ယောက်ျား မှာစစ်သား။စစ်သား မှာ စစ်ဗိုလ်။စစ်ဗိုလ်မှာ စစ်တက္ကသိုလ် ဆင်း ဆိုပြီးငယ်ငယ်က ဂုဏ်ယူ ခဲ့ရဖူး တယ်။
စစ်တပ်ထဲတာဝန်ထမ်းပြန်တော့လည်း သက်ဆိုင်ရာတိုက်ခိုက်ရေးတပ်၏စွမ်းရည် လက်ရုံးတပ်များ၏ အစဉ် အလာကိုသီးခြား ဂုဏ်ယူပြောဆိုကြ ပြန်တယ်။
စစ်တပ်ထဲတာဝန်ထမ်းပြန်တော့လည်း သက်ဆိုင်ရာတိုက်ခိုက်ရေးတပ်၏စွမ်းရည် လက်ရုံးတပ်များ၏ အစဉ် အလာကိုသီးခြား ဂုဏ်ယူပြောဆိုကြ ပြန်တယ်။
ဥပမာ .. အမြောက်တပ်က စည်းကမ်း လိုက်နာမှုကောင်းတယ်။ ဆေးတပ်ဖွဲ့မှာ ပညာရပ် ဆိုင်ရာတွေမှာကျွမ်းကျင်တယ။် ဆက်သွယ်ရေးတပ်ဖွဲ့ကတိကျမှုရှိတယ် ။
ကိုယ့်ကိုယ်ကို သူများ တွေထက် ပိုတော်တယ် တတ်တယ် လို့မဆို လိုပါ ဘူး။
ဒါပေမယ့် ထောက်လှမ်းရေး သမား တစ်ယောက်ဖြစ်ရန်အရည်အချင်းကန့်သတ်ချက်တွေကတော့များပါတယ်။
ခြေလျင် ခြေမြန်မှာတာဝန်ထမ်း ဆောင်နေသော အရာရှိငယ်များထဲက သတ်မှတ် အရည်အချင်းပြည့်မှီသူ အချို့သာ တိုက်ပွဲထောက်လှမ်းရေး သင်တန်းတက်ခွင့် ရပါတယ် ။ သင်တန်သား လေးငါးဆယ် လောက် ထဲက သတ်မှတ် အရည်အချင်း ပြည့်မှီသူ သုံးပုံတစ်ပုံ ခန့်သာ နောက်ထပ် တန်ပြန်ထောက်လှမ်းရေး သင်တန်း ကို ဆက်တက် ခွင့်ရပါ တယ်။
ဒီလို မတက်ခင် PSI(Personal Security Investigation) ဆိုတဲ့ အမှူထမ်းကိုယ်ရေး နောက်ကြောင်း ကင်းရှင်းမှု အစစ်ဆေး ခံပြီးလွတ်ကင်း မှသာသင်တန်း ဆက်တက် ခွင့်ရှိပါ တယ်။
သင်တန်းတွေကတော့ သင်တန်းရှိသမျှ ထဲမှာ စည်းကမ်းသေဝပ်မှု အကောင်းဆုံး မသမာမှုအနည်းဆုံး ဖြစ်ပြီး အချိန်နှင့်အမျှ နေ့/ည မပြတ် လေ့ကျင့်ခံနေရပြီး တညလုံးမအိပ်ရဘဲစာကျက်နေရ လေ့ကျင့်ခန်းဆင်း ရတဲ့ အချိန်လည်းရှိတတ်ပါတယ်။
ဒီလို ခက်ခက်ခဲခဲ သင်ကြား ရတဲ့ သင်တန်းမျိုး မှ အရည် အချင်း ပြည့်မှီသူ အချို့ကို တပ်ဖွဲ့ဝင်အဖြစ် ၆ လ တွဲဖက် အစမ်းခန့်ထား ပါတယ် ကျိုးစား အားထုတ်မှုကို ကျေနပ်မှုရှိမှသာ သန္ဓေတပ်ဖွဲ့ဝင် အဖြစ်ခန့်ထား ပါတယ်။
တပ်ဖွဲ့ဝင် ဖြစ်လာရင် အနည်းဆုံးတစ်နှစ်တစ်ကြိမ် မွမ်းမံသင်တန်း တွေပြန် တက်ရပါတယ်။ ဒီအပြင် ထောက်လှမ်းရေး လုံခြုံရေး ဘာသာရပ် ဆိုင်ရာ သင်တန်း များ ထပ်မံတက်ရောက်ရ ပါတယ်။ နိုင်ငံခြားသင်တန်းများကို လည်း အလှည့်ကျ တက်ရောက်စေပါတယ်။ တချို့ပညာ ရပ် ဆိုင်ရာသင်တန်း အချို့ကို ပြည်တွင်းမှာ DEA နှင့် CIA ကပညာရှင်တွေ ကိုယ်တိုင် လာရောက်ပို့ချပေး ပါတယ် ။ အကြမ်းဖက်နိုမ်နင်းရေး မူးယစ် ဆေးဝါး တိုက် ဖျက်ရေးငွေကြေး ခဝါချမှု တိုက် ဖျက်ရေး မှုခင်းဖြစ်ရပ် ကိစ္စ များကိုင်တွယ်ဖြေရှင်းနည်း အရေးကြီး ပုဂ္ဂိုလ် လုံခြုံရေး ပေါက်ကွဲစေတတ် သော လက်လုပ်ပစ္စည်းများ ရှာဖွေခြင်း စသဖြင့်ပါ။
တပ်ဖွဲ့ဝင်တစ်ယောက် ရွေး ချယ် ရာမှာထူးချွန်သူလို့ မဆိုထားပဲ အရည်အချင်း ပြည့်မှီသူလို့ အရှေ့မှာစကား လုံးရွေး ချယ်သုံးနှုန်းခဲ့တာအကြောင်း ရှိပါတယ်။ သင်တန်းမှာထူး ချွန်တိုင်း စာတော် တိုင်း တပ်ဖွဲ့ဝင်အဖြစ် အရွေး ချယ် မခံရပါဘူး။ စာမှာ သာမန် အထက် ပိုသာရင် လုံလောက်ပြီး အကျင့်စာရိတ္တ နှင့် စိတ်နေ စိတ်ထား ကိုအထိက ထားရွေးချယ် ပါတယ် ။ လူကြီးသားသမီးများကိုရွေး ချယ်လေ့မရှိပါဘူး ။ တတ်နိုင်သမျှ ရှောင်ပါတယ် ။ သူ့ဘာသာ အရည်အချင်း ညီလွန်း မှသာရွေး ချယ်ပါတယ်။
စိတ်နေစိတ်ထား အနေနဲ့ပေါင်းသင်းဆက်ဆံရေး ကောင်းသူ၊ တကိုယ်ကောင်း မဆန်သူ၊ လျှို့ဝှက်ချက်ကို
စောင့်စည်းထိန်းသိမ်းတတ်သူ၊ ပါးစပ်မဖွာသူ၊ ဘယ်အရာကိုမှ အလွန်အကျွံမလုပ်သူ၊ ဥပမာ ... အရက်အရမ်းစွဲနေသူ မဟုတ်ရပါဘူး ။ လူဥပဓိရုပ် အနေဖြင့် လည်း အသားမမဲလွန်း မဖြူလွန်း အရပ်မရှည်လွန်း ရုပ်ရည် ထူး ခြားလွန်းသူ ဟုတ်မဟုတ် သာမန် ဖြစ်နေသူကိုသာ အဓိက ထားပြီး ရွေး ချယ် ပါတယ် ။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဆန်းစစ် မှုတွေကို ပြုလုပ် ကျော်ဖြတ် ရပါတယ်။
့ထောက်လှမ်းရေး တပ်ဖွဲ့ဝင် ဖြစ်လာရင် စောင့်စည်းထိန်းသိမ်းရမည့် စည်းကမ်း ချက်များကလည်း များပြားပါတယ် ။
မိမိတပ် အမှတ်ကစပြီး တပ်နှင့် ပတ်သတ်သည်များ ကို မိသား စုအထိပြော ခွင့်မရှိပါဘူး။ မင်္ဂလာဆောင် အသုဘ ကြော်ငြာ ထည့်ရင်တောင် ကာကွယ်ရေး ဝန်ကြီးဌာန ဟုသာထည့် ခွင့်ရှိပါ တယ်။
ထောက်လှမ်းရေးဖြစ်ဖို့ သာမန်ဖြစ်ရမယ် ။သဘာဝကျရမယ်။ အသေးစိတ်ဆောင်ရွက်ရမယ်။ ထောက်လှမ်းရေးဆိုတာမှု ခင်းဖြစ်ရပ် ဖြစ်ပြီးတာ တွေကို စုံစမ်းတာချည်းပဲ မဟုတ်ပါ ဘူး။ဒါကအစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပြီး တကယ့် အလုပ်က ကြိုတင်သိမြင်ခြင်း အသေးစိတ် ဆောင်ရွက်ခြင်း ထိုးထွင်းသိမြင်ခြင်း ပဲဖြစ်ပါတယ်။
ရန်သူ သို့မဟုတ်ရန်သူ ဖြစ်လာနိုင်ခြေ ရှိသူ၏ သတင်းများ ကို စုံစမ်းထောက် လှမ်းနေရသလို မိမိတပ်ဖွဲ့အတွင်း မှာလည်းစိတ်ဓါတ် အခြေ အနေ စည်းလုံးမှု ၊စွမ်းရည် ၊ ချွတ်ယွင်းမှုတွေကို ပြန် ဆန်းစစ်ရင်း သတင်း ရယူ ရပါတယ်။
မြန်မာပြည် ထောက်လှမ်းရေး လောက မှာ စစ်တပ်က ဦးဆောင် တဲ့အတွက် စစ်ထောက်လှမ်းရေးက အခရာ ကျပါတယ်။ အခြား တပ်ဖွဲ့ ထောက်လှမ်းရေးတွေလည်း ရှိပါ တယ်။
ဒီစစ်ထောက်လှမ်းရေး တပ်ဖွဲ့ဟာ အနှစ်၂၀ မှာ တစ်ကြိမ် လောက် သန့်စင်ရေး အလုပ်ခံရ ခဲ့ပါတယ် ။
ကျွန်တော့် ဖခင်က လည်း တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးပါ ။ချန်ဒူးဝမ်အရေးကိစ္စမတိုင်ခင် ၁၉၈၁ မှာ နိုင်ငံခြား ပညာတော် သင်ပါပြီး အရပ် ဖက်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်သွားတာပါ။
ဒီတော့ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေရဲ့ အကျင့်စာရိတ္တပျက်ယွင်း မှုတွေ အာဏာ အလွဲသုံးစား မှုတွေ မောက်မာ ရိုင်းစိုင်းမှုတွေဆိုတာ ပုံပြင် တွေမဟုတ်ပဲ တကယ် ရှိခဲ့တဲ့ အဖြစ် အပျက်တွေပါ။ ကျွန်တော်ကိုယ်တိုင် တပ်ဖွဲ့ဝင် မဖြစ်ခင်မှာတပ်ဖွဲ့ဝင် ဖြစ်ပြီးသား အခြား အဆင့်အရာရှိမဟုတ်သူ တွေရဲ့လူပါးဝတာ အာဏာ အလွဲသုံးစားလုပ်တာ ကိုခံခဲ့ရဖူး ပါတယ်။
ဒါပေမယ့် မခံချင်စိတ်ကို အရင်း တည်ပြီးတပ်ဖွဲ့ဝင်ဖြစ်အောင် ကြိုးစားခဲ့တာပါ။ ငါ့လက်ထက်ကျရင် ဒီလို အဖြစ် မခံဘူး ပြုပြင် မယ်ဆိုတဲ့ အတွေးမျိုး တွေးပြီးသား ပါ။တကယ်လည်း ကိုယ်နိုင်သလောက် အကောင် အထည်ဖေါ်ခဲ့ပါတယ်။
တပ်ကအရာရှိတချို့ အခြားအဆင့် ထောက်လှမ်းရေးကို မလှန်နိုင်တာက တခါတလေ သူ့ဖက်ကအမှား တချို့
ရှိနေတတ်လို့ပါ။ ဒါကြောင့် ငွေကြေး ကိစ္စ နှင့် အခြား မလွတ် မကင်းများ ရှောင် ရင် ဘယ်သူ့ကိုမဆို မာမာ တင်းတင်းဆက်ဆံလို့ရပါတယ်။နဲနဲပါးပါး အညစ် ခံရတာတော့ ရှိနိုင်တယ်။
ဒါပေမယ့် လူမှန် ဖြစ်နေရင် ဒီကောင်တွေ လက်ရှောင်တယ် သူတို့လည်း ဒီလောက် မအ ကြပါဘူး။
အားနည်း ချက် ရှိပြီး ဟောင်ပွာ ဟောင်ပွာ လုပ်ရင်တော့ သူတို့ခွင်ထဲ ဝင်သွားတာပဲ။
ကျွန်တော်တာဝန်ထမ်းဆောင် ခဲ့တဲ့နေရာတွေက ငွေကြေး ရှုပ်ထွေး စရာမရှိတဲ့ နိုင်ငံရေးကဏ္ဍ တန်ပြန် ထောက်လှမ်း ကဏ္ဍ တွေ ဖြစ်တဲ့ အတွက် ခေါင်းခြောက် ရပေမယ့် အရှုပ် အရှင်းကင်းတယ် လူရာဝင် ပြီး လူရည်လည်တယ် ဗဟုသုတ နှင့် မိတ်ဆွေ တိုးပွားတယ် ဆိုတဲ့ခံစားခွင့်တွေ ရခဲ့ပါတယ်။ လူကြီးတွေ နိုင်ငံတကာသွား ရင် လုံခြုံရေး လိုက် ခွင့် ရတဲ့ အတွက် နိုင်ငံတကာ အတွေ့အကြုံ ဗဟုသုတရခဲ့တယ်။ သံရုံးဧည့် ခံပွဲ လိုမျိုး အပတ်တိုင်း တက်နေရတော့ လူကုံတန် သူဌေးကြီးတွေ နဲ့လ္ဘက်ရည်အတူ သောက် စကားပြော နိုင်ခွင့်ရ ခဲ့ယုံပါပဲ။ ဒါပေမယ့် အသိ ပညာ ဗဟုသုတ တော့ လူတန်းစေ့ ခဲ့ရတာပေါ့။ အတော်များများကကျွန်တော့်ကိုလက်ရှိသုံးနေတဲ့နာမည်အရင်း နှင့် မသိကြ သလိုတပ် ကမှန်းလည်းမသိသူတွေ များပါတယ်။
တကယ်တော့ ထောက်လှမ်း ရေး တပ်ဖွဲ့ဝင်တွေဖေါက်ပြန်ကြတာက သပ်သပ် ထောက်လှမ်းရေး တပ်ဖွဲ့၏ အရေးပါမှု တိုင်းပြည်အတွက် ဘယ်လို အခန်းကဏ္ဍ တွေမှာ အကျိုး ရှိရှိ အသုံးချ နိုင်တယ်ဆိုတာ ကို သပ်သပ် ခွဲမြင် ဖို့လိုပါတယ် ။ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေ ဖေါက်ပြန်တာကို အခုလို ပွင့် လင်းမြင်သာ ခေတ်မှာ ပြည်သူလူထုကပါဝိုင်း စောင့်ကြည့်ကန့်သတ် သွား မယ် ပိုမို တင်းကြပ်သော စည်းမျဉ်းတွေ ချမှတ်လာမယ် ဆိုရင်အပြစ်လုပ်ဖို့ ခဲယဉ်း သွားမှာပါ။
ဒါပေမယ့် ထောက်လှမ်းရေး၏ပါဝင်ဆောင် ရွက် နိုင်မှု အခန်း ကဏ္ဍတွေကို ကန့်သတ် လိုက်ခြင်းက ကိုယ့်မျက်စေ့ နား ကို ကိုယ်ပြန်ပိတ် လိုက် သလိုပါပဲ အချင်းချင်းထက် နိုင်ငံတကာ အခန်း မှာ နောက် ကောက်ကျသွား တော့တာ ပါဘဲ။
အထူး သဖြင့် နိုင်ငံရေး အားပြိုင်မှုတွေမှာအာဏာရှိတဲ့ဘက်ကထောက်လှမ်းရေး ကို နိုပ်ကွပ်ရေး ကိရိယာ အဖြစ်အသုံး ချခဲ့တာက ထောက်လှမ်းရေးကို အရုပ်ဆိုး အကျည်းတန်စေခဲ့ တာပါ။
တကယ်တော့ ထောက်လှမ်းရေးက နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးအတွက်သာ ဆောင်ရွက်ပြီး ပါတီ လက် ကိုင်တုတ်မဖြစ်ဖို့လိုပါ တယ်။ကျွန်တော်တို့ အချို့ ကိစ္စတွေမှာ အခြားထောက်လှမ်းရေး အဖွဲ့တွေရဲ့နိုင်ငံရေး အင်အားစု တွေအပေါ် အနိုင်ကျင့်မှုတွေ ကို သဘောမတူ တားမြစ်ခဲ့ရဖူးပါတယ်။ ဥပမာ .... NLD ကင်းစင်နယ်မြေ
ဆောင်ရွက်တာမျိုး ပြည်ခိုင်ဖြိုး ဦးဆောင် ပြုလုပ်တဲ့ ဒီပဲယင်းကိစ္စ လိုဟာမျိုးတွေပါ။
တည်ဆဲအစိုးရအနေနှင့် လည်း သူ့ကိုဆန့်ကျင်တဲ့အဖွဲ့အစည်းတွေကို ထိန်းချုပ်ဖို့ ကျိုးစား ခဲ့ပါတယ် ဒီနေရာမှာ အာဏာ တည်မြဲရေး ပါသလို နိုင်ငံအေး ချမ်းတည်ငြိမ်ရေး ရည်ရွယ် ချက် လည်းပါ ပါတယ်။ တဖက်အဖွဲ့အစည်းများက လည်း အာဏာ ရရှိရေးကို ဥပဒေဘောင် ထဲက တောင်း ဆိုမှု မပြုလုပ်ပဲ အစိုးရ သိက္ခာကျ ဆင်း ဖို့ အကြပ်အတည်း ဖန်တီး ပြီးဆူပူအုံကြွမှု ဖြစ်ဖို့ရည်ရွယ် လုပ်ကြသူတွေများ တဲ့ အတွက် တားဆီး ထိန်းချုပ် ခဲ့ရ တာပါ။ ဒါကို လူလိမ်လူကောက် စစ်စုံထောက် ဆိုပြီး စာအုပ်ရေးပြီး ရှုံ့ချသူတောင် ရှိပါတယ် သူတို့ရဲ့ ပုဂ္ဂိုလ် မကျေနပ် ချက်ကိုရေးတာရေး နိုင်ပါတယ် ကျွန်တော် တို့လည်း မုန်းတီးလို့ ဒုက္ခပေးခဲ့တာမဟုတ်ဘဲ နိုင်ငံတော် အေး ချမ်းတည်ငြိမ်ရေးကို အနှောက် အယှက်ပေး နိုင်သူဖြစ်လာ နိုင်သူကို ထိန်းချုပ်နိုပ်ကွပ် ခဲ့တာပါပဲ။
ဒီလိုလုပ်တဲ့နေရာမှာ ပုထုဇဉ် လူသားတွေဖြစ်တဲ့အတွက် မတရား မှုတွေ ပါကောင်းပါ နိုင် ပါ တယ်။ နောက် ပြီး ထောက်လှမ်းရေး လုပ်ငန်း ဆိုတာ သာသနာပြု လုပ်ငန်း မှမဟုတ်တာ ဂျိမ်းစဘွန်း ဆန်ဆန် လှည့်ကွက်တွေ ကွက်ကျော် ရိုက်တာတွေ ကောက် ကျစ်တာတွေ ရှိပါတယ် မငြင်း လိုပါဘူး ။ ကိုယ်ကျိုး စီးပွား မလုပ်ရင် ဒါလုပ်သင့်တာကို လုပ်နေရတာလို့ပဲမှတ်ပါတယ်။
ရယ်စရာ အဖြစ်ပြောရ ရင် စုံထောက်တွေစော်ကြည်တယ်တဲ့လုပ်ပိုင်ခွင့် ရှိလို့လား မဟုတ်ပါဘူး။ စုံထောက်မှန်း မသိ လည်း ကြည်ပါတယ်။ ဘာလို့လည်း ဆိုတော့ လူတွေကို လေ့လာ ဆန်းစစ်ထိန်း ချုပ်နိုင် ဖို့ စနစ်တကျလေ့ကျင့်ထား တဲ့သူက စမတ်ကျပြီး ကောင်မ လေးတွေ ကိုလည်းဆွဲဆောင် စည်းရုံးနိုင် စွမ်းလည်း မသေးဘူး ပေါ့လေ။
ထောက်လှမ်းရေး အကြောင်း ရေးရ ရှင်းပြရရင် စာအုပ် သိပ်ထူသွားနိုင်ပါ တယ် ။ ဒါကြောင့်ကျွန်တော်ပြော ချင်တာကတပ်ဖွဲ့ဝင် ဟောင်းတစ်ဦး အနေ နှင့် ပျက်သွားတဲ့တပ်ဖွဲ့ကို အဖတ်ဆယ်လိုခြင်း မဟုတ်ပါဘူး။ မကောင်း လို့ ပျက်သွားတယ်ပဲမြင် ပါတယ်။ ကိုယ်မဟုတ်တာမလုပ်ရင် ပြီးတာပဲပေါ့။ အရည်အချင်းရှိရှိ စည်းကမ်းရှိရှိ သေသေဝပ်ဝပ် စနစ်တကျပြန်လည် ဖွဲ့စည်း စေချင်ပါတယ်။
ထောက်လှမ်းရေးစနစ်က ကောင်းပါတယ်။ လူတွေက မကောင်း လို့ပျက်သွားတာပါ။
ဒါကြောင့် ထောက်လှမ်းရေး တပ်ဖွဲ့၏ အရေးပါမှု စွမ်းဆောင်ရည် ရှိမှု နိုင်ငံတော် အတွက် အကျိုးပြု နိုင်စွမ်း ကို အမြဲဂုဏ်ယူ နေပြီး နောက်လည်း ရှိနေစေချင်ကြောင်း ဆန္ဒပြု ပါ တယ်။