Quantcast
Viewing all articles
Browse latest Browse all 1811

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းစိန်ရဲ့ ဆောင်ရွက်ချက် တစ်ခု

ကလေးတွေကိုလည်း သူ့ သားသမီးလို ဆက်ဆံတယ်။ ကလေး တွေကို ဆုံးမစကားပြောတဲ့အခါမှာ လည်း ဆန့်ကျင်ဘက် နိုင်ငံရေးစကား တွေ ရင့်ရင့်သီးသီး တစ်ခွန်းမှမပါဘဲ လူကြီးတစ်ယောက်က ဆုံးမစကား ပြောသလို ပြောခဲ့တယ်။ ကလေးတွေ ကို ပြန်အပ်လိုက်တဲ့ တပ်ရင်းမှူးက အသက် ၄၀ ကျော်ပဲ ရှိသေးတဲ့ အဲဒီ တုန်းက ဒုတိယဗိုလ်မှူးကြီးသိန်းစိန် ပါ .....

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းစိန်ရဲ့ ဆောင်ရွက်ချက် တစ်ခု
==============================
========
၈၈ အရေးအခင်းပြီးတော့ ကျွန်တော့်သား အိမ်ကနေ ရုတ်တရက် ပျောက်သွားပါတယ်။ နယ်စပ်ဘက် ကို ရှောင်ပြေး သွားတာ။ တစ်ပတ်၊ နှစ်ပတ်လောက် ဘယ်မှာမှ စုံစမ်းလို့မရဘူး။ သုံး၊ လေးပတ် လောက်နေမှ စုံစမ်းလို့ရတယ်။

အိန္ဒိယနယ်စပ် ကလေးမှာရှိတဲ့ တပ် ရင်းတစ်ရင်းက ထွက်ပြေးသွားတဲ့ ဆေးကျောင်းသားတွေကို ဖမ်းမိထားတယ် လို့ သတင်း ရတယ်။ အဲဒါနဲ့ ကျွန်တော် မော်လိုက်ကနေ ကလေး ကိုလိုက်သွားပြီး ကျွန်တော့်သားများ ပါမလားလို့ အဲဒီတပ်ရင်းမှူးနဲ့ သွား တွေ့တယ်။

တပ်ရင်းမှူးက ဖက်လဲ တကင်းနဲ့ နှုတ်ဆက်တယ်။ ကလေး တွေကို တားဆီးထားကြောင်း ပြောပါတယ်။ တကယ် ကတော့ ကလေးတွေက ပြန်ဝင်လာတာ မဟုတ်ဘူး။

ထွက်ပြေးပြီးတော့ လက်နက်ကိုင်ဖို့ သွားတဲ့သူတွေဖြစ်လို့ ကြိုက်တာ လုပ်လို့ရတဲ့ အနေအထားပါ။

ဒါပေမယ့် တကယ့်ကိုဖက်လဲတကင်းနဲ့ ကလေးတွေကိုလည်း ကောင်းကောင်း မွန်မွန် စောင့်ရှောက်ထားတယ်။

ပြီးတော့ ရပ်မိရပ်ဖတွေက တစ်ဆင့် ကျွန်တော့်သား အပါအ၀င် တခြား ဆေးကျောင်းသားတွေကိုပါ အပ်နှံလိုက်တယ်။ ကျွန်တော်တို့ ခေါင်းမီး တောက်တာကို ပြေပျောက်စေခဲ့ တယ်။

အဲဒီတပ်ရင်းမှူးက အရမ်း သဘောကောင်းတယ်။ ဆက်ဆံရေး ပြေပြေပြစ်ပြစ်ရှိတယ်။ မောက်မာမှု မရှိဘူး။

ကလေးတွေကိုလည်း သူ့ သားသမီးလို ဆက်ဆံတယ်။ ကလေး တွေကို ဆုံးမစကားပြောတဲ့အခါမှာ လည်း ဆန့်ကျင်ဘက် နိုင်ငံရေးစကား တွေ ရင့်ရင့်သီးသီး တစ်ခွန်းမှမပါဘဲ လူကြီးတစ်ယောက်က ဆုံးမစကား ပြောသလို ပြောခဲ့တယ်။ ကလေးတွေ ကို ပြန်အပ်လိုက်တဲ့ တပ်ရင်းမှူးက အသက် ၄၀ ကျော်ပဲ ရှိသေးတဲ့ အဲဒီ တုန်းက ဒုတိယဗိုလ်မှူးကြီးသိန်းစိန် ပါ။ အခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပါ။

ဒီကြားထဲမှာ သူနဲ့ လည်း ထပ်မတွေ့တော့ပါဘူး။ ကျွန်တော်သိတဲ့ သမ္မတကြီးဟာ ဒီလိုလူမျိုးဆိုတာ ပြောပြတာပါ”

ဟု ဦးအောင်သင်း (အထွေထွေမန်နေဂျာ (ငြိမ်း)မြန်မာ့သစ်လုပ်ငန်း) က ပြော ကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အစိုးရအဖွဲ့သစ်ကို ဦးဆောင် တာဝန်ယူခဲ့ပြီးချိန် နောက်ပိုင်းကာလ တစ်လျှောက်လုပ်ဆောင်ခဲ့သည်များ မှာ ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

ရေးသူ- ကိုလင်း အချိန် 7:08 PM

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...