………………………….
နှမလိုခင်ရတဲ့ သူငယ်ချင်းမလေးတစ်ယောက်က "သစ္စာရေသောက်တဲ့ ပုံပြင် "လေးပြောပြပါဦး ဆိုတော့ မှန်တာပြောရရင် စိတ်က( အင်း……နှလုံးသားက ) အတိတ်ကို ပြန်လည်ရောက်ရောက် သွားတယ်။
ချစ်ခြင်းနဲ့ပတ်သက်လာရင် ကျွန်တော့်နှလုံးသားက ခံစားလွယ်ခဲ့တယ်။( ခံရပါ များလွန်းလို့လေ..) တကယ်..တကယ့်ကိုပါ။
အချစ်အကြောင်းကို ကောင်းကောင်းပြောချင်နေတာ။(
အချစ်ဆိုတာ ရှေးဘ၀ ဘ၀ ရေစက်အဟုန်က နှိုးကြားလို့ နှလုံးသားက နှိုးထလာခဲ့တာပါ။ ဒါကြောင့်လဲ မြင်မြင်ချင်း ချစ်မိတယ်ဆိုတာ ပေါ်လာတာပေါ့လေ။
တချို့က အချစ်ဆိုတာ တစ်သက်မှာ တစ်ခါသာ ပွင့်တဲ့ပန်းတဲ့။ ကျွန်တော်လဲ အဲဒီလို ယုံကြည်ခဲ့တာပါပဲ။ သို့ပါသော်လည်း တစ်သက်မှာ တစ်ခါသာ ပွင့်တဲ့ပန်းကို ပန်ဆင်လိုသူမရှိ/
ကျွန်တော်အထင်တော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုရင် ရှေးကုသိုလ်အကြောင်းတရားက ဘယ်သူနဲ့များ အကြောင်းပါမလဲ ဆိုတာမသိရလေတော့ အဲဒီ အချစ်ဆိုတာကြီးက ခဏခဏလည်း ပွင့်တတ်တယ်လို့ထင် တယ်။
ဒါဆို မြင်သူတိုင်းကို ချစ်ပြီလား။ ချစ်နိုင်ရင်တော့ ကောင်းတာပေါ့လေ။ မုန်းတာမှ မဟုတ်တာကိုး။ သို့သော်လည်းပဲ တစ်ယောက်ကို ချစ်ခင်နေပါလျက်ကယ်နဲ့ နောက်တစ်ယောက်ကို ထပ်ချစ်မိပါတယ်ဆိုတာ တော့ ဒါဟာ ဖောက်ပြန်မှုပါပဲ။ ပြောရရင်တော့ ဒီအပင်က တစ်ပွင့်သောပန်းက မနွမ်းသေးပဲ နောက်တစ်ပွင့် ပွင့်ဖို့ မဖြစ်နိုင်။
ချစ်ခြင်းနဲ့အတူ ကပ်ပါလာစမြဲက သစ္စာ။ ဟုတ်တယ် သစ္စာပါ။ ဆိုပါစို့ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက်၊ နင်နဲ့မှ ၁၀ ယောက်မြောက်လို့ ခပ်နောက်နောက်ဆိုကြတယ်မဟုတ်
ကျွန်တော်စဉ်းစားကြည့်တာပေါ
အကြောင်းကြောင်း တစ်ခုကြောင့် တစ်ယောက်နဲ့ လုံးဝပြတ်စဲသွားလို့ နောက်တစ်ယောက်ဖြစ်တယ် ဆိုရင် ဒါဟာ အပြစ်မရှိဘူး။ (တစ်ခုတော့ ရှိတာပေါ့လေ နောက်လူကို လက်တွဲချင်လို့ လက်ရှိလူကို နည်းမျိုးစုံနဲ့ စွန့်ခွာသွားရင်တော့ တစ်မျိုးပေါ့)။
ကိုယ်ချစ်တဲ့သူနဲ့ လွှဲလို့ အိမ်ထောင်မပြုကြတော့ဘူးလား။
ဒါဆို အိမ်ထောင်ပြုတိုင်း ချစ်သလား။ မချစ်ကြပါဘူး။ ချစ်သူတိုင်းရော ညားသလား မညားကြပါဘူး။ သို့သော် အိမ်ထောင်တစ်ခုဖြစ်လာပြီး အနေကြာ သံယောဇဉ်ဖြစ်လာတာနဲ့ အမျှ ချစ်ခြင်းဆိုတာထက် ပိုမိုမြင့်မြတ်တဲ့ "ချစ်ခြင်းမေတ္တာ "ကပေါ်လာတတ်ကြပါတယ်။
ချစ်ခြင်းမှာ မေတ္တာတရား ယှဉ်တွဲခြင်းဖြင့် ပူလောင်တဲ့ အချစ်ဟာ အေးမြသွားစေနိုင်တယ်မဟုတ်လာ
"ချစ်ခြင်းနဲ့ သစ္စာမှာ ဘေးဘယောဂပါရင်တော့ အေးအေးဆေးပါ "လို့ ကျွန်တော် comment ရေးခဲ့မိတယ်။
ဟိုး ယခင်ခေတ်ကာလတွေတုန်းကတော့ မိဘဆိုတာ လူငယ်နှစ်ဦးကို ခွဲတဲ့ ဘေးပယောဂတွေအဖြစ် ရေးတတ်ကြတယ်။ ပြီးတော့ ဥစ္စာ၊ ရာထူး၊ နေရာ တွေပေါ့။
နှစ်ကိုယ်တူ ထမင်းရည်ပူလျှက်ရ လျှက်ရလို့လဲ ဆိုကြရမဟုတ်လား။ သို့သော် လူမှုတကယ့်ဘ၀မှာ အချစ်ဆိုတာက အိမ်တစ်ဆောင် မီးတစ်ပြောင်မရှိရင် ခပ်မှိန်မှိန် ဖြစ်သွားတတ်ပါတယ်။ ဖြစ်သွားတတ်ပါတယ်လို့ ကျွန်တော်ဆိုပါတယ်။
အချစ်ကို အထွတ်အမြတ်ထားကိုးကွယ်တဲ့ သစ္စာရှင်ကြီးတွေကို မဆိုပါဘူး။ (ခေတ်စကားနဲ့ဆိုရင်တော့ ချစ်ရူး ရူးတဲ့ သူတွေ၊ )။
အင်း ပြောခိုင်းတဲ့ ပုံပြင်ဆိုတာကို ပြောရရင် ပုံပြင်ဆိုတာထက် အဖြစ်အပျက်အမှန်လေးတစ်ခု ဖြစ်ချင် ဖြစ်မှာပါ။
တစ်ခါတုန်းက ကောင်လေးနဲ့ ကောင်မလေးတစ်ဦး ချစ်ကြိုက်ကြတယ်။ ကောင်လေးနဲ့ ကောင်မလေးက အရမ်းချစ်ကြတာတဲ့။
ကောင်လေးက သင်္ဘောသား။ တစ်ရက်မှာ ကောင်လေးက သင်္ဘော ပြန်တက်ရတော့မယ်။ ဒီတော့ သူတို့ ချစ်သူနှစ်ဦးသား ဘုရားသွားပြီး တိုင်တည်ကြတယ်။ သစ္စာပြုကြတယ်။
ပြီးတော့ ဘယ်တော့မှ မခွဲတမ်း၊ သစ္စာရှိကြစတမ်းဆိုပြီး သစ္စာရေအတူသောက်ကြသတဲ့။
ထိုနေ့ဟာ သူတို့နှစ်ဦးရဲ့လမ်းခွဲမှုက
ဒီလိုနဲ့ ၃ နှစ်လောက်အကြာမှာ ကောင်လေးက ပြန်ရောက်လာတယ်။ ရောက်ရောက်ချင်းဝမ်းသားအားရ
တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကောင်မလေးနဲ့ ကောင်မလေးတို့အိမ်ရဲ့ လမ်းမှာ ဆုံမိကြတယ်။ ကောင်လေးက ကောင်မလေးကို ကြည့်ပြီး ကြေကွဲစို့နစ်သွားတယ်။ ဘာလို့လဲဆိုရင် ကောင်မလေးမှာ မပေါ့မပါးကြီးနဲ့လေ။
ကောင်လေးက စို့နစ်ပြီး မျက်ရည်ကလည်း ရစ်သိုင်းနေပြီ။ အသံတုန်တုန်ရင်ရင်နဲ့ ကောင်မလေးရဲ့ ပုခုံးကို ကိုင်ပြီး မေးတယ်..
"ချစ် ဒါဘယ်လိုဖြစ်တာလဲ ဟင် ဘယ်လိုဖြစ်တာလဲ "
ကောင်မလေးကတော့ အေးအေးဆေးဆေးပါပဲ။
"အကြောင်းအကြောင်းတွေကြောင့်
"မဟုတ်ဘူးလေ မဟုတ်ဘူး ကိုယ်တို့ သစ္စာဆိုခဲ့ကြတယ်။ ဘုရားမှာ သစ္စာရေအတူ သောက်ခဲ့ကြတာလေ..မမှတ်မိတော
ဆိုတော့ ကောင်မလေးက တစ်ခွန်းပဲပြောလိုက်ပြီး သူလမ်းကို သူဆက်သွားပါတယ်..
"ဟုတ်တယ် အဲဒီနေ့က သစ္စာရေသောက်သမျှ (မရိုမသေ) သေးပေါက်တဲ့အထဲ ပါသွားပြီ "တဲ့လေ။
ဒါလေးပြောလိုက်လို့ သစ္စာတရားကို အလေးမထားရာ၊ မလိုလားရာ ဆိုလိုတာမဟုတ်ပါဘူး။ တစ်ခါတလေကြတော့ ဘ၀မှာ သစ္စာမရှိသင့်တဲ့ အခြေအနေတွေမှာ သစ္စာရှိနေခြင်းက ကိုယ့်ဘ၀ကို သတ်နေ တယ်လို့ထင်မိတယ်။
ဒီတော့ ကိုယ်လည်း တစ်ခါတလေ သစ္စာရေသောက်သမျှ သေးပေါက်တဲ့အထဲပါအောင် လုပ်သင့် လုပ်ရလိမ့်မယ်ထင်ပါတယ်။
ရှင်သန်လှုပ်ရှားရတဲ့ ဘ၀ဆိုတာ ကြိုမမြင်နိုင်တဲ့ အချိုးအကွေ့တွေက အများကြီးကိုး။
ဒီတော့ သစ္စာမရှိရတော့ဘူးလား။ မဟုတ်ပါဘူး ရှိရပါ့မယ်။ ရှိသင့်ရှိထိုက်တဲ့ အခါ အသက်ကိုပဲ မငဲ့ပဲ သစ္စာတရားကို စောင့်ထိန်းရမှာပါ။
ချစ်သူနှစ်ဦး ကြည်ဖြူစွာ ချစ်နေကြပါလျက်နဲ့ ဖောက်ပြားချင်တဲ့ စိတ်တွေ ၀င်လာတဲ့အခါ ကိုယ့်စိတ်ကို ကိုယ့်သစ္စာတရားနဲ့ကို ထိန်းကွပ်ရမှာပါ။ သစ္စာမဲ့သူရဲ့ သွားလမ်းကတော့ ဖြောင့်ဖြူးမှာ မဟုတ်ပါဘူး။
ပြီးတော့ အချစ်ဆိုတာ လိမ္မော်သီးတစ်လုံးထဲက အမွှာလေးတစ်မွှာလို့ဆိုပါတယ်။
ဘ၀မှာ အရေးကြီးတာတွေ အများကြီးမဟုတ်လား။
လူရယ်လို့ဖြစ်လာပြီး ဘ၀ကိုဖြတ်သန်းတဲ့ အခါ ဒီအချစ်ဆိုတာနဲ့ တွေ့ထိရမှာပါပဲ။ အချစ်ဆိုတာနဲ့ တွေ့ထိတဲ့အခါ အဲဒီအချစ်က တစ်ကယ်ကို ဖြူစင်သန့်ရှင်းပြီး ဘ၀မှာ ကြည်လင်စေတယ်ဆိုရင်တော့ အချစ်ကို သစ္စာနဲ့ ထွေးပွေ့ဖို့လိုပါတယ်။
ဒီအချိန်မှာ မထွေးပွေ့ရင် အချစ်က ရင်ကို စုန်ကန်ပြီး ရင်ကွဲတာတွေ ဘာတွေ ညာတွေ ဖြစ်သွားတတ် ပါတယ်။
အင်း ဒီလိုပါပဲ အချစ်ကို စွန့်ပစ်သင့်တာအခါ မစွန့်ပစ်ရင်တော့ ထွေးပွေ့ထားတဲ့ ရင်ဘတ်ကြီးလည်း ပုတ်သိုးသွားတတ်ပါတယ်လို့ ဆိုပါရစေ။
(မှတ်ချက်။ ကျွန်တော့်ဘ၀အတွေ့အကြုံ(ခံစ
********
မောင်ပိုင်
၂၆-၁၂-၂၀၁၄