Image may be NSFW.
Clik here to view.
Clik here to view.

အရပ်ဘက် စစ်ဘက် ဥပဒေ ရှစ်ချက်
=======================
ပရော်ဖက်ရှင်နယ် တပ်မတော်များကို ဒီမိုကရက်တစ် အရပ်ဘက် အစိုးရက ပြေပြေလည်လည် ချောချောမွေ့မွေ့ ထိန်းသိမ်းကိုင်တွယ်နိုင်ဖို့ အတွက် သေချာစေမယ့် ဥပဒေသရှစ်ချက်ကို တင်ပြလိုပါတယ်။
=======================
ပရော်ဖက်ရှင်နယ် တပ်မတော်များကို ဒီမိုကရက်တစ် အရပ်ဘက် အစိုးရက ပြေပြေလည်လည် ချောချောမွေ့မွေ့ ထိန်းသိမ်းကိုင်တွယ်နိုင်ဖို့ အတွက် သေချာစေမယ့် ဥပဒေသရှစ်ချက်ကို တင်ပြလိုပါတယ်။
တင်ပြပါ ဥပဒေသများဟာ စစ်ဘက် ဒါမှမဟုတ် ဒီမိုကရက်တစ် အရပ်ဘက် စသည်ဖြင့် ဘက်တစ်ဖက်တည်းက လိုက်နာကျင့်သုံးလို့ မရဘဲ တချို့ကို စစ်ဘက်က လိုက်နာကျင့်သုံးရမှာ ဖြစ်ပြီး တချို့ကို အရပ်ဘက်က လိုက်နာကျင့်သုံးရမှာ ဖြစ်ကာ တချို့ကိုတော့ အတူတကွ ပူးပေါင်းကျင့်သုံးရမှာ ဖြစ်ကြောင်း တွေ့ရှိနိုင်ပါတယ်။
ဒါကြောင့် ပရော်ဖက်ရှင်နယ် တပ်မတော်တွေကို အရပ်ဘက် ဒီမိုကရက်တစ် အစိုးရတွေက ထိန်းသိမ်းကိုင်တွယ်မယ်ဆိုရင် နှစ်ဖက်လုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲနဲ့ မဖြစ်နိုင်သလို အရပ်ဘက် ဒီမိုကရက်တစ်များရဲ့ အရည်အချင်းကလည်း အင်မတန် အရေးကြီးကြောင်း တွေ့ရပါတယ်။
ဥပဒေသ အမှတ် (၁)
=============
အရပ်ဘက် ခေါင်းဆောင်များက နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာများကို ချမှတ်ပေးရမှာ ဖြစ်ပါတယ်။ စစ်ဘက်က လိုက်နာဆောင်ရွက်ရမယ့် ရည်မှန်းချက်တွေ မဟာဗျူဟာတွေကို အရပ်ဘက်က ဆုံးဖြတ်ပေးတာ၊ စစ်ရေးအသုံးစရိတ်ကို အရပ်ဘက်က တွက်ချက်ပြဋ္ဌာန်းပေးတာ စသည်ဖြင့် ပရော်ဖက်ရှင်နယ် တပ်မတော်ကို တိုင်းပြည်အတွက် အလွန်အဖိုးတန် အသုံးဝင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် အသိအမှတ်လည်းပြု အသုံးဝင်အောင်လည်း ပုံသွင်းပေးတဲ့ သဘောတရား ဖြစ်ပါတယ်။
=============
အရပ်ဘက် ခေါင်းဆောင်များက နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာများကို ချမှတ်ပေးရမှာ ဖြစ်ပါတယ်။ စစ်ဘက်က လိုက်နာဆောင်ရွက်ရမယ့် ရည်မှန်းချက်တွေ မဟာဗျူဟာတွေကို အရပ်ဘက်က ဆုံးဖြတ်ပေးတာ၊ စစ်ရေးအသုံးစရိတ်ကို အရပ်ဘက်က တွက်ချက်ပြဋ္ဌာန်းပေးတာ စသည်ဖြင့် ပရော်ဖက်ရှင်နယ် တပ်မတော်ကို တိုင်းပြည်အတွက် အလွန်အဖိုးတန် အသုံးဝင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် အသိအမှတ်လည်းပြု အသုံးဝင်အောင်လည်း ပုံသွင်းပေးတဲ့ သဘောတရား ဖြစ်ပါတယ်။
ဒီလို စစ်ဘက်က လုပ်ဆောင်ရမယ့် ရည်မှန်းချက်တွေ မဟာဗျူဟာတွေ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒတွေ (ဥပမာ- နယ်ခြားဆိုင်ရာ မူဝါဒတွေ) ကို အရပ်ဘက် ခေါင်းဆောင်တွေက သတ်မှတ်ပြဋ္ဌာန်းပေးဖို့ ဆိုတာ အရပ်ဘက် ခေါင်းဆောင်တွေမှာ တော်ရုံတန်ရုံ အရည်အချင်းရှိရုံနဲ့ မရဘူးဆိုတာ ရှင်းပြဖို့လိုမယ် မထင်ပါဘူး။ အခြေခံဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားသည် ဖြစ်စေ၊ မထားသည်ဖြစ်စေ အရပ်ဘက် ခေါင်းဆောင်တွေမှာ စစ်ရေးအမြင်ရှိဖို့ လိုအပ်တယ်ဆိုတာ ပြောစရာ မလိုအောင် ထင်ရှားလှပါတယ်။
အထက်အောက် အမိန့်ပေးစနစ်နဲ့ အသားတကျ ဖြစ်နေတဲ့ တပ်မတော်လို အဖွဲ့အစည်းမျိုးဟာ သတ်မှတ်ပြဋ္ဌာန်းပေးတာကို နာခံလုပ်ဆောင်မှာ ဖြစ်တဲ့အတွက် အမိန့်ပေးသူ အတွက်လည်း တာဝန်ကြီးလေးမှာကတော့ အမှန်ပါပဲ။ နိုင်ငံလုံးဆိုင်ရာ ကာကွယ်ရေး မဟာဗျူဟာတွေကို ချမှတ်ပေးရမယ့် သမ္မတ အပါအဝင် အရပ်ဘက် နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အရည်အချင်း ပြည့်ဝတာနဲ့အမျှ နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်က အဖြေထုတ်ပေးမှာ ဖြစ်ပြီး အဲသည် ပြဋ္ဌာန်းပေးချက်တွေကိုလည်း တပ်မတော်က လိုက်နာဖို့ မလွဲမသွေ လိုအပ်ပါတယ်။
လက်ရှိမှာ တပ်မတော်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို တပ်မတော်သားတချို့ ပါဝင်တဲ့ လွှတ်တော်က သတ်မှတ်ပြဋ္ဌာန်းပေးတာ တွေ့ရပြီး ကာကွယ်ရေး အသုံးစရိတ်နဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ ကြီးကြီးကျယ်ကျယ် အငြင်းပွားကြတာမျိုး မတွေ့ပါဘူး။ နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိအစိုးရက သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းပေးတာ၊ ပြန်လည် သုံးသပ်ပြင်ဆင်တာမျိုး မတွေ့ရဘဲ ယခင်ကတည်းက ကျင့်သုံးခဲ့တဲ့ ပြည်သူ့စစ် မဟာဗျူဟာကိုပဲ ဆက်လက်ကျင့်သုံးနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဥပဒေသ အမှတ် (၂)
=============
=============
တပ်မတော်ရဲ့ လွတ်လပ်စွာ စီမံခန့်ခွဲ ဆောင်ရွက်ပိုင်ခွင့်ကို အရပ်ဘက် ခေါင်းဆောင်တွေက အသိအမှတ်ပြု လေးစားပေးရမယ် ဆိုတာက ဥပဒေသ အမှတ် (၂) ဖြစ်ပါတယ်။ မူရင်းစာသားကတော့ “Autonomous Military Professionalism” လို့ ရေးထားတာပါ။
ဆိုလိုတာကတော့ တပ်မတော်ရဲ့ ကိစ္စအဝဝကို စီမံခန့်ခွဲ ဆောင်ရွက်တဲ့နေရာမှာ တပ်မတော် ကိုယ်တိုင် လွတ်လွတ်လပ်လပ် ကိုယ့်မူကို ချမှတ်လုပ်ဆောင်နေတာကို အသိအမှတ်ပြု လေးစားရမယ်လို့ ဆိုလိုတာပါ။
ဆိုလိုတာကတော့ တပ်မတော်ရဲ့ ကိစ္စအဝဝကို စီမံခန့်ခွဲ ဆောင်ရွက်တဲ့နေရာမှာ တပ်မတော် ကိုယ်တိုင် လွတ်လွတ်လပ်လပ် ကိုယ့်မူကို ချမှတ်လုပ်ဆောင်နေတာကို အသိအမှတ်ပြု လေးစားရမယ်လို့ ဆိုလိုတာပါ။
ဒီလိုပြောလိုက်ရင် ဥပဒေသ အမှတ်တစ်နဲ့က တစ်မျိုးပြောပြီး ဥပဒေသ အမှတ်နှစ်က တစ်မျိုး ပြောပြန်တယ်လို့ သာမန်အားဖြင့် ထင်စရာ ရှိပါတယ်။ တပ်မတော် တစ်ရပ်လုံးအနေနဲ့ လိုက်နာဆောင်ရွက်ရမယ့် မူဝါဒနဲ့ လျှောက်ရမယ့် လမ်းကြောင်းကို အရပ်ဘက်က သတ်မှတ်ပြဋ္ဌာန်းပေးရမယ်လို့ ဥပဒေသ အမှတ် (၁) က ဆိုထားတာ ဖြစ်ပြီး အဲသည် လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတဲ့ တပ်မတော်ရဲ့ ကိစ္စအဝဝကို တပ်မတော်ဘာသာ လွတ်လွတ်လပ်လပ် စီမံခန့်ခွဲခွင့် ပေးရမယ်လို့ ဥပဒေသ အမှတ် (၂) က ဆိုထားတာ ဖြစ်ပါတယ်။
ဥပမာပြောရရင် တပ်တွေကို ဖွဲ့စည်းတာ အဆင့်တွေ သတ်မှတ်တာ တပ်မတော်ဆိုင်ရာ သဘောတရားတွေ ပြဋ္ဌာန်းတာ တပ်မတော်သားများဆိုင်ရာ အရည်အချင်းတွေ သတ်မှတ်တာ ရာထူးအဆင့် ခန့်အပ်ရေး တိုးမြှင့်ရေး ကိစ္စရပ်တွေမှာ တပ်မတော်ကို လွတ်လွတ်လပ်လပ် စီမံခန့်ခွဲခွင့် များများကြီး ပေးထားရမယ်လို့ ဆိုပါတယ်။ အရပ်ဘက်က လုံးဝ ဝင်မစွက်ဖက်ရဘူးလို့ မဆိုလိုပါဘူး။တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တခြားတပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေကို ခန့်အပ်တာမျိုးကို အရပ်ဘက်က မူဝါဒ သတ်မှတ်ပြဋ္ဌာန်းပေးလို့ ရပါတယ်။ လုံးဝ ဝင်မစွက်ရဘူးလို့ ပြောတာမဟုတ်ဘဲ စီမံဆောင်ရွက်ခွင့် များများကြီး ပေးရမယ်ဆိုတာ သတိပြုစေချင်တာပါ။
တပ်မတော်တွေရဲ့ ရဲဘော်ရဲဘက်စိတ် ကျောရိုးဖြစ်တဲ့ ဖခင်သဖွယ်စိတ်ထား (Fatherly Spirit)၊ တပ်မှူးသဖွယ်စိတ်ထား (Commanderly Spirit)၊ ညီရင်းအစ်ကိုသဖွယ် စိတ်ထား (Brotherly Spirit) စတဲ့ သံယောဇဉ်တွေ အမိန့်နာခံမှုတွေ အသက်ပေး ချစ်ခင်မှုတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် အဆင့်တိုင်းကို အသေးစိတ် အရပ်ဘက်က လိုက်ပြီး စီမံခန့်ခွဲပေးနေမယ်ဆိုရင် တပ်မတော်ရဲ့ မူလတန်ဖိုးတွေ ယုတ်လျော့ ပျက်စီးနိုင်တဲ့အတွက် အခုလို လွတ်လပ်စွာ စီမံခွင့်တွေ များများကြီး ပေးထားဖို့လိုတာ ဖြစ်ပါတယ်။
မြန်မာ့တပ်မတော်နဲ့ ပတ်သက်ပြီး အခြေခံဥပဒေ ပုဒ်မ ၂၀ (ခ) မှာ “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ ဆောင်ရွက်ပိုင်ခွင့် ရှိသည်” လို့ ပြဋ္ဌာန်းထားပြီး လက်တွေ့မှာလည်း အရပ်ဘက်က တပ်မတော်ရဲ့ လွတ်လပ်စွာ စီမံခန့်ခွဲဆောင်ရွက်မှုကို ဝင်ရောက်စွက်ဖက်တာမျိုး မတွေ့ရပါဘူး။
ဥပဒေသ အမှတ် (၃)
============
============
အရပ်ဘက် ကျွမ်းကျင်ပညာရှင်များရဲ့ အရည်အချင်းကို မြှင့်တင်ရမယ် ဆိုတာက ဥပဒေသ အမှတ်သုံး ဖြစ်ပါတယ်။ တပ်မတော်ကို ဒီမိုကရေစီ နည်းလမ်းတကျ တန်ဖိုးရှိရှိ အသုံးဝင်စေချင်တယ် ဆိုရင် တပ်မတော်က လိုက်နာကျင့်သုံးရမယ့် မဟာဗျူဟာကို အရပ်ဘက် နိုင်ငံရေးခေါင်းဆောင်တွေက ချမှတ်ပေးရမယ်ဆိုတာ ဥပဒေသ အမှတ်တစ်မှာ ပြောထားပြီး ဖြစ်ပါတယ်။
အဲဒီလို တပ်မတော်လျှောက်ရမယ့် လမ်းကို သတ်မှတ်ပြဋ္ဌာန်းပေးမယ့် အရပ်ဘက် ခေါင်းဆောင်တွေက မိမိကိုယ်တိုင်လည်း အရည်အချင်း ပြည့်ဝနေဖို့ လိုအပ်ပြီး အနည်းဆုံးတော့ တပ်မတော်အကြောင်း အူမချေးခါးမကျန် သိနားလည်တဲ့ ပညာရှင်တွေရဲ့ ကျွမ်းကျင်မှု အကူအညီကိုလည်း မလွဲမသွေယူရမှာ ဖြစ်ပါတယ်။
အဲဒီ ကျွမ်းကျင်ပညာရှင် ဆိုသူတွေကလည်း သာမန်ကာလျှံကာ အပေါ်ယံသဘောလောက် သိထားရုံနဲ့ မလုံလောက်ဘဲ မိမိတပ်မတော်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေ တပ်မတော်သားတွေရဲ့ ရာထူးအဆင့်နေရာ သတ်မှတ်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ တပ်မတော်သားတွေရဲ့ အရည်အချင်း အရည်အသွေး သဘောတရားနဲ့ ခံယူချက်တွေ စာရွက်ပေါ်က စွမ်းဆောင်ရည်တင် မဟုတ်ဘဲ မြေပြင် အမှန်တကယ် စွမ်းဆောင်နိုင်မှုတွေ အားသာချက်၊ အားနည်းချက်တွေ ရင်ဆိုင်နေရတတ်တဲ့ အခက်အခဲနဲ့ လုပ်ငန်းတာဝန်အပေါ် ထားရှိတဲ့ အမြင်တွေသာမကဘဲ နေ့စဉ် စားသုံးတဲ့ ရိက္ခာတွေက အမှန်တကယ် သင့်လျော်လောက်ငမှု ရှိမရှိ စစ်ဝတ်တန်ဆာနဲ့ လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်ပြီး အဆင်ပြေချောမွေ့မှု ရှိမရှိ စတာတွေအထိ အသေးစိတ် သိရှိနေအောင် လေ့လာထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ကြက်ချည်ကြိုးနဲ့ ဆင်ကို ချည်လို့မရသလို ဆင်ချည်ကြိုးနဲ့လည်း ကြက်ကို ချည်လို့မရဘူးဆိုတဲ့ စကားလိုပဲ အရပ်ဘက် နိုင်ငံရေးခေါင်းဆောင် ဆိုသူတွေ ချမှတ်ပေးတဲ့ လမ်းစဉ်ဟာ တပ်မတော်ရဲ့ လက်ရှိ အခြေအနေ သဘောသဘာဝတွေနဲ့ ကိုက်ညီဖို့ လိုသလို မဖြစ်မနေ ကျင့်သုံးလိုက်နာရမယ့် မူဝါဒတွေ ချမှတ်မယ် ဆိုရင်လည်း အဲဒီမူဝါဒတွေနဲ့ ကိုက်ညီအောင် တပ်မတော်ကို ပုံသွင်းပေးဖို့ လိုအပ်မှာ ဖြစ်တဲ့အတွက် တပ်မတော်ကို ထိန်းသိမ်းကိုင်တွယ်မယ့် အရပ်ဘက် နိုင်ငံရေးခေါင်းဆောင်တွေကို ဝန်းရံထားတဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ အရည်အချင်းကိုလည်း ထက်ထက်မြက်မြက် ဖြစ်အောင် မြှင့်တင်ထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တပ်မတော်ဆိုင်ရာ ပညာရှင်အဆင့် ကျွမ်းကျင်သူတွေ ဘယ်လောက်ရှိသလဲ ဆိုတာရယ်၊ သူတို့ရဲ့ ကျွမ်းကျင်မှုအဆင့် ဘယ်လောက်အတိုင်းအတာထိ ရှိသလဲ ဆိုတာရယ်ကတော့ စာရေးသူ ကိုယ်တိုင်လည်း အဖြေသိချင်နေတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ မေးခွန်းရဲ့အဖြေက ဟင့်အင်းဆိုရင်တော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီကို ရှင်သန်ကြီးထွားအောင် ရေလောင်းပေါင်းသင် မြေတောင်မြှောက်ကြမယ့် ယနေ့ နိုင်ငံ့ခေါင်းဆောင်များ သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်များနဲ့ အဖွဲ့အစည်းများက အဲဒီတာဝန်ကို မမေ့မလျော့ ထမ်းဆောင်ပေးကြပါလို့ ပန်ကြားလိုပါတယ်။
ဥပဒေသ အမှတ် (၄)
=============
=============
ပြည်တွင်းလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲရာမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို သတ်သတ်မှတ်မှတ် ပိုင်းခြားထားပါ ဆိုတာကတော့ ဥပဒေသအမှတ် (၄) ဖြစ်ပါတယ်။ နိုင်ငံတကာ တပ်မတော်တွေရဲ့ မူလတာဝန်ဟာ တိုင်းပြည်ကို ပြည်ပရန်က ကာကွယ်ပေးဖို့ အဓိကဖြစ်ပြီး ပြည်တွင်းလုံခြုံရေး တာဝန်နဲ့ ပတ်သက်ပြီး တပ်မတော်ကို တာဝန်ပေး ထမ်းဆောင်စေလေ့ မရှိပါဘူး။
အမိန့်နာခံပြီး အားကောင်းမောင်းသန် ယောက်ျားဘသားများသာ အလျင်အမြန် ဝင်ရောက်ကူညီပေးမှ အဆင်ပြေမယ့် ရေကြီးတာ၊ ငလျင်လှုပ်တာလို သဘာဝဘေးကယ်ဆယ်ရေး လုပ်ငန်းတွေကလွဲပြီး တပ်မတော်ကို ပြည်တွင်းလုံခြုံရေးတာဝန် ပေးအပ်မယ်ဆိုရင် သက်ဆိုင်ရာ အရပ်ဘက် အာဏာပိုင်ရဲ့ ကွပ်ကဲမှုအောက်မှာသာ တရားရုံးအမိန့်နဲ့ လုပ်ဆောင်ရတဲ့ အရပ်ဘက်လုံခြုံရေး အကူအညီပေးခြင်း (Aid to Civil Power) ဆိုတာမျိုးကိုတောင် သေချာလေ့ကျင့်ပြီးမှ အရပ်ဘက် အာဏာပိုင်ရဲ့ ညွှန်ကြားချက်အတိုင်း အတိအကျ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
ဒီလိုအကူအညီမျိုး ဆိုတာကလည်း မလွှဲမရှောင်သာမှသာ ယူသင့်တဲ့အရာ ဖြစ်ပြီး ပြည်တွင်းလုံခြုံရေး ကိစ္စရပ်တွေမှာ တပ်မတော်ရဲ့ အားကို အလွယ်တကူ ယူသုံးနေမယ်ဆိုရင် တပ်မတော်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ထိပါးစေနိုင်တာမို့လို့ အခုလို ကန့်သတ်ထားရခြင်း ဖြစ်ပါတယ်။ အစိုးရသစ် တက်လာပြီး နောက်ပိုင်းဖြစ်ပွားတဲ့ ရုန်းရင်းဆန်ခတ် အချို့မှာ တပ်မတော်ရဲ့ အကူအညီကို အကန့်အသတ်နဲ့သာ အသုံးချခဲ့တာကို တွေ့ရပါတယ်။
ဥပဒေသ အမှတ် (၅)
============
============
တပ်မတော်ဆိုတာ ဒီမိုကရေစီကိုပဲ ဝန်းရံရမယ် ဆိုတာက ဥပဒေသ အမှတ် (၅) ဖြစ်ပါတယ်။ ဆိုလိုတာက ပုဂ္ဂိုလ်အဖွဲ့အစည်း တစ်ဦးတစ်ဖွဲ့ကို သစ္စာခံတာမျိုး မဟုတ်ဘဲ ဒီမိုကရေစီအရ တက်လာတဲ့ အစိုးရရဲ့ အာဘော်အတိုင်း အလုပ်လုပ်တာကို ဆိုလိုပါတယ်။ နိုင်ငံရေးမှာလည်း တပ်မတော်ဟာ ပါတီစွဲ မထားဘဲ၊ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်နိုင်ငံရေး ခေါင်းဆောင်ကိုမှ သြဇာခံတာမျိုး ဘက်လိုက်တာမျိုး မဟုတ်ဘဲ နိုင်ငံရေးနဲ့ ပတ်သက်ရင် တပ်မတော်က ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်ပြီး ဒီမိုကရေစီကို ကူညီပံ့ပိုးတာကို ပြောလိုခြင်း ဖြစ်ပါတယ်။ ဒီလိုမှလည်း တပ်မတော်ဟာ ခိုင်မာတဲ့ သမာသမတ် အဖွဲ့အစည်းတစ်ခုအဖြစ် နိုင်ငံရေး အရောင်အသွေးကင်းကင်း ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။
ဥပဒေသ အမှတ် (၆)
============
============
ဥပဒေသ အမှတ် (၅) မှာ ပါတဲ့အတိုင်း တက်လာတဲ့အစိုးရရဲ့ အာဘော်အတိုင်း အလုပ်လုပ်တယ် ဆိုပေမယ့် ဥပဒေပြုမဏ္ဍိုင်ကလည်း အနီးကပ် လေ့လာစောင့်ကြည့်နေရမယ်လို့ ဆိုလိုပါတယ်။ တပ်မတော်ဟာ အုပ်ချုပ်ရေးအစိုးရရဲ့ အာဘော်အတိုင်း အလုပ်လုပ်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင် တစ်ခုတည်းကို တာဝန်ခံနေရုံနဲ့ မပြီးဘဲ လွှတ်တော်ကလည်း တပ်မတော်ရဲ့ တာဝန်ထမ်းဆောင်မှုတွေနဲ့ ပတ်သက်ပြီး စောင့်ကြပ် ကြည့်ရှုလေ့လာနေရမှာ ဖြစ်ပါတယ်။
လွှတ်တော်တွေမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အမြဲတမ်းကော်မတီတွေ ဖွဲ့စည်းထားလေ့ ရှိပြီး တပ်မတော်ရဲ့ လုပ်ဆောင်မှုတွေကို ထိန်းမတ်ပေးဖို့အတွက် သာမက တပ်မတော်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အတွက်ပါ အမြဲတမ်း လေ့လာစောင့်ကြည့်နေပြီး လိုအပ်ရင် တပ်မတော် ခေါင်းဆောင်များကို ခေါ်ယူကြားနာတာမျိုးတွေ လုပ်ပြီး ထိန်းကျောင်းပေးတာတွေ လုပ်လေ့ ရှိပါတယ်။
အခြေခံဥပဒေ ပုဒ်မ ၁၁၅ (ခ) နဲ့ ၁၄၇ (ခ) တို့မှာ “ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကို လည်းကောင်း၊ တပ်မတော်ဆိုင်ရာ ကိစ္စများကို လည်းကောင်း လေ့လာတင်ပြစေရန် အကြောင်းပေါ်ပေါက်ပါက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ဟာ ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီကို တပ်မတော်သား ကိုယ်စားလှယ်များဖြင့် ကာလသတ်မှတ်၍ ဖွဲ့စည်းရမည်။ တပ်မတော်သား မဟုတ်သော ကိုယ်စားလှယ်များကိုလည်း လိုအပ်ပါက ထည့်သွင်းဖွဲ့စည်းနိုင်သည်” လို့ ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။
ဥပဒေသ အမှတ် (၇)
============
============
တပ်မတော်ကလည်း အမိန့်နာခံဖို့ အသင့်ရှိနေရမှာ ဖြစ်ပြီး အမိန့်မနာခံသူကိုလည်း အစိုးရက အရေးယူဖို့ လိုတယ်လို့ ဥပဒေသ အမှတ် (၇) က ဆိုပါတယ်။ တပ်မတော်သားနဲ့ နိုင်ငံရေးသမားဆိုတာ နဂိုကတည်းက မတူညီတဲ့ သဘောသဘာဝ ရှိတဲ့အတွက် အယူအဆတွေလည်း ကွဲလွဲတတ်ပါတယ်။
ထင်ရှားတဲ့ ဥပမာပြရရင် ကိုရီးယားကျွန်းဆွယ် စစ်ပွဲကာလအတွင်းက စစ်ရေးအောင်မြင်မှုတွေ အများကြီးရနေတဲ့ ဗိုလ်ချုပ်ကြီး မက်အာသာနဲ့ အမေရိကန်သမ္မတ ထရူးမင်းတို့ဟာ တရုတ်ပြည်ဘက်ထိ ဗုံးကြဲမလား မကြဲဘူးလား ဆိုတာနဲ့ ပတ်သက်ပြီး လူသိရှင်ကြား သဘောထား ကွဲလွဲခဲ့ကြပါတယ်။ ဗိုလ်ချုပ်ကြီး မက်အာသာက လုပ်ချင်တာကို သမ္မတက သဘောမတူပါဘူး။ နောက်ဆုံး ၁၉၅၁ ခုနှစ် ဧပြီလမှာ ဗိုလ်ချုပ်ကြီး မက်အာသာကို သမ္မတက ရာထူးကနေ အနားပေးခဲ့ပါတယ်။
အမေရိကန်လို ဒီမိုကရေစီ နိုင်ငံကြီးမှာတောင် စစ်ဆင်ရေး သဘောတရားနဲ့ ပတ်သက်ပြီး သမ္မတနဲ့ ဗိုလ်ချုပ်ကြီးတို့ သဘောထား ကွဲလွဲခဲ့တဲ့ ထင်ရှားတဲ့သာဓက တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ရှိအစိုးရနဲ့ တပ်မတော်တို့ဟာ သဘောအယူအဆ ထပ်တူထပ်မျှ ရှိနေတယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦး မကြာသေးမီက ပြောကြားခဲ့တာ တွေ့ရပါတယ်။
ဥပဒေသ အမှတ် (၈)
============
============
တပ်မတော်ဆိုင်ရာ သင့်လျော်တဲ့ အကြံဉာဏ်များကို အရပ်ဘက် ခေါင်းဆောင်များကို ပေးရမယ် ဆိုတာက ဥပဒေသ အမှတ် (၈) ဖြစ်ပါ တယ်။
တပ်မတော်နဲ့ ပတ်သက်ပြီး ပရော်ဖက်ရှင်နယ် ဖြစ်တဲ့ တပ်မတော် ခေါင်းဆောင်တွေဟာ လိုအပ်တဲ့ ဥပမာ စစ်ရေးဆိုင်ရာ အကြံဉာဏ်နဲ့ မူဝါဒရေးရာ ထောက်ခံအကြံပြုချက်မျိုးတွေ တပ်မတော်ကို ဖြည့်ဆည်းပေးသင့်တဲ့ လိုအပ်ချက် စတဲ့ အကြံပြုချက်တွေကို အရပ်ဘက် နိုင်ငံရေး ခေါင်းဆောင်တွေကို ပေးရမယ်လို့ ဆိုလိုပါတယ်။ ဒါပေမဲ့လည်း အစိုးရကို ဟိုဟာလုပ်သင့်တယ် ဒီဟာလုပ်သင့်တယ် စတဲ့ ဝေဖန်အကြံပေးမှုမျိုးကို လူသိရှင်ကြား မလုပ်မိဖို့တော့ တပ်မတော်အနေနဲ့ သတိပြု ရှောင်ကြဉ်ရမယ်လို့ ဆိုပါတယ်။
==========================================
အခုတင်ပြခဲ့တာတွေကတော့ ဒီမိုကရေစီ အကူးအပြောင်းကို ညင်ညင်သာသာ ချောချောမွေ့မွေ့ ကူးပြောင်းတဲ့နေရာမှာ အရေးကြီးတဲ့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးဆိုင်ရာ ဥပဒေသ ရှစ်ချက်ဖြစ်ပါတယ်။
ဒီသင်ခန်းစာကို ပို့ချခဲ့တဲ့ Professor Nigel Gould-Davies ဟာ အောက်စ်ဖို့တက္ကသိုလ်မှာ ကထိက၊ ဂျွန်ဟော့ကင်းတက္ကသိုလ်မှာ ပါမောက္ခနဲ့ အခြားတာဝန်များ ထမ်းဆောင်ခဲ့တဲ့ အင်္ဂလန်နိုင်ငံက အဆင့်မြင့် သံတမန်တစ်ဦး ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် International Center of Excellence မှာ ၂၀၁၄ ခုနှစ် မေလ ၅ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ Comparative Transitions to Democracy ဘာသာရပ်ကို ဆွေးနွေးပို့ချခဲ့ပါတယ်။ ပါမောက္ခရဲ့ ပို့ချချက်တွေကို မြန်မာ့နိုင်ငံရေးနဲ့ ဆီလျော်အောင် ပြန်လည်မွမ်းမံ ရေးသားထားပါတယ်။
ဗိုလ်ကောင်း
( Credit - The Voice )