမ်းတာဟာတကယ်တော့ပြည်ထောင်စုစိတ်ဓါတ်ရဲ့ အဓိပ္ပါယ် အနှစ်သာရကို မသိရှိမလိုက်နာမလေ့ကျင့်ကြလို့ပါပဲ ။


 ပြည်ထောင်စုစိတ်ဓါတ်ဆိုတာ လွယ်လွယ် ဥပမာပေးရရင် မိသားစုစိတ်ဓါတ်ပါ မြန်မာပြည်ကြီး မိသားစုတွေရဲ့အိမ်ကြီး ပေါ့။ အရင်တုန်းကရှိခဲ့တဲ့ရာဇ၀င်တွေ ဘုရင်ခေတ် စော်ပွားခေတ်တွေ အကြောင်းပြန်ပြောရင် ဆုံးမယ်မထင်ဘူး ။လွတ်လပ်ရေးရပြီး နောက် အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးရခဲ့တဲ့ နယ်နမိတ် နိုင်ငံတကာက အသိအမှတ်ပြုတဲ့ နယ်နမိတ် ထဲကမြန်မာနိုင်ငံသားတွေ လှေတစ် စီးတည်းမှာစီးမိနေကြပါပြီ။ ငါ့နေရာအောက် ငါအပေါက်ဖေါက်တာ မင်းအပူပါလားဆိုပြီး လုပ်ခဲ့ကြလို့လည်း တိုင်းပြည်အောက်တန်းနောက်တန်းကျခံရပါပြီ။ (စစ်အစိုးရ အသုံးမကျတာ ကသပ်သပ)် အချင်းချင်းချနေကြလို့တိုက်ရိုက်ဆိုးကျိုးရော သွယ်ဝိုက်ဆိုးကျိုးရော ခံစားခဲ့ ရပြီးပါပြီ နောင်တရဖို့ အချိန်တန်ပါပြီ။ 

မိသားစုစိတ်ဓါတ်ဆိုတာ အေးအတူပူအမျှ သာတူညီမျှစိတ်ကို ဆိုလိုတာပါ။ ငါးကျည်းရတော့ အတူတူ ငါးခူရတော့ ခွဲခြမ်းခွဲခြမ်းလုပ်လို့ မရဘူးပေါ့ ။ ဒီနေရာမှာနည်းနည်းရှုပ်ထွေးမှု ရှိတတ်ပါတယ် သာတူညီမျှကို အဓိပ္ပါယ်ဖွင့်ဆိုတာပါ။ နိုင်ငံနှင့်ချီတဲ့ကိစ္စတွေမှာ  ရှုပ်ထွေးတတ်ပါတယ်။ အိမ်ထောင်စုတစ်ခုမှာပဲကြည့်ပါ သားအကြီးဆုံး တက္ကသိုလ်ကျောင်းသားနှင့် သားအငယ် မူလတန်းကျောင်းသားကျောင်းစားရိတ်မတူတာ တွက်ကပ်လို့မရသလို အထွေးဆုံးလေးနေမကောင်းဖြစ်လို့ ကုလိုက်ရတာ အကြီးဆုံးကောင် ကျောင်းထွက်ရဖို့လည်းဖြစ်သွားနိုင်ပါတယ် ။ ဒီလိုကိစ္စတွေမှာ ကိတ်မုန့် လှီးပြီးဝေ သလိုလုပ်လို့ မဖြစ်နိုင်ပါဘူး မိဘလုပ်သူက အပိုင်းလိုက် စီမံခန့်ခွဲပြီး မျက်နှာလိုက်သလိုမဖြစ်၇အောင် အလှည့်ကျစီမံခန့်ခွဲသွားလို့ တစ်ယောက်နှင့်တစ်ယောက်တွက်ကပ်စရာမလို ပြေလည်သွားမှာပါ ဆန္ဒ မစောဖို့တော့လိုပါတယ်။

မြန်မာပြည်ငြိမ်းချမ်းရေးမရသေးတာ တိုင်းရင်းသားအခွင့်အရေးတွေ တန်းတူမရလို့ သယံဇာ တခွဲဝေမှုတွေမမျှတလို့ဆိုတာတွေ အမြဲကြားနေရပါတယ်။ တကယ်ပဲဟုတ်မဟုတ်ဆန်းစစ်ရန် လိုလာပါပြီ။ တကယ်တန်းဆန်းစစ် မယ် ဆိုFB မှာတက်တက်လာတဲ့ ဘယ်သူကဘယ် လောက်ချမ်းသာတာ ဘယ်ဘဏ်မှာဘာတွေအပ်ထားတာတွေမျိုး နှင့်ဆွေးနွေးရင် ကလေး တွေးတွေဖြစ်နေမှာပါ။ အစိုးရဆီမှာကိန်းဂဏန်းတွေရှိပါတယ်။ နှစ်စဉ်အမျိုးသားစီမံကိန်း ကထုတ်ဝေသောအစီရင်ခံစာတွေ ရှိပါတယ်။ ဒီနေရာမှာပြောစရာရှိပါတယ် အစိုးရကို အယုံအကြည်မရှိဘူး ဒီကိန်းဂဏန်းတွေကအလိမ်အညာတွေ ပါပြောချင်ပြောနိုင်တယ် ။ဒီကိန်း ဂဏန်းတွေကလည်း သိပ်တိကျတယ်လို့ အတင်းမယုံခိုင်းပါဘူး။ဒါပေမယ့် မြေပြင်အခြေအနေ ကိုသူတို့လှစ်လျူရှုပြီး ရေးလို့ပြလို့ မရကြောင်းပါ။

ဓါတ်ငွေ့ထွက်တဲ့ဘီလီယံနှင့်ချီသောပိုက်ဆံတွေ ဦးသန်းရွှေ ဘဏ်စာရင်းထဲရောက်သွားတယ်ဆိုတဲ့အပြောမျိုး ကအစိုးရယန္တယားရဲ့လည်ပတ်ပုံ ငွေကြေးစီမံခန့်ခွဲပုံကိုမလေ့လာမတီးခေါက်ပဲ ပညာရှင်မဆန်ပြောတဲ့စကားပါ။
ဒီလိုပြောလို့ လူကြီးတွေ လုံးဝလာဘ်မစားဘူးပြောတာမဟုတ်ပါ။ သူတို့ လာဘ်စား ပါတယ် ပြောချင်တာက ရရှိတဲ့ ၀င်ငွေတွေတစ်ဝက်လောက်စားပြစ်တယ်လို့ပြောနေတာကို ထောက်ပြ တာပါ။ နောက်ကြုံကြိုက်ရင် ဘယ်လိုနည်းလမ်းတွေသုံးပြီး လာဘ်စားကြတယ်ဆိုတာရေးပြပါ့မယ်။ နည်းပေးလမ်းပြလုပ်တယ်တော့ မပြောကြနဲ့ပေါ့။

တချို့ဌာနတွေမှာ လာဘ်စားစရာ ပရောဂျက်က မကျနိုင်လို့ ကိုယ့်ငွေစိုက်လုပ်ပြီးနောက်မှ ထုတ်ယူတာတွေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာနတွေမှာ သုံးနှစ်စာလောက် ဘတ်ဂျက် အကြွေးတင်အောင်
(အစိုးရထံမှငွေတွေချေးပြီး)်ပရောဂျက်တွေအားကြိုးမန်တက်လုပ် ခဲ့တဲ့ကာလတွေ ရှိခဲ့ပါတယ် ။ များများလုပ်မှ များများခိုးကိုး ။ ဒါပေမယ့် အလုံးစုံဘုံးလို့တော့ မရဘူး။ ရာနှုန်းတစ်ခုတော့ ခိုးတယ်ပေါ။့ အခွန်ဌာနလိုနေရာကတော့ တစ်ဝက်ကျော်လောက်အိပ်ထဲထည့် လို့ပြုတ်ပါတယ် သိပ်တန်တာပေါ့ ။ အပြင်မှာကုမ္ပဏီထောင်လို့ရပြီလေ။

ပြောရင်းနဲ့လမ်းကြောင်းလွဲကုန်မှာစိုးတယ် ။ တိုင်းရင်းသားတွေ မကြေလည်တဲ တန်းတူညီမျှ ရေးဆိုတာဘာလဲ?  ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာတွေဘာလဲ? သယံဇာတ ခွဲဝေခံစားခွင့်ဆိုတာတွေကို ပွင့်လင်းမြင်သာစားပွဲပေါ်တင်ပြီး ဆွေးနွေးသင့်နေပါပြီ။ ဒီလိုဆွေးနွေးလိုက်ရင် အဖြေတစ် ခုတော့ရလာလိမ့်မယ်။ အစိုးရကတကယ်ပဲစီမံခန့်ခွဲမှုအားနည်းပြီး မျက်နှာလိုက်နေသလား တိုင်းရင်းသားတွေကပဲ မဖြစ်နိုင်တာတွေစိတ်ကူးယဉ်နေသလား … ဒါမှမဟုတ်တချို့ ကိစ္စတွေမှာ ရှင်းမပြလို့ အထင်တွေလွဲနေတာလား နောက်နောင် တိုင်းဒေသကြီးတွေကိုလျော့ပေးနေတဲ့ ဖြေလျော့မှု အာဏာခွဲဝေမှုအောက်မှာ အကြုံးဝင်သွားမလား  ကွဲပြားသွားမှာပါ။

ကိန်းဂဏန်းတွေနှင့်ဆွေးနွေးတာဟာထိရောက်ပါတယ် ကိန်းဂဏန်းတွေဘယ်လောက် မတိကျဘူးဆိုဆို ၁၀၀% လွဲတာမရှိပါ +/- လွဲရင် ၁၀% ပါ ဒီလိုသာဆွေးနွေးလိုက်ရင် လူပြိန်းတွေပြောပြောနေတဲ့ကောလဟဠ တွေကျေပျက်သွားလောက်ပါတယ်။ 

သယံဇာတခွဲဝေရေးနှင့်ပတ်သတ်လို့  ဥပမာတချို့လည်းဆွေးနွေးချင်ပါတယ်။ ကချင်ပြည်နယ်က ကျောက်စိမ်းကို ကချင်တွေသာခံစားခွင့်ရှိတယ်လို့ ယုံကြည်ကြပါတယ်။ယေဘုယျမှန်ပါ တယ်။ ခုလက်ရှိရော ဘယ်သူတွေရနေလည်း ဆန်းစစ်ကြည့်ရမယ်။ ကချင်လူမျိုးပိုင်ကုမ္ပဏီ ငြိမ်းချမ်းရေးအဖွဲပိုင် ကျောက်တွင်း ကစုစုပေါင်းလေးပုံတစ်ပုံလောက်ရှိပါတယ်။  တရုတ်လူမျိုးပိုင်က တစ်ဝက်ပါ။ ဗမာနှင့်အခြားကပြည်မကလူတွေပိုင်တာ လေးပုံတစ်ပုံပါ။ သိပ်တော့မမျှ ပါဘူး။ ဒါပေမယ့် အားလုံးအချုပ်ကို အစိုးရကပြန်ကိုင်ထားပါတယ်။  ဒါကတော့အခွန်အခတွေနှင့် နိုင်ငံတော်နှင့်အကျိုးတူလုပ်ငန်းတွေက ၀င်ငွေ ၆၀% ကိုအသားတင်ပြန်ရပါတယ် ဒါတွေက တိုင်းပြည်၏ ဘုံဘတ်ဂျက်ကိုဝင်တာပါ။ ကချင်ပြည်နယ်အတွက် သုံးသောတည်ဆောက်ရေး ကျန်းမာရေးအားလုံးမှာ ကချင်လူမျိုး တိုင်းညီတူညီမျှ ခံစားခွင့်ရပါတယ် ။ ဒီဝင်ငွေနှင့် ကချင် ပြည်နယ် အတွက်နှစ်စဉ်သုံးတဲ့အသုံးစားရိတ် ၀န်ထမ်းလခကအစ စစ်သားတွေ လခ အထိ တွက်ပြီးနှိုင်းယှဉ်ရပါမယ် ဒါမှ ကိန်းဂဏန်းနှင့်ပြောရာရောက်မှာပါ။ 

ဒီနေရာမှာကွာခြားတယ် (သို့) မမျှတဘူးဆိုကြပါဆို့ ဘာလုပ်ကြမလဲ။ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်တွေလက်ထဲကိုရောက်တဲ့ ကျောက်တွင်းတွေရဲ့ အကျိုးသက်ရောက်မှုတွေက ကချင်ပြည်သူတွေဆီ ရောက်သလားလည်း ထပ်ဆန်းစစ်ရတော့မှာပါ ။ မရောက်ဖို့များပါတယ် လူတစ်စုပဲရမှာပါ။ ဒီမှာဘာကိုတွေ့ရလဲဆိုတော့ ကချင်တွေလက်သယံဇာတရောက်အောင် အားလုံးလွှတ်ပေးတာထက် အလေအလွင့်နည်းနည်းနှင့် အစိုးရလက်ထဲကိုပိုရောက်အောင် လုပ်ပြီး အစိုးရထံကနေ ကချင်ပြည်နယ်အတွက် ပိုသုံးရန် တောင်းဆိုတာကသာလျှင် ကချင် ပြည်သူအားလုံးညီတူညီမျှရစေမယ်။ ရတဲ့ငွေကို အစိုးရမစွက်ဖက်စေပဲ ပြည်နယ်အစိုးရက သာသုံးနိုင်ရင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ပါရသွားတဲ့သဘော သက်ရောက်ပါတယ်။

အခြားသောပြည်နယ်တိုင်းတွေမှာလည်းထိုနည်းတူပါပဲ။ ဒီမှာပြောစရာရှိတာက အချို့တိုင်းရင်း သားညီအစ်ကိုတွေနေရာက လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ၀င်ငွေထွက်ငွေမမျှကြပါဘူး ၀င်ငွေထွက်ငွေမျှဦးတော့ တိုးတက်ဖို့တည်ဆောက်ရေး ကျန်းမာရေးပညာရေးများ ငွေပြန်မရ နိုင်တဲ့လုပ်ငန်းတွေ အတွက်စိုက်ထုတ်သုံးစွဲရန်လိုနေပါတယ် ။ ဒီနေရာမှာတစ်ကိုယ်ကောင်း စိတ်မွေးသူရှိရင်တော့ ပြဿနာရှည်နိုင်ပါတယ်။ 

အမေရိကန်လိုနိုင်ငံမျိုးမှာ ကိုယ်ပိုင်သီးခြားရပ်တည်နိုင်သော ပြည်နယ်တွေအများကြီးရှိပါတယ်။ ဒါပေမယ့် အလာစကာလို တိုင်းပြည်နှင့်တဆက်တည်းမရှိတဲ့နေရာ၊ ဟာဝိုင်အီလိုကျွန်းမျိုးတောင် အလွတ်မှမပေးတာ။ မြန်မာပြည်မှာ ကိုယ်ပိုင်သီးခြားရပ်တည်စွမ်းတဲ့ လူမျိုး ပြည်နယ်မမြင်မိပါ ဘူး။ အားလုံးအန္တရာယ်တွေ ၀ိုင်းနေတာနဲ့ လိုအပ်ချက်မပြည့်စုံတာနှင့် ချည်းပါဘဲ။ တကယ်မှာက တိုင်းရင်းသားအချင်းချင်းတွက်ကပ် ကြလို့ ပြိုကွဲသွားမယ့် ဒုက္ခ တွေတွေးကြည့်ပါ။ ကချင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည် က ကလေးတွေ ပင်လယ် ဘယ်မြင်ဖူးတော့မလဲ။ ဆားလိုဟာမျိုး အခွန်ကောက် ရင်ဘယ်သူနာမလဲ ငါးကိုဈေးကြီးပေးဝယ်စားနေရမယ် ချင်းပြည်ကလူ တွေနိုင်ငံခြားသွား ချင်ရင် အိန္ဒိယ မှာလေယာဉ်ပျံသွားစီးကြပေါ့။ ဒီလိုတွေ ကမောက်ကမဖြစ်မှာကိုမတွေးမိတာလား … မာနတွေက လက်ရှိအခြေအနေကို မမြင်နိုင်လောက်အောင် လွှမ်းမိုးနေတာလား .. သိသိကြီးနဲ့ တိုင်းရင်းသားခေါင်းဆောင်လို့ခံယူပြီး လမ်းလွဲတွေဦးဆောင်မှုပေး ပြီးကိုယ်ကျိုး ရှာနေလား … ကာယကံရှင်တွေအသိဆုံးပါဗျာ။


ပြောရင်စွတ်စွဲတယ်ဖြစ်မယ်။ ကျွန်တော်က ရှမ်းတိုင်းရင်းသားပါ ဦးလေးအရင်းက ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ပါ လိုအပ်ရင်နာ မည်ပြောပြနိုင်ပါတယ်။



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>