Image may be NSFW.
Clik here to view.
Clik here to view.

ဘင်္ဂလားဒေ့ရှ် ရေတပ်တွင် ဖရီးဂိတ် စစ်သဘောင်္ ၆စီး ဟုသိရှိရသော်လည်း အဆိုပါ ခြောက်စီး
အနက် အမေရိကန်ကမ်းခြေစောင့်တပ်မှ တပ်တော်ဝင်ဖျက်သိမ်းခဲ့သော Hamiltan Class Cutter အတန်းစား ၂စီးနှင့် အင်္ဂလန်နိုင်ငံလုပ်လေ့ကျင့် ရေး ဖရီးဂိတ် Sailbury Class ၁စီး ပါဝင်လျက်ရှိပီး၎င်းသဘောင်္များသည် ခေတ်နောက်ကျလျက်ရှိသောသဘောင်္များဖြစ်ပါသည်။

ကျန် ၃စီးအနက် တရုတ် နိုင်ငံထုတ် ဂျင်ဟူအတန်းစား ပုံစံ ၀၅၃ အိပ်ခ်ျ ၂ အတန်းစား ၂စီးဖြစ်သော BNS ABU BAKER နှင့် BNS ALI HAIDER တို့ ဖြစ်ပါသည်။၎င်းတို့နှင့်အတန်းစားတူ မဟာဗန္ဓုလနှင့် မဟာသီဟသူရ စစ်ရေယာဉ်၂စီးအား မြန်မာ့တပ်မတော် ရေမှပိုင်ဆိုင်ထားရှိပီးဖြစ်ပါသည်။ တကယ်တမ်း သတိထားရမည့် ဘင်္ဂလားဒေ့ရှ်တို့၏ စစ်သဘောင်္မှာ ၄င်းတို့၏အလံဆောင်စစ်သဘောင်္ တောင်ကိုးရီးယားနိုင်ငံ ဒေ၀ူး မှထုတ်လုပ်သော
အူဆန်အတန်းစား ဖရီးဂိတ်စစ်သဘောင်္ BNS BANGABANDHU ပင်ဖြစ်သည်။
ခေတ်မီဖရီးဂိတ်စစ်သဘောင်္ တစ်စီးဖြစ်ကာ တောင်ကိုရီးယားနီုင်ငံမှ ၂၀၀၀ပြည့်နှစ်တွင်
ရေချခဲ့ကာဘင်္ဂလားဒေ့ရှ် ရေတပ်သို့ ၂၀၀၁ ခုနှစ်တွင်တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။
တန်ချိန် ၂၅၀၀ ရှိ ၁၀၃.၇ မီတာဖရီးဂိတ် စစ်ရေယာဉ်ဖြစ်သည်
ရေယာဉ်အမှတ် F-25 ဟု သတ်မှတ်ထားကာ ၄င်းတို့ ၏လွတ်လပ်ရေးဖခင်ကြီး
ရှိတ်မူဂျီဘာရာမန် ဘန်ဂါဘန်ဟူး၏ အမည်အား ဂုဏ်ပြု မှည့်ခေါ်ထားခြင်းဖြစ်သည်။
အမည်ပြောင်အနေဖြင့် ၄င်းစစ်သဘောင်္အား ဘီဘီ ဟု ခေါ်ကြသည်။

အမြန်နှုန်း ၂၅နော့ ( တစ်နာရီ ၄၆ကီလိုမီတာ)မောင်းနှင်နိုင်ကာမြင်းကောင်ရေ ၂၂၅၀၁စွမ်းအားရှိဒီဇယ်အင်ဂျင် တပ်ဆင်ထားပါသည်။
သဘောင်္သား အရာရှိ ၁၆ဦးအပါအ၀င် ၁၈၆ဦးဖြစ်ပါသည်။
အကွာအဝေး ၄၀၀၀နောတီကယ်မိုင်အထိစစ်ဆင်နိုင်စွမ်းရှိပါသည်။
Image may be NSFW.
Clik here to view.
Clik here to view.

လက်နက်စနစ်များမှာ ခေတ်မီလက်နက်စနစ်များဖြစ်သော
အကွာအဝေး ၃၅ကီလိုမီတာပစ်ခတ်နိုင်သောအီတလီနိုင်ငံထုတ် အော်တိုမက်
ဘေလာ့ ၄ သေဘာၤဖ်က္ဒံုး ၈လံုး
တရုတ်နိုင်ငံထုတ် HQ-7 (FM-90) တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးစနစ်(ဒုံး ၈လုံး)
အီတလီနိုင်ငံထုတ် ၇၆ မီလီမီတာ အော်တိုဘရီဒါ ဆူပါရက်ပစ် အမြောက်၁လက်
၄၀မမ အော်တိုဘရီဒါ ၂လက်တွဲ CIWS စနစ်သုံးစက်အမြောက် ၂စုံ
၎င်း CIWS စနစ်သည် တစ်မိနစ်လျင် ကျည် ၄၅၀ တောင့် ပစ်ခတ်နိုင်ကာ
၈၇၀၀ မီတာအကွာအဝေးထိပစ်ခတ်နိုင်ပါသည်။

ရေငုပ်သဘောင်္တိုက်ဖျက်ရေး အီတလီနိုင်ငံထုတ် အပေါ့စားတော်ပီဒိုWhitehead A244S ၆လုံးပစ်ခတ်နိုင်သော ၃၂၄ မီလီမီတာ B-515 တော်ပီဒို ပြွန် ၂ခု
ရေဒါကာကွယ်ရေးSuper Berricade Chaff Launcher ၂လက်ပါဝင်ပါသည်။
အီလက်ထရောနစ်တန်ပြန်စစ်ဆင်ရေးအတွက် Racal Scorpion Jammer စနစ်၁စုံ တပ်ဆင်ထားပါသည်။
Mirador ပစ်မှတ်ခြေရာခံရေဒါစနစ်နှင့် Lirod ပစ်ခတ်မှုထိန်းချုပ်ရေးရေဒါစနစ်များတပ်ဆင်ထားပါသည်။
သဘောင်္နောက်ပိုင်းတွက် ရေငုပ်သဘောင်္တိုက်ဖျက်ရေးရဟတ်ယာဉ် AW-109 Augastawestland တစ်စီး တင်ဆောင်နိုင်သော ဟန်ဂါတစ်လုံးပါဝင်ပါသည်။
သဘောင်္နောက်ပိုင်းတွက် ရေငုပ်သဘောင်္တိုက်ဖျက်ရေးရဟတ်ယာဉ် AW-109 Augastawestland တစ်စီး တင်ဆောင်နိုင်သော ဟန်ဂါတစ်လုံးပါဝင်ပါသည်။
BNS BANGABANDHU ဒေသတွင်းခေတ်မီဖရီးဂိတ်စစ်ရေယာဉ်တစ်စီးဖြစ်ပါသည်
ရေငုပ်သဘောင်္တိုက်ဖျက်ရေးစနစ်ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးစနစ်များတပ်ဆင်ထားကာ
အတော်အတန်စွမ်းရည်မြင့်မားသည့် စစ်သဘောင်္တစ်စီးဖြစ်ပါသည်။ မလေးရှားလေကြောင်းလိုင်း
MH-370 ရှာဖွေရေးလုပ်ငန်းတွင်ပါဝင်ခဲ့ပါသည်။
ရေငုပ်သဘောင်္တိုက်ဖျက်ရေးစနစ်ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးစနစ်များတပ်ဆင်ထားကာ
အတော်အတန်စွမ်းရည်မြင့်မားသည့် စစ်သဘောင်္တစ်စီးဖြစ်ပါသည်။ မလေးရှားလေကြောင်းလိုင်း
MH-370 ရှာဖွေရေးလုပ်ငန်းတွင်ပါဝင်ခဲ့ပါသည်။
မြန်မာ့တပ်မတော်(ရေ) အနေဖြင့်လည်း ပုံစံ-၀၅၃ ဖရီးဂိတ်စစ်ရေယာဉ် ၂စီး အောင်ဇေယျအတန်းစား F-11 ပြည်တွင်းထုတ် ဖရီးဂိတ်၁စီးF-12 ကျန်စစ်သားကိုယ်ပျောက် ဖရီးဂိတ်၁စီး လက်ရှိတပ်တော်ဝင်တာဝန်ပြီးဖြစ်သလို F-14 ဆင်ဖြူရှင်ကိုယ်ပျောက် ဖရီးဂိတ် စစ်ရေယာဉ်ရေချပြီးဖြစ်ကာ ၂၀၁၅ နှစ်ကုန်ပိုင်းတွင်တပ်တော်ဝင်နိုင်မည်ဖြစ်သလို F-15 ဖရီးဂိတ်စစ်ရေယာဉ်သည်လည်း ၂၀၁၆ ခုနှစ်အတွင်းတပ်တော်ဝင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၆ တွင်တပ်မတော်အနေဖြင့် ဖရီးဂိတ်စစ်ရေယာဉ် (၆)စီးအထိပိုင်ဆိုင်လာမည်ဖြစ်ပါသည်။
သို့သော်လည်းရန်သူကိုလျော့တွက်မထားပဲအမြဲတမ်းစစ်ရေးသတိ စစ်ရေူးအသိဖြင့်အမြဲတမ်းပြင်ဆင်ထားမှသာ မှန်းဆမရသောရန်သူကို ရင်ဆိုင်နိုင်မည်ဖြစ်ပါသည်။
(ကြယ်နီ)