Quantcast
Viewing all articles
Browse latest Browse all 1811

အမြင်ကျယ်သော ပညာရေး


ဒီတပါတ်Week-end မှာတော့တစ်ရက်ပဲ နားရလို့ ငယ်ရွယ်သူတွေ ပညာသင်ကြားလေ့လာရာမှာ...နဲ့
အသက်30s ကျော် 40s တန်းမိဘများ မိမိတို့ရဲ့ ကလေးတွေကိုပြုစုပျိုးထောင်ရာမှာ
အမျော်အမြင်ရှိကြဖို့ အထူးသဖြင့် Extra-Curriculum Studies တွေဖြစ်တဲ့
Language Study, IT Study စတာ တွေကို (ကိုယ်တတ်နိုင်တဲ့ ပမာဏပေါ်မူတည်ပြီး)
အားပေးလုပ်ကိုင်ထားကြဖို့ ဒီနေ့ Sunday Post မှာ တိုက်တွန်းပြောပြချင်ပါတယ်။



ဒီလိုပြောပြရာမှာ ကိုယ်ကျင်လည်တွေ့ကြုံခဲ့ရာ ဘဝပတ်ဝန်းကျင်နဲ့ မိသားစု ဆွေမျိုးတွေ
အကြောင်းပါလာမှာမို့ အကောင်းပြောပြော အဆိုးပြောပြော နားလည်ပေးစေချင်ပါတယ်
ပထမဦးဆုံးတော့ ကိုယ့်အကြောင်းကပဲစရမှာပေါ့ ဖိုးသက်တို့ကလေးဘဝက (၄)တန်းအောင်ပြီး
(၅)တန်း ရောက်မှ အင်္ဂလိပ်စာ စသင်ရပါတယ် ပထမတန်း( ခုခေတ်အခေါ် Grade 2) မတက်မီ
ဒီခေတ်လို တစ်နှစ်( သူငယ်တန်း-Grade 1) သာ မနေရပဲနှစ်နစ်( ဝလုံးတန်းနဲ့ သူငယ်တန်း , တချို့ကတော့
သူငယ်တန်းလေး သူငယ်တန်းကြီးလို့ခေါ်ပါတယ်) ကျောင်းတက်ရပါတယ် ဖိုးသက်ကတော့
A B C D ကို အစ်ကိုဝမ်းကွဲ သင်ပေးလို့ တစ်တန်းကျောင်းသား(ပထမတန်းပေါ့) 
ဘဝလောက်ကတည်းက စသင်နေပါပြီ။


ဟိုခေတ်က ဒီနေ့ကလေးတွေလို ကျူရှင်တွေဘာတွေလည်းမရှိတော့ ကစားချိန် 
ဆော့ချိန် အများကြီးရပါတယ် မွေးခါစကာလက မိဘကလည်းပြေလည်ပါသေးတယ်
 1964 ထဲမှာ သစ်လုပ်ငန်းတွေပြည်သူပိုင်သိမ်းတော့မှ စီးပွားပျက်ရတာပါ 
ပြောချင်တာက အချိန်လည်းပိုသလို ငွေကြေးလည်း ပြေလည်တော့ စာအုပ်လေးတွေ
ဖတ်ဖြစ်ပါတယ် မိဘတွေနဲ့ ကျေးဇူးရှင်ဘကြီး( အဖေ့ အစ်ကို) ကလည်း အားပေးပါတယ် စာအုပ်လေးတွေဝယ်ပေးပါတယ် ကာတွန်းရုပ်ပြ ကအစ ပုံပြင်စာအုပ်တွေကို စဖတ်ဖြစ်တာပေါ့။


တကယ်တန်းပြောကြစတမ်းကြေးဆိုရင် ဖိုးသက်တို့က ဆွေကြီးမျိုးကြီး အရာရှိ  အရာခံသားသမီးလည်း 
မဟုတ်ရပါဘူး မိဘတွေက လေးတန်းပဲအောင်ကြသူတွေပါ ဒါပေမဲ့ မြန်မာပြည်အနှံ့ သစ်ကွက်တွေလှည့်ပြီး
သစ်ထုတ်လုပ်ရေးလုပ်ခဲ့ဘူးသူတွေမို့ အကြားအမြင် ဗဟုသုတ များသူတွေ ဖြစ်ပါတယ်
သူတို့ကိုယ်တိုင်လည်းစာဖတ်ဝါသနာပါကြပေမဲ့ အင်္ဂလိပ်စာမတတ်ကြတော့ မြန်မာစာနယ်ဇင်းပဲ အားပေးနိုင်ကြပါတယ်။


 1960 အနှောင်းပိုင်းနဲ့ 1970sအစောပိုင်းကာလတွေမှာ ပမညတ ခေါင်းဆောင်ဟောင်းတွေ
 ကွန်မြူနစ် လူဝတ်လဲတွေ ထုတ်ခဲ့တဲ့ ဂျာနယ်မျိုးစုံ ရှုမဝ ငွေတာရီ သွေးသောက် မြဝတီ စတဲ့ လစဉ်ထုတ် မဂ္ဂဇင်းမျိုးစုံလည်း ဖတ်ခဲ့ရပါတယ်ရန်ကုန်ကထုတ်တဲ့ နေ့စဉ်သတင်းစာကို 
နေ့မကူးပဲဖတ်ရပါတယ်သတင်းစာထုပ်တွေက ရထားနဲ့ ပေါင်းတည်ရောက်လာ, ပေါင်းတည်က
ကိုယ်စားလှယ်က ပေါင်းတည်-ဝက်ပုတ် ကားလေးလိုင်း( နောင်မှာHighway ကားတွေများလာပြီး 
ခရီးတိုပါမရှောင် တင်ကြတော့ပြုတ်သွားတာကြာပါပြီ) ကတစ်စီးစီးနဲ့ထည့်ပေးလိုက်တော့ 
ညနေ၃/၄ နာရီလောက်ဆို အဲဒီနေ့ သတင်းစာ ဖတ်နေရပါပြီ။

အမေကလည်း -ထိုခေတ်ကအမျိုးသမီးတွေ စာဖတ်သူ(အထူးသဖြင့်နယ်ဖက်မှာ)နည်းခဲ့ပေမဲ့-
 စာဖတ်ကောင်း သူတစ်ယောက်ပါ သူမဆုံးခင်ကပြောပြခဲ့ဘူးတာက ဖိုးသက်တို့ငယ်ငယ်
စာရေးဆရာ မင်းရှင်တို့ တင့်တယ်တို့ မိုးဝေတို့ သော်တာဆွေတို့ဇဝနတို့ခေတ်က  
အလွမ်း အချစ် စာရေးဆရာ "သန်းဆွေ"ကိုကြိုက်လွန်းလို့ ဖိုးသက်နံမည်ကို သန်းဆွေ-လို့ မှည့်ခေါ်ခဲ့ကြောင်းပြောပြဘူးပါတယ်။


ဆရာသန်းဆွေကတော့ဖိုးသက်တို့ငယ်ငယ်ထည်းက တခုသော သင်္ကြန်မှာ အရက်မူးမူးနဲ့
 အင်းယားကန်ထဲမှာ လှေမှောက်လို့ဆုံးသွားရှာပါပြီ။ ဒီသန်းဆွေက ( လူလည်လေးဆိုတော့) အချိန်မီဘရိတ်အုပ်နိုင်ခဲ့လို့ 2007 January 20th ကထည်းက ပြီးပြတ်ခဲ့ပါတယ်။


စကားပြန်ဆက်ရရင် ဖိုးသက်ငယ်ငယ်ကထည်းက စာဖတ်ဝါသနာပါအောင် မိဘများက 
အားပေးခဲ့ကြပါတယ်။ ဒိအပြင် အစ်မဝမ်းကွဲတစ်ယောက်ကလည်း သမဝါယမဌာနမှာ 
တာဝန်ထမ်းရင်း အင်္ဂလိပ်စာကို လေးတန်းမအောင်ခင်ရော အလယ်တန်းကျောင်းသားဘဝ 
ထိပါ အချိန်ပိုင်းသင်ပေးခဲ့ပါတယ်။


ဒါကြောင့်လည်း ငါးတန်းအရောက် သူများတွေ A B C D တွေ a b c d တွေ ကြိုးစားရေးမှတ်နေရချိန်မှာ ဆရာက ဖိုးသက်ကို အခြေခံ Words အသစ်တွေရေးပေးပြီး (၁၀) လုံးတစ်ခါစစ်ဆေး ကြေနပ်ရင် အသစ်တက် စံနစ်နဲ့ လေ့ကျင့်ရေးကွင်းထဲခေါ်လာခါစအချိန် ဖြစ်ပါကြောင်း တင်ပြရင်း လက်ဦးဆရာမိဘများ ဘကြီး သင်ဆရာCousins များနဲ့ ငယ်စဉ် အလယ်တန်းကျောင်းက သင်ဆရာများကို ဤစာဖြင့်ကန်တော့လျက် တစ်ပိုင်းဆစ်လို့


အပိုင်း-၂ ကိုခဏစောင့်စား
အားပေးကြပါအုန်းမိတ်ဆွေများတို့..


Than Swe Thet

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>