Quantcast
Viewing all articles
Browse latest Browse all 1811

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၁၅)



=================

စီမံချက်သည်ကား အာရုံလွှဲရန်....။ သူရဇော်က မိုးယံထက်အကောင့်ကိုဝင်ကြည့်၍ ဘလော့လစ်စ်များကို အကုန်ပြန်ဖွင့်လိုက်သည်.. ပြီးတော့ ချက်လစ်စ်တွေပြန်ကြည့်သည်။ မိုးယံထက်က အထာပေးသည်ဟုထင်သော မိန်းကလေးအကောင့်မှန်သမျှကို ဘလော့လေ့ရှိသည်လေ။ အားလုံးကို အကျိုးအကြောင်း ရှင်းပြတော့
အချို့တွေက လှောင်ပြောင်သည်။ အချို့တွေက နည်းသေးသည်ဟုပြောသည်....။



အချို့တွေကတော့ သူနဲ့မဆိုင်သဖြင့် ၀င်မပါလိုဟုဆိုသည်..။ သို့ရာတွင် သူရဇော်၏ မလျော့သောဇွဲကြောင့် တစ်ယောက်ကိုတွေ့ခဲ့ရလေသည်။ အမှန်တကယ်တော့ ကြံရာမရသည့်အဆုံး မိုးယံထက် ညီအကိုလို သဘောထားသော အကောင့်ကိုဖွင့်ပြောရာမှ မိန်းကလေးဖြစ်ကြောင်းနှင့် မိုးယံထက်ကဘလော့လိုက်သောကြောင့်
ရင်းနှီးခွင့်ရစေရန် ယောကျာ်းလေးဟန် ဆောင်နေခြင်းဖြစ်ကြောင်း သိလိုက်ရလေသည်။ မြီးကောင်ပေါက်အရွယ် အချစ်ရူးမလေးတဦးသာဖြစ်သောကြောင့် မမြင်ဖူးမူးမြစ်ထင်ကာ တွယ်ကပ်နေခြင်းပင်ဖြစ်သည်။

သူရဇော်တစ်ယောက် အခြေအနေကို ကောင်းမွန်စွာအသုံးချကာ စီမံချက်ကိုစတင် အကောင်အထည်ဖော်ရန် အကြံရသွားသည်။ သူ့အစီအစဉ်ကို အကုန်လုံးကိုပြောပြတော့ အကုန်လုံးကသဘောတူသည်။ ဟာကွက်ယိုကွက်များကို အပြိုင်စဉ်းစားရင်းဖြစ်လာနိုင်မည့် အခြေအနေတွေကိုကြိုတွက်သည်။ နောက်ဆုံးတော့ စိတ်ကျေနပ်ရလောက်အောင် စီမံပြီးသွားလေတော့သည်။ ဘာပဲဖြစ်ဖြစ်အားလုံး အဆင်ပြေချော့မွေ့စေရန်သာ ဆုတောင်းရပေတော့မည်လေ။ စီမံချက်စမည့်ရက်က လေ့ကျင့်ခန်း အကြမ်းပြီးစီးရန်လုပ်ရမည့် သောကြာနေ့..။

ထိုနေ့မတိုင်မှီကတည်းက ကြိုတင်စကားကြောင်းထားရန်..။ တည်နေရာက GTR ကလပ်။ အကြောင်းပြချက် ကတော့ သူငယ်ချင်းတွေ စုံတုန်းပျော်ပျော်ပါးပါး နေကြရန်..။ စပွန်ဆာက သူဌေးသားသူငယ်ချင်း....။ ငွေမကုန်လူစိုက်ရုံဆိုသည့် မက်လောက်သည့်မက်လုံး..။ အမှန်တကယ်ကတော့ ရှိစုမဲ့စုလေးထဲမှ အချိုးကျ ထည့်ဝင်ထားခြင်းသာ။

တစ်ပတ်လုံး တပ်မဲ့လေ့ကျင်ခန်းအတွက် စီမံချက်တွေပြင်ဆင်နေရသဖြင့် မိုးယံထက်တစ်ယောက် လွမ်းချိန်ပင်သိပ်မရ။ ခဏနားနေချိန်တွင်တော့ Ying ထံသို့မက်ဆေ့လေးတွေပို့ဖြစ်သည်။ ယခုချိန်ထိ လိုင်းမရတာလား တခုခုဖြစ်နေတာလားတော့ မသိနိုင်....မက်ဆေ့တစ်စောင်မှ Seen မပြသေး...။ ဒီကြားထဲ သူငယ်ချင်းတွေက လူစုံတုံးသွားကဲကြမည်ဆိုပဲ..။ သူ့သူငယ်ချင်းတွေ မူသိပ်မမှန်မှန်း သိနေသော်လည်း ဘာကြောင့်ဆိုတာကိုတော့ မိုးယံထက်မပြောတတ်...။သူငယ်ချင်းအားလုံးပါမည်ဆိုတော့ သူမပါလို့ကမရ
သွားရဦးတော့မည်ပေါ့..။ ကျောင်းဆင်းကာစတုန်းကတော့ လစာထုတ်ရက်ဆိုရင်သွားဖြစ်ကြသော်လည်း နောက်ပိုင်း တာဝန်တွေများလာချိန်တွင်တော့ မသွားဖြစ်တော့....။ ငွေရေးကြေးရေး ချိန်နေရတာလဲပါသည်။ တခါသွားလိုက်လျှင် တလလုံးငတ်ပေရော့...။ ကျောင်းဆင်းကာစတုန်းက သင်တန်းတက်နေရသဖြင့် ပိုက်ဆံမရှိလဲ ကျောင်းမှာခွေနေ
ရုံသာ...။ ခုတော့လဲ သွားဖြစ်ဦးမည်ပေါ့....။

သောကြာနေ့ညနေတင်ရမည့် စီမံချက်အကြမ်းကား မနက်ပိုင်းတွင် ပြီးသွားသောကြောင့် စောစော အပ်နိုင်လိုက်သဖြင့် အားလုံးပေါ့ပါးသွားကြသလိုပင်။ ရုံးဖွင့်ရက်ပြန်ရောက်မှအချော ပြန်ပြင်ရမည်မလား။ မိုးယံထက်ကတော့ လွမ်းချိန်တွေပိုရသွားသလိုပင်...။ သို့သော်လည်း သူငယ်ချင်းများက တစ်ယောက်တစ်မျိုး ဂျစ်တိုက်ပြီး ၀ိုင်းဖောက်နေသဖြင့် ဖုန်းကို ကိုင်ပင်မကိုင်နိုင်..။ ညနေရုံးဆင်းချိန်တွင်တော့ မပြန်ဖြစ်တာ ကြာပြီဖြစ်သော အိမ်သို့ပြန်ရလေသည်။ ကလပ်သွားမည်ဆိုတော့ သာမာန်အ၀တ်အစားနှင့်တော့ သွားလို့မရ.. ရိပ်သာမှာက အ၀တ်ဟောင်းနှင့်ယူနီဖောင်းများသာရှိသည်လေ..။ အိမ်ပြန်ရောက်ရောက်ချင်း တခန်းလုံးက ဖုန်တွေ လိုက်သုတ်ရသည်။ လူမနေတာ တပတ်ခန့်ရှိပြီဆိုတော့ ဖုန်တက်နေပြီလေ..။ အခန်းရှင်းပြီးတော့ Ying ထံ မက်ဆေ့ပိုရန် ဖုန်းကိုထုတ်လိုက်တော့ သူ့ဖုန်းမဟုတ် ဖုန်းအမျိုးအစားတူသည့် သူရဇော်ဖုန်းဖြစ်နေသည်။ Password လဲခံထားသဖြင့် ဘာမှလုပ်မရ...။ ဒီတော့မှစိတ်ပျက်လက်ပျက်နှင့် ကုတင်ပေါ်လှဲချလိုက်သည်။


အခန်းမျက်နှာကြက် ပြာပြာပေါ်တွင် Ying မျက်နှာလေးက အထင်းသား...။ " Ying ရေ မင်းဘယ်ကိုရောက်နေ သလဲကွယ် မြန်မြန်ဆက်သွယ်ပါတော့။ ဒီကတော့ ချစ်ရဲ့သားနဲ့ ဖွင့်ပြောဖို့ သတ္တိမရှိခဲ့လို့ ချစ်သူအဖြစ်ကို မျက်နှာခြင်းဆိုင် မရောက်လိုက်ရလို့ ယူကျုံးမရပါပဲကွယ် မြန်မြန်ဆက်သွယ်ပါတော့"ဟူ၍ အရူးတစ်ယောက်လို တစ်ယောက်ထဲ စကားပြောနေ မိနေလေသည်။ ကုတင်ပေါ်လှဲ၍ အတူလျှောက်လည်ခဲ့သော အချိန်လေးတွေကို မြင်ယောင်ရင်း အတွေးတွေက ဟိုရောက်ဒီရောက်။ တွေးနေတာ ဘယ်လောက်ကြာသည်မသည့်ဖုံး
ဝင်လာသဖြင့် ထလိုက်ရတော့သည်။ ချိန်းထားသောအချိန်နောက်မကျစေရန် လှမ်းအော်ခြင်းဖြစ်သည်။ ဖုံးမှားသွားသဖြင့်လဲ ဆဲနေသေးသည်။ Password မေးတော့မပြော.....။ သူရဇော်ကတော့ အဲလိုပင် သောက်ရမည်ဆိုလို့ကတော့ အမြဲတက်ကြွနေသည့်ကောင်၊ ဘယ်လောက်သောက်သောက် ဘယ်လောက်မူးမူး အလုပ်တာဝန်ကိုတော့ မပျက်တတ်။

မိုးယံထက်အမြန်ရေမိုးချိုး၍ အ၀တ်အစားများကို ကြည့်လိုက်သည်။ နောက်ဆုံးတော့ဝတ်နေကြအတိုင်း ဂျင်းပင်န် တီရှပ်နှင့် ဝေါ့ကင်းရှူးကိုသာ ရွေးလိုက်တော့သည်.....။ သေချာတော့ ပြင်ဆင်ရသည်။ မဟုတ်လို့ကတော့ ဒီကောင်တွေပါးစပ်က ပြောလို့ဆုံးမှာ မဟုတ်။ တညလုံးနားငြီးသွားရနိုင်သည်လေ..။ တက္ကစီငှားပြီးချိန်းထားသော ဘီိယာဆိုင်သို့ တစ်နာရီကြိုထွက်လာလိုက်သည်။ ထင်သည့်အတိုင်းပင် ကားတွေပိတ်နေသောကြောင့်
ချိန်းထားသည့်နေရာကို ၅မိနစ်ခန့် နောက်ကျမှရောက်သည်..။ သူရောက်တော့ လူစုံနေလေပြီ။ စားနောက်သွားနောက်သေအရင် အစရှိသော သြဘာသံများကို သွားဖြဲခံယူရင် ချန်ထားသောနေရာ ၀င်ထိုက် လိုက်ရသည်။ ချပေးသော ဘီယာခွက်ကို သုံးခေါက်ခန့်ခွဲပြီး အကုန်သောက်လိုက်ရသည်..။ ဒီကောင်တွေက တစ်ခွက်ကုန်ကာ နောက်တစ်ခွက်စနေပြီဆိုတော့ အမှီလိုက်ရမည်လေ..။

သောက်နေရင်းက Ying ကိုသတိရလာသဖြင့် မက်ဆေ့ပို့ရန်ဖုန်းတောင်းတော့ တစ်ယောက် က "No Facebook, No Message, No Call, No Internet ပါသယ်ရင်း ဖုန်းတွေပိတ်ထားပါ"ဆိုပြီးပြောသဖြင့် ပိတ်ထားလိုက်ရတော့သည်။ ဆိုင်ပိတ်ချိန်ရောက်သည်တွင်တော့..... ဘီယာတယောက် ၁၀ခွက်နီးပါးလောက်ကျနေလေပြီ...။ ခါတိုင်း ၅ခွက်လောက်ဆို ဒေါင်ချာစိုင်းနေတတ်သော မိုးယံထက် ခုတော့ ၁၀ခွက်သောက်တာတောင် ရီတီတီသာရှိနေလေသည်။ သောက်သည့်ရက်က ဆက်နေပြီလေ။ ဆိုင်ပိတ်တော့ ကလပ်ဆီသို့ ချီတက်ကြသည်...။ ကလပ်ထဲက တဒုံးဒုံး Beat သံတွေက အပြင်ဘက်သို့လျှံကျနေသည်။ ကလပ်ထဲလှမ်းဝင်တော့ အေးစက်စက် အငွေ့အသက်နှင့်အတူ ကမ္ဘာသစ်တခုဆီသို့ရောက်သွားသည်။ ခုံနေရာရပါ့မလား စိတ်ပူမိသော်လည်း အလကားဖြစ်သွားသည်။ ဒီကောင်တွေ နေရာကြိုမှာထားပုံရသည်...။ အားလုံးအေးဆေးပင်..။

ဖောက်လိုက်သည့်ပုလင်းက Absolute Resberry အနံ့က ခပ်သင်းသင်းနှင့် ခပ်ပြင်းပြင်း....။ နှစ်ခွက်လောက် ဆင့်မော့လိုက်တော့ လူတွေက DJ ၏ တီးလုံးသံနှင့် တထပ်တည်းကျသွားသည်။ ကရန်အတွက် ကျန်သူများ အကုန်ထွက်သွားသော်လည်း မိုးယံထက်တစ်ယောက်သာ ကျန်နေခဲ့သည်။ သူ့မျက်လုံးထဲတွင်တော့ မြင်မြင်သမျှ Ying မျက်နှာတွေဖြစ်နေလေသည်...။ ဆက်သောက်နေသည်မှာ နှစ်ခွက်လောက်ထပ်ကုန်တော့မှာ သူရဇော်က ကောင်မလေးတစ်ယောက် လက်ဆွဲပြီးပြန်ဝင်လာသည်။ ဘာတွေလဲဟုစေ့ငုနေစဉ်မှာပင် အကုန်လုံးပြန်လာသ
ဖြင့် သူရဇော်က ကောင်မလေးကို သူနှင့် မိုးယံထက်ကြားတွင် ထိုင်ခိုင်းလိုက်သည်။

"ငမိုး" 

"ဟေ ဘာလဲပြော"

"ဒါ ငါ့ညီမ၀မ်းကွဲ နှင်းသီရိတဲ့ ရန်ကုန်မှာရောက်နေတယ်ဆိုတဲ့ တစ်ယောက်လေ"

"အော် တွေ့ရတာဝမ်းသားပါတယ် ကျွန်တော် မိုးယံထက်ပါ"

"ဟုတ် ကိုသူပြောလို့ ကြားဘူးတာကြာပါပြီ ခုမှလူချင်းတွေ့ဖူးတော့တယ်"

"ဟုတ် ဟုတ်"

ကလပ်ထဲမှာ သီချင်းသံကို အော်ပြောနေရတာ သိပ်အဆင်မပြေသဖြင့် သိပ်များများစားစား မပြောတော့။ ခဏနေတော့ သူရဇော်ကို သူ့ညီမအတင်းဆွဲထူနေသည်ကို တွေ့ရပြန်သည်။ ကြည့်ရတာကဖို့ခေါ်နေပုံရသည်။ သူရဇော်ကတော့ ခုမှ အရက်ခွက်ကို စကိုင်သောကြောင့် ထချင်ပုံမရ...... နောက်ဆုံးတော့ လိုက်သွားပေးလိုက်ပါကွာ ဆိုသော ၀ိုင်းတိုက်တွန်းမှုများကြောင့် မိုးယံထက်ထ လိုက်သွားရတော့သည်။ ကောင်မလေးကတော့ တော်တော်ရဲတင်းသည့်...။ ကနေသည့်ပုံစံက တော်တော်လှသောလဲ အရမ်းဟော့လွန်း နေသလိုပင်။ ထင်သည့်အတိုင်း ယောကျာ်းလေတွေ တစ်ယောက်ပြီး တစ်ယောက်ကပ်လာသဖြင့် မသိမသာတွန်းရသည် လိုက်မကပဲတွန်းရသည်က သိပ်အဆင်မပြေလှ...

"ကိုမိုး ကလေ ဒီတိုင်းကြီးရပ်နေရင်း ဟိုတွန်း ဒီတွန်းဆို ရန်ဖြစ်ကုန်မယ်"

"အား နင့်ဟာနင်က ပါဟာ"

"ဘာလဲ မကတတ်ဘူးလား"

"အထင်သေးတာလား ပြိုင်ကမလား"

"စိန်လိုက်"




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...