Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

လူကိုပြောင်းနိုင်ပေမဲ့ Principle ကိုမပြောင်းနိုင်

$
0
0
Lay Lwin's photo.
အပိုင်း (၂၁)

လူကိုပြောင်းနိုင်ပေမဲ့ Principle ကိုမပြောင်းနိုင်။

ကျနော် ကွန်မြူနစ်မဟုတ်သလို ဆိုရှယ်လစ်လည်းမဟုတ်၊ နိုင်ငံရေးသမားလည်းမ ဟုတ်ပါ။ သို့ပေတဲ့ - ဟိုးအရင်ကနေ၊ အခုထိ လျှော့ဆင်းမသွားတဲ့ ဆင်းရဲနိမ့်ကျ လူ တန်းစားတွေများပြားလာတာကို မြင်ရတိုင်း စိတ်မသက်သာခံစားရပါတယ်။ ဒါက လည်း -တောမှာမွေးခဲ့တဲ့တောသားတယောက်မို့ဖြစ်နိုင်ပါတယ်။ထားပါတော့။


ငယ်ငယ်ကျောင်းသားဘ၀တုန်းက ကြားဘူးနားဝနဲ့အားကျခဲ့ရတဲ့တော်လှန်ရေး သမားတွေရှိပါတယ်။ ပထမဆုံးကတော့ ကျနော်တို့ရဲ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း။ နောက်တယောက်က အာဂျင်တီးနားနိုင်ငံဖွား “ချေဂွေဗား ရား”(Che Guevara) ။ ပြီးတော့မှ ကျူးဘားသမ္မတ “ဖီဒယ်လ်ကာ့စ်ထရို”( Fidel Castro)၊ ပါလက်စတိုင်းခေါင်းဆောင် “ယာဆာ အာရာဖတ်” (Yasar Arafat)၊ နဲ့ နောက်ဆုံး လူမဲတော်လှန်ရေးသမား တောင်အာဖရိကနိုင်ငံခေါင်းဆောင်“နယ်လ် ဆင်မင်ဒဲလား”(Nelson Mandela)၊ အစဉ်အလိုက်ပေါ့။

သူတို.ရဲ့နိုင်ငံရေးမူဝါဒတွေကိုသဘောကျလို့မဟုတ်ပါဘူး။ ဆင်းရဲနိမ့်ကျတဲ့လူတန်း စားတွေ ဘက်မှာထာဝရရပ်တည်ပြီး ကိုယ်ယုံကြည်ရာကို ရည်မှန်းချက် မပြောင်းမ လဲ၊ တသက်လုံးစွဲမြဲစွာလုပ်ကိုင် သွားလို့ပါ။ အဲဒါဟာလူတယောက်ရဲ့တန်ဘိုး၊ လူ တယောက်ရဲ့“Principle”လို့ထင်ပါတယ်။

ချေ(Che)က အာဂျင်တီးနားဖွားဆိုပေမဲ့ ၁၉၆၀-၇၀ ပြည့်လွန်နှစ်တွေမှာကျူးဘားနဲ့ ဘိုလီးဗီးယားအစရှိတဲ့ တောင်အမေရိကဘက်မှာလှုပ်ရှားခဲ့တဲ့တော်လှန်ရေးသမား။ နိမ့်ကျသူလူတန်းစားဘက်ကအမြဲတမ်းရပ်တည် ပေးခဲ့သူ။ ၆၇-ခုနှစ်မြန်မာပြည်မှာ တရုပ်အရေးအခင်းဖြစ်တော့ ကျနော်သူ့ဓာတ်ပုံ Sticker ပါတဲ့ တီရှပ်ကိုဝတ်ပြီးေ မမြို့ တခွင်သောင်းကျန်းခဲ့ဘူးသေးတယ်(အဲ့တုန်းက-ကျနော်က ၁၀-တန်းကျောင်း သား၊ ဘာနိုင်ငံရေးမှမသိ၊ ဘာမူဝါဒမှမသိ။ တရုပ်ရဲ့ပြည်တွင်းရေးဝင်ရောက် စွက် ဖက်မှုကိုမခံချင်လို့ဝင်ပါခဲ့ရတာ)။

ချေ(Che)လည်းဗိုလ်ချုပ်အောင်ဆန်းလိုဘဲ အသက်ငယ်ငယ် ၃၉-နှစ်မှာကျဆုံးသွားခဲ့ တယ် (အာဏာရှင်ဘိုလီးဗီးယား အစိုးရရဲ့Firing Squad နဲ့သေဒါဏ်ပေး ခံခဲ့ရ တာပေါ့)။ သူမရှိတဲ့နောက်ပိုင်းသူ့စိတ်ဓာတ်ကို အဲ့အချိန် က Music Band တွေ ဖြစ်တဲ့ Boney M တို့၊ Bob Marleyတို့ကတဆင့်ခံစားခဲ့ပါသေးတယ်(အခုထိလည်း ကားထဲမှာBob Marleyရဲ့ Raggae Music CD ရှိသေးတယ်)

ဖီဒယ်လ်ကာ့စ်ထရို၊ ယာဆာအာရာဖတ်၊ နယ်လ်ဆင်မန်ဒဲလားတို့ဆိုလို့ သူတို့နဲ့ ဆက်စပ်ပြီးဆုံဆည်း ခဲ့ရတဲ့ အတွေ့အကြုံတခုရှိပါတယ်။၁၉၉၈ခုနှစ်၊ ကျေ နာ် ဟောင်ကောင်မှာ ကောင်စစ်ဝန်ချုပ်တာဝန်ထမ်းဆောင်ချိန် တောင်အာဖရိကနိုင်ငံ၊ Durban မြို့မှာပြုလုပ်တဲ့ 13th Non-Aligned Movement (NAM) Conference ကိုသွားရောက်တက်ခဲ့ပါတယ် (နိုင်ငံခြားရေးဝန်ကြီး ဦးအုံးဂျော်ခေါင်းဆောင်တဲ့အ ဖွဲ့ နဲ့ပါ)။ NAM စတင်ဖွဲ့စည်းခဲ့တဲ့ Founder Countries ၅ နိုင်ငံထဲမှာ မြန်မာလည်း ပါသမို့၊ အခမ်းအနားရဲ့ရှေ့ဆုံးတန်း နောက်တည့်တည့်၊ ဒုတိယတန်းမှာနေရာရပါ တယ်။ တက်ရောက်တဲ့နိုင်ငပေါင်းံ ၁၃၀ လောက်ရှိပေမဲ့ (ဧည့်သည်တွေများပေမဲ့) စစ်အစိုးရလက်ထက်ဆိုတော့ လာရောက်နှုတ်ဆက်သူသိပ်မရှိလှပါဘူး။ နောက်ပြီး ဘက်မလိုက်လို့သာဆိုတယ် အာဖရိကအုပ်စု၊ အာရှအုပ်စု၊အရှေ.အလယ်ပိုင်းအုပ်စု နဲ့ကွဲနေလိုက်ကြတာများ။

မှတ်သားစရာတချို့ရှိပါသေးတယ်။ ကျနော်တို့မြန်မာအဖွဲ့ကိုလုံခြုံရေးတာဝန်ယူပေး မဲ့ ဗိုလ်မှူးကြီးအဆင့်အရာရှိနှစ်ယောက်က တောင်အာဖရိကတပ်မတော်၊ အမြောက် တပ်ကဖြစ်ပြီး အရပ် ၆ ပေကျော်ရှည်ကြပါတယ်။ မြန်မာအဖွဲ့တည်းခိုတဲ့ဟော်တယ် ကိုရောက်ရောက်ချင်း သူတို့လာရောက်မိတ်ဆက်သတင်းပို့ကြပါတယ်။ ကြည့်ရတာ Very Impressive။ မျက်နှာဖြူလူမျိုး၊ Beret ဦးထုတ်အနီဆောင်းထားပြီး Baton ဒုတ်တွေ၊ သေနတ်တွေ၊ ဆက်သွယ်ရေးစက်တွေခါးမှာချိတ်ထားလို့ ဗလတောင့်ေ တာ င့်ခန့်ခန့်တွေမို့ ကြည့်လို့လည်းအတော်ကောင်းပါ့။ တော်ရုံအကြမ်းဖက်သမား ဆိုလက်နက်မလို၊သူတို့လက်သီးတချက်စာ မိယုံနဲ့တင် ဖြုံဖျားသွားလောက်ပါတယ်။

ဒါပေမဲ့ဗျာ၊ နောက်တနေ့မနက် ထပ်ရောက်လာတော့ ဒီနှစ်ယောက်စလုံး မျောက်ေ သပါးရိုက်ခံရတဲ့မျက်နှာလို မှုံကုပ်ကုပ်နဲ့။ ခါးမှာလည်း ဘာပစ္စည်း၊ ဘာသေနတ်မှပါ မလာလို့မေးကြည့်လိုက်တော့၊ ညတုန်းက သူတို့နေတဲ့အဆောင်ထဲကို လူမဲသူခိုး ၀င်မွှေသွားတာမို့ သေနတ်တွေ၊ စက်တွေရော၊ ခါးပတ်တွေ၊ တခြားပစ္စည်းတွေရော အားလုံးပါသွားဆိုဘဲဗျာ။ ဒါကြောင့် နောက်ထပ်နှစ်ယောက်နဲ့လူစား လဲမည့်အေ ကြာင်း လာပြောရတာပါတဲ့(အံ့ဘွယ်ကောင်းလေစွ)။ အော်ဖြစ်မှဖြစ်ရလေ။ ဟိုတေ လာကလည်း သူတို့ သံချပ်ကာတပ်ရင်းထဲက သံချပ်ကာကားတစီးအခိုးခံရတာ အခုထိပြန်မရသေးဘူးတဲ့လေ( မိုက်ပ-ချက်ကြီးရာလို့ သာအော်လိုက်ချင်တော့တယ်)။

နောက်ထပ်မှတ်သားစရာကတော့၊ Conference ကျင်းပတဲ့ ၄ ရက်တာကာလ အ တွင်း ဗုံးအကြိမ်(၁၄၀) ကျော်ကွဲခဲ့သလို ကျနော်စီးမဲ့ မာစီဒီးကားအောက်မှာ ချိန် ကိုက်ဗုံး ၄ လုံးတွဲထောင်ထားတာ၊ ကံကောင်းလို့ ဗုံးရှာစစ်ခွေး အနံ့ခံကောင်းပေလို့ သာပေါ့။(နို့မို့ရင် လျှာတစောင်းကိုက်ပြန်လညရမယ်)

တခြားမှတ်သားစရာအနေနဲ့ကတော့ ပထမနေ့ နေ့လည်စာစားပြီးလို့ Conference Hall ကိုတယောက်ထဲ လမ်းလျှောက်ပြန်အလာ၊ မြန်မာ/နိုင်ငံခြားသားရောရာလူ ၁၂ ယောက်လောက်တအုပ်စု ဆိုင်းဘုတ်တွေကိုင်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ ကိုဆန္ဒပြနေတာတွေ့လို့ မေးကြည့်ခွင့်တောင်းပြီးကျနော်ပါ ၀င်ပြီးအပျင်းပြေ ၀င် ဆန္ဒပြကြည့်ခဲ့တယ်လေ။(----- ကျဆုံးပါစေတို့၊ စစ်အစိုးရအလိုမရှိတို့ဘာတို့ပေါ့။ ဒါမျိုးတွေကျနော်လည်းတတ်ပါတယ်)။ သူတို့မသိလိုက်ပါဘူး(နေ့တွက်ပိုက်ဆံလည်း တပြားမှမရခဲ့ပါဘူး)။
Lay Lwin's photo.
ပြန်ဆက်ရရင် Conference Day ရောက်တဲ့အခါ၊ နိုင်ငံတခုချင်းစီရဲ့ ခေါင်းဆောင်ေ တွ အလှည့်ကျမိန့်ခွန်းချွေကြပါတယ်။ပြောပြီးတဲ့ခေါင်းဆောင်ကကျနော်တို့ရှေ့တည့် တည့်လှေကားကနေဆင်းကြရပါတယ်။ ဒီလိုနဲ့ ပါလက်စတိုင်း ခေါင်းဆောင်ယာဆာ အာရာဖတ်ကြီး(Yasar Arafat) အလှည့်ရောက်လို့ Stage ပေါ်မှာ ဒေါကြီးမောကြီး အာဘောင်အာရင်းသန် သန်ပြောတဲ့အခါ ခမ်းမတခုလုံးလက်ခုတ်သံတဖြောင်းေ ဖြာင်းအားပေးကြပါတယ်။ သူ့အလှည့်ပြီးလို့ဆင်းလဲဆင်းလာရော ကျနော်က ထိုင် ရာကပြေးထွက်ပြီး “ Congratulation Your Excellency, I am from Myanmar ”လို့ပြောရင်းလက်ဆွဲနှုတ်ဆက်လိုက်တဲ့အခါ သူက “ Thank you . How do you know me?” လို့ပြန်မေးပါတယ်။ ကျနော်ကလည်း “ Ofcourse, I know you since I was very young and very long time ago. But not in person, just your esteemed Leadership, Courage and your Patriotism , Sir” လို့ပြောလိုက် တဲ့အခါ သူအတော်ကြီးကျေနပ်သွားခဲ့ပါတယ်။
Lay Lwin's photo.
ဒီအတိုင်းဘဲ ကျူးဘားနိုင်ငံခေါင်းဆောင်ကြီး ဖီးယ်လ်ကတ်စ်ထရို(Fidel Castro) မိန်.ခွန်းပြောအပြီးမှာလည်းပြေးထွက်နှုတ်ဆက်ခဲ့ပြန်ပါတယ်။ သူပြောတဲ့ စပိန် ဘာ သာစကားကို ကျနော်သိပ်နားမလည်ပေမဲ့ ကျနော်ပြောတဲ့ အင်္ဂလိပ်စကားကိုတော့ သူကောင်းကောင်းနားလည်ပုံရပါတယ်။ စစ်ယူနီဖောင်းဝတ်ထားတဲ့သူ့ခန္ဓာကိုယ် အကြီးကြီးနဲ့ပွေ့ဖက်ရင်းကျေးဇူးတင်ကြောင်း အခါခါပြောပါတယ်။ ကျနော်ရဲ့လုပ်ေ ဆာင်သမျှကို နခဌ၀န်ကြီးကကြည့်နေပေမဲ့ ဘာမှတော့မပြောပါဘူး။ ထိန်းမနိုင်တဲ့ အတူ ဘေးမဲ့လွှတ်ထားလိုက်ပုံရပါတယ်။(ညနေပိုင်း စားကြသောက်ကြတော့ အဲဒီအတိုင်းပြောပါတယ်)

ပထမနေ့မှာ Non Nuclear Proliferation Session ကိုဆက်တက်ကာ ကုန်ဆုံးခဲ့ ပါ တယ်။ဒုတိယနေ့ ညနေပိုင်းအခမ်းအနားအပိတ်မိန့်ခွန်းပြောအပြီး Stage ခုံပေါ် ကနေ ထော့နင်းပြန်ဆင်းလာတဲ့ တောင်အာဖရိကနိုင်ငံခေါင်းဆောင် မစ္စတာနယ်လ် ဆင်မင်ဒဲလား( Nelson Mandela)ကိုခါတိုင်းလိုတွဲခေါ်နေကျသူ့ဇနီး(ကွယ်လွန် သွားတဲ့ ဇိုင်ယာနိုင်ငံသမ္မတရဲ့ဇနီးလည်းဖြစ်သူ)လာတွဲတာမတွေ့လို့ အနီးဆုံးမှာ ရှိနေတဲ့ ကျနော်ကဘဲ စင်အဆင်းလှေခါးထိပ်ကစောင့်လို့ တွဲပြီးခေါ်ဆင်းပေးခဲ့ပါ တယ်။
Lay Lwin's photo.
စင်အောက်ရောက်တော့ ထုံးစံအတိုင်းဘဲ ကျနော်က အခုလိုNAM အခမ်း အနား ကြီးအောင်မြင်စွာကျင်းပပြီးစီးခဲ့တာမို့ ဂုဏ်ယူဝမ်းမြောက်ကြောင်းနှုတ်ခွန်း ဆက်တဲ့ အခါ သူကအသေအချာစေ့စေ့ပြန်ကြည့်ပြီး သူလည်းအင်မတန် ၀မ်းသာေ ကြာင်း၊ အခုလိုတွဲခေါ်တဲ့အတွက်ကျေးဇူးလည်းတင်ကြောင်း၊ မင်းကလူငယ်သံတမန်ဖြစ် တာမို့ မှတ်မိလွယ်တဲ့အတွက် မြန်မာနိုင်ငံကမင်းကို ငါမှတ်ထားပြီးဖြစ်ကြောင်း၊ေ နာင်(၃) နှစ်နေလို့ ဗီယက်နမ်နိုင်ငံမှာ NAM ညီလာခံ နောက်တကြိမ် ကျင်းပတဲ့အခါ မင်းနဲ့ပြန်လည်ဆုံချင်ပါသေးတယ်၊ အကယ်၍ငါမမှတ်မိရင်တောင် မင်းကစ, လာပြီးနှုတ် ဆက်ပေးပါနော-လို့မှာကြားခဲ့ပါသဗျာ။(NAM အစည်းအဝေးက ၃ နှစ်တကြိမ်ကျင်းပလေ့ရှိပါတယ်)။ ဒီလိုနဲ့အစည်းအဝေးပြီးဆုံးသွားခဲ့ပါတယ်။

တကယ်တမ်းကျတော့ ၁၉၉၉ခုနှစ်မှာ ကျနော်တာဝန်ကနေအငြိမ်းစားယူခဲ့တဲ့အ တွက် သူနဲ့ထပ်မဆုံရတော့ပါဘူး။ မစ္စတာ အာယာဖတ်လည်း ၂၀၀၄ ခုနှစ်လောက် မှာ ကွယ်လွန်ခဲ့သလို ကာစ်ထရိုကြီးလည်းကွယ်လွန်ခဲ့ပါပြီ။
Lay Lwin's photo.
ဘာဘဲဖြစ်ဖြစ် သူတို့တွေရဲ့နောက်မှာ လူထုတွေရှိနေတာဟာ သူတို့ရဲ့ယုံကြည်ချက် တရပ်ကိုသက်ဆုံးတိုင်မယိုင်မလွဲကိုင်စွဲသွားလို့သာဖြစ်ပါတယ်။ အဲသလိုသူများ အပေါ်လေးစားတတ်သူမို့ ကျနော်ကိုယ်တိုင်လည်း သူတို့လို Own Principle တရပ်ကိုသက်ဆုံးတိုင်ကိုင်စွဲသွားမှာပါ။ လူကိုပြောင်းလို့ရနိုင်မှာဖြစ်ပေမဲ့ ယုံကြည် ချက်ကိုတော့ အထိမခံ(တနည်း)မပြောင်းနိုင်ပါကြောင်းဗျား။

(ဗဟုသုတရစေရန်သာ)

(လေးစားစွာဖြင့် - လေးလွင်)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>