Quantcast
Viewing all articles
Browse latest Browse all 1811

ဆက်သွယ်ရေး သည်အသက်သွေးကြော

၁၉၈၄ခုနှစ်Iတပ်မ(၇၇)နည်းဗျူဟာ
စခန်းထိုင်တဲ့ရှမ်းပြည်နယ်တောင်ပိုင်းကျေးသီးမြို့မြောက်ဘက်ဝမ်ဝရွာ
ကျော်ပြီးပိန်းဆိုင်ချောင်းဖြတ်တာ
နဲ့မန်လျှိုမန်နောင်မိုင်းလာဂွင်လို့ခေါ်တဲ့တန့်ယန်းမိုင်းကောင်တောင်ဖက်
အစပ်နယ်မြေကိုရောက်ပါတယ်။

SSAစိုင်းလိတ်(ကုလား)ရဲ့မန်ပန်းရွာကြီးရှိတဲ့နယ်မြေဖြစ်ပါတယ်။ ရှမ်းမြှောက်ရမခတပ်တွေနဲ့
တောင်ပိုင်းတပ်မ(၇၇)တပ်တွေရဲ့နယ်စပ်ဖြစ်လို့
ဗကပSSAတို့အခိုင်အမာစခန်းပုန်းတွေနဲ့ခိုလှုံရာနယ်မြေဖြစ်ပါတယ်။တပ်မ(၇၇)တပ်
်တွေလည်းအမြဲမဝင်ဘဲအလစ်အငိုက်
်ဝင်လိုက်ထွက်လိုက်လုပ်တာများပါတယ်။

်
ကျွန်တော်တို့တပ်ခွဲမန်လျှိုမန်နောင်
ဂွင်ထဲတစ်လလောက်ဝင်လှုပ်ရှားပြီးကျေးသီးဘက်ပြန်အထွက်မှာမန်လျှိုမန်နောင်ဂွင်ထဲက
စခန်းပုန်းတွေအတိုက်ခံရIလူလက်နက်ဆုံးရှုံးခဲ့ရတာ
တွေအတွက်ပြန်ပညာပေးဖို့SSAတပ်ဖွဲ့ဟာကျေးသီးဘက်ခြမ်းပိန်းဆိုင်
်ချောင်းဖက်ကမ်းကအပိုင်လာစောင့်
့်နေပါတယ်။
သာမန်အားဖြင့်ပိန်းဆိုင်ချောင်းကျော်
်ပြီးတာနဲ့ ကျေးသီးဘက်ခြမ်းဟာ လုံခြုံစိတ်ချရတဲ့နေရာအဖြစ်သဘောထားကြပါတယ်။ကျွန်တော်တို့တပ်
်တွေလည်းမန်လျှိုမန်နောင်ဘက်
်ခြမ်းအဝင်ပိန်းဆိုင်ချောင်းအကူးကိုသာအထူးဂရုစိုက်ကူးလေ့ရှိပြီးပြန်
်အထွက်မှာတော့ပုံမှန်ပဲဖြတ်ကူးလေ့
ရှိပါတယ်။
ပိန်းဆိုင်ချောင်းဟာမိုးတွင်းမှာရေနက်ပြီးရေစီးသန်လွန်းလို့ဖြတ်ကူးစရာ
ကြိုးတံတားလေးရှိတဲ့တစ်နေရာကပဲကူးရပါတယ်။တစ်ယောက်ချင်းသာကူးနိုင်တဲ့
တံတားကျဉ်းလေးဖြစ်ပါတယ်။

တံတားကူးပြီးတာနဲ့အပြန်
ခရီးမိမိနယ်မြေထဲရောက်ပြီဖြစ်လို့ ပုံမှန်ပဲစုရုံးနှစ်စိတ်ဘယ်ညာဖြန့်အ
သင့်နေရာယူထားပြီးပွိုင့်တပ်စိတ်ကိုကူးစေပါတယ်။ရန်သူ့ဂွင်ထဲဝင်သလို
တစ်ဖက်ကမ်းမှာရန်သူစောင့်နေတာရှိမရှိအချိန်ယူမလေ့လာတော့ဘဲတပ်ခွဲတစ်ခွဲလုံး
မမှောင်ခင်တံတား
ဖြတ်ပြီးဖို့နဲ့ကျေးသီးကိုညစောစော
ရောက်ဖို့သာအာရုံရှိနေပါတယ်။

ဒီအချိန်မှာ ကျေးသီးဗျုဟာမှုး
ဟာသတင်းရပြီးဖြစ်လို့အနီးဆုံး
ရှိတဲ့ဗျူဟာအရန်တပ်ခွဲကိုကျေးသီးအမြန်ပြန်ဆွဲခေါ်ပြီးကျေးသီးရောက်
တာနဲ့ကားနဲ့ ရောက်နိုင်သလောက်
ပို့ ဖို့ စီစဉ်နေပေမယ့် အချိန်မှီဖို့ ခက်
တယ်ဆိုတာသူသိနေပါတယ်။အဓိက
ပြသနာကကျွန်တော်တို့တပ်ခွဲနဲ့စက်အဆက်အသွယ်မရတာပါဘဲ။
ပုံမှန်လှပ်ရှားသွားလာချိန်မှာနှစ်နာရီတစ်ကြိမ်အဆက်အသွယ်ယူလေ့
ရှိပေမယ့်မန်လျှိုမန်နောင်ဂွင်အတွင်း ကွန်မင်ဒိုပုံစံလှုပ်ရှားနေရလို့စက်ပိတ်ထားတတ်ပြီ့းစက်အဆက်
်အသွယ်ပုံမှန်ယူတဲ့အကျင့်ပျက်နေပါတယ်။ဗျူဟာမှုးကိုယ်တိုင်ကလည်း
ကျွန်တော်တို့တပ်ခွဲအဆင်ပြေချိန်မှ
ှဝင်ဆက်သွယ်တာမျိုးကိုခွင့်ပြုပေးထားပါတယ်။

နောက်ဆုံးအဆက်အသွယ်ယူခဲ့တာကထူးခြားမှုမရှိရင်နောက်ထပ်စက်အဆက်အသွယ်
မယူတော့ဘဲကျေးသီးအထိဝင်တော့မယ်လို့ဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ရှိသမျှစက်တွေအားလုံးကျွန်
်တော်တို့စက်ကိုဝိုင်းခေါ်နေပေမယ့်မရတော့ပါဘူး။

ရှေ့ပြေးပွိုင့်တပ်စိတ်တပ်သားအတာလွင်ကရှေ့ဆုံးကစကူးပြီးတံတားအလယ်မရောက်ခင်
တပ်သားကြီးညိုလိုက်ကူးပါတယ်။အတာလွင်တံတားအလယ်ကျော်ပြီးကြီးညိုတံတားလယ်အရောက်မှာ
အသင့်စောင့်နေတဲ့SSAတပ်ဖွဲ့တွေစပစ်ပါတော့တယ်။တပ်သားအတာလွင်ဟာစုပြုံပစ်တဲ့
ကျည်တွေထိမှန်လို့တံတားပေါ်က
နေချောင်းထဲပြုတ်ကျသွားပြီး
ကြီးညိုကတော့တံတားအလယ်မှာ
မှောက်နေပါတယ်။နှစ်ဘက်စလုံးပြန်အလှန်ဆယ်မိနစ်လောက်အပြင်းအထန်
ပစ်ကြပြီးSSAတပ်ဖွဲ့တွေဆုတ်
ခွာသွားပါတယ်။တပ်သားကြီးညိုဒဏ်ရာတွေရပေမယ့်အသက်
အန္တရယ်မစိုးရိမ်ရလို့ကံကောင်းပါတယ်။သေချင်ယောင်ဆောင်ပြီး
မှောက်နေခဲ့လို့လည်းဖြစ်ပါတယ်။သူလှုပ်နေသမျှတော့သူ့ဆီအကုန်ဝိုင်းပစ်နေမှာပါ။

စုရုံးနှစ်စိတ်တပ်ဖြန့်အ
သင့်နေရာယူထားတဲ့ပစ်အားနဲ့ချက်
်ခြင်းပြန်ပစ်နိုင်ခဲ့လို့သာသက်သာရာရတာပါ။

အပြန်လမ်းမှာတဖက်ကမ်းရန်သူရှိမရှိသေသေချာချာမထောက်လှမ်းဘဲပေါ့ဆမိတဲ့
တစ်ချက်နဲ့အချိန်မှန်စက်အဆက်အသွယ်မယူခဲ့တဲ့အမှားကနေရဲဘော်တစ်ယောက်
အသက်ပေးခဲ့ရပါတယ်။ဗျုဟာမှုးကဒီထက်ဆိုးဆိုးဝါးဝါးဖြစ်နိုင်မယ်တွေးထားတဲ့အတွက်ဒီ
ီလောက်ဖြစ်တာပဲတော်သေးတယ်
လို့ နှစ်သိမ့်ရှာပါတယ်။

ဆက်သွယ်ရေးသည်အသက်သွေး
ကြောဆိုတာတကယ်အမှန်ပါလားလို့တပ်သားအတာလွင်ကအသက်စွန့်ပြီး
သင်ခန်းစာပေးသွားတာ တစ်သက်စာ
မေ့နိုင်တော့မှာမဟုတ်ပါ။

U Thaung Aye

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...