Quantcast
Viewing all articles
Browse latest Browse all 1811

Scientific Journal အတွက် ဆောင်းပါးတစ်စောင်ရေးသားခြင်း



         Academic Field မှာကျင်လည်နေသော သုတေသနသမားများ ၊ ကျောင်းသားကျောင်းသူများအတွက် မိမိလေ့လာနေသော သက်ဆိုင်ရာ နယ်ပယ် အလိုက် ကိုယ်ပိုင်လေ့လာတွေ့ရှိချက်များ ၊ ဖော်ထုတ်ချက်များ ၊ တွက်ထုတ်မှု များကို ဆောင်းပါးများရေးသားပြီးပုံနှိပ်ဖြန့် ဝေဖို့လိုအပ်ပါတယ်။ ၄င်းဆောင်းပါးများ က မိမိလုပ်ဆောင်နေသောအလုပ်များအတွက် မှတ်တိုင်တစ်ခုဖြစ်သလို ၊ အဆင့်မြင့် ဘွဲ့ဒီဂရီတစ်ခုခု ရရှိဖို့ စာတမ်းများဖတ်ကြားရန်အတွက် လိုအပ်ချက်တစ်ခုလည်းဖြစ်ပါတယ်။ ထို့ အတူ ကမ္ဘာတလွှားရှိ မိမိနှင့် စိတ်ဝင်စားမှု တူညီသော သူများအတွက် လေ့လာရန်အထောက်အကူဖြစ်စေသလို ၄င်းတို့ထံမှ ဝေဖန်ဆန်းစစ်ချက်များလည်းပြန်လည်ရရှိစေမှာဖြစ်ပါတယ်။ 



အချို့သောတက္ကသိုလ်များတွင် မာစတာဒီဂရီစာတမ်းဖတ်ကြားရန် အတွက် Scientific Journals များတွင် ပုံနှိပ်ထုတ်ဝေထားသောဆောင်းပါးအရေးအတွက် ဘယ်လောက်ရှိရမယ် ၊ ဒေါက်တာဘွဲ့စာတမ်းအတွက် တော့ဆောင်းပါးအရေးအတွက်ဘယ်မျှ ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိပါတယ်။ သတ်မှတ်ချက် မပြည့်မှီလျှင် စာတမ်းလက်ဝယ်ရှိသည့်တိုင် စာတမ်းဖတ်ခွင့်မပြုပါ ။ အဆင့်လိုက် လုပ်ဆောင်မှု process မရှိပဲ result ရတယ်ဆိုတာ မဖြစ်နိုင်လို့ဖြစ်ပါတယ် ။ တက္ကသိုလ်များတွင် ဘာသာရပ်ဆိုင်ရာ နည်းပြရာထူး ၊ ကထိကရာထူး ၊ ပါမောက္ခရာထူး အစရှိသဖြင့် နေရာများအတွက်စဉ်းစားရာတွင်လည်း ရရှိခဲ့သော ဘွဲ့ ဒီဂရီအပြင် ၊ Publication Works ဘယ်နှခုရှိလဲဆိုတာပါ ထည့်သွင်းစဉ်းစားကြပါတယ် ။ တနည်းအားဖြင့် ဘွဲ့ဒီဂရီတစ်ခုရဲ့ မှတ်ကျောက်တင်ခံနိုင်သော သိက္ခာဟာ တင်သွင်းသောစာတမ်း နဲ့ စာတမ်းလေ့လာပြုစုရင်း ထုတ်ဝေခဲ့သော Publication Works တွေပါပဲ ။


ဆောင်းပါးထုတ်ဝေနိုင်သောနည်းလမ်းများ

          
လေ့လာတွေ့ရှိမိသလောက် တော့ ဆောင်းပါးထုတ်ဝေနိုင်သောနည်းလမ်း ၃ နည်းရှိပါတယ်။

(၁) သက်ဆိုင်ရာတက္ကသိုလ်များတွင် အခါအားလျော်စွာပြုလုပ်သော ဘာသာရပ်ဆိုင်ရာ conference များတွင်ဆောင်းပါးတင်သွင်းပြီးထုတ်ဝေခြင်း

(၂)     Region အလိုက်ကျင်းပသော Conference များ ၊ International Conference များတွင် မိမိတွေ့ရှိချက်များအား တက်ရောက် ဖတ်ကြား ပြီးထုတ်ဝေခြင်း

(၃)     သြဇာတိက္ကမကြီးမားသော ၊ ပညာရေးအဖွဲ့စည်းတစ်ရပ်ရပ်မှ ထောက်ခံအသိမှတ်ပြုထားသော Scientific Journal တစ်ခုခုတွင် ဆောင်းပါးပေးပို့ထုတ်ဝေခြင်း

တို့ဖြစ်ပါတယ်။ 

ဘယ်နေရာမှာပဲ ထုတ်ဝေသည် ဖြစ်စေ သေချာတာကတော့ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သော ပုဂ္ဂိုလ်များ၏ edit လုပ်ခြင်းကိုခံရမှာပဲဖြစ်ပါတယ်။ ဂျာနယ်တွေရဲ့ သိက္ခာကြီးရင်ကြီးသလို ကိုယ်ပိုင်ဖော်ထုတ်ချက် ဟုတ်သလား ၊ အသစ်ဖြစ်ရဲ့လား ၊ အဆင့်တန်းရှိရဲ့လားဆိုတဲ့ စစ်ဆေးမှုတွေ ခံရပြီး ပြန်လည်ပြင်ဆင်ရေးသားဖို့ မှတ်ချက်ပေးတာတွေ ၊ အကြိမ်ကြိမ်အခါခါ ငြင်းပယ်ခံရတာမျိုးလည်း ကြုံရမှာဖြစ်ပါတယ် ။

ဆောင်းပါးထုတ်ဝေရန်ဂျာနယ်ရွေးချယ်ခြင်း

ဆောင်းပါးပေးပို့ပြီးထုတ်ဝေရန်အတွက်

(၁)  မိမိလုပ်ဆောင်နေသောဘာသာရပ်နယ်ပယ်ကဟုတ်မဟုတ်ကြည့်ရပါမယ် ။

(၂)  International Standard Serial Number ( ISSN) ရှိမရှိကြည့်ရပါမယ်။

(၃)  ဂျာနယ်ဖြန့်ဝေသော နိုင်ငံများ ၊ထုတ်ဝေသောဂျာနယ်အရေအတွက် တို့ကိုကြည့်ရပါမယ်။

(၄)  ၄င်းဂျာနယ်အားထောက်ခံ ချက်ပေးထားသော တက္ကသိုလ် ၊ ပညာရေးဆိုင်ရာအဖွဲ့စည်းတို့ကိုကြည့်ရပါမယ်။

(၅)  ဂျာနယ်ရဲ့ အယ်ဒီတာဘုတ်အဖွဲ့ တွင်ပါဝင်သော အငြိမ်းစားပါမောက္ခများ ၊ ပါမောက္ခများ ၊       ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ စာရင်းကိုကြည့်ရပါမယ်။

(၆) ဂျာနယ်ရဲ့ အဆင့်တန်း ၊ ဂုဏ်သိက္ခာကို ကြည့်ရပါမယ် ။

စတဲ့ အချက်တွေ မိမိစိတ်ကြိုက်ဖြစ်ပြီဆိုရင် ဆောင်းပါးပေးပို့ ထုတ်ဝေရန် ရွေးချယ်လို့ရပါပြီ ။ ၄င်းဂျာနယ်အတွက် လိုအပ်သော Requirement များအတိုင်း format ချပြီး ပြင်ဆင်ရေးသားနိုင်ပြီဖြစ်ပါတယ်။

ဆောင်းပါးရေးသားရန်ပြင်ဆင်ခြင်း

ဆောင်းပါးရေးသားရန်အတွက် ကတော့ Academic Writing ပုံစံတွေ အတိုင်းပါပဲ  ခေါင်းစဉ် (title) , စာရေးသူ (Authors) , abstract (အနှစ်ချုပ်ဖော်ပြချက်) , keywords (အဓိက points များ) , introduction (နိဒါန်း) , methods (အသုံးပြုသောနည်းစနစ်/ နည်းလမ်းများ), results (ရလဒ်များ), discussion or conclusion (ပြန်လည်သုံးသပ်ချက်များ သို့မဟုတ် နိဂုံး ), reference lists (ကိုးကားစာအုပ်စာတမ်းများ), appendices (နောက်ဆက်တွဲဖော်ပြချက်များ) စသဖြင့်အပိုင်းတွေ ပါဝင်ပါတယ် ။

အပိုင်းတွေ များနေသည့်တိုင် ဆောင်းပါးရဲ့ အဓိက အနှစ်ချုပ် ဟာ Objects of research နဲ့ Subjects of Research ကို ပေါ်လွင်အောင် ရေးသားဖို့လိုပါတယ် ။ Object of Research ဆိုတာကတော့ What do you see? ဆိုတဲ့ မေးခွန်းရဲ့အဖြေပဲဖြစ်ပါတယ် ။ ကိုယ့်လုပ်ဆောင်ချက် ဟာ ဘာကို အခြေခံတာလဲ ၊ ဘယ်ပေါ်မှာ ကြည့်တာလဲ ၊ ကိုယ်ချဉ်းကပ်တဲ့ ပြဿနာတစ်ရပ် ကိုပြောတာဖြစ်ပါတယ် ။ Subjects of research ဆိုတာ ကတော့ What do you used? ဘာတွေကိုအသုံးချခဲ့တာလဲ ၊ ဘယ်နည်းလမ်းတွေကိုသုံးခဲ့တာလဲ ၊ ဘယ်လို Methods တွေကိုသုံးခဲ့တာလဲ ဆိုတာကိုပေါ်လွင်အောင်ရေးသား ရတာဖြစ်ပါတယ် ။

Abstract အပိုင်းမှာတော့ ဆောင်းပါးတစ်ခုလုံး ရဲ့ အနှစ်ချုပ် ကိုဖော်ပြပေးရတာပါ ။ ကိုယ်ချဉ်းကပ်တဲ့ ပြဿနာတစ်ခုဟာဘာလဲ ၊ ဘယ်လိုနည်းစနစ်တွေအသုံးပြုပြီးဖော်ထုတ်ခဲ့သလဲ ဆိုတာတွေ နဲ့ Discussion အပိုင်းတစ်ခုလုံးရဲ့ အနှစ်ချုပ် ပေါ်လွင်အောင်ရေးသားပေးရတာဖြစ်ပါတယ်။

Keywords ကတော့ ဆောင်းပါးတစ်ခုလုံးရဲ့ အဓိက point စကားလုံးတွေကို ဖော်ပြပေးရတာပါ ။
Introduction (နိဒါန်း) ပိုင်းမှာတော့ ဆောင်းပါးနဲ့ ဆက်စပ်နေတဲ့ လက်တွေ့နယ်ပယ်တွေ ၊ ဖြေရှင်းရမဲ့ ပြဿနာတွေ ၊ အရင့်အရင်က ဖော်ထုတ်ခဲ့ကြ သူတွေ ရဲ့ နည်းနိဿယျ တွေ စတဲ့ သီအိုရီပိုင်း ဆိုင်ရာတွေကိုရေးသား ရတာဖြစ်ပါတယ် ။ နယ်ပယ်တစ်ခုတည်းကပဲ ဖော်ထုတ်သူ ၂ ယောက်ရဲ့ ကွဲပြားတဲ့ နည်းစနစ်တွေရဲ့ နှိုင်းယှဉ်ချက်တွေကို synthesis လုပ်ထားတာတွေ ၊ ကိုယ့်ရဲ့အယူအဆတွေ စသဖြင့် ရေးသားရ တာဖြစ်ပါတယ် ။

Methods (အသုံးပြုသောနည်းစနစ်/ နည်းလမ်းများ) အပိုင်းမှာတော့ ကိုယ်အသုံးပြု တဲ့ Methods များ နဲ့ ပက်သက်တဲ့ အကြောင်းရာတွေကို ရေးသားရတာဖြစ်ပါတယ် ။ ကိုယ်အသုံးချတဲ့ Methods များရဲ့ မူရင်းဖော်ထုတ်သူတွေ ၊ သူရဲ့ စွမ်းဆောင်နိုင်စွမ်းတွေ ၊ အသုံးဝင်မှုတွေ ၊ ကိုယ့်ရဲ့အသုံးချမှု ပုံစံတွေ စသဖြင့် ရေးသားကြရတာဖြစ်ပါတယ် ။
Results (ရလဒ်များ) အပိုင်းမှာတော့ ကိုယ်ချဉ်းကပ်တဲ့ ပြသနာတွေကို နည်းစနစ်တွေအသုံးပြုပြီးဖော်ထုတ်လိုက်တဲ့အခါ ရလာတဲ့ အဓိက ရလဒ်တွေကိုဖော်ပြပေးရတဲ့ အပိုင်းဖြစ်ပါတယ် ။ ကိန်းဂဏန်းတွေ ၊ စာရင်းဇယားတွေ ၊ ပုံတွေ ၊ ဂရပ်ပုံတွေ စသဖြင့် ဘာတွေကို ဘယ်လိုလုပ်လိုက်ရင် ဘာဖြစ်လာတယ်ဆိုတာ ကို ပြသ ပေးရတာဖြစ်ပါတယ် ။

discussion or conclusion (ပြန်လည်သုံးသပ်ချက်များ သို့မဟုတ် နိဂုံး ) အပိုင်းမှာတော့ ပြဿနာရယ် ၊ တွက်ထုတ်ရာမှာသုံးတဲ့ နစ်စနစ်တွေရယ်ကို ပြန်ပြီး ချိတ်ဆက်ပေးရတာဖြစ်ပါတယ်။ ဘယ်နေရာမှာ ဘယ် Methods ကိုဘယ်လိုသုံးလိုက်တယ် ။ ဒါကြောင့်ဘယ်လိုအဖြေရလာပါတယ်ဆိုတာမျိုး ကို ပြန်လည်းဆွေးနွေးပေးရတဲ့ အပိုင်းဖြစ်ပါတယ် ။ ပြီးတော့ အကျိုးအပြစ်တွေ ၊ ဆက်လက်ပြီး ဖြန့်ကျက်လေ့လာနိုင်မှုတွေ အစရှိသဖြင့် ပြန်ကောက်ပြီး နိဂုံးချုပ်ပေးရတာဖြစ်ပါတယ် ။

Reference lists (ကိုးကားစာအုပ်စာတမ်းများ) အပိုင်းကတော့ ကိုယ် ကိုးကားလေ့လာခဲ့တဲ့ စာအုပ်စာတမ်းတွေကို ဖော်ပြပေးရတဲ့ အပိုင်းဖြစ်ပါတယ် ။

Appendices (နောက်ဆက်တွဲဖော်ပြချက်များ) အပိုင်းမှာတော့ ဆောင်းပါး ကိုယ်ထည်ထဲမှာမထည့်သွင်းပဲ ချန်လှပ်ထားခဲ့ရတဲ့ ဇယားတွေ ၊ ပုံတွေ ၊ အချက်အလက်တွေ ၊ မြေပုံတွေ ၊ ပရိုဂရမ်တွေ ၊ diagrams တွေ ၊ စကားလုံးအရှည်ကောက် ပြန်လည်ဖော်ပြမှုတွေ စသဖြင့် ရေးသားပေးရပါတယ် ။

Plagiarism စစ်ဆေးခြင်း

          မိမိရေးသားတဲ့ ဆောင်းပါး ၊ မိမိဖော်ထုတ်ရေးသားချက်ဟာ ကိုယ်ပိုင်ဖြစ်ဖို့လိုပါတယ် ။ သတိမမူမိတာပဲ ဖြစ်ဖြစ် ၊ ရေးသားဟန်တူတာပဲ ဖြစ်ဖြစ် တခြားသူတွေရဲ့ ရေးသားချက်တွေကို ခိုးယူသုံးစွဲတာမျိုးမဖြစ်ရအောင် Plagiarism စစ်ဆေးပေးရပါတယ် ။ Plagiarism စစ်ဆေးပေးတဲ့ အွန်လိုင်း ၀ဘ်ဆိုက် တွေ ၊ Anti-Plagiarism ဆော့ဖ်ဝဲ တွေ နဲ့ စစ်ဆေးပေးရမှာဖြစ်ပါတယ် ။

ဂျာနယ်တိုက်သို့ဆောင်းပါးပေးပို့ခြင်း

         ဂျာနယ်တိုက်သို့ ဆောင်းပါး ပေးပို့ရန်အတွက် လိုအပ်ချက်တွေကို ဂျာနယ်တိုက် ၀ဘ်ဆိုက်များမှာဖော်ပြထားလေ့ရှိပါတယ် ။ ဘယ်ဖောင့်နဲ့ ရေးရမယ် ၊ ဖောင့်ဆိုဒ်ဘယ်လောက်ထားရမယ် ၊ အီကွေးရှင်းတွေဆိုရင် ဘယ်ဆော့ဖ်ဝဲသုံးပြီးရေးရမယ် ၊ ပုံတွေဆိုရင် ဘယ်လောက် ကွာလတီရှိရမယ် ၊ ဘယ်လို ဖော့မတ်ချရမယ် စသဖြင့်သတ်မှတ်ချက်တွေ ဖော်ပြပေးထားပါတယ် ။ အဲဒီအတိုင်း လိုက်နာပြီး format ချပေးရမှာဖြစ်ပါတယ် ။

အများအားဖြင့်တော့ ၄င်းတို့ သတ်မှတ်ချက်အတိုင်း ဖော့မတ်ချထားတဲ့ ဆောင်းပါးဖိုင်ရယ် ၊ ဆောင်းပါးရေးသူရဲ့ ကိုယ်ရေးအချက်လက်များဖိုင်ရယ် ၊ ဆောင်းရဲ့ Metadata ဖိုင်ရယ် ၊ ပရော်ဖက်ဆာ တစ်ယောက်ယောက်ရဲ့ ဆောင်းပါးပေါ်မှာပေးထားတဲ့ Critical Review နဲ့ လက်မှတ်ရယ် ၊ (အချို့ ဂျာနယ်တိုက်များတွင် ဆောင်းပါးရေးသူရဲ့ ဓာတ်ပုံရယ်)  ပေးပို့ဖို့လိုအပ်ပါတယ် ။

တကယ်လို့ ဂျာနယ်တိုက်ရဲ့ အယ်ဒီတာဘုတ်အဖွဲ့ က ကိုယ့်ဆောင်းပါးကို ၄င်းတို့ဂျာနယ်မှာ ဖော်ပြဖို့ ငြင်းပယ် ရင်တော့ တခြားဂျာနယ်တိုက်တစ်ခုခုကို ပြောင်းလဲပေးပို့ရမှာပါ ။ အရေးအသားသတ်မှတ်ချက်မမှီလို့ မှတ်ချက်ပေးပြီးပြန် လည်ပြင်ဆင်ခိုင်းတာဆိုရင်တော့ ပြန်လည်ပြင်ဆင်ရမှာပါ ။ တကယ်လို့ ပုံနှိပ်ဖော်ပြဖို့ အတည်ပြု ချက်ရ ပြီဆိုရင်တော့ အားလုံးပြီးဆုံးပြီဖြစ်ပါတယ် ။ ဂျာနယ်ဟာ ISSN မှာမှတ်ပုံတင်ပြီးဖြစ်လို့ ၄င်း ဆောင်းပါးပါ ဖော်ထုတ်တွေ့ ရှိချက်များ ၊ အချက်လက်များ ဟာ ကိုယ့်မူပိုင်ဖြစ်သွားပါပြီ ။


( ဆောင်းပါးထုတ်ဝေရန်လိုအပ်သောသူများ အတွက် တစ်ထောင့်တစ်နေရာမှ အကူညီရရှိစေရန်ရည်ရွယ်ရေးသား ပါတယ် ။ လိုအပ်ချက်များရှိခဲ့ရင် ကျွန်တော့် ရဲ့ အားနည်းချက်သာဖြစ်ပါတယ် ။ )


(ရုပ်ဆိုး)
21.05.2015

Plagiarism စစ်ဆေးရန်
<p>-----------------------------------</p>
English
Russian
http://advego.ru/plagiatus/

ကိုးကားလင့်ခ်များ


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>